audio audioduration (s) 1.12 7.84 | sentence stringlengths 19 160 | duration float32 1.12 7.84 | speaker_id stringclasses 1
value |
|---|---|---|---|
ဆိုတော့ တယ်လီဖုန်းအော်ပရေတာ ဖြစ်လာရင်ကော ဝန်ဆောင်မှုပိုင်းက ကောင်းနိုင်ပါ့မလား | 3.36 | piya | |
ဒီစနစ်ကို ကျင့်သုံးတော့ အကာအကွယ်ဆိုတာလည်း မယူကြဘူး | 3.04 | piya | |
ယင်းရုပ်ရှင်တွင် မင်းမော်ကွန်း နိုင်းနိုင်း သင်ဇာဝင့်ကျော် နှင့် စံရတီမိုးမြင့်တို့က အဓိက ပါဝင်သရုပ်ဆောင်မည် ဖြစ်သည် | 6.08 | piya | |
ဒါကြောင့် ကျွန်မတို့ အတူတကွ ဆုတောင်းကြပါမယ် | 2.72 | piya | |
ကယန်းလူမျိုးတို့ကို ပဒေါင်ဟုလည်း ခေါ်ဝေါ်ကြပြီး ကယန်းအမျိုးသမီးများသည် လည်ပင်းတွင် ကြေးကွင်းများကို ရစ်ပတ်ဝတ်ဆင်ထားကြသည် | 6.24 | piya | |
အနုပညာဝမ်းစာ မပြည့်သေးဘဲနဲ့လည်း မလုပ်ချင်သေးဘူး | 2.72 | piya | |
အကယ်ဒမီထူးချွန်ဆု ရရှိစဉ်ကာလတွင် စာရေးဆရာမင်းလူမှာ ထောင်တွင်းအကျဉ်းကျခံနေရချိန် ဖြစ်သည် | 5.6 | piya | |
ယုံကြည်မှု တည်ဆောက်တဲ့အခါ လိုအပ်တဲ့ လုပ်ဆောင်ချက်လို့ သုံးသပ်ကြည့်တာပါ | 3.36 | piya | |
သူတို့က အဲဒါ စစ်ဥပဒေချုပ်ရုံးက လာကြတာ | 2.4 | piya | |
ကချင်ပြည်နယ် နှင့် စပ်လျက်ရှိသည့် ရှမ်းပြည်နယ် တစ်စိတ်တစ်ပိုင်းလည်း ပါဝင်သည် | 3.2 | piya | |
သူတို့၏ ထိုစရိုက်ကလေးကို ကျွန်တော် သဘောကျသည် | 2.4 | piya | |
အခုဟာတော့ အဲဒီလို အလားအလာရှိတဲ့ ဟာတွေ အများကြီးပဲ | 2.4 | piya | |
ငြိမ်းချမ်းရေးကောင်စီဆိုတာ လက်နက်ကိုင်အဖွဲ့လေးပဲ ဖြစ်ပါတယ် | 2.56 | piya | |
လီနင်ရဲ့ အတ္ထုပ္ပတ္တိကိုလည်း အသစ်ပြန်ရေးရတော့တယ် | 2.4 | piya | |
ဒါကို တောင်ကိုရီးယားက မြောက်ကိုရီးယားဘက်က ထောင်တဲ့မိုင်းလို့ စွပ်စွဲပေမယ့် မြောက်ဘက်က ငြင်းဆန်ပါတယ် | 4.96 | piya | |
အဲဒီရွာတွေက လယ်ယာမြေ ဧကသုံးသောင်းကျော် ရေနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ် | 4.32 | piya | |
သူတို့တွေ ပြောဆိုတာ ဘယ်တော့မှ မယုံရဘူး | 1.92 | piya | |
ဗီဒီယိုကနေ ယူသုံးရင်လည်း ဒီလိုမျိုး အသိအမှတ်ပြုတာလေး ရှိတယ်ပေါ့ | 3.04 | piya | |
ပြီးရင် ရိုးမဘဏ်ရှေ့လမ်း ဦးဥတ္တမလမ်းအတိုင်း ပြန်ဝင်ပြီးတော့ အဆုံးသတ်ခဲ့ကြပါတယ် | 4.16 | piya | |
ပြီးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် ချိန်းဆိုခဲ့ကြပြန်တယ် | 2.88 | piya | |
အစ္စရေးရေဒီယို၏ အဆိုအရ နာတစ်ဗ်ဟာ ပစ်ခတ်ခံရမှုတွင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည် | 5.44 | piya | |
ကိုပြေတီဦးကလည်း အူဝဲလိုပဲ စိတ်ထည့်ထားမှာပါပဲ | 2.72 | piya | |
ချောင်းဦး မုံရွာ ဘုတလင် ကျော်ဇေယျတို့မှာ ပေါ်နေပြီ | 2.88 | piya | |
ကမ္ဘာစစ်အင်အားညွှန်းကိန်းတွင် အမေရိကားက ထိပ်ဆုံးမှ ရပ်တည်နေပြီး ဆိုမားလီးယားက အောက်ဆုံး၌ ရှိနေသည် | 5.12 | piya | |
ဒါမှ စင်ကာပူနိုင်ငံတွေလို အမျိုးသမီးတွေအတွက် သီးခြားအခွင့်အရေး ရှိမယ် | 3.84 | piya | |
ဆင်ယင်လာကြတဲ့ လက်ဝတ်ရတနာတွေကလည်း မီးရောင်အောက်မှာ ပြိုးပြိုးပြက်ပြက်နဲ့ လင်းလက်တောက်ပနေတာပါပဲ | 4.64 | piya | |
အိပ်ငိုက်နေမယ်ဆိုရင်တောင် နည်းနည်း သတိထားမိသွားပြီး မျက်စိကျယ်သွားနိုင်တယ် | 3.52 | piya | |
ဒါပေမဲ့ အနုပညာသည်ကောင်းကတော့ အခုချိန်အထိ လက်ချိုးရေလို့ ရမယ် ထင်ပါတယ် | 3.84 | piya | |
လူရွှင်တော် သက်ကြီးတော်တော်များများကတော့ ဆင်းရဲဒုက္ခရောက်နေကြတာပါပဲ | 3.36 | piya | |
ကျွန်မကတော့ ခိုင်းတဲ့နေရာမှာ ကျွန်မလုပ်နိုင်ရင် ကြိုးစားလုပ်မယ် | 3.36 | piya | |
တောရော မြို့ပါ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ဟုပင် ဆိုနိုင်သည် | 3.2 | piya | |
ကမ္ဘာအနှံ့မှ သတင်းအချက်အလက်တွေကို သိနိုင်သည် | 2.24 | piya | |
ဒီ နောက်ဆုံး တွေ့ရှိချက်ကို နာဆာက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာဒင်က ပြောပြပေးမှာပါ | 4.48 | piya | |
ပါလက်စတိုင်းတွင် ဂျေရုဆလင်မြို့ဟောင်း အတွင်း ဝင်ခွင့်မပေးဖို့ အစ္စရေးဘက်က ပိတ်ပင်လိုက်ပါတယ် | 4.32 | piya | |
သူ ရေးထားတဲ့ အချက်အလက်တွေအပေါ် နဝရတ် ငြင်းချင်တဲ့ အချက်အလက်တွေ ရှိသလား | 3.2 | piya | |
တချို့ အစာစပ်စက်ရုံတွေ ဆိုရင် ပိတ်တဲ့ အဆင့် တောင် ရှိနေပြီ | 3.04 | piya | |
မာလာလာဟာ နိုဘယ်လ်ဆုရချိန်မှာ အသက် ဆယ့်ခုနစ်နှစ် ပဲ ရှိသေးတာကြောင့် ကမ္ဘာ့ အသက် အငယ်ဆုံး နိုဘယ်လ်ဆုရှင် ဖြစ်လာပါတယ် | 5.76 | piya | |
ကန်ရေပြင် အနီး သွားပြီး ကပ်ကြည့်ရင်တောင် ကန်ထဲကို ဝါဂွမ်းထုပ်ကြီး ပုံထည့်ထားသလို မြူနှင်းတွေ ဖုံးလွှမ်းလို့ နေပါတယ် | 6.08 | piya | |
ရေးသားပြုစုသူက စာရေးဆရာ ရဟန်းတော် ဦးစန္ဒိမာစလင်း ဖြစ်ပါတယ် | 3.68 | piya | |
ကလေးတွေကို လုံခြုံမှုနဲ့ သူတို့ရဲ့ ဘဝကို ကာကွယ်တဲ့ အနေနဲ့ သတင်းယူခွင့် မပေးတာပါလို့ မစန္ဒာလင်းက ပြောပါတယ် | 5.6 | piya | |
လူ့ကျင့်ဝတ် ဆိုတာလည်း ပစ်ပယ်လို့ မရဘူး ငါ့လူရ | 2.56 | piya | |
ရုံးစိုက်တယ် ဆိုပေမယ့် ရုံးပစ္စည်း ဘာမှ မရှိပါဘူး | 2.72 | piya | |
ကိုကျော်သိင်္ဂါ က တင်ပြပေးမှာ ဖြစ်ပါတယ် | 2.08 | piya | |
ကိုငှက်က မလှမ်းမကမ်းက အိပ်ရာ တစ်ခုပေါ် လဲလျောင်းရင်း စာအုပ် တစ်အုပ် ဖတ်နေချိန်ပေါ့ | 4.16 | piya | |
တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ရှစ်ခုနှစ် ဩဂုတ်လ နှစ်ဆယ့်သုံးရက်နေ့မှာ မွေးဖွားခဲ့ပါတယ် | 4.16 | piya | |
ဇာတ်တိုက်မထားပေမယ့် ဇာတ်လမ်းက ဒီမှာ ချပြရတော့မှာ | 2.72 | piya | |
သီရိမင်္ဂလာဈေးကို ကားလာကြည့်တဲ့ သူတွေ ကားရပ်တာနဲ့ ယာဉ်ထိန်းရဲက ဖမ်းတဲ့ ပြဿနာနဲ့ စကြုံတော့တာပဲ | 5.28 | piya | |
ဂျော်ဒန်ဘုရင် အဗ္ဗဒူလာကတော့ လေယာဉ်မှူးကို သူရဲကောင်းအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး စည်းလုံးညီညွတ်ဖို့ ပြောဆိုခဲ့ပါတယ် | 5.44 | piya | |
ဦးဇော်ဇော် တိုင်းပြည် အကျိုး များများ ဆောင်ရွက်နိုင်ပါစေ | 3.04 | piya | |
နှစ်ထောင့်သုံးခုနှစ်က အာရှဓနဘဏ် မြန်မာမေဖလားဝါးဘဏ်တို့ အပါအဝင် ဘဏ်အချို့ ပြိုလဲခဲ့သည် | 5.12 | piya | |
လိုင်စင် တစ်ခုသည် အမေရိကန်ဒေါ်လာ နှစ်သိန်း တန်သည် | 2.72 | piya | |
အခုကတော့ သဘောတရားလေးပဲ ပြောပြတာပါ | 2.08 | piya | |
ကမ္ဘာ့ဖလား အပြီးတွင် ယူနိုက်တက်၏ မန်နေဂျာ အဖြစ် တာဝန်ယူသွားမည့် ဗန်ဂါးလ် ဖြစ်ပါသည် | 4.16 | piya | |
ကလေးတိုင်းရဲ့ ရင်ထဲကို ဒီလို စိတ်ဓာတ်မျိုးလေးတွေ စိမ့်ဝင်သွားအောင် သင်ပေးနိုင်ရင် ဘယ်လောက် တန်ဖိုးရှိလိုက်မလဲ | 4.8 | piya | |
ဒီမှာ ကတော့ အစိုးရ တောင် သိရဲ့လား မသိဘူး | 2.08 | piya | |
စစ်မြေပြင်မှာ သတင်းယူရတာ အလွန် အန္တရာယ်ကြီးပါတယ် | 2.56 | piya | |
အဖြူရောင် ရဲတိုက် ကျတော့လည်း အဲဒီ ဇာတ်ရုပ် အရ သရုပ်ဆောင်ထားတယ် | 3.04 | piya | |
ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်မှ အသင်း ခုနစ်သင်း၏ ပွဲစဉ်များကို မော်ရိုကိုရှိ မြို့ နှစ်မြို့တွင် ကျင်းပသွားမည် ဖြစ်သည် | 5.12 | piya | |
ထူးဆန်းတာကတော့ အဲဒါ အားလုံးက တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက်တွေ ဖြစ်နေတာပါပဲ | 3.84 | piya | |
သင်္ကန်း ဝတ်ထားတဲ့ ရာဇဝတ်သား ပဲ ဖြစ်မှာပေါ့ | 2.08 | piya | |
ကိုဝေဠုကျော် ဒီရက်ပိုင်းမှာ သိသိသာသာ အရမ်းပိန်သွားတယ် | 2.88 | piya | |
သူ့လက်မှတ်နဲ့ ထုတ်ပြန်လိုက်တယ်ဆိုရင် ဥက္ကဋ္ဌအနေနဲ့တော့ တာဝန်ရှိတယ် | 3.36 | piya | |
သင်္ကြန်မိုးဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း ပြောပါဦး | 3.2 | piya | |
မက္ကဆီကိုအသင်း နည်းပြ မီဂူရယ် ဟာရီရာကတော့ အရမ်းကို ခက်ခဲမယ့် ပွဲ ဖြစ်လိမ့်မယ် ဆိုပါတယ် | 5.44 | piya | |
အစ်မ ငွေရတု ကျင်းပတဲ့ ခမ်းမကို လာတော့ ဦးဌေးဦးနဲ့ ဦးသိန်းဇော် ပြန်သွားကြပါပြီ | 4 | piya | |
မြင်းစိုင်းသားအောင်အောင်နဲ့ နွဲ့နွဲ့မူတို့ ရိုက်ကူးတဲ့ ရေကြည်ချမ်းမြဇာတ်ကားမှာလည်း ဦးအေးလွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ် | 5.92 | piya | |
ကလေးတွေ အရွယ်မရောက်သေးတဲ့ အချိန်မှာ အဲဒီလို ဖြစ်တာဆိုရင်တော့ ကလေးတွေအတွက် အရိပ်မည်းကြီးပါပဲ | 4.64 | piya | |
ကျွန်တော်တို့ကတော့ အားလုံးကို ထိုင်ကြည့်နေမှာမဟုတ်ဘူး | 2.56 | piya | |
ကျွန်မတို့ စိတ်ထဲမှာတော့ ရေဘဝဲခမျာ တွန့်တွန့်လူးပြီး ကျွန်မတို့ ရှေ့ရောက်လာလေမလားလို့ တွေးနေမိပါတယ် | 4.96 | piya | |
စဉ့်ကူး ကျောက်ဆည် ရွာငံ အောင်ပန်း ဟဲဟိုး အေးသာယာ တောင်ကြီး အထိ မြို့တိုင်းမှာ မြို့ဝင်ကြေး ပေးတာ တွေ့ရပါတယ် | 6.4 | piya | |
ရိုက်ပြီးတော့လည်း ဒီဟာကို လုံလုံခြုံခြုံ မထားနိုင်ဘူး | 2.4 | piya | |
ကျုပ်တပည့်တွေက ကျုပ်ကြိုက်တတ်မှန်း သိလို့ ဝှိုက်လေဘယ်နဲ့ ကန်တော့နေကျ | 3.2 | piya | |
ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံပဲ ရှိသေးတယ် | 1.92 | piya | |
ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဖြိုးဟန်က အခုလို ပြောပါတယ် | 3.52 | piya | |
ကိုခင်မောင်တိုး ကွယ်လွန်သွားပေမယ့်လည်း သူ့အငွေ့အသက်များစွာကို ပရိသတ်များဆီမှာ တွေ့နေနိုင်ပါသေးတယ် | 5.44 | piya | |
ကဗျာရက်သတ္တပတ်လို့လည်း ကျွန်တော်တို့ ကင်ပွန်းတပ်ခဲ့တယ် | 2.72 | piya | |
ပြီးတော့ ကွယ်လွန်သူ ဆရာမင်းလူ အလွမ်းမပြေစာအုပ်ဟုလည်း ဆိုချင်သည် | 3.36 | piya | |
ယင်းတွင် အဖြူရောင်နှင့် အနက်ရောင် တချို့ ပါသည် | 1.92 | piya | |
ဘာလို့ဆိုတော့ ဒီရေကာတာမရှိတော့ရင် ဒေသက မလုံခြုံဘူးလေ | 3.04 | piya | |
ရန်ကုန်မြို့နဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ် | 2.88 | piya | |
ရောင်းသူကတော့ အကောင်းဆုံးဖြစ်အောင် ရောင်းမှာပဲ ဟု ပြောသည် | 2.56 | piya | |
ကျွန်တော်က ဘိုနီနဲ့အတူ တွဲကစားဖို့ စိတ်ကူးထားတာပါ | 2.72 | piya | |
မလေးရှားနိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ နေထိုင်ခဲ့သော ဦးသိန်းနိုင်က ပြောပြသည် | 4.16 | piya | |
ဖို့စ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ နီလ်မက္ကာသီက အေပီသတင်းဌာနသို့ ပြောဆိုထားသည် | 4.8 | piya | |
ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတူတူပါပဲ | 4.32 | piya | |
သူတို့က နိုင်ငံတကာစည်းအရ ဝတ်ရတာပေါ့ | 1.92 | piya | |
ကမ္ဘာပေါ်မှာ လျှို့ဝှက်တိုင်ပင်ဖို့ နေရာဆိုတာ မရှိဘူး | 2.88 | piya | |
လမ်းထဲမှာလည်း ဖုန်းအကြောင်း ဓမ္မာရုံလည်း ဖုန်းအကြောင်း | 2.4 | piya | |
ပြည်သူ သတင်းပေးတဲ့ တစ်နေ့ မတရားမှုတွေ ပျောက်စေရပါမယ် | 2.88 | piya | |
ပထမပိုင်းမှာ ဒိုင်တွေရဲ့ မှတ်ချက်ကတော့ သိပ်ပြီး အားမရသလို ရှိခဲ့တယ်နော် | 3.52 | piya | |
ကမ္ဘောဇဘဏ်က ဗဟိုဘဏ်မှာ ဒီအတွက် သဘောတူညီချက်နဲ့ အာမခံငွေ တင်ထားတယ် | 4.16 | piya | |
ဒီပွဲလေးမှာ ထူးခြားတာကတော့ မိန်းကလေးဝိုင်း တစ်ဝိုင်းကို အဆိုတော် ချစ်ကောင်းက မိတ်ဆက်ပေးလိုက်တာပါပဲ | 4.64 | piya | |
ငြိမ်းစုစီနဲ့ ငြိနေလို့ တရားစွဲမယ် ပြောတယ် | 2.72 | piya | |
အများသူငါ၏ ထမင်းလုတ်ကို ပုတ်ခြင်းမျိုး မဟုတ်ပေ | 2.08 | piya | |
ဘယ်လိုရှာရှာ မတွေ့တော့ ပွဲစားဆီ ဖုန်းဆက်ပြီး ငွေပြန်တောင်းကြပါတယ် | 3.52 | piya | |
ကျွန်တော်တို့က လုပ်ငန်း တစ်ခုကို သွားပြီး ပူးပေါင်းလုပ်တာပဲ ရှိပါတယ် | 3.04 | piya | |
ကျွန်တော်တို့လည်း အဲဒီနေ့ကို သဘောမတူဘူး | 2.08 | piya | |
ဦးစောကို လက်နက် ထုတ်ပေးမှုဖြင့် အင်းစိန်ထောင်ထဲ ရောက်နေသူက ကပ္ပတိန် ဗီဗီယန် ဖြစ်သည် | 4.64 | piya | |
ဗိုလ်ချုပ် ဆိုတာကတော့ ဂုဏ်ဒြပ်တွေ အများကြီးပါ | 2.08 | piya | |
ငွေယူဖို့ ကြိုးစားပေမဲ့ မီးခံသေတ္တာ မဖွင့်နိုင်ခဲ့လို့ ငွေတစ်ပြားတစ်ချပ်မှ မရခဲ့ပါဘူး | 4.16 | piya |
Burmese Speech Refined OpenSLR-80
Summary
This dataset is a speech dataset developed based on the original OpenSLR Dataset (SLR80), with the text and audio data carefully reviewed and further refined for Burmese language applications.
In the original OpenSLR Dataset, the Burmese text was transcribed based on how the words were pronounced in the corresponding audio recordings. In this dataset, the original audio and text data were used as a reference, and the text was manually reviewed and corrected to follow standard Burmese spelling and writing conventions.
The corrected Burmese text was then used to generate new audio using Piya, a male synthetic voice. Through this process, the dataset aims to provide Burmese text that follows standard writing conventions, together with consistent voice data and corresponding audio recordings in a unified dataset.
This work builds upon the valuable efforts of the original OpenSLR dataset creators and voice contributors, while further refining the text and audio components for specific Burmese speech-related applications.
The dataset is intended for use in Text-to-Speech (TTS), Speech Recognition (ASR), Speech Processing, and other Burmese language–based Machine Learning applications.
အကျဉ်းချုပ်
ဒီ Dataset ဟာ မူရင်း OpenSLR Dataset (SLR80) ကို အခြေခံပြီး မြန်မာဘာသာစကားအတွက် စာသားနဲ့ အသံအချက်အလက်များကို ပြန်လည်စစ်ဆေး၊ ပြင်ဆင်တည်ဆောက်ထားတဲ့ Speech Dataset တစ်ခုဖြစ်ပါတယ်။
မူရင်း OpenSLR Dataset မှာ အသံဖိုင်နဲ့ ကိုက်ညီစေရန် အသံထွက်အတိုင်း မြန်မာစာသားကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါတယ်။ ဒီ Dataset မှာတော့ မူရင်းအသံဖိုင်များနှင့် စာသားများကို အခြေခံပြီး မြန်မာစာရေးထုံးနှင့် စာလုံးပေါင်းအရ မှန်ကန်မှုရှိစေရန် စာသားများကို လူကိုယ်တိုင် ပြန်လည်စစ်ဆေးပြင်ဆင်ထားပါတယ်။
ထို့နောက် ပြင်ဆင်ထားတဲ့ မြန်မာစာသားများအတိုင်း Piya ဆိုတဲ့ အမျိုးသား Synthetic Voice ကို အသုံးပြုပြီး အသံဖိုင်များကို ပြန်လည်ဖန်တီးထားပါတယ်။ ဒီလိုပြန်လည်တည်ဆောက်ခြင်းအားဖြင့် မြန်မာစာရေးထုံးအမှန်နဲ့ ကိုက်ညီတဲ့ စာသားများ၊ တစ်သမတ်တည်းရှိတဲ့ Voice နဲ့ သက်ဆိုင်ရာ Audio Data များကို တစ်စုတစ်စည်းတည်း ရရှိစေရန် ရည်ရွယ်ထားပါတယ်။
မူရင်း OpenSLR Dataset ကို ဖန်တီးပေးခဲ့သူများနှင့် အသံသွင်းပေးခဲ့သူများ၏ အားထုတ်မှုကို အခြေခံ၍ ယခု Dataset တွင် စာသားပိုင်းနှင့် အသံပိုင်းဆိုင်ရာ လိုအပ်ချက်များကို ထပ်မံပြင်ဆင်တိုးတက်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ဒီ Dataset ကို Text-to-Speech (TTS)၊ Speech Recognition (ASR)၊ Speech Processing နှင့် မြန်မာဘာသာစကားအခြေပြု Machine Learning လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ထားပါတယ်။
Original Dataset Reference & Attribution
Myanmar Speech Dataset (OpenSLR-80)
This dataset consists exclusively of Myanmar speech recordings, extracted and refined from the larger multilingual OpenSLR dataset. For the complete multilingual dataset and additional information, please visit the original dataset repository of OpenSLR HuggingFace page.
Original Source
OpenSLR is a site devoted to hosting speech and language resources, such as training corpora for speech recognition, and software related to speech recognition.
SLR80: Crowdsourced high-quality Burmese speech data set
This data set contains transcribed high-quality audio of Burmese sentences recorded by volunteers.
The data set has been manually quality checked, but there might still be errors.
Please report any issues in the following issue tracker on GitHub: https://github.com/googlei18n/language-resources/issues
The dataset is distributed under Creative Commons Attribution-ShareAlike 4.0 International Public License. See LICENSE file and https://github.com/google/language-resources#license for license information.
Copyright 2018, 2019 Google, Inc.
Citation (SLR80)
@inproceedings{oo-etal-2020-burmese,
title = "{B}urmese Speech Corpus, Finite-State Text Normalization and Pronunciation Grammars with an Application to Text-to-Speech",
author = "Oo, Yin May and
Wattanavekin, Theeraphol and
Li, Chenfang and
De Silva, Pasindu and
Sarin, Supheakmungkol and
Pipatsrisawat, Knot and
Jansche, Martin and
Kjartansson, Oddur and
Gutkin, Alexander",
booktitle = "Proceedings of The 12th Language Resources and Evaluation Conference (LREC)",
month = may,
year = "2020",
pages = "6328--6339",
address = "Marseille, France",
publisher = "European Language Resources Association (ELRA)",
url = "https://www.aclweb.org/anthology/2020.lrec-1.777",
ISBN = "979-10-95546-34-4",
}
Dataset Overview
Dataset Name: Burmese Speech Refined OpenSLR-80
Total Clips: 2,529 audio files
Total Duration: ~2.47 hours
Audio Specs: 16 kHz, 16-bit PCM, Mono WAV
Speaker: Piya (Male Synthetic Voice)
Language: Myanmar / Burmese (
my)
- Downloads last month
- 136