text stringlengths 2 3.87k |
|---|
နောက်ဆုံးမှာတော့ ဇာတ်ကားနာမည်ဖြစ်တဲ့ "Start-Up" ဆိုတဲ့အတိုင်း ဘဝဆိုတာ အဆုံးသတ်သွားပြီလို့ ထင်ရတဲ့ နေရာကနေတောင် အသစ်ကနေ အမြဲတမ်း ပြန်လည်စတင်နိုင်ကြောင်းကို ပရိသတ်တွေရဲ့ နှလုံးသားထဲ ရိုးရှင်းသော်လည်း ထိမိစွာ ရေးထိုးပြသသွားခဲ့ပါတယ်။ |
ဒါ့အပြင် သွေးမတော် သားမစပ်ပေမဲ့လည်း အချင်းချင်း ဖေးမကူညီရင်း ဖြစ်တည်လာတဲ့ မိသားစုဆန်သော သံယောဇဉ်တွေ၊ မိဘနှင့် သားသမီးကြားက နားလည်မှုလွဲမှားခြင်းတွေကို ဖြေရှင်းနိုင်ခဲ့ပုံတွေဟာ ဇာတ်လမ်းကို ပိုမိုနက်ရှိုင်းတဲ့ စိတ်ခံစားမှုဆီ ခေါ်ဆောင်သွားပါတယ်။ |
တစ်ချိန်က အကြမ်းဖက်မှုတွေနဲ့ အုပ်စိုးခဲ့တဲ့ မာဖီးယားဂိုဏ်းချုပ်ဘဝထက် မီးဖိုချောင်ထဲမှာ အေးချမ်းစွာ ဟင်းချက်နေရတဲ့ စားဖိုမှူးဘဝက သူ့အတွက် ပိုပြီး တန်ဖိုးရှိတဲ့ ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ |
တစ်ချိန်တည်းမှာပဲ စားဖိုမှူး Geo-seok ရဲ့ ဇာတ်ကောင်စရိုက်ကနေတစ်ဆင့် အတိတ်က အရိပ်မည်းတွေဘယ်လောက်ပဲ ကြီးမားပါစေ၊ လက်ရှိအချိန်မှာ ကိုယ်ပိုင်ဘဝကို အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တွေနဲ့ ပြန်လည်တည်ဆောက်နိုင်တယ်ဆိုတာကို ပြသသွားပါတယ်။ |
ဒီဇာတ်လမ်းက ပေးတဲ့ အရေးကြီးဆုံး သင်ခန်းစာတစ်ခုကတော့ ဘဝမှာ ဘယ်လောက်ပဲ မှားယွင်းတဲ့လမ်းကို ရောက်သွားခဲ့ပါစေ၊ ပြန်လည်ပြင်ဆင်ဖို့ အချိန်မနှောင်းသေးဘူးဆိုတဲ့ အချက်ပါပဲ။ |
လူငယ်တိုင်းဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ကိုယ်လျှောက်နေတဲ့လမ်း မှန်ရဲ့လားဆိုတဲ့ မေးခွန်းနဲ့ ရင်ဆိုင်ရလေ့ရှိပြီး လောကဓံရဲ့ ရိုက်ခတ်မှုတွေကို ကိုယ်တိုင်ခံစားရပြီးမှသာ မှန်ကန်တဲ့ ရင့်ကျက်မှုကို သင်ယူခွင့်ရကြတာပါ။ |
ဆယ်ကျော်သက်အရွယ် မိုက်ရူးရဲဆန်မှု၊ လူကြီးတွေရဲ့ တင်းကျပ်တဲ့ မျှော်လင့်ချက်တွေကြားက လွတ်မြောက်ချင်တဲ့ စိတ်ဆန္ဒတွေနဲ့အတူ ဘဝရဲ့ ပထမဆုံးခြေလှမ်းမှာ မှားယွင်းတဲ့ရွေးချယ်မှုတွေ ပြုလုပ်မိခဲ့ကြတဲ့ Taek-il နဲ့ Sang-pil တို့ရဲ့ အဖြစ်အပျက်တွေဟာ လက်တွေ့လူ့ဘောင်က လူငယ်တွေရဲ့ ရုန်းကန်ရမှုကို ပေါ်လွင်စေပါတယ်။ |
Start-Up (2019) ရုပ်ရှင်ရဲ့ အဓိက အနှစ်သာရဟာ အသက်အရွယ်မရွေး ကြုံတွေ့ရတတ်တဲ့ ဘဝရဲ့ လမ်းပျောက်မှုတွေနဲ့ မိမိကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းအပေါ် အခြေတည်ထားတာ ဖြစ်ပါတယ်။ |
အဆုံးထိ အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ ပရိသတ်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ |
ဒါဟာ သူတို့ သားအမိအတွက်တော့ ဘဝမှာ အပျော်ရွှင်ဆုံး နေ့ရက်တစ်ရက် ဖြစ်လာခဲ့ပါတော့တယ်ခင်ဗျာ။ |
သူတို့နှစ်ယောက်ဟာ အမြဲတမ်း စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ဖူးတဲ့ ခရီးတစ်ခုဆီ ဦးတည်ပြီး ထွက်ခွာနေခဲ့ကြတာပါ။ |
ဆိုင်ကယ်နောက်မှာတော့ သူ့အမေက တင်းတင်းကျပ်ကျပ် ဖက်ပြီး လိုက်ပါ စီးနင်းလို့ နေပါတယ်။ |
နောက်ဆုံးမှာတော့ Taek-il လည်း မီးခိုးအမည်းတွေ မထွက်တော့တဲ့ ဆိုင်ကယ်အသစ်စက်စက်လေးကို စက်နှိုးလိုက်ပါတယ်။ |
ဝက်ဝံကြီးကတော့ သူ့ရဲ့ မာဖီးယား အတိတ်ဆိုးတွေကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ |
စားဖိုမှူး Geo-seok နဲ့ ခေါက်ဆွဲပို့တဲ့ ဝန်ထမ်းလေးကလည်း ယူနီဖောင်းအင်္ကျီတွေကို ပြန်လည် ဝတ်ဆင်ပြီး ဂျမ်းပုံးဆိုင်မှာ စိတ်ချမ်းသာစွာနဲ့ ခေါက်ဆွဲဖတ်တွေ ပြန်ပြုတ်နေခဲ့ကြပါပြီ။ |
ဒါတင်မကသေးဘဲ သူမဟာ ဂျမ်းပုံးဆိုင် ပိုင်ရှင်ကြီးရဲ့ မွေးစားသမီး ဖြစ်လာခဲ့ပြီး သမီးအရင်းလေးတစ်ယောက်လို ချစ်ခင်မြတ်နိုးခြင်း ခံခဲ့ရပါတယ်။ |
တစ်ဖက်မှာလည်း Kyung-joo က ဆံပင်ကို အနက်ရောင် ပြန်ဆိုးလိုက်ပြီး ကျောင်းပြန်တက်ဖို့အတွက် ကျောင်းဝတ်စုံကို ပြန်လည် ဝတ်ဆင်ခဲ့ပါတယ်။ |
သူတို့အားလုံးဟာ တကယ့် မိသားစုဝင်တွေလို တစ်ယောက်နဲ့တစ်ယောက် အပေးအယူတည့်တည့်နဲ့ အဆင်ပြေနေခဲ့ကြတာပါ။ |
ဒီကြားထဲမှာ Taek-il နဲ့ သူ့အမေကလည်း သူတို့ဆီမှာ ယာယီ လာရောက်နေထိုင်ခဲ့ကြပါတယ်။ |
ဘယ်သူ့ကိုမှလည်း ထပ်ပြီး ဒဏ်ရာရအောင် လုပ်စရာ မလိုတော့ပါဘူး။ |
ဒီအလုပ်က ပိုက်ဆံ အများကြီး မရနိုင်ပေမဲ့လည်း သူ့အတွက်တော့ တကယ့်ကို စိတ်အေးချမ်းသာမှု ရရှိစေခဲ့တာ ဖြစ်ပါတယ်။ |
ပြီးတော့ အဖွားဖြစ်သူကို ကူညီပြီး သဲသောင်ပြင်မှာ ခရုရှာတဲ့ ရိုးသားတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို ပြန်လည် လုပ်ကိုင်ခဲ့ပါတယ်။ |
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ Sang-pil တစ်ယောက် အတိုးကြီးစား အကြွေးတောင်းတဲ့ အလုပ်ကို လုံးဝ စွန့်လွှတ်လိုက်ပါတော့တယ်။ |
ပြီးတော့ "ဒါဟာ ငါ့ရဲ့အလုပ်ပဲ၊ ငါက စားဖိုမှူးတစ်ယောက်ပါ" ဆိုပြီး စကားလက်ဆောင် ပါးခဲ့ပါသေးတယ်။ |
ပြီးသွားတဲ့အခါမှာတော့ စားပွဲမှာ အေးအေးဆေးဆေး ထိုင်စားရင်း သူ့ရဲ့ လက်ရုံးကိုလည်း လာမြည်းစမ်းကြည့်ဖို့ ပြောခဲ့ပါတယ်။ |
ပြန်တဲ့လမ်းမှာတော့ စားဖိုမှူး Geo-seok က စားသောက်ဆိုင်တစ်ခုမှာ ကားခဏရပ်ခိုင်းပြီး သူကိုယ်တိုင် မီးဖိုချောင်ထဲ ဝင်သွားကာ ဟင်းလျာကို ကိုယ်တိုင် ချက်ပြုတ်ပါတယ်။ |
ဝက်ဝံကြီးကတော့ ဘာမှ ပြန်မဖြေဘဲ "ရန်သူတွေ နောက်ဆုတ်သွားရင် ပြီးတာပဲ" လို့ပဲ ခပ်အေးအေး ပြောလိုက်ပါတယ်။ |
စားဖိုမှူး Geo-seok ဆီ ပြန်လှည့်လိုက်တဲ့အခါ သူ့ရဲ့ လက်ရုံးဖြစ်သူ ရောက်လာပြီး "ဘာလို့ အစ်ကိုကြီးက တစ်ယောက်တည်း လာခဲ့ရတာလဲ" ဆိုပြီး ဖြစ်ပျက်နေတာတွေကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရပါတယ်။ |
အရင်က ဘော်လီဘော အားကစားသမားဟောင်းကြီး ဖြစ်တဲ့ အမေဖြစ်သူကလည်း လေပေါ်ခုန်တက်ပြီး တစ်ဖက်လူရဲ့ မျက်နှာကို လက်ဝါးနဲ့ ပိတ်ရိုက်ကာ တစ်ချက်တည်း သတိလစ်သွားအောင် လုပ်လိုက်ပါတော့တယ်။ |
Taek-il လည်း အဲဒါကို မြင်လိုက်ရတဲ့အခါမှာတော့ ရုတ်တရက် သတ္တိတွေ ထကြွလာပါတော့တယ်။ |
Sang-pil ဟာ ခွက်တစ်လုံးကို ကောက်ကိုင်ပြီး သူ့ရဲ့ ဂိုဏ်းခေါင်းဆောင်ခေါင်းကို အားရပါးရ ပိတ်ထုပစ်လိုက်ပါတော့တယ်။ |
သူငယ်ချင်းအရင်းတွေ ဖြစ်ကြတဲ့ Taek-il နဲ့ Sang-pil တို့ကတော့ ပိုက်ဆံထက် သူငယ်ချင်းသံယောဇဉ်ကိုပဲ ဦးစားပေး ရွေးချယ်ခဲ့ကြပါတယ်။ |
ဒါကြောင့် အမေဖြစ်သူဟာလည်း အားကိုးရာမဲ့စွာနဲ့ အဲဒီပိုက်ဆံလေးကို မယူသွားဖို့ ငိုယိုတောင်းပန်နေခဲ့ရရှာပါတယ်။ |
နောက်ဆုံးမှာတော့ လူဆိုးတွေက Taek-il သူ့အမေကို ပေးထားတဲ့ လစာပိုက်ဆံအိတ်ကြီးကို တွေ့သွားခဲ့ကြပါတယ်။ |
ဒါပေမဲ့လည်း လူဆိုးတွေက ရပ်တန့်မယ့်ပုံမရှိဘဲ ဆိုင်ထဲက ပစ္စည်းတွေကို ဖျက်ဆီးပြီး ပိုက်ဆံတွေကို လိုက်ရှာနေခဲ့ကြပါတယ်။ |
အဲဒီအချိန်မှာပဲ အနီးအနားမှာ ရှိနေတဲ့ Taek-il နဲ့ Kyung-joo တို့လည်း ဆိုင်ထဲကို အမြန် ပြေးဝင်လာခဲ့ကြပါတယ်။ |
အကြွေးတောင်းတဲ့ လူဆိုးတွေ အဲဒီကို ရောက်သွားတဲ့အခါ ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်ဘဲ ဆဲဆိုခြိမ်းခြောက်ပြီး ရမ်းကားပါတော့တယ်။ |
ဒါပေမဲ့ သူ လုံးဝ မထင်မှတ်ထားတာကတော့ နောက်ထပ် ပစ်မှတ်ဖြစ်လာမယ့် အကြွေးသမားဟာ သူ့ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် Taek-il ရဲ့ အမေ ဖြစ်နေတာပါပဲ။ |
ဒါပေမဲ့ အဲဒီမြင်ကွင်းက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းလှတာကြောင့် Sang-pil ကိုယ်တိုင်တောင် မျက်နှာလွှဲထားခဲ့ရပါတယ်။ |
တစ်ချိန်တည်းမှာပဲ Sang-pil ရဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ကို ရိုက်နှက်ခဲ့တဲ့သူကို လက်တုံ့ပြန် ကလဲ့စားချေဖို့အတွက် Sang-pil ကို ခေါ်သွားခဲ့ပါတယ်။ |
ဒါပေမဲ့ သူတို့ အရမ်းကို မှားသွားခဲ့ပြီး Geo-seok ရဲ့ အားပြင်းလှတဲ့ လက်သီးတွေ၊ ပါးရိုက်ချက်တွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုလုံးကို ငရဲပြည် ပို့လိုက်ပါတော့တယ်။ |
စားဖိုမှူး Geo-seok တစ်ယောက် အရင်လို မကြမ်းနိုင်တော့ဘူးလို့ ထင်နေကြတာပါ။ |
သူဟာ ရန်သူ့ဂိုဏ်းဆီ တစ်ယောက်တည်း သွားပြီး စေ့စပ်ဆွေးနွေးခဲ့ပေမဲ့ တစ်ဖက်လူတွေကတော့ သူ့ကို လုံးဝ မလေးစားတော့ပါဘူး။ |
ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ စားဖိုမှူး Geo-seok ကလည်း သူ့ရဲ့ မာဖီးယားစတိုင်အတိုင်း ပြဿနာတွေကို ရှင်းနေရလို့ ဖြစ်ပါတယ်။ |
Taek-il လည်း ဘာလုပ်ရမှန်း မသိတော့တာကြောင့် စားဖိုမှူး Geo-seok ဆီ အကူအညီတောင်းခဲ့ပေမဲ့လည်း ထုံးစံအတိုင်း အချင်းချင်း ရန်ဖြစ်စကားများရတာကလွဲလို့ ဘာမှ ထူးမခြားနားခဲ့ပါဘူး။ |
နောက်ဆုံးမှာတော့ သူလည်း သည်းမခံနိုင်တော့ဘဲ "တကယ်လို့ ဆိုင်သာ အသိမ်းခံရရင်လည်း ကျွန်တော်နဲ့ လုံးဝမဆိုင်တော့ဘူး" ဆိုပြီး ရေရွတ်ကာ ဆိုင်အပြင်ကို ထွက်သွားခဲ့ပါတော့တယ်။ |
အမေ့ရဲ့ ဆိုင်ကို ရောက်သွားတဲ့အခါ Taek-il က ဘယ်လောက်ပဲ မေးမေး အမေဖြစ်သူက စကားလမ်းကြောင်း လွှဲနေခဲ့ပါတယ်။ |
နောက်တစ်နေ့မှာတော့ သူဟာ အမေ့ဆီကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပြီး စော်နီမလေး Kyung-joo ကလည်း အဖော်အဖြစ် လိုက်ပါသွားခဲ့ပါတယ်။ |
Taek-il ဟာ အမေ့ဆီကို ဖုန်းဆက်ဖို့ ကြိုးစားခဲ့ပေမဲ့ အမေက ဖုန်းမကိုင်ခဲ့ပါဘူး။ |
ဒါပေမဲ့ အဲဒီအချိန်မှာပဲ Sang-pil ဆီကနေ ဖုန်းဝင်လာပြီး Taek-il အမေရဲ့ ဆိုင်ခန်းဟာ ဖယ်ရှားခံရတော့မယ်ဆိုတဲ့ အကြောင်းကို ဆိုင်ရှေ့မှာ ကပ်ထားတဲ့ ကြေညာချက်ကို ကြည့်ပြီး လှမ်းပြောပြခဲ့ပါတယ်။ |
အဲဒီနောက်မှာတော့ Taek-il နဲ့ Kyung-joo တို့ဟာ မြစ်ကမ်းနားမှာ ထိုင်ပြီး စကားပြောကြရင်း တစ်ယောက်ရဲ့ နောက်ခံဘဝအကြောင်းကို တစ်ယောက်က ပိုပြီး သိရှိလာခဲ့ကြပါတယ်။ |
ဝက်ဝံကြီးကတော့ မာဖီးယားဂိုဏ်းချုပ်အဖြစ် ပြန်လည်တာဝန်ယူဖို့အတွက်ကိုပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါပြီ။ |
ခေါက်ဆွဲပို့တဲ့ ဝန်ထမ်းလေးကတော့ တငိုငိုဖြစ်နေခဲ့သလို Taek-il ကလည်း စားဖိုမှူးကြီးကို မသွားဖို့ တားဆီးဖြောင်းဖျပေမဲ့ ဘာမှ ထူးမခြားနားခဲ့ပါဘူး။ |
ဆိုင်ရှင်ကြီးကလည်း ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်လာချင်ရင် ဒီက အမြဲတမ်း ကြိုဆိုနေမှာပါလို့ သူ့ကို လှိုက်လှိုက်လှဲလှဲ ပြောခဲ့ပါတယ်။ |
ဝက်ဝံရုပ်ကြီး စားဖိုမှူးကတော့ အထုပ်အပိုးတွေပြင်ပြီး ဂျမ်းပုံးဆိုင်က လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို နှုတ်ဆက်တဲ့အခါ အားလုံးက လိုက်ပို့ပေးခဲ့ကြပါတယ်။ |
သေချာ စဉ်းစားသုံးသပ်ပြီးတဲ့ နောက်မှာတော့ ဆိုင်လေးကို ပြဿနာတွေ မပတ်သက်စေချင်တာကြောင့် စားဖိုမှူး Geo-seok တစ်ယောက် နောက်ဆုံးမှာတော့ သဘောတူလိုက်ရပါတော့တယ်။ |
စားဖိုမှူး Geo-seok က အတိတ်က ဘဝဟောင်းဆီ ပြန်မသွားချင်တော့ပေမဲ့လည်း လက်ရုံးဖြစ်သူက "အစ်ကိုကြီးက အင်အားအကြီးဆုံး ဂိုဏ်းချုပ်ကြီးပဲ၊ ကိုယ်နဲ့ထိုက်တန်တဲ့ ဘဝဟောင်းဆီပဲ ပြန်သွားရအောင်ပါ" ဆိုပြီး စည်းရုံးနားချခဲ့ပါတယ်။ |
ဘာလို့လဲဆိုတော့ အခုချိန်မှာ တခြားမာဖီးယားဂိုဏ်းတွေက သူတို့ပိုင်နက်အားလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေကြလို့ပါပဲ။ |
စဖိုမှူး Geo-seok က အတိတ်က ဘဝဟောင်းဆီ ပြန်မသွားချင်တော့ပေမဲ့လည်း လက်ရုံးဖြစ်သူက "အစ်ကိုကြီးက အင်အားကြီးဆုံး ဂိုဏ်းချုပ်ကြီးပဲ၊ ကိုယ်နဲ့ ထိုက်တန်တဲ့ ဘဝဟောင်းဆီပဲ ပြန်သွားရအောင်ပါ" ဆိုပြီး စည်းရုံးနားချခဲ့ပါတယ်။ |
ဘာလို့လဲဆိုတော့ အခုချိန်မှာ တခြား မာဖီးယားဂိုဏ်းတွေက သူတို့ ပိုင်နက်အားလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေကြလို့ပါပဲ။ |
သူ့ရဲ့ ညာလက်ရုံးဖြစ်သူက စဖိုမှူး Geo-seok ကို ပြိုကွဲတော့မယ့် ဂိုဏ်းကို ပြန်ကယ်တင်ဖို့ လာရောက်ခေါ်ယူတာပဲ ဖြစ်ပါတယ်။ |
ဒါပေမဲ့လည်း လောကမှာ လျှို့ဝှက်ချက်ဆိုတာ မရှိတာမလို့ နောက်တစ်နေ့မှာပဲ မာဖီးယား တပည့်ပေါင်း ၁၀၀ ကျော်ဟာ ခေါက်ဆွဲဆိုင်ရှေ့မှာ လာရောက် ဝိုင်းရံထားကြပါတော့တယ်။ |
ဒါကြောင့်မလို့လည်း Geo-seok ဟာ နံပါတ်တစ် မာဖီးယား ဂိုဏ်းချုပ်ဘဝကို စွန့်လွှတ်ပြီး သာမန် စဖိုမှူးတစ်ယောက် အဖြစ်နဲ့ အဲ့ဒီနေ့ကစလို့ ဆိုင်ရှင်ကြီးနဲ့အတူ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ |
တစ်ယောက်နဲ့တစ်ယောက် စိတ်ဒဏ်ရာ ကိုယ်စီနဲ့ ကံကြမ္မာ မှောင်ကျနေတဲ့ လူနှစ်ယောက်ဟာ ဒီလိုနဲ့ပဲ ဆုံတွေ့ခဲ့ကြရပါတယ်။ |
ဒါပေမဲ့ အဲဒီအချိန်မှာ သစ္စာဖောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ မာဖီးယားဘဝကို ငြီးငွေ့ပြီး ထွက်ပြေး ပုန်းအောက်လာတဲ့ မာဖီးယား ဂိုဏ်းချုပ်ကြီး Geo-seok က ဆိုင်ရှင်ကြီးကို အချိန်မှီ ကယ်တင်နိုင်ခဲ့တာပါ။ |
အဲဒီနောက်မှာတော့ လွန်ခဲ့တဲ့ တစ်နှစ်က သမီးဖြစ်သူ ဆုံးပါးသွားတာကြောင့် ကျေကွဲဝမ်းနည်းနေရတဲ့ ဆိုင်ရှင်ကြီးဟာ သူ့ကိုသူ အဆုံးစီရင်ဖို့အထိ ဆုံးဖြတ်ခဲ့ပါတယ်။ |
သမီးဖြစ်သူရဲ့ နာမည်ကတော့ Eun-seong ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဆုံးပါးသွားခဲ့ရှာတာပါ။ |
သူတို့အားလုံး ဆိုင်ကို ပြန်ရောက်တဲ့အခါ ဝိုင်းဝန်း သန့်ရှင်းရေးလုပ်ကြပေမဲ့ ဆိုင်ရှင်ကြီးကတော့ ကွယ်လွန်သွားခဲ့တဲ့ သမီးဖြစ်သူရဲ့ အခန်းတံခါးကို ဖွင့်ပြီး လွမ်းဆွတ်တမ်းတစွာ စိုက်ကြည့်နေခဲ့ရှာပါတယ်။ |
အဲဒီနောက်မှာတော့ ဆိုင်ကို လာပြီး ပြဿနာရှာတဲ့ လူမိုက်တွေဟာ တကယ်တော့ ပြန်ပေးဆွဲလုပ်ငန်း လုပ်ကိုင်မှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့သူတွေ ဖြစ်နေမှန်း အားလုံး သိလိုက်ရပါတယ်။ |
မြင်ကွင်းက ရဲစခန်းဆီ ရောက်သွားပြီး ရဲတွေကလည်း စဖိုမှူး Geo-seok ကို သိနေကြသလို သူ့ကို စီနီယာကြီးတစ်ယောက်လို လေးလေးစားစား ဆက်ဆံနေကြပါတယ်။ |
မြင်ကွင်းကတော့ အပြင်ဘက်ဆီ ရောက်သွားပြီး ခန္ဓာကိုယ်တွေဟာ အပြင်ဘက်ကို တစ်ယောက်ပြီး တစ်ယောက် လွင့်စင်ထွက်လာခဲ့သလို ရဲကားတွေလည်း အချိန်မှီ ရောက်ရှိလာပါတော့တယ်။ |
ဒါပေမဲ့ စဖိုမှူး Geo-seok တစ်ယောက် ရိုက်လို့ အရှိန်ကောင်းနေတုန်း နောက်ကျောကနေ ဓားနဲ့ ထိုးခံလိုက်ရပါတယ်။ |
နောက်ဆုံးလူလည်း ဒီလိုပဲ အလှည့်ကျ ခံလိုက်ရပြီး ဆံပင်ကို ဆွဲဆုတ်ကာ မီးခြစ်နဲ့ ပါးစပ်ထဲ အတင်းထိုးထည့်ပြီး ဘယ်ပြန်ညာပြန် အားရပါးရ ပိတ်ရိုက်ခံလိုက်ရပါသေးတယ်။ |
အဲဒီနောက် သုံးယောက်မြောက် လူကတော့ စဖိုမှူးကြီး Geo-seok ရဲ့ သေချာချိန်ရွယ်ပြီး ပိတ်ရိုက်တာခံရကာ လဲကျသွားပြီး သတိလစ် မေ့မြောသွားခဲ့ရရှာပါတယ်။ |
တခြားတစ်ယောက်က ပြေးဝင်လာပေမဲ့လည်း မဟာလက်ဝါးသိုင်းကွက်နဲ့ မှောက်ခုံပစ်လိုက်ပါတယ်။ |
သူက လူမိုက်တစ်ယောက်ကို ဆွဲကိုင်ပြီး မြေကြီးပေါ်ကို အားပြင်းပြင်းနဲ့ ပစ်ပေါက်လိုက်ပါတယ်။ |
သူတို့ လေးစားချစ်ခင်ရတဲ့ ဆိုင်ရှင်ကြီး အနိုင်ကျင့်ခံရရုံတင် မကဘဲ သမီးဖြစ်သူရဲ့ နောက်ဆုံး အမှတ်တရ ပစ္စည်းလေးပါ ပျက်စီးသွားတာကို မြင်လိုက်ရတဲ့ အခါမှာတော့ အရင်က ရန်မဖြစ်ချင်ဘူးလို့ အမြဲပြောလေ့ရှိတဲ့ စဖိုမှူး Geo-seok တစ်ယောက် လက်သီးလက်မောင်းတန်းပြီး ပွဲကြမ်းဖို့ ပြင်ပါတော့တယ်။ |
ဆိုင်ရှင်ကြီးကလည်း ကြေကွဲဝမ်းနည်းစရာ ကောင်းလှတဲ့ မျက်နှာလေးနဲ့ အရိုးပြာအိုး အစအနတွေကို လိုက်လံ ကောက်သိမ်းနေခဲ့ပါတယ်။ |
အဆိုးရွားဆုံးကတော့ Taek-il တစ်ယောက် စင်ပေါ်ကို လွင့်စင်သွားပြီး ဆိုင်ရှင်ကြီး သမီးရဲ့ အရိုးပြာအိုးကို တိုက်မိကာ အောက်ကို ကျကွဲသွားခဲ့ရတာပါပဲ။ |
ဒါပေမဲ့လည်း သူတို့ဟာ လူအင်အား မမျှတာကြောင့် လွင့်ထွက်သွားပြီး ပစ္စည်းတွေနဲ့ ဆောင့်မိခဲ့ကြရပါတယ်။ |
ဒါကြောင့် Taek-il နဲ့အတူ ဆံပင်နီမလေး Kyung-joo ကလည်း အရှုံးမပေးဘဲ ပြန်လည် တိုက်ခိုက်ခဲ့ကြပါတယ်။ |
ဒါပေမဲ့ ဒေါသချောင်းချောင်း ထွက်နေတဲ့ လူမိုက်တွေကလည်း ဆိုင်ထဲက ပစ္စည်းတွေကို အရိုးအဆစ်မကျန် ရိုက်ခွဲ ဖျက်ဆီးပစ်ပါတော့တယ်။ |
ဒါကြောင့် Taek-il နဲ့ လုပ်ဖော်ကိုင်ဘက်တို့က ပြေးပြီး ကူညီပေးခဲ့ကြပါတယ်။ |
ဘာမှမသိရှာတဲ့ ဆိုင်ရှင်ကြီးကတော့ ပထမဆုံးအကြိမ်အဖြစ် အရင်ဆုံး အရိုက်ခံလိုက်ရရှာပါတယ်။ |
တစ်ချိန်ည်းမှာပဲ ခေါက်ဆွဲဆိုင်ဘက်မှာတော့ Taek-il ရဲ့ ရန်သူ လူမိုက်တွေဟာ ဆိုင်ထဲထိ ဝင်ရောက်လာကြပါတယ်။ |
အဲဒီလူက သေရမှာကို မကြောက်တဲ့အပြင် သူ့ကို သတ်ပစ်ဖို့တောင် ပြန်ပြီး စိန်ခေါ်နေခဲ့တာပါ။ |
ဒါပေမဲ့လည်း ဆိုင်ရှင်ဖြစ်သူကတော့ ဘာကိုမှ ဂရုမစိုက်တော့ဘဲ တည်ငြိမ် အေးစက်နေတာကြောင့် Sang-pil တစ်ယောက် အံ့ဩသွားခဲ့ရပါတယ်။ |
ပြီးတော့ ဓားကို ဆွဲထုတ်လိုက်ပြီး ခြိမ်းခြောက်တဲ့ အနေနဲ့ ဆိုင်ရှင်ရဲ့ မျက်နှာနား ကပ်ကာ အော်ဟစ်လိုက်ပါတယ်။ |
အဲ့ဒီနောက် အခန်းထဲမှာ ပုန်းနေတဲ့ ဆိုင်ရှင်ကို တွေ့သွားတော့ Sang-pil လည်း ဆိုင်ရှင်ကို ဆွဲထူလိုက်ပြီး ကလဲ့စားချေတဲ့ အနေနဲ့ အားရပါးရ ပြန်ထိုးနှက်ပါတော့တယ်။ |
သူကတော့ ဒေါသကြီးနဲ့ မြင်မြင်သမျှ ပစ္စည်းတွေကို အားကုန်သုံးပြီး ရိုက်ခွဲ ဖျက်ဆီးပစ်ပါတယ်။ |
အဲ့ဒီနောက်မှာတော့ Sang-pil တစ်ယောက် နာကြည်းမှုတွေနဲ့အတူ သူ အရိုက်ခံခဲ့ရတဲ့ ဆိုင်ကို ပြန်သွားခဲ့ပါတော့တယ်။ |
ရောဂါရှိနေတဲ့ အဖွားဖြစ်သူကတော့ မြေးဖြစ်သူ ဘာတွေ ကြုံတွေ့နေရလဲဆိုတာ မသိပေမဲ့ ချမ်းသာချင်နေတာကို ရိပ်မိပုံရပါတယ်။ |
Sang-pil က အနားကို လျှောက်သွားပြီး ပိုက်ဆံလည်း သိပ်မရတာမလို့ အဲဒါတွေ ဆက်မလုပ်ဖို့ တားခဲ့ပါတယ်။ |
မြင်ကွင်းကတော့ အသီးတွေ ခွာနေတဲ့ Sang-pil ရဲ့ အဖွားဆီ ပြောင်းသွားခဲ့ပါတယ်။ |
Taek-il ကတော့ သူ တကယ်ပြောတယ်လို့ မထင်တာကြောင့် ဖုန်းချပစ်လိုက်ပါတယ်။ |
ဒါပေမဲ့ အဲဒီအချိန်မှာ Sang-pil ကတော့ အရမ်းကို နာကြည်း ဒေါသထွက်နေခဲ့ပြီး "အဲဒီကောင်ကို သတ်ပစ်ချင်တယ်" လို့အထိ ပြောခဲ့တာပါ။ |
ဒါကို Taek-il ကလည်း သူငယ်ချင်းအချင်းချင်း စိတ်ပူတဲ့ ပုံစံမျိုးနဲ့ "ငါမင်းကို ပြောသားပဲ၊ အကြွေးတောင်းတဲ့ အလုပ် မလုပ်ပါနဲ့ဆိုတာ" လို့ ပြန်ပြောခဲ့ပါတယ်။ |
ဆိုင်ကို ပြန်ရောက်တဲ့အခါမှာတော့ Sang-pil ဆီက ဖုန်းဆက်လာပြီး သူ အရိုက်ခံလိုက်ရတဲ့ အကြောင်းတွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ |
ဒါပေမဲ့ အရိုက်မခံရခင်မှာပဲ စဖိုမှူးကြီး Geo-seok က သူစားနေတဲ့ မုန့်အစအနတွေနဲ့ မျက်နှာကို ပွတ်ထည့်လိုက်တာကြောင့် တစ်ဖက်လူလည်း မျက်စိတွေ စပ်သွားခဲ့ရပါတယ်။ |
ဒါကြောင့် လူဆိုးတွေဟာ ဒေါသထွက်ပြီး စဖိုမှူးကြီးဆီကိုပါ လာပြီး ရန်စဖို့ ခြေလှမ်းပြင်လာကြပါတော့တယ်။ |
End of preview. Expand in Data Studio
Myanmar Raw Sentences Corpus (datalamhnyin/myanmar-raw)
A collection of Burmese text sentences compiled from various public sources, intended for Myanmar NLP and language model pre-training research.
Status (Raw/Uncleaned):
This dataset is in its raw stage. Basic deduplication and length filtering have been applied, but it may contain OCR noise, non-standard spelling variations, or encoding artifacts. Further task-specific normalization is recommended before deployment.
Dataset Overview
- Total Rows (Sentences): 1,625,401
- Language: Burmese (Myanmar)
- Format: Parquet (Single column:
text)
Acknowledgements
Special thanks to Khant Sint Heinn (Kalix Louis), Machine Learning Engineer specializing in NLP, for his technical advice, constructive feedback, and valuable discussions regarding pipeline workflows and text processing strategies.
Disclaimer & Intellectual Property Notice
- Ownership & Operation: This repository is independently created, maintained, and operated solely by DataLamHnyin.
- Liability: All activities related to data collection, processing, and hosting are the sole responsibility of DataLamHnyin. Advisors or contributors acknowledged above bear no legal liability, affiliation, or ownership regarding the underlying contents or sources of this dataset.
- Takedown Requests: This dataset is provided strictly for academic and non-commercial research purposes. If you are a copyright holder and believe that any material should be removed or attributed differently, please submit a request via the Hugging Face Community tab or contact DataLamHnyin directly.
- Downloads last month
- 53