text stringlengths 7 1.72k |
|---|
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ Fully Funded သွားရောက်တက်ရောက်ရမယ့် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ လူငယ်ထိပ်သီးဆွေးနွေးပွဲကြီးတစ်ခုအကြောင်း မျှဝေပေးလိုက်ပါတယ် ရှင် |
Asia-Europe Foundation (ASEF) ကနေ ကြီးမှူးကျင်းပတဲ့ Asia-Europe Training and Youth Summit on Science and Technology Diplomacy 2026 ဆိုတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ |
နိုင်ငံတကာရေးရာ၊ သိပ္ပံ၊ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှု (Innovation) နယ်ပယ်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်ပညာရှင်တွေ (Early-career professionals) အတွက် အာရှနဲ့ ဥရောပ နိုင်ငံတွေအကြား နည်းပညာသံတမန်ရေးရာ (Science & Tech Diplomacy) အကြောင်း လေ့လာဆွေးနွေးနိုင်မယ့် အကောင်းဆုံး အခွင့်အရေးပါ။ |
အစီအစဉ်ကို ဘယ်လိုပုံစံ လုပ်သွားမလဲ? |
ဒီ Programme ကို အဆင့် (၂) ဆင့် ခွဲပြီး လုပ်ဆောင်သွားမှာပါ။ |
အဆင့် (၁) - Online Training: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ (အွန်လိုင်းမှတစ်ဆင့် ဦးစွာ တက်ရောက်ရပါမယ်။) |
အဆင့် (၂) - In-person Youth Summit: အွန်လိုင်းသင်တန်းမှာ တက်ကြွစွာ ပါဝင်ပြီး အရွေးချယ်ခံရသူတွေကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမယ့် လူငယ်ထိပ်သီးဆွေးနွေးပွဲ (Youth Summit) ကို လူကိုယ်တိုင် သွားရောက် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ |
ရရှိနိုင်မည့် ပံ့ပိုးမှုများ (Fully Funded) |
ဒီအစီအစဉ်အတွက် လျှောက်လွှာကြေး (သို့) ပါဝင်ခွင့်ကြေး လုံးဝ ပေးသွင်းရန် မလိုပါဘူး။ ဂျကာတာကို သွားရောက်ရမယ့် သူတွေအတွက် နေထိုင်စရိတ် (Accommodation)၊ စားသောက်စရိတ် (Meals) နဲ့ လေယာဉ်လက်မှတ်အတွက် ခရီးစရိတ် ထောက်ပံ့မှု (Travel subsidies) တွေကို အပြည့်အဝ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ |
နောက်ဆုံး လျှောက်ထားရမည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၁) ရက် (တနင်္ဂနွေနေ့) |
နည်းပညာနဲ့ ဆက်စပ်တဲ့ နယ်ပယ်တွေမှာ လုပ်ကိုင်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေ၊ သူငယ်ချင်းတွေကိုလည်း ဒီပို့စ်လေးကို Share လုပ်ပြီး မျှဝေပေးလိုက်ပါဦးနော်။ |
အသေးစိတ် ဖတ်ရှုပြီး လျှောက်ထားနိုင်မယ့် Link ကို Comment မှာ ချပေးထားပါတယ် ရှင်။ |
အတ္တာဟိ အတ္တနော နာထော |
မြတ်စွာဘုရားရဲ့ စကားတစ်ခွန်းဟာ အလွန်တန်ဖိုးရှိတယ်။ အတ္တာ ဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာလို့၊ တခြားလူ ကိုးကွယ်ရာမဟုတ်ဘူး။ |
အရာခပ်သိမ်းမှာ ကိုယ့်ကိုယ်ကို အားကိုးရမယ်၊ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်ပြီးတော့ ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာ သဘောပေါက်နားလည်ရမယ်။ |
မိမိသည်သာ ကိုးကွယ်ရာဆိုတာ ကိုယ်ရဲ့ဆန္ဒ၊ ကိုယ်ရဲ့လုံ့လဝီရိယ၊ ကိုယ်ရဲ့အသိဉာဏ်ကို တန်ဖိုးထားပြီး၊ ဆန္ဒဖြင့် မျှော်လင့်ပြီး၊ လုံ့လဝီရိယဖြင့် မရရအောင်ကြိုးစားပြီး အသိဉာဏ်ဖြင့် မှန်ကန်တဲ့ နည်းလမ်းတွေကို ရှာဖွေအားထုတ်ရမယ်။ |
ဒါဟာ လက်တွေ့ အင်မတန်ကျတဲ့ ကျင့်စဉ်တစ်ခုကို မြတ်စွာဘုရားက ဖော်ထုတ်တယ်။ |
အဲတော့ မေးစရာတစ်ခုရှိလာတယ်၊ "အတ္တာ ဟိ အတ္တနော နာထော" မိမိသည်သာလျှင် မိမိ၏ ကိုးကိုယ်ရာလို့ မြတ်စွာဘုရားက ဒီအတိုင်းဟာထားတာ ဟုတ်ပြီ၊ |
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားကို ကိုးကွယ်ရာဟူ၍ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ |
ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ |
သံဃံ သရဏံ ဂစ္ဆာမိ - သဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဆိုတဲ့စကားနဲ့ မဆန့်ကျင်နေဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်။ |
မိမိကိုယ်ကို အားကိုးခြင်း၊ ဘုရားကို အားကိုးခြင်းဆိုတာ အတိုင်းအတာ အကန့်အသတ်ခြင်း မတူဘူး။ |
မြတ်စွာဘုရားကို အားကိုးတာ ဘယ်အဆင့်နဲ့ အားကိုးတာလဲဆိုတာ အမှန်တရားကို သိဖို့အတွက် အားကိုးတာ။ မြတ်စွာဘုရားက ကယ်တင်တာလဲ မဟုတ်ဘူး၊ ‘မ’ မှာလဲ မဟုတ်ဘူး။ |
သို့သော် ဘုရားက လမ်းပြပေးတာ။ |
လောကမှာ သွားရမယ့် လမ်းကို မသိတာ အင်မတန်မှ ဒုက္ခရောက်တယ်၊ ပြသာနာကြီးတစ်ခုပဲ။ |
အဲတော့ သွားရမယ့်လမ်းကို ပြနိုင်တဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ အရေးကြီးတာပေ့ါ။ |
မြတ်စွာဘုရားကို အားကိုပါတယ်ဆိုတာ မြတ်စွာဘုရားက လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားဟောပြီး မလုပ်သင့်တာတွေကို ရှောင်ရမယ်၊ လုပ်သင့်တာတွေကို လုပ်ရမယ်လို့၊ အတိုင်းအတာ တစ်ခုအနေနဲ့ သတ္တဝါတွေကို ဆုံးမသြဝါဒ ပေးထားတယ်။ |
အဲဒီ ဆုံးမသြဝါဒကို လိုက်နာကျင့်သုံးဖို့ ကိုယ့်ဟာကိုလုပ်ရမယ်၊ ဒီလိုဆိုလိုတာပေ့ါ။ |
ဘုရားရဲ့ ဘုန်းတန်ခိုးတွေကို မှီခိုပြီး မြတ်စွာဘုရားက အရာရာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ တမျှော်မျှော် တခေါ်ခေါ်နေရမယ့် ကိစ္စမျိုး မဟုတ်ဘူး။ |
ဘုရားက ဒါလုပ်၊ ဒါမလုပ်နဲ့၊ ဒါမလုပ်နဲ့ ဆိုတာကို ရှောင်ပြီးတော့ ဒါလုပ်ဆိုတာကို လုပ်ဖို့ ဒါကိုဟောတာ။ |
မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ဘုန်းကြီးတို့ တစ်တွေ ကျင့်သုံးနေထိုင်တာ ဒါ "အတ္တာ ဟိ အတ္တနော နာထော" ပဲ။ |
မိမိသည်သာ ကိုးကွယ်ရာပဲ။ |
ဒီ့ထက်ရှင်းတဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင် လူတွေဟာ နေမကောင်းထိုင်မသာဖြစ်တဲ့အခါ ဘယ်သွားလဲဆိုရင် ဆရာဝန်ဆီသွားကြတယ်။ |
ဆရာဝန်ဆီ ဘာအတွက် သွားတာလဲဆိုရင် ဘာရောဂါလဲသိဖို့၊ ဘာကြောင့် ဒီရောဂါ ဖြစ်တာလဲ၊ ဒီရောဂါဖြစ်လာလို့ရှိရင် ဘယ်ဆေးသောက်၊ ဘယ်လိုနေရင်ပျောက်မလဲ၊ ဒါသိဖို့ သွားတာ။ |
အဲတော့ ဆရာဝန်က ရောဂါပျောက်အာင် လုပ်ပေးနိုင်သလားဆိုရင် မလုပ်ပေးနိုင်ဘူး။ |
လုပ်မပေးနိုင်ဘူးဆိုတာ အင်မတန်ထင်ရှားတယ်။ ဘာပြုလို့လဲ ဆိုရင် ဆရာဝန်က ဆေးထိုးပေးရင် ပေးတယ်၊ သောက်ဆေး ပေးရင်ပေးမယ်။ |
လူနာကိုယ်တိုင်က ဆေးသောက်ရမယ်။ အဲဒီကတည်းက ကိုယ်တိုင်လုပ်ရတဲ့ဟာ။ |
ဆရာဝန်ဆီ သွားတာဟာ ဒီရောဂါတွက် ဘာဆေးသောက်ရမလဲဆိုတာ သိဖို့သွားတာ။ |
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီးတော့ ဆေးသောက်မှ ရောဂါပျောက်မယ်၊ ဒီလိုဆိုလိုတာ။ ဒါ လက်တွေ့ပဲ။ |
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး |
မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီနေထိုင်ခြင်း တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ |
ဗုဒ္ဓဘာသာမှာ "ဘုရား" ဆိုတာ (Creator God လို) စကြဝဠာကို ဖန်ဆင်းရှင် မဟုတ်ပါဘူး။ |
"ဘုရား" ဆိုတာဟာ သစ္စာလေးပါးတရားကို ကိုယ်တိုင်သိမြင်ပြီး ကိလေသာအားလုံးကို ပယ်သတ်နိုင်သူ (အလုံးစုံသော ကိလေသာမှ လွတ်မြောက်သူ) ဖြစ်တယ်(အခု ဦးလေးသာ ကိလေသာပယ်ပြီး သစ္စားလေးပါးတရားကိုသိမြင်သွားရင် you can be a ဘုရား၊ လူတိုင်းဖြစ်လို့ရတယ်၊ လူတိုင်းဖြစ်ဖို့လည်းမလွယ်ဘူး၊ ဘာလို့ဆို ကိလေသာတောထဲမှာနစ်နေတာမလို့လေ။) |
ဗုဒ္ဓ (ဘုရားရှင်) ရဲ့ သက်သေ ကတော့ ဘုရားရှင်က ကိလေသာကုန်ခန်းပြီး တရားတော်ကို ဟောကြားခဲ့တယ်။ အဲဒီတရားတော်တွေကို လိုက်နာကျင့်ကြံတဲ့ ရဟန်းတွေ၊ လူပုဂ္ဂိုလ်တွေဟာလည်း တရားထူး တရားမြတ်တွေကို ရရှိခဲ့ကြပါတယ်။ ဒါဟာ ဘုရားရှင်ဟောကြားတဲ့တရားတွေဟာ မှန်ကန်တယ်၊ လက်တွေ့အကျိုးကျေးဇူး ရှိတယ်ဆိုတာရဲ့ သက်သေပါပဲ။ |
ဒါက ဗုဒ္ဓကဘုရားပါဆိုတဲ့ သက်သေပဲ၊ not god, not creator. |
ဒီနေ့ လူတစ်ယောက်က "ငါ Creator God ပါ" လို့ ပြောပြီဆိုရင် သူက တကယ်ပဲ ကမ္ဘာကြီးကို ဖန်ဆင်းနိုင်သလား၊ သက်ရှိတွေကို ဖန်တီးနိုင်သလား၊ သေသူကိုရှင်အောင်လုပ်နိုင်သလားဆိုတာမျိုးကို လက်တွေ့သက်သေပြနိုင်ဖို့ လိုပါတယ်။ |
သူ့ရဲ့ပြောစကားအတိုင်း လက်တွေ့ ဘယ်အကျိုးဆက်မှ မပြနိုင်ရင် သူ့ရဲ့ပြောစကားဟာ အခြေအမြစ်မရှိတဲ့ စကားသာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်လိုက်သူတွေမှာလည်း လက်တွေ့ဘာအကျိုးထူးမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ |
ဖန်ဆင်းရှင်ဆိုသူတစ်ဦးဟာ သူ့ကိုယ်သူ ဖန်ဆင်းရှင်လို့ ပြောရုံနဲ့ မပြီးပါဘူး။ ဖန်ဆင်းရှင်ရဲ့ အရည်အချင်းတွေ၊ တန်ခိုးတွေ၊ လုပ်ဆောင်ချက်တွေကို လက်တွေ့ပြသနိုင်ရပါမယ်။ ဘယ်သူမှ ဒီလိုလုပ်ပြနိုင်တာ မရှိပါဘူး။ |
ဗုဒ္ဓဘာသာမှာတော့ နိဗ္ဗာန်ကို "နေရာဒေသ" အဖြစ် မသတ်မှတ်ပါဘူး။ |
ဒါဟာ အစ္စလာမ်၊ ခရစ်ယာန်စတဲ့ ဘာသာတွေရဲ့ ကောင်းကင်ဘုံ (Heaven) လိုမျိုး တည်ရှိတဲ့နေရာတစ်ခု မဟုတ်ပါဘူး။ |
နိဗ္ဗာန်ဆိုတာဟာ ၁။ လွတ်မြောက်ခြင်းအခြေအနေ၊ နိဗ္ဗာန်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတရားတွေ အားလုံးချုပ်ငြိမ်းပြီး သံသရာဝဋ်ဆင်းရဲကနေ လုံးဝဥဿုံ လွတ်မြောက်သွားတဲ့ အခြေအနေ (State) တစ်ခု ဖြစ်တယ်။ ဥပမာ - မီးလောင်နေတဲ့အိမ်တစ်အိမ်မှာ မီးငြိမ်းသွားတဲ့အခါ မီးခိုးတွေ၊ အပူတွေ၊ ပြာတွေ အားလုံး မရှိတော့ဘဲ ငြိမ်းအေးသွားတဲ့ အခြေအနေ မ... |
အရာအားလုံးရဲ့ ပျက်စီးဆုံးခန်းတိုင်ရာ၊ ကိလေသာတွေ ကင်းစင်ရာ အနေအထား ဖြစ်ပါတယ်။ |
လူတိုင်းမှာ ကိုယ်ပိုင်အသိဉာဏ်၊ ကိုယ်ပိုင်အယူအဆ ရှိကြပါတယ်။ ဘုရားဟောတရားတော်တွေကို နားလည်သဘောပေါက်ပုံချင်း မတူညီနိုင်ကြပါဘူး။ ဥပမာ - ကျောင်းသား ၁၀ ယောက်ကို ဆရာက သင်္ချာပုစ္ဆာတစ်ခု ရှင်းပြပေးရင်တောင် နားလည်ပုံချင်း မတူသလို၊ အဖြေရှာတဲ့ နည်းလမ်းတွေလည်း ကွဲပြားနိုင်ပါတယ်။ |
အဲဒီလိုပဲ တရားတော်တွေကို နားလည်ပုံချင်း ကွာခြားရာကနေ အယူအဆကွဲပြားမှုတွေ ဖြစ်လာရတာပါ။ |
အဘိဓမ္မာနဲ့ပတ်သက်ပြီး အယူအဆကွဲပြားမှုကတော့ တရားတော်တွေကို ဘယ်လိုအဆင့်အတန်းမျိုးနဲ့ သတ်မှတ်ထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အချို့ဂိုဏ်းတွေက အဘိဓမ္မာကို ဘုရားဟော မဟုတ်ဘူးလို့ ပြောတာဟာ အဘိဓမ္မာပါဠိတော်တွေကို ဘုရားရှင်ကိုယ်တိုင် စကားလုံးတစ်လုံးချင်းစီ ဟောကြားခဲ့တာ မဟုတ်ဘူးလို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ |
ဒါပေမယ့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေကတော့ အဘိဓမ္မာဟာ ဘုရားရှင်ရဲ့ သဘောတရားတော်တွေကို အခြေခံပြီး နောင်မှ စနစ်တကျ ပြန်လည်စုစည်းထားတာလို့ ယူဆပါတယ်။ ဒါကို ဥပမာပေးရရင် သိပ္ပံပညာရှင်တစ်ဦးက သီအိုရီတစ်ခုကို တီထွင်ခဲ့တယ်။ အဲဒီသီအိုရီကို နောက်လူတွေက အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး စာအုပ်တစ်အုပ်အနေနဲ့ ထုတ်ပြန်လိုက်တဲ့အခါ မူလတီထွင်သူကိုယ်... |
အား (force) ကြောင့် ရွေ့လျားမှုဖြစ်စေတယ်။ ဒါပေမဲ့ အားမပါပဲ ရွေ့လျားမှုဖြစ်နိုင်လား |
အား (force) ဆိုတာဘာလဲ။ |
တော်တော်များများထင်ကြတာက အားဆိုတာ တစ်စုံတစ်ခုကိုရွေ့လျားစေတဲ့ သက်ရောက်မှုတစ်ခုလို့ဖြစ်တယ်။ ပုံးတစ်ပုံးကို တွန်းလိုက်ရင် အဲ့ပုံးကရွေ့တယ်။ အဲ့ပုံးကိုပဲ ပြန်ဆွဲလိုက်ရင် ပြန်ပြီးရွေ့တယ်။ ဒါဆိုရင် အား (force) ကိုရွေ့လျားမှုအဖြစ်သတ်မှတ်လို့ရတာပေါ့။ ဒါပေမဲ့ ဒီအယူအဆက physicsမှာတော့ ရာနှုန်းပြည့်မှန်မနေပါဘူး။ |
အားဆိုတာ ရွေ့လျားမှု မဟုတ်ပါ။ |
Physicsမှာ forceဆိုတာက ရွေ့လျားမှုကို တိုက်ရိုက်ဖြစ်စေတဲ့အရာမဟုတ်ပါဘူး။ အဲ့အစား forceက အရာ၀တ္ထုနှစ်ခုကြားမှာရှိတဲ့ အပြန်အလှန်သက်ရောက်မှု(သို့)တုံ့ပြန်မှု (interaction) ဖြစ်ပါတယ်။ အရာ၀တ္ထုနှစ်ခုက အပြန်အလှန်သက်ရောက်ကြတဲ့အခါ အားလို့ခေါ်တဲ့ အပြန်အလှန်သက်ရောက်မှု ကိုဖြစ်စေပါတယ်။ |
Forceက |
ရွေ့လျားမှု (motion) ကိုဖြစ်စေနိုင်တယ် |
ရွေ့လျားမှု (motion) ကိုရပ်တန့်နိုင်တယ် |
ဦးတည်ရာ (direction) ကိုပြောင်းလဲနိုင်တယ် |
အရှိန် (speed) ကိုပြောင်းလဲနိုင်တယ် |
အရာ၀တ္ထုတစ်ခုရဲ့ ပုံသဏ္ဍာန်ကိုပါပြောင်းလဲနိုင်ပါတယ် (deformation) |
ဒါဆိုရင် အား (force) ဆိုတာက "တစ်စုံတစ်ခုကို ရွေ့လျားစေတယ်" ဆိုတာထပ် motionရဲ့ ပြုမူပုံ၊ရွေ့လျားပုံတွေကို ပြောင်းလဲစေတယ်ဆိုတာကို နားလည်သွားပြီလို့ယူဆပါတယ်။ |
နေ့စဉ်ဘ၀ရဲ့ ဥပမာများ |
တံခါးဖွင့်ခြင်း |
ဘောလုံးကန်ခြင်း |
စာအုပ်ပစ်ချခြင်း |
သားရေကွင်းပစ်ခြင်း |
ဒီဥပမာတွေအားလုံးမှာ တစ်ခုခုက အခြားတစ်ခုခုနဲ့ အပြန်အလှန်သက်ရောက်နေတာဖြစ်ပါတယ်။ |
အား (force) နဲ့ ရွေ့လျားမှု (motion) ကအမြဲတမ်းဆက်နွယ်မနေဘူး။ |
Physics မှာအလွန်အရေးပါတဲ့အချက်တစ်ခုကတော့ |
အားသက်ရောက်မှုမရှိပဲ အရာ၀တ္ထုတစ်ခုက ဆက်ရွေ့နိုင်ပြီး |
အားကလည်း ရွေ့လျားမှုကို အမြဲတမ်း မဖြစ်စေပါဘူး။ |
အားသက်ရောက်မှုမရှိပဲ ဘယ်လိုရွေ့နိုင်တာလဲ။ |
Issac Newtonက အားကရွေ့လျားမှုကိုဖြစ်စေတယ်လို့မဆိုခဲ့ပါဘူး။ အဲ့အစား အားသက်ရောက်လာတဲ့အခါ motionရဲ့ပြောင်းလဲမှုကိုအဆိုပြုခဲ့ပါတယ်။ |
အရာ၀တ္ထုတစ်ခုမှာ net force (အသားတင်အား) မရှိဘူးဆိုရင် သူ့ရဲ့motionလည်းမပြောင်းပါဘူး။ အဲ့အရာ၀တ္ထုက ရပ်ရင်လည်းရပ်နေမယ် ဒါမှမဟုတ် သွားနေတဲ့အမြန်နှုန်းအတိုင်းဆက်တိုက်ဆက်သွားနေမှာဖြစ်ပါတယ်။ |
အကယ်၍ အသားတင်အားသာရှိတယ်ဆိုရင် motionကပြောင်းသွားမှာဖြစ်ပါတယ်။ ဘယ်မှာလဲဆိုရင် အရှိန် (speed) လည်းဖြစ်နိုင်သလို ဦးတည်ဖက် (direction) လည်းဖြစ်နိုင်သလို နှစ်ခုလုံးလည်းဖြစ်နိုင်ပါတယ်။ |
Net force (အသားတင်အား) ဆိုတာက အရာဝတ္ထုတစ်ခုအပေါ် သက်ရောက်နေတဲ့ အားအားလုံးကို စုပေါင်းပြီး နောက်ဆုံးကျန်ရှိတဲ့ “စုစုပေါင်းအား” ကိုဆိုလိုပါတယ်။ |
ဒီအယူအဆကိုတော့ Newton's First Law (နယူတန်၏ ပထမနိယာမ)လို့ခေါ်ပြီး Law of Inertia (အီနားရှား နိယာမ) လို့လည်းခေါ်ပါတယ်။ |
Inertiaဆိုတာက ၀တ္ထုတစ်ခုမှာ သူ့ရဲ့ရွေ့လျားမှုကို မပြောင်းလဲချင်တဲ့ သဘာ၀ဂုဏ်သတ္တိတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက ရပ်နေတဲ့၀တ္ထုကဆက်ရပ်နေချင်ပြီး သွားနေတဲ့၀တ္ထုကလည်း သွားနေတဲ့နှုန်းအတိုင်းဆက်သွားချင်နေမှာဖြစ်ပါတယ်။ ဒါက၀တ္ထုမှာရှိတဲ့ ဘာအားနဲ့မှလည်းသက်ဆိုင်မှုမရှိပဲ သဘာ၀ရဲ့ဂုဏ်သတ္တိတစ်ခုသာဖြစ်ပါတယ်။ |
ဒါဆိုရင် အား (force)က ရွေ့လျားမှုမဟုတ်ပဲ ရွေ့လျားမှုကိုပြောင်းလဲစေတဲ့အပြန်အလှန်သက်ရောက်မှုဆိုတာ နားလည်ပြီလို့ယုံကြည်ပါတယ်။ |
Forceဆိုတာ ကျွန်တော်တို့ရှောင်လွဲလို့မရတဲ့ သဘာ၀တရားဖြစ်တာကြောင့် ဒီသဘာ၀တရားကြီးကို သေချာနားလည်ထားသင့်တယ်လို့ယူဆပါတယ်။ |
လုပ်ငန်းခွင်သုံး digital tools တွေကို တနေရာတည်းမှာ လေ့လာလို့ရမယ့် AI Digital Skills Roadmap |
Module ၆ ခုပါဝင်မှာဖြစ်ပြီး certificate တွေရော recommendation letter ပါ ပေးသွားမှာဖြစ်လို့ ကိုယ့်ရဲ့ CV အတွက် အသုံးဝင်မှာဖြစ်သလို လက်တွေ့မှာလည်း သေချာအသုံးချတတ်သွားမှာပါ။ |
Mission 1 - Foundation ( workshop 1 ကတော့ ပြီးသွားပြီဖြစ်လို့ recording file လက်ဆောင်ပြန်ပေးသွားမှာဖြစ်ပါတယ်) |
Google Workspace (Docs, Sheets, Slides) နဲ့ Smart Search ကို ကျွမ်းကျင်စွာသုံးပြီး Digital Literacy ကို တည်ဆောက်ရမယ်။ |
Mission 2 - Collaboration |
Zoom, Slack, Miro တို့ကိုသုံးပြီး Team နဲ့အတူ Remote Work လုပ်ရာမှာ ဆရာကျနေရမယ်။ |
Mission 3 - AI Prompting |
ChatGPT ကို ရိုးရိုးသုံးတာမဟုတ်ဘဲ Prompt Engineering နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ လက်ထောက်ဖြစ်လာအောင် ခိုင်းစေတတ်ရမယ်။ |
Mission 4 - Presentation Skills |
Gamma AI ကိုသုံးပြီး မျက်စိပွင့်သွားစေမယ့် Presentation Slide တွေကို အချိန်တိုအတွင်း ဖန်တီးပြရမယ်။ |
Mission 5 - Basic Design |
Canva ကိုသုံးပြီး Graphic Designer တစ်ယောက်လို Social Media Post တွေ ဖန်တီးရမယ်။ |
Mission 6 - Easy Video Editing |
End of preview. Expand in Data Studio
README.md exists but content is empty.
- Downloads last month
- 27