title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
စိန်ဝင်း (ဂျာနယ်လစ်)
စိန်ဝင်း (ဂျာနယ်လစ်) သည် အိန္ဒိယနိုင်ငံ အခြေစိုက် မဇ္ဈိမ သတင်းဌာန၏ ထိုင်းနိုင်ငံဆိုင်ရာ ရုံးခွဲ၏ အယ်ဒီတာဖြစ်သည်။ ကမ္ဘောဒီယားတွင် သတင်းစာပညာသင်ယူခဲ့ပြီး မပြန်တော့ဘဲ ပြည်ပ အခြေစိုက် မီဒီယာများတွင် ပါဝင်လုပ်ဆောင်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်သည်။ မြန်မာလူမျိုးများ အတ္ထုပ္ပတ္တိ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%20%28%E1%80%82%E1%80%BB%E1%80%AC%E1%80%94%E1%80%9A%E1%80%BA%E1%80%9C%E1%80%85%E1%80%BA%29
နေဝင်းမောင် (ဒေါက်တာ)
ဒေါက်တာ နေဝင်းမောင်သည် အယ်ဒီတာ ၊ ထုတ်ဝေသူ ၊ စာရေးဆရာ ၊ ဂျာနယ်လစ် တစ်ဦးဖြစ်သည်။ ၁၉၉၅ မှစ၍ ယနေ့အထိ ထုတ်ဝေလျက်ရှိသော Living Color ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း၊ The Voice Weekly ဂျာနယ်၊ ခေတ်မြန်မာဂျာနယ် (ယခု ရပ်ဆိုင်း)၊ Myanmar Voice ဂျာနယ် (ယခု ရပ်ဆိုင်း)၊ Foreign Affair ဂျာနယ် (ယခု ရပ်ဆိုင်း) တို့၏ ပူးတွဲထုတ်ဝေသူ ၊ ပူးတွဲ တည်ထောင်သူ၊ မူဝါဒရေးရာ လမ်းညွှန်သူတစ်ဦးဖြစ်သည်။ ကိုယ်ရေးကိုယ်တာ အမည်ရင်း နေဝင်းမောင် ဖြစ်ပြီး အဖ ဦးသန်းမောင် (အငြိမ်းစား ပါမောက္ခ ဒုဗိုလ်မှူးကြီး၊ ညွှန်ကြားရေးမှူးချုပ်) နှင့် အမိ ဒေါ်ယဉ်ယဉ်(အငြိမ်းစား လက်ထောက်ကထိက)တို့မှ ၁၉၆၂ ခုနှစ်တွင် စစ်တက္ကသိုလ် (ပြင်ဦးလွင်)၌ မွေးဖွားခဲ့သည်။ ရှမ်း မြန်မာ ကပြားဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။ ပညာရေး ၁၉၇၈ တွင် အခြေခံပညာအထက်တန်းအောင်မြင်ပြီး ၁၉၈၇ တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ အမ်ဘီဘီအက်စ် ဘွဲ့ကို ရရှိခဲ့သည်။ ယေးလ်တက္ကသိုလ်တွင်လည်း World Leaders Program ကို တက်ရောက်ခဲ့သည်။ စာပေလှုပ်ရှားမှု နေဝင်းမောင် အမည်ဖြင့် သင့်ဘဝ၊ ရနံ့သစ်၊ သရဖူ(ဟောင်း) မဂ္ဂဇင်းများတွင် အတွေးအခေါ်ဆောင်းပါးအချို့ရေးသားခဲ့ပြီး သူ၏ ကလောင်ခွဲများမှာ ဒေါက်တာကိုကို၊ ဒေါက်တာရေချမ်းမောင်၊ ထွန်းအောင်၊ အေးချမ်းမောင်၊ အောင်ထွဋ် စသည်တို့ဖြစ်ပြီး ကြော်ငြာလမ်းညွှန်မဂ္ဂဇင်းတွင် တြိဂံအမှတ်အသားဖြင့်လည်းကောင်း၊ အမည်မဖော်ပြ၍ လည်းကောင်း သတင်း၊ ဆောင်းပါးနှင့် ခေါင်းကြီးများ ရေးသားခဲ့သည်။ အခြား ၂၀ဝ၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ အစိုးရစီစဉ်သော ဆန္ဒခံယူပွဲနှင့် ပတ်သတ်၍ အင်တာနက်စာမျက်နှာများပေါ်ရောက်ရှိလာသော သူ၏ အယူအဆ အတွေးအမြင်များကြောင့် ပြည်ပ အတိုက်အခံအင်အားစုများနှင့် နိုင်ငံရေးအကဲခတ်သူများမှ ဝေဖန်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း တွေ့ရှိရသည်။ ပညာသင်ဆု ပေါင်းကူးသင်တန်းကျောင်းဖြစ်သော မြန်မာအီးဂရက်စ် (Myanmar Egress) ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်သည်။ ယခင်နအဖ စစ်အစိုးရ ဦးဆောင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လှုံ့ဆော်သူတဦးဟု ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝန်းအကြား ဝေဖန်ပြောဆို ခံထားရသူတဦးဖြစ်သည်။ ၎င်းနှင့် နီးစပ်သူ တချို့အား ရွေးကောက်ပွဲ ဝင်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ နိုင်ငံရေးအရ အကြံပေးမှုများလုပ်ဆောင်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသားများအတွက် ထွက်ပေါက်တခုဟု ဦးနေဝင်းမောင်က ရေးသားလှုံဆော်ခဲ့ကာ ပြည်သူများအား မဲပေးကြရန် လှုံ့ဆော်နိုင်ရေးအတွက် မြန်မာ အီးဂရက်စ်(Myanmar Egress) အဖွဲ့မှ ၎င်း၏ သင်တန်းသားများကို ထောက်ခံမဲပေးရမည့် ပုံစံရေးသားထားသော အင်္ကျီများ ဝတ်ဆင်စေ၍ ရန်ကုန်မြို့၌ ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်ခဲ့သည်။ Living Color မဂ္ဂဇင်းနှင့် The Voice Weekly ဂျာနယ်တို့၏ထုတ်ဝေသူဖြစ်ပြီး အစိုးရအကြိုက် အယ်ဒီတာ့အာဘော်နှင့် ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့သည်။ နိုင်ငံရေးစိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ၏ ဝေဖန်မှု အခံရဆုံး သူလည်းဖြစ်သည်။ သတင်းဂျာနယ် အယ်ဒီတာချုပ် တဦးဖြစ်သော်လည်း ပြည်ပ မီဒီယာများ အပေါ် အမြင်ကြည်သူ တဦးမဟုတ်ပေ။ နိုင်ငံရေးအကြောင်းအရာများကိုသာ ဦးစားပေးသင်ကြားပေးလေ့ရှိသည့် အီးဂရက်စ် အဖွဲ့အား တည်ထောင်သူ ၇ ဦးတွင် ဦးနေဝင်းမောင်လည်း တဦးပါဝင်သည်။ ၎င်းသည် ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် Programme Dicector တဦးဖြစ်ပြီး နိုင်ငံရေး အကြောင်းအရာနှင့် စီးပွားရေးအကြောင်းအရာ များကိုအဓိက သင်ကြားနေသူလည်း ဖြစ်သည်။ မြန်မာ အီးဂရက်စ် အဖွဲ့သည် အစိုးရအဖွဲ့၏ အရာရှိတချို့နှင့် နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ ခေါင်းဆောင်များကို နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သော သင်တန်းများပေးလေ့ ရှိကြောင်း သိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်ရာတွင် အီးဂရက်စ် အဖွဲ့မှ ဦးနေဝင်းမောင်၊ ဦးတင်မောင်သန်း၊ ဦးကျော်ရင်လှိုင် တို့ပါဝင်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသား ဦးဟန်ညောင်ဝေ၊ အစိုးရ ရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ခဲ့ကြသည်။ ဦးနေဝင်းမောင်သည် စစ်တပ်အရာရှိဟောင်းတဦး၏ သားဖြစ်ပြီး စစ်တပ်အသိုင်းအဝန်းနှင့်နီးစပ်သူဟု လူသိများသည်။ ၎င်း သည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံသူတဦးလည်း ဖြစ်သည်။ ဦးသန်းရွှေအား ထောက်ခံခဲ့သော်လည်း နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ဝေဖန်မှု လုပ်ခဲ့သည်။ ၎င်း၏ သင်တန်းသားများကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုအဖွဲ့သို့ ပို့ဆောင်၍ နိုင်ငံရေး၊ စီးပွားရေး စသည့် အကြောင်းအရာများကို သင်ယူစေခဲ့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဘန်ကောက်မြို့များသို့ မကြာခဏလာရောက်၍ နိုင်ငံရေးအယူအဆများကို ဟောပြောလေ့ ရှိသည်။ ဘဝနိဂုံး ဒေါက်တာ နေဝင်းမောင် (အောင်ထွဋ်) အသက် (၅၀) နှစ်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝင်းကလျာဆွေ နဲ့ သမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ ရည်ညွှန်းကိုးကား ဆက်ဆံရေးအနုပညာ - နေဝင်းမောင် ဆက်စပ်ဖတ်ရှုရန်ကျနော့်ဘေးနားက ဖြတ်သွားတဲ့ ခေတ် မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ ဂျာနယ်လစ်များ မြန်မာ ဆရာဝန်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%20%28%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%29
ပဲခူးတက္ကသိုလ်
ပဲခူးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီးဘေးတွင် တည်ရှိသည်။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ပဲခူးဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အကျယ်အဝန်းမှာ ၇၁၈.၆၅ ဧက ကျယ်ဝန်းသည်။ ပဲခူးမြို့မှ (၅) မိုင်ခန့် အကွာတွင် ရှိသည်။ ဆောင်ပုဒ်မှာ "ပညာယအတ္ထံ ဇာနာတိ" ဖြစ်သည်။ သမိုင်းကြောင်း ၁၉၇၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ တွင် ပဲခူးတိုင်းဒေသကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ပဲခူးကောလိပ် အဆင့်သို့ လည်းကောင်း၊ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ပဲခူးဒီဂရီကောလိပ် အဆင့်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ သင်တန်းများ ပဲခူးတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည်။ ၂၀၁၈- ၂၀၁၉ပညာသင်နှစ်တွင် နေ့သင်တန်းသား (၉၄၅၄) ရှိ၍ အဝေးသင် သင်တန်းသား (၁၀၀၀၀)ကျော်ခန့်သင်ကြားပေးလျက်ရှိသည်။ ကိုးကား မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ မြန်မာနိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်ကောလိပ်များ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%B2%E1%80%81%E1%80%B0%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
တောင်ငူတက္ကသိုလ်
တောင်ငူတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တည်ရှိသည့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ တောင်ငူခရိုင်နှင့် အနီးအနားရှိ ကျောင်းသားကျောင်းသူများအတွက် ဝိဇ္ဇာ၊သိပ္ပံနှင့် ဥပဒေဆိုင်ရာ ဘွဲ့များနှင့် မဟာဘွဲ့သင်တန်းများကို သင်ကြားပေးနေသည်။ သင်တန်းများ ဘာသာရပ်ဆိုင်ရာ ဌာနများ သင်္ချာဌာန ရူပဗေဒဌာန ဓာတုဗေဒဌာန သတ္တဗေဒဌာန ရုက္ခဗေဒဌာန ဥပဒေပညာဌာန အင်္ဂလိပ်စာဌာန မြန်မာစာဌာန သမိုင်းဌာန ဒဿနိကဗေဒဌာန စိတ်ပညာဌာန ပထဝီဝင်ဌာန အရှေ့တိုင်းပညာဌာန ဘူမိဗေဒဌာန စီးပွားရေးဌာန ကိုးကား မြန်မာနိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်ကောလိပ်များ မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%B0%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
အောင်သောင်း (ဝန်ကြီး)
ဦးအောင်သောင်း (၁ ဒီဇင်ဘာ ၁၉၄၀ - ၂၃ ဇူလိုင် ၂၀၁၅) သည် မြန်မာ့နိုင်ငံရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ကိုယ်ရေးရာဇဝင် ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောက်ကာရွာ တွင် မွေးဖွားခဲ့သည်။ သို့သော် သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ဝဲလောင်ရွာ ဇာတိဟု ပြောလေ့ရှိသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့အား ဝဲလောင်သားဟု မကြာခဏ ခေါ်လေ့ရှိသည်။ ဇနီးမှာ ဒေါ်ခင်ခင်ရီဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင်ပင် တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်တွင် နှစ်များစွာ တာဝန်ထမ်းဆောင်ပြီးနောက် စက်မှု ၁ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၁၁ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖြစ် မပြောင်းလဲမီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွင်လည်း ထိပ်ပိုင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သေးသည်။ ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့တွင် ဦးအောင်သောင်းအား ပါတီ၏ အတွင်းရေးမှူး ၁ အဖြစ် ခန့်အပ်ခဲ့သည်။ ထမ်းဆောင်ခဲ့သော ရာထူးများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး(ငြိမ်း) တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥက္ကဋ္ဌ ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ငြိမ်းချမ်းရေး ဆွေးနွေးမည့် အဖွဲ့ခေါင်းဆောင် အဆိုအမိန့်များ ဘဏ္ဍာရေးလုပ်ငန်းဆိုသည်မှာ (၄) တန်းအောင် အရည်အချင်းရှိလျှင်ပင် လုပ်ကိုင်၍ရကြောင်း၊ ရှေးက ဘုရားပုထိုးများ စနစ်တကျ တည်နိုင်ခဲ့သည့် အနော်ရထာဘုရင်သည် မည်သည့် တက္ကသိုလ်မှ တက်ခဲ့သူမဟုတ်ကြောင်း နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း ပြောခဲ့ဖူးသည်။ နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန ဘဏ္ဍာရေးအရာရှိများ တက်ရောက်သည့် နေပြည်တော် သင်တန်းဖွင့်ပွဲတခုတွင် ယခုကဲ့သို့ ဝန်ကြီး ဦးအောင်သောင်းက ပြောခဲ့ခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ ဦးအောင်သောင်းသည် မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာပြီး ၎င်း၏မိသားစုဝင်များက အောင်ရီဖြိုးကုမ္ပဏီ၊ အိုင်ဂျီအီးကုမ္ပဏီနှင့် ကွင်းစတားကုမ္ပဏီများကို ဦးစီးလုပ်ကိုင် လျက် ရှိသည်။ ယင်းကုမ္ပဏီများသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်နှင့်ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းများ၊ ကွန်ပျူတာနှင့် တခြား လျှပ်စစ်ပစ္စည်းတင်သွင်းသည့်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေသည်။ အောင်ရီဖြိုးကုမ္ပဏီသည် စင်ကာပူတွင်လည်း 'IGE' ဆိုသည့်ကုမ္ပဏီကို ဖွင့်ထားသေးသည်။ အငြင်းပွားဖွယ်ရာများ ၂၀ဝ၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဒီပဲယင်းလုပ်ကြံမှု၏ နောက်ကွယ်မှ ကြိုးကိုင်ခဲ့ သူအဖြစ် ဦးအောင်သောင်းကို ပြည်ပရောက်အတိုက်အခံများက စွပ်စွဲပြောနေဆိုခဲ့ကြသည်။ ကွယ်လွန်ခြင်း ၂၀၁၅ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် ဦးအောင်သောင်းသည် ရုတ်တရက်လေဖြတ်ကာ လဲကျခဲ့သဖြင့် နေပြည်တော် အထွေထွေရောဂါကု ဆေးရုံ သို့ ပို့ဆောင်ခဲ့ရသည်။ ရန်ကုန်မှ ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ ရောက်ရှိလာကာ ကုသသော်လည်း မသက်သာသဖြင့် စင်ကာပူနိုင်ငံသို့ သယ်ဆောင်ကာ ကုသခဲ့ကြသည်။ အထူးကြပ်မတ်ကုသဆောင်တွင် ၂ ပတ်ကြာ ကုသခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကွယ်လွန်ခဲ့သည်။ ယင်းနေ့မှာပင် သူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာခဲ့သည်။ မှတ်ချက် ကိုးကား မြန်မာ စစ်အုပ်ချုပ်ရေးခေတ် အကြီးအကဲများ မြန်မာ စီးပွားရေးလုပ်ကိုင်သူများ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ၁၉၄၀ မွေးဖွားသူများ ၂၀၁၅ ကွယ်လွန်သူများ မြန်မာနိုင်ငံ ဝန်ကြီးများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%20%28%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
ကောသလ္လ၊ ဦး (ဓမ္မစေတီ)
ဘဒ္ဒန္တကောသလ္လ (ဓမ္မစေတီဆရာတော်) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သာသနတက္ကသီလ မဟာဓမ္မစရိယ (MA. Buddhism) ဘွဲ့ကို ရရှိထားသော ဆရာတော်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့(တပေါင်းလပြည့်နေ့)တွင် နိုင်ငံတော်အစိုးရက ဆပ်ကပ်သော ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ကို ရရှိခဲ့သည်။ မွေးဖွားခြင်း ဆရာတော်ကို ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၌ ခမည်းတော် ဆရာဦးသန်းမြင့်၊ မယ်တော် ဆရာမ ဒေါ်တင်လှ တို့မှ ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၂၃ ခု၊ ပြာသိုလဆန်း ၃ ရက်၊ တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း ဆရာတော်သည် ၁၃၄၂ ခုနှစ်၊ ကဆုန်လတွင် ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ဥပဇ္ဈာယ်ဆရာတော်မှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံအနောက် ပရိယတ္တိမဉ္ဇူစာသင်တိုက်၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝါယမ ဖြစ်သည်။ ဆရာတော်သည် ၁၃၄၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မဟာအောင်မြေ ရွှေကူတိုက်သစ်ဆရာတော် ဘဒ္ဒန္တဥက္တံသဗုဒ္ဓိကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ စာပေလေ့လာခြင်း ဥပဇ္ဈယ်ဆရာတော်များ၊ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ၊ ဦးဝါသေဌာဘိဝံသ၊ ဆရာတော်ဦးတေဇနိယဉာဏတို့ထံ စာပေများလေ့လာခဲ့သည်။ ဓမ္မစေတီဟု ခေါ်တွင်ကြခြင်း မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေသော ထေရဝါဒနည်းစနစ်ဖြင့် စေတီတော်ကို ကိုးကွယ်သည့်နည်းကို သင်တန်းဟောကြားသောကြောင့်လည်းကောင်း ဓမ္မစေတီထေရဝါဒသာသနာပြုကျောင်းတွင် သီတင်းသုံးသောကြောင့်လည်းကောင်း ဓမ္မစေတီဆရာတော်ဟု ခေါ်တွင်ကြခြင်း ဖြစ်သည်။ ကိုးကား ပြင်ပလင့်ခ်များ ဗုဒ္ဓဘာသာရဟန်းများ ၁၉၆၂ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%9E%E1%80%9C%E1%80%B9%E1%80%9C%E1%81%8A%20%E1%80%A6%E1%80%B8%20%28%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%85%E1%80%B1%E1%80%90%E1%80%AE%29
မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
ဦးမြင့်ဆွေ (၂၄ ဇွန် ၁၉၅၁ မွေးဖွား) သည် မြန်မာနိုင်ငံသား မွန်လူမျိုး တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဦးမြင့်ဆွေက မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယာယီသမ္မတအဖြစ် ဆောင်ရွက်ပြီး ထို့နောက်တွင် နိုင်ငံတော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာတို့အား ယင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့သည်။ ငယ်ဘဝနှင့် စစ်မှုထမ်းခြင်း ဦးမြင့်​ဆွေကို ဦးကြီးမောင်၊ ဒေါ်ကြည်တို့မှ ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် ၁၅ ဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်နှင့် အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ သူသည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဦးခင်ညွန့်အား ဖယ်ရှားပြီးနောက် သူသည် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အရာရှိချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဦးမြင့်ဆွေသည် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသော ပထမဆုံး မွန်လူမျိုး ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။၂၀၁၀ခုနှစ်တွင် စစ်ဖက်ဆိုင်ရာရာထူးမှ အနားယူခဲ့သည်။ နိုင်ငံရေး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအား ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဦးတင်အောင်မြင့်ဦးသည် ဒုတိယသမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေအား အဆိုပြုခဲ့သော်လည်း သားဖြစ်သူတစ်ဦးမှာ ဩစတြေးလျနိုင်ငံသား ခံယူထားသဖြင့် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတအရည်အချင်းနှင့် မပြည့်မှီသောကြောင့် မအောင်မြင်ခဲ့ပေ။ ဒုတိယသမ္မတ ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ၂၁၃ မဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။ ယာယီသမ္မတ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ အခြေခံဥပဒေအရ ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ကျမ်းကျိန်ဆိုကာ လွှတ်တော်မှ သမ္မတအသစ် ရွေးချယ်တင်မြှောက်သည်အထိ ဆောင်ရွက်ခဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ရာ ဦးမြင့်ဆွေသည် ယာယီသမ္မတ ဖြစ်လာခဲ့သည်။ ကိုးကား |- |- မြန်မာ စစ်အုပ်ချုပ်ရေးခေတ် အကြီးအကဲများ‎ မြန်မာ့နိုင်ငံရေးသမားများ မြန်မာနိုင်ငံ၏ သမ္မတများ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတများ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ မွန်လူမျိုးများ အာဏာသိမ်း ခေါင်းဆောင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%86%E1%80%BD%E1%80%B1%20%28%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
လှဘေ
ဒေါက်တာ လှဘေ (၈ ဇန်နဝါရီ ၁၉၁၃ – ၃၁ ဇူလိုင် ၂၀၀၇) သည် ထင်ရှားသော မြန်မာဘာသာစကား ဘာသာဗေဒပညာရှင်တစ်ဦး ဖြစ်ပြီး မြန်မာ–အင်္ဂလိပ် အဘိဓာန်တွင် ပါဝင်ရေးသားခဲ့သူ ဖြစ်သည်။ သူသည် ၁၉၆၆ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်တွင် မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှု ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ခုနှစ် အငြိမ်းစားယူပြီးနောက် လန်ဒန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ထပ်မံ ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။ ဒေါက်တာလှဘေသည် ဘဝတစ်လျှောက်လုံးမြန်မာစာ၊ မြန်မာစကား ထွန်းကားပျံ့နှံ့ရေး၊ နိုင်ငံခြားသားများ မြန်မာစာသင်ယူ လေ့လာခွင့်ရရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မြန်မာဘာသာနဲ့ ဆိုင်သော သုတေသနစာတမ်းတွေ ရေးသားခဲ့သလို နိုင်ငံတကာက မြန်မာဘာသာစကားသင်ယူသူတွေအတွက် မြန်မာစာသင်နည်းနဲ့ ပြဋ္ဌာန်းစာအုပ်တွေလည်း ပြုစုခဲ့သူ ဖြစ်သည်။ မြန်မာကရော၊ ကမ္ဘာကပါ လေးစားရတဲ့ ဘာသာဗေဒပညာရှင်တစ်ဦး ဖြစ်သည်။ ငယ်စဉ်ဘဝ ၁၉၁၃ - ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ ခရဲရွာ၌ အဖ ဦးမောင်ငွေ၊ အမိ ဒေါ်ခင်ခင်တို့က မွေးဖွားခဲ့သည်။ အမည်ရင်း ဦးလှဘေ ဖြစ်သည်။ ငယ်စဉ်က ခရဲရွာမူလတန်းကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပညာသင်ဘဝ ၁၉၃၁ တွင် မော်လမြိုင် အစိုးရအထက်တန်းကျောင်းမှ (၁၀)တန်းကို ဂုဏ်ထူး(၅)ခုဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ၁၀ တန်းကို ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော်လည်း ငွေ ကြေးမပြည့်စုံ၍ တက္ကသိုလ်တက်ဖို့အရေး အခက်ကြုံ တွေ့နေစဉ်ပညာသင်ဆု(စကောလားရှစ်)ရရှိကာ ၁၉၃၆ တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူးတန်းကို မြန်မာစာ ပထမ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၃၈ တွင် မဟာဝိဇ္ဇာ(မြန်မာစာဘွဲ့)ကိုရရှိခဲ့သည်။ ၁၉၃၉ တွင် လန်ဒန်တက္ကသိုလ်၊ ပညာရေးကောလိပ်မှ ဒီပလိုမာရရှိခဲ့သည်။ ၁၉၄၄ တွင် လန်ဒန်တက္ကသိုလ်၏ အရှေ့ပိုင်းပညာလေ့လာရေး သိပ္ပံကျောင်းမှ မြန်မာစာပေဆိုင်ရာ ပါရဂူ(Ph.D)ဘွဲ့ကို ရရှိခဲ့သည်။ စာပေသင်ကြားရေး ဒေါက်တာ လှဘေသည် အင်္ဂလိပ်ခေတ်ကတည်းက (၁ဝ)တန်းကို ၅ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော်လည်း အရေးပိုင်၊ ဝန်ထောက်စသည့် ရာထူးများကို မလုပ်ဆောင်ခဲ့ဘဲ ကျောင်းဆရာအလုပ်ကိုသာ မြတ်နိုး၍ မြန်မာစာကို တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့သူ ဖြစ်သည်။ ၁၉၄၂ - ၁၉၄၆ - လန်ဒန်မြို့ ဘီဘီစီ မြန်မာပိုင်းတွင် သတင်းဝေဖန်သူ၊ ဘာသာပြန်ဆရာ၊ အသံလွှင့်သူအဖြစ် တာဝန်ထမ်းရင်း မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို ကူညီပြုစုခဲ့သည်။ ၁၉၄၈ - လန်ဒန်တက္ကသိုလ် အရှေ့ပိုင်းနှင့် အာဖရိကပညာရပ်များ လေ့လာရေးသိပ္ပံကျောင်းတွင် ကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၂)လန်ဒန်တွင် ထွက်ရှိခဲ့သည်။ ၁၉၅၂ - ကုမာရပြဇာတ်(အင်္ဂလိပ်ဘာသာဖြင့်) လန်ဒန်တွင် ထွက်ရှိခဲ့သည်။ ၁၉၅၅ - လန်ဒန်တက္ကသိုလ်တွင် လက်ထောက်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၃) ထွက်ရှိခဲ့သည်။ ၁၉၆၂ - မြန်မာစကားပုံများ(အင်္ဂလိပ်ဘာသာဖြင့်)ထွက်ရှိခဲ့သည်။ ၁၉၆၃ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၄)လန်ဒန်တွင်ထွက်ရှိခဲ့သည်။ ၁၉၆၆ - လန်ဒန်တက္ကသိုလ်တွင် ပါမောက္ခတာဝန်ထမ်းဆောင်၊ ထိုစဉ်က ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများကို မြန်မာစာပေသင်ကြားခဲ့ရုံသာမက လန်ဒန်တက္ကသိုလ်ဝင် ဂျီစီအီး(အို)အဆင့်မြင့် စာမေးပွဲများ၊ ပြည်သူ့ဝန်ထမ်း ကော်မရှင်စာမေးပွဲများတွင် ပါဝင်စစ်ဆေးခဲ့။ အင်္ဂလန်နိုင်ငံတွင်သာမက ဒိန်းမတ်၊ ဟော်လန်(နယ်သာလန်)၊ ဘယ်လ်ဂျီယန်၊ ဂျာမဏီ၊ ပြင်သစ်၊ အိန္ဒိယတိုင်းပြည်များ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများက ဖိတ် ကြားသဖြင့် ဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ အတွေးအမြင်စာစောင်တွင် စာပေနှင့်အတွေ့အကြုံဆောင်းပါး များ ရေးသားခဲ့သည်။ မြန်မာစာပေဧည့်ခံစာတမ်း စာအုပ်ထွက်ရှိခဲ့သည်။ ၁၉၆၉ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၅)ထွက်ရှိခဲ့သည်။ ၁၉၈၀ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၆) ထွက်ရှိခဲ့သည်။ လန်ဒန်တက္ကသိုလ်မှ အငြိမ်းစားယူပြီး မော်လမြိုင်မြို့၊ အမှတ်(၅)အေ၊ ဆောင်ဝိုင်းလမ်း၊ ဈေးချိုရပ်၊ မော်လမြိုင်မြို့၌ နေထိုင်ခဲ့သည်။ ၁၉၈၅ - မြန်မာနိုင်ငံ(အင်္ဂလိပ်ဘာသာ)BURMAစာအုပ်-စင်္ကာပူနိုင်ငံတွင်ထုတ်ဝေခဲ့သည်။ ၁၉၉၃ - ပညာပါရမီစာအုပ် ထွက်ရှိခဲ့သည်။ ၂၀ဝ၁ - ဝီရိယကိုထူ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူစာအုပ် ထွက်ရှိခဲ့သည်။ ၂၀ဝ၂ - အတွေ့အကြုံ၊ အဆုံအမြင်နှင့် အတွေးအမြင်စာအုပ် ထွက်ရှိခဲ့သည်။ ၂၀ဝ၃ - တရုတ်နိုင်ငံသွား နေ့စဉ်မှတ်တမ်းစာအုပ် ဒေါင်းစာပေမှ ထွက်ရှိခဲ့သည်။ ဘဝနိဂုံး ဒေါက်တာလှဘေသည် လန်ဒန်တက္ကသိုလ်တွင် ပါမောက္ခရာထူးအထိရရှိခဲ့ပြီး ပညာရေးတာဝန်များကို နှစ်ပေါင်း ၄၀ မျှ ထမ်းဆောင်ခဲ့သည်။ ထို့နောက် မြန်မာပြည်ပြန်လာကာ ပြည်သူ့အကျိုးပြုစာပေများရေးသားရင်း ၂၀၀၇ ဇူလိုင်လကုန်တွင် အသက်(၉၈)နှစ်အရွယ်၌ မော်လမြိုင်မြို့ ဈေးချိုရပ်နေအိမ်တွင် ကွယ်လွန်ခဲ့ရှာသည်။ ဆရာကြီးသည် အင်္ဂလန်ရောက် မြန်မာပညာတော်သင် ကျောင်းသားများအတွက်လည်း ထောက်ပံ့ကူညီပေးရန် သူ၏ သေတမ်းစာတွင် ထည့်သွင်းဆောင်ရွက်ခဲ့သည်။ ရေးသားထုတ်ဝေခဲ့စာအုပ်များ မြန်မာ-အင်္ဂလိပ် အဘိဓာန် (အပိုင်း-၂-မှ-၆-အထိ) ကုမာရပြဇာတ် (အင်္ဂလိပ်ဘာသာဖြင့်) မြန်မာစကားပုံများ (အင်္ဂလိပ်ဘာသာဖြင့်) မြန်မာစာပေ ဧည့်ခံစာတမ်း Three immortal Burmese songs (1963) (by Hla Pe, Anna T. Allott and John Okell) Introduction to Burmese literature (1966) Mind-bending Burmese Poems and Songs (1976) Burma: Literature, Historiography, Scholarship, Language, Life, and Buddhism (1985̠) ပညာပါရမီ ဝီရိယကိုထူ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူ အတွေ့အကြုံ၊ အဆုံအမြင်နှင့် အတွေးအမြင်စာစု တရုတ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း မြန်မာတစ်ယောက် မွေးဖွားချိန်မှ သေဆုံးချိန်ထိ အထိမ်းအမှတ် ဒေါက်တာလှဘေ အထိမ်းအမှတ် ပညာပါရမီ စာကြည့်တိုက်ကို မော်လမြိုင်မြို့ခံလူထုမှ လှူဒါန်းငွေအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ၂ဝ၁၉ မတ်လ ၉ ရက်နေ့တွင် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်၌ တည်ဆောက် ဖွင့်လှစ်သည်။ အများပြည်သူ လူကြီးလူငယ်မရွေး အခမဲ့ အသုံးပြုနိုင်သော ပြည်သူ့စာကြည့်တိုက် (Public Media Centre) ဖြစ်သည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မွန်လူမျိုးများ မြန်မာ တက္ကသိုလ် ပါမောက္ခများ မြန်မာ အဘိဓာန်ပြုစုသူများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%98%E1%80%B1
ဓမ္မပဒ
ဓမ္မပဒ (ပါဠိ; ဓမ္မပဒ (Dhammapada); Dharmapada) သည် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ ဒေသနာတော်များကို ဂါထာအသွင် သိမ်းဆည်း မှတ်တမ်းတင်ထားသည့် ကျမ်းစာဖြစ်သည်။ အင်္ဂလိပ်ဘာသာသို့ အများဆုံး ဘာသာပြန်ဆိုထားသော ကျမ်းစာလည်းဖြစ်သည်။ ဓမ္မပဒကို တရုတ် မဟာယာနဗုဒ္ဓဘာသာတွင် ပါဠိတော်မူထက် ပိုရှည်လျားသော အနည်းဆုံး မူကွဲ (၂) ခု တွေ့နိုင်သည်။ တိဗက်ဗုဒ္ဓဘာသာတွင်လည်း ထိုသို့ပင် ပါဠိတော်မူထက် ပိုရှည်လျားသော မူတစ်ခု ရှိသည်။ မြတ်စွာဘုရား လေးဆယ့်ငါးဝါတိုင် ဟောကြားတော်မူခဲ့လေသမျှ တရားဒေသနာတော်အဝဝကို ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ် နှင့် ခုဒ္ဒကနိကာယ် ဟူ၍ နိကာယ် ငါးရပ်အဖြစ် မှတ်တမ်းတင်ထားရာ ဓမ္ဓပဒသည် ခုဒ္ဒကနိကာယ်ဝင် သုတ္တန်ကျမ်း ဆယ့်ငါးကျမ်းတွင် အပါအဝင်ဖြစ်သည်။ အမည်ဝေါဟာရ ဓမ္မပဒသည် "ဓမ္မ" နှင့် "ပဒ" ပုဒ်နှစ်ခုကို ပေါင်းစည်းထားခြင်းဖြစ်ရာ "ဓမ္မ"သည် အမှန်တရား၊ တရားဒေသနာ၊ ဗုဒ္ဓ၏တရား၊ ဘာသာတရား၊ ကျင့်စဉ်တရား စသဖြင့် အနက်ရရှိသည်။ "ပဒ"သည် ခြေ၊ ခြေရာ၊ အခြေခံ၊ လမ်းကြောင်း၊ ဂါထာ၊ အစု ဟူ၍ အလျဉ်းသင့်သလို ယူနိုင်သည့် အနက်ဖြစ်သည်။ ထို့ကြောင့် "ဓမ္မပဒ" ၏ အဓိပ္ပာယ်ကို ဘာသာတရား (သို့) ဗုဒ္ဓ၏ အခြေခံ၊ ဘာသာတရား၏ကျင့်စဉ်၊ ဘာသာတရား၏ ဂါထာစု၊ ဗုဒ္ဓ၏ တရားဂါထာစု၊ တရားညွန့်ပေါင်း ဟူ၍ အနက်ရရှိသည်။ ထို့ကြောင့် ဤစကားစုများအရ ဓမ္မပဒသည် ဗုဒ္ဓဟောကြားခဲ့သော အဆီနှစ်တရားတော်များပါဝင်သော ကျမ်းဖြစ်ကြောင်း သတ်မှတ်နိုင်သည်။ ဓမ္မပဒကျမ်းစာများ ဗုဒ္ဓဟောကြားခဲ့သော တရားဒေသနာတော်များသာပါရှိသော ဓမ္မပဒပါဠိတော် သည် ခုဒ္ဒကနိကာယ်၏ ဒုတိယကျမ်းစာဖြစ်သည်။ ပါဝင်မှုမှာ ဂါထာအနေအထားဖြင့် ဖြစ်သည်။ ဂါထာ (၄၂၄) ပါဝင်၍ အခန်းပေါင်း (၂၆) ခန်းဖြင့် ခွဲခြားထားသည်။ မူရင်းပါဠိတော်၌ စကားပြေဖြင့်ရေးသားသော ဝတ္ထုဇာတ်ကြောင်းများမပါရှိပေ။ ထိုဓမ္မပဒပါဠိတော်လာ ဂါထာများကို မည်သည့် ရဟန်း၊ နတ်၊ လူပုဂ္ဂိုလ်နှင့် ဆက်စပ်၍ ဟောကြားခြင်းများကို ဓမ္မပဒ အဋ္ဌကထာဟူ၍ ရှေးဆရာတစ်ဦးက အဖွင့်ကျမ်းရေးသားခဲ့သည်။ အချို့က အရှင် ဗုဒ္ဓဃောသဟု ဆိုကြသော်လည်း အချို့က မဟုတ်ဟု ငြင်းခုံ ထောက်ပြကြသည်။ ဘီစီ သုံးရာစု အာသောကမင်းလက်ထက်မှစကာ သီဟိုဠ်တွင် ဗုဒ္ဓဘာသာထွန်းကားလာပြီး ယင်းနိုင်ငံရှိ ရဟန်းတော်များက ပိဋကပါဠိတော်များကို သီဟိုဠ် အက္ခရာဖြင့် အဖွင့်ကထာကျမ်းများရေးသားခဲ့ကြသည်။ ထိုသီဟိုဠ်အက္ခရာဖြင့် ရေးခဲ့ကြသော ကျမ်းများကို လေ့လာ၍ မူမှန်၍ စနစ်ကျသော အဋ္ဌကထာကျမ်းများကို ပါဠိဘာသာဖြင့်လည်း ရေးသားနိုင်ဖွယ်ရှိသည်။ ဤအယူအဆသည် အိန္ဒိယ၊ သီဟိုဠ်မှ ပါဠိပညာရှင်များ၏ ခိုင်မာသော အယူအဆဖြစ်သည်။ သို့သော် ဥရောပမှ ပညာရှင်များက ထိုအဋ္ဌကထာကျမ်းပြုသူများကို တစ်ယောက်တစ်မျိုး အယူအဆမတူညီစွာဖြင့် ဖော်ပြကြသည်။ ဓမ္မပဒ အဋ္ဌကထာကျမ်းသည် (၂) တွဲရှိ၍ ဆဋ္ဌမူအရ စာမျက်နှာ (၉၀၀) ခန့်ရှိ၏ ။ ဤကျမ်း၌ ဘုရားရှင်သည် မည်သည့်အရပ်တွင်သီတင်းသုံးပြီး မည်သူကို အကြောင်းပြု၍ မည်သည့်ဂါထာကို ဟောပြောကြောင်း နိဒါန်းပါဝင်ကာ ထို့နောက် ဆိုင်ရာပုဂ္ဂိုလ်နှင့် ပတ်သက်သော ဝတ္ထု၊ ထိုသူအား ဘုရားရှင်က မည်သည့်ဂါထာဟောပြောသည်။ ရံခါတွင် ငါးရာ့ငါးဆယ် ဇာတ်တော်များကိုလည်း ယင်းဝတ္ထုကြား၌ ညှပ်၍ ဖော်ပြထားမှုလည်းပါဝင်ရာ အဖြစ်ပျက် ဝတ္ထုပေါင်း (၃၀၅) ပုဒ်ဖြင့် ဖွဲ့စည်းထား၏ ။ အဆုံးသတ်တွင် ထိုသူ(များ) သည် တရားကို နာကြားရသဖြင့် တရားထူးရကြောင်းကိုလည်း ဖော်ပြပါရှိသည်။ ဓမ္မပဒနှင့်ပတ်သက်သော ဋီကာကျမ်းကို ရေစကြိုမြို့ ဆရာတော် ဝရသမ္ဗောဓိက ""ဓမ္မပဒမဟာဋီကာ" အမည်ဖြင့် ပါဠိသုံး၍ ရေးဖွဲ့ခဲ့သည်။ ဓမ္မပဒကျမ်းပါ ဂါထာများကို အဓိပ္ပာယ်ရှင်းလင်းဖော်ပြသော "ဓမ္မပဒအဋ္ဌကထာဂါထာယောဇနာ" အမည်ဖြင့် ရန်ကုန်မြို့ မင်္ဂလာဇေယျုံတိုက် ဆရာတော် သီရိသုမင်္ဂလက ပါဠိဘာသာဖြင့် ရေးဖွဲ့ခဲ့သည်။ ပါဝင်သော အခန်းများ ဓမ္မပဒ ပါဠိတော်သည် သဘောတူရာ ပေါင်းစည်းထားသော ဝဂ်အားဖြင့် ၂၆ ဝဂ်၊ ဂါထာအရေအတွက်အားဖြင့် ၄၂၃ ဂါထာဖြစ်သည်။ ဂါထာတစ်ပုဒ်တည်းသည်ပင် နှစ်နေရာထပ်၍ ပါနေသဖြင့် ကျမ်းစာထဲတွင် ဂါထာအမှတ်စဉ် ၄၂၄ အထိ ပါဝင်နေခြင်း ဖြစ်သည်။ ယမကဝဂ္ဂ အပ္ပမာဒဝဂ္ဂ စိတ္တဝဂ္ဂ ပုပ္ဖဝဂ္ဂ ဗာလဝဂ္ဂ ပဏ္ဍိတဝဂ္ဂ အရဟန္တဝဂ္ဂ သဟဿဝဂ္ဂ ပါပဝဂ္ဂ ဒဏ္ဍဝဂ္ဂ ဇရာဝဂ္ဂ အတ္တဝဂ္ဂ လောကဝဂ္ဂ ဗုဒ္ဓဝဂ္ဂ သုခဝဂ္ဂ ပိယဝဂ္ဂ ကောဓဝဂ္ဂ မလဝဂ္ဂ ဓမ္မဋ္ဌဝဂ္ဂ မဂ္ဂဝဂ္ဂ ပကိဏ္ဏကဝဂ္ဂ နိရယဝဂ္ဂ နာဂဝဂ္ဂ တဏှာဝဂ္ဂ ဘိက္ခုဝဂ္ဂ ဗြာဟ္မဏဝဂ္ဂ အောက်တွင်ပါဝင်သော အခန်းများမှ နမူနာ ဂါထာများကို ထုတ်နှုတ်တင်ပြထားသည်။ အခန်း ၁ ၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ ဒုက္ခမနွေတိ၊ စက္ကံ၀ ၀ဟတော ပဒံ။ ၁။ နာမ်ခန္ဓာ(လေးပါး)တို့တွင် စိတ်သာလျှင် ရှေ့သွားရှိကုန်၏၊ စိတ်သာလျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။ ၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ သုခမနွေတိ၊ ဆာယာ၀ အနပါယိနီ။ ၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။ အခန်း ၂ ၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။ ၂၂။ ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။ အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။ ၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။ ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။ ၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။ ၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်းဝမ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။ ၂၃။ ထိုပညာရှိတို့သည် (သမထ ဝိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။ ၂၄။ ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။ သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိ၀္ဎုတိ။ ၂၄။ ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။ အခန်း ၃ ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။ ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရော၀ တေဇနံ။ ၃၄။ ဝါရိဇော၀ ထလေ ခိတ္တော ၊ ဩကမောကတဥဗ္ဘတော။ ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတေ၀။ ၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော်လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။ ၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။ ၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။ စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါ၀ဟံ။ ၃၅။ နှိမ်နင်းရန်ခဲယဉ်း၍ လျင်မြန်သောသဘောရှိသော အလိုရှိရာအာရုံ၌ ကျလေ့ရှိသောစိတ်ကို ဆုံးမခြင်းသည်ကောင်း၏၊ (ဆုံးမပြီး၍)ယဉ်ကျေးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။ ၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။ စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါ၀ဟံ။ ၃၆။ အလွန့်အလွန်မြင်နိုင်ခဲသော အလွန့်အလွန်သိမ်မွေ့သော အလိုရှိရာအာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာ ရှိသည် စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။ ၅၆။ အပ္ပမတ္တော အယံ ဂန္ဓော ၊ ယာယံ တဂရစန္ဒနီ။ ယော စ သီလ၀တံ ဂန္ဓော၊ ဝါတိ ဒေေ၀သု ဥတ္တမော။ အခန်း ၄ ၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက် အနည်းငယ်မျှသာဖြစ်၏၊ ဤ သီလရှိသောသူတို့၏ သီလအနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌လှိုင်၏။ ၅၇။ တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။ သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။ ၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့နေလေ့ရှိကုန်သော ကောင်းစွာ ဉာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့မမြင်နိုင်ပေ။ ၅၈။ ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။ ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။ ၅၉။ ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။ အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာ၀ကော။ ၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။ ၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တဝါတို့၏အလယ်၌နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်း သဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့်လွန်၍ တင့်တယ်၏။ ဓမ္မပဒ ပါဠိတော်သည် သဘောတူရာ ပေါင်းစည်းထားသော ဝဂ်အားဖြင့် ၂၆ ဝဂ်၊ ဂါထာအရေအတွက်အားဖြင့် ၄၂၃ ဂါထာဖြစ်သည်။ ဘာသာပြန်ဆိုခြင်းများ ဓမ္မပဒကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီနှင့် အခြားဥရောပဘာသာစကားများစွာသို့ အကြိမ်များစွာ ပြန်ဆိုခဲ့ကြသည်။ ဤသို့ကြောင့် ဥရောပတိုက်တွင် ဗုဒ္ဓကျမ်းစာများအနက် လူသိအများဆုံး၊ အစောဆုံးသိရှိကြသော ကျမ်းစာများအနက် တစ်ခုအပါအဝင်ဖြစ်လေသည်။ အာရှတိုက်ဘက်တွင် အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ၊ တရုတ် စသော ဗုဒ္ဓဘာ​သာ ရောက်ရှိသည့် နေရာတိုင်းတွင် သက်ဆိုင်ရာဘာသာစကားများဖြင့် ပြန်ဆိုကြ၍ လေ့လာလိုက်စားကြသည်။ အိန္ဒိယတွင် ရှေးခေတ်ဘာသာစကားများဖြစ်သည့် ဗြဟ္မဏသုံး သက္ကတ၊ ဗုဒ္ဓဘာသာသုံး မိဿကသက္ကတ၊ လူအများစုသုံးသည့် ပြာကတဘာသာစကားများသို့ ပြန်ဆိုခဲ့ကြပေသည်။ တရုတ်နိုင်ငံ၌လည်း အေဒီ (၃) ရာစု အစောပိုင်းမှစ၍ တရုတ်ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆိုခဲ့ကြသည်။ ထို့အပြင် တရုတ်ဗုဒ္ဓဘာသာပညာရှင်များက အခြားကောင်းနိုးရာရာ ဗုဒ္ဓတရားတော်များကို အတိုချုပ်ပြုပြင်ကြခြင်း၍ ဓမ္မပဒအတွင်းထည့်ကာ ချဲ့ထွင်ကြခြင်းများလည်း လုပ်ဆောင်ခဲ့ကြသည်။ ထိုကြောင့် အိန္ဒိယဘက်မှ ဘာသာစကား မူသုံးခုနှင့် တရုတ်ဘက်က မူတို့သည် လက်ရှိထေရဝါဒ၏ ပါဠိတော်မူနှင့် တူညီသည်များလည်းရှိကြပြီး မတူကွဲပြားသည်များလည်း ရှိကြသည်။ မြန်မာဘာသာပြန်များ ဓမ္မပဒအဋ္ဌကထာကို "ဓမ္မပဒဝတ္ထုတော်ကြီး" အမည်ဖြင့် မြန်မာဘာသာစကား သို့ ပြန်ဆိုမှု သုံးခုရှိသည်။ ပထမ ဓမ္မပဒဝတ္ထုတော်ကြီးကို ရန်ကုန်မြို့၊ အောင်မြေဘုံစံကျောင်းဆရာတော် အရှင်စန္ဒိမာက ပြန်ဆိုရာ အတွဲ (၅) တွဲ၊ စာမျက်နှာ (၂,၀၀၀) ရှိပြီး မူလပါဠိစာအတိုင်းမဟုတ်ဘဲ ကာရံနဘေများဖြင့် ဖွဲ့စည်းထားသည်။ ဒုတိယ ဓမ္မပဒဝတ္ထုတော်ကြီးကို ညောင်လေးပင်မြို့ တောရကျောင်းဆရာတော်က ပြန်ဆိုသည်။ အတွဲ (၄) တွဲရှိ၍ စာမျက်နှာ (၁၇၅၀) ပါဝင်သည်။ တတိယ ဓမ္မပဒဝတ္ထုတော်ကြီးကို မန္တလေးမြို့ ဝိဇိတာရုံဆရာတော် ဥုးဝိစာရိန္ဒာဘိဝံသက ရေးသားပြီး အတွဲ (၄) တွဲဖြစ်ကာ စာမျက်နှာ (၂,၀၀၀) ခန့် ပါရှိသည်။ ဓမ္မပဒ အကျဉ်းချုပ်ကျမ်းများကို ပြန်ဆိုသူများတွင် : သင်္ဂဇာဆရာတော် က ပြန်ဆိုသည်။ ဝတ္ထုအကျဉ်းနှင့် တရားဂါထာများပါဝင်ကာ "ဓမ္မပဒပါဠိတော် နိသျှ" အမည်ဖြင့် ဖြစ်၏ ။ ယင်းမူသည် ဆဋ္ဌမူ (ပါဠိမူ) နှင့် အနည်းငယ် ကွဲလွဲသည်။ စာရေးဆရာ ဦးသော်ဇင်က "ဓမ္မပဒ ဘာသာပြန်" အမည်ဖြင့် ပြန်ဆိုသည်။ ပါဠိမပါဝင်ဘဲ မြန်မာစကားပြေဖြင့်သာရေး၍ (၁၉၆၇) တွင် ထုတ်ဝေခဲ့သည်။ မူရင်းပါဠိကို တိုက်ရိုက်ပြန်ခြင်းမဟုတ်ဘဲ အဓိပ္ပာယ် ပေါ်ရုံမျှပြန်သည်။ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် ဦးသေဋ္ဌိလာဘိဝံသကလည်း ပါဠိတော်ဂါထာ (၄၂၄) ပုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ ကိုးကား ဗုဒ္ဓဘာသာ ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%95%E1%80%92
ကိုးပါးသီလ
ကိုးပါးသီလဟူသည် နဝင်္ဂဥပုသ်ပင် ဖြစ်သည်။ ဤနဝင်္ဂဥပုသ်သီလကို အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်၊ ၂-သီဟနာဒဝဂ်၊ ၈-ခု မြောက်သုတ်၌ “အင်္ဂါကိုးပါးနှင့် ပြည့်စုံအောင် ကျင့်သုံးအပ်သော နဝင်္ဂဥပုသ်သည် အကျိုးများ၏၊ အာနိသင်များ၏၊ တန်းခိုးအာနုဘော်ကြီး၏”ဟု နိဒါန်းပျိုးပြီးလျှင် ထိုအင်္ဂါကိုးပါး၏ သရုပ်ကို ထုတ်ဖော်ရာမှာ ပါဏာတိပါတ သိက္ခာပုဒ်မှစ၍ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်တိုင်အောင် ရှစ်ပါးသီလအတူ ထုတ်ပြတော်မူပြီးလျှင် အဆုံး၌ (မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ= မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် အရပ်မျက်နှာတခုရှိ သတ္တဝါတို့ကို ပြန့်နှံ့စေပြီးလျှင် နေ၏)ဟူ၍ ဟောကြားတော်မူသည်။ ဟောတော်မူလိုရင်း အဓိပ္ပါယ်ချုပ်မှာ ရိုးရိုး ရှစ်ပါးသီလကို ဆောက်တည်ပြီးလျှင် မေတ္တာတရားကို ပွါးများနေရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။ ရှစ်ပါးသီလကို လုံခြုံအောင် ထိန်းစောင့်၍ မေတ္တာတရားကို ပွါးများနေလျှင် ထိုသူသည် နဝင်္ဂဥပုသ်သီလကို ကျင့်သုံးနေသူ ဖြစ်တော့၏။ မေတ္တာဟူသည် ဘာဝနာဖြစ်၏၊ သီလကိုသာ ဆောက်တည်ဖွယ်ရှိသည်။ ဘာဝနာဟူသည် မပြတ်ပွါးများရသော တရားမျိုးဖြစ်၏၊ သို့ဖြစ်၍ နဝင်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ်တခု ပြုလုပ်ဆောက်တည်ရန်မလို၊ ရိုးရိုး ရှစ်ပါးသီလကို ခံယူပြီးနောက် မေတ္တာတရားကို စွမ်းနိုင်သမျှ ပွါးများအားထုတ်နေလျှင် အင်္ဂါကိုးပါးရှိသော နဝင်္ဂဥပုသ်ကို ကျင့်သုံးသည်မည်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏။ မေတ္တာနှင့်ပတ်သက်၍ ထိုနဝင်္ဂဥပုသ်ကို ဟောတော်မူရာ (ဧကံဒိသံ)ဟူသော စကားကို ထည့်သွင်း ဟောတော်မူသဖြင့် မေတ္တာပွါးများရာမှာ အရပ်မျက်နှာကို မမှတ်ပဲ ပွါးများခြင်းထက် အရပ်မျက်နှာကိုမှတ်၍ ပွါးများခြင်းက သာလွန် ထိရောက်မည်ဖြစ်သည့်အတွက် အရပ်ဆယ်မျက်နှာကို မေတ္တာပွါးများလိုသောအခါ မိမိစလိုသော အရပ်မျက်နှာမှစ၍ တရပ်စီ တရပ်စီ ဆယ်မျက်နှာပြည့်စုံအောင် သတ်မှတ် အာရုံပြုကာ ပွါးများသင့်ကြောင်း အထူးမှတ်ယူရာ၏။ ဗြဟ္မစိုရ်တရား လေးပါးရှိပါလျက် မေတ္တာကိုသာ အထူးထုတ်၍ ရှစ်ပါးသီလနှင့် တွဲစပ်ကာ နဝင်္ဂဥပုသ်အနေဖြင့် ဟောတော်မူခြင်းမှာ မေတ္တာတရားက အာနိသင်ကြီးသောကြောင့် ဟောတော်မူသည်ဟု မှတ်ယူသင့်၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် မေတ္တသုတ်ဒေသနာကို ဟောကြားတော်မူခဲ့သဖြင့် ထိုမေတ္တသုတ် ဒေသနာတော်သည် ခုဒ္ဒကပါဌပါဠိတော်နှင့် သုတ္တနိပါတ်ပါဠိတော်တို့၌ ထင်ရှားရှိနေသည်တကြောင်း.. မေတ္တာ အကျိုး (၁၁)ပါး အင်္ဂုတ္တရပါဠိတော် ဧကာဒသကနိပါတ၊ ၂-အနုဿတိဝဂ်၊ ၅-ခုမြောက်သုတ်မှာ မေတ္တာတရားကို အဖန်ဖန် ပွါးများလျှင်.. ၁။ ချမ်းသာစွာ အိပ်ပျော်ခြင်း၊ ၂။ ချမ်းသာစွာ နိုးကြားရခြင်း၊ ၃။ မကောင်းသောအိပ်မက်ကို မမြင်မက်ခြင်း၊ ၄။ လူအများချစ်ခင်ခြင်း၊ ၅။ နတ် ဘီလူး ပြိတ္တာများ ချစ်ခင်ခြင်း၊ ၆။ နတ်များ စောင့်ရှောက်ခြင်း၊ ၇။ မီးလောင်မှု အဆိပ်သင့်မှု လက်နက်စူးဝင်မှု မရှိခြင်း ၈။ စိတ်တည်ကြည်လွယ်ခြင်း၊ ၉။ မျက်နှာအဆင်း ကြည်ကြည်လင်လင် ရှိခြင်း၊ ၁၀။ သေချိန်ကျသောအခါ မတွေမဝေသေရခြင်း၊ ၁၁။ ယခုဘဝ အထက်မဂ်ဖိုလ်ပေါက် ထိုးထွင်း၍ မသိနိုင်သေးလျှင် ဗြဟ္မာ့ပြည်သို့ လားရခြင်း- အားဖြင့် ဆယ့်တပါးသော အကျိုးတို့ကို ရရှိနိုင်စေသည်ဟု ဟောကြားတော်မူသည် တကြောင်း..တို့ကြောင့် မေတ္တာတရားက ပိုမို၍ တန်းခိုးအာနိသင် ကြီးမားကြောင်း သိသာထင်ရှားပေ၏။ ကိုးပါးသီလ ခံယူဆောက်တည်ပုံ (ပါဠိ-မြန်မာ) အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ။ ။ တတိယမ္ပိ။ ။ (အရှင်ဘုရား တပည့်တော်သည် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် အားကိုးရာ ရတနာမြတ်သုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတော်မြတ်ကို တောင်းခံပါ၏။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ကိုးပါးသီလ ချီးမြှင့်တော်မူပါဘုရား။) ဘုန်းကြီး။ ယ မဟံ ဝဒါမိ၊ တံ ဝဒေထ။ (ဘုန်းကြီးဆိုသလို လိုက်ဆိုကြပါ။) လူများ။ အာမ ဘန္တေ။ (မှန်ပါဘုရား။) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃-ကြိမ်) (ဘုန်းတော်ခြောက်ပါးရှိတော်မူသော ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေသော တရား အားလုံးကို မဖောက်မပြန် အမှန်ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားအားရှိခိုးပါ၏။) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။ (တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်- မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။ တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။ သံဃာတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။) ဘုန်းကြီး။ တိသရဏဂမနံ ပရိပုဏ္ဏံ။ (သရဏဂုံသုံးပါး ပြည့်စုံပါပြီ။) လူများ။ အာမ ဘန္တေ။ (မှန်ပါဘုရား။) ၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။)) ၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။) ၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (မမြတ်သော မေထုန်အမှုလည်း မပြုဘဲ အမြဲရှောင်ကြဉ်မည်။) ၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။) ၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။) ၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (နေလွဲ ညစာ မစားဘဲ အမြဲရှောင်ကြဉ်မည်။) ၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (အကုသိုလ်ဖြစ်ပွားကြောင်းဖြစ်သော က ခုန် တီးမှုတ် ကြည့်ရှုနားထောင် ပန်းပန်ခြင်း အမွှေး နံ့သာ လိမ်းကျံရှူရှိုက်ခြင်းမှ အမြဲရှောင်ကြဉ်မည်။) ၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (မြင့်သောနေရာ မြတ်သောနေရာ အိပ် ထိုင်ခြင်းမှ အမြဲရှောင်ကြဉ်မည်။) ၉။ မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။ (မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် သတ္တဝါရှိသော လောကကို ပျံ့နှံ့၍နေစေမည်။) ဘုန်းကြီး။ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။ (ဘုရား တရား သံဃာတည်းဟူသော အားကိုးရာသုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတရားမြတ်ကို ရိုသေစွာ ခံယူ ဆောက်တည်ကြပြီး၍ မမေ့မလျော့သော သတိဖြင့် ကုသိုလ်ကိစ္စအဝဝကို ပြည့်စုံအောင်အားထုတ်ကြပါ။) (လူများ။ အာမ ဘန္တေ။)(မှန်ပါဘုရား။) ကိုးပါးသီလပေးရာတွင် ဤသုံးမျိုး ၁။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။ ၂။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။ ၃။ ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ။ (ဆရာတော်အရှင်ဇနကာဘိဝံသ နှစ်သက်ပါသည်။) ကိုးကား ဗုဒ္ဓဘာသာ ဝေါဟာရများ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%9E%E1%80%AE%E1%80%9C
တို့ဗမာ သီချင်း
တို့ဗမာအစည်းအရုံး၏ စည်းရုံး‌ရေးတရားပွဲများတွင် တို့ဗမာသီချင်းဖြင့် သီဆိုစည်းရုံးခဲ့ကြ၏။ တို့ဗမာအစည်းအရုံး သခင်ပါတီကို လူအများက ရုတ်တရက် အား‌ပေး‌ထောက်ခံမှု မပြုကြသေး‌စေကာမူ တို့ဗမာသီချင်းကိုမူ လူကြိုက်များကာ လူအများက လက်ခံလာကြ‌လေသည်။ တို့ဗမာသီချင်းကို ‌ရေးသားသူမှာ စာ‌ရေးဆရာ ဝိုင်အမ်ဘီဆရာတင်‌ ခေါ် သခင်တင်ဖြစ်သည်။ သခင်ဘသောင်း နှင့် သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်ခေါင်းဆောင်အချို့က သီချင်းစာသားနှင့် အချက်အလက်များအတွက် ဖြည့်စွက်အကြံဉာဏ်များ ပေးခဲ့ကြသည်။ စာသား တကောင်းအဘိရာဇာ၊ တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊ များစွာပတိုင်းများကိုပါ တိုက်ခိုက်ခါ…အောင်ခဲ့တာ တို့ဗမာ။ စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတစ်လှည့်ကြုံရ၊ ထုံးနှင့်မ‌သွေ လောကဓမ္မတာပေ၊ငါတို့ကံခေ–ဖြစ်ရပြန်သလေ။ သို့သော်… အရင်းကိုစစ်လျှင်ဗမာပြေ၊ငါတို့…ငါတို့ပြေ။ နောင်…ဥဒါန်း…ဘယ်မကြေစရာ..၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့်၊ ဗမာအထင်အရှား၊ တို့ခေတ်တွင်မှညံ့ကြတော့မှာလား တို့ဗမာ…၊ တို့ဗမာမဟုတ်လေသလား၊(တို့ဗမာ-ငါတို့ဗမာ)၂ (ဒါငါတို့ဗမာ)၂ အား…လုံး…ညီညီ၊ယောက်ျား ဘသား တို့ဗမာနောင်လာနောင်သား ကောင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြေ တို့ဗမာဖို့ပါ၊ သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့….တို့ဗမာ၊မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့၊စာမရီသွေးတို့ဗမာ။ (သံပြိုင်) ကမ္ဘာမကြေ–ဗမာတစ်တွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ)၃ (တို့ဗမာ)၂ပြေ...ကိုတိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာခင်။ အမျိုးသားရေး…ကျိုးပမ်းကြပါ၊ တို့ဗမာဟေ့...တို့ဗမာ၊ ဩော်-အမျိုးသားရေးကိုကျိုးပမ်းကြပါ တို့ဗမာ...ဟေ့ တို့ဗမာ၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ တို့ခေတ်ကို ရောက်ရမည် မလွဲပါ၊ တို့ဗမာ..ဟေ့ တို့ဗမာ၊ ဗမာပြည်တဝှန်းအကုန်၊ တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါတို့ဗမာ။ ။ (သံပြိုင် ပြန်ကောက်) အနက်ဖွင့်ခြင်း တို့ဗမာသီချင်းကို သခင်ဘသောင်းကိုယ်တိုင် အနက်ဖွင့်ခဲ့သည်။ တို့ဗမာသီချင်းသည် မျိုးချစ်စိတ်မရှိသူများအား မျိုးချစ်စိတ်ရှိလာစေရန်၊ အမျိုးသားအကျိုးကို ဆောင်ရွက်လာစေရန် လှုံ့ဆော်ပေးသည့် သီချင်းထူးဖြစ်သည်ဟု ဆိုခဲ့သည်။ "မြန်မာအစ တစ်ကောင်းက" ဟုဆိုသည့်အတိုင်း ဗမာတို့သည် တကောင်းခေတ် အဘိရာဇာမင်းကြီးလက်ထက် သာကီအမျိုးအနွယ်မှ ဆင်းသက်လာခဲ့ကြသည်။ ဗမာတို့သည် ပြင်ပတိုင်းပြည်များဖြစ်သော ယိုးဒယားနှင့် အိန္ဒိယစသည်တို့ကို တိုက်ခိုက်နိုင်ခဲ့ကြသည်။ "မှန်းကင်းတစ်လှည့် ထင်းတစ်လှည့်" ဟူသည့်အတိုင်း ဗမာပြည်သည် အမြဲတမ်းထည်ထည်ဝါဝါမရှိနိုင်ပေ။ မြင့်သည့်အခါမြင့်၍ နိမ့်သည့်အခါနိမ့်ခြင်းသည် လောကဓံတရားပင်ဖြစ်ရာ ကြံကြံခံ၍တရားရှိကြရမည်။ ယခုမြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ ကျရောက်နေသော်လည်း အရင်းအမြစ်များကို ကြည့်ခြင်းအားဖြင့် ဗမာပြည်သည်ဗမာတို့၏ပြည်သာဖြစ်ပေသည်။ ဗမာလူမျိုးတို့သည် ကမ္ဘာတွင်သမိုင်းအစဉ်မပျက် ထင်ရှားလာခဲ့ကြသော လူမျိုးများဖြစ်သည်။ ရာဇဝင်ထင်ရှားသော လူမျိုးဖြစ်ပါလျက် ဗမာတို့၏ခေတ်ကို ရောက်သည်အခါတွင် အညံ့မခံသင့်ပေ။ ထိုသို့အညံ့ခံပါက "ဗမာပင် ဟုတ်ရဲ့လား" ဟူ၍ပင် မေးခွန်းထုတ်ဖွယ် ကောင်းလှပါသည်။ ဗမာများအားလုံး တက်ညီလက်ညီနှင့် ယောက်ျားပီသစွာ ရှိကြရမည်။ မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ နောင်လာနောက်သားများအတွက် ဆောင်ရွက်သင့်သည်။ ဗမာတို့သည် ဇာတိကိုကရဲသဖြင့် ဗမာပီပီရဲကြရမည်။ ကြောက်မွှေးများရှိပါက တစ်ချောင်းချောင်စီ ဇပ်ကနဲနှုတ်ယူရမည်။ ဗမာပြည်သည် ဗမာတို့အတွက်သာဖြစ်ရာ နယ်ချဲ့အင်္ဂလိပ်တို့ကို ရဲရင့်စွာစိန်ခေါ်ကြရပေမည်။ ဗမာတို့၏မျိုးရိုးသည် သခင်မျိုးရိုးဖြစ်သည်နှင့်အညီ ကျွန်အကျင့်ကိုမကျင့်အပ်ဘဲ သခင်အကျင့်ကိုသာ ကျင့်သင်ကြသည်။ ဗမာလူမျိုးတို့သည် အသက်သာအသေခံမည် အမွှေး‌တစ်ချောင်းမျှ အကျွတ်မခံလိုဟုဆိုသည့် စာမရီငှက်များကဲ့သို့သော စိတ်ဓာတ်များရှိကြသည်။ ယူဇနာနှစ်သိန်းလေးသောင်း အထူရှိသော ကမ္ဘာမကြေသည့်ကာလပတ်လုံး ဗမာပြည်သည်ဗမာတို့၏ လက်ထဲ၌သာရှိကြရမည်။ ကမ္ဘာကြေသော်လည်း ဗမာတို့၏ဂုဏ်သတင်းသည် လုံးဝပျောက်ကွယ်ခြင်းမရှိအပ်ပေ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်းအစရှိသော တိုင်းရင်းသားလူမျိုးစုအားလုံးကိုချုံ၍ "ဗမာလူမျိုး" ဟူ၍မှတ်ယူရမည်။ ထိုဗမာတိုင်းရင်းသားများအားလုံးသည် ဗမာပြည်ကိုမိမိတို့ပြည်အဖြစ်မှတ်ယူကြရမည်။ ဗမာတိုင်းရင်းသား အချင်းချင်းသည်လည်း သွေးသားအရင်းအခြာလို ချစ်ချစ်ခင်ခင်နေကြရမည်။ ထိုသို့ဆောင်ရွက်ရန်မှာ ဗမာတို့၏အဓိက တာဝန်ကြီးပင်ဖြစ်ပေသည်။ ဗမာတို့သည်ပေါ့ဆမနေဘဲ ဗမာတို့၏အရေးအတွက် အမြဲကြိုးစား၍ ဆောင်ရွက်နေကြရမည်။ နေမင်းသည်နံနက်တိုင်း အရှေ့အရပ်မှထွက်လာသကဲ့သို့ ဗမာပြည်ကြီးသည်လည်း တစ်နေ့လျှင်လည်း ထည်ထည်ဝါဝါနှင့် နေနိုင်သောခေတ်ကို ရောက်ရှိလာမည်မှာလည်း ဧကန်မလွဲပင်ဖြစ်သည်။ ဗမာတို့သည် မိမိအိမ်မှအိမ်၊ မိမိရွာမှရွာဟုမှတ်တတ်သော ကိုယ့်အိမ်ကိုယ်သာချစ်ခင်သည့် စိတ်ဓာတ်ကိုဖျောက်ဖျက်သင့်သည်။ မြောက်ဖက်ပူတာအိုမှ တောင်ဖက်ဝိတိုရိယအငူ၊ နောက်ဖက်အိန္ဒိယနယ်စပ်မှ အရှေ့ဖက်ယိုးဒယားနယ်စပ်အထိဖြစ်သော ဗမာတစ်ပြည်လုံးကိုမှ မိမိအိမ်၊ မိမိရွာဟူ၍ ချစ်ခင်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြရပေမည်။ ထို့သို့ဆောင်ရွက်မှသာ ဗမာဟူသောအမည်နှင့် ထိုက်တန်ကြပေမည်။ အခြားကြည့်ရန် ကမ္ဘာမကျေ မှတ်စုများ ကိုးကား မြန်မာ့ဂီတ မြန်မာသီချင်းများ မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%E1%80%97%E1%80%99%E1%80%AC%20%E1%80%9E%E1%80%AE%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8
ပီကာဆို
ပတ်ဘလို ရူးအစ် ဝိုင် ပီကာဆို (၁၈၈၁-၁၉၇၃) သည် စပိန်လူမျိုးပန်းချီပညာရှင်ကြီး တစ်ဦးဖြစ်သည်။ စပိန်နိုင်ငံ မာလာဂါမြို့တွင် ဖွားမြင်သည်။ ဖခင်မှာ ပန်းချီဆရာတစ်ဦးဖြစ်ပြီး ပန်းချီသင်တန်းများကိုလည်း ဖွင့်လှစ်သဖြင့် မျိုးရိုးရှိသူဟုဆိုနိုင်သည်။ အသက် ၁၄နှစ်တွင်ပင် ပန်းချီတွင် ကောင်းစွာအစွမ်းပြနိုင်သောကြောင့် ပါရမီရှိသူအဖြစ် အများက သတ်မှတ်ကြသည်။ ပန်းချီဆွဲခြင်းကို အသက်ထက်ဆုံးတိုင် ပြုလုပ်သွားပြီး (၂၀)ရာစု ပန်းချီပညာရှင်အားလုံးအနက် လူသိအများဆုံးဟု ဆိုသင့်သည်။ ပီကာဆိုသည် ဟန်အမျိုးမျိုးဖြင့် ပုံများရေးဆွဲတတ်သည်။ အခြားပန်းချီပညာရှင်များအပေါ် ကြီးမားစွာ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်။ ပီကာဆို၏ အစောဆုံးလက်ရာများကို အဓိကအားဖြင့် အပြာရောင်ဖြင့်ခြယ်မှုန်းခဲ့သည်။ နောက်ပိုင်းတွင် ဂဲဩမေတြီပုံသဏ္ဌာန် အစိတ်အပိုင်းများဖြင့် ရုပ်ပုံများစွာရေးဆွဲလာသည်။ ကျူဗစ်ဆင် (Cubism) ခေါ် ပန်းချီရေးနည်းရေးဟန်အဖြစ် သိထားကြသည်။ ပီကာဆို၏ အထင်ရှားဆုံး ပန်းချီကားများစွာအနက် ဂွါနီကာ (Guernica) လည်း ပါဝင်သည်။ နိုင်ငံရေးအငွေ့အသက်မကင်းသည့် အဆိုပါပန်းချီကားမှာ စပိန်နိုင်ငံ ပြည်တွင်းစစ်ကာလအတွင်း မြို့တစ်မြို့ပျက်စီးသွားရပုံကို သရုပ်ဖော်ထားသည်။ ပီကာဆိုသည် ပန်းချီပညာသာမက ပန်းပုအတတ်ကိုပါ ကောင်းစွာ တတ်ကျွမ်းသည်။ ဘဲလေးအက(Ballet) အတွက်လည်း နောက်ခံကားများကို ရေးဆွဲပေးသည်။ ကဗျာစပ်ရာတွင်လည်း မညံ့ပေ။ ကျောက်ထွင်းပန်းချီ အပါအဝင် အခြားသော အနုပညာလက်ရာ အများအပြားပင် ကျန်ရှိနေသေးသည်။ ထူးထူးခြားခြား ပန်းချီဆွဲသက်ကြာလွန်းပြီး ၇၅နှစ်မျှ ပန်းချီများ ရေးဆွဲခဲ့သည်။ တစ်ပါတ်တွင် ပန်းချီ ၅ ချပ်နှုန်းရေးဆွဲခဲ့ပြီး ပန်းချီကားပေါင်း ၂၀ဝ၀ဝ ကျော်ကို လက်ရာမထပ်စေရအောင် ရေးဆွဲခဲ့သူဖြစ်သည်။ ပန်းချီကျော်ဖြစ်သည်နှင့် အညီ ၎င်း၏ပန်းချီကားများ ဈေးကောင်းရသဖြင့် ချမ်းသာသူတစ်ဦးဖြစ်လာသည်။ စပိန်နိုင်ငံသား ဖြစ်သော်လည်း ကွယ်လွန်ချိန်အထိပြင်သစ်နိုင်ငံ၊ မိုဂျင်(Mougins)တွင်သာ နေထိုင်သွားခဲ့သည်။ ရည်ညွှန်းကိုးကား ကျော်စွာ(၁၀ဝ)-ဒေါက်တာသန်းထွန်း စပိန် အမျိုးသား ပန်းချီဆရာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AE%E1%80%80%E1%80%AC%E1%80%86%E1%80%AD%E1%80%AF
ဘီသိုဗင်
ဂျာမန်လူမျိုး ထိပ်တန်းဂီတစာဆိုကျော်ကြီး တစ်ဦးဖြစ်သူ လု(ဒ်)ဝစ် ဗန် ဘီသိုဗင် (; ; ; ၁၇၇၀-၁၈၂၇) အား အကြီးမားဆုံး တေးပြုဂီတစာဆိုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ ကြရပေမည်။ ဘီသိုဗင် (ဗေထော်ဗင်) ကို ဂျာမနီနိုင်ငံ၊ ဘွန်းမြို့ တွင်မွေးဖွားသည်။ ဂီတဆရာကြီးမိုးဇတ် ထံတွင်လည်းကောင်း၊ နောင်တွင် ယိုးဆက်ဖ် ဟိုင်ဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concerto တို့ အပါအဝင် လက်ရာမြောက်တေးဂီတများစွာကြောင့် နာမည်ထင်ရှားခဲ့သည်။ သူ၏ကျော်ကြားလှသော နဝမမြောက် ဆင်ဖိုနီသည် သံစုံတီးဝိုင်းလောကတွင် ပထမဆုံးသံပြိုင်တေး စတင်ထည့်ရေးခဲ့သော ဆင်ဖိုနီမျိုးပင်ဖြစ်သည်။ ဘဝအကြောင်း ဂျာမနီနိုင်ငံ၊ ဗွန်မြို့တွင် ၁၇၇၀-ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ဖွားမြင်သည်။ ငယ်စဉ်ဘဝကပင် တေးဂီတနှင့် ပက်သက်၍ အစွမ်းအစများ ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ဂီတမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏အဖေ(Johann)နှင့် အဘဖြစ်သူ (Ludwig)သည် ဂီတသမားများ ဖြစ်ကြသည်။ သူတို့သည် ဘီသိုဘင်ကို ကလေးဘဝကတည်းက ဂီတမှာ လေ့ကျင့်ပေးခဲ့သည်။ အသက် ၄ နှစ် အရွယ်မှစ၍ အဆိုတော် အမူးသမား ဖခင်၏ ရိုက်နှက်စေခိုင်းမှုကြောင့် စန္ဒရားတီး သင်ခဲ့ရသည်။ ကလေးဘဝ လွတ်လပ်ပျော်ရွှင်စွာ မနေရ၊ မကစားရဘဲ ခိုင်းသည့်အတိုင်း လုပ်နေရသည့် အချုပ်အချယ်ခံရမှုကြောင့် ဘီသိုဗင်၏ စိတ်ဓာတ်ကို ထိခိုက်သွားကာ နောင်အခါတွင် စိတ်ချောက်ချား တတ်ခြင်း၊ စိတ်တိုတောင်းခြင်း ဖြစ်လာတတ်လေသည်။ ဖခင်ဆိုးသည် အိမ်ထောင်၏ တာဝန်ကို ကျေပွန်စွာမထမ်းလိုသဖြင့် အိမ်ထောင်စရိတ် ရှာနိုင်စေရန် ဂီတနယ်ထဲ အတင်းဆွဲသွင်းခြင်းဖြစ်သည်။ စင်စစ် ဘီသိုဗင်၌လည်း ငယ်စဉ်ကပင် ဂီတဘက်၌ ထူးချွန်မည့် အရည်အသွေးများ ရှိခဲ့သည်။ ထို့ကြောင့် ၁၁ နှစ်သား အရွယ်တွင် ကိုယ်တိုင် တေးဂီတများကို စပ်ဆိုနိုင်ခဲ့သည်။ ၁၄ နှစ်သားအရွယ်တွင် နန်းတွင်းလက်ထောက် အော်ဂန်ဆရာ ဖြစ်လာသည်။ နောင်အခါတွင် အော်ခက်စတြာ တီးဝိုင်းများကို ခေါင်းဆောင် နိုင်ခဲ့လေသည်။ ဘီသိုဗင်တို့မိသားစု၏ အခြေအနေမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ ဖခင်ကလည်း အိမ်ထောင်၏ တာဝန်ကို မယူလိုဘဲ ပေါ့ပေါ့နေသဖြင့် အိမ်သားများမှာ ဆင်းရဲကျပ်တည်းပြီးလျှင်၊ ကျန်းမာရေးလည်း ချို့တဲ့ကြသည်။ ဘီသိုဗင်သည် မသာယာသော အိမ်ထောင်စုကို ကျောထောက် နောက်ခံပြုကာ၊ သူ၏ ဂီတပညာကို တိုးသည်ထက်တိုးအောင် ကြိုးစားခဲ့သည်။ ၁၇၈၃ အရောက်တွင် သူ၏ပထမဆုံးသော တေးဂီတလက်ရာကို စတင်ထုတ်ပြနိုင်ပြီဖြစ်သည်။ ၁၇ နှစ်သားအရွယ် ၁၇၈၇ ခုနှစ်တွင် ထိုစဉ်က ဂီတမြို့တော်ဖြစ်သော ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ သွားရောက်၍ ဂီတပညာရှင်ကြီး တစ်ဦးဖြစ်သော မိုးဇက်၏ရှေ့တွင် မိမိ၏စွမ်းရည်ကို ပြသခဲ့သည်။ ထိုအခါ မိုးဇက်က ဘီသိုဗင်သည် ကမ္ဘာ၌ သူ့ဂီတသံ လွှမ်းအောင် ပြုနိုင်မည့် သူဟူ၍ နိမိတ်ဖတ်လိုက်လေသည်။ မိုးဇက်ကွယ်လွန်ပြီး တစ်နှစ်အကြာ ၁၇၉၂ တွင် ဗီယင်နာသို့ နောက်တစ်ကြိမ်ပြန်ရောက်လာကာ တေးဂီတပညာရှင် ဟေ့ထံတွင် ပညာသင်ယူခဲ့သည်။ ထိုမြို့တွင်ပင် အိမ်ထောင်မပြုဘဲ လူပျိုဘဝဖြင့် အသက်ထက်ဆုံးနေထိုင်သွားခဲ့သည်။ ဗီယင်နာမှ ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူကွယ်လွန်ရာ၊ အမူးသမား ဖခင်နှင့် ညီအစ်ကို မောင်နှမ တို့၏ တာဝန်ကို ဘီသိုဗင်က လုံးဝတာဝန်ယူ ဆောင်ရသည်။ သို့ဖြစ်လင့်ကစား အိမ်သားများသည် သူ့အား စိတ်ချမ်းသာမှု မပေးဘဲ နားပူနားဆာ ပြုတတ်ကြလေသည်။ ယင်းသို့သော အခြေအနေကြားထဲမှပင် ဘီသိုဗင်၏ ဂီတစွမ်းရည်သည် တိုးတက်လာခဲ့သည်။ ဗွန်းမြို့ရှိ ဩဇာတိက္ကမရှိသော လူကြီးလူကောင်းများက သူ၏ ဂီတစွမ်းရည်ကို အကြောင်းပြုပြီးလျှင် ဘီသိုဗင်အား ခင်မင်စေတနာ ထားကြသဖြင့် ဗီယင်နာမြို့တွင် ဂီတ ဝိဇ္ဇာကြီးတစ်ဦးဖြစ်သူ ဂျိုးဇက်ဟိုင်းဒင်ထံတွင် ဂီတပညာ ဆက်လက်ဆည်းပူးနိုင်အောင် စီစဉ်ပေးကြသည်။ ဗီယင်နာတွင် ဂီတပညာ ဆည်းပူးခဲ့ပြီးနောက်တွင် ဘီသိုဗင်သည် ထိပ်တန်း ဂီတစာဆို တစ်ဦး အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ဘီသိုဗင်သည် စန္ဒရားအတတ်တွင် ပါရမီထူးကာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်။ ကိုယ်တိုင်တီးခတ်ခြင်းနှင့် အခြားသူများအား သင်တန်းပေးခြင်းနှစ်မျိုးလုံးတွင် အောင်မြင်ကျော်ကြားလှပါသည်။ မကြာမီပင် ကျွမ်းကျင်သူအဆင့်ရှိသည့် ဂီတပညာရှင်တစ်ဦးဖြစ်လာပြီး သူ၏လက်ရာများမှာလည်း အများက အမွန်တမြတ် နားထောင်လာကြရသည်။ အသက် ၂၅နှစ်အရွယ်မှစကာ သူ၏ဂီတလက်ရာများကို တွင်တွင်ကျယ်ကျယ်ပင် ပုံနှိပ်ထုတ်ဝေရောင်းချလာကြသည်။ ယင်းသို့ထိပ်ထိပ်ကြဲ ဂီတပညာရှင် တစ်ဦးအဖြစ်သို့ ရောက်ခဲ့ပြန်သော်လည်း၊ စိတ်မချမ်းသာဖွယ်ရာ တစ်မျိုးသည် ဘီသိုဗင်၏အပေါ် လောင်းရိပ်ကဲ့သို့ မိုးလာပြန်လေသည်။ ယင်းသည်ကား တဖြည်းဖြည်း နားလေးလာရာက နောက်ဆုံးတွင် မကြားရသော ဘဝသို့ရောက်ခဲ့ခြင်းပင် ဖြစ်လေသည်။ သို့သော် စိတ်ဓာတ်ပြင်းပြလှသော ဘီသိုဗင်သည် ယင်းသို့သော အကုသိုလ်ဖိစီးမှုကို လွယ်လွယ်နှင့် အရှုံးမပေးချေ။ အသက် ၃ဝ-ခန့်ရောက်သော် နားထိုင်းစပြုလာပြီး ထိုရောဂါလက္ခဏာအား ကြောက်လန့်လာသဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးသည်ဟု ဆိုကြသည်။ ၁၈၀၂ မှ ၁၈၁၅ ကာလများအတွင်းတွင် လူလတ်ပိုင်းအရွယ် ဘီသိုဗင်သည် နားမကြားသည့် ရောဂါအားပိုမိုဖိစီးခံစားလာရသဖြင့် လူတောမတိုးသည့် ဘဝဖြင့်နေထိုင်လာခဲ့ရရှာသည်။ အကြောင်းမသိသူတို့က သူ့အား လူအချင်းချင်း ရွံ့မုန်းတတ်သူအဖြစ် ထင်မှားခဲ့ကြသည်။ မိန်းမပျိုများနှင့် ချစ်ခင်ရင်းနှီးမှုများ ရှိခဲ့ဖူးသော်လည်း ရေရှည်မခံသကဲ့သို့ အိမ်ထောင်လည်း မပြုခဲ့ပေ။ ထိုအချိန်ထိ သူ၏လက်ရာကောင်း၊ လက်ရာမွန်များစွာ ဆက်တိုက်ပင် ပေါ်ထွက်လာခဲ့သည်။ လူတို့အကြိုက်ကိုလိုက်ကာ ရေးစပ်သီဖွဲ့သည်မဟုတ်၍ ထိုခေတ်အခြေအနေဖြင့် တွင်ကျယ်မည်ကို သေချာမပြောနိုင်သည့်တိုင် လူအများက လက်ခံနားဆင်ခဲ့ကြသည်။ အသံကို အကြောင်းပြုရသော မိမိ၏ ပညာလုပ်ငန်းကို မစွန့်လွှတ်ဘဲ၊ အသံမကြားရသည့် ဘဝ၌ပင် ဆက်လက်၍ တေးဂီတကြီးများကို စပ်ဆိုစီကုံးခဲ့သည်။ နားမကြားရသည့် နောက်ပိုင်းတွင် စပ်ဆိုသည့် တေးကြီးတေးခန့်များသည် ဘီသိုဗင်၏ အကောင်းဆုံး လက်ရာများဟု ဆိုကြလေသည်။ ဘီသိုဗင်သည် အရုပ်ဆိုးသော်လည်း ပင်ကိုသဘော တည်ကြည်မှု၊ သူ၏ထူးချွန်သော ဂီတပါရမီတို့ကြောင့် သူ့အား ကြည်ညိုလေးစားသူများပြားသည်။ သို့သော် ဘီသိုဗင် နားထိုင်းရောဂါ ဖြစ်ပြီးနောက်တွင် သူ၏ ညီအစ်ကို မောင်နှမများက သူ၏ ငွေကြေးကိစ္စကို ဆောင်ရွက်မှုကြောင့် ဘီသိုဗင်အား ခင်မင်ကြသူများနှင့် စိမ်းသွားခဲ့ရသည်။ မိဘဆွေမျိုးအတွက် တာဝန်ကြီး ထမ်းခဲ့ရသော်လည်း ဆွေမျိုးအကျိုးပေးလည်း မကောင်းခဲ့ပေ။ ချစ်ကိစ္စများ၌လည်း ကံခေခဲ့သဖြင့် အိမ်ထောင်မပြုခဲ့သော ဘီသိုဗင်သည် တူတစ်ယောက်အား သားရင်းတမျှ ချစ်ခင်မြတ်နိုးခဲ့ရာ ထိုသူသည် သူ့အား စိတ်ဒုက္ခအပေးဆုံး ဖြစ်ခဲ့သည်။ ယင်းသို့သော စိတ်မချမ်းသာဖွယ် အမျိုးမျိုးကို ကြိုးစားတွန်းလှန်ခဲ့ရသော ဘီသိုဗင်မှာ တစ်ခါတစ်ရံ မျိုသိပ်မထားနိုင်ဘဲ ဒေါသအိုး ပေါက်ကွဲတတ်သည်။ ဘီသိုဗင် ရေးခဲ့သော သေတမ်းစာတစ်စောင်ထဲတွင် မိမိသည် နားထိုင်းခြင်း စသည့်ဒုက္ခအမျိုးမျိုး စိတ်မချမ်းသာဖွယ် အဖုံဖုံတို့ကို ခံစားရလွန်း၍ မချိတင်ကဲဖြစ်ကာ၊ တစ်ခါတစ်ရံ စိတ်မထိန်းနိုင်ဖြစ်ပြီးလျှင် မိမိ ဒေါသတကြီး ဖြစ်မိသည်များကို ညီအစ်ကို မောင်နှမများကခွင့်လွှတ်ပါရန် ရေးသားထားလေသည်။ ဘီသိုဗင်အဖို့တစ်မျိုးပြီးတစ်မျိုး သူရင်ဆိုင်ရသော စိတ်မချမ်းသာမှုများသည် သူ့အား ဘဝကို အရှုံးမပေးလိုအောင် သွေးထိုးပေးသကဲ့သို့ရှိပြီးလျှင် တေးဂီတ တစ်ပုဒ်ပြီးတစ်ပုဒ် သူ့ကလောင်များမှ ထွက်ခဲ့သည်။ သီချင်း ရိုးရိုးမှ ဂီတပြဇာတ်ကြီးများအထိ စပ်ဆိုရေးသားခဲ့ရာ သူ၏ ဂီတစွမ်းရည် ထက်မြက်ထူးချွန်ပုံကို အကဲခတ်နိုင်ပေသည်။ ဘဝနိဂုံး ဘီသိုဗင်သည် ကောင်းစွာ မကျန်းမမာ ဖြစ်နေရာမှ အသက် ၅၆ နှစ်အရွယ် ၁၈၂၇ ခုနှစ်တွင် ညီဖြစ်သူထံ အလည်သွားရင်း ဗီယင်နာမြို့၌ပင် ကွယ်လွန်သည်။ ဘီသိုဗင် ကွယ်လွန်ပြီးသည့် နောက်တွင် ထူးခြားသော ဂီတပညာရှင်ကြီးကို ဂုဏ်ပြုသောအားဖြင့် သူ၏ ဇာတိဖြစ်သော ဗွန်းမြို့တွင်လည်းကောင်း၊ သူ၏ သင်္ချိုင်းရှိရာ ဗီယင်နာမြို့၌လည်းကောင်း သူ၏ ရုပ်တုများကို ထားရှိပြီးလျှင် ဘီသိုဗင်မွေးဖွားခဲ့ရာ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားရှိလေသည်။ ဘီသိုဗင်၏ ထင်ရှားသောသီချင်းများ စန္ဒရားဆိုနာတာ အမှတ် ၈၊ ၁၄၊ ၂၀၊ ၂၉၊ ၃၁၊ ၃၂ ဆင်ဖိုနီ အမှတ် ၃၊ ၇၊ ၉ ကျမ်းကိုး ကျော်စွာ(၁၀၀)- ဒေါက်တာသန်းထွန်း ဂျာမန် အမျိုးသား ဂီတပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AE%E1%80%9E%E1%80%AD%E1%80%AF%E1%80%97%E1%80%84%E1%80%BA
ဗစ်တာဟူးဂိုး
ဗစ်တာဟူးဂိုး(၁၈၀၂-၁၈၈၅)သည် ပြင်သစ်ကဗျာဆရာ၊ ပြဇာတ်ဆရာနှင့် ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။ ပြင်သစ်စာဆိုတော် ဝတ္ထုစာရေးဆရာကြီး ဗစ်တာမာရီ ဟျူးဂိုးသည် ဥရောပစာဆိုတို့၏ အလယ်တွင် မားမားမတ်မတ် ရပ်နိုင်ခဲ့သူ ဖြစ်လေသည်။ သူသည် တစ်သက်လုံး ကြိုးကြိုးပမ်းပမ်း စာရေးသွား၏။ သူရေးသောစာများမှာ အရေ အတွက်အားဖြင့်လည်းများ၏။ အဆင့်အတန်းအားဖြင့်လည်း မြင့်၏။ အမျိုးအစားအားဖြင့်လည်း များပြား၏။ ထိုကြောင့် ဤမျှ မြောက်မြားလှသောစာကောင်းပေကောင်း အမျိုးမျိုးကို ရေးစွမ်းနိုင်သူ ဗစ်တာဟျူးဂိုးသည် အခြား စာရေးဆရာများနှင့်မယှဉ်သာအောင် ဖြစ်နေတော့၏။ ဟျူးဂိုးသည် ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ ဗီဆန်ဆွန်မြို့၌ ၁၈ဝ၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွားမြင်၍ အီတလီနိုင်ငံ၊ စပိန်နိုင်ငံများသို့ လှည့်လည်ခဲ့ဘူး၏။ မဒရစ် မြို့တော်နှင့် ပါရစ်မြို့တော်တို့၌ ပညာသင်ကြားခဲ့၍ အသက် ၁၆ နှစ်အရွယ်သို့ ရောက်သောအခါ ဟျူးဂိုး၏ ပညာအရည် အချင်းကို ကြည့်၍ သူသည် မုချ စာရေးဆရာကြီး တစ်ဦး ဖြစ်ရမည်ဟု လူတိုင်း အကဲဖြတ်နိုင်၏။ အသက် ၁၇ အရွယ် တွင် ကဗျာတစ်ပုဒ်ရေးခြင်းဖြင့် ပြင်သစ်နိုင်ငံ ပညာတံခွန် အသင်းကြီး၏ ဆုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ ဟျူးဂိုးသည် ပညာရေး၌သာမက နိုင်ငံရေးဘက်တွင်လည် အရေးပါ အရာ ရောက်သူတစ်ဦး ဖြစ်လေသည်။ ၁၈၄၃ ခုနှစ်မှ ၁၈၅၃ ခုနှစ် အထိ ၁ဝ နှစ်လောက် အတွင်းတွင် နိုင်ငံရေးကို အတော် လိုက်စား၏။ ၁၈၄၆ ခုနှစ်တွင် ပြင်သစ်ပါလီမန် အထက် လွှတ်တော်၌ ပထမဦးဆုံးအကြိမ် မိန့်ခွန်းစကား ပြောကြားခဲ့ ၏။ သူသည် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်၍ လူဝီနပိုလီယန် လက်ထက်၌ ပြင်သစ်နိုင်ငံမှ ဘရပ်ဆဲလ်သို့ ထွက် ပြေးခဲ့ရလေသည်။ ထိုမှ ဂျာဆီကျွန်း၊ ဂန်ဇီကျွန်းတို့သို သွား ရောက် နေထိုင်ခဲ့၏။ ဤသို့ တစ်ကျွန်းတစ်မြေ၌ အေးဆေးစွာ နေထိုင်ယင်း သူဝါသနာပါသော စာများကို ရေးသားခဲ့လေ သည်။ ဗစ်တာဟျူးဂိုး၏ ကဗျာများကို စာဆိုတော်ကြီးတစ်ဦးက ဤသို့ ခြီးကျူးထားသည်။ ဗစ်တာဟျူးဂိုး၏ ကဗျာသစ် တစ်ပုဒ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏တေးကဗျာကို ပဲ့တင်ခတ်ကြသည်။ သံယောင် လိုက်ကာ တေးချင်းညည်း ကြသည်။ သီဆိုကြသည်။ သူ၏ ရွှန်းရွှန်းပသော တေးကဗျာ၊ ချိုအေးသာယာသော တေးကဗျာ၊ နှစ်လို့ဖွယ်ကောင်းသော တေးကဗျာသည် တူရိယာသံစုံ တစ်ခဲနက် တီးမှုတ်လိုက်ဘိ သကဲ့သို့ အသံမျိုးစုံ စီရရီထွက်ကာ လူတို့၏စိတ်ကို ပီတိ လွှမ်းမိုးစေနိုင်သည်။ ဟျူးဂိုးသည် ပြဇာတ်နှင့် ဝတ္ထုများလည်း ရေးသားခဲ့ရာ သူ၏ ဝတ္ထုများသည် ပြင်သစ်စာပေနယ်၌သာ မက ဥရောပရှိ အခြားစာပေနယ်များ၌ပင် ထင်ရှားကျော်စောလေသည်။ ဟျူးဂိုး၏ ကဗျာများမှာ ဘာသာ တစ်ခုမှတစ်ခုသို့ ပြန်ဆို ရာတွင် ကဗျာ့အရသာ ပေါ့ပျက်သွားရန်ရှိသဖြင့် စကားပြေစာ များကိုသာ ဘာသာပြန် ဆိုကြသည်က များလေသည်။ ဟျူးဂိုး၏ ဝတ္ထုများထဲတွင် အကျော်စောဆုံးမှာ လာမီဇာ ရေးဗဲ (အပယ်ခံများ)နှင့် နိုထရာဒမ်မှ ခါး ကုန်းကြီးတို့ ဖြစ်သည်။ ထိုဝတ္ထုနှစ်ခုစလုံး၌ တဏှာမဘက် စင်ကြယ်သော မေတ္တာသက်သက်နှင့် အနစ်နစ်ခံခြင်း၊ စွန့်စားခြင်းတို့ကို ဂုဏ်တင် ရေးသားထားလေသည်။ အပယ်ခံများ ဝတ္ထု၌ ရာဇဝတ်ပြစ်မှုများအတွက် အဆမတန် ကြီးလေးသည့် အပြစ် ဒဏ်များပေးခြင်းမှာ လူတို့ကို ပြုပြင်ရာမရောက် ဆိုးသူကို ပို၍ ဆိုးစေသည့်အကြောင်း၊ အကျဉ်းထောင် စံနစ်များကို ပြုပြင်သင့် ကြောင်းတို့ကို ရည်ရွယ်၍ ရေးသားထားလေသည်။ ထိုဝတ္ထု ဇာတ်လိုက်မှာ ငတ်နေသော နှမငယ်နှင့် ကလေးများအတွက် ပေါင်မုံ့ခိုးမိသဖြင့် ထောင်ဒဏ် ၁၉ နှစ် ခံရသည်။ ထောင်မှ လွတ်လာသောအခါ ထောင်ထွက်ဟူ၍ မည်သူကမျှ လက်မခံ၊ ပိုက်ဆံ မပေး၊ ဝယ်စားချင်၍မျှ ရောင်းမည့်သူမရှိ၊ မောင်းထုတ် ခြင်းကိုသာ ခံရလေသည်။ ထိုအခါ ဘုန်းကြီးတစ်ပါးက အစား အစာ ကျွေးမွေး၍ တစ်ညဉ့်အဖို့ လက်ခံထားလေသည်။ လောကကြီးကို စိတ်နာမုန်းတီး နေသော ထောင်ထွက်သည် ကျေးဇူးရှင်ကိုပင် သတ်မည်ဟု ကြံပြီးမှ နောက်ပြန်တုံ့၍ ပစ္စည်းများ ခိုးယူ ထွက်ပြေးလေသည်။ ပုလိပ်များက လမ်းမှာ တွေ့၍ ဖမ်းကာ ဘုန်းတော်ကြီးထံသို့ ခေါ်ဆောင်လာရာ ဘုန်းတော်ကြီးက ထိုပစ္စည်းများကို သူက ပေးလိုက်ကြောင်း ပြောလိုက်သဖြင့် ချမ်းသာခွင့်ရလေသည်။ သူ၏ဘဝတွင် ဤကဲ့သို့ ဆင်းရဲသူတစ်ဦးအား သနားညှာတာ ခွင့်လွှတ် လိုက်ခြင်းကို ပထမဦးစွာ တွေ့ကြုံရသဖြင့် ထိုအချိန်မှစ၍ လူကောင်းဖြစ်ရန် စိတ်ပိုင်းဖြတ်လိုက်လေသည်။ လောကတွင် ကိုယ်ကသာ အနာခံရမည်ဟူသော ဆုံးမစကားနှင့် ဘုန်းတော် ကြီးက ငွေဖယောင်းတိုင်ခွက်တစုံကို ပေးလိုက်လေသည်။ ထိုအခါမှစ၍ ထောင်ထွက်ယောက်ျားသည် နောက်ကြောင်း ဖြစ်သော လူဆိုးဘဝကို ဇာတ်မြှုပ်၍ လူကောင်း တစ်ဦး အဖြစ်သို့ ရောက်ခဲ့လေသည်။ သနားကြင်နာခြင်း၏ အရသာကို လက်တွေ့ခံစားခဲ့ရသော ထိုသူသည် မိဘမဲ့ဖြစ်၍ သူတပါး၏ အိမ်၌ ကျွန်ခံနေရသော ကလေးမကလေးတယောက်ကို မွေးစား ကာ သမီးရင်းပမာ ချစ်ခင်နေလေသည်။ ထိုကလေးမကလေး အရွယ်ရောက် သောအခါ လူငယ်ပျိုတစ်ဦးနှင့် ချစ်ခင်နေကြောင်း သိရသောအခါ မိမိ၏ အထီးကျန် ဘဝ၌ တစ်ဦးတည်းသော အဖော်ကလေးကို မခွဲနိုင်ပဲ ရှိလေသည်။ သို့သော် ကိုယ်က သာ အနာခံရမည်ဟူသော ဩဝါဒအတိုင်း အနူးအညွတ် ခွင့်လွှတ်သည်သာမက ထိုသူငယ်ပျိုအား အဓိကရုဏ်းကြားထဲမှ အသက်စွန့်ကာ ကယ်ယူပေးခဲ့လေသည်။ ထိုဝတ္ထုကြီး၌ ဇာတ်လိုက်ဖြစ်သူ ထောင်ထွက်ယောက်ျား၊ သူ့အား ပြုပြင်ပေး သူ ဘုန်းတော်ကြီးနှင့် ထောင်ထွက်အား အမြဲလိုက်နေသူ ပုလိပ်အရာရှိ၊ ဤသုံးဦး၏ ပတ်ဝန်းကျင်တွင် ဇာတ်အိမ်တည် ထားသည်။ ပုလိပ်အရာရှိမှာလည်း သူ့နေရာနှင့်သူ အလွန် ဆီလျော်သော ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ ဥပဒေနှင့် ညီအောင် လုပ်ရမည် ဟူသောဝါဒကို ရိုးတွင်းခြင်ဆီ အထိ စွဲမြဲပုံကို သရုပ်ဖော်ထားသည်မှာ စာဖတ်သူတို့စိတ်ကို ထိခိုက် စေသည်။ ထိုဝတ္ထုတွင် စိတ်ထိခိုက်ဖွယ် အကောင်းဆုံးသော အခန်းမှာ ထောင်ထွက်ယောက်ျားသည် သူ့မွေးစားသမီး၏ ချစ်သူကို အဓိကရုဏ်းထဲမှနေ၍ ပါရစ်မြို့တော်၏ မြေအောက် အညစ် အကြေး ရေများသွားရာ လိုဏ်မြောင်း လမ်းကြောင်း အတိုင်း ထမ်းယူ ကယ်ဆယ်သောအခန်း ဖြစ်သည်။ ထိုအခန်းမှာ သူတို့လာရသောခရီး၏ စက်ဆုပ်ရွံရှာဖွယ် ကောင်းပုံကို ဝိဘစ္ဆရသပေါ်အောင်လည်းကောင်း၊ ဇာတ်လိုက်၏ အံ့ဩ ဖွယ်ကောင်းလောက် အောင် ဝီရိယစိုက်ပုံကို အဗ္ဘုတရသ ပေါ်အောင်လည်းကောင်း၊ ချစ်သမီးအတွက် အသက်ကြီးရင့်မှ အသက်စွန့် ရရှာသော ဇာတ်လိုက်အား သနားဖွယ်ကောင်းပုံကို ကရုဏာရသပေါ်အောင်လည်းကောင်း သရုပ်ဖော် ရေးသားခြင်း မှာ ကြက်သီးမွေးညှင်းထဖွယ် ကောင်းလေသည်။ ဗစ်တာဟျူးဂိုးသည် အံ့ဩဖွယ်ကောင်းသည့် အဖြစ်အပျက် မျိုးကို သနားဖွယ် ကြောက်မက်ဖွယ်နှင့် ရောစပ်ရေးသားရာတွင် သူမတူအောင် ကောင်းမွန်လေသည်။နိုထရာဒမ်မှ ခါးကုန်းကြီးဝတ္ထု၌ နိုထရာဒမ် ဘုရားရှိခိုး ကျောင်း မျှော်စင်ကြီးပေါ်၌နေသော ရုပ်ရည် ရူပကာ အလွန် ဆိုးဝါး စက်ဆုပ်ဖွယ်ကောင်းသော သတ္တဝါကြီးကို ဇာတ်လိုက် အဖြစ်နှင့် ရေးသားခဲ့သည်။ ထိုသတ္တဝါကြီးသည် ဝတ္ထုဖတ်သူ တို့၏ စိတ်တွင် အခြားအခြားသော ဝတ္ထုများ၌ တွေ့ရသော ဇာတ်လိုက်များထက်ပင် စွဲလမ်းစိတ်ထိခိုက်စေခဲ့သည်။ ထိုဝတ္ထု တွင် ဇာတ်လိုက်မင်းသမီးကို ကြိုးပေး ကွပ်မျက်မည့်ဆဲဆဲတွင် ခါးကုန်းကြီးက ပွေ့ယူကာ ဘုရားရှိခိုးကျောင်းကြီး ခေါင်းမိုး ပေါ်သို့ သာသနာ့မြေ သာသနာ့မြေ'' ဟု ဟစ်အော်တက် ပြေးသည့်အခန်းမှာ တစ်အုပ်လုံးတွင် အကောင်ဆုံးသော အခန်း တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ထိုခေတ်က ဘုရင့်အမိန့်သည် သာသနာ့မြေထဲသို့ မလိုက်နိုင်သဖြင့် မင်းသမီးအား သယ်ယူ ပြေးခြင်း ဖြစ်ရာ ထိုအခန်းမှာ အသည်းထိတ်ဖွယ် ကောင်းလှ သည်။ ဗစ်တာဟျူးဂိုးသည် ၁၈၇ဝ ပြည့်နှစ်တွင် နိုင်ငံခြားမှ မိမိ၏ဇာတိ ပြင်သစ်နိုင်ငံသို့ ပြန်ရောက်လာကာ လူအများ၏ ချီးမြှောက်ခြင်းကို ခံယူရလေသည်။ ယခင်က မထုတ်ရဟု တားမြစ်ပိတ်ပင်ထားသော ပြဇာတ်များကို ထိုအခါမှ တစ်ဖန် ပြန်လည် ထုတ်ဝေကာ စင်တင်ကပြရလေသည်။ သူ၏ ကဗျာ များကိုလည်း သီချင်း များအဖြစ် တီးမှုတ် သီဆိုကြလေသည်။ ၁၈၈၅ ခုနှစ် မေလ ၂၂ ရက်နေ့တွင် အသက် ၈၃ နှစ်အရွယ် ၌ ဗစ်တာဟျူးဂိုး ကွယ်လွန်ရာ ပြင်သစ်နိုင်ငံ၏ ကျော်စော ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ မြှုပ်နှံရာ သင်းချိုင်း၌ ခမ်းနား ကြီးကျယ်စွာ မြှုပ်နှံသင်္ဂြိုဟ်လိုက်ကြလေသည်။ ကိုးကား ပြင်သစ် စာရေးဆရာများ ပြင်သစ်နိုင်ငံ
https://my.wikipedia.org/wiki/%E1%80%97%E1%80%85%E1%80%BA%E1%80%90%E1%80%AC%E1%80%9F%E1%80%B0%E1%80%B8%E1%80%82%E1%80%AD%E1%80%AF%E1%80%B8
ဘီယာ
ဘီယာ (Beer) သည် ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံး ဘီယာ မည်သူစတင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာများကို နှစ်ခြိုက်ခဲ့ကြကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့် နှံစားပင်နှင့် ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ် အမျိုးမျိုးပေါ်ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်း ကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိကလူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအသုံးပြုကာ ဂျပန် လူမျိုးများက ဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင် အဓိက အသုံးပြုသောဗျစ်ပန်း (Hop) များ ကိုမူ အေဒီ ၁,ဝ၀ဝ တိုင် အောင်အသုံးမပြုပေ။ ယနေ့ခေတ် ဘီယာချက်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ ဖြင့်ချက်လုပ်ကာ အလိုအလျောက် ပုလင်းထဲထည့်ခြင်း၊ ပိုးသတ်ခြင်းများကို ဆောင်ရွက်သည်။ Kruger Cream Ale တံဆိပ် ပထမဆုံး ဘီယာဘူးများကို ၁၉၃၅ခုနှစ်၊ ဇန်နဝါရီ၂၄ရက်က Kruger Brewing ကုမ္ပဏီမှ ထုတ်လုပ်ရောင်း ချခဲ့ကြသည်။ ဘီယာသည် စားသောက်ကုန် တစ်ခုဖြစ်ပြီး ကမ္ဘာမှာ ကျယ်ပြန့်စွာသုံးစွဲနေကြသော စားသောက်ကုန်တစ်ခုလည်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့သည်ဟု ယူဆကြသည်။ အယ်လကိုဟော ပါဝင်သည့် အဖျော်ယမကာတစ်ခု ဖြစ်သည်။ ကမ္ဘာမှာ ရေနှင့် လက်ဖက်ရည် ပြီးရင် တတိယမြောက် အသုံးပြုဆုံး စားသောက်ကုန်လည်း ဖြစ်သည်။ ဘီယာတွင် အယ်လကိုဟော ပါဝင်နှုန်း ၄%မှ ၇%ထိ ထည့်သွင်းထားလေ့ရှိသည်။ ဘီယာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကျယ်ပြန့်ဆုံး သောက်သုံးသည့်အရက်များထဲမှ တစ်ခုဖြစ်ပြီး ရေနှင့် လက်ဖက်ရည်ပြီးနောက် တတိယလူကြိုက်အများဆုံး သောက်စရာဖြစ်သည်။ အဓိကအားဖြင့် စီရီရယ်အစေ့အဆန်များ—အများစုမှာ ဂျုံစပါး၊ ပြောင်းဖူး (ပြောင်းဖူး)၊ ဆန်နှင့် oats တို့ကိုလည်း ချက်လုပ်ခြင်းနှင့် အချဉ်ဖောက်ခြင်းတို့ဖြင့် ထုတ်လုပ်ထားသည်။ ဘီယာချက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ wort ထဲတွင် ကစီဓာတ် သကြားများကို အချဉ်ဖောက်ခြင်းသည် ထွက်ပေါ်လာသော ဘီယာတွင် အီသနော နှင့် ကာဗွန်နီယမ်ကို ထုတ်ပေးသည်။ ခေတ်မီဘီယာအများစုသည် ခါးသီးမှုနှင့် အခြားအရသာများကို ပေါင်းထည့်ကာ သဘာဝအတိုင်း တာရှည်ခံပြီး တည်ငြိမ်အေးဂျင့်အဖြစ် ဆောင်ရွက်သည့် ဟော့ပ်များဖြင့် ချက်ထားသည်။ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးဖက်ဝင်အပင်များ သို့မဟုတ် သစ်သီးဝလံများကဲ့သို့ အခြားသော အနံ့အရသာအေးဂျင့်များကို ဟင်းခတ်အမွှေးအကြိုင်များအစား ဟင်းခတ်အမွှေးအကြိုင်များအဖြစ် ထည့်သွင်း သို့မဟုတ် အသုံးပြုနိုင်ပါသည်။ စီးပွားဖြစ် ချက်လုပ်ရာတွင် သဘာဝ ကာဗွန်ထုတ်လွှတ်မှု အာနိသင်ကို မကြာခဏ ဖယ်ရှားပြီး အတင်းကာဗွန်နိတ်ဖြင့် အစားထိုးပါသည်။ လူ့လောက၏ အစောဆုံးသော အရေးအသားအချို့သည် ဘီယာထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကို ရည်ညွှန်းသည်- ဘီယာဆိုင်များနှင့် ဘီယာဆိုင်များကို ထိန်းညှိခြင်းဆိုင်ရာဥပဒေများ ပါဝင်သော Hammurabi နှင့် "The Hymn to Ninkasi" ၊ ဘီယာနတ်ဘုရားမထံ ဆုတောင်းသည့် မက်ဆိုပိုတေးမီးယားနတ်သမီးထံ ဆုတောင်းချက်၊ စာတတ်သူနည်းပါးသော ယဉ်ကျေးမှုတစ်ခုတွင် ဘီယာချက်နည်းကို မှတ်မိသည့်နည်းလမ်းတစ်ခုဖြစ်သည်။ ဘီယာကို ပုလင်းများနှင့် ဗူးများတွင် ဖြန့်ဝေထားပြီး အထူးသဖြင့် အရက်ဆိုင်များနှင့် အရက်ဆိုင်များတွင်လည်း အကြမ်းအားဖြင့် ရနိုင်သည်။ ဘီယာထုတ်လုပ်သည့်လုပ်ငန်းသည် ကြီးစိုးသောနိုင်ငံစုံကုမ္ပဏီအများအပြားနှင့် brewpubs မှ ဒေသတွင်း ဘီယာချက်စက်ရုံများအထိ ထောင်ပေါင်းများစွာသော အသေးစားထုတ်လုပ်သူများ ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ခေတ်မီဘီယာ၏အစွမ်းသတ္တိသည် အများအားဖြင့် 4% မှ 6% အယ်လ်ကိုဟောပမာဏအလိုက် (ABV) ဝန်းကျင်တွင် 0.5% နှင့် 20% အကြား ကွဲပြားနိုင်သော်လည်း အချို့သော ဘီယာချက်စက်ရုံများသည် 40% ABV နှင့်အထက် ဥပမာများကို ဖန်တီးခြင်းဖြင့် ကွဲပြားနိုင်သည်။ ဘီယာသည် နိုင်ငံများစွာ၏ ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘီယာပွဲတော်များကဲ့သို့သော လူမှုရေးဓလေ့ထုံးတမ်းများနှင့် ဆက်စပ်နေပြီး အရက်ဆိုင်များတွင် တွားသွားခြင်း၊ အရက်ဆိုင် ပဟေဠိများနှင့် အရက်ဆိုင်ဂိမ်းများကဲ့သို့သော ကြွယ်ဝသော အရက်ဆိုင်ယဉ်ကျေးမှုနှင့် ဆက်စပ်နေသည်။ ဘီယာကို ပေါင်းခံသောအခါ ရလာသောအရက်သည် ဝီစကီပုံစံတစ်မျိုးဖြစ်သည်။ စတင်ဖြစ်ပွားပုံ ဘီယာ ဟူသော စကားလုံးသည် Common Germanic မှ ယနေ့ခေတ်အင်္ဂလိပ်ဘာသာသို့ Old English bēor မှ ဆင်းသက်လာသည်။ စကားလုံးကို ဘာသာစကား-မိသားစု၏ အရှေ့ဂျာမနီဌာနခွဲတွင် သက်သေမပြထားသော်လည်း အနောက်ဂျာမနီနှင့် မြောက်ဂျာမနီဘာသာစကားများ (မော်ဒန် ဒတ်ချ် နှင့် ဂျာမန် ဘီယာ၊ Old Norse bjórr) တို့တွင် တွေ့ရှိရသည်။ စကားလုံး၏ အစောပိုင်း ဗျုပ္ပတ်ဗေဒကို အခြေအတင် ဆွေးနွေးနေသည်- အဓိက သီအိုရီ သုံးခုမှာ စကားလုံးသည် Proto-Germanic *beuzą (Proto-Indo-European *bʰeusóm မှ) ဟူသော အဓိပ္ပာယ်မှာ 'ဘီယာ၏တဆေး၊ ဘီယာအညစ်အကြေးများ'၊ barley ဟူသော စကားလုံးနှင့် ဆက်စပ်နေပါသည်။ သို့မဟုတ် ၎င်းကို Latin bibere  'သောက်ရန်' မှ တစ်နည်းနည်းဖြင့် ချေးယူခဲ့သည်။ Old English နှင့် Old Norse တွင် ဘီယာ ဟူသော စကားလုံးသည် ale ကဲ့သို့ မရောသောအရက်ကို ရည်ညွှန်းခြင်းမဟုတ်သော်လည်း ပျားရည်နှင့် ပြုလုပ်ထားသော ချိုမြိန်ပြီး အစွမ်းထက်သော အချိုရည်နှင့် စပျစ်သီးမှလွဲ၍ အခြားအသီးအနှံတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော ဖျော်ရည်၊ ale ထက် နေရာအနှံ့အပြားတွင် အများအပြားပါဝင်နိုင်သည် အစောပိုင်း အလယ်ခေတ် သင်္ချိုင်း ပစ္စည်းတွေ မှာ တွေ့ရတဲ့ သေးငယ်တဲ့ သောက်ခွက် အမျိုးအစား ဖြစ်တဲ့ သောက်စရာ ဟာ  mead  သို့မဟုတ်  cider နဲ့ ပိုတူပါတယ်။ သို့သော် ဂျာမန်ဘာသာတွင်၊ ဘီယာ-စကားလုံး၏ အဓိပ္ပာယ်သည် ကျွန်ုပ်တို့၏ အစောဆုံးကျန်ရှိနေသေးသော အရေးအသားအထောက်အထားများ မပေါ်မီကပင် ale-စကားလုံး၏ အဓိပ္ပာယ်ကို လွှမ်းခြုံထားသည်။ German hopped ale သည် အလယ်ခေတ်နှောင်းပိုင်းတွင် အင်္ဂလန်တွင် ခေတ်စားလာသည်နှင့်အမျှ အင်္ဂလိပ် စကားလုံး ဘီယာသည် ဂျာမန် အဓိပ္ပာယ်ကို ဆောင်ယူလာရာ အင်္ဂလိပ်တွင်လည်း ဘီယာသည် ဟို့ပ်ပါသည့် ဖျော်ရည်များကို ရည်ညွှန်းရန် ခေတ်သစ် အစောပိုင်းကာလတွင် ပေါ်လာသည်။ သမိုင်း ဘီယာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ပြင်ဆင်ထားသော အရက်များထဲမှ တစ်ခုဖြစ်သည်။ အချဉ်ဖောက်ခြင်း၏ အစောဆုံး ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများတွင် Isra ရှိ Raqefet Cave အနီးရှိ Haifa တောင်တန်းများအနီးရှိ Haifa တောင်တန်းများအနီးတွင် Haifa တောင်တန်းများ တွင်အသုံးပြုသော ကြမ်းကြန့်သျောလျောညီထွေရှိသော ဘီယာ၏အကြွင်းအကျန်များ ပါဝင်ပါသည်။ မြေအိုးမတင်မီခေတ် (ဘီစီ ၈၅၀၀ မှ ဘီစီ ၅၅၀၀ ဝန်းကျင်) အတွင်း Göbekli Tepe တွင် ဘီယာထုတ်လုပ်ခဲ့ကြောင်း အထောက်အထားများရှိသည်။ မုယောစပါးမှ ထုတ်လုပ်သော ဘီယာ၏ အစောဆုံး ထင်ရှားသော ဓာတုဗေဒ အထောက်အထားများမှာ ဘီစီ ၃၅၀၀ မှ ၃၁၀၀ ခန့်အထိ၊ အီရန်အနောက်ခြမ်း Zagros တောင်တန်းများရှိ Godin Tepe ၏နေရာမှဖြစ်သည်။ သီးနှံကို စတင်စိုက်ပျိုးချိန် BC 10,000 ခန့်အထိ တည်ရှိနေသော်လည်း သက်သေမပြနိုင်ပါ။ ဘီယာသည် ရှေးအီရတ်နှင့် ရှေးခေတ်အီဂျစ်တို့၏ သမိုင်းကြောင်းတွင် မှတ်တမ်းတင်ထားပြီး ဘီယာသည် ယဉ်ကျေးမှုများဖွဲ့စည်းရာတွင် အရေးပါသည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက ယူဆကြသည်။ လွန်ခဲ့သောနှစ်ပေါင်း 5,000 ခန့်က Uruk  (ယခုခေတ် အီရတ်) မြို့ရှိ အလုပ်သမားများကို ၎င်းတို့၏ အလုပ်ရှင်များက ဘီယာအမြောက်အမြားဖြင့် ပေးဆောင်ခဲ့ကြသည်။ အီဂျစ်နိုင်ငံ၊ ဂီဇာရှိ ပိရမစ်ကြီးတည်ဆောက်မှုအတွင်း အလုပ်သမားတစ်ဦးစီသည် ပိရမစ်ဆောက်လုပ်မှုအတွက် အရေးပါသော အာဟာရနှင့် လန်းဆန်းမှုအဖြစ် နေ့စဉ် ဘီယာလေးလီတာမှ ငါးလီတာအထိ ရိက္ခာရရှိခဲ့သည်။ အစောဆုံး Sumerian အရေးအသားများတွင် ဘီယာနှင့်ပတ်သက်သော ရည်ညွှန်းချက်များပါရှိသည်။ ဥပမာများတွင် "The Hymn to Ninkasi" ဟုသိကြသော နတ်ဘုရားမ Ninkasi ထံ ဆုတောင်းချက်တစ်ခုပါဝင်ပြီး ဆုတောင်းခြင်းနှင့် ယဉ်ကျေးမှုတစ်ခုရှိ ဘီယာချက်နည်းကို မှတ်သားခြင်းနည်းလမ်းနှင့် ရှေးခေတ်အကြံဉာဏ်များ ("မင်းဝမ်းကိုဖြည့်ပါ . နေ့ရောညပါ ပျော်ရွှင်ပါစေ") Gilgamesh ၏ Epic of Gilgamesh တွင် မှတ်တမ်းတင်ထားသော Gilgamesh မှ ale-ဇနီးသည် Siduri မှ အနည်းဆုံး တစ်စိတ်တစ်ပိုင်းအားဖြင့် ဘီယာသောက်သုံးခြင်းကို ရည်ညွှန်းနိုင်ပေမည်။ ဆီးရီးယားနိုင်ငံ Ebla တွင် 1974 ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော Ebla တက်ဘလက်များသည် ဘီစီ 2500 တွင် မြို့တော်တွင် ဘီယာထုတ်လုပ်ခဲ့ကြောင်း ဖော်ပြသည်။ ဆန်နှင့် သစ်သီးများကို အသုံးပြု၍ စိမ်ထားသော အချိုရည်ကို BC 7000 ခန့်တွင် တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည်။ ဆာကေးနှင့်မတူဘဲ၊ မှိုကို ဆန်ဆေးရည် (amylolytic အချဉ်ဖောက်ခြင်း) တွင် အသုံးမပြုပါ။ ထမင်းကို ဝါးခြင်း သို့မဟုတ် အချဉ်ဖောက်ခြင်းအတွက် ပြင်ဆင်ထားပုံရသည်။ ရှေးအိန္ဒိယရှိ ဝေဒခေတ်ကာလတွင်၊ ဘီယာနှင့်တူသော ဆာရာစားသုံးမှုမှတ်တမ်းများရှိသည်။ သူ၏ ခရီးသွားစဉ်အတွင်း အာမေးနီးယားတွင် ဘီယာထုတ်လုပ်နေကြောင်း Xenophon  မှတ်သားခဲ့သည်။ သကြားပါသော မည်သည့်အရာမဆို နီးပါးသည် သဘာဝအတိုင်း အရက်အချဉ်ဖောက်ခြင်းကို ခံရနိုင်ပြီး၊ ထို့ကြောင့် ဘီယာချက်ခြင်းတွင် အသုံးချနိုင်သည်။ ကစီဓာတ်၏ရင်းမြစ်တစ်ခုမှ ချိုမြိန်သောအရည်ကို လွတ်လပ်စွာတီထွင်ထားသော ဘီယာကို ယဉ်ကျေးမှုများစွာက သတိပြုမိကြဖွယ်ရှိသည်။ မုန့်နှင့် ဘီယာသည် အခြားနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန် အချိန်ပေးကာ လူ့ယဉ်ကျေးမှုကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေသည့် အဆင့်တစ်ခုအထိ သာယာဝပြောလာစေသည်။ ဘီယာကို ဂျာမန် နှင့် ဆဲလ်တစ် မျိုးနွယ်စုများက ဥရောပတစ်ခွင်တွင် ဘီစီ ၃၀၀၀ အထိ ပျံ့နှံ့ခဲ့ပြီး၊ အစောပိုင်းဥရောပသားများသောက်သည့်ထုတ်ကုန်ကို ယနေ့ခေတ်လူအများစုက ဘီယာအဖြစ် အသိအမှတ်မပြုနိုင်ပေ။ အခြေခံကစီဓာတ်ရင်းမြစ်အပြင်၊ အစောပိုင်းဥရောပဘီယာများတွင် သစ်သီးများ၊ ပျားရည်၊ အပင်အမျိုးအစားများစွာ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် မူးယစ်ဆေးဝါး ဆေးဖက်ဝင်အပင်များကဲ့သို့သော အခြားအရာများပါရှိသည်။ ၎င်းတို့မပါဝင်သည့်အရာမှာ hops ဖြစ်ပြီး၊ ၎င်းမှာ ၈၂၂ ခုနှစ်ဝန်းကျင်က ဥရောပတွင် Carolingian Abbot မှ ပထမဆုံးဖော်ပြခဲ့ပြီး 1067 ခုနှစ်တွင် abess Hildegard of Bingen က ထပ်မံဖော်ပြခဲ့သည်။ 1516 တွင်၊ William IV၊ Bavaria မြို့စားက Reinheitsgebot (သန့်ရှင်းစင်ကြယ်ခြင်းဥပဒေ) ကို 21 ရာစုတွင်အသုံးပြုနေဆဲဖြစ်ကောင်းဖြစ်နိုင်သည့် ရှေးအကျဆုံးအစားအစာအရည်အသွေးစည်းမျဉ်းကို လက်ခံကျင့်သုံးခဲ့သည်၊ ဘီယာ၏တစ်ခုတည်းသောခွင့်ပြုထားသောပါဝင်ပစ္စည်းများမှာ ရေ၊ ဟော့ပ်နှင့်မုယောစပါးများဖြစ်သည် . စက်မှုတော်လှန်ရေး မတိုင်မီက ထုတ်လုပ်သော ဘီယာများကို အေဒီ ၇ ရာစုတွင် ဥရောပ ဘုန်းတော်ကြီးကျောင်းများမှ ထုတ်လုပ်ရောင်းချနေသော်လည်း ဘီယာကို ပြည်တွင်းတွင် ဆက်လက်ထုတ်လုပ်ရောင်းချနေဆဲဖြစ်သည်။ စက်မှုတော်လှန်ရေးကာလအတွင်း၊ လက်မှုပညာဆိုင်ရာ ထုတ်လုပ်ခြင်းမှ စက်မှုထုတ်လုပ်ခြင်းသို့ ပြောင်းရွှေ့ခဲ့ပြီး 19 ရာစုအကုန်တွင် ပြည်တွင်းထုတ်လုပ်မှုသည် သိသိသာသာ ရပ်တန့်သွားခဲ့သည်။ ရေအားလျှပ်စစ်မီတာနှင့် သာမိုမီတာများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဘီယာချက်လုပ်ငန်းကို ပိုမိုထိန်းချုပ်နိုင်ပြီး ရလဒ်များကို ပိုမိုသိရှိနားလည်နိုင်စေခြင်းဖြင့် ဘီယာထုတ်လုပ်ခြင်းကို ပြောင်းလဲစေသည်။ 1912 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ် Milwaukee ၏ Joseph Schlitz Brewing ကုမ္ပဏီမှ အညိုရောင်ပုလင်းများကို စတင်အသုံးပြုခဲ့သည်။ ဤဆန်းသစ်တီထွင်မှုကို ကမ္ဘာတစ်ဝန်းမှ လက်ခံလာခဲ့ကြပြီးကတည်းက ဘီယာ၏အရည်အသွေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေမည့် အန္တရာယ်ရှိသောရောင်ခြည်များကို တားဆီးထားသည်။ 2007 ခုနှစ်အထိ၊ ဘီယာလုပ်ငန်းသည် ကြီးစိုးသောနိုင်ငံစုံကုမ္ပဏီများနှင့် ဘီယာဆိုင်များမှ ဒေသတွင်း ဘီယာချက်စက်ရုံများအထိ ထောင်ပေါင်းများစွာသော အသေးစားထုတ်လုပ်သူများ ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ 2006 ခုနှစ်စာရင်းအရ၊ ဘေးတစ်ဖက်တစ်ချက်ရှိ 510 မီတာနှင့်ညီမျှသော 133 ဘီလီယံလီတာ (အမေရိကန်ဂါလန် 35 ဘီလီယံကျော်) သည် တစ်နှစ်လျှင် ဘီယာရောင်းချပြီး စုစုပေါင်းကမ္ဘာ့ဝင်ငွေ US$ 294.5 ဘီလီယံရှိသည်။ 2010 ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဘီယာသောက်သုံးမှုသည် ဟက်တိုလီတာ 450 သန်း (လီတာ 45 ဘီလီယံလီတာ) သို့မဟုတ် အမေရိကန်ထက် နှစ်ဆနီးပါးရှိသော်လည်း ရောင်းချသည့် 5 ရာခိုင်နှုန်းသာ ပြင်သစ်နှင့် ဂျာမနီတွင် 50 ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ပရီမီယံ ဘီယာများဖြစ်သည်။ မကြာသေးမီက လူသိရှင်ကြား ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ခုအရ အလွန်အမင်းမိုးခေါင်မှုနှင့် အပူရှိန်ကြောင့် မုယောစပါးထုတ်လုပ်မှု ရုတ်တရက် ကျဆင်းသွားခြင်းသည် အနာဂတ်တွင် ဘီယာရရှိနိုင်မှုနှင့် ဈေးနှုန်းများ သိသိသာသာ မငြိမ်မသက်ဖြစ်စေနိုင်ကြောင်း အကြံပြုထားသည်။ ဘီယာထုတ်လုပ်သည့် လုပ်ငန်းစဉ်ကို ဘီယာချက်ခြင်းဟု ခေါ်သည်။ ဘီယာချက်လုပ်ရန်အတွက် သီးသန့်အဆောက်အအုံကို ဘီယာချက်စက်ရုံဟု ခေါ်သော်လည်း အိမ်တွင် ဘီယာပြုလုပ်နိုင်ပြီး ၎င်း၏သမိုင်းကြောင်းများစွာရှိသော်လည်း ဘီယာချက်လုပ်သည့်နေရာကို ဘီယာချက်စက်ရုံဟု မကြာခဏခေါ်သည်။ ဘီယာထုတ်လုပ်သည့်ကုမ္ပဏီကို ဘီယာချက်စက်ရုံ သို့မဟုတ် ဘီယာထုတ်လုပ်သည့်ကုမ္ပဏီဟု ခေါ်သည်။ ယနေ့ခေတ်တွင် စီးပွားဖြစ်မဟုတ်သောအကြောင်းပြချက်ဖြင့် ပြည်တွင်းစကေးဖြင့်ပြုလုပ်သော ဘီယာကို အိမ်တွင်ပြုလုပ်သည့် ဘီယာအများစုကို အိမ်တွင်ပြုလုပ်ထားသော်လည်း မည်သည့်နေရာတွင်ပင်ဖြစ်စေ အိမ်ဘရူးလုပ်နည်းအဖြစ် အမျိုးအစားခွဲခြားထားသည်။ သမိုင်းကြောင်းအရ အိမ်တွင်းဘီယာကို farmhouse ale ဟုခေါ်သည်။ ဘီယာချက်ခြင်းဥပဒေသည် ထောင်စုနှစ်များစွာကြာအောင် ဥပဒေနှင့်အခွန်စည်းကြပ်ခြင်းခံရပြီး 19 ရာစုနှောင်းပိုင်းတွင် အခွန်ကောက်ခံခြင်းမှ ဘီယာထုတ်လုပ်ခြင်းကို UK တွင်သာ စီးပွားဖြစ်လုပ်ကိုင်ခွင့်ကို ကန့်သတ်ထားသည်။ သို့သော်လည်း ယူကေအစိုးရသည် ၁၉၆၃ ခုနှစ်တွင် ဥပဒေများကို ဖြေလျှော့ပေးခဲ့ပြီး ၁၉၇၂ တွင် ဩစတြေးလျနှင့် ၁၉၇၈ ခုနှစ်တွင် အမေရိကန်တို့နောက်တွင် တစ်နိုင်ငံချင်းစီမှ ထုတ်လုပ်မှုကန့်သတ်သည့် ဥပဒေများကို အတည်ပြုခွင့်ပြုခဲ့သော်လည်း အိမ်တွင်းဘွန်းလုပ်ခြင်းကို လူကြိုက်များသည့် ဝါသနာတစ်ခုဖြစ်လာစေခဲ့သည်။ ဘီယာချက်ခြင်း၏ ရည်ရွယ်ချက်မှာ ကစီဓာတ်ရင်းမြစ်ကို wort ဟုခေါ်သော သကြားရည်အဖြစ်သို့ ပြောင်းလဲရန်နှင့် တဆေးမှ အကျိုးသက်ရောက်သော အချဉ်ဖောက်သည့် လုပ်ငန်းစဉ်တွင် ဘီယာဟု လူသိများသော wort ကို အရက်ယမကာအဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။ ကစီဓာတ်အရင်းအမြစ် (ပုံမှန်အားဖြင့် မုယောစပါးကို ရေနွေးပူပူ) ရောစပ်ခြင်းဖြင့် wort ကို ပြင်ဆင်သည့် ပထမအဆင့်ကို "mashing" ဟုခေါ်သည်။ ရေနွေး (ဘီယာအခေါ်အဝေါ်အရ "အရက်" ဟု ခေါ်သည်) ကို ထောင်းထားသော malt သို့မဟုတ် malt ("grist" ဟု သိကြသော) နှင့် ရောနှောထားသော mash tun တစ်ခုထဲတွင်။ ကစီဓာတ်များကို သကြားအဖြစ်သို့ပြောင်းလဲသွားသည့်အတောအတွင်းတွင် ၁ နာရီမှ ၂ နာရီခန့်ကြာမြင့်ပြီး ဂျုံမှုန့်များကို အစေ့အဆန်များမှ ဖယ်ထုတ်ပါသည်။ ထို့နောက် အစေ့အဆန်များကို "sparging" ဟုခေါ်သော လုပ်ငန်းစဉ်ဖြင့် ဆေးကြောပါ။ ဤဆေးကြောခြင်းသည် ဖျော်ရည်လုပ်သူအား အစေ့အဆန်များမှ အချဉ်ဖောက်နိုင်သော အရည်များကို တတ်နိုင်သမျှ စုဆောင်းနိုင်စေပါသည်။ wort နှင့် sparge water တို့မှ သုံးစွဲထားသော စပါးများကို စစ်ထုတ်သည့် လုပ်ငန်းစဉ်ကို wort separation ဟုခေါ်သည်။ ဂျုံကြမ်းကို စစ်ထုတ်သည့် ကြားခံအဖြစ် လုပ်ဆောင်ပေးသည့် ဂျုံကြမ်းကို ခွဲထုတ်ခြင်းအတွက် ရိုးရာလုပ်ငန်းစဉ်သည် တောက်ပြောင်နေသည်။ အချို့သော ခေတ်မီ ဘီယာချက်စက်ရုံများသည် ပိုမို၍ စေ့စပ်သော မြေသားကို ခွင့်ပြုသည့် ဇကာဘောင်များကို အသုံးပြုခြင်းကို နှစ်သက်ကြသည်။ ခေတ်မီ ဘီယာချက်စက်ရုံ အများစုသည် စဉ်ဆက်မပြတ် ကြဲချခြင်းကို အသုံးပြုကြပြီး မူရင်း wort နှင့် sparge water ကို အတူတကွ စုဆောင်းကြသည်။ သို့သော် မသုံးရသေးသော အစေ့အဆန်များဖြင့် ဒုတိယအသုတ် သို့မဟုတ် တတိယအသုတ်ကို စုဆောင်းနိုင်သည်။ ပြေးခြင်းတစ်ခုစီသည် ပျော့ညံ့သော wort ထွက်လာပြီး ထို့ကြောင့် ပျော့သော ဘီယာကို ထုတ်ပေးသည်။ ဤလုပ်ငန်းစဉ်ကို ဒုတိယ (နှင့် တတိယ) အပြေးများဟု ခေါ်သည်။ အပြေးပေါင်းများစွာဖြင့် ချက်စားခြင်းကို parti gyle brewing ဟုခေါ်သည်။ ပြုတ်ကျခြင်းမှ စုဆောင်းရရှိသော အချိုများကို ရေနွေးအိုး သို့မဟုတ် "ကြေးနီ" (ဤအိုးများကို ရှေးယခင်က ကြေးနီဖြင့် ပြုလုပ်ထားသောကြောင့်)  ထည့်ပြီး ပုံမှန်အားဖြင့် တစ်နာရီခန့် ပြုတ်ပါ။ ပွက်ပွက်ဆူနေစဉ်တွင် wort တွင်ရေများအငွေ့ပျံသွားသော်လည်း wort ၏သကြားများနှင့်အခြားအစိတ်အပိုင်းများကျန်ရှိနေသည်; ၎င်းသည် ဘီယာရှိ ကစီဓာတ် အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်စေသည်။ ပွက်ပွက်ဆူခြင်းသည် ကြိတ်ချေသည့်အဆင့်မှ ကျန်ရှိသော အင်ဇိုင်းများကို ချေဖျက်သည်။ ခါးသီး၊ အရသာနှင့် အနံ့၏ရင်းမြစ်အဖြစ် ပြုတ်နေချိန်တွင် ဟော့ပ်များကို ပေါင်းထည့်သည်။ ပွက်ပွက်ဆူနေစဉ်တွင် Hops ကို တစ်ကြိမ်ထက်ပို၍ ထည့်နိုင်သည်။ ဟော့ပ်များကို ကြာကြာပြုတ်လေ၊ ၎င်းတို့သည် ခါးလေလေ၊ သို့သော် ဟော့ပ်အရသာနှင့် ရနံ့ နည်းပါးလေလေ ဘီယာထဲတွင် ကျန်ရှိနေပါသည်။ ပွက်ပွက်ဆူပြီးနောက်၊ ပျားရည်ကို အအေးခံပြီး တဆေးအတွက် အဆင်သင့်ဖြစ်ပါပြီ။ အချို့သော ဘီယာချက်စက်ရုံများတွင်၊ ဟင်းခတ်အမွှေးအကြိုင်များထည့်ရန်နှင့် ဇကာအဖြစ်လုပ်ဆောင်ရန်၊ သို့သော် အများအားဖြင့် ပျားရည်ကို အချဉ်ဖောက်ရန်အတွက် ရိုးရိုးအအေးခံထားပြီး၊ တဆေးထည့်သည့်နေရာတွင် ဖြစ်သည်။ ကစော်ဖောက်နေစဉ်တွင် wort သည် ဘီယာ၏ တဆေးအမျိုးအစားနှင့် အစွမ်းသတ္တိပေါ်မူတည်၍ တစ်ပတ်မှလအထိ လိုအပ်သော လုပ်ငန်းစဉ်တစ်ခုတွင် ဘီယာဖြစ်လာသည်။ အီသနောထုတ်လုပ်ခြင်းအပြင်၊ ဂျုံတွင် ဆိုင်းငံ့ထားသော အမှုန်အမွှားအမှုန်အမွှားများသည် အချဉ်ဖောက်ချိန်တွင် အနည်ထိုင်သွားပါသည်။ အချဉ်ဖောက်ပြီးသည်နှင့် တဆေးသည်လည်း ပြေသွားကာ ဘီယာကို ကြည်လင်စေသည်။ ကစော်ဖောက်ထားချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်အများစုကို ထောင်ချောက်တစ်ခုမှတစ်ဆင့် လွတ်မြောက်ခွင့်ပြုထားပြီး ဘီယာသည် ဖိအား၏လေထုတစ်ခုခန့်သာ ကာဗွန်နိတ်ဖြင့် ကျန်ခဲ့သည်။ ကာဗွန်နိတ်ကို ဘီယာဘူးကဲ့သို့သော ဖိအားအိုးသို့ လွှဲပြောင်းကာ ဖိထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မိတ်ဆက်ခြင်းဖြင့် သို့မဟုတ် အချဉ်ဖောက်ခြင်းမပြီးမီ လွှဲပြောင်းခြင်းဖြင့်သော်လည်းကောင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဖိအားများ ကွန်တိန်နာအတွင်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖိအားများ တိုးပွားလာတတ်သည်။ တခါတရံတွင် ဘီယာကို စစ်ထုတ်ခြင်းမပြုဘဲ (ထို့ကြောင့် တဆေးပါဝင်နေသေးသည်) ကို ပုလင်းထဲသို့ထည့်ကာ သကြားအနည်းငယ်ထည့်ထားကာ ပုလင်းအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လိုချင်သောပမာဏကိုထုတ်ပေးသည်။ စော်ဖောက်ခြင်းကို တစ်ခါတစ်ရံတွင် အခြေခံနှင့် ဒုတိယအဆင့် နှစ်မျိုးဖြင့် ဆောင်ရွက်သည်။ ပင်မစော်ဖောက်သည့်ကာလအတွင်း အရက်အများစုကို ထုတ်လုပ်ပြီးသည်နှင့်၊ ဘီယာကို အိုးအသစ်သို့ လွှဲပြောင်းပြီး ဆင့်ပွားစော်ဖောက်သည့်ကာလကို ခွင့်ပြုသည်။ ထုပ်ပိုးမှုမပြုမီ သို့မဟုတ် ပိုမိုရှင်းလင်းပြတ်သားစွာ သိုလှောင်မှုမပြုလုပ်မီ ဘီယာသည် ရှည်လျားသောသိုလှောင်မှု လိုအပ်သောအခါတွင် ဒုတိယအချဉ်ဖောက်ခြင်းကို အသုံးပြုသည်။ ဘီယာသည် အချဉ်ဖောက်ပြီးသောအခါ၊ ၎င်းကို ဘူးခွံများတွင် ဘူးခွံများ၊ အလူမီနီယမ် ဗူးများ၊ သို့မဟုတ် အခြားဘီယာအမျိုးအစားများအတွက် ပုလင်းများအတွင်း၌ ထုပ်ပိုးထားသည်။ ပါဝင်ပစ္စည်းများ ဘီယာ၏ အခြေခံပါဝင်ပစ္စည်းများမှာ ရေ၊ မုယောစပါး ကဲ့သို့သော ကစီဓာတ် အရင်းအမြစ် ဖြစ်သော မုယောစပါး ၊ သို့မဟုတ် မှည့်ထားသော ပြောင်း (Tiswin and Tesgüino ကဲ့သို့) ကို သန့်စင်အောင် ပြုလုပ် နိုင်သည် (သကြားအဖြစ်သို့ ပြောင်းလဲ) ပြီးနောက် အချဉ်ဖောက် (အီသနောနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ်သို့ ပြောင်းလဲခြင်း)၊ စော်ဖောက်ခြင်းကို ထုတ်လုပ်ရန် ဘီယာချက်သည့် တဆေး၊ နှင့် ဟော့စ်ကဲ့သို့သော အရသာတစ်မျိုး။ ကစီဓာတ်ရင်းမြစ်များ၏ ရောစပ်ထားသော ကာဗိုဟိုက်ဒရိတ်အရင်းအမြစ်ဖြစ်သည့် ပြောင်း (ပြောင်း)၊ ဆန်၊ ဂျုံ၊ သို့မဟုတ် သကြားတို့ကို မကြာခဏ နောက်ဆက်တွဲအဖြစ် ခေါ်ဝေါ်လေ့ရှိပြီး အထူးသဖြင့် မုယောစပါးကို မုယောစပါးနှင့် တွဲဖက်အသုံးပြုသည့်အခါတွင် အသုံးပြုနိုင်သည်။ အသုံးနည်းသော ကစီဓာတ်ရင်းမြစ်များမှာ အာဖရိကရှိ ပြောင်းဆန်၊ ဆန်စပါးနှင့် ပီလောပီနံအမြစ်၊ ဘရာဇီးနိုင်ငံရှိ အာလူးနှင့် မက္ကဆီကိုရှိ agave တို့အပါအဝင် အခြားအသုံးများသည်။ ဘီယာချက်ချက်တစ်ခုစီတွင် ကစီဓာတ်အရင်းအမြစ်တစ်ခုစီ၏ ပမာဏကို စုပေါင်းဆန်ငွေစက္ကူဟုခေါ်သည်။ ရေသည် ဘီယာ၏ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ၎င်း၏အလေးချိန်၏ 93% ရှိသည်။ ရေကိုယ်တိုင်က အရသာမရှိသော်လည်း ၎င်း၏ပျော်ဝင်နေသောသတ္တုဓာတ်အဆင့်၊ အထူးသဖြင့် ဘီကာဗွန်နိတ်အိုင်းယွန်းသည် ဘီယာ၏အချောထည်အရသာကို လွှမ်းမိုးသည်။ ဒေသတစ်ခုစီ၏ ရေ၏ တွင်းထွက်ဓာတ်ဂုဏ်သတ္တိများကြောင့်၊ သတ်မှတ်ထားသော ဧရိယာများသည် မူလက အချို့သော ဘီယာအမျိုးအစားများ၏ တစ်ဦးတည်းထုတ်လုပ်သူများဖြစ်ပြီး တစ်ခုစီကို ဒေသဆိုင်ရာ လက္ခဏာများဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ ဒေသဆိုင်ရာ ဘူမိဗေဒအရ Pilsner (Pilsner Urquell) ကဲ့သို့ တင်းမာသောရေသည် ဂင်းနစ်ကဲ့သို့ တောင့်တင်းအောင်ပြုလုပ်ရန် သင့်လျော်ကြောင်း ဒေသဆိုင်ရာ ဘူမိဗေဒအရ Pilsner (Pilsner Urquell) က ချက်စားရန် သင့်လျော်ပါသည်။ အင်္ဂလန်ရှိ Burton ရေပြင်တွင် Burtonisation ဟုသိကြသည့် လုပ်ငန်းစဉ်တွင် ဖျော့ဖျော့ဖျော့ဖျော့ကို ဖျော်ရည်လုပ်သူများသည် Burtonisation ဟုခေါ်သော လုပ်ငန်းစဉ်တွင် ဒေသခံရေထဲသို့ gypsum ပေါင်းထည့်စေသည့် အတိုင်းအတာအထိ ဂျစ်ပဆမ်ပါရှိသည်။ ကစီဓာတ်ရင်းမြစ်သည် ဘီယာတွင် အချဉ်ဖောက်နိုင်သော ပစ္စည်းကို ထောက်ပံ့ပေးပြီး ဘီယာ၏ ခိုင်ခံ့မှုနှင့် အရသာ၏ အဓိကအချက်တစ်ခုဖြစ်သည်။ ဘီယာတွင် အသုံးအများဆုံး ကစီဓာတ်အရင်းအမြစ်မှာ ဂျုံမှုန့်ဖြစ်သည်။ အစေ့အဆန်များကို ရေတွင်စိမ်ထားခြင်းဖြင့် အစေ့အဆန်များ စတင်ပေါက်ကြားနိုင်ကာ မီးဖိုထဲတွင် တစ်စိတ်တစ်ပိုင်း ပေါက်သွားသော စပါးများကို အခြောက်ခံပြီး အခြောက်ခံပါ။ Malting grain သည် စပါးရှိ ကစီဓာတ်များကို အချဉ်ဖောက်နိုင်သော သကြားအဖြစ်သို့ ပြောင်းလဲပေးသော အင်ဇိုင်းများကို ထုတ်လုပ်သည်။ တူညီသောအစေ့မှ malt ၏အရောင်ကွဲပြားစေရန်အတွက် မတူညီသော ကင်ချိန်နှင့် အပူချိန်ကို အသုံးပြုပါသည်။ ပိုနက်သော malt များသည် ပိုမည်းသော ဘီယာများကို ထုတ်လုပ်ပေးသည်။ ဘီယာအားလုံးနီးပါးတွင် ကစီဓာတ်အများစုအဖြစ် မုယောဆန်များပါဝင်သည်။ ခြွေလှေ့နေစဉ်အတွင်း ၎င်း၏ အမျှင်ထည်သည် စပါးနှင့် တွဲနေသောကြောင့်ဖြစ်သည်။ မုယောစပါးကို ကြိတ်ပြီးနောက် စပါးလင်ကို ကြိတ်ချေပြီး နောက်ဆုံးတွင် အခွံကို ဖယ်ထုတ်ကာ အတုံးကြီးများ ကွဲသွားပါသည်။ အချိုမှုန့်သည် မပျော်ဝင်နိုင်သော အစေ့အဆန်ပစ္စည်းများမှ ခွဲထုတ်သောအခါတွင် ဤအပိုင်းများသည် စပါးအတုံးများနှင့်အတူ ရှိနေကြပြီး၊ အချိုမှုန့်သည် မပျော်ဝင်နိုင်သော စပါးစေ့များကို ခွဲထုတ်သည့်အခါတွင် ဇကာအိပ်ရာအဖြစ် လုပ်ဆောင်သည်။ ဂျုံ၊ ဆန်၊ oats နှင့် ကောက်အပါအဝင် အခြားသော ကြေညက်သော နှင့် မကြေညက်သော အစေ့အဆန်များ (မကြာခဏနည်းသော ပြောင်းဖူးနှင့် ပြောင်းဖူးဆန်) ကို အသုံးပြုနိုင်ပါသည်။ အချို့သော ဘီယာချက်လုပ်သူများသည် ဂျုံ၊ မုယောစပါးနှင့် ကောက်ကဲ့သို့သော ဂလူတန်ပါဝင်သော အစေ့အဆန်များကို မစားသုံးနိုင်သူများအတွက် ဂျုံမှုန့်မပါသော ဂျုံမှုန့်ဖြင့်ပြုလုပ်ထားသော ဂလူတင်မပါသောဘီယာကို ထုတ်လုပ်ထားပါသည်။ အရသာရှိသော ဘီယာသည် ဟော့ပ်များ ၏ တစ်ဦးတည်းသော စီးပွားရေးလုပ်ငန်းသုံး အဓိကဖြစ်သည်။ ဟော့ပ်နွယ်ပင်၏အပွင့်ကို ယနေ့ပြုလုပ်သော ဘီယာအားလုံးနီးပါးတွင် အနံ့အရသာနှင့် တာရှည်ခံအေးဂျင့်အဖြစ် အသုံးပြုသည်။ ပန်းများကို သူတို့ကိုယ်သူတို့ "ဟော့" ဟုခေါ်ကြသည်။ ဘီယာတွင် ဟော့ပ်များအသုံးပြုခြင်းနှင့်ပတ်သက်၍ ပထမဆုံးသမိုင်းဝင်ဖော်ပြချက်မှာ အေဒီ ၈၂၂ မှ Adalhard the Elder ဟုလည်းသိကြသော Adalhard the Elder မှရေးသားခဲ့သော ဘုန်းကြီးကျောင်းစည်းမျဉ်းများဖြစ်ပြီး၊ ပုံမှန်အားဖြင့် ဟော့ပ်များ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသည့်နေ့စွဲသည် ဆယ့်သုံးရာစုဖြစ်သည်။ တစ်ဆယ့်သုံးရာစုမတိုင်မီနှင့် ဆယ့်ခြောက်ရာစုအထိ၊ ထူးထူးခြားခြားအနံ့အရသာအဖြစ် ဟော့ပ်များဝင်ရောက်လာချိန်တွင် ဘီယာသည် အခြားအပင်များနှင့် အရသာရှိခဲ့သည်။ ဥပမာ၊ ပရဒိသုအစေ့အဆန်များ သို့မဟုတ် alehoof။ အနံ့မျိုးစုံရှိသော ဆေးဖက်ဝင်အပင်များ၊ ဘယ်ရီသီးများနှင့် ဒေါနကဲ့သို့သော ပါဝင်ပစ္စည်းများကိုပင် ပေါင်းစပ်ထားသည့်အရောအနှောအဖြစ် Gruit ဟုသိကြပြီး ဟော့ပ်အဖြစ်အသုံးပြုခြင်းကို ယခုအခါတွင် အသုံးပြုလာမည်ဖြစ်သည်။ Scottish Heather Ales ကုမ္ပဏီမှ Fraoch' နှင့် French Brasserie-Lancelot ကုမ္ပဏီမှ Cervoise Lancelot ကဲ့သို့သော အချို့သော ယနေ့ဘီယာများသည် အနံ့အရသာအတွက် ဟော့ပ်များထက် အခြားအပင်များကို အသုံးပြုကြသည်။ Hops များတွင် ဘီယာသောက်သူများ နှစ်သက်သည့် လက္ခဏာများစွာ ပါရှိသည်။ Hops သည် malt ၏ချိုမြိန်မှုကိုထိန်းညှိပေးသောခါးသီးမှုကိုကူညီသည်; ဘီယာများ၏ အခါးကို International Bitterness Units အတိုင်းအတာဖြင့် တိုင်းတာသည်။ Hops သည် ဘီယာအတွက် ပန်းများ၊ citrus နှင့် ဆေးဖက်ဝင်အပင်များ အနံ့နှင့် အရသာများကို ပံ့ပိုးပေးသည်။ Hops တွင် ဘီယာ၏ တဆေး၏ လုပ်ဆောင်ချက်ကို နှစ်လိုဖွယ်နည်းသော အဏုဇီဝသက်ရှိများနှင့် "ဦးခေါင်းထိန်းသိမ်းခြင်း" တွင် အထောက်အကူဖြစ်စေသော ဘီယာဖျော်ရည်၏ တဆေး၏လုပ်ဆောင်မှုကို ဦးစားပေးသည့် ပဋိဇီဝဆေးအာနိသင်တစ်ခု ရှိသည်၊ Hops ၏ အချဉ်ဓာတ်သည် တာရှည်ခံပစ္စည်းဖြစ်သည်။ တဆေးသည် ဘီယာတွင် အချဉ်ဖောက်ခြင်းအတွက် တာဝန်ရှိသော သေးငယ်သောဇီဝရုပ်ဖြစ်သည်။ တဆေးသည် အရက်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လုပ်ပေးသည့် အစေ့အဆန်များမှ ထုတ်ယူထားသော သကြားများကို ဇီဝြဖစ်ပျက်စေပြီး wort ကို ဘီယာအဖြစ်သို့ ပြောင်းလဲစေသည်။ ဘီယာကို အချဉ်ဖောက်ခြင်းအပြင် တဆေးသည် စရိုက်နှင့် အရသာကို လွှမ်းမိုးပါသည်။ ဘီယာပြုလုပ်ရာတွင် အသုံးပြုသည့် တဆေး၏ အဓိကအမျိုးအစားများမှာ ထိပ်တန်းအချဉ်ဖောက်ခြင်း Saccharomyces cerevisiae နှင့် အောက်ခြေစော်ဖောက်ခြင်း Saccharomyces pastorianus တို့ဖြစ်သည်။ Brettanomyces အချဉ်ဖောက်ထားသော သိုးသားပေါက်များကို ချက်ပြီး Torulaspora delbrueckii အချဉ်ဖောက်ထားသော Bavarian weissbier။ စော်ဖောက်ခြင်းတွင် တဆေး၏ အခန်းကဏ္ဍကို နားမလည်မီတွင် အချဉ်ဖောက်ခြင်းတွင် တောရိုင်း သို့မဟုတ် လေထဲမှ တဆေးများ ပါဝင်ပါသည်။ lambics ကဲ့သို့သော ပုံစံအနည်းငယ်သည် ယနေ့ခေတ်တွင် ဤနည်းလမ်းကို အားကိုးသော်လည်း ခေတ်မီစော်ဖောက်ခြင်းအများစုသည် သန့်စင်သော တဆေးယဉ်ကျေးမှုကို ပေါင်းထည့်ပါသည်။ အချို့သော ဘီယာချက်လုပ်သူများသည် ပရိုတင်းအခဲများနှင့်အတူ ပရိုတင်းအခဲများနှင့်အတူ ဘီယာထဲမှ သဲလွန်စများ (အစိုင်အခဲအဖြစ် စုဆောင်း) ကို ဘီယာတွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ရှင်းလင်းသောအေးဂျင့်များ သို့မဟုတ် ဒဏ်ငွေများထည့်ထားသည်။ ဤလုပ်ငန်းစဉ်သည် ဂျုံဘီယာကဲ့သို့ တိုင်းရင်းသားနှင့် ရှေးကျသော ဘီယာပုံစံများထက် ဘီယာကို တောက်ပသန့်ရှင်းစေပါသည်။ ရှင်းလင်းရေးအေးဂျင့်များ၏ ဥပမာများတွင် ငါးများ၏ ရေကူးကန်များမှ ရရှိသော ငါးမျှားချိတ်များ ပါဝင်သည်။ အိုင်ယာလန်ရေညှိ၊ kappa carrageenan၊ ပင်လယ်ရေမှော် Kappaphycus cottonii; Polyclar (အတု); နှင့် ဂျယ်လာ။ ဘီယာကို "သက်သတ်လွတ်စားသူများအတွက် သင့်လျော်သည်" ဟု အမှတ်အသားပြုပါက၊ ၎င်းကို ပင်လယ်ရေမှော်နှင့် သို့မဟုတ် အတုပြုလုပ်ထားသော အေးဂျင့်များဖြင့် ရှင်းလင်းထားသည်။ ဘီယာချက်လုပ်ငန်း ဘီယာချက်စက်ရုံသည် နိုင်ငံအလိုက် နှစ်စဉ် ဘီယာသောက်သုံးမှု 21 ရာစုရှိ ဘီယာချက်စက်ရုံများ၏သမိုင်းတွင် စကေး၏စီးပွားရေးကိုသေချာစေရန်အလို့ငှာ သေးငယ်သောဘီယာများကိုစုပ်ယူသည့်ပိုကြီးသောဘီယာချက်စက်ရုံများပါဝင်သည်။[ရှင်းလင်းချက်လိုအပ်သည်] 2002 ခုနှစ်တွင် South African Breweries မှ SABMiller ကိုရှာတွေ့ရန် North American Miller Brewing ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး ဒုတိယအကြီးဆုံးဘီယာချက်ဖြစ်လာခဲ့သည်။ မြောက်အမေရိက Anheuser-Busch ပြီးနောက်။ 2004 ခုနှစ်တွင် ဘယ်လ်ဂျီယံ Interbrew သည် ထုထည်အလိုက် တတိယအကြီးဆုံး ဘီယာချက်စက်ရုံဖြစ်ပြီး Brazilian AmBev သည် ပဉ္စမအကြီးဆုံးဖြစ်သည်။ ၎င်းတို့သည် InBev သို့ ပေါင်းစည်းကာ အကြီးဆုံး ဘီယာချက်စက်ရုံ ဖြစ်လာသည်။ 2007 ခုနှစ်တွင် SABMiller သည် InBev နှင့် Anheuser-Bush ကို ကျော်လွန်ကာ 2007 ခုနှစ်တွင် ဒတ်ခ်ျပရီမီယံ ဘီယာအမှတ်တံဆိပ် Grolsch ၏ ဘီယာချက်လုပ်သူ Royal Grolsch ကို ဝယ်ယူသောအခါတွင် InBev (ဒုတိယအကြီးဆုံး) သည် Anheuser-Busch (တတိယအကြီးဆုံး) ကို ဝယ်ယူသောအခါ 2008 ခုနှစ်တွင်၊ -Busch InBev ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဘီယာချက်လုပ်သူဖြစ်လာပြန်သည်။ 2020 ခုနှစ်အထိ၊ ဈေးကွက်သုတေသနကုမ္ပဏီ Technavio ၏အဆိုအရ AB InBev သည် Heineken ဒုတိယ၊ CR Snow တတိယ၊ Carlsberg စတုတ္ထနှင့် Molson Coors ငါးခုဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးဘီယာကုမ္ပဏီအဖြစ် ဆက်လက်တည်ရှိနေပါသည်။ မိုက်ခရိုဘရောင်းလုပ်ငန်း သို့မဟုတ် လက်မှုပညာ ဘီယာစက်ရုံသည် ဘီယာပမာဏအကန့်အသတ်ဖြင့် ထုတ်လုပ်သည်။ ဘီယာချက်စက်ရုံတစ်ခုမှ အများဆုံးထုတ်လုပ်နိုင်သည့် ဘီယာပမာဏကို မိုက်ခရိုဘီယာထုတ်လုပ်သည့်လုပ်ငန်းအဖြစ် သတ်မှတ်ခံရဆဲဖြစ်ပြီး ဒေသအလိုက်နှင့် အာဏာပိုင်များက ကွဲပြားသည်။ US တွင် ဘီယာစည်ပေါင်း 15,000 (1.8 megalitres; 390 ထောင် အင်ပါယာဂါလန်; 460 ထောင် US ဂါလံ)  တစ်နှစ်ဖြစ်သည်။ ဘီယာဆိုင်သည် အရက်ဆိုင် သို့မဟုတ် အခြားအရက်ဆိုင်ကို ပေါင်းစပ်ထားသည့် မိုက်ခရိုဘီယာထုတ်လုပ်သည့် အမျိုးအစားတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဘီယာချက်စက်ရုံများ၏ သိပ်သည်းဆအမြင့်ဆုံးဖြစ်သည့် microbreweries အများစုမှာ ဘီယာချက်စက်ရုံပေါင်း ၂၀၀ ခန့်ရှိသည့် Franconia ၏ ဂျာမန်ဒေသ၊ အထူးသဖြင့် အထက်ဖရန်ကိုနီးယားခရိုင်တွင် တည်ရှိသည်။ ဂျာမနီနိုင်ငံ၊ Bavaria ရှိ Benedictine Weihenstephan ဘီယာချက်စက်ရုံသည် ဘုန်းကြီးကျောင်းအတွက် ဆယ်ဖို့တစ်ဖို့ ဆယ်ဖို့တစ်ဖို့ ပေးဆောင်သည့် မှတ်တမ်းတစ်ခုအနေဖြင့် ထိုနှစ်မှ မှတ်တမ်းတစ်ခုအနေဖြင့် 768 ခုနှစ်အထိ ၎င်း၏အမြစ်များကို ခြေရာခံနိုင်သည်။ ဘီယာချက်စက်ရုံကို 1040 ခုနှစ်တွင် City of Freising မှ လိုင်စင်ရရှိခဲ့ပြီး ထို့ကြောင့် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ဘီယာချက်စက်ရုံဖြစ်သည်။ မျိုးကွဲများ ဘီယာအမျိုးအစားများစွာရှိသော်လည်း ဘီယာချက်ခြင်း၏အခြေခံများကို အမျိုးသားနှင့်ယဉ်ကျေးမှုနယ်နိမိတ်တစ်လျှောက်တွင် မျှဝေထားသည်။ ရိုးရာဥရောပ ဘီယာချက်လုပ်သည့် ဒေသများ—ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန် နှင့် ချက်သမ္မတနိုင်ငံ—တွင် ဒေသဆိုင်ရာ ဘီယာမျိုးကွဲများရှိသည်။ အင်္ဂလိပ်စာရေးဆရာ Michael Jackson သည် သူ၏ 1977 ခုနှစ်ထုတ် The World Guide To Beer စာအုပ်တွင် ဒေသတွင်း ဓလေ့ထုံးစံနှင့် နာမည်များဖြင့် အကြံပြုထားသော ဒေသစတိုင်လ်အုပ်စုများတွင် ကမ္ဘာတစ်ဝန်းမှ ဘီယာများကို အမျိုးအစားခွဲထားသည်။ Fred Eckhardt သည် 1989 ခုနှစ်တွင် The Essentials of Beer Style တွင် Jackson ၏ အလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိပ်တန်းစော်ဖောက်ထားသော ဘီယာများကို အများအားဖြင့် 15 မှ 25 °C (59 နှင့် 77 °F) အကြားတွင် မျက်နှာပြင်ပေါ်တက်လာသည့် ထိပ်တန်းအချဉ်ဖောက်ထားသော တဆေးဖြစ်သော Saccharomyces cerevisiae ဖြင့် ထုတ်လုပ်ထားသည်။ ဤအပူချိန်တွင်၊ တဆေးသည် အက်စတာများနှင့် အခြားသော အနံ့အရသာနှင့် အနံ့ထွက်ပစ္စည်းများကို သိသိသာသာ ထုတ်ပေးပြီး ရလဒ်မှာ ပန်းသီး၊ သစ်တော်သီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ ဇီးသီး သို့မဟုတ် ဆီးသီးတို့ကဲ့သို့ အနည်းငယ်သော "အသီးအနှံများ" ဒြပ်ပေါင်းများ ပါရှိသည့် ဘီယာဖြစ်သည်။ 15 ရာစုတွင် ဖလန်ဒါးစ်မှ အင်္ဂလန်သို့ ဟော့ပ်များ မိတ်ဆက်ပြီးနောက်၊ "အယ်လီ" သည် ဟော့ပ်ပြုတ်ရည်ဖြင့် ချက်ခြင်းဖော်ပြရန် "ဘီယာ" ကို မမျှော်လင့်ထားသော စိမ်ထားသောအချိုရည်ကို ရည်ညွှန်းသည်။ Real ale သည် 1973 ခုနှစ်တွင် Campaign for Real Ale (CAMRA) မှ "သမားရိုးကျပါဝင်ပစ္စည်းများမှ ချက်ထားသော ဘီယာကို ခွဲထုတ်ပြီး ကွန်တိန်နာအတွင်း ဆင့်ပွားစော်ဖောက်ခြင်းဖြင့် ရင့်ကျက်ပြီး ပြင်ပကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးမပြုဘဲ ကျွေးမွေးခြင်း" အတွက် စကားလုံးဖြစ်သည်။ ၎င်းကို ပုလင်းတပ်ထားသော နှင့် ဘူးခွံတပ်ထားသော ဘီယာများတွင် အသုံးပြုသည်။ Pale ale သည် ထိပ်တန်းအချဉ်ဖောက်ထားသော တဆေးကို အသုံးပြုပြီး အရောင်ဖျော့သော malt အများစုကို အသုံးပြုသည့် ဘီယာဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အဓိက ဘီယာစတိုင်များထဲမှ တစ်ခုဖြစ်သည်။ တောင့်တင်းသော နှင့် ပေါ်တာများသည် မှောင်သော ဘီယာများ သည် မောလ်များ သို့မဟုတ် မုယောကင်ကို အသုံးပြု၍ ပြုလုပ်ထားကာ ပုံမှန်အားဖြင့် နှေးကွေးသော အချဉ်ဖောက်ထားသော တဆေးဖြင့် ချက်ထားသည်။ Baltic porter၊ dry stout နှင့် Imperial stout အပါအဝင် ကွဲပြားမှုများ အများအပြားရှိသည်။ လန်ဒန်မြို့၏ လမ်းများနှင့် မြစ်ပေါ်တာသမားများကြား ရေပန်းစားသော အညိုရောင် ဘီယာကို ဖော်ပြရန်အတွက် "ပေါ်တာ" အမည်ကို 1721 ခုနှစ်တွင် ပထမဆုံးအသုံးပြုခဲ့သည်။ တောင့်တင်းသော စကားလုံးကို 1677 ခုနှစ်အစောပိုင်းတွင် အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဤတူညီသောဘီယာကို တောင့်တင်းခြင်းဟုလည်း လူသိများသည်။ တောင့်တင်းခြင်းနှင့် ပေါ်တာများ၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းနှင့် ရောယှက်လျက်ရှိသည်။ Mild ale တွင် အဓိကအားဖြင့် malty အာခေါင်ရှိသည်။ များသောအားဖြင့်အများအားဖြင့်အမှောင်ထုသည်အမှောင်ထုဖြစ်ပြီး 3% မှ 3.6% ဖြင့်အရောင်အသွေးစုံလင်သည်။ ဂျုံဘီယာကို ဂျုံ၏ အချိုးအစားများစွာဖြင့် ချက်ထားသော်လည်း ၎င်းတွင် ဂျုံမုယောစပါး၏ အချိုးအစား သိသိသာသာပါရှိသည်။ ဂျုံဘီယာသည် အများအားဖြင့် အပေါ်မှ အချဉ်ဖောက်သည်။ ဂျုံဘီယာ၏ အရသာသည် သတ်သတ်မှတ်မှတ်ပုံစံပေါ်မူတည်၍ သိသိသာသာကွဲပြားပါသည်။ ဘယ်လ်ဂျီယံနိုင်ငံထုတ် ဘီယာ Lambic သည် စိုက်ပျိုးခြင်းထက် တောရိုင်းတဆေးကို အသုံးပြု၍ သဘာဝအတိုင်း စိမ်ထားခြင်းဖြစ်သည်။ ၎င်းတို့အများစုမှာ ဘီယာထုတ်လုပ်သည့်တဆေးမျိုးကွဲများမဟုတ်ကြဘဲ Saccharomyces cerevisiae သည် အနံ့နှင့် အချဉ်အတွက် သိသာထင်ရှားသော ကွဲပြားမှုများရှိနိုင်ပါသည်။ Brettanomyces bruxellensis နှင့် Brettanomyces lambicus ကဲ့သို့သော တဆေးမျိုးကွဲများသည် သိုးသငယ်များတွင် အဖြစ်များပါသည်။ ထို့အပြင်၊ Lactobacillus ဘက်တီးရီးယားကဲ့သို့သော အခြားသက်ရှိများသည် အချဉ်ဓာတ်ကို အထောက်အကူပြုသည့် အက်ဆစ်များကို ထုတ်လုပ်သည်။ Lager သည် အချဉ်ဖောက်ထားသော ဘီယာဖြစ်သည်။ Pale lagers များသည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ဘီယာများဖြစ်သည်။ အများစုသည် "pilsner" အမျိုးအစားဖြစ်သည်။ "Lager" ဟူသောအမည်သည် "သိုလှောင်ရန်" အတွက် ဂျာမန်ဘာသာစကားမှ ဆင်းသက်လာကာ Bavaria တစ်ဝိုက်ရှိ ဘီယာချက်လုပ်သူများသည် ပူနွေးသောနွေရာသီလများတွင် အေးမြသောမြေအောက်ခန်းများနှင့် ဂူများတွင် ဘီယာများသိမ်းဆည်းထားသောကြောင့်ဖြစ်သည်။ အေးမြသော အခြေအနေတွင် သိမ်းဆည်းထားသောအခါတွင် ဘီယာများသည် အညစ်အကြေးများ ဆက်လက်တည်နေပြီး အနည်အနှစ်များ ကင်းစင်ကြောင်း အဆိုပါ ဘီယာလုပ်သူများသည် သတိပြုမိကြသည်။ Lager တဆေးသည် အေးမြသောအောက်ခြေအချဉ်ဖောက်ထားသောတဆေး (Saccharomyces pastorianus) ဖြစ်ပြီး ပုံမှန်အားဖြင့် 7–12 °C (45–54 °F) (စော်ဖောက်ခြင်းအဆင့်) တွင် ရှည်လျားသောဒုတိယအချဉ်ဖောက်ခြင်းကို  0–4 ° တွင်ပေးသည်။ C (32–39 °F) (လျောကျနေသောအဆင့်)။ အလယ်တန်းအဆင့်တွင်၊ လေဂါသည် ကြည်လင်ပြီး နူးညံ့သည်။ အေးမြသောအခြေအနေများသည် အီစတာများနှင့် အခြားအကျိုးဆက်များ၏ သဘာဝထုတ်လုပ်မှုကို ဟန့်တားကာ "သန့်ရှင်း" အရသာရှိသော ဘီယာကို ဖြစ်ပေါ်စေသည်။ ပိုမိုကောင်းမွန်သော ခေတ်မီတဆေးမျိုးကွဲများဖြင့်၊ လီဂါဘီယာလုပ်ငန်းအများစုသည် ပုံမှန်အားဖြင့် 1-3 ပတ်အတွင်း အအေးခန်းသိုလှောင်မှုကို ခဏသာအသုံးပြုသည်။ အတိုင်းအတာ ဘီယာကို ခါးသီးမှု၊ ခွန်အားနှင့် အရောင်ဖြင့် တိုင်းတာပြီး အကဲဖြတ်သည်။ ခံစားရသောခါးသီးမှုကို American Society of Brewing Chemists နှင့် European Brewery Convention တို့ကြား ပူးပေါင်းဆောင်ရွက်မှုတွင် သတ်မှတ်ထားသော International Bitterness Units scale (IBU) ဖြင့် တိုင်းတာသည်။ နိုင်ငံတကာစကေးသည် EBU အဖြစ် အတိုကောက်ခေါ်လေ့ရှိသော European Bitterness Units စကေး၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး ခါးသီးမှုတန်ဖိုးများသည် တူညီသင့်သည်။ အရောင် ဘီယာအရောင်ကို malt မှဆုံးဖြတ်သည်။ အသုံးအများဆုံးအရောင်မှာ ဖျော့တော့သော malts ကိုအသုံးပြု၍ ထုတ်လုပ်ထားသော ပယင်းဖျော့ရောင်ဖြစ်သည်။ Pale lager နှင့် pale ale တို့သည် လောင်စာဆီ coke ဖြင့် အခြောက်ခံထားသော malt မှပြုလုပ်သော ဘီယာများအတွက် အသုံးအနှုန်းများဖြစ်သည်။ Coke ကို 1642 ခုနှစ်တွင် malt ကင်ရန်အတွက် ပထမဆုံးအသုံးပြုခဲ့သော်လည်း 1703 ခုနှစ်ဝန်းကျင်အထိ pale ale ဟူသောအသုံးအနှုန်းကို အသုံးပြုခဲ့ခြင်းမရှိပါ။ အရောင်းပမာဏအရ ယနေ့ခေတ် ချက်သမ္မတနိုင်ငံရှိ Pilsen မြို့တွင် ၁၈၄၂ ခုနှစ်တွင် ချက်လုပ်ခဲ့သော အရောင်ဖျော့လေဂါကို အခြေခံ၍ ရောင်းချမှုပမာဏအရ ယနေ့ ဘီယာအများစုကို အခြေခံထားသည်။ ခေတ်မီအရောင်ဖျော့ဖျော့သည် အရောင်ဖျော့ပြီး သိသာထင်ရှားသော ကာဗွန်နိတ်များ (fizzy ပူဖောင်းများ) နှင့် ထုထည်ပါဝင်မှု 5% ဝန်းကျင်တွင် ပုံမှန်အရက်ဖြစ်သည်။ Pilsner Urquell၊ Bitburger နှင့် Heineken ဘီယာအမှတ်တံဆိပ်များသည် အမေရိကန်အမှတ်တံဆိပ် Budweiser၊ Coors နှင့် Miller တို့ကဲ့သို့ အရောင်ဖျော့လာကာ၏ ပုံမှန်ဥပမာများဖြစ်သည်။ မှောင်မိုက်သောဘီယာများကို လိုချင်သောအရိပ်ရရန် ပိုမိုနက်မှောင်သော malt အချိုးအစားအနည်းငယ်ဖြင့် ဖျော့တော့သော malt သို့မဟုတ် lager malt အခြေခံမှ ချက်ခြင်းဖြစ်ပါသည်။ ကာရာမဲလ်ကဲ့သို့သော အခြားအရောင်အသွေးများကိုလည်း ဘီယာကို မည်းစေရန် တွင်ကျယ်စွာ အသုံးပြုကြသည်။ ပြင်းပြင်းထန်ထန် ကဲ့သို့သော အလွန်နက်မှောင်သော ဘီယာများသည် နက်မှောင်သော သို့မဟုတ် ကြာမြင့်စွာကင်ထားသည့် မူပိုင်ခွင့် မောလ်များကို အသုံးပြုပါ။ အချို့က မညက်တညက်ရှိသော မုယောစပါးကို ကင်ကြသည်။ ခွန်အား ဘီယာသည် ပမာဏအားဖြင့် (abv) (abv) မှ 3% အောက်အယ်လ်ကိုဟောမှ 14% abv ဝန်းကျင်အထိ ရှိသော်လည်း ဤအစွမ်းသတ္တိကို ရှန်ပိန်တဆေးဖြင့် ပြန်လည်ထုတ်ပြီး အအေးခံခြင်းလုပ်ငန်းစဉ်အားဖြင့် 55% abv မှ 20% ဝန်းကျင်အထိ အားကောင်းနိုင်သည်။ ဘီယာ၏အယ်လ်ကိုဟောပါဝင်မှုသည် ဒေသန္တရအလေ့အကျင့် သို့မဟုတ် ဘီယာပုံစံအလိုက် ကွဲပြားသည်။ စားသုံးသူအများစုသိကြသည့် အရောင်ဖျော့ဖျော့လေဂါများသည် ပုံမှန် abv 5% နှင့် အကွာအဝေး 4-6% တွင် ကျဆင်းသည်။ British ales ၏ ထုံးတမ်းစဉ်လာ အစွမ်းသတ္တိမှာ များစွာနိမ့်ပါးပြီး အများအပြားတွင် 4% abv ဝန်းကျင်ရှိနေသည်။ ဘယ်လ်ဂျီယံတွင်၊ စားပွဲဘီယာကဲ့သို့သော အချို့ဘီယာများသည် အချို့သောကျောင်းများတွင် အချိုရည်များအစား အယ်လ်ကိုဟောပါဝင်မှုနည်းသော (1%–4%) ပါဝင်ပါသည်။ ဘီယာထဲတွင် အရက်သည် အဓိကအားဖြင့် အချဉ်ဖောက်ချိန်တွင် ထုတ်ပေးသော သကြားများ၏ ဇီဝြဖစ်ပျက်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။ wort တွင် အချဉ်ဖောက်နိုင်သော သကြားပမာဏနှင့် wort ကို စော်ဖောက်ရာတွင် အသုံးပြုသည့် တဆေးအမျိုးမျိုးသည် နောက်ဆုံးဘီယာတွင် အရက်ပမာဏကို ဆုံးဖြတ်ပေးသည့် အဓိကအကြောင်းရင်းများဖြစ်သည်။ အချဉ်ဖောက်နိုင်သော သကြားများကို တစ်ခါတစ်ရံတွင် အယ်လ်ကိုဟောပါဝင်မှု တိုးစေရန်အတွက် မကြာခဏ ပေါင်းထည့်လေ့ရှိပြီး အချို့သော ဘီယာပုံစံများ (အဓိကအားဖြင့် "အလင်း" ဘီယာ) အတွက် အင်ဇိုင်းများကို ပိုမိုရှုပ်ထွေးသော ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) အဖြစ်သို့ ပြောင်းလဲနိုင်စေရန် အင်ဇိုင်းများကို wort တွင် ထည့်သွင်းလေ့ရှိသည်။ အရက်သည် တဆေးဇီဝြဖစ်ပျက်မှု၏ ရလဒ်ဖြစ်ပြီး မြင့်မားသောပါဝင်မှုတွင် တဆေးကို အဆိပ်ဖြစ်စေသည်။ ပုံမှန် ချက်လုပ်ထားသော တဆေးသည် ပမာဏအားဖြင့် အရက်ပြင်းအား 12% အထက်တွင် မရှင်သန်နိုင်ပါ။ အပူချိန်နိမ့်ခြင်းနှင့် အချဉ်ဖောက်ချိန်နည်းလွန်းခြင်းသည် တဆေး၏ထိရောက်မှုကို လျော့ကျစေပြီး အရက်ပါဝင်မှုကို လျော့ကျစေသည်။ အပျော့စား ဘီယာများမှာ ပုံမှန်အားဖြင့် အယ်လ်ကိုဟော 0.05% ထက်နည်းသော ဘီယာများ ("နီးသောဘီယာ" ဟုလည်း ခေါ်သည်) နှင့် များသောအားဖြင့် 4% အရက်ပါဝင်သည့် အပေါ့စား ဘီယာများ။ 20 ရာစုနှောင်းပိုင်းနှစ်များအတွင်း ဘီယာများ၏ အင်အားသည် မြင့်တက်လာခဲ့သည်။ 10.5% abv (33 ဒီဂရီ ပလေတို၊ ထို့ကြောင့် Vetter "33") doppelbock သည် 1994 Guinness Book of World Records တွင် အပြင်းထန်ဆုံးဘီယာအဖြစ် ထိုအချိန်က Samichlaus၊ Swiss ဘီယာချက်လုပ်သူ Hürliman ဖြစ်ခဲ့သော်ငြား၊ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများ 14% abv တွင် အပြင်းထန်ဆုံးအဖြစ် စာရင်းသွင်းထားသည်။ ထိုအချိန်မှစ၍ အချို့သော ဘီယာထုတ်လုပ်သူများသည် ၎င်းတို့၏ ဘီယာ၏အယ်လ်ကိုဟောပါဝင်မှုကို တိုးမြှင့်ရန်အတွက် ရှန်ပိန်တဆေးကို အသုံးပြုလာကြသည်။ Samuel Adams သည် ထောင်စုနှစ်နှင့်အတူ 20% abv သို့ရောက်ရှိခဲ့ပြီး Utopias ဖြင့် ထိုပမာဏကို 25.6% ကျော်လွန်သွားခဲ့သည်။ ဗြိတိန်တွင် အပြင်းဆုံးဘီယာမှာ 23% abv ဘီယာဖြစ်ပြီး Parish Brewery မှ Baz's Super Brew ဖြစ်သည်။ 2011 ခုနှစ် စက်တင်ဘာလတွင် စကော့တလန် ဘီယာချက်စက်ရုံ BrewDog မှ Ghost Deer ကို ထုတ်လုပ်ခဲ့ပြီး 28% မှာ အချဉ်ဖောက်ခြင်းတစ်ခုတည်းဖြင့် ထုတ်လုပ်သော ကမ္ဘာ့အပြင်းထန်ဆုံး ဘီယာဟု ဆိုကြသည်။ သမိုင်းကြောင်း ဘီယာသည် ကမ္ဘာတွင် ရှေးအကျဆုံး အဖျော်ယမကာ ဖြစ်ပြီး ဘီယာကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၉၅၀၀ လောက်က လယ်ထဲက ကောက်နှံပင် ကနေ စတင်တွေ့ရှိခဲ့သည်။ ဓာတုဗေဒ သက်သေခံကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၁၀၀ လောက်မှ တွေ့ရှိခဲ့သည် ဆိုသည်။ ယနေ့တွင် ဘီယာထုတ်လုပ်ရေးကို စီးပွားရေး တစ်ခုအနေ လုပ်ဆောင်ကြပြီး ကမ္ဘာတစ်ခုလုံးကို ဖြန့်ဖြူးရောင်းချနေကြသည်။၂၀၀၆ ခုနှစ် မှာ တစ်နှစ် ဘီယာ ရောင်းရနှုန်း အရေအတွက်သည် လီတာ သန်းပေါင်း ၁၃၃ သန်း (ဂါလံ သန်းပေါင်း ၃၅)ထိ ရောင်းချခဲ့ရသည်ဟု သိရသည်။ မြန်မာနှင့် ဘီယာ မြန်မာတွင် ရှေးက ဘီယာကဲ့သို့သော အရည်ကို ဗြစ်ရည်ဟု ခေါ်ဆိုခဲ့ကြသည်။ ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဝီစကီ၊ ဘရန်ဒီ၊ ဘီယာ စသော နိုင်ငံခြားဖြစ် ယမကာများသည် ရတနာပုံ နေပြည်တော်သို့ ရောက်ရှိလာပြီး ဖြစ်သည်။ ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မြင်းခြံမြို့သို့ တာဝန်နှင့် သွားယောက်စဉ်အတွင်း ဗြစ်ရည်ကို ဆေးဝါးအမှတ်ဖြင့် အနည်းငယ် သောက်သုံးလျှင် သူရာမေရယကံ မမြောက်သောကြောင့် အပြစ်မရှိဟု ထင်မြင်ချက် ပေးခဲ့ဘူးသည်။ ဤအကြောင်းကို အထောက်တော် ဦးရွှေတိုး (နောင် တောင်ထားဝယ်ဗိုလ် ဖြစ်လာသူ)၏ တင်လျှောက်ချက်အရ မင်းတုန်းမင်းတရားကြီး၏ ရွှေနားတော်အထိ ပေါက်ကြားခဲ့သည်။ မင်းတုန်းမင်းတရား ခေါ်ယူစစ်ဆေးတော်မူရာတွင် ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မကွယ်မထောင့် ဟုတ်မှန်ကြောင်း ဖြောင့်ဆိုသည်။ မင်းတုန်းမင်းတရားကြီးက "'မောင်မင်းလျှောက်တင်သော စကားသည် မောင်မင်းကဲ့သို့သော ပညာရှိများ အတွက်မူ ဟုတ်မှန်တန်ရာပါသည်။ သို့သော် တိုင်းသူပြည်သား၊ အများကမူ မောင်မင်းကဲ့သို့ ပညာရှိများ မဟုတ်ကြသောကြောင့် မောင်မင်း၏စကားကို လိုရာဆွဲပြီး အဓိပ္ပာယ်ကောက်ယူကာ သောက်စားမူးယစ်နေကြလျှင် မခက်ပေလော"' ဟု အမိန့်တော်ရှိပြီးနောက် ယောအတွင်းဝန် ဦးဖိုးလှိုင်အား ရာထူးချထားခဲ့သည်။ ကိုးကား ယမကာ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AE%E1%80%9A%E1%80%AC
အင်းဝမင်းဆက်
အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃ရာစုအလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဘက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဘက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျစွာမင်း ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် ဩဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံးဝ ဩဇာမရှိတော့ချိန်တွင် ထိုရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက အင်းဝတွင် နန်းတည်ကာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် စစ်ကိုင်းနရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။ အင်းဝမင်းဆက်ကို လေ့လာလျှင် စတင်တည်ထောင်သူ သတိုးမင်းဖျားမှ ကလေးကျေးတောင်ညို ထိကို သတိုးဆက်ဟူ၍လည်းကောင်း၊ မိုးညှင်းသတိုးမှ ရွှေနန်းကျော့ရှင်နရပတိ ထိကို မိုးညှင်းဆက်ဟူ၍လည်းကောင်း၊ သိုဟန်ဘွား၊အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ သုံးဆက်ကို ရှမ်းဆက်ဟူ၍လည်းကောင်း၊ စစ်ကိုင်းနရပတိစည်သူ(စည်သူကျော်ထင်)ထိ သတ်မှတ်ကြသည်။ သို့သော် အချို့သမိုင်းပညာရှင်များက စစ်ကိုင်းနရပတိစည်သူ နှင့်အတူ ဘုရင့်နောင်၊နန္ဒဘုရင်တို့လက်ထက်များတွင် လက်အောက်ခံအဖြစ် နန်းတင်သည့် သတိုးမင်းစော၊ မင်းလက်ယာ နှင့် မင်းရဲကျော်စွာတို့ကို မြန်မာဆက်ဟူ၍လည်းကောင်း ခွဲခြားသတ်မှတ်သည်လည်း ရှိသည်။ နှင်းကျသည် အင်းဝတည် ဆိုရိုးစကားအရ (နှင်း = ၇၊ ကျ = ၂၊ သည် = ၆) ၇၂၆-ခုနှစ်၌ တည်ထောင်သည်။ အင်းဝမင်းများ ပထမအင်းဝခေတ် မင်းဆက်များ သတိုးမင်းဖျား (၁၃၆၄-၁၃၆၇) မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀ဝ) ဆင်ဖြူရှင် တရဖျား (၁၄၀ဝ) ပထမ မင်းခေါင်ကြီး (၁၄၀ဝ--၁၄၂၂) ဆင်ဖြူရှင် သီဟသူ (၁၄၂၂-၁၄၂၅) မင်းလှငယ် (၁၄၂၅) ကလေးကျေးတောင်ညို (၁၄၂၅-၁၄၂၆) မိုးညှင်းမင်းတရား (၁၄၂၆-၁၄၃၉) မင်းရဲကျော်စွာ (၁၄၃၉-၁၄၄၂) နရပတိ (အင်းဝ) (၁၄၄၂-၁၄၆၈) ပြည်စုန်မင်းသီဟသူ (၁၄၆၈-၁၄၈၀) ဒုတိယ မင်းခေါင် (၁၄၈၀-၁၅၀၁) ရွှေနန်းကျော့ရှင်နရပတိ (၁၅၀၁-၁၅၂၇) သိုဟန်ဘွား (၁၅၂၇-၁၅၄၂) အုန်းဘောင်ခုံမှိုင်း (၁၅၄၂-၁၅၄၅) မိုးဗြဲနရပတိ (၁၅၄၅-၁၅၅၁) စည်သူကျော်ထင် (၁၅၅၁-၁၅၅၅) ဒုတိယ အင်းဝခေတ်၊ ညောင်ရမ်းခေတ် မင်းရဲနန္ဒမိတ် (၁၅၉၇-၁၆၀၅) အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) သာလွန်မင်း (၁၆၂၈-၁၆၄၈) ပင်းတလဲမင်း (၁၆၄၈-၁၆၆၁) ပြည်မင်း (၁၆၆၁-၁၆၇၂) နရာဝရမင်း (၁၆၇၂) မင်းရဲကျော်ထင် (၁၆၇၂-၁၆၉၈) စနေမင်း (၁၆၉၈-၁၇၁၄) တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃) ဟံသာဝတီပါမင်း (၁၇၃၃-၁၇၅၁) တတိယ အင်းဝခေတ် ဆင်ဖြူရှင်မင်း (၁၇၆၃-၁၇၇၆) စဉ့်ကူးမင်း (၁၇၇၆-၁၇၈၂) ဖောင်းကားစား မောင်မောင် (၁၇၈၂) (၇)ရက် စတုတ္ထအင်းဝခေတ် ဘကြီးတော်(စစ်ကိုင်းမင်း) (၁၈၁၉-၁၈၃၇) ဘုရင်ခံများ သတိုးမင်းစော မင်းလက်ယာ မင်းရဲကျော်စွာ သတိုးမင်းစော၊၎င်းနောက် နန္ဒဘုရင် နန်းစောင့်ထားသည့် မင်းလက်ယာ နှင့် နန္ဒဘုရင်၏သားတော် အိမ်ရှေ့မင်းဖြစ်လာမည့် မင်းရဲကျော်စွာတို့ကို ပါရေတွက်ကာ မင်းဆက် ၂၀ အထိလည်း ပြဆိုတတ်သည်။ မြန်မာနိုင်ငံ၏ သမိုင်း အင်းဝခေတ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%80%E1%80%BA
အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်
အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် သည် ၁၄ ရာစုအလယ်တွင် အထက်ဖက်အင်းဝမှ မြန်မာတို့နှင့် အောက်ဘက်ဟံသာဝတီမှ မွန်တို့ နှစ်ဖက်က ဂုဏ်သတင်းကျော်ဇောလိုမှု၊ အနိုင်ယူရန်လိုမှု တို့ကြောင့်တစ်ဖက်နှင့်တစ်ဖက် အဆက်မပြတ်တိုက်ခိုက်ကြသည့်စစ်ပွဲ ဖြစ်သည်။ နှစ်လေးဆယ်စစ်ဟုခေါ်ရသည်မှာလည်း အဓိကစစ်ဘုရင်နှစ်ပါးဖြစ်သည့် ရာဇာဓိရာဇ်နှင့် မင်းခေါင်တို့နှစ်ဦး၏ နန်းသက်ကာလကိုသာ ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ထိုပဒေသရာဇ် စစ်ဘုရင်နှစ်ပါး နောက်တွင် အစဉ်အဆက်နန်းတက်ကြသည့် မွန်-မြန်မာဘုရင်များကလည်း အစဉ်အလာမပျက် စစ်ကိုခင်းကျင်းကြပြန်သဖြင့် ၁၄ ရာစုလယ်မှ စသည့်စစ်သည် ၁၅ ရာစုဦးအထိ ရာစုနှစ်တစ်ခု၏ သုံးပုံနှစ်ပုံကျော်မျှ တိုက်ခိုက်ခဲ့ကြသည်။ နှစ်ဖက်စစ်ပွဲများမရှိသည် ကာလများတွင် သက်ဆိုင်ရာ ပဒေသရာဇ်များသည် မိမိပိုင်နက်အတွင်းရှိ ပုန်ကန်သူများကို နှိမ်နှင်းနေသောကြောင့် လည်းကောင်း၊ နန်းတွင်းအရှုပ်တော်ပုံများနှင့် လုံးပမ်းနေရသည်ကြောင့် လည်းကောင်း စစ်ခင်းနေသည်နှင့် များစွာခြားနားသည်မရှိပေ။ ထို့ပြင် စစ်၏ဒဏ်ရာဒဏ်ချက်များကြောင့် နှစ်ဖက်စစ်ပန်းချိန်၊ ခြေကုန်လက်ပန်းကျချိန်၊ ဩဇာမှေးမှိန်ချိန် အရောက်တွင် သုရှင်တကာရွတ်ပိအုပ်စိုးသည့် ဟံသာဝတီသည် အင်အားကြီးလာသည့် တောင်ငူဘုရင်တပင်ရွှေထီး လက်အောက်သို့လည်းကောင်း၊ အင်းဝသည်လည်း မြောက်ဘက်တစ်လွှားမှ အင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်ကို ခံရပြီး နောက်ဆုံးဘုရင်ဖြစ်သည့် ရွှေနန်းကျော့ရှင် နရပတိလက်ထက်တွင် မိုးညှင်းစလုံ လက်ထဲသို့လည်းကောင်း အသီးသီးကျဆင်းသွားရတော့သည်။ ဤသို့ဖြင့် တိုင်းပြည်စစ်ဘေးမှ ကင်းဝေးရန်မျှော်လင့်ချက်မှာ ဒုတိယပြည်ထောင်စု တည်ထောင် ကြသည့် တပင်ရွှေထီး၊ ဘုရင့်နောင် တို့လက်ထက်တွင် ပျောက်ကွယ်နေဆဲဖြစ်ပြီး ဘုရင့်နောင်၏ နန်းသက်နောက်ဆုံးအချိန်များတွင် အတန်အတင့်အေးချမ်းသည်ဟုသာ ဆိုနိုင်ပေသည်။ ဘုရင့်နောင် လွန်၍ သားတော် နန္ဒဘုရင် နန်းစံလျှင် လက်နက်နိုင်ငံကြီးမှာ လက်အောက်ခံ နယ်စားပယ်စားများ၊ဘုရင်ခံများ၏ ပုန်ကန်မှုများကြောင့် လွယ်လွယ်နှင့် ပြိုကွဲကာ တိုင်းပြည်မှာ စစ်မီးလျှံများအတွင်း သက်ဆင်းရပြန်သည်။ ထိုနောက် တစ်နယ်တစ်မင်း ထူထောင်ကြသည့် ပဒေသရာဇ်ငယ်များ၏ ရန်စစ်များ၊ စစ်ပွဲများမှာ အတောမသတ်နိုင်အောင်ပင် ဖြစ်ပွားခဲ့ပြီးနောက်ဆုံး ညောင်ရမ်းမင်းဆက်၏ တတိယမြောက်ဘုရင်ဖြစ်သည့် သာလွန်မင်းလက်ထက်ရောက်မှသာ တိုင်းပြည်အေးချမ်းပြီဟု ဆိုနိုင်သည့် အနေအထားသို့ ရောက်တော့သည်။ ထိုမင်းလက်ထက်တွင်မှ မြန်မာ့သမိုင်းတစ်လျှောက် ပထမဆုံးသော စာရင်းဇယားကောက်ယူမှုများကို ပြုလုပ်ပြီး အုပ်ချုပ်ရေး၊နိုင်ငံရေး၊လယ်ယာစီးပွား အစရှိသည့် ကဏ္ဍကြီးများမှာ ပြန်လည်တည်ငြိမ်မှု ရှိလာခဲ့သည်။ စစ်သမိုင်းပညာရှင်များအတွက် အဆိုပါ အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်မှာ စားမြိန်ဝိုင်းကြီးသဖွယ် ပြောမကုန်၊ဆိုပြီး ဖြစ်သော်လည်း ယဉ်ကျေးမှု သမိုင်းပညာရှင်များကမူ ထိုကဲ့သို့ရာစုနှစ် တစ်ခုကျော်ဖြစ်ပွားမည့် စစ်ပွဲကြီးကို အစပျိုးသည့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် သာမဖြစ်ခဲ့လျှင်၊ အစမပြုခဲ့လျှင် ၁၄၊ ၁၅ ရာစုနှစ်များမှ မြန်မာ့ယဉ်ကျေးမှု၏ ဖြစ်ပေါ်တိုးတက်မှုသည် ပုဂံခေတ်ယဉ်ကျေးမှုထက်ပင် မြင့်မားရန် အခွင့်အလမ်းရှိနေသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သောစစ်ပွဲများ အင်းဝခေတ် တောင်ငူခေတ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9D-%E1%80%9F%E1%80%B6%E1%80%9E%E1%80%AC%E1%80%9D%E1%80%90%E1%80%AE%20%E1%80%A1%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%9C%E1%80%B1%E1%80%B8%E1%80%86%E1%80%9A%E1%80%BA%E1%80%85%E1%80%85%E1%80%BA
နီကိုလာ့စ် ကော်ပါးနိကပ်စ်
နေဗဟိုပြုသီအိုရီကို လက်တွေ့ကျမ်းပြုထုတ်ဖော်သူ ကော်ပါးနိကပ်စ်၊အမည်အပြည့်အစုံ နီကိုလာ့စ်ကော်ပါးနိကပ်စ် (Nicolaus Copernicus) (၁၄၇၃-၁၅၄၃) အားယနေ့ ပိုလန်နိုင်ငံ၊ ဗစ်တူလာတွင် ကြွယ်ဝချမ်းသာသည့် မိသားစု၊အသိုင်းအဝန်းမှ ဖွားမြင်သည်။ လူရွယ်ဘဝကပင် နက္ခတ္တဗေဒ တွင်အထူးစိတ်ပါဝင်စားသည်။ အသက် ၂၅တွင် အီတလီသို့သွားပြီး ဘိုလော့ညာတက္ကသိုလ် (Bologna) နှင့် ပါဒွါးတက္ကသိုလ် (Padau)တို့တွင် ဥပဒေနှင့် ဆေးပညာရပ်များကို သင်ကြားသည်။ နောက်ဆုံး ဖာရာရာတက္ကသိုလ် (Ferrara)တွင် ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍ ပါရဂူဘွဲ့ရခဲ့သည်။ နောက်အရွယ်အိုသည်ထိ ဖာရော်အင်ဘာ့ဂ် (Frauenburg) ဘုရားကျောင်းဝန်ထမ်း ကျမ်းစာသင်ဆရာအဖြစ် နေထိုင်သွားခဲ့သည်။ သို့သော် နောင်တွင် နက္ခတ္တဗေဒဖြင့် ကျော်ဇောမည့် သူသည် နက္ခတ္တပညာရှင်အဖြစ် လုံးဝနေထိုင်မသွားခဲ့သည်မှာ ကော်ပါးနိကပ်စ်၏ ထူးခြားချက်ပင်ဖြစ်သည်။ သူ့အား နာမည်ကြီးစေမည့် ထို နေဗဟိုပြုသီအိုရီ အမည်ရကျမ်းကို သူ၏အားလပ်ချိန်များမှ အချိန်ယူရေးသားသွားခဲ့ခြင်းဖြစ်သည်။ သူအီတလီတွင်နေထိုင်ခဲ့စဉ်က ဂရိဒဿနပညာရှင် စမော့စ်နယ်သား အရိစ်တာကပ်စ် (Aristarchus) (ဘီစီ ၃၀ဝခန့်) ၏ နေကိုကမ္ဘာနှင့် ဂြိုဟ်များက လှည့်ပတ်သည် ဟူသောစိတ်ကူးကို ကြားသိခဲ့ရဖူးပုံရသည်။ ထိုအယူအဆသစ်ကို ကော်ပါးနိကပ်စ် တစ်ယောက်လည်း မှန်ကန်မည်ဟု လက်ခံယုံကြည်ခဲ့သည်။ သို့သော်မည်သူ့ကိုမျှ ရှင်းလင်းပြခဲ့ခြင်းမရှိပဲ မိမိယုံကြည်ရာကို သက်သေပြနိုင်အောင် ကြိုးပမ်းရှာဖွေရင်း အသက် ၄၀အရွယ်ထိရေငုံနှုတ်ပိတ်ကာနေခဲ့သည်။ အသက်၄၀ကျော်မှ သူ၏အယူအဆများကို ရေးမှတ်ထားသည့် မှတ်စုစာအုပ်ကို ရင်းနှီးသူတချို့အား ပေးဖတ်ခဲ့သည်။ ထိုစာအုပ်မှာ ဘဝတစ်လျှောက် လေ့လာတွက်ချက်မှုများကိုအခြေခံကာ ပြုစုထားသည့် အာကာသအတွင်းရှိ စက်လုံးများ၏ လှည့်ပတ်ခြင်းအကြောင်း (On the Revolution of the Celestial Spheres)ပင်ဖြစ်သည်။ ထိုစာအုပ်တွင် မိမိ၏လေ့လာတွေ့ရှိချက်များ၊တွက်ချက်ပုံများ၊ သီအိုရီများကို ပြည့်စုံစွာ ဖော်ပြထားခဲ့သည်။ တဖန် အသက်၆၀ တွင် ရောမသို့သွားရောက်ပြီး မိမိ၏အယူအဆကို အစဉ်တစိုက်ဟောပြောခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ မနှစ်သက်၊ မလိုလားမှုတို့ကိုပင် ရဲဝံ့စွာရင်ဆိုင်ပြီး တင်ပြခဲ့သည်။ အသက် ၇၀ နားနီးမှ မိမိ၏ကျမ်းကို ပုံနှိပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့သော်လည်း ပုံနှိပ်သူထံမှ ပထမဆုံးစာအုပ်ကို သူကွယ်လွန်သည့် ၂၄၊ မေ၊ ၁၅၄၃တွင်မှ ရရှိသွားရှာသည်။ ကော်ပါးနိကပ်စ်၏ ကျမ်းတွင် ပြသခဲ့သည့် အခြေခံအချက်များ၊ တွက်ချက်ပုံများမှာ အမှားကင်းသည်တော့ မဟုတ်ခဲ့ပေ။ နောက်လူတို့က ထိုအမှားများကို ပြင်ဆင်ပြီး ဆက်လက်သုံးစွဲကြရသည်လည်းရှိသည်။ သို့သော် ထိုခေတ်အခါက ခရစ်ကျောင်းတော်၏ ရှေးရိုးစွဲဘာသာရေးအမြင်ကို ရဲဝံ့စွာဖောက်ထွက်ကာ စတင်ဟောပြောခဲ့သူ ကော်ပါးနိကပ်စ်၏ ကျေးဇူးကြောင့်သာလျှင် နောင်တစ်ချိန်တွင် တီချို ဘရက် (Tycho Brahe)၊ ဂယ်လီလီယို နှင့် ဂျိုဟန်နက်စ် ကပ်ပလာ (Johannes Kepler) အစရှိသူတို့က နေဗဟိုပြုကာ ဂြိုဟ်များ သွားလာသည်မှာ မှန်ကန်ကြောင်း ဆက်လက်ဖော်ထုတ်နိုင်ကြ၊ ဂြိုဟ်သွားဂြိုဟ်လာ လမ်းကြောင်းများကို တွက်ချက်နိုင်ခဲ့ခြင်းဖြစ်သည် ဟုဆိုနိုင်သည်။ မှတ်စု ကိုးကား နက္ခတ္တဗေဒပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AE%E1%80%80%E1%80%AD%E1%80%AF%E1%80%9C%E1%80%AC%E1%80%B7%E1%80%85%E1%80%BA%20%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%AB%E1%80%B8%E1%80%94%E1%80%AD%E1%80%80%E1%80%95%E1%80%BA%E1%80%85%E1%80%BA
ဂယ်လီလီယို
ဂယ်လီလီယို ဂယ်လီလဲအီ (Galileo Galilei) (၁၅၆၄-၁၆၄၂) ကို ကြီးကျယ်သော သိပ္ပံပညာရှင်၊ ရှာဖွေ စူးစမ်းသူ၊ တီထွင်သူ၊ နက္ခတ်ပညာရှင် အဖြစ်လည်းကောင်း၊ ချိန်သီးသဘောတရားကို စတင်ဖော်ထုတ်သူ၊ အလေးချိန် သဘောတရားကို စတင်ဖော်ထုတ်သူအဖြစ်လည်းကောင်း အသိများသည်။ သိပ္ပံပညာရပ်အတွက် နယူတန်အောက်လျော့လျော့မျှပင် နေရာပေးကာ ကြည်ညိုကြခဲ့သည်။ ဘဝနိဒါန်း ဂယ်လီလီယိုအား ၁၅၆၄-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အီတလီနိုင်ငံ၊ ပီဆာ (Pisa) မြို့တွင် မွေးဖွားသည်။ ပီဆာတက္ကသိုလ်တွင် တက်ရောက်သင်ကြားရင်းမှ ငွေကြေးမတတ်နိုင်သဖြင့် တက္ကသိုလ်မှ ထွက်ရရှာသည်။ သို့သော် ပင်ကိုကပင် စွမ်းရည်ရှိသူဖြစ်သည့်အတွက် ၁၅၈၉ တွင် ထိုပီဆာတက္ကသိုလ်၌ ဆရာပြန်ဖြစ်သည်။ နောက် နှစ်အနည်းငယ်အကြာတွင် ပါဒွား (Padua) တက္ကသိုလ် သို့ပြောင်းရွှေ့ပြီး ထိုတက္ကသိုလ်တွင် ၁၆၁၀ ထိ ဆရာအဖြစ်နေထိုင်သွားခဲ့သလို ထိုတက္ကသိုလ်၌ပင် အရေးပါသည့် သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာမှု၊ တွေ့ရှိမှုတို့ကို ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။ သိပ္ပံပညာရှင်ဘဝ ဂယ်လီလီယို၏ အရေးပါသည့် တွေ့ရှိချက်များမှာ - ခေတ်အဆက်ဆက်က သိပ္ပံသမားတို့က လက်ခံယုံကြည်လာသည့် အရစ္စတိုတယ်လ် မိန့်ဆိုချက်ဖြစ်သော "ပစ္စည်းတစ်ခုနှင့် တစ်ခုအလေးချိန်မတူလျှင် အမြင့်မှအောက်သို့ ကျသည့်နှုန်းလည်းမတူ၊ ကွာခြားသည်။" ဆိုသည့် ယုံကြည်ချက်အမှားကို လက်တွေ့စမ်းသပ်ပြီး ခြေဖျက်ကာ ကျနှုန်းတူကြောင်း သက်သေပြခဲ့သည်။ ထိုအခြင်းအရာနှင့် ပတ်သတ်သည့် နိယာမများ၊ တွက်နည်းတွက်ကိန်းများ၊ သီအိုရီများကို ပါဖော်ထုတ်ပေးခဲ့သည်။ အင်နားရှား (Inertia) သဘောကို ရှာဖွေတွေ့ရှိခြင်းသည်လည်း ခေတ်သစ်သိပ္ပံပညာတွင် အရေးပါသည့် အခြင်းအရာဖြစ်သည်။ ထိုမှ အင်နားရှားနိယာမ (Law of Inertia) ကို ဖော်ထုတ်သတ်မှတ်နိုင်သည်။ ၎င်းမှဆင့်ပွားပြီး နယူတန်၏ ပထမရွေ့လျားမှုနိယာမ (The First Law of Motion) တွင်ထည့်သွင်း နိုင်ခြင်းဖြစ်သည်။ အရေးအကြီးဆုံး တွေ့ရှိချက်မှာ နက္ခတ္တဗေဒတွင်ဖြစ်သည်။ ၁၆၀ဝ ဝန်းကျင်ကပင် နက္ခတ်ပညာရပ်တွင် ကောပါးနိကပ်စ် (Copernicus) ၏အယူအစသစ်နှင့် ပတ်သတ်ပြီး ပညာရှင်အမည်ခံသူတို့ မပြတ်တမ်းငြင်းခုံနေမှုတို့ကို အဆုံးသတ်စေခဲ့ခြင်းဖြစ်သည်။ ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ (Heliocentric Theory) မှန်ကန်ကြောင်း သတ်သေပြခဲ့ခြင်းဖြစ်သည်။ ၁၆၀၄ စောစောပိုင်းကပင် ဂယ်လီလီယိုက နှုတ်ဖြင့် ပြောဆိုထောက်ခံခဲ့သော်လည်း တိကျသည့် အထောက်အထား တင်ပြနိုင်သည်မဟုတ်သည့်အတွက်ကြောင့် ငြင်းခုံဆဲဖြစ်သည်။ ၁၆၀၉ တွင် ဟော်လန်၌ နက္ခတ်မှန်ပြောင်း တီထွင်အောင်မြင်ကြောင်းသိလျှင် နည်းနာယူပြီး ပိုမိုအဆင့်မြှင့်သည့် မှန်ပြောင်းကို တီထွင်ကာ အထက်ပါ နေဗဟိုပြုသီအိုရီကို ထင်ရှားအောင် သက်သေပြနိုင်ခဲ့သည်။ ထိုနှစ်အနည်းငယ်အတွင်းမှာပင် နက္ခတဗေဒနှင့်ပတ်သတ်သည့် တွေ့ရှိချက်တစ်ပုံတစ်ပင်ကို ဆက်ကာဆက်ကာ ဖော်ထုတ်ခဲ့သည်။ ရူပဗေဒ အခန်းကဏ္ဍ ချိန်သီး သူသည် အသက် ၁၉ နှစ်အရွယ်၌ ဘုရားရှိခိုးကျောင်း မျက်နှာကြက်မှ တွဲလွဲဆွဲထားသော မှန်မီးအိမ်လွှဲနေပုံကို သတိပြုမိရာမှ ချိန်သီးလွှဲပုံအကြောင်းနှင့် စပ်လျဉ်း၍ ယခင်က လူများမသိသေးသော အချက်များကို သိရှိလေသည်။ ထိုချိန်သီးဖြင့် အချိန်ကို သတ်မှတ်နိုင်သဖြင့် နောင်အခါ၌ သိပ္ပံပညာရှင်တို့သည် နာရီကို ကြံစည် လုပ်ကိုင်နိုင်ကြလေသည်။ Falling Bodies ဂယ်လီလီယိုသည် ပီဆာနှင့် ပက်ဒူအား တက္ကသိုလ်များ၌ သင်္ချာပါမောက္ခအဖြစ် လုပ်ကိုင်နေစဉ် ရူပဗေဒနှင့် နက္ခတ္တဗေဒ ပညာရပ်များကို လေ့လာခဲ့သည်။ အမြင့်မှ တစ်ပြိုင်တည်းကျသော အရာဝတ္ထု ၂ ခုသည် အလေးချိန် မတူညီစေကာမူ မြေသို့ တစ်ပြိုင်တည်းကျရောက်ကြောင်းကို သိရှိသည်။ ထိုအချက်ကို ပီစာမျှော်စင်ကြီးပေါ်မှ အလေးချိန်မတူသော အရာဝတ္ထုများကိုချ၍ လက်တွေ့ပြသခဲ့သည်။ နက္ခတ္တဗေဒ အခန်းကဏ္ဍ ဂယ်လီလီယိုသည် အဝေးကြည့်မှန်ပြောင်း (တယ်လီစကုပ်) ကို တီထွင်သူ ဖြစ်သည်။ ထိုမှန်ပြောင်းဖြင့် အရာဝတ္ထုတစ်ခုကို ကြည့်လျှင် မူလအရွယ်ထက် ၃ ဆမျှကြီး၍ မြင်ရသည်။ ထိုနောက် အဆ ၃ဝ မျှပို၍ ကြည့်အားကောင်းသောမှန်ပြောင်း ကို တီထွင်လေသည်။ ထိုမှန်ပြောင်းဖြင့် ကြည့်သောအခါ လတွင်ရှိသော တောင်များကိုတွေ့ရသည်။ ကြာသပတေးဂြိုဟ် (ဂျူပီတာ)၏ အရံဂြိုဟ် ၄ လုံးကိုလည်း တွေ့ရ၍ ကွင်းစွပ်လျက်ရှိသော စနေဂြိုဟ် (ဆက်တန်)၏ ထူးဆန်းသော ပုံ သဏ္ဌာန်ကိုလည်း မြင်ရသည်။ ဂယ်လီလီယို၏ ယူဆချက်မှတစ်ခုမှ ကမ္ဘာလုံးသည် ဝင်ရိုးပေါ်၌ လည်ပြီးလျှင် နေကို လှည့်ပတ်လျက်ရှိသည်ဟူသော ယူဆချက်ပင် ဖြစ်သည်။ သာသနာရေး အာဏာပိုင်များက ထို အယူကို မိစ္ဆာအယူဟု စွဲမြဲ မှတ်ယူထားသဖြင့် ၁၆၁၆ ခုနှစ်၌ သူ့အား ထိုအယူကို စွန့်လွှတ်ရန် သတိပေး၏။ သို့ရာတွင် ၁၆၃၂ ခုနှစ်၌ ထိုအယူကို ထုတ်ဖော်ရေးသားသဖြင့် ရောမမြို့ ရှိ သာသနာရေးဆိုင်ရာ တရားရုံးက ခေါ်ယူစစ်ဆေးသည်။ ခရစ်ယာန်ကျောင်းတော်၏ တားမြစ်မှု ထိုတွေ့ရှိမှုများကပင် သူ့အားဂုဏ်တက်စေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ရှေးယိုးစွဲ၊ ဩဇာကြီး ခရစ်ကျောင်းတော်နှင့် ဆန့်ကျင်မိလေလေ ဖြစ်လာတော့သည်။ ၁၆၁၆ တွင် အဆိုပါ ကော်ပါးနိကပ်စ်၏ သီအိုရီနှင့် ပတ်သတ်သည့် ထောက်ခံပြောဆိုမှုများကို ရပ်တန်းမှရပ်ရန် သတိပေးတားမြစ်ခံရတော့သည်။ သို့ဖြင့် ဂယ်လီလီယိုသည် နှစ်များမနည်းပင် အောင့်အီးကာ နေရရှာသည်မှာ ၁၆၂၃ တွင်ပုပ်ရဟန်းမင်း (Pope) ကွယ်လွန်ပြီး ရဟန်းမင်းသစ် တက်လာသည်အထိပင်ဖြစ်သည်။ ၎င်းအားထောက်ခံသည့် ပုပ်ရဟန်းမင်းသစ်ဖြစ်လာသည့် ဆဌမမြောက် အာဗန် (Urvan) က ဂယ်လီလီယိုအား ကြည်ညိုလေးစားသဖြင့် ယခင်က တားမြစ်ချက်ကို မသိကျိုးကျွန်ပြုကာ နေပေးသဖြင့် ဂယ်လီလီယို တစ်ယောက် အနေအစား ချောင်လာပြန်သည် ဟုဆိုနိုင်သည်။ ထိုအချိန်မှစတင်ကာ ကျမ်းတစ်စောင်ကို ကြိုးစားပမ်းစားရေးရာ နောက်ခြောက်နှစ်အကြာတွင် ကမ္ဘာ့စနစ်ကြီးနှစ်ခုဆိုင်ရာ ဆွေးနွေးငြင်းခုံမှု (The Dialogue Concerning The Two Chief World Systems) အမည်ရှိ ကျမ်းကိုပြီးစီးကာ ၁၆၃၂ တွင် ကျောင်းတော်၏ စိစစ်ခွင့်ပြုမိန့်အရ ပုံနှိပ်ရသည်။ သို့သော် အဆိုပါစာအုပ်သည် ကော်ပါးနိကပ်စ်၏ သီအိုရီများကို အထောက်အထား အပြည့်အစုံ၊ အချက်ကျကျဖြင့် ထောက်ခံထားသည့်အတွက် ရောမတရားဝင်စစ်ဆေးခြင်းရုံးတော် (Inquistion) မှ ၁၆၁၆ တွင် စွဲချက်တင် အမှုဖွင့်ခြင်းခံရပြန်သည်။ ဂယ်လီလီယိုကဲ့သို့ ကျော်ကြားသည့် ပညာရှင်ကို ပြစ်ဒဏ်ချရန်မှာ ခက်ခဲသည့်အလျှောက် ခေတ်ကာလ ကျောင်းတော်ဥပဒေ (Current Chuch Law) အရ အပြစ်အတိအကျမရှိ ဟုဆိုကာ အာစက်ထရီ (Arcetri) ခေါ် နေအိမ်အကျယ်ချုပ်ဖြင့် ထားစေသည်။ ဥပဒေအရ ဧည့်သည်လက်ခံတွေ့ဆုံခြင်း မပြုရဟုဆိုသော်လည်း တင်းကျပ်မှုမရှိသဖြင့် အလွယ်တကူပင် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့် ရသည်။ အခြားပစ်ဒဏ် တစ်ရပ်မှာ "နေကိုကမ္ဘာက ပတ်သည်"ဟူသည့် အဆိုကို လူသိရှင်ကြား ပြန်လည်ရုပ်သိမ်းပေးရမည် ဟူ၍ဖြစ်သည်။ ထို့ကြောင့် အသက် ၆၉ နှစ်ရှိ ပညာရှင်အိုကြီးမှာ ရုံးတော်၌ပင် ထိုကဲ့သို့ ဝန်ခံရရှာသည်။ (သို့သော် အချို့က ထိုကဲ့သို့ အမိန့်ကို လိုက်နာပြောဆိုပြီးနောက် ရုံးတော်ကြမ်းပြင်မြေကြီးကို နမ်းရှုံ့ကာ "သူကတော့ အလှုပ်မပျက်ပါလား"ဟု အရွှန်းဖောက်သည် ဟုဆိုကြသေးသည်။) တရားရုံးတွင် သူသည် ထိုအယူအဆ မှားယွင်းကြောင်းကို ဝန်ခံရပြီးနောက် ဇာတိရပ်ရွာသို့ပြန်၍ နေထိုင်ရသည်။ ထိုအရပ်တွင် ယခင်က ကြိုးစား၍ လေ့လာဆည်းပူးခဲ့သော မက္ကင်းနစ်ပညာရပ်အကြောင်းကို ရေးသားကာ စာအုပ်ထုတ်ဝေလေသည်။ ဂယ်လီလေအိုသည် ပညာဉာဏ်စူးရှ၍ လက်တွေ့စမ်းသပ်လုပ်ကိုင်လေ့ရှိသဖြင့် ထိုခေတ်က ထူးချွန်သော သိပ္ပံပါရဂူတစ်ဦး ဖြစ်ခဲ့သည်။ လူအများပင် ယုံကြည်နေကြသော အယ်ရစ္စတိုတယ် ရေးသားချက်များကို မှားသည်ဟု ရဲဝံ့စွာ ပြောဆိုခဲ့၏။ ဘာသာရေးကိုင်းရှိုင်းသူ ဂယ်လီလီယိုမှာ သူ့အားအမျိုးမျိုး ဒုက္ခပေးနေသည့် ကျောင်းတော်ကို စိတ်နာသည်မရှိဟုသိရသည်။ သက်ဆုံးတိုင် ခရစ်ယာန်ဘာသာဝင်အဖြစ် နေထိုင်သွားပြီး စက်ယန္တရားများ အကြောင်းကို ရေးသားခဲ့ရင်း အသက် ၇၈နှစ်အရွယ် ၁၆၄၂ တွင် ကွယ်လွန်သွားခဲ့သည်။ သာသနာရေး အာဏာပိုင်များနှင့် အတိုက်အခံပြုကာ ကိုယ်တွေ့စုံစမ်း သိရှိ ရသော အချက်များကို ထုတ်ဖော်ပြသခဲ့၏။ ဤသို့ ရှေးဟောင်း အစဉ်အလာ အယူအဆများကို ရဲဝံ့စွာ တော်လှန်၍ မှန်ကန်သော အချက်များကို ထုတ်ဖော်ပြသခဲ့သဖြင့် သိပ္ပံပညာသည် တိုးတက်ခဲ့ပေသည်။ နှောင်းလူတို့အနေဖြင့် ဂယ်လီလီယိုကို အယူအဆအဟောင်းများကို ရဲရင့်စွာ ချိုးဖောက် တီထွင်လေ့လာ ဖော်ထုတ်သူ အဖြစ်လေးစားသမှုထားကြသည်။ ကိုးကား နက္ခတ္တဗေဒပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%82%E1%80%9A%E1%80%BA%E1%80%9C%E1%80%AE%E1%80%9C%E1%80%AE%E1%80%9A%E1%80%AD%E1%80%AF
ဂျိုဟန်နက်စ် ကပ်ပလာ
အာကာသအတွင်းရှိ ဂြိုဟ်များ၏ လှည့်ပတ်သွားလာပုံကို တွက်ချက်ဖော်ပြခဲ့သူ ဂျိုဟန်နက်စ် ကပ်ပလာ (Johannes Kepler) (၁၅၇၁-၁၆၃၀) ဂျာမနီနိုင်ငံ၊ ဝဲလ်သာစတက် တွင်ဖွားမြင်သည်။ မွေးဖွားသည့် ၁၅၇၁သည် ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ အကြောင်းကျမ်းပြုစုထုတ်ဝေခဲ့သည့်မှ ၂၈နှစ်ကြာခဲ့ပြီဖြစ်သည်။ ကပ်ပလာသည် ဝိဇ္ဇာဘွဲ့ကို တုဗင်ဂျန်တက္ကသိုလ်မှ ၁၅၈၈တွင် ရရှိခဲ့ပြီး နောက်သုံးနှစ်အကြာတွင် မဟာဝိဇ္ဇာဘွဲ့ကို ထပ်မံရရှိသည်။ ထိုစဉ်ကာလများက သိပ္ပံပညာရှင်များကြားတွင် ကော်ပါးနိကပ်စ်၏ သီအိုရီမှာ မှားသည်ဟုသာ ခံယူထားကြချိန်ဖြစ်သည်။ တုဗင်ဂျန်မှ ထွက်လာပြီးနောက် ဂရော့ဇ်အကယ်ဒမီတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။ ဂရော့ဇ်တွင်ရှိနေစဉ်အတွင်း ၁၅၉၆တွင် နက္ခတဗေဒ ဆိုင်ရာကျမ်းတစ်ဆောင်ကို ရေးသားခဲ့သေးသည်။ ထိုကျမ်းပါသီအိုရီများမှာ မှန်ကန်လှသည် မဟုတ်သော်လည်း ကပ်ပလာ၏ အတွက်အချက်နှင့် တွေးခေါ်ပုံများ ထူးချွန်သည်ကို တွေ့နိုင်သည်။ ထိုမှ နာမည်ကျော် နက္ခတပညာရှင် တီချို ဘရက် က ၎င်း၏လက်ထောက်အဖြစ် လာရောက်တာဝန်ယူရန် ကမ်းလှမ်းခံရသဖြင့် တီချိုရှိရာ ပရပ်မြို့မှ နက္ခတမျှော်စင် တွင် ဇန်နဝါရီ၊ ၁၆၀ဝမှ စတင်အလုပ်လုပ်သည်။ တစ်နှစ်အကြာတွင် တီချိုကွယ်လွန်ရာ ရောမအင်ပါယာ၏ ဧကရာဇ် ဒုတိယရူးဒေါ့ဖ်က ထူးချွန်သည့် ကပ်ပလာအား သဘောကျပြီး ဖြစ်သည့်အတွက် ထိုရာထူး(ရောမအင်ပါယာ၏ သင်္ချာပညာရှင် ရာထူး)ကို ဆက်ခံစေသည်။ တီချို၏ ရာထူးကိုဆက်ခံရယူပြီးနောက် ကပ်ပလာအနေဖြင့် အတားအဆီးမရှိ တီချို၏အနှစ်နှစ်အလလက စုဆောင်းလာသည့် အဖိုးတန် မှတ်တမ်းများကို အကုန်အစင်အသုံးပြုခွင့်ရလာသည်။ ထိုမှတ်တမ်းမှတ်ရာများကို အခြေခံကာ ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ ကအမှန်ဖြစ်မည် သို့မဟုတ် တော်လေမီ၏ ကမ္ဘာဗဟိုပြုသီအိုရီကသာ အမှန်ဖြစ်မည် ကိုခွဲခြမ်းလေ့လာတော့သည်။ ထိုနှစ်ချက်မှ လွတ်ကင်းကာ ဆရာ တီချို၏ ကိုယ်ပိုင်အယူအဆလည်း ဖြစ်နိုင်သည်ဟုလည်း ဆင်ခြင်မိသဖြင့် တီချို၏ အယူအဆများကိုလည်း ပစ်ပယ်မထားခဲ့ပေ။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ရင်းက အထက်လူများ၏ သီအိုရီအမှားဟာကွက်ကို ရိပ်စားမိစပြုလာသည်။ ရှေးအထက်က နက္ခတဗေဒဆရာများက ဂြိုဟ်သွားဂြိုဟ်လာ လမ်းကြောင်းများကို စက်ဝိုင်းပုံဖြင့်သာ တွက်ချက်ခဲ့ကြပြီး ယခုသူတွေ့ရှိလာရသည့် ပတ်လမ်းမှာ စက်ဝိုင်းမဟုတ် ဘဲဥပုံလမ်းကြောင်းများဖြစ်ကြောင်း သိရှိနားလည်လာသည်။ ထိုသို့နားလည်လာပြီးနောက် လပေါင်းများစွာ တွက်ချက်လာပြီးနောက်ဆုံးတွင် နေဗဟိုပြုပြီး ကမ္ဘာအပါအဝင် ကျန်ဂြိုဟ်များက လှည့်ပတ်နေကြောင်း၊ ထိုသို့လှည့်ပတ်ရာတွင် သာမန်စက်ဝိုင်းပုံထက် ဘဲဥပုံလမ်းကြောင်းဖြင့် လှည့်ပတ်နေကြောင်း တိကျစွာ ဖော်ထုတ်ပြသနိုင်လေသည်။ ထိုသက်သေပြချက်များကို ဖော်ပြထားသည့် ကျမ်းကို ၁၆၀၉တွင် ဖြန့်ဝေခဲ့ပြီး အရေးပါသည့် တွက်ချက်ပုံ သီအိုရီနှစ်ခုကို ထည့်သွင်းဖော်ပြခဲ့သည်။ နောင် ၁၀နှစ်အကြာတွင် တတိယသီအိုရီကိုပါ ထပ်မံဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါ သီအိုရီတို့မှာ နေဗဟိုပြုသီအိုရီတွင် ဂြိုဟ်တို့၏ လှည့်ပတ်လမ်းကြောင်းမှာ ဘဲဥပုံဖြစ်သည်။ ဂြိုဟ်သည် နေနှင့်နီးသောအခါ လှုပ်ရှားပုံ မြန်ဆန်လာပြီး၊ ဝေးနေချိန်တွင် အကွာအဝေးကို လိုက်ပြီး နှေးကွေးသွားတတ်သည်။ ဂြိုဟ်နှင့်နေ ကွာဝေးလျှင် ဝေးသလောက် လှည့်ပတ်နှုန်းနှေးသွားသည်။ လှည့်ပတ်ချိန်၏ စတုရန်းမှာ နေနှင့်အကွာဝေး၏ ကုဗ နှင့် ဆတူဖြစ်သည်။ မိသားစု နှင့် ဘဝနိဂုံး ခေတ်ကာလ ကောင်းမွန်နေချိန်တွင် ဧကရာဇ်ထံမှ လစာရိက္ခာ များစွာရသည်မရှိသလို စစ်မက်ကာလများတွင် လစာဖြတ်တောက်ခြင်းခံရသည်များလည်းရှိတတ်သည့် အတွက် ကပ်ပလာအတွက် စားဝတ်နေရေး အဆင်ပြေလှသည်တော့ မဟုတ်ခဲ့ပေ။ အိမ်ထောင် နှစ်ဆက်ကျပြီး ကလေး ၁၂ဦးရှိသည့်အတွက် ပိုပြီးကျပ်တည်းသည်ဟု ဆိုနိုင်သည်။ နောက်ပြဿနာမှာ ၁၆၂၀တွင် မိခင်ဖြစ်သူကို စုန်းမဟု စွပ်စွဲသတ်ဖြတ်သဖြင့် ကပ်ပလာကိုယ်တိုင် မိခင်ကြီးတစ်ယောက် ဖမ်းဆီးနှိပ်စက်ခြင်းမှ လွတ်အောင် ကြိုးစားပေးခဲ့ရသေးသည်။ သို့ဖြင့် ဆင်းရဲသော ကမ္ဘာကျော်နက္ခတပညာရှင်ကြီးမှာ ဘာဘေးရီးယား(ယနေ့ ဂျာမနီတောင်ပိုင်း)၊ ရေဂျန်ဘော့တွင် ၁၆၃၀ပြည့်နှစ် ကွယ်လွန်ရှာသည်။ စစ်တွင်းကာလဖြစ်သဖြင့် သူ၏သင်္ချိုင်းဂူမှာလည်း ဖျက်ဆီးခံခဲ့ရသည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀ဝ-ဒေါက်တာသန်းထွန်း နက္ခတ္တဗေဒပညာရှင်များ စကြဝဠာဗေဒ ပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AD%E1%80%AF%E1%80%9F%E1%80%94%E1%80%BA%E1%80%94%E1%80%80%E1%80%BA%E1%80%85%E1%80%BA%20%E1%80%80%E1%80%95%E1%80%BA%E1%80%95%E1%80%9C%E1%80%AC
သရေခေတ္တရာ
သရေခေတ္တရာသည် ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။ သရေခေတ္တရာ (သို့မဟုတ်) သီရိခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ်(Sriketra, Pyu Cultural Heritage Region)နယ်မြေသည် ပဲခူးတိုင်းဒေသကြီးပြည်မြို့၏ အရှေ့တောင်ဘက်ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈ဝ ခန့်အကွာတွင် တည်ရှိသည်။ အေဒီ ၄ ရာစုမှ ၉ ရာစု အတွင်း ထွန်းကားခဲ့သည့် ရှေးပျူမြို့ဟောင်း တစ်ခုဖြစ်သည်။ သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပတေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တဘောင်မင်းကြီးတည်ထောင်ခဲ့ပြီး မင်းစဉ်မင်းဆက် အုပ်စိုးခဲ့ကြသည်။ မှန်နန်းမဟာရာဇဝင်တော်ကြီးမှ ကောက်နုတ်ဖော်ပြချက်တွင် သရေခေတ္တရာမင်းဆက် ၂၇ ဆက်ကို ဖော်ပြထားသည်။ သရေခေတ္တရာပျူမြို့ဟောင်းသည် စက်ဝိုင်းပုံမကျ ဘဲဥပုံမကျသော အဝိုင်းပုံသဏ္ဌာန်ဖြစ်သည်။ မြို့ရိုး၊ ကျုံးနှင့်အတူ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဆင်းတုတော်များ စသည်တို့ကို တွေ့ရှိရ သည်။ မြို့ရိုးသည် (၈ မိုင် ၈ ဖာလုံ) ရှိ၍ ဧရိယာအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်း၏။ သီရိခေတ္တရာ (ဝါ) မှော်ဇာပြတိုက်အတွင်း ထူးထူးခြားခြားဖော်ပြထားသည်မှာ ပျူစာ ခင်ဘရွှေပေချပ်ဆိုင်ရာ ပါဠိတော်မြန်မာပြန်ပင် ဖြစ်သည်။ ထို့ပြင် ယင်းပြတိုက်အတွင်းမှာပင် ပျူခေတ် ရွှေပန်းတိမ်၊ ငွေပန်းတိမ်အတတ် ပညာများနှင့် လက်ရာများ၊ ပျူပုတီးများ၊ ဗိသုကာလက်ရာများနှင့် အနုပညာသည်များ၏ ကြေးရုပ်များမှာ အချိန်ယူ၍ကြည့်လေ ရှုမငြီး နိုင်လေဖြစ်၏။ စင်စစ် ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများတွင် သရေခေတ္တရာ သည် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ဖြစ်၏။ သရေခေတ္တရာဟူသည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့ ဟု အဓိပ္ပာယ်ရသည်။ ပြည်မြို့အနီး မှော်ဇာရွာ တွင်တည်ရှိသည်။ (ပြည်ပေါက်ခေါင်းလမ်း ဘေး) မြို့ဟောင်းတွင် မှော်ဇာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာပါဝင်သည်။ သရေခေတ္တရာမြို့ဟောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်ရှိခဲ့သည့် မြန်မာ့ရှေးဟောင်းလူတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာတည်ရှိနေခဲ့မှုကို ဖော်ပြနေသည်။ ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှ မြန်မာနိုင်ငံပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။ တည်နေရာ သရေခေတ္တရာ မြို့ဟောင်းနေရာသည် ယခုပြည်မြို့ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ မှော်ဇာရွာတွင်တည်ရှိသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းနယ်မြေသည် အရှေ့လောင်ဂျီတွတ်၉၅ဒီဂရီ ၁၅မိနစ်၊ ၅၀စက္ကန့်နှင့် ၉၅ဒီဂရီ(၂၀)မိနစ်ကြား၊ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၅မိနစ်၅၀စက္ကန့်နှင့် ၁၈ဒီဂရီ၅၀မိနစ်ကြား တည်ရှိပြီး ပြည်မြို့၏အရှေ့တောင်ဘက်တွင် တည်ရှိသည်။ မြို့ဟောင်း၏အရှေ့ဘက်တွင် အရှေ့လက်ခုပ်ပင်အုပ်စု၊ တောင်ဘက်တွင် အနောက်ရွာသစ်အုပ်စု၊ မြောက်ဘက်တွင် နတ္တလင်းအုပ်စု၊ အနောက်ဘက်တွင် ပြည်မြို့တို့ တည်ရှိသည်။ ဧရိယာအကျယ် အဝန်းအားဖြင့် (၁၃၀၂၆)ဧကကျယ်ဝန်းပြီး သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်းရှိ ရွှေတံခါးရပ်ကွက်၊ မှော်ဇာကျေးရွာအုပ်စု၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ မုဌောကျေးရွာအုပ်စု၊ တွင်းဗြည်းကျေးရွာအုပ်စုတို့ ပါဝင်လျက်ရှိသည်။ သရေခေတ္တရာမြို့ဟောင်းဇုန် နယ်မြေအတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု(၅) အုပ်စု၊ အိမ်ခြေ(၃၉၀၄)လုံ၊ အိမ်ထောင်စု(၄၀၇၅)စု၊ လူဦးရေ(၁၉၅၈၄)ဦး နေထိုင်လျက်ရှိသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်း၌ စိုက်ပျိုးမြေ(၈၅၀၅)ဧက၊ မြို့မြေ၊ရွာမြေ(၄၇၀)ဧက သာသနာ မြေ (၁၅၇)ဧကနှင့် အခြားမြေဧက(၃၈၉၄)ဧက စုစုပေါင်း(၁၃၀၂၆)ဧကရှိသည်။ ကျုံးပတ်လည်ရံလျက်ရှိသော အုတ်မြို့ရိုးသည် စက်ဝိုင်း မကျတကျဖြစ်၍ တောင်မြောက် (၂)မိုင်ခွဲခန့်နှင့် အရှေ့အနောက်(၂)မိုင်ခန့် ကျယ်ဝန်းလေသည်။ ရန်ကုန်မှ ပြည်မြို့သို့သွားသော မီးရထားလမ်းသည် သရေခေတ္တရာမြို့ဟောင်းကို အရှေ့တောင်မှ အနောက်မြောက်သို့ ဖြတ်သန်းသွား၍ ပြည်မှပေါက်ခေါင်းသို့ သွားသော မော်တော်ကားလမ်းကို မြောက်ဘက် မြို့ရိုးပေါ်သို့ ဖြတ်၍ ပြုလုပ်ထားသည်။ မြိုဟောင်းအတွင်း၌ ယခုအခါရွာငယ်အများအပြားရှိ၍ မြောက်ဘက်ပိုင်း၌မူ လယ်ကွက်များ ပြည့်နှက်နေ၏။ မှော်ဇာဘူတာရုံသည် မြို့ဟောင်း၏ဗဟိုနေရာမှ အရှေ့ မြောက်ယွန်းယွန်းတွင် တည်ရှိသည်။ ရှေးဟောင်းအဆောက်အအုံများသည် မြို့တွင်း၌သာမက မြို့ပြင်၌လည်း အနှံ့အပြားကျန်ရှိသေးရာ သရေခေတ္တရာ ထွန်းကားစဉ်က ထင်ရှားခဲ့သော မြို့ပတ်ဝန်းကျင်နယ်နိမိတ်မှာ ကျုံးနှင့် မြို့ရိုးပတ်ရံသည့် မြို့တွင်းထက် လေးဆခန့်မျှ ကျယ်ဝန်းကြောင်းသိနိုင်လေသည်။ မြို့တွင်းအလယ်ဗဟို လောက်တွင် နန်းတော်ကုန်းဟုခေါ်သော စတုဂံ အုတ်ရိုးကာရံထားသည့် ကုန်းမို့မို့ကို တွေ့နိုင်သေးသည်။ တောင်ဘက်မြို့ရိုး၏ အပြင်ဘက်တွင်အရှေ့ပျုတိုက်၊ အနောက်ပျုတိုက်၊ ဗိဿနိုးမြို့နှင့် ဗိဿနိုးမိဖုရားသင်္ချိုင်းရာတို့ ရှိလေသည်။ ကြွင်းကျန်ရစ်သော မျက်မြင်အနေအထားများ အရ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ မြို့ဟောင်းတို့၏ အင်္ဂါရပ်များဖြစ်သော မြို့ရိုး၊ ကျုံးနှင့် သာသနာ အဆောက်အဦးများ၊ ဘုရားစေတီပုထိုးများကို ယခုတိုင်တွေ့ရှိနိုင်သေးသည်။ အဆိုပါ ကြွင်းကျန်ရစ်သော ရုပ်ဝတ္တုများမှလည်းကောင်း၊ တူးဖော်တွေ့ရှိခဲ့ရသော ရှေးဟောင်းပစ္စည်းများအရလည်းကောင်း၊ တရုတ်ပြည်မှ သမိုင်းမှတ်တမ်းများအရသော်လည်းကောင်း သရေခေတ္တရာမြို့ဟောင်းသည် ရှေးပျူတို့၏ မြို့တော်ဖြစ်ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ထားကြပေသည်။ မြန်မာပြည်တွင် အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိ ပျူတို့၏ အထင်ကရ မြို့တော် သုံးမြို့ရှိခဲ့ဖူးသည်။ ထိုမြို့တော်သုံးခုမှာ မကွေးခရိုင်ရှိ ဗိဿနိုး မြို့၊ ရွှေဘိုနယ်ရှိ ဟန်လင်းကြီး မြို့ နှင့် ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့များ ဖြစ်ကြသည်။ ယင်း ရှေးဟောင်းပျူမြို့တော် သုံးမြို့အနက် သရေခေတ္တရာသည် စည်ပင်အဝပြောဆုံးနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦးများ အပေါများဆုံးဖြစ်ခဲ့မည်ဟု ကျန်ခဲ့သော အထောက်အထားများအရ ခန့်မှန်းကြသည်။ ၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည် မီးရထားလမ်းအား ဖောက်လုပ်ရာတွင် ရထားလမ်းအား မြို့ဟောင်း၏ အရှေ့တောင်၏ဒေါင့်မှ အနောက်မြောက်ဒေါင့်ဆီသို့ ကွေ့ဝိုက်ဖောက်လုပ်ခဲ့သည်။ မှော်ဇာဘူတာရုံအားလည်း သရေခေတ္တရာမြို့ဟောင်း နန်းတော်ရာ၏ အရှေ့မြောက်ထောင့်အရပ် သံလမ်းတစ်ဖက်ခြမ်းတွင် တည်ဆောက်စေခဲ့သည်။ မြို့ရိုးရှိ အုတ်တို့ကို သံလမ်းဖောက်လုပ်ရာတွင် အင်္ဂလိပ်တို့က အသုံးပြုခဲ့စေသည်ဟု ဆိုသည်။ သရေခေတ္တရာမြို့ဟောင်း တူးဖော်မှုအား အင်္ဂလိပ်လက်ထက်ကပင် စတင်ခဲ့ကြပြီး၊ ခေတ်အဆက်ဆက် တူးဖော်ရှာဖွေခဲ့ကြသည်။ ပြည်မြို့သို့ အလည်အပတ်၊ ဘုရားဖူးသွားသူ အများစုသည် သရေခေတ္တရာ မြို့သို့လည်း သွားရောက်လည်ပတ်ကြသည်။ ရှေးဟောင်း သမိုင်း မှန်နန်းရာဇဝင်အဆိုအားဖြင့် သရေခေတ္တရာမြို့ကိုသာသနာနှစ် ၁၀၁ ခုနှစ်တွင် ဒွတ်တပေါင် (ဒွတ္တပေါင်)မင်း ပထမတည်ထောင်သည်ဟု ဆိုသည်။ မြို့တည်နန်းတည်ရာ၌ ကူညီစောင့်ရှောက်သော သူမြတ်ခုနှစ်ဦးမှာသိကြားမင်း၊ ဂဝံပတေ့၊ရသေ့၊ နဂါး၊ ဂဠုန်၊ စန္ဒီ နှင့် ပရမေသူရာ တို့ ဖြစ်ကြသည်။ တကောင်းမင်း ယောက်ဖတော်ရှင်ရသေ့ သီတင်းသုံးသည်ကို အကြောင်းပြု၍ သရေခေတ္တရာမြို့ကို ရသေ့မြို့ ဟု နောင်မှတွင်၏။ ပြည်မြို့ ရွှေဆံတော်ဘုရားခြေရင်း၌ တွေ့ရသော ကျန်စစ်သားမင်း၏ မွန်ကျောက်စာအလိုအားဖြင့် သရေခေတ္တရာမြို့ကို ပထမတည်ထောင်သော မင်းမှာ ဗိဿနိုးရသေ့ကြီး ဖြစ်၏။ တည်ထောင်သောနှစ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသောနှစ် သာသနာနှစ် ၁ နှစ်ဖြစ်၏။ ရသေ့ကြီးကို ကူညီစောင့်ရှောက် ကြသောသူမြတ်တို့မှာ ဂဝံရသေ့၊ သိကြား၊ ဝိသကြုံနတ်သားနှင့် နဂါးမင်းတို့ ဖြစ်သည်ဟု ဆို၏။ ကျန်စစ်သားမင်း၏ ကျောက်စာများအရ သရေခေတ္တရာကို သိသိတ်၊ (ဂြီက္ခတ်၊ ဂြီတြော) ဟူ၍လည်း ခေါ်တွင်ကြောင်းသိရသည်။ ရှေးဟောင်းသုတေသန အထောက်အထားများအရမှာမူ သရေခေတ္တရာမြို့သည် ခရစ်နှစ် ငါးရာစုမှရှစ်ရာစုအတွင်း၌ ထွန်းကားကြောင်းသာ သိရှိရသေးရာ ထိုသို့ဖွံ့ဖြိုးတိုးတက်အောင် စတင်ပျိုးထောင်ရသော ကာလကို ထည့်သွင်းခန့်မှန်းသည်ဆိုပါမူ ခရစ်နှစ် နှစ်ရာစုထက် စောနိုင်မည်မဟုတ်ကြောင်း တွေ့ရသည်။ သရေခေတ္တရာတွင် ပျူလူမျိုး အများအပြားနေထိုင်ခဲ့ကြသည်။ ယင်းတို့ကို တိရ်စုလ်ဟူ၍ လည်းအမည်တွင်ခဲ့ကြောင်း ကျန်စစ်သားမွန်ကျောက်စာတစ်ချပ်အရယူဆရသည်။ ပျူတို့ဒေသဟု ခေါ်ဆိုအပ်သော သရေခေတ္တရာနှင့် ဟန်လင်းမြို့ဟောင်းတို့မှ အိန္ဒိယတောင်ပိုင်းအက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာများကို ထောင်၍ ပျူဘာသာနှင့် ပျူစာသုံးနှုန်းရေးသားခဲ့ကြသည်ဟု ယူဆမှတ်သားခဲ့ကြရသည်။ သရေခေတ္တရာခေတ်၌ ရေးထိုးသောပျူစာများမှာ အုတ်ချပ်များပေါ် ဂဏန်းနှင့်အမှတ်အသားများ အုတ်ပုံနှိပ်ဘုရား (အုတ်ခွက်) နောက်ကြောမှစာများ၊ ကျောက်စာများနှင့် ကျောက်အရိုးအိုးများပေါ်မှ စာတန်းတို့ဖြစ်လေသည်။ ယင်းတို့အနက်အချို့မှာ မှေးမှိန်ပျက်စီးနေ၍ အတိအကျဖတ်ရှုမရနိုင်ခြင်း၊ အချို့မှာစာကြောင်းတိုကလေးများသာဖြစ်၍ အကြောင်းအရာမဖော်နိုင်ခြင်းနှင့် အချို့မှာ ပျူဝေါဟာရ ကျယ်ပြန့်စွာမသိရှိသေးသဖြင့် အဓိပ္ပာယ်တိမ်မြုပ်နေခြင်းတို့ကြောင့် သမိုင်းအထောက်အထား ရသင့်သလောက်မရနိုင်ချေ။ မြို့ကွက်အနေအထား ရာဇဝင်လာမှတ်သားချက်အတိုင်းပင် ယခုတွေ့ရှိရသော မြို့ရိုးတို့မှာလည်း လုံးဝန်းသော ပုံသဏ္ဌာန် ဆောင်လျက်ရှိသည်။ မြို့ရိုးအဝန်းသည် ၈ မိုင်ခွဲခန့်ရှည်လျားပြီး မြို့အကျယ်ဧရိယာသည် အကြမ်းဖျင်းအားဖြင့် စတုရန်းမိုင် ၅ မိုင်ခွဲခန့်ရှိပေသည်။ တောင်မြောက်အကွာအဝေးမှာ ၂ မိုင်ခွဲခန့် ရှိပြီး အရှေ့အနောက်အကွာအဝေးသည် ၂ မိုင်ခန့်ရှိသည့် အတွက် မြို့ပုံသဏ္ဌာန်မှာ စက်ဝိုင်းမကျတကျ တည်ရှိနေပေသည်။ ကျုံးသည် မြို့ရိုးကိုဝန်းရံလျက်ရှိပြီး အုတ်မြို့ရိုးပတ်လည်တွင် မြို့ပေါက်များ ဖေါက်လုပ်ထားသည်။ အချို့နေရာများတွင် မြို့ရိုး ၂ ထပ် ၃ ထပ်ရှိသည့် နေရာလည်းတွေ့ရပြီး တချို့နေရာများတွင် အမြင့်ပေ ၁၅ ပေခန့်ရှိသည်ကိုလည်း တွေ့ရသည်။ မြို့ရိုး၏ အလယ်ဗဟိုလောက် နေရာတွင် အလျား ၁၇၀ဝ ပေနှင့် အနံ၁၁၂၅ ပေခန့်ရှိသည့် စတုဂံပုံသဏ္ဌာန် နန်းတော်ရာဟောင်း နေရာရှိသည်။ ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ်များနှင့် လူတို့၏ ဖျက်ဆီးမှုများကြောင့် အတော်များများ ပျက်စီးခဲ့သော်လည်း ယခုမျက်မြင်အနေအထားအရ တချိန်က ကြီးကျယ်ခမ်းနားစွာရှိခဲ့သော မြို့ကြီးအဖြစ်ခန့်မှန်းနိုင်ပေသည်။ အရှေ့ခြမ်းမှမြို့ရိုးများသည် လယ်ကွင်းပြင်အတွင်းကျရောက်နေ၍ မြို့ရိုးများအား ကုန်းမို့မို့ငယ်လေးများအဖြစ်သာ ယခုတွေ့ရှိနိုင်တော့သည်။ မြောက်ဘက်ခြမ်း မြို့ရိုးမှာမူ ပြည်-ပေါက်ခေါင်း ကားလမ်းအဖြစ် အသုံးပြုလျက်ရှိသည်။ အနောက်ဘက်ခြမ်းမြို့ရိုးတို့မှာ အချို့နေရာတွင် အမြင့်ပေ ၁၇ ပေ ၁၈ ပေမျှ မားမားမတ်မတ်ရှိနေသေးကြောင်းတွေ့ရသည်။ ကျုံးနှုတ်ခမ်း အချို့နေရာများတွင် အုတ်များစီခင်းထားသည်ကို တွေ့ရသည်။ ကျုံးတို့၏ အကျယ်မှာ ၃၅ ပေမှ ပေ၈၀ ခန့်အထိကျယ်ဝန်းကြောင်း တွေ့ရှိရသည်။ မြို့ဟောင်း တူးဖော်ခြင်း သရေခေတ္တရာမြို့ဟောင်းအား အပေါ်ယံလေ့လာခြင်းများအား ကိုလိုနီခေတ်ဦးကပင် ပြုလုပ်ခဲ့ကြသည်။ ပထမဆုံးကွင်းဆင်းသုတေသနပြုခဲ့သူမှာ သုတေသန တာဝန်ခံ ဒေါက်တာ အီး-ဖိုး ချားမားဖြစ်ပြီး ၁၈၈၂ ခုနှစ်တွင် အပေါ်ယံမြင်တွေ့ရသော အနေအထားအား သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ၁၉၀၇ ခုနှစ်တွင် ဗြိတိလျှတို့၏ အထူးဧည့်သည်တော် အဖြစ်ရောက်ရှိလာသူ ပြင်သစ် စစ်ဗိုလ်ချုပ် လီယွန်ဒီဗဲယေနှင့် ကျောက်စာဝန် မစ္စတာတော်စိန်ခို တို့ကလည်းအနည်းအကျဉ်း တူးဖော်မှုများ ပြုလုပ်ခဲ့ကြသည်။ သရေခေတ္တရာ မြို့ဟောင်း အတွင်းအပြင်၌ တူးဖော်ခြင်းလုပ်ငန်းများအား ခရစ်သက္ကရာဇ် ၁၉၀၇ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မှော်ဇာအနီးမှ ရွှေပေချပ် တစ်ချပ်ကိုတူးဖော်ရရှိခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ရွှေပေချပ် အချပ်၂၀ တိတိ ထပ်မံတူးဖော်တွေ့ရှိခဲ့သည်။ ရွှေပေချပ်များမှာ အိန္ဒိယ မှရှေးဟောင်းပေချပ်များလိုပင် မျက်နှာပြင်တစ်ဖက်တွင်သာ စာရေးထိုးထားသည်။ ရွှေပြား၊ ငွေပြား၊ ကြေးပြားတို့လည်းတွေ့ရှိရပြီး ပျူစာများ၊ ပါဠိစာများ၊ သက္ကတစာများကို ရေးထိုးလေ့ရှိသည်ကို တွေ့ရသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက တူးဖော်မှုများသည် အနည်းအကျဉ်းသာဖြစ်ပြီး တူးဖော်ရာတွင် ဘာသာရေးဆိုင်ရာပစ္စည်းများ၊ ရုပ်လုံးကြွ အုတ်ချပ်အုတ်ခွက်များ၊ ရုပ်ပွားတော်များနှင့် ပုံနှိပ်ထားသော အုတ်ချပ်ငယ်များကို တွေ့ရှိခဲ့ရပေသည်။ ဆင်းတုတော်များကို ရွှေ၊ငွေ၊ကြေး တို့ဖြင့် အနုပညာမြောက်စွာ သွန်းလုပ်ထားသည်ကိုလည်း တွေ့ရသည်။ ဖေါင်းကြွသော အမှတ်လက္ခဏာပါရှိသည့် ပျူဒင်္ဂါးများကိုလည်း တွေ့ရှိရသည်။ အများဆုံးတွေ့ရှိရသည်မှာ လူအရိုးများ၊ အရိုးပြာအိုးများ၊ အရိုးအိုးစာများ၊ ကျောက်စာများ ဖြစ်သည်။ ၁၉၆၃-၆၄ တွင် ရှေးဟောင်းသုတေသနဌာနမှ သရေခေတ္တရာမြို့ဟောင်းအား စနစ်သစ်ဖြင့် စတင်တူးဖော်ခဲ့သည်။ ဤအကြိမ်တူးဖော်ရာတွင် မြို့ပေါက်တည်နေရာများအားလည်း စနစ်တကျရှာဖွေခဲ့ပြီး မြို့ရိုး၏ အနောက်မြောက်ဘက်ပိုင်းတွင်ရှိသော ရွှေတံခါးမြို့ပေါက်ကို တူးဖော်နိုင်ခဲ့သည်။ မြို့ရိုးမှနေ၍ မြို့တွင်းသို့ ကွေ့ဝိုက်ချိုးဝင်သွားသော မြို့တံခါးပေါက်သည် အရှည်ပေ ၃၀ဝ ခန့်ရှိသည်။ အတွင်းသို့ ချိုးဝင်သွားသော တံခါးပေါက်ကတုတ်များတွင်ကပ်လျက် အရှည် ၃ ပေ ၉ လက်မရှိသော သံမှိုချောင်းများကိုလည်း တူးဖော်ရရှိခဲ့သည်။ မြောက်ဘက်ကတုတ်နှင့် ကပ်လျက်နေရာတွင်လည်း ကျောက်စာတစ်ချပ်ကိုတွေ့ရှိခဲ့ပြီး ကျောက်စာပါအကြောင်းအရာမှာ မောရသုတ်နှင့် မင်္ဂလသုတ်မှ ဂါထာများဖြစ်သည်။ ထိုကဲ့သို့သော ကျောက်စာတစ်ချပ်အား ကုန်းရိုးရွာအနီးရှိ မြို့ရိုး အရှေ့မြောက်တံခါးပေါက်တွင်လည်း တူးဖော်တွေ့ ရှိခဲ့ပြီး ကျောက်စာ၌ ရတနသုတ်မှ ကောက်နှုတ်ချက်များကို ရေးထိုးထားသည်ကိုတွေ့ရသည်။ ကျောက်စာပါ အက္ခရာအရေးအသားများအရ ခေတ်အပိုင်းအခြားအားဖြင့် အေဒီ ၅ ရာစုမှ ၆ ရာစု အတွင်းဖြစ်မည်ဟု သမိုင်းပညာရှင်များက ခန့်မှန်းခဲ့ကြသည်။ ၁၉၆၆-၆၇ ခုနှစ်တွင် ဘုရားမာစေတီအနီးရှိကုန်းကို တူးဖော်ရာ ကြေးနီနှင့်ခဲမဖြူ ရောစပ်ပြုလုပ်ထားသော ကချေသည်ရုပ်များကို တွေ့ရှိခဲ့သည်။ တရုတ်တို့၏ မှတ်တမ်းများတွင်လည်း အေဒီ ၈၀၂ ခုနှစ်တွင် ပျူမင်း မဟာရာဇာသည် အနုပညာသည် ၃၅ ဦးပါ သံတမန်အဖွဲ့တစ်ဖွဲ့အား တရုတ်ပြည်သို့ စေလွှတ်ခဲ့ကြောင်း ဖော်ပြပါရှိလေသည်။ ပျူတို့၏ တူရိယာပစ္စည်းများနှင့် ကပြပုံ ကပြနည်းများကိုပါ ယင်းမှတ်တမ်းတွင် ဖော်ပြထားလေသည်။ ရှေးဟောင်းသုတေသနဌာနမှ ၁၉၇၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှစကာ သရေခေတ္တရာမြို့ဟောင်းနေရာ တစ်ဝိုက်တွင် ကုန်းအမှတ် ၁၈ မှ ၂၄ ထိတူးဖော်ခဲ့ပြန်သည်။ ထိုသို့တူးဖော်ခဲ့ရာတွင် အိမ်ဆောက်သံထည်ပစ္စည်းကွဲများ၊ ပုတီးစေ့၊ နားဍောင်း၊ အိုးခြမ်းကွဲများရရှိခဲ့သည်။ ပုဂံခေတ် လှိုင်ဂူဘုရားပုံစံ အုတ်အဆောက်အဦး၊ ကြေးဆင်းတုတော်တစ်ဆူ၊ စစ်သည်ရဲမက်သုံး သံဓားရှည်တစ်ချောင်း၊ ကြာပန်းကြွအုတ်ခွက်၊ ရေစင်တော်သွန်းအိုးကွဲများလည်း တူးဖော်ရရှိခဲ့သည်။ သရေခေတ္တရာမြို့ဟောင်း နေရာမှ တူးဖော်ရရှိသော ပစ္စည်းများကို အများပြည်သူများလေ့လာနိုင်ရန် မှော်ဇာရှိ သီရိခေတ္တရာ ပြတိုက်၊ ပြည်ယဉ်ကျေးမှုပြတိုက်၊ ရန်ကုန်မြို့ အမျိုးသားပြတိုက်တို့တွင် ပြသထားပေသည်။ ကိုးကွယ်ယုံကြည်မှု သံခေတ်တွင်းကျရောက်၍ သံထည်ပစ္စည်း ဆိုင်ရာ ယုံကြည်မှုရှိသည်ကို တွေ့ရ၏။ ပျူလူမျိုးများသည် သံမယ်နများ၊ သံတံခါး စောင့်နတ်ရုပ်များနှင့်ပတ်သက်၍လည်း ယုံကြည်မှုရှိသည်။ ဒွါရပါလ တံခါးစောင့်နတ် ရုပ်များသည် မြို့ကိုစောင့်ရှောက်ရန်အတွက် စိုက်ထူခြင်းဖြစ်သည်။ မကောင်းဆိုးဝါးများ နှင့် ရန်သူများကို ကာကွယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ ပျူခေတ်တစ်လျှောက်လုံးတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို အဓိကယုံကြည်ကိုးကွယ်ခဲ့သည်။ မဟာယာနဗုဒ္ဓဘာသာလည်း ထွန်းကားခဲ့သည်။ ရုပ်တုများ၊ ကျောက်ချပ်အထောက်အထားများအရ ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့ တစ်ပြိုင်တည်းထွန်းကားခဲ့ကြောင်း ယူဆရသည်။ သရေခေတ္တရာတွင် ဗိဿနိုးကိုးကွယ်မှု ဓလေ့ရှိကြောင်းလည်း တွေ့ရ၏။ ဗြဟ္မာဏ အယူဝါဒဆိုင်ရာ အထောက်အထားများတွေ့ ရှိရ၏။ ဗိဿနိုးရုပ်တုများကို တွေ့ရှိရခြင်းသည် ဗိဿနိုးနတ်မင်းကြီး၏ ချက်တော်မှ ထွက်လာကြသည်ဟု ယူဆကြသည်။ ဗိဿနိုးရုပ်တုများသည် မြန်မာနိုင်ငံတွင် အစောဆုံး တွေ့ရှိရခြင်းဖြစ်သည်။ ရှေးဟောင်းစေတီများ သရေခေတ္တရာ မြို့ဟောင်း၏ တောင်ဘက်တွင် ပျူလူမျိုးတို့တည်ထားခဲ့သော ရှေးဟောင်းစေတီ အများအပြားကို ယနေ့တိုင် ဖူးတွေ့နိုင်သေးသည်။ ထင်ရှားသော ပျူခေတ်ဘုရားအချို့မှာ ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး၊ ဘဲဘဲဂူဘုရား၊ လေးမျက်နှာဘုရားတို့ ဖြစ်သည်။ ဘောဘောကြီး၊ ဘုရားကြီး နှင့် ဘုရားမာ စေတီသုံးဆူမှာ မြို့ရိုးအပြင်၌ ဖိုခနောက်ဆိုင်အနေအထားဖြင့် မြို့ကိုဝန်းရံတည်ရှိနေသည်။ ဘုရားစေတီများမှာ ယခုခေတ်မြင်တွေ့နေကျစေတီများကဲ့သို့ခေါင်းလောင်းပုံ၊သပိတ်မှောက်၊ ဖေါင်းရစ်စသည်တို့ဖြင့် တန်ဆာဆင်ထားခြင်းမရှိပဲ မဇ္ဈိမဒေသမှ ရှေးဟောင်းစေတီ များပုံစံမှ ရွေ့လျောလာခြင်းဖြစ်မည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။ ရှေးခေတ် ပျူလူမျိုးတို့၏ ဗိသုကာလက်ရာကို ဤသာသနာ အဆောက်အဦးများကို ကြည့်၍လေ့လာသုံးသပ်နိုင်သည်။ သရေခေတ္တရာရှေးဟောင်းဇုန်၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ဘုရားဖူးခရီးသည်များ လေ့လာဖူး မြှော်နိုင်ရန် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများတည်ရှိပြီး သရေခေတ္တရာမြို့ ဟောင်းမြို့ရိုးအတွင်းဘက်ရှိ သာသနိကအဆောက်အဦပေါင်း(၂၀)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း(၃၁) ကုန်း၊ မြို့ရိုးအပြင်ဘက်ရှိ သာသနိကအဆောက်အဦ(၁၈)ဆူ တူးဖော်တွေ့ရှိသည့်ကုန်း (၂၄)ကုန်း တို့အား လေ့လာကြည့်ရှုဖူးမြှော်နိုင်သည်။ သရေခေတ္တရာမြို့ဟောင်းအတွင်း၌ ဘုန်းတော်ကြီး ကျောင်း(၁၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်း၊ ဗလီ(၁)လုံး ရှိသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ထူးခြားထင်ရှားသော ဗုဒ္ဓသာသနိကအဆောက်အဦများမှာ ဘောဘော ကြီးစေတီ၊ ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ ဘဲဘဲကြီး/ဘဲဘဲလေးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ ဘုရားတောင်ဘုရား၊ ရဟန္တာဂူတို့ တည်ထားလျက် ရှိသည်။ ဘောဘောကြီး ဘုရား ဘောဘောကြီး ဘုရားသည်သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်မြို့ရိုးအနီးတွင်တည်ရှိသည်။ စက်ဝိုင်းပစ္စယံ အနိမ့်၅ ဆင့်ပေါ်တွင်တဖြောင့်တည်း မတ်မတ်မြင့်တက်သွားပြီး စေတီ၏ထိပ်ပိုင်းအခုံးပေါ်တွင် ထီးတော်တင်ထားသည်။ စေတီအတွင်းတွင် ဥမင်လှိုဏ်ခေါင်းရှိသည်။ အပေါ်ဆုံးပစ္စယံအခြေမှ စေတီကိုယ်လုံးဥမင်လှိုဏ်သို့ဝင်ရန် အပေါက်ဖေါက်ထားသည်။ စေတီ၏ ဉာဏ်တော်အမြင့်ပေမှာ ၁၅၃ ပေမြင့်၍ သရေခေတ္တရာ ခေတ်ကောင်းချိန်ကပင် ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ရှေးဟောင်းစေတီတစ်ဆူဖြစ်သည်ဟု ဆိုကြသည်။ ဤအယူအဆသာ မှန်ပါက ဘောဘောကြီးဘုရားသည် မြန်မာပြည်တွင် ရှေးအကျဆုံးစေတီတစ်ဆူဖြစ်မည်ဟု တွက်ဆနိုင်သည်။ သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ထောင့်တွင် တည်ရှိသော ဘုရားမာစေတီသည် ဒွတ္တဘောင်မင်းကြီး၏ ကုသိုလ်တော်ပင် ဖြစ်သည်ဟု ဆိုကြသည်။ ပစ္စယံနိမ့်နိမ့်ပေါ်တွင် အထက်သို့ တဖြည်းဖြည်းစုချွန်သွားသော စေတီလုံးဖြစ်ပြီး စေတီထိပ် အချွန်ပေါ်တွင် ထီးတော်တင်ထားသည်။ ရှေးမူမပျက် အတိုင်းပင် တည်ရှိသည်။ ဘုရားကြီး စေတီတော် ဘုရားကြီး စေတီတော်သည်သရေခေတ္တရာမြို့ဟောင်း၏ အနောက်မြောက်ဘက်ယွန်းယွန်း ပြည်-အောင်လံသွား ကားလမ်းနံဘေးတွင်ပင် တည်ရှိသည်။ ပစ္စယံအနိမ့်သုံးဆင့်ပေါ်မှ အထက်သို့တဖြည်းဖြည်းချွန်သွားသော လုံးဝန်းသည့် စေတီပင်ဖြစ်ပြီး ထိပ်ဖျားတွင် ထီးတော်တင်ထားသည်။ သရေခေတ္တရာခေတ် လက်ရာပင်ဖြစ်သည်။ သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်တွင်တည်ရှိသည့် ဘဲဘဲဂူဘုရားသည် ပုဂံမြေတွင် အများအပြားတွေ့ရှိရသည့် ဂူဘုရားများ၏ ရှေ့ပြေးနမူနာပုံစံဖြစ်သည်ဟု ဆိုကြသည်။ လေးထောင့်ပုံစံ အဆောက်အဦးပေါ်တွင် ပစ္စယံအဆင့်များတည်ထားသည်။ ပစ္စယံ၏အလယ်တွင် ကွမ်းတောင်ပေါက်တည်ရှိ သည်။ အောက်ခြေ လေးထောင့်ပုံသဏ္ဌာန်တွင် အရှေ့ဘက်မှ မုခ်ပေါက်တစ်ပေါက် ဖေါက်လုပ်ထားသည်။ သရေခေတ္တရာ ခေတ်ဟောင်း၏ ဂူဘုရားလက်ရာဟောင်း တစ်ခုပင်ဖြစ်သည်။ လေးမျက်နှာဂူ ဘုရား လေးမျက်နှာဂူ ဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်အရပ်တွင် တည်ရှိသည့် လေးထောင့်ပုံသဏ္ဌာန် အဆောက်အဦးဖြစ်သည်။ အရပ်လေးမျက်နှာတွင် မုခ်ပေါက်တစ်ခုစီပါဝင်ပြီး အလယ်ဗဟို အူတိုင်နေရာတွင် ဗုဒ္ဓရုပ်ကြွကျောက်ချပ်များ တည်ရှိပေသည်။ ရဟန္တာဂူ ဘုရား ရဟန္တာဂူ ဘုရားသည် အနောက်တောင်ထောင့် အရပ်တွင်တည်ရှိသည်။ အနောက်ဘက်မျက်နှာမှလွဲ၍ ကျန်သုံးမျက်နှာတွင် မုခ်ပေါက် တစ်ခုစီပါရှိသည်။ အတွင်းဘက်တွင် မုခ်ပေါက်မရှိသော အနောက်ဘက်နံရံတွင် ဗုဒ္ဓရုပ်ပွားတော် ၇ ဆူပါဝင်သော ကျောက်ချပ် ကပ်လျက်တည်ရှိသည်ကို တွေ့ရသည်။ သရေခေတ္တရာ ခေတ်နှောင်းပိုင်းတွင်မှ တည်ထားခဲ့ကြောင်း သိရပေသည်။ သရေခေတ္တရာတွင် တူးဖော်ရရှိခဲ့သော ဗုဒ္ဓရုပ်ပွားတော်ပါ ကျောက်ရုပ်များ၊ ရွှေဆင်းတု ငွေဆင်းတုများ၊ ရှေးကျသော ကျောက်ခွက်များနှင့် ပိဋကတ်တော်လာ ရွှေပေချပ်များအရ သရေခေတ္တရာတွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားခဲ့ကြောင်း သိနိုင်ပေသည်။ ဗုဒ္ဓဘာသာတွင်လည်း ထေရဝါဒနှင့် မဟာယာန ဂိုဏ်းနှစ်ဂိုဏ်းစလုံး ထွန်းကားခဲ့ကြောင်းတွေ့ရှိရပေသည်။ ဗုဒ္ဓဘာသာအပြင် အခြား ဟိန္ဒူဘာသာ ဆိုင်ရာ နတ်ကိုးကွယ်မှုအထောက်အထားများကိုလည်း တွေ့ရှိနိုင်ပေသည်။ စီးပွားရေး မြို့ဟောင်းမြို့ရိုးမှ ရရှိသော အုတ်ချပ်တို့တွင် စပါးခွံများကိုပါ ရောနှောဖုတ်ထားကာ အသုံးပြုခဲ့သည်ကို တွေ့ရသည်။ မြို့ဟောင်းမြောက်ဘက်ခြမ်း အတွင်းပိုင်းတွင် လယ်မြေအမြောက်အမြားတည်ရှိပြီး ၎င်းလယ်ကွက်များသည်ရှေးအခါက ဘုရင်များပိုင်ဆိုင်သည့် လယ်မြေများဖြစ်သည်ဟု အစဉ်အဆက်ယုံကြည်ကြသည့်အတိုင်း ယင်းလယ်များကို လယ်တော်ကြီးများဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ရန်သူများဝန်းရံထားစဉ်မှာပင် မြို့တွင်းရိက္ခာအတွက်ဖူလုံစေရန်မြို့ရိုးအတွင်း၌ လယ်အမြောက်အမြား ထည့်သွင်းထားခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။ ထိုအချက်အလက်များကိုထောက်၍ သရေခေတ္တရာ၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးကိုပင် အခြေခံကြောင်း သိသာပေသည်။ ဘုရားစေတီများ၊ မြေအောက်မှ တူးဖော်ရရှိသော အနုပညာလက်ရာများအရ ဗိသုကာပညာ၊ ပန်းထိမ်ပညာ၊ ပန်းပုအတတ်ပညာနှင့် ကျောက်ဆစ် အတတ်ပညာများ ထွန်းကားနေကြောင်း တွေ့ရှိနိုင်လေသည်။ ထို့ကြောင့် ထိုအတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူ အတတ်ပညာရှင်၊ အနုပညာရှင်များလည်း ရှိခဲ့ကြောင်း ယူဆနိုင်ပေသည်။ ယဉ်ကျေးမှု သရေခေတ္တရာ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများမှာ အဆင့်အတန်းမြင့်မားစွာတည်ရှိခဲ့ကြောင်း ကျန်ရစ်ခဲ့သော အထောက်အထားများအရ သိသာထင်ရှားစွာ တွေ့ရှိနိုင်ပေသည်။ တူးဖော်တွေ့ရှိရသော အရုပ်များကိုကြည့်ခြင်းအားဖြင့် ပျူ အမျိုးသမီး အမျိုးသားများသည် အများအားဖြင့် ကိုယ်ခန္ဓာအောက်ပိုင်းတွင်သာ အဝတ်အစားများ ဝတ်ဆင်တတ်ကြောင်း တွေ့ရသည်။ ပုတီးလည်ဆွဲများအားလည်း ဝတ်ဆင်တတ်ကြပြီး ဆံပင်အရှည်များကို ထိပ်တွင်စုစည်း၍ သော်လည်းကောင်း၊ ဆံထုံးထုံးထားကြသည်ကို၎င်း၊ အချို့မှာ ဦးရစ်ခေါင်းပေါင်းများပေါင်းထားကြသည်ကို၎င်း ရုပ်တု၊ရုပ်လုံး၊ရုပ်ကြွများမှတဆင့် သိရှိနိုင်ပေသည်။ အရိုးအိုးများ၊ သာသနာရေးဆိုင်ရာ အဆောက်အဦးများ၊ ကျောက်စာများတွင် ပျူဘာသာ၊ပါဠိဘာသာ၊ သက္ကတဘာသာ နှင့်ရေးထိုးထားကြောင်း တွေ့ရှိရ၍ သရေခေတ္တရာတွင် စာပေထွန်းကားနေကြောင်း သိသာထင်ရှားလှသည်။ ပျူစာသည် အိန္ဒိယပြည်တောင်ပိုင်းသုံး အက္ခရာများကို အခြေခံတီထွင်ထားသည်ကို တွေ့ရှိရ၍လည်း အိန္ဒိယတောင်ပိုင်းနှင့် အဆက်အသွယ်ရှိခဲ့မည်ဟုလည်း သမိုင်းပညာရှင်များက ယူဆခဲ့ကြသည်။ ထို့ကြောင့်လည်း ပျူယဉ်ကျေးမှုများတွင် အိန္ဒိယတောင်ပိုင်းသားတို့၏ ယဉ်ကျေးမှုများ ရောနှောနေသည်ကို တွေ့ရခြင်းဖြစ်သည်။ သံထည်ပစ္စည်းများကို အဆောက်အဦးများ မြို့ရိုးများတွင်လည်းကောင်း၊ အသုံးအဆောင် လက်နက်ကိရိယာများ အဖြစ်လည်းကောင်း တွေ့ရခြင်းကြောင့် သရေခေတ္တရာခေတ်ပျူတို့သည် သံကိုပိုင်နိုင်စွာ အသုံးချနေကြောင်း သိသာပေသည်။ တရုတ်မှတ်တမ်းများနှင့် တူးဖော်တွေ့ရှိချက်များအရ ဂီတ၊အက စသော အနုပညာများလည်း ကောင်းစွာထွန်းကားခဲ့သည်ဟု ဆိုနိုင်လေသည်။ ပျူတို့သေဆုံးလျှင် အလောင်းကိုမီးရှို့ ၍ပြာချကာ အိုးများဖြင့် မြှုပ်နှံကြောင်း တွေ့ရပေသည်။ အရိုးပြာအိုးများတွင် အရိုးနှင့်ပြာများသာမက လူတို့သုံးစွဲသော အသုံးဆောင်အသေးစားလေးများလည်း ပါဝင်ကြောင်းတွေ့ရသည်။ အရိုးအိုးများအားလည်း လူတန်းစားကွဲပြားမှုအလိုက်အမျိုးမျိုးအသုံးပြုခဲ့ကြပြီး တန်ဆာဆင်ပုံများမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြချေ။ အရိုးအိုးများအား အစုလိုက်အပြုံလိုက် တစ်နေရာတည်းမှာပင် တွေ့ရတတ်သောကြောင့် ဆွေစုမျိုးစုလိုက် အရိုးအိုးများ မြှုပ်နှံသောဓလေ့သည် ပျူတို့၏ ယဉ်ကျေးမှု တစ်ရပ် အဖြစ်ယူဆနိုင်ပေသည်။ သရေခေတ္တရာခေတ် နိဂုံး သရေခေတ္တရာခေတ်သည် မည်သည့်ခုနှစ်တွင် တိမ်ကောပျက်စီးသွားကြောင်း ခိုင်မာသော သက်သေအထောက်အထားများ မတွေ့ရသေးပေ။ မြန်မာရာဇဝင်အရ ဒွတ္တဘောင်မင်းမှ စတင်တည်ထောင်ခဲ့သော သရေခေတ္တရာမင်းနေပြည်တော်သည် မင်းဆက် ၂၅ ဆက်မြောက် သုပညာနဂရဆိန္ဒမင်းလက်ထက် သာသနာနှစ် ၆၃၆ ခုတွင် ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့သည်ဟု အဆိုရှိပေသည်။ အခြားယူဆချက်အများအပြားလည်း ကွဲလွဲလျက်ရှိပေသည်။ ကမ်းယံနှင့် သက်လူမျိုးတို့၏ တိုက်ခိုက်မှုကြောင့်ပျက်စီးရသည် ဟူ၍လည်းကောင်း၊ အခြားလူမျိုးများ(အထူးသဖြင့် မြန်မာလူမျိုး)နှင့်ရောနှောကာ တိမ်ကောပျောက်ကွယ်သွားသည်ဟုလည်းကောင်း၊ မြောက်ပိုင်းမှ နန်ကျောက်တို့ လာရောက် တိုက်ခိုက်ဖျက်ဆီးသဖြင့် ပျက်စီးရသည်ဟု လည်းကောင်း ဖော်ပြထားချက်များလည်း ရှိသည်။ လက်ရှိတူးဖော်တွေ့ရှိချက်များမှ သရေခေတ္တရာမြို့ပျက်စီးရသော ခုနှစ်သက္ကရာဇ်ကို အတိအကျဖော်ထုတ်နိုင်ခြင်းမရှိသေးသော်လည်း ယေဘူယျ ခြုံငုံသုံးသပ်ချက်များအရ သရေခေတ္တရာမြို့သည် အေဒီ ၈ ရာစုအထိ စည်ပင်ဝပြောခဲ့ပြီး အေဒီ ၉ ရာစုတွင် ပျက်စီးခြင်းသို့ဆိုက်ရောက်ခဲ့သည်ဟု ကောက်ချက်ချကြပေသည်။ တူးဖော်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြပြီး သိပ္ပံနည်းကျ သုတေသနများ ပြည့်စုံလာသောအခါ ပိုမိုတိကျသည့် ဆုံးဖြတ်ချက် ကောက်ယူချက်များကို ရရှိပေလိမ့်မည်။ သရေခေတ္တရာ ဘုရားကြီးဘုရားအနီးမှ တွေ့ရှိရသော ကျောက်အရိုးအိုးလေးလုံးတို့၏ပတ်လည်တွင် ပျုစာတစ်ကြောင်းစီ ရေးထိုးပါရှိလေသည်။ ယင်းကျောက်စာများအရ သရေခေတ္တရာ၌ဝိကြမမင်းဆက် စိုးမိုးအုပ်ချုပ်ခဲ့ကြောင်းသိရ၏။ သူရိယဝိကြမ၊ ဟရိဝိကြမ၊ နှင့်သိဟဝိကြမတို့၏ နတ်ရွာစံနှစ်နှင့်သက်တော်များပါရှိရာတွင် နန်းစံနှစ်ကို မြန်မာကောဇာနှစ်အတိုင်း မှတ်ယူတွက်ဆပါက ခရစ်နှစ် ၆၈၈၊ ၆၉၅ နှင့် ၇၁၈ ခုနှစ်တို့တွင် အသီးသီးနတ်ရွာစံကြသည် ဟုသိရှိနိုင်၏။ အရိုးအိုး စာတမ်းတစ်ခုမှာ သူရိယဝိကြမ၏ ဆွေမျိုးကွယ်လွန်သည့်နှစ် ရေးထိုးထားလေရာ စာတမ်း လေးရပ်စလုံးပေါင်းရုံးတွက်ဆပါက ဝိကြမမင်းဆက်သည်ခရစ်နှစ် ၆၇၃ မှ ၇၁၈ ခုနှစ်အထိအုပ်စိုးသည်ဟု ဆိုရပေမည်။ ထိုမင်းဆက်သည်သရေခေတ္တရာ တည်ထောင်စက အုပ်စိုးသည့်မင်းဆက်ဟုတ်မဟုတ်သည်ကိုမူ မသိသာချေ။ နတ်ရွာစံသက္ကရာဇ်များကိုအတည်ပြုမှတ်ယူရပါက ထိုမင်းများထက်ရှေးကျသောမင်းများ ရှိခဲ့ဦးမည်ဟု မှန်းဆရပေသည်။ ဝိကြမမင်းတို့၏ဘွဲ့မည်များရှေ့တွင်တးဗံးဟူသောဂုဏ်ပုဒ် ပါရှိလေရာ ယင်းဂုဏ်ပုဒ်ကို မင်းကြီးဟူသော အဓိပ္ပာယ်သက်ရောက်ကြောင်း အခြားကျောက်စာများမှ အထောက်အထားတို့နှင့်ယှဉ်၍သိသာနိုင်လေသည်။ ဒွတ္တဗောင်ဟူသောအမည်မှာ တးဗံးမှရွေ့လျောလာသော ဝေါဟာရ ဖြစ်ဖွယ်ရာရှိသောကြောင့် သမိုင်းလာဒွတ္တဗောင်ဆိုသည်မှာ ပုဂ္ဂလိကဘွဲ့မည်မဖြစ်နိုင်ချေ ဟုယူဆရ၏။ ဝိကြမမင်းဆက်သည် ပျူမင်းများဖြစ်သည်၊ သို့မဟုတ်အိန္ဒိယအနွယ်များဖြစ်သည်ကို အတိအကျမသိနိုင်ချေ။ နှောင်းခေတ်မြန်မာမင်းများသည် ပါဠိဘွဲ့မည်များခံယူကြသကဲ့သို့ ပျူမင်းများကအိန္ဒိယဘွဲ့ မည်ခံယူခဲ့ကြဟန်ရှိကြောင်း စဉ်းစားရန်ရှိလေသည်။ ဝိကြမမင်းဆက်အပြင် ဝါရ်မန်မင်းတို့ကိုလည်းကမ္ပည်းစာများ၌တွေ့ရသေး၏။ ထိုဝါရ်မန်မင်းတို့၏အမည်များသည် အာရှအရှေ့တောင်ဘက်နယ်တစ်လွှား၌အတော်ပင်ထင်ရှားသည်။ သရေခေတ္တရာမြို့တွင်းခင်ဘကုန်းမှရရှိသော ငွေဗောဓိမဏ္ဍိုင်ပလ္လင်ပတ်လည်၌ ဆင်းတုတော် ရုပ်ကြွပုံလေးဆူအောက်တွင် ပျူအက္ခရာပျူဘာသာဖြင့် စာတန်းတစ်ခုရေးထိုးလျက်ပါရှိရာ၊ ထိုစာတန်းတွင် ကုသိုလ်ရှင်ဂြီဘုဝါရ်မ နှင့်ဂြီပြဘုဒေဝီအမည်များကို တွေ့ရှိရသည်။ သရေခေတ္တရာမြို့ဟောင်းတစ်နေရာ ဖိုးခေါင်ကန်ကုန်းမှတွေ့ရှိရသော မဏိတော်ကျိုးနေသည့် ကျောက်ဆင်းတုတစ်ဆူ၏ စမ္မခဏ်ပတ်လည်တွင် ပျူဘာသာနှင့်သက္ကတဘာသာရောစပ်ပြီး ရေးထိုးမှတ်သားလျက်ပါရှိရာ ဖတ်ရှုရနိုင်သမျှစာကြောင်းများ၏အဓိပ္ပာယ်အချုပ်မှာ ဇယစန္ဒြဝါရ်မန်နှင့်ဟရိဝိကြမ မင်းသားညီနောင်နှစ်ပါးတို့သည် တစ်နေ့တည်းတွင် မြို့နှစ်မြို့တည်ကြောင်း၊ ထိုညီနောင်နှစ်ပါးတို့သည် ဂူဟဒီပအမည်ရှိသော ရဟန်းကြီး၏ အဆုံးအမဩဝါဒကို ခံယူ၍တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးစွာ နေထိုင်ကြကြောင်းဖြစ်သည်။ သို့သော်ထိုမြို့များ၏ အမည်နှင့်အကျယ်အဝန်းကိုမူ မသိရချေ။ ပျူနိုင်ငံ၏ မြို့တော်ဖြစ်သော သရေခေတ္တရာသည်အိန္ဒိယတောင်ပိုင်း ယဉ်ကျေးမှုလွှမ်းမိုးမှုကို အများဆုံးခံ ခဲ့ရသည်။ အထူးသဖြင့် အယူဝါဒဆိုင်ရာယဉ်ကျေးမှုတွင် လွှမ်းမိုးမှုအထင်ရှားဆုံးဖြစ်သည်။ ဟိန္ဒူအယူဝါဒ၊ မဟာယာနနှင့်ထေရဝါဒဗုဒ္ဓအယူဝါဒတို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့ကြောင်း အထောက်အထားများစွာတွေ့ရပေသည်။ မြို့တွင်းမြို့ပြင်၌ ဗိသုကာလက်ရာများဖြစ်သော ဗုဒ္ဓအယူဝါဒဆိုင်ရာစေတီပုထိုးနှင့်ဂူဘုရားများ တည်ရှိခဲ့ကြသည်နှင့်အမျှ အနုပညာလက်ရာမြောက်သော ကျောက်ဆစ်ရုပ်ကြွဆင်းတုများနှင့် အုတ်ပုံနှိပ်ရုပ်ကြွဆင်းတုများကိုလည်း အမြောက်အမြားထုလုပ်ပူဇော်ကြသည်။ ထင်ရှားသောမြေစိုက်အုတ်စေတီများမှာမြို့ရိုးအပြင်ရှိ ဘောဘောကြီး၊ ဘုရားကြီးနှင့်ဘုရားမာတို့ ဖြစ်ကြသည်။ ဂူဘုရားများအနက် လေးမျက်နှာ၊ ဘဲဘဲနှင့်ဈေးဂူနှစ်ဆူတို့မှာ စိတ်ဝင်စားဖွယ်ရာ လက်ရာများဖြစ်ကြသည်။ သာသနာအဆောက်အအုံပေါင်းများစွာမှာ ကာလကြာမြင့်၍ပြိုပျက်ပြီးနောက် အုတ်ကုန်းများအတိဖြစ်နေရာ ယင်းတို့ကို ရှင်းလင်းတူးဖော်ရှာဖွေရာ၌သာသနိက ရှေးဟောင်းပစ္စည်းများပေါ်ထွက်လေ့ရှိသည်။ ထိုအနက် အုတ်ခွက်ခေါ်သောပုံနှိပ်အုတ်ချပ်ဆင်းတု အမြောက်အမြားကို အနှံ့အပြား တွေ့ရှိရသည်။ ထိုအုတ်ခွက်တို့၏ မျက်နှာဘက်တွင်ဗုဒ္ဓရုပ်ပွားတော်ကိုလည်းကောင်း၊ ဗောဓိသတ် ဘုရားလောင်းပုံကိုလည်းကောင်း၊ ထုလုပ်ထား၍ အချို့တို့တွင် ရှေးဟောင်းနာဂရီ အက္ခရာဖြင့် 'ယေဓမ္မာဟေတုပြဘဝါ' အစရှိသောဂါထာရေးထိုးပုံနှိပ်ပါရှိ၏။ အချို့အုတ်ခွက်၏ ကျောဘက်တွင်ပျူဘာသာဖြင့် စာတမ်းတိုတို အနည်းငယ်ပါလေ့ရှိသည်။ သရေခေတ္တရာတွင် ဗုဒ္ဓအယူဝါဒထွန်းကားခဲ့ကြောင်းလက်ရေး အထောက်အထားများကိုလည်းတွေ့ရ၏။ ၁၈၉ရ ခုနှစ်က သရေခေတ္တရာမြို့ဟောင်း၏တောင်ဘက် ၇ မိုင်ခန့်အကွာရှိ မောင်ကန် (သို့မဟုတ်လယ်ပေါ်)ရွာမှ ရှေးဟောင်း အရေးအသားပါရှိသော ရွှေချပ်လွှာနှစ်လွှာကိုတွေ့ရှိရသည်။ ရွှေချပ်လွှာနှစ်လွှာသည် စာသုံးကြောင်းရေး ပါဠိတော်ရွှေပေစာများဖြစ်ကြ၏။ အက္ခရာအရေးအသားမှာအိန္ဒိယတောင်ပိုင်းမှအက္ခရာများဖြစ်၍ စာသားတို့မှာဝိနည်းမဟာဝါပါဠိတော်လာ ယေဓမ္မာဟေ တုပ္ပဘဝါအစချီသည့်ဂါထာကိုအစပျိုး၍ဒီဃနီကာယ်ပါဠိတော်၊ မဇ္ဈိမနိကာယ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်ဝိဘင်းပါဠိတော်စသည်မှ ကောက်နုတ်ချက်တို့ကို ဆက်လက်ရေးသားထား ခြင်းဖြစ်၏။ ၁၉၁ဝ-ပြည့်နှစ်တွင် ဘောဘောကြီးဘုရားခြေရင်းမြေကြီးများ ရှင်းလင်းရာ၌ တွေ့ရှိရသော သုံးပိုင်း ကျိုးကျောက်ချပ်ငယ်တစ်ခုမှာ အဘိဓမ္မာဝိဘင်းပါဠိတော်လာ ဗုဒ္ဓပါဝစနများဖြစ်ကြောင်း သိရလေသည်။ ၁၉၂၆ ခုနှစ်တွင်ကုလားကန်ကုန်းရွာအနီး မောင်ခင်ဘလုပ်သော တောင်ယာနှင့်ကပ်နေသည့် အုတ်ကုန်းဟောင်းမှ တူးဖော် ရရှိသည့်ရွှေချပ်လွှာ ၂ဝ (အဖုံးပါ၂၂) ချပ်မှာလည်း ပဋိစ္စသမုပ္ပါဒ ဒေသနာအစရှိသောပါဠိပိဋကတ်တော်မှ ကောက် နုတ်ချက်ကိုးခုပါရှိလေသည်။ ဗြဟ္မဏ (ဟိန္ဒူ) အယူဝါဒဆိုင်ရာ ကျောက်ဆစ်လက်ရာများမှာ များသောအားဖြင့် ဗိဿဏိုးနတ်ရုပ်များဖြစ်လေသည်။ သရေခေတ္တရာတွင် ရွှေဆင်းတု၊ ကြေးဆင်းတု၊ ငွေဆင်းတု၊ ငွေစေတီစသော အယူဝါဒဆိုင်ရာ ဝတ္ထုပစ္စည်းများကိုသာမက အနုပညာလက်ရာပြောင်မြောက်သောဝတ္ထုပစ္စည်းအမျိုးမျိုးကိုလည်း ပြုလုပ်သည်ကိုတွေ့ရှိရ၏။ လေးထပ်ပြင်ဘုရားအနီးမှလည်းကောင်း၊ ဆင်မကိုးဝန်တင်ကုန်းနှင့် မုံ့သည်မကုန်းတို့မှလည်းကောင်း၊ ဖော်ထုတ်ရရှိသည့် ကျောက်ပလ္လင်အပိုင်းအစများမှာ ကြာဖတ်ကြာလွှာများ၊မှန်ကူကွက်များနှင့် အမွမ်းအပြောက်တို့ဖြင့် အဆန်း တကြယ်ထုလုပ်ထားလေသည်။ တံကဲများ၊ သပိတ်များ၊ အရိုးအိုးများ၊ ဌာပနာတိုက်ဖုံးသည့် ကျောက်ပြားများနှင့် ခြင်္သေ့ရုပ်များတွင်လည်း ကျောက်ဆစ်လက်ရာ ထူးချွန်ပုံကို တွေ့မြင်နိုင်သည်။ ရွှံ့စေးကိုမီးဖုတ်၍ပြီးစေသော ရုပ်လုံးရုပ်ကြွများကိုလည်း လူရုပ်၊ ဘီလူးရုပ်၊ တိရစ္ဆာန်ရုပ်၊ ကြာပန်း ဖော်သော အုတ်တိုင်များအသွင် ဖန်တီးပြုလုပ်ကြလေသည်။ အယူဝါဒဆိုင်ရာယဉ်ကျေးမှုမှအပ ပျူလူမျိုးတို့၏နေထိုင်ဝတ်စားမှု ဓလေ့ထုံးတမ်းများနှင့်စပ်လျဉ်းသည့်ယဉ်ကျေးမှုသာဓကများကိုလည်း အတော်အသင့် ထုတ်ဖော်တွေ့ရှိရ၏။ ကျောက်မျက်ရတနာတို့ဖြင့်ပြီးသောလည်ဆွဲပုတီးများ၊ ငွေရေသောက်ဖလားများ၊ ငွေကွမ်းအစ်များ၊ငွေနံ့သာဘူးများ၊ ငွေကြာပန်းများ၊ လိပ်ပြာရုပ်၊ ဟင်္သာရုပ်၊ရွှေလက်စွပ်၊ ငွေလက်စွပ်များစသည်တို့ကိုထောက်ရှု၍ သရေခေတ္တရာ၏ စည်ပင်ဝပြောမှုနှင့်ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုတို့ကို သိသာလေသည်။ ပျူလူမျိုး တို့သည်သေဆုံးသည့်အခါ မီးသင်္ဂြိုဟ်သည့် အလေ့အထရှိကြ၏။ မီးကျွမ်းပြီးသောအရိုးစများနှင့်ပြာတို့ကို မြေအိုးများတွင် ထည့်သွင်း၍ ထိုအရိုးအိုးတို့ကိုအစုလိုက်အပြုံလိုက် မြုပ်နှံလေ့ရှိသည်။ သာမန်အရပ်သူအရပ်သားများအတွက် မြေအိုးများကိုအသုံးပြု၍ မင်းစိုးရာဇာတို့အတွက် ကျောက်အိုးများကိုအသုံးပြုကြောင်းလည်း သိသာသည်။ ပျူဒင်္ဂါးများဟု ခေါ်ဝေါ်သော အမှတ်လက္ခဏာများ ခတ်နှိပ်ထားသည့်ငွေပြားဝိုင်းများကိုလည်း သရေခေတ္တရာမြို့ဟောင်းနှင့်ပတ်ဝန်းကျင်တွင်တွေ့ရှိရ၏။ အမှတ်လက္ခဏာများမှာ သီရိဝစ္ဆ ပုံ၊ နေ၊ လနှင့်နက္ခတ်များပုံ၊ စကြာပုံ၊ ဝရဇိန်လက်နက်ပုံ၊ သမုဒ္ဒရာပုံစသည်တို့ဖြစ်၏။ ယင်းဒင်္ဂါးများမှာ ကျပ်ပြား အရွယ်၊ငါးမူးစေ့အရွယ်၊ မတ်စေ့အရွယ်များဖြစ်ရာ ငွေကြေးအဖြစ် အသုံးပြုဖွယ်ရာရှိသည့်အပြင် အန္တရာယ်ကင်း အဆောင်အယောင်အဖြစ် လည်ဆွဲဆင်ယင်ကြောင်း သိသာလေသည်။ သရေခေတ္တရာတွင် ရှေးဟောင်းသုတေသန ဦးစီးဌာနက တူးဖော်စူးစမ်း လေ့လာမှုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ကိုးကား ပြည်ခရိုင် ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ ပျူခေတ် မြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ ပျူမြို့ဟောင်းများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%9B%E1%80%B1%E1%80%81%E1%80%B1%E1%80%90%E1%80%B9%E1%80%90%E1%80%9B%E1%80%AC
ကုန်းဘောင်မင်းဆက်
ကုန်းဘောင်မင်းဆက် ဖြစ်ပေါ်လာပုံ ခရစ် ၁၇၅၂ ခု၊ မတ်လ (၁၁) ရက်နေ့တွင် ညောင်ရမ်းမင်းဆက်၏နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ ခရစ်(၁၇၃၃-၅၂) နှင့် မိဘုရားတို့ ဟံသာဝတီသို့ပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံးသည် အစုအစည်းမဲ့သော အခြေအနေသို့ ရောက်ရှိခဲ့တော့သည်။ သို့ကလို အဘက်ဘက်မှ ယိုယွင်းပျက်စီးပြိုလဲနေသော နိုင်ငံတော်ကြီးကို တတိယအကြိမ် တလုံးတစည်းတည်း စုစည်းတည်ထောင် စုရုံးနိုင်ခဲ့သူမှာ မုဆိုးဖို (ရွှေဘို)မှ ရွာသူကြီး ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရားကြီး ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာမင်းမြတ်သည် ပထမဦးစွာ မြန်မာနိုင်ငံတော်ကို စည်းရုံးနိုင်ခဲ့သည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ သိမ်းသွင်းခဲ့၍ အရှေ့တောင်အာရှတွင် မြန်မာ့အာဏာဆက်သည် ကျယ်ပြန့်ခဲ့သည်။ အလားတူပင် ဒုတိယအကြိမ် ဘုရင့်နောင်မင်းတရားကြီးနှင့် တတိယအကြိမ် အလောင်းမင်းတရားတို့သည်လည်း ပထမအကြိမ် အနော်ရထာမင်းမြတ်ကဲ့သို့ပင် နိုင်ငံတော်ကြီးကို စည်းရုံးနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံတော်၏ အာဏာဆက်ကိုလည်း ကျယ်ပြန့်နိုင်ခဲ့ကြသည်။ အင်းဝနေပြည်တော် မပျက်မီကပင် မုဆိုးဖိုရွာတွင် ဦးအောင်ဇေယျသည် ရွာ၏ အကြီးအကဲပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဦးအောင်ဇေယျသည် ပုဂံမင်းမျိုး မိုးညင်းမင်းတရားအဆက် မုဆိုးဖိုရွာသားဖြစ်ပြီး သူ၏ ဆွေမျိုးစုတွင်အကြီးအကဲ ဩဇာအာဏာရှိသူ ဖြစ်သည်။ သတင်းထင်ပေါ်ခဲ့၍ အင်းဝပျက်ပြီးသောအခါ ၁၇၅၂ ခု၊ ဧပြီလ (၉)ရက်နေ့တွင် မုဆိုးဖိုမြို့သူကြီး ဦးအောင်းဇေယျထံသို့ မွန်အင်အားစု လာရောက် သစ္စာပေးသည်။ တစ်နေ့တည်းမှာပင် ကွေ့မင်းဂုဏ္ဏအိန်အဖွဲ့လည်း လာရောက် သစ္စာပေးသည်။ ယင်းသို့ သစ္စာပေးသည်ကို ဥပါယ်တံမျဉ်ဖြင့် ငြင်းပယ်၍ခရစ် ၁၇၅၂ ခု၊ ဧပြီလ (၁၇)ရက်နေ့ မြို့သူကြီး ဦးအောင်ဇေယျသည် အလောင်းမင်းတရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်၏ ပထမဆုံးဘုရင်အဖြစ် ခံယူခဲ့လေသည်။ သို့ကလို ကုန်းဘောင်းမင်းဆက်ကို မြန်မာသက်ကရာဇ် ၁၁၁၅ ခုနှစ် တွင် တည်ထောင်သည်ကို အမှတ်ရလွယ်ကူစေရန် ဥဩအော်မြည် ကုန်းဘောင်တည် ဟူ၍ မှတ်သားထားခဲ့ကြလေသည်။ ဘာကြောင့်ခေါ် ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓာတ်မြတ်ဓာတ်ထူးဖြစ်သော ဂဗ္ဘေ ဓာတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။ ဦးမောင်မောင်တင် (K.S.M.A.T.M) ပြုစုသော 'ရွှေနန်းသုံး ဝေါဟာရအဘိဓာန်' တွင် 'ကုန်းဘောင်မြို့'ခေါ်ဝေါ်ခြင်းအကြောင်းကား မုဆိုးဖိုမြို့အရှေ့ အလောင်းစည်သူမင်းတည်ထားခဲ့သော ကုန်းဘောင်ရိုး၊ တောင်မြောက်တန်းလျက်ရှိသော ကုန်းဘောင်ရိုးကိုစွဲ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ကုန်းဘောင်ပြည်ကြီးဟူ၍လည်း ကျော်စောထင်ရှားခဲ့သည်။ အလောင်မင်းတရားကြီးမှသည် သီပေါမင်းတိုင်အောင် ဤကုန်းဘောင်မင်း ဦးအောင်ဇေယျမှ စတင် ပေါက်ဖွားခဲ့ခြင်း ဖြစ်၍ ' ကုန်းဘောင်ဆယ့်တစ်ဆက်' ဟူ၍ သုံးနှုန်းလေ့ရှိကြသည်။ ကုန်းဘောင်ဟုခေါ်ခြင်း အခြားအကြောင်းမှာ အလောင်းမင်းတရားကြီး၏ ဘိုးတော်ဘီတော်အနွယ်ကား မဟာသမ္မတမင်းမှစ၍ အာဒိစဝံသထိအနွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ်တော်ဖြစ်ပေသည်။ ထိုမင်းဆက်ကို ဟံသာဝတီမင်းကို ဖျက်ပြန်လေသောကြောင့် သကျနန်းရိုး သတိုးအနွယ်တော် ပျက်လေသည်။ ဟံသာဝတီမွန်မင်းတို့ကား ရေနှင့်တူ၏။ ထိုရေကိုဖြတ်သန်းလွှမ်းမိုး၍ အလောင်းမင်းတရားကြီး၏ ရွှေဘုန်းတော်ဖြင့် အထက်က သကျနန်းရိုး သတိုးအနွယ်တော်ကို ဆက်ပြန်သည်ဖြစ်၍ အလောင်းမင်းတရားကြီးကား 'ကုန်းဘောင်' နှင့်တူသဖြင့် မင်းတရားကြီး၏ သားတော်အစဉ် မြေးတော်အဆက်ကို'ကုန်းဘောင်မင်းဆက်' ဟု နောင်အခါ ထင်ရှားလာသည်။ ကုန်းဘောင်မင်းဆက် လင်္ကာ ကုန်းဘောင်မင်းဆက်မှာ အလောင်းမင်းတရားကြီး နန်းတက်သော သက္ကရာဇ် ၁၁၁၅ခု (ခရစ် ၁၇၅၃ ခုနှစ်) မှ ကုန်းဘောင်မင်းဆက် (၁၁)ဆက် မြောက်ဖြစ်သော သီပေါမင်းတရား အင်္ဂလိပ်လက်သို့ပါတော်မူသော သက္ကရာဇ် ၁၂၄၇ ခု(ခရစ် ၁၈၈၅ ခု) အထိ နှစ်ပေါင်း (၁၃၂) နှစ်ကာလကို ကုန်းဘောင်ခေတ် ဟူ၍ ပိုင်ခြား သတ်မှတ်ခဲ့ကြသည်။ ကုန်းဘောင်မင်းဆက်တို့၏ နန်းတက်နှစ်နှင့် နန်းသက်ကို နောင်လာနောက်သားတို့ အလွယ်တကူမှတ်မိစေရန် ရည်ရွယ်၍ လင်္ကာဖြင့် မှတ်တမ်းတင်ထားလေသည်။ အ-အာ-အောင်လား၊လောင်းဘုရား၊ ရွှေဘိုရှစ်နှစ်ထား (၁၁၁၄ ခုနှစ်တွင် အလောင်းမင်းတရား ဦးအောင်ဇေယျသည် နန်းတက်၍ ရွှေဘိုတွင် ရှစ်နှစ်နန်းစံသည်) အိမ်-အား- ကျားခေါ်၊ သားနောင်တော်၊သုံးနှစ်ရွှေဘိုပျော် (၁၁၂၂ ခုနှစ်တွင် သားဖြစ်သူနောင်တော်နန်းတက်၍ ရွှေဘိုတွင် ၃ နှစ် နန်းစံသည်) ဦး-အောင်-ချီ-မူ၊ ညီဆင်ဖြူ၊ ဆယ့်သုံးရွှေဘိုအင်းဝယူ (၁၁၂၅ ခုတွင် ညီတော်ဆင်ဖြူရှင် ရွှေဘိုနှင့်အင်းဝတစ်လှည့်စီ ၁၃ နှစ်နန်းစံသည်) အုံ-အူ-စား-ရူး၊ သားစဉ့်ကူး၊ ငါးနှစ် အင်းဝမြူး။ (၁၁၃၈ ခုတွင် သားတော် စဉ့်ကူးမင်း အင်းဝတွင်၅ နှစ်နန်းစံ သည်) အိမ်-ဦး၊ လှော်-ဆား၊ နောင်တော်သားရက်မောင်မောင် အင်းဝထား။(၁၁၄၃ ခုတွင် နောင်တော်ကြီးမင်း၏သား (ဖောင်းကားစားမောင်မောင် အင်းဝတွင် ၇ ရက် နန်းစံသည်) လောင်းဘုရားသားဘိုးတော်ကား ထိုနှစ်တောင်မြို့သွား( သုံးဆယ့်ရှစ်နှစ်)ထား။(၁၁၄၃ ခု တွင်အလောင်းဘုရား၏သား ဘိုးတော်မင်းသည် တောင်မြို့ (အမရပူရ) တွင် ၃၈ နှစ် နန်းစံသည်) အုံး-အား- ရေး- အီး၊မြေးဘကြီး၊ ဆယ့်ရှစ်အင်းဝမှီး။(၁၁၈၁ ခုနှစ် မြေးတော်ဘကြီးတော်မင်းသည် အင်းဝတွင် ၁၈ နှစ် နန်းစံသည်) အောင့်-အီး-ဟီ-ဟောင် ညီကုန်းဘောင်၊ ကိုးနှစ်မြို့ရှောင် (၁၁၉၉ ခုတွင် ညီတော်ကုန်းဘောင်မင်းသည် တောင်မြို့(အမရပူရ)တွင် ၉ နှစ် နန်းစံသည်) အခေါင်နားရန်၊ သားပုဂံ၊ ခြောက်နှစ်တောင်မြို့ခံ။ (၁၂၀၈ ခုတွင် သားတော် ပုဂံမင်းသည် တောင်မြို့(အမရပူရ)တွင် ၆ နှစ် နန်းစံသည်) အင်း-ကံ-အားလုံး၊ ညီမင်းတုန်း (ဆ- ဝီ) မန်းမြို့ကုန်း (၁၂၁၄ ခုတွင် ညီတော် မင်းတုန်းမင်းသည် မန္တလေးတွင် ၂၆ နှစ် နန်းစံသည်) အုတ်-ကုန်း-လူနှော၊ သားသီပေါ ခွန်နစ်မန်းမြို့ပျော်။ (၁၂၄၀ ပြည့်နှစ်တွင် သားတော်သီပေါမင်း မန္တလေးမြို့တွင် ၇ နှစ် နန်းစံသည်) အင်း-ကော-လိပ်-တက်၊ မန်းမြို့ပျက်၊ နန်းသက်ကုန်ခဲ့ပြီ။( ၁၂၄၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကုန်ခဲ့ပြီဖြစ်သည်။) ကုန်းဘောင်မင်းဆက်တွင် မင်း (၁၁) ပါးရှိသည်။ ယင်းမင်းတို့၏ အမည်နှင့် အုပ်စိုးခဲ့သောကာလများကို အောက်တွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် နယ်ချဲ့၏လက်အောက်သို့ ထိုကုန်းဘောင်မင်းများမှ မင်းသုံးပါးလက်ထက်တွင်တစ်စတစ်စနှင့် တစ်နိုင်ငံလုံးကျရောက်ခဲ့ခြင်း ဖြစ်သည်။ (၇) ဆက်မြောက် စစ်ကိုင်းမင်း(ဘကြီးတော်) လက်ထက်တွင် ရခိုင်နှင့် တနင်္သာရီတို့ကျရောက်ခဲ့ပြီး (၉) ဆက်မြောက် ပုဂံမင်းလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝက် အောက်ပိုင်းကျရောက်ခဲ့ပြန်သည်။ (၁၁)ဆက်မြောက် သီပေါမင်းလက်ထက်တွင်မူ တစ်နိုင်ငံလုံးကျရောက်ခဲ့တော့သည်။ ပုဂံခေတ် မင်းခွေးချေးလက်ထက်တွင် တရုတ်က မြန်မာနိုင်ငံကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့ရာ ပုသိမ်မြို့အထိဆုတ်ခွာပြေးခဲ့ရသဖြင့် မင်းခွေးချေးကို 'တရုတ်ပြေးမင်း'ဟု ခေါ်ခဲ့သည်။ အင်းဝခေတ် မဟာဓမ္မရာဇာဓိပတိမင်းလက်ထက်တွင် မွန်တို့၏လက်အောက်သို့ကျရောက်ခဲ့သဖြင့် ထိုမင်းကို ဟံသာဝတီရောက်မင်းဟုခေါ်ခြင်း ဖြစ်သည်။ ပုဂံခေတ် တရုတ်ပြေးမင်းလက်ထက်တွင် မြန်မာနိုင်ငံတော် အထက်ပိုင်းသာလျှင် တရုတ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည်။ အင်းဝခေတ် ဟံသာဝတီရောက်မင်း လက်ထက်တွင်မူ တိုင်းရင်သား အချင်းချင်းဖြစ်သော မွန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ခြင်းသာဖြစ်သည်။ ကုန်းဘောင်ခေတ် သီပေါမင်းလက်ထက်တွင် အဂင်လိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ခြင်းမှာ ယခင် ကုန်းဘောင်မင်းနှစ်ပါး (စစ်ကိုင်းမင်းနှင့်ပုဂံမင်း)၏ လက်ထက်တွင် ကျရောက်ခဲ့ပြီးဖြစ်သောမြန်မာနိုင်ငံ သုံးပုံနှစ်ပုံမှ လက်ကျန်တစ်ပုံပါသွားပြီး တစ်ပြည်လုံးအနေအထားနှင့် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ အမည်ငါးမျိုး ကုန်းဘောင်မင်းဆက် စတင်ရာ ရွှေဘိုမြို့ကို 'ငါးမည်ရပြည်ရွှေဘို'ဟု ခေါ်ဝေါ်ကြသည်။ ၎င်းငါးမည်မှာ(၁) ရန်ကြီးအောင်၊(၂) ကုန်းဘောင်၊ (၃) ရွှေဘို၊(၄) မုဆိုးဖို၊(၅) ရတနသိင်္ဃ ဟူ၍ ဖြစ်သည်။ မုဆိုးဖိုတွင် အလောင်းမင်းတရား မင်းအဖြစ်သို့ ရောက်ရှိပြီး ၁၁၁၅ ခုနှစ်တွင် မြို့နန်းတည်သောအခါတွင်မှရန်ကြီးအောင်၊ ကုန်းဘောင်၊ ရွှေဘို၊ မုဆိုးဖို၊ ရတနသိင်္ဃ ဟူသော ကျန်လေးမည်သည် 'မုဆိုးဖို' ဟူသော ပင်စည်ပင်ရင်းမှ ဝေဆာ၍ဖြာထွက်ခဲ့သော အကိုင်းအခက်များသာ ဖြစ်ကြသည်။ သို့ဖြစ်၍ ကုန်းဘောင်မင်းဆက်ကို မုဆိုးဆက်ဟုလည်း ခေါ်သည်။ ပင်ရင်းမူလဖြစ်သော 'မုဆိုးဖို' အကြောင်းကို 'ကုန်းဘောင်မင်းဆက် မဟာရာဇဝင်ကြီး' ပထမတွဲ စာမျက်နှာ (၆၇) တွင်- "ဘေးလောင်းတော် နရပတိစည်သူမင်းတရားကြီး တိုင်းခွင်လှည့်လည်တော်မူသောအခါ ဤအရပ်သို့ရောက်လျှင် ငပိုအမည်ရှိသော မုဆိုးအား ပိုမြေနယ်နိမိတ် အပိုင်းအခြား ပေးအပ်၍ ဗောင်းဝန်းတိုက်အရပ်တွင် ဗောင်းဝန်းတော်ကိုထားသည်" ဟုရှိသည်။ ထို့ကြောင့် မုဆိုးဖိုသည် ပုဂံနရပတိစည်သူမင်း (ဒုတိယစည်သူ) ၏ လက်ထက်မှစ၍ ပေါ်ထွန်းလာသည်ဟု ဆိုရမည်။ ဦးကုလား၏ 'မဟာရာဇဝင်တော်ကြီး' ပထမတွဲ စာမျက်နှာ (၂၆၉) တွင်မူ- "နန်းစဉ်စာရင်းချုပ်ကြီးတွင် စစ်မက်ရေးရာ ပေါ်ပေါက်လာပါက စစ်သားစုဆောင်းပေးရသော အင်အားသတ်မှတ်ချက်အလိုက် သုံးသိန်းပြုမြို့ မှသည် နှစ်ကျိပ်ပြုမြို့အထိ စာရင်းတွင် နှစ်ရာပြုမြို့ (၁၃)မြို့တွင် မုဆိုးဖိုမြို့ပါဝင်လျက်ရှိသည်" ကို တွေ့ရှိရလေသည်။ မည်သို့ပင်ဆိုစေ မုဆိုးဖိုအမည်သည် ရွှေဘိုမြို့၏ မူလအမည် ဖြစ်သည်။ ပုဂံခေတ်ကျောက်စာများတွင်မုဆိုးဖို ဟူ၍ တွေ့ရှိရသည်။ အချို့ကျောက်စာများတွင် မုဆိုးပို ဟူ၍လည်း တွေ့ရသေးသည်။ မုဆိုးငပိုအား မြေနယ်နိမိတ် အပိုင်းအခြားပေးအပ်ရာမှ မုဆိုးငပိုကို အစွဲပြု၍ မုဆိုးပိုမှ မုဆိုးဖို ဖြစ်လာသည်ဟု ဆိုသည်။ အဂင်လိပ်သံအမတ် ကပ်ပတိန် ဂျော့ဘေကာ၏ ရတနာသိဃင်ခရီးသွားမှတ်တမ်း၌ မုဆိုးဖိုကား အလောင်းမင်းတရားကြီးစိုးစံသော နေပြည်တော် ဖြစ်သည်။ အုတ်မြေသားတို့ဖြင့် လုပ်သော မြို့ရိုးဝိုင်းရံထားသည့် နန်းမြို့ဖြစ်သည်။ မြို့ရိုးသည် (၁၂) ပေထုရှိပြီး ပေ (၂၀)မြင့်၏။ မြေမြို့ရိုးတစ်ဖက်စီ ၌ အလျားသည် အလှမ်း တာတစ်ထောင်ရှိမည်ဟု ကျွန်ုပ် ခန့်မှန်းမိသည်။ စတုဂံတံတိုင်းခတ်နန်းမြို့ ဖြစ်သည်။ နန်းမြို့တွင်း ၌ အိမ်ထောင်စုလေးထောင်ခန့် ရှိသည်။ မြစ်ရိုးမှ အတွင်းဘက်(၁၂) မိုင်အကွာ ညီညာသောမြေပြင်တွင် တည်ထားသောနန်းမြို့ဖြစ်သည်။ သို့သော် သဲမြေ၊ ဆားမြေ အလွန်ပေါသည်။ နေရာအနှံ့အပြား ၌ မြေမည်းများကို တွေ့ရ၏။ ယင်းမြေမည်းကို ကျိုချက်လိုက်ပါက ဆားများစွာ ထွက်သည်။ အနီးအနားဒေသများမှ အနည်းငယ် လုပ်အားစုက်ထုတ်လိုက်ရုံမျှနှင့် ယမ်းစိမ်းအမျိုးကောင်းရသည်။ လူများများ၏ လုပ်အားကိုသုံးလျှင် ယမ်းစိမ်း အမြောက်အမြား ရနိုင်သည်" ဟူ၍ ဖော်ပြထားသည်။ "ရတနာသိင်္ဃ" ဟူ၍ မှည့်ခေါ်ရခြင်းအကြောင်း မှာ ရတနာများစုဝေးရာဆုံရာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မဟာအတုလယသဓမ်မရာဇာဂုရုဆရာတော်ကြီး၏ နန်းစဉ်ပုစ်ဆာအဖြေတွင် " သိင်္ဃ ဆိုသည် ဆုံသည့်ရပ်" ဟုဖြေဆိုခဲ့၏။ မြို့တော်တည်ပြီး နှစ်ပေါင်း (၇၉) နှစ်အကြာ စစ်ကိုင်းမင်း(ဘကြီးတော်) လက်ထက် သီရီမဟာနန္ဒသင်္ကြန်မတ်ကြီး ရေးသားပြုစုသော 'သာသနာဝံသစာတမ်း' အရ 'သိင်္ဃ' ဟူသော ပါဠိဘာသာဖြင့် (လျင်သော) အနက်ကို ဟောသဖြင့် ထိုမင်း၏စည်းစိမ်သည် (မရှည်)စသည်ဖြင့် သိင်္ဃဟုမသင့်၊ သိခင်ဖြစ်သင့်ကြောင်း စောဒကတက်ခဲ့၏။ မည်သို့ဆိုစေ သိင်္ဃကို စတုတ်ထအက်ခရာ (ဃ) ဖြင့် ရေးသားခြင်းသာလျှင် သမိုင်းကြောင်းအရ အမှန်အကန်ဆုံးဖြစ်သည်။ 'ရန်ကြီးအောင်မြို့'ဟု ခေါ်ဝေါ်ခြင်းအကြောင်းမှာ အေဒီ ၁၇၅၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့မှစ၍ အလောင်းမင်းတရားကြီး မင်းဧကရာဇ်အဖြစ်ယူတော်မူကာ ရန်သူအပေါင်းအား အောင်မြင်ရာဖြစ်သောကြောင့် ဆိုသည်။ 'ရွှေဘိုမြို့'ဟု ခေါ်ဝေါ်ခြင်းမှာ မုဆိုးဖိုအမည်ကို ကဏ်ဏသုခဖြစ်စေရန် ရွှေဖို၊ ရွှေပို ဟူ၍ တင်စားခေါ်ဆိုရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အထက်ဖော်ပြပါ မြို့အမည်ငါးမျိုးမှာ ထင်ရှားသော်လည်း လူသိနည်းသော အမည်တစ်မျိုးလည်း ရှိသေးသည်။ ယင်းမှာ ပါဠိဘာသာအားဖြင့် မှည့်ခေါ်ထားသော 'အယုဇ်ဈပူရ'ဖြစ်သည်။ အလောင်းမင်းတရားကြီး ထုတ်ပြန်ခဲ့သော အမိန့်တော်များတွင် 'အယုဇ်ဈပူရမည်သော ရတနာသိဃင်ကုန်းဘောင်ရွှေပြည်ကြီး' ဟူ၍ အမြဲသုံးစွဲသည်။ ကုန်းဘောင်မင်းဆက် မဟာရာဇဝင်တော်ကြီးနှင့် မင်းတုန်းမင်းတရားကြီးရေးထိုးခဲ့သော ကျောက်စာများတွင် အယုဇ်ဈပူရ ဟူသော အသုံးအနှုန်းကို တွေ့နိုင်သည်။ အယုဇ်ဈပူရ၏အဓိပ်ပာယ်မှာ "စစ်ထိုးခြင်းငှာ မတတ်ကောင်းသောပြည်" ဟူ၍ ဖြစ်သည်။ ကုန်းဘောင်မင်းဆက်သည် မြန်မာသမိုင်း၌ နောက်ဆုံးမင်းဆက်ဖြစ်၍ လည်းကောင်း၊ မင်းဆက်မများဘဲမှတ်သာရန်လွယ်ကူ၍ လည်းကောင်း ယခုတိုင် မြန်မာတိုင်းလိုပင် လက်ချိုးရေတွက် ပြသနိုင်သည်။ ကုန်းဘောင်မင်းဆက်(၁၁) ဆက်ကို အလွယ်တကူရေတွက်ရန် အောက်ပါတေးတပ်ကို ရေးဖွဲ့ ထားလေသည်။ ကုန်းဘောင်မင်းဆက်တေးထပ် ဦးအောင်ဇေယျအမှူးမြောက်ထူးတစ်ယောက်တင်မူ၊ (ဦးလောက်) ပ ဘုရင်တစ်ဆူ၊ ဆင်ဖြူရှင်စခန်း စဉ့်ကူးမင်းကောင်းစားမီ၊ ဖောင်းကားညီလုတဲ့ ရွှေနန်း၊ ဦးဝိုင်းပ ပထမခေါင်ပျော်၊ မြနောင်တော်ရေဖျန်းအမရဆောင်ပေါ် ဗွေကြငှန်းမှာလ၊ရွှေစာတမ်းဖွဲ့ပြန်၊ ကုန်းဘောင်ပျော်နေလိုဝင်း၊ ရွှေမင်းသားမြတ်ပုဂံချမ်းအေးဖို့ ပန်း မွှေးပန်၊ မန္တလေးစံတောင်လက်ရုံးရယ်နှင့်မင်းတုန်းမင်း သီပေါအရှင် ထီးနန်းနှင့်ပလ်လင် ဆယ့်တစ်ဆက်အုပ်စိုးတင့် မုဆိုးဘုရင်စခန်းမို့လေး။ ကုန်းဘောင်မင်းဆက်တစ်ခုလုံးကို ခြုံ၍ကြည့်လိုက်လျှင် ဝမ်းသာစရာ၊ အားရစရာအချက်များ လည်းပါဝင်သည်။ ဝမ်းသာစရာအကြောင်းများလည်း ပါဝင်သည်။ ကုန်းဘောင်းမင်းဆက် ၌ မင်း (၁၁)ပါးရှိရာ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ်ပါဝင်သလို မင်းသာမန်၊ မင်းညံ့များလည်း ပါဝင်သည်။ ကုန်းဘောင်မင်းဆက် ၌ ထင်ရှား၍ မြန်မာတို့ ဂုဏ်ယူဝင့်ကြွားလောက်သော မင်းများမှာအလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင်၊ ဗဒုံမင်း (ဘိုးတော်ဘုရား)နှင့်ပဉ္စမသင်္ဂါယနတင် မင်းတုန်းမင်းတရားကြီးတို့ ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံကို အကျယ်ဆုံးအထိ တိုးချဲ့စည်းရုံးနိုင်ခဲ့သည်။ သာသနာရေးကို အထူးဂရုစိုက်၍ ပြုစုခဲ့ကြသည်။ ကုသိုလ်ကောင်းမှူများ ပြုလုပ်ခဲ့ကြသည့်အပြင် သားကြီးငါးကြီးစားသောက်မှု၊ အရက်သေစာသောက်စားမှုတို့ကို တားမြစ်ခဲ့သည်။ ယင်းခေတ်တွင် ရဟန်းပညာရှိ၊ လူပညာရှိ နှင့်စာဆိုတော်များ အများအပြား ပေါ်ထွန်းခဲ့သည်။ မဇ္ဈိမဒေသမှ ယူဆောင်လာသော ဆေးကျမ်း၊ ဓာတ်ကျမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ မြင်ကွန်းတောင်ပေါ်ကျောင်းဆရာတော် ဓမ္မဝိလာသ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူဘွဲ့ခံ ဦးထွန်းညို၊ ရှင်တေဇောသာရ၊ အတွင်းဝန် ဝဏ္ဏဓမ္မကျော်ထင်၊ ခေမာစာရမထေရ်၊ အမတ်ရာဇဗလ၊ ကျုံးဝန်ဘုမ္မဇေယျသင်္ကြန်၊ အမတ်လက်ဝဲဘိနန္သူ၊ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန် အစရှိသော ဓမ္မသတ်ဆရာကြီးများ၊ ကျမ်းပြုပုဂ္ဂိုလ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ဦးတိုး၊ ကျည်းကန်ရှင်ကြီး၊ ဝက်မစွတ်၊ နဝဒေး၊ မင်းကြီးကတော် ခင်ဆုံ၊ စာဆိုတော်ဦးမင်း၊ ဖိုးသူတော်ဦးမင်း၊ အနောက်နန်းမတော် မမြလေး၊ လှိုင်ထိပ်ခေါင်တင် အစရှိသော စာဆိုတော်များ၊ ဦးကြင်ဥ၊ ဦးပုည အစရှိသော ပြဇာတ်ရေးဆရာများ ပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင် တေးထပ်၊ လေးဆစ်သဖြန်၊ ဘောလယ်၊ ယိုးဒယား၊ ပတ်ပျိုး၊ သီချင်းကြီးများ စသည်တို့ မြန်မာစာပေတွင် သစ်ဆန်းပေါ်ထွက်လာသည်။ ကုန်းဘောင်ခေတ် ဂီတစာဆိုတော်များအနက် မင်းလက်ဝဲနော်ရထာဘွဲ့ခံ ဦးနေ၊ ဦးလွန်းပြေ၊ စာဆိုတော် ဦးမြတ်လှ၊ အမတ်မင်းသိဂင်ရ၊ စာဆိုတော် မယ်လုပ်၊ဇေယျပတေ့အမတ်၊ ရွှေလိုက်စာရေးဦးမင်းအောင်၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မြဝတီမင်းကြီး ဦးစ၊ ပခန်းမင်းသားကြီး၊ သံတော်ဆင့် ဦးအောင်ပန်း၊ မင်းသားမောင်ကုတ်တေး၊ ဆိုင်းဆရာကြီး ဦးယား၊ စာဆိုဦးတရုတ်၊ မြင်စိုင်းမင်းသား၊ မြစ်ဝိုင်းမင်းသမီး၊ ပြင်စည်မင်းသား၊သာယာဝတီဦးဝိုင်း၊ ဦးကျောက်ခဲ၊ ဆောမြို့စား မင်းဦးစီး၊ စုံနံ့သာမြိုင်ဦးကြော့၊ စာရေးတော်ကြီး ဦးမောင်ကလေး၊ တဘက်ဆွဲရွစား ဦးမြတ်ရစ်၊ မောင်မောင်ဘ၊ မောင်မောင်ဘေ၊ ဆရာမွှန်းကြီး၊ တောင်သမန်လယ်စား ဦးဖေငယ်၊ ဒေဝဣန်ဒာ မောင်မောင်ကြီး၊ ဦးတေနောင်၊ ကန်နီစစ်ကဲ မင်းထင်ရာဇာ၊ မင်းကျော်ရာဇာ၊ နားခံတော်ဝေါကြီးမှူးဦးချုံ၊ စင်တော်ကြီးမင်းသား ဦးသာပြော စသည်တို့ မှာ ထင်ရှားလေသည်။ ကုန်းဘောင်ခေတ်၏ ပညာရေးနှင့် စပ်လျဉ်း၍ မြန်မာစာပေ သာမက ပြင်သစ်စာပေ၊ အဂင်လိပ်စာပေများကိုလည်း လေ့လာလိုက်စားကြသည်။ မန်တလေးမြို့တွင် အဂင်လိပစာသင်ကျောင်းပင် ပေါ်ပေါက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် စစ်မှုထမ်းများကို ဘောင်းဘီများဝတ်ဆင်၍ အီတလီလူမျိုး၊ ပြင်သစ်လူမျိုးဆရာများနှင့် ကြပ်မတ် သင်ကြားစေသည်။ ရှေးအခါက မင်းမှုထမ်းကိစ်စအတွက် ခြေလျင်တော်၊ လှေလျင်တော် များကိုသာ အသုံးပြုသော်လည်း ၁၂၃၅ ခု (၁၈၇၃ ခုနှစ်)မှစ၍ ကြေးနန်းရုံတော်များ ပေါ်လာသည်။ မင်းတုန်းမင်းလက် ထက် ၌ စက်မှုလက်မှုလုပ်ငန်းများကို သင်ကြားရန် နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သည်။ နေပြည်တော်တွင် ရက်ကန်းရုံတော်ကြီး၊ ဆန်ကြိတ်ရုံများ၊ လက်နက်လုပ်စက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ ဖန်ချက်ရုံ၊ မဲနယ်စက်ရုံ၊ ဒဂငါ်းစက်ရုံ စသည်ဖြင့် စက်မှုလက်မှုရုံပေါင်း (၅၀) ကျော်တို့ကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့အပြင်မန်တလေး ရတနာပုံနန်းမြို့ အတွင်း ၌ စာပုံနှိပ်စက်မှ ရိုက်နှိပ်ထုတ်ဝေသော 'ရတနာပုံနေပြည်တော်သတင်းစာ 'အမည်ဖြင့် သတင်းစာပင် ပေါ်ပေါက်နေလေပြီ။ ကုန်းဘောင်ခေတ်တွင် ယဉ်ကျေးမှုဘက် ၌လည်း တိုးတက်လာသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုဟုဆိုရာ ၌ အလှအပကို ဖန်တီးသမျှ ပညာရပ်များသာမက လူတို့၏အတွင်းစိတ်ကို လှပစေရန် ပြုပြင်ဖန်တီးပေးသော ကိုးကွယ်ယုံကြည်မှုများလည်း အကျုံးဝင်လေသည်။ ကုန်းဘောင်ခေတ်တွင် အရေးပါသော ဘာသာကြီးသုံးခုမှာ ဗုဒ်ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ်စလာမ်ဘာသာတို့ ဖြစ်သည်။ ဗုဒ်ဓသာသနာသည် မင်းနှင့်ပြည်သူအများစု ကိုးကွယ်သောဘာသာဖြစ်ပြီး ထေရဝါဒဗုဒ်ဓဘာသာမှာ အင်အားအကောင်းဆုံး ဖြစ်သည်။ သို့သော် ဂါထာမန်တရား၊ လက်ဖွဲ့၊ အင်းအိုင်၊ခါးလှည့်၊ယတြာ အစရှိသော မဟာယန ဗုဒ်ဓဘာသာအလေ့အထများကိုလည်း လက်ခံလျက်ရှိကြောင်း တွေ့ရ၏။ ဗုဒ်ဓဘာသာတွင် အတင်ဂိုဏ်းနှင့် အရုံဂိုဏ်း ကွဲပြားမှုသည် ညောင်ရမ်းခေတ်မှစတင်ပြီး ကုန်းဘောင်ခေတ်အထိ ရှိနေခဲ့၏။ သကင်န်းကို ပခုံးတစ်ဖက်မှာ တင်သွင်းလိုသော ရဟန်းသံဃာများက အတင်ဂိုဏ်းတွင် ပါဝင်ပြီး သကင်န်းကို လုံလုံခြုံခြုံရုံပြီးသွားမှသာလျှင် ဝိနည်းတော်နှင့်ညီသည်ဟုယူဆသော ရဟန်းများက အရုံဂိုဏ်းဝင်များ ဖြစ်ကြ၏။ ညောင်ရမ်းခေတ်ဘုရင်များက ၎င်းင်းပြဿနာများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ နောင်တော်ကြီး (ဒီပဲယင်းမင်း) မင်းလက်ထက်တွင်လည်း အတင်ဂိုဏ်းကိုပင် အသိအမှတ်ပြုခဲ့၏။ ဆင်ဖြူရှင် (မြေဒူးမင်း) မင်းမှာလည်း စစ်မက်များတိုက်ခိုက်နေရသဖြင့် ၎င်းင်းပြဿနာ မဖြေရှင်းနိုင်ခဲ့ပေ။ စဉ့်ကူးမင်းလက်ထက်တွင် ဂိုဏ်းနှစ်ခုမှပုဂ်ဂိုလ်များကို အချေအတင်ပြောစေခဲ့သော်လည်း ဘုရင်က ပြတ်ပြတ်သားသား အဆုံးအဖြတ်မပေးနိုင်ခဲ့ပေ။ ဗဒုံမင်း (ဘိုးတော်ဘုရား)လက်ထက်တွင် နှစ်ဖက်ပုဂ်ဂိုလ်များ အချေအတင်ပြောစေသောအခါ အရုံဂိုဏ်းက ပိုင်နိုင်စွာ ပြောဆိုနိုင်သဖြင့် အရုံဂိုဏ်းကို မှန်ကန်သောဂိုဏ်းအဖြစ် အသိအမှတ်ပြုခဲ့၏။ ဗဒုံမင်းသည် ပြတ်သား၍ အတွေးအခေါ်အယူအဆကောင်းသူ ဖြစ်သည်။ ၎င်းင်းလက်ထက်မှာပင် သာသနာပြုရာထူး ပေါ်ပေါက်ခဲ့သည်။ မင်းတုန်းမင်းသည် ၎င်းင်းလက်ထက်တွင် ဗုဒ်ဓသာသနာကို တည်တံ့ခိုင်မြဲသန့်ရှင်းစေရန် ရည်ရွယ်သောအားဖြင့် ပဉ်စမသဂငါ်ယနာ တင်ခဲ့၏။ ခရစ်ယာန်သာသနာသည် ပေါ်တူဂီများနှင့် အတူ (၁၅) ရာစုမှစ၍ ရောက်လာခဲ့သည်ဟု ယူဆရန်ရှိသည်။ ပေါ်တူဂီတို့သည် လက်နက်အသစ်များ ကိုင်တွယ်တတ်သဖြင့် ဘုရင်တို့က မြှောက်စားခဲ့ကြ၏။ တောင်ငူခေတ်တွင် ရိုမင်ကတ်သလစ် သာသနာဝင်ဂိုဏ်းမှ သာသနာပြုများ အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ကြ၏။ ၎င်းင်းတိုမှာ သိပ်ပံပညာ၊ ဆေးပညာကျွမ်းကျင်သူများ ဖြစ်သောကြောင့် သာသနာပြုရာတွင် အခွင့်သာကြလေသည်။ ညောင်ရမ်းခေတ်တွင် ငစင်ကာ အုပ်ချုပ်နေသော သန်လျင်သိမ်းပိုက်ပြီးနောက် ခရစ်ဘာသာဝင်များကို စစ်ကိုင်းခရိုင်၊ ချောင်းဦး၊ ဒီပဲယင်းမြို့၊ မုံရွာ၊ အမြင့်၊ နဘက် စသည့် ရွာ(၁၆) ရွာတွင် နေရာချထားပေးခဲ့ကာ မိမိတို့အစုနှင့် နေထိုင်ကြပြီးသာသနာပြုပုဂ်ဂိုလ်များလည်း မကြာခဏရောက်ကြ၏။ လွတ်လပ်စွာကိုးကွယ်ခွင့်၊ကျမ်းစာလေ့လာခွင့်များ ရရှိခဲ့ကြ၏။ ကုန်းဘောင်ခေတ်ဦးပိုင်း ဟံသာဝတီကို အလောင်းမင်းတရား အောင်မြင်သောအချိန်တွင် မွန်တို့ဘက်မှဘက်မှ ပါဝင်ကူညီခဲ့သော ပြင်သစ်များကို အထက်မြန်မာနိုင်ငံ နဘက်၊ ချောင်းဦး စသောရွာများ အပါအဝင် (၁၂)ရွာ၌ နေရာချပေးခဲ့၏။ သာသနာပြုပုဂ်ဂိုလ်များက လက်တင်ဘာသာသင်ကြားပေးပြီး ပညာထူးချွန်သူများကို ရောမသို့ ပညာသင်ရန် စေလွှတ်ခဲ့လေသည်။ ၁၈၁၃ ခုတွင် နှစ်ခြင်းဂိုဏ်းမှ ဆရာယုဒသန် (ဒေါက်တာဂျပ်ဆင်) ရောက်လာပြီး သာသနာပြုလုပ်ငန်း စတင်ခဲ့၏။ ၎င်းင်းကိုယ်တိုင် မြန်မာစာပေကိုလေ့လာ၍ 'မြန်မာ- အဂင်လိပ်အဘိဓာန်'ကို ပြုစုခဲ့၏။ ၎င်းင်းဂိုဏ်းမှ သာသနာပြုပုဂ်ဂိုလ်များသည် အိမ်ထောင်ပြုခွင့်ရှိသဖြင့် ဇနီးပါလာသောကြောင့် သာသနာပြုလုပ်ငန်း ပိုမိုအောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ဇနီးများက မပြည့်စုံသော ကလေးသူငယ်များကို ကျွေးမွေးပြုစု၍ ပညာပေးခြင်း စသော လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိကြ၏။ အောက်မြန်မာနိုင်ငံတွင် သာသနာပြုကျောင်းများ စတင်ဖွင့်လှစ်လာခဲ့ပြီး မင်းတုန်းမင်းလက်ထက်တွင် အဂင်လိကန်ဂိုဏ်းမှ သာသနာပြု ဒေါက်တာမတ် (ဆရာမှတ်ကြီး) ကို မန်တလေးသို့ ခေါ်ယူ၍ မြေနေရာနှင့် ငွေကြေး ထောက်ပံ့ခဲ့၏။ သာသနာပြုခွင့်၊ ကျောင်းဖွင့်ခွင့်ပေး၏။ အဓိကရည်ရွယ်ချက်မှာ သားတော်များကို အဂင်လိပ်စာသင်ကြားနိုင်ရေးပင် ဖြစ်သည်။ အစ်စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာထက်စော၍ မြန်မာနိုင်ငံသို့ ရောက်ရှိသည်ဟု ဆိုနိုင်သည်။ ပုဂံကျောက်စာအချို့တွင် ' ပန်သိယ်'၊' ပသည်' ဟု ရေးသားထားသဖြင့် ပုဂံခေတ်ကပင် အစ်စလာမ်ဘာသာဝင်များ ရှိလိမ့်မည်ဟု ဆိုနိုင်လေသည်။ ကုန်းဘောင်ခေတ် ရောက်သောအခါ မွတ်စလင်အများအပြား ရှိနေလေပြီ။ မဏိပူရမှလာသော မွတ်စလင်များကို' အက်ကပတ် ' ဟု ခေါ်ပြီး မြန်မာမွတ်စလင်များကို ' ဇေတပါဒီ ' ဟု ခေါ်လေ့ ရှိသည်။ စစ်မှုရေးရာနှင့် ကုန်သွယ်မှုတွင် ထူးချွန်သူများ ဖြစ်၏။ အက်ကပတ်မြင်းအစုသည် လွန်စွာ ထင်ရှားသော မြင်းမှုထမ်းများ ဖြစ်လေသည်။ အလောင်းဘုရားလက်ထက်မှ စ၍ မွတ်စလင်များ တိုးတက်လာရာ ဘိုးတော်ဘုရားလက်ထက်တွင် မွတ်စလင်စစ်မှုထမ်းများကို ညောင်ရမ်း၊ မိတ်ထီလာ၊ ရမည်းသင်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ မြေဒူး၊ ဒီပဲရင်း စသော ဒေသများ၌ နေမြေ၊ စားမြေပေးသည့် အပြင် အခွန်လွတ်ခွင့်လည်း ပေးခဲ့၏။ မွတ်စလင်တို့၏ ကုလားပျိုသေနတ်အစုမှာ ထင်ရှား၍ ဘုရင်၏ ယုံကြည်မှုခံယူရသူများဖြစ်သောကြောင့် နန်းတော်စောင့်တပ်၊ ကိုယ်ရံတော်တပ်များအဖြစ် အမှုထမ်းခဲ့ကြရ၏။ ၎င်းင်းတို့အတွက် ဗလီဆောက်လုပ်ရာတွင် ဘုရင်ကိုယ်တိုင် ရွှေပန်နက်စိုက်ပေးခဲ့ကြောင်း သိရပေသည်။ ဘိုးတော်ဘုရားလက်ထက်တွင် အိန်ဒိယသို့ သတင်းထောက်လှမ်းရန် စေလွှတ်ခံရသူများမှာလည်း မွတ်စလင်များပင် ဖြစ်ကြပြီးအထင်ရှားဆုံးမှာ ဦးရွှေတုတ် ဖြစ်၏။ မင်းတုန်းမင်းလက်ထက်တွင် ကြွယ်ဝသော မွတ်စလင်များကို ဘုရင်က သူဌေးဘွဲ့ပေးအပ်ခဲ့၏။ ဘုရင်က သဘေငာ်ဝယ်ယူအသုံးပြုသောအခါတွင် ဘုရင့်သဘေငာ်ကပ်ပိန်အဖြစ် အမှုထမ်းသော ဦးမြနှင့် လက်နက်ရုံ ကြီးကြပ်သူဦးပွင့်တို့မှာ မွတ်စလင်များပင် ဖြစ်သည်။ အထက်ပါ ဘာသာကြီးသုံးခုအပြင် ရှေးအခါက စ၍ အမြစ်တွယ်လာခဲ့သော နတ်နဂါးကိုးကွယ်မှုနှင့် ဗြဟ်မဏအယူဝါဒများလည်း ကုန်းဘောင်ခေတ်တွင် ဆက်လက် ရှင်သန်လျက်ပင် ရှိပေသည်။ ကုန်းဘောင်ခေတ်တွင် ဘာသာယုံကြည်ကိုးကွယ်မှုများ တိုးတက်ထွန်းကားခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ဗိသုကာ၊ပန်းချီ၊ပန်းပု အစရှိသည့် အနုပညာရပ်များ နယ်ပယ်၌ လည်း ထွန်းကားခဲ့သည်ကို တွေ့ရလေသည်။ ဗိသုကာပညာရပ်နှင့် နှီးနွယ်နေသော ပန်းရန်၊ ပန်းတော့၊ ပန်းပွတ်၊ ပန်းပု၊ ပန်းချီ ပညာရပ်များ များစွာတိုးတက် ထွန်းကားလာခဲ့သည်။ ကုန်းဘောင်ခေတ်ပန်းချီပညာနှင့် ပတ်သက်၍ ရွှေရေးပန်းချီ၊ ယွန်းထိုးပန်းချီ၊ဆေးရေးပန်းချီ ဟူ၍ သုံးမျိုးသုံးစား ခွဲခြားနိုင်လေသည်။ ယွန်းထိုးပန်းချီမှာ ပုဂံခေတ်မှခတ်ခဲ့သော ပညာရပ် ဖြစ်သည်။ ယွန်းထည်ပေါ်တွင် ကညစ်ဖြင့်ရေးခြစ်ပြီး ဆေးရောင်သွင်းသော အတတ်ပညာ ဖြစ်၏။ ကုန်းဘောင်ခေတ်တွင် လူသုံးပစ်စည်းအဖြစ် ယွန်းထည်များကို ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြသည်။ အဆင့်အတန်းအမြင့်ဆုံး ပင်မပန်းချီပညာရပ်မှာ ဆေးရေးပန်းချီ ဖြစ်သည်။ ၎င်းင်းပညာသည် ကမ်ဘာသုံးပန်း ချီပညာဖြစ်ပြီး ပုဂံခေတ်မှစ၍ အဆင့်အတန်းမြင့်ခဲ့လေသည်။ မြန်မာ- ဆေးရေးပန်းချီသည် ကနုတ်(ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ကြာဖူး စသည်တို့ပုံကို အခွေအလိပ်များအဖြစ် ရေးဆွဲခြင်းပြီး ခြူးပန်းခြူးနွယ်ဟူ၍လည်း သိရှိကြ၏။ )' နရီ ' (မိန်းမရုပ်ရေးဆွဲခြင်းကို ဆိုလိုသော်လည်း နောက်ပိုင်းတွင် လူရုပ်အမျိုးမျိုးရေးဆွဲခြင်း ပါဝင်လာ၏။)' ကပီ ' (မျောက်ရုပ် ဟု အဓိပ်ပာယ်ရှိသော်လည်း ဘီလူး၊ ဂဠုန်၊ နဂါး စသော အရုပ်များကို ကနုတ်ပန်းများနှင့် ရောနှောရေးဆွဲခြင်း ဖြစ်သည်။) ' ဂဇာ ' (ဆင်၊ မြင်းစသော တိရစ်ဆာန်များကို ကနုတ်ပန်း စသော အဆင်တန်ဆာမပါ ရိုးရိုးရေးဆွဲခြင်း ဖြစ်သည်။) ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများတွင် အနီးအဝေး၊ အလင်းအမှောင် မှန်ကန်မှုမရှိ၊ ဆေးရောင်အမျိုးအစားလည်း နည်းပါးသော်လည်း ခေတ်နှောင်းပိုင်းတွင် အဆင့်အတန်းမြင့်မားလာပြီး အနီးအဝေး၊ အလင်းအမှောင်၊ ဆေးရောင်များ ကောင်းမွန်လာသည်ကို တွေ့ရလေသည်။ ကုန်းဘောင်ခေတ်တွင် ဆေးရေးပန်းချီအမှုထမ်းများကို ပန်းချီတော်အဖြစ် ခန့်ထား၍ အဆောက်အအုံများအပြင် မိဘုရား၊သားတော်၊ သမီးတော်များ ဗဟုသုတပွားများစေရေးအတွက် လေ့လာကြည့်ရှုမှတ်သားရန် ငါးရာ့ငါးဆယ် နိပါတ်ရုပ်စုံများ၊ နန်းဓလေ့မှတ်တမ်းများကို ပုရပိုက်ဖြူများတွင် ဆေးရောင်စုံဖြင့် ရေးဆွဲစေခဲ့သည်။ ကုန်းဘောင်ခေတ် မြန်မာ့ပန်းချီ၏ ထူးခြားချက်မှာ အမြင်မှန်ရေးဆွဲနည်း ဖြစ်၏။ သက်ရှိ၊ သက်မဲ့အရာဝတ်ထုများ ရေးဆွဲးရာတွင် အိမ်နံရံစသည်တို့ကို ဖောက်ထွင်းမြင်ရပုံ ရေးဆွဲခြင်းပင် ဖြစ်သည်။ အသုံးပြုသောဆေးများမှာ အနီရောင်အတွက် ဟသင်ပြဒါး၊ အဝါအတွက် ဆေးဒန်း၊ အပြာအတွက် ဒုတ်ထာနှင့် မဲနယ်၊ အနက်အတွက်ကျပ်ခိုး၊ အဖြူအတွက် မြေဖြူနှင့်ထုံး တို့ဖြစ်သည်။ အစိမ်းရောင်ရရှိရန် ဆေးဒန်းနှင့် ဟသင်ပြဒါးရော၍သော်လည်းကောင်း၊ သစ်ရွက်ရည်ကိုသော်လည်းကောင်း သုံးလေ့ရှိ၏။ ၎င်းင်းပင်ရင်းဆေးရောင်များကို ရောစပ်ပြီး ပုစွန်ဆီ၊ဂဠုန်အန်ဖတ် (အညိုပုတ်) စသော အရောင်များရအောင် လုပ်ဆောင်လေ့ရှိကြ၏။ ဆီဆေးဖြင့်ရေးဆွဲရာတွင် ဆေးကို ပိုက်ဆံဆီနှင့် ရောနှောပြီး ရေးဆေးဖြင့် ရေးဆွဲသည့်အခါ တမာစေးနှင့် ရောလေ့ရှိ၏။ ပုံကြမ်းရေးဆွဲရန် မီးသွေး တောင့်ငယ်များရရှိရေးအတွက် သင့်လျော်သောအရွယ် ထင်းချောင်းငယ်များကို မီးဖုတ်ယူကြရ၏။ စုတ်တံကိုနွား၏နားအတွင်းမှ အမွေးနုများဖြင့် ပြုလုပ်ကြပေသည်။ ကုန်းဘောင်ခေတ်တွင် ကြေးထည်ဖြင့် ပြုလုပ်သော ပန်းတဉ်းလုပ်ငန်း၊ ကျောက်ဆစ်ပညာဖြစ်သော ပန်းတမော့လုပ်ငန်း၊ မှန်စီရွှေချလုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊မျက်ပါးခတ်လုပ်ငန်းများလည်း ထွန်းကားခဲ့လေသည်။ ကုန်းဘောင်ခေတ်အတွင်း အခွန်တော်များစွာ ရစေသောလုပ်ငန်းမှာ မျက်ပါးခတ်လုပ်ငန်း ဖြစ်သည်။ ရွှေကိုပါးလွှာအောင်ခတ်၍ရွှေဆိုင်းများ လုပ်သော လုပ်ငန်းဖြစ်လေသည်။ ဤအကြောင်းအရာများကား မြန်မာတို့ခေတ်ကို အမီလိုက်လာပုံ၊တိုးတက်လာပုံကို ပြသသဖြင့် ဂုဏ်ယူဖွယ်ရာများ ဖြစ်တော့သည်။ ကုန်းဘောင်ခေတ်တွင် ဝမ်းနည်းစရာအဖြစ်အပျက်များကား နောင်တော်ကို ညီတော်များက ပုန်ကန်ခြင်း၊ ခမည်းတော်,ဘထွေးတော်များကို သားတော်၊တူတော်များက ပုန်ကန်ခြင်းများနှင့် နန်းတော်ထဲတွင် သူဘက်ငါ့ဘက် ဟူ၍ တကွဲကွဲအပြားပြား ဖြစ်နေကြခြင်းများ ဖြစ်သည်။ ကုန်းဘောင်မင်းများသည် မြို့တော်များ မကြာခဏ ရွေ့ပြောင်းခဲ့သည်။ သို့ရာတွင် ရန်ကုန်မြို့ကဲ့သို့ပင်လယ်ဆိပ်ကမ်းတွင် မြို့တော်မပြုလုပ်ခဲ့သဖြင့် ထွန်းကားနေသော စက်မှုလက်မှု တိုးတက်မှုများနှင့် အဆက်အသွယ်မရရှိခဲ့ပေ။ ထိုသို့မရရှိခဲ့ခြင်းပင်လျှင် မြန်မာနိုင်ငံ ဆုံးရှုံးရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။ မည်သို့ဆိုစေကာမူ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မြန်မာ့မြေပေါ်၌ အဂင်လိပ်နှင့်ပြင်သစ်တို့ အပြိုင်အဆိုင် ဖြစ်နေကြသည်။ မြန်မာဘုရင်က ပြင်သစ်တို့အား အထူးအခွင့်အရေးများပေးပြီးလျှင် မဟာမိတ်စာချုပ်များ၊စီးပွားရေးစာချုပ်များ ချုပ်ဆိုသည်ကို အဂင်လိပ်တို့က အထူးမခံမရပ်ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းကို ပြင်သစ်တို့ သိမ်းပိုက်ခြင်း သို့မဟုတ် ဩဇာလွှမ်းမိုးခြင်းများ ပြုလုပ်မည်ကို စိုးရိမ်မကင်းဖြစ်ကြသဖြင့် အဂင်လိပ်တို့က မြန်မာနိုင်ငံအထက်ပိုင်းကို ပြင်သစ်တို့ထက် အလျင်အမြန် လက်ဦးမှုရရှိအောင် သိမ်းယူလိုက်ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် အနောက်လက်နက်နိုင်ငံကြီးများ စားခွက်လုမှုကြောင့် မြန်မာနိုင်ငံသည် ထီးသုဉ်း၊နန်းသုဉ်း၊မင်းသုဉ်းပြီးနောက် တစ်မျိုးသားလုံး ကျွန်ဘဝကရောက်ကာ မြန်မာဘုရင် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ပါတော်မူခဲ့ရပေသည်။ ထိုအချိန်မှစ၍ မြန်မာ့သမိုင်း ၌ မြန်မာနိုင်ငံတော်ကြီးကို တပေါင်းတစည်းတည်းဖြစ်အောင် ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ ကုန်းဘောင်မင်းဆက်သည် (၁၁)ဆက်မြောက် သီပေါမင်းလက်ထက်တွင် စုံးစုံးမြုပ်ကာ မြန်မာ့သမိုင်းတွင် တိမ်မြုပ်ပျောက်ကွယ် သွားခဲ့ရပေသည်။ ကုန်းဘောင်မင်း ၁၁-ဆက် အကျဉ်း အလောင်းမင်းတရား (၁)ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ်) နောင်တော်ကြီးမင်း (၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း (နောင်တော်ကြီးမင်းဟုလည်းခေါ်) မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်အမည်မှာ မောင်လောက် ဖြစ်သည်။ ၎င်းလက်ထက်တွင် အလောင်းမင်းတရား၏ရဲဘက်တော်ဟောင်း မင်းခေါင်နော်ရထာ၏ပုန်ကန်မှု နှင့် ဘထွေးတော် တောင်ငူဘုရင်ခံ မင်းရဲသိင်္ခသူတို့၏ ပုန်ကန်မှု ကဲ့သို့သော ပုန်ကန်မှုများကို အောင်မြင်စွာနှိမ်နင်းနိုင်သည်။ ထူးခြားမှုအနေဖြင့် ပုန်ကန်သူများအား သေဒဏ်မပေးဘဲ နေမြဲစားမြဲအတိုင်းသာ စားစေသဖြင့် စိတ်နှလုံးကြီးမြတ်သော မင်းအဖြစ် နှောင်းဆရာတို့သတ်မှတ်ထားသည်။ ဆင်ဖြူရှင်မင်း (၃)ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အဝမြို့တည်၊ ဆင်ဖြူရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော်၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ဒုတိယသားတော်၊ငယ်မည် ဦးရွ။ အခြားလူသိများသည့် အမည်မှာ မြေဒူးမင်း ဖြစ်သည်။ စဉ့်ကူးမင်း (၄)သားတော် စဉ့်ကူးမင်း၊ မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်္လာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။ ဖောင်းကားစား မောင်မောင် (၅)ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ နောင်တော်ကြီးဘုရား၏ သားတော် ငယ်မည် မောင်မောင်။ဖောင်းကားစား မောင်မောင် ဟုအသိများသည်။ ဗဒုံမင်း (၆)ဗဒုံမင်း(ခေါ်) ဘိုးတော်ဦးဝိုင်း (ခေါ်) ဆင်ဖြူများရှင်မင်းတရားကြီး (ခေါ်) ဘိုးတော်ဘုရား (ခေါ်) အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။၎င်းလက်ထက်တွင် အောက်ပြည်အရပ်မှ မွန်တို့ သူပုန်ထသဖြင့် နှိမ်နှင်းရသေးသည်ဟုဆိုသည်။ ဘကြီးတော် (၇)ဘကြီးတော်မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထအဝမြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။ သာယာဝတီမင်း (၈)ညီတော် သာယာဝတီမင်း၊ ကုန်းဘောင်မင်းဟုလည်းကောင်း၊ရွှေဘိုမင်းဟုလည်းကောင်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာအမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား စစ်ကိုင်းမင်း ၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။ ပုဂံမင်း (၉)သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။ မင်းတုန်းမင်း (၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။ သီပေါမင်း (၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယိကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ဗြိတိသျှကိုလိုနီကုလားဖြူတို့က မင်းနှစ်ပါးအားဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး ကိုသိမ်းပိုက်ကြီးစိုးကာ မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘဝထား၍ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။ သုံးသပ်ချက် ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။ သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၎င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။ ကုန်းဘောင်အိမ်တော်အကြီးအကဲများ သီပေါ‌‌မင်းမြတ် နတ်ရွာစံပြီး၍ အသျှင်နန်းမတာ်စုဘုရားလတ် မြန်မာပြည်သို့ ကြွရောက်လာခဲ့ရာတွင် ကုန်း‌ေဘာင်အိမ်တော်အကြီးအကဲများသည် ဘုရင်စနစ်ချုပ်ငြိမ်းသည့်တိုင် ကျန်ရှိနသးရာ သမီးတော် အသျှင်ထိပ်စုမြတ်ဘုရားလတ်မှစပြီး ‌ေတွက်ထားသည်။ ကိုးကား မြန်မာနိုင်ငံ၏ သမိုင်း ကုန်းဘောင် မင်းဆက် ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%80%E1%80%BA
စဉ့်ကူးမင်း
စဉ့်ကူးမင်း (မြန်မာနှစ် ၁၁၁၈–၁၁၄၃) သည် ကုန်းဘောင်မင်းဆက်၏ စတုတ္ထမင်း ဖြစ်သည်။ ရတနာပူရမြို့တည် မြေဒူးမင်း (ဆင်ဖြူရှင်) မင်းတရားကြီးနှင့် မိဖုရားခေါင်တွင် မြင်သည့်သားတော်ဖြစ်ပြီး သက္ကရာဇ် ၁၁၁၈ ခု၊ ကဆုန်လဆန်း(၁၂)ရက် (ခရစ် ၁၇၅၆ ခု၊ မေလ ၁ဝ ရက်) တနင်္လာနေ့ နံနက် (၄) ချက်တီးကျော် မိဿတွင် ဗုဒ္ဓဟူး၊ ပြိဿတွင် တနင်္ဂနွေ၊ မေထုန်တွင် လဂ်နှင့်သောကြာ၊ ကရကဋ်တွင် အင်္ဂါ၊ သိဟ်တွင် ရာဟု၊ ကန်တွင် စန်းနှင့်ကြာသပတေး ကြိုက်၍ ဖွားတော်မူသည်။ ဖခင်ဖြစ်သူ မြေဒူးမင်း (ဆင်ဖြူရှင်) သည် အလောင်းမင်းတရားကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင် ဗဒုံမင်း) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။ ခမည်းတော် ဆင်ဖြူရှင်မင်းတရားသည် သက္ကရာဇ် ၁၁၃၈ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့တွင် သက်တော် ၃၉ နှစ် ၁ဝ လအရွယ်၌၊ နတ်ရွာစံတော်မူလေသည်။ ၎င်းနှစ် ပြာသိုလဆန်း(၁၅)ရက်၊ တနင်္လာနေ့ နံတော်၏ ဂဟပတိအရပ် ဖြစ်သော ရွှေနန်းတော်၏ အနောက် ငါးရာဖျားသနပ်ခြံဝယ် မဟာသင်္ကြန်တော်ကြီး ခေါ်တော်မူပြီးလျှင် ထီးဆောင်းမင်္ဂလာ မဟာဦးကင်းသ ဖွင့်တော်မူကာ ရာဇဘိသေကခံ၍ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ်နာမတော်ကို ခံယူတော်မူသည်။ မင်းစည်းစိမ်(၅)နှစ်နှင့် (၈)လ၊ သက်တော်(၂၅)နှစ် (၈)လ ရောက်လတ်သော် အာစရဝိပ္ပတ္တိဖြင့် နန်းကျ၍ သက္ကရာဇ် ၁၁၄၃ ခု၊ တပေါင်းလဆန်း (၄)ရက်နေ့တွင် ဆဒ္ဒါဆင်မင်း သခင် (ဘိုးတော်ဘုရား)မင်းတရားကြီးက ရေမှာဖျောက်တော်မူသည်။ စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ဘုရားဖူးထွက်စဉ်တွင် အစ်ကိုဝမ်းကွဲတော်သူ နောင်တော်ကြီးမင်း၏ သား ဖောင်းကားစား မောင်မောင်က ဘုရင် အယောင်ဆောင်ပြီး နန်းတွင်းသို့ ဝင်ရောက်ကာ နန်းလုခဲ့သဖြင့် နန်းကျရသည်။ ၇ ရက်အကြာတွင် မောင်မောင်အား ဘိုးတော်ဘုရား လုပ်ကြံနန်းချပြီးနောက်တွင် ဖမ်းမိပြီး ကွပ်မျက်ခဲ့သည့်အတွက် စဉ့်ကူးမင်း ကံကုန်သည်။ ထိုမင်းနန်းကျလိုသော် တောင်အရပ်က လိပ်ပြာ မိုးလုံးပြည့်မျှ ပျံလာ၍ မြစ်မြောက်ဘက်သို့ ကူး၏။ မြို့ရိုးတံခါးတွင် ဆင်ရိုင်းကျ၍ သေ၏။ တံခွန်ပြ၏။ တစ်မိုးလုံး သွေးပေါက်ကဲ့သို့ ခြင်းခြင်းနီ၏။ မြို့ရိုးပတ်လည် အစိတ်စိတ်ကွဲ၏။ ပင်းယ ရွှေစည်းခုံပြို၏။ မိဖုရားများ မိဖုရားခေါင် စဉ့်ကူးမင်း၏ မိဖုရားခေါင်ကြီးကား မြင်းစုကြီးဝန်သမီး စစ်ကိုင်းမြို့စား သီရိနန္ဒာဒေဝီဘွဲ့ခံ ရှင်ဘွားနှင့် ကျီဝန်အတွင်းဝန်မင်းကြီး နန္ဒကျော်ထင်ဘွဲ့ခံ မောင်ထွန်းတို့ သင့်မြတ်ရာတွင် သက္ကရာဇ် ၁၁၂ဝပြည့်နှစ်တွင်မြင်သည့် သမီးတော် ရှင်မင်း ဖြစ်သည်။ ၁၁၃၈ ခု မဟာရတနာစန္ဒာဒေဝီအမည်နှင့် ဘိသိက်ခံတော်မူသည်။ ထိုမိဖုရားသည် သက္ကရာဇ် ၁၁၃၉ ခု၊ တပေါင်းလဆန်း (၁၅)ရက်၊ ကြာသပ​​​​တေးနေ့၊ စစ်ကိုင်းဘက် ဝတ်ချက်ရွာအောက်၊ အာလိန်ငါးဆင့်နှင့်တကွ ဧရာဝတီမြစ်နား ကျောက်စံကတော်ကျောင်းရာဟောင်းတွင် ဆန်းကြယ်လှပသော သုံးထပ်ဇေတဝန် ကျောင်းတော်ကို ဆောက်၍ ရတနာစံလွတ်သမုတ်ပြီးလျှင် မင်းဘူးဆရာတော် ရှင်ကလျာဏအား တင်လှူသည်။ မောင်တော် စဉ့်ကူးမင်း ရေဖျောက်ခံရပြီးနောက် ဘိုးတော်ဘုရားမင်းတရားကြီးက အသည်ဝန်ကြီးကတော် မယ်တလိုင်းထံအပ်၍ ဆင်းရဲကြီးစွာဖြင့် ကံကုန်ခဲ့ရလေသည်။ ယင်းမိဖုရားခေါင်ကြီးမှ သမီးတော် မင်းရွှေနှစ် မြင်ခဲ့သည်။ ခမည်းတော် အထွတ်အမြတ်ရောက်စဉ်က ပင်းယမြို့ကို ကံကျွေးခံသည်။ နောက် ခမည်းတော် စဉ့်ကူးမင်းနှင့် အတူ ရေမှာ ဖျောက်ခံရလေသည်။ အခြားမိဖုရားများ စဉ့်ကူးမင်း၏ ပထမ မြောက်နန်းမိဖုရားမှာ သီရိမဟာမင်္ဂလာဒေဝီ ဖြစ်သည်။ စည်ပုတ္တရာ ရွှေကာတထောင်မှူး မင်းသီရိရန္တဇ သမီးရှင်နှိုင်းစံနှင့် ရတနာသိင်္ဃ(ရွှေဘို)မြို့ဝန် သတိုးမဟာသခင်္ယာတို့ သင့်မြတ်ရာတွင် မြင်သည့် သမီးတော် မယ်တလိုင်းနှင့် ဝန်ကြီးဗိုလ်ချုပ် မဟာသီဟသူရ တို့၏ သမီးဖြစ်သည်။သက္ကရာဇ် ၁၁၃၈ ခု မြောက်နန်းတင်၍ သီရိမဟာမင်္ဂလာဒေဝီ အမည်ကို သမုတ်တော်မူသည်။ စဉ့်ကူးမင်းသည် နောက် ၁နှစ်တွင်မိဖုရားသီရိမဟာမင်္ဂလာဒေဝီအားနန်းကချ၍ ယောက္ခမဖြစ်သူ(သီရိမဟာမင်္ဂလာဒေဝီ၏ဖခမည်းတော်) ဝန်ကြီး မဟာသီဟသူရ အိမ်သို့ပို့ထားသည်။ နောက်သက္ကရာဇ် ၁၁၃၉ခု၊ ဝါဆိုလဆန်း(၁၄)ရက်နေ့တွင် အမျက်တော်ရှိပြန်၍ သီရိမဟာမင်္ဂလာဒေဝီ ရေမှာဖျောက်ခံရသည်။ စဉ့်ကူးမင်း၏အန္တရာယ်ကြောင့် ဝန်ကြီး မဟာသီဟသူရ က မြေးတော် ကို ပေါင်းတည်မြို့ ဝက်ပုတ်ရွာသို့ လျှို့ဝှက်ပြောင်းရွေ့ပို့ထားခဲ့သည်။ စဉ့်ကူးမင်း၏ ဒုတိယ မြောက်နန်းမိဖုရားမှာ ခမည်းတော်ကို ကိုယ်လုပ်တော်အဆောင်မြဲ မောင်ကျိုင်းသမီး ဖြစ်သည်။ ငစဉ့်ကူးမင်း နန်းကျလျင် ဘိုးတော်ဘုရားလက်ထက် အသည်ဝန်ကြီးကတော် မယ်တလိုင်းသို့ အပ်ရာ ဆင်းရဲကြီးစွာရောက်၍ ကံကုန်လေသည်။ သမီးတော်တစ်ပါး ထွန်းသော်လည်း ငယ်ကလွန်သည်။ အလယ်နန်းမိဖုရားသီရိမဟာနန္ဒာဒေဝီမှာ ဒုတိယ မြောက်နန်းမိဖုရား၏ညီမတော် ရှင်မင်းသာ ဖြစ်သည်။ အစ်မတော်နှင့်အတူ ကံတော်ကုန်သည်။ သမီးတော်တစ်ပါး မြင်၍ ငယ်မည်မှာရှင်မင်းဖြူ ဖြစ်သည်။ မြောက်နန်းမိဖုရား မြနန်းရှင်မှာ ခမည်းတော်ဘုရား သမီးတော် သီရိပဘာဒေဝီဘွဲ့ခံ သခင်မင်းမိ ဖြစ်သည်။ ၎င်းကို ၁၁၄၃ ခု၊ နတ်တော်လဆန်း(၁၃)ရက်နေ့တွင် ဗဒုံမင်း(ဘိုးတော်ဘုရား)က နန်းတင်၍ မြနန်းရှင်သမုတ်တော်မူသည်။ ကိုယ်လုပ်တော် မိဖုရားငယ်များ ကိုယ်လုပ်တော် မြတ်စွာဒေဝီမှာ တော်ဝန်နေမျိုးနန္ဒမိတ်သမီး ဖြစ်သည်။ ၎င်းက သားတော်မောင်ကြီး(ဇလွန်မြို့စား)မြင်၍ ခမည်းတော်နှင့်အတူ ရေမှာ ဖျောက်ခံရသည်။ ကိုယ်လုပ်တော် သီရိဒေဝီမှာ ယိုးဒယားဝန် ကျောက်ခေါင်းရွာသူသမီး (တောင်တွင်းကြီးမြို့စား) ဖြစ်သည်။ ခမည်းတော်နှင့်အတူ ရေမှာ ဖျောက်ခံရသည်။ ကိုယ်လုပ်တော် ပဒုမ္မဟေမှာ လှေသင်းဝန် ဒေဝရွှေတောင်သမီး (မြေဒူးမြို့စား) ဖြစ်သည်။ ၎င်းမှ သားတော် မောင်ကြယ်(စကုမြို့စား) မြင်၍ ခမည်းတော်နှင့်အတူ ကံကုန်သည်။ ကိုယ်လုပ်တော်ပဏ္ဏဝတီမှာ အနောက်ဝင်မှူးနေမျိုးသူ၏ သမီးဖြစ်ပြီး ၎င်းမှ သားတော် မောင်ကလယ်(ပဌနဂိုရ်မြို့စား)မြင်သည်။ ခမည်းတော်နှင့်အတူ ကံကုန်သည်။ ကိုယ်လုပ်တော် စန္ဒာဒေဝီမှာ ကျီစိုးသမီးဖြစ်သည်။ ၎င်းမှ သားတော်တစ်ပါးမြင်၍ ငယ်ကလွန်သည်။ စဉ့်ကူးမင်းသည် နန်းရမိဖုရားမှ သားတော်(၅)ပါး၊ သမီးတော်(၃)ပါးမြင်၍ ကိုယ်လုပ်တော် မိဖုရားငယ်များမှ သားတော်(၆)ပါး၊ သမီး(၃)ပါး၊ ပေါင်း သားတော်၊ သမီးတော်(၁၇)ပါး ထွန်းကားခဲ့သည်။ ကောင်းမှုများ ကောင်းမှုတော်ကား တော်တောင်မိုးထိကျောင်း နေရာဟောင်းတွင် အလျားသံ(၁၂၅)တောင်၊(၁)မိုက်၊ အနံ(၁၀ဝ)အလွန်ရှိသော ဥကင်ရာဇပလ္လင်ဂန္ဓကုဋီကျောင်းဦးပြာသာဒ်၊ လှေကား(၇)စင်း၊ ဘုံ(၅)ဆင့်ရှိသော မဟာမင်္ဂလာရွှေဘုံ ရွှေကျောင်းတော်ကြီးကိုဆောက်လုပ်၍ ထန်းတပင်ဆရာတော် ရှင်နန္ဒမေဓာအား တိပိဋကလင်္ကာရသာမိ မဟာဓမ္မရာဇာဓိရာဇာဂုရု ဟူသောတံဆိပ်နာမံနှင့် တင်လှူတော်မူ၍ ကျောင်းတော်ကိုလည်း’မဟာမင်္ဂလာရွှေဘုံ’ သမုတ်တော်မူသည်။ ထို့ပြင် လောကသရဖူဘုရား အရှေ့ရှေးကျောင်းဟောင်းနေရာတွင်လည်း ကျောင်းဦးပြာသာဒ် နှစ်ဆောင်နှင့်တကွ လေးထပ်ဇေတဝန်ကျောင်းတော် ဆောက်၍ ’ဘုံကျော်ဝေယံ’သမုတ်တော်မူပြီးလျှင် ဆုံတားဆရာတော် ရှင်နန္ဒမာလာအား နရိန္ဒာဘိဓဇဓမ္မရာဇာရဇ ဂုရု ဟူသောတံဆိပ်နာမံနှင့်တကွ လှူတော်မူသည်။ ထိုမှအပအခြား ကုသိုလ်ကောင်းမှု အစုစုကားများပြားလှပေသည်။ ၁၁၄ဝ ပြည့်နှစ်တွင်ရန်ကုန်သို့ဆင်းလာ၍ ရွှေတိဂုံစေတီတော်ကို ရွှေချပြီးလျှင် ယခုအနောက်မြောက် ရာဟုထောင့်တွင်ရှိသော ကြေးချိန်ပိဿာ(၁၅၅၅၅)ရှိသည့် ’မဟာဃဏ္ဍ’ခေါင်းလောင်းကြီး(စဉ့်ကူးမင်း ခေါင်းလောင်းတော်)ကို လှူဒါန်းလေသည်။ စဉ့်ကူးမင်း အကြောင်းကို ရာဇဝင်အစောင်စောင်၌ ဤမင်းလက်ထက် စစ်မဖြစ်။ နိုင်ငံအေးချမ်း သလိုရှိ၏။ သို့သော် စဉ့်ကူးမင်းသည် မှူးငယ်မတ်ငယ် မိဖုရားငယ်တို့နှင့်သာပျော်ပါးနေကြာင်း၊ အရက်သေစာ သောက်စားပျော်ရွှင်နေတတ်၍ အေးချမ်းရာ၌ အံတိုက်၊ ကြက်တိုက်၊ ငါးမျှားနေတတ်ကြောင်းနှင့် ဘုရားပုထိုးများသို့ လှည့်လည်ဖူးမြော်နေတတ်ကြောင်း၊ အရည်အချင်း ညံ့ဖျင်းသောမင်းဟူ၍သာ ဖော်ပြထားလေသည်။ မှတ်စုများ ကျမ်းကိုးစာရင်း (က) စာရေးတော်ကြီး ဦးရာကျော်၊ မြန်မာမဟာမင်္ဂလာ မင်းခမ်းတော်၊ ရန်ကုန်၊ ပုညစာပေတိုက်၊ ပကြိမ်၊ ၁၉၆၈ ခု၊ စာ၂၁၉၊၂၂၂။ (ခ) ဆင်ဖြူရှင်မင်း၊ ငစဉ့်ကူးမင်း၊ ဘိုးတော်ဘုရား၊ သားတော် အိမ်ရှေ့မင်းသားတို့၏ မိဖုရား၊ သားတော်၊ သမီးတော်များစာရင်း (လက်နှိပ်စက်)၊ ရန်ကုန်၊ တက္ကသိုလ်များသမိုင်း၊သုတေသနဌာနစာကြည့်တိုက်၊ တိုက်ပိုင်အမှတ် ၁၇၇၄၆၊ စာ၅-၇။ ကုန်းဘောင် မင်းဆက် ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%85%E1%80%89%E1%80%B7%E1%80%BA%E1%80%80%E1%80%B0%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ဖောင်းကားစား မောင်မောင်
ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။ သမန်းဖောင်းကားရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။ အကိုဝမ်းကွဲတော်စပ်သူ စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ ဘုရားဖူးသွားနေစဉ် နန်းတော်တွင်းသို့ ဘုရင် အယောင်ဆောင်၍ ဝင်လာခဲ့ပြီး ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် နန်းသက်အတိုဆုံးမင်းဖြစ်ပြီး ၇ ရက်သာ ထီးနန်းစံခဲ့ရသည်။ ဦးရီးတော်ဖြစ်သူ ဘိုးတော် ဗဒုံမင်းက ဖောင်းကားစားထံမှ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ မြန်မာ့ သမိုင်းတွင် ၇ ရက်သာ နန်းစံခဲ့ရပြီး နန်းသက်အတိုဆုံး ဘုရင်များအနက် တစ်ပါးအဖြစ် မှတ်တမ်းဝင်ခဲ့သော မင်းဖြစ်သည်။ အရည်အချင်းညံ့သည် ဟုလည်း ဆိုသည်။ ဖောင်းကားမြို့ကို စားရသည့်အတွက် ၎င်း၏အမည်ရှေ့တွင် ဖောင်းကား ဟု အစပြုခေါ်ကာ ဖောင်းကားစား မောင်မောင် ဖြစ်လာခဲ့သည်။ စဉ့်ကူးမင်း အညာသီဟတော ဘုရားဖူးသွားနေစဉ် နောက်ပါကျွန်ယုံများဖြင့် ဘုရင်အယောင်ဆောင်ပြီး နန်းသိမ်းခဲ့သည်။ သို့သော် ၇ ရက်အကြာတွင် ဘထွေးတော်စပ်သူဖြစ်သည့် အိမ်နှိမ့်စံနေရသော ဗဒုံမင်းသားက တိုင်းပြည်အကျိုးလိုလားသော မှူးမတ်များ စုစည်းညီညာမှုဖြင့် လုပ်ကြံပြီး ဗဒုံမင်း အဖြစ်နန်းတက်လာခဲ့သည်။ နန်းတက်စက မိမိကိုးကွယ်သည့် ဗေဒင် နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်အား နန်းတွင်းသို့ပင့်ဖိတ်ကာ ဆွမ်းကပ်စဉ်က ဆရာတော်က အနောက်အရပ်မှ ကုက္ကိုပင်အား ရှင်းလင်းရန် မိန့်ကြားသေးသည်။ ဝိနည်းလွှတ်ရန် ထိုကဲ့သို့သွယ်ဝိုက် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ တနင်္လာနံဖြစ်သည့် ဗဒုံမင်းသားအား သုတ်သင်ပစ် ရန်ဖြစ်သော်လည်း နားမလည်သည့် မောင်မောင်က တကယ်ပင် ကုက္ကိုပင်များကို ခုတ်လှဲပစ်ခဲ့သေးသည်။ အလောင်းမင်းတရားကြီး နတ်ရွာစံတော်မမူမီ သားတော်တို့ကို မင်းပြုစေလိုကြောင်း မြွက်ထဖူးသော စကားကြောင့် ဗဒုံမင်းသားက ပရိယာယ်ပြု၍ လျှို့ဝှက်ကြံစည်ပြီးလျှင် မောင်မောင်ကို ဖမ်းစီးကာ ကတ္ထီပါအိတ်နှင့် ဧရာဝတီမြစ်တွင် ချလေသည်။ မှတ်စုများ ကိုးကား ကုန်းဘောင် မင်းဆက် ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%20%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ဗဒုံမင်း
ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (၁၇၄၅-၁၈၁၉) သည် ကုန်းဘောင်မင်းဆက်၏ ဆဋ္ဌမမြောက်မင်း ဖြစ်သည်။ နန်းသက်ရှည်ပြီး နတ်ပြည်စံသော် နတ်ရွာစံအိမ်ရှေ့စံရွှေတောင်မင်း၏ သားတော်(စစ်ကိုင်းမင်းသား)ကို နန်းအပ်သည်။ နောင်သော် ဗဒုံမင်းကို ဘိုးတော်ဘုရားဟုလည်း လူသိများသည်။ ငယ်ဘဝ အလောင်းမင်းတရားနှင့် မဟာမင်္ဂလာရတနာဓိပတိ သီရိရာဇာစန္ဒယဘွဲ့ခံ မိဖုရားခေါင်တို့မှ ၁၁၀၆- ခု၊ တန်ခူးလပြည့်ကျော် (၆) ရက်၊ (ခရစ်နှစ် ၁၇၄၅ ခု၊ မတ်လ ၁၁ ရက်) တွင် မုဆိုးဖိုရွာ၌ မွေးသည်။ ခင်ယွန်းစံမှ ရသည့် စတုတ္ထမြောက်သား ဖြစ်သည်။ ငယ်မည်မှာ ရွှေဝိုင်း တွင်သည်။ အိမ်နိမ့်စံဘဝ အသက် (၁၀)နှစ်တွင် သတိုးမင်းလှရွှေတောင်ဘွဲ့၊ အသက် (၁၆)နှစ်တွင် သတိုးမင်းစော၊ အသက် (၂၀)ပြည့်သော် သုဓမ္မရာဇာဘွဲ့တို့ ခံရသည်။ ခမည်းတော်နှင့် နောင်တော် ၂ ပါးတို့လက်ထက် မြဝတီမြို့၊ ဗဒုံမြို့တို့ကို စားရ၍ ဗဒုံမင်းသားဟု ထင်ရှားသည်။ မင်းဘဝ ၁၁၄၃-ခု၊ တပို့တွဲလပြည့်ကျော် (၁၄)ရက် (ခရစ် ၁၇၈၂ ခု၊ ဖေဖော်ဝါရီလ ၁၁ ရက်) တွင် ရွှေနန်းတက်သည်။ ဗဒုံမင်းဟုပင် ခေါ်ကြသည်။ နန်းသစ်တည်ခြင်း ၁၁၄၄_ခု၊ တပို့တွဲလဆန်း (၇)ရက်တွင် မြစ်ငယ်မြောက်ဘက်၊ ထီးပေါင်းကားရပ်၌ အမရပူရမြို့တည်ကာ နန်းသစ်စိုက်သည်။ အမရပူရ မြို့နန်းတည်မင်းဟု အမည်ရလာသည်။ ၁၁၄၅-ခုတွင် သားတော်ကြီး သတိုးဓမ္မရာဇာ ရတနာရွှေတောင်မင်း (မောင်ပေါ်)ကို အိမ်ရှေ့အရာ အပ်နှင်းသည်။ ၁၁၄၆-ခု၊ တန်ဆောင်မုန်းလတွင် ရခိုင်(ဓညဝတီ)ကို သိမ်းရန် သားတော်ကို လွှတ်သည်။ အရေးအောင်၍ တပို့တွဲလပြည့်ကျော် (၇)ရက်တွင် ရခိုင်မှပြန်လာသည်။ ရခိုင်မှ မဟာမုနိ ရုပ်ပွားတော်ကိုလည်း ပင့်လာသည်။ တောင်ကုတ်လမ်းမှ သယ်ကာ ပန်းတောင်းမှ အမရပူရသို့ ရွှေဖောင်နှင့် တင်သည်။ အမရပူရ မြို့မြောက်ဘက်၌ ပြဿာဒ်နှင့်ထား၍ ကိုးကွယ်သည်။ ၁၁၇၀-ပြည့်တွင် ဥပရာဇာ လူပြည်ညီးနတ်ထီးစံသဖြင့် မြေးတော် စစ်ကိုင်းမင်းသားကို နန်းလျာသည်။ အင်္ဂလိပ်တို့နှင့် ဆက်ဆံရေး တရုတ်တို့နှင့် ဆက်ဆံရေး ၁၁၄၉ ခု၊ တန်ခူးလပြည့်ကျော် ၁ ရက်တွင် တရုတ်မှ မဟာမိတ်ပြုလိုကြောင်း သံစေလာ၍ အေးဆော်ရဲကို သံကြီး၊ လက်ရွေးကြီးမှူး နေမျိုးရွှေတောင်၊ သီဟကျော်ခေါင်၊ ဝေလုသာရတို့ကို သံလတ်ခန့်၍ လူ ၃၀၀ ကျော်တို့နှင့်အတူ လက်ဆောင်များထည့်၍ လွှတ်သည်။ ၁၁၅၁ ခု၊ ကဆုန်လတွင် တရုတ်ဥတည်မင်းက သကျမုနိ ရုပ်ပွားတော်၊ စွယ်တော်ပွားတို့ ပို့သည်။ မြစ်ညာရှိ အုန်းတစဉ်အထိ ကိုယ်တိုင်သွားကြိုကာ ရတနာပန်းတောင်းနှင့် ခံ၍ ဘုံကိုးဆင့်ပါ ရန်နိုင်လှော်ကားထက် ပင့်ယူသည်။ တန်ဆောင်မုန်းလရောက်သော် လက်ဆောင်တို့နှင့်အတူ သမီး ၃ ပါး ပို့လိုက်ရာ သမီးကြီး တာကူငြင်ကို သီရိမဟာဂန္ဓရဒေဝီ၊ သမီးလတ် ဧကူငြင်ကို သီရိမဟာပဉ္စာလဒေဝီ၊ သမီးငယ် သံကူငြင်ကို သီရိမဟာဂန္ဓာရဒေဝီ ဘွဲ့နှင်း၍ မိဖုရားအရာ ထားသည်။ ယိုးဒယားတို့နှင့် ဆက်ဆံရေး ၁၁၄၇ ခုတွင် ကိုယ်တိုင်ဦးစီး၍ တကြိမ်၊ ၁၁၄၈ ခုတွင် မင်းကြီး နန္ဒကျော်ထင်အား ဦးစီးစေ၍ တကြိမ်၊ ၁၁၅၃-၅၄ ခုတို့တွင် ဥပရာဇာ ရတနာရွှေတောင်မင်း ဦးစီး၍ တကြိမ် ယိုးဒယားအား လုပ်ကြံသည်။ အရေးမသာခဲ့။ ထင်ရှားသော လုပ်ဆောင်ချက်များ ၁၁၄၃ ခုတွင် အင်္ဂလန်ပြည်မှ သွင်းသော ဒင်္ဂါးစက်ဖြင့် အမရပူရ၌ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများ စသွန်းသည်။ အောင်ပင်လယ်ကန်နှင့် နန္ဒာကန် (မောင်းမကန်ဟုလည်း ခေါ်) တို့ကို ဖော်သည်။ ၁၁၅၈ ခုတွင် မိတ္ထီလာကန်ကိုလည်း ဆည်ဖို့သည်။ နိုင်ငံတလွှားရှိ မင်းစိုက်ကျောက်စာတို့ကို အသစ်ပြင်စေသည်။ ဤသို့ဖြင့် မင်းပိုင်မြေ၊ သံဃာ့မြေ၊ ဘုရားမြေ ကွဲပြားသွားသည်။ အကြီးတော် တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကို ကျောက်စာဝန် ခန့်သည်။ တွင်းသင်းမင်းကြီးလည်း ထိုကျောက်စာတို့ဖြင့် ညှိကာ ညောင်ရမ်းခေတ်က ဦးကုလားရေးသော မဟာရာဇဝင်ကို ပြင်ဆင်သော ရာဇဝင်သစ်ကို ရေးသည်။ တွင်းသင်းရာဇဝင်ဟု ထင်ရှားသည်။ ၁၁၄၅ ခုတွင် သာလွန်မင်းလက်ထက်ကသို့ပင် စစ်တမ်းကောက်ကာ အစုအသား ခြားနားစေပြီး အိမ်ခြေ ၂၅ ခုလျှင် တဒိုင်၊ စည်းကြပ်ကာ ဒိုင်ထမ်း ဖွဲ့သည်။ ထိုစာရင်းကို ပေတင်၍ ရွှေတိုက်တော်၌ သွင်းသည်။ အိမ်တော်ထိန်း(၃)ဦးနှင့်မိသားစုငယ်ဘဝ ဘိုးတော်ဘုရား ဟု နာမည်မကျော်ခင် ဘိုးတော်ဘုရား၏ ငယ်နာမည်မှာ မောင်ဝိုင်း ဖြစ်သည်။ သူကို မွေးစဉ် အင်းဝနေပြည်တော်ကို မွန်ဟံသာဝတီများ ဝိုင်းရံနေသဖြင့် အလောင်းဘုရား မှ မောင်ဝိုင်း ဟု အမည်မှည့်ထားလေ၏။ ဗဒုံမြို့ကို အပိုင်စားရပြီး ဗဒုံမင်းသား ဟု လည်း မင်းအသိုင်းအဝိုင်းထဲတွင် သိကြကုန်၏။ ဘိုးတော်ဘုရား သည် အနေအထိုင် တတ်သောကြောင့် ဆင်ဖြူ ရှင်မင်း လက်ထက်တွင် မင်းသားအဆောင်အယောင်တို့နှင့် မြှောက်စား ခံရ၏။ သို့သော်လည်း စဉ့်ကူးမင်း လက်ထက်တွင် ရာထူးများ သိမ်းခံရပြီး ၉ နှစ် တိုင်အောင် အိမ်နိမ့်စံဘ၀ နှင့် မထင်မရှား နေရလေ၏။ စစ်ကိုင်းတွင် နေထိုင်ရပြီး စဉ့်ကူးမင်းမှ သုံးစွဲရန် ငွေ လုံး၀ ပေးခြင်းမရှိပေ။ ထိုကြောင့် အိမ်တော်ထိန်းမောင်ပေါ်ဦး၊ မောင်ကျော်ရွေး၊ မောင်မြတ်ထင် တို့မှ စစ်ကိုင်းတွင် လိုက်ပါ နေထိုင်ပြီး လုပ်ကိုင်ကျွေးမွေး ကြသည်။ ကိုယ်လုပ်တော် တချို့ လည်း ဈေးရောင်းကြရသည်။ သမီးတော်များလည်း ရက်ကန်းရက်ရ၏။ ကျော်ရွေးက မန်ကျည်းရွက်နု များ ခူး၏။ ပေါ်ဦးက မန်ကျည်းရွက်နု များကို ဈေးတွင် ရောင်းရ၏။ မြတ်ထင်ကမှာမူ အင်အားကြီးသဖြင့် ဗန်းမော်-ကောင်းတုံ သို့ လှေထိုးလိုက်ကာ ဗဒုံမင်းသားကြီး တို့ မိသားစု ကို ကျွေးမွေး ကြရလေသည်။ ဗဒုံမင်းသားကြီး၏ မိဖုရားခေါင် မယ်လွန်းမယ် ကိုယ်တိုင် ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းငင် လုပ်ရသည။ ဗဒုံမင်းသား ကိုယ်တိုင် ချည်ခင်များကို မဲနယ်ဆိုးပေးရ၏။ ဗဒုံမင်းသားကြီး၏ အိမ်တော်ထိန်း ၃ ဦးကို သားတော်၊သမီးတော် များမှ ချစ်ကြောက်ရိုသေကြ၏။ ဗဒုံမင်းသား ဘုရင်ဖြစ်သည့်တိုင် ယခင်က အတိုင်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ဖြင့်သာ ဆက်ဆံကြ၏။ အထူးသဖြင့် မြတ်ထင်က အလွန် အဆဲသန်၏။ စကားလုံးတိုင်း ဆဲ သော စကားလုံး ပါ၏။ ထိုသို့ ၉ နှစ်ကြာအောင် အတူတကွ ရုန်းကန်ခဲ့ရသဖြင့် မိသားစု ကဲ့သို့ ဖြစ်နေကြကုန်သည်။ ထို အိမ်တော်ထိန်း ၃ ဦးတွင် ပေါ်ဦး သည် အလွန်စကားတတ် သူဖြစ်ပြီး၊ ကျမ်းဂန်စာပေ များလည်း နှံစပ်သဖြင့် ဗဒုံမင်းသား ၏ အတိုင်အပင်ခံ လည်းဖြစ်သည်။ ပေါ်ဦးသည် မိမိ၏ သခင်ဗဒုံမင်းသားအတွက် အခွင့်အကောင်း ပေါ်တိုင်း အကြံကောင်းများလည်း ပေးတတ်၏။ မဟာသီဟသူရ စစ်ကိုင်းသို့ နယ်နှင်ဒဏ် ခံရသောအခါ သွားတွေ့ရန် အကြံပေး၏။ သို့သော် မဟာသီဟသူရ ကို ဗဒုံမင်းသားမှ မကြည်၊ မဟာသီဟသူရ လည်း မကြည်သဖြင့် မတွေ့ဖြစ်ကြပေ။ ဖောင်းကားစား မောင်မောင် အင်းဝထီးနန်းကို သိမ်းပိုက်လိုက်ပြီး ဦးရီးတော်များကို နေပြည်တော်သို့ ပြန်လာရန် လာရောက် ခေါ် ယူသော အခါ ပေါ်ဦးမှ ဗဒုံမင်းသားကို သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး အခွင့်အလမ်း ဖြစ်ကြောင်း လျှောက် တင်ခဲ့၏။ ဗဒုံမင်းသား သည် အင်းဝနေပြည်တော် ရှိ အိမ်တော်တွင် အကျယ်ချူ ပ်ခံရစဉ် နေပြည်တော် တခုလုံး ဖောင်းကားစား မောင်မောင်၏ လူများ ရမ်းကားနေကြရာ ဘုရင်အာဏာ မလွှမ်းမိုး နိုင်သောကြောင့် နေပြည်တော်တခုလုံး ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ ထိုကြောင့် ဗဒုံမင်းသားမှ ယခင်က အလောင်းမင်းတရား၏ သစ္စာခံများနှင့် ပူးပေါင်းကာ အင်း၀ နန်းတော်ကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ ဗဒုံမင်းသားမှ အင်းဝထီးနန်းကို အောင်မြင်စွာ သိမ်းပိုက် နိုင်ချိန်တွင် သက်တော် ၃၈ ရှိနေပြီဖြစ်သည်။ ဘိုးတော်ဘုရားဟု အမည်တွင်ခြင်းမှာ ကုန်းဘောင်နှောင်း ဘုရင် များ၏ အဘိုး ဖြစ်သောကြောင့် ဖြစ်၏။ ဘိုးတော်ဘုရား နန်းရလျှင် မိမိ၏ ငယ်ကျွန်များကို မြှောက်စားလေသည်။ ဦးပေါ်ဦး ကို အတွင်းဝန်မင်း အပြင် ရန်ကုန်မြို့ကိုပါ အပိုင်စား ရလေသည်။ ဦးကျော်ရွေး ကိုမူ မြေထဲမြို့ကို အပိုင်ပေးစားလေသည်။ မြတ်ထင် မှာမူ ဘိုးတော်ဘုရား အင်းဝထီးနန်းကို မသိမ်းမီ ၁ နှစ်အလိုတွင် ပင်ပန်းဒဏ်ကို မခံနိုင်တော့ သဖြင့် မိမိ၏ ရွာသို့ ပြန်ကာ ပဲစိုက်စား နေလေ၏။ ဘိုးတော်ဘုရား အထွဋ်အမြတ် တို့ ရောက်သော်အခါ မြတ်ထင် မသိရှိရပေ။ ဘိုးတော်ဘုရား မှာလည်း နန်းတွင်းရေး၊ သူပုန်အရေး၊ ကို ကိုင်တွယ်နေရ သဖြင့် ငယ်ကျွန် မြတ်ထင်ကို သတိမရပေ။ ရွာတွင်လည်း ကိုယ့်ဝမ်းရေးများကိုသာ လုံးပန်းနေကြသဖြင့် အင်းဝနေပြည်တော်တွင် ဖြစ်ပျက်သည်များကို မည်သူမှ ဂရုစိုက် မအားကြပေ။ မြတ်ထင် အဆိုအရ တနေ့ တဲပေါ်တွင် နေ့ခင်း အိပ်ပျော်နေစဉ် ဝတ်ဖြူ စင်ကြယ် လူကြီးမှ လာပြီး " ဟဲ့ နင့်အရှင် အထွဋ်အမြတ် ရောက်နေပြီ၊ သွားတွေ့ချေ " ဟု သုံးကြိမ်တိုင်အောင် အိပ်မက်ပေးရာ အင်း၀ နေပြည်တော်အထိ လာပြီး စုံစမ်းလေ၏။ ထိုအခါမှ အုပ်ချူပ်မင်းလုပ်နေသူမှာ ဗဒုံမင်းသား ဖြစ်ကြောင်း သိရသောအခါ အလွန်ပျော်ပြီး အတွင်းတော်သို့ အခစားဝင်ရန် ကြိုးစားလေသည်။ မြတ်ထင်သည် သာမန် တောသား ပုံစံသာဖြစ်သဖြင့် တံခါးမှူးမှ မပေးဝင်ပေ။ ထို့ကြောင့် မြတ်ထင်မှ တံခါးမှူးကို သူ့အကျင့်အတိုင်း ဆဲဆို နေလေ၏။ ထိုအချိန် အနီးအနားမှ ဖြတ်သွားသော နန်းတွင်းအပျို တော် ယမှ မြတ်ထင်၏ အသံကို သတိထားမိသဖြင့် လှမ်းကြည့်ရာ မြတ်ထင်ဖြစ်ကြောင်း သိရသဖြင့် မိဖုရားခေါင်ကြီး မယ်လွန်းမယ် ထံ ခေါ်ဆောင်သွားရလေ၏။ မိဖုရားခေါင် မယ်လွန်းမယ်လည်း မြတ်ထင် အခစား ဝင်ကြောင်း သိရသောအခါ အတွင်းတော်မှ ရုတ်ခြည်း ထွက်တော်မူလာ၏။ ထိုအခါ မြတ်ထင်က သယ်လာသော ပဲစည်းကလေးတောင်းကို ချပြီး မိဖုရားခေါင်ကြီး ၏ ခြေထောက်တော်ကို ပြေးဖက်ကာ ငိုလေသည်။ မိဖုရားလည်း " ဟဲ့ သပေါက်မသား၊ အခုမှ လာတွေ့ရသလား " ဆိုပြီး ဝမ်းသာမျက်ရည်ဆို့လေ၏။ ထို့နောက် မိဖုရားခေါင်ကြီးမှ နန်းတော်အတွင်းသို့ ဝင်ကာ ညီလာခံ လုပ်နေသော ဘိုးတော်ဘုရားထံ အရိပ်အယောင် ပြလိုက်လေ၏။ ဘိုးတော်ဘုရားလည်း ညီလာခံကို စဲကာ အတွင်းဆောင်သို့ ကြွလေ၏။ အတွင်း ဆောင်ရောက်သော် ဘယ်အရေးလဲဟု မေးရာ မိဖုရားခေါင်မှ မျက်နှာချ ရှိခိုးနေသော လူဆီကို လက်ညှိုးထိုးကာ"မောင်မောင်ဘုရားသည် အကောင်ကို သိတော်မူပါရဲ့လား"ဟု လျှောက်လေ၏။ ဘိုးတော်ဘုရားမှ ရှေ့သို့လှမ်းပြီး မိမိ၏ လက်သုံးတော် ဒေါင်းမွှေးဖြင့် ထိကာ မျှော်ဖူးစေဟု ဆိုလိုက်မှ မြတ်ထင်မှန်း သိသဖြင့်"ဟဲ့.. ခွေးမသား၊ နင် ခုမှ လာတယ်လား။ နင် တယ်မိုက်တာကိုး ဟဲ့၊ နင် ရွာမှာ ဘာလုပ်နေလဲ ဟု မေးတော်မူလေ၏။ မြတ်ထင်လည်း ပဲခင်းစိုက်နေပါတယ်ဘုရား"ဟု ငိုလျက် ပြန်လျှောက် လေ၏။ ဘိုးတော်ဘုရားမှ" အေး အေး ကောင်းပြီ၊ နင့်ကို ငါ ကြည့်တော်မူမည်။ ယခု နင့်သားမယားများ စားသုံးရန် ငွေဆယ်ပိဿာ ယူသွားလေ" ဟု ချီးမြင့်လေ၏။ မြတ်ထင်လည်း ထိုငွေကိုယူကာ နေပြည်တော်တွင် မိမိ၏ မိတ်ဆွေတဦးမှ ဗိုလ်ကြီး ဖြစ်နေသည်ဟု သိရသဖြင့် သွားကာ ထို ဗိုလ်ကို ငွေများ ပေးလျက် ၃ ရက်အတွင်း ဝန်ကြီးအဝတ်တန်ဆာများ ပြုလုပ်ပေးရန် ပြောပြီး နောက်လိုက်များလည်း လိုအပ်သလို ငှားပေးရန် ပြောလေ၏။ ထိုနောက် လွှတ်တော်သို့ သွားရောက်ကာ ဝန်ရှင်တော်မင်းများ ထိုင်သောနေရာတွင် ဝင်ထိုင်လေ၏။ နံနက် ငါးချက်တီးတွင် အစည်းအဝေး တက် ရန် လာကြကုန်သော အမတ်များ လည်း မြင်သဖြင့် အံ့ဩလေ၏။ လွှတ်တော်ဝန်ရှင်တော် ဖြစ်သော ဦးပေါ်ဦးလည်း အဝေးမှ တွေ့၏။ သို့သော် မြတ်ထင်ကို ကြောက်သဖြင့် မြို့ဝန် ဦးကျော်ရွေးကို ခေါ်ကာ ဘုရင့်ထံ အရင် ဝင်ခစားကြလေ၏။ ဦးပေါ်ဦး ။ မှန်လှပါ၊ လွှတ်တော်ဝန်ကြီး ၄ ပါး သာ ခန့်ထားမြဲ ဖြစ်ရာ ယခု ဘုန်းတော်ကြောင့် ၅ ပါး ဖြစ်နေပါသည် ဘုရား။ ဘုရင် ။ ။ ဝန်ကြီးတပါး ဘယ်က ပိုနေပြန် သလဲကွယ့်။ ဦးကျော်ရွေး ။ ။ မှန်လှပါ၊ မြတ်ထင်သည် လွှတ်တော်ပေါ်တက်ပြီး ဝန်ကြီး လုပ်နေပါသည် ဘုရား။ ဘုရင် ။ ။ ဟေ.. ငါက သင်းကို ဝန်ကြီး မခန့်သေးပါဘူး၊ သင်းကို ဆုတော်ငွေတော့ သနားတော် မူထားတယ်။ သင်းကို အတွင်းတော်ခေါ်ခဲ့ကြ။ ဦးပေါ်ဦး တို့ ၃ ဦး အတွင်းတော်သို့ ပြန်လည် ရောက်ချိန်တွင် အရှင်နှစ်ပါးတို့ ပြုံးလျက် ရှိ၏။ ဘုရင် ။ ။ ဟဲ့.. မြတ်ထင်၊ မောင်မင်းကို မည်သူက လွှတ်တော်ဝန်ကြီး ခန့်ထားလို့လဲ။ မြတ်ထင် ။ ။ မှန်ပါ၊ ခမည်းတော်ဘုရားကပဲ သူကောင်းပြုတော်မူမည်ဟု မိန့်ထားကြောင်းပါ။ ထိုနေ့ကမယ်မယ်ဘုရား အဆောင်မှာ မိန့်တော်မူသည်မှာ ကျော်ရွေးလည်း ဝန်ကြီး၊ ပေါ်ဦးလည်းဝန်ကြီး၊ နင်လည်းဝန်ကြီးဖြစ်မှာပေါ့ ဟု နာခံရပါတယ်၊ ယခု ကျွန်တော်မျိုး ရှိနေသောကြောင့် ဝန်ကြီး ဖြစ်လာရပါကြောင်း ဘုရား၊ စစ်ကိုင်းဘက်မှာ ကျွန်တော်မျိုးက လှေထိုး လိုက်ကျွေး ရသည်ဘုရား။ ကျော်ရွေးမှာ သားတော်များ ထိန်းပြီး ရံခါ မန်းကျည်းရွက်နု ရောင်းပါသည် ဘုရား။၊ ပေါ်ဦးမှာကတော့ ဖင်ကျယ်လုပ်ပြီး မန်းကျည်းရွက် ရောင်းသလိုလို၊ ပဲလှော် ရောင်းသလိုလို နှင့် အိမ်တော်မှာ ညာနေပါသည်ဘုရား၊ ထိုကြောင့် ပေါ်ဦးထက် အောက်မကျအောင် ဆုတော်ငွေ နှင့် ဝန်ကြီးတန်ဆာများ ဝတ်ချူပ်ကာ ဝန်ကြီး ပြုပါသည်ဘုရား။ ထိုအခါ ဘိုးတော်ဘုရား နှင့် မိဖုရားခေါင်တို့မှာ အားရပါးရ ရယ်တော်မူလေသည်။ ထိုကြောင့် ငယ်ကျွန်တော်အတွက် ဘိုးတော်ဘုရားမှာ မှူးမတ်များနှင့် တိုင်ပင်ပြီး ဝန်ဌာန တခုကို မြတ်ထင်အတွက် ပြုလုပ်ပေးရလေ၏။ အက္ကပတ်မြင်းဝန် ခေါ်သော ဝန်ကြီးဌာန အသစ်တခုကို မြတ်ထင်အတွက် ဖန်တီးပေးလေသည်။ ထိုဌာနမှာ ယခုခေတ်ဆိုလျှင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ကဲ့သို့ ဖြစ်၏။ ယခု မန္တလေး မဟာမြတ်မုနိ ရုပ်ပွားတော်ကြီး ကျောင်းပရိဝုဏ် အတွင်းရှိ မြင်းဝန်တိုက် သည် ဝန်ကြီးဦးမြတ်ထင် လှူဒါန်း ထားခြင်းဖြစ်၏။ ဘုန်းနယ် (ရေစကြို)။ "မြန်မာနိုင်ငံ သာသနာ့မိခင်ကြီးများ"။ မိသားစုဘဝ မိဖုရား ကိုယ်လုပ် များစွာရှိပြီး စာရင်းပေါက်သားသမီး ၁၂၉ ယောက် ရှိသည်။ နန်းရမိဖုရားများ တောင်နန်းမတော် အဂ္ဂမဟေသီမိဖုရားခေါင်ကြီး မဟာအတုလဒေဝီ (ဒေါ်အိ) နှင့် အင်းဝဗိုလ်မှူး မင်းရဲကျော်ထင် (ဦးညွန့်) တို့မှ မွေးသည့်သမီး (မယ်လွန်းမယ်) သီရိပဝရရတနာမင်္ဂလာဒေဝီ၊ နောက် သီရပဝရမဟာရာဇိန္ဒာမင်္ဂလာရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသမီးများ ရသည် - ကန္နီမင်းသမီး (အမိကြီး) သီရိမဟာရတနာဒေဝီ တောင်တွင်းကြီးမင်းသမီး (မကေ) သီရိမဟာတိလောကရတနာဒေဝီ၊ နောက် သီရိတိလောက မဟာဘတ္တာသုရတနာဒေဝီ မြေဒူးမင်းသမီး မအုန်း မြောက်နန်းမိဖုရားကြီး သပွတ်ကြေးတိုင် ဦးမြတ်ထွန်းနှင့် လွှဲပါရွာသူ ရှင်ဖရုံတို့မှ မွေးသည့်သမီး (မယ်လွန်းသူ) သီရိမဟာစန္ဒာဒေဝီ၊ နောက် သီရိမဟာစန္ဒာဘိရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် - ရွှေတောင်မင်းသား (မောင်ပေါ်) ပြည်မင်းသား (မောင်ရွှေမှုံ) ဒုတိယ မြောက်နန်းမိဖုရားကြီး ရွှေဘိုမြို့ ဆီးတောရွာမှ ဦးမိုး၏ သမီး ကျောက်မော် ကျောက်ပန်းတောင်းမြို့စား မိဖုရားနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် - (မြစ်သား စကုမြို့စား) ကျောက်မော်မင်းသမီး ရွှေနန်းမြင့် မက္ခရာမင်းသား မောင်ပျိုး လှိုင်မင်းသား (မောင်ရိုး) သီရိဓမ္မရာဇာ အလယ်နန်းမိဖုရားကြီး ဟံသာဝတီရောက်မင်းလက်ထက် လုံးပေါ မြင်းစာရေး ဦးစံထွန်း (ဗဒုံမင်းလက်ထက် ကျီဝန် ဖြစ်လာ) ၏ သမီး (မယ်လွန်းပု) သီရိမဟာနန္ဒာဒေဝီ၊ နောက် သီရိမဟာနန္ဒာဘိရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် - ဟင်္သာတမင်းသမီး (မမင်းတုတ်) သီရိမဟာရတနာပဘာဒေဝီ သား ငယ်ကလွန် သမီး ငယ်ကလွန် ပုသိမ်မင်းသား သုဓမ္မရာဇာ ဆောင်ရမိဖုရားများ တောင်ရွှေရေးဆောင်မိဖုရား စလေ ဓနုဖြူစား (မယ်အောင်) မင်္ဂလာဒေဝီ၊ နောက် သီရိမဟာမင်္ဂလာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် - ပုဂံမင်းသား (မောင်ပေ) သတိုးမင်းဖျား ယောမင်းသမီး သီရိဥပ္ပလဒေဝီ သန်လျင်မင်းသား ကနောင်မင်းသား (သာထွန်းအောင်) သီရိသုဓမ္မရာဇာ မြောက်ရွှေရေးဆောင်မိဖုရား လှိုင်းတက် အမြင့် ကာမမြို့စား (ရှင်ဝက်) ရတနာမဟေ၊ နောက် ရတနာဒေဝီ၊ နောက် သီရိမဟာသုဓမ္မာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီများ ရသည် - ပခန်းမင်းသား (မောင်ဖဲကြီး) သတိုးမင်းရဲကျော်ခေါင် မြို့စားရွာစားမိဖုရားများ ယင်းတော်မိဖုရား အလောင်းမင်းတရားနှင့် ကိုယ်လုပ်တော် ရုဇာမဟေတို့မှ မွေးသော (မင်းရွှေမြ) သုစန္ဒာဒေဝီ၊ နောက် သီရိသုစန္ဒာဒေဝီနှင့် သား ၁၊ သမီး ၂ ရသည်။ ရေနံချောင်းမိဖုရား ယိုးဒယားဝန် ကျော်ခေါင်ကျော်သူ၏ သမီး သီရိစန္ဒာမဟေသီနှင့် အောက်ပါသားသမီးများ ရသည် - ပတိမ်းမင်းသား မင်းရဲကျော်စွာကျော် (မောင်ရွှေလွတ်) ထရံကာမိဖုရား သိန္နီစော်ဘွား၏ သမီးကို သီရိမြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ မိုးမိတ်မိဖုရား မိုးမိတ်စော်ဘွား၏ သမီးကို သီရိတိလောကဒေဝီ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ ဟန်လင်း စကုမြို့တို့ စားရသည်။ သားသမီးများမှာ - ဓနုဖြူမင်းသမီး သီရိသုရတနာပဘာဒေဝီ မကွေးမင်းသမီး သီရိသီလဒေဝီ (မင်းရွှေမှုတ်) မိုးမိတ်မင်းသား မဟာဓမ္မရာဇာ (မောင်ခန့်ကျော်) မြတောင်မင်းသမီး သီရိသုရတနာစန္ဒာဒေဝီ (မင်းပတ္တမြား) ကွပ်ရွာမင်းသမီး သီရိရတနာမလ္လာဒေဝီ မတ္တရာမိဖုရား တလုပ်မြို့ဇာတိ သီရိကျော်သူ၏ သမီး (ရှင်မင်းလှ) သီရိရတနာမဟေသီနှင့် ပေါင်းဖက်ရာ အောက်ပါသားသမီးများ ရသည် - ရွှေကူမင်းသား မင်းရဲကျော်စွာ (မောင်ခိုင်) လယ်ကိုင်းမင်းသား မင်းရဲမင်းလှငယ် (မောင်မှတ်) မိတ္ထိလာမိဖုရား ဟံသာဝတီရောက်မင်း၏သား ရွှေတောင်မင်းသားနှင့် မင်းထိပ်ပန်တို့မှ မြင်သော သမီး မင်းစီစီနှင့် ရင်းနှီးရာမှ အောက်ပါသားသမီးများ ရသည် - မင်းခင်းမင်းသမီး သီရိမလ္လာနန္ဒာဒေဝီ (ရှင်မင်းနှစ်) မိတ္ထိလာမင်းသမီး သီရိသုရတနာနန္ဒာဒေဝီ (ရွှေအိမ်ရှင်) ရွှေကူမင်းသမီး သီရိရတနာဒေဝီ (ရှင်မင်းစစ်) လှိုင်းတက်မိဖုရား ကသာမိဖုရား ကသည်းဝန်ကြီး မင်းကြီးဇေယျသူ၏ သမီးဖြစ်ပြီး မြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ ဇရွံမိဖုရား မွေးရင်းစော်ဘွား၏ သမီးကို သီရိရုဇာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ တလုပ်မြို့စား မိဖုရား တရုတ်မြော်မိဖုရား ဟုလည်း လူသိများသည်။ မိုးကောင်းစော်ဘွား၏ သမီးဖြစ်ပြီး သီရိမြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားတင်သည်။ ရသော သားသမီးများအား အောက်ပါအတိုင်း ဖြစ်သည် - သံတွဲမင်းသား မဟာသုဓမ္မရာဇာ ဝေသာလီမိဖုရား ဝေသာလီမင်း၏ သမီး စွန်ပါဝတီကို သီရိမဟာဝိမလာဒေဝီ ဘွဲ့နှင့် နန်းတင်သည်။ မအူ ၄ ရွာ စားရသည်။ ရသော သားသမီးများ အောက်ပါအတိုင်း ဖြစ်သည် - မိုးကောင်းမင်းသား သတိုးမင်းဖျား သပြေ ၅ ရွာစား မိဖုရား သီပေါစော်ဘွား၏ သမီးကို ရာဇဒေဝီ ဘွဲ့နှင့် နန်းတင်သည်။ ရသော သားသမီးများ အောက်ပါအတိုင်း ဖြစ်သည် - သီပေါမင်းသား သတိုးမင်းရဲစည်သူ (မောင်ဘဲကလေး) ကိုယ်လုပ်များ ရှင်ဖရုံ အောက်ပါသားသမီးများ ရသည် - ဝန်းသိုမင်းသား မင်းရဲမြတ်စွာ (မောင်ရွှေအပ်) အခြား ရှင်မင်းစီ ရွှေဘိုမြို့ ရွှံ့စက်ရွာမှ ဦးပု၏ သမီးဖြစ်ပြီး ဗဒုံမင်း ဘုရင်မဖြစ်မီ သေသည်။ မြင်သော သားသမီးများအား အောက်ပါအတိုင်း ဖြစ်သည် - တောင်ငူမင်းသား မင်းရဲကျော်ခေါင် (မောင်ရွှေပုံ) ကုသိုလ်တော်များ စစ်ကိုင်း အိမ်တော်ရာ၌ အောင်မြင်လောကစေတီ တည်သည်။ ရေတပ်သစ်တပ်တည်ရာဆင်ဖြူကျွန်းတွင်ရှင်ပင်ချမ်းသာကြီးဘုရားတည်သည်။ ၁၁၆၂ ခုတွင် ပြည်သူပြည်သားတို့အား စပါး တင်းတသိန်း ဝေသည်။ မင်းကွန်း၌ ပုထိုးကြီးတည်ရန် ကြိုးပမ်းသော်လည်း လက်စမသတ်နိုင်ခဲ့။ သို့သော် သွန်းပြီးသည့် ခေါင်းလောင်းကြီးမှာ မြန်မာ့အကြီးဆုံးခေါင်းလောင်းအဖြစ် ထင်ရှားသည်။ ဘဝနိဂုံး ၁၈၁၉ ခု၊ ဇွန်လ ၅ ရက်တွင် နတ်ရွာစံသည်။ အောက်ပြည်အရပ်မှ မွန်တို့ ပုန်ကန်သည်ကိုလည်း နှိမ်နှင်းရသည်။ သာဿနာရေးဆိုင်တွင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြေရှင်းစေပြီး မဟာယန ဆန်သည့် ပွဲကျောင်းဝါဒကို နှိမ်နှင်းရန် ကြိုးပမ်းဆောင်ရွက်သော်လည်း ထိရောက်သောအောင်မြင်မှုတို့ ရရှိသည်မတွေ့ရပေ။ ထို့ပြင် အိန္ဒိယသို့ သံတမန်များ စေလွတ်ပြီး ဗေဒင်နှင့် ဗြဟ္မဏဆိုင်ရာကျမ်းများကို ယူဆောင်လာစေကာ မြန်မာဘာသာသို့ပြန်ဆိုရန် အားပေးခဲ့သည်။ ရှေးအယူအဆများနှင့် ဆန့်ကျင်ပြီး တိုးတက်သည့် အတွေးအခေါ်အယူအဆများကို သွပ်သွင်းလိုသော်လည်း အယူအစွဲကြီးသည့် ပြည်သူနှင့် လက်အောက်ခံများကြောင့် အရာမထင်ပေ။ ထင်ရှားသည့် ပျော်တော်ဆက် သက်တော်ရှည်အမတ်ကြီးမှာ ဦးပေါ်ဦး ဖြစ်သည်။ အိမ်ရှေ့မင်းသား ဦးပေါ်မှာ ဘိုးတော်ဘုရား အသက်ရှိစဉ်ပင် နာမကျန်းဖြစ်ကာ ကွယ်လွန်သည့်အတွက် မြေးတော်နှစ်ပါးဖြစ်သည့် စစ်ကိုင်းမင်းသားနှင့် သရက်မင်းသားတို့ အပြိုင်နန်းလျာဖြစ်လာပြီး နောက်ဆုံးတွင် စစ်ကိုင်းမင်းသားအိမ်ရှေ့အရာရကာ ဘိုးတော်ဘုရားလွန်လျှင် နန်းစံသည်။ မြန်မာ့သမိုင်းတွင် ဘကြီးတော် မင်းအဖြစ်လည်း လူသိများသည်။ ဘိုးတော်ဘုရားသည် ၁၁၄၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၁၄၆-ခုနှစ်တွင် တစ်ကြိမ် ရာဇာဘိသေက မုဒ္ဓါဘိသေခံပြီးလျှင် ထီးဆောင်းမင်္ဂလာ မဟာဥကင်သဖွင့်တော်မူ၍ သီရိပဝရ တိလောကပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ် နာမံများကို ခံတော်မူသည်။ ၁၁၆၆-ခုနှစ်တွင် သီရိမဟာသုဘတ္တာဟူသော ဆင်ဖြူမ တစ်စီးနှင့် ၁၁၆၈-ခုနှစ်တွင် နိဗ္ဗာန ပစ္စယနာဂရာဇာ ဆင်ဖြူတစ်စီးကို ရတော်မူ၍ ရွှေစက်တင်တော်မူပြီးလျှင် ဆဒ္ဒန်ဆင်မင်းသခင်ဘွဲ့ ခံတော်မူသည်။ ဘိုးတော်ဘုရားသည် ခမည်းတော်၏ ဆန္ဒအရ ကုန်းဘောင်မင်းဆက်တွင် စတုတ္ထမင်းဖြစ်ရန် ရှိသော်လည်း နောင်တော် ဆင်ဖြူရှင်မင်းက သားတော် စဉ့်ကူးမင်းအား အရိုက်အရာ လွှဲအပ်ခဲ့သဖြင့် တူတော်များဖြစ်သော စဉ့်ကူးမင်းနှင့် ဖောင်းကားစားမင်းတို့အား ဖယ်ရှင်းပစ်ပြီးနောက်မှထီးနန်းကို ဆက်ခံရသဖြင့် ကုန်းဘောင် မင်းဆက်တွင် ဆဋ္ဌမမင်းဖြစ်ခဲ့ရသည်။ နန်းတက်စတွင် ဘိုးတော်ဘုရားသည် ထီးနန်းအန္တရာယ်ကြောင့် မင်းဆွေစိုးမျိုး မှူးမတ်မှုထမ်းကောင်းအမြောက်အမြားတို့ကို ကြံစည်ကြောင်းသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့ရသည်။ တရုတ်မြန်မာ စစ်ပွဲတွင် ထင်ရှားသော ဝန်ကြီးမဟာသီဟသူရ ကို မရှုတ်မချ ဝန်ကြီးအရာနှင့် သူကောင်းပြုသော်လည်း မကြာမြင့်မီ ညီတော် စည်သာမင်းသားနှင့် ထီးနန်းကြံစည်ကြောင်းသံသယရှိသဖြင့် ထုံးစံနှင့်အညီ စီရင်တော်မူခဲ့သည်။ ဘိုးတော်ဘုရားသည် ပထမံဘိုးဘိုးအောင် ကိုလည်း ထီးနန်းကြံစည်ကြောင်းသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့သည်။ ပထမံ ဘိုးဘိုးအောင်သည် ဝ တလုံးက နှစ်လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟု ဖော်ပြကြသည်။ ၁၁၄၄-ခုနှစ်တွင် ငဖုန်းဆိုသူ ရှမ်းအမျိုးသား တစ်ယောက်က မိမိကိုယ်ကို ဟံသာဝတီ ရောက်မင်းတရားကြီး၏ သားတော် မင်းရဲမြတ်ဖုန်းဟုဆိုကာ ဖောင်းကားစား မောင်မောင်၏ ကြွင်းကျန်ပုန်းလျှိုး နေသေးသော ကျေးကျွန်တို့နှင့် ပေါင်း၍ နန်းမြို့တွင်းသို့ အတင်းဝင်ရောက် ပုန်ကန်ရာ နှိမ်နင်းတော်မူပြီးနောက် ငဖုန်းနှင့် အပေါင်းပါတို့ကို ကွပ်မျက်တော်မူရသည်။ ပုသိမ်နယ်မှ မွန် (၃ဝဝ)ကျော်တို့သည် ရန်ကုန်သို့ ချီတက် တိုက်ခိုက်သိမ်းယူကြသည်ကိုလည်း နှိမ်နင်းရသည်။ ၁၁၄၅-ခုနှစ်တွင် ဘိုးတော်ဘုရားသည် သားတော်ကြီး သတိုး ဓမ္မရာဇာဘွဲ့ခံ ရတနာရွှေတောင်မင်းကို အိမ်ရှေ့အရာ နှင်းတော်မူရာ ညီတော် ပင်းတလဲမြို့စား စိတ်ထောင့်၍ ထီးနန်းကို ကြံစည်သဖြင့် ထုံးစံနှင့်အညီ စီရင်ရသည်။ ၁၁၇ဝ ပြည့်နှစ်တွင် သားတော် မဟာဥပရာဇာ နတ်ပြည် စံသောအခါ မြေးတော် စစ်ကိုင်းမင်းသားအား အိမ်ရှေ့နှင်းတော်မူသည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလတွင် ရခိုင်ဓညဝတီပြည်ကြီးကို သိမ်းယူတော်မူမည်ဟု သားတော် မဟာဥပရာဇာကို အချုပ်ခန့်၍ အလုံးအရင်းနှင့် ချီစေသည်။ မဟာဥပရာဇာသည် စစ် ၄ ကြောင်းဖြန့်၍ ချီတက်ရာ ရခိုင်တို့ အပြင်းအထန် ခုခံတိုက်ခိုက်ကြသော်လည်း ရခိုင်တို့ရှုံးကာ သံတွဲမြို့နှင့်တကွ တောင်စဉ် ခုနစ်ခရိုင်သာမက ရခိုင်တပြည်လုံးကို မင်းနှင့်တကွ ရရှိသည်။ ရခိုင်ဘုရင်နှင့်တကွ မင်းဆွေမင်းမျိုး မှူးမတ် ပညာသည်များ၊ အလျားအတောင် ၂ဝ လုံးပတ် ၆ တောင်ရှိ အမြောက်ကြီးနှင့် ခဲယမ်းမီးကျောက် အမြောက်သေ နတ်များ၊ ဆင်မြင်းလူသူ ၃ သောင်းကျော်နှင့်တကွ ယိုးဒယားလုပ် ကြေးရုပ် ၃ဝ ကျော်တို့ကို ဆောင်ယူ၍ တပို့တွဲလပြည့်ကျော် ၇ ရက်နေ့တွင် ရခိုင်မှ ပြန်လာသည်။ ထို့ပြင်ရခိုင်မင်းများ အစဉ်အဆက် ကိုးကွယ်သော မဟာမုနိ ရုပ်ပွားတော်ကြီးကိုလည်း တောင်ကုပ်လမ်းဖြင့် ပင့်ဆောင်ကာ ပန်းတောင်းမြို့ဆိပ်ကမ်းမှ ရွှေဖောင်တော်နှင့် တင်ဆောင်၍ အမရပူရမြို့သို့ရောက်လျှင် မြို့မြောက်ဘက်၌ ရွှေပြဿာဒ်နှင့် တည်ထားကိုးကွယ်သည်။ ရှေးက ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက် အောင်မြင်ခဲ့ဖူးသော်လည်း ခရီးအထောက် အလှမ်း မသင့်ခြင်းကြောင့် ကြာရှည်သိမ်းပိုက်မထားနိုင်ခဲ့ချေ။ ဘိုးတော်ဘုရား လက်ထက်တော်တွင်မှ ရခိုင်မင်းဆက် ပြတ်လေတော့သည်။ ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်လိုက်သဖြင့် မြန်မာနယ်စပ်သည် ဗြိတိသျှတို့သိမ်းပိုက်ထားသော ဘင်္ဂလားနယ်နှင့် တစ်စပ်တည်းဖြစ်ခဲ့ရာ နယ်စပ်အရှုပ်အထွေးများ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် မြန်မာတို့အိန္ဒိယသို့စေလွှတ်သော သာသနာရေးအဖွဲ့အား ဗြိတိသျှတို့က နိုင်ငံရေး မကင်းဟု ယူဆကာ တားမြစ်သည်။ ဤအချက်များကြောင့် ဘိုးတော်ဘုရားနှင့် ဗြိတိသျှတို့အဆက်အသွယ် ပြုလာရသည်။ သက္ကရာဇ် ၁၁၅၆ ( ခရစ်နှစ် ၁၇၉၅ ) ခုနှစ်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ကက်ပတိန် မိုက်ကယ်ဆိုင်းအား ဘိုးတော်ဘုရားထံသို့စေလွှတ်ကာ မြန်မာဘုရင်နှင့် ကုမ္ပဏီတို့အကြား ဖြစ်ပေါ်နေသော အရှုပ်အထွေးများကို ဖြေရှင်းစေသည်။ ဘိုးတော်ဘုရားက ကက်ပတိန်ဆိုင်းသည် ဘင်္ဂလားအစိုးရက စေလွှတ်သော ကိုယ်စားလှယ်သာ ဖြစ်သည်ဟု ယူဆကာ အရေးမပေးနေသည်။ သို့ရာတွင် မြန်မာမှူးမတ်များနှင့် ကက်ပတိန်ဆိုင်းသည် ကုန်သွယ် ရေး ခွင့်ပြုချက်အချို့ကို သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ကက်ပတိန်ဆိုင်း၏ အစီရင်ခံချက်အရ အရှေ့အိန္ဒိယ ကုမ္ပဏီသည် မြန်မာတို့နှင့် သံတမန်လဲလှယ်ရန်နှင့် ကုန်ကူးသန်းရောင်းဝယ်ရန် အလို့ငှါ သက္ကရာဇ် ၁၁၅၆ (ခရစ် ၁၇၉၆) ခုနှစ်တွင် ကက်ပတိန် ကောက်စအား ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့စေလွှတ်ပြန်သည်။ ကက်ပတိန်ကောက်စသည် ၁၁၅၈ ခုနှစ်တွင် အမရပူရ နေပြည်တော်သို့ ဆန်တက်၍ ဘိုးတော်ဘုရားထံ လက်ဆောင်ပဏ္ဏာများနှင့်တကွ အဖူးအမြော်ဝင်သည်။ ကက်ပတိန်ကောက်စက မိမိအားဗြိတိသျှတို့၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် တောင်းဆို သည်ကို မြန်မာတို့က ငြင်းပယ်သည်။ မြန်မာတို့အမြင်တွင် ကက်ပတိန် ကောက်စသည် မြန်မာပြည်ရှိ ဗြိတိသျှကုန်သည်များအား ကြီးကြပ်ရန်လာသော ကုန်သည်တစ်ဦးဟုသာ မြင်သည်။ သို့ဖြင့် ကက်ပတိန်ကောက်စသည် ရန်ကုန်မှ ပြန်လာခဲ့ရသည်။ ၁၁၅၉ ခုနှစ်တွင် ရခိုင်တွင် မြို့သူကြီးငသန်တဲ ဆိုသူ ခေါင်းဆောင်သော ပုန်ကန်မှုတစ်ရပ် ပေါ်ပေါက် လာခဲ့သည်။ မြန်မာတို့သည် ငသန်တဲအား လိုက်လံတိုက်ခိုက်သောအခါ ဗြိတိသျှပိုင်နက်ဖြစ်သော ဘင်္ဂလားနယ်ထဲ သို့အလုံးအရင်းဖြင့် ခိုဝင်သည်။ မြန်မာတို့ကလည်း ဗြိတိသျှ ပိုင်နက်တွင်းသို့ပင် လိုက်လံဝင်ရောက် တိုက်ခိုက်ခဲ့သည်။ သို့ဖြစ်၍ ဗြိတိသျှနှင့် မြန်မာဆက်ဆံရေးမှာ တင်းမာသည်ထက် တင်းမာလာလေသည်။ ကလကတ္တားရှိ ဗြိတိသျှဘုရင်ခံ ဝယ်လက်စလေသည် ဘိုးတော်ဘုရားအား သားတော် အိမ်ရှေ့မင်းနှင့် တောင်ငူမင်းတို့က နန်းချ မည်ဆိုက နန်းချနိုင်လောက်အောင် အားနည်းသည်ဟု အယူရှိသည်။ ထို့ကြောင့် ကက်ပတိန်ဆိုင်းအား အိမ်ရှေ့မင်းနှင့် တောင်ငူမင်းထံ ချဉ်းကပ်ရန် ဒုတိယအကြိမ် စေလွှတ်သည်။ သို့ရာတွင် ဝယ်လက်စလေ ထင်မြင်သကဲ့သို့ ဘိုးတော်ဘုရားသည် အားနည်းသော ဘုရင်မဟုတ်ကြောင်းကို ကက်ပတိန်ဆိုင်း သိရှိရသည်။ ဘိုးတော်ဘုရားသည် ဒုတိယအကြိမ် ထပ်မံရောက်လာသော ကက်ပတိန်ဆိုင်းအား ပထမ အခေါက်ထက်ပင် အရေးမပေးရှိသည်။ ဗြိတိသျှ ကိုယ်စားလှယ်ထက် ပြင်သစ် ကိုယ်စားလှယ်မှာ ပိုမို၍ အရေးပေးခံရသည်ကို ကက်ပတိန်ဆိုင်း သိမြင်ခံ စားခဲ့ရသည်။ သို့ဖြစ်၍ မြန်မာတို့ထံပါး ပြင်သစ်တို့အရေးသာနေမှုကို ဖြိုဖျက်ရန် ကလကတ္တားရှိ ဗြိတိသျှတို့အဖို့လိုအပ်လာသည်။ ထို့ကြောင့် ကက်ပတိန်ဆိုင်း ပြန်လာသောအခါ ကက်ပတိန်ကန်းနင်းကို ထပ်မံ၍ စေလွှတ်ပြန်သည်။ ကက်ပတိန်ကန်းနင်း အဖွဲ့သားများသည် အင်းဝသို့ သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ်တွင် ရောက်လာကြသည်။ ကက်ပတိန်ကင်းနင်း၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေအနေသည် အင်အားနည်းပါးနေကြောင်း၊ ဗြိတိသျှတို့၏ အင်အားကို မြန်မာတို့အထင်မကြီးကြောင်းနှင့် စစ်တကောင်းနှင့် ဒက္ကားကို မြန်မာတို့တိုက်ခိုက်ရန် ကြံရွယ်နေကြောင်းပါရှိသည်။ သက္ကရာဇ် ၁၁၇၃ ခုနှစ်တွင် သူပုန်ငသန်တဲ၏ သားငချင်းပျံသည် ဘင်္ဂလားနယ်မှ ရခိုင်သို့ဝင်ရောက် တိုက်ခိုက်သည်။ မြန်မာတို့က ငချင်းပျံကို ဗြိတိသျှတို့ အားပေးသည်ဟု ယူဆသဖြင့် ဗြိတိသျှ မြန်မာ ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာလေသည်။ ဝဇ္ဇီတိုင်း ဝေသာလီပြည်ကြီးကို အစိုးရသော မင်းကလည်း ၁၁၅၈ ခုနှစ်တွင် လက်ဆောင်ပဏ္ဏာများနှင့် တကွ သမီးတော် စွံပါဝတီကို ဆက်သ၍ ဘဝါးကျွန်အဖြစ်ခံရာ ဝေသာလီမင်းသမီးအား သီရမဟာ ဝိမလာဒေဝီ ဘွဲ့ဖြင့် မြှောက်စားလေသည်။ ထို့နောက် စွံပါဝတီ၏ ညီမတော် ရွတ်ပုရိ၊ ပဒုမ္ပနီ ဥပေါထရာ သမီးကညာ ၃ ပါးကို ဝေသာလီမင်းက ဆက်သ၍ ဘဝါးကျွန်းအဖြစ် ခံတော်မူသည်။ မဇ္ဈိမတိုက် ၁၆ တိုင်းကလည်း အထူးထူးသော လက်ဆောင်ပဏ္ဏာတို့ဖြင့် နှစ်စဉ်မပြတ် ဆက်သပို့ရောက်သည်။ သီဟိုဠ်မင်းကလည်း သာသနာတော် တည်ထွန်းပွင့်လင်းအောင် မစပြုစုတော်မူပါမည့် အကြောင်း အထူးထူးသော လက်ဆောင်များဖြင့် ခြေတော်ဦးခိုက်၍ သီဟိုဠ်တစ်ကျွန်းလုံး နှင်းအပ်ဆက်သသည်။ ၁၁၇၄ ခုနှစ်တွင် မဏိပူရ ကသည်းစော်ဘွား မဟာရာဇာနှင့် ဇူပရာဇာတို့မသင့်မတင့် ရှိသောကြောင့် ဇူပရာဇာထွက်ပြေးလာ၍ ဘိုးတော်ဘုရားထံ ခြေတော်ဦးခိုက် ခိုဝင်လာသည်။ မဟာရာဇာဇူပရာဇာ ညီနောင် ၂ ဦး သင့်တင့်ရန် ဖြန်ဖြေဖို့မဟာရာဇာအား အခေါ်လွှတ်ရာ မလာမရောက် နေသဖြင့် ချီတက်တိုက်ခိုက်စေရာ မဏိပူရမြို့ကို သိမ်းယူရရှိလေသည်။ သာသနာရေးဘက်၌လည်း ဘိုးတော်ဘုရားသည် အထူးဂရုပြုကာ ဆောင်ရွက်တော်မူ၏။ စစ်ကိုင်း အိမ်တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား၏ ကောင်းမှုတော်များ ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅ ခန့်အချိန်ရှိသော ကြေးခေါင်းလောင်းကြီးကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။ နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၅၆ မြို့သို့တစ်မြို့လျှင် ပိဋကတ်တော် တစ်စုံနှင့်သံဃာတော် ၅ ပါးကို သာသနာပြု စေလွှတ်တော်မူသည်။ သီဟိုဠ်မှလည်း သာသနာပြုစုပါမည့်အကြောင်း လျှောက်ထားသဖြင့် ပိဋကတ် စာပေနှင့် ရဟန်းတော်များပို့၍ သာသနာပြုသည်။ သီရိဓမ္မာသောက မင်းကြီးသည် မုဋ္ဌောဘုရားများကို တစ်ချိန် တစ်ခါတည်း တည်လုပ်သကဲ့သို့ဘိုးတော်ဘုရားသည် မြန်မာနိုင်ငံ အရပ်ရပ်ရှိဌာန ၂၃ဝ ၌ ရွှေဂူ ၂၃ဝ ကို တစ်ချိန်တည်း တည်တော်မူသည်။ ထို့ပြင် သပိတ်မှောက်အောက်တိုင် ပြိုပျက်နေသော ဟံသာဝတီ-မော်ဓောရှင် စေတီတော်ကို ပြန်လည်တည်လုပ်ရန် ဝန်ကြီးမဟာသီဟသူရအား ကံကျွေးလက်ခ ငွေတော်ပေးအပ်၍ စေလွှတ်ပြင် ဆင်တော်မူစေသည်။ ပြိုကျပျက်စီးသော အခြားထင်ရှားသည့် ဘုရားစေတီတော်များကိုလည်း အသစ်တည်၍ ရွှေထီးထွတ်တင် လှူတော်မူသည်။ ရဟန်းသံဃာတော်များ အတင်ဂိုဏ်း အရုံဂိုဏ်းဟူ၍ ဂိုဏ်းကွဲကြရာ ဘိုးတော်ဘုရားက ကျောင်းတိုက် အပြင်အပသို့ထွက်ကြွတော်မူသည့်အခါ သင်္ကန်းကို ရုံသင့်သည်ဟု အရုံဂိုဏ်းကို အနိုင်ပေး၍ ဆုံးဖြတ်ကာ သာသနာတော်အား တညီတစ်ညွတ်တည်း ဖြစ်စေခဲ့သည်။ ဘိုးတော်ဘုရား လက်ထက်၌ အနောက်အိန္ဒိယ မဇ္ဈိမဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာတော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့်သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် ဘင်္ဂလီ၊ နာဂရီ၊ သက္ကတဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် ပါဠိဘာသာ၊ မြန်မာဘာသာ ပြန်ဆိုစေသည်။ အိန္ဒိယနိုင်ငံတစ်ဝန်းကို လှည့်လည်ခဲ့သော မြန်မာမှူးမတ်တို့သည် မဟာဗောဓိပင်ကို ဝင်ရောက်ဖူးမြော်၍ ဗောဓိပင်ပွား နှစ်ပင်ကို ပင့်ဆောင်ခဲ့ကြသည်။ ဘိုးတော်ဘုရား၏ မိဖုရားခေါင်ကြီးကား မင်းသီရိရန္တဇ သမီးတော် မဟာအတုလ ဒေဝီနှင့် အင်းဝ ဗိုလ်မှူးတို့၌ ၁၁ဝ၅-ခုနှစ်တွင် မြင်သည့် သမီးတော် အောင်မြေဘုံကျော် ကျောင်းဒါယိကာမ သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီ ဖြစ်သည်။ ၁၁၂၂ ခုနှစ်တွင် မင်းတရားကြီးနှင့် စုလျားရစ်ပတ်၍ ၁၁၆၈ ခုနှစ် တပေါင်းလတွင် နတ်ပြည်စံသည်။ ဘိုးတော်ဘုရားတွင် သားတော်၊ သမီးတော်ပေါင်း (၁၂၂)ယောက်ရှိသည်တွင် သမီးတော် (၆၁)ပါး၊ သားတော် (၆၁)ပါးဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်၌ မှူးကောင်းမတ်ကောင်း သူရဲကောင်းတို့သာ ပေါသည်မဟုတ်၊ စာဆိုပညာရှိကြီးများစွာ ထွန်းကားခဲ့သည်။ မင်းလက်ဝဲသုန္ဒရ၊ တွင်းသင်းမင်းကြီး မဟာစည်သူ၊ ဝက်မစွတ်မြို့စား နဝဒေး၊ အမတ်ကြီး ဦးပေါ်ဦး၊ သာချင်းဆရာကြီး ဦးအောင်ဖြိုး၊ ဝန်ကတော် မယ်ခွေ၊ မင်းဘူးဆရာတော် ဦးဩဘာသ စသည်တို့သည် ဘိုးတော်ဘုရား လက်ထက် ကျော်ကြားသော စာပြုစာဆို ပညာရှိကြီးများ ဖြစ်သည်။ ထင်ရှားသူများ အိမ်ရှေ့မင်းသားဦးပေါ် ဦးပေါ်ဦး အယူတော်မင်္ဂလာဦးနိုး မယ်ခွေ ကိုးကား ကုန်းဘောင်ခေတ် ကုန်းဘောင် မင်းဆက်
https://my.wikipedia.org/wiki/%E1%80%97%E1%80%92%E1%80%AF%E1%80%B6%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ပုဂံမင်း
ပုဂံမင်း (ခရစ်နှစ် ၁၈၄၆-၁၈၅၃) သည် ကုန်းဘောင်ဆက်၏ န၀မမြောက်မင်းဖြစ်သည်။ ဖခင်ဖြစ်သူ သာယာဝတီမင်း နောက်နန်းတက်သည်။ နန်းတက်ဘွဲ့မှာ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇဓိရာဇာ ဖြစ်ပြီး နန်းသက် ၆-နှစ်စံတော်မူပြီး အိမ်နိမ့် ၃၅-နှစ်စံရသည်။ နံတော် သောကြာသား၊ ငယ်မည်မှာ မောင်ထောင်ဖြစ်သည်။ နန်းတက်ပြီးနောက် တိုင်းရေးပြည်ရာကို အားစိုက်ကြိုးပမ်းသော်လည်း ရေရှည်တွင်မူတိုင်းပြည်ကို အရည်အသွေးရှိစွာ အုပ်စိုးနိုင်စွမ်းမရှိပေ။ တိုင်းပြည်ရေးရာများကို မင်းတုန်းမင်းသား နှင့် ကနောင်မင်းသားတို့ ဦးဆောင်သည့် လွှတ်တော်သို့လွှဲအပ်ကာ စီရင်စေပြီး ကိုယ်တိုင်ကမူ ငယ်စဉ်ကပင် ဝါသနာထုံခဲ့သည့် ကြက်ပွဲ အပါအဝင် တိရစ္ဆာန်များကို တိုက်ခိုက်စေခြင်း၊ မူးယစ်သောက်စားခြင်း နှင့် အပေါင်းအပါများခြံရံကာ ပေါ့လျော့စွာနေထိုင်သည်။ ပုဂံမင်း၏ တိရစ္ဆာန်တိုက်ပွဲ တာဝန်ခံသူမှာ မြို့ဝန်အဖြစ်မြှောက်စားထားသည့် ဘိုင်ဆပ် ဆိုသူဖြစ်သည်။ ထိုဘိုင်ဆပ်နှင့်အတူ ဦးပိန်ဆိုသူမှာလည်း အလွန်ပင် ရမ်းကားသူအဖြစ်နှင့်နာမည်ကျော်သည်။ ဦးပိန်သည် အင်းဝနှင့် စစ်ကိုင်းမြို့များမှ ကျန်ရှိသည့် နန်းတော်တိုင်သစ်လုံးများကို ယူကာ တောင်သမန်အင်းရှိ ဦးပိန်တံတားကို ဆောက်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ရမ်းကားလွန်းသည့် ဘိုင်ဆပ်၊ ဦးပိန်နှင့် အပေါင်းအပါများအကြောင်း ပုဂံမင်းနားသို့ပေါက်ကြားသွားသဖြင့် ဖမ်းဆီးကွပ်မျက်ခံခဲ့ရလေသည်။ နန်းသက်နောက်ဆုံးနှစ်မတိုင်မီ ခရစ်နှစ် ၁၈၅၂တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားသည်။ မြန်မာတို့ဘက်မှ ကောင်းစွာခုခံနိုင်စွမ်းမရှိသဖြင့် ပဲခူးတိုင်းအပါအဝင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်လက်သို့ ပါလေသည်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားချိန်တွင် ပုဂံမင်း၏ ယောက်ဖတော်ဦးပွားနှင့် အပေါင်းအပါများက ပုဂံမင်း အထိန်းတော်၏ ညီမအိမ်သို့ ဝင်တိုက်သည့် ဓားပြများမှာ မင်းတုန်းနှင့် ကနောင်မင်းသားများ စံအိမ်မှ လူများဖြစ်သည်ဟု စွပ်စွဲကာ ဝင်ရောက်ဖမ်းဆီးသည်။ အကြီးတော်ဖြစ်သည့် ပခန်းမင်းကြီးဦးရန်ဝေးကလည်း ရွှေဘိုသို့ထွက်ကာ ပုန်ကန်ရန် တိုက်တွန်းသည်ကြောင့်တစ်ကြောင်း၊ စကြာဒေဝီမင်းသမီးကြီးက အခါတော်ပေးသည်ကြောင့်လည်းကောင်း မင်းတုန်းနှင့် ကနောင် မင်းသားများ ရွှေဘိုသို့ထွက်ကာ ပုန်ကန်သည်။ ပုန်ကန်မှုအောင်မြင်သောကြောင့် ပုဂံမင်းနန်းကျပြီး မင်းတုန်းမင်း နန်းတက်လေသည်။ သို့သော် ညီတော်များက အကျယ်ချုပ်ဖြင့် ကောင်းစွာထားသဖြင့် ကျန်းမာစွာနေထိုင်ခဲ့ပြီး သီပေါမင်းလက်ထက် ခရစ်နှစ် ၁၈၈၁၊ မတ်လ (၁၄)ရက်တွင် ကျောက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကိုးကား ကုန်းဘောင် မင်းဆက် ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%82%E1%80%B6%E1%80%99%E1%80%84%E1%80%BA%E1%80%B8
မင်းတုန်းမင်း
ပဉ္စမ သင်္ဂါယနာတင်မင်း မင်းတုန်းမင်းသည် မန္တလေး ရတနာပုံ ပထမမြို့တည် နန်းတည်မင်းဟူ၍လည်းကောင်း၊ ပဉ္စမသင်္ဂါယနာတင်မင်းဟူ၍ လည်းကောင်း၊ ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရားဟူ၍ လည်းကောင်း ထင်ရှားသည်။ နိုင်ငံချင်းချင်းဆက်ဆံရေး၊ နိုင်ငံတွင်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသနာရေးစသည်တို့၌ အမြော်အမြင်ကြီးစွာ ဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေးကို အထူးမြတ်နိုးသော မင်းတရားကြီးဖြစ်သည်။ မင်းတုန်းမင်း(မြန်မာ ၁၁၇၆-၁၂၄ဝ) မင်းတုန်းမင်းသည် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံးဘုရင်ဖြစ်၍ အင်္ဂလန်နိုင်ငံ ဝိတိုရိယဘုရင်မကြီး နှင့် နန်းပြိုင်ဖြစ်သည်။ မန္တလေး ရတနာပုံ နေပြည်တော်ကြီးကို တည်ထောင်တော်မူသဖြင့် မန္တလေး ရတနာပုံ မြို့တည် နန်းတည်မင်းဟူ၍လည်းကောင်း၊ ပဉ္စမသင်္ဂါယနာ တင်တော်မူသည်ကိုစွဲ၍ ပဉ္စမသင်္ဂါယနာတင် မင်းဟူ၍လည်းကောင်း၊ စော်ဘွားများကဆက်သသော ဆင်ဖြူတော်များကို ခံယူရသဖြင့် ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရား ဟူ၍လည်းကောင်း၊ ငယ်စဉ်က မင်းတုန်းမြို့ကို စားရသဖြင့် မင်းတုန်းမင်းဟူ၍လည်းကောင်း ထင်ရှားသည်။ ငယ်မည်မှာ မောင်လွင်တည်း။ အမရပူရ ဒုတိယမြို့တည် နန်းတည် သာယာဝတီမင်းနှင့် တောင်ဆောင်တော် ကျောက်မော်မြို့စား မိဖုရားသီရိသုစန္ဒာ မလ္လာမဟေ တို့မှ ဖွားမြင်သော သားတော် ၂ ပါးအနက် သားတော်ကြီးဖြစ်သည်။ (မြန်မာသက္ကရာဇ် ၁၁၇၆-ခုနှစ် ဝါဆိုလပြည့်ကျော် (၄)ရက်၊ အင်္ဂါနေ့ နေ့နှစ်ချက်တီးကျော် အချိန်တွင် ဖွားမြင်တော်မူသည်။ အနောက်တိုင်း ခရစ်နှစ်အရ ၁၈၁၄-နှစ်၌ ဖွားတော်မူသည်။) ညီတော်မှာ သီရိပဝရ မဟာဓမ္မရာဇာဘွဲ့ခံ အိမ်ရှေ့မင်းသားအရာ အပ်နှင်းခံရသော ကနောင်မင်းသားကြီး ဖြစ်သည်။ ခမည်းတော် သာယာဝတီမင်းနှင့် နောင်တော် ပုဂံမင်း တို့လက်ထက် မြို့ဝှန်းတိုက် မင်းတုန်းမြို့များကို ကံကျွေးခံရသည်။ သီရိသုမဟာဓမ္မရာဇာဘွဲ့၊ သီရိမဟာသီဟသူရဘွဲ့များနှင့် မင်းသားကြီးတို့နေရာ အဆောင်အရွက်ပေးတော်မူ၍ လွှတ်တက် စီရင်ရသည်။ နောင်တော် ပုဂံမင်း စီမံအုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့် မင်းတုန်းမင်းသားသည် ညီတော် ကနောင်မင်းသားနှင့် အတူ လူသူစုရုံး၍ ထီးနန်းကိုလုပ်ကြံကာ အမရပူရမြို့နှင့်တကွ ထီးနန်းကို မြန်မာသက္ကရာဇ် ၁၂၁၄-ခုနှစ် တပေါင်းလဆန်း ၁၁ ရက်နေ့တွင် သိမ်းပိုက်တော်မူသည်။ ထိုနှစ် တပေါင်းလပြည့်ကျော် ၅ ရက်နေ့တွင် ထီးဆောင်းမင်္ဂလာ ဥကင်သ ဖွင့်တော်မူသည်။ ခမည်းတော် မင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့မှမြင်သည့် သမီးတော်ကြီး၊ ပုဂံမင်း၏ နှမတော်အား သီရိပဝရ မဟာရာဇိန္ဒာဓိပတိ ရတနာဒေဝီဘွဲ့ပေးအပ်၍ မိဖုရားခေါင်ကြီး တင်မြှောက်တော်မူသည်။ မိဖုရားခေါင်ကြီးကား ပိဋကတ်ဗေဒင် ကျွမ်းကျင်လိမ္မာတော်မူသဖြင့် ခမည်းတော်၊ မောင်တော်မင်းတရားကြီး ၂ ပါး၏ အတိုင်ပင်တော် အမြဲခံရရုံမက အပြစ်ကြီးစွာသင့်သူတို့ ကို နုတ်ယူနိုင်သော ဇီဝိတဒါနဆုကိုလည်း ရတော်မူသည်။ နောင်တော် ပုဂံမင်းတရားကြီးကိုမူ မင်းတုန်းမင်းတရားကြီးသည် ရွှေဘိုမြို့၌ တင့်တယ်လှပသော အိမ်တော်ဆောက်၍ မိဖုရားအခြွေအရံ အပြည့်အစုံနှင့် ထားတော်မူသည်။ မင်းတုန်းမင်းတရားကြီးသည် အမရပူရ မြို့တော်တွင် ၄ နှစ်ခန့် စံတော်မူပြီးနောက် အမရပူရ မြို့တော်သည် မြို့သူမြို့သား ကုန်သည် ဆင်းရဲသားများအတွက် အနေအထားကျဉ်းသည်ကို သိမြင်သဖြင့် မြန်မာသက္ကရာဇ် ၁၂၁၈-ခုနှစ် တပို့တွဲလမှစ၍ ယခု မန္တလေးမြို့တည်ရာအရပ်တွင် ရတနာပုံ မန္တလေးနေပြည်တော်ကို စတင် တည်ထောင်တော်မူသည်။ ၁၂၁၉ ခုနှစ် ဝါခေါင်လဆန်း ၁၂ ရက်နေ့တွင် နန်းမြို့တော်သို့ ဝင်တော်မူ၍ ၁၂၂၀-ပြည့်နှစ် ဒုတိယ ဝါဆိုလဆန်း ၆ ရက်နေ့တွင် ရွှေနန်းတော်ကြီးကို တက်သိမ်း စံပယ်တော်မူသည်။ ရွှေနန်းတော်ကို အုတ်မြို့ရိုး ပတ်လျက်တည်သည်။ အုတ်မြို့ရိုးကိုပတ်လျက် ကျုံးတူးသည်။ အုတ်မြို့ရိုးအပြင် အရပ်လေးမျက်နှာ၌ မြို့သူမြို့သား ကုန်သည် ဆင်းရဲသားများအား အလုပ်အကိုင်နှင့် လူမျိုး၏အမည်အလိုက် နေရာချပေးလေသည်။ ရွှေမျက်ပါးခတ်သူတို့ နေရာရပ်ကွက်ကို မျက်ပါးရပ်ဟုခေါ်၍ ဗရင်ဂျီအများ နေထိုင်ရာကို ဗရင်ဂျီရပ်ဟု ခေါ်သည်။ မြို့ပတ်ဝန်းကျင်တွင်လည်း ဥယျာဉ်စိုက်ခြင်း၊ မြောင်းဖောက်ခြင်း၊ ကန်ဆည်ခြင်းတို့ ပြုထားရာ ရတနာပုံ မန္တလေးမြို့သည် သာယာလေသည်။ မင်းတုန်းမင်းလက်ထက်တွင် မြန်မာမင်းပိုင် မြန်မာနိုင်ငံသည် မြေထဲမြို့၊ တောင်ငူမြို့တို့၏ မြောက်ဘက် အထက်ပိုင်းဒေသမျှသာဖြစ်၍ အလောင်းဘုရား လက်ထက် မြန်မာနိုင်ငံ ၏ ထက်ဝက်မျှ ကျဉ်းသွားလေသည်။ ထို့ကြောင့် မင်းတုန်းမင်းသည် ပဲခူးတိုင်းကို ပြန်ရလိုသဖြင့် ၁၂၁၆-ခုနှစ်တွင် ကာလကတ္တားမြို့ရှိ အင်္ဂလိပ်ဘုရင်ခံချုပ် လော့ဒါလဟိုဇီထံ မြန်မာမှူးမတ်များ လွှတ်လေသည်။ ဘကြီးတော်ဘုရား လက်ထက်က တနင်္သာရီတိုင်းကိုပင်ရရှိသော အကျိုးအမြတ်ထက် အကုန်အကျကပိုများသဖြင့် ကြေးငွေနှင့် အလဲအလှယ်ပြုရန် ပြောဆိုခဲ့ဘူးသော အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ထက်ဝက်မျှ သိမ်းပိုက်မိသောအခါ အတိုင်းမသိ နယ်ချဲ့မာန် တက်ခဲ့ကြသည်။ နယ်မြေ တောင်းရန်လာသော မြန်မာမှူးမတ် များအား လော့ဒါလဟိုဇီက နေမင်းသည် မိုးကောင်းကင်၌ ရှိနေသမျှ ကာလပတ်လုံး အင်္ဂလိပ်မင်းအလံသည် အင်္ဂလိပ်မင်း တိုက်ခိုက်သိမ်းယူခဲ့သော နယ်မြေများပေါ်တွင် တလူလူလွင့်ပျံ လျက်နေမည်သာဖြစ်သည်။ သို့ရာတွင် အင်္ဂလိပ်မင်းသည် မြန်မာမင်းနှင့် ငြိမ်းချမ်းစွာဆက်ဆံပါမည် ဟု အမိန့်ရှိလိုက် လေသည်။ မင်းတုန်းမင်းသည် လော့ဒါလဟိုဇီ၏ နယ်ချဲ့မာန် စကားကို ကြားသောအခါ စိတ်မသာမယာဖြစ်သော်လည်း လွတ်လပ်နေသေးသော အထက်မြန်မာနိုင်ငံ၏ အကျိုးကို ထောက်ထား၍ အမြော်အမြင်ကြီးစွာဖြင့် သည်းခံကာ အင်္ဂလိပ်အစိုးရနှင့် သင့်မြတ်အောင် ဆက်ဆံလေသည်။ ယင်းသို့တောင်း ဆိုခြင်း မပြုမီလည်း ဗြိတိသျှတို့အကျိုးကို များစွာလိုက်လျော ခြင်း ပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် စစ်သူပုန်ထ၍ မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များကို ရုပ်သိမ်းကာ ဗြိတိသျှတို့ အိန္ဒိယ၌ အားသွန်တိုက်ခိုက်နေရစဉ် ဗြိတိသျှတို့အား နောက်ပိုင်းမှအကျပ်ကိုင်တိုက်ခိုက်ဖို့ အချို့က တိုက်တွန်းသော်လည်း မင်းတုန်းမင်းသည် တိုက်ခိုက်ခြင်းမပြုရုံမက စစ်သူပုန်ကြောင့် ဒုက္ခရောက်ကြသူများအား ကယ်ဆယ်ရေးအတွက် အလှူငွေ ပေါင် ၁၀၀၀ ထည့်ဝင်လှူဒါန်းခဲ့ဖူးသည်။ ထိုအချိန်အခါလောက်က အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်၊ ရုရှစသော လက်နက်နိုင်ငံကြီးများသည် အရှေ့ဘက်တစ်လွှား၌ အပြိုင်နယ်ချဲ့နေကြချိန် ဖြစ်သဖြင့် အဆင်အခြင်နှင့်ပြည့်စုံသော ဘုရင်ပီပီ အားမတန် မာန်လျှော့၍ သင့်မြတ်အောင်ဆက်ဆံခြင်း ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များ နှင့် ပိုမိုသင့်မြတ်စေရန် ၁၂၃၄-ခုနှစ်တွင် မင်းတုန်းမင်းသည် ကင်းဝန်မင်းကြီးအား သံအကြီးခန့်၍ အင်္ဂလန်ပြည်သို့ စေလွှတ်လေသည်။ အင်္ဂလန်သို့အသွား မြန်မာသံအဖွဲ့သည် ပြင်သစ်၊ အီတလီနိုင်ငံတို့သို့ ပါဝင်၍ မဟာမိတ်ပြုသည်။ ထိုနှစ်တွင်ပင် အီတလီနိုင်ငံမှ သံများ မြန်မာနိုင်ငံသို့ရောက်လာကာ ကင်းဝန်မင်းကြီးနှင့် ညိ|နှိုင်းရေးသားသောစာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးကြသည်။ နောက်တစ်နှစ်တွင် ပြင်သစ်သံအဖွဲ့ ရောက်လာကြပြန်သည်။ သို့ရာတွင် မင်းတုန်းမင်းတရားကြီးသည် နေပြည်တော်သို့ ဝင်ထွက်လာရောက်ကြသော အင်္ဂလိပ်သံတို့အား အခြားအကြောင်းတို့ကိုသာ မေးမြန်းပြောဆိုတော်မူ၍ အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံကို အသိအမှတ်ပြုရမည့်စာချုပ်နှင့် စပ်လျဉ်းသော စကားကိုမူ အမြွက်မျှပြောဆိုတော်မမူဘဲ ယဉ်ကျေး သိမ်မွေ့စွာ တိမ်းရှောင်တော်မူသည်။ ၁၂၃၇ ခုနှစ်တွင် အင်္ဂလိပ်မင်း၏ သားတော် ဥပရာဇာ ဝေလာမင်းသား အိန္ဒိယနိုင်ငံသို့ လာရောက်သောအခါ ကင်းဝန်မင်းကြီးအား မြန်မာကိုယ်စားလှယ်အဖြစ် စေလွှတ်၍ နှုတ်ခွန်းဆက်စေခဲ့ခြင်ဖြင့် မဟာမိတ် ဝတ်တရား ကျေအောင် ဆောင်ရွက်တော်မူခဲ့ကြောင်း ရတနာပုံ နေပြည်တော် သတင်းစာ ဒုတိယတွဲ ဂဏန်း ၃၃ တွင် ဖော်ပြထားလေသည်။ မင်းတုန်းမင်းသည် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီနိုင်ငံတို့နှင့်သာမဟုတ်၊ အမေရိကန်နိုင်ငံနှင့်လည်း ချစ်ကြည်ရေး ရာဇသံများ ပေးပို့ဆက်သွယ်ခဲ့သည်။ ၁၂၁၈-ခုနှစ်တွင် မင်းတုန်းမင်းကြီးက အမေရိကန် သမ္မတကြီးဂျိမ်းဗတ်ကနန်ထံ သဝဏ်လွှာပေးပို့၍ အမေရိကန်သမ္မတကြီးက ၁၂၁၉ ခုနှစ်တွင် ၂ ပြည့် တစ်ပြည် ချစ်ကြည်ရေးသဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့သည်။ အမေရိကန်သံတော်များအားလည်း တခမ်းတနား ကြိုဆိုခဲ့လေသည်။ မင်းတရားကြီးကား နိုင်ငံခြားတိုင်းပြည်များ နှင့် အသင့်အတင့် ကျင့်တော်မူသည် မှန်သော်လည်း အင်္ဂလိပ်တို့နှင့် မန္တလေးမြို့ရှိ အင်္ဂလိပ် ကိုယ်စားလှယ်တို့က မင်းတရားကြီးရှေ့တော်သို့ ဝင်သောအခါ ဖိနပ်စီး ဓားလွတ်စွဲလျက်ဝင်လိုကြောင်း တောင်းဆိုသည်နှင့် ထိုကစ၍ ထိုအင်္ဂလိပ်သံ အင်္ဂလိပ် ကိုယ်စားလှယ်တို့ကို ဖူးမြော်ခွင့်မပေးတော့ဘဲ မှူးမတ်တို့နှင့်သာ ဆက်ဆံစေလေသည်။ မြန်မာ့ဂုဏ်နှင့် ယဉ်ကျေးမှုကိုကား အနှိမ့်အချ မခံခဲ့ချေ။ ငြိမ်းချမ်းရေးဝါဒကို နှစ်သက်တော်မူသော မင်းတုန်း မင်းတရားကြီးသည် နိုင်ငံခြားတိုင်းပြည်များနှင့် ဤသို့ အသင့် အမြတ် ဆက်ဆံခဲ့ရုံမက ပြည်တွင်း၌လည်း မင်းညီမင်းသား မှူးမတ် စသည်တို့အားလည်းကောင်း၊ စော်ဘွားများအားလည်း ကောင်း၊ ချင်း၊ ကချင်၊ ကရင်၊ တောင်အုပ် တောင်ကဲများအား လည်းကောင်း အမေ့အကျန်မရှိ အထိုက်အလျောက် မစ ချီးမြှင့်၍ နိုင်ငံတော်ကို ထိန်းသိမ်းအုပ်ချုပ်ခဲ့လေသည်။ ထို ကြောင့်လည်း မင်းတရားကြီးလက်ထက် တိုင်းနိုင်ငံငြိမ်းချမ်းခဲ့ ခြင်း ဖြစ်လေသည်။ မင်းတုန်းမင်းတရားကြီးသည် ပြင်ပဘေးကို သံတမန် များ နည်းအရ ကြိုးစားကာကွယ်တော်မူသကဲ့သို့ တစ်ဖက်၌ လည်း နိုင်ငံတွင်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသနာရေး စသည်တို့တွင်လည်း အမြော်အမြင်ကြီးစွာ ဆောင်ရွက်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် သာသနာကိုလေးစားသော မင်း ဖြစ်သည့်အားလျော်စွာ မြန်မာသက္ကရာဇ် ၁၂၃၃ ခုနှစ်တွင် ပိဋကတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီးနောက် ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ကမ္ပည်းအက္ခရာတင်၍ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားတွင် စိုက်ထားကိုးကွယ်သည်။ မြန်မာနိုင်ငံအတွင်း ပထမပြန် စာမေးပွဲများကိုလည်း မင်းတုန်း မင်းတရားကြီးလက်ထက်တွင် ကျင်းပပေးခဲ့သည်။ သာသနာရေးသာမက ပညာသင်ကြားရေး ကိုလည်း မင်းတုန်းမင်းသည် အားပေးသည်။ မှူးသားမတ်သား၊ မင်းညီမင်းသားတို့ အင်္ဂလိပ်စာသင်ကြားစေရန် ခရစ်ယာန်ဘုန်း ကြီး ဆရာမှတ်၊ ပြင်သစ် ဗရင်ဂျီဘုန်းကြီး ဘီဂန်းဒက်တို့အား လည်း မြေရာနှင့်ငွေကြေး ထောက်ပံ့သည်။ အနောက်နိုင်ငံများသို့လည်း ပညာတော် သင် ၉ဝ ကျော်တို့ကို စေလွှတ်၍ စက်မှုလက်မှုအတတ်များကို သင်စေသည်။ ယင်းတို့တွင် ဒီပဲယင်းဝန်ထောက် ဦးမြဲ၊ ညီ ဦးခဲ၊ ဖန်ချက်ဝန် ဦးဖန်၊ ကျောက်မြောင်း အတွင်းဝန် ဦးရွှေအိုး၊ မြင်းဝန် ဦးအောင်သူ တို့ပါသည်။ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် ပညာတော်သင်များ ပြန်လာသော အခါ စက်မှုလက်မှုလုပ်ငန်းရုံများကိုဖွင့်စေသည်။ နေပြည်တော် တွင် ဆန်၊ သကြား၊ ကျွန်းသစ်၊ ပိတ်ချော ပိတ်ကောင်းပိုမို ထုတ်လုပ်နိုင်စေရန် ဆန်စက်၊ သကြားစက်၊ သစ်စက်၊ ရက်ကန်းစက်တို့ကို ဥရောပတိုက်မှ ဝယ်ယူတည်ထောင်သည်။ ယင်းစက်ရုံများသာမက ဖန်ချက်စက်၊ စာပုံနှိပ်စက်၊ ဒင်္ဂါးစက်၊ လက်နက်ကိရိယာစက် စသည်တို့ကိုဖွင့်လှစ်၍ သားတော် မက္ခရာမင်းသားအား ကြီးကြပ်အုပ်ချုပ်စေသည်။ ရွှေနန်းတော် ကြီးအတွင်း ဆောက်လုပ်သော စာပုံနှိပ်တိုက်တော်မှ ပထမဆုံး ပုံနှိပ်သောစာအုပ်မှာ ယောအတွင်းဝန်ဦးဘိုးလှိုင် စီရင်ရေးသား သော ကာယာနုပဿနာကျမ်း ဖြစ်သည်။ တိုင်းသူပြည်သားများ သက်သာချောင်ချိရေးအတွက် ငွေကြေး လွယ်ကူစွာသုံးစွဲနိုင်ရန် မင်းတုန်းမင်းတရားကြီးသည် ၁၂၂၉-ခုနှစ်မှစ၍ ဒေါင်းတံဆိပ် ဒင်္ဂါးများကို သွန်းလုပ်သုံးစွဲစေသည်။ နိုင်ငံတော်တွင် ပုဂံခေတ်ကစ၍ အမြစ်တွယ်ခဲ့သော ကံကျွေးချပဒေသရာဇ်စနစ်နှင့် အခွန်တော် ကောက်ခံစနစ်တို့ကို ပြုပြင်ပြောင်းလဲ၍ ၁၂၂၉-ခုနှစ်က စတင်ကာ စနစ်တကျ၊ အခွန်တော်ခန့်ခွဲသည်။ ရှေးက နယ်စား မြို့စား ရွာစားများက အခွန်တော်ကို ကောက်ခံပြီးလျှင် မိမိတို့အတွက် ဝေပုံစုကိုနုတ် ကာ ဘဏ္ဍာတော်တိုက်သို့ပေးပို့ရာ ယင်းတို့က ပို၍ကောက်ခံ လျှင် ဆင်းရဲသားတို့ နစ်နာရသည်။ ထိုကြောင့် မင်းတုန်းမင်း ၏ လက်ထက်တွင် နယ်စားပယ်စားများဖြင့်လည်းကောင်း၊ မြို့စားရွာစားများဖြင့်လည်းကောင်း မင်းတိုင်းကြေး အခွန်တော် စသည် မကောက်ခံတော့ဘဲ ဝင်ငွေနှင့် အိမ်ထောင်စုအလိုက် သာ စည်းကြပ်သော သဿမေဓ အခွန်တော်ကို ကောက်ခံစေ သည်။ အမှုထမ်းအရာထမ်းများကိုလည်း ရှေးကကဲ့သို့ မြို့စား ရွာစား မပေးတော့ဘဲ သဿမေဓခွန်ကောက်ခံရငွေမှ လစာ ရိက္ခာတော်များ ပေးကမ်းချီးမြှင့်လေသည်။ နေပြည်တော် အရပ် လေးမျက်နှာ၌ သက်ကြီးရွယ်အိုတို့ မှီခိုနေထိုင်ရန် သူအိုရုံများ ထားသည်။ နာမကျန်းသူတို့အတွက်လည်း နေပြည်တော်တွင် သူနာရုံ ၁ဝ ရုံထား၍ အတွင်းလူနာ၊ အပြင်လူနာအဖြစ် ကုသ ပေးသည်။ သမားတော် ၃ ယောက်စီ အလှည့်ကျကုသရသည်။ လယ်မြေပေါများသော မြန်မာနိုင်ငံ အောက်ပိုင်းကို အင်္ဂလိပ်တို့ သိမ်းယူထားသဖြင့် မင်းတုန်းမင်းသည် မိမိနိုင်ငံတော်ပိုင်နက်တွင် တောများကိုခုတ်ထွင်ရှင်းလင်း၍ လယ်လုပ် ငန်းကို အကြီးအကျယ်လုပ်ကိုင်စေသည်။ မိုးနည်းသဖြင့် စပါးစိုက်ပျိုးရန် မိုးရေအလုံအလောက် မရသည်ကို မူးမြစ်ဒေသ ၌လည်းကောင်း၊ လယ်တွင်းကိုးခရိုင် (ကျောက်ဆည်ခရိုင်) ၌ လည်းကောင်း ရှိသောဆည်ဟောင်း မြောင်းဟောင်းများကို ထပ်မံပြုပြင်သည်။ မိတ္ထိလာကန်မှစ၍ ကန်အမြောက်အမြားကို လည်း ပြုပြင်သည်။ မန္တလေးမြို့ အရှေ့ဘက် နန္ဒာကန်ကို ပြုလုပ်၍ လယ်ပယ်တည်ကာ လယ်သမားများကို စရိတ်ကြေး ငွေ ထောက်ပံ့သည်။ ကုန်စည်များကို ဘုရင်တစ်ဦးတည်း ရောင်းဝယ်ခွင့်ကို ဖျက်သိမ်း၍ အင်္ဂလိပ်နယ်ထဲသို့ ကုန်စည်များ လွတ်လပ်စွာ ရောင်းခွင့်ပြုသည်။ နိုင်ငံသူ နိုင်ငံသားတို့ ထက်အောက်စုန်ဆန် ခရီးသွား လာမှု လွယ်ကူစေရန် ရေနန်းစကြာ၊ ရေနန်းယာဉ်သာ၊ မြနန်း စကြာ၊ စကြာယာဉ်မွန်၊ စကြာယာဉ်ပျံ၊ တုယာဉ်ပျံချီ၊ တုယာဉ် ပျံကျော်ဟူသော မီးသင်္ဘောခုနစ်စင်းကိုလည်း ဝယ်ယူအသုံးပြု သည်။ အင်္ဂလိပ်မင်းပိုင် မြန်မာနိုင်ငံနှင့် မြန်မာမင်းပိုင် မြန်မာ နိုင်ငံတို့သည် မင်းအချင်းချင်း ဆက်ဆံမှုကောင်းသောကြောင့် တစ်ကြောင်း၊ ခရီးသွားလာမှု လွယ်ကူသဖြင့်တစ်ကြောင်း၊ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ တစ်နိုင်ငံတည်း ကဲ့သို့ အကူးအသန်းအဆက်အဆံမပြတ် ရင်းနှီးမြဲရင်းနှီးကြ သည်။ အထက်မြန်မာနိုင်ငံမှ ကင်းဝန်မင်းကြီး အစရှိသော မြန်မာမှူးမတ်များ အင်္ဂလိပ်မင်းပိုင် ရန်ကုန်မြို့သို့ရောက်သော အခါ မြို့သူမြို့သားများက အရေးတယူ ပြုစုခဲ့ကြသည့် အနည်း တူ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၌ ရန်ကုန်မြို့သူမြို့သားများ ကရွှေချ၍ ထီးတင်လိုသောအခါ မင်းတုန်းမင်းကြီးက ရတနာ ကိုးပါး စီခြယ်သော ထီးတော်ကို လည်းကောင်း၊ လုံးတော်ပြည့် ရွှေချနိုင်အောင် ရွှေဆိုင်းများကိုလည်းကောင်း ပေးပို့လှူဒါန်းခဲ့ လေသည်။ မင်းတုန်းမင်းတရားကြီးသည် နိုင်ငံတော်အတွင်း ဆက်သွယ်ရေး ပိုမိုလွယ်ကူစေရန် ကြေးနန်းတိုင်များကိုလည်း စိုက်ထူ အသုံးပြုခဲ့သည်။ ထိုမျှသာမက ခေတ်နှင့် လျော်ညီစွာ နေ့စဉ် ဖြစ်ပျက်ပေါ်ပေါက်လျက်ရှိသော ကျိုးကြောင်းချင်းတ များ၊ သတင်းများ၊ အကြံဉာဏ် ပေးချက်များနှင့် ဝေဖန်ချက် များကို တိုင်းသူပြည်သားတို့ ပွင့်လင်းစွာ ဖတ်ရှုရေးသားနိုင်ကြ စေရန် မင်းတုန်းမင်းတရားကြီးသည် ၁၂၃၆ ခုနှစ်တွင် ရတနာပုံနေပြည်တော် သတင်းစာကို ထုတ်ဝေစေခဲ့သည်။ စာတည်းမှာ ဖိုးဝဇီရဖြစ်သည်။ လဆန်း ၇ ရက်၊ ၁၃ ရက်၊ လဆုတ် ၇ ရက်၊ ၁၃ ရက်နေ့များတွင် ထုတ်၍ တစ်လ ၄ ကြိမ် ထွက်လေသည်။ မင်းတရားကြီးသည် သတင်း စာရေးသားမှုတွင် အချက် ၂၆ ချက်နှင့် လွတ်လပ်ခွင့်ပေးခဲ့ သည်။ မြန်မာနိုင်ငံသတင်းစာများ မင်းတရားကြီးအား ယင်းသို့ ပြည်တွင်းလုံခြုံရေး၊ နိုင်ငံတွင်း စက်မှုလက်မှုထွန်းကားရေး၊ နိုင်ငံတော် စည်ပင် သာယာရေးစသော နိုင်ငံအုပ်ချုပ်ရေး၌ အမြော်အမြင်ကြီး၍ ထက်မြက်သော ညီတော် ကနောင်မင်းသားက အမြဲတစေ ဂရုစိုက် ၍ အကူအညီပေးခဲ့သဖြင့် အောင်မြင်ခဲ့သည်။ မင်းတရားကြီး မူကား လောကီရေးရာများထက် လောကုတ္တရာရေးရာများတွင် အာရုံစိုက်သဖြင့် နိုင်ငံကာကွယ်ရေး၊ စစ်တပ်များခေတ်မီရေး၊ လက်နက် တပ်ဆင်ရေးတို့တွင် လစ်ဟင်းခဲ့သည်။ မင်းတရား ကြီးသည် သတ္တဝါတို့၏ အသက်အန္တရာယ်များစေသည်ဟုယူဆ ကာ လက်နက်ဆန်းများထွင်ခြင်းကို ပိတ်ပင်ခဲ့လေသည်။ အမြော်အမြင်ကြီးစွာနှင့် ယင်းကဲ့သို့ မင်းတရားကြီးတို့ ညီနောင် ၂ ပါး ကြိုးပမ်းဆောင်ရွက်နေစဉ် ၁၂၂၈ ခုနှစ်တွင် စည်းလုံးညီညွတ်မှုကိုပျက်ပြားစေသော နန်းတွင်းလုပ်ကြံမှုကြီး ပေါ်ပေါက်လာသဖြင့် လှေလှော်ရင်း တက်ကျိုး ဖြစ်ခဲ့ရလေ သည်။ ညီတော် ကနောင်မင်းသားအား မင်းတုန်းမင်းကြီးက အိမ်ရှေ့အရာ ပေးအပ်သည်ကို မကျေနပ်သော သားတော် မြင်းကွန်းနှင့် မြင်းခုန်တိုင်မင်းသားတို့ ပုန်ကန်သဖြင့် နိုင်ငံ တော်ကို ခေတ်သစ် နိုင်ငံတော်ဖြစ်အောင် ထူထောင်ခဲ့သော ကနောင်မင်းသားကြီး တိမ်းပါးခဲ့လေသည်။ မင်းတုန်းမင်းကြီးမူကား မြို့တော်အတွင်း ဝင်နှင့်သဖြင့် သီသီကလေး လွတ်လေသည်။ တစ်ဖန် အိမ်ရှေ့ ဘုရားလွန်လေသော် အိမ်ရှေ့မင်း သားတော် ပန်းထိမ်းမင်းသား ရွှေဘိုသို့ထွက်၍ ပုန်ကန်သည်ကို ဖမ်းဆီးကွပ်မျက်ရသည်။ ထို အချိန်မှစ၍ မင်းတရားကြီးသည် သားတော်များကို အိမ်ရှေ့ မပေး၊ အခြွေအရံ အမှုထမ်းတို့ကို ရုပ်သိမ်းထားသည်မှာ နတ်ရွာစံသည်အထိ ဖြစ်သည်။ ထိုကြောင့်လည်း မင်းတရားကြီး နတ်ရွာစံသောအခါ ထီးမွေ နန်းမွေကိစ္စ ရှုပ်ထွေးခဲ့ရလေသည်။ ၁၂၄ဝ-ပြည့်နှစ် ဝါခေါင်လတွင် မင်းတရားကြီး ကျန်းမာတော် မမူ၍ တိုင်းရေးပြည်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခြင်းမပြုနိုင် သော အခြေအနေရောက်လေသော် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် အလိုပါ မှူးတော်မတ်တော်တို့တိုင်ပင်၍ သားတော် သီပေါ မြို့စားသီပေါမင်းအား တော်သလင်းလပြည့်ကျော် ၉-ရက်နေ့တွင် အိမ်ရှေ့ နှင်းလေသည်။ မင်းတရားကြီး၏ရောဂါတော်သည် တိုးသည်ထက်တိုးလာကာ မြန်မာသက္ကရာဇ် ၁၂၄ဝ-ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆-ရက် အင်္ဂါနေ့၌ သက်တော် (၆၄)နှစ်၊ နန်းစံ ၂၆ နှစ်တွင် နတ်ရွာစံလွန်တော်မူသည်။ မင်းတုန်းမင်း ကြီးတွင် ရတနာဒေဝီ မိဖုရားခေါင်ကြီးအပြင် အိမ်နိမ့်စံစဉ်က ကောက်ယူတော်မူသော မြောက်နန်းမိဖုရား မယ်သဲ၊ ဘကြီး တော်နှင့် မိဖုရားခေါင်ကြီးမယ်နုမှမြင်သော အလယ်နန်းမိဖုရား ဆင်ဖြူမရှင်တို့အပါအဝင် ထင်ရှားသော မိဖုရား ၄၅ ပါး ရှိ၍ သားတော် ၅၅ ပါး၊ သမီးတော် ၅၃ ပါး ပေါင်း ၁ဝ၈ ပါး ရှိ သည်။ မင်းတုန်းမင်း၏ အလောင်းတော်ကို မန္တလေးမြို့တွင် သင်္ဂြိုဟ်၍ အရိုးပြာသာဒ် တည်ထားလျက်ရှိသည်။ မင်းတရား ကြီး နတ်ရွာစံရာ ရွှေနန်းဆောင်ကို သားတော် သီပေါမင်း လက်ထက် ဖျက်၍ အတုမရှိကျောင်းတော်ကြီး ဝင်းအတွင်း၌ ဖျက်သိမ်းသည့် ပန္နက်ပုံအတိုင်း ရွှေနန်းတော်ကျောင်း ဆောက်လုပ် လှူဒါန်းထားသည်။ မင်းတရားကြီးကား သဘောပြည့်ဝသည်။ အမြော် အမြင်နှင့် ပြည့်စုံသည်။ ပြည်သူ့အကျိုးကို ကြည့်သည်။ စစ်ကို မလိုလား၊ သနားတတ်သူဖြစ်သည်။ ရတနာသုံးပါးကို အလွန် လေးစားရိုသေသည်။ မင်းတရားကြီး၏ ကုသိုလ်တော်များကား မန္တလေး တောင်ပေါ်တွင် တည်ဆောက်ထားသော တန်ဆောင်း ပြာသာဒ် တော်ကြီးနှင့်တကွ ဗျာဒိတ်ညွှန်းရွှေရပ်တော်ကြီးဘုရား၊ တောင် ခြေရှိ မဟာသကျ မာရဇိန်ကျောက်တော်ကြီးဘုရား၊ စန္ဒမုနိ ဘုရားနှင့် မဟာလောက မာရဇိန်စေတီတော်၊ ထိုစေတီတော် အတွင်းရှိ ပိဋကတ်သုံးပုံ ကျောက်ချပ်နှင့် အုတ်ဂူ ၇၂၉ ခုစီ၊ ရန်ကင်းတေင်ခြေရှိ မဟာကျော်စေတီတော်၊ ရွှေတိဂုံစေတီ ထီး တော်နှင့် လုံးတော်ပြည့် ရွှေဆိုင်းတော်ချခြင်း၊ ဘုရားပွင့်တော်မူ ရာ မဟာဗောဓိပင်တော် အနောက်မြောက်ဘက်တွင် အုတ်ဇရပ် တော်ကြီးတစ်ဆောင်၊ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ် ထားသည့် မက္ကာမြို့ ဘုရားဝတ်ပြုသည့်ကျောင်းအနီး စတုဒီသာ ဇရပ်ကြီးတစ်ဆောင်နှင့် ပဋ္ဌာန်းဟော သိမ်ကြီးတစ်ဆောင်၊ မဟာဗောဓိ ဒက္ခိဏသာခါ လက်ယာတောင်ကိုင်းကို မြတ်စွာ ဘုရား အရပ်တော်ပမာဏအတိုင်း ရုပ်ပွားတော်မြတ် ထုလုပ် ကိုးကွယ်သည့်အပြင် အပ္ပရာဇိတပလ္လင်မြေကို ဌာပနာသွင်း၍ တစ်မိုက် လေးသစ်ခန့် ရွှေချစေတီတော် ထုလုပ်ပြီးလျှင် မှန်အိမ်ထည့်သွင်းကာ ရှစ်သောင်း လေးထောင်သော ရဟန်း ရှင်လူ အပေါင်းတို့အား တစ်ဆူကျစီ ဝေငှပေးစေတော်မူသည်။ ရွှေမြို့တော် အရှေ့မြောက်ဘက်တွင် အတုလဝေယန် အုတ် ကျောင်းတော်ကြီး၊ အရှေ့ပြင်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာအတုလဘုံစံ ရွှေကျောင်းတော်ကြီး၊ အနောက်ဘက်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာဇောတိကာရာမတိုက်ရတနာဘုံစံ ကျောင်းတော်ကြီးတို့ကို ဆောက်လုပ်လှူဒါန်းလေသည်။ ထိုမျှ မက ရွှေမြို့တော်ဝန်းကျင်၌ အုတ်ဇရပ်တော်များ၊ ဓမ္မာရုံ ဇရပ်များ၊ တရားတင်းကုပ်များ၊ ရေကန်များ စသည်တို့ကို မြောက်မြားစွာ လှူဒါန်းတော်မူသည်။ သာသနာတော် စင်ကြယ် ရန် ဟူသော ရည်ရွယ်ချက်ဖြင့် မင်းတုန်းမင်းတရားကြီးသည် ၁၂၁၇ ခုနှစ်တွင် ဆရာတော်များနှင့်တိုင်ပင်၍ ဓမ္မဝိနယအမိန့် တော်ပြန်တမ်းကို မင်းမိန့်နှင့် ထုတ်ပြန်သည်။ သို့ရာတွင် မင်းတရားကြီး ရည်ရွယ်တော်မူရင်းသို့ မရောက်ဘဲ ယင်းဓမ္မ ဝိနယစာတမ်းကို အကြောင်းပြု ဂိုဏ်းကွဲမှု စသော မလိုအပ် သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ရသည်။ မင်းတရားကြီးသည် ပြည်သူပြည်သား အပေါင်းတို့အားလည်း သီလနှင့် ကုသိုလ် တရား မမေ့မလျော့စေရန် လစဉ်လဆန်း ၅ ရက်နေ့ ရောက် တိုင်း ဂရုဓမ္မ အမိန့်တော် ပြန်တမ်းကြီးကို ပြည်တွင်းပြည်ပ လှည့်လည်ဖတ်ကြား စည်လည်စေသည်။ ယင်းသို့ဖြင့် သာသနာ နေရောင်လရောင်ပမာ ထွန်းပြောင်စေရန် မင်းတရား ကြီး အားပေးချီးမြှောက်တော် မူသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် သာသနာရေးသာ မက စာပေလည်းထွန်းကားသည်။ ကဗျာ လင်္ကာဘက်၌ စာ ကောင်းပေကောင်းကြီးများ ထွန်းကားခဲ့သည့်နည်းတူ စကားပြေ ဘက်၌လည်း ယခင်ခေတ်များကထက် ပိုမိုကောင်းမွန်သော စာ ကြီးပေကြီးများကို တွေ့နိုင်သည်။ မင်းတရားကြီးလက်ထက်တွင် ဘောလယ်ဟူသော ကဗျာသီချင်းတစ်မျိုးနှင့် ညဉ့်ချင်းပြီး ပြဇာတ်အရေးအသားများ ပေါ်ပေါက်လာသည်။ ဘကြီးတော် လက်ထက် ရေးသားသော မှန်နန်းရာဇဝင်သည် ၁၁၈၃ ခုနှစ် အထိသာ ရောက်သဖြင့် မင်းတုန်းမင်းတရားကြီး လက်ထက် ဆက်လက်ရေးသားစေရာ ကုန်းဘောင်ဆက် မဟာရာဇဝင်ဟူ၍ ပေါ်ပေါက်လာသည်။ ထိုမင်းလက်ထက် ထင်ရှားသော စာဆို တော်များကား ဦးရွှေခြည်၊ စလေဦးပုည၊ လှိုင်ထိပ်ခေါင်တင်၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ မန်လည်ဆရာတော် စသည်တို့ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးသည် မြန်မာနိုင်ငံနှင့် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်ပြီး ခရစ်နှစ် ၁၈၀၈ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်လွင်ဖြစ်သည်။ ညီတော် ကနောင်မင်းသားနှင့်အတူ ရွှေဘိုသို့သွားကာ နောင်တော် ပုဂံမင်းအား ပုန်ကန်ကြသည်။ ပုန်ကန်သည့်အစီအစဉ် အောင်မြင်ကာ ကုန်းဘောင်မင်းဆက်၏ ၁၀ ပါးမြောက် ဘုရင်ဖြစ်လာသည်။ ဘုရင် ဖြစ်လာပြီးနောက် နေပြည်တော်ကို မန္တလေးသို့ ခရစ်နှစ် ၁၈၅၄ တွင် ပြောင်းရွှေ့နန်းစိုက်ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး ကို အိမ်ရှေ့စံ အဖြစ် အပ်နှင်းခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ကနောင်မင်းသားကြီး၏ စီမံခန့်ခွဲမှုဖြင့် ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် အမေရိကန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့ပြီး စက်မှု လုပ်ငန်းများ တည်ထောင်ခဲ့သည်။ ခရစ်နှစ် ၁၈၆၈ တွင် ကုသိုလ်တော် ဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု မှတ်တမ်းဝင်သည့် ဗုဒ္ဓ မြတ်စွာ၏ ပိဋကတ် သုံးပုံကို ကျောက်စာဖြင့် ထွင်းထု ပူဇော်ခဲ့သည်။ ခရစ်နှစ် ၁၈၇၁ တွင် ရွှေတိဂုံစေတီတော် ကို ထီးတော်အသစ် တင်လှူခဲ့သည်။ ၁၈၇၁ တွင်ပင် ပဉ္စမ သင်္ဂါယနာ တင်နိုင်ခဲ့သည်။ နောင်တော်ပုဂံမင်းလက်ထက်က အင်္ဂလိပ်ထံဆုံးရှုံးခဲ့ရသည့် နယ်မြေများအတွက် စာချုပ်များကို လက်မှတ်ရေးထိုးရန် လျစ်လျူရှုခဲ့သဖြင့် အင်္ဂလိပ်-မြန်မာဆက်ဆံရေးတွင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ လတ်တလော ရှင်းလင်းရမည့် နိုင်ငံရေးကိစ္စများကို အရေးမမူဘဲ မြို့သစ်တည်ခြင်း၊ ဘုရားတည်ခြင်း၊ သင်္ဂါယနာတင်ခြင်းတို့ကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ခရစ်နှစ် ၁၈၆၆ ဇွန်လ (၁၈) တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရသည်။ မင်းတုန်းမင်းကြီးမှာမူ လက်မတင်လေး လွတ်မြောက်သွားခဲ့သည်။ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မင်းတုန်းမင်းကြီးသည် ထီးနန်းဆက်ခံရန် အိမ်ရှေ့စံ အပ်နှင်းခြင်း မရှိခဲ့ပေ။ မင်းတုန်းမင်းကြီး မကျန်းမမာ ဖြစ်လာသောအခါ မိဖုရားခေါင် ဖြစ်သော ဆင်ဖြူမရှင် မိဖုရားကြီးက နန်းတွင်းရေးများကို ခြယ်လှယ်လာခဲ့သည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဖြင့် စွမ်းရည်ရှိသော မင်းသားအများအပြားကို ကွပ်မျက် သုတ်သင်ကာ မိမိတို့ ကြိုးဆွဲရာ ကမည့် သီပေါမင်းကို နန်းတင်ခဲ့သည်။ ကျမ်းကိုး ကုန်းဘောင် မင်းဆက်
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ရွှေတိဂုံစေတီတော်
ရွှေတိဂုံ စေတီတော်မှာ ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ "လေးဆူဓာတ်ပုံ ရွှေတိဂုံ"ဟုလည်း ခေါ်တွင်သည်။ "စေတီအစ ရွှေတိဂုံက" ဟုဆိုကြသည်။ အမည်ခေါ်တွင်ပုံ ရန်ကုန်တိုင်းဟု မပေါ်လွင်ခင်က ဥက္ကလာပမင်းကြီး စိုးစံရာ ဥက္ကလာပတိုင်း၊ ဥက္ကလာပမြို့ကြီးဟု သိမှတ်ခဲ့ကြသည်။ နောင်သောအခါ ဘလ္လိက နှင့် တဖုဿ ကုန်သည်ညီနောင်တို့က မြတ်စွာဘုရား ဆံတော်များ သယ်ဆောင်လာခဲ့ပြီး သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် စေတီတည်ထားခဲ့ကြပီး ထိုစေတီတော်ထဲတွင် ဂေါတမမြတ်စွာဘုရား၏ ဆံတော် ရှစ်ဆူနှင့်တကွ ရှေးရှေးသော ဘုရား ၃ ဆူတို့၏ အမွေအနှစ်များ ထည့်သွင်းထားခြင်းကြောင့် တိဂုံပစေတီဟု အမည်တွင်ခဲ့လေတော့သည်။ ထိုတိဂုံပမှသည် ဒဂုံအဖြစ်သို့ ရောက်ရှိခဲ့ပြီး မူလမြို့အမည်ကွယ်ကာ ဒဂုံတိုင်း သမုတ်ခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားလက်ထက်တွင် မွန် တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည် ပြောင်းလည်ခဲ့သည်။ ထိုအချိန်မှစ၍ တိဂုံပဆံတော်ရှင်စေတီတော်သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ သမိုင်းကြောင်း ဘီစီ (၅၈၈)၌ ယနေ့မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်မြို့အနီးတဝိုက်တွင် တည်ရှိခဲ့သော ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တဖုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀ဝ)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့ဩသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။ ရုက္ခစိုးနတ်က "အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့" ဟုပြောသည်။ ကုန်သည်ညီနောင်က "အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း"ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က"နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့"ဟုဆိုလျှင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ချင်းပင် "ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်" ဟုပြော၏။ ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဓါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။ ပထမဆုံး သရဏဂုံတည်သူ ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ဟူသည့် "ဒွေဝါစိက" သရဏဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က ဘုရားရတနာ၊ တရားရတနာ တည်းဟူသည့် ရတနာနှစ်ပါးသည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ဆံတော်ရှစ်ဆူ ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည့် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင် "အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား" ဟုလျှောက်ထား လေ၏။ "ကောင်းပြီချစ်သားတို့" မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့အား ပေးသနားတော်မူရာ တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမြော် ကြည်ညိုကြ၏။ နောင်တော်ကြီးစေတီ ထို့အတူ ဆံတော်(၄)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား သိင်္ဂုတ္တရကုန်းတော် ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိင်္ဂုတ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၄)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် နောင်တော်ကြီးစေတီဟု အမည်တွင်၏။ ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိင်္ဂုတ္တရကုန်းတော် အလယ်တည့်တည့်၌ ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌ ဆူးလေနတ်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော် ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဏာဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော် ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ် တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၄)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။ သာသနာအစရွှေတိဂုံက ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား "တိဂုမ္ဗစေတီတော်"ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို တိဂုမ္ဗစေတီတော်သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ "သာသနာအစ ရွှေတိဂုံက"ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ ထူးခြားဖြစ်စဉ် ခရစ်နှစ် ၁၉၀၃-ခုနှစ်၊ မတ်လ(၂)ရက် (၁၂၆၄ ခု၊ တပေါင်းလဆန်း ၅ ရက်) တနင်္လာနေ့တွင် ရွှေတိဂုံ စေတီတော် အင်္ဂါထောင့်သို့ ကျားတစ်ကောင် တက်ရောက်လာသဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ်သတ်ခဲ့ကြသည်။ ကျားသည်ခေါင်းလောင်းပုံ အနားလန်အစွန်းတွင် တက်၍ ဝပ်နေသည်ကို ဘုရားဖူးများသည် တွေ့ကာအုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့သည်။ ဘုရားလူကြီး တစ်ဦးဖြစ်သည့် ဦးရွှေဝိုင်းသည် ရန်ကုန်အရေးပိုင်၏ စာဖြင့် ထိုနေ့ နံနက် ၈ နာရီတွင် ဗိုလ်မှူးကြီး အီးလောဖို့ဒ် ကို သွားခေါ်ခဲ့သည်။ ဗိုလ်မှူးကြီးကို အပြင်မှပြန်အလာ လမ်းတွင် တွေ့ခဲ့သည်။ နီးရာအိမ်များမှ သေနတ်ရှာခဲ့သည်။ နှစ်လုံးပူးသေနတ်တစ်လက်ကို ကပ္ပတိန်ဂျင်းနင်း၏အိမ်မှ ရခဲ့သည်။ အီလောဖို့ဒ်နှင့်အတူ ကပ္ပတိန် ဘီဗီးလ်၊ ကပ္ပတိန်ဂျင်းနင်း တို့လည်း အတူလိုက်ပါလာကြသည်။ ကျားမှာတစ်ကောင်လုံးကို မမြင်ရဘဲ ကျောကုန်း၊ နောက်ခြေထာက်နှင့် အမြီးတို့သာ မြင်ရသည်။ ဗိုလ်မှူးကြီးလောဖို့ဒ်သည် ဂျင်းနင်းအား တန်ဆောင်ပေါ်သို့ တက်၍ နေရာယူခိုင်းခဲ့သည်။ ကပ္ပတိန် ဘီးဗီးလ်အား လီဗာပူဘုရင့်တပ်ရင်းမှ ရိုင်ဖယ်သေနတ်ကိုင် စစ်သားဆယ်ဦးကို ခေါ်ခိုင်းခဲ့သည်။ စစ်သား ၁၄ ဦးမျှ ရောက်လာကြသည်။ စစ်သားများကို နှစ်စုခွဲလိုက်သည်။ ထို့နောက် ကပ္ပတိန်ဂျင်းနင်းရှိသော တန်ဆောင်း၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူခိုင်းသည်။ ထို့နောက်ကျားကို ဗိုလ်မှူးကြီးက အမိန့်ပေးသောအခါ ပစ်သတ်စေခဲ့သည်။ ကပ္ပတိန်ဂျင်းနင်းပစ်လိုက်သော ကျည်ဆန်တို့သည် ရင်အုပ်၊ ဘယ်နှင့်ညာ ပခုံးတို့တွင် ထိမှန်ခဲ့သည်။ ဆက်လက်ပစ်ခတ်ရာ ကျားသည် ထိုနေရတွင်ပင် ငြိမ်ကျသွားသည်။ သို့တိုင် ကျားသည် မသေသေးဘဲ ညည်းသံပြုနေသေးသည်း။ ဂျင်းနင်းသည် ကျားဆီသို့ ငြမ်းတွင်ချည်ထားသော ဝါးလှေကားဖြင့် တက်သွား၏။ ထို့နောက် ကျား၏ ရင်အုပ်တည့်တည့်ကို တစ်ချက်ပစ်လေသည်။ ထိုအခါမှ ကျားသည်သေလေသည်။ ကျားသည် ငယ်ရွယ်သောကျားမ ဖြစ်သည်။ ကိုယ်မှာ ရှစ်ပေတိတိဖြစ်သည်။ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ငါးချက်ထိမှန်ခဲ့သည်။ ဂျင်းနင်းပစ်ခတ်ခဲ့သော ကျည်ဆန်လေးချက်မှာ ရင်အုပ်၊ ကျောရှေ့၊ ကျောနောက်နှင့် နှလုံးတည့်တည့်ကို ထိမှန်ခဲ့သည်။ ဂေါ်ရာစစ်သားတို့ ပစ်၍ထိသော ဒဏ်ရာမှာ တစ်ချက်သာ ရှိသည်။ နောက်ခြေထောက်အနားမှ ဖြတ်ကာ အမြီးကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ အမြီးသည် ပြတ်ပြီး အုတ်စွန်းတွင် တွဲလောင်းကျနေသည်။ ထိုကျားသည် ဘုရားပေါ်မတက်ခင်က ပုဇွန်တောင် အမဲသတ်ရုံအနီးတွင် ရှိသော တရုတ်လူမျိုးတို့၏ ဟင်းခင်းထဲသို့ ရောက်ခဲ့သည့် ခြေရာများ တွေ့ခဲ့သည်။ ထို့ပြင် ကုတ်ကိုင်းရေကူးဖက်ရှိ ခြံတစ်ခြံထဲတွင် နွားမတစ်ကောင်ကို ကိုက်သတ်ကာ စားသွား၏။ ထိုအချိန်ကာလ ဘုရားပေါ်သို့ ကျားတက်သည့် ဖြစ်ရပ်မှာ လူတို့ပါးစပ်ဖျားတွင် အပြောများသော ကိစ္စဖြစ်ခဲ့သည်။ ကျေးလက်တောရွာများအထိ သတင်းမှာ ပျံ့နှံ့သွားသဖြင့် အရပ်ရပ်မှ ဘုရားဖူးများ ရောက်လာကြလေသည်။ ထိုအဖြစ်ကို ထားဝယ်ဒိန်းသီချင်းများ ဖွဲ့ဆိုကြသည်။ အငြိမ့်၊ ဇာတ်များတွင် စည်းလွတ်၊ ကာရန်လွတ်သီချင်းများ ဖွဲ့ဆိုကြသည်။ စည်းလွတ်သီချင်းမှာ "ရွှေတိဂုံဘုရားမှာ ကျားတက်တာ၊ ငါးရက်ကြာ။ အို ... ရွှေတိဂုံ ဘုရားမှာလ၊ ကျားတက်တာ ငါးရက်ကယ်ကြာဗျ၊ ဂေါ်ရာတွေဝိုင်း၊ သေနတ်နဲ့ပစ်၊ ကျားစင်းစင်းသေ" ဟူ၍ ဖြစ်၏။ ရွှေတောင်ဆရာလွမ်း၏ ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ပြဇာတ် မှာ လူကြိုက်များကာ ရောင်းမလောက်ခဲ့ပေ။ အရပ်ထဲတွင်လည်း ဘုရားပေါ်ကျားတက်သည်ကို မှော်ဘီနတ်ကြီး ဘုရားဖူးလာသည်ဟုလည်း ပြောဆိုကြလေသည်။ ခေါင်းလောင်းများ ရွှေတိဂုံ စေတီတော်၊ ရင်ပြင်၌ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး - ခရစ်နှစ် ၁၄၇၇ (ကောဇာသက္ကရာဇ် (၈၃၈)) ခုနှစ်တွင် မွန်ဘုရင် ဓမ္မစေတီမင်းကြီးသည် အဝိန္ဒဆောက်အမည်ရ ဓမ္မစေတီ ခေါင်းလောင်းကြီး ကြေးပိဿာချိန်(၁၈၀၀၀၀)ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး တင်လှူတော်မူသည်။ စဉ့်ကူးမင်း ခေါင်းလောင်းတော် - ခရစ်နှစ် ၁၇၇၈-ခုနှစ်၌ ဆင်ဖြူရှင်မင်း သွန်းလုပ်ခဲ့၏။ သွန်းလုပ်ဆဲ ၁၀၃၈-ခုနှစ်တွင် ဆင်ဖြူရှင် နတ်ရွာစံခဲ့သည်။ သားတော် စဉ့်ကူးမင်းက ဆက်လက်သွန်းလုပ်စေသည်။ အလေးချိန်မှာ ၁၅၅၅၅ ပိဿာရှိသည်။ သာယာဝတီမင်း ခေါင်းလောင်းတော် - ခရစ်နှစ် ၁၈၄၁-ခုနှစ်တွင် သာယာဝတီမင်း (ခေါ်) ရွှေဘိုမင်းသည် အလေးချိန်ပိဿာ ၂၆၀၀ဝ ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး တင်လှူတော်မူသည်။ သတင်း ရွှေတိဂုံစေတီတော်ကြီးကို ခရစ်နှစ်သက္ကရာဇ် ၁၇၆၈ ခုနှစ်တွင် မြေဒူးမင်းလက်ထက် တွင်ငလျင်ကြီးစွာ လှုပ်ခဲ့သည့် အတွက် ဖောင်းရစ် အဝထိပြိုကျခဲ့သည့် အတွက် ဆင်ဖြူရှင်မင်းတရားကြီးမှ ယခုဖူးတွေ့ရသည် ၃၂၆ ပေ မြင့်သော စေတီတော်ကြီးကို ယခင်စေတီကို ငုံကာ တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း၊ ယခုစေတီတော် သက်တမ်းမှာ ၂၆၀ဝ နှစ်ရှိပြီး ဖြစ်သည်။ ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသော ရွှေပြား ရွှေသင်္ကန်းများမှာ ရွှေပြား အချပ်ရေ ၃၃၆၀၀ ခုရှိပြီး ရွှေစင်ရွှေသား ၃ တန်ခွဲ ရှိသည်။ နာဂစ်မုန်တိုင်း ကြောင့် လွင့်စဉ်ကျခဲ့သော ရွှေစ ရွှေနများမှ ၉ ပိဿာခန့်ကို ပြန်လည် ကောက်ယူခဲ့ကြောင်း။ ယခုအခါ နာဂစ်မုန်တိုင်း လေတိုက်နှုန်းထက် ပိုမိုပြင်းထန်သော လေတိုက်နှုန်းများကို ခံနိုင်ရည်ရှိအောင် စီစဉ်ကြရာတွင် ငလျင်ဒဏ်ကြီးများကို ပင် ခံနိုင်ရည် ရှိအောင် ပြင်ဆင်ရကြောင်း၊ ထီးတော်မှ ခေါင်းလောင်းတော်အထိ အလေးချိန် တန် ၆၀၀ ခန့် ထမ်းထားရကြောင်း၊ ကြာမှောက်ကြာလှန်ကို စတီးတိုင်း၊ စတီး သံကွင်းနှင့် စတီး သံပတ် များ ဖြင့် ချုပ်၍ အတွင်းရှိ ရှေ့ယခင် စေတီဟောင်းနှင့် လက်ရှိ ငုံထားသော စေတီတော်ကြား ကွာဟနေသော နေရာများကို စလစ် လောင်းသွားမည် ဖြစ်သည်။ ကြာမှောက် ကြာလှန် အတွင်းပိုင်း ခိုင်ခံ့အောင် ပြုလုပ်သည့် ကဏ္ဍ တွင် ငွေကျပ် သိန်း ၁၀၀၀ ကျော် ကုန်ကျမည် ဖြစ်ပြီး လိုအပ်သည့် ပစ္စည်းများမှ ဖော်ပြပါ စတီး၊ သံ နှင့် ဘိလပ်မြေများကို စေတနာရှင် အလှူရှင်များမှ ငွေသားများ လှူဒါန်းထားပြီး ဖြစ်သည်။ ရွှေတိဂုံဖွဲ့စာများ ရွှေတိဂုံဖွဲ့စာများ သမိုင်းရက်စွဲများ (ခရစ်နှစ်) ၁၃၇၂ − ရွှေတိဂုံ စေတီတော်ကို ဟံသာဝတီဘုရင် ဗညားဦး ပြင်ဆင်ခဲ့သည်။ ပြင်ပြီးသည့် အချိန်တွင် စေတီ၏ ဉာဏ်တော်မှာ အတောင် ၄၀ ( ပေ ၆၀) ရှိသည်။ ၁၄၃၆ − ငလျင်လှုပ်၍ ခေါင်းလောင်းအထိ ပြိုကျခဲ့သည်။ ဗညားရန်း၊ ဗညားဗရူး၊ ဗညားကင်းဒေါ၊ ဘုရင်မကြီး ရှင်စောပုတို့ ပါဝင်ပြီး အဆက်ဆက်ပြုပြင်ခဲ့သောကြောင့် ဉာဏ်တော်မှာ ၃၀၂ ပေ ဖြစ်လာသည်။ ၁၄၇၆ − ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့ ဆက်လက် ပြုပြင်ခဲ့သည်။ ကြေးချိန်ပိဿာ ၃၀၀၀ ရှိဓမ္မစေတီခေါင်းလောင်းကို လှူဒါန်းခဲ့သည်။ ၁၄၈၅ − ရွှေတိဂုံ ကျောက်စာတိုင်ကို ရေးထိုးစိုက်ထူခဲ့သည်။ ၁၅၆၄ − ဘုရင့်နောင် လက်ထက်တွင် ငလျင်ကြီးလှုပ်၍ ပြိုသည်။ ၁၅၇၂ − ၁၅၆၄ ခုနှစ်တွင် ငလျင်လှုပ်၍ ပြိုကျခဲ့သော အပျက်အစီးတို့ကို ဘုရင့်နောင်က ပြင်ဆင်ပြီး ထီးတင်ခဲ့သည်။ မကိုဋ်လှူသည်။ သဘင်ပွဲခံသည်။ ၁၅၈၂ − ငါးဆူဒါယကာ နန္ဒဘုရင် လက်ထက်တွင် ထီးသစ်တင်ခဲ့သည်။ ကြေးချိန်ပိဿာ ၁၄၀ ရှိ ခေါင်းလောင်းလှူသည်။ ၁၅၈၃၊ နိုဝင်ဘာလ − အီတလီပြည်၊ ဗင်းနစ်မြို့သားကုန်သည် ဂတ်စ်ပရိုဗာလဗီ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးရွှေတိဂုံ စေတီတော်သို့ ရောက်ခဲ့သည်။ ၁၅၈၃ − အင်္ဂလိပ်အမျိုးသား ရပ်ဖစ်ချ် ဒဂုန်ရောက်၍ စေတီတော်အကြောင်းကို မှတ်တမ်းတင်သည်။ ၁၆၁၀၊ ဇူလိုင်လ − ၁၆၀၈ ခုနှစ် ငလျင်ကြောင့် အပျက်အစီးများကို ပြင်၍ ပထမဆုံး ပြည်သူများ စုပေါင်းတင်လှူသည့် ထီးတော်ကို တင်ခဲ့သည်။ အင်္ဂဗုဓ် ဆရာတော်က ဦးစီးသည်။ ၁၆၁၂ − ဓမ္မစေတီခေါင်းလောင်းကို ငဇင်ကာ ဖြုတ်ယူသည်။ ဒေါပုံမြစ်အတွင်းသို့ ကျခဲ့သည်။ ၁၆၁၃ − အနောက်ဘက်လွန်မင်းက ငဇင်ကာကို နှိမ်နင်းပြီး ဒဂုန်သို့လာရောက်၍ စေတီတော်တွင် ကြေးခေါင်းလောင်း ဆွဲလှူသည်။ ၁၆၁၉၊ ဖေဖော်ဝါရီလ ၁၉ − အနောက်ဘက်လွန်မင်းလက်ထက် ထီးတော်အသစ်တင်သည်။ ငွေခေါင်းလောင်းများကို လှူပြီး စောင့်ရှောက်ရန်အတွက် လူ ၄၂၀ ထားခဲ့သည်။ ၁၆၂၀၊ နိုဝင်ဘာလ − အနောက်ဘက်လွန်မင်းလက်ထက်တွင် ငလျင်လှုပ်ပြီး စေတီတော်အထက်ပိုင်း ပြိုကျသည်။ မဟာရံတံတိုင်းများလည်း ပြိုကျခဲ့သည်။ ၁၆၂၂၊ မတ်လ − ငလျင်ကြောင့် ပျက်စီးသည်များကို ပြုပြင်၍ ထီးတော်အသစ်တင်သည်။ ရွှေသင်္ကန်း ကပ်လှူသည်။ ၁၆၄၄၊ ဒီဇင်ဘာလ ၂၆ − ငလျင်လှုပ်၍ ပြိုသည်ကို သာလွန်မင်းက ထီးတော်ဟောင်းကို ပြုပြင်ပြီး ပြန်၍ ထီးတင်သည်။ ၁၆၅၂၊ မေလ ၆ − ငလျင်လှုပ်၍ ပြိုကျသည်ကို ပင်းတလဲမင်းက ထီးပြန်တင်သည်။ ၁၆၆၂၊ ဖေဖော်ဝါရီလ − ပြင်မင်းလက်ထက်တွင် ငလျင်လှုပ်၍ ထီးတော်ဘုံသုံးဆင့် လွင့်စဉ်၍ မြေခခဲ့သည်။ ၁၆၆၃၊ စက်တင်ဘာလ − ပြည်မင်းက ထီးတော်ဟောင်းကို အင်းဝသို့ ယူ၍ ပြုပြင်ပြီးနောက် ပြန်တင်သည်။ ၁၆၆၄ ဒီဇင်ဘာလ − ငလျင်လှုပ်သဖြင့် စိန်ဖူးနှင့်တကွ ထီးတော် အနောက်မြောက်ထောင့်သို့ ကျသည်။ ငှက်ပျောဖူးနှင့် ခေါင်းလောင်းပုံပြိုသည်။ ၁၆၆၇၊ ဖေဖော်ဝါရီလ − စေတီကြီးကို ပြုပြင်ပြီး၍ ထီးအသစ်တင်ခဲ့သည်။ ၁၆၇၉၊ ဩဂုတ်လ − နိုဝင်ဘာလ − ငလျင်အကြိမ်ကြိမ်လှုပ်ခဲ့သောကြောင့် စေတီကြီးပြိုသည်ကို အများဝိုင်းဝန်းပြုပြင်သည်။ ၁၇၅၅၊ ဇွန်လ − အလောင်းဘုရား ရွှေတိဂုံကို ပူဇော်ရန် တက်ရောက်ခဲ့သည်။ ရင်ပြင်တော်တွင် ဂုဏ်တော်ကိုးပါးကို အကြိမ်တစ်ထောင်ပြည့်အောင် ရွတ်ဆိုပူဇော်သည်။ ၁၇၅၇၊ ဇူလိုင်လ − အလောင်းဘုရားကောင်းမှု ရွှေသင်္ကန်းကပ်လှူပူဇော်သည်။ သုဓမ္မာဇရပ်ကြီးများကို ဆောက်လုပ်လှူဒါန်းသည်။ ၁၇၆၈၊ ဇွန်လ ၁၃ − ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် ငလျင်လှုပ်၍ စေတီတော်၏ သပိတ်မှောက် အထက်ပိုင်း ပျက်စီးသည်။ စေတီပစ္စယာ ပန်းတင်လည်း ပျက်သည်။ ဆင်ဖြူရှင်က ပြင်ဆင်ရန် ထီးတော်အသစ်လုပ်၍ ရွှေ ကိုယ်လေးချိန် မျက်ပါးခတ်စေသည်။ ၁၇၇၅၊ မတ်လ ၁ − ဆင်ဖြူရှင်မင်း ထီးတော်တင်ရန် ရန်ကုန်သို့ရောက်သည်။ ရန်ကုန်မြို့ အနောက်ဘက်ယွန်းတွင် သဘင်နန်းနှင့် စံ၏။ ၁၇၇၅၊ မတ်လ ၁၅ − ဆင်ဖြူရှင်ကောင်းမှု၊ အမြင့် ၃၈ ပေ၊ ၉ လက်မရှိသော ဘုံခုနှစ်ဆင့် ထီးတော်သစ်ကို တပေါင်းလပြည့်နေ့တွင် စေတီတော်မြောက်အရပ်မှ စက်သီးဖြင့် တင်သည်။ ထိုအချိန်တွင် ဉာဏ်တော်သည် ၃၃၈ ပေရှိသည်။ ၁၇၇၉၊ ဇန်နဝါရီလ ၂၇ − ဆင်ဖြူရှင်၏ အမိန့်ဖြင့် ရွှေတိဂုံစေတီတော်တွင် ဆွဲလှူရန် သွန်းသောကြေးချိန် ၁၅၅၅၅ ရှိ ခေါင်းလောင်းကြီးကို မဟာဃဏ္ဍဘွဲ့ပေး၍ ဆွဲလှူသည်။ အများက စည့်ကူးမင်းခေါင်းလောင်းဟု ခေါ်ကြသည်။ ၁၇၈၆၊ ဖေဖော်ဝါရီလ ၆ − ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်းသည် ရင်ပြင်တော်ပေါ်၌ ကြေးနီအုတ်ကြွပ်မိုး စရပ် ဆောက်လုပ်လှူဒါန်းသည်။ ၁၇၉၅၊ ဧပြီလ − အင်္ဂလိပ်သံကိုယ်စားလှယ် မိုက်ကယ်ဆိုင်း ရန်ကုန်သို့ရောက်၍ စေတီရင်ပြင်သို့ ရောက်သည်။ ၁၇၉၆၊ နိုဝင်ဘာလ ၁၄ − အင်္ဂလိပ်သံ ဟီရမ်ကောက် ဒဂုန်သို့ရောက်၍ ရွှေတိဂုံစေတီ တောင်ဘက်မုတ်ခြေရင်းမှ သွားကြည့်ပြီး ဘုရားဖူးများ စည်ကားပုံကို မှတ်တမ်းရေးခဲ့သည်။ ၁၈၁၇ − အများကောင်းမှုဖြင့် စေတီတော်ကို ရွှေချသည်။ ၁၈၁၄၊ မေလ ၁၂ − ရွှေတိဂုံကုန်းတော်ကို အင်္ဂလိပ်စစ်တပ်တက်၍ သိမ်းပြီး ခံတပ်လုပ်သည်။ ဌာပနာတိုက်များ ဖောက်၍ အဖိုးတန် ရတနာတွေ ယူသည်။ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို ဖြုတ်ယူသယ်ဆောင်၍ သင်္ဘောပေါ်တင်ရာ မြစ်ထဲကျသည်။ ၁၈၂၆၊ ဇန်နဝါရီလ − အင်္ဂလိပ်စစ်တပ်မှ ဖြုတ်ယူ၍ မြစ်ထဲကျသွားသော စဉ့်ကူးမင်းခေါင်းလောင်းကြီးကို မြန်မာတို့ ရအောင်ဆယ်ယူပြီး ပြန်လည်ဆွဲယူသည်။ ၁၈၂၆၊ ဒီဇင်ဘာလ ၉ − ရွှေတိဂုံကုန်းတော်ကို အင်္ဂလိပ်လက်ထဲက ပြန်၍ရသည်။ ဟံသာဝတီဝန်ကြီး မဟာမင်းလှရာဇာက လက်ခံသည်။ အပျက်အစီးများကို ပြုပြင်သည်။ ၁၈၄၁၊ အောက်တိုဘာလ ၃ − သာယာဝတီမင်း (ရွှေဘိုမင်း) စေတီတော်ကို ဖူးမြော်ရန် တက်သည်။ ရန်ကုန်တွင် နန်းသစ်ဆောက်၍ ငါးလမျှ စံသည်။ ၁၈၄၁၊ ဒီဇင်ဘာလ ၂၀ − စေတီတော်ကြီးကို သာယာဝတီမင်း ရွှေပုဇွန်ခွံ ကပ်လှူသည်။ ၁၈၄၁၊ ဒီဇင်ဘာလ ၂၆ − ရွှေဘို (သာယာဝတီ) မင်းက ရွှေတိဂုံရင်ပြင်တွင် အလှူတော် ရေစက်ချသည်။ မိဖုရား မမြကလေးက စောင်းတန်းဖိုး လှူသည်။ ၁၈၄၂၊ ဇန်နဝါရီလ ၂၀ − ရွှေဘိုမင်းသည် ရွှေတိဂုံကို ဖူးမြော်ရန် တက်ပြီ သံသေခေါင်းလောင်း နှစ်လုံးနှင့် ဆည်းလည်းများ လှူသည်။ သွန်းလုပ်ဆဲ ခေါင်းလောင်းကြီး မပြီးသော်လည်း မစောင့်နိုင်သောကြောင့် ဆက်လက်သွန်းစေပြီး ပြန်ရန် ပြင်သည်။ ၁၈၄၂၊ ဇန်နဝါရီ ၂၂ − ရန်ကုန်မှ သာယာဝတီမင်းနှင့် အခြွေအရံများ အမရပူရသို့ ပြန်ကြွသည်။ ၁၈၄၃၊ ဖေဖော်ဝါရီလ ၁၉ − သာယာဝတီမင်းကောင်းမှု မဟာတိသဒ္ဒဃဏ္ဍခေါင်းလောင်းတော်ကြီးကို လူ ၅၀ ဖြင့် သွန်းလုပ်ပြီးစီးသည်ကို ဘုရင်မကြွရောက်နိုင်သဖြင့် အသည်ဝန် မဟာစည်သူနှင့် ပန်းတဉ်းဝန်တို့က တန်ဆောင်း ပြာသာဒ်နှင့် ဆွဲလှူသည်။ ၁၈၅၂၊ ဧပြီလ ၁၄ − အင်္ဂလိပ် − မြန်မာ ဒုတိယစစ်ပွဲတွင် အင်္ဂလိပ်တပ်များ ကုန်းတော်ကိုတက်၍ တိုက်ခိုက်သိမ်းယူတပ်စွဲ၍ ဌာပနာတိုက်များ ဖောက်ကြသည်။ ၁၈၅၂၊ ဇူလိုင်လ ၂၀ − အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီ ကုန်းတော်ပေါ်သို့ တက်သည်။ ၁၈၅၂၊ နိုဝင်ဘာလ ၁ − ကုန်းတော်ပေါ်တွင် လက်နက်တိုက် ဖောက်ခွဲမှုဖြစ်၍ လူငါးဦး ဒဏ်ရာရခဲ့သည်။ ၁၈၅၃၊ နိုဝင်ဘာလ ၂၂၊၂၃ − ကုန်းတော်ကို တက်ရောက်သိမ်းမည်ဟု သတင်းရသဖြင့် အစောင့်များချထာပြီး ဆူပူမည့် သူများကို ဖမ်းသည်။ ၁၈၅၃ − အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက စေတီတော်ကြီးတွင် အင်္ဂလိပ်တပ်သားများ ဆက်ပြီးဖောက်ထွင်း လုယူခြင်းမပြုရဟု အမိန့်ထုတ်သည်။ ၁၈၅၅ − ၁၈၅၂ ခုနှစ်မှစ၍ စစ်ကြောင့် အပျက်အစီးများကို အင်္ဂလိပ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြုပြင်၍ စစ်ကဲ မောင်ထော်လေး က စတင်စောင့်ရှောက်သည်။ ဦးထော်လေးသည် စေတီတော်အတွက် ထီးတော်ကို ပြင်ဆင်ခြင်း၊ ခေါင်းလောင်းစာရင်းပြုလုပ်ခြင်း၊ ပြန်လည်ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သည်။ အလှူဒါနများ စုဆောင်းပြီး စေတီတော်ပြန်လည်ပြုပြင်ရန်အတွက် ငြမ်းဆင်သည်။ တပေါင်းလတွင် ခေါင်းလောင်းများ ပြန်၍ တင်လှူသည်။ ၁၈၆၇ − ကုန်းတော်ပတ်လည်ကို အင်္ဂလိပ်ခံတပ်အဖြစ် အခိုင်အမာ စတင်ပြုပြင်သည်။ ၁၈၆၉− ရွှေတိဂုံစေတီတော်ကြီးကို စောင့်ရှောက်ရန် ဘုန်းတော်ကြီး ဦးပဏ္ဍိတ ခေါ် ဦးပြားကို နာယကထားပြီး ဂေါပက ဖွဲ့သည်။ ၁၈၆၉၊ နိုဝင်ဘာလ ၁၁ − ဂေါပကအဖွဲ့က စည်းဝေး၍ ထီးတော်အသစ်တင်၍ ပြည်သူ့အားနှင့် မဖြစ်နိုင်၍ မန္တလေးမှ မင်းတုန်းမင်းကို ဆောင်ရွက်ပါရန် လျှောက်ထားဖို့ ဆုံးဖြတ်သည်။ ၁၈၆၉၊ ဒီဇင်ဘလ ၂၆ − မင်းတုန်းမင်း၏ တိဂုံဆံတော်ရှင် ထီးတော်သစ် တင်စေအမိန့်ကို ညီလာခံတွင် ချမှတ်သည်။ ၁၈၇၀၊ ဇန်နဝါရီလ ၁၁ − မင်းတုန်းမင်း၏ ထီးတော်သစ်တင်ရန် အမိန့်ချမျတ်ခြင်းကို စေတီတော်ရင်ပြင် သာယာဝတီခေါင်းလောင်းအနီးတွင် မှတ်လွှာဖတ်ပွဲ ပြုလုပ်သည်။ ၁၈၇၀၊ မေလ − ထီးတော် မန္တလေးတွင် ပြုလုပ်ရန်အတွက် အလှူပါဝင်ရန် ရန်ကုန်မှ ငွေများ၊ ပစ္စည်းများ ပို့သည်။ ၁၈၇၁၊ အောက်တိုဘာလ ၂ − ထီးတော်ကြီးကို မန္တလေးတွင် ပြုလုပ်ပြီး၍ မင်းတုန်းမင်းက ရေစက်ချ လှူဒါန်းသည်။ ၁၈၇၁၊ အောက်တိုဘာလ ၂၂ − ထီးတော်သစ် ပင့်ဆောင်လာသောအဖွဲ့ ရေနန်းစကြာ သင်္ဘောဖြင့် ရန်ကုန် လမ်းမတော်ဆိပ်သို့ ဆိုက်ရောက်သည်။ ၁၈၇၁၊ အောက်တိုဘာလ ၂၆ − ထီးတော်အဖွဲ့ခေါင်းဆောင် မင်းကြီးမဟာမင်းကျော် မင်းထင် (ပုပ္ပါးဝန်ထောက်) က အင်္ဂလိပ် မဟာမင်းကြီးကို အခမ်းအနားဖြင့် အတွင်းဝန်ရုံးတွင် ထီးတော်ပေးအပ်ပွဲလုပ်သည်။ ၁၈၇၁၊ အောက်တိုဘာလ ၂၈ − ထီးတော်သစ်သည် ရွှေတိဂုံကုန်းတော်ရှိ ဒေါ်ဖွားဇရပ်သို့ ရောက်သည်။ ၁၈၇၁၊ နိုဝင်ဘာလ ၁၄ − ထီးတော်ဟောင်းကို တပိုင်းစီ စပြီးချရာ ၁၈ ရက်နေ့တွင် ပြီးသည်။ ၁၈၇၁၊ နိုဝင်ဘာလ ၁၉ − ထီးတော်သစ်ကို စ၍တင်ရာ စက်ပျက်၍ မအောင်မြင်။ ၁၈၇၁၊ နိုဝင်ဘာလ ၂၁ − ထီးတော် ပထမဘုံကိုတင်၍ ပြီးသည်။ ၁၈၇၁၊ နိုဝင်ဘာလ ၂၆ − ထီးတော်သစ်နှင့်တကွ စိန်ဖူးငှက်မြတ်နားတင်၍ ပြီးမြောက်အောင်မြင်သည်။ ၁၈၇၁၊ နိုဝင်ဘာလ ၂၇ − ပုပ္ပါးဝန်ထောက်နှင့်အဖွဲ့ ရန်ကုန်မှ ထွက်၍ နေပြည်တော်သို့ ပြန်သည်။ ၁၈၇၂၊ ဖေဖော်ဝါရီလ ၂၂ − စေတီတော် တပေါင်းပွဲမှာ ခါတိုင်းနှစ်များထက်ထူးပြီး စည်ကားခဲ့သည်။ တောရွာများမှ ဘုရားဖူးများ အများအပြား လာရောက်ကြသည်။ ၁၈၇၂၊ မတ်လ ၁၅ − ကင်းဝန်မင်းကြီးခေါင်းဆောင်သော လန်ဒန်သွားသံအဖွဲ့ ရွှေတိဂုံကုန်းတော်မှာ တက်ပြီး မြောက်မျက်နှာ ဇရပ်တွင် ဆွမ်းကျွေးသည်။ စေတီတော် အရှေ့ဘက်ရှိ ကျောင်းတော်ရာသို့ သွားကြည့်၏။ ၁၈၇၂၊ ဧပြီလ ၁၁ − အင်္ဂလိပ် မဟာရှင်တော်ဝန်မင်းကြီးက နောက်ထပ်ဘဏ္ဍာထိန်း လူကြီးငါးဦးခန့်ထားကြောင်း အမိန့်ထုတ်သည်။ လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းပေးသည်။ ၁၈၇၄၊ မတ်လ ၂၆ − ကင်းဝန်မင်းကြီး ဦးဆောင်သော ပြင်သစ်ပြည် ပါရီသွား သံအဖွဲ့ စေတီတော်ကို ဝင်ဖူးရင်း ဆွမ်းတော်ကပ်သည်။ ၁၈၇၄၊ စက်တင်ဘာလ ၂၀ − ကင်းဝန်မင်းကြီး၏ ပါရီပြန် သံအဖွဲ့ အပြန်ရန်ကုန်ဝင်ပြီး စေတီတော်ကြီးတွင် တစ်ကြိမ် ဆွမ်းတော်ကြီး ကပ်သည်။ ၁၈၈၅၊ ဧပြီလ ၂၉ − ရန်ကုန်ခရိုင် တရားသူကြီးရုံးက ရွှေတိဂုံစေတီ ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ကိုးဦး ခန့်အပ်သည့် ဂေဇက် ထုတ်ပြန်သည်။ ၁၈၈၆၊ ဖေဖော်ဝါရီလ − ရုရှား ပါဠိပညာရှင် မိနေယဲ့ မြန်မာနိုင်ငံသို့ရောက်၍ ရွှေတိဂုံစေတီတော်သို့ အဖူးအမြော် တက်ရောက်သည်။ မှတ်တမ်းရေးသည်။ ၁၈၈၈၊ အောက်တိုဘာလ ၉ − ငလျင်လှုပ်၍ ငှက်မြတ်နားနှင့် စိန်ဖူးတော် အောက်သို့ကျသည်။ ရွဲအထက်မှ အင်္ဂတေများ ကွာကျသည်။ ၁၈၈၉၊ မတ်လ ၁၇ − ၁၈၈၈ ခုနှစ် ငလျင်ကြောင့် ပြုတ်ကျသော စိန်ဖူးတော်နှင့် ငှက်မြတ်နားကို ပြင်ဆင်ပြီးနောက် တပေါင်းလ ပွဲတော်တွင် ပြန်၍ တင်လှူသည်။ ၁၈၉၈ − မြို့လူထုက မဲဆန္ဒဖြင့် ပထမဆုံး ရွေးကောက်သော ဘဏ္ဍာထိန်းအဖွဲ့ စတင်ဆောင်ရွက်သည်။ ၁၉၀၀ − စေတီတော်ကြီးအား ရွှေပြားသင်္ကန်း ကပ်လှူရန် ကြေညာ၍ အလှူရှင်များ ဖိတ်ခေါ်သည်။ ၁၉၀၃၊ မတ်လ ၂ − စေတီတော် ခေါင်းလောင်းပုံ တောင်ဘက် အနားလန်စွန်းတွင် ကျားမတစ်ကောင် တက်နေ၍ ဂေါ်ရာများ လာရောက်ပြီး သေနတ်ဖြင့် ပစ်၍ သတ်ရသည်။ ၁၉၀၄၊ မတ်လ ၂၆ − စေတီတော် ကိုယ်လုံးပြည့် ရွှေသင်္ကန်း ကပ်လှူသည်။ ၁၉၀၆ − ပဉ္စမမြောက် ဂျော့ဘုရင်လောင်း ဝေလမင်းသားနှင့် ကြင်ယာတော် မေရီမင်းသမီး ရွှေတိဂုံ ကုန်းတော်ပေါ် တက်ရောက်ကြည်ညိုသည်။ ၁၉၀၈၊ အောက်တိုဘာလ ၂ − ဘုရားပိုင် မြေကွက်အကျယ် ၄၉.၇၄ ဧကအတွက် အင်္ဂလိပ်အစိုးရက ဂရန်ထုတ်ပေးသည်။ ၁၉၁၈၊ ဖေဖော်ဝါရီလ နှင့် ဇွန်လ − သူရိယမဂ္ဂဇင်းတွင် ကာတွန်း ဦးဘကလေးက ဘုရားပေါ်တွင် မျက်နှာဖြူများ ဖိနပ်စီးသည့် အကြောင်းနှင့် ဖိနပ်စီးသည့် ကိစ္စကြောင့် ဝိုင် အမ် ဘီ အေ အဖွဲ့ကြီး၌ သဘောကွဲပုံကို ကာတွန်းများ ရေးဆွဲ၍ သရော်သည်။ ၁၉၁၉၊ ဩဂုတ်လ ၁၉ − ငလျင်လှုပ်၍ ငှတ်မြတ်နားတိုင် ယိုင်သည်။ ၁၉၁၉၊ အောက်တိုဘာလ ၂၉ − ဘုရားစေတီများတွင် ဖိနပ်မစီးရဟု အင်္ဂလိပ်အစိုးရက အမိန့်ထုတ်သည်။ သို့ရာတွင် တာဝန်အရ သွားရောက်လျှင် စီးနိုင်သည်ဟု ခြွင်းချက်ပါရှိသည်။ ၁၉၁၉ − အင်္ဂလိပ်စစ်တပ်များ ဘုရားကုန်းတော်ပေါ်မှ ပြောင်းရွေ့သွားရန် စပြီး အရေးဆိုသည်။ ၁၉၂၀၊ ဒီဇင်ဘာလ ၅ − ရန်ကုန်ကောလိပ်မှ သပိတ်မှောက်ကျောင်းသားများသည် အရှေ့ဘက်၊ ဗဟန်း ဦးအရိယ ကျောင်းတိုက်၌ စခန်းချသည်။ ၁၉၂၀၊ ဒီဇင်ဘာလ ၁၂ − အင်္ဂလိပ်အတိုက်အခံ လေဘာပါတီ အမတ်ကာနယ်ဝက်ဂျ်ဝုဒ် ဇနီးမောင်နှံ ဘုရားပေါ်သို့ ဖိနပ်ချွတ်၍ တက်သည်။ ကောလိပ် သပိတ်မှောက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည်။ ၁၉၂၁၊ မတ်လ ၁၆−၂၃ − ၁၉၁၉ခုနှစ် ငလျင်ကြောင့် ပျက်စီးသော ငှက်မြတ်နားကို ပြုပြင်ပြီး အသစ်တင်ပွဲ ပြုလုပ်သည်။ ဆရာလင်း မော်ကွန်းရေးသည်။ ၁၉၂၉၊ ဇန်နဝါရီလ ၂၂ − ကုန်းတော်ပေါ်မှ အင်္ဂလိပ် စစ်သင်္ချိုင်းကို ကန်တော်မင် အင်္ဂလိပ်သင်္ချိုင်းသို့ အခမ်းအနားဖြင့် ပြောင်းသည်။ ၁၉၂၉၊ နိုဝင်ဘာလ ၂၇ − ဘဏ္ဍာတော်ထိန်းအဖွဲ့က လက်မှတ်ထိုး၍ ဘုရင်ခံနှင့် ဘုရားလူကြီးတို့ စစ်တပ်ပြောင်းရေး သဘောတူညီချက်ကို ကြေညာသည်။ ၁၉၂၉၊ နိုဝင်ဘာလ ၂၉ − အင်္ဂလိပ်စစ်တပ်များ ကုန်းတော်ပေါ်မှ အပြီးအပိုင် ရွှေ့ပေးသည်။ ၁၉၃၀၊ ဖေဖော်ဝါရီလ ၈ − အရှင်ဦးဝိစာရ၏ အလောင်းတော်ကို အနောက်ဘက်မုတ်အနီးတွင် ပြည်သူတို့ မီးသင်္ဂြိုဟ်သည်။ ၁၉၃၀၊ မတ်လ ၂ − စစ်တပ်များ ရှိစဉ်က ပြည်သူပြည်သားများ တက်ခွင့်မရခဲ့သော အနောက်ဘက်စောင်းတန်းကြီးကို သံဃာအပါး ၄၀၀၀ အားဆွမ်းကျွေး၍ ဖွင့်သည်။ မဏ္ဍပ် ၁၃၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံသည်။ ၁၉၃၀၊ မေလ ၅ − ငလျင်ကြီးလှုပ်၍ ငှက်မြတ်နားတိုင်ကျိုးပြီး စိန်ဖူးတော် တွဲလွဲကျသည်။ ၁၉၃၀၊ ဇူလိုင်လ ၂၀ − ဦးစံထွန်း တန်ဆောင်းတွင် ဒို့ဗမာသီချင်း(တို့ဗမာ သီချင်း)ဆိုပွဲ ပြုလုပ်ရာ ဝိုင်−အမ်−ဘီ−အေ ဆရာတင် (သခင်တင် (ဝိုင်အမ်ဘီ))က တိုင်ပေးသည်။ ၁၉၃၀၊ စက်တင်ဘာလ − ကုန်းတော်ပေါ်မှာ လူငယ်များ ၅၀၀၀ ကျော် စုဝေးပြီး အစည်းအရုံးဖွဲ့သည်။ ၁၉၃၁၊ မတ်လ ၆ − ကုန်းတော်ပေါ်မှာ မီးကြီးလောင်သည်။ အဖိုးတန်လက်ရာများနှင့် တန်ဆောင်း ၂၀ ကျော်မီးထဲပါသွားပြီး သိန်း ၂၀ ဖိုး ဆုံးရှုံးသည်။ ၁၉၃၁၊ ဧပြီလ ၃၀ − ၁၉၃၀ ငလျင်ကြောင့် ပျက်စီးသော စိန်ဖူးတော် ပြုပြင်ပြီး၍ ပြန်လည် ကပ်လှူသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ဩဘာရတု ရေးသည်။ ၁၉၃၂၊ ဇူလိုင်လ ၁၀ − အနောက်ဘက်မုတ် စောင်းတန်းကို ဆောက်ရန် အလယ်တောရ ဆရာတော် အုတ်မြစ်ချသည်။ ၁၉၃၅ − စေတီဖိနပ်တော်ရင်း ပတ်လည်တွင် ဂေါပကလူကြီး ဦးဘသော်နှင့် ဒေါ်သဲမေတို့က သံစည်းရိုးကာရန် လှူဒါန်းသည်။ ၁၉၃၆၊ ဖေဖော်ဝါရီလ ၂၅ − တက္ကသိုလ် သပိတ်မှောက်ကျောင်းသားများ ကုန်းတော်ပေါ်တက်၍ သပိတ်စခန်းချသည်။ ၁၉၃၉၊ ဇန်နဝါရီလ ၈ − ရေနံမြေ သပိတ်မှောက် အလုပ်သမားများနှင့် ရန်ကုန်ဝန်းကျင်မှ သပိတ်သမားများ ရွှေတိဂုံကုန်းတော်ကို ဗဟိုပြု၍ စခန်းချသည်။ ၁၉၃၉၊ ဇန်နဝါရီလ ၉ − ကုန်းတော်ပေါ်တွင် နယ်ချဲ့ဆန့်ကျင်ရေး လူထုအစည်းအဝေးပွဲကြီး ပြုလုပ်သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလ ဖြစ်သည်။ ၁၉၃၉၊ ဇန်နဝါရီလ ၂၃ − တောင်ဘက်စောင်းတန်းရှိ မော်လမြိုင်ဇရပ်တွင် ဖွင့်လှစ်ထားသော ဒို့ဗမာအစည်းအရုံးဌာနချုပ်သို့ ပုလိပ်မင်းကြီး ပရက်စကော့နှင့်အဖွဲ့ ဖိနပ်စီး၍ တက်ရာ ပြင်းထန်စွာ ကန့်ကွက်ကြသည်။ ၁၉၃၉၊ ဇွန်လ ၂၂'' − လက်ရှိ ရွှေတိဂုံစေတီတော် ဥပဒေကို တရားလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးသည်။၁၉၄၂၊ ဒီဇင်ဘာလ ၉ − ဂျပန်စစ်သေနာပတိနှင့် မြန်မာဝန်ကြီးချုပ် ကုန်းတော်ပေါ်တက်၍ ဖူးပြီး စစ်အောင်နိုင်ရေးအတွက် ဆွမ်းကျွေးသည်။၁၉၄၃၊ ဩဂုတ်လ ၁ − နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော် ဘုရားဖူးတက်သည်။၁၉၄၅၊ ဇန်နဝါရီလ ၁ − ဒုတိယကမ္ဘာစစ်တွင် ဂျပန်ရှုံးနိမ့်တော့မည့် အခြေရှိသဖြင့် နိုင်ငံတော် အဓိပတိ ဘုရားဖူးတက်ပြီး စစ်အောင်နိုင်ရေး ဆုတောင်းသည်။၁၉၄၅၊ မတ်လ ၁၇ − ရွှေတိဂုံစေတီ အနောက်ဘက်ကွင်းမှ မြန်မာ့တပ်မတော်က ရန်သူကို တိုက်ရန် စစ်ထွက်ပွဲ ပြုလုပ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောသည်။၁၉၄၅၊ နိုဝင်ဘာလ ၁၈ − ဖ−−ဆ−−ပ−−လ ပြည်လုံးကျွတ်ညီလာခံကို စေတီတော်ကုန်းမြေ အလယ်ပစ္စယာ၌ တက်ရောက်သည်။ ပရိသတ် တစ်သိန်းကျော် တက်သည်။၁၉၄၆၊ ဇွန်လ ၁၂ − စစ်ဘေးရန်ကြောင့် ကုန်းတော်ပေါ်တွင် ခိုလှုံနေထိုင်ခဲ့ကြသူများအား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ အမိန့်ဖြင့် ပြောင်းရွှေ့ရန် အကြောင်းကြားသည်။၁၉၄၆၊ စက်တင်ဘာလ − နယ်ချဲ့ကို ဆန့်ကျင်သော အစိုးရအမှုထမ်းပေါင်းစုံ သပိတ်များ ကုန်းတော်ပေါ်တွင် စခန်းချသည်။ ပုလိပ်သပိတ်အဖွဲ့လည်း ပါဝင်သည်။၁၉၄၈၊ ဇန်နဝါရီလ ၂ − မြန်မာနိုင်ငံမှ ပြန်ရတော့မည့် အင်္ဂလိပ်နောက်ဆုံး ဘုရင်ခံ ဟူးဘတ်ရန့်စ် ကုန်းတော်ပေါ်သို့ လာရောက်၍ ကြည်ညိုသည်။၁၉၇၀၊ စက်တင်ဘာလ ၅၊၆ ငလျင်များလှုပ်သည်။ စေတီတော် ပိန္နဲတိုင်စောင်း၍ ဆည်းလည်းအချို့ ပြုတ်ကျသည်။၁၉၇၁၊ မတ်လ ၇ − ယမန်နှစ်အတွင် ငလျင်ကြောင့် ပိန္နဲတိုင် တိမ်းစောင်းသွားသည်ကို ပြုပြင်ခြင်းနှင့် ထီးတော်တင် စစ်ဆေးခြင်း၊ ငှက်မြတ်နား ပြုပြင်ခြင်း၊ ရွှေပြားနှင့် ရတနာများ၊ ဆည်းလည်းများ လှူခြင်းများ၏ ကုသိုလ်အစုစု သိန်း ၁၀၀ ကျော်ဖိုးကို ရင်ပြင်တွင် ရေစက်ချ လှူဒါန်းသည်။၁၉၇၂၊ ဧပြီလ/မတ်လ''' - စေတီတော် ပထမ ဖောင်းရစ် အထက်တွင် ၁၉၀၃ ခုနှစ်မှစ၍ ရှစ်ကြိမ်မျှခွဲပြီး တစ်ပေပတ်လည် ရွှေပြား ၁၃၁၅၃ ပြား ကပ်လှူထားခဲ့ရာမှ ကျန်ဖောင်းရစ်အားလုံး ရွှေပြားကပ်လှူနိုင်ရန် အလှူရှင်တို့၏ နောက်ထပ်ရွှေပြား ၁၁၂၉ ပြား ပူဇော်ရန် စီစဉ်သည်။ တစ်ပြားလျှင် ခြောက်ကျပ်သားရှိ၍ ကာလတန်ဖိုး ၃၀၀၀ ကျပ်ဖြစ်သော ရွှေပြားများကို မေလဆန်း ၄ ရက်နေ့မှ စ၍ ကပ်လှူသည်။ တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း လှူဒါန်းကြသည်။ ဓာတ်ပုံများ ကိုးကား ပြင်ပလင့်ခ်များ မြို့မ-မြင့်ကြွယ် ၏ ရွှေတိဂုံစေတီတော် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဝက်ဘ်ဆိုဒ် ခင်မျိုးချစ် ၏ ရွှေတိဂုံစေတီတော် သမိုင်း My Child-life in Burmah by Olive Jennie Bixby 1880 recollections of a missionary's daughter : inc. detailed description of King Mindon's new hti being erected, pp 111 Rudyard Kipling's description of Shwedagon Pagoda in 1889 Elizabeth Moore conference the shwedagon in british burma myanmar Lt. J.E. Alexander's account, 1827, p. 153 "Scene upon the Terrace of the Great Dagon Pagoda" from 1826 ရန်ကုန်မြို့ရှိ စေတီပုထိုးများ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ရန်ကုန်မြို့
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%AD%E1%80%82%E1%80%AF%E1%80%B6%E1%80%85%E1%80%B1%E1%80%90%E1%80%AE%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ပိဋကတ် သုံးပုံ
ပိဋကတ် သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ ပိဋကတ်ဟူသည် ခြင်းတောင်းဟု အနက်အဓိပ္ပာယ်ထွက်သည်။ အနောက်တိုင်း ပညာရှင်တို့က ပိဋကတ်ဟူသော ပုဒ်ကို ဗုဒ္ဓ၏ တရားတော်များ သိုလောင်ရာ ရတနာသိုက်ဟု အဓိပ္ပာယ်ကောက်ယူဖွင့်ဆိုကြသည်။ ဂေါတမမြတ်စွာဘုရား၏ "အနေကဇာတိသံသာယံ" အစချီကာ "ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန် စံအပြီး သုံးလအကျော် (ခရစ်တော်မပေါ်မီ -ဘီစီ ၄၈၃) တွင် တတိယသာဝက ရှင်မဟာကဿပ၊ ဝိနည်း ဧတဒဂ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒဂ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဠာဘိဉာရဟန္တာအရှင်မြတ် အပါး ၅၀၀ က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ဓမ္မနှင့် ဝိနယ ထို(ဗုဒ္ဓဝစန) တရားတော်များတွင် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ဝိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြား ဆုံးမချက်များကို `ဝိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓဝစနများကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ဝိနယမှ ကြွင်းသော ဗုဒ္ဓဝစနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်သည်။ ပိဋက "ပိဋက" ဟူသောအသုံးသည် ပါဠိဝေါဟာရဖြစ်သည်။ မူလ အဓိပ္ပာယ်မှာ "ခြင်း၊ တောင်း" ဟု အဓိပ္ပာယ်ရသည်။ "ဗုဒ္ဓဝစန" တို့ကို "ပိဋက" ဟူသော အသုံးနှင့် တွဲဖတ်ခေါ်တွင်ခြင်းနှင့် ပတ်သက်၍ အယူအဆ နှစ်မျိုးရှိသည်။ ပထမအဆိုအရ ခြင်း၊တောင်း (ပိဋက) တို့သည် မျိုးတူဝတ္ထုပစ္စည်းတို့ကို ခွဲခြားသိုလှောင်ရာ ဖြစ်သကဲ့သို့ ဗုဒ္ဓဝစနတို့ကို သိုလှောင်ရာဖြစ်သည် ဟု မှတ်သားရသည်။ ဒုတိယအဆိုကမူ အစဉ်အဆက် ဆင်းသက်လာခြင်းသဘောကြောင့်ဟု ဆိုသည်။ ရှေးခေတ် အိန္ဒိယနိုင်ငံတွင် အလုပ်သမားများ မြေတူးသယ်ပို့ရာတွင် စနစ်တစ်ခုရှိသည်။ လူအများ တန်းစီ၍ သယ်ယူမည့်ပစ္စည်းကို ခြင်း (ပိဋက) တို့တွင်ထည့်၍ လက်ဆင့်ကမ်း သယ်ယူကြသည်။ ထို့အတူ ပိဋက စာပေတို့ကိုလည်း ဗုဒ္ဓလက်ထက်မှစ၍ ခေတ်အဆက်ဆက် ဆရာမှတပည့်သို့ တဆင့်စီ လက်ဆင့်ကမ်း သင်ကြားပို့ချပေးသော စနစ်ဖြင့် ထိန်းသိမ်းခဲ့ကြသည်။ ထို့ကြောင့် လက်ဆင့်ကမ်းစနစ်ချင်း တူသည်ကို အစွဲပြု၍ ပိဋက အမည်ပေးသည်ဟု ဆိုကြသည်။ မဟာယာနဂိုဏ်းသားတို့က ပိဋကတ်တော်ကို အာဂမ ( အဆင့်ဆင့် ဆင်းသက်ခြင်း) ဟူသော အမည်ဖြင့် ခေါ်ဆိုကြသောကြောင့် ဤအယူအဆသည်လည် ယုတ္တိတန်သည်ဟု ယူဆရသည်။ ၄၅ ဝါအတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မှူသည့် တရားစကားတော်များကိုလည်းကောင်း ထို ၄၅ ဝါအတွင်း၌ဖြစ်စေ ထို့နောက်မှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော်များကို လည်းကောင်း ပါဠိတော်(စကားတော်အစဉ်) ဟု ခေါ်ဝေါ်ကြလေသည်။ ထိုပါဠိတော်တို့ကို သင်္ဂါယနာတင်မှုပြုတော်မှုကြသည့် အရှင်မြတ်တို့က- ဝိမုတ္တိရသအားဖြင့် ၁ ဓမ္မဝိနယအားဖြင့် ၂ ဝစနာအားဖြင့် ၃ ပိဋကအားဖြင့် ၃ နိကာယ်အားဖြင့် ၅ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူကြသည်။ ပိဋကတ်သုံးပုံ တနည်းအားဖြင့် ဝိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။ ဝိနည်းပိဋကတ် = ဝိနည်း (၅) ကျမ်း အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ (၇) ကျမ်း သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ်၌ ထည့်သွင်းသည်။ (၃၇) ကျမ်း စုစုပေါင်း (၄၉) ကျမ်း ဖြစ်သည်။ ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် ၂၁၀၀၀၊ ဝိနည်းပိဋကတ်တွင် ၂၁၀၀၀၊ အဘိဓမ္မာ ပိဋကတ်တွင် ၄၂၀၀၀ စုစုပေါင်း ဓမ္မ ခန္ဓာပေါင်း ၈၄ဝဝဝ ရှိသည်။ ဝိနယပိဋကတ် ဝိနယပိဋက၌ အပိုင်းသုံးပိုင်းရှိသည်။ ကျမ်းအရေအတွက်အားဖြင့် ငါးကျမ်းဖြစ်သည်။ မူလအရင်းအမြစ်သည် ပါတိမောက္ခဖြစ်၏။ ပါတိမောက္ခဟူသည် ရဟန်းတော်များ၏ သိက္ခာပုဒ်များနှင့် ၎င်းတို့ကို ကျူးလွန်လျှင် သင့်ရောက်မည့် အာပတ်များကို ကုစားနည်းနှင့်တကွ ဖော်ပြထားသော ကျမ်းဖြစ်သည်။ အဘိဓမ္မာပိဋကတ် သုတ္တန္တပိဋကတ် နိကာယ် ငါးရပ် နိကာယ်ဟူသော စကားမှာ နိကာယဟူသော ပါဠိစကားပင် ဖြစ်သည်။ အဓိပ္ပာယ်မှာ အပေါင်းအစုဟု ဆိုလိုသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို နိကာယ် ငါးရပ် ဟုခေါ်သည်။ ထိုနိကာယ်ငါးရပ်တို့မှာ အောက်ပါအတိုင်းဖြစ်သည်- ဒီဃနိကာယ = ရှည်လျားသော ဒေသနာတော်များ အစု။ မဇ္ဈိမနိကာယ = မရှည်မတို အလယ်အလတ် ဒေသနာများ အစု။ သံယုတ္တနိကာယ = တရားသဘောအဖြင့်လည်းကောင်း၊ ဟောကြားချက်အားဖြင့်လည်းကောင်း တူသည်ဖြစ်၍ ယှဉ်တွဲသင့်သည့် ဒေသနာတို့ကို ယှဉ်တွဲ၍ စုပေါင်းထားခြင်း။ အင်္ဂုတ္တရနိကာယ = အင်္ဂါတစ်ခုစီ ကျော်လွန်သည့် ဒေသနာများကို စုပေါင်းထားခြင်း။ တနည်းဆိုသော် တစ်ပါး၊ နှစ်ပါး၊ သုံးပါးစသည့် ၁၁-မျိုးအထိ တရားသဘော အင်္ဂါရပ်များကို တိုး၍ တိုး၍ ကျော်လွန် ပိုမိုပြဆိုအပ်သော သုတ်အသီးသီးတို့ကို စုပေါင်းထားခြင်း။ ခုဒ္ဒကနိကာယ = အတိုင်းအရှည်ပမာဏအားဖြင့် တိုသောဒေသနာများ အစု။ ကထာဝတ္ထုနှင့် မိလိန္ဒပဉှာကျမ်း လက်ရှိ ပါဠိပိဋကတ်တော်၌ တွေ့ရသည့် ကထာဝတ္ထုကျမ်းနှင့် မိလိန္ဒပဉှာကျမ်းတို့မှာ ပထမသင်္ဂါယနာနှင့် ဒုတိယသင်္ဂါယနာတို့ထက် နောက်ကျသောကာလမှ ပေါ်ထွက်လာခဲ့သော ကျမ်းများ ဖြစ်ကြသည်။ သို့ပင်ဖြစ်သော်လည်း ထေရဝါဒ ဆက်လက်တည်တံကာ ရေရှည်ပြန့်ပွားထွန်းကားနိုင်ရေးကို ရှေးရှုထားသည့် ကျမ်းများဖြစ်၍ ယင်းကျမ်းစာနှစ်ဆူကို ပါဠိပိဋကတ်တော်စာရင်းတွင် ထည့်သွင်းပူဇော်ခဲ့ကြခြင်းဖြစ်သည်။ ကထာဝတ္ထု ကထာဝတ္ထုကျမ်းသည် မူရင်းပိဋကတ်တွင် မပါဝင်ပဲ တတိယသင်္ဂါယနာတင်ပြီးချိန်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အယူဝါဒမှားယွင်းပုံကို ထောက်ပြဝေဖန်ခဲ့သည့် ကျမ်းဖြစ်သည်။ အသောကမင်းကြီးလက်ထက်တွင် မင်းကြီးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသောအခါ ယခင်လှူဒါန်းခဲ့ဖူးသော တက္ကတွန်း ခြောက်သောင်းတို့အား ရှေးကကဲ့သို့ နန်းတော်သို့ အဝင်မခံပဲ နှင်ထုတ်ခဲ့သည်။ ထိုအခါ ဗြဟ္မဏရဟန်း၊ ဂျိန်းရဟန်း၊ အာဇီဝက တက္ကတွန်းစသော အခြားဘာသာရေးဂိုဏ်းသားများသည် အနေအစားချောင်စေရန် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ရဟန်းပြုခဲ့ကြသည်။ ရဟန်းပြုခွင့်မရသူများကလည်း မိမိတို့ဘာသာ သင်္ကန်းကို ဝတ်ရုံကာ ရဟန်းအသွင်ဆောင်ခဲ့ကြလေသည်။ ထိုသူများသည် ဗုဒ္ဓသာသနာတော်အတွင်းဝင်လျက် မိမိတို့၏ မူလအယူဝါဒများကို ဗုဒ္ဓဘာသာအယူဝါဒများ ဖြစ်လေဟန် ဟောပြောခဲ့သည်။ မူလကျင့်စဉ်များကိုလည်း သင်္ကန်းဝတ်ဖြင့် ဆက်လက်ကျင့်သုံးကာ စိတ်ထင်တိုင်းပြုခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်များသည် နေရာတိုင်းလိုလို ရဟန်းကောင်းများနှင့် ရောနှောပါဝင်နေသောကြောင့် ရဟန်းကောင်းများအဖို့ သံဃကံကိုဆောင်ရန် အခတ်အခဲရှိလာကာ ဥပုပ်ပဝါရဏာ မပြုနိုင်ဖြစ်လာသည်။ ထိုအခါ အသောကမင်းကြီး၏ ကောင်းမှု အသောကာရုံကျောင်းကြီးတွင် သံဃာတော်များ ဥပုပ်ပဝါရဏာ မပြုနိုင်ပဲ ခုနှစ် နှစ် ရပ်ဆိုင်းသွားခဲ့သည်။ အသောကမင်းကြီးက ကျောင်းတိုက်အတွင်း ဖြစ်ပေါ်စေသော ပြဿနာများ ဖြေရှင်းစေရန် အမတ်တစ်ယောက်ကို စေလွှတ်ခဲ့ရာ ထိုအမတ်သည် ရဟန်းကောင်းများကို ဥပုပ်ပဝါရဏာ မပြုသောကြောင့် အမိန့်မနာခံဟု ဆိုကာ သတ်ဖြတ်ပစ်လေသည်။ ထိုအခါ အသောကမင်းကြီးမှာ လွန်စွာစိတ်ဆင်းရဲရ၍ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေစုံစမ်းရာ သံဃာတော်တို့၏ ညွှန်ကြားချက်အရ အဟောဂင်္ဂါတောင်၌ သီတင်းသုံးနေသာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို နေပြည်တော်သို့ ပင့်ဖိတ်၍ ဩဝါဒခံယူခဲ့သည်။ ထို့နောက် ရဟန်းတော်အားလုံးကို အသောကရုံကျောင်းတိုက်သို့ ပင့်ဖိတ်ကာ ရဟန်းတော်တို့အား အယူဝါဒတူရာ အုပ်စုအလိုက် မင်းကြီးကိုယ်တိုင် မေးမြန်းစိစစ်သည်။ "မြတ်စွာဘုရားသည် မည်သည့်အယူရှိသနည်း" ဟု မေးမြန်းသော် ဗုဒ္ဓဝစနတို့ကို မသင်ယူဖူးသူတို့က မိမိတို့ထင်ရာ၊ မြင်ရာ ပြောကြသည်။ ထိုသူများကို အဝတ်ဖြူလဲစေကာ သာသနာတော်မှ နှင်ထုတ်သည်။ "ဘုရားရှင်သည် ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏ဟု ဖြေကြားသော ရဟန်းတော်များကို သာသနာတော်၌ ဆက်လက်နေခွင့်ပြုသည်။ ထိုသို့အသောကမင်းကြီး စိစစ်ပြီးနောက်၊ ဒုတိယအဆင့်အဖြစ် အရှင်မောဂ္ဂလိပုတ္တတိဿကိုယ်တိုင် ရဟန်းတော်များကို မေးမြန်း စိစစ်ကာ ထေရဝါဒီစစ်စစ်များကိုသာ ရွေးချယ် လက်ခံခဲ့သည်။ ထိုသို့ အရှင်မြတ် အသေးစိတ်မေးမြန်းစိစစ်ရာ၌ ဝါဒတစ်ခုချင်းကို အပြန်အလှန်အမေးအဖြေပြုကာ စိစစ်ဖယ်ထုတ်တော်မူခဲ့သည်။ ဤသို့ အခြားဂိုဏ်းသားများ၏ အယူဝါဒများမှားယွင်းပုံကို အရှင်မြတ် ထောက်ပြဝေဖန်သည့်ကျမ်းကို ကထာဝတ္ထုပါဠိတော်ဟု ခေါ်သည်။ မိလိန္ဒပဉှာကျမ်း အသောကမင်းကြီးနောက်မင်း (၆) ဆက်မြောက်၌ သုင်္ဂပုရှာမိတြအမည်ရှိ ဗြဟ္မဏစစ်သူကြီးသည် ဘုရင်ကို လုပ်ကြံကာ ထီးနန်းရယူပြီး သုင်္ဂမင်းဆက်ကို တည်ထောင်ခဲ့သည်။ မောရိယမင်းဆက်ပျက်သုဉ်းပြီးနောက်၊ သုင်္ဂမင်းဆက် ပေါ်ထွက်လာသောအခါတွင်၌မူ ဂရိအနွယ်ဝင်တို့ ပြန်လည်ခေါင်းထောင်လာကာ သီးခြားလွတ်လပ်သော နိုင်ငံငယ်များ ထူထောင်လာကြသည်။ ထိုဂရိအနွယ်ဝင်မင်းများအနက် သာသနာသက္ကရာဇ် (၅၀၀) ခန့်၌ ပေါ်ပေါက်ခဲ့သော မိလိန္ဒမင်းသည် ထင်ရှားခဲ့သည်။ မိလိန္ဒမင်းသည် ဗုဒ္ဓဘာသာကို စူးစမ်းသည်။ စိတ်ဝင်စားသည်။ မိမိမရှင်းသော အချက်များ၊ ရှေ့နောက်မညီဟု ယူဆသော အကြောင်းအရာများကို ရဟန္တာအရှင်မြတ် အရှင်နာဂသေနအား မေးမြန်းလျှောက်ထားသည်။ မထေရ်မြတ်သည် မင်းကြီး၏အမေးတို့ကို ထေရဝါဒအမြင်ဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။ ထိုမိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေတို့ကို မှတ်တမ်းတင်ထားသည့် ကျမ်းကို မိလိန္ဒပဉှာပါဠိတော်ဟု နောင်တွင်ခေါ်ခဲ့ကြသည်။ မိလိန္ဒပဉှာကျမ်းမှာ ထေရဝါဒနှင့်မတူသော အယူအဆများ၊ ထေရဝါဒအပေါ် သံသယဝင်သောအချက်များကို အရှင်နာဂသေနက ဖြေရှင်းပြထားသော ကျမ်းဖြစ်သည်။ တနည်းဆိုရသော် ထေရဝါဒ ဆက်လက်တည်တံ့နိုင်အောင် အားထုတ်ထားသော ကျမ်းပင် ဖြစ်သည်။ ဤကျမ်းကို အဋ္ဌကထာဆရာကြီးများက ပိဋကတ်တော်ကျမ်းများကဲ့သို့ပင် အလေးထား တန်ဖိုးထားခဲ့ကြသည်။ မျက်မှောက်ကာလတွင် ထေရဝါဒနိုင်ငံများ၌ ဤကျမ်းကို ခုဒ္ဒကနိကာယ်ပါဠိတော်ကျမ်းတစ်ဆူအဖြစ် အသိအမှတ်ပြုထားကြသည်။ ပိဋကတ် သုံးပုံ မြန်မာပြန် စာရင်း ဝိနည်း ပိဋက မြန်မာပြန် ဝိနည်းပိဋက - ပါရာဇိကဏ် ပါဠိတော် မြန်မာပြန် ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုပါစိတ် ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုနီဝိဘင်း ဝိနည်းပိဋက - မဟာဝဂ် ပါဠိတော် မြန်မာပြန် ဝိနည်းပိဋက - စူဠဝဂ် ပါဠိတော် မြန်မာပြန် ဝိနည်းပိဋက - ပရိဝါ ပါဠိတော် မြန်မာပြန် သုတ္တန် ပိဋက နိကာယ် ငါးရပ် မြန်မာပြန် ဒီဃနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် သီလက္ခန်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် ပါထိကဝဂ်ပါဠိတော် မြန်မာပြန် မဇ္ဈိမနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် သံယုတ္တနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် အင်္ဂုတ္တရနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒုကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် တိကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် စတုက္ကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် သတ္တကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် အဋ္ဌကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် နဝကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကာဒသကနိပါတ ခုဒ္ဒကနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဝိမာနဝတ္ထုပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပေတဝတ္ထုပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဗုဒ္ဓဝံသပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် စရိယာပိဋကပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် မိလိန္ဒပဉှာပါဠိတော် မြန်မာပြန် အဘိဓမ္မာ ပိဋက မြန်မာပြန် အဘိဓမ္မပိဋက - ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန် အဘိဓမ္မပိဋက - ဝိဘင်္ဂပါဠိတော် မြန်မာပြန် အဘိဓမ္မပိဋက - ပုဂ္ဂလပညတ်ပါဠိတော် မြန်မာပြန် အဘိဓမ္မပိဋက - ကထာဝတ္ထုပါဠိတော် မြန်မာပြန် ပိဋကတော်၏ နက်နဲခြင်း ၄-ပါး ပိဋက ၃-ပုံတို့တွင် တပါး တပါးသော ပိဋက၌ နက်နဲခြင်းအပြား လေးပါး။ ဓမ္မ ဂမ္ဘီရ- ပါဠိတော်၏နက်နဲ ခက်ခဲခြင်း၊ အတ္ထ ဂမ္ဘီရ- ထိုပါဠိ၏ အနက်အဓိပ္ပာယ်များ နက်နဲ ခက်ခဲခြင်း၊ ဒေသနာ ဂမ္ဘီရ- နှလုံးပိုက်၍ သိုက်မြိုက် ဟောကြားတော်မူအပ်သော ဝစီဘေဒ သဒ္ဒါအစဉ်၏နက်နဲ ခက်ခဲခြင်း၊ ပဋိဝေဓ ဂမ္ဘီရ- ထို ဓမ္မ, အတ္ထ, နှစ်ရပ်ကို အဟုတ်အဟတ် တပ်အပ်သေချာစွာ သိသောဉာဏ်၏နက်နဲ ခြင်း။ ပိဋကတော်၏ အင်္ဂါ ၉-ပါး။။ ၎င်းသရုပ်ကို (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာဝေဘန်သိ) ဟူသော သုတေသန၌ ရှုပါ။ ပိဋကတော် သင်ယူနည်းမျိုး ၃-ပါး ပိဋကတော် စာပေ သင်ယူနည်းမျိုး ၃-ပါးဟူ၏။ (၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုတ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။ (၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ဝိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ဝဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။ (၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။ မှတ်ချက်။။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဆင်းရဲ ပင်ပန်းစွာ သင်ကြားထားကြပေသည်၊ သို့သော် မိမိတို့ ကိုယ်တိုင်က သံသရာဝဋ်ဆင်းရဲမှ မလွတ်သေး၍ ဘဏ္ဍာဂါရိက ပရိယတ္တိ မဖြစ်ဘဲ နိဿရဏတ္ထ ပရိယတ္တိ သာဖြစ်လေသည်၊ မှန်၏၊ ပုထုဇဉ်တို့၏ သင်ယူနည်းကား အလဂဒ္ဒူပမာ ပရိယတ္တိသော်လည်းကောင်း၊ နိဿရဏတ္ထပရိယတ္တိ သော်လည်းကောင်း ဖြစ်ရာ၏၊ ဘဏ္ဍာဂါရိကပရိယတ္တိ ကားမဖြစ်နိုင်ဟု မှတ်ရာသည်။ သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ သင်ယူနည်းကား နိဿရဏတ္ထ ပရိယတ္တိ သင်ယူနည်းသာဖြစ်၏၊ ရဟန္တာတို့ သင်ယူနည်းသည် ဘဏ္ဍာဂါရိက သင်ယူနည်းအစစ်ဖြစ်၏၊ မင်းဘဏ္ဍာစိုးသည် ရတနာတို့ကို ထိန်းသိမ်း၍ မင်းလိုသောအခါ ထုတ်ပေးရသလို ရဟန္တာအရှင်မြတ်တို့သည်လည်း သင်ယူထိန်းသိမ်းကြကုန်လျက် ဝေနေယျတို့အား ပေးသင့်သောအခါ ထုတ်ဖော်ဟောကြား ပေးသနားတော် မူကြကုန်၏ဟု မှတ်ရာသည်။ ဝိနည်း။ဋ္ဌ။ ပ။ ၁၉။ ၂၀။ ဒီ။ဋ္ဌ။ ပ။ ၂၁။ မ။ဋ္ဌ။ ဒု-၁၃။ အဘိ။ဋ္ဌ။ ပ။ ၁၉။ သာရတ္ထ။ ပ။ ၈၁။ တို့၌ ကြည့်ပါကုန်။ ပိဋကသင်္ချာ၊ ရေတွက်ရာ၊ ၁၀-ဖြာဂဏန်း အသို့နည်း အဖြေကား ဂဏန်းနှင့်တွဲ၍ ဖော်ပြထားသော အောက်ပါ အက္ခရာတို့ ဖြစ်ကုန်၏၊ + ခေါ် ကြက်ခြေ ၂-လုံးပြကား သက္ကတကျမ်းလာ ရေဖများဖြစ်၍ မြန်မာအက္ခရာနှင့် မဆိုင်ဟု မှတ်၊ အက္ခရာသင်္ချာ ယူနည်း ဂါထာ၊ ကာဒိ, ဋာဒိ, ယကာရာဒိ၊ နဝသင်္ချာ ပကာသိတာ။ ပ, ကာရာဒိ ပဉ္စသင်္ချာ၊ သုညာနာမ ည, န, သရာ။ ၁--- ၂--- ၃--- ၄--- ၅--- ၆--- ၇---- ၈--- ၉--- ၀ က-- ခ---ဂ--- ဃ---င--- စ--- ဆ--- ဇ--- ဈ--- ည ဋ--- ဋ္ဌ---ဍ---- ဎ---ဏ--တ---ထ--- ဒ--- ဓ---- န ပ--- ဖ---ဗ----ဘ---မ -- ...--- ...---...---...----... ယ-- ရ--လ----၀---+----+ ----သ---ဟ---ဠ--- အ ကိုးကား ရင်းမြစ် Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990) နန္ဒာသိန်းဇံ- ထေရဝါဒနှင့် ပတ်သက်သောမှတ်ချက်များ ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန) ပြင်ပလင့်ခ်များ တိပိဋက ဆဋ္ဌသံဃာယနာတင် မြန်မာပြန် တိပိဋက (ပါဠိစာ မပါ၊ မြန်မာဘာသာပြန် သီးသန့် ဖြစ်သည်။) ပိဋကတ်သုံးပုံ မြန်မာပြန်စာအုပ်များ ပိဋကတ် သုံးပုံ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%8B%E1%80%80%E1%80%90%E1%80%BA%20%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%AF%E1%80%B6
ကနောင်မင်းသား
ကနောင်မြို့စားမင်းသားကြီး(မြန်မာ ၁၁၈၁-၁၂၂၈) သည်မြန်မာနိုင်ငံ ကိုယ့်မင်းကိုယ်ချင်းဘဝနှင့်နေစဉ်ကပင် နိုင်ငံတော်ကို ခေတ်သစ်နိုင်ငံတခု ဖြစ်မြောက်အောင်ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့သည့် မြန်မာအိမ်ရှေ့စံမင်း တစ်ပါး ဖြစ်သည်။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစံနစ် ပြောင်းလဲခြင်းကို အကြောင်းပြု၍ လူ့သမိုင်းတွင် ခေတ်တစ်ခေတ်မှ အခြားခေတ်တစ်ခေတ်သို့ ပြောင်းလဲလာခဲ့ရသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၉ ရာစု နှစ်များ အလယ်လောက်က ခေတ်ပြောင်းလဲခြင်းကို ဖန်တီးပေးသည့် အဖြစ် အပျက်များပေါ်ပေါက်ခဲ့လေသည်။ အောက်မြန်မာပြည်တွင်ဗြိတိသျှတို့ ရောက်ရှိ ကြီးစိုးလာခြင်း၊ ကိုယ့်မင်း ကိုယ်ချင်းနေသော မြန်မာနိုင်ငံ အထက်ပိုင်းသည် ထိုစဉ်အခါက တိုးတက်လျက်ရှိသော ဥရောပနိုင်ငံအချို့နှင့် ဆက်သွယ်မှုများ ရရှိလာခြင်းကြောင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစနစ်တို့၏ အခြေခံဖြစ်သောအသစ်အဆန်း ထွင်မှုပြောင်းလဲမှုတို့သည် အထက် မြန်မာပြည်သို့ ရောက်ရှိလာကာ ခေတ်ကိုပြောင်းလဲစေနိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်ခဲ့လေသည်။ ထိုအခွင့်အလမ်းများကို အမြင်ကျယ်စွာနှင့် အသုံးပြုကြသော ထိုခေတ်မြန်မာခေါင်းဆောင်တို့တွင် အရေး ပိုမိုပါဝင်ခဲ့သူကို ရှာဖွေလျှင်ကနောင်အိမ်ရှေ့မင်း ကိုပင် တွေ့ရပေမည်။ အတ္ထုပ္ပတ္တိ အကျဉ်း ကုန်းဘောင်ခေတ် အမပူရ ဒုတိယမြို့တည် သာယာဝတီမင်း (၁၈၃၇-၁၈၄၆)နှင့် `သီရိသုစန္ဒာမာလာမဟေ´ဘွဲ့အမည်ရှိ ရွှေဘိုမင်းတရားကြီး၏ တောင်ဆောင်တော်၊ ကျောက်မော်မြို့စား မိဖုရားတို့တွင် သားတော်နှစ်ပါးတို့ ထွန်းကားခဲ့ရာ သားအကြီးမှာ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း ဖြစ်၍ အငယ်မှာ သတိုးမင်းရဲကျော်ထင် ဘွဲ့ခံ ကနောင်မင်းသား ဖြစ်လေသည်။ ကနောင်မင်းသားသည် သက္ကရာဇ် ၁၁၈၁ ခုတော်သလင်း လပြည့်ကျော်၂ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်၏။ ဖွားစဉ်က မီးနေဆောင်သို့မရောက်မီ တောင်ဆောင်၌ဖွားမြင်သဖြင့် ခမည်းတော်က မောင်တောင်မင်းဟု ကိုယ်တိုင်မှည့်ခေါ်ခဲ့၏။ ချစ်စနိုးခေါ်သော ငယ်မည်မှာ `ထိပ်တင်ကောက်´ ဖြစ်၍ မင်းသားလတ်အဆင့်တွင် မင်းတပ်မြို့ကိုစားခဲ့ရသည်။ နောင်တော် ပုဂံမင်း (၁၈၄၆-၁၈၅၃) ထီးနန်းဆက်ခံတော်မူသောအခါ `သီရိသုမဟာ ဓမ္မရာဇာ´ဟူသော ဘွဲ့တော်နှင့် ကနောင်မြို့ကို စားရသည်။ ထို့ကြောင့် ကနောင်မင်းဟု တွင်လေသည်။ သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပုဂံမင်းအား နောင်တော် မင်းတုန်းမင်းက ရွှေဘိုမှပုန်ကန်ရာတွင် အတူဦးဆောင်ပါဝင်ခဲ့သည်။ သက္ကရာဇ် ၁၂၁၄-ခုနှစ်၊ သက်တော် (၃၃)နှစ်တွင် ရွှေဘိုမင်းတရားကြီး၏ အနောက်နန်းတော် မိဖုရား (အနောက်နန်းမတော်မမြလေး)၏ သမီးတော် လှိုင်ထိပ်ခေါင်တင်နှင့် လက်ထပ်တော်မူပြီးလျှင် တပယင်း၊ တောင်တွင်းကြီး၊ ပဉ္စလငါးမြို့နှင့် စလေမြို့များကို စားရလေသည်။ ကနောင်မင်းသားသည် အိမ်ရှေ့စံမင်းသား (နန်းညွန့်နန်းလျာမင်းသား) လည်းဖြစ်ပြီး ထီးနန်းစည်းစိမ်နှင့် အချုပ်အခြာအာဏာကိုဆက်ခံရန်အခွင့်ရှိသူဖြစ်နေပေရာ ထိုအခွင့်အရေးကို မက်မောကြသော တူတော်များ (မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်မင်းသား) တို့၏လုပ်ကြံမှုကြောင့် ကံတော်ကုန်ခဲ့ရသည်။ ကနောင်မင်းသား ကံတော်ကုန်စဉ် သက်တော်မှာ (၄၇)နှစ်သာ ရှိသေးသည်။ ပဒေသရာဇ်ခေတ်ရှိ နန်းတွင်း အရေးအခင်းများမှာ သမိုင်းတင်ထားသည်ထက်လည်း ပိုမိုရှုပ်ထွေးနေတတ်သည်။ မိဖုရားများနှင့် သားသမီးတော်များ ကနောင်မင်းသားသည် မိဖုရားနှင့် ကိုယ်လုပ်တော်ပေါင်း ၅၂-ပါးရှိပြီး ၎င်းတို့မှဖွားမြင်သော သားသမီးတော်များမှာ ၁၀၂-ပါးရှိသည်။ သားတော်သမီးတော် အချို့မှာ - အတွင်းဝန် ဇလွန်မြို့စား မင်းကြီး မဟာမင်းလှနော်ရထာ၏ သမီးကြီး သိင်္ဂါမဟေ ဥယျာဉ်တော်သခင်ကြီး ခေါ် ခင်ဖူး သားတော် (ငယ်က လွန်) နှမတော် (ငယ်က လွန်) မောင်တောင် တောင်ဆင်းမင်းသား ထိပ်တင်ကိုယ်တော်မြင့် ညီတော် ဆောက်တောင်းမင်းသား ကိုယ်တော်လတ် မောင်စစ်အောင်  နှမတော် မယ်ဆွေစစ် + မြောက်ဆောင်ရ သီရိသင်္ခါမဟေ ခင်ကျေးမောင် ဦးပေတလူသား မောင်မောင်သက် ညီမတော် မယ်ဆွေတုတ် + မောင်မောင်ကြီး ကိုယ်လုပ်တော်သခင်ကြီး ခေါ် ခင်ခါကြီး သမီးတော် မယ်ဆွေအံ့ ညီမတော် မြင်းမူထိပ်ခေါင်တင် မယ်ဆွေအိ ခင်ရှမ်း ဝါးနွယ်ကုန်းတိုက်စား မယ်ဆွေအေး + ဝန်းသိုစော်ဘွားတူ ဦးဘ သားတော် ထိပ်တင်ကိုယ်တော်ကြီး + သီပေါမင်းသမီး ထိပ်စုမြတ်ဖုရား သမီးတော် ခင်စော သမီးတော် ထိပ်ခေါင်တင်ဝ ခင်အေး သမီးတော် ထိပ်ခေါင်တင်ဟေ့ + မောင်မောင်ညို သားတော် သားတော် ဘဏ္ဍာစိုးစာရေးကြီး မင်းလှမင်းထင်ကျော်သမီး ခင်အစ် သားတော် ကျွန်းညွန့်မင်းသား မောင်မြကြိုင် နှမတော် မယ်ဆွေသက် ညောင်ဇင် ခင်ဥ သမီးတော် သီရိသုပဘာဝတီ ထိပ်ခေါင်တင်လှ + နေမျိုးမင်းထင်ရာဇာ ဗြဲတိုက်သံဆင့် ဦးတုတ်ကြီး သားတော် သမီးတော် ညီမတော် မယ်ဆွေထွဋ် အိမ်ရှေ့စာရေးကြီးသမီး ခင်ပွင့် သမီးတော် မယ်ဆွေစိုး + မောင်မောင်ဆန်း သမီးတော် သားတော် သားတော် သားတော် အတွင်းဝန် ဇလွန်မြို့စား မဟာမင်းလှနော်ရထာသမီးငယ် ခင်ပု သားတော် မြင်းဝမ်းပိုက်မင်းသား မောင်စစ်နိုင် နှမတော် မယ်ဆွေရင့် တောင်တွင်းကြီးဗိုလ် ဦးရွှေအောင်သမီး ခင်ထယ် ထိပ်ခေါင်တင်စော + ထိပ်တင်ကိုယ်တော်ဖိုး+ ဦးသာခိုင် ဆားလင်းကြီး ပုဏ္ဏာမဟေ ခင်စာ မင်းပြင်ထိပ်ခေါင်တင် သီရိမလ္လာဝတီ မယ်သဲနှစ် ရွှေဘိုမင်းလက်ထက် ရွှေလှံမင်းကြီးသမီး ဆောင်ရ ခင်ဖွား ရန်အောင်မြင် ထိပ်ခေါင်တင် သုသီရိသင်္ခါဝတီ မယ်ဆွေချစ် + မြောက်နန်းမိဖုရားတူ မောင်မောင်လတ် သမီးတော် ရန်အောင်မြင် ခေါင်ခေါင်ကြီး ညီမတော် (ငယ်က လွန်) ဒီပဲယင်းဝန် ဦးမှန်၏သမီး မဂါလာအိမ်တာ်ပါ‌ ‌ြောက်‌ေဆာင်‌ေတာ်ရသခင်မကြီသာယာကုန်းတိုက်စား ခင်ကျော့ သားတော် ပန်းတိမ်းမင်းသား နှမတော် တောင်ညိုမင်းသမီး ညီမတော် ရန်အောင်မြင် သီရိစိတ္တာဝတီ + မဟာသုသီရိဓမ္မရာဇာ သုံးဆယ်မင်းသား စမ္ပယ်နဂိုရ်မင်းသမီး သီရိအာသာဒေဝီ (နောက် သုသီရိကဉ္စနဒေဝီ) + မယ်တော်မောင် ဦးပေတလူသား မောင်မောင်သက် တိုင်တားမင်းသား မောင်မောင်သန့် ဆောင်ရ နန္ဒာမဟေ ခင်ညှာ ကြေးမြင်မင်းသား ထိပ်တင်ကိုယ်တော် သက် ရနောင်မင်းသမီး ထိပ်ခေါင်တင်ကြည် ဆောင်ရ ခင်ဖဲ ကောင်းတုံထိပ်ခေါင်တင် သုသီရိသာမာဝတီ မယ်ဆွေဂုံ ခင်သိုက် ထိပ်တင်ကိုယ်တော်ဖိုး ကျောက်ဆည်မြို့ဝန် မင်းလှမင်းခေါင်ရာဇာ ဦးသာဦးသမီး မြို့သာမြို့စား ခင်ကောက်ကြီး သမီးတော် (ငယ်ကလွန်) မောင်တော် မောင်နေထွန်း နှမတော် ထန်းသာရွာစား မယ်ဆွေတင့် သားတော်၊တူတော်များအား စိတ်မချခြင်း အိမ်ရှေ့စံ ကနောင်မင်းသားနှင့် မင်းတုန်းမင်းတို့ ဆုံသောအခါ သားတော်၊တူတော်များအား စိတ်မချကြောင်း လျှောက်တင်တင်သောအခါ မင်းတုန်းမင်းက `အေး...မောင်ပုရေ...နောင်တော်ဘုရားကလည်း သီလဝတို့ကို စိတ်မချဘူး။ မောင်ပုကလည်း မောင်ညိုတို့ကို ဂရုမစိုက်၊ သူတို့ကလည်း ထနောင်းပင်က မီးတကျည်ဆိုသလို လာကြလိမ့်ဦးမည်´ဟု မိန့်တော်မူသည်။ မောင်ညိုဆိုသူမှာ ပန်းထိမ်းမင်းသားကို ဆိုလိုသည်။ သီလဝဆိုသည်မှာ မြင်ကွန်းမင်းသားကို ဆိုလိုသည်။ မောင်ပုဆိုသည်မှာ ကနောင်မင်းကို မင်းတုန်းမင်းက ငယ်စဉ်အခါက ညီပုလေးဟု ချစ်စနိုးခေါ်တွင်ရာမှ အရွယ်ရောက်လာသောအခါ မောင်ပု ဟုခေါ်ဆိုလေသည်။ ကြိုးပမ်းမှုများ ကနောင်မင်းသားသည် သာယာဝတီမင်း၏ သားတော်၊ မင်းတုန်းမင်း၏ ညီတော် ဖြစ်သည်။ ဒုတိယအင်္ဂလိပ်မြန်မာစစ် ပြီးဆုံးကာနီးတွင် မင်းတုန်းမင်းသားနှင့် ပူးပေါင်း၍ နောင်တော် ပုဂံမင်းကို ပုန်ကန် ခြားနားခဲ့ပြီး ၁၈၅၃၊ ဇူလိုင် (၁၁) တွင် မင်းတုန်းမင်း နန်းတက်ကာ ကနောင်မင်းသားက အိမ်ရှေ့မင်း ဖြစ်လာခဲ့သည်။ မင်းတုန်းမင်းကြီးသည် ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ပြီး ကနောင်မင်းသားမှာမူ စီမံခန့်ခွဲရေးတွင် နိုင်နင်းသူ ဖြစ်သည်။ ကနောင်မင်းသားသည် အနောက်နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်၍ ဗမာ့တပ်မတော်ကို ခေတ်မှီစေရန် ခေတ်မှီ လက်နက်များ တပ်ဆင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံများလည်း တည်ဆောက်ခဲ့သည်။ ကနောင်မင်းသားသည် ဧရာဝတီ မြစ်ရိုးအတိုင်း ဆန်တက်လာမည့် ဗြိတိသျှတို့၏ စစ်သင်္ဘောများကို တားဆီးနိုင်ရန် ရေမြှုပ်ဗုံးကို တီထွင်စမ်းသပ် အောင်မြင်ခဲ့သည်။ သို့သော် ဘာသာတရား ကိုင်းရှိုင်းသည့် နိုင်ငံတော် ဖြစ်သည့် အားလျှော်စွာ ဘုန်းတော်ကြီးများက ရေသတ္တဝါများ သေကြေပျက်စီးကြောင်း ပြောကြား ကန့်ကွက်သဖြင့် ရေမြှုပ်ဗုံး ထုတ်လုပ်မှု စီမံကိန်းကို ရပ်တန့်ခဲ့ရသည်။ ထိုနည်းတူပင် အခြားသော စက်မှုထူထောင်ရေး ကြိုးပမ်းမှုများမှာလည်း ၎င်းကွယ်လွန်ပြီးချိန်မှ တစ်စစနှင့် ရပ်ဆိုင်းသွားခဲ့ရသည်။ အချို့စက်ရုံများကိုမူ အင်္ဂလိပ်တို့ မန္တလေးကို သိမ်းယူအပြီးနောက်ပိုင်းတွင် ပြန်လည်ပြီး လည်ပတ်ခဲ့ကြသေးသည်။ ကနောင်မင်းသားကို တိုင်းသူပြည်သားများက ချစ်ကြည်လေးစားကြပြီး မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် မင်းသားကြီးသာ လုပ်ကြံ မခံခဲ့ရပါက မြန်မာပြည် သည်နယ်ချဲ့လက်အောက်သို့ ဤမျှလောက်လွယ်ကူစွာ၊ စောစီးစွာ မရောက်နိုင်ဟု ယုံကြည်ကြသည်။ ထိုစဉ်က အင်္ဂလိပ်နှင့် ပြင်သစ်စသည့် နိုင်ငံတို့က ကိုလိုနီနယ်မြေများရရှိရန် အပြိုင်အဆိုင် လုံးပမ်းနေကြခြင်းဖြစ်ရာ အထွေထွေ ခေတ်နောက်ကျနေသော ပဒေသရာဇ်နိုင်ငံများအဖို့ အနှေးနှင့်အမြန်သာကွာခြားပြီး နယ်ချဲ့လက်တွင်းသက်ဆင်းကြရန် တာစူနေပေသည်။ ကနောင်မင်းသားမှာ အချုပ်အခြာအာဏာ ပိုင်စိုးသူမဟုတ်သဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများကို ဆောင်ရွက်ရာတွင် ကန့်သတ်ချုပ်ခြယ်မှုများ မလွတ်ကင်းသေးချေ။ သဂြိုဟ်ပုံ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ကနောင်မင်းသား လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းသားနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသား သုံးပါးလည်း အသက်ဆုံးပါးရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားများ လုပ်ကြံခံရသည်မှာ သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်နေ့၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ဖြစ်သည်။ သင်္ဂြိုဟ်သည်မှာ သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် ဖြစ်ရာ (၁၁)လကြာမှ သင်္ဂြိုဟ်ခြင်း ဖြစ်သည်။ ကြားတွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းနှင့် ပန်းထိမ်းမင်းသား အရေးအခင်းတို့ ဖြစ်ပေါ်နေ၍ အလောင်းများကို ခေါင်းသွင်းပြီး နန်းမြေဘုံသာ စံနန်းတော် ဆောင်မဘုံတွင် ခင်းကျင်းထားပုံရသည်။ သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် နန်းမြေဘုံသာ စံနန်းတော် ဆောင်တော်မကို ဖျက်သိမ်း၍ အိမ်ရှေ့မင်းသင်္ဂြိုဟ်ရန် အုတ်ဂူ၊ ၎င်းအနီးတွင် မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ကို သင်္ဂြိုဟ်ရန် အသီးသီး တန်းစီ၍ အုတ်ဂူတည်ပြီးလျှင်၊ ၎င်းဂူအရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ကိန်းဝပ်ပူဇော်ရန် အုတ်ပြာသာဒ် ပြုလုပ်ထားသည်။ အနောက်ဘက်မှ စေတီကြီးကိုလည်း စန္ဒာမုနိ ရုပ်ပွားတော်ကိုစွဲ၍ စန္ဒာမုနိဘုရားဟု ခေါ်လေသည်။ စေတီနှင့် ရုပ်ပွားထားရာ အုတ်ပြာသာဒ်အကြားကား အိမ်ရှေ့မင်းနှင့် မင်းသားများ၏ အလောင်းများကို အုတ်ခုံပေါ်တွင် မြုတ်နှံထားသည်။ အိမ်ရှေ့မင်း၏ အုတ်ဂူကို အုတ်ပြာသာဒ်ငယ် လုပ်ထားသည်။ ၎င်းအုတ်ပြာသာဒ်ငယ်ကို စေတီနှင့် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ဂန္ဓကုဋီတိုက်နှင့် အုတ်ရိုးသွယ်ဆက်ထားသေးသည်။ ကနောင်မင်းသား ရုပ်ကလာပ်အား မန္တလေးတောင် ခြေရင်း၌ ဂူသွင်းသဂြိုဟ်ခဲ့သည်။ ၁၉၈၈ စစ်အစိုးရလက်ထက်တွင် ကနောင်မင်းသား၏ အုတ်ဂူကို စန္ဒာမုနိစေတီ ဘုရားဝင်းအတွင်း ရွေ့ပြီး အခု မန္တလေးတောင်အသွား လမ်းဆုံမှာ အုတ်ဂူတည်ထားသည်။ ကိုးကား ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8
တိုင်းရင်းသားကျေးရွာ
တိုင်းရင်းသားကျေးရွာ သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုသား တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ထုံးစံဓလေ့များကို ပုံဖော်တည်ဆောက်ထားသည့် ဗဟုသုတရဖွယ်၊လေ့လာဖွယ် ယဉ်ကျေးမှုဥယျာဉ်ပင် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားကျေးရွာ (၃)ခု ရှိနေသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ပြင်ဦးလွင် အမျိုးသား ဥယျာဉ် အနီး နေပြည်တော် (တည်ဆောက်ဆဲ) ကိုးကား သတင်းစဉ် မြန်မာ့ ယဉ်ကျေးမှု အရက်သေစာ သောက်စားမှုများရှိပါသည်
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC
ဟံသာဝတီ
ရှေးဟောင်းမြို့တော်ဟံသာဝတီသည် ယခုပဲခူးမြို့နေရာတွင် ရှိခဲ့သော ရှေးမွန် နှင့် မြန်မာတို့၏ မင်းနေပြည်တော်ဖြစ်ခဲ့သည်။ မြို့တော်ဟောင်းသည် ရန်ကုန်မြို့မှ မော်တော်ကားလမ်း အကွာအဝေး မိုင် ၅၀ ကျော်တွင်တည်ရှိသည်။ ရှေးနန်းတော်ရာဟောင်း နေရာများ သမိုင်းဝင် ဗုဒ္ဓသာသနိကအဆောက်အဦးများ နှင့် စေတီပုထိုးများကို ယနေ့တိုင်တွေ့ရှိနိုင်သေးသည်။ ဟံသာဝတီခေတ်ဆိုသည်မှာ ထိုဟံသာဝတီနေပြည်တော်ကြီး စည်ပင်ဖွံ့ဖြိုးခဲ့စဉ်က အချိန်ကို ဆိုလိုသည်။ ဟံသာဝတီ(ယခု-ပဲခူး) မင်းနေပြည်ကို အုပ်စိုးခဲ့သည့် ထင်ရှားသောမွန်ဘုရင်များမှာ ဝါရီရူမင်းဆက်မှဗညားဦး(အေဒီ ၁၃၅၃-၈၅)၊ ရာဇာဓိရာဇ်(၁၃၈၅-၁၄၂၃)၊ ဘုရင်မရှင်စောပု(၁၄၅၃-၇၂)၊ ဓမ္မစေတီ(၁၄ရ၂-၉၂) တို့ဖြစ်ကြပြီးမြန်မာမင်းများထဲမှ တပင်ရွှေထီး၊ ဘုရင့်နောင် အစရှိသည့် မင်းများဖြစ်ကြသည်။ ဟံသာဝတီမြို့တော် တည်ရှိရာ အရပ်သည် မိုးများသော ဒေသဖြစ်ခြင်း၊ ပြင်းထန်သော ငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံရခြင်းတို့ကြောင့် အဖိုးတန်သော ရှေးဟောင်းလက်ရာများမှာ ပျက်စီးခဲ့ရသည်။ သို့သော် ကျန်ရှိသော သမိုင်းမှတ်တမ်းများမှလည်း ဟံသာဝတီမြို့တော်နှင့် ဟံသာဝတီခေတ်အခြေအနေကို ပြန်လည်လေ့လာသုံးသပ်နိုင်သည်။ ရှေးဟောင်းသမိုင်းမှတ်တမ်း ဟံသာဝတီမြို့တော်၏ ရှေးဟောင်းသမိုင်းသည် မြန်မာနိုင်ငံမှ အခြားသော စေတီ၊ပုထိုး၊မြို့ရွာများတွင် တွေ့ရသော ဘုရားဗျာဒိတ်တော်အတိုင်းပေါ်ထွန်းလာရခြင်း ဟူသော ဒဏ္ဍာရီကို တွေ့ရှိရသည်။ အဆိုပါ ဒဏ္ဍာရီ မှတ်တမ်းများအရ ဖော်ပြထားသည်မှာဤကဲ့သို့ ဖြစ်သည်။ သုဝဏ္ဏဘူမိမှ လှည့်လည်ကြွချီလာသော ဗုဒ္ဓဘုရားရှင်သည် ဟံသာဝတီမြို့တော်ကြီးပေါ်ထွန်းမည့် နေရာဒေသသို့ရောက်ရှိစဉ် ပင်လယ်ပြင်မှပေါ်ထွန်းနေသောအငူပေါ်တွင် ဟင်္သာဖိုမတို့ကို တွေ့မြင်တော်မူကြောင်း၊ ထိုကုန်းအငူလေး မှာကျဉ်းမြောင်းလှ၍ ဟင်္သာဖိုမယှဉ်တွဲနားနေစရာမရှိကြောင်း၊ ထို့ကြောင့် ဟင်္သာဖို၏ ကျောကုန်းပေါ်တွင် ဟင်္သာမကနား၍ ဗုဒ္ဓဘုရားအား တောင်ပံယှက်ကာ ပူဇော်ကြောင်း၊ ထိုအခါ ဘုရားရှင်ကပြုံး၍ ဤနေရာတွင် နောင်အခါဟံသာဝတီပြည်ကြီးဟူ၍ တိုးတက်စည်ပင်လာပြီး၊သာသနာတော်လည်း ဖွံ့ဖြိုးထွန်းကားလာမည်ဖြစ်ကြောင်း ဟံသာဝတီရှေးသမိုင်းများတွင်နိဒါန်းချီ ရေးသားလေ့ရှိကြသည်။ ထိုဟင်္သာဖိုပေါ် ဟင်္သာမ နားနေပုံ ပန်းပုရုပ်တုအား ယခုပဲခူးမြို့အတွင်းတွင် အထိမ်းအမှတ်ရုပ်တုအဖြစ် ပြုလုပ်ထားပြီး၊ ထိုနိမိတ်ပုံသည် ယခုပဲခူးတိုင်း၏ သင်္ကေတအမှတ်တံဆိပ်လည်းဖြစ်သည်။ ဟံသာဝတီ ခေတ်သုံးခေတ် ဘုရား၊စေတီ သမိုင်းမှတ်တမ်းများနှင့် ရှေးဟောင်းကျမ်းများ၊ ကျောက်စာများ အရ ဟံသာဝတီခေတ်အားခေတ်သုံးခေတ်ပိုင်းခြားနိုင်ကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။ ပထမပိုင်းမှာ သမလမင်း မှ အစပြုကာ တိဿ မင်းအထိခေတ်ဖြစ်သည်။ ဒုတိယခေတ်မှာ ဝါရီရူမင်းလက်ထပ်မှ ဗညားဦး၊ရာဇဓိရာဇ်၊ရှင်စောပု ဓမ္မစေတီမင်းတို့ပါဝင်ပြီး၊ သုရှင်တကာ ရွတ်ပိမင်း ထိခေတ်ဖြစ်ပြီး၊ တတိယခေတ်မှာ တောင်ငူမင်းများဖြစ်သော တပင်ရွှေထီးမှအစပြုကာ ငါးဆူဒါယကာ ထိခေတ်ဖြစ်သည်။ ရာဇာဓိရာဇ်မပါလျင်ဟံသာဝတီခေတ်အကြောင်းပြီးပြည့်စုံမည်မဟုတ်ပေ။ ထို့အပြင်အင်းဝခေတ်နှင့်ဆက်စပ်နေသော အင်းဝ-ဟံသာဝတီအနှစ် ၄၀ ကြာစစ်ပွဲသည်ဟံသာဝတီခေတ်အကြောင်းကိုတစိတ်တပိုင်း ဖွင့်ဆိုပြနေပေသည်။ ဟံသာဝတီခေတ် စစ်ရေး၊နိုင်ငံရေး ဟံသာဝတီခေတ် နိုင်ငံရေးသည် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ပင် ဖြစ်သောကြောင့် အာဏာကို အဓိကပိုင်သူမှာဘုရင်သာ ဖြစ်လေသည်။ ဟံသာဝတီခေတ်တွင် စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး၊ အများစုမှာ သက်ဦးဆံပိုင် ဘုရင်အချင်းချင်းနယ်မြေလုရန်အတွက်သော်လည်းကောင်း၊ဂုဏ်သိက္ခာအရသော် လည်းကောင်း ဖြစ်ပွားခဲ့သော စစ်ပွဲများဖြစ်သည်။ သံသာဝတီခေတ်တွင် မွန်ဘုရင်များ ထဲမှ ရာဇာဓိရာဇ် သည် ထင်ရှားပြီး၊ မြန်မာများဘက်မှ တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့သည် ထင်ရှားပေသည်။ မွန်ဘုရင် ရာဇာဓိရာဇ်သည် အင်းဝ နှင့် နှစ်ပေါင်း ၄၀ ကျော်စစ်ပွဲဖြစ်ပွားခဲ့ပြီး၊ ထိုစစ်ပွဲနှင့်အတူမွန်သူရဲကောင်း၊ မြန်မာ သူရဲကောင်းများလည်း ပေါ်ထွန်းခဲ့ပေသည်။ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့လက်ထက်တွင်လည်း သူရဲကောင်းများထွန်းကားခဲ့ပြီး၊ အဆိုပါ မွန်နှင့်မြန်မာ စစ်ဘုရင်များသည် သူရဲကောင်းများကို ချစ်ခင်မြှောက်စားသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ဟံသာဝတီ၏ စစ်ရေးသမိုင်းတွင် သူရဲကောင်းများသည် ထင်ရှားသော ကဏ္ဍမှပါဝင်ခဲ့ကြသည်။ ရာဇာဓိရာဇ်၏ သူရဲကောင်းများ ရာဇာဓိရာဇ်သည် ဟံသာဝတီထီးနန်းကိုရရှိရန်အတွက် စစ်ခင်းယူခဲ့ရသည်။ အင်းဝဘုရင် မင်းခေါင်နှင့်လည်း အနှစ်လေးဆယ်ကြာ စစ်တိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲများတွင် ရာဇာဓိရာဇ်သည်ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့သကဲ့သို့၊ သူရဲကောင်းများကို ဦးဆောင်တိုက်ခိုက်စေခဲ့သည်လည်းရှိသည်။ ရာဇာဓိရာဇ်၏မွန်သူရဲကောင်းများထဲတွင်၊ဗိုလ်မင်းဗြတ်ဇ၊လဂွန်းအိန်၊သမိန်ဗရမ်း၊ အဝနံနိုင်(အဝနိုင်)၊ဥပါကောင်း၊ အဲမွန်ဒယာ တို့မှာ အထင်ရှားဆုံးဖြစ်ကြသည်။ ထိုသူများ၏ကတိသစ္စာတည်ကြည်မူ့၊ သူရဲကောင်းပီသမူ့များကြောင့် စစ်ရပ်နားစဉ်အချိန်တွင် တဖက်သူရဲကောင်းများကပင်ဖိတ်ခေါ်ချီးကျူးကြသည်ဟု ဆိုသည်။ သာသနာရေးနှင့် စေတီ၊ပုထိုးများ ဟံသာဝတီခေတ်တွင် ထေရဝါဒ ဗုဒ္ဓဘာသာသည် အဓိကအားဖြင့်စည်ပင်ထွန်းကားခဲ့သော်လည်း အခြား မဟာယာနဗုဒ္ဓဘာသာ၊ တန္တရ ဗုဒ္ဓဘာသာဂိုဏ်း နှင့် အိန္ဒိယမှလာသော ဗြဟ္မာဏ ဘာသာများလည်း အတန်အသင့် ထိုးဖေါက်ဝင်ရောက်ခဲ့သည်။ ထေရဝါဒကို ထောက်ခံအားပေးသည့် ဓမ္မစေတီ၊ဘုရင့်နောင်တို့ကဲ့သို့ ဘုရင်များလက်ထက်တွင် မဟာယာနနှင့် တန္တရဂိုဏ်းဝင် ဗုဒ္ဓဘာသာအကြွင်းအကျန်များ ရှိနိုင်သော်လည်း ငုတ်လျှိုးနေမည်မှာ သေချာပေသည်။ ကျန်ရှိခဲ့သောစေတီ၊ပုထိုးများမှ လက်ရာကိုကြည့်၍ ဟိန္ဒူဝါဒများလည်း အမြစ်သန်အားကောင်းခဲ့ကြောင်းခန့်မှန်းနိုင်ပေသည်။ တိဿဘုရင်လက်ထက်တွင် ဗြဟ္မဏဘာသာကို အဓိကအားပေးပြီး၊ ဗုဒ္ဓဘာသာကိုအထူးဆန့်ကျင်ခဲ့ကြောင့် ကျမ်းစာများတွင် ဖော်ပြပါရှိလေသည်။ ထို့နောက် ဘုရင်ကြီးမှ အကျွတ်တရားရကာ ဗုဒ္ဓဘာသာကို ပြန်လည်သက်ဝင်ယုံကြည်ခဲ့ကြောင်းလည်း ဖော်ပြကြသည်။ မွန်နိုင်ငံ၏ မြို့တော်ဖြစ်သော ဟံသာဝတီကို စိုးစံသွားသည့် ဘုရင်များသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သောမင်းများဖြစ်၍ ထိုမင်းများလက်ထက်၌ ဗုဒ္ဓဘာသာသည် ရာမညတိုင်းတွင် ထွန်းလင်းတောက်ပခဲ့လေသည်။ ဗုဒ္ဓဘာသာပြန့်ပွားရေးကို အထူးအလေးပေးဆောင်ရွက်ခဲ့သော မွန်ဘုရင်များထဲတွင် ဘုရင်မကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့မှာ အလွန်ပင်ထင်ရှားလေသည်။ ဘုရင်မကြီး ရှင်စောပုသည် သက်တော် ၆၆ နှစ်မှ နတ်ရွာစံသည့် ၇၈ နှစ်ထိ ဆယ့်နှစ်နှစ်လုံးလုံး ရွှေတိဂုံစေတီတော်၏ အနောက်ဘက်တွင် မြို့သစ်တည်ထောင်နေထိုင်ကာ မောင်တော်၊သားတော်၊တူတော်တို့တည်ထားခဲ့သည့် ရွှေတိဂုံ စေတီတော်ကို အစစအရာရာ ပြည့်စုံမူ့ရှိအောင် ပြင်ဆင်မွမ်းမံခဲ့လေသည်။ ယနေ့ရွှေတိဂုံ စေတီတော်ရှိရှိ ပြည့်စုံမူ့အဝ၀သည် ဘုရင်မရှင်စောပု၏ ကုသိုလ်ကောင်းမူ့များ များစွာပါဝင်နေသည်။ ရှင်စောပုသည် ၁၂ နှစ် တိုင်တိုင်ရွှေတိဂုံစေတီတော်ကြီးကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့ပြီး အေဒီ၁၄၇၁ တွင် ရွှေတိဂုံစေတီတော်အား သလွန်ပေါ်မှ အာရုံပြုရင်း ဇီဝိန်ချုပ်ငြိမ်းသွားခဲ့လေသည်။ ရှင်စောပု၏ သင်္ချိုင်းတော်အား ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ၊ ရှင်စောပုလမ်း၊ ရှင်စောပုကျောင်းတိုက်တွင် ယနေ့တိုင်တွေ့ရှိနိုင်သေးသည်။ ရှင်စောပုနောက် ဟံသာဝတီထီးနန်းကို ဆက်ခံခဲ့သော သမက်တော် ဓမ္မစေတီလက်ထပ်တွင် သာသနာတော်ပြန့်ပွားရေး အတွက် အထူးပင်ဆောင်ရွက်ခဲ့လေသည်။ ရဟန်းဘဝမှ လူထွက်ကာ မင်းဖြစ်ခဲ့သော ဓမ္မစေတီမင်းသည် ဘုရားတည်ခြင်းအစရှိသော် ကိစ္စများသာမက သာသနာသန့်ရှင်းစင်ကြယ်ရေးအတွက်လည်း အလေးပေးလုပ်ဆောင်ခဲ့သည်။ ထူးခြားသောဆောင်ရွက်ချက်မှာ ရဟန်းတော်များအတွက် အရေးကြီးသည့် သိမ်ကိစ္စအနေဖြင့် ကလျာဏီသိမ်တော်အား တည်ဆောက်လှူဒါန်းခဲ့သည်။ သူ၏ကောင်းမှုများကို ကမ္ပည်းထိုးလေ့ရှိသည့်အတိုင်း သီဟိုဠ်သို့ ရဟန်းတော်များစေလွှတ်ခြင်း၊ကလျာဏီ သိမ်သမုတ်ခြင်းတို့ကို ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့သည်။ ရွှေတိဂုံစေတီတော် တွင်လည်း ကျောက်စာများ ရေးထိုးခဲ့ပြီး၊ ရွှေတိဂုံစေတီတော်တွင် လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်းလောင်းမှာ လည်းထင်ရှားသည်။ ထိုခေါင်းလောင်းသည် ယခုအခါ ဒေါပုံမြစ်အောက်ခြေတွင် နစ်မြုပ်နေသည်။ ထင်ရှားသော ဘုရား၊စေတီ၊ပုထိုး၊ သာသနိကအဆောက်အဦးများ ဟံသာဝတီမင်းနေပြည်ကို အုပ်စိုးသော ဘုရင်များသည် ဘုရား၊ စေတီ၊ ပုထိုးများကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပြီးသာသနာ စည်ပင်ရေးအတွက် မင်းအဆက်ဆက် ရွက်ဆောင်ခဲ့ကြသည်။ ထိုဘုရား၊ စေတီ၊ ပုထိုးနှင့် သာသနိက အဆောက်အဦးများ မင်းအဆက်ဆက်က အဆင့်ဆင့်ပြုပြင်ခဲ့ကြသကဲ့သို့၊ မိမိတို့လက်ထပ်တွင်မှ စတင်လှူဒါန်းဆောက်လုပ်ခဲ့ခြင်းများလည်း ရှိသည်။ ရွှေမောဓောစေတီ ဟံသာဝတီမြို့တော်၏ ဘုရားစေတီများအနက် ရွှေမောဓောစေတီသည် ရှေးအကျဆုံးနှင့် အထင်ရှားဆုံးစေတီတဆူဖြစ်သည်။ ရွှေမောဓောစေတီတော် အားမည်သည့် ခုနှစ်တွင် မည်သူက တည်ထားခဲ့ကြောင်းကို မူကွဲအမျိုးမျိုး ရှိသော်လည်းရှေးဟောင်းစေတီတော် တစ်ဆူဖြစ်ကြောင်း သမိုင်းဆရာများ တညီတညွတ်တည်း လက်ခံထားကြသည်။ ဟံသာဝတီပြည်ကို အုပ်စိုးသော မွန်ဘုရင်များနှင့် မြန်မာဘုရင် အဆက်ဆက်ပြုပြင် မွမ်းမံလှူဒါန်းခဲ့သော စေတီတစ်ဆူလည်းဖြစ်သည်။ ဆုတောင်းပြည့်သောကြောင့် ဘုရင်များ၊ မင်းညီမင်းသားများသည် စစ်ထွက်ရန်အတွက်သော်လည်းကောင်းနိုင်ငံရေး အာဏာအတွက်သော်လည်းကောင်း အသီးသီးဆုတောင်းခဲ့ကြသည်ဟု ကျမ်းစာအချို့တွင် ဖော်ပြထားသည်။ သံသာဝတီခေတ်တွင်သာမက နောက်ပိုင်းခေတ်ဖြစ်သော အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ဘုရင်များလည်း မွမ်းမံလှူဒါန်းခဲ့ကြသည်။ ငလျင်ဒဏ်ကြောင့်လည်း အကြီးအကျယ် ပျက်စီးယိုယွင်းခဲ့ရသေးသည်။ ယခုအခါ ပဲခူးမြို့အလယ်တွင်ရှိပြီး ဟံသာဝတီခေတ်မှ ရှေးအကျဆုံးကျန်ရစ်ခဲ့သည့် ပဲခူးမြို့၏ အထင်ကရကျက်သရေဆောင် စေတီတော်လည်းဖြစ်သည်။ ကျိုက်ကိုဘုရား ထင်ရှားသော ရှေးဟောင်းဘုရားများအနက် ကျိုက်ကိုဘုရားလည်း ပါဝင်ပြီးဘုရင့်နောင်လက်ထပ်တွင် လှုပ်ခဲ့သောငလျင်ကြီးတွင် အခြားဘုရားများနည်းတူ ပြိုကျပျက်စီးခဲ့သည်။ ဘုရားကြီးအား ဘုရင့်နောင်မင်းလက်ထက်တွင်ပင်ပြန်လည် ပြင်ဆင်နိုင်ခဲ့သည်။ အနောက်ဘက်လွန်မင်း လက်ထက်တွင် ထီးတော်သစ်တင်ခဲ့ကြောင်း သိရပေသည်။ နဝဒေးကြီးမှာ ရွှေပြည်ရွာပြန် ဟုချီကာ ကျိုက်ကိုဘုရားတိုင် ရတုကိုစပ်ဆိုခဲ့သည်။ ကျိုက်ကို ဘုရားပွဲအား နတ်တော်လတွင် ကျင်းပလေ့ရှိကြောင်း နဝဒေးကြီး၏ ဟံသာဝတီမြို့ဘွဲ့ ရတုတွင်တွေ့ရှိနိုင်လေသည်။ အခြားရှေးဟောင်းစေတီများ ဟံသာဝတီတွင် ရွှေမောဓော စေတီတော်နှင့် မရှေးမနှောင်းကာလတွင် တည်ခဲ့သည်ဟု ယူဆရသော အခြားရှေးဟောင်းစေတီများလည်း ရှိသေးသည်။ ထိုစေတီများမှာ - ပဲခူးမြို့ထန်းတောကြီးရွာရှိ ရွှေမောဌော ဆုတောင်းပြည့်ဘုရား၊ပဲခူးမြို့ ကဝမြို့နယ်ရှိ မြင်းမငူရွာ ဓမ္မသိုက်ဘုရား၊ ပဲခူးမြို့နယ် မို့ခိုင်ကြီး၊မို့ခိုင်ကလေး ဘုရား၊ ပဲခူးမြို့ ဖလေးရွာရှိ ကျိုက်မကော် ဘုရားအစရှိသည့် ဘုရားများမှာ ရွှေမောဓောသမိုင်းနှင့် မူလသမိုင်းကြောင်းအားဖြင့် တပြိုင်တည်း ဆင်းသက်လာခဲ့သည့် ဘုရား၊ စေတီများဖြစ်ကြောင်း မွန်ကျောက်စာများတွင် ဖော်ပြပါရှိလေသည်။ ထို့ပြင် ပဲခူးမြို့ ကျောက်တိုင်ကန်ကျေးရွာရှိ ဘုရားခုနစ်ဆူခေါ် ကျိုက်ပေါဘုရားကို သမလမင်းဆက်တွင် နောက်ဆုံးမင်း ဖြစ်သော တိဿမင်းနှင့် မိဖုရားကြီး သုဘဒ္ဒါတို့ တည်ထားခဲ့ကြောင်းကိုလည်းကောင်း၊ ရှင်စောပုနှင့် ဓမ္မစေတီမင်း လက်ထက်တွင် ပြင်ဆင်တည်ထားခဲ့ကြောင်းကိုလည်းကောင်း မွန်ဘာသာဖြင့်ရေးထိုးထားသော ဘုရားခုနစ်ဆူ ကျောက်စာကြီးငယ်များအရ သိရပေသည်။ ရွှေသာလျောင်း ရုပ်ပွားတော်ကြီး ရွှေသာလျောင်း ရုပ်ပွားတော်ကြီးသည် ယခုအခါ ပဲခူးမြို့၏ အထင်ရှားဆုံး စေတီ၊ ပုထိုး၊ ရုပ်ပွားတော်များအနက် အပါအဝင်ဖြစ်သည်။ ဘုရားသမိုင်းအရ သမလမင်းဆက် ၁၇ ဆက်မှ ၁၃ ဆက်မြောက်ဖြစ်သော မိဂါဒိဗ္ဗမင်းလက်ထက်တွင် တည်ထားခြင်းဖြစ်သည်ဟုဆိုကြသည်။ နှစ်ကာလများ ကြာသောအခါ အန္တာရာယ်အမျိုးမျိုးကြောင့် ကျိုးပဲ့ပျက်စီးခဲ့ရပြီး အင်္ဂလိပ်လက်ထက်တွင်မှ အုတ်များတူးဖော်ရန် ဘုရားကုန်းတော်အား တူးရာမှ ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ရွှေမောဓော စေတီဂေါပကအဖွဲ့များနှင့် ပဲခူးမြို့သူ၊ မြို့သား တို့၏ ကြိုးပမ်းမှုကြောင့် ပန်းရံကျော်များနှင့် ပြန်လည်ပြုပြင်ခဲ့ကြသည်။ လျောင်းတော်မူ ရုပ်ပွားတော်များအနက် အချိုးအစားပြေပြစ်ဆုံးဟု ဖူးမြင်ရသူတိုင်းက ပြောကြသည်။ သင်္ဘောဘုရား သင်္ဘောဘုရားမှာလည်း သမလမင်းနောက်ဆုံးမင်းဆက် ဖြစ်သော တိဿမင်း၏ ကောင်းမှုပင်ဖြစ်ကြောင်း ရာဇဝင်များတွင် ပြဆိုကြသည်။ အင်းဝ နှင့် ဟံသာဝတီတို့ ဖြစ်ပွားသော တိုက်ပွဲတစ်ခုအား သင်္ဘောဘုရားပေါ်မှ ရဟန်းတော်များ တက်ရောက်ကြည့်ခဲ့ကြသည်ဟု ရာဇဝင်အဆိုများလည်းရှိကြသည်။ ဗညားဦးမင်းဆက်တွင် အထင်ရှားဆုံးဖြစ်သောရာဇာဓိရာဇ်လက်ထက်တွင် ကြီးကျယ်သော ဘုရား၊ စေတီများ တည်ထားခဲ့သည်ဟူ၍ အခိုင်အလုံပြဆိုချက်များမတွေ့ရပေ။ သို့သော် ရာဇာဓိရာဇ်သည် အင်းဝဘုရင်မင်းခေါင်၏ သမီးတော်နှင့် သမက်ကို သုံ့ပန်းအဖြစ်ဖမ်းမိရာမှလက်ပန်းပေါင်းခတ်လေရာ ထိုဒေသ၌ ဘုရားတစ်ဆူတည်ခဲ့ပြီး ယင်းကို ကျက်ကနက်ဟုခေါ်ကြောင်း ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း၌ ပြဆိုလေသည်။ ကလျာဏီသိမ်တော်ကြီး ကလျာဏီသိမ်တော်သည် ဓမ္မစေတီမင်း၏ ကောင်းမူ့ကုသိုလ်များအနက် အထင်ရှားဆုံးနှင့် ဂုဏ်အယူထိုက်ဆုံးသိမ်တော်ဖြစ်သည်။ သိမ်ရှိသော်လည်း သိမ်မစင်ကြယ်လျင် ရဟန်းမဖြစ်ဟူသောကြောင့် စင်ကြယ်မွန်မြတ်သော သိမ်သမုတ်နိုင်ရန် ဓမ္မစေတီမင်းက အားပေးကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။ ငလျင်ဒဏ်နှင့် အခြားသော ရာသီဥတုဘေးများကြောင့် အကြိမ်ကြိမ်ပြိုကျပျက်စီးခဲ့ပြီး၊ ပြည်သူများမှလည်း အဆင့်ဆင့်ပြုပြင်ခဲ့ကြသော သိမ်တော်ကြီးဖြစ်သည်။ မဟာစေတီ ဟံသာဝတီခေတ်တစ်လျှောက်တွင် ဘုရား၊စေတီများနှင့် သာသနာရေးအဆောက်အဦးများစွာကို တည်ဆောက်ခဲ့သည့်မင်းများအနက်ဓမ္မစေတီမင်း နှင့် ဘုရင့်နောင်တို့သည် အထင်ရှားဆုံးဖြစ်သည်။ မဟာစေတီမှာ ဘုရင့်နောင်၏ကောင်းမှုများအနက် အကြီးကျယ်ဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။ ဘုရင်ဖြစ်ပြီး ကိုးနှစ်အကြာတွင် တည်ခဲ့ခြင်းဖြစ်ပြီးအလျင်အမြန်နှင့် အချိန်တိုတိုအတွင်း တည်ထားခဲ့ရသဖြင့် ဘုရားတည်ပြီး သုံးနှစ် ခန့်အကြာတွင်ပြိုကျခဲ့သည်။ ဘုရင့်နောင်မင်းကြီးကပင် ပြန်လည်ပြုပြင်ခဲ့ပြီး၊ ငလျင်ဒဏ်ကြောင့်ပြိုကျရာတွင်လည်း ထပ်မံပြုပြင်ခဲ့ရလေသည်။ ဘုရင့်နောင်သည် ကြွယ်ဝချမ်းသာသော ဘုရင်ဖြစ်သောကြောင့် အဖိုးတန်ကျောက်မြတ်ရတနာ များစွာကို ဌာပနာထည့်သွင်းပူဇော်ခဲ့ကြောင်း ရာဇဝင်များတွင် ပါရှိသည်။ မဟာဝိဇယ စေတီတော် မဟာဝိဇယ စေတီတော်သည် ဘုရင့်နောင် မင်းကြီး၏ အမှတ်တရ အဖြစ်ဆုံးစေတီတော်ဖြစ်သည်။ တပင်ရွှေထီးနတ်ရွာစံသောကြောင့် အကွဲကွဲအပြားပြားဖြစ်သွားသော မြန်မာနိုင်ငံအား ပြန်လည်စုစည်းရာတွင် ဟံသာဝတီမြို့ တော်ကိုလည်း ပြန်လည်တိုက်ခိုက်ယူခဲ့ရသည်။ ဟံသာဝတီမြို့အား သမိန်ထောရာမကို နိုင်၍ သိမ်းနိုင်လျင်ဤနေရာတွင် ဘုရားတည်မည်ဟု အဓိဌာန်ပြုခဲ့သည်။ အဓိဌာန်ပြုပြီး နှစ်ပေါင်း ၂၅ အကြာတွင် မဟာဝိဇယ စေတီ ကိုတည်ခဲ့သည်။ ဘုရင့်နောင်သည် မြေစိုက်စေတီတော်ကြီးများအပြင် ဗုဒ္ဓရုပ်ပွားတော်များကိုလည်း လှူဒါန်းခဲ့သေးသည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ဘုရင့်နောင်၏ ကောင်းမှုများစွာမှာ ပျောက်ဆုံးနေသည့် အဖြစ်သို့ရောက်ရှိနေလေသည်။ နိုင်ငံခြားဆက်သွယ်ရေး ဟံသာဝတီခေတ် နိုင်ငံခြားဆက်သွယ်ရေးအား ခေတ်သုံးခေတ်အဖြစ်ပိုင်းမြင် ကြည့်ရှု့သင့်သည်ဟု စာတမ်းရှင်မောင်သော် မှတင်ပြထားသည်။ ပထမပိုင်းအား မွန်ဘုရင် ဗညားဦးမှ စကာ သုရှင်တကာရွတ်ပိမင်းအထိ အုပ်စိုးချိန် ၁၃၆၉ မှ ၁၅၃၉ ထိ ပထမဟံသာဝတီခေတ်အဖြစ်လည်းကောင်း၊ တပင်ရွှေထီးမှ စ၍ နန္ဒဘုရင် နန်းကျချိန်ထိ ၁၅၄၆ခုနှစ်မှ ၁၅၉၉ ခုနှစ်အတွင်းအား ဒုတိယခေတ်အဖြစ်လည်းကောင်း၊ သမိန်ထော ဗုဒ္ဓကေတိအုပ်စိုးသည့် ၁၇၄၀ မှ အလောင်းမင်းတရား ကြီး ပဲခူးကိုသိမ်းပိုက်သည့် ၁၇၅၇ အထိ တတိယခေတ်အဖြစ်လည်းကောင်း သုံးပိုင်းခွဲခြားပြသည်။ ဗညားဦးသည် မုတ္တမမှ ၁၃၆၃ ခုနှစ်လောက်တွင် စွန့်ခွာခဲ့ပြီး ၁၃၆၉ ခုနှစ်တွင် ပဲခူးသို့အပြီးအပိုင်ပြောင်းရွေ့ကာဟံသာဝတီမြို့တော် သစ်ကိုတည်ထောင်ခဲ့လေသည်။ ထိုအချိန်မှစတင်ကာ ဟံသာဝတီသည် နိုင်ငံခြားဆက်သွယ် ရေး စတင်ခဲ့သည်ဟုပြောဆိုနိုင်လေသည်။ ဗညားဦးသည် အင်းဝမှ မြန်မာဘုရင် မင်းကြီးစွာနှင့် မဟာမိတ်ဖွဲ့ကာယိုးဒယား ရန်အား ခုခံရန်ပြင်ဆင်ခဲ့သည်။ ရာဇာဓိရာဇ်လက်ထက် အင်းဝနှင့် စစ်ဖြစ်နေချိန်တွင် ယိုးဒယားမှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ရာဇာဓိရာဇ်မှ ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။ ရာဇာဓိရာဇ်၏သားတော် ဗညားရံလက်ထက် ၁၃၄၅ ခုနှစ်တွင် အီတလီပြည် ဗင်းနစ်မြို့သား နီကိုလိုဒီကွန်တီ(Nicolo di Conti) ဆိုသူမြန်မာပြည်သို့ရောက်လာသည်။ အင်းဝကိုလည်းရောက်ခဲ့သည်။ ဟံသာဝတီကိုလည်း ရောက်ကာ ပဲခူးတွင်လေးလခန့် နေထိုင်သွားခဲ့သည်။ သူသည် မြန်မာပြည်သို့ ပထမဆုံးရောက်ရှိသော ဥရောပတိုက်သားဟု သမိုင်းဆရာများကဆိုကြသည်။ ဓမ္မစေတီမင်း၏ သားတော် ဗညားရံလက်ထက်တွင်လည်း အီတာလျံ လူမျိုးနှစ်ဦး ရောက်ရှိခဲ့သေးသည်။ သူတို့နှစ်ဦးလုံးမှာ ကုန်သည်များသာ ဖြစ်ကြသည်။ ဘုရင်မရှင်စောပု လက်ထက်တွင်လည်း ရုရှားလူမျိုးနီကီတင် ဆိုသူဟံသာဝတီမြို့သို့ရောက်ရှိခဲ့သည်ဟု ဆိုကြသော်လည်း အချို့သမိုင်းဆရာများက ထိုအချက်ကို လက်မခံလိုကြပေ။ အကြောင်းမှာ နီကီတင်ရေးသားသည့် မှတ်တမ်းသည် မြန်မာပြည်အကြောင်းတစ်မျက်နှာလောက်သာ ပါဝင်ပြီးသူကိုယ်တိုင်သာ ရောက်ရှိခဲ့ပါက ထို့ထက်ပို၍ ပြည့်ပြည့်စုံစုံရေးနိုင်ကြမည်ဟု ယူဆကြသည်။ သူရေးသားထားသော ပဲခူးမြို့သည် ဆိပ်ကမ်းမြို့ဖြစ်ကြောင်း၊ အိန္ဒိယ တိုင်းရင်းသားများ လာရောက်ရောင်းဝယ်ဖေါက်ကားကြောင်းအစရှိသည့် အကြောင်းများသည် အိန္ဒိယကုန်သည်များထံမှ တဆင့်စကားသာ ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်အချို့က သုံးသပ်ကြသည်။ လမ်းပန်းအသစ်ရှာဖွေကာ ရောက်ရှိလာကြသည့် ဥရောပတိုက်သားများမှာ ထိုဒေသ၏ တိုင်းပြည်အခြေအနေ၊ကုန်ကူးနိုင်မူ့အလားအလာ၊ ဒေသထွက်ကုန်များကို စုံစမ်းပြီး မိမိတို့ကို စရိတ်ပေးလွှတ်သော အရင်းရှင်များအား ပြန်လည်တင်ပြကြသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုးဖြင့် နီကိုလိုဒီကွန်တီ၊စတီဖင်နို၊ဗာတီမာ အစရှိသည့်ကုန်သည်များသည် ၁၆ ရာစုအစတွင်မြန်မာပြည်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ခရီးသွားဟန်လွှဲ သဘောမျိုးဖြင့် လမ်းစရိတ်စရန် ကုန်ပစ္စည်းအချို့အားလည်း အစမ်းယူလာခဲ့ကြသည်။ စတင်ဖီနိုသည် သူပါလာသည့် ကုန်များကိုဗညားရံအား ရောင်းချခဲ့ပြီး ကုန်ဘိုးရအောင် ၁၈ လမျှစောင့်ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။ ဒီကွန်တီ၏ မှတ်တမ်းအရ မြန်မာလူမျိုးများသည် တလင်တမယားစနစ်ကို လိုက်နာကြကြောင်း၊ ပေါင်တွင်ထိုးကွင်းထိုးတတ်ကြောင်း၊ သရဏဂုံသုံးပါးအား ရိုသေပြီး၊ စာရေးလျင် ထန်းရွက်ပေါ်မှာရေးကြောင်း၊ ဆင်ဖြူများကို အလေးအမြတ်ထားရုံသာမက ရွှေနှင့်ကျောက်မြတ်ရတနာများ စီခြယ်ပြုလုပ်ထားသော ရွှေကြိုးများနှင့် ချည်သည်ဟုမှတ်တမ်းတင်ထားသည်။ ဗာတီမာကမူ ပဲခူးမင်းသည် သနားကရုဏာရှိပြီး မင်းမူထမ်းများနှင့် အရောတဝင်နေကြောင်း၊ ကလေးများနှင့်လည်း စကားပြောကြောင်း၊ ဘုရင်၏ကိုယ်တွင် ဝတ်ဆင်ထားသည့် ပတ္တမြား၏ တန်ဖိုးသည် မြို့ကြီးတစ်မြို့၏တန်ဖိုးလောက်ရှိကြောင်း၊ ပဲခူးမြို့တွင် အိမ်ကြီး၊အိမ်ကောင်းများဖြင့် ပြည့်နေကြောင်း၊ နန်းတော်ကို ကျောက်ဖြင့်ဆောက်လုပ်ကြောင်း မှတ်တမ်းတင်ထားသည်။ သူ၏ မှတ်တမ်းမှာပင် ထိုတိုင်းပြည်သည် အဖိုးတန်သစ်ပေါများကြောင်း၊ဆင်လည်း အမြောက်အမြားရှိကြောင်း၊ အကြီးအကျယ်ရောင်းဝယ်သော ပစ္စည်းများမှာ ချိပ်၊ကရမက်သား၊ ဝါဂွမ်း၊ ပိုး၊ ပတ္တမြားတို့ဖြစ်ကြောင်း၊ ယင်းပစ္စည်းများ ရောင်းဝယ်မူ့မှ ဘုရင်သည် အခွန်တော်များစွာ ရကြောင်း စသည်ဖြင့်ရေးသားခဲ့သည်။ ဒုတိယ ဟံသာဝတီခေတ် တပင်ရွှေထီးလက်ထက် လောက်မှစတင်ကာ ပေါ်တူဂီများသည်မြန်မာနိုင်ငံအတွင်းဝင်ရောက်လာခဲ့သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို သိမ်းပိုက်ပြီးနှစ်နှစ် အကြာတွင် မုတ္တမကို သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ ပေါ်တူဂီသေနတ်ကိုင် ကြေးစားစစ်သားများ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မုတ္တမမြို့စား စောဗညား၏ ပေါ်တူဂီကြေးစားစစ်သားများသည် တပင်ရွှေထီး ဘက်သားပေါ်တူဂီများ နှင့် ပူးပေါင်းခဲ့သည့်အတွက် မုတ္တမသည် တပင်ရွှေထီးလက်ထဲသို့ အလျင်အမြန်ကျရောက်ခဲ့ပေသည်။ ဆက်စပ်ဖတ်ရှုရန် ရာဇာဓိရာဇ် တပင်ရွှေထီး ဘုရင့်နောင် ရှင်စောပု ပဲခူးမြို့ ကိုးကား မွန်လူမျိုးများ မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ မြန်မာနိုင်ငံ၏ သမိုင်း မဂဒူး မင်းဆက် ပဲခူးတိုင်းဒေသကြီး
https://my.wikipedia.org/wiki/%E1%80%9F%E1%80%B6%E1%80%9E%E1%80%AC%E1%80%9D%E1%80%90%E1%80%AE
ရာဇာဓိရာဇ်
ရာဇာဓိရာဇ် သည် (နန်းစံနှစ် မြန်မာသက္ကရာဇ် ၇၄၅ မှ ၇၈၃) ထိ ဟံသာဝတီ(ပဲခူး)ကိုဗဟိုပြုကာ မွန်သုံးရပ်(ခေါ်) ရာမညဒေသ (ယနေ့အောက်မြန်မာပြည်ဒေသ)ကို အုပ်စိုးခဲ့သည့် မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်ပြီး လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင်တစ်ပါးဖြစ်သည်။ ဖခမည်းတော်မှာ ဗညားဦး ဖြစ်သည်။ ရာဇာဓိရာဇ်သည် သူရဲကောင်းများကို တန်းတူရည်တူဆက်ဆံကာ ချစ်မြတ်နိုးသော စစ်ဘုရင်တစ်ပါးလည်းဖြစ်သည်။ ရာဇာဓိရာဇ် လက်ထက်တွင်ထင်ရှားသော မွန်သူရဲကောင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။ ဗညားဒလ ရေးသားခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း၊ ဒေါက်တာနိုင်ပန်းလှ ရေးသည့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း ထင်ရှားသော ကျမ်းများဖြစ်သည်။ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၏ အထိကရစစ်ဘုရင်တစ်ပါးဟု ဆိုလျင်လည်းမမှားပေ။ ငယ်စဉ်ကလေးဘဝမှစ၍ နတ်ရွာစံကံတော်ကုန်သည့် အချိန်ထိ စစ်ပွဲတိုက်ပွဲများနှင့် မကင်းခဲ့ချေ။ ငယ်ဘဝ ရာဇာဓိရာဇ်သည် ပဲခူးမြို့တွင် နန်းစိုက်သော မုတ္တမဘုရင် ဗညားဦး နှင့် သီရိမာမိဖုရားတို့မှ ဖွားမြင်သော သားတော် ဖြစ်သည်။ သက္ကရာဇ် ၇၂၉ ခုနှစ် တပို့တွဲလဆန်း ၈ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်စဉ်ကပင် မယ်တော်ကွယ်လွန်သဖြင့် ခမည်း တော် ဗညားဦး၏နှစ်မတော်မဟာဒေဝီမင်းသမီးက ရာဇာဓိရာဇ် ကို ဆက်လက်မွေးမြူသည်။ ရာဇာဓိရာဇ်၏ ငယ်မည်ကား ဗသုန်ဗန်စက် (ခံတွင်း၌ လျှာတွင် စက်ပါသူ) ဖြစ်၏။ နောင်တွင် ခမည်းတော်က ဗညားနွဲ့ဟူ၍ ဘွဲ့ချီတော်မူသည်။ အရွယ်ရောက်သော် ခမည်းတော် ဗညားဦးနှင့် စန္ဒာဒေဝီ မိဖုရားတို့မှ ဖွားမြင်သော တလမည်ဒေါ မင်းသမီးတို့ သင့်ရာမှ ဗောလောကျန်းတော မည်သော သားတော်ကို ရရှိသည်။ နောင်တွင် အင်းဝမင်းခေါင်၏ သားတော် မင်းရဲကျော်စွာသည် ဤ ဗောလောကျန်းတော သေ၍ ဝင်စားသည်ဟု အဆိုရှိသည်။ မင်းအဖြစ်ရောက်ခြင်း ဗညားဦး လက်ထက်တွင် ရာဇာဓိရာဇ်သည် အရီးတော် မဟာဒေဝီ အကောက်ကြံ၍ ပဲခူးနေပြည်တော်တွင် မနေသာဘဲ ဒဂုန်သို့ ထွက်သွား၍ ခြားနားသည်။ သက္ကရာဇ် ၇၄၅ ခုနှစ်တွင် ခမည်းတော်ဗညားဦး နတ်ရွာစံလျှင် ပဲခူးမြို့ကို အလွယ်တကူ သိမ်းယူ၍ မင်းပြုလေသည်။ ရာဇာဓိရာဇ်သည်ကား ဝါရီရူးဘုရင်များတွင် အထင်ရှားဆုံး ဘုရင် ဖြစ်သည်။ ရာဇာဓိရာဇ် မင်းဖြစ်စတွင်ပင် ဦးရီးတော် မြောင်းမြမြို့စား လောက်ဖျားက အင်းဝမင်းကြီးစွာစော်ကဲကို ချီပင့်သဖြင့် အင်းဝနှင့် စစ်ဖြစ် ရသည်။ အနှစ်၄၀စစ်ပွဲ ထိုအချိန်မှစ၍ မြန်မာရာဇဝင်တွင် ကျော်ကြား သော အနှစ် ၄ဝ ကြာ ပဲခူး-အင်းဝ စစ်ပွဲကြီး စတင်လေ သည်။ ဤစစ်သည် ရာဇာဓိရာဇ်နှင့် မင်းကြီးစွာစော်ကဲတို့ လက်ထက်တွင် စတင်ဖြစ်ပွားခဲ့လျက်၊ မင်းကြီးစွာစော်ကဲ နတ်ရွာစံလွန်သွားသောအခါ သားတော်မင်းခေါင်သည် စစ်ကို ဆက်လက်ဆင်နွဲပြန်၏။ ရာဇာဓိရာဇ်နှင့် မင်းခေါင် နတ်ရွာစံ ပြီးနောက် တိုက်ခိုက်မှုများ ခေတ္တရပ်စဲခဲ့သည်။ ထို့နောက် ရာဇာဓိရာဇ်သားတော် ဆင်ဖြူရှင်သီဟသူတို့ လက်ထက်တွင် ဆက်လက်ဖြစ်ပွားသည်။ နောက်ဆုံးတွင် ဗညားဓမ္မရာဇ်၏ ညီတော် ဒဂုန်ကိုစားရသော ဗညားရံက ဆင်ဖြူရှင်သီဟသူအား နှစ်မတော် ရှင်စောပုကို ဆက်၍ မဟာမိတ်ပြုကာ စစ်ပြေငြိမ်း လိုက်ရာတွင်မှ အပြီးတိုင်ခဲ့သည်။ မြန်မာတို့က ပဲခူးကို ရသည်မရှိသော်လည်း တိုက်ခိုက် ရာဌာနကား မွန်ပြည်တွင်း ဖြစ်သည်။ အနောက်ဘက်ရှိ ရခိုင်နှင့် သံတွဲသို့လည်း စစ်ဦးလှည့်သည့်အခါ စစ်မြေပြင်ဖြစ်ခဲ့ ရလေသည်။ မွန်မြို့တော်သို့ ချီတက်ရာ စစ်ကြောင်းမှာ လှိုင် မြစ်ကြောင်းဖြင့် ဒဂုန်သို့ဝင်ပြီးမှ ပဲခူးကို ပန်းတိုင်အဖြစ် ထားကာ တိုက်ခိုက်ကြသည်။ တစ်ခါတစ်ရံ တောင်ငူမှနေ၍ စစ်တောင်းမြစ်ကြောင်းကို အသုံးပြုသည့်အခါလည်း ရှိလေ သေးသည်။ ရာဇာဓိရာဇ်သည် မွန်သုံးရပ်ဟု တွင်သော ပုသိမ်၊ မုတ္တမ နှင့် ဟံသာဝတီတို့ကို ခိုင်မြဲအောင် စည်းရုံးထားသဖြင့် မြန်မာ တို့ တိုက်ရန်မလွယ်ချေ။ ရာဇာဓိရာဇ်သည် မင်းကြီးစွာစော်ကဲ လက်ထက်၌ ၇၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ၇၄၉ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် စစ်မက်ပြုရသည်။ မင်းကြီးစွာ စော်ကဲ လွန်၍ သားတော်မင်းခေါင် နန်းတက်သောအခါ ၇၆၆ ခုနှစ်တွင် ရာဇာဓိရာဇ်၏ စစ်တပ်များသည် ဧရာဝတီ မြစ် ကြောင်းအတိုင်း အညာသို့ ချီတက်လာရာ ရွှေကြက်ယက် တိုင်အောင် ရောက်သည်။ အင်းဝမင်းခေါင် စေလွှတ်သော ပင်းယစကြိုသူမြတ် ဟောပြောဆုံးမသဖြင့် ပြန်သည်။ မင်းခေါင်နှင့် ရာဇာဓိရာဇ်သည် ရှစ်ကြိမ်တိုင်တိုင် စစ်ပွဲများ ဆင်နွဲခဲ့ကြသည်။ စစ်ပွဲအစတွင် မည်သို့ရှိစေကာမူ အဆုံး၌ မြန်မာတို့သည် မွန်နယ်ကျေး လက်မှ ထွက်ခွာပြန်လည်ရသည်ချည်း ဖြစ်သည်။ အင်းဝ စစ်သည်တို့ အကြိမ်ကြိမ် တိုက်လာသော်လည်း တွန်းလှန် ဖြိုဖျက်နိုင်သည်သာ များသည်။ သက္ကရာဇ် ၇၇၆ ခုနှစ်တွင် ရာဇာဓိရာဇ်သည် သိန္နီနှင့် မဟာမိတ်ပြုကာ သိန္နီစော်ဘွားအား အင်းဝကို တိုက်စေ၏။ အင်းဝစစ်ပန်းသည့်အခါတွင် ရာဇာဓိရာဇ် ချီတက်တိုက်ခိုက်ရာ ပြည်မြို့အထိ သိမ်းပိုက်နိုင်ခဲ့သည်။ အင်းဝဘုရင်မင်းခေါင်သည် ရာဇာဓိရာဇ်အား နှစ်မတော်ကို ဆက်ပြီးလျှင် ပြည်မြို့ ရွှေဆံတော်ဘုရားတွင် သစ္စာဆိုကာ စစ်ပြေငြိမ်းရသည်။ သို့ရာ တွင် မင်းခေါင်သည် ဇင်းမယ်နှင့် မဟာမိတ်ပြုကာ ရာဇာဓိရာဇ် အား လက်စားချေတိုက်ပွဲ ဆင်နွဲပြန်သည်။ စစ်တိုက်ခိုက်ရာ၌ ခြေခင်းလက်ခင်းသာသည့် အချိန်၌သာ တိုက်ခိုက်ကြသည်။ မိုးကျလျှင် ပြန်ကြပြန်သည်။ တိုက်ပုံ တိုက်နည်းတို့မှာ အခြေအနေအရ သင့်လျော်သလို စီမံသွားကြ သည်။ ပြောက်ကျားတိုက်ခြင်း၊ ချောင်း၍ အလစ်တိုက်ခြင်း၊ ခံတပ်ပြုလုပ်၍ တိုက်ခိုက်ခြင်း၊ မြို့ကြီးများကို ပိတ်ဆို့ဝန်းရံ၍ တိုက်ခိုက်ခြင်း၊ ရံဖန်ရံခါ တစ်ယောက်ချင်း လူစွမ်းပြခြင်း၊ စီးချင်းထိုးခြင်း စသည့် တိုက်ခိုက်နည်းတို့ဖြင့် တိုက်ကြသည်။ ရာဇာဓိရာဇ်၏ မိဖုရားများ ငိုယိုသည်နှင့် မိမိတို့နိုင် လောက်ပြီဆိုရသော စစ်ကို ပြေငြိမ်းလိုက်ခြင်း၊ ရွှေဆံတော် ဘုရားတွင် မင်းနှစ်ပါး သစ္စာပြုပြီးနောက် မကြာမီပင်လျှင် စစ်ဖြစ်ပြန်ခြင်းတို့ကို ထောက်၍ ထိုအခါက စစ်မည်မျှ ဖြစ် လွယ်သည်ကို ထောက်ချင့်နိုင်သည်။ စစ်ပွဲအတွင်း တစ်ဖက်နှင့် တစ်ဖက် သွားလာကျွေးမွေး ခေါ်ငင်ကြသည်လည်း ရှိသည်။ ထိုစစ်အတွင်း အရှင်၏သစ္စာကို မှန်ကန်စွာ စောင့်ထိန်း၍ အမှုထမ်းသော သူရဲကောင်းတို့လည်း ရှိသည်။ တစ်ဖက်မှ တစ်ဖက်သို့ ဝင်စားကြသည်လည်း ရှိသည်။ သူရသတ္တိနှင့် တိုက်ခိုက်ကြသည်ရှိသော်လည်း မင်းရဲကျော်စွာ လဂွန်းအိမ်ကို လှည့်ဖျားသကဲ့သို့ ဥပါယ်တံမျည်ဖြင့် လိမ်လည်လှည့်ပတ် တိုက်ခိုက်ကြသည်လည်း များလေသည်။ တစ်ဖက်ရန်သူကို အကောက်ကြံ၍ ပြုလုပ်ရာ၌ မင်းတို့ အလိုတူသည်လည်း ရှိသည်။ စင်စစ်သော်ကား အခြားသောနိုင်ငံများကဲ့သို့ပင် လူစွမ်း ပြလိုခြင်း၊ အနိုင်ရ၍ ဂုဏ်ယူလိုခြင်း၊ လက်စားချေလိုခြင်း စသော ရည်ရွယ်ချက်တို့ကြောင့် စစ်ဖြစ်ရလေသည်။၇၈၃ ခုနှစ်တွင် အင်းဝဘုရင်မင်းခေါင် နတ်ရွာစံပြီး နောက် စစ်မက်ရေးရာမှာ ငြိမ်သက်သွား၏။ ထို ၇၈၃ ခုနှစ်တွင်ပင် ရာဇာဓိရာဇ်လည်း တောကစား ရင်း ဆင်ဖမ်းရာတွင် ဒဏ်ရာသဖြင့် ထိုဒဏ်ရာကြောင့်ပင် ကံကုန်လေသည်။ မင်းမှူထမ်းများ ရာဇာဓိရာဇ်မင်းသည် ဆင်စီး၊ မြင်းစီး၊ စစ်ဆင်၊ စစ်ထိုး၊ အတတ်များကို ကောင်းစွာ တတ်ကျွမ်း၏။ အမတ်ဒိန်မဏိရွတ်၊ ဗိုလ်မင်းဗြာတ်စ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသော သူရဲကောင်း အမှုထမ်းတို့ ပေါများသည်။ မှူးမတ်သူရဲကောင်းတို့ တိုက်ပွဲ တွင် ထိခိုက်ရှနလျှင် ကိုယ်တော်တိုင် ပြုစုတော်မူတတ်သဖြင့် သက်စွန့်ကြိုးပမ်း အမှုထမ်းသူ ပေါများလှလေသည်။ ရာဇာဓိရာဇ်သည်ကား မြန်မာ့သမိုင်းတွင် ဝါရီရူးဘုရင်များအနက် အထက်မြက်ဆုံးမင်း၊ သူရဲကောင်းများကို ချစ်ခင်လေးစားတတ် သောမင်းအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့လေသည်။ ရာဇာဓိရာဇ်နတ်ရွာစံခြင်း မင်းရဲကျော်စွာ ကျဆုံးပြီး ဘုရင်မင်းခေါင် ဒေါသအလျှောက် လက်စားချေရန် တစ်ကြိမ်လာရောက်တိုက်ခိုက်သည်နောက် အင်းဝ နှင့်ဟံသာတီ တို့စစ်အကြီးအကျယ် တိုက်ခိုက်ခြင်းမရှိတော့၍ အခိုက်အတန့်မျှ အေးချမ်းကြသည်။ သက္ကရာဇ် ၇၈၃ တွင် ရာဇာဓိရာဇ် ဆင်ကျော့(ဖမ်း)ထွက်ရာ ဆင်ပေါ်မှ အကျတွင် လွန်ကြိုး နှင့် ပေါင်တွင်ခြစ်မိကာ အနာကြီးစွာရပြီး သွေးလွန်ကာ နတ်ရွာစံလေသည်။ ကိုးကား ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း မြန်မာမင်းများအရေးတော်ပုံကျမ်း ၆ စောင်တွဲ မွန်ဘုရင်များ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%87%E1%80%AC%E1%80%93%E1%80%AD%E1%80%9B%E1%80%AC%E1%80%87%E1%80%BA
ညောင်ရမ်းမင်းဆက်
တပင်ရွှေထီး၊ ဘုရင့်နောင်တို့ တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏သားတော် နန္ဒဘုရင်လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတဝန်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစားရှင်သစ္စာသည် မဟာသီဟသူရ ဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကို စတင်တည်ထောင်သည်။ ၎င်းနှင့် ၎င်းနောက် နန်းတက်ကြသည့် အနောက်ဘက်လွန်မင်း၊ သာလွန်မင်းတို့သည် အင်းဝ၊ ပြည်၊ တောင်ငူ၊ ဟံသာဝတီနှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။ ညောင်ရမ်းမင်းဆက် ၁၁ ဆက်သည် အင်း၀ကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်း ခေါ်ဝေါ်ကြသည်။ ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားဩဇာ လျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ (ဟံသာ၀တီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။ နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။ ညောင်ရမ်းမင်းဆက်များမှာ ညောင်ရမ်းမင်းတရားကြီး (မဟာသီဟသူရ ဓမ္မရာဇာ)(၁၆၀၀-၁၆၀၆) အနောက်ဘက်လွန်မင်း (မဟာဓမ္မရာဇာ)(၁၆၀၆-၁၆၂၈) မင်းရဲဒိဗ္ဗ (၁၆၂၈) သာလွန်မင်း (သတိုးဓမ္မရာဇာ)(၁၆၂၈-၁၆၄၈) ပင်းတလဲမင်း (သီရိနန္ဒသူရဓမ္မရာဇာ) (၁၆၄၈-၁၆၆၁) ပြည်မင်း (၁၆၆၁-၁၆၇၇) နရာဝရ မင်းရဲကျော်ထင် (သီရိပရဝ မဟာဓမ္မရာဇာ)(၁၆၇၇ -၁၆၉၈ ) စနေမင်း (၁၆၉၈-၁၇၁၄ ) တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃ ) မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီရောက်မင်း/လောကသရဖူ ဒါယကာမင်း)(၁၇၃၃-၁၇၅၂) တို့ဖြစ်ကြသည်။ တောင်ငူခေတ် ညောင်ရမ်းခေတ်
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%80%E1%80%BA
သုရှင်တကာရွတ်ပိ
မဂဒူး မင်းဆက်မှ နောက်ဆုံးမင်းဖြစ်သူ သုရှင်တကာရွတ်ပိ (၁၅၂၆-၁၅၃၉)သည် ဒုတိယဗညားရံ၏သား ဖြစ်သည်။ နိုင်ငံကို ကောင်းစွာ အုပ်ချုပ်ထားနိုင်စွမ်းမရှိတော့ပဲ အင်အားကြီးလာသည့် တောင်ငူဘုရင် တပင်ရွှေထီး၏ ကျူးကျော်မှု သုံးကြိမ်ခံရပြီးနောက်တွင် ဟံသာဝတီနန်းတော်ကိုစွန့်ခွာကာ နောက်လိုက်နောက်ပါများဖြင့် ယောက်ဖတော် ပြည်မင်းနရပတိ ထံသို့ ပြေးလေသည်။ အကြီးဆုံးအမှားမှာ တပင်ရွှေထီး၏ပရိယာယ်ကို ယုံစားပြီး မိမိအပေါ်တွင် သစ္စာရှိရှိ ကာကွယ်ပေးနေသည့် အရည်အချင်းရှိ အထိန်းတော်ကြီးနှစ်ပါး (ဗညားကျန်း နှင့် ဗညားလော) တို့ကို ကွပ်မျက်စေခဲ့ခြင်းပင်ဖြစ်သည်။ ကိုယ်တိုင် မိဖုရားနှင့် သားသမီးများခေါ်၍ ရေကြောင်းမှပြေးပြီး ကျန်တပ်များကို ကြည်းကြောင်းမှ လိုက်စေသည်။ ပြည်မြို့မရောက်ခင်ပင် ကြည်းတပ်မှာ ကျော်ထင်နော်ရထာ ဦးဆောင်သည့် တောင်ငူတပ်များကို နောင်ရိုးတိုက်ပွဲတွင် ရှုံးနှိမ့်သွားသဖြင့် အင်အားအနည်းငယ်ဖြင့်သာ ပြည်မြို့သို့ရောက်သည်။ ထိုနောက် သုရှင်တကာရွတ်ပိသည် ၎င်း၏လက်ကျန်အင်အား၊ ယောက်ဖဖြစ်သူ နရပတိ၏ ပြည်မှ စစ်အင်အား၊အင်းဝမှ ရှမ်းမင်းသိုဟန်ဘွားနှင့် ၎င်း၏မဟာမိတ် ရှမ်းစော်ဘွားများ စသည့် အင်အားသုံးရပ်ပေါင်းကာ တပင်ရွှေထီး၏ တောင်ငူတပ်များကို ရင်ဆိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရေတပ်တွင် တပင်ရွှေထီး၏တပ်များ အသာရသည်။ ကြည်းကြောင်းတိုက်ပွဲများ ဆင်နွဲရန် စီစဉ်သော်လည်း စစ်ပန်းနေသောကြောင့် တစ်ကြောင်း၊ ရန်သူအင်အား များသည်ကြောင့်တစ်ကြောင်း တပင်ရွှေထီးက တပ်ကို ဟံသာဝတီသို့ ပြန်ခေါက်သဖြင့် မတိုက်ခိုက်ဖြစ်တော့ပေ။ သို့ဖြင့် တကာရွတ်ပိလည်း အင်္ဂပူတွင် တပ်ချကာနေစဉ် ဆင်ကျော့(ဖမ်း) ထွက်ရာမှ အဖျားရောဂါပြင်းထန်စွာခံစားရပြီး လွန်လေသည်။ သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါးကို သိုဟန်ဘွားက မြောက်စားမည်ဟုဆိုကာ အင်းဝသို့ခေါ်ဆောင်သွားသည်။ အင်းဝ၌ စံစားနေကြရင်း မပျော်ပိုက်၍ သမီးတော်ကွန်းဗ္လဲသည် ပြည်အရပ်သို့ ပြန်လည်စံမြန်းရာမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ မိဖုရားမင်းခေါင်မယ်တော်(ပြည်ဘုရင် မင်းထွေး၏ နှမ)ကိုမူ နရပတိက ရခိုင်နှင့် မဟာမိတ်ပြုလိုသဖြင့် ရခိုင်ဘုရင်ထံဆက်သလေသည်။ ကိုးကား မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AF%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%90%E1%80%80%E1%80%AC%E1%80%9B%E1%80%BD%E1%80%90%E1%80%BA%E1%80%95%E1%80%AD
ဘုရင့်နောင်
ဘုရင့်နောင် (၁၅၁၆ - ၁၅၈၁) ကို ဟံသာဝတီ ဆင်ဖြူများရှင် အဖြစ်လည်း အသိများသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး ကိုအောင်မြင်စွာ ဆက်လက်တည်ဆောက်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ တိုင်းပြည်များက ရိုသေလေးစားရသည့် ဘုရင် ဧကရာဇ်တစ်ဦး ဖြစ်သည်။ ဦးကုလား၊ မှန်နန်းရာဇဝင် အစရှိသည့် ရာဇဝင်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းဆွေမင်းမျိုးဖြစ်သည်ဟု ဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇဝင်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေ ဘုရင့်နောင်သည် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် အရေးပါသော၊ နာမည်အကျော်ကြားဆုံး ဘုရင်တစ်ဦးအဖြစ် လက်ခံထားကြသည်။ နောက်ခံသမိုင်းကြောင်း ဘုရင့်နောင်၊ ငယ်နာမည် ရှင်ရဲထွတ် သည် မင်းကြီးဆွေ(နောင်တွင် တောင်ငူဘုရင်ခံ မင်းရဲသီဟသူ)နှင့် ရှင်မျိုးမြတ်(သျှင်မျိုးမြတ်)တို့၏ သားကြီး ဖြစ်သည်။ မိခင်မှာ တပင်ရွှေထီး၏ နို့ထိန်း ဖြစ်သကဲ့သို့ တပင်ရွှေထီးနှင့် ဘုရင့်နောင်မှာ အသက် မကွာလှသဖြင့် နို့စို့ဖက်များ ဖြစ်ကာ တစ်ဦးနှင့် တစ်ဦး အလွန်ပင် ချစ်ခင်ကြသည်။ အရွယ်ရောက်သော် တပင်ရွှေထီး၏ အမတော် သခင်ကြီးနှင့် ငြိစွန်းခဲ့ကြသည်။ မင်းကြီးညို (တပင်ရွှေထီး၏ ဖခင်)မှ သတ်ရန် အမိန့်ချသော်လည်း ဇာတာကောင်းလှသည် ဟုဆိုကာ အပြစ်မှ ချမ်းသာပေးခဲ့သည်။ နောင် မင်းကြီးညို လွန်ပြီး တပင်ရွှေထီး နန်းတက်လျှင် ကျော်ထင်နော်ရထာ ဘွဲ့ပေးကာ အမတော် သခင်ကြီးနှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ ထိုမှစ၍ တပင်ရွှေထီး၏ နယ်ပယ် ချဲ့ထွင်ရေး စစ်ပွဲများတွင် တိုက်ပွဲတိုင်း ဦးဆောင် ပါဝင်ခဲ့ရပြီး ၎င်းတို့အနက် နောင်ရိုးတိုက်ပွဲမှာ ကျော်ကြားပြီး ထိုတိုက်ပွဲအပြီးတွင် ကျော်ထင်နော်ရထာဘွဲ့မှ ဘုရင့်နောင်ဘွဲ့ သို့တိုးမြှင့်ပေးခြင်း ခံရသည်။ ထို့နောက် တပင်ရွှေထီးမှ တရားဝင် အမိန့်မထုတ်ပြန်ခဲ့သော်လည်း အိမ်ရှေ့မင်း စည်းစိမ်ပေးကာ ချီးမြှောက်ခဲ့သည်။ တပင်ရွှေထီးသည် အရက်သေစာကြောင့် တိုင်းပြည်အုပ်ချုပ်ရေး လစ်ဟင်းသည့်အချိန်မှ စ၍ တပင်ရွှေထီး၏ကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်ပေးရပြန်သည်။ မွန်တို့ သူပုန်ထသောအခါ တပင်ရွှေထီးက ဘုရင့်နောင်အား သွားရောက်နှိမ်နှင်းစေသည်။ ဘုရင့်နောင် ဒလ သို့ရောက်ရှိချိန်တွင် တပင်ရွှေထီးသည် ဟံသာဝတီနန်းတော်၏အဝေး တစ်နေရာတွင် လုပ်ကြံခံရသည်ကို သိရလေသည်။ ဤသို့ဖြင့် ဘုရင့်နောင်သည် တပင်ရွှေထီး အစပြုခဲ့သည့် ဒုတိယ မြန်မာနိုင်ငံတော် တည်ထောင်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ တောင်ငူ တပင်ရွှေထီးနတ်ရွာစံပြီးနောက် တိုင်းပြည် ပြိုကွဲသောအခါ ဘုရင့်နောင်တွင် အပိုင်စားရသည့် မြို့ကြီးရွာကြီး မရှိသည့်အပြင် ဟံသာဝတီနှင့် ဝေးရာ ဒလသို့ ရောက်ရှိနေသည်။ သို့သော် အနားတွင် ပညာရှိများ၊ စစ်သူရဲများ အတော်အတန် ရှိသဖြင့် တိုင်ပင်ဆွေးနွေးပြီး မိမိလက်အောက်ရှိ မွန်များကို အနီးအပါးရှိ မြို့ရွာများ အပိုင်စားပေးကာ နေရစ်စေသည်။ နောက်ပါအင်အား တောင့်တင်းစေရန် အတွက် ပေါ်တူဂီ ကြေးစားစစ်ဗိုလ် ဒီယိုဂို ဆွာဝါရက်ဇ် ဒီမယ်လို (Diogo Soarez de Mello) ကို အနားခေါ်ကာ ခစားစေသည်။ ထိုသို့ ရှိသမျှအင်အား စုစည်းပြီး ဒလ မှ ဒဂုံသို့ဦးစွာ ချီတက်သည်။ ဒဂုံမှ ဓနုတောမကော်၊ ထိုမှ ဟံသာဝတီသို့မဝင်ဘဲ ဓားကျွန်တောင်ကို ပတ်၍သွားသည်။ ထိုအခါ သမိန်စက္ကဝေါ က ဗညားဒလအားစေလွတ်ပြီး တိုက်ခိုက်စေသော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိပေ။ ဟင်းခနွေကိုရောက်မှ မိဖုရားဖြစ်သူ သခင်ကြီး ဝေါစီးကာ သွားလာနေသည်ကို တွေ့မှ ညီတော် တောင်ငူစားသီဟသူ၏ အကြံကိုသိရတော့သည်။ ထိုမှ ဆက်လက်ချီတက်ရာ တောင်ငူမရောက်မှီ ရွာသစ်ကြီးကို ဇေယျဝတီဟု ခေါ်တွင်ကာ တပ်ချနေသည်။ ထိုသို့ ဘုရင့်နောင် တောင်ငူကို သိမ်းရန် ကြံစည်နေချိန်တွင် ဟံသာဝတီရှိ မွန်မင်း သမိန်စက္ကဝေါမှာ မှူးမတ်များ လုပ်ကြံနန်းချခြင်းခံရပြီး သမိန်ထောရာမအား ပင့်ဆောင် နန်းတင်ကြသည်။ ထိုသို့ သမိန်ထောရာမ ဟံသာဝတီတွင် နန်းတက်လျှင် မူလက တပင်ရွှေထီး၏ သစ္စာခံများဖြစ်သည့် အဲမွန်ဒယာ၊ စန္ဒာယော်ဓာ အစရှိသည့် မှူးမတ်များလည်း နောက်ပါအင်အားများနှင့်တကွ ဘုရင့်နောင်ထံ လာရောက်ခိုဝင်ကြသည်။ အရှေ့ဘက်မုတ္တမ မှလည်း အဲပရဲ၊ စန္ဒရာသီ၊ ဗိုက်ကမြင် အစရှိသည့်မှူးမတ်များလည်း ခိုဝင်လာကြပြန်ရာ ဘုရင့်နောင်၏တပ်မှာ အင်အားတိုးပွားလာသလို တောင်ငူသီဟသူမှာ လည်း ကြောက်ရွံခြင်း တိုးလာလေသည်။ ထိုနောက် ညီတော်များ၊ မှူးမတ်များနှင့် တိုင်ပင်ပြီး တောင်ငူကို တိုက်ရန် ဆုံးဖြတ်ကြသည်။ တောင်ငူကို တိုက်သည့် ကြည်းတပ်တွင် တပ်ပေါင်း ၁၂ တပ်ပါဝင်၍ ဆင် ၂၀ဝ၊ မြင်း ၂၀ဝ၀ နှင့်စစ်သည် ၈၀ဝ၀ဝ ရှိပြီး ရေတပ်တွင် တပ်ပေါင်း ၆ တပ်ပါ၍ ကတ္ထူလွန်းကြင်လှေ ၁၃၀၊ လှော်လားလှေ ၇၀ နှင့် စစ်သည် ၁၆၀ဝ၀ ပါဝင်သည်ဟု ဆိုသည်။ စတင်၍ စစ်ချီတက်သည့်နေ့မှာ သက္ကရာဇ် ၉၁၂၊ တော်သလင်းလပြည့်ကျော် ၂ ရက်ဖြစ်သည်။ နောက်တောင်ငူကို ၄ လမျှ ဝိုင်းရံထားရာ တောင်ငူမင်းခေါင်လည်း အကြိမ်ကြိမ် ထွက်တိုက်သည့်တိုင် မအောင်မြင်ပဲ မြို့တွင်းသို့သာ ပြန်ဆုတ်ခဲ့ရသည်။ ကာလကြာသော် မြို့တွင်း၌ စားနပ်ရိက္ခာ နည်းပါလာခြင်း၊ ဘုရင်မင်းခေါင်(သီဟသူ)ကို မကြည်ညိုသည့်အတွက် ဘုရင့်နောင်ထံသို့ ခိုဝင်ကြခြင်း စသည်တို့ကြောင့် တောင်ငူဘုရင်မင်းခေါင်မှာ နောက်လိုက်အခြွေအရံ နည်းပါးလာသည်။ နောက်ဆုံးတွင် ဆရာတော်များကို စေလွတ်၍ ၎င်းအား စည်းစိမ်မပျက် ချမ်းသာပေးလျှင် အညံ့ခံပြီး အမှုတော်ထမ်းမည့်အကြောင်း အရေးဆိုခိုင်းသည်။ ဘုရင့်နောင်သည် ကမ်းလှမ်းမှုကို လက်ခံကာ မြို့ကိုသိမ်းပိုက်ပြီး မင်းခေါင်အား အသက်မှလွတ်သည့်အပြင် စည်းစိမ်မပျက် ချမ်းသာပေးလေသည်။ မြို့ကိုရသည့်နေ့မှာ သက္ကရာဇ် ၉၁၂၊တပို့တွဲလဆန်း ၃ ရက်ဖြစ်သည်။ ဘိသိက်ခံခြင်နှင့် ဘွဲ့ထူးများပေးအပ်ခြင်း တောင်ငူကိုရသောအခါ မှူးမတ်များကို ယာယီတဲနန်းတွင် စုရုံးစေပြီး ဘိသိက်သွန်းခံလေသည်။ ထိုပွဲတွင် ညီတော်သီရိဇေယျကျော်ထင်အား မင်းရဲစည်သူ ညီတော် နန္ဒယော်ဓာ အား သတိုးဓမ္မရာဇာ ညီတော် သီဟသူ(တောင်ငူမင်းခေါင်)အား မင်းခေါင် ညီတော် ဇေယျနန္ဒအား မင်းရဲကျော်ထင် အခြားအမှူးအမတ်များကိုလည်း အသီးသီး ဘွဲ့အမည်များပေးလေသည်။ နောက် မိမိတဲနန်းကိုဖျက်ကာ ကျောင်းတော်ကြီးဆောက်၍ ဆရာတော် သဒ္ဓမ္မဂုရု အားလှူဒါန်းသည်။ သရထီး ဘုရားညီနောင်အား ရွှေချပူဇော်သည်။ သရေခေတ္တရာပြည် ဘုရင့်နောင်သည် တောင်ငူကို သိမ်းယူပြီးသောအခါ ဆက်လက်၍အင်းဝ၊ စစ်ကိုင်း၊ ဟံသာဝတီနှင့် ပြည်တို့ကို သိမ်းယူရန် အစီအစဉ်ရှိသည်။ မှူးမတ်များက မွန်တို့၏ဒေသများကို မသိမ်းပိုက်မီ မြန်မာတို့ကိုသာ များအောင် သိမ်းသွင်းသင့်ကြောင်း လျှောက်သဖြင့် ဦးစွာ ပြည်ကို သိမ်းယူရန် စီစဉ်လေသည်။ ပြည်တွင် မင်းပြုနေသူမှာ တပင်ရွှေထီးလက်ထက်က ပြည်ဘုရင်ခံအဖြစ် ထားသည့် သတိုးဓမ္မရာဇာဖြစ်ပြီး သတိုးသူဘွဲ့ခံထားသူဖြစ်သည်။ သို့ဖြင့် ဆင် ၂၅၀၊ မြင်း ၃၀၀၀ နှင့် စစ်သည် ၉၀ဝ၀ဝ တို့ကို တပ်ပေါင်း ၁၇ တပ် ဖွဲ့ကာ ပြည်သို့ ချီတက် တိုက်ခိုက်လေသည်။ သို့သော် ပြည်မြို့သည် မြို့ရိုးပြစီး ထူထပ်လှသည့်အတွက် စစ်သည်ရဲမက် အကျအဆုံးများသဖြင့် အဝေးမှပင် ဝန်းရံနေရသည်။ ထို့နောက် ဘုရင့်နောင်သည် စစ်သည်တို့ ပင်ပန်းမည်ကို စိုး၍ ပြည်မြို့အနီးအပါးဒေသများကို သိမ်းယူသည်။ မြေထဲ၊ လယ်ကိုင်း၊ မလွန်၊ စကု၊ဆင်ဖြူကျွန်းကျပင်းစလင်း မဖဲ၊ မြင်ကွန်း၊ မင်းတုန်း၊ တိုင်တား၊ မင်းတပ် မြို့များကို သိမ်းပိုက်ကာ မူလ မြို့စားများကို သစ္စာခံစေပြီး မူလအတိုင်း ပြန်လည်ခန့်ထား၍ တောင်ငူသို့ ပြန်လေသည်။ တောင်ငူသို့ ပြန်ရောက်ပြီး တစ်လ အကြာတွင် ပြည်သတိုးသူ၏ ကျွန် ရာဇမနော်ဆိုသူသည် တောင်ငူသို့ ခိုဝင်လာပြီး၊ ပြည်ဘုရင်၏ အားနည်းပုံများ၊ မှူးမတ်အများ မညီညွတ်ပုံတို့ကို လျှောက်တင်သည်။ ဘုရင့်နောင်သည် အခါအခွင့်သင့်ပြီဟု ယူဆ၍ ပြည်သို့ ဒုတိယအကြိမ် ချီတက်သည်။ ယခုတစ်ကြိမ်တွင် ဆင်၂၅၀၊ မြင်း ၃၀ဝ၀၊ စစ်သည် ၉၀ဝ၀ဝ ပါဝင်ပြီး တပ်ပေါင်း ၁၄ တပ်ဖြစ်သည်ဟု ဆိုသည်။ စစ်ချီသည့်ရက်စွဲမှာ သက္ကရာဇ် ၉၁၃၊တော်သလင်းလပြည့်ကျော် ၆ ရက် ဖြစ်သည်။ ပြည်သို့ချီတက်လာပြီး ပြည်အနီး ပန်းမတူအရောက်တွင် တပ်ချလေသည်။ သို့သော် စစ်ဦးချီသည့် ညီတော် တောင်ငူမင်း မင်းခေါင်နှင့် သီရိဇေယျနော်ရထာ တပ်နှစ်တပ်မှာ တပ်မချပဲ ပြည်မြို့သို့ချဉ်းကပ်သည်။ ည နှစ်ချက်တီးအချိန်တွင် မင်းခေါင်က စောရန်နှင် ဆင်ကို စီး၍ တောင်တံခါးကို ချိုးဖျက်ဝင်ကာ သတိုးသူ၏စံအိမ်သို့ သွားရောက်ကာ သတိုးသူအား လက်ရဖမ်းဆီးသည်။ ဘုရင့်နောင်က သတိုးသူအား ကွပ်မျက်စေသည်။ ညီတော် သတိုးဓမ္မရာဇာအား ပြည်ဘုရင့်ခံအဖြစ်ပေးကာ ညီတော် တောင်ငူဘုရင်ခံမင်းခေါင်ကို လည်းစွမ်းစွမ်းတမံ ရှိသည်အတွက် ချီးမွမ်းလေသည်။ အင်းဝ ထိုသို့ ပြည်ကိုသိမ်းပိုက်ပြီးလျှင် သာယာဝတီစားနှင့် ဓနုဖြူစားတို့လည်း နောက်ပါအင်အားများနှင့်တကွ ခိုဝင်လာကြသည်။ ၁၀ ရက်ကြာပြီးလျှင် ပြည်မှ စလေ၊ ပခန်းငယ်နှင့် ပုဂံထိ ချီတက်ရာ ပခန်းငယ်စား၊ စလေစားတို့လည်း ကြောက်ရွံသည် ဖြစ်သောကြောင့် တပ်မချခင်တွင်ပင် လာရောက်ခစားကြသည်။ ပုဂံစားမှာမူ တပ်ဦးရောက်သည်နှင့် လာရောက်တိုက်ခိုက်လေသည်။ ဘုရင့်နောင်မှ ကြည်းရေ နှစ်ဖက် အပြင်းအထန် တိုက်သောအခါ ပုဂံစားက အသက်ချမ်းသာရန်ပေးရန်ပြော၍ အညံ့ခံလာသည်။ ထိုအခါ ပုဂံစားကို ရာထူးမှထုတ်ပယ်ပြီး ဦးရီးတော် မင်းစည်သူအားပုဂံကိုပေးသည်။ ဆင်ဖြူကျွန်းတွ​င်ရေတပ်သစ်တပ်တည်ပြီး ပုဂံမှ အင်းဝသို့ ချီတက်ကာမြို့ကို ဝန်းရံနေဆဲမှာပင် တောင်ဘက်ရှိ ပိုင်နက်ဖြစ်သည့် ဟင်းခနွေကို ဟံသာဝတီတပ်များ လာရောက်နှောင့်ယှက်သည့်အတွက် တပ်ရုတ်ကာ ဖောင်များလှေများပေါ် ဆင်မြင်း၊ စစ်သည်တို့ကို တင်ပြီး အမြန်စုန်စေသည်။ ကျန်ရှိသည့် ကြည်းတပ်များကိုလည်း နေ့ည အပြင်းချီစေသည်။ မြေထဲရောက်လျှင် ညီတော် မင်းရဲကျော်ထင်အား တောင်ငူစောင့်ရန်နှင့် အင်အားစုရန်စေလွတ်သည်။ ပြည်သို့ရောက်လျှင် ဟံသာဝတီသို့ချီတက်ရန် စစ်ပြင်ဆင်နေချိန်တွင်မှာပင် အင်းဝမင်း မိုးဗြဲနရပတိစည်သူသည် စစ်ကိုင်းမင်း စည်သူကျော်ထင်၏ ရန်ကိုမခံနိုင်သဖြင့် ဘုရင့်နောင်ထံ သစ္စာခံ ခိုလှုံလာသည်။ ထိုသို့ဖြင့် အင်းဝသည်လည်း ဘုရင့်နောင်၏ လက်အောက်ခံ ဖြစ်လာသည်။ ဘုရင့်နောင်သည် မိုးဗြဲနရပတိကို ရာထူးမှမချပဲ မူလစည်းစိမ် ရာထူးအတိုင်း ထားခဲ့သည်။ ဟံသာဝတီ ထိုနောက် ဟံသာဝတီသို့ချီရာ ရေတပ်အင်အား ၆ တပ်တွင် တိုက်လှေ ၃၀ဝ၊ တံစွတ်လှေငယ် ၁၀ဝ၊ ရိက္ခာလှေ ၁၀ဝ နှင့် စစ်သည် ၄၀ဝ၀ဝ ပါဝင်ပြီး ညီတော် ပြည်မင်း သတိုးဓမ္မရာဇာမှာ တပ်မှူးချုပ်ဖြစ်သည်။ ဘုရင့်နောင် ကိုယ်တိုင်မှာ တောင်ငူသို့ပြန်ပြီး တပ် ၂၂ တပ်၊ ဆင် ၄၀ဝ၊ မြင်း ၅၀ဝ၀ နှင့် စစ်သည် ၁၁၀ဝ၀ဝ ပါဝင်သည့် ကြည်းတပ်ကြီးဖြင့် ဟံသာဝတီသို့ ချီသည်။ ထိုသို့ဖြင့် ဟံသာဝတီ နှင့်နီးသော် မှူးမတ်တို့က လျှောက်တင်သဖြင့် မြင်း ၅၀ဝ၀ ကိုရှေ့ပြေးစေရာ သမိန်ထောရာမ၏ တပ်မကြီးနှင့်တွေ့ဆုံပြီး မြင်းတပ်များ ပြန်ဆုတ်လာရသည်။ ထိုအခါ ဘုရင့်နောင်သည် ဥပေါသထဆင်ကိုစီး၍ သမိန်ထောရာမနှင့် စီးချင်းတိုက်ရန် ပြင်ဆင်ရာ ကုန်းလယ်စီး စတုရင်္ဂသူက မြင်းတပ်များကို လက်ဝဲလက်ယာ နှစ်ဖက်စေလွတ်ပြီး ဟံသာဝတီမြို့ကို မီးတိုက်လျှင် မွန်စစ်သည်တို့ စိတ်ဓာတ်ကျမည်။ ထိုသို့ စိတ်ဓာတ်ကျလျှင် စစ်ကို လွယ်ကူစွာနိုင်မည် ဟုလျှောက်တင်ရာ သဘောကျသဖြင့် မြင်းတပ်များကို နှစ်ဖွဲ့ခွဲကာ ဟံသာဝတီကို မီးတိုက်ရန် စေလွတ်သည်။ ထိုသို့ မီးတိုက်ရာ မွန်စစ်သည်တို့လည်း မိမိတို့အိမ်ကို စိုးရိမ်ကာ စိတ်ဓာတ်ကျလေတော့သည်။ သမိန်ထောရာမသည် ချစ်ချင်း အမည်ရှိဆင်ကိုစီးကာ ဘုရင့်နောင်နှင့် စီးချင်းတိုက်ရန် လာသည်။ ဘုရင့်နောင်လည်း ဥပေါသထဆင်ကို စီး၍ တိုက်ခိုက်ရာ သမိန်ထောရာမ ရှုံးနိမ့်သဖြင့် မြင်းဖြင့် ဟံသာဝတီသို့ပြေးကာ ဟံသာဝတီမြို့တွင်းမှ ခုခံရန် ကြံသည်။ သို့သော် ဘုရင့်နောင်၏ မြင်းတပ်များက ဟံသာဝတီအား မီးရှို့တိုက်ခိုက်ပြီး ဖြစ်သဖြင့် ဟံသာဝတီသို့ မဝင်နိုင်တော့ပဲ ရသမျှအင်အားကိုစုပြီး အနောက်ဘက်သို့ပြေးထွက်ပြေးသည်။ သို့ဖြင့် ဟံသာဝတီသည် ဘုရင့်နောင်၏ လက်အောက်ရောက်သည်။ ဟံသာဝတီတွင် ၁၀ ရက်မျှ ရန်ကြွင်းရန်ကျန်များကို ရှင်းလင်းပြီးလျှင် ထွက်ပြေးသည့်သမိန်ထောရာမ နောက်သို့လိုက်သည်။ သမိန်ထောရာမလည်း ဓနုဖြူ-ပုသိမ် ဖက်သို့ပြေးပြန်သဖြင့် ပုသိမ်သို့လိုက်ပြန်သည်။ ပုသိမ်မရောက်မှီတွင် သမိန်ထောရာမ ဒလ သို့ပြေးပြန်သည်။ ပုသိမ်စား ဗြပိုက်သည် ဘုရင့်နောင်ထံ အညံ့ခံရာ ဗညားလောဘွဲ့ပေးကာ ချီးမြှောက်သည်။ ဒလတွင် သမိန်ထောရာမ နှင့်တိုက်သဖြင့် ဥဇနာ ကျဆုံးရသည်။ ပုသိမ်တွင် ညီတော်တောင်ငူမင်းခေါင်အား အစောင့် ထားကာ ဘုရင့်နောင်ကိုယ်တိုင် ဒလသို့လိုက်ရာ တိုက်ပွဲကြီး ဖြစ်ပြန်သည်။ သမိန်ထောရာမ ရှုံးနိမ့်ပြီး စစ်သည်ဗိုလ်ပါ၊ သားသမီး၊ မိဖုရား နှင့်ယောက္ခမကို ထားရစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးရသည်။ ထို့နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးသည်။ ဘုရင့်နောင်သည် သက္ကရာဇ် ၉၁၄၊ ဝါဆိုလဆန်း ၁ ရက်တွင် ဟံသာဝတီသို့ ပြန်ရောက်သည်။ ထို့နောက် မုတ္တမ ၃၂ မြို့၊ ပုသိမ် ၃၂ မြို့တို့မှ မြို့စား၊ ရွာစားများကို စနစ်တကျဖြစ်ရန် စီမံသည်။ ညီတော် တပင်ရွှေထီး ကျဆုံးသည့်အရပ်တွင် စေတီတစ်ဆူ တည်သည်။ ဝါဆိုလဆန်း ၁၀ ရက်ရောက်လျှင် အိမ်တော်ဆောက်စေပြီး ၁၄ ရက်နေ့တွင်အိမ်သစ်တက်သည်။ ညီတော်များကို မင်းမြောက်တန်ဆာ ငါးပါးကိုပေးကာ ဘုရင်ခံအဖြစ် အသီးသီးချီးမြှင့်သည်။ ညီတော်မင်းရဲစည်သူအား မုတ္တမ ဘုရင်ခံအဖြစ်လည်းကောင်း ညီတော်သတိုးဓမ္မရာဇာအား ပြည်ဘုရင်ခံအဖြစ်လည်းကောင်း ညီတော်မင်းခေါင်(သီဟသူ)အား တောင်ငူဘုရင်ခံအဖြစ်လည်းကောင်း အသီးသီးပေးသည်။ ဗမာ၊ မွန်၊ ရှမ်း အမတ်များကိုလည်း ရာထူးစည်းစိမ်များပေးသည်။ သမိန်ထောရာမ၏ နိဂုံး မုတ္တမတွင် ပုန်းအောင်းနေသည့် သမိန်ထောရာမလည်း မုတ္တမတွင် မနေဝံ့သဖြင့် ကဝေါဖက်သို့ ပြေးသည်။ ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓားဒဏ်ရာရကာ ပြေးရပြန်သည်။ ဒဏ်ရာသက်သောအခါ တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။ ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရပြန်သည်။ တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀ဝ နှင့်ဖမ်းရာ ထွက်ပြေးရပြန်သည်။ နောက်ဆုံး သက္ကရာဇ် ၉၁၄၊ တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာဝတီသို့ ဆက်သလာသည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ကွပ်မျက်အပြစ်ပေးသည်။ အင်းဝနှင့် ရှမ်း ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ တောင်ငူ၊ ဟံသာဝတီ၊ မွန်သုံးရပ်နှင့် ပြည်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ပါဝင်လာသော်လည်း မြန်မာတို့၏ မူလဌာနေဖြစ်သည့် အင်းဝမှာ ပြန်လည်လက်လွတ်ခဲ့၍ ကျန်ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် အင်းဝတွင် ထားရှိသည့် ရှမ်းမင်းမိုးဗြဲနရပတိအား ယခင်စစ်ကိုင်းစား စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ နရပတိ ဘွဲ့ခံ၍ အင်းဝကို အုပ်စိုးနေသည်။ ထို့ကြောင့် ဘုရင့်နောင်သည် အင်းဝကို တိုက်ယူရန် အားထုတ်လေသည်။ အင်းဝချီရန် လှေတပ်ပြင်ဆင်ရာ အင်အားမှာ ၃၇ လံရှိ ရွှေဟင်္သာဖောင်တော်၊ ဇလာကပင်းတိုက်လှေကြီးနှင့် သားရဲလှေ အစင်း ၃၀ဝ ကျော်၊ လှော်ကားကျော့လှေ ၂၀ဝ ကျော် ဖြစ်ကာ၊ ပြည်မှ ရေတပ်အင်အားနှင့်ပေါင်းလျှင် တိုက်လှေ ၆၀ဝ၊ လှောကားကြော့လှေ ၃၀ဝ၊ ရိက္ခာတင်လှေ ၅၀ဝ နှင့် စစ်သည် ၁၁၀ဝ၀ဝ ဖြစ်လေသည်။ ရေတပ်ဗိုလ်ချုပ်မှာ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဖြစ်ပြီး တပ်ပေါင်း ၁၁ တပ်ပါဝင်သည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ချီတက်သည်။ ကြည်းတပ်တွင် ဘုရင့်နောင်ကိုယ်တိုင် ဦးစီးကာ တပ်ပေါင်း ၂၅ တပ်တွင် ဆင် ၈၀ဝ၊ မြင်း ၉၀ဝ၀နှင့် စစ်သည် ၁၈၀ဝ၀ဝ ဖြစ်သည်။ ထိုထဲတွင် ဘရင်ဂျီကုလား ၄၀ဝ လည်း သေနတ်ကိုင်တပ်သားများအဖြစ် လိုက်ပါအမှုထမ်းကြသည်။ ကြည်းတပ်ကိုမူ အရှေ့ဘက် တောင်ငူကြောင်းမှ ချီတက်သည်။ တောင်ငူရောက်လျှင် တောင်ငူမင်းခေါင်အကြံပေးချက်အရ စစ်သုံးကြောင်းခွဲကာချီတက်လေသည်။ အရှေ့ကြောင်းချီတပ်ကို တောင်ငူမင်းခေါင်ကဦးဆောင်ကာ မြင်းတပ် ၂ တပ်အပါအဝင် တပ်ပေါင်း ၇ တပ်ဖြစ်သည်။ ဝတီ၊ ယင်းဝတော်၊ လှိုင်းတက်၊ ညောင်ရမ်းတို့ကို အစဉ်အတိုင်းသိမ်းပိုက်ကာ ပင်းယတောင်ဘက် ရန်အောင်မြင်တွင် တပ်ချကာ ဘုရင့်နောင်၏တပ်အရောက်ကို စောင့်နေသည်။ အလယ်ကြောင်းချီတပ်ကို ညီတော် မင်းရဲကျော်ထင် ဦးဆောင်ကာ မြင်းတပ်၂ တပ်အပါအဝင် တပ်ပေါင်း ၇တပ်ဖြစ်သည်။ ပင်းတလဲ၊ ပြင်စည်တို့ကို သိမ်းပိုက်ကာ တောင်ငူမင်းခေါင်တပ်နှင့် ပင်းယ၊ ရန်အောင်မြင်တပ်တွင် ပူးပေါင်းသည်။ အနောက်ကြောင်းချီတပ်ကို ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်ပြီး မြင်းတပ် ၄ တပ်အပါအဝင် တပ်ပေါင်း ၁၀ တပ်သည် တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ ပုဂံသို့ချီသည်။ ပုဂံအရောက်တွင် ပြည်မှ သတိုးဓမ္မရာဇာ၏ ရေတပ်နှင့်ဆုံသည်။ နောက် သတိုးဓမ္မရာဇာအား လက်ထုပ်၊ ကွမ်းရွာ၊ ပခန်းကြီး တို့ကို တိုက်ခိုက်သိမ်းပိုက်စေသည်။ ပခန်းကြီးမြို့စားလည်း မိုးညှင်း စော်ဘွားထံ ထွက်ပြေးခိုလုံသွားသည်။ နောက် အမြင့်၊ ဗဒုံ၊ ကမ်းနီတို့ကို ဆက်လက်တိုက်ခိုက်စေရာ အောင်မြင်သည်။ နောက် ပုဂံမှ ပခန်းကြီး၊ ကြခတ်ဝရာ၊ ပရိမ္မတို့မှ တဆင့်ချီတက်ကာ မြင်းမူနှင့် စစ်ကိုင်းတို့ကို တိုက်ခိုက်အောင်မြင်ပြီး စစ်ကိုင်းတွင် ကြည်းရေ နှစ်တပ်ပေါင်းကာ တပ်ချနေသည်။ ဘုရင့်နောင် စစ်ကိုင်းမရောက်မှီ ပင်းယ၊ ရန်အောင်မြင် ရှိ ညီတော် နှစ်ယောက်၏တပ်ကို အင်းဝမင်း နရပတိ ကဆင် ၁၀ဝ၊ မြင်း ၂၀ဝ၀၊ စစ်သည် ၄၀ဝ၀ဝ ဖြင့်ထွက်တိုက်သည်။ ညီတော် မင်းရဲကျော်ထင်က တပ် ၇ တပ်ဖြင့် ဆီးကြိုတိုက်ရာ အင်းဝတပ်ပျက်ပြီး မြင်း ၃၀ ကျော်နှင့် မိုးညှင်းအမတ် တပလုံကို အရှင်ရသည်။ နောက်တစ်ကြိမ်တိုက်သော်လည်း မင်းရဲကျော်ထင်နှင့် မင်းခေါင်တပ်များက ပြန်တိုက်သဖြင့် အင်းဝတပ်များ ပြေးသည်ကို တံတားဦးအထိ လိုက်လံတိုက်ရသည်။ နောက် ဘုရင့်နောင် စစ်ကိုင်းသို့ရောက်လျှင် ပင်းယရှိ ညီတော်နှစ်ယောက်ကို အင်းဝထိချီတက်ကာ မြို့ကိုဝန်းရံ စေသည်။ ညီတော် မင်းရဲကျော်ထင်တပ်များ အနောက်ကြောင်း မန်ကျဉ်းဆင်တဲမှ ချီတက်ပြီး အင်းဝအရောက်တွင် အင်းဝနရပတိမှ ဆင် ၁၀ဝ၊ မြင်း ၃၀ဝ၀ ကျော်ဖြင့် ထွက်တိုက်သည်။ ဟံသာဝတီမှ သမိန်ဗရမ်း က ပလ္လင်စွယ်ဆင်ဖြင့် လည်းကောင်း၊ ဗညားကျန်းထော က ဇေယျသတ္တရုဆင် ဖြင့်လည်းကောင်း၊ ညီတော် မင်းရဲကျော်စွာက သန်မြန်စွာဆင် ဖြင့်လည်းကောင်း အသီးသီးတိုက် ရာအင်းဝတပ် ၂ ဖွဲ့ကွဲလေသည်။ နောက် ဟံသာဝတီမှ သီရိဇေယျနော်ရထာ က ရတနာပြောင်ကျော် ဆင်ဖြင့်လည်းကောင်း၊ ရာဇသင်္ကြန်က ရဲလုလင်ဆင်ဖြင့်လည်းကောင်း ထပ်ကူပြီးတိုက်ရာ အင်းဝတပ်များ မြို့တွင်းသို့ပြန်ဝင်ရလေသည်။ မဝင်နိုင်ပဲ ကျန်သည့် ဆင်၇စီး၊ မြင်း ၃၀ ကျော်နှင့် စစ်သည် ၄၀ဝ ကျော်တို့ကို သုံ့ပန်းအဖြစ်ရလေသည်။ နောက် လုံးတော်ပေါက်ကို ပတ်ကာ တပ်တည်နေသည်။ တောင်ငူမင်းခေါင်တပ်များ တံတားဦးအရောက်တွင် အင်းဝနရပတိက ဆင် ၈၀၊ မြင်း ၂၀ဝ၀ ဖြင့်ဆီးကြိုတိုက်ရာ ဟံသာဝတီမှ သမိန်သံလိုက်က ငရက်နွယ်ဆင်၊ စည်သူကျော်ထင်က နာဂါဝရ ဆင်တို့ဖြင့်တိုက်ရာ အင်းဝမြင်းတပ်များပျက်ကာဆင်တပ်လည်း တန့်လေသည်။ နောက် ဟံသာဝတီမှ တောင်ငူမင်းခေါင်က စောရန်နှင် ဆင်၊ သမိန်ရဲသင်ရံက စွယ်လမန်ဆင်၊ ဘယဂါမဏိက မာတင်ပြောင်မွန်ဆင်တို့ဖြင့် တိုက်ရာ အင်းဝတပ်လုံးလုံးပျက်ကာ မြင်း ၅၀ ကျော်၊ လူ ၂၀ဝ ကျော်ကိုသုံ့ပန်းအဖြစ်ရသည်။ နောက် တောင်ဘီလူး ပရက္ကမတ် ကိုပတ်ကာ တပ်တည်နေသည်။ ထိုသို့ ဘုရင့်နောင်နှင့် သတိုးဓမ္မရာဇာတို့က စစ်ကိုင်းမှတစ်ဆင့် ရွှေကြက်ယက်မှအင်းဝ၊ မင်းခေါင်က တောင်ဘီလူး ပရက္ကမ မှအင်းဝ၊ မင်းရဲကျော်ထင်က လုံးတော်ပေါက်မှ အင်းဝအသီးသီး ဝန်းရံမိလျှင် အင်းဝမှာ လွတ်ပေါက်မရှိတော့ ပဲဟံသာဝတီတပ်များ၏ တိုက်ခိုက်ခြင်းကို ခံရလေတော့သည်။ သို့ဖြင့် သက္ကရာဇ် ၉၁၆၊ တပို့တွဲ လပြည့်ကျော် ၄ ရက်၊ တနင်္ဂနွေနေ့ ညနေအချိန်တွင် အင်းဝကျလေသည်။ အင်းဝမင်း နရပတိ လည်းကျွန်ယုံ ၅ ယောက်ဖြင့် အုန်းဘောင်စော်ဘွား စစ်ကူလာမည့် ဆင်ခေါင်းအရပ်သို့မှန်းဆ လျှက် သွားရာ မက္ခရာအရောက်တွင် ဟံသာဝတီတပ်များက ဖမ်းမိလေသည်။ ဘုရင့်နောင်လည်း နရပတိ ကိုသနားသည်ရှိသဖြင့် မသတ်စေပဲ အလုပ်အကျွေး သုံးကျိပ်ဖြင့် ကောင်းမွန်စွာနေစေသည်။ ဟံသာဝတီသို့ပြန်ရာတွင်လည်း ခေါ်ဆောင်သွားခဲ့သည်။ (ထိုသို့အသက်မှလွတ်ကာ ကျေးဇူးပြုခြင်းသည် အကြီးအကျယ်အကျိုးရှိသည်ကို နောင်တွင်တွေ့ရပေသည်။) အင်းဝကိုရလျှင် ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစော ဘွဲ့ဖြင့် အင်းဝတွင် ဘုရင်ခံတင်သည်။ (နောင်တွင် သမီးတော်နှင့်လည်း လက်ဆက်ပေးသည်။ ဦးရီးနှင့်တူမ ကိုလက်ဆက်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် သတိုးမင်းစော မှာ ညီလည်းဖြစ်၊ သားမက်လည်းဖြစ်သည်။) ရှမ်းစော်ဘွားများကို အောင်နိုင်ခြင်း အင်းဝကိုရပြီးလျှင် အုန်ဘောင်ခုံမှိုင်း၏ သားစားသည့် စဉ့်ကူးကိုတိုက်ပြီးအောင်လျှင် သက်တော်ရှည် ကိုမြို့စားခန့်သည်။ အင်းဝသို့စစ်ကူလာသည့် မိုးကောင်း၊ မိုးညှင်းနှင့် ကလေးစော်ဘွားတို့၏ တပ်များသာဝတ္တိတွင် တပ်ချနေသည်ကို တိုက်ပြီးပျက်လျှင် ပခန်းကြီးစား၊ ဒီပဲယင်းစား (မိုးညှင်းစော်ဘွား၏ယောက်ဖ) နှင့် စည်ပုတ္တရာစားတို့ ကျွန်ခံလာကြသည်။ မိုးညှင်းစော်ဘွား၏တူ ဝန်းသိုစား တပ်ချနေသည့် တဆယ်ရွာကို ညီတော် အင်းဝဘုရင်ခံ သတိုးမင်းစောတိုက်ခိုက် အနိုင်ယူသည်။ နောက်သာဝတ္တီတွင် တပ်ပျက်ပြီးမြေဒူးတွင် တပ်ချနေသည့် စော်ဘွားတပ် သုံးတပ်ကို တဆက်တည်းတိုက်သည်။ စော်ဘွားတပ်များ ပျက်ပြန်သည်။ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ၏ရေတပ်များက စပ္ပာယ်နဂိုရ်၊ ကြံညှပ်၊ တကောင်း၊ ချွန်တောင်၊ မြတောင် နှင့်ထီးကျိုင်း အစရှိသည့် မြို့များကို တိုက်ခိုက်သိမ်းသွင်းသည်။ ထိုနောက် ဘုရင့်နောင်သည် မြေဒူးအထိချီတက်ကာ အထက်တစ်လွှားတည်ငြိမ်ရေးအတွက် လက်ရမြို့များတွင် မိမိသစ္စာခံ အမတ်များကိုမြို့စားခန့်လေသည်။ သက်ရှည်ကျော်ထင် အား မြေဒူး လက်နက်ချ ဒီပဲယင်းစားအား သီဟပသေ့ဘွဲ့ဖြင့် ပခန်းကြီး လက်နက်ချ ပခန်းကြီးစားအား ဇေယျသင်္ကြန်ဘွဲ့ဖြင့် မြေထဲ လက်နက်ချ စည်ပုတ္တရာစားကို သင်္ခယာဘွဲ့ဖြင့် ဗဒုံ ဇေယျထီးလှိုင်အား စည်ပုတ္တရာ ကမ်းနီစား နှင့် အမြင့်စားတို့ကို စားမြဲအတိုင်း အသီးသီးသစ္စာပေးကာ ခန့်ထားလေသည်။ ပြီးလျှင် မြေဒူးမှ အင်းဝသို့ပြန်ရာ ၉၁၇၊ ကဆုန်လဆန်း ၂ ရက်၊ စနေနေ့တွင် ရောက်ကာ ဟံသာဝတီသို့ နယုန်လပြည့်ကျော် ၁ ရက်၊ သောကြာနေ့တွင်ရောက်ရှိသည်။ သာဿနာရေးဆောင်ရွက်ခြင်း၊နိုင်ငံတော်အားပြုပြင်ခြင်း ဟံသာဝတီသို့ ပြန်ရောက်ပြီးလျှင် သာဿနာရေးနှင့် ပတ်သတ်ပြီး ဆောင်ရွက်လေတော့သည်။ တောင်ငူရှိ ခမည်းတော် မင်းရဲသီဟသူ၏ကောင်းမှုဖြစ်သည့် မြစည်းခုံစေတီကို ထီးတော်တင်ရန် ရွှေ ၅ ပိဿာ ၃၅ ကျပ်သားကို ညီတော် တောင်ငူမင်းခေါင်အားပေးသည်။ ခမည်းတော်၏ ဆရာတော် ရှင်သဒ္ဒမ္မပါလ အားဇေတဝန်ကျောင်းနှင့် အရံကျောင်း ၃၀ ဆောက်ကာလှူဒါန်းသည်။ သီရိလင်္ကာရှိ ဓမ္မပါလ မင်း၏ဖိတ်ကြားချက်အရ သီရိလင်္ကာရှိ စွယ်တော်မြတ်စေတီအား လုပ်ကျွေးရန် မြေ ငွေ ၁၀ဝ ဖိုး ဝယ်ကာလှူဒါန်းသည်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား အများအပြားပင် သင်္ဘောဖြင့် စေလွတ်ပူဇော်စေသေးသည်။ သက္ကရာဇ် ၉၁၇၊ တပေါင်းလပြည့်ကျော် ၃ ရက်တွင် ကျိုက်ထီးရိုးဘုရားသို့ စစ်အင်္ဂါလေးပါးဖြင့်ချီတက်ပြီး ထီးတင်သည်။ မိမိဆောင်းသည့် ဦးဗောင်းတော်ကို ဖျက်ကာ ရွှေချိန် ၇၅ ကို ထီးစလောင်းပြုပြီး လှူပြန်သည်။ သမိန်ထောရာမကို ဦးဦးဖျားဖျား အောင်နိုင်ရာအရပ်တွင် မြို့သစ်တည်ပြီး မဟာသံဃရာဇာကို ကျောင်းဆောက်လှုသည်။ မြတ်စွာဘုရားဟောကြားသည့် တရားတော်များကို မွန်၊ မြန်မာ၊ ယွန်း ဆရာတော်များထံအပ်ကာ သင်ကြားပို့ချစေသည်။ နတ်တော်လှန်ရေး ဘုရင့်နောင် နန်းတက်စက လူအများသည် လွှဲမှားသည့် အယူများဖြင့် နတ်ပူဇော်ပသခြင်း အလေ့တွင် တည်ကြသည်။ အထူးအဖြင့် အထက်တစ်လွှားရှိ ပုဂံနှင့် အနီးအပါးဒေသများတွင် နှစ်စဉ် နတ်များအား ကျွဲ၊ နွား၊ ဝက်၊ ကြက်များ သတ်ကာ အိမ်ရှေ့တွင် ထိုတိရစ္ဆာန်တို့၏ ဦးခေါင်းများကို ကြိုးဖြင့်သီကာ ချိတ်ဆွဲထားဖြင်းဖြင့် ပူဇော်လေ့ရှိသည်။ ထိုသို့ ရိုင်းစိုင်းလှသည့် အယူဝါဒကို တားမြစ်ကာ ပပျောက်သည်အထိ နှိမ်နှင်းခဲ့သည်။ ထို့အပြင် ပသိကုလားတို့၏ ဘက္ကရီအစ် အထိမ်းအမှတ်တွင် ကျွဲနွားသတ်သည့် ဓလေ့ကိုလည်း တားမြစ်သေးသည်။ ရှမ်းစော်ဘွားတို့၏အယူမှားများကိုပြုပြင်စေခြင်း အထက်ရှမ်းနယ်တစ်လွှားတွင်လည်း စော်ဘွားတို့သေလွန်လျှင် ၎င်း၏ ဆင်မြင်း၊ ကျွန်၊ အခြွေအရံ တို့ကိုပါသတ်ပြီး အတူမြုပ်နှံသည့် အယူမှားကို ပယ်စေပြီး သာဿနာတော် တည်တံ့ပြန့်ပွားရေးအတွက် မိုးမိတ်နှင့် အုန်းပေါင်တို့တွင် စေတီတစ်ဆူကျစီ တည်သည်။ မိုးမိတ်တွင် ကျောင်းကြီးတစ်ဆောင်နှင့် အရံကျောင်း ၁၀ ဆောက်ကာ ကျမ်းဂန်တတ်ဆရာတော်များကို ကျောင်းထိုင်သီတင်းသုံးစေပြီး စော်ဘွားနှင့် မှူးမတ်များကို တစ်လ ၄ သီတင်းဥပုပ် ဆောက်တည်စေသည်။ မြို့ရွာများတွင်လည်း စစ်ကဲများကို စော်ဖန်စေလျက် ပြည်သူများကို တရားနာစေသည်။ အတိုင်းအတာ တို့ကိုတစ်ပြေးညီဖြစ်စေခြင်း ပြည်နယ်နှင့် ဟံသာဝတီမြို့တော်တို့ကို အလေးတင်းတောင်း ချိန်ခွင်တို့ကို တညီတည်းဖြစ်စေရန် တင်း၊ ခွဲ၊ စိတ်၊ ပြည် အစရှိသဖြင့်လည်းကောင်း၊ ငွေကြေး စနစ်တွင်လည်း မူး၊ ပဲ၊ ကျပ်၊ ဆယ်၊ ရာ တို့ကို တညီတည်းရှိစေရန် သတ်မှတ်ခဲ့သည်။ ရှမ်းပြည် သက္ကရာဇ် ၉၁၈ တွင်အုန်းဘောင်စော်ဘွား (စော်ဘွားပေါ်) လွန်၍ ညီတော်စဆိုင်းလုံ ဆက်ခံသည်တွင် မိုးနဲစော်ဘွား မကျေနပ်လေသဖြင့် အုန်းဘောင်ကို တိုက်ခိုက်လာသည်။ အုန်းဘောင်စော်ဘွားသစ်ကလည်း မင်းတရားကြီးထံ လက်ဆောင်များ ဆက်သပြီး အကူတောင်းလာသည်။ သို့သော် မည်သို့မှအရေးမဆိုရသေးခင်ပင် မိုးနဲစော်ဘွား အတင်းတိုက်သဖြင့် အုန်းဘောင်ကျကာ စော်ဘွား စဆိုင်းလုံလည်း သေပြန်သည်။ ထိုသို့ ရှမ်းပြည်တလွှားတွင် မငြိမ်မသက်ရှိစဉ် မင်းတရားကြီးလည်း ရှမ်းပြည်ကိုလက်နက်နိုင်ငံအတွင်း သွပ်သွင်းရန်အတွက် စစ်တပ်ကြီးဖွဲ့ကာ စစ်ကြောင်းသုံးကြောင်းခွဲပြီး ချီလေသည်။ "ကင်းတားရွာငံကြောင်း"ချီတပ်တွင် ညီတော်တောင်ငူမင်းခေါင် နှင့် သားတော်မဟာဥပရာဇာတို့ကို ဦးစီးစေသည်။ မြင်း ၅ တပ် နှင့် ဆင် ၁၁ တပ်ပါဝင်ပြီး စုစုပေါင်းအင်အားမှာ ဆင် ၃၀ဝ၊ မြင်း ၆၀ဝ၀ နှင့် သူရဲ ၁၂၀ဝ၀ဝ ဖြစ်သည်။ ဟံသာဝတီမှ ကေတုမတီ (တောင်ငူ)၊ ထိုမှတစ်ဆင့် လှိုင်းတက်ကို တိုက်ကာ ကင်းတားရွာငံကြောင်းချီသည်။ "အင်းဝ-ဆင်ခေါင်းကြောင်း"ချီတပ်ကို အင်းဝဘုရင်ခံ သတိုးမင်းစော ဦးဆောင်သည်။ မြင်း ၅ တပ် နှင့် ဆင် ၁၁ တပ်ပါဝင်ပြီး စုစုပေါင်းအင်အားမှာ ဆင် ၃၀ဝ၊ မြင်း ၆၀ဝ၀ နှင့် သူရဲ ၁၂၀ဝ၀ဝ ဖြစ်ကာ "ကင်းတားရွာငံကြောင်း"ချီတပ်နှင့် အတူတူပင်ဖြစ်သည်။ အင်းဝမှ ဆင်ခေါင်း၊ ထိုမှ အုန်းဘောင်သို့ ချီတက်သည်။ "ရေကြောင်းချီတပ်တော်"တွင် မင်းတရားကြီးကိုယ်တိုင် ဦးစီးကာ ချီသည်။ ရှေ့ချီတပ် ၁၅ တပ်ထားကာ အလယ်တွင် မင်းတရားကြီး၏ တပ်မကြီး လိုက်သည်။ နောက်တွင် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဦးစီးသည့် ၆ တပ်လိုက်ရသည်။ တပ် ၂၂ ပေါင်း အင်အားမှာ ရဲလှေပေါင်း ၁၅၀ဝ၊ လှော်ကားသံလှေ ၃၀ဝ၊ ရိက္ခာတင်လှေ ၁၀ဝ၀ နှင့် စစ်သူရဲ ၁၂၀ဝ၀၀ ပါဝင်သည်။ ရေကြောင်းချီတပ်မကြီး ပုဂံ အရောက်တွင် ကုသိုလ်ကောင်းမှုပြုပြီး တလုပ်မြို့သို့ ဆက်လက်ချီတက်သည်။ တလုပ်အရောက်တွင် မိုးညှင်းစားယောက်ဖဖြစ်သူ ပခန်းကြီးစားနှင့် ဗဒုံစားတို့လာရောက်ခစားပြီး မိုးညှင်းစားအား အရဖမ်းကာ ဆက်သမည့်အကြောင်း လျှောက်တင်သည်။ ထိုမှဆက်လက်ထွက်ခွာလာပြီး အင်းဝတောင်ဘက် တောင်ဘီလူး အရောက်တွင် တပ်ချကာနေစဉ် သုံးဆယ်စော်ဘွားက ဆင်နှစ်စီး နှင့်သမီးတော် ကိုလည်းကောင်း၊ မှိုင်းလုံစော်ဘွား (အုန်းဘောင်စော်ဘွားကြီး၏မြေး) က လက်ဆောင်များနှင့် သမီးတော်ကို လည်းကောင်း အသီးသီးဆက်သလာသည်။ ကင်းတားရွာငံကြောင်းချီတပ်မကို ရှေ့သို့တိုး၍ သုံးဆယ်မှ မိုးညှင်း၊ မိုးမိတ် တို့ကိုတိုက်ရန်အမိန့်ပေးကာ သုံးဆယ်စော်ဘွားနှင့် မှိုင်းလုံစော်ဘွား တို့ကိုပါ ထိုတပ်နှင့်အတူလိုက်ပါချီတက်စေသည်။ နောက် မင်းတရားကြီးသည် အင်းဝမှ ဖောင်တော်ဖြင့် အညာသီဟတော တိုင်ချီသည်။ ဘယနန်သူ နှင့် ဒေဝကူမ္မာ တို့ကိုမူ ဆင်၁၅၀၊ မြင်း ၁၀ဝ၀ ပါ ကြည်းတပ်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စမ္ပာယ်နဂိုရ်သို့ ချီတက်စေသည်။ မင်းတရားကြီး သီဟတော အရောက်တွင် ကုသိုလ်ကောင်းမှုပြုအပြီး စမ္ပါယ်နဂိုရ် တစ်ဖက်ကမ်းရှိ မလည်အရပ်တွင် တပ်ချရပ်နားကာနေသည်။ နောက်တပ်ကို ကြည်း၊ ရေ ပြန်ဖွဲ့စည်းပြီးမှ မိုးမိတ်သို့ချီတက်သည်။ မိုးမိတ်သို့မရောက်မှီ တစ်စခန်းအလိုတွင် မိုးမိတ်စော်ဘွားလည်း တိုက်ဆင် ၅၀၊ မြင်း ၂၀ဝ၀ ရဲမက် ၄၀ဝ၀ဝ ဖြင့် သား၊ သားမက် နှင့် ညီ တို့ကို စေလွှတ်ပြီး စီးကြိုတိုက်စေသည်။ သို့သော် မင်းတရားကြီးတပ် မှာအင်အားကြီးလှသည့်အတွက် မခံနိုင်ပဲ ပြေးရလေရာ ဆင် ၆ စီး၊ မြင်း ၇၀ ကျော် နှင့် လူ ၈၀ဝ ကျော်ကို ဖမ်းရလေသည်။ မိုးမိတ်စော်ဘွားလည်း မြို့တွင်းမှ မခံဝံ့သဖြင့် အုန်းဘောင်သို့ ကူးကာ ပေါင်းရန်ပြေးလေသည်။ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ တပ် ၉တပ်ဖြင့်နောက်မှ အပြင်းလိုက်သည်။ အုန်းဘောင်မရောက်မှီတွင် ညီတော် တောင်ငူမင်းခေါင်၊ သားတော် မဟာဥပရာဇာတပ် နှင့် အင်းဝ သတိုးမင်းစောတပ်တို့ ပေါင်းမိကာ ချီတက်ကြသည်။ တောင်ငူမင်းခေါင်အား တပ် ၈ တပ်ဖြင့် လက်ယာကြောင်း၊ အင်းဝ သတိုးသတိုးမင်းစော ၉ တပ်ဖြင့် လက်ဝဲကြောင်း၊ သားတော် မဟာဥပရာဇာက တပ် ၈ တပ်ဖြင့် အလယ်ကြောင်း အသီးသီးချီတက်ကာ အုန်းဘောင်မရောက်မှီတွင် အုန်းဘောင်စော်ဘွားက ဆင် ၁၅၀၊ မြင်း ၃၀ဝ၀၊ သူရဲ ၇၀ဝ၀ဝ ဖြင့် သားတော်မဟာဥပရာဇာတပ်ကို တိုက်လာသည်။ တောင်ငူမင်းခေါင်တပ်က ကူညီတိုက်ပေးကာ အင်းဝ သတိုးမင်းစောတပ်က အုန်းဘောင်မြို့ကို ဝင်တိုက်သည်။ ထိုသို့ဖြင့် အုန်းဘောင်လည်း လက်အောက်ခံ ဖြစ်ရပြန်သည်။ မိုးမိတ်တွင် မင်းတရားကြီး စံနေစဉ် မိုးညှင်းလက်အောက်ခံဖြစ်သည့် မိုးလ၊ မိုးဝန်း၊ စကားတောင် အစရှိသည် မြို့ရွာများမှ မြို့စားများလည်း လာရောက် လက်နက်ချခိုလှုံကြသည်။ ထွက်ပြေးသည့် မိုးညှင်းစားကို ပြည်သတိုးဓမ္မရာဇာ ဖမ်းမိပြီး လက်ရောက်ဆက်သသည်။ ထိုနောက် မိုင်းလုံစား နှင့် သုံးဆယ်စားတို့ကို သစ္စာပေးကာ အဆောင်အယောင်များ ချီးမြှင့်သည်။ အုန်းဘောင်စော်ဘွားနှင့် မိုးညှင်းစော်ဘွားတို့ကိုမူ သားမယားနှင့်တကွ ဟံသာဝတီသို့ပို့စေသည်။ နောက် သားတော်ညီတော်များ၊ အမှူးအမတ်များနှင့် တိုင်ပင်ပြီး မိုးညှင်းနှင့် မိုးကောင်း သို့ချီတက်ရန်အတွက် စစ်ပြင်သည်။ သားတော် မဟာဥပရာဇာကို တပ် ၇ တပ်ဖြင့် လက်ယာကြောင်း ပြည်သတိုးဓမ္မရာဇာကို တပ် ၇ တပ်ဖြင့် အလယ်ကြောင်း အင်းဝသတိုးမင်းစောကို တပ် ၁၀ တပ်ဖြင့် လက်ဝဲကြောင်း ထိုတပ်များနောက်တွင်မှ မင်းတရားကြီး၏ တပ် ၁၆ တပ်ပါတပ်မကြီး နောက်ဆုံးတွင်မှ တောင်ငူမင်းခေါင်ကို တပ် ၁၀ တပ်ဖြင့် နောက်ချန်တပ်အဖြစ် အသီးသီးချီတက်စေသည်။ မိုးကောင်း၊ မိုးညှင်းစားတို့လည်း မင်းတရားကြီး ချီတက်လာသည်ကိုကြားလျှင် မြို့မှထွက်ကာ နွယ်ပတ်ပုတော တွင် တပ်ချကာ အခိုင်အလုံနေသည်။ ထိုအကြောင်းကို ရှေ့မှချီသည့် တပ် ၃ တပ်ကြားလျှင် အောင်ပွဲယူရန် အပြိုင်အဆိုင်ချီတက်ရာ အင်းဝသတိုးမင်းစော ဦးစွာရောက်ပြီးတိုက်ခိုက်အောင်မြင်သည်။ သားတော်မဟာဥပရာဇာတပ်နောက်မှရောက်ပြီး လူသူသုံ့ပန်းများ ဖမ်းဆီးသည်။ ထိုအခါ မိုးကောင်းစားလည်း လက်နက်ချ အညံ့ခံသည့်အနေဖြင့် အသက်မှလွတ်ရန် မိုးညှင်းစားကို ဖမ်းပြီးဆက်သလာကာ တောင်းပန်သဖြင့် သစ္စာပေးကာ စားမြဲအတိုင်း မိုးကောင်းကို ဆက်စားစေသည်။ မိုးညှင်းကိုမူ သစ္စာခံသူ ဒီပဲယင်းစားအား ပေးစားပြီး "ဇလုံ" ဟူသောဘွဲ့နှင့် စော်ဘွားကြီးအရာကိုလည်းပေးသည်။ မိုးညှင်းစော်ဘွား၏သားကိုမူ "မိုးလုံ"ဘွဲ့ဖြင့် ဒီပဲယင်းကိုစားစေသည်။ သို့ဖြင့် ရန်အပေါင်းကုန်စင်လျှင် မင်းတရားကြီးသည်သက္ကရာဇ် ၉၁၉၊ ကဆုန်လဆန်း ၂ ရက် တွင် မိုးကောင်းမှ အင်းဝသို့ ပြန်ပြီး ကဆုန်လပြည့်ကျော် ၁၄ ရက်နေ့တွင် ရောက်သည်။ အင်းဝတွင် အောင်ပွဲရမှူးမတ်များအား ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြင့်ပြီး ဝါဆိုလဆန်း ၆ ရက်တွင် အင်းဝမှထွက်ပြီး ဟံသာဝတီသို့ ဝါခေါင်လဆန်း ၁၃ ရက်တွင်ရောက်လေသည်။ အထက်ရှမ်းပြည်တလွှားကို လက်နက်နိုင်ငံအဖြစ်သိမ်းသွင်းအပြီးတွင် ယခင်ကတည်းက သစ္စာခံဖြစ်ခဲ့သည့် မိုးနဲစားမှာ ထောင်ထားခြားနားကာ သီပေါကိုတိုက်ခိုက်ပြီး သီပေါစော်ဘွားကိုသတ်လေသည်။ နောက် သုံးဆယ်စော်ဘွားပိုင်နက်တိုင် ကျူးကျော်လေသည်။ ထိုအခါ မင်းတရားကြီးလည်း ရှမ်းပြည်သို့တဖန်ချီတက်ရန် စစ်ပြင်ဆင်လေသည်။ သားတော်ပဟာဥပရာဇာကို ဆင်၃၀ဝ၊ မြင်း ၃၀ဝ၀၊ ရဲမက် ၈၀ဝ၀ဝ ပါတပ် ၁၀ တပ်ဖြင့်လက်ယာကြောင်း၊ တောင်ငူမင်းခေါင်ကို ဆင်၃၀ဝ၊ မြင်း ၃၀ဝ၀၊ ရဲမက် ၈၀ဝ၀ဝ ပါတပ် ၁၀ တပ်ဖြင့်လက်ဝဲကြောင်း၊ ပြည်သတိုးဓမ္မရာဇာကို ဆင်၃၀ဝ၊ မြင်း ၃၀ဝ၀၊ ရဲမက် ၈၀ဝ၀ဝ ပါတပ် ၁၀ တပ်ဖြင့် အလယ်ကြောင်း၊ အင်းဝသတိုးမင်းစောကို မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်စော်ဘွားတပ်များအား ဦးစီးစေပြီး ဆင်၃၀ဝ၊ မြင်း ၃၀ဝ၀၊ ရဲမက် ၈၀ဝ၀ဝ ပါ တပ် ၈ တပ်ဖြင့် ဆင်ခေါင်း၊ သုံးဆယ်၊ သီပေါ အထိ သီးသန့်ချီစေသည်။ မင်းတရားကြီးကိုယ်တိုင် တပ်ပါင်း ၁၂ တပ်တွင် ဆင် ၅၀ဝ၊ မြင်း ၆၀ဝ၀၊ သူရဲ ၁၀ဝ၀၀ဝ ဖြင့် နောက်တပ်အဖြစ် ချီတက်သည်။ ဟံသာဝတီ မှ မိုးနဲသို့ ၉၁၉၊ တန်ဆောင်မုန်းလဆန်း ၉ ရက်တွင် စတင်ချီလေသည်။ ဟံသာဝတီမှ ကေတုမတီ (တောင်ငူ) ထိုမှစစ်ကြောင်းဖြန့်ကာ အသီးသီးချီလေသည်။ အလယ်ကြောင်းချီသည့် ပြည်သတိုးဓမ္မရာဇာ တပ်ကို မိုးနဲသစ္စာခံများဖြစ်သည့် မိုးဗြဲ၊ နောင်မွန်၊ ယောက်စောက်၊ စကား စားများက အသီးသီးဆီးကြိုတိုက်ခိုက်ရာ ယောက်စောက်စားတပ်ကို တိုက်ပြီးအောင်မြင်ကာ နာစုံတောင်ရှိ မင်းတရားကြီးတပ်သို့ ပြန်ပူးပေါင်းပြီးနေသည်။ ထိုမှ တပ် များကို စစ်ကြောင်း ၅ ကြောင်းဖြန့်ကာ ချီစေသည်။ မိုးနဲစားလည်း ညီတော် ပြည်သတိုးဓမ္မရာဇာတပ်ကို တောင်ကြားတစ်ခုအရောက်တွင် ထပ်မံတိုက်ရာ ပြည်မင်းလည်း မတိုက်သာသဖြင့် လွင်ပြင်သို့ဆုတ်သည်။ လွင်ပြင်ကျယ်ရာအရပ်ရောက်မှ နောက်မှ လိုက်လာကြသည့် မိုးနဲစော်ဘွားတပ်ကို ပြန်လှည့်ပြီး အပြင်းတိုက်လျှင် မိုးနဲတပ်ပျက်လေသည်။ နောက် မိုးနဲသို့ဆက်လက်ချီတက်သည်။ ထိုအခါ မိုးနဲစော်ဘွားလည်း ကြောက်ရွံလေသဖြင့် မြို့ကိုစွန့်ပြေးလေသည်။ သို့သော် တပ်များဖြန့်ကာ ရှာစေသဖြင့် မိုးနဲစားလည်း သားတော် မိုင်းကိုင်စားကို လက်ဆောင်များနှင့် တကွဆက်သစေပြီး အသက်မှလွတ်ရန် လျှောက်ထား တောင်းပန်သည်။ မင်းတရားကြီးလည်း သနားစိတ်ဖြစ်ကာ အသက်မှ ချမ်းသာပေးသည့်အပြင် စားမြဲအတိုင်း မိုးနဲကိုဆက်စားစေသည်။ နောက်ထွက်ပြေးတိမ်းရှောင်နေသော မိုးနဲသစ္စာခံများဖြစ်ကြသည့် ညောင်ရွှေ၊ ယောက်စောက်၊ မိုးဗြဲ၊ နောင်မွန်၊ စကား စော်ဘွားများကိုလည်း ပြန်လည်သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။ ဇင်းမယ် အေဒီ ၁၅၅၇ အရောက်တွင် ဘုရင့်နောင်မင်းကြီးသည် ဇင်းမယ်ကို ချီတက်တိုက်ခိုက်ရန် စီစဉ်လေသည်။ အကြောင်းမှာ ဗညားပရံ အမည်ရှိ အမတ်က"ဇင်းမယ်မှာ မြို့ရံ ၅၇ မြို့ရှိပြီး တစ်ကြိမ်မှ မပျက်စီးဖူးဟု ကြော်ကြားသည်။ ထို့ကြောင့် ဇင်းမယ်ကို ချီတက် သိမ်းပိုက်ကာ လက်နက်နိုင်ငံ ထူထောင်သင့်သည်။"ဟု လျှောက်သောကြောင့်ဖြစ်သည်။ ဇင်းမယ်ချီစစ်ကြီးတွင် သားတော်မဟာဥပရာဇာကို တပ် ၁၀ တပ်ဖြင့်ရှေ့ဖျားချီတပ်၊ ထိုနောက်မှ အင်းဝသတိုးမင်းစော အား တပ် ၈ တပ်ဖြင့်၊ ထိုနောက်မှ ပြည်သတိုးဓမ္မရာဇာ အား တပ် ၁၀ တပ်ဖြင့်၊ ထိုနောက်မှ မင်းတရားကြီးက တပ် ၁၂ တပ်ပါတပ်မကြီးဖြင့်၊ နောက်ဆုံးမှ တောင်ငူမင်းခေါင်က တပ် ၁၀ ဖြင့် နောက် ချန်တပ်အဖြစ် အစဉ်အတိုင်းချီလေသည်။ စစ်ချီလမ်းကြောင်းမှာမိုးနဲမှ သံလွင် ဓားဝင်ဆိပ်၊ ဓားဝင်ဆိပ်မှ ဖောင်များဖြင့် သံလွင်မြစ်ကို ဖြတ်ပြီး တစ်ဖက်ကမ်း အရောက်တွင် တပ်များဖြန့်ကာချီစေသည်။ သားတော်မဟာဥပရာဇာတပ်ကို လက်ယာကြောင်း၊ ပြည်သတိုးဓမ္မရာဇာတပ်ကို အလယ်ကြောင်း၊ အင်းဝသတိုးမင်းစောတပ်ကို လက်ဝဲကြောင်း၊ ထိုနောက်မှ မင်းတရားကြီး နှင့် တောင်ငူမင်းခေါင်တပ်များ လိုက်သည်။ ဇင်းမယ်မင်း ဗြစဲစစ် သည်ဟံသာဝတီတပ်များချီတက်လာသည်ကို ကြားလျှင် မြို့ကို အခိုင်အလုံဖြစ်စေရန် ကျုံး၊ မြောင်း၊ ကတုတ်၊ ရင်တားတို့ကို ပြင်ဆင်ကာအမြောက်၊ လက်နက်များကိုလည်း မြို့ရိုးပေါ်တင်ကာ စောင့်လေသည်။ မင်းတရားကြီးလည်း ဇင်းမယ်ရောက်လျှင် မြို့မြောက်ဘက်တွင် တပ်မြို့တည်၍ "ရတနာအောင်ထင်"ဟု သမုတ်ကာ တပ်ချနေသည်။ ဇင်းမယ်သို့ တပ်များအလုံးစုံရောက်လျှင် တပ်မှူးများကို ခေါ်ကာ ညီညီညာညာ တိုက်ရန် အချိန်းအချက်ပေးပြီး၊ အမိန့်မလိုက်နာလျှင် သတ်စေဟုမိန့်သည်။ သတ်မှတ်သည့် အချိန်ရောက်သည်နှင့် တပြိုင်နက် တပ်များက ရွတ်ရွတ်ချွံချွံ တပြိုင်နက်တိုက်သဖြင့် ခဏတွင်းနှင့် ဇင်းမယ်မြို့ တစ်ခြမ်းပျက်တော့သည်။ ထိုအခါမှ ဇင်းမယ်မင်းဗြစဲစစ်လည်း ကြောက်ရွှံသဖြင့် လက်ဆောင်များနှင့် အညံ့ခံလာလေသည်။ မင်းတရားကြီးလည်း အသက်မှလွတ်သည့်အပြင် ရာထူးမှလည်းမချပဲ သစ္စာပေးပြီး ဇင်းမယ်မြို့ကိုသာ မင်းအဖြစ် ဆက်လက်အုပ်ချုပ်စေသည်။ ထို့ပြင် ဇင်းမယ်မြို့ရံ ၅၇ မြို့မှ မြို့စားများကို ခေါ်ယူစေပြီး အသီးသီး သစ္စာပေးကာ စားမြဲအတိုင်း ဆက်လက်စားစေသည်။ နောက်ဇင်းမယ်ရှိ ပျက်စီးနေသော ဘုရားကျောင်းကန်များကို ပြုပြင်ခြင်း၊ပိဋကတ် တော်များကို ပို့ချပြန့်ပွားစေခြင်းတို့ကို ပြုသည်။ နောက် ဇင်းမယ်မှ လက်မှုအနုပညာရှင်များ၊ ဆေး၊ ဆင်၊ မြင်း ကျွမ်းကျင်သူများကို ဟံသာဝတီသို့ ခေါ်ဆောင်ကာ အကွက်ချ နေထိုင်စေသည်။ ထိုနောက် ဗညားဒလ နှင့် ဗညားစက်တို့ကို ဆင် ၁၀ဝ၊ မြင်း ၁၀ဝ၀ နှင့် သူရဲစစ်သည် ၁၀ဝ၀ဝ ဖြင့် ဇင်းမယ်တွင် မြို့စောင့် အဖြစ်ထားခဲ့သည်။ ယိုးဒယား နယ်စပ်တွင်လည်း ကင်းတို၊ ကင်းရှည်များကို စီရင်စေသည်။ နောက် မိုးနဲမှ အင်းဝသို့ ပြန်မည်ဟု မိန့်ကာ မိုးနဲသို့ပြန်လေသည်။ ဇင်းမယ်ချီတပ်တွင် မကျန်းမာဟုဆိုကာ လိုက်ပါအမှုထမ်းခြင်း မရှိသည့် မိုးနဲစားနှင့် ညောင်ရွှေစော်ဘွား၊ ယောက်စောက် စော်ဘွား တို့သည် သံလွင် ဓားဝင်ဆိပ် တံတားကိုဖျက်ခြင်း၊ အစောင့်ရဲမက် ၃၀ဝ ကျော်ကိုသတ်ခြင်းတို့ကို ပြုလုပ်ကာ ပုန်ကန်တော့သည်။ သို့သော် သံလွင်မြစ်ကို ရအောင် ဖြတ်ကူးမိသည်နှင့် တပြိုင်နက် ထိုစော်ဘွားများက အကြောင်းအမျိုးမျိုးပြကာ ခွင့်လွတ်ရန် တောင်းပန်ကြသဖြင့် အသက်မှလွတ်သော်လည်း အရာမှ နုတ်လေသည်။ မိုးနဲကို စော်ဘွား၏သားဖြစ်သူ သိုခဲ၊ ညောင်ရွှေကို စော်ဘွား၏သားဖြစ်သူ စမော်ခန် တို့အား အသီးသီး လွှဲအပ်စေပြီးအရာခန့်လေသည်။ ထိုနောက် သိန္နီစော်ဘွားလည်း လာရောက် သစ္စာခံသည်။ ဇင်းမယ်သို့ပြန်ချီစေခြင်း ထိုအချိန်တွင် ဇင်းမယ်မင်းလက်အောက်ရှိ ဗြဲ၊ အနန်း၊ လကွန်း၊ တုရိုင်း စသည့်မြို့ရံများမှ မြို့စားများသည် လင်ဇင်းမင်းထံ ကူးပြောင်းသစ္စာခံပြီး ပုန်ကန်သည့်အတွက် ဇင်းမယ်မင်း ဗြစဲစစ် (ဗြစံစစ်) သည် မင်းတရားကြီးထံလျှောက်တင်ကာ စစ်ကူရန် တောင်းလေသည်။ ထိုစစ်ကိုမူ အင်းဝသတိုးမင်းစောကို ဦးဆောင်ကာချီတက်စေသည်။ စစ်အင်အားမှာ တပ်ပေါင်း ၁၇ တပ်တွင် ဆင်၅၀ဝ၊ မြင်း ၆၀ဝ၀ နှင့် စစ်သည်သူရဲ ၁၄၀ဝ၀ဝ ဖြစ်သည်။ ရွာငံကြောင်းချီကာ ညောင်ရွှေ၊ မိုးနဲ၊ ဓားဝင်ဆိပ်မှ ဇင်းမယ် ဖြစ်သည်။ ဇင်းမယ်သို့ရောက်လျှင် သတိုးမင်းစောသည် မြို့စောင့်ချန်ခဲ့သည့် ဗညားဒလ၊ ဗညားစက်တို့နှင့် တိုင်ပင်ကာ အင်အား အလုံးအရင်းရှိသည့် တုရိုင်းသို့ ချီတက်တိုက်ခိုက်လေသည်။ တုရိုင်းတွင် ရှိကြသည့် တုရိုင်းစား၊ လင်ဇင်းမင်း၏ စစ်သူကြီးဗညားကင် နှင့် စစ်ကဲငသဉ်စုတ်၊ ငသဉ်ဝင် တို့ကို အရှင်မိသည်။ ထိုအခါ ဇဉ်းငသဉ်တွင် လာရောက်တပ်စွဲထားသည့် လင်ဇင်းမင်းလည်း ဆုတ်ခွာသွားလေသည်။ ပုန်ကန်ကြသည့် ဗြဲ၊ အနန်း၊ ဇဉ်းငသဉ် စားများလည်း လင်ဇင်းသို့လိုက်ပြေးကြသည်။ သတိုးမင်းစောလည်း တိုင်းပြည်ငြိမ်သက်အောင် စီမံပြီး အင်းဝသို့ပြန်သည်။ တရုတ်စော်ဘွားများခိုဝင်လာခြင်း ဇင်းမယ်ကို အလုံးစုံအောင်နိုင်ပြီးလျှင် မိုးဝန်း၊ ကိုင်းမား၊ လသာ၊ စန္ဒား တို့မှာ တရုတ်စော်ဘွားများလည်း အင်းဝသို့ ကိုယ်တိုင်သော်လည်းကောင်း၊ ညီတော်များကိုသော်လည်းကောင်း အသီးသီးစေလွှတ်ကာ သစ္စာခံကြသည်။ အင်းဝမှ ဟံသာဝတီသို့ပြန်ရောက်လျှင် မင်းတရားကြီးသည် နဂိုကြံရွယ်ရင်းရှိသည့်အတိုင်းကောင်းမှုတော် မဟာစေတီ ကိုတည်ရန် စိုင်းပြင်းလေသည်။ အလျင်အမြန်ပင် တည်စေသည့်အတွက် ၆ လအကြာတွင် သံတောင် ၁၀ဝ၊ အရပ်တော် ၁၅၀ ရှိသည့် မဟာစေတီကြီး တည်ထားကိုးကွယ်ခြင်းမှာ ပြီးမြောက်အောင်မြင်လေသည်။ သက္ကရာဇ် ၉၂၂ (အေဒီ ၁၅၆၀) ပြာသိုလပြည့်ကျော် ၂ ရက်နေ့တွင် ထီးတော်တင်ပွဲ ကျင်းပသည်။ မိမိကိုယ်တိုင်ဆောင်းသည့် မင်းဆောင်း မကိုဋ်တော်ကိုလည်း လှူသည်။ စေတီတော်ကြီးအရှေ့တွင် ဥယျာဉ်တော်ကြီးဆောက်ကာ တာဝတိံသာဟု အမည်ပေးသည်။ ရွှေနန်းတော်ကိုလည်းဖျက်ကာ မဟာစေတီတွင် ဇေတဝန်ကျောင်းကြီး ၄ ကျောင်းနှင့်တကွ ကျောင်းရံ ၁၀ဝ ကိုလည်းလှုသည်။ ရွှေကျောင်းကြီး ၄ ကျောင်းတွင် ၅၅၀ ဇာတ်နိပါတ်များကို ရေးဆွဲပူဇော်စေသည်။ မဟာစေတီ တံတိုင်းအတွင်း သုဓမ္မာဇရပ်များ ဆောက်ကာ ရွှေချရန် ရွှေချိန် ၅၃ ပိဿာ၊ ၅ကျပ်နှင့် တစ်မတ်သား တိတိ လှူသည်။ စေတီတော် တည်စဉ်က စံမြန်းသည့် ပြာသာဒ် သုံးဆောင်ကိုလည်း ဖျက်ကာ ကျောင်းဆောက်လှူသည်။ မဏိပူရနှင့်မြောက်ဘက်တစ်လွှား သက္ကရာဇ် ၉၂၁ (အေဒီ ၁၅၅၉) မဟာစေတီကို တည်နေစဉ်အတွင်း မဏိပူရ ကသည်းစော်ဘွားသည် အင်းဝပိုင်ဖြစ်သည့် မြောက်ဘက် မင်းခင်းအောက် ကျေးလက်များကို တိုက်ခိုက်ထိပါးသည်ကို သိရသည့်အတွက် စစ်ပြင်သည်။ ယခုတစ်ကြိမ်တွင်မူ မင်းညီမင်းသားများကိုစေလွတ် တိုက်ခိုက်စေခြင်းမရှိပဲ မြို့စား၊ ရွာစားများကိုသာ စေလွတ်တော့သည်။ မဏိပူရချီတပ်မှာ ဗညားဒလကို အကြီးအမှူးခန့်ပြီး တပ် ၅ တပ်တွင် တိုက်ဆင် ၃၀ဝ၊ မြင်း ၃၀ဝ၀၊ စစ်သည် ၅၀ဝ၀ဝ ဖြင့် ကြည်းကြောင်း၊ ကန္နီစားကို အကြီးအမှူးခန့်ပြီး တပ် ၈ တပ်တွင် လှေ ၅၀ဝ၊ စစ်သည် ၅၀ဝ၀ဝ ဖြင့်ရေကြောင်း၊ မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ မိုးမိတ်စော်ဘွား များကိုလည်း မိမိတို့နောက်ပါတပ်များဖြင့် စန္ဒားကြောင်းမှ ချီတက်စေသည်။ ဟံသာဝတီမှ ချီတက်လာသည့် ကြည်း၊ ရေတပ်များ နှင့်စောဘွားတပ်များ ပေါင်းစုံမိလျှင် ရေတပ်ကိုဖျက်ကာ ကြည်းတပ်ဖွဲ့သည်။ ထိုနောက် ကလေးစော်ဘွားကို ကလေးကြောင်း၊ ဩော်စားကို ရှေ့တပ်ချီစေပြီး ယူးကြောင်း၊ စော်ဘွားတို့၏ တပ်ပေါင်းကို စန္ဒားကြောင်း စစ်ကြောင်း သုံးရပ်ခွဲကာချီတက်လေသည်။ ယူးကြောင်းမှ ချီသည့် ဗညားဒလသည် မဏိပူရစော်ဘွား ထံ စည်းစိမ်မပျက် အသက်ချမ်းသာရလိုလျှင် လက်နက်ချရန် ရာဇသံစေကာအကြောင်းကြားလေသည်။ မဏိပူရစော်ဘွားလည်း ပြေးရန်ကြံနေစဉ်ပင် သံများရောက်လာသည်ကြောင့် မပြေးတော့ပဲ လက်နက်ချအညံ့ခံပါကြောင်း ယောက်ဖဖြစ်သူ ခုံစဲကြမ္မာ အားစေလွတ်လျှောက်ထားသည်။ ဗညားဒလ လည်းအညံ့ခံသည်ကို လက်ခံပြီး မြို့တွင်းသို့ဝင်ပြီး စော်ဘွားအား သစ္စာပေးသည်။ နောက် တစ်မြို့လုံးထိတ်လန့်စေရန် သေနတ်၊ အမြောက်တို့ကို မနားတမ်းပစ်ဖောက်စေသည်။ နောက် စော်ဘွားအား မိစ္ဆာအယူကို ပယ်စေပြီး ဗုဒ္ဒဘာသာတွင် သက်ဝင်စေသည်။ စော်ဘွားသမီးတော်ကို အမတ်လေးပါး၊ အခမ်းအနားဖြင့် ဟံသာဝတီသို့ အပ်စေသည်။ နောက် မဏိပူရမှ ပြန်သည်။ ၁၅၆၁ တွင် မင်းတရားကြီး ဟံသာဝတီတွင်ရှိနေစဉ် မိုင်းမော၊ မိုင်းနား၊ စည်ခွင်၊ ဟိုသာ၊ လသာ၊ စန္ဒား စော်ဘွားများက လာရောက်ကာ နယ်ပယ်များကို ထိပါးသည့်အတွက် သားတော် မဟာဥပရာဇာအား တက်ရောက်နှိမ်နှင်းပြန်သည်။ သို့ဖြင့် စစ်ကြောင်းလေးကြောင်းခွဲ ချီတက်ကြသည်။ မိုင်းမောရောက်လျှင် စော်ဘွားတို့လည်း ကြောက်ရွံ့ပြီး သစ္စာခံကြသည်။ ယိုးဒယား(၁) သက္ကရာဇ် ၉၂၅ (အေဒီ ၁၅၆၃) တွင် ဆင်ဖြူတော် လေးစီးရှိသည့် ယိုးဒယားမင်း မဟာချက္ကရာဖတ် (ဗြသာဓိရာဇာ) အား ဆင်ဖြူတစ်စီး ဆက်သရန် ဗညားဒလကို ရာဇသံစေသည်။ “ဆင်ဖြူလေးစီး ရှိသည်အနက် တစ်စီးဆက်လျှင် ယိုးဒယားနှင့် မြန်မာသည် ရေနှင့်မြေကဲ့သို့ ဖြစ်စေမည်” ဟုဆိုလိုက်သည်။ ထိုသို့ ဘုရင့်နောင်၏ ရာဇသံကို ရလျှင် ယိုးဒယားနန်းတွင်းတွင် စဉ်းစားရန် အတွေးတို့ဖြစ်လာသည်။ ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ အနောက်ဘက် မဏိပူရ မှ အရှေ့ဘက် ဇင်းမယ် အထိ၊ မြောက်ဘက် တရုတ်စော်ဘွားများ၏ စန္ဒားမှ တောင်ဘက် တနင်္သာရီ တိုင်အောင် ကျယ်ပြန့်သည့်အတွက် ဆင်ဖြူဆက်ကာ လက်အောက်ခံရနိုးနိုး၊ စစ်ပြိုင်ပြုနိုးနိုးဖြင့် အမှူးအမတ်၊ မင်းညီမင်းသားတို့ နှစ်ဖက်ကွဲကာ အုပ်စုနှစ်စု အချေတင်ဖြစ်လေသည်။ သားတော် မင်းသား ဗြရာမသွန် နှင့် အမတ်ကြီး ဩောက်ဗြစက္ကိ တို့က “ဆင်ဖြူပေးသည့်တိုင် ဘုရင့်နောင်၏ နယ်ချဲ့မှုကို ရပ်တန့်နိုင်မည်မဟုတ်။ ပေးသော်လည်း လက်အောက်ခံပြုမည်သာဖြစ်သည်။ ထို့ကြောင့် စစ်သာပြိုင်မည်”ဟု ဆိုပြီး ဆင်ဖြူမဆက်ရန် လျှောက်တင်သည်။ နောက်ဆုံးတွင် ဆင်ဖြူမဆက်လိုသည့်ဖက်က အနိုင်ရကာ ယိုးဒယားတို့က ဗညားဒလမှ အကြောင်းပြန်သည်မှာ... “ဆင်ဖြုရတနာဆိုသည်မှာ ဘုန်းကံပါရမီနှင့် ပြည့်စုံသူ ပြည်သနင်းမင်းတို့နှင့်သာ ထိုက်တန်သည်။ ဟံသာဝတီမင်းတရား သာ တရားနှင့် အညီအုပ်ချုပ်လျှင် ဟံသာဝတီမင်း၏ နိုင်ငံအတွင်း၌ ဆင်ဖြူများ အလွှဲမသွေ ပေါ်ထွက်လာမည်အမှန်ဖြစ်သည့်အတွက် ဆင်ဖြူမပိုင်ဆိုင်မည့်အရေးအတွက် စိုးရွံဖွယ်မရှိ”ဟူ၍ဖြစ်သည်။ ထိုအကြောင်းပြန်မှုကို ရလျှင် ဘုရင့်နောင်က တပင်ရွှေထီးလက်ထက်က ရံရုံသာ ရံခဲ့ရသည့် အယုဓျာအား အပြီးသိမ်းရန် စစ်ချီလေသည်။ စစ်အင်အားမှာ တပ်ပေါင်း ၅၆ တပ်တွင် စစ်သည် ၅၈၀ဝ၀ဝ၊ ဆင်၁၆၀ဝ၊ မြင်း ၂၀ဝ၀ဝ ဖြစ်သည်။ ဟံသာဝတီမှ ကမန်ပိုက်၊ သောက္ကတဲ၊ ပိဿလောက်၊ သုဝဏ္ဏလောက် နှင့် အယုဓျာ တိုင်ချီသည်။ ပထမ ဆုံး တပ်အင်အားများစွာချထားသည့် ကမန်ပိုက်ကို တိုက်သည်။ ကမန်ပိုက်စားကို သားမယားနှင့်မိသည်။ ညီတော် ပြည်သတိုးဓမ္မရာဇာကို နှင့် အင်းဝ သတိုးမင်းစော အား တပ် ၂၈ တပ်နှင့် ပိဿလောက်၊ ညီတော်တောင်ငူမင်းခေါင် နှင့် သားတော် မဟာဥပရာဇာ အားတပ် ၂၈ တပ်နှင့် သောက္ကတဲ၊ မင်းတရားကြီး ကိုယ်တိုင်ကမူ တပ် ၁၀ တပ်ဖြင့် သုဝဏ္ဏလောက်သို့ ချီတက်သည်။ သုဝဏ္ဏလောက် သာမက ပိတ်စဲစား ဩယာပိတ်စဲ လည်းကျွန်ခံလာသည်။ နောက် တပ်များပြန်စုစည်းကာ အယုဓျာ သို့ချီသည်။ လမ်းတွင် ယိုးဒယားမင်း သားမက်ဖြစ်သူ ဩယာဓမ္မရာဇာ (ဗြဓမ္မရာဇာ) အညံ့ခံသည်။ ယိုးဒယားမင်း သားတော်အိမ်ရှေ့မင်း မဟာဗြရာမသွန်ရေကြောင်းမှ တိုက်သည်။ ရှေ့ပြေးမြန်မာတပ် ၁၂ တပ်တို့ အထိနာပြီး အကူအညီပေးလာသည့် နောက်တပ်များရောက်လာသည့်အတွက် ယိုးဒယားတပ်ပျက်သည်။ အိမ်ရှေ့မင်းလည်းပြေးရသည်။ လက်မလျှော့လိုသည့် ယိုးဒယားမင်းလည်း သားတော်ဗြမဟိန် နှင့် ဦးရီးတော် တို့နှစ်ဦးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် လမ်းမှ တိုက်စေသည်။ သူကိုယ်တိုင်လည်း အင်အားများစွာဖြင့် နောက်မှလိုက်သည်။ လုံကလီ အရောက်တွင် မြန်မာရှေ့ပြေးတပ်နှင့် ယိုးဒယားတို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ရာ နောက်မှ မြန်မာ စစ်ကူတို့ရောက်လာပြီး ဖိတိုက်သဖြင့်ယိုးဒယားတို့ တပ်ပျက်ရပြန်သည်။ ထိုတိုက်ပွဲမှာ အဆုံးအဖြတ်ပင်ဖြစ်သည်။ နောက်မှ ပါလာသည့် ယိုးဒယားဘုရင်လည်း သားတော်၊ ညီတော် တပ်များပျက်၍ပြန်အလာတွင် ဖယိုဖရဲဖြစ်နေသည့် တပ်များကို ပြန်စုစည်းကာ အခိုင်အမာပြုပြီး လုံကလီတပ်မှ ခုခံသည်။ မခံနိုင်သဖြင့် ဘုရင်၊သားတော်၊ ညီတော်များ မြင်းဖြင့် ပြေးရသည်။ မင်းတရားကြီးလည်း လုံကလီတွင်ပင်စံနေပြီး ညီတော်၊ သားတော်များကို အယုဓျာမြို့ကို ချီတက်ဝန်းရံစေသည်။ တပ်များမှ မြို့တွင်းသို့ အမြောက်မြား၊ မီးပေါက်များ ဖြင့် အဆက်မပျက် ပစ်ခတ်သွင်းစေသည်။ ယိုးဒယားမင်းလည်း နောက်ဆုံးတွင် မခုခံနိုင်တော့သဖြင့် ဆင်ဖြူတော် တစ်စီးဆက်သကာ အညံ့ခံမည့်အကြောင်း လျှောက်တင်လာတော့သည်။ နောက်ဆုံးတွင် ယိုးဒယားမင်း ဗြသာဓိရာဇာသည် ဆင်ဖြူပေါက် ၂ စီး၊ ဆင်ဖြူမ ၁ စီးနှင့်တကွ အခစားဝင်လာသည်။ မင်းတရားကြီးလည်း ဗြသာဓိရာဇာ အား အရာမှနုတ်ကာ ဟံသာဝတီသို့ လိုက်ပါစေပြီး သားဖြစ်သူ ဗြမဟိန် အားအယုဓျာ မင်းအဖြစ်တင်သည်။ အခြားမြို့စားများကိုလည်း အသီးသီး သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။ ထိုနောက် ယိုးဒယား မင်း ဗြသာဓိရာဇာ၊ သားအငယ် ဗြရာမသွန် နှင့် အမတ်ကြီး ဩောက်ဗြစက္ကိ၊ ဆင်ဖြူ ၄ စီး၊ ယိုးဒယား အနုပညာသည်များ၊ အတတ်ပညာရှင်များကို ဟံသာဝတီသို့ ခေါ်ဆောင်ကာ ပြန်လေသည်။ ဇင်းမယ်၊မိုင်းစံ မင်းတရားကြီး ဟံသာဝတီ သို့ရောက်လျှင် သစ္စာခံ ဇင်းမယ်မင်း ဗြစဲစစ်ပုန်ကန်လေသည်။ ထို့ကြောင့် တပ်ကြီးဖွဲ့ကာ ချီတက်သွားရာ လပု သို့ရောက်လျှင် ဗြစဲစစ်တောင်းပန်ကာ အညံ့ခံသည်။ သို့သော် ဇင်းမယ်မင်း၏ လက်အောက်ရှိ မြို့စားအချို့ လင်းဇင်းမင်းထံ ခိုလှုံရန်ပြေးသောကြောင့် နောက်မှလိုက်စေသည်။ နောက် ပြည်ရွာအရေးကို စီမံပြီး ဟံသာဝတီတွင် ရှမ်းတို့ပုန်ကန်သည့်အရေးကို ဖြေရှင်းရန် နေပြည်တော်သို့ ပြန်လေသည်။ သားတော်ညီတော်များကို မိုင်းစံအား ဆက်လိုက်တိုက်စေသည်။ ဟံသာဝတီ ရှမ်းသူပုန်တို့ကို နှိမ်နှင်းခြင်း မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်ဝန်းကျင်တွင် အကွက်ချကာနေထိုင်စေသည့် ရှမ်းတို့သည် အကြီးအကဲတစ်ဦးကို တင်မြှောက်ကာ "ဗညားကျန်းထော" ဘွဲ့ပေးပြီး ပုန်ကန်တော့သည်။ အင်အားစုစုပေါင်း ၃၀ဝ၀ဝ ကျော်မျှ ရှိသည်ဟုဆိုသည်။ ဟံသာဝတီမြို့စောင့်များဖြစ်ကြသည့် ဗညားအိန္န၊ ဗညားပရံ၊ တရဖျား၊ တာနော၊ ဘယသင်္ကြန်တို့လည်း မည်သို့စီမံရမည်ကို မသိသဖြင့် အင်းဝမှ ဖမ်းဆီးလာကာ အကျယ်ချုပ်ဖြင့်ထားသည့် နန်းကျဘုရင် နရပတိစည်သူကို တိုင်ပင်ကြသည်။ နရပတိစည်သူလည်း သစ္စာခံကာ ဦးစီး၍တိုက်ရန်သဘောတူလေပြီးတိုက်ရာ ရှမ်းတို့တပ်ပျက်ကာ ဒလသို့ ဆုတ်ပြေးသည်။ မင်းတရားကြီးထိုသတင်းကိုကြားလျှင် ဟံသာဝတီသို့ အမြန်ပြန်လာပြီး မြို့တွင်းသို့ပြင်မဝင်ပဲ သူပုန်တို့ရှိရာ ဒလသို့ သွားရောက် နှိမ်နှင်းတော့သည်။ နိုင်လျှင် ရှိရှိသမျှသောသူပုန် ၇၀ဝ၀ ကျော်အား ဖမ်းခေါ်လာပြီး နေပြည်တော်ရောက်သော် စပ်ကြီးများဖြင့် လှောင်ထားပြီး မီးတိုက်သတ်စေသည်။ သံဃာတော်များတောင်းပန်သဖြင့် အကြီးအမှူး ၇၀ ကျော်ကိုသာ သတ်စေသည်။ ထိုကိစ္စပေါ်ပေါက်ပြီးနောက်တွင် မင်းတရားကြီးသည် လုံခြုံရေးအတွက် လက်ရှိ နေပြည်တော်ကို စွန့်ပြီး နန်းသစ်တည်ရန် ဆုံးဖြတ်လေသည်။ ယိုးဒယား(၂) ယိုးဒယားအား ပထမအကြိမ် အောင်မြင်ပြီး ၅ နှစ်အကြာ သက္ကရာဇ် ၉၃၀ (အေဒီ၁၅၆၈) တွင် ဒုတိယအကြိမ်ချီတက်ရန် အကြောင်းဖန်လာသည်။ နန်းကျ ယိုးဒယားမင်းသည် ရဟန်းခံပြီးနောက် ဘုရားဖူးရန်ဟုအကြောင်းပြပြီး ယိုးဒယားသို့ပြန်သွားကာ သားဖြစ်သူ ဗြမဟိန် နှင့်ပူးပေါင်းပြီး ပုန်ကန်တော့သည်။ ထိုသတင်းကို ပိဿလောက်စား ဩယားပိဿလောက် (ယိုးဒယားဘုရင်၏ ယောက်ဖ) က လာရောက် သတင်းပို့လာသောကြောင့် ဗညားလော၊ ဗညားကျန်း၊ ဗညားပရံတို့အား စစ်တပ်ကြီးဖွဲ့ကာ ယိုးဒယားသို့ ချီစေသည်။ ပိဿလောက်မှရောက်လာသော ဩယားအား စော်ဘွားသောင်ကျည်ဘွဲ့ဖြင့် ထီးဖြူမကိုဋ်ကိုပါပေးသည်။ ပိဿလောက်ကို တပ်များခေါ်ပြီး အခိုင်အလုံနေစေသည်။ ထိုအခါ ယိုးဒယားမင်း သည် လင်ဇင်းမင်းကို ပါခေါ်ပြီး ပိဿလောက်ကို လာရောက် တိုက်ခိုက်သည်။ သို့သော် အခုအခံကောင်းလှသဖြင့် မြို့ကို ကျအောင်မတိုက်နိုင်ပဲရံနေရသည်။ မိုးကာလလွန်လျှင် မင်းတရားကြီကိုယ်တိုင် စစ်တပ်ကြီးဖြင့်ချီလာတော့သည်။ အင်အားစုစုပေါင်းမှာတပ်ပေါင်း၅၉ တပ်၊ စစ်သည် ၉၀၂၈၀ဝ ရှိသည်။ ပိဿလောက်ရောက်အောင် အလျင်သွားပြီးမှ အယုဓျာသို့ချီသည်။ ရောက်လျှင် မြို့ကိုလေးဖက်လေးတန်မှ တိုက်သည်။ စစ်ပွဲမှာပြင်းထန်လှသဖြင့် မြန်မာစစ်သည်တို့မှာ အလောင်းကိုပင် အကာအကွယ်ယူ၍ တိုက်ရသည်ဟုဆိုသည်။ တာဝန်ပေါ့လျော့သဖြင့် တပ်တွင်းကို မီးတိုက်ခံရသောကြောင့် စစ်ဆေးပြီးအပြစ်ရှိသည့် ဗညားစက်နှင့်စောတိုင်ခံတို့ကို ကွပ်မျက်သည်။ ထိုသို့ မြို့ကိုရံစဉ်အတွင်းတွင် နန်းကျရဟန်းလူထွက် ယိုးဒယားဘုရင် ဗြသာဓိရာဇ် လွန်သည်။ မသင်္ဂြိုဟ်နိုင်သဖြင့် ပြဒါးသွပ်ကာ အလောင်းကိုထားရသည်။ ယိုးဒယားဘုရင်ငယ် ကအညံ့ခံမည့်အကြောင်း အရေးဆိုလာသော်လည်း မင်းတရားကြီးက လက်မခံပေ။ လင်းဇင်းမင်း ဗြစဲစစ် မငြိမ်မသက်ရှိပြန်သဖြင့် တပ်အချို့ကိုစေလွှတ်ပြီး နှိမ်နှင်းရာ လင်းဇင်းမင်းပြေးလေသည်။ အယုဓျာမြို့တိုက်ပွဲတွင် အသေခံတပ်သားများဖြင့်တိုက်သည့်တိုင် ရဲမက် ၁၀ဝ၀ဝ ကျော်ကျသည်။ နောက်ဆုံးတွင် မင်းတရားကြီးလည်း အကြံဖြင့် ပထမအကြိမ် ယိုးဒယားတိုက်စဉ်က ဖမ်းခေါ်လာသည့် ယိုးဒယားအမတ်ကြီး ဩောက်ဗြစက္ကိကို သစ္စာပေးပြီး မြို့တွင်းသို့ဝင်စေကာ အချိန်းအချက်ပေး၍ မြို့တံခါးကိုဖွင့်စေသည်။ သို့ဖြင့် တိုက်၍မကျနိုင်သောမြို့ဟု ကြော်ကြားလှသည့် အယုဓျာပူရသည် ဘုရင့်နောင်လက်သို့ကျဆင်းရတော့သည်။ အမတ်ကြီး ဩောက်ဗြစက္ကိကို ကတိအတိုင်း ပိဿလောက်ကိုစားရန် ပေးသော်လည်း အမတ်ကြီးက ငြင်းဆန်သဖြင့် ဗညား ဘွဲ့ပေးကာ ဒဂုံကိုစားစေသည်။ ယိုးဒယားဘုရင်အဖြစ် သစ္စာခံ ပိဿလောက်စားအား ဩယားဓမ္မရာဇာ (မဟာဓမ္မရာဇာ) ဘွဲ့ဖြင့် တင်မြှောက်သည်။ သီရိလင်္ကာ ထူးခြားမှုတစ်ရပ်မှာ ၁၅၇၅တွင် ဟံသာဝတီရှိ ဘုရင့်နောင်အား သီရိလင်္ကာမှ ဓမ္မပါလမင်းက မိမိတိုင်းပြည်၊ လူမျိုးနှင့် ဘာသာသာသနာကို ကုလားကျေးမင်းတို့က နှောင့်ယှက်ဖျက်ဆီးသဖြင့် အကူအညီတောင်းခံလာခြင်းဖြစ်သည်။ ထို့ကြောင့် မင်းတရားကြီးလည်း မိမိတပ်များမှ လူမျိုးအစုအလိုက် လက်ရွေးစင်စစ်သားများကို ရွေးချယ်ပြီး မခုတ်မရှ၊ သွေးမထွက်အောင်ပင်စွမ်းသည့် စစ်သည်တို့ကို သင်္ဘောဖြင့်တင်ကာ အကူအညီပေးစေသည်။ ထိုစစ်သည်တို့လည်း သီရိလင်္ကာ ရောက်လျှင် လူအများရှေ့၌ အရက်သောက်လျှင် သားငါးအရှင်ဖြင့် စားသောက်ခြင်း၊ မိမိတို့အချင်းချင်း ထိုးခုတ်ပြခြင်း (ထိုသို့ထိုးခုတ်ရာတွင် ဓားပြီး၊ လှံပြီးသူအချင်းချင်းဖြစ်သဖြင့် ရှနာကြခြင်းမရှိပေ) တို့ကို ပြုလုပ်ပြလေသည်။ ထိုအခါ သီရိလင်္ကာမင်း ၏ရန်သူများလည်းကြောက်ရွံသဖြင့် အညံ့ခံကြသည်။ သို့ဖြင့် သီရိလင်္ကာတွင် သာသနာ ဆက်လက်ထွန်းလင်းစေရန် ကူညီပေးခဲ့လေသည်။ နန်းသစ်၊မြို့သစ်များ ၁၅၇၆ တွင်စီစဉ်သည့်အတိုင်း နန်းသစ်တည်ပြီး ကမ္ဘောဇသာဒီ နန်းတော်ဟု သမုတ်သည်။ ထိုနောက် မြဝတီ၊ ကလေးမြို့များကိုလည်း တည်သည်။ ဆင်ဖြူကျွန်းတွင်ရေတပ်သစ်တပ်တည်သည်။ ထိုမြို့များမှာ စစ်ရေး၊လုံခြုံရေးအတွက် တည်ခဲ့ခြင်းဖြစ်သည်။ သက္ကရာဇ် ၉၄၃၊ တန်ဆောင်မုန်း လပြည့်နေ့တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံလေသည်။ (အေဒီ ၁၅၈၁) ရည်ညွှန်းကိုးကား တောင်ငူရာဇဝင်စဆုံး မြန်မာမင်းများအရေးတော်ပုံမှတ်တမ်း တောင်ငူခေတ် တောင်ငူ-ဟံသာဝတီခေတ် တောင်ငူမင်းဆက် မြန်မာ ဘုရင်များ‎
https://my.wikipedia.org/wiki/%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%B7%E1%80%BA%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
တပင်ရွှေထီး
မင်းတရားရွှေထီး ဟုလည်း သိကြသည့် တပင်ရွှေထီးမှာ ဒုတိယ ပြည်ထောင်စု မြန်မာနိုင်ငံကို အစဦး တည်ထောင်သူဖြစ်သည်။ ခမည်းတော် မင်းကြီးညို (မဟာသီရိဇေယျသူရ) နတ်ရွာစံသဖြင့် အသက်ငယ်ငယ် (၁၄နှစ်) အရွယ်တွင် တောင်ငူမင်းဖြစ်လာပြီးနောက် ဒုတိယ ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ဟံသာဝတီ၊ ပြည် အစရှိသည်တို့ကို သိမ်းပိုက်ခဲ့ပြီး ရခိုင်၊ အင်းဝ နှင့် ထိုင်း ဒေသများထိ ဩဇာအာဏာ သက်ရောက်မှုရှိခဲ့သည်။ တိုင်းတစ်ပါးလူမျိုး၏ ဖျက်စီးမှုကြောင့် အသက်ငယ်ငယ် (၃၅နှစ်) တွင် နန်းတွင်းမှ သစ္စာဖောက် သမိန်စောထွတ်၏ လုပ်ကြံမှုကြောင့် နတ်ရွာစံခဲ့ရသည်။ နောက်ခံသမိုင်းကြောင်းနှင့်မွေးဖွားခြင်း အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲ အပါအဝင် နောက်ဆက်တွဲအဖြစ် နှစ်ဖက်နန်းတက်သည့် မင်းများမှာ စစ်ကို လိုလိုလားလားပင် ဆက်လက် တိုက်ခိုက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ငြိမ်သက်မှုမရှိခဲ့သည်မှာ ကြာလာသည့်နည်းတူပင် နှစ်ဖက်သော မင်းဧကရာဇ်တို့၏ ဗဟိုအာဏာမှာလည်း တစ်စစ အားနည်းကာ လက်အောက်ခံ ပဒေသရာဇ်များက လေးစားမှု မရှိကြတော့ဘဲဖြစ်ခဲ့ရသည်။ ဟံသာဝတီ(မွန်)တို့၏ ဒေသအတွင်းတွင်မူ ထူးခြားစွာ တိုးတက်လာသည့် ပဒေသရာဇ်ဟု မရှိခဲ့သော်လည်း အင်းဝပိုင်နက်အတွင်းတွင်မူ အင်းဝနန်းတွင်း ဘုရင်ဖြစ်သူ ရွှေနန်းကြော့ရှင် နရပတိ အားနည်းလာခြင်း၊ မြောက်ဘက်မှ ရှမ်းစော်ဘွား(မိုးညှင်းစလုံ)တို့မငြိမ်မသက်ဖြင့် အင်အားကြီးလာခြင်းတို့ကြောင့် သရေခေတ္တရာ (ပြည်)၊ တောင်တွင်းကြီး နှင့် ကေတုမတီ(တောင်ငူ)တို့မှ ပဒေသရာဇ်တို့မှာ အင်းဝ၏ ဗဟိုအာဏာစက်ကို အတိအလင်းပင် ထောက်ခံမှုမရှိကြတော့ဘဲ သီးသန့်ထီးနန်းပြိုင်အဖြစ်စိုးစံလာခဲ့ကြသည်။ ထိုသို့သော ထီးနန်းပြိုင်များအတွင်းတွင် ကေတုမတီတောင်ငူမှ မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညိုမှာ အင်အားအကြီးဆုံးဖြစ်ကာ အင်းဝနှင့် ဟံသာဝတီနှစ်ဖက်လုံးကို ခြိမ်းခြောက်နိုင်သည်။ သို့သော် နန်းလျာဖြစ်မည့် သားတော် မထွန်းကားနိုင်ဖြစ်နေချိန်တွင် ဆင်အုံကန် ဆည်ဖို့ရာမှ ကောက်ယူလာသည့် ဝါးနွယ်ကုန်းကျေးရွာမှ သူကြီးသမီး ခင်ဦးသည် သားတော် တပင်ရွှေထီးကို ဖွားမြင်လာခဲ့သည်။ မြန်မာမူတွင် အထွေအထူးသော နိမိတ်လက္ခဏာများမွေးဖွားချိန်တွင် ပေါ်ထွက်လာသည်ဟု ဆိုခဲ့ကြသည့်အပြင်၊ ထိုင်းမူတွင်လည်း မွေးဖွားရာ၌ လျှာပေါ်တွင် မဲနက်သည့် အစက်လက္ခဏာများ ပါလာသည့်အတွက် လျှာနက်မင်း ဟုပင် ခေါ်တွင် မှတ်တမ်းပြုခဲ့ကြသည်။ မွေးဖွားလာရာ ဦးထိပ်တွင် ခမည်းတော် မင်းကြီးညိုကဲ့သို့ပင် ရွှေရောင်တောက်လက်သည့် ဆံမျှင်တစ်ချောင်း ပါလာသည့်အတွက် မင်းကြီးညိုက အထွေအထူး ဗေဒင်ကျမ်းဂန်လာတို့ဖြင့် အမည်မပေးတော့ဘဲ တပင်ရွှေထီးဟု ကိုယ်တော်တိုင် အမည်ပေးခေါ်ဝေါ်စေခဲ့သည်။ နန်းတက်ခြင်း မဟာသီရိဇေယျသာ သက်တော် ၇၂ နှစ်၊ နန်းသက် ၄၆ နှစ် သက္ကရာဇ် ၈၇၉၊ နတ်တော်လဆန်း ၅ ရက်၊ ကြာသပတေးနေ့ ညဦးချိန်တွင် ရုတ်တရက်နာဖျားကာ နတ်ရွာစံလေသည်။ ထိုသို့ မင်းကြီးညိုနတ်ရွာစံလျှင် ချက်ချင်းပင် နေ့မကူးစေတော့ဘဲ ထိုည တစ်ချက်တီးအချိန်တွင် အသက် ၁၄ နှစ်သာ ရှိသေးသည့် တစ်ဦးတည်းသောသားတော် တပင်ရွှေထီးကို နန်းထက်သို့ တင်ကြလေသည်။ ထိုသို့ နန်းတက်ရာတွင် ရာဇဘိသေက ခံခြင်းမျိုးမဟုတ်ဘဲ နန်းသိမ်းပွဲအဖြစ်သာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အစစ်အမှန် ဘိသိက်ခံကာ နန်းတက်ခြင်းကို ဟံသာဝတီအား သိမ်းပိုက်လေပြီးမှ ပြုလုပ်ခဲ့သည်။ ထိုသို့ အသက်ငယ်ရွယ်လှသည့်သူ စိုးစံသော်လည်း အခြားသော မင်းများက လာရောက် ရန်စစ်ပြုခြင်း မရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် တောင်ငူ၏ အင်အားကြီးပုံကိုခန့်မှန်းနိုင်သည်။ နန်းတက်သည်နှင့် တစ်ပြိုင်နက်ပင် မိမိကို နန်းရံစေမည့် မှူးမတ်များကို ဘွဲ့ထူးများ၊ စည်းစိမ်များ ပေးခြင်းပြုလုပ်လေသည်။ အထိန်းတော်လည်းဖြစ်၊ ဖခင်၏ ပြည်ထောင်ဖက်လည်းဖြစ်သည့် မင်းကြီးဆွေ (ဘုရင့်နောင်၏ ဖခင်)ကို မင်းရဲသိင်္ခသူ၊ ရှင်နီတာကို သတိုးဓမ္မရာဇာ၊ ရှင်သီဟကို စည်သူကျော်ထင်၊ ရှင်နတ်တော်ကို ဘယနန်သူ အစရှိသည့်ဘွဲ့များ ပေးပြီး မိမိနှင့် နို့စို့ဖက်ဖြစ်သူ၊ ညီအစ်ကိုအရင်းမျှချစ်ခင်သူ၊ မိမိ၏ အစ်မတော် သခင်ကြီးနှင့်ရည်ငံနေသူ ရှင်ရဲထွတ်အား ကျော်ထင်နော်ရထာ ဟူသည့်ဘွဲ့ကိုပေးကာ အစ်မတော် သခင်ကြီးနှင့် လက်ဆက်ပေးလေသည်။ (အမှန်လည်း ညီနောင်အရင်းကဲ့သို့ ချစ်ကြည်ကြသည်။ နောင်တစ်ပင်ရွှေထီးလွန်ပြီး ဘုရင့်နောင်နန်းတက်ပြီးရာတွင် မကြာခဏပင် ညီတော် မင်းတရား၊ ညီတော်မင်းတရား ဟုပြောကြားလေ့ရှိသည်။) ထို့အတူ ရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး နှင့် ရှင်နီတာ၏သမီး ခင်မြတ်တို့ကို မိဖုရားအဖြစ် ကောက်ယူကာ လက်ဝဲလက်ယာ မြှောက်စားလေသည်။ သို့သော် ဘိသိက်မခံ၊ နန်းမတက်ဘဲ နေသကဲ့သို့ပင် မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲနေခဲ့သည်မှာ တစ်သက်လုံးပင်ဖြစ်ကာ ၎င်းမှာ တပင်ရွှေထီး၏ ထူးခြားချက်ဖြစ်သည်။ နားထွင်းမင်္ဂလာပြုခြင်း နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နက်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွားရောက်နိုင်ရန် ထောက်ခံပြီး၊ ရဲရင့်သန်မာသည့် သူရဲကောင်းများ ခြံရံလျက် သွားသင့်ကြောင်းလျှောက်ရာ လက်ခံပြီး သူရဲကောင်းရွေးစေသည်။ သူရဲကောင်းရွေးပုံမှာ လက်မကို ထောင်စေလျက် လက်သည်းကြားတွင် အပ်စိုက်ပြီး တူနှင့်ထုစေသည်။ လက်မတွန့်သူ၊ မျက်နှာမပျက်သူကိုသာ ရွေးချယ်သည်။ ထိုသို့စမ်းသပ်ရာတွင် တပင်ရွှေထီး၏ သူရဲကောင်း ဗလရဲထင်မှာ မျက်နှာပျက်၊ လက်တွန့်သဖြင့် အရွေးမခံရပဲ ရှက်လှရာ ဗိုက်ကို ကိုယ်တိုင်ခွဲသည်။ နောက် အူစကိုဆွဲထုတ်ပြီး ကျော်ထင်နော်ရထာ လက်သို့ပေးကာ ပြေးရာ အူဆုံးလျှင်သေလေသည်။ ထိုအရာကိုမြင်ပြီး တပင်ရွှေထီးချသည့် မှတ်ချက်မှာ မြန်မာ့သမိုင်းတွင်သည့် စကားပင်။ “ငါ့ကျွန် ဗလရဲထင်မှာ မိုက်ကားမိုက်၏။ သို့သော်သတ္တိမူမရှိ..။” ဟုဖြစ်လေသည်။ ထိုသို့ဖြင့် လက်ရွေးစင် သူရဲ ၅၀ဝ ရလျှင် ရန်သူနယ်မြေအတွင်းရှိ ရွှေမောဓောဘုရားသို့ သွားရောက်ကာ နားထွင်းခြင်းအမှုကို ရဲဝံ့စွာပြုလေသည်။ ကျော်ထင်နော်ရထာ ဦးဆောင်သည့် အမတ်လေးကျိပ်နှင့် သူရဲ ၅၀ဝ ကစေတီတော် အောက်တွင်စောင့်ကြပ်ပြီး ပုဏ္ဏား ရှစ်ဦးက ရင်ပြင်ပေါ်တွင် တပင်ရွှေထီး ကို နားထွင်း၊ သျှောင်ထုံးခြင်းတို့ကို ပြုလုပ်ပေးလေသည်။ ထိုသို့ပြုလုပ်နေချိန်တွင် ဟံသာဝတီမှ သုရှင်တကာရွတ်ပိလည်း အမျက်ပြင်းစွာထွက်ကာ အမတ်ကြီးများဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့နှစ်ဦးကို တပ်များနှင့်စေလွတ်ကာ တိုက်ခိုက်စေသည်။ နားထွင်းမင်္ဂလာပြီးရာ ကိုယ်တိုင်ပင် သတ္တရုဇေယျ မြင်းကိုစီးလျက် ရန်သူတပ်ကို ကြုံးဝါးထိုးဖောက်ပြီး တောင်ငူသို့ပြန်လေသည်။ မွန်တပ်များမှာ တောင်ငူတပ်နောက်သို့ မလိုက်ဝံ့တော့ချေ။ ဟံသာဝတီကိုလုပ်ကြံခြင်း နောက်ခံအကျဉ်း ဟံသာဝတီကို ခရစ်နှစ် ၁၅၃၄ - ၁၅၃၃ - ၁၅၃၆ များတွင် သုံးကြိမ်တိုင်တိုင် စစ်ချီကျူးကျော် တိုက်ခိုက်သော်လည်း မနိုင်သဖြင့် တပင်ရွှေထီးက ဥပါယ်ပရိယာယ် တမျိုးတဖုံ ပြောင်းလဲလိုက်ပြန်သည်။ မွန်တို့၏ ဟံသာဝတီ နေပြည်တော်တွင် စစ်ဗျူဟာကျွမ်းကျင်သည့် စစ်ရေးစစ်ရာ စီမံကွပ်ကဲသူ သေနာပတိကြီး နှစ်ဦးရှိသည်။ တပင်ရွှေထီးက မိမိ၏ လျှို့ဝှက် အထောက်တော်အား စာချွန်လွှာပို့ ဆက်သားအဖြစ် ပုံဆောင်စေ၍ ဟံသာဝတီရှိ မွန်စစ်သေနာပတိ နှစ်ဦးထံစေလွှတ် လိုက်သည်။ စာချွန်လွှာပါ အကြောင်းအရာများမှာ- "စိတ်ချယုံကြည်ရသော သွေးသောက် အဆွေတော်တို့၏ တင်ပြတောင်းဆိုချက်ကို အကျွန်ုပ်ဝမ်းမြောက်စွာ လက်သင့်ခံပါသည်။ အဆွေတော်တို့၏ အကူအညီဖြင့် ကျွန်ုပ်တို့ အောင်ပွဲရပြီးသောအခါ အဆွေတော်တို့၏ အာသီသအတိုင်း ဧကန်ဆုလာဘ်တော် ချီးမြှင့်တော်မူမည်" ဟူသတည်း။ စာချွန်လွှာပို့ လျှို့ဝှက်အထောက်တော် များက အဖမ်းခံရစေရန် တမင်တကာ ကြံစည်၏။ ထိုစာချွန်လွှာသည် စီစဉ်ထားသည့် အတိုင်း သေနာပတိကြီးဆီ မရောက်ပဲ မွန်ဘုရင် လက်တွင်းသက်ဆင်းမိ လျက်သားဖြစ်သွားတော့၏။ ၎င်းသတင်းစကား ချဲ့ကားသွားသည့် အချက်ကား သေနာပတိနှစ်ဦး အာသီသဆန္ဒရှိသော ဆုလာဘ်တော်ဆိုသည်မှာ မုတ္တမ မြို့စားနှင့် ပဲခူးမြို့စား ပိုင်စားပိုင်စေဖြစ်ကြောင်း ပြောဆိုကြသည်။ ရာဇဂုရု မင်းဆရာဖြစ်ခဲ့ဖူးသူ သစ္စာတည်ကြည် ဖြောင့်မတ်သော စစ်သေနာပတိ နှစ်ဦး၏ သံတော်ဦးတင် လျှောက်လဲ ချက်ကို မွန်ဘုရင်က နားမဝင်တော့ `ချက်ချင်း ခေါင်းဖြတ်သတ်စေ´ ဟူသော ဘုရင့်အမိန့်တော်ကြောင့် မင်းမှုထမ်းတို့က တုန်တုန်ရီရီဖြင့် လက်တုန့်မနှေး သေဒဏ် ပေးလိုက်ကြလေသည်။ ဘုရင်၏ သေဒဏ်ကို ကြောက်ကြသောကြောင့် မည်သူ ကမျှ စောဒက မတက်ရဲကြတော့ပေ။ ဗမာတို့တွင် စစ်အင်အား နည်းပါးသော်လည်း စစ်သည်ဗိုလ်ပါ တို့က ဘုရင်ကို ချစ်ကြောက် ရိုသေကြ၏။ ဘုရင်ကလည်း စစ်မှူးစစ်ကဲတို့ကို တန်ဖိုးထား၏။ မွန်တို့မှာ စစ်အင်အားကြီးမားသော် လည်း မွန်ဘုရင်၏ နှလုံးသားမှာအရွယ်အစားမှာ လွန်စွာသေးငယ်၏။ ဥပါယ်တံမျှင်ကို မသိ စဉ်းစား ချင့်ချိန်ခြင်း မရှိပဲ စစ်သေနာပတိ နှစ်ယောက်ကို သတ်ရက်သည်။ စစ်သေနာပတိကြီး မရှိသောအခါ ဗမာတို့သည် မွန်နိုင်ငံတော်ကို လွယ်ကူစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဤသို့ဖြင့် မွန်နိုင်ငံတော်ကြီး ပျက်စီးခဲ့ရသည်။ ပထမအကြိမ်စစ်ပြုခြင်း သက္ကရာဇ် ၈၉၄ မှ ၈၉၆ အတွင်းတွင် တပင်ရွှေထီးသည် အင်အားကိုစုစည်းလျက်နေပြီး ၈၉၆ တွင်နယ်ပယ်ချဲ့ထွင်ရန် အတွက်မှူးမတ်များကို ရှမ်းမင်းသိုဟန်ဘွားသိမ်းပိုက်ထားသည့် အင်းဝကိုသော်လည်းကောင်း၊ သုရှင်တကာရွတ်ပိ၏ ဟံသာဝတီကို သော်လည်းကောင်း၊ နရပတိစိုးစံသည့် ပြည်မြို့ သော်လည်းကောင်း မည်သည့်အရပ်သို့စစ်စမ်းချီတိုက်လျှင်ကောင်းမည် တိုင်ပင်ကြရာ ဟံသာဝတီကို စတင်တိုက်ခိုက်လျှင် ကောင်းမည်ဟု အကြံကိုရသဖြင့် ဟံသာဝတီသို့စစ်ချီလေသည်။ သို့ဖြင့် သက္ကရာဇ် ၈၉၆ တွင် တိုက်ဆင် ၄၀၊မြင်းသည် ၈၀ဝ နှင့်သူရဲ ၄၀ဝ၀ဝ ပါသည့်တပ်ဖွဲ့ကာ ပဲခူးသို့ချီလေသည်။ လမ်းခရီးတလျှောက်တွင် အခုအခံကြီးမားစွာမတွေ့ပဲ ဟံသာဝတီနေပြည်တော်သို့တိုင်ရောက်ပြီး မြို့ကိုရံကာတိုက်လေသည်။ သို့သော် မွန်အမတ်ကြီးများဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့ အခုအခံကောင်းလှသောကြောင့် ခုနှစ်ရက်အကြာတွင် တပ်ကို ဆုတ်လေသည်။ မြို့ကိုမရသော်ငြား တောင်ငူစစ်ကို ဟံသာဝတီကြောက်ရွံစေခြင်းဖြင့် အမြတ်ကြီးစွာရလေသည်။ ဒုတိယအကြိမ်စစ်ပြုခြင်း နောက်တစ်နှစ်(၈၉၇)တွင် အင်အားကို တိုက်ဆင် ၆၀၊မြင်းသည် ၈၀ဝ နှင့်သူရဲ ၆၀ဝ၀ဝ ဖြင့်ချီတက်ပြန်သည်။ ပဲခူးမြောက်ဘက် ကျပ်ကတိုး အရပ်တွင် တပ်ချကာ သုံးလတိုင်တိုင်တိုက်သော်လည်း ပဲခူးဖက်မှ ပေါ်တူဂီတို့၏ အမြောက်မြား ကို အသုံးပြုလေသဖြင့် အထိအပါးများသည်။ နောက် မိုးကာလရောက်သောကြောင့် တပ်ခေါက်ကာတောင်ငူသို့ ပြန်လေသည်။ တတိယ အကြိမ်လုပ်ကြံခြင်း ထိုသို့ဖြင့် ဟံသာဝတီသည် နှစ်ကြိမ်တိုင်တိုင် တောင်ငူစစ်ရန်ကို ခံရပြီးနောက် ထူးဆန်းသည့် အခြင်းအရာများ ပေါ်ထွက်လာခဲ့သည်။ ကြယ်များ ၇ ရက်တိတိကြွေခြင်း၊ ဇုတ်သုတ် (အစုတ်အကြေဟုလည်းဆိုသည်။) တွင် အလျား အတောင် ၄၀ဝ၊ အထု အတောင် ၅၀ ရှိ ငါးကြီးတင်ခြင်း၊ အိပြုံးတောင်(အိမ်ပြုံးတောင်) အလိုလိုပြိုကျခြင်း၊ တောင်ပို့နှင့် ကုန်းမြေများ နေရာရွေ့ပြီး မြေသားအက်ကွဲခြင်း၊ ကျီးတစ်ကောင် ဥကင်သ ရာဇပလ္လင်တွင် လာနားရာ ကျန်ကျီးများ ဝိုင်းအာကြခြင်း၊ ဇမလနိမိတ်ကျောက်တိုင် ပဲ့ကျခြင်း၊ ပဲခူးမြစ်ရေနောက်ကျိခြင်းတို့ ဖြစ်ကာ ပြည်သူတို့အကြားတွင် နိုင်ငံပျက်ကိန်း ကြုံပြီဟုဆိုကာ ကြောက်ရွံခြင်းကြီးစွာဖြစ်ကြ၏။ သက္ကရာဇ် ၈၉၈ တွင် တပင်ရွှေထီးသည် အထိန်းတော် မင်းရဲသိင်္ခသူ (ရှင်ရဲထွတ်၏ဖခင်)ကို မြို့စောင့်ထားလျက် ရှင်ရဲထွတ်ကို ရှေ့မှချီစေပြီး သတိုးဓမ္မရာဇာကို နောက်တပ်ဦးစီးစေကာ ဟံသာဝတီသို့ချီပြန်သည်။ ယခုတစ်ခေါက်အင်အားမှာ ရှေ့နှစ်ကြိမ်ထက်ကြီးပြီး တိုက်ဆင် ၂၀ဝ၊ မြင်းသည် ၈၀ဝ၊ သူရဲ ၇၀ဝ၀ဝဖြစ်ကာ တပ်ပေါင်း ၇ တပ်ရှိသည်။ ကော်လိယ အရပ်တွင် မွန်တပ်ကြီးနှင့် ရှေဲဖျားချီ ကျော်ထင်နော်ရထာတပ်တို့ ရင်ဆိုင်တိုက်ရာ အင်အားမမျှသော်လည်း တောင်ငူတပ်မှာ ရဲရင့်လှသည့်အတွက် မွန်တို့အကျအဆုံးများလျက် ဆုတ်ခွာရပြီး မွန်တပ်ဗိုလ်မှူးတစ်ဦးဖြစ်သူ သမိန်ဖရူး နှင့်တကွ လူသူသုံ့ပန်းအများကို ဖမ်းရလေသည်။ တပင်ရွှေထီး ထံဆက်သရာ အလွန်ဝမ်းမြောက်အားရသဖြင့် စီးတော်မြင်း သတ္တရုဇေယျ ကို ဆုအဖြစ်ချီးမြှင့်သည်။ နောက် ဟံသာဝတီအနီးရှိ တနက်ခုံ အရပ်သို့ချီတက်စခန်းချပြီး ဟံသာဝတီကိုလုပ်ကြံရာ ယခင်အကြိမ်ကဲ့သို့ပင် အမြောက်မြား၏ အခုအခံကြောင့် မြို့ကိုမရနိုင်ပဲဖြစ်ရပြန်သည်။ နောက် ကျော်ထင်နော်ရထာ၏ အကြံပေးချက်အရ ဒဂုံ(ရန်ကုန်)သို့ချီကာ ရွှေတိဂုံစေတီ ခြေရင်းတွင် တပ်ချနေသည်။ ထိုနောက် တပင်ရွှေထီးသည် ရွှေတိဂုံစေတီတွင် တပ်စွဲနေပြီး ကျော်ထင်နော်ရထာက အနောက်ဘက်တစ်လွှားရှိ မွန်မြို့ရွာများကို သွားရောက်တိုက်ခိုက်ရာ ပုသိမ်၊မြောင်းမြ၊ ဒေးပသွယ်၊ သရိုင်းသရာ၊ခဲပေါင် မြို့များကိုရပြီး တောင်ငူသို့ပြန်လေသည်။ ဟံသာဝတီမှ သံတမန်စေလွတ်လာခြင်း၊ပရိယာယ်ဖြင့် အားနည်းရန်ပြုခြင်း ထိုသို့သုံးကြိမ်တိုင်တိုင် ရန်စစ်ပြုခံရသည်ရှိသော် ဟံသာဝတီမှ သုရှင်တကာရွတ်ပိသည် တောင်ငူကို မဟာမိတ်ဖွဲ့ကာနေလျှင် သက်သာရာရနိုင်သည်ဟုတွေးလျက် မိမိ၏ အမတ်ကြီးနှစ်ပါးဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့ကို တစ်ဖွဲ့၊အခြားမှူးမတ်တို့ကို တစ်ဖွဲ့ ပေါင်းနှစ်ဖွဲ့တို့ကိုတစ်ချိန်တည်းပင် တောင်ငူသို့စေလွတ်သည်။ ထိုသို့ သံနှစ်ဖွဲ့ကို စေလာကြောင်း တပင်ရွှေထီးသိလျှင် ပရိယာရ်ပြုကာ အမတ်ကြီးနှစ်ပါးကို ဦးစားပေးပြီး၊ကျန်သံအဖွဲ့ကို သာမန်မျှသာ အရေးပေးကာ သွေးခွဲလေသည်။ ဟံသာဝတီသို့ပြန်ရောက်လျှင် အမတ်ကြီးနှစ်ပါးအား မသင်္ကာသည့် ကျန်မှူးမတ်တို့ ကကုန်းတိုက် လျှောက်ထားသည့်အတွက် သုရှင်တကာရွတ်ပိမှာ အမတ်ကြီးနှစ်ပါးအား ကြီးစွာသံသယ ဝင်လေသည်။ ထိုသို့သံသယဝင်သည်ကိုကြားလျှင် တပင်ရွှေထီးသည်ပရိယာရ်ဖြင့် အမတ်ကြီးနှစ်ပါးကို မွန်မင်းသတ်စေရန်ကြံရာ အကြံအောင်ပြီး အမတ်ကြီးနှစ်ပါးတို့ ကို သုရှင်တကာရွတ်ပိ သတ်လေသည်။ သို့ဖြင့် ဟံသာဝတီ နန်းတွင် အမာခံသစ္စာရှိ အမတ်ကြီးများမရှိတော့ပဲ အားနည်းသွားရလေသည်။ ဟံသာဝတီကို အောင်မြင်ခြင်း ထိုသို့ ဟံသာဝတီမင်းသည် မိမိ၏သစ္စာရှိအမတ်ကြီးများကို အထင်လွဲကာ သတ်သည့်အကြောင်းကြားလျှင် တပင်ရွှေထီးသည် ကျော်ထင်နော်ရထာနှင့်တိုင်ပင်ပြီး ဟံသာဝတီကို အပြီးတိုင်သိမ်းပိုက်ရန် ကြည်း၊ရေနှစ်မျိုးပါသည့်စစ်တပ်ကြီးဖွဲ့လေသည်။ ကြည်းတပ်တွင်တိုက်ဆင် ၁၂၀၊မြင်းသည် ၈၀ဝ နှင့် သူရဲ၇၀ဝ၀ဝ ဖြစ်ပြီး ရေတပ်တွင် အမြောက်ကြီးတင်သည့် တိုက်လှေ ၂၀ဝ နှင့်သူရဲ ၁၀ဝ၀ဝ ဖြစ်သည်။ ဟံသာဝတီသို့မရောက်မှီတွင် သုရှင်တကာရွတ်ပိ လည်းအားကိုးဖွယ် အမတ်၊စစ်သူကြီး မရှိတော့သဖြင့် ယခင် အကြိမ်များကဲ့သို့ ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်တော့သည်ကို နားလည်ကာ ယောက်ဖတော် ပြည်ဘုရင်နရပတိ ထံသို့ စစ်သည် ၄၀ဝ၀ဝ၊လှေ၇၀ဝဖြင့်ပြေးသည်။ ကြည်းတပ်တွင်ဆင်၂၀ဝ၊မြင်း၈၀ဝ၊သူရဲ ၂၀ဝ၀ဝဖြင့် ဗညားဒလ အားဦးဆောင်စေလျက်နောက်မှလိုက်စေသည်။ ထိုသို့ မွန်မင်းပြေးသော် တပင်ရွှေထီး၏ တောင်ငူတပ်မှာ ဟံသာဝတီကို အလွယ်တကူရလေသည်။ နောင်ရိုးတိုက်ပွဲ -ဘုရင့်နောင်ဘွဲ့နှင့် သုရှင်တကာရွတ်ပိကျဆုံးခြင်း ဟံသာဝတီကို ရလျှင် စစ်ရေးကို အမြန်ဆွေးနွေးကာ သုရှင်တကာရွတ်ပိနောက်သို့လိုက်ရန်အတွက်ကြည်း၊ရေ နှစ်တပ်ဖွဲ့လေသည်။ ကျော်ထင်နော်ရထာအား ကြည်းတပ် ၃ တပ်ဖြင့် ဗညားဒလ နောက်သို့လိုက်စေပြီး ကိုယ်တိုင်မူ လှေတပ်ကြီးဖွဲ့ကာ လှေ၃၅၀၊သူရဲ ၃၅၀ဝ၀ဝ ဖြင့်လိုက်လေသည်။ ထိုသို့လှေတပ်အင်အားအလွန်ကြီးမားလာရသည်မှာ ဟံသာဝတီကို သိမ်းပိုက်အပြီးတွင် ရေလုပ်ကျွမ်းကျင်သည့် မွန်များကို မြောက်စားခြင်း၊ မွန်မင်း ဝှက်ခဲ့သည့်လှေများကို သိမ်းယူကာ သစ္စာခံသူများကို ချီးမြှောက်ခြင်းတို့ကြောင့်ဖြစ်သည်။ ကြည်းတပ်ချီသည့်အနော်ရထာ တွင်မူဆင်၅၀၊မြင်း၅၀ဝ သူရဲ ၁၀ဝ၀ဝတို့နှင့် ဆင်စီးအမတ် ၅ ကျိပ်သာပါသည်။ ထိုသို့လိုက်ရာ နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကိုစုံစမ်းစေရာ ရန်သူအင်အားမှာ မိမိထက် ၈ ဆမျှကြီးသည်ကို ကျော်ထင်နော်ရထာသိရလေသည်။ သို့သော် "စစ်တို့၏သဘောမှာအင်အားငယ်သည်ကြီးသည်မှာပဓာနမဟုတ်၊သူရသတ္တိနှင့်စစ်ပရိယာရ်သာပဓာနဖြစ်သည်။" ဟုဆိုကာ ချောင်းကို ကူးစေသည်။ ကမ်းပေါ်သို့ရောက်သော် တပင်ရွှေထီးမှ သံစေလာပြီး ၎င်းရောက်မှသာစစ်ကိုတိုက်ရန်မိန့်ကြားလာသော် "အရှင့်ဘုန်းတော်ကြောင့် အောင်နိုင်ပြီးဖြစ်သည်" ဟုလျှောက်တင်စေသည်။ နောက်လှေဖောင်တို့ကို ဖျက်စေရာ မှူးမတ်တို့က စစ်ရေးမလှသော်ပြေးရန်လှေမရှိလျှင် ခက်မည်ဟုဆိုကြလျှင် "ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင်နောက်သို့ချဉ်းလှည့်ပြေးရန်စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။ မင်းတရားကြီးထံလျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီးသေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။ သေသောသူကိုအဘယ်သို့အပြစ်တင်နိုင်မည်နည်း။" ဟုဆိုကာဖျက်စေပြီး စစ်ကိုအနိုင်တိုက်ရာ ရန်သူမွန်တပ်ကြီး ပျက်ကာ ဗညားဒလပြေးပြီး အခြားတပ်မှူးဖြစ်သူ မင်းရဲအောင်နိုင်မှာ ဆင်ထက်တွင်ကျဆုံးလေသည်။ နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကိုဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။ ပြည်တိုက်ပွဲ ပြည်မြို့အနီး အင်္ဂပူ သို့ရောက်လျှင် ဗညားဒလဦးဆောင်သည့် မိမိကြည်းတပ်ပျက်ကြောင်းကြားကာ စိတ်ချောက်ချားလှသဖြင့် တပ်ကို အင်္ဂပူတွင်ချပြီး မိဖုရားမောင်းမ နှင့် သားသမီးများကို ပြည်မြို့ထဲသို့ခေါ်ကာ ပြည်မင်း နရပတိ နှင့်တွေ့ဆုံဆွေးနွေးလေသည်။ ထိုသို့ဆွေးနွေးရာ မိမိတို့ ဟံသာဝတီ-ပြည် အင်အားဖြင့်မရနိုင်ဟုတွက်ကာ အထက်အင်းဝတွင် စိုးစံနေသည့်ရှမ်းမင်း သိုဟန်ဘွား အားမဟာမိတ်ဖွဲ့ပြီး အတူတိုက်ရန် ဖိတ်ခေါ်လေသည်။ သို့ဖြင့်ပြည်တွင် ဟံသာဝတီ-ပြည်-အင်းဝ ဟူသောတပ်ကြီးသုံးတပ်တို့ပေါင်းကာ တပင်ရွှေထီး၏ စစ်ကို ခုခံတိုက်ခိုက်ရန် ပြင်ဆင်ကြတော့သည်။ တပင်ရွှေထီးသည် မိမိကိုယ်တိုင် လှေစီးကာ ရန်သူတပ်အနီးသို့သွားပြီးစစ်ရေးငင်လေသော် ရန်သူတပ်တို့လည်း နောက်မှအမှတ်မဲ့လိုက်လေသည်။ အင်းပျောကျွန်းအလွန်တွင် အသင့်စောင့်နေသည့်ဘုရင့်နောင်တပ်က အတင်းတိုက်သဖြင့် အငိုက်မိကာ သုံ့ပန်းဖြစ်သူ၊ကြည်းသို့တက်ပြေးသူ တို့ဖြင့် တပ်ကြီးပျက်လေသည်။ ထိုအခါ မွန်မင်းသည် သမီးတော်ငယ်တစ်ပါးကို အထိန်းတော်အခြံအရံများနှင့်အတူ ဆင်ဖြင့်တင်၍ ဘေးလွတ်ရာသို့ ပြေးစေ၏။ ဟံသာဝတီသို့ပြန်ခြင်း၊သုရှင်တကာရွတ်ပိ၏ နိဂုံး ထိုသို့ ရေတပ်တွင် တပင်ရွှေထီးတပ်မှ အောင်ပွဲရအပြီးတွင် စစ်ရေးဆွေးနွေးရာ မိမိတို့အင်အားမှာ ရန်သူ မင်းသုံးပါးတို့၏တပ်များနှင့် စာလျှင် အလွန်ပင်အင်အားနည်းသဖြင့် မစွန့်စားလိုသဖြင့် ဟံသာဝတီသို့ ပြန်ရန် ဆုံးဖြတ်ကာ တပ်ကို ဆုတ်လေသည်။ ထိုအခါ မင်းသုံးပါးတို့ကလည်း ဟံသာဝတီကို အတူတိုက်ပြီး သုရှင်တကာရွတ်ပိကို နန်းပြန်တင်မည်ဟုတိုင်ပင်ကြသည်။ သို့ဖြင့် သုရှင်တကာရွတ်ပိလည်း အင်္ဂပူရှိ မိမိတပ်သို့ပြန်လေပြီးတပ်ကိုတိုးချဲ့ရန်ကြိုးပမ်းသည်။ ထိုနောက် ဆင်ကျော့ထွက်ရာ လမ်းမှားကာ နောက်ပါတပ်များနှင့် ကွဲကွာသွားစဉ် နတ်မိမယ် တစ်ပါးနှင့် တွေ့ဆုံပျော်မြူးအပြီး တွင် နတ်မိမယ်ပျောက်ကွယ်လေသည်။ တပ်သို့ပြန်ရောက်သော် နတ်မိမယ်အားတမ်းတလျက် မစားမအိပ်နိုင်ဖြင့် ရောဂါဆန်းဖြင့် ကွယ်လွန်လေသည်။ နောက် ပြည်ဘုရင်နရပတိနှင့် ရှမ်းမင်းသိုဟန်ဘွားတို့လည်း ဟံသာဝတီကို တိုက်ရန် အကြံကိုလက်လျှော့ကြကာကျန်ရစ်သည့် မွန်မှူးမတ်၊ဆင်၊မြင်း၊သူရဲ၊စည်းစိမ်တို့ကို ခွဲဝေယူကြသည်။ သုရှင်တကာရွတ်ပိ ၏ သားတော်တစ်ပါးနှင့်သမီးတော်တစ်ပါးတို့ကို သိုဟန်ဘွားက သားသမီးမရှိသောကြောင့် မွေးစားမည်ဆိုကာ အင်းဝသို့ခေါ်သွားခဲ့သည်။ ပြည်ဘုရင်နရပတိလည်း အရေးကြုံလျှင် မဟာမိတ်ရရန် မိမိနှမ၊မွန်မင်း၏မိဖုရားကို ရခိုင်မင်းထံဆက်သလေသည်။ သို့သော် သက္ကရာဇ် ၉၀ဝ ပြည့်နှစ်တွင် နရပတိ နတ်ရွာစံ၍ ညီဖြစ်သူ ရှင်သရက် က မင်းခေါင်ဘွဲ့ခံကာ ပြည်တွင် ထီးနန်းစိုးစံလေသည်။ နယ်ပယ်များကိုဆက်လက်ချဲ့ထွင်ခြင်း ဟံသာဝတီနန်းတော်ချဲ့ထွင်ခြင်း၊အနောက်ဘက်ပုသိမ်ဒေသကို စည်းရုံးခြင်း ဟံသာဝတီသို့ပြန်ရောက်ပြီးနောက် မွန်မင်း သုရှင်တကာရွတ်ပိ၏ အမှုထမ်း၊မှူးမတ်ဟောင်းများ လာရောက်သစ္စာခံသည်ကို ရှုတ်ချဆက်ဆံခြင်းမရှိစေဘဲ စည်းစိမ်များပေးမြဲပေးစေကာ စည်းရုံးစေပြီး မွန်-မြန်မာ ဟူ၍ခွဲခြားခြင်းအလျဉ်းမရှိပဲ တန်းတူပင် မြောက်စားသည်။ ပုသိမ် ၃၂ မြို့သို့လည်းသစ္စာတော်ခံများစေလွတ်ကာ သစ္စာပေးသည်။ နောက်ရှေးမွန်ဘုရင်များလက်ထက်ကရှိခဲ့သည့် နန်းတော် ဧရိယာကို တောင်ဘက်သို့ထပ်မံတိုးချဲ့စေကာ ရွှေမောဓေါဘုရားခြေရင်းတိုင်ရောက်စေသည်။(ရှေးမွန်တို့၏ နန်းတော်မှာ ယခုကမ္ဘောဇသာဒီ နန်းတော်နေရာမဟုတ်ပါ။ ကမ္ဘောဇသာဒီ နန်းတော်မှာ ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှ တည်ခဲ့သောနန်းတော်ဖြစ်သည်။)နောက် သက္ကရာဇ် ၉၀၁ တွင် ယောက်ဖတော် ဘုရင့်နောင် အားမိမိနှင့်ထပ်တူအာဏာကုန်ပေးအပ်ကာ နိုင်ငံအားအုပ်ချုပ်စေသည်။ ထို့အတူ ဘုရင့်နောင်၏ ဖခင် မင်းရဲသိင်္ခသူ(မင်းကြီးဆွေ)အား မိမိ၏ ဌာနေ တောင်ငူနန်းတွင် ဘုရင်ခံရာထူးပေးကာ မင်းမြှောက်တန်ဆာ ငါးပါးဖြင့် အုပ်ချုပ်ရန် အပ်နှင်းပြန်သည်။ ဘွဲ့အမည်ကိုလည်း မင်းရဲသီဟသူ သို့တိုးမြင့်ပေးသည်။ မုတ္တမကို သိမ်းပိုက်ခြင်း သက္ကရာဇ် ၉၀၂ တွင် မုတ္တမမင်း စောဗညားမှာ ဩဇာခံသည်မရှိပဲ အရှေ့ဘက်တစ်လွှားတွင် အင်အားကြီးလာသည့်အတွက် ချီတက်နှိမ်နှင်းရန် ပြင်ဆင်လေသည်။ စောဗညားမှာ သုရှင်တကာရွတ်ပိနှင့်လည်းကောင်း၊ မော်လမြိုင်စား ဗညားဦး နှင့်လည်းကောင်း၊ ယောက်ဖတော်စပ်သည့်အပြင် မုတ္တမ မှာလည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့်အတွက် ကူးသန်းရောင်းဝယ်ရေးဖွံဖြိုးသည့်အပြင် နိုင်ငံခြားသား ပေါ်တူဂီ တို့ကိုလည်း အမြောက်တပ်ဖွဲ့ကာကြေးစားအမှုထမ်းစေသည်။ ထိုအချက်များကြောင့် ဟံသာဝတီရှိ တပင်ရွှေထီး အားဩဇာမခံပဲနေခြင်းဖြစ်သည်။ဦးစွာသံတမန်စေကာ ငြိမ်းချမ်းစွာ လက်အောက်ခံရန်ကြိုးပမ်းသော်လည်း စောဗညားကငြင်းပယ်ရာမှ စစ်ချီရန် အကြောင်းဖန်တော့သည်။ တပ်ပေါင်း ၁၂ တပ်တွင် ဆင် ၁၃၀၊မြင်းသည် ၂၁၀ဝ၊စစ်သူရဲ ၁၃၀ဝ၀ဝ ဖြစ်ကာ မြင်းတပ် ၃တပ်ကို ရှေ့ပြေးတပ်ချီစေသည်။ ဟံသာဝတီအားစောင့်ရန် အထိန်းတော် သတိုးဓမ္မရာဇာ(ရှင်နီတာ)ကိုတာဝန်ပေးသည်။ တစ်လကျော်မျှ မုတ္တမကို ဝန်းရံသော်လည်း အကြောင်းမထူးပဲ မြို့တွင်းမှ မုတ္တမတပ်များနှင့် မြို့ပြင်မှ ပေါ်တူဂီတို့၏ အမြောက်တင် သင်္ဘောများရန်ကြောင့် လက်နက်ကောင်းများဖြင့် ဖိဖိစီးစီး ခုခံသောကြောင့် အထိအပါး၊ကျဆုံးသူများလှသည်။ ထို့ကြောင့် စားနပ်ရိက္ခာရှားပါးစေရန် မြို့ကိုရိက္ခာဖြတ်ခြင်း၊ မော်လမြိုင်စား ဗညားဦး ကို စည်းရုံးလက်အောက်ခံစေခြင်းတို့ကို ဦးစွာပြုလေသည်။ နောက် လှေတပ်ဝန် သမိန်ပရူ၏ အကြံအတိုင်း မုတ္တမမြို့ရိုးထက်မြင့်သည့် ဖောင်ခံတပ်ကြီး၊ပေါ်တူဂီလှေများကိုဖျက်စီးရန်ဖောင်တည်ဆောက်ကာ မီးတိုက်ရန်လောင်စာများတင်စေခြင်းတို့ကိုစီစဉ်သည်။ ညအချိန်တွင် ပေါ်တူဂီလှေများကို မီးဖောင်လွတ်ကာ ဦးစွာတိုက်ခိုက်ပြီး လှေသင်္ဘောများမီးလောင်ပျက်စီးလျှင် ဖောင်ခံတပ်ကြီးဖြင့် မုတ္တမမြို့ရိုးကို အပေါ်စီးမှ မိုးကာတိုက်ရာ မုတ္တမတပ်များ ခုခံနိုင်ခြင်းမရှိတော့ပဲ မြို့ကို ရလေသည်။ စောဗညားလည်းဆင်စီးကာ ဟံသာဝတီတပ်များကြားမှဖောက်ထွက်ရန်ကြိုးပမ်းရာ ဟံသာဝတီဆင်စီးအမတ်များဝန်းရံတိုက်သော်လည်း တိုက်ရည်ကောင်းလှ၍ မဖမ်းနိုင်ပဲရှိစဉ် ဘုရင့်နောင်၏ညီဖြစ်သူ နန္ဒကျော်သူ က စွယ်လကောက် အမည်ရှိဆင်နှင့်ဝင်တိုက်မှထွက်ပြေးလေရာကျန်အမတ်များဝိုင်းဖမ်းမိလေသည်။ ရက်ရှည်လများတိုက်ရသည့်စစ်အတွက် ဟံသာဝတီတပ်သားများက မကျေနပ်သောကြောင့် မြို့ကိုရသည်နှင့် လုရက်ဖျက်စီးခြင်းတို့ကိုပြုလုပ်သည့်အတွက် မုတ္တမမြို့အတွင်း ငြိမ်သက်မှုမရှိသည်ကို ဦးစွာ ဖြေရှင်းရပြန်သည်။ ရေတပ်ဗိုလ်သမိန်ပရူအား မြောင်းမြကိုစားစေပြီး ရေတပ်အကြီးအမှူးခန့်သည်။ နောက် စောဗညားအား ကျအောင်တိုက်နိုင်သည့်အမတ်ကိုမေးရာ နန္ဒကျော်သူအား ညွှန်သောကြောင့် ချီးမွမ်းကာ မင်းကျော်ထင်ဘွဲ့ပေးကာချီးမြှောက်သည်။ နောက် သုရှင်တကာရွတ်ပိ၏ ညီနောင်ဝမ်းကွဲတော်သူ စောလဂွန်းအိန်(မုတ္တမစား)အား အဆောင်အယောင်ပေးပြီး မုတ္တမ ကိုစားစေပြီး ဟံသာဝတီသို့ပြန်လေသည်။ သာဿနာရေးဆောင်ရွက်ခြင်း၊ပြည်သို့ချီတက်ခြင်း ဟံသာဝတီသို့မရောက်မှီ ဒဂုံသို့ဝင်ကာ ရွှေတိဂုံစေတီတွင် အလှုကြီးစွာပြုလေသည်။ မွန်သံဃာ၊မြန်မာသံဃာများကို ၇ ရက်ပတ်လုံးဆွမ်းကပ်လှုကာ သဘင်ကြီးစွာခံလေသည်။ သံသာဝတီရောက်လျှင် ဝါတွင်းကာလရောက်ပြီးဖြစ်၍ ဝါကျွတ်လျှင် ပြည်သို့ချီမည်ဟုမိန့်ကာ ဘုရင့်နောင်အား စစ်ရေးအပြင်အဆင်များကို ပြုစေသည်။ ပြည်တိုက်ပွဲ ဝါကျွတ်လျှင် ပြည်သို့ချီတက်လေသည်။ ပြည်သို့ချီသည့် တပ်များမှာ တပင်ရွှေထီး၏ ဧကရာဇ်တပ်တော်အပါအဝင် ရေတပ်ကြီး ၁၃ တပ်တွင် ဇလာကပင်းလှေကြီး ၂၀၊ဇလာကပင်းလှေငယ် ၅၀၊ကတ္တုလွန်းကြင်လှေ ၅၀ဝ၊လှော်ကားသံလှေကြီး ၈၀ဝ၊စစ်သူရဲ ၉၀ဝ၀ဝ ပါဝင်သည်။ ကြည်းတပ်ကို ဘုရင့်နောင်ဦးစီးကာ တပ် ၁၁ တပ်တွင် ဆင်၃၀ဝ၊မြင်း ၂၅၀ဝ စစ်သူရဲ ၇၀ဝ၀ဝ ပါဝင်သည်။ ကြည်းရေ နှစ်တပ်ပေါင်း၏ စစ်သည်အင်အားမှာ ၁၇၀ဝ၀ဝ ဖြစ်သည်။ သံသာဝတီနန်းစောင့် အဖြစ် သတိုးဓမ္မရာဇာနှင့် သက်ရှည်ကျော်ထင်တို့ကို တာဝန်ပေးသည်။ ပြည်ကို ဝန်းရံခြင်း၊ရှမ်းစစ်ကို အောင်နိုင်ခြင်း ပြည်ဘုရင် မင်းခေါင်လည်း ဟံသာဝတီတပ်ကြီးချီတက်လာသည်ကိုကြားလျှင် မြို့ရိုးပြစီးများကို ခိုင်ခံအောင်ပြင်ဆင်ခြင်း၊ကျုံးမြောင်းခံကတုပ်တို့ကို စီရင်ခြင်း နှင့် ရိက္ခာသွင်းခြင်းတို့ကိုပြုလုပ်သည့်အပြင် အင်းဝမှ ရှမ်းမင်းသိုဟန်ဘွားနှင့် ယောက်ဖတော် ရခိုင်ဘုရင်တို့ထံ စစ်ကူတောင်းလေသည်။ ရှမ်းမင်းသိုဟန်ဘွားလည်း အထက်တစ်လွှားမှ ရှမ်းစော်ဘွားအပေါင်းတို့ကို စုစည်းကာ တိုက်ဆင် ၈၀ဝ၊မြင်းသည် ၁၀ဝ၀ဝ၊စစ်သည်အင်အား ၁၆၀ဝ၀ဝ ပါတပ်ကြီးဖြင့် ချီလာသည်။ ထိုသတင်းကိုကြားသော် ဘုရင့်နောင်သည် တပင်ရွှေထီးအား ပြည်အနီးတွင် တပ်ချနေရန်လျှောက်ထားပြီး မိမိ၏ ကြည်းတပ်ဖြင့် ရှမ်းတို့ကို တိုက်ရန် တိုက်ဆင် ၁၅၀၊မြင်း၂၁၀ဝ၊စစ်သည် ၉၀ဝ၀ဝ ဖြင့်ချီတက်သည်။ ရှေးဦးစွာဆင်များကို အင်အားပြည့်စေ တောတွင်း၌ရေချကာ ဝှက်ထားစေပြီးကျန်တပ်များကို စစ်ကြောင်းသုံးကြောင်းခွဲကာ ချီတက်စေသည်။ နောက် မြင်းတပ်များကို ရှေ့မှစစ်စမ်းချီစေရာ ရှမ်းစော်ဘွားတို့လည်း ဟံသာဝတီတပ်ကို တွေ့ပြီအမှတ်နှင့် အတင်းလိုက်လံတိုက်ခိုက်ရာ ကျန်တပ်များနှင့် တစ်ကွ တောတွင်းရှိဆင်တပ်များပါ ထွက်တိုက်သဖြင့် ရှမ်းတို့တပ်ပျက်ကာ သုံးဆယ်စား၊ရောက်စောက်စား နှင့် နောင်မွန်စားစော်ဘွားများကို ဆင်နှင့်တကွရပြီး ဆင် ၆၀၊မြင်း ၃၀ဝ၀ကျော် နှင့် စစ်သည် ၂၀ဝ၀ကျော်တို့ကို သုံပန်းအဖြစ်ရလေသည်။ တပင်ရွှေထီးလည်းယောက်ဖတော် ဘုရင့်နောင်ကို အားရလှသည့်အတွက် မင်းညီမင်းသားတို့၏အဆောင်အယောင်ရှိသရွေ့ကို ချီးမြင့်သည်။ သို့သော် ပြည်ဘုရင်မင်းခေါင်မှာ အညံ့ခံသည်မရှိပဲ အပြတ်ခုခံကာ ရခိုင်မှ ယောက်ဖတော်၏ စစ်ကူအလာကို စောင့်လျက်ပင်ရှိသည်။ ချီတက်လာသည့် ရခိုင်စစ်ကိုအနိုင်ရခြင်း ရခိုင်ဘုရင်လည်း ညီတော် မင်းအောင်လှအားတိုက်ဆင် ၁၀ဝ၊မြင်း ၂၀ဝ၊စစ်သည်၅၀ဝ၀ဝ နှင့်ကြည်းကြောင်း၊သားတော် အိမ်ရှေ့မင်းကို ကတ္တူလွန်းကြင်လှေ ၇၀ဝ၊စစ်သည် ၇၀ဝ၀ဝ ဖြင့်ရေကြောင်း အသီးသီးစေလွတ်ကာ စစ်ကူပို့သည်။ စစ်ကူပို့သည့်အကြောင်းကို မင်းခေါင်သိစေရန် စာရေးကာ သံစေလေရာ ဟံသာဝတီတပ်မှ ဖမ်းမိပြီး အကြောင်းဆုံသိလျှင် ရခိုင်ရေတပ်ကိုတားဆီးရန် ပုသိမ်စား သမိန်ဗြပိုက်၊မြောင်းမြစား သမိန်ပရူ၊ခဲပေါင်စား သမိန်သံကျယ်၊ဒလစားသီရိဇေယျနော်ရထာတို့အား အင်အားအလုံးအရင်းနှင့် စားသောမြို့အသီးသီးတို့ပြန်ကာ ခိုင်ခံအောင်ပြုစေသည်။ နောက် ဥယျာဉ်ပုကြောင်းမှချီလာသည့် ရခိုင်ဘုရင့်ညီ၏ တပ်ကို ပြည်သို့အရောက်မခံတော့ပဲ ရှမ်းစော်ဘွားတို့ကို တိုက်သကဲ့သို့ပင် စစ်သုံးကြောင်းခွဲကာစစ်မြူ၍ဘုရင့်နောင်ကိုယ်တိုင် ရဲဘုန်းစုံ ဆင်ကိုစီးပြီးတိုက်ရာ ရခိုင်စစ်လည်းပျက်ပြန်သည်။ ထိုသတင်းကိုကြားလျှင် ပုသိမ်၊မြောင်းမြ မြို့များသို့ရောက်နေသည့် ရခိုင်အိမ်ရှေ့မင်းလည်း ကူရန်အကြောင်းမထူးတော့ဟုမှတ်ကာ တပ်ဆုတ်ပြန်လေသည်။ ဘုရင့်နောင်အားချီးမြှောက်ခြင်းနှင့်ပြည်ဘုရင် အညံ့ခံခြင်း ဤသို့ စွမ်းစွမ်းတမံတိုက်ခိုက်သည့် ယောက်ဖတော် ဘုရင့်နောင်အား အိမ်ရှေ့မင်းအဆောင်အယောင်အကုန်ပေးကာ ချီးမြှောက်သည်။ သို့သော် အိမ်ရှေ့မင်းအဖြစ် တရားဝင်အမိန့်ပြန်ကာ သတ်မှတ်ခြင်းမဟုတ်ပေ။ နောက်ဆုံးတွင် ပြည်ဘုရင် မင်းခေါင်က အသက်ကိုလွတ်လျှင် အညံ့ခံမည့်အကြောင်းကို ဆရာတော်များထံမှ တစ်ဆင့်အရေးဆိုလာရာ တပင်ရွှေထီးလည်းလက်ခံ၏။ နောက် မင်းခေါင်အား မိဖုရား နှင့်တကွ တောင်ငူသို့ပို့စေပြီး မင်ရဲသီဟသူ(တောင်ငူဘုရင်ခံ)အားစောင့်ကျပ်စေသည်။ နောက် အထိန်းတော် သတိုးဓမ္မရာဇာအား မင်းမြောက်တန်ဆာ၊အဆောင်အယောင် တို့ကို ပေးအပ်၍ ပြည်ဘုရင်ခံအဖြစ် နန်းတင်ပြီး ဟံသာဝတီသို့ပြန်လေ၏။ အင်းဝနှင့် စစ်ခင်းခြင်း အင်းဝနန်းတွင်းအပြောင်းအလဲများ ထိုသို့ တပင်ရွှေထီး၏ နယ်ပယ်မှာ တောင်ငူ၊ပြည်နှင့် ဟံသာဝတီမွန်သုံးရပ်ထိကျယ်ပြန့်လာချိန်တွင် အင်းဝတွင်မူရှမ်းမင်းသိုဟန်ဘွား၏ ရက်စက်မှု၊ဘာသာမဲ့တစ်ပါးအနေဖြင့် ရဟန်းတော်များကိုသတ်ဖြတ်မှုနှင့် အဆင်အခြင်မဲ့ ရမ်းကားမှုတို့ကြောင့် အင်းဝနယ်တစ်လွှားတွင် မငြိမ်မသက်ဖြစ်နေရသည်။ ထို့ကြောင့် မြန်မာအမတ်ကြီးဖြစ်သူ မင်းကြီးရန်နောင်က သိုဟန်ဘွားအား သင်္ကြန်မင်္ဂလာပြုဟန်လှည့်ဖျားပြီး ကိုယ်တိုင်ပင်ဓားဖြင့်သတ်လေသည်။ မှူးမတ်များက မင်းကြီးရန်နောင်အား နန်းတက်ရန် ဝိုင်းလျှောက်ကြသော်လည်း လက်မခံပဲ အုန်းဘောင်စော်ဘွား ခုံမှိုင်းအား နန်းအပ်ရန် ပြောကြားကာရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ သို့ဖြင့် သက္ကရာဇ် ၉၀၄ တွင် အုန်းဘောင်ခုံမှိုင်းမှ အင်းဝထီးနန်းကို သိမ်းယူစိုးစံလေသည်။ နောက်စော်ဘွားအပေါင်းအားစည်းရုံးကာ ပြည်ကိုဦးစွာတိုက်ပြီး တောင်ငူကို သိမ်းပိုက်ရန်စီမံလေသည်။ သက္ကရာဇ် ၉၀၅ တွင် ပြည်သို့ချီသည့် စော်ဘွားတို့၏တပ်ကြီးတွင် ဇလာကပင်းလှေကြီး ၃၀ဝ၊လှော်ကားကြော့လှေ ၃၀ဝ၊ကုန်လှေ ၅၀ဝ၊ စစ်သည် ၁၂၀ဝ၀ဝ ဖြင့်ရေကြောင်း၊တိုက်ဆင် ၁၂၀ဝ၊မြင်း ၁၀ဝ၀ဝ၊စစ်သည် ၁၆၀ဝ၀ဝ တို့ကကြည်းကြောင်း ဖြင့် ကြည်းရေ နှစ်တပ်ပါဝင်လေသည်။ ပြည်မှသတိုးဓမ္မရာဇာခုခံခြင်း၊ဟံသာဝတီမှ စစ်ကူချီတက်ခြင်း ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ သည်စော်ဘွားတပ်ကြီးချီလာသည်ကိုသိလျှင် ဟံသာဝတီရှိ တပင်ရွှေထီး ထံသို့လူစေလွတ်ကာ စစ်ကူချီလာရန်လျှောက်ထားခြင်း၊ပြည်မြို့ကို ခိုင်ခံ့နိုင်သမျှခိုင်ခံ့အောင်စီစဉ်ခြင်း၊ရိက္ခာသွင်းခြင်းတို့ကို ပြုလုပ်လေသည်။ စော်ဘွားတို့ရောက်လျှင် မြို့ကို ရအောင်မတိုက်နိုင်သောကြောင့် ဝန်းရံ မြဲဝန်းရံနေရသည်။ ထိုစဉ် ဟံသာဝတီမှ တပင်ရွှေထီးသည် အောက်ပြည်အောက်ရွာရှိ မွန်၊မြန်မာ၊ကရင် စစ်သည်၊သူရဲရှိသမျှကို စုစည်းကာ ရေတပ်၊ကြည်းတပ်အဖြစ်ဖွဲ့လေသည်။ မင်းတရားရွှေထီး၏ ဘုရင့်ရေတပ်အပါအဝင် ရေတပ်ကြီး ၁၂ တပ်တွင် လှေကြီး မျိုးစုံ ၈၀ဝ၊ လှောကားသံလှေ ၃၀ဝ၊ရိက္ခာတင်လှေ ၅၀ဝ၊စစ်သည် ၉၀ဝ၀ဝ ပါဝင်သည်။ ဘုရင့်နောင် ဦးစီးသည့် ကြည်းတပ် ၉ တပ်တွင် ဆင် ၈၀ဝ၊မြင်း ၂၀ဝ၀၊စစ်သည် ၁၂၀ဝ၀ဝ ပါဝင်သည်။ သာယာဝတီ အရောက်တွင် ကြည်းရေ နှစ်တပ်ပေါင်းကာတပ်ချနေသည်။ ပြည်တိုက်ပွဲ ပြည်မှ ရှမ်းစော်ဘွားတို့လည်း ဟံသာဝတီတပ်ချီလာသည်ကိုကြားလျှင် စစ် နှစ်ဖက်ညှပ်မည်ကိုစိုးသဖြင့် ပြည်မှ မြောက်ဘက်သို့တပ်ဆုတ်ကာနေလေသည်။ ထိုအခါ ဘုရင့်နောင်သည် စစ်မြူသော်အားဖြင့် တိုက်လှေကြီး ၄၀ တွင် စစ်သည် ၄၀ဝ၀နှင့် အမြောက်ကြီးများအားတင်ကာ မြစ်ကြောင်းအတိုင်း ဆန်စေသည်။ ထိုအခါစော်ဘွားတို့လည်း အင်အားနည်းသည်ဟုထင်ပြီး လှေများဖြင့် ပေါ့လျော့စွာလိုက်ရာ ဘုရင့်နောင်ကအမြောက်မြားဖြင့် ပစ်ခတ်သော် မြုပ်လေသည်။ စော်ဘွားတို့၏လှေတပ်ပျက်သော် ဟံသာဝတီတပ်ကို မြေထဲသရက်သို့တိုင်ချီတက်လေသည်။ နောက်မကြာမှီ အင်းဝမှ ရိက္ခာ မလာနိုင်လျှင် စော်ဘွားတို့ တပ်ဆုတ်ရလေသည်။ ထိုအခါ ဘုရင့်နောင်က ကြည်းကြောင်း၊တပင်ရွှေထီးက ရေကြောင်း အသီးသီးလိုက်တိုက်လျှင် စော်ဘွားတို့အကျအဆုံးများကာ ဟံသာဝတီဖက်မှ လူသူသုံ့ပန်းများစွားရလေသည်။ မင်းတရားရွှေထီးလည်း စလင်း၊စလေ၊ပုခန်းငယ်၊ရွာသာ၊ပုဂံမြို့များတိုင်အောင်ချီတက်သိမ်းပိုက်ကာ မိမိမှူးမတ်များကို စားစေသည်။ နောက်အနီးအပါးမှ သစ္စာခံလာသည့် သူများကို စည်းစိမ်မပျက်ချမ်းသာပေးပြီး ဟံသာဝတီသို့ပြန်လေသည်။ ရာဇဘိသေကခံခြင်း သာဿနာအရေးဆောင်ရွက်ခြင်း သက္ကရာဇ် ၉၀၆ အရောက်တွင် ဟံသာဝတီအနောက်ဘက် မွန်ကျောင်းတွင် ကျောင်းတော်ကြီးဆောက်စေကာ မွန်ဆရာတော်အား မဟာသံဃရာဇာ ဟုဘွဲ့တော်ဆက်ကပ်ပြီးသာဿနာပိုင်အဖြစ်တင်သည်။ နောက်အလှုကြီးပေးကာသဘင်ခံသည်။ ဆင်မြှိုတွင် စေတီတော်တည်ပြီး တံတိုင်း ၄ ဖက်တွင် ရွှေကျောင်း ၄ ဆောင်ဆောက်သည်။ တပင်ရွှေထီးနှင့်ခေမနော ထိုသို့ဟံသာဝတီတွင် စိုးစံစဉ် ခေမနော အမည်ရှိ နွားမ မှဖွားသည်ဆိုသော မိန်းမပျို၏ သတင်းကြီးလာလေသည်။(အမှန်တွင် တစ်စုံတစ်ယောက်မှ မွေးဖွားပြီး နွားခြံတွင်လာရောက်စွန့်ပစ်သွားခြင်းမျိုးသာဖြစ်နိုင်သည်။)မကျိုကို အမည်ရှိ သူဌေး၏ခြံအတွင်းတွင်တွေ့ရှိရပြီး သူဌေးက သမီးအရင်းအမှတ်နှင့်မွေးစားထားခြင်းဖြစ်ကာ ရှစ်နှစ်အရွယ်ပင်ရှိသော်လည်း အလွန်ပင်ချောမောလှပကြောင်းထင်ရှားလေ၏။ တစ်နေ့သော် မင်းတရားရွှေထီး ဥယျာဉ်တော်ထွက်လျှင် ခေမနောကိုတွေ့လျှင်မိဖုရားအဖြစ်သိမ်းပိုက်လေသည်။ ထို့ကြောင့် ခေမနောမှာ အသက်ငယ်ငယ်ဖြင့် မင်းတရားရွှေထီး ၏မိဖုရားဖြစ်လာခဲ့လေသည်။ မွန်ဆံဖြတ်ခြင်း၊ရာဇဘိသေကခံခြင်း ခေမနော၏ တိုက်တွန်းမှုကြောင့်သော်လည်းကောင်း၊မွန်တို့အရပ်တွင်မြန်မာတို့ ထီးနန်းထူထောင်ရန်မဖြစ်နိုင်၊မွန်တို့သာမင်းပြုကိန်းရှိသည်ဟု အတိတ်တဘောင်ပေါ်သည်ကြောင့်လည်းကောင်းတပင်ရွှေထီးသည် မွန်ဆံဖြတ်လေသည်။ မွန်ဆံဖြတ်ခြင်းဆိုသည်မှာ အရှေ့နဖူးပေါ်တွင် တစ်လက်မခန့်ဆံချန်ပြီးအညီအညာ ဖြတ်ကာ၊နောက်တွင် ကုလားဆံထုံးကဲ့သို့ထုံးခြင်းဖြစ်သည်။ ထို့နောက် မွန်မြန်မာ မှူးမတ်များခြံရံပြီးလျှင် မြန်မာမင်းဧကရာဇ်တို့၏ အဆောင်အယောင် အကုန်၊ မွန်မင်းဧကရာဇ်တို့၏ အဆောင်အယောင် အကုန်တို့ကို လက်ဝဲ၊လက်ယာခင်းကျင်းပြီး ရာဇဘိသေကခံကာ နန်းတက်ပွဲကျင်းပလေသည်။ နောက် တစ်လအကြာတွင် ဒဂုံ သို့သွားရောက်ကာရွှေတိဂုံစေတီတော်ကို ရွှေချပူဇော်ပြန်သည်။ ရခိုင်သို့ချီခြင်း ရခိုင်နန်းတွင်းအာဏာလုပွဲ သက္ကရာဇ် ၉၀၇ တွင် ရခိုင်ဘုရင်မင်းဗာကြီး လွန်လေသော်သားတော် မဟာဥပရာဇ် ထီးနန်းဆက်ခံသည်။ သို့သော် မင်းဗာကြီး၏ညီဖြစ်သူ သံတွဲစား မင်းအောင်လှသည် တူတော်နှင့် မညီညွတ်ပဲ ရန်စစ်ဖြစ်လေရာ မင်းအောင်လှက ဟံသာဝတီသို့ အမတ် ၂ ဦးနှင့် လက်ဆောင်များစေလာပြီး စစ်ကူတောင်သည်။ ထို့ကြောင့် မင်းတရားရွှေထီးသည် သမိန်မောခွင်၊သမိန်အဲပရဲ၊သမိန် ဖြတ်စ၊ စတုရင်င်္ဂသူ အမတ်ကြီး ၄ ယောက်ကိုဦးဆောင်စေပြီး တပ် ၄ တပ်တွင် ဆင် ၁၀ဝ၊မြင်း ၁၀ဝ၀၊စစ်သည် ၄၀ဝ၀ဝ ဖြင့် ရခိုင်သို့ ချီစေသည်။ သို့သော် သံတွဲသို့မရောက်မှီပင် မင်းအောင်လှ သံတွဲပျက်ကာ ဟံသာဝတီသို့ပြေးလာသည်နှင့် ကြုံသောကြောင့် ကိုယ်တိုင်ချီတက်ရန် တပ်များကို ပြန်ခေါ်သည်။ ရခိုင်သို့ချီတက်ရန် စစ်ပြင်ဆင်ခြင်း သို့ဖြင့် တပင်ရွှေထီး၏ ရေတပ်တွင် တပ် ၁၅ တပ်ပါဝင်ပြီးအင်အားမှာ တိုက်လှေကြီး ၇၀ဝ၊လှော်ကားသံလှေ ၅၀ဝ၊ရိက္ခာလှေ ၅၀ဝ နှင့် စစ်သည် ၃၅၀ဝ၀ဝ ဖြစ်ပြီး၊ဘုရင့်နောင်ဦးဆောင်သည့် ကြည်းတပ်တွင်တပ် ၂၀ ပါဝင်ပြီး အင်အားမှာ ဆင် ၆၀ဝ၊မြင်း ၂၀ဝ၀ နှင့် စစ်သည် ၄၀ဝ၀ဝ ဖြစ်သည်။ ၉၀၈ ခုနှစ်၊တန်ဆောင်မုန်းလဆန်း ၄ ရက်၊တနင်္လာနေ့တွင် စစ်ချီလေသည်။ ရခိုင်တိုက်ပွဲများ ရှေးဦးစွာ သံတွဲသို့ချီတက်ပြီး မော်တင်စွန်းအရောက်တွင် ရခိုင်ရေတပ်နှင့် ရင်ဆိုင်မိပြီး ရခိုင်တပ်ပျက်ကာ သံတွဲသို့ဆုတ်လေသည်။ နောက် ဘုရင့်နောင်၏ ကြည်းတပ်ပါချီတက်လာသည်ကြားသော် သံတွဲတင်မနေဝံ့ကြတော့ပဲ မြောက်ဦးအထိ ဆုတ်ကာနေရသည်။ ထိုကြောင့် တပင်ရွှေထီးသည် သံတွဲကို လွယ်ကူစွာရလျှင် မင်းအောင်လှ နှင့် သန်လျှင်စား နန္ဒကျော်ထင် တို့ကိုအစောင့်ထားပြီး မြောက်ဦးသို့ဆက်ချီသည်။ မြောက်ဦးမရောက်မှီတွင် ရခိုင်တို့က ကြည်းရေ နှစ်ဖက်ဖြင့် တိုက်ရာစစ်မြေပြင်ကျဉ်းခြင်းကြောင့် ဟံသာဝတီတပ်များ မလှုပ်သာပဲ အကျအဆုံးများလှသော် လွင်ပြင်သို့ဆုတ်ရလေသည်။ ရှေ့ဖျားချီတပ်များ အကျများကြောင်းကြားလျှင်ဘုရင့်နောင်ကိုယ်တိုင် ချီတက်ပြီး တိုက်ရာ ရခိုင်ကြည်းတပ်ပျက်လေ၏။ ကြည်းတပ်ပျက်လျှင်ရေတပ်လည်း ဆုတ်လေသည်။ သံသာဝတီတပ်များ မြောက်ဦးကို ဝန်းရံတိုက်ခိုက်ရာ ရခိုင်ဘုရင်လည်း မြို့တွင်းမှ အပြင်းအထန် ခုခံသောကြောင့် မြို့ကိုမရနိုင်ပဲ ရှိလေရာ သစ်တပ်ကိုမြို့ရိုးနှင့် အညီတည်စေပြီး အမြောက်မြားတင်ကာ မြို့တွင်းသို့ပစ်စေသည်။ ထိုအခါ ရခိုင်ဘုရင်လည်း အမတ် ၂ ဦးကိုစေလွှတ်ကာ စစ်ပြေကြောင်း အရေးဆိုလာသည်။ သို့သော် သံတွဲစားကို နန်းတင်မည်ဟု ပေးထားသော ဂတိရှိကြောင်း ပြန်ပြောရာ ရခိုင်ဘုရင်က ဆရာတော် ၄ ပါးကို လက်ဆောင်များနှင့်တကွ စေလွှတ်ပြန်ပြီး အကျိုးအကြောင်းရှင်းလင်းပြဆိုစေမှသာ သဘောတူလေသည်။ ထိုနောက် သံတွဲစားကို သံတွဲနှင့် တောင်စဉ် ၇ ခရိုင်ကိုပေးစေသည်။ ရခိုင်မင်းကိုလည်းနန်းထက်တွင်ဆက်လက်စိုးစံစေကာ နှစ်ဦးလုံးကို ဘုရင့်နောင်အားစေလွှတ်ကာသစ္စာပေးစေပြီး ဟံသာဝတီသို့ပြန်လေသည်။(အချို့သောရာဇဝင်များတွင်အရှေ့ဘက်မှ ယိုးဒယားတို့ကျူးကျော်လာသည့်အတွက် မြောက်ဦးကို ဝန်းရံထားရာမှ တပ်ဆုတ်ကာပြန်သည်ဟုဆိုသည်။) ယိုးဒယားနှင့် စစ်ခင်းခြင်း မြန်မာတို့လက်တွင်း အယုဒ္ဒယ နေပြည်တော်ကြီး ကျရောက်ခဲ့စဉ်က ထိုင်းရာဇဝင်တွင် မြန်မာဘုရင်အား လျာမဲဘုရင် ဟုခေါ်ဝေါ် သမုတ်ခဲ့၏။ အမှန်ဆိုရင် ထိုခေတ်က ယိုးဒယားကို စစ်ပြုခဲ့သည့် မြန်မာဘုရင်မှာ နှစ်ပါးရှိသည်။ တစ်ပါးမှာ တပင်ရွှေထီးဖြစ်၍ နောက်တစ်ပါးမှာ ဘုရင့်နောင်ဖြစ်သည်။ သမိုင်းပညာရှင်များ ရာဇဝင်ကို ပီပြင်စွာ ရှင်းထုတ်မှု အရ ဗမာလျာမဲဘုရင်မှာ တပင်ရွှေထီးဖြစ်၏။ ခရစ်နှစ် ၁၅၁၆ ခုနှစ် တစ်နေ့သော နံနက်လင်းအားကြီး အချိန်တွင် ဖွားမြင်သည်ဟု အဆိုရှိ၏။ လျှပ်တပြက် အတွင်း ဘုရင့်လက်နက်တိုက်တော်မှ ဓားသွားလှံများ လျှပ်စီးကဲ့သို့ အရောင် တလျှပ်လျှပ် တောက်ပကုန်သဖြင့် ဟူးရားအမတ် များက ကုမာရကိုယ်တော် လူလားမြောက်လျင် ကြီးမြတ်သည့် အဂ္ဂဗျူဟာရှင် ဖြစ်မည်ဟု ဟောကိန်းထုတ်ကြသည်။ သက္ကရာဇ် ၉၀၈ တွင် တပင်ရွှေထီး အင်အားအလုံးအရင်းနှင့် ရခိုင်သို့ချီကြောင်းကြားလျှင် အယုဒ္ဒယမင်း ဗြသာဓိရာဇာ(မဟာချက္ကရဖက်) သည်ထားဝယ်နှင့်ရေး မြို့များကိုတိုက်စေသည်။ ထားဝယ်စားမှာ မခုခံနိုင်သဖြင့် ရေး သို့ဆုတ်ကာပူးပေါင်းရသည်။ နောက် မြို့စားနှစ်ဦးတို့လည်း မော်လမြိုင်စား ဗညားဦးထံ လူစေကာ အကြောင်းကြားသဖြင့် ဗညားဦးဟံသာဝတီသို့ စာပို့ကာ လျှောက်တင်သည်။ စစ်ပြင်ဆင်ခြင်း၊တိုက်ပွဲများ ထို့ကြောင့် တပင်ရွှေထီးသည် အရှေ့ဘက်မှမြို့စားရွာစားများကို ပေါင်းကာ တပ်ကြီးဖွဲ့စေသည်။ ရေတပ်တွင် မုတ္တမစား လဂွန်းအိန်ကို ဗိုလ်ချုပ်ခန့်ပြီး လှေကြီး ၁၀ဝ၊ လှေငယ် ၃၀ဝ၊ စစ်သည် ၄၀ဝ၀ဝ ဖြင့်လည်းကောင်း၊ကြည်းတပ်တွင် ဗညားဦးအား တပ် ရှစ်တပ်တွင် ဗိုလ်ချုပ်ခန့်ကာ ဆင် ၂၀ဝ၊မြင်း ၂၀ဝ၀၊စစ်သည် ၈၀ဝ၀ ဖြင့် လည်းကောင်း ထားဝယ်သို့ချီတက်စေသည်။ ထိုအခါ ယိုးဒယားတို့လည်း ထားဝယ်မှ ဆုတ်ကာ တနင်္သာရီ တွင်တပ်ချနေသည်။ မော်လမြိုင်စားဦးဆောင်သည့် တပ်များ တောင်ပဘုံ ရောက်လျှင် နှစ်ဖက် အပြင်းတိုက်ရာ ယိုးဒယား မှ ကံပူရီစား ပြေးရလေသည်။ နောက် ယိုးဒယားအမတ်ဖြစ်သူ အောက်ဗြလဂွန်းအိန်မားကို အရှင်ရသည်။ မင်းတရားရွှေထီးလည်း အောင်ပွဲရသူများကို ချီးမြင့်မြောက်စားပြီး ယိုးဒယားသို့ချီရန်စစ်တပ်ကြီး ပြင်စေပြန်သည်။ တပ်ဖွဲ့ကာယိုးဒယားချီတက်ခြင်း တပ်ဖွဲ့ရာတွင်ရေတပ်မပါပဲ ကြည်းတပ်သီးသန့်ဖြစ်သည်။ အင်အားမှာတပ်ပေါင်း ၁၂ တပ်တွင် ဆင်၂၀ဝ၊မြင်း ၈၀ဝ၀ နှင့်စစ်သည် ၄၀ဝ၀ ဖြစ်ပြီး ပေါ်တူဂီကြေးစား စစ်ဗိုလ် ဒီယိုဂို ဆိုဝါရက် ဒေမယ်လို(Diogo Soraez de Mello)နှင့် ကြေးစားပေါ်တူဂီ စစ်သား ၄၀ဝ ခန့်လည်းပါဝင်သည်။ ၎င်းမှာ အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်အတွင်းကာလတွင်မွန်တို့ဖက်မှ ကူညီဖူးသည့်နိုင်ငံခြားသားများနှင့် ယခုတပင်ရွှေထီးလက်ထက်တွင် ပုန်ကန်သူမုတ္တမစား စောဗညား ထံတွင် အမှုထမ်းသည့် ပေါ်တူဂီများမှလွဲလျှင် မြန်မာမင်းဧကရာဇ်များထံတွင် ပထမဆုံး နိုင်ငံခြားသားများ အမှုထမ်းသည့် မှတ်တမ်းဖြစ်သည်။ စစ်ချီလမ်းကြောင်းမှာ ဟံသာဝတီမှ မုတ္တမ၊ မော်လမြိုင် ထိုမှ အတ္တရံမြစ်အတိုင်း ချီတက်ပြီး ဘုရားသုံးဆူတောင်ကြားကိုဖြတ်ကာကံပူရီ(ယခု ကတ်ချနာဘူရီ)၊ထိုမှ အယုဒ္ဒယဖြစ်သည်။ တိုက်ပွဲများ၊အယုဒ္ဒယကို ဝန်းရံခြင်း ပထမဆုံး တိုက်ပွဲမှာ ကံပူရီ ဖြစ်ပြီး ယိုးဒယားမင်းကိုယ်တိုင် ဦးစီးသောစစ်တပ်ဖြစ်ကာ ဘုရင့်နောင်၏ ကြည်းတပ်နှင့်အတွေ့တွင် ဘုရင်ပြေးသဖြင့် တပ်ပျက်ကာ ဘုရင့်သားတော် နှင့် ညီတော်တို့ကို ဖမ်းမိလေသည်။ နောက် အယုဒ္ဒယထိချီတက်ကာ မြို့ကို တိုက်သော်လည်း မြို့ရိုးမြင့်ပြီး မြို့ပတ်လည်တွင်ရေရစ်ဝိုင်းနေသည့်အတွက် မြို့ကို ကျအောင်မတိုက်နိုင်ဖြစ်ကာ တစ်လကြာ ဝန်းရံနေရပြန်သည်။ ထိုအခါ အယုဒ္ဒယ အားနည်းစေရန် ကျန်ယိုးဒယားမြို့များကို ယူမည်ဟုတွေးကာ တပင်ရွှေထီးက ရံတပ်ကို နုတ်ကာ ကမန်ပိုက် သို့ချီလေသည်။ ယိုးဒယားမင်း၏တပ်ကြီးကို အနိုင်ယူခြင်း ထိုသို့ တပင်ရွှေထီး တပ်ကို မြို့မှခွာကြောင်း ကြားလျှင် ယိုးဒယားမင်းသည် တပ်ကြီးသုံးတပ် ဖွဲ့ကာ နောက်မှလိုက်လေသည်။ ဘုရင့်နောင်အားရှေ့တပ်အဖြစ်ထားကာ မင်းတရားရွှေထီးသည် ဇေယျဒိသာဆင်ကိုစီးပြီးတိုက်ရန်ပြင်သည်။ သို့သော် ရှေ့ဖျားမှ ဘုရင့်နောင်တပ်သည် ရန်သူတပ်များ ကအနီးဆုံးအထိရောက်လာသဖြင့် မင်းတရားရွှေထီးအားစောင့်ရန် မဖြစ်နိုင်တော့လေရာ ယိုးဒယားတပ်နှင့် ရင်ဆိုင်တိုက်ရလေတော့သည်။ စစ်သုံးကြောင်းလုံးကို မြန်မာတို့က အနိုင်တိုက်နိုင်သဖြင့် ယိုးဒယားတို့တပ်ပျက်ကာ ယိုးဒယားဘုရင့်သားမက် ဩယားလဂွန်းအိန်မားကို ဆင်နှင့်တကွရ၏။ သုံ့ပန်းအမြောက်အမြားကိုလည်းဖမ်းမိပြီး တပင်ရွှေထီးထံဆက်သရာ အလွန်ဝမ်းမြောက်ကာ ဆုလာဘ်တော်များပေးသည်။ ထို့ပြင် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့သည့်ဘုရင့်နောင်၏ သားဖြစ်သူ ဇေယျသီဟ(နောင်တွင် ငါးဆူဒါယကာ နန္ဒဘုရင်)ကို လည်း မင်းရဲကျော်စွာ ဘွဲ့ပေးသည်။ ကမန်ပိုက်သို့ဆက်လက်ချီတက်ပြီး မြို့ကိုသိမ်းကာ တပ်ချနေလေရာ ယိုးဒယားမင်းထံမှ တမန် ၂ ဦးစေလာကာ သစ္စာခံမည့်အကြောင်း၊တိုက်ဆင် ၃၀၊ ငွေ ၃၀ဝ နှင့်တနင်္သာရီဆိပ်ကမ်းမှ အခွန်တော်ကို နှစ်စဉ်ဆက်သမည့်အကြောင်း လျှောက်လေသည်။ ထို့အပြင် ဆင်နှစ်စီးကိုလည်းဆက်သလာရာစစ်ပြေငြိမ်းရန်သဘောတူကာ ယိုးဒယား မင်း၏ညီတော် ဩယားပိဿလောက်နှင့် ဩယားသုဝဏ္ဏလောက်တို့ကို ဟံသာဝတီသို့လိုက်စေသည်။ နောက်တပ်ကို ဟံသာဝတီသို့ပြန်လှည့်ရာ ၉၁၀ ပြည့်နှစ်၊တန်ခူးလဆန်း ၃ ရက်တွင် ပြန်ရောက်သည်။ (အချို့ရာဇဝင်များတွင် မြန်မာတို့ အယုဒ္ဒယကို ရအောင်မတိုက်နိုင်သောကြောင့် ပြန်သည်ဟုလည်းဆိုကြသည်။) မင်းတရားရွှေထီးအကျင့်ပျက်ပြားလာခြင်း ထိုသို့ မြန်မာ့လက်နက်နိုင်ငံကို ကြီးထွားရန် သိမ်းသွင်းနိုင်သမျှသိမ်းသွင်းဖို့ကြိုးပမ်းခဲ့သော တပင်ရွှေထီးသည် များမကြာမှီတွင်ပင် အရက်၏ကျေးကျွန်ဖြစ်လာခဲ့ရလေသည်။ ထိုသေရည်သေရက်ကို ဖော်စပ်ကာဆက်သသူမှာ လူမျိုးခြားပေါ်တူဂီတစ်ဦးဖြစ်သူ ဒီယိုဂို ဆွာဇို ဒီမဲလို၏တူ ဖြစ်သည်။၎င်းမှာ မင်းလိုလိုက်ကာ ပြောဆိုတတ်သူဖြစ်ပြီးသေနတ်ပစ်ကျွမ်းကျင်လှရာ တပင်ရွှေထီးက အလွန်သဘောကျနှစ်သက်သဖြင့် နန်းတွင်းသူတစ်ဦးနှင့် ပင်လက်ဆက်ပေးပြီး ချီးမြှောက်ထားသည်။ ၎င်းတက်ကျွမ်းသည့် သေရည်ချက်အတတ်ဖြင့် အရက်သေစာတို့ကို ဖော်စပ်ကာ သုံးဆောင်စေပြီးစည်းရုံးလေရာ တပင်ရွှေထီးမှာ အကြီးအကျယ်ပင် စွဲလမ်းကာ ထိုသေရည်တွင်သာ နှစ်မျှောနေပြီးတိုင်းရေးပြည်ရာများလစ်ဟင်းသည်ထက်လစ်ဟင်းလာလေတော့သည်။ ညီလာခံမထွက်နိုင်တော့သည့်အပြင် မှူးမတ်များက အရေးအရာရှိ၍လျှောက်တင်လေတိုင်း ဘုရင့်နောင်အားဆုံးဖြတ်စေခြင်း၊ မှားယွင်းစွာ ဆုံးဖြတ်ခြင်းတို့ကြောင့် မှူးမတ်တို့က ဘုရင့်နောင်အား ထီးနန်းသိမ်းပိုက်ရန်လျှောက်သော်လည်း လက်မခံပဲ နေလေသည်။ နောက် ဒီယိုဂို ကိုလည်း ရွှေငွေအမြောက်အမြားပေးကာ သင်္ဘောတစ်စီးနှင့် ပြန်လွတ်လိုက်လေသည်။ ထိုသို့ရှိစဉ် တောင်ငူဘုရင်ခံဖြစ်သူ မင်းရဲသီဟသူ(မင်းကြီးဆွေ၊ဘုရင့်နောင်၏ဖခင်)နတ်ရွာစံလေသည်။ ထို့ကြောင့်လစ်လပ်သည့် တောင်ငူဘုရင်ခံရာထူးကို ဘုရင့်နောင်၏ညီ ဖြစ်သူ သီဟသူအားပေးလေသည်။ ဘုရင့်နောင်ကိုမူ "ငါနှင့်အတူဖြစ်သည်။ မြို့စားရာထူးများအထွေအထူးပေးရန်မလို" ဟုဆိုလေသည်။ တပင်ရွှေထီး၏ နောက်ဆုံးနေ့များ မင်းတရားရွှေထီး အကျင့်ပျက်ပြားလျှင် ဟံသာဝတီရှိမှူးမတ်များလည်း ဘုရင့်နောင်ကိုသာ အားထားပြီး ဘုရင့်နောင်ကလည်း ကိုယ်စား အုပ်ချုပ်ပေးကာ နေလေသည်။ မွန်တို့သူပုန်ထခြင်း ထိုသို့သောအချိန်တွင် မွန်တို့ထဲမှ မင်းလောင်းဆိုသူပေါ်ထွက်လာကာ မွန်တို့ပုန်ကန်ကြလေသည်။ ခေါင်းဆောင်ဖြစ်သူ သမိန်ထောရာမ မှာမွန်မင်း ဗညားရံအိမ်နိမ့်ဘဝတွင် မထင်မရှားမွေးဖွားခဲ့သည့် သားဖြစ်ပြီး မွန်မင်းမျိုးရိုးဟုဆိုကာ ရဟန်းလူထွက်ပြီး ပုန်ကန်ခြင်းဖြစ်သည်။ ထို သမိန်ထောရာမ မှာအလွန်ဇွဲသတ္တိကောင်းလှသူအဖြစ် ကြော်ကြားသည်။ မွန်တို့ မကော်တွင် တပ်ချကာနေကြောင်းကြားလျှင် ဘုရင့်နောင်က ညီတော်နန္ဒယောဓာနှင့် မှူးမတ်များကို ချီတက်တိုက်ခိုက်စေသည်။ မကော်တွင် တိုက်ခိုက်ကြရာ သမိန်ထောရာမ တပ်ပျက်ကာနောက်လိုက်များဖြင့်ပြေးလေသည်။ နောက် သန်လျင်စား နန္ဒကျော်ထင်(ဘုရင့်နောင်၏ညီ) ဟံသာဝတီတွင်ရောက်နေပြီးသန်လျင်တွင်မရှိကြောင်းသိလျှင် သန်လျင်ကို ဝင်တိုက်ကာ အခိုင်အလုံနေသည်။ ထိုသို့ သမိန်ထောရာမ၏ ပုန်ကန်မှုတစစ ကြီးထွားလာသည်ကို တပင်ရွှေထီးသိလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်မှသာ ပြီးလွယ်မည်ဟုဆိုကာ တပ်ကြီးဖွဲ့ပြီး စေလွတ်လေသည်။ ဘုရင့်နောင်လည်း တပင်ရွှေထီး၏ လုံခြုံရေးကို စိတ်မချသဖြင့် ညီတော် တောင်ငူစား သီဟသူ၊မုတ္တမစား စောလဂွန်းအိန် နှင့် အပါးတော်ခစားသည့် သမိန်စောထွတ်တို့ကို စောင့်လျှောက်ရန်တာဝန်ပေးမှာကြားပြီး စစ်ထွက်လေသည်။တင်ကိုယု သေနာပတီ သမိန်စောထွတ်အကောက်ကြံခြင်း၊တပင်ရွှေထီးလုပ်ကြံခံရခြင်း သမိန်စောထွက်မှာ မွန်တိုင်းရင်းသားဖြစ်သည်အလျှောက် မွန်ဒေသကို မြန်မာတို့လာရောက်စိုးစံနေသည်ကို ကျေနပ်သူမဟုတ်ပေ။ အခွင့်အခါကိုစောင့်လျှက်တပင်ရွှေထီးအနားတွင် ခစားနေသူဖြစ်သည်။ ထို့ကြောင့် မင်းတရားရွှေထီးအား လှည့်စားရန် ပုဏ္ဏားများကို လာဘ်ထိုး ကာဇာတာမသန့်ကြောင်း၊ဟံသာဝတီနန်းတော်မှ ခွာပြီးအရပ်တပါးတွင် ယာယီစံသင့်ကြောင်း လျှောက်စေသည်။ တပင်ရွှေထီးလည်း ယုံမှတ်ပြီး ယာယီစံရန် အရပ်ကိုရှာစေရာ သမိန်စောထွတ်က ပန်းတရော် တွင်နေရာသင့်ကြောင်း လျှောက်တင်ပြီး ပန်းတရော်တွင် ယာယီနန်းဆောက်စေသည်။ သီဟသူနှင့် စောလဂွန်းအိန် တို့တားသော်လည်း အရာမထင်တော့ပေ။ နောက် သီဟသူအား ဟံသာဝတီ နန်းစောင့်အဖြစ်ထားကာ စောလဂွန်းအိန်၊သမိန်စောထွတ် တို့ကိုခေါ်ဆောင်ပြီး ပန်းတရော်သို့သွားလေသည်။ ပန်းတရော်ရောက်လျှင် စစ်ရေးအချက်အချာဒေသဖြစ်သည့်စစ်တောင်းကိုစားသော မင်းမဟာလွန်ကြောင်းသိလျှင် အထွေအထူးမစဉ်းစားပဲ အနားရှိ သမိန်စောထွတ်ကို စားရန်ပေးပြန်သည်။ ထို့ပြင် သမိန်စောထွတ်၏ ညီနှစ်ဦးအား အနားတွင် ဓားလွတ်ကိုင်ခစားစေခဲ့သည်။ တစ်လခန့်အကြာတွင် ရခိုင်တပ်သို့ပြောင်းရွှေ့စံရန်ဆိုပြန်ရာ ဟံသာဝတီနှင့် ဝေးရာရခိုင်တပ်သို့ရွှေ့ပြန်သည်။ ရခိုင်တပ်အရောက်တွင် ဆင်ဖြူတော် ပေါ်သည်ဟုဆိုကာ အယုံသွင်းပြီး မုတ္တမစား အားဆင်ဖြူတော်ဖမ်းရန် အတွက်လူသူများသွားရောက်ခေါ်ယူစေသည်။ တပ်ကိုလည်း ကသာ(ယခုကသာဖြစ်မည်မထင်ပါ။ သိသူများဖြည့်ပေးစေချင်ပါသည်။)သို့တပ်မံရွှေ့ပြောင်းပြီး အင်ကလိန်ဘုရားအနီးတွင် တပ်တည်လေသည်။ ထိုသို့ဖြင့် အနားတွင် စိတ်ချယုံကြည်လောက်သည့် မှူးမတ်မရှိတော့သည့်အချိန်တွင် သမိန်စောထွတ်နှင့် ညီနှစ်ဦးတို့က သက္ကရာဇ် ၉၁၂ခု၊ကဆုန်လပြည့်ကျော် ၁ ရက်၊ည ၃ ချက်တီးအကျော်တွင် ဓားဖြင့်လည်ကိုဖြတ်၍ လုပ်ကြံရာ အိပ်ပျော်နေသည့် တပင်ရွှေထီး လွန်လေသည်။ အကျဉ်းချုပ် မင်းတရားရွှေထီး၊လျှာနက်မင်း(ထိုင်းမူ)ဟုလည်းခေါ်ကြသည့် တပင်ရွှေထီးသည် မြန်မာ့သမိုင်းတွင် အတော်ပင်ထင်ရှားသည့် ဘုရင်ဖြစ်ပြီး တောင်ငူရာဇဝင်၊ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံ အစရှိသည့်သမိုင်းကြောင်းများတွင် အမြဲပါဝင်နေသူဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်တွင် နန်းတက်ပြီး အသက် ၃၅ နှစ်၊ နန်းသက် ၂၀ အဝင်တွင်လုပ်ကြံခံရပြီး ကွယ်လွန်သည်။ ထူးခြားချက်များမှာ မည်သည့် မိဖုရားကိုမှ တရားဝင် မိဖုရားကြီးအဖြစ် မထားခဲ့ခြင်း၊ အသက် ၈ နှစ်သာရှိသေးသည့် မွန်မိန်းမပျို ခေမနောကိုမိဖုရားအဖြစ်သိမ်းယူခြင်း၊အရက်သေစာ ခုံမြင်ကာဘဝပျက်ရခြင်းတို့ဖြစ်သည်။ ယိုးဒယားကိုတိုက်ခိုက်သည့်ပထမဆုံးမြန်မာမင်းအဖြစ်လည်း သမိုင်းတွင်သည်။ တိုက်သမျှစစ်တွင် ရှူံးသည်မရှိ အောင်နိုင်ခဲ့သည်။ နန်းတွင်းအမှူထမ်း သမိန်စောထွတ်ကို အယုံကြည်လွန်ကာ ၎င်း၏လုပ်ကြံခြင်းခံရသည်။ သေလွန်ချိန်တွင် ခေါင်းပြတ်မှာ မျက်တောင်ခတ်လျက်ပင်ရှိနေသေးသည်ဟုလည်းဆိုကြသည်။ နောက်ဆက်တွဲ ထိုသို့ တပင်ရွှေထီးလွန်လျှင် သမိန်စောထွတ်က သမိန်စက္ကဝေါ ဘွဲ့ခံကာ စစ်တောင်းတွင် မင်းပြုသည်။ နောက် မကြာမီ ဟံသာဝတီသို့ ပြောင်းရွှေ့နန်းတက်သည်။ တောင်ငူစားသီဟသူမှာ ဟံသာဝတီကိုစွန့်ခွာပြီး တောင်ငူသို့အရောက်ပြေးကာ မင်းခေါင်ဘွဲ့ခံပြီး သီးခြားမင်းပြုသည်။ ပြည်စား သတိုးဓမ္မရာဇာလည်း သတိုးသူ ဘွဲ့ခံကာ ပြည်တွင် သီးခြားမင်းပြုသည်။ သမိန်ထောရာမမှာ မုတ္တမဒေသသို့ရွှေ့ပြီး သမိန်စောထွတ်နှင့် ယှဉ်ပြိုင်နေသည်။ ကျန်အထက်မြန်မာပြည်ဒေသရှိ မြို့စားရွာစားများလည်း မိမိတို့ဒေသလုံခြုံရေးကို ပြင်ဆင်ကာ မည်သည့်ဖက်မှ မပါဝံ့ဘဲနေသည်။ ထိုအခါ ဒလသို့ရောက်နေသည့် ဘုရင့်နောင်သည် မွန်အမှူထမ်းများကို သစ္စာပေးကာ ဒလအနီးအပါးတွင် ချန်ရစ်စေပြီး တောင်ငူသို့ ဦးစွာချီတက်ကာ ညီတော်မင်းခါင်အား တိုက်သည်။ တောင်ငူကိုရလျှင် တောင်ငူမှ အင်အားကိုယူပြီး ပြည်၊ဟံသာဝတီ၊ အင်းဝအစရှိသဖြင့် အဆင့်ဆင့် သိမ်းပိုက်ကာ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးကြီးကို အရှိန်မပျက် ဆက်လက်တည်ထောင်ခဲ့သည်။ ရည်ညွှန်းကိုးကား မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ ဆက်စပ်စာမျက်နှာများ ဘုရင့်နောင် ဟံသာဝတီ အပြင် ၃၇ မင်း မြန်မာနိုင်ငံ၏ သမိုင်း တောင်ငူခေတ် တောင်ငူ-ဟံသာဝတီခေတ် တောင်ငူမင်းဆက်
https://my.wikipedia.org/wiki/%E1%80%90%E1%80%95%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%91%E1%80%AE%E1%80%B8
အင်းဝခေတ်
ပုဂံခေတ် ကုန်ဆုံးပြီးနောက်တွင် အင်းဝကို အခြေပြုကာ ပေါ်ထွန်းလာသည့် ခေတ်ဖြစ်သည်။ ရှမ်းသွေးမကင်းသည့် မင်းဆက်ဖြစ်သော်လည်း မြန်မာမှု၊မြန်မာဟန် နှင့် မြန်မာဘာသာစကားအတိုင်း လိုက်နာကျင့်သုံးကာ မြန်မာမင်းများအဖြစ် အုပ်ချုပ်ခဲ့ကြသည်။ မြန်မာစာပေသမိုင်းတွင် အထူးထင်ရှားသည့် ရဟန်း၊လူပုဂ္ဂိုလ် စာဆိုရှင်များနှင့် စစ်သူရဲကောင်းများ ပေါ်ထွန်းခဲ့သည်။ ကြီးမားသော စွမ်းဆောင်မှုအနေဖြင့် မွန်တို့၏ ဟံသာဝတီမှ ရာဇာဓိရာဇ်နှင့် အနှစ်လေးဆယ်စစ်ကို ဆင်နွဲခဲ့သည်။ အထက်ရှမ်းတို့ကိုလည်း ခေတ်ဦးပိုင်းတွင် အတန်အတင့် လွှမ်းမိုးနိုင်သည်။ သို့သော် မကြာခဏ မင်းပြောင်းမင်းလွဲဖြစ်ခြင်း၊ စစ်ဘေးဒုက္ခများခြင်း နှင့် နောက်ပိုင်းမင်းဆက်များ၏ အရည်အချင်းညံ့ဖျင်းခြင်း၊ လက်အောက်ခံပဒေသရာဇ်များနှင့် မြောက်ပိုင်းမှ မောဝ်ရှမ်းများ အင်အားကြီးလာကာ ပုန်ကန်ခြင်း တို့ကြောင့် မြန်မာတို့အတွက် ကိုယ်ပိုင်ရပ်တည်ခွင့်ကို ဆက်လက်၍ တည်ထောင်ပေးခဲ့သည်ဟု ဆိုသည့်တိုင် အလွန်ထွန်းကားသည့် ခေတ်တစ်ခေတ်ဖြစ်မလာခဲ့ပေ။ စာဆိုတော်များ အင်းဝခေတ်တွင် စာဆိုတော် ပညာရှင်ပေါင်း (၄၉)ဦး ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ပထမအင်းဝခေတ်တွင် စာဆိုတော် (၂၃)ဦး၊ ဒုတိယအင်းဝခေတ်တွင် စာဆိုတော် (၁၂)ဦး၊ တတိယအင်းဝခေတ်တွင် စာဆိုတော် (၉)ဦး စတုတ္ထအင်းဝခေတ်တွင် စာဆိုတော် (၅)ဦး ပေါ်ပေါက်ခဲ့သည်။ ဆက်စပ်လေ့လာရန် အင်းဝမင်းဆက် ကိုးကား မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%81%E1%80%B1%E1%80%90%E1%80%BA
မဂဒူး မင်းဆက်
အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံမြို့ကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဘက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် ဟံသာဝတီ(ပဲခူးမြို့)သို့ ပြောင်းရွှေ့ရပြန်သည်။ ထို ဆင်ဖြူရှင် ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ ရာဇာဓိရာဇ်သည် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာ၊ ၎င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်(ငယ်အမည် မင်းဆွေ)တို့နှင့် စစ်ပြိုင်ပြုကာ ရာဇဝင်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကြီးကို တိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏အင်အားကိုမခံနိုင်ပဲ ကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။ မဂဒူးမင်းဆက် ၁၈ ဆက် ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး ၁၂၈၇-၁၂၉၆) ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀) စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄) စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁) ဇိတ်ပွန်(၇ ရက်) စောအဲကံကောင်း(၄၉ ရက်) ဗညားအဲလော(၁၃၃၁-၁၃၄၈) ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃) ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆) ပထမဗညားရံ(၁၄၂၆-၁၄၄၆) ဗညားဗရူး(၁၄၄၆-၁၄၅၀) ဗညားကျန်းထော(၁၄၅၀-၁၄၅၃) လိပ်မွတ်ထော(၇ လ) ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)ဝိဟာရဒေဝီ(၁၄၅၃-၁၄၇၂) ဓမ္မစေတီ(၁၄၇၂-၁၄၉၂) ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆) သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉) ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၎င်းတို့မှာ ဟံသာဝတီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘဝမှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။ သမိန်ထောရာမ မှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။ ကိုးကား မြန်မာ ဘုရင်များ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%82%E1%80%92%E1%80%B0%E1%80%B8%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%80%E1%80%BA
နန္ဒဘုရင်
နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။ ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူ၊ အင်းဝ၊ ပြည်၊ ဇင်းမယ် မှ အဆွေအမျိုးများကို အပြောင်းအလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲအလှယ်လုပ်ခဲ့သည်။ သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသောကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ်သည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယား၊ ပြည်၊ မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။ ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက်အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက်နက်ချ အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။ တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကွယ်လွန်လေသည်။ နန္ဒဘုရင် မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲကာ တခြားမည်သည့်အကြံကိုမျှလက်ခံလိုစိတ်မရှိခြင်း။အသိအမှတ်ပြုထားသော ဘာသာရေးကျမ်းဂန်များနှင့် မကိုက်ညီကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ဘာသာရေး အဆောက်အအုံ အများအပြား ဖျက်ဆီးခံရပြီး ဘာသာရေး ပိုင်ဆိုင်မှု အများအပြား သိမ်းဆည်းခံခဲ့ရသည်။ ဘုန်းကြီးများကို လူဝတ်လဲခိုင်းခြင်းများရှိခဲ့သည်။ မွန်၊ မြန်မာ ၊ ရှမ်း လူမျိုးများအား ‌‌‌‌နေရပ်စွန့်ခွာ‌‌စေပြီး လူမျိုး‌‌ ရောထွေးခြင်းများလည်းရှိခဲ့သည်။ အထက်ပါအချက်လက်များကြောင့် ‌‌‌နယ်ပယ်ပေါင်းစုံ မှ ရဟန်းရှင်၊ပြည်သူများသည် နန္ဒဘုရင် အပေါ် မုန်းတီးမှုများ ကိန်း‌အောင်းလာ‌ခဲ့လေသည်။ ‌နောင်တွင် ဘုန်းတန်ခိုးကျဆင်းလာကာ နန္ဒဘုရင်၏ ဘုန်းမီး‌နေလကို အပြီးတိုင် ငြိမ်းစေသော အခြေခံအချက်အလက်များဖြစ်လာခဲ့လေတေ့ာသည်။ မိသားစု တပင်‌ရွှေထီးသမီးတော် မြောကြီးကတော် မနောဟရီ ဟံသာဝတီမိဖုရား သမီးတော် သခင်ကြီး + တောင်ငူ မင်းခေါင်သားတော် မင်းရဲကျော်ထင် (ကောလိယာမြို့စား) ညီမတော် မင်းထွေး (သုခဇရာ) ညီတော် မင်းကြီးစွာ + အင်းဝသတိုးမင်းစောသမီးတော် နတ်သျှင် မယ်တော်, ဘုရင့်နောင်သမီ ရာဇ ဓာတု ကလျာ / မင်းကြီးဆွာ အိမ်ရှေ့မင်းသားမှ ဖွားမြင်သည်။ (၃၄ နှစ်တွင် လွန်) ညီတော် မင်းရဲကျော်စွာ + ဘုရင့်နောင်သမီ မဏိသလ / (အင်းဝမြို့စား) နောက်တော့ အိမ်ရှေ့မင်းဖြစ်လာသည် မင်းကြီးစွာ နှစ်တွင် လွန် ပြီးနောက်၊ တောင်ငူကို ပြောင်းသွားတယ် (၃၂ နှစ်တွင် လွန်) ညီမတော် ခင်မနောင် (သိန်းတော်နောင်) + အာရကန်ဘုရင် မင်းရာဇာကြီး / ရာထူးတစ်ခုရယူပါ တန်ဆောင်းမိဖုရား သူမကိုအာရကန်ပြည်သို့ခေါ်ဆောင်သွားခဲ့သည်။ ညီမတော် ခင်ပု ညီတော် မင်းကြီးနောင် / (ပြည်မြို့စား) သတိုးဓမ္မရာဇာ (၂၆ နှစ်တွင် လွန်) တောင်ငူ မင်းခေါင်သမီးတော် မြောက်နန်းတော် မိဖုရား သီရိရာဇဒေဝီ သမီးတော် မင်းရွှေဒုန် + ကောလိယာ မင်းရဲကျော်ထင်၊ တောင်ငူ မင်းရဲသီဟသူ၏သား ခင်ငယ်စုံဗိုလ် ကြာတက်ရွာ ငှက်သာသူရညီမအငယ် သားတော် သီရိဓမ္မာသောက (တောင်ငူမြို့စား တောင်နုရွှေနန်း ဟူသော ဘွဲ့အမည်ဖြင့်၊ သလုံမင်း နန်းတက်စဉ်က) မုတ္တမမင်းသမီး ရွှေနန်းချိုမြိန်၊ မင်းရဲနန္ဒမိတ်သမီးတော် သားတော် မင်းကြီးခမည်းတော် (မုတ္တမမြို့စား) သူနဲ့ သူ့အမေ ဖမ်းပြီး အာရကန်ကို ပို့တယ်။ ပေါက္ခရစန္ဒာ သားတော် မင်းပေါက်သာကျော် မင်းယဉ်ပေါက်ကြ (ဇာပရိုမြို့စား) ချမ်းထီးရာဖား၊ ကျိုင်းတုံစော်ဘွားသမီး စဝ်ခမ်းတော် သားတော် နရမိတ်ခလှ လေးထပ်ကျောင်းတွင် လွန် ဝရလင်္ကာလှ သုဓမ္မသည် (ဟွာခေါင်းမြို့စား) အုန်းဘောင်လေးစော်ဘွား သိုစောဘွားသမီးတော် ထွေးလှ သားတော် မင်းရဲသီဟ (ခ) ဦးဒင်ကျော်ထင် (ပြည်မြို့စား ဘွဲ့အမည်ဖြင့်၊ သလုံမင်း နန်းတက်စဉ်က) စည်စတ်ချာနာလှိုင်မြို့စား ပြဣန်ခလန်းသမီးတော် မေသာလုံငယ် (ခ) မယ်နန်းခွန်းခမ်း သမီးတော် မပျစ်နွယ် (ရတနာကွမ်မာလီ) + ဖရနရေဆုအင် ယိုးဒယားဘုရင် ဒဂုံမြို့စား ဗညားဂျကာ ဩောက်ဗြစက္ကိကို ယိုးဒယားထံမှ၊ ပြိဟောင်သမီးတော်၊ ခင်ငယ်ညွန့် (ဒာဝိတုန်း) သားတော် မောင်စောဖြူ (ဗိုလ်မင်းထောင်တည်မြို့စားမြို့သစ် အဖြစ်ခန့်အပ်သည်။ ရခိုင်ဘုရင် မင်းရာဇာကြီးအားဖြင့်) + အာရကန်ဘုရင် မင်းရာဇာကြီးသမီးတော် ရှင်ဒွေနောင် (သူနဲ့ သူ့အမေ ဖမ်းပြီး အာရကန်ကို ပို့တယ်။) လင်းဇင်မင်းသမိ ဗညားဖိုးထီစန်းလတ်သမီးတော် သိန်းခန်းလုံ သားတော် ဥပါပိယ မြောင်းမြမြို့စား မင်းရဲနရသီဟ နန္ဒကျော်ထင် ဟံသာဝတီ ကျော်ထင်နော်ရထာ + ဘုရင့်နောင်သမီ မြတ်ဖုန်းဝေ ဒိုင်ဗီယက်မင်းတရားရဲ့သမီး မက်မောဟော့ပ် ဟိုအန်းဒစ် သမီးတော် ရွှေဘိုင်မစော ဒင်ပြင်ဘွား၊ တော်ဖိုင်ဆင်း မိုင်းလမ်စော်ဘွားသမီး မောင်တော် စောမိုင်းဣန် နာဂမိဖုရား မိုင်းသလီ နာဂမင်း၏သမီး သက်စတ်ဘီလီ သားတော် မင်းရဲရာမူးနာ ညီမတော် မီလ ခမ်းဖိလှစောဆင်းခမ်းမိုင်းဟွန်းစော်ဘွားရဲ့သမီး သမီးတော် မြင့်ဒွင်ကတော် + ခမည်းတော်သား မင်းငွေလှ ဒိုင်ဗီယက်ခမ်းတုံမင်းခမ်းယော်ရိုမိုင်းခန်စော်ဘွားရဲ့သမီး သားတော် မင်းငွေလှ + ခမည်းတော်သမီး မြင့်ဒွင်ကတော် ___ဤအရာတွင် သူတို့၏မိခင်အသေးစိတ်မရှိပါ။___ သမီးတော် သီရိမင်္ဂလာငယ် + ရှင်နေထွန် ပြည်သတိုးဓမ္မရာဇာသားတော် ___အောက်မှာတော့ ရှင်ဘုရင်နဲ့ မွေးဖွားတဲ့ ကလေးမပါတဲ့___ တောင်နန်းတော် မိဖုရား မင်းဖြူ ဇေယျနန္ဒ တောင်ငူမင်းခေါင်သမီး အလယ်နန်းတော် မိဖုရား မင်းထွေး ဇေယျနန္ဒ တောင်ငူမင်းခေါင်သမီး အနောက်နန်းတော် မိဖုရား မင်းတရား မယ်တော် နန္ဒယော်ဓာ ပြည်သတိုးဓမ္မရာဇာသမီး ပန်တရီတိရာ၊ ကလေးစော်ဘွား သိုချည်ဘွား၏သမီး ကြည်တ်သာရာဂန္ဒာ၊ မဏိပူရ ကသည်းစော်ဘွား၏သမီး မုံရမ်ပါ မိုးမိတ်စော်ဘွား၏သမီး၊ သိုဆိုမ်ဘွား နှင့်ဟန်နော် မိုင်းဆင်းဟော်ခမ်းနွဲ့သမီး ထခွဲယွန်းဘွား ဖိစမာပိသမဟာသမီး ပဒမာနဟဒ်ဆွမီ ပုဏ္ဏား ဖိကြည်တ်ကြိင်ဒ ဘုရင်ဟောင်း မုဆိုးမ မင်းလှ စဝ်အင်မိုင်း ကျိုင်းရုံးစော်ဘွားသမီး ကျိုင်းသေဉ်စားသမီး တော်ကမ်ကြိုင် နှင့်ခမ်းမိုင် မိုင်းဖန်းစော်ဘွား၏သမီး ဖရလောင်ဆူရင်ထာ့ ဒေါ်ရီယန်၊ ကိုးကား တောင်ငူ-ဟံသာဝတီခေတ် မြန်မာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%B9%E1%80%92%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%BA
ဗညားဦး
ဆင်ဖြူရှင်ဗညားဦး(၆၈၅-၇၄၅) သည် မဂဒူးမင်းဆက် ၏ ၈ ဆက်မြောက်မင်းအဖြစ် မုတ္တမနန်းကို ၇၁၀မှ ၇၄၅ အထိ စိုးစံသည်။ ၇ဆက်မြောက်ဘုရင် ဗညားအဲလော၏ တူတော်သူဖြစ်သည်။ ခမည်းတော်မှာ စောဇိပ် ဖြစ်ပြီး မယ်တော်မှာ စန္ဒာမင်းလှ ဖြစ်သည်။ နန်းတက်ပြီးမကြာမှီတွင် တောကစားထွက်ရာ ဗြတ်လှိုင်းရွာသူ မွေးမဂူသောက် (လှထိပ်ခေါင်) ကိုတွေ့မြင်နှစ်သက်သဖြင့် မိဖုရားအဖြစ်ကောက်ယူတင်မြောက်သည်။ နန်းတက်ပြီး ခြောက်နှစ်အကြာတွင် နန်းစဉ်ရတနာဖြစ်သည့် ဆင်ဖြူတော် ကွယ်လွန်သည်။ လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် ဒုန်ဝန်းမြို့ သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်ဝန်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။ အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော် မင်းလင်္ကာ ပုန်ကန် ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၎င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။ မင်းလင်္ကာ၏သား မိမိတူဖြစ်သူ မညီကံကောင်းကို ဒလစားအဖြစ် ဆက်ပေးသည်။ သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော် မူလှသည် မရှိဟု သိရသည်။ လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက်(ဗသုန်ဗန်စက်) ဟု နာမည်ပေးသည်။ နောင်သော် ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။ မိဖုရားကြီးဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။ ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ ညီအစ်ကိုများက ဇင်းမယ် မင်းထံသံစေကာ မဟာမိတ်ပြုပြီး ပဲခူးကိုတိုက်ရန် ဇင်းမယ်မင်းကို လျှောက်ထားကြောင်းသိရလျှင် မိမိသမီးတော် တလမေသီရိအား ဇင်းမယ်မင်းထံ ဆက်သပြီး မဟာမိတ်ပြုရသည်။ အခြားသမီးတော်တစ်ပါးဖြစ်သည့် တလမေဒေါကမူ ဗညားနွဲ့နှင့် ရည်ငံပြီး ထွက်ပြေးသဖြင့် ဗညားဦး အမျက်ထွက်ကာ ဗညားနွဲ့ကို အကျဉ်းချထားစေသည်။ နောင်သော် အမတော်မဟာဒေဝီနှင့် ကျန်အဆွေအမျိုးတို့တောင်းပန်သောကြောင့် ထောင်မှလွတ်ကာ တလမေဒေါ နှင့်လက်ဆက်ပေးသည်။ ဇင်းမယ်သို့ဆက်သ သည့်သမီးတော် သလမေသီရိတစ်ယောက် ဇင်းမယ်မင်း၏လေးမြတ်မှုကိုမရသဖြင့် စိတ်မချမ်းသာဖြစ်နေကြောင်းသိလျှင် ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ညီနောင်များအား စစ်ပြေငြိမ်းစကားဆိုပြီး သမီးတော်ကို ဇင်းမယ်မင်းထံမှ ပြန်ခေါ်ပြီး မိမိထံအပ်စေသည်။ အမတ်သားတစ်ဦးဖြစ်သည့် သမိန်မရူးက တောင်းယူသဖြင့် တလမေသီရိအား မရူးဖြင့် လက်ဆက်ပေးသည်။ ဇင်းမယ်စစ် ဗညားဦး နန်းတက်ပြီး သုံးနှစ်အကြာ သက္ကရာဇ် ၇၁၃တွင် စောအဲဒိတ် နှင့် ဗေါကြယ်တို့ ဒုန်ဝန်းတွင် ပုန်စားသဖြင့် လိုက်လံနှိမ်နင်းရာ စောအဲဒိတ် နှင့် ဗေါကြယ်တို့ အရေးနိမ့်ပြီး ဇင်းမယ်သို့ဝင်ပြေးကြသည်။ ၎င်းတို့နှစ်ဦး၏ ကုန်းချောမှုကို ယုံ၍ ထိုနှစ်တွင်ပင် ဇင်းမယ်မင်းသည် မုတ္တမကို လုပ်ကြံစေ၏။ မြို့ငယ်များကျ၍ ရှမ်းတို့သည် မုတ္တမကို တစ်လ၊နှစ်လမျှ ဝန်းရံထားလေသည်။ ထိုအခါ ဗညားဦး၏ ဆင်ဖြူတော်သည် ရှင်ဘုရင်အား အိပ်မက်ပေးလေ၏။ အိပ်မက်အတိုင်း လုပ်လေသော် ဇင်းမယ်ရှမ်းစစ်သည်တို့လည်း ကစဥ့်ကလျား ပြေးလွှား၍တပ်ပျက်လေ၏။ ဆင်ဖြူတော်၏ တန်ခိုးကြောင့် ဇင်းမယ်စစ်ကို အနိုင်ရခြင်းဖြစ်လေ၏။ သုံ့ပန်း၊ ဆင်မြင်း၊ အမြောက်၊ သေနတ် များစွာရလိုက်လေ၏။ ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) စေတီတည်ခြင်း ဆင်ဖြူရှင် ဗညားဦးသည် ဇင်းမယ်စစ်ကို နိုင်သည့်အထိန်းအမှတ်ဖြင့် သီဟိုဠ်မင်းထံ လက်ဆောင်များဖြင့် ရာဇသံစာပို့ကာ သရီရဓာတ်တော်ကို တောင်းခံလေ၏။ သီဟိုဠ်မင်းလည်း ဝမ်းမြောက်ဝမ်းသာဖြင့် သရီရဓာတ်တော်များကို ပေးခဲ့လေ၏။ ဆင်ဖြူတော်မှ ဇင်းမယ်စစ်ကို တိုက်ပေးခဲ့သည့် တောင်ထိပ်တွင် သရီရဓာတ်တော်များကို ဗညားဦး ရွှေစင်ရုပ်၊ မိဖုရားများ နှင့် မောင်းမမိဿံများ၏ ရွှေစင်ရုပ်၊ မှူးမတ်သေနာပတိများ၏ ရွှေစင်ရုပ်များက ရှိခိုးနေဟန် ဌာပနာ၍ ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) ဘုရားကို တည်လေ၏။ မုတ္တမသည် ဇင်းမယ်စစ်ကို နိုင်ပြီးနောက် သာယာစည်ကားလှလေသည်။ မုတ္တမမှ ဒုန်ဝန်းသို့ ဆုတ်ခွာရခြင်း ဇင်းမယ်စစ်ကို နိုင်ပြီး သုံးနှစ်အကြာတွင် သက္ကရာဇ် ၇၀၆ခုနှစ်တွင် ဆင်ဖြူတော် အသက် ၇၀၌ အနိစ္စရောက်သည်။ ဗညားဦးမှာ စိတ်မချမ်းမသာ လွန်စွာပူပင်သောကရောက်လေ၏။ ထိုအခါ လဗူတောတွင် ဆင်ကောင်းတစ်စီးကိုတွေ့ရှိခဲ့ကြောင်း ဆင်ရံကရိတို့ လာရောက်လျှောက်တင်ကြသည်။ ထို့နောက် ဗညားဦးမင်းသည် လဗူတောတွင်းသို့ ဝင်၍ လေးလမျှကြာအောင် ဆင်ရံလေ၏။ လဗူတောသို့သွားရာ သားတော်များ၊ မြေးတော်များ၊ ဆင်မြင်းဗိုလ်ပါနှစ်သောင်းကျော်၊ ယောက်ဖတော် ဗြထဗိုက်၊ အမတ်ပွန်စို၊ အန်နရာ၊ သမိန်ဇိပ်ဗြဲ၊ စောပြလက်စသော စစ်သေနာပတိ မြို့စားကြီးများနှင့် အခြားသော မြို့စားရွာစားများ ပါဝင်သည်။ ဤသို့ ဆင်ရံသွားစဉ်အတွင်း စောအဲပြသတ်၏သားများဖြစ်သော ဗြတ်ထဗတို့ ညီနောင်လေးယောက်(ဗြတ်ထဗ၊ အဲပြဗုန်၊ လောက်ဖြား၊ ဥလို)စလုံး ပုန်စားကြလေ၏။ ဗြတ်ထဗ ကမုတ္တမတွင်၊ အဲပြဗုန်က လဂွန်းဗျည်း၊ လောက်ဖြား ကမြောင်းမြနှင့် ဥလိုက မော်လမြိုင်တွင် အခိုင်အမာ နေနှင့်ကြ၏။ ညတစ်ညတွင် လသို့ကြယ်တံခွန်ပြေးဝင်သည်ကို ဗညားဦးမြင်လျှင် ပရောဟိတ်တို့ကို နိမိတ်ဖတ်စေ၏။ ပရောဟိတ်တို့ကလည်း ကျွန်များပုန်စားကြမည်ဖြစ်ကြောင်း၊ မကြာမီသိရမည်ဖြစ်ကြောင်း၊ မြို့ရွာကို အကြာကြီးခွာ မနေသင့်ကြောင်း၊ နန်းတော်သို့ ဆောလျင်စွာ ပြန်ဝင်သင့်ကြောင်း လျှောက်ကြလေ၏။ မုတ္တမသို့ပြန်၍ ခရီးလည်သို့ရောက်လျှင် ဗြတ်ထဗပုန်စားကြောင်းကို ဗညားဦးကြားလေသည်။ ထိုအခါ မြို့စားရွာစား မှူးမတ်သေနာပတိအားလုံးကို စုရုံးပြီး ဗညားဦးကိုယ်တိုင် မုတ္တမသို့အပြင်းချီလေသည်။ မုတ္တမသို့ရောက်လျှင် မြို့ပြင်မှနေ၍ အပြင်းတိုက်သည်။ မြို့ထိပ်မှ မီးပေါက်သေနတ်များဖြင့် ပစ်ခတ်ကြသဖြင့် သူ့ရှင်၏ သူရဲများ သေပျောက်ကြ၏။ ဗြတ်ထဗသည် ဗညားဦးနှင့် ပါသောသူတို့၏ မယားများကို နှိပ်စက်သဖြင့် အချို့လည်း မယားကိုသနား၍ ဗြတ်ထဗထံ ညအချိန် ဝင်လာကြ၏။ ထိုအခါပွန်စိုအမတ်က ယောက်ဖတော် သမိန်ဗြထဗိုက်၏ စစ်ကူတပ်များကိုစောင့်ရန်၊ မုတ္တမတွင် ယောက်ဖတော်၏တပ်ကို ခံတိုက်စေပြီး မင်းကြီးအား ဒုန်ဝန်းသို့ ပြန်လှည့်နေရန် လျှောက်ထား၏။ သူ့ရှင်လည်း ယောက်ဖတော်ကို ဗိုလ်မင်းခန့်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။ ဗြထဗိုက်လည်းမြို့ကိုဝန်းရံထားကာနေ၏။ တစ်လမျှကြာသော် မြို့တွင်း၌ အစာရေစာပြတ်လတ်ကာ ဆန်လည်းရှားလာသည်။ ထိုအခါ ဗြတ်ထဗ၏စေခိုင်းချက်အရ မယားဖြစ်သူမိမဆံလည်း ပရိယာယ်ပြု၍ ဗြထဗိုက်ကို အဆိပ်ခတ်ကာ လုပ်ကြံလေ၏။ တပ်မင်းဗြထဗိုက် မရှိလျှင် တပ်ပျက်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။ ဗြထဗိုက်လွန်သော် ဗညားဦးသည် မှော်ဘီစား ဇေယျသူရကို ဗိုလ်မင်းကြီးခန့်၍ မှူးမတ်သေနာပတိများကို အပ်၍ မုတ္တမကိုလုပ်ကြံစေပြန်သည်။ ဇေယျသူရလည်း အချိန်ကောင်းအခါကောင်းကိုရလျှင် ဗိုလ်ခြေအင်အားကြီးမားစွာဖြင့် မုတ္တမသို့ စစ်ချီကာ အပြင်းတိုက်လေသည်။ စစ်ပရိယာယ်မဆင်ဘဲ စိတ်လိုက်မာန်ပါတိုက်ခြင်းဖြစ်ရကား ဇေယျသူရမှာလည်း သေနတ်မှန်၍ ဆင်ထက်တွင်ပင် ကျလေသည်။ ဗိုလ်မင်းကြီးကျလျှင် တပ်ပျက်၍ဆုတ်ပြေးကြသည်။ ဗြတ်ထဗကလိုက်ရာ ဇင်းကျိုက်ရောက်လျှင် ဇေယျသူရ၏ တပ်မှူးအမတ်ငါးယောက်ကို မိလေသည်။၎င်းတို့ကို သဘောတွင် သံခြေချင်းခတ်ကာ ကုလားပြည်သို့ပို့လိုက်လေသည်။ ဇေယျသူရကျဆုံး၍ အမတ်ငါးဦးအား ကုလားပြည်သို့ အပို့ခံရသဖြင့် ဗညားဦးလည်း လွန်စွာစိတ်ဆင်းရဲတော်မူသည်။ မုတ္တမတိုက်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် တပ်ပျက်ခဲ့သဖြင့် နောက်ထပ်မတိုက်စေတော့ဘဲ၊ ဒုန်ဝန်းမြို့တွင်သာ သူ့ရှင်နေတော်မူသည်။ မြို့၊ ပြ၊ ကျုံးမြောင်း ခိုင်ခံ့အောင် စီရင်တော်မူသည်။ နတ်ရွာစံခြင်း ဟံသာဝတီတွင် သုရှင် ဗညားဦး (ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား ကိုယ်စားအုပ်ချုပ်သည့် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ပုန်ကန်သည်။ နောင်တွင် သမိန်မရူးရှုံးပြီး ဗညားနွဲ့စစ်ရေးသာပြီး ပဲခူးသို့ချီတက်လာချိန်တွင်ပင် ဆင်ဖြူရှင်ဗညားဦးလွန်လေသည်။ ဗညားဦးလွန်လျှင် ဗညားနွဲ့က ရာဇာဓိရာဇ် ဘွဲ့ဖြင့် ဟံသာဝတီထီးနန်းကို စိုးစံလေသည်။ ကိုးကား မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%8A%E1%80%AC%E1%80%B8%E1%80%A6%E1%80%B8
ရှင်စောပု
ရှင်စောပု () သည် ဟံသာဝတီထီးနန်းကို ၁၄၅၄ မှ ၁၄၇၁ အထိ စိုးစံအုပ်ချုပ်ခဲ့သော ဘုရင်မတစ်ပါးဖြစ်သည်။ မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ ရွှေတိဂုံစေတီရှိ မွန်ကျောက်စာနှင့် အခြားမွန်ကျောက်စာများတွင် ဂြီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ဝိဟာရဒေဝီ ဟူ၍လည်းကောင်း၊ ဗညာထာဝ် ဟူ၍လည်းကောင်း ပါရှိသည်။ မွန်ရာဇဝင်တွင် ဝိဟာရဒေဝီ၊ ဝိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ၊ဗညားထောဝ် (မင်းအို) နှင့် သေဝ်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည်အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။ ရှင်စောပုသည် မွန်ရာဇဝင်တွင် အလွန်ထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင် နှင့် မိဘုရား ဒလသုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စောပု၏ မွေးနေ့ သက္ကရာဇ်သည် ၇၅၅-ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ (ခရစ်နှစ် ၁၃၉၄-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် ) ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ နေ့နံအရ ဝိဟာရဒေဝီ ဟု စတင်ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့်အတူ တစ်မိတည်းတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညာရာံ/ဗညားရာမ်) ဖြစ်လေသည်။ သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ်ရှိပြီဖြစ်သော ရှင်စောပုအား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။ ရှင်စောပုတွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် () နှင့် မိပကောသင် ()၊ သားကို ဗညားဗရူး () ဟူ၍ အမည်ပေးလေ၏။ သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေသည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်းတက်လေသည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူ မှအစ မိုးညှင်းမင်းတရားအထိ အင်းဝမင်း(၄)ဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် (၇)နှစ် ကြာမျှ စံနေခဲ့ရလေသည်။ အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာရာဇဝင်များ၌ တဖုံ ဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။ မြန်မာရာဇဝင်များ ဖြစ်သော ဦးကုလား၊ မှန်နန်း နှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာဝတီတွင် ဗညားရံ (ဗညားရာံ/ဗညားရာမ)နှင့် ညီတော်အထွေး ဒဂုန်စား ဗညားကျန်းတို့ ပုန်ကန်ကြလေ၏။(ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတွင်မူ ညီနောင် သုံးပါးဟုမဆိုပဲ ညီနောင် နှစ်ပါးသာပြကာဗညားဓမ္မရာဇာ သည် ဗညားကျန်းဟုဆိုသည်။)ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်းကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝတို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြသည်။ ဗညားဓမ္မရာဇာသည် ဗညားရံကို ဒဂုန်စားအဖြစ် ပြောင်းပေး၍ ဗညားကျန်းကို မုတ္တမစားအဖြစ် စေလွှတ်သည်။ အင်းဝတပ်တို့သည် ပုသိမ်နှင့် ဒလ(ယခု တွံတေး) တို့ကို အောင်မြင်ပြီးနောက် ဒဂုန်ကို ဆက်လက် တိုက်ခိုက်သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံထား၏။ ယင်းသို့ ဝိုင်းရံထားရာ၌ တစ်လခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပုကို ဆက်သလိုက်လေသည်။ ဗညားရံသည် ပြာသာဒ်သုံးဆောင် ဆောက်ပြီးလျှင် နှမတော်ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီးတို့၏ အဆောင်အယောင်နှင့် တကွ ကိုယ်လုပ်အမျိုးသမီး သုံးကျိပ် အထိန်းအချီ ခန့်ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာအမတ် ဝိုင်းရံပြီးလျှင် သီဟသူမင်း ထံသို့ ပို့လေသည်။ သီဟသူလည်း မိမိဖောင်တော်ထက်မှ လက်လှမ်းဆီးကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပုသည် အပြင်အလျာ အရောင်အဆင်း ကောင်းမြတ်လှသောကြောင့် သီဟသူမင်း အလွန် လေးမြတ်တော်မူ လေသည်။ သို့ရာတွင် မွန်ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ်တို့ ပြန်ဆိုသည့် ဟံသာဝတီမင်းဆက် ရာဇဝင်မူများအရ သိရပြန်သည်မှာ ရှင်စောပုသည် ဆံတော်ရှင် ဒဂုန်ဘုရားသို့ မကြာခဏ ကြွရောက်ဖူးမြှော်လေ့ရှိသည်။ ထိုသို့ အစောင့် အရှောက် နည်းပါးစွာဖြင့် ရှင်စောပုသည် ဟံသာဝတီနှင့် ဒဂုန်သို့ ဘုရားဖူးရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာမခန့်၍သာ ထိုသို့ အစောင့်အရှောက် နည်းပါးစွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပုအား ဖမ်းယူရန် မင်းနန္ဒသူအား စစ်တပ်အင်အား လုံလောက်စွာဖြင့် ဒဂုန်အနီး တောစခန်းတနေရာသို့ စေလွှတ်လိုက်လေသည်။ ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန်သို့ ဆံတော်ရှင်ဘုရား ဖူးမြော်ရန် ဥပုသ်နေ့တစ်နေ့တွင် ယခင်နည်းအတိုင်း ဆင်စီး၍ အစောင့်အရှောက် နည်းပါးစွာဖြင့် ထွက်ခွာလာရာ ဒဂုန်အနီးတောစခန်းသို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူသည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စောပုအား ဆင်ထက်မှ မဆင်းစေဘဲ အသာတကြည် အင်းဝသို့ ခေါ်ဆောင်သွားသည်ဟု ဖြစ်လေသည်။ ထို အကြောင်းအရာနှစ်ရပ်တွင် ပထမအကြောင်းအရာမှာ ပိုမိုခိုင်လုံပြီးလက်ခံနိုင်ဖွယ်ရှိပေသည်။ မည်သို့ဆိုစေ ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးကျေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း (၇)နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။ ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။ မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင် တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။ ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်းစိုးစံနေသည်။ ဗညားရံသည် နှမတော် ပြန်ရောက်လာလျှင် ဝမ်းမြောက် ဝမ်းသာရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။ ရှင်စောပုသည် ဟံသာဝတီပြည်သို့ ပြန်ရောက်ပြီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်းတဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာတော် အများအပြား ဆွမ်းကပ်လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။ သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော် ဖြစ်သော ဗညားကျန်းသည် ထီးနန်းရိုက်ရာကို ဆက်ခံသည်။ (မွန်မူတွင် ဗညားကျန်းထောဟုဆိုသည်။)ဗညားကျန်းလည်း နန်းသက် မကြာရှည်ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ မင်းကျင့်တရားနှင့်မညီသဖြင့် မှူးမတ်တို့လုပ်ကြံရာ ခြောက်လမျှသာ နန်းစံရလေသည်။(မွန်မူတွင် ခုနှစ်လဟုဆိုသည်။) မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ပြီး ဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေသည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက်တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီးလက်ထက်တွင် ဟံသာဝတီသည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်းသာယာနေလေသည်။ နောက်ဆက်တွဲ ရှင်စောပုသည် ဘာသာရေးတွင်သာ ထက်သန်သူဖြစ်ကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် များစွာစိတ်အားထက်သန်လှသူမဟုတ်ချေ။ ရွှေတိဂုံ စေတီတော်အား ဉာဏ်တော်တိုးမြှင့်ကာပြုပြင်ပူဇော်သည်။ ဘဝ၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဇူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကိုလွှဲအပ်လေသည်။ မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကိုလေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြစ်သည်။ ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။ ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ ထိုမင်းသည်လည်း မြန်မာ့သမိုင်းတွင် သာဿနာတော်သန့်ရှင်းရေးအတွက် ပြုပြင်ရေးများကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့သည့်အတွက် အလွန်ထင်ရှားသည်။ အပိုင်း(၂) ဘုရင်မကြီးသည် ဇရာလည်းထောင်းလာပြီဖြစ်၍ တိုင်းပြည်အုပ်ချုပ်ရန် စိတ်မထက်သန်ချေ။ ထို့ပြင် ပင်ကိုကပင် တရားဓမ္မ အလှူဒါနတို့၌သာ မွေ့လျော်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဟံဟာဝတီ ထီးနန်းအား သင့်တော်သူ တဦးကို လွှဲအပ်လိုသည်။ လွှဲအပ်ခံနိုင်မည့်သူကို ဆင်ခြင်ရွေးချယ်သောအခါ ပိဋကဓရ ရဟန်းသည် ဉာဏ်ပညာ အလိမ္မာနှင့် ပြည့်စုံသည်။ ထို့ကြောင့်သာလျှင် အခြားသူတပါးတို့ မပြုဝံ့သော အမှုကို ပြုကာ မိမိအား အင်းဝမှ ဟံသာဝတီအရောက် ဆောင်ကြဉ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပိဋကဓရ၏ ကျေးဇူးသည် မိမိအပေါ်၌ ကြီးမားခဲ့ခြင်းတို့ကို ထောက်ထား၍ ပိဋကဓရအား ထီးနန်းလွှဲအပ်ရန် မှူးမတ်တို့နှင့် တိုင်ပင်သည်။ မှူးမတ်တို့က သဘောမကြိုက်ညီ ရှိကြလျှင် လူအများ ကျော်နင်းသည့် တံတားသစ်သားတိုင်ကို ထုထားသည့် ဗုဒ္ဓရုပ်ပွားတော်အား ရုပ်ပွားတော်ဖြစ်လာသည့်အခါ ယုတ်ညံ့သည့်အသားဖြင့် ထုထားသည့်အပြစ်ကို ပမာဏမထားကြံဘဲ ရှိခိုးပူဇော်သည့် ပုံပမာကိုဆောင်၍ ထိုနည်းတူစွာ ဆင်းရဲသား မုဆိုးမသားဖြစ်သော်လည်း ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသူ ပိဋကဓရ ဘိက္ခုအား မိမိက ဘုရင်အဖြစ် ချီးမြှင့်ခြင်းကို မှူးမတ်တို့ ကြည်ဖြူလေအောင် ဘုရင်မကြီး ဆောင်ရွက်သည်ဟု ဆိုလေသည်။ ဘုရင်မကြီးသည် ပိဋကဓရ ဘိက္ခုအား လူထွက်စေပြီးလျှင် သမီးတော် မိပကာထော်နှင့် (မိပ္က’ထဝ်) နှင့် စုံဖက်ပေး၍ အိပ်ရှေ့အရာနှင်းသည်။ ၈၂၁ ခုနှစ်တွင်မူ သမက်တော်အား ဟံသာဝတီထီးနန်းကို လွှဲအပ်လေသည်။ သမက်တော်ကား ဓမ္မစေတီမင်းဟူ၍ လည်းကောင်း၊ ရာမာဓိမတိမင်းဟူ၍ လည်းကောင်း ထင်ရှားလေသည်။ မင်းအိုဘွဲ့ခံ ဘုရင်မကြီးသည် ကုသိုလ်ဒါနပြုရေး၌ စိတ်ဆန္ဒပြင်းပြခဲ့သည့်အတိုင်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေစဉ်တွင်လည်း ကုသိုလ်ဒါနများ ပြုခဲ့သည်။ ထိုကုသိုလ်တော်များအနက် ကျိုက်မရော(ကျာက်မရဟ်) ဆုတောင်းပြည့် ဘုရားကြီး၌ အလှူဒါန ပြုခဲ့ကြောင်းကို ထိုဘုရားကြီး၌ မွန်ဘာသာဖြင့် ကျောက်စာနှစ်ချပ် ကမ္ဗည်းထိုးစေခဲ့သည်။ ထိုကျောက်စာလာ အရေးပါသော အချက်များကား ဆင်ဖြူရှင် ဗညားဦး၏ မြေးတော် သူ့ရှင်ဗညာထာဝ်သည် သက္ကရာဇ် ၈၁၇ ခုနှစ်တွင် ကျိုက်မရောဘုရား၌ ကုသိုလ်ကောင်းမှုများပြုကြောင်း၊ မိမိ၏ အလှူဒါန၌ ဝိုင်းဝန်းကူပံ့သူများအား ကြီးပွားချမ်းသာကြစေရန် လေးနက်စွာမေတ္တာပို့၍ ဆုတောင်းပြီးလျှင် မိမိ၏ ကုသိုလ်ကောင်းမှုတို့ကို ဖျက်ဆီးသူများအား ကျိန်ထားသည်ကို တွေ့ရလေသည်။ ကျိုက်မရောဘုရားတွင်သာမက အနီးအနားရှိ ကော့ဗိန်း(အိုးသည်ကုန်း) ကျောက်တောင်ဂူ၊ ဓမ္မသတ်ဂူ၊ ခရုံဂူ၊ ကော့ဂွမ်းဂူနှင့် ဖားကပ်ဂူ အစရှိသည့် ဂူဘုရားများတွင် ခရစ် ၁၅ ရာစုနှစ် အတွင်း ထုလုပ်ထားသော ရှေးဟောင်းပန်းပုလက်ရာများ ပါရှိသည်ကို ထောက်ရှု၍ ကျိုက်မရောအနီးတဝိုက်ရှိ အထက်ပါဘုရားများသို့လည်း ရှင်စောပု ရောက်ရှိပြီးလျှင် ကောင်းမှုကုသိုလ်များ ပြုခဲ့သေးသည်ဟု ယူဆနိုင်လေသည်။ ရှင်စောပုသည် သမက်တော်အား ထီးနန်းလွှဲအပ်ပြီး နောက်တွင် ကောင်းမှုကုသိုလ် ပြုရေးကိုသာ လုံးလုံးလျားလျား ဆောင်ရွက်ခဲ့ဟန် တူပေသည် ပဲခူး(ဗဂိုး) ဘုရားခုနစ်ဆူ မွန်ကျောက်စာအရ ရှေးဟံသာဝတီပြည့်ရှင် မဟာတိဿမင်းကြီး၏ မိဖုရား သုဘဒ္ဒါဒေဝီ (ဘဒြဒေဝီ) တည်ထားခဲ့သော ဘုရားခုနစ်ဆူတို့ ပျက်စီးယို ယွင်းနေသည်ကို ဒါန သီလ၊ သမာဓိပညာနှင့် ပြည့် စုံသော ရှင်စောပုမင်းသမီးသည် မင်းကျင့်တရား ၁ဝ ပါးကို စောင့်ထိန်းသော သမက်တော် ရာမာဓိပတိမင်းနှင့် အတူတကွ ထိုပျက်စီးယိုယွင်းသော ဘုရားခုနစ်ဆူတို့ကို ခိုင်ခံ့စွာ ပြန်လည်မွမ်းမံသည်။ သက္ကရာဇ် ၈၃၂ ခုနှစ် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဓာတ်တော်ဟောင်းသစ်များနှင့် တကွ ရတနာခုနစ်ပါးတို့ကို ဌာပနာသည်။ ပြုသောကုသိုလ်အဖို့ကို သတ္တဝါပေါင်းအား အမျှပေးဝေ၍ ထိုကုသိုလ်ကောင်းမှုကြောင့် သံသရာမှ လွတ်မြောက်ပြီးလျှင် ထိုကောင်းမှုသည် သဗ္ဗညုတဉာဏ်အတွက် အထောက်အပံ့ဖြစ်ပါစေဟု ဆုတောင်းထားလေသည်။ ရှင်စောပု၏ ဘွဲဲ့တော်ကို ယင်းကျောက်စာတွင် “ြ၈ီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မရာဇာဓိရာဇာဒေဝီ’’ ဟု ကမ္ဗည်းထိုးထားလေရာ အခြားကျောက်စာများတွင် ပါရှိသည့်ဘွဲဲ့ထက် ပြဝရ ပို၍ပါသည်။ ထို့ပြင် ပဲခူး (ဗဂိုး) ခရိုင် ဘုရားကြီးရွာရှိ ဘုရားကြီးကို ရှင်စောပုနှင့် သမက်တော်တို့ ပြုပြင်မွမ်းမွံခဲ့ကြောင်းကို ရှင်စောပုလွန်ပြီးသည့်နောက် ၈၄၈ ခုနှစ် တော်သလင်းလဆုတ် ၃ရက် တနင်္ဂနွေနေ့၌ ရေးထိုးခဲ့သော ဘုရားကြီးကျောက်စာများအနက် ဘုရားကြီးကျောက်စာသည် အစုံလင်ဆုံးနှင့် အရှည်လျားဆုံးဖြစ်သည်။ ကျောက်စာကိုစီကုံးရေးသားသူအမည်နှင့် ကျောက်စာထုသူ ကျောက်ဆစ်သမား၏ အမည်ကိုပါ ဖော်ပြထားသည်။ ကျောက်စာပါ အခြားအကြောင်းအရာများမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ဂဝံမတိထေရ်သည် ရှေးဘဝက ညီတော်ဖြစ်ခဲ့သော သထုံဘုရင် သီရိမာသောက (သီဟရာဇာ) မင်းထံ ကြွရောက်ကြောင်း၊ သီရိမာသောကမင်း၏ လျှောက်တောင်းပန်ချက်အရ ဂဝံပတိထေရ်က မြတ်စွာဘုရားအား သထုံပြည်သို့ ပင့်ဆောင်၍ မြတ်စွာဘုရား ကြွလာသည်။ သထုံ (သုဓမ္မဝတီ> သုဓမ္မ>သုဓမ်> သုဓိုမ်> သဓီု> သထုံ)ပြည်ရှိ ရသေ့ခြောက်ပါးတို့အား ဆံတော် ဓာတ်တဆူစီ ပေးသနားခဲ့၍ သီရိမာသောကမင်းကိုမူ ဆံတော်မပေး၊ နောက် ၃၇ နှစ်ကြာ၍ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့် အခါ၌သာ သွားတော်ဓာတ်တဆူကို ဂဝံပတိထေရ်က သီရိမာသောကမင်းထံ ဆောင်ကျဉ်းပေးလိမ့်မည်။ ထိုသွားတော်ဓာတ်တဆူမှ ၃၃ ဆူပွားမည်ဖြစ်ကြောင်း ဗျာဒိတ်တော် (သက္ကတ-ဝျာဒေဝ>ဗျာဒေသ်> ပါဠိတွင် ဗျာဒိတ္တဟူ၍လုံးဝမရှိပါ) ပေးခဲ့လေသည်။ သုံးဆယ့်ခုနစ်နှစ်ကြာ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုလျှင် သွားတော်ဓာတ်ကို သီရိမာသောကမင်း ရရှိသည်။ ဓာတ်တော် ၃၃ဆူပွား၍ စေတီ၃၃ဆူတည်ပြီးလျှင် ဌာပနာသည်။ ထိုမင်းနတ်ရွာစံ၍ ကာလရှည်ကြာသော် စေတီများပျက်စီးယိုယွင်းသည်။ ထိုစေတီများကို ရာဇာဓိရာဇ်မင်း လက်ထက်ကလည်း ပြုပြင်ခဲ့သည်။ ယခု ရှင်စောပုလက်ထက်တွင် ရှင်စောပုနှင့် သမက်တော်တို့က ပြန်လည်တည်ထားကြောင်းကို စာကြောင်း ၆၃ ကြောင်းဖြင့် ရေးထိုးထားလေသည်။ ထို့ပြင် သထုံခရိုင် တောင်စွန်းကေလာသ တောင်ပေါ်၌ သက္ကရာဇ် ၈၄၈ ခုနှစ် တပို့တွဲလဆန်း(၁)ရက် ဗုဒ္ဓွဟူးနေ့၌ ရေးထိုးသော မွန်ကျောက်စာအရ ကျောက်စာ၌ ငွေတောင်ဟုခေါ်သော ကေလာသတောင်ရှိ စေတီတော်ကို ရှင်စောပုနှင့် သားမက်တော်တို့ ပြုပြင်မွမ်းမံကြောင်း၊ ထိုငွေတောင်ရှိ စေတီသည် သီရိမာသောကမင်းရရှိသည့် သွားတော်ဓာတ်အစစ် ကိန်းဝပ်ရာစေတီဖြစ်ကြောင်း၊ ထိုစေတီတော်ကို ဟံသာဝတီမင်းအဆက်ဆက်တို့ ပြုပြင်မွမ်းမံကြောင်း၊ စေတီအနီးတွင် ရှစ်မြှောင့် ပုံသဏ္ဌာန် သိမ်တော်ကြီးတဆောင်ကိုလည်းကောင်း၊ ကေလာသ ဘုရားစေတီအတွက် ဝတ္တက လယ်ယာမြေတို့ကိုလည်းကောင်း၊ သားနှင့်အမိ မင်းနှစ်ပါးက လှူဒါန်းကြောင်းများ ပါရှိလေသည်။ အထက်ဖော်ပြပါ ကျောက်စာများအရ ရာမည ဒေသရှိ ပဲခူး(ဗဂိုး) ခရိုင်နှင့် သထုံခရိုင်အတွင်း၌ ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ရှေးဟောင်းစေတီတော်များစွာတို့ကို ပြန်လည်တည်ထား မွမ်းမံခဲ့ကြောင်း သိရှိရလေသည်။ ဘုရင်မကြီး ရှင်စောပု အများဆုံး ပြုပြင်မွမ်းမံ၍ ကုသိုလ်ကောင်းမှု အများဆုံး ပြုခဲ့သည်ဟု ယူဆရသော စေတီတော်မှာ ဒဂုန်(ရန်ကုန်)မြို့ရှိ ဒဂုန်ဆံတော်ရှင် ရွှေတိဂုံ စေတီတော်ကြီးပေတည်း။ ဘုရင်မကြီးသည် ရွှေတိဂုံဆံတော်ရှင် စေတီကြီးအား အလွန်တရာ ကြည်ညိုလှ၍ ထိုစေတီတော်ကြီးတွင် သဒ္ဓွါတရား ထက်သန်လှစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုသည်။ သမက်တော်အား ထီးနန်းလွှဲအပ်ပြီးသည့်နောက်တွင် ဒဂုန်မြို့သို့ ရွှေ့ပြောင်းစံမြန်းသည်။ ရွှေတိဂုံဘုရားကြီး၏ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယာတွင် သက္ကရာဇ် ၁၂၄၁ခုနှစ် (ခရစ်နှစ် ၁၈၈ဝ) တွင် ကျောက်စာဌာနမှ တူးဖော်တွေ့ရှိသော ပါဠိဘာသာ၊ မွန်ဘာသာ မြန်မာဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင် သုံးတိုင်ရှိသည်။ ထိုကျောက်စာများတွင် ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ဒဂုန်ဆံတော်ရှင် စေတီအား မည်ကဲ့သို ဉာဏ်တော်မြှင့်တင်၍ မည်ကဲ့သို့ ပြုပြင်မွမ်းမံခဲ့ပုံများကို အကျယ်တဝင့် ဖော်ပြထားသည်။ ထိုမွန်ကျောက်စာတွင် မွန်ကို(ရ္မန်=ရမန်) ဟုရေးထိုးခဲ့သည်။ မွန်တိုင်းဌာန ရာမညဒေသ၏ မင်းအဆက်ဆက်တို့သည် စေတီတော်ကြီးကို အစဉ်အဆက် ပြုပြင်မွမ်းမံခဲ့ကြသည်။ ထိုနောက် ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။ စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့် ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည် မွမ်းမံပုံများကို ဖော်ပြထားသည်။ ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတလုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။ စေတီတော်ကြီးအတွက် နယ်မြေလေးရပ် လှူတော်မူရာ ထိုနယ်မြေလေးရပ်မှာ ဤသို့ဖြစ်သည်။ စေတီတော်မှ အရှေ့လားသော် ကျိုက်ကနက် ဘုရားအထိ အနောက်လားသော် ကျိုက်မြောင်းဘုရားအထိ မြောက်လားသော် ကျိုက်မိုးရပ်အထိ တောင်လားသော် ကျိုက်နုတ်ဘုရား (အချို့က ကျိုက်သုတ်ဟုလည်း ဆိုသည်) အထိဟူ၍ သတ်မှတ်၍ ဘုရားကြီး၏ ဝတ္တကမြေအဖြစ် လှူတော်မူသည်။ ထို့ပြင် ဘုရားကြီး ရင်ပြင်တော်အပြည့် ကျောက်ပြားခင်းသည်။ ရင်ပြင်တော်အဆုံး ပတ်လည်တွင် မဟာရံတံတိုင်းခုနစ်ထပ် ပြုလုပ်၍ တံတိုင်းများ အကြားတွင် အုန်းပင်၊ ထန်းပင်၊ ပေပင်၊သရက် ပိန္နဲ၊ ကံ့ကော် စသည့် အပင်အမျိုးမျိုးကို စိုက်စေသည်။ တံတိုင်းအောက်ဆင့် စေတီပတ်ဝန်းကျင်တွင် ဇရပ်ကြီးများကို ဆောက်လုပ်စေလေသည်။ ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရင်မကြီး လှူဒါန်းခဲ့သော ကောင်းမှု၊ အလှူဒါနများနှင့် စပ်လျဉ်း၍ စေတီတော်ကြီးများ၏သမိုင်းနှင့် မွန်သမိုင်းတို့၌ ဖော်ပြသည်မှာ ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။ ထို့ပြင် စေတီတော်ကြီး၏ ဝေယျာဝစ္စ ဆောင်ရွက်ရန် တံခါးစောင့်၊ တံမြက်လှဲ၊ ပန်းတင်သမား၊ ဆီမီးခွက်ထွန်းသမား စသည်တို့ကိုလည်း လှူထား၍ စေတီတော်ကြီးအား မွမ်းမံပြုပြင်ရန် ပန်းထိမ်ဖိုလေးဖိုနှင့် ပတ်ဝိုင်းလေးဝိုင်းကိုလည်း ထားရှိသည်။ ဘုရင်မကြီးသည် စေတီတော်ကြီးအတွက် ထိုမျှ ပြည့်စုံလုံလောက်စွာ လှူဒါန်းထားပြီးလျှင် နေ့စဉ်နေ့တိုင်းလည်း ဥပုသ်သီတင်း ဆောက်တည်သည်။ အနောက်ဘက် စောင်းတန်းမှ ကုန်းပေါ်သို့တက်၍ ဆံတော်ရှင်စေတီတော်ကြီးကို ကြည်လင်သဒ္ဓါကြီးမားစွာဖြင့် ဖူးမြော် ကြည်ညိုလေ့ ရှိပေသည်။ ဘုရင်မကြီး ရှင်စောပုသည် သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်တွင် ဒဂုန်မြို့၌ စံနေစဉ် ကံကုန်သည်။ ပြည်ထောင်စု မြန်မာရာဇဝင်တလျှောက်တွင် တစ်ပါးတည်းသောပြည်ကြီးရှင် ဘုရင်မကြီးပေတည်း။ ခမည်းတော်၊ မောင်တော်၊ သားတော်၊ တူတော်နှင့် သမက်တော်တို့သည် မင်းချည်းနှင်နှင်ဖြစ်ကြ၍ ကိုယ်တိုင်လည်း တချိန်က အင်းဝဘုရင်လေးပါး၏ မိဖုရားအဆက်ဆက် တင်မြှောက်ခြင်းခံခဲ့ရသော ထူးခြားသည့် မဟာသွေး မဟာဆီတပါး ဖြစ်ပေသည်။ ဘုရင်မကြီး ဒဂုန်တွင် စံမြန်းစဉ်က ဘုရင်မကြီး၏ စံအိမ်တော်သည် ရွှေတိဂုံအနောက်ဘက်ရှိ စစ်တပ်နေရာဖြစ်မည်ဟု ခန့်မှန်းရကြောင်း ရွှေတိဂုံသမိုင်းတစ်စောင်တွင် ဖော်ပြသည်။ ရွှေတိဂုံဆံတော်ရှင်မြတ်၏ အနောက်တောင်ဘက်၌ မြို့နန်းတည်၍ ဆောက်လုပ်ထားသော စံအိမ်တော်၌ အသက်ထက်ဆုံး နေထိုင်ပြီးလျှင် ဥပုသ်သီလ စောင့်ထိန်းကာ တရားဘာဝနာ စီးဖြန်းလေ့ရှိသည်။ ရွှေတောင်ကြီးပမာ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်စွာ ရှိနေသော ဆံတော်ရှင်စေတီကြီးကို ဇရာရောဂါ ဖိစီး၍ ဇိဝိန္ဒြေချုပ်လုဆဲခါနီးအထိ သမာဓိတည်စွာဖြင့် အာရုံပြုကာ လက်အုပ်ချီ၍ ကြည်ညိုမြတ်နိုး ရှိခိုးလျက်ပင် ကံတော်ကုန်သည်ဟု ဆိုကြလေသည်။ ဘုရင်မကြီး နတ်ပြည်စံလွန်သောအခါတွင် အလောင်းတော်ကို ဟံသာဝတီသို့ ပြန်မယူဘဲ ဘုရင်မကြီး ပျော်မွေ့သည့် ဒဂုန်(ရန်ကုန်) တွင် သင်္ဂြိုဟ်ခဲ့သည်။ ဒဂုန်မြို့ မြေနီကုန်း ရဲတပ်စခန်းနှင့် စမ်းချောင်းအကြားတွင် ရှင်စောပုကုန်းဟု ယနေ့တိုင်ခေါ်ဝေါ်နေကြသော အရပ်ရှိရာ ထိုအရပ်သည် ရှင်စောပု၏ သင်္ချိုင်းတော်ရှိရာအရပ်ဟု ယူဆကြသည်။ ဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။ ကိုးကား မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%85%E1%80%B1%E1%80%AC%E1%80%95%E1%80%AF
ဓမ္မစေတီ
ဓမ္မစေတီမင်းသည် မဂဒူးမင်းဆက်တွင် ရှင်စောပု ပြီးနောက် နန်းတက်သည့် ၁၆ ဆက်မြောက်မင်းဖြစ်သည်။ နန်းတက်သည့် ဘွဲ့အမည်မှာ ရာမာဓိပတိ ဖြစ်သည်။ သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် ကျော်ကြားသည်။ နန်းတက်ပြီးမကြာမှီ မယားညီအစ်ကိုဖြစ်သည့် ပုသိမ်စား ဗညားအိမ်၏ ပုန်ကန်မှုကိုနှိမ်နှင်းရသေးသည်။ ထို့နောက် မိမိနိုင်ငံအတွင်း သာသနာစစ်မှန်စွာတည်တံ့ရေးကို လုံ့လပြုလေသည်။ သိမ်ဝင်ရဟန်းဖြစ်သော်လည်း သိမ်မစင်ကျယ်လျှင်၊သိက္ခာပေးသူ သံဃာများ မစင်ကျယ်လျှင် ရဟန်းအဖြစ်ကိုမရနိုင်ဟု သတ်မှတ်သည်ကြောင့် လည်းကောင်း၊ မိမိနိုင်ငံတွင်းတွင် ရဟန်းစစ်များမရှိတော့ဟု ယူဆသည့်အတွက်လည်းကောင်း သီရိလင်္ကာသို့ ရဟန်းများကို သင်္ဘောဖြင့်စေလွှတ်ပြီး သိက္ခာထပ်ခြင်းကို ပြုစေသည်။ ရာမည သို့ ထိုရဟန်းများ ပြန်ရောက်လျှင် အကြီးအမှူး အဖြစ်ခန့်ကာ အခြားရဟန်းများကို သိက္ခာထပ်စေသည်။ ထိုသို့ သိက္ခာထပ်ပွဲကျင်းပနိုင်ရန် သိမ်အသစ်ကို တည်ဆောက်ပေးသည်။ ကလျာဏီသိမ် ဟုသမုတ်သည်။ ကမ္ဘာ အကြီးဆုံး ဓမ္မစေတီ ခေါင်းလောင်းကြီး ကို သွန်းလုပ်လှူဒါန်းခဲ့သည်။ နတ်ရွာစံလျှင် သားဖြစ်သူ ဗညားရံ နန်းတက်သည်။ ထင်ရှားသော သာသနာပြုလုပ်ငန်းများ ဘုရင်မကြီးရှင်စောပုလှူဒါန်းထားသော ရွှေတိဂုံစေတီ ဝတ္တကမြေသည် ကျယ်လွန်းလှသဖြင့် ပြန်လည်ချုံ့လိုက် သည်။ ထိုသို့ချုပ်လိုက်သည့်အတွက် ရွှေအချိန် (၂၅)ပိဿာကို ရွှေတိဂုံစေတီသို့ လှူဒါန်းသည်။ အချိန်ပိဿာ (၅၀၀)ရှိကြေးခေါင်းလောင်း (၁)လုံးနှင့် သီဟိုရ်ကျောက်ပြား (၅၀၀၀၀)ခင်းပြီး လှူဒါန်းသည်။ ရွှေမော်ဓောစေတီတော်ကို ဉာဏ်တော်အမြင့်(၁၈၅)တောင်ရှိလာစေရန်(၃)တောင်မြှင့်ပြီး တည်ဆောက်သည်။ မင်းနှင့် မိဖုရားတို့၏ ကိုယ်အချိန်နှင့်ညီမျှသော ရွှေ(၆၇)ပိဿာကို စေတီတော်သို့ လှူဒါန်းပြီး ရင်ပြင်တော်ကိုလည်း သီဟိုရ်ကျောက်ပြား(၅၀၀၀၀)ခင်းပြီး လှူဒါန်းသည်။ မဟာထေရ်(၂၂)ပါး၊ တပည့်ရဟန်း(၂၂)ပါးတို့ကို အစုအဖွဲ့(၂)ခု ဖွဲ့ကာ သီဟိုဠ်သို့စေလွှတ်ပြီး သီဟိုဠ်မဟာ ထေရ်ရဟန်းတော်တို့ ဥပ္ပဇ္ဈယ်ပြုပြီး ကလျာဏီမြစ်ဖောင်သိမ်ပေါ်တွင် စင်ကြယ်သောရဟန်းတော်များအဖြစ် ပြန်လည်ခံယူစေသည်။ အဆိုပါရဟန်းများ ဟံသာဝတီသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ဂိုဏ်းရဟန်း(၈၀၀)ပါး၊ ရဟန်းငယ်အပါး(၁၄၂၆၅)၊ သာမဏေအသစ်(၆၀၁)ပါး၊ စုစုပေါင်း(၁၅၆၆၆)ပါးတို့ကို သန့်ရှင်းသော သာသနာ တွင်တည်စေပြီး သာသနာတော်ကိုလည်းသန့်ရှင်းစင်ကြယ်စေသည်။ သောဏထေရ်နှင့် ဥတ္တရထေရ်တို့မှ အစပြုခဲ့ သည့် အကွဲကွဲအပြားပြားဖြစ်လျက်ရှိသော ရာမညနိကာယ သံဃာ့ဂိုဏ်းကိုလည်း ဟံသာဝတီတွင် တစ်ခုတည်း သော သံဃာဂိုဏ်းအဖြစ် ပြန်လည်စုစည်းခဲ့သည်။ ဂန္ထဓုရ၊ ဝိပဿနာဓရတို့နှင့် ပြည့်စုံသောရဟန်းတော်များ၊ ကျွမ်းကျင်သော ပန်းရံ၊ ပန်းချီ၊ ဗိသုကာပညာရှင်များ ကို မာရ်နတ်ကို အောင်မြင်သည့် ဘုရားပွင့်တော်မူရာဒေသသို့ စေလွှတ်ကာ မဇ္ဈိမဒေသပုံတော်များအားလုံးကို ရေးဆွဲကူးယူပြန်လည်ယူဆောင်စေခဲ့ပြီး ဟံသာဝတီတွင် တည်ဆောက်ကုသိုလ်ပြုတော်မူသည်။ ဟံသာဝတီသတ္တဌာန၊ ကျိုက်ပွန်၊ ကျိုက်ဨနန်၊ ကျိုက်ကလွန်ပွန်၊ ကျိုက်မော့ပွန်၊ ကျိုက်တလဲ၊ ကျိုက်ဒေးဗဇေး၊ ကျိုက်မာရ်အောင်၊ ကျိုက်မိုးညက်တို့ကို တည်ထားသာသနာပြုတော်မူသည်။ ကျိုက်ပွန် ပတ်ဝန်းကျင်တစ်ဝိုက်တွင် ရေတွင်းပေါင်း(၃၅၀)၊ ရေကန်ပေါင်း(၁၅)ကန် တူးဖော်ပြီးကောင်းမှု ပြုသည်။ ကျောင်းကြီး(၄)ကျောင်း၊ ကျောင်းရံ(၄၀၀)ဆောက်လုပ် လှူဒါန်းသည်။ သက္ကရာဇ်(၈၃၈)ခုနှစ်တွင် ဟံသာဝတီအနောက်ဘက်၌ ကလျာဏီသိမ်တော်ကိုလည်းကောင်း၊ မွန်ဒေသအနှံ့ သိမ်ပေါင်း(၃၉၇)လုံးကိုလည်းကောင်း၊ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးအတွက် ဆောက်လုပ်လှူဒါန်းသည်။ “အဝိန္ဒဆောက်” အမည်ရ ကြေးပိဿာချိန်(၁၈၀၀၀၀)ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး သက္ကရာဇ်(၈၃၈) ခုနှစ်တွင် ရွှေတိဂုံစေတီတော်သို့ တင်လှူတော်မူသည်။ ကိုးကား မြန်မာ ဘုရင်များ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%85%E1%80%B1%E1%80%90%E1%80%AE
နာနိုနည်းပညာ
နာနိုတက္ကနော်လော်ဂျီ (; နာနို-နည်းပညာ) သည် အလွန့်အလွန် သေးငယ်သောဒြပ်ပစ္စည်း Nanoparticles တို့ကို လေ့လာသည့် သိပ္ပံ ဘာသာရပ် ဖြစ်ပေသည်။ နာနိုအတိုင်းအတာ နာနိုသည် တစ်-နန်နိုမီတာ (၁၀ ၏ ထပ်ညွှန်းကိန်း အနုတ် ၉ မီတာ: ၁၀-၉) အတိုင်းအတာကို ကိုယ်စားပြုပေသည်။ တစ်-နန်နိုမီတာသည် မီလီမီတာ၏ တစ်သန်းပုံ တစ်ပုံ (သို့) လူ့ဆံပင်လုံးပတ်၏ ၁၈၀,၀၀၀ပုံ တစ်ပုံ နှင့်ညီမျှပေသည်။ နန်နို-ဒြပ်ထုပစ္စည်း (နန်နိုအမှုန်) nanoparticles တို့သည် သေးငယ်သော်လည်း ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်ဂုဏ်သတ္တိများမှာ ဆန်းပြားကာအံ့ဩဖွယ်ကောင်းလှပေသည်။ အရောင်နှင့် ပုံပန်းသဏ္ဌာန် ကော်လွိုက်တက်စ် အခြေအနေတွင် နာနိုအမှုန်တို့၏ အရောင်(Luster, color of particles in colloidal)မှာ ၎င်းတို့၏ အရွယ်နှင့် ပုံပန်းသဏ္ဌာန်(Size and Shape) ပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲ တတ်ကြပေသည်။ ဥပမာ- ရွှေသတ္တု၏ နာနိုအမှုန်(Gold Nanoparticles) အရောင်(Luster, color of colloidal)သည် အနီ(Red)၊ အပြာ(Blue)၊ အပြာနု(Light Blue) စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပေသည်။ နန်နို-ဒြပ်ပစ္စည်းတို့သည် အလွန်ပေါ့ပါးခြင်း၊ အပူစီးကူးမှုကောင်းခြင်း၊ လျှပ်စီးမှုကောင်းခြင်းတို့မှာ မူလသတ္တု၏ဂုဏ်သတ္တိထက် များစွာသာလွန်ပေသည်။ ၎င်းဒြပ်ပစ္စည်း ထုတ်လုပ်မှု့ကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးမှာလည်း လက်ရှိလေ့လာစမ်းသပ်ချက်များအရ ပြောပလောက်အောင် မတွေ့ရသေးချေ။ အသုံးချမှုများ ၎င်း၏ထူးကဲကောင်းမွန်သော ဂုဏ်သတ္တိများကြောင့်၊ ၎င်း၏ဂုဏ်သတ္တိအမျိုးမျိုးကိုလိုက်၍ နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာဖြင့် တွေးတောကြံဆ အသုံးပြုလာ ကြပေသည်။ အထူးသဖြင့် အီလက်ထရောနစ်နယ်ပယ်၊ ဆေးပညာနယ်ပယ်၊ သတင်းနှင့်နည်းပညာဆိုင်ရာနယ်ပယ်၊ စွမ်းအင်ထိန်းသိမ်းရေးကဏ္ဌဆိုင်ရာနယ်ပယ်၊ မျိုးဗီဇဆိုင်ရာနယ်ပယ်တို့တွင် အောင်မြင်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျက် ရှိနေသည်မှာ ဆယ်စုနှစ်ခန့်ပင်ရှိပေပြီ။ ယနေ့လက်ရှိကမ္ဘာတွင်လည်း အစိုးရအသီးသီးနှင့် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်း အမျိုးမျိုးတို့သည်လည်း နန်နိုနည်းပညာ (Nanotechnology) ဖွံ့ဖြိုးရေးနှင့်၊ ၎င်းဒြပ်ပစ္စည်းကို အကျိုးရှိရှိထိရောက်စွာ အသုံးချနိုင်ရေး တို့အတွက်ရည်ရွယ်၍ တစ်စထက်တစ်စတိုး၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာနေကြပေသည်။ အမှန်စင်စစ်အားဖြင့် နန်နိုနည်းပညာ (Nanotechnology)သည် မျက်မှောက်ခေတ်သိပ္ပံနယ်ပယ်တွင် နှစ်လိုဖွယ်အကျိုးဖြစ်ထွန်းမှု၊ အံ့မခန်းသောဒြပ်ပစ္စည်းအသစ်များ ရှာဖွေတွေ့ရှိမှုတို့နှင့် အတူယှဉ်တွဲလျှက် ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ဤကမ္ဘာလောကကြီးအတွက် အမှန်တကယ်အကျိုးကျေးဇူးရှိသည့် ဆိုးကျိုးအနည်းဆုံးသော နည်းပညာသစ်တစ်ရပ် ဖြစ်သလောဆိုသည့် မေးခွန်းနှင့်လည်း ရင်ဆိုင်နေရဦးမည် ဖြစ်ပေသည်။ အက်တမ်, ဒြပ်ပစ္စည်း အခြေခံသဘောတရားများ နန်နိုသိပ္ပံနှင့် နန်နိုနည်းပညာ (Nanoscience and Nanotechnology) ၏သဘောကို နားလည်သဘောပေါက်ရန် ၎င်း၏အရေးပါပုံကို နိဒါန်းအနေနှင့် ဖော်ပြပြီးနောက် ဒြပ်သတ္တုပစ္စည်းများ၏ တည်ဆောက်ပုံနှင့်ဂုဏ်သတ္တိများကို အခြေခံကျကျနား လည်သဘောပေါက်ရန်အတွက် အက်တမ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ဖော်ပြပါမည်။ ထို့အပြင် ဒြပ်သတ္တုပစ္စည်းများ၏ သဘာဝရုပ်အခြေအနေများ၊ အက်တမ်များပုံဆောင်ခဲအဖြစ်ဖွဲ့စည်းတည်ဆောက်ပုံ၊ ၎င်းတို့၏ပုံဆောင်ခဲငြမ်းများအကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးပါမည်။ နန်နိုနည်းပညာနယ်ပယ်၌ အချိန်နှင့်တပြေးညီပင် အသစ်၊ အသစ်သောဒြပ်ပစ္စည်းများပေါ်ထွက်လျက် ရှိပေသည်။ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်သော သိပ္ပံပညာရပ်ကိုသိရှိနားလည်ရန်၊ သိပ္ပံနည်းကျကျလေ့လာအသုံးပြုနိုင်ရန်နှင့် အသုံးပြုနေစဉ်ဖြစ်ပေါ်တတ်သော ၎င်းတို့၏အပြုအမူကို ချုပ်ကိုင်ထားသည့်အချက်များကို နှံ့နှံ့စပ်စပ်သိရှိထားရန် အထူးလိုအပ်လှပေသည်။ အက်တမ် (အနုမြူ) များ အားလုံးသော အရာဝတ္ထုများကို အက်တမ် (အနုမြူ)များဖြင့် ဖွဲ့စည်တည်ဆောက်ထား၏။ အက်တမ်တစ်ခုစီ၏အလယ်ဗဟို၌ လျှပ်စစ်အဖိုဓာတ်ဆောင်သော ပရိုတွန် (Protons)နှင့် ဓာတ်မဲ့ နယူထရွန် (Neutrons)တို့ ပေါင်းစပ်ပါဝင်သော အလေးချိန်စီးသည့် အမြုတေ (Nucleus) တစ်ခုစီပါရှိပြီး ၎င်းသည်လျှပ်စစ်အဖိုဓာတ်ကိုဆောင်၏။ ဤအမြုတေကို လျှပ်စစ်အမဓာတ်ဆောင်သော တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍များသည့် အလွန်သေးငယ်သော အီလက်ထရွန်များက မိမိတို့၏ပတ်လမ်းအတိုင်း အဆက်မပြတ် လည်ပတ်၍ဝန်းရံထား၏။ အကြောင်းမှာ အမြုတေရှိ အဖိုဓာတ်နှင့် ၎င်းအားပတ်လမ်း အတိုင်းလှည့်ပတ်နေသော အီလက်ထရွန်အမဓာတ်တို့သည် အပြန်အလှန်ခိုင်မြဲစွာ ဆွဲငင်နေကြသောကြောင့်ဖြစ်ပေသည်။ အချို့သောအီလက်ထရွန်များသည် အမြုတေ ၏အနားမှ နီးကပ်စွာလှည့်ပတ်၍၊ အချို့မှာအမြုတေနှင့်ပို၍ဝေးသည့် နေရာများမှလှည့်ပတ်လျက် ရှိနေကြ၏။ အီလက်ထရွန်ပတ်လမ်း၏ ပျမ်းမျှအချင်းသည် ၁၀-၈ စင်တီမီတာ (၁/၁၀ဝ၀ဝ၀ဝ၀ဝ စင်တီမီတာ ) ခန့်ရှိ၏။ ပရိုတွန်နှင့်နှိုင်းစာပါက အီလက်ထရွန်များ၏ အလေးချိန်သည် ပြောပလောက်အောင်မရှိပေ။ အရွယ်ပမာဏအားဖြင့် အမြုတေ(Nucleus)သည် (ပျမ်းမျှ ၃×၁၀-၁၅ မီတာ) ရှိ၍၊ အက်တမ်မှာ (ပျမ်းမျှ ၃×၁၀-၁၀ မီတာ) ရှိပေသည်။ သို့ဖြစ်ခြင်းကြောင့် ပတ်လမ်းတစ်ခုရှိ အီလက်ထရွန်တစ်လုံးသည် အမြုတေ (Nucleus)ကို တိုက်မိရန်အခွင့်အရေးမှာ ဖြစ်နိုင်ချေအားဖြင့် သုညနီးပါးသာဖြစ်သည်။ အက်တမ်တစ်ခု၏ ဖွဲ့စည်းတည်ရှိနေပုံမှာ နေစကြဝဠာကို ချုံ့ထားသည်နှင့် ပုံသဏ္ဌာန်ဆင်တူလှပေသည်။ နေစကြဝဠာတွင်လည်း ဂြိုဟ်များသည် မိမိတို့၏ပတ်လမ်းအတိုင်း အကွာအဝေးအမျိုးမျိုးမှ နေကိုပတ်၍သွားသကဲ့သို့ အက်တမ်တစ်ခုတွင်လည်း အလယ်ဗဟိုရှိအမြုတေကို အီလက်ထရွန်များက မိမိတို့၏ပတ်လမ်းအတိုင်း ဦးတည်ချက်အမျိုး မျိုးနှင့် လှည့်ပတ်နေကြ၏။ ဤအချက်ကို ထောက်ရှု့ခြင်းအားဖြင့် အက်တမ်တစ်ခုသည် လုံးဝန်း၍အသားပြည့်နေသော အစိုင်အခဲမဟုတ်ပဲ ၎င်းအတွင်းရှိ နေရာအများစု (၉၉.၉၉%)မှာ မည်သည့်အရာမျှမရှိသော ဗလာနယ်သာဖြစ်ကြောင်းကို အလွယ်တကူ သိရှိနိုင်ပေသည်။ အက်တမ်တစ်ခု၏အမြုတေတွင် ပရိုတွန်များ (Protons)နှင့် နြူထရွန်များ (Neutrons) ပါရှိ၏။ ပရိုတွန်များသည် လျှပ်စစ်အဖိုဓာတ်ဆောင်ပြီး၊ နြူထရွန်များမှာ လျှပ်စစ်ဓာတ်ပြယ် (Neutral) ဖြစ်ကာ အလေးချိန်အားဖြင့်မူ ထပ်တူထပ်မျှဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် နြူထရွန်များသည် အဖိုဓာတ်ရှိသော ပရိုတွန်တစ်ခုနှင့် အမဓာတ်ရှိသော အီလက်ထရွန်တစ်ခုတို့ ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့်ဖြစ်၏။ အက်တမ်တစ်ခုအတွင်းရှိ အီလက်ထရွန်များသည် မိမိတို့၏ပတ်လမ်းများအတိုင်း အလွှာလိုက်တည်ရှိ ရွေ့လျှားနေကြ၏။ ဤပတ်လမ်းအလွှာများကို ဝန်းရံလွှာ(Shell) များဟု ခေါ်ကြ၏။ ဝန်းရံလွှာများတွင်ပါရှိသော အီလက်ထရွန်အရေအတွက်၊ ၎င်းတို့၏စီစဉ်တည်ရှိပုံ၊ အီလက်ထရွန်များမိမိဝင်ရိုးပေါ်တွင်လည်ပတ်ပုံလည်ပတ်နည်းနှင့် အဖိုဓာတ်ရှိ သောအမြုတေတို့ မည်သို့ပေါင်းစပ်ဖြစ်ပေါ်သည် စသည်တို့အပေါ်မူတည်၍ အက်တမ်၏အမျိုးအစားနှင့် ၎င်း၏ဝိသေသတို့ကိုဆုံးဖြတ်နိုင်သည်။ အက်တမ်တစ်ခုအတွင်း၌ရှိသော ဝန်းရံလွှာတစ်ခုစီတွင် အီလက်ထရွန်များသည် သတ်မှတ်ထားသည့် အရေအတွက်ထက်ပို၍ မပါဝင်နိုင်ပေ။ ဝန်းရံလွှာအားလုံးတွင်ပါရှိသော အီလက်ထရွန်အားလုံး၏ စုစုပေါင်းအရေအတွက်သည် အက်တမ်နံပါတ် သို့ အက်တမ်အမှတ်စဉ် (Atomic Number) နှင့်အတူတူပင်ဖြစ်၏။ ဥပမာအားဖြင့် ဟိုက်ဒရိုဂျင်၏ အက်တမ်နံပါတ်သည် (၁) ဖြစ်၏။ ထို့ကြောင့် ၎င်းတွင် အမြုတေ၌ ပရိုတွန်(၁)လုံးနှင့် ဝန်းရံလွှာ၌အီလက်ထရွန်(၁)လုံးသာ ပါရှိလေ၏။ အက်တမ်၏ဒြပ်ထုအလေးချိန် (Atomic Mass) သည် ၎င်း၏အမြုတေပေါ် များစွာမူတည်၏။ ပရိုတွန်နှင့် နြူထရွန်တစ်ခုစီတို့၏ ဒြပ်ထုအလေးချိန်သည် ၁.၆၇ × ၁၀-၂၄ ဂရမ်ဖြစ်၏။ အီလက်ထရွန်မှာမူ ၉.၁၁ × ၁၀-၂၈ ဂရမ်သာဖြစ်၏။ ဤကိန်းဂဏန်းနှစ်ခုကို ယှဉ်၍ကြည့်ပါက အီလက်ထရွန်၏ဒြပ်ထုသည် ပရိုတွန်၊ နြူထရွန်တို့နှင့် နှိုင်းစာပါက ပြောပလောက်အောင်မရှိပေ။ အလွန့်အလွန် သေးငယ်၏။ ထို့ကြောင့်အက်တမ်တစ်ခု၏ဒြပ်ထုသည် ၎င်းအက်တမ်အမြုတေ၏ဒြပ်ထု (ပရိုတွန် + နြူထရွန်များ အရေအတွက်၏ ဒြပ်ထု) နှင့်ညီမျှလေသည်။ အက်တမ်များပေါင်းစည်းခြင်း အက်တမ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ဖွဲ့စည်းကြရာ၌ အခြေခံဖြစ်စဉ် (Mechanism) လေးမျိုးဖြင့် ပေါင်းစပ်ဖွဲ့စည်းကြ၏။ ၎င်းလေးမျိုးမှာ- သတ္တုစည်း (Metallic Bond) ဖက်စပ်စည်း (Covalent Bond) အိုင်းယွန်းနစ်စည်း (Ionic Bond) နှင့် ဗင်ဒါဝါးလ်စည်း (Vander Waal’sBond) (ဝါ) ထပ်ဆင့်စည်း (Secondary Bond) တို့ဖြစ်ကြ၏။ သတ္တုစည်း အက်တမ်များတွင် အမြုတေအား ဝန်းရံလှည့်ပတ်နေသော ဝန်းရံလွှာရှိ အီလက်ထရွန်များသည် ဒြပ်စင်တို့၏ ဂုဏ်သတ္တိများနှင့် ထူးခြားသည့်ဝိသေသတို့ကို အဆုံးအဖြတ်ပေးရာတွင် အဓိကနေရာမှ ပါဝင်၏။ အက်တမ်၏အပြင်ဘက်ဆုံး ဝန်းရံလွှာရှိအီလက်ထရွန်ကို ဗေးလင့်အီလက်ထရွန် (Valence Electron) ဟုခေါ်ဆို၏။ ၎င်းဗေးလင့်အီလက်ထရွန်များသည် ဒြပ်စဉ်၏ ဓာတုဗေလင်စီ (Chemical Valency) မည်မျှဖြစ်သည်နှင့် ဒြပ်စင်တစ်ခုနှင့်တစ်ခုမည်သည့်အချိုးနှင့် ပေါင်းစည်းပြီး မည်ကဲ့သို့သောဓာတုဒြပ်ပေါင်း (Chemical Compound) ဖြစ်ပေါ်မည်ကိုလည်းဖော်ညွှန်း၏။ ဒြပ်စင်အချို့၏အက်တမ်များသည် ၎င်းတို့၏အပြင်ဘက်ဆုံးအလွှာရှိ အီလက်ထရွန်များကို အခြားအက်တမ်တစ်ခုသို့ ပေးလိုက်ခြင်းအားဖြင့် လျှပ်စစ်အဖိုဓာတ်ကဲသောအိုင်းယွန်း (Positive ion) များဖြစ်လာကြ၏။ အီလက်ထရွန်ကို ရယူလိုက်သောအခြားအက်တမ်မှာမူ လျှပ်စစ်အမဓာတ်ကဲသောအိုင်းယွန်း (Negative ion) ဖြစ်လာ၏။ သတ္တုအစိုင်အခဲများတွင်မူ ဗေးလင့်အီလက်ထရွန်များသည် အက်တမ်တစ်ခုမှတစ်ခုသို့ ပေးခြင်းယူခြင်းမပြုကြချေ။ သတ္တု၏အဖိုအိုင်းယွန်း၏ဘေးပတ်လည်တွင် ဘုံအဖြစ်လွတ်လပ်စွာ သွားလာလှုပ်ရှားခြင်းပြုကြ၏။ ဤကဲ့သို့ဖြစ်ပေါ်လာသော အီလက်ထရွန်အစုအဝေးကြီးကို အီလက်ထရွန်တိမ်တိုက် (Electron Cloud) (ဝါ) အီလက်ထရွန်ဓာတ်ငွေ့ (Electron Gas) ဟုလည်းခေါ်ကြ၏။ ဤသို့ဗေးလင့်အီလက်ထရွန်များသည် ဘုံတိမ်တိုက်ဖြစ်သွားသည့်အတွက် ကျန်အစိတ်အပိုင်းသည် လျှပ်စစ်အဖိုဓာတ်ရှိသောအိုင်းယွန်း များဖြစ်လာကြ၏။ ထိုအဖိုဓာတ်ရှိသောအိုင်းယွန်းများနှင့် ၎င်းတို့ကိုဝန်းရံထားသည့် လျှပ်စစ်အမဓာတ်ရှိသော အီလက်ထရွန်တိမ်တိုက်တို့သည် လျှပ်စစ်တည်ငြိမ်ဆွဲငင်အား (Electrostatic Attraction) ဖြင့် အပြန်အလှန်ဆွဲငင်ခြင်းဖြစ်ကြပြီး ခိုင်ခံ့သောပေါင်းစည်းမှုကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြစ်ပေါ်လာသော ပေါင်းစည်းမှုမျိုးကို သတ္တုစည်းဟုခေါ်၏။ သတ္တုစည်းကြောင့် သတ္တုများသည် လျှပ်စစ်စီးမှုကောင်းခြင်း၊ သတ္တုများကိုမကွဲမအက်စေပဲ အလိုရှိသည့်အတိုင်းပုံသဏ္ဌာန်ရအောင် ပလတ်စတစ်ပုံပြောင်းလဲခြင်း (Plastic Deformation) တို့ကိုပြုလုပ်နိုင်ပေသည်။ ဖက်စပ်စည်း အက်တမ်များသည် ၎င်းတို့၏အပြင်ဆုံးဝန်းရံလွှာတွင် ပါရှိသော ဗေးလင့်အီလက်ထရွန်များကို အပြန်အလှန်ပူးတွဲ၍ မျှယူကြခြင်းဖြင့် ဖြစ်ပေါ်လာသော ပေါင်းစည်းခြင်းမျိုးကို ဖက်စပ်စည်းဖြင့် ပေါင်းစည်းခြင်းဟုခေါ်သည်။ အက်တမ်တစ်ခုအတွင်း၌ရှိသော ဝန်းရံလွှာတစ်ခုစီတွင် အီလက်ထရွန်များသည် သတ်မှတ်ထားသောအရေအတွက်ထက်ပိုကာ ပါဝင်၍မရနိုင်ကြောင်းကို အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ကာဗွန်အက်တမ်တစ်လုံးတွင် ၎င်း၏အပြင်ဘက်ဆုံးရှိ ဝန်းရံလွှာ၌ ဗေးလင့်အီလက်ထရွန်(၄)လုံး ပါရှိ၏။ သို့ရာတွင် အပြင်ဘက်ဆုံးဝန်းရံလွှာတို့၌ ဗေးလင့်အီလက်ထရွန်များသည် အလွှာပေါ်မူတည်၍ ၂ လုံး (သို့) ၄ လုံး (သို့) ၈ လုံး (သို့) ၁၆ လုံး အစရှိသည်…. အထိပါဝင်နိုင်ကြပြီး၊ ၎င်းအရေအတွက်ပြည့်မှသာ တည်မြဲပြည့်စုံသော ဝန်းရံလွှာဖြစ်နိုင်ကြလေသည်။ ထို့ကြောင့် အပြင်ဘက်ဆုံးဝန်းရံလွှာတွင် အီလက်ထရွန် (၄) လုံးသာရှိ၍ ၎င်း၏ အပြင်ဘက်ဆုံးအလွှာမှာမူ အီလက်ထရွန် (၈)လုံးအထိပါဝင်နိုင်သည့် ကာဗွန်အက်တမ်များသည် ၎င်း၏ပတ်ပတ်လည်တွင်ရှိသော အခြားကာဗွန်အက်တမ် (ဝါ) အနီးအနားတွင်ရှိ အခြားသောမျိုးမတူအက်တမ် တို့တွင်ရှိသည့်ဗေးလင့်အီလက်ထရွန် (၄) လုံးနှင့် ဝေငှပေါင်းစည်းကာ ပြည့်ဝတည်မြဲသောဝန်းရံလွှာ ဖြစ်စေရလေသည်။ ကာဗွန်အက်တမ်များတွင် ဗေးလင့်အီလက်ထရွန်များကို ဤကဲ့သို့ အပြန်အလှန်ပူးတွဲ၍မျှယူကာ ခိုင်ခန့်သောပေါင်းစည်းမှု ဖြစ်ပေါ်လာခြင်းဖြင့် ဖက်စပ်စည်းဖြစ်ကြောင်းသိရှိနိုင်လေသည်။ အိုင်းယွန်းနစ်စည်း ဒြပ်ပစ္စည်းတစ်ခုတွင် အက်တမ်တစ်မျိုးထက်ပို၍ ပါဝင်ခြင်းရှိနေပါက အက်တမ်တစ်ခုသည် မိမိတွင်ရှိသော ဗေးလင့်အီလက်ထရွန်ကို အခြားအက်တမ်တစ်ခုသို့ ပေးခြင်းအားဖြင့် ထိုအက်တမ်၏ အပြင်ဘက်ဆုံးတွင်ရှိသော ဝန်းရံလွှာတွင်လိုအပ်သော အီလက်ထရွန် အရေအတွက်များကို ပြည့်စေ၏။ ဤသို့ဖြင့် အီလက်ထရွန်ကိုပေးလိုက်ရသော အက်တမ်တစ်ခုတွင် ဗေးလင့်အီလက်ထရွန်များ လျော့နည်းသွားသဖြင့်လျှပ်စစ်အဖိုအိုင်းယွန်းဓာတ်ဆောင်လာ၏။ ကျန်အက်တမ်မှာမူ အခြားအက်တမ်မှ ဗေးလင့်အီလက်ထရွန်ကို လက်ခံရရှိသဖြင့် လျှပ်စစ်အမအိုင်းယွန်းဖြစ်လာ၏။ ဤသို့ ဖြစ်ပေါ်လာသော အဖိုနှင့်အမအိုင်းယွန်းများသည် အပြန်အလှန်ဆွဲငင်ခြင်းဖြစ်ကြ၏။ ဤကဲ့သို့ အိုင်းယွန်းများဖြစ်ပေါ်လာပြီး အပြန်အလှန်ဆွဲငင်ကာ ဖြစ်ပေါ်လာသည့် ပေါင်းစည်းခြင်းမျိုးကို အိုင်ယွန်းနစ်စည်းဟုခေါ်၏။ ဗင်ဒါဝါးလ်စည်း မော်လီကျူးများအချင်းချင်း (ဝါ) အက်တမ်အုပ်စုများအချင်းချင်း အားနည်းသောလျှပ်စစ်တည်ငြိမ်ဆွဲငင်အား (Weak Electrostatic Attraction)ကြောင့် အပြန်အလှန်ဆွဲငင်ခြင်းဖြစ်ရာမှ ဗင်ဒါဝါးလ်စည်းများဖြစ်လာကြသည်။ ၎င်းပေါင်းစည်းခြင်းသည်ထပ်ဆင့်စည်း (Secondary Bond) တစ်မျိုးဖြစ်၏။ ဤပေါင်းစည်းခြင်းတွင် အက်တမ်တစ်ခုမှတစ်ခုသို့ ဗေးလင့်အီလက်ထရွန်များရွေ့လျှားခြင်းမရှိပေ။ သို့ရာတွင် မော်လီကျူး၌ပါဝင်သော အက်တမ်များသို့မဟုတ် အက်တမ်အုပ်စုများအတွင်း၌ ဖက်စပ်စည်းသို့မဟုတ် အိုင်းယွန်းနစ်စည်းအားဖြင့် ပေါင်းစည်းထားကြပြီး ဤပေါင်းစည်းထားသောမော်လီကျူးသို့မဟုတ် အက်တမ်အုပ်စုထဲတွင် လျှပ်စစ်ဂုဏ်သတ္တိမညီမျှမှုကြောင့် အဖိုစွန်းနှင့်အမစွန်းများပေါ်ပေါက်လာပြီး အချင်းချင်းအပြန်အလှန်ဆွဲငင်ကြ၏။ ဤသို့ဆွဲငင်ခြင်းကြောင့် ဖြစ်ပေါ်လာသောစည်းကို ဗင်ဒါဝါးလ်စည်းဟုခေါ်၏။ နန်နိုဒြပ်ပစ္စည်း(Nanoparticles)၏ အတိုင်းအတာပမာဏ၊ အရွယ်အစား၊ ပျော်ရည်အတွင်းပျံ့နှံ့နေမှုအတိုင်းအတာကိုသိရှိနိုင်ရန် အလင်းရောင်နှင့်ဆိုင်သော ဂုဏ်သတ္တိကိုတိုင်းတာသောအခါများတွင် ဗန်ဒါဝါးလ်စည်းဖြစ်ပေါ်သည့် မော်လီကျူး သို့မဟုတ် အက်တမ်အုပ်စု၏ လျှပ်စစ်ဂုဏ်သတ္တိမညီမျှမှု (လျှပ်စစ်အဖိုစွန်း နှင့် အမစွန်းများ၏ခြားနားမှုအတိုင်းအတာ) မှာလွန်စွာအရေးပါလှပေသည်။ Nd:YAG လေဆာ Ablation နည်းစနစ်ဖြင့် အရည်ကြားခံနယ်တွင် သတ္တု အောက်ဆိုဒ် နန်နိုဒြပ်ပစ္စည်းများ ဖြစ်ပေါ်စေခြင်း နန်နိုစကေးဒြပ်ဝတ္ထုပစ္စည်း (Nanoscale Materials) များသည် ၎င်း၏သေးငယ်သော ဒြပ်ပစ္စည်း အရွယ်ကမာဏ၏ ထူးကဲသော ရုပ်ပိုင်း၊ ဓာတ်ပိုင်းဂုဏ်သတ္တိများကြောင့် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ အထူးသဖြင့် ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ သတ္တုဗေဒပညာရှင်များသည် နည်းပညာအသစ်ဖြစ်သော ဖွံ့ဖြိုးလာနေသည့် နန်နိုနည်းပညာကို စိတ်ဝင်စားလာကြပေသည်။ နန်နိုဒြပ်ဝတ္ထုပစ္စည်းများသည် အီလက်ထရောနစ်ပစ္စည်းများ၊ ဓာတ်ကူပစ္စည်းများ (နန်နိုအရည် (Nanofluid) - အင်ဂျင်၏စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေခြင်း)၊ Lasing Materials များအဖြစ် သေးငယ်သည်ထက်သေးငယ်အောင် ပြုလုပ်ရာတွင် အလွန်အရေးကြီးလှပေသည်။ နန်နိုဒြပ်ပစ္စည်းတို့၏ ရုပ်ပိုင်း၊ ဓာတ်ပိုင်းဂုဏ်သတ္တိများသည် ၎င်း၏အရွယ်ပမာဏ (Size) ပေါ်တွင် များစွာမူတည်နေသည့်အတွက် သေးငယ်သည်ထက် သေးငယ်သောဒြပ်ပစ္စည်းများ ဖြစ်ပေါ်စေရန် ဆန်းသစ်သော နည်းနိဿယ၊ နည်းပညာကျွမ်းကျင်မှု့တို့ အထူးဖွံ့ဖြိုးတိုးတက် နေစေဖို့ လိုအပ်လှပေသည်။ သမားရိုးကျဓာတုဓာတ်လျှော့ခြင်း (Chemical Reduction) နည်းစဉ်များသည် အန္တရာယ်များသော ဓာတုဗေဒပစ္စည်းများကို အသုံးပြုရသည့်အတွက် ဖြစ်ပေါ်လာမည့် ဒြပ်ပစ္စည်းအသစ်၏ မျက်နှာပြင်တွင် ဓာတုအဆိပ်ဖြစ်ပေါ်စေနိုင်သည့်အပြင် နန်နိုဒြပ်ပစ္စည်းအသစ်၏ အရွယ်ပမာဏနှင့် ပုံပန်းသဏ္ဌာန်ကိုလည်း ထိန်းသိမ်း (Control) ရန် မစွမ်းဆောင်နိုင်ချေ။ သတ္တုအောက်ဆိုဒ် နန်နိုဒြပ်ပစ္စည်းများသည် အာရုံခံကိရိယာများ (Sensors)၊ အလင်းလွှတ်ပစ္စည်းများ (Light Emitting Devices)၊ စွမ်းအင်သုံးစွဲမှုနည်းစေသောပစ္စည်းများ (Energy Saving and Harvesting Devices) ထုတ်လုပ်ခြင်းတို့တွင် များစွာအကျိုးပြုနိုင်ပေသည်။ လက်ရှိကာလတွင် Pulsed Nd:YAG လေဆာ Ablation နည်းစနစ်ကိုသုံး၍ အရည်ကြားခံနယ်တွင် သတ္တုနှင့်သတ္တုအောက်ဆိုဒ် နန်နိုဒြပ်ပစ္စည်း (metal oxide Nanoparticles) များဖြစ်ပေါ်စေခြင်း နှင့် အရွယ်အစားထိန်းချုပ်ခြင်းမှာ နည်းနိဿယအသစ်၊ နည်းစနစ်အသစ် (New Technique) ဖြစ်ပေသည်။ နန်နိုဒြပ်ပစ္စည်းတို့၏ အရွယ်ပမာဏ၊ ပုံပန်းသဏ္ဌာန်၊ ဖွဲ့စည်းတည်ဆောက်ပုံတို့မှာ လေဆာဓာတ်ရောင်ခြည်၏ အတိုင်းအတာဘောင်၊ သက်မှတ်ချက်အတိုင်းအတာဘောင် များပေါ်တွင်များစွာ မူတည်နေပေသည်။ အထူးသဖြင့် ဓာတ်ရောင်ခြည်ပေးမှုပုံစံ၊ ဓာတ်ရောင်ခြည် လှိုင်းတွန့် တစ်ခုနှင့်တစ်ခုအကွာအဝေး (ဝါ) လှိုင်းအလျား၊ ဓာတ်ရောင်ခြည်လှိုင်း၏အကျယ်၊ ဓာတ်ရောင်ခြည်လှိုင်း သက်ရောက်မှုအကြိမ်ပေါင်း၊ အရည်ကြားခံ၏ အပူချိန်၊ ပြုလုပ်စမ်းသပ်သည့် သတ္တုမျက်နှာပြင် အထက်ထားရှိသည့် ကြားခံအရည်၏ အမြင့်၊ အသုံးပြုသည့်ဓာတ်ကူ ပစ္စည်း၏ပြင်းအား စသည်တို့ကိုဂရုပြုရပေမည်။ ထုတ်လုပ်မည့်နန်နိုဒြပ်ပစ္စည်း၏ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်၊ ဖွဲ့စည်းတည်ဆောက်ပုံတို့ကို ထိန်းချုပ်နိုင်ရန်အတွက် လေဆာဓာတ်ရောင်ခြည်၏ အတိုင်းအတာဘောင်၊ သတ်မှတ်ချက် အတိုင်းအတာဘောင်ကို ပမာဏများများ အသုံးပြုနိုင်ခြင်းကပင်လျှင် ယခုလေ့လာမှု၏ အကျိုးရလဒ် ဖြစ်ပေသည်။ ထုတ်လုပ်လိုက်သော နန်နိုဒြပ်ပစ္စည်းမှာလည်း သေးသောအရွယ် ပမာဏရှိခြင်း၊ ကျဉ်းသောပျံ့နှံ့မှုရှိခြင်း၊ ဒြပ်ပစ္စည်းမျက်နှာပြင်တွင်လည်း ဓာတုအဆိပ်အတောက် မဖြစ်ခြင်းတို့ကိုရရှိပေသည်။ ယခုလေ့လာမှုတွင် သတ္တုအောက်ဆိုဒ်နန်နိုဒြပ်ပစ္စည်းအချို့ ဖန်တီးဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့၏သွင်ပြင်လက္ခဏာများကို စူးစမ်းမှုများပါဝင်ပေသည်။ နိဂုံး မျက်မှောက်ခေတ်ကာလကို နည်းပညာနယ်ပယ်၌ နန်နိုခေတ်ဟုခေါ်မည်ဆိုလျှင် လွန်အံ့မထင်။ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ သုတေသနဌာနများ၊ တက္ကသိုလ်များတွင် နန်နိုနည်းပညာနှင့် ပတ်သက်သော သုတေသနများကို အားသွန်ခွန်စိုက် ပြုလုပ်လျက် ရှိနေကြသည်မှာ သာဓကပင်။ အမှန်အားဖြင့် နန်နိုနည်းပညာပေါ်ပေါက်ခဲ့သည်မှာ ဆယ်စုနှစ်မျှ ရှိခဲ့လေပြီ။ လက်ရှိကာလတွင်မူ နန်နိုနည်းပညာဖြစ်ပေါ်မှုမှာ အထူးတိုးတက်စွာဖြင့် တည်ရှိနေပြီး၊ နန်နိုနည်းပညာကို ပို၍ လေ့လာလိုက်စားလျက် ရှိလာကြပေသည်။ ထိုသို့လိုက်စားရာတွင် နန်နိုနည်းပညာ၏ အရေးပါသော၊ အခြေခံဖြစ်သော နန်နိုဒြပ်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ အထူးပြုလေ့လာခြင်းတို့ မှာ အရေးပါလှပေသည်။ အလွန့်အလွန်သေးငယ်လှသော နန်နိုဒြပ်ပစ္စည်းများကို လေ့လာရာတွင် ဒြပ်ပစ္စည်းတို့၏ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်၊ ပါဝင်ဓာတ်ပစ္စည်းတို့ကိုသိရှိရန် SEM (Scanning Electron Microscopy) နှင့် TEM (Transmission Electron Microscopy) တက္ကနစ်တို့မှာ မသိမဖြစ် အရေးပါလှပေသည်။ ထိုစက်ပစ္စည်းတို့တွင် အထူးသဖြင့် သိရှိလိုသည့် နန်နိုဒြပ်ပစ္စည်းကို အီလက်ထရွန်ရောင်ခြည်နှင့် ရိုက်၍ ရရှိလာသော တွေရှိချက် ကိုလေ့လာခြင်းဖြစ်ပေသည်။ ၎င်းမှ ရရှိလာသော တွေ့ရှိချက်ကို ကျွမ်းကျင်စွာ လေ့လာနိုင်ရန် အီလက်က်ထရွန်ရောင်ခြည် အသုံးပြု၍ ဓာတုအနုစိတ်လေ့လာခြင်းနည်းစနစ်မှာ မြောက်မြားလှစွာသော နည်းစနစ်များထဲမှ တတ်မြောက်၊ လေ့လာထားရှိရမည့် ဘာသာရပ်တစ်ခုဖြစ်ပေသည်။ အီလက်ထရွန်ရောင်ခြည် အသုံးပြု၍ ဓာတုအနုစိပ်လေ့လာခြင်း ဘာသာရပ်သည် ကျိုးကြောင်း ဆီလျော်မှုရှိခြင်း၊ နည်းပညာ ဗဟုသုတရစေခြင်း တည်းဟူသော နှစ်ချက်အားဖြင့်ပင်လျှင် ဆွဲဆောင်မှု ရှိလှပေသည်။ အစိုင်အခဲနှင့် အီလက်ထရွန်ရောင်ခြည် ကြား၌ ဖြစ်ပေါ်သော အတွင်းသက်ရောက်မှု အမျိုးမျိုး၏ သဘောသဘာဝနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို လွယ်ကူရှင်းလင်း ယုတ္တိတန်စွာ ရှင်းထားသည်မှာ ဤဘာသာရပ်၏ ပထမဆွဲဆောင်ချက်ဖြစ်ပေသည်။ ၎င်းတို့၏ အတွင်းသက်ရောက်မှုအမျိုးမျိုးမှ တစ်ခုနှင့်တစ်ခု ဆက်နွယ်လျှက် အောင်မြင်စွာဖြင့် နည်းမျိုးစုံစွာ ဓာတုအနုစိပ်လေ့လာနိုင်ခြင်းမှာ ဤဘာသာရပ်၏ ဒုတိယဆွဲဆောင်ချက်ဖြစ်ပေသည်။ အီလက်ထရွန်ရောင်ခြည် အသုံးပြု၍ ဓာတု အနုစိပ်လေ့လာခြင်း၏ အခြေခံသဘောတရားမှာ သေးသွယ်၊ ကျဉ်းမြောင်း၊ တိကျသော အီလက်ထရွန်ရောင်ခြည်ဖြင့် အစိုင်အခဲ တစ်ခုအပေါ်သို့ပစ်လွှတ်၍ ဖြစ်ပေါ်ရရှိလာသည့် အကျိုးဆက်ကို လေ့လာကြည့်ခြင်းပင်ဖြစ်ပေသည်။ ပစ်လွှတ်လိုက်သော အီလက်ထရွန်များသည် အရာဝတ္ထု အစိုင်အခဲနှင့် တွေ့ထိသက်ရောက်သည်နှင့် တပြိုင်နက် ပစ်လွှတ်အီလက်ထရွန်များ၏ မူလစွမ်းအင်နှင့် လားရာလမ်းကြောင်းမှာ ပြောင်းလဲသွားသည်နှင့်အတူ အပစ်ခံဝတ္ထု အစိုင်အခဲမှလည်း အိတ်ဇ်-ရောင်ခြည် (X- Rays) နှင့် အီလက်ထရွန် (အော်ဂါ-အီလက်ထရွန်, Auger electron)တို့ တပြိုင်နက်တည်း ထုတ်လွှတ်ပေသည်။ အော်ဂါ-အီလက်ထရွန် (Auger electron)မှာ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ အိတ်ဇ်-ရောင်ခြည် (X-Rays)နှင့်အတူ တပြိုင်တည်း ထွက်လာသည်မှာမှန်သော်လည်း ၎င်း၏ စွမ်းအင်မှာ (Low energy) နည်းလှပေသည်။ ဆိုလိုသည်မှာ ၎င်းအော်ဂါ-အီလက်ထရွန်များသည် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု(Specimen)၏ မျက်နှာပြင်နှင့် အနီးဆုံးတွင်သာ ဖြစ်ပေါ်လာနိုင်ပေသည်။ ထိုသို့ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု၏မျက်နှာပြင်နှင့် အနီးဆုံးတွင်သာ ဖြစ်ပေါ်သည့်အတွက် အော်ဂါ-Spectroscopy ကိုအသုံးပြု၍ အစိုင်အခဲ၊ ဝတ္ထု(Specimen)၏ မျက်နှာပြင်ကို အထူးပြု လေ့လာနိုင်ပေသည်။ အစိုင်အခဲ၊ ဝတ္ထု(Specimen)ပေါ်တွင် ပစ်လွှတ်အီလက်ထရွန်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုနှင့် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ ထွက်ပေါ်လာမည့် အမျိုးမျိုးသော ဓာတ်ရောင်ခြည်တို့ကိုလေ့လာခြင်းအားဖြင့်၊ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု၏ ဓာတုဖွဲ့စည်းမှု (Chemical composition)ကို လွယ်ကူစွာ အဖြေထုတ်နိုင်မည် ဖြစ်ပေသည်။ ရည်ညွှန်းကိုးကား The Royal Society, “Nanoscience and nanotechnology: opportunities and uncertainties”, 2004 [online]. Available:http://www.royalsociety.org/page.asp?id=1211 . V.Raghavan., Materials Sciences and Engineering, a first course, fifth edition, New Delhi – 110001 (2004). ဦးစောအောင်လှထွန်း., အသုံးချသတ္တုဗေဒပညာ, first edition, Myanmar-MES (2007). B.D Cullity., Elements of X-Ray Diffraction, second edition, USA (1959). S. C. Singh, R.K. Swanker, R. Gopal,. Laser and Spectroscopy Lab, Mater. Sci. (2007) 30, 291. Eastman, J. A., Choi, S. U. S., Li, S., Yu, W. and Thompson, L. J. (2001) Appl. Phys. Lett. 78, 718. Kuang, W., Fan, Y. and Chen, Y. (2000) Langmuir 16, 5205. Maye, M. M., Lou, Y. and Zhong, C. (2000) Langmuir 16, 7520. Huang, M. H., Mao, S., Feick, H., Yan, H., Yiying, W., Kind, H., Weber, E., Russo, R. and Yang, P. (2001) Science, 292, 1897. Singh, S.C., Gopal, R., Physica E (In Press) 2007 Singh, S.C., Gopal, R., Phys. Chem. C (Under review) 2007 နာနိုနည်းပညာ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%8A%E1%80%AC
၃၁-ဘုံ
ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ၃၁-ဘုံ ဘုရားရှိခိုးအမျိုးမျိုးစာအုပ်များတွင် အားလုံးနီးပါးသော အမျှဝေခြင်းများ၌ ၃၁-ဘုံသည် ပါဝင်လေ့ရှိသည်။ သို့သော် ၃၁-ဘုံနှင့်ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိနိုင်ပေသည်ဟု ယုံကြည်ပါသဖြင့် ၃၁-ဘုံ သိကောင်းစရာအကြောင်း ကို ရေးသားဖော်ပြရခြင်း ဖြစ်သည်။ ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ဗြဟ္မာဘုံ နှစ်ဆယ်၊ နတ်ဘုံ ခြောက်ဘုံ၊ လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ တို့ဖြစ်သည်။ ထိုသုံးဆယ့်တစ်ဘုံတည်းဟူသော ဩကာသလောကကြီးသည် အာသဝေါကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှ ထက်အောက်ပြောင်းပြန် ဗလောင်ဆန်အောင် ကျင်လည်ရဦးမည့် ဘုံဌာနများဖြစ်သည်။ မြတ်စွာဘုရား ဟောကြားထားသော နခသိခသုတ်ကိုထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှစုတေ၍ သေလွန်ကြကုန်သောသူတို့တွင် လူ့ဘုံသို့ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်၌ရှိသော မြေမှုန့် ပမာဏမျှသာရှိ၍ အပယ်လေးဘုံသို့ကျရောက်သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ လူ့ဘဝမှစုတေ၍ လူပြန်ဖြစ်သော ပမာဏ နှင့် အပါယ်လေးဘုံသို့ကျရောက်သောသူတို့၏ ပမာဏ နှိုင်းဆ၍မရအောင် ကွာခြားလှပါသည်။ လူတစ်ထောင်သေ၍ တစ်ယောက်မျှလောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူချေ။ ဗြဟ္မာဘုံ နှစ်ဆယ် ဗြဟ္မပါရိသဇ္ဖာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ပရိတ္တာသုဘာ၊ အပ္မမာဏာသုဘာ၊ သုဘကိဏှာ၊ ဝေဟပ္ဖိုလ်၊ အသညသတ်၊ အဝိဟာ၊ အတပ္မါ၊သုဒဿာ၊ သုဒဿီ၊အကနိဋ္ဌ၊ အာကာသာနဉ္စာ ယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စ ညာယတန၊နေဝသည နာသညာယတန နတ်ပြည် ခြောက်ထပ် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ လူ့ဘုံ တစ်ဘုံ လူ့ဘုံ အပါယ် လေးဘုံ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ကျမ်းကိုး ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%81%83%E1%81%81-%E1%80%98%E1%80%AF%E1%80%B6
ဗြဟ္မာဘုံ
ဗြဟ္မာဘုံ မြင့်မြတ်သော ဈာန် စသည့် ဂုဏ်တို့ဖြင့် ကြီးပွားကြသူများကို “ဗြဟ္မာ” ဟုခေါ်သည်။ ကာမဂုဏ်ဝတ္တု မွဲနိုင်သမျှမွဲမှသာ ဈာန်စသည့်တရားများ ကြွယ်ဝပြီး ကြီးပွားကြကုန်သည်။ ဗြဟ္မာဘုံ(၂၀)တွင် ရူပဗြဟ္မာဘုံ(၁၆)ဘုံ၊ (ရုပ်ခန္ဓာရှိသော ဗြဟ္မာတို့ တည်ရာ) အရူပဗြဟ္မာဘုံ(၄)ဘုံ (ရုပ်ခန္ဓာမရှိသော ဗြဟ္မာတို့ တည်ရာ) ရှိသည်။ (ယခုဖတ်ရှုသူ/သူများ ထပ်မံဖြည့်စွက်ပေးနိုင်ပါတယ်) ပါဠိမှ-မြန်မာသို့ ဘာသာပြန်အဓိပ္ပာယ် ရူပ = ရုပ် အရူပ = ရုပ်မရှိ/ရုပ်မဖြစ် (ဤသို့ရုပ်၏ဆန့်ကျင့်ဘက်အား ညွှန်းဆိုရေးသားသည်။) ရူပဗြဟ္မာ သုဗြဟ္မာပါရိသဇ္ဇာဘုံမှ အကနိဋ္ဌအထိ (၁၆)ဘုံကို ရူပဗြဟ္မာ(ရုပ်ခန္ဓာရှိသော ဗြဟ္မာတို့၏ တည်ရှိရာ) ၁၆-ဘုံဟု ခေါ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ(ရုပ်ခန္ဓာသာ) ရှိသည်။ ကျန်(၁၅)ဘုံ မှာ ရုပ်တရား(ရုပ်ခန္ဓာ)၊ နာမ်တရား(နာမ်ခန္ဓာ) ၂ပါးလုံး ရှိကြသည်။ ဤရူပဗြဟ္မာဘုံများသည် နတ်ပြည်ထက် ကြီးကျယ်ခမ်းနားကြသည်။ ယောက်ျား၊ မိန်းမ(ဖိုမ) အင်္ဂါများမရှိပေ။ သို့သော် ပုံသဏ္ဌာန်မှာ ယောက်ျားပုံ ဖြစ်သည်။ ဗြဟ္မာများ နေထိုင်ပုံမှာ ယောကီကြီးများနေထိုင်ပုံကဲ့သို့ သန့်ရှင်းစင်ကြယ်လှသည်။ အချို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသောဗြဟ္မဝိဟာရတရားလေးပါးကို ပွားများနေကြသည်။ အချို့ကား ဈာန်သမာပတ် ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။ ဗြဟ္မပါရိသဇ္ဇာ ဘုံ ဗြဟ္မပုရောဟိတာ ဘုံ မဟာဗြဟ္မာ ဘုံ ပရိတ္တာဘာ ဘုံ အပ္ပမာဏာဘာ ဘုံ အာဘဿရာ ဘုံ ပရိတ္တာသုဘာ ဘုံ အပ္ပမာဏသုဘာ ဘုံ သုဘကိဏှာ ဘုံ ဝေဟပ္ဖိုလ် ဘုံ အသညသတ် ဘုံ အဝိဟာ ဘုံ အတပ္ပါဘုံ သုဒဿာ ဘုံ သုဒဿီ ဘုံ အကနိဋ္ဌ ဘုံ အရူပဗြဟ္မာ ဘုံ (ရုပ်မရှိသော ဗြဟ္မာတို့၏ တည်ရှိရာ) ရူပဗြဟ္မာ (၁၆)ဘုံအထက်တွင် အရူပဗြဟ္မာ (၄)ဘုံ ရှိသည်။ ဘုံ(တည်ရာနေရာ) ဟု ရေးသားသည်၊ ပြောဆိုသည် ဆိုသော်လည်း တကယ့်ဘုံဗိမာန်(တည်ရာနေထိုင်ရာအရပ်) ရှိသည်မဟုတ်။ အာကာသ နဉ္စာယတနဝိပါတ် စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်အပြင်ကို အာကာသာနဉ္စာ ယတနဘုံ ဝိညာဏဉ္စာယတနဘုံ အာကိဉ္စ ညာယတနဘုံ နေဝသည နာသညာယတနဘုံ ဟုခေါ်သည်။ ဈာန်ဘုံများ ပထမဈာန်ဘုံ အထက်ပါ ဗြဟ္မာပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ သုံးဘုံကို ပထမဈာန်ရ ဗြဟ္မာတို့ နေထိုင်ရာဘုံ ဖြစ်သောကြောင့် ပထမဈာန်ဘုံ ဟုခေါ်သည်။ အဆင့်ဆင့် မဟုတ်ဘဲ တစ်ပြင်တည်း တည်နေကြသော်လည်း အသက် အရှည်အတို၊ ဘုံနိဗ္ဗာန်တို့၏ ခမ်းနားကြီးကျယ်ပုံ၊ ဘုန်းတန်ခိုး စသည်တို့တွင် ၎င်းတို့အားထုတ်ခဲ့သော အဓိပတိအားလျော်စွာ ကွာခြားကြသည်။ ဒုတိယဈာန်ဘုံ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ တို့ကို ဒုတိယဈာန် သုံးဘုံဟုခေါ်သည်။ ၎င်းသုံးဘုံသည်လည်း ကောင်းကင်တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။ ထိုဗြဟ္မာတို့တွင် အာဘဿရဗြဟ္မာတို့သည် ဗြဟ္မာမင်း(မဟာဗြဟ္မာ) ဖြစ်သည်။ တတိယဈာန်ဘုံ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤတတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံထက် မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။ ကျမ်းကိုး ၃၁-ဘုံ ဗြဟ္မာဘုံ
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%9F%E1%80%B9%E1%80%99%E1%80%AC%E1%80%98%E1%80%AF%E1%80%B6
အပါယ်လေးဘုံ
အပါယ် ဆိုသည်မှာ ပါဠိဘာသာ`အပါယ´ပုဒ်ကလာသည်။ `အပါယ´ကို `အပ+အယ´ဟု ပုဒ်ခွဲရသည်။ အပ = ကင်းသည်၊ မရှိပါ ဟု အနက်ရသည်။ အယ = နတ်ရွာ နိဗ္ဗာန်ကိုရခြင်း၊ ရောက်ခြင်း အကြောင်းဖြစ်သည့် ကုသိုလ်ကောင်းမှုကို ခေါ်သည်။ `အပ + အယ´ နှစ်ပုဒ်ကိုပေါင်းလျှင် = ကုသိုလ်ကောင်းမှု မရှိသည့်နေရာ ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် အပါယ်ဘုံသို့ ရောက်သူများသည် ကုသိုလ်ပြုခွင့်၊ ကုသိုလ်ရခွင့် မရှိပေ။ ဘုံ ဆိုသည်မှာ ပါဠိစကား `ဖြစ်ရာနေရာ၊ ဖြစ်ရာအရပ်´ ဟု အနက်ရသည်။ အပါယ်ဘုံဆိုသည်မှာ ကုသိုလ်ပြုခွင့်၊ ကုသိုလ်ရခွင့် မရှိသည့် သတ္တဝါများ၏ နေရာကို ခေါ်ဆိုသည်။ ငရဲဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံ (၄)ဘုံပေါင်းပြီး ခေါ်ခြင်းဖြစ်သည်။ ကျမ်းကိုး ၃၁-ဘုံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%95%E1%80%AB%E1%80%9A%E1%80%BA%E1%80%9C%E1%80%B1%E1%80%B8%E1%80%98%E1%80%AF%E1%80%B6
ငရဲ
၃၁-ဘုံ အတွက် ငရဲ (၃၁-ဘုံ)ကို ကြည့်ပါ။ ငရဲ ကို များစွာသော ဘာသာတရားများ အရ၊ တမလွန်တွင် ခံစားရန် နေရာဟု အသိအမှတ် ပြုကြသည်။ ငရဲသည် မကောင်းမှုပြုခဲ့သူများသာ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုကို ပြန်လည်ခံရသောနေရာ ဖြစ်သည်. ဘာသာအားလုံးနီးပါး၏ တညီတညွှတ်ထဲရှိသည့် သတ်မှတ်ချက်အရ ငရဲပြည်သည် အများအားဖြင့် မြေကြီးထဲတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာ တွင် ငရဲကို မီးတောက်မီးလျှံများ ငရဲအိုးများထဲတွင် ခံစားရသည်ဟု ဖော်ပြထားပြီး တချို့ ငရဲများတွင် ငရဲထိန်း ငရဲခွေးတို့၏ နှိပ်စက်မှုများကို ခံစားရသည်ဟု ဖော်ပြထားသည်။ ခရစ်ယာန်ဘာသာ နှင် အစ္စလာမ်ဘာသာ တွင်မူ အင်းဆက်များ မီးတောက်မီးအိုင်များ အထဲတွင် အလွန် ခံစားစေသော ညီးငြူမှုများဖြင့် ဖော်ပြသည်။ ဤကမ္ဘာလောက၌ မှီတင်းနေထိုင်ကြသော လူမျိုးအသီးသီးတို့တွင် အဆုံးအမ အသီးသီး ရှိကြကုန်၏။ ထို အဆုံးအမတို့ကို ယေဘုယျအားဖြင့် အခြေအမြစ်ရှာကြည့်လျှင် ကောင်းသော အမှုကိုပြုသူတို့သည် ချမ်းသာ၏။ မကောင်းသော အမှုကို ပြုသူတို့သည် ဆင်းရဲ၏။ ကောင်းမှုပြုသူတို့ကား ချမ်းသောဘုံ၌ စံရ၍၊ မကောင်းမှုပြုသူတို့သည် ဆင်းရဲသောဘုံ၌ ခံရသည်။ ရှေးဂရိလူမျိုးများ၏ အယူဝါဒတွင် သေသောသူတို့၏ တမလွန် ဘဝတည်ရာဌာနသည် ဟေးဒီးဖြစ်သည်ဟူ၏။ နောင်မှ ပေါ်ပေါက်လာကြသော ခရစ်ယာန်တို့က ထိုဟေးဒီးအား ငရဲဘုံဟု ယူဆကြ၏။ ယဟူဒီလူမျိုးများကမူ ငရဲကို ဂီဟင်းနားဟု ခေါ်သည်။ ပါးရှင်းလူမျိုးတို့ ကိုးကွယ်သော ဇိုရိုအက်စတာ အယူဝါဒတွင်မူ ငရဲသည် အပြစ်ကျူးလွန် ဆိုးသွမ်းသူများကို ခေတ္တဒဏ်ခတ်ရာ ဘုံဖြစ်၍ နောက်ဆုံး ကယ်တင်ရှင်ကြီး ပေါ်ထွက်လာသည့်အခါ ငရဲပျောက်ပျက်သွားလိမ့်မည်ဟု ယုံကြည်ကြသည်။ ခရစ်ယာန်အယူဝါဒတွင် ငရဲဘုံသည် အပြစ်ကျူးလွန် ဆိုးသွမ်းသူများ သွားရာဘုံဖြစ်၍ ငရဲသို့လားသူများမှာ လွတ်မြောက်ရာလမ်း မရှိချေ။ ခရစ်ယာန်ငရဲတွင် မည်သို့မည်ပုံ ငရဲခံရသည်ကိုမူ ခရစ်ယာန်ဂိုဏ်းများ ကွဲပြားသလောက် ယူဆပုံ အမျိုးမျိုး ကွဲပြားသည်။ ဗရင်ဂျီဂိုဏ်းဝင်ခရစ်ယာန်များကမူ ငရဲဘုံအပြင်၊ ပါဂဂါထရီ ခေါ်သော ဘုံရှိသေးကြောင်း၊ ထာဝရ ဘုရားသခင်အား ပစ်ပယ်ခြင်း မဟုတ်ဘဲ ယုံကြည်အားထားလျက် နှင့်ပင် ပြစ်မှုအငယ်စား ကျူးလွန်သူများသည် ကွယ်လွန်သော် အဆိုပါ ပါဂါထရီဘုံတွင် ပထမအပြစ်ဒဏ်ခံရပြီးမှ ကောင်းကင်ဘုံသို့ ရောက်နိုင်ကြောင်း၊ ပါဂါထရီဘုံတွင် ခံစားနေရခိုက် လူ့ဘုံတွင် ကျန်ရစ်သူများက ဆုတောင်းခြင်း၊ ကွယ်လွန်သူအတွက် ဘုရားရှိခိုးခြင်း ပြုလုပ်ပါက အပြစ်ဒဏ်ခံစားရမှု လျော့ပါးကြောင်းဖြင့် ယုံကြည်ကြ၏။ ထို့အပြင် ခရစ်တော် မပေါ်ခင်က ကမ္ဘာတွင် နေထိုင်ခဲ့သူ လူများအနက်၊ သူတော်ကောင်းများသည် ကောင်းကင်ဘုံသို့ မဝင်နိုင်ခဲ့သော်လည်း၊ ငရဲဘုံသို့ မရောက်ဘဲ၊ ငရဲနှင့်မနီးမဝေး လင်းဗိုးခေါ်သောဘုံတွင် နေခဲ့ကြရကြောင်း၊ ခရစ်တော်သေခြင်းမှ ပြန်၍ အသက်ရှင်ကာ ကောင်းကင်ဘုံသို့ တက်သောအခါမူ ထိုလင်းဗိုး၌ နေရသူများအား ကောင်းကင်ဘုံသို့ ကယ်တင်သွားကြောင်းဖြင့်လည်း ခရစ်ယာန်ဝါဒပေါ်စ ခေတ်ဦးက ယုံကြည်ခဲ့ကြသည်။ မွေးခါစ သေသောကလေးများ၊ ရေဖျန်း၍ ခရစ်ယာန်သာသနာသို့ မသွင်းခင် သေဆုံးသောကလေးများမှာလည်း ခရစ်ယာန် သေခြင်းမှ ပြန်၍ အသက်ရှင်ကာ ကောင်းကင်ဘုံသို့ တက်သောအခါမူ ထိုလင်းဗိုး၌ နေသူများအား ကောင်းကင်ဘုံသို့ ချမ်းသာခြင်းလည်း မရ၊ ဆင်းရဲ ည|ဉ်းပန်းခြင်းလည်း မခံရသော လင်းဗိုးဘုံသို့ ရောက်သည်ဟု ယူဆခဲ့ကြသည်။ ဤအယူကို ဗရင်ဂျီ ခရစ်ယာန်ဂိုဏ်းသည် ယခုအထိ လက်ခံကြ၏။ ခရစ် ၁၂၆၅ ခုနှစ်၌ မွေး၍ ၁၃၂၁ ခုနှစ်တွင် ကွယ်လွန်သော အီတလီလူမျိုး ဒန်တီခေါ် ကဗျာဆရာတစ်ဦးက သူ၏ ဝိညာဉ်သည် ငရဲ၊ ပါဂါထရီနှင့် ကောင်းကင်ဘုံများသို့ အနှံ့အပြား လှည့်ပတ်ကြည့်ရှုခဲ့ကြောင်းကို အီတလီဘာသာဖြင့် လင်္ကာစပ်၍ 'ဒီဗိုင်းကော်မဒီ'ခေါ် ကဗျာရှည်ကြီးကို ရေးသားခဲ့ ရာ ငရဲနှင့် ပါဂါထရီဘုံများကို စာဖတ်သူစိတ်စွဲစေလောက် အောင် ဖော်ပြနိုင်သဖြင့် အလွန်နာမည်ကျော်ကြား သွားလေ သည်။ နေမိဘုံခန်းပျို့နှင့် နှိုင်းယှဉ်ဖတ်ရှုနိုင်လေသည်။ သိုး ဆောင်းစာပေတွင် ထိုဒန်တီ၏ကဗျာပါ ငရဲခန်း၊ ပါဂါထရီခန်း တို့မှ သရုပ်ဖော်အကွက်များကို အကြိမ်များစွာ ကိုးကား ဖော်ပြ ခြင်းများကို တွေ့နိုင်ပေသည်။ ထိုကဗျာရှည်ကြီးကို အနောက်နိုင်ငံ ဘာသာစကား အရပ်ရပ်များသို့ ပြန်ဆိုထားပေသည်။ ဗုဒ္ဓသာသနာ အဆုံးအမ၌ တည်ကြကုန်သော သူတို့က ငရဲဘုံကို ချမ်းသာမရှိ၊ ဆင်းရဲအတိပြီးသော အရပ်ဖြစ်သည်ဟု ယူဆကြ၏။ ငရဲဟူသော ဝေါဟာရမှာ အဘိဓမ္မာအလိုအားဖြင့် နိရိယဟူသော ပါဠိမှ ဆင်းသက်လာသည်ဟု ဆို၏။ ပုဂံကျောက်စာ၌ ဆိုဝ်ငြယ်ဟု ရေး၏။ ဆိုးသော ငရဲဟု အဓိပ္ပာယ်ရ၏။ အဘိဓမ္မာအလို ဘုံ ၃၁ တွင် ကာမ ၁၁ ဘုံ ဟု ရှိ၏။ ထိုကာမဘုံတွင် အပါယ်လေးဘုံရှိ၏။ ထိုအပါယ် လေးပုံတို့ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံတို့ ဖြစ်ကြ၏။ ယခု ကျွနု်ပ်တို့ လူအများနေရာ ဇမ္ဗူဒီပါတောင် ကျွန်း၏ အောက်ဆုံးအထပ်၌ ဆင်းရဲအတိပြီးသော အရပ်ကြီး ရှစ်ပါးရှိသည်ဟု ဆို၏။ ယင်းကို ငရဲကြီးရှစ်ထပ်ဟု ခေါ်ကြသည်။ ငရဲကြီး ရှစ်ထပ် ၁၂၆၃ ခုနှစ်တွင် ဘီးလင်းမြို့နေ စစ်ကဲတော်ကြီး ဦးရွှေနော်စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်းအလိုအားဖြင့် ငရဲဘုံ ဖြစ်တည်ခြင်းအကြောင်းမှာ ဤသို့တည်း။ 'ကမ္ဘာဖြစ်တည်ခြင်းနှင့် တစ်ပြိုင်နက်ဖြစ်သော အပါယ်ငရဲရှစ်ထပ်တို့၏ တည်ရာအရပ် အစောက်သည်ကား အပေါ်ပထမဖြစ်သော သိဉ္ဇိုဝ်းငရဲ၏ တည်ရာဌာနသည်ကား ယူဇနာ ရှစ်ထောင့်ခြောက်ရာ ရှိ၏။ ယင်းအောက် ဒုတိယဖြစ်သော ကာလသုတ်ငရဲ တည်ရာဌာနသည်ကား ယူဇာနာရှစ်ထောင့်ရှစ်ရာရှိ၏။ ယင်းအောက် တတိယဖြစ်သော သင်္ဃာငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင်ရှိ၏။ ယင်းအောက် စတုတ္ထငရဲဖြစ်သော ရောရုဝ ငရဲတည်ရာဌာနသည်ကား ယူဇနာကိုးထောင့် နှစ်ရာ ရှိ၏။ ယင်းအောက် ပဉ္စမဖြစ်သော မဟာရောရုဝငရဲ တည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့်လေးရာ ရှိ၏။ ယင်းအောက် ဆဋ္ဌမဖြစ်သော တာပနငရဲသည်ကား ယူဇနာကိုးထောင့်ခြောက်ရာ ရှိ၏။ ယင်းအောက် သတ္တမဖြစ်သော မဟာတာပန ငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့် ရှစ်ရာရှိ၏။ ယင်းအောက် အဋ္ဌမဖြစ်သော မဟာအဝီစိ ငရဲ တည်ရာဌာနသည်ကား ယူဇနာ တစ်သောင်းရှိ၏။ ထိုငရဲ တစ်ဘုံနှင့် တစ်ဘုံအခြား အကွာယူဇနာ ခုနစ်ရာစီချည်းနှင်နှင်ခြား ကွာ၏။ ထိုငရဲရှစ်ထပ်တို့၌ တစ်ခဲနက် သံမြေခံကုန်၏။ နံရံလေးဖက်သည်လည်း တစ်ခဲနက် သံမြေပင်ကာရံလျက် ဖြစ်၏။ အထက် အပေါ်ကလည်း ထို့အတူ တစ်ခဲနက် သံမြေ လွှမ်းမိုး၏။ ထိုငရဲဲရှစ်ထပ်နှင့် တစ်ပြိုင်နက်တည်ရာ အသူရကာယ်တို့သည် ဝေဟပ္ဖိုလ် ဗြဟ္မာ့ဘုံမှ မိမိတို့ ကုသိုလ်ကံကုန်သည် ဖြစ်၍၊ မိမိတို့ ပြုဘူးသော ကုသိုလ်ကံ တိုက်တွန်းသဖြင့်၊ ကမ္မက္ခယစုတေခြင်းဖြင့် စုတေခဲ့ပြီးလျှင်၊ မိမိတို့အကုသိုလ်ကံနှင့် လျော်သင့်ရာ၊ နှစ်ကြိမ် သုံးကြိမ်ကာလ အခြားမရှိ၊ စုတိ ပဋိသန္ဓေဖြစ်၍ သိဉ္ဇိုဝ်း၊ ကာလသုတ်၊ သင်္ဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ မဟာအဝီစိ ဟူသော ငရဲကြီးရှစ်ထပ် တို့၌ အသူရကာယ်ဖြစ်သော ငရဲသူတို့သည် ရွှေအဆင်းကဲ့သို့ ချည်းနှင်နှင် အသီးအသီး များစွာ ဖြစ်ကြကုန်၏။ ထိုနှင့် တစ်ပြိုင်နက် ဘုံနန်းဗိမာန်၊ ရေကန်ဥယျာဉ်၊ သစ်ပင်နွယ်ကြိမ်၊ တောအုံ ချုံမြက်၊ အိုင်အင်း တောင်ကမ်းနှင့် တကွ၊ ဓား၊ လှံ၊ ခက်ရင်း၊ ရဲတင်း၊ ပုဆိန်၊ သံတံကျင်၊ သန်လျက်၊ သနတည်းဟူသော အသုံးအဆောင်မျိုးတို့သည် ဖြစ်ကြကုန်၏။ အဝန်း ယူဇနာ ကိုးဆယ်၊ အစောက်ယူဇနာ သုံးဆယ်ရှိသော တစ်ခဲနက် သံအိုးကင်းကြီးတစ်ခု၊ ယင်း သံအိုးကင်းကြီးတစ်ခုကို အဝန်း ယူဇနာသုံးဆယ်၊ အစောက် ယူဇနာ တစ်ဆယ်၊ တစ်ခဲနက် ပြီးသော သံအိုးကင်းငယ် တစ်ဆယ့်ခြောက်လုံး စီရံလျက်၊ ငရဲကြီးတစ်ထပ် တစ်ထပ်တို့ ဖြစ်ကြကုန်၏။ ထို့ပြင် ငရဲကြီး ရှစ်ထပ်တို့တွင် တစ်ထပ် တစ်ထပ်မှာ ရှစ်မျက်နှာ၊ ရှစ်မျက်နှာတို့တွင် အငယ်ဖြစ်သော ဥဿဒ္ဒရက်ငရဲ၊ တစ်မျက်နှာကို နှစ်လုံးနှစ်လုံးစီ၊ ယူဇနာ တစ်ထောင့်ငါးရာစီ ခြားလျက် ရံ၍ ဖြစ်ကြကုန်၏။' ငရဲကြီးရှစ်ထပ်တို့တွင် မည်သို့ပင် သတ်ဖြတ် ညှဉ်းဆဲသောလည်း ကံမကုန်သမျှ အဖန်ဖန် အသက်ရှည်၍ ခံရသောငရဲကား၊ သိဉ္ဇိုဝ်းငရဲတည်း။ မည်းနက်သော တစ်မျဉ်းကြိုးဖြင့် ချတိုင်း၍ သစ်ရွေ သကဲ့သို့ လှီးဖြတ်ခြင်းခံရသော ငရဲကား ကာလသုတ် ငရဲတည်း။ သံတောင်သံခဲကြီးတို့ဖြင့် အဖန်ဖန် လှိမ့်မွှေကြိတ်ချေ ညှဉ်းဆဲခြင်းခံရသော ငရဲကား သင်္ဃာတ ငရဲတည်း။ မီးတောက် မီးလျှံတို့ဖြင့် အဖန်ဖန် လောင်ကျွမ်းနှိပ်စက်ခံရ၍ ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးသော အသံ ရှိသည့် ငရဲကား ရောရုဝ ငရဲတည်း။ မီးခိုးမီးအုံတို့ဖြင့် ပိတ်ဖုံး နှိပ်စက်ခံရ၍ ကယ်ပါယူပါ ပြင်းစွာ အော်မြည်နေရသော ငရဲကား မဟာရောရုဝတည်း။ သံတံကျင်ကြီးတို့ဖြင့် ထိုးဖောက်ခြင်းကို ခံရ၍ တစ်ကိုယ်လုံး မီးလျှံစွဲအောင် သံတွေခဲထဲ၌ အမြဲကင်ဖုတ် ခံရေသော ငရဲကား တာပနငရဲတည်း။ အလျှံ ရဲပြောင်နေသော သံတောင်ကြီးပေါ်သို့ ရိုက်နှက် မောင်းတင်ခြင်း ခံနေရ၍ မြေထက်၌ စိုက်ထောင်ထားသော လှံသွားများပေါ်သို့ ဦးခေါင်းပြောင်းပြန်ကျသော ငရဲကား မဟာတာပန တည်း။ မီးလျှံနှင့် ငရဲသားပါ ဆင်းရဲဒုက္ခနှင့်အတူ အကြားမရှိ ပြည့်နှက်နေသော ငရဲကား အဝီစိငရဲတည်း။ ဒေဝဒူတသုတ်အရ ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တစ်ထပ်၌ လေးမျက်နှာစီရှိရာ တစ်မျက်နှာလျှင် ဥဿဒ္ဒရက် ငရဲငယ် ငါးမျိုးစီ ခြံရံနေရကား ငရဲကြီးတစ်ထပ်၏ ပတ်ဝန်းကျင်၌ ငရဲငယ်ပေါင်း ၂ဝ ရှိလေသည်။ ထိုငရဲငါးမျိုးကား ဂူထပုတိက ခေါ် ဘင်ပုတ်ငရဲ၊ ကုက္ကုလုဏှခေါ် ပြာပူငရဲ၊ သိမ္ဗလိခေါ် လက်ပံတော်ငရဲ၊ အသိပတ္တခေါ် သန်လျက်တောငရဲ၊ ခါရောဒက ခေါ် ကြိမ်ပိုက်မြစ်ငရဲ ဟူလေသည်။ မန်လည်ဆရာတော်ဘုရား၏ မဃဒေဝလင်္ကာစကားအရ တစ်နည်းအားဖြင့် ငရဲငယ် ဆယ်ပါးရှိ၏။ ယင်းတို့ကား သားငါးတို့ကို ကျိုဘိသကဲ့သို့သော လောဟကုမ္ဘီခေါ် ကြေးနီအိုးငရဲ၊ သင်ဓုန်းဓားဦးဖျားကဲ့သို့ အဆူးရှိသော လက်ပံငရဲ၊ သန်လျက်ဖြင့် ဖြတ်သကဲ့သို့သော အသိခနငရဲ၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဖြင့် လောင်းသကဲ့သို့သော တမ္ဗောဒကငရဲ၊ မီးကျီလျှံသို့ ပူသော အယောဂုဠငရဲ၊ သံမီးရောင်ထသော ကျောက်တောင်ကဲ့သို့သော သေလပဗ္ဗတငရဲ၊ ဆူပွက်သည့် မြစ်ချောင်းကဲ့သို့သော ဘုသနဒီငရဲ၊ ရိုးတွင်းခြင်ဆီ ချမ်းအောင်အေးသော သီတနဒီငရဲ၊ ခွေးဘီလူးတို့ ကိုက်ခဲသော ခွေးငရဲ၊ သွေးချောင်း စီးသော ယန္တပါသာငရဲဟူတည်း။ သိုးဆောင်းစာပေတွင် ဒန်တီ၏ ငရဲခန်းသည် ထင်ပေါ်ကျော်ကြားသကဲ့သို့ မြန်မာစာပေတွင် မြန်မာသက္ကရာဇ် ၉ဝဝ ခန့်က ရှင်အဂ္ဂသမာဓိ ရေးသားသော နေမိငရဲခန်းပျို့သည် ထင်ပေါ်ကျော်ကြားပေသည်။ ရှင်အဂ္ဂသမာဓိသည် နေမိဇာတ်တော်ကို နိက္ခမခန်း (နေမိမဂ္ဃစိုးခန်း)ပျို့၊ ငရဲခန်းပျို့၊ ဘုံခန်းပျို့ဟူ၍ သုံးပိုင်းခွဲကာ ပျို့သုံးစောင် စီရင်ခဲ့ရာ၊ ယင်းပျို့ သုံးစောင်စလုံးသည် မြန်မာစာပေသမိုင်းတွင် ဥဒါန်းတွင်ရစ် ခဲ့ပေသည်။ အထူးသဖြင့် ငရဲခန်းပျို့နှင့် ဘုံခန်းပျို့တို့ကို 'ငရဲခန်းက ခြောက်လွန်းသည်၊ ဘုံခန်းက မြေ|ာက်လွန်းသည်'ဟု မြန်မာတို့ ဆိုစမှတ်ပြုကြကုန်၏။ သို့သော် ရှင်အဂ္ဂသမာဓိ၏ ရည်ရွယ်ချက်ကား ငရဲခန်း၌ သတိသံဝေဂ ရကြစေ၍ ဘုံခန်း၌ ကောင်းမှုကုသိုလ်ဖြင့် ကောင်းမြတ်ရာ သုဂတိသို့ လားကြရန် ရည်သန်ရင်းဖြစ်လေရာ အထူးသဖြင့် ငရဲခန်းကို ထိတ်လန့်၍ ကြက်သီးမွေးညင်း ထလောက်သော စကားတို့ဖြင့် ဖွဲ့နွဲ့စပ်ဆိုခဲ့ လေသည်။ ငရဲ၏ ဒုက္ခကို လူတို့စိတ်၌ ကွင်းကွင်းကွက်ကွက် ပေါ်လေအောင် ဖွဲ့နွဲ့ရာ၌ 'မျက်ဆန်ခါတုတ်လေ၏တည်း'၊ 'အရေခွာဆုတ်လေ၏တည်း'၊ 'လွေ့လွေ့သတ်ပုတ်လေ၏တည်း'၊ 'ဦးခေါင်းဖြတ်ခုတ်လေ၏တည်း'၊ 'ဆင်းရဲ အလှေ အလှောင်းတည်း'၊ 'ကြွေးဟစ်ငိုကြ သောင်းသောင်းတည်း' ဟူသော သာမန် အရပ်သူအရပ်သားတို့ အဓိပ္ပာယ် သိလွယ်မြင်လွယ်သော စကားတို့ကို သုံးနှုန်းထားလေရာ လူ၏စိတ်ကိုများစွာ ထိခိုက်စေလေသည်။ ယင်းသို့ သံဝေဂတရား ပွားများစေသော စိတ်ကို နှိုးဆွပြီးမှ၊ 'ထွေထွေပြားပြား၊ မှတ်သားကုန်ပါ၊ လူတကာတို့၊ ဇရာမရဏ၊ အနိစ္စသည်၊ မြဲမတည်သည့်၊ လူ့ပြည်နတ်ရွာ၊ ဗြဟ္မာမလွတ်၊ ဖြစ်ပျက်တတ်၏၊ လူနတ်ဗြဟ္မာ၊ သတ္တဝါတို့၊ ခန္ဓာဟူသည်၊ အတည်မရ၊ မရဏတည့်၊ ဒုက္ခရောက်မည်၊ အမှတ် တည်၍၊ ရွှေပြည်နိဗ္ဗာန်၊ ချမ်းသာမွန်သို့၊အမှန်ရောက်ကြောင်း၊ ဘုန်းသစ်လောင်း၍၊ ကောင်းကောင်း ကျင့်ကုန်ကျရာ၏တည်း' ဟု သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းကို ညွှန်ပြလေသည်။ ကိုးကား ဘာသာရေး
https://my.wikipedia.org/wiki/%E1%80%84%E1%80%9B%E1%80%B2
ဒုတိယ ဗညားရံ
မဂဒူးမင်းဆက်မှ ဒုတိယနောက်ဆုံးမင်းဖြစ်သည့် ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)သည် ဓမ္မစေတီမင်း၏ သားတော်ဖြစ်သည်။ ထူးခြားစွာ နန်းသက်ရှည်သည့် ဘုရင်တစ်ပါးဖြစ်ကာ စိတ်ဓာတ်အားဖြင့်လည်း အလွန်အေးချမ်းသိမ်မွေ့သူ ဖြစ်သည်ဟုဆိုသည်။ သူ၏နန်းသက်တစ်လျှောက်တွင် တိုင်းပြည်သည် စစ်မက်ဘေးမရှိပဲ အေးချမ်းကာ နိုင်ငံရပ်ခြားနှင့် ဆက်ဆံမှုများကောင်းမွန်ကာ ကူးသန်းရောင်းဝယ်ရေးဖွင့်ဖြိုးသဖြင့် ဟံသာဝတီသည် ချမ်းသာသော မြို့တစ်မြို့ဖြစ်လာသည်။ စစ်မက်ရေးရာကိုစိတ်ဝင်စားမှုနည်းသကဲ့သို့ ကြိုတင်ပြင်ဆင်ရန် အားနည်းခဲ့သောကြောင့် သူ၏သားတော် သုရှင်တကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ တပင်ရွှေထီး၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%20%E1%80%97%E1%80%8A%E1%80%AC%E1%80%B8%E1%80%9B%E1%80%B6
တောင်ငူမြို့
တောင်ငူမြို့ သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်အစွန်း စစ်တောင်းမြစ်နံဘေးတွင် တည်ရှိသော မြို့ဖြစ်သည်။ တောင်ငူခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ အမှတ်(၁) ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်တည်ရှိ၍ ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ရာမြို့ဖြစ်သည်။ ပဲခူးရိုးမကို ဖြတ်၍ ပြည်မြို့သို့လည်း ကားလမ်းဆက်သွယ်ထားသည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းသည် မြို့၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှနေ၍ ကားလမ်းအားဖြင့် ၁၇၅ မိုင်ကွာဝေးပြီး၊ မီးရထားလမ်းမိုင် ၁၅၀ ကွာဝေးသည်။ ပဲခူးတိုင်းဒေသကြီး၏ ခရိုင်မြို့နယ်တစ်ခုဖြစ်ပြီး ပါဝင်သော မြို့များမှာ တောင်ငူမြို့ ထန်းတပင်မြို့ အုတ်တွင်းမြို့ ကျောက်ကြီးမြို့ ဖြူးမြို့ ရေတာရှည်မြို့ ကေတုမတီမြို့ တို့ဖြစ်ကြသည်။ တောင်ငူသည် ရှေးမင်းအဆက်ဆက်တို့ စိုးစံခဲ့သော ရှေးဟောင်းမင်းနေပြည်တော်မြို့အဖြစ် မြန်မာ့ရာဇဝင်တွင်ထင်ရှားခဲ့သည်။ ရှေးနာမည်အရ ကေတုမတီဟု နာမည်တွင်ပြီး မြန်မာရာဇဝင်တွင် ခေတ်တစ်ခေတ်အဖြစ်အထင်အရှား ရှိခဲ့သည်။ ကေတုမတီ ခေါ် တောင်ငူမြို့ဟောင်းမှ အုတ်မြို့ရိုး၊ ကျုံးနှင့် ရှေးဟောင်းစေတီ များအား ယခုထက်တိုင်တွေ့ရှိနိုင်သေးသည်။ သမိုင်းအကျဉ်း ရာဇဝင်များ၏ အဆိုအရ ဂေါတမမြတ်စွာဘုရားရှိစဉ်ကပင် တောင်ငူမြို့တည်ရှိရာအရပ်ကို ဇေယျာဝဃုနတိုင်း ဟုခေါ်ကြောင်းဖော်ပြကြသည်။ ပုဂံပြည့်ရှင် နရပတိစည်သူမင်းသည် ဇေယျာဝဃုနတိုင်းသို့ ရောက်ရှိလာပြီး မြတ်စောညီနောင်ဘုရားနှင့် ကျောက်ဆောက်ညီနောင်ဘုရားတို့ကို ဖူးမြော်ရစဉ်၊ အခြားပြိုပျက်နေသော ရှေးဟောင်းစေတီများကိုလည်း ဖူးမြော်ခဲ့ရသည်ဟုဆိုသည်။ ထိုရှေးဟောင်းစေတီများကို ပြုပြင်ရန်အတွက် သူရဲကောင်း ရမာန်ငထွေးဟု လူသိများသော အနန္တသူရအမတ်ကြီးအား တာဝန်ပေးအပ်ခဲ့သည်။ ဘုရားပြို၊ ဘုရားပျက်များ ပြင်ဆင်ရန် အနန္တသူရအမတ်ကြီး၏ သားတော် မင်းလှစောနှင့် မြေးတော် သဝန်လက်ျာတို့သည် ကမ္ဘားမြင့်ရွာကို တည်ထောင်ကာ လူသူစုရုံးပြီး နေထိုင်ခဲ့ကြသည်။ တစ်နေ့တစ်ခြား စည်ကားလာသောအခါ သဝန်လကျာ်သည် ကမ္ဘားမြင့်ရွာအား မြို့စားအဖြစ် အုပ်ချုပ်လေသည်။ ကမ္ဘားမြင့်ရွာရှိသောအရပ်မှာ ယခုတောင်ငူမြို့ မြောက်ဘက်ရှိ ဆွာမြို့ တည်ရှိရာအရပ်ဟု ဆိုကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် စည်ကားနေသော ကမ္ဘားမြင့်ရွာကြီးကို မုတ္တမမွန်ဘုရင်က တိုက်ခိုက် ဖျက်ဆီးခဲ့လေသည်။ မြို့စားသဝန်လက်ျာနှင့် သားမယားများအား ဖမ်းဆီးကာ ယခု ဖြူးမြို့ အရပ်တွင်ရှိသော ပျူရွာကြီးတွင် အကျယ်ချုပ် ဖမ်းထားလေသည်။ တောင်ငူငယ် (ပထမ တောင်ငူ) အကျဉ်းချခံရသော မြို့စား သဝန်လက်ျာ ကွယ်လွန်သောအခါ သားများဖြစ်ကြသော သဝန်ကြီးနှင့် သဝန်ငယ်တို့သည် ကမ္ဘားမြင့်ရွာရှိခဲ့မည် ထင်သောနေရာသို့ မှန်း၍ ပြန်လာခဲ့ကြလေသည်။ နေရာအမှတ်မှားသောကြောင့် ခပေါင်းချောင်းအနီးတွင် မြို့ရွာတည်၍ နေထိုင်ခဲ့ကြသည်။ မြို့အမည်ကိုလည်း တောင်ပူစာငူအငယ်ကို အစွဲပြုကာ တောင်ငူဟု နာမည်ပေးခဲ့ကြသည်။ ၎င်းအရပ်သည် ယခုတောင်ငူမြို့၏ အနောက်ဘက် ကြက်ရိုးပင်ခေါ်ရွာအနီးတွင် တည်ရှိပြီး၊ ဒေသခံများက တောင်ငူငယ်ဟု အခေါ်များကြသည်။ တောင်ငူကြီး (ဒုတိယ တောင်ငူ) တောင်ငူငယ်သည် တဖြည်းဖြည်း စည်ပင်ဝပြောလာသောအခါ မြို့ကွင်းမြို့ကွက်များ ကျဉ်းမြောင်းလာသည်။ ထိုအခါ ထောင်မှူးကရင်ဘ၏ အကူအညီဖြင့် ခပေါင်းချောင်းဖျား မြောက်ဘက်အရပ်သို့ ရွှေ့ပြောင်းကာ မြို့ရွာ တည်ထောင် ကြပြန်သည်။ မြို့အမည်ကို တောင်ငူကြီးဟု ခေါ်တွင်ကြသည်။ ထောင်မှူးကရင်ဘသည် နောင်အခါတွင် တောင်ငူမင်းဆက်၏ စတုတ္တမြောက်ဘုရင် ဖြစ်လာသည်။ အေဒီ ၁၂၈၂ မှစ၍ တောင်ငူကြီးမြို့တွင် မင်းဆက်ပေါင်း ၂၉ ဆက်စိုးစံခဲ့သည်။ ပထမဆုံးသောမင်းမှာ သဝန်ကြီးဖြစ်သည်ဟု ရှေးရာဇဝင်များတွင် ဖော်ပြကြသည်။ ဒွါရာဝတီ အေဒီ ၁၄၈၅ တွင် နန်းတက်ခဲ့သော တောင်ငူကြီးမင်းဆက်မှ ၂၉ ဆက်မြောက် မင်းကြီးညို လက်ထက်တွင် တောင်ငူကြီးမှ ပဲပုတ်ချောင်းအနီးသို့ ပြောင်းကာ မြဝတီမြို့ဟု အမည်သမုတ်ခဲ့ပြန်သည်။ မြဝတီမှ ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်း ဆုံရာအရပ်သို့ ထပ်မံပြောင်းရွှေ့ကာ မြို့အမည်အား ဒွါရာဝတီမြို့ဟု နာမည်ပေးခဲ့သည်။ ဒွါရာဝတီမြို့နေရာသည် ယခုအခါ လောကုတ္တရာဟုခေါ်သော အရပ်တွင် တည်ရှိသည်။ ဒွါရဝတီမြို့ကို အေဒီ ၁၄၉၁ တွင်တည်ထောင်၍ နှစ်ပေါင်း ၂၀ စိုးစံခဲ့သည်။ ကေတုမတီ အေဒီ ၁၄၉၁ တွင် မင်းကြီးညိုသည် ပေါင်းလောင်းမြစ်(ယခု စစ်တောင်းမြစ်) အနောက်ဘက်တွင် ကေတုမတီဟူသော မြို့အမည်ဖြင့် မြို့သစ်၊ နန်းသစ်ကို တည်ထောင်ခဲ့သည်။ ကေတုမတီမြို့ကို တည်ထောင်သောအခါမှ ယခု တောင်ငူမြို့အတွင်းရှိ ကန်တော်ကြီးသည် မြို့တွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြို့တစ်မျက်နှာတွင် တံခါး ငါးခုစီနှင့် လေးမျက်နှာပတ်လည်တွင် စုစုပေါင်း တံခါး ၂၀ ပါဝင်ဖွဲ့စည်းထားသည်။ တံခါးမုခ်ပေါက် တခုစီမှ ထွက်ရာ အဝတိုင်းတွင်လည်း သိမ်တဆောင်ကျစီ ဆောက်လုပ်ထားသည်။ မြို့ပတ်ဝန်းကျင် အရပ်တို့တွင်လည်း တီ အမည်ပါသော မြို့ငယ်ကိုးမြို့နှင့် ကုန်းအမည်ပါသော ကျေးရွာငယ် ကိုးရွာကို တည်ဆောက်ခဲ့သည်ဟု အဆိုရှိကြသည်။ မြို့တော်ဝန်းကျင်အရပ်တို့တွင် ထန်းပင် အမြောက်အမြား စိုက်ပျိုးစေခဲ့သည်။ ထို့ကြောင့် ယခုထက်တိုင် တောင်ငူမြို့တွင် တပင်ရွှေထီးထန်းတောဟူသော နာမည်ရ ထန်းတောများကို တွေ့ရှိနိုင်သည်။ မင်းကြီးညိုလက်ထက်တွင် တောင်ငူသည် တန်ခိုးအင်အား ကြီးမားလာသောကြောင့် သီးခြားလွတ်လပ်သော မင်းနေပြည်အဖြစ် ထင်ရှားလာပေသည်။ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ရန်အတွက် ထင်ရှားသော အုတ်မြစ်များကို စစ်တောင်းမြစ်ဝှမ်းဒေသတွင် ချနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မင်းကြီးညို နတ်ရွာစံပြီးနောက် အေဒီ ၁၅၃၀ တွင် တောင်ငူခေတ်တွင် ထင်ရှားသော တပင်ရွှေထီး နန်းတက်သည်။ တပင်ရွှေထီး လက်ထက်တွင် ဟံသာဝတီ (ပဲခူး) အား တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် မင်းနေပြည်ကို ဟံသာဝတီသို့ ရွှေ့ပြောင်းခဲ့သည်။ တပင်ရွှေထီး လွန်ပြီးနောက် ဘုရင့်နောင် လက်ထက်တွင် တောင်ငူခေတ်သည် မြန်မာ့သမိုင်းတွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သော ကာလဖြစ်သည်။ ဘုရင့်နောင် နန်းသက်အတွင်းတွင် မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး၊၊အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် ကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုတိယမြန်မာနိုင်ငံကို စည်းလုံးသောကာလအဖြစ် သမိုင်းဆရာများက သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။ တောင်ငူမှ အခြေချ၍ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်နိုင်ခဲ့သောကြောင့် တောင်ငူခေတ်၏ အမြင့်မားဆုံး ဂုဏ်သတင်းလည်း ဖြစ်ပေသည်။ ထိုကာလတွင် နှစ်ရှည်လများ အငြင်းပွားခဲ့သော မွန်-မြန်မာ ပဋိပက္ခများကိုလည်း ချုပ်ငြိမ်းစေကာ၊ ငြိမ်းချမ်းသောကာလ တခုကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီကို သိမ်းပိုက်ပြီးနောက်တွင် မိမိ၏ မူလအရပ်ဖြစ်သည့် တောင်ငူတွင် ညီဖြစ်သူ မင်းခေါင်အား ဘုရင်ခံအဖြစ် နန်းတင်ပေးခဲ့သည်။ အေဒီ ၁၅၈၄ တွင် နန်းတက်သော မင်းရဲသီဟသူသည် ကေတုမတီ တောင်ငူနန်းမြို့အား အသစ်တဖန် တည်ထောင်ခဲ့သည်။ ထို့ကြောင့် မင်းရဲသီဟသူအား တောင်ငူရွှေနန်းတည်မင်းဟုလည်း ခေါ်ကြသည်။ ပေါင်းလောင်းမြစ် အနောက်ဘက်ရှိ ယခု ဆင်ဆိပ်ရွာတွင် ဆင်ကျုံးကို တည်ဆောက်စေပြီး ဆင်ရိုင်းများကို ဖမ်းယူစေခဲ့သည်။ နှစ်စဉ် ဆင်ခင်း၊ မြင်းခင်းသဘင်များကိုလည်း ကျင်းပစေခဲ့ကြောင်း ရာဇဝင်များတွင် ဖော်ပြထားသည်။ ကျင်းပသော ပွဲလမ်းသဘင်များတွင် မင်းညီမင်းသားများ ကစားကြသော ဂူလီပွဲ မှာလည်း ထင်ရှားသည်။ အနောက်နိုင်ငံများတွင် ပိုလိုကစားပွဲဟု ခေါ်သော ကစားနည်းမျိုးပင်ဖြစ်သည်။ ထိုဂူလီကစားပွဲများအတွက် ယခုတောင်ငူမြို့ရှိ ကန်လမ်းနေရာတွင် ဂူလီရိုက်ကွင်းကို တည်ဆောက်ပေးခဲ့သည်။ မြို့ကိုလည်း ပိုမိုစနစ်ကျအောင် အကွက်ချ၍၊ နေရာချထားပေးနိုင်ခဲ့သည်။ ယခု ယိုးဒယားတန်းဟု ခေါ်သောနေရာတွင် ခမည်းတော် တောင်ငူမင်းခေါင် လက်ထက်က ယိုးဒယားမှ ခေါ်ဆောင်လာသော အတတ်ပညာရှင်များနှင့် သုံ့ပန်းတို့အား အကွက်ရိုက်၍ နေရာချထားပေးခဲ့သည်။ ပန်းပဲအတတ်ပညာရှင်များကိုလည်း တသီးတခြား ရပ်ကွက်ဖွဲ့၍ နေရာချထားပေးခဲ့သည်။ မင်းရဲသီဟသူသည် အေဒီ ၁၆၀၉ တွင်နတ်ရွာစံသောအခါ သားတော်ကြီးဖြစ်သူ နတ်သျှင်နောင် တောင်ငူထီးနန်းကို စိုးစံခဲ့သည်။ နတ်သျှင်နောင်သည် တောင်ငူခေတ် စာပေလောကတွင် ထင်ရှားသော ရတုဘုရင်လည်း ဖြစ်ပေသည်။ ဘုရင့်နောင်မင်းကြီး၏ သမီးတော် ရာဇဓာတုကလျာ ကို အကြောင်းပြုကာ စပ်ဆိုခဲ့သော ကဗျာ၊ လင်္ကာများမှာ ထင်ရှားလှပေသည်။ နန်းတက်ပြီး တနှစ်အကြာတွင် အင်းဝဘုရင် မဟာဓမ္မရာဇာ (အနောက်ဘက်လွန်မင်း) ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တောင်ငူနန်းကိုလည်း မှန်ကင်းချကာ၊ နတ်သျှင်နောင်ကို ပဒေသရာဇ် ဘုရင်ငယ်အဖြစ်သာ အသိအမှတ် ပြုတော့သည်။ ဤသို့သောအခြေအနေတွင် နတ်သျှင်နောင်သည် ပေါ်တူဂီလူမျိုး သန်လျင်စား ငစင်ကာ (ငဇင်ကာ) နှင့် ပူးပေါင်းမိရာမှ အေဒီ ၁၆၁၂ တွင် သန်လျင်မြို့တွင် အနောက်ဘက်လွန်မင်း၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ နတ်သျှင်နောင်သည် မြန်မာစာပေသမိုင်းတွင် ထင်ရှားသော စာဆိုပညာရှင်အဖြစ် နေရာယူထားနိုင်ခဲ့သည်။ နတ်သျှင်နောင် ကွယ်လွန်ပြီးသော အချိန်မှစ၍ တောင်ငူမြို့သည်လည်း မင်းနေပြည်တော်အဖြစ်မှ ကျဆင်းရပ်ဆဲသည်။ ပဒေသရာဇ် ခေတ်နှောင်းကာလ၊ ကုန်းဘောင်ခေတ်တွင် အလောင်းဘုရားက သူ၏ ညီအရင်းတော်စပ်ပြီး ကုန်းဘောင်ဆက်တည်ထောင်မှုတွင် ပါဝင်ခဲ့သော သတိုးသင်္ခသူ(ဦးရွှေကြူ)ကို ဘုရင်အဖြစ် ထား၍ တောင်ငူဘုရင်အဖြစ် အုပ်ချုပ်စေခဲ့သည်။ ကိုလိုနီခေတ် တောင်ငူ အင်္ဂလိပ်တို့၏ ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီးတွင် တောင်ငူမြို့သည် ကိုလိုနီနယ်ချဲ့သမားများ၏ လက်အောက်သို့ကျရောက် ခဲ့ရသည်။ မုတ္တမ၊ သထုံ၊ ရွှေကျင်စစ်ကြောင်းမှ ၁၈၅၃ ခုနှစ်တွင် တောင်ငူမြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ကာစတွင် ပဲခူးတိုင်း၏ လက်အောက်ခံခရိုင်မြို့အဖြစ်တည်ရှိရာမှ ၁၈၇၀ တွင် တနင်္သာရီတိုင်း လက်အောက်သို့ ပြောင်းရွှေ့ပေးခြင်းခံခဲ့ရသည်။ တတိယကျူးကျော်စစ်အပြီး တစ်နိုင်ငံလုံးသိမ်းပိုက်ပြီးသော အခါတွင် တောင်ငူသည် အင်္ဂလိပ် စစ်တပ်များ ထူထပ်စွာစခန်းချထားသော မြို့အဖြစ် ၁၈၉၃ ခုနှစ်အထိတည်ရှိခဲ့သည်။ တောင်ငူမြို့၏ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ တောင်ငူခရိုင်တွင် လူဦးရေအလိုက် ပထမအများ ဆုံးနေထိုင်သူများမှာ မြန်မာလူမျိုးဖြစ်ပြီး၊ ဒုတိယအများဆုံးမှာ ကရင်လူမျိုးများဖြစ်ကြသည်။ ၁၈၈၅ ခုနှစ် ရန်ကုန်-တောင်ငူ မီးရထားလမ်းဖေါက်ပြီးသည့် နောက်တွင် တောင်ငူမြို့သည် သိသိသာသာ စည်ကားတိုးတက်လာသည်။ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်လာသောကြောင့် အရောင်းအဝယ်ကောင်းကာ စည်ကားလာခဲ့ခြင်းလည်းဖြစ်သည်။ ခရစ်ယာန်သာသနာပြုများ ၏ အဓိကအချက်အချာဒေသလည်းဖြစ်လာသည်။ S.P.G သာသနာပြုအဖွဲ့သည် ၁၈၇၃ တွင်စတင်တည် ထောင်ခဲ့ပြီး၊ ဘုရားရှိခိုးကျောင်းပေါင်း ၈၉ ကျောင်း နှင့် စာသင်ကျောင်းပေါင်း ၈၈ ကျောင်းကိုတည်ဆောက်ခဲ့သည်။ ရိုမန်ကတ်သလစ် သာသနာပြုအဖွဲ့များသည် ဘုရားရှိခိုးကျောင်း ၁၄၉ ကျောင်းတည်ထောင်နိုင်ခဲ့သည်။ အမေရိကန် ဘက်(ပ်)တစ်သာသနာပြုအဖွဲ့သည် ဘုရားရှိခိုးကျောင်း(၁၅၈) ကျောင်းနှင့် စာသင်ကျောင်းပေါင်း (၇၅) ကျောင်းတည်ဆောက်နိုင်ခဲ့သည်အထိ သာသနာပြုလုပ်ငန်းများ ဖွံ့ဖြိုးခဲ့သည်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင့်ရေးအနေဖြင့် ဦးစိုးသိန်း ဂျီ-စီ-ဘီ-အေ ၏ (၁၆) ကြိမ်မြောက်ကွန်ဖရင့်ကို ၁၉၂၉၊မတ်လ၂၄ မှ ၂၇ ရက်နေ့အထိ တောင်ငူမြို့တွင် ကျင်းပခဲ့သည်။ အင်္ဂလိပ်တို့အား အပြီးအပိုင်မောင်းထုတ်လိုသောအဖွဲ့ နှင့် စေ့စပ်လိုသော အဖွဲ့များအား ညှိနိုင်းနိုင်ရန်ကျင်းပခဲ့ခြင်းဖြစ်သည်။ သို့သော် နှစ်ဘက်အင်အားစုများကို စေ့စပ်၍ မရနိုင်ပဲ၊ အစဉ်အဆက်ဦးဆောင် ခဲ့သော ခေါင်းဆောင်များသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဂိုဏ်းကွဲသွားကြလေသည်။ တို့ဗမာအစည်းအရုံး ခေါင်းဆောင်သော လွတ်လပ်ရေးတိုက်ပွဲကာလ တစ်လျှောက်တွင်၊ လူငယ်သခင်များသည် တောင်ငူမြို့လူထု အားစည်းရုံးနိုင်ခဲ့သည်။ မျိုးချစ်လူငယ်များကို စည်းရုံးသိမ်းသွင်းကာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ပါဝင်စေခဲ့ပေသည်။ ထင်ရှားသော နေရာများ တောင်ငူမြို့ရှိထင်ရှားသော နေရာများမှာ- ရွှေဆံတော် စေတီ ရှင်ပင် ကျောက်ဆောက် ဘုရား မြတ်စောညီနောင် ဘုရား ကန်တော်ကြီး ပသိချောင်း အပန်းဖြေစခန်း တောင်ငူ ကွန်ပျူတာတက္ကသိုလ် တောင်ငူ နည်းပညာ တက္ကသိုလ် တောင်ငူပညာရေးကောလိပ် တောင်ငူတက္ကသိုလ် မြလိန္ဒာဘုရား ICON shopping center အကိုးအကား မှတ်တမ်းသမိုင်း ပဲခူး-မကွေး၊ရေးသားသူ လွင်မောင်၊ ထုတ်ဝေသည့်နှစ် ၁၉၇၅ မြန်မာနိုင်ငံရှိ မြို့များ ပဲခူးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ရွှေအိုး၊ ဦး (ဖန်ချက်ဝန်)
ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်တွင် ကနောင်မင်းသားကြီး၏ အစီအမံဖြင့် မြန်မာလူငယ်များကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ စေလွှတ်ပညာသင်စေရာ ပထမဆုံး မြန်မာလူမျိုးအင်ဂျင်နီယာဘွဲ့ရတစ်ဦးပေါ်ထွက်လာသည်။ ထိုသူမှာ ပြင်သစ်ပြန် ဖန်ချက်ဝန်ဦးရွှေအိုး ဖြစ်သည်။ ငယ်ဘဝအကျဉ်း ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆တွင် ရွှေဘိုခရိုင်၊ ကျောင်မြောင်းမြို့အပိုင်မှ နွယ်ငြိမ်းရွာတွင် ဖွားမြင်သည်။ မွေးချင်းငါးဦးအနက် ဒုတိယဖြစ်သည်။ ငါးနှစ်သားအရောက်တွင် နွယ်ငြိမ်းရွာ လက်ရေးကျောင်း၌ ပညာစတင်သင်ကြားခဲ့ပြီး ၁၀နှစ်သားတွင် ရှင်သာမဏေဝတ်ခဲ့သည်။ ထိုနောက် အမရပူရသို့ ပြောင်းရွှေ့ပညာသင်ယူရာ ဆရာတော်နှင့် အတူနန်းတွင်းသို့ လိုက်ပါရလေ့ရှိရာမှ မကြာမှီ နန်းတွင်း၌ လက်ဖက်ရည်တော် အဖြစ်အမှုထမ်းခွင့်ရသည်။ ထိုစဉ်ကာလအတွင်း ကနောင်မင်းသားကြီးက လူငယ်များအား ခေတ်မီအနောက်တိုင်း ပညာရပ်များ သင်ယူရန်စေလွှတ်လိုကြောင်း နောင်တော်မင်းတုန်းမင်းအားလျှောက်တင်ရာ သဘောတူညီသဖြင့် စေလွှတ်မည့်လူငယ်များကို ရွေးချယ်သည်။ ကာလကတ္တား(ယနေ့ ကိုလ်ကတ္တား)သို့ ဦးစွာစေလွှတ်သည့် ပညာတော်သင်ငါးဦးအဖွဲ့တွင် လက်ဖက်ရည်တော် မောင်ရွှေအိုးလည်းပါဝင်ခဲ့သည်။ ကာလကတ္တားသို့ သွားရောက်ခြင်း ၁၈၅၇-နှစ်လယ်ပိုင်းတွင် ပညာတော်သင်များအား ကနောင်မင်းသားကြီး ကိုယ်တိုင် နန်းတွင်းဆောင်၌ ရွှေးချယ်ခဲ့ရာ ပထမဆုံးစေလွှတ်မည့်သူများအဖြစ် မောင်ထွန်းအောင်၊ မောင်ညွှန့်၊ အောင်ပေါက်ကျိုင်း၊ မောင်ရွှေပင်နှင့် မောင်ရွှေအိုးတို့ရွှေးချယ်ခံကြရသည်။ ပညာတော်သင်များသည် နိုင်ငံရပ်ခြားတွင် ယဉ်ကျေးစွာနေထိုင်တတ်စေရန် အတုမရှိစံကျောင်းဆရာတော်ထံတွင် အခြေခံစာပေနှင့် ယဉ်ကျေးမှုရေးရာတို့ကို သင်ယူကြရသည်။ ယောမင်းကြီးဦးဘိုးလှိုင်ကလည်း ပညာတော်သင်များအထောက်အကူ ရရှိနိုင်ရန် အလင်္ကာနိဿယကျမ်း ခေါ် ပြဋ္ဌာန်းစာအုပ်ကို အလျင်အမြန်ရေးသားပြုစုပြီး သင်ကြားပေးခဲ့သည်။ အခြေခံလေ့လာမှုများ ပြီးစီးကြပြီးနောက် ၁၈၅၇- နှစ်လယ်ပိုင်းတွင် ပညာတော်သင် ငါးဦး အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။ ပညာတော်သင်များသည် ကာလကတ္တားရှိ ဒိုရေတန်ကောလိပ်(Doreton College) တွင်ပညာသင်ကြားကြရသည်။ ကျောင်းအုပ်ကြီး ဂျော့စမစ်ကလည်း မြန်မာကျောင်းသားများကို အကူအညီများစွာပေးခဲ့သည်။ မောင်ရွှေအိုးတို့ အဖွဲ့သည် အခြေခံအင်္ဂလိပ်ဘာသာစကားသင်ယူကြပြီးနောက် အခြားသိပ္ပံ နှင့် ဝိဇ္ဇာဘာသာရပ်များကို ဆည်းပူးကြသည်။ သင်ယူကြရသည့် ဘာသာရပ်များမှာ သင်္ချာ ၊ ရူပဗေဒ၊ဓာတုဗေဒ၊သတ္တဗေဒ၊ ပထဝီဝင်နှင့် သမိုင်းတို့ဖြစ်သည်။ ပြည်တော်ပြန် မောင်ရွှေအိုးသည် ဒိုရေတန်ကောလိပ်တွင် တစ်နှစ်ခွဲကြာ ပညာဆည်းပူးခဲ့ပြီးနောက် ၁၈၅၈ နှစ်ကုန်ပိုင်းတွင် သင်္ဘောခရီးဖြင့် ပြန်လာခဲ့ကြသည်။ ရန်ကုန်တွင် ခရီးတစ်ထောက်နားကာ ၁၊ဖေဖော်ဝါရီ ၊ ၁၈၅၉တွင် မြန်မာဘုရင်ပိုင် ရေနန်းယဉ်သာ သင်္ဘောဖြင့် မန္တလေးနေပြည်တော်သို့ ပြန်လာကြသည်။ ရတနာပုံနန်းတွင်းသို့ ပြန်ရောက်ရာတွင် ကနောင်မင်းသားကြီးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။ ကံအားလျော်စွာပင် မောင်ရွှေအိုးတို့ ရန်ကုန်၌ရှိနေစဉ်အတွင်း အိန္ဒိယမှ အတူလိုက်ပါလာသည့် မြန်မာစကားတတ်ကျွမ်းသော ဘုန်းတော်ကြီး လေကွမ်တီ(Lecompte) နှင့်အတူ သာသနာပြု ဘီဂန်ဒေ(Ambrose Bigandet) ထံသွားရောက်တွေ့ဆုံရာမှ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ် ကောင့်ဟင်နရီ ဒီ ဆာဆေး (Count Henri de Sercey) နှင့်တွေ့ဆုံခဲ့ကြသည်။ ဆာဆေးသည် မြန်မာဘုရင်နှင့် ဆက်သွယ်ရန်ကြိုးစားနေသူဖြစ်သဖြင့် ရေနန်းယဉ်သာ သင်္ဘောဖြင့်ပင် ရတနာပုံနေပြည်တော်သို့ လိုက်ပါလာခဲ့သည်။ ၉၊ဖေဖော်ဝါရီ ၊ ၁၈၅၉တွင် မင်းတုန်းမင်းနှင့်တွေ့ဆုံခွင့်ရရာ မင်းတုန်းမင်းက ပြင်သစ်နိုင်ငံသို့ ပညာတော်သင် သုံးဦးစေလွှတ်လိုကြောင်း မိန့်ဆိုခဲ့ရာ သဘောတူသဖြင့် ကာလကတ္တားမှ ပြန်ရောက်စ မောင်ရွှေအိုးမှာ အတွင်းတော်မြဲ ရာထူးတိုးမြှင့်ခံရသလို ပြင်သစ်သို့ ပညာတော်သင်အဖြစ် ရွှေးချယ်စေလွှတ်ခံရပြန်သည်။ ပြင်သစ်နိုင်ငံသို့ ၁၃၊ မတ်၊ ၁၈၅၉တွင် မင်းထင်ပညာသိဒ္ဓိကျော်ခေါင် ဘွဲ့ခံအတွင်းဝန် ဦးရွှေအိုးသည် အခြားပညာတော်သင် နှစ်ဦးနှင့်အတူ မန္တလေးမှ စတင်ထွက်ခွာခဲ့သည်။ ရန်ကုန်အရောက်တွင် ဘားမားအမည်ရှိ သင်္ဘောဖြင့် ကာလကတ္တားသို့ ခရီးဆက်ခဲ့ကြသည်။ အီတလီလူမျိုး အန်ဒရေနိုက ဦးရွှေအိုးတို့အား အိန္ဒိယသို့ လိုက်ပို့ပေးသည်။ ကာလကတ္တားသို့ရောက်သော် ထိုဒေသတွင် ဝမ်းရောဂါဖြစ်ပွားနေသောကြောင့် ကြာရှည်မနေထိုင်တော့ပဲ နီမိစစ်သင်္ဘောဖြင့် ဆက်လက်ခရီးထွက်ခဲ့သည်။ မဒရပ်စ်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊အေဒင်ပင်လယ် ၊ ပင်လယ်နီတို့ကို ဖြတ်ကျော်ပြီး စူးအက်တူးမြောင်းသို့ ရောက်ရှိကြသည်။ စူးအက်တူးမြောင်း မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ မီးရထားဖြင့် ခရီးဆက်ကြသည်။ ထိုနောက် ကိုင်ရိုမှ စီယာမွိုက်သင်္ဘောဖြင့် ဆက်လက်ထွက်ခွာလာကြပြီး ၃၀၊ ဇူလိုင်၊ ၁၈၅၉တွင်ပြင်သစ်နိုင်ငံ တောင်ပိုင်းမှ မာဆေးလ်မြို့ သို့ရောက်ရှိကြသည်။ ဆာဆေး၏နေအိမ်တွင် တည်းခိုနေထိုင်ကြပြီး အင်္ဂလိပ်ပါမောက္ခဂျွန်ဆင်ထံတွင် ပြင်သစ်ဘာသာကို အဓိကသင်ယူကြသည်။ ထိုနောက် ဦးရွှေအိုးသည် ပါရီမြို့တော် ပင်သီယန်သိပ္ပံကျောင်းသို့ တက်ရောက်ခွင့်ရရှိသည်။ ပန်သီယန်ကျောင်းမှ သိပ္ပံဘွဲ့ ရရှိခဲ့ပြီးနောက် ၁၈၆၂တွင် ပါရီရှိ ဗဟို ဝိဇ္ဇာနှင့် ထုတ်လုပ်မှုကျောင်း(L'ecol des Arts et Manufactures) သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိခဲ့ပြန်သည်။ ထိုကျောင်းတွင် မဟာသိပ္ပံဘွဲ့လွန်တန်းတက်ရောက်နေရင်း တစ်ဖက်က မြို့ပြအင်ဂျင်နီယာ ဘွဲ့ရရန်အတွက်လည်း ပညာဆည်းပူးနေခဲ့သည်။ မြန်မာဘုရင်အစိုးရကလည်း ကောင်းစွာထောက်ပံ့ပေးနေခဲ့သည်။ ၄၊မတ်၊ ၁၈၆၄မှစကာ ဦးရွှေအိုးအပါအဝင် ပညာတော်သင် သုံးဦးကိုလစဉ် အင်္ဂလိပ်ဒင်္ဂါး ၈၀ဝနှုန်းဖြင့် တစ်နှစ်စာ ဒင်္ဂါး ၉၆၀ဝကို ပေးပို့ခဲ့သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကလည်း ပညာတော်သင်များကို ဂရုတစိုက်ပညာသင်စေသည်။ နိုင်ငံခြားရေးဝန်ကြီးက မကွေးမင်းကြီး ဦးကြာဥထံသို့ ၂၃၊ဇွန်၊ ၁၈၆၅ ရက်စွဲဖြင့် ပေးပို့သောစာတွင် မောင်ရွှေအိုးအား နောက်ထပ်နှစ်နှစ် ဆက်လက်ပညာသင်ခွင့်ပေးမည့် အကြောင်းကို ဖော်ပြခဲ့သည်။ သို့ဖြင့် ဦးရွှေအိုးသည် ၁၈၆၆၊ဩဂုတ်လ တွင် ပြင်သစ်နိုင်ငံမှ မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။ ထိုသို့ပညာတော်သင်နေစဉ်အတွင်း ဦးရွှေအိုးသည် ပြင်သစ်နိုင်ငံသူတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည် ဟုဆိုကြသည်။ ဒုတိယပြည်တော်ပြန် ၁၈၆၆တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရသောကြောင့် ဦးရွှေအိုးမှာ ငွေကြေးထောက်ပံ့သူ မရှိတော့သဖြင့် ပြင်သစ်သူဇနီးနှင့် သားတို့အား ထားရစ်ကာ မြန်မာနိုင်ငံသို့ ပြန်လာရသည်။ ၁၈၆၇နှစ်လယ်ပိုင်းတွင် ရန်ကုန်မှတဆင့် မန္တလေးသို့ ပြန်ရောက်လာကာ ယောအတွင်းဝန်ဦးဘိုးလှိုင်၏ လက်ထောက်စာရေးကြီးအဖြစ် အမှုထမ်းခဲ့သည်။ ထိုစဉ်အတွင်း ဖန်ချက်ပညာရပ်ဆိုင်ရာ “ဩသဓရတနာကရ” အမည်ရှိစာတမ်းကို ဆက်သွင်းခဲ့ရာ ဖန်ချက်ဝန်အဖြစ် ခန့်အပ်ခံရသည်။ တိုင်တားမင်းကြီးဦးဘိုး၏ သမီး နန္ဒာဒေဝီဘွဲ့ခံ မခင်တုတ်နှင့် လက်ဆက်ခဲ့ကာ သားသမီး ၅ ဦးထွန်းကားခဲ့သည်။ ဦးရွှေအိုးဟာ အင်္ဂလိပ်ဘာသာစကားရော၊ ပြင်သစ်ဘာသာစကားပါ ကျွမ်းကျင်တာကြောင့် ယောအတွင်းဝန် ဦးဘိုးလှိုင် လက်အောက်မှာ နိုင်ငံခြားရေးရာကိစ္စအဝဝအတွက် လုပ်ကိုင်အမှုထမ်းရသည်။ ထို့အပြင် ဦးရွှေအိုးသည် "ဩသဓရတနာကရ"အမည်ရ ဖန်ချက်ခြင်း ပညာရပ်ဆိုင်ရာစာတမ်းကို ရေးသားဆက်သွင်းခဲ့သည့်အတွက် ပထမဆုံးဖန်ချက်ဝန်အဖြစ်လည်း ခန့်အပ်ခြင်းခံခဲရသည်။ ဦးရွှေအိုးသည် ဖန်ချက်ဝန်အဖြစ် အမှုထမ်းစဉ်အတွင်း ပြင်သစ်ပညာရှင် Amdre Marie Anpere ပြုစုသော Chemistry ကျမ်းကိုမှီငြမ်းပြု၍ လောကဓာတ်ဆေးကျမ်းကြီး ခေါ် ဘာသာပြန် ဓာတုဗေဒကျမ်းတစ်စောင်ကိုလည်း ရေးသားခဲ့သည်။ ၁၅၊ဇန်နဝါရီ၊ ၁၈၇၂တွင် ဝန်ကောက်ရာထူးသို့ တိုးမြှင့်ခံရကာကင်းဝန်မင်းကြီး ဦးကောင်းနှင့်အတူ ဥရောပသို့ သံအဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ရသည်။ အပြန်တွင် မင်းတုန်းမင်း၏ ငြိုငြင်မှုကို ခံရပြီး ရာထူးကျခဲ့သေးသည်။ ကျောက်မြောင်းအတွင်းဝန် ၁၈၇၉တွင် သီပေါမင်းနန်းတက်လာပြီးနောက် ၁၈၈၀တွင် ဦးရွှေအိုးအား ကျောက်ရဲမြို့စားဝန်ထောက်အဖြစ် ရာထူးခန့်အပ်ခဲ့သည်။ ဩဂုတ်လတွင် မင်းကြီးသီရိမဟာဇေယျနန္ဒကျော်ထင် ဘွဲ့ခံအတွင်းဝန်အဖြစ် တိုးမြှင့်ခန့်အပ်ခံရသည်။ ထိုတာဝန်ကို ထမ်းဆောင်စဉ် ၂၊ဧပြီ၊ ၁၈၈၂တွင် အိန္ဒိယနိုင်ငံ ဆင်းမလားသို့ မြန်မာသံအဖွဲ့ကို ဦးဆောင်ကာ သွားရောက်ခဲ့သည်။ ၁၈၈၃တွင် မြန်မာရာဇဝင်ပြုစုရေးအဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခံရသည်။ ကျောက်မြောင်းအတွင်းဝန်ရာထူးမှာ ဦးရွှေအိုးရရှိခဲ့သည့် အမြင့်ဆုံးရာထူးဖြစ်သည်။ မြန်မာဘုရင်မင်းမှုထမ်းတစ်ဦးအနေဖြင့် နောက်ဆုံးစွမ်းဆောင်ချက်မှာ ၂၅၊နိုဝင်ဘာ ၊ ၁၈၈၅တွင် ကင်းဝန်မင်းကြီး၊ တိုင်တားမင်းကြီး တို့နှင့်အတူ စစ်ပြေငြိမ်းရေးစာချွန်လွှာကို ညလုံးပေါက်ပြုစုကာ နောက်တစ်နေ့နံနက်၌ ရွာသစ်ကြီးအရောက် ဗြိတိသျှစစ်သင်္ဘောများရှိရာသို့ သွားရောက်ပို့ဆောင်ပေးခဲ့သည်။ သိပ္ပံပညာရှင် မိတ်ဆွေများ အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်သည့် အားလျော်စွာ နိုင်ငံရပ်ခြားတွင် နေထိုင်စဉ်အတွင်း သိပ္ပံပညာရှင်တချို့နှင့် တွေ့ဆုံရင်းနှီးခွင့်ရခဲ့သည်။ ထိုသူများထဲတွင် ဓာတုဗေဒ အလှည့်ကျဇယား(Periodic Table) ကိုဖော်ထုတ်ခဲ့သူ ရုရှားသိပ္ပံပညာရှင် မင်ဒီလိ နှင့် လေယာဉ်ပျံသန်းရေးဆိုင်ရာ သိပ္ပံပညာရှင် အာဘယ်ဟူရိုဒဗီလ်နဖ် တို့မှာထင်ရှားသူများ ဖြစ်ကြသည်။ ဦးရွှေအိုးဟာ နပိုလီယံဘုရင်ရဲ့ ကြယ်တာရာတံဆိပ်ကိုပါ လက်ခံရရှိခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း သိပ္ပံပညာအပေါ်တွင် စိတ်ပါဝင်စားသူဖြစ်သည်။ ဘဝနိဂုံး ဦးရွှေအိုးသည် ပြင်သစ်နိုင်ငံမှ မြို့ပြအင်ဂျင်နီယာဘွဲ့နှင့် နပိုလီယံဘုရင်၏ ကြယ်တာရာတံဆိပ်တို့ကို ရရှိခဲ့သူ ခေတ်ပညာတတ်တစ်ဦးဖြစ်သော်လည်း သီပေါမင်းပါတော်မူပြီးနောက် ဗြိတိသျှတို့ထံတွင် ဝင်ရောက်အမှုမထမ်းခဲ့ပေ။ မြန်မာနိုင်ငံအထက်ပိုင်း ကျောက်မြောင်းမြို့တွင် ရေခဲစက်လုပ်ငန်းကို တည်ထောင်ခဲ့ပြီး အားလပ်ချိန်များတွင် စာဖတ်ခြင်း၊ လက်ဆွဲဘာဂျာတီးခြင်းတို့ဖြင့် အနားယူလေ့ရှိသည်။ သီးသန့်စာကြည့်ခန်းတွင် စာအုပ်များကို စားပွဲလေးလုံးဖြင့် ထားရှိဖတ်ရှုလေ့ရှိသည်။ ဦးရွှေအိုးသည် အသက် ၆၉နှစ်အရွယ် ၂၂၊ ဒီဇင်ဘာ၊ ၁၉၀၅တွင် ကွယ်လွန်ခဲ့သည်။ ဗြိတိသျှတို့ လက်အောက်အမှုမထမ်းသည့် စိတ်ဓာတ်ရှိသူ၏ မျိုးဆက်များအဖြစ် သားဦးခင်မောင်ကြီးမှာ အက်ဖ်အေဘွဲ့ရသော်လည်း ဟုမ္မရူးအယ်ဒီတာအဖြစ်သာ တာဝန်ထမ်းခဲ့သည်။ ဦးခင်မောင်ကြီး နှင့် ဒေါ်နု တို့၏သား(ဦးရွှေအိုး၏မြေး) သခင်စံညွှန့်မှာလည်း တိုင်းပြည်အတွက် ခြေတစ်ဖက်ပေးဆပ်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည်။ ရည်ညွှန်းကိုးကား Weekly Eleven ဂျာနယ် (No.15 , Vol.4 , ၂၁၊ ဇန်နဝါရီ ၊ ၂၀ဝ၉ ထုတ်) ကုန်းဘောင်ခေတ် မြန်မာ မှူးမတ်များ ပထမ မြန်မာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%81%8A%20%E1%80%A6%E1%80%B8%20%28%E1%80%96%E1%80%94%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%29
၃၈ ဖြာ မင်္ဂလာ
မင်္ဂလာသည် ပါဠိဘာသာစကားမှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ "မင်္ဂံလုနာတီတိမင်္ဂလံ" ဟူ၍ အနက်ဖွင့်ဆိုကြသည်။ အဓိပ္ပာယ်မှာ မကောင်းမှု ဒုစရိုက်ကို ဖြတ်တတ်၏၊ ထို့ကြောင့် မင်္ဂလာမည်၏ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် မကောင်းမှုများ မကျရောက်နိုင်အောင် ပယ်ဖျက်တတ်သည့်သဘောအား မင်္ဂလာဟု ဆိုခြင်းဖြစ်သည်။ ဗုဒ္ဓ ရှင်တော် ဟောကြားတော် မူခဲ့သော မင်္ဂလာ တရား ၃၈ ပါး ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အားလုံးတို့အား ချမ်းသာခြင်းကို ပေးတတ်သော မင်္ဂလာတရား ၃၈-ပါး (၃၈)ဖြာ မင်္ဂလာကဗျာများ ၃၈ ဖြာ မင်္ဂလာ ကို ကဗျာပုံစံဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ယံမင်္ဂလံ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို နတ်လူအများ ကြံစည်ပေ။ ဘယ်သင်းဘယ်ဟာ မင်္ဂလာစစ်ဟု သေချာဇာစ်မြစ်မသိပေ။ ဆယ့်နှစ်နှစ်တိုင်အောင် နှုတ်ပြိုင်ငြင်းလို့ မင်္ဂလာအခင်း မပြီးပေ။ မင်္ဂလာတရား ဝါဒများ ကွဲပြားနတ်လူတွေ။ အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့မင်္ဂလာတွေ။ ဧဝံ မေ သုတံ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းပျော်မွေ့ မြတ်စိန္တေ သန်းခေါင်ယံခါ မထင်ရှားသည့် နတ်သားတစ်ပါး ချဉ်းကပ်လေ လေးမြတ်ရိုသေ မင်္ဂလာသဘောကို ထင်ရှားဟောဖို့ လျှောက်ပန်ချွေ အသေဝနာတရား အစထား ဟောကြားမိန့်ခဲ့ပေ။ အဲဒါကြောင့် နာရ၊ ကြားရ ကမ္ဘာ့မင်္ဂလာတွေ။ အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ၊ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တံမံ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ။ သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။ ချမ်းသာကိုပေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ပဋိရူပ ဒေသဝါသော စ၊ ပုဗ္ဗေစ ကတ ပုညတာ၊ အတ္တသမ္မာ ပဏီဓိ စ ဧတံမင်္ဂလမုတ္တံမံ ကုသိုလ် ပညာ ဥစ္စာ ရဖို့ သင့်ရာဒေသ အမြဲနေ။ ရှေးကတင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ။ မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့၊ ဆောက်တည်လေ။ ဥစ္စာကိုပေး နေထိုင်ရေး မျှော်တွေးသုံးချက်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ဗာဟုသစ္စဉ္စ၊ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော၊ သုဘာသိတာ စ ယာ ဝါစာ ဧတံမင်္ဂလမုတ္တံမံ တတ်ကောင်းတတ်ရာ ဟူသမျှကို ကြားမြင်သုတရှိပါစေ။ အိုးအိမ်တည်ထောင်ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေ။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်စေ။ မှန်ကန်ယဉ်ကျေး ချိုသာအေး ဆိုရေးတတ်ပါစေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော၊ အနာကုလာ စ ကမ္မန္တာ ဧတံမင်္ဂလမုတ္တံမံ မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ကောင်းစွာဆပ်ပေးဝတ်ကြေကြေ။ ကြွေးသစ်ချကာ သားနှင့်မယားကို မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။ အလုပ်တာဝန်မလစ်ဟင်းနဲ့ အပြစ်ကင်းအောင် လုပ်ပါလေ။ စည်းစိမ်ကိုပေး ပြုစုရေး မျှော်တွေး သုံးချက်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ဒါနဉ္စ၊ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော၊ အနဝဇ္ဇာနိ ကမ္မာနိ ဧတံမင်္ဂလမုတ္တံမံ သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။ ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။ ဆွေမျိုးတွေကို ပစ်မထားနဲ့ သင်္ဂဟတရားနဲ့ချီးမြှောက်လေ။ သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်လေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော၊ အပ္ပမာဒေါ စ ဓမ္မေသု ဧတံမင်္ဂလမုတ္တံမံ မကောင်းမှုတွေဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ။ တွေ့ကြုံလာလျှင် မလွန်ကျူးနှင့်၊ အထူးသဖြင့် စောင့်စည်းနေ။ အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။ လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ဂါရဝေါစ၊ နိဝါတော စ၊ သန္တုဋ္ဌိ စ၊ ကတညုတာ၊ ကာလေန ဓမ္မဿဝနံ ဧတံမင်္ဂလမုတ္တံမံ အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ။ မာနတံခွန်ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နှိမ့်ချအမြဲနေ။ လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။ ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။ ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ခန္တီစ၊ သောဝစဿတာ၊ သမဏာနဉ္စ ဒဿန၊ ကာလေန ဓမ္မသာကစ္ဆာ ဧတံမင်္ဂလမုတ္တံမံ ဝတ်စားနေထိုင် ရန်ခပ်သိမ်း စိတ်ကို ချုပ်ထိန်းသည်းခံလေ။ ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ။ သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို မကြာခဏ တွေ့ဆုံလေ။ သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ တပေါစ၊ ဗြဟ္မစရိယဉ္စ၊ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ ဧတံမင်္ဂလမုတ္တံမံ လောကီအာရုံ ဇိမ်ယစ်မူးလို့ ပျော်မကြူးနဲ့ ခြိုးခြံလေ။ မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ သူမြတ်ကျင့်ထုံး ယွင်းမသွေ။ လေးပါးသစ္စာဉာဏ်မြင်ကြည့်လို့ အမှန်သိအောင် ကြိုးစားလေ။ ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ ဧတံမင်္ဂလမုတ္တံမံ ဆင်းရဲချမ်းသာ သဘာဝကို တွေ့ကြုံနေကြ လူတိုင်းပေ။ ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လှည့်စီလဲ အမြဲနေ။ လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။ သောက ကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ မင်္ဂလာအကျိုး သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို လိုက်နာကျင့်သုံး ပန်သူတွေ။ စီးပွားချမ်းသာ ကျက်သရေတိုးလို့ ကောင်းကျိုးစည်ပွင့် တဝေဝေ။ ဘေးရန်ကင်းကွာ ချစ်သူပေါလို့ ကိုယ်ရောစိတ်ရော ချမ်းသာမလေ။ ပြောဆိုကြံဆ ဆောင်သမျှ အောင်ရမည် ကိန်းသေ။ အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။ နိဂုံးကဗျာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့ ပျက်ပြားနေကြ ကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့ လူနှင့်လူချင်းသတ်ကာနေ။ ငြိမ်းချမ်းပါစေ၊ အာသီသနဲ့ စွမ်းနိုင်ရာက ကူညီသလေ။ သုံးဆယ့်ရှစ်ပါး မင်္ဂလာတရား ရေးသားဖြန့်ကာဝေ။ အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ ကမ္ဘာက သိပါစေ။ ဒဂုန်ဦးထွန်းမြင့် ဆက်စပ်ဖတ်ရှုရန် မင်္ဂလသုတ် မင်္ဂလာတရား ၃၈-ပါး ကျမ်းကိုး ယဉ်ကျေးလိမ္မာမင်္ဂလာ စာအုပ်များ မင်္ဂလာအတွေးများ - ရဝေနွယ် မင်္ဂလသုတ်အဖွင့် - သုခ ၃၈ ဖြာ မင်္ဂလာပုံပြင်များ - မင်းယုဝေ ဗုဒ္ဓဘာသာ လူငယ် ယဉ်ကျေးမှု မြန်မာ့ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%81%83%E1%81%88%20%E1%80%96%E1%80%BC%E1%80%AC%20%E1%80%99%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AC
ဧတဒဂ်
ဧတဒဂ် ဟူသော ပါဠိစကား၏အဓိပ္ပာယ်မှာ (ဧတံ+ဒဂ္ဂ) = ဧတဒဂ္ဂ = ဤသူသည်မြတ်၏ဟု မြတ်စွာဘုရား မိန့်တော်မူသော ပုဂ္ဂိုလ်ဖြစ်သည်။ မြတ်စွာဘုရား လက်ထက်တော်အခါက တပည့်သာဝကနှင့် ဒါယကာ ဒါယိကာမတို့တွင် ရှေးရှေးသော ဘဝသံသရာတို့က ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီကုသိုလ်နှင့် တောင့်တခဲ့ဖူးသော ဆုတောင်းနှင့် ဖြည့်ကျင့်ခဲ့သော ပါရမီအလျောက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသည်တို့ဖြင့် ကဲလွန်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့ကို ပရိသတ်တို့အလယ်တွင် ဘုရားရှင်ကိုယ်တော်တိုင် ရွေးချယ်ကာ ဧတဒဂ် ဘွဲ့တံဆိပ်ထူးကို ချီးကျူးပေးအပ်လေ့ရှိသည်။ ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါး (၁) 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည၊ (၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ အရှင်သာရိပုတ္တရာ၊ (၃) တန်ခိုးအရာ၌ 'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်ရသူ အရှင်မောဂ္ဂလာန်၊ (၄) ဓူတင်ဆောင် 'အဂ္ဂ ဓုတင်္ဂဓရ'ဘွဲ့တံဆိပ်ရသူ အရှင်မဟာကဿပ၊ (၅) 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ၊ (၆) အမျိုးမြတ်'အဂ္ဂ ဥစ္စကုလိက' ဘွဲ့တံဆိပ်ရသူ အရှင်ဘဒ္ဒိယ၊ (၎င်းသည် ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဆက်၍မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့ထူးတံဆိပ်ရသည်ဟူ၏။) (၇) အသံကောင်း 'အဂ္ဂ မဉ္ဇူသရ' ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍကဘဒ္ဒိယ၊ (၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် 'အဂ္ဂ သီဟနာဒိက' ဘွဲ့တံဆိပ်ရသူ အရှင်ပိဏ္ဍောလဘာရဒွါဇ၊ (၎င်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူသည် ငါ့ကိုမေးကြလော့ဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာတော်၌ ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံဖြင့်ဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏။) (၉) တရားဟောကောင်း 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ပုဏ္ဏ၊ (၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ အရှင်မဟာကစ္စည်း၊ (၁၁) စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ 'အဂ္ဂ စေတာ ဝိဝဋ္ဋ' ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်၊ (၁၂) 'အဂ္ဂ သညာ ဝိဝဋ္ဋ ကုသလ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာပန်၊ (၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင်သုဘူတိထေရ်၊ (၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေဝတထေရ်၊ (၁၅) ဈာန်ဝင်စားသောအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကင်္ခါရေဝတ၊ (၁၆) လုံ့လဝီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋေ ၂၀-တန် တန်ဆာကို လူ့ဘဝက ဝတ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ် အရှင်ကောဋိဝိသသောဏ၊ (၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ 'အဂ္ဂ ကလျာဏ ဝါက္ကရ' ဘွဲ့တံဆိပ်ရသူ လူ့ဘဝက တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့် အရှင်ကုဋိကဏ္ဏသောဏ၊ (၁၈) လာဘ်ပေါများသော အရာ၌ 'အဂ္ဂ လာဘီ' ဘွဲ့တံဆိပ်ရသူ အရှင်သီဝလိ၊ (၁၉) သဒ္ဓါအားကြီးသောအရာ၌ 'အဂ္ဂ သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်ရသူ အရှင်ဝက္ကလိ၊ (၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ 'အဂ္ဂ သိက္ခာကာမ' ဘွဲ့တံဆိပ်ရ သားတော် အရှင်ရာဟုလာ။ (၂၁) 'အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ရဋ္ဌပါလ၊ (၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ 'အဂ္ဂ ပဌမ သလာက ဂဏှန္တ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍဒါန၊ (၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း 'အဂ္ဂ ပဋိဘာဝနဝန္တ' ဘွဲ့တံဆိပ်ရသူ အရှင်ဝင်္ဂီသ၊ (၂၄) ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ 'အဂ္ဂ သမန္တ ပါသာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ဥပသေန၊ (၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ 'အဂ္ဂ သောနာသန ပညာပက' ဘွဲ့တံဆိပ်ရသူ အရှင် ဒဗ္ဗ၊ (၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ 'အဂ္ဂ ဒေဝါနံ ဝိယမနာပ' ဘွဲ့တံဆိပ်ရသူ အရှင် ပိလိန္ဒဝစ္ဆ၊ (၂၇) တရားကို လျင်စွာသိသောအရာ၌ 'အဂ္ဂခိပ္ပါဘိည'ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ၊ (၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ၊ (၂၉) 'အဂ္ဂ ပဋိသမ္ဘိဒါပတ္တ' ဉာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကောဋ္ဌိတ၊ (၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူ အရှင်အာနန္ဒ၊ (၃၁) အခြံအရံများခြင်း၌ 'အဂ္ဂ မဟာပရိသ' ဘွဲ့တံဆိပ်ရသူ အရှင် ဥရုဝေဠကဿပ၊ (၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ 'အဂ္ဂ ကုလပသာဒက' ဘွဲ့တံဆိပ်ရသူ အရှင်ကာဠုဒါယီ၊ (၃၃) အနာရောဂါကင်းရာ၌ 'အဂ္ဂ အပ္ပါဗာဓိက' ဘွဲ့တံဆိပ်ရသူ အရှင် ဗာကုလ၊ (၎င်းသည် သန်းဝေခြင်း ချေဆတ်ခြင်းမျှမရှိ) (၃၄) ပုဗ္ဗေနိဝါသဉာဏ်၌ 'အဂ္ဂ ပုဗ္ဗေနိဝါသ အနုဿရန္တ' ဘွဲ့တံဆိပ်ရသူအရှင်သောဘိတ၊ (၃၅) ဝိနည်းဓိုရ်ရာထူး၌ 'အဂ္ဂဝိနယဓရ' ဘွဲ့တံဆိပ်ရသူ ဥပါလိထေရ် (၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး 'အဂ္ဂဘိက္ခုနောဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင် နန္ဒက၊ (၃၇) ဣန္ဒြေကောင်းရာ၌'အဂ္ဂဣေ`န္ဒိယဂုတ္တဒွါရ' ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ၊ (၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး 'အဂ္ဂ ဘိက္ခု ဩဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင်မဟာကပ္ပိန္န၊ (၃၉) တေဇောကသိုဏ်းရာထူး၌'အဂ္ဂ တေဇောဓာတု ကုသလ' ဘွဲ့တံဆိပ်ရသူ အရှင် သာဂတထေရ်၊ (၄၀) ဒေသနာတော် အသစ်အသစ် တင်ရာ၌ 'အဂ္ဂ ပဋိဘာနေယျက' ဘွဲ့တံဆိပ်ရသူ အရှင် ရာဓ၊ (၄၁) ညစ်နွမ်းခေါင်းပါးသောပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လုခ စီဝရ ဓရ' ဘွဲ့တံဆိပ်ရသူ အရှင်မောဃရာဇ။ ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး (၁) မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီ - 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်တော်ရသည်။ (၂) ခေမာထေရီ 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်တော်ရသည်။ (၃) ဥပ္ပလဝဏ်ထေရီ - 'တန်ခိုးကြီး' ဘွဲ့တံဆိပ်တော်ရသည်။ (ဘုရားရှင် ယမိုက်ပြာဋိဟာပြခါနီး၌အရှင်ဘုရား တန်ခိုးပြတော်မမူပါနှင့်တော့၊ တပည့်မသည် အလျား ၁၂-ယူဇနာ၊ အနံ၁၂-ယူဇနာ၊ အဝန်း ၃၆-ယူဇနာ၊ ဗိုလ်ထုနှင့် စကြာမင်းဟန်ဖန်ဆင်း၍ ခြေတော်မြတ်ကို ဦးတိုက်ပါမည်ဟု လျှောက်ထားရာတွင်ဧတဒဂ် ဘွဲ့ထူးရလေသည်။ ) (၄) ပဋာစာရီထေရီ- ဝိနည်းဓိုရ်အရာ၌ 'အဂ္ဂ ဝိနယ ဓါရီ' ဘွဲ့တံဆိပ်တော်မြတ်ရသည်။ (၅)ဓမ္မဒိန္နာထေရီ 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်တော်ရသည်။ (ဝိသာခါ ဒါယိကာကြီးက တရားဟောရန်လျှောက်ထားတောင်းပန်သောကြောင့် အထူးထူးသောနည်းတို့ဖြင့် ခက်ခဲနက်နဲသိမ်မွေ့သောမူလပဏ္ဏာသကျမ်း၌ စူဠဝေဒလ္လ သုတ်ကိုဟောတော်မူရာ ငါဘုရားဟောသော်လည်း သည်အတိုင်းပင် ဟောရတော့မည်ဟု ကောင်းချီးပေးလျက် ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းချီးမြှောက်လေသည်ဟူ၏။) (၆) နန္ဒာထေရီ- ဈာန်ဝင်စားသောအရာ၌ 'အဂ္ဂ ဈာယိကာ' ဘွဲ့ထူးတံဆိပ်တော်ရသည်။ (၇) သောဏာထေရီ- 'လုံ့လ ဝီရိယကောင်း' ဘွဲ့တံဆိပ်တော်ရသည်။ (၈) ဗကုလာထေရီ- 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်တော်ရသည်။ (အချို့မူ၌ သကုလာဟု ရှိသည်။) (၉) ဘဒ္ဒါကုဏ္ဍလကေသာထေရီ - အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် 'အဂ္ဂခိပ္ပါဘိည' တံဆိပ်တော်ရသည်။ (၁၀) ဘဒ္ဒကာပိလာနီထေရီ- 'ပုဗ္ဗေနိဝါသဉာဏ်' တံဆိပ်တော်ရသည်။ (၁၁) ရာဟုလာမယ်တော် ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ- 'ဉာဏ်အမြင်ကြီးရာ၌' တံဆိပ်တော်ရသည်။ (၁၂) ကိသာဂေါတမီထေရီ - ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လူခ စီဝရ ဓါရီ' တံဆိပ်တော်မြတ်ရသည်။ (၁၃) သိင်္ဂါလမာတုထေရီ- သဒ္ဓါတရားကောင်း 'သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်တော်မြတ်ရ လေသည်။ ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀-ယောက် (၁) သေနိယ သူဌေးသမီး သုဇာတာ- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ 'အဂ္ဂ ပထမသရဏဂမဏ' ဘွဲ့တံဆိပ်တော်ရလေသည်။ (၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော် ရလေသည်။ (၃) ခုဇ္ဇုတ္တရာ- 'အဂ္ဂ ဗဟုသုတ' ဘွဲ့တံဆိပ်တော်ရလေသည်။ ၎င်းသည် အကြားအမြင်များ၍ သာမာဝတီကြီးမှူးသော အုပ်စုငါးရာတို့အား သင်ကြားပို့ချရလေသည်၊ ၎င်းသင်ကြားပို့ချရသော ကျမ်းကားသုတ္တန်ပိဋက၌ ဣတိဝုတ္တက ကျမ်းဟူ၍ ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏။ (၄) သာမာဝတီ-မေတ္တာဖြင့်နေသောအရာ၌ 'အဂ္ဂ မေတ္တာ ဝိဟာရီ' ဘွဲ့တံဆိပ်ကို ရလေသည်။ (၅) နန္ဒမာတာ ဥတ္တရာ- ဈန်ဝင်စားရာ၌ 'အဂ္ဂဈာယီ' ဘွဲ့တံဆိပ်တော်ကို ရလေသည်။ (၆) ကောလိယမင်းသမီး သုပ္ပဝါသာ- အကောင်းအမြတ်ပေးလှူရာ၌ 'အဂ္ဂ ပဏီတ ဒါယိကာ' ဘွဲ့တံဆိပ်ကိုရလေသည်။ (၇) သုပ္ပိယာ - သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ 'အဂ္ဂဂိလာနုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။ (၈) ကာတိယာနီ - မတုန်မလှုပ် ကြည်ညိုရာ၌ 'အဂ္ဂ အဝေစ္စ ပသန္န'ဘွဲ့တံဆိပ်တော်ရလေသည်။ (၉) နကုလမာတာ ဘုရားနှင့်အကျွမ်းဝင်ခြင်း၌'အဂ္ဂ ဝိဿာသီက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။(နကုလ ပိတာ နှင့်တူ) (၁၀) ကာဠီ ခေါ် ဒါယိကာမ- အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌ 'အဂ္ဂအနုဿဝ ပသန္န'ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်။ ဧတဒဂ်ဘွဲ့ထူး ခံယူရသူ လူဒါယကာ ယောက်ျား ၁၀-ယောက် (၁) တဖုဿ ဘလ္လိက ကုန်သည် ညီနောင်- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ဘွဲ့ထူးရလေသည်။ ၎င်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာ ဘုရားရှင်က်ု အဦးဆုံး ဖူးမြင်ရသော ထူးမြတ်သောသူတို့ပင်တည်း။ သို့သော် သံဃာရတနာ မပေါ်ထွန်းသေးရကား ဒွေဝါစိက သရဏဂုံသာ ရသည်။ (၂) အနာထပိဏ် သူဌေးကြီး- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော်ရလေသည်။ (၃) စိတ္တသူကြွယ်- တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်။ ၎င်းသည် ရုပ် နာမ် ကံ ဝိပါက်တို့၌ အထူးလိမ္မာလျက် နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော စိတ္တသံယုတ်ကိုဟောရာတွင် ဧတဒဂ်ဘွဲ့ တံဆိပ်တော်မြတ်ရလေသည်။ (၄) ဟတ္ထကာဠာဝက - သင်္ဂဟဝတ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိသတ်အား မိမိထံသို့ရောက်အောင် ဆွဲဆောင်ရာ၌ ဘွဲ့တံဆိပ်တော်ရလေသည်။ (၅) မဟာနာမ သာကီဝင်မင်းသား- အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ 'အဂ္ဂပဏီတ ဒါယကာ' ဘွဲ့တံဆိပ်ရလေသည်။ (၆) ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်- နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌ 'အဂ္ဂမနာပ ဒါယကာ'ဘွဲ့တံဆိပ်တော်ရလေသည်။ (၇) ဟတ္ထိဂါမရွာနေ ဥဂ္ဂတသူကြွယ် - သံဃာအလုပ်အကျွေးကောင်း 'အဂ္ဂ သံဃုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ရလေသည်။ (၈) သူရမ္ဗဋ္ဌသူဌေး - မတုန်မလှုပ် ကြည်ညိုရာ၌ 'အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်ရလေသည်၊ အချို့မူ၌ သုရဗန္ဓ-သူရဗန်ဟုရှိသည်။ (၉) ဆရာဇီဝက- ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်၊ သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့် 'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရသည်ဟူ၏။ (၁၀) နကုလပိတာ သူကြွယ်- ဘုရားနှင့် အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရသည်။ သူသည် ဘုရားရှင်ကို ရှေးဦးအကြိမ်တွေ့ကာမျှပင် ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ ဘယ်အရပ်သို့ကြွနေသနည်းဟု အကျွမ်းတဝင်ပြောဆိုလေသည်။ သို့ဆိုနိုင်ခြင်းကား ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဘုရားရှင်၏ အဘဖြစ်ဖူးပြီ။ ထို့အတူ ဘကြီးငါးရာ၊ ဘထွေးငါးရာ၊ ဝရီးအဖြစ် အကြိမ်ငါးရာ ဘဝမခြားဘဲဖြစ်ဖူးသည်ကို စွဲ၍ အကျွမ်းတဝင် ဘုရားရှင်အား ချစ်သား ချစ်သားနှင့် ခေါ်လေ့ရှိသတတ်။ ထို့ကြောင့် 'ဝိဿာသက'ဘွဲ့တံဆိပ်ရလေသည် ဟူ၏။ ရည်ညွှန်းကိုးကား ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%A7%E1%80%90%E1%80%92%E1%80%82%E1%80%BA
အဋ္ဌာရသ ၁၈ ရပ်
တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာမျိုး (အဋ္ဌာရသ သိပ္ပံ) ကို ရှေးခေတ်၌ ယောက်ျားတို့ တတ်အပ်သော အတတ်ဟု ကျမ်းများက ပြဆိုသည်။ ယောက်ျားတို့ အတတ် (၁၈) ရပ်လည်းဟူ၏၊။ ၎င်း (၁၈) ရပ်သောအတတ်တို့ကို သက္ကဋကျမ်း၌တစ်မျိုး၊ မိလိန္ဒပဉှာပါဠိတော်၌ တစ်ဖုံ၊ လောကနီတိကျမ်းကတစ်ဖြာ၊ ဤသို့အနည်းနည်းလာရှိကြရာ သိမှတ်လိုသူတို့အတွက် အသီးသီးဆက်လက် ဖော်ပြပါမည်။ အဋ္ဌာရသသိပ္ပ၊ အဋ္ဌာရသဝိဇ္ဇာဟူ၍ ပါဠိသုံးကြ၏။ (၁) ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော ဗောဓါယနစသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊ (၂) ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊ (၃) ဇောတိသတ္ထ- ဂြိုဟ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊ (၄) သိက္ခာသရဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း အတတ်၊ (၅) နိရုတ္တိ- ဝဏ္ဏာဂမ စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ ပစ္စယတ္ထ နိဗ္ဗစနတ္ထတို့ကို ပြဆိုသော ကဗျာကရဏ ပရိသဋ္ဌဟုဆိုထိုက်သော ယာသက ရသေ့စီရင်သော ကျမ်းအတတ်၊ (၆) ဆန္ဒော- ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်၊ (၇) သာမသာမခေါ်ဗေဒင်ကျမ်းအတတ်၊ (၈) ယဇု- ယဇုခေါ် ဗေဒင်ကျမ်းအတတ်၊ (၉) ဣရု- ဣရုခေါ်ဗေဒင်ကျမ်းအတတ်၊ (၁ဝ) အာထဗ္ဗဏ- အာထဗ္ဗခေါ် ဗေဒင်ကျမ်းအတတ်၊ (၁၁) မီမံသာကံ၏ အကြောင်းအရာတို့ကို စိစစ်၍ဆုံးဖြတ်သော ဇေမိနိရသေ့ စီရင်သော ပုဗ္ဗမီမံသာဟု ထင်ရှားသောကျမ်း၊ (၁၂) ဗြဟ္မာ၏အကြောင်းအရာကိုစိစစ်၍ဆုံးဖြတ်သော 'ဗေဒန္တ'ဟုထင်ရှားသော ကျမ်းစုအတတ်၊ (၁၃) နျာယ-ဂေါတမစသော ရသေ့ တို့စီရင်အပ်သော တက်ကျမ်းအမျိုးမျိုး အတတ်၊ (၁၄) ဓမ္မသတ္ထ- အမျိုးလေးပါးတို့၏ အကျင့်တရားစသည်ကို မနုစသောရသေ့၊ မင်းတိုင်ပင်အမတ်ပညာရှိတို့စီရင်အပ်သော ဖြတ်ထုံးဥပဒေကျမ်းအတတ်၊ (၁၅) ပုရာဏ- ရှေးဟောင်းအကြောင်းအရာတို့ကိုဆိုသော ပုရာဏ်ကျမ်းစာအတတ်၊ (၁၆) ဓနုဗ္ဗေဒ- လေး၊ ဓား၊ လှံစသော လက်နက်တို့ကို ပတ်လွှင့်ထိုးခုတ်ခြင်းတို့ကို မန္တန်နှင့်တကွပြသောယဇုဗေဒင်၏ဥပဒေဖြစ်သောကျမ်းအတတ်၊ (၁၇) ဂန္ဓဗ္ဗဗေဒ- သီဆိုတီးမှုတ်ခြင်းအမျိုးမျိုး တို့ကို ပြသော သာမဗေဒင်၏ဥပဒေဖြစ်သော သင်္ဂီတကျမ်းအတတ်၊ (၁၈) အတ္ထသတ္ထ- ဥစ္စာစည်းစိမ်ရကြောင်း လိမ္မာယဉ်ကျေးကြောင်းဖြစ်သော နီတိကျမ်းအတတ်။ အဋ္ဌာရသသိပ္ပမျိုး သုတိ- ဗေဒင် ၄-ပုံကျမ်းအတတ်၊ ဤ၌ ဗေဒင် ၄-ပုံဟော "ဆရုတိ"ဟူသော သကဋသဒ္ဒမှ "ဆုတ်" "သုတိ"ဖြစ်လာ၏၊ သမ္မုတိ - ဓမ္မသတ်ကျမ်းအတတ်၊ "ဆမရုတိ"ဟူသော သကဋဘာသာမှဖြစ်လာသည်၊ သင်္ချာ- သတ္တဝါ၏နိစ္စ အတ္တ ထာဝရ ပကတိဟုခေါ်ဝေါ်သော သဘောတရား တို့ကိုပြသည့် ကပိလရသေ့၏သင်္ချာအတတ်၊သင်္ချာ(သံချာ) ယောဂ- သတ္တဝါတို့ဝိညာဉ်နှင့် ထာဝရဗြဟ္မာကြီး၏ဝိညာဉ်ပေါင်းဆုံမိကာ အမြဲမသေတည်နေနိုင်ရန် နည်းလမ်းပြသော ပါတ္စလီရသေ့၏ ယောဂကျမ်းအတတ်၊ နီတိ- လူတို့လိုက်နာကျင့်ဆောင်ကြရန် လောကဝတ်တို့ကိုညွှန်ပြသော နီတိကျမ်းစုအတတ်၊ ဝိသေသိကာ-သတ္တဝါလောကတို့သည် နိစ္စထာဝရရှိနေပုံနှင့် မမြင်နိုင်အောင်သေးငယ်သော အနုမြူဓာတ်မှုန်တို့၏ ပေါင်းဆုံမိသောကြောင့် သတ္တဝါလောကဖြစ်ပေါ်လာကြပုံတို့ကိုပြဆိုသော ကဏာဒရသေ့ တီထွင်ခဲ့သည့် ဝိသေသိကအတတ်၊ ဂန္ဓဗ္ဗ- ဝါ ဂီ နစ်အတတ်၊ ဂဏိတာ- ဂဏန်းသင်္ချာ အက္ခရာသင်္ချာအတတ်၊ ဓနု- လေးပစ်အတတ်၊ ပုရာဏ- ရှေးစကားဟောင်း ပုရာဏ်ကျမ်းအတတ်၊ ဇောတိသတ္ထ- နက္ခတ်ကျမ်းအတတ်၊ ဣတိဟာသ- ရှေးပညာရှိတို့ဖွဲ့ဆိုသီကုံးကြသည့် ဟိန္ဒူတို့အလေးအမြတ်ပြုသော မဟာဘာရတ စသည့် ကျမ်းစာအတတ်၊ တိကိစ္ဆာ- ဆေးကုအတတ်၊ မာယာ- လှည့်ပတ်ဖြားယောင်းမှုအတတ်၊ မျက်လှည့်အတတ်၊ ဆန္ဒတိ- ဆန်းကျမ်းအတတ်၊ ကေတုဘ- အလင်္ကာကျမ်းအတတ်၊ သဒ္ဒါ- ကာတန္ဒြစသော သဒ္ဒါကျမ်းအတတ်၊ မန္တာ- ဂါထာမန္တန် မန်းမှုတ်အတတ်။ (ပေါရာဏဒီပနီ။) တစ်နည်း သုတိ- အကြားအမြင်အတတ်၊ (ဗေဒင်အတတ်) သမ္မုတိ- ဓမ္မသတ်ဥပဒေအတတ်၊ သင်္ချာ- ဂဏန်းသင်္ချာအတတ်၊ ယောဂါ- တံစဉ်း စူး ဆောက်အတတ်၊ (ရုပ်နှင့်ဇီဝအတတ်၊) နီတိ- နီတိကျမ်းအတတ်၊ ဝိသေသကာ- ယာယီယတြာစသော ဗျာကရိုဏ်းကျမ်းအတတ်၊ (ကလာပ် စည်းအတတ်) ဂန္ဓဗ္ဗာ- စောင်း ငြင်းစသော ကဗျာလင်္ကာအတတ်၊ ဂဏီကာ- လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်၊ ဓနုဗေဒါ- ဒူးလေး လင်းလေးအတတ်၊ ပုရာဏာ- ရှေးဟောင်းနောက်ဖြစ် စကားအတတ်၊ တိကိစ္ဆာ- ဆေးပေး ဆေးကုအတတ်၊ ဣတိဟာသာ- ရယ်ရွှင်မှုအတတ်၊ ဇောတိ- ဟူးရားနက္ခတ်အတတ်၊ မာယာ-လှည့်ပတ်တတ်သောအတတ်၊ (မျက်လှည့်အတတ်) ဆန္ဒ- ဆန်းကျမ်းအတတ်၊ ကေတု- သံတမန်အတတ်၊ မန္တာ- မန္တန်အတတ်၊ ဂါထာစုတ် အတတ်၊ သဒ္ဒါ- သဒ္ဒါကျမ်းအတတ်၊ ဗျာကရုဏ်းအတတ်၊ (လောကနီတိ) ရည်ညွှန်းကိုးကား ယဉ်ကျေးမှု သမိုင်း မနုဿဗေဒ ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%8B%E1%80%B9%E1%80%8C%E1%80%AC%E1%80%9B%E1%80%9E%20%E1%81%81%E1%81%88%20%E1%80%9B%E1%80%95%E1%80%BA
မြန်မာ့သမိုင်း
မြန်မာ့သမိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀ ပထမဆုံးလူသားအခြေချနေထိုင်ခဲ့သောကာလမှ ယနေ့ခေတ်အထိ အကျုံးဝင်သည်။ သမိုင်းတင်ခေတ်၏ အစောဆုံးလူသားများသည် တိဗက်ဗမာစကားပြောလူမျိုးများဖြစ်ကြသည်။ သူတို့သည် တောင်ဘက်ပြည်ဒေသအထိ ကျယ်ဝန်းသော ပျူမြို့ပြနိုင်ငံများကို တည်ထောင်ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။ ၉ရာစုအစောပိုင်းတွင် အခြားလူမျိုးစုဖြစ်သော ဗမာလူမျိုးတို့သည် ဧရာဝတီမြစ်ဝှမ်းအထက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့သည် ဧရာဝတီမြစ်ဝှမ်းနှင့် ၎င်း၏ အစွန်အဖျားဒေသများကို ပထမဆုံးအကြိမ်အဖြစ် စုစည်း၍ ပုဂံဘုရင့်နိုင်ငံကို ဆက်လက်တည်ထောင်ခဲ့ကြသည်။ ဤကာလအတွင်း ဗမာဘာသာ၊ ဗမာ့ယဉ်ကျေးမှုသည် ပျူဓလေ့တွင် တဖြည်းဖြည်း အစားထိုးဝင်ရောက်လာခဲ့သည်။ ၁၂၈၇ ခု မွန်ဂိုကျူးကျော်စစ်ဖြစ်ပြီးနောက် ဘုရင့်နိုင်ငံငယ်အများအဖြစ် ပြိုကွဲသွားခဲ့ရာ ထိုအထဲတွင် အင်းဝဘုရင့်နိုင်ငံ၊ ဟံသာဝတီဘုရင့်နိုင်ငံ၊ မြောက်ဦးဘုရင့်နိုင်ငံနှင့် ရှမ်းပြည်ထောင်များသည် အဓိကအင်အားစုနိုင်ငံများဖြစ်ခဲ့ကြသည်။ ထိုဘုရင့်နိုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မဟာမိတ်အကူးအပြောင်း၊ စစ်မက်အရေးအခင်းများဖြင့် နိုင်ငံ့ရှုခင်းကို လွှမ်းမိုးခြယ်လှယ်ခဲ့ကြသည်။ ၁၆ရာစုအလယ်တွင် တောင်ငူမင်းဆက်(၁၅၁၀-၁၇၅၂)သည် နိုင်ငံကိုပြန်လည်စုစည်း၍ အရှေ့တောင်အာရှသမိုင်းတွင် ကာလတိုအကြီးဆုံးအင်ပါယာကြီးကို တည်ထောင်ခဲ့သည်။ နောက်ပိုင်းတောင်ငူမင်းများသည် အဓိကအုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပြဋ္ဌာန်း၍ ၁၇ရာစုနှင့် ၁၈ရာစုဦးတွင် ပိုသေးငယ်၊ ပိုငြိမ်းချမ်း၍ ချမ်းသာကြွယ်ဝသော ဘုရင့်နိုင်ငံကို ပေါ်ပေါက်စေခဲ့သည်။ ၁၈ရာစုအလယ်တွင် ကုန်းဘောင်မင်းဆက်(၁၇၅၂-၁၈၈၅)သည် နိုင်ငံကို ပြန်လည်ထိန်းသိမ်းခဲ့ပြီး အစွန်အဖျားဒေသများတွင် ဗဟိုအုပ်စိုးမှုတိုးမြှင့်ထားသည့် တောင်ငူခေတ်ပြုပြင်ပြောင်းလဲမှုအတိုင်း ဆက်လက်ကျင့်သုံးခဲ့သည်။ ကုန်းဘောင်မင်းဆက်သည် အာရှတိုက်တွင် စာတတ်မြောက်သူဦးရေအများဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်စေခဲ့သည်။ ၎င်းသည် အိမ်နီးချင်းနိုင်ငံအားလုံးနှင့်လည်း စစ်မက်ဆက်လက်ဖြစ်ပွားခဲ့သည်။ အင်္ဂလိပ်-ဗမာစစ်ပွဲစဉ်(၁၈၂၄-၁၈၈၅)သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုကို ဦးတည်စေခဲ့သည်။ ဗြိတိသျှအုပ်ချုပ်မှုသည် များစွာသောရေရှည်တည်တံ့သည့် လူမှုရေး၊စီးပွားရေး၊ယဉ်ကျေးမှု၊အုပ်ချုပ်ရေးပြောင်းလဲမှုများကို ယူဆောင်လာခဲ့ပြီး တစ်ချိန်က လယ်ယာအခြေပြုလူမှုအဖွဲ့အစည်းကို အလုံးစုံပြောင်းလဲစေခဲ့သည်။ ဗြိတိသျှအုပ်ချုပ်မှုသည် နိုင်ငံ၏ များပြားလှသော တိုင်းရင်းသားမျိုးနွယ်စုများအကြား မတူကွဲပြားမှုများကို အသားပေးခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံသည် နိုင်ငံရေးနှင့်တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသော သောင်းကျန်းသူအဖွဲ့များနှင့် ခေတ်အဆက်ဆက်ဗဟိုအစိုးရများအကြား ဖြစ်ပွားခဲ့သော အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်ပွားသောနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ဆဲပင်ဖြစ်သည်။ နိုင်ငံသည် ၁၉၆၂ မှ ၂၀၁၀ အထိနှင့် တစ်ဖန် ၂၀၂၁ မှ ယနေ့အထိ စစ်တပ်၏ အတုအယောင်အမျိုးမျိုးဖြင့် အသွင်ပြောင်းအုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး ဤသို့ သံသရာလည်ဖြစ်စဉ်ကြောင့်ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်လာခဲ့သည်။ သမိုင်းမတင်မီ အစောဆုံးသုတေသနအထောက်အထားများက အတည်ပြုထားသည်မှာ ဗမာဒေသတွင် ဘီစီ ၁၁၀၀၀ လောက်ကတည်းက ယဉ်ကျေးမှုများတည်ရှိခဲ့သည်။ အစောပိုင်းအခြေချနေထိုင်မှုအမှတ်အသားအများစုကို အလယ်ပိုင်းခြောက်သွေ့ဇုန်တွင် တွေ့ရှိခဲ့ပြီး ကွက်တိကွက်ကြားအခြေချမှုများသည် ဧရာဝတီမြစ်ကမ်းစပ် အနီးအပါးဒေသများတွင် ပေါ်ပေါက်လာခဲ့သည်။ ဥရောပတိုက် ကျောက်ခေတ်ဦးနှင့် ကျောက်ခေတ်လယ်တို့နှင့် အပြိုင်ဟုယူဆရသော အချိန်၌ ဗမာ့ကျောက်ခေတ် အညာသီယံယဉ်ကျေးမှုသည် တည်ရှိခဲ့သည်။ အပင်နှင့် တိရစ္ဆာန်များကို ပထမဆုံးစိုက်ပျိုးမွေးမြူ၍ ကျောက်ချောလက်နက်ကိရိယာများကို သုံးစွဲလာကြသော ကျောက်ခေတ်သစ်ကို ဗမာဒေသတွင် ရှမ်းကုန်းပြင်မြင့်အစွန်အဖျား တောင်ကြီးမြို့အနီးရှိ ဘီစီ ၁၀၀၀၀ မှ ၆၀၀၀ အတွင်း သက်တမ်းရှိသော ဂူသုံးဂူက အထောက်အထားပြသည်။ ဘီစီ ၁၅၀၀ ခန့်တွင် ဒေသတွင်းရှိလူများသည် ကြေးနီ(copper) ကို ကြေးညို(bronze) အဖြစ်သို့ ပြောင်းလဲသုံးစွဲလာကြသည်။ စပါးစိုက်ပျိုး၍ ကြက်၊ဝက်တို့ကို မွေးမြူလာကြသည်။ သူတို့သည် ကမ္ဘာပေါ်တွင် ဤသို့ ပထမဆုံးပြုလုပ်သော လူများအနက်မှ ဖြစ်သည်။ ဘီစီ ၅၀၀ ခန့်တွင် ယနေ့မန္တလေးတောင်ဘက်ဒေသ၌ သံချက်လုပ်သော ရွာများပေါ်ပေါက်လာခဲ့သည်။ ကြေးညိုအလှဆင်ခေါင်းတလားများနှင့် မြေထည်ပစ္စည်းအပိုင်းအစများဖြင့် ပြည့်နှက်နေသော သင်္ချိုင်းနယ်မြေများကို တူးဖော်တွေ့ရှိခဲ့သည်။ မန္တလေးတောင်ဘက် ဆာမွန်တောင်ကြား၌ တွေ့ရသော သုတေသနအထောက်အထားများအရ ဘီစီ ၅၀၀ နှင့် အေဒီ ၂၀၀ ကြားတွင် တရုတ်နှင့် ကုန်သွယ်သော စပါးစိုက်ရွာငယ်များရှိခဲ့သည်။ သံခေတ်အတွင်း အိန္ဒိယလွှမ်းမိုးမှုများသော မွေးကင်းစကလေးငယ်မြှုပ်နှံသည့် ဓလေ့တွင် ပြောင်းလဲမှုများပေါ်ပေါက်လာကြောင်း ဆာမွန်တောင်ကြားအပြင်ဘက် သုတေသနအထောက်အထားများက ဆိုသည်။ ဤပြောင်းလဲမှုများတွင် ကလေးငယ်များကို စဥ့်အိုးကြီးများထဲတွင် ထည့်သွင်းမြှုပ်နှံ၍ ၎င်းတို့၏ အရွယ်အစားသည် မိသားစုအဆင့်အတန်းကို ဖော်ပြခြင်း စသော ပြောင်းလဲမှုများ ပါဝင်သည်။ ပျူခေတ် နောက်ဆုံးတွေ့ရှိဖော်ထုတ်ထားသည့် မြန်မာ့ သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံ အတွင်းသို့ ရှေးဦးစွာဝင်ရောက်လာခဲ့သည့် လူမျိုးများမှာ မြောက်ဘက်တွင် တိဘက်တို-ဗမာအနွယ်ဝင်များဖြစ်ကြသည့် ပျူ၊ သက်၊ ကမ်းယံနှင့် တောင်ဘက်တွင် မလေးအနွယ်ဝင်များနှင့် ယှဉ်ပြိုင်အနိုင်ရသွားသည့် မွန်တို့ဖြစ်သည်။ ထို့အပြင် အရှေ့ဘက်ဒေသများတွင်လည်း တိဘက်-တရုတ်အနွယ်ဖြစ်သည့် ရှမ်းလူမျိုးလည်း အနည်းငယ် ရှိနေကြပြီးဖြစ်သည်။ ထိုလူမျိုးများအနက် ပျူလူမျိုးမှာ ယနေ့မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျောက်တွင် မြို့ရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ ၄ရာစုနှင့် ၅ရာစုများတွင် ပျူတို့ အထွဋ်အထိပ်ရောက်၍ မွန်တို့ကို လွမ်းမိုးကာ ပျူမြို့ပြနိုင်ငံများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့မှာ အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးလမ်းကြောင်းတွင် ထင်ရှားခဲ့သည်။ ထိုကုန်သွယ်ရေးလမ်းကြောင်းမှာ အရှေ့ဘက်ခမာနိုင်ငံမှ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းအထိဖြစ်သည်။ ၉ရာစုအစောပိုင်းတွင် စည်းလုံးမှုနည်းသည့် ပျူတို့ကို မြောက်ပိုင်းမှ အင်အားကြီး နန်ကျောက်တို့က ဝင်ရောက်တိုက်ခိုက်ဖျက်စီးသဖြင့် ပျူတို့ပျက်ဆီးရသည်။ ထိုခေတ်တွင် အကြမ်းအားဖြင့် ပျူတို့က ဧရာဝတီမြစ်အနောက်ဘက်ခြမ်း နှင့် မွန်တို့က ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် နေထိုင်ကြသည်ဟူ‌၍ သတ်မှတ်နိုင်သည်။ အချို့သော သမိုင်းပညာရှင်များက ထိုပျူခေတ်ကို ပထမပြည်ထောင်စု ဟုလည်း သတ်မှတ်ကြ၏ ပုဂံခေတ် မြန်မာနိုင်ငံနယ်နိမိတ်ထဲသို့ နောက်ဆုံးမှ ဝင်ရောက်လာသည့် မြန်မာတို့သည် ယနေ့ရှမ်းပြည်နယ်ကိုဖြတ်ကျော်ကာ ကျောက်ဆည်နယ်သို့ တစစထိုးဖောက်လာပြီးနောက် ဆန်စပါးစိုက်ပျိုးရန် သင့်တော်သည်ဟု ယူဆသောထိုဒေသတွင် ကျောက်ဆည်ဆယ့်တစ်ခရိုင်ကိုတည်ထောင်ကာ အခြေချနေထိုင်ကြသည်။ ထိုသို့ရောက်ရှိလာခဲ့ပြီးနောက် ပျူတို့ထံမှ စာပေအက္ခရာ ယဉ်ကျေးမှုများကိုအမွေခံကာ ပိုမိုလွယ်ကူသော ကိုယ်ပိုင်မြန်မာအက္ခရာများ တီထွင်အသုံးပြုကြသလို စကားသာ ရှိပြီး အက္ခရာစာပေ မရှိသေးသော အိမ်နီးချင်းမွန်တို့အတွက်ပါ စာပေတီထွင်‌ ရေးပေးခဲ့ကြသည်။ နှစ်ကာလကြာရှည်လာပြီး လူဦးရေထူထပ်လာသောအခါ နယ်ပယ်များဆက်လက်ချဲ့ထွင်ကြသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ကောင်းစွာအုပ်စီးမိတော့သည်။ အစောပိုင်းဗမာတို့သည် အကြီးအကဲဖြစ်သူကို မိမိတို့ ဘာသာစကားဖြင့်`မင်း´နှင့် ရှမ်းတို့ခေါ်သကဲ့သို့ `စော´(စဝ်)ကိုပေါင်းကာ `မင်းစော´ဟုခေါ်ကြသည်။ အချိန်ကြာသည်နှင့်အမျှ ထိုမင်းများထဲတွင် အစွမ်းအစကောင်းသူများ ပေါ်ထွန်းလာသဖြင့် ထိုအကြီးအကဲကို `မင်းကြီး´ဟုခေါ်ကြသည်။ ထိုသို့မင်းများထဲတွင်မှ ကျယ်ပြန့်လှသော နယ်ပယ်ကို အုပ်ချုပ်ရလွယ်ကူစေရန် ဆက်သွယ်ရေးအချက်အချာကျသည့် ပုဂံမှ ပုဂံမင်းကြီးသည် `မင်းစော´ အပေါင်းတို့၏ အကြီးအကဲအဖြစ်သို့ ရောက်ရှိလာသည်။ `မူလက ပုဂံကို ရွာ၁၉ရွာဖြင့် စတင်ဖွဲ့စည်းသည်´ ဟူသော အဆိုက ဤအချက်ကို အတည်ပြုနေသကဲ့သို့ရှိသည်။ အနော်ရထာမင်း လက်ထက်တွင် ပုဂံ၏ အင်အား အထွဋ်အထိပ်ရောက်ကာ ရာမည(ရှေးမွန်=`ရာမည်´)မှ သထုံကို အနိုင်ရပြီး ယနေ့ မြန်မာနိုင်ငံနီးနီးမျှ ကျယ်ပြန့်သည့် နယ်ပယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမှဆင်းသက်သည့် ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် ပုဂံမင်းများသည်လည်း ဩဇာကြီးသူများဖြစ်သည့်အတွက် တိုင်းပြည်ကို ကောင်းစွာစုစည်းထားနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းမင်းများသည် အရည်အသွေးညံ့ဖျင်းလာကြပြီး ပုဂံ၏ဩဇာမှာ သိသာစွာ ကျဆင်းလာရသည်။ နောက်ဆုံးတွင် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်စီး၍ ပုဂံမင်းဆက်လည်း ကျဆင်းရလေသည်။ မွန်ဂိုတို့ တပ်ဆုတ်ပြန်ပြီးနောက်တွင် နန်းတက်ကြသည့် ကျစွာ၊ စောနစ် နှင့် စောမွန်နစ်တို့ လက်ထက်များတွင် ပုဂံမင်းဆိုသည်မှာ အမည်ခံမျှသာဖြစ်၍ အမှန်တကယ် ဩဇာအာဏာမှာ ရှမ်းညီနောင် သုံးဦးလက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ အင်းဝခေတ် ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင်အစုစုကွဲပြားနေသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ အုပ်ချုပ်သည့် မင်းတစ်ပါး ပေါ်ထွန်းလာသည်။ ထိုသူမှာ ပြော့ဗမာကာပြား ညီနောင်သုံးဦးမှ ဆင်းသက်လာသည့် အင်းဝမြို့တည် သတိုးမင်းဖျား ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်၊ ဘုရင်မင်းခေါင်တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊ ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထို့နောက်သိုဟန်ဘွား နန်းတက်သည်။ ပြည်သူတို့ မကြိုက်သဖြင့် သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ တို့လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။ တောင်ငူ-ဟံသာဝတီခေတ် တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။ ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် မြန်မာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဘက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ ရန်စစ်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူမှ မင်းကြီးညို၊ သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကိုချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အသင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသားဖြစ်သူ တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဘက်တွင် မဏိပူရ မှ အရှေ့ဘက် ထိုင်းနိုင်ငံ အယုဒ္ဒယ အထိ၊မြောက်ဘက်တွင် ကချင်ပြည်နယ်မှ တောင်ဘက်ကော့သောင် အထိ ကျယ်ပြန့်လာခဲ့သည်။ နောက် ကမ္ဘောဇသာဒီ နန်းတော် ကိုလည်းတည်ခဲ့သည်။ သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော် နန္ဒဘုရင်လက်ထက်တွင် မိမိတည်ထောင်သည့် နိုင်ငံကြီး အလွယ်တကူ ပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။ နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းရာဇာကြီး နှင့်တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမ္ဘောဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်းနန်းကျကာ တောင်ငူသို့ သုံ့ပန်းအဖြစ်သို့ပါပြီးနောက်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ညောင်ရမ်းခေတ် ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက အကွဲအကွဲအပြားအပြားဖြစ်နေရသည့် နိုင်ငံကို စုစည်းရန်အတွက် အင်းဝကိုသိမ်းပိုက်၍ ညောင်ရမ်းမင်းဆက်(ဒုတိယအင်းဝခေတ်)ကို တည်ထောင်သည်။ သူ့လက်ထက်တွင် ရှမ်းပြည်များကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် အနောက်ဘက်လွန်မင်း၏ လက်ထက်တွင် အတန်ပင် အင်အားကြီးလာပြီး တောင်ငူကိုသိမ်းပိုက်ကာ တောင်ပိုင်းမှ ပေါ်တူဂီ ငဇင်ကာကို နှိမ်နှင်းနိုင်သလို၊ အရှေ့တောင်ဘက်မှ ထိုင်းဘုရင် ဗြနရာဇ်(နာရေစွမ်) (ဘုရင့်နောင်၏မွေးစားသား)၏ မြန်မာနိုင်ငံတောင်ပိုင်းကို ထိုးဖောက်ရန် ကြိုးပမ်းနေသည်များကို ဟန့်တားထားနိုင်ခဲ့သည်။ သာလွန်မင်းလက်ထက်တွင် တိုင်းပြည်အရပ်ရပ် တည်ငြိမ်အေးချမ်းရေးကို စတင်ဆောင်ရွက်ရာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် လူဦးရေ စစ်တမ်းများကောက်ယူခြင်းကို ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ရာသီဥတုဆိုးဝါးမှု၊မင်းများ၏ အရည်အသွေးကျဆင်းမှုတို့ကြောင့် ဟံသာဝတီမှ မွန်တို့ကပုန်ကန်ရာ ညောင်ရမ်းခေတ် ကုန်ဆုံးရတော့သည်။ နောက်ဆုံးမင်းဖြစ်သည့် စနေမင်းလည်း ဟံသာဝတီသို့ ပါကာ နောက်ပိုင်းတွင် ကွပ်မျက်ခံခဲ့ရသည်။ ကုန်းဘောင်ခေတ် ညောင်ရမ်းမင်းဆက် ကျဆုံးပြီးနောက်တွင် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကိုတော်လှန်သည်။ အင်းဝကိုပြန်လည်သိမ်းပိုက်နိုင်ကာ ဆက်တိုက်ဆိုသလိုပင် တိုက်ပွဲများတွင် မွန်တို့ကိုအနိုင်ရသဖြင့် အလွန်ဩဇာကြီးလာပြီး အယုဓျာတိုင် ချီတက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် တတိယမင်းဖြစ်သည့် ဆင်ဖြူရှင်လက်ထက်မှ အယုဓျာကို အပြီးသတ်အနိုင်ရရှိသည်။ ထိုမင်းလက်ထက်တွင် မြောက်ဘက်မှ မန်ချူးတို့၏ ကျူးကျော်မှု ၅ ကြိမ်တိုင်တိုင် ခံခဲ့ရသော်လည်း ကောင်းစွာတွန်းလှန်ဟန့်တားနိုင်ခဲ့သည်။ ၆ဆက်မြောက်မင်းဖြစ်သည့် ဗဒုံမင်း လက်ထက်တွင် ယဉ်ကျေးမှုနှင့် အတွေးအခေါ်အယူအဆတို့ကို ပြောင်းလဲရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုမင်းလက်ထက်တွင် ခေတ်အဆက်ဆက်က မြန်မာ့နယ်နိမိတ်တွင် မပါဝင်ခဲ့သော ရခိုင်ပြည်နယ်ကို အိမ်ရှေ့မင်းသားဦးပေါ်က သိမ်းပိုက်နိုင်ခဲ့ကာ မဟာမြတ်မုနိဘုရားကြီးကို မန္တလေးသို့ ပင့်ဆောင်လာနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နန်းတွင်းအရှုပ်အထွေးများကြောင့် ကုန်းဘောင်မင်းဆက်မှ အင်အားနည်းခြင်းသို့ရောက်လာခဲ့သည်။ ဘကြီး‌‌တော်လက်ထက်တွင် အာသံ၊မဏိပူရအရေးကြောင့် နယ်ချဲ့အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ကာ ရခိုင်နှင့် တနင်္သာရီကို ပေးလိုက်ရသည်။ ထို့နောက် ပုဂံမင်းလက်ထက်တွင် ဒုတိယအကြိမ် စစ်ဖြစ်ကာ မြန်မာပြည်အောက်ပိုင်းတစ်ခုလုံး သိမ်းပိုက်ခံရသည်။ သီပေါမင်းလက်ထက်တွင်လည်း ဘုံဘေဘားမားသစ်ကိစ္စကြောင့် တတိယအကြိမ်စစ်ဖြစ်ကာ မြန်မာတစ်နိုင်ငံလုံးသူ့ကျွန်ဘဝကျရောက်ခဲ့ရသည်။ အင်္ဂလိပ်တို့၏ သုံးကြိမ်ကျူးကျော်စစ်ပြုခြင်းခံရပြီး သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် ကျရောက်သွားတော့သည်။ ကိုးကား မြန်မာနိုင်ငံ၏ သမိုင်း bn:মায়ানমার#ইতিহাস
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
မင်းကြီးညို
မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညို (အေဒီ ၁၄၈၅-၁၅၃၀၊ မြန်မာသက္ကရာဇ် ၈၄၇-၈၉၂)သည် ဦးရီးတော် မင်းစည်သူအား လုပ်ကြံနန်းချပြီး တောင်ငူနန်းကို သက္ကရာဇ် ၈၄၇ တွင်စိုးစံသည်။ ဦးရီးတော်က ၎င်း၏သမီးတော် စိုးမင်းနှင့် လက်ဆက်ပေးရန် သဘောမတူသဖြင့် ဦးရီးတော်ကို သတ်သည်ဟု ဆိုသည်။ နန်းတက်လျှင် စိုးမင်းကိုမိဖုရားအရာထားသည်။ နန်းတက်ချိန်တွင် အင်းဝထီးနန်းကို စိုးစံနေသည့် ဒုတိယမင်းခေါင်အား “ကျွန်တော် မင်းကြီးညိုတောင်ငူထီးနန်းကိုစိုးစံနေပါပြီ”ဟု ဆင်ပေါက်ဆယ်စီး နှင့်လျှောက်တင်လေသည်။ အမှန်မှာ ထိုစဉ်အင်းဝမှာ အင်အားအလွန်လျော့နည်းနေပြီး ဩဇာကျဆင်းနေချိန်ဖြစ်သည်။ ထို့ကြောင့်လည်း မင်းကြီးညိုသည် တောင်ငူမှ တစ်ထီးတစ်နန်း ထူထောင်ရန် ဒုတိယမင်းခေါင်အနေဖြင့်လည်း မိမိညီတော် ရမည်းသင်းစား မင်းရဲကျော်စွာကပင် လေးစားခြင်းမရှိတော့သည့်အတွက် မင်းကြီးညိုကဲ့သို့ ၂၆ နှစ်အရွယ် မင်းပျိုမင်းလွင်တစ်ဦး ရှိလာသည်ကို မတားတော့ပဲ ရမည်းသင်းစားရန်နှင့် အောက်အရပ်မှ မွန်တို့ရန် နှစ်ရပ်လုံးကို ကာကွယ်ပြီးဖြစ်မည်ဟု တွေးကာ လက်ခံ အသိအမှတ်ပြုလေသည်။ မင်းကြီးညိုသည် မင်းအဖြစ်နှင့် တောင်ငူနန်းသစ် ၃ ကြိမ်တည်သည်။ ပထမအကြိမ်တည်သောနန်းကို မြရာဝတီ ဟုသမုတ်သည်။ တည်နေရာမှာ ခပေါင်းချောင်းနှင့် ပုပ်ပဲချောင်းဆုံရာနေရာဖြစ်သည်။ မူလက ဦးရီးတော်စံမြန်းသည့် နန်းတော်ဟောင်းနေရာတွင် စည်းခုံစေတီကြီးတည်သည်။ ၅ နှစ်ကြာပြီးနောက် ၈၅၃ခုတွင် ဒွါရဝတီနန်းသစ်ကို ထပ်တည်သည်။ တည်နေရာမှာ ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ် ဆုံရာနေရာဖြစ်သည်။ နှစ်ပေါင်း ၂၀ အကြာတွင်မှ ကေတုမတီ တောင်ငူနန်းကိုတည်သည်။ ထိုအချိန်တွင် တောင်ငူဘုန်းတန်ခိုးမှာ ကျော်ဇောခြင်းဖြင့် ပြည့်စုံနေပြီဖြစ်သည်။ အင်အားအကြီးဆုံးအဖြစ်ရောက်ရန်လည်းအသင့်ဖြစ်နေပေပြီ။ ဒွါရဝတီ နန်းသစ်တည်ပြီးချိန်မှ စကာတောင်ငူသို့ခိုဝင်လာသည့် လူဦးရေမှာလည်း တစတစများပြားလာခဲ့သည်။ ထိုသို့အင်အားကြီးလာသည့် တောင်ငူမှ မင်းကြီးညိုသည် အနောက်ဘက်ရှိ ရမည်းသင်းစား မင်းရဲကျော်စွာ အုပ်ချုပ်မှုအောက်တွင်ရှိသည့် ကျေးရွာများကိုလည်းကောင်း၊ အောက်အရပ်မှ မွန်မင်း ဗညားရံ၏ နယ်ပယ် အစွန်အဖျားများကိုလည်းကောင်း စစ်စမ်းချီကာ သိမ်းယူသည်။ ထိုသတင်းကို ကြားသော မွန်မင်းဗညားရံသည် အင်အားအလုံးအရင်းဖြင့် တောင်ငူသို့ချီတက်လာပြီး ဝန်းရံထားလေသည်။ သို့သော် မင်းကြီးညိုနှင့် ညီတော် စည်သူကျော်ထင်တို့ ထွက်တိုက်ရာ အင်အားကြီးလှသည့် ဟံသာဝတီတပ်များ ပျက်ကာ ပြေးရလေသည်။ ဆင်မြင်းသုံ့ပန်း ၃၀ဝ၀ကျော်ကို ရသည်။ ထိုသို့ တောင်ငူသည် ဟံသာဝတီတပ်ကို နှိမ်နှင်းကြောင်းသိသော အင်းဝမှ ဒုတိယမင်းခေါင်က မူလဘွဲ့ ဖြစ်သည့် သီရိဇေယျသူရ ရှေ့တွင် မဟာ တပ်ကာချီးမြှင့်သည်။ မင်းမြှောက်တန်ဆာ ငါးပါးပေးပြီး အနောက်ဘက်ရှိ ရမည်းသင်းပိုင်နက်ကိုလည်းတိုက်ခိုက်စေသည်။ ထို့ကြောင့် မင်းကြီးညိုသည် မိမိတောင်ငူအင်အားကို အသုံးပြုပြီး အနောက်ဘက် ရမည်းသင်း၊တောင်တွင်းကြီးနှင့် တောင်ဘက်ရှိ မွန်ဒေသများကို ထိုးစစ်ဆင်ကာ နယ်ပယ်ချဲ့ထွင်လေသည်။ ထိုအခါ အင်းဝနန်းကို စိုးစံသည့် ဒုတိယမင်းခေါင် နတ်ရွာစံပြီး သားတော် ရွှေနန်းကျော့ရှင် နရပတိ နန်းတက်သည်။ တစ်ချိန်တည်းတွင် ရမည်းသင်းစား မင်းရဲကျော်စွာ လည်းလွန်သည်။ ထိုကဲ့သို့ အင်အားကြီးသည့် အရှင်သခင်နှင့် ပြိုင်ဖက်တို့ တစ်ချိန်တည်း ပျက်စီးခြင်းမှာ မင်းကြီးညိုအတွက် အလွန်ကြီးမားသည့် အခွင့်အရေးကိုရလေသည်။ ထို့ပြင်ရမည်းသင်းစား၏ကျွန်များ အင်းဝကိုသစ္စာမခံပဲ တောင်ငူသို့ပြောင်းရွေ့လာသဖြင့်လည်းကောင်း၊ အင်းဝနန်းတွင်း အရှုပ်တော်ပုံများကြောင့် အင်းဝမှ သူရဲကောင်းများ တောင်ငူသို့ဝင်သောကြောင့် လည်းကောင်း အလိုအလျောက်ပင် ရမည်းသင်းနယ်ကိုပါ ဩဇာလွမ်းပြီးဖြစ်တော့သည်။ မကြာမှီပင် အင်းဝမှ ရွှေနန်းကျော့ရှင် နရပတိသည် နှမတော် မင်းလှထွတ်အား မင်းကြီးညိုကိုပေးကာ မဟာမိတ် ပြုလေသည်။ ရေလွှဲငါးခရိုင်ကိုလည်းချီးမြှင့်သည်။ ထိုစဉ်က အင်းဝမှာမြောက်ဘက်မှ အင်အားကြီးလာသည့် ရှမ်းစော်ဘွားများ၏ ရန်စစ်ကို ခုခံနေရသည့်အနေအထားတွင်ဖြစ်ပြီး၊ တောင်ဘက်ရှိ စလင်း၊ပြည်တို့မှလဲ ပုန်ကန်ခြားနားနေပြီဖြစ်သည်။ ထို့ပြင် ညောင်ရမ်းစားမင်းရဲကျော်ထင်လွန်သော် ၎င်း၏ စစ်သည်ရဲမက်များက တောင်ငူသို့လာရောက်ခိုလုံသည်။ ထိုသတင်းကိုကြားသော နရပတိသည် တောင်ငူကို သည်းမခံနိုင်တော့ပဲ ရာဇသင်္ကြန်အားဗိုလ်မင်းခန့်ပြီး တောင်ငူကို တိုက်စေသည်။ သို့သော်သာဂရ အရောက်တွင် မင်းကြီးညိုတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး တပ်ပျက်လေသည်။ ပေါက်မြိုင်ထိချီတက်ပြီးသိမ်းကာ အပြန်တွင် ရာဇသင်္ကြန်တပ်များနှင့် ထပ်မံတိုက်ခိုက်သော် သားမက်ဖြစ်သူ မင်းတုံးတာက ဆင်စီးချင်းထိုးပြီးအနိုင်ယူသည်။ သက္ကရာဇ် ၈၆၆ တွင်တောင်ငူနှင့် ပြည် အင်အားနှစ်ရပ်ပေါင်းကာ စလေကိုတိုက်သည်။ အင်းဝမှ နရပတိလည်း အုန်းဘောင်စော်ဘွားကို စစ်ကူခေါ်ပြီး အင်အားအလုံးအရင်းနှင့်ချီတက်လာသည်။ ပုံတောင်အရပ်တွင်တိုက်ခိုက်ကြပြီး တောင်ငူနှင့် ပြည်တပ်များ ရှုံးနှိမ့်ရသည်။ သို့သော် အရှုံးထဲမှ အမြတ်ထွက်ရန် အတွက် မင်းကြီးညိုသည် ပုခန်းငယ်နှင့် ပင်းနတ်မောက်၊ ကျောက်ပန်းတောင်းဒေသများကို လှည့်ကာသိမ်းယူသည်။ နောင်တွင် ဆင်အုံကန်ကျိုးသဖြင့် ပြန်လည်ပြုပြင်ရာမှ တွေ့ရှိကောက်ယူလာသည့် ဝါးနွယ်ကုန်းသူကြီးသမီးခင်ဦးမှ သားတော်တစ်ပါးကို ရှားရှားပါးပါးရရှိသည်။ မွေးစကာပင် ထူးခြားသည့် လက္ခဏာအမှတ်အသားများပါရှိပြီး မိမိကဲ့သို့ပင် ဦးခေါင်းထက်တွင် ရွှေရောင်ဆံချည်မှင်တစ်ပင် ပါလာသည့်အတွက် တပင်ရွှေထီး ဟုခေါ်တွင်စေသည်။ တပင်ရွှေထီး မွေးပြီး ၃ ရက်အကြာတွင် မိုင်းသောင်စော်ဘွားနှင့်နောက်လိုက် ရှမ်း ၁၀ဝ၀ ကျော်တို့ခိုဝင်လာပြန်သည်။ သက္ကရာဇ် ၈၈၅ တွင်ပြည်မှ သတိုးမင်းစော နှင့် မိုးညှင်းစော်ဘွားစလုံတို့ ပူးပေါင်းပြီးအင်းဝကို စတင်တိုက်သည်။ ၈၈၆ ခုတွင်အင်းဝသို့ မိုးညှင်းစလုံရောက်ပြီး အပြင်းအထန်တိုက်ပွဲများဖြစ်ရာ နရပတိ ဆင်ခေါင်းအရပ်သို့ဆုတ်ပြေးသည်။ ဂတိအတိုင်း အင်းဝရှိ စည်းစိမ်များကို သတိုးမင်းစော နှင့် မိုးညှင်းစလုံတို့ခွဲဝေယူပြီး နေရပ်များသို့ အသီးသီးပြန်မှ နရပတိ အင်းဝသို့ပြန်လာရသည်။ ပြန်ရောက်ပြီးလျှင်တောင်ငူကို စစ်ပြုသည်။ အင်အားကြီးနေပြီဖြစ်သည့် တောင်ငူက ကြံ့ကြံ့ခိုင်နိုင်သဖြင့် မအောင်မြင်ပေ။ ၈၈၈ ခုတွင် မိုးညှင်းစလုံ နှင့် သားဖြစ်သူ သိုဟန်ဘွားတို့ အင်းဝကို ဒုတိယအကြိမ် စစ်ပြုလာသည်။ နရပတိ ခုခံသော်လည်း အင်အားမမျှတော့သဖြင့် မဟာမိတ်ဖြစ်သူ အုန်းဘောင်စော်ဘွားစစ်ကူ လာမည့် အရပ်ကို မှန်းဆပြီး ပြေးသည်။ သို့သော် ကျွန်းဦးအရပ်တွင် သိုဟန်ဘွားက မှီပြီးတိုက်ရာ အမြှောက်ဆံထိမှန်ပြီး နရပတိ လွန်လေသည်။ မင်းကြီးညိုသည် အသက် ၇၂ နှစ်အရောက် သက္ကရာဇ် ၈၉၂၊နတ်တော်လဆန်း ၅ ရက်၊ကြာသပတေး နေ့ ညအချိန်တွင် နတ်ရွာစံသည်။ မင်းကြီးညိုနတ်ရွာစံလျှင် သားတော် တပင်ရွှေထီး နန်းတက်သည်။ မင်းကြီးညိုသည် တောင်ငူမင်းဆက်ကို စတင်တည်ထောင်သော မင်းတစ်ပါးဖြစ်သည်။ သက္ကရာဇ် ၈၄၇ ခုနှစ်တွင် ဦးရီးတော်သူ အင်းဝလက်အောက်ခံ (စည်သူကျော်ထင်၏သား) မင်းစည်သူကို လုပ်ကြံ၍ နန်းတက်သည်။ နန်းတက်လျှင် မြရာဝတီ (ထိုနောက် ဒွါရာဝတီတွင်သည်) မြို့တော်ကိုတည်သည်။ ဟံသာဝတီမင်း၊ ဇင်းမယ်မင်းတို့က သီးခြားဂုဏ်ရည်တူမင်း တစ်ပါးအဖြစ် အသိအမှတ်ပြုသည်။ အရှေ့ကရင်နီ (ကယား) နယ်ကလည်း လက်ဆောင်ဆက်ရသည်။ မွန်ဘုရင် ဗညားရံက တိုက်ခိုက်လာသည်ကို နှိမ်နင်းနိုင်၍ အင်းဝဘုရင် ဒုတိယမင်းခေါင်ကပင်လျှင် မဟာသီရိဇေယျသူရဟူသော ဘွဲ့အမည်နှင့် မင်းမြောက်တန်ဆာ ငါးပါးကို ပို့လွှတ်သည်။ မင်းကြီးညိုသည် ပုဂံနန်းကျ ကျော်စွာနှင့် မိုးညှင်းမင်းတရားတို့၏ အနွယ်ဖြစ်သည်။ ထိုကြောင့်လည်း ၈၆၄ ခုနှစ်တွင် အင်းဝရွှေနန်းကြော့ရှင် နရပတိက ဘထွေးတော်၏သမီး မင်းလှထွတ်နှင့် မင်းကြီးညိုကို စုံဖက်သည်။ သို့ရာတွင် ထိုနှစ်မှာပင် မင်ကြီးညိုသည် ရေလွှဲငါးခရိုင်နှင့် ကျေးလက်များကို သိမ်းယူ၍ ရွှေနန်းကြော့ရှင်ကို ခြားနားသည်။ ညောင်ရမ်း၊ သင်းကြီး၊ ယင်းတော်၊ မိတ္ထီလာ၊ မြစ်ညောင်၊ သာဂရမြို့ကြီးများနှင့်တကွ မင်းတုံးတာ၊ မင်းပြည့်ဝတို့ ကျွန်တော်ခံလာသည်။ ကေတုမတီတောင်ငူမြို့ကို သက္ကရာဇ် ၈၇၂ ခုနှစ်တွင် တည်ထောင် စံနေသည်။ သက္ကရာဇ် ၈၈၈ ခုနှစ် အင်းဝကို မိုးညှင်းစလုံက တိုက်၍ ပျက်စီးသဖြင့် မြန်မာမင်း မှူးမတ်တို့ အမြောက်အမြား ခိုဝင်လာကြသည်။ အင်အားပြည့်စုံသော ပင်းယမင်း၊ အင်းခန်းမင်း၊ မြစ်သားမင်း၊ လှိုင်းတက်မင်းတို့ကား အလုံးအရင်း နှင့်တကွ ခိုဝင်လာကြသည်။ မင်းကြီးညိုသည် ဝါးနွယ်ကုန်းသူကြီး သမီးကို မိဖုရားမြှောက်ရာ ၈၇၈ ခုနှစ်တွင် တပင်ရွှေထီး ဖွားမြင်သည်။ ၈၉၂ ခုနှစ် နန်းစံ ၅၂ နှစ်တွင် နတ်ရွာစံ၍ သားတော် ၁၄ နှစ်အရွယ်ရှိ တပင်ရွှေထီး ထီးနန်းဆက်ခံသည်။ ကိုးကား မြန်မာ ဘုရင်များ တောင်ငူခေတ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8A%E1%80%AD%E1%80%AF
မင်းရဲသီဟသူ
ဘုရင့်နောင် ၏ ညီတော် တောင်ငူမင်းခေါင်လွန်လျှင် သားဖြစ်သူ မင်းရဲကျော်ထင်အား မင်းရဲသီဟသူ(၉၄၆-၉၇၁)ဘွဲ့ပေးပြီး တောင်ငူနန်းကို နန္ဒဘုရင်က စိုးစံစေသည်။ သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယား၊ ပြည်၊ မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။ နန္ဒဘုရင်က တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်၊ ညောင်ရမ်း တို့ထံပါ အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ မင်းရဲသီဟသူဦးဆောင်သည့် တောင်ငူတပ်များသည် အချိန်တိုအတွင်း ဟံသာဝတီကိုအောင်နိုင်ကာ နန္ဒဘုရင်နှင့် အခြွေအရံ၊ လူသူသုံ့ပန်း များကိုဖမ်းဆီးပြီး ဟံသာဝတီတွင်နန်းစံခြင်းမရှိဘဲ တောင်ငူသို့ပြန်လေသည်။ နန္ဒဘုရင် တောင်ငူပါကြောင်းကို ယိုးဒယားမင်းသိလျှင် တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အားပေးရန်တောင်းသည်။ မင်းရဲသီဟသူ မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ တောင်ငူရွှေနန်းသစ်ကို သက္ကရာဇ် ၉၆၄ တွင်တည်သည်။ မိဖုရားမှာ ဘုရင့်နောင်နှင့် စန္ဒာဒေဝီဘွဲ့ခံ သီရိဘုန်းထွတ်တို့၏ သမီးတော် မင်းခင်စော ဖြစ်သည်။ နန်းတက်လျှင် ဓမ္မရာဇာဘွဲ့ခံသည်။ မိဖုရားကို အတုလအဂ္ဂမဟာဒေဝီ ဘွဲ့ပေးသည်။ သားတော် နတ်သျှင်နောင်ကို အိမ်ရှေ့အရာပေးပြီး ရည်ငံနေသည့် ရာဇဓာတုကလျာ နှင့်လက်ထပ်ပေးသည်။ နန်းတက်ပြီး ၅ နှစ်အကြာ သက္ကရာဇ် ၉၇၁၊ ဝါခေါင်လဆန်း ၁၁ ရက်၊အင်္ဂါနေ့တွင် မင်းရဲသီဟသူ နတ်ရွာစံလေသည်။ ကိုးကား တောင်ငူခေတ် မြန်မာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B2%E1%80%9E%E1%80%AE%E1%80%9F%E1%80%9E%E1%80%B0
တောင်ငူမင်းခေါင်
တောင်ငူဘုရင်ခံ မင်းရဲသီဟသူ (မင်းကြီးဆွေ)လွန်လျှင် ၎င်းရာထူးကို သားတော်တစ်ပါးဖြစ်သည့် သီဟသူ အားဆက်ခံရန် တပင်ရွှေထီး ကပေးသည်။ သို့သော် သမိန်ထောရာမ ပုန်ကန်လျှင် ဘုရင့်နောင်သွားရောက်နှိမ်နှင်းရသဖြင့် သီဟသူအား ဟံသာဝတီ နန်းတွင် ကျန်ရစ်သည့် တပင်ရွှေထီးအား စောင့်ရှောက်ရန်ခေါ်ယူခဲ့သည်။ တပင်ရွှေထီးအား သမိန်စောထွတ် ပရိယာရ်ဖြင့် ဟံသာဝတီနန်းမှ ခေါ်ထုတ်ပြီး ကသာအရပ်တွင် လုပ်ကြံလျှင် တပင်ရွှေထီးထူထောင်သည့် နိုင်ငံမှာ ဝါးအစည်းပြေသကဲ့သို့ ဖယိုဖယဲဖြစ်လေသည်။ ထိုစဉ်က ဟံသာဝတီ နန်းစောင့်အဖြစ် ကျန်ရစ်သည့် သီဟသူမှာ စဉ်းစားခြင်းအလျဉ်းအရှိပဲ ဟံသာဝတီမှ လူသူများကိုခေါ်ပြီး မိမိနေရပ်ဖြစ်သည့် တောင်ငူသို့ပြေးလေသည်။ ရောက်လျှင် မင်းခေါင်ဘွဲ့ခံပြီး သီးခြားမင်းပြုလေသည်။ ဘုရင့်နောင် လည်းအင်အားစုစည်းပြိးနောက် မိမိနေရပ်အမှန်ဖြစ်သည့် တောင်ငူကို သက္ကရာဇ် ၉၁၂ တွင် လာရောက်တိုက်ခိုက်လေသည်။ မင်းခေါင် ခုခံသော်လည်း ငတ်မွတ်လာပြီဖြစ်သည့် မြို့သားများ၊စစ်သည်ရဲမက်များကြောင့် အညံ့ခံရလေသည်။ ဘုရင့်နောင်လည်း မင်းခေါင်ဘွဲ့ကို ပြန်ပေးပြီးအသက်မှ ချမ်းသာပေးသည်။ နောက် ၂ နှစ်အကြာ သက္ကရာဇ် ၉၁၄ တွင် ဘုရင့်နောင်အင်အားပြန်လည် ကြီးမားလာသဖြင့် နိုင်ငံအဝန်းကို တိုက်ခိုက်သိမ်းသွင်းရာ တောင်ငူမင်းခေါင်လည်း တစ်စိုက်မက်မက် ပါဝင်လေ့ရှိသည်။ ပြည်တိုက်ပွဲတွင် စွမ်းစွမ်းတမံ တိုက်ခိုက်ပြီး ပြည်ဘုရင် သတိုးသူအား ကိုယ်တိုင်လက်ရဖမ်းပြီး ဆက်သ သဖြင့်ဘုရင့်နောင်ချီးမွမ်းလေသည်။ ထိုနှစ်တွင်ပင် တောင်ငူဘုရင်ခံအဖြစ် မင်းမြှောက်တန်ဆာငါးပါးနှင့် ပြန်လည်ခန့်အပ်ခြင်းခံရသည်။ နောက်ပိုင်းတွင်လည်း ဘုရင့်နောင်တိုက်သည့် စစ်ပွဲမှန်သမျှ တွင်လိုက်ပါအမှုထမ်းရသည်။ သက္ကရာဇ် ၉၄၃ ဘုရင့်နောင် နတ်ရွာစံပြီး နန္ဒဘုရင်နန်းတက်သည်။ သုံးနှစ်အကြာ သက္ကရာဇ် ၉၄၆ တွင်တောင်ငူမင်းခေါင်နတ်ရွာစံလေသည်။ နန္ဒဘုရင်က ၎င်း၏သားဖြစ်သူ မင်းရဲကျော်ထင်အား မင်းရဲသီဟသူဘွဲ့ဖြင့် တောင်ငူနန်းကို ဆက်လက်ပေးအပ်ခဲ့သည်။ တောင်ငူခေတ် မြန်မာ ဘုရင်များ တောင်ငူမင်းဆက်
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%B0%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA
သမိန်ထောရာမ
သမိန်ထောရာမ (၁၅၅၁-၁၅၅၃)သည် မွန်မင်းဒုတိယဗညားရံ အိမ်နှိမ့်တွင် ဖွားမြင်သည့် သားဖြစ်သည်ဟုဆိုသည်။ တပင်ရွှေထီး ဟံသာဝတီကိုသိမ်းပိုက်ပြီး ရာမညမွန်သုံးရပ်ကို အုပ်ချုပ်ရာတွင် မကျေနပ်ကြသည့် မွန်များက ရဟန်းဝတ်ဖြင့်နေသည့် သမိန်ထောရာမအား လူဝတ်လဲစေပြီး အကြီးအမှူးတင်ကာ ပုန်ကန်ကြသည်။ သို့ဖြင့် ရဟန်းလူထွက် သမိန်ထောရာမမှာ တပင်ရွှေထီးအား ပုန်ကန်သူဖြစ်လာသည်။ အလွန်ဇွဲသတ္တိကောင်းလှသူအဖြစ် ကြော်ကြားသည်။ မကော်တွင် တပ်ချကာနေကြောင်းကြားလျှင် ဘုရင့်နောင်က ညီတော်နန္ဒယောဓာနှင့် မှူးမတ်များကို ချီတက်တိုက်ခိုက်စေသည်။ မကော်တွင် တိုက်ခိုက်ကြရာ သမိန်ထောရာမ တပ်ပျက်ကာနောက်လိုက်များဖြင့်ပြေးလေသည်။ နောက် သန်လျှင်စား နန္ဒကျော်ထင်(ဘုရင့်နောင်၏ညီ) ဟံသာဝတီတွင် ရောက်နေပြီး သန်လျှင်တွင်မရှိကြောင်းသိလျှင် သန်လျှင်ကိုဝင်တိုက်ကာ အခိုင်အလုံနေသည်။ ထိုသို့ သမိန်ထောရာမ၏ ပုန်ကန်မှုတစစ ကြီးထွားလာသည်ကို တပင်ရွှေထီးသိလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်မှသာ ပြီးလွယ်မည်ဟုဆိုကာ တပ်ကြီးဖွဲ့ပြီး စေလွတ်လေသည်။ သို့ဖြင့် သမိန်ထောရာမမှာ ဘုရင့်နောင်၏တိုက်စစ်ကြောင့် ဒလ(ယနေ့တွံတေး)သို့ပြေးရပြန်သည်။ ထိုအချိန်တွင် ဟံသာဝတီနန်းတော်မှ အရက်စွဲကာ အမှားအမှန်မခွဲခြားနိုင်တော့သည့် တပင်ရွှေထီးအား မွန်အမတ်ဖြစ်သူ သမိန်စောထွတ်က ပရိယယ်ပြုပြီးသတ်ဖြတ်ကာ သမိန်စက္ကာဝေါ ဘွဲ့ဖြင့် စစ်တောင်းတွင် တစ်ထီးတစ်နန်းထောင်ကာ မင်းပြုသည်။ သံသာဝတီနန်းစောင့်ဖြစ်သည့် တောင်ငူမင်းခေါင် ဟံသာဝတီမှခွာပြီး တောင်ငူသို့ပြန်လျှင် ကျန်ရစ်နေသည့် မွန်မှူးမတ်များက သမိန်စက္ကဝေါဘွဲ့ခံ သမိန်စောထွတ်ကို ပင့်ဖိတ်ကာ နန်းအပ်သည်။ ထိုအချိန်တွင် သမိန်ထောရာမမှာ ဒလမှ မုတ္တမသို့ပြောင်းရွေ့ပြီး အခြေအနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာနေသည်။ သမိန်စောထွတ်အား မင်းကျင့်တရားနှင့် မညီသဖြင့်မှူးမတ်တို့က လုပ်ကြံနန်းချပြီး သမိန်ထောရာမကို နန်းအပ်ကြပြန်သဖြင့် သမိန်ထောရာမမှာ ဟံသာဝတီနန်းကို လွယ်ကာကူကာဖြင့် ရလေတော့သည်။ သို့သော် နန်းသက် တစ်နှစ်ကျော်၊နှစ်နှစ်မရှိသေးချိန်တွင် ပင်တောင်ငူမှ တဖန်အင်အားကြီးလာပြန်သည့် ဘုရင့်နောင် ၏စစ်ပြုလာခြင်းကိုခံရသည်။ ဆင်စီးချင်းထိုးပြီးတိုက်ရာ သမိန်ထောရာမ ဓနုဖြူ၊ပုသိမ် စသည့်အနောက်ဘက်သို့ ပြေးလေသည်။ ဘုရင့်နောင် လိုက်တိုက်သဖြင့် ဒလသို့ပြေးရပြန်သည်။ ဥဇနာလာရောက်တိုက်ခိုက်သော်လည်း သမိန်ထောရာမ စစ်ရေးသာကာ ဥဇနာကျသည်။ ထိုသတင်းကို ကြားလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်လာသဖြင့် ဒလတွင် တိုက်ပွဲကြီးဖြစ်သည်။ ရှုံးသဖြင့် သမိန်ထောရာမ စစ်သည်ဗိုလ်ပါ၊သားသမီး၊မိဖုရား နှင့်ယောက္ခမ ပါပစ်ကာကိုယ်လွတ်ရုန်းပြေးရပြန်သည်။ ထို့နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးလေသည်။ မုတ္တမရောက်သော် ကဝေါဖက်သို့ပြေးသည်။ ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓားဒဏ်ရာရကာပြေးရပြန်သည်။ နောက်ဒဏ်ရာသက်သာလျှင် တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။ ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရသည်။ တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀ဝ နှင့်ဖမ်းရာ အဝတ်ချွတ်ဖြင့် ပြေးရပြန်သည်။ နောက်ဆုံး သက္ကရာဇ် ၉၁၄၊တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာဝတီသို့ဆက်သလာသည်။ အချို့ရာဇဝင်များတွင် သမိန်ထောရာမ တွင်နတ်တို့ပေးသည့် အစွမ်းထက်သော ဂါထာရှိသည်။ ထိုဂါထာကို ရေတွင်မန်းပြီးသုံးလျှင် သီးနှံတို့ ဆယ်ဆပိုသီးသည်၊ အနာမှန်သမျှ ချက်ချင်းပျောက်သည်ဟု ဆိုသည်။ ထိုကြောင့် သမိန်ထောရာမသည် မိမိဒူးကို ချိုးကာ ကရင်သူကြီးထံ အဖမ်းခံခြင်းဖြစ်သည်။ နောက် ဘုရင့်နောင်ရှေ့ရောက်လျှင် ပရိယာယ်ဖြင့် ရေသောက်ရန် ရေတောင်းပြီးမန်းကာ ဒူးကိုလောင်းသည်။ သို့သော် ဒူးပြန်မဆက်သဖြင့် ငိုယိုကြောင်းဆိုကြသည်။ ဘုရင့်နောင်လည်း သမိန်ထောရာမ ကို ကွပ်မျက်အပြစ်ပေးသည်။ သို့ဖြင့် မွန်တို့၏ခေါင်းဆောင် သမိန်ထောရာမမှာ ဘုရင့်နောင်လက်တွင် အရှုံးပေး အသက်ပါရလေသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ တောင်ငူခေတ်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%AD%E1%80%94%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%9B%E1%80%AC%E1%80%99
သမိန်စောထွတ်
သမိန်စောထွတ်မှာ မူလက မထင်မရှား မွန်အမတ်တစ်ဦးအဖြစ် တပင်ရွှေထီးအနားတွင် ခစားနေရသူဖြစ်သည်။ သမိန်စောထွတ်မှာ မွန်တိုင်းရင်းသားဖြစ်သည့်အလျှောက် မွန်ဒေသကို မြန်မာတို့ လာရောက်စိုးစံနေသည်ကို ကျေနပ်သူမဟုတ်ပေ။ အခွင့်အခါကိုစောင့်လျှက် တပင်ရွှေထီးအနားတွင် ခစားနေသူဖြစ်သည်။ ထို့ကြောင့် မင်းတရားရွှေထီးအား လှည့်စားရန် ပုဏ္ဏားများကိုလာဘ်ထိုးကာ ဇာတာမသန့်ကြောင်း၊ ဟံသာဝတီနန်းတော်မှခွာပြီး အရပ်တပါးတွင် ယာယီစံသင့်ကြောင်း လျှောက်စေသည်။ တပင်ရွှေထီးလည်း ယုံမှတ်ပြီး ယာယီစံရန် အရပ်ကိုရှာစေရာ သမိန်စောထွတ်က ပန်းတရော်တွင် နေရာသင့်ကြောင်း လျှောက်တင်ပြီး ပန်းတရော်တွင် ယာယီနန်း ဆောက်စေသည်။ သီဟသူနှင့် စောလဂွန်းအိန် တို့ တားသော်လည်း အရာမထင်တော့ပေ။ နောက် သီဟသူအား ဟံသာဝတီ နန်းစောင့်အဖြစ်ထားကာ စောလဂွန်းအိန်၊ သမိန်စောထွတ်တို့ကို ခေါ်ဆောင်ပြီး ပန်းတရော်သို့ သွားလေသည်။ ပန်းတရော်ရောက်လျှင် စစ်ရေးအချက်အချာဒေသဖြစ်သည့် စစ်တောင်း ကို စားသော မင်းမဟာလွန်ကြောင်းသိလျှင် အထွေအထူးမစဉ်းစားပဲ အနားရှိ သမိန်စောထွတ်ကို စားရန်ပေးပြန်သည်။ ထို့ပြင် သမိန်စောထွတ်၏ ညီနှစ်ဦးအား အနားတွင် ဓားလွတ်ကိုင်ခစားစေခဲ့သည်။ တစ်လခန့်အကြာတွင် ရခိုင်တပ်သို့ပြောင်းရွှေ့စံရန်ဆိုပြန်ရာ ဟံသာဝတီနှင့် ဝေးရာ ရခိုင်တပ်သို့ရွှေ့ပြန်သည်။ ရခိုင်တပ်အရောက်တွင် ဆင်ဖြူတော် ပေါ်သည်ဟုဆိုကာ အယုံသွင်းပြီး မုတ္တမစား အား ဆင်ဖြူတော်ဖမ်းရန်အတွက် လူသူများ သွားရောက်ခေါ်ယူစေသည်။ တပ်ကိုလည်း ကသာ(ယခုကသာဖြစ်မည်မထင်ပါ။ သိသူများဖြည့်ပေးစေချင်ပါသည်။)သို့ တပ်မံရွှေ့ပြောင်းပြီး အင်ကလိန်ဘုရားအနီးတွင် တပ်တည်လေသည်။ ထိုသို့ဖြင့် အနားတွင် စိတ်ချယုံကြည်လောက်သည့် မှူးမတ်မရှိတော့သည့်အချိန်တွင် သမိန်စောထွတ်နှင့် ညီနှစ်ဦးတို့က သက္ကရာဇ် ၉၁၂ခု၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ ည ၃ ချက်တီးအကျော်တွင် ဓားဖြင့်လည်ကိုဖြတ်၍ လုပ်ကြံရာ အိပ်ပျော်နေသည့် တပင်ရွှေထီး လွန်လေသည်။ တပင်ရွှေထီးကို လုပ်ကြံပြီးလျှင် သမိန်စောထွတ်မှာ ဟံသာဝတီသို့ မဝင်ပဲ မိမိအပိုင်စားရသည့် စစ်တောင်းသို့ အလျှင်ပြန်ပြီး သမိန်စက္ကဝေါဘွဲ့ခံကာ နန်းတက်သည်။ ဟံသာဝတီနန်းစောင့်ဖြစ်သည့် တောင်ငူမင်းခေါင် တောင်ငူသို့ပြန်ပြီးလျှင် ဟံသာဝတီရှိ မွန်အမှူးအမတ်တို့က စစ်တောင်းမှ သမိန်စောထွတ်ကို ခေါ်ယူပြီးနန်းအပ်သည်။ သို့သော် မူလကတည်းက မင်းမျိုးမဟုတ်၍ မင်းကျင့်တရားနှင့် အညီအုပ်ချုပ်နိုင်ခြင်းမရှိသလို ပြိုင်ဖက်ဖြစ်သည့် သမိန်ထောရာမ ကို လူကြိုက်များလှသည်ဖြစ်၍ နန်းသက် ၇ လကျော်မှာပင် လုပ်ကြံနန်းချခြင်းခံရပြန်သည်။ သမိန်စောထွတ်ကို လုပ်ကြံပြီးလျှင် မွန်တို့က သမိန်ထောရာမကို နန်းတင်ကြပြန်သည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%AD%E1%80%94%E1%80%BA%E1%80%85%E1%80%B1%E1%80%AC%E1%80%91%E1%80%BD%E1%80%90%E1%80%BA
ခေတ်ပြိုင်သတင်းဂျာနယ်
ခေတ်ပြိုင်သတင်းဂျာနယ်ကို ဇန်နဝါရီလ (၁) ရက် ၁၉၉၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ “စစ်ကိုနိုင် ခေတ်ကိုပြိုင်မယ့် ခေတ်ပြိုင်” ဟု မှတ်တမ်းတင်ထားခဲ့သူ ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌကြီး အရှင်ခေမာစာရ၏စကားအတိုင်း ၁၉၉၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဦးတင်မောင်ဝင်း (ကွယ်လွန်) က စာပေအနုပညာရှင်များလည်းဖြစ်၊ စာနယ်ဇင်းအတွေ့အကြုံများသူတွေ လည်းဖြစ်သော ရှုဒေါင့်ဂျာနယ် အယ်ဒီတာဟောင်း ဦးဝင်းခက်၊ စာရေးဆရာ မြဝတီရဲခေါင်၊ သတင်းစာပုံစံနဲ့ စာလုံးဒီဇိုင်းဘက်မှာ ကျွမ်းကျင်သူ မစ္စတာဘားမား (ဝင်းထွန်း)၊ စာရေးဆရာ မောင်စင်ကြယ် (ဦးမန်းညွန့်မောင်) စသည့် ကလောင်စွမ်းအားကို ယုံကြည်သူ ပုဂ္ဂိုလ်တစု၏ အကူအညီကို တောင်းခံခဲ့ရာမှ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ငြိမ်းချမ်းရေးအတွက် ထိန်းသိမ်းရပ်တည်ပေးမည့် “ခေတ်ပြိုင်” သန္ဓေတည်ခဲ့ရသည်။ သတင်းစာထွက်လာချိန်တွင် ဦးဝင်းခက်က အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် သတင်းစာဆရာကြီးဦးသောင်း (ကြေးမုံ) က အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ဆက်လက် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ “သတင်းဂျာနယ်အမည်ဆိုသည်မှာ စာလုံးလည်းနည်းရမယ်၊ ကျစ်လည်းကျစ်ရမယ်၊ မှတ်မိလည်း လွယ်ရမယ်၊ ခေတ်ပြိုင်ဆိုတော့ သူတို့အုပ်စုနဲ့အပြိုင်ပေါ့” ဟု အမည်နဲ့ပတ်သက်လို့ အကြံပြုသူ တဦးဖြစ်သည့် ဦးဝင်းခက်က တင်ပြသည်ကို အများကလက်ခံကြသည့်အတွက် ခေတ်ပြိုင်၏ ရည်မှန်းချက်နှင့် မူဝါဒကို ခေတ်ပြိုင် ဦးစီးတည်ထောင်သူ ဦးတင်မောင်ဝင်းက အောက်ပါအတိုင်း ချမှတ်ခဲ့သည်။ ခေတ်ပြိုင်၏ အခြေခံမူ (၄) ရပ်မှာ - (၁) ခေတ်ပြိုင်ဂျာနယ်သည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းနေသော သတင်းဂျာနယ်ဖြစ်သည်။ (၂) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီ တော်လှန်ရေး သတင်းဂျာနယ်တစောင်ဖြစ်သည်။ (၃) ပြည်သူ့ဘက်မှ ခိုင်မာစွာရပ်တည်၍ အမှန်တရားကို ဖော်ထုတ်ရေးသားမြှင့်တင်အားပေးနေသော သတင်းဂျာနယ်ဖြစ်သည်။ (၄) မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ တပ်ပေါင်းစုအလံကို ကိုင်စွဲပြီး တိုင်းရင်းသားလူမျိုးစု ပေါင်းစုံ၏ ဆန္ဒနှင့် ခံစားချက်များကိုဖော်ပြသော သတင်းဂျာနယ်ဖြစ်သည်။ သို့သော် ခေတ်ပြိုင်သည် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ ဩဇာခံမှမဟုတ်ဘဲ လွတ်လပ်စွာရေးသားထုတ်ဝေသော သတင်းစာကျင့်ဝတ် သိက္ခာခံယူချက်ကို ထာဝစဉ် ဆုပ်ကိုင်သွားမည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် နအဖတို့ ဆွေးနွေးအဖြေရှာမှသာ နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ စည်ပင်အေးငြိမ်းသော ဒီမိုကရေစီလူ့ဘောင်တွင် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်ဟု ယတိပြတ် ယုံကြည်သော ခေတ်ပြိုင်က ဒီမိုကရေစီမဏ္ဍိုင်ပီသစွာ အမှန်တရားများကို စွမ်းအားရှိသရွေ့ ဆက်လက်တင်ပြသွားပါမည်ဟု ခေတ်ပြိုင်က ရေးသားဖော်ပြထားသည်။ ပြင်ပလင့်ခ်များ ခေတ်ပြိုင် မီဒီယာ အင်တာနက်
https://my.wikipedia.org/wiki/%E1%80%81%E1%80%B1%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%82%E1%80%BB%E1%80%AC%E1%80%94%E1%80%9A%E1%80%BA
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) သည် အမြတ်အစွန်းမယူသောအဖွဲ့အစည်းတခုဖြစ်ပြီး ၂၀ဝ၀ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ လူထုအခြေခံအဖွဲ့အစည်းများနှင့် ရပ်ရွာလူထုများအတွက် သင်တန်းများနှင့် လှုံ့ဆော်မှု များစွာကို အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိသည်။ ရပ်ရွာလူထုခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လိင်စိတ် ကွဲပြားနေသူများနှင့် လူငယ်များကို လူ့အခွင့်အရေးပညာပေးသူများဖြစ်လာစေရန်အတွက် စွမ်းရည်မြှင့်ပေးနိုင်သော ပူးပေါင်းပါဝင်လေ့လာသည့်နည်းလမ်းဖြင့် ပို့ချလုပ်ဆောင်လျက်ရှိသည်။ လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)သည် မြန်မာနိုင်ငံအတွင်း အမျိုးမျိုးကွဲပြားလျက်ရှိသော လူမှုအဖွဲ့အစည်း များအတွင်း လူ့အခွင့်အရေးများဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးသင်တန်းများနှင့် လူ့အခွင့်အရေး ပညာပေးနည်းပြသင်တန်းများအပြင် ခေါင်းဆောင်မှု၊ အခြား လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အတတ်ပညာသင်တန်းများကို ပို့ချပေးလျက်ရှိသည်။ ထိုင်းမြန်မာနယ်စပ်တွင်အခြေစိုက် လှုပ်ရှားလျက်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်များနှင့် မြန်မာနိုင်ငံပြည်တွင်းရှိ ထိစပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။ မိမိတို့သည် လူ့အခွင့်အရေးပညာပေးနိုင်ရန်အတွက် ရက်ရှည်၊ ရက်တိုကာလသင်တန်းများကို ပို့ချရုံသာမက လူ့အခွင့် အရေးပညာပေးဆိုင်ရာ စာအုပ်စာတမ်းများနှင့် ပိုစတာများ ထုတ်ဝေခြင်း၊ အလုပ်သင်အစီအစဉ်များဖြင့် လေ့ကျင့် ပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ လူထုအခြေခံအဖွဲ့အစည်းများအတွင်း တက်ကြွစွာလှုပ်ရှားသူများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လိင်စိတ်ကွဲပြားနေသူများနှင့် လူငယ်များအနေဖြင့် လူ့အခွင့်အရေး ပညာပေးသူများ ကိုယ်တိုင်ဖြစ်ပေါ်လာနိုင်စေရေးအတွက် ပူးပေါင်းပါဝင်သည့် သင်ကြားမှုနည်းစနစ်ကို အသုံးပြု၍ စွမ်းရည်မြင့်လုပ်ဆောင်ပေးလျက်ရှိသည်။ နောက်ခံသမိုင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် လွန်စွာဆိုးဝါးလျက်ရှိနေပါသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင် လျက်ရှိသော နယ်စပ်ဒေသများတွင် ဆယ်စုနှစ်(၆)ခုတိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေ ဆဲဖြစ်သည်။ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စစ်အာဏာရှင်စနစ်က လွှမ်းမိုးချုပ်ကိုင်နေဆဲပင်ဖြစ်ပြီး စစ်တပ်က အမျိုးသမီးများနှင့် လူမျိုးစု တိုင်းရင်းသားများကို ပစ်မှတ်ထားကာ မုဒိမ်းကျင့်ခြင်း၊သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပမ်း ခြင်းနှင့် ကျေးကျွန်သဖွယ်ပြုမူခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ဆဲဖြစ်သည်။ လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေရုံသာမက သတင်းအချက်အလက်များကို တင်းကျပ်စွာထိမ်းချုပ်ထားမှု ကြောင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် မည်သည့်အကြောင်း အရာကိုမှ မြန်မာနိုင်ငံအတွင်းတွင် လေ့လာနိုင်စွမ်း မရှိကြပါ။ ထုတ်ဝေသည့် စာအုပ်စာတမ်းများ အားလုံးမှာ စစ်အာဏာရှင်တို့၏ တင်းကြပ်သောစာပေစိစစ်မှုအောက်တွင် ဖြတ်တောက်ခံခဲ့ကြရသည်။ ၁၉၈၈ ခု လူထုအုံကြွမှုနောက်ပိုင်းမှသာ အဝေးရောက်နိုင်ငံရေးလှုပ်ရှားသူများက စတင် ကာ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများထုတ်ဝေခြင်း၊ သင်တန်းဆွေနွေးပွဲများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်၍ လူ့အခွင့်အရေးလုပ်ငန်းများကို မြန်မာပြည်သူများအတွင်း ပြန့်နှံ့အောင်လုပ်ဆောင်လာခဲ့ကြသည်။ သို့သော် လေ့လာရသည့် စာအုပ်စာတမ်းအများစုမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် နိုင်ငံ တကာ ဘာသာစကားကျွမ်းကျင်မှုနည်းပါးခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာဝေါဟာရများနှင့် အလှမ်းကွာဝေးခြင်း တို့ကြောင့် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများမှာ မျှော်မှန်းထားသလိုထိရောက်မှုမရှိခဲ့ကြပေ။ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ အခြေခံလူတန်းစားအဖွဲ့အစည်းများသို့ထိုးဖေါက်နိုင်ရန်အတွက် လက်တွေ့ကျသော လူ့အခွင့်အရေးပညာပေးမှုနှင့် စွမ်းရည်မြင့်မားအောင်လုပ်ဆောင် သည့် အစီအစဉ်များလုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပါသည်။ ထိုလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်ရန်အတွက် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)ကို ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။ စတင်ထူထောင်ခဲ့သော ၂၀ဝ၀ခုနှစ်ကတည်းက လူ့အခွင့်အရေး ပညာပေးမှုလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လာခဲ့ပြီး ယနေ့အထိ အဖွဲ့အစည်းအသီးသီးမှ သင်တန်းများ ပို့ချ ပေးရန်အတွက် တောင်းဆိုမှုများကို အဆက်မပြတ် လက်ခံရရှိနေ လျက်ရှိ်သည်။ လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)အနေဖြင့် သင်တန်းသားများကိုယ်တိုင် ပါဝင်လေ့လာ သင်ယူနည်းကသာ လေ့လာသူများ၏စွမ်းရည်ကို မြင့်တင်ပေးရာရောက်ပြီး အမှန်တကယ် လက်တွေ့ကျသောလှုပ်ရှားပြောင်းလဲမှုများကို ဆောင်ကျဉ်းပေးနိုင်သည်ဟု အလေးအနက်ခံယူ သည်။ ဆရာကိုဗဟိုပြုသောသင်ကြားနည်းသည် လူမှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲရန်အတွက် အရေးကြီးလှသည့် လူတစ်ယောက်ချင်းစီ၏ သဘောထားနှင့် အပြုအမူများ ပြောင်းလဲရန် ဆိုသည့် ရည်ရွယ်ချက်ကို ရရှိနိုင်အောင်မလုပ်ဆောင်နိုင်ကြောင်းကို မိမိတို့အနေဖြင့် သုံးသပ်မိပါသည်။ လေ့လာ သူများ၏ ပါဝင်လုပ်ဆောင်မှုကို အားနည်းစေသည့် ဆရာကိုဗဟိုပြုသော သင်ကြားမှုပုံစံမျိုးဖြင့် လေ့လာသူများ၏ စွမ်းရည်ကို မြင့်တင်နိုင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ထိုသို့ ယုံကြည်သည့်အတိုင်း လူ့အခွင့်အရေး ပညာပေးဌာန(မြန်မာနိုင်ငံ)သည် သင်ယူလိုသူများ၏ လိုလားချက်၊ အတွေးအမြင်များအပေါ်အခြေခံထားသည့် လူ့အခွင့်အရေး ပညာပေးမှုများကို လုပ်ဆောင်လျက် ရှိသည်။ သင်ယူသူများ၏စွမ်းရည်ကို မြင့်တင်ပေးခြင်းဖြင့် လူ့အခွင့်အရေးအကြောင်းကို ပိုမိုနားလည်သဘောပေါက်လာစေအောင်နှင့် လူ့အခွင့်အရေးများ ကို အသုံးချစေနိုင် အောင် ရည်မှန်းလုပ်ဆောင်လျက် ရှိသည်။ ရည်မှန်းချက် ကျားမတန်းတူညီမျှနှင့် ကျွမ်းကျင်မှုကိုအခြေခံသော လူ့အခွင့်အရေးနှင့်သင်တန်းများကို လူထုလူတန်းစားများအကြား ကျင်းပပြုလုပ်သွားရန်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် ယန္တရားများဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အဓိကလူ့အခွင့်အရေးသဘောတူ စာချုပ်များဖြစ်ကြသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR) အမျိုးသမီးများအား နည်းမျိုး စုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ဖျက်သိမ်းရေးစာချုပ်(CEDAW) အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့် အရေး သဘောတူစာချုပ် (ICCPR) အပြည်ပြည်ဆိုင်ရာ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအခွင့်အရေးများ သဘော တူစာချုပ် (ICESCR) လူမျိုးရေး ခွဲခြားဖိနှိပ်မှုပုံစံအားလုံး ဖျက်သိမ်းရေးစာချုပ်(CERD) ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) နှင့် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်တို့ကို မြန်မာပြည်သူများအကြား ပိုမိုနားလည်သဘောပေါက်စေလာအောင် ကြိုးပမ်းလုပ်ဆောင်သွားရန်။ မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် နယ်စပ်ဒေသများတွင် ကျွမ်းကျင်မှုရှိသော လူ့အခွင့်အရေးပညာပေးသင်တန်းနည်းပြများ ပေါ်ထွန်းလာစေရန်နှင့် လူထုအဖွဲ့အစည်းအသီးသီး၏ စွမ်းရည်များပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် သင်တန်း နည်းပြသင်တန်းများကို အဆက်မပြတ်လုပ်ဆောင်သွားရန်။ HREIB ၏ ဦးတည်ချက်များပြည့်ဝနိုင်စေရန် လိုအပ်သည့် လူတိုင်းနားလည်လွယ်ကူစွာ ဖတ်ရှုအသုံးချနိုင်သော သင်တန်းပို့ချုမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ လမ်းညွှန်လက်စွဲများနှင့် အခြားသောထုတ်ဝေမှုများကို ဆောင်ရွက်သွားရန်၊ လိင်ကွဲပြားမှုအခြေခံ၍ ခွဲခြားသောအချက်များအကြောင်းကို ပိုမိုနားလည်သဘောပေါက်လာမိစေရန်နှင့် ထိုအချက်များသည် လူ့အခွင့်အရေးနှင့် မည်ကဲ့သို့ဆက်စပ်နေသည်ကို သတိပြုမှုများတိုးပွားလာစေရန်အတွက် ရည်ရွယ်၍ လက်ရှိလုပ်ငန်းအမျိုးမျိုးတွင် အကောင်အထည်ဖော်လုပ်ဆောင်သွားရန်။ မျှော်မှန်းချက် လူ့အခွင့်အရေးနှင့် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အကြောင်းအရာများကို လူ့အဖွဲ့အစည်းအကြား ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နားလည်စေပြီး လှုပ်ရှားဆောင်ရွက်မှုများ လုပ်ဆောင်လာစေရန်။ မြန်မာနိုင်ငံ၏ကျောင်းများအားလုံး၏ သင်ရိုးညွှန်းတမ်းများထဲတွင် တိုးတက်ကောင်းမွန်သည့် လူ့အခွင့်အရေးပညာပေးမှုကို ပြဋ္ဌာန်းထည့်သွင်းသင်ကြားလာနိုင်ရန်။ လူ့အခွင့်အရေးမှန်သမျှအား လေးစားသည့် ငြိမ်းချမ်းသော၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ်ရှည်မှုရှိသော၊ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံသစ်ကိုထူထောင်ရာတွင် လူ့အခွင့်အရေးပညာပေးမှုကို အဓိကကျသော ကရိယာအဖြစ်အသုံးပြုရန်။ ရည်ရွယ်ချက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးပညာပေးဌာနတစ်ခုအနေဖြင့် ဆောင်ရွက်သွားရန်။ လူ့အခွင့်အရေးပညာပေးဌာန၏ ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ သင်တန်းအမျိုးမျိုးပို့ချသွားရန်။ အလုပ်သင်အစီအစဉ်များခေါ်ယူခြင်းနှင့် စာအုပ်စာတမ်းများအပါအဝင် အခြားအထောက်အကူပြုပစ္စည်း အမျိုးမျိုးအား ထုတ်ဝေဖြန့်ချိမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားရန်။ မြန်မာနိုင်ငံရှိ အမျိုးမျိုးကွဲပြားခြားနားနေသော လူမျိုးစုတိုင်းရင်းသားများအကြားတွင် နားလည်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ပွားများလာစေရန်အတွက် လူ့အခွင့်အရေးပညာပေးမှုများကို ကရိယာတစ်ခုအနေဖြင့် အသုံးပြုသွားရန်။ အဖွဲ့အစည်း၏ အင်တာနက် စာမျက်နှာ မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%B7%E1%80%A1%E1%80%81%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%95%E1%80%B1%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%20%28%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%29
ချအမ်းမြို့
ချအမ်းမြို့သည်ထိုင်းနိုင်ငံအနောက်ပိုင်းဝဇိရပုရီပြည်နယ်တည်ရှိသည့်မြို့တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%A1%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ကြို့ထိုးခြင်း
လူတယောက် အသက်ရှုတဲ့အခါ လေကို ပါးစပ် ဒါမှမဟုတ် နှာခေါင်းကနေ ရှူသွင်းလိုက်ပါတယ်။ ရှူသွင်းလိုက်တဲ့လေဟာ အသက်ရှူလမ်းကြောင်းမှာ ပါဝင်တဲ့ နေရာအဆင့်ဆင့်ကို ဖြတ်ပြီး နောက်ဆုံးမှာ အဆုတ်ထဲကို ရောက်သွားပါတယ်။ ရင်ခေါင်း ကြွက်သားမကြီးကလည်း ကြွက်သားကျုံ့ခြင်း၊ ဆံ့ခြင်းတို့ကိုပြုလုပ်ခြင်းဖြင့် လေရှူသွင်းချိန်မှာ အောက်ဘက်ကို ကျသွားလိုက်၊ လေရှူထုတ်ချိန်မှာ အပေါ်တက်လာလိုက် ဖြစ်ပေါ်စေပြီး အသက်ရှူတဲ့ဖြစ်စဉ်မှာ ဝင်ရောက်ပါဝင်လေ့ ရှိပါတယ်။ အာရုံကြောတခုဖြစ်တဲ့ phrenic nerve ဟာ ရင်ခေါင်းကြွက်သားမကြီးရဲ့ လှုပ်ရှားမှုနဲ့ အာရုံခံစားမှုကို လုပ်ဆောင်ပေးပါတယ်။ ကြို့ထိုးခြင်းဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် phrenic nerve က လှုံဆော်မှုကို ခံရမယ်ဆိုရင် ရင်ခေါင်းကြွက်သားများဟာ အလိုအလျောက် လှုပ်ရှားလာတတ်ပါတယ်။ (မျက်စေ့နဲ့ မြင်ရတဲ့ ကြွက်သားတွေ လှုပ်ရင်တော့ အသားလှုပ်တယ်လို့ ခေါ်ပါတယ်။ တဆတ်ဆတ်နဲ့ ဖြစ်တတ်တဲ့သဘောပေါ့ ) အဲဒီ လှုံ့ဆော်မှုကြောင့် ကြို့ထိုးမဲ့သူဟာ အသက်ကို ပြင်းပြင်းနဲ့ မြန်မြန်ရှူလိုက်ပါတယ်။ ဒီအချိန်မှာ (epiglottis) လို့ခေါ်တဲ့ လေပြွန်ဖုန်းက ရုတ်တရက် ပိတ်သွားပါတယ်။ ဒီအခါ လေအဝင်အထွက်က ရုတ်တရက် ရပ်သွားပါမယ်။ ဆိုတော့ လူတိုင်းကြားနေကျ ကြို့ထိုးတဲ့ အသံလေး ဖြစ်ပေါ်လာပါတယ်။ အွတ်.. အွတ်.. ။ ဟုတ်တယ်နော်။ စမ်းကြည့်ပါဦး။ ကြို့ထိုးအောင် လှုံဆော်ပေးတဲ့အရာ အများအပြား ရှိပါတယ်။ အဲဒါတွေကတော့ ရင်ပြည့်လွန်ခြင်းအစာအိမ်ဟာ ရင်ခေါင်း ကြွက်သားမကြီးရဲ့ အောက်မှာ တည်ရှိပါတယ် ။ ဒါကြောင့် အစာတွေအများကြီး စားလိုက်မယ်ဆိုရင် အာရုံကြောကတဆင့် ရင်ခေါင်း ကြွက်သားမကြီးကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတာပါ။ အပူအစပ်များစားခြင်း ဆေးလိပ် အလွန်အကျွံသောက်ခြင်း အရက် အလွန်အကျွံသောက်ခြင်း သို့မဟုတ် တကြိမ်တည်းနှင့် အများအပြား သောက်လိုက်ခြင်း အစာအိမ် အတွင်းနှင့်အပြင်တွင် အပူချိန်ကွာခြားမှု ရုတ်တရက်များလာခြင်း (အလွန်အေးသော ၊ အလွန်ပူသောအစာများ စားမိလျှင်ဖြစ်တတ်သည်) စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။ ရောဂါကြောင့်ဖြစ်ခြင်း ကိုယ်တွင်းဇီဝကမ္မဆိုင်ရာ ပြင်းထန်သောရောဂါများ၊ အာရုံကြောမကြီးနှင့်ဆိုင်သော ရောဂါများ၊ မေ့ဆေးပေးထားသောသူများ၊ စိတ်မကျန်းမာသော သူများ အချို့သော ဆီးချိုသမားများ ကျောက်ကပ်အားနည်းသူများ စသည်တို့မှာ ၄၈နာရီထက်ကြာအောင် ကြို့ထိုးတတ်တာ တွေ့ရတတ်ပါတယ်။ ပျောက်အောင်လုပ်နည်း ကြို့ထိုးတာဟာ အချိန်တော်တော်များများမှာ သူ့အလိုလို ပျောက်တတ်ပါတယ်။ ဘာမှလုပ်ပေးစရာ မလိုပါဘူး။ အချိန်အရမ်းကြာလို့ ခံစားနေရတဲ့သူ သိပ်မောပန်းလာမယ် ဆိုရင်တော့ ရိုးရှင်းတဲ့နည်းလေး တွေနဲ့ အရင် စကုနိုင်ပါတယ။် အဲဒါတွေကတော့… ၁။ အသက်ရှူတာ ခဏအောင့်ထားလိုက်ပါ။ သွေးထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏတွေ တက်လာပါလိမ့်မယ်။ ဒါဆို သက်သာသွားပါလိမ့်မယ်။ ကြို့မထိုးတော့ပါဘူး။ ၂။ ရေသောက်ကြည့်ပါ။ ၃။ အိတ်တအိတ်ထဲကို ပါးစပ်နဲ့ နှာခေါင်းထည့်ပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ပါ။ ဒါဆိုလည်း ကိုယ်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ကိုယ်ပြန်ရှူသလိုဖြစ်ပြီး သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ တက်လာပါလိမ့်မယ်။ ဒီနည်းလေးတွေက vagus nerve လို့ခေါ်တဲ့ ဦးနှောက်နဲ့ အစာအိမ် အူလမ်းကြောင်းကို ဆက်သွယ်ပေးထားတဲ့ အာရုံကြောကို လှုံဆော်ပေးပြီး ကြို့ထိုးခြင်းကို သက်သာစေတာ ဖြစ်ပါတယ်။ ၄။ သကြားကို လျှာအောက်မှာ ငုံထားပေးပါ ။ အချိန်ကြာမြင့်စွာ ကြို့ထိုးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။ ဆေးအနေနဲ့ကတော့ Chlorpromazine ဆိုတဲ့ဆေးကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ မတိုက်သင့်ပါဘူး။ ဆရာဝန်တယောက်အနေဖြင့် ၁။ နှာခေါင်းပိုက် (suction tube )ကို နှာခေါင်းက တဆင့်ထည့်ပြီး ရှေ့တိုးနောက်ဆုတ် အနည်းငယ်ပြုလုပ်ပေးခြင်းအားဖြင့် pharynx ကို လှုံ့ဆော်ပေးခြင်း။ (တော်တော် အခံရ ခက်ပါတယ်၊ မဖြစ်မနေမှသုံးပါတယ်) ၂။ Phrenic nerve ကိုမလှုပ်ရှားနိုင်အောင် လုပ်ထားခြင်း ဖြတ်တောက်ထားခြင်း တို့ပြုလုပ်နိုင်ပါတယ်။ မူရင်းစာမျက်နှာ ကြို့ထိုးခြင်းဆိုတာ ရောဂါလက္ခဏာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
အပူပိုင်းဒေသ ရောဂါများ
အပူပိုင်းဒေသတွင်ဖြစ်ပွားသော ရောဂါများမှာ အပူပိုင်းဒေသနှင့် အပူပိုင်းဒေသနှင့်နီးသော ဒေသများတွင် ဖြစ်ပွားပျံ့နှံ့သော သို့မဟုတ် တစ်ဦးတည်းပြိုင်ဘက်ကင်းသော ရောဂါများဖြစ်သည်။ ရောဂါပိုးများသည် မပူလွန်းမအေးလွန်းသော ရာသီဥတုများတွင် ပျံ့နှံ့မှုပိုနည်းပါသည်မှာ အင်းဆက်ပိုးကောင်ရေကို ဆောင်းခိုစေခြင်းဖြင့် ထိန်းချုပ်နိုင်သောအေးသောရာသီဖြစ်ပေါ်သောကြောင့်လည်း ဖြစ်သည်။ ခြင်နှင့် ယင်တို့ကဲ့သို့ အင်းဆက်များသည် ယခုအချိန်အခါအထိ လူသိအများဆုံးသော ရောဂါပိုးသယ်ဆောင်သူများ သို့မဟုတ် ဗက်တာခေါ် ကူးစက်ရောဂါပိုး သယ်ဆောင်သူ ဖြစ်သည်။ ဤအင်းဆက်များသည် လူသားများနှင့် တိရစ္ဆာန်များကို ကူးစက်ပြန့်ပွားစေသော ကပ်ပါးကောင်၊ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကို သယ်ဆောင်နိုင်သည်။ အများအားဖြင့် ရောဂါပိုးသည် အင်းဆက်ပိုး “ကိုက်ခြင်း”ကြောင့် ကူးစက်ပါသည်။ ကူးစက်စေတတ်သော အရာများကို အရေပြားအောက်တွင် သွေးလဲလှယ်မှု ပြုလုပ်ခြင်းမှတဆင့် ကူးစက်စေသည်။ ဤနေရာတွင် ဖော်ပြထားသော ရောဂါတစ်စုံတစ်ရာ အတွက်ကိုမျှ ကာကွယ်ဆေးများ မရနိုင်သေးပါ။ အများအပြားမှာ ကုသရန်နည်းလမ်းမရှိပါချေ။ အပူပိုင်းဒေသ မိုးရာသီသစ်တောများအားလူသားများသွားရောက်စူးစမ်း လေ့လာကြခြင်း၊ သစ်တောပြုန်းတီးခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းအခြေချနေထိုင်မှု မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးသွားများ တိုးမြင့်လာခြင်းနှင့် အပူပိုင်းဒေသများသို့ အခြား ကမ္ဘာလှည့် ခရီးသွားလာခြင်းတို့သည် ထိုသို့သော ရောဂါများ ဖြစ်ပွားခြင်းကို မြင့်တက်လာစေသည်။ အပူပိုင်းဒေသတွင် ဖြစ်ပွားသော ရောဂါများအား သုတေသနပြုခြင်းနှင့် သင်တန်းပို့ချခြင်း အထူးအစီအစဉ် (TDR) အာဖရိက၊ အာရှ၊ အမေရိကအလယ်ပိုင်းနှင့် တောင်အမေရိကရှိ ဖွံ့ဖြိုးတိုးတက်ဆဲဒေသများရှိ ဆင်းရဲနွမ်းပါးပြီး ဘေးဖယ်ထားခြင်း ခံရသောသူအပေါင်းတို့အပေါ် အချိုးအစားမညီမျှစွာ ထိခိုက်စေသော၊ ဥပေက္ခာပြုထားသော ကူးစက်တတ်သည့် ရောဂါများကို အာရုံစိုက်ရန်အတွက် အပူပိုင်းဒေသတွင် ဖြစ်ပွားသော ရောဂါများအား သုတေသနပြုခြင်းနှင့် သင်တန်းပို့ချခြင်း အထူးအစီအစဉ် (TDR)ကို ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စီမံဆောင်ရွက်ပိုင်ခွင့်ရှိသော အေဂျင်စီဌာနကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တည်ထောင်ထားပြီး၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တို့က ပူးတွဲကမကထ ပြုကြသည်။ TDR၏ ရည်မှန်းချက် အမြင်မှာ ရောဂါ ဖြစ်ပွားလေ့ရှိသော တိုင်းပြည်များ၏ ဗဟိုကျသောနေရာမှ ပါဝင်ကြသော ဆင်းရဲမှု၏ ကူးစက်တတ်သော ရောဂါများနှင့်ပတ်သက်ပြီး ထိရောက်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ သုတေသန ကြိုးပမ်းချက်များကို ကြီးပွားဖြစ်ထွန်းအောင် လုပ်ရန်ဟူ၍ ဖြစ်သည်။ ၎င်းတွင် ဤရောဂါများအားနှိမ်နင်းရန် ပစ္စည်းကိရိယာနှင့် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့်၊ ရောဂါများဖြစ်ပွားသော တိုင်းပြည်များတွင် သုတေသနနှင့် ခေါင်းဆောင်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ဟူသော ရည်ရွယ်ချက်ပန်းတိုင်နှစ်ခု ရှိသည်။ TDR ၏ အတွင်းရေးမှူးရုံးမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အခြေပြုထားသည်။ သို့သော် စပ်တူလုပ်ကိုင်သူများနှင့် ငွေကြေးထောက်ပံ့မှု အများအပြားတို့ဖြင့် တစ်ကမ္ဘာလုံးအနှံ့ အလုပ်ကိုလုပ်ဆောင်ပါသည်။ နမူနာအဖြစ် ယင်း၏အလုပ်အချို့တွင် အွန်ကိုဆိုက်ကားယာစစ်စ် (မြစ်ရေထဲတွင် ပေါက်ဖွားသော အမည်းရောင်လှေးများ ကိုက်ခံရခြင်းကြောင့် မျက်စိကန်းခြင်း)အတွက် အိုင်ဗာမက်တင်ဆေး ကဲ့သို့ ရောဂါများအား ကုသနည်းအသစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငှက်ဖျားရောဂါအတွက် အာတီမက်စင်နင်ပေါင်းစပ်ပါဝင်သော ဆေးကုသခြင်း (ACT)ကို အသုံးပြုရာ၌ တိုးတက် ကောင်းမွန်စေရန် ထုပ်ပိုးပုံ ထုပ်ပိုးနည်းက မည်သို့ကူညီပုံကို ပြသခြင်း၊ ခြင်ကိုက်ခြင်းနှင့် ငှက်ဖျားရောဂါကို တားဆီးကာကွယ်ရာတွင် ခြင်ထောင်များကြောင့် ထိရောက်မှုရှိပုံကို လက်တွေ့ပြသခြင်းနှင့်၊ ရပ်ကွက်လူထုကို အခြေခံပြီး ရပ်ကွက်လူထုက ဦးဆောင်သော အစီအစဉ်များက ဆေးကုသမှု မျိုးစုံ ဖြန့်ဝေခြင်းကို တိုးမြှင့်စေသည့် အကြောင်း မှတ်တမ်းတင်ခြင်းတို့ ပါဝင်သည်။ TDR ၏သမိုင်းကြောင်း လက်ရှိ TDR ၏ရောဂါပိုး အတန်းအစားများတွင် အောက်ပါစာရင်းများ ပါဝင်သည်။ ချားဂက်စ်ရောဂါ (အမေရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် ဟုလည်းခေါ်သည်)သည် အမေရိကတိုက် အထူးသဖြင့် တောင်အမေရိကတိုက်တွင်ဖြစ်ပွားသော လူ့ကပ်ပါးကောင်ရောဂါ တစ်ခုဖြစ်သည်။ ယင်း၏ ရောဂါဖြစ်ပွားစေတတ်သော သတ္တိမှာ ထရီပဲန်နိုဆိုမာ ခရူဇီ ဟုခေါ်သော ဖလက်ဂျလိတ်ပရိုတိုဇုန် တစ်ခု ဖြစ်ပြီး သွေးစုတ်သော အဆက်စင် ပိုးကောင်ခေါ် ခြေတံရှည်သွေးစုတ် ပိုးကောင်တစ်မျိုးကြောင့် အများအားဖြင့် ကူးစက်တတ်သည်။ သို့သော် ကပ်ပါးကောင်များဖြင့် မသန့်ရှင်းသော အစားအစာများ စားမိခြင်း၊ သွေးသွင်းခြင်းနှင့် မိခင်မှဝမ်းပိုက်တွင်းရှိ သန္ဓေသားသို့ ကူးစက်ခြင်း ကဲ့သို့သော အခြားနည်းလမ်းများဖြင့်လည်း ကူးစက်ခြင်းဖြစ်နိုင်သည်။ လက်ရှိတွင် လူဦးရေ ၁၆ သန်းမှ ၁၈ သန်းအကြား ကူးစက်ခံနေရသည်။ သွေးလွန်တုပ်ကွေးရောဂါ ဟဲလ်မင့်သ်စ် ခေါ် သန်ကောင်ရောဂါ အာဖရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် သို့မဟုတ် ဦးနှောက်ရောင်ပြီး ခေါင်းလေးငိုက်မျည်းသည့် ရောဂါမှာ လူ့ကပ်ပါးကောင်ရောဂါတစ်ခုဖြစ်ပြီး၊ ထရီပဲန်နဇုန်းခေါ် အသက်အိမ်ကလာပ်စည်း တစ်ခုတည်းရှိသည့် အသေးမွှားဆုံးသတ္တဝါ ကြောင့် ဖြစ်ရသည်။ အာဖရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် ရောဂါအတွက် တာဝန်ရှိသော အရာနှစ်ခုမှာ ထရီပဲန်နဆိုမာ ဘရူဆိုင် ဂမ်းဘီယဲန့်စ် နှင့် ထရီပဲန်နဆိုမာ ဘရူဆိုင် ရိုဒီးဆီယဲန့် တို့ဖြစ်ကြသည်။ ဤကပ်ပါးကောင်များသည် ဆက်ဆီယင်ကောင်မှတဆင့် ကူးစက်ပါသည်။ သဲခြင်ကောင်မှတဆင့်ကူးစက်သော အရေပြားအနာရောဂါသည် မျိုးနွယ်စုတူ လေ့ရှမဲန်နီးယား ပရိုတိုဇုန်ကပ်ပါးကောင်များ ကြောင့် ဖြစ်ပွားရပြီး၊ ဆဲန်းဒ်ဖလိုင်းခေါ် သဲယင်ကောင် အမျိုးအနွယ်ဝင် ကိုက်ခြင်းကြောင့် ကူးစက်ပြန့်ပွားပါသည်။ လက်ပရိုစီခေါ် အနာကြီးရောဂါ† (သို့မဟုတ် ဟန်ဆဲန် ရောဂါ)သည် မိုင်ကိုဘက်တီးရီးယမ် လက်ပရေးကြောင့် ဖြစ်ပွားရသော နာတာရှည် ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်သည်။ အနာကြီးရောဂါသည် အပြင်ပန်းဆိုင်ရာ အာရုံကြောများနှင့် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း၏ ချွဲသလိပ်ထုတ်ပေးသော မျူကိုဆာတို့တွင် ဖြစ်ပွားသည့် ဂရန်နျူလိုမတပ်စ် ရောဂါပိုးတစ်မျိုးကြောင့် အဓိကအားဖြင့် ဖြစ်ပွားပါသည်။ အရေပြားထိခိုက်ပျက်စီးမှုမှာ အဓိက မြင်သာသော လက္ခဏာဖြစ်သည်။ မကုသဘဲထားလျှင် အနာကြီးရောဂါသည် တဆင့်ပြီးတဆင့် တိုးပွားလာပြီး အရေပြား၊ အာရုံကြောများ၊ ခြေလက်များနှင့် မျက်စိတို့ကို ထာဝစဉ်ပျက်စီးစေသည်။ လူအများတို့ ခံယူချက်သဘောထားနှင့် ဆန့်ကျင်စွာ၊ အနာကြီးရောဂါသည် ယခင်က လက်ပရိုစီဟု အင်္ဂလိပ်လိုဘာသာပြန်ဆိုမှု ပြုထားသော ဟေဗြဲကျမ်းစာတွင် ဖော်ပြထားသည့် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းရှိသည့် ဇာရက်ဟုခေါ်သောရောဂါကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ လွယ်လွယ်နှင့် ပြတ်ကျခြင်း မဖြစ်နိုင်ပေ။ ဆင်ခြေထောက်ရောဂါသည် သန်လုံးကောင် ဟုခေါ်သော အပ်ချည်ကဲ့သို့ ပုံသဏ္ဌာန်ရှိသော ကူးစက်တတ်သည့် ဖီလာရီယယ်လ် သန်ကောင်များကြောင့် ဖြစ်ပွားရသော လူ့ကပ်ပါးကောင် ရောဂါတစ်ခုပါသည်။ ယင်းတို့အားလုံးမှာ ခြင်များကြောင့် ကူးစက်ပြန့်ပွားရသည်။ လိုဝါလိုဝါ သည် ဒီးယားဖလိုင်းဟုခေါ်သော ယင်ကောင်တစ်မျိုးကြောင့် ပြန့်ပွားသော အခြား ဖီလာရီယယ်လ် ကပ်ပါးကောင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် လူသန်းပေါင်း ၁၂၀ သို့ ကူးစက်ပျံ့နှံ့နေပါသည်။ ရောဂါအပြင်းထန်ဆုံး ဖြစ်ပွားလေ့ရှိသော နေရာများတွင် လူဦးရေ၏ တစ်ဝက်ကျော်မှာ ထိုရောဂါကို သယ်ဆောင်ထားကြသည်။ သိသာထင်ရှားဆုံးသော ရောဂါလက္ခဏာမှာ အရေပြားနှင့် အရေပြားအောက်ရှိတစ်ရှူးများ ထူထဲလာသည့် ဆင်ခြေထောက်ရောဂါပင်ဖြစ်သည်။ ဆင်ခြေထောက် ရောဂါသည် သားနံရည်အိတ်ကလေးများထဲတွင် ဖီလာရီယယ်လ် သန်ကောင်ကြောင့် ဖြစ်ပွားသော နာတာရှည်ကူးစက်ရောဂါတစ်ခု ဖြစ်သည်။ ယင်းသည် သွေးပြန်ရည် အိတ်များကို ပိတ်ဆို့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမှ သွေးပြန်ရည်စီးဆင်းမှုကို နှေးကွေးစေသည်။ ငှက်ဖျားရောဂါသည် သွေးကိုအာဟာရအဖြစ် မှီဝဲသူများဖြစ်သော အနောဖိလစ် ခြင် အမများမှတစ်ဆင့် ကူးစက်ပြန့်ပွားသော ပရိုတိုဇုန် ကပ်ပါးကောင်များကြောင့် ဖြစ်ပွားရသည်။ မျိုးနွယ်စုတူပလပ်စ်မိုဒီယမ် အမျိုးအနွယ်များကြောင့် ထိုရောဂါဖြစ်ပွားရသည်။ ငှက်ဖျားရောဂါသည် ၂၀၀၈ ခုနှစ်တွင် ခန့်မှန်းချေ လူသန်းပေါင်း ၁၉၀ - ၃၁၁ သန်းသို့ကူးစက်ခဲ့ပြီး လူဦးရေ ရ၀၈,၀၀၀ - ၁,၀၀၃,၀၀၀ သေဆုံးခဲ့ရသည်။ ယင်တို့အနက် အများစုမှာ အာဖရိကရှိ ဆာဟာရနှင့်နီးသော ဒေသများမှ ဖြစ်ကြသည်။ အွန်ကိုဆိုက်ကားယာဆစ်စ်ရောဂါ သို့မဟုတ် မြစ်ရေထဲတွင် ပေါက်ပွားသော အမည်းရောင်လှေးများ ကိုက်ခံရခြင်းကြောင့် မျက်စိကန်းခြင်းသည် ကမ္ဘာပေါ်တွင် မျက်စိကန်းရခြင်းဖြစ်ပွားစေသော အကြောင်းရင်းများအနက် ဒုတိယနေရာမှ ဦးဆောင်လျက်ရှိသည့် ကူးစက်တတ်သော အကြောင်းရင်း ဖြစ်သည်။ ၎င်းရောဂါသည် ကပ်ပါးသံကောင်တစ်မျိုးဖြစ်သည့် အွန်ကိုဆာကာ ဗော်ဗျူလပ်စ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ အမည်းရောင်ယင်ကောင်တစ်မျိုး ကိုက်ခြင်းမှတဆင့် ကူးစက်ပါသည်။ ပိုးကောင်များသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ယင်းတို့သေဆုံးသွားသောအခါ အလွန်အမင်းယားယံခြင်း ဖြစ်ပေါ်စေပြီး၊ ပြင်းထန်သော ခန္ဓာကိုယ် ရောဂါတိုက်ဖျက်သည့်စနစ်က တုံ့ပြန်တိုက်ခိုက်သောအခါ မျက်စိကဲ့သို့ အနီးအနားရှိတစ်ရှူးများကိုပါ ပျက်စီးစေနိုင်သည်။ လက်ရှိတွင် လူပေါင်း ၁၈ သန်းခန့်သည် ဤကပ်ပါးကောင်ကြောင့် ရောဂါကူးစက်ခံရသည်။ ယင်းရောဂါကြောင့် လူပေါင်း ၃၀၀,၀၀၀ ခန့်မှာ ထာဝစဉ် မျက်စိမမြင်တော့ပေ။ စကစ်စ်တို သို့မဟုတ် စနေးလ်ဖီဗာဟု လူသိများသော စကစ်စ်တိုဆိုမိုင်ယာဆစ်စ်ရောဂါသည် ရေရှင်နေ ခရုများရှိသော နေရာများရှိ ကပ်ပါးကောင်များကို သယ်ဆောင်နိုင်သည့် တုတ်ပြားကောင်အမျိုးအစား များစွာကြောင့် ဖြစ်ပွားရသော လူ့ကပ်ပါးကောင်ရောဂါ တစ်မျိုးဖြစ်သည်။ ကူးစက်မှုအများဆုံးနည်းလမ်းမှာ ရေကန်များ၊ ရေအိုင်များနှင့် ခရုများနှင့် ကပ်ပါးကောင်များရှိနေသော ရေများထဲတွင် ဖြတ်သွားခြင်း သို့မဟုတ် ရေကူးခြင်းတို့ကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်း ၂၀၀ ကျော်မှာ စကစ်စ်တိုဆိုမိုင်ယာဆစ်စ်ရောဂါ ကူးစက်မှု ခံနေရသည်။ လိင်မှတဆင့်ကူးစက်သော ရောဂါများ တီဘီ/အိပ်ချ်အိုင်ဗီ ပူးတွဲကူးစက်ခြင်း အဆုတ်နာရောဂါ(အတိုကောက် တီဘီ) ကုသခြင်းမပြုပါက သေဆုံးသည့်နှုန်းမှာ ၅၀% ကျော်ဖြင့် ကမ္ဘာပေါ်တွင် အလွန်အမင်းပျံ့နှံ့လျက်ရှိသော အဆုတ်သို့မဟုတ် အခြားတစ်ရှူးများ၌ ဘက်တီးရီးယားပိုး ကူးစက်ခြင်းဖြစ်သည်။ ယင်းသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ နမ်းခြင်း သို့မဟုတ် တံတွေးထွေးခြင်းတို့မှ ထုတ်လွှတ်လိုက်သော အမှုန်အမွှားလေးများမှတဆင့် ကူးစက်သော ကူးစက်နိုင်သည့်ရောဂါဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်မှာ တီဘီဘက်တီးရီးယားပိုး ကူးစက်ခံနေရသည်။ အနာကြီးရောဂါနှင့် အဆုတ်နာရောဂါမှာ အပူပိုင်းဒေသရောဂါ သက်သက်မဟုတ်ပါချေ။ အပူပိုင်းဒေသတွင် ထိုရောဂါများဖြစ်ပွားခြင်းမှာ မြင့်မားမှုကြောင့် ယင်းတို့ကို ထည့်သွင်းထားခြင်းဖြစ်သည်။ အချို့သော အပူပိုင်းဒေသရောဂါများမှာ ဖြစ်ခဲသော်လည်း အီဘိုလာ သွေးယိုစီးခြင်း အဖျားရောဂါ၊ လတ်ဆာအဖျား ရောဂါနှင့် မားဘတ်ဂ်ဗိုင်းရပ်စ် တို့ကဲ့သို့ ရုတ်တရက်ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်သည်။ လူသိနည်းသော သို့မဟုတ် ဖြစ်ပွားမှုနည်းပါးသော အပူပိုင်းဒေသရောဂါအမျိုးမျိုး ရာနှင့်ချီ၍ ရှိသည်။ ထိုသို့အဖြစ်နည်းသော်လည်း လူထုကျန်းမာရေးအတွက်မူ အရေးကြီးသည်။ ရာသီဥတုနှင့် အပူပိုင်းဒေသ ရောဂါများ ပတ်သက်မှု အပူပိုင်းဒေသရှိ “နိုင်ငံခြားမှ ယူဆောင်ခဲ့သည့်” ရောဂါများကို ခရီးသွားများ၊ စူးစမ်းလေ့လာသူများ၊ စသည်တို့အပြင် ဆရာဝန်များလည်း ပါဝင်သယ်ဆောင်ကြသည်ကို ကြာမြင့်စွာကတည်းက အသိအမှတ်ပြုခဲ့သည်။ သိသာထင်ရှားသော အကြောင်းရင်းတစ်ခုမှာ ပူပြင်းသောရာသီဥတုမှာ တစ်နှစ်ပတ်လုံးရှိနေပြီး မိုးများစွာ ရွာသွန်းမှုကြောင့် ပေါက်ပွားရာနယ်မြေများအဖြစ် ဖွဲ့စည်းခြင်း၊ အမျိုးအစားစုံသော သဘာဝရေလှောင်ကန်များနှင့် လူသားများသို့ ပျံ့နှံ့ကူးစက်နိုင်သော တိရစ္ဆာန်တို့၏ ရောဂါများ (ဇူဝါနောဆစ်စ်) အရေအတွက်ပိုမိုများပြားခြင်း၊ ဖြစ်နိုင်ချေရှိသော ဗက်တာခေါ် ကူးစက်ရောဂါပိုး သယ်ဆောင်သော အင်းဆက်များ အများဆုံးရှိခြင်း တို့အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနေပါသည်။ ပိုမိုမြင့်မားသော အပူချိန်သည် ဇီဝဗေဒနှင့်ဆိုင်သော သက်ရှိဇီဝရုပ်များ၏ အတွင်းနှင့်အပြင်ရှိ ရောဂါဖြစ်ပွားစေသော သတ္တိများ ပုံတူပွားများခြင်းကိုလည်း လွယ်ကူစေသည်။ ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးနိုင်ငံအများစုမှာ အပူပိုင်းဒေသများတွင်ရှိနေသောကြောင့် လူမှုစီးပွားရေးဆိုင်ရာ အကြောင်းရင်းများ မှာလည်း အကျိုးသက်ရောက်မှု ရှိနေနိုင်သည်။ လူမှုစီးပွားရေး အခြေအနေများကို တိုးတက်အောင် ဆောင်ရွက်ထားသော ဘရာဇီးနိုင်ငံကဲ့သို့ အပူပိုင်းနိုင်ငံများသည် တကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လူထုကျန်းမာရေးတို့တွင် ရင်းနှီးမြှုပ်နှံထားပြီး၊ အပူပိုင်းဒေသတွင်သာ ဖြစ်တတ်သော ရောဂါအများအပြားတို့ကို ဖယ်ရှားသုတ်သင်ခြင်း သို့မဟုတ် လျော့နည်းအောင် ပြုလုပ်ခြင်းတို့နှင့် ပတ်သက်ပြီး ကူးစက်ပျံ့နှံ့နိုင်သော ရောဂါများကို တိုက်ခိုက်ချေမှုန်းရာတွင်လည်း ထူးထူးခြားခြား ရလဒ်များ ရရှိအောင်မြင်ခဲ့သည်။ ရာသီဥတုပြောင်းလဲခြင်း၊ဂရင်းဟောက်စ်သက်ရောက်မှု(ကမ္ဘာမြေကြီး၏လေထုလွှာပါးလာသောကြောင့်နေရောင်၏ပူနွေးမှုကိုကမ္ဘာ့လေထုကစုပ်ယူထားပြီး အရပ်မျက်နှာအနှံ့ပြန်လွှတ်ထုတ်ပေးခြင်း) ကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းနှင့် ရလဒ်အဖြစ် ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း တို့သည် အပူပိုင်းဒေသ ရောဂါများဖြစ်ပွားစေခြင်းနှင့် ပိုးမွှားကောင်လေးများကို ပိုမိုမြင့်သော တောင်တန်းထူထပ်သည့် အရပ်ဒေသများနှင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်း၊ မြေထဲပင်လယ်ဒေသ၊ စသည်တို့ကဲ့သို့ ယခင်ကရောဂါဖြစ်ခဲ့ခြင်း မရှိသေးသောနေရာများအထိ ပိုမိုကျယ်ပြန့်သော အရင်ဒေသများသို့ပါ ပျံ့နှံ့စေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ဥပမာပေးရလျှင်၊ ကော်စတာရီကာနိုင်ငံရှိ မွန်တီဗာဒီး မိုးတိမ်သစ်တောတွင် ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ခိုင်ထရီဒီယိုမိုင်ကိုးဆစ်စ် ခေါ် အပူပိုင်းဒေသ ရောဂါတစ်ခုကို ကြီးပွားစေသောကြောင့် မွန်တီဗာဒီး ဟာလီကွင်ဖားများ၏ ရေတစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါဦးရေကို အတင်းအကျပ် ကျဆင်းစေသည်။ဤနေရာတွင် တောင်များပေါ်တွင် မိုးတိမ်ဖွဲ့စည်းခြင်း၏ အမြင့်ပမာဏကို ပိုမိုမြင့်လာ စေသောကြောင့်၊ ငြိတွယ်ပတ်ရစ်နေသော ပသိုဂျင်ခေါ် ရောဂါဖြစ်စေသောပိုး ဘီ ဒဲန်ဒရိုဘက်တစ်ဒစ်စ်ကို အကောင်းဆုံးအနေအထားဖြင့် ကြီးထွားအောင် ပံ့ပိုးပေးသော မိုးတိမ်ကို ထုတ်လုပ် ပေးပါသည်။ အပူပိုင်းဒေသတွင်ဖြစ်ပွားသော ရောဂါများကို တားဆီးကာကွယ်ခြင်းနှင့် ကုသခြင်း အပူပိုင်းဒေသ ရောဂါပိုးများကို ထိန်းချုပ်ရန်အတွက် မဟာဗျူဟာအချို့တွင် အောက်ပါတို့ ပါဝင်သည် - အင်းဆက်များနှင့် အခြား ရောဂါ ပိုးမွှားများ ကောင်ရေကျဆင်းစေရန် ရွှံ့ဗွက်တော စိမ့်မြေများကို ရေထုတ်မြောင်းများ ဖောက်ပေးခြင်း။ စစ်ဆင်ရေးလုပ်မည့် မျက်နှာပြင်များဖြစ်သည့် အဝတ်အစား၊ အရေပြား၊ အဆောက်အဦးများ၊ အင်းဆက်များ ဝင်ရောက်နေထိုင်သော နေရာများနှင့် အိပ်ရာပေါ်ရှိခြင်ကာကွယ်သောပိုက်များ ခေါ် ခြင်ထောင်များတွင် အင်းဆက်သတ်ဆေးများ နှင့်/သို့မဟုတ် အင်းဆက်ကာကွယ် လိမ်းဆေးများကို အသုံးပြုခြင်း။ အချို့သော အပူပိုင်းဒေသ ခြင်မျိုးများသည် ညဘက်တွင်အဓိက အစာရှာထွက်သောကြောင့် ညအချိန် ကူးစက်ခြင်းကို လျှော့ချရန်အတွက် အိပ်ရာပေါ်တွင် ခြင်ထောင်(“အိပ်ရာပေါ်ရှိခြင်ကာကွယ်သောပိုက်များ” ဟုလည်း လူသိများသည်)ထောင်ခြင်း။ ရေတွင်းများနှင့်/သို့မဟုတ် ရေစစ်ခြင်း၊ ရေစစ်များ ကိုအသုံးပြုခြင်း သို့မဟုတ် ကပ်ပါးကောင်များ ကင်းစင်သော သောက်ရေထုတ်လုပ်ရန်အတွက် ရေသန့်စင် ဆေးပြားများဖြင့် ရေသန့်စင်အောင်လုပ်ခြင်း။ ရောဂါ ခုခံစွမ်းအားမြင့်တက်လာစေရန်ကာကွယ်ဆေးများ ပေါ်ပေါက်မှုနှင့် ယင်းတို့ကို အသုံးပြုခြင်း၊ ဆေးဝါးဗေဒနှင့်ဆိုင်သော မထိတွေ့ခင် ရောဂါကြိုတင်ကာကွယ်မှု ခေါ် ပရိုဖီလက်ဆစ်စ်(ပတ်ဝန်းကျင် နှင့်/သို့မဟုတ် ဗက်တာခေါ် ရောဂါပိုးမွှားများနှင့် မထိတွေ့မီ ရောဂါကာကွယ်တားဆီးရန်) ဆေးဝါးဗေဒနှင့်ဆိုင်သော ထိတွေ့ပြီးနောက် ရောဂါကြိုတင်ကာကွယ်မှု ခေါ် ပရိုဖီလက်ဆစ်စ် (ပတ်ဝန်းကျင် နှင့်/သို့မဟုတ် ဗက်တာခေါ် ရောဂါပိုးမွှားများ ူနှင့် ထိတွေ့ပြီးနောက် ရောဂါကာကွယ် တားဆီးရန်) ဆေးဝါးဗေဒနှင့်ဆိုင်သော ကုသမှု (ကူးစက်ခြင်း သို့မဟုတ် အများအပြား လာရောက်နှောင့်ယှက် ခံရပြီးသည့်နောက် ရောဂါကို ကုသရန်) ရောဂါဖြစ်ပေါ်သော သီးခြားဒေသများတွင် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး အကူအညီပေးခြင်း။ ဥပမာ ပိုမိုထိရောက်သောနှင့် အထွက်နှုန်းကောင်းသော စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အသေးစားချေးငွေများကို ထောက်ပံ့ပေးခြင်း။ အမြတ်အစွန်းပိုမိုရရှိရန် အသက်မွေးမှုအတွက် ဖူလုံသောလယ်ယာလုပ်ငန်းကို အကူအညီပေးနိုင်ရန်အတွက် ဤချေးငွေက အလှည့်ကျကူညီနိုင်သည်။ ဆင်းရဲမှုနှုန်းကို ကျဆင်းစေသည့် ထပ်ဆင့် အကျိုးအမြတ်နှင့်အတူ ဒေသတွင်းရှိ ပြည်သူများအား ရောဂါကာကွယ်ရေးနှင့် ကုသရေးတို့တွင် ဤအမြတ်ငွေများကို သုံးစွဲနိုင်ပါမည်။ ကိုးကား ကူးစက်ရောဂါများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%95%E1%80%B0%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%20%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ပျူလူမျိုး
သဘာဝ အရိုင်းသက်သက် မျှသာရှိသေးသည့် မြန်မာနိုင်ငံတွင်းသို့ ပထမဦးဆုံး တိုးဝှေ့ဝင်ရောက်လာသည်မှာ အနောက်တိဗက် အနွယ်ဝင် ယနေ့ ဗမာတို့၏ ဘိုးဘေး ပျူလူမျိုးများဖြစ်သည်။ ပျူ နှင့် အနွယ်တူ ရှေးဟောင်းလူမျိုးများသည် အိန္ဒိယနိုင်ငံ အရှေ့ဘက် ဒေသများမှ အစုစုကွဲကာ ဧရာဝတီမြစ်ဝှမ်း ဒေသတဝိုက်သို့ ပြန့်နှံ့ သွားကြဟန်ရှိသည်။ ရခိုင်ကမ်း ရိုးတန်းဒေသသို့လည်း ဝင်ရောက်သွားကြသည်ဟု ယူဆရသည်။ ဧရာဝတီမြစ်ဝှမ်း ဒေသတဝိုက်တွင် ပျူလူမျိုးများနှင့် သက်ဆိုင်သည့် ရှေးဟောင်းမြို့ပျက်များ၊ အသုံးအဆောင်များအား ရှာဖွေတူးဖော် တွေ့ရှိချက်အရ ရှေးဟောင်းပျူလူမျိုးများသည် မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘို၊ မုံရွာ၊ အလောင်းတော် ကဿဖ ၊ဖိုလ်ဝင်တောင်‎၊ ဟန်လင်းကြီး ၊ တကောင်း ၊ မြင်းခြံ၊ ပုဂံ ၊ ပုပ္ပား ၊ မကွေး၊ မင်းဘူး၊ ဆင်ဖြူကျွန်းမြို့ (ကျပင်းမြို့ဟောင်း) ၊သရက်၊ တောင်တွင်းကြီး၊ထားဝယ်၊ ရမည်းသင်း၊ ညောင်လွန်၊ ပြည်၊ မှော်ဇာနယ်များတွင် မြို့ပြပြည်ရွာများ ထူထောင်ခဲ့ကြသည်ဟု အထောက် အထား အခိုင်အမာ တွေ့ရှိရသည်။ သရေခေတ္တရာမြို့ဟောင်းအား တူးဖော်သည့်အခါ ဝိကရာမနှင့် ဝါရမမင်းဆက်များ၏ အရိုးအိုးများကို ရှာဖွေတွေ့ရှိရသည်။ ဝိကရာမ နှင့် ဝါရမမင်းဆက်များသည် (၇) ရာစုခန့်လောက်က သရေခေတ္တရာတွင် စိုးစံခဲ့ကြောင်း အရိုးအိုးများပေါ်တွင် ကမ္ဗည်း ထိုးထားသည့် စာတမ်းများက အခိုင်အမာသက်သေခံ လျက်ရှိသည်။ ယင်း အနောက် တိဗက်အနွယ်ဝင် ပျူလူမျိုးများနှင့် အနွယ်တူလူမျိုး များသည် အိန္ဒိယအရှေ့ပိုင်းဒေသသို့ ရောက်နှင့်နေကြသော အင်ဒိုအာရိယန်များနှင့် နှစ်ကာလ အတန်ကြာ နေထိုင်လာခဲ့သောကြောင့် အင်ဒိုအာရိယန်များထံမှ ကုန်ထုတ်လုပ်မှု အတွေ့အကြုံနှင့် ယဉ်ကျေးမှုများကို ဆက်ခံ ရရှိ လာဖွယ်ရှိသည်။ တူးဖော်တွေ့ရှိရသည့် ကိုးကွယ်မှုဆိုင်ရာ ဘုရားပုထိုးများ၊ ရုပ်တုဆင်းထုများ ကိုကြည့်၍၊ ဗြဟ္မဏ၊ မဟာယန ထေရဝါဒ ဗုဒ္ဓဘာသာ စသည်ဖြင့် ရောထွေးနေကြောင်း ထင်ရှားစွာ တွေ့ရသည်။ ပျူတို့၏ ဗိသုကာနည်းမှာ အိန္ဒိယပြည် ဂုတ္တခေတ် သို့ နွယ် နေပြီး သက္ကတ နှင့် ပါဠိစာပေများကိုသုံးစွဲ ကြောင်းသိရသည်။ အက္ခရာ အရေး အသား မှာ အိန္ဒိယနိုင်ငံ သုံးဗြဟ္ဓီသို့နွယ်သည့် ကဒမ္ဘ အက္ခရာမျိုးနှင့် ဆင်တူလေသည်။ သမိုင်းဝင် တရုတ်နန်းတွင်း မှတ်တမ်းများနှင့် တရုတ်စာပေများ၌ မြန်မာနိုင်ငံ ပျူလူမျိုးများသည် (၄) ရာစုလောက်ကတည်းက တိုးတက်ယဉ်ကျေးလျက်ရှိသည့် လူမျိုးအဖြစ်ဖော်ပြထားသည်။ (၈) ရာစုလောက်တွင် ပျူလူမျိုးများတွင် ကြီးကျယ်ခမ်းနားပြီး အံ့ဩလောက်ဖွယ်ရာ မြို့ကြီး ၅ မြို့နှင့် ပြည်နယ်ကလေးများ (၁၈) နယ် မျှရှိကြောင်း ပျူမင်းသား အရှင်သခင်များတွင် အချွေအရံများ ကျေးကျွန် သင်းပင်းများ ရှိကြောင်း ယူနန်နယ် နန်ချိုဘုရင်သည် ပီကင်းတရုတ်ဧကရာဇ်ဘုရင်ထံ အဖူးအမျှော် လာရောက်သည့်အခါ သံအဖွဲ့နှင့်အတူ ပျူမင်းသားအကြီးအကဲ နှင့် ကချေသည် အဖွဲ့တဖွဲ့လည်း ပါလာကြောင်း ဖော်ပြမှတ်တမ်းတင်ထားသည်။ ပျူတို့၏ ယဉ်ကျေးမှု ၈ ရာစုနှစ်များအတွင်း ပျူလူမျိုးတို့ ရရှိပြီးဖြစ်သော ယဉ်ကျေးမှု အဆင့်အတန်းသည် အံ့ဖွယ်ကောင်းလောက်အောင် မြင့်လှသည်။ လက်မှုပညာ၊ စာရေးသားမှု၊ ကိုးကွယ်ယုံကြည်မှု၊ လူမှုဆက်ဆံရေး စသည့်အချက်အလက်တို့၌ အထက်တန်းကျလေသည်။ ပျူလက်မှုပညာသည်တို့သည် ပန်းထိမ်၊ ပန်းပု၊ ကျောက်ဆစ်ပညာရပ်၌ ပုဂံခေတ် လက်မှုပညာသည်တို့ထက် သာလွန်သည်ကို တွေ့ရသည်။ တူးဖော်တွေ့ရှိရသော ဗုဒ္ဓဘုရား၏ ဆင်းတုတော်တို့မှာ ရွှေ၊ ငွေ၊ ငွေရည်စိမ်၊ ကြေးနီ၊ ခဲတို့ဖြင့် ပြီး၍ သပ္ပာယ်လှသည်။ ခြင်္သေ့ရုပ်၊ မကန်းရုပ်များကို ရုပ်လုံးဝက် ဖောင်းကြွဖော်ထားသော တကဲများနှင့် ရောင်ခြည်တော် လွှတ်ပုံများကိုလည်း တွေ့ရသည်။ စက်ဝိုင်းပုံ၊ လခြမ်းပုံ၊ ဘဲဥပုံ ရှိသော ရွှေပန်းကန်၊ ငွေပန်းကန်များ လေးထောင့်အံစာပုံ ရှိသော၊ ကတော့ပုံရှိသော၊ ပြွန်ချောင်းပုံရှိသော ရွှေကြုတ်၊ ငွေကြုတ်များ၊ ငွေလှေငယ် ကျောက်စိမ်းဖြင့် ပြီးသော ဆင်ရုပ်၊ ဖလ်ကျောက် မကန်းရုပ်၊ မဟူရာဖြူ လိပ်ရုပ်၊ ဝမ်းဘဲရုပ်၊ သမင်ရုပ်၊ လိပ်ပြာရုပ်များ၊ ငွေခြင်းလုံး၊ ရွှေနန်းကြိုး၊ ကြေးနီနန်ကြိုး၊ သံနန်းကြိုး၊ ကျောက်မျက်တို့ဖြင့် တန်ဆာဆင်ထားသော ရွှေကြာပန်း၊ ငွေကြာပန်း၊ ဂေါဒန်၊ မဟူရာနီ၊ ဂေါ်မိတ်တို့ဖြင့်ပြီးသော စိတ်ပုတီးများ၊ နီလာ၊ ကျောက်နီ၊ ကြောင်၊ မဟူရာ ဥဿဖရားတို့ဖြင့် ပြုလုပ်ထားသော အလှပစ္စည်းများသည် ပျူတို့၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြနေသည်။ ပုဂံနှင့် မန္တလေးမြို့ရိုးများထက် ထုထည်ပိုမိုကြီးမားခိုင်ခံ့၍ စက်ဝိုင်းပုံသဏ္ဌာန်ရှိ ပျူနေပြည်တော်၏ မြို့ရိုး (မှော်ဇာ)၊ ရှေးကျလှသော ဘုရားကြီး၊ ဘုရားမနှင့် ဘောဘောကြီး စေတီတော်တို့သည် ထိုခေတ်က ဗိသုကာပညာ မည်မျှ ထွန်းကားလက်မြောက်သည်ကို ဖော်ပြနေသည်။ ထို့အပြင် ဂုတ္တနှင့် မထုရာ သုခုမပညာတို့၏ အရိပ်အရောင် မကင်းသော ကျောက်ဆစ်၊ ကျောက်ပန်းပု လုပ်ငန်း အများကိုလည်း တွေ့ရသေးသည်။ ပျူတို့၏ မိမိတို့ပိုင် အက္ခရာနှင့် စာရေးသားမှုရှိသည်။ ပျူစာအပြင် နာဂရီအက္ခရာနှင့် ရေးသားသော သက္ကတစာလည်း ရှိခဲ့သည်။ ကြီးမားလှသော အုတ်ချပ်များ၊ မြေအိုးကြီးများ၊ ကျောက်ပြားများ၊ ဆင်းတုတော်ပလ္လင် ဘေးပတ်လည်တွင် ရေးသားခဲ့သော အထက်ပါစာများမှာ ယနေ့တိုင်ပင် ရှိနေသေးသည်။ ထို့အပြင် ပါဠိဘာသာနှင့် ရေးသားထားသော ရွှေပြားများ၊ကျောက်စာများနှင့် ရွှေပုရပိုက်များလည်း တွေ့ရသည်။ ရွှေရွက်ရေ ၂၀ ရှိသော ရွှေပုရပိုက်တွင် ပိဋကတ် ၃ ပုံမှ ကောက်နုတ်ချက်များကို ဖော်ပြထားသည်။ ရေးသားထားသော အက္ခရာမှာ တသမတ်တည်း မရှိပေ။ အကြမ်းအားဖြင့် အိန္ဒိယပြည် ကနရာနယ် မြောက်ပိုင်းတွင် ၅ ရာစုနှစ်များက သုံးစွဲခဲ့သော ကဒမ္ဗအက္ခရာများနှင့်လည်းကောင်း၊ ပမ္ဖဝတို့၏ ကဉ္ဇီပုရ အက္ခရာတို့နှင့်လည်းကောင်း ဆင်တူယိုးမှားရှိသည်။ ယခုအခါ ပျူစာကို အသုံးမရှိကြသော်လည်း မြစေတီကျောက်စာကို မှီငြမ်းပြု၍ ယခုခေတ် သုတေသန ပညာရှင်များသည် ပျူစာကို ဖတ်ရှုနားလည် နိုင်ကြသည်။ ပျူတို့၏ အယူဝါဒ တွေ့ရှိရသော စေတီ၊ ဆင်းတုတော်များနှင့် အယူဝါဒရေးဆိုင်ရာ ပစ္စည်းတို့ကို ထောက်ရှုခြင်းအားဖြင့် ပျူတို့ ကိုးကွယ်ယုံကြည်သော အဓိက အယူဝါဒမှာ ထေရဝါဒဗုဒ္ဓ အယူဝါဒ ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထိုခေတ် အရှေ့တောင် အာရှနိုင်ငံတို့မှာ ကဲ့သို့ အခြားကိုးကွယ်ယုံကြည်မှုမျိုးစုံ မိရိုးဖလာ ယုံကြည်မှုလည်း တွေ့ရသည်။ ဗိဿနိုးနတ်ကျောက်ရုပ်များကို တွေ့ရှိရခြင်းဖြင့် ထိုနတ်ကို ကိုးကွယ်သော ဗိဿနိုးအယူဝါဒ ရှိခဲ့ကြောင်း သိရသည်။ အဝ လောကီတေသွာရနှင့် ဗောဓိသတ္တတို့၏ ဆင်းတုငယ်များ ရှိနေခြင်းကလည်း မဟာယာန ဗုဒ္ဓအယူဝါဒ ရှိခဲ့ကြောင်း ဖော်ပြနေသည်။ ထူးခြားချက်တရပ်မှာ သရေခေတ္တရာ၌ တိရစ္ဆာန်ငှက်မျိုးစုံတို့၏ အရိုးများကို စုပေါင်းသိုလှောင်ထားသောအုတ်၊ အဆောက်အဦးတစ်ခုကို တွေ့ရခြင်းဖြစ်သည်။ ကိုးကွယ်ယုံကြည်မှုနှင့် မည်သို့ သက်ဆိုင်သည်ကိုမူ မသိရသေးပေ။ ပျူတို့၏ဇာတ်သိမ်း ပျူလူမျိုးတို့၏ဇာတ်သိမ်းကို ရေရာစွာမသိရသော်လည်း ပျူမြို့ပြနိုင်ငံများကို နန်ချိုတို့က တိုက်ခိုက်ဖျက်ဆီးခဲ့ကြပြီးနောက်တွင် အခြား တိဘက်မြန်မာ အနွယ်များဖြစ်သည့် ဗမာ၊ ချင်း၊ ကမ်းယံ အစရှိသည့် လူမျိုးများနှင့် ရောနှောကာ ပျောက်ကွယ်သွားခဲ့သည်ဟု အကြမ်းဖျင်း ယူဆကြသည်။ အချို့ကလည်း ပျူဟူ‌‌သည် ယနေ့ ဗမာလူမျိုးတို့ကို ဗြူမာ ဟုခေါ်သော ရှေးအမည် ဖြစ်၍ ပျူနှင့်ဗမာ အတူတူဟု ယူဆကြပြီး ဗမာလူမျိုးဟူသော အမည်သစ်ဖြင့် ရပ်တည်နေကြသည်ဟု ယူဆကြသည်။ ပျူလူမျိုးများသည် တိဘက်မြန်မာအနွယ်ဝင်များ ထဲမှ မြန်မာနိုင်ငံအတွင်းသို့အစောဆုံးရောက်ရှိအခြေချခဲ့သည့်လူမျိုးများအနက်မှ အုပ်စုတစ်ခုဖြစ်သည် ဟုမှန်းဆရသည်။ဧရာဝတီမြစ်ရိုးအနောက်ဘက်တစ်လျှောက် မြို့ပြနိုင်ငံများထူထောင်ကာနေထိုင်ခဲ့ကြသည်။ အေဒီ ၄ရာစုနှင့် ၅ ရာစုများတွင် ပျူတို့အထွတ်အထိပ်ရောက်ချိန်ဖြစ်ပြီး သရေခေတ္တရာ၊ ဗိဿနိုး နှင့် ဟန်လင်းမြို့များကိုထူထောင်ခဲ့ကြသည်။ နောင် ၈ရာစု အစောပိုင်းလောက်တွင် နန်ကျောက်တို့၏ရန်စစ်ကို ခံရကာ အင်အားနည်းသွားရပြီး မျိုးတူ ဗမာအပါအဝင် ကျန် ချင်း၊ကရင်၊ပအိုဝ်း အစရှိသည့် လူမျိုးအုပ်စုကြီးများအတွင်း ရောနှောပျောက်ကွယ်သွားရသည်။ ပျူဘာသာဖြင့်နောက်ဆုံးတွေ့ရသည်ကျောက်စာမှာ ရာဇကုမာရ် ရေးထိုးသည့် မြစေတီကျောက်စာ ဖြစ်သည်။ ရှေးဟောင်း ပျူမြို့တော် သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည် ဝိုင်းထားသည်။ စက်ဝိုင်းပုံ မကျတကျဖြစ်ပြီးတောင် မြောက် နှစ်မိုင်ခွဲ၊ အရှေ့အနောက် နှစ်မိုင်ခန့် ကျယ်ဝန်းသည်။ ပြည်-ပေါက်ခေါင်း သွား ကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှ ဖြတ်လျက်တည်ဆောက်ထားသည်။ မှော်ဇာဘူတာသည် မြို့ဟောင်း၏ ဗဟိုနေရာ အရှေ့မြောက်ဘက် ယွန်းယွန်းတွင် တည်ရှိသည်။ ပျူခေတ်ရှေးဟောင်း အဆောက်အအုံများ နေရာအနှံ့ တွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။ တောင်ဘက်မြို့ရိုး အပြင်ဘက်၌ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်နှင့် ဗိဿနိုး သင်္ချိုင်း ကျန်ရှိသေးသည်. ယေဘုယျကိုးကား မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။ ဒေါက်တာသန်းထွန်း ၏ “ပျူတွေဘယ်ပျောက်သွားသလဲ” အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅ ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )</ref> မြန်မာနိုင်ငံလူမျိုးများ ပျူခေတ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%BB%E1%80%B0%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
အလောင်းတော် ကဿပ
အလောင်းတော် ကဿပသည် မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်မှ ပုံတောင်၊ ပုံညာနှင့် မဟူရာတောင် သုံးလုံးဆုံရာရှိ ပိတ်နေသော အုတ်ဂူတွင် အရှင်မဟာကဿပ၏ ရုပ်ကလာပ် အလောင်းတော်ရှိသည်ဟု အများယုံကြည်ကြသော နာမည်ကျော် ဘုရားဖူး ခရီးသွားရာအရပ်ဖြစ်သည်။ အမှန်တကယ် မည်သည့် အလောင်းတော်ဖြစ်သည်နှင့် တည်နေရာ ရှင်းလင်းချက်တွင်မူ မူကွဲများရှိသည်။ နေရာဒေသ မြန်မာနိုင်ငံ၌ ထင်ရှားသော စေတီ၊ ပုထိုး၊ ဘုရားများစွာရှိသည့် ဌာနများအနက် မုံရွာခရိုင်ရှိ အလောင်းတော် ကဿပသည် တစ်ဌာနဖြစ်သည်။ အလောင်းတော်ကဿပသည် မုံရွာမြို့ အနောက်မြောက်ဘက် မိုင် ၆၀ ခန့်အကွာ တောင်ကြီးတို့၏ အကြား၌တည်ရှိသည်။ တည်ရာအရပ်မှာ လူနေနှင့် အလွန်ဝေးလံ၍ တောတောင်အလွန်ကြီးမားသော အရပ်ဖြစ်သည်။ အလောင်းတော် ကဿပသို့ သွားရာတွင် မုံရွာမြို့မှလည်းကောင်း၊ ကနီမြို့မှလည်းကောင်း၊ တောင်ခြေစခန်းရွာသို့ ကားဖြင့်သွားနိုင်သည်။ မုံရွာမှ ချင်းတွင်းမြစ်တစ်ဘက်သို့ ကူး၍ ယင်းမာပင်မြို့သွားလမ်းအတိုင်း ကားစီးသွားသော် မိုင် ၄၀ ဝေးသော တောင်ခြေစခန်းဖြစ်သည့် သလောက်ရွာသို့ ရောက်သည်။ သလောက်ရွာမှ အလောင်းတော်ကဿပအရောက် ခြေလျင်ခရီးဖြင့် တောင်တက်တောင်ဆင်း ၁၇ မိုင် သွားရသည်။ ကနီလမ်းမှသွားလျှင်မူ တောင်ခြေစခန်းဖြစ်သော ညောင်ပင်လယ်ရွာသို့ မိုင်၂ဝ သွားရသည်။ ညောင်ပင်လယ်ရွာမှလည်း သလောက်မှ တက်သကဲ့သို့ပင် တောင်ဆင်းတောင်တက် ၁၇ မိုင်သာသာ သွားရသည်။ လူသူမနီးသော တောကြီးတောင်ကြီးလမ်းဖြစ်၍ အသွားအလာ ခက်ခဲလာသောကြောင့်ပင် ပိုမိုကျော်ကြားသည်ဟု ယူဆရပေသည်။ အလောင်းတော်သည် တောင်သုံးလုံး ဆုံရာအကြား အနိမ့်ကွက်လပ်တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူရာတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် ပုံတောင်ပုံညာတောင်၊ မြောက်ဘက် အလောင်းတော်နှင့် အကပ်ဆုံးတွင် ပုံတောင်ပုံညာတောင် အဆက် ခေါက်လောက်တောင်ရှိသည်။ (အချို့က စိတ်ကူးနှင့် မဇ္ဈိမဒေသရှိ ရာဇဂြိုဟ်ပြည်ကို ဝိုင်းနေသော ဝေပုလ္လ၊ ဝေဘာရနှင့် ဂိဇ္ဈကုဋတောင်ဟုလည်း ဆိုကြသည်။) အလောင်းတော် အလောင်းတော်တည်ရာ ကွက်လပ်ထိပ်အပြင်သည် အလျားပေ ၁ဝဝ၊ အနံပေ ၆ဝ ထက် ပို၍မကျယ်ချေ။ အလောင်းတော်တန်ဆောင်းသည် နှစ်ဆောင်တွဲဖြစ်၍ အရှေ့မြောက်ဘက်အဆောင်တွင် အလောင်းတော် ရှိသည်။ အနောက်တောင်ဘက် အဆောင်သည် အာရုံခံဖြစ်သည်။ တန်ဆောင်းနှစ်ဆောင်တွဲ၍ အလျားပေ ၃ဝ၊ အနံ ၄၂ ပေခန့် ရှိသည်။ အာရုံခံတန်ဆောင်းဘက်၌ ယခုအခါ ကြေးစည် ကြီးငယ်အလုံးပေါင်း ၈ဝ ဆွဲချိတ်ထား၍ တန်ဆောင်းအနီးတွင် ခေါင်းလောင်းကြီး သုံးလုံးနှင့် စေတီငယ် တစ်ဆူ ရှိသည်။ တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မှာ ဘုရားပုံတော်မဟုတ်၊ ရဟန္တာပုံဖြစ်၍ ရောင်တော်မပါချေ။ အုတ်ရိုး အင်္ဂတေပုံတော်ဖြစ်၍ ရွှေချထားသည်။ ပုံတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို ပက်လက်ဖြန့်ကာ ခေါင်းအုံးလျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားသည်။ လျောင်းစက်နေသည့် လျောင်းတော်မူပုံတော် မဟုတ်ဘဲ ပရိနိဗ္ဗာန်စံတော်မူသည့် ပုံတော်မျိုး ဖြစ်သည်။ အလျား ၁၅ ပေ (ဆယ်တောင်) မျှ ရှိသည်။ တန်ဆောင်းအတွင်း အလောင်းတော်၏ ခေါင်းရင်းဘက် ရှေ့နားတွင် မတ်ရပ်တော် တစ်ဆူ ရှိ၏။ အလောင်းတော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့်ပေါ်တွင် မေတ္တာရေတွင်း ရှိသည်။ စောက် ငါးတောင်ခန့် (ရေနံတစ်တောင်ခန့်) ရှိသည်။ ရေမပြတ်ထွက်နေသဖြင့် သောက်ချိုးမကုန် ဖြစ်၏။ အခြား ကဿပအလောင်းတော် နေရာ အချို့က ဂိဇ္ဈကုဋတောင်ဟု ခေါ်သော မဟူတောင်တွင် လုံးပတ်အတောင် ၂ဝ ခန့်ရှိသော ကျွန်းပင်မောင်နှမ ရှိသည်ဟု ဆိုကြသည်။ အလောင်းတော်တည်ရာ ကုန်းမြင့်အောက်သို့ တောင်ဘက်မှ ချောင်းမကြီးခေါ် တောင်ကြားချောင်းသည် စီးဝင်ငုပ်လျှိုးသွားပြီးလျှင် မြောက်ဘက်မှပြန်ထွက်၍ နောက်ဆုံး ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ထိုချောင်း ကုန်းပြင်အောက်ဝင်ရာ အဝ (တောင်ဘက်ပေါက်)ကို အထက်ရေစပြင် ဟုခေါ်၍ ထွက်ရာအဝ (မြောက်ဘက်ပေါက်)ကို အောက်ရေစပြင် ဟုခေါ်သည်။ ထိုအဝနှစ်ခု အကြား ချောင်းငုပ်နေသော အကွာကား ပေ ၁၅ဝ ကျော် ၂ဝဝ နီးပါး ရှိသည်။ ဘုရားဖူးများသည် အဓိဋ္ဌာန်၍ ဆွမ်းတော်ပွဲများကို အထက်ရေစပြင်မှ မျှောချလိုက်သောအခါ ဆွမ်းတော်ပွဲသည် ငုပ်သွားသောချောင်းထဲသို့ ရေစီးအလိုက်ပါသွားလေရာ အောက်ရေစပြင်မှ ထွက်လာသောအခါ ဆွမ်းများပါမလာဘဲ ခွက်ချည်း ထွက်လာသည်ဟု ရှေးအခါက ဆိုကြသည်။ စင်စစ် ထိုချောင်းသည် တောင်ကျချောင်းဖြစ်၍ ရေစီးမြန်ပြီးလျှင် အကွေ့အကောက်နှင့် တိုက်မိခိုက်မိစရာ အစွန်းများရှိသည်။ ဆွမ်းတော်ပွဲ၌ ပါသမျှ တိုက်ခိုက်မိ၍ တိမ်းစောင်းကာ ရေထဲကျကျန်ရစ်ပြီး ရေပေါ်၌ပေါ်သောခွက်သာ ပြန်ထွက်လာခြင်းဖြစ်သည် ဟု ထင်မြင်ချက်ပေးကြသည်။ သို့ရာတွင် ယခုအခါ ထိုချောင်းသည် ဆွမ်းတော်ပွဲ မျှောချလောက်အောင် ရေမများသည့်အပြင် ကျောက်လှိုဏ်ဂူအဝ၌ ကျွန်းသစ်များ ပိတ်ဆို့နေလေသည်။ ခရစ် ၁၉၂၀ ပြည့်နှစ်လောက်အထိမူ ထိုချောင်းထဲသို့ သစ်တောဘက်မှ သစ်တုံးငယ်များ မြှောချကြောင်း ဆိုကြ၏။ ၁၉၈၃ ခုနှစ်က ဘုရားဖူးရောက်သော ခရီးသည်တစ်ဦး၏မှတ်တမ်း၌ ထိုချောင်းကို ဟိုဘက်သည်ဘက် ပေါက်သွားလိုသူများအား ရွှေကြိုများက ခေါ်ဆောင် ပို့ပေးကြကြောင်း၊ ချောင်း၏ အကျဉ်းဆုံးနေရာသည် ဆယ်ပေခန့်ရှိ၍ အချို့နေရာ၌ ရေနက်သဖြင့် ကိုယ်ဖော့ သွားရကြောင်းဖြင့် ဆိုသည်။ အထက်ရေစပြင်အဝင်ဝ၏ အထက်ပေါ်တွင် ရှင်သူငယ်ပေါက်ခေါ် အပေါက်ငယ်တစ်ခုရှိသည်။ အတောင် ၂၀ ခန့် ဝင်မိလျှင် ကျောက်သားပိတ်၍ တွင်းခေါင်းဆုံးနေလေသည်။ ထိုပိတ်နေသော ကျောက်ခေါင်းထဲတွင် ကဿပအလောင်းတော်အစစ် ရှိသည်ဟု အယူရှိကြသည်။ ကဿပ ဘုရား ကဿပ ဘုရားအလောင်းတော် ဟုဆိုရာ၌ မည်သည့်ကဿပ၏ အလောင်းဖြစ်သည်ကို အယူအဆ အမျိုးမျိုး ကွဲကြသည်။ ကဿပ ဘုရားသခင်မှစ၍ ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာကဿပ၊ ရှင်မဟာကဿပ၊ စိတ္တကထိက ကုမာရ ကဿပ၊ သာမည ကုမာရကဿပ၊ သီဟိုဠ်ကဿပ၊ ကိဉ္စိပူရကဿပ၊ ပေါင်းလောင်ရှင်ကဿပ စသည်ဖြင့် ကဿပအမည်ဖြင့် ထင်ရှားသော ပုဂ္ဂိုလ်ထူး အများအပြားရှိသည့်အနက် ရုပ်ပုံတော်သည် ရောင်တော်မပါသဖြင့် ဘုရားကဿပ လုံးဝမဖြစ်နိုင်၊ ရဟန်းသာ ဖြစ်ရာသည်ဟု ဆိုကြသည်။ ကျန်ကဿပများအနက် ကဿပအလောင်းတော်သည် ပထမသင်္ဂါယနာတင် ရှင်မဟာကဿပကြီး ဟူ၍ လည်းကောင်း၊ ပေါင်းလောင်ရှင် ကဿပ ဟူ၍လည်းကောင်း၊ ထိုရဟန္တာကြီးနှစ်ပါးကို အငြင်းပွားကြသည်။ သို့ရာတွင် ရှင်မဟာကဿပကြီးသည် ရာဇဂြိုဟ်ပြည်ကို ရံပတ်ထားသည့် တောင်ငါးလုံးအနက် တစ်တောင်ဖြစ်သော ဝေဘာရတောင် စရည်းပင်ရောက်ရာ လိုဏ်ဝတွင် ပထမသင်္ဂါယနာတင်သည်။ ထိုဝေဘာရတောင်၌ပင် ပရိနိဗ္ဗာန်ပြုသည်ဟု ကဿပ သံယုတ် အဋ္ဌကထာတွင် ဆိုသည်။ ထို့ကြောင့် ယခု အလောင်းတော်ကဿပနေရာသည် ရှင်မဟာကဿပကြီး ပရိနိဗ္ဗာန်စံရာနေရာ မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ ရာဇဂြိုဟ်ပြည်ကြီးသည် အချင်း တစ်ယူဇနာနီးနီးကျယ်သည်ဟု ကျမ်းဂန်၌ဆိုသည်။ ယခု တောင်သုံးလုံးဝိုင်းရံနေသည့် ထိပ်ပြင်နေရာကား အိမ်ကြီးတစ်ဆောင် ဆောက်သာရုံသာရှိသဖြင့် မည်သည့်နည်းနှင့်မျှ ရှင်မဟာကဿပ ပရိနိဗ္ဗာန်စံရာ ရာဇဂြိုဟ်ပြည် မဖြစ်နိုင်ချေ။ သို့ဖြစ်ရကား သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော ပုဂံပြည့်ရှင် ရှင်နရပတိစည်သူမင်းလက်ထက်တွင် ကျော်စောသော ပေါင်းလောင်ရှင်ကဿပ၏ အလောင်းတော်နေရာဟု အများက ယူဆကြသည်။ ပေါင်းလောင်ရှင်ကဿပသည် ထီးလင်းမြို့စီရင်စု ပေါင်းလောင်ရွာ ဇာတိဖြစ်၍ ပုဂံမြို့တောင်ဘက် ခရီးတစ်တိုင်ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။ ဆရာတော်သည် သီဟိုဠ် အနှံအပြား ဘုရားဖူးကြွပြီးနောက် သီဟိုဠ်မှ ဓာတ်တော် ၃၇ ဆူနှင့် မေးရိုးတော်တစ်ဆူ ပင့်ခဲ့ပြီးလျှင် အထက်မြန်မာနိုင်ငံတစ်ခွင် ဘုရားများ အနှံအပြားတည်သည်။ ထိုဘုရားတည်ရာ အရပ်တို့ ၌လည်း လှည့်လည်၍ သီတင်းသုံးတော်မူသည်။ ယောနယ်ဘက်သို့လည်း သာသနာပြု ကြွတော်မူတတ်သည်။ တစ်ခါသော် မြင်းမူ တောရကျောင်းမှ အမြင့်တောကျောင်း၊ တုံတောကျောင်းမှဖြတ်၍ ယောနယ်ဘက်သို့ သာသနာပြုကြွအသွား ယခု ပုံညာတောင် နှင့် မဟူတောင်တို့ဆုံရာ အလောင်းတော်နေရာ၌ ပရိနိဗ္ဗာန်ပြုလေသည်။ အနီးအနားရွာသားများ ကိုးကွယ်သူ ဒါယကာများက ကောင်းစွာ သဂြိုဟ်ကြပြီးလျှင် အထိမ်းအမှတ်သဘောနှင့် ကိုယ်စားပုံတော် အလောင်းတော်သဏ္ဍန် တည်ထားကိုးကွယ်ရာမှ အလောင်းတော်ကဿပဟု ဝေးနီးအနှံ ကျော်စောလာသည်ဟု ဆိုကြသည်။ သို့သော် မေဓာလင်္ကာရ ပရမသဒ္ဓမ္မ ရာဇိဓိရာဇာဂုရု တံဆိပ်တော်ရ ပြည်ဆရာတော်ကြီး၏ မိန့်ကြားချက်အရသော်ကား တောင်ကြားရွာသား ရှင်ကဿပဖြစ်သည်ဟု ဆိုလေသည်။ တောင်ကြားရွာသား ရှင်ကဿပ၏ အကြောင်းမှာ သက္ကရာဇ် ၇၆၃ ခုနှစ် နန်းတက်သော ပထမမင်းခေါင် လက်ထက်က တောင်ကြားရွာမှ ရဟန်းဖြစ်သော ကဿပအမည်ရှိသော ရဟန်းတစ်ပါးသည် သီဟိုဠ်ကျွန်းသို့သွား၍ စာပေကျမ်းဂန် သင်ယူတတ်မြောက်သောအခါ ပြန်လာပြီးလျှင် မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသော အမြင့်မြို့အနီး ရွှေလှေအရပ်၌ တိုက်တာတည်လျက် တပည့်သံဃာများစွာတို့ဖြင့် စာပေကျမ်းဂန် ပို့ချ သင်ကြား၍ နေလေသည်။ ထိုအခါ ရှမ်းပြည်ရှမ်းရွာမှာ သိန္နီစော်ဘွား၊ မင်္ဂလာစော်ဘွား စသည်တို့ ဝင်လာမစဲ ဖူးမြော်ဆည်းကပ်ကြသဖြင့် ပရိသတ်အတွက် စက်ဆုပ်ငြီးငွေ့တော်မူပြန်သဖြင့် မုံရွာမြို့အနောက် ကျောက်မျက် အရပ်သို့ သွားရောက်နေတော်မူသည်။ ကျောက်မျက်အရပ်၌ နေတော်မူရာတွင် ဆေးအကြောင်း ကောင်းစွာ သိကျွမ်းတော်မူသည်ဟု ကျော်ကြားပြန်သဖြင့် ရှေးကထက် ပရိသတ်များစွာ လာကြသောကြောင့် ကျောက်မျက်မှ ခရီးတစ်သောင်းငါးတိုင်ခန့် ဝေးသော တောင်ခြေရင်းတည်ရှိသော ငသလောက်ခေါင်းပြောင် အရပ်သို့ ကြွ၍ သီတင်းသုံးတော်မူသည်။ ငသလောက်ခေါင်းပြောင် အရပ်၌ နေရာတွင်လည်း လူတို့သည် သတင်းနားထောင်၍ ကြားရာအရပ်သို့လိုက်လျက် ဖူးမြော်ဆည်း ကပ်ကြပြန်သဖြင့် နေ့မစဲ၊ ညဉ့်မစဲ၊ ပရိသတ် တသဲသဲ ဆူညံနေကြသောကြောင့် ငြီးငွေ့စက်ဆုပ်တော်မူပြန်သဖြင့် ၂၅ ခုသော တောင်များကိုကျော်လွန်၍ သွားရသော ယခု အလောင်းတော် ကဿပခေါ်သော တောင်ကမ်းပါးယံအနီး၌ ဧကစာရ သီတင်းသုံး နေတော်မူသည်။ ထိုသို့ ခဲယဉ်းသော တောတောင်ကြား၌ နေတော်မူငြားလည်း ရှေးဘုန်းရှေးကံ ဖြည့်ဆည်းခဲ့ဖူးသော ပါရမီထူး ဝိသေသကြောင့် လူအများသည် သတင်းနားထောင် လိုက်လံရှာဖွေကြသောကြောင့် လူအများသိ၍ သွားပြန်သဖြင့် ထူခြားသော ပုဂ္ဂိုလ်ဟု ကြည်ညိုသူများ သဒ္ဓါပွားလျက် ထက်သန်သော စေတနာဖြင့် ဆည်းကပ်ပူဇော်ဖူးမြော်ရန် လာကြပြန်သည်။ ရှင်မဟာကဿပသည် ထိုနေရာ၌ပင် အသက်ထက်ဆုံး သီတင်းသုံးနေထိုင်၍ ပျံလွန်တော်မူသည်ဟူ၏။ ထို ပျံလွန်တော်မူသော နေရာ၌ ဥဒ္ဓိဿ အလောင်းတော်သဏ္ဌာန် အင်္ဂတေဖြင့် ပြုလုပ်ထားကြသည်ဟု ဆိုလေသည်။ ဘုရားဖူးခရီးစဉ် ယင်းမာပင်၊ ပွင့်လင်းရာသီတွင် အလောင်းတော် ကဿပ၊ ဖိုလ်ဝင်တောင်၊ ရွှေဘတောင် ဘုရားဖူးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ လာရောက်မှုများပြားရာ အလောင်းတော်ကဿပမှ ဖိုလ်ဝင်တောင်၊ ရွှေဘတောင်သို့ သွားရာတွင် ဘုရားဖူးကားများအနေဖြင့် ဇီးတော ယမားချောင်းကို ဖြတ်သန်းသွားလာကြရာ ယမားရေကျချိန်တွင် ချောင်းပြင်ကျယ်ကာ ရေစီးသန်သဖြင့် ဘုရားဖူးကားများမှာ သွားလာရန် ခက်ခဲကြောင်း သိရသည်။ အလောင်းတော် ကဿပ ဘုရားဖူးခရီးသွားကားများ အနေဖြင့် မုံရွာမှ ကပိုင်ရွာအထိ (၃၈)မိုင်၊ ကပိုင်ရွာမှ အလောင်းတော်ကဿပ (၂၁)မိုင် တောင်ပေါ်ခရီးမောင်းနှင်ရသည်။ အလောင်းတော်ကဿပမှ ဖိုလ်ဝင်တောင်သို့ ဆက်လက်ထွက်ခွာရာတွင် အလောင်းတော်ကဿပမှ ကပိုင်ရွာ (၂၁)မိုင်၊ ကပိုင်ရွာမှ ယင်းမာပင် (၁၇)မိုင်၊ ယင်းမာပင်မှ ဖိုလ်ဝင်တောင် (၆)မိုင်ခန့် သွားရသည်။ ကပိုင်ရွာနှင့် ယင်းမာပင်မြို့အကြား ဇီးတောရွာအနီးတွင် ဇီးတောယမားချောင်းရှိရာအဆိုပါ ယမားချောင်းမှာ ရေကျချိန်တွင် တဟုန်ထိုးရေစီးဆင်းခြင်း၊ ရေပြင်ကျယ်ခြင်းများရှိသည်။ အလောင်းတော် ကဿပ မြန်မာနိုင်ငံတွင် ထင်ရှားသော စေတီ၊ ပုထိုး၊ ဘုရားများစွာရှိသည့် ဌာနများအနက် မုံရွာခရိုင်ရှိ အလောင်းတော် ကဿပသည် တစ်ဌာနဖြစ်သည်။ အလောင်းတော် ကဿပသည် မုံရွာမြို့ အနောက်မြောက် ဘက် မိုင် ၆ဝ ခန့်အကွာ တောင်ကြီးတို့၏အကြား၌ တည် ရှိသည်။ တည်ရာအရပ်မှာ လူနေအရပ်နှင့် အလွန်ဝေးလံ၍ တော တောင် အလွန်ကြီးမားသောအရပ် ဖြစ်သည်။ အလောင်းတော် ကဿပသို့ သွားရာတွင် မုံရွာမြို့မှလည်းကောင်း၊ ကန္နီမြို့မှ လည်းကောင်း၊ တောင်ခြေစခန်းရွာသို့ ကားဖြင့်သွားနိုင်သည်။ မုံရွာမှ ချင်းတွင်းမြစ်တစ်ဘက်သို့ကူး၍ ယင်းမာပင်မြို့သွားလမ်း အတိုင်း ကားစီးသွားသော် မိုင် ၄ဝ ဝေးသော တောင်ခြေစခန်း ဖြစ်သည့် သလောက်ရွာသို့ ရောက်သည်။ သလောက်ရွာမှ အလောင်းတော် ကဿပအရောက် ခြေလျင်ခရီးဖြင့် တောင် တက်တောင်ဆင်း ၁၇ မိုင် သွားရသည်။ ကန္နီလမ်းမှသွားမူ တောင်ခြေစခန်းဖြစ်သော ညောင်ပင်လယ်ရွာသို့ မိုင် ၂ဝ သွား ရသည်။ ညောင်ပင်လယ်ရွာမှလည်း သလောက်မှတက်သကဲ့သို့ ပင် တောင်ဆင်း တောင်တက် ၁၇ မိုင်သာသာ သွားရသည်။ လူသူမနီးသော တောကြီး တောင်ကြီးလမ်းဖြစ်၍ အသွားအလာ ခက်ခဲသောကြောင့်ပင် ပိုမို ကျော်ကြားသည်ဟု ယူဆရပေ သည်။ အလောင်းတော်သည် တောင်သုံးလုံး ဆုံရာအကြား အနိမ့် ကွက်လပ်တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူရာတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက် တို့တွင် ပုံတောင် ပုံညာတောင်၊ မြောက်ဘက် အလောင်း တော်နှင့် အကပ်ဆုံးတွင် ပုံတောင် ပုံညာတောင်အဆက် ခေါက်လောက်တောင် ရှိသည်။ အချို့က စိတ်ကူးနှင့် မဇ္ဈိမ ဒေသရှိ ရာဇဂြိုဟ်ပြည်ကို ဝိုင်းနေသော ဝေပုလ္လ၊ ဝေဘာရနှင့် ဂိဇ္ဈကုဋတောင်ဟု ဆိုကြသည်။ အလောင်းတော်တည်ရာ ကွက်လပ်ထိပ်အပြင်သည် အလျား ပေ ၁ဝဝ၊ အနံပေ ၆ဝ ထက် ပို၍မကျယ်ချေ။ အလောင်းတော် တန်ဆောင်းသည် နှစ်ဆောင်တွဲဖြစ်၍ အရှေ့မြောက်ဘက် အဆောင်တွင် အလောင်းတော် ရှိသည်။ အနောက်တောင်ဘက် အဆောင်သည် အာရုံခံဖြစ်သည်။ တန်ဆောင်းနှစ်ဆောင်တွဲ၍ အလျားပေ ၃ဝ၊ အနံ ၄၂ ပေခန့်ရှိသည်။ အာရုံခံတန်ဆောင်း ဘက်၌ ယခုအခါ ကြေးစည်ကြီးငယ် အလုံးပေါင်း ၈ဝ ဆွဲ ချိတ်ထား၍ တန်ဆောင်းအနီးတွင် ခေါင်းလောင်းကြီးသုံးလုံးနှင့် စေတီငယ်တစ်ဆူ ရှိသည်။ တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မှာ ဘုရားပုံတော်မဟုတ်၊ ရဟန္တာပုံဖြစ်၍ ရောင်တော်မပါချေ။ အုတ်ရိုး အင်္ဂတေပုံတော် ဖြစ်၍ ရွှေချထားသည်။ ပုံတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို ပတ်လက်ဖြန့်ကာ ခေါင်းအုံး လျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားသည်။ လျောင်း စက်နေသည့် လျောင်းတော်မူပုံတော်မဟုတ်ပဲ ပရိနိဗ္ဗာန်စံတော်မူ သည့် ပုံတော်မျိုး ဖြစ်သည်။ အလျား ၁၅ ပေ (ဆယ်တောင်) မျှ ရှိသည်။ တန်ဆောင်းအတွင်း အလောင်းတော်၏ ခေါင်းရင်း ဘက် ရှေ့နားတွင် မတ်ရပ်တော် တစ်ဆူ ရှိ၏။ အလောင်း တော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့် ပေါ်တွင် မေတ္တာရေတွင်း ရှိသည်။ စောက် ငါးတောင်ခန့် ရေနေတစ်ထောင်ခန့် ရှိသည်။ ရေမပြတ်ထွက်နေသဖြင့် သောက်ချိုးမကုန် ဖြစ်၏။ အချို့က ဂိဇ္ဈကုဋ်တောင်ဟုခေါ်သော မဟူတောင်တွင် လုံးပတ်အတောင် ၂ဝ ခန့်ရှိသော ကျွန်းပင် မောင်နှမရှိသည်။ အလောင်းတော်တည်ရာ ကုန်းပြင်အောက်သို့ တောင်ဘက်မှ ချောင်းမကြီးခေါ် တောင်ကြားချောင်းသည် စီးဝင်ငုပ်လျှိုးသွားပြီးလျှင် မြောက်ဘက်မှ ပြန်ထွက်၍ နောက်ဆုံး ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ထိုချောင်း ကုန်း ပြင်အောက်ဝင်ရာ အဝ (တောင်ဘက်ပေါက်)ကို အထက်ရေ စပြစ်ခေါ်၍ ထွက်ရာအဝ (မြောက်ဘက်ပေါက်)ကို အောက်ရေစ ပြင်ဟု ခေါ်သည်။ ထိုအဝနှစ်ခုအကြား ချောင်းငုပ်နေသော အကွာကား ပေ ၁၅ဝ ကျော် ၂ဝဝ နီးပါး ရှိသည်။ ဘုရားဖူး များသည် ဓိဋ္ဌာန်၍ ဆွမ်းတော်ပွဲများကို အထက်ရေစပြစ်မှ မျှောချလိုက်သောအခါ ဆွမ်းတော်ပွဲသည် ငုပ်သွားသော ချောင်း ထဲသို့ ရေစီးအလိုက်ပါသွားရာတွင် အောက်ရေစပြစ်မှ ထွက် လာသောအခါ ဆွမ်းများပါမလာတော့ပဲ ခွက်ချည့် ထွက်လာ သည်ဟု ရှေးအခါက ဆိုကြသည်။ စင်စစ် ထိုချောင်းသည် တောင်ကျချောင်းဖြစ်၍ ရေစီးမြန်ပြီးလျှင် အကွေ့အကောက်နှင့် တိုက်မိခိုက်မိစရာ အစွန်းများရှိသည်။ ဆွမ်းတော်ပွဲ၌ပါသမျှ တိုက်ခိုက်မိ၍ တိမ်းစောင်းကာ ရေထဲကျကျန်ရစ်ပြီး ရေပေါ်၌ ပေါ်သောခွက်သာ ပြန်ထွက်လာခြင်းဖြစ်သည်ဟု ထင်မြင်ချက် ပေးကြသည်။ သို့ရာတွင် ယခုအခါ ထိုချောင်းသည် ဆွမ်းတော် ပွဲ မြှောချလောက်အောင် ရေမများသည့်အပြင် ကျောက်လိုဏ်ဂူ အဝ၌ ကျွန်းသစ်တုံးများ ပိတ်ဆို့နေလေသည်။ ခရစ် ၁၉၂ဝ ပြည့်နှစ်လောက်အထိမူ ထိုချောင်းထဲသို့ သစ်တောဘက်မှ သစ် ငယ်တုံးငယ်များ မြှောချကြောင်း ဆိုကြသည်။ ၁၉၃၈ ခုနှစ်က ဘုရားဖူးရောက်သော ခရီးသည်တစ်ဦး၏မှတ်တမ်း၌ ထိုချောင်း ကို ဟိုဘက်သည်ဘက် ပေါက်သွားလို သူများအား ရွှေကြိုများ က ခေါ်ဆောင် ပို့ပေးကြကြောင်း၊ ချောင်း၏ အကျဉ်းဆုံးနေရာ သည် ဆယ်ပေခန့်ရှိ၍ အချို့နေရာ၌ ရေနက်သဖြင့် ကိုယ်ဖော့ သွားရကြောင်းဖြင့် ဆိုသည်။ အထက်ရေစပြစ်အဝင်ဝ၏ အထက်ပေါ်တွင် ရှင်သူငယ် ပေါက်ခေါ် အပေါက်ငယ်တစ်ခုရှိသည်။ အတောင် ၂ဝ ခန့် ဝင်မိလျှင် ကျောက်သားပိတ်၍ တွင်းခေါင်း ဆုံးနေလေသည်။ ထိုပိတ်နေသော ကျောက်ခေါင်းထဲတွင် ကဿပအလောင်းတော် အစစ်ရှိသည်ဟု အယူရှိကြသည်။ ကဿပအလောင်းတော်ဟု ဆိုရာ၌ မည်သည့် ကဿပ၏ အလောင်းဖြစ်သည်ကို အယူအဆ အမျိုးမျိုး ကွဲကြသည်။ ကဿပဘုရားသခင်မှစ၍ ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာ ကဿပ၊ ရှင်မဟာကဿပ၊ စိတ္တ ကထိက ကုမာရ ကဿပ၊ သာမညကုမာရကဿပ၊ သီဟိုဠ်ကဿပ၊ ကိဉ္စိပူရကဿပ၊ ပေါင်လောင်ရှင်ကဿပစသည်ဖြင့် ကဿပအမည်ဖြင့် ထင်ရှား သော ပုဂ္ဂိုလ်ထူး အများအပြားရှိသည့်အနက် ရုပ်ပုံတော်သည် ရောင်တော်မပါသဖြင့် ဘုရားကဿပ လုံးဝမဖြစ်နိုင်၊ ရဟန်း သာ ဖြစ်ရာသည်ဟု ဆိုကြသည်။ ကျန်ကဿပများ အနက် ကဿပအလောင်းတော်သည် ပထမသင်္ဂါယနာတင် ရှင်မဟာ ကဿပကြီးဟူ၍လည်းကောင်း၊ ပေါင်လောင်ရှင် ကဿပဟူ၍ လည်းကောင်း ထိုရဟန္တာကြီးနှစ်ပါးကို အငြင်းပွားကြသည်။ သို့ရာတွင် ရှင်မဟာကဿပကြီးသည် ရာဇဂြိုဟ်ပြည်ကို ရံပတ် ထားသည့် တောင်ငါးလုံးအနက် တစ်တောင်ဖြစ်သော ဝေဘာရ တောင် စရည်းပင်ရောက်ရာ လိုဏ်ဝတွင် ပထမသံဂါယနာတင် သည်။ ထိုဝေဘာရတောင်၌ပင် ပရိနိဗ္ဗာန်ပြုသည်ဟု ကဿပ သံယုတ် အဋ္ဌကထာတွင် ဆိုသည်။ ထိုကြောင့် ယခု အလောင်း တော်ကဿပ နေရာသည် ရှင်မဟာကဿပကြီး ပရိနိဗ္ဗာန်စံရာ နေရာ မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ ရာဇဂြိုဟ်ပြည်ကြီး သည် အချင်းတစ်ယူဇာနာနီးနီး ကျယ်သည်ဟု ကျမ်းဂန်၌ ဆိုသည်။ ယခုတောင်သုံးလုံးဝိုင်းရံနေသည့် ထိပ်ပြင်နေရာကား အိမ်ကြီးတစ်ဆောင် ဆောက်သာရုံသာရှိသဖြင့် မည်သည့်နည်း နှင့်မျှ ရှင်မဟာကဿပ ပရိနိဗ္ဗာန်စံရာ ရာဇဂြိုဟ်ပြည် မဖြစ် နိုင်ချေ။ သို့ဖြစ်ရကား သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက် သော ပုဂံပြည့်ရှင် ရှင်နရပတိစည်သူမင်းလက်ထက်တွင် ကျော်စောသော ပေါင်းလောင်ရှင်ကဿပ၏ အလောင်းတော် နေရာဟု အများက ယူဆကြသည်။ ပေါင်းလောင်ရှင်ကဿပသည် ထီးလင်းမြို့ စီရင်စုပေါင်းလောင် ရွာဇာတိဖြစ်၍ ပုဂံမြို့တောင်ဘက် ခရီးတစ်တိုင်ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။ ဆရာတော်သည် သီဟိုဠ် အနှံ့အပြား ဘုရားဖူး ကြွပြီးနောက် သီဟိုဠ်မှ ဓာတ် တော် ၃၇ ဆူနှင့် မေးရိုးတော်တစ်ဆူပင့်ခဲ့ပြီးလျှင် အထက် မြန်မာနိုင်ငံတခွင် ဘုရားများ အနှံ့အပြား တည်သည်။ ထို ဘုရားသည်ရာ အရပ်တို့၌လည်း လှည့်လည်၍ သီတင်းသုံး တော်မူသည်။ ယောနယ်ဘက်သို့လည်း သာသနာပြု ကြွတော် မူတတ်သည်။ တစ်ခါသော် မြင်းမူတောကျောင်းမှ အမြင့် တောကျောင်း၊ တုံတော ကျောင်းမှဖြတ်၍ ယောနယ်ဘက်သို့ သာသနာပြုကြွအသွား ယခုပုံညာတောင်နှင့် မဟူတောင်တို့ ဆုံရာ အလောင်းတော်နေရာ၌ ပရိနိဗ္ဗာန်ပြုလေသည်။ အနီး အနားရွာသားများ ကိုးကွယ်သူဒါယကာများက ကောင်းစွာ သင်္ဂြိုဟ်ကြပြီးလျှင် အထိမ်းအမှတ်သဘောနှင့် ကိုယ်စားပုံတော် အလောင်းတော်သဏ္ဌာန် တည်ထားကိုးကွယ်ရာမှ အလောင်း တော်ကဿပဟု ဝေးနီးအနှံ့ ကျော်စောလာသည်ဟု ဆိုကြ သည်။ သို့သော် မေဓာလင်္ကာရ ပရမသဒ္ဓမ္မ ရာဇိဓိရာဇာဂုရု တံဆိပ်တော်ရ ပြည်ဆရာတော်ကြီး မိန့်ကြားချက် အရသော် ကား တောင်ကြားရွာသား ရှင်ကဿပဖြစ်သည်ဟု ဆိုလေ သည်။ တောင်ကြားရွာသား ရှင်ကဿပ၏ အကြောင်းမှာ သက္ကရာဇ် ၇၆၃ ခုနှစ်နန်းတက်သော ပထမမင်းခေါင် လက်ထက်က တောင်ကြားရွာမှ ရဟန်း ဖြစ်သော ကဿပ အမည်ရှိသော ရဟန်းတော်တစ်ပါးသည် သီဟိုဠ်ကျွန်းသို့သွား၍ စာပေကျမ်းဂန်သင်ယူ တတ်မြောက်သောအခါ ပြန်လာပြီးလျှင် မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိသော အမြင့်မြို့အနီး ရွှေလှေအရပ်၌ တိုက်တာတည်လျက် တပည့်သံဃာများစွာတို့ဖြင့် စာပေကျမ်းဂန် ပို့ချသင်ကြား၍ နေလေသည်။ ထိုအခါ ရှမ်းပြည်ရှမ်းရွာမှာ သိန္နီစော်ဘွား၊ မင်္ဂလာစော်ဘွား စသည်တို့ ဝင်လာမစဲ ဖူးမြော်ဆည်းကပ်ကြသဖြင့် ပရိသတ် အတွက် စက်ဆုပ်ငြီးငွေ့လှ၍ အနိမ့်အရပ်သို့ ပြောင်းရွှေ့သွားကြ သည်။ အနိမ့်အရပ်၌ နေရာ တွင် ရှေးနည်းအတိုင်း ပရိသတ် များစွာ ဆည်းကပ်ဖူးမြော်ရန်လာကြသောကြောင့် စက်ဆုပ် ငြီးငွေ့တော်မူပြန် သဖြင့် မုံရွာမြို့အနောက် ကျောက်မျက် အရပ်သို့ သွားရောက်နေတော်မူသည်။ ကျောက်မျက်အရပ်၌ နေရာတွင် ဆေးအကြောင်းကောင်းစွာ သိကျွမ်းတော်မူသည်ဟု ကြော်ကြားပြန်သဖြင့် ရှေးကထက် ပရိသတ်များစွာ လာကြ သောကြောင့် ကျောက်မျက်မှ ခရီးတစ်သောင်းငါးတိုင်ခန့် ဝေးသော တောင်ခြေရင်းတည်ရှိသော ငသလောက်ခေါင်ပြောင် အရပ်သို့ကြွ၍ သီတင်းသုံးတော်မူသည်။ ငသလောက်ခေါင်ပြောင်အရပ်၌ နေရာတွင်လည်း လူတို့ သည် သတင်းနားထောင်၍ ကြားရာအရပ်သို့ လိုက်လျက် ဖူးမြော်ဆည်းကပ်ကြပြန်သဖြင့် နေ့မစဲ၊ ညဉ့်မစဲ၊ ပရိသတ် တသဲသဲ ဆူညံနေကြသောကြောင့် ငြီးငွေ့ စက်ဆုပ်တော်မူ ပြန်သဖြင့် ၃၅ ခုသော တောင်များကိုကျော်လွန်၍ သွားရသော ယခု အလောင်းတော် ကဿပခေါ်သော တောင်ကမ်းပါးယံ အနီး၌ ဧကစာရ သီတင်းသုံးနေတော်မူသည်။ ထိုသို့ ခဲယဉ်း သော တောတောင်ကြား၌ နေတော်မူငြားလည်း ရှေးဘုန်းရှေးကံ ဖြည့်ဆည်းခဲ့ဘူးသော ပါရမီထူးဝိသေသကြောင့် လူ အများ သည် သတင်းနားထောင် လိုက်လံရှာဖွေကြသောကြောင့် လူ အများသိ၍ သွားပြန်သဖြင့် ထူးခြားသော ပုဂ္ဂိုလ်ဟု ကြည်ညို သူများ သဒ္ဓါပွားလျက် ထက်သန်သောစေတနာဖြင့် ဆည်းကပ် ပူဇော်ဖူးမြော်ရန် လာကြပြန်သည်။ ရှင်ကဿပသည် ထိုနေရာ၌ပင် အသက်ထက်ဆုံး သီတင်း သုံးနေထိုင်၍ ပျံလွန်တော်မူသည်ဟူ၏။ ထို ပျံလွန်တော်မူသော နေရာ၌ ဥဒ္ဒိဿ အလောင်းတော် သဏ္ဌာန်အင်္ဂတေဖြင့် ပြုလုပ် ထားကြသည်ဟု ဆိုလေသည်။ ကိုးကား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%20%E1%80%80%E1%80%BF%E1%80%95
စောလူးမင်း
စောလူးမင်း (မင်းလုလင်; ၁၉ ဧပြီ ၁၀၄၉ – ၂၁ ဧပြီ ၁၀၈၄) သည် ပုဂံခေတ်တွင် ခရစ်နှစ် ၁၀၇၇ မှ ၁၀၈၄ အထိ အုပ်ချုပ်ခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်အား ထူထောင်ခဲ့သည့် ဖခင် အနော်ရထာမင်းထံမှ ထီးနန်းဆက်ခံခဲ့သော်လည်း ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ၁၀၈၂ ခုနှစ်တွင် အောက်မြန်မာပြည် ပုန်ကန်မှုဖြစ်ပွားခဲ့ပြီး ၁၀၈၃ ခုနှစ် ဧပြီလခန့်တွင် ဖမ်းဆီးခံခဲ့ရကာ တစ်နှစ်အကြာတွင် အသတ်ခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။ အစောပိုင်းဘဝ စောလူးကို ဖခင် အနော်ရထာမင်းနှင့် တောင်နန်းမိဖုရား အဂ္ဂမဟေသီတို့က မွေးဖွားခဲ့သည်။ မြန်မာရာဇဝင်ကျမ်းများတွင် စောလူး၏ သက်တမ်းနှင့် နန်းသက်များဖော်ပြရာတွင် ကွဲလွဲမှုများ ရှိသည်။ အောက်ပါဇယားတွင် ထင်ရှားသော ရာဇဝင်ကျမ်းလေးစောင်နှင့် သမိုင်းပညာရှင်တို့က ဖော်ပြပါရှိသည့် ရက်စွဲများကို စာရင်းပြုထားသည်။ ထို့အပြင် စောလူးနှင့် အနော်ရထာ၏ အခြားသားတော်ဖြစ်သော ကျန်စစ်သားတို့၏ အသက်ကွာခြားမှုတွင်လည်း ရာဇဝင်ကျမ်းများတွင် ကွဲလွဲစွာ ဖော်ပြထားသည်။ အစောပိုင်းရာဇဝင်ကျမ်းများအရ ကျန်စစ်သားသည် စောလူးထက် (ဇာတာတော်ပုံ အရ အသက် ၂၀) နှင့် (မဟာရာဇဝင် အရ နှစ်နှစ်) အသက်ကြီးကြောင်း ဖော်ပြထားသည်။ သို့သော် နှောင်းပိုင်းရာဇဝင်ကျမ်းများဖြစ်သည့် ရာဇဝင်သစ်နှင့် မှန်နန်း တို့က စောလူးသည် ကျန်စစ်သားထက် နှစ်နှစ်ပိုကြီးကြောင်း ဖော်ပြထားသည်။ မည်သို့ပင်ဖြစ်စေ အနော်ရထာသည် စောလူးအား ထီးနန်းဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်။ စောလူးအား မွေးဖွားပြီးနောက် မွန်အမျိုးသမီးတစ်ဦး နို့ထိန်းအဖြစ်ပြုစုခဲ့ပြီး ယင်းနို့ထိန်း၏ သားဖြစ်သော ငရမန်ကန်းနှင့် ငယ်သူငယ်ချင်းများ ဖြစ်ခဲ့သည်။ စောလူးသည် တိုင်းပြည်အုပ်ချုပ်ရန် စိတ်ပါဝင်စားခြင်းမရှိဘဲ ဖခင်၏ တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။ ထီးနန်း ဖခင် အနော်ရထာလွန်ပြီးနောက် အေဒီ ၁၀၇၇၊ ဧပြီ ၁၁ တွင် စောလူးသည် ပုဂံထီးနန်းကို ဆက်ခံခဲ့သည်။ ဘုရင်ဖြစ်လာပြီးနောက် ဖခင်ဖြစ်သူ၏ မွန်မိဖုရား မဏိစန္ဒာ ခင်ဦးကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့သည်။ စောလူး၏ ဘွဲ့အမည်မှာ ၐြီဝဇြာဗရဏ တြိဘုပတိ ဖြစ်သည်။ တောင်ပိုင်းရှိ မွန်ဒေသများအား အုပ်ချုပ်ရန်အတွက် စောလူးသည် ငယ်သူငယ်ချင်း မွန်လူမျိုးဖြစ်သူ ငရန်မန်ကန်းကို အုပ်ချုပ်စေခဲ့သည်။ မွန်တို့ ပုန်ကန်ခြင်း ပဲခူးစား ငရန်မန်ကန်းသည် ပုဂံရှိ စောလူးထံ ပုံမှန်လာရောက်လေ့ရှိသည်။ ငယ်သူငယ်ချင်းဖြစ်သူ၏ စစ်ရေးအတွေ့အကြုံနည်းပါးခြင်းကို သိရှိထားသဖြင့် ငရန်မန်ကန်းက ပုန်ကန်ရန် ဆုံးဖြတ်ခဲ့သည်။ ရာဇဝင်ကျမ်းများအဆိုအရ နှစ်ဦးဆုံတိုင်း ကြွေအံပစ်ကစားခြင်း ကစားလေ့ရှိရာ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက "ငရမန်ကန်း..သင်ယောက်ျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ" ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။ ပဲခူးသို့ ပြန်ရောက်ပြီးနောက် ငရန်မန်ကန်းလည်း စတင်ပုန်ကန်လေသည်။ ၁၀၈၂ နှောင်းပိုင်းတွင် ငရန်မန်ကန်းသည် စစ်တပ်နှင့်တကွ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာကာ ပဲခူးအောက်နားရှိ ကျွန်းတစ်ကျွန်းတွင် စခန်းချသည်။ စောလူးလည်း ကျန်စစ်သားကို ပြန်ခေါ်ကာ ပုဂံတပ်၏ စစ်သူကြီးခန့်ကာ စစ်ချီစေရာ မကွေးအနီး မြင်ကွန်းတွင် စခန်းချသည်။ ငရန်မန်ကန်း၏ တပ်သည် သရက်အနီးတွင် စခန်းချသည်။ စောလူးသည် ကျန်စစ်သား၏ သတိပေးမှုကို မလိုက်နာဘဲ တိုက်ခိုက်ရန် လုပ်သည်။ သို့သော် ငရန်မန်ကန်း၏ ကြိုတင်ပြင်ဆင်မှုကြောင့် စောလူး၏ တပ်ပျက်ကာ စောလူးလည်း အဖမ်းခံခဲ့ရသည်။ ဇာတာတော်ပုံရာဇဝင် အရ စောလူးနှင့် ငရန်မန်ကန်းတို့၏ တိုက်ပွဲသည် ၁၀၈၂ နိုဝင်ဘာတွင် ဖြစ်ပွားခဲ့သည်။ ကွယ်လွန်ခြင်း ကျန်စစ်သားက စောလူးအား ကယ်တင်ရန် ကြိုးပမ်းသော်လည်း ကျန်စစ်သားက သူ့အား သတ်ကာ ထီးနန်းရယူမည်ဟု ထင်မှတ်ခဲ့ပြီး စောလူးက လက်မခံခဲ့ပေ။ စောလူးအား ထပ်မံကယ်တင်မည်စိုးသဖြင့် ငရန်မန်ကန်းက ကွပ်မျက်ခဲ့သည်။ စောလူးသည် ၁၀၈၄ ဧပြီ ၂၁ မတိုင်မီတွင် ကွယ်လွန်ခဲ့သည်။ ငရန်မန်ကန်းသည် ကျန်စစ်သား စေလွှတ်သော မုဆိုးငစဉ့်၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ ယင်းနောက် ကျန်စစ်သားသည် ပုဂံပြည်ထီးနန်းကို ဆက်ခံခဲ့သည်။ စောလူးမင်း၏ ကောင်းမှုတော်ကား ပင်းချောင်းဝ၌ စက္ကလိပဘုရား၊ မုံရွာခရိုင် မြို့ကြီး၌ ရွှေစောလူးဘုရား၊ မင်ဘူး ခရိုင် ဖောင်းလင်းပ ရွှေစာလူးဘုရား ဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန် စောလူးမင်းကျောက်စာ မှတ်စုများ ကိုးကား ကျမ်းပြုစာရင်း ပုဂံခေတ် မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%9C%E1%80%B0%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8
နရသီဟပတေ့
နရသီဟပတေ့မှာ ပုဂံမင်းဆက်များတွင် နောက်ဆုံးမင်းအဖြစ် ထင်ရှားသည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည်သို့ ကုဗလိုင်ခန်၏ မွန်ဂိုတပ်များ ကျူးကျော်ဝင်ရောက်သဖြင့် နှစ်ပေါင်း (၂၅ဝ) ဝန်းကျင် သက်တမ်းရှိခဲ့သော ပုဂံအင်ပါယာ ပြိုကွဲခဲ့သည်။ မျိုးရိုးနှင့် ထီးနန်းဆက်ခံခြင်း မြန်မာ့သမိုင်းတွင် တရုတ်ပြေးမင်းဟုလည်းကောင်း၊ မင်းခွေးချေးဟုလည်းကောင်း သိမှတ်ထားကြသည့် ဘုရင်တစ်ပါးဖြစ်သည့် နရသီဟပတေ့မင်းကို ဥဇနာမင်းနှင့် မိဖုရားစုလည်းထုံးတို့မှ ၂၃ ဧပြီ၊ ၁၂၈၃ တွင်ဖွားမြင်ကာ ပုဂံထီးနန်းကို အေဒီ (၁၂၅၆-၁၂၈၇) ကာလအတွင်း စိုးစံသွားခဲ့သည်။ နရသီဟပတေ့မင်းသည် အဖိုးဖြစ်သူ ပန်းပွတ်သည်ကြီးအားရည်စူးလျက် ပန်းပွတ်ပုထိုးတော်ကြီးတည်ထားခဲ့ရာမှ ပန်းပွတ်ပုထိုးတော် ဒါယကာဟုလည်း အမည်တွင်ခဲ့သည်။ အများက မင်းခွေးချေးဟု ဆိုကြသော်လည်း အမည်မှန်မှာ မင်းခွေဖြစ်သည်။ ငယ်စဉ်က ချေဆတ်တတ်သောရောဂါရှိသဖြင့် အိပ်ယာထဲတွင် အမြဲခွေနေသောကြောင့် မင်းခွေဟုတွင်ကြောင်း အဆိုရှိသည်။ တရုတ်ပြေးမင်း၏ အမှားတော်ပုံ ပေမူတွင်လည်း မင်းခွေနမဿ ရာဇကုမာရဿ" ဟု သုံးနှုန်းထားရာ "မင်းခွေးချေး" မဟုတ် မင်းခွေ" သာ အမှန်ဟု ဆိုသည်။ တရုတ်ပြေးမင်းဟု အမည်တွင်ခြင်းမှာ ပုဂံကို မွန်ဂိုတရုတ်တပ်များ လာရောက်ဝန်းရံစဉ် ပြည်မြို့ အနောက်ဘက် လှည်းကျသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် ဖြစ်သည်။ ယင်းအမည်ဖြင့် ပထမဆုံးသုံးနှုန်းမှတ်တမ်းတင်သော ကျောက်စာမှာ အေဒီ ၁၃၄၂ ခုနှစ်ထိုး ချောင်းဦး သမန်ဇတာကျောက်စာ ဖြစ်၍ ကျောက်စာ ကြောင်းရေ (၁၃) တွင် "တရုတ်ပြေးမင်းကြီး" ဟုရေးထိုးထားသည်။ ခေတ်သစ် သမိုင်းဆရာများကမူ နရသီဟပတေ့မင်းကို စည်သူ-၄ ဟုလည်း ခေါ်ဝေါ်ကြသည်။ ယင်းသို့ခေါ်ဝေါ်ခြင်းမှာ နရသီဟပတေ့မင်းသည် စည်သူဘွဲ့ ခံယူသော ပုဂံမင်းများတွင် လေးပါးမြောက်ဖြစ်သောကြောင့် ဖြစ်သည်။ ကျောက်စာများအရ ထိုမင်း၏ ဘွဲ့ ကို ဥစ္စနာဟုလည်း သုံးနှုန်းကြောင်း သိရသည်။ ဥဇနာမင်းလွန်လျှင် နန်းလျာဖြစ်သော သီဟသူမင်းသားနန်းတက်မည်ရှိသည်တွင် ရာဇသင်္ကြံအမတ်ကြီးသည် ဥဇနာမင်းထံ ခစားစဉ်အခါ လက်ဖျင်သိမ်းရာတွင် သီဟသူမင်းသားကို ခတ်မိသဖြင့် မင်းသားက မိမိ ဖျင်လက်ပေါ် ကွမ်းဖတ်နှင့်ထွေးသည်ကိုပြ၍ "ဤမင်းသားသည် မင်းမဖြစ်မီကပင် အမတ်ကြီးတို့ကို မျက်နှာဖျက်ဘိ၏၊ မင်းဖြစ်သော် ငါတို့နေရာမရှိပြီ" ဟုဆိုကာ သိမ်းထားသော ကွမ်းဖတ်ကိုပြ၍ အခြားအမှူးအမတ်တို့ကို စည်းရုံးကာ သီဟသူမင်းသားကို ဖမ်းဆီး၍ ညီတော်ဖြစ်သော နရသီဟပတေ့ကိုနန်းတင်ခဲ့ခြင်းဖြစ်သည်။ နရသီဟပတေ့မင်းသည် ၁၂၅၆-ခုနှစ်၊ မတ်လ(၆)ရက်နေ့တွင် ခမည်းတော်၏ ကိုယ်လုပ်တော်ကြီး ဆိတ်ထိန်းကမ်းဖြူသူ မိဖုရားစောနှင့် ဘိသိက်သွန်း၍ သီရိတြိဘုဝနာဒိတျာ ပဝရဓမ္မရာဇာဘွဲ့ခံယူကာ ပုဂံထီးနန်းကို စိုးစံခဲ့သည်။ ရာဇဝင်ကျမ်းများအရ ပုဂံမင်းဆက်များတွင် သုံးကြိမ်မင်းဖြစ်သော ဘုရင်သုံးဦးတွင် နရသီဟပတေ့မင်းသည် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုမင်းသည် ပုဂံတွင် စလေငခွေး တစ်ကြိမ်၊ ကုလားကျမင်း တစ်ကြိမ်၊ နရသီဟပတေ့တစ်ကြိမ် သုံးကြိမ် မင်းဖြစ်ကြောင်း ဆိုထားသည်။ ထိုသို့ မင်းဖြစ်ခြင်းမှာ မြတ်စွာဘုရားရှင် တန့်ကြည်တောင်ထက်ကြွတော်မူစဉ် အင်ဖက်သုံးချပ်ကို ထီးအသွင်ပြု၍ နေကာခဲ့သောကုသိုလ်ကံကြောင့်ဟု ဖော်ပြထားသည်။ မိဖုရားများ နရသီဟပတေ့မင်းသည် ပုဂံထီးနန်းကို ရသောအခါ မိဘုရားခေါင်ကြီး နတ်ရွာစံပြီးနောက် ခမည်းတော်၏ မိဖုရားတစ်ပါးဖြစ်သော ဖွားစောမိဖုရားကိုပင် ၁၂၆၂-ခုနှစ်တွင် မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခဲ့သည်၊ ၎င်း၏ အခြားမိဖုရားများမှာ ဖွားစောအစ်မတော်၏ သမီး စောနန်း၊ ဟူးရားဖြူသမီး စောလုံ၊ မိဖုရားငယ် ရှစ်ပါး၊ ရှင်မောက်၊ ရှင်ရွှေတို့ ဖြစ်ကြသည်။ နရသီဟပတေ့မင်း၏ မိဖုရားများအနက် မိဖုရားဖွားစောမှာ စောလှဝန်းဖွားစောဟု ကျော်ကြားသူဖြစ်သည်။ ပုဂံရာဇဝင်တွင် ထင်ရှားသော ဖွားစောသုံးဦးအနက် ဒုတိယဖွားစောဖြစ်၍ ကျစွာမင်းနှင် စောမင်းလှတို့၏ မြေးဖြစ်သည်။ နန်းစံကာလဖြစ်ရပ်များ နာမည်ကောင်းရသော မင်းတစ်ပါး မဟုတ်ချေ။ မင်းဆိုးမင်းညစ် အဖြစ်သာ ကျော်စောခဲ့သည်။ စိတ်ကြမ်းကိုယ်ကြမ်း ရှိသူဖြစ်၍ ဘီလူးဘဝက လာသည်ဟု ဟူးရားဆရာတို့က ဆိုကြသည်။ အမျက်ဒေါသ လွန်ကဲပြီး သတ်ဖြတ်ကွပ်မျက်စီရင်မှုများ များစွာပြုခဲ့သူလည်းဖြစ်သည်။ အစားကြူးသူအဖြစ်လည်းထင်ရှားသည်။ ဟင်းခွက် ၃၀ဝ ဖြင့်ပွဲတော်တည်လေ့ရှိကြောင်းဆိုကြသည်။ မွန်ဂိုတပ်များ မြန်မာနိုင်ငံသို့ ချီလာချိန်တွင် ငဆောင်ချမ်းအရပ်မှ ခုခံတိုက်ခိုက်စေသည်။ မွန်ဂိုတပ်များ ပုဂံသို့ဆက်လက်ချီတက်လာသောအခါ သားတော်ကြီးရှိရာ ပုသိမ်သို့ တိမ်းရှောင်သည်။ မွန်ဂိုတို့ ပုဂံမှ တပ်ဆုတ်ကြောင်းကြားလျှင် ပုဂံသို့ ပြန်သည်။ လမ်းခရီးဖြစ်သည့် ပြည်မြို့တွင်ငယ်စဉ်အခါက ဝက်လက်ခိုးမသားဟု ကျီစား အခေါ်ပြုခံရဖူးသည်ကို မကျေနပ်သော သားတော်ပြည်စားသီဟသူ က နန်းလုသဖြင့် အဆိပ်ပါသော ပွဲတော်ကို မလွန်ဆန်နိုင်ပဲ တည်ခင်းရပြီး နတ်ရွာစံ ကံတော်ကုန်ရသည်။ ကိုးကား မြန်မာ ဘုရင်များ ပုဂံခေတ် ၁၂၃၈ မွေးဖွားသူများ ၁၂၈၇ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%9B%E1%80%9E%E1%80%AE%E1%80%9F%E1%80%95%E1%80%90%E1%80%B1%E1%80%B7
နောင်ရိုးတိုက်ပွဲ
မြန်မာ့သမိုင်းတွင် ထင်ရှားလှသည့် တိုက်ပွဲဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို ၃ ကြိမ်မြှောက်လုပ်ကြံပြီး သိမ်းယူရာတွင် မခုခံနိုင်တော့သည့် မွန်မင်း သုရှင်တကာရွတ်ပိသည် မိမိနောက်လိုက်နောက်ပါများကို ခေါ်ဆောင်ပြီး ရေတပ်ဖြင့် မိမိယောက်ဖပြည်စားရှိရာ ပြည်သို့အမြန်ပြေးလေသည်။ သို့သော် ကုန်းမှလိုက်သည့် မွန်ကြည်းတပ်မှာ ရေတပ်ကဲ့သို့ မြန်မြန်မချီတက်နိုင်ပေ။ နောင်ရိုးအရပ်ရောက်လျှင် ချောင်းကိုကူးပြီး တပ်ချ ရပ်နားလေသည်။ ထိုသို့ရပ်နားစဉ်တွင် နောက်မှလိုက်လာသည့် ကျော်ထင်နော်ရထာ(ဘုရင့်နောင်)ဦးစီးသည့် တောင်ငူတပ်များမှီလာပြီး ချောင်းကို ဖြတ်ကူးကာ တောင်ငူ-ဟံသာဝတီ နှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ကြသည်။ နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကိုစုံစမ်းစေရာ မွန်တပ်အင်အားမှာ မိမိတပ်ထက်ထက် ကြီးသည်ကို ကျော်ထင်နော်ရထာ သိရလေသည်။ ထိုအခါ နောက်ပါ အမှူးအမတ်တို့က မင်းတရားရွှေထီးတပ် ရောက်သည်အထိစောင့်ပြီး မှ တိုက်သင့်ကြောင်း၊ မိမိတို့၏ လက်ရှိအင်အားဖြင့်တိုက်လျှင် နိုင်ရန်မလွယ်ကူကြောင်းလျှောက်ကြသည်။ ထိုအခါ ကျော်ထင်နော်ရထာက :"စစ်တို့၏သဘောမှာ အင်အားငယ်သည်ကြီးသည်မှာ ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်သာ ပဓာနဖြစ်သည်" ဟုဆိုကာ ချောင်းကိုကူးရန်စီစဉ်စေသည်။ ထိုစဉ် နောက်မှ တပင်ရွှေထီး၏ မြင်းသည်တော်များရောက်လာပြီး "ငါမရောက်သမျှ စစ်ကိုမတိုက်နှင့်၊ စောင့်လင့်ဦး၊ ငါကိုယ်တော်တိုင် ရန်သူတို့ကိုချေမှုန်းတိုက်ခိုက်တော်မူလိုသည်"ဟု အမိန့်တော်ပါးလိုက်လေသည်။ ထိုအခါ ကျော်ထင်နော်ရထာက "အရှင့်ဘုန်းတော်ကြောင့် ရန်သူတို့ကို အောင်မြင်ပြီး လေပြီ" ဟုပြန်လည်လျှောက်တင်စေလေသည်။ ထိုနောက် ချောင်းတစ်ဖက်ကမ်းသို့ကူးပြီး ရောက်လျှင် ဖောင်များအားလုံးကိုဖျက်စေသည်။ ထိုအခါ မှူးမတ်တို့က :"အရှင်သည်..စစ်ကိုမတိုက်ရသေးမှီကပင် အောင်မြင်လေပြီး ဟု မင်းတရားထံလျှောက်စေသည်။ ယခုလည်း ဖောင်ပန်းတို့ကို ဖျက်စေသည်။ အကယ်လို့များ စစ်ရေးမလှဘဲ ရှုံးနှိမ့်လျှင် အားကိုးအားထားပြုပြီး ပြေးရန် ဖောင်များကိုထားစေလိုသည်" ဟု လျှောက်ကြသည်။ ထိုအခါကျော်ထင်နော်ရထာက "ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင် နောက်သို့ချဉ်းလှည့်ပြေးရန် စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။ မင်းတရားကြီးထံ လျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီး သေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။ သေသောသူကို အဘယ်သို့ အပြစ်တင်နိုင်မည်နည်း" ဟုဆိုကာ ဖျက်စေပြီး စစ်ကိုတိုက်စေသည်။ ကျော်ထင်နော်ရထာသည် တိုက်ခိုက်ရန်အတွက် ဒွိဇာဓိပဗျူဟာဖြင့်တိုက်ရန်ဆုံးဖြတ်သည်။ ထောမှိုင်းရဲကို ဆင်၁၅၊ မြင်း၂၀ဝ၊ စစ်သည် ၃၀ဝ၀ဖြင့် ညာတောင်ပံ။ ဘယသင်္ကြန်ကို ဆင်၁၅၊ မြင်း၂၀ဝ၊ စစ်သည် ၃၀ဝ၀ဖြင့် ဘယ်တောင်ပံ။ မိမိကိုယ်တိုင်ကမူ ဆင် ၂၀၊ မြင်း ၁၀ဝ၊ စစ်သည် ၄၀ဝ၀ ဖြင့်အလယ်ကြောင်းမှ တိုက်သည်။ တိုက်ပွဲစသည်နှင့် တောင်ငူတပ်သည်မွန်တပ်တို့ကို တဟုန်ထိုးတိုက်ခိုက်သည်။ အထင်သေးကာ ပေါ့လျော့နေသည့် မွန်တပ်ကြီးမှာ အမှန်တကယ် ရင်ဆိုင်ရာတွင် တောင်ငူတပ်၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကို ခံရသဖြင့် အပျက်အစီးများလေသည်။ ဗညားဒလ ဆင်ပေါ်မှဆင်းကာ မြင်းဖြင့် ပြည်သို့ပြေးရသည်။ ကျန် စစ်သူကြီး မင်းရဲအောင်နိုင်မှာ ဆင်ထက်မှာပင် ကျဆုံးသည်။ နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကို ဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။ သမိုင်း မြန်မာနိုင်ငံ၏ သမိုင်း တောင်ငူ-ဟံသာဝတီခေတ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2
တောင်ငူမင်းဆက်
တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။ ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်းပါဝင်ပါတ်သတ်မှုရှိနေပြသောကြောင့် ဖြစ်သည်။ တောင်ငူရာဇဝင်အကျဉ်း သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီးညို လက်ထက်တွင်ဖြစ်သည်။ သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။ တပင်ရွှေထီး ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။ ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။ ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။ နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာဝတီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။ သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင် တောင်ငူကို အင်းဝမှ အနောက်ဘက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျှော့ချခံခဲ့ရသည်။ တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓာတ်ကျဆင်းကာ မပြုသင့်ဘဲ တိုင်းတပါးသား ငဇင်ကာ နှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဘက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။ တောင်ငူမင်းဆက် မင်းကြီးညို တပင်ရွှေထီး နန္ဒဘုရင် မင်းကြီးဆွေ တောင်ငူမင်းခေါင် ဘုရင့်နောင် မင်းရဲသီဟသူ နတ်သျှင်နောင် တို့ဖြစ်ကြသည်။ မြန်မာ ဘုရင်များ တောင်ငူခေတ်
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%B0%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%80%E1%80%BA
မင်းကြီးဆွေ
မင်းကြီးဆွေ (တရားဝင် ဘွဲ့အမည် မင်းရဲ သီဟသူ) သည် ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော ဘုရင့်နောင်၏ ခမည်းတော် ဖြစ်ပြီး တောင်ငူဘုရင်ခံ မင်းရဲသီဟသူဟု ထင်ရှားသည်။ တောင်ငူတွင် ဘုရင်ခံမဖြစ်မီ မင်းကြီးညိုလက်ထက်က တပင်ရွှေထီး၏ အထိန်းတော်ဖြစ်ခဲ့သည်။ တပင်ရွှေထီး ဟံသာဝတီကို တိုက်ခိုက်စဉ်ကပင် တောင်ငူနန်းစောင့်အဖြစ် တာဝန်ယူခဲ့သည်။ တောင်ငူဘုရင်ခံအဖြစ် သက္ကရာဇ် ၉၀၂ တွင် မင်းမြှောက်တန်ဆာ ငါးပါးဖြင့် တင်မြှောက်ခံရသည်။၉၁၀ ခု တွင်လွန်သည်။ ၎င်းလွန်လျှင် တတိယမြောက်သားဖြစ်သည့် သီဟသူအား တောင်ငူဘုရင်ခံအဖြစ် ဆက်လက်ခန့်ထားသည်။ သီဟသူ သည် ဘုရင့်နောင်လက်ထက်တွင် တောင်ငူမင်းခေါင် အဖြစ်ထင်ရှားသည်။ နောက်ခံ ဘုရင့်နောင်၏ မိဘများဖြစ်သော မင်းကြီးဆွေနှင့် ပထမဇနီး ရှင်မျိုးမြတ်တို့၏ မျိုးရိုးစဉ်ဆက်နှင့် ပတ်သက်၍ တိကျစွာ မသိရှိရပေ။ ဘုရင့်နောင်၏ မျိုးရိုးစဉ်ဆက် သို့မဟုတ် ကလေးဘဝနှင့် ပတ်သက်၍ ခေတ်ပြိုင်မှတ်တမ်းများ မရှိသော်လည်း ဘုရင်၏ မျိုးရိုးစဉ်ဆက်နှင့် ပတ်သက်၍ ကွဲပြားသော ဓလေ့များ ရှိခဲ့သည်။ မဟာရာဇဝင်ကြီးအရ အင်းဝနေပြည်တော်၏ လက်အောက်ခံပြည်နယ်ဖြစ်သော တောင်ငူရှိ အထက်တန်းလွှာမိသားစုတစ်ခုက မင်းကြီးဆွေကို မွေးဖွားခဲ့သည်။ မိဘများမှာ တောင်ခမင်းနှင့် ကရေနဝတီ တို့ ဖြစ်ကြပြီး တောင်ငူဘုရင်ခံများဖြစ်သော တောင်ငူတရဖျားနှင့် တောင်ငူမင်းခေါင်ငယ်တို့၏ အဆက်အနွယ်များ ဖြစ်ကြသည်။ အရွယ်ရောက်သောအခါ တစ်စီးရှင် သီဟသူနှင့် မိဖုရားခေါင် မိစောဦးတို့၏ ပဉ္မမမြောက်မျိုးဆက်ဖြစ်သော မျိုးမြတ်နှင့် လက်ထပ်ခဲ့သည်။ တော်ဝင်အမျိုးအနွယ်များ ဖြစ်သော်လည်း ခမ်းနားကြီးကျယ်သော မျိုးရိုးစဉ်ဆက်အဖြစ် နှုတ်အားဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိခဲ့ဘဲ မင်းကြီးဆွေတို့ ဇနီးမောင်နှံမှာ ပုဂံခရိုင်ရှိ ငါးသရောက်ရွာ သို့မဟုတ် တောင်ငူခရိုင်ရှိ ထီးလှိုင်ရွာမှ သာမန်လူများဖြစ်ပြီး မင်းကြီးဆွေမှာ ထန်းတက်သမားတစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ထိုသို့သော သာမန်မျိုးရိုးအကြောင်းမှာ ၂၀ ရာစုအစောပိုင်း ကိုလိုနီခေတ်တွင် အမျိုးသားရေးစာရေးဆရာများက ရေးသားကြသော ထန်းတက်သမားတစ်ဦး၏ သားမှာ ဘုရင့်နောင်ကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် ဘုရင်တစ်ပါး ဖြစ်လာနိုင်ကြောင်း ရေးသားခဲ့ကြရာမှ စတင်ထင်ရှားလာခဲ့သည်။ တော်ဝင်မိသားစု အစေအထိန်း သူတို့၏ မူလဘဝနှင့် အစသည် မည်သို့ပင်ဖြစ်စေကာမူ ၁၅၁၆ ခုနှစ်တွင် တပင်ရွှေထီးအား အထိန်းတော်အဖြစ် ခုနစ်ဦးရွေးချယ်ရာတွင် ပါဝင်ခဲ့ရာမှ ဘဝပြောင်းလဲလာခဲ့သည်။ ဇနီးဖြစ်သူမှာ ဒုတိယသား ရဲထွတ်ကို မွေးဖွားပြီး သုံးလမျှရှိသေးသည့်အချိန်တွင် တပင်ရွှေထီး၏ နို့ထိန်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်က မင်းကြီးဆွေ မိသားစုတွင် သားသုံးဦးရှိနေခဲ့ပြီး အငယ်ဆုံးမှာ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ပြီးနောက် တောင်ငူနန်းတော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ရှင်မျိုးမြတ်သည် ၁၅၂၀ ဆယ်စုနှစ်ကာလတွင် ကွယ်လွန်ခဲ့ပြီးနောက် မင်းကြီးဆွေသည် ရှင်မျိုးမြတ်၏ ညီမဖြစ်သူနှင့် ထပ်မံလက်ထပ်ခဲ့ကာ နောက်ထပ် သားနှစ်ဦးဖြစ်သော တောင်ငူမင်းခေါင် နှင့် သတိုးမင်းစောတို့ကို ထပ်မံမွေးဖွားခဲ့သည်။ သူ၏ အငယ်ဆုံးသားကို ၁၅၃၁ ခုနှစ် မေလတွင် မွေးဖွားခဲ့သည်။ မင်းကြီးဆွေမိသားစုသည် တပင်ရွှေထီးအား သားအရင်းကဲ့သို့ ကျွေးမွေးပြုစုခဲ့ကြပြီး တပင်ရွှေထီး မင်းသားဘဝတွင် သူတို့အား မိဘအရင်းသဖွယ် ဆက်ဆံခဲ့သည်။ တပင်ရွှေထီးသည် မင်းကြီးဆွေအား အလွန်ရိုသေလေးစားသူ ဖြစ်သည်ဟု ဆိုကြသည်။ အိမ်ရှေ့မင်းသား တပင်ရွှေထီးနှင့် နီးကပ်သော ဆက်ဆံရေးကြောင့် တောင်ငူတော်ဝင်နန်းဆောင်တွင် တာဝန်ထမ်းခွင့် ရလာခဲ့သည်။ ၁၅၃၀ ခုနှစ်တွင် တပင်ရွှေထီး တန်ခိုးထွားလာသောအခါ ၁၄ နှစ်အရွယ် တပင်ရွှေထီးသည် မင်းကြီးဆွေ၏ သမီးအကြီးဆုံးဖြစ်သော ခင်ဘုန်းစိုးကို မိဖုရားမြှောက်ခဲ့ကာ မင်းကြီးဆွေအား မင်းရဲသိင်္ခသူဘွဲ့ဖြင့် ချီးမြှောက်ခဲ့ပြီး အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ ၁၅၃၄ ခုနှစ်တွင် သားကြီးဖြစ်သော ရဲထွတ်က ဘုရင်၏ ဝမ်းကွဲညီအစ်မဖြစ်သော သခင်ကြီးနှင့် လက်ဆက်ခဲ့ရာမှ မင်းကြီးဆွေ၏ တော်ဝင်အနေအထား ပိုမိုမြင့်တက်လာခဲ့သည်။ ထိုမှ ခြောက်နှစ်ခန့်အကြာ တပင်ရွှေထီးနှင့် ရဲထွတ် (ဘုရင့်နောင် ကျော်ထင်နော်ရထာ) တို့ ဟံသာဝတီထီးနန်းအား သိမ်းယူခဲ့စဉ်က မင်းကြီးဆွေသည် တောင်ငူနန်းစောင့်အဖြစ် တာဝန်ယူခဲ့သည်။ ၁၅၄၀ ခုခနှစ်တွင် တပင်ရွှေထီးသည် မင်းကြီးဆွေအား တောင်ငူဘုရင်ခံအဖြစ် မင်းရဲ သီဟသူဘွဲ့ဖြင့် ခန့်အပ်ခဲ့သည်။ ထီးနန်းကို တောင်ငူမှ ပဲခူးသို့ ပြောင်းရွေ့ပြီး တစ်နှစ်ခန့်အကြာတွင် တပင်ရွှေထီးဘုရင်က ပထမဆုံး ခန့်အပ်သော ဘုရင်ခံ ဖြစ်သည်။ (တပင်ရွှေထီးသည် အခြားအစေခံတစ်ဦးဖြစ်သော ရှင်နီတာအား ပြည်ဘုရင်ခံအဖြစ် နောင်နှစ်နှစ်အကြာတွင် ခန့်အပ်ခဲ့သေးသည်။) နောက်ပိုင်းနှစ်များတွင် တပင်ရွှေထီးသည် မင်းကြီးဆွေအား ရိုသေလေးစားစွာဖြင့် ဆက်လက် ဆက်ဆံခဲ့သည်။ ၁၅၄၅ ခုနှစ်တွင် ပြုလုပ်သော ပဲခူးနန်းတက်ပွဲတွင် မင်းကြီးဆွေသည် ဘုရင်၏ အယုံကြည်ရဆုံး လူယုံတော်အဖြစ် ဘုရင်၏ ညာဘက်တွင် နေရာပေးခြင်း ခံခဲ့ရသည်။ ယင်းနှစ်မှာပင် မင်းကြီးဆွေသည် တောင်ငူတွင် မြစည်းခုံစေတီတော်ကို တည်ထားခဲ့သည်။ သားတော်များနှင့် မတူဘဲ မင်းကြီးဆွေသည် စစ်တိုက်ထွက်ခဲသည်။ ယင်းအစား ဘုရင် စစ်ထွက်နေချိန်တွင် အရှေ့ဘက် ရှမ်းပြည်နယ်များမှ တောင်ငူသို့ ကျူးကျော်လာမှုများကို ကာကွယ်ခဲ့ခြင်း ဖြစ်သည်။ ၁၅၄၈–၁၅၄၉ ခုနှစ်တွင် ဖြစ်ပွားသော ယိုးဒယားကျူးကျော်စစ်ပွဲတွင် တပ်ရင်းတစ်ခုကို ကွပ်ကဲကာ သူ၏ သားတော်များ၊ ဘုရင်နှင့် အတူ ပါဝင်တိုက်ခိုက်ခဲ့သည်။ မင်းကြီးဆွေသည် ရှေ့တန်းမှ ပြန်လာပြီး ရက်သတ္တပတ်အနည်းငယ်အကြ ၁၅၄၉ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့သည်။ မှတ်စုများ ကိုးကား ကျမ်းပြုစာရင်း တောင်ငူမင်းဆက် ၁၅၄၉ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%86%E1%80%BD%E1%80%B1
စစ်အေးတိုက်ပွဲ
စစ်အေးတိုက်ပွဲ ဆိုသည်မှာ ၁၉၄၀ ခုနှစ်များ၏ အလယ်ပိုင်းမှ စတင်၍ ၁၉၉၀ ခုနှစ်များအထိ အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံကြီး ၂ နိုင်ငံနှင့် သူတို့နှင့် အသီးသီး ပတ်သက်နေကြသော မဟာမိတ်နိုင်ငံများကြားတွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခ၊ တင်းမာမှုနှင့် ယှဉ်ပြိုင်မှုတို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုအချိန်ကာလများတွင် ထိုမဟာအင်အားကြီးနိုင်ငံ ၂ နိုင်ငံတို့ကြားတွင်ရှိသော ယှဉ်ပြိုင်မှုများကို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ဝါဒဖြန့်ချိမှု၊ သူလျှိုထောက်လှမ်းမှု၊ လက်နက် အသစ်အဆန်း ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်မှု၊ အာကာသပြိုင်ပွဲကဲ့သို့ အာကာသနည်းပညာယှဉ်ပြိုင်မှု အပါအဝင် အပြိုင်အဆိုင်ဖြစ်သော နည်းပညာတိုးတက်မှုများဖြင့် ပြသခဲ့သည်။ မဟာအင်အားကြီး နိုင်ငံနှစ်နိုင်ငံလုံးကပင် အကုန်အကျအလွန်များသော ကာကွယ်ရေး အသုံးစရိတ်များကို သုံးစွဲခဲ့ပြီး သမားရိုးကျနှင့် နျူးကလီးယား လက်နက်များ ယှဉ်ပြိုင်ထုတ်လုပ်မှုများ အပါအဝင် အခြားနိုင်ငံများ၏ နောက်ကွယ်မှတဆင့် တိုက်ခိုက်ခြင်းများလည်း ပါဝင်သည်။ ဆိုဗီယက်ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံး ၄ နှစ်အတွင်း ဝင်ရိုးတန်း အင်အားကြီးနိုင်ငံများ ကို ဆန့်ကျင်သော မဟာမိတ်များအဖြစ် ရှိခဲ့ကြသော်လည်း ထိုပဋိပက္ခများ မပြီးဆုံးမီ အချိန်နှင့် ပြီးဆုံးပြီးအချိန်တို့တွင် ထိုနိုင်ငံများကြားတွင် သဘောမတူညီမှု အမြောက်အမြားရှိခဲ့ပြီး စစ်အပြီးတွင် တည်ရှိမည့် ကမ္ဘာကြီး၏ ပုံသဏ္ဌန်နှင့်ပတ်သက်သော သဘောမတူညီမှုမှာ အဆိုးရွားဆုံး ဖြစ်သည်။ စစ်ပြီးဆုံး သွားသောအခါတွင် ဥရောပ၏ အစိတ်အပိုင်း အတော်များများကို ထို ၄နိုင်ငံမှ ဩဇာလွှမ်းမိုးခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့တွင် အင်အား အကောင်းဆုံးသော စစ်အင်အား ရှိခဲ့ကြသည်။ ၁၉၉၀ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းဖြင့် စစ်​အေးတိုက်ပွဲ ပြီးဆုံးသည်။ ကိုးကား စစ်အေးတိုက်ပွဲ သမိုင်းဆိုင်ရာ ခေတ်ကာလများ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ နိုင်ငံတကာ ဆက်ဆံရေး
https://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2
ကကုသန်
ကကုသန်မြတ်စွာဘုရား ဘုရားငါးဆူပွင့်ရာ ဤ ဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူအနက် ပထမဦးဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏားမတို့၏သားဖြစ်။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏၊ သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ရှစ်လ-ကာမ~ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကုက္ကိုဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ် အကြွေး (တပည့်)ကား ရှင်ဗဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတောင် လေးဆယ် ဖြစ်၏၊ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံတွင် ပရိနိဗ္ဗာန်စံတော်မူရာ ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တစ်ဂါဝုတ် မြင့်သော စေတီတော်ကို တည်ထားကိုးကွယ်ကြသည်။ ထိုခေတ်ထိုအခါက လူတို့၏သက်တမ်းမှာ နှစ်ပေါင်း ၄ သောင်းဖြစ်သည်။ ကိုးကား ပြင်ပလင့်ခ်များ ဗုဒ္ဓဘာသာ ဘုရားများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%80%E1%80%AF%E1%80%9E%E1%80%94%E1%80%BA
သတိုးမင်းဖျား
သတိုးမင်းဖျား (၁၃၄၅-၁၃၆၇)ကို အင်းဝမင်းဆက်အား စတင်တည်ထောင်သူ၊ အင်းဝမြို့ကို စတင်တည်ထောင်သူအဖြစ် အသိများကြသည်။ ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို မြောက်ပိုင်းဒေသမှ ရှမ်းအကြီးအကဲ သိုချီဘွားက တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့သည့်နောက် နှစ်ပေါင်း ၅၀မျှ မငြိမ်မသက်ဖြစ်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်းကို ပြန်လည်သိမ်းသွင်းခဲ့သည်။ တိုတောင်းလှသည့် နန်းသက်(၃နှစ်)အတွင်းတွင် နယ်ပယ်ချဲ့ထွင်ရေးနှင့် တိုင်းပြည်တည်ငြိမ်ရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့သည်။ သတိုးမင်းဖျားသည် တကောင်းမင်းဆက် သတိုးဆင်ထိန်းနှင့် စစ်ကိုင်းမြို့တည် အသင်္ခယာ စောယွန်း၏ သမီးတော် စိုးမင်းတို့၏ သားတော်ဖြစ်သည်။ မိခင်၏ အဘိုးမှာ ပင်းယမြို့တည် တစ်စီးရှင်သီဟသူဖြစ်သည်။ မြန်မာ-ရှမ်းဖြစ်သည်။ ငယ်မည်မှာ ရာဟုလာ ဖြစ်ပြီး နောင်တွင် သတိုးမျိုးရိုးမှ ဆင်းသက်လာ၍ သတိုးမင်းဖျားဟု တွင်သည်။ စစ်ကိုင်းတွင်ရှိနေစဉ်က ဘထွေးတော်သူ မင်းပြောက်က မြောက်ပိုင်းမှ စစ်ကိုင်းသို့ သိမ်းပိုက်ရန် ချီတက်လာသည့် သိုချီဘွား၏ တပ်များကို သတိုးမင်းဖျားဖြစ်လာမည့် ရာဟုလာအား တကောင်းမှနေ၍ ခုခံရန် တာဝန်ပေးသည်။ ရွပ်ရွပ်ချွံချွံ ခုခံသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ခွာရလေသည်။ မင်းပြောက်လည်း အမျက်ထွက်သဖြင့် ရာဟုလာအား ကြခတ်ဝရာ သို့သံခြေချင်းခတ်၍ ပို့လေသည်။ နောင် ရှမ်းတို့ စစ်ကိုင်းအားတိုက်လာလျှင် မင်းပြောက်လည်း ကြခတ်ဝရာသို့ တိမ်းရှောင်လာလျှင် အငြိုးဖြင့် သတ်လေသည်။ ထို့နောက် စစ်ကိုင်းသို့သွားကာ သတိုးမင်းဖျားဘွဲ့ဖြင့် မင်းပြုသည်။ တစ်လအကြာတွင် ပင်းယမှ နရသူမရှိသည့်နောက် နန်းတက်လာသည့် ဥဇနာပြောင်အား တိုက်ခိုက်နန်းချကာ ပင်းယ-စစ်ကိုင်း နှစ်ပြည်ထောင်တွင် မင်းလုပ်လေသည်။ ဥဇနာပြောင်၏ မိဖုရား စောဥမ္မာကို မိဖုရားဆက်မြှောက်သည်။ (စောဥမ္မာသည် မင်းကြီးစွာစော်ကဲ၏ နှမတော်ဖြစ်သည်။) အသက်အငယ်ဆုံး မြို့တည်မင်း သက္ကရာဇ်(၇၂၆)ခုနှစ် ကဆုန်လ၌ စစ်ကိုင်းပျက်၍၊ နယုန်လ၌ ပင်းယမြို့ ပျက်လေသည်။ ပင်းယနှင့် စစ်ကိုင်းကို သိမ်းပြီး တပေါင်းလတွင် ရတနာပုရ အဝမြို့ဟု သမုတ်လျက် ထီးသစ်နန်းသစ်၊ မြို့တော်သစ်တည်လေသည်။ သတိုးမင်းဖျားကို အသက်အငယ်ဆုံး မြို့တည်မင်းအဖြစ် ရှေးမှတ်တမ်းများတွင် ဖော်ပြထားသည်။ အရှင်စန္ဒလင်္ကာ ပြုစုသော မဏိရတနာပုံကျမ်း၌ အင်းဝမြို့တည်စဉ်အခါက သတိုးမင်းဖျားသည် အသက် (၁၉)နှစ်အရွယ်သာ ရှိသေးသည်ဟု ဖော်ပြထားသည်။ စစ်ကိုင်းမြို့တည် အသင်္ခယာ စောယွန်းသည်လည်း စစ်ကိုင်းမြို့တည်စဉ်က အသက် (၂၀)သာ ရှိသေးသည်ဟု ဆိုကြသည်။ အသင်္ခယာ စောယွန်းသည် သတိုးမင်းဖျား၏ အဖိုးတော်စပ်ခြင်းကြောင့် ထိုမင်းနှစ်ပါးသည် မြန်မာ့သမိုင်းတွင် အသက်အငယ်ဆုံး မြို့တည်နန်းတည် မြေးအဖိုးမင်းနှစ်ပါးအဖြစ် စံတင်ထားရမည် ဖြစ်သည်။ နန်းတက်ချိန်တွင် နန်းတော်တည်ဆောက်ထားသည်မှာ စေ့စပ်သေသပ်ခြင်းမရှိသည်ကိုတွေ့သဖြင့် “တရိန်းမစပ်” ဟုဆိုလေသည်။ ထိုစကားကိုကြားသော ပုဏ္ဏားပရောဟိတ်နှင့် ပညာရှိတို့က နန်းသက် သုံးနှစ်သာခံမည်ဟု ကြို၍ နိမိတ်ဖတ်လေသည်။ အရည်းကြီးရှင်ယောင်များအား သုတ်သင်ပုံ၊ သူခိုးကြီးငတက်ပြားအားဖမ်းဆီးပုံ နှင့် ဓားပြတစ်ဦးအား သတ်ဖြတ်ပြီးနောက် အလောင်း၏ ရင်ဘတ်ပေါ်တွင် ထမင်းစားပြပုံများ ကို မြန်မာရာဇဝင်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည်။ စကုစား သိင်္ခဗိုလ်ပုန်ကန်သည်ကို သွားရောက်နှိမ်နှင်းနေစဉ် ကျောက်ရောဂါဖြင့် လွန်လေသည်။ ကွယ်လွန်ခါနီးတွင် မိဖုရားစောဥမ္မာကို နှမြောသဖြင့် အတွင်းတော်သား ငနုအား သွားရောက်ကွပ်မျက်စေသည်။ သတိုးမင်းဖျားလွန်လျှင် မှူးမတ်တို့က ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက မိမိမှာ တစ်သက်တွင် သုံးခါသာ ရယ်ဖူးသဖြင့် ဣန္ဒြေကြီးလွန်းလှသည်။ မင်းအဖြစ်နှင့်မတန်၊ ထို့ကြောင့် သတိုးမင်းဖျား၏ ယောက်ဖတော်၊ မင်းရိုးမင်းမျိုးလည်းမှန် ပြီး အပေးအကမ်းရက် ရောသူ အမြင့်စား တရဖျား စွာစော်ကဲကို နန်းအပ်ပါ။ ဟုဆိုသဖြင့် မင်းကြီးစွာစော်ကဲ အင်းဝထီးနန်းကို စိုးစံသည်။ ရည်ညွှန်းကိုးကား မသက်ဇင်ဘလော့ ကိုးကား အင်းဝမင်းဆက် မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%9E%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BB%E1%80%AC%E1%80%B8
စွာစော်ကဲ
မင်းကြီးစွာစော်ကဲ (၁၃၃၀-၁၄၀၀) သည် အင်းဝ ပထမမင်းဆက်တွင် ဒုတိယနန်းစံသောဘုရင်ဖြစ်သည်။ မယ်တော်မှာ ပုဂံတရုတ်ပြေးမင်း၏သားတော် သီဟသူနှင့် ရှမ်းညီနောင် ၃ ပါး၏နှမတော် တို့သင့်ရာတွင် မြင်သည့်သမီးတော် ရှင်မြတ်လှဖြစ်၍ ခမည်းတော်မှာ နန်းကျကျော်စွာ၏သားတော် သရက် မင်းရှင်စောဖြစ်သည်။ အင်းဝဘုရင် သတိုးမင်းဖျား ၏ နှမရှင်စောကြီးနှင့်ထိမ်းမြားသဖြင့် ဘုရင်၏ယောက်ဖတော်ဖြစ်ရာ သတိုးမင်းဖျား နတ်ရွာစံသောအခါ ၇၂၉ ခုနှစ်တွင် ပြည်သူအများကကြိုက်ညီ ၍ မင်းမြှောက်သဖြင့် ထီးနန်းကိုရသည်။ မင်းမဖြစ်မီက စစ်ကိုင်းဆင်ဖြူရှင်ထံ ခစားခဲ့ဖူး၍ တလုပ်မြို့၊ ရမည်းသင်းမြို့ တို့ကိုစားရသည်။ သတိုးမင်းဖျားလက်ထက်တွင် အမြင့်မြို့ကို စားရသဖြင့် အမြင့်မင်းဟုလည်း တွင်သည်။ သတိုးမင်းဖျားက မင်းကြီးစွာစော်ကဲ၏နှမ စောဥမ္မာကို မိဖုရားမြှောက်သဖြင့်လည်း အပြန်အလှန် ယောက်ဖတော်စပ်သည်။ သတိုးမင်းဖျားနတ်ရွာစံသော် မှူးမတ်တို့က နန်းလျာမရှိသဖြင့် ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက ငြင်းဆန်ကာ ဘုရင့်ယောက်ဖဖြစ်သည့် အမြင့်စား တရဖျားစော်ကဲအား နန်းအပ်ရန်ပြောဆိုသဖြင့် စွာစော်ကဲ အင်းဝတွင်နန်းတက်ရသည်။ မရည်ရွယ်ဘဲ ထီးနန်းကို ရသဖြင့် မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည် ဟု ဆိုရိုးစကား တွင်သည်။ မင်းဖြစ်သော် စစ်ကိုင်း စိုးမင်းကိုယ်တော်ကြီး၏ သမီး စောဥမ္မာကို မိဖုရားမြှောက်သည်။ ကန်စွန်းနိမ့်ရွာသူ မိဘေဇာကိုလည်း မိဖုရား မြှောက်သဖြင့် သားတော် မင်းဆွေ၊ မင်းသိဒ္ဓတ်နှင့် သမီးတော် ရှင်မြတ်လှကို ဖွားသည်။ မင်းဆွေမှာ အင်းဝ ပထမမင်းခေါင်အဖြစ် နန်းမွေဆက်ခံမည့်သူ ဖြစ်သည်။ မင်းကြီးစွာစော်ကဲသည် ကျောက်ဆည်ခရိုင် ဆီးတော်ဆည်နှင့် မိတ္ထိလာကန်တို့ကို ပြုပြင်ဆည်ဖို့သည်။ ထိုမင်းလက်ထက်တွင် လက်စွဲတော် ရာဇသင်္ကြံဘွဲ့ခံ ငမောက်နှင့် ပညာရှိအမတ် ဝန်စင်းရွာသား မင်းရာဇာတို့ ပေါ်ထွန်းသည်။ မွန်တို့နှင့် ၃ ကြိမ် စစ်တိုက်ရသည်။ နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းဆောင်နိုင်ဘဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျှော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ မွန်ဘုရင်ရာဇာဓိရာဇ်က ဘကြီးတော်ဟု ခေါ်ဆိုလေးမြတ်ခြင်းပြုသည်။ နန်းသက်တစ်လျှောက်တွင် နိုင်ငံတော် စည်ပင်သည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင်တရဖျား နန်းတက်၏။ ကြင်ဘက်များ သီလဝ နှမ ခမည်းမိကို တောင်နန်းတင်သည်တွင် - သား ဆင်ဖြူရှင် တရဖျား နှမ မင်းပတ္တမြား၊ မြောက်သားမှာ တလုပ် ရာဇသူ ညီမ စောစလာကဒေဝီ၊ မြောက်သားမှာ (စည်သူမင်းဦး သား စည်သူသမ္ဘဝ သား) မြင်စိုင်း စည်သူ ညီမ မင်းခေါင်မယ်တော် မောင် ရန်အောင်မင်းရဲ (ခမည်းတော်ရှိစဉ် လွန်) ရှင်စောကြီးကို နန်းတင်ရာ၌ - သမီး စောမြတ်ကဲ (ခမည်းတော်ရှိစဉ် လွန်) မောင် စောဆွေနှစ် စောဥမ္မာကို မိဖုရားမြှောက်ရာ - စောချမ်းသာ၊ မြောက်သားမှာ ဥဇနာ (အမျိုးအနွယ်ကို မဆို) ကျော်စွာ (မထင်ရှား) စောတော်ဦး (ခေါ်) စောဦးကို နန်းတင်သည်တွင် - စိုးမင်းဝိမလာဒေဝီ ကန်စွန်းနိမ့်ရွာသူ စောဘေဇာ၌ - မင်းဆွေ မင်းသိဒ္ဓတ် မင်းလှမြတ်၊ ရာဇာဓိရာဇ် မိဖုရား သုပဘာဒေဝီ ကျမ်းကိုး အင်းဝမင်းဆက် မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%85%E1%80%BD%E1%80%AC%E1%80%85%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%B2
ပထမမင်းခေါင်
ဆင်ဖြူရှင် လုပ်ကြံခံရပြီးနောက်တွင် အဖတူအမိကွဲညီတော်မင်းဆွေက မင်းခေါင်ဘွဲ့ဖြင့် နန်းတက်သည်။ မင်းကြီးစွာစော်ကဲ နှင့် ကန်စွန်းနိမ့်သူတို့ အိမ်နိမ့်တွင် ဖွားမြင်သူဖြစ်သည်။ ၎င်းလက်ထက်တွင် ရာဇာဓိရာဇ်နှင့် အဓိကယှဉ်ပြိုင်ကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်သည်။ ရှေးဦးစွာ ရာဇာဓိရာဇ်၏ ဟံသာဝတီတပ်များ အင်းဝကိုသာမက တကောင်းထိချီတက်တိုက်ခိုက်ကျူးကျော်လာသည်ကို ခံရသည်။ ပင်းယ စကြိုသူမြတ် အမည်ရှိ ရဟန်းတစ်ပါးက နှုတ်ရေးဖြင့် ဟံသာဝတီတပ်များ အင်းဝကို ဝန်းရံထားသည်မှ ဆုတ်ခွာရန် စွမ်းဆောင်ပေးသဖြင့် သက်သာရာရခဲ့သည်။ ဟံသာဝတီ နှင့် အပြန်အလှန် စစ်ပြုရင်း မွန်သူရဲကောင်း လဂွန်းအိန်၏ လုပ်ကြံမှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသည်။ နောင်တော် ဆင်ဖြူရှင်တရဖျားအား တကောင်းစားငနောက်ဆံ လုပ်ကြံသည့်နောက်တွင် မင်းဆွေ၏ညီဖြစ်သူ မင်းသိဒ္ဓတ်က ငနောက်ဆံအားတဖန်လုပ်ကြံပြီး နောင်တော်ဖြစ်သူ မင်းဆွေအားနန်းတင်သည်။ သို့သော် မင်းခေါင်က ဦးရီးတော် ရမည်းသင်းစား မဟာပြောက်အား ပင့်ဖိတ်ကာ နန်းအပ်စေသည်ကို မင်းသိဒ္ဓတ်သိလျှင် မင်းခေါင်အား ပြစ်တင်ကာ ဦးရီးတော် မဟာပြောက်အား ထွက်တိုက်၏။ သို့ဖြင့် မင်းခေါင်အင်းဝထီးနန်းအား စိုးစံရသည်။ မင်းသိဒ္ဓတ်လည်း စစ်ကိုင်းကိုစားသည်။ နောင်တွင် ညီနောင်နှစ်ဦး မသင့်မြတ်ကြသဖြင့် မင်းသိဒ္ဓတ် ဟံသာဝတီသို့ ခိုလှုံလေသည်။ နန်းသက်နောက်ပိုင်းတွင် သားတော်မင်းရဲကျော်စွာ(မွန်မူတွင် မင်းဖြူ)၏ အစွမ်းဖြင့် ရှမ်းပြည်တစ်လွှားကိုလည်းကောင်း၊ ရခိုင်ကိုလည်းကောင်း သိမ်းသွင်းနိုင်ခဲ့သည်။ သို့သော် နတ်ရွာမစံမီ မင်းရဲကျော်စွာတစ်ယောက် ရာဇာဓိရာဇ်နှင့် ဆင်စီးချင်းထိုးရာ ကျဆုံးသွားသဖြင့် ဘုရင်မင်းခေါင်မှာ ခြေလွတ်လက်လွတ်ဘဝရောက်ခဲ့ရသည်။ ဘုရင်မင်းခေါင်နတ်ရွာစံလျှင် သားတော် ဆင်ဖြူရှင် သီဟသူက အင်းဝထီးနန်းကို ဆက်ခံသည်။ ဆက်စပ်လေ့လာရန် ရာဇာဓိရာဇ် မွန်သူရဲကောင်းလဂွန်းအိန် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ကျမ်းကိုး ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- ဒေါက်တာ နိုင်ပန်းလှ အင်းဝမင်းဆက် မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%95%E1%80%91%E1%80%99%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA
ပြည်မြို့
ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ဧရာဝတီမြစ်၏ စတုတ္ထမြောက်မြစ်ကျဉ်း တည်ရှိရာမြို့ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီး၏ အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်း ဖြစ်သည်။ ပြည်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ပဲခူးတိုင်း၏ အချက်အချာကျသော မြို့ကြီးတစ်မြို့ဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည် ကားလမ်းဆုံးမြို့လမ်းဖြစ်သည်။ ပြည်မြို့မှ တဆင့် မကွေးတိုင်းကိုဖြတ်၍ ကျောက်ပန်းတောင်း၊ ပုဂံစသောဒေသ များသို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကူး န​ဝ​ဒေးတံတားကို ဖြတ်၍ ပန်းတောင်းမြို့နယ်နှင့် ဥသျှစ်ပင်မြို့တို့ကိုဖြတ်၍ ရခိုင်ပြည်နယ်သို့ လည်းကောင်း သွားရောက် နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေးသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်နှင့်အမျှစီးပွားရေး အချက်အချာ ကျရာဒေသလည်းဖြစ်သည်။ မြန်မာပြည်၏ ပထမဆုံးသော မီးရထားလမ်းအဖြစ် ရန်ကုန်-ပြည်မီးရထားလမ်းအား ၁၈၇၇၊မေလ ၁ ရက်နေ့တွင် အင်္ဂလိပ်တို့က ဖေါက်လုပ်ပြီးစီးခဲ့သည်။ မိုင်ပေါင်း ၁၆၁ မိုင်ရှည်လျားပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ၁, ၁၇၅, ၃၀ဝ၀ ကုန်ကျသည်ဟု မှတ်တမ်းများတွင်ဖော်ပြထားသည်။ (ရန်ကုန်၊ ပြည်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပုသိမ်၊ မုတ္တမ၊ မော်လမြိုင် တို့သို့ အစဉ်အတိုင်း ဆက်လက်ဖေါက်လုပ်ခဲ့သည်။) ပြည်မြို့ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင်အင်္ဂလိပ်တို့က စတင်ဖွဲ့စည်းပေးခဲ့သည်။ ပြည်မြို့တွင် ဗိုလ်ချုပ်အထိမ်းအမှတ်မြင်းစီးကျောက်ရုပ် တည်ရှိပြီး ကြေးရုပ်အဖြစ် အမှတ်မှားတတ်ကြသည်။ ပညာရေးအခြေအနေအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းဖွင့်လှစ်ထားပြီး ဆရာအတတ်သင်ကျောင်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများ ရှေးမဆွကပင်တည်ရှိခဲ့၍ မြန်မာနိုင်ငံ၏ တတိယမြောက် စက်မှုတက္ကသိုလ်ဖြစ်သော ပြည်နည်းပညာတက္ကသိုလ်အပါအဝင် ပြည်တက္ကသိုလ်(ယခင်ပြည်ကောလိပ်)၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)(ယခင်အစိုးရကွန်ပျူတာကောလိပ်)တို့ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ မြန်မာ့သမိုင်းတွင် ထင်ရှားသောရှေးဟောင်း ပျူ မြို့တော်သရေခေတ္တရာမြို့ဟောင်းမှာ ပြည်မြို့ရှိမှော်ဇာအရပ်တွင်တည်ရှိသည်။ ရှေးလက်ရာ ပျူယဉ်ကျေးမှုများအား ယခုထက်တိုင်ပင်တွေ့ရှိနိုင်သေးသည်။ သမိုင်းကြောင်း ပြည်မြို့ရှိသော နေရာတွင် မည်သည့်ခုနှစ်မှစ၍ မည်သူကမှ မြို့တည်ထောင်ခဲ့ကြောင်းတိကျခိုင်မာသော မှတ်တမ်းမရှိပေ။ ဘုရားသမိုင်းများတွင်မူ ဂေါတမဘုရားရှိစဉ်အခါကပင် သီရိခေတ္တဆိုသော မင်းသားဦးဆောင်၍ တည်ထောင်ခဲ့ကြောင်းဖော် ပြပါရှိလေသည်။ စကားလုံးဆင်းသက်ပုံ သမိုင်း သီရိခေတ္တမင်းနှင့် နောက်လိုက်နောက်ပါတို့သည် မြို့သစ်အမည်ကို နဝါဝါသီ ဟုပေးခဲ့ကြောင်း ပြည်မြို့အနောက်ဘက်ကမ်း ရှိ ဖိုးဦးတောင် ဘုရားသမိုင်းတွင် ဖော်ပြထားသည်။ နောင်သောအခါ သီရိခေတ္တမင်းသား နှင့် အပေါင်းအပါတို့သည် ရသေ့၊ရဟန်း ပြုကြပြီး ထို နဝါဝါသီအရပ်သည် စစ်မက်အပေါင်းမှ ပြီးပြေငြိမ်းအေးရာ အရပ်ဖြစ်သောကြောင့် ပြေမြို့ ဟုသမုတ်ခဲ့ကြောင်း ထိုဘုရားသမိုင်းတွင် ပါရှိသည်။ ပွင့်လှသိမ်ကုန်း ဆရာတော်၏ မိန့်ကြားချက်အရလည်း ပြည်မြို့သည် ဒွတ္တပေါင်မင်းကြီး တည်ထောင်ခဲ့သော သရေခေတ္တရာ မြို့မတိုင်မှီကပင် တည်ရှိခဲ့ကြောင်း၊ ပြည်မြို့အရပ်တွင် နေထိုင်ကြသူတို့သည် အသက် ၄၀ ကျော်လျင် ရသေ့ရဟန်း ပြုကြလေ့ ရှိကြောင်း၊ ပြည်မြို့တွင် ရသေ့ပေါင်း ၂၀ဝ၀ဝ ကျော်ရှိသောကြောင့် ရသေ့မြို့ဟု ခေါ်တွင်ခဲ့ကြောင်း မိန့်ကြားဖူးပါသည်။ ပျူတို့နေထိုင်ခဲ့သော မြို့တော်ဟောင်း သရေခေတ္တရာမြို့ သည်ပြည်မြို့အတွင်း ရှိမှော်ဇာအရပ်တွင်တည်ရှိလေသည်။ သရေခေတ္တရာမြို့ကြီး ပျက်စီးပြီးနောက် ကျွင်းကျန်ရစ်သော ပျူလူမျိုးအုပ်စုငယ်များသည် သရေခေတ္တရာမြို့ဟောင်းနေရာမှ တစတစနှင့် ယခု ဧရာဝတီမြစ်အနီး ပြည်မြို့တည်ရှိရာ ရွှေဆံတော်ဘုရားတဝှိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပြန်သည်။ နေရာသစ် တွင်လူနေထူထပ်ခဲ့ရာမှ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးများဖြစ်ထွန်းလာခဲ့သည်။ ထိုကဲ့သို့ ပျူလူမျိုးများနေထိုင်ခဲ့သော ကြောင့် ပျူမြို့ဟု ခေါ်တွင်ရာမှ ပြည်မြို့ဟုပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်ကြောင်း အချို့မှတ်တမ်းများတွင်ပါရှိလေသည်။ မည်သို့ပင်ဆင်းသက်လာသည် ဖြစ်စေ ဘုရားသမိုင်းများနှင့် ရာဇဝင်များအရ ပြည်မြို့သည် သမိုင်းမှတ်တမ်းများ တိတိကျကျ မရှိမှီကာလကပင် တည်ရှိနေခဲ့သောမြို့ဖြစ်ကြောင်း ခန့်မှန်းမှတ်ယူနိုင်ပေသည်။ ပြည်မြို့ကို စတင်တည်ထောင်ခြင်း ပြည်မြို့ကိုစတင်တည်ထောင်သူမှာ ပုဂံခေတ်နှောင်းပိုင်းတွင် နန်းတက်သော နရသီဟပတေ့ ဘုရင်၏ သားဖြစ်သူ သီဟသူ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်တွင် ပြည်မြို့ကိုစနစ်တကျ စတင်၍တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သစ်တပ်၊မြေမြို့၊အုတ်မြို့ ဟူ၍ ၃ ထပ်ဖြင့် မြို့တော်ကိုတည်ဆောက်ခဲ့သည်။ ပြည်မြို့သည် ပုဂံခေတ်နှောင်းပိုင်းမှ စတင်ကာ ဘုရင်ငယ်များ၊ မြို့စားများ အုပ်ချုပ်သော မြို့အဖြစ်တည်ရှိခဲ့သည်။ သမိုင်းခေတ်အဆက်ဆက် အင်းဝခေတ်တွင် ပြည်မြို့သည် ထင်ရှားသော မြို့တစ်မြို့အဖြစ်တည်ရှိခဲ့သည်။ အင်းဝဘုရင်မင်းခေါင် နှင့် ဟံသာဝတီရာဇာဓိရာဇ် တို့သည် ပြည်မြို့ဝန်းကျင်အား စစ်မြေပြင်အရပ်အဖြစ် အသုံးပြုခဲ့ကြသည်။ စစ်ပြေငြိမ်းရာဒေသ အဖြစ်လည်း သတ်မှတ်ခဲ့ဖူးပေသည်။ စစ်ပွဲကာလအတွင်းတွင် ပြည်မြို့ကိုစားပြီး လကျာ်ပျံချီဘွဲ့ဖြင့်အင်းဝဖက်မှနေကာ ရာဇာဓိရာဇ်၏ ဟံသာဝတီမွန်တပ်များ ကို ကြံကြံခံခဲ့သူမှာ မွန်တစ်ဦးဖြစ်သည့် တရဖျားဖြစ်သည်။၎င်းမှာ ရာဇာဓိရာဇ်အား စီးချင်းထိုးကာ ရှုံးနှိမ့်ခဲ့သည့် ဗျဉ်းနွဲ့ (မပစ်နွဲ့)နှင့် ညီအစ်ကိုတော်သူလည်းဖြစ်သည်။ အင်းဝခေတ်၊ တောင်ငူခေတ် နှင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပြည်မြို့တွင် သီဟသူမှ အစပြုကာ မြို့စား သို့မဟုတ် ဘုရင်ငယ် အုပ်စိုးသူများ မင်းဆက်ပေါင်း(၂၇) ဆက်ရှိခဲ့သည်။ ထိုကာလတစ်လျှောက်လုံးတွင် အုပ်စိုးသူ ပဒေသရာဇ်တို့၏ အာဏာစွမ်း ပြနိုင်ကြရန်၊ စစ်မက်များဖြစ်ပွားနေခြင်းဖြင့်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့သည်။ ပြည်ဘုရင်ငယ်များနှင့် အင်းဝ ဖြစ်ပွား သောတိုက်ပွဲများ၊ ရှမ်းတို့နှင့် ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူဘုရင် တပင်ရွှေထီး နှင့်ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူနှင့် ရခိုင်တို့ဖြစ်ပွားသော တိုက်ပွဲများသည် ပြည်မြို့နှင့်ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် အဆက်မပြတ်ဖြစ်ပွားလာခဲ့သည်။ ကုန်းဘောင်ခေတ်ဦးတွင် မွန်တို့သိမ်းပိုက်ထားသော ပြည်မြို့ကို အလောင်းဘုရား ဦးအောင်ဇေယျမှ မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်မြို့သည် မြို့စား သို့မဟုတ် မြို့ဝန်တို့အုပ်ချုပ်ရာ ဒေသအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဧရာဝတီမြစ် နံဘေးတွင်တည်ရှိသောကြောင့် ကူသန်းရောင်းဝယ်ရေး အချက်အချာဒေသ အဖြစ် တဖြည်းဖြည်း စည်ကားလာပြန်သည်။ ပြည်မြို့ဝန်အဆက်ဆက် နန္ဒရာဇသင်္ကြန် မင်းရဲ မင်းလှကျော်စွာ (ဦးပသီ) မင်းလှရာဇာ (ဦးကျော်လှ) သတိုးရာဇာ (ဦးကောင်းပုံ) မင်းကြီးမဟာမင်းခေါင် သတိုးရာဇာ နေမျိုးဇေယသင်္ခယာ မင်း‌ကြီး ဇေယသူ (ဦးသာဝ) မဟာမင်းလှရာဇာ သီရိမဟာဓမ္မရာဇာ (ဦးရွှေမှုံသီ) မင်းလှစည်သူ သီဟပတေ့ မဟာမင်းလှစည်သူ (ဦးကွန်းသောင်) မင်းလှရာဇာ မင်းကြီးမဟာမင်းလှမင်းခေါင်ကျော် (ဦးမှုံ) ကုန်းဘောင်ခေတ် အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ပွဲများ ဘကြီးတော် ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်တို့၏ ပထမအကြိမ်ကျူးကျော်စစ်တွင် ပြည်မြို့သည် စစ်တလင်း အဖြစ်ပြန်လည် ရောက်ရှိခဲ့ပြန်သည်။ ယခင်ကဲ့သို့ တိုင်းရင်းသား ပဒေသရာဇ်များ၏ အာဏာလုတိုက်ပွဲများ မဟုတ်တော့ပဲ တိုင်းတပါး သားတို့၏ နယ်ချဲ့စစ်ပွဲများကို ခုခံရသော စစ်မြေပြင်ဖြစ်လာသည်။ မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် ကဆုန်လဆန်း(၉) ရက်နေ့တွင် ပြည်မြို့အား အင်္ဂလိပ်တို့က လာရောက်တိုက်ခိုက်သောကြောင့် အတွင်းဝန်မင်းကြီး မဟာနန္ဒသင်္ကြန်နှင့် မင်းကြီး မဟာဥဇနာ တို့သည် ပြည်မြို့မှ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်ဗိုလ်ချုပ် ဂျင်နရယ် ကင်းဘဲလ် ကပြည်မြို့ကိုသိမ်းပိုက်လိုက်သည်။ ပြည်မြို့ရှိ အင်္ဂလိပ်တို့အား နတ်တော်လတွင် မြန်မာတပ်များက စစ်ကြောင်း ၃ ကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သမိုင်းဝင် ဝက်ထီးကန် တိုက်ပွဲတွင် အနိုင်ရရှိနေရာမှ အင်္ဂလိပ်တပ်များက မဟာနေမျိုး၏တပ်များ နဝင်းချောင်း သင်ပန်းအရပ် တွင် တပ်ချနားနေစဉ် ဝင်တိုက်ခိုက်ခဲ့သောကြောင့် အရေးနိမ့်ခဲ့ရသည်။ တိုက်ပွဲတွင် မဟာနေမျိုး နှင့် မောက်မယ်စော်ဘွား တို့ကျဆုံးခဲ့သည်။ ကုန်းတလင်း၊ နတ်ပုတီးမှော်၊ ဖိုးဦးတောင် နှင့် စင်္ကြံကျွန်းအရပ်တို့တွင် တပ်စွဲထားသော မြန်မာတပ်များ ကိုရေကြောင်းမှ နေ၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတပ်များ မြေထဲမြို့အထိ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်တို့၏ ဒုတိယအကြိမ်ကျူးကျော်စစ်တွင်လည်း မြန်မာတပ်များသည် ရွပ်ရွပ်ချွံချွံပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြန်သည်။ ပြည်မြို့သည်လည်း စစ်တလင်းနယ်မြေ ပြန်လည်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မင်းနေပြည်တော်၌ ပုဂံမင်း အား မင်းတုန်းမင်း သား နှင့် ကနောင်မင်းသားတို့က ပုန်ကန်ခြားနားနေချိန် ဖြစ်သောကြောင့် မြန်မာတပ်များအား မင်းနေပြည်တော်ကို ကာကွယ်ရန် ပြန်လည်ခေါ်ယူလိုက်သည်။ အခုအခံ နည်းပါးသွားသောကြောင့် အင်္ဂလိပ်တပ်များက မြေထဲမြို့(အောင်လံမြို့) အထိ တက်ရောက် သိမ်းပိုက် တပ်စွဲလိုက်ကြသည်။ အင်္ဂလိပ်ခေတ် ပြည်မြို့အား ၁၈၅၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်တို့က လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် ပြည်မြို့တွင် အကြီးအကျယ် မြေငလျင်လှုပ်ခတ်ခဲ့သည်။ ၁၈၆၂ ခုနှစ်တွင်လည်း မြို့သည်မီးအကြီးအကျယ်လောင်ပြီးနောက် အင်္ဂလိပ်တို့သည် မီးလောင်ပြင်ပေါ်တွင် စနစ်တကျ မြို့ကွက်ချကာ ပြည်မြို့အားပြန်လည်တည်ဆောက်ခဲ့သည်။ အရပ်လေးမျက်နှာ တွင် ရပ်ကွက်ကြီးများသတ်မှတ်၍ မြို့ကွက်ရိုက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဘက်တွင် နဝင်းရပ်ကွက်၊ အေ့ရှဘက်တွင် ရဘဲရပ်ကွက် တောင်ဘက်တွင် ဆင်စုရပ်ကွက်နှင့် မြို့လယ်တွင် ရွှေကူရပ်ကွက်နှင့် ဆံတော်ရပ်ကွက်များကို ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ ရှည်လျားသော ကမ်းနားလမ်းမကြီးကိုလည်း မြို့တောင်ဘက်မှ မြောက်ဘက်တိုင်အောင် ဧရာဝတီမြစ်နှင့် အပြိုင်ဖေါက်လုပ် ပေးခဲ့သည်။ အင်္ဂလိပ်ခေတ်မှ မှတ်တမ်းများအရ ပြည်မြို့၏လူဦးရေမှာ ၁၈၇၂ ခုနှစ်တွင် ၃၁၁၅၇ ၁၈၈၁ ခုနှစ်တွင် ၂၈၈၁၃ ၁၈၉၁ ခုနှစ်တွင် ၃၀ဝ၂၂ ၁၉၀၁ ခုနှစ်တွင် ၂၇၃၇၅ ဟူ၍ အသီးသီးရှိခဲ့သည်။ ရည်ညွှန်းကိုးကား မြန်မာနိုင်ငံရှိ မြို့များ ပဲခူးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
နတ်သျှင်နောင်
နတ်သျှင်နောင်သည် မင်းရဲသီဟသူနှင့် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရား မိဖုရားကြီး၏ သမီးတော် ခင်စောတို့မှ သက္ကရာဇ် ၉၄၀ ပြည့်နှစ်တွင် ဖွားမြင်သော သားတော်ကြီးဖြစ်သည်။ နတ်သျှင်နောင်သည် ငယ်ရွယ်စဉ်ကပင် ဆင်စီး မြင်းစီး၌လည်း ကျွမ်းကျင်၏။ ဓားခုတ် လှံထိုး၌လည်း တော်၏။ လုပ်ရည်ကြံရည်နှင့်လည်း ပြည့်စုံ၏။ စောင်းညင်း အတတ်ကိုလည်း ကောင်းစွာ သီဆိုတီးမှုတ်တတ်သည်။ ငါးဆူဒါယကာ မင်းတရားကြီး ယိုးဒယားသို့ ချီတက်လုပ်ကြံသောအခါ ၉-နှစ်သား အရွယ်မျှသာရှိသေးသော နတ်သျှင်နောင်သည် မိမိခမည်းတော် တောင်ငူဘုရင်နှင့်အတူ ပါရသည်။ တပ်မကြီး ပြန်လည်ဆုတ်ခွာသောအခါတွင် တောင်ငူဘုရင်နှင့် သားတော်နတ်သျှင်နောင်တို့ တပ်က နောက်ခံတပ်ပြု၍ လိုက်လာသော ယိုးဒယားတပ်တို့အား ပြန်လည်သွားအောင် တိုက်ခိုက်သောကြောင့် ယိုးဒယားတို့ မလိုက်နိုင်ဘဲ ပြန်သွားကြရသည်။ မိုးကောင်း စော်ဘွားပုန်ကန်သောအခါတွင်လည်း နတ်သျှင်နောင်သည် တောင်ငူအားနှင့် တပ်တစ်တပ်အဖြစ်ဖြင့် လိုက်ပါတိုက်ခိုက်ရာတွင်လည်း အောင်ပွဲရခဲ့သည်။ ထိုအခါနတ်သျှင်နောင်မှာ ၁၂-နှစ်သားမျှရှိသေးသည်။ ၉၅၄-ခုနှစ်တွင် ယိုးဒယားသို့ ချီတက်သောအခါတွင်လည်း ၁၄-နှစ်အရွယ်ရှိ နတ်သျှင်နောင်သည် မြို့မှထွက်၍ တိုက်လာသော ယိုးဒယားဘုရင် ဗြနရာဇ်ကို ခုခံတိုက်ခိုက်ရာ ဗြနရာဇ်မခံနိုင်၍ မြို့တွင်းပြန်ဝင်ရသည်။ ဤတိုက်ပွဲသည် နတ်သျှင်နောင်၏ အောင်ပွဲတစ်ခုဖြစ်သည်။ သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူဘုရင် မင်းရဲသီဟသူသည် ကေတုမတီရွှေနန်းသစ်ကို တည်တော်မူ၍ နန်းတက်တော်မူသည်။ သားတော်အကြီးနတ်သျှင်နောင်ကိုလည်း အိမ်ရှေ့မိဖုရားဖြစ်ဖူးသော ရာဇဓာတုကလျာနှင့် စုံဖက်၍ အိမ်ရှေ့မင်းအဖြစ် ပေးအပ်တော်မူသည်။ ရာဇဓာတုကလျာကား နတ်သျှင်နောင်နှင့် ၇-လမျှနေရ၍ လွန်တော်မူရှာသည်။ ခမည်းတော် နတ်ရွာစံလွန်သော် နတ်သျှင်နောင်သည် ၉၇၁-ခုနှစ်တွင် တောင်ငူရွှေထီးရွှေနန်းကို သီဟသူရဘွဲ့ခံပြီး သိမ်းမြန်းစိုးစံတော် မူသည်။ ညီတော်ကြီး တောင်ငူမင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးသည်။ သက္ကရာဇ် ၉၆၇ တွင် အနောက်ဘက်လွန်မင်းသည် အင်းဝကို သိမ်းပိုက်ပြီးနောက် နှစ်နှစ်မျှအကြာ သက္ကရာဇ် ၉၆၉၊ တန်ဆောင်မုန်းလ တွင် ဆက်လက်၍ တောင်ငူကို တိုက်ခိုက်သည်။ အောင်မြင်သောအခါ တောင်ငူနန်းကို မှန်ကင်းအထွဋ်ချပြီး နတ်သျှင်နောင်ကိုပင် လက်အောက်ခံ ဘုရင်အဖြစ်ထားခဲ့၍ ရဝေရှင်ထွေး၊မင်းဇေယျရန္တမိတ်၊ရှင်သံခို စာဆိုပညာရှင်များကို အင်းဝနေပြည်တော်သို့ မင်းတရားကြီး ခေါ်ဆောင်သွားလေသည်။ သန်လျင်စား ငဇင်ကာသည် သစ္စာတော်ဖောက်ဖျက်၍ တောင်ငူကို တိုက်ခိုက်ပြီး နတ်သျှင်နောင်အား မိဖုရားအခြွေအရံနှင့်အတူ သန်လျင်သို့ ခေါ်ဆောင်သွားရာ အနောက်ဘက်လွန်မင်း စုန်ဆင်းလာ၍ သန်လျင်ကို တိုက်ခိုက်အောင်မြင်သောအခါ သန်လျင်စားငဇင်ကာနှင့် နတ်သျှင်နောင် တို့ပူးပေါင်း၍ သစ္စာဖောက်သည်ကို စစ်မေးသိရှိရသောကြောင့် ၂-ဦးလုံးကိုပင် ၉၇၅-ခုနှစ် တန်ခူးလပြည့်ကျော် ၃-ရက်စနေနေ့၌ ကားစင်တင်၍ကွပ်မျက်လေသည်။ ကျန်ရစ်သည့် အလောင်းကို ညီတော်တစ်ပါးဖြစ်သည့် တောင်ငူမင်းရဲကျော်ထင်က မြှုပ်နှံပေးသည်။ (နတ်ရှင်​နောင်သည် သူ့ထီးနန်းကို သိမ်းယူ​သော အ​နောက်ဘက်လွန်မင်းအား ပုန်ကန်ခြားနားရာတွင် ငဇင်ကာ၏ အကူအညီကိုရယူခဲ့သည်။ နောင်ပုန်ကန်မှုကို မပြုလျှင် ခွင့်လွှတ်၍ ယခင်အတိုင်း လက်​အောက်ခံဘုရင်အဖြစ် ပြန်ထားမည်ဟု အ​နောက်ဘက်လွန်မင်းက ​ပြော​သော်လည်း မ​တောင်းပန်သဖြင့် မြို့လယ်တွင် ငဇင်ကာနှင့်အတူ ကားစင်တင်​၍တံကျင်ထိုးကာ ​ကွပ်မျက်ခံခဲ့ရသည်။) ရတုများ နတ်သျှင်နောင်သည် ရတုများကို ရေးရာ၌ အခြားဆရာများနှင့် မတူ၊ ဖွဲ့နွဲ့ပုံ လွန်စွာဆန်းပြားသည်။ ဘုရားတိုင် ရတုများ၊ သစ္စာတိုင် ရတုများ၊ မယ်ဘွဲ့ မောင်ဘွဲ့ ရတုများ၊ စစ်ချီ ရတုများ၊ မိုဃ်းတော ရတုများ၊ ထိုးကွင်းဖွဲ့ ရတုများ၊ ဂူလီ သဘင်ဖွဲ့ရတုများ ဖြစ်သည်။ နတ်သျှင်နောင်နှင့် ပတ်သက်၍မူ “ထိုမင်းကား ရတုဆိုခြင်း သိမ်မွေ့၏။ ဂမ္ဘီရဉာဏ်နှင့် ပြည့်စုံ၏။ အကျင့်နှလုံးသော်ကား ကောက်ကျစ် ဆန်းပြား၏။” ဟုရာဇဝင်ကြီး၌ မှတ်ချက်ချထားသတည်း။ သတ်ပုံအရေးအသား နတ်သျှင်နောင်ဟူသော အမည်တွင် `သျှင်´ ကို ရကောက်နှင့် ‘ရှင်’ သင့်သည်၊ သ ယပင့်ဟထိုးနှင့် `သျှင်´ သင့်သည် ‎စသည်ဖြင့် အချို့သူတို့ ဝိဝါဒကွဲပြားလျက် ရှိကြသည်။ နတ်သျှင်နောင် ဟူသောအမည်ကို သ-ကို ယပင့်ဟထိုး၍ ရေးသင့်သည်။ `ရွှေနန်းရွှေထွတ်၊ ဦးညွတ်မကွာ၊ သုဓမ္မာဝယ်၊ ‎ရွှေမင်စာရေး၊ မိန့်တော်ပေးလို့´ စသည်ဖြင့် ချီသော အက္ခရာခွဲထား၌ …‎ ပတိဣဿရ၊ သာမျတ္ထ၏၊ အရထုတ်ဖွေ၊ အဆွေအိမ့်ရှင်၊ ဆင်ဖြူရှင်မျိုး၊ စကားရိုးဝယ်၊ ဟထိုးရကြီး၊ ‎တသီးထိုမှ၊ အယျအယျေ၊ ဘန္တေဘောန္တော၊ အာဝုသောနှင့်၊ မိန့်ဟောသဒ္ဒါ၊ အာယသ္မ၊ ဘဒ္ဒန္တ၏၊ ‎အတ္ထထွေပြား၊ အသျှင်များကို၊ မှတ်သား ဆန်းကြယ်၊ သဝယ် ယပင့်၊ ဟထိုးဆင့်လော့။ ဟူ၍ လာရှိသည်ကို ထောက်ရာသည်။ မဃဒေဝလင်္ကာသစ် တတိယပိုင်း ပုတ္တောဝါဒခဏ်း ပုဒ်ရေ ၂၅ဝ တွင်လည်း …‎ ‎`သိကြားနတ်သျှင်၊ ကုသိုလ်ရှင်အား၊ မမြင်ရှောင်ကာ၊ မနေသာတည့်၊ မြင်ပါလျက်ကဲ့၊ ကုသိုလ်မဲ့က၊ ‎တိမ်းငဲ့မျက်နှာ၊ မရှုသာတည့်´‎ စသည်ဖြင့် ‘သျှင်’ နှင့် ‘ရှင်’ ခွဲထားကို အထင်အရှားဖော်ပြရေးသားထားသည်။ ထိုဆရာများ၏ အာဘောဂ ကိုထောက်၍ ‎ကျွန်ုပ်တည်းဖြတ်သော စာအုပ်ကိုလည်း ‘နတ်သျှင်နောင်’ ဟူသောအမည်တွင် သ ကို ယပင့်ဟထိုး၍ ရေးလိုက်သည်။ ‎နတ်သျှင်နောင် ဟူသော အမည်တွင် `နတ်သျှင်´ ဟူသော ပေါရာဏစကားမှာ ‘မင်း၊ ဘုရင်’ ဟူသော အနက်အဓိပ္ပာယ် ‎ရသည်။ နတ်သျှင်နောင်ဟူသော အမည်မှာလည်း ဘုရင်မင်းမြတ်၏ နောင်တော် ဟူ၍ အဓိပ္ပာယ် ရပေသည်။ နတ်သျှင်နောင်သည် တောင်ငူရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသည့်အခါတွင် ညီတော် မင်းရဲကျော်စွာကို အိမ်ရှေ့ပေးခဲ့ ‎သည်။ နောင်သော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ နန်းတက်ရာတွင် နောင်တော်ဖြစ်သည်ကို အစွဲပြု၍ တောင်ငူမင်းအား ‎နတ်သျှင်နောင် ဟူသောအမည်ဖြင့် ခေါ်ဝေါ်သည်ဟု ယူဆဘွယ်ဖြစ်ပေသည်။ ကုန်းဘောင်ခေတ်တွင် မင်းဧကရာဇ် ‎တို့သည် ဤနည်းနှင်နှင် သဘောပေါက်သော ဘွဲ့အမည်များကို ခံယူကြကုန်သည်။ တောင်ငူခေတ်က `နတ်သျှင်´ ဟူသော ‎အမည်သည် အလွန်သိမ်မွေ့ယဉ်ကျေး၍ အတော်ပင် ခေတ်စားဟန်တူသည်။ ထိုကြောင့် နတ်သျှင်နှမတော်၊ နတ်သျှင် ‎မယ်တော် စသော ဘွဲ့အမည်များကိုလည်း အချို့ မင်းသ္မီးတို့ ခံယူကြကုန်သည်။ ကိုးကား တောင်ငူခေတ် တောင်ငူ-ဟံသာဝတီခေတ် ညောင်ရမ်းခေတ် မြန်မာ အမျိုးသား စာဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%90%E1%80%BA%E1%80%9E%E1%80%BB%E1%80%BE%E1%80%84%E1%80%BA%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
မင်းဇေယျရန္တမိတ်
မင်းဇေယျရန္တမိတ်(မြန်မာ ၉၄ဝ ပြည့်ဖွား) မင်းဇေယျရန္တမိတ်သည် မြန်မာစာပေ သမိုင်းတွင် တောင်ငူခေတ်၌ ထင်ရှားခဲ့သော စာဆိုတော်တစ်ဦး ဖြစ်သည်။ မင်းဇေယျရန္တမိတ်မှာ စာဆိုတော် လှော်ကား သုံးထောင်မှူး၏ သားဖြစ်၍၊ ဖခင်၏ ခြေရာကို နင်းလျက် စာဆိုမှု၌ ကျွမ်းကျင် လိမ္မာသည်။ သက္ကရာဇ်၉၄ဝ ပြည့်နှစ်တွင် တောင်ငူမြို့၌ ဖွားမြင်သည်။ တောင်ငူမင်း မဟာဓမ္မရာဇာ လက်ထက်သက္ကရာဇ် ၉၄၆-၉၇၁ ခုနှစ်အတွင်း အမတ်အဖြစ်ခန့်ထားသူကောင်းပြု ခြင်းခံရ၍ ကောင်းစစ်ဒိုင်းအစုကို မှူးရသည်။ ထိုကြောင့် ကောင်းစစ်ဒိုင်းမှူးဟုလည်း ခေါ်သည်။ ထိုသို့ အမှုထမ်းစဉ် တောင်ငူမင်း၏ မြေးဖြစ်သော မင်းရဲကျော်ထင်၏ သားတော် မင်းရဲနရာ ဧချင်းကို စပ်ဆို သည်။ ထိုနောက် တောင်ငူမင်း၏ သားတော် နတ်သျှင်နောင် လက်ထက် သက္ကရာဇ် ၉၇၂ ခုနှစ်တွင် ညောင်ရမ်းမင်း၏ သားတော် အနောက်ဘက်လွန်မင်းသည် တောင်ငူမြို့ကို ချီတက် တိုက်ခိုက်အောင်မြင်တော်မူ၍ အင်းဝသို့ပြန်ကြွသောအခါ မင်း ဇေယျရန္တမိတ်ကို ခေါ်ဆောင်သွားသည်။ မင်းဇေယျရန္တမိတ်ဘွဲ့ မှာ အနောက်ဘက်လွန်မင်းက ရတနာပူရ အင်းဝမြို့၌ ပေးအပ် သော ဘွဲ့ဖြစ်သည်။ တောင်ငူတွင်နေစဉ်က ရရှိသော ဘွဲ့မဟုတ် ဟု ဆိုလေသည်။ အင်းဝတွင် ဘုန်းတော်ဘွဲ့ရတုများ၊ ဘုရားတိုင်ရတု များ၊ အင်းဝမြို့ဘွဲ့ရတုများနှင့် စစ်ချီရတုများကိုရေးသည်။ ရတု ရေးသားသူများတွင် မင်းဇေယျရန္တမိတ်မှာ ထိပ်တန်းကပါဝင် သည်။ အင်းဝမြို့တွင် ဘုန်းထွန်းပ ဆင်တော်မော်ကွန်းကိုလည်း ဖွဲ့ဆိုသည်။ ထိုမှတစ်ပါး မင်းဇေယျရန္တမိတ်သည် ဧချင်းတွင် ဆယ့်နှစ်ရာသီ၏ သာယာပုံများကို တစ်ဆစ်စီထည့်သွင်းစပ်ဆို ခဲ့ရာ ဆယ့်နှစ်သီဘွဲ့များ၏ ရှေ့ပြေးပမာတမျှ ဖြစ်သည်။ ဧချင်း တွင် ပျို့များကဲ့သို့ စကားလုံး အစုံအစုံဖြင့် တဟုန် တဟုန်၊ လျှံမောင်း လျှံမောင်း၊ အုံ့မှိုင်း အုံ့မှိုင်း၊ မှိုင်းပျ မှိုင်းပျ ဟူ၍ ယမကချီနည်းကို အသုံးပြုလေသည်။ မြန်မာစာပေ သမိုင်းတွင် သာချင်းဟူသော အဖွဲ့ အနွဲ့ကို ရှေးဦးစွာ တီထွင်သူမှာ မင်းဇေယျရန္တမိတ် ဖြစ်သည်ဟု အချို့ကဆိုသည်။ သာချင်းများမှာ ဥတေနသာချင်း၊ စိဉ္စမာဏ ဝိကသာချင်းနှင့် ပဋာစာရီသာချင်းတို့ဖြစ်သည်။ သာချင်းဆရာဖြစ်သော ဇေယျရန္တမိတ်က သူ့သာချင်း တွင် မြေတူးမြို့၌ မွေးဖွား၍ စာပေသင်ကြား သာမဏေ ပြုခဲ့ သည်ကိုလည်းကောင်း၊ မစိန်မြို့၌ နေဖူးသည်ကိုလည်းကောင်း ဖော်ပြထားသဖြင့် တောင်ငူခေတ်မင်းဇေယျရန္တမိတ်နှင့် သာချင်း ဆရာ မင်းဇေယျရန္တမိတ်တို့မှာ တစ်ယောက်တည်းလေလော၊ နာမည်တူပုဂ္ဂိုလ်နှစ်ယောက်ပင် ဖြစ်လေသလောဟူသည့် ကိစ္စကို မူ အတည်တကျ မဆုံးဖြတ်နိုင်ကြသေးချေ။ ညိုရွှေနစ်၍-ချီ တောင်ငူမြို့ဖွဲ့ ရတုစသည်ကိုရေးသားသူ ဇေယျရန္တမိတ်မှာ လှော်ကားသုံးထောင်မှူး၏ သား တောင်ငူမြို့၌ သက္ကရာဇ် ၉၄၀-ပြည့်နှစ်တွင်ဖွား၍ အဖစာဆိုအကျော်အမော်၏ သားဖြစ်သည်အားလျော်စွာ စာဆိုမှု၌ ကျွမ်းကျင်လိမ်မာသည်သာမက တောင်ငူရွှေနန်းတည်မင်း မဟာဓမ္မရာဇာလက်ထက် သက္ကရာဇ် ၉၆၄-ခုနှစ်မှသည် ၉၇၁-ခုနှစ်အတွင်း အမတ်အဖြစ်ခန့်ထားသူကောင်းပြု၍ ကောင်းစစ်ဒိုင်းအစုကို မှူးရသောကြောင့် ကောင်းစစ်ဒိုင်းမှူး ဟူ၍လည်း ကျော်စောသည်။ သက္ကရာဇ် ၉၇၂-ခုနှစ်တွင် အနောက်ဘက်လွန်မင်း တရားကြီး တောင်ငူကို အလိုတော်ပြည့်၍ အင်းဝသို့ပြန်လည်သောအခါ တောင်ငူဘုရင် နတ်သျှင်နောင်က ထည့်လိုက်သောကြောင့် မင်းဇေယျရန္တမိတ်သည် အင်းဝသို့လိုက်ပါရလေသည်။ သာလွန်မင်းတရားအထံတော်တွင်လည်း ထိုမင်း ဘုန်းတော်ဖွဲ့ရတုများ၊ အင်းဝမြို့ဖွဲ့ရတုများအပြင် ဘုန်းထွန်းပ ဆင်တော်မော်ကွန်းကိုလည်း ရေးသားလေသတည်း။ ကိုးကား ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%87%E1%80%B1%E1%80%9A%E1%80%BB%E1%80%9B%E1%80%94%E1%80%B9%E1%80%90%E1%80%99%E1%80%AD%E1%80%90%E1%80%BA
သံခို၊ ရှင်
သံခို၊ ရှင် (မြန်မာ ၉၆ဝ ဖွား) စာပေအမြောက်အမြား မရေးခဲ့သော်လည်း ရေးသမျှနှင့်ပင် ပထမတန်းစားရတုဆရာဟု စာရင်းဝင်ဂုဏ်ပြုအပ်သော တောင်ငူခေတ်စာဆိုတော် ရှင်သံခိုသည် လှော်ကား ၃ဝဝဝမှူး၏ မြေးဖြစ်၍ မင်းဇေယျရန္တမိတ်၏တူတော်ပြီးလျှင် ရတုဘုရင် နတ်သျှင်နောင်ထံ၌ ခစားသောအမတ်လည်း ဖြစ်၏။ သက္ကရာဇ် ၉၆ဝ ပြည့်နှစ်တွင်တောင်ငူမြို့၌ဖွားမြင်သည်။ အသက် ၁၂နှစ် သား အရွယ်ကပင်စတင်၍ကဗျာလင်္ကာစပ်ဆိုခဲ့သူဖြစ်လေသည်။ ‌တောင်ငူကို အနောက်ဘက်လွန်မင်းတရားကြီး အလိုတော်ပြည့်၍ အင်းဝသို့ပြန်တော်မူရာ ရှင်သံခို ပါသွားလေသည်။ အင်းဝရောက်လျှင်မင်းတရားကြီးထံပါးတွင် လက်ဆောင်ယူမှူးအဖြစ်အမှုတော်ထမ်း ရွက်ရ၏။ ထိုသို့အမှုတော်ထမ်းရွက်စဉ် အနောက်ဘက်လွန် မင်းတရားကြီး၏ သားတော်မင်းရဲဒိဗ္ဗကို ဖွဲ့ဆိုသော ဧချင်းတစ်စောင် ရေးသားခဲ့သေးသည်။ ထိုအခါက ရှင်သံခိုသည်အသက် ၁၆ နှစ်၂ဝ တွင်းလောက်ပင်ရှိဦး မည်ဟုခန့်မှန်းရ၏။ သို့ရာတွင်ဧချင်းဟောင်း ၁၂ စောင်တွင်အကောင်းဆုံးဧချင်းဟု ပညာရှိတို့ခြီးကျူး ခေါ်ဆိုထိုက်သောယင်းမင်းရဲဒိဗ္ဗဧချင်းကိုအရွယ်နှင့်မလိုက်အောင် ဖွဲ့ဆိုနိုင်ခဲ့လေသည်။ ထိုဧချင်းတွင်ဘိုးတော်ဘေးတော်များပြုစုခဲ့ သောမဟာကုသိုလ်တော်များကို ထည့်သွင်းဖွဲ့ဆိုထားရာ ရှေးဧချင်းများထက်စုံလင်၍ ဖွဲ့ပုံဆန်း သည်ဟုဆိုရပေသည်။ ရှင်သံခိုသည် ကဗျာလင်္ကာစပ်ဆိုရာ၌ ဆရာ နတ်သျှင်နောင်၊ ဦးရီးမင်းဇေယျရန္တမိတ်၊ အဖိုးလှော်ကား ၃ဝဝဝ မှူးတို့၏ဉာဏ်ရည်ကိုလိုက်နိုင်သည်ဖြစ်၏။ ကျေးစေရတုများ၌နတ်သျှင်နောင်၏လေသံကို အတုယူ၍ ဘုရားတိုင်၌ မင်းနဝဒေးကြီး၏ အာဘော်ကို အရယူနိုင်၏၊ ထိုကြောင့်ရှင်သံခို၏ရတုများသည် ဆန်ကာချထားသကဲ့သို့အသန့်ချည်းဖြစ်တော့သည်။ သို့ရာတွင်ရတုဖွဲ့ဆိုရာ၌နတ်သျှင်နောင်ကဲ့သို့ မေတ္တာဘက်ကို ဦးစားပေး၍မရေးဘဲ အလွမ်းဘက်ကိုအားသန်စွာ ရေးသားလေသည်။ ရှင်သံခိုသည် ရတနာပြောင်မွန် ဆင်တော်ဘွဲ့မော်ကွန်းတစ်စောင်နှင့် နေနတ်ကသည်အစချီသောရတုပေါင်း ၁ဝစုံကိုလည်းရေးသား သွား၏။ သာလွတ်ထွတ်တင်ချီရတုကိုရေးသားဆက်သွင်းရာ စောင်းပါးရိပ်ခြေအပြစ်အနာပါနေသဖြင့် အနောက်ဘက်လွန်မင်းတရားကြီး မျက်မာန်တော်ရှကာ ကွပ်မျက်မည်အပြုတွင် ပြည်ငထင်ငယ် တောင်းပန် လျှောက်ထားသဖြင့်အသက်ချမ်းသာရာရခဲ့လေသည်။ ကျည်းကဆက်သည်-ချီ ကျေးစေရတုရေးသူ ရှင်သံခိုမှာ စာဆိုတော်၊ မင်းဇေယျရန္တမိတ်နှမမှ သက္ကရာဇ် ၉၆၀-ပြည့်နှစ် တောင်ငူမြို့၌ ဖွားမြင်သည်။ အဖိုးဖြစ်သူ လှော်ကားသုံးထောင်မှူး၊ ဦးရီးဖြစ်သူ ကောင်းစစ်ဒိုင်းစုမှူး ဇေယျရန္တမိတ် တို့ ထံမှ ကဗျာလင်္ကာစာပေပညာကို သင်ကြားတတ်မြောက်လာသူဖြစ်၍ ငယ်ရွယ်စဉ်ကပင် စာဆိုမှု၌ အထူးဝါသနာ ထုံလာသူဖြစ်သည်။ နတ်သျှင်နောင်မင်းသား အထွတ်အထိပ်သို့ ရောက်သောအခါ ရှင်သံခိုကို နန်တော်တွင်းခေါ်ယူချီးမြှင့်ထားလေသည်။ အနောက်ဘက်လွန် မင်းတရားကြီး တောင်ငူကို အလိုတော်ပြည့်သောအခါ အင်းဝသို့ခေါ်ဆောင်သွားသော စာဆိုရှင်တို့အနက် ရှင်သံခိုလည်း တဦးအပါအဝင်ဖြစ်လေသည်။ အင်းဝသို့ ရောက်သောအခါ မင်းတရားကြီး ချီးမြှင့်ခြင်းကို တဖန်ခံစားရပြန်ရာ လက်ဆောင်ယူမှူးအဖြစ်ဖြင့် ထမ်းရွက်ရသောကြောင့် လက်ဆောင်ယူမှူး ရှင်သံခိုဟု ကျော်ကြားသည်။ ရှင်သံခိုသည် မင်းရဲဒိဗ္ဗ ဧချင်း၊ ရတနာပြောင် ဆင်တော် မော်ကွန်းနှင့် ရတုအများကိုလည်း ရေးသားခဲ့သူဖြစ်သတည်း။ ကိုးကား မြန်မာ ရဟန်း စာဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B6%E1%80%81%E1%80%AD%E1%80%AF%E1%81%8A%20%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
ရွှေနန်းကြော့ရှင် နရပတိ
ရွှေနန်းကြော့ရှင် နရပတိ (၂၂ စက်တင်ဘာ ၁၄၇၆ – ၂၅ မတ် ၁၅၂၇) သည် ဒုတိယ မင်းခေါင် နောက် နန်းတက်သည့် မင်းဖြစ်သည်။ ၁၅၀၁-ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် နန်းတက်သည်။ သူ့လက်ထက်တွင် လှပတင့်တယ်သည့် နန်းတော်ကို တည်ဆောက်စံမြန်းသဖြင့် ရွှေနန်းကြော့ရှင် ဟူသောဘွဲ့ဖြင့် ထင်ရှားသည်။ နန်းတက်စအချိန်မှစတင်ကာ လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် တောင်ငူမှ မင်းကြီးညို၊ မြောက်ဘက်မှ မိုးညှင်းစလုံ နှင့် ပြည်မှ သတိုးမင်းစော အစရှိသည့်သူများ၏ အာခံမှု၊ ပုန်ကန်မှုများကို ခံခဲ့ရသည်။ မြန်မာသက္ကရာဇ် ၈၈၅ (မတ်လ ၁၅၂၅) အရောက်တွင် ပြည်နှင့် မိုးညှင်း အင်အားနှစ်ရပ်ပေါင်းကာ အင်းဝကိုတိုက်ခိုက်လာရာ မခုခံနိုင်တော့သဖြင့် အင်းဝနန်းကို စွန့်ကာယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ထွက်ပြေးရသည်။ ပြည်နှင့် မိုးညှင်းတပ်များ အင်းဝမှပြန်လျှင် မိမိမဟာမိတ် အုန်းဘောင်စော်ဘွား၏ အင်အားအထောက်အပံ့နှင့် အင်းဝတွင် တဖန်ပြန်လည် မင်းပြု၍ အင်အား ထူထောင်ပြန်သည်။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းများ တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူလေသည်။ ထိုအကြောင်းကို ကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈-ခုနှစ်(AD၁၅၂၇)တွင် သားသိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာ ဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်း အနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစလုံသည် ဟန်လင်းမှတစ်ဆင့် စစ်ကိုင်းသို့ ချီလာရာ အင်းဝကို ဝိုင်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်ခွန်မိန်းငယ် မရောက်သေးသောကြောင့် အင်အားမမျှသေး၍ ထွက်မတိုက်ချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့ကို ရှစ်ရက်ဝိုင်းရံခဲ့ပြီး နောက်ဆုံးတွင် ဆင်မြင်းအလုံးအရင်းနှင့် မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလေသည်။ သို့ဖြင့် ရွှေနန်းကြော့ရှင်နရပတိသည် မြန်မာ့သမိုင်း တစ်လျှောက်တွင် တစ်ဦးတည်းသော အမြောက်ဆံသင့်၍ ကျဆုံးရသည့်မင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ရွှေနန်းကြော့ရှင် မရှိတော့သည်နောက် အင်းဝကို သိမ်းပိုက်ထားသည့် မိုးညှင်းစလုံလည်း သားဖြစ်သူ သိုဟန်ဘွားကို နန်းတင်၍ ပြန်လေသည်။ ရွှေနန်းတည်ကျောက်စာ အင်းဝ၌ နန်းသစ် (၈)ကြိမ် တည်ဆောက်မှုတွင် စာပေအထောက်အထားများအရ ရွှေနန်းကျော့ရှင်နရပတိ လက်ထက်ဆောက်သော နန်းတော်သည် အကောင်းဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ရွှေနန်းကျော့ရှင်နရပတိသည် နောက်နောင်သောမင်းတို့ ရွှေနန်းတော်ဆောက်လုပ်လျှင် မှီငြမ်းပြုလုပ်ရစ်စေခြင်းငှါ နန်းတည်ကျောက်စာတစ်ချပ် ရေးသား စိုက်ထူထားခဲ့သည်။ သက္ကရာဇ် (၈၈၈)ခုနှစ်တွင် သိုဟန်ဘွားက ရွှေနန်းတည်ကျောက်စာကြီးကို နောင်မင်းများ အသုံးမပြုစေရန် ၎င်းကျောက်စာကိုနုတ်ပြီး ထီးလှိုင်ရှင်ဘုရားအား လှူဒါန်းသည့်အနေဖြင့် ဘုရား၏ အနောက်စောင်းတန်းတွင် စိုက်ထူခဲ့သည်။ (၁၁၈၈)ခုနှစ်တွင် အင်းဝတွင် လောင်သောမီးကြောင့် ဂဝံကျောက်သားပေါ်တွင် ရေးထိုးထားသော ကျောက်စာများသည် အလွှားလိုက် ကွာကျခဲ့သည်။ (ယခုအခါ ထိုကျောက်စာကို မယ်နုအုတ်ကျောင်း မုခ်အဝင်ဝ အရှေ့တောင်ဘက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကျောက်စာဂူဖြင့် ထိန်းသိမ်းထားသည်။) ရေနံ့သာစား ငရွှေကျိုင်း ကြင်ဘက်များ စလင်းမင်း သမီးလတ်တွင် သားသမီး မမြင်။ နောင်တော် မဟာသီဟသူရ မိဖုရားကို မိဖုရားဆက်မြှောက်ရာ သမီး ဘေးတော်နှမ၊ မြောက်သားမှာ ခမည်းတော်သား အိမ်ရှေ့မင်း ပုခန်း သီဟပတေ့ သမီး မယ်တော်ချစ်ဘွားကို ဓမ္မဒေဝီဘွဲ့နှင့် မိဖုရားမြှောက်ရာ သမီး သီရိဘုန်းထွတ်၊ မြောက်သားမှာ ပြည် နရပတိ၊ နောက် ပြည် မင်းခေါင်၊ နောက် မင်းတရားရွှေထီး စန္ဒာဒေဝီဘွဲ့နှင့် မိဖုရားမြှောက်သည်၊ နောက် ဟံသာဝတီ ဆင်ဖြူများရှင် မိဖုရားဆက်မြှောက်သည် ရမည်းသင်း မင်းရဲကျော်စွာ သမီး မင်းတရားနှမတော်တွင် သားသမီး မမြင်။ တောင်တွင်း သီရိဇေယသူ သမီးတွင် သားသမီး မမြင်။ နန်းတိတွင် သား အိမ်ရှေ့မင်း ညီ ပြင်စည်စား မင်းကြီးထွေး ကျမ်းကိုး မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း နှစ် ၆၀ဝပြည့် အင်းဝ-ရွှေကိုင်းသား အင်းဝမင်းဆက် မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%B7%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%20%E1%80%94%E1%80%9B%E1%80%95%E1%80%90%E1%80%AD
တင်ဝင်း၊ မ (ဒေါက်တာ)
ကိုယ်ရေးရာဇဝင်အကျဉ်း ၁၉၄၀-ခုနှစ်တွင် မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့၌ အဖ-ဦးဘဌေး၊ အမိ-ဒေါ်ရင်ရင်တို့က မွေးဖွားသည်။ အမည်ရင်း ဒေါ်တင်ဝင်းဖြစ်သည်။ ၁၉၅၆ - ရေနံချောင်းမြို့ အ့ထ့က(၁)မှ တက္ကသိုလ်ဝင်တန်းအောင်။ ၁၉၅၈ - မကွေးဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သည်။ ၁၉၆၁ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိ။ ဆိုဗီယက်ပြည်ထောင်စုသို့ ပညာသင်သွားရောက်ခဲ့။ ၁၉၆၃ - ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနမှ ပညာရေး ဝိဇ္ဇာဘွဲ့ရရှိသည်။ ရေနံချောင်းမြို့၊ အ့ထ့က(၁)တွင် အထက်တန်းပြ ဆရာမအဖြစ်တာဝန်ထမ်းဆောင်။ ၁၉၆၈ - ပညာတန်ဆောင် မဂ္ဂဇင်းတွင် ပညာရေးဆိုင်ရာ ဆောင်းပါးများ စတင်ရေးသား။ ၁၉၇၀ - ပြည့်တွင်စာပြနည်းပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့။ ပညာရေးတက္ကသိုလ် သင်ပြနည်းပညာ ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိ။ လက်ရှိရာထူးမှာ ပါမောက္ခဖြစ်သည်။ ၁၉၉၄ - မြည်းတစ်ကောင်နှင့်မတင်ဝင်း စာအုပ်ထွက်။ ၁၉၉၅ - ရာဇဝင်ထဲမှ မိန်းမသား စာအုပ်ထွက်။ သမီးကိုပြောဖြစ်သောပုံပြင်များ စာအုပ်ထွက်။ ၁၉၉၆ - လွတ်လပ်ပေါ့ပါးသော စိတ်ထားရှိပါစေ စာအုပ်ထွက်။ ၁၉၉၇ - နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ စာအုပ်ထွက်။ ၁၉၉၈ - ငယ်ငယ်ကကြားဖူးခဲ့သော မိန်းမများအကြောင်း။ သားနှင့်မိဘ စသောစာအုပ်များထွက်။ ၁၉၉၉ - စစ်သူကြီးများနှင့် စစ်ဘုရင်များ၊ ဇာတိနှင့်အစဉ်အလာ၊ ဒါလေးကိုဖတ်ကြည့်ပါဦး၊ ဘုံအနှမ်းမှ လူဆန်းများ၊ မေမေပြောတဲ့ ရှေးရှေးစကား၊ မှတ်သားမိသောစကားများ၊ ဝဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်၊ မင်းကျန်စစ်ကိုချစ်တဲ့သူများ စသော စာအုပ်များထွက်။ ၂၀ဝ၀ - ကြီးပွားထူးချွန်သူနှင့်အလုပ်၊ ကြယ်စင်ပွင့်လင်းသောစိတ်ထားဖြင့်၊ စကားနှင်းပွင့်များ၊ ပညာလိုလျှင် ပျိုမျစ်တယ်၊ မပျက်စီးအောင် ဒါတွေရှောင်၊ လူငယ်များနှင့်စကားပြောခြင်း၊ လောကကိုဆရာတင်၍၊ အတွေး ပါသောဇာတ်ကြောင်းများ၊ အတွေးမိုးစက်များ၊ အလှရတနာသိုက်ဖွင့်လိုက်စမ်းပါ၊ အောင်မြင်ခြင်း-ပျော်ရွှင်ခြင်း နှင့် မိသားစု၊သမိုင်းစဉ်တွင်နေရာယူခြင်း စသောစာအုပ်များထွက်။ ၂၀ဝ၁ - ကိုယ်ပဲလူကြီး-ကိုယ်ပဲခလေး၊ ကြည်ညိုဖွယ်ရာမာတာများ၊ ထက်မြက်ထူးချွန်သူတို့၏နုတ်ထွက် စကားများ၊ပုလဲတစ်လုံးရွဲတစ်လုံး၊ ပံ့သကူအတွေးများ၊ ရေကြည်ချမ်းမြ၊ လက်ဆင့်ကမ်းရတနာ၊ သမီးအလိမ္မာ မရုစာ၊ အောင်စိတ်နှင့်လူ စသောစာအုပ်များထွက်။ ကုန်းဘောင်ကိုဆန်၍စာအုပ်ထွက်(အမျိုးသားစာပေဆုနိုင်ငံ ရေး-စာပေဆုရ)။ ထင်ရှားသောကမ္ဘာ့သုခမိန်များ စာအုပ်ထွက်။ ၂၀ဝ၂ - ပုံပြင်ကြိုက်သူ ဝင်စားသူ၊ ပြောစရာမကျန်အောင် အမှန်တွေကို အကုန်ပြောပြမယ်၊ သားလိမ္မာလှ သုဝဏ္ဏ၊ အမေ့ရဲ့ စကားပုံရိပ်များ၊ အလုပ်ဆိုတာ အင်အားပါ၊ အလုပ်နှင့်ဘဝကိုတည်ဆောက်ခြင်း စသော စာအုပ် များထွက်။ ၂၀ဝ၃ - အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ(အမျိုးသားစာပေ နိုင်ငံရေး-ဆုရ)။ စာပေများ ဆက်လက်ရေးသားပြုစုလျက်ရှိ။ ထင်ရှားသောစာအုပ်အချို့ ရာဇဝင်ထဲက မိန်းမသား စစ်သူကြီးများနှင့်စစ်ဘုရင်များ ဇာတိနှင့်အစဉ်အလာ ထင်ရှားသောကမ္ဘာ့သုခမိန်များ နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ ညောင်ရမ်းမင်းဆက်(၁၁)ဆက် ကုန်းဘောင်ကိုဆန်၍ မင်းကျန်စစ်ကိုချစ်တဲ့သူများ သမိုင်းစဉ်တွင်နေရာယူခြင်း အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ ရရှိခဲ့သော ဆုတံဆိပ်များ ၂၀၀၁ ခုနှစ်တွင် ကုန်းဘောင်ကိုဆန်၍ စာအုပ်ဖြင့် အမျိုးသားစာပေဆု(နိုင်ငံရေး) ကို စတင်ရရှိခဲ့သည်။ ထို့ပြင် အမျိုးသားစာပေဆုကို ၂၀၀၃ ခုနှစ်တွင် အာရှနိုင်ငံများကို ဖဲ့ယူသိမ်းယူခဲ့ကြသော နယ်ချဲ့များ စာအုပ်ဖြစ် နိုင်ငံရေးစာပေဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် မင်းယောက်ျားတို့၏ စကားရာဇဝင် စာအုပ်ဖြင် စာပဒေသာဆုကိုလည်းကောင်း ရရှိခဲ့သည်။ ကိုးကား မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသမီး စာရေးဆရာများ မြန်မာ တက္ကသိုလ် ပါမောက္ခများ မြန်မာ သမိုင်းပညာရှင်များ အမျိုးသားစာပေဆုရှင်များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%84%E1%80%BA%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%81%8A%20%E1%80%99%20%28%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%29
သိုဟန်ဘွား
သိုဟန်ဘွားသည် ရွှေနန်းကြော့ရှင် နရပတိ နောက် အင်းဝနန်းကို စံမြန်းသော ရှမ်းမင်းဖြစ်သည်။ မိုးညှင်းစလုံ (ခေါ်) မိုးညှင်းစော်ဘွားစဝ်လုံ၏ သားတော်ဖြစ်သည်။ သိုဟန်ဘွား၏ ခမည်းတော် မိုးညှင်းစလုံသည် မြောက် ဘက် မြေဒူးနယ်၊ ဒီပဲယင်း၊ စည်ပုတ္တရာ စသည် တို့နှင့် အင်းဝနေပြည်တော် အစွန်အဖျားကို ထိပါးဖန်များခဲ့ရုံမက သက္ကရာဇ် ၈၈၆ ခုနှစ်တွင် စစ်ကိုင်းသို့ချီလာ၍ ကျောင်းကန်အိမ်ရာတို့ကို မီးတိုက်ကာ ဧရာဝတီအနောက်တစ်လွှား မြို့ရွာများကို တိုက်ခိုက်သိမ်းယူသည်မှာ သရက်မြို့သို့ တိုင်လေသည်။ ထိုကမှ ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစောနှင့် ပေါင်း၍ အင်းဝသို့ချီသည်။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် မခံနိုင်သဖြင့် ယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ဆုတ်ရလေရာ အင်းဝတွင် သတိုးမင်းစောအားထားခဲ့၍ ဆင်ကောင်း၊ မြင်းကောင်း ယူကာ စလုံပြန်လေသည်။ သို့ရာတွင် သတိုးမင်းစောသည် အင်းဝတွင်ရှိသော အကြီးအကဲတို့ကိုယူ၍ ပြည်သို့ပြန်ရာ ရွှေနန်းကြော့ရှင်လည်း အင်းဝသို့ပြန်၍ အင်အား ထူထောင်ပြန်သည်။ ထိုအကြောင်းကိုကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈ ခုနှစ် (AD ၁၅၂၇) တွင် သားတော် သိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလျှင် မိုးညှင်းစလုံသည် သားတော်သိုဟန်ဘွားအား တိုက်ဆင် နှစ်ရာ၊ မြင်း လေးထောင်၊ စစ်သည်သူရဲ ခြောက်သောင်း ပေးခဲ့၍ အင်းဝတွင် မင်းပြုစေသည်။ ရွှေနန်းကြော့ရှင်၏တူတော် မင်းကြီးရန်နောင်သည်လည်း အင်းဝပျက်၍ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေလေသည်။ မိုးညှင်းစလုံက မင်းကြီးရန်နောင်ကို ခေါ်၍ "ငါ့သား သိုဟန်ဘွားသည် မြန်မာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင် ပဲ့ပြင်၍ စီရင်ခင်း၊ စီရင်ဖွယ် ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ"ဟု ဆိုကာ သိုဟန်ဘွားအား သွန်သင်ပဲ့ပြင်ရန် အမတ်ကြီး ခန့်ထားခဲ့သည်။ ပြင်စည်မြို့ကိုလည်း ပေး၍ စားစေသည်။ သက္ကရာဇ် (၇၂၆)အေဒီ ၁၃၆၄-ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး ဘုရင် နရပတိ တိုင်အောင် မင်း(၁၄)ပါးတွင် မင်းစဉ်ပြတ်ကာ သိုဟန်ဘွားသည် အင်းဝရွှေနန်းကိုတက်၍ မင်းပြုသည်။ မိုးညှင်းစလုံသည် အင်းဝကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ ပြန်လေသည်။ သိုဟန်ဘွားသည် အင်းဝတွင် မင်းအဖြစ်ကိုရပြီးနောက် စလင်းမြို့ကို စည်သူကျော်ထင် အားပေး၏။ ပေါင်းတည်မြို့ကို ပျံချီအား ပေး၏။ ပုဂံကို သတို့အား ပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအား ပေး၏။ အမြင့်မြို့ကို သက်တော်ရှည်အား ပေး၏။ ဤသို့ နိုင်ငံတော်အလုံးတွင်ရှိသော ကျေးရွာမြို့ပြတို့ကို မြန်မာအမတ် ရှမ်းအမတ်တို့အား အလုံးအရင်းနှင့်ချည်း ကျေးစားရွာစားထည့်လေသည်။ ထို့နောက် ပြည်၊ တောင်ငူတို့သို့ ချီ၍ သိမ်းယူရန် မင်းကြီးရန်နောင်အား တိုင်ပင်လေသည်။ ရှမ်းတို့တိုက်လျှင် ပြည်၊ တောင်ငူသည် ခံနိုင်မည့် အခြေမရှိသေးကြောင်း ကိုသိသော မင်းကြီးရန်နောင်သည် ပြည်၊ တောင်ငူပျက်လျှင် မြန်မာနိုင်ငံဟူ၍မရှိတော့ဘဲ ရှမ်းတို့သာ မြန်မာနိုင်ငံအလုံးကို အစိုးရတော့မည့် ဘေးမှကာကွယ်လိုသဖြင့် အင်းဝကိုရလေပြီးမှ ပြည်၊ တောင်ငူနေဝံ့မည်မဟုတ်၊ အလိုလိုညွတ်လာမည် ဖြစ်ကြောင်း သိုဟန်ဘွားအား လျှောက်တင်လေသည်။ ပြည်မင်း၊ တောင်ငူမင်းတို့အားလည်း အားမတန်သေးသည့်အခါ ရှမ်းမင်းနှင့် ချစ်ကြည်ဟန် ပြုသင့်ကြောင်း အတွင်းစာပို့လေရာ ချစ်ကြည်အောင်နေကြသဖြင့် ပြည်၊ တောင်ငူကို သိုဟန်ဘွား မတိုက်ဖြစ်တော့ချေ။ တောင်ငူနယ်စပ်နှင့် အင်းဝကျေးစပ်တွင် ရှမ်းတို့ နေလာမည်စိုး၍ ကန်ချောင်းဆည်မြောင်း ရှိသမျှကိုလည်း တောင်ငူ မဟာသီရိဇေယျသူရက ဖျက်ဆီးရ၏။ သက္ကရာဇ်(၈၉၂)ခုတွင် တောင်ငူ မဟာသီရိဇေယျသူရ အနိစ္စရောက်တော်မူ၍ သားတော် မင်းတရားရွှေထီး မင်းဖြစ်တော်မူသည်။ သို့ရာတွင် (၈၉၄)-ခုနှစ်တွင် မိုးညှင်းစော်ဘွား စလုံသည် အင်းဝသို့ ဆင်းလာကာ သားတော်သိုဟန်ဘွားအားခေါ်၍ ပြည်သို့ချီတက်သည်။ ပြည်ဘုရင်ထွေးလည်း မိုးညှင်းစလုံတို့ကို တိုက်ခိုက်ရန် အင်အားမမျှသဖြင့် အထူးထူးသော ပုဆိုးကောင်းများကို ယူကာ အခြွေအရံ တစ်ထောင်ခန့်နှင့် ဆက်သအညံ့ခံသဖြင့် ဘုရင်ထွေးအားဖမ်း၍ အင်းဝသို့ ပြန်သည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး ပြန်လေသည်။ ဒီပဲယင်းသို့ ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ လွှတ်ပေးလေသည်။ မိုးညှင်းစလုံသည် မြေဒူးသို့ ရောက်လျှင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍ အနိစ္စရောက်လေသည်။ ထိုအချိန်၌ တောင်ငူတွင် တပင်ရွှေထီး နန်းတက်သည်မှာ နှစ်နှစ်ပင်ရှိလေပြီ။ သိုဟန်ဘွားတို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် မအုပ်ချုပ်မီကပင် အခြားရှမ်းလူမျိုးများရောက်ရှိနေနှင့်ပြီးဖြစ်ရာ ရောက်ရှိနေပြီးဖြစ်သော ရှမ်းများလောက် ယဉ်ကျေးမှု အဆင့်အတန်းမမြင့်ကြချေ။ သို့ဖြစ်ရကား သိုဟန်ဘွား၏ အုပ်ချုပ်မှုသည် ထိုအချိန်က မြန်မာနိုင်ငံ၏အခြေအနေနှင့် မဟပ်မိချေ။ သိုဟန်ဘွားနန်းသက် ၁၅နှစ်အတွင်း ဒေသခံမြန်မာတို့ကို နှိပ်စက်ခြင်း၊ ဗုဒ္ဓဘာသာရဟန်းတော်များကို ဆွမ်းစားပင့်ဖိတ်ဟန်ပြုကာ နန်းတော်တွင်းသို့ရောက်လျှင် သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို ဗမာတို့၏ ရတနာများသိုဝှက်ရာနေရာဟု ဆိုကာ ဖျက်စီးပြီး ဌာပနာတို့ကို ယူငင်ခြင်း တို့ကို ပြုလုပ်လေ့ရှိသည်။ ရွှေနန်းကျော့ရှင် နရပတိ၏ နန်းတည်ကျောက်စာကိုလည်း စွန့်ပစ်ဖျက်ဆီးခဲ့သည်။ ထိုမျှရက်စက်ကြမ်းကြုတ်သည့်အပြုအမူတို့ကို ကြောက်ရွံသဖြင့် လူအများလည်း ဘေးလွတ်ရာ တောင်ငူသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်။ အင်းဝမှမြန်မာတို့ တောင်ငူသို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် တောင်ငူသည် တဖြည်းဖြည်း မြန်မာတို့၏ အင်အားစုတည်ရာ ဖြစ်လာသည်။ သက္ကရာဇ် ၉ဝဝ ပြည့်နှစ် (အေဒီ-၁၅၃၉)တွင် တောင်ငူမင်းတရား ရွှေထီးသည် ဟံသာဝတီကိုလုပ်ကြံရာ မွန်မင်း သုရှင်တကာရွတ်ပိသည် မခံနိုင်၍ ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ပြေးလာသည်။ တပင်ရွှေထီးလည်း ပြည်အထိလိုက်သောအခါ ပြည်ဘုရင်သည် အင်းဝဘုရင် သိုဟန်ဘွားသို့ အကူတောင်းလေသည်။ သိုဟန်ဘွားလည်း ရေတပ် ခြောက်တပ်စီရင်၍ ကတ္ထုလွန်းကြင် ၂ဝဝ၊ လှော်ကား သံလှေ ၁ဝဝ၊ စစ်သည်သူရဲ ၅ဝဝဝဝ နှင့်အတူလာသည်။ မင်းတရားရွှေထီး ရေတပ်နှင့်ဆုံ၍ တိုက်ကြရာ ထိုနှစ် ပြည်မြို့ကို မင်းတရားရွှေထီးတို့က မအောင်နိုင်သေးချေ။ တပင်ရွှေထီး ၏တပ်များပြန်ဆုတ်ခွာသွားပြီးနောက် သုရှင်တကာရွတ်ပိ အပြင်းဖျားပြီး ကွယ်လွန်သဖြင့် သိုဟန်ဘွားလည်း မိမိရှမ်းတပ်များကို ခေါ်ကာ အင်းဝသို့ပြန်သည်။ အပြန်တွင် သုရှင်တကာရွတ်ပိ၏ သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို မြှောက်စားမည်ဟုဆိုကာ အင်းဝသို့ခေါ်လာခဲ့သည်။ အေဒီ-၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး ကြည်းတပ်ရေတပ် အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်တော် မူပြန်သည်။ ပြည်ကို ဝိုင်းရံတိုက်ခိုက်စဉ် အင်းဝဘုရင် သိုဟန်ဘွား၊ အုန်းဘောင်ခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစလုံငယ်တို့သည် ပြည်ဘုရင်ကိုကူညီရန်အတွက် ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က လမ်းတွင်ဆီးကြိုတိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားတပ်များ ပျက်၍ အင်းဝသို့ ဆုတ်ခွာကြရလေသည်။ ရှမ်းမင်း သိုဟန်ဘွားနှင့် အပေါင်းအပါစော်ဘွားများသည် တောင်ငူကို ချီတက်လုပ်ကြံရန် ကြံစည်ကြသေးသည်။ သို့ရာတွင်မအောင်မြင်ဘဲ မင်းတရားရွှေထီးသာ ပြည်ကိုသိမ်းနိုင်ခဲ့သည်။ သိုဟန်ဘွားသည် ရတနာသုံးပါးကို မရိုမသေရုံမက စေတီပုထိုးများကိုလည်း ဘုရားမဟုတ် မြန်မာတို့ ဥစ္စာရွှေငွေထားရာ ဌာနများဖြစ်သည်ဟုဆိုကာ ဖောက်၍ ယူလေသည်။ အရိယာ သံဃာတော်များအားလည်း သားမယားမရှိဘဲလျက် တပည့်တပန်းထား၍ ပုန်ကန် သောင်းကျန်းရန် အခြွေအရံ မွေးသည်ဟုဆိုကာ ၉ဝ၁(အေဒီ ၁၅၄၂) ခုနှစ်တွင် တောင်ဘီလူးလယ်ပြင်၌ မဏ္ဍပ် အဆောင်အယောင် ဆောက်လုပ်စေပြီးလျှင် ကျွဲနွားဝက်ကြက်သတ်စေ၍ ဆွမ်းလုပ်ကျွေးမည်အဟန်နှင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝနှင့် အနီးဝန်းကျင်မှ သံဃာတော်တို့အား ပင့်ပြီးနောက် မဏ္ဍပ်တို့ကို ဆင်မြင်းဗိုလ်ပါ ဝန်းရံ၍ သတ်လေသည်။ ၃၆ဝ ကျော်သေလေသောဟူ၏။ ယင်းတို့အနက်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ ကျမ်းဂန်ကျနတော်မူသော အရိယာသံဃာတော် သုံးကျိပ်ကျော်ပါလေသည်။ သိုဟန်ဘွားလည်း သံဃာတော်တို့အား သတ်ပြီးလျှင် ကျောင်းကန်ဘုရားတို့၌ရှိသော စာပေကျမ်းဂန်တို့ကိုယူ၍ မီးတိုက်၏။ သာသနာတော်ကို ယင်းသို့ဖျက်ဆီးရုံမျှမက လူတို့အားလည်း ညှဉ်းပန်းလွန်းလှသည်။ မြန်မာမှူးမတ်များအားလည်း ရှမ်းမှူးမတ်များက စော်ကားဖန်များလှသဖြင့် မြန်မာတို့သည် သည်းမခံနိုင်ဖြစ်ကာ မင်းကြီးရန်နောင်နှင့် တိုင်ပင်၍ အညီအညွတ်ပြုကြသည်။ သက္ကရာဇ် ၉ဝ၄ ခုနှစ် ကဆုန်လတွင် ရှမ်းမင်း သိုဟန်ဘွားအား ယာယီပြုသင့်သည်ဟု ပညာရှိတို့လျှောက်၍ မနော်ရမ္မာဥယျာဉ်၌ ယာယီနန်း ဆောက်ကာ မြန်မာတို့ ကိုယ့်နေရာကိုယ် အမှတ်အသားပြု၍ စွဲသည့်ဓားကို မြုပ်ထားကြသည်။ ရှမ်းတို့အား မူယာယီနန်းထွက်ကြိုက် လက်နက်မပါ အယဉ်အကျေးလိုက်၍ နေရသည်ဆိုကာ လက်နက်မပါဘဲ ခစားစေသည်။ ယာယီတဲနန်းသို့ သိုဟန်ဘွားထွက်၍ စံစဉ် ရွှေနန်းကြော့ရှင်၏ ဓားအစွမ်းကို ရောက်အောင် မင်းကြီးရန်နောင်က စကားသွယ်၍ ပြောကာ ထိုဓားကိုပြဟန်နှင့် သိုဟန်ဘွားအား ခုတ်လိုက်ရာ သိုဟန်ဘွားကျသည့်နေရာတွင် ကျသည့်အပြင် မှီထားသောဝါးပိုးတိုင်နှင့် ကြမ်းငါးချောင်း ပြတ်သောဟူ၏။ မြန်မာအမတ်တို့သည်လည်း ရှမ်းအမတ်တို့အား ခုတ်ကြရာ အများအပြား သေကြကုန်လေသည်။ သိုဟန်ဘွားအား လုပ်ကြံပြီးနောက် မင်းကြီးရန်နောင်အား အင်းဝနန်းကို စိုးစံရန် ဝိုင်းဝန်းလျှောက်ထားသော်လည်း လက်မခံပေ။ အုန်းဘောင်စော်ဘွား ခုံမှိုင်းအား အင်းဝထီးနန်းကို သိမ်းပိုက်ရန် ပင့်ဖိတ်စေပြီး တစ်နှစ်အကြာတွင် ဒုလ္လဘမဲပေါက်သဖြင့် ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ ကျမ်းကိုး မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း အင်းဝမင်းဆက် မြန်မာနိုင်ငံ၏ သမိုင်း ဒုတိယရှမ်းခေတ်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%AF%E1%80%9F%E1%80%94%E1%80%BA%E1%80%98%E1%80%BD%E1%80%AC%E1%80%B8
ကွမ်းဆော်ကြောင်းဖြူ
ကွမ်းဆော်ကြောင်းဖြူမင်း သက္ကရာဇ် ၃၁၂ မှ ၃၃၃- ခုနှစ် ကွမ်းဆောင်ကြောင်းဖြူမင်းသည် ပုဂံမင်းဆက် (၃၅)ဆက်မြောက် တန်နက်မင်း၏ သားတော်တစ်ပါးဖြစ်သည်။ အိမ်နိမ့် ၅၈၊ စည်းစိမ် ၂၂ ။ သက်တော် ၈ဝ ။ နံတော် တနင်္ဂနွေသား ဖြစ်သည်။ ' ' တောင်သူကြီးမင်းလက်ထက်တွင် ငယ်ရွယ်စဉ်က မိခင်ဖြစ်သူနှင့် အတူနေထိုင်ကြီးပြင်းခဲ့သည်။ အရွယ်ရောက်သော် ကွမ်းဆော်(အခွန်ကောက်ခံရ)သည့် အလုပ်ဖြင့် မင်းမှုထမ်းဖြစ်လာသည်။ (လယ်ကွင်း၊ယာကွင်းများကိုတိုင်းတာဆော်ဩြပီးအခွန်ကောက်) အလုပ်တာဝန်အရ နေ့စဉ် နန်းတွင်းသို့ အခစားဝင်ရသည်။ ကွမ်းဆော်သည်ကြောင်းဖြူအရပ်တွင် နေထိုင်သည်။ ထိုအရပ်သည် သုဝဏ္ဏသောတ=နဂါးပြည်သို့သွားသော နဂါးကြောင်း/ ရွှေကြောင်း ဟူ၏။ မိခင်သည် သား ကွမ်းဆော်အတွက် စားမြိန်စာထုပ်ကို နေ့တိုင်း စီရင်ပေး၏။ ကွမ်းဆော်သည် စားမြိန်စာကို စောင်းချမ်းပင်ကြီးအောက်၌ ဖြေ၍ စားဦးတင်၏။ စောင်းချမ်းပင်စော့င်နတ်မှစ၍ နတ်၊နဂါးများကို အမျှဝေ၏။ နတ်တို့က အိပ်မက်ပေး၍ သရဏဂုံ၊ ငါးပါးသီလကို မြဲစွာဆောက်တည်၊ သစ္စာစကားကို မှန်အောင်သုံး၊ အနုဿတိဆယ်ပါးကို တနေ့ နှစ်ထောင် ရအောင်စီးဖြန်း-ဟုဆိုကြသည်။ နတ်တို့ ဆိုသည်မှ စ၍ အမြဲဆောက်တည်လေ၏။ ထိုစကားကို ထောက်၍ အနော်ရထာမတိုင်မီ ပုဂံပြည်၌ သာသနာတော် အလုံးစုံ မကွယ်ခဲ့ကြောင်း သိသာလှပါသည်။ တစ်ရက်တွင် "မင်းလောင်းပေါ်မည်" ဟူသောကောလဟာလပေါ်ထွက်လာပြီး ကွမ်းဆော်လုလင်လည်း မင်းလောင်းကြည့်ရန် နန်းတော်သို့ နံနက်စောစော ထွက်လာသည်။ လမ်းခရီးတွင် အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းနှင့် တွေ့ကာ အဘိုးအိုက မိမိလည်း မင်းလောင်းကြည့်ရန်လာခြင်း ဖြစ်ကြောင်းနှင့် မိမိပစ္စည်းများကို မင်းလောင်းကြိုသည့် နန်းတော်အဝင်ဝသို့ ယူဆောင်သွားပေးရန် ပြောဆိုသည်။ သို့ဖြင့် ကွမ်းဆော်သည် အဘိုးအိုပေးသည့် မကိုဋ်သရဖူ၊ အရိန္နမာလှံ နှင့် မြင်းဖြူတို့ကို စီးကာ မင်းလောင်းကြိုသည့် နန်းတော်ဝသို့ ထွက်လာခဲ့သည်။ အဆင်တန်ဆာဆန်းများ ဆင်မြန်းကာ မြင်းဖြူစီးလာသည့် ကွမ်းဆော်ကို လူအများမြင်လျှင် မင်းလောင်းဟု တစ်ညီတစ်ညွှတ်ထဲ လက်ခံရိုကျိုးသဖြင့် မင်းအဖြစ်ကိုရသည်။ တောင်သူကြီးမင်းလည်း နန်းတော် လေသာဆောင်မှ အရှိန်လွန်ပြုတ်ကျသဖြင့် ကွယ်လွန်သည်။ (အထက်ပါပါးစပ်ရာဇဝင်မှာ လူသိများသော အချင်းအရာဖြစ်သည်။ ထိုဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်လျှင် နန်းတော်တွင်းမှ တန်နက်မင်း၏ ကျွန်ရင်းများသော်လည်းကောင်း၊ တောင်သူကြီးမင်း၏ ညံ့ဖျင်းမှုကို သိမြင်သဖြင့် ဘုရင်သစ်တစ်ပါး တင်မြှောက်လိုသူတို့ကသော်လည်းကောင်း တန်နက်မင်းအဆက်အနွယ်ဖြစ်သည့် ကွမ်းဆော်ကို တစ်ဖက်လှည့်ဖြင့် နန်းတင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။) အနော်ရထာမင်း၏ ခမည်းတော် နန်းတက်ပုံနှင့် နန်းဆင်းပုံ ! ပုဂံခေတ် မြန်မာ့သမိုင်းမှာ အနော်ရထာဆိုတဲ့အမည်နဲ့ လူသိများခဲ့ပေမယ့် သူကိုယ်တိုင် မွန်ဘာသာ / ပါဠိ / သက္ကတဘာသာများနဲ့ အုတ်ခွက်စာ ရေးထိုးတဲ့အခါမှာ (အနိရုဒ္ဓ) လို့ပဲ ရေးလေ့ရှိပါတယ် ။ အနော်ရထာရဲ့ နန်းသက်ကိုလည်း ကျန်စစ်သား(ထိလိုင်မင်း) ဖြစ်တဲ့ ခရစ်နှစ် ၁၀၈၄ ကို တည်ပြီး စောလူး(ဝဇြာဘရဏာ) အရ နန်းသက် (၇) ဖြစ်ပြီး ထိုမင်းဖြစ်သည့် နှစ်မှာ ၁၀၇၇ လို့ ယူတာဖြစ်တယ် ။ အနော်ရထာရဲ့ နန်းသက်က ဇာတာပုံ ရာဇဝင်အရ (၃၃)နှစ်ဖြစ်ပြီး ခရစ်နှစ် ၁၀၄၄ ဖြစ်မယ်လို့ ယူရပါတယ် ။ နန်းသက်နဲ့ ဆက်စပ်ပြီး ဇာတာတော်ပုံကို ယူရတဲ့ အကြောင်းကတော့ ကျန်စစ်သားကနေစပြီး ကျောက်စာပါအထောက်အထားနဲ့ ဇာတာတော်ပုံ အမှတ်အသား တိုက်ဆိုင်ညီညွတ်မှုများ ရှိလို့ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အနော်ရထာကို(၁၀၄၄ - ၁၀၇၇) လို့ မှတ်ယူရမှာဖြစ်တယ် ။ မှန်နန်းရာဇဝင်မှာ အနော်ရထာက ကွမ်းဆော်ကြောင်ဖြူမင်းနဲ့ မြောက်ပြင်သည်တို့ရဲ့ သားတော်ဖြစ်တယ်လို့ ပြဆိုတယ် ။ ကွမ်းဆော်ကြောင်ဖြူက တန်နက်မင်းရဲ့ သားတော်ဖြစ်တယ် ။ တန်နက်မင်းကို စလေငခွေးလုပ်ကြံပြီး မင်းပြုတဲ့အခါ တန်နက်မင်းရဲ့ မိဖုရားက စလေငခွေးရဲ့ မိဖုရားမလုပ်လိုတဲ့အတွက် ဝမ်းတွင်း ပဋိသန္ဓေနဲ့အတူ နန်းကဆင်းပြီး ပြေးတယ် ။ အဲ့ဒီ့နောက်ကြောင်ဖြူအရပ်မှာနေထိုင်ရင်း ကလေးမွေးဖွားတဲ့အတွက် ထိုကလေးမှာ ကြောင်ဖြူမင်းအမည် သွင်လာပါတယ် ။ အရွယ်ရောက်လာတော့ သူဟာ မင်းမျိုးက ဆင်းသက်လာသူဖြစ်ကြောင်း သိရပြီး တစ်ချိန် ခမည်းတော်အရိုက်အရာကို ရရပါမယ်လို့ ယုံကြည်ထားတယ် ။ နောက်တော့ နန်းတော်မှာ ကွမ်းဆော်အဖြစ်အမှုထမ်းနေတယ် ။ တစ်နေ့ ပုဂံမှာ မင်းလောင်းပေါ်မယ်လို့ ကျော်စောလာတယ် ။ ပုဂံသားတို့က မင်းလောင်းကို ပူဇော်ဖို့အတွက် တုရင်တောင်ကို သွားကြတယ် ။ ကွမ်းဆော်မင်းလည်း မင်းလောင်းကို ကြည့်လိုတဲ့အတွက် အလာမှာ (အမည်မသိ)လူတစ်ယောက်က သူ့ရဲ့ မြင်းနဲ့အတူ ပတ္တမြားဥသျှောင် / ပတ္တမြားလက်စွပ် / လှံ(အရိန္ဒမာလှံ) နဲ့ ဓားကို ကွမ်းဆော်မင်းဆီ ပေးလိုက်တယ်လို့ ဆိုတယ် ။ ကွမ်းဆော်လည်း အဲ့အရာတွေယူပြီး မင်းလောင်းကြည့်ဖို့ တုရင်တောင်ကို သွားခဲ့တယ် ။ အဲ့မှာပဲ ကွမ်းဆော်ကို မင်းလောင်းအဖြစ်နဲ့ မြင်ပြီး တင်မြှောက်လိုက်ကြပါတယ် ။ အဲ့မှာ စောရဟန်းမင်းက မိမိရှိနေပါလျက်နဲ့ ဘယ်သူက ဒီလို လုပ်သလဲဆိုပြီး အမျတ်ရှနေစဉ်မှာပဲ တံခါးဝက ရုပ်တုကျိုးကျပြီး ဦးခေါင်းစိုက်ကျ နတ်ရွာစံခဲ့တော့တယ် ။ ညောင်ဦးစောရဟန်းမင်း နတ်ရွာစံတော့ မိဖုရား သုံးဦးကျန်ခဲ့တယ် ။ မိဖုရားကြီးကို တောင်ပြင် ။ အလတ်ကို အလယ်ပြင် ။ အငယ်ကို မြောက်ပြင်လို့ ခေါ်ပြီး ထိုအချိန်မှာ အကြီးနဲ့ အလတ်မိဖုရားဆီမှာ ကိုယ်ဝန်ကိုယ်စီနဲ့ကျန်ခဲ့တယ် ။ အငယ်တစ်ဦးပဲ ကိုယ်ဝန်မရှိပဲ ကျန်ခဲ့ပါတယ် ။ အနော်ရထာက မိဖုရားအငယ်ဖြစ်တဲ့ မြောက်ပြင်သည်ရဲ့ ဝမ်းက မွေးဖွားလာခဲ့တာ ဖြစ်ပါတယ် ။ ညောင်ဦးစောရဟန်းကွယ်လွန်ပြီးတဲ့နောက် ပုဂံထီးနန်းကို ကွမ်းဆော်မင်း နန်းတက်တယ် ။ ညောင်ဦးစောရဟန်းမင်းရဲ့ မိဖုရား သုံးယောက်ကိုပဲ မိဖုရားတင်မြှောက်ထားပါတယ်။ ညောင်ဦးစောရဟန်းရဲ့ သားတော်များဖြစ်ကြတဲ့ ကျည်စိုးနဲ့ စုက္ကတေးတို့ဟာ အရွယ်ရောက်လာတဲ့အခါ နန်းလုဖို့ကြံစည်ပြီး ဥပါယ်တံမျဉ်းပြုတယ် ။ ကျောင်းဆောက်ပြီး ကွမ်းဆော်မင်းကို ရေစက်ချဖို့ လျှောက်တယ် ။ ကွမ်းဆော်မင်းလဲ ယုံကြည်တဲ့အတွက် လာရောက်တဲ့အခါ ကျည်စိုးနဲ့ စက္ကတေးတို့က ဖမ်းပြီး ခြိမ်းခြောက်ကာ ရဟန်းပေးပြုလိုက်ကြတော့တယ် ။ ဒီလိုနဲ့ အနော်ရထာရဲ့ ခမည်းတော်ဟာ နန်းကျမင်း ဖြစ်သွားခဲ့ရပါတယ် ။ ကြောင်းဖြူမင်း(ဇာတ်မြုတ်နေထိုင်ရာ အရပ်ကို အစွဲပြု၍ခေါ်သောအမည်) သို့မဟုတ် ကွမ်းဆော်မင်း (လုပ်ကိုင်ခဲ့သောအလုပ်ကို အစွဲပြု၍ ခေါ်သောအမည်) ဖြစ်သည်။ ကွမ်းဆော်ကြောင်ဖြူသည် သက္ကရာဇ် ၃၂၆ တွင် ထီးနန်းရလေသည်။ နန်းတက်ပြီးသည့်နောက်တွင် တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရား ဆက် တင်မြောက်ခဲ့ရာ တောင်ပြင်သည်မိဖုရား တွင် တောင်သူကြီးမင်း၏ ပဋိသန္ဓေပါလာလေရာ ကျဉ်စိုးကို ဖွားမြင်လေသည်။ ထို့အတူ အလယ်ပြင်သည် မိဖုရားတွင်လည်း တောင်သူကြီးမင်း၏ ပဋိသန္ဓေ ပါလာလေရာ စုက္ကတေးကို ဖွားမြင်လေသည်။ စုက္ကတေးထက် ကျဉ်စိုးမင်းသားက ၆-လကြီးသည်။ မြောက်ပြင်သည် မိဖုရား နှင့် ကြောင်ဖြူ မင်း တို့ မှ အနော်ရထာကို ဖွားမြင်လေသည်။ မိဖုရား ၃ပါးတို့ မှာ ညီအစ်မတော်ကြရာ ကျည်းစို၊ စုက္ကတေး နှင့် အနော်ရထာ တို့မှာ ဝမ်းကွဲ ညီအစ်ကို တော်စပ်ကြသည်။ စုက္ကတေးက ငယ်ရွယ်စဉ်ကပင် ပါးရည်နတ်ရည်ရှိသည်။ ကျဉ်စိုးမင်းသားသည် မိဖုရားကြီးမှ မွေးဖွားသောကြောင့် အရေးပါလှသည်။ ထို့ကြောင့် စုက္ကတေးသည် ကျဉ်စိုးမင်းသားထံ အမြဲချည်းကပ်သည်။ ကွမ်းဆော်ကြောင်းဖြူမင်း နန်းစံ ၂၂ နှစ်ရချိန်တွင် စုက္ကတေးမင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင် တစ်ဆောင်(ကျောင်းအဖြူ) ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းအဖြူသို့ ရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည် ဟုဆိုကာ နန်းချလိုက်လေသည်။ သို့ဖြင့် ကွမ်းဆော်မင်းလည်း ထိုကျောင်းငယ်တွင်ပင် ရဟန်းဝတ်ဖြင့် နေထိုင်သွားရလေသည်။ (ကျောင်းဖြူသို့ ပို့ကာနေစေသဖြင့် ကျောင်းဖြူမင်း ဟုခေါ်သည် ဟူသော အယူအဆ များလည်း ရှိသည်။) ထို့နောက် သားတော် စုက္ကတေးက ထီးနန်းစိုးစံတော်မူသည်။ နောက်တွင် အနော်ရထာက စုက္ကတေးအား စီးချင်းထိုးကာ အနိုင်ရပြီးနောက် ဖခင်ဖြစ်သူအား နန်းအပ်သော်လည်း လက်မခံဘဲ သားဖြစ်သူ အနော်ရထာကိုသာ မင်းပြုစေသည် ဟုဆိုသည်။ သက္ကရာဇ် ၆၇၅-ခု ရေး မြင်းကပါ ဂူပြောက်ငယ် မင်စာ တွင် က္လောင်ဖ္လူ (ကျောင်းဖြူ) မင်းအကြောင်းကို တွေ့ရသည်။ အရစ် နှင့် မရေးဘဲ လဆွဲအရစ်နှင့် ရေးသည်။ ဖြူသောကျောင်း ဟု အဓိပ္ပာယ်ရသည်။ မှတ်ချက်။ ။ သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။ ထီးဖြူဆောင်းနတ်သည် ပုဂံနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်မင်း(၃၂၆-၃၄၈)ဖြစ် သည်။ ကြည်းစိုးနှင့်စုက္ကတေးမင်းတို့က ပုန်ကန်လှည့်စား၍ ရဟန်းပြုစေသဖြင့် ရဟန်းအဖြစ်နှင့် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာပလ္လင်ခုံပြန့်ပေါ်တွင် တင်ပျဉ်ခွေလျက်၊ သင်္ကန်းဒူးကုဋ်တင်ဟန်နှင့်မိုးကြိုးသွားပုံ ဒေါက်ချာဆောင်းထားသည်။ ယာလက်ကသရဘတ် ကိုင်၍ (ယပ်ကိုင်၍) ဝဲလက်ကဒူးပေါ်ထောက်ထားသည်။ ကိုးကား ပုဂံခေတ် ပုဂံမင်းဆက် အပြင် ၃၇ မင်း
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BC%E1%80%B0
ရှင်အရဟံ
ရှင်အရဟံဟုဆိုလျှင် မြန်မာနိုင်ငံ သာသနာရေးတွင် အရေးပါသည့် ပုဂ္ဂိုလ်အဖြစ် သိကြပေမည်။ ပုဂံတွင်အရည်းကြီးတို့ ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကိုဖြစ်စေခဲ့သည်။ မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟုမသိရသော် လည်း မွန်လူမျိုး ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ ကြွရောက်လာပြီး နောက်ဆုံး ပုဂံပြည်၌ပင်နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။ အရဟံ၊ ရှင် အရိမဒ္ဒန ပုဂံပြည်ကြီး၌ သာသနာတော် နေဝန်းကို စတင်ထွန်းလင်း တောက်ပစေတော်မူခဲ့သော ဓမ္မဒဿီဘွဲ့ခံ ရှင်အရဟံမထေရ်မြတ်၏ ရာဇဝင်လာအကြောင်းကား ဤသို့တည်း။ သုနာပရန္ထတိုင်း၊ တမ္ပဒီပတိုင်းတို့တွင် သာသနာတော် မထွန်းလင်းသေးချေ။ ဘုရားဗျာဒိတ်ထားတော်မူခဲ့သည့်အတိုင်း ထွန်းလင်းစေအံ့ဟု ရဟန္တာအရှင်မြတ်တို့ ကြံကြပြီးလျှင် သိကြားမင်းထံသွား၍ သာသနာပြုနိုင် မည့်သူကို ညီညာတောင်းပန်ပါ ဆိုကုန်၏။ သိကြားမင်းလည်း တာဝတိံသာ၌ ရှိနေသော နတ်သားတစ်ယောက်ကို တောင်းပန်၍ ပုဏ္ဏေးမ ဝမ်း၌ သန္ဓေနေလာစေ၏။ နေ့လစေ့၍ ဖွားသည်ရှိသော် သီလဗုဒ္ဓိ အမည်ရှိသော ရဟန္တာမြတ်သည် စောင့်ကြပ်မစ၍ အရွယ်ရောက်လျှင် ရဟန်းပြု၏။ ပိဋကတ်ကျမ်းဂန် တတ်မြောက်၍ ရဟန္တာအဖြစ်သို့ရောက်လျှင် အရဟံဟူသော အမည်ဖြင့် ဇမ္ဗူဒိပ်မြေပြင်အလုံး ကျော်စော ထင်ရှားလေ၏။ ထိုရဟန်းသည် သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၌သာ သာသနာတော် မတည်ချေသေးဟူ၍ အနော်ရထာ မင်းစော လက်ထက် သထုံပြည်မှ ပုဂါရာမသို့ ကြွတော်မူလာ၍ ပြည်နှင့် မနီးမဝေးသော တောအုပ်တစ်ခု၌ နေတော်မူ၏။ သိကြားမင်းသည် မုဆိုးတစ်ယောက်ကို လှည့်ပတ်၍ ရှင်အရဟံကို မြင်စေသော် နှစ်သက်ကြည်ညိုဖွယ်သော ဣန္ဒြေရှိသည်ဖြစ်၍ ဤလူကား လူထူးလူမြတ် ဖြစ်ရာသည်။ ပြည်သို့ဆောင်၍ မင်းအားဆက်မည်ဟု ဆောင်လေ၏။ ရှင်အရဟံလည်း ပရိက္ခရာရှစ်ပါး ကို ယူလျက် လိုက်တော်မူ၏။ မုဆိုးလည်း တောအုပ်တစ်ခု၌ ဤသူကိုတွေ့၍ ဆောင်ခဲ့သည်ဟု လျှောက်လျှင် မြတ်သောဣန္ဒြေနှင့် ပြည်စုံသောအဖြစ်ကို အနော်ရထာမင်းစောမြင်၍ ဤသူကား သူယုတ်မဟုတ်၊ မြတ်သောသူတည်း။ ဤသူကိုယ်တွင်း၌ မြတ်သော တရားရှိသည်ဖြစ်ရာဟူ၍ ကြံစည် ဆင်ခြင်တော်မူ၏။ သဘောကို စုံစမ်းလိုသဖြင့် လျောက်ပတ်သောနေရာ၌ နေတော်မူဟုဆိုသော် အရှင်အရဟံသည် ရာဇပလ္လင်သို့တက်၍ နေတော်မူ၏။ မင်းကြီးလည်း ဤသူကား နေရာကြီးကျယ်သည်၊ မြတ်သောမူမှန်ပြီဟု ဆင်ခြင်စဉ်းစားပြီးလျှင် ဤသို့ မေးတော်မူ၏။ “ငါ့ရှင်ကား အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော်မူ သနည်း၊ အဘယ်အရပ်မှ ကြွလာတော်မူသနည်း၊ အဘယ်သူ၏ အဆုံးအမကို ခံတော်မူသနည်း”ဟု မေးတော်မူသော် အရှင်အရဟံလည်း “ငါ၏ အမျိုးအနွယ်သည်ကား ဂုဏ်တော်ကိုးပါး၊ ဘုန်းတော်ခြောက်ပါး၊ အစိန္တေယျလေးပါးနှင့် ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားအမျိုးအနွယ်တည်း။ သမ္မာသမ္ဗုဒ္ဓ အမည်တော်ရှိသော ဘုရားသခင်သည် ဟောကြားတော်မူအပ်သော နူးညံ့သိမ်မွေ့ ခက်ခဲနက်နဲလှသော အာဏာ ဒေသနာတော်မှလာသော အဆုံးအမကို ခံသည်။ ငါ၏ ဆရာ ဥပဇ္ဈာယ် အပေါင်းအဖော် သံဃာရှိရာ နေရာအရပ်မှ လာခဲ့သည်”ဟူ၍ မိန့်တော်မူ၏။ မင်းကြီးလည်း အားရနှစ်သက် ဝမ်းမြောက်ဝမ်းသာရှိ၍ ငါ့ရှင်ဆရာ ဘုရားသခင် ဟောကြားတော်မူအပ်သော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ ငါ့အား ဟောကြေားတော်မူပါဟု တောင်းပန်လေလျှင် သီရိဓမ္မသောက မင်းကြီးအား နိဂြောဓသာမဏေ ဟောတော်မူအပ်သော အပ္ပမာဒအစရှိသော တရားတို့ကို ဟောတော်မူသည်။ တရားဟောတော်မူသောအဆုံး၌ မင်းကြီးသည် ဤသို့ လျှောက်ပြန်၏။ ငါ့ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားကား ယခု အတီအရပ်မှာ ရှိတော်မူသနည်း။ ဘုရားသခင် ဟောတော်မူအပ်သော တရားတော်ကား အတီမျှ အရေအတွက် ရှိပါသနည်း။ ဘုရားသခင် တပည့်သားတော်ကား ငါ့ရှင်မှ တစ်ပါး အခြားရှိသေးသလော၊ မရှိလောဟုလျှောက်သော် သမ္မာသမ္ဗုဒ္ဓဘုရား နိဗ္ဗာန်လားတော်မူကြောင်းကိုလည်းကောင်း၊ ဓာတ်တော် မွေတော်သာ ယခုရှိကြောင်းကိုလည်းကောင်း၊ တရားတော်သည် ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အရေအတွက်ရှိကြောင်းကိုလည်းကောင်း သထုံပြည်ဝယ် ပိဋကတ် သုံးပုံ အစုံသုံးဆယ်ရှိကြောင်းကို လည်းကောင်း၊ မိမိမှတစ်ပါး ပရမတ္ထသံဃာ၊ သမုတိသံဃာ များစွာရှိကိုလည်းကောင်း မိန့်တော်မူ၏။ ထိုစကားကို အနော်ရထာမင်းစော ကြားတော်မူသော် အတိုင်းအထက်အလွန် သဒ္ဓါခြင်း ပြင်းစွာဖြစ်၍ ဤသို့လျှောက်ပြန်၏။ ကျွန်ုပ်အား ယခုမျက်မှောက်၌ ရှင်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ။ ယနေ့မှစ၍ ကျွန်ုပ်၏အသက်ကို အရှင်အား ဆောက်နှင်းတော့သည်။ အရှင်အဆုံးအမကိုလည်း အကျွန်ုပ် ခံတော့သည် ဟူ၍ လျှောက်ပြီးလျှင် အရညကင် ရသော အရပ်၌ သာယာလှစွာသော ကျောင်းဆောက်လုပ် လှူဒါန်း၏။ အရည်းတို့ အယူကိုလည်း ပယ်တော်မူ၏။ အရည်းတို့သည် လာဘ်သပ်ပကာမှ လျော့ကုန်သည်ဖြစ်၍ ရှင်အရဟံကို ရန်ငြိုးကြီးစွာ ထားကြကုန်၏။ မင်းကြီးလည်း ထိုအကြောင်းကို ဆင်ခြင်မိ၍ စိုးရိမ်တော်မူသဖြင့် အရည်းကြီး တို့ကို နိုင်လောက်အောင် အစောင့်အနေ ခန့်ထားစောင့်စေရ၏။ အရည်ကြီးသုံးကျိပ်နှင့်တကွ တပည့်လက်သား ခြောက်သောင်းတို့ကိုလည်း လူဝတ်လဲစေ၍ အဲးမောင်းကိုင်၊ လှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထည့်တော်မူလေ၏။ ရှင်အရဟံလည်း သာသနာတော်၌ ကြည်ညိုကုန်သော သူတို့ကို ရဟန်းပဉ္စင်းပြုတော်မူ၍ သာသနာတော်မြတ် သန့်ရှင်းထွန်းလင်းစေ၏။ ရှင်အရဟံ၏ မိန့်တော်မူချက်အတိုင်း အနော်ရထာမင်းစောသည် သထုံမှ ပိဋကတ်တော်များကို ယူဆောင်ပြီးလျှင် သာသနာပြုတော်မူသည်။ ထိုအချိန်မှစ၍ ပုဂံ ပြည်၏ ဗုဒ္ဓသာသနာတော်သည် အလွန် ထွန်းလင်း တောက်ပလာလေသည်။ အလောင်းစည်သူမင်းကြီး နန်းစံသက် နှစ်နှစ်မြောက်၊ ကောဇာ(၄၅၅၃)၊ သာသနာ(၁၆၃၇)ခုတွင် ပရိနိဗ္ဗာန်ပြုသည်။ အရှင်မြတ်၏ အန္တိမဈာပနကို တုရင်တောင်ခြေ တောင်ပရွာ အနောက်မြောက်ဘက်တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် ဓာတ်တော်မွေတော်တို့အား ဌာပနာတည်ထား၍ ထီးတန်ဆောင် စေတီဟု တည်ထားတော်မူသည်။ ရှင်အရဟံသည် သက်တော် (၈၁)နှစ်အထိ အနော်ရထာမင်း၊ စောလူး၊ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းနန်းစံ နှစ်နှစ်တိုင်အောင် ထင်ရှားသော မင်းလေးဆက်တို့ လက်ထက်ဝယ် သာသနာပြုစု ပျိုးထောင်ခဲ့လေသည်။ ရှင်အရဟံမထေရ် သမုတ်တော်မူခဲ့သည့် သိမ်တော်များ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် စတင်ထွန်းကားရာ အချိန်သည် အေဒီ (၁) ရာစုမှ အေဒီ (၁၀) ရာစုတိုင် ထွန်းကားခဲ့သည်။ ထိုအချိန်သည် ရာမည (မွန်)ခေတ် အချိန်ဖြစ်ကြောင်း သမိုင်းများအရ သိရသည်။ မွန်လူမျိုးတို့၏ အောက်မြန်မာပြည် ရာမညတိုင်း တစ်ခုလုံးရှိ တန်ခိုးကြီး စေတီများနှင့် မြို့ဟောင်းများတွင် ဗုဒ္ဓ သာသာနိက အဆောက်အအုံလက်ရာများကို ယနေ့တိုင် တွေ့နိုင်သည်။ ပုဂံခေတ် သေလည်ကြောင်မင်း လက်ထက်မှ အနော်ရထာမင်း မတိုင်မီ ကာလအထိ မင်းအဆက်ဆက်နှင့် ရဟန်း သံဃာတော် အဆင့်ဆင့်တို့ ခေတ်ကာလ အဆက်ဆက် ဖြတ်သန်း ဆင်းသက်လာရာမှ အကြောင်း အမျိုးမျိုးကြောင့် သာသနာတော်၌ ဒေသနာကျင့်ဝတ်များအတိုင်း မလိုက်နာ နိုင်ကြဘဲ ချွတ်ယွင်းအားနည်း၍ လာခဲ့သည်။ ပုဂံမင်း (၁၂)ဆက်မြောက်၊ သိုက်တိုင်မင်း (အေဒီ ၅၁၆ - ၅၂၃) လက်ထက်မှစ၍ ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏ အကျင့်သီလများ ဆိတ်သုဉ်းကွယ်ပျောက်လုနီး ဖြစ်ခဲ့သည်။ သာသနာတော်၏အသက် ပိဋကတ်တော် (ပရိယတ္တိစာပေ) လည်း မရှိသေး၍ သမထီး ခေါ် အရည်းကြီးတို့၏ အယူဝါဒများ လွန်စွာ ထွန်းကားလာသည်။ ပုဂံမင်းဆက် (၂၀)မြောက်၊ ပုပ္ပါးစောရဟန်းမင်း (အေဒီ ၆၁၃ - ၆၄၀) လက်ထက်တွင် မင်းနှင့်ပြည်သူအားလုံး အရည်းကြီးတို့၏ အယူဝါဒကို လိုက်နာကြတော့သည်။ အရည်းကြီးတို့သည် (ထေရဝါဒ) ရဟန်းများကဲ့သို့ အဝါရောင် သင်္ကန်း (ဝိနည်းနှင့်အညီ သင်္ကန်း)များကို ဝတ်ရုံခြင်း မရှိဘဲ၊ အပြာ၊ အနက်၊ အမည်း၊ အညိုရောင် စသည့် (သင်္ကန်း မမည်သည့်) အဝတ်များကို ဝတ်ရုံကြသည်။ ဦးခေါင်းကို (ဗုဒ္ဓအလိုကျ) ဦးပြည်းရိတ်ခြင်း မပြုဘဲ ဆံပင်ကို လက်လေးသစ်၊ လက်တဝါးအထိ ထား၍ ဦးထုပ်များကိုလည်း ဆောင်းကြသည်။ ထိုအခြင်းကို အစွဲပြုရည်သန်၍ စလေဦးပုညက (ရှေးအတီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မဲညစ်သည့် စီ၀ရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မထီး) ဟူ၍ စပ်ဆိုခဲ့သည်။ သူတို့သည် ဆင်စီး၊ မြင်းစီး၍ လက်ဝှေ့လည်း သတ်ကြသည်။ နွားများကို မွေးမြူ၍လည်း ရောင်းစားကြသည်။ ထိုအရည်းကြီး တို့သည် ခြောက်ကျိပ် ရှိကြောင်းနှင့် တပည့် ခြောက်သောင်း ရှိကြောင်းကိုလည်း မှတ်တမ်းများက ဆိုသည်။ သူတို့၏ အယူဝါဒမှာ ဗုဒ္ဓမြတ်စွာ၏ ဒေသနာနှင့် ဆန့်ကျင်ဘက် မိမိ သဘောအတိုင်း ကျမ်းဂန်များကို ရေး၍ လူအများကို လှည့်ဖြား သွေးဆောင်ခြင်း ဖြစ်သည်။ သူတို့၏ အဓိက တရားမှာဂါထာ မန္တရားများကို ရွတ်၍ မန်းမှုတ်ခြင်း ဖြစ်သည်။ သူ့အသက်ကို သတ်မိသောသူသည် ပရိတ် (မန္တန်)ကို ရွတ်သော် ကမ္မပထမှ လွတ်၏။ မိဘကို သတ်မိသောသူသည် ဤပရိတ် (မန္တန်)ကို ရွတ်သော် ပြေပျောက်၏။ စသည်တို့ဖြစ်သည်။ သူတို့၏ ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံး အဓမ္မဝါဒမှာမင်း၊ မှူးမတ်၊ ကလန်၊ သံပျင်၊ သူဌေးသူကြွယ်၊ ပြည်သူတို့၏ သားသမီးများကို ထိမ်းမြားမင်္ဂလာ ပြုသောအခါ၌ “ပန်းဦး” လွှတ်သော အယုတ်တရားများ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၄၀၆ (အေဒီ ၁၀၄၄) တွင် ပုဂံထီးနန်းကို စိုးစံသည့် အနော်ရထာမင်းစော၏ နန်းသက် (၉) နှစ်ကျော် (၁၀) နှစ်ခန့် အလွန်တွင် (သုဝဏ္ဏဘုမ္မိ) သထုံပြည်မှ ဓမ္မဒဿီအမည်ရှိ ရှင်အရဟံ မထေရ်သည် ပုဂံပြည်သို့ကြွလာ၍ ထေရဝါဒ သာသနာကို စတင်ပြန့်ပွားစေသည်။ ထိုအချိန်တွင် မွန်လူမျိုးတို့ ကြီးစိုးရာ တောင်ပိုင်း ရာမညတစ်ခွင်၍ ဗုဒ္ဓသာသနာ နေရောင်လရောင်ပမာ ထွန်းပသည့် အချိန်ကာလလည်း ဖြစ်လေသည်။ ရှင်အရဟံ မထေရ်မြတ်သည် ရာမညတိုင်း သုဝဏ္ဏဘူမိဟု အမည်တွင်သော သထုံပြည် ဇာတိဖြစ်ပြီး ထင်ရှားကျော်ကြားသော ကျမ်းဂန်တတ် မွန်လူမျိုး ရဟန္တာ မထေရ်မြတ်တစ်ပါး ဖြစ်သည်။ ရှင်အရဟံ မထေရ်မြတ်သည် သာသနာ ပြုခြင်းအမှုကို လုပ်ဆောင်နိုင်ခြင်း အလို့ငှာ၊ သီတင်းသုံး နေထိုင်သည့် တောင်ပိုင်း ရာမည ပြည်မှသည် ဗုဒ္ဓသာသနာ မထွန်းကားသေးရာ အရည်းကြီး မထီးအယူဝါဒတို့ လွှမ်းမိုးရာ မြောက်ပိုင်းအရပ်သို့ ထွက်ခါလာခဲ့လေသည်။ ထိုအခါ မင်းနှင့် ပြည်သူအားလုံးတို့သည် စစ်မှန်သောထေရဝါဒ တရား၌သာ တည်ရုံမျှမက သထုံပြည်မှ ပိဋကတ်သုံးပုံ အစုံသုံးဆယ်နှင့် ဓာတ်တော် မွေတော်များ၊ ရဟန်းသံဃာတော် အစစ်အမှန်များကို ပုဂံပြည်သို့ ပင့်စေသည်။ ရှင်အရဟံမထေရ်နှင့် အနော်ရထာမင်းတို့ ပူးပေါင်းလက်တွဲ၍ ပုဂံပြည်တွင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် သုံးရပ်ကို တည်တံ့ ဖွံ့ဖြိုးစေသည်။ ရှင်အရဟံမထေရ်မြတ်နှင့်အတူ အရှင်ဉာဏ၊ အရှင်အာနန္ဒာ အရှင်သီလဗုဒ္ဓ မထေရ်မြတ်တို့လည်း လက်တွဲ၍ သာသနာပြုကြသည်။ သိမ်များ ရှင်အရဟံမထေရ်သည် သာသနာတော်၏ အသက်တစ်ခုဖြစ်သော ယခင်က မရှိဖူးသေးသည့် သိမ်များကို ပုဂံနှင့် အနော်ရထာမင်းကြီး စိုးစံရာဒေသတို့တွင် ကျမ်းဂန် ဒေသနာတော်နှင့် လျော်ညီစွာ သမုတ်တော်မူခဲ့သည်။ အဆိုပါ သိမ်များအနက် (ဝိနယာလင်္ကာရ ဋီကာ အလိုအရ) စံနမူနာ အတိုင်းအတာအဖြစ် စံပြုရမည့် သိမ်မှာ မြင်းကပါရွာ၏ အရှေ့တောင် ကုသိနာရုံဘုရား အနီးရှိ သိမ်တော်ပင် ဖြစ်သည်။ ရှင်အရဟံမထေရ်မြတ် သမုတ်ခဲ့သည့် သိမ်များမှာ (မှတ်တမ်းများအရ) (၂၇)လုံးဖြစ်သည်။ ၎င်းသိမ်တို့မှာ ပုဂံ၏ အရှေ့ဘက်တွင် (၆)လုံး၊ တောင်ဘက်တွင် (၄)လုံး၊ မြောက်ဘက်တွင် (၄)လုံးတို့ဖြစ်သည်။ မိတ္ထီလာမြို့တွင် သိမ် (၉)လုံးနှင့် မန္တလေးမြို့တွင်လည်း (၄)လုံးတို့ ဖြစ်ကြသည်။ ပုဂံ၏ အရှေ့ဘက်သိမ်တို့မှာ - ရွှေစည်းခုံ ပရိဝုဏ်အတွင်းရှိ သိမ်ကြီး ပုဂံနှင့် တယူဇနာ (၆ တိုင်နှင့် တာ ၄၀၀) ကွာ ငါ့သရောက်သိမ် ဇီးကျမ်းရွာသိမ် တစိုးမလည်ရွာသိမ် နွားထိုးကြီးနှင့် ကျောက်ပန်းတောင်းကြားရှိ သိမ် တောင်သာနယ်၊ ကျောက်ဆောင်သိမ်တို့ ဖြစ်သည်။ ပုဂံ၏တောင်ဘက် တယူဇနာအတွင်းရှိ သိမ်တို့မှာ - ကွမ်းဖလားသိမ် ကျောက်ပန်းတောင်း မြို့အနီး နှစ်ကျပ်ခွဲသိမ် ထန်းပေါက်ကုန်းသိမ် လယ်ယားသိမ် နှင့် ပုဂံမြောက်ဘက် သိမ်တို့မှာ - ညောင်ပင်လှ သိမ် အိုင်ရေဦးစကန် သိမ် ရေကြည် သိမ် ကူရွာသိမ်တို့ ဖြစ်သည်။ မိတ္ထီလာမြို့ရှိ သိမ်တို့မှာ ကန်အထက်တွင် (၄ )လုံး၊ ကန်အောက် (၄) လုံး၊ မြို့လယ်တွင် (၁)လုံး တို့ဖြစ်သည်။ ၎င်းတို့မှာ - ပဲသီတာ သိမ် ကတ္ထုကံ သိမ် ဝတ်ကျောက် သိမ် ရှင်ပင်ကူ သိမ် သားဖန်း သိမ် ကလိန်ခြေ သိမ် ကူဖြူ သိမ် ကုန်းတောင်းသိမ် ထီးသုံးဆင့် သိမ်တို့ဖြစ်သည်။ မန္တလေးမြို့နှင့် မန္တလေးမြို့အနီးရှိ သိမ်လေးလုံးမှာ - သန်းခေါင်ယံ သိမ် (ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်၊ ပြည်ကျောင်းတိုက်အတွင်းတွင်ရှိသည်) နေဝင်သိမ် (အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲ (၁၁) လမ်းတွင် ရှိသည်) နေထွက်သိမ် (ပုသိမ်ကြီးမြို့နယ်၊ အောင်ပင်လယ် ဘိုတက်ကုန်းတွင်ရှိသည်) မွန်းတည့်သိမ် (ချမ်းအေးသာဇံမြို့နယ်၊ကန်ကောက်ဟောင်းရပ်ကွက် လမ်း၃၀၊ မြို့ပတ်လမ်းနှင့်၅၂လမ်းကြားတွင် ရှိသည်) တို့ဖြစ်သည်။ ရဟန်းလောင်းတို့ ဥပသမ္ပဒကံ ဆောင်ရာတွင် သမ္ပတ္တိ ငါးပါးအနက် သီမာသမ္ပတ္တိသည် အရေးကြီးသော အချက်တစ်ခုအဖြစ် ပါဝင်သည်။ ထို့ကြောင့် ရှင်အရဟံမထေရ်သည် မရှိမဖြစ် သိမ်များကို သာသနာတော် စည်ပင်ပြန့်ပွားစေရန် သမုတ်တော်မူ ခဲ့လေသည်။ ပခုက္ကူဆရာတော် ကျမ်းတတ်အကျော် အရှင်နန္ဒဝံသ မထေရ်မြတ်ကလည်း ရှင်အရဟံ မထေရ်မြတ်သည် ရဟန္တာ အစစ်ဖြစ်ကြောင်းကို ရွှေစည်းခုံဘုရား သမိုင်းတွင် မိန့်ကြားခဲ့သည်။ အထောက်အထား အစုံအလင်နှင့် ဆိုသည်။ ကိုးကား - ရှင်အရဟံ မထေရ်မြတ်၏ အတ္ထုပ္ပတ္တိနှင့် ရှင်အရဟံ အုတ်ကျောင်း ပြုပြင်တည်ဆောက်မှု မှတ်တမ်း။ ယဉ်ကျေးမှု ဝန်ကြီးဌာန။ - ( စလင်း-မောင်မွှေးကြိုင်) - Sima Hall (ရှင်အရဟံမထေရ် သမုတ်တော်မူခဲ့သည့် သိမ်တော်များ) (မောင်မွှေးကြိုင်) - သိမ်တော်များ နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ - မွန်သမိုင်း (သထုံ)။ ပုဂံခေတ် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များ မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%A1%E1%80%9B%E1%80%9F%E1%80%B6
ကျိုက်ခေါက်စေတီတော်
ကျိုက်ခေါက်စေတီတော်မြတ်သည် မြန်မာနိုင်ငံရှိ တန်ခိုးကြီး စေတီတော် တစ်ဆူဖြစ်၍ရန်ကုန်မြစ်နှင့် ပဲခူးမြစ်ဆုံရာ ပဲခူးမြစ်၏ တောင်ဘက်ကမ်းတွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့တောင်ဘက် သန်လျင်ကျောက်တန်းလမ်း အနီး ဥတ္တရင်္ဂကုန်းပေါ်၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ ကျိုက်ခေါက်စေတီမှာ ရှေးဟောင်း စေတီတော်တစ်ဆူ ဖြစ်သည့်ပြင် ရှေးမွန်ဗိသုကာ ပညာရပ်ကို သရုပ်ပြ သက်သေခံလျက်ရှိသည်။ ကျိုက်ခေါက်စေတီ၏ ဉာဏ်တော်မှာ ၂၃၃ ပေ၊ ဖိနပ်တော်အဝန်းမှာ ပေ ၉ဝဝ ဖြစ်သည်။ စေတီ ရင်ပြင်တော် ကို မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောက်ပြားအနီများဖြင့် စနစ်တကျ ဆစ်ချောခင်းကျင်းထားသည်။ သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်း တို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူနှင့်တကွ သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့်ဓာတ်တော်များကို ဌာပနာကာ တိုက်စေတီ ပုံတည်ထားခဲ့ခြင်းဖြစ်သည်။ အရှင်ခေါလကကို အကြောင်းပြု၍ “ခေါလကစေတီ” ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ "ခေါက်စေတီ၊ ကျော်ခိုက်စေတီ၊ ကျိုက်ခေါက်စေတီ" ဟုတွင်လေသည်။ သက္ကရာဇ်(၇၁၁)တွင် ဟံသာဝတီမင်း ဗညားဦးသည် မူလတိုက်စေတီကို သင်းတိုက်စေတီပုံစံ ပြောင်းလဲတည်ထားခဲ့သည်။ ဉာဏ်တော် ၂၇-တောင် ဖြစ်သည်။ သက္ကရာဇ်(၇၇၈)တွင် ရာဇာဓိရာဇ်မင်းသည် ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်သည်။ ကျိုက်ခေါက် စေတီတော်မြတ်သည် ခေတ်သမိုင်းအဆက်ဆက် စိုးစံခဲ့သောမင်းများနှင့် ပြည်သူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသော ထင်ရှားသော တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်။ အမည်ရင်းမြစ် ဆံတော်ခြောက်ဆူမှာ အရှင်ခေါလကကို အကြောင်းပြု၍ ရရှိသဖြင့်သော်လည်းကောင်း၊ ထိုအရှင်သီတင်းသုံးရာ ကျောင်းကုန်းပေါ်တွင် တည်ထားသောကြောင့်လည်းကောင်း ထိုစေတီကို "ခေါလကစေတီ" ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ  နှောင်းလူတို့သည် ခေါလကစေတီဟု မခေါ်ကြပဲ ခေါက်စေတီ ဟုသာခေါ်ကြကုန်သည်။ ဟံသာ၀တီတိုင်းသားတို့မူကား "ကျာ်ခိုက်" ဟုခေါ်ကြလေ၏။ ထို့နောက်တွင်မှ ကျိုက်ခေါက်စေတီ ဟုပြောင်းလဲခေါ်ကြ သည်မှာ ယနေ့တိုင်ဖြစ်လေသည်။ ဘုရားသမိုင်းအကျဉ်း ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် ၂၃၆ နှစ်ရောက်သော် အသောကမင်းတရားကိုအမှီပြု၍ အရှင် မောဂ္ဂလိပုတ္တတိဿ မဟာထေရ်ကြီးမှူးသောသံဃာအဖွဲ့ကြီးက တိုင်းတစ်ပါးအရပ်များ၌ သာသနာတော်ကို တည်စေ အံ့သောငှာ သာသနာပြုထေရ်တို့ကိုစေလွှတ်လိုက်၏။ ထိုသို့စေလွှတ်ရာတွင် သုဝဏ္ဏဘူမိအမည်ရှိသော  သထုံပြည်သို့ အရှင်သောဏနှင့် အရှင်ဥတ္တရထေရ်တို့ကို တပည့်ဖြစ်သူ အရှင်သောမာယနှင့်တကွ စေလွှတ်လိုက်၏။ ထိုအရှင် နှစ်ပါးသည် တပည့်ဖြစ်သူလက်ထောက်သာသနာပြုရဟန်းတော် အရှင်သောမာယကို ပေါက္ခရဝတီခေါ်ဒဂုံခေါ်၊ ရန်ကုန်မြို့သို့သာသနာပြုရန် တစ်ဆင့်လွှတ်လိုက်သည်။ ထိုအရှင်သည်ပေါက္ခရဝတီ၌ အစဉ်သီတင်းသုံးကာလတွင် က္ခိယ ကျွန်း၊ သီဟကျွန်းများ၌ သာသနာကိုကောင်းစွာပြု၏။ ဥတ္တရင်္ဂကုန်း၌နေသော ခေါလက မည်သောရသေ့သည် သာသနာ တော်၌ယုံကြည်လာ၍ ရဟန်းအဖြစ်ကိုခံယူခဲ့သည်။ ထို့နောက် အရှင်ခေါလသည် ဆရာအရှင်သောမာယနှင့်အတူ အိန္ဒိယ နိုင်ငံ၊ ပါဋလိပုတ်နေပြည်တော် ရှိအသောကမင်းတရားထံသွား၍ မြတ်စွာဘုရား၏ မွေတော်ဓာတ်တော်များကိုပူဇော်ရန် အလို့ငှာတောင်းလေသော် မြတ်စွာဘုရားရှင်၏ ဆံတော်၂၄ဆူ ကိုရရှိခဲ့သည်။ ထို့နောက်တွင်သီတင်းသုံးရာ သီဟကျွန်း သို့ပြန်ခဲ့ရာ ပါဒအမည်ရှိသောသင်္ဘောဆိပ်သို့ရောက်လေ၏။ ပါဒမြို့၌ဆံတော်၂ဆူကို ကိုကွယ်ရန်ပေးခဲ့ရာ နောင်အခါတွင် ကျိုက်ဒေးရစေတီတွင်ဌာပနာထားလေသည်။ ပါဒနိုင်ငံမှ သန်လျင်ရွာခေါ်စကားရွာအထိ ဌာပနာတည်ထားကိုးကွယ်ရန် အသီးသီးပေးအပ်ခဲ့ရာ အရှင်ခေါလကသီတင်းသုံးသော ဥတ္တရင်္ဂကုန်း(ယခုအခေါ်လှိုင်းပုတ်ကုန်း)တွင်လည်း တည်ထား ကိုးကွယ်ရန်အတွက် ဆံတော်ခြောက်ဆူကိုရရှိခဲ့ပါသည်။  သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်းတို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူကိန်းဝပ်ရန် ဌာပနာကာ တိုက်စေတီတစ်ဆူကို တည်ထားခဲ့ခြင်းဖြစ်သည်။ နှောင်းပိုင်းတွင် (ဘုရင့်နောင်မင်းတရားကြီး၏ စေခိုင်းချက်အရ သန်လျင်မြို့ဝန်ကတော် ရှင်ငြိမ်းကိုတာဝန်နှင်း၍) သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့် ဓာတ်တော်များကို ဖြည့်တင်းဌာပနာကာ စေတီတော်ကို ညဏ်တော် (၅၆)တောင်အထိ ပြန်လည်တည်ထားခဲ့သည်။ ၉၃၆ ခုနှစ်တွင်- သထုံမင်းဓမ္မပါလသည်ဂဝံကျောက်အုတ်တို့ဖြင့် တန်ဆောင်းသစ်ကိုတည်ဆောက်လှူဒါန်းခဲ့ပြီး ကျောင်း၊ သိမ်၊ ဇရပ်၊  တန်ဆောင်း၊ စောင်းတန်းများကိုလည်းပြုပြင်ခဲ့သည်။ စေတီတည်ရာတောင်၏အရှေ့မြောက် ခြေရင်းအရပ်တွင် ဓမ္မပါလကျောင်းကြီးကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပါသေးသည်။ ဘုရားပြုပြင်ခြင်းသမိုင်း သာသနာသက္ကရာဇ်(၂၄၁)တွင်စတည်တည်ထားစဉ်က တိုက်စေတီအဖြစ်သာတည်ထားခဲ့ပြီး မြန်မာသက္ကရာဇ် (၄၂၄)ခုနှစ်၊ ခရစ်နှစ် ၁၀၆၂ ခုနှစ်တွင်ခုနှစ်တွင် အနော်ရထာမင်းက ဂဝံ၊ အုတ်တို့ဖြင့်တိုးချဲ့တည်ပေးရာ တိုက်စေတီထိပ်မှပြာသာဒ်ဟောင်းကိုဖယ်ပြီး သင်တိုင်းစေတီကိုအစားထိုးတည်ထားခဲ့သည်။ မြန်မာသက္ကရာဇ် ၇၁၀- ခုနှစ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်မှာပြိုကျပျက်စီးသဖြင့် (၆)နှစ်အကြာ ၇၁၆-ခုနှစ်တွင် ဟံသာဝတီမင်း ဗညားဦးသည် တိုက်စေတီပုံစံမှ အနော်ရထာမင်းကြီးတည်ထားခဲ့သည့်အတိုင်း ဉာဏ်တော်ကို ၂၇ တောင်မြှင့်၍ သင်တိုင်းစေတီသစ်ကို ပြောင်းလဲတည်ထားခဲ့သည်။ သက္ကရာဇ်(၇၇၈)တွင်စေတီတော်မှာ နှစ်ခြမ်းကွဲကျခဲ့ရာ ရာဇာဓိရာဇ်မင်းသည် ရှိပြီးသားဌာပနာအပြင် ဌာပနာအသစ်များ ထပ်မံဖြည့်တင်းပြီး ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်ခဲ့ရာ သက္ကရာဇ် ၇၇၉-ခုနှစ်တွင် ပြီးစီး၍  ရွှေသင်္ကန်းပါကပ်လှူပူဇော်ခဲ့သည်။ မြန်မာသက္ကရာဇ်(၈၁၂)ခုနှစ်တွင် မိုးကြိုးခသဖြင့်ထီး၊ ငှက်မြတ်နား၊ ကြာဖူးတို့ကို သားတော်ဗညားကျန်းဒေါက အင်းဝ လက်ရာ ထီးတော်သစ်တင်လှူပူဇော်ခဲ့သည်။ မြန်မာသက္ကရာဇ်(၈၂၂)ခုနှစ်၊ သက္ကရာဇ်(၈၂၀)တွင် ငလျင်ကြောင့်ပန်းတင်ခုံပြိုပျက်ရာ သက္ကရာဇ်(၈၂၂) တွင်ဘုရင်မကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့က ပြန်လည်တည်ဆောက်ခဲ့သည်။ မြန်မာသက္ကရာဇ်(၈၉၀)ခုနှစ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်သောကြောင့်ထီးတော်မြေခခဲ့သည်။ သန်လျင်မြို့စား ဗကတ်နှင့် ကျိုက်ခေါက်သူကြီးတို့က ဦးဆောင်၍ ထီးတော်သစ်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၉၂၄) ခုနှစ်၊ နယုန်လဆန်း(၆)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကြီးစွာသောငလျင်ကြောင့် ပန်းတင်ခုံပါမကျန် ပြိုကွဲပျက်စီးခဲ့ရာ သန်လျင်မြို့စားကတော်ရှင်ငြိမ်းက ဘုရင့်နောင်မင်းတရားကြီးကိုယ်စား သီဟိုဠ်မှရသော နဖူးသင်းကျစ်ရိုး တော်နှင့် ဓာတ်တော်မွေတော်များကိုပါထပ်ဖြည့်ဌာပနာ၍ အမြင့်(၅၆)တောင်ရှိသော စေတီကိုတည်ပေးခဲ့ကာ ဆင်ခံကျောက်ထီးကိုလည်း ရင်ပြင်တော်အရှေ့တောင်ဘက်တွင် တည်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၉၂၇) ခုနှစ်တွင် ဘုရင့်နောင်၏ ရွှေကွပ်ကျောက်စီထီး၊ ငှက်မြတ်နားနှင့်ကြာဖူးတို့ကိုတင်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၉၅၂)ခုနှစ်တွင် သန်လျင်မြို့စားသီဟမာရီနှင့်ကတော်သုဂန္ဒကလျာတို့အားနန္ဒမင်းက ငလျင်ကြောင့် ပြိုပျက်ခဲ့သော ထီးတော် နေရာတွင် ရွှေကွပ်ကျောက်စီထီးတော်သစ်ကိုတင်လှူပူဇော်စေခဲ့သည်။ ကျိုက်ခေါက်စေတီကို သန်လျင်မြို့ ဘောဂသေနမင်း၏ သမီးတော် ရှင်မွေနွန်းက ဒုတိယအကြိမ် ဓာတ်တော်များကို ဌာပနာတော်မူခဲ့၍ နောက်မင်းအဆက်ဆက်တို့ ပြုပြင်တော်မူခဲ့ကြသည်။ သို့သော် ပေါ်တူဂီ လူမျိုး ငဇင်္ကာခေါ် ဖိလစ်ဒီဗရစ်တို လက်ထက် သက္ကရာဇ် ၉၆၅ ခုနှစ်မှ ၉၇၅ ခုနှစ်ခန့်အတွင်း ကျိုက်ခေါက်စေတီတော်ကို ပြုပြင်မွမ်းမံသည့်သူ မရှိသဖြင့် တောကြီးအတိ ဖြစ်ပြန်သည်။ မြန်မာသက္ကရာဇ်(၉၇၅)ခုနှစ်တွင် အနောက်ဘက်လွန်မင်းသည် ရွှေကွပ်ကျောက်စီထီးတော်အသစ် တင်လှူပူဇော်ခဲ့ သည်။ မြန်မာသက္ကရာဇ်(၁၀၇၆) ခုနှစ်တွင် တနင်္ဂနွေမင်းက အင်္ဂတေအသစ်တင်လှူပေးခဲ့သည်။ မြန်မာသက္ကရာဇ်(၁၁၃၀)ခုနှစ်တွင် ငလျင်ကြောင့်ကျည်းဝန်းမှ အထက်ပြိုကျခဲ့ရာ ပစ္စယံနှင့် ပန်းတင်ခုံတို ကွဲအက်ပျက်စီးခဲ့သောကြောင့် မြေဒူးမင်းခေါ်ကုန်းဘောင်ဆင်ဖြူရှင်မင်းအမိန့်ဖြင့် သန်လျင်မြို့ဝန်နှင့် အရာရှိတို့က ဘုရင့် ဘဏ္ဍာတော်ဖြင့် ပြန်လည်တည်ထားခဲ့ရာ ရွှေတိဂုံစေတီပုံစံတူဖြစ်ပြီး ဉာဏ်တော်မှာ (၁၀၈) တောင် မြင့်ပေသည်။ သက္ကရာဇ် ၁၁၃၃ ခုနှစ်တွင် မိုးနဲရောက် ဂန္ဓသာရ အရှင်သူမြတ် ကြီးမှူး၍ မြို့သူမြို့သား တို့က ထပ်လောင်းမွမ်းမံကာ တံတိုင်းကာရံ ဆောက်လုပ်ခဲ့ကြသည်။ ဆင်ဖြူရှင်မင်းတရားကြီးသည် သက္ကရာဇ် ၁၁၃၆ ခုနှစ် ရွှေတိဂုံစေတီတော်တွင် ထီးတော်အသစ် တင်တော်မူပြီး နောက်၊ ၁၁၃၇ ခုနှစ်၌ ကျိုက်ခေါက်စေတီတော်ကိုလည်း ထီးတော်တင်တော်မူခဲ့သည်။ ၁၁၄၃ ခုနှစ်က စေတီတော်ပြိုပြန်ရာ ဘိုးတော်ဘုရားက ပြင်ဆင်မွမ်းမံခဲ့လေသည်။ မြန်မာသက္ကရာဇ်(၁၂၂၀) ခုနှစ်တွင် သန်လျင်မြို့အုပ်ဦးသာဒွန်းအောင်နှင့်ဇနီးဒေါ်ပွင့် သားသမီးတစ်စုတို့က ထီးတော် သစ်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၁၂၇၈) ခုနှစ်တွင် ဦးသာဒွန်းအောင်၏သမီးဒေါ်သက်စံက (၁၂၇၇) ခုနှစ်တွင်ချွတ်ယွင်းတိမ်းစောင်း သွားသောထီးတော်အစား အမြင့်ကိုးတောင်တမိုက်ရှိသော ဘုံကိုးဆင့်ထီးတော်သစ်ကိုတင်လှူ ပေးခဲ့သည်။ (၁၂၉၂)ခုနှစ်တွင် ပဲခူးမြို့နှင့်အတူငလျင်ဒဏ်ခံရသဖြင့်ကြောင့်ခေါင်းလောင်းပုံမှ အထက်ပိုင်းပြိုကျခဲ့သည်။ ထိုပြိုကျ ပျက်စီးမှုများကို ဂေါပကအဖွဲ့ကကြီးကြပ်၍ မြန်မာသက္ကရာဇ်(၁၂၉၄)ခုနှစ်တွင် ဘုံကိုးဆင့်ထီးဒါယကာ သူဌေးဦးဘရှင် + ဇနီး ဒေါ်ခင်ညွှန့်၊ ငှက်မြတ်နားတော်အလှူရှင်ဘုရားအမ ဒေါ်လှမယ်၊ စိန်ဖူးဒါယကာဦးဘခင်+ဇနီးဒေါ်စောရင် တို့နှင့် ဘီအိုစီကုမ္မဏီ နှင့်အသင်းအဖွဲ့တို့က စုပေါင်းပြုပြင်တည်ထားရာ ဉာဏ်တော်အမြင့်(၁၂၃) တောင်၊ ပေအားဖြင့် ၁၈၄ ပေ ၆ လက်မရှိသည်မှာ ယနေ့ဖူးမြော်နေရသည့် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ပင်ဖြစ်သည်။ မြန်မာသက္ကရာဇ်(၁၃၃၀) ခုနှစ်မှာတော့ လေပြင်းဒဏ်ကြောင့် စိန်ဖူးတော်နှင့်စိန်လှံသုံးချောင်းမြေခရာ အများပြည်သူ ကောင်းမှုဖြင့် ပြန်လည်တင်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၁၃၄၂)တွင်လည်း စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့ကို အများပြည်သူတို့၏ကောင်းမှုဖြင့် ဖြည့် စွက်ပြုပြင်မွမ်းမံ၍ ပြန်လည်တင်လှူခဲ့သည်။ သမိုင်းဝင်နေရာများ စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်တွင် ရှေးမြန်မာမင်းများ၊ စစ်သူကြီးများ ဆုတောင်းအဓိဋ္ဌာန်ပြုလုပ်ရာ အောင်မြေတည်ရှိသည်။ စေတီတော်ကြီး၏ အရှေ့တောင်ထောင့်တွင် ဟံသာဝတီဘုရင် ဘုရင့်နောင်ကျော်ထင်အနော်ရထာ လှူဒါန်းခဲ့သော ဆင်ခံကျောက်ထီးကို တွေ့နိုင်ပါသည်။ စေတီတော်ကြီးသည် ၁၂၉၂ ခုနှစ်တွင် ငလျင်ဒဏ်ခံရပြီး ငှက်ပျောဖူးတော် ပြိုကျမြေခခဲ့ရသည်။ ပြိုကျခဲ့သော ငှက်ပျောဖူးကို မဖြိုမဖျက်စေဘဲ၊ ငှက်ပျောဖူးပုံ အရံစေတီအဖြစ် ၁၃၀၁ ခုနှစ်တွင် အရှေ့တောင် အထက်ပစ္စယာတွင် တည်ထားကာ မြေခခဲ့သည့်ထီးတော်ကြီးကိုအရံစေတီအဖြစ် အရှေ့မြောက်ထောင့်တွင် ထီးတော်ပုံစေတီတော်ကို တည်ထား ခဲ့သည်။ အထက်ပစ္စယံရှိ အရံစေတီများမှ စေတီရံအမှတ်(၁၀၄)၏ထီးတော်မှာ ကျောက်ထီးတောင် တင်လှူထား သည်ကို ထူးခြားစွာဖူးတွေ့နိုင်သည်။ ရာဟုထောင့်တွင် စေတီတော်ကြီးအား စောင့်ရှောက်ရန် ရည်ရွယ်၍ ရှေးဘိုးဘွားများက ဆင်ဖြူတော်ဝပ်ဆင်းနေ ဟန်ရုပ်တုကို အထိမ်းအမှတ်တည်ထားသည်။ ဒဂုံမြို့စား၏သားတော်မင်းနန္ဒာသည် ဗိုလ်တထောင်ဘုရား (ခေါ်) ဆံတော်အပ်ဘုရား၌ကွယ်လွန်၍ ရှင်မွေ့နွန်းက ကျိုက်ခေါက်စေတီတော်သို့ လှူဖွယ်ဝတ္ထုအစုစုတို့ကိုလှူဒါန်းပြီး စေတီတော်အနောက်မြောက်အရပ် အောက်ရင်ပြင်တော်တွင် ရေကန်တူး၍  “မင်းနန္ဒာကန်”ဟု အမည်သမုတ်ကာလှူဒါန်းခဲ့မှုအား ယနေ့တိုင်တွေ့မြင်နိုင်သည်။ သန်လျင်မြို့စားကတော် သုဂန္ဒကလျာ၏ညီမ မြင့်ဘုန်းရှိနှင့် ချစ်ကြိုးသွယ်နှောင်ပြီး ဘုရားတိုင်ရတုစပ်ဆိုခဲ့သည့် ရတုဘုရင်နတ်သျှင်နောင်ကို မြန်မာသက္ကရာဇ် ၉၇၄ ခုနှစ်တွင် အနောက်ဘက်လွန်မင်းက ပေါ်တူဂီနယ်ချဲ့ငဇင်ကာနှင့် မိတ်ဖွဲ့သဖြင့် မြို့လယ်၌ကွပ်မျက်စေခဲ့သည်။ ညီတော်မင်းရဲကျော်ထင်က နတ်သျှင်နောင်အရိုးအိုးကို စေတီတော် မြောက်ဘက် စောင်းတန်း၏အနောက်ဘက်အနီး အောက်ရင်ပြင်တွင်မြှပ်နှံ၍ တိုက်စေတီအဖြစ်တည်ထားသည်ကို ယနေ့တိုင်တွေ့မြင်နိုင် သည်။ မြန်မာသက္ကရာဇ် ၁၁၀၁ ခုနှစ်တွင်ပျံလွန်တော်မူသော ကျိုက်ခေါက်ဆရာတော်ကြီး ပညာလင်္ကာရ၏အရိုးအိုး စေတီတော်ကို ကုသိနာရုံတန်ဆောင်းနှင့် ဗောဓိညောင်ပင်ကြီးနားတွင် တွေ့မြင်နိုင်သည်။ သက္ကရာဇ် ၁၂၈၂ ခုနှစ်တွင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးနှင့်တကွ ဥတ္တရင်္ဂကုန်းတော်ဝန်းကျင် သန်လျင်နယ် တစ်ခွင်စောင့်ရောက်ရန်ထားရှိသည့် သန်လျင်ဘိုးဘိုးကြီး၏ရုပ်တုကို မြောက်ဘက်စောင်းတန်းထိပ်ရင်ပြင်တော်ရှိ စံနန်း ဆောင်တွင် တွေ့မြင်နိုင်ပါသည်။ မြန်မာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဒလသည် အင်းဝနေပြည်တော်ကို သိမ်းပိုက်ပြီး အင်းဝဘုရင်၊ မိဘုရား၊ သားတော်၊ သမီးတော်များ၊ မှူးမတ်များကို ဟံသာဝတီသို့ခေါ်ဆောင်ခဲ့ရာတွင် ဝန်ကြီးပဒေသရာဇာလည်း ပါဝင်ခဲ့သည်။ ၁၁၁၆ ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်တွင် သန်လျင်မြို့၌တည်းခိုနေစဉ် ကွယ်လွန် ခဲ့သဖြင့် သဂြိုဟ်ပြီး အရိုးအိုးစေတီတည်ထားခဲ့သည်ကို စေတီတော်၏မြောက်ဘက် ဝတ္တကမြေတွင် တွေ့မြင်နိုင်သည်။ ကိုးကား ၂။ ပုသိမ်မောင်သောင်းယဉ်၏ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စာအုပ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ ရန်ကုန်မြို့ရှိ စေတီပုထိုးများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%85%E1%80%B1%E1%80%90%E1%80%AE%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ကထိန်
(၁) အကျိုးအာနိသင် ၅-မျိုးကို ပေါင်းရုံး၍ ယူတတ်သော အမှု၊ အကျိုး ၅-မျိုးကို တပြိုင်နက် သိမ်းကျုံး ရရှိစေနိုင်သော ကထိန်။ (၂) (ဘုရားစသောပညာရှိတို့) ချီးမွှမ်းအပ်သော အမှု၊ ကထိန်။ (၃) သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခံ့ခြင်း သဘောရှိသော ကထိန်။ (၄) ကထိန်ခင်းခြင်း။ “ကထိန်” ဟူသည် ပြဆိုခဲ့သည့်အတိုင်း အကျိုးပေး မြဲမြံခိုင်ခံ့သောအလုပ်, အကျိုး ၅-ချက်ကို တပြိုင်နက်တည်း ပေါင်းရုံး သိမ်း ကျုံး၍ ရရှိစေနိုင်သောအလုပ်, ဘုရားစသော ပညာရှိတို့ ချီးမွမ်းအပ်သော အလုပ်ပင် ဖြစ်သည်၊ သင်္ကန်းဖြတ်ချုပ်, ဆိုးခြင်း, လှူခြင်း, ခင်းခြင်း စသော ကထိန်မှုနှင့် စပ်သမျှ အရာအားလုံးကိုခြုံ၍ ခေါ်ဝေါ်သုံးနှုန်းအပ်သော ဝေါဟာရ သမူဟပညတ်မျှသာ ဖြစ်သည်။ ရှေးဘုရားရှင်လက်ထက် ကထိန် ထိုကထိန်ခင်းခြင်းသည် ရှေးဘုရားရှင်တို့ လက်ထက်တော်ကပင် ရှိခဲ့သည်၊ ဒီပင်္ကရာမှ စ၍ ရေတွက်သော် ရှစ်ဆူမြောက် ပဒုမဘုရားရှင်လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ကို တွေ့ ရ၏၊ အလှူရှင်တို့ကား ဥသဘဝတီ မြို့သူ မြို့သားတို့ ဖြစ်ကြသည်၊ ကထိန်အလှူခံ၍ ခင်းသော ပုဂ္ဂိုလ်ကား အဂ္ဂသာဝက သာလထေရ်တည်း၊ ရဟန်းတို့ကား ကထိန်သင်္ကန်း ချုပ်လုပ်ရာ၌ ထိုမထေရ်အား ဝိုင်းဝန်းကူညီကြ၏၊ ဘုရားရှင်ကိုယ်တော်တိုင်ပင် အပ်ချည်ကို အပ်ပေါက်၌ ထိုးသွင်း၍ (အပ်နဖားထိုး၍) ပေးတော်မူခဲ့သည်။ ၌ ပဒုမုတ္တရ ဘုရားရှင်လက်ထက် အဂ္ဂသာဝက သုဇာတထေရ် ကထိန်ခံကြောင်း လာသည်၊ ဗုဒ္ဓဝံ၊ဋ္ဌ၊ပဒုမုတ္တရ ဗုဒ္ဓဝင်အခန်း၌ ယင်းအကြောင်း မတွေ့၊ သာမန် ဆွမ်း သင်္ကန်းအလှူအကြောင်းသာ တွေ့ရသည်။) ကထိန်နှင့် စပ်ဆက်နေသော ညီနောင်သုံးကျိပ် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။ မင်းသားတို့နှင့် မြတ်စွာဘုရားတွေ့ကြပုံ ထိုအခါကာလသည် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “ အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား ” ဟုမေးသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ (၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။ ပထမ အနုပုဗ္ဗီကထာတရား (၄) ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိက တရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့တွင် အချို့သည် သောတာပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြ၏။ မင်းသားများ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြပုံ မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန်လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ ရှစ်ဖြာပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေသည်။ သာဝတ္ထိမြို့သို့ ခြေလျင်ခရီး အခါတပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက်ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်းဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူရလေသည်။ သာဝတ္ထိမြို့သို့ ခရီးဆက်ခြင်း ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏာပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။ မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။ ကထိန်ခင်းရန် ခွင့်ပြုခြင်း ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် “ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော် သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ ဧကသီဟူသော နှစ်ထည်သော သင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည်” ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ “ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။ ကထိန်ခင်းရန် လိုအပ်ချက်များ ကထိန်ခင်းရန် ခွင့်ပြုသော ရက်ပိုင်းကား သီတင်းကျွတ် လပြည့်ကျော် ၁-ရက်မှသည် တန်ဆောင်မုန်းလပြည့်ထိ ၁-လသာတည်း။ ကထိန်ခင်းခြင်း ဝိနည်းကံကို ကထိန်ခင်းသူနှင့်တကွ ၅-ပါးရှိမှ ဆောင်ရွက်နိုင်သည်၊ ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်သင်္ကန်းအား ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ သင်္ကန်းသုံးမျိုး ကထိန်ခင်းရန်အတွက် ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။ သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး ဥတ္တရာသင်္ဂ- ကိုယ်ဝတ်ခေါ် ဧကသီ အန္တရဝါသက- ခါးဝတ်ခေါ် သင်းပိုင် သံဃာကို ရည်ညွှန်းလှူသော သင်္ကန်းကို (ခံ) ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် အမိအဖကိုပင်သော်လည်း မည်သည့် ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှူမခံရ။ သဒ္ဓါ အလျောက် ဖြစ်ပေါ်လာမှ ခင်းရသည်၊ သင်္ကန်းကို လှူသောအခါလည်း ပုဂ္ဂိုလ်ကို မရည်ညွှန်းရ၊ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ”ဟု ဆို၍ သင်္ကန်းတစ်ထည်ကို ဖြစ်စေ အများကို ဖြစ်စေ သံဃာကို ရည်ညွှန်းလှူဒါန်းမှ ကထိန်အရာ မြောက်သည်၊ သံဃာ့အစည်းအဝေး၌ ကထိန်သင်္ကန်း ခံယူမည့်ရဟန်းကို (ရွေး) သံဃာ့ အစည်းအဝေး၌ သင်္ကန်းရှားပါးသူကို ရွေးချယ်၍ ကထိန်သင်္ကန်းကို ထိုသူအား ခံယူစေရသည်၊ ထိုပုဂ္ဂိုလ်မျိုး မရှိလျှင် သို့မဟုတ် အားလုံး သင်္ကန်းရှားပါးသူချည်းဖြစ်လျှင် သီတင်းကြီး (ဝါကြီး)ပုဂ္ဂိုလ်အား ခံယူစေရသည်၊ ကထိန် ခံယူ၍ ခင်းမည့်ပုဂ္ဂိုလ်သည် ကထိန်သင်္ကန်း နှင့်စပ်သော အင်္ဂါ ၈-ပါးကို သိနားလည်ရ၏၊ ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး ၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာ ကထိန်ခင်းထိုက်သည် ဆို၏။ ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊ ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊ အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊ အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊ မာတိကံ- မာတိကာကို သိထားရခြင်း၊ ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊ ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကိုသိထားရခြင်း၊ အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။ ဉာတ်ကထိန်သင်္ကန်းကို (ပေးနှင်း) ထိုပုဂ္ဂိုလ်အား ကထိန်ခင်းမည့် သင်္ကန်း (ဒုကုဋ်, ဧကသီ, သင်းပိုင်တို့တွင် တစ်ခုခု)ကို ဉတ္တိ ဒုတိယကမ္မဝါစာဖြင့် ဗဒ္ဓသိမ်အတွင်းသာ သံဃာက ပေးအပ်ရသည်၊ (ယင်းသို့ ဉတ်ကမ္မဝါစာဖြင့် ပေးအပ်ရသည်ကို စွဲ၍ “ဉတ်ကထိန်”ဟု ခေါ်ကြသည်။) အဓိဋ္ဌာန် သင်္ကန်းဟောင်းကို (စွန့်) ခင်းသောအခါ ကျောင်းဥပစာတွင်း မည်သည့်နေရာ၌ မဆို ခင်းနိုင်သည်၊ ကထိန်ခံယူသူ (ဝါ)ခင်း သူသည် ယခင်ရှိနှင့်ပြီး သင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြု(စွန့်ပယ်) ရသည်၊ ကပ္ပဗိန္ဒု (ထိုး)ခြင်းနှင့် အဓိဋ္ဌာန် (တင်)ခြင်း သင်္ကန်းသစ်ကို ကပ္ပဗိန္ဒု (အမှတ်အသား) ရေးထိုး၍ အဓိဋ္ဌာန် (မိမိပိုင်သင်္ကန်းဟု မှတ်ယူခြင်း) ပြုရသည်၊ သင်္ကန်းဖျင် ဖြတ်ခြင်းအစ ကပ္ပဗိန္ဒုထိုးခြင်း အဆုံး ၇-ပါးသော ပုဗ္ဗကရဏ (ရှေးဦးပြုလုပ်ခြင်း)ကို ကထိန်မှု၏ အစဟု ခေါ်၍ ယင်း ပစ္စုဒ္ဓိုရ် အဓိဋ္ဌာန်ပြုခြင်းကို အလယ်ဟု ခေါ်သည်၊ ကထိန် (ခင်း) ခြင်း “ဣမာယ သံဃာဋိယာ (ဥတ္တရာသင်္ဂေန...အန္တရဝါသကေန ...) ကထိနံ အတ္ထရာမိ” ဟု ရွတ်ဆို၍ ခင်းပြီးလျှင် “အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ”ဟု သံဃာ့ အစည်းအဝေး၌ နှုတ်မြွက် ပြောဆိုရသည်၊ အ(နုမောဒါ)ပြုခြင်း ထိုအခါ ကျန်သံဃာတို့က “အတ္ထတံ...အနုမောဒါမ”ဟု တုံ့ ပြန်နှုတ်မြွက်၍ အနုမောဒနာ ပြုကြရသည်၊ ယင်းသို့ နှုတ်မြွက်ပြောဆိုရခြင်းကိုပင် “ခင်းခြင်း(အတ္ထရဏ)”ဟုခေါ်သည်၊ (အာနိသင်ကို ဖြန့်ပေးသည်ဟုလည်း ပြောဆိုကြသည်။) ထိုသို့ နှုတ်မြွက်၍ ခင်းခြင်းကိုပင် ကထိန်မှု၏ ပြီးဆုံးခြင်းဟု ခေါ်သည်။ ကထိန်အာနိသင် ၅-ပါး ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး၅-ပါးဖြစ်သည်။ (၁) အနာမန္တစာရ = ဒါယကာက ရဟန်းတို့အား မအပ်စပ်သော အသုံးအနှုန်းဖြင့် ဆွမ်းဖိတ်သော်လည်း အနီးရှိ ရဟန်းတို့ကို မပန်ကြား မပြောဆိုပဲ ရွာတွင်းသို့ သွားနိုင်ခြင်း။ (စာရိတ္တသိက္ခာပုဒ် ဝိ၊၂၊၁၃၄-အရ ပါစိတ်အာပတ် မသင့်နိုင်။) (၂) အသမာဒါနစာရ = တိစီဝရိက် အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူဆောင်ပဲ သွားလိုရာ လှည့်လည် သွားလာနိုင်ခြင်း၊ ထိုသင်္ကန်းနှင့် ညဥ့်ကင်း၍ (ညစဉ် အနီးအနား၌ မဆောင်ထားပဲ) နေနိုင်ခြင်း။ (ဒုတိယကထိနသိက္ခာပုဒ် ဝိ၊၁၊၂၉၇-အရ နိဿဂ္ဂိယ-ပါစိတ်အာပတ် မသင့်နိုင်။) (၃) ယာဝဒတ္ထစီဝရ = ရရသမျှ သင်္ကန်းတို့ကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုပဲ အလိုရှိသလောက် ထားရှိ သုံးဆောင်နိုင်ခြင်း။ (ပဌမ ကထိနသိက္ခာပုဒ် ဝိ၊၁၊၂၉၇-အရ ၁၀-ရက် ထက်ကျော်လွန်သော်လည်း နိဿဂ္ဂိယပါစိတ် အာပတ်မသင့်နိုင်။) (၄) ဂဏဘောဇန = မအပ်စပ်သော တောင်းခံခြင်း ပင့်ဖိတ်ခြင်းမျိုးဖြင့် တောင်းခံ ပင့်ဖိတ်အပ်သော ဆွမ်းကိုလျက် ၄-ပါး, ၄-ပါးထက်အလွန် စုပေါင်း ခံယူစားနိုင်ခြင်း၊ (ဘောဇနဝဂ် ဒုတိယသိက္ခာပုဒ် ဝိ၊၂၊၁၀၁-အရ ပါစိတ်အာပတ် မသင့်နိုင်။ ယင်းဝဂ် တတိယသိက္ခာပုဒ်အရလည်း မသင့်နိုင်။)ဂဏဘောဇနနှင့် ပရမ္မရဘောဇန-တို့လည်းကြည့်။ (၅) ယော စ တတ္ထ စီဝရုပ္ပါဒ = ကထိန် ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကို ကထိန်ခင်းသော ရဟန်းတို့သာ သုံးစွဲခွင့် ရနိုင်ခြင်းတို့ ဖြစ်၏။ ကထိန် အာနိသင်ရသောရဟန်းနှင့် အချိန်ကာလ ယင်းအကျိုး ၅-ပါးကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက်၍ အနုမောဒနာပြု (သာဓုခေါ်)သော ရဟန်းတို့ ကထိန်ခင်းသောနေ့မှသည် တပေါင်းလပြည့်တိုင်အောင် ခံစားရသည်။ (ဝါကျိုးပြတ်သူ, ပစ္ဆိမ ဝါကပ်သူနှင့် အခြားကျောင်းတိုက်၌ နေသူများ ထိုအကျိုး ၅-မျိုးကိုမရ၊ သို့ရာတွင် ကထိန် မခင်းသော်လည်း သင်္ကန်းကာလ (သီတင်း ကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်း လပြည့်အထိ ၁-လ)အတွင်း၌ အသမာဒါနစာရမှ တစ်ပါး ကျန် ၄-မျိုးကိုကား ရနိုင်သည်။) ကထိန်မြောက်သော သင်္ကန်းများ အဟတေန အတ္တတံ ဟောတိ ကထိနံ-သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။ အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ-ဘယ်သင်္ကန်း၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။ အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။ အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ-မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။ အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။ အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။ ပဥ္စကေန ဝါ အတိရေကပဥ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန သမဏ္ဏလီကတေန အတ္ထတံ ကထိနံ။-ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။ ကထိန် မမြောက်သော သင်္ကန်းများ န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ-နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။ န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။ န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ-ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ န အညတြ ပဥ္စကေန အတိရေကပဥ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ ကထိန်နုတ်ခြင်း, ကထိန်ပျက်ပြယ် ခြင်း ဤ၌ ကထိန်နုတ်ခြင်း, ကထိန်ပျက်ပြယ် ခြင်းကိုလည်း မှတ်သားအပ်၏၊ ယင်းသည် အင်္ဂါ ၈-ပါး ရှိသည်၊ ကထိန်ပျက်ပြယ်ခြင်း ၈-မျိုးဟု ဆိုလိုသည်။ (၈-ပါးကို ဝိ၊၃၊၃၅၃-စသည်၌ ကြည့်။) ကထိန်ကို ကမ္မဝါစာရွတ် ဖတ်၍ နုတ်သိမ်းခြင်း (သဟုမ္ဘာရ)သည် ကထိန်ပျက်ပြယ်ခြင်း ၈-မျိုးတွင် တစ်ခုအပါ အဝင် ဖြစ်၏၊ (အန္တရုဗ္ဘာရ-လည်း ကမ္မဝါဖြင့်ပင် နုတ်ခြင်း ဖြစ်သည်။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၃၄၁။ ပက္ကမနန္တိကာ-စသော ၇-မျိုးကား ကမ္မဝါဖြင့် နုတ်ရန်မလို၊ စီဝရ, အာဝါသပလိဗောဓ ၂-ပါးပြတ်၍ ကထိန်အာနိသင် ပျက်ပြယ်ခြင်းသာ ဖြစ်သည်။) ကထိန်နုတ်ခြင်းဟူသည် ခင်းခြင်းအမှုကိုသာ ရုပ်သိမ်းခြင်းဖြစ်သည်။ (ကထိန်သင်္ကန်း ပေးသော ဉတ်ကမ္မဝါကို နုတ်ပယ်ခြင်းကား မဟုတ်။) ထိုသို့ နုတ်လိုက်သဖြင့် အာနိသင်များ ပျက်ပြယ်သွားကြတော့၏၊ နောက်ထပ် သံဃာအား ရည်ညွှန်း၍ ဖြစ်ပေါ်လာသမျှ သင်္ကန်းတို့လည်း ကျောင်းတွင်းရှိ ပုရိမဝါ ကပ်သော သံဃာသာမက ပစ္ဆိမဝါကပ်သူ, ဝါကျိုးပြတ်သူ စသော ရောက်ရောက်သမျှ သံဃာအားလုံးနှင့် ခွဲခြမ်းဝေဖန် ထိုက်ကုန်၏၊ သဗ္ဗသံဃိက ဖြစ်တော့သည်၊ ကထိန် နုတ်ခွင့် ပြုတော်မူခြင်းမှာလည်း ယင်းသို့ သံဃာအားလုံး လာဘ်လာဘ မျှတစွာ ရရှိစေရန် တောင်းပန် လှူဒါန်းသူ ရှိမှသာ ကထိန်ကို နုတ်ပေးရသည်၊ တောင်းပန်စေကာမူ နောက်ရမည့် လာဘ်လာဘသည် ကထိန် အာနိသင်လာဘ်ထက် ပိုလွန် များပြားပါမှ သို့မဟုတ် ညီမျှပါမှ နုတ်ရသည်၊ နောက်ထပ်တစ်ကြိမ် ပြန်၍ခင်းရန် နုတ်ရသည်ကား မဟုတ်၊ သံဃာအားလုံး လာဘ်မျှစေရန်သာ ဖြစ်သည်၊ ကထိန်ဒါယကာ ၂-ဦး ပေါ်ပေါက် ရာ၌ပင် လာဘ်များသူ၏ သင်္ကန်းကိုသာ ခံယူ ခင်း၍ ကျန်တစ်ဦးအား အဆုံးအမ ဩဝါဒ ပေးကာ နှစ်သိမ့်စေရသည် ဖြစ်ရာ ထပ်မံခင်းရန် နုတ်ခြင်းမဟုတ်ကြောင်း ထင်ရှားသည်။ နုတ်၍ နုတ်၍ ခင်းလျှင်လည်း ထိုပုရိမဝါကပ်သော သံဃာချည်းသာ လာဘ်ရ၍ နုတ်ရကျိုးမရှိ၊ ဝိနည်းခွင့်ပြုချက်လည်း မလာရှိချေ။ ကိုးကား ရဟန်းဝိနည်းများ မြန်မာနိုင်ငံရှိ ပွဲတော်များ အိန္ဒိယနိုင်ငံရှိ ပွဲတော်များ ထိုင်းနိုင်ငံရှိ ပွဲတော်များ ဗုဒ္ဓဘာသာ ပွဲတော်များ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%80%E1%80%91%E1%80%AD%E1%80%94%E1%80%BA
ကလောပင်
ကလောပင် ကလောပင်ဟူ၍လည်းကောင်း၊ ကလော ခိုပင်ဟူ၍လည်းကောင်း အမည်တွင်သည့် အပင်တစ်မျိုးကို မြန်မာနိုင်ငံရှိ အမြဲစိမ်းတောများတွင်တွေ့မြင်ရသည်။ အပင်အရွယ်မှာ အလတ်စားမှ အကြီးစားအထိရှိသည်။ ကလောပင်၏ ရုက္ခှဗေဒအမည်မှာ 'တရက်တိုဂျီးနိုး ကာဇိုင်း' ဖြစ်၏။ ချေးပင်နှင့် ကလောပင်တို့၏ အသီးများသည် ဆေးဖက်ဝင်ကြသဖြင် ယင်းတို့ကို ဘယဆေး ဆိုင်များတွင် ရောင်းချကြသည်။ ကလောစေ့မှရသော ကလောဆီသည် အရေပြားရောဂါများ အထူးသဖြင့် ကုဋ္ဌနူနာ ကုသရာ၍ အသုံးဝင်သောဆေးဖက်တစ်ခုဖြစ်သည်။ ကလောပင်၏အသားမှာ မာ၍ဖျော့တော့တော့အရောင်ရှိသည်။ (ကလော) Botany Term : - Species/Family : Flacourtiaceae ပုံသဏ္ဌာန် : အပင် အမြဲစိမ်းလန်းသော ပင်မတ် ပင်ကြီးမျိုး ဖြစ်၏။ ၅၀-၈၀ ပေ မြင်၍ လုံးပတ်၂-၄ ပေရှိ၏။ အကိုင်းများ ထိပ်ဖျား၌ စုနေ၍ အောက်သို့ တွဲလောင်းဖြာကျသည်။ အခေါက် ညိုဝါရောင် ၊ မီးခိုးရောင်ရှိ၍ အဖြူကွက်ကလေးများ ပါ ရှိသည်။ အရွက် ရွက်လွှဲထွက်သည်။ ၇-၁၀ လက်မရှည်သည်။ ရွက်ပြားသားရေကဲ့သို့ ပြောင်ချောပြီး မာသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ညှာရှည်၍ ရွက်နားလှိုင်းတွန့် ရှိသည်။ အပွင့်: သေးငယ်၍ အဝါဖျော့ရောင် ရှိသည်။ အနံ့ မရှိ ၊ တပေါင်း တန်ခူးတွင် ပွင့်သည်။ အသီး: ညိုဝါရောင်ရှိပြီး ကတ္တီပါကဲ့သို့ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အချင်း ၃ လက်မခန့် ရှိ၍ လုံးဝိုင်းသည်။ ဝါဆိုလကုန်တွင် သီးသည်။ အစေ့: ၁ လက်မခန့် ရှိသော အစေ့များစွာ ပါရှိပြီး အသားပျော့ထဲတွင် နစ်မြှပ်နေသည်။ ၎င်းအစေ့မှ ကလောဆီကို ထုတ်ယူ၍ ဆေးဝါးအဖြစ် သုံးကြသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အသီး ၊ အဆီ ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ချင်းတွင်း ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ပျဉ်းမနားနှင့် အမြဲစိမ်းလန်းသော သစ်တောများတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ ။ ။ သဘာ၀အလျောက် လျှိုမြောင် စိမ့်စမ်းရှိသော တောင်စောင်းများတွင် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများအလိုအရ ပူ၏ ၊ ခါးစပ်၏ ၊ အန်စေသည်။ အဆိပ်ကို ပြေစေသည်။ နာကျင်ကိုက်ခဲခြင်းနှင့် အစာမကြေ လေရောဂါ တို့ကို ပျောက်စေ၏။ ရောဂါပိုးများကို နိုင်သည်။ အသုံးပြုပုံ- အခေါက် အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏ ။ အသီး ကလောသီးကို စားပါက နူနာ ၊ အပူကြောင့်ဖြစ်သော အနာ ၊ အော့အန်သော အနာတို့ပျောက်ကင်း၍ သွေး လေ သလိပ် တို့ကိုကြေစေသည်။ အဆီ ကလောအဆီကို လိမ်းခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ သွေးကို သန့်ရှင်းစေသောသတ္တိရှိ၏ ။ အဆီသည် ပူသဖြင့် ရောဂါပိုးမွှားများကို သေစေသည်။ ထို့ကြောင့် ကုဋ္ဌနူနာနှင့် အခြားအရေပြားရောဂါများကို ကုသရာ၌ အများဆုံးအသုံးပြုကြသည်။ ကိုးကား အပင်များ ဆေးဖက်ဝင် အပင်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%B1%E1%80%AC%E1%80%95%E1%80%84%E1%80%BA
ပါရမီ
ပါရမီ () သည် မြင့်မြတ်သူတို့၏ လုပ်ငန်း (သို့) အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့် ဟူ၍ အနက်ရရှိသည်။ ဤ၌ "မြင့်မြတ်သောသူ" ဆိုသည်မှာ မိမိအကျိုးအတွက် ပဓာနမထား၊ အများအကျိုးအတွက် နှင့် သံသရာမှလွတ်မြောက်စေရန် လုပ်ဆောင်ကြသောသူများကို ဆိုလိုသည်။ မိမိအကျိုးအတွက် လောကကို အသုံးချသူများမဟုတ်ဘဲ လောကအကျိုးအတွက် မိမိကိုယ်ကို အသုံးချသူများဖြစ်ကြသည်။ ဗုဒ္ဓဘာသာအရ ပါရမီဆိုသည်မှာ မြင့်မြတ်သူတို့သာ လုပ်ကိုင်ဆောင်ရွက်ကြသော လုပ်ငန်းများကို ဆိုလိုသည်။ ထိုပါရမီများကို ဖြည့်သော (သို့) လုပ်ဆောင်သောသူအများ၌ ဂေါတမဗုဒ္ဓသည် စံပြုထိုက်သည်။ ဗုဒ္ဓအဖြစ်သို့မရောက်မီ ရှေးကာလဘဝတစ်ခုဖြစ်သော သုမေဓာရသေ့ဘဝက ဗျာဒိတ်ရသည်မှစ၍ နောက်ဆုံးဘဝ ဂေါတမဗုဒ္ဓ၏ မဟာပရိနိဗ္ဗာန်စံသည်အထိ ဆောင်ရွက်ချက်များ ပါဝင်လေသည်။ ထိုသို့သော လုပ်ငန်းများသည် အမျိုးမျိုးဖြစ်နိုင်သော်လည်း လုပ်ငန်းသဘောသဘာဝအားဖြင့် ဆယ်မျိုးသာ ပိုင်းခြားနိုင်သည်။ ဒါန၊ သီလ မှအစပြုပြီး ဥပေက္ခာအထိ ဆယ်ခုသော လုပ်ငန်းတာဝန်များဖြစ်ကြသည်။ ပါရမီတစ်ပါးကို နောက်ထပ်သုံးမျိုး ပြန်ခွဲနိုင်သည်။ မူလ ပါရမီ (ရိုးရိုး)၊ ဥပပါရမီ (ရိုးရိုးထက် ပိုသော)၊ ပရမတ္ထပါရမီ (မြတ်သော၊ အမြတ်ဆုံးသော) ဟူ၍ တစ်ပါးကို သုံးခုထပ်မံခွဲခြားသောကြောင့် ပါရမီဆယ်ပါး၊ အကျယ်အနေဖြင့် သုံးဆယ်ဖြစ်သည်။ ဝေါဟာရ ပါရမီ သည် ပါဠိဝေါဟာရတစ်ခုဖြစ်၍ မြန်မာဘာသာစကားတွင်လည်း ထိုစကားလုံးကို မူရင်းအတိုင်းသုံးစွဲကြသည်။ တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသရေးသားပြုစုသော မဟာဗုဒ္ဓဝင်၊ ပထမတွဲ၏ အနုဒီပနီအခန်းတွင် ပါရမီကို အကျယ်ရှင်းလင်းထပ်မံဖွင့်ဆိုထားသည်။ ဒါန၊ သီလ ... ဥပေက္ခာ စသည့်တရား ဆယ်ပါးကို ပါရမီခေါ်ကြောင်း၊ ဤဆယ်ပါးကို ပြုမူဆောင်ရွက်ကြသော ဘုရားလောင်းများသည် လွန်မြတ်သောပုဂ္ဂိုလ် (ပရမ) ဖြစ်ကြောင်း၊ ကြားသူ မြင်သူများက ဤသူသည် "ဘုရားလောင်း" ဟူ၍ အသိဉာဏ်နှင့် အသံ နှစ်ပါးဖြစ်သည့် ပရမာနံ ဘာဝေါ ကိုအနက်ယူ၍ ပါရမီ ဟုမည်ကြောင်း၊ ထို့အပြင် ပရမာနံ ကမ္မံ ကိုအနက်ကောက်၍လည်း ဘုရားလောင်းကျင့်စဉ်ဖြစ်သော ဒါန၊ သီလ စသည့်ဆယ်ပါးကို ပါရမီခေါ်ဆိုကြောင်း ရှင်းလင်းဖွဲ့ဆိုထားသည်။ သင်္သကရိုက်ဘာသာအားဖြင့် ပါရမီတာ ဟူ၍ သုံးနှုန်းသည်။ ယင်းပါဠိစကားလုံးကို လက်တင်အက္ခရာဖြင့် ဖလှယ်ပါက pāramī ဟူ၍ရပြီး အင်္ဂလိပ်ဘာသာစကားသို့ ပြန်ဆိုရာတွင် perfection ဆိုသော ဝေါဟာရဖြင့် ပြန်ဆိုမှုများသည်။ ဦးဟုတ်စိန်၏ ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ပါရမီကို ပရမ နှင့် ဏီ ကိုပေါင်းစပ်ပြထား၍ အနက်ကို "အထွတ်အမြတ်၊ မြတ်သောသူ၏ အဖြစ်" ဟူ၍ ပေးထားလေသည်။ မဟာယာန၊ ဝဇီရာရာမ ဗုဒ္ဓဘာသာများတွင် သက္ကတဝေါဟာရအတိုင်း ပါရမီတာ (Pāramitā) ဟူ၍ သုံးစွဲကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ ထေရဝါဒပိဋကတ်များ၌ ပါရမီများကို အမျိုးအမည်အားဖြင့် ဆယ်မျိုးသတ်မှတ်သည်။ ၎င်းတို့မှာ : ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့) စွန့်လွှတ်ခြင်း။ သီလ ပါရမီ= ကိုယ်ကျင့်တရားကောင်းခြင်း။ နေက္ခမ္မ ပါရမီ= တပ်မက်မှုကင်းခြင်း။ ပညာ ပါရမီ= အမှန်တိုင်းသိခြင်း ဝီရိယ ပါရမီ= ဇွဲလုံ့လကြီးခြင်း။ ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်ခြင်း။ သစ္စာ ပါရမီ= မှန်ကန်ခြင်း။ အဓိဋ္ဌာန ပါရမီ= ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။ မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွားကို လိုလားခြင်း။ မေတ္တာထားခြင်း။ ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း၊ ပါရမီများကို ယေဘုယျအားဖြင့် ဘုရားလောင်းကျင့်စဉ် ဟုခေါ်ဆိုကြသည်။ မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ်ဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ထိုသူများ၌ ကိလေသာအာသဝေါကုန်ခမ်းသော ပုဂ္ဂိုလ်များသာမက ထိုသို့ကိလေသာကုန်စင်စေရန် အားထုတ်နေသောသူများကိုလည်း ဆိုလိုသည်။ ထိုပါရမီများကို အမြင့်ဆုံးနေရာ၌ ဆောင်ရွက်ရာတွင် သမ္မာသမ္ဗုဒ္ဓဘုရားသည် စံဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကလျာဏပုထုစဉ်အဆင့်မှနေ၍ ပစ္စေကဗုဒ္ဓအထိရှိသော ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များ အားလုံးသည် သမ္မာသမ္ဗုဒ္ဓဘုရား၏ ဆောင်ရွက်ချက်များ၌ ပါဝင်နေကြသည်။ ပါရမီလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပါရမီမြောက်ခြင်း၊ မမြောက်ခြင်းရှိသည်။ ဤတိုင်းတာမှုကို အဓိကအားဖြင့် အင်္ဂါနှစ်ရပ်အပေါ်တွင် အခြေခံနိုင်သည်။ ကရုဏာရှိခြင်းနှင့် သံသရာမှလွတ်မြောက်ရန် ရည်မှန်းချက်ရှိခြင်းဖြစ်၏။ ပထမအင်္ဂါရပ်တွင် ကိုယ်ကျိုးကိုအဓိကမထားဘဲ သူတစ်ပါး၊ အများအကျိုး အတွက်ဟူသော စိတ်စေတနာနှင့်လူပ်ဆောင်ခြင်းဖြစ်သည်။ အတ္တသင်္ဂဟ ဟုခေါ်ဆိုသော မိမိကိုယ်သာ ချီးမြှောက်ခြင်းဖြင့် ငါ ကောင်းစားရေးအတွက် လုပ်ဆောင်သည်မျိုးမဟုတ်ပေ။ လောကသင်္ဂဟဟုတွင်သော လောကကို ချီးမြှောက်ခြင်းဖြင့် တစ်လောကလုံးကောင်းစားရေးဟူသည့် စိတ်စေတနာဖြင့် လုပ်ဆောင်ပါမှ ပါရမီပြည့်မြောက်သည်။ ဤမှသာ မြင့်မြတ်သူတို့၏ ဆောင်ရွက်ခြင်းဖြစ်ပေမည်။ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ရောက်အောင် လောကအကျိုးဆောင်သောသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်၍ ပစ္စေကဗုဒ္ဓ၊ မဟာသာဝက ဖြစ်နိုင်စေရန် လောကကိုသယ်ပိုး ဆောင်ရွက်သူများသည် ပစ္စေကဗုဒ္ဓ၊ မဟာသာဝကများဖြစ်မည်။ ထို့အတူ ပကတိသာဝကအဖြစ်သို့ ရောက်အောင် လောကကောင်းကျိုးပြုသူများသည်လည်း ပကတိသာဝကဖြစ်မည်ဖြစ်၏။ ဤသည်မှာ လောကဓမ္မ၏ အကြောင်းအကျိုးများပင်ဖြစ်သည်။ ဤသို့ အကြောင်းရှိလျှင် ဤသို့အကျိုးရမည်ဖြစ်သည်။ ပါရမီကို မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ်၊ ကျင့်စဉ်ဟုဆိုရာ မမြင့်မြတ်သူများသည် သူတစ်ပါးက မိမိထက်သာမည်ကို စိုးရိမ်၊ မနာလို၊ ဝန်တိုဖြစ်သော်လည်း မြင့်မြတ်သူများက သူတစ်ပါး လက်ရှိအနေအထားမှ နိမ့်ကျသွားမည်ကို စိုးရိမ်ကာ မိမိထက်သာသွားလျှင် ဝမ်းမြောက်၊ ချီးကျူးကြသည်။ ပါရမီများကို အမည်အားဖြင့် ဆယ်ခု သတ်မှတ်ထားရာ ဥပမာအနေဖြင့် ဒါနပါရမီ၌ "သား၊ မယား၊ ပစ္စည်းဥစ္စာ စွန့်လွှတ်ပါက ဒါနပါရမီ (ရိုးရိုး)၊ မိမိကိုယ်ခန္ဓာအစိတ်အပိုင်းကို စွန့်လွှတ်အနစ်နာခံပါလျှင် ဒါနဥပပါရမီ၊ အသက်ကိုပင် စတေးစွန့်လွှတ်သောအခါ ဒါန ပရမတ္ထပါရမီ ဟူ၍ ခေါ်ဆိုနိုင်သည်။ မဟာယာန ဗုဒ္ဓဘာသာ မဟာယာနတွင် ပါရမီ ကို ပါရမီတာ အသုံးနှုန်းဖြင့် သုံးစွဲသည်။ ဘာသာရေးရာ ပညာရှင် ဒေးလ် အက်စ် ရိုက်က မဟာယာနကျမ်းစာများတွင်လည်း ပါရမီတာ ကို ဗောဓိဉာဏ်ရရှိရန် အခြေခံကျင့်စဉ်များအဖြစ် ရည်ညွှန်းထားကြောင်းဆိုသည်။ ပါရမီတာများသည် ကိုယ်ကျင့်တရားဆိုင်ရာ စံပြကျင့်စဉ်တစ်ခုဖြစ်၍ ဗုဒ္ဓဘာသာ၏ ပြည့်ဝခိုင်မာသောစံပုံရိပ်တစ်ခုကို အထောက်အပံ့ပြုရန်နှင့် ကိုယ်တိုင်ပြုစုပျိုးထောင်ရန်အတွက် ဖြစ်သည်ဟူ၍ ရိုက်ကပင် ထိုသို့ဖော်ပြထားသည်။ မဟာယာနကျမ်းလာ ပညာပါရမီတာသုတ္တံ (Prajñapāramitā sūtras; प्रज्ञापारमिता सूत्र) နှင့် အခြားများစွာသော မဟာယာနကျမ်းစာများ၌ ပါရမီ (ပါရမီတာ) ခြောက်ပါးကို ဖော်ပြထားသည်။ ဒါနပါရမီတာ (दान पारमिता) သီလပါရမီတာ (शील पारमिता) ခန္တီပါရမီတာ (क्षांति पारमिता) ဝီရိယပါရမီတာ (वीर्य पारमिता) ဈာန (ဈာန်) ပါရမီတာ (ध्यान पारमिता) ပညာပါရမီတာ (प्रज्ञा पारमिता) စသည်တို့ဖြစ်ကြသည်။ ဤစာရင်းကို ထေရဝါဒအဋ္ဌကထာရေးသူ အရှင် ဓမ္မပါလကလည်း ဖော်ပြထားမှုရှိရာ အရှင်ဓမ္မပါလက ထေရဝါဒ၏ ပါရမီဆယ်ပါး၏ အမျိုးအစားခွဲခြားမှုကို ထုတ်ဖော်ထားသည်။ အရှင်ဓမ္မပါလအရဆိုလျှင် သစ္စာကို သီလနှင့် ပညာဟု ခွဲခြားဖော်ပြပြီး မေတ္တာနှင့် ဥပေက္ခာကို ဈာနဟူ၍ ဖော်ပြသည်။ အဓိဋ္ဌာန (အဓိဋ္ဌာန်) သည် ထိုခြောက်ခု အတွင်း၌ဝင်သည်ဟူ၍ ဖြစ်သည်။ ဘိက္ခုဗောဓိက ဤဆယ်ပါးနှင့် ခြောက်ပါး ဆက်စပ်မှုသည် ထေရဝါဒနှင့် မဟာယာနဂိုဏ်များမကွဲခင် တူညီသော ဘုံတစ်ခုရှိခဲ့သည်ဆိုကြောင်း ပြောဆိုသည်။ ဆယ်ဆင့်သုတ္တံ (Ten Stages Sutra) ၌ နောက်ထပ်လေးခုကို စာရင်းပြုစုထား၏။ ဥပါယ (ဥပါယ်) ပါရမီတာ (उपाय पारमिता) ပန္နိဓါန ပါရမီတာ (राणिधान पारमिता) (အဓိဋ္ဌာန်ကဲ့သို့) ဘာလပါရမီနာ (बल पारमिता) ဉာဏပါရမီတာ (ज्ञान पारमिता) မဟာရနာကုတသုတ္တံ (महारत्नकूट सूत्) တွင် ဤ၌ပါသော ပါရမီနာ လေးမျိုးကို ဖော်ပြထား၍ အမှတ် ၈ နှင့် ၉ သည် ပြောင်းပြန်ဖြစ်နေ၏။ တိဘက်ဗုဒ္ဓဘာသာ မှတ်စု ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%9B%E1%80%99%E1%80%AE
ဒါန
သူတော်ကောင်းတို့၏ အလှူသည် ငါးမျိုးရှိသည်။ ထိုငါးမျိုးမှာ သဒ္ဓါဒါန သက္ကစ္စဒါန ကာလဒါန အနုဂ္ဂဟိတဒါန အနုပဟစ္စဒါန တို့ဖြစ်ကြသည်။ သဒ္ဓါဒါန ကံ - ကံ၏ အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသောအသုံးအဆောင်ရှိ၏။ ရှုချင်သဖွယ် ရှိ၏။ စိတ်ကြည်လင်ဖွယ် ရှိ၏။ လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။ သက္ကစ္စဒါန လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို သပ်ရပ်ကောင်းမွန်သန့်ရှင်းစွာ ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟုခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ - ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသောအသုံးအဆောင် ရှိ၏။ သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်၏။ တတ်သိနားလည်လွယ်သော ဉာဏ်ရှိ၏။ လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘဝ၌ ဥစ္စာစည်းစိမ်ရှိသော်လည်း သား၊ မယား၊ ကျေးကျွန်တို့ အပေါ်၌ ဩဇာမညောင်းဖြစ်တတ်၏။ ကာလဒါန လှူဖွယ်ဝတ္ထုတို့ကို အချိန်ကာလနှင့် လျှော်ညီအောင် လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ - ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသောအသုံးအဆောင် ရှိ၏။ အချိန်ကာလနှင့် လျှော်စွာ အကျိုးတရားများစွာ ရနိုင်၏။ အချိန်အခါမဟုတ်ဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သော အချိန်၌ လိုအပ်သော ပစ္စည်းများကို မရတတ်ပေ။ အနုဂ္ဂဟိတဒါန အလှူခံ ပုဂ္ဂိုလ်အား ချီးမြှောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသောအသုံးအဆောင် ရှိ၏။ ရရှိသော စည်းစိမ်ဥစ္စာ အပေါ်၌ သုံးဆောင်လိစိတ်ရှိ၏။ သုံးလည်း သုံးဆောင်၏။ အလှူခံ ပုဂ္ဂိုလ်ကို ချီးမြှောက်လိုသောစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ် မရှိ။ မသုံးဆောင်ရဲဘဲ ရှိတတ်သည်။ အညံစားတို့ကိုသာ သုံးဆောင် ရတတ်၏။ အနုပဟစ္စဒါန မိမိကိုလည်းကောင်း၊ သူ၏တစ်ပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ အလှူပြုခြင်းကို အနုပဟစ္စဒါန ဟုခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ - ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသော အသုံးအဆောင်ရှိ၏။ မိမိဥစ္စာကို ရန်သူမျိုးငါးပါးကို မဖျက်ဆီးနိုင်။ အမွေခံသားဆိုး၊ သမီးဆိုးတို့ မဖျက်ဆီးနိုင်။ မိမိနှင့် သူတစ်ပါးကို ငြိစွန်းထိခိုက်၍ လှူသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ ဖျက်ဆီးနှိပ်စက်ခြင်းကို ခံရသည်။ အလှူဒါန၏ မျက်မှောက်အကျိုး (၅) ပါး မြတ်စွာဘုရားရှင်သည် ဝေသာလီပြည်၊ မဟာဝုန်တော စုလမ်းမွန်ချွန် အထွတ်တက်သောကျောင်း၌ သီတင်းသုံးစဉ် ဖြစ်သည်။ သီဟစစ်သူကြီး မေးလျှောက်ချက်အရ ဒါန၏ မျက်မှောက်အကျိုး (၅) မျိုးကို ဟောတော်မူခဲ့သည်။ ၎င်းတို့မှာ − ဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည် လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊ သူတော်ကောင်းတို့ မှီခို ဆည်းကပ်လာခြင်း၊ ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ဇောလာခြင်း၊ ပရိသတ်လေးပါသို့ ရွံရှာခြင်းကင်းပြီး ရဲတင်းစွာ ချဉ်းကပ်နိုင်ခြင်း၊ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်း စသည့်အကျိုးထူးတို့ကို ခံစားရသည်။ (အံ၊ ၂။ ၃၃−၅) ထို့ပြင် ကိလေသာကင်းစွာ ရဟန္တာအရှင်မြတ်တို့၏ အချီးအမြှောက်ကို ရှေးဦးစွာ ခံယူရရှိခြင်း၊ ရဟန္တာအရှင်မြတ်တို့ ရှေးဦးစွာ ချဉ်းကပ်ခံရခြင်း၊ လှူဖွယ်ဝတ္ထုကို ရှေးဦးစွာ လှူဒါန်းခွင့်ရခြင်း၊ တရားတော်ကို ရှေးဦးစွာ နာယူခွင့်ရခြင်း၊ ကောင်းသော ဂုဏ်သတင်းဖြင့် ပျံ့သင်းကျော်ကြားခြင်း၊ ပရိသတ် ၄ ပါးသို့ ရဲဝံ့စွာ ချဉ်းကပ်နိုင်ခြင်း၊ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်း စသည့် အကျိုးထူးတို့ကို ခံစားရသည်။ (အံ၊ ၂။ ၄၅၇−၉) ဆက်စပ်ဖတ်ရှုရန် ဒါနခန်း ကိုးကား ဗုဒ္ဓဘာသာ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%92%E1%80%AB%E1%80%94
သီလ
သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊ နှုတ်၊ စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်အရ သီလကို ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်ဖြင့် အရေအတွက်ကိုလိုက်၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် မဖြစ်မနေလိုက်နာ စောင့်ထိန်းကြရမည့် သီလအမျိုးအစား ဖြစ်သည်။ ရှစ်ပါးသီလ မှာမူ လူပုဂ္ဂိုလ်များအတွက် လဆန်း (၈)ရက်၊ လဆုပ် (၈)ရက်၊ လပြည့်၊ လကွယ် စသော အခါကြီးရက်ကြီး ဥပုသ်နေ့များတွင်သာ အထူးတလည်စောင့်ထိန်းကြလေ့ရှိသော သီလဖြစ်သည်။ နောက်ထပ် အင်္ဂါရှစ်ပါးပါဝင်သော အာဇီဝဋ္ဌမကသီလဆိုသော သီလတစ်မျိုးကိုမူ သိသူနည်းကြသည်။ ဆယ်ပါးသီလမှာမူ ရှင်သာမဏေ (ကိုရင်) များစောင့်ထိန်းကြရသည့် သီလဖြစ်သည်။ ယခုအခါတွင် မြန်မာ့ရုပ်မြင်သံကြားမှ ဥပုသ်နေ့နံနက်တိုင်း ကိုးပါးသီလ ဆောက်တည်နိုင်ရန်အတွက် ဆရာတော် သံဃာတော် များက သီလပေးခြင်းကို ထုတ်လွှင့်လျက် ရှိသည်။ အထက်ဖော်ပြပါ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသောသီလများသည် သာမန်လူပုဂ္ဂိုလ်များနှင့် ရှင်သာမဏေများအတွက်ဖြစ်ပြီး၊ ရဟန်းသံဃာများအတွက်မူ ပိုမိုများပြားသော သီလတော်များကို အစဉ်ဆောက်တည်ကြရသည်။ သီလကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာသုဂတိဘုံဘဝများသို့ ရောက်ရှိခြင်းနှင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်သည်။ ဘုရားလောင်းအဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော ပါရမီဆယ်ပါးတွင်လည်း သီလပါရမီသည် တစ်ခုအပါအဝင်ဖြစ်သည်။ သီလ ပါရမီ = သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။ သီလစောင့်ခြင်းအကျိုးငါးပါး မှာ (၁) မမေ့မလျော့ခြင်းကြောင့်များစွာသောစည်းစိမ်ဥစ္စာတို့ကိုရရှိ၏။ (၂) ကောင်းသတင်းကျော်စောခြင်းဂုဏ်ကိုရ၏။ (၃) ပရိသတ်လေးပါးအလယ်၌တင့်တယ်ရဲရင့်ရွှင်ရွှင်လန်းလန်းနေရ၏။ (၄) မတွေမဝေမမေ့မောဘဲသေရခြင်းရှိ၏။ (၅) သေပြီးနောက်တွင်နတ်ရွာ၌ဖြစ်ရ၏။<ref>သုခမှတ်စု</re> သီလအမျိုးမျိုး ယေဘုယျအားဖြင့် သီလများကို အောက်ပါအတိုင်းတွေ့ရသည်။ ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလ သီရိကျက်သရေ (၇) ပါး သီလဆောက်တည်ခြင်းကြောင့် ရရှိနိုင်သော အကျိုးများမှာ : အာယုဒီဃ - အသက်ရှည်ခြင်း သုဘ - တင့်တယ်ခြင်း ကိတ္တိ - ကျော်စောခြင်း ဣဒ္ဓိ - တန်ခိုးကြီးခြင်း ဘောဂ - စည်းစိမ်ရှိခြင်း ဣန္ဒ - အစိုးရခြင်း ဝုဒ္ဒိ - ကြီးပွားခြင်း စသည်တို့ဖြစ်ကြသည်။ သီလညှိုးနွမ်းပျက်စီးခြင်းတရား (၁၆) ပါး လာဘ - လာဘ်ကိုငဲ့၍ ပျက်စီးခြင်း၊ ယသ - ခြွေရံကျော်စောမှုကို ငဲ့သောကြောင့်လည်းကောင်း၊ ဉာတိ - ဆွေမျိုးကြောင့်လည်းကောင်း၊ အင်္ဂါ - ခြေလက်စသည်ကြောင့်လည်းကောင်း၊ ဇီဝိတ - အသက်ကြောင့်လည်းကောင်း၊ ခဏ္ဍာ - ကျိုးခြင်းကြောင့်လည်းကောင်း၊ ဆိဒ္ဒ - ပေါက်ခြင်းကြောင့်လည်းကောင်း၊ သဗလ - ပြောက်ခြင်းကြောင့်လည်းကောင်း၊ ကမ္မာသ - ကြားခြင်းကြောင့်လည်းကောင်း၊ မိန်းမတို့က နံသာစသည်ဖြင့် သုံးသပ်ပေးသည်ကို သာယာခြင်းလည်းကောင်း၊ မိန်းမတို့နှင့် ပြုံးရယ်ကစား ပျော်ပါးမြူးထူးခြင်းလည်းကောင်း၊ မိန်းမတို့အား စိန်းစိန်းစိုက်၍ ကြည့်ခြင်းလည်းကောင်း၊ မိန်းမအသံကို သာယာခြင်းလည်းကောင်း၊ ရှေးအခါက ပြုကျင့်ဖူးသော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်းလည်းကောင်း၊ သူတပါးတို့ ပြုကျင့်သော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်းလည်းကောင်း၊ ဤသီလကြောင့် နတ်ရွာသုဂတိ ဘုံဘဝသို့ ရပါလို၏ဟု တောင့်တခြင်းလည်းကောင်း။ သီလဂုဏ် (၈) ပါး အခဏ္ဍ = မကျိုးသောဂုဏ်။ အဆိဒ္ဒ = မပေါက်သောဂုဏ်။ အသဗလ = မပြောက်သောဂုဏ်။ အကမ္မာသ = မကျားသောဂုဏ်။ ဘုဇိသ = ကိလေသာမှတော်လှန်သောဂုဏ်။ ဝိညူပသဌိ = ပညာရှိတို့ ချီးမွမ်းအပ်သောဂုဏ်။ အပရာမဌ = တဏှာဒိဌိတို့ဖြင့်မစွဲလမ်းမှုဂုဏ်။ သမာဓိ ပဝတ္တန = သမာဓိသုံးပါးကိုဖြစ်စေသောဂုဏ်။ ဆက်စပ်ဖတ်ရှုရန် သီလခန်း ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%9C
နိက္ခမ
နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%80%E1%80%B9%E1%80%81%E1%80%99
ပညာ
ပညာသည် အသိဉာဏ် ပညာဟူသော အနက်သာမညကို ဟောသော်လည်း ထိုပုဒ်၏အရ ဒေသနာဉာဏ်၊ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ၊ အရဟတ္တမဂ်ပညာ၊ အရဟတ္တဖိုလ်ပညာ၊ လောကီလောကုတ္တရာပညာ စသည်တို့ကို အရာအားလျော်စွာ ကောက်ယူရသည်။ အထူးထူးအပြားပြားအားဖြင့်-ဝေဘန်-ပိုင်းခြား—စဉ်းစား ဆင်ခြင်-သိမြင်တတ်သော သဘောတရား၊ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ၊ ပညိန္ဒြေ စေတသိက်။ လက္ခဏာ, ရသ စသည် ပညာသည် အကောင်းအဆိုး အကြောင်းအကျိုးအမျိုးမျိုးသော သဘောတရားတို့ကို အထူးထူး အပြားပြားအားဖြင့် ထိုးထွင်း သိမြင်ခြင်း လက္ခဏာရှိသည်။ ဆီးမီးကဲ့သို့ အာရုံ၏ သဘောမှန်ကို ထွန်းပြခြင်းကိစ္စရှိသည်။ မတွေမဝေ သိတတ်သော တရားအဖြစ်ဖြင့် ရှေးရှုထင်လာမှုအခြင်းအရာ အာကာရပစ္စုပဋ္ဌာန်ရှိသည်၊ သမာဓိဟူသော နီးသော အကြောင်း ပဒဋ္ဌာန်ရှိသည်။ ဝိညာဉ်သည် အာရုံကို ရအောင်ယူ၍ သညာသည် အမှတ်ပြုသည်၊ ပညာကား ထိုအာရုံ၏ သဘောမှန်ကို သိသည်။ ယင်းတို့၏ထူးခြားပုံ အကျယ်ကို ဤအဘိဓာန် အတွဲ-၈ ဉာဏပုဒ်နှင့် ဆိုင်ရာကျမ်းတို့၌ ကြည့်။ ပညာအမျိုးမျိုး ယင်းပညာသည် အသေးစားဖြစ်သော လူမှုကိစ္စမှစ၍ သစ္စာ ၄-ပါး တရားတိုင်အောင် မိမိအစွမ်းသတ္တိအားလျော်စွာ အမျိုးမျိုး သိစွမ်းနိုင်သည်။ အဋ္ဌကထာ(တို့၌ ပညာ၏ ဗျုပ္ပတ်ကို ဖွင့်ပြရာဝယ် သစ္စာ ၄-ပါးတို့ကို အပြားအားဖြင့် သိတတ်သောကြောင့် ပညာမည်၏ဟု မိန့်ဆိုခြင်းကား မဟာဝေဒလ္လသုတ် စသည်နှင့်အညီ ဥက္ကဋ္ဌနည်းအားဖြင့် ဆိုခြင်းသာဖြစ်သည်။ ထို့ကြောင့် ဝိဘင်းပါဠိတော်၌ အသက်မွေးကြောင်းဖြစ်သည့် လယ်လုပ်မှု ကုန်သွယ်မှု စသော ကမ္မာယတန၊ ယက်ကန်းအတတ် အိုးထိန်းသည်အတတ် စသော သိပ္ပါယတန၊ မြွေဆိပ်ချမန္တန်စသော ဝိဇ္ဇာဌာနတို့၌ တတ်သိနားလည်မှုကိုလည်း ပညာ ဟု ဟောတော်မူသည်။ ပညာအစစ်နှင့်အတု လောကရေးရာ လိမ္မာပါးနပ်မှုနှင့် စပ်၍ ပညာအစစ်, ပညာအတုဟု ခွဲထားပြုခဲ့ကြသည်။ အဋ္ဌကနိပါတ် သုလသာဇာတ် ၌ ပစ္စုပ္ပန်ဝတ္ထုနှင့် အတိတ်ဝတ္ထုတို့ဝယ် လက်ဝတ်တန်ဆာများကို ယူလို၍ လူကို သတ်ရန် အကောက်ကြံသော ခိုးသူလင်ယောက်ျားကို ဥပါယ်တံမျဉ်ဖြင့် ပြန်လည် လှည့်ပတ်ကာ သတ်ဖြတ် အနိုင်ယူလိုက်သော ကျွန်မနှင့် ပြည့်တန်ဆာမတို့အား ဘုရားရှင်နှင့် အလောင်းတော် နတ်သားတို့က စူးစမ်းဆင်ခြင်တတ်သောပညာ ရှိသည် ဟု ချီးကျူးကြသည်။ ထို့အတူပင် ကုဏ္ဍလကေသီထေရီဝတ္ထု ၌ ထေရီလောင်းလျာ ဘဒ္ဒါမယ်အား တောင်စောင့်နတ်က ချီးကျူးလေသည်။ ဤဝတ္ထုတို့၌ လာသော လိမ္မာပါးနပ်မှုကို ပညာအစစ်ဟူ၍လည်းကောင်း၊ ပညာ အစစ်မဟုတ်၊ အတုသာဖြစ်သည်ဟူ၍လည်းကောင်း ကျမ်းပြုပုဂ္ဂိုလ်တို့ အမျိုးမျိုးမိန့်ဆို ကြသည်။ ဤနှင့်စပ်၍ အဘိဓမ္မာဝိနိစ္ဆယကျမ်း ၌ အပိုင်း ၄-ပိုင်း ခွဲကာ ဤသို့ ဆုံးဖြတ်သည်။ (၁) မိမိအသက်ဘေးမှ လွတ်မြောက်အောင် ကြံစည်ခိုက် ကျွန်မနှင့် ကုဏ္ဍလကေသီတို့ သန္တာန်၌ ဉာဏသမ္ပယုတ်ဝီထိဖြစ်၌ ပညာအစစ်ဖြစ်သည်။ ဤကိုရည်၍ ဘုရားရှင်နှင့် တောင်စောင့်နတ်တို့က ပညာရှိပါပေသည် ဟု ချီးကျူးကြခြင်းဖြစ်သည်။ (၂) ခိုးသူယောက်ျားကို မသတ်မီ လှည့်ပတ် ဖျားယောင်းနေခိုက် ပညာနှင့် အလားတူသည့် မိစ္ဆာဉာဏ်ခေါ် မောဟသာဖြစ်သည်။ (၃) ခိုးသူယောက်ျားကို သတ်ဖြတ် အဆုံးစီရင်လိုက်သောအခါ ဝဓကစေတနာပြဓာန်းသော ဖြစ်သည်။ (၄) လက်ဝတ်တန်းများကို ရယူလို၍ ခိုးသူယောက်ျား၏ လှည့်ပတ်ဖျားယောင်းမူသည် ပညာနှင့်အလားတူသော မာယာခေါ် လောဘသာဖြစ်သည်။ ဤသို့ ဆုံးဖြက်တော်မူသည်။ အကျယ်ကို ထိုကျမ်းတို့၌ ကြည့်။ ဤအဆုံးအဖြတ်သည် စိတ်တို့၏ အလွန်လျင်မြန်စွာ ဖြစ်ပျက် ပြောင်းလဲတတ်သာ နိယာမ သဘောတရားနှင့် ကိုက်ညီသဖြင့် ယုတ္တိရှိလှပေသည်။ ထို့ကြောင့် ယခုကာလ အလွန်ဆန်းကြယ်သော သိပ္ပံပညာနှင့် နက်နဲလှသော ဝိဇ္ဇာပညာရပ်များကို ကြံစည်တီထွင် စီရင်ပြုလုပ်ကြသော သူတို့သန္တာန်၌ (တိုက်ခိုက် ဖျက်ဆီးလိုစိတ် မရှိပါလျင်) ပညာစစ် ပညာမှန် ဧကန် ဖြစ်ပေလိမ့်မည်။ ပညာ၏ဂုဏ်ကျေးဇူး ကျမ်းဂန်တို့၌ ပညာ၏ ဂုဏ်ကျေးဇူးကို အမျိုးမျိုး ချီးကျူးမိန့်ဆိုကြသည်။ သတ္တဝါတို့တွင် ဘုရားရှင်သည် အမြတ်ဆုံး ဖြစ်သကဲ့သို့ ရုပ်နာမ်သင်္ခါရတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပညာပြီးမြောက်လျှင် အပြစ်မရှိသော တရားအားလုံး ပြီးမြောက်သောကြောင့်တည်း။ အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်သောတရားတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်၍ ကြွင်းတရားတို့သည် ပညာ၏အခြံအရံများဖြစ်သည်။ အသက်ရှင်နေသူ သတ္တဝါအပေါင်းတွင် ပညာဖြင့် အသက်ရှင်သူသည် အမြတ်ဆုံးဖြစ်သည်။ ပညာရှိသော သူသည် ဥစ္စာပစ္စည်း ကုန်ခန်းသွားသော်လည်း အပြစ်ကင်းသော အသက်မွေးမှုဖြင့် ကြာမြင့်စွာ အသက်မွေးနိုင်သည်၊ ပညာမရှိသော သူကား ဥစ္စာပစ္စည်း ရှိငြားသော်လည်း ပညာမရသဖြင့် အသက် မမွေးနိုင် ၊ အမျိုးမြတ်သော မင်းသားပင်ဖြစ်သော်လည်း မင်း အဖြစ်ကို ရပြီးနောက် ပညာမရှိလျှင် မင်းစည်းစိမ်ဖြင့် ကြာမြင့်စွာ အသက်မရှည်နိုင်။ ပညာကို ရခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သည် ။ ပညာရှိသောသူသည် မျက်စိအမြင်နှင့် ပြည့်စုံသူမည်၏။ ပညာမျက်စိမရှိသူကား အကန်း သာတည်း။ များစွာသော လူအပေါင်းသည် ပညာမျက်စိ မရှိသောကြောင့် အကန်းသာတည်း၊ ထိုလူအပေါင်းတွင် အနည်းငယ်သော လူသည်သာ ပညာမျက်စိရှိပေသည်။ ဤမှတပါးသော ပညာ၏ ဂုဏ်ကျေးဇူးတို့ကို ဉာဏပုဒ်၌ ကြည့်။ ပညာနှင့် သီလ လက်တဖက်ဖြင့် လက်တဖက်ကိုလည်းကောင်း ခြေတဖက်ဖြင့် ခြေတဖက်ကိုလည်းကောင်း ဆေးကြောရာသကဲ့သို့ သီလဖြင့် ပညာကို ဆေးကြော၍ ပညာဖြင့် သီလကို ဆေးကြောရသည်။ သီလရှိသူအား ပညာရှိ၍ ပညာရှိသူအား သီလရှိသည်။ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုရသည် (ဒီ၊၁၊၁၁၆-၇) ပညာနှင့်သမာဓိ ပညာမရှိသောသူအား ဈာန်သမာဓိ မရှိ၊ ဈာန်သမာဓိ မရှိသော သူအားလည်း ပညာ မရှိ၊ ပညာနှင့် သမာဓိ ၂-ပါးရှိသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့သည် ပညာနှင့်သဒ္ဓါ သဒ္ဓါ ပညာဟူသော ဣန္ဒြေ ၂-ပါးတို့ အယုတ်အလွန်မရှိဘဲ ညီမျှမှ ပညာရှိတို့ ချီးမွမ်းကြသည်။ သဒ္ဓါလွန်လျှင် ကွန့်၍ ပညာလွန်လျှင် ဆွန့်တတ်သည် လောကီဂုဏ်တို့တွင် သဒ္ဓါသည် အကြီးအမှူးဖြစ်၍ လောကုတ္တရာဂုဏ်တို့တွင် ပညာသည် အကြီးအမှူးဖြစ်သည်။ ပညာနှင့်ဝိတက် ပညာသည် မိမိသဘောအားဖြင့် အာရုံကို အနိစ္စ, ဒုက္ခ, အနတ္တ ဟု ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၊ ဝိတက်က ထိုအာရုံကို ခေါက်၍ ခေါက်၍ ပေးမှ ဆုံးဖြတ်ခြင်းငှါ စွမ်းနိုင်သည်။ ပညာနှင့်စိတ် ဘုရားရှင်ဒေသနာတော်၌ လောကီတရားကို ဟောရာတွင် စိတ်ကို အကြီးအမှူး အဦးထား၍ လောကုတ္တရာတရားကို ဟောရာတွင် ပညာကို အကြီးအမှူး အဦးထားသည်။ ပညာနှင့်ဥစ္စာ ဥစ္စာဖြင့် အသက်ရှည်မှုကို မရနိုင်၊ အိုခြင်းတရားကို မလွန်မြောက်နိုင်၊ ဥစ္စာရှိသူ ဥစ္စာမဲ့သူ ပညာရှိသူ ပညာမဲ့သူအားလုံး သေကြေ ပျက်စီးရသည်သာ ဖြစ်သည်။ ပညာမဲ့သူ လူမိုက်သည် နှလုံးမသာယာမှုဖြင့် တုန်လှုပ် တွေဝေသည်။ ပညာရှိသူကား မတုန်လှုပ် မတွေဝေ၊ ထို့ကြောင့် လောက၌ ပညာသည် ဥစ္စာထက် မြတ်သည်။ ပညာပါဝင်သော တရားစု ပညာသည် သာသနာတော်၌ ပဓာနအကျဆုံးတရားဖြစ်၍ အမျိုးမျိုးသော တရားတို့နှင့် တွဲဖက်ကာ အသီးသီးသော တရားအစု၌ ပါဝင်သည်။ ဓမ္မသင်္ဂဏီပါဠိတော် မဟာကုသိုလ်ပဌမစိတ်၏ ဓမ္မုဒ္ဒေသ(နှာ-၁၇)၌ တရားအမျိုးအမည်ပေါင်း ၅၆-ပါး ဟောကြားတော်မူသည်။ ယင်းတို့တွင် ပညာသည် ဣန္ဒြိယရာသိ၌ ပညိန္ဒြေ၊ မဂ္ဂပဉ္စကရာသီ၌ သမ္မာဒိဋ္ဌိ၊ ဗလရာသိ၌ ပညာဗလ၊ ဟေတုတိက်(မူလရာသိ)၌ အမောဟ၊ ကမ္မပထရာသိ၌ သမ္မာဒိဋ္ဌိ၊ ဥပကာရဒုက်၌ သမ္မဇည၊ ယုဂနဒ္ဓဒုက်၌ ဝိပဿနာဟု အမည်နာမ ၇-မျိုးဖြင့် တရားစု ၇-ပါး၌ ပါဝင်သည်။ ဗောဓိက္ခိယတရား ၃၇-ပါးသည် တရားစု ရာသိအားဖြင့် ၇-ပါး ရှိသည်။ ယင်းတို့တွင် ပညာသည် ဣဒ္ဓိပါဒ် ၄-ပါး ၌ ဝီမံသိဒ္ဓိပါဒ်၊ ဣန္ဒြေ ၅-ပါး ၌ ပညိန္ဒြေ၊ ဗိုလ် ၅-ပါး ၌ ပညာဗိုလ်၊ ဗောဇ္ဈင် ၇-ပါး ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ မဂ္ဂင် ၈-ပါး ၌ သမ္မာဒိဋ္ဌိဟု တရားစု ၅-မျိုး၌ ပါဝင်သည်။ ပညာသည် သီလ, သမာဓိ, ပညာဟူသော သိက္ခာ ၃-ပါး၌ လည်းကောင်း၊ ဝီရိယ, သူရဘာဝ, ပညာဟူသော ရန်အောင်ကြောင်းတရား ၃-ပါး (ဇာ၊၁၊၁၄)၌ လည်းကောင်း၊ ဝီရိယ, စိတ္တ, ဝီမံသာဟူသော အဓိပတိ ၄-ပါး၌လည်းကောင်း၊ သစ္စာ, ပညာ, ဝီရိယ, စာဂဟူသော ရန်အောင်ကြောင်းတရား ၄-ပါး နှင့် တမလွန်၌ မစိုးရိမ်ကြောင်းတရား ၄-ပါး ၌ လည်းကောင်း၊ ဒါန, သီလ, သမာဓိ, ပညာဟူသော အနုဂါမိကနိဓိ ၄-ပါး ၌လည်းကောင်း၊ သီလ, သမာဓိ, ပညာဝိမုတ္တိဟူသော သံသရာပြတ်ကြောင်း တရား ၄-ပါး ၌လည်းကောင်း၊ သာသနာမှ မလျောကျကြောင်းတရား ၄-ပါး ၌လည်းကောင်း၊ ပညာ, သစ္စာ, စာဂ, သန္တိ(ဥပသမ)ဟူသော ဆောက်တည်ရာတရား ၄-ပါး (ဒီ၊၃၊၁၉၁။ မ၊၃၊၂၀၂-၃)၌လည်းကောင်း၊ သီလ, သောစေယျ, ထာမ, ပညာဟူသော ကြာမြင့်မှ သိနိုင်သောတရား ၄-ပါး ၌ လည်းကောင်း၊ ဗာဟု, ဘောဂ, အမစ္စ, အဘိဇာတိ, ပညာဟူသော ဗလ ၅-မျိုး ၌လည်းကောင်း၊ သဒ္ဒါ, သီလ, သုတ, စာဂ, ပညာဟူသော ဂတိမြဲကြောင်းတရား ၅-ပါး (မ၊၃၊၁၄ဝ။ မ၊ဋ္ဌ၊၁၀၄)၌လည်းကောင်း၊ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, သုတ, ဝီရိယ, သတိ, ပညာဟူသော သူတော်ကောင်းတရား ၇-ပါး ၌ လည်းကောင်း၊ သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ, သုတ, စာဂ, ပညာဟူသော သူတော်ကောင်းဥစ္စာ ၇-ပါး ၌လည်းကောင်း ပါဝင်သည်။ ပညာပါရမီ ဘုရားအဖြစ်ကို ပြုပေးနိုင်သည့် ပါရမီတို့သည် သရုပ်အားဖြင့် ၁၀-ပါးရှိသည်။ ယင်းတို့တွင် အခြားပါရမီတို့အား ကျေးဇူးမပြုတတ်သော တရားတို့ကို ပယ်၍ ကျေးဇူးပြုတတ်သောတရားတို့၌ အကြောင်းဥပါယ်ကို တတ်သိလိမ္မာသော အလွန်ခေါင်းပါးစွာ အသက်မွေးမှုကို ပြီးစေတတ်သော အသိဉာဏ်ကို ပညာပါရမီခေါ်သည်။ ဘုရားလောင်း သုမေဓာသည် နိယတဗျာဒိတ်ခံယူပြီးနောက် ပါရမီတို့ကို ဆင်ခြင်တော်မူရာ လေးကြိမ်မြောက်တွင် ပညာပါရမီကို တွေ့မြင်တော်မူသည်၊ ထိုအခါ ဤသို့ ဆုံးမဆောက်တည်တော်မူသည်၊ “အမောင် သုမေဓာ-အသင်သည် ယနေ့မှစ၍ ပညာပါရမီကို ဖြည့်ကျင့်ပါလော့၊ ဆွမ်းခံလှည့်လည်သော ရဟန်းသည် အယုတ် အလတ် အမြတ်မရွေးဘဲ အိမ်စဉ် မပြတ် ဆွမ်းရပ်သည်ရှိသေ၌ မျှတလောက်သော ဆွမ်းကို ရသကဲ့သို့ သင်သည်လည်း အလုံးစုံသော ပညာရှိတို့ကို ချဉ်းကပ်၍ ပြဿနာအရပ်ရပ်ကို မေးမြန်းပါလော့၊ ယင်းသို့ ပြုသည်ရှိသော် ပညာပါမီ အထွတ်အထိပ်သို့ ရောက်ကာ ဘုရားစင်စစ် ဖြစ်ပေလိမ့်မည်” ပညာပါရမီ၏ အခြားသော ဆင်ခြင်ဖွယ် ဂုဏ်ကျေးဇူးတို့ကို-တို့၌ကြည့်။ ပညာဓိကဘုရားလောင်း ဘုရားလောင်းတို့၏ ပါရမီဖြည့်ရာ ကာလသည် (က) ၄-သင်္ချေနှင့် ကမ္ဘာတသိန်း (ခ) ၈-သင်္ချေနှင့် ကမ္ဘာတသိန်း၊ (ဂ) ၁၆ သင်္ချေနှင့် ကမ္ဘာတသိန်းဟု ၃-မျိုးကွဲပြားသည်၊ ယင်းသိုကွဲပြားခြင်းကား ပညာပါရမီ၏ အစွမ်းအာနုဘော် ထက် မထက်ကြောင့် ဖြစ်သည်။ ပညာဓိက ဘုရားလောင်းတို့သည် ပညာပါရမီထက်မြက်သောကြောင့် ၄-သင်္ချေ နှင့် ကမ္ဘာတသိန်းသာ ပါရမီဖြည့်ကျင့်ကြရသည်၊ သဒ္ဓါဓိကဘုရားလောင်းတို့သည် ပညာပါရမီ အလယ်အလတ်ရှိသောကြောင့်-သင်္ချေနှင့်ကမ္ဘာတသိန်း ဖြည့်ကျင့်ကြရသည်။ ဝီရိယာဓိက ဘုရားလောင်းတို့သည် ပညာပါရမီနံ့သောကြောင့် ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်တော်မူကြရသည်။ ပညာ ၈-မျိုး မဟာပညာ, ပုထုပညာ, ဂမ္ဘီရပညာ, ဘူရိပညာ, ဟာသပညာ, ဇဝနပညာ, တိက္ခပညာ, နိဗ္ဗေဓိကပညာတို့၏ အကျယ်မှတ်ဖွယ်ကို တို့၌ ကြည့်။ ပညာရခြင်းအကြောင်း ပညာရခြင်း ပညာတိုးပွားခြင်းအကြောင်းတို့ကို အမျိုးမျိုး မိန့်ဆိုကြသည်။ နေက္ခမ္မ သင်္ကပ္ပ အဗျာပါဒသင်္ကပ္ပ အဝိဟိံသာသင်္ကပ္ပ ဟု ၃-ပါး။ ၁။ ကောင်းသော တရားတို့၌ မမှိတ် မသုန် ယုံကြည်ခြင်း သဒ္ဓါ၊ ၂။ ပညာရှိတို့ထံ ဆည်းကပ်နာကြားခြင်း သုဿုသာ ၃။ မမေ့မလျော့ခြင်း အပ္ပမာဒ၊ ၄။ စူးစမ်း ဆင်ခြင်ခြင်း ဝိစက္ခဏာဟု ၄-ပါး။ ၁။ သူတော်ကောင်းကို မှီဝဲခြင်း, ၂။ သူတော်ကောင်း တရားကို နာခြင်း, ၃။ အသင့်အတင့် နှလုံးသွင်းခြင်း, ၄။ လောကုတ္တရာ တရားအားလျော်စွာကျင့်ခြင်း ဟု ၄-ပါး။ ၁။ အလေး ပြုအပ်သော ဆရာသမားတို့ အပေါ်၌ ရှက်ကြောက် ရိုသေမြတ်နိုးမှု အားကြီးခြင်း, ၂။ အခါအခွင့်သင့်တိုင်း ဆရာသမားတို့ထံ ချဉ်းကပ် မေးမြန်းခြင်း, ၃။ ကိုယ်စိတ် ၂-ပါး ဆိတ်ငြိမ်စွာနေခြင်း, ၄။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း, ၅။ အစ, အလယ်, အဆုံး ကောင်းခြင်း ၃-ပါးရှိသော တရား(ကျမ်းဂန်)ကို သင်မှတ်သားခြင်း, ၆။ အကုသိုလ်ကို ပယ်၍ ကုသိုလ် တရား ပွားများရန် ကြိုးပမ်းအားထုတ်ခြင်း, ၇။ အကျိုးမရှိသော စကားကို မပြောဆိုဘဲ အကျိုးရှိသောစကားကို ပြောဆိုခြင်း, ၈။ ခန္ဓာ စသော တရားတို့၌ အဖြစ်အပျက်ကို အဖန်ဖန် ရှုမှတ်ခြင်းဟု ၈-ပါး။ ။ ကြွင်း ပညာရကြောင်း တရားတို့ကို ဉာဏ-ပုဒ်, ပညာပဋိလာဘကာရဏ-ပုဒ်တို့၌ ကြည့်။ ပညာဆုတ်ယုတ်ကြောင်း ပညာဆုတ်ယုတ်ကြောင်းကိုလည်း အမျိုးမျိုး မိန့်ဆိုကြသည်။ ကာမဝိတက် ဗျာပါဒ ဝိတက် ဝိဟိံသာဝိတက်တို့သည် ပညာမျက်စိ ကန်းအောင် ပြုတတ်ကြသည်။ ကာမစ္ဆန္နီ ဗျာပါဒ ထိနမိဒ္ဓ ဥစ္စဒ္ဓ ကုက္ကူ ဝိစိကိစ္ဆာ ဟူသော တရား ၅-ပါးတို့သည် ပညာအားနည်းအောင် ပြုတတ်ကြသည်။ ပညာပါရမီကို အကြောင်းပြု၍ ဟောသောဇာတ်များ ပုဏ္ဏနဒီဇာတ် ဂါမဏိစန္ဒဇာတ်- သတ္တုဘသ္တဇာတ်- ဒူတဇာတ်— သမ္ဘဝဇာတ်- မဟာဗောဓိဇာတ်- ဥမင်္ဂဇာတ်- ဝိဓူရဇာတ်- ပညာနှင့် ပညာ၏ ဝေဝုစ်တို့ကို အမည်တပ်၍ဟောသောသုတ်များ ဥမ္မဂ္ဂသုတ်— ဉာဏဝတ္ထုသုတ် ဒိဋ္ဌိသုတ်- ပညဝန္တသုတ်- ပညာသုတ် ပညာဝိမုတ္တသုတ်- ပညာပရိဟီနသုတ်- ပညာဝုဒ္ဓိသုတ်- ပဋိဘာနသုတ်- ဗုဒ္ဓိသုတ်- ဝိဇ္ဇာသုတ်- ဝိဇ္ဇာဘာဂိယသုတ်- သမ္မာဒိဋ္ဌိသုတ်- ပညာ၏ လောကူပမာ ပညာကို လောကဥပမာဖြင့် နှိုင်းယှဉ်၍ အမျိုးမျိုး မိန့်ဆိုတော်မူကြသည်။ ပညာမြေကြီး- ပညာထမ်းပိုး၊ ပညာထွန်ထုံး- ပညာနှင်တံ- ပညာပြာသာဒ်- ပညာမှန်ကင်း- ပညာတံခါးမုခ်၊ ပညာလမ်းဆုံ- ပညာဥစ္စာ- ပညာရတနာ- ပညာကွန်ယက်- ပညာလက်နက်− ပညာဝရဇိန်- ပညာသန်လျက်- ပညာလှံမ– ပညာ(သင်တုန်း)ဓား- ပညာဦးခေါင်း- ပညာမျက်စိ- ပညာနား- ပညာနှလုံးသား- ပညာနှုတ်သီး- ပညာဆင်စွယ် ပညာကိုယ်ဝန်- ပညာမီးလျှံ- ပညာအလင်း၊ ပညာအရောင်၊ ပညာတန်ဆောင်- ပညာသော့- ပညာလျှပ်စစ်- ဆက်လက်ဖတ်ရှုရန် ဉာဏ် ပညာရှိ ကိုးကား ဗုဒ္ဓဘာသာ ဝိပဿနာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%8A%E1%80%AC
ဝီရိယ
ဝီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။ အကြောင်းအရာ ကိစ္စတစ်ခုကို တစိုက်မှတ်မှတ် အလေးထားဆောင်ရွက်ခြင်း။ နိုးကြားတက်ကြွစွာဖြင့် အလေးထားဆောင်ရွက်ခြင်း
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AE%E1%80%9B%E1%80%AD%E1%80%9A
သစ္စာ
သစ္စာ ဆိုသည်မှာ သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်သည်ကို ဆိုသည်။ သစ္စာသည် (၂) မျိုးရှိ၏။ ၎င်း (၂) မျိုးတို့မှာ (၁) သမ္မုတိသစ္စာ (၂) ပရမတ္ထသစ္စာ တို့ ဖြစ်ကြသည်။ သမ္မုတိသစ္စာ လောကီဘုံသား လူအများတို့၏ ခေါ်ရိုး ပြောရိုးဖြစ်သော သမ္မုတိပညတ်တို့၏ အလယ်၌ အဖြောင့်အမှန်မျိုးသည် သမ္မုတိသစ္စာ ဖြစ်သည်။ အတ္တရှိ၏၊ ဇီဝရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ လူရှိ၏၊ နတ်ရှိ၏၊ သိကြားရှိ၏၊ ဗြဟ္မာရှိ၏၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား ရှိ၏၊ ဦးခေါင်း၊ လက်၊ ခြေ စသော အင်္ဂါကြီးငယ် ရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ရှိ၏ စသည်တို့ ဖြစ်ကြသည်။ သမ္မုတိသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဖက် ဖြစ်သည်။ မုသာဝါဒကို ပယ်နိုင်၏။ တစ်ဘဝအတွင်းတွင် အခါခါ ဖြစ်ခြင်း၊ အခါခါချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တမည်သည် ဧကန်အမှန် ရှိ၏။ ဇီဝမည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသော စကားမျိုးတို့သည် လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုရိုးအတိုင်း ပြောဆိုကြသော စကားဖြစ်၍ ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လှည့်စားခြင်း မဖြစ်ပေ။ ပရမတ္ထသစ္စအလိုအားဖြင့် ထိုစကားမျိုးသည် အနိစ္စ၌ နိစ္စဟူ၍ ဖောက်ပြန်ခြင်း၊ အနတ္တ၌ အတ္တဟူ၍ ဖောက်ပြန်ခြင်းတည်းဟူသော ဝိပလ္လာသအမှန် ဖြစ်၏။ ထိုဝိပလ္လာသတရားကို မပယ်နိုင်သေးသမျှ ကာလပတ်လုံး သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်။ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ရှိ၏ဟူရာတို့သည်လည်း ထိုနည်းအတူပင် ဖြစ်သည်။ ပရမတ္ထသစ္စာ ပရမတ္ထသစ္စာဆိုသည်မှာ ဓာတ်သဘာဝ ဓမ္မသဘာဝ အလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိ၊ မရှိ စကားမျိုး တရားမျိုးသည် ပရမတ္ထသစ္စာ မည်၏။ ရှိ၊ မရှိ နှစ်ပါးတို့တွင် ရှိဆိုသည်မှာ ပထဝီ ရှိ၏။ အပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် ရှိ၏။ စိတ်ဝိညာဏ်ရှိ၏။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ ရှိ၏။ ရုပ်ခန္ဓာ ရှိ၏။ နာမ်ခန္ဓာ ရှိ၏ စသည်တို့ ဖြစ်ကြသည်။ မရှိဆိုသည်မှာ အတ္တမရှိ၊ ဇီဝမရှိ၊ ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ဗြဟ္မာမရှိ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား မရှိ။ ဦးခေါင်းဟူ၍ မရှိ၊ လက်၊ ခြေ စသော အင်္ဂါကြီးငယ်ဟူ၍ မရှိ၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ဟူ၍ မရှိ စသည်တို့ ဖြစ်ကြသည်။ အတ္တမရှိ၊ ဇီဝမရှိဆိုသည်မှာ တစ်ဘဝအတွင်းတွင် အခါခါဖြစ်ခြင်း၊ ချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တ၊ ဇီဝ ဟူ၍မရှိဟု ဆိုလိုသည်။ ပုဂ္ဂိုလ် မရှိ၊ သတ္တဝါ မရှိ ဆိုသည်မှာ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည်သာ ရှိ၏။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည်လည်း ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ နတ်၊ ဗြဟ္မာ စသည် မဟုတ်ပေ။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့မှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါဟူ၍ အသီးအခြားမရှိ လူ၊ နတ်၊ ဗြဟ္မာစသည်လည်း မရှိဟု ဆိုလိုသည်။ ပရမတ္ထသစ္စာသည် ဝိပလ္လာသတရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဤပရမတ္ထသစ္စာတရားမှသာ ဝိပလ္လာသတရားကို ပယ်နိုင်သည်။ ဝိပလ္လာသတရားကို ပယ်နိုင်မှ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်သည်။ ပရမတ္ထသစ္စာသည် (၂) မျိုးရှိ၏။ ၎င်း (၂) မျိုးတို့မှာ (၁) ရုပ်တရား (၂) နာမ်တရားတို့ ဖြစ်ကြသည်။ ရုပ်တရား ရုပ်တရားသည် (၂၈)ပါး ရှိ၏။ ထို (၂၈)ပါးတို့မှာ မဟာဘုတ်ကြီး (၄) ပါး ဝတ္ထုရုပ် (၆) ပါး ဘာဝရုပ် (၂) ပါး ဇီဝိတရုပ် (၁) ပါး အာဟာရရုပ် (၁) ပါး ဂေါစရရုပ် (၄) ပါး (ဤ ၁၈ ပါးတို့သည် ဖြစ်ပေါ်မှုဟူသော ဇာတိတရား ထင်ရှားရှိကြခြင်းကြောင့် ဇာတရုပ် မည်၏။) ပရိစ္ဆေဒရုပ် (၁) ပါး ဝိညတ်ရုပ် (၂) ပါး ဝိကာရရုပ် (၃) ပါး လက္ခဏာရုပ် (၄) ပါး (ဤ ၁၀ ပါးတို့သည် ဖြစ်ပေါ်မှုဟူသော ဇာတိတရား ထင်ရှားမရှိခြင်းကြောင့် အဇာတရုပ် မည်၏။) နာမ်တရား နာမ်တရားသည် (၅၄) ပါး ရှိ၏။ ထို (၅၄) ပါးတို့မှာ စိတ် (၁) ပါး − စိတ်ဆိုသည်မှာ အာရုံကို ရှာကြံမှု၊ အာရုံကို ရမှု၊ အာရုံကို သိမှု ဖြစ်သည်။ စေတသိက် (၅၂) ပါး − စေတသိက်ဆိုသည်မှာ စိတ်မှပေါက်ဖွားသော နာမ်အမူအရာများ ဖြစ်သည်။ နိဗ္ဗာန် (၁) ပါး − နိဗ္ဗာန်ဆိုသည်မှာ ဒုက္ခအမျိုးမျိုးတို့မှ လွတ်ငြိမ်းမှု ဖြစ်သည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%9E%E1%80%85%E1%80%B9%E1%80%85%E1%80%AC
ခန္တီ
ခန္တီပါရမီ (သင်္သကရိုက် ) သို့မဟုတ် khanti (ပါဠိ) သည် စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း ဖြစ်သည်။ ခန္တီသည် ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာ နှစ်မျိုးစလုံးရှိ ပါရမီဆယ်ပါးတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ကိုးကား သင်္သကရိုက်ဝေါဟာရများ ဗုဒ္ဓဘာသာ ဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%94%E1%80%B9%E1%80%90%E1%80%AE
အဓိဋ္ဌာန်
အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။
https://my.wikipedia.org/wiki/%E1%80%A1%E1%80%93%E1%80%AD%E1%80%8B%E1%80%B9%E1%80%8C%E1%80%AC%E1%80%94%E1%80%BA
မေတ္တာ
မေတ္တာဟူသည် မိမိအကျိုး မမျှော်ကိုးဘဲ ကိုယ်စိတ်နှစ်ဖြာ ကြီးပွားချမ်းသာ ပျော်ရွှင်သာယာဖို့ ဆောင်ရွက်ပေးခြင်းသည်သာ ဗုဒ္ဓဘုရားဟော ဗြဟ္မစိုရ် မေတ္တာ တရားဖြစ်သည်။ ဥပေက္ခာ ၁၃၂ ဩဓိသ ဥပေက္ခာ ၅ အနောဓိသ ဥပေက္ခာ + ၇ _ ၁၂ အရပ် × ၁၀ ___ ၁၂၀ + ၁၂ ___ ၁၃၂ မေတ္တာရှေ့သွားဖြင့် အောင်ခြင်း ဝတ္တုကြီး ၄ပါး မေတ္တာအစွမ်းဖြင့် အောင်မြင်ခြင်းတို့ကား ပိဋကတ်တော်၌ များစွာရှိသော်လည်း ၎င်း၄ပါးဖြင့် ထင်ရှားပေါ်လွင်စေလိုက်သည်။ ဥတေနမင်းကြီးကို သာမာဝတီ အောင်မြင်ခြင်း။ ဆီပူလောင်းသူ သီရိမာကို ဥတ္တရာ အောင်မြင်ခြင်း။ နာဠာဂီရိဆင်ကို ဗုဒ္ဓဘုရားမြတ် အောင်တော်မှုခြင်း။ အဠာဝကဘီလူးကို ဗုဒ္ဓမြတ်ဘုရား အောင်တော်မှုခြင်း။ မုဒိတာ ၁၃၂ ဩဓိသ မုဒိတာ ၅ အနောဓိသ မုဒိတာ + ၇ _ ၁၂ အရပ် × ၁၀ __ မူလဌာန ၁၂၀ + ၁၂ ___ ၁၃၂ မေတ္တာ ၂မျိုး သတ္တဝါများအပေါ်၌ ချစ်ခင်နာလိုစိတ် ပွားတိုးစေသော တရား၂ပါး။ မေတ္တာ ၃မျိုး ချစ်ခင်စွာ ကူညီပွားပေးမှု သုံးမျိုးပါ။ ဩဓိသ မေတ္တာ ၇ပါး မိန်းမ ယေက်ျားစသည်ဖြင့် ရည်ညွန်းကန့်သတ်၍ ပို့သောမေတ္တာ။ အနောဓိသ မေတ္တာ ၅ပါး လူ နတ် ကျား မ မခွဲခြားဘဲ သတ္တဝါအားလုံးအနေနှင့် ပို့သသော မေတ္တာမျိုး။ မေတ္တာအကျယ် ၅၂၈ပါး မေတ္တာစစ် မေတ္တာမှန်များ အနောဓိသ မေတ္တာ ၅ပါး၊ ဩဓိသ မေတ္တာ ၇ပါး။ ပေါင်း ၁၂ပါးဖြစ်သည်။ အဝေရာ ဟောန္တု၊၊ အဗျာပဇ္ဇာ ဟောန္တု။ အနီဃာ ဟောန္တု၊၊ သုခီအတ္တာနံ ပရိဟရန္တု၊ ၄ခုနှင့်မြှောက် ၄၈၀ဖြစ်သည်။ ယင်း၄၈နှင့် ၄၈၀နှစ်ရပ်ကို ပြန်၍ပေါင်းလျှင် ၅၂၈ရရှိသည်။ ဩဓိသမေတ္တာ ၅ မေတ္တာ + ၇ _ ၁၂ မေတ္တာ × ၁၀ __ မူလဌာန ၄၈၀ + ၄၈ ___ ၅၂၈ မေတ္တာအကျိုး ၁၁ပါး မေတ္တာတရားပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး၁၁ပါး။ ချမ်းသာစွာ အိပ်ရခြင်း။ ချမ်းသာစွာ နိုးရခြင်း။ မကောင်းသော အိပ်မက်ကို မမြင်မက်ရခြင်း။ လူတို့ ချစ်နှစ်သက်ခြင်း။ နတ်တို့ မြတ်နိုးခင်မင်ခြင်း။ နတ်တို့ စောင့်ရှောက်ခြင်း။ မီး၊ အဆိပ်၊ လက်နက် မသင့်နိုင်ခြင်း။ စိတ် လျင်မြန်စွာ တည်ကြည်ခြင်း။ မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း။ သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။ အင်္ဂုတ္တရ ဧကာဒသကနိပါတ် မေတ္တသုတ် စိတ်အပူအလောင် ကင်းစင်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အပူအလောင်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ပူခြင်း ကင်းကြပါစေ။ စိတ်အညစ်အကြေး ကင်းစင်တော်မူသော မြတ်စွာဘုရား။ ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ညစ်ခြင်း ကင်းကြပါစေ။ စိတ်အရှုပ်အထွေး ကင်းစင်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အရှုပ်အထွေးကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ရှုပ်ခြင်း ကင်းကြပါစေ။ စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်အေးချမ်းတည်ကြည်ကြပါစေ။ စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ကြည်လင်သန့်ရှင်းကြပါစေ။ စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ရွှင်လန်းချမ်းသာကြပါစေ။ အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားရှင်၏ အတုမရှိသောမေတ္တာ၊ ကရုဏာဓာတ်တော်များသည် တပည့်တော်၏ နှလုံးသားထဲသို့ ပျံ့နှံ့စိမ့်ဝင်တော်မူကြပါ။ စိတ်အစဉ်တွင် လောဘဝင်က၊ဝင်လာလောဘ ထွက်ပြေးရအောင်လောဘကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ စိတ်အစဉ်တွင် ဒေါသဝင်က၊ဝင်လာဒေါသ ထွက်ပြေးရအောင်-ဒေါသကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ စိတ်အစဉ်တွင် မောဟဝင်က၊ဝင်လာမောဟ ထွက်ပြေးရအောင်-မောဟကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ မေတ္တာစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ လူနတ်အချစ်ဆုံး။ မေတ္တာရနံ့၊ ကြိုင်လှိုင်နှံ့၊ သင်းပျံ့နယ်မဆုံး။ မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတို့ရှုံး။ တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။ တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။ မေတ္တာနတ်ပန်း၊ ပန်ဆင်မြန်း၊ ရွှင်လန်းစိတ်နှလုံး။ ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းကနောက်ဆုံးအထိပါရမီလူနတ်များစွာ ချမ်းသာရေးမို့အသက်ပေးလို့ ဖြည့်ခဲ့သည် ဗုဒ္ဓမြတ်စွာသာသနာတွက်မို့ငါပါ အသက်ဆုံးစေမည် နောက်မဆုတ်ပေါင် ခုလိုတွေးလို့ကုသိုလ်ရေးမို့ ကြိုးစားမည်မေတ္တာပို့သရာမှာ ပါးစပ်ကသာ သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေလို့ဆိုပြီး တကယ်တမ်း ဒုက္ခရောက်နေတဲ့ သတ္တဝါတို့ကို တွေ့ကြုံတဲ့အခါမှာတော့ အဲဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ဘာမျှ ကူညီဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်မျိုးရဲ့ ပါးစပ်ကရွတ်တဲ့ မေတ္တာပို့ဟာ အမှန်တကယ်ဖြောင့်မတ်တဲ့ မေတ္တာလို့ မဆိုနိုင်ပါဘူး။ အဲဒီလိုမဖြစ်အောင် ဖြောင့်မတ်တဲ့ မေတ္တာရှိရမှာပါ။ တကယ်မေတ္တာစစ်မှန်သွားရင် - ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးမှာ မဟုတ်တော့ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကိုတွေးပြီး အဲဒါကိုလိုလားတယ်။ မေတ္တာဆိုတာ သူတစ်ပါးအတွက် အာဟာရဖြစ်သလို ကိုယ့်အတွက်လည်း အာဟာရ ဖြစ်ပါတယ်။ ယောနိသော မနသိကာရဆိုတဲ့စိတ်ထားကောင်းလေးနဲ့သာစိတ်ကောင်းထားနိုင်မယ်ဆိုရင်ဘယ်အာရုံနဲ့ဆုံဆုံ၊ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံစိတ်လည်း ချမ်းသာပါတယ်။ ကုသိုလ်တရားလည်း တိုးပွားပါတယ်။ အလုပ်တိုင်းမှာ အနှစ်ပါဖို့မေတ္တာဟာလည်း မရှိမဖြစ်ပါ။ ဘာအလုပ်ပဲလုပ်လုပ် မေတ္တာထုံမွှမ်းပြီးလုပ်ရင်လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။ တလောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်က ဗုဒ္ဓါနုဿတိဘာဝနာဟာ အနှိုင်းမဲ့ဘာဝနာဖြစ်ပါတယ်လို့ “ဘာဝေဟိ ဗုဒ္ဓါနုဿတိံ ၊ ဘာဝနာနမနုတ္တရံ” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း၊ လူသားတိုင်း ဗုဒ္ဓါနုဿတိဘာဝနာဆိုတဲ့ အနှိုင်းမဲ့ဘာဝနာကို သီးခြားဘုရားရှေ့မှာ ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်း၊လာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းစွန့်ရင်းနဲ့ပဲဖြစ်ဖြစ် အမြဲမပြတ် ပွားများအားထုတ်နိုင်ကြပါစေ။ လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။ တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။ သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။ မေတ္တာကရုဏာကြီးမား မြတ်ဘုရားသည်၊ အများဝေနေ၊ ချမ်းသာစေဖို့၊ သုံးထွေဆယ်လီ၊ ပါရမီတရား ကျင့်ကြံပွား၊ ဘုရားဖြစ်ခဲ့ပေ။ သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။ တစ်ကမ္ဘာလုံးမှာ(တလောကလုံးမှာ) များသတ္တာ ချမ်းသာရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တစ်လောကလုံးမှာ များသတ္တာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တစ်လောကလုံးမှာ များသတ္တာ အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ကိုးကွယ်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တဏှာကုန်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ သေခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ဘေးရန်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ဝဋ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အပြစ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အပျက်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အတုမရှိရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ လှူဒါန်းခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါဖြင့်၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။ သန့်စင်မြင့်မြတ်တဲ့တဲ့ မေတ္တာဓာတ်တွေ ကူးစက်လာဖို့ ဘုရားဂုဏ်တော်ပွားကြစို့။ မေတ္တာကျယ်ပြန့် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ရွှင်လန်းတာ။ မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။ မေတ္တာကြီးမား မြတ်ဘုရား၊ လေးစားသူလည်း မေတ္တာလာ။ မေတ္တာစွမ်းအား မြတ်ဘုရား၊ ပွားများသူလည်း မေတ္တာဖြာ။ မေတ္တာကြီးကျယ် အံ့ဩဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းပါ။ ဂုဏ်တော်+မေတ္တာ စိတ်ချမ်းသာ၊ နိဗ္ဗာန်လမ်းမှာပါ။ ကိုးကား ပြင်ပလင့်ခ်များ The Buddha’s Teachings on Love ဗုဒ္ဓ မြတ်စွာဘုရား၏ မေတ္တာတရား ဗုဒ္ဓသာသနာ ၏ ၅၂၈ မေတ္တာ- ၁၅၀ဝ မေတ္တာ Buddhism and Peace Buddhism and Patience ဗုဒ္ဓဘာသာ ဘာသာရေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%90%E1%80%B9%E1%80%90%E1%80%AC
ဥပေက္ခာ
ဥပေက္ခာမျိုး ၁၀-ပါး (၁) ဆဠင်္ဂုပေက္ခာ- ကောင်းအာရုံ ဆိုးအာရုံခြောက်ပါးတို့ ထင်လာသောအခါ သာယာခြင်းတဏှာ၊ နှလုံးမသာယာခြင်း ဒေါသတို့ မရှိရအောင် သတိသမ္ပဇဉ် မြဲယှဉ်၍ရှုခြင်းမျိုး ခြောက်ပါးကိုဆိုသည်။ (၂) ဗြဟ္မဝိဟာရုပေက္ခာ- သဗ္ဗေ သတ္တာ ကမ္မဿကာ သတ္တဝါတို့ ချမ်းသာဆင်းရဲဟူသည် သူတို့၏ကံအတိုင်းဘဲဟု လျစ်လျူရှုကာနေခြင်းကို ဆိုသည်။ (၃) ဗောဇ္ဈင်္ဂုပေက္ခာ- မဂ်၏ အင်္ဂါအစိတ်အပိုင်းသို့ ရောက်လာသော ဗောဇ္ဈင်တရားတို့သည် အလွန်အလျော့မရှိ ပိုလွန်ခြင်း ယုတ်လျော့ခြင်းမရှိဘဲ ညီအမျှသာဖြစ်ပေါ်လာခြင်းမျိုးကို ခေါ်ဆိုသည်။ (၄) ဝီရိယုပေက္ခာ- မဂ်ဖိုလ်ရရေး အားထုတ်ပေးရာ၌ အပိုအလိုမရှိရအောင် ညီမျှစွာဖြစ်သောဝီရိယကိုဆိုသည်။ (၅) သင်္ခါရုပေက္ခာ- ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိရန်အားထုတ်သောအခါ ပဉ္စမဈာန်သမာဓိ၊ သို့မဟုတ်ဝိပဿနာဉာဏ်ရင့်သန်လာသောအခါ နီဝရဏစသော သင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။ (၆) ဝေဒနုပေက္ခာ- ကောင်းအာရုံ မကောင်းအာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းတို့အကြား အလတ်စားဖြစ်သော အနေအားဖြင့် ခံစားခြင်းကိုဆိုသည်။ (၇) ဝိပဿနုပေက္ခာ- ရုပ်နာမ်ခန္ဓာစသော တရားစုတို့ကို အနိစ္စ ဒုက္ခ အနတ္တမြင်လာအောင် ထူးသောဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရာ၌ အဟောင်းပျက် အသစ်အစားထိုးလာပုံတို့ကို ငြိမ်သက်စွာ လျစ်လျူရှုကာ သုံးသပ်ဆင်ခြင်ခြင်းကိုဆိုသည်။ (၈) တတြမဇ္ဈတ္တုပေက္ခာ- သဟဇာတ အတူတကွဖြစ်နေကြသည့်တရားစုတို့၌ ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။ (၉) ဈာနုပေက္ခာ- မိမိရရှိခံစားရမည့် ဈာန်ချမ်းသာကိုပင် ချမ်းသာမှုသို့မကျရောက်စေဘဲ လျစ်လျူရှုခြင်းကိုဆိုသည်။ (၁၀) ပါရိသုဒ္ဓုပေက္ခာ- ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီဖြစ်၍ ထိုတရားဆိုးတို့ မဖြစ်စေရအောင် ကြောင့်ကြမှု မပြုရတော့သည်ကိုဆိုသည်။ ရည်ညွှန်းကိုးကား အဋ္ဌသာလိနီ အဋ္ဌကထာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A5%E1%80%95%E1%80%B1%E1%80%80%E1%80%B9%E1%80%81%E1%80%AC