title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
တနင်္ဂနွေမင်း
စနေမင်း လွန်လျှင် သားဖြစ်သူ တနင်္ဂနွေမင်း(၁၇၁၄-၁၇၃၄)နန်းတက်သည်။ နန်းတက်လျှင် အိမ်ရှေ့စံဖြစ်ဖူးသည့် ဦးရီးတော် ပုဂံစားက ပုန်ကန်နန်းလုသည်။ သို့သော်အင်အားသာသည့် အင်းဝက အနိုင်ရသဖြင့် ပုဂံစားကျလေသည်။ တနင်္ဂနွေမင်း လက်ထက်တွင် အဆိုးဆုံးရင်ဆိုင်ရသည့် ပြဿနာမှာ ရာသီဥတုဖြစ်သည်။ ရာသီဥတုဆိုးဝါးသဖြင့် စိုက်ပျိုးရေးပျက်စီးလာပြီး ပြည်သူများ ငတ်မွတ်ခေါင်းပါးလာရသည်။ ထိုပြဿနာကို နိုင်နင်းစွာ မဖြေရှင်းနိုင်ခင်မှာပင် အနောက်ဘက်မဏိပူရမှ ကသည်းများက ဘာသာရေးအခြေခံကာ ကျူးကျော်လာသည်။ (ဟိန္ဒူနွယ်သည့် ကသည်းများက ဧရာဝတီမြစ်ရေဖြင့် သန့်စင်ခြင်းပြုပါက အပြစ်တို့မှ လွတ်ငြိမ်းမည်ဟု ယုံကြည်ခဲ့ကြသည်။)ထို့အတူ ဇင်းမယ်မှလည်း ပုန်ကန်သည်ကို နှိမ်နင်းနိုင်ခြင်း မရှိသည့်အတွက် ဘုရင့်နောင်မင်းတရားလက်ထက်မှစကာ ပိုင်ဆိုင်လာသည့် ဇင်းမယ်ကို လက်လွှတ်ရပြန်သည်။ ခရစ်နှစ် ၁၇၃၃တွင် တနင်္ဂနွေမင်းလွန်သော် သားတော် မဟာဓမ္မရာဇာဓိပတိ နန်းတက်သည်။ ရည်ညွှန်းကိုးကား မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက်
https://my.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%94%E1%80%BD%E1%80%B1%E1%80%99%E1%80%84%E1%80%BA%E1%80%B8
စနေမင်း
မာန်အောင်ရတနာစေတီ ဒါယကာ စနေမင်း(၁၆၉၈-၁၇၁၄) နန်းတက်လျှင် ညီတော်ပုဂံစားကို အိမ်ရှေ့အရာထားသည်။ သို့သော်သားတော် (တနင်္ဂနွေမင်းဖြစ်မည့်သူ) မွေးပြီးနောက်တွင် စိတ်ထားပြောင်းကာ ညီတော်အစား သားတော်ကို နန်းလျာထားရန် ကြံသည်။ ထိုမင်းလက်ထက်တွင် သံဃာထုအတွင်း အတင်ဂိုဏ်း နှင့် အရုံဂိုဏ်း ဟုနှစ်ဖက် အငြင်းပွားသည်ကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။ စနေမင်းနန်းစံကာလတွင်ကျိုင်းတံု‌ေစာ်ဘွားပုန်ကန်မှုနှင့်ရင်ဆိုင်ရသည်။ထို့ပြင်ဇင်းမယ်၊ရခိုင်တို့မှမ‌‌ေလးမခန့်ဖြစ်လာသည်။သားတော်အသက် ၁၉နှစ်တွင် ညီတော်ကို ပုဂံသို့ ပြန်စေပြီး သားတော်အားအိမ်ရှေ့အရာပေးကာ “ဘုန်းကြီးသောအရှင်” ဟုခေါ်ဝေါ်စေသည်။ သို့ဖြင့် စနေမင်းနတ်ရွာစံလျှင် သားတော် တနင်္ဂနွေမင်း နန်းတက်သည်။ ရည်ညွှန်းကိုးကား မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း နှစ် ၆၀ဝ အင်းဝ- ရွှေကိုင်းသား တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက်
https://my.wikipedia.org/wiki/%E1%80%85%E1%80%94%E1%80%B1%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ညောင်ရမ်းခေတ်
ညောင်ရမ်းခေတ် (ခရစ် ၁၅၉၇ မှ ၁၇၅၂) ပထမအင်းဝခေတ် ပျက်သုန်းပြီးနောက်ပိုင်း တောချုံအဖြစ် ၄-နှစ်မျှဖြစ်နေခဲ့ပြီး အင်းဝမြို့ကို (၁၆)ရာစု နှောင်းပိုင်းကာလတွင် ဒုတိယအကြိမ် ပြန်လည်တည်ထောင်ခဲ့သော မင်းမှာ ညောင်ရမ်းမင်းတရားကြီး ဖြစ်သည်။ ညောင်ရမ်းခေတ်သည် မြန်မာနိုင်ငံအတွက် လေးခုမြောက် ပဒေသရာဇ်ခေတ် ဖြစ်သည်။ တပင်ရွှေထီး၊ဘုရင့်နောင်တို့ ထူထောင်သည့် တောင်ငူ-ဟံသာဝတီခေတ် ပြိုလဲအပြီးတွင် တစ်နယ်တစ်မင်း စစ်ပြိုင်ပြုနေကြသည့် ပဒေသရာဇ်များကြားမှ ညောင်ရမ်းစားရှင်သစ္စာနှင့် သားများက အင်အားကြီးမားလာကာ ညောင်ရမ်းမင်းဆက်ကို တည်ထောင်ကြခြင်းဖြင့် ညောင်ရမ်းခေတ်ဟူ၍ ပေါ်ပေါက်လာသည်။ ညောင်ရမ်းမင်းဆက်မှ ဘုရင်များသည် အင်းဝကိုနန်းစိုက်ရာ မြို့တော်အဖြစ် အသုံးပြုခဲ့ကြသဖြင့် ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ကြသေးသည်။ ညောင်ရမ်းခေတ်မှာ ထူးခြားစွာပင် စာဆိုတော်များ၊ ပညာရှိများ ပေါ်ထွန်းလာသည့်အတွက် မြန်မာ့ယဉ်ကျေးမှုတိုးတက်ရေးတွင် အရေးပါသည့် ခေတ်ကာလအဖြစ် သတ်မှတ်ကြသည်။ ညောင်ရမ်းခေတ်တွင် ကြုံတွေ့ခဲ့ရသည့် အဓိကပြဿနာမှာ ရာသီဥတုနှင့် နောက်ပိုင်းကာလ နန်းတွင်းအရှုပ်တော်ပုံများ ဖြစ်သည်ဟု သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ညောင်ရမ်းခေတ်တွင် ညောင်ရမ်းမင်းဆက် (၁၁)ဆက် စိုးစံခဲ့ပြီး မြို့သက်နှစ်ပေါင်း ၁၅၃-နှစ်မျှ ကြာမြင့်ခဲ့သည်။ စာဆိုရှင်များ ညောင်ရမ်းခေတ်တွင် ထင်ရှားသောစာဆိုများမှာ ဝရာဘိသင်္ဃနာထဆရာတော်၊ တောင်ဖီလာဆရာတော်၊ သဒ္ဓမ္မလင်္ကာရဆရာတော်၊ ဦးကုလား၊ ဦးအောင်ကြီး၊ ဟံသာဝတီရောက်မင်းတရားကြီးတို့ဖြစ်သည်။ စာပေများ ဝရာဘိသင်္ဃနာထဆရာတော်၏ မဏိကုဏ္ဍဝတ္ထုသည် ဘုရားလောင်းသုတသောမမင်း၏ ဇာတ်လမ်းကို မဏ္ဍိုင်ပြုကာ (၅၅၀)ဇာတ်ဝတ္ထုများ ထည့်သွင်းရေးဖွဲ့ထားသော ဝတ္ထုစကားပြေဖြစ်သည်။ တောင်ဖီလာဆရာတော်ရေးသားခဲ့သော ယသဝဍ္ဎနဝတ္ထုသည် ကြီးပွားကြောင်း တရားများကို သာဓကများထားကာ ရေးသားခဲ့သော ဝတ္ထုဖြစ်သည်။ သဒ္ဓမ္မလင်္ကာရဆရာတော်ကလည်း ဓမ္မပဒ ကျမ်းကိုမှီ၍ ရတနာကရဝတ္ထုကို ရေးသားခဲ့သည်။ ညောင်ရမ်းခေတ်တွင် ဝတ္ထုစကားပြေများအကြား၌ ဦးကုလား မဟာရာဇဝင်ကျမ်းကြီး ပေါ်ထွန်းခဲ့သည်။ ဤကျမ်းတွင် သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင်၊ ပင်းယရာဇဝင်၊ အင်းဝရာဇဝင်၊ တောင်ငူရာဇဝင် စသည့် အကြောင်းအရာ နှင့် မင်းဆက်တို့၏ အကြောင်းအရာများကို ပြည့်စုံ ပေါ်လွင်အောင် ရေးသားနိုင်ခဲ့သော ရာဇဝင်ကျမ်းဖြစ်သည်။ ညောင်ရမ်းခေတ်တွင် အိုင်ချင်းကဗျာများလည်း ထွန်းကားခဲ့သည်။ အိုင်ချင်းကဗျာများမှာ ကျေးလက်ပြည်သူတို့၏ဘဝကို အရိုးခံအတိုင်း ရေးဖွဲ့ထားသည်။ ညောင်ရမ်းခေတ်တွင် စကားပြေဝတ္ထု၊ ရာဇဝင်၊ ဓမ္မသတ် နှင့် ပြဇာတ်အရေးအသားများ ထွန်းကားခဲ့ပြီး၊ ကဗျာကဏ္ဍတွင် ပျို့၊ တျာချင်း၊ အိုင်ချင်း၊ တေးသီချင်း၊ လူးတားနှင့် ရတုများထွန်းကားခဲ့သည်။ ကိုးကား မြန်မာနိုင်ငံ၏ သမိုင်း ညောင်ရမ်းခေတ်
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%90%E1%80%BA
မဟာဓမ္မရာဇာဓိပတိ
အင်းဝပြည့်ရှင် သီရိပဝရ မဟာဓမ္မရာဇာ ဓိပတိဘွဲ့ခံ တနင်္ဂနွေမင်း၏ သားတော်ဖြစ်၍ ခမည်းတော်၏ အရိုက်အရာကို ၁ဝ၉၅ ခုနှစ်တွင် ဆက်ခံစိုးစံသည်။ မဟာဓမ္မရာဇာဓိပတိ ဘွဲ့ခံ၍ လောကသရဖူဒါယကာဟူ၍လည်းကောင်း၊ ကြာသပတေးမင်းဟူ၍ လည်းကောင်း တွင်၏။ ညောင်ရမ်းခေတ် နောက်ဆုံးမင်းလည်း ဖြစ်၏။ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံမင်း(၁၇၃၃-၁၇၅၂)သည် သမိုင်းတွင် ဟံသာဝတီရောက်မင်း ဟူ၍လည်းကောင်း၊ လောကသရဖူဒါယကာမင်း ဟူ၍လည်းကောင်း ကျော်ကြားလေသည်။ နန်းဆက်ခံခြင်း တနင်္ဂနွေမင်းလွန်ချိန်က ညီတော် သရက်စားမင်းသားမှာ အုပ်ချုပ်နိုင်သည့် အရည်အချင်းရှိသူအဖြစ် အများကလက်ခံပြီး လိုလားခဲ့ကြသည်။ သို့သော် သီရီဇေယျနော်ရထာဘွဲ့ခံ နန်းရင်းဝန်ကြီး ဦးပုက ဦးဆောင်ကာ အသက်(၁၆)နှစ်အရွယ် မင်းသားငယ်ကို ဝိုင်းဝန်းနန်းတင်လိုက်ရာမှ မဟာဓမ္မရာဇာဓိပတိဘွဲ့ဖြင့် ၂၃၊ နိုဝင်ဘာ၊ ၁၇၃၃ တွင် အင်းဝနန်းကို စိုးစံရသည်။ ထိုမင်းသည် ရာဇဝင်၊ ပုံပြင်၊ ဗေဒင်၊ ဂဏန်း၊ ဗဟုသုတ၊ စောင်းညှင်း စသော အတီးအမှုတ်တို့နှင့်တကွ ကဗျာလင်္ကာရေးသားစပ်ဆိုရာ၌ များစွာ ကျွမ်းကျင်တော်မူ၏။ သို့သော် တိုင်းရေးပြည်မှုတို့ကို များစွာ ဂရုမစိုက်၊ သောက်စားပျော်ပါးမှုတို့နှင့်သာ အချိန်ကုန်တတ်၏။ ဖခင်ဖြစ်သူလက်ထက်က ပျက်စီးနေသော လယ်ယာစိုက်ပျိုးရေး နှင့်ပြည်ပ ကျူးကျော်နှောင့်ယှက်မှုများကို ဖြေရှင်းရန် တာဝန်ရှိသော်လည်း ငယ်ရွယ်သူဖြစ်သည့် အတွက် ဝါသနာပါရာ ဗေဒင်ကိန်းခန်းနှင့် ဇာတာခွင် စစ်ဆေးခြင်း အလုပ်များတွင်သာ အာရုံထားပြီး တိုင်းပြည်တာဝန်ကို လှစ်လျှုရှုမြဲ ရှုနေခဲ့သည်။ သဘင်ကြီးစွာခံကာ ဧရာဝတီမြစ်ရိုးတစ်လျှောက် နောက်လိုက်များဖြင့် ခရီးထွက်ပျော်ပါးနေခဲ့သည်။ ထို့ပြင် ဗေဒင်ကိန်းခန်း အလိုအရဟုဆိုကာ အင်းဝအနောက်တောင်ဘက်ရှိ ဆင်တဲအရပ်တွင် သစ်နန်းတည်ကာ နန်းစံနေခဲ့သည်။ အဆိုးဆုံးသောအမှားမှာ မိမိငယ်ဆရာ ရွှေဖြိုးကို နန္ဒမိတ်ကျော် ဘွဲ့ဖြင့်အပါးတွင်ခစားစေခြင်း၊ ထိုသူနှင့် အပေါင်းအပါများကသွေးထိုးသည်ကြောင့် နန်းရင်ဝန်ဦးပုအပါအဝင်၊ ရွှေတိုက်စိုး၊ အသည်ဝန်၊ သက်တော်ရှည်အမတ်ကြီး နှင့် ဝန်တစ်ပါး အပါအဝင် အရေးပါသည့် လူငါးဦးလုံးကို ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ ကွပ်မျက်ရန်အမိန့်ချစဉ် ဦးပုက “သေမယ့်အရေးထက် တိုင်းပြည်ပျက်မယ့်အရေးကို တွေးကြောက်မိတယ်။”ဟုပင် ညီးဆိုသွားခဲ့သေးသည်။ ထို့ပြင်လည်း ပျော်ပါးဘက် မှူးမတ်ငယ်များကိုသာ အရေးတယူ ပြုမှုသောကြောင့် ကာယ၊ ဉာဏ အရည်အချင်းပြည့်ဝသည့် မှူးကြီး မတ်ကြီးတို့ လွတ်ရာ ရှောင်တိမ်းနေကြ ရသည်။ ဤသို့အားဖြင့် နိုင်ငံတော်သည် များစွာ အင်အား ချို့တဲ့လျက်ရှိသည်သာမက မငြိမ်မဝပ် အစားအစာ ရှားပါး လေသည်။ နန်းစွန့်ရခြင်း ထိုအခါ ရှေးမင်းများလက်ထက်က စိုးပိုင်ခဲ့ဖူးသည့် ယိုးဒယား၊ ဇင်းမယ်၊ ရှမ်းနယ်၊ မွန်နယ်တို့သည် မြန်မာမင်းအား ပမာမထား ခြားနား ထောင်ထားကြလေ၏။ မဏိပူရ ကသည်းတို့ကလည်း နှစ်နှစ်တကြိမ်၊ သုံးနှစ်တစ်ကြိမ် ထိုမင်းလက်ထက် ကုန်ဆုံးသည့်တိုင် မြန်မာနိုင်ငံတော်သို့ ဆက်ကာဆက်ကာ လာရောက် ထိပါး နှောက်ယှက်ခဲ့ရာ တစ်ကြိမ်တွင် အင်းဝမြို့အနီးတိုင် ရောက်လာကြပြီးလျှင် များစွာ ဖျက်ဆီးသွား ကြလေသည်။ သက္ကရာဇ် ၁၁ဝ၉ ခုနှစ်ခန့်တွင် ငစဉ့်ကိုင် အရှေ့ အုတ်ဖိုတောင်ခြေ၌နေသော ကွေ့ရှမ်းတို့သည် မိမိတို့ အကြီးအကဲ ဂုဏ္ဏအိမ်နှင့်တကွ မတ္တရာ၊ အုတ်ဖို စသော အညာမြစ်စင် တစ်လျှောက်တွင် ချထားနေထိုင်ရသော မွန်ဟူသမျှနှင့် ညီညွတ် ပုန်ကန်ကြသည်။ ထို့ပြင် အင်းဝတွင် အားထားလောက်သည့် အမှူးအမတ်များမရှိတော့ကြောင်းကြားလျှင် ဟံသာဝတီကလည်း ၁၁ဝ၁ ခုနှစ်မှ အစပြု၍ ပုန်ကုန် ခြားနားလာခဲ့ရာ အင်းဝလက်အောက်ခံအဖြစ်မှ လွတ်မြောက်ကာ အင်အား တဖြည်းဖြည်း တိုးတက်လာပြီးလျှင် အင်းဝတပ်များကိုပင် တွန်းလှန်နိုင်ခဲ့သည်။ အစဦးတွင် ဟံသာဝတီမှအဝေးမြို့ဝန် အဖြစ်ရှိနေသည့် ဦးသာအောင်က မွန်လူမျိုးတို့ကို အတင်းအကျပ်စုဆောင်းကာ ပုန်ကန်သည်။ အင်းဝမှ တပ်တစ်တပ်လွတ်ကာ နှိမ်နှင်းသည်။ သို့သော် ဟံသာဝတီရှိမွန်တို့က သူတို့မလိုလားသည့် ဦးသာအောင်ကို လုပ်ကြံလိုက်သဖြင့် ပုန်ကန်မှု ချုပ်ငြိမ်းသည်။ ထိုပုန်ကန်မှုကို စစ်ဆေးရန် တာဝန်ပေးသည့် သန်လျင်မြို့ဝန်မင်း ရဲအောင်နိုင်က ကောင်းစွာစစ်ဆေးခြင်းမရှိပဲ သေဒဏ်များချမှတ်ရာမှ ဒုတိယအကြိမ် ပုန်ကန်ကြသည်။ ပုန်ကန်မှုကို ဦးဆောင်ရန်အတွက် ပုဂံစားမင်းသားမှ ဆင်းသက်သည့် ဦးသာလှဆိုသူကို သမိန်ထောဗုဒ္ဓကိတ္တိဘွဲ့ဖြင့် အကြီးအမှူးတင်မြောက်ကြသည်။ ထိုစဉ်က အင်းဝမှ မဟာဓမ္မရာဇာဓိပတိမင်းလည်း အင်အားနည်းလှပြီဖြစ်၍ တပ်များစေလွှတ်နှိမ်နှင်းနိုင်ခြင်း မရှိတော့ပေ။ ထိုသို့ မရည်ရွယ်ပဲ မင်းဖြစ်လာသည့် သမိန်ထောဗုဒ္ဓကိတ္တိမှာ မင်းဖြစ်လောက်သည့် အရည်အသွေးမရှိပေ။ အချိန်ရှိသရွေ့ ဆင်ကျော့(ဆင်ဖမ်း)၍သာ နေသဖြင့် ဟံသာဝတီနန်းတွင်း၌ပင် မနေဟုဆိုသည်။ ထို့ကြောင့် ယေက္ခမဖြစ်သူ ဗညားဒလဘွဲ့ခံ ဆင်ဝန်ဦးအောင်လှက တောတွင်းသို့လိုက်ခေါ်သော်လည်း ပုန်ကန်သည်အမှတ်ဖြင့် ဇင်းမယ်သို့ ပြေးသည်။ သို့ဖြင့် အချိန်တိုအတွင်းတွင် ဟံသာဝတီ၌ ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် နန်းတက်တော့သည်။ ဗြမိုင်းဓိရာဇာမှာ မြန်မာမဟုတ်ပေ။ ဇင်းမယ်ဇာတိ လင်ဇင်းရှမ်းအနွယ် ဖြစ်သည်။ ဆင်မှုကျွမ်းကျင်သဖြင့် အင်းဝမင်းက ပဲခူးတွင် ဆင်ဝန်ခန့်ထားသူ ဖြစ်သည်။ နန်းတက်သည်နှင့် ညီတော်အကြီးကို ဥပရာဇာဘွဲ့ဖြင့် အိမ်ရှေ့ထားကာ ကျန်ညီတော်အငယ်ကို ဗညားဒလဘွဲ့ပင်ပေး၍ စစ်ပြင်လေသည်။ သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီဘုရင့်ညီတော်အိမ်ရှေ့ဥပရာဇာနှင့် ညီတော် ဗညားဒလတို့ ရေကြောင်း၊ ကြည်းကြောင်း အလုံးအရင်းနှင့်တကွ ချီတက်လာပြီးလျှင် အင်းဝမြို့ကို ဝန်းရံ လုပ်ကြံသည်။ အင်းဝမှာလည်း ဆယ်နှစ်၊ ကိုးနှစ်အတွင်း နိုင်ငံ မငြိမ်မသက်ရှိ၍ ဆင်းရဲသားတို့ ကောင်းစွာ မလုပ်ဆောင်ကြရသောကြောင့် ဆန်ရေစပါး ပါးရှားငတ်မွတ်သည်နှင့် ရဲမက်တော်တို့ ကောင်းစွာ မခုခံ မတိုက်ခိုက်နိုင်သဖြင့် တစ်မြို့လုံး မွန်တို့လက်သို့ ရောက်ရလေသည်။ ထိုအခါ မင်း၊ မိဖုရား၊ သားတော် သမီးတော်၊ မှူးမတ်၊ သူဌေး သူကြွယ်မှစ၍ ပိဋကတ်စာပေမကျန် သိမ်းယူပြီးသော် ဟံသာဝတီသို့ ဆောင်ယူလေသည်။ ဤတွင် မဟာဓမ္မရာဇဓိပတိမင်းကို ဟံသာဝတီရောက် မင်းတရားကြီးဟု တွင်လေသည်။ မှူးမတ်များတွင်လည်း ကဗျာအရာတွင် အလွန်ကျော်ကြားသော ဝန်ကြီးပဒေသရာဇာလည်း ပါဝင်၏။ ၂၁၊ မတ်၊ ၁၇၅၂ တွင် အင်းဝကျကာ မဟာဓမ္မရာဇာဓိပတိမင်းလည်း ဆွေတော်မျိုးတော်များနှင့် တကွ ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ပါကာ ညောင်ရမ်းမင်းဆက် ပြတ်လေတော့သည်။ နောက်ဆက်တွဲ နှင့် ဘဝနိဂုံး အင်းဝမင်း ဟံသာဝတီသို့ပါလျှင် မုဆိုးဘိုရွာသူကြီး ဦအောင်ဇေယျသည် မုဆိုးဘိုနှင့် အနီးအပါးမှ လူစွမ်းကောင်းများကို စုစည်းကာ အင်းဝအစောင့်နေသည့် မွန်စစ်သူကြီး တလပန်းအား ရင်ဆိုင်ကာတိုက်ခိုက်သည်။ ဗြမိုင်းဓိရာဇာ၏ မှူးမတ်များ ကုန်းတိုက်သည်ကြောင့်၎င်း၊ တောင်ပိုင်းတနင်္သာရီဒေသကို ယိုးဒယားတို့ ထိပါးသည်ကြောင့်၎င်း မုဆိုးဘိုကို ရင်ဆိုင်ဆဲမှာပင် တလပန်းအား ဟံသာဝတီသို့ပြန်ခေါ်ကာ အင်းဝတွင် ငွေခွန်ဝန်မှူးဆိုသူကို အကြီးအကဲခန့်ကာ မုဆိုးဘိုကို ဆက်လက်တိုက်ခိုက်စေသည်။ နောင်တွင် ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်သည်။ ဟံသာဝတီတွင် အကျယ်ချုပ်ဖြင့်နေထိုင်သော မဟာဓမ္မရာဇာဓိပတိလည်း တစ်ရက်တွင် ငါးလင်ပန်းဆားနယ်တစ်ကောင်သည် ခေါင်းကလျောကျ ပုပ်ပွကာ သေဆုံးနေသော်လည်း အမြှီးပိုင်းမှာ ဖျက်ဖျက်ခုန်ကာ လှုပ်လျက်ရှိသည်ဟူသော အဖြစ်ထူးကို သိလျှင် ဝါသနာအလျောက် နိမိတ်ဖတ်လေသည်။ “ငါးကို ငါတို့ဗမာ(မြန်မာ)ဟု ယူရမည်။ ခေါင်းသေနေပြီဆိုသဖြင့် အကြီးအကဲဖြစ်သော ငါ့မှာ ရန်သူမွန်မင်းလက်တွင်းတွင် နေရသည်။ သို့သော် ကိုယ်အမြှီးမှာ လှုပ်ရှားရှင်သန်နေသည်ကို ထောက်လျှင် မိမိတို့ ဗမာအမျိုးသားတို့မှာ ခေါင်းဆောင်ကောင်းနှင့် တွေ့လျှင် ပြန်လည်ထူထောင်နိုင်မည့် နိမိတ်ပင်ဖြစ်သည်။” ဟု ရေရွတ်နိမိတ်ဖတ်လေသည်။ ထိုအကြောင်းကို ကြားသည်ကြောင့်တစ်ကြောင်း၊ ဟံသာဝတီရှိ မြန်မာလူမျိုးများနှင့် မြန်မာမင်းဆွေမင်းမျိုးတို့က မဟာဓမ္မရာဇာကို နန်းတင်ရန် ကြိုးပမ်းသည်ဟု သိရသဖြင့်၎င်း ဗြမိုင်းဓိရာဇာလည်း နောက်ရန်အေးစေရန် “နောင်တော် အဝမင်းတရားကို နတ်ပြည်သို့ပြောင်းရွှေ့စံမြန်းစေ။” ဟု မိန့်ကာ သတ်စေသည်။ သို့ဖြင့် ဟံသာဝတီအနီး ချောင်းတစ်ချောင်းတွင် ၁၃၊အောက်တိုဘာ၊ ၁၇၅၄ ညနေ၌ အဆွေအမျိုးများနှင့်တကွ ရေချကာ ကွပ်မျက်ခဲ့သည်။ ဤကဲ့သို့ မရှုမလှ အသက် ဆုံးရှုံးရမည်ကို လက်ဦးမဆွပင် သိပြီးဖြစ်သော မင်းတရားကြီးသည် အသတ်မခံရမီကပင် - ပုဂ္ဂိုလ်ခြောက်မည်၊ သန္ဓေတည်သား၊ ဤသည်ပရိတ်၊ ရှစ်ဆယ်စိတ်တွင်၊ ခု-တိတ် နောင်လျဉ်၊ သံယော ဇဉ်လည်း၊ အယဉ်စီစီ၊ တိထီသာခန်း၊ ပျော်မမြန်းခဲ့၊ တဆန်းကြူးလွန်း၊ ဘုံသုံးတန်တွင်၊ နှိုင်းရန်တူကြောင်း၊ ရွေးချယ်ပေါင်းသော်၊ သောင်းကလွတ်ခွာ၊ ရာကာ ကင်းဝေး၊ ကိုးယောက်ရွေးလျှင်၊ ရှင်ထွေးလှခေါင်၊ လှတန်ဆောင်သည်။ ရှင်အောင်ကိုသာ လွမ်းမိခဲ့အစရှိသော ရတုပိုဒ်စုံကို စပ်ဆိုခဲ့လေသည်။ ထို့ပြင် ဟံသာဝတီ၌ အကျဉ်းခံနေရစဉ် အင်းဝမြို့ မျက်စိအောက်တွင် ပျက်စီးယိုယွင်း၍ သွားပုံကို နှမြောလှ၍လုဇ္ဇတိပလုဇ္ဇတီတိ လောကော၊ သဘောနိယံ၊ လောကဓံနှင့်၊ ဆက်ဆံကြုံကြိုက်၊ ကိန်းခန်းလိုက်ဖြင့်၊ ရစ်ဝိုက်မြစ်ဆုံ၊ ရွှေဘုံအဝ၊ ပုရိန္ဒကား၊ နရသနင်း၊ မင်းလည်းကင်းကွာ၊ ပြည်ရွာပျက်စီး၊ တောကြီးဟူလောက်၊ မျက်မှောက်လင်္ကာ၊ သာသနာလည်း၊ ရောင်ဝါမလင်း၊ သို့ဖြစ်ခြင်းကို၊မြှော်တင်းစေ့စေ့၊ ကြံအောက်မေ့သော်၊ ပျောင်းခွေ့ညွတ်ခွေ၊ လွမ်းတာဝေခဲ့အစရှိသော တမ်းချင်းတစ်ပုဒ်ကိုလည်းရေးသားထားခဲ့ လေသည်။ ရည်ညွှန်းကိုးကား မြန်မာမင်းများအရေးတော်ပုံကျမ်း(၆စောင်တွဲ) မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း ကိုးကား တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက် မှတ်စု
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%9B%E1%80%AC%E1%80%87%E1%80%AC%E1%80%93%E1%80%AD%E1%80%95%E1%80%90%E1%80%AD
ကိုးတိုင်း ကိုးဌာန
သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသင်္ဂါယနာ တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓဘာသာ ပြန့်ပွားစေရန် ရည်ညွှန်း၍ အာသောကမင်းတရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံ ဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော် မူကြသည်။ (၁) ကသ္မီရ- ဂန္ဓာရတိုင်း။ ။ ဟိမဝန္တာ၏ အနောက်မြောက်ဘက် ပန်ချပ်နယ်၏ အရှေ့မြောက်ဘက် စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ယင်း၏အနောက်ဘက် သိန္ဓုမြစ်ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ၂-တိုင်းပေါင်းလျက် အာဖဂန်နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကထေရ်မြတ်ခေါင်းဆောင်သောအဖွဲ့ဝင် သံဃာတော် ၄-ပါး၊ အာသီဝိသောပမသုတ္တန် ဟောကြားကာ သာသနာပြုတော်မူကြသည်။ (၂) မဟိံသကတိုင်း။ ။ အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏မြောက်ပိုင်းရှိ 'ချီတယ်ရ်'စီရင်စု ဌာနတို့သို့ မဟာဒေဝထေရ်ဦးဆောင်၍ အဖွဲ့ဝင်သံဃာတော် ၄-ပါး၊ ဒေဝဒူတသုတ္တန်ကိုဟောကြားလျက် သာသနာပြုတော်မူကြသည်။ (၃) ဝနဝါသီတိုင်း။ ။ ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ ဟိုက်ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်းပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ် ခေါင်းဆောင်သောအဖွဲ့ဝင် သံဃာ၄-ပါးတို့ အနမတဂ္ဂသုတ္တန် ဟောကြား၍ သာသနာပြုတော်မူကြသည်။ (၄) မဟာရဋ္ဌတိုင်း။ ။ ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့ အရှင်မဟာဓမ္မရက္ခိတမထေရ်ခေါင်းဆောင်၍ အဖွဲ့ဝင်သံဃာ ၄-ပါး ကြွတော်မူကာ မဟာနာရဒကဿပဇာတ်တော်ကိုဟောကြားတော်မူကာ သာသနာပြုတော်မူကြသည်။ (၅) အပရ န္တတိုင်း။ ။ မလဝါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်၊ သစ္စဗန္ဓတောင်၊ သုပ္ပရကသင်္ဘောဆိပ် ဝါဏိဇ္ဇဂါမ စသည်တို့သို့ အရှင်ဓမ္မရက္ခိတ မထေရ် ခေါင်းဆောင်သော သံဃာတော် ၄-ပါးတို့ ကြွတော်မူကာ သဂ္ဂိခန္ဓောပမ သုတ္တန်ကို ဟောကြားတော်မူ၍ သာသနာပြုတော်မူကြသည်။ (၆) ယောနကတိုင်း။ ။ အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား တူရကီ ဂရိတ် အီတလီတို့ တည်ရှိရာ ယင်း၏ရှေးဟောင်းအမည်မှာ သာကလတိုင်း- သာကလမြို့ဖြစ်၏။ မိလိန္ဒမင်းနှင့် ရှင်နာဂသိန်မထေရ်မြတ်တို့ မေးဖြေရာဌာနသို့ အရှင်မဟာရက္ခိတ မထေရ်ခေါင်းဆောင်ကာ အဖွဲ့ဝင် ၄-ပါးတို့ ကြွတော်မူလျက် ကာဠကာရာမသုတ္တန်ကို ဟောပြောကာသာသနာပြုတော်မူကြသည်။ (၇) စိနရဋ္ဌ ခေါ် စိန့်တိုင်း ၅-ရပ်။ ။ ဟိမဝန္တာ၏ အရှေ့ဘက်အရပ်နှင့် မြောက်ဘက်အရပ်ရှိ (၁) ခိုတန်၊ (၂) ဘူတန်၊ (၃) ယရကန်၊ (၄) တိဘက်၊ (၅) တရုတ်ပြည်တို့သို့ အရှင်မဇ္ဈိမထေရ်ခေါင်းဆောင်လျက် အဖွဲ့ဝင် ၄-ပါးတို့ ကြွချီတော်မူကြကာ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူ၍ သိမ်းသွင်းကာ သာသနာပြုတော်မူကြသည်။ (၈) သုဝဏ္ဏဘူမိ တိုင်း။ ။ စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်း၊ မြန်မာ၊ မွန်၊ ကရင်၊ ကချင်၊ ကယား၊ ယွန်း၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို စသော လူမျိုးတို့နေထိုင်ရာ သို့ အရှင်သောဏထေရ်နှင့် အရှင်ဥတ္တရထေရ် ၂-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင်သံဃာ ၃-ပါးနှင့်ပေါင်း ၅-ပါးတို့ ကြွရောက်ကာဗြဟ္မဇာလသုတ္တန်ကို ဟောကြားတော်မူလျက် မြတ်ဗုဒ္ဓသာသနာတော်အတွင်းသို့ သိမ်းသွင်းတော်မူကြသည်။ (မှတ်ချက်။ ။ မြန်မာတို့က မွန်တိုင်းပြည်နယ် သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆကြသည်။ အိန္ဒိယကျောက်စာဌာနကမူ စုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ရေးထိုးကြသည်။) (၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း။ ။ ယခုအခါ သီရိလင်္ကာ ဟူ၏။ ဒေဝါနံပီယတိဿမင်းကြီး လက်ထက်အခါ သာသနာတော် ၂၃၆-ခုနှစ်၊ နယုန်လပြည့်နေ့တွင် အရှင်မဟာမဟိန္ဒထေရ် ဦးဆောင်၍ အရှင်ဣဋ္ဋိယထေရ်၊ အရှင်ဥတ္တိယထေရ်၊ အရှင်ဘဒ္ဒသာလထေရ်၊ အရှင်သမ္ဗလထေရ်မြတ် ၅-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင် ၁၃-ပါးနှင့် အရှင်မဟိန္ဒ၏တူတော် သုမနသာမဏေ၊ ဘဏ္ဍုက ခေါ် လူဥပါသကာတို့ သွားရောက်ကြကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကို ဟောကြား၍ ဗုဒ္ဓဘာသာ အရှည် တည်တံ့အောင် တည်တံ့တိုးပွားအောင် သာသနာပြုတော်မူသွားကြလေသည်။ ကိုးကား ဗုဒ္ဓဘာသာ သမိုင်း
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%20%E1%80%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%8C%E1%80%AC%E1%80%94
ဇိနတ္ထပကာသနီကျမ်း
ဇိနတ္ထပကာသနီကျမ်းသည် ပြည်ခရိုင် ရွှေတောင်မြို့ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးအရှင်မုနိန္ဒာဘိဓဇထေရ် (မြန်မာ ၁၁၇၉- ၁၂၅၆) ရေးသားပြုစုခဲ့သော ကျမ်းဖြစ်သည်။ ရေးသားပုံမှာ ပထမတွဲမှ ဒဿမတွဲအထိ အတွဲကြီးဆယ်တွဲ၊ အခန်းငယ်ပေါင်း ကိုးဆယ်ကျော်တို့ဖြင့် တန်ဆာဆင်ကာ မြန်မာစကားပြေဖြင့် ရေးသားထားသည်။ စာမျက်နှာ (၅၇၂)မျက်နှာ ရှိသည်။ ဇိနတ္ထပကာသနီ= ဇိန-အောင်နိုင်သူ + အတ္ထ-အကြောင်းအရာ + ပကာသနီ-ထင်ရှားအောင်ပြဆိုခြင်း ဟူ၍ ဖြစ်သည်။ ဇိနတ္ထပကာသနီကျမ်း = မြတ်စွာဘုရားအကြောင်း ထင်ရှားစွာပြဆိုသောကျမ်း ဖြစ်ပေသည်။ *ဗုဒ္ဓဝင် အကျဉ်းချုပ် ထိုကျမ်းတွင် ပါဝင်သော အကြောင်းအရာအကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။ (၁) ဂေါတမ မြတ်စွာဘုရားအလောင်းတော် ဘုရားဆုကို ပန်ဆင်သည်မှစ၍၊ ဘုရားအဖြစ်သို့ ရောက်ပြီးလျှင် ပရိနိဗ္ဗာန် စံလွန်သည်အထိ ထင်ရှားသော အကြောင်းအရာများနှင့် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းတို့ ကြည်ညိုဖွယ်ရာ မှတ်သားဖွယ်ရာ နည်းယူဖွယ်ရာ ကောင်းသည့်အကြောင်းအရာများ ပါရှိသည်။ (၂) သာသနာတော်တွင် ထင်ရှားကျော်စောသော လက်ျာတော်ရံ အရှင်သာရိပုတ္တာထေရ်၊ လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန်ထေရ်၊ အရှင်ဥပါလိထေရ်၊ အရှင်အာနန္ဒာထေရ် စသော ရဟန္တာယောက်ျားမြတ်တို့ အကြောင်းအရာများလည်း ပါရှိသည်။ (၃) မိထွေးတော် ဂေါတမီထေရီမ၊ ခေမာထေရီမနှင့် ဥပ္ပလဝဏ်ထေရီမ စသော ရဟန္တာမိန်းမမြတ်တို့ အကြောင်းအရာများလည်း ပါရှိသည်။ (၄) ကောသလမင်း၊ ဗိမ္မိသာရမင်း၊ အဇာတသတ်မင်း စသော သာသနဒါယကာမင်းတို့နှင့် မလ္လိကာ မိဖုရား၊ ခေမာမိဖုရား စသော သာသနဒါယိကာမ မိဖုရားတို့ အကြောင်းအရာများလည်း ပါရှိသည်။ (၅) အနာထပိဏ်သူဌေး၊ ဇောတိကသူဌေး၊ ဇဋိလသူဌေး၊ စိတ္တသူကြွယ် စသော သာသနာဒါယကာ သူဌေး သူကြွယ်တို့နှင့် ဝိသာခါ ဒါယိကာမ၊ သုပ္ပိယဒါယိကာမ စသော သာသနဒါယိကာမတို့အကြောင်းအရာများလည်း ပါရှိသည်။ (၆) အယူလွဲနေသော ဗကဗြဟ္မာကြီးကို တရားပြ၍ ဆုံးမတော်မူသောအခန်း၊ ကြမ်းတမ်းခက်ထန်သောသုစိလောမဘီလူး၊ ခရလောမဘီလူး၊ အာဠာဝကဘီလူးတို့ကို ဆုံးမတော်မူသောအခန်း၊ အယူဝါဒဖြင့် မာနထောင်လွှားကာ ဝါဒပြိုင်မည်ဟု ကြုံးဝါးနေသော သစ္စကပရိဗိုဇ်၊ လူတို့ကို သတ်ဖြတ်ညှဉ်းဆဲနေသော အင်္ဂုလိမာလခိုးသူကြီးတို့ကို ဆုံးမတော်မူသော အခန်း နှင့် ကြမ်းတမ်းခက်ထန်သော နန္ဒောပနန္ဒ နဂါးမင်း၊ နာဠာဂိရိ ဆင်မင်းတို့ကို ဆုံးမတော်မူသော အခန်များလည်း ပါရှိသည်။ (၇) ပထမသင်္ဂါယနာတင်ပုံ၊ ဒုတိယသင်္ဂါယနာတင်ပုံ၊ တတိယသင်္ဂါယနာတင်ပုံ အကြောင်းစုံများလည်း ပါရှိသည်။ အထက်ဖော်ပြပါ သာသနာတော်နှင့်စပ်သော အကြောင်းအရာစုံလင်စွာတို့ဖြင့် စီရင်အပ်သော ဇိနတ္ထပကာသနီကျမ်းကား သာသနာတော်အတွင်း၌ လူသိများ၍ ထင်ရှားသော ကျမ်းတစ်စောင်ဖြစ်သည်။ ဗုဒ္ဓအယူဝါဒကို ခံယူသော သူတော်စင်အပေါင်းတို့ နှစ်ထောင်းအားရ၊ အမြဲလက်သုံးပြုကြသော ကျမ်းတစ်စောင်ဖြစ်သည်။ ဗုဒ္ဓအယူဝါဒဆိုင်ရာကိုပြဆိုသော ကျမ်းများအနက် ဤဇိနတ္ထပကာသနီကျမ်းသည်ထူးခြားသောကျမ်း ဖြစ်၏။ ယင်းထူးခြားချက်မှာ ရေးသားပုံထူးခြားချက်ပင်ဖြစ်၏။ အရေးအသားတွင် ဝါကျပင်ရှည်သော်လည်း၊ စကားအသုံးအနှုန်း အထုံးအဖွဲ့မှာ ပြေပြစ်၏။ အချို့သော နေရာများတွင် ကာရန် အချိန်အဆက်ရှိ၏။ ထိုကြောင့် ဇိနတ္ထပကာသနီကို ဖတ်ရှုနာယူ သူတို့အတွက် သာယာနာပျော်ဖွယ်ရှိ၏။ အဓိပ္ပာယ်လည်းသိလွယ်၏။ ကိုးကား ဗုဒ္ဓဘာသာ ကျမ်းစာများ‎ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%87%E1%80%AD%E1%80%94%E1%80%90%E1%80%B9%E1%80%91%E1%80%95%E1%80%80%E1%80%AC%E1%80%9E%E1%80%94%E1%80%AE%E1%80%80%E1%80%BB%E1%80%99%E1%80%BA%E1%80%B8
ကြည်အောင် (ကဗျာဆရာ)
မိုးမခ ကွန်ရက် စာမျက်နှာမှာ လွှင့်တင် ထားတဲ့ ကဗျာ ဆရာ ကြည်အောင် အကြောင်း ဖွဲ့နွဲ ထားတဲ့ ဖိုးသံ (လူထု) ရဲ့ “ကိုကြည်လင်နဲ့ ကျနော်” ရုပ်ပုံလွှာ အဖွဲ့အနွဲ့နဲ့ “လူထု အမှတ်တရ လူထု ဦးလှ” (လူထု ဦးလှ ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အမှတ်တရ စာတွေ အဖြစ် လူထု ကြီးပွားရေး စာအုပ်တိုက်က ၁၉၉၄ ဩဂုတ်လမှာ ပထမ အကြိမ် ထုတ်) နဲ့ “သစ္စာရှာဖို့ ငါ မြင်းစီးမယ်” (ဆရာကြီး ရွှေဥဒေါင်း နှစ်တရာပြည့် (၁၈၈၉ - ၁၉၈၉) အမှတ်တရ စာတမ်းကို ဥတ္တရ လွင်ပြင် စာအုပ် တိုက်က ၁၉၉ဝ ဧပြီမှာ ပထမ အကြိမ် ထုတ်) စာအုပ် တွေက ကဗျာ ဆရာ ကြည်အောင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်း တို့ကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိ အကျဉ်း အင်းဝမြို့ဇာတိ၊ အဖ ဦးစိန်ညွန့်၊ အမိ ဒေါ်ထွေး တို့က ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ကြည်လင် ဖြစ်ပြီး၊ မော်ကွန်း ဘုန်းကြီးကျောင်း၊ တံတားဦး အ.ထ.က၊ မန္တလေးတက္ကသိုလ် တို့တွင် ပညာ သင်ကြားခဲ့သည်။ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး တို့နှင့်အတူ မန္တလေးတက္ကသိုလ် ကဗျာရွှေခေတ် (၁၉၅၆ - ၆၅) ကို ထူထောင်ခဲ့သူတဦး ဖြစ်သည်။ ၁၉၅၈ - ၅၉ တွင် မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း အင်္ဂလိပ်စာစာတည်း၊ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း အတွင်းရေးမှူး၊ ၁၉၆ဝ - ၆၁ တွင် မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း မြန်စာစာတည်း စသော တာဝန်များကို ယူခဲ့သည်။ မန္တလေး လူထု သတင်းစာ၊ ရှုမဝ၊ ငွေတာရီ စသောမဂ္ဂဇင်းများတွင် ကဗျာ၊ စာပေ ဝေဖန်ရေး ဆောင်းပါးများ ရေးသားရင်း “ကြည်အောင်” ကလောင်အမည်အား တည်ဆောက်ခဲ့သည်။ ၁၉၅၉ ခု၊ ရှုမဝ မဂ္ဂဇင်းပါ “ဖြစ်အင်” ကဗျာဟာ ပထမဆုံး ပုံနှိပ် ဖော်ပြခဲ့တဲ့ စာမူ ဖြစ်တယ်။ ၁၉၆၃ မှာ “လမင်းတရာ” ကဗျာ စာအုပ်နဲ့ အမျိုးသား စာပေဆု ရခဲ့တယ်။ မောင်စွမ်းရည်နဲ့ တွဲပြီး စိတြ (၁၉၆ဝ)၊ ဒုဋ္ဌဝတီမှ ဧရာဝတီသို့ (၁၉၆၅)၊ မိခင် မာရသွန်၊ ဟေမန္တ ခြေမြန်တော် (၁၉၉၁)၊ နှင်းဆီ ခင်းပေါ်က လမင်း (၁၉၉၄) စတဲ့ ကဗျာ စာအုပ် တွေနဲ့ သစ္စာရှာဖို့ ငါ မြင်းစီးမယ် (၁၉၉ဝ) စကားပြေ စာအုပ်လည်း ထုတ်ဝေပြီး ဖြစ်တယ်။ ဖိုးသံ (လူထု) ရေးသော ကိုကြည်လင်အကြောင်း ကိုကြည်လင်နဲ့ ကျနော် ကြည်လင် ဆိုတာက သူ့အိမ် နာမည်၊ ကျောင်းနာမည်၊ ကျနော်တို့ ခေါ်တဲ့ နာမည်။ ကြည်အောင် ဆိုတာက သူ့ကလောင် နာမည်၊ စာပေဗိမာန် ကဗျာဆုရတဲ့ နာမည်။ သူ့နာမည်နဲ့ ပတ်သက်လို့ ပြောစမှတ် အဖြစ်အပျက် တခုကို ကြားဖူးသူများ ကြားဖူး ကြပါလိမ့်မယ်။ တက္ကသိုလ် ကျောင်းသား ဘဝ အချင်းချင်းတွေ တခါ ဆုံကြတုန်း လူငယ်တို့ ဘာသာဘာဝ ပျော်ကြ နောက်ကြရင်း ကဗျာ ဆရာ တင်မိုးက “တင်မိုး - ဗင်ဂိုး” လို့ကြွေးကြော် လိုက်ပါသတဲ့။ ဒီအခါမှာ ကိုကြည်လင် ကလည်း ချက်ချင်း ဆိုသလို အညံ့ မခံဘဲ “ကြည်လင် - လီနင်ကွ” လို့ ပြန်ကြွေးကြော် လိုက်လို့ မှတ်မှတ်ရရ ပြောစရာ အဖြစ်အပျက် ကလေး တခု အဖြစ် အပေါင်းအသင်းများ အကြားမှာ ကျန်ရစ် ပါတယ်။ အဲဒါ သူ့ နာမည်ရင်းပါ။ ကျနော် ရေးမှာက သူ့ကျောင်းသား ဘဝပါ၊ စိတြ ကဗျာများ၊ လမင်းတရာ ကဗျာများနဲ့ ဒုဋ္ဌဝတီမှ ဧရာဝတီသို့ ကဗျာများ တို့ကို ဖန်တီးတဲ့ ကာလက အကြောင်းအရာ တွေပါ။ ကျနော် သူ့ကို ရင်းနှီးတာက အဲဒီ ကာလ တွေသာ ဖြစ်ပါတယ်။ အဲဒီ ကာလတွေ လွန်ပြီးတဲ့ နောက်မှာတော့ အင်းဝ တံတားကြီး အောက်မှာ နှစ်ပေါင်း ၃ဝ စာ မြစ်ရေတွေ ဖြတ်စီး သွားပါပြီ။ သူ့ကို ကြည့်လိုက်ရင် အများဆုံး တွေ့ရတာက ပင်နီ ရှပ်အင်္ကျီ ရင်ဘတ်ဖွင့်နဲ့၊ လုံချည် အစိမ်းရောင်ကို ခြေသလုံး ပေါ်အောင် တိုတို ဝတ်ထားတဲ့ အရပ် ငါးပေ ခြောက်လက်မလောက် လူပါ။ သူ့အင်္ကျီ အိတ်ထဲမှာ အမြဲလိုလို နဂါး ဆေးပေါ့လိပ် သုံးလေးလိပ်ကို ထောင်ထည့် ထားတာ မြင်ရပါမယ်။ သူများက သူ့ဆီ ကနေ ဆေးလိပ် တလိပ် လိပ်လောက်လို့ တောင်းပြီး လှမ်းယူမယ် လုပ်လိုက်ရင်၊ “ကိုယ့်လူ - ဒါ ကိုယ်သောက်တာ၊ မောင်ရင် သောက်ချင်ရင် ဆိုင်မှာ ယူလိုက်၊ ကိုယ်ပိုက်ဆံ ပေးမယ်” ဆိုပြီး ပြန်ဆွဲ ယူပါတယ်။ အကြောင်းက သူက သူသောက်မယ့် နဂါး ဆေးလိပ် ဖင်ကို အမြဲ လက်ဖက်ရည် အချို ထဲမှာ နှစ်ပြီးမှ အိတ်ထဲမှာ ထည့်ထားတာ မို့ပါ။ သူဟာ ဆေးလိပ်နဲ့ လက်ဖက်ရည်ကို အင်မတန် ကြိုက်သူပါ။ ဆေးလိပ်မှ နဂါး ဆေးလိပ်ပါ။ စီးကရက် မသောက်ပါ။ အဲဒီတုန်းက လူတွေ သူ့ကို နားလည် ထားကြတာက လူရိုး၊ စိတ်ထဲ ရှိတာကို မချန်မလှပ် ဘွင်းဘွင်း ပြောတတ်သူ၊ ကဗျာနဲ့ စာပေကို အင်မတန် လိုက်စား သူရယ်လို့ ဖြစ်ပါတယ်။ သူ အဲဒီလို ပွင့်ပွင့်လင်းလင်း ပြောတတ် လို့လည်း သူနဲ့ ပတ်သက်ပြီး ကျနော်တို့ အကြား ပြောစမှတ် စကားတွေ အတော်လေး ကျန်နေတာ ကျနော် မှတ်မိ သလောက် ပြန်ပြော ပြချင် ပါတယ်။ ဥပမာ၊ သူက တူရကီ စာဆို ခါလစ်လ် ဂျီဘရန်း (Khalil Gibran) ရဲ့ မျက်ရည်များနှင့် ရယ်မောသံများ (Tears and Laughter) ဆိုတဲ့ စာအုပ်ကို “ဒါ ကျနော့် ကဗျာ ဂေါက်ကြီးပဲ၊ ကဗျာဈာန် မရရင် ဒီစာအုပ်ကို ဖတ်ပြီး ဒီဂေါက်ကြီးနဲ့ နှိုးရတာလေ …” လို့ ပြောတတ် ပါတယ်။ နောက် သူ့စကားတွေ ထဲက တင်ကျန် ရစ်တာတွေက “ကုလား ရုပ်ရှင်ကား ကြည့်ရင် မေတ္တာဓာတ် သန့်စင်တယ် …”၊ “ငရုတ်သီး စားရင် ကိလေသာ ငြိမ်းတယ်” ဆိုတာတွေပါ။ တခြားလည်း မနည်းပါဘူး။ ကာလ ကြာတော့ ကျနော်လည်း မေ့ကုန် ပါပြီ။ သူညွှန်းတဲ့ ဂေါက်ကြီးကို ကျနော် သူ့ဆီက ငှားဖတ် ကြည့်တော့ ကြိုက်လိုက်တဲ့ ဖြစ်ခြင်း။ တဂိုး ကဗျာများနဲ့ ပထမဆုံး ထိတွေ့ ရတုန်းက ခံစားမှုမျိုး ပြန်ပေါ် လာပါတယ်။ သူက ကျနော့်ထက် အသက် အတော်ကြီးသူ ဖြစ်တဲ့ အလျောက် တက္ကသိုလ် ရောက်တာလည်း ကျနော့်ထက် အတော် စောပါတယ်။ ကျနော်က တက္ကသိုလ်မှာ စာတွေ ဘာတွေ ရေးတာ မဟုတ်လို့ သူနဲ့ သိကျွမ်းတာဟာ စာပေကြောင့် မဟုတ်ပါဘူး။ မန္တလေး ခရိုင် ဗကသ၊ မန္တလေး တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦးနဲ့ မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ စတဲ့ လှုပ်ရှားမှုတွေ အတွင်းမှာ ရင်းနှီး ကြတာပါ။ အဲဒီတုန်းက သူဟာ အောင်မင်္ဂလာ ဆောင်မှာ နေခဲ့ဖူးတယ်လို့ အမှတ်ရ နေပါတယ်။ နောက်တော့ ဗောဓိကုန်း ထဲနဲ့ ရေနီမြောင်း ထိပ်က ကိုကံ့ လက်ဖက်ရည် ဆိုင်မှာသာ ကျနော်တို့ချင်း တွေ့ကြ ဆုံကြတာ များပါတယ်။ အဲဒီတုန်းက သူနဲ့ အတွဲဆုံး တွေက ပေါင်းလောင်း ဒေသမှာ ကျသွားတဲ့ မန္တလေး ဖားသားလဖုံး ကျောင်းတောင်ဘက်၊ စာတိုက်တန်းက ကိုသောင်းရွှေ၊ မြင်းခြံက ကိုကျော်ဝင်း (ရှစ်လေးလုံး လှုပ်ရှားမှုမှာ တရားဟောရင်း ကွယ်လွန်သွားသူ)၊ ကိုမြသွင်၊ ကိုလေးမောင် (ကိုကိုးကျွန်း အာဇာနည်)၊ ကိုကျော်ဌေးထွေး၊ ရခိုင် ကိုကျော်ခင် (ပဲခူး ရိုးမ ကျဆုံးသွားသူ)၊ မြင်းခြံက ကိုအောင်သူ (နောက်ဆုံး မတကသမှာ အတွင်းရေးမှူး လုပ်ခဲ့သူ) စတာတွေ ဖြစ်ပါတယ်။ ဒီထဲမှာ ကျနော်လည်း ပါတာပေါ့။ ဒါပေမဲ့ ညီငယ်လေး အရွယ်နဲ့ပါ။ ကိုကြည်လင်နဲ့ ကျနော် နီးနီးကပ်ကပ် အတူတွဲ လုပ်ရတာတွေ ထဲမှာ မေ့မရတဲ့ လုပ်ငန်း တခု ကတော့ ၁၉၆၃ ခုနှစ်၊ မန္တလေး တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းပါ။ ၁၉၆၃ ခုနှစ်မှာ ဗိုလ်နေဝင်းက ငြိမ်းချမ်းရေး ထိုးဇာတ် ကတာကို အခွင့်ကောင်း ယူပြီး ကျောင်းသားတွေဟာ တက္ကသိုလ် သမဂ္ဂ ပြန်ဖော်ရေး၊ နှစ်လည် မဂ္ဂဇင်း ပြန်ထုတ်ရေး စတဲ့ တက္ကသိုလ် နယ်မြေများရဲ့ ပုံမှန် လုပ်ငန်း တွေကို ပြန်ဖော်ဖို့ ကြိုးစား ကြပါတယ်။ မန္တလေး တက္ကသိုလ် မှာတော့ နှစ်လည် မဂ္ဂဇင်းမှာ ကိုကြည်လင်က မြန်မာစာ စာတည်း ဖြစ်ပါတယ်။ ကိုကျော်ခင်က အင်္ဂလိပ်စာ စာတည်းပါ။ အဲဒီ နှစ်လည် မဂ္ဂဇင်း ကော်မတီမှာ ကျနော်က ကြော်ငြာ တာဝန်ခံ ဖြစ်ပါတယ်။ မှန်တာ ဝန်ခံရရင် ကျနော့်မှာ ဘာအတွေ့အကြုံမှ မရှိ၊ လုပ်လည်း မလုပ် တတ်ပါဘူး။ သူတို့က တွဲသင် ပေးမယ်၊ လေ့ကျင့် ပေးမယ် ဆိုတဲ့ သဘောနဲ့ ဆွဲခေါ် ကြတာပါ။ အဲဒီ နှစ်လည် မဂ္ဂဇင်းဟာ မန္တလေး တက္ကသိုလ်ရဲ့ (အခုထိ) သမိုင်းမှာ နောက်ဆုံး နှစ်လည် မဂ္ဂဇင်း ဖြစ်တယ်လို့ ဆိုရင် ရမယ်လို့ ထင်ပါတယ်။ မှတ်မှတ်ရရ၊ ဒီမဂ္ဂဇင်းရဲ့ အဖုံးကိုက တမူ ထူးခြားတဲ့ အဖုံးပါ။ အဖုံးကို ရေးဆွဲသူက အဲဒီတုန်းက မျက်နှာဖုံး ပန်းချီတွေမှာ နေရာ ရနေပြီး ထူးထူးဆန်းဆန်းတွေ ထွင်လေ့ ရှိတဲ့ ကိုပေါ်ဦးသက် ဖြစ်ပါတယ်။ ထုံးစံ အတိုင်း သူက အခမဲ့ ဆွဲပေးတာ ဖြစ်ပါတယ်။ လူထု သတင်းစာမှာ ကာတွန်းတွေရေး၊ လူထုတိုက် စာအုပ်တိုက် အဖုံးတွေ ရေးဆွဲပေးနဲ့ နာမည် ကျော်နေပြီ ဖြစ်တဲ့ ကိုပေါ်ဦးက ကြည်ပြာရောင် ပိန်း (ဗိန်း) နောက်ခံပေါ်မှာ တရုပ် ကတ်ကြေးညှပ် ပန်းချီမျိုးနဲ့ လောကနတ် ပုံကို အနက်ရောင် တောက်တောက် ရေးထားတာပါ။ အမှတ်တမဲ့ ကြည့်လိုက်ရင် လောကနတ် အရုပ်လေးဟာ ကတ်ကြေးနဲ့ ညှပ်ပြီး တင်ထားသလား အောက်မေ့ရ ပါတယ်။ အထက်ထောင့် မှာတော့ ဖော်ထုတ် လိုက်တာ မကြာသေးဘူး ဖြစ်တဲ့ အဲဒီတုန်းက အင်မတန် သစ်ဆန်းတဲ့ မန္တလေး တက္ကသိုလ်ရဲ့ ကျောင်းတံဆိပ် ဖြစ်ပါတယ်။ အဲဒီ တံဆိပ် ကိုလည်း (အမေရိကန်ရောက် ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ) ကိုဝင်းဖေနဲ့ ကိုပေါ်ဦးသက် တို့ပဲ တီထွင်တာလို့ မှတ်မိ နေပါတယ်။ ကျနော်တို့ အိမ်က စာအုပ် ဗီဒိုထဲမှာ နှစ်လည် မဂ္ဂဇင်း ပေါင်းစုံကို ဒေါင်လိုက် ထောင်ပြီး စီထားရင် ဒီမဂ္ဂဇင်းဟာ တောက်ပတဲ့ အပြာရောင် အနှောင့်နဲ့ ထူးထူးခြားခြား ပေါ်လွင် နေပါတယ်။ ၁၉၆၃ ထဲမှာ ကျောင်းသား သမဂ္ဂတွေ ပြန်ထူထောင်ဖို့ ကြိုးစား ကြတယ် ဆိုတော့ တက္ကသိုလ် ထဲမှာရော တက္ကသိုလ် ပြင်ပ တွေမှာပါ ထူထောင် ကြပါတယ်။ ဒီအခါမှာ အခြေခံ ကျတဲ့ ဗကသ များကို မြို့နယ် အလိုက်၊ ခရိုင် အလိုက် ပြန်ဖွဲ့ ကြတော့ သူနဲ့ ကျနော်နဲ့ မန္တလေး ခရိုင် ဗကသ ကော်မတီမှာ တွဲလုပ် ကြရပါတယ်။ သူက ဥက္ကဋ္ဌ၊ ကျနော်က အတွင်းရေးမှူး ထင်ပါတယ်။ သေချာတော့ မမှတ်မိပါ။ သူလို နာမည် ရှိတဲ့ ကဗျာ ဆရာက ဥက္ကဋ္ဌ လုပ်တယ် ဆိုတော့ အတူ တွဲလုပ် သူတွေက သိပ်သဘောကျ ကြပါတယ်။ သူကလည်း စကားပြောတယ် ဆိုရင် အင်မတန် စိတ်ပါ လက်ပါနဲ့ လေးလေးနက်နက် ပြောလေ့ ရှိတာကိုး။ သူ့ရဲ့ ထူးခြားချက် တခုက သူဟာ စာပေကို အလွန် လိုက်စား၊ တန်ဖိုး ထားပြီး သူများတွေ ကိုလည်း စာရေးဖို့ အင်မတန် တိုက်တွန်းလေ့ ရှိပါတယ်။ ဒီလို အတိုက်တွန်း ခံရသူတွေ ထဲမှာ ကျနော်လည်း ပါမယ် ဆိုတာ တွေးမိကြ ပြီးသား ဖြစ်မှာပါ။ မနှစ်ကမှ ကွယ်လွန် သွားတဲ့ ကျနော့် အမေရဲ့မောင်၊ ကျနော့် ဦးလေး ဦးမောင်လေးဟာ စာ အလွန်ဖတ်သူ တယောက် ဖြစ်ပါတယ်။ နောက်ပြီး ဟာသတွေ အပါအဝင် စကားပြောလည်း သိပ်ကောင်း ပါတယ်။ သူ့ကိုလည်း ကိုကြည်လင်က “ဦးမောင်လေး စာရေးပါဗျ” လို့ ခဏ ခဏ ပြောပါတယ်။ အဲဒီလို သူ့ရဲ့ လူတိုင်း အပေါ်မှာ အလေးထား ဆက်ဆံတာနဲ့ စာရေးဖို့ တိုက်တွန်း တာတွေကြောင့်ပဲ ကျနော်လည်း ကျနော့်ဖာသာ တိတ်တိတ် ရေးထားတဲ့ ကျနော့်ရဲ့ ပထမဆုံး ဝတ္ထုတိုလေးကို သူ့ကို ပေးဖတ် ခဲ့ပါတယ်။ တခြား ဘယ်သူ့ကိုမှ ပေးမဖတ်ခဲ့ဘူး ထင်ပါတယ်။ သူက သေသေချာချာ ဖတ်ကြည့်ပြီး များများရေးဖို့ တိုက်တွန်း ပါတယ်။ ကျနော် မှတ်မိသလောက် ဆိုရင် အဲဒီ ကာလတုန်းက ကျနော် သိသူတွေ ထဲမှာ သူ့လောက် ကဗျာ ရေးအား ကောင်းသူ မရှိသလောက် ပါပဲ။ ဒါကြောင့်လည်း စိတြ ကဗျာများ (မောင်စွမ်းရည်နဲ့ တွဲလျက်)၊ လမင်းတရာ ကဗျာများနဲ့ ဒုဋ္ဌဝတီမှ ဧရာဝတီသို့ ဆိုတဲ့ ကဗျာစာအုပ် သုံးအုပ်ကို ၄ - ၅ နှစ်လောက် ကာလအတွင်း ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကာလတွေ တုန်းက သူ့ရဲ့ ပုံဟာ အင်မတန် တည်ပြီး ဟာသ အင်မတန် နည်းသူ တယောက် ပုံမျိုးလို့ မှတ်မိ နေပါတယ်။ ဒီလိုပြောလို့ သူ့မှာ ဟာသဉာဏ် မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ အဲဒီလို တည်တည်ကြီး နေတာ၊ အရာရာကို အလေးအနက်၊ အရေးတကြီး ထားပြီး တွေးတော တတ်တာကိုက သူများတွေ အဖို့ ချစ်စနိုး ကျီစားစရာ ဖြစ်နေ ပါတယ်။ သူ့ကို အဲဒီတုန်းက မ စ မနောက်တဲ့ လူရယ်လို့ မရှိသလောက် ဖြစ်ပါတယ်။ ဘယ်လောက်ထိများလဲ ဆိုရင် ပြောပြ ချင်ပါ သေးတယ်။ အဲဒီတုန်းက ကျောင်းသား သမဂ္ဂ အဆောက်အဦကြီးလည်း မရှိတော့ဘူး ဆိုတော့ သမဂ္ဂ လုပ်ငန်းနဲ့ ပတ်သက်သူ၊ တပ်ဦးနဲ့ ပတ်သက်သူ မှန်သမျှဟာ ဗောဓိကုန်း အဝင်မှာ ရှိတဲ့ “သပြေ” ဆိုတဲ့ အိမ်ကလေးမှာ စုဝေး ကြပါတယ်။ အဲဒီ အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ အိမ်ဆိုင်လေး ငယ်ငယ် တခု ရှိပြီး အဲဒီ ဆိုင်ရှင်ရဲ့သား လှရွှေ ဆိုတဲ့ ကောင်လေးဟာ အားရင် ဒီဘက်ကို ကူးလာပြီး ဒီက လူတွေနဲ့ နောက်ပြောင် ကျီစယ် တဟားဟား နေသူပါ။ သူ့ အသက်က ၁၃ နှစ်လောက် ရှိဦးမယ် ထင်ပါတယ်။ တခါမှာတော့ ကိုကြည်လင် လမင်းတရာ ကဗျာ စာအုပ် အတွက် စာပေဗိမာန်ဆု ရပြီးနောက် ထင်ပါတယ်၊ လှရွှေက သူ့ကို အိမ်ရှေ့က မာလကာပင်တွေ ပေါ်မှာ ကူးချည် သန်းချည် လုပ်နေတဲ့ စာကလေး တွေကို လက်ညှိုး ထိုးပြပြီး၊ “လုပ်စမ်းဦး ပါဗျ ဦးကြည်လင်၊ ဟိုမှာ ငှက်ကလေးတွေ ချစ်စရာ ကောင်းလိုက်တာ၊ ကဗျာ တပုဒ်လောက် ရေးပါဦး …” လို့ ပြောတတ် ပါတယ်။ ကိုကြည်လင့် ခမျာ၊ ရယ်ရ အခက်၊ စိတ်ဆိုးရ အခက်နဲ့ အတော် စိတ်ညစ် သွားရပါတယ်။ ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ပိုပြီး ရင်းသွားရတာက နဂိုရှိတဲ့ သမဂ္ဂ ခေါင်းဆောင်တွေ ကျောင်းပြင် ရောက်ကုန်တာ၊ တချို့က မဆလ ပါတီဘက် လိုက်ပြီး တပ်ဦး ပြင်ပ ရောက်ကုန်တာ စတာ တွေကြောင့် ကျနော်တို့ တတွေ ကိုယ်တတ်နိုင်တဲ့ ဘက်က ဝင်လုပ်ကြရင်း သိပ်တွဲမိ သွားတာပါ။ ၁၉၆၃ ခုနှစ် အကုန် နားနီးမှာ ဗိုလ်နေဝင်းဟာ သူတီထွင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာတွေကို ဖျက်သိမ်း လိုက်ပြီး ငြိမ်းချမ်းရေး အတွက် လှုပ်ရှား ခဲ့သူတွေ၊ အတိုက်အခံတွေ၊ ကျောင်းသား ခေါင်းဆောင် တွေကို အကုန် သိမ်းဖမ်းတော့ မြေပေါ်မှာ လုပ်နိုင် ကိုင်နိုင်သူ ဆိုလို့ ကျနော်တို့ပဲ ကျန်ရစ် ပါတယ်။ ဒီအခါမှာ ကျနော်တို့ဟာ မြေအောက် ပုံစံနဲ့ ဆက်လှုပ်ရှား ကြရင်း ကဗျာလိုင်းကို အဓိက ထားနေတဲ့ ကဗျာ ဆရာ နှစ်ဦး ဖြစ်တဲ့ သူနဲ့ ကျွန်းမှာ ကျဆုံးသွားတဲ့ ကိုလေးမောင် တို့လည်း ရှေ့တန်းတက် နေရာ ယူလာကြတာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ အဲဒီလို မြေအောက် လုပ်ကြရင်း ကနေ သမဂ္ဂဆိုတဲ့ မြေအောက် စာစောင်လေး တအုပ် ထုတ်ဖြစ်ကြ ပါတယ်။ ဒီမိုင် ၈ ချိုးဆိုက်၊ စာမျက်နှာ ၁၂ဝ လောက်ရှိတဲ့ စာအုပ်လေးပါ။ စာအုပ်ကို ရိုက်တာက ပုံနှိပ်စက် ခပ်ငယ်ငယ် တခုမှာပါ။ ပုံနှိပ်စက် ပိုင်ရှင်ဟာ ကျနော်တို့ကို ထောက်ခံတဲ့သူ တဦး ဖြစ်ပါတယ်။ သူ အခုအထိ သက်ရှိ ထင်ရှား နေထိုင်တုန်း ဖြစ်လို့မို့ ဒီနေရာမှာ ဝမ်းနည်းစွာ နဲ့ပဲ သူ့ရဲ့နာမည်ရင်းကို ချန်လှပ် မှတ်တမ်း တင်ရပါတယ်။ အဲဒီမှာ ပုံနှိပ်ပြီးတဲ့ စာမူတွေကို အဲဒီတုန်းက ကိုလေးမောင်၊ ကိုအောင်ငြိမ်း (ကျွန်းပြန်) တို့ နေတဲ့ မန္တလေး ၈၅ လမ်း၊ မန်းညွန့် ဦးမောင်လေး တိုက်နဲ့ မျက်နှာချင်းဆိုင်က ကိုစောလွင် (မတကသ ဥက္ကဋ္ဌဟောင်း၊ စာရေးဆရာ မောင်တောလူ) အိမ်မှာ ချုပ်ကြ၊ အဖုံး ကပ်ကြပါတယ်။ မအေးစန်း (ကဗျာ ဆရာမ မစိမ်းပင်) နဲ့ သူစည်းရုံး ထားတဲ့ လူငယ်လေး တွေလည်း ပါဝင် ကြပါတယ်။ ပထမဆုံး စာအုပ် တအုပ် ထွက်လာတော့ ခိုးကြောင်ခိုးဝှက် လုပ်ရတာ ဝမ်းသာလွန်းလို့ အနားမှာ ရှိနေတဲ့ လူတွေ အားလုံး လက်မှတ် ထိုးကြပါတယ်။ နောင်ကျမှ “ဟာ၊ ဒီစာအုပ်များ သိမ်းမိ သွားရင် …” ဆိုတဲ့ အတွေးနဲ့ လန့်ကုန် ကြတာလည်း မှတ်မိ နေပါတယ်။ အားလုံးက သူ့ကို ခင်ကြ ချစ်ကြတော့ သူ့ကို စတာ နောက်တာလည်း ရှိသလို သူ့ဇိုးတွေ ခံကြတာလည်း ရှိပါတယ်။ ဥပမာ၊ သူ အဲဒီတုန်းက ချစ်ကြိုက် နေတဲ့ မန္တလေး နန်းတော်ရှေ့က အမျိုးသမီးလေး ဆီကို စက်ဘီးနဲ့ လိုက်ပို့ ရတာမျိုးပါ။ ခရီးက မနီးပါ။ ၃ - ၄ မိုင် ဝေးပါ လိမ့်မယ်။ အဲဒီ ခရီးမှာ သူက အစ အဆုံး စက်ဘီးရှေ့က ထိုင်ပြီး လိုက်ပို့တယ် ဆိုတဲ့ လူက အသွား အပြန် နင်းရတာပါ။ ၇ မိုင်၊ ၈ မိုင် ခရီးပေါ့။ သူကတော့ တဖက်သတ် ချစ်သူတို့ ထုံးစံ အတိုင်း ချောင်းကြည့် ပြုံးပြန် သာသာပါ။ ဒီဝဋ်ကို တကယ် ခံရသူက စက်ဘီး နင်းသူတွေပါ။ ဒီအထဲမှာ မြို့ထဲ နေသူတွေ မပါပါ။ အဆောင်နဲ့ ဗောဓိကုန်း နေသူတွေသာ ဖြစ်ပါတယ်။ သူတို့ခမျာ အပြန်မှာ ကိုကြည်လင် အကြောင်း ပြောစရာ တခု ရတယ် ဆိုတာ လေးလောက်နဲ့ပဲ ကျေရပါတယ်။ တခါတလေ တော့လည်း ကိုကြည်လင်က လက်ဖက်ရည် တိုက်သလား မပြောတတ်ပါ။ နောက်ကျတော့ သူ့ရဲ့ လမင်းတရာ ကဗျာ စာအုပ်မှာ ပါတဲ့ “နန်းရှေ့သူ ပျိုလုံမ” အစချီတဲ့ ကဗျာကို ဖတ်ကြ ရတာပါပဲ။ သူ့ရဲ့ လမင်းတရာ စာအုပ်ကို လူထုတိုက်မှာ ပုံနှိပ်တော့ သူကိုယ်တိုင် “ပရု” လာလာ ဖတ်တာလည်း မှတ်မိ နေပါတယ်။ သူ့စာအုပ်မှာ ကျနော့် အမေက ဒီမန္တလေး တက္ကသိုလ်က ထွက်တဲ့ ကလောင်ရှင် တွေဟာ အတွေးရဲ၊ အရေးရဲတယ် ဆိုလို့ တချို့က မကျေနပ်ကြဘဲ ရန်ကုန်မှာ ပွက်လော ရိုက်သွားတာ၊ ကာတွန်းတွေ၊ ဆောင်းပါး တွေနဲ့ ပြန်ရိကြ၊ တွယ်ကြတာတွေ။ နောက်ဆုံး စာပေဗိမာန် ကနေ ကဗျာဆု ပေးလိုက်တော့ အားလုံး ဘာမှ မပြောတော့ဘဲ ဖြစ်သွားတာတွေ ပြန်တွေးလိုက်ရင် မနေ့တုန်းက လိုပဲ ကျနော် မှတ်မိ နေပါတယ်။ နောက်မှတ် မိတာ တခု ကတော့ ကျနော် အဖမ်းခံ နေရချိန် မတိုင်မီ တနှစ်လောက် ကတည်းက သူ ရှောင်နေ တိမ်းနေရတယ် ဆိုတာပါပဲ။ ဒီလိုနဲ့ ကျနော် ထောင်က လွတ်လာတော့ သူ့အကြောင်း စုံစမ်း ခဲ့ပါတယ်။ သိပ်လည်း တွေ့ချင် မိပါတယ်။ အထူးသဖြင့် သူ့ရောင်းရင်း ရဲဘော်ကြီး ကိုလေးမောင် အကြောင်း ပြောပြ ချင်တာပါ။ ဒါပေမဲ့ အဲဒီ အချိန်မှာ သူဟာ မန္တလေးမှာ မနေတော့ဘဲ အင်းဝမှာ ပြန်နေပြီး မန္တလေးကို တခါ တခါမှသာ လာတတ်လို့ သူနဲ့ တော်တော်နဲ့ မတွေ့ရ ပါဘူး။ ကျနော့် အထင် ကျနော် ထောင်က လွတ်ပြီး ၁ နှစ်ကျော် ၂ နှစ်လောက် နေမှ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီ အခါမှာ သူ့မျက်နှာမှာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ကိုကြည်လင်ရဲ့ ထက်သန် တက်ကြွမှုမျိုး မတွေ့ရ ဘူးလို့ သတိ ထားလိုက် မိပါတယ်။ ပိုမို တည်ငြိမ် သွားတာလား မသိ။ ဘာလို့လဲ မပြောတတ်ပါ။ ကျနော်က ကျနော် ထောင်က ထွက်မှ ရေးထားတဲ့ ကဗျာ လေးတွေကို သူ့ကို ယူပြ ပါတယ်။ သူ့ဆီက မှတ်ချက်ကို နားစွင့်ရင်း ထိုးပေး လိုက်တာပါ။ ကဗျာတွေက မများပါဘူး။ သူက အားနာလို့ ဖတ်ပုံမျိုးနဲ့ ဖတ်ပြီး ဘာမှ မပြောဘဲ ပြန်ပေး ပါတယ်။ ဘာတွေ ပြောင်းကုန်သလဲ ကျနော် အခုအထိ မသိပါ။ ဘာပဲပြောပြော ရှစ်လေးလုံး လှုပ်ရှားမှုနဲ့ နောက်ပိုင်းမှာ သူဟာ (ဦး) ကိုလေး - အင်းဝ ဂုဏ်ရည်နဲ့ အတူ စင်မြင့်ပေါ် တက်လာတာ သိရတော့ ကျနော်တို့ တတွေ အင်မတန်မှ ဝမ်းသာ အားရနဲ့ သာဓု ခေါ်မိ နေကြ ပါတယ်။ အတူ ရှိစဉ်တုန်းက ပင်နီ အင်္ကျီ ရင်ဘတ် ဟောင်းလောင်း၊ ပုဆိုးတိုတိုနဲ့ ခြေဖျား ထောက်ထောက်ပြီး စိတ်လိုက် မာန်ပါ မိန့်ခွန်း ပြောလေ့ ရှိတဲ့ သူ့ပုံကို ပြန်မြင်ယောင် နေပါတယ်။ ဒုဋ္ဌာဝတီမြစ်ဟာ ဧရာဝတီ မြစ်ထဲ ကိုပဲ စီးဝင် ရမှာပါ။ ဖိုးသံ (လူထု) ဖေဖော်ဝါရီ ၁ဝ၊ ၂ဝဝ၈ မြန်မာ ကဗျာဆရာများ မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%20%28%E1%80%80%E1%80%97%E1%80%BB%E1%80%AC%E1%80%86%E1%80%9B%E1%80%AC%29
ဆီးချိုရောဂါ
<div style="text-align:justify;">ဆီးချိုရောဂါ ကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် Diabetes mellitus ( ဒိုင်အာဘိတိစ် မလိုက်တပ်စ်)ဟု ခေါ်သည်။ ဆီးချိုရောဂါ သည် ခန္ဓာကိုယ်အတွင်းရှိ ဂလူးကိုစ့်ဓာတ်(Glucose) များနှင့် ပတ်သက်သော ဇီဝကမ္မဖြစ်စဉ် (metabolism)တစ်ခု ကမောက်ကမ ဖြစ်သည့်အတွက် ဖြစ်ပေါ်ရသော ဝေဒနာစု တစ်ခု ဖြစ်သည်။ ဆီးချိုရောဂါ ဖြစ်လေ့ရှိသော အကြောင်းရင်းနှစ်ချက်မှာ (၁)မျိုးရိုးဗီဇ(Genetic )/မျိုးရိုးလိုက်ခြင်း (hereditary) နှင့် (၂)အနေအထိုင် ဘဝပတ်ဝန်းကျင် တို့ ဖြစ်သည်။ (ဤနေရာတွင် အနေအထိုင် ဘဝ ပတ်ဝန်းကျင် ဆိုသည်မှာ အထိုင်များခြင်း၊ အဝလွန် အစားအစာ များ စားသောက်ခြင်းတို့ကဲ့သို့ အလွန်အမင်း ဇိမ်ကျကျ နေထိုင်မှုမျိုးကို ဆိုလိုသည်။ မျိုးရိုးဗီဇ၏ အပြစ် မဟုတ်ပါဘဲ မိမိ၏ နေပုံထိုင်ပုံ အဆင်မပြေ အချိုးမကျ၍ ဆီးချို ဖြစ်ရခြင်းကို ဆိုလိုသည်။) အသုံးအနှုန်း ယင်းအထက်ပါ အချက်များ ပုံစံတကျ မဖြစ်သောအခါ ခန္ဓာကိုယ်၏ ဂလူးကိုစ့်ဓာတ် (သကြားဓာတ်)နှင့် ပတ်သက်သည့် ဇီဝကမ္မဖြစ်စဉ် ချို့ယွင်း ဖောက်ပြန် သွားသည်။ ထိုအခါ လူ့ကိုယ်ခန္ဓာ၏ သွေးထဲမှာ သကြားဓာတ် ပမာဏအဆင့် မြင့်တက် လာသည်။ ထိုကဲ့သို့ မြင့်တက်လာခြင်းကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် (hyperglycemia ဟိုက်ပါဂလိုက်ဆီးမီးယား) ဟု ခေါ်သည်။ သွေးထဲတွင်ရှိသော သကြားဓာတ် ပမာဏကို ထိန်းချုပ်သည့် ပစ္စည်းများမှာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတုပစ္စည်း များနှင့် ဟိုမုန်းများ ဖြစ်သည်။ ဟိုမုန်းများအနက် အစာအိမ်၏ အောက်တွင် ကပ်လျက် တည်ရှိနေသော ပန်ကရိယ (pancreas )၏ ဘီတာဆဲလ်( beta-cell)မှ ထုတ်လုပ်သော အင်ဆူလင်(INSULIN) ဟိုမုန်း သည် အရေးကြီး၏။ ဆီးချိုဟူသော အဓိပ္ပာယ်ကို ပြန်ကောက်ရလျှင် ဆီးချိုဆိုသည်မှာ ခန္ဓာကိုယ်တွင်ရှိသော အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးသွားခြင်း သို့မဟုတ် အင်ဆူလင်ဟိုမုန်း၏ အစွမ်းသတ္တိ ချို့ယွင်း နည်းပါးသွားခြင်းကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ရောဂါ လက္ခဏာများ လူတစ်ဦး၏ ဆီးချိုရောဂါသည် အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးမှုကြောင့် ဖြစ်ခဲ့လျှင် ယင်းဆီးချိုကို ဆီးချိုအမျိုးအစား-၁ ဟု ခေါ်ဝေါ်သည်။ အကယ်၍ အင်ဆူလင် ဟိုမုန်း ပုံမှန်ထုတ်ပါလျက် အင်ဆူလင် ဟိုမုန်း၏ အစွမ်းသတ္တိ ထိရောက်စွာ မပြနိုင်ခြင်းကြောင့် ဆီးချိုဖြစ်ရတာမျိုးဆိုရင် ဆီးချိုအမျိုးအစား-၂ ဟုခေါ်သည်။ နောက်တစ်ချက်မှာ ကိုယ်ဝန်ကြောင့်ဖြစ်သော ဆီးချို (Gestational DM)ဖြစ်သည်။ အင်ဆူလင် ထုတ်လုပ်မှုနည်းပါးခြင်းပဲဖြစ်ဖြစ် အင်ဆူလင် အစွမ်းသတ္တိမပြနိုင်ခြင်းပဲဖြစ်ဖြစ် နှစ်မျိုးစလုံးသည် သွေးထဲ က သကြားဓာတ် ပမာဏကို တက်စေသည်။ သွေးထဲက သကြားဓာတ် ပမာဏကို တက်စေရင်းနှင့် အဓိကရောဂါ လက္ခဏာတွေ ဖြစ်ပေါ်စေသည်။ ၎င်းတိုမှာ ဆီးသွားတာများခြင်း၊ ဆီးသွားများလို့ ရေငတ်ခြင်း ရေအများအပြားသောက်ခြင်း၊ အမြင်အာရုံ ကျဆင်းဝေဝါးခြင်း၊ အကြောင်းမဲ့ ပိန်ခြင်း၊ မအီမသာဖြစ်ခြင်း နဲ့ အခြားလက္ခဏာတွေ ပဲဖြစ်သည်။ မည်သည့် ဆီးချိုအမျိုးအစားကိုမဆို ဝေဒနာ မခံစားရအောင် ထိန်းချုပ်ကုသ နိုင်သည်။ ၁၉၂၁ တွင် အင်ဆူလင် ပေါ်လာကတည်းက ကြပ်မတ်စွာ ကုသနေနိုင်ခဲ့သည်။ သို့သော် လုံးဝ ပျောက်ကင်းအောင် ကုသဖို့တော့ မဖြစ်နိုင်သေးပေ။ ဆီးချိုအမျိုးအစား -၁ တွင် အင်ဆူလင် ထိုးခြင်း၊ အင်ဆူလင်ပမ့် (pump) နဲ့ကုသခြင်း စသည့် ကုထုံးများဖြင့် ရောဂါ ဝေဒနာတွေ မခံစားရဘဲ နေ့စဉ် လုပ်ငန်းဆောင်တာ တွေကို အများနည်းတူ ဆောင်ရွက်နိုင်အောင် ထိန်းသိမ်းကုသနိုင်သည်။ အမျိုးအစား၂ တွင်မူ အစားအသောက် ထိန်းသိမ်းမှုပိုင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း အပိုင်းများနှင့် သောက်ဆေးဖြင့် ကုသခြင်း (Oral hypoglycaemic drugs) အပိုင်း၊ အင်ဆူလင် ဖြင့်ကုသခြင်း အပိုင်းများနဲ့ ထိန်းချုပ် ကုသနိုင်သည်။ ဆီးချိုရောဂါနှင့်အတူ ယင်းကိုကုသသည့် ကုထုံးများကြောင့် ရောဂါ နောက်ဆက်တွဲများ ရှိလာတတ်သည်။ ဥပမာအားဖြင့် အချိန်တို အတွင်း( မိနစ်ပိုင်းမှ နာရီပိုင်း ရက်ပိုင်းအတွင်း) ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါ အဆစ်ကလေးများ အနေနှင့်- သွေးထဲက သကြားပမာဏ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခြင်း (Hypoglycaemia) ကီတုန်း လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ် မှာ အက်ဆစ် ဓာတ်တွေ များလာခြင်း (Diabetic Ketoacidosis)၊ အက်ဆစ်ဓာတ်မများပဲ ကိုယ်ခန္ဓာရေဆွဲအား တက်လာလို့ ကိုမာဟု ခေါ်သော သတိမေ့မြောရောဂါ ဖြစ်ခြင်း (Non-ketotic hyperosmolar coma) တို့ ဖြစ်တတ်သည်။ အက်ဆစ်မများဘဲ သကြားဓာတ်အလွန်အမင်းများက သကြားဓာတ်က ရေဆွဲအားများ၍ ကိုမာ ဖြစ်ခြင်းမျိုး (Non-ketotic hyperosmolar coma) နှင့် သကြားဓာတ်များကာ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း (ketoacidosis) မျိုးမှာ သေသေချာချာ ထိရောက်သော ကုသမှုမျိုးကို မယူရသေး၍ ဖြစ်နိုင်သည်။ ရောဂါကြောင့် ဖြစ်ပေါ်သည့် အချိန်ကြာမှ ဖြစ်ပေါ်တတ်သည့် နောက်ဆက်တွဲ ရောဂါများမှာ နှလုံးနဲ့ သွေးကြော ဆိုင်ရာရောဂါများ (cardiovascular) ကျောက်ကပ် ပျက်ဆီးခြင်းမျာ (nephropathy)၊ ကျောက်ကပ် လုံးဝ အလုပ်မလုပ်နိုင် ကျဆုံးခြင်းများ (renal failure) မျက်လုံး အတွင်းပိုင်း ရက်တီနာ ဟု ခေါ်တဲ့ အမြင်လွှာစုစည်းသည့် အာရုံခံ ပစ္စည်း ပျက်စီးခြင်းများ (retinopathy) ခန္ဓာကိုယ် အနှံ့က ပူအေးထိတွေ့ စသည်တို့ကို သိသည့် အာရုံကြောနှင့် ကိုယ်လက် လှုပ်ရှားမှုကို ထိန်းတဲ့ အာရုံကြောတွေ ပျက်စီးတာတွေ ဖြစ်နိုင်သည်။ ထို့နောက် အနာကျက်တာနှေး ခြင်း အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း စသည့် ရောဂါဝေဒနာများ ဖြစ်ပေါ်နိုင်သည်။ ခြေထောက်များမှာ အနာကျက်နှေးသည့်အတွက် နောက်ပိုင်း အသားများပုပ်ဆွေးခြင်းများ မှသည် ခြေထောက် ဖြတ်ပစ်ရခြင်း မျိုးများလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် လုံလောက်သည့် ဆီးချို ကုသမှုနှင့် သွေးတိုးရောဂါကိုလည်း ထိန်းသိမ်း၊ အနေအထိုင် ဘဝဝန်းကျင်ကိုလည်း ကောင်းအောင်မွန်အောင် ပြောင်းလိုက်နိုင်လျှင် (ဥပမာ ဆေးလိပ် ဖြတ်တာတို့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်း နိုင်တာတို့ လုပ်နိုင်လျှင်) ယခင်က ပြောခဲ့သော အချိန်ကြာမြင့်မှ ပေါ်ပေါက်မည့် ရောဂါ နောက်ဆက်တွဲ များကို အထိုက်အလျောက် တားဆီးနိုင်ပါ၏။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ဆီးချိုသည် လူလတ်ပိုင်း အရွယ်တွေ မျက်စိကွယ်ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်နေပြီးတော့ ထိခိုက် ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်ဘဲ ခြေထောက်ဖြတ်ပစ်လိုက် ရခြင်း၏ အဓိက အကြောင်း အရင်းတစ်ရပ်လည်း ဖြစ်နေပြန်ပါသည်။ အမေရိကန်နိုင်ငံ တွင်မူ ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါမှာ ဒိုင်ယာလက်ဆစ် (DIALYSIS) ဟု ခေါ်သည့် သွေးအတွင်း ဓာတုပစ္စည်းများကို အပြင်က ဓာတုပစ္စည်းတွေနှင့် ဖလှယ်ကာ ကျောက်ကပ်ကို အနားပေး ကုသရသည့် ကုထုံး ၏ အဓိကဖောက်သည်ရောဂါကြီး ဖြစ်နေပါသည်။ ဆီးချိုအမျိုးအစားများ ဂရိစ်စကားဖြစ်သော ဒိုင်ယာဘိတိစ်( Diabetes) ၏ အဓိပ္ပာယ်မှာ ဆီးသွားခြင်းဟူ၍ ဖြစ်သည်။ မြန်မာ ဆေးပညာစကားလုံး ဆီးချိုဟူသည်မှာ ဒိုင်ယာဘိတိစ် များထဲမှ တစ်ခုဖြစ်သော ဒိုင်ယာဘိတိစ် မလိုက်တပ်စ် ( Diabetes mellitus) ဖြစ်သည်။ အခြား ဆီးသွားများသော ရောဂါများအနက် ထင်ရှားသည်မှာ ဒိုင်ယာဘိတိစ် အင်ဆိပိဒပ်စ် (Diabetes insipidus) ဖြစ်သည်။ ဒိုင်ယာဘိတိစ် အင်ဆိပိဒပ်စ်သည် ဦးနှောက် အတွင်းရှိ ပစ်ကျူထရီဂလင်း* အကြိတ်ဖြစ်ပေါ်မှုကြောင့် ဖြစ်လေ့ရှိသည်။ ယင်းရောဂါသည် ဖော်ပြနေဆဲ ဆီးချိုနှင့် ဆီးသွားများခြင်း၊ ရေငတ်ခြင်း စသော ရောဂါလက္ခဏာများ၌ ဆင်တူသော်လည်း ခြားနားသော ရောဂါတစ်ခုဖြစ်သည်ကို သတိမူရပါမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ဆီးချိုရောဂါ လူနာ အရေအတွက်သည် ခရစ်သက္ခရာဇ်၂၀၃၀ တွင် သန်း၃၅၀ ကျော်အထိ များပြားလာမည်ဟု ခန့်မှန်းထားသည်။ အစိုးရများနှင့် အစိုးရမဟုတ်သော ကျန်းမာရေး ထောက်ပံ့မှုအဖွဲ့များသည် ဆီးချိုရောဂါ ပညာပေးရေး၊ ရောဂါ အမည်ဖော်ထုတ်နိုင်ရေး နှင့် ဆီးချိုကြောင့် နာတာရှည် မစွမ်းမသန်ဖြစ်မှုများအတွက် ကုသမှုပေးရေး အစီအစဉ်များကို အကောင်အထည်ဖော်နေသည်။ ဆီးချိုအမျိုးအစား-၁ ဟူသည်မှာ ယခင်က ခေါ်ဝေါ်လာခဲ့ကြသော ကလေးဆီးချို (ချိုင်းဟုဒ်)(Childhood Diabetes Mellitus) လူငယ်ဆီးချို(ဂျူဗင်နိုင်း) (Juvenile DM) အင်ဆူလင်မှီခိုဆီးချို( Insulin Dependent Diabetes Mellitus) ဟူသော စကားလုံးများကို အစားထိုးထားခြင်းဖြစ်သည်။ ဆီးချိုအမျိုးအစား-၂ သည်လည်း ယခင်က ခေါ်ဝေါ်လာခဲ့သော သက်ကြီးဆီးချို အဝလွန်ဆက်နွှယ်ဆီးချို (Obesity related DM) အင်ဆူလင် မမှီခိုဆီးချို (Non-insulin dependent Diabetes Mellitus) တို့ကို အစားထိုး ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ စင်စစ် ၎င်းအမျိုးအစား နှစ်မျိုးအတွင်း အကျုံးမဝင်သေးသော ဆီးချိုရောဂါများ ရှိသေးသော်လည်း ပညာရှင် အများအပြားလက်ခံနိုင်သော အနေအထားနှင့် အမျိုးအစားခွဲခြားရန် လောလောဆယ်မဖြစ်နိုင်သေးပါ။ သို့သော် ဆီးချိုကို လေ့လာနေသော ပင်ရင်းဋ္ဌာန အတော်များများကမူ အမျိုးအစား-၃ ကို ထပ်မံ သတ်မှတ်သည်။ ကိုယ်ဝန်ဆောင်ဆီးချို( Gestational Diabetes Mellitus) အင်ဆူလင်မတိုးခြင်း ပေါင်းစပ်ပါဝင်နေသော ဆီးချိုအမျိုးအစား ၁ (Insulin resistance related DM type 1) ) ၊ အင်ဆူလင်ထိုးရန်လိုသော ဆီးချိုအမျိုးအစား ၂ (Insulin requiring DM type 2) ၊ နှင့် ဆိုင်းငံ့ အော်တိုအင်မျူး ဆီးချိုရောဂါ (Latent Autoimmune Diabetes Mellitus)တို့ကို ပေါင်းစပ်၍ ဆီးချို အမျိုးအစား -၃ (Diabetes Mellitus type 3)ဟူ၍ သတ်မှတ်သည်။ ထို့ပြင် လူငယ်များတွင် ဖြစ်တတ်သော သက်ကြီးဆီးချို အမျိုးအစားလည်း ရှိသေးသည်။ အင်္ဂလိပ်ဆေးပညာစကားလုံးနှင့် MODY (maturity onset diabetes of the young) ဟုခေါ်ရသည်။ ယင်းမှာ မျိုးရိုးဗီဇနှင့် သက်ဆိုင်ပြီး ဂျင်း(gene)အမျိုးအစားတစ်ခု ချို့ယွင်းသော ရောဂါဖြစ်သည်။ ယင်းရောဂါသည် မျိုးရိုးလိုက်ခြင်း သိသာစွာဖြစ်ပြီး အသက်သုံးဆယ် ကျော်လွန်သောအခါ ဆီးချို အမျိုးအစား-၂ ၏အနေအထား အတိုင်း ပေါ်ပေါက်လာသည်။ အမျိုးအစားခွဲခြားခြင်း (မာတိကာ) ဆီးချိုအမျိုးအစား-၁ ဆီးချိုအမျိုးအစား-၂ ကိုယ်ဝန်ဆောင်ဆီးချို အခြားဆီးချိုများ ဆီးချိုရောဂါလက္ခဏာများ ဆီးချိုရောဂါအမည်တပ်ခြင်း ဆီးချိုရောဂါကိုကာကွယ်ခြင်း ဆီးချိုကုထုံးဆိုင်ရာစီမံခန့်ခွဲမှုများ ဆီးချိုကုထုံးကိုယူခြင်းနှင့်မယူခြင်း ဆီးချိုအမျိုးအစား-၁ ဆီးချိုအမျိုးအစား ၁ သည် အင်ဆူလင်ထုတ်လုပ်နိုင်သည့် ဘီတာဆဲလ် ပျက်ဆီးခြင်းကြောင့်ပင်ဖြစ်သည်။ ဘီတာဆဲလ်သည် ပန်ကရိယဂလင်း* အတွင်း လင်ဂါဟန် ဆဲလ် အစုအဝေးတွင် မြုပ်လျက်ရှိသည်။ ပုံတွင် အစိမ်းရောင် နှင့်ပြထားသော ဆဲလ်များမှာ ဘီတာဆဲလ်ဖြစ်သည်။ ဤရောဂါအမျိုးအစားကို (၁) အင်မျူးနှင့်ဆက်စပ်သည့် ရောဂါ နှင့် (၂)ဆက်စပ်မှု အကြောင်းရှာမရသည့် ရောဂါဟု ထပ်မံခွဲခြားထားသည်။ အများစုက အင်မျူး*² နှင့် ဆက်စပ်ပါသည်။ အမျိုးအစား ၁ ကိုကာကွယ်ရမည့် နည်းလမ်း ယနေ့ထက်တိုင်ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ မြောက်အမေရိကနှင့် ဥရောပတွင် ဆီးချို -၂ က ၉၀ ရာခိုင်နှုန်း ဆီးချို -၁ က ၁၀ ရာခိုင်နှုန်း ဖြစ်ပွားတတ်သည်။ အာရှနှင့် ပစိဖိတ်ဘက်တွင်လည်း ၁၀ နှစ်မှ ၁၉ နှစ်အရွယ်လူငယ်များကို လေ့လာကြည့်ရာ အမျိုး အစား ၂ သည် အမျိုးအစား၁ ထက် ၂ ဆခန့် ပိုမိုဖြစ်ပွားနေပါသည်။ ဆီးချို-၁ ရောဂါရှင် အများစုသည် ရောဂါစဖြစ်သည့် အချိန်၌ ကိုယ်အလေးချိန်မှာ လူသာမန်များ အတိုင်းပင် ဖြစ်လေ့ရှိသည်။ ရောဂါစဖြစ်ကာစ အချိန်က အင်ဆူလင်တိုးမှု*³ ပုံမှန်အတိုင်းပင်ရှိတတ်သည်။ ဆီးချိုအမျိုးအစား ၁ သည် လူကြီးများရော ကလေးများတွင်ပါ ဖြစ်ပွားတတ်သော်လည်း ငယ်ရွယ်သူ များတွင် အဖြစ်များသော ကြောင့် ဂျူဗင်နိုင်း ဆီးချို ( လူငယ်ဆီးချို) ဟုသာ အစဉ်အဆက် မပျက်ခေါ်ဝေါ်ကြသည်။ ဆီးချိုအမျိုးအစား-၁ ကို ကုသရာ၌ အခြေခံမူဝါဒမှာ ရောဂါ အစဦးပိုင်းမှပင် စတင်ကာ အင်ဆူလင်ဆေးဝါးကို ပြင်ပမှ ထိုးပေးခြင်း နှင့် ၊တဆက်တည်းမှာပင် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပေးနေရခြင်း ဖြစ်သည်။ အင်ဆူလင်ကုထုံး မယူမိပါက ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း**¹ အရေးပေါ်ရောဂါမျိုး မကြာခဏဖြစ်ပွားတတ်ပြီး ကိုမာ(Coma) မှ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်သည်။ ယခုအခါ ကုထုံးပိုင်းအတွက် အာရုံစိုက်နေသည်မှာ နေထိုင်နည်းပြောင်းလဲပေးခြင်း (အစားအသောက် နှင့်လေ့ကျင့်ခန်း) ဖြစ်သော်လည်း ယင်းသို့ပြောင်းလဲပေးခြင်းကြောင့် ရောဂါဆိုးရွားမှုကို တန့်ရပ်သွားမည်ဟု မျှော်လင့်မထားပါ။ ဆီးချိုရောဂါရှင်များအတွက်တိုက်တွန်းထားသောအားကစားများနှင့် တားမြစ်ထားသော အားကစားများ ရှိသည်။ ဆီးချိုရောဂါသည် ရှောင်ကြဉ်ရမည့် အစားအသောက်များကိုလည်း ရှောင်ရှားရမည်ဖြစ်သည်။ အင်ဆူလင် ထိုးရာတွင် ဆေးထိုးအပ်ကို အသုံးပြု၍ အရေပြားအောက်ထိုးခြင်းအပြင် အင်ဆူလင် ညှစ်ထုတ်ပေးမည့် ပမ့်(PUMP)**²နှင့် အင်ဆူလင်ကို အချိန်မှန် ညှစ်ထုတ်စေခြင်း နည်းလမ်းလည်း ရှိသည်။ ပမ့်ကိုသုံးသဖြင့် ၂၄ နာရီလုံးလုံး သွေးအတွင်း အင်ဆူလင် ပမာဏကို ထိန်းသိမ်းပေးထားနိုင်သည်။ အစားစား၍ အင်ဆူလင်လိုအပ်မှု ပမာဏ တိုးလာသည့် အခိုက်တွင် အင်ဆူလင်ကိုတိုး၍ လိုသလောက် ညှစ်ထုတ်ပေးရန် စီမံထားသည်။ အင်ဆူလင် မဟုတ်သော ကုသမှုမျိုး (ဥပမာ- ပဋ္ဋိပစ္စည်း တစ်မျိုးနှင့် ရင်းမြစ်ဆဲလ် (STEM CELL)**³ ကုထုံးများမှာ တိရစ္ဆာန်များကို ကုသအောင်မြင်ပြီး လူသားများ၌ စမ်းသပ်ဆဲ အဆင့်တွင်သာရှိသည်။ အမျိုးအစား -၁ သည် ပုံမှန်လုပ်နေကျအလုပ်များကို အဟန့်အတားမဖြစ်စေပေ။ လူနာက ရောဂါအကြောင်း စိတ်ဝင်စား လေ့လာထားမှု၊ အင်ဆူလင် ထိုးနည်း လေ့ကျင့်ထားမှု၊ သင့်လျော်စွာ ကုသမှု ခံယူမှု၊ စမ်းသပ်စစ်ဆေးမှုများ၌ စည်းစနစ်ကျနရမှု၊ အင်ဆူလင်ထိုးဆေးပမာဏ အသုံးပြုခြင်း စနစ်ကျနမှုများရှိလျှင် ပုံမှန်အတိုင်း နေထိုင်သွားလာ နိုင်ပေသည်။ သို့သော် အင်ဆူလင်ကုထုံးမှာ လူနာအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ရသည်။ အင်ဆူလင် ထိုးခံရခြင်းကပင်လျင် အလုပ်ပိုတစ်ခု ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။ သွေးထဲရှိ သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် (blood glucose level)သည် အမျိုးအစား -၁ ၌ ၈၀မှ ၁၂၀ မီလီဂရမ်/ဒက်ဆီလီတာ {80-120mg/dl (4-6mmol/l)}နှင့် အနီးစပ်ဆုံးရှိနေသင့်ပါသည်။ အချို့ သမားတော်ကြီးများကမူ အင်ဆူလင် ထိုးနေရင်း သကြားဓာတ်ပမာဏ မကြာခဏအလွန်အကျွံ ကျသွားတတ်ခြင်း (ဆီးချိုကျခြင်း-ဟိုက်ပိုဂလိုက်စီးမီးယား (hypoglycemia) ဖြစ်တတ်သော လူနာများ အတွက် သွေးအတွင်း သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် ကို ၁၄၀ မှ ၁၅၀ မီလီဂရမ်ပါ ဒက်ဆီလီတာ {140-150mg/dl (7-7.5 mmol/l)} ထားဖို့ ဆန္ဒပြုထားကြသည်။ သွေးအတွင်း သကြားဓာတ်ပမာဏ ၄၀ဝ မီလီဂရမ်ပါဒက်ဆီလီတာ {400mg/dl(20mmol/l)}ထက်ကျော်လွန်လျင် ဆီးသွားခြင်းများပြားပြီး ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ်ပေါ်တတ်သည်။ ၆၀ဝ မီလီဂရမ်ပါ ဒက်ဆီလီတာ {600mg/dl(30mmol/l) } ဖြစ်လျှင်မူ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်းကြောင့် အရေးပေါ်ရောဂါ ဖြစ်ပေါ်တတ်ပေသည်။ ချက်ချင်း အသက်ဆုံးရှုံးစေတတ်သော ရောဂါ မဟုတ်သော်လည်း အသက်အန္တရာယ်အတွက်စိုးရိမ်ရသောအခြေအနေတွင်ရှိသည်။ တစ်ဖက်တွင်လည်း အင်ဆူလင် ထိုးဆေးပမာဏ များလွန်းပါက သွေးအတွင်း သကြားဓာတ်အလွန်အမင်း ကျသွားတတ်ခြင်း - ဟိုက်ပိုဂလိုက်စီးမီးယား အန္တရာယ်က ရှိနေပြန်သည်။ ယင်းအရေးပေါ် ရောဂါကမူ တက်ခြင်းမှသည် သတိလစ်ခြင်း အထိဖြစ်ပြီး ချက်ချင်း အသက် ဆုံးရှူံးတတ်သည်။ ပထမကုထုံးမှာ ဟိုက်ပိုဂလိုက်စီးမီးယား ဖြစ်သည်နှင့် သကြားဓာတ်အများအပြားပါ အရေးပေါ်ဂျဲလ် - ဟိုက်ဂလူးကိုစ့်ဂျဲလ် (high glucose gel)ကို လူနာ၏ ပါးစပ်ထဲထည့်ပြီး ဒက်စ်တို့သကြား (Dextrose)ကို အမြန်ထိုးခြင်းလက်ရှိအကောင်းဆုံးအရေးပေါ်ကုထုံးဖြစ်သည်။ ဒုတိယနည်းမှာ အင်ဆူလင်နှင့် အစွမ်းသတ္တိ ပြောင်းပြန်ဖြစ်သောဟိုမုန်းတစ်မျိုးကို တုပ ထုတ်လုပ်ထားသည့် ဂလူကာဂွန်(Glucagon) ကို ထိုးပေးခြင်းဖြင့်လည်းကုသနိုင်သည်။ ဤရောဂါတွင်ဆေးကိုအမြန်ထိုးနိုင်ရန် လိုအပ်သဖြင့် လက်လှမ်းမှီသမျှဆေးများကို အမြန်ဆုံး အသုံးပြုသင့်သည်။ ဆီးချိုအမျိုးအစား-၂ ဆီးချိုအမျိုးအစား-၂ သည် အင်ဆူလင်ကိုခုခံခြင်း နှင့် အင်ဆူလင်မတိုးခြင်း*² ကြောင့်ဖြစ်သည်။ ယင်းနှင့်အတူ အင်ဆူလင်ထုတ်လုပ်ခြင်း လည်း အနည်းငယ် ကျဆင်းလာတတ်သည်။ အချို့လူနာများတွင်မူ အင်ဆူလင် လုံးဝ မထုတ်လုပ်နိုင်တော့ သည်လည်း ရှိသည်။ မည်သည့် အချက်က ချို့ယွင်းသည်ဟူ၍ အတိအကျ ဆိုနိုင်သေးသည်တော့ မဟုတ်။ သိရှိရသလောက် ချို့ယွင်းချက်များကို တူရာတူရာစု၍ ဆီးချိုအမျိုးအစားများ ခွဲခြားထားရခြင်းဖြစ်သည်။ ဆီးချိုအမျိုးအစား-၂ မှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်သည်။ ဆီးချို-၂၏ အစောပိုင်း အဆင့်တွင် ရောဂါဖြစ်စေသော အဓိက ချို့ယွင်းချက်မှာ အင်ဆူလင်၏ အစွမ်းသတ္တိမတိုးခြင်း တနည်းအားဖြင့် ခန္ဓာကိုယ်က အင်ဆူလင်ကိုခုခံခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းအဆင့်တွင် သွေးအတွင်းရှိ အင်ဆူလင် ပမာဏသည် များ၍နေသည်။ ဤအဆင့်၌ သွေးအတွင်း သကြားဓာတ်ပမာဏကို လျှော့ချရန်အတွက် အင်ဆူလင်အပေါ်တုံ့ပြန်မှုတိုးစေရန် (တနည်း- အင်ဆူလင်တိုးစေရန်) ရည်ရွယ်ချက်ဖြင့် ဖြစ်စေ အသည်းမှ ဂလူးကိုစ့် (Glucose) ဓာတ် ထုတ်လုပ်မှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ ဆေးဝါးများပေးကြသည်။ ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာသောအခါ အင်ဆူလင် ထုတ်လုပ်မှု ပါ ကျဆင်းလာသည်။ ထိုအခါ အင်ဆူလင်ကုထုံး ပါ လိုအပ်လာရလေ့ရှိသည်။ ဆီးချို-၂ ဖြစ်စေသော ရောဂါ အကြောင်းရင်းနှင့် ရောဂါဖြစ်စဉ်အပေါ် သုံးသပ်ထားသော သီအိုရီ မြောက်မြားစွာ ရှိသည်။ ဝမ်းဗိုက်ပိုင်းအဆီများခြင်း (Abdominal obesity) (ခါး ပတ်ဝန်းကျင်နှင့် ကိုယ်တွင်းကလီစာများ အဆီဖုံးခြင်း ) သည် အင်ဆူလင်ကိုခုခံခြင်း ဖြစ်နိုင်စွမ်း(Risk) ရှိသည်။ ဝမ်းဗိုက် အဆီပြင်သည် အဒီပိုကိုင်းစ် (Adipokines) ဓာတုပစ္စည်းကို ထုတ်လုပ်နိုင်စွမ်းရှိသည်။ အဒီပိုကိုင်းစ်သည် ဂလူးကိုစ့် ထိန်းသိမ်းရေးစနစ် ကို ကျဆင်းစေသည်။ အဆီများ အဝလွန်ခြင်းကို ဆီးချိုအမျိုးအစား-၂ ဖြစ်သူများ၏ ၅၅ ရာခိုင်နှုန်းတွင် တွေ့ရသည်။ အခြား ဖြစ်နိုင်စွမ်း အချက်များတွင် အသက်အရွယ် ကြီးလာခြင်းလည်း ပါဝင်သည်။ ( မြောက်အမေရိကရှိ အသက်ကြီးသူများ၏ ၂၀ရာခိုင်နှုန်းတွင် ဆီးချိုရှိသည်။) ထို့ပြင် မိသားစုရောဂါ ရာဇဝင် လည်းပါဝင်သည်။ (အမျိုးအစား-၂ သည် ဆွေမျိုး အရင်းအခြာအတွင်း ဆီးချိုရောဂါ ရှိမှုနှင့် အတော်လေး ပတ်သက်ဆက်နွှယ်မှုရှိသည်။) နောက်ဆုံးဆယ်စုနှစ်အတွင်းတွင် ဆီးချိုအမျိုးအစား-၂ သည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင်ပါ အဖြစ်များလာသည်ကို တွေ့ရသည်။ ဖြစ်နိုင်ချေရှိသည်မှာ အချို့နေရာများရှိ ကလေးငယ်များ ဤဆယ်စုနှစ် အတွင်း အဝလွန်လာခြင်းကြောင့် ဖြစ်ပေမည်။ သဘာဝ ပတ်ဝန်းကျင် ကလည်း ဆီးချို လတ်တလော အဖြစ်များလာရခြင်းအပေါ် သက်ရောက်မှု ရှိမည်။ ဆီးအတွင်း ဘစ်ဖီနောအေ (Bisphenol A) တွေ့ရှိရခြင်း နှင့် ဆီးချို-၂ ဆက်စပ်မှုကို တွေ့ရသည်။ ဆီးချိုအမျိုးအစား-၂ကို ရှေးဦးစွာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း ကစီဓာတ်- ကာဘိုဟိုက်ဒရိတ် Carbohydrate ဓာတ် စားသုံးမှု လျှော့ချခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း များဖြင့် ကုသသည်။ ၎င်းတို့က အင်ဆူလင်တိုးမှု (တနည်း- အင်ဆူလင်ကိုခုခံခြင်း Insulin Resistanceအားလျော့နည်းစေခြင်း )ကို ပြန်လည်ထိန်းသိမ်းပေးသည်။ တခါတရံ၌ ဤသို့ထိန်းသိမ်းရုံမျှနှင့် ကျေနပ်ဖွယ် သွေးအတွင်းသကြားဓာတ်ပမာဏကို ရရှိကောင်း ရရှိနိုင်သည်။ သို့ရာတွင် အင်ဆူလင်ကိုခုခံခြင်း ဖြစ်နိုင်စွမ်း(Risk) မှာ လျော့ကျမသွား။ ထို့ကြောင့် အစားအသောက်၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်လျှော့ခြင်း များကို ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ နောက်တစ်ဆင့်မှာမူ (လိုအပ်ပါက) ဆီးချိုသောက်ဆေးများ (Oral Hypoglycemic Drugs) ပေးခြင်းဖြစ်သည်။ အမျိုးအစား-၂ တွင် အင်ဆူလင်ထုတ်လုပ်မှုသည် အနည်းငယ်သာ ကျဆင်းတတ်သဖြင့် (အင်ဆူလင် ကုထုံးကို မသုံးသေးဘဲ ) ပန်ကရိယ၏ ဘီတာဆဲလ်မှ အင်ဆူလင်ကို ကိုယ်တိုင်ထုတ်လုပ်နိုင်စေရန် အားပေးသော သောက်ဆေးမျိုး( ဥပမာ ဆာဖွန်နိုင်းယူရီးယား- Sulfonyluria) ပေးနိုင်သည်။ သို့မဟုတ် အသည်းမှ ဂလူးကိုစ့်-သကြားဓာတ် ထုတ်လုပ်မှုကို ထိန်းသိမ်းပေးပြီး အင်ဆူလင်ခုခံမှု ကိုလျှော့ချပေးသော သောက်ဆေး(ဥပမာ မက်ဖော်မင်-Metformin) ပေးနိုင်သည်။ သို့မဟုတ် အင်ဆူလင်ကိုခုခံခြင်းကို အတော်များများ လျှော့ချပေးနိုင်သော သောက်ဆေး (ဥပမာ သိုင်ရာဇိုလီ ဒိုင်နီဒီအုန်း- Thiazolidinediones) ကိုပေးနိုင်သည်။ သောက်ဆေးပေးပြီးကုသခြင်းသည် ရောဂါနှောင်းပိုင်းတွင် အင်ဆူလင်ထုတ်လုပ်သော ဘီတာဆဲလ်များ ထပ်မံပျက်စီးခြင်းကြောင့် လူနာအပေါ် ဆေး၏ သက်ရောက်မှု ကျဆင်းလာမည်။ ထိုအချိန်တွင် သကြားဓာတ်ပမာဏကို ပုံမှန်သို့မဟုတ် ပုံမှန်နီးပါး ထိန်းသိမ်းနိုင်ရန် အင်ဆူလင်ကုထုံးကို သုံးရမည်ဖြစ်သည်။ အဓိပ္ပာယ်သတ်မှတ်ချက် ကိုယ်ဝန်ဆောင်ဆီးချိုကို အဓိပ္ပာယ် သတ်မှတ်ထားသည်မှာ ကိုယ်ဝန်ရှိသည့် အချိန်တွင် စတင် တွေ့ရှိရသော မည်သည့် ဆီးချိုတက်မှုမျိုးကို မဆို ကိုယ်ဝန်ဆောင်ဆီးချိုဟု ခေါ်ဆိုရန်ဖြစ်သည်။ ဤအဓိပ္ပာယ် သတ်မှတ်ချက် အရဆိုလျင် လူနာသည် ယခင်ကတည်းက ဆီးချို ရောဂါ ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်နေမှန်း မသိဘဲ ကိုယ်ဝန်ဆောင်သည့် အခါတွင်မှာ ရောဂါဖြစ်နေကြောင်း စတင်သိရှိရခြင်းမျိုး သို့တည်းမဟုတ် ဆီးချိုဖြစ်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန် ကာလ တိုက်ဆိုင်သွားခြင်းမျိုး များလည်း ပါဝင်ရပေတော့မည်။ ဖြစ်နိုင်ချေအချက်များနှင့် ရောဂါလက္ခဏာများ -ယခင် ကိုယ်ဝန်ဆောင် ကာလများတွင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်း သို့မဟုတ် သွေးအတွင်း သကြားဓာတ်ပမာဏ ပုံစံတကျမရှိခြင်း -ဆွေမျိုးရင်းခြာထဲတွင် ဆီးချို-၂ ဖြစ်ဖူးခြင်း -သက်ကြီး ကိုယ်ဝန်ဆောင်ခြင်း အများအားဖြင့် ၃၅ နှင့်အထက်) -လူမျိုး( အဖြစ်များသောလူမျိုးများမှာ အာဖိရကန်-အမေရိကန်များ၊ အာဖရို-ကာရေဘီယန်များ၊ အမေရိကန် များ၊ ပစိဖိတ် ကျွန်းသားများ နှင့် အိန္ဒိယနွှယ် လူမျိုးများ ဖြစ်သည်) -ကိုယ်အလေးချိန်များသူများ အဝလွန်သူများ -ယခင်ကိုယ်ဝန်တွင် ကလေးထွားခြင်း(၈ပေါင်၁၂အောင်စထက်များခြင်း) - ယခင်ကိုယ်ဝန်တွင်ပုံမမှန်ခြင်းတစ်ခုခုဖြစ်ဖူးခြင်း -ယင်းအချက်များအပြင် ဆေးလိပ်သောက်သူများတွင် ဖြစ်နိုင်ချေ ၂ ဆများသည်ဟုလည်း သိရသည်။ ၄၀မှ၆၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုရှင် များ တွင်မူ တင်ပြခဲ့သော ဖြစ်နိုင်ချေ များကို ရှာမတွေ့ရပြန်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးကို ဆီးချိုစစ်ဆေးရန် တိုက်တွန်းကြခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုသည်များမှာ မည်သည့် ရောဂါလက္ခဏာမှ ပြလေ့မရှိ။ အချို့တွင်မူ ရေငတ်ခြင်း၊ ဆီးသွားခြင်း၊ နုံးခြင်း ပျို့ခြင်းအန်ခြင်း၊ ဆီးအိမ်အတွင်းပိုးဝင်ခြင်း နှင့် အမြင်အာရုံဝေဝါးခြင်းတို့ ဖြစ်တတ်သည်။ နောက်ဆက်တွဲဆိုးကျိုးများ ကိုယ်ဝန်ဆောင်ဆီးချို သည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကို အန္တရာယ်ပြုနိုင်သည်။ သွေးအတွင်း သကြားဓာတ်ပမာဏ များလေလေ ရောဂါနောက်ဆက်တွဲ ဖြစ်နိုင်ချေ များလေလေ ဖြစ်သည်။ သေချာစွာ ကုသထားလျင်မူ ရောဂါနောက်ဆက်တွဲ အချက်အတော်များများကို လျှော့ချနိုင်သည်။ ကလေးတွင် ကြီးထွားမှုနှင့် ဓာတုဆိုင်ရာ ပုံမမှန်ခြင်း ဖြစ်နိုင်သည်။ ကလေးထွားခြင်းနှင့် ကလေးသေးခြင်း နှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကလေးထွားလျှင်မူ ကိရိယာနှင့်မွေးရခြင်း(ဥပမာ ညှပ်ဆွဲမွေးခြင်း၊ လေစုပ်စက်နှင့်မွေးရခြင်း၊ ဗိုက်ခွဲမွေးရခြင်း) များ လုပ်ရဖို့များသည်။ ရိုးရိုးမွေးပါက ကလေးပခုံးတစ်ခြင်း၃*** ဖြစ်ကောင်းဖြစ်နိုင်သည်။ ကလေးထွားခြင်းသည် သာမန် ကိုယ်ဝန်ဆောင်များ၏ ၁၂ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုသည် များ၏၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်သည်ဟု လေ့လာချက် တစ်ခုက ဆိုထားသည်လည်း ရှိသည်။ သို့သော် ဤကိန်းဂဏန်းများကို အလုံးစုံ မယုံကြည်အပ်သေး။ ဤဘာသာရပ်မှာ သုတေသန လုပ်ရခြင်းများ လွန်စွာရှုပ်ထွေးသည့် အပိုင်းဖြစ်သည်။ မွေးကင်းစ ကလေးများတွင် သွေးအတွင်း သကြားဓာတ် ကျဆင်းခြင်း၊ အသားဝါခြင်း၊ သွေးနီဥများခြင်း နှင့် ကယ်လစီယမ် ဓာတ်နည်းခြင်း မက်ဂနီဆီယမ်ဓာတ်နည်းခြင်း များဖြစ်နိုင်သည်။ အသက်ရှူကြပ်ခြင်း လည်း ဖြစ်နိုင်သည်။ ရောဂါအလားအလာ ကိုယဆောငျဆီးခြို သညျမြားသညျ မီးဖှားပွီးနောကျပိုငျးတှငျ ရောဂါပြောကျကငျးသှားတတျသညျ။ ဒုတိယအကွိမျ ကိုယျဝနျဆောငျသျော ကိုယျဝနျဆောငျဆီးခြို ဖွဈနိုငျနှုနျးမှာ လူမြိုးအလိုကျ ၃၀မှ ၈၄ ရာခိုငျနှုနျးခနျ့အထိ ဖွဈနိုငျခြေ ရှိသညျ။ ပထမကိုယျဝနျနှငျ့ ဒုတိယကို ရောဂါအလားအလာ ကိုယ်ဝန်ဆောင်ဆီးချို သည်များသည် မီးဖွားပြီးနောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားတတ်သည်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်သော် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်နှုန်းမှာ လူမျိုးအလိုက် ၃၀မှ ၈၄ ရာခိုင်နှုန်းခန့်အထိ ဖြစ်နိုင်ချေ ရှိသည်။ ပထမကိုယ်ဝန်နှင့် ဒုတိယကိုယ်ဝန် သားဆက်ခြားကာလ တစ်နှစ်အတွင်း ဖြစ်နေပါက ဆီးချိုပြန်ဖြစ်နိုင်ချေ ပိုများသည်။ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူများသည် အနာဂတ်တွင် ဆီးချိုအစစ် ဖြစ်နိုင်ချေများသည်။ Navajo study အရ ကိုယ်ဝန်ဆောင် ဆီးချိုသည်များ၏ နောက် ၁၁ နှစ်အကြာ ဆီးချိုအစစ် ဖြစ်နိုင်ချေမှာ ၅၀မှ ၇၀ ရာခိုင်နှုန်းဖြစ်သည်။ အခြားလေ့လာမှု တစ်ခုအရမူ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပြီး နောက် ၁၅ နှစ်အကြာ တွင် ဆီးချိုဖြစ်နိုင်ချေမှာ ၂၅ ရာခိုင်နှုန်းနှင့် အထက် ဖြစ်သည်။ ယျဝနျ သားဆကျခွားကာလ တဈနှဈအတှငျး ဖွဈနပေါက ဆီးခြိုပွနျဖွဈနိုငျခြေ ပိုမြားသညျ။ ကိုယျဝနျဆောငျဆီးခြို ဖွဈဖူးသူမြားသညျ အနာဂတျတှငျ ဆီးခြိုအစဈ ဖွဈနိုငျခြမြေားသညျ။ Navajo study အရ ကိုယျဝနျဆောငျ ဆီးခြိုသညျမြား၏ နောကျ ၁၁ နှဈအကွာ ဆီးခြိုအစဈ ဖွဈနိုငျခြမှော ၅၀မှ ၇၀ ရာခိုငျနှုနျးဖွဈသညျ။ အခွားလေ့လာမှု တဈခုအရမူ ကိုယျဝနျဆောငျဆီးခြို ဖွဈပွီး နောကျ ၁၅ နှဈအကွာ တှငျ ဆီးခြိုဖွဈနိုငျခြမှော ၂၅ ရာခိုငျနှုနျးနှငျ့ အထကျ ဖွဈသညျ။ ကုသမှု ကုသမှုတွင် အရေးကြီးသည့် ရည်မှန်းချက်မှာ မိခင်နှင့် ကလေး၏ အသက် အန္တရာယ်ကို လျှော့ချနိုင်ရန်ဖြစ်သည်။ သွေးအတွင်း သကြားဓာတ် ပမာဏကို လျှော့ပေးခြင်းဖြင့် မိခင်နှင့်ကလေး၏ အန္တရာယ်ကို လျှော့ချပေးရန် ရည်၇ွယ် ထားသည်။ သို့ရာတွင် ဗိုက်ခွဲမွေးရခြင်း (LSCS)နှင့် မီးဖွားကာနီး အသေအပျောက်များခြင်း ကို လျှော့ချနိုင်သည်ဟု သက်သေမပြနိုင်သေးပါ။ လေ့ကျင့်ခန်း၊ အစားအသောက်၊ ဆေးဝါးနှင့် အင်ဆူလင်ကို သုံး၍ကုသရသည်။ စောဒက ကိုယ်ဝန်ဆောင်ဆီးချို သည် အငြင်းပွားမှုများသော ဘာသာရပ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ဆီးချို ကို ရောဂါတစ်ခုအနေနှင့် ဆိုနိုင်မဆိုနိုင် ဟူသည်မှာလည်း မေးခွန်းတစ်ရပ်ဖြစ်နေသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ဆီးချိုသည်ဟု ကင်ပွန်းတပ်ခံရသော အမျိုးသမီးများမှာလည်း အကြောင်းမဲ့ ဗိုက်ခွဲမွေးခြင်း စသည်တို့ အပြုခံရဖို့ အခွင့်အတော်များနေသည်။ ကိုယ်ဝန်ဆောင်ဆီးချိုကို ဆေးပေးကုသ ထားခြင်းသည် ဗိုက်ခွဲမွေးခြင်း (LSCS)အပေါ် မည်သို့သက်ရောက်နိုင်သည်ကိုလည်း သက်သေပြနိုင်ခြင်းကလည်း မရှိပေ။ အခြားဆီးချိုများ အခြားဆီချိုများ ဟူ၍ သီးသန့်သတ်မှတ်ထားရသည်မှာ ရောဂါအကြောင်းရင်း တိကျစွာ ရှာတွေ့ထားသော သို့မဟုတ် တိကျစွာသတ်မှတ်နိုင်သော ဆီးချိုရောဂါများကို စုဝေးထားလို၍ ဖြစ်သည်။ လက်တွေ့တွင်မူ ဆီးချိုရောဂါသည် အများစုကို အကြောင်းရင်း အတိအကျ ရှာဖွေနိုင်ခြင်း မရှိဘဲ ယေဘုယျအားဖြင့် ဆီးချို-၁ နှင့် ဆီးချို-၂ တစ်ခုခုအတွင်း ထည့်သွင်းစဉ်းစား ကုသကြလေ့ရှိသည်။ စင်စစ် ရောဂါတစ်ခုဖြစ်လျှင် တိကျသော ရောဂါအကြောင်းရင်း ရှိမည်သာ ဖြစ်သည်။ ဆီးချိုရောဂါတိုင်းတွင် ရောဂါတစ်ခုကို တွေ့ရတိုင်း တိကျသောအကြောင်းရင်းများ ရှာမတွေ့နိုင်သေးသည်မှာ သုတေသန လိုအပ်ချက် သာလျှင်ဖြစ်သည်။ သုတေသနများ ပိုမိုပြုလုပ်နိုင်လျင် ယခင်က ဆီးချို-၁ သို့မဟုတ် ဆီးချို-၂ ဟု ခြုံငုံသမုတ်ခဲ့သော လူနာအချို့ကို ၎င်းတို့၏ ရောဂါအကြောင်းရင်း အလိုက် သီးသန့်ပြန်လည် ခွဲခြား ထုတ်ပြန်နိုင်မည် ဖြစ်၏။ အောက်ပါအကြောင်းများမှာ ယနေ့ခေတ် တွေ့ရှိရသမျှ တိကျသော ရောဂါအကြောင်းအချို့ ဖြစ်သည်။ မျိုးရိုးဗီဇ မျိုးရိုးဗီဇ ဗေဒအနေနှင့် ဘီတာဆဲလ်ကို ထိန်းချုပ်သော ဂျင်းန် (Gene) ထွန်းခြင်း၁ ကြောင့်လည်း လူသား၏ ဘီတာဆဲလ် လုပ်ငန်းဆောင်တာ များ ပျက်ယွင်းသည်ကို တွေ့ထားသည်။ သာမန်အားဖြင့် ကုခန်းနယ်ပယ်တွင် ဤအမျိုးအစားကို ဆီးချို-၁ ထဲထည့်၍ ကုသနေကြရသည်။ ဤလည်း မျက်စေ့လည်စရာ တစ်ချက်ပင်။ အင်ဆူလင် ဆီးချို-၁နှင့် ဆီးချို-၂ တို့တွင် ဆီးချိုဖြစ်ရသည်မှာ အင်ဆူလင် ထုတ်လုပ်မှုကျဆင်းခြင်း သို့မဟုတ် အင်ဆူလင်၏အစွမ်းသတ္တိကို ခန္ဓာကိုယ်က ခုခံခြင်းမျိုး နှင့် ဆက်စပ်သည်။ အင်ဆူလင် ထုတ်လုပ်မှုလည်း မကျဆင်း ခန္ဓာကိုယ်ကလည်း အင်ဆူလင်အစွမ်းသတ္တိကို မခုခံပါဘဲလျက် ဆီးချိုဖြစ်နိုင်ပါသလား။ ဖြစ်နိုင်ပါ၏။ ပန်ကရိယ ဘီတာဆဲလ်က ထုတ်လုပ်လိုက်သော အင်ဆူလင်ကိုယ်နှိုက်က အရည်အသွေးမကောင်း လျှင် ဖြစ်နိုင်သည်။ ဤကိစ္စတွင် အင်ဆူလင်စွမ်းရည် အပြည့်အဝ မဖော်ဆောင်နိုင်သဖြင့် ဆီးချိုဖြစ်ရသည်။ ၎င်းကိုလည်း အခြားဆီးချိုအမျိုးအစားများ ထဲတွင် ထည့်သည်။ ပန်ကရိယဂလင်းကို တိုက်ရိုက်ဖျက်ဆီးခြင်း ပန်ကရိယ ဂလင်းပျက်စီးလျင်လည်း မလွဲမသွေ ဆီးချိုဖြစ်ရမည်။ ဤအပိုင်းကိုလည်း ဆီးချို-၂ ထဲတွင်လည်း မကြာခဏ ထည့်ထားရလေ့ရှိသဖြင့် ဆေးပညာနှင့် မရင်းနှီးသူများအဖို့ မျက်စိလည်စရာ ကောင်းနေပေတော့မည်။ အမှန်မှာ နာတာရှည်ပန်ကရိယရောင်ရောဂါ ၂ ကြောင့်ဆီးချိုလက္ခဏာ ပေါ်လာခြင်းမျိုးကို သုတေသီ အဆင့်အားဖြင့် အခြားအမျိုးအစား ထဲထည့်ထားသည်။ ပန်ကရိယဂလင်း ကို ခွဲစိတ်ပြီး ထုတ်ထားလျှင်လည်း ဆီးချိုဖြစ်နိုင်၍ ယင်းကိုလည်း အခြားအမျိုးအစားထဲ ထည့်ရမည်ပင် ဖြစ်သည်။ အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ(Counterinsulin Hormones) ထို့ပြင် အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ (Counterinsulin hormones)အလွန်အမင်း များပြားနေခြင်း ကြောင့်လည်း ဆီးချိုဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင်မူ များနေသော အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများကို ဖယ်ရှားပစ်ရုံနှင့် ဆီးချိုပျောက်ကင်းနိုင်သည်။ ဤကား ထူးခြားမှုတည်း။ ဥပမာအားဖြင့် -မြန်မာများနှင့် အကျွမ်းမဝင်လှသော ကူးရှင်းရောဂါလက္ခဏာစု (Cushion Syndrome) စသည့်ရောဂါများတွင် အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ အလွန်များပြားနေသည်။ ဆေးဝါးများ အချို့ဆေးဝါးများသည် အင်ဆူလင် ထုတ်လုပ်မှုကို ပိတ်ပင်သည်။ အချို့အဆိပ်သင့် ပစ္စည်းများကလည်း ပန်ကရိယ ဘီတာဆဲလ်ကို ဖျက်ဆီးနိုင်သည်။ ယင်းတို့ကိုလည်း ဤအမျိုးအစားထဲ ထည့်သွင်းရသည်။ ဆေးဝါးများ အချို့ဆေးဝါးများသည် အင်ဆူလင် ထုတ်လုပ်မှုကို ပိတ်ပင်သည်။ အချို့အဆိပ်သင့် ပစ္စည်းများကလည်း ပန်ကရိယ ဘီတာဆဲလ်ကို ဖျက်ဆီးနိုင်သည်။ ယင်းတို့ကိုလည်း ဤအမျိုးအစားထဲ ထည့်သွင်းရသည်။ ဆီးချိုရောဂါလက္ခဏာများ ၎င်း ရောဂါလက္ခဏာ များသည် ဆီးချိုအမျိုးအစား-၁ တွင် ရက်သတ္တပတ် အနည်းငယ်မှ လပိုင်းအတွင်း အလွန်လျင်မြန်စွာ ပေါ်ပေါက်ပြီး ပိုမိုထင်ရှားလေ့ရှိ၏။ အထူးသဖြင့် ကလေးသူငယ် များတွင် ပိုမိုလျင်မြန်စွာ ပေါ်လာတတ်သည်။ ဆီးချို-၂ တွင်မူ အဆိုပါ ရောဂါလက္ခဏာများသည် ပိုမိုနှေးကွေးစွာ ပေါ်ပေါက်လေ့ရှိပြီး တစ်ခါတစ်ရံ လုံးဝမပေါ်ပေါက်ဘဲလည်း ရှိတတ်သည်။ ထူးခြားသည်မှာ ဆီးချို-၁ တွင် လူနာသည် (အစားကို ပုံမှန်သို့မဟုတ် ပုံမှန်ထက် ပို၍စားလေ့ရှိသော်ငြား) မြန်ဆန်ပြီး ထင်ရှားသော ကိုယ်အလေးချိန်ကျခြင်း (ပိန်ခြင်း)ကြောင့်ရောဂါကို စတင် သတိထားမိတတ်ကြောင်း တွေ့ရသည်။( “စားသလောက်ပိန်သည် “ဟု ဆိုကြသည်။) စိတ်နုံးချိခြင်း(Mental fatigue) လည်း ဖြစ်တတ်သည်။ သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်လာပြီး ကျောက်ကပ်က ထိန်းသိမ်းနိုင်သော ပမာဏထက် ကျော်လွန်သောအခါတွင် ဆီးထဲတွင် သကြားဓာတ် များလာတော့သည်။ သကြားဓာတ်ကြောင့် ဆီး၏ ရေဆွဲငင်အား ( Osmotic pressure) မြင့်တက်လာပြီး ရေကိုစုပ်ယူသဖြင့် ရေဓာတ်အများအပြား ဆီးထဲတွင်ပါသွားသည်။ (ဆီးပမာဏနှင့် ဆီးသွားသည့် အကြိမ်ရေများသည်။) ဆီးသွားခြင်းများ သဖြင့် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ် ဆုံးရှူံး၏။ ထိုအခါ ရေငတ်၏။ ရေငတ်သဖြင့် ရေအများအပြားသောက်သည်။ ရေအများအပြားသောက်သဖြင့် ဆီးပိုသွားပြန်သည်။ ဤသို့ဖြင့် ရေငတ်ခြင်း၊ဆီးသွားများခြင်း သံသရာလည်သည်ကို အမှတ်လက္ခဏာအနေနှင့် တွေ့ရ၏။ အမြင်အာရုံမှုန်ဝါးခြင်း သွေးထဲတွင် သကြားဓာတ် ပမာဏများခြင်း (ဆီးချိုတက်ခြင်း) ကြာမြင့်လာ သောအခါ မျက်လုံးမှန်ဘီလူး(Lens) ပုံသဏ္ဌာန် ပြောင်းလဲလာသည်။ ထိုအခါ အမြင်အာရုံများ ပြောင်းလဲချို့ယွင်း လာလေသည်။ သကြားဓာတ်ပမာဏ ပုံမှန်အတိုင်း ပြန်ဖြစ်သောအခါ မျက်လုံးမှန်ဘီလူး ပုံသဏ္ဌာန်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။ ထိုအခါ အမြင်အာရုံလည်း ပြန်လည်ကြည်လင် သွားတတ်ပြန်၏။ မျက်မှန် ခဏခဏလဲရသည် အမြင်အာရုံ မကြာခဏပြောင်းလဲခြင်းများ ဖြစ်သည်ဟု ဆိုတတ်ကြသည်။ အမြင်အာရုံလျင်မြန်စွာ ကျဆင်းခြင်းသည် ဆီးချို-၁ ၏ ထင်ရှားသော လက္ခဏာတစ်ချက် ဖြစ်သည်။ သို့ဖြစ်၍ အမြင်အာရုံလျင်မြန်စွာ ကျဆင်း ပြောင်းလဲလာသော လူငယ်များကို ဆီးချို-၁ဖြစ်နိုင်သလားဟူ၍ စဉ်းစားသတိထား ရသည်။ ဆီးချို-၂ တွင်မူ အမြင်အာရုံပြောင်းလဲခြင်း မှာ လူငယ်များလောက် မမြန်ဆန်။ သို့သော် သိသာထင်ရှားတတ်သည်ပင် ဖြစ်၏။ ဒီကေအေ (DKA) ဆီးချို-၁လူနာများသည် ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း အရေးပေါ်အခြေအနေနှင့် ရောဂါလက္ခဏာ စတင်ပြသလေ့ ရှိတတ်သည်။ ယခင်က ရောဂါမဖြစ်ဖူးဘဲ ရက်သတ္တပတ် အနည်းငယ်အတွင်း ဤအခြေအနေနှင့် ရောက်လာလေ့ရှိတတ်သည်။ ဤအခြေအနေ တွင် လူနာ၏ ရှူထုတ်လိုက်သော လေတွင် လက်သည်းဆိုးဆေးကဲ့သို့ (Acetone နံ့) ရသည်။ လူနာသည် အသက်ရှူမြန်သည့်အပြင် အသက်ကို ရှိူက်ပြီးရှူသည်။ (Kaussmaul’s breathing ) ဆီးသွားများသည်။ ပျို့သည်။ အန်သည်။ ဗိုက်အောင့်တတ်သည်။ သတိချို့ယွင်းခြင်း သတိလစ်ခြင်းများ ဖြစ်တတ်သည်။ စစ်ဆေးကြည့်လျှင် သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်နေသည်ကို တွေ့ရမည်။ ဆိုးရွားသော ဒီကေအေတွင် ကိုမာ (Coma )ရပြီးသေသည်အထိ ဖြစ်နိုင်သည်။ ဒီကေအေ ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း သည် အရေးပေါ် အခြေအနေဖြစ်ပြီး ဆေးရုံချက်ချင်းတင်ရန် လိုသည်။ ကီတုန်းဓာတ်မများဘဲရေဆွဲအားလွန်သတိလစ်ခြင်း(Non-ketotic hyperosmolar coma) ရှားပါးသော်ငြား အခြားဆိုးရွားသော ပြဿနာတစ်ခုမှာ ဆီးချိုအလွန်တက်ပြီး ရေဆွဲအားလွန်သတိလစ်ခြင်း (Non-ketotic hyperosmolar coma) [2] ဖြစ်သည်။ ဤပြဿနာကို ဆီးချို-၂ လူနာများ တွင် ပိုမိုတွေ့ရပြီး ပြဿနာ ဖြစ်ရသည်မှာ ဆီးချိုအတက်လွန်ခြင်းနှင့် ရေဓာတ်ဆုံးရှူံးခြင်း ကြောင့် ဖြစ်သည်။ အသက်ကြီးသော လူနာများသည် သတိလစ်ခြင်း ပုံစံမျိုးစုံနှင့် ရောက်လာပါက ဤပြဿနာကို စဉ်းစားရသည်။ ဆီးချို-၁နှင့်၂တို့၏ ယေဘုယျကွာခြားသောရောဂါလက္ခဏာများ ယေဘုယျအားဖြင့် ဆီးချို-၁သည် အသက်(၄၀) အောက်တွင် ဖြစ်လေ့ရှိပြီး ဆီးချို-၂ သည် အသက်(၄၀) အထက်တွင် ဖြစ်လေ့ရှိသည်ဟု မှတ်ယူကြသည်။ ဆီးချို-၁ လူနာ များသည် အဝလွန်ခြင်း နှင့်တွဲလေ့မရှိဘဲ (တစ်ခါတစ်ရံ ရောဂါ စတင်တွေ့ရှိချိန်၌ ကိုယ်အလေးချိန်ကျခြင်း၊ ပိန်လာခြင်းများပင် ဖြစ်တတ်သေးသည်။) ဆီးချို-၂ လူနာများမှာ အဝလွန်ခြင်းနှင့် တွဲလေ့ရှိသည်။ ဆီးချို-၂ လူနာတို့သည် နှလုံးရောဂါ နှင့်လေဖြတ်ရောဂါတို့ နှင့် ပိုမိုတွဲလေ့ရှိပြီး ရောဂါ စတင်တွေ့ရှိချိန်တွင်ပင်လျှင် သွေးတိုးခြင်း၊ နှလုံးသွေးငတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပြီးနေသည်ကိုလည်း တွေ့ရတတ်သည်။ ရောဂါအမည်တပ်ခြင်း ဆီးချိုအမျိုးအစား-၁နှင့် ဆီးချိုအမျိုးအစား-၂ (၏အချို့သောပြဿနာများ) တွင် ကာလတိုအတွင်း ဆီးသွားများခြင်း၊ ရေငတ်လွန်ခြင်းနှင့် တစ်ခါတရံ ကိုယ်အလေးချိန်ကျလာခြင်း တို့ကို တွေ့ရခြင်းအားဖြင့် ရောဂါအမည်ကို မြန်ဆန်စွာ တပ်နိုင်လိုက်ကြသည်။ အဆိုပါ ရောဂါလက္ခဏာများမှာ ရက်ပိုင်းအတွင်း သို့မဟုတ် ရက်သတ္တပတ်ပိုင်း အတွင်း၌ပင် တစ်နေ့တခြား ဆိုးသည်ထက် ဆိုးလာတတ်သည် ကိုတွေ့ရသည်။ ဆီးချိုအမျိုးအစား-၁ ရောဂါသည်များ ၏ လေးပုံတစ်ပုံခန့်သည် ရောဂါအမည်တပ်သည့်ကာလ၌ ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း ဖြစ်နေသည်ကို တွေ့ရလေသည်။ ဆီးချိုအမျိုးအစား-၁ မှအပ အခြားဆီးချိုအမျိုးအစားများတွင်မူ အခြားသော အကြောင်းများဖြင့် ရောဂါကို ရှာတွေ့တတ်သည်။ ရောဂါရှာတွေ့စေသောအကြောင်းများ ရောဂါကို ရှာတွေ့စေသော အခြားအကြောင်းများကို ဖော်ပြရလျှင်.. ပုံမှန်ဆေးစစ်စဉ်တွေ့ခြင်း၊ အခြားရောဂါကို ရှာဖွေစဉ်ရှောင်တခင်တွေ့ခြင်း၊ မျက်စိမှုန်သဖြင့် စစ်ဆေးစဉ်တွေ့ရှိခြင်းနှင့် အကြောင်းမဲ့ နုံးချိခြင်းကြောင့် စစ်ဆေးစဉ်တွေ့ခြင်းစသည်တို့ ပါဝင်သည်။ ယင်းတို့မှ အပြင်အပအားဖြင့် ဆီးချိုကို ရှာတွေ့သည်မှာ ဆီးချို၏ နောက်ဆက်တွဲရောဂါများ ဖြစ်သော.. နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အာရုံကြောရောဂါနှင့် အနာမကျက်ခြင်း၊ မျက်စိမှုန်ခြင်းကြောင့်ဖြစ်သောရောဂါအချို့နှင့် ကိုယ်ဝန်သည်များ ကလေးထွားထွားမွေးခြင်း သွေးအတွင်းသကြားဓာတ်ကျသွားခြင်း စသောအကြောင်းများနှင့် ဆက်စပ်၍လည်း ဆီးချိုကို စစ်ဆေးတွေ့ရှိလာတတ်သည်။ ဆီးချိုရောဂါဟုသတ်မှတ်ပုံ ဆီးချိုရောဂါ၏ အမှတ်အသားကား သွေးအတွင်းသကြားဓာတ်ပမာဏ (အမြဲ သို့မဟုတ် မကြာခဏ) မြင့်နေခြင်း ဖြစ်သည်။ အောက်ပါအချက်များမှ တစ်ချက်ကိုတွေ့လျှင် ဆီးချိုရောဂါဟူ၍ သတ်မှတ်နိုင်သည်။ (၁)မနက်စာမစားမီ ဂလူကိုမီတာဖြင့် တိုင်းတာသော အခါ သွေးရိုးရိုးအတွင်း (Whole blood-သွေးရည်ကြည် အပြင် သွေးကိုဖွဲ့စည်းထားသော အခြားအရာအားလုံးပါဝင်သည် ) သကြားဓာတ်ပမာဏ 6.1mmol/l ထက်များခြင်း(fasting blood glucose ≥ 6.1 mmol/l) (၂)အိုဂျီတီတီ (Oral glucose tolerent test) စစ်ဆေးမှုအရ ဂလူးကိုစ့် ၇၅ ဂရမ် သောက်ပြီး ၂ နာရီအကြာတွင် ဂလူကိုမီတာဖြင့် သွေးရိုးရိုးအတွင်း (Whole blood-သွေးရည်ကြည် အပြင် အခြားအရာ အားလုံးပါဝင်သည် ) သကြားဓာတ်ပမာဏ 11.1mmol/l ထက်များခြင်း (၃)သကြားဓာတ်များသော လက္ခဏာနှင့်တကွ (ဂလူကိုမီတာနှင့် )ရှောင်တခင် သွေးရိုးရိုးအတွင်းသကြားဓာတ်ပမာဏကိုစစ်ဆေးရာ 11.1mmol/l ထက်များခြင်း ကိုးကား။ ။ Elizavetinskaya Hospital (Russian Federation; St Petersburg;) ဓာတ်ခွဲခန်း—ဇယား-[1] ဇယား[1] အကယ်၍ သကြားဓာတ်ပမာဏ တက်နေပါက နောက်နေ့တွင် ထပ်မံစစ်ဆေးရမည်။ သမားတော်အများစုမှာ မနက်စာမစားမီ ဂလူကိုမီတာနှင့် စစ်ဆေးသော သွေးရိုးရိုးအတွင်း သကြားဓာတ် (သွေးရည်ကြည်နှင့်အနှောများပါဝင်သည်) 6.1mmol/l ထက်များခြင်းနှစ်ကြိမ်ဖြစ်ပါက ဆီးချိုဟု ရောဂါအမည်တပ်ရန် စဉ်းစားပါသည်။ (အစာမရှိမီသကြားဓာတ်ပမာဏ-fasting blood glucose ≥ 6.1 mmol/l နှစ်ကြိမ်နှင့်အထက် ) အစာမရှိ-သကြားဓာတ်ပုံမမှန်ခြင်းသတ်မှတ်ချက်(impaired fasting glucose) မနက်စာမစားမီ သွေးရိုးရိုးအတွင်း(Whole blood) သကြားဓာတ်ပမာဏ 6.1 mmol/l ထက်နည်းနေသည် မှန်သော်လည်း 5.5 mmol/l ထက်များနေပါက အစာမရှိ-သကြားဓာတ်ပုံမမှန်ခြင်း (impaired fasting glucose) ဖြစ်နေသည် ဟု ခေါ်ဝေါ်သည်။ အိုဂျီတီတီစမ်းသပ်မှု-သကြားဓာတ်ပုံမမှန်ခြင်းသတ်မှတ်ချက်(impaired glucose tolerent test) တစ်ဖန် အိုဂျီတီတီ စမ်းသပ်မှု၌ သကြားဓာတ်ပမာဏ 11.1mmol/l အောက် ရရှိသော်လည်း 7.8 mmol/l အထက် တွေ့ရှိရလျှင်လည်း အိုဂျီတီတီစမ်းသပ်မှု-သကြားဓာတ်ပုံမမှန်ခြင်း (impaired glucose tolerent test) ဟုခေါ်ဝေါ်သည်။ အကြိုဆီးချိုများ ၎င်း အစာမရှိ-သကြားဓာတ်ပုံမမှန်ခြင်း နှင့် အိုဂျီတီတီစမ်းသပ်မှု-သကြားဓာတ်ပုံမမှန်ခြင်း ဖြစ်ရပ်နှစ်ရပ်စလုံးကို အကြိုဆီးချိုအဆင့် ဟူ၍ သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းပြဿနာနှစ်ခုမှာ နောင်တစ်ချိန် ဆီးချိုစင်စစ် (သို့တည်းမဟုတ် နှလုံးရောဂါများ) ဖြစ်ရန် လွန်စွာ အားပေးသော ပြဿနာများ ဖြစ်သောကြောင့် ဖြစ်သည်။ ဂလိုင်ကိတ်တက်ဟေမိုဂလိုဘင်(Glycated haemoglobin/HbA1C)ဆက်စပ်မှု ဂလိုင်ကိတ်တက်ဟေမိုဂလိုဘင် (HbA1C) 6.0% နှင့်အထက် ကို ပုံမမှန်အခြေအနေ ဟု ဓာတ်ခွဲခန်းအများစုက လက်ခံထားသည်။ HbA1C ကို အခြေခံအားဖြင့် ( HbA1C သည် ရက် ၉၀ အတွင်း လူနာ၏သွေးအတွင်း သကြားဓာတ်ပမာဏ မည်သို့ဖြစ်ခဲ့သည်ကို ဖော်ပြသဖြင့် ) ကုသမှုခြေရာခံ အဖြစ် အသုံးပြုသည်။ အချို့ သမားတော်များကလည်း ယင်းကို ကုသမှုခြေရာခံ အနေနှင့်သာမက ရောဂါရှာဖွေစဉ် ကာလမှာကတည်းက ရောဂါအခြေအနေ အဆင့်အတန်းကို သိရှိရေးအတွက် အသုံးပြုတတ်သည်။ ရောဂါကုသစဉ်တွင် HbA1C ကို 7.0% အောက်ရောက်သည်အထိ ရည်မှန်းပြီး ကုသကြသည်။ အချို့ကမူ 6.5% အောက်အထိ ရည်မှန်းကုသကြရန် ညွှန်ကြားကြသည်။ အဘယ်ကြောင့် HbA1C ကို ဤသို့ တိကျစွာ ချခိုင်းထားရသနည်း ဟူမူကား HbA1C ကို ဆိုခဲ့သော (7.0%) ပမာဏထက် နည်းအောင် ချ၍ ကုသထားပါက ကာလရှည်နောက်ဆက်တွဲရောဂါများ (မျက်စိရောဂါ၊ ကျောက်ကပ်ရောဂါ စသည်တို့) ဖြစ်ပွားနှုန်းကို သိသာစွာ လျှော့ချပေးနိုင်စွမ်း သောကြောင့် ဖြစ်ပေသည်။ ဆီးချိုရောဂါကိုကာကွယ်ခြင်း ဆီးချိုအမျိုးအစား-၁သည် ခန္ဓာကိုယ်၏ ကာဘိုဟိုက်ဒရိုက် မက်တာဘိုးလစ်ဖြစ်စဉ် ( ဖြိုခွဲခြင်း ၊ပေါင်းစပ်ခြင်း၊ ဓာတုပစ္စည်း အမျိုးမျိုး အသွင်ပြောင်းခြင်း၊ စွမ်းအင်အဖြစ် ပြောင်းခြင်း၊ စွန့်ထုတ်ခြင်း စသည့် ဖြစ်စဉ်) အတွက် အဓိကဖြစ်သော အင်ဆူလင်ဟိုမုန်း လုံးလုံးလျားလျား မရှိတော့သဖြင့် သွေးအတွင်း သကြားဓာတ်ပမာဏ တက်လာသော ဆီးချိုအမျိုးအစား ဖြစ်ကြောင်း သိရှိကြပြီးဖြစ်သည်။ ထိုနည်းတူ အင်ဆူလင်ဟိုမုန်းကို အစာအိမ်၏အောက်ဘက်တွင် ကပ်လျက်တည်ရှိသော ပန်ကရိယ (pancreas) အတွင်းရှိ ဘီတာဆဲလ်များက ထုတ်လုပ်ကြောင်း သိရှိကြပြီးဖြစ်သည်။ ဆက်လက်၍ ဆီးချိုအမျိုးအစား-၁ ကို ကာကွယ်၍ ရမရ တင်ပြရမည်။ ကလေးသူငယ်များတွင် ဆီးချိုအမျိုးအစား-၁ ဖြစ်နိုင်မဖြစ်နိုင်ကို မျိုးရိုးဗီဇများကို Screening လုပ်၍ စစ်ဆေးခြင်းအားဖြင့် ကြိုတင်ခန့်မှန်းရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော ယင်းဆီးချို-၁ သည် HLA မျိုးရိုးဗီဇ DR3 နဲ့ DR4 ပိုင်ဆိုင်သည့် ပုဂ္ဂိုလ်များတွင် တွေ့ရလေ့ရှိသောကြောင့်ဖြစ်သည်။ ဆီးချို-၁ ဖြစ်ရခြင်း၏ အခြားအကြောင်းရင်း တစ်ရပ်အနေနှင့် ပိုးဝင်ဖျားနာခြင်း (infection)ကို သံသယ ဖြစ်သော်လည်း လုံလောက်သော သက်သေပြနိုင်မှု မရှိသဖြင့် တုပ်ကွေးနှင့်တကွ အခြားဖျားနာရောဂါအမျိုးမျိုးတို့ကို ရောဂါ၏အကြောင်းရင်းဟု မာမာထန်ထန် စွပ်စွဲနိုင်ခြင်းမရှိသေးချေ။ အခြားသော ဆီးချို-၁ ကိုဖြစ်စေသည့်အကြောင်းရင်းမှာ အင်မြူးစနစ်က မိမိ၏ ကိုယ်ပိုင်ဆဲလ်များကို ပြန်လည်တိုက်ခိုက်သည့် အော်တိုအင်မြူး (autoimmune) ပြဿနာ ဖြစ်သည်။ အင်မြူးစနစ်သည် အော်တိုအင်မြူး အနေနှင့် ပန်ကရိယ (pancreas) မှ ဘီတာဆဲလ်များကို တိုက်ခိုက်တတ်သဖြင့် ယင်းသို့တိုက်ခိုက်ခြင်းခံရလျှင် မူလက အင်ဆူလင်ကို ထုတ်နေကျဖြစ်သော ဘီတာဆဲလ်များသည် အင်ဆူလင်ကို မထုတ်နိုင်ဘဲ ဆီးချို အမျိုးအစား-၁ ကို ဖြစ်စေတတ်သည်။ ဤအင်မြူး သီဝရီ သဘောတရားကို အခြေခံ၍ ဆီးချို-၁ကို ကာကွယ်ရန်ကြိုးစားကြပုံမှာ ရှေးဦးစွာ ဘီတာဆဲလ် ကို တိုက်ခိုက်မည့် Antibody ပိုင်ဆိုင်ထားသော ကလေးများကို ရှာဖွေဖော်ထုတ်ကြပြီး ယင်းကလေးများကို ဆီးချိုမဖြစ်မီ ဗိုက်တာမင် B3 ပေး၍ ကာကွယ်ရန် ကြိုးစားကြသည်။ ထိုက်သင့်သလောက် အလုပ်ဖြစ်သည်ကို တွေ့ရသော်လည်း ကျေနပ်ဖွယ် မရှိသေးပါ။ ဆီးချိုအမျိုးအစား-၂ မှာမူ ဝသောသူများတွင် ဖြစ်လေ့ရှိပြီး အင်ဆူလင် ဟိုမုန်းကို ခန္ဓာကိုယ်က Resistance ဖြစ်ခြင်း မတိုးတော့ခြင်း ကြောင့် သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်ရခြင်းဖြစ်သည်။ ဆီးချို-၂ ၏ ဖြစ်နိုင်ချေ ကိုမူ အစားအသောက် အနေအထိုင်များအား ကျန်းမာရေးနှင့် ညီညွတ်အောင် ပြောင်းလဲခြင်းဖြင့် လျှော့ချနိုင်သည်။ အမေရိကန်ဆီးချိုအသင်း (American Diabetes Association) ကမူ ဆီးချိုရောဂါ ကာကွယ်လိုသူများအား (၁)ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်တွင် ထားရှိရန် (၂)တစ်ပတ်လျှင် လေ့ကျင့်ခန်း ၂နာရီခွဲခန့် လုပ်ရန်၊(၃) အဆီလျှော့စားပြီး (၄)အမျှင်ဓာတ်ပါသော အစားအသောက် များများစားရန် ညွှန်ကြားသည်။ ဤနေရာ၌ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ဆိုသည်မှာ BMI 25 ထက်မကျော်အောင် ထားရန် ဆိုလိုသည်။ BMI ၏ အရှည်စာလုံးမှာ Body Mass Index ဟူ၍ ဖြစ်ပြီး တွက်ပုံတွက်နည်းမှာ လွယ်ကူသည်။ BMI=Weight in kg/ (Height in meter)² ( ခန္ဓာကိုယ်အလေးချိန်ကို ကီလိုဂရမ်ပြောင်း၍ ရလဒ်ကို မီတာနှင့်ဖော်ပြသော အရပ်အမြင့်၏ နှစ်ထပ်ကိန်း ဖြင့် စားခြင်း ဖြစ်သည်။ ဥပမာ ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်နှင့် အရပ်အမြင့် ၁.၆၅ မီတာ မြင့်သော မောင်ဖြူ၏ BMI သည် 18 kg/m² ဖြစ်ပြီး ဤကိုယ်အလေးချိန် (၅၀ ကီလိုဂရမ်) ကို ၁.၆၅ မီတာ မြင့်သောလူတစ်ယောက်အတွက် သင့်လျော်သည့် အလေးချိန်ဟု ဆိုနိုင်သည်။ အကယ်၍ မောင်ဖြူသာ ကိုယ်အလေးချိန် ၇၅ ကီလိုဂရမ် ရှိပါက BMI 27.5 kg/m² ဖြစ်ပြီး (break point ဖြစ်သော BMI 25 kg/m² ထက် ကျော်လွန်၍ သွားသဖြင့်) ကျန်းမာရေးအတွက် သင့်လျော်သည့် ကိုယ်အလေးချိန်ဟု မဆိုနိုင်တော့ချေ။ Glycemic Index နည်းသော အစားအသောက်များ စားရန် အကြံပြုကြ ညွှန်းဆိုကြသော်လည်း ဆီးချိုရောဂါကို တိတိပပ ကာကွယ်နိုင်ကြောင်း ခိုင်လုံသော သက်သေ မရရှိသေးပေ။ အချို့သော လေ့လာချက်များအရ အရှေ့တောင်အာရှက နိုင်ငံများသည် Glycemic Index များသော အစားအသောက်များ ( ဥပမာ ဆန်၊ အာလူး) ကို အားပြုပြီးစားသော်လည်း အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းများနှင့် ဆက်စပ်မှုကို ပြောပလောက်အောင် မတွေ့ရဟု ဆိုသည်။ ငယ်စဉ်က မိခင်နို့တိုက်ကျွေးခြင်း ခံလာရသူများ သည် ဆီးချို-၂ကို ထိုက်သင့်သလောက် ကာကွယ်ပြီးဖြစ်အကြောင်း အထောက်အထားများ တွေ့ရသည်။ အချုပ်ဆိုရလျှင် ဆီးချိုအမျိုးအစား-၁ ကို ကာကွယ်ရန်မလွယ်ကူ။ ဆီးချိုအမျိုးအစား-၂ ကို ကာကွယ်ရန်မူ အမေရိကန်ဆီးချိုအသင်း၏ အကြံပြုချက်အတိုင်း (လူအများအပြား သိရှိပြီးဖြစ်သော) ကိုယ်အလေးချိန်ကို ထိန်းရန်၊ လေ့ကျင့်ခန်း လုပ်ရန်၊ (တစ်နေ့ နာရီဝက်ခန့် လမ်းမြန်မြန်လျှောက်ခြင်းဖြင့် လုံလောက်ပါသည်)၊ အဆီလျှော့စား၍ အမျှင်ဓာတ်များများစားကြရန် အကြံပြုလိုသည်။ ဆီးချိုကုထုံးဆိုင်ရာစီမံခန့်ခွဲမှုများ ဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး ကုသရန် ခက်ခဲသည်။ ဆေးပညာဘက်မှ အာရုံစိုက်ရန် လိုအပ်သည်မှာ ဆီးချိုရောဂါထက် ဆီးချိုရောဂါမှပေးမည့် ရေတိုပြဿနာများနှင့် ရေရှည်ပြဿနာများ သာလျှင် ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာများကို မူတည်၍သာ စဉ်းစားလျှင် ဆေးပညာရှင်များသည် လူနာကို ရောဂါနှင့်ပတ်သက်သော လုံလောက်သည့် ဗဟုသုတနှင့် ပညာပေးခြင်း( ဥပမာ ဆီးချိုရောဂါရှိသည့် ကလေးသူငယ်များအတွက် ဆီးချိုဆိုင်ရာ မူလတန်းကျောင်းများ ဖွင့်လှစ်ပေးခြင်း) အစားအသောက်ပံ့ပိုးမှုပေးခြင်း၊ ထိရောက်သော လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ လူနာက မိမိ၏ သွေးအတွင်းသကြားဓာတ်ပမာဏကို မိမိဘာသာ စစ်ဆေးနိုင်အောင် အကူအညီပေးခြင်း (ဥပမာ ဂလူကိုမီတာများ ထောက်ပံ့ပေးခြင်း) တို့ကို မလွဲမသေ ဖြစ်မြောက်အောင် ကူညီရမည် ဖြစ်သည်။ ရေရှည်တွင် ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်မလာအောင် ထိန်းသိမ်းဖို့ရာမှာ ဂရုတစိုက် ကြပ်မတ်ကုသနေမှသာ ဖြစ်နိုင်သည်။ ဆီးချိုရောဂါကို ကြပ်မတ်ကုသမှုမရှိပါက သိပ်မရှည်ကြာသော ကာလအတွင်း မျက်လုံး၊ အသည်း၊ ကျောက်ကပ်၊ အာရုံကြောအဖွဲ့အစည်း၊ နှလုံးနှင့် သွေးကြောအဖွဲ့အစည်း စသည့် အဖွဲ့အစည်းများကို ဆိုးရွားစွာ ထိခိုက်စေခြင်းများ ဖြစ်လာသည်။ ရောဂါကို ကြပ်မတ်ကုသနိုင်ရန်မှာ သီဝရီအရမူ လုံးဝ ဖြစ်နိုင်သည်။ မှန်ကန်သော အစားအသောက်၊ လျော်ကန်သော လေ့ကျင့်ခန်းများနှင့် ကိုယ်အလေးချိန် လျှော့ခြင်းက အစိတ်အပိုင်း တစ်ရပ်၊ ဆီးချိုကျဆေးများပေးခြင်း နှင့် အင်ဆူလင်ပေးခြင်းက အခြားအစိတ်အပိုင်း တစ်ရပ်အားဖြင့် ကျေနပ်လောက်အောင် အောင်မြင်မှုများ ရနိုင်သည်ဟု တွက်ချက်ပြောဆိုနိုင်သည်။ ထို့ထက်မက လိုအင်ပြနေသေးသည်မှာကား သွေးပေါင်ချိန်နှင့် သွေးအတွင်း ကိုလက်စထရောပမာဏ (Cholesterol Levels) များကိုလည်း ကြပ်မတ်ထိန်းသိမ်းခြင်း ဖြစ်လေ၏။ ဆီးချိုရောဂါသည်ကို ဆေးလိပ်လျှော့သောက်စေခြင်း (လုံးဝဖြတ်တာကကောင်းသည်)၊ ဆီးချိုခြေအိတ်များကို ဝတ်ဆင်စေခြင်း၊ ဆီးချိုရှူးဖိနပ်များကို ဝတ်ဆင်စေခြင်း၊ လိုအပ်ပါက သွေးပေါင်ချိန်ကို ထိန်းသိမ်းသော ဆေးဝါးများ သောက်သုံးစေခြင်း စသည်တို့ကလည်း လူတစ်ချင်းပေါ်မူတည်၍ လိုအပ်ကောင်း လိုအပ်နိုင်ပေသည်။ ဆီးချို-၁ ကို ကုသရာတွင် PCR နည်းပညာအရ ထုတ်လုပ်သော အင်ဆူလင် Analog များ ဖြစ်ကြသည့်၊ အာနိသင်တိုသော အင်ဆူလင်များ ( Humalog,Novolog or Apidra) နှင့် အာနိသင်ရှည်သော အင်ဆူလင်များ (Lantus or Levemir) တို့ကို ပေါင်းစပ်ပြီး အသုံးပြုလေ့ရှိသည်။ ဆီးချို-၁ ဖြစ်သော ကလေးများတွင် အင်ဆူလင် အန်နာလော့ဂ် Analog များကို အသုံးပြုသည်မှာ များပါသည်။ ဆီးချို-၁ ကို ကုသသော အခြားနည်းလမ်းတစ်ခုမှာ အင်ဆူလင်ကို အချိန်မှန် ထုတ်လုပ်ပေးနိုင်သော Insulin Pump ကိရိယာကို အသုံးပြုခြင်း ဖြစ်သည်။ ယင်းကိရိယာအကူအညီဖြင့် သွေးအတွင်းသကြား ဓာတ်ပမာဏကို မိမိဖာသာမိမိ တိုင်းတာပြီး (၁) ယင်းသကြားဓာတ်ကို ထေမိကာမိအောင် လျှော့ချပေးရမည့် အင်ဆူင် ပမာဏနှင့် ၊ (၂) မိမိစားသောက်မည့် အစားအစာကို ခြေဖျက်ဖို့ လိုအပ်မည့် အင်ဆူလင်ပမာဏ နှစ်ရပ်ပေါင်းကို တွက်ချက်ကာ မိမိကိုယ်ကိုယ် အင်ဆူလင် အတိုးအလျှော့လုပ်၍ အလွယ်တကူ ထိုးနိုင်သည်။ (Insulin pump ထုတ်လုပ်နေသော ကုမ္ပဏီနာမည်အချို့ မှာ- Deltec Cozmo, Animas, Medtromic, Minimed, Insulet Omnipod, or ACCU-CHEK စသည်တို့ ဖြစ်သည်။) ဆီးချို အမျိုးအစား -၁ ကို ကုသရာတွင် အင်ဆူလင် ပေးခြင်းသည်သာ အဓိက ဖြစ်သဖြင့် အင်ဆူလင် နှင့် သက်ဆိုင်သော ဆောင်းပါးကို သီးသန့်ရေးရန် သင့်ပေသည်။ အကြမ်းဖျင်းမျှ ဖော်ပြရလျှင်မူ ဆီးချို -၁ သည် ကလေးသူငယ်များတွင် အဓိက ဖြစ်လေ့ရှိသဖြင့် ကလေးများအား အင်ဆူလင်ကို မိမိဘာသာ ထိုးတတ်အောင်၊ အင်ဆူလင်ပမာဏ အတိုးအလျှော့ကို မိမိဖာသာ တွက်ချက်တတ်အောင် အစိုးရကျောင်းများနှင့် ဆေးရုံများက ဆီးချိုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရမည် ဖြစ်သည်။ ဆေးရုံသို့မဟုတ် ပြင်ပလူနာဋ္ဌာနမှ ဆရာဝန်က ပေးလိုက်သော အင်ဆူလင် အမျိုးအစား နှစ်မျိုး ( Humalog ကဲ့သို့ အာနိသင်အတို နှင့် Levemir ကဲ့သို့အာနိသင် အရှည် ) တို့ကို အင်ဆူလင် ထိုးရသည့် ကိရိယာ အမျိုးမျိုး (ဆေးထိုးအပ်နှင့် syringe မှသည် Insulin pump) တို့ကို အသုံးပြု၍ မိမိ၏ ဗိုက်သို့မဟုတ် ပခုံးများတွင် တစ်နေ့တာ သတ်မှတ်ထားသည့် အချိန်ပိုင်းများအလိုက် ထိုးရသည်။ တစ်နေ့ကို တစ်ကြိမ်နှင့်၊ နှစ်ကြိမ်မှသည် ငါးကြိမ်ခြောက်ကြိမ်အထိ လိုအပ်ချက်များနှင့် အညီ ထိုးရသည်။ ဗြိတိန်နိုင်ငံကဲ့သို့ General Practitioner စနစ်ကို အသုံးပြု၍ နိုင်ငံတော်က ကျန်းမာရေးကိစ္စ အဝ၀ကို စောင့်ရှောက်နေသော နိုင်ငံများတွင် ကုထုံးအများစုကို ဆေးရုံအပြင်ဘက်တွင် ( ကလင်းနစ်များနှင့် ပြင်ပလူနာဋ္ဌာန) များတွင် ပြုလေ့ရှိသည်။ ဆီးချိုအထူးကုဆရာဝန်နှင့် ဆေးရုံတွင် ကြပ်မတ်ကုသမှုမှာ ဆီးချိုဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ဖြစ်မှသာ ဖြစ်သည်။ ဥပမာ သကြားဓာတ်ပမာဏကို ထိန်းသိမ်း၍ မရခြင်း စသည်မျိုး ဖြစ်သည်။ ပုံမှန်တွင်မူ မိသားစုဆရာဝန်များ (GP ၊ Family doctors၊ Medical Officers) များကို အဓိကထား၍ ဆီးချိုနှင့် အခြားသက်ဆိုင်ရာ အထူးကုဆရာဝန်များ သည် လူနာကို ပူးပေါင်းတိုင်ပင်၍ အသင်းအဖွဲ့လိုက် ကုသကြရသည်။ မျက်လုံးအထူးကုများ(optometrists) ၊ ဦးနှောက်နှင့်အာရုံကြော အထူးကုများ (Neurologists) အစားအသောက်ပညာရှင်များ (dietitians) ၊ ကိုယ်ကာယလေ့ကျင့်ခန်းဆိုင်ရာ ဆရာဝန်များ(physiotherapists)၊ ဆီးချိုဆိုင်ရာ အထူးသူနာပြုများ၊ နှလုံးရောဂါဆိုင်ရာ အထူးကုဆရာဝန်များ (Cardiologists)၊ ဆီးချိုဆိုင်ရာပညာပေးသူများ၊ နှင့် အခြားသော ကျွမ်းကျင်သူများ အားလုံး စုဝေးတိုင်ပင်၍ အချိတ်အဆက်မိမိ ကုသပေးရသည်။ မဖွံ့ဖြိုးသေးသောနိုင်ငံများနှင့် အမေရိကန်နိုင်ငံကဲ့သို့ မိမိ၏ ကျန်းမာရေးတာဝန် မိမိဖာသာ ယူရသော နိုင်ငံများတွင်မူ ဆီးချိုရောဂါသည် ငွေထွက်နှုန်းအလွန်မြင့်သည့် ရောဂါဖြစ်လေသည်။ ဆေးဝါးများနှင့် လိုအပ်သော ပစ္စည်းများရပြီးသည့် တိုင်အောင် လူနာများသည် အတိုင်ပင်ခံ သမားတော်အဆင့် ဆရာဝန်ကြီးများနှင့် မကြာခဏ တွေ့ဆုံတိုင်ပင်ရန် အကြံပြုခြင်း ခံရသည်။ (အနည်းဆုံး သုံးလမှ ခြောက်လတစ်ခါ တွေ့ဆုံရန် ဖြစ်သည်။) ဤကဲ့သို့ မကြာခဏတွေ့ဆုံရခြင်းကို လျှော့ချနိုင်ရန်နှင့် အခြားစနစ်များ အစားထိုးအသုံးပြုရန် သုတေသနများ ပြုလုပ်လျက် ရှိသည်။ သက်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ အသင်းလိုက်ကုသသော စနစ်ကို အသုံးပြုမှသာ ဆီးချိုရောဂါကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ပေမည်။ သွေးအတွင်းသကြားဓာတ်ပမာဏ တစ်ခုတည်းကို စောင့်ကြည့်ထိန်းသိမ်းနေရုံမျှဖြင့် ကုထုံးကြီးတစ်ခုလုံး အောင်မြင် ပြည့်စုံသည်ဟု မည်သည့်နည်းနှင့်မျှ မဆိုသင့်ပေ။ ဆီးချိုရောဂါသည် တစ်ဦးသည် ဆီးချိုရောဂါ ဖြစ်နေသည်နှင့် တစ်ပြိုင်နက်တည်းတွင် သွေးတိုးရောဂါသည်လည်းကောင်း၊ ကျောက်ကပ်ရောဂါသည်လည်းကောင်း၊ အာရုံကြောရောဂါသည်လည်းကောင်း၊ မျက်လုံးဆိုင်ရာ ရောဂါသည်လည်းကောင်း တွဲဖက်ရှိနေနိုင်သဖြင့် အဆိုပါ ပညာရပ်များတွင် ကျွမ်းကျင်သော နှလုံးအထူးကု ဆရာဝန်၊ ကျောက်ကပ်အထူးကု၊ ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်၊ မျက်လုံးအထူးကု ဆရာဝန်တို့၏ အကြံပြုချက်များကို မိသားစုဆရာဝန် သို့မဟုတ် ဆီးချိုရောဂါအထူးကု ဆရာဝန်က တောင်းခံရန် လိုအပ်လာလေပြီ။ ထို့ပြင် မြန်မာ့ရေမြေနှင့် ကိုက်ညီပြီး ဆီးချိုရောဂါ အဆင့်အတန်းအလိုက် လျော်ကန်စွာ စားသောက်ရမည့် အစားအသောက် စာရင်း (ဥပမာ အချို့ဥရောပ နိုင်ငံများတွင် အသုံးပြုနေသော ကယ်လိုရီဇယားနှင့် Diet 8 Diet 9၊ Diet 15 စသည့် နံပါတ်တပ်ပြီးသား အစားအသောက်ဇယားများ) ကို ပြုစုပေးရန် အစားအသောက်ပညာရှင် သုတေသီများနှင့် ဇီဝကမ္မနှင့် ဇီဝဓာတုပညာရှင်များ၏ ကြိုးပမ်းမှုများ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အဓိက လိုအပ်နေသော ဆီးချို ကုထုံးဆိုင်ရာ စီမံခန့်ခွဲမှုများမှာ (၁) ဂလူကိုမီတာများ ဈေးပေါ သက်သာစွာရရှိရေး၊ (၂) ဓာတ်ခွဲခန်း စရိတ်စကများ သက်သာရေး၊ (၃) အမျိုးမျိုးသော အထူးကုဆရာဝန်များ၏ အကြံဉာဏ်များကို လွယ်ကူစွာ ရရှိရေးနှင့် အထူးကုဆရာဝန်များ ပေါများလာရေး၊ (၄)ဆေးဝါးကုမ္ပဏီများနှင့် ပူးပေါင်း၍ သတ်မှတ်ထားသော အာနိသင် ပြည့်မီ အရည်အသွေး ကောင်းမွန်သည့် တရားဝင်ဆေးဝါးများကို ဈေးပေါစွာ ရရှိရေး နှင့် (၅)အထူးကုဆရာဝန်များ အချင်းချင်း ချိတ်ဆက်ကုသရေး၊ (၆)မိသားစုဆရာဝန်များနှင့် အလုပ်သင်ဆရာဝန်များအတွက် ဆီးချိုဆိုင်ရာ အကောင်းဆုံး ကုထုံးလမ်းညွှန်များ (Best Treatment Guideline နှင့် Protocols များ) ပြင်ဆင် ချမှတ်ရေး စသည့်အချက်များ ဖြစ်သည်။ ဆီးချိုဆိုင်ရာကုထုံးယူခြင်းနှင့်မယူခြင်း ဆီးချိုရောဂါ ကုထုံးဟု ဆိုရသော်လည်း ဆရာဝန် သူနာပြုများ၏ အားထုတ်ရမှုထက် ဝေဒနာရှင် လူနာ၏ အားထုတ်ရမှုက သာ၍ များပေ၏။ ဆီးချိုကုထုံးခံယူနေသူ ဟူသည်မှာ ဆီးချိုဆိုင်ရာ ဆရာဝန်၊ သို့တည်းမဟုတ် မိသားစုဆရာဝန်၊ သို့မဟုတ် အခြားဆရာဝန်တစ်ဦးဦး၏ ဆီးချိုနှင့်သက်ဆိုင်သော ဆေးဘက်ဆိုင်ရာ အကြံပေးမှုကို ခံယူနေသော ပုဂ္ဂိုလ်ကို ခေါ်ဆိုရမည် ဖြစ်သည်။ လူနာ၏ ပညာအရည်အချင်းနှင့် မိမိရောဂါအပေါ် သိနားလည် ဗဟုသုတ ပြည့်ဝမှု၊ ပူးပေါင်းပါဝင်မှု တို့သည် ရောဂါကို ထိန်းသိမ်းရန်အတွက် အသက်တမျှ အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော လူနာ၏ ပူးပေါင်းပါဝင်မှုနှင့် သိနားလည်မှုသည်သာ သွေးအတွင်း သကြားဓာတ်ပမာဏကို ထိန်းချုပ်နိုင်ရန် အထိရောက်ဆုံးသော ကုထုံးလက်နက် ဖြစ်သောကြောင့်တည်း။ သွေးအတွင်း သကြားဓာတ်ပမာဏကို သက်မှတ်ထားသော အကန့်အသတ်အတွင်း ထိန်းသိမ်းနိုင်ခြင်းသည် မည်သို့သော အကျိုးသက်ရောက်မှု ရှိသနည်းဟု မေးဖွယ်ရှိသည်။ မှန်ပါသည်။ သွေးအတွင်း သကြားဓာတ်ပမာဏကိုသာ ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပါက ဆီးချို၏ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ မျက်စိကန်းခြင်းဝေဒနာ၊ အာရုံကြောရောဂါများကို သိသိသာသာ ဟန့်တားနိုင်ပြီး ဖြစ်လာလျှင်လည်း သိသာထင်ရှားစွာ သက်သာစေသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဆီးချိုရောဂါ၏ နောက်လိုက်များဖြစ်သော လူသတ်ကျောက်ကပ်၊ လူသတ်နှလုံး၊ လူသတ်အာရုံကြော ရောဂါဝေဒနာများကို တိတ်တခိုးပံ့ပိုးပေးနေသည့် လူသတ်ထောက်ပံ့ရေး လက်နက်များရှိ၏။ ယင်းတို့ကား ဆေးလိပ်သောက်ခြင်း၊ သွေးအတွင်း ကိုလက်စထရောပမာဏ (Cholesterol level) များခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါရှိခြင်း (Hypertension) (၁၄၀/၉၀ ထက်များသည်) နှင့် ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်လေ့မရှိခြင်း တို့တည်း။ သွေးတိုးနှင့် ပတ်သက်၍ ဟားဗတ်ဆေးကျောင်း(Harvard Medical School) နှင့် ဟားဗတ်ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (Harvard School of Public Health) မှ သုတေသီအချို့က ဆိုထားသည့် (ယုံကြည်ဖွယ်ရှိသည့်) လေ့လာချက်တစ်ခုအရ သွေးတိုးရောဂါရှိသော အမျိုးသမီးများသည် သက်တူရွယ်တူ လူမျိုးတူ ဆေးလိပ်သောက် မသောက်တူ၊ ကိုယ်အလေးချိန်တူ၊ မျိုးဗီဇတူ စသည်အကုန်တူသော သွေးတိုးရောဂါမရှိသော အမျိုးသမီးများထက် ဆီးချိုရောဂါဖြစ်ရန် သုံးဆမျှ ပိုမိုများပြားသည်ကို တွေ့ရသည် ဟုဆိုသည်။ အခြားသော သက်သေသာဓကတစ်ရပ်အရမူ လေ့လာချက်တစ်ခုတွင် ဆီးချို-၂ ရှိသော်လည်း လေ့ကျင့်ခန်း မှန်မှန်လုပ်၊ ကိုယ်အလေးချိန်ချ၊ သင့်လျော်သော အစားအသောက်များ မှီဝဲသုံးဆောင်သော လူနာများသည် ဆီးချိုရောဂါကို (သို့မဟုတ် ဆီးချိုရောဂါကြောင့်ဖြစ်ပေါ်နေသော နောက်ဆက်တွဲ ကျောက်ကပ်စသည့် ရောဂါတို့ကို) လုံးဝပျောက်ကင်းစေတတ်သည်ဟု တွေ့ရသည်။ သေချာသည့် အချက်မှာ ဆိုခဲ့သော လေ့ကျင့်ခန်း၊ အစားအသောက် စသည့် ကျန်းမာလိုသူတစ်ဦး ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် ဆောင်ရန်ရှောင်ရန်များသည် ဆီးချို-၂ ဖြစ်နိုင်သော အလားအလာရှိ ပုဂ္ဂိုလ်များနှင့် အကြိုဆီးချိုအဆင့် ရောဂါ ဖြစ်နေသော လူနာများကို ခန္ဓာကိုယ်၏ အင်ဆူလင်အာနိသင်အပေါ် တုံ့ပြန်မှု ပြန်လည်ကောင်းမွန်လာအောင် လွန်စွာအကူအညီပေးသည်ဟု ဆိုနိုင်ခြင်း ဖြစ်သည်။ ဤနေရာတွင် ဆီးချိုရောဂါသည် ကုသ၍ ပျောက်ကင်းနိုင်ခြင်းမရှိဟူသော အချက်ကိုသာ မြဲမြံစွာ ဆုပ်ကိုင်ထားစေလိုသည်။ အနည်းငယ်သော လူနာများ ဆီးချို-၂ မှလုံးဝပျောက်ကင်းသွားသည်ကမူ အမှန်ဖြစ်သည်။ ဆီးချို-၁ တွင်မူ ရောဂါစဖြစ်ခါစ ၅ နှစ်အတွင်းတွင် Honey-moon phase ဟု ခေါ်ရသော ကာလတစ်ရပ်ရှိသည်။ ထိုကာလတွင် အင်ဆူလင် ထိုးဆေးများ လျှော့ချပြီး ပေးရသည်အထိ အခြေအနေတိုးတက်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် အချို့သော ဆီးချို-၁ ရောဂါရှင်အချို့က လုံးဝပျောက်ကင်းသွားပြီဟု အထင်ရှိတတ်သည်။ သို့သော ဤကာလသည် ၁ နှစ်၂နှစ်မျှထက် ပို၍ မကြာမြင့်ချေ။ မကြာမီပင် အင်ဆူလင်ထိုးဆေးများ ပြန်လည် အသုံးပြုလာရမည်ပင် ဖြစ်သည်။ အချို့ကမူ လေ့ကျင့်ခန်းပြုခြင်း၊ အစားအသောက် ဆင်ခြင်ခြင်းအားဖြင့် အင်ဆူလင် ထိုးဆေးအများအပြားကို သုံးစွဲနေရာမှ အင်ဆူလင်ထိုးဆေး အနည်းငယ်သာ အသုံးပြုရန် လိုလာသည်ကို တွေ့ရသည်။ အကြောင်းမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အင်ဆူလင်အာနိသင် အပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်ခြင်း ကောင်းမွန် တိုးတက်စေသောကြောင့် ဖြစ်သည်။ ထို့ထက်သေချာသော စကားကို ဆိုရလျှင် မိမိပြုလုပ်သော လေ့ကျင့်ခန်းသည် အဆိုပါ အကျိုးကျေးဇူးများကို မိမိအားမပေးသည့် တိုင်အောင် ကျန်းမာသော ဘဝကို ရဖို့ အခြားအကျိုးကျေးဇူးအမြောက်အမြား ပေးနိုင်သည်ကိုမူ ငြင်းပယ်၍ မဖြစ်နိုင်ပေ။ ဆီးချိုကို ကုသရသည်ကမူ အသက်အရွယ်ပြောင်းလဲလာသည်နှင့် အညီပြောင်းလဲ၍လာရသည်။ အဘယ်ကြောင့်ဆိုသော အသက်ကြီးလာသည်နှင့်အမျှ အင်ဆူလင်ကို ထုတ်လုပ်နေသည့် ဘီတာဆဲလ်များ ပျက်ဆီးလာပြီး အင်ဆူလင် ထုတ်လုပ်သည့် ပမာဏကလည်း လျော့နည်းလာတတ်သော ကြောင့် ဖြစ်သည်။ ထို့ပြင် အင်ဆူလင်၏အာနိသင်ကို ခန္ဓာကိုယ်၏ တုံ့ပြန်မှုကလည်း ကျဆင်းလာပြန်သည်။ အလားတူပင် အသက်ကြီးသူများတွင် ကြွက်သားများက လျော့နည်းလာပြီး အဆီများကစုပုံလာပြန်သည်။ ထိုထိုသော အချက်များကြောင့် အသက်ကြီးသူများသည် ဆီးချိုအမျိုးအစား-၂ ဖြစ်ရန် ငယ်ရွယ်သူများထက် အခွင့်အရေးပိုမိုရရှိကြခြင်း ဖြစ်သည်။ အသက်အရွယ်ကြီးသူများကို ကုသရသည့် ကုထုံး ပန်းတိုင်သည် လူတစ်ဦးချင်းပေါ်မူတည်၍ မလွဲမသွေ ကွဲပြားရသည်။ သွေးအတွင်း သကြားဓာတ်ပမာဏကို ငယ်ရွယ်သူများကို ထိန်းထားသလို အလွန်အမင်း တင်းကြပ်စွာ ထိန်းရန်မဖြစ်နိုင်တော့ဘဲ အခြားအခြားသော ကျန်းမာရေးအခြေအနေများ၊ အသက်ကာလ ဥတုအာဟာရ အပိုင်းအခြား၊ ကုထုံးကို မည်မျှနားလည် လက်ခံနိုင်မလဲဟူသော စိတ္တုပ္ပါဒ်နှင့် ဗဟုသုတအပိုင်းအခြား စသည်ဖြင့် များစွာ ကွဲပြားသွားလေသည်။ သီအိုရီအရမူ အစားအသောက်၊ လေ့ကျင့်ခန်း၊ တရားဝင်သတ်မှတ်ထားသော သာဓကရှိ ဆေးဝါးများနှင့် သက်သေအရင်းခံ ဆေးကုထုံးများ (Evidence-based Medicine) ကို အပရိကထားသော မည်သည့်ကုထုံးကိုမှ ဆီးချိုကုထုံး အဖြစ် ယုံကြည်သတ်မှတ်ရန် ယုတ္တိမရှိပါ။ အကယ်၍ ကမ္ဘာအရပ်ရပ်က စံအဖြစ်သတ်မှတ်ထားသော အကောင်းဆုံး ကုထုံးများနှင့် မြန်မာ့တိုင်းရင်းဆေးတို့ တွဲဖက်ကုသသည် ဆိုလျှင်မူ စမ်းသပ်ဆဲကာလအနေဖြင့် လက်ခံနိုင်ဖွယ်ရှိသေးသည်။ သို့ရာတွင် ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာ့တိုင်းရင်းဆေးနှင့် ပိစပ်ရွက်များသည် ဆီးချိုအတွက် တစ်စုံတစ်ရာ အသုံးဝင်ကြောင်း ထိရောက်သော ရိုက်ချက်တစ်ချက်တစ်လေမျှ ရိုက်မပြနိုင်သေးပါ။ တရုတ်တိုင်းရင်းဆေးပညာရှင်များကမူ ကမ္ဘာကို ဆီးချိုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ရိုက်ပြနိုင်ရန် ကြိုးစားသော်လည်း လတ်တလော ကာလတွင်မူ ဆီးချိုရောဂါကို ကလိထိုးရုံမျှ တတ်နိုင်ပါသေးသည်။ နောင်တော့ မပြောတတ်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%AF%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB
သာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများ
သာလွန်မင်းသည် ညောင်ရမ်းခေတ်တွင် အလွန်ထင်ရှားသည့် ဘုရင်တစ်ပါးဖြစ်ပေသည်။ သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလွန်မင်း(၁၆၃၂-၁၆၄၈)ဟုခေါ်ကြခြင်းမှာ “တိုင်းကားပြည်ရွာ အသာလွန်သောကြောင့်လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟုခေါ်ခြင်းဖြစ်သည်”ဟု ဆိုသည်။ နန်းရလျှင်ရချင်း နန်းတက်ဘိသိက်မခံသေးဘဲ ၄နှစ်တိတိ တိုင်းပြည်စည်းရုံးရေး၊ တည်ငြိမ်ရေး လုပ်ငန်းစဉ်များနှင့်သာ အချိန်ကုန်ခဲ့သည်။ နောင်တော် အနောက်ဘက်လွန်မင်းနန်းစိုက်ခဲ့ရာ ဟံသာဝတီမှ အင်းဝသို့ ပြန်လည်နန်းစံခဲ့သည်။ ပြန်လည်ထူထောင်ရေး သာလွန်မင်းလက်ထက် ၁၆၃၇တွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။ ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများဖြင့် တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ထို့ပြင်စစ်တမ်းသည်စုဆောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက်အမျိုးအစားတို့ကို သတ်မှတ်ပြဋ္ဌာန်းပေးသည်။ ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ “ငှက်သည် အသီးရှိကာသာအပင်တွင် နားသကဲ့သို့ အခွန်ခံသောရွာကိုသွား၍ ပြန်မကြည့် ငှက်ကဲ့သို့ မရှိစေနှင့်။ စားဟန်သာတတ်စေ။ ရွာပြည်ကိုမပြု၊ စားရသောက်ရအောင်သာ စီရင်သော် ကွပ်မည်။” ဟူ၍လည်းကောင်း “ပြည်တွင်းတိုင်းရေးစသော ဆင်းရဲသားတို့ကို ညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွားသည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေရမည်မမှတ်နှင့်။ ကြီးစွာသော ရာဇဝတ်တော်ကို ခံရလိမ့်မည်။”ဟူ၍လည်းကောင်း ပါရှိခဲ့သည်ကိုတွေ့ကြရသည်။ အင်း၀ကို ရိက္ခာထောက်ပံ့ပေးနိုင်သည်ဟု ယူဆသော ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည်။ ထိုမျှမက ေဝးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။ အုပ်ချုပ်ရေး သာလွန်မင်းသည် အုပ်ချုပ်ရေးကို ပြုပြင်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်။ စစ်ရေးအတွက် စစ်သည်စုစည်းရေးတွင် သေနတ် ၁၀၀,၀၀၀၊ အမြောက် ၁၀,၀၀၀၊ လေး၅၀၀၀၀၊ ရဲလှေ ၁၀၀၀၊ ကင်းလောင်း ၅၀၀၀၀၊ လွှား ၅၀၀၀၀ တို့ကို ရအောင်စုဆောင်းစေရန် မိန့်သည်ကို ထောက်၍ ထိုခေတ်စစ်သည်အင်အားမှာ ၄၀၀၀၀၀ ခန့်ရှိပေမည်။ အရာထမ်းအမှုထမ်းများ၊ စစ်သည်ရဲမက်များ၊ ရွာမြေအကြီးအကဲများ ဆောင်ရွက်ရန် တာဝန်ဝတ္တရားများနှင့် လုပ်ပိုင်ခွင့်များအပြင် ပြည်သူလူထု ဆင်းရဲသားများအပေါ် ထားရှိရမည့် သဘောထားများကို အမိန့်ပြန်တမ်းများတွင် ပြည့်စုံစွာ ထည့်သွင်းထုတ်ပြန်ခဲ့သည်။ဥမပာအားဖြင့် မိုးဝန်းမြို့သို့ စစ်အင်္ဂါလေးပါးနှင့် ချီတော်မူရာတွင် ပါဝင်သည့် မင်းသား၊ ဗိုလ်မှူး၊ တပ်မှူး၊ ဝန်၊ ဝင်းမှူး တို့မှစ၍ အုပ်စုတပ်ပါ စစ်ကဲ၊ နာခံ၊ တပ်ရေးရာ အကြပ်အကွပ်တို့၊ အုပ်စုသူရဲသူခက်တို့သည် လမ်းခရီးဆိုင်သင့်ရာ မြို့ရွာတောနေများတွင် ကြက်၊ ဝက်၊ နွား၊ ကျွဲ၊ ဆိတ်တိုးမှစ၍ သူ့အသက်တို့ကို သတ်စားခြင်းမှ ကြဉ်ရှောင်ရမည်။ အရှင်မပေးသော ဥစ္စာကို မလု၊မယူ မဖျက်စီးစေနှင့်။ သားပျို၊ သမီးပျိုတို့ကို အညှင်းအပန်း မရှိစေနှင့်။ ဥစ္စာငွေကြေး အဆောင်အရွက်တို့ကို မဖျက်စီးစေနှင့်။ အိမ်ထောင်ခန်းနား ယောက်ျား မိန်းမတို့ကို မသိမ်းယူစေနှင့်။ လူလူချင်း အထိုးအခုတ် အပုတ်အခတ်မရှိစေနှင့်။ ခိုက်ရန် ဒေါသ မောဟ မာန်မာနတို့ကို ချုပ်တည်းစေ။ မင်းရှိန်စိုးရှိန် ကပ်ခို၍ အာဏာထုတ်ပြ ဆင်းရဲသားတို့က တောင်းဆိုသမျှကို ဆင်းရဲသားတို့က မပေးစေနှင့်။ တပ်တော်နှင့် အနီးအေဝး မသွားစေနှင့်။ ဆင်မြင်း ကျောင်းစားသည့် အရာများကိုလည်း တပ်တော်နှင့် မနီးမေ၀း အပါးတွင်သာ ကျောင်းစားစေ။ လူအစောင့်အနေ အကြည့်အရှု မလစ်ဟင်းစေနှင့်။ နောက်တော်လိုက် အစုစု ကျွန်တော်မျိုးတို့တွင် အချင်းချင်း ခိုက်ပွားရန်စစ် မရှိစေနှင့်။ အလော်အလည်ပြိုင်၍ မဆိုစေနှင့်။ အလောင်းအကြမ်း မပြုစေနှင့်။ အပ်ထားသော ဘဏ္ဍာတော် မယိုယွင်းစေနှင့်။ လက်နက် ကိရိယာ အပ်တော်မူသမျှ အပျက်အစီး အကျိုးအပဲ့ မရှိစေနှင့်။ ပေါက်ပြတ်ရာ အနာမလွတ်ကင်းရှိသည့် ဘဏ္ဍတော်များကို ပြ၍ အစီရင်ခံစေ။ အကောင်းလျှင် ပြင်လုပ်၍ အပ်မြဲအပ်။ ဤဥပမာအားဖြင့် သာလွန်မင်းသည် သူလူများနစ်နာမည်ကို များစွာ စိုးရိမ်တော်သည်ကို နားလည်နိုင်ပေသည်။ သာလွန်မင်း လက်ထက် ၁၆၃၅တွင် မီးဘေးအန္တရာယ်ကြီးကျယ်စွာ တွေ့ကြုံရသည်။ ထိုကဲ့သို့ နောင်တွင် မကြုံတွေ့ရစေရန် အမိန့်တော်ပြန်ခဲ့သည်။ `ခိုးသေးမီးပွား မပေါ်မထွက်ရအောင် ညဥ့်နက်နှိုးဆော်၍ တစ်အိမ်ကို တစ်ချိတ်သောဝါး ၁၀စင်းတန်သည်၊ ၅စင်းတန်သည် စိုက်ထောင်၍ အိမ်မိုးမှာလည်း ရေးအိုးရေပြည်တင်စေ။ ထမင်းဟင်း ချက်ပြုတ်သည်မှာလည်း ကျင်းကိုစောက်သုံးတောင် တူး၍ ချက်ချိန်ကိုသာစေ။ နံနက် လေးချက်တီးကျော် သုံးမောင်းမှ စတင်ချက်ပြုတ်၍ မီးသေမီးငြိမ်းစေ။ ညနေ သုံးချက်တီးကျော် နှစ်မောင်းတွင် လက်မထောင်မှူးတို့က မောင်းသံပေးလျှင် ထမင်းချက်စေ။ ညနေသုံးချက်တီးကျော် ခုနှစ်မောင်းကို မီးသေငြိမ်းစေ။ ချက်ပြုတ်ချိန်မောင်းသံပေးသည့် အချိန်အတွင်းက လွန်သည့်အချိန်တွင် တစ်အိမ်မှ မီးပေါက်မီးပွား မီးပွင့်မရှိစေနှင့်။ မီးကျင်းတွင်း မီးဆော်တို့ အမှိုက် ကြက်မွေးနှင့် တို့၍စမ်းသပ်စေ။ သေငြိမ်းကာလဖြစ်လျက်နှင့် မသေမငြိမ်း စမ်းသပ်သည့် အမှိုက်ကြက်မွေးကို စွဲကပ်လောင်လျှင် မီးရှိသည့် အိမ်ရှင်ကို ရှေ့ရုံးမှာအပ်စေ။ လမ်းခရီး လမ်းကူး၊ လမ်းကြား လမ်းကွေ့ပြင် အတွင်း အိမ်များမှာလည်း ဆေးအိုးဆေးတံကို လူယူသိမ်းထား၍ အချက် ၁၀၀ရိုက်၊ မီးဆော်ကို တစ်နေ့ငါးကြိမ် လှည့်ပတ်စမ်းသပ် စစ်ကြောစေ။´ ဟူ၍ဖြစ်သည်။ ခိုးသေးမှုခင်းများ ထိန်းသိမ်းရန်လည်း အမိန့်ထုတ်ပြန်ခဲ့သေးသည်။ ထိုအမိန့်မှာ `ညဥ့်မှုညဥ့်ခင်းမှာလည်း ညဥ့်တစ်ချက်တီးကျော် (ညကိုးနာရီကျော်) လျှင်မသွားမလာစေနှင့်။ အမှုအခင်းရှိ၍ သွားလျှင် မီးအိမ်မီးအိုးတို့နှင့် သွားလာစေ။ သူခိုးသူဝှက် ဖေက်ယူတက်ခိုးသည်ကို သိ၍ ဟစ်ကြွေးလျှင် ကြားသမျှ ဝန်းရံဖမ်းဆီးစေ။ ကြားထောက်သိထောက်သင့်လျက် မလာမရောက် မညီမညာ နေလျှင် နေသူတို့ကို အချက်၅၀ ရိုက်။´ ဟူ၍ဖြစ်သည်။ ထိုနောက် စိတ်ဝင်စားဖွယ်ကောင်းသော အမိန့်တစ်ခုကို ခရစ်နှစ် ၁၆၄၃တွင် ထုတ်ပြန်ခဲ့သေးသည်။ အုပ်ချုပ်ရေး အခြေတကျရှိစေရန် အစုအမှုထမ်းများနှင့် ပတ်သတ်၍ ထုတ်ပြန်ခြင်းဖြစ်သည်။ အကျဉ်းအားဖြင့် ပါဝင်သည့် အချက်များမှာ- အစုသားတို့အတွက် စားမြေနှင့် နေမြေ ချထားခြင်း။ တစ်စုက တစ်စုသို့ ယှက်တင်ကူးပြောင်းကာ အမှုထမ်းခွင့်မရခြင်း။ နှိမ့်ရာအစုမှ မြင့်ရာအစုသို့ တက်ခွင့်မရခြင်း။ တစ်ရွာမှ တစ်ရွာသို့ ပြောင်းရွှေ့မနေရခြင်း။(နေခွင့်မပြုခြင်း။) အမှုတော်မရှိလျှင် လယ်ယာလုပ်ရခြင်း။ ရောင်းဝယ်ဖောက်ကားရခြင်း။ လုပ်ဆောင်ချိန်မပြီးမချင်း ရွာမှထွက်ခွာမသွားရခြင်း။ မိမိထမ်းဆောင်ရာအမှုတွင် မကျွမ်းကျင်သေးလျှင် ကျွမ်းကျင်အောင် လေ့ကျင့်စေခြင်း။ နှစ်တိုင်း ကျား၊မ အတိုးအပွား သေပျက်၊ ရှောင်၊ ရဟန်းပြု၊ အိုမစွမ်း တို့ကိုစာရင်းပြုစုရခြင်း စသည်တို့ဖြစ်သည်။ ခရစ်နှစ် ၁၆၄၅တွင် ထုတ်ပြန်သော အမိန့်တော်တွင် `ရွာသူကြီး အသည်ကြီးတို့သည် ရွာတွင် မင်းကျေး၊မင်းကျွန် မင်းသားမင်းမြေး အမှူးအမတ်ကျွန် ကျောင်းလူ၊ဘုရားလူ အပေါက်အကျ နေလာသည်ကို မည်သူလူမျိုး၊မည်သူ့လူဟူ၍ သိမြင်စေ။ ကောင်းမကောင်းကို ဆုံးမပိုင်စေ။ မင်းမှုပြည်ရွာမှုကိုလည်း အမှုရှိလျှင် ရုံးစုစီရင်ပိုင်စေ။ ရွာတွင်တစ်ရွာနှင့် တစ်ရွာအကြားတွင်လူပျက် လူသွမ်း လူညစ်တို့သည် သိသော်သာ တွေ့သော်သာတစ်မုံ့၊ မသိမတွေ့သော်တို့ကို ဘဇာပြုရမည်နည်းဟူ၍ မုဒိမ်း၊ ဓားပြ၊ အလုအယက် တောစွန်အုံနား မရှိစေနှင့်။ သိလျှင်ကြားလျှင် တစ်ရွာလုံးအုံ၍ ရွာစည်းရွာစပ်ကို ရုံးရုံးရှာစေ။ မရှာ မလိုက် မရသော် ရွာနေကြသူကို တိုင်ကြီးအမြဲထည့်မည်။ ရွာသူကြီး အကြီးပြုသူကို အက္ခရာထိုး၍ ဆင်စရိတ်ထည့်မည်။´ ဟုပါဝင်သည်။ ထို့ပြင် ဒေသ၏ လူအဝင်အထွက်ကို ကြည့်ရှုစေရန် `မြို့တွင် မြို့လက်ကျေးရွာတွင် အိမ်ခြေတွင်းစိုက်နေသရွှေ့ကို တစ်ယောက်မကြွင်းတို့တွင် အသည်အလာမည်သို့ မည်သည့်လူမျိုးနေသည် ဟူ၍နေသမျှကို မြို့သူကြီး၊ ရွာသူကြီး မြို့ကွပ်မြို့ကိုင်တို့သည် စာရင်းမှတ်သား၍ သိမြင်စေ။ တစ်ရွာက သည်တစ်ရွာ မထွက်မသွားစေနှင့်။ ထွက်သွားခင်းရှိ၍ ထွက်သွားလျှင် မည်သည့်ရွာမှာ နေလိမ့်မည်ဟူ၍ သိစေ။ ရွာထွက်ပေးမှ အခွင့်ရှိလျှင် ထွက်စေ။ အိမ်ခြေတွင် စိုက်မနေဘဲ အရောက်အပေါက် တည်းလာသူကိုလည်း မည်သည့်လူမျိုးဟူ၍ သိစေ။ အရုပ်အရည်ကိုမှတ်။ သည်အမိန့်တော်အတိုင်း မတည်သော် ပြည်သူကြီး၊ ရွာသူကြီး၊ မြို့ကွပ် မြို့ကိုင်တို့ကို ကြီးစွာသောအကွပ်တော်တို့ကို ကွပ်မည်။´ အစရှိသည့် တင်းကျပ်သည့် အမိန့်များပါဝင်သည့် အမိန့်တော်ကိုလည်း ထုတ်ပြန်ခဲ့သည်။ မင်းမှုထမ်းတို့က ပြည်သူလူထုပေါ်တွင် မတရားငွေညှစ်တောင်းခံခြင်း မပြုစေရန်`ကောက်စိုးဟူသမျှ အစဉ်လက်စွဲစာ ရွှေပြည်စိုးတွင် ရှိသည့်စာရင်းအတိုင်းသာ ကောက်စေ။ လက်စွဲစာရင်းအစဉ်ကို လွန်၍ လက်စားကြီးလျှင် မည်သူဟူသရွှေ့ မဆိုနှင့်။ အေပါင်အလက် ဖျက်၍ပစ်´ ဟုပင်မိန့်ခဲ့သည်။ စစ်ကိုင်းကောင်းမှုတော် ကျောက်စာ ခရစ်နှစ် ၁၆၃၆တွင် ရေးထိုးခဲ့သော စစ်ကိုင်းကောင်းမှုတော် ကျောက်စာတွင် မင်းတို့ပြည့်စုံအပ်သည့် အရည်အချင်းများကို ပြည့်စုံစွာဖော်ပြခဲ့သည်။ “တစ်ပါးသောအင်္ဂါရှိသော စာမရီသားမြတ်ကဲ့သို့ မင်းကျင့်တရားတည်းဟူသော စာရိတ္တသီလ၊ ပဉ္စသီ အဋ္ဌသီတည်းဟူသော စာရိတ္တသီလကို မြတ်နိုးခြင်းတည်းဟူသော တစ်ပါးသောအင်္ဂါနှင့် ပြည့်စုံတော်မူထသော။ နှစ်ပါးသော အင်္ဂါရှိသော တုရိုင်တိုင်ကဲ့သို့ နက်နဲခိုင်ခန့်သော အဖြစ်၊ ခပ်သိမ်းသောသူတို့သည် မလှုပ်ရှားနိုင်သော အဖြစ်တည်း ဟူသော နှစ်ပါးသောအင်္ဂါနှင့် ပြည့်စုံတော်မူထသော။ သုံးပါးသောအင်္ဂါရှိသော ပတ္တမြားကဲ့သို့ အမျိုးတော် အကျင့်တော်တို့ စင်ကြယ်သောအဖြစ်၊ မကောင်းမှုနှင့် မလိမ်းကျံသောအဖြစ်၊ မြတ်သောသူတို့နှင့် နှီးနှောသော အဖြစ်တည်းဟူသော သုံးပါးသော အင်္ဂါတို့နှင့် ပြည့်စုံတော်မူထသော။ လေးပါးသောအင်္ဂါတို့နှင့် ပြည့်စုံတော်မူထသော စကြာမင်းကဲ့သို့ ခပ်သိမ်းသောသူတို့ကို လေးပါးသော သင်္ဂဟဝတ္တုဖြင့် ချီးပင့်ခြင်း၊ မုဒိမ်းတဏ္ဍတို့မရှိစေခြင်း၊ တိုင်းကားနိုင်ငံတို့ကို နေ့တိုင်းမပြတ် ဆုံးမစီရင်တော်မူခြင်း၊ အတွင်းအပ၌ အစောင့်အရှောက်ထားခြင်းဟူသော လေးပါးသောအင်္ဂါတို့နှင့် ပြည့်စုံတော်မူထသော။ ငါးပါးသောအင်္ဂါရှိသော မိုးကဲ့သို့ အတွင်းအပ၍ ဖြစ်သောရန်မြူကို တရားနှင့် ညီစွာ နှိမ်နှင်းခြင်း၊ ပူပန်စေတတ်သော ဒေါမနဿဥပါယာသ အကုသစိုလ်ဝိတတ်တို့ကို ပယ်ခြင်း၊ မျိုးစေ့နှင့်တူသော ဖြစ်ရောက်ထိုက်သောသူတို့ကို ပြုစုခြင်း၊ ထိုသို့ပြုစုပြီးသောသူတို့ကို အဖန်တလဲလဲ အောက်မေ့စောင်မခြင်း၊ ရေတွင်းရေကန်နှင့်တူသော ပညာရှိတို့ကို ပေးကမ်းချီးမြှင့်ခြင်းတည်းဟူသော ငါးပါးသော အင်္ဂါတို့ဖြင့် ပြည့်စုံတော်မူထသော။ ခြောက်ပါးသော အင်္ဂါရှိသော မဟာနာမမင်းကဲ့သို့ ဘုရား၌ ရိုသေခြင်း၊ တရား၌ ရိုသေခြင်း၊ သံဃာ၌ ရိုသေခြင်း၊ သီလ၌ ရိုသေခြင်း၊ ဟိရီဩတ္တပ္ပတည်းဟူသော ခြောက်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံတောမူထသော။ ခုနှစ်ပါးသော အင်္ဂါရှိသော ေဝသာလီမင်းတို့ကဲ့သို့ မပြတ်စည်းေ၀းတိုင်ပင်ခြင်း၊ ပြုအပ်သော အမူအရာတို့၌ အညီအညွတ်စီရင်ခြင်း၊ တရားနှင့် ညီစွာစီရင်လေ့ရှိသော ရှေးမင်းတို့အကျင့်ကို မယုတ်မလွန်ခြင်း၊ မင်းစဉ်စိုးဆက်မီသော မင်းဆွေမင်းမျိုး မှူးကြီးမတ်ကြီးတို့ကို မြတ်နိုးပေးကမ်းခြင်း၊ ပြည်သူတို့ကို အနိုင်မနှိပ်သက်ခြင်း၊ ပြည်တွင်းပြည်ပ တို့၌ ရှေးမင်းတို့ ပူဇော်သော နတ်တို့အား တရားနှင့်ညီစွာပူဇော်သက္ကာရပြုခြင်း၊ သီလဝန် ဂုဏဝန်ဖြစ်သော ရဟန်းသံဃာတို့ကို တရားနှင့်ညီစွာ စောင့်ရှောက်ထောက်ပံ့ခြင်းတည်းဟူသော အပရိဟာနိယ တရားခုနှစ်ပါးတို့နှင့် ပြည့်စုံတော်မူထသော သုစိပံဏီတကာလေန၊ ကပ္ပီယံပါဏာဘောဇနံ အစရှိသောအားဖြင့်လာသော ရှစ်ပါးသော သပ္ပုရိသဒါနတို့နှင့် ပြည့်စုံတော်မူထသောမင်း” စသည်ဖြင့် မင်းတို့ လိုက်နာကျင့်ကြံရန် အကျင့်သီလများ တာဝန်ဝတ္တရားများကို စုံစေ့အောင် ဖော်ပြခဲ့ပေသည်။ တရားစီရင်ရေး ခရစ်နှစ် ၁၆၂၉တွင် သာလွန်မင်း၏ အမိန့်ဖြင့် တောင်ဘီလာပုဂ္ဂိုလ်ကျော်သည် တရားမကျင့်ထုံးကို ရေးသားစီရင်သည်။ ကိုင်းစားရွာစား မနုရာဇာကလည်း တစ်ချိန်တည်းလိုပင် မဟာရာဇသတ် ဖြတ်ထုံးကို တင်လျှောက်သည်။ ထိုစီရင်ထုံးများကို သာလွန်မင်းလက်ထက် တရားစီရင်ရေးတွင် ခုံသူမတ် တို့က စံအဖြစ် အသုံးပြုကြသည်။ တရားစရိတ်သတ်မှတ်ပုံမှာလည်း အမှုတန်ဖိုးထက်မပိုရဟု သတ်မှတ်သည်။ တရားသူကြီးများအနေဖြင့်လည်း အမှုလက်ခံရာတွင် အပြစ်ပေးလိုခြင်းထက် တရားလို၊ တရားခံ နှစ်ဖက်ပြေလည်မှုရရန်သာ ရည်ရွယ်၍ လက်ခံရန် သတ်မှတ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ရှေ့နေများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ သတ်မှတ်ပေးထားခြင်းဖြစ်သည်။ အကယ်၍ တရားရင်ဆိုင်သူတို့သည် မိမိတို့ အဖြစ်အပျက်ကို ရေလည်အောင် ရှင်းပြနိုင်စွမ်းမရှိလျှင် ရှေ့နေ(သို့) ခေါင်ရပ်တို့ကို ငှားရမ်းနိုင်သည်။ ရှေ့နေခကိုလည်း အလွန်နည်းပါးသော တန်ဖိုးဖြင့် သတ်မှတ်ပေးထားသည်။ ရှေ့နေများအနေဖြင့် တရားလမ်းကျသာ စကားပြေဆိုခွင့်၊လျှောက်ထားခွင့်ရှိပြီး တရားနည်းလမ်းမကျဟု တရားသူကြီးက ယူဆလျှင် တားမြစ်ခွင့်ရှိသည်။ မဟုတ်မမှန် လျှောက်ထားပါက သျှောင်မှဆွဲကာ ရုံးတော်မှနှင်ချနိုင်ကြောင်း အမိန့်ထုတ်ထားခဲ့သည်။ ရှေ့နေများသည် ခေါင်းပေါင်းအချွန်ပေါင်းကာ လွယ်အိတ်လွယ်ကြရသည်။ မြေခွက်နှင့် အရိုးတပ်ယပ်တောင်ကို ကိုင်စွဲကြရသည်။ စကားအရာတွင် တတ်မြောက်ကျွမ်းကျင်လွန်းလှသဖြင့် လူအများကို လှည့်စားနိုင်သူများအဖြစ် သတ်မှတ်သည်။ ထိုခေတ်ကတည်းကပင် ရှေ့နေတို့ကို လူတို့က အားကိုးသကဲ့သို့ ကြောက်လည်းကြောက်ကြသည်ဟုဆိုသည်။ ထိုသူတို့၏ နေအိမ်များကိုပင် သီးသန့်ထားလေ့ရှိသည် ဟုလည်းဆိုသည်။ အမှုစစ်ဆေးသော် အမှုသည်တို့ကိုသာမက သက်သေခံများကိုလည်း ခေါ်ယူစစ်ဆေးသည်။ အမှုသည်၊သက်သေ တို့ကို တရားသူကြီးက ချိန်းဆိုသည့် ရက်ချိန်းတွင် မလာရောက်ခဲ့ပါက“နာကျင်လှအောင်ကွပ်”ဟု အမိန့်ထုတ်ခဲ့သည်။ အမှုအခင်းခွဲခြားပုံအနေဖြင့် နှစ်မျိုးရှိသည်။ မင်းအာဏာနှင့် ပတ်သက်သည့်အမှုများကို ရာဇဝတ်မှု၊ ပြည်သူများအကြားအချင်းချင်း ဖြစ်ပွားသောအမှုကို တရားမမှု ဟူ၍သတ်မှတ်သည်။ ကုန်သွယ်ရေး သာလွန်မင်းလက်ထက်တွင် နိုင်ငံခြားမှ ကုန်သည်များနှင့် ကူးသန်းရောင်းဝယ်မှုများ ယခင်ကာလများထက်ပို၍ တိုးတက်လာခဲ့သည်ဟု ယူဆကြသည်။ ၁၆ရာစုကတည်းကပင် အာရှမှ ဟိန္ဒူနှင့် အာရဗ်ကုန်သည်များ လာရောက်ဖောက်ကားခဲ့သည့် သာဓကများ တွေ့ရသည်။ ၁၇ရာစုအရောက်တွင် ဥရောပမှ ဒတ်ခ်ျ၊အင်္ဂလိပ်တို့ အပါအဝင် နိုင်ငံခြားသားကုန်သည်များ ဆက်လက်ဝင်ရောက်လာခဲ့သည်။ ၁၆၃၅တွင် သာလွန်မင်းကြီးသည် အင်းဝသို့ ဒတ်ခ်ျကုန်သည်နှစ်ဦးကို ခေါ်ယူတွေ့ဆုံကြောင်း၊ ရင်းနှီးလာသည့်နောက် ဒတ်ခ်ျအကျဉ်းသားများကိုပါ လွတ်ပေးခဲ့ကြောင်း၊ သန်လျင်ရှိ ကုန်တိုက်ကို ဆက်လက်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း မှတ်တမ်းများတွေ့ရှိရသည်။ သန်လျင်ရှိ ဒတ်ခ်ျကုန်တိုက်မှာ စီးပွားဖြစ်ထွန်းလှခြင်းမရှိသော်လည်း ၁၆၇၉ခုနှစ်အထိ ဖွင့်လှစ်သွားခဲ့သည်။ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်၍ အချို့မှာ ဘုရင့်ခွင့်ပြုချက်ဖြင့်သာ ရောင်းဝယ်ခွင့်ရှိသည်။ ဥပမာအားဖြင့်- ချိပ်အကောင်းစားနှင့် လောဟာသတ္တုတို့ဖြစ်သည်။ အမြတ်အများဆုံးရရှိသည့် ရွှေ၊ဆင်စွယ်၊သံဖြူနှင့် ပတ္တမြားတို့ကိုလည်း ရောင်းဝယ်ခွင့်ပေးသည်။ ကျွန်းသစ်ကို ဝယ်ယူခွင့်မပေးဟု ဆိုသော်လည်း ဝယ်ယူနိုင်သည့် နည်းလမ်းများရှိသည်ဟု ဆိုသည်။ ဆန်ကိုမူသင်္ဘောသားများ စာလောက်ရုံသာ ရောင်းချပေးသည်။ သာသနာရေး သာလွန်မင်း နန်းတက်စက ရဟန်းပြုခွင့်မပေးဆိုသည့် အမိန့်ကို ထုတ်ပြန်ခဲ့ဘူးသည်။ အကြောင်းမှာ ၎င်းမတိုင်မှီက ဆက်တိုက်ဆိုသကဲ့သို့ စစ်မက်များ ဖြစ်ပွားနေသဖြင့် မြို့ရွာများတွင် လူသူအင်အားနည်းပါးနေပြီး ကူးသန်းရောင်းဝယ်ရေးမှာလည်း ဆုတ်ယုတ်လျက် ရှိပေသည်။ သာလွန်းမင်းလက်ထက် လေးနှစ်နောက်ပိုင်းမှ စကာစစ်မက်ဖြစ်ပွားခြင်းမရှိတော့ဘဲ ထူထောင်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်လုပ်ကိုင်လာခဲ့ရာ လူဦးရေတိုးပွားလာရေးကိုလည်း အထူးသတိထားဆောင်ရွက်ခဲ့လေသည်။ အသွားအလာခက်ခဲသည့် ဒေသများမှ လူများကို မြေနေရာပေးခြင်းဖြင့် မြို့ရွာများတွင် နေရာချပေးပြီး လာရောက်နေထိုင်စေသည်။ အပျိုကြီး ၊ လူပျိုကြီးများ မရှိစေရန်အတွက် အိမ်ထောင်ပြုပေးသည်။ သာလွန်မင်းလက်ထက်တွင် အခြားသော ညောင်ရမ်းမင်းဆက်မှ မင်းများကဲ့သို့ပင် သာသနာမြေကို မင်းမြေအဖြစ် သိမ်းယူသတ်မှတ်ခြင်းမရှိခဲ့ပေ။ သို့သော် သာသနာမြေ၊မင်းမြေနှင့်အရပ်သားပိုင်မြေများကို စနစ်တကျစစ်ဆေး၍ ပိုင်းခြားသတ်မှတ်ပေးသည်။ သာလွန်မင်းက- ဆရာတော်ကြီးဖြစ်လို၍ ရဟန်းပြုခြင်း၊ ရဟန်းဘဝတွင် ရအပ်သောအကျိုးကိုမျှော်ကိုး၍ ရဟန်းပြုခြင်း၊ ကျွန်ဘဝမှ လွတ်မြောက်လို၍ ရဟန်းပြုခြင်း မိဘဆွေမျိုးကို ထောက်ပံ့လို၍ ရဟန်းပြုခြင်း တို့ကို မလိုလားဘဲ “သဒ္ဒါ၊သီလ ဖြင့် မဂ်ဖိုလ်နိဗ္ဗာန် ဟူသောအကျိုးကိုလိုလား၍ ရဟန်းပြုခြင်းမျိုးကိုသာ လိုလားသည်”ဟု အမိန့်တော်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ရည်ညွှန်းကိုးကား မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း တောင်ငူခေတ် ညောင်ရမ်းခေတ်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%9C%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%80%E1%80%BA%E1%80%91%E1%80%80%E1%80%BA%20%E1%80%A1%E1%80%99%E1%80%AD%E1%80%94%E1%80%B7%E1%80%BA%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%90%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ဆီးချိုအမျိုးအစား-၁
ဆီးချိုအမျိုးအစား ၁ သည် အင်ဆူလင်ထုတ်လုပ်နိုင်သည့် ဘီတာဆဲလ် ပျက်ဆီးခြင်းကြောင့်ဖြစ်သည်။ ဘီတာဆဲလ်သည် ပန်ကရိယဂလင်း* အတွင်း လင်ဂါဟန် ဆဲလ် အစုအဝေးတွင် မြုပ်လျက်ရှိသည်။ ပုံတွင် အစိမ်းရောင် နှင့်ပြထားသော ဆဲလ်များမှာ ဘီတာဆဲလ်ဖြစ်သည်။ ဤရောဂါအမျိုးအစားကို (၁)အင်မျူးနှင့်ဆက်စပ်သည့် ရောဂါ နှင့် (၂)ဆက်စပ်မှု အကြောင်းရှာမရသည့် ရောဂါဟု ထပ်မံခွဲခြားသည်။ အများစုက အင်မျူး*² နှင့် ဆက်စပ်သည်။ အမျိုးအစား ၁ ကိုကာကွယ်ရမည့် နည်းလမ်း ရှာမတွေ့သေးပါ။ မြောက်အမေရိကနှင့် ဥရောပတွင် ဆီးချို -၂ က ၉၀ ရာခိုင်နှုန်း ဆီးချို -၁ က ၁၀ ရာခိုင်နှုန်း ဖြစ်ပွားသည်ဟု ဆိုသည်။ အာရှနှင့် ပစိဖိတ်ဘက်တွင်လည်း ၁၀ နှစ်မှ ၁၉ နှစ်အရွယ်လူငယ်များကို လေ့လာကြည့်ရာ အမျိုး အစား ၂ သည် အမျိုးအစား၁ ထက် ၂ ဆခန့် ပိုမိုဖြစ်ပွားသည်ဟု ဆိုထားသည်။ ဆီးချို-၁ ရောဂါရှင် အများစုသည် ရောဂါစဖြစ်သည့် အချိန်၌ ကိုယ်အလေးချိန်မှာ လူသာမန်များ အတိုင်းပင် ဖြစ်လေ့ရှိသည်။ ရောဂါစဖြစ်ကာစ အချိန်က အင်ဆူလင်တိုးမှု *³ ပုံမှန်အတိုင်းပင်ရှိတတ်သည်။ ဆီးချိုအမျိုးအစား ၁ သည် လူကြီးများရော ကလေးများတွင်ပါ ဖြစ်ပွားတတ်သော်လည်း ငယ်ရွယ်သူ များတွင် အဖြစ်များသော ကြောင့် ဂျူဗင်နိုင်း ဆီးချို ( လူငယ်ဆီးချို) ဟုသာ အစဉ်အဆက် မပျက်ခေါ်ဝေါ်တတ်ကြသည်။ ဆီးချိုအမျိုးအစား-၁ ကို ကုသရာ၌ အခြေခံမူဝါဒမှာ ရောဂါ အစဦးပိုင်းမှပင် စတင်ကာ အင်ဆူလင်ဆေးဝါးကို ပြင်ပမှ ထိုးပေးခြင်း နှင့် ၊တဆက်တည်းမှာပင် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပေးနေရခြင်း ဖြစ်သည်။ အင်ဆူလင်ကုထုံး မယူမိပါက ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း**¹ အရေးပေါ်ရောဂါမျိုး မကြာခဏဖြစ်ပွားတတ်ပြီး ကိုမာ(Coma) မှ သေသည်အထိဖြစ်နိုင်သည်။ ယခုအခါ ကုထုံးပိုင်းအတွက် အာရုံစိုက်နေသည်မှာ ဘဝအနေအထိုင်ပြောင်းလဲပေးခြင်း (အစားအသောက် နှင့်လေ့ကျင့်ခန်း) ဖြစ်သော်လည်း ယင်းသို့ပြောင်းလဲပေးခြင်းကြောင့် ရောဂါဆိုးရွားမှုကို တန့်ရပ်သွားမည်ဟု မျှော်လင့်မထားပါ။ အင်ဆူလင် ထိုးရာတွင် ဆေးထိုးအပ်ကို အသုံးပြု၍ အရေပြားအောက်ထိုးခြင်းအပြင် အင်ဆူလင် ညှစ်ထုတ်ပေးမည့် ပမ့်(PUMP)**²နှင့် အင်ဆူလင်ကို အချိန်မှန် ညှစ်ထုတ်စေခြင်း နည်းလမ်းလည်း ရှိသည်။ ပမ့်ကိုသုံးသဖြင့် ၂၄ နာရီလုံးလုံး သွေးအတွင်း အင်ဆူလင် ပမာဏကို ထိန်းသိမ်းပေးထားနိုင်သည်။ အစားစား၍ အင်ဆူလင်လိုအပ်မှု ပမာဏ တိုးလာသည့် အခိုက်တွင် အင်ဆူလင်ကိုတိုး၍ လိုသလောက် ညှစ်ထုတ်ပေးရန် စီမံထားသည်။ အင်ဆူလင် မဟုတ်သော ကုသမှုမျိုး (ဥပမာ- ပဋ္ဋိပစ္စည်း တစ်မျိုးနှင့် ရင်းမြစ်ဆဲလ် (STEM CELL)**³ ကုထုံးများမှာ တိရစ္ဆာန်များကို ကုသအောင်မြင်ပြီး လူသားများ၌ စမ်းသပ်ဆဲ အဆင့်တွင်ရှိသည်။ အမျိုးအစား -၁ သည် ပုံမှန်လုပ်နေကျအလုပ်များကို အဟန့်အတားမပြု။ လူနာက ရောဂါအကြောင်း စိတ်ဝင်စား လေ့လာထားမှု၊ အင်ဆူလင် ထိုးနည်း လေ့ကျင့်ထားမှု၊ သင့်လျော်စွာ ကုသမှု ခံယူမှု၊ စမ်းသပ်စစ်ဆေးမှုများ၌ စည်းစနစ်ကျနရမှု၊ အင်ဆူလင်ထိုးဆေးပမာဏ အသုံးပြုခြင်း စနစ်ကျနမှုများရှိလျှင် ပုံမှန်အတိုင်း နေထိုင်သွားလာ နိုင်သည်။ သို့သော် အင်ဆူလင်ကုထုံးမှာ လူနာအတွက် ဝန်ထုပ်တစ်ခုဖြစ်ရသည်။ အင်ဆူလင် ထိုးခံရခြင်းကပင်လျင် အလုပ်ပိုတစ်ခု ဖြစ်နေတတ်သည်။ သွေးထဲရှိ သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် (blood glucose level)သည် အမျိုးအစား -၁ ၌ ၈၀မှ ၁၂၀ မီလီဂရမ်/ဒက်ဆီလီတာ {80-120mg/dl (4-6mmol/l)}နှင့် အနီးစပ်ဆုံးရှိနေသင့်သည်။ အချို့ သမားတော်ကြီးများကမူ အင်ဆူလင် ထိုးနေရင်း သကြားဓာတ်ပမာဏ မကြာခဏအလွန်အကျွံ ကျသွားတတ်ခြင်း (ဆီးချိုကျခြင်း-ဟိုက်ပိုဂလိုက်စီးမီးယား (hypoglycemia) ဖြစ်တတ်သော လူနာများ အတွက် သွေးအတွင်း သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် ကို ၁၄၀ မှ ၁၅၀ မီလီဂရမ်ပါ ဒက်ဆီလီတာ {140-150mg/dl (7-7.5 mmol/l)} ထားဖို့ ဆန္ဒပြုကြသည်။ သွေးအတွင်း သကြားဓာတ်ပမာဏ ၄၀ဝ မီလီဂရမ်ပါဒက်ဆီလီတာ {400mg/dl(20mmol/l)}ထက်ကျော်လွန်လျင် ဆီးသွားခြင်းများပြားပြီး ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ်ပေါ်တတ်သည်။ ၆၀ဝ မီလီဂရမ်ပါ ဒက်ဆီလီတာ {600mg/dl(30mmol/l) } ဖြစ်လျှင်မူ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း အရေးပေါ်ရောဂါ ဖြစ်တတ်သည်။ ချက်ချင်း အသက်ဆုံးရှူံးစေတတ်သော ရောဂါ မဟုတ်သော်လည်း အသက်အန္တရာယ်ရှိသည်။ တစ်ဖက်တွင်လည်း အင်ဆူလင် ထိုးဆေးပမာဏ များလွန်းပါက သွေးအတွင်း သကြားဓာတ်အလွန်အမင်း ကျသွားတတ်ခြင်း - ဟိုက်ပိုဂလိုက်စီးမီးယား အန္တရာယ်က ရှိနေပြန်သည်။ ယင်းအရေးပေါ် ရောဂါကမူ တက်ခြင်းမှသည် သတိလစ်ခြင်း အထိဖြစ်ပြီး ချက်ချင်း အသက် ဆုံးရှူံးတတ်သည်။ ဟိုက်ပိုဂလိုက်စီးမီးယား ဖြစ်သည်နှင့် သကြားဓာတ်အများအပြားပါ အရေးပေါ်ဂျဲလ် - ဟိုက်ဂလူးကိုစ့်ဂျဲလ် (high glucose gel)ကို လူနာ၏ ပါးစပ်ထဲထည့်ပြီး ဒက်စ်တို့သကြား (Dextrose)ကို အမြန်ထိုးရသည်။ အင်ဆူလင်နှင့် အစွမ်းသတ္တိ ပြောင်းပြန်ဖြစ်သောဟိုမုန်းတစ်မျိုးကို တုပ ထုတ်လုပ်ထားသည့် ဂလူကာဂွန်(Glucagon) ကို ထိုးနိုင်သည်။ အမြန်ထိုးနိုင်ရန် လိုအပ်သဖြင့် လက်လှမ်းမီသမျှဆေးကို အမြန်ဆုံး အသုံးပြုသင့်သည်။ အောက်ခြေမှတ်စု ¹(Pancreas)ပန်ကရိယ; အစာအိမ်အောက်တွင် ကပ်လျက်တည်ရှိသော ဂလင်း။ သရက်ရွက်ဟုလည်း ခေါ်သည်။ ²(IMMUNE)အင်မျူး; ခန္ဓာကိုယ်အတွင်း ရောဂါခုခံကာကွယ်မှု အပါအဝင် အခြားကိစ္စ များကို ဆောင်ရွက်ပေးသော စနစ်ဖြစ်သည်။ သွေးဖြူဥများနှင့် ဓာတုပစ္စည်များက အင်မျူးတာဝန်များကို ထမ်းဆောင်သည်။ ရောဂါကိုတိုက်ဖျက်သော သွေးဖြူဥ ဆဲလ်များနှင့် ဓာတုပစ္စည်းများက ခန္ဓာကိုယ်ရှိ ကိုယ်ပိုင်ဆဲလ်များကို မှားယွင်းတိုက်ခိုက်ခြင်းဖြစ်သည်။ ဘီတာဆဲလ်ကို တိုက်ခိုက်လျှင် ဆီးချိုဖြစ်သည် ဟုဆိုလိုသည်။ ³ဆီးချို ၂ မှာ အင်ဆူလင်ထုတ်လုပ်မှု ပုံမှန်ရှိတတ်သော်လည်း အချို့၌ အင်ဆူလင်၏သတ္တိ မပြနိုင်သဖြင့် သွေးအတွင်း သကြားပမာဏ တက်ရသည်။ ဆီးချို-၁ မှာ ခန္ဓာကိုယ်တွင်း အင်ဆူလင် မထုတ်လုပ် နိုင်မှုကြောင့် သာဖြစ်ပြီး အင်ဆူလင်ထိုးဆေး ပေးပါက အင်ဆူလင်အပေါ် တုံ့ပြန်မှုကမူ ပုံမှန်အတိုင်းပင်ဖြစ်သည်။ ¹ketoacidosis သကြားဓာတ်အလွန်အမင်းများပြားသဖြင့် သကြားဓာတ် ဇီဝဓာတု မက်တာဘိုးလစ်ဖြစ်စဉ် ၏ ဘေးထွက်ပစ္စည်းများ ဖြစ်သော ကီတုန်းပစ္စည်း( ketone bodies)ထွက်သည်။ ယင်းပစ္စည်းများက ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ် လွန်ကဲအောင် တနည်းတဖုံ အားပေးသည်။ ²ဗိုက်တွင် အင်ဆူလင်ပမ့်ကို စိုက်ထားရသည်။ ယင်းက အင်ဆူလင်ကို ပုံမှန်အနေအထားနှင့် ညှစ်ထုတ်ပေးနေသည်။ ³ရင်းမြစ်ဆဲလ်ဆိုသည်မှာ ခန္ဓာကိုယ်ရှိ ဖြစ်လိုသမျှဆဲလ်မျိုးကို ဖြစ်ပေါ်စေနိုင်သော သတ္တိရှိသည့် ဆဲလ်ဖြစ်သည်။ ဘီတာဆဲလ် ပျက်စီးသဖြင့်ဖြစ်ပေါ်ရသော ဆီးချို-၁ တွင်လည်း ရင်းမြစ်ဆဲလ် ကုထုံးကို ကုသလိုသဖြင့် စမ်းသပ်ရှာဖွေနေသည်။ မူရင်း ရင်းမြစ် ဆီးချိုရောဂါ de:Diabetes mellitus#Diabetes Typ 1
https://my.wikipedia.org/wiki/%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%AF%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%B8-%E1%81%81
ဆီးချိုအမျိုးအစား-၂
ဆီးချိုအမျိုးအစား-၂ သည် အင်ဆူလင်ကိုခုခံခြင်း*¹နှင့် အင်ဆူလင်မတိုးခြင်း*² ကြောင့်ဖြစ်သည်။ ယင်းနှင့်အတူ အင်ဆူလင်ထုတ်လုပ်ခြင်း လည်း အနည်းငယ် ကျဆင်းလာတတ်သည်။ အချို့လူနာများတွင်မူ အင်ဆူလင် လုံးဝ မထုတ်လုပ်နိုင်တော့ သည်လည်း ရှိသည်။ မည်သည့် အချက်က ချို့ယွင်းသည်ဟူ၍ အတိအကျ ဆိုနိုင်သေးသည်တော့ မဟုတ်။ သိရှိရသလောက် ချို့ယွင်းချက်များကို တူရာတူရာစု၍ ဆီးချိုအမျိုးအစား ခွဲခြားထားရခြင်းဖြစ်သည်။ ဆီးချိုအမျိုးအစား-၂ မှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်သည်။ ဆီးချို-၂၏ အစောပိုင်း အဆင့်တွင် ရောဂါဖြစ်စေသော အဓိက ချို့ယွင်းချက်မှာ အင်ဆူလင်သတ္တိမတိုးခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းအဆင့်တွင် သွေးအတွင်းရှိ အင်ဆူလင် ပမာဏသည် များ၍နေသည်။ ဤအဆင့်၌ သွေးအတွင်း သကြားဓာတ်ပမာဏကို လျှော့ချရန်အတွက် အင်ဆူလင်အပေါ်တုံ့ပြန်မှု တိုးစေရန် (တနည်း- အင်ဆူလင်တိုးစေရန်) ရည်ရွယ်ချက်ဖြင့် ဖြစ်စေ အသည်း*³မှ ဂလူးကိုစ့်ဓာတ် ထုတ်လုပ်မှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ ဆေးဝါးများပေးကြသည်။ ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာသောအခါ အင်ဆူလင် ထုတ်လုပ်မှု ပါ ကျဆင်းလာသည်။ ထိုအခါ အင်ဆူလင်ကုထုံး**¹ ပါ လိုအပ်လာရလေ့ရှိသည်။ ဆီးချို-၂ ဖြစ်စေသော ရောဂါ အကြောင်းရင်းနှင့် ရောဂါဖြစ်စဉ်အပေါ် သုံးသပ်ထားသော သီအိုရီ မြောက်မြားစွာ ရှိသည်။ ဝမ်းဗိုက်ပိုင်းအဆီများခြင်း**² (ခါး ပတ်ဝန်းကျင်နှင့် ကိုယ်တွင်းကလီစာများ အဆီဖုံးခြင်း ) သည် “အင်ဆူလင်ကို ခုခံခြင်း” ဖြစနိုင်စွမ်း**³ ရှိသည်။ ဝမ်းဗိုက် အဆီပြင်သည် အဒီပိုကိုင်းစ်***¹ ဓာတုပစ္စည်းကို ထုတ်လုပ်နိုင်စွမ်းရှိသည်။ အဒီပိုကိုင်းစ်သည် ဂလူးကိုစ့်ထိန်းသိမ်းရေးစနစ် ကို ကျဆင်းစေသည်။ အဆီများ အဝလွန်ခြင်းကို ဆီးချိုအမျိုးအစား-၂ ဖြစ်သူများ၏ ၅၅ ရာခိုင်နှုန်းတွင် တွေ့ရသည်။ အခြား ဖြစ်နိုင်စွမ်း အချက်များတွင် အသက်အရွယ် ကြီးလာခြင်းလည်း ပါဝင်သည်။ ( မြောက်အမေရိကရှိ အသက်ကြီးသူများ၏ ၂၀ရာခိုင်နှုန်းတွင် ဆီးချိုရှိသည်။) ထို့ပြင် မိသားစုရောဂါ ရာဇဝင် လည်းပါဝင်သည်။ (အမျိုးအစား-၂ သည် ဆွေမျိုး အရင်းအခြာအတွင်း ဆီးချိုရောဂါ ရှိမှုနှင့် အတော်လေး ပတ်သက်ဆက်နွှယ်မှုရှိသည်။) နောက်ဆုံးဆယ်စုနှစ်အတွင်းတွင် ဆီးချိုအမျိုးအစား-၂ သည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင်ပါ အဖြစ်များလာသည်ကို တွေ့ရသည်။ ဖြစ်နိုင်ချေရှိသည်မှာ အချို့နေရာများရှိ ကလေးငယ်များ ဤဆယ်စုနှစ် အတွင်း အဝလွန်လာခြင်းကြောင့် ဖြစ်ပေမည်။ သဘာဝ ပတ်ဝန်းကျင် ကလည်း ဆီးချို လတ်တလော အဖြစ်များလာရခြင်းအပေါ် သက်ရောက်မှု ရှိမည်။ ဆီးအတွင်း ဘစ်ဖီနော အေ***³ တွေ့ရှိရခြင်း နှင့် ဆီးချို-၂ ဆက်စပ်မှုကို တွေ့ရသည်။ ဆီးချိုအမျိုးအစား-၂ကို ရှေးဦးစွာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း (တိုက်တွန်းထားသော အားကစားများနှင့် တားမြစ်ထားသော အားကစားများကို ကြည့်ရန် ဤနေရာကို နှိပ်ပါ။)ကစီဓာတ်- ကာဘိုဟိုက်ဒရိတ်ဓာတ် စားသုံးမှု လျှော့ချခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း များဖြင့် ကုသသည်။ ၎င်းတို့က အင်ဆူလင်တိုးမှု (တနည်း- အင်ဆူလင်သတ္တိကို ခုခံမှု လျော့နည်းစေခြင်း ဟုလည်းဆိုနိုင်မည်)ကို ပြန်လည်ထိန်းသိမ်းပေးသည်။ တခါတရံ၌ ဤသို့ထိန်းသိမ်းယုံမျှနှင့် ကျေနပ်ဖွယ် သကြားဓာတ်ပမာဏကို ရရှိကောင်း ရရှိနိုင်သည်။ သို့ရာတွင် အင်ဆူလင်ခုခံမှု ဖြစ်နိုင်စွမ်းမှာ လျော့ကျမသွား။ ထို့ကြောင့် အစားအသောက်၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်လျှော့ခြင်း များကို ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ နောက်တစ်ဆင့်မှာမူ (လိုအပ်ပါက) ဆီးချိုသောက်ဆေးများ ပေးခြင်းဖြစ်သည်။ အမျိုးအစား-၂ တွင် အင်ဆူလင်ထုတ်လုပ်မှုသည် အနည်းငယ်သာ ကျဆင်းတတ်သဖြင့် (အင်ဆူလင် ကုထုံးကို မသုံးသေးဘဲ ) ပန်ကရိယ၏ ဘီတာဆဲလ်မှ အင်ဆူလင်ကို ကိုယ်တိုင်ထုတ်လုပ်နိုင်စေရန် အားပေးသော သောက်ဆေးမျိုး( ဥပမာ ဆာဖွန်နိုင်းယူရီးယား- sulfonyluria) ပေးနိုင်သည်။ သို့မဟုတ် အသည်းမှ ဂလူးကိုစ့်-သကြားဓာတ် ထုတ်လုပ်မှုကို ထိန်းသိမ်းပေးပြီး အင်ဆူလင်ခုခံမှု ကိုလျှော့ချပေးသော သောက်ဆေး(ဥပမာ မက်ဖော်မင်-metformin) ပေးနိုင်သည်။ သို့မဟုတ် အင်ဆူလင်ခုခံမှုကို အတော်များများ လျှော့ချပေးနိုင်သော သောက်ဆေး(ဥပမာ သိုင်ရာဇိုလီ ဒိုင်နီဒီအုန်း- thiazolidinediones) ကိုပေးနိုင်သည်။ သောက်ဆေးပေးပြီးကုသခြင်းသည် ရောဂါနှောင်းပိုင်းတွင် အင်ဆူလင်ထုတ်လုပ်သော ဘီတာဆဲလ်များ ထပ်မံပျက်စီးခြင်းကြောင့် လူနာအပေါ် ဆေး၏ သက်ရောက်မှု ကျဆင်းလာမည်။ ထိုအချိန်တွင် သကြားဓာတ်ပမာဏကို ပုံမှန်သို့မဟုတ် ပုံမှန်နီးပါး ထိန်းသိမ်းနိုင်ရန် အင်ဆူလင်ကုထုံးကို သုံးရမည်ဖြစ်သည်။ အောက်ခြေမှတ်စု အင်ဆူလင်ကိုခုခံခြင်း*¹insulin resistance အင်ဆူလင်မတိုးခြင်း*²reduced insulin sensitivity အသည်း*³liver အသည်းသည် ကာဘိုဟိုက်ဒရိတ် ( ကစီဓာတ်) မက်တာဘိုးလစ် ဖြစ်စဉ် နှင့် ပရိုတင်း( အသားဓာတ်)မက်တာဘိုးလစ်ဖြစ်စဉ် အတွက် အရေးကြီးသည်။ အင်ဆူလင်ကုထုံး**¹insulin theraphy ဝမ်းဗိုက်ပိုင်းအဆီများခြင်း**²central obesity အဝလွန်ခြင်းတွင် ဝမ်းဗိုက်ပိုင်းအဆီများခြင်းနှင့် တကိုယ်လုံး အဆီများခြင်းဟူ၍ နှစ်မျိုးရှိသည်။ ဖြစ်နိုင်စွမ်း**³risk ရောဂါကို အားပေးအားမြောက်ပြုသည့် အချက်။ ဤအချက်သည် ရောဂါကို မုချမသွေဖြစ်စေသော အချက်ကားမဟုတ်။ ရောဂါကို ဖြစ်မည်ဆိုက ဖြစ်နိုင်အောင် အားပေးသော အချက်သာလျှင်ဖြစ်သည်။ အဒီပိုကိုင်းစ်***¹adipokines ဘစ်ဖီနော အေ***³bisphenol A မူရင်း ရင်းမြစ် ဆီးချိုရောဂါ
https://my.wikipedia.org/wiki/%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%AF%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%B8-%E1%81%82
ရှင်ဒိသာပါမောက်
ရှင်ဒိသာပါမောက် ရဟန်းသည်မြန်မာတို့အတွက် တရုတ်နိုင်ငံနှင့် ဆက်ဆံမှုသမိုင်းတွင် ပထမဆုံး သံတမန်ဖြစ်သည်ဟုဆိုနိုင်သည်။ နရသီဟပတေ့(တရုတ်ပြေးမင်း)လက်ထက်တွင် တရုတ်ပြည်ကို သိမ်းပိုက်ထားသည့် မွန်ဂို(တာတာ)တို့ ပုဂံပြည်ကြီးကိုဖျက်ဆီးလိုက်ကြသဖြင့် နရသီဟပတေ့ လည်းတိမ်းရှောင်ထွက်ပြေးရသည်။ သို့ဖြင့် မိမိတို့ပိုက်နက်ဒေသကို ပြန်လည်ပေးအပ်ရန်၊စစ်ပြေငြိမ်းရန် အတွက် သံတမန်တစ်ဦးကိုစေလွှတ်ရန် ရှာဖွေရာ ရှင်ဒိသာပါမောက် အားရွေးချယ်ခဲ့ကြသည်။ ရှင်ဒိသာပါမောက်သည် ပုဂံမှဝေးလံလှသည့် တရုတ်ပြည် မြောက်ပိုင်းရှိ မြို့တော် ဘေကျင်းမြို့(ပီကင်း)ထိတိုင် တစ်နှစ်ကျော်ကြာ ခရီးရှည်ကြီးကို သွားရောက်ခဲ့ပြီး ထိုစဉ်က မွန်ဂို ဧကရာဇ် ကူဗလိုင်ခန်နှင့်တွေ့ဆုံကာ သံတမန်ရေးနည်းလမ်းဖြင့် တိုင်းပြည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့သည်။ စာပေသင်ယူခြင်း ကျည်ပွေ့လည်းပျောက် ၊ မောင်းလည်းရောက် ၊ အနောက်အင်းကြီး ပေါ်လတံ့။ အင်းကြီးအလယ် ၊ ဖားသူငယ် ၊ အစွယ်ပြူးတူး ပေါ်လတံ့။ ထိုခေတ်ကာလက ပေါ်နေသော တဘောင် တည်း။ မြန်မာသက္ကရာဇ် ၅၉၆-ခုနှစ်(ခရစ်နှစ် ၁၂၃၆ ခုနှစ်) နန်းတက်သော ကျစွာမင်းကြီး လက်ထက်တွင် အသက် ၆ဝ-အရွယ် ရဟန်းကြီးတစ်ပါး ရှိသည်။ ထိုရဟန်းကြီးသည် အမှတ်မဲ့နေခဲ့သဖြင့် ပိဋကတ်စာပေကို ပေါက်မြောက်အောင် မလေ့လာခဲ့ရချေ။ ရဟန်းကြီးသည် နေ့စဉ်နေ့တိုင်း သွားတိုက်ပြီးသော ဒန်ပူတို့ကို ကျောင်းအောက်ရှိ လေးတောင်ခန့်နက်သော တွင်းထဲသို့ ပစ်ချလေ့ရှိ၏။ ကြာသော် ထိုတွင်းကြီးသည် ဒန်ပူများဖြင့် ပြည့်မောက်လျက် ရှိနေတော့သည်။ တစ်နေ့သ၌ ရဟန်းကြီးသည် ထိုဒန်ပူတို့ဖြင့် ပြည့်မောက်နေသော တွင်းကြီးကို ကြည့်၍ ဤသို့ ကြံမိသည်။ ငါသည် တစ်နေ့လျှင် ဒန်ပူတစ်ချောင်းမျှကို တိုက်၍ ပစ်ခဲ့ရာ တွင်းပြည့်ခဲ့ပြီ၊ ငါသည် ယခု အသက်၆ဝ-တိုင် အမှတ်မဲ့နေခဲ့၍ စာပေ မလုံမလောက် ရှိခဲ့သည်၊ တစ်နေ့လျှင် ဤဒန်ပူလောက်မျှသာ ကျက်ခဲ့လျှင် ကာလကြာသော် များစွာ တတ်မြောက်ရန် ရှိပေသည်၊ ဟု တွေးတော သတိရမိသည်။ ဤသို့ သတိရမိသည့်အတိုင်း စာပေကို လေ့လာတော့အံ့ဟု နှလုံးပိုက်၍ ကျစွာမင်း ကြီးထံသို့ ဝင်၍ ကန့်ကူဆံကို အလှူခံလေသည်။ ထိုအခါ ကျစွာမင်းကြီးက အရှင်ဘုရား၊ သက်တော်လည်း ကြီးလှပေပြီ၊ ယခုမှ သင်ကြား၍ ဘယ်မှာ တတ်မြောက်နိုင်တော့မည်နည်း၊ ဆုံကျည်ပွေ့သည်လျှင် အတက်အညွန့် ပေါက်နိုင်စရာ ရှိသည်၊ ကျမ်းဂန်မတတ်နိုင်ရာတော့ပြီ၊ ဟု ပြက်ရယ်ပြောဆို၍ကန့်ကူဆံကို လှူဒါန်းလိုက်လေသည်။ ရဟန်းကြီးသည် ကျစွာမင်းကြီးပြောဆိုသော စကားကို စိတ်တွင် မှတ်၍ နန်းတော်မှ ထွက်ခဲ့၏။ ကျောင်းသို့ ရောက်လျှင် မိမိကြံစည်ရင်းအတိုင်း နိရုတ္တိစသော ကျမ်းစာတို့ကို တစ်နေ့လျှင် ဒန်ပူတစ်ထောက်စာမျှ သတ်မှတ်၍ လေ့လာဆည်းပူးလေတော့သည်။ ယင်းသို့ ဆည်းပူးရာ၌ လျင်မြန်သော ဉာဏ်ရှိသည့်အလျောက် မကြာမြင့်မီ တတ်မြောက်တော်မူလေသည်။ ထိုအခါ တစ်ချိန်က ကျစွာမင်းကြီး ပြက်ရယ်ပြုလိုက်သည်ကို ပြန်လည် ချေပလိုသဖြင့် ဆုံကျည်ပွေ့တစ်ခုကို ရှာ၍ အညွန့်အခက်များ ပေါက်နေလေဟန်ဖြင့် သစ်ခက် သစ်ညွန့်တို့ကို ဆုံကျည်ပွေ့တွင် စည်းနှောင်လေသည်။ ပြီးနောက် ထိုကျည်ပွေ့ကြီးကို ထမ်းလျက် ကျစွာမင်းနန်း တော်သို့ ဝင်လေတော့သည်။ ကျစွာမင်းလည်း ဆရာတော်၏ ထူးခြားသော အသွင်အပြင်ကို မြင်တော်မူ၍ ပြုံးရယ်ပြီးလျှင် အကြောင်းချင်းရာကို မေးမြန်းတော်မူ၏။ ထိုအခါ ဆရာတော်က ဒကာတော် မင်းကြီး၊ တစ်ခါက ကျည်ပွေ့ အတက်ပေါက်မှ စာတတ်လိမ့်မည် ဆိုသော စကားကို မှတ်မိပါသေး၏လော၊ ယခုအခါ ကျည်ပွေ့လည်း အတက်ပေါက်ပြီ၊ ငါလည်း စာပေကျမ်းဂန်တို့ကို တတ်မြောက်ပြီ၊ ဟု ပြောကြားလေသည်။ ကျစွာမင်းသည် ဆရာတော်အား ပုစ္ဆာတို့ကို မေးမြန်းလျှောက်ထား၍ ပစ္စည်းလေးပါးတို့ ဖြင့် လှူဒါန်းပူဇော်လေသည်။ ထိုအချိန်မှစ၍ ဆရာတော်သည် သျှင်ဒိသာပါမောက္ခဟူသော အမည်ဖြင့် ကျော်စောထင်ရှားလာလေသည်။ ထိုသို့ အကျော်တစော ဖြစ်လာပြီးနောက် ဆရာတော်၏ ပညာအရည်အသွေးကို စစ်ဆေးလိုကြသော ခြောက်ကျောင်းသား ရဟန်းတော်တို့သည် ထိုဆရာတော်ကြီး ရေချိုးနေစဉ် ရေငုပ်ရာမှ ပေါ်လာသည်တွင် ပုစ္ဆာကို မေးကြအံ့ဟု ကြံစည်၍ ဆရာတော် ရေချိုးသော ကန်အနီး၌ စောင့်နေကြကုန်၏။ ခြောက်ကျောင်းသားရဟန်းလည်း သျှင်ဒိသာပါမောက္ခ ရေငုပ်ရာမှ ပေါ်လာ စဉ် စာမေးရန်အတွက် အဟံး ဟု ချောင်းသံပြုသည်ကို ဆရာတော်က အဟံဟူသော ပုဒ်ကို ရုပ်မေးသည်ထင်၍ အဟံကား အမှသဒ္ဒါတည် စသည်ဖြင့် ရုပ်တွက်၍ ပြလိုက်လေသည်။ ထိုအခါ စာမေးသည့် ရဟန်းတို့မှာ ပြုံးရယ်ကြလျက် ဆက်လက်၍ မမေးဝံ့တော့ဘဲ လက်လျှော့ လိုက်ကြလေတော့သည်။ ဆရာတော်သျှင်ဒိသာပါမောက္ခ အရှင်မြတ်ကလည်း ငါ့ကို မေးကြသည်မှာ များပြီ၊ ငါကလည်း မေးမြန်းဦးမည်၊ အညသမာန်းစေတသိက်၌ အည၏ အပါဒါန်ကို ခံပါ၊ ဟု မေးမြန်း လေရာ ခြောက်ကျောင်းသား ရဟန်းတို့မှာ ရုတ်တရက် မဖြေဆိုနိုင်ဘဲ ရှိကြလေသည်။ ဆရာတော် အား စာမေးသော ရေကန်ကို ' စာမေးရေကန် ' ဟုလည်းကောင်း၊ ' ရုပ်တွက်ရေကန် ' ဟုလည်း ကောင်း ခေါ်တွင်လျက် ပုဂံမြို့ စူဠာမဏိဘုရားအနီး ကျောင်းတိုက်အတွင်း၌ တည်ရှိလေသည်။ ထိုအချိန်တွင် ဆရာတော်သည် အရပ်ရှစ်မျက်နှာတို့၏ အကြီးအမှူးဖြစ်၍ သျှင်ဒိသာ ပါမောက္ခအမည်ဖြင့် ထင်ရှားသော်လည်း လူတို့အသိမှာကား ဦးကျည်ပွေ့ဟူ၍သာ အသိများကြ လေသည်။ ကျမ်းဂန်တို့အား ပြုစုခြင်း ဦးကျည်ပွေ့ခေါ် သျှင်ဒိသာပါမောက္ သည် မြန်မာ့သမိုင်းဦးဖြစ်သော ပုဂံခေတ်တွင် ထင်ရှားခဲ့သော ဆရာတော် ဖြစ်သည်။ မြန်မာ့ရှေးဦးသင်ဖြစ်သော သင်ပုန်းကြီးကျမ်းကိုလည်း ရေးသားတော်မူ၏။ ထိုကျမ်းအား ကျစွာမင်းကြီးအလိုကျအတိုင်း ရှေးကာလက မရှိခဲ့ဖူးသေးသော ' အာဒိပုဗ္ဗကျမ်း ' ခေါ် ရှေးဦးသင်ပုန်းကြီးကျမ်းကို ရေးသားစီရင်တော်မူခြင်းဖြစ်သည်။ ထိုအကြောင်းကို သင်ပုန်းကြီးဋီကာနိဒါန်း၌ - ဘန္တေ၊ အရှင်ဘုရား။ ဧကံ၊ တစ်ခုသော။ ဂန္ဓံ၊ ကျမ်းကို။ ကရောတု၊ ပြုတော်မူပါလော့။ ဣတိ၊ ဤသို့။ ကျစွာရာဇေန၊ ကျစွာမင်းသည်။ အဘိယာစိတော၊ ရှေးရှုတောင်းပန်အပ်သည်ဖြစ်၍။ ဝါ- တောင်းပန်အပ်သော။ ဒိသာပါမောက္ခော၊ ဒိသာပါမောက္ ဖြစ်သော။ ဝါ-အရပ်ရှစ်မျက်နှာ၌ ထင်ရှားသော။ အာစရိယော၊ ဆရာသည်။ ပုဗ္ဗဂန္ဓံ၊ ရှေးဦးအစ ပကတူပဖြစ်သောသင်ပုန်းကြီးကျမ်းကို။ ဝါ- အစရှေးဦး ပကတူး၌ဖြစ်သော သင်ပုန်းကြီးကျမ်းကို။ ရစိတံ၊ စီရင်အပ်၏။ ဟု ရေးသားခဲ့လေသည်။ ဆရာတော် သျှင်ဒိသာပါမောက္ သည် သားတော်ဥဇနာမင်း၊ နရသီဟပတေ့မင်းလက် ထက်တို့၌လည်း မင်းဆရာအဖြစ် ဆက်လက် ကိုးကွယ်ခြင်းခံရလေသည်။ ငြိမ်းချမ်းရေးအတွက် သွားရောက်ခြင်း မြန်မာသက္ကရာဇ် ၆၁၈-ခုတွင် နန်းတက်သော နရသီဟပတေ့ခေါ် တရုတ်ပြေးမင်းလက်ထက် တွင် တရုတ်ပြည်မှ သံတမန်များ ရောက်လာသည်ကို ရှေ့တော်၌ အနေအထိုင် မယဉ်ကျေးသည့်အတွက် သံတမန်များကို သုတ်သင်ပစ်လေသည်။ ထိုအခါမှစ၍ တရုတ်မြန်မာစစ်ပွဲကြီး ဖြစ်ရလေသည်။ ထိုစစ်ပွဲအခြေအနေမှာ တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာသောကြောင့် နရသီဟပတေ့မင်းသည် ပုဂံပြည်ကို ပစ်ခွာ၍ ပြည်မြို့အနောက်ဘက် လှည်းမီးချအရပ်၌ ခေတ္တစံနေတော်မူရလေသည်။ ထိုစဉ်အတွင်း အနန္တပစ္စည်းနှင့် မဟာပိုဝ်တို့ကို ခေါ်တော်မူ၍ တရုတ်တို့၏ အခြေအနေကို သိသာအောင် ပြုရမည်ဟု အမိန့်ရှိသည်။ ထိုအခါ အနန္တပစ္စည်းနှင့် မဟာပိုဝ်တို့သည် မင်းကြီး အား ဤသို့ လျှောက်တင်ကြသည်။ တရုတ်တို့၏ အခြေအနေကို သိသာအောင် ပြုရမည့်အမှု ကား ကြီးမားလှပါဘိ၏၊ ယခုအချိန်၌ သံတမန်လွှတ်ရမည့်သူလည်း မရှိပါ၊ သဝဏ်လွှာရေးသား ၍ ဆက်သမည့်သူလည်း မရှိဘဲ ဖြစ်နေပါသည်၊ အကယ်၍ သျှင်ဒိသာပြာမုတ် (သျှင်ဒိသာပါမောက္ခ) ပါဝင်လျှင်မူကား ဤကိစ္စကို ဆောင်ရွက်နိုင်စရာ ရှိသည်၊ ဟု လျှောက်ထားကြလေ သည်။(မှတ်ချက်။ ။ စာဆိုတော်များအတ္ထပ္ပတ္တိကျမ်းတွင် ဦးကျည်ပွေ့အမည်ခံ ရှင်ဒိသာပါမောက္ခ နှင့် တစ်ပါးစီဖြစ်ကြောင်း ဖော်ပြသည်။ ) ဤသို့ဖြင့် ဆရာတော် သျှင်ဒိသာပါမောက္ခကို ပင့်ယူ၍ ယင်းကိစ္စအဝဝကို အပ်နှင်း တော်မူလေသည်။ ဆရာတော်လည်း ရွှေဘိုနယ်ရှိ သစ်ဆိမ့်အရပ်နှင့် ဟန်လင်းအရပ်တို့တွင် ခေတ္တ မျှ သီတင်းသုံးနေတော်မူပြီးလျှင် သဝဏ်စာရေးသားပြီး တရုတ်မင်းထံသို့ စေလွှတ်တော်မူ၏။ ထို့နောက်မှ တရုတ်မင်း၏ ပင့်ဆောင်ချက်ဖြင့် တရုတ်ပြည်သို့ ကြွတော်မူလေသည်။ ထိုအချိန်တွင် တရုတ်မင်းက ပုဂံပြည်ကို စစ်တိုက်စိမ့်သောငှာ သုတ္တတကီမင်းသားနှင့် သူရဲနှစ်သောင်းတို့ကို ပုညဓမ္မိကာမဟာထေရ်နှင့် သျှင်ဓမ္မိကာမထေရ် နှစ်ပါးတို့အား ကျောင်း ပေါင်း ၇ဝ-မှ ရဟန်းတော်တို့ကို အုပ်ချုပ်စေ၍ သင်းတွဲပြည်သို့ ရောက်အောင် တပ်ချထားလေသည်။ ဆရာတော် သျှင်ဒိသာပါမောက္ခသည် ထိုစစ်သူရဲများ အကြားမှပင် တရုတ်မင်းစံရာ ပီကင်း (ဘေဂျင်း) မြို့သို့ ဦးတည်လာခဲ့၏။ လမ်းခရီးတွင် ဝါတွင်းကာလအခါနှင့် ကြုံကြိုက်နေသဖြင့် ယဆည် မည်သောအရပ်၌ ဝါဆိုဝါကပ်တော်မူရလေသည်။ ဆရာတော်သည် ဝါကျွတ်သောအခါမှ ဆက်လက်၍ ကြွချီတော်မူရာ တန်ဆောင်မုန်းလရောက်မှ တယ်တူမြို့တော် (ဘေဂျင်း) သို့ ရောက်ရှိသွားလေသည်။ ရောက်လျှင် တရုတ်မင်း က သူရဲနှစ်သောင်းနှင့် မဟာထေရ်တို့ကို သာသနာပြုစေလွှတ်လိုက်ကြောင်း ပြောပြ၏။ ထိုအခါ ဆရာတော်က တရုတ်မင်း ကူဗလေခန်အား ဆန်စပါးသည် တိုင်းပြည်၏ အခြေအမြစ် ဖြစ်သည်၊ စပါးမရှိက သူရဲသူခက်များ သံဃာတော်များသည် တည်တံ့စွာ နေနိုင်မည် မဟုတ်ပါ၊ ဥယျာဉ်ဆို သည်မှာ ရေသွန်းလောင်း၍ စိုက်ပျိုးရခြင်း ဖြစ်သည်၊ အညွန့်အတက် မကြီးပွားမီ ဆိတ်ခူးခြင်း မပြုရပါ၊ ယခုလည်း ပုဂံပြည်၌ ကောက်ပဲသီးနှံ စိုက်ပျိုးဦးမည်၊ ပြီးမှ သာသနာပြုစေလိုသည်၊ စသော တရားဓမ္မများဖြင့် ဟောကြားတော်မူရာ ပြေငြိမ်းခွင့်ရသဖြင့် ဆရာတော်သည် ပုဂံပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့လေသည်။ ပုဂံပြည်သို့ ပြန်ရောက်လျှင် ဆရာတော်အား အလွန်ကျေးဇူးကြီးလှသောကြောင့် ဟန်လင်းမြေ ၄ဝဝ၊ ကြံတူ၌ မြေသန်မုရင်း ပျိုးခင်းစုံ ၄ဝဝ၊ မြေပေါင်း ၈ဝဝ-နှင့် ကျွဲနွားအစုံတို့ကို လှူဒါန်းတော်မူလေသည်။ သို့ရာတွင် ဆရာတော်သည် ထိုပစ္စည်းများကို ပုဂံမြို့တောင်ဘက် ပန်းပွတ်အရပ်ရှိ မင်္ဂလာစေတီတော်ကို ထပ်မံလှူဒါန်းလိုက်လေသည်။ ထို့ပြင် တန်ဆောင်းတော်ကြီး များ၊ စာသင်တိုက်ကြီးများကိုလည်း တည်လုပ်တော်မူ၍ ကုသိုလ်တရားတို့ကို ပွားများတော်မူခဲ့ လေသည်။ ကိုးကား ဆက်လက်လေ့လာရန် မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၅ ၊ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ၊ သာသနာလင်္ကာရစာတမ်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်စာဂုဏ် စာညီလာ၊ သင်ပုန်းကြီးဋီကာကျမ်း၊ သင်္ဂြိုဟ်ဂဏ္ဌိ သုံးစောင်တွဲ၊ မှန်နန်းရာဇဝင်တော်ကြီး-ပထမတွဲ၊ ၁၉၇ဝ-ခု၊ ဒီဇင်ဘာလထုတ်၊ စန္ဒာမဂ္ဂဇင်း မှ ဟံသာဝတီဦးဘရင်၏ ' ငဆောင်ချမ်းတိုက်ပွဲနှင့် ဦးကျည်ပွေ့ ' ဆောင်းပါး၊ ရှင်ဒိသာပါမောက်ကျောက်စာ ဗုဒ္ဓဘာသာရဟန်းများ ပုဂံခေတ်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%9E%E1%80%AC%E1%80%95%E1%80%AB%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA
ဗညားဒလ (ဝန်ကြီး)
ဝန်ကြီး ဗိုလ်မှူး အဂ္ဂမဟာသေနာပတိ ဗညားဒလ (၁၅၁၈-၁၅၇၃) သည် ဘုရင့်နောင် လက်ထက်တွင် ထင်ရှားသည့် မွန်မှူးမတ် စစ်သူကြီး တစ်ဦးဖြစ်သည်။ စစ်ရေး၊ နှုတ်ရေး၊ လက်ရေး အစွမ်းကောင်းသူဖြစ်သသည်။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကို မွန်ပေမူမှ ပထမဆုံးသောမြန်မာပေမူအဖြစ် ဘာသာပြန်ဆိုသည်။ စတင်၍အမှုထမ်းသည်မှာ မွန်မင်း သုရှင်တကာရွတ်ပိလက်ထက်ကပင် ဖြစ်ဟန်တူသည်။ တပင်ရွှေထီးဟံသာ၀တီကို သိမ်းပိုက်ပြီးသည့်နောက် ဟံသာ၀တီတွင် ကျန်ရှိနေသည့် မွန်အမှူးအမတ်တို့ကို သစ္စာပေး၍ ဆက်လက်အမှုထမ်းစေရာ ဗညားဒလလည်း ပါဝင်ခဲ့သည်ဟုဆိုသည်။ တပင်ရွှေထီးလုပ်ကြံခံရပြီး နတ်ရွာစံသည့်နောက် နန်းတက်သည့် သမိန်စက္ကေဝါ နှင့် သမိန်ထောရာမ တို့လက်ထက်တွင်လည်း ဆက်လက်၍ အမှုထမ်းခဲ့ဟန်ရှိသည်။ သမိန်ထောရာမအား အနိုင်ရပြီးဘုရင့်နောင်ဟံသာဝတီနန်းကို ပြန်လည် သိမ်းပိုက်ကာ နန်းတက်သည့်အချိန်တွင်လည်း ဘုရင့်နောင်၏ အမှုတော်ထမ်းအဖြစ် ပြန်လည်ပါဝင်လာခဲ့သည်။ အမတ်ကြီး ဗညားဒလ (မြန်မာ ၈၈၀-၉၃၄ ) ဗညားဒလအမတ်ကြီးကား ဆင်ဖြူရှင်ဘဝရှင်မင်းတရားကြီး သီရိပဝရမဟာဓမ္မရာဇာဘွဲ့ခံ ဘုရင့်နောင်ကျော်ထင်နော်ရထာ၏လက်ရုံးသဖွယ်အားကိုးခဲ့ရသော အတိုင်ပင်ခံအမတ်ကြီးဖြစ်သည်။ ဒုတိယမြန်မာနိုင်ငံတော်ကြီးတည်ဆောက်ရေးကာလစစ်ရေး၊နိုင်ငံရေး၊ ဘာသာရေးတို့တွင် သူ၏စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သည်များကိုကား သိရှိသူနည်းပါးလှသည်။ သို့ရာတွင်သူရေးသားခဲ့သည့်ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၏စကားပြေစွမ်းရည်ကြောင့်အနှစ် (၄၂၆ ) ကျော်တိုင်ခဲ့ပြီဖြစ်သော်လည်း သူ၏မြန်မာစကားပြေအရေးအသားမှာ စံထားထိုက်သည့်အရေးအသားဟုပင် ပညာရှင်အများက အသိအမှတ်ပြုကြသည်။ မွန်ဝန်ကြီး အဂ္ဂမဟာသေနာပတိ ဗိုလ်ချုပ်ကြီးဗညားဒလသည် သူ့ဘဝတစ်လျှောက်အမှုတော်ထမ်းဆောင်သည်မှာ ကွယ်လွန်သည်အထိ စစ်ချီစစ်တက်စစ်တိုက်လျက်ပင် စစ်၏ဝန်းကျင်တွင် ကျင်လည်ခဲ့ရသူဖြစ်သည်။ သူကိုယ်တိုင်၏ ဗီဇကပင် စစ်နှင့်ပျော်မွေ့ဟန်တူ၏။ သူဖြတ်သန်းလာရသော ခေတ်ကိုကပင်စစ်ရေးဖြင့် နိုင်ငံကြီးကိုပြန်လည်တည်ဆောက်နေသော စစ်ကာလဖြစ်သည်။ ဤသို့သောကာလတွင် မွန်ဝန်ကြီးဗညားဒလသည် ရာဇဓိရာဇ်အရေးတော်ပုံကျမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။ စစ်ပွဲကိုကိုယ်တိုင်ဆင်နွှဲနေသည့် စစ်သေနာပတိတဦးက ပြုစုရေးသားသည့်မွန်မြန်မာ အနှစ် (၄၀)တန်ခိုးပြိုင်ပွဲများကို ဖော်ပြသည့် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှာ မည်မျှအသက်ဝင်လှုပ်ရှား၍ မည်မျှပြောင်မြောက်မည်ကိုကား ဆိုဖွယ်ရာမရှိတော့ချေ။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည် ဗညားဒလ၏ကိုယ်ပိုင်ရေးကျမ်းကားမဟုတ်ချေ။ မွန်ဘာသာစကားပြေဖြင့်ရှေးဆရာများ (ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့ခေတ်) ပြုစုရေးသားထားသော ဥပန္နသုဝဏ္ဏဘုမ္မိအာရမ်တကထာ၊ သုဓမ်မဝတီရာဇဝံသနှင့် သီဟရာဇာဓိရာဇဝံသ အမည်ရှိသည့်မွန်ရာဇဝင်ကျမ်း ပထမတွဲ၌ပါရှိသော မဂဒူးမင်းဆက်သက္ကရာဇ် ၆၄၃ မှအစ ရာဇာဓိရာဇ်အဆုံးသက္ကရာဇ် ၇၈၃ အထိ ကိုယ်ပိုင် စိတ်ကူးဥဏ် ကွန့်မြူးလျက် မြန်မာစကားပြေဖြင့် ပြန်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဗညားဒလသည် အရေးတော်ပုံကျမ်းပါနှစ် (၄၀) မွန်မြန်မာ တန်ခိုးပြိုင်ပွဲကြီးပြီးသည့်နှစ်ပေါင်း (၁၀ဝ)ကြာ သက္ကရာဇ် ၈၈၀ လောက်တွင် မှမွေးဖွားလာခဲ့သူဖြစ်သည်။ ဗညားဒလ မွေးဖွားကြီးပြင်းလာရာ သက္ကရာဇ် ၈၈၀ မှသည် ဘုရင့်နောင်ကျော်ထင်နော်ရထာထံမှစတင်ဝင်ရောက်အမှုတော်ထမ်းသည်ဟု ယူဆရသောသက္ကရာဇ် ၉၁၆ နှစ်အထိ နှစ်ပေါင်း (၂၇) နှစ်တာအတွင်း အိမ်နီးချင်းတိုင်းပြည်များမှာ စစ်မက်ရေးရာများရှုပ်ထွေးလှသောအချိန်ဖြစ်သည်။ အမတ်ကြီးဗညားဒလ ဖြတ်သန်းလာခဲ့ရသော (၂၇) နှစ်တာဘဝခရီးကိုကား သိမီသမျှအထောက်အထားများ ရှာဖွေသော်လည်း ရှားပါးလှ၏။ ဗညားဒလနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့သည် အသက်အရွယ်အားဖြင့် များစွာမကွာခြားလှပေ။ ဘုရင့်နောင်ကျော်ထင်နော်ရထာသည် သက္ကရာဇ် ၈၇၈ခုနှစ်တွင် ဖွားမြင်သဖြင့် ဗညားဒလထက် (၃)နှစ်မျှသာ ကြီးလေသည်။ သက်ကရာဇ် (၉၁၆)ခုနှစ် ဘုရင့်နောင် ဒုတိယအကြိမ် အင်းဝသို့ချီတတ်တိုက်ခိုက်သိမ်းပိုက်ရာတွင်ဗညားဒလမှာ ဘုရင့်နောင်ထံတွင် အမှုတော်ထမ်းရွက်နေပေပြီ၊။ စဉ့်ကူးမြို့ သိမ်းယူရေးတွင်လည်း မင်းတရားကြီး၏အမိန့်အရ ညီတော်သတိုးဓမ္မရာဇာ၊ ဗညားဒလော၊ ဗညားကျန်းတောတို့နှင့်အတူ ရေတပ်မတော်ကြီးကိုကွပ်ကဲတိုက်ပွဲဝင်နေသည့်တပ်မှူးတစ်ယောက်အဖြစ်ဖြင့်တွေ့ရသည်။ အမတ်ကြီးဗညာဒလသည် အသက် (၂၇)နှစ်အရွယ်တွင်ထင်ထင်ရှားရှား အဆင့်မြင့်မားစွာ ဘုရင့်နောင်ကျော်ထင်နော်ရထာထံတွင် သေနင်္ဂဗျူဟာအရာတွင် ကျွမ်းသည့် အခြားတပ်မှူးများနှင့် တန်းတူရည်တူ အမှူတော်ထမ်းရွက်နေသဖြင့် ဤအခြေသို့မရောက်မှီတစ်နေရာရာ စစ်မက်ရေးရာဘက်တွင် ထက်ထက်မြက်မြက် အမှုတော်ထမ်းရွက်ခဲ့သည်ဟု ယူဆဖွယ်ရှိသည်။ မင်းတရားရွှေထီး နှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့၏ တပ်များတွင်လည်းကောင်း ဗညားဒလအမည်ဖြင့်ပါဝင်အမှုတော်ထမ်းဆောင်ခဲ့သည့် အမှူးအမတ်၊ စစ်မှူးစစ်ကဲတို့၏အမည်ကိုကား မတွေ့ရချေ။ စစ်ချီတတ်ရာတွင် လည်းကောင်း၊ စစ်မှူးစစ်ကဲတို၏အမည်ကိုကားမတွေ့ရချေ။ သို့ရာတွင် မြန်မာဘုရင်များနှင့်စစ်ပြိုင်ဘက်ဖြစ်သည့် ဟံသာဝတီသုရှင်တကာရွက်ပိ နှင့် သမိန်စက်ကဝေါမွန်ဘုရင် နှစ်ပါးလက်ထက်တွင်မှု မြန်မာတပ်များကို ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့သည်။ မွန်တို့၏စစ်မှူး ဗညားဒလအမည်ကိုကား တွေ့မြင်ရလေသည်။ ဦးစွာပထမ အမတ်ကြီးဗညားဒလ၏အမည်ကို မွန်ဘုရင်သုရှင်တကာရွက်ပိလက်ထက်တွင် စတင်မြင်တွေ့ရသည်။ သုရှင်တကာရွက်ပိ၏ ကြည်းကြောင်းချီတပ်များကို လိုက်လံတိုက်ခိုက်သည့် ကျော်ထင်နော်ရထာနှင့် စစ်မှူးဗညားဒလ မင်းရဲအောင်နိုင်တို့ တပ်များနောင်ရိုးချောင်းတွင် တွေ့ ဆုံကာတိုက်ပွဲဖြစ်ပွားသည်။ မင်းရဲအောင်နိုင် ကျဆုံး၍ ဗညားဒလမှာလွတ်မြောက်သွားသည်ကိုတွေ့ရ၏။ ဒုတိယကြိမ် ဗညားဒလကို မင်းတရားရွှေထီး နှင့် ပြည်ရေတပ်တိုက်ပွဲ မြင်တွေ့ရပြန်သည်။ တတိယကြိမ်ကား မင်းတရားရွှေထီးလွန်၍ ဘုရင့်နောင်ကျော်ထင်အနော်ရထာ တော်ငူကိုပြန်လည်သိမ်းပိုက်ရန် ချီတတ်လာစဉ် ဟံသာဝတီမြို့ကိုရနေပြီဖြစ်သော သမိန်စက္ကဝေါကလွှတ်လိုက်သည့် ဗညားဒလနှင့် တွေ့ရလေသည်။ ဗညားဒလသည် ဘုရင့်နောင်မိမိတို့ဟံသာဝတီကို လုပ်ကြံမည်ထင်သဖြင့် ဆီးကြိုတိုက်ခိုက်သည်။ ဘုရင့်နောင်ကား ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ တောင်ငူသို့သာ ဆက်လက်ချီတက်လေသည်။ ဤကား သက္ကရာဇ် ၈၈၀ မှ ၉၁၄ ခုအတွင်းတွေ့ရသော စစ်မှူးဗညားဒလအမည်ပါရှိသော စစ်မက်ရေးရာ အခန်းကဏ္ဍများပင်တည်း။ မင်းတရားရွှေထီးလက်ထက်တွင်ဘုရင့်နောင်ကျော်ထင်နော်ရထာလက်ထက်တွင် စစ်ရှုံး မွန်ဘုရင်များလွန်သည့်အခါ မွန်မင်းများထံတွင် အမှုတော်ထမ်းရွက်ခဲ့ကြသည့်မွန်အမှူးအမတ်တို့သည် မြန်မာဘုရင်နှစ်ပါးတို့၏လက်အောက်သို့ ဝင်ရောက်အမှူးထမ်းရွက်ကြသည်။ အထူးသဖြင့် ဆင်ဖြူများရှင် ဘုရင့်နောင် ကျော်ထင်နော်ရထာသည် သတ္တိဗျတ္တိနှင့်ပြည့်စုံသည့် အာဇာနည်သူရဲကောင်းတို့ကို ချစ်မြတ်နိုးသည့်အလျောက် မွန်မြန်မာဟူ၍ မခွဲခြားဘဲ ချီးမြှောက်စားသင့်သူကို ချီးမြှင့်မြောက်စားခဲ့သည်။ ထို့ကြောင့်ပင် သူ့ထံတွင် စစ်သေနာပတိ စစ်မှူးစစ်ကဲများစွာ ဝင်ရောက်အမှုထမ်းခဲ့သည်ကို တွေ့မြင်ရလေသည်။ ဘုရင့်နောင်ထံတွင် စစ်ရည်စစ်သွေး ပြည့်စုံစွာဖြင့် အမှုတော်ထမ်းရွက်နေသော အမတ်ကြီးသည်လည်း မွန်ဘုရင် သုရှင်တကာရွက်ပိလက်ထက်တွင် စွမ်းစွမ်းတမံ အမှုတော်ထမ်းရွက်ခဲ့သည့် စစ်သေနာပတိ စစ်မှူးအမတ်ကြီး ဗညားဒလ ဖြစ်ဖွယ်ရှိသည်။ ဖြစ်နိုင်ရန်အကြောင်းလည်း များစွာရှိနေပေသည်။ ဆင်ဖြူများရှင်ဘုရင့်နောင်ကျော်ထင်ရထာသည် မွန်ဝန်ကြီး ဗညားဒလ၏ လက်ရုံးရည်နှင့် နှလုံးရည် တို့ကို အားရတော်မူ၍အထွက်အထိပ်သို့ တိုးမြင့်မြှောက်စားခဲ့သည်။ သို့ရာတွင် မွန်ဝန်ကြီးသည် မြန်မာဘုရင် ဆင်ဖြူများရှင်လက်အောက်တွင် နေရသည်ကို နှစ်သက်ဟန်မတူသဖြင့် ဆင်ဖြူများရှင် ဘုရင်မင်းတရားကြီးအား သုံးကြိမ်တိုင်တိုင် လုပ်ကြံခဲ့ခြင်းပင်ဖြစ်သည်။ ဤသို့ သုံးကြိမ်တိုင်တိုင် လုပ်ကြံခဲ့သော်လည်းအမတ်ကြီးဗညားဒလသည် စစ်ရေး၊နိုင်ငံရေး၊စာပေကျမ်းဂန်မှစ၍ နှုတ်ရည်၊ဉာဏ်ရည်၊ဂုဏ်သတ်တိနှင့်ပြည့်စုံသူဖြစ်သဖြင့် နှမြောတော်မူသောကြောင့် မကွပ်မျက်ဘဲ သည်းခံတော်မူသည်။ သက္ကရာဇ် ၉၈၁ ခုနှစ်တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ရှမ်းပြည်တစ်လွှားနှင့် ဇင်းမယ်ပြည်ကိုသိမ်းယူရန်အရေး သားတော်ဥပရာဇာနှင့် မှူးတော်မတ်တော်အပေါင်းတို့ကို ခေါ်ယူဆွေးနွေးတိုင်ပင်တော်မူသည်။ ဤအရေးတွင် ဗညားဒလ၏ အကြံပေးလျှောက်ထားချက်ကို နှစ်သက်တော်မူ၍ ကိုယ်တော်တိုင် ရှမ်းပြည်သို့ ချီတော်မူသည်။ ဗညားဒလလည်း နန္ဒကျော်ထင်၊ဗညားပရံ၊ နန္ဒသူရိယ၊ ဗညားသံလိုက်၊ ဘယဂါမဏိ စသည့် တပ်မှူးများနည်းတူ ဆင်တပ်မှူးကြီးအဖြစ် ကြီးကြပ်တိုက်ခိုက်ခဲ့ရသည်။ ရှမ်းပြည်ထောင်တလွှားမြို့ရွာများသိမ်းယူပြီးလျှင် ဇင်းမယ်သို့ ချီကြပြန်၏။ ဇင်မယ်ပြည်ကို အောင်မြင်လျှင် ဗညားဒလ၊ ဗညားစက် နှစ်တပ်ကို တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ ဗိုလ်တစ်သောင်းတို့နှင့် ဇင်းမယ်ကိုမြို့စောင့်အဖြစ် ကွပ်ကဲထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်းခံရလေသည်။ သက္ကရာဇ် ၉၂၀ မင်းတရားကြီးအင်းဝတွင် စံတော်မူစဉ် ဇင်းမယ်မြို့၌ အရေးတော်ပေါ်ပေါက်လာပြန်သည်။ ဇင်းမယ်မြို့ရံဖြစ်သော ဗြဲအနန်း၊ ကလွန်းတုရိုင်း စသည့်မြို့တို့ လင်းဇင်းမင်းနှင့်ပေါင်းကာ ပုန်ကန်ကြသည်။ ဆင်ဖြူများရှင်သည် သမက်တော်သတိုးမင်းစောကို ဇင်းမယ်သို့ ချီစေသည်။ ဇင်းမယ်သို့ရောက်လျှင် ဇင်းမယ်မြို့စောင့် ဗညားစက်တို့နှင့်တိုင်ပင်၍ တုရိုင်မြို့ပျက်ပြီး တုရိုင်စားကို အရှင်ဖမ်းမိလေသည်။ သက္ကရာဇ် ၉၂၁ ခုနှစ်တွင် အမရပူရ အဝကျေးလက်ကို မဏိပူရကသည်းစော်ဘွားက ထိပါးလာသည်။ ဤအရေးတွင် ဗညားဒလ၏အကြံပေးလျှောက်ထားချက်ကို မင်းတရားကြီး သဘောနှစ်ခြိုက်တော်မူသဖြင့် အမတ်ကြီးဗညားဒလကိုပင် အကြီးအမှူးခန့်အပ်ကာ တပ်ပေါင်း ၅ တပ်၊ တိုက်ဆင် ၃၀ဝ၊ မြင်း ၃၀ဝ၀၊ စစ်သည် ၅၀,ဝ၀ဝ ဖြင့် ကြည်းကြောင်းချီစေသည်။ ကြည်းကြောင်းမှ ချီတက်သွားသောဗညားဒလသည် မဏီပူရကသည်းစော်ဘွားထံသို့ ရာဇသံစေလေသည်။ စော်ဘွားလည်းအညံ့ခံလေသည်။ ဗညားဒလလည်း တပ်ပေါင်း ၇ တပ်နှင့်အတူ မြို့တွင်းသို့ စစ်ရေးခင်းကျင်းဝင်ရောက်သည်။ ရောက်လျှင် ကသည်းစော်ဘွားအား သစ္စာခံစေသည့် အနေဖြင့် ဆင်ရေး၊မြင်းရေး၊ ဒိုင်းရေး၊ကာရေး၊ ကစားစေသည်။ အမြှောက်သေနတ်တို့ကိုလည်း မြို့ပဲ့တင်ထပ်မျှ ပစ်ဖောက်စေသည်။ ပြီးလျှင် စော်ဘွားနှင့်တကွ တမြို့လုံးမိစ္ဆာဒိဋ္ဌိအယူကိုပယ်ကာ ဗုဒ္ဓဘာသာသို့ဝင်စေသည်။ မဏိပူရစော်ဘွားသမီးတော်ကိုလည်း မဏိပူရအမတ်(၄)ဦး ဟံသာဝတီသို့တိုင် လိုက်လံဆက်သစေသည်။ သက္ကရာဇ် ၉၂၄ခုနှစ်တွင် အမတ်ကြီးဗညားဒလ၏အကြံပေးလျှောက်ထားချက်အရ ဟိုသာလား၊ မိုးနာ၊ စန္ဒားသို့ချီစေခဲ့ရာ တရုတ်စော်ဘွားများပင်သစ္စာခံကြသည်။ ဘုရင့်နောင်ကျော်ထင် နော်ရထာမင်းတရားကြီးသည် ဘုန်းတန်ခိုးလက်ရုံးနှင့် ပြည့်စုံလာသောအခါ ဆင်ဖြူရှင်ဟူသော အမည်ကို ခံယူလိုလာသည်။ မဟာလက်နက်နိုင်ငံတော်ကြီးကို စိုးပိုင်ရပြီးသည့်နောက် ဆင်ဖြူ တစ်စီးတလေမျှ မရှိလျှင် မတင့်တယ်ဟု ထင်မြင်လာသည်။ သက္ကရာဇ်(၉၂၅) ခုနှစ်တွင်ပင် မင်းတရားကြီးသည် ယိုးဒယားမင်းထံတွင်ရှိသောဆင်ဖြူလေးစီးမှ တစ်စီးကိုဆက်သရန် ဗညားဒလကို ရေးစေကာ ယိုးဒယားမင်းထံပေးပို့စေခဲ့သည်။ ယိုးဒယားမင်းလည်း ဆင်ဖြူကိုမပေးနိုင်ကြောင်း မင်းကျင့်တရား ၁၀ ပါးစောင့်မှပေးနိုင်ကြောင်းစာပြန်၍ စာအဆုံးတွင် တစ်ဂဏန်းရေးထည့်လိုက်၏။ ထိုသို့ ပိဋကတ်အလို ‘ဧက’ ဗေဒင်အလို ‘ဧစ်’ မြန်မာတို့အလို တစ်၊ မွန်တို့အလို အိုက် ဟုခေါ်ရာ ‘အိုက် ဟုဖွယ်’ ‘အွယ်ဟုဖိုက်’ ဆိုလို၍ ထို ‘အွယ်ဟုဖိုက်’ဟူသောစကားသည် ငါမကြောက်ဟု အဓိပ္ပာယ်ရကြောင်းကို ဗညားဒလလျှောက်ထားသည်။ သံစာတွင်ပါသော ‘တစ်’ ဂဏန်းအနက်ကို လျှောက်ထားသည်။ မင်းကြီးလည်း ဗညားဒလချေလေဟု အမိန့်တော်ရှိ၍ ရာဇာသံရေးပြီးလျှင် ယိုးဒယားသို့ စေပြန်၏။ ထိုစာအဆုံး၌ ‘နှစ်’ ဂဏန်း ရေးထည့်လိုက်သည်။ ထို ‘နှစ်’ ဂဏန်းအလိုကားပိဋကတ်တွင် ဒွေး၊ ဗေဒင်အလို စန်တရ၊ မွန်လို ဒွိတ်ဟု ခေါ်သည်။ ဒွိတ်အလိုကား’ဒွိတ်တလက်’ဟူ၏။ 'မကြောက်ကကြိုးနှင့်ချည်မည်’ဟု အဓိပ္ပာယ်ရသောစာနှင့် ယိုးဒယားမင်းထံစေလေ၏။ ဤကားအမတ်ကြီးဗညားဒလ၏ ဉာဏ်ပညာစွမ်းရည်ပင်တည်း။ ထိုမျှမကသေး ဘဝရှင်မင်းတရားကြီးတွင် ပြည်ထဲရေးရာများနှင့် ပက်သက်၍ တိုင်ပင်ကြံစည်ရန် ရှိသောအခါတို့လည်း ဗညားဒလကိုပင် ခေါ်ငင်တိုင်ပင်လေ့ရှိလေသည်။ တစ်ခါသော် သက္ကရာဇ် ၉၂၇ ခုနှစ်တွင် ဇင်းရုံးအရေး မျက်နှာမည်အရေးတို့ ပေါ်ပေါက်လာခဲ့၏။ ထိုအခါ ဘဝ ရှင်မင်းတရားကြီးလည်း သားတော် အိမ်ရှေ့မင်းနှင့်မှူးတကာ မတ်တကာတို့နှင့်တိုင်ပင်တော်မှူလေလျှင် ဗညားဒလသည် အချို့သော မှူးတကားမတ်တကာတို့နှင့် ဆန့်ကျင်၍ မကြောက်မရွံနောက်မတွန့်မူဘဲ မိမိ၏မြော်မြင်မှု၊ ဉာဏ်စွမ်းအလျောက် ဘဝရှင်မင်းတရားကြီးအား သင့်နိုးရာရာလျှောက်ထားရာ ဘဝရှင်မင်းတရားကြီးလည်း သည်ဗညားဒလအရေး’သည် ငါကြံတော်မှုသောအရေးနှင့်ညီလှ၏’ ဟုဗညားဒလ လျှောက်ထားချက်အတိုင်း စီရင်တော်မူ၏။ သို့စီရင်တော်မူသည့်အတိုင်းလည်း အရေးတော်ပြီးပြေအောင်မြင်ရသည်သာမက ထိုနှစ်အတွင်းမှာပင် လက်ဆောင်တော် အထူးထူးနှင့် ဇင်းရုံးမင်းသမီး၊ မျက်နှာမည်းမင်းသမီးတို့ကိုဆက်လျာပို့သပြန်ရကား ဘဝရှင်မင်းတရားကြီးက‘ဗညားဒလအရေးသည်အလွန်ဖြစ်ခဲလှ၏’ဟူ၍ ကြီးစွာသောဥဒါန်း၊ မော်ကွန်းစကားကိုလည်း မိန့်တော်မူ၏။ ကြီးစွာသောဆုကြီး၊ လာဘ်ကြီး၊ မှူးကြီး၊ မတ်ကြီးတို့၏အဆောင်အယောင်တို့ထက် လွန်ကြူး၍ အိမ်ကိုလေသာနှင့်တကွ ရေအိမ်ကြက်ခြေတင်နှင့်တကွ နေထိုင်စေရန် ဆုကြီးများကို ပေးတော်မူဘိသည်။ ဤသို့ဘဝရှင်မင်းတရားကြီး၏ တိုင်ပင်တော်တိုင်ပင်ဘက် လက်ရုံးသဖွယ်ဖြစ်ပေသော ပညာရှိအမတ်ဖြစ်ရကားသက္ကရာဇ် ၉၂၈ ခုနှစ်မှစ၍ ဟံသာဝတီမြို့သစ်တည်ရာ၌လည်းကောင်း၊ သက္ကရာဇ် ၉၂၉ ခုနှစ်တွင် ရွှေနန်းတော်တည်ရာ၌ လည်းကောင်း ဗညားဒလကိုပင်ဝန်၊ စီရင်တော်မှု၏ နောက်ထိုသက္ကရာဇ်၉၂၉ခုနှစ် အတွင်း ထိုနန်းတော်ကြီး၌ပင် အဆောင်နေရာပေးတော်မူရာ၌ ဗညားဒလအမတ်ကြီး၏ အမည်မှာ ထိပ်ဆုံးကပါလာသည်။ ပါဟန်ကား- ဗညားဒလကိုနေရာတော်လက်ဝဲတော်ဦးဗောင်းကတ္တီပါမွမ်း၊ အမဗောင်းကတ္တီပါရွှေပြောင်းမွမ်း၊ အဖျားကတောင်ရွှေသားလေးမတ်၊ သင်ကျစ်လေးမျက်နှာစိန်တောရံ၊ စလွယ်၉သွယ်၊ သက္ကလပ်အဖုံးနှင့်တကွ၊ ရွှေကရား၊ ရွှေမြူးတေး၊ ရွှေလင်ပန်းပတ်တမြားတောင်ဝှေး၊ ပတ်တမြားပန်းချင်း၊ ခြေမစွပ်၊ လက်မစွပ်မှီအုံးလက်ဆေးအင်၊ ထီးနီညောင်ရွက်သုံးဆင့်၊ ထီးရိုးထီးလက်၊ရွှေသံလျှင်တနဲခုနှစ်ဝန်း၊ စည်ခုနှစ်လုံးနှဲသုံး၊ ခရားသုံး၊ အိမ် ငါးဆက်၊ ကြက်နင်း ငါးတန်၊ လေသာတဲ့လား၊ ကငေါက်နှင့်လှေစခင် အယင်းချင်ပိတ်နီ၊ ဖဲပေါင်းအစိမ်းမိုးပေးတော်မူးသည်။ ရုံးလည်းရသည်။ ဤအဆောင်နေရာ၊ ဤ အဆောင်အယောင်များကိုကြည့်ခြင်းအားဖြင့် ဘဝ ရှင်မင်းတရားကြီးသည် ဗညားဒလအား မည်မျှအရေးပေး လေးစာတော်မူကြောင်းကိုသိနိုင်သည်။ ၉၃၄ ခုနှစ်တွင် လင်းဇင်းဗညားသေရ်အရေး ပေါ်ပေါက်လာသည်။ ဤအရေးတွင်ကား အမတ်ကြီးဗညားဒလက ဇင်းကျေးသောင်းရက်သို့ကျွန်တော်သွား၍ ဗညားသေရ်ကို အရေးဆိုမည်။ ယင်းသို့ ဆို၍ အရေးတော်မပြီးမှ ညီတော် သားတော်တို့ကိုအလုံးအရင်များနှင့် ချီစေ၍ လုပ်ကြံတော်မူစေသင့်သည်ဟု လျှောက်ထားသည်။ မင်းတရားကြီးလည်း ဤအရေးသင့်လှသည်ဟု မိန်ကြားပြီး ဗညားဒလသွား၍ အရေးတော်ဆိုချေဟု အမိန့်တော်ရှိ၏။ အမတ်ကြီးဗညားဒလလည်းစစ်သည်ဗိုလ်ပါ ဆင်လုံးမြင်းလုံးများနှင့် ချီရာ လင်းဇင်းအနီး သောင်ရက်ရောက်လျှင် သံနှစ်ယောက်ကို ရာဇသံစေလိုက်သည်။ လင်းဇင်းဗညားသေရ်သည် မချေမငံသော စကားကိုဆိုသည်။ ယခုပင် ငါချီ၍ လင်းဇင်းသားတိုကို တိုက်ခိုက်တော်မူမည်ဟုဆိုသည်။ သိုရာတွင် စစ်မူးစစ်ကဲတို့က အလုံးအရင်းလည်းနည်းသည်။ သောင်ရက်တွင် နှစ်လခန့်နေပြီး၍ မျိုးရိက္ခာလည်းကုန်ရာ ကြံ၍လည်းမရသောကြောင့် ရဲမတ်အပေါင်းတို့လည်းငတ်မွတ်ညှိုးငယ်ကြကုန်၏။ ဇင်းမယ်စစ်ကူ ယိုးဒယားစစ်ကူတို့လည်း မရောက်သေး။ ထိုကြောင့် ငံ့ဦးမှ သင့်မည်ဆိုလေလျှင် မျိုးရိက္ခာလည်းရှာကြံရင်း စစ်ကူများကိုလည်းစောင့်ဆိုင်ရင်း သောင်ရက်မှဆွတ်ခွာပြန်လာသည်။ ဗညားဒလတို့သောင်ရက်မှ ပြန်လာပြီ ဟူ၍ကြားလျှင် အရေးပြီး၍လာပြီထင်သောကြောင့် ယိုးဒယားစစ်ကူများလည်း မိမိတို့သောင်းရက်မြို့သို့ ပြန်ကြလေသည်။ ဇင်းမယ်စစ်ကူများလည်း ခရီးလတ်က ပြန်ကြ၍ ဗညားဒလ ပြန်လာကြောင်း မင်းတရားကြီးအား လျှောက်ထားကြသည်။ ဆင်ဖြူရှင်ဘဝရှင်မင်းတရားကြီးလည်း ဗညားဒလကိုမျက်တော်ရှိ၍ အလုပ်အကျွေး ကျွန်ငါးယောက်နှင့်ဇနက် ဟူသော ယိုဒယားကျေးရွာတွင် ထားလေသည်။ ဗညားဒလနှင့် လင်းဇင်းသို့လိုက်ပါသွားကြသော ပိုက်ညံအစရှိသည့် တပ်မှူးစစ်ကဲအပေါင်းတို့အား ဟံသာဝတီသို့ ခေါ်ယူပြီး ကျေးကျွန်သင်းပင်တို့ကို ရုပ်သိမ်းတော်မူသည်။ အမတ်ဗညားဒလကို ထားတော်မူ၍ ငါးလခန့် ရှိလျှင် ဇနက်ဟူသောအရပ်သည် ဖျားနာတတ်သည်ဟုယိုးဒယားမင်းကယူပြီးလျှင် ကမန်ပိုက်တွင် ထားစေသည်။ ဗညားဒလကို ပြောင်း၍ထားကြောင်းကိုလည်း ယိုးဒယားမင်းကဆင်ဖြူများရှင် ဘဝရှင်မင်းတရားကြီးထံ လျှောက်ထားသည်။ မင်းကြီးလည်း မည်သို့မျှအမိန့်တော်မရှိ။ အမတ်ကြီးဗညားဒလသည်လည်း ကမန်ပိုက်သို့ ရောက်၍ တစ်လကြာလျှင် သက္ကရာဇ် ၉၃၄ ခုနှစ်၌ ကြမ္မာကုန်လေသည်။ မွန်ဝန်ကြီးဗညားဒလ စစ်ရေး၊ နိုင်ငံရေးဆောင်ရွက်ချက်များမှာ သက္ကရာဇ် ၉၁၆ ခုနှစ်မှ ကွယ်လွန်သော ၉၃၄ ခုနှစ်အထိ ( ၁၈ ) နှစ်ကာလအတွင်း လွန်စွာမှများပြားလှ၏။ သူ၏ အကြံပေးလျှောက်ထားချက်များအရပင် မြန်မာတစ်နိုင်ငံလုံး သိမ်းရုံးဖွဲ့စည်းနိုင်သည့်အပြင် တိုင်းတစ်ပါးခြား ယိုးဒယားမဏိပူရသို့ ချီတတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။ သူ၏ဘဝတွင် တစ်စောင်တစ်ဖွဲ့ဆို ဆိုသလောက်ပင် မြန်မာစကားပြေဖြင့် စံပြဘာသာပြန်ဆိုရေးသားသွားသည့် ရာဇဓိရာဇ်အရေးတော်ပုံကျမ်းနှင့် သူ့အမည်ကိုကား ယနေ့ နှစ်ပေါင်း ၄၂၆ တိုင်သော်လည်း မမေ့နိုင်သေးပေ။ သူ့အမည်မှာ ယနေ့တိုင် ထင်ပေါ်ကျော်ကြား လူသိများနေဆဲပင်။ သူပြုစုခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာလည်း သစ်လွင်တောက်ပဆဲပင်ဖြစ်ပေသည်။ ဘုရင့်နောင်နှင့် ဗညားဒလ သို့သော် ရာဇဝင်ကျမ်းအစောင်စောင်တို့တွင် ဗညားဒလကို ဘုရင့်နောင်အား လုပ်ကြံရန် အကြိမ်ကြိမ်ကြိုးပမ်းသူအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ ထင်ရှားသည့် အကြိမ်များမှာ- ဘုရင့်နောင် ဟံသာဝတီကို သိမ်းပိုက်ပြီးနောက် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်က ဓားလက်နက်တို့ကို မြေတွင်မြုပ်စေပြီး ေဝါထမ်းသူတို့ကို စည်းရုံးကာ ထိုနေရာအရောက်တွင် ဓားလက်နက်တို့ကို ထုတ်ယူ၍ ဘုရင့်နောင်ကို လုပ်ကြံရန် စီစဉ်ခဲ့သည်။ ဝေါထမ်းသူတို့ ထိုနေရာအရောက်တွင် မငြိမ်မသက်ဖြစ်နေသဖြင့် မသင်္ကာသောကြောင့် စစ်ဆေးစေရာ ဗညားဒလအကြံပေါ်လေသည်။ သို့သော် မင်းတရားကြီးက "ဗညားဒလ ငါ့ကိုမကြံရာ၊ ကြံသော်လည်းမဖြစ်ရာ။" ဟု မိန့်ကာ ေဝါထမ်းသူတို့ကိုသာ သတ်စေသည်။ နောက်တစ်ကြိမ် ဘုရင့်နောင်မင်းတရားကြီး ရွှေမော်ဓောစေတီသို့ တက်ရောက်စဉ်တွင်လည်း တန်းဆောင်းတို့တွင် လူသန်လူမာ တစ်ကျိပ်(၁၀)ကို မုခ်ဦးထက်တက်ကာ နေစေသည်။ ဘုရင့်နောင် ဘုရားမှအဆင်းတွင် လုပ်ကြံရန်ဖြစ်သည်။ သို့သော် ဘုန်းကြီးလှသော မင်းဖြစ်သည့်အတွက် မုခ်ဦးရောက်ခါနီးတွင် ထိုသူတို့မုခ်ထက်မှ ပြုပ်ကျကြသည်။ စစ်ဆေးပြီး အမှုပေါ်သော် ဗညားဒလကို လွှတ်၍ ထိုကျွန်တစ်ကျိပ်ကို ကွပ်မျက်စေသည်။ တစ်ကြိမ်တွင် ဘုရင့်နောင် ဖောင်ပေါ်သို့တက်ရန် ရှိစဉ် လူနှစ်ယောက်ကို ဓားလွတ်ပေး၍ ရေထဲတွင်ငုပ်ကာ လုပ်ကြံရန် စောင့်စေသည်။ ရေပလုံစီထသည်ကိုတွေ့၍ မသင်္ကာသဖြင့် စစ်ဆေးစေရာ အကြံပေါ်သဖြင့် ထိုလူနှစ်ဦးကို သတ်စေသည်။ ဗညားဒလကိုကား လွတ်မြဲလွတ်စေ၏။ သို့သော် စစ်ရေးပေါ့လျော့သဖြင့် ဗညားဒလအား ဇနက်ဟူသောအရပ်သို့ အလုပ်အကျွေး ၅ဦးဖြင့်ပို့ခဲ့သေးသည်။ ဗညားဒလမကျန်းမာကြောင်း ကမန်ပိုက်စားက လျှောက်တင်လာသောအခါ ကမန်ပိုက်တွင် ထား၍ ကျန်းမာအောင်နေစေသည်။ သို့သော် တစ်လအကြာတွင် ကမန်ပိုက်၌ ဗညားဒလကွယ်လွန်သည်။ ရည်ညွှန်းကိုးကား တပင်ရွှေထီး-ဘုရင့်နောင် တောင်ငူရာဇဝင်စဆုံး မြန်မာမင်းများအရေးတော်ပုံကျမ်း (၆စောင်တွဲ) မြန်မာနိုင်ငံ၏ သမိုင်း တောင်ငူ-ဟံသာဝတီခေတ် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%8A%E1%80%AC%E1%80%B8%E1%80%92%E1%80%9C%20%28%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
ရယ်ခြင်းကြီးသုံးပါး
သုံးပါးတသီး၊ ရယ်ခြင်းကြီးကား၊ ဇနီးအိမ်ရှင်၊ မိမိလင်လည်း၊ ချစ်ခင်သောအား၊ သမီးသားကို၊ ပိုက်ဖျားအားရမ်း၊ ချီရှုတ်နမ်းသော်၊ မယ်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးတမြတ်၊ သင့်သားမှတ်၍၊ လှည့်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊ မထီမလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏။ ငါ့လယ်ငါ့ယာ၊ ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း၊ အရှင်မဲ့ပါ၊ ငါတို့မှာကား၊ ကမ္ဘာမကျေ၊ မချင်းနေ၏၊ အောက်သွေယွင်းယို၊ သင်တို့ကိုယ်မှ၊ လိုမပိုင်ဘဲ၊ ဖွယ်သရဲဟု၊ ကျိန်ဆဲသောနှယ်၊ မြေကရယ်၏။ ငါ့ဝယ်ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်ကို၊ ဧည့်ဆိုက်မျှသာ၊ တည်းခိုပါရှင်၊ ငါးဖြာရန်သူ၊ ယူလှည့်တို့ပါ၊ သေမင်းခွာလည်း၊ သင့်ရာအလျောက်၊ တို့ရောက်သည်ပင်၊ တို့အရှင်လျှင်၊ ဖြစ်ချင်လွန်းလှ၊ လွန်မင်းစွဟု၊ ဒေါသချီချယ်၊ ရွှေငွေရယ်သည်၊ သုံးသွယ်ရယ်ဆေး ပျက်သွမ်းသွေး။ စိန္တကျော်သူဦးဩ ဩဝါဒထူးပျို့ - ၁၅ ပိဋကကျမ်းလာ လှောင်ပြောင်ရယ်မောခြင်းသုံးမျိုးကို စိန္တကျော်သူဦးဩက လင်္ကာစပ်ဆိုထားတာဖြစ်ပါတယ်။ အဖွင့် “ပိုက်ဖျားအားရမ်း” မှာ “အား”ဆိုတာ အားရပါးရ၊ လိုလိုချင်ချင်လို့ ဆိုပါတယ်။ “အောက်သွေယွင်းယို”၌ “အောက်”မှာ ကုန်လွန်ပျက်စီးခြင်း အနက်ကို ဆိုလိုသည်။ ဤလင်္ကာမှာ ဗုဒ္ဓဝါဒ ကျမ်းထွက် အလိုဖြစ်သည်။ မြန်မာ ကဗျာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9A%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%AB%E1%80%B8
ဣဿရ နိမ္မာနဝါဒ
ဣဿရ နိမ္မာနဝါဒ ကို အင်္ဂလိပ်လိုအားဖြင့် Concept of God ဟုဆိုနိုင်မည်ဖြစ်ပြီး မြန်မာဘာသာအားဖြင့် ထာဝရဘုရားသခင် အယူအဆဟု ဆိုနိုင်ပေမည်။ ဤဖွင့်ဆိုချင်မှာ ယေဘုယျအားဖြင့် ဗုဒ္ဓဝါဒအမြင်ရှုထောင့်မှဟု ဆိုနိုင်သည်။ ဤသည်ကား နောက်ဆုံးတွင် လူသား၏ စိတ်ကူးစိတ်သန်းနှင့် လူသားဝါဒတို့၏ ပေါင်းစည်းမှုဖြင့် ဘာသာတရား ပေါ်ပေါက်ဖြစ်ထွန်းလာပုံပင်ဖြစ်သည်။ အချို့သော လူပုဂ္ဂိုလ်တို့က ဘာသာတရားကို ထာဝရဘုရားသခင်ဖန်ဆင်းပြုပြင်ခဲ့သည်ဟု ဆိုခြင်းမှာ ယုံကြည်လက်ခံနိုင်ရန် ခက်ခဲကြောင်း ပြောကြသည်။ လူသားသည် ဘာသာတရားကို ဦးစွာဖန်တီးပြီး နောက်ပိုင်းတွင် ဘုရားသခင်အယူအဆကို ဘာသာတရားထဲသို့ သွတ်သွင်းခဲ့သည်ဟုသာ ပြောနိုင်ပေလိမ့်မည်။ အမေရိကန် ဒဿနပညာရှင်တစ်ဦးဖြစ်သော ပါမောက္ခ ဝှိုက်ဟက် (Prof. Whitehead) က “မူလအစတွင် လူသားက ဘုရားသခင်ကို ဖန်ဆင်းပြီး၊ နောက်ပိုင်းတွင် ဘုရားသခင်က လူသားကို ဖန်ဆင်းတော့သည်”ဟု ဆိုဖူးသည်။ သူ့ဆိုလိုချက်အရ ထာဝရဘုရားသခင်ကို လူသားကပင် ပြုလုပ်ပုံဖော်ခဲ့ပြီး နောက်ပိုင်းတွင်မှ ဖန်ဆင်းရှင်နတ်ဘုရား အယူအဆသို့ ပြောင်းလဲခဲ့ခြင်းဖြစ်၏။ အခြားတစ်ဖက်တွင် ပြင်သစ်တွေးခေါ်ပညာရှင် အက်နတိုး ဖရန့်စ် (Anatole France) က “ထာဝရဘုရားသခင် အယူအဆသာမရှိခဲ့လျှင်လည်း လူသားသည် တစ်နည်းမဟုတ်တစ်နည်း တစ်ပါးပါး ဖန်ဆင်းခဲ့ရလိမ့်မည်။ အကြောင်းမူကား ၎င်းသည် စိတ်ဝိညာဉ်အတွက် အလွန်အရေးကြီးသောကြောင့်ဖြစ်၏”ဟု ပြောခဲ့ဖူးသည်။ ကျွန်ုပ်တို့၏ ဗီဇသဘာဝအရ ဖြစ်ပေါ်လာသော ဘေးကြောက်မှုများ၊ သံသယတရားများ၊ စိုးရိမ်သောကများ၊ စိတ်ပျက်ညည်းငြူမှုများ၊ ပူဆွေးငိုကြွေးရမှုများနှင့် အလိုရမ္မက်ကြီးမှုများကို ပြေပျောက်စေရန် ဒေဝတန်ခိုး စွမ်းအင်တစ်မျိုးကား အမှန်ပင်လိုအပ်လှပေသည်။ ပြဿနာ အကျပ်အတည်းများကို ရှောင်ရှားရန် ကျွန်ုတို့သည် ပြင်ပစွမ်းအင် တစ်မျိုးမျိုး၏ နှစ်သိမ့်ပေးမှုတို့အပေါ် မှီခိုအားထားလေ့ရှိသည်။ ထို့ကြောင့်ပင်လျှင် အက်နတိုး ဖရန့်စ်က ဘုရားသခင်မရှိခဲ့လျှင်လည်း မဖြစ်မနေတစ်ပါးပါး ဖန်ဆင်းရလိမ့်မည်ဟု လူ့စိတ်သဘောသဘာဝကို နားလည်စွာပြောခဲ့ခြင်းဖြစ်သည်။ ဤအတိုင်းသာဆိုလျှင် ကျွန်ုပ်တို့သည် ကလေးသူငယ်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ မအားမလပ်ဖြစ်နေသော မိခင်သည် ပူဆာငိုကြွေးနေသော ကလေးငယ်ကို မချီပိုး မချော့မြှူအားသောကြောင့် ပါးစပ်ထဲသို့ နို့သီးခေါင်းတစ်ခု ထည့်ပေးခြင်းဖြင့် နှစ်သိမ့်မှု ပေးနိုင်ပေလိမ့်မည်။ ဤအပြုအမှုသည် ကလေးငယ်ကို အငိုတိတ်စေလိမ့်မည်။ ဘုရားသခင်အယူအဆသည် လူသားအပေါင်းတို့အား ဤနည်းအတူပင် ကူညီနှစ်သိမ့်မှု ပေး၏။ သူတို့၏ စိုးရိမ်ကြောင့်ကြမှုများ ပြေပျောက်ရပ်တန့်စေရန်နှင့် ပူဆွေးငိုကြွေးရသော မျက်ရည်များ ခန်းခြောက်စေရန် လူသားတို့သည် ဘာသာရေး ယုံကြည်မှုများနှင့် ကျင့်စဉ်ပုံစံများအဖြစ် အမျိုးမျိုးသော နှစ်သိမ့်ပေးစရာများ တီထွင်ဖန်တီးကြသည်။ ကိုးကား သီအိုလော်ဂျီ
https://my.wikipedia.org/wiki/%E1%80%A3%E1%80%BF%E1%80%9B%20%E1%80%94%E1%80%AD%E1%80%99%E1%80%B9%E1%80%99%E1%80%AC%E1%80%94%E1%80%9D%E1%80%AB%E1%80%92
ဘာသာတရား
ဘာသာတရား (ခေါ်) ဘာသာအယူဝါဒ (religion OR philosophy) သည် လူမှုအသိုင်းအဝိုင်း အသီးသီး၌ မွန်မြတ်မှန်ကန်လှသည်ဟု ယူဆကြသော၊ ကိုးကွယ်ကြ (သို့) ကျင့်ကြံကြသော အကောင်း-အဆိုး ဗေဒ နှင့် လောကကြီးအကြောင်းကို အမှတ်ကန်ဆုံး ရှင်းပြသည်ဟု အသီးသီး ယုံကြည် (သို့) ယူဆကြသော သဘာဝတရား ဗေဒ အစုအဝေး အမျိုးမျိုး ဖြစ်သည်။ သို့ဖြင့် မိမိ ရွေးချယ်ယုံမှတ်ရာ ဝါဒ အသီးသီးကိုလိုက်၍ မိမိဘဝ၌ ကျင့်ကြံအပ်သော အပြုအမူနှင့် ဆုံးဖြတ်နည်းများ၊ အောက်မေ့အပ်သော အယူအဆများ မိမိအဖို့ ရရှိမည်ဟု သဘောထားကြသည်။ ဤအခြင်းအရာတို့မှာ ယူဆပုံတို့ဖြင့်သာမက အခေါ်အဝေါ် အသုံးအနှုန်းနှင့်ပင် လိုက်၍ အငြင်းပွားဖွယ် အမျိုးမျိုး ရှိနိုင်သည်။ ကမ္ဘာတွင် ယူဆရွေးချယ်မှု များကြသော အယူဝါဒတို့ကို အရင်းစစ်ကြည့်လျှင် သဘောအသွင်ကို - ပုံအပ်ယုံကြည်ဖွယ် အပိုင်း (religion) နှင့် မြှုပ်နှံလေ့ကျင့်ဖွယ် အပိုင်း (spirtial practice) ဤ၂မျိုးအနက် တခုခုအဖြစ် လည်းကောင်း၊ ၂ခုလုံး ရောနှောမှုဖြင့် လည်းကောင်း တွေ့ရတတ်သည်။ ဥပမာအားဖြင့် မိမိတို့၏ အဖြစ်အပျက်များအလုံးကို နတ်ဘုရားတပါးပါးက (သို့) နတ်ဘုရားအများက ချုပ်ကိုင်ထား၍ ထိုနတ်ဘုရားကို အစဉ် ရိုသေသင့်သည် ဆိုသည့် အယူအဆမျိုးမှာ ပုံအပ်ယုံကြည့်ဖွယ် အပိုင်း ဖြစ်သည်။ သို့တည်းမဟုတ် လောကအဖြစ်အပျက် သဘောတရားတို့ကို မည်သို့ ယူဆသင့်၍ ထိုအတွင်း၌ မည်သို့ ကျင့်ကြံနေထိုင်သင့်သည် ဆိုသည့် အယူအဆမျိုးမှာ မြှုပ်နှံလေ့ကျင့်ဖွယ် အပိုင်း ဖြစ်သည်။ သို့ဖြင့် များစွာသော အယူဝါဒတို့၌ ဤအပိုင်း၂မျိုးက ရောယှက်လျက်လည်း ပါဝင်နေနိုင်ပြီး ဝါဒီတဦးချင်းစီ၏ တကိုယ်ရည် အသေးစိတ် ယူဆပုံတို့အလိုက်လည်း အမျိုးမျိုး ကွာခြားနိုင်သေးသည်။ အချို့ဝါဒများက တပိုင်းထက် ပို၍ ကျန်တပိုင်းကိုလည်း ကိုယ်စီ အားပြုတတ်၊ အသားပေးတတ်သည်။ များစွာသော အယူဝါဒတို့မှာ နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံမျိုးကို အားပြုတွေးခေါ်လျက် လူတို့၏ ဖြစ်တည်မှု အဓိပ္ပါယ်ကို ဆန်းစစ်အဖြေလျာမှုများ ပါဝင်တတ်သည်။ အယူဝါဒတို့အပေါ် မှီတည်လျက် တဦးချင်းစီထားသင့်သော ကျင့်ဝတ်များ ပေါ်ထွက်နိုင်သကဲ့သို့ လူ့အဖွဲ့အစည်းအားဖြင့် စုပေါင်းပြုမူအပ်သော စည်းမျည်းတို့လည်း ပေါ်ထွက်တတ်သည်။ သို့ဖြင့် လူ့ယဉ်ကျေးမှု၏ ပဓာန အရေးကြီးသော အခန်းကဏ္ဍတရပ် ဖြစ်နေတော့သည်။ လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် ဘာသာနှင့်ကျောင်းတော်ဝါဒပေါင်း ၄,၃၀၀ ကျော်ရှိကြသည် ဟု သုတေသီအချို့က ရေးသားကြသည်။ ဘာသာတရား အစ ကိုးကွယ်မှုက ကမ္ဘာလောကမှလူအများသည် ကမ္ဘာဦးကာလမှစ၍ ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို ရင်ဆိုင်တွေ့ကြုံ ခံစားခဲ့ကြရသည်။ ယခု ရင်ဆိုင်နေကြရ၍ နောင်လည်း ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။ ထို ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို တွေ့ကြုံကြရသောအခါ ဘေးအန္တရာယ်တို့မှ ကာကွယ် စောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ်ကို မျှော်လင့်ခဲ့ကြသည်။ ရှာဖွေခဲ့ကြသည်။ ကိုးကွယ်ရာအဖြစ် အသိအမှတ်ပြုလိုခဲ့ကြသည်။ ယင်းသို့ဖြင့် မြစ်များ၊ ချောင်းများ၊ သစ်ပင်တောတောင်များသည် လူတို့၏ ကိုးကွယ်ရာအဖြစ်သို့ ရောက်ခဲ့ကြရသည်။ အသိဉာဏ် မဖွံ့ဖြိုးသေးသော ကမ္ဘာဦးကာလ လူသားများသည် မြစ်ကို နတ်ဘုရားအဖြစ် ထင်မှတ်ခဲ့ကြသည်။ မြစ်သည် သောက်စရာရေကိုလည်း ပေးသည်။ သစ်ပင်သီးနှံကိုလည်း ဖြစ်ထွန်းစေသည်။ ရေထဲမှ စားစရာ သားငါးကိုလည်း ရသည်။ ဤသို့ လူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေသလို တစ်ခါတရံတွင် မြစ်ရေများလျှံတက်၍ လူတို့စိုက်ပျိုးထားသော သီးနှံပင်များ၊ လယ်ယာစိုက်ခင်းများ၊ ကျွဲနွားတိရစ္ဆာန်များကို ဖျက်ဆီးပစ်တတ်သည်။ လူတို့၏အသက်စည်းစိမ် ချမ်းသာများကို ချေမှုန်းပစ်တတ်သည်။ လူတို့အား အကျိုးပြုခြင်း၊ ဖျက်ဆီးခြင်း နှစ်မျိုးကို ပြုတတ်သောကြောင့် မြစ်ကိုပင် ဖန်ဆင်းရှင်အဖြစ် ထင်မှတ်လာခဲ့ကြသည်။ ထိုမြစ်၌ မျက်စိနှင့်မမြင်နိုင်သော တန်ခိုးရှင်နတ်ဘုရား ရှိမည်ဟု ယုံကြည်လာကြတော့သည်။ လူတို့၏ကောင်းကျိုး ဆိုးကျိုးကို မျက်စိနှင့် မမြင်ရသော ထိုနတ်ဘုရားက စီရင်ဖန်တီးနေသည်ဟု ခံယူခဲ့ကြသည်။ ထို့အတူ မီး၊ ရေ၊ လေ တို့ကို၎င်း သစ်ပင်တောတောင်များကို၎င်း ယုံကြည်မှတ်ထင်ကာ ကိုးကွယ်ခဲ့ကြသည်။ မီး၊ ရေ၊ လေ အဆင့်မှ မီးနတ်၊ ရေနတ်၊ လေနတ် စသည်ဖြင့် တစ်ဆင့်တက်၍ ယုံကြည်လက်ခံကြပြန်သည်။ မျက်စိနှင့် မမြင်နိုင်သည့် များပြားလှသော နတ်များကိုလည်း မှန်းဆကိုးကွယ်ခဲ့ကြသည်။ စိုးရိမ်ကြောက်လန့်မှု၊ မျှော်လင့်အားကိုးမှု တို့ကို အခြေခံ၍ မျက်ရမ်း မှန်းဆမှု အနေမျိုးဖြင့် အစပျိုးခဲ့သည်။ ကာလကြာသောအခါ စဉ်းစားဆင်ခြင်တတ်သော ဉာဏ်ဖြင့်ယှဉ်သော ကိုးကွယ်မှုကို ပို၍ နှစ်သက်ကြလေသည်။ ဆင်ခြင်တုံတရားနှင့် သုံးသပ်ဆင်ခြင်၍ ကိုးကွယ်လာခဲ့ကြသည်။ လက်တွေ့မျက်မြင်ဘဝ လောက်ကိုသာ မကြည့်တော့ဘဲ အနာဂတ်ဘဝကိုလည်း ပတ်ဝန်းကျင် သဘာဝ ဖြစ်ရပ်များ၏ စေ့ဆော်မှုကြောင့် ရှုမြင်သုံးသပ်လာခဲဲ့ကြသည်။ ငြိမ်းချမ်းမှုကို တကယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိမရှိကိုလည်း အကဲဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ကိုးကွယ်မှု သမိုင်းကြောင်းသည် ပြောင်းလဲလာသည်။ ကိုးကွယ်မှုများသည် ဒေသတစ်ခုနှင့် တစ်ခု မတူကြတော့ဘဲ ဘာသာတရားအဖြစ် ပြောင်းလဲလာသည်။ ဖွင့်ဆိုချက်များ ဘာသာတရား၏ သဘာဝနှင့် အဓိပ္ပာယ်ကို ပညာရှင်တို့သည်လည်း မိမိတို့ စရိုက်ဝသီအတိုင်း အမျိုးအမျိုး ရှုမြင်ကြသကဲ့သို့ ခြားနားများပြားသော ထင်ကြေးများကိုလည်း ပေးကြလေသည်။ အယ်လ်ဒပ်စ် ဟပ်စလေ (Aldous Huxley) ၏ အဆိုအရ ဘာသာတရားဟူသည် အဓိကအားဖြင့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယင်းဖြင့် လူသားတို့သည် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင်လည်းကောင်း၊ မိမိတို့လှုပ်ရှားကျင်လည်နေရသော လူမှုအဖွဲ့အစည်းပေါ်တွင်လည်းကောင်း လိုလားနှစ်သက်အပ်သော အပြောင်းအလဲများ ပိုင်ဆိုင်ရရှိစေရန် မိမိတို့ကိုယ်ကို ပထမလေ့ကျင့်နိုင်သည်။ ဒုတိယအဆင့်တွင် သိမြင်မှတ်သားမူဆိုင်ရာ သတိစွမ်းရည်ကို မြှင့်တင်နိုင်ပြီး၊ ဤသို့ဖြင့် နေထိုင်ရာ သဘာဝစင်္ကြာဝဠာနှင့် သူတို့အကြား ကူးလူးဆက်ဆံမှုများ၏ လုံလောက်ပြည့်စုံမှုကို တည်ဆောက်ဖန်တီးနိုင်ပေသည်။ ဒေါက်တာရာဓ ခရစ်ရှနန် (Dr.Radhakrishnan) ကဲ့သို့ ခေတ်သစ်အိန္ဒိယ အတွေးအခေါ်ရှင်များက "ဘာသာတရားဟူသည် လိုက်နာကျင့်သုံးမှုဆိုင်ရာ ကျမ်းစာအစုအဝေးကို ခေါ်ဆိုခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ရပ်သာဖြစ်သည်"ဟု ဖွင့်ဆို တင်ပြကြ၏။ သူတို့ဆိုလိုသော ဘာသာရေးအတွေ့အကြုံဟူသည်လည်း "လူနှင့်နတ်ဝိညာဉ်တို့၏ ပူးကပ်တည်ရှိမှု"အား သိမြင် နားလည်မှုအပေါ် အခြေခံသည်ဟု ဆို၏။ စာရေးဆရာကြီး အိပ်ချ် ဂျီဝဲလ် (H. G. Wells) ကလည်း "ဘာသာတရားဟူသည် ကျွန်ုပ်တို့၏ စာရိတ္တကျင့်ဝတ်ကို အဆုံးအဖြတ်ပေးသော ပညာရေးဗဟိုချက်မဖြစ်သည်"ဟု ဆို၏။ ဂျာမန်ဒဿနပညာရှင် ကန့် (Kant) ၏ အဆိုအရ "ဘာသာတရားဟူသည် သွေဖည်၍မရသော၊ မမှိတ်မသုန် လက်ခံကျင့်သုံးရမည်ဖြစ်သော ဥပဒေတရားများကဲ့သို့ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများကို နာလည်လက်ခံမှုတစ်ရပ်ဖြစ်သည်" ဟူလို။ ခြားနားချက် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ဘာသာတရား၏ အဓိပ္ပာယ်ကို အလွန်ကျယ်ပြန့်စွာဖွင့်ဆိုနိုင်ရကား ဘာသာတရားဟူသည် စာရိတ္တကျင့်ဝတ်နှင့် တွေခေါ်မြော်မြင်မှုဆိုင်ရာ ဆုံးမဩဝါဒများ၏ သိုအောင်းခိုမှီးရာ ပဓာနကိုယ်ထည်ဖြစ်ပြီး၊ ထိုကဲ့သို့သော အဆုံးအမများကို ယုံကြည်မှုသဒ္ဓါတရားဖြင့် လိုက်နာကျင့်သုံးခြင်းဖြစ်ပေသည်။ ဤအဓိပ္ပာယ်ရှုထောင့်မှ ကြည့်လျှင် ဗုဒ္ဓ၏အဆုံးအမကို ဘာသာတရားဟု ခေါ်ဝေါ်သတ်မှတ်နိုင်ပေရာသည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည် ယခင်ပြဆိုခဲ့သော အထွေထွေယေဘုယျ ဖွင့်ဆိုချက်များနှင့်ကား တိတိပပ မကိုက်ညီလှချေ။ အကြောင်းမူကား ဗုဒ္ဓဘာသာသည် အခြားသော ဘာသာအယူဝါဒများနှင့် များစွာသော ခံယူချက်တို့တွင် တူညီမှု မရှိသောကြောင့်ဖြစ်သည်။ ထိုဘာသာအုပ်စု(၇)မျိုးတို့တွင် (၁) ဟိန္ဒူဘာသာ၏ အယူဝါဒ ဗြာဟ္မဏတို့ ဟောကြားထားအပ်သော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံး ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် မဟာဗြဟ္မာ” ထာ၀ရ ဘုရားသခင်ကို ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ (၂) ဗုဒ္ဓဘာသာ၏ အယူဝါဒများ ဗုဒ္ဓ နှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆို အမိန့်များကို လိုက်နာ ကျင့်သုံး၏။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရတနာသုံးပါးကို အသိအမှတ်ပြုဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်ရာ နာထဟု သုံးနှုန်းပါသည်။ ဖန်ဆင်းရှင် ထာ၀ရ ဘုရား GOD ကို မကိုးကွယ်ပါ။ မယုံကြည်ပါ။ ဖန်ဆင်းရှင် အတ္တနှင့် အဖန်ဆင်းခံ အတ္တ မရှိသောကြောင့် ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်၌ လေ့လာနိင်ပါသည်။ သို့ရာတွင် “မိမိသည်သာ မိမိ၏ ဖန်ဆင်းရှင်” ဟု အလေးအနက်ယုံကြည်၏။ အတ္တာ ဟိ အတ္တနော နာထော စကားတော်အရဖြစ်သည်။ မိမိခန္ဓာကိုယ် (လောကီ လောကုတ္တရာတရား)သည်သာ မိမိရဲ့ ကိုးကွယ်ရာ ဖြစ်သည်။ နာထ(ကိုးကွယ်ရာ)တရား ၁၀-ပါးအရလည်း မိမိ၏ ကိုယ့်ကျင့်သီလ၊ လုံ့လဝီရိယ, ရိုင်းပင်ကူညီမှု, အကြားအမြင်ဗဟုသုတ, သတိ, သမာဓိ, ပညာစသည်များကို အားကိုးကြကြောင်း တွေ့ရသည်။ (၃) ခရစ်ယာန်ဘာသာ၏ အယူဝါဒမှာ ဘုရားသခင်၏သားတော် သခင်ယေရှုခရစ်တော်နှင့် ယင်း၏ သာဝကတို့ ဟောကြားထားအပ်သော “သမ္မာကျမ်းစာ” လာ အဆိုအမိန့်များကို လက်ခံ၊ လိုက်နာကျင့်သုံး၏။ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် ယေဟိုးဝါး” ထာ၀ရ ဘုရားသခင်ကို ယုံကြည်သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ (၄) အစ္စလာမ်ဘာသာ၏အယူဝါဒမှာ တမန်တော်မိုဟာမ္မဒ် ရရှိခဲ့သော ဝဟီ ကောင်းကင်ကျ ဗျာဒိတ်တော် “ကုရ်အာန်ကျမ်းစာ” လာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ အလ္လာဟ်” ထာ၀ရ ဘုရားသခင် ဖန်ဆင်းရှင်ကို ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ အစ္စလာမ်ဘာသာ ဝင်များက There is No God But ALLAH. and Muhammad is the messenger of ALLAH. အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ ဘုရားမရှိ။ တမန်တော် မိုဟာမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးစေလွှတ်သော တမန်တော်ကြီးဖြစ်သည် ဟုသက်ဝင်ယုံကြည်ကြ၏။ အရဗီဝေါဟာရ "အလ္လာလ်"သည် "သန့်ရှင်းစင်ကြယ်သော၊ အတုမရှိသော၊ ပြိုင်ဖက်ကင်းသော" ဟူသော အနက်များပါဝင်သည်။ အဂ်လိပ် ဝေါဟာရ "God" နှင့် ၎င်း၏ဝေါဟာရ အနွယ်ဝင် စကားလုံးများနှင့် အဓိပ္ပာယ်ကွားခြားပါသည်။ အစ္စလာမ်ဘာသာဝင်တိုင်းသည် မည်သည့်လူသားဘုရား(အဖန်ဆင်းခံများ)ကိုမျှ ကိုးကွယ်ရာ ဖန်ဆင်းရှင်အဖြစ် လုံးဝလက်မခံကြပါ။ အစ္စလာမ်ဘာသာ အရ "ကိုးကွယ်ရာအရှင်" ဟူသော အတိကျဆုံးသော အဓိပ္ပာယ်သတ်မှတ်ချက်ကို စူရာဟ် အိခ်လာဆ် (ကုရ်အာန်ကဏ္ဍ အမှတ် ၁၁၂)ရှိ အာယသ်တော်(၄)ခုက အတိအကျဖွင့်ဆိုထားသည်။ (၁) အို−နဗီတမန်တော် အသင်သည် ပြောကြားပါလေ။ ထို အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။ (၂)အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခို အားထားရာအရှင်၊ အနှိုင်းမဲ့ထာဝရအရှင်ဖြစ်တော်မူ၏။ (၃)ထိုအလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံရတော်မူသည် မဟုတ်ပေ။ (၄)ထိုမှတစ်ပါး ထိုအလ္လာဟ်အရှင်မြတ်၌ ဂုဏ်ရည်တူသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။ ဘာသာကြီး(၄)မျိုးတွင် ဗုဒ္ဓဘာသာတစ်ခုသည်သာ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာ၀ရဘုရား(God) မရှိ” ဟု အတိအလင်းငြင်းဆို၏။ ကြွင်းဘာသာကြီး(၃)မျိုးကား “အတ္တဝါဒ” များချည်းဖြစ်၍ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာ၀ရဘုရားသခင်(God) ရှိ၏” ဟု လက်ခံ၏။ ဗုဒ္ဓဘာသာတစ်ခုတည်းကသာ တိရစ္ဆာန်လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းကို “မကောင်းမှု အကုသိုလ်အလုပ်” ဟု အတိအလင်းရှုတ်ချ၏။ ခရစ်ယာန်ဘာသာ ကား ဓမ္မဟောင်းကျမ်း တွင် တိရစ္ဆာန်လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းကိုလက်ခံ လိုက်နာ ကျင့်သုံး၏။ ခရစ်တော် မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများဓမ္မသစ်ကျမ်း တွင် ချီးလည်းမချီးမွမ်း၊ ရှုတ်လည်းမရှုတ်ချချေ။ ဟိန္ဒူဘာသာ က တိရစ္ဆာန်လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းကို “ကောင်းမှုကုသိုလ်အလုပ်” ဟု ချီးမွမ်း၏။ (၅) ဘာသာငယ်လေးများတွင် (က) ဂျိမ်းဘာသာ၏ အယူဝါဒမှာ မဟာဝီရနှင့် ယင်း၏သာ၀ကများ ဟောကြားထားအပ်သော “အဟိံသ” ကျမ်းစာလာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။ ဂျိမ်းဘုရား မဟာဝီရကို သဗ္ဗညုဗုဒ္ဓ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ်ကိုးကွယ်၏။ (ခ) ဆစ်ဘာသာ၏အယူဝါဒမှာ ဂုရုနာနတ်က ပြုပြင်ဟောကြားထားသော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ ဟိန္ဒူဘာသာခွဲ တစ်ခုဖြစ်၍ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင်မဟာဗြဟ္မာ” ထာ၀ရ ဘုရားသခင်ကိုပင် ယုံကြည်သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ အမှာ။ ။ အခြားဘာသာ ငယ်လေးများ၏ အကြောင်းကိုကား အသေးစိတ် မမှတ်မိတော့၍ မောင်အံ့(မဟာဝိဇ္ဇာ) ရေးသားသော ဗုဒ္ဓဘာသာ ရေးသားသော (၂၅၀၀) ခရီး စာအုပ်တွင် ဖတ်ရှုလေ့လာ မှတ်သားကြပါဟု အကြံပြုပါ ရစေ။ (၆) နတ်တင်၊ နတ်ပသ၏ အယူဝါဒမှာ ပါးစပ်ရာဇဝင်ဆရာတို့အစဉ်အဆက်ပြောကြားလေ့ရှိသော ဒဏ္ဏာရီပုံပြင်လာ နတ်သမိုင်း ဆိုင်ရာအဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့် သုံး၏။ နတ်ဒေဝတာ အမျိုးမျိုးကို အားကိုးရာ အစစ်ကယ်တင်ရှင်များအဖြစ် ယုံကြည် သတ်မှတ်ကိုးကွယ်၏၊။ (ရ) ဘာသာမဲ့ အယူဝါဒမှာ အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေ ကို စိတ်ကုန်လာလို့ ၊ ဘာသာစွဲကြီးတဲ့ ဘာသာရှိတွေ ကို အော့ နှလုံးနာလို့ ဒါမှမဟုတ် ဘာသာရေး အဆောက်အအုံတွေ နဲ့ ဝေးရာမှာနေပီး သဘာဝကပေးတဲ့ လူသားရဲ့ ဘ၀ ရသကို ကိုယ်ဘာသာကိုယ် အပြည့် အ၀ခံစားကြည့် ချင်လို့ ဖြစ်နိုင်ပါတယ်။ ဘာသာစွဲမရှိသူ တွေ ဟာ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ဝေဖန်တွေးခေါ်ချင်သူတွေ သာဖြစ်တယ်။ လူ့ အသိဉာဏ် တိုးတက်ပွင့်လင်းမှု ကို ရှေးရှုလိုသူတွေ ဖြစ်တယ်။ လူ့ ဦးနှောက်နဲ့ နှလုံးသား ကို ဘာနဲ့ မှ ချုပ်နှောင်မထားလိုသူတွေ ဖြစ်တယ်။ ဘာသာမဲ့ ပေမယ့် ဉာဏ်ပညာ နဲ့ မေတ္တာတရား မမဲ့ ပါ။ ဘာသာစွဲမရှိသူ တွေ ဟာ လူ့ ဂုဏ်သိက္ခာ နဲ့ လူ့ လွတ်လပ်ခြင်းသဘောတွေ ကို တန်ဖိုးထား သူ တွေသာဖြစ်တယ်။ အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေကို လူ့ အတိတ်သမိုင်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အဖြစ် တန်ဖိုးထားပေမယ့် လူ လူချင်း စောင့် စည်းအပ်တဲ့ ကျင့်ဝတ်တွေထက် ပိုပြီး တန်းဖိုးရှိတယ် လို့ တော့ မရှုမြင်ပါ။ လက်တွေ့ အသုံးဝင်မှု အကျိုးရှိမှု နဲ့ အလျှော် ဖြစ်တယ့် လူ့ အသိဉာဏ် အကန့် အသတ်ရဲ့ ဘောင်ထဲမှာပဲ ရှိတဲ့ အယူအဆတွေ အမှန်တရားတွေကို လက်ခံကျင့် သုံးနေသူတွေ သာဖြစ်ပါတယ်။ ဘာသာမဲ့ အမျိုးအစားများ များစွာရှိသည်။ ရည်ညွှန်းကိုးကား 9.ကမ္ဘာ့အဓိကဘာသာတရားများ နှင့် ကိုးကွယ်ရာအရှင်အယူအဆ (ဒေါက်တာလှလှဝင်း) ဘာသာရေး ပင်မ အကြောင်းအရာ ဆောင်းပါးများ ယဉ်ကျေးမှု ပုဂ္ဂိုလ်ရေး ဘဝ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8
ဖြစ်တည်မှုပဓာနဝါဒ
ဖြစ်တည်မှုပဓာနဝါဒသည် လူသားတို့ဘဝအတွေ့အကြုံများ၏ ပြဿနာများနှင့် လူတစ်ဦးချင်းစီ၏ ဖြစ်တည်မှု၊ တွေးခေါ်မှု၊ ခံစားမှုနှင့် လုပ်ဆောင်မှုတို့အပေါ် အခြေခံထားသည့် အတွေးအခေါ်အယူအဆတစ်ခုဖြစ်သည်။ ဖြစ်တည်မှုပဓာနဝါဒီတွေးခေါ်သူများသည် လူသားဖြစ်တည်မှု၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်နှင့် တန်ဖိုးများနှင့်ဆက်စပ်သည့်ပြဿနာများ ကို မကြာခဏရှာဖွေလေ့ရှိသည်။ ဖြစ်တည်မှုပဓာနဝါဒကို ဖြစ်တည်မှုဝါဒ၊ ဘဝဖြစ်တည်ခြင်းဝါဒ ဟုလဲခေါ်ဆိုကြသည်။ ဖြစ်တည်မှုပဓာနဝါဒ၏ အခြေခံသဘောတရားမှာ "ဖြစ်တည်မှုသည် အနှစ်သာရထက် အရင်ဖြစ်ပေါ်သည်" ပင်ဖြစ်သည်။ ဖြစ်တည်မှုပဓာနဝါဒကို ဘာသာရေးဖြစ်တည်မှုဝါဒနှင့် ဘာသာမဲ့ဖြစ်တည်မှုဝါဒဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အစပျိုးပုံ ဖြစ်တည်မှုဝါဒဟာ ယန်းပေါဆာ့တ်(Jean-Paul Sartre ပြင်သစ်တွေးခေါ်ပညာရှင် ၁၉၀၅-၁၉၈၀) ရဲ့ ကျမ်းတွေမှာ ထင်ထင်ရှားရှားလမ်းကြောင်းပေါ်လာပေမယ့် ကဲကီးဂတ် (Kierkegaard ဒိန်းမတ်တွေးခေါ်ပညာရှင် ၁၈၁၃-၁၈၅၅) နဲ့ နစ်ရှေး (Nietzsche ဂျာမန်တွေးခေါ်ပညာရှင် ၁၈၄၄-၁၉၀ဝ) တို့ရဲ့ အတွေးအခေါ်မှာ မြစ်ဖျားခံပါတယ်။ ဒီရှေးဦးတွေးခေါ်ပညာရှင်တွေက ဖြစ်တည်မှုဝါဒလို့ တိုက်ရိုက် မသုံးခဲ့ပေမယ့် အခြေခံသဘောတရားကတော့ တူပါတယ်။ ဖြစ်တည်မှုဝါဒကို အလွယ်ဆုံးပြောရရင်တော့ `လူတစ်ဦးချင်းဟာ သူ့ဘဝအဓိပ္ပာယ်နဲ့သူ ဖြစ်တည်တယ်´ (individual human beings create the meanings of their own lives) လို့ ခံယူတာပါပဲ။ ရှင်းသလိုလိုနဲ့ ရှုပ်တယ်လို့ ထင်စရာရှိပါတယ်။ ကျနော်တွေးသလိုပြောရရင်တော့ `လူတိုင်းဟာ သူ့ဘဝမှာသူ ဇာတ်လိုက်ပဲ´ လို့ ဆိုချင်ပါတယ်။ ဇာတ်ပို့လုပ်နေရတာ မဟုတ်ပါဘူး။ သမတက သူ့ဟာနဲ့သူ အရေးကြီးသလို ပျာတာကလည်း သူ့ဘဝအဓိပ္ပာယ်၊ သူ့ရှင်သန်မှုနဲ့သူ (သီးခြား) အရေးပါနေတာပါပဲ။ စည်းအပြင်ကလူ စည်းအပြင်ကလူဆို (The Outsider) ဝတ္ထုထဲမှာ ဇာတ်ကောင်က သူ့အမေအသုဘမှာ မငိုပါဘူး။ လူတွေက အမေသေတာတောင် မငိုဘူး၊ လူစိတ်မရှိဘူးဆိုပြီး ယိုးစွပ်ပါတယ်။ နောက်ဆုံး လူသတ်မှုနဲ့ စွဲချက်တင်ခံရရာမှာ အဲဒီလို ကောက်ချက်တွေတွန်းအားနဲ့ သေဒဏ်ပေးလိုက်တဲ့အထိ ဖြစ်သွားပါတယ်။ ကိုယ့်ဘဝကိုယ် ပြဋ္ဌာန်းခွင့်မရှိဘဲ ပတ်ဝန်းကျင်ရဲ့ ပိုင်းဖြတ် သတ်မှတ်ပေးလိုက်မှုအောက်မှာ ဘဝအဓိပ္ပာယ်မဲ့နေပုံကို ထင်ဟပ်ထားတာပါ။ `ကျနော်ကဘာသာမဲ့´လို့ ပြောလိုက်ရင် လူတွေက ခေါင်းခါခါ လက်ခါခါနဲ့ လက်မခံချင်ကြပါဘူး။ ဘာဖြစ်လဲဗျာ၊ ကိုယ့်ဖာသာ ဘယ်ဘာသာမှ မယူဘဲနေတာ၊ ဥပဒေကျူးလွန်နေတာ သူများနစ်နာအောင် လုပ်နေတာမှ မဟုတ်ပဲ။ လူဖြစ်လာရင် ဘာသာတစ်ခုခုယူရမယ်လို့ ဘယ်လိုအချက်ကများ တရာသေပြဋ္ဌာန်းနိုင်မှာပါလိမ့် ?။ ဖြစ်တည်မှုနှင့် အနှစ်သာရ ဖြစ်တည်မှုဝါဒရဲ့ အဓိက အဆိုပြုချက်ကတော့ `ဖြစ်တည်မှုဟာ အနှစ်သာရထက် အရင်ကျတယ်´ (existence precedes essence) ဆိုတာပါ။ လူသားအဖြစ် ဖြစ်တည်နေမှုဟာ လူသားကို အဓိပ္ပာယ်ဖွင့်၊ ပြဋ္ဌာန်းသတ်မှတ်ပေးခြင်းဆိုတဲ့ အပေါ်ယံသကာလောင်းမှုတွေထက် ပိုပြီး အခြေခံကျတယ်လို့ ဆိုလိုတာပါ။ ဒီသဘောတရားဟာ ဆင်ခြင်တုံတရားဝါဒ (Rationalism) ၊ ဆင်ခြင်မှု (rational consciousness) သက်သက်ကို အားပြုတဲ့ ဒေးကား (Descartes ပြင်သစ်တွေးခေါ်ပညာရှင် ၁၅၉၆-၁၆၅၀) စတဲ့ အနောက်တိုင်းက အစဉ်အလာ ဆင်ခြင်မှု ဒဿနသမားတွေကနေ လမ်းခွဲထွက်လိုက်ပါတယ်။ ဆာ့တ်ရဲ့ ဖြင်တည်မှုဝါဒဟာ အဲဒီကာလ ပြင်သစ်ရဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ ကောက်ချက်ဆွဲခြင်းဟာ လက်ခံဖို့ရှိပေမယ့် ဒီတချက်တည်းကြောင့် ဒီဝါဒမျိုးပေါ်တာပါလို့ ဆိုချင်တယ်ဆိုရင်တော့ ကောက်ချက် တိမ်လွန်းတယ်လို့ ပြောရမှာပါပဲ။ ဖြစ်တည်မှုပဓာနဝါဒ
https://my.wikipedia.org/wiki/%E1%80%96%E1%80%BC%E1%80%85%E1%80%BA%E1%80%90%E1%80%8A%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%95%E1%80%93%E1%80%AC%E1%80%94%E1%80%9D%E1%80%AB%E1%80%92
မြကန်သာ
မြကန်သာ မြကန်သာ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည် ... ဝတိံသာက– နန္ဒာလော။ ။တူစွဟုတ္တာ။ Emerald Lake “Emerald Lake fed by a mountain stream, The waters enters running, And circle cool and clear, Within unbreachable banks, Water lilies are fragrant And all types of birds abound. This is so like Nanda that is in the Heavens, is this perhaps the self-same Nanda Lake?” Translated by U Win Pe (Mya Zin) Pleasant Emerald Lake Pleasant Emerald Lake Fed by a brook from the hill cascades. Cool and clear is its water, With a strong intact dyke thither. Fragrant lotus flowers abound. Hark! Is it the Lake Nanda Of the Celestial Realm Tavatimsa? Yae, looks like it. Translated by Dr. Khin Maung Nyunt Notes This linka was about a natural lake known as “Mya Kan” (Emerald Lake) which lies at the foot of a range of hills called Tu-yin Taung Tan about seven miles south of Bagan. It is now silting and due to deforestation it is drying up. But it must have been a very pleasant lake with a lush vegetation and wildlife in the heyday of Bagan, as suggested by its description in the linka. (from An Outline History of Myanmar Literature by Dr. Khin Maung Nyunt, p 12-13) ပုဂံခေတ် မြန်မာ ကဗျာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%80%E1%80%94%E1%80%BA%E1%80%9E%E1%80%AC
အမျိုးသားစုစည်းမှု
အမျိုးသားစုစည်းမှုသည် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် စီးပွားရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော အကြောင်းတရားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှု (National Unity) နှင့် အမျိုးသားစုစည်းမှု (National Integratoin) ဟူသော ဝေါဟာရနှစ်ရပ်၏ အဓိပ္ပာယ်သည် များစွာ ကွာခြားသည်။ ခေါင်းဆောင်မှုအတွင်း၊ ခေါင်းဆောင်နှင့် ပြည်သူလူထုအတွင်း နှင့် ပြည်သူလူထုအချင်းချင်းအတွင်း အပြန်အလှန် နားလည်လက်ခံမှုနှင့် အသိအမှတ်ပြုမှုတို့ အားနည်းခြင်းနှင့် ပြည်သူ တို့၏ လူမှုရေးစည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းတို့သည်လည်း အမျိုးသားစုစည်းမှုအားနည်းခြင်း၏ သဘော လက္ခဏာများအဖြစ်ရှိနေပေသည်။ ယင်းသို့ အမျိုးသားစုစည်းမှုအားနည်းခြင်းသည် ယင်းနိုင်ငံများကို မဖွံ့ဖြိုးမတိုးတက် အောင် တားဆီးထားသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ဖော်ပြခဲ့သည်။ အမျိုးသားစုစည်းမှုသည် ရုပ်ပိုင်းဆိုင်ရာအခြေအနေထက် စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပိုမိုသက်ဆိုင်ပေသည်။ နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်နေခြင်းသည် တိုင်းရင်းသားအားလုံး၏ သဘောထား အယူအဆနှင့် အတွေးအမြင်များ ညီညွတ်နေခြင်းကို ဖော်ပြသည့်အခြင်းအရာပင်ဖြစ်သည်။ ထို့အတူ ခေါင်းဆောင်မှု အတွင်း ညီညွတ်မှု၊ ခေါင်းဆောင်နှင့် ပြည်သူအကြားညီညွတ်မှုနှင့် ပြည်သူအချင်းချင်းတို့၏ ညီညွတ်မှုများသည်လည်း အပြန်အလှန် နားလည်မှုနှင့် အသိအမှတ်ပြုမှုဟူသော စိတ်ပိုင်းဆိုင်ရာ အခြင်းအရာများပင်ဖြစ်ပေသည်။ ပြည်သူတို့၏ တရားဥပဒေကို ရိုသေလေးစားမှုနှင့် လူမှုရေး စည်းကမ်းထိန်းသိမ်းမှုတို့မှာလည်း လူတို့၏ သဘောထားပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများပင်ဖြစ်သည်။ သို့ဖြစ်၍ အချို့ပညာရှင်များက အမျိုးသားစုစည်းမှုကို စိတ်ပိုင်းဆိုင်ရာ စုစည်းမှု (Emotional Integration) ဟု အမည်ပေးခဲ့ခြင်းဖြစ်ပေသည်။ အမျိုးသားစုစည်းမှုဟုဆိုရာတွင် လူ့အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်နိုင်ငံတွင်အကွဲကွဲအပြားပြားဖြစ်နေသော အခြေအနေများကို တစ်လုံးတစ်စည်းတည်းသဘောဖြစ်အောင် စုစည်းခြင်း၊ တစ်နည်းအားဖြင့် သေးငယ်သော လူ့အဖွဲ့ အစည်းများကို ခေတ်မီနိုင်ငံတစ်ခု၏ ဥပဓိရုပ်ပေါ်လွင်သော အနေအထားမျိုးသို့ရောက်အောင် စုစည်းတည်ဆောက်ခြင်း ပင်ဖြစ်သည်။ နိုင်ငံ၏အချုပ်အချာအာဏာသည် တစ်နိုင်ငံလုံးသို့ လွှမ်းခြုံပျံ့နှံ့မှုအားနည်းပါက အစိုးရ၏အာဏာသည် ထိရောက် ထက်မြက်မည်မဟုတ်ပေ။ ထိုအခါ ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုးရေးမှာလည်း အားနည်းလာမည် ဖြစ်ပေသည်။ ထိုသို့သော အခြေအနေရှိလာပါက ပြည်သူတစ်ဦးချင်း၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် တရားဥပဒေ ဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်နေသည်ထက် တစ်ဦးချင်း၏စိတ်ဆန္ဒနှင့် အကျိုးစီးပွားပေါ်တွင်သာ အခြေခံ လှုပ်ရှားနေခြင်း ဖြစ်ပေလိမ့်မည်။ ထို့အတူ ခေါင်းဆောင်သူအချင်းချင်း၊ ခေါင်းဆောင်နှင့် ပြည်သူလူထု၊ ပြည်သူ လူထုအချင်းချင်း စသူတို့ အပြန်အလှန်နားလည်မှုနှင့် လက်ခံအသိအမှတ်ပြုမှုများ အားနည်းပါက အချင်းချင်း ပြဿနာ များကို ဖြေရှင်းရင်းဖြင့် အချိန်ကုန်ပြီး မည်သည့်အမျိုးသားရေးလုပ်ငန်းတာဝန်ကိုမျှ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အမျိုးသားစုစည်းမှုအားကောင်းသော နိုင်ငံတစ်ခုသည် သိပ်သည်းကျစ်လျစ်ပြီး တစ်လုံးတစ်စည်းတည်းသဘော ကို ဆောင်ယူနေသဖြင့် တည်ငြိမ်ခန့်ညားသော ဥပဓိရုပ် ပေါ်လွင်ထင်ရှားနေတတ်ပေသည်။ သိပ်သည်းခြင်းသည် ကျစ်လျစ်မှုကိုဖြစ်စေပြီး ကျစ်လျစ်မှုက ခိုင်မာအားကောင်းမှုကို ဖြစ်စေပြန်ရာ ယင်းသို့သော နိုင်ငံများ၏ အတွင်းအား များသည် ပြည့်ဖြိုးနေတတ်သည်ဟုဆိုပေသည်။ အတွင်းအားများ ပြည့်ဖြိုးနေသည့် နိုင်ငံတစ်ခုသည် မည်သည့် အခက်အခဲကိုမဆို ကျော်လွှားနိုင်ပြီး မည်သည့်အမျိုးသားရေးတာဝန်ကိုမဆို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက် နိုင်ပေသည်။ သို့ဖြစ်ရာ ယင်းနိုင်ငံမျိုးသည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းသည့်နိုင်ငံမျိုးပင်ဖြစ်ပေသည်။ ရည်ညွှန်းကိုးကား နိုင်ငံရေး ဖွံ့ဖြိုးရေး နိုင်ငံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%85%E1%80%AF%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BE%E1%80%AF
ကံ
ပါဠိဘာသာ ကမ္မ မှ ဆင်းသက်လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံအဓိပ္ပာယ်ကို လွဲမှားစွာ ကောက်ယူနားလည်ကြသည်လည်း ရှိသည်။ မြတ်စွာဘုရားသည် စေတနာကို ကံဟူ ၍ ရင်းမြစ်ကျကျ ဟောပြတော် မူ၏။ ထိုကံသည် - ၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံ နှင့် ၂။ အကျိုးစီးပွားမဲ့ကို ဖြစ်စေသော အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိသည်။ ကံ (၃)မျိုး ၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊ ၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊ ၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ သုံးမျိုးရှိသည်။ ကံ ကံ၏အကျိုး ဖြစ်၏။ ကံအမျိုးမျိုး (ကမ္မဘေဒ) ချိန်ကွဲကျိုးဖန် ကံသုံးမျိုး ကမ္မနိယာမအရ ကောင်းသောကံသည် ကောင်းသောအကျိုးကို ပေး၏။ မကောင်းသော ကံသည် မကောင်းသော အကျိုးကို ပေး၏။ မည်သည့်အချိန်တွင် အကျိုးပေးမည်ကို ကြိုတင်မသိရှိရသော်လည်း နိယာမအတိုင်း အကျိုးပေးမည်က သေချာ၏။ အကျိုးပေးမည့် အချိန်ကို လိုက်၍ ကံလေးမျိုး ရှိသည်။ ၎င်းတို့မှာ - ဒိဋ္ဌဓမ္မဝေဒနီယကံ လက်ရှိဘဝ တစ်ချိန်ချိန်တွင် အကျိုးပေးတတ်၏။ မျက်မှောက်ဘဝမှာပင် အကျိုးကို ခံစားစေနိုင်သောအကျိုးရှိသည့် ကံဖြစ်၏။ အောက်ပါ အချက်လေးခုနှင့် ပြည့်စုံပါသော ဒါနကုသိုလ်ကံသည် ခုနစ်ရက်အတွင်း အကျိုးပေး၏။ စေတနာ စင်ကြယ်ထက်သန်ခြင်း။ တရားသဖြင့် ရရှိထားသော လှူဖွယ်ဝတ္ထုဖြစ်ခြင်း။ အလှူခံပုဂ္ဂိုလ်သည် အနာဂါမ် သို့မဟုတ် ရဟန္တာ ဖြစ်ခြင်း။ နိရောဓသမာပတ်မှ ထပြီးခါစဖြစ်ခြင်း။ ဥပပဇ္ဇဝေဒနီယကံ လက်ရှိ ပစ္စုပ္ပန်ဘဝတွင် အကျိုးမပေး။ နောက်ဘဝမှ အကျိုးပေး၏။ နောက်ဘဝမှ အကျိုးပေးမည့်ကံ ဖြစ်သည်။ အပရာပရိယဝေဒနီယကံ လက်ရှိ ဘဝ၌လည်း အကျိုးမပေး။ နောက်ဘဝ၌လည်း အကျိုးမပေးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အကျိုးပေးရန် ရင့်ကျက်သော အချိန်ကာလကို စောင့်နေရ၏။ တတိယဘဝမှ စ၍ နိဗ္ဗာန်မရောက်မချင်း ရင့်ကျက်သည့် တစ်ချိန်ချိန်တွင် ကံပိုင်ရှင်ကို အကျိုးပေး၏။ အဟောသိကံ အချို့သော ကံတို့သည် ရင့်ကျက်ချိန် မရဘဲ ပျက်စီးရသည့် ကံ ဖြစ်၏။ မိမိထက် ဆန့်ကျင်ဘက် ကံများက အလဲထိုးအနိုင်ယူလိုက်သောကြောင့် ပျက်စီးသွားရသော ကံများဖြစ်သည်။ မရင့်ကျက်သေးသော ကံတို့သည် ဖျက်ဆီးခံရပါက သက်ဆိုင်ရာ အကျိုးတရားကို မပေးနိုင်တော့ပေ။ အပွင့်သာပွင့်သော်လည်း အသီးအဖြစ်သို့ မရောက်နိုင်သော ဖြစ်ရပ်ကဲ့သို့ ဖြစ်၏။ ကံကိစ္စ (၄) မျိုး အထက်တွင် ဖော်ပြခဲ့သည်မှာ စေတနာကံ၏ အကျိုးပေးသည့် အချိန်ကာလနှင့် ပတ်သက်သည်များ ဖြစ်သည်။ ကံသည် ဆောက်ရွက်ချက် အနေဖြင့်လည်း လေးမျိုးကွဲပြား၏။ ဇနကကံ အကျိုးတစ်ရပ်ကို ကိုယ်တိုင် ဖြစ်ပေါ်စေသည့်ကံ ဖြစ်၏။ စိတ်၊ ရုပ် တို့ကို ထိုက်သင့်သလို ဖြစ်ပေါ်စေသည့်ကံသည် ဇနကကံ ဖြစ်၏။ ဥပတ္ထမ္ဘကကံ မိမိကိုယ်တိုင် အကျိုးကို မဖြစ်စေဘဲ အခြားသောကံများ အကျိုးပေးစေရန် ကူညီသောကံ ဖြစ်၏။ ကုသိုလ်ကံသည် အခြားသော ကုသိုလ်ကံ အားကောင်းလာစေရန် ကူညီ၏။ အကုသိုလ်ကံသည် အခြားသော အကုသိုလ်ကံများ ရင့်သန်လာစေရန် ကူညီထောက်ပံ့၏။ ဥပပီဠကကံ အချို့ကုသိုလ်ကံသည် အကုသိုလ်ကံများ အကျိုးမပေးအောင် ဟန့်တား၏။ အချို့အကုသိုလ်ကံသည် ကုသိုလ်ကံများ အကျိုးမပေးအောင် နှောင့်ယှက်ဟန့်တား၏။ ထိုကဲ့သို့ ဆန့်ကျင်ဘက်ကံကို နှိပ်စက်ဟန့်တားသည့်ကံနှစ်မျိုးသည် ဥပပီဠကကံ ဖြစ်၏။ ဥပစ္ဆေဒကကံ အားကြီးသော ကုသိုလ်ကံသည် အကုသိုလ်ကံများကို ဖျက်ဆီး၏။ အားကြီးသော အကုသိုလ်ကံသည် ကုသိုလ်ကံများကို ဖျက်ဆီး၏။ ထိုကဲ့သို့ ကံများကို ဖျက်ဆီးသောကံသည် ဥပစ္ဆေဒကကံ ဖြစ်၏။ အလှည့်ကျတာဝန်ယူသော ကံ(၄)မျိုး လာမည့်ဘဝတွင် အလှည့်ကျအကျိုးပေးမှုနှင့် စပ်လျဉ်းကာ “ကံ” သည် လေးမျိုးခွဲသည်။ ဂရုကကံ မိဘကို သတ်ခြင်းကဲ့သို့သော “ပဉ္စာနန္တရိယကံ”၊ ဈာန်ရခြင်းကဲ့သို့သော “မဟဂ္ဂုတ်ကံ” တို့သည် မည်သည့်ကံကိုမျှ အခွင့်မပေးဘဲ မိမိတို့ကိုယ်တိုင် ပဋိသန္ဓေကို အကျိုးပေးသည်။ “ဂရုကကံ” သည် အင်အားစွမ်းရည် ကြီးသောကံဟု အဓိပ္ပာယ်ရသည်။ အာသန္နကံ ကြီးလေးသောကံမရှိသူတို့တွင် သေခါနီးတွင် ပြုလုပ်သော၊ ပေါ်လာသော ကံက ဘဝအသစ်၌ အကျိုးပေး၏။ ပဋိသန္ဓေကို ဖြစ်စေ၏။ ထိုကံသည် “အာသန္နကံ” ဖြစ်၏။ အာစိဏ္ဏကံ သေခါနီး၌ ထူးထူးခြားခြား အာသန္နကံ မရှိခဲ့သော် တစ်ဘဝလုံး ပြုလုပ်ခဲ့သည့် ကံတစ်မျိုးမျိုးသည် ဝင်လာပြီး ဘဝအသစ်ကို အကျိုးပေး၏။ ထိုကံသည် “အာစိဏ္ဏကံ” ဖြစ်၏။ ကဋတ္တာကံ အထက်ပါကံသုံးမျိုးလုံးမှ လွတ်သောကံကို “ကဋတ္တာကံ” (ပြုကာမတ္တဖြစ်ကာမတ္တကံ) ဟုခေါ်၏။ အထက်ပါကံသုံးမျိုး အကျိုးပေးခွင့်မကြုံပါက ကဋတ္တာကံများ အကျိုးပေးကြသည်။ ထိုကံလေးမျိုးတို့တွင် ဂရုကကံသည် ကျန်ကံသုံးမျိုးတို့၏ ရှေးဦးစွာ အကျိုးပေးသည်၊ ဂရုကကံမရှိသော် အာသန္နကံ အကျိုးပေးသည်၊ အာသန္နကံ မရှိသော် အာစိဏ္ဏကံ အကျိုးပေးသည်၊ ထိုအာစိဏ္ဏကံမရှိသော် ကဋတ္တာကံအကျိုးပေးသည်။ ဂရုကကံသည် ကျန်ကံသုံးပါးတို့၏ ရှေးဦးစွာ အကျိုးပေးသည်၊ ဂရုကကံမရှိသော် အာစိဏ္ဏကံ အကျိုးပေးသည်၊ အာစိဏ္ဏကံ မရှိသော် အာသန္နကံအကျိုးပေးသည်၊ အာသန္နကံမရှိသော် ကဋတ္တာကံ အကျိုးပေးသည်။ -တို့၌ (၁) ယဂ္ဂရုကကံ, (၂) ယဗ္ဗဟုလကံ, (၃) ယဒါသန္နကံ (၄) ကဋတ္တာကံဟု လာသည်။ ယဂ္ဂရုကကံဟူသည် ဂရုကကံပင်ဖြစ်သည်။ ယဗ္ဗဟုလကံ ဟူသည် အာစိဏ္ဏကံပင် ဖြစ်သည်။ ယဒါသန္နကံ ဟူသည် အာသန္နကံပင် ဖြစ်သည်။ ဤကံလေးပါး၏ ရှေ့နောက် စီစဉ်ပုံမှာလည်း မြတ်စွာဘုရား၏ မဟာကမ္မဝိဘင်္ဂဉာဏ်အရာသာ ဖြစ်သည်၊ သာဝကတို့၏ ဉာဏ်အရာ မဟုတ်။ထို့ကြောင့် -တို့၌ ရှေ့နောက်တမျိုး စီစဉ်၍ အဘိဓမ္မတ္ထသင်္ဂဟ၌ တမျိုးစီစဉ်သည်။ အကျိုးပေးရာဘုံ၏ အစွမ်းအားဖြင့် ကံ (၄)မျိုး (၁) အကုသိုလ်ကံ (၂)ကာမာဝစရကုသိုလ်ကံ (၃) ရူပါဝစရကုသိုလ်ကံ (၄) အရူပါဝစရကုသိုလ်ကံဟု လေးမျိုးရှိ၏။ နွားအကျင့်ကျင့်သော ကောလိယ၏သား ပုဏ္ဏအား ဘုရားရှင် ဟောကြားသော ကံတရား ၄ မျိုး ကုက္ကုရဝတိကသုတ်၌ အဖြူကံ အမည်းကံ စသည်ဖြင့် ကံ (၄)မျိုးကို ဟောကြားတော်မူခဲ့သည်။ ၁။ မည်းသောကံ, မည်းသော အကျိုးရှိသော ကံ၊ ၂။ ဖြူသောကံ, ဖြူသော အကျိုးရှိသော ကံ၊ ၃။ အမည်းအဖြူရောသော ကံ, အမည်းအဖြူရောသော အကျိုးရှိသော ကံ၊ ၄။ မမည်း မဖြူသော ကံ, မမည်းမဖြူအကျိုးရှိသော ကံ။ ကံ ၁၂ ပါး (ပဋိသမ္ဘိဒါမဂ်နည်း) ၁။ အဟောသိ ကမ္မံ အဟောသိ ကမ္မဝိပါကော = အတိတ်ဘဝ၌ အားထုတ်ခဲ့ပြီး၍ အတိတ်ဘဝ၌ပင် အကျိုးပေးပြီးသော ကံ၊ ၂။ အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော = အတိတ်ဘဝ၌ အားထုတ်ခဲ့ပြီး အတိတ်ဘဝ၌ အကျိုးပေးခွင့်မရသော ကံ၊ ၃။ အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော = အတိတ်ဘဝ၌ အားထုတ်ခဲ့ပြီး၍ ယခု ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးခွင့်ရသော ကံ၊ ၄။ အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော = အတိတ်ဘဝ၌ ကြိုးစား အားထုတ်ခဲ့ပြီး၍ ယခုပစ္စုပ္ပန်ဘဝ၌ အကျိုးပေးခွင့် မရရှိသော ကံ၊ ၅။ အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = အတိတ်ဘဝ၌ အားထုတ်ခဲ့ပြီး အနာဂတ်ဘဝ၌ အကျိုးပေးခွင့် ရရှိလတ္တံ့သော ကံ၊ ၆။ အဟောသိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = အတိတ်ဘဝ၌ ကြိုးစား အားထုတ်ခဲ့ပြီး၍ အနာဂတ်ဘဝ အကျိုးပေးခွင့် မရရှိလတ္တံ့သော ကံ၊ ၇။ အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော = ယခုဘဝ၌ ပြုလုပ် အားထုတ်ပြီးလျှင် ယခုဘဝ၌ပင် အကျိုးပေးခွင့် ရရှိသော ကံ၊ ၈။ အတ္ထိကမ္မံ နတ္ထိ ကမ္မဝိပါကော = ယခုဘဝ၌ ပြုလုပ်အားထုတ်ပြီးလျှင် ယခုဘဝ ၌ပင် အကျိုးပေးခွင့် မရရှိသော ကံ၊ ၉။ အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = ယခု ဘဝ၌ ပြုလုပ်အားထုတ်ပြီးလျှင် နောင်အနာဂတ်ဘဝ၌ အကျိုးပေးခွင့် ရရှိလတ္တံ့သော ကံ၊ ၁၀။ အတ္ထိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = ယခုဘဝ၌ ပြုလုပ်အားထုတ်ပြီး နောင်အနာဂတ် ဘဝ၌ အကျိုးပေးခွင့် မရရှိလတ္တံ့သော ကံ၊ ၁၁။ ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = အနာဂတ်ဘဝ၌ ပြုလုပ် အားထုတ်လတ္တံ့ဖြစ်၍ အနာဂတ်ဘဝ၌ပင် အကျိုးပေးလတ္တံ့ဖြစ်သော ကံ၊ ၁၂။ ဘဝိဿတိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = အနာဂတ်ဘဝ၌ ပြုလုပ် အားထုတ် လတ္တံ့ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးခွင့် မရရှိ လတ္တံ့သော ကံ။ ကံ ၁၆ ပါး (အဘိဓမ္မာနည်း) ၁။ ဂတိသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ၊ ၂။ ဥပဓိသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ၊ ၃။ ကာလသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ၊ ၄။ ပယောဂ သမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ၊ ၅။ ဂတိဝိပတ္တိကို အကြောင်း ပြု၍ အကျိုးပေးတတ်သော အကုသိုလ်ကံ၊ ၆။ ဥပဓိဝိပတ္တိကို အကြောင်းပြု၍ အကျိုးပေး တတ်သော အကုသိုလ်ကံ၊ ၇။ ကာလဝိပတ္တိကို အကြောင်းပြု၍ အကျိုးပေးတတ်သော အကုသိုလ်ကံ၊ ၈။ ပယောဂဝိပတ္တိကို အကြောင်းပြု၍ အကျိုးပေးတတ်သော အကုသိုလ်ကံ၊ ၉။ ဂတိဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ၊ ၁၀။ ဥပဓိဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ၊ ၁၁။ ကာလဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ၊ ၁၂။ ပယောဂဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ၊ ၁၃။ ဂတိသမ္ပတ္တိကို အကြောင်းပြု၍ အကျိုးပေးတတ်သော ကုသိုလ်ကံ၊ ၁၄။ ဥပဓိ သမ္ပတ္တိကို အကြောင်းပြု၍ အကျိုးပေးတတ်သော ကုသိုလ်ကံ၊ ၁၅။ ကာလသမ္ပတ္တိကို အကြောင်း ပြု၍ အကျိုးပေးတတ်သော ကုသိုလ်ကံ၊ ၁၆။ ပယောဂ သမ္ပတ္တိကို အကြောင်းပြု၍ အကျိုးပေး တတ်သော ကုသိုလ်ကံ။ (ပဋိသမ္ဘိဒါမဂ်လာ ကံ ၁၂-ပါးနှင့်ဝိဘင်းပါဠိတော်လာ ကံ ၁၆-ပါးတို့သည် ဇနကစသောကံများသို့ သက်ဝင်ကြသည်၊ ဇနကစသောကံများကိုလည်း အကျဉ်းချုံးလျှင် ဒိဋ္ဌဓမ္မဝေဒနီယကံ, ဥပပဇ္ဇဝေဒနီယကံ, အပရာပရိယာယဝေဒနီယကံဟု ၃-မျိုးသာ ကျန်သည်၊ ထိုဒိဋ္ဌဓမ္မဝေဒနီယစသော ကံ ၃-ပါးကား အကျိုးပေးရာကာလ မပြောင်းရွှေ့ကြ၊ မိမိအကျိုးပေးရမည့်ကာလ၌သာ အကျိုးပေးကြ တော့သည်။ သစ်ပင်တို့သည် တပင်နှင့်တပင် တူကြသည်မဟုတ်၊ အချို့သစ်ပင်က ချိုသော အရသာရှိသော သစ်သီးကို သီး၍ အချို့သစ်ပင်က ချဉ်သောအရသာရှိသော သစ်သီးကို သီးကြသည်၊ အကြောင်းရင်းကို ရှာဖွေစိစစ်ကြည့်လျှင် မျိုးစေ့မတူသောကြောင့်ဟု တွေ့ရပေသည်၊ ကံဆိုသည်မှာလည်း မျိုးစေ့နှင့် သဘောတူပင်ဖြစ်သည်၊ မျိုးစေ့ဟူသော ကံ မတူကြခြင်းကြောင့် မင်းပုဏ္ဏား သူဌေး သူကြွယ်, ကုန်သည်, လယ်လုပ်, အရာရှိ, မင်းစေဟု လူတန်းစားများ ကွဲပြားခြားနားလာရသည်။ သရက်စေ့ကိုစိုက်ပျိုးမူ သရက်ပင်ပေါက်၍ သရက်သီးကို စားကြရပေသည်၊ သံပုရာစေ့ကို စိုက်မူ သံပုရာပင်ပေါက်၍ သံပုရာသီးကို စားရ ပေသည်၊ ထို့အတူ ကုသိုလ်ကံကို ပြုလုပ်သူသည် ကောင်းသော အကျိုးကိုသာ ခံစားရမည်မှာ ယုံမှားဖွယ်မရှိ၊ အကုသိုလ်ကံကို ပြုလုပ်သူသည်မကောင်းသော အကျိုးကို ခံစားရမည်မှာယုံမှားဖွယ်မရှိ။ မှန်၏—ကုသိုလ်ကံသည် ကုသိုလ် ပြုလုပ်သူနောက်သို့ အကျိုးပေးဘို့အတွက် အစဉ်လိုက်နေသည်၊ အကုသိုလ်ကံသည် အကုသိုလ် ပြုလုပ်သူနောက်သို့ အပြစ်ပေးဘို့အတွက် အစဉ်အမြဲ လိုက်လျက်နေသည်။ ဓမ္မ၊၃၁-၌ အနည်းငယ်သော မကောင်းမှု (အကုသိုလ်ကံ)သည် ငါ့အား အပြစ်ဖြစ်လိမ့်မည်မဟုတ်ဟု မကောင်းမှု (အကုသိုလ်ကံ)ကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးပြည့်သကဲ့သို့ လူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှု(အကုသိုလ်ကံ)ကိုပြုဆည်းပူးဖန် များလတ်သော် မကောင်းမှု (အကုသိုလ်ကံ)ဖြင့် ပြည့်၏ဟု ဆိုသည်။ ဓမ္မ၊၃၁-၌ အနည်းငယ်သော ကောင်းမှု (ကုသိုလ်ကံ)သည် ငါ့အားအကျိုးပေးလိမ့်မည်မဟုတ်ဟု ကောင်းမှု(ကုသိုလ်ကံ)ကို မထီ မဲ့မြင် မအောက်မေ့ရာ၊ မိုးရေသည် ကျဖန် များလတ်သော် ရေအိုးပြည့်သကဲ့သို့ ပညာရှိ (လူလိမ္မာ)သည် အနည်းငယ် အနည်းငယ် မျှသော ကောင်းမှု(ကုသိုလ်ကံ)ကို ပြုဆည်း ပူးဖန်များလတ်သော် ကောင်းမှု(ကုသိုလ်ကံ)ဖြင့် ပြည့်၏ဟုဆိုသည်။ ဘုရားသခင်သည် ကံကို အရင်းမူလပဓာနအဖြစ်ဖြင့် ဟောတော်မူ၏၊ သို့သော် စည်းစိမ်ဥစ္စာ ကြီးပွားတိုးတက်ရေးနှင့် တိုင်းပြည်ကြီးပွား တိုးတက်ရေး အတွက်ကား ကံ ကိုချည်းအားမကိုးရ၊ ဉာဏ်ဖြင့်လည်း တီထွင်ကြံဆရပေသည်၊ မလျော့သော လုံ့လဥဿာဟဖြင့်လည်း ကြိုးစား၍ အလုပ်လုပ်ကြရပေသည်၊ သို့မှသာ ကြီးပွားတိုးတက်နိုင်၏။ မှန်၏ ... လူ့ဘုံသည် ကံ၏ အကျိုးသက်သက်ကို မှီခို၍ အသက်မွေးရသော (ကြီးပွားတိုးတက်နိုင်သော) ကမ္မဖလူပဇီဝီဘုံမျိုးမဟုတ်၊ လုံ့လဥဿာဟ၏ အကျိုးကို မှီခိုအားထား၍ အသက်မွေးရသော (ကြီးပွားတိုးတက်နိုင်သော) ဥဋ္ဌာနဖလူပဇီဝီဘုံသာ ဖြစ်သည်။ မတော်တဆ အသက်ဘေးနှင့် ကြုံတွေ့ရာ၌လည်း “ကံကောင်းလျှင် ဤဘေးမှ လွတ်မြောက်မှာပဲ”ဟု ကံကိုချည်း ပုံ၍ အားမကိုး ရ၊ ဘေးမှလွတ်ရာလွတ်ကြောင်းကို ဉာဏ်ဖြင့် ကြံဆ၍ လွတ်မြောက်အောင်လည်း လုံ့လ ဥဿာဟဖြင့် အားထုတ် ကြိုးပမ်း ရပေသည်၊ အလောင်းတော် မဟာဇနကမင်းသည်ပင် လယ်သမုဒ္ဒရာ၌ သင်္ဘောပျက်၍ အသက်ဘေးနှင့် တွေ့ကြုံခဲ့၏၊ သို့သော် ၇-ရက် ပတ်လုံး မလျှော့သော လုံ့လဝီရိယဖြင့် ကြိုးစား ကူးခတ်နေစဉ် မေခလာနတ်သမီး ကယ်သဖြင့် အသက်ဘေးမှ လွတ်မြောက် ပြီးနောက် မင်းအဖြစ် စိုးစံရလေသည်၊ အလောင်းတော်နှင့်အတူပါသော သင်္ဘောသား များကား လုံ့လမကူကြသဖြင့် ရေတွင်နစ်၍ ငါးစာဖြစ်ကြရ၏။ ဤဝတ္ထု၌ အလောင်းတော် မဟာဇနကမင်းသည် ကံကိုချည်း အားကိုးအားထား ပြု၍နေမူ အသက်ဘေးမှ မလွတ်မြောက်နိုင်ရာ၊ ဉာဏ်ဝီရိယ ကူမ၍သာ အသက်ဘေးမှ လွတ်မြောက်လာရခြင်း ဖြစ်၏။ ထီးနန်း အုပ်ချုပ်၍ မင်းလုပ်ရခြင်းကား ကံ၏ ကိစ္စသာတည်း။ ဝီရိယစိုက်ထုတ်ရာ၌လည်း ဉာဏ်ယှဉ်၍ ဝီရိယစိုက်ထုတ်ရသည်၊ ဉာဏ်မပါသော ဝီရိယသည် အကျိုးမပြီးသည့်ပြင် အချည်းနှီးပင် ဖြစ်တတ်သေး၏၊ ဉာဏ်ဝီရိယမဖက် ကံ, သက်သက်ကိုသာ ယုံကြည်မူကား ပို၍အကျိုးမပြီးအချည်းနှီး ဖြစ်လေသည်၊ အခါတပါး၌ ငါးသုံး ကောင်သည် တံငါသည် အဖမ်းခံကြရ၏၊ ကံကို ယုံကြည်သော ငါးသည် “ကံကောင်းလျှင် လွှတ်မှာပဲ”ဟု မလှုပ်မရှက် ငြိမ်သက်စွာပင် နေ၏၊ ဉာဏ်မဖက် ဝီရိယသက်သက်ကိုသာ အားကိုးသော ငါးကလည်း တံငါသည်၏ လက်တွင်းမှ လွတ်ကင်းရန် အားထုတ် ကြိုးပမ်းရှာ၏၊ သို့သော် ထိုငါးနှစ်ကောင်စလုံး တံငါသည် အသတ်ခံကြလေသည် ကံ, ဉာဏ်, ဝီရိယ သုံးပါးလုံး စုံသော ငါးကမူ တံငါသည်အလစ်ကို ချောင်း၍ ရေထဲသို့ တဟုန်ထိုး ဆင်းပြေးလေသည်၊ ထိုငါးတကောင်သာ အသက်ဘေးမှ ချမ်းသာရာရ၏။ ကံကိုယုံ၍ မီးပုံအတွင်း ခုန်ဆင်းမူ မီးလောင်မည်မှာ သေချာ၏၊ ကျားသောင်းကျန်းနေသော အရပ်သို့ သွား၍ ကျားကိုက် ခံရလျှင်လည်း ကံမကောင်း၍”ဟု ကံကြမ္မာကို မရိုးစွပ်ရာ၊ မည်သည့် အလုပ်မဆို ကံ, ဉာဏ်, ဝီရိယသုံးပါးစုံမှ အကျိုးပြီးမြောက်နိုင်သည်ကို သတိပြုရာ၏။ “ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပ္ပါးရန်၊ ဤလူထံ၌၊ ဉာဏ်, ဝီရိယ, ပယောဂတည့်” ဆက်စပ်ဖတ်ရှုရန် ကံစီမံရာ ကိုးကား ကံ
https://my.wikipedia.org/wiki/%E1%80%80%E1%80%B6
တက်ကြွထက်သန်သူများ
တက်ကြွထက်သန်သူများ (activist) ဆိုသည်မှာ နိုင်ငံရေးပါတီတခု သို့မဟုတ် နိုင်ငံရေးအင်အားစုတခုအတွင်း၌ အတက်ကြွဆုံးလှုပ်ရှားကြသူများကို ခေါ်ဆိုခြင်းဖြစ်၏။ နိုင်ငံရေးမူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များကို ကြွေးကြော်ထောက်ခံသူများမဟုတ်ဘဲ ထိုမူဝါဒအတိုင်း ရည်မှန်းချက်များပေါမြောက်အောင် တက်ကြွထက်သန်စွာ ဆောင်ရွက်လိုကြသူများကို သတ်မှတ်ခေါ်ဆိုသော ဝေါဟာရဖြစ်၏။ ကိုးကား နိုင်ငံရေးအဘိဓာန် (NCGUB) နိုင်ငံရေး
https://my.wikipedia.org/wiki/%E1%80%90%E1%80%80%E1%80%BA%E1%80%80%E1%80%BC%E1%80%BD%E1%80%91%E1%80%80%E1%80%BA%E1%80%9E%E1%80%94%E1%80%BA%E1%80%9E%E1%80%B0%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ငါးရာ့ငါးဆယ် နိပါတ်တော်
ပါဠိ ကျမ်းဂန်များတွင် ဇာတကခေါ် ဘုရားလောင်းနှင့် သက်ဆိုင်သည့် အဖြစ်တော်များ ရှိသည်။ ထိုဖြစ်တော်များမှာ အရေအတွက်အားဖြင့် (၅၄၇) ဇာတ်ရှိသည်။ သို့သော် အခေါ်ရလွယ်စေရန်အတွက် ငါးရာ့ငါးဆယ် နိပါတ်တော်ဟု ခေါ်ကြသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်ဟု ခေါ်သဖြင့် မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မမူမီ ဘဝ ငါးရာ့ငါးဆယ်သာ ကျင်လည်ခဲ့ရသည်ဟု မမှတ်အပ်ပေ။ ငါးရာ့ငါးဆယ် ဇာတ်ကြောင်းတို့မှာ နုမှာငါးရာ ရင့်မှာတစ်ကျိပ် ဟူသောစကားရပ်အရ အခါအားလျော်စွာ ဟောကြားတော်မူခဲ့သော ပါရမီနုစဉ်ကာလမှ အဖြစ်အပျက် အကြောင်းအရာအချို့သာ ဖြစ်ကြသည်။ ပေါ်ပေါက်လာပုံ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုများ၏ အခြေခံဖြစ်သော ပါဠိဂါထာတော်များကို သုတ္တန်၊ ခုဒ္ဒကနိကာယ် နှင့် ပါဌဇာတ်တော် ပါဠိတော်များတွင် တွေ့ရသည်။ ထိုဇာတ်တော် (၅၄၇) ခုတွင် မြန်မာတို့ အတိုကောက်အားဖြင့် “တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ” ဟု အမှတ်အသား ပြုထားသော ဇာတ်ကြီး ဆယ်ဘွဲ့လည်း အပါအဝင် ဖြစ်သည်။ ငါးရာ့ငါးဆယ် ဇာတ်တို့တွင် မြတ်စွာဘုရား အလောင်းတော်သည် လူအဖြစ် (၃၅၇) ဘဝ၊ နတ်အဖြစ် (၆၅) ဘဝ၊ ကုန်းသတ္တဝါအဖြစ် (၆၀) ဘဝ၊ ကောင်းကင် သတ္တဝါအဖြစ် (၅၇) ဘဝ၊ ရေသတ္တဝါအဖြစ် (၈) ဘဝ ကျင်လည်ခဲ့တော် မူလေသည်။ ရေးသားစီရင်ခဲ့မှုများ ဇာတ်ပါဠိတော် မြတ်စွာဘုရားရှင်သည် ငါးရာ့ငါးဆယ် ဇာတ်တော်များကို ပါဠိဘာသာဖြင့် ဂါထာဖွဲ့၍ ဟောတော်မူခဲ့သည်။ ဇာတ်အဋ္ဌကထာများ အေဒီ (၆) ရာစုခန့်တွင် သီဟိုဠ်ကျွန်း၊ အနုရာဓမြို့ တောင်ဘက် မဟာဝိဟာရ ကျောင်းတိုက်၌ အရှင် ဗုဒ္ဓဃောသ မထေရ်သည် ထိုဂါထာများကို ပါဠိဘာသာဖြင့် အဌကထာ ဖွင့်ဆို ရေးသားတော်မူလေသည်။ အဌကထာဆိုသည်မှာ ပါဠိတော်ရင်း၌ ခက်ခဲကွယ်မြုပ်နေသော အနက် အဓိပ္ပာယ်တို့ကို ရှင်းလင်းဖော်ထုတ်၍ ဝတ္ထုကြောင်းနှင့် တကွ အကျယ်ဖွင့်ပြသော ကျမ်းမျိုးကို ခေါ်သည်။ ဇာတ်ဋီကာများ သာသနာတော် ၉၃၀ လောက်တွင် သီဟိုဠ်ကျွန်း အနုရာဓမြို့ အနောက်ဘက် ဗဒရတိတ္တကျောင်းနေ အရှင်ဓမ္မပါလ မထေရ်သည် အရှင် ဗုဒ္ဓဃောသမထေရ်၏ အဌကထာ တွင် တိမ်မြုပ်နေသော အနက်အဓိပ္ပာယ်တို့ကို ရှင်းလင်းဖွင့်ဆိုထားသော ဇိနတ္ထ ပကာသနီ ခေါ် ဋီကာကျမ်းကို ရေးသားစီရင်ခဲ့သည်။ မြန်မာပြည်သို့ ရောက်လာခြင်း ထိုဇာတ်အဋ္ဌကထာတို့သည် သီဟိုဠ်ကျွန်းမှ အောက်မြန်မာပြည် သထုံမြို့သို့ သာသနာတော် ၉၃၀ ကျော်တွင် ရောက်ရှိခဲ့သည်။ သာသနာ ၁၆၀ဝ ကျော် (သက္ကရာဇ် ၄၀ဝ ကျော်)လောက်တွင် သထုံမှ ပုဂံသို့ အနော်ရထာမင်း ဆောင်ယူ၍ မြန်မာနိုင်ငံတစ်ဝန်းလုံး ပျံ့နှံ့လေသည်။ ဋီကာသစ် ထို့နောက် မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ပညာသာမိ သီရိကဝိ ဓဇမဟာဓမ္မရာဇာဓိရာဇာဂုရု တံဆိပ်တော်ရ ဒုတိယ မောင်းထောင်ဆရာတော် သည် အသမ္မောဟ ဝိလာသိနီဟူသော ဋီကာသစ်ကို ပါဠိဘာသာဖြင့် စီရင် ရေးသားတော်မူသည်။ ဋီကာ ဆိုသည်မှာ ပါဠိတော် အဌကထာတို့၌ တိမ်မြုပ်ကွယ်ဝှက်သော အနက်အဓိပ္ပာယ်တို့ကို အကျယ်ရှင်းလင်းဖော်ပြသော ကျမ်းကို ဆိုသည်။ ငါးရာ့ငါးဆယ် ဇာတ် ပါဠိတော် နိသျဟောင်းကို သာယာဝတီမင်းလက်ထက် သာသနဝံသ သီရိဓမ္မမဟာ ဓမ္မရာဇာဓိရာဇာ ဂုရု ကြံခင်းဆရာတော် စီရင်၍ နိဿယသစ်ကိုမူ မင်းတုန်းမင်းကြီးလက်ထက် မေဓာဘိဝံသ သီရိသဓမ္မဓဇ မဟာဓမ္မရာဇာ ဓိရာဇာဂုရု ပြည်ဆရာတော် ရေးသား စီရင်တော် မူခဲ့သည်။ ဇာတ်အဌကထာ နိသျများကိုကား ဘိုးတော် မင်းတရား လက်ထက် တောင်တွင်းဆရာတော်၊ ပလိုင်းဆရာတော်၊ မဲထီးဆရာတော်၊ ရွှေတောင်ဆရာတော်၊ တောင်လေးလုံး ဆရာတော်၊ ကတိုးဆရာတော်၊ ဗားကရာ ဆရာတော်၊ ဆုံတားဆရာတော်၊ ပထမ မောင်းထောင် သာသနာပိုင် ဆရာတော်၊ မုန်တော ဆရာတော်၊ ညောင်ကန်ဆရာတော်၊ မင်းရွာ ဆရာတော်၊ ပထမ ဆင်တဲ ဆရာတော်တို့ ရေးသား စီရင်တော် မူခဲ့ကြသည်။ မြန်မာသက်သက် စကားပြေ ဇာတ်တော်များကို မုံတိုင်ပင် ဆရာတော်နှင့် ညောင်ကန်ဆရာတော်တို့ စီရင်သည်ဟု ပိဋကတ် သမိုင်းက ပြဆိုလေသည်။ ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေများဝတ္ထုများအနက် ဝေဿန္တရာ၊ စန္ဒကုမာရ၊ ဝိဓုရ၊ မဟောသဓ၊ နာရဒ၊ ဇနက၊ နေမိ၊ တေမိဟူသော ဇာတ်တော်ကြီး ရှစ်ဘွဲ့ကို ဘိုးတော်ဘုရားလက်ထက် မင်းဘူး ဦးဩဘာသ စီရင်ခဲ့သည်။ ဘူရိဒတ် ဇာတ်တော်ကြီးကို မင်းဘူးမြို့၊ အနောက်လေသာကျောင်းတိုက် ဆရာတော်၏ တပည့် နန္ဒမေဍာ စီရင်ခဲ့သည်။ သုဝဏ္ဏသာမ ဇာတ်ကို မင်းဘူးမြို့ ရန်ကုန်တိုက်၊ ရန်ကုန်ဆရာတော်၏တပည့် ဦးပညာတိက္ခ စီရင်ခဲ့သည်။ အနှစ်ချုပ် ဗုဒ္ဓဘာသာဝေါဟာရ ငါးရာ့ငါးဆယ်ဟုဆိုလျှင် ဘုရားဟောဇာတ်နိပါတ်တော်ဟု ဗုဒ္ဓဘာသာ အဝါးဝသူတိုင်း နားလည်ကြကုန်၏။ ဤ၌ နိပါတ် အမည်နှင့် ဇာတ်ဝတ္ထု သင်္ချာမျှကိုသာ အကျဉ်းရုံး၍ ဖြေသွားမည်။ ၁။ ဧကကနိပါတ် - အပဏ္ဏကဇာတ်အစ သဉ္ဇီဝဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၅၀-ပါဝင်သည်။ ၂။ ဒုကနိပါတ် - ရာဇောဝါဒဇာတ်အစ ကပိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀ဝ-ပါဝင်သည်။ ၃။ တိကနိပါတ် -သင်္ကပ္ပရာဂဇာတ်အစ ဝကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။ ၄။ စတုကနိပါတ်- စူဠကလိင်္ဂဇာတ်အစ ဒေဝတာပဉှဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။ ၅။ ပဉ္စကနိပါတ်- မဏိကုဏ္ဏလဇာတ်အစ ကပေါတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၅-ပါဝင်သည်။ ၆။ ဆက္ကနိပါတ်- အဝါရိယဇာတ်အစ ပါရာဝတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။ ၇။ သတ္တကနိပါတ်- ကုက္ကုဇာတ်အစ ပရန္တပဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။ ၈။ အဋ္ဌကနိပါတ်- ကစ္စာနိဇာတ်အစ ဒီပိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။ ၉။ နဝကနိပါတ်- ဂိဇ္ဈဇာတ်အစ တိတ္တိရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၂-ပါဝင်သည်။ ၁၀။ ဒသကနိပါတ်- စတုဒွါရဇာတ်အစ ဃဋပဏ္ဍိတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၆-ပါဝင်သည်။ ၁၁။ ဧကာဒသကနိပါတ်- မာတုပေါသကဇာတ်အစ သုပ္ပါရကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၉-ပါဝင်သည်။ ၁၂။ ဒွါဒသကနိပါတ်- စူဠကုဏာလဇာတ်အစ မိတ္တာမိတ္တဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။ ၁၃။ တေရသကနိပါတ်- အမ္ဗဇာတ်အစ သရဘမိဂဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။ ၁၄။ ပကိဏ္ဏကနိပါတ်- သာလိကေဒါရဇာတ်အစ ဘိက္ခာပရမ္ပရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၃-ပါဝင်သည်။ ၁၅။ ဝီသတိနိပါတ်- မာတင်္ဂဇာတ်အစ အယောဃရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၄-ပါဝင်သည်။ ၁၆။ တိံသနိပါတ်- ကိံဆန္ဒဇာတ်အစ ဂန္ဓတိန္ဒုကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။ ၁၇။ စတ္တာလီသနိပါတ်- တေသကုဏဇာတ်အစ စူဠသုတသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း၅-ပါဝင်သည်။ ၁၈။ ပဏ္ဏာသနိပါတ်- နိဠိနိကာဇာတ်အစ မဟာဗောဓိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၃-ပါဝင်သည်။ ၁၉။ သဋ္ဌိနိပါတ်- သောဏကဇာတ်အစ သံကိစ္စဇာတ်အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။ ၂၀။ သတ္တတိနိပါတ်- ကုသဇာတ်အစ သောဏနန္ဒဇာတ်အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။ ၂၁။ အသီတိနိပါတ်- စူဠဟံသဇာတ်အစ မဟာသုတသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅-ပါဝင်သည်။ ၂၂။ မဟာနိပါတ် -တေမိဇာတ်အစ ဝေဿန္တရာဇာတ်အဆုံး ဇာတ်ဝတ္ထု ၁၀-ပါဝင်သည်။ မှတ်ချက်။။ ငါးရာငါးဆယ်ဇာတ်တော်များစာရင်းတွင်၅၄၇-ဇာတ်သာရှိသည်ကို အဓိကသင်္ချာခေါ် သင်္ချာပိုအားဖြင့် ၅၅၀ (ငါးရာ့ငါးဆယ်) ဟုခေါ်သည်။ ဇာတ်တော်တို့၏ ကာလအပိုင်းအခြား ဤ(၅၄၇)ဇာတ်အနက် လေးဇာတ်ကို ကမ္ဘာပိုင်းခြား၍ ဆိုသည်။ ဧကနိပါတ် (ဇာတ်နံပါတ်-၃၊ သေရိဝ ဝါဏိဇဇာတ်) - ၅ ကမ္ဘာထက် ဧကနိပါတ် (ဇာတ်နံပါတ်-၉၄၊ လောမဟံသဇာတ်) -၉၁ ကမ္ဘာထက် ဒုကနိပါတ် (ဇာတ်နံပါတ်-၁၆၊ အရကဇာတ်) - ၇ ကမ္ဘာထက် သတ္တနိပါတ် (ဇာတ်နံပါတ်-၁၀၊ ဗက(ဗြဟ္မာ)ဇာတ်) - တစ်ခုသောကမ္ဘာ ကျန်သော (၅၄၃)ဇာတ်သည် ကမ္ဘာကို ခွဲခြား၍ မဆို၊ လွန်လေပြီးသောအခါ.....ဟုသာ ဆိုသည်။ ဤကမ္ဘာအတွင်း၌ ဖြစ်သည်ချည်း ယူရမည်ဟု အချို့ဆရာတို့ ဆိုကုန်သည်။ ရည်ညွှန်းကိုးကား ဇာတ်တော်ငါးရာ့ငါးဆယ် ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%84%E1%80%AB%E1%80%B8%E1%80%9B%E1%80%AC%E1%80%B7%E1%80%84%E1%80%AB%E1%80%B8%E1%80%86%E1%80%9A%E1%80%BA%20%E1%80%94%E1%80%AD%E1%80%95%E1%80%AB%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
အကုသိုလ်စိတ် ၁၂ ပါး
လောဘမူစိတ် ၈-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ မောဟမူစိတ် ၂-ပါး၊ ပေါင်း ၁၂-ပါးဟူ၏။ ရည်ညွှန်းကိုးကား - သုတေသန သရုပ်ပြ အဘိဓာန်၊ ၂၀ဝ၇။ လောဘမူလအရင်းခံစိတ် ဒေါသမူလအရင်းခံစိတ် မောဟမူလအရင်းခံစိတ် ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%AF%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%85%E1%80%AD%E1%80%90%E1%80%BA%20%E1%81%81%E1%81%82%20%E1%80%95%E1%80%AB%E1%80%B8
အဂ္ဂသာဝကကြီး ၄ ပါး
အဂ္ဂသာဝကကြီး ၄-ပါး အမြတ်ဆုံးသော တပည့်သာဝကကြီး ၄-ပါး မှာ ဂေါတမဗုဒ္ဓ ၏ လက်ဝဲတော်ရံနှင့် လက်ယာတော်ရံများ ဖြစ်သည်။ ရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် ဟူသော ယောက်ျားရဟန်း နှစ်ပါး။ ဥပ္ပလဝဏ်ထေရီ ဘိက္ခုနီ၊ ခေမာထေရီ ဘိက္ခုနီ မိန်းမရဟန်း နှစ်ပါးတို့ ဖြစ်၏။ အကျယ်ကို ဗုဒ္ဓဝံသ စာမျက်နှာ (၃၈၁) ၌ ဆက်လက်ကြည့်ရှုနိုင်သည်။ ရည်ညွှန်းကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%82%E1%80%B9%E1%80%82%E1%80%9E%E1%80%AC%E1%80%9D%E1%80%80%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%20%E1%81%84%20%E1%80%95%E1%80%AB%E1%80%B8
နိုဘယ်ဆုရ အာရှသား
၂၀၁၀-လျူရှောင်ဘို (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၂၀ဝ၆-မိုဟာမက်ယူနွတ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံ) Muhammad Yunus, Bangladesh ၂၀ဝ၃-ရှီရင်အီဘာဒီ (အီရန်) Shirin Ebadi , Iran ၂၀ဝ၀-ကင်ဒေးဂျုံ (တောင်ကိုးရီးယားနိုင်ငံ) Kim Dae Jung , South Korea ၁၉၉၆-ကာလော့စ် ဖီလီပီ ဇမ်မီနစ်ဘဲလို Carlos Filipe Ximenes Belo နှင့် ဂျိုဆေးရာမို့စ်ဟောတာ (အရှေ့တီမောနိုင်ငံ) José Ramos-Horta, East Timor ၁၉၉၄-ယာစာအာရာဖတ် Yasser Arafat, ရှီမွန်ပဲရက် Shimon Peres, ရစ်ဇတ်ခ်ရာဘင် Yitzhak Rabin (ပါလက်စတိုင်းနှင့်အစ္စရေး) Palestinian Authority , Israel ၁၉၉၁-အောင်ဆန်းစုကြည် (မြန်မာနိုင်ငံ) Aung San Suu Kyi ,Myanmar ၁၉၈၉-တင်းဇင်းဂျရတ်စို၊ ၁၄-ဆက်မြောက် ဒလိုင်းလားမား(တိဘက်)Tenzin Gyatso, the 14th Dalai Lama Tibet ၁၉၇၉-မာသာ ထရီဆာ (အယ်ဘေးနီးယား-အိန္ဒိယနိုင်ငံ) Mother Teresa, Albania, India ၁၉၇၈-မိုဟာမက် အန်ဝါအယ်လ်ဆာဒတ် Mohamed Anwar Al-Sadat, မီနာကမ်ဘီဂင် Menachem Begin (အီဂျစ်နှင့်အစ္စရေး) Egypt and Israel ၁၉၇၄-အီစာကူဆာတို (ဂျပန်နိုင်ငံ) Eisaku Sato , Japan, ၁၉၇၃-လီဒတ်သို (ဗီယက်နမ်နိုင်ငံ) LeDuc Tho ,Vietnam. ကျမ်းကိုး သုတေသန သရုပ်ပြ အဘိဓာန်၊ ၂၀ဝ၇။ အာရှတိုက် နိုဘယ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%98%E1%80%9A%E1%80%BA%E1%80%86%E1%80%AF%E1%80%9B%20%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%9E%E1%80%AC%E1%80%B8
အနုမြူနိုင်ငံကြီးများ
ကမ္ဘာပေါ်၌ ကြောက်စရာအကောင်းဆုံး အဆိုးဝါးဆုံးသော လူသတ်လက်နက် အနုမြူဗုံးပိုင်ရှင်နိုင်ငံကြီးများမှာ ၂၀ဝ၇-ခုနှစ်အထိ ကိုးနိုင်ငံမျှရှိသည်။ (၁) ၊ ၁၉၄၅-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်နေ့ မက်ဆီကိုနယ် အယ်လာမာဂေါ်ဒိုဒေသ၌ ပထမဆုံးအနုမြူဗုံးကို ဖေါက်ခွဲခဲ့သည်။ (၂) ၊ ၁၉၄၉-ခု၊ ဩဂုတ်လမှာ စတင်ဖေါက်ခွဲခဲ့သည်။ (၃) ၊ ၁၉၅၂-ခု၊ အောက်တိုဘာလ ၃-ရက်နေ့က ဩစတြေးလျတိုက်၏ အနောက်မြောက်ဘက်မိုင် ၅၀-ကွာမွန်တီတလိုကျွန်းစု၌ စတင်ဖေါက်ခွဲခဲ့သည်။ (၄) ၊ ၁၉၆၀-ခု၊ ဖေဖော်ဝါရီလ ၁၃-ရက်နေ့ ဆဟာရသဲကန္တာရ၌ ပလူတိုနီယံအနုမြူဗုံးကို စတင်ဖေါက်ခွဲသည်။ (၅) ၊ ၁၉၆၄-ခု၊ အောက်တိုဘာလ ၁၆-ရက်နေ့ စင်ကျန်ပြည်နယ် ထက်လာမာကန် သဲကန္တာရ၌စတင်ဖေါက်ခွဲသည်။ (၆) ၊ ပထမဆုံး အနုမြူဗုံးကို ရာဂျပ်စ်သန် သဲကန္တာရ၌ ၁၉၇၄-ခုနှစ် မေလ ၁၇-ရက်နေ့ကစတင်ဖေါက်ခွဲလိုက်သည်။ (၇) ၊ ၁၉၉၈-ခု၊ (၈) ၊ ၂၀ဝ၆-ခု၊ (၉) ၊ ၁၉၇၉-ခု။ အစ္စရေးကကြေညာခြင်း မရှိခဲ့ပါ။ ယခုအခါ နိုင်ငံများစွာမှာ တည်ဆောက်ထုတ်လုပ်နေကြသည်။ မြန်မာနိုင်ငံသည်လည်း နျူကလီးယားပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဟု သံသယရှိခြင်းခံနေရသည်။ နိုင်ငံရေး သိပ္ပံ နည်းပညာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%AF%E1%80%99%E1%80%BC%E1%80%B0%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
နာရေစွမ် ရုပ်ရှင်
နာရေစွမ်မင်းအမည်ရှိ ရုပ်ရှင်ဇာတ်ကားကို နာမည်ကြီး ထိုင်းသမိုင်း ရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည့် Suriohtai (ဆူရီယိုထိုင်း) ဇာတ်ကား၏ ထိုင်းလူမျိုး ဒါရိုက်တာ အမ်မ်စီချာတရီချာလန် သန်းမွီယုကိုး က ရိုက်ကူးထားသည်။ ဘုရင် နာရေစွမ် Naresuan the Great ဟု အမည်ပေးထားသည့် ဇာတ်ကားသည် ၁၅ ရာစုနှစ်၊ ထိုင်းနိုင်ငံ သမိုင်းအချက်အလက်များကို အခြေခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး၊ ရုပ်ရှင်ရုံများ၌ ယင်းဒဏ္ဍာရီ သမိုင်းရုပ်ရှင်ဇာတ်ကားကို တပြိုင်နက် ပြသလိုက်သောအခါ တစ်နိုင်ငံလုံးက ထိုင်းလူမျိုး ရုပ်ရှင်ကြည့်ပရိသတ်များ အလွန် နှစ်ခြိုက်သဘောကျသဖြင့် ဤဇာတ်ကားမှာ ထိုင်းနိုင်ငံတလွှား အောင်ပွဲခံနိုင်ခဲ့သည်။ သုံးပိုင်းတွဲဇာတ်ကား ဤဇာတ်ကားသည် အစမှအဆုံး ခုနစ်နာရီခွဲ ကြာမြင့်သည့် သုံးကားတွဲ (Trilogy) ဇာတ်လမ်းရှည်ကြီးဖြစ်ပြီး တစ်ပိုင်းစီခွဲ၍ ရုံတင်ပြသ ခဲ့သည်။ ဤဇာတ်ကား၏ ပထမပိုင်းသည် မင်းသားနာရေစွမ် ( မြန်မာအခေါ် ဗြနရာဇ်) ၏ ကလေးဘဝဖြစ်စဉ်ကို အဓိက ပုံဖော်ထားပြီး ဘုရင့်နောင်၏ သားတော်နှင့် အပေါင်းပါများ၏ လုပ်ကြံမှုက လွတ်မြောက်အောင် အယုဒ္ဓယသို့ အခြွေအရံများနှင့် တိတ်တဆိတ်ပြန်သွားပုံဖြင့် ဇာတ်သိမ်းထားသည်။ ဒုတိယပိုင်းမှာ အရွယ်ရောက်လာသည့် မင်းသားနာရေစွမ်က ဘုရင့်နောင်နတ်ရွာစံအပြီး မြန်မာလက်အောက်မှ အယုဒ္ဓယကို လွတ်မြောက်အောင် ကြိုးပမ်းပုံ ဖြစ်သည်။ နောက်ဆုံးပိုင်း (တတိယပိုင်း) မှာမူ ၂၀ဝ၇ ဒီဇင်ဘာလ ထိုင်းဘုရင်၏ အသက် ၈၀ ပြည့်မွေ့နေ့ အထိမ်းအမှတ်နှင့် တိုက်ဆိုင်ပြီး ရုံတင်ပြသရန် ကြေညာထားသော်လည်း အပြီးမသတ်နိုင်သေး၍ မပြဖြစ်ခဲ့ချေ။ ထိုင်းသမိုင်းဇာတ်ကား ရိုက်ကူးရာမှာ နာမည်ကြီးသည့် ဤရုပ်ရှင်၏ ဒါရိုက်တာ သန်းမွီသည် ရှုပ်ထွေးပွေလီသော ထိုင်းနန်းတွင်း ရေးရာများ၊ ထီးနန်းအတွက် လျှို့ဝှက်ကြံစည်မှုများ အကြောင်းကို ဆူရီယိုထိုင်း အမည်ရှိ ဒဏ္ဍာရီဆန်ဆန် ရုပ်ရှင်ဇာတ်ကားကိုလည်း ၂၀ဝ၁ ခုနှစ်က ရိုက်ကူးခဲ့သည်။ King Naresuan မှာ ဆူရီယိုထိုင်း ဇာတ်ကား၏ နောက်ဆက်တွဲဟုလည်း ဆိုနိုင်သည်။ အကြောင်းမှာမူ ဆူရီယိုထိုင်း ကို ရိုက်ကူး ထုတ်လုပ်အပြီး၌ ထိုင်းသူရဲကောင်း နာရေစွမ် အကြောင်းကို ဆက်လက်ရိုက်ကူးရန် စိတ်ကူးရခြင်းကြောင့်ဟု ဆိုသည်။ ဤဇာတ်ကားကို ဒါရိုက်တာက သုံးနှစ်ကြာ သမိုင်းဆိုင်ရာ အထောက်အထားများကို ရှာဖွေပြီးမှ အချိန်ယူ ရိုက်ကူးခဲ့ကြောင်း သိရသည်။ သုံးစွဲမှုနှင့် ကုန်ကျစရိတ် ဒီဇာတ်ကားကတော့ ရာဇဝင် စစ်ဇာတ်ကြမ်းရုပ်ရှင် ကားတစ်ကားနဲ့ ပိုတူပါတယ်။ သရုပ်ဆောင်အင်အား တစ်သိန်း ကျော်၊ ဇာတ်ဝင်အခမ်းအနားဝတ်စုံ ၆၀ဝ၀ဝ (ခြောက်သောင်း)၊ စစ်လက်နက်ကိရိယာ ၄၀ဝ၀ (လေးထောင်) နဲ့ ရိုက်ကူးထုတ်လုပ် မှု ကုန်ကျစရိတ် ဘတ် သန်း ၇၀ဝ ရှိတယ်လို့ ဆိုတာမို့ ထိုင်းရုပ်ရှင် သမိုင်းမှာတော့ အကုန်အကျ အများဆုံးနဲ့ အခမ်းနား အကြီးကျယ်ဆုံး ပြင်ဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းကျောရိုး ဇာတ်ကားရဲ့ အဓိက အကြောင်းအရာကတော့ ဒီလိုပါ။ ၁၅ ရာစုနှစ်လယ်လောက်က ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက ဟံသာဝတီရွှေနန်းရှင် ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓယကို သိမ်းပိုက်အောင်မြင်စဉ်က အသက် ကိုးနှစ်အရွယ် မင်းသားနာရေစွမ်နဲ့ တကွ ထိုင်းမှူးမတ်တွေ၊ လက်မှုပညာသည်တွေကို ဟံသာဝတီရွှေနန်းတော်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဘုရင့်နောင်မင်း တရားကြီးနတ်ရွာစံပြီးနောက် နန္ဒဘုရင်လက်ထက်မှာ နာရေစွမ်က ထိုင်းလူမျိုးတွေကို စုစည်း၊မြန်မာဘုရင်ကိုပုန် ကန်ခြားနားပြီး အယုဒ္ဓယကိုပြန်လည်ရယူတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကျောရိုးကို စိတ်ကူးနဲ့ထပ်ဖြည့် ထားတဲ့ဇာတ်ကောင်တွေ ထပ်ထည့်ပြီး ဒဏ္ဍာရီပုံပြင်ဆန်ဆန် ခမ်းခမ်းနားနား ရိုက်ကူးတင်ဆက် ထားတာပါ။ ပြင်ဆင်မှု ဒါရိုက်တာကလည်း သူ့ရဲ့ ဒီရုပ်ရှင်ဇာတ်လမ်းဟာ သမိုင်းထဲက အဖြစ်အပျက်တချို့ကို အခြေခံပြီး တခြားဇာတ်ကောင်၊ ဇာတ်ကွက်တွေကို စိတ်ကူးနဲ့ဖြည့်စွက်ဖန်တီးထားတဲ့ ဒဏ္ဍာရီ ဇာတ်လမ်း တစ်ခု လို့ဘန်ကောက်ပို့စ်သတင်း စာမှာပါရှိတဲ့ Siamese Saga ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြ ထားပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကို Legends of the King Naresuan လို့လည်း အမည်ပေးထားပါတယ်။ ဒါရိုက်တာသန်းမွီဟာ ဒီဇာတ်ကားရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေအတွက် ချူလာလောင်ကွန်တက္ကသိုလ်က ထိုင်း-မြန်မာရေးရာကျွမ်းကျင်သူ ထိုင်းပါမောက္ခတစ်ဦးရဲ့အကူအညီ ယူခဲ့ပြီး မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်ဒေသတွေကိုလည်း သွားရောက် လေ့လာခဲ့တယ်လို့ အဲဒီဆောင်းပါး မှာဖော်ပြထား ပါတယ်။ နှစ်နိုင်ငံစစ်တပ်တွေ စစ်စခန်းချရာ နေရာတွေ၊ စစ်ချီတက်ရာ လမ်းကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေကို ခန့်မှန်းဖို့အတွက် နှစ်နိုင်ငံသမိုင်းကြောင်းတွေကို သာမက ဂြိုဟ်တု က ရိုက်ယူထားတဲ့ ကောင်းကင်ဓာတ်ပုံ တွေကိုလည်း အသုံးပြုခဲ့တယ်လို့ သိရတယ်။ သူဟာ နှစ်နိုင်ငံစစ် တပ်တွေရဲ့ တိုက်ပွဲတွေ အဖြစ်နိုင်ဆုံး နေရာတစ်ခုကို စစ်တောင်းမြစ်လို့ ယူဆပါတယ်။ နည်းပညာအကူအညီ ဒီဇာတ်ကားရိုက်ကူးဖို့အတွက် အတတ်ပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေကို ဟောလိဝုဒ်ရဲ့Troy, Lords of the Rings စတဲ့ ကြီးကျယ်ခမ်းနားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ထုတ်လုပ်ခဲ့ကြတဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေက အကူအညီပေးခဲ့ကြပါတယ်။ ဒီဇာတ်ကားရဲ့ နောက်ခံတေးဂီတကလည်း ထိုင်းရိုးရာပုံစံရော၊ အနောက်တိုင်းပုံစံပါ ပေါင်းစပ်အသုံးပြုထားတာ သတိထားမိပါတယ်။ နောက်ခံတေးဂီတ ဖန်တီးသူက Lion King, Luther, The Da Vinci Code နဲ့ Kingdom of Heaven ဇာတ်ကားတွေအတွက် နောက်ခံ တေးဂီတ တွေဖန်တီးခဲ့တဲ့ ဗြိတိသျှ လူမျိုး ဂီတမှူး ရစ်ချတ်ဟာဗေး ဖြစ်ပါတယ်။ (ဆူရီယိုထိုင်းကိုလည်း သူပဲ နောက်ခံတေးဂီတ အတွက် တာဝန်ယူခဲ့တာပါ။) ရိုက်ကွင်း ၁၅ ရာစုနှစ် မြန်မာဘက်က ဟံသာဝတီမင်းနေပြည်တော် နဲ့ ဆိုင်းယမ် (ထိုင်း) တို့ရဲ့ အယုဒ္ဓယ နန်းတွင်းအပြင်အဆင်၊ မြန်မာဘုရား၊ စေတီ၊ ကျောင်းကန်၊ ဟံသာဝတီနန်းတော်၊ နန်းတော်ရှေ့က ခြင်္သေ့ရုပ်တုကြီးတွေ၊ ကျုံး၊ နန်းမြို့ရိုး၊ ပြာသာဒ်၊ စတဲ့ အဆောက်အဦတွေအားလုံးကို ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ကန်ချနာဘူရီဒေသမှာ ပုံစံတူမော်ဒယ်တွေ တည်ဆောက်ပြီး ခမ်းခမ်းနားနားရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဒေသဟာ နာရေစွမ်ရဲ့ ဘဝနဲ့ ထိုင်းနိုင်ငံသမိုင်းမှာ အရေးကြီးတဲ့ ဖြစ်ရပ်တွေဖြစ်ခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။ စစ်တောင်း မြစ်ဝှမ်း ဒေသမှာ နှစ်ဘက်စစ်သည်ရဲမက်တွေ အများကြီး ဆင်၊ မြင်း၊ လေး၊ မြား၊ အမြောက်တွေနဲ့ ထိုးခုတ်တိုက်ခိုက်ကြပုံတွေ၊ ပေါက်ကွဲ မီးလောင်ပျက်စီးခန်းတွေ ကတော့ ဟောလိဝုဒ်ရဲ့ ရာဇဝင် စစ်ဇာတ်ကားကြီးတွေလောက် မမီပေမယ့် တော်တော်အားထုတ်ထားတာ သိသာပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာမှာပါရှိတဲ့ ဒါရိုက်တာနဲ့ အင်တာဗျူးမှာ ဒါရိုက်တာသန်းမွီက “ဘုရင်နာရေစွမ် အကြောင်း ကိုရေးသားရိုက်ကူးရာမှာ ကျနော်တို့ ထိုင်း အမျိုးသားရေးစိတ်ဓာတ် ဆိုတဲ့ စိတ်အခံနဲ့ ချဉ်းကပ်လို့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက တစ်စုတစ်စည်းတည်း ပေါင်းစည်းနေတဲ့ နိုင်ငံတော်ဆိုတဲ့ သဘောသဘာဝ မရှိသေးလို့ပါပဲ။ ၁၆ ရာစုနှစ် လောက်က ဒေသတွင်းမှာ မြို့ပြတွေ အများကြီး ပြန့်ကျဲတည်ရှိ ခဲ့ကြတယ်။ အဲဒီအချိန်က အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ အဲဒီ မြို့ပြနိုင်ငံတော် (City-state) တွေကို အောင်နိုင်ခဲ့တာပါ။ ဇာတ်ကားမှာ ဘုရင့်နောင်ကို အယုဒ္ဓယကို အောင်နိုင်ခဲ့တဲ့ ဘုန်းကြီး မြတ်တဲ့ မင်းတစ်ပါးအဖြစ် ရိုက်ကူး ပုံဖော်ထားတာဖြစ်ပါတယ်။ သူတို့ကို (မြန်မာတွေ) ကို ကျနော်တို့ရဲ့ ထာဝရရန်သူတွေဆိုပြီး ရိုက်ကူးထားတာ မဟုတ်ပါဘူး” လို့ ရှင်းပြထားတာ တွေ့ရပါတယ်။ ဇာတ်လမ်းပုံဖော်မှု ခြုံငုံပြီး ပြောရရင်တော့ ဇာတ်လမ်းက သာမန် ထိုင်းသမိုင်း ရုပ်ရှင် ဇာတ်ကားတွေရဲ့ ပုံစံကျ လမ်းကြောင်းကနေ အနည်းငယ် ခွဲထွက်တယ်လို့ မြင်ပါတယ်။ မြန်မာတွေကို အင်အားကြီး နိုင်ငံတစ်ခု ဆိုတာကို ပြပါတယ်။ နရေစွမ်က ဟံသာဝတီ လက် အောက်က ထိုင်းလူမျိုးတွေ လွတ်မြောက်အောင်သာ ကြိုးပမ်းပြီး ဟံသာဝတီကိုသိမ်းယူဖို့အထိ မကြံစည်ဘူး ဆိုတာကို ပြထားပါတယ်။ ဘုရင့်နောင်နဲ့ ပတ်သက် ပြီး နာရေစွမ်ရဲ့ ထင်မြင်ချက် ကိုလည်း ဘုရင့်နောင်ကို လေးစားဖွယ် ဖခင် အရင်း တစ်ယောက်လို့ သဘောထားတဲ့ကြောင်း မကြာခဏ ထုတ်ဖော်ပြော တာတွေ့ရတယ်။ ဇာတ်ကားရဲ့ ဒုတိယပိုင်းမှာ ဘုရင့်နောင်ဟာ ပိသလောက်မှာရောက်နေတဲ့ မင်းသားနာရေစွမ်ကို ခေါ်ယူစေပြီး ဟံသာဝတီကို တိုက်ခိုက်သိမ်းယူစေဖို့ ဘုန်းကြီးကို ပြောကြားခဲ့တဲ့ အခန်းကတော့ ဘဝင်မကျစရာပါ။ အင်အားကြီး မားတဲ့ မြန်မာဘုရင်တစ်ပါးဟာ မိမိသွေးသားရင်း ဖြစ်တဲ့ နန္နဘုရင်ကိုကျော်ပြီး မွေးစားထားသား သဘောဖြစ်တဲ့ နရေစွမ်ကို ထီးနန်းဆက်ဆံဖို့ မှားကြားမှုဟာ ဖြစ်နိုင်ပါ့မလား ဆိုတာပါ။ မြန်မာဇာတ်ကောင်တွေဖြစ်တဲ့ ဘုရင့်နောင်၊ နန္နဘုရင်၊ အိမ်ရှေ့မင်းသား မဟာဥပရာဇာတို့နေရာမှာ သရုပ်ဆောင်တဲ့ ထိုင်းသရုပ်ဆောင်တွေကလည်း မြန်မာတွေရဲ့ ရုပ်ရည်နဲ့ အတော်ဆင်တူပါတယ်။ မြန်မာမင်းသားတွေကို ခက်ထန် ကြမ်းတမ်းတဲ့ စရိုက်သဘာဝ ရှိတဲ့သူတွေလို့ မြင်အောင် ဇာတ်ရုပ်ချထား ပါတယ်။ ဇာတ်ကားထဲမှာ သူတို့ ထိုင်းစကားပဲ ပြောပါတယ်။ ဘုရင့်နောင် အဖြစ် သရုပ်ဆောင်တဲ့သူက ဝါရင့် ထိုင်းသရုပ်ဆောင် တစ်ဦးဖြစ်ပြီး နှုတ်ခမ်းမွေး၊ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ လက်ပိုက်ပြီး လေးနက်တည် ကြည်ခန့်ညားတဲ့ အမူအရာ တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းမင်းသမီး ဆုပန်ကလျာကို ချစ်ကြိုက်မိပုံကို ရာဇအိန္နြေတောင် ပျက်ယွင်းလောက်အောင် ပြထားပါတယ်။ ဟံသာဝတီ ရွှေနန်းတော်မှာ ဘုရင့်နောင်ရှေ့မှောက် ခစားနေကြတဲ့ ရံရွေတော် မြန်မာမင်းသမီးလေးတွေအဖြစ် သရုပ်ဆောင်တဲ့ လှပငယ်ရွယ်တဲ့ ထိုင်း အမျိုးသမီးငယ်လေးတွေရဲ့ ဝတ်စားဆင် ယင်မှုကတော့ ကျွန်တော်တို့ မြင်တွေနေကျနဲ့ ကွဲပြားပါတယ်။ သူတို့က နန်းတွင်းဝတ်စုံကို (ထိုင်းအမျိုးသမီးတွေလို) ပခုံးသား ဖော်ပြီး ဝတ်ထားတာပါ။ မြန်မာမှတ်တမ်းတွေက တောင်ငူခေတ် ဝတ်စားဆင်ယင်ပုံနဲ့ကွဲပြားမှုရှိမရှိ သမိုင်းပညာရှင်တွေမှ သိနိုင်မှာပါပဲ။ ဟံသာဝတီရွှေနန်းတော်မှာ မြန်မာ့စောင်းတီးဖျော်ဖြေတဲ့ အခန်းတွေ၊ မြန်မာမင်းသား တွေနဲ့ နာရေစွမ်တို့ ကြက်တိုက် ကစား ကြတဲ့ ပြကွက်တွေလည်း တွေ့ရပါတယ်။ ရုပ်ရှင်နှင့် နောက်ဆက်တွဲ ဒီဇာတ်ကား ရုပ်ရှင် ပိုစတာက မှိန်ပျပျ ပုံဂံဘုရား စေတီ ပုထိုးတွေနောက်ခံမှာ အဓိကဇာတ်ကောင်တွေရဲ့ ပုံတွေနဲ့အတူ အလွင့်လွင့်ဖြစ်နေတဲ့ အောက်ခံအနီရောင်အလံပေါ်မှာ လူတစ်ယောက် မြင်းတစ်စီးနဲ့ လှံတံကိုကိုင်ပြီး ဝံ့ကြွားနေတဲ့ပုံကို ထိုင်းရိုးရာ ပုံစံ ကနုတ်တွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ 'နိုင်ငံ၏ ကံကြမ္မာကို ရဲဝံ့စွာ ပြောင်းလဲစေနိုင်ခဲ့သော ဘုရင်' ဆိုတဲ့ ဇာတ်ကားရဲ့ စာစုလေးနဲ့ ဒီရုပ်ရှင်ဇာတ်ကားအကြောင်းကို ဝက်ဘ်ဆိုက် တစ်ခုလည်း ပြုလုပ်ထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့သတင်းတွေ၊ ဇာတ်လမ်း အကျဉ်းချုပ်၊ သမိုင်းကြောင်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ အင်တာဗျူးတွေ၊ ရိုက်ကွင်း ပြင်ဆင်ကြတာတွေ၊ ပုံစံတူမော်ဒယ်တွေ တည်ဆောက်ကြတာတွေ၊ ဆင်မြင်းတွေကို လေ့ကျင့်သင်ကြားပေးနေကြပုံနဲ့ ရုပ်ရှင်ကား ပိုစတာတွေ၊ ဇာတ်ကားပိုင်း နမူနာထွေလာတွေ၊ e-Card၊ ဘလော့ဂ်ရုပ်ရှင်ဇာတ်ဝင်ခန်း ပုံတွေအစရှိသဖြင့် စုံစုံလင်လင် တွေ့ရပါတယ်။ အခု နာရေစွမ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာ ရိုက်ကွင်းကို အများပြည်သူတွေ လည်ပတ်ကြည့်ရှုနိုင်ဖို့ စပြီး ဖွင့်လှစ်ထားတယ်လို့ သိရတယ်။ ထိုင်းလူမျိုးတစ်ယောက် ဘတ် ၁၀ဝ၊ နိုင်ငံခြားသား ဘတ် ၂၀ဝ နဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်။ ရည်ညွှန်းကိုးကား - ဖွဲ့တည်ရာ မဂ္ဂဇင်း၊ အတွဲ (၁)၊ အမှတ် (၁) ၂၀၀၇ ရုပ်ရှင်ဇာတ်ကားများ ထိုင်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားများ ထိုင်းဘာသာစကား ရုပ်ရှင်ဇာတ်ကားများ ထိုင်း ရုပ်ရှင်ဇာတ်ကားများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%9B%E1%80%B1%E1%80%85%E1%80%BD%E1%80%99%E1%80%BA%20%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
မြန်မာ ယူနီကုဒ်
ယူနီကုဒ် (Unicode) ဆိုသည်မှာ နိုင်ငံတိုင်းတွင် အသုံးပြုလျက်ရှိသော အက္ခရာစာလုံးများအတွက် မည်သည့် Platform တွင် ဖြစ်စေ မည်သည့် Program တွင် ဖြစ်စေ မည်သည့် စကား language တွင် ဖြစ်စေ သီးခြားသတ်မှတ်ပေးထားသည့် နံပါတ်များဖြစ်သည်။ ယူနီကုဒ် ဆိုသည်မှာ ကမ္ဘာသုံးစကား အားလုံးမှ အက္ခရာစာလုံး တစ်လုံးတိုင်းအတွက် တိကျသော နံပါတ် တစ်လုံးတည်းသာ သတ်မှတ်ပေးသော ဘုံသုံးစနစ်ဟူ၍လည်း ခေါ်ဆိုကြသည်။ ယူနီကုဒ်ဖြင့် စကားပေါင်း များစွာကို Font တစ်ခုတည်းတွင် ထည့်သွင်းနိုင်ပြီး မည်သည့် ကွန်ပျူတာစနစ်တွင်မဆို အသုံးပြုနိုင်ရမည်ဖြစ်သည်။ ကွန်ပျူတာ ဆိုသည်က ကိန်းဂဏန်းများကိုသာ သိသည်ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ ကွန်ပျူတာတွင် ဖတ်မှတ်ခြင်း၊ သိမ်းဆည်းခြင်းများကို ကိန်းဂဏန်းများဖြင့်သာ ပြုလုပ်နိုင်သည်။ ယူနီကုဒ်ကို မတီထွင်မီက ကိန်းဂဏန်းတစ်ခုကို သိရှိနိုင်ရန်အတွက် လျှို့ဝှက်ကိန်းစနစ်များစွာကို အသုံးပြုကြရသည်။ စကား တစ်ခုအတွက် ပြည့်စုံလုံလောက်သော encoding စနစ်များ မရှိပေ။ ယူနီကုဒ်စနစ်တွင် မြန်မာအက္ခရာတစ်လုံးချင်းစီအတွက် U 1000 မှ U 109F အတွင်းတွင် သီးခြားသတ်မှတ်ပေးထားသည်။ မြန်မာယူနီကုဒ်တွင် မွန်၊ ကရင်၊ ကယား၊ ရှမ်း နှင့် ပလောင်ဘာသာစကားများအတွက် ပါဝင်ပြီး ပါဠိနှင့် သက္ကရိုက်ဘာသာစကားကိုလည်း အသုံးပြုနိုင်သည်။ မြန်မာယူနီကုဒ် သမိုင်း ASCII Code ပေါ်တွင် မြန်မာစာကို encode လုပ်၍ အသုံးပြုခဲ့ကြသည်။ အင်္ဂလိပ် Character set ယာယီ ငှားသုံးခဲ့ကြခြင်းဖြစ်သည်။ ဥပမာ- မြန်မာစာ “က” သည် အင်္ဂလိပ်အက္ခရာ U (ASCII code point 117) ပေါ်တွင် encode လုပ်ထားခြင်းဖြစ်သည်။ သို့သော် ယူနီကုဒ်တွင် “က” နှင့် "u" သည် အက္ခရာတစ်ခုစီ ကွဲပြားနေသည်။ ကွန်ပျူတာက စံတစ်ခုကို သိလာမှသာ တစ်ကမ္ဘာလုံး မည်သည့်ကွန်ပျူတာကမဆို မြန်မာစာကို နားလည်လာပါမည်။ ကွန်ပျူတာက လက်ခံနိုင်သည့် စံ ဆိုသည်မှာ ကကြီးကို U+1000 နှင့် ခခွေးကို U + 1001 အဖြစ် ကုဒ်အနေဖြင့် ပုံသေ သတ်မှတ်ပေးရပါလိမ့်မည်။ သတ်မှတ်ရုံသာမက တစ်ကမ္ဘာလုံးရှိ Software Developer များ သိစေရန်နှင့် တပြေးညီအသုံးပြုနိုင်စေရန် သတ်မှတ်ပြီး ကြေညာထားကြရပါလိမ့်မည်။ ထိုသို့ သတ်မှတ်ကြေညာမှုကို ISO က စံထားပြီးသတ်မှတ်ပေးသည်။ ယူနီကုဒ် ၁.ဝ တွင် ယခုလက်ရှိသုံးနေသော မြန်မာယူနီကုဒ်သည် တိဘက်စကားအောက်တွင် ရှိခဲ့သည်။ ယူနီကုဒ် ၁.၁ တွင် ယူနီကုဒ်တွင် မြန်မာစာကို ဖယ်ထုတ်ခဲ့ပီး ၂.ဝ တွင် အခြား ကုဒ်နံပါတ်များအောက်တွင် ပြန်လည်ထည့်သွင်းခဲ့သည်။ ၁၉၉၅ မတ်လ ၁၂ ရက်တွင် မိုက်ကယ်အီဗာဆင်မှ ယူနီကုဒ် WG2 တွင် Title: Names of Burmese characters: comment on Unicode Technical Report #1 အမည်ဖြင့်စာတမ်းတစ်စောင် စတင်တင်သွင်းခဲ့သည်။ ၁၉၉၆ တွင် မိုက်ကယ်အီဗာဆင်မှ proposal စတင်တင်သွင်းခဲ့သည်။ ၁၉၉၈ တွင် မိုက်ကယ်အီဗာဆင်မှပင် amendment တင်သွင်းခဲ့သည်။ ၁၉၉၈ ဇူလိုင် ၂၄ တွင် ကိုဇော်ထွဋ်မှ Response to Myanmar Proposal N1729 (Expert Contribution to Unicode Consortium) ကိုရေးသားခဲ့သည်။ ၁၉၉၈ အောက်တိုဘာတွင်London, UK ၌ ကျင်းပသော WG 2 meeting 35 သို့ မြန်မာနိုင်ငံမှ ဒေါက်တာအောင်မော် (CE)၊ ဦးခင်မောင်လွင် (ကွန်ပျူတာပညာရှင်အသင်း)၊ ဒေါက်တာကျော်သိန်း (ကွန်ပျူတာတက္ကသိုလ်)၊ ဦးသောင်းတင် (KMD) နှင့် ဦးသိန်းထွဋ် (Geocomp) တို့သည် လေ့လာသူအဖြစ်တက်ရောက်ကာ မြန်မာစာအကြောင်းကို ပြည့်စုံစွာတင်ပြခဲ့ပြီး မြန်မာယူနီကုဒ်ကို မြန်မာလူမျိုးပညာရှင်များလက်သို့ စတင် မျိုးစေ့ချပေးခဲ့သည်။ ဤဆွေးနွေးပွဲတွင် မြန်မာပညာရှင်များကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့ခြင်း မပြုနိုင်ပါက ယခုအချိန်တွင် မြန်မာလူမျိုးများသည် မြန်မာစာကို ပြင်ပမှသာလေ့လာတတ်မြောက်ထားသော နိုင်ငံခြားပညာရှင်များ၏ proposal ဖြင့် ပေါ်ထွက်လာမည့် မြန်မာယူနီကုဒ်ကိုသာ အသုံးပြုကြရမည်ဟု ယူဆနိုင်သည်။ အခြေခံ မြန်မာယူနီကုဒ် Unicode Character Code 3.0 ကို 1998 ခုနှစ်တွင် သတ်မှတ်အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ သို့သော် ထိုအချိန်တွင် ယူနီကုဒ်ကို လိုက်လံအကောင်အထည်ဖော် တီထွင်ဆောင်ရွက်မည့်သူ တစ်ဦးမျှ မြန်မာနိုင်ငံတွင် မရှိခဲ့ပေ။ 1999 ခုနှစ် နောက်ပိုင်းမှ 2002 ခုနှစ်အထိ မြန်မာစာ ယူနီကုဒ်ကို သုံးစွဲနိုင်အောင် လုပ်ဆောင်နေသူများကို လေ့လာကြည့်ရာတွင် Graphite enabled Padauk မှ လွဲပြီး အခြား မည်သူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။ မြန်မာစာကို ယူနီကုဒ်အဖြစ် သတ်မှတ်ပေးခဲ့စဉ်က ယူနီကုဒ် Consortium အဖွဲ့ကြီးတွင် မြန်မာစာကို ကောင်းစွာ တတ်ကျွမ်းသူ မရှိသည့်အပြင် မြန်မာနိုင်ငံတွင်လည်း Unicode related technologies များကို နားလည်သူ တစ်ဦးမျှ ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် ယူနီကုဒ်ဆိုသည်မှာ ချိုနှင့်လား ပြန်မေးရမည့် အချိန်ဖြစ်သည်။ ပေးကားပေး၏၊ မရသေးသည့်သဘောဖြစ်ခဲ့သည်။ 2002 ခုနှစ်၊ ဒီဇင်ဘာလ ရောက်မှ ကိုငွေထွန်း က မြစေတီ ယူနီကုဒ် စနစ်ကို တီထွင်နိုင်ခဲ့ပြီး 2003 ခုနှစ်၊ ဇန်နဝါရီလတွင် etrademyanmar.com ၌ ပထမဦးဆုံး စတင် အသုံးပြုနိုင်ခဲ့သည်။ ကိုငွေထွန်းသည် မြစေတီယူနီကုဒ်ကို ရန်ကုန်မြို့ရှိ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပြီး တရားဝင်သုံးစွဲခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် ထိုစဉ်က မြန်မာယူနီကုဒ်စနစ်မှာ Virama စနစ်ပေါ်တွင်အခြေခံထားသောကြောင့် မြစေတီယူနီကုဒ်စနစ်မှာ ယူနီကုဒ်စံကို အပြည့်အဝလိုက်နာထားသော စနစ်ဟု မဆိုနိုင်ပေ။ ထို့ပြင် ထိုစဉ်က မြစေတီယူနီကုဒ်စနစ်မှာ အဆမတန်ဈေးကြီးခြင်း အသုံးပြုခွင့်လိုင်စင်မှာလည်း ယခုလက်ရှိပေါ်ထွက်လာသော လိုင်စင်များကဲ့သို့ Open Source လိုင်စင်များ မဟုတ်ခြင်း စသည့် အချက်များကြောင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ 2002 ခုနှစ်တွင် မြန်မာနိုင်ငံ၌ အတည်မပြုနိုင်သေးသည့် ယူနီကုဒ်စနစ်ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ယူ လုပ်ဆောင်ကြရန် ဝိုင်းဝန်း တိုက်တွန်းကြသည်။ ယူနီကုဒ်စနစ်ကို နိုင်ငံတော်စံတစ်ခုအနေဖြင့် အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းစတင်ရန် ဘဏ္ဍာရေးအထောက်အပံ့များ စတင်ရှာဖွေခဲ့ကြသည်။ နိုင်ငံတော်အကြီးအကဲများသည် မြန်မာ့စံယူနီကုဒ်ဖြစ်မြောက်ရေးအတွက် ကျပ်သိန်း ၅၀ ကို စတင်ထောက်ပံ့ပေးခဲ့သည်။ ဤသို့ဖြင့် ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ Myanmar Unicode and NLP Research Centre သည် မြန်မာနိုင်ငံ ကွန်ပျူတာ သင်းချုပ်ကြီး၏ အစီအမံဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ NLP အဖွဲ့ကြီးသည် 2002 ခုနှစ်မှစပြီး နိုင်ငံတော်အတွက် ယူနီကုဒ်တာဝန်များကို အချိန်ပြည့် စတင်တာဝန်ယူ လုပ်ဆောင်ခဲ့သည် ဟု ဆိုနိုင်သည်။ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ မြန်မာစာစနစ်အကောင်အထည်ဖော်ခြင်းအဖွဲ့ (Myanmar Unicode and NLP Research Centre) ကို NLP ဟုလည်း ခေါ်ကြသည်။ NLP ဆိုသည်မှာ Natural Language Processing ကို ခေါ်ဆိုခြင်းဖြစ်သည်။ NLP အဖွဲ့ကြီးသည် NGO (non-government organization) တစ်ခု ဖြစ်သလို NPO (non-profit organization) အဖွဲ့လည်း ဖြစ်သည်။ ကိုယ်ကျိုးမဖက် အများအကျိုးသက်သက် သို့မဟုတ် နိုင်ငံတော်အကျိုးအတွက် သက်သက် ဆောင်ရွက်နေသည့် အဖွဲ့ကြီးဟူ၍လည်း ဆိုနိုင်သည်။ NLP ကို 2003 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်နေ့တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး အဖွဲ့ဝင် (၁၇) ဦးဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည်။ 2003 ခုနှစ် နိုဝင်ဘာလမှစပြီး Pentium IV Server ကွန်ပျူတာတစ်လုံးတပ်ဆင်ကာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရှိ Incubation Centre တွင် မြန်မာယူနီကုဒ်စနစ်ကို စတင်လုပ်ဆောင်ခဲ့ကြသည်။ NLP အဖွဲ့တွင် မြန်မာစာစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့၏ကြီးကြပ်မှုအောက်တွင် အချိန်ပြည့် ပရိုဂရမ်မာ (၃) ဦး၊ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ရ (၃) ဦး၊ မြန်မာစာ မဟာဝိဇ္ဇာတန်းတက်ရောက်နေသူ (၂)ဦးတို့နှင့် ခန့်ထားပြီး စတင်လုပ်ဆောင်ခဲ့ကြသည်။ မြန်မာတစ်မျိုးသားလုံးအသုံးပြုရန် စံအဖြစ်လုပ်ဆောင်ကြရသည်ဖြစ်သောကြောင့် မြန်မာယူနီကုဒ်ဖြစ်မြောက်ရေးအဖွဲ့တွင် နည်းပညာအရရော၊ မြန်မာစာစနစ်ဆိုင်ရာအတွက်ပါ မြန်မာစာအဖွဲ့မှ တတ်ကျွမ်းသူ ပညာရှင်များနှင့် ဖွဲ့စည်းထားခဲ့သည်။ မြန်မာစာအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်၊ မြန်မာစာအဖွဲ့ဝင် ဦးထွန်းတင့်၊ သမိုင်းအဖွဲ့ဝင် ဦးသော်ကောင်းတို့ ပါဝင်ကြသည်။ ကွန်ပျူတာနည်းပညာအတွက် ပညာရှင်များဖြစ်သော ဦးသိန်းထွဋ်၊ ဦးဇော်ထွဋ်၊ ဦးငွေထွန်း၊ ဦးဝေလင်းကျော် တို့က စိတ်ရောကိုယ်ပါ ယနေ့တိုင် အကူအညီပေး ဆောင်ရွက်လျက် ရှိကြသည်။ အတွင်းရေးမှူးမှာ ဒေါက်တာ ဒေါ်မြင့်မြင့်သန်း ဖြစ်သည်။ ကိုးကား မြန်မာဘာသာစကား အက္ခရာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%20%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%92%E1%80%BA
ကရင်စာပေသမိုင်း
ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ “ဖလုံလိုက်ထူလီ” ပေရေး ကရင်စာပေသည် မည်သည့်ပုဂ္ဂိုလ်က မည်သည့်နှစ်တွင် စတင်တည်ထွင်ရေးသားခဲ့သည်ကို တိတိကျကျ မပြောဆိုနိုင်သော်ငြားလည်း ဗုဒ္ဓဘာသာ အယူဝါဒများကို ပြန့်ပွားစေရန် ရည်ရွယ်တည်ထွင်ပြီး ပေပေါ်တွင် စတင်ရေးသား အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ ယနေ့ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ ဩပွဲများတွင် သီဆိုသော “ထာခေါဟ်ဖာဍောဟ်(ထာခူးဖာဒူး)” ခေါ် သီချင်းကြီး၊ ဇာတ်နိပါတ် သမိုင်းအကြောင်း၊ တေး၊ လင်္ကာ၊ ကဗျာများတွင် ဗုဒ္ဓဘာသာအယူဝါဒများနှင့် မွန် ပေါရာဏစကားများ ထည့်သွင်း သီကုံးထားသည်ကို ထောက်ချင့်လျှင် အရှေ့ဘက်ဒေသနေ ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စာပေအရေးအသားများကို ၁၉ ရာစု မတိုင်မီ စောစောပိုင်းကပင်ရရှိနေပြီဟု ယူဆနိုင်ပေသေည်။ မည်သို့ပင်ဆိုစေ ဗုဒ္ဓဘာသာဝင် ပိုးကရင်တို့၏ အက္ခရာများဖြင့် နှစ်ပေါင်းများစွာက ရေးသားပြုစုခဲ့သော လောကီ လောကုတ္တရာ စာပေကျမ်းဂန်များသည် ဖားအံ၊ လှိုင်းဘွဲ၊ ကျုံဒိုး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနယ်များရှိ ဘုန်းတော်ကြီးကျောင်းတိုင်းတွင် အမြောက်အမြားရှိနေပေသည်။ ဘာသာရေးဆိုင်ရာ ကျမ်းပြုများ ၁၈၇၁ ခုနှစ် နောက်ပိုင်းတွင် မွန်မြန်မာ အက္ခရာ ပိုးကရင် အသံထွက် စာရေးနည်းဖြင့် ရေးသားကြသော ကျမ်းများနှင့် ကျမ်းပြုပုဂ္ဂိုလ် အတော်များများ ထွန်းပေါက်လာသည်ကိုတွေ့ရပေသည်။ ပိုးကရင်ဗုဒ္ဓဘာသာဝင်များ အနက် ထင်ရှားသော ပုဂ္ဂိုလ်များမှာ ဘုန်းတော်ကြီး ဦးစိန္တာကဝိ၊ ဦးသုခ၊ နဲပညာ၊ နဲစန္ဒာဝရ၊ ဦးရွှေဝါ၊ ဦးနဲဒုမ်း၊ ဦးသီဟတေဇ၊ တပိုအိန်ဆင်၊ ဦးပရမနှင့် ဦးဇာဂရတို့ဖြစ်ကြသည်။ ဆရာတော် နဲပညာမှာ ဆရာတော် ဦးစိန္တာကဝိ၏ တပည့်ရင်းဖြစ်သည်။ ဦးစိန္တာကဝိနှင့် တွဲဖက်ပြီး ၁၈၇၁ ခုနှစ်မှ ၁၉၂၈ခုနှစ် အထိ ကျမ်းပေါင်း ၁၆ ကျမ်းပြုစုခဲ့သည်။ ဆရာတော် ဦးစန္ဒာဝရသည် ၁၉၀ဝ ပြည့်နှစ်မှ ၁၉၀၄ ခုနှစ်အတွင်း ကျမ်းပေါင်း ခုနှစ်ကျမ်းကို ပြုစုခဲ့သည်။ ဆရာတော် ဦးဇာဂရမှာ ကော့ဒန်ရွာ (တဝေါင်ကိုဒေါင်) ဇာတိဖြစ်သည်။ ကျမ်းပေါင်း ၄၀ ကျော်ပြုစုခဲ့သည်။ ဒေါက်တာ ဂျိုနာသန်ဝိတ် ဒေါက်တာ ဂျိုနာသန်ဝိတ် သည် ကရင် ခရစ်ယာန်လောကတွင် ကရင်စာပေကို တည်ထွင်ပေးခဲ့သူ ကရင်စာပေ ဖခင်ကြီးဟု ခေါ်ဆိုရမည်ဖြစ်ပေသည်။ ဒေါက်တာဝိတ်သည် ဇနီးဖြစ်သူနှင့် အမေရိကန်ပြည်မှ အေဒီ ၁၈၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် စတင်ထွက်ခွာပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာရာမှ ခရစ်ယာန် သာသနာပြု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ ၁၈၃၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်ရှိ “ပိုင်ကြုံ” ရွာသို့ သွားရောက်ပြီး ခရစ်ယာန်တရားတော်ကို ဟောပြောခဲ့သည်။ ထိုအခါ ကရင်အဘိုးကြီးတဦးက ဒေါက်တာဝိတ်အား ကရင်စာပေကို ပြန်ပေးရန် အတင်းတောင်းတော့၏။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးတို့၏ ရှေး “ထား” ကဗျာ လင်္ကာမှ မိမိတို့ ပျောက်ဆုံးနေသော စာပေသည် မိမိတို့၏ ညီထွေး “ပူဒေးဝါး” ခေါ် အသားဖြူသော ညီထွေးက ပြန်လည် ယူခဲ့ပေးမည်ဟု ပါရှိသောကြောင့် ဖြစ်၏။ ကရင်လူမျိုးတို့၏ ရိုးရာ ယုံကြည်မှုကို နားမလည်နိုင်သော ဒေါက်တာဝိတ်သည် တအံ့တဩဖြစ်နေမိ၏။ အကြောင်းစုံကို မေးမြန်း သိရှိသွားသောအခါ မြန်မာအက္ခရာကိုမှီပြီး စကော ကရင်စာပေကို တည်ထွင်ပေးခဲ့သည်။ ဒေါက်တာမေဆင်သည် အမေရိကန်ပြည်မှ အေဒီ ၁၈၃၀ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး ထားဝယ်မြို့သို့ ထိုနှစ် ဒီဇင်ဘာသတွင် ရောက်ရှိလာခဲ့၏။ ဒေါက်တာဝိတ် တည်ထွင်ထားသော စကောကရင်စာပေဖြင့် ၁၈၄၃ ခုနှစ်တွင် ခရစ်ယာန် ဓမ္မဟောင်းကျမ်း (Old Testament) ကို ၁၈၅၃ ခုနှစ်တွင် ဘာသာပြန်ဆို ပြီးဆုံးခဲ့သည်။ ပုံနှိပ်တိုက်ထုတ်ဝေမှုများ ၁၈၃၇ ခုနှစ်တွင် ထားဝယ်နှင့် မြိတ်မြို့များတွင် ခရစ်ယာန်ဘာသာဝင် ကရင်ဦးရေများပြားလာသဖြင့် ခရစ်ယာန် ဘာသာရေး သင်တန်းများတွင် ကရင်ဘာသာဖြင့် လိုသလောက် ပုံနှိပ်ထုတ်ဝေနိုင်ရန် အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့က ထားဝယ်မြို့တွင် ပုံနှိပ်စက်တလုံး တည်ဆောက်ခဲ့၏။ ထိုပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော ကရင် ဘာသာကျမ်းစာအုပ်များမှာ ခရစ်ယာန်ဘာသာရေးကျမ်းစာ သက်သက်ဖြစ်ပြီး ဦးစွာ ပထမ ကျမ်းပြုသူများမှာ အမေရိကန် နှစ်ခြင်းသာသနာပြု အဖွဲ့ဝင် ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ သာသနာပြု ဆရာ အက်(ဖ်)၊ ဘီ၊ ခရ်(စ်) (Rev.F.B. Cress) နှင့် သာသနာပြုဆရာ စီ၊ ဘန်းနက် (Rev. C. Bennett) ပုံနှိပ်တိုက် အုပ်ချုပ်သူတို့ ဖြစ်ကြသည်။ မော်လမြိုင်မြို့တွင် လည်း စာပုံနှိပ်စက် တလုံးတည်ထောင်ကာ ခရစ်ယာန်ကျမ်းစာများကို မစ္စတာ အက်စ် ရမ်နီ (Mr. S. Renney) က ပိုးကရင်ဘာသာဖြင့် တာဝန်ခံ ထုတ်ဝေသည်။ ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်ဘာသာရေး စာပေများကို ဦးဆာင် ပြုစူသူများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ ဒေါက်တာ အယ်လ်ဘရေတန်နှင့် အီး၊ အက်စ် ဘူးလဒ်တို့ ဖြစ်ကြသည်။ ၁၈၄၉ ခုနှစ် ၊ မေလရက်စွဲဖြင့် ဘန်းနက်အမှာစာ ရေးပြီး ဒေါက်တာဝိတ်၏ အမည်ဖြင့် စကောကရင် အင်္ဂလိပ်အဘိဓာန်စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၁၈၅၀ ခုနှစ်တွင် ဒေါက်တာ မေဆင်က ပိုးကရင် သဒ္ဒါကျမ်းကို ပြုစုခဲ့သည်။ ဒေါက်တာဝိတ်သည် အသိပညာကဏ္ဍများ (Thesaurus of Karen Knowledge) အမည်ရှိစာအုပ်ကို စကောကရင်နှင့် အင်္ဂလိပ် နှစ်ဘာသာတွဲကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထ အထိ လေးတွဲပြုစု ကာ အထမတွဲကို ၁၉၁၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ (အခြား ခရစ်ယာန် ဘာသာရေးဆိုင်ရာ ကရင်စာအုပ်များစွာ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြခြင်း မပြုတော့ပါ)။ အမေရိကန် ကျမ်းပြု ဆရာများ၏ နောက်ပိုင်းတွင် ကရင် လူမျိုးစာရေးဆရာများပေါ်ထွက်လာခဲ့သည်။ ကရင်သမိုင်းကို ရေးသားပြုစုသူ ဆရာကြီး ဦးအောင်လှ၊ ကရင်ဖားစည်ကို ရေးသားပြုစုသူ ဆရာဘူးမူးခေါ် ဖူးတောအူး၊ ကရင်နှစ်သစ်ကူပွဲတော် အကြောင်း ရေးသားသူ ဆရာကြီး ဦးလွန်းရွှေ၊ ကရင် လူမျိုးတို့၏ ရိုးရာဓလေ့များအကြောင်းကို ရေးသားသူ ဒေါက်တာ တီသံပြာ၊ ကျောင်းသုံး စာအုပ်အမျိုးမျိုးကို ရေးသားသူ ဆရာကြီး ဖိုးလင်းတေးနှင့် ဆရာကြီး ဦးမိုးလို၊ စောတောက်၊ ဦးဘထွန်းတင် စသော ပုဂ္ဂိုလ်များ၊ ဆရာသာနေအေး၊ ဆရာအာရ်မောင်ချစ်၊ ထိုလွီထူး၊ ဆရာသာထို စသော ပုဂ္ဂိုလ်များသည် ထင်ရှားသော ကရင် စာရေးဆရာများဖြစ်ကြသည်။ သတင်းစာ၊ ဂျာနယ်များ ထို့ပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများလည်း ပေါ်ထွက်လာပြီး ကရင်လူမျိုး အယ်ဒီတာနှင့် ဆောင်းပါးရှင်များ အများအပြားလည်း ပေါ်ထွန်းလာခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် ထားဝယ်မြို့တွင် ပထမဦးဆုံး ကရင်စာပုံနှိပ်တိုက် စတင်တည်ထောင်ခဲ့သည်။ “ဆာတူဝေါ”ခေါ် မိုးသောက်ကြယ် (The Morning Star) အမည်ဖြင့် ကရင်လစဉ် မဂ္ဂဇင်းကို ၁၈၄၂ ခုနှစ်တွင် ထာဝယ်မြို့မှာပင် စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤမဂ္ဂဇင်းသည် အာရှရှိ ရှေးအကျဆုံး မဂ္ဂဇင်းများစာရင်းတွင် တခုအပါအဝင်ဖြစ်သည့်ပြင် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ထုတ်ဝေသော မဂ္ဂဇင်းလည်းဖြစ်သည်။ “ဆာတူဝေါ”မဂ္ဂဇင်း၏ အယ်ဒီတာမှာ ဒေါက်တာ မေဆင်ဖြစ်သည်။ ထားဝယ်မှသည် မော်လမြိုင်မြို့သို့ ၁၈၄၇ ခုနှစ်တွင် ဒေါက်တာမေဆင် ပြောင်းရွှေ့နေထိုင်းခဲ့သဖြင့် “ဆာတူဝေါ” မဂ္ဂဇင်းကို ၁၈၄၇ ခုနှစ်မှာပင် မော်လမြိုင်မြို့တွင် ဆက်လက်ပုံနှိပ်ထုတ်ဝေသွားသည်။ “ဆာတူဝေါ” မဂ္ဂဇင်းသည် ဂျပန်များ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် တိုက်ခိုက်သည့် အချိန်အထိ နှစ်ပေါင်း တရာခန့်သက်တမ်းရှိခဲ့သည်။ “ဆာတဝေါ” မဂ္ဂဇင်းနှင့် အရှေးအနှောင်းအချိန်တွင် ဒေါက်တာ အယ်လ်ဘရေတန်က “ဆပ္ပရန်”ခေါ် ပိုးကရင် သတင်းစာတစောင်ကို ထုတ်ဝေနိုင်ခဲ့သည်။ ယနေ့စကောကရင်နှင့် ပိုးကရင်စာပေဖြင့် ယခင်ပုံနှိပ်ထုတ်ဝေခဲ့သည့် မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်များအချို့သည် ယနေ့တွေ့ရှိရန် မလွယ်ကူတော့ပေ။ လက်လှမ်းမီသရွှေ့အောက်ဖော်ပြပါ မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်များ အနက် အချို့မှာ ယနေ့တိုင် ဆက်လက်ထုတ်ဝေနေသေးကြောင်း တွေ့ရှိရမည်ဖြစ်သည်။ “တာကပေါ်” ခေါ် အလင်းရောင်မဂ္ဂဇင်း၊ “လယ်ဆူးညာ” ခေါ် ရှေ့သို့ မဂ္ဂဇင်း၊ “ဆာတူဝေါ” ခေါ် မိုးသောက်ကြယ် လစဉ်မဂ္ဂဇင် ၊ “ဖိုးသာအသို” ခေါ် ကလေးသူငယ်များ၏ မိတ်ဆွေ လစဉ်မဂ္ဂဇင်း၊ “ပဟီပဃော” အိမ်ထောင်ရေး (The Home) သုံးလပတ် မဂ္ဂဇင်း၊ “ပွါ့ကွာသိုး” ခေါ် သိုးထိန်း မဂ္ဂဇင်း (The Shepherd) ၊ “ခရဲင်းမဂ္ဂဇင်း” ခေါ် ကရင်မဂ္ဂဇင်း၊ “ဆာတူဟား” မဂ္ဂဇင်း၊ “ဒေါကလုထော့မဲပါ”၊ “ဖဲယားဖလေး”၊ ”ပွါခေါ့တာဖိုး”၊ “ကလဲ့စက်”၊ “တာကပေါ်” ခေါ် လင်းရောင်ခြည် မဂ္ဂဇင်းနှင့် “ဆပ္ပရန်” စတည်တို့ ဖြစ်ကြသည်။ သုံးသပ်ချက် အထက်ဖော်ပြခဲ့သော ကရင်စာပေရေစီးကြောင်း တလျှောက်လုံးကို ပြန်လည် ဆန်းစစ်မည်ဆိုလျှင် ဒုတိယခေတ် ကရင်စာပေ၏ အောက်တွင် ထွန်းကားလာသော စာပေမှာ ဘာသာရေးအယူဝါဒကြောင့် စာပေထွန်းကားလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၁၉၆၂ ခုနှစ်၊ မတ်လနောက်ပိုင်းမှ စပြီး ကရင်စာပေ တတိယ ခေတ်ကာလဟု ခေါ်ဆိုရပေမည်။ ထိုအချိန်မှစပြီး ခေတ်ပြောင်းကောင်စီသည် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား အသီးသီးတို့၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုလုပ်ငန်းများကို ဖော်ထုတ်ရန်အတွက် အထူးဦးစားပေး ဆောင်ရွက်ခဲ့ပေသည်။ ကရင်စာပေ၏ တတိယခေတ်တွင် လူတိုင်း စာပေတတ်မြောက်ရေး၊ စာပေ အစွမ်းသတ္တိဖြင့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အသုံးပြုရန်နှင့် စာပေ ညီညွတ်ရး တည်ဆောက်ရန် ကြိုးပမ်းလာကြသည်။ ထိုခေတ်ကို ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းဟု ခေါ်ဆိုရမည် ဖြစ်ပေသည်။ တတိယခေတ် ကရင်စာပေ လောကတွင် ကရင်ရိုးရာယဉ်ကျေးမှု အပေါ် အခြေခံသော သတင်းစား၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွက်လာပြီး ကရင်လူမျိုး စာရေးဆရာများနှင့် ဆောင်းပါးရှင် အများအပြား ပေါ်ထွန်းနေပြီ ဖြစ်သည်။ ရည်ညွှန်းကိုးကား - ကရင်ရိုးရာ သုတပဒေသာ - မန်းလင်းမြတ်ကျော် - Typing - Smile May ဘလော့ဂ် ကရင်ပြည်နယ် မြန်မာနိုင်ငံ၏ ဘာသာစကားများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9B%E1%80%84%E1%80%BA%E1%80%85%E1%80%AC%E1%80%95%E1%80%B1%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ရန်ကုန်တိုင်းမ်
မြန်မာနိုင်ငံ၏ထိပ်တန်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ရန်ကုန်တိုင်းမ်ဂျာနယ်သည် မီဒီယာ အဖွဲ့အစည်းကြီးဖြစ်သည့် ရန်ကုန်မီဒီယာဂရု(ပ်) ၏ထုတ်ကုန်တစ်ခုဖြစ်သည်။ ရန်ကုန်တိုင်းမ်ကို ယခင် 7 Day News Journal မှ ခွဲထွက်လာသော ကိုကို (စက်မှု)ကဦးဆောင်လျက်ရှိသည်။ ၂၀ဝ၅ ခုနှစ်ဇန်နဝါရီ ၁-ရက်တွင်စတင်ထုတ်ဝေခဲ့သည်။ အယ်ဒီတာချုပ်အပါအဝင်၊ သတင်းထောက်များ၊ ကွန်ပျူတာအတတ်ပညာရှင်များစွာဖြင့် ထုတ်ဝေလျက်ရှိသည်။ မြန်မာ သတင်းစာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BA
ဩကာသ ဘုရားရှိခိုး
ဩကာသ ဘုရားရှိခိုး သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ဘုရား သို့မဟုတ် ဘုန်းတော်ကြီးများအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါထာဖြစ်သည်။ ဩကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် နိဗ္ဗာန်သို့ ရောက်ရန် ဆုတောင်းခြင်း ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူ ဂါထာများရှိသည်။ ဩကာသ ဘုရားရှိခိုး ဂါထာသည် မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတိုင်း အတူဖြစ်သော်လည်း အနည်းငယ်မျှ ကွဲလွဲတတ်သည်။ ဩကာသ ဘုရားရှိခိုး ၁ ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။ ဩကာသ ဘုရားရှိခိုး ၂ ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပတ္တိတရား(၄)ပါး၊ ဗျဿတရား(၅)ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။ အကျယ် ရှင်းလင်းချက်များ အပါယ်(၄)ပါး ၁။ ငရဲ ၂။ တိရစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ် (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် (က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊ (ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ဝဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊ (ဂ) အောက်မြေအပြင်မှာ မီးလျှံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊ (ဃ) မီးတောက်တို့သည် တဝုန်းဝုန်း့ ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရာုဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊ (စ) ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊ (ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊ (ဇ) မီးတောက်မီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တဝါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အဝီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တဝါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တဝါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊ (၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူရကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ ကပ်(၃)ပါး (၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း (၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း (၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း ရပ်ပြစ်(၈)ပါး မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့် (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊ (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊ (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊ (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊ (၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊ (၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊ ရန်သူမျိုး(၅)ပါး (၁) ရေ (၂) မီး (၃) မင်း (၄) ခိုးသူ (၅) မချစ်မနှစ်သက်သောသူ ဝိပတ္တိတရား(၄)ပါး ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။ (၁) ကာလဝိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ (၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်ရခြင်း (၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း (၄) ပယောဂဝိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊ ဗျဿနတရား(၅)ပါး (၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း (၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း (၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း (၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း (၅) သီလဗျဿန = သီလပျက်ခြင်း စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗာန် ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗာန် စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။ (ဆုတောင်းရန်) ဤသို့ ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်လွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား ဩကာသဘုရားရှိခိုး ​နောက်ခံ ဩကာသဘုရားရှိခိုးသည် အလွန်ရှေးကျသောခေတ် ကာလမှစ၍ မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့သော ဘုရားရှိခိုးဖြစ်ရာ တစ်ကျောင်းတစ်ဂါထာ ဆိုသကဲ့သို့ပင် အနည်းနှင့်အများ မတူ ထူးခြားကွဲပြားလျက် မူအမျိုးမျိုးရှိပေ၏။ ကျမ်းကြီးကျမ်းခိုင် တို့၌ လာသောနည်းမျိုးမဟုတ်၍ ဘယ်နည်းသာမှန်သည် ဘယ်နည်း မှားသည်ဟုမဆိုသာချေ။ ကန်တော့တောင်းပန်ရန်ကို ပဓာနထား၍ မြန်မာဘာသာဖြင့် ရှေးပညာရှိတစ်ဦးဦးက စီစဉ် ထားသော ဘုရားရှိခိုးနည်းဖြစ်ပေသည်။ ရှင်အရဟံမထေရ်က စီစဉ်၍ နော်ရထာမင်းစောအား ပေးတော်မူသောနည်းဟူ၍ ရေးသားထားသည်ကိုလည်းရှိ​လေ၏။ ထိုရေးသားချက်သည် ဘုရားရှိခိုးအတွက် လေးနက်စေလိုသဖြင့် ဂုဏ်တင်ကာ သရုပ် ဆောင်ရေးသားချက်လည်း ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်တို့၏ ကောင်း မြတ်သော အစဉ်အလာတစ်ရပ်ဖြစ်ပြီး ကုသိုလ်တရား ဖြစ်ပွား တိုးတက်စေနိုင်သောကြောင့် လေးစားထိုက်သော ဘုရားရှိခိုးမူ ကြီးဖြစ်ပေ၏။ အနက်အဓိပ္ပာယ် ထိုဘုရားရှိခိုး၏ အနက်အဓိပ္ပာယ်ကို မှန်ကန် ကျနစွာ သိသင့်သိထိုက်လှပေသည်။ ထို့ကြောင့် ထိုဘုရားရှိခိုး၏ အနက်အဓိပ္ပာယ်တို့ကို သိသာနိုင်ရန် ရေးသားဖော်ပြပါအံ့။ ထိုဘုရားရှိခိုး၏ အစဆုံးပိုဒ်၌ ဩကာသ ဟူသည်မှာ ပါဠိစကားဖြစ်၍ မြန်မာပြန်ဆိုလျှင် ပါဠိအဘိဓာန်၌ "ဩကာသ" ၏အနကျအဓိပ်ပါယျကို များစွာဖွင့်ဆိုထားသော်လည်း ယခုအခန်းကဏ္ဍနှင့်ကိုက်ညီစေရန် "ဩကာသ = အခွင့်" ဟုဖွင့်ဆိုရပါမည် ကန်တော့ရန်ခွင့်ပြုတော်မူပါဘုရားဟု ရှေးဦးစွာခွင့်တောင်းသော စကားမျိုးဖြစ်သည်။ ကန်တော့ တောင်းပန်သော အရာဖြစ်၍ အလေးဂရုဖြစ်စေလိုသောကြောင့် သုံးကြိမ်သုံးခါထပ်၍ ဆိုခြင်းဖြစ်သည်။ ဤ၌ ရှေးဦးပထမ စိတ်ဓာတ်ကြည်ရွှင် လက်အုပ်တင်၍ အလေးပြုရာ ရတနာ သုံးပါးသို့ ကန်တော့ပန်ဆင်လိုက်လျှင် ထိုရတနာသုံးပါးတည်း ဟူသော အမြတ်ဆုံးရတနာများသည် မိမိ၏စိတ်အာရုံ၌ ကြည် နူးစွာ ပေါ်ပေါက်၍ လာနိုင်သည်ဟု မှတ်ယူရမည်။ ကာယကံ၊ ဝစီကံ၊ မနောကံ (လ) ပြစ်မှားမိသည်ရှိသော်ဟူသော စကားရပ်၏အဓိပ္ပာယ်မှာ ရတနာသုံးပါးအပေါ်၌ ကံသုံးပါးတို့ တွင် ကာယကံဖြင့် အပြုမှား၊ ဝစီကံဖြင့် အပြောမှား၊ မနောကံ ဖြင့် အကြံမှားဖြစ်ခဲ့မိ၍ ပြစ်မှားမိသော အပြစ်တစ်စုံတစ်ရာ ရှိခဲ့ပါလျှင်ဟုဆိုလိုသည်။ ပျောက်ပစေခြင်းအကျိုးငှာဟူသော စကားရပ်ဖြင့် ပြစ်မှားမိသော အပြစ်ကြီးအပြစ်ငယ်များ ပပျောက်ဖို့ရန် ကန်တော့သည်ဟု ဆိုလိုသည်။ မှန်လှ၏။ မပြစ်မှားအပ်သော ရတနာသုံးပါး ဆရာမိဘ စသည်တို့အား ပြစ်မှားမိခဲ့သော် ကန်တော့တောင်းပန်ရမည်။ ယင်းသို့ကန်တော့တောင်းပန်လျှင် အပြစ်များပပျောက်၍ ယခုပစ္စက္ခ ဤဘဝ၌ ခံစားသင့် ခံစားထိုက်သော အကျိုးများကိုလည်းရနိုင်၏။ နတ်ရွာ မဂ်ဖိုလ် ကိုလည်း မဆီးတားနိုင်တော့ပြီ။ အနန္တရိယကံစသော ကြီး လေးသောကံများကား ကန်တော့တောင်းပန်သဖြင့် ပပျောက်နိုင် သော ကံများမဟုတ်ချေ။ ပါဏာတိပါတ စသောကံများလည်း ကန်တော့တောင်းပန်ရုံမျှဖြင့် ပပျောက်နိုင်သော ကံများမဟုတ်။ သို့သော် ထိုကံမျိုးကို နောင်တစ်ဖန်မပြုမိအောင် သတိပညာဖြင့် စောင့်စည်း၍ ကုသိုလ်တရားများကိုသာ ပွားများအားထုတ်၍ သွားလျှင် ကြီးလေးသောကံဖြစ်မူ ပေါ့၍သွားတတ်၏။ အချို့ ပေါ့သောကံများလည်း အကျိုးပေးခွင့်မရဘဲ ပပျောက်၍သွား တတ်သည်လည်းရှိ၏။ ကန်တော့တောင်းပန်၍ ကုစားသောအခါ၌လည်း ပြစ် မှားအပ်ပြီးသောသူ၏ ရှေ့မျက်မှောက်၌ဖြစ်စေ၊ ထိုသူ ထင်ရှား မရှိရာ၌ကား သွားလေပြီးသောအရပ်သို့ ရှေးရှု လက်အုပ်ချီ၍ ဖြစ်စေ၊ သေလေပြီးသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူ၏သင်္ချိုင်းရာ တိုင်အောင် သွား၍ဖြစ်စေ ကန်တော့တောင်းပန်ရမည်ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာ စသည်တို့၌ မိန့်ဆိုတော်မူ၏။ ကန်တော့ခန်း၌ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ် တို့ကို ဟူ၍လည်း တချို့ကထည့်ဆိုတတ်ကြ၏။ ထိုစကား၌ သဗ္ဗဒေါသဟူသည် ပါဠိစကားတည်း။ ခပ်သိမ်းသောအပြစ် ဟူသည် ယင်းပါဠိ၏ မြန်မာအနက်ဖွင့်ဖြစ်သည်။ ကန်တော့ တောင်းပန်ရုံမျှဖြင့် အလုံးစုံသော အပြစ်များပပျောက်နိုင်မည် မဟုတ်၍ ထိုသဗ္ဗဒေါသဟူသောပုဒ်၌ သဗ္ဗသဒ္ဒါသည် အကြွင်းရှိ သော သာဝသေသသဗ္ဗ သဒ္ဒါမျိုးဟူ၍ မှတ်ရမည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဟုဆိုရာ၌ တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်ကသုံးကြိမ်တိုင်အောင် ကန်တော့ခြင်းသည် အလေးဂရုအထူးပြုရာကျရောက်သောကြောင့်သုံးကြိမ်တိုင်အောင် ကန်တော့ပါ၏ဟု ဆိုရခြင်းဖြစ်သည်။ ပထမ၊ ဒုတိယ၊ တတိယ ဟူ၍ပါဠိစကားကိုလည်း အချို့ထည့်ဆိုတတ်ကြ၏။ ထိုစကားမှာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဟူ သော မြန်မာစကားနှင့် သဘောတူပင်ဖြစ်သည်။ ဘုရားရတနာ (လ) ရတနာမြတ်သုံးပါးတို့အားဟူသော စကားရပ်၌ ရတနာဟူသည် နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်ပွား စေတတ်သော အရာမျိုးကိုဆိုသည်။ ဘုရား၊ တရား၊ သံဃာဟူ သော ဤသုံးပါးကို လူနတ်ဗြဟ္မာ သတ္တဝါတို့၏ နှစ်သက် မွေ့လျော်ခြင်းကို ဖြစ်ပွားစေတတ်သော အတုမရှိ အဖိုးတန်မြင့် မြတ်သောအရာမျိုးသုံးပါးဖြစ်၍ ရတနာမြတ်သုံးပါးဟု ခေါ်ဆိုရ ပေသည်။ ရိုသေမြတ်နိုးလက်အုပ်မိုး၍ဟူသည် ရတနာသုံးပါးဂုဏ် ကို ရိုရိုသေသေ လေးလေးမြတ်မြတ် အာရုံကပ်လျက် လက်နှစ်ဖက်ပေါင်း ဆယ်ချောင်းသော လက်ချောင်းတို့ကို ညီညာထပ်ထား ကြာဖူးငုံအလား နဖူးပေါ်ထိအောင်မိုး၍ ရှိခိုး ခစားမှုကိုဆိုလိုသည်။ ရှိခိုးဟူသည် ဂုဏ်ကိုအာရုံပြု၍ ထိုဂုဏ်ကို ညွှတ်ခြင်း၊ ကိုင်းရှိုင်းခြင်းကိုဆိုလိုသည်။ ရှိခိုးခြင်းသည် (၁) ကိုယ်ဖြင့် ရှိခိုးခြင်း၊ (၂) နှုတ်ဖြင့်ရှိခိုးခြင်း၊ (၃) စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။ ထိုသုံးမျိုးတွင် ကိုယ်ဖြင့်ရှိခိုးခြင်းသည်လည်း (က) ရပ်လျက်ရှိခိုးခြင်း၊ (ခ) ထိုင်လျက်ရှိခိုးခြင်း၊ (ဂ) ဝပ်လျက်ရှိခိုးခြင်းဟူ၍သုံးမျိုးရှိပြန်၏။ ထိုသုံးမျိုးတွင် ရပ်လျက် ရှိခိုးသောအခါ မိမိကိုယ်ကို အနည်းငယ်ရှေ့သို့ ညွှတ်စေ၍ လက်နှစ်ဖက်ကို လက်အုပ်ချီပြီးလျှင် ရှိခိုးရသည်။ ထိုင်လျက် ရှိခိုးသောအခါ ယောက်ျားဖြစ်က ဆောင့်ကြောင့်ထိုင်၊ မိန်းမ ဖြစ်က ဒူးတုပ်ထိုင်၍ လက်အုပ်ချီမိုးရှိခိုးရသည်။ ဝပ်လျက်ရှိခိုး သောအခါ တည်ခြင်းငါးပါးဖြင့် သုံးကြိမ်တိုင်အောင် ရှိခိုးရ သည်။ ပဉ္စပတိဋ္ဌိတ တည်ခြင်းငါးပါးဖြင့် ရှိခိုးခြင်းဟူသည် လက်ဝါးနှစ်ဖက်၊ ပုဆစ်ဒူးနှစ်ဖက်၊ နဖူးပြင်တစ်ခု ဤကိုယ် အင်္ဂါငါးပါးတို့ကို မြေ၌ သို့မဟုတ် ကြမ်း၌ထား၍ ရှိခိုးဦးချ ခြင်းကိုဆိုသည်။ ပူဇော်-ဟူသည် ဂုဏ်ကိုအာရုံပြု၍ ထိုဂုဏ်၌ကြည်ညို သောအမူအရာပြခြင်းကိုဆိုလိုသည်။ ပူဇော်ခြင်းသည် ဝတ္ထု ပစ္စည်းကိုပေးလှူသောအားဖြင့်ပူဇော်ခြင်း အာမိသပူဇာ၊ အဆုံးအမ ကို လိုက်နာကျင့်ကြံသောအားဖြင့် ပူဇော်ခြင်း ဓမ္မပူဇာဟူ၍ နှစ်မျိုးရှိသည်။ ဖူးမြော်-ဟူသည် ကြည့်ရှုတွေ့မြင်သည်ကို ဆိုလိုသည်။ ဖူးမြော်ခြင်းသည် ကြည်လင်သောမျက်စိတို့ဖြင့် ကြည့်ရှုတွေ့မြင် ခြင်းဟူသော မျက်စိဖြင့် ဖူးမြော်ခြင်း၊ အရိယာအဖြစ်ကိုပြုတတ် သော တရားကိုလည်းကောင်း၊ အရိယာသူတော်ကောင်းကို လည်းကောင်း ဝိပဿနာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ကြည့်ရှုတွေ့ မြင်ခြင်းဟူသော ဉာဏ်ဖြင့်ဖူးမြော်ခြင်းဟု နှစ်မျိုးရှိသည်။ မာန်လျှော့-ဟူသည် မိမိကိုယ်၌ဖြစ်သော မာန်မာန တရားများကို ရတနာသုံးပါးအောက် လျှော့ချခြင်းကို ဆိုလို သည်။ ဤသို့မာန်လျှော့မှုကို နိဝါတမင်္ဂလာကြီးတစ်ပါးဟု မင်္ဂလသုတ်၌ ဟောတော်မူသည်။ ကန်တော့-ဟူသည် အပြစ်ရှိခဲ့လျှင် ကျေနပ်သည်းခံ တော်မူပါဟု ဝန်ချသည်ကိုဆိုသည်။ ကန်တော့ရသော ကုသိုလ် ကံစေတနာကြောင့်ဟူရာ၌ ကန်တော့ရသော အကျိုးအားကြောင့် ဟူ၍လည်း အချို့က ဆိုတတ်ကြ၏။ ရှိခိုးကန်တော့ခြင်းသည် အကျိုးဝိပါက်မျိုးမဟုတ်။ အကြောင်းကုသိုလ်မျိုးသာဖြစ်၍ မသင့်လျော်ချေ။ အပါယ်လေးပါး၏သရုပ်မှာ (၁) ငရဲ၊ (၂) တိရစ္ဆာန်၊ (၃) ပြိတ္တာ၊ (၄) အသုရကာယ်ဟူသော ဤလေးပါးတည်း။ ကပ်သုံးပါး၏သရုပ်မှာ (၁) သတ္ထန္တရကပ် = ဓားလှံ စသောလက်နက်များဖြင့် သတ္တဝါများပျက်စီးရသောခေတ်၊ (၂) ရောဂန္တရကပ် = ရောဂါဆိုးတို့ဖြင့် သတ္တဝါများပျက်စီးရ သောခေတ်။ (၃) ဒု¸ိက္ခန္တ ရကပ် = ငတ်မွတ်ခေါင်းပါး ခြင်းဖြင့် သတ္တဝါများပျက်စီးရသောခေတ်ဟူသော ဤသုံးပါး တည်း။ ရပ်ပြစ်ရှစ်ပါး၏သရုပ်မှာ (၁) ငရဲ၌ဖြစ်ခြင်း၊ (၂) တိရစ္ဆာန်ဘုံ၌ဖြစ်ခြင်း၊ (၃) ပြိတ္တာဘုံ၌ဖြစ်ခြင်း၊ (၄) အသည သတ်ဘုံ အရုပဘုံတို့၌ဖြစ်ခြင်း၊ (၅) ပစ္စန္တရစ်၌ဖြစ်ခြင်း၊ (၆) မိစ္ဆာဒိဋ္ဌိဖြစ်ခြင်း၊ (၇) သာသနာတော်တွင်း ပညာမဲ့သူဖြစ်ခြင်း၊ (၈) သာသနာပ ပညာရှိဖြစ်ခြင်းဟူသော ဤရှစ်ပါးတည်း။ ဤ ရှစ်ပါးကို မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်သော အပြစ်ရှိသည်ကိုစွဲ၍ ရပ်ပြစ်ရှစ်ပါးဟူ၍ ခေါ်ဝေါ်ကြသည်။ နိရယံ ဥပပန္နောစသည်ဖြင့် ဥပပန္နသဒ္ဒါနှင့်လာရှိသော ပါဠိတော်နှင့်ညီအောင် အပြစ်ရှစ်ပါး ဟူ၍လည်း ခေါ်ဝေါ် သင့်၏။ ရန်သူမျိုးငါးပါး၏ သရုပ်မှာ (၁) မင်း၊ (၂) ခိုးသူ၊ (၃) မီး၊ (၄) ရေ၊ (၅) မချစ်မနှစ်သက်သောအမွေခံသူ ဟူသော ဤငါးပါးတည်း။ ဝိပတ္တိတရားလေးပါး၏ သရုပ်မှာ (၁) ဖြစ်ရာဂတိ ချို့တဲ့ခြင်းဟူသော ဂတိဝိပတ္တိ၊ (၂) ရုပ်ဆင်း အင်္ဂါချို့တဲ့ ခြင်းဟူသော ဥပဓိဝိပတ္တိ၊ (၃) မကောင်းသော ခေတ်ကာလနှင့် ကြုံကြိုက်ခြင်းဟူသော ကာလဝိပတ္တိ၊ (၄) လုံ့လပယောဂ ချို့တဲ့ခြင်းဟူသော ပယောဂဝိပတ္တိဟူသော ဤလေးပါးတည်း။ တစ်နည်း (၁) သီလပျက်ခြင်းဟူသော သီလဝိပတ္တိ၊ (၂) ကျင့်ဝတ်ပျက်ခြင်းဟူသော အာစာရ ဝိပတ္တိ၊ (၃) မိစ္ဆာ အယူကိုယူခြင်းဟူသော ဒိဋ္ဌိဝိပတ္တိ၊ (၄) အသက်မွေးမှုအာဇီဝ ပျက်ခြင်းဟူသော အာဇီဝ ဝိပတ္တိ ဟူသော ဤလေးပါးတည်း။ ဗျသနတရားငါးပါး၏ သရုပ်မှာ (၁) ဆွေမျိုး ပျက်စီးခြင်းဟူသော ဉာာတိဗျသန၊ (၂) စည်းစိမ် ဥစ္စာပျက်ပြား ခြင်းဟူသော ဘောဂဗျသန၊ (၃) အနာရောဂါဖိစီးခြင်းဟူသော ရောဂဗျသန၊(၄) အကျင့်သီလပျက်စီးခြင်းဟူသော သီလဗျသန၊ (၅) မိစ္ဆာအယူကိုယူခြင်းဟူသော ဒိဋ္ဌိဗျသနဟူသော ဤငါးပါး တည်း။ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာရပါလို၏ အရှင်ဘုရားဟူသည် မဂ်ဖိုလ် နိဗ္ဗာန်ကို မြန်မြန်ကြီးရ၍ သံသရာဝဋ်ဒုက္ခမှ မြန်မြန်ကြီးကျွတ်လွတ် ရပါလို၏ ဘုရားဟုဆိုလိုသည်။ ဤ မဂ်တရားဟူသောစကား၌ မဂ်ဟူသောပုဒ်သည် မဂ္ဂ ဟူသောပါဠိစကားမှလာသည်ဖြစ်၍ သွားကြောင်းလမ်း ဟူ၍ အနက်ရ၏။ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရား လမ်းဟုဆိုလိုသည်။ ထိုတရားလမ်းမှာအခြားမဟုတ်၊ မဂ္ဂင် ရှစ်ပါးပေါင်းဆုံမိသောကြောင့် ကိလေသာတို့ကို ပယ်ဖျက် သုတ်သင်နိုင်လောက်သော သတ္တိထူးနှင့်တကွ ဖြစ်ပေါ်လာသော စိတ်ပင်ဖြစ်သည်။ ထိုမဂ်တရားသည် သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဟူ၍ လေးပါး အပြားရှိ၏။ ဖိုလ်တရားဟူသောစကား၌ ဖိုလ်ဟူသော ပုဒ်သည် ဖလဟူသော ပါဠိစကားမှလာသည်ဖြစ်၍ အကျိုး ဟူသောအနက်ကိုရ၏။ မဂ်၏အကျိုးတရားဟု ဆိုလိုသည်။ ဖိုလ်တရားဆိုသည်မှာ မဂ်၏အကျိုး ကိလေသာ အပူအဆာ ကင်းကွာပြီးဖြစ်သဖြင့် ငြိမ်းအေးစွာဖြစ်ပေါ်လာတတ်သော စိတ် ပင်ဖြစ်သည်။ ဖိုလ်တရားလည်းမဂ်တရားကဲ့သို့ပင် သောတာ ပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဟူ၍ လေးပါးအပြားရှိ၏။ ထိုမဂ်ဖိုလ်တရားတို့တွင် ပထမမဂ်ဖိုလ်တရားတို့ကို ဒိဌိ၊ ဝိစိကိစ္ဆာဟူသော ကိလေသာနှစ်ပါး၏ ကုန်ခန်းမှုကြောင့် နိဗ္ဗာန်သို့ ရှေးဦးစွာဆိုက်ရောက်သော မဂ်ဖိုလ်ဖြစ်၍ သောတာ ပတ္တိမဂ်ဖိုလ်ဟုခေါ်သည်။ ဒုတိယမဂ်ဖိုလ်တရားကို ကာမရာဂတရားနှင့် ဗျာပါဒ ဟူသောဒေါသတရားနည်းပါးမှုကြောင့် လူ့ပြည် နတ်ပြည် ဟူသော ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာပြန်လာ စေတတ်သော သတ္တိရှိ၍ သကဒါဂါမိမဂ်ဖိုလ်ဟုခေါ်သည်။ တတိယမဂ်ဖိုလ်တရားကို ကာမရာဂတရားနှင့် ဗျာပါဒ ဟူသောဒေါသတရား အကြွင်းအကျန်မရှိ ကုန်ခန်းမှုကြောင့် လူ့ပြည် နတ်ပြည်ဟူသော ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာစေတတ်သောသတ္တိရှိ၍ အနာဂါမိမဂ်ဖိုလ်ဟုခေါ်သည်။ စတုတ္ထမဂ်ဖိုလ်တရားကို ကိလေသာခပင်း အကြွင်း အကျန်မရှိ ကုန်ခန်းမှုကြောင့် ရဟန္တာဖြစ်ခြင်း၏ အကြောင်း ဖြစ်၍ အရဟတ္တမဂ်ဖိုလ်ဟုခေါ်သည်။ နိဗ္ဗာန်တရားဆိုသည်မှာ ကိလေသာမီး အပူသံသရာ ဝဋ်ဒုက္ခတို့မှ ကျွတ်လွတ်မှုကြောင့် အေးပေပေါ့၊ ငြိမ်းပေပေါ့ ဟုဆိုရလောက်အောင် အရိယာပုဂ္ဂိုလ်တို့၏စိတ်၌ တွေ့ရှိအပ် သော အင်မတန်အေးမှု ငြိမ်းမှုဟူသော သီတိသန္တိသဘောတရား ကြီးကိုဆိုသည်။ မဂ်တရားဖိုလ်တရားတို့သည် ထိုသီတိသန္တိ သဘောတရားကို အာရုံပြု၍ ဖြစ်ပေါ်လာရကြသည်။ ယင်းသို့ ဖြစ်ပေါ်လာမှုကိုပင် နိဗ္ဗာန်ရသည်ဟု ဆိုရသည်။ ယခုဆိုခဲ့ပြီးသော မဂ်ဖိုလ်နိဗ္ဗာန်ကို မြန်မြန်ကြီး အလိုရှိလျှင် ထိုမဂ်ဖိုလ်နိဗ္ဗာန်ကိုရစေတတ်သော အကြောင်း တရားကို အားထုတ်ရမည်။ ယင်းသို့အားထုတ်က မဂ်ဖိုလ် နိဗ္ဗာန်ကို တောင့်တသော် ရနိုင်၏။ မတောင့်တသော်လည်း ရနိုင်၏။ နှုတ်မြွက်၍ ဆုတောင်းရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မြန်မြန်ကြီးရနိုင်မည် မဟုတ်ဟုဆိုလိုသည်။ ထိုစကားမှန်၏။ အပါယ်ဒုဂ္ဂတိဘုံတို့၌ဖြစ်ခြင်းငှာ အနည်းငယ်မျှ အလိုမရှိကြ ကုန်ဘဲလျက် မကောင်းမှုဒုစရိုက်တည်းဟူသော အကြောင်း တရားတို့နှင့်ပြည့်စုံမှုကြောင့် အပါယ်ဒုဂ္ဂတိဘုံတို့၌ ဖြစ်လေကုန် သော သတ္တဝါတို့ကား အတိုင်းမသိများကုန်၏။ ဤကို ထောက်၍ တောင်းခြင်းသည် လိုရင်းမဟုတ်၊ အကြောင်းတရား နှင့် ပြည့်စုံခြင်းသည်သာ လိုရင်းဖြစ်သည်ဟု သိမှတ်ရပေမည်။ ထို့ကြောင့် ရတနာသုံးပါးအား ကန်တော့ရုံမျှကို အားကိုး၍ မနေဘဲ မဂ်ဖိုလ်နိဗ္ဗာန် အမြန်ရကြောင်း တရားကောင်းများကို ကြိုးစားမယုတ် အားထုတ်ကြကုန်ရာသတည်း။ ဆက်စပ်ဖတ်ရှုရန် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း ဘုရားပင့် သြကာသကန်တော့ခန်း သြကာသဆုတောင်းခန်း ကိုးကား ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%A9%E1%80%80%E1%80%AC%E1%80%9E%20%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD%E1%80%81%E1%80%AD%E1%80%AF%E1%80%B8
မင်္ဂလသုတ်
ပရိတ်ကြီး (၁၁) သုတ်စာရင်းတွင် ပထမနေရာမှ ပါဝင်သည်။ ဘုန်းတော်ကြီးသင် ပညာရေးစနစ်၌ သင်ပုန်းကြီးပြီးလျှင်ပြီးချင်း မဖြစ်မနေသင်ယူရသော သင်ခန်းစာလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံပညာကျောင်းသားများသည် ဘုန်းကြီးကျောင်းများ၌ ဖြစ်စေ၊ ဗုဒ္ဓကလျာဏယုဝအသင်း အစရှိသော ဘာသာရေးအသင်းများမှ ဦးစီးဖွင့်လှစ်သည့် သင်တန်းများမှာဖြစ်စေ လေ့လာသင်ယူကြသည်။ ဗုဒ္ဓ၏ လူမှုကျင့်ဝတ်များဆိုင်ရာ သဘောထားများကို လေ့လာလိုလျှင် ချန်လှပ်ထားခဲ့၍ မဖြစ်နိုင်သော သုတ္တန်လည်းဖြစ်သည်။ မင်္ဂလသုတ်ပါဠိတော် မင်္ဂလသုတ်ရွတ်ဖတ်ခြင်းအကျိုး မင်္ဂလသုတ်ကိုမပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့်နေရာမှာနေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက် ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့်ဆိုရလျှင် ရန်ကင်းသည်၊ သူတစ်ပါးမကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မင်္ဂလသုတ်မြန်မာပြန် ၁။ မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍ လူနှင့်နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း(၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။ ၂။ လူတစ်ယောက်စီတစ်ယောက်စီထက်လည်းကောင်း၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်လည်းကောင်း၊ နတ်တစ်ပါးစီ တစ်ပါးစီထက်လည်းကောင်း၊ နတ်အားလုံးထက် လည်းကောင်း၊ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရူလျက် မင်္ဂလာတရား ၃၈-ပါးကို ထုတ်ဖော် ဟောကြားတော်မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက် တရားကို ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်းအပေါင်းတို့နှင့်ကျွန်ုပ်တို့သည် ထိုမင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြပါကုန်စို့။ ၃။ ပထမသံဂါယနာပွဲတော်ကြီး၏ ဥက္ကဋ္ဌ ဖြစ်တော်မူသော မဟာကဿပအရှင်ဘုရား - ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော်မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ကြားနာ လိုက်ရပါ၏၊ မှတ်သားလိုက်ရပါ၏၊ ဆောင်ထားလိုက်ရပါ၏။ -အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ်သူဋ္ဌေးကြီးဆောက်လုပ် လှူဒါန်းထားသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီးဖြစ်သည်။ တညသ၌ ညဉ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာသည်။ သူသည် အလွန်နှစ်လိုဖွယ် ရုပ်အဆင်းရှိသည်။ ဇေတဝန်ကျောင်းတိုက် တစ်လုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့် ထွန်းလင်းစေသည်။ -ယင်းသို့ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ်လာသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျှောက်ပတ်သောနေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်... ၄။ ဘုန်းတော်ကြီးမြတ်လှသောမြတ်စွာဘုရား - နတ်အပေါင်းတို့သည်လည်းကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည်၊ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော်ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြသည်ဘုရား။ ယင်းသို့ ကြံစည်တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှတွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။ မြတ်စွာဘုရား၏ဟောကြားချက် ၅။ အို... နတ်သား ... သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရား သုံးပါးကို မြတ်သောမင်္ဂလာဟူ၍သင်မှတ်သားလော့။ ၆။ အို....နတ်သား တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း၊ ရှေးဘဝကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။ ၇။ အို....နတ်သား အကြားအမြင် ဗဟုသုတရှိခြင်း၊ စက်မှုလက်မှုစသော သိပ္ပံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ဝိနည်းတရားကိုကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။ ၈။ အို....နတ်သား.... အမိအဘကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်အောင် အလုပ်မျိုးကိုလုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။ ၉။ အို....နတ်သား... အလှူပေးခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသောအလုပ်ကိုလုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။ ၁၀။ အို....နတ်သား.... မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက်၊ မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။ ၁၁။ အို....နတ်သား .... ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။ ၁၂။ အို....နတ်သား..... သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားဦးလော့။ ၁၃။ အို....နတ်သား.... ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။ ၁၄။ အို....နတ်သား .... လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာအရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။ ၁၅။ အို....နတ်သား.... ဤကဲသို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာဖြစ်ကြောင်း သင်မှတ်သားလေလော့။ ဆက်စပ်ဖတ်ရှုရန် ၃၈ ဖြာ မင်္ဂလာ ပရိတ်ကြီး ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ရတနသုတ်
ရတနသုတ်သည် ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌ အပိုင်း ၆ တွင် ပါရှိသည်။ လက်ရှိတွင် ရတနသုတ်ကို အပိုဒ် (၂၁)ပိုဒ်ဖြင့်ဖွဲ့စည်းထား၍ ပထမ သုံးပိုဒ်မှာ ရှေးဆရာများရေးသားထားခြင်းဖြစ်၍ နောက်ဆုံးသုံးပိုဒ်မှာ သိကြားမင်းရွတ်ဆိုသော စာပိုဒ်များဖြစ်ပြီး အလယ် (၁၅) ဂါထာသည် မြတ်ဗုဒ္ဓ ဟောကြားသည့် စာပိုဒ်များဖြစ်သည်။။ ဗုဒ္ဓဝင်သမိုင်း ဤသုတ်၏ သမိုင်းကြောင်းမှာ မြတ်စွာဘုရားရှင်လက်ထက် ဝေသာလီပြည်၌ မိုးခေါင်ရေရှားပြီး ကောက်ပဲသီးနှံများ စိုက်ပျိုး၍ မဖြစ်ထွန်းပဲ ငတ်မွတ်ခေါင်းပါးဘေးကြုံကာ တိုင်းသူပြည်သားများ သေကြေပျက်စီးကုန်သည်။ နေရာအနှံ့ အလောင်းများ ပုံထပ်နေသောအခါ၌ မြို့ပြင်၊ ရွာပြင်တွင်ရှိသော ဘီလူး၊ သရဲ၊ သဘက်များသည် မြို့ရွာထဲသို့ဝင်ပြီး အသေကောင် ရုပ်အလောင်းများကို ဝိုင်းဖွဲ့စားသောက်ကြသည်။ ဘီလူး၊ သရဲများကိုမှီပြီး ကပ်ရောဂါဘေးသည်လည်း ဆိုက်ရောက် လာသည်။ ဤသို့ အနာရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကြောင့် ဝေသာလီပြည့်ရှင်မင်းသည် ဝေသာလီပြည်နှင့် ရှစ်ယူဇနာဝေးသော ဂင်္ဂါမြစ်တစ်ဖက်ကမ်း ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေသော မြတ်စွာဘုရားကို ဗိမ္ဗိသာရမင်းကြီမှတစ်ဆင့် ပင့်ဖိတ်ပြီး ထိုကပ်ဆိုးကြီးများမှ ကယ်မတော်မူရန် တောင်းပန်လျှောက်ထားသောအခါ၌ မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာခြံရံပြီး ဝေသာလီပြည်သို့ ကြွချီတော်မူပါသည်။ ထိုအခါဝယ် ရောက်ရောက်ချင်း ဝေသာလီပြည် ကောင်းကင်ယံ၌ မိုးတိမ်များ ရုတ်တရက် အုံ့ဆိုင်းလာပြီး မိုးထစ်ချုန်းပြီးလျှင်၊ သည်းထန်စွာရွာသွန်းရာ ပုပ်ပွ အနံ့ထွက်သော ရုပ်အလောင်းများ အားလုံးသည် မိုးရေနှင့်အတူမျောပါသွားပြီး မကောင်းသော အပုပ်နံ့များလည်း ကင်းစင်သွားသည်။ ဤသို့ အခါမဲ့မိုးကြီးရွာသွန်းပြီး သန့်ရှင်းသွားသောအခါဝယ် မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာခြံရံပြီး ဝေသာလီမြို့၏ တတိယတံတိုင်းတွင် ဘုရားရှင်က အရှင်အာနန္ဒာကို ရတနသုတ် ဟောပြောသင်ကြားပေးသည်။ ထို့နောက် အရှင်အာနန္ဒာ မထေရ်က တံတိုင်းသုံးခုစလုံးတွင် ညလုံးပေါက်ရွတ်ဖတ်ခဲ့သည်။ ဤသည်မှာ ရတနသုတ်ကို မူလပထမ ဟောကြားခြင်း ဖြစ်ပေသည်။ ထို့နောက် မြတ်စွာဘုရားသည် ခုနှစ်ရက်တိုင်တိုင် ဤရတနသုတ်ကို ဝေသာလီ၌ ဟောတော်မူခဲ့သည်။ ရတနသုတ်ပါဠိတော် ရတနသုတ်မြန်မာပြန် ၁။ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရားမင်း၏ခြေရင်းတော်၌ ဘုရားဆုကိုတောင်းသည့်ကာလမှ အစပြု၍ မြတ်စွာဘုရား ဖြည့်ဆည်းပူးခဲ့သော ပါရမီ(၁၀)ပါး၊ ဥပပါရမီ(၁၀)ပါး၊ပရမတ္ထပါရမီ(၁၀)ပါး' အပါး(၃၀)သောပါရမီတို့ကိုလည်းကောင်း၊ စွန့်ခြင်းကြီး(၅)ပါးတို့ကိုလည်းကောင်း၊ လောက၏ အကျိုးစီးပွားအလို့ငှာကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာကျင့်ခြင်း၊ ဘုရားဖြစ်ခြင်း အကျိုးငှာကျင့်ခြင်းဟူသော စရိယ(၃)ပါးတို့ကိုလည်းကောင်း၊ နောက်ဆုံးဘဝ၌ အမိဝမ်းတွင်း ပဋိသန္ဓေယူတော်မူခြင်း၊ ဖွားမြင်ခြင်း၊ မြတ်သောတောထွက်ခြင်း၊ ပြင်းစွာသော လုံ့လဖြင့် ကမ္မဋ္ဌာန်းအကျင့်ကိုကျင့်ခြင်း၊ ဗောဓိပလ္လင်၌ မာရ်(၅)ပါးကို အောင်မြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရရှိခြင်း၊ ဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားခြင်းနှင့် (၉)ပါးသော လောကုတ္တရာတရားတို့ကို လည်းကောင်း၊ ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်တို့ကိုလည်းကောင်း၊ စိတ်ဖြင့် ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း(၃)ထပ်တို့၏ အကြားတို့ ၌ ညဉ့်သုံးယံ ကာလပတ်လုံး ပရိတ်ရွတ်ဖတ် အရံအတားပြုခဲ့သော အရှင်အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့အပေါ်) သနားကရုဏာစိတ်ထားလျက် ... ၂-၃။ ရတနသုတ်ပရိတ်တော်၏ အာဏာစက်ကို စကြဝဋ္ဌာကုဋေတစ်သိန်း၌ ရှိကြကုန်သော နတ်အပေါင်းတို့က ခံယူကြကုန်၏။ ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော အနာရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကို လျင်မြန်စွာကွယ်ပျောက်စေနိုင်ခဲ့၏။ ယခုအခါ၌ ဤရတနသုတ်ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။ ၄။ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်လည်းကောင်း၊ ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွတ် ရောက်ရှိလာကြကုန်ပြီး နတ်ပရိသတ်အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါကုန်။ မြတ်စွာဘုရားဟောတော်မူခဲ့သော ပရိတ်တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။ ၅။ အိုနတ်အပေါင်းတို့ ဤနေရာ၌ အညီအညွတ်စည်းဝေးရောက်ရှိနေကြသော အသင်နတ်အများ နားဆင်ကြပါကုန်၊ လူတို့သည် နေ့ည မဟူ ကြည်ဖြူလေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန်၊ မမေ့မလျော့ စောင့်ရှောက်ကြပါကုန်။ ၆ ။ လူ့ပြည်၌ ဖြစ်စေ၊ နဂါးပြည် ဂဠုန်ပြည်၌ ဖြစ်စေ၊ နတ်ပြည်၌ဖြစ်စေ အမြင့်အမြတ် သတ်မှတ်သုံးဆောင်ကြသော ဥစ္စာရတနာတို့သည် ရှိကြကုန်၏၊ ထိုရတနာတို့အနက် ဘုရားတည်းဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ၊ မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်တော်ကျေးဇူးတော်တို့နှင့်ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဥစ္စာ စီးပွား တိုးတက် ချမ်းသာကြပါစေသတည်း။ ၇။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော သမာဓိစိတ်ရှိသည့်အတွက်ကြောင့် ကိလေသာတို့၏ကုန်ရာကင်းရာ မသေရာဖြစ်သော အမြတ်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌) ထိုနိဗ္ဗာန်ဓာတ်မြတ် နှင့် နှိုင်းတုစရာ ရတနာတစ်ခုမျှ မရှိပါချေ၊ နိဗ္ဗာန်သည် ကိလေသာကုန်စင်ခြင်း စသည့်ဂုဏ်တော်ကြောင့် ရတနာမြတ်ဖြစ်ပါပေ၏၊ ဤသို့ မှန်ကန်သောသစ္စာစကားကြောင့် သူတော်တကာ သတ္တဝါများ ဥစ္စာ စီးပွား တိုးတက်ချမ်းသာကြပါစေသတည်း။ ၈။ မြတ်စွာဘုရားသည် အရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိကို ကိလေသာမှ စင်ကြယ်၏ဟူ၍ ချီးမွမ်းတော်မူ၏၊ မိမိ၏အခြားမဲ့၌ အကျိုးကို ပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ ထိုအရဟတ္တမဂ်သမာဓိနှင့် တူမျှသော သမာဓိသည် မရှိ၊ ဤအရဟတ္တမဂ်သမာဓိတရားသည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သသော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။ ၉။ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့သည် အစုံအားဖြင့် လေးပါးသော အစုံတို့ ဖြစ်ကြကုန်၏၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားတပည့်သားသာဝက ဖြစ်တော်မူကုန်၏။ မြတ်သောအလှူကို ခံထိုက်တော်မူကုန်၏။ ထိုအရိယာပုဂ္ဂိုလ်တို့၌ ပေးလှူအပ်သော အလှူဒါနတို့သည် များမြတ်သော အကျိုးရှိကုန်၏။ ဤအရိယာသံဃာတော်မြတ်သည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏၊ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။ ၁၀။ ဂေါတမမြတ်စွာဘုရား သာသနာတော်၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည် မြဲမြံခိုင်ခန့်သော စိတ်ဖြင့် အားထုတ်ကြကုန်သောကြောင့် အလုံးစုံသော ကိလေသာတို့မှ ထွက်မြောက်တော်မူကုန်၏။ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည် ရပြီးသော အရဟတ္တဖိုလ်ကို တဖန်ဝင်စားသောအားဖြင့် ရကြပြန်ကုန်၍ အနည်းငယ်မျှ မပျက်မစီးကြရကုန်သည်လည်း ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုလျက် အရဟတ္တဖိုလ်သမာပတ်ချမ်းသာကို ခံစားတော်မူကြကုန်၏။ ဤရဟန္တာ သံဃာတော်မြတ်သည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီးဖြစ်တော်မူ၏။ ဤသို့ မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်းချမ်းသာ အေးမြခြင်း ဖြစ်ပါစေသတည်း။ ၁၁။ မြေ၌စိုက်ထူအပ်သော တံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသောလေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယာသစ္စာတို့ကို ပညာဖြင့်သက်ဝင်၍မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့်တူ၏ဟု ငါဆို၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ ၁၂။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသော ဉာဏ်ပညာရှိသော မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင်ပြုကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက်ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ ၁၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။ ကိလေသာ စိုးစဉ်းမျှ ရှိစေကာမူအပါယ်လေးပါးတို့မှ လွတ်၏။ (အာနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ ၁၄။ အတ္တဟူသော မိမိကိုယ် ရှိ၏ဟူ၍ ခံယူခြင်း၊ ရှစ်ပါးသော ဌာနတို့၌ ယုံမှားခြင်း၊ နွားလို၊ ခွေးလို ကျင့်ခြင်းဖြင့် သံသရာမှ လွတ်မြောက်နိုင်၏ဟု အထင်မှားခြင်း၊ ဤအမှားသုံးရပ်ကို သောတာပန်ပုဂ္ဂိုလ်သည် သောတာပန် ပုဂ္ဂိုလ်သည် သောတာပန် ဖြစ်လျှင်ဖြစ်ချင်း ပယ်စွန့်ပြီး ဖြစ်လေ၏၊ မည်သည့်မှားသော အယူကို မဆို ပယ်စွန့်လေ၏။ ၁၅။ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးပါးမှ လွတ်လေ၏။ လွန်ကဲသော အကြောင်း ခြောက်ရပ်တို့ကိုလည်း မပြုထိုက်တော့ပေ။ ဤသို့လျှင် ယူမှား၊ ယုံမှား တရားသုံးပါးကို ပယ်နိုင်သော သောတာပန်အရိယာ သံဃာရတနာသည်လည်း မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တဝါတို့အား ကောင်းကျိုးချမ်းသာ ဖြစ်လာပါစေသတည်း။ ၁၆။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသောကံကို မဖုံးလွှမ်းတော့ပြီ။ နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်)ပုဂ္ဂိုလ်၏ဖုံးလွှမ်းခြင်းမပြုတော့သည့်အဖြစ်ကို (မြတ်စွာဘုရား) ဟောတတ်၏။ သံဃာဟူသော ရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ ၁၇။ နွေဥတု၏အစဖြစ်သော တန်ခူးလ၏ ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို (နိဗ္ဗာန်) အကျိုးငှာ ဟောတော်မူ၏။ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ ၁၈။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သောမဂ်ကို ဆောင်တတ်သော မိမိထက်သာသူမရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားတော်ကို ဟောကြားတော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ ၁၉။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ ကံသစ်မရှိတော့ပြီ၊ လာလတ္တံသောဘဝ၌ တပ်မက်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွားသော ဆန္ဒမရှိကုန်၊ ဆီမီးငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ခန္ဓာဇာတ်သိမ်းငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ ၂၀။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကိုရှိခိုးပါ၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။ ၂၁။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် ကိလေသာတို့ကိုဖျက်ဆီးတတ်သော နတ်လူတို့ပူဇော်အပ်သော တရားတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။ ၂၂။ မြေ၌တည်ကုန်သောနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသော နတ်လူတို့ပူဇော်အပ်သော သံဃာတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ ရတနသုတ်မြန်မာပြန်ပြီး၏။ ။ ရတနသုတ်ရွတ်ဖတ်ခြင်းအကျိုး ကပ်ကြီးသုံးပါးကိုကျော်နင်းစေနိုင်သည်။ စုန်း၊ တစ္ဆေ၊ ကဝေပယောဂဟူသမျှကိုနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရသောအခါ၊ အချုပ်ထောင် နှောင်အိမ်စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်းနတ်မြတ်တို့၏ စောင်မကြည့်ရှုခြင်းကိုခံရမည်ဖြစ်ပေသည်။ ကိုးကား ပရိတ်ကြီး ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%90%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မေတ္တသုတ်
မေတ္တသုတ် + မေတ္တာသုတ်သည် စုစုပေါင်း (၉)သုတ် ရှိပါသည်။ မေတ္တသုတ် ကို ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌ အပိုင်း ၉ တွင် တွေ့ရှိနိုင်သည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကို သင်ယူပြီး ဟိမဝန္တာနှင့် တစ်စပ်တည်း တည်နေသော တောအုပ်ကြီးတစ်ခုထဲသို့ ဝင်ရောက်၍ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌ တရားအားထုတ်ကာ သီတင်းသုံး နေထိုင်ကြလေသည်။ ထိုရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် သစ်ပင်များပေါ်ရှိနတ်များမှာ သစ်ပင်များပေါ်၌ မနေဝံ့ကြတော့ဘဲ ကလေးများကို လက်ဆွဲကာ လှည့်လည်သွားလာ နေထိုင်ကြရရှာကုန်၏၊ ရဟန်းများ တစ်နေ့ ပြန်နိုးနိုးနှင့် စောင့်နေခဲ့ကြကုန်၏၊ အတော်ကြာသောအခါ “ရဟန်းများ ပြန်ကြတော့မည် မဟုတ်”ဟု သိကြ၍ ရဟန်းများ မနေဝံ့အောင် ညဉ့်အခါ၌ ကြောက်မက်ဖွယ် အဆင်း အသံများကို ပြကာ ခြောက်လှန့်ကြလေတော့သည်။ ထိုအခါ ရဟန်းများ ထိတ်လန့်တုန်လှုပ်ကြကာ ရောဂါ အမျိုးမျိုး ရရှိကြတော့သည်။ စိတ်ချောက်ချား၍ အေးချမ်းသာယာမှု တည်ကြည်ငြိမ်သက်မှုကို လုံးဝ မရရှိကြတော့ကုန်။ သို့ဖြစ်၍ “ငါတို့ဤအရပ်မှာ မနေသင့် ဟု ဆုံးဖြတ်ကြကာ မြတ်စွာဘုရားအထံတော်သို့ ပြန်သွားခဲ့ကြလေသည်။ မြတ်စွာဘုရားအထံတော်သို့ ရောက်သောအခါ အကြောင်းစုံကို လျှောက်ထားကြ၏။ မြတ်စွာဘုရားက ထိုရဟန်းတို့ကို မေတ္တသုတ် ပရိတ်တော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူခဲ့လေသည်။ ရဟန်းများလည်း ထိုတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရား သင်ပေးညွှန်ကြားတော်မူလိုက်သည့် အတိုင်း မေတ္တသုတ်ကို ရွတ်ဆိုလျက် မေတ္တာဘာဝနာကို ပွားများကြရာ နတ်အများက ချစ်မြတ်နိုးကြလျက် ဝတ်ကြီးဝတ်ငယ်များပင် ပြုလုပ်ကြ စောင့်ရှောက်ကြ လေသည်။ ထိုအခါ ထိုရဟန်းတော်များ မေတ္တသုတ်ကို ရွတ်ဆိုပွားများကြ၍ ဝိပဿနာတရားကိုပါ ပွားများ အားထုတ်ကြသောအခါ ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ကြလေသည်။ မေတ္တသုတ် (ပါဠိ) မှတ်စု မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ ဘီလူးသရဲစသော မကောင်းဆိုးဝါးတို့၏ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ ချမ်းသာစွာ အိပ်ရခြင်း၊ နိုးရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။ မေတ္တသုတ် မြန်မာပြန် ၁။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည် ၂။ ချမ်းသာစွာအိပ်ရ၏။ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ်ပရိတ်တော်ကို အို - သူတော်ကောင်းတို့ ငါတို့ ရွတ်ဖတ်ကြပါကုန်စို့။ ၃။ လောကီ လောကုတ္တရာအကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သောသူတော်ကောင်းနည်းလမ်းကို ကျင့်ကြံအားထုတ် ပြုလုပ်အပ်၏။ •••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••• ၁•ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏။ ၂•ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏။ ၃•စိတ်သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏။ ၄•ဆိုဆုံးမလွယ်ရာ၏။ ၅•နူးညံ့သိမ်မွေ့ရာ၏။ ၆•သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။ ၇•ရောင့်ရဲလွယ်ရာ၏။ ၈•မွေးမြူလွယ်ရာ၏။ ၉•နည်းပါးသော အမှုကိစ္စရှိရာ၏။ ၁၀•ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။ ၁၁•ငြိမ်သက်သော ဣန္ဒြေရှိရာ၏။ ၁၂•အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏။ ၁၃•ကိုယ်နှုတ်နှလုံးသုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။ ၁၄•ဒါယကာတို့၌ တွယ်တာမက်မောမှု မရှိရာ။ ၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတခုသော မကောင်းမှုကို အနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။ ၆။ အကြွင်းမရှိ အလုံးစုံ ထွက်သွက်ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့်တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံ့သောသတ္တဝါ၊ မဆူမကြုံ့သော သတ္တဝါ။ ၇။ မျက်စိဖြင့်မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။ ၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစုံတခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီ ကံဖြင့်လည်းကောင်း၊ခိုက်ရန်မျက်ပွား အငြိုးထားသော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။ ၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦးတည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်းသောသတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။ ၁၀။ ကာမဘဝတည်းဟူသော အောက်လောက၌လည်းကောင်း၊ ရူပဘဝတည်းဟူသော အလယ်လောက၌လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက်လောက၌လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန်လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။ ၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်လည်းကောင်း၊ လှဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍ နေထိုင်ခြင်းကို "မြတ်သောနေထိုင်ခြင်း" ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။ ၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်းကင်းသောကြောင့် နောက်တစ်ဖန် အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ။ ။ မေတ္တာသုတ်တော်လာ မေတ္တာပွားနည်း (၁၁) နည်း ၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၂။ ကြောက်တတ်မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၃။ မြင်အပ်မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၄။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၆။ ရှည်တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ ၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ဆက်စပ်ဖတ်ရှုရန် မေတ္တာပို့ခြင်း ကိုးကား ပရိတ်ကြီး အင်္ဂုတ္တရနိကာယ် ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%90%E1%80%B9%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ခန္ဓသုတ်
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာ ဘုရား သီတင်းသုံးနေတော်မူစဉ် ရဟန်းတစ်ပါး မြွေကိုက် ခံရ၍ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား ကြလေသည်။ ထိုအခါ မြတ်စွာဘုရားက “ရဟန်းတို့ . . ထိုရဟန်းသည် ဝိရူပက္ခစသော နဂါးမျိုး တို့ကို မေတ္တာ မပို့သသောကြောင့် မြွေကိုက်ခံရခြင်း ဖြစ်သည်။ အကယ်၍ ဝိရူပက္ခစသော နဂါးမျိုးတို့ကို မေတ္တာ ပို့သခဲ့လျှင် မြွေကိုက်ခံရမည် မဟုတ်”ဟု မိန့်တော်မူ၍ ဝိရူပက္ခ စသော နဂါးမျိုးတို့ကို မေတ္တာပို့သခြင်းအားဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြရန် ခန္ဓသုတ်ပရိတ် တရားတော်ကို ဟောကြားတော်မူခဲ့သည်။ ခန္ဓသုတ် (ပါဠိ) မြန်မာပြန်ရှင်းလင်းချက် ဤခန္ဓသုတ် ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏။ အာဏာခေတ်ဟုခေါ်သော စကြဝဠာ ကုဋေတသိန်း အတွင်း၌ သတ္တဝါအများရှိကြ၏။ မြွေမှတပါး ကျန်သော သတ္တဝါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။ ဝိရူပက္ခ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဧရာပထ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဆဗျာပုတ္တ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ကဏှာဂေါတမ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ အခြေမဲ့သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါ၊ ဤသတ္တဝါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် အတူတကွ ဖြစ်ပါစေသတည်း။ အခြေမဲ့သော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ အခြေနှစ်ချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေလေးချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေထောက်များစွာရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ အာရုံငါးပါးကို ခုံမင်တတ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ အသက်ရှူရှိုက်တတ်သော သတ္တဝါ အားလုံးတို့သည်လည်းကောင်း၊ ကိုယ်ကာယ အထင်အရှားဖြစ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အကောင်း အမြတ်တို့ကိုသာ မြင်ကြပါစေ။ အနည်းငယ်မျှပင် မကောင်းမှုသို့ မရောက်ကြပါစေနှင့်။ (ကိလေသာသည် နှိုင်းယှဉ်စရာ အကြောင်းပမာဏဖြစ်၏။) မြတ်စွာဘုရားသည် ပမာဏပြုစရာ ကိလေသာမရှိ။ တရားတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ ကင်း၊ သန်း၊ မြွေ၊ ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊ ကြွက်စသော သတ္တဝါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။ ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ သတ္တဝါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွန်ုပ်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ဝိပဿီ စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏။ ရွတ်ဖတ်ရခြင်းအကျိုး မြွေဘေးကင်းနိုင်သည်။ အခြားအဆိပ်ရှိသော သတ္တဝါတို့ ဘေးမှလည်း လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသော အခါမျိုး၌လည်း အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်ပေသည်။ အခြား ခန္ဓသုတ် (၇)သုတ် ခန္ဓသုတ်(၇)သုတ် ရှိပါသည်။ ပရိတ်ကြီး၌ ပါသော ခန္ဓသုတ် (ပါဠိ)မှာ အဟိရာဇသုတ်မှ ဖြစ်ပါသည်။ ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို အနတ္တလက္ခဏသုတ်တော်အတိုင်း အရှင်ရာဟုလာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။ ပစ္စုပ္ပန်, အတိတ်, အနာဂတ်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကဖြစ်သော ခန္ဓာငါးပါးနှင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန် ... ဒူရ, သန္တိက, သာသဝ, သဥပါဒါနိယဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဘုရားရှင်က ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ ကွယ်လွန်လျှင် အပါယ်လေးဘုံသို့ မရောက်နိုင်သော သောတာပန် မဖြစ်မခြင်း မသေနိုင်သော သဒ္ဓါနုသာရီပုဂ္ဂိုလ်၊ ဓမ္မာသာရီပုဂ္ဂိုလ်တို့၏ ခန္ဓာတစ်ပါးစီ တစ်ပါးစီ အပေါ်၌ ရှုမြင်ယုံကြည်ပုံကို ဟောတော်မူသည့်သုတ်။ ခန္ဓာတို့၏ စတင်ဖြစ်မှု, တည်တံ့မှု, အသစ်ဖြစ်ပေါ်မှု, ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စတင်ဖြစ်မှု, ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှု ဖြစ်ပုံ၊ ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှု၊ ရောဂါတို့၏ ငြိမ်းမှု, အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုမည်၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲ၍ ဖြစ်မှု ချုပ်မှုတို့ကို ဘုရားရှင် ဟောလသုတ်။ ခန္ဓာငါးပါးတို့၌ ဆန္ဒရာဂဟူသော ဥပက္ကိလေသကိုပယ်ပြီးသော ရဟန်း၏ စိတ်သည် နေက္ခမ္မ၌ညွတ်ပုံ၊ နေက္ခမ္မ၌အထုံရပြီးသော စိတ်သည် အဘိညာသစ္ဆိကရဏီယဓမ္မတို့၌ ပြုရန်သင့်လျော်ပုံကို ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲ၍ ဟောတော်မူသည့်သုတ်။ သစ္စာလေးပါးကို တစ်ပါးစီ တစ်ပါးစီ သဘာဝဓမ္မတို့ကို ဟောတော်မူပြီး ယင်း သစ္စာတရားတို့ကို အသီး အသီးသိရန် အားထုတ်ရမည်-ဟု ဟောတော်မူသည့်သုတ်။ သမဏမစလပုဂ္ဂိုလ်, သမဏပုဏ္ဍရိကပုဂ္ဂိုလ်, သမဏသုခုမာလပုဂ္ဂိုလ် သမဏေသု သမဏသုခုမာလပုဂ္ဂိုလ်တို့ကို တစ်ပါးစီ တစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။ ကိုးကား ပရိတ်ကြီး သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ်
https://my.wikipedia.org/wiki/%E1%80%81%E1%80%94%E1%80%B9%E1%80%93%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မောရသုတ်
မောရသုတ်တော်မှာ ဇာတကပါဠိတော်၊ ဒုကနိပါတ်၊ မောရဇာတက မှလာသော ဘုရားအလောင်းတော် ရွှေဥဒေါင်းမင်းဘဝက ရွတ်ဆိုပူဇော်ခဲ့သည့် ဘုရားဂုဏ်တော်၊ သစ္စာလေးပါးဂုဏ်တော်နှင့် ရဟန္တာဂုဏ်တော်တို့ကို ချီးကျူးကော်ရော်ပူဇော်သော ဂါထာဖြစ်သည်။ ဘုရားအလောင်းရွှေဥဒေါင်းမင်းသည် ဤဂါထာကို နေထွက်နေဝင် နေ့စဉ်ရွတ်ဖတ်ပူဇော်ခဲ့ရာ လာရောက်ဖမ်းယူရန် ကြိုးစားခဲ့သော မုဆိုးများ မျိုးဆက် (၇) ဆက်တိုင်တိုင် ရွှေဥဒေါင်းမင်းကို ဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့ ဘုရားအလောင်းတော်ရွှေဥဒေါင်းမင်း ဤဂါထာတော်ကို ရွတ်ဖတ်ပူဇော်သဖြင့် အဖမ်းအဆီးအနှောင်အဖွဲ့ မှ လွတ်မြောက်ခဲ့ခြင်းကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များက မိမိတို့သည်လည်း အဖမ်းအဆီး အနှောင်အဖွဲ့ ဘေးရန်အမျိုးမျိုးမှ လွတ်မြောက်ပါစေခြင်း အကျိုးငှါ ဤ မောရသုတ်ဂါထာတော်ကို ပရိတ်တော်အဖြစ်ရွတ်ဖတ် ပူဇော်ကြသည်။ ဤ ပရိတ်တော်သည် ဗုဒ္ဓဘာသာဝင်များ ရွတ်ဖတ်ပူဇော်လေ့ရှိကြသည့် ပရိတ်ကြီး (၁၁) သုတ်တွင် (၅) သုတ်မြောက် ပရိတ်တော်ဖြစ်သည်။ ပါဠိဘာသာ မောရသုတ် ပရိတ်တော် ၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။ ၁။ ပူရင်တံ ဗောဓိသမ်ဘာရေ နိတ်ဗတ်တံ မောရ-ယောနိယံ ယေန သံဝိဟိတာရက်ခံ မဟာသတ်တံ ဝနေစရာ ၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။ ဗြဟ္မမန္တ န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၂။  စိရတ်သံ ဝါယမန်တာပိ၊ နေဝ သက်ခိမ်သု ဂန်နှိတုံ ဗြန်မ-မန်တန်တိ အက်ခါတံ ပရိတ်တံ တံ ဘဏာမ ဟေ ၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ၊ ၃။ အုဒေတယံ စက်ခုမာ အေက-ရာဇာ ဟရိတ်သ-ဝဏ်ဏော ပထဝိတ်ပ,ဘာသော တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ ပထဝိပ်ပ, ဘာသံ တယစ်ဇ ဂုတ်တာ ဝိဟရေမု ဒိဝသံ ၄။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။ ၄။ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ တေ မေ နမော တေ စ မံ ပါလယန်တု နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ အိမံ သော ပရိတ်တံ ကတ်တဝါ မောရော စရတိ အေသနာ ၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။ ၅။ အပေတယံ စက်ခုမာ အေက-ရာဇာ ဟရိတ်သ-ဝဏ်ဏော ပထဝိပ်ပ,ဘာသော တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ ပထဝိပ်ပ-ဘာသံ တယစ်ဇ ဂုတ်တာ ဝိဟရေမု ရတ်တိမ် ၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။ ၆။ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ တေ မေ နမော, တေ စ မံ ပါလယန်တု နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ အိမံ သော ပရိတ်တံ ကတ်တဝါ မောရော ဝါသ'မ-ကပ်ပယိ မောရသုတ္တံ နိဋ္ဌိတံ။ မောရ-သုတ်တံ နိတ်ထိတံ ပရိတ်တော် မြန်မာပြန် သဗ္ဗညုတ ဉာဏ်တော်၏ အခြေခံ အဆောက်အဦးဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီစဉ်ထားလေသည်။ မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်။ ဤမောရပရိတ်ကို မြတ်သောမန္တရား ဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။ မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကိုသိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင်ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်းဖြစ်၏။ ရွှေ အဆင်းအရောင်လည်း ရှိ၏။ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု တညဉ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွှတ်ရှိခိုးပါ၏ ။ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့၏ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်းကောင်း၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ အရဟတ္တဖိုလ် တရားအားလည်းကောင်း ကျွန်ုပ် ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြု၍ ညဉ့်အခါ၌ နေလေ၏။ ရွတ်ဖတ်ရခြင်း အကျိုး ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစုံတယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတပါးက မိမိ၏ ရာထူးအခြေအနေ လျောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ် ကောင်းတစ်ခုဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။ ကိုးကား ၁။ အရှင်ဝါသေဋ္ဌာဘိဝံသ၊ ပရိတ်ကြီးနိဿယသစ် (ရန်ကုန်၊ မိခင်ဧရာဝတီ၊ ၁၉၉၉)၊ ၄၂၂-၃၂။ ပရိတ်ကြီး
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%9B%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဝဋ္ဋသုတ်
ဝဋ္ဋသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဝဋ္ဋသုတ် ပါဠိတော် ၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။ ---ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။ ၁။ပူရင်တံ ဗောဓိသမ်ဘာရေ နိတ်ဗတ်တံ-ဝတ်တ-ဇာတိယံ ယတ်သ တေဇေန ဒါဝက်ဂိ မဟာသတ်တံ ဝိဝစ်ဇယိ ၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။ ---ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၂။ထေရတ်သ သာရိပုတ်တတ်သ လောကနာထေန ဘာသိတံ ကပ်ပထာယိမ် မဟာတေဇံ ပရိတ်တံ တံ ဘဏာမ ဟေ ၃။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။ ---တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။ ၃။အတ်ထိလောကေ သီလ-ဂုဏော၊ သစ်စံ သောစေယ နုတ်ဒယာ တေန သစ်စေန ကာဟာမိ သစ်စ-ကိရိယ-မုတ်တမံ ၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။ ---သစ္စဗလ မဝဿာယ၊ သစ္စကိရိယ မကာသဟံ။ ၄။အာဝစ်ဇစ်တဝါ ဓမ်မဗလံ၊ သရိတ်တဝါ ပုတ်ဗကေ ဇိနေ သစ်စ-ဗလ မဝတ်သာယ၊ သစ်စ-ကိရိယ မကာသဟံ ၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ။ ---မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။ ၅။သန်တိပက်ခါ အ-ပတနာ၊ သန်တိပါဒါ အ-ဝင်စနာ မာတာ ပိတာ စ နိတ်ခန်တာ ဇာတ-ဝေဒ ပတိတ်ကမ ၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။ ---ဝဇ္ဇေသိ သောဠသကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။ ---သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။ ၆။သဟ သစ်စေ ကတေ မယ်ယှံ၊ မဟာပစ်ဇလိတော သိခီ ဝစ်ဇေသိ သောလသ-ကရီသာနိ အုဒကံ ပတ်တဝါ-ယထာ သိခီ သစ်စေန မေ သမော နတ်ထိ၊ အေသာ မေ သစ်စ-ပါရမီ ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။ ဝတ်တ-သုတ်တံ နိတ်ထိတံ။ မြန်မာပြန် ၁။ သဗ္ဗညုတဉာဏ်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေသည်။ ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။ ၂။ ဤပရိတ်တော်ကို အရှင်သာရိပုတ္တရာအား မြတ်စွာဘုရား ဟောတော်မူခဲ့၏။ ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလွန်စွာကြီး၏။ ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆို ကြပါစို့။ ၃။ လောက၌ သီလ၏ဂုဏ်ကျေးဇူးသည် ရှိ၏။ မှန်ကန်သော သစ္စာစကားသည် ရှိ၏။ ကိုယ်ရေး နှုတ်ရေး စိတ်ရေး လုံးဝစင်ကြယ်ခြင်းသည် ရှိပေ၏။ သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အတုမရှိသော သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။ ၄။ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသောဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။ ၅။ အို တောမီး ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ၊ ငါ့မှာ ခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ၊ ငါ၏ မိဘတို့သည်လည်း ငါ့ကိုထား၍ ထွက်သွားကြလေပြီ၊ အို တောမီး ငါ့ကို ဖဲကြဉ်ပါလော့။ ၆။ ချစ်သားသာရိပုတ္တရာ ငါဘုရားအလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့ သို့ ငါ့ကို ဖဲကြဉ်လေ၏၊ အရှိန်အလျှံကြီးမားလှသော တောမီးသည် မင်းပယ် ၁၆-ပယ်စာခန့်မျှ ကွင်းလေ၏။ ချစ်သားသာရိပုတ္တရာ ငါ၏သစ္စာစကားနှင့်တူသော တရားမည်သည် မရှိချေ၊ ဤပါရမီကား ငါဘုရား၏ သစ္စာ ပါရမီပင် ဖြစ်တော့သည်။ ရွတ်ဖတ်ရခြင်းအကျိုးများ မီးဘေးလွတ်ကင်းစေနိုင်သည်၊ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင်၊ မိမိအိမ် မိမိရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။ ကိုးကား ပရိတ်ကြီး
https://my.wikipedia.org/wiki/%E1%80%9D%E1%80%8B%E1%80%B9%E1%80%8B%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဓဇဂ္ဂသုတ်
ဓဇဂ္ဂသုတ် သည် ပရိတ်ကြီး ၁၁ သုတ် တွင် ပါဝင်သည်။ ဘုန်းကြီးကျောင်းများတွင် နေကာစ သာမဏေငယ်၊ ဘုန်းကြီးကျောင်းသားတို့သည် အခြေခံစာများအနက် မင်္ဂလသုတ် ရတနာရွှေချိုင့် အတွင်းအောင်ခြင်း အပြင်အောင်ခြင်း စသည်တို့သင်အံပြီးသောအခါ ပရိတ်ကြီး ၁၁ သုတ်ကိုလည်း မဖြစ်မနေ သင်ယူရသည်။ ထိုသို့ သင်ယူလေ့ကျက်ရာတွင် ဓဇဂ္ဂသုတ်သည် ရှည်လည်းရှည်၊ မှတ်သားရလည်းခက်သဖြင့် သာမဏေငယ်တို့ စိတ်ပျက်ပြီး လူထွက်တတ်သည့် အဖြစ်များရှိခဲ့ဖူးသည်။ ထို့ကြောင့် “ဓားကိုဖျက် ဝါးမျက်၊ ရှင်ကိုဖျက် ဓဇဂ်”ဟုသော မြန်မာစကားလည်း ပေါ်လာခဲ့သည်။ ဓဇဂ္ဂသုတ် ပါဠိတော် ၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊ ၁။ယတ်သာနုတ်သရဏေနာပိ အန်တလိတ်ခေပိ ပါဏိနော ပတိတ်ထ မဓိဂစ်ဆန်တိ ဘူမိယံ ဝိယ သတ်ဗထာ ၂။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိ သမ္ဘဝါ။ ဂဏာနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၂။သတ်ဗုပတ်ဒဝဇာလမ်မှာ၊ ယက်ခ-စောရာဒိ-သမ်ဘဝ ဂဏာနာ-န စ-မုတ်တာနံ၊ ပရိတ်တံ တံ ဘဏာမ ဟေ ၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ။ ဝိဟရတိ ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ ၃။ အေဝံ မေ သုတံ၊ အေကံ သမယံ ဘဂဝါ သာဝတ်ထိယံ ဝိဟရတိ ဇေတဝနေ၊ အ-နာထ ပိန်ဒီကတ်သ အာရာမေ ၄။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊ ဘဒ္ဒန္တေတိ တေ ဘိက္ခူ - ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ၊ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေဝါသုရသင်္ဂါမော၊ သမုပဗျူဠှော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော။ ဒေဝေ တာဝတိံ သေ အာမန္တေသိ၊ သစေ မာရိသာ ဒေဝါနံ၊ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ၄။တတ်တရခေါ ဘဂဝါ ဘိတ်ခူ အာမန်တေသိ ဘိတ်ခဝေါတိ ဘဒန်တေ” တိ တေ ဘိတ်ခူ ဘဂ-ဝတော ပစ်စတ်သောသုံ ဘဂဝါ အေတေဒဝေါစ ဘူတ-ပုတ်ဗံ ဘိတ်ခဝေ ဒေဝါသုရသင်ဂါမော သမုပဗျူလှော အဟောသိ အထခေါဘိတ်ခဝေသက်ကော ဒေဝါနံမိန်ဒေါ ဒေဝေ တာဝတိန် သေ အာမန်တေသိ သစေ မာရိသာ ဒေဝါနံ၊ သင်ဂါမ-ဂတာနံ အုပ်ပစ်ဇေယ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသောဝါ မ-မေဝေ တတ်သမိမ် သမယေ ဓဇက်ဂံ အုန်လောကေယာထ မမံ ဟိ ဝေါ ဓဇက်ဂံ အုန်လောက ယတံ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသော ဝါ သော ပဟီယိတ်သတိ ၅။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေဝရာဇဿ- ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ၅။ နော စေ မေ ဓဇက်ဂံ အုန်လောကယာထ အထ ပဇာပတိတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယာထ ပဇာပတိတ်သ ဟိ ဝေါ ဒေဝ-ရာဇတ်သ* ဓဇက်ဂံ အုန်လောကယတံ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသော ဝါ သော ပဟီယိတ်သတိ ၆။ နော စေ ပဇာပတိဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ၀ရုဏဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ၆။နောစေ ပဇာပတိတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယာထ အထ ဂရုဏတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယာထ ဝရုဏတ်သ ဟိ ဝေါ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကယတံ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသော ဝါ သော ပဟီယိတ်သတိ ၇။ နော စေ ဝရုဏဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ။ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတီ တိ။ ၇။ နော စေ ဝရုဏတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယာထ အထ အီသာနတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယာထ အီသာနတ်သ ဟိ ဝေါ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကယတံ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသော ဝါ သော ပဟီယိတ်သတီ တိ ၈။ တံ ခေါ ပန ဘိက္ခဝေ၊ သက္ကဿ ဝါ ဒေဝါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ဝါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ဝါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။ ၈။ တံ ခေါ ပန ဘိတ်ခဝေ သက်ကတ်သ ဝါ ဒေဝါန-မိန်ဒတ်သ ဓဇက်ဂံ အုန်လောကယတံ ပဇာပတိတ်သ ဝါ ဒေဝရာဇတ်သ ဓဇက်ဂံ အုန်လောကယ-တံ ဝရုဏတ်သ ဝါ ဒေဝရာဇတ်သ ဓဇက်ဂံ အုန်လောကယတံ အီသာနတ်သ ဝါ ဒေဝရာဇတ်သ ဓဇက်ဂံ အုန်လောကယတံ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသော ဝါ သော ပဟီယေထာပိ နောပိ ပဟီယေထ ၉။ တံ ကိဿ ဟေတု၊ သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော၊ အဝီတရာဂေါ အဝီတဒေါသော၊ အဝီတမောဟော၊ ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။ ၉။တံ ကိတ်သ ဟေတု သက်ကော ဟိ ဘိတ်ခဝေ ဒေဝါန-မိန်ဒေါ အ-ဝီတ-ရာဂေါ အ-ဝီတ-ဒေါသော အ-ဝီတ-မောဟော ဘီရု ဆမ်ဘီ အုတ်တရာသီ ပလာယီတီ ၁၀။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ၊ အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ၊ သုညာဂါရဂတာနံ ဝါ၊ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ အနုဿရေယျာထ။ ၁၀။ အဟင်စ ခေါ ဘိတ်ခဝေ ဧဝံ ဝဒါမိ သစေ တုမ်မှာကံ ဘိတ်ခဝေ အရင်ည-ဂတာနံ ဝါ ရုတ်ခ-မူလဂတာနံ ဝါ သုန်ညာ-ဂါရ- -ဂတာနံ ဝါ၊ အုတ်ပစ်ဇေယ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသော ဝါ၊ မမေဝ တတ်သမိမ် သမယေ အနုတ်သရေယာထ ၁၁။ ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာဒေဝမနုဿာနံ။ ဗုဒ္ဓေါ ဘဂဝါ တိ။ ၁၁။ အိတိပိသော ဘဂဝါ အရဟံ၊ သမ်မာသံဗုတ်ဓော ဝိတ်ဇာစရဏသမ်ပန်နော သုဂတော လောက- ဝိဒူ အနုတ်တရော ပုရိသ ဒမ်မ-သာရထိ သတ်ထာဒေဝမနုတ်သာနံ၊ ဗုတ်ဓော, ဘဂဝါ” တိ ၁၂။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ၁၂။မမံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရ-တံ ယံ ဘဝိတ်သတိ ဘယံဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသော ဝါ သော ပဟီယိတ်သတိ ၁၃။ နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ၊ ၁၃။နော စေ မံ အနုတ်သရေယာထ အထ ဓမ်မံ အနုတ်သရေယာထ ၁၄။ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။ ၁၄။သွက်ခါတော ဘဂဝ-တာ ဓမ်မော သန်ဒိတ်ထိကော, အကာလိကော အေဟိပတ်သိကော ဩပနေ-ယိကော* ပစ်စတ်တံ ဝေဒိတတ်ဗော ဝိန်ညုဟီ”တိ ၁၅။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ။ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ၁၅။ ဓမ်မံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရဏံ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ၊ လောမဟံသော ဝါ သော ပဟီယိတ်သတိ ၁၆။ နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ။ ၁၆။နော စေ ဓမ်မံ အနုတ်သရေယာထ အထ သံဃံ အနုတ်သရေယာထ ၁၇။ သုပ္ပဋိပန္နော ဘဂဝါတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျော ပါဟုနေယျော၊ ဒက္ခိဏေယျော အဉ္ဇလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။ ၁၇။ သုပ်ပတိပန်နော ဘဂဝတော သာဝကသံဃာ အုဇုပ်ပတိပန်နော ဘဂဝတော သာဝက သံယော ညာယပ်ပတိပန်နော ဘဂဝတော သာဝက သံဃော၊ သာမီစိပ်ပတိပန်နော ဘဂဝတော သာဝက သံယော ယဒိဒံ စတ်တာရိ ပုရိသ-ယုဂါနိ အတ်ထ ပုရိသ-ပုတ်ဂလာ အေသ ဘဂဝတော သာဝကသံဃော အာဟုနေယော, ပါဟုနေယော ဒက်ခိဏေယျော၊အစ်ဇလိ ကရဏီယော အနုတ်တရံ ပုန်ညက်ခစ်တံ လောကတ် သာ”တိ ၁၈။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ၁၈။ သံယံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရ-တံ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမဟံသော ဝါ သော ပဟီယိတ်သတိ ၁၉။ တံ ကိဿ ဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ။ အရဟံ သမ္မောသမ္ဗုဒ္ဓေါ၊ ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော၊ အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။ ၁၉။တံ ကိတ်သ-ဟေတု တ-ထာဂတော ဟိ ဘိတ်ခဝေ အရဟံ သမ်မာသမ်ဗုတ်ဓော ဝီတ-ရာဂေါ ဝီတ-ဒေါသော ဂီတ-မောဟော အ-ဘီရု အ-ဆမ်ဘီ အနုတ်တရာသီ - အပလာယီတိ ၂၀။ ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော၊ အထာပရံ ဧတဒဝေါစ သတ္ထာ။ ၂၀။ အိဒ မဝေါစ ဘဂဝါ အိဒံ ဝတ်တဝါန သုဂတော အထာပရံ အေတဒဝေါစ သတ်ထာ ၂၁။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေဝ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။ ၂၁။အရင်ည ရုတ်ခ-မူလေ-ဝါ သုန်ညာဂါရေဝ ဘိတ်ခဝေါ အနုတ်သရေထ သမ်ဗုတ်ဓံ၊ ဘယံ တုမ်မှာက နော သိယာ ၂၂။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊ ၂၂။နော စေ ဗုတ်ဓံ သရေယာထ လောကဇစ်ထံ နရာသဘံ အထ ဓမ်မံ သရေယာထ နိန်ယာနိကံ သုဒေသိတံ ၂၃။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ။ ပုညက္ခတ္တံ အနုတ္တရံ။ ၂၃။နော စေ ဓမ်မံ သရေယာထ နိန်ယာနိကံ သု-ဒေသိတံ အထ သံယံ သရယောထ ပုန်ညက်ခစ်တံ အနုတ်တရံ ၂၄။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။ ၂၄။အေဝံ ဗုတ်ဓံ သရန်တာနံ၊ ဓမ်မံ သံဃင်စ ဘိတ်ခဝေါ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ၊ လောမဟံသော န-ဟစ်သတိ ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။ ဓဇက်ဂ သုတ်တံ-နိတ်ထိတံ ရွတ်ဖတ်ရခြင်းအကျိုး ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ဖြစ်စေ နေ့နေ့ညည တစ်ယောက်တည်း သွားရဲလာရဲ နေရဲစေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်။ ပရိသတ်အလယ်မှာ ပြောရဲဆိုရဲ ရှိလာနိုင်သည်။ မိမိ၏ ဘဝအခြေအနေ ခိုင်မြဲစေသည်။ ရာထူး တည်မြဲရေး၊ စည်းစိမ် တည်မြဲရေးအတွက် အကျိုးပြုလိမ့်မည်။ (ဘုရား၊ တရား၊ သံဃာဂုဏ်တော် များကို သီးသန့် ပွားများနိုင်သည်။ မြန်မာပြန် ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည်။ ဤဓဇဂ္ဂသုတ် ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစသော ဘေးအန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ကြရသော လူတို့ကိုရေတွက်၍ မကုန်နိုင်ပါချေ။ ယခုအခါ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ကြပါကုန်စို့။ သံဃဥက္ကဋ္ဌ သံဃနာယက ဖြစ်တော်မူသော မဟာကဿပ အရှင်ဘုရား…. အကျွန်ုပ် အာနန္ဒာသည် ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို မြတ်စွာဘုရားထံတော်မှ တိုက်ရိုက် ဤကဲ့သို့ ကြားနာ မှတ်သားထားလိုက်ပါ၏။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေးကြီး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ဇေတဝန် ကျောင်းကြီး၌ သီတင်းသုံးနေပါသည်။ ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက "ရဟန်းတို့" ဟူ၍ ရဟန်းအများကို ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် အသင့်ဖြစ်ကြသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့မိန့်ကြား ဟောမြွက်တော်မူပါသည်။ "ချစ်သားတို့… ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာ နတ်စစ်သည်တို့ စစ်ခင်းခဲ့ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ် စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ပြောကြားခဲ့၏။ "အမောင်နတ်သားတို့၊ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ဖြစ်ခဲ့သည် ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်။ ကြက်သီးမွေးညှင်း ထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်"။ "အကယ်၍ ငါ၏တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ပဇာပတိ နတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသို့ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်ကင်းသွားလိမ့်မည်"။ "အကယ်၍ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်"။ "အကယ်၍ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဤသာနနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသာနနတ်မင်း၏တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်။" ဤသို့လျှင် သိကြားမင်းက တာဝတိံသာနတ်တို့ကို အသိပေးလေ၏။ ချစ်သားရဟန်းတို့… နတ်တို့အရှင် သိကြားမင်း၏ တံခွန်ဖျားကို မော်၍ကြည့်သောနတ်များ၊ သို့တည်းမဟုတ် ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း၊ ဤသာနနတ်မင်းတို့၏ တံခွန်ဖျားကို မော်၍ ကြည့်သော နတ်များအား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်သော်လည်း ပျောက်မည်၊ မပျောက်ဘဲလည်း နေချင်နေလိမ့်မည်။ အကြောင်းမူကား နတ်တို့အရှင် သိကြားမင်းလည်း ရာဂကင်းသူ မဟုတ်၊ ဒေါသကင်းသူ မဟုတ်၊ မောဟကင်းသူ မဟုတ်၊ သူကိုယ်နှိုက်က ကြောက်တတ်၏။ တဆတ်ဆတ်တုန်တတ်၏။ လန့်ဖျပ်တတ်၏။ ထွက်ပြေးတတ်၏ ။ ချစ်သားရဟန်းတို့… ငါဘုရားသည်ကား မလွဲဧကန် ဤသို့ ဟောပေအံ့၊ ရဟန်းတို့အနေနှင့် တောထဲ၌ တစ်ပါးတည်း နေသောအခါ သစ်ပင်ရင်း၌ နေသောအခါ ဆိတ်ငြိမ်ရာအရပ်များ၌ နေသောအခါများ၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း တစ်ခုခုဖြစ်လာခဲ့လျှင် ဘုရားဂုဏ်တော်ကို ဤသို့ အောက်မေ့ကြကုန်လော့။ မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏။ ကိလေသာ ရန်သူတို့ကို ပယ်သတ်ပြီး ဖြစ်၏။ သံသရာ စက်ဝန်း၏ အကန့်အထောက်များကို ဖျက်ဆီးပြီး ဖြစ်၏။ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ ဆိတ်ကွယ်ရာ အရပ်၌ပင်လျှင် မကောင်းမှုဒုစရိုက်ကို ရှောင်တော်မူ၏။ သို့ဖြစ်၍ "အရဟံ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ် မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍ သိတော်မူ၏။ သို့ဖြစ်၍ "သမ္မာသမ္ဗုဒ္ဓ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ "ဝိဇ္ဇာစရဏသမ္ပန္န" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့်မတ်မတ် ကောင်းစွာသွားတော်မူ၏။ စကားဆိုရန် ခွန်းခြောက်တန်တို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။ သို့ဖြစ်၍ "သုဂတ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောက ဟူသော လောကသုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက ဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ သို့ဖြင့်၍ "လောကဝိဒူ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ သူတစ်ပါးတို့အားလည်း အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏။ ဆုံးမထိုက်သောလူ၊ နတ်၊ ဘီလူး၊ တိရစ္ဆာန်ကြမ်းများကိုပင် သေဝပ် ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးတော်မူနိုင်၏။ သို့ဖြစ်၍ "အနုတ္တရော ပုရိသဒမ္မသာရထိ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ မြတ်စွာဘုရားသည် လူအပေါင်း နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင်ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်း ဖြစ်တော်မူ၏။ သို့ဖြစ်၍ "သတ္ထာဒေဝမနုဿာန" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ၏။ သူတစ်ပါးတို့အားလည်း သစ္စာလေးပါး တရားကို သိမြင်အောင် ဟောပြော ပြသနိုင်၏။ သို့ဖြစ်၍ "ဗုဒ္ဓ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံမျာခြင်း၊ ကျက်သရေရှိခြင်း၊ အလိုအတိုင်း ဖြစ်ခြင်း၊ လုံ့လ စွမ်းအား အပြည့်ရှိခြင်း ဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ "ဘဂဝါ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ကြလော့။ ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့မိသည် ရှိသော် သင်တို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ ပျောက်ကင်းသွားပေလိမ့်မည် ။ အကယ်၍ ဘုရားဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့မိသည်ရှိသော် မြတ်စွာဘုရား ဟောကြားထားသော တရားတော်၏ ဂုဏ်တော်ကို ဤသို့အောက်မေ့သတိရကြ။ တရားတော်သည် မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားသော တရားတော် ဖြစ်သောကြောင့် "သွာက္ခာတ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကို ပေးတတ်သောကြောင့် "သန္ဒိဋ္ဌိက" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် "အကာလိက" ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ တရားတော်သည် လာပါ၊ ရှုပါ၊ ကျင့်ကြံပါ ဟူ၍ မပါပါအောင် ခေါ်ဆောင် တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် "ဧဟိပဿိက" ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်ပေးတတ်သောကြောင့် "ဩပနေယျိက" ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့အနေဖြင့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိတို့၏ စိတ်၌ ကပ်၍ ဆောင်ထားထိုက်သောကြောင့် "ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။ ဤသို့လျှင် တရားတော်၏ဂုဏ်တော်ကို ဆင်ခြင် အောက်မေ့မိသောသူအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ ပျောက်ကင်းသွားပေလိမ့်မည်။ အကယ်၍ ဘုရားဂုဏ်တော်ကိုသော်လည်းကောင်း၊ တရားဂုဏ်တော်ကိုသော်လည်းကောင်း မဆင်ခြင် မအောက်မေ့ဖြစ်ပါက မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရာ၏။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် နိဗ္ဗာန်အကျိုးငှာ ကောင်းသောအကျင့်ကိုသာ ကျင့်တော်မူတတ်ပေ၏။ သို့ဖြစ်၍ "သုပ္ပဋိပန္န" ဟူသောဂုဏ် ရှိပေ၏။ သံဃာတော်သည် နိဗ္ဗာန်မဂ်ဖိုလ် ရရှိရေးအတွက် ဖြောင့်မတ်စွာ လမ်းမှန်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ "ဥဇုပ္ပဋိပန္န" ဟူသောဂုဏ် ရှိပေ၏။ သံဃာတော်သည် နိဗ္ဗာန်ရရှိရေးနှင့် သင့်လျော်လောက်ပတ်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ "ဉာယပ္ပဋိပန္န" ဟူသောဂုဏ် ရှိပေ၏။ သံဃာတော်သည် အရိုအသေပြုခြင်းကို ခံယူထိုက်အောင် အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ "သာမိစိပ္ပဋိပန္န" ဟူသောဂုဏ် ရှိပေ၏။ ထိုဘုရားတပည့် အရိယာသံဃာသည် (အချုပ်အားဖြင့်) အရေအတွက်(၄)စုံ၊ ပုဂ္ဂိုလ်(၈)ယောက် ရှိပေ၏။ ထိုသံဃာတော်သည် အဝေးမှ တကူးတက ဆောင်ယူ၍ ပူဇော်သမှု ပြုခြင်းကိုလည်း ခံယူထိုက်၏။ သို့ဖြစ်၍ "အာဟုနေယျ" ဟူသောဂုဏ် ရှိပေ၏။ ဧည့်သည်တို့အား ရည်စူး၍ အထူးပြုလုပ်ထားသော ပစ္စည်းဝတ္ထုတို့ကိုလည်း မိမိအား လှူလျှင် ကောင်းစွာ ခံယူထိုက်၏။ သို့ဖြစ်၍ "ပါဟုနေယျ" ဟူသောဂုဏ် ရှိပေ၏။ လောက၌ အမြတ်ဆုံး အကောင်းဆုံးဖြစ်သော အလှူကိုလည်း ထိုက်ထိုက်တန်တန် ခံယူနိုင်ပေ၏။ သို့ဖြစ်၍ "ဒက္ခိဏေယျ" ဟူသောဂုဏ် ရှိပေ၏။ လူနတ်တို့၏ ရှိခိုးခြင်းကိုလည်း ခံထိုက်၏။ သို့ဖြစ်၍ "အဉ္ဇလိကရဏီယ" ဟူသောဂုဏ် ရှိပေ၏။ လူတို့က ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ ကြဲချရာ အတုမရှိ လယ်မြေကောင်းသဖွယ်လည်း ဖြစ်၏။ သို့ဖြစ်၍ "အနုတ္တရံ ပုညက္ခေတ္တံ လောကဿ" ဟူသောဂုဏ် ရှိပေ၏။ ဤသို့လျှင် သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ရာ၏။ သံဃာ့ဂုဏ်သို့ စိတ်ညွှတ်၍ အာရုံပြုမိသော သင်တို့အား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းဟူသမျှ ကင်းပျောက်သွားလိမ့်မည်။ ထိုစကားမှန်ပေ၏။ အကြောင်းမူကား ဝိပဿီ စသော ရှေးရှေးသော ဘုရားရှင်များနည်းတူ ကောင်းစွာ ပွင့်ထွန်းလာသော ငါဘုရားသည် လူသူလေးပါးကင်းသည့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုမလုပ်၊ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၏။ တဏှာရာဂ လုံးဝကင်း၏။ အမျက်ဒေါသ လုံးဝကင်း၏။ မသိမောဟ လုံးဝ ကင်း၏။ ကြောက်လည်း မကြောက်တတ်၊ အကြောက်အလန့် မရှိ၊ ကြောက်၍တုန်လှုပ်သည်ဟူ၍ လုံးဝမရှိ၊ မထိတ်တတ်၊ မလန့်တတ်၊ ကြောက်လန့်၍ ထွက်ပြေးသည် ဟူ၍လည်း ဘယ်အခါမျှမရှိ။ ထို့ကြောင့် ဤသို့သော ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံညွှတ်၍ ကြည်ညိုစိတ်ထား ပွားများသူများမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လေ၏ ။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထို့နောက်ဆက်လက်၍ ဤသို့တဖန် မိန့်ကြားတော်မူပြန်၏ - ချစ်သားရဟန်းတို့… သင်တို့သည် တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ်ကွယ်ရာအရပ်၌ ဖြစ်စေ (နေခိုက်) ဘုရားဂုဏ်တော်ကို သတိရကြ၊ သတိရလျှင် သင်တို့ မကြောက်မရွံ့ နေနိုင်ကြလတ္တံ ။ လူနတ်တို့၏ အကြီးအမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့ ဖြစ်ကြလျှင် သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာဟောကြားထားသော တရားတော်၏ ဂုဏ်ကို သတိရကြ။ တရားတော်၏ဂုဏ်ကို အမှတ်မရကြလျှင် ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ အတုမရှိ လယ်မြေကောင်းနှင့်တူသော သံဃာတော်၏ ဂုဏ်ကို ဆင်ခြင်ပွားများကြ။ ဤကဲ့သို့ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ ဆင်ခြင်အောက်မေ့သည်ရှိသော် ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ မဖြစ်ပေါ်လတ္တံ။ ပရိတ္တ(၁၁)သုတ်အပါအဝင် သုတ်ဖြစ်ပါသည်။ နတ်, အသူရာတို့စစ်ပွဲ၌ ဘယ, ဆမ္ဘိတတ္တ, လောမဟံသဖြစ်သော နတ်တို့သည် သိကြားမင်း, ပဇာပတိနတ်မင်း, ဝရုဏနတ်မင်း, ဤသာနနတ်မင်းကြီးတို့၏ ရထားဦး အောင်လံတံခွန်ဖျားကိုကြည့်လျှင် ယင်းတို့ ပျောက်ကင်းလိမ့်မည်ဟု သိကြားမင်းက မိန့်ကြားသော်လည်း သိကြားမင်းသည် ရာဂ, ဒေါသ, မောဟ မကင်းသေးသောကြောင့် ပျောက်ချင်လည်းပျောက်လိမ့်မည်၊ မပျောက်ချင်လည်း မပျောက်နိုင်။ အရည, ရုက္ခမူလ, သုညာဂါရ၌နေ၍ ဘာဝနာလုပ်ငန်း အားထုတ်ကြကုန်သော ရဟန်းတို့အား ယင်းသဘာဝတို့ဖြစ်ပေါ်လာလျှင် ဘုရားဂုဏ်တော်, တရား ဂုဏ်တော်, သံဃာဂုဏ်တော် တစ်မျိုးမျိုးကို ပွားများလျှင် ယင်းတို့ ပျောက်ကင်းသွား မည်။ မြတ်စွာဘုရားသည် ရာဂ, ဒေါသ, မောဟ ကင်းပြီးသောကြောင့် ဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ သိကြားမင်း၏ ဝေဇယန္တာရထားအကြောင်းနှင့် “ဓဇဂ္ဂ ပရိတ္တံ မံ ရက္ခတု ဟု ရွတ်ဆိုခြင်းကြောင့် ဒီဃဝါပီစေတီတော်အကြည်မှ ကျလာ သောရဟန်း အသက်ဘေးမှ ချမ်းသာခဲ့ပုံကို ဖွင့်ဆိုထားပါသည်။ ကိုးကား ပရိတ်ကြီး သံယုတ္တနိကာယ်
https://my.wikipedia.org/wiki/%E1%80%93%E1%80%87%E1%80%82%E1%80%B9%E1%80%82%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အင်္ဂုလိမာလသုတ်
လက်ညှိုးပေါင်းတစ်ထောင်ပြည့်ရန် မိခင်ပါမရှောင် ဖြတ်ယူရန် ကြိုးပမ်းဖူးသည့် အင်္ဂုလိမာလသည် ရဟန်းဖြစ်ပြီးနောက် မီးမဖွားနိုင်သော မိန်းမငယ်ကို ဂရုဏာသက်သဖြင့် သစ္စာဆိုသော ဂါထာဖြစ်သည်။ အမျိုးသမီးများ မီးဖွားရလွယ်ကူစေရန်နှင့် မီးဖွားရာတွင် ခက်ခဲနေပါက ဤသုတ်ကို ပရိတ်ရေဖြစ်အောင် ရွတ်ဖတ်ပြီး ရရှိသည့် ပရိတ်ရေကို ထိုအမျိုးသမီး၏ ဆံပင်၌ သပ်ပေး၊ ဖြန်းပေးပါက လွယ်ကူစွာ မီးဖွားနိုင်သည်ဟု ယုံကြည်ကြသည်။ အင်္ဂုလိမာလသုတ် မြန်မာပြန် ၁။ အိုသူတော်ကောင်းတို့ အကြင် အင်္ဂုလိမာလသုတ်တော်ကို ရွတ်ဆိုသော ပုဂ္ဂိုလ်၏ နေရာထိုင်ခုံကို ဆေး‌ကြောင်းဖြစ်သော ရေသော်မှလည်း အလုံးစုံသာလျှင် ဖြစ်သောဘေးရန်ကို ကင်းပျောက်စေနိုင်၏ ၂။ အကြင် အင်္ဂုလိမာလသုတ်တော်သည် ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင် ချမ်းချမ်းသာသာဖြင့် ကိုယ်ဝန်မှထ မွေးဖွားရခြင်းကိုလည်း ပြီးစေနိုင်ပေ၏ အင်္ဂုလိမာလမည်သော မထေရ်အား မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော ကြီးမားသော အစွမ်းရှိသော ထိုအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။ ၃။ နှမငါသည် အကြင်အခါမှစ၍ အရိယာဇာတ်ဖြင့်ဖြစ်ခဲ့၏ ထိုအခါမှစ၍ သေစေလိုသော စေတနာဖြင့် အားထုတ်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှ ချခဲ့ သတ်ခဲ့သည် ဟူ၍မသိပေ၊ ထိုသစ္စာစကားကြောင့် သင့်အားချမ်းသာခြင်းသည်ဖြစ်စေသတည်း။ သူငယ်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း။ အင်္ဂုလိမာလသုတ်တော်ပြီး၏ နောက်ခံသမိုင်းကြောင်း နောင်အခါ ရဟန္တာဖြစ်လာမည့် ထိုအရှင်မွေးဖွားသည့်အချိန်က နိုင်ငံတဝှမ်းတွင် ဓားလှံပြိုးပျက်အရောင်ထွက်ခြင်းစသောထူးခြားမှုရှိခဲ့သည်ဆိုသည်။ ဖခင်က အဟိံသက ဟု အမည်ကောင်း မှည့်ပေးခဲ့သော်လည်း သူ၏ လိမ္မာရေးခြားရှိမှုထူးချွန်ထက်မြက်မှုတို့အပေါ် မလိုမုန်းထားရှိသူများကြောင့် ဆန့်ကျင်ဖက်အဓိပ္ပာယ်အမည်ဖြင့်သုံးနှုန်းကြသည်ဆိုသည်။ ပညာသင်ယူစဉ်ကာလတွင် မနာလိုသူများ၏ကုန်းချောစကားများအပေါ် နားဝင်မိသူဆရာက မိမိတပည့်အား လူမုန်းများပြီးဘေးဒဏ်သင့်စေရန် ပရိယာယ်ဖြင့်လူအယောက်တစ်ထောင်ပြည့်အောင်သတ်ပြီး ၎င်းအားပူဇော်ရန်ပြောရာ အင်္ဂုလိမာလ မထေ လောင်းလျာက လိုက်နာခဲ့၏။ လိုက်နာဟန်ကား လူကိုသတ်ပြီးတိုင်းအရေအတွက်သိရရန် လက်ညှိုးကိုဖြတ်ယူထားတတ်ခြင်းနည်းဖြင့် ဖြစ်သည်။ နောက်ပိုင်းတွင် လက်ညှိုးပျောက်ရှဆုံးရှုံးမှုမရှိစေရန် လက်ညှိုးပြတ်ကို ပန်းနှယ်သီကုံးဆွဲလာသောကြောင့် အင်္ဂုလိမာလ အမည်တွင်ခဲ့ပြန်သည်။ ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့ရသောအခြေအနေကြောင့် ပြည့်ရှင်မင်းက နှိမ်နင်းဖမ်းဆီးတော့မည့်သတင်းကိုပေးရန်လာသည့် မိခင်ရင်းအား သတ်ရန်ကြိုးပမ်းခဲ့သည့်အပြင် ကယ်ချွတ်ရန်ကြွလာသော ဘုရားရှင်အားလည်း သတ်ရန်အပြေးလိုက်ခဲ့သည်။ သို့ရာတွင် အထမမြောက်ခဲ့ပဲ တရားစကားကြားနာရသဖြင့် အသိအမြင်များပြောင်းလဲကာ နောက်လိုက် ရဟန်းပြုခဲ့သည်။ ရဟန်းဘဝရောက်သည့်တိုင် လူထု၏ရန်လိုမုန်းတီးနေမှုကြောင့် အခက်အခဲပြဿနာများ ကြုံကြိုက်ရလျက်ရှိသည်။ ဘုရားရှင်၏ သင်ကြားမှုကြောင့် မီးမဖွားနိုင်သောအမျိုးသမီးတစ်ဦးဒုက္ခရောက်စဉ် သစ္စာပြုရွတ်ဆိုပေးခြင်းဖြင့်ချမ်းသာရစေခဲ့ဖူးသည်ဆိုသည်။ သစ္စာအဓိပ္ပာယ်မှာ (နှမငယ် ငါသည် ရဟန်းဘဝ ရသည်မှစ၍ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမရှိပါ၊ ]ဤမှန်သော သစ္စာကြောင့် နှမငယ်ချမ်းသာပါစေ၊ သင်၏ကိုယ်ဝန်သည်လည်း ချမ်းသာပါစေ) ဟုဖြစ်သည်။ တစ်ရံခါက အင်္ဂုလိမာလ မထေရ်၏ မှန်ရာဆိုသောသစ္စာစကားကြောင့်ဤသို့ချမ်းသာရာရကြဖူးလေပြီ။ ထို့အတူပင်သင်တို့လည်းချမ်းသာကြပါစေဟု မီးဖွားစဉ်ကြုံတတ်သော ဘေးဒုက္ခများမှ အရံအတားပြုပေးသော ပရိတ်အဖြစ်ထင်ရှားခဲ့သည်။ ကောသလနိုင်ငံတော်၌ အင်္ဂုလိမာလခိုးသူကြီးပေါ်လာပုံ၊ အင်္ဂုလိမာလအား ချွေချွတ်တော်မူရန် မထင်မရှားအသွင်အားဖြင့် ကြွတော်မူလာသော ဘုရားရှင်အား နွားကျောင်းသားစသူတို့က ဤလမ်းခရီးဖြင့်ကြွတော်မမူရန် ဝိုင်းဝန်း၍တားကြပုံ၊ အင်္ဂုလိမာလကို ချွေချွတ်တော်မူပုံ၊ အင်္ဂုလိမာလရဟန်းဖြစ်ပုံ၊ တိုင်းသူပြည်သားတို့ ကောသလဘုရင် နန်းတော်ယင်ပြင်၌ ကြွေးကြော်ဆန္ဒပြကြပုံ၊ ကောသလဘုရင် ကိုယ်တိုင် အင်္ဂုလိမာလအားဖမ်းရန် မြင်းတပ် ၅၀၀ဖြင့် သာဝတ္ထိမြို့တော်မှထွက်၍ ဘုရားရှင်ထံ အဖူးမျှော်ဝင်ပုံ၊ အင်္ဂုလိမာလ မထေရ်ကိုမြင်၍ ကောသလဘုရင်ကြောက်လန့်ပုံ၊ အင်္ဂုလိမာလမထေရ်အား ပစ္စည်းလေးပါးဖြင့်ဖိတ်ကြားပုံ၊ အင်္ဂုလိမာလထေရ်ဆောင်သော ဓုတင်ကျင့်ဝတ်များ၊ ကောသလဘုရင်လျှောက်ထားချက်၊ အင်္ဂုလိမာလထေရ်၏ ကရုဏာ နှင့် အင်္ဂုလိမာလပရိတ်တော်၊ အင်္ဂုလိမာလထေရ် ရဟန္တာဖြစ်ပုံ၊ မကောင်းမှုကံ အကျိုးပေးပုံ၊ ဘုရားရှင်၏တရားတော်၊ အင်္ဂုလိမာလထေရ်၏ ဝိမုတ္တိသုခကို ခံစားတော်မူပြီး ကျူးရင့်မြွက်ဆိုသည့်ဂါထာ (၁၆) ဂါထာကို ပြဆိုရာသုတ်။ ယင်းအဋ္ဌကထာ၌ -အဟိံသက သတို့သားကို ဖွားမြင်ပုံ၊ ဖွားမြင်ချိန်၌ ထူးဆန်းသောဖြစ်ရပ်များ၊ တက္ကသိုလ်ပြည်၌ ပညာသင်ယူပုံ၊ တက္ကသိုလ်ဆရာကြီး၏ ဥပါယ်တမျည်၊ အင်္ဂုလိမာလဘဝ၊ အကျွမ်းမဝင်ထိုက်သူလေးယောက်၊ ဘုရားရှင် ကိုယ်တော်တိုင်ကြွ၍ တန်ခိုးပြပြီး ချွေချွတ်တော်မူပုံ၊ အင်္ဂုလိမာလ ရဟန်းပြုပုံ၊ ကောသလဘုရင်၏ ဥပါယ်တမျည်၊ အင်္ဂုလိမာလပရိတ်တော်ဖြစ်ပေါ်လာပုံနှင့် ရွတ်ဖတ်ပုံ၊ အကုသိုလ်ကံ၏ ပစ္စက္ခအကျိုးများ၊ ပါကဒါနကံလေးပါး၊ ရဟန်းတော်၏ ပရိဘောဂလေးမျိုး စသည်တို့ကို ဖွင့်ပြထားသည်။ ကိုးကား မဇ္ဈိမနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%AF%E1%80%9C%E1%80%AD%E1%80%99%E1%80%AC%E1%80%9C%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဗောဇ္ဈင်္ဂသုတ်
‪ (၅)သုတ် ရှိပါသည်။ ဗောဇ္ဈင်္ဂသုတ်သည် သံယုတ်ပါဠိတော်၌ပါရှိသော သုတ္တံတစ်ခုဖြစ်၍ မြတ်ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူခဲ့သည်။ ပရိတ်ကြီး (၁၁)သုတ်ဟု လူသိများသော ပရိတ်ကြီးပါဠိတော်တွင် ဤသုတ္တံကို အခြေခံ၍ ဂါထာများနှင့် သစ္စာပြုပုံကိုသာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ပရိတ်ကြီးလာ ဗောဇ္ဈင်္ဂသုတ်သည် မူရင်းမဟုတ်ဘဲ နေ့စဉ်ရွတ်ဖတ်ပူဇော်သောအခါ အဆင်ပြေစေရန် စီရင်ရေးသားထားသော သုတ်ဖြစ်သည်။ ‬ ဗောဇ္ဈင်္ဂသုတ်တွင် ဗောဇ္ဈင်ခုနစ်ပါး မြတ်တရား၏ အကျိုးကျေးဇူးတို့ကို ဟောပြထားသည်။ "သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်"ဟူ၍ မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားပေ၏။ "ဗောဇ္ဈင်ခုနစ်ပါးသည် ကျင့်သုံး၊ ပွားများရမည့်တရားဖြစ်၍ သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။"ဟု ဤသုတ်တွင် ပြဆိုထားသည်။ ဝေါဟာရ အနက်အဓိပ္ပာယ် ‪ဗောဇ္ဈင်္ဂသည် ဗောဓိ နှင့် အင်္ဂ ကိုတွဲစပ်ရေးသားထားသည့် ပုံစံဖြစ်၍ ဗောဓိသည် အသိဉာဏ် (သို့) အသိဉာဏ်ရှိသူ ဖြစ်ကာ အင်္ဂ သည် အကြောင်းတရားဟုအနက်ရရှိသည်။ ထို ​ဗောဓိအင်္ဂမှ ဗောဇ္ဈင်္ဂ ဟူ၍ ပြောင်းလဲသည့်သဘောဖြစ်သည်။ ထို့ကြောင့် အသိဉာဏ်ရခြင်း၏ အကြောင်းဟု အနက်ရသည်။‬ ဗောဇ္ဈင်္ဂ (အင်္ဂလိပ်-ပါဠိ : Bojjhanga) ဟူသောစကားလုံးကို တိပိဋက ပါဠိ-မြန်မာအဘိဓာန်၌ ဤသို့ဖွင့်ဆိုသည်။ “ဗောဓိ+အင်္ဂ။ သတိ၊ ပညာ စသော ၇ ပါး အပေါင်းအစုသည် သစ္စာ ၄-ပါး သိရာ၌လည်းကောင်း၊ ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးရာ၌လည်းကောင်း၊ နိဗ္ဗာန်ကို မျက် မှောက်ပြုရာ၌လည်းကောင်း အကြောင်းတရားများ ဖြစ်သည်၊ ထိုကြောင့် ဗောဓိ မည်၏၊ ထို အပေါင်းအစုဖြစ်သော ဗောဓိ၏အစိတ်အပိုင်း (အင်္ဂ)သည် ဗောဇ္ဈင်္ဂမည်၏။ တနည်းအားဖြင့် သစ္စာ ၄-ပါး သိတတ်သော၊ ကိလေသာအစဉ်ဟူသော အိပ်ပျော်ရာမှ နိုးတတ်သော၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုတတ်သော အရိယာသာဝကသည် ဆိုအပ်ပြီးသော ဂုဏ်သတ္တိ ကြောင့် ဗောဓိမည်၏၊ ထိုအရိယာသာဝကဟူသော ဗောဓိ၏ဖြစ်ကြောင်း တရားတို့ သည် (ဤအရာ၌ အင်္ဂသဒ္ဒါအကြောင်းဟော ဖြစ်၏) ဗောဇ္ဈင်္ဂမည်၏။” ဟောတော်မူခြင်း အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သတင်းသုံးတော်မူစဉ် အရှင်မဟာကဿပမထေရ်သည် ပိပ္ပလလှိုဏ်ဂူ၌ နေထိုင်မကောင်းဖြစ်သည်။ ထိုအခါ မြတ်စွာဘုရားသိတော်မူ၍ ‪ဗောဇ္ဈင်တရား (၇)ပါးကို ဟောတော်မူသည်။ ‬ ‪"သတ္တိမေ ကဿပ ဗောဇ္ဈင်္ဂါ‬ ‪မယာ သမ္မဒက္ခာတာ ဘာဝိတာ‬ ‪ဗဟုလီကတာ ‬ ‪အဘိညာယ သံမ္ဗောဓာယ‬ ‪နိဗ္ဗာနာယ သံဝတ္တန္တိ"‬ ‪အဓိပ္ပာယ်မှာ မြတ်စွာဘုရားဟောကြားသည့် ဤတရားခုနှစ်ပါးကို ပွားများအားထုတ်လျှင် အသိဉာဏ်ပညာ၍ သစ္စာလေးပါးကို သိခြင်း၊ နိဗ္ဗာန်ချမ်းသာရခြင်းတို့ဖြစ်စေမည်ဟူ၍ ဖြစ်သည်။ ထိုတရားများကို မိမိသန္တာန်တွင် ထပ်ခါတလဲလဲ လိုက်နာကျင့်ကြံ ပွားများအောင်ပြုလုပ်ရန်ဖြစ်သည်။‬ ‪ရှင်မဟာ မောဂ္ဂလန် နေထိုင်မကောင်းသည့်အခါတွင်လည်း ကျင့်ကြံ နှလုံးသွင်း အားထုတ်ရမည့် ဤတရားကိုသာဟောခဲ့သည်။ မြတ်ဗုဒ္ဓ နေထိုင်မကောင်းဖြစ်တော်မူသောအခါ အပါးတော်အလုပ်အကြွေးဖြစ်သော စုန္ဒမထေရ်ကို မြတ်စွာဘုရားက ဟောခိုင်းကာ ကိုယ်တော်တိုင် နှလုံးသွင်းဆင်ခြင်သည်။ ‬ ရောဂါပျောက်ကင်းပုံ ‪မြတ်စွာဘုရားဟောကြားသော ထိုတရားများကို အရှင်မဟာကဿပမထေရ်သည် နှလုံးသွင်း ပွားများကျင့်သုံးသောအခါ အဆင့်တစ်ခု၌ ပီတိဟုခေါ်သော ကြည်နူးခြင်းဖြစ်လာသည်။ စိတ်ကြည်လင်သာအခါ အကြောင်းအကျိုးသဘောအရ စိတ်မှ ခန္ဓကိုယ်ကို ကျေးဇူးပြုသည့် လောကနိယာမသဘောအရ သွေးသားများစင်ကြယ်၍ ရောဂါပျောက်ကင်းခဲ့သည်။ ‬ ဗောဇ္ဈင်သုတ် ပါဠိနှင့် မြန်မာပြန် အဓိပ္ပာယ် လက်သည်းကွင်းအတွင်းရှိ စကားလုံးများသည် မူရင်းစာအုပ်တွင် မပါရှိသော်လည်း ဖခင်အတွက် ပီတ၊ မိခင်အတွက် မာတာ၊ မိမိကိုယ်တိုင်အတွက် မေ'' စသဖြင့်ထည့်သွင်း ရွတ်ဆိုနိုင်သည်။ ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ရခြင်းအကျိုး ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် "လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်ဟူ၍ ယုံကြည်ကြသည်။ မူရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်လျှင် ပို၍ ကောင်းသည်"ဟု ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲတွင် ဆိုထားသည်။ ပရိတ် အနက်အဓိပ္ပာယ်တွင်လည်း အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်မဟာကဿပတို့ နေမကောင်း ဖြစ်သည့်အခါ၌ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနစ်ပါးတရားကို ဟောပေးပြီး သက်သာရာ ရရှိကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်သည့် အခါ၌လည်း စုန္ဒရဟန်းတော်အား ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့ကြောင်းများကို ဖွဲ့ဆိုထားသည်။ ထိုကြောင့် သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို ဆောက်တည်၍ အကုသိုလ်ကင်းစင်နေချိန်တွင် ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူများ ရောဂါ သက်သာပျောက်ကင်းနိုင်သည်ဟု မြန်မာဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြသည်။ ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးသည် အသင်္ခတဂါမိမဂ္ဂဖြစ်ပုံ၊ သာဝကတို့အား အစီးအပွားဖြင့် ချီးမြှောက်မှုဖြင့် မြတ်စွာဘုရားသည် ချီးမြှောက်တော်မူခြင်းကို အကြောင်းပြု၍ ငါဘုရားသည် သင်တို့အား (ဟောကြားသမှုပြုအပ်ပေပြီ၊ ရဟန်းတို့ ရုက္ခမူလ၊ သုညာဂါရတို့၌ (ကိလေသာတို့ကို) ရှို့မြိုက်ကုန်လော့၊ မေ့မေ့လျော့လျော့မနေကြကုန်လင့်၊ နောင်တတစ်ဖန် ပူပန်မှုကို မဖြစ်စေကြကုန်လင့်။ ဤသည်ကား သင်တို့အား အဖန်ဖန် အထပ်ထပ် ဆုံးမတော်မူခြင်းပေတည်းဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ ဘုရားရှင် ကောသလနိုင်ငံ သီတင်းသုံးတော်မူနေစဉ် “အာနာပါနဿတိ နှင့် ဗောဇ္ဈင်ခုနစ်ပါးကို ဘာဝိတ၊ ဗဟုလီကတဖြစ်အောင် ပွားများလျှင် မဟပ္ဖလ၊ မဟာ နိသံသဖြစ်၏”ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ကဏှ၊ ကဏှဝိပါက၊ သုက္က၊ သုက္ကဝိပါက၊ ကဏှသုက္က၊ ကဏှသုက္ကဝိပါက၊ အကဏှအသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယ-ဟူသော ကံလေးပါး၊ ဗောဇ္ဈင်ခုနှစ်ပါးသည် အကဏှ၊ အသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယအကျိုးငှာဖြစ်သော ကံပေတည်းဟု တစ်ခုစီ တစ်ခုစီဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အပရိဟာနိက ဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးကို ပွားများနေသော ရဟန်းတို့အား တိုးတက်ကြီးပွားမည် သာဖြစ်ပုံ ဆုတ်ယုတ်ခြင်း မဖြစ်နိုင်ပုံကို တစ်ပါးစီ တစ်ပါးစီ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ဝိဇ္ဇာသုံးပါး ပြီးပြည့်စုံပုံကို အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ ကိုးကား သံယုတ္တနိကာယ်အင်္ဂုတ္တရနိကာယ် ပရိတ်ကြီး ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%97%E1%80%B1%E1%80%AC%E1%80%87%E1%80%B9%E1%80%88%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပုဗ္ဗဏှသုတ်
ပုဗ္ဗဏှသုတ် ကို ဂြိုဟ်စီးဂြိုဟ်နင်းမကောင်းသောကြောင့် ကံဆိုးများ ကျရောက်သောအခါ ကံကောင်းစေရန် ရွတ်ဆိုကြသည်။ ပုဗ္ဗဏှသုတ် ပါဠိတော် ၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။ ၁။ ယံ ဒုန်နိမိတ်တံ အဝမင်ဂလင်စ ယော စာမနာပေါ သကုနတ်သ သတ်ဒေါ ပါပက်ဂဟော ဒုတ်သုပိနံ အ-ကန်တန်၊ ဗုတ်ဓာနုဘာဝေန ဝိနာသမင်တု ၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။ ၂။ယံ ဒုန်နိမိတ်တံ အဝမင်ဂလင်စ ယော စာမနာပေါ သကုနတ်သ သတ်ဒေါ ပါပက်ဂဟော ဒုတ်သုပိနံ အ-ကန်တန် ဓမ်မာ နုဘာဝေန ဝိနာသမင်တု ၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။ ၃။ ယံ ဒုန်နိမိတ်တံ အဝမင်ဂလင်စ၊ ယော စာမနာပေါ သကုနတ်သ သတ်ဒေါ ပါပက်ဂဟော ဒုတ်သုပိနံ အ-ကန်တန်၊ သံဃာနုဘာဝေန ဝိနာသမင်တု ၄။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိသောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။ ၄။ ဒုတ်ခပ်ပတ်တာ စ နိတ်ဒုတ်ခါ ဘယပ်ပတ်တာ စ နိတ်ဘယာ သောကပ်ပတ်တာ စ နိတ်သောကာ ဟွန်တု သတ်ဗေပိ ပါဏိနော ၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။ ၅။ အစ်တာဝတာ စ အမ်မှေဟိ သမ်ဘတံ ပုန်ညသမ်ပဒံ သတ်ဗေ ဒေဝါနုမောဒန်တု၊ သတ်ဗ-သမ်ပတ်တိ သိတ်ဓိယာ ၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။ ၆။ဒါနံ ဒဒန်တု သတ်ဓာယ သီလံ ရက်ခန်တု သတ်ဗဒါ ဘာဝနာ ဘိရတာ ဟွန်တု ဂစ်ဆန်တု ဒေ၀တာဂတာ ၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။ အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။ ၇။သတ်ဗေ ဗုတ်ဓာ ဗလတ်ပတ်တာ၊ ပစ်စေကာနင်စ ယံ ဗလံ အရဟန်တာနင်စ တေဇေန ရက်ခံ ဗန်ဓာမိ သတ်ဗ-သော ၈။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၈။ ယံကိန်စိ ဝိတ်တံ အိဓ ဝါ ဟုရံ ဝါ၊ သက်ဂေသု ဝါ ယံ ရတနံ ပဏီတံ န နော သမံ အတ်ထိ တထာဂတေန အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ အေတေန သစ်စေန သုဝတ်ထိ ဟောတု ၉။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၉။ယံကိန်စီ ဝိတ်တံ အိဓ ဝါ ဟုရံ ဝါ သတ်ဂေသု ဝါ ယံ ရတနံ ပဏီတံ န နော သမံ အတ်ထိ တထာဂတေန အိဒမ်ပိ ဓမ်မေရတနံ ပဏီတံ အေတေန သစ်စေန သုဝတ်ထိ ဟောတု ၁၀။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၁၀။ ယံကိန်စိ ဝိတ်တံ အိမ ဝါ ဟုရံ ဝါ သတ်ဂေသု ဝါ ယံ ရတနံ ပဏီတံ န နော သမံ အတ်ထိ တ-ထာဂတေန အိဒမ်ပိ သံဃေ ရတနံ ပဏီတံ အေတေန သစ်စေန သုဝတ်ထိ ဟောတု ၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၁။ဘ၀တု သတ်ဗ-မင်ဂလံ ရက်ခန်တု သတ်ဗ-ဒေဝတာ သတ်ဗ-ဗုတ်ဓာနုဘာဝေန သဒါ သုခီ ဘဝန်တု တေ ၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ ဓမ္မာ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၂။ ဘ၀တု သတ်ဗ-မင်ဂလံ ရက်ခန်တု သတ်ဗ-ဒေဝတာ သတ်ဗ-ဓမ်မာနုဘာဝေန သဒါ သုခီ ဘဝန်တု တေ ၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ သံဃာ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၃။ဘ၀တု သတ်ဗ-မင်ဂလံ ရက်ခန်တု သတ်ဗ-ဒေဝတာ သတ်ဗ-သံဃာနုဘာဝေန သဒါ သုခီ ဘဝန်တု တေ ၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္မောဓိ မုတ္တမံ။ ဧတေန သစ္စဝ‌ေဇ္ဇန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။ ၁၄။မဟာကာရုဏိကော နာထော၊ ဟိတာယ သတ်ဗ-ပါဏိနံ ပူရစ်တဝါ ပါရမီ သတ်ဗာ ပတ်တော သမ်ဗောဓိ မုတ်တမံ အေတေန သစ်စ-ဝစ်ဇေန သွတ်ထိ တေ ဟောတု သတ်ဗဒါ ၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဎ္ဍနော။ ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။ ၁၅။ ဇယန်တော ဗောဓိယာ မူလေ သက်ကျောနံ နန်ဒိဝတ် ဒနော အေ-မေဝ ဇယော ဟောတု၊ ဇယတ်သု-ဇယမင်ဂလေ ၁၆။ အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထု ဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။ ၁၆။အ-ပရာဇိတ-ပန်လင်ကေ၊ သီသေ ပုထု ဝိပုတ်ခလေ အဘိသေကေ သတ်ဗ-ဗုတ်ဓာနံ အက်ဂပ်ပတ်တော ပမောဒတိ ၁၇။ သုနက္ခတ္ကံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။ ၁၇။ သု-နက်ခတ်တံ သုမင်ဂလံ သုပ်ပ-ဘာတံ သုဟုတ်ထိတံ သုခ​ဏော သု-မုဟုတ်တော စ သု-ယိတ်ထံ ဗြန်မ-စာရိသု ၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။ ၁၈။ ပဒက်ခိဏံ ကာယကမ်မံ ဝါစာ-ကမ်မံ ပဒက်ခိဏံ ပဒက်ခိဏံ မနောကမ်မံ၊ ပဏီဓိ တေ ပဒက်ခဏေ ၁၉။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ။ အရောဂါ သုခိတာ ဟောထ၊ သဟ သ‌‌‌ေဗ္ဗဟိ ဉာတိဘိ။ ၁၉။ ပဒက်ခိဏာနိ ကတ်တဝါန၊ လဘန်တတ်ထေ ပဒက်ခိဏေ တေ အတ်ထ-လတ်ဓာ သုခိတာ ဝိရုန်လှာ ဗုတ်ဓသာသနေ အ-ရောဂါ သုခိတာ ဟောထ၊ သဟ သတ်ဗေဟိ ညာတိဘိ ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။ ပုတ်ဗန်ဏ-သုတ်တံ နိတ်ထိတံ ပုဗ္ဗဏှသုတ် မြန်မာပြန် ၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။ ၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်မြတ်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။ ၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။ ၄။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံးသည်လည်း ထိုဘေးအန္တရာယ်တို့မှ လွတ်ကင်းကြပါစေ၊ စိုးရိမ်ပူပန်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းဝေးကြပါစေ။ ၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ကြပါကုန်။ ၆။ အရာရာပြည့်စုံမှု ချမ်းသာမှု ရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။ ၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါဘုရားငယ်၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည် တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။ ၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် ဘုရားရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။ ၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် တရားရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။ ၁၀။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် သံဃာရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။ ၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။ ၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။ ၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။ ၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ ကမ္ဘာသားအပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့ မှန်သောသစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်းပါစေသတည်း။ ၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း ဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင် ရရှိပါစေသတည်း။ ၁၆။ သဗ္ဗညူဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာလည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။ ၁၇။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာတိုးတက်ပါစေ၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော်ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။ ၁၈။ မြတ်သော ကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သော စိတ်အမှု ကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သော အကျိုးတရားကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။ ၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရကြကုန်၏။ မြတ်သော အကျိုးတရားတို့ကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏။ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။ ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နံနက်ခင်း, နေ့လည်, ညနေခင်းတို့၌ သုစရိုက်တရား ဆယ်ပါးကို ကျင့်သုံးကြသောသူတို့သည် “သုပုဗ္ဗဏှ, သုမဇ္ဈနှိက, သုသာယနှ-ဖြစ်ကုန်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ ဤသုတ်တော်၌ ဟောတော်မူအပ်ကုန်သော “သုနက္ခတ္တံ ... သဟ သဗ္ဗေဟိ ဉာတိဘိ” ဟူသော ဂါထာတို့ကိုမူတည်၍ သင့်လျော်သော ဂါထာတို့ကို ဖြည့်စွက်၍ ပရိတ်ကြီး ၁၁-သုတ်၌ “ပုဗ္ဗဏှသုတ်” ပရိတ်တော်ကို ရှေးဆရာတော်ကြီး များက စီစဉ်ထားခြင်းဖြစ်ပါသည်။ ကိုးကား ပရိတ်ကြီး ဗုဒ္ဓဘာသာအင်္ဂုတ္တရနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%97%E1%80%B9%E1%80%97%E1%80%8F%E1%80%BE%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မန်းဘခိုင်
ဘခိုင်၊ မန်း ( မြန်မာ ၁၂၆၅-၁၃ဝ၉ ) မန်းဘခိုင်သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မန်းဘခိုင် သည် ဟင်္သာတမြို့မှ ၁၅-မိုင်ခန့်ဝေးသော ဟင်္သာတ-ပုသိမ် မီးရထား လမ်းပေါ်ရှိ၊ ယုန်သလင်းရွာ ရွာသူကြီး-မန်းပေကုန်း၊ ဒေါ်ပုတို့၏ ပဉ္စမသားဖြစ်သည်။ ၁၂၆၅-ခုနှစ် တန်ဆောင်မုန်းလဆန်း ၇-ရက်နေ့တွင် ယုန်သလင်းရွာတွင် မွေးဖွားသည်။ ပညာရေး ဟင်္သာတမြို့ (--)ကျောင်းတွင်ပညာသင်ကြားခဲ့ရာ၊ ၁၉၂ဝ ခုနှစ်တွင် ၇ တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် ဘားမားရိုင်ဖယ်တပ်သို့ ဝါသနာ အလျောက်ဝင်ရာ၊ မိဘများကသဘောမတူသဖြင့် ထွက်၍ ရန်ကုန်မြို့ စေကော ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်သည်။ ကိုယ်ပိုင်စီးပွားရေး ၁၉၂၆ ခုနှစ်တွင် မိမိလက်အောက်မှ ကရင်အမျိုးသား စာရေးတစ်ဦး ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီမန်နေဂျာနှင့် သဘောမတိုက်ဆိုင်ဖြစ်ကာ အလုပ်မှ နုတ်ထွက်သည်။ ထိုနောက် မန်းဘခိုင်သည် ယုန်သလင်းရွာသို့ပြန်ကာ ညီအစ်ကိုများစု၍ အောင်ခင်ညီများကုမ္ပဏီ ဟူသော အမည်ဖြင့်လုပ်ငန်းတစ်ခုထောင်လျက် ရပ်သူရွာသားများ သက်သာချောင်ချိရေး အတွက် သမဝါယမနည်းဖြင့် အရောင်းအဝယ်လုပ်ကိုင်သည်။ ကရင်အမျိုးသား တိုးတက်ရေး ယင်းသို့အရောင်းအဝယ်လုပ်ရင်း ကလေးသူငယ်များ ကရင်ဘာသာကိုသင်ကြားနိုင်စေရန် မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံကာ ကျောင်းတစ်ကျောင်းဖွင့်၍ ကိုယ်ဖိရင်ဖိ စီမံအုပ်ချုပ်သည်။ အရောင်းအဝယ်ကိစ္စ၊ ကျောင်းကိစ္စများဖြင့် ရန်ကုန်သို့ မကြာခဏ ရောက်ရှိရာ ကရင်ခေါင်းဆောင်ကြီးများဖြစ်သော ဆစ်ဒနီလူနီ၊ ဆရာကြီး မန်းရွှေဘ (ဆရာရွှေဘ)တို့နှင့် တွေ့ဆုံဆွေးနွေးမိရာမှ ကရင်လူငယ်များ အသင်းကိုစတင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှု ၁၉၃၇ ခုနှစ် ပုသိမ်မြောက်ပိုင်း အမတ်တစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ မန်းဘခိုင်အရွေးခံရသည်။ ၁၉၃၈-ခု မတ်လ ၂၃-ရက်နေ့တွင် ပဲခူးမြို့ သူဌေးဦးဖောက်၏ သမီးထွေး ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁-ခုနှစ်တွင် တရားရေးဌာနဝန်ကြီး စောဖေသာ၏ အတွင်းဝန်ကလေး အဖြစ်ခန့်ထားခြင်းခံရသည်။ ငှက်ပျောခြံလုပ်သော ကရင်အမျိုးသားများသာရှိပြီး ကရင် အမျိုးသားပိုင် ငှက်ပျောပွဲရုံမရှိသည်ကို တွေးမိကာ စစ်ကြီးအတွင်းက ပုဇွန်တောင်ဈေး တံတားအနီးတွင် ငှက်ပျောပွဲရုံစတင်ဖွင့်ခဲ့သည်။ ငှက်ပျောပွဲရုံလုပ်ငန်း အခြေကျသောအခါ ထိုလုပ်ငန်းကို ဇနီးသည်နှင့် လွှဲထား၍ နိုင်ငံရေးကို စိတ်ရောကိုယ်ပါ ဆောင်ရွက်ပြန်သည်။ ၁၉၄၄ နှစ်ဦးတွင် ၎င်းတို့ငှက်ပျောပွဲရုံပေါ် ဗုံးကျသဖြင့် မိသားစု ယုန်သလင်းရွာသို့ပြန်ကြသည်။ ယုန်သလင်းတွင် ကရင်လူငယ်များကိုစု၍ ဖက်ဆစ်တော်လှန်ရေးအတွက် ကိုယ်ဖိရင်ဖိဆောင်ရွက်သည်။ ၁၉၄၅-ခုနှစ်တွင် စစ်ပြီး၍ ရန်ကုန်မြို့သို့ပြန်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူလက်တွဲပြီး ဖဆပလအဖွဲ့ကြီး ဖြစ်မြောက်ရေးအတွက်ကြိုးပမ်းသည်။ အဖွဲ့ကြီး ဖွဲ့စည်းပြီးသောအခါ ဗဟိုအမှုဆောင်လူကြီးအဖြစ် ဆောင်ရွက်ရသည်။ ထိုအချိန်တွင် ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရပြန်သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြစ်ဝကျွန်းပေါ် ဖဆပလ ဖွဲ့စည်းရေး တာဝန်ခံအဖြစ်နယ်ထွက်နေစဉ် ဖဆပလအဖွဲ့ကြီးအား ဘုရင်ခံအမှုဆောင် ဝန်ကြီးအဖွဲ့ ဖွဲ့စည်းရန် ဘုရင်ခံကလွှဲအပ်သည်တွင် မန်းဘခိုင်သည် စက်မှုလက်မှုနှင့် အလုပ်သမားဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည်။ ဘဝနိဂုံး ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့တွင် ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပနေစဉ် လူမသမာတို့လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ ကိုးကား တိုင်းရင်းသား ခေါင်းဆောင်များ အာဇာနည်ကိုးဦး
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%BA%E1%80%B8%E1%80%98%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
ကျောက်မျက် ရတနာ
ကျောက်မျက် ရတနာ (Gems) တို့ကို ရှေးကမ္ဘာဦး လူသားများ အရိုင်းဘဝမှ အယဉ်ဖြစ်စကတည်းက စတင် သုံးစွဲခဲ့ကြကြောင်းကို လေ့လာတွေ့ရှိရသည်။ သမိုင်းမတိုင်မီက အဓိကအားဖြင့် ပုတီးစေ့များ၊ အရောင်ရှိ ကျောက်များကို မသွေးပဲ မူလပုံအတိုင်း လူ့ခန္ဓာကိုယ်တွင် အလှဆင်ခြင်းဖြင့် သုံးစွဲခဲ့ကြပြီး ယဉ်ကျေးမှု မြင့်မားလာသည့်အလျောက် ဤကျောက်မျက် အလှဆင်သည့် ဖက်တွင်လည်း ပညာရပ်များ (ဒေသအလိုက်) တိုးတက်လာခဲ့သည်။ အလှဆင်ရာတွင် အမြတ်တနိုး တန်ဖိုးထားကာ အဓိက သုံးစွဲကြသည်များမှာ ကျောက်မျက်တွင်းထွက်များသာ အများဆုံးဖြစ်သည်။ သို့ဖြစ်လေရာ အဆိုပါ ကျောက်မျက်များမှာ သဘာဝ မိခင်ကမ္ဘာမြေကြီးက လူသားတို့အတွက်ပေးသော လက်ဆောင်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုလျှင် လွန်အံ့မထင်ပေ။ ယခုခေတ်တွင် ပညာရှင်များ၊ကုန်သည်များက သွေးပြီး အရောင်တင်ထားသည့် တန်ဖိုးတစ်စုံတစ်ရာရှိသည့် တွင်းထွက်များကို ကျောက်မျက်ရတနာ အဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် လှပခြင်း မာကျောခိုင်ခံ့ခြင်း ရှားပါးခြင်း အများလက်ခံနိုင်ခြင်း ဂုဏ်အင်များ ပါရှိမှသာလျှင် ရတနာတန်းဝင်ကျောက်ဟု အသိအမှတ်ပြုကြသည်။ ကျောက်မျက်နှစ်မျိုး ကမ္ဘာပေါ်ရှိ ကျောက်မျက်များကို အဓိကအားဖြင့် ဇီဝမူလ ကျောက်မျက်(Organic Gems)နှင့် သက်မဲ့မူလ ကျောက်မျက် သို့မဟုတ် သဘာဝ တွင်းထွက် ကျောက်မျက် (Inorganic Gems) ဟုခွဲခြားလေ့လာနိုင်သည်။ ဖွဲ့တည်ပုံများ အဓိကအားဖြင့်ကျောက်မျက်များသည် ကမ္ဘာ့မြေလွှာအောက် အလွန်မနက်လှသော နေရာများတွင် ခိုအောင်းနေလေ့ ရှိတတ်သည်။ မီးတောင်ပေါက်ကွဲခြင်း၊ ကမ္ဘာ့မြေလွှာများ တွန့်ခေါက်ခြင်း၊ ပြတ်ရွှေ့များ ပွတ်တိုက်လှုပ်ရှားခြင်း အစရှိသည်တို့ကြောင့် ကမ္ဘာမြေကြီး အတွင်းပိုင်းတွင် မြင့်မားသောအပူချိန်နှင့် ကြီးမားသောဖိအား ပြောင်းလည်းမှုတို့ဖြစ်ပေါ်ရာမှ ကျေက်မျက်များ ဖြစ်ပေါ်လာသည်ဟု သိရသည်။ ဥပမာအားဖြင့် စိန်ကို မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးသင့်ကျောက် တို့နှင့်အတူ ရောနှောတွေ့နိုင်ပြီး မြန်မာနိုင်ငံ၏ ရှမ်းကုန်းမြင့်မြေလွှာနှင့် မြန်မာ့မြေလွှာတို့၏ တိုးတိုက်မိမှုကြောင့် ဖေါ့ဇုံ (Fault zone) ဖြစ်ပေါ်နေသော မိုးကုတ်မြို့ ပတ်ဝန်းကျင်တလျောက်တွင် ပတ္တမြား၊ နီလာ အပါအဝင် အခြားနာမည်ကျော် တွင်းထွက်ကျောက်မျက်များ ထွက်ရှိသည်၊ ကချင်ပြည်နယ်တွင် ကျောက်စိမ်း စသည်တို့ ပေါ်ထွန်းလာခြင်းတို့ကိုလည်း တွေ့ရှိလေ့လာရသည်။ ပတ္တမြား နှင့် နီလာ (Ruby & Sapphire/Corundum) ပတ္တမြား နှင့် နီလာ တို့သည် သဘာဝ အားဖြင့် ကိုရိုဒမ် အုပ်စုဝင်ဖြစ်၍ အတူတူပင်ဖြစ်သည်။ ဓာတုဗေဒ ပေါင်းစပ်မှု မှာလည်း အလူမီနီယမ် အောက်ဆိုက်ဒ် ဒြပ်ပေါင်းသာဖြစ်၍ ပတ္တမြား တွင် ခရိုမီယံ ဒြပ်စင်အနည်းငယ် ပါဝင်ပြီး၊ နီလာတွင် တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်သည်။ ထိုခရိုမီယံ နှင့် တိုက်တေနီယံ ဒြပ်စင်များ၏ ပါဝင်မှုနှုန်းမှာ ၂ ရာခိုင်နှုံးထက် မများသင့်ချေ။ အကယ်၍ ထိုရာခိုင်နှုံးထက် များခဲ့လျှင် ပတ္တမြား၏အရောင်မှာ ပြည့်ဝလွန်းအားကြီးပြီး အနီရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်သကဲ့သို့ နီလာတွင်လည်း အပြာရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်ပြီး ကျောက်၏ အရောင်မှာလူကိုဆွဲဆောင်နိုင်စွမ်း နည်းသွားသည်။ မာဆင့်မှာ မိုးလ်စကေးအရ စိန် (၁၀) နှင့် မွိုက်ဇိုနိုက် (၉.၂၅) တို့၏ အောက်တစ်ဆင့် (၉) နေရာတွင်ရှိသည်။ ပတ္တမြားကို မြန်မာ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နှင့် တန်ဇန်းနီးယား တို့တွင် အဓိကထွက်ရှိပြီး မြန်မာ့ပတ္တမြား ၏အရည်အအသွေးမှာ အကောင်းဆုံးအဖြစ် ကမ္ဘာကျော်ပါသည်။ နီလာကို သီရိလင်္ကာ၊ ဩစတြေးလျ၊ ကတ်ရှ်မီးယား၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား နှင့် အမေရိကန်ပြည်ထောင်စု တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၎င်း၏နောက်တွင် ရပ်တည်ပါသည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ)၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။ ပတ္တမြားနှင့်နီလာဂေါ်ကြိုး (Star Ruby & Sapphire) ပတ္တမြားနှင့် နီလာတို့၏ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများ တွေ့ရှိရတတ်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ကြိုးများပေါ်ရခြင်းမှာ ပတ္တမြားနှင့် နီလာတို့၏ အတွင်းတွင်ရှိသည့် ပိုးကြိုးကဲ့သို့သော “ရူတိုင်း (Rutile)”အောင်းဝင်များကြောင့် ဖြစ်သည်။ မဏိသျှတ္တရကျမ်းလာ နီလာလေးမျိုး မဏိသျှတ္တရကျမ်းတွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေးသည်။ အောက်ပါအတိုင်းဖြစ်သည်။ လေးသွယ်နီလာ၊ ပြားကြရာတွင်၊ (၁) 'နီလာ'ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊ (၂) ထပ်ဆင့် ဒုတိယ၊ 'နီလ ကဏ္ဍီ'၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်၊ (၃) 'ဣန္ဒနီလာ'၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊ (၄) တကြောင်း 'ဥပ နီလာ'၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည်း။ စိန်(Diamond) စိန်ကို ကမ္ဘာ့အကောင်းဆုံး အမာဆုံးတွင်းထွက်အဖြစ် သတ်မှတ်ကြသည်။ စိန်ကို အလွယ်တကူ တူးဖော်နိုင်ခြင်းမရှိသလို ဈေးကွက်အတွင်း အဖိုးတန်ကျောက်မျက်အဖြစ် ရောင်းချနိုင်လောက်အောင် သတ်မှတ်အရည်အသွေး (အရောင်၊ သန့်စင်မှု၊ အလေးချိန်၊ ဖြတ်တောက် သွေးခြင်း) တို့ရရန်လည်း အလွန်မှခက်လှပါသည်။ စိန်မှာ ကာဗွန်ဒြပ်စင်ဖြစ်ပြီး မူလရင်းမြစ်အနေနှင့် အလွန်သက်တမ်းရင့်သည့် မီးသင့် ကျောက်များအတွင်းတွင် တွေ့ရှိရသည်။ ထိုသို့တွေ့ရှိရန် ပေပေါင်း ရာထောင်ချီသည့် တွင်းနက်ကြီးများတူးဖော်ကာ ရှာဖွေရပြီး အလွန်ကုန်ကျစရိတ် များပါသည်။ အဓိကတွေ့ရှိရသည့် အိမ်ခံကျောက်အမျိုးအစားများမှာ အာဖရိကတိုက်တွင် ကမ်ဘာလိုက်(Kimberlite) နှင့် ဩစတြေးလျတွင် လမ်ပိုရိုက်(Lampolite) တို့ဖြစ်သည်။ ဒုတိယရင်းမြစ်အနေနှင့် ပလေစာခေါ် ကြွင်းစုသိုက်များတွင် တွေ့ရှိနိုင်သည်။ သို့သော် စိန်၏အသုံးဝင်ပုံမှာ များပြားလွန်းလှသည့်အတွက် ထုတ်လုပ်သူများ၊ ကုမ္ပဏီကြီးများအနေဖြင့် အကျိုးအမြတ် မနည်းတတ်ကြပေ။ စိန်ကို ကျောက်မျက်ရတနာ တစ်ပါးအဖြစ်သာမက စက်မှုလုပ်ငန်းများ၊ အာကာသသုတေသနများ၊မျက်စိခွဲသည့် ခွဲစိတ်ဓား စသည်ဖြင့် အမျိုးမျိုးသောလုပ်ငန်းများတွင်ပါ အသုံးပြုကြသည်။ ထိုကဲ့သို့ သုံးစွဲရာတွင် ကျောက်မျက်တန်းမဝင်သော စိန်များကိုသာ အသုံးများပါသည်။ စိန်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း အလွန်မှ သက်တမ်းရင့် သည့်မီးတောင် ပေါက်ကွဲမှုများ၏ အပူချိန်၊ဖိအား နှင့် အချိန်နှစ်ကာလတို့ကြောင့် စိန်၏မာဆင့်မှာ မိုးလ်စကေးအရကမ္ဘာ့အမာဆုံး အဆင့် (၁၀) တွင်ရှိနေပြီး သွေးယူ ဖြတ်တောက်ခြင်းအတွက်မှု စိန်ကို စိန်ဖြင့်သာပြန်သွေးနိုင်တော့သည်။ ရူပဗေဒ သဘောအရ လားရာ၏ မာကျောမှုပြင်းအား (Directional hardness) ဟူ၍ရှိရာ စိန်မျက်နှာပြင်ကို စိန်၏ အနားစောင်း သို့မဟုတ် စိန်မှုန့်များ ဖြင့်သွေးနိုင်သည်။ စိန်သည် ကာဗွန်ဒြပ်စင်ဆိုသော်လည်း အနည်းငယ်သော နိုက်ထရိုဂျင် ဒြပ်စင် ပါဝင်ခဲ့လျှင် အဝါရောင်သန်းသွားပြီး၊ ဘိုရွန် ဒြပ်စင်ပါဝင်လျှင် အပြာရောင် သန်းနေတတ်သည်။ အဓိက ထွက်ရှိရာဒေသများမှာ ဩစတြေးလျ၊ တောင်အာဖရိက၊ ဘရာဇီး၊ ဆိုက်ဘေးရီးယား(ရုရှား)၊ အိန္ဒိယ၊ အန်ဂိုလာ၊ ဘော့စ်ဝါနာ၊ တရုတ်၊ နီမီးဘီးယား၊ ဆီရီယာလီယွန် နှင့် တန်ဇီးနီးယား တို့ဖြစ်သည်။ အိန္ဒိယသည် စိန်ကို ရှေးအကျဆုံး စတင်တွေ့ရှိသုံးစွဲခဲ့သည့်ဒေသအဖြစ် မှတ်တမ်းဝင်သော်လည်း ယခုအခါ အရည်အသွေးနိမ့်စိန်များကိုသာ ရောင်းဝယ်ခြင်းပြုသည့် အနေအထားတွင်သာ ရှိတော့သည်။ အညံ့ပန်း(Spinel) အညံ့ပန်းမှာ ပတ္တမြား နှင့်တွဲတွေ့ရတတ်သည့် တွဲဖက်ကျောက် ဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ မဂ္ဂနီဆီယံ အလူမီနီယံအောက်ဆိုက်ဒ် ဖြစ်သည်။ ယခင်က တန်ဖိုးနည်း ကျောက်အဆင့်သာ သတ်မှတ်သော်လည်း ယခုအခါ လှပပြီး အရည်မီသည့် အညံ့ပန်းဆိုလျှင် ဈေးကောင်းတတ်သည့်အတွက် လူတို့၏ အာရုံစိုက်ခြင်း ခံလာရပြီဖြစ်သည်။ မာဆင့်မှာ ၈ရှိပြီး အနီရောင်ကို လူတို့က ပတ္တမြား အစားသုံးရန် ပိုနှစ်သက်ကြသည်။ မြန်မာ၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ ဘရာဇီး နှင့် ထိုင်းနိုင်ငံတို့တွင် ပေါများစွာ တွေ့ရသည်။ မြ-မျက်ရွှဲအုပ်စု(ဘယ်ရယ်အုပ်စု)(Beryl) ဘယ်ရယ်မှာ မြအပါအဝင် အခြားကျောက်မျက်အချို့၏ မူရင်းအုပ်စူဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ဘယ်ရယ်လီယံအလူမီနီယံဆီလီကိတ် ဖြစ်ကာ အတန်ပင်ရှုပ်ထွေး၍အမျိုးကွဲများပြားပါသည်။ သို့သော်လူများအဓိကတန်ဖိုးထားသည့် မျိုးကွဲမှာ မြ(အမ်မရယ်/Emerald)ဖြစ်သည်။ မြ၏အစိမ်းရောင်မှာ ဘယ်ရယ်လီယံအလူမီနီယံဆီလီကိတ် ဒြပ်ပေါင်းတွင် ခရိုမီယံ (သို့မဟုတ်)ဗနေဒီယံ ဒြပ်စင်ပါဝင်မှုကြောင့်ဖြစ်ပြီး ထိုကဲ့သို့ ဒြပ်စင်ပါဝင်မှုကွဲသည့်အလိုက် အရောင်လဲကွဲပြားရသည်။ မာဆင့်မှာ ၇ မှ ၇.၅ ထိရှိ၍ အတန်ပင်မာကျောသည်ဟုဆိုနိုင်သော်လည်း အက်ကွဲစေသည့် ကျွတ်ဆက်မှုမှာ အလွန်ပြင်မြင့်မားသည့်အတွက် အလွယ်တကူပင် ကွဲကျေ လေ့ရှိသည်။ အစိမ်းရောင်ရှိသည့် ဘယ်ရယ်ကို မြ(အမ်မရယ်)၊အပြာရောင်ရှိလျှင် မြပြာ(အကွာမရင်း/Aquamarine)၊ပန်းရောင်ရှိလျှင် မော်ဂန်နိုက်(Morganite)၊အဝါရှိလျှင် ဘယ်ရယ်ဝါ(Yellow Beryl) ဟုခေါ်ကြကာ အလွန်ရှားပါးစွာတွေ့ရတတ်သည့် ရွှေရောင်ဘယ်ရယ်ကိုမူ ဟီလီယိုဒေါ(Heliodor) ဟုခေါ်ပါသည်။ အဓိကထွက်ရှိသည့်ဒေသများမှာ ကိုလံဘီယာ၊အိန္ဒိယ၊ဇမ်ဘာဘွေ၊ဆိုက်ဘေးရီးယား(ရုရှား) နှင့် ပါကစ္စတန် တို့ဖြစ်ကြသည်။ အလက်ဇန်းဒရိုက်၊သုံးပန်လှကျောက် (Alexandrite) အလက်ဇန်းဒရိုက် မှာ ဘယ်ရယ်အုပ်စုဝင် မျိုးကွဲတစ်ခုမှ ခရိုက်ဆိုဘယ်ရယ်၏ မျိုးစိတ်တစ်ခုပင်ဖြစ်သော်လည်း အလွန်မှ ရှားပါးပြီး ထူးခြားကျော်ကြားသည့် လက္ခဏာရှိသောကြောင့် သီးသန့်လေ့လာကြခြင်းဖြစ်သည်။ မြန်မာအခေါ်အားဖြင့် သုံးပန်လှ ဖြစ်သည်။ နာမည်ကဲ့သို့ပင် အရောင်မှာ တစ်ရောင်တည်းအဖြစ် ရပ်တည်မနေပဲ သာမန်အချိန်တွင် လိမ္မော်ရောင်ရှိတတ်ကာ၊ တန်စတင်မီးရောင်(သို့မဟုတ်) ဖယောင်းတိုင်မီးရောင် အောက်တွင် အနီရင့်ရင့် နှင့် နေ့ခင်းနေရောင်အောက်တွင်မူ မြစိမ်းရောင်များအဖြစ် ပြောင်းလဲသွားလေ့ရှိသည်။ သမိုင်းမှာ ရုရှားဇာဘုရင်တစ်ပါးဖြစ်သော အလက်ဇန္ဒား-၂ ၏မွေးနေ့တွင် ထူးခြားစွာဆက်သလာသည့်အတွက် အလက်ဇန်းဒရိုက်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ဘယ်ရယ်လီယံအလူမီနီယံအောက်ဆိုက်ဖြစ်ပြီး မာဆင့်မှာ ၈ အထိရှိသည်။ ထွက်ရှိရာဒေသမှာ ရုရှား၏ ယူရယ်တောင်တန်း၊ ဘရာဇီး၊ သီရိလင်္ကာ၊ ဇမ်ဘာဘွေ၊ ဇမ်ဘီးယား တို့ဖြစ်သည်။ ကျောက်စိမ်း(Jade) ကျောက်စိမ်းကို အနောက်တိုင်းသားများက သိပ်အလေးအနက်မထားသော်ငြား အရှေ့ဖျားတိုင်းသားများ အထူးသဖြင့် တရုတ်အပါအဝင် ဂျပန် နှင့်ကိုးရီးယားတို့ တွင်အလွန်အရေးပါသည့် ကျောက်မျက်ဖြစ်သည်။ ကျောက်စိမ်းတွင် ဂျေဒိုက်(Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍အဓိကမျိုးကွဲနှစ်မျိုးရှိပြီးရူပဖွဲ့စည်းပုံသာတူညီ၍ ဓာတုဗေဒဖွဲ့စည်းပုံအပါအဝင်ကျန်အရည်အသွေးများမှာအလွန်ခြားနားလေ့ရှိသည်။ ကျောက်စိမ်း၏ဖွဲ့စည်းပုံမှာ အခြားကျောက်မျက်များနည်းတူ အစိုင်အခဲတစ်ခု(သို့မဟုတ်)နှစ်ခုတွဲ မဟုတ်ပဲ ကောက်ညှင်းပေါင်းကဲ့သို့ ကျောက်မှုန်လေးများစွာစုဖွဲ့ထားသည့်အစုအဝေးကြီးဖြစ်သည်။ ထိုအမှုန် လေးများကို မြန်မာဈေးကွက်တွင် “ယမ်း”ဟုခေါ်ဝေါ်ကြသည်။ ဂျေဒိုက်(Jadeite) ဂျေဒိုက် (Jadeite) မှာ ဆိုဒီယံ အလူမီနီယံ ဆီလီကိတ် ဖြစ်သည်။ မာဆင့်မှာ ၇ တစ်ဝိုက် (၆.၇ မှ ၇.၃) တွင် ရှိလေ့ရှိပြီး အရည်အသွေးမှာ နက်ဖရိုက် အမျိုးအစားထက်ပိုကောင်းကာ ပိုကြည်လင်သဖြင့် အများက ပိုနှစ်သက်ကြသည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ ကမ္ဘာကျော် ကျောက်စိမ်းမှာ ဂျေဒိုက် (Jadeite) အမျိုးအစားဖြစ်ပြီး အရည်အသွေး အကောင်းဆုံးဖြစ်ကာ ဈေးကွက်ဝေစု၏ ၈၀ ရာခိုင်နှုံးကို ရရှိထားသည်။ ကျန်ထွက်ရှိရာ နိုင်ငံများမှာ ဂျပန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် (အမေရိကန်ပြည်ထောင်စု)၊ ဂွာတီမာလာ နှင့် ရုရှားနိုင်ငံ တို့ဖြစ်သည်။ နက်ဖရိုက်(Nephrite) နက်ဖရိုက် (Nephrite) မှာ ဂျေဒိုက်လောက် လူကြိုက်မများလှပဲ မျက်နှာပန်းမလှပေ။ မဂ္ဂနီဆီယံ ပါဝင်သောကြောင့် အရောင်မှာ အနက်ရောင်ဖက်ယိုင်ကာ ခပ်ပိတ်ပိတ်ပင်ဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ကယ်လ်ဆီယံ မဂ္ဂနီဆီယံ ဆီလီကိတ် ဖြစ်ပြီးမာဆင့်မှာမူ ဂျေဒိုက် ထက်နည်းကာ ၆.၅ သာသာလောက်ရှိသည်။ နယူးဇီလန်နိုင်ငံ၊ ဆိုက်ဘေးရီးယား (ရုရှား)၊ ဝန်းမင်း(အမေရိကန်)၊ ကနေဒါနိုင်ငံ၊ ကိုးရီးယား နှင့် ထိုင်ဝမ်တို့တွင် ထွက်ရှိလေ့ရှိသည်။ ဂေါ်မိတ်(Zircon) ဂေါ်မိတ်မှာ စိန်ကိုတုပနိုင်လောက်အောင် ရောင်လက်အား/မီးအား(Dispersion/Fire)ကောင်းလှသည့် တွင်းထွက်ဖြစ်သည်။ မြန်မာတို့ နဝရတ် ကိုးပါးစာရင်းဝင်အဖြစ်နားလည်ကြသည်။ ဓာတုဖွဲ့စည်းမှုမှာ ဇာဂွန်နီယံဆီလီကိတ် ဖြစ်ပြီး မာဆင့် ၇ မှ ၇.၅ ရှိသည်။ ရေဒီယိုဓာတ်ကြွသည့်ဂုဏ်သတ္တိအနည်းငယ်ရှိသော်လည်း လူကိုဘေးဥပါတ်ဖြစ်စေသည်အထိ အန္တရာယ်မရှိပေ။ အရောင်မျိုးကွဲများစွာရှိပြီးအတွေ့ရများသည့်အရောင်များအနက်မှ ရောင်မဲ့၊အဝါရောင် နှင့် အပြာရောင် တို့သာ လူတို့ကနှစ်သက်ကြသည်။ မြန်မာ၊သီရိလင်္ကာ နှင့်ထိုင်းနိုင်ငံတို့တွင် အဓိကထွက်ရှိပြီး ကျန်ကမ္ဘာ့ဒေသများတွင်လည်း ထွက်ရှိသည်။ ဥဿဖယား/ထပ်တစ်ရာ(Topaz) ဥဿဖယားသည်လည်း နဝရတ် ကိုးပါးဝင်ရတနာဖြစ်သည်။ ဓာတ်ဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ပြီး အလူမီနီယံ ဓာတ်စင်ရောနှောပါဝင်သည်။ မာဆင့် ၈ ရှိပြီး အညိုရောင် နှင့် အဝါရောင်မှာ လူကြိုက်များသည်။ ထို့ကြောင့်အခြားအရောင်ရှိ ဥဿဖယားများကို ဓာတ်ရောင်ခြည်ဖြင့်ပြုပြင်ကာ အညိုရောင်နှင့် အဝါရောင်ဖြစ်ရန် ဖန်တီးတတ်ကြသည်။ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း နှင့် မြန်မာနိုင်ငံတို့တွင် ထွက်ရှိသည်။ မှတ်မီး/မဟူရာ/ဖရဲအူ (Tourmaline) မြန်မာတို့အမြင်တွင် မဟူရာကိုသာအသိများပြီး ကျန် မှတ်မီး နှင့် ဖရဲအူတို့ကို အမျိုးတူဟုအသိနည်းပါသည်။ ဓာတုဖွဲ့စည်းမှုမှာ ဘိုရို ဆီလီကိတ်တွင် မဂ္ဂနီစီယံ၊အလူမီနီယံ၊သံဓာတ်တို့ ရောနှောပါဝင်သည်။ ပါဝင်သည့် အချိုးပေါ်မူတည်ကာ အရောင်များကွဲပြားရခြင်းဖြစ်သည်။ မာဆင့် ၇ မှ ၇.၅ ထိရှိသည်။ အရောင်အလိုက် နာမည်အခေါ်အဝေါ်များ ကွဲပြားသည်။ ရှားပါးစွာတွေ့ရသည့် အရောင်မဲ့ကို အာခရိုရိုက်၊ ပန်းရောင်(သို့)အနီရောင်ရှိလျှင် ရူဘယ်လိုက်(ဖရဲအူ)၊ညိုဝါရောင်မှ အညိုရောင်ရှိလျှင် ဒါဗိုက်၊အစိမ်းရောင်ဆိုလျှင်ဗာဒီလိုက်(မှတ်မီး၊ စောလဖော်မြ၊ လွိုင်ကော်မြ၊ မဟူရာစိမ်း)၊ အပြာရောင်ရှိလျှင် အင်ဒီဂိုလိုက်၊ အနက်ရောင်ကို စခေါလ်(မဟူရာ)၊ အရောင်များစပ်တွဲနေလျှင် ပါတီ ဟုခေါ်ကြသည်။ ပြောင်ခေါင်းစိမ်း(Peridot) ပြောင်ခေါင်းစိမ်းကို ပေါများစွာတွေ့ရှိရသည့် ဒေသများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ မိုးကုတ်မြို့ နှင့်အတော်လှမ်းလှမ်းရှိ ပြောင်ခေါင်းရွာအနီးတွင် တူးဖော်တွေ့ရှိရသည်ကို အစွဲပြုကာ မြန်မာတို့က ပြောင်ဂေါင်းစိမ်းဟုခေါ်ခြင်းဖြစ်သည်။ မာဆင့်အတော်ပြော့ပြီး ၆.၅ သာရှိသည်။ စိမ်းဝါရောင်ရှိသည်။ အနောက်တိုင်းသားများကတော့ သံလွင်စိမ်းရောင်(Olive green)ဟုသတ်မှတ်ကာ ဓာတုဗေဒ အမည်ကိုလည်း အိုလီဗင်း(Olivine) ဟုခေါ်ကြသည်။ အားနည်းချက်မှာ ငရဲမီးစားသည့်ဒဏ်ကို မခံနိုင်ပေ။ မြန်မာ၊ တရုတ်၊ ဘရာဇီး၊ ဩစတြေးလျ နှင့် တောင်အာဖရိက တို့တွင် တွေ့ရှိရသည်။ ဆက်စပ်လေ့လာရန် ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ဘူမိဗေဒ တွင်းထွက်ပစ္စည်း ကျောက်မျက်ရတနာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BB%E1%80%80%E1%80%BA%20%E1%80%9B%E1%80%90%E1%80%94%E1%80%AC
ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း
ဗုဒ္ဓဘုရားရှင် ဝေသာလီပြည် မဟာဝန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူစဉ် သံဃာတော်များ၏ ဆွမ်းကွမ်းကိစ္စ စီစဉ်ပေးတော်မူရသော အရှင်ဒဗ္ဗ မထေရ်မြတ်ကို မလိမ္မာ လူမိုက်တစ်စုက မြှောက်ထိုး ပင့်ကော်လုပ်သဖြင့် လဇ္ဇဝီလူမျိုးနွယ် ဝဎ္ဍ ဆိုသည့် ပုဂ္ဂိုလ်က ပထမပါရာဇိကဖြင့် စွပ်စွဲမှု ဖြစ်ပွားခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ သပိတ်မှောက် ကံဆောင်ထိုက်သော အချက်အင်္ဂါ ၈ ပါးအနက် တချက်ချက်နှင့် ငြိစွန်းလျှင် သပိတ်မှောက်ခွင့်ကို ဗုဒ္ဓမြတ်စွာက ခွင့်ပြုတော်မူခဲ့သည်။ ဗုဒ္ဓသာသနာနှင့် သံဃာကို ဖျက်ဆီးလိုသူတို့ဘေးအန္တရာယ်မှ ကာကွယ်ခွင့်ပေးလိုက်သော အခွင့်အရေးတမျိုးဟု ဆိုနိုင်သည် ။ ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း ကံဆောင်နိုင်သောအင်္ဂါ ၈-ပါး ဝိနည်းတော်အရ ရဟန်းတော်များက ဒါယကာများအား သပိတ်မှောက်ရခြင်း အကြောင်းအရင်း အင်္ဂါ ၈-ပါးရှိ၏။ (၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန - ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊ (၂) အနတ္တာယ ပရိသက္ကန - အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊ (၃) အဝါသာယ ပရိသက္ကန - နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊ (၄)အက္ကောသန - ဆဲရေးခြင်း၊ (၅) ဘေဒန - ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊ (၆) ဗုဒ္ဓအဝဏ္ဏ ဘာသန - ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊ (၇) ဓမ္မ အဝဏ္ဏ ဘာသန- တရား၏ဂုဏ်မဲ့ကို ပြောဆိုခြင်း၊ (၈) သံဃ အဝဏ္ဏ ဘာသန-သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။ ကံဆောင်နိုင်သော အချိန် အင်္ဂါ၈ပါးအနက် တစ်ပါးပါး ပြည့်စုံသည်ဟု အနည်းဆုံးရဟန်းတော် ၄ ပါးမှ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချနိုင်လျှင် (ထင်ရှားစေခဲ့လျှင်) စတင်ကံဆောင်နိုင်သည်။ ကံဆောင်မှုကို ကန့်ကွက်ပိုင်ခွင့် စတင်ကံဆောင်သော ရဟန်းတော်များ၏ လုပ်ရပ်သည် သင့်တင့် လျှော်ကံမှုမရှိ (မတရား) ဖြစ်နေလျှင် မည်သည့်ရဟန်းတော်မဆို ကန့်ကွက်ပိုင်ခွင့်ရှိသည်။ ကျူးလွန်သော အပြစ်တို့မှာ ထင်ရှားပြီးဖြစ်၍ ကန့်ကွက်ရန်မရှိတော့လျှင် ဆိတ်ဆိတ်နေခြင်းအားဖြင့် ထောက်ခံနိုင်သည်။ (ကန့်ကွက်သူ သံဃာ တစ်ပါးပါး ပေါ်ပေါက်ခဲ့လျှင်တော့ ကံဆောင်မှု အထမြောက်/မမြောက်ကို ပြန်လည်သုံးသပ်ကောင်း သုံးသပ်နိုင်သည်။ ကန့်ကွက်သူ မပေါ်ပေါက်ခဲ့လျှင် ရဟန်းတော်အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် သံဃာထု၏ ဆန္ဒနှင့်ညီသည်။ သံဃာ့ကံဆောင်မှု အထမြောက်ခဲ့ပြီ ဆိုသည်မှာ အငြင်းပွားစရာမရှိတော့။) ကံဆောင်ခြင်း၏ နောက်ဆက်တွဲ အကျိုးကျေးဇူး အရပ်စကားဖြင့် သံဃာထု၏ ဆန္ဒဟု သုံနှုံးခဲ့ရသော်လည်း မူအားဖြင့် ရဟန်းတော်တို့၏ ခံပြင်းမှုဒေါသစိတ် အစရှိသော ကိလေသာ ဆန္ဒတို့အပေါ်တွင် ခြေခံခြင်းမရှိသည်ကို အသေအချာစဉ်းစား ကြည့်လျှင်ကောင်းစွာ တွေ့မြင်နိုင်သည်။ တစ်ကြိမ်တစ်ခါ စော်ကားခဲ့ပြီး ဖြစ်သောကြောင့် စော်ကားသူတို့၌ အပြစ်သည်ဖြစ်ခဲ့လေပြီ။ ထို့ကြောင့် (က) စော်ကားသူတို့၌ နောက်တစ်ကြိမ် အပြစ်မဖြစ်စေရန်၊ (ခ) အနာဂတ် သံဃာထုအတွက် နောက်တစ်ကြိမ် အလားတူစော်ကားခံရမှုမျိုးမှာ မပေါ်ပေါက်စေရန်၊ စသော အကျိုးတရားများကို မျှော်ကိုး၍ စော်ကားသော ပုဂ္ဂိုလ်းအား ရဟန်းတော်တို့ အနေနှင့် အဆက်အဆံ မပြုကြရန် အဆိုတင်သွင်းခြင်းဖြစ်သည် ဟုယူဆနိုင်သည်။ အထက်တွင်ဖော်ပြခဲ့သော အကျိုးတရား နှစ်ပါးကို ကြည့်ခြင်းအားဖြင့်စတင်အဆိုတင်သွန်းခဲ့သော ရဟန်းတော်တို့၏ စော်ကားခဲ့သူအပေါ်၌ လည်းကောင်း၊ အနာဂတ်သံဃာထု အပေါ်၌ လည်းကောင်း ထားရှိသော စေတနာ မေတ္တာမှာ ထင်းရှားလျက် ရှိသည်။ သို့ဖြစ်ပါ၍ စတင်အဆိုတင်သွန်းခြင်း အလုပ်သည် အစော်ကားခံ ရဟန်းတော်တို့၏ ခံပြင်းမှုဒေါသစိတ်၌ အခြေခံခြင်း လုံးဝမရှိပဲ သတ္တဝါအားလုံး၏ ကောင်းကျိုးကို မျှော်ကိုးသော မေတ္တာတရား (အဒေါသ) ကိုအခြေခံ၍ ပြုလုပ်ခြင်းဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ကံဆောင်ရန် အဆိုကို တင်သွန်းနေချိန်တွင်လည်း တည်ငြိမ်အေးချမ်းစွာဖြင့် မေတ္တာပို့ခြင်း အလုပ်ကို အဆက်မပြတ် ဆောင်ရွက်နေကြသောကြောင့် ဒေါသ ကိလေသာ စိတ်တို့မှ ကင်းလွတ်နေမည် ဆိုသည်မှာ အငြင်းပွားရန်မရှိတော့။ မေတ္တာတရားကို အခြေခံသော အလုပ်မှ ကံဆောင်သူတို့ အပေါ်တွင်ဖြစ်စေ၊ ကံဆောင်ခံရသူတို့ အပေါ်တွင်ဖြစ်စေ ဆိုးကျိုးတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင်လည်း (၁) မေတ္တာတရား လက်ကိုင်ထားသူတို့၌ လည်းကောင်း (၂) လိုအပ်သော အခြေအနေနှင့်တကွ သံဃာထုအား သပိတ်မှောက်ကံဆောင် ခွင့်ကို ပြဋ္ဌာန်းပေးခဲ့သော ဘုရားရှင်၏ မူဝါဒ၌ လည်းကောင်း အပြစ်တစ်စုံတစ်ရာမရှိ။ မေတ္တာတရား၏ တန်ဖိုးကို နားမလည်သူတို့တွင်သာ အပြစ်ရှိတော့သည်။ ကံဆောင်မှုနှင့် ဥပဒေ ကံဆောင်ခြင်း ဆိုသည်မှာ ကံဆောင်ခံပုဂ္ဂိုလ် (သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု) အား သံဃာထုမှ အဆက်အဆံမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်သည် ဟုဆိုနိုင်သည်။ မည်သူမဆို မိမိနှင့် သင့်မြတ်သူကို မိတ်ဆွေ ဖွဲ့ပိုင်ခွင့်ရှိသလို၊ မည်သူမဆို မိမိနှင့် မသင့်မြတ်သူအားလည်း ဝေးဝေးရှောင်ကာ နေပိုင်ခွင့်ရှိသည်။ ထို့ကြောင့် သပိတ်မှောက် ကံဆောင်ခြင်းသည် မည်သည့်တရားဥပဒေ နှင့်မျှ ငြိစွန်းခြင်းမရှိနိုင်ပါ။ သံဃာထု၏ ဆုံးဖြတ်ချက်သည် မိမိ၏ရပိုင်ခွင့် ကိုကျော်လွန်၍ ပြုလုပ်ခဲ့ခြင်းမဟုတ်၊ မည်သည့်အပို အခွင့်အရေးကိုမှ အလွဲသုံးစား ပြုလုပ်ခဲ့ခြင်း လည်းမရှိ၊ သူတစ်ပါး၏ လွတ်လပ်ခွင့် (လူ့အခွင့်အရေး) တစ်စုံတစ်ရာကို ထိပါးစော်ကားခြင်းလည်း ကင်း၏။ ထို့ကြောင့် ကံဆောင်ခြင်းသည် လူ့အခွင့်အရေး ရှုဒေါင့်မှ ကြည့်မည်ဆိုလျှင်လည်း တရားမျှတသည် ဟုဆိုရမည်ပင်။ ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းများ သပိတ်ကံဆောင်မှုကို ဘုရားရှင် လက်ထက်က တကြိမ်၊ သီရိလင်္ကာနိုင်ငံ( သီဟိုဠ်ကျွန်း)တွင် သီဟိုဠ်ဘုရင် ဒါဌောပတိဿမင်း ( အေဒီ ၆၅၀-၆၅၈ ) ကိုတစ်ကြိမ်၊ ပုဂံခေတ်တွင် တစ်ကြိမ်၊ အင်းဝခေတ်တွင် တကြိမ်၊ ၁၉၉၀ ခုနှစ် န.ဝ.တ စစ်အစိုးရခေတ်တွင် တစ်ကြိမ်နှင့် စက်တင်ဘာလ ၁၈၊ ၂၀ဝ၇ တွင် န.အ.ဖ စစ်အစိုးရကို တစ်ကြိမ် စုစုပေါင်း ၆ ကြိမ် ရှိပြီ ဖြစ်သည် ။ န.ဝ.တ အစိုးရလက်အောက် ၁၉၉၀ ခုနှစ်တွင် မန္တလေးမှ စတင်သပိတ်ကံဆောင်မှု သပိတ် မှောက်ခြင်းတွင် သံဃာ နှစ်သောင်း ကျော်ပါခဲ့သည်။ မန္တလေးဈေးချိုအနီးတွင် တန်းစီကြွလာသော သံဃာများကို အာဏာပိုင်တို့က ကိုယ်ထိလက်ရောက် ရိုက်ပုတ်ခဲ့ရာမှ ကံဆောင်မှု ဖြစ်ပေါ်ခဲ့သည် ။ ထို့နောက် တနိုင်ငံလုံးသို့ ကျယ်ပြန့် သွားခဲ့သည်။ မကြာသေးသော ကံဆောင်မှုအဖြစ် န.အ.ဖ အစိုးရလက်အောက် ၂၀ဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပခုက္ကူမြို့တွင် ဖြစ်ပွားသော အဓိကရုဏ်း၌ တာဝန်ရှိသူများက သံဃာတော်များ ကျေနပ်သည့်တိုင် ဝန်ချတောင်းပန်ခြင်း မပြု၍ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုထပ်မံဖြစ်ပေါ်ခဲ့သည်။ ပတ္တနိက္ကုဇ္ဇနကံဆောင်ကမ္မဝါ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ သူဏာတု မေဘန္တေ (အာဎ္ဍသော) သံဃော စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ (သပိတ်မှောက်ခံရမည့် ဒါယကာ အမည်။) ရာဇာနော ပခုက္ကူသံဃံ အမူလဇောန မဟာရဒါနဉ္စ ဒဏ္ဍဒါနဉ္စ အဒါသိ၊ ဇီဝိတိန္ဒြိယဉ္ဓ ကရောတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တံ နိက္ကု ဇ္ဇေယျ အသမ္ဘောဂံ သံဃေန ကရေယျ၊ ဇသာဥတ္တိ။ သုဏာတု မေ ဘန္တေ(အာဝုသော) သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇာနော ပခုက္ကူ သံဃံ အမူလကေန မဟာရ ဒါနဉ္စ ဒဏ္ဍဒါနဉ္စ အဒါသိ၊ ဇီဝိတိန္ဒြိယဉ္စ ကရောတိ။ သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တံ နိက္ကုဇ္ဖတိ အသမ္ဘောဂံ သံဃေန ကရောတိ။ ယဿာ .သ္ခတော ခမတိ စဏ္ဍာ ရုဒ္ဒါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တဿ နိက္ကုဇ္ဖနာ အသမ္ဘောဂံ သံဃေန ကရဏံ သောတုဏှဿ ယဿ နက္ခမတိသော ဘာသေယျ။ နိက္ကုဇ္ဇိတော သံဃေန စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တော အသမ္ဘောဂေါ သံဃေန။ ခမတိ သံဃဿ တသ္မာတုဏှီ ဇာမေတံ ဓါရယာမိ။ ရွတ်ဖတ်ပုံ ပထမတွင် “ နမောတဿ” သုံးကြိမ်ရွတ်ပြီး “ သုဏာတုမေ ” မှ “ ဇသာ ဉ တ္တိ ” အထိ၊ အချို့ တစ်ကြိမ် တချို့ သုံးကြိမ်ရွတ်ဖတ်ကြသည်။ “ သုဏာတု မေ” မှ “သောဘာသေယျ ” အထိ အလယ်ပိုဒ်နှင့် “ နိက္ကုဇ္ဇိတော ” မှ “ ဓါရယာမိ ” အထိ အဆုံးပိုဒ်ကို သုံးကြိမ်စီ အသီးသီး ရွတ်ဖတ်ရ ဖြစ်သည်။ အခြား ကမ္မဝါများကဲ့သို့ပင် အသံ အနိမ့်အမြင့်၊ အပြင်း အပျော့၊ သိထိလ ဓနိတ ဌာန်ကရိုဏ်း “တုန်း” သဘောတရားဆန်သည့် သံစဉ်များနှင့် ရွတ်ရမည်ဖြစ်သည်။ စကားပြေကဲ့သို့ တပြေးတည်း ရွတ်ဖတ်၍ မရ။ အနှစ်ချုပ်အဓိပ္ပာယ် သံဃာတော် အရှင်မြတ်များ ဘုရား၊ နားဆင်တော်မူကြပါ ဘုရား….။ ရုပ်ရင်း ကြမ်တမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်ပြီး မတရားပြုတဲ့ (ဤသူ၊ ဤသူ)တွေက သံဃာတွေကို အခြေအမြစ် မရှိတဲ့ အကြောင်းပြ စွပ်စွဲချက်တွေနဲ့ ရိုက်ပုတ် နှိပ်စက်နေပါပြီ၊ ဖမ်းဆီးချုပ်နှောင်နေပါပြီ၊ အသက်ကိုပင် အန္တရာယ်ပြု နေပါပြီ ဘုရား…..။ ဘုရား တပည့် တော်များ အနေနဲ့ အဲဒီရုပ်ရင်း ကြမ်းတမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်သော (ဤသူ၊ ဤသူ) တွေကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ သပိတ်မှောက်ကံဆောင်ကြောင်း အသိပေးလျှောက်ထားပါတယ် ဘုရား………။ ဒီ သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောစရာ ဆိုစရာ ရှိပါက ပြောဆို နိုင်ပါတယ် …..ဘုရား။ ပြောမဲ့ဆိုမဲ့ မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုယင် ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…….ဘုရား။ ရည်ညွှန်းကိုးကား ဟစ်တိုင်မီဒီယာ ပတ္တနိက္ကုဇ္ဇနကံ အောင်ပွဲ - အရှင်ခေမာစာရ အင်္ဂတ္တရ နိကာယ (၃) စာ၊ ၂၅၄။ ပတ္တနိက္ကုဇ္ဇန သုတ္တ။ ဝိနိယစူဠဝဂ္ဂ၊ ပါဠိ၊ စာပိုဒ်ရေ ၂၆၅။ ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ - အရှင်သကျကုလ ရွက်ဝါဘလော့ဂ် ခေတ်ပြိုင်မီဒီယာ နိုင်ငံရေး သပိတ်မှောက်ခြင်း ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%90%E1%80%B9%E1%80%91%E1%80%94%E1%80%AD%E1%80%80%E1%80%B9%E1%80%80%E1%80%AF%E1%80%87%E1%80%B9%E1%80%87%E1%80%94%E1%80%80%E1%80%B6%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
အီလက်ထရွန်းနစ်စာအုပ်
အီလက်ထရွန်းနစ်စာအုပ် ကို အီးဘွတ်ခ် ဟုလည်း ခေါ်ဆိုကြပြီး စာသားများ၊ ရုပ်ပုံများပါဝင်ကာ ဒစ်ဂျစ်တယ်စနစ်ဖြင့် ဖြန့်ချိသော စာအုပ်တစ်အုပ်ဖြစ်သည်။ ယင်းကို ကွန်ပျူတာ မျက်နှာပြင် သို့မဟုတ် အခြားသော အီလက်ထရွန်းနစ် ကိရိယာများတွင် ဖတ်ရှုနိုင်အောင် ပြုလုပ်ထားသည်။ အီလက်ထရွန်းနစ်စာအုပ်ကို "ပုံနှိပ်စာအုပ်၏ အီလက်ထရွန်းနစ် ပုံစံ" ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသော်လည်း အချို့သော အီလက်ထရွန်းနစ်စာအုပ်စာအုပ်များသည် ပုံနှိပ်စာအုပ်အနေဖြင့် ရှိမနေချေ။ အီလက်ထရွန်းနစ်စာအုပ်ကို ဖတ်ရှုနိုင်ရန်အတွက် သီးသန့် ဖန်တီးထားသော ကိရိယာများတွင် ဖတ်ရှုနိုင်ရုံသာမက ကြည့်ရှုထိန်းချုပ်နိုင်သော မျက်နှာပြင်ပါဝင်သည့် စားပွဲတင် ကွန်ပျူတာများ၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၊ တက်ဘလက်များနှင့် စမတ်ဖုန်းများပေါ်တွင်လည်း ဖတ်ရှုနိုင်သည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AE%E1%80%9C%E1%80%80%E1%80%BA%E1%80%91%E1%80%9B%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%BA
ချားလ်စ် ဒါဝင်
ချားလ်စ်ဒါဝင် (Charles Darwin) (၁၈၀၉-၁၈၈၂)ကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ (Evolution Theory) နှင့် ပတ်သက်ပြီး ကျော်ဇောထင်ရှားသူဖြစ်သည်။ ၁၂ ဖေဖော်ဝါရီ ၁၈၀၉ အင်္ဂလန်နိုင်ငံ၊ ရှရူဘူရီ (shrewsbury) တွင်ဖွားမြင်သည်။ အသက်၁၆နှစ်တွင် အီဒင်ဘတ်တက္ကသိုလ် (Edinburg) တွင် ဆေးပညာကို စတင်သင်ယူသည်။ သို့သော် ဆေးပညာနှင့် ခန္ဒာဗေဒ (Anatomy) တွင် စိတ်ပါဝင်စားမှု သိပ်မရှိသဖြင့် ကိန်းဘရစ်ချ်တက္ကသိုလ် (Cambridge) သို့ ပြောင်းရွေ့ပြီး ကျမ်းစာသင်ယူသည်။ သို့သော် များစွာအားစိုက်သင်ယူခြင်း မရှိပဲ မြင်းစီး၊ အမဲလိုက် စသည့် အပျော်အပါးများဖြင့်သာ အချိန်ဖြုန်းနေလေ့ရှိသည်ဟု ဆိုသည်။ ထို့အတွက် ဖခင်ဖြစ်သူနှင့် မကြာခဏပင် အခြေတင် စကားများကြသည်။ နောက်မကြာမှီ ဆရာတစ်ဦးအား အပိုင်စည်းရုံးပြီး မိမိအား သဘာဝပညာရှင် (Nuturalist) အဖြစ်ထောက်ခံချက်ပေးစေသည်။ ထိုထောက်ခံချက်ကို အသုံးပြုကာ ဘီဂဲလ်သင်္ဘော (H.M.S Beagle) ဖြင့် ရေလမ်းစူးစမ်းရှာဖွေရေးခရီးတွင် လိုက်ပါသွားခဲ့သည်။ ထိုခရီးမှာ ဒါဝင့်အတွက် သာမက သူ၏ဘဝနောက်ပိုင်း တွေ့ရှိချက်များကိုပါ အလွန်အကျိုးရှိစေသည်ကို တွေ့ရသည်။ ၁၈၃၁ ခုနှစ်တွင် စတင်သည့် ထိုခရီးစဉ်တွင်လိုက်ပါခဲ့စဉ်က ဒါဝင့်အသက်မှာ ၂၂နှစ်သားသာရှိသေးသည်။ ထိုမှစတင်ပြီးခရီးထွက်ရာ (၅) နှစ်လုံးလုံး တောင်အမေရိကတိုက်ကမ်းခြေများ၊ အိန္ဒိယသမုဒ္ဒရာ နှင့် တောင်ဘက် အတ္တလန်တိတ်ဒေသများတွင် အေးအေးလူလူ လေ့လာခွင့်ရသည်။ ထို့ပြင် လူသူမနီးသည့် ကျွန်းများ၊ လူရိုင်းဆန်ဆန်မျိုးနွယ်စုများ (တိုးတက်မှုများစွာမရှိသေးသည့် ရှေးကျကျန်ရစ်သည့် လူမျိုးနွယ်စုများ) (Primitive tribes)၊ ကျောက်ဖြစ်ရုပ်ကြွင်း (Fossil)၊ အပင်များ၊ သတ္တဝါများကို အမျိုးစုံလင်အောင် တွေ့ရှိကာ လေ့လာခွင့်ရခဲ့သည်။ တွေ့ရှိချက်မှန်သမျှကို စာအုပ်များတွင် မှတ်တမ်းမှတ်ရာအစုံအလင် ရေးမှတ်ထားခဲ့သည်။ ထိုမှတ်စုများမှာ နောင်တစ်ချိန်တွင်ရေးသားမည့် ကျမ်းများအတွက် အရေးပါသည့် အရင်းအနှီးများ ဖြစ်ပေတော့သည်။ ၁၈၃၆ ဒါဝင် အိမ်ပြန်ရောက်ပြီးနောက်တွင် မိမိ၏တွေ့ရှိချက်များကို အခြေခံကာ သတ္တဝါနှင့် အပင်များသည် မည်သည့်နည်းနှင့်မျှ မပြောင်းမလဲပဲ တပုံစံတည်း တည်ရှိမနေနိုင်ကြောင်း နားလည်ခဲ့သည်။ သို့သော် ထိုအချက်အား မည်သူ့ကိုမှ ပြောပြခဲ့ခြင်း၊ ရှင်းပြခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ အများက ကန့်ကွက်မည်မှာ သေချာလှသည် ဖြစ်သောကြောင့်ပင်။ သို့သော် ဘူမိဗေဒ သဘောအရ တောင်များ၊ ချိုင့်ဝှမ်းများ၊ ပင်လယ်များ၊ ကုန်းမြေများ အားလုံးသည် အချိန်ကာလနှင့် အခြေအနေများအရ ပြောင်းလဲမြဲဖြစ်သကဲ့သို့ သတ္တဝါများ၊ အပင်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်မည်ကို သက်သေပြနိုင်ရန် အကြီးအကျယ်ပင် လုံ့လထုတ်တော့သည်။ သို့ဖြင့် ပညာရှင်များ အသိုင်းအဝန်းကြားတွင် ဒါဝင်၏အမည်မှာ ထင်ရှားလာခဲ့သည်။ ၁၈၃၈ တွင် သောမက်စ်မားလ်သပ်စ်၏ လူဦးရေ အခြေခံသဘောတရားအကြောင်း အမည်ရှိ စာအုပ်ကို ဖတ်ရှုမိပြီးနောက် မိမိစိတ်ကူးကို မည်သို့သက်သေပြရမည်ကို အတွေးရသွားခဲ့သည်။ သို့ဖြင့် သဘာဝအလိုက် ရွေးချယ်ခြင်း အခြေခံ သဘောတရား (Principle of natural selection) ကိုရေးသားခဲ့ပြီး ဖြန့်ဝေခြင်းမပြုပဲ သက်သေပြနိုင်ရန် အထောက်အထားများကို စုဆောင်းနေခဲ့သည်။ ပြီးမှ စနစ်တကျထုတ်ဝေတင်ပြနိုင်ရန် မူကြမ်း(Hypothesis) ကို စီစဉ်သည်။ သီအိုရီ အကျဉ်းချုပ်ကို ၁၈၄၂ စောစောကပင် ရေးသားပြီးစီးခဲ့ပြီးနောက် အကျယ်ကို ၁၈၄၄ တွင်ပြီးစီးသည်။ ထိုသို့ အကျယ်ရေးနေချိန်အတွင်း အရှေ့အင်ဒိစ် (ယနေ့ အင်ဒိုနီးရှား) သို့ ရောက်ရှိနေသည့် အဲဖရက်ရပ်ဆဲလ်ဝေါလေ့စ် (Alfred Russel Wallace) ထံမှ ဆင့်ကဲဖြစ်စဉ် သီအိုရီ နှင့်ပတ်သက်သည့် စာမူကြမ်းတစ်ခု ရောက်လာသဖြင့် တိုက်ဆိုင်စစ်ဆေးရာ နှစ်ဦးသား၏ တွေ့ရှိများမှာ အဓိက အကြောင်းအရာအားဖြင့် အတော်များများ တူညီမှုရှိကြောင်း တွေ့ရသည်။ နှစ်ဦးသားအနေဖြင့် တူညီသည့် အကြောင်းအရာ တစ်ခုအတွက် မည်သူကအလျင်တွေ့ရှိသည်ကို ငြင်းခုံရတော့မယ့် အခြေအနေသို့ ရောက်နေရပြီဖြစ်သည်။ သို့သော် ဒါဝင်က ထိုအခြေအနေသို့ အရောက်မခံတော့ပဲ နှစ်ဦးလုံး၏ စာမူများကို သိပ္ပံအဖွဲ့ကြီးတစ်ခုသို့ ပို့ပြီးတင်ပြလိုက်သည်။ ထိုတင်ပြချက်များအား မည်သူမျှ အရေးတယူ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့သော်လည်း ၁၈၅၉တွင် ဒါဝင်၏ မျိုးရိုးဗီဇများ (The 0rigin of Species) ကိုပုံနှိပ်ထုတ်ဝေသောအခါတွင်မူ ပညာရှင်အသိုင်းအဝန်းကြားတွင်သာမက အရပ်သားများကြားတွင်ပါ အကြီးအကျယ် ပွက်လောညံသွားခဲ့သည်။ ထို့ပြင် ၁၈၇၁ တွင် လူဆင်းသက်လာပုံနှင့် လိင်အလိုက် ရွေးချယ်ပုံ"' (The Descent of Men and Selection to Sex) ကို ထပ်မံထုတ်ဝေသောအခါတွင်လည်း အကြီးအကျယ် အငြင်းပွားကြပြန်သည်။ ထိုနောက် လူသည် လူဝံ (Ape) ကဲ့သို့သောသတ္တဝါမျိုးမှ ဆင်းသက်လာသည် ဟူသော် အဆိုပြုချက်ကို ဖတ်ရသောအခါ လောင်နေသည့် မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။ ဒါဝင်သည် သူ၏သီအိုရီနှင့် ပတ်သက်ပြီး ငြင်းခုံကြသည့် ပွဲများတွင် ကိုယ်တိုင်ပါဝင်လေ့မရှိပေ။ အကြောင်းမှာ ဘီဂဲလ်သင်္ဘောဖြင့် ခရီးလိုက်ပါစဉ်က၊ လေ့လာစူးစမ်းစဉ်က အမေရိကတွင် အဆိပ်ရှိပိုး အကိုက်ခံရသဖြင့် ရှာဂါရောဂါ(Chaga' Diseaes) ဖြစ်ခဲ့ဖူးပြီး ခရီးပန်းသည့်ဒဏ်များကြောင့် အတော်ပင် ကျန်းမာရေးချို့တဲ့ရှာသောကြောင့် အပြင်ထွက်လေ့မရှိသည်က တစ်ကြောင်း၊ သူ၏သီအိုရီများနှင့် ပက်သတ်လျှင် အလွန်ရှေ့နေအလိုက်ကောင်းသည်ဟု ပြောကြသည့် သောမက်စ် အိတ်ချ် ဟက်စ်လေ(Thomas H. Huxley) ရှိနေသောကြောင့် တစ်ကြောင်းဖြစ်သည်။ သို့နှင့် ချားလ်စ်ဒါဝင်ကွယ်လွန်သည့် ၁၈၈၂ တွင် သူ၏သီအိုရီများမှာ အမှန်ဖြစ်သည်ဟု အများကလက်ခံယုံကြည်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အမှန်ဆိုရလျှင် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို စတင်ဖော်ထုတ်သူမှာ ဒါဝင်တစ်ဦးတည်း မဟုတ်ပေ။ ရှေ့တွင်လည်း လက်ဦးက ပြောဆိုနေမှုများ ရှိနေပြီးဖြစ်သည်။ (ထိုသူများထဲတွင် ဒါဝင့်အဖိုးကိုယ်တိုင်ပါဝင်သည်။) သို့သော် မည်သူကမှ လက်မခံခဲ့ပေ။ အကြောင်းမှာ ဒါဝင်ကဲ့သို့ အချက်အလက် သက်သေခိုင်ခိုင်ဖြင့် မတင်ပြနိုင်သောကြောင့်ဖြစ်သည်။ နောက်နှစ် ၂၀ အကြာတွင် ပေါ်ပေါက်လာသည့် ဂရီဂိုမန်ဒဲလ် (Gregor Mendel) ၏ မျိုးရိုးဗီဇ အမွေဆက်ခံခြင်း နိယာမ(Law of Genetic Ingeritance) က ဒါဝင်၏သီအိုရီကို ပိုမိုအားကောင်း ခိုင်မာလာစေသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါဝင်၏ သဘာဝရွေးချယ်ခြင်း သီအိုရီကို သိပ္ပံပညာရပ်တော်တော်များများတွင်သာမက နိုင်ငံရေး၊ ဘောဂဗေဒ အစရှိသည့် ဘာသာရပ်များတွင်လည်း အလျဉ်းသင့်သလို အသုံးချကြသေးသည်။ ဘာသာရေးအနေဖြင့်ကြည့်လျှင် ဘာသာမဲ့ဖြစ်သူ ဒါဝင်၏ သီအိုရီကို ဘာသာရေးသမားများ၊ လေးနက်ယုံကြည်သူများက အတော်ပင်စိုးရွံခဲ့ကြသည်ဟုဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား အယူဝါဒအရ "အရာရာကို ဘုရားသခင်က ဖန်ဆင်းသည်။"ဆိုသည့်ယုံကြည်မှုကို အကြီးအကျယ်ပင် ခြိမ်းခြောက်နေသောကြောင့်ပင် ဖြစ်သည်။ သို့နှင့် ဘဝရပ်တည်ရေးအတွက် ရုန်းကန်ဆဲနှင့် အတော်ဆုံးသာလျှင် ကျန်ရစ်မည်။''' ဆိုသည့်စကားမှာ လူသားတို့အတွက် သတိပေးစကားဖြစ်လာခဲ့ကာ သိပ္ပံ၊ မနုဿနှင့် ဇီဝဗေဒ ဆိုင်ရာများတွင် ဒါဝင်၏ သီအိုရီများမှာ မရှိမဖြစ်ဆိုသလိုပင် အသုံးပြုနေရသောကြောင့် ဒါဝင်၏ကျေးဇူးမှာ ခေတ်လူသားတို့အပေါ်တွင် များစွာတင်ရှိနေသည်ဟု ဆိုရတော့မည်ဖြစ်သည်။ ရည်ညွှန်းကိုးကား သိပ္ပံပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%AC%E1%80%B8%E1%80%9C%E1%80%BA%E1%80%85%E1%80%BA%20%E1%80%92%E1%80%AB%E1%80%9D%E1%80%84%E1%80%BA
တိုင်းရင်းသား
တိုင်းရင်းသား () ဆိုသည်မှာ ဒေသတစ်ခုတွင် မူလအခြေချ နေထိုင်သူများမှ ဆင်းသက်လာသည့် လူမျိုးစု ဖြစ်သည်။ လူမျိုး
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8
ကမ္ဘာ့ကျန်းမာရေးအဖွဲ့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization, WHO) သည် ကုလသမဂ္ဂ (UN) ၏အထူးအေဂျင်စီ တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အတွက် ညှိနှိုင်းဆောင်ရွက်ရေး အာဏာပိုင်အဖြစ် ဆောင်ရွက်သည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၇ရက်နေ့တွင် ပြဋ္ဌာန်းပြီး ဌာနချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရှိသည်။ အေဂျင်စီအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အေဂျင်စီတစ်ခုဖြစ်သော ၎င်းဆက်ခံရသော အဖွဲ့ဖြစ်သည့် ကျန်းမာရေး အဖွဲ့အစည်း၏ အမိန့်အာဏာနှင့် အထောက်အပံ့များကို အမွေဆက်ခံသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သမိုင်းကြောင်း WHO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ "လူများအားလုံး ဖြစ်နိုင်သမျှ အမြင့်ဆုံး ကျန်းမာရေးအဆင့်အတန်းကို ရယူရေး"ဟု ၎င်း၏ ရည်ရွယ်ချက်ကို ဖော်ပြသည်။ ၎င်း၏ အဓိကလုပ်ငန်းမှာ အနာရောဂါများ အထူးသဖြင့် အဓိက ကူးစက်တတ်သော အနာရောဂါများ တိုက်ဖျက်ရေးနှင့် ကမ္ဘာသူကမ္ဘာသားများ၏ အထွေထွေ ကျန်းမာရေး အခြေအနေကို မြှင့်တင်ရေးတို့ပင် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကုလသမဂ္ဂ၏ မူလအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ၂၆ ခုမြောက် အဖွဲ့ဝင်နိုင်ငံက အတည်ပြုသော ပထမအကြိမ် ကမ္ဘာ့ကျန်းမာရေးနေ့ (၁၉၅၀ ခုနှစ် ဧပြီလ ၇ ရက်)တွင် တရားဝင် ထိရောက်စွာ စတင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဂျဝါဟာလာနေရူးက WHO စတင်ရန် အကြံဉာဏ် ပေးခဲ့သည်။ ဤအချိန်မတိုင်မီက ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လုပ်ဆောင်ရန် ကျန်ရှိသော လှုပ်ရှားမှုများအပါအဝင် ၎င်း၏လုပ်ငန်းစဉ် လည်ပတ်မှုများမှာ ၁၉၄၆ ခုနှစ် နွေရာသီတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးညီလာခံပြီးနောက် ယာယီကော်မရှင်၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက် အာဏာဖြင့် လွှဲပြောင်းပေးခဲ့သည်။ ပြင်သစ်ရှိ ကူးစက်တတ်သော ရောဂါပိုးများ ရှာဖွေလေ့လာရေးဆိုင်ရာ ဝန်ဆောင်မှု၏ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ တစ်ကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေးရုံး (Office International d'Hygiène Publique) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ယာယီကော်မရှင်နှင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပူးပေါင်းခဲ့သည်။ ဆောင်ရွက်မှုလုပ်ငန်းများ ဆားစ် ခေါ် ကူးစက်မြန် အဆုတ်ရောင်အအေးမိရောဂါ၊ ငှက်ဖျား၊ အဆုတ်နာရောဂါ၊ ဆွိုင်းဖလူးခေါ် ကြက်ငှက်တုပ်ကွေးနှင့် ခုခံအားကျဆင်းမှုရောဂါ () ကဲ့သို့သော ကူးစက်တတ်သော အနာရောဂါများ ကူးစက် ဖြစ်ပွားခြင်းကို ထိန်းချုပ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ညှိနှိုင်း ဆောင်ရွက်ခြင်းအပြင် ထိုရောဂါများ ကာကွယ်ရေးနှင့် ကုသရန် အစီအစဉ်များကိုလည်း WHO ကတာဝန်ယူသည်။ စိတ်ချရပြီး အာနိသင်ရှိသော ကာကွယ်ဆေးများ၊ ဆေးဝါးနှင့် ပတ်သက်သော နည်းပညာများ၊ ပစ္စည်းများနှင့် ဆေးဝါးများ တိုးတက်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို WHO ကပံ့ပိုးထောက်ပံ့ပါသည်။ ကျောက်ကြီးရောဂါကို ဆယ်စုနှစ် နှစ်ခုအကြာ တွန်းလှန်တိုက်ခိုက်ပြီးနောက် ၁၉၈၀ ခုနှစ်တွင် ထိုရောဂါကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းပြီးဖြစ်ကြောင်း WHO ကကြေညာခဲ့သည် - သမိုင်းတွင် လူသားတို့၏ ကြိုးပမ်းမှုကြောင့် ပယ်ဖျက်ရှင်းလင်းနိုင်ခဲ့သည့်ပထမဦးဆုံးသောရောဂါဖြစ်သည်။ ပိုလီယိုခေါ် အရိုးပျော့ရောဂါကို လာမည့်နှစ်အနည်းငယ်အတွင်း အမြစ်ပြတ်သုတ်သင် ရှင်းလင်းရန် WHO က ရည်မှန်းထားသည်။ အဖွဲ့အစည်းသည် ဇင်ဘာဘွေနိုင်ငံအတွက် ကမ္ဘာ့ပထမဦးဆုံး တရားဝင် HIV/AIDS တူးလ်ကစ်ဒ်ခေါ် ကိရိယာ အစုံအလင်ပါသော ဆေးသေတ္တာကို အတည်ပြုထောက်ခံပေးပြီး (၂၀၀၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ) နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုလုပ်ပေးထားသည်။ အနာရောဂါများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း လုပ်ငန်းအပြင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော စည်းရုံးလှုံ့ဆော်မှုများကိုလည်း ပြုလုပ်သည် - ဥပမာအားဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စားသုံးမှုကို မြှင့်တင်ရန်နှင့် ဆေးရွက်ကြီးအသုံးပြုမှုကို တားဆီးလျှော့ချရန်။ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျီနီဗာရှိ ဌာနချုပ်၌ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံကြပြီး ၎င်းတို့လုပ်ဆောင်နေသော တစ်ပြည်လုံး ကူးစက်ပျံ့နှံ့သော တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး တိုးတက်ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်ပြီး အားတက်စေသည့် အခြေအနေ တိုးတက်မှုအဆင့်သို့ ရောက်ရှိ အောင်မြင်ပြီးဖြစ်ကြောင်း သတင်းပို့ခဲ့ကြသည်။ ဆေးဝါးကုသခြင်း လက်တွေ့ စမ်းသပ်မှုပေါင်း ၄၀ ကျော် ပြီးမြောက်ခဲ့ပြီး သို့မဟုတ် အဆက်မပြတ် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အများအားဖြင့် ကျန်းမာသော အရွယ်ရောက်ပြီးသူ လူကြီးများအပေါ် အာရုံစိုက် လုပ်ဆောင်ပါသည်။ အချို့ ကုမ္ပဏီများသည် အရွယ်ရောက်ပြီးသူ လူကြီးများတွင် စိတ်ချရသော စိစစ်မှုများ ပြုလုပ်ပြီးနောက်၊ သက်ကြီးရွယ်အိုများနှင့် ကလေးများဖြင့် ဆေးဝါးကုသခြင်း လက်တွေ့စမ်းသပ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ ယခုအချိန်အထိ စမ်းသပ်ထားသော အသက်အရွယ်အုပ်စု အမျိုးမျိုးတွင် ကာကွယ်ဆေးများအားလုံး စိတ်ချရပြီး ကောင်းစွာ စွမ်းဆောင်မှုရှိကြောင်း ပေါ်ပါသည်။ WHO/FAO၏တုံ့ပြန်ချက်များ တိုင်းပြည်၏လိုအပ်ချက်များကို အာရုံစူးစိုက်သော သုတေသနလုပ်ငန်းကို အသုံးပြုရန်နှင့် လုပ်ဆောင်ရန် အတွက် အမျိုးသား ကျန်းမာရေး သုတေသနစနစ်များနှင့် သက်သေခံ အထောက်အထား သတင်းပို့ရေး ပေါ်လစီ ကွန်ယက် (Evidence Informed Policy Network)- EVIPNet ကဲ့သို့သော အသိပညာဗဟုသုတ ဘာသာပြန် စင်မြင့်များကို ဖေးမထောက်ကူပေးခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်နိုင်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်မှုကို WHO က အားပေးမြှင့်တင်ပေးပါသည်။ WHO နှင့်၎င်း၏ ဒေသဆိုင်ရာ ရုံးများသည် ကျန်းမာရေးသုတေသနနှင့် ဆိုင်သော ဒေသအဆင့် မူဝါဒများ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေကြသည်။ အမေရိကား PAHO/AMRO အတွက် ဒေသဆိုင်ရာရုံးခန်းက ပထမဦးဆုံးအနေဖြင့် ၎င်း၏ ကျန်းမာရေးအတွက် သုတေသနဆိုင်ရာ မူဝါဒကို ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏ ၄၉ ခုမြောက် ညွှန်ကြားရေးကောင်စီ စာရွက်စာတမ်း CD 49.10 ဖြင့် အတည်ပြုချက် ရယူခဲ့သည်။ ကူးစက်ပျံ့နှံ့တတ်သော ရောဂါများ၊ ကူးစက်ပျံ့နှံ့ခြင်း မရှိသော အခြေအနေများနှင့် ထိခိုက်ဒဏ်ရာရမှုများ- ဥပမာအားဖြင့် အကယ်၍ ကျွန်ုပ်တို့သည် အပိုနှစ်များ အသက်ရှင် နေထိုင်ရပါက ထိုနှစ်များကို ကျန်းမာရေး ကောင်းစွာ သို့မဟုတ် ညံ့ဖျဉ်းစွာ အသက်ရှင် နေထိုင်ရမည်ဟူသော ဇရာနှင့် ပတ်သက်သော လေ့လာမှုများနှင့် ဆဲလ်ဖုန်းခေါ် လက်ကိုင်ဖုန်း ပတ်ဝန်းကျင်ရှိ လျှပ်စစ်သံလိုက်ဓာတ် စက်ဝန်းသည် ကျန်းမာရေးအပေါ် သက်ရောက်မှုရှိမရှိ ဆိုသည်တို့ကို ဆုံးဖြတ်နိုင်ရန်အတွက် ဇရာနှင့် ကာလကြာရှည်စွာ သုတေသနလုပ်၍ စုဆောင်းရရှိသော သတင်းအချက်အလက်များကို လေ့လာမှုများ။ ၂၀၀၃ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော WHO/FAO ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည့် ကျန်းမာသော အစားအစာ စားသုံးမှုတွင် သကြားသည် ၁၀% ထက်ပိုမို၍ မပါသင့်ဟု ထောက်ခံချက်မျိုးကဲ့သို့ ဤအလုပ်၏ အချို့သော အချက်များမှာ အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည်။ ဤအစီရင်ခံစာကြောင့် သကြားထုတ်လုပ်ရေး လုပ်ငန်းက ထောက်ခံချက်ကို ဆန့်ကျင်၍ ဥပဒေပြဋ္ဌာန်းသူများအား အရေးဆိုမှု ဖြစ်ပေါ်ခဲ့သည်။ ထိုအရေးဆိုမှုအား "စုစုပေါင်းခွန်အား စွမ်းအင်၏ ၁၀% ထက်နည်းပြီး သကြားကင်းလွတ်ရေးဟူသော လူထုရည်မှန်းချက်ပန်းတိုင်သည် အငြင်းပွားဖွယ်ဖြစ်ကြောင်း နှီးနှောဖလှယ်ပွဲက အသိအမှတ်ပြုသည်"ဟူသော ကြေညာချက်တစ်ခု အစီရင်ခံစာထဲတွင် ထည့်သွင်းခြင်းဖြင့် WHO/FAO ကတုံ့ပြန်ခဲ့သည်။ သို့သော်လည်း သိပ္ပံနည်းကျ လေ့လာမှုများအား ကိုယ်ပိုင် စိတ်ဖြာလေ့လာချက်အပေါ် အခြေခံပြီး ၎င်း၏ ထောက်ခံချက်အပေါ်တွင် ရပ်တည်ခဲ့သည်။ နိုင်ငံပေါင်း 70 မှ အသက် 18+ နှစ်ရှိ ဖြေကြားသူ 308,000 ဦးနှင့် အသက် 50+ နှစ်ရှိ ဖြေကြားသူ 81,000 ဦးတို့ပါဝင်သော ကမ္ဘာ့ကျန်းမာရေးစစ်တမ်းနှင့် 23 နိုင်ငံတို့မှ အသက် 50+ ရှိသောသူ 50,000 တို့ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ဇရာနှင့် အရွယ်ရောက်သူများ ကျန်းမာရေး လေ့လာမှု(SAGE) တို့အပါအဝင် အချက်အလက် ကောက်ယူမှု လမ်းစဉ်အမျိုးမျိုးမှတဆင့် လိုအပ်လျက်ရှိသော ကျန်းမာရေးနှင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှု သက်သေသာဓကကို ထောက်ပံ့ပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကျန်းမာရေး လေ့လာမှုများအုပ်စုက လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာစိတ်ကျန်းမာရေးစစ်တမ်းများ(World Mental Health Surveys)၊ WHO ဘဝတန်ဖိုးစာတမ်း(WHO Quality of Life Instrument)၊ WHO မသန်မစွမ်းမှု အကဲဖြတ်ခြင်း အတိုင်းအတာများ (WHO Disability Assessment Scales) တို့သည် အခြား ကျန်းမာရေး၊ ၎င်းနှင့် ဆက်စပ်လျက်ရှိသော နယ်ပယ်များဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် လမ်းညွှန်မှုပေးပါသည်။ WHO နှင့် ကျန်းမာရေး တိုင်းတာမှုစနစ်များ ကွန်ယက်(Health Metrics Network)၊ အပြည်ပြည်ဆိုင်ရာ အိမ်ထောင်စု စစ်တမ်းများကွန်ယက် (International Household Surveys Network) ကဲ့သို့သော အခြား အေဂျင်စီအဖွဲ့များအကြား ပူးပေါင်း ကြိုးပမ်း အားထုတ်မှုများသည် မြင့်မားသော သုတေသန စံချိန်စံညွှန်းများ သတ်မှတ်ရာတွင် စံနှုန်းပြဋ္ဌာန်းသော လုပ်ငန်းများအဖြစ် တာဝန်ထမ်းဆောင်သည်။ ဖွဲ့စည်းပုံ WHO တွင် လိချ်တန်စတိန်း(Liechtenstein)မှအပ UN အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံနှစ်ခုဖြစ်သည့် နယူးဝေး(Niue)နှင့် ကွတ်ခ်ကျွန်းစုများ (Cook Islands) အပါအဝင် အဖွဲ့ဝင်နိုင်ငံ 193 နိုင်ငံ ရှိသည်။ အဖွဲ့ဝင်မဟုတ်သည့် နယ်မြေများသည် အကယ်၍ ညီလာခံမဲပေးခြင်းအားဖြင့် သဘောတူ ခွင့်ပြုချက်ရရှိပါက တွဲဘက်အဖွဲ့ဝင်များအဖြစ် (သတင်းအချက်အလက် အပြည့်အစုံဖြင့် သို့ရာတွင် ပါဝင်မှုနှင့် မဲပေးခွင့်တို့ကို ကန့်သတ်ထားသည်) အဖွဲ့ဝင်နိုင်သည်။ ပွာတိုရီကို(Puerto Rico)နှင့် တိုကေလော (Tokelau) နိုင်ငံတို့မှာ တွဲဘက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ သီးခြားအုပ်ချုပ်ခွင့်ရှိသော အထူးလက်အောက်ခံ နယ်မြေများကိုလည်း လေ့လာသူအဆင့်အတန်း သတ်မှတ်နိုင်သည်။ ဥပမာပြရလျှင် ပါလက်စတိုင်း(UN လေ့လာသူ) ဗာတီကန်စီးတီး(UN အဖွဲ့ဝင်မဟုတ်သော လေ့လာသူ) နှင့် တရုတ်တိုင်ပေ (ဖိတ်ကြားခြင်းခံရသော ကိုယ်စားလှယ်) တို့ဖြစ်သည်။ WHO အဖွဲ့ဝင်နိုင်ငံများသည် WHO ၏ အချုပ်အချာ ဆုံးဖြတ်ချက်ချရာ အစုအဖွဲ့ဖြစ်သည့် ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ်များ ခန့်အပ်သည်။ UN အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် WHO အဖွဲ့ဝင်ဖြစ်ရန် အရည်အချင်းပြည့်မီပြီး၊ WHO ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့်အတိုင်း ”အခြားတိုင်းပြည်များသည် ၎င်းတို့၏ လျှောက်ထားချက်များကို ကမ္ဘာ့ကျန်းမာရေးညီလာခံက သာမန် အများစုဆန္ဒမဲဖြင့် သဘောတူထောက်ခံသောအခါ အဖွဲ့ဝင်အဖြစ် ဝင်နိုင်သည်”။ WHO ညီလာခံကို ပုံမှန်အားဖြင့် နှစ်စဉ် မေလတွင် ကျင်းပပါသည်။ အထွေထွေညွှန်ကြားရေးမှူးကို ငါးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည့်အပြင် ညီလာခံက အသင်းကြီး၏ ဘဏ္ဍာရေး မူဝါဒများကို ထည့်သွင်းစဉ်းစားပြီး၊ အဆိုပြုလာသော အစီအစဉ် ရသုံးမှန်းခြေငွေစာရင်းကို သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းတို့ပြုလုပ်သည်။ ညီလာခံသည် ကျန်းမာရေး ပညာရပ်တွင် အရည်အချင်းပြည့်မီသော အဖွဲ့ဝင် 34 ဦးကို သုံးနှစ်စီသက်တမ်းရှိသော အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ရွေးကောက်တင်မြှောက်သည်။ ဘုတ်အဖွဲ့၏ အဓိကလုပ်ငန်းများမှာ ယေဘုယျအားဖြင့် ညီလာခံကချမှတ်သော ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အကြံပေးရန်နှင့် ၎င်း၏လုပ်ငန်းများ လွယ်ကူချောမွေ့စေရန်တို့ ဖြစ်သည်။ WHO ကို အဖွဲ့ဝင်နိုင်ငံများနှင့် အလှူရှင်များက ငွေကြေးထောက်ပံ့သည်။ မကြာသေးခင်နှစ်များက WHO ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပါဝင်လာသည်။ လက်ရှိတွင် ထိုကဲ့သို့ အစုစပ်လုပ်ငန်းပေါင်း 80 ခန့်ကို NGO များနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ ဘီလ်နှင့်မယ်လင်ဒါဂိတ်စ်ဖောင်ဒေးရှင်း နှင့် ရော့ကဖဲလားဖောင်ဒေးရှင်း ကဲ့သို့သော ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်နှင့် ဒေသ အစိုးရများ၊ ဖောင်ဒေးရှင်းများနှင့် NGOများ၊ အခြား UN အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အခန်းကဏ္ဍများမှလည်း WHO သို့ စေတနာအလျောက် ထည့်ဝင်ကြရာ ယခုအခါ အဖွဲ့ဝင်နိုင်ငံ 193 နိုင်ငံတို့၏ သတ်မှတ်ထည့်ဝင်ငွေ (ပေးရန်ရှိသော)ထက် ကျော်လွန်သွားပြီဖြစ်သည်။ ကိုးကား ကမ္ဘာ့အဖွဲ့အစည်း ကျန်းမာရေး
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7
ဘုရားသခင်တပ်မတော်
၁၉၉၉၊ အောက်တိုဘာ (၁) ရက်က ဘန်ကောက်သံရုံးစီးနင်းမှုသည် KNU ၏ လက်တံတခုဖြစ်သည့် ဘုရားသခင်တပ်မတော် ချုပ်ငြိမ်း သွားရခြင်း၏နိဒါန်းပင် ဖြစ်ပေတော့သည်။ အကြားအမြင်ရထားသည်ဆိုသော အမွှာညီအစ်ကို လူမမယ်တို့အပေါ်အခြေပြုပြီး ထိုအဖွဲ့မှာ ကျော်ကြားလာရခြင်းဖြစ်သည်။ ၁၉၉၇၊ ဖေဖော်ဝါရီလက မြန်မာပြည်၊ ထားဝယ်ဒေသ၌ နေထိုင်နေသည့် ဘာသာရေးကို နှစ်နှစ်ကာကာယုံကြည်ကြသည့် ကရင် ခရိယာန်မိသားစု (၂၀ဝ) ခန့်သည် ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည့် ၎င်းတို့၏ရွာများမှ စွန့်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည်။ ထို့နောက် ၁၉၉၇၊ မတ်လ (၇) ရက်နေ့တွင် ကရင်တရားဟောဆရာ သာပီး က ဘုရားသခင်တပ်မတော်ကို မြန်မာပြည်နယ်စပ်၌ တည်ထောင်ခဲ့သည်။ “သူတို့ထွက်ပြေးလာခဲ့တဲ့အကြောင်းကတော့ ဗမာပြည်မှာအုပ်ချုပ်နေတဲ့ နအဖ က ညှင်းပမ်း နှိပ်စက်လို့ပဲ” ဟု အသက် (၅၅) နှစ်ရွယ် ပဒိုကွယ်ထူးဝင်း ကပြောပြသည်။ ပဒိုကွယ်ထူးဝင်းမှာ အစိုးရအားဆန့်ကျင်တော်လှန်နေသည့် KNU ၏ ခေါင်းဆောင်တဦးဖြစ်ပြီး ၁၉၉၁ မှစ၍ ဘိတ်-ထားဝယ် ခရိုင်၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူဖြစ်သည်။ “ထိုင်းနယ်စပ်ကို ခရီးတခေါက်ထွက်တုန်းက အသက် (၈) နှစ်ရွယ်ရှိ အမွှာညီအစ်ကို၊ ဂျော်နီနှင့် လူသာထူးတို့ နှစ်ဦးစလုံးက ၎င်းတို့၏ လူငယ်မျိုးချစ်များအားဦးဆောင်ပြီး နအဖကို တိုက်ခိုက်ဖို့ ဘုရားသခင်ဆီ က အကြားအမြင် ရထားတယ်လို့ ပြောတယ်” နောက်ပြီး “နအဖ ကို တိုက်ခိုက်ဖို့ ကျနော့်ဆီကခွင့်ပြုချက်တောင်းတယ်၊ ကျနော်က ဒါ နောက်နေတယ်လို့ ထင်နေတာ၊ နအဖကို လူတိုင်းတိုက်နိုင်တာပဲ လို့ သူတို့ကို ပြန်ပြောခဲ့တယ်” ဟု ပဒိုကွယ်ထူးက သတိတရ ပြန်ပြောင်း ပြောပြသည်။ ပဒိုကွယ်ထူးပြောပြချက်အရဆိုလျှင် ဤအုပ်စု၏နာမည်အပြည့်အစုံမှာ “ကစဲဒိုးဘုရားသခင်တပ်မတော်” ဖြစ်သည်။ ထိုအဖွဲ့၏အဖွဲ့ဝင်အချို့ ကလည်း သူတို့ကိုယ်သူတို့ “ယေရှု၏စစ်သည်များ” သို့မဟုတ် “ယေရှု၏ကွန်မန်ဒိုများ”ဟုလည်း ခေါ်ဝေါ်ကြသည်။ ဂျော်နီနှင့်လူသာ တို့သည် ဘုရားသခင်တပ်မတော်၏ ဘာသာရေးခေါင်းဆောင် သက်သက်မျှသာ ဖြစ်ပြီး အဖွဲ့၏စီမံကိန်းများနှင့် စစ်ဆင်ရေးများတွင် ဝင် ရောက်ပြောဆိုခြင်းမရှိကြချေ။ ဤကိစ္စများကို ဘုရားသခင် တပ်မတော်၏ တပ်မှူးဖြစ်သည့် ရွှေဗျား ကသာလုပ်ကိုင်ပေသည်။ ၎င်းသည် အမွှာညီအစ်ကိုနှစ်ဦးအား ချုပ်ကိုင်ထားသူ ဖြစ်သည်။ ၁၉၉၇ခုနှစ်နှင့် ၂၀ဝ၀ခုနှစ် အကြားတွင် ဘုရားသခင်တပ်မတော်၌ စစ်သည်ဦးရေ (၂၀ဝ) ခန့်ရှိသည်။ နအဖအား တိုက်ခိုက်သည့် တိုက်ပွဲများတွင် ထူးထူးခြားခြားအောင်ပွဲများရရှိခဲ့ပြီး အမွှာညီအစ်ကို၏ တန်ခိုးဩဇာလည်း တက်လာခဲ့သည်။ ရန်သူအများအပြား သေကျေပျက်စီးစေခဲ့ပြီး ၎င်းတို့မှာ သေကျေဒဏ်ရာရရှိခြင်း မရှိသလောက် ဖြစ်သည်ဟု လူအများက ပြောဆိုကြသည်။ ဤဖြစ်ရပ်များက အမွှာညီအစ်ကို၌ တန်ခိုးဣဒ္ဓိပါဒ် ရနေကြောင်း ကရင်လူထုအကြား ယုံကြည်စေခဲ့ပေသည်။ သို့သော် ဤအောင်ပွဲများမှာ ငယ်ရွယ် သန်စွမ်းသည့် စစ်သည်များ၏ မြေအနေအထားကျွမ်းကျင်မှု။ သတ္တိရှိမှုနှင့် ပိုင်းဖြတ်ချက် မှန်ကန်မှုတို့ကြောင့်သာ ဖြစ်ဖို့များပေသည်။ ဘုရားသခင်တပ်မတော်၏စွန့်စားခန်းများက နိုင်ငံခြားအဖွဲ့အစည်းအများအပြားအား အာရုံစူးစိုက်လာစေခဲ့ပြီး ဤအဖွဲ့များက ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများလှူဒါန်းခဲ့သည်။ အကြီးမားဆုံးအလှူရှင်မှာ တောင်ကိုရီးယားမှ ဘာသာရေးအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့က မြန်မာနယ်စပ်နှင့် ထိစပ်နေသည့် ရတ်ချ်ဘူရီပြည်နယ်အတွင်းရှိ ဆွမ်ဖုံခရိုင်အနီး တကိုးလန်း ရွာကလေး၌ ဘုရားရှိခိုးကျောင်း ဆောက်လုပ်ရေးအတွက် ဘဏ္ဌာငွေထောက်ပံ့ခဲ့သည်။ ဂျော်နီနှင့်လူသာတို့မိသားစု အပါအဝင် ဘုရားသခင်တပ်မတော်သားအများအပြားနှင့် ၎င်းတို့၏မိသားစုများမှာ ထိုရွာကလေးတွင် နေထိုင်ကြသည်။ ၎င်းတို့သည် နယ်စပ်ဖြတ်ကျော်၍ မြန်မာပြည်တွင်းရှိ ၎င်းတို့၏ဌာနချုပ်သို့ မကြာခဏ သွားရောက် ကြသည်။ ဘုရားသခင်တပ်မတော်၏စစ်ရေးအောင်ပွဲများ အထွပ်အထိပ်ရောက်နေသည့် ၁၉၉၉ခုနှစ် အစောပိုင်း၌ ဘုရားသခင် တပ်မတော်နှင့် ကရင် သွေးစည်းရေးအဖွဲ့ချုပ် (KSO) အတွင်းမှ အချောင်သမားများက ဤအဖွဲ့ကို ထိန်းချုပ်ရန် ကြိုးစားခဲ့ကြသည်။ ထိုအချိန်မှစပြီး ဘုရားသခင် တပ်မတော်၏ ကံကြမ္မာမှာ စတင် ကျဆင်းလာခဲ့တော့သည်။ အဖွဲ့တွင်း စကားများမှုများက အဖွဲ့၏တိုက်စွမ်းရည်နှင့်စစ်ရေးနိုးကြားမှုကို အားနည်းလာစေခဲ့သည်။ ဤစကားများမှုများမှာ အဓိကအားဖြင့် နိုင်ငံခြားအလှူရှင်များထံမှ ရရှိသည့် ငွေကြေးနှင့်အခြားခံစားခွင့်များနှင့် ပတ်သက်၍သာဖြစ်သည်။ ၎င်းတို့သည် သာနာပြုများဖြစ်သည်ဟု ပြောကြသည့် ကိုရီးယားလူငယ်အချို့သည် ဆွမ်ဖုံသို့ မကြာခဏ လာလည်ကြသည်။ ၎င်းတို့ကို ကရင်တရားဟော ဆရာတဦးက စောင့်ရှောက်သည်။ ဤတရားဟောဆရာသည်လည်း ဘုရားသခင် တပ်မတော်အား ချုပ်ကိုင်ရန် ကြိုးစားသည်။ သို့သော် အမွှာညီအစ်ကိုက ၎င်းအားမနှစ်မြို့သဖြင့် မအောင်မြင်ချေ။ ၁၉၉၉၊ စက်တင်ဘာလက ဤသာသနာပြုများကို ကျနော်တွေ့ဆုံခဲ့ရာ ၎င်းတို့သည် ယခင်က တောင်ကိုရီးယား အစိုးရ၏လုံခြုံရေးလုပ်ငန်း ကိစ္စများ လုပ်ခဲ့ဘူးသည်ဟု အချို့က ပြောပြသည်။ ၁၉၉၉၊ ဇွန်လ အစောပိုင်းက နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတခုနှင့်အဆက်အသွယ်ရှိသည့် KSO ခေါင်းဆောင် တဦးသည် စွမ်းအားမြှင့်ကျောင်းသားစစ်သည်များ (VBSW) ဟုခေါ်သည့် တက်ကြွသည့်အဖွဲ့၏အဖွဲ့ဝင် (၁၂) ဦးကို တကိုးလန်းရွာသို့ ခေါ်ဆောင် လာခဲ့သည်။ ၎င်းတို့အား ဘုရားသခင်တပ်မတော်တည်ထောင်သူတဦးဖြစ်သူ အတွင်းရေးမှူးချုပ် စောတိုးတိုးနှင့် မိတ်ဆက်ပေးခဲ့သည်။ ၁၉၉၉၊ စက်တင်ဘာလ အစောပိုင်းက စောတိုးတိုးက မြန်မာပြည်တွင်းရှိ ဘုရားသခင်တပ်မတော်စခန်းသို့ စွမ်းအားမြှင့်အဖွဲ့ဝင်များအား ဦးဆောင်ခေါ်ခဲ့သည်။ “ ဘုရားသခင်တပ်မတော်ရဲ့မသိနားမလည်မှုကိုအခွင့်ကောင်းယူပြီး သူတို့ကို စွမ်းအားမြှင့်အဖွဲ့ရဲ့ နောက်လုပ်မယ့်စစ်ဆင်ရေးတွေမှာ ပါဝင်ရင်ပိုကောင်းမယ်ဆိုပြီး စည်းရုံးသိမ်းသွင်းခဲ့တယ် ” လို့ ပဒိုကွယ်ထူးက ရှင်းပြသည်။ “သူတို့က ဘုရားသခင်တပ်မတော်ရဲ့ တိုက်ခိုက် ရေး သမားတွေကို စီးကရက်တွေ၊ မုန့်ပဲသရေစာတွေနဲ့ လာဘ်ထိုးခဲ့တယ်။ အဲဒီ အချိန်ကတည်းက အမွှာညီအစ်ကိုဟာ ဆေးလိပ်ကို မပြတ်သောက်တော့တာပဲ” ထိုင်းနိုင်ငံတွင်းပစ်မှတ်များ လွန်ခဲ့သည့် (၉) နှစ်က အတိအကျပြောရလျှင်ယနေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံးအား (၂၅) နာရီကြာဝင်ရောက် စီးနင်းမှုကို စွမ်းအား မြှင့် စစ်သည်များက စည်းရုံးလုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် လက်ပစ်ဗုံးများနှင့်သေနတ်များကို ဘုရားသခင်တပ်မတော်စခန်းမှ ရရှိခဲ့ သည်။ သံရုံးဝန်ထမ်းများ၊ နိုင်ငံခြားသားများ အပါအဝင် လူ(၈၉) ဦးအား ဓားစာခံ အဖြစ်ဖမ်းဆီးခဲ့သည်။ ထိုင်းအရာရှိများနှင့်စေ့စပ်ဆွေးနွေးပြီးနောက် စွမ်းအားမြှင့်စစ်သည်များနှင့်ဓားစာခံအချို့ကို ဘန်ကောက်မှ မြန်မာပြည်တွင်းရှိ ဘုရားသခင် တပ်မတော်စခန်းသို့ လေယာဉ်ဖြင့်ပို့ဆောင်ခဲ့သည်။ ထိုစခန်း၌ ရွှေဗျားခေါင်းဆောင်သည့် ဘုရားသခင်စစ်သည်များအဖွဲ့က စောင့်ဆိုင်း ကြိုဆိုခဲ့ကြသည်။ ပဒိုကွယ်ထူးပြောပြချက်အရဆိုလျှင် သံရုံစီးနင်းမှုမစခင် ထိုင်းနယ်စပ်မှ မီတာ (၃၀ဝ-၄၀ဝ) ခန့်ဝေးသည့်နေရာ၌ ဟယ်လီကော်တာဆင်းရန်ကွင်းအတွက် ဘုရားသခင် တပ်မတော်က သစ်တောများကို ခုတ်ထွင်ရှင်းလင်းခဲ့ရသည်။ ၁၉၉၉၊ ဇွန်လအစောပိုင်းက ပဒိုကွယ်ထူးသည် စွမ်းအားမြှင့်အဖွဲ့၏တပ်မှူး ရဲသီဟထံမှ မြန်မာပြည်တွင်းဝင်ပြီးလှုပ်ရှားမှုလုပ်ရန် ခရီးသွား ခွင့်တောင်းခံသည့် စာတစောင် လက်ခံရရှိခဲ့သည်။ “ကျနော်စာမပြန်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျနော် သူ့ကို မသိဘူးလေ၊ နောက်ပိုင်း ကျနော်ကြားတာက တကိုးလန်းရွာမှာ စွမ်းအားမြှင့်အဖွဲ့သားတွေ ရောက်တယ်၊ နောက်ပြီး ဘုရားသခင်တပ် မတော်ဌာနချုပ်ကို ရွှေ့လာ တယ် ဆိုတာပဲ” “ကျနော်ထင်တာ က သူတို့ မြန်မာပြည်တွင်းမှာ တခုခုလုပ်ချင်တယ်။ ထိုင်းထဲမှာတော့ စစ်ဆင်ရေးတခုလုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ သံသယ မဖြစ်ခဲ့ဘူး” ဟု ကွယ်ထူးက ပြောပြသည်။ သံရုံးစီးနင်းမှုနောက်ပိုင်း၊ ၂၀ဝ၀ခု၊ ဇန်နဝါရီလ၊ (၂၄) ရက်နေ့တွင် နောက်ထပ်အဖြစ်အပျက်တခု ဖြစ်ပွားခဲ့သည်။ ဤ အခါ၌ စွမ်းအားမြှင့် အဖွဲ့ဝင် (၃)ဦးနှင့်အတူ ဘုရားသခင်တပ်မတော်သား (၇)ဦး ပါဝင်ခဲ့ပြီး ထိုင်းနယ်စပ်အနီး ဘတ်စ် ကားတစီးကို ပြန်ပေးဆွဲပြီး ဒရိုင်ဘာအား ရတ်ချ်ဘူရီသို့ အတင်းမောင်းစေသည်။ ထို့နောက် ရတ်ချ်ဘူရီဆေးရုံအား ထိမ်းချုပ်လိုက်ကြသည်။ လူနာများ၊ ဝန်ထမ်းများအပါအဝင် လူပေါင်းရာအချို့ကို (၂၂)နာရီခန့်ကြာ ဓားစာခံအဖြစ် ထိန်းသိမ်းခဲ့သည်။ သူပုန်များက အချက်အချို့ တောင်းဆိုကြသည်။ ၎င်းတို့အနက် တခုမှာ ၎င်းတို့၏လူနာများနှင့် ဒဏ်ရာရသူများကို ပြုစုကုသရန်အတွက် ထိုင်းဆရာဝန်များနှင့်သူနာပြုများကို ၎င်းတို့ဒေသသို့ စေလွှတ် ပေးရန်ဖြစ်သည်။ ထိုအချိန်က ထိုင်းနယ်စပ်အနီးရှိ ၎င်းတို့၏တောင်ပေါ်စခန်းသည် မြန်မာစစ်သားများ၏ တပတ်ကြာ အဆက်မပြတ် တိုက်ခိုက်မှုခံနေရသည်။ ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေနှင့် နယ်စပ်ကို ဖွင့်ပေးရန်နှင့် ၎င်းတို့၏ဘုရား သခင်တပ်မတော်သား (၂၀ဝ) ခန့်ကို ထိုင်းနိုင်ငံတွင်ခိုလှုံခွင့်ပြုရန် ထိုအုပ်စုက တောင်းခံခဲ့သည်ဟု ၎င်းတို့ကအခိုင်အမာပြောဆိုသည်။ လက်နက်ချရန်သဘောတူ ပြီးနောက် ထိုင်းကွန်မန်ဒိုများက ဆေးရုံကိုဝင်စီးပြီး ပြန်ပေးသမားအား လုံး (၁၀) ဦးကို ပစ်သတ်လိုက်သည်။ မြန်မာသံရုံးနှင့်ရတ်ချ်ဘူရီဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခြင်းသည် ဘုရားသခင်တပ်မတော်နှင့် စွမ်းအားမြှင့်အဖွဲ့များအတွက် ကြီးမားလှ သည့် နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။ ယခုအခါ ထိုင်းနိုင်ငံသည် နအဖ ပြီးလျှင် ထိုအဖွဲ့များသည် သူတို့၏ ဒုတိယရန်သူ ဖြစ်လာတော့သည်။ ဟု ကွယ်ထူးက ပြောဆိုသည်။ “ဆေးရုံဝင်စီးအပြီးမှာ ဘုရာသခင်တပ်မတော်ရဲ့ကံကြမ္မာဟာ လမ်းဆုံး သွားပြီ။ အလှူရှင်တွေကလည်း မပေးတော့ဘူး” “ သံရုံးမစီးခင်နဲ့စီးအပြီးမှာ သူတို့ရဲ့ အမိမြေလွတ်မြောက်ရေးတိုက်ပွဲမှာ စွမ်းအားမြှင့် အဖွဲ့နဲ့ ပေါင်းခဲ့တာဟာ လမ်းမှားကို ရွေးလိုက်တာပဲ ဆိုတာကို ဘုရားသခင်တပ်မတော်ရဲ့ခေါင်းဆောင်တွေနဲ့ အမွှာညီအစ်ကိုတွေ သဘော ပေါက်နားလည်စေဖို့ KNU က အပြင်းအထန်ကြိုးစားခဲ့တယ်။ မအောင်မြင်ဘူး။ သူတို့ကတိတွေကို မယုံဖို့နဲ့ KNU ထဲက သူတို့ရဲ့ ညီအစ်ကိုတော်တွေစကားကိုသာ နားထောင်ဖို့ ပြောပြတယ်။ စွမ်းအားမြှင့်အဖွဲ့က ဘုရားသခင်တပ်မတော်ကို အသုံးချနေတာ။ လှည့်စား နေတာ။ ယူနီဖောင်းသစ်တွေ၊ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ လက်နက်ခဲယမ်းတွေ ပေးမယ်လို့ ကတိတွေပေးခဲ့ကြတယ်။ ဒါအတွက် ပြန်ပြီး သူတို့ကိုထောက်ခံဖို့ ပြောတယ်။ သူတို့ကတိတွေ ဘာတခုမှ ဖြစ်မလာဘူး” ဟု ကွယ်ထူးက ပြောပြသည်။ အဖြေရှာကြည့်ခြင်း မြန်မာသံရုံးတိုက်ခိုက်မှုကို စွမ်းအားမြှင့်အဖွဲ့မှ ကျော်နီ (သို့မဟုတ်) ဂျော်နီကြီးကဦးဆောင်ခဲ့သည်။ ရတ်ချ်ဘူရီအရေးအခင်အပြီးနောက်ပိုင်းတွင် ဘုရားသခင်တပ်မတော်မှ စစ်သည်များသည် ဂျော်နီ(ကြီး)အပေါ် စိတ်ပျက်လာကြသည်။ နောက်ဆုံး၌ အမွှာညီအစ်ကိုသည် စွမ်းအားမြှင့်အား ထောက်ခံနေမှုကို ရုပ်သိမ်းလိုက်တော့သည်။ ဂျော်နီ(ကြီး)နှင့်အမြဲတွဲနေသည့် ဂျော်နီထူးသည်ပင်လျှင် ဂျော်နီ(ကြီး)အား ဆန့်ကျင်လာသည်။ ဘုရားသခင် တပ်မတော်သည် KNU စကားကို နားထောင်စပြုလာသည်။ သို့သော်အလွန်နောက်ကျနေပေပြီ။ အမှားများလုပ်ပြီးကုန်ပေပြီ။ အမွှာညီအစ်ကိုက ထိုင်းသတင်းစာခေါင်းကြီးပိုင်းတွင် ၎င်းတို့အား မည်သူမျှမကူညီကြဟု ပြောဆိုနေပေပြီ။ သတင်းစာက “သူတို့ကို ဘာသာရေးတယူသန်အုပ်စုအနေနဲ့ လူတွေသိအောင် ဖော်ပြတာ ဖြစ်တယ်” ဟု ကွယ်ထူး က ပြောပြသည်။ နအဖ အား (၄) ရက်နီးပါးကြာ လက်နက်ကိုင်ခုခံဆန့်ကျင်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များကလည်း အဆက်မပြတ် လိုက်နေမှုကြောင့် ဆာလောင်မွတ်သိပ်ပြီး အားပြတ်ကာ မျှော်လင့်ချက်မဲ့နေသည့် ဂျော်နီထူးနှင့်လူသာထူးအပါအဝင် ဘုရား သခင်တပ်မတော်သား (၂၀) ခန့် သည် ၂၀ဝ၁၊ ဇန်နဝါရီလတွင် ထိုင်းအာဏာပိုင်မျာထံ လက်နက်ချခဲ့ကြသည်။ ဆွမ်ဖုန်တွင် ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင်က အမွှာ ညီအစ်ကိုအား တွေ့ဆုံပြီး စကားပြန်မှတဆင့် သူတို့နှင့်စကားပြောခဲ့ကြသည်။ ၂၀ဝ၃၊ ဇွန်လ၊ ၁၂ရက်က ကန်ချနဘူရီတွင်ရှိသည့် တုံယန်း ဒုက္ခသည်စခန်း၌ အမွှာညီအစ်ကို ကို ကျနော်တွေ့ခဲ့သည့်အချိန်၌ နှစ်ယောက်စလုံးက မည်သည့်အခါမှ လက်နက်ကိုင်တော့မည် မဟုတ်ကြောင်းပြောခဲ့သည်။ “ကျနော်တို့အိမ် ပြန်ချင်တယ်၊ မိတ်ဆွေတွေ ကို တွေ့ချင်တယ်” ဟု ထိုအချိန်က လူသာ က ပြောပြသည်။ ဘုရားသခင်တပ်မတော်တွင်ပါဝင်ခဲ့ကြသူများသည် မတူသည့်လမ်းအသီးသီးဆီသို့ ထွက်ခွာသွားကြပေပြီ။ ယခင် အတွင်းရေးမှူချုပ်ဖြစ်သူ စောတိုးတိုးနှင့်အခြားသူများသည် အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရခဲ့ကြသည်။ သို့သော် ကရင်ဒေသခံအများစုမှာတော့ ကံမကောင်းချေ။ နအဖ ထိုးစစ်များ ပြင်းထန်လာပြီးနောက်ပိုင်း ၂၀ဝ၀ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နှင့် ၃ရက်နေ့တွင် ဘုရားသခင် တပ်မတော်မှ စစ်သည်များ နှင့်ဆွေမျိုးများသည် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ရောက်ရှိလာကာ ဒုက္ခသည်စခန်းများတွင် လမ်းဆုံးခဲ့ကြပေတော့သည်။ ထိုင်း အာဏာပိုင်များကလည်း ၎င်းတို့၏ ဆွေမျိုးများကို တကိုးလန်းရွာမှ နှင်ထုတ်လိုက်ကြပြီး ဒုက္ခသည်စခန်းများသို့ပို့ပစ်ကာ ဘုရားသခင် တပ်မတော်အား လက်စားချေကြသည်။ စွမ်းအားမြှင့်တပ်မှူး ရဲသီဟ ကား ပို၍ ကံကောင်းသည်။ ၎င်းအားဖမ်းဆီးရန် ၎င်းနေထိုင်သည့် ဘန်ကောက်ရှိ တိုက်ခန်းအပြင်ဘက်၌ ရဲတပ်ဖွဲ့ကစောင့်ဆိုင်းနေစဉ် ရဲတပ်ဖွဲ့ထံသို့ဖုန်းဖြင့် အမိန့်တခု ဝင်ရောက်လာသည်။ ၎င်းမှာ ရဲသီဟသည် နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီတခုအတွက် အလုပ်လုပ်နေသူဖြစ်ကြောင်း ဤအကြံပြုချက်အား ယုံကြည်လက်ခံပြီး ၎င်းအားဖမ်းဆီးမည့် စစ်ဆင်ရေးကို ဖျက် သိမ်းရန်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကမ်းလှမ်းခံရပြီးနောက်ပိုင်း၊ ၂၀ဝ၃ ဩဂုတ်လ၌ ရွှေဗျား သည် နအဖ ထံသို့ လက်နက်ချခဲ့သည်။ နောက်ပိုင်းတွင် လုပ်ဖော်ကိုင်ဖက်တဦးမှတဆင့် အမွှာညီအစ်ကိုဆီသို့ ဆက်သွယ်ခဲ့ပြီး နအဖ ထံ လက်နက်ချပါက အထူးအခွင့်အရေးများပေးမည် ဖြစ်ကြောင်းဆွဲဆောင်စည်းရုံးခဲ့သည်။ နောက်ဆုံး ၂၀ဝ၆ ဇူလိုင်လတွင် ဂျော်နီသည် သူ၏ဖခင်နှင့် အခြား အဖွဲ့ဝင်အချို့နှင့်အတူလက်နက်ချခဲ့သည်။ ၂၀ဝ၆၊ ဇူလိုင် ၂၆ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ယူနီဖောင်းများဝင်ဆင်ထား သည့် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မျက်နှာများဖြင့် လူ(၁၀) ဦး၏ ဓာတ်ပုံနှင့်တကွ ၎င်းတို့၏လက်နက်ချသတင်းကို ဖော်ပြခဲ့သည်။ ဓာတ်ပုံထဲတွင် ဂျော်နီထူးသည် လက်နက်ခဲယမ်းများစီထားသည့်အတန်း၏နောက်တွင် ရပ်နေသည်။ တဖက်နိုင်ငံတွင်အခြေစိုက်ထားသည့် ဘုရားသခင်တပ်မတော်မှ ဂျော်နီထူးခေါင်းဆောင်သည့် လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင် (၉) ဦး၊ တရားဥပေဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ပြီဟု သတင်းကဖော်ပြထားသည်။ ဂျော်နီလက်နက်ချပြီးနောက် လူသာထူးသည် ၎င်း၏ အကိုနှင့်ပတ်သက်ပြီးအခြေအနေသိရန် ကြိုးစားနေသည့်ကွယ်ထူးနှင့် ဆက်သွယ်ခဲ့ သည်။ ဂျော်နီနှင့်ဆက်သွယ်ရန် ကြိမ်ဖန်များစွာကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရကြောင်း ကွယ်ထူးက ပြောပြသည်။ မကြာသေး မီက လူသာသည် ၎င်းအစ်ကိုထံမှ သတင်းတခုရခဲ့သည်မှာ “တကယ်လို့ တယောက်ယောက်က မင်းဆီကို လက်နက်ချဖို့လာပြီး စည်းရုံး တယ်ဆိုရင် သူ့ကို သတ်ပစ်လိုက်ပါ။ ဘယ်တော့မှ မယုံပါနဲ့” ဟု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခိုင်လုံသောသတင်းရပ်ကွက်အဆိုအရ ဂျော်နီသည် ထားဝယ်အရှေ့ဘက်ရှိ မေတ္တာမြို့တွင် ၎င်း၏ဇနီးနှင့်အတူ နေထိုင်လျက် ရှိသည်။ ဇာခန်းဆီး နောက်ကွယ်က သစ္စာဖောက်မှုလေလား? ဂျော်နီနှင့်လူသာထူးတို့အား ကြိုးကိုင်အမြတ်ထုတ်နေသည့် လူများသည် ထိုင်းပြည်သူများအား အကြီးအကျယ်ဒုက္ခရောက်စေသည်။ အထင်ရှားဆုံးဥပမာပြရလျှင် ၁၉၉၉၊ နိုဝင်ဘာ ၄ ရက်နေ့က ဖြစ်ပွားသည့်ကိစ္စက အမွှာညီအစ်ကိုအား အမြတ်ထုတ် အသုံးချခဲ့မှုပင် ဖြစ်သည်။ မိုးသဲနေသော ထိုညနေခင်း၌ ဂျော်နီနှင့်ဗေဒါအား လက်နက်ချရေး စည်းရုံးရန်လွှတ်လိုက်သည့် ထိုင်းစစ်တပ်နှင့် ရဲအရာရှိများ ပါဝင်သည့် အဖွဲ့တဖွဲ့သည် ထိုင်းမြန်မာနယ်စပ်တောတွင်း တနေရာတွင် ဘုရားသခင်တပ်မတော်၏ လက်နက်ကိုင်စစ်သည်များနှင့် ရင်ဆိုင် နေရသည်။ ထိုင်းအရာရှိများက ၎င်းတို့အား ကောင်းကောင်းမွန်မွန် ဆက်ဆံပါမည်ဟု ကတိပေးကြသည်။ မနီလွိုင်းဒုက္ခသည်စခန်းမှ ရောက်ရှိလာကြသည့် စွမ်းအားမြှင့်စစ်သည်အချို့ကလည်း ဂျော်နီနှင့်ဗေဒါတို့အား လက်နက်စွန့်ရန် ပန်ကြားခဲ့ကြသည်။ သို့သော် နှစ်ဦး စလုံးက ငြင်းပယ်ကြသည်။ စိတ်အပြောင်းအလဲမြန်သော ဂျော်နီက သူ၏ AK47 မောင်ပြန်ရိုင်ဖယ်ဖြင့် ထိုင်းအရာရှိများအား ထိုးချိန် လိုက်သည်။ အဆုံးတွင် ဂျော်နီက သူနှင့်ဗေဒါတို့၏ကံကြမ္မာကို ဆုံးဖြတ်ရန် အမွှာညီအစ်ကိုအား အပ်နှံလိုက်သည်။ ဂျော်နီအား အလွန် လေးစားအားကျသည့် ရွှေဗျားက ဘာလုပ်ရမည်ဆိုသည်ကို သေချာပေါက်သိသည်။ “မင်းတို့အနေနဲ့ဂျော်နီကြီးနဲ့ဗေဒါကို ဒီကနေ (ဘုရားသခင်တပ်မတော်)ထွက်သွားစေချင်လား၊ ထိုင်းအရာရှိတွေနဲ့ အတူလိုက်သွားစေချင် သလား။” ဟု ကရင်စကားပြန်က အမွှာ ညီအစ်ကိုအားမေးလိုက်သည့် အချိန်၌-- ”ဟုတ်ကဲ့။ သွားစေချင်ပါတယ်“ ဟု နှစ်ယောက်စလုံးက ဖြေလိုက်သည်။ သို့သော် စကားပြန်က ရွှေဗျား၏အမိန့်အတိုင်း ပြောင်းပြန်ပြန်ပြောလိုက်သည်။ ဤအချက်မှာ မကြာသေးမီက စာရေးသူ နှင့်လူသာထူးတို့ ပြန်လည်တွေ့ဆုံသောအခါက သိလိုက်ရခြင်းဖြစ်သည်။ ၎င်းအချက်ကို ထိုအချိန်ကအတူရှိနေသည့် အခြားတယောက် ကလည်း ထပ်မံထောက်ခံအတည်ပြုခဲ့သည်။ စကားပြန်က အမွှာညီအစ်ကိုနှစ်ယောက်၏စကားအား လိမ်လည်လှည့်ဖျားမပြောခဲ့လျှင် ရတ်ချ်ဘူရီဆေးရုံကြေကွဲစရာ အဖြစ် အပျက်လည်း ဖြစ်လိမ့်မည်မဟုတ်ပေ။ ဂျော်နီနှင့်ဗေဒါတို့အား လက်နက်ချရေးစည်းရုံးရန် သွားရောက်ခဲ့သည့် ထိုင်းအရာရှိတို့၏ ခရီးစဉ်မတိုင်မီက ဝန်ကြီးချုပ် ချွန်လိပိုင်ထံသို့ ၎င်းတို့နှစ်ဦးက စာတစောင်ရေးသားပေးပို့ခဲ့သေးသည်။ ၁၉၉၉၊ အောက်တိုဘာ၊ (၁၂) ရက်နေ့၊ နေ့စွဲပါ ၎င်းစာထဲ၌ စွမ်းအားမြှင့် အဖွဲ့ခေါင်းဆောင်များသည် ၎င်းတို့၏ လုပ်ရပ်များအား တောင်းပန်ထားပြီး မြန်မာသံရုံး စီးနင်းမှု၏ နောက်ကွယ်မှ ရည်ရွယ်ချက်များအား ရှင်းပြထားသည်။ ထိုင်းအစိုးရနှင့်ပြန်လည်သင့်မြတ်စေရေး နောက်ထပ်ဖော်ပြမှုတခုတွင် သံရုံးသိမ်းသည့်နေ့က သံရုံးစောင့်ရှောက်နေ သည့် ထိုင်းအထူးရဲတပ်ဖွဲ့အရာရှိတဦးထံမှ သိမ်းထားသည့် ပစ္စတိုတလက်ကို စွမ်းအားမြှင့်အဖွဲ့က ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ၁၉၉၉၊ အောက်တိုဘာ၊ ၂ ရက်က တကိုးလန်းရွာတွင် ရွှေဗျားကိုယ်တိုင် ထိုင်းအရာရှိများအား ပြန်လည်လွှဲပေးခဲ့ကြောင်း စသည်တို့ ဖော်ပြထား သည်။ စွမ်းအားမြှင့်အဖွဲ့က ဤကမ်းလှမ်းချက်များလုပ်ပြီးနောက်ပိုင်း၌ ဂျော်နီနှင့်ဗေဒါတို့ လက်နက်မချခဲ့ခြင်းသည် စိတ်ရှုတ်စရာ ခေါင်းခြောက်စရာ ဖြစ်ရသည်ဟု ထိုင်းလုံခြုံရေးအရာရှိ တဦးက မကြာသေးမီက မှတ်ချက်ချပြောဆိုခဲ့သည်။ ၁၉၉၉၊ နိုဝင်ဘာ၊ ၄ ရက်က ဂျော်နီနှင့်ဗေဒါသည် ထိုင်းများထံသို့ လက်နက်ချရန်မရည်ရွယ်ခဲ့ကြောင်း၊ သို့သော် ၎င်းတို့၏ သဘောထားကို လေ့လာပြီးနောက် ၎င်းတို့အနေဖြင့် ဤကဲ့သိုလုပ်ခဲ့လျှင် ထိုင်းထောင်ထဲတွင် နှစ်ပေါင်းများစွာ အကျဉ်းကျခံရမည် သို့မဟုတ် နအဖထံသို့ လွှဲပြောင်းပေးခြင်းခံရပြီး အဆုံးစီရင်ခြင်းခံရမည်ဟု ကြားခံအဖွဲ့တခုက ၎င်းတို့အား သတိပေးခဲ့သည်ဟု စွမ်းအားမြှင့်စစ်သည်တဦးက ထုတ်ဖော်ပြောဆိုသည်။ “ထူးခြားတာက သူတို့တွေ လျှို့ဝှက်ချက်တွေကို ထိုင်းစုံစမ်းစစ်ဆေးသူတွေဆီ ဒါမှမဟုတ် မီဒီယာတွေဆီကို ဖော်များဖော်လိုက်မလား၊ မီဒီယာက တချို့လူတွေပါနေတာကို ဖော်လိုက်နိုင်တယ်ဆိုပြီး တယောက်ယောက်က ကြောက်နေတယ်” ဟု စွမ်းအားမြှင့် သတင်းရပ်ကွက်က ပြောဆိုသည်။ ဗေဒါသည် ရတ်ချ်ဘူရီဆေးရုံ ဝင်စီးစဉ်က အသတ်ခံလိုက်ရပြီး၊ ဂျော်နီမှာ ပြည်ပရောက် နေသူအချို့က ၎င်း၏ရှေ့ရေးအတွက် ဆွေးနွေးရန် တောစခန်းတခုတွင် တွေ့ဆုံခဲ့အပြီးမကြာခင်၊ လွန်ခဲ့သည့် နှစ်အချို့က လျှို့ဝှက် ဆန်းကျယ်သည့်အခြေအနေများအောက်၌ အဖြောင်ခံလိုက်ရသည်။ ၁၉၉၇၊ မတ်လ စတင်ဖွဲ့စည်းချိန်မှ ၂၀ဝ၁၊ ဇန်နဝါရီလ၊ ပြည်ဖုံးကားချသည်အထိ ဘုရားသခင်တပ်မတော်၏ ဆုံးရှုံးမှုမှာ တန်ဖိုးကြီးမား လှပေသည်။ ကရင်ပြည်သူများအတွက်ရော၊ ဒီမိုကရေစီလှုပ်ရှားမှုအတွက်ပါ အကျိုးမရှိခဲ့ချေ။ အကျိုးရှိသူတစုကတော့ ပြည်ပရောက် အချောင်သမား အနည်းငယ်၊ ၎င်းတို့၏ပင်မအဖွဲ့အစည်းများ၊ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့အချို့နှင့် နအဖတို့ပင် ဖြစ်သည်။ သံရုံးနှင့်ဆေးရုံစီးနင်းမှုသည် ဒီမိုကရေစီလှုပ်ရှားမှုကို အပေါ်ယံအားဖြင့် အာရုံစိုက်လာစေခဲ့ပြီး ထိုင်းအစိုးရနှင့် ထိုင်းပြည်သူများ၏ ရပ် တည်ချက်သဘောထားက ၎င်းတို့အား ဘက်ပြန်သွားစေသည့်အတွက်ကြောင့် အကယ်စင်စစ်အားဖြင့် အဓိကအနှောက်အယှက်ပင် ဖြစ် သည်ဟု မြန်မာအတိုက်အခံခေါင်းဆောင်အများစုက မြင်ကြသည်။ သို့သော် လုံခြုံရေးသတင်းရပ်ကွက်အဆိုအရဆိုလျှင် ဘန်ကောက်ရှိ အထူးလုပ်ငန်းဆောင်ရွက်သည့် နိုင်ငံခြားအဖွဲ့တခုက မြန်မာသံရုံး စီနင်းမှုမှ အတော်ပင်အကျိုးအမြတ်ရရှိခဲ့သည်။ သံရုံး စတင်စီးနင်းပြီးနောက်မကြာမီအတွင်းမှာပင် ဆာ့ထုံးလမ်းမကြီးပေါ်ရှိမြန်မာသံရုံးမှ ထွက်ခွာလာသည့် ဗင်ကား (၃) စီးအနက်မှ (၁) စီးသည် အနီးရှိအခြားသံရုံးဝင်းအတွင်းသို့ ဝင်သွားခဲ့သည်။ ထိုကားပေါ်တွင် အမှိုက်ထည့် သည့် အိတ်ကြီးများဖြင့်ထုပ်ပိုးထားသည့်စာရွက်စာတမ်း အမြောက်အမြား ပါသွားခဲ့သည်ဟု ထိုသတင်းရပ်ကွက်က ပြောဆိုသည်။ မြန်မာ သံအမတ်ကြီးရုံးခန်းအတွင်းရှိ စာရွက်စာတန်းများထားသည့်အလုံခန်းမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုနှင့် ပတ်သက်သည့် သတင်းပေးများ၏ကိုယ်ရေးမှတ်တမ်း အထောက်အထားများအပါအဝင် လျှို့ဝှက်စာရွက်စာတန်းအမြောက်အမြားကို သယ်ထုတ်ရန် စွမ်းအားမြှင့်အဖွဲ့က တနည်းနည်းဖြင့် တာဝန်ယူစီမံလုပ်ဆောင်ခဲ့သည်ဟု ထိုသတင်းရပ်ကွက်ကပင် ပြောဆိုသည်။ အောက်တိုဘာ ၂ ရက်နေ့တွင် အကူအညီပေးရန်ခေါ်ထားသည့် ပြည်ပရောက်ထင်ရှားသည့် မြန်မာအတိုက်အခံတဦး က စာရွက်စာတမ်း များကို အရေးကြီးမှုအလိုက်ရွေးချယ်ပေးသည်။ ထိုလူကို ရက်အချို့ကြာ အိမ်ပြန်ခွင့်မပေးချေ။ နောက်ပိုင်း ၂ လ ခန့်အကြာ၊ ၁၉၉၉၊ ဒီဇင်ဘာ၊ (၁) ရက်နေ့တွင် နှလုံးရောဂါဖြင့် သေသွားသည်ဟု ဆိုသည်။ ပတ်ဝန်းကျင်စကားများအရ နိုင်ငံခြားထောက်လှမ်းရေးအရာရှိ အချို့နှင့်တွေ့ဆုံပြီးနောက်ပိုင်း နိုဝင်ဘာလကုန်၌ သူသည် ထိတ်လန့်တုန်လှုပ်နေပုံပေါ်ပြီး နှုတ်မှလည်းရှည်ရှည်ဝေးဝေးမဟုတ်ဘဲ “သူ ဒါမျိုးလုပ်မှာမဟုတ်ပါဘူး” ဟု စိတ်လှုပ်ရှားစွာ ပြောဆိုနေသည်ဟု သိရှိရသည်။ နောက်ပိုင်း ရက်အနည်းငယ်အကြာ၌ ပိုမိုလုံခြုံစိတ်ချရသောနေရာသို့ရုံးပြောင်းရန် ၎င်းအား အမိန့်ပေးခဲ့သည်။ သူ့ အနေဖြင့် ထိုသို့လုပ်ရန် ဝန်လေးနေသည်။ ရွှေ့ပြောင်းနေစဉ်အတွင်းမှာပင် ကွန်ပြူတာသယ်နေစဉ် ရုတ်တရက်လဲကျသွားသည်။ ဘန်ကောက်တွင်ပြုလုပ်သည့် သူ၏အသုဘအခမ်းအနား၌ လာရောက်ပို့ဆောင်သည့် လွမ်းသူ့ပန်းခွေများထားရာနေရာသို့ မော်တော်ဆိုင်ကယ်ဖြင့် လူတယောက် ပန်းခွေ တခွေ လာချသွားပြီး၊ ရုတ်ခြည်းပျောက်ကွယ်သွားသည်။ ပန်းခွေပေါ်တွင် “VBSW” ဟု အတိုကောက်ရေးထားသည်။ ထိုစာတန်းကို အသုဘပို့သူရာနှင့်ချီသည့် လူအုပ်ထဲမှ ရှင်းရှင်းလင်းလင်းပင် မြင်တွေ့နိုင်ပေသည်။ ထိုအထဲတွင် အသုဘပို့ဆောင်သည့် လူအုပ်ကြီးအား ဓာတ်ပုံရိုက်ခြင်းဖြင့်အလုပ်ရှုပ်နေသည့် မြန်မာစကားမတောက်တခေါက်ပြောဆိုနေသည့် ထောက်လှမ်းရေးများပါဝင်ပေသည်။ မူရင်း (Reference: God's Army: The reason for the Burmese Embassy siege By Maxmilian Wechsler: Bangkokpost ,Sunday, 29 September 2008) အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%81%E1%80%84%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
သင်္ကြန်
သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။ ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသော ရာဇဝင် သိကြားမင်းနှင့် ဗြဟ္မာမင်းကြီး ( Arsi ) အငြင်းပွားကြရာ သိကြားမင်းနိုင်သဖြင့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကိုရခဲ့သည်။ ဗြဟ္မာမင်းကြီးမှာ တန်ခိုးကြီးလှသဖြင့် ထိုဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချလျှင် ရေခန်းမည်ဖြစ်ပြီး မြေကြီးမှာထားလျှင် မီးလောင်ပျက်စီးကြမည်ဖြစ်သည်။ လေထဲကို ပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်ကြမည်ဖြစ်သဖြင့် သိကြားမင်းက မည်သည့်နေရာတွင်မှ မထားလိုဘဲ လက်ထဲ၌သာ ကိုင်ထားရလေသည်။ နောက်ပိုင်းတွင် တန်ခိုးကြီးသော နတ်မင်းကြီးများကို တာဝန်လွှဲပြီး တစ်နှစ်လျှင် နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားရန် မိန့်ဆိုသည်။ ဦးခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦးလွှဲမည့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပြီး ထိုအကူးအပြောင်းကာလကို 'သင်္ကန္တ'အခါဟု ဆိုကြသည်။ နှစ်တစ်နှစ်ပြည့်သည်ဟုလည်း သတ်မှတ်သည်။ ထိုကာလ၌ သိကြားမင်းသည် လူ့ပြည်တွင် ကောင်းမှုကုသိုလ်ထွန်းကားရန်နှင့် ဗုဒ္ဓသာသနာပြန့်ပွားရန်အတွက် လူ့ပြည်ဆင်းကာ ဆောင်ရွက်လေ့ရှိသည်။ မှတ်တမ်းများကို မှတ်သားသည်ဟုလည်းဆိုသည်။ ကောင်းသူများကို ရွှေပေလွှာတွင် ရေးမှတ်ပြီး၊ မကောင်းသူများကို ခွေးသားရေတွင် ရေးမှတ်သည်။ (သေခါနီးစိတ်၊ ခန္ဓာငါးပါးချုပ်ပုံ၊ အကုသိုလ်သဘောနှင့် ငရဲ၊ ယမမင်း စသည့်အကြောင်းများကို ဘုရားရှင်က အဘိဏှသုတ်တွင် ဟောကြားခဲ့ပြီးဖြစ်သဖြင့် ထိုသို့ရေးမှတ်သည်ဆိုသည်မှာ မည်သို့မျှ အကျိုးအကြောင်းမရှိပေ။ ဆိုလိုသည်မှာ သိကြားမင်းက မည်သို့မျှ အရေးမပါ၊ သတ္တဝါတိုင်း မိမိကံနှင့်မိမိသာဖြစ်သည်။) ထို့အပြင် ဘုရားရှင်များလက်ထက်ကပင် နတ်နှင့်သိကြားတို့သည် တရားနာလိုလျှင် ညသန်းခေါင်ကျော် လူသူကင်းရှင်းချိန်မှသာ လာလေ့ရှိသည့် သာဓကများရှိပေသည်။ မင်္ဂလသုတ်၊ သက္ကပညာသုတ၊ အာနာပါနသုတ် စသည်တို့မှာ ညအချိန်တွင် ဟောကြားခဲ့သည့် သုတ်များဖြစ်ပေသည်။ အကြောင်းမှာ လူတို့၏ ဝမ်းထဲမှ အစာဟောင်းအနံ့ကို နတ်တို့က မခံနိုင်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ကြန်တွင် သိကြားမင်းက လူတို့အကြားဆင်းသည်ဟူသော အပြောမှာ မဖြစ်နိုင်ပေ။ မည်သို့ဆိုစေကာမူ အထက်ပါ ဇာတ်လမ်းအရဆိုလျှင် သိကြားမင်းဆင်းသည် ဆိုသော်ငြားလည်း ရေလောင်းခြင်းအမှုမှာ မပါဝင်သေးပေ။ နောက်ပိုင်းကာလများမှသာ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုသည့်သဘောဖြင့် ရေပက်ခြင်း၊ ရေလောင်းခြင်းဖြင့် ဆော့ကစားလာကြခြင်းဖြစ်သည်။ သို့ဖြင့် ကာလရှည်ကြာလာသောအခါ သင်္ကြန်၊ သိကြားမင်းနှင့် ရေပက်ခြင်းတို့မှာ ဇာတ်လမ်းအားဖြင့် တစ်သားတည်း ဖြစ်လာတော့သည်။ သို့ဖြင့် သိကြားမင်းသည် အကျနေ့တွင် လူ့ပြည်သို့ဆင်းသည်၊ အတက်နေ့တွင် လူ့ပြည်မှပြန်သည်၊ စသည်ဖြင့် ဆင့်ပွားဇာတ်လမ်းများပါ ထွက်ပေါ်လာတော့သည်။ နေနှင့်ကမ္ဘာလည်ပတ်ရာမှ ဆင်းသက်လာသော ရာဇဝင် ယခုဇာတ်လမ်းမှာမူ ဗုဒ္ဓဝင်ကျမ်းများ၊ ဗေဒင်ပညာရပ်များနှင့် ဆက်စပ်ပေသည်။ ကမ္ဘာကြီးက နေကိုလှည့်ပတ်ခြင်းကို မိဿရာသီမှ စတင်ကြည့်လျှင် ပြိဿ၊ မေထုန်... မိန်ရာသီသို့ရောက်သောအခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်ကာ တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီအစ သုညအင်္သာသို့ ဝင်သည်ဟု သတ်မှတ်ကာ နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်သို့ကူးပြောင်းရောက်ရှိသည်ဟု ဆိုသည်။ သင်္ကြန်ကျသည်ဟု သတ်မှတ်သည်။ သို့သော် နှစ်သစ်သို့ အမှန်တကယ်ကူးသည့် အချိန်မှာ နောက်ထပ် ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှဖြစ်သည်။ ထိုသို့ နေသွားလမ်းကို ၁၂ ရာသီခွင်နှင့် ညှိနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ခူးလအတွင်းတွင် သင်္ကြန်ကျရောက်လေသည်။ သဘာဝကျသည်တစ်ခုမှာ တန်ခူးဟူသည့် ဝေါဟာရမှာ တာကူးမှ ဆင်းသက်လာခြင်းဖြစ်ပြီး တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီသို့ ကူးပြောင်းသည်ကိုရည်ရွယ်၍ ရှေးမြန်မာပညာရှိတို့က သတ်မှတ်အမည်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ယူဆပုံတစ်မျိုးမှာ တန်(ဝါ)တန်းမှာ ထန်းဖြစ်၍ ခူးမှာ ခူးဆွတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ထန်းသီးခူးသောလဟုလည်း အဓိပ္ပာယ်ရောက်သည်။ ဗုဒ္ဓကျမ်းဂန်များအရ ထိုကာလတွင် ဘုရားရှင်၏ မယ်တော်ဘက်မှ အမျိုးများရှိသည့် ဒေဝဒဟပြည်မှ မင်းသားမင်းသမီးများ ရေကစားသည့် ကာလဖြစ်သည်ဟုလည်းဆိုသည်။ (ဒေဝမှာ နတ်ဟူသော အဓိပ္ပာယ်သာမက၊ မင်းသားမင်းသမီးဟုလည်း အဓိပ္ပာယ်ရသည်။) ဘုရားရှင်လက်ထက်မတိုင်မီကပင် ထိုပူပြင်းသော မိန်ရာသီမှ မိဿရာသီသို့အပြောင်းတွင် ရေကစားလေ့ရှိသည်ဟုလည်း ဆိုသည်။ ယခုဇာတ်လမ်းများတွင်မူ သိကြားမင်းမပါတော့ပေ။ ဗုဒ္ဓဝင်နှင့် ဗေဒင်ကို ညှိနှိုင်းပြီး ရေကစားကြခြင်းသာဖြစ်သည်။ မြန်မာတို့နှင့် ယဉ်ကျေးမှုခြင်းတူညီသည့် ထိုင်း၊လာအို၊ ကမ္ဘောဒီးယား တို့တွင် မည်သို့သော အစဉ်အလာမျိုးရှိသည်ကိုမူ မသိရပေ။ အမည်အားဖြင့် ထိုင်းတွင် ဆောင်ခရန် (Songkran )၊ လာအိုတွင် ပီမိုင်( Pimai )၊ ကမ္ဘောဒီးယားတွင် (Chaul Chnam Thmey ) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ တစ်နှစ်ဟူသော ကာလအပိုင်းအခြား၊ မြန်မာလူမျိုးတို့၏သင်္ကြန်နှင့်၊ သင်္ကြန်အကျ၊ အတက် တွက်ချက်နည်း၊ သင်္ကြန်ကျပြီးဖြစ်သော်လည်း နှစ်သစ်သို့ ချက်ချင်းမကူးသေးသည်မှာ အဘယ်ကြောင့်နည်း၊ အတာပြည့်နှစ်ဟူသည် အဘယ်နည်း။ သင်္ကြန်။ ။ သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ဖြစ်သည်။ မြန်မာလူမျိုးတို့၏ ကျင်းပမြဲဖြစ်သော ၁၂ ရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင်ပွဲတော်သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသားပွဲတော်တစ်ခုဖြစ်သည်။ ဤသင်္ကြန်ရေသဘင်ပွဲတော်သည် မည်သည့်လူမျိုးတို့၏ ယဉ်ကျေးမှုများမှ ဆင်းသက်လာသနည်း၊ အဘယ်ကြောင့် သင်္ကြန်ကျချိန်တက်ချိန်ဟု ဖြစ်လာသနည်း စသောအချက်အလက်များကိုဖြေဆိုရန် သူရိယသိဒ္ဓန္တကျမ်း၊ သံဒိဋ္ဌကျမ်းစသော ဗေဒင်တွက်ရိုးကျမ်းများကို လေ့လာရန်လိုပေသည်။ မြန်မာဘုရင်များလက်အောက် ဝင်ရောက်အမှုထမ်း၍ သင်္ကြန်တွက်ရိုးကျမ်း၊ ဝေဒင်္ဂကျမ်း၊ အသီတိဓာတ်ကျမ်း စသည်တို့ဖြင့် မဟာသင်္ကြန်စာများထုတ်ကာ စီးပွားရှာခဲ့ကြ၏။ သင်္ကြန်၊ သက္ကရာဇ် စသောအကြောင်းများနှင့် စပ်လျဉ်း၍လည်း သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အချင်းဖြစ်ပွား၍ ကဝါလမိုင်း ဆရာထံ အဆုံးအဖြတ်ဝင်သည့်အခါ ဗြဟ္မာမင်းရှုံးသဖြင့် သိကြားမင်းက ဗြဟ္မာမင်းဦးခေါင်းကိုဖြတ်၍ နတ်သမီး ခုနစ်ဖော်အား အလှည့်ကျကိုင်ဆောင်စေသည့် အကြောင်းများ ပါရှိသော သင်္ကြန်သမိုင်းများကို ကြံဖန်ပြုလုပ်ခဲ့သည့်အပြင်၊ သက္ကရာဇ်ကိုတည်၍ ၇ခုနှင့်စား၊ ၈ခုစား၊ ၁၂ခုစား သင်္ကြန်ဟောကိန်းများလည်း တီထွင်ခဲ့ကြသည်။ ဘုရားပိဋကတ်တော်၌ သင်္ကြန်ကျခြင်း၊ တက်ခြင်း အကြောင်းများမပါချေ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ၌ ကျင်းပလေ့ရှိသော နက္ခတ်ပွဲသဘင်များအကြောင်းသာ ဖော်ပြထားလေသည်။ သို့သော် ကမ္ဘာပေါ်ရှိ လူမျိုးတို့သည် မိမိတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေမည်။ သိုးဆောင်းလူမျိုးများနှင့် ယင်းတို့၏ အယူဝါဒကိုကျင့်သုံးသော လူမျိုးအပေါင်းတို့သည် ဇန်နဝါရီလ ၁ ရက် နှစ်ဆန်းရက်ဖြစ်၍ ဒီဇင်ဘာလ ၃၁ ရက် ညဉ့်သန်းခေါင်မတိုင်မီ အခါက နှစ်သစ်ကူးရက်ကြို ပျော်ရွှင်ပွဲများ ကျင်းပကြ၏။ အချို့ကလည်း ဘုရားကျောင်းများတွင် နှစ်ကူးအချိန်အခါ၌ ဆုတောင်းမေတ္တာများ ပို့သကြ၏။ ဤသည်ကိုလည်း သိုးဆောင်းနှစ်ကူးသင်္ကြန်ဟု ခေါ်ဆိုနိုင်သည်။ တရုတ်လူမျိုးများလည်း နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလအတွင်း အကြီးအကျယ် ကျင်းပသကဲ့သို့ ဟိန္ဒူ-ဗင်္ဂါလီ လူမျိုးတို့လည်း မတ်လအတွင်း မိမိတို့လူမျိုး အချင်းချင်း ဆေးနီရေများဖြင့် မေတ္တာရေစင်များ လောင်းစားကြ၍ နှစ်ကူးသင်္ကြန်ပွဲတော်များ ပျော်ရွှင်စွာကျင်းပကြ၏။ နှစ်ဆန်းတစ်ရက်နေ့ မြန်မာလူမျိုးတို့၏ နှစ်ကူးသင်္ကြန်ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်သောဓလေ့အတိုင်း ရှေးယခင်ကာလများ၌ မိဘဆရာသမားများနှင့် သက်ကြီး ဝါကြီးများကို သနပ်ခါးနံသာရေများ၊ သပြေခက် ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထရှိခဲ့ကြသည်။ သို့ရာတွင် ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အလွန်အကြူးအပြန်အလှန် ရေကစားမှုများ၊ အားကစားစိတ်ဓာတ် သဘောမျိုးဖြင့် အပြိုင်အဆိုင်စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ်ဆင်နွှဲမှုများ ဖြစ်လာခဲ့သည်။ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံနှင့် ရေပက်ကစားရာတွင်​ ဘုရင်က အကျီစားလွန်သဖြင့် စောလုံစိတ်ဆိုးကာ ဘုရင်ကို သေကြောင်းကြံသောကြောင့် စောလုံကွပ်​မျက်​ခံရသည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ရေ ကစားသည့်အလေ့သည် ပုဂံခေတ်ကပင်ရှိခဲ့ပြီဟု မှတ်ယူဖွယ်ရှိသည်။ အတာသင်္ကြန်တစ်ကြိမ်မှ နောက်တစ်ကြိမ်ကာလသည် တစ်နှစ်တာအပိုင်းအခြားကာလဖြစ်သည်။ စကြဝဠာအတွင်းရှိ ဂြိုဟ်နက္ခတ်တာရာများတွင် သူရိယနေမင်းကိုဗဟိုပြု၍ လှည့်လည်သွားသည့်အခါ တစ်ပတ်မြောက်ကာလသည် တစ်နှစ်အပိုင်းအခြားကာလဖြစ်သည်။ ယင်းကာလအပိုင်းအခြားသည် ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ဖြစ်၏။ ဤသင်္ချာကိန်းသည် သူရိယသိဒ္ဓန္တကျမ်းတွင် ဖော်ပြချက် စတု ယုဂ်နှစ်ပေါင်း ၄၃၂ဝဝဝဝ တွင် သာဝရရက်ပေါင်း ၁၅၇၇၉၁၇၈၂၈ မှတွက်ရသော အချိန်ကာလ ဖြစ်၏။ အနောက်နိုင်ငံ ခေတ်သစ်နက္ခတ်ပညာကျမ်းများအရ ရာသီနှစ်တစ်နှစ်လျှင် ၃၆၅ ရက် ၅ နာရီ ၄၉ မိနစ် ၄၆ စက္ကန့်ဖြစ်၏။ ယင်းကဲ့သို့လှည့်လည်ရာ နေသွားလမ်းစက်ဝိုင်းတွင် ရာသီ ၁၂ ပိုင်း ပိုင်းခြား၍ ပထမမိဿရာသီအစ သုညအံသာသည် အဿဝဏီနက္ခတ်နှင့် တနင်္ဂနွေရဝိဖုဋဂြိုဟ်ယှဉ်သည့်အချိန်တွင် အတာသင်္ကြန်ကျ၏။ အိန္ဒိယလူမျိုးတို့သည် ဤအချိန်အခါမှစ၍ နှစ်သစ်ဆန်းချိန်ယူလေသည်။ ဗေဒင်တွက်ရိုးကျမ်းများတွင် ရဝိမဓျဂြိုဟ်သွမ်းနှင့် ရဝိဖုဋဂြိုဟ်စင်ဟူ၍ တနင်္ဂနွေနေမင်း၏ သွားရာလမ်းကို ဌာနအားလျော်စွာ ခွဲခြား၍ခေါ်ဝေါ်ကြ၏။ သူရိယ သိဒ္ဓန္တကျမ်းများကို ကျွမ်းကျင်သူတို့သာလျှင် ခွဲခြားသိနိုင်၏။ သာမန်လူများကား ထိုကျမ်းကိုမလိုက်စားဘဲ သိနိုင်ရန် ခဲယဉ်းပေသည်။ တနင်္ဂနွေရဝိဖုဋဂြိုဟ်စင်သည် မျက်မြင် တနင်္ဂနွေ ဂြိုဟ်သွား၏ ရာသီအံသာစသည်ဖြစ်၏။ ဤရာသီအံသာ စသည်များကို တနင်္ဂနွေရဝိမဓျဂြိုဟ်သွမ်း၏ ရာသီအံသာ စသည်မှတွက်ရ၏။ ထို့ကြောင့်တနင်္ဂနွေရဝိမဓျ ဂြိုဟ်သွမ်းသည် သင်္ကေတအားဖြင့် ၁၂ ရာသီတွင်မှန်မှန် ပျမ်းမျှ၍သွားသော ရာသီအံသာတို့ဖြစ်၏။ တစ်ဖန် သူရိယနေမင်း၏ဗဟိုချက်နှင့် အဝေးဆုံးတနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည်လည်း တဖြည်း ဖြည်းရွေ့လျားလျက်ရှိသော ရာသီအံသာစသည်ကို အကြောင်းပြု၍ မိဿရာသီသို့ တနင်္ဂနွေရဝိဖုဋဂြိုဟ် စင်ရောက်သည့်ကာလနှင့် တနင်္ဂနွေရဝိမဓျဂြိုဟ် သွမ်းရောက်သည့်ကာလ အပိုင်းအခြားတစ်ခု ဖြစ်ပေါ်လာ၏။ ယင်းကာလအပိုင်းအခြားသည် ယခုအခါ တနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည် မေထုန်ရာသီ ၁၇ အံသာ ၁၇ လိတ္တာ ၃၃ ဝိလိတ္တာ ၁၂ အနုလိတ္တာသို့ရောက်ဆဲဖြစ်၍ မိဿရာသီသို့ တနင်္ဂနွေရဝိဖုဋဂြိုဟ်စင်ရောက်ပြီး နောက်နှစ်ရက် ၄ နာရီ ၄ မိနစ် ၄ဝ စက္ကန့်ကြာပြီးသကာလ တနင်္ဂနွေရဝိမဓျဂြိုဟ် သွမ်းရောက်၏။ (ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြက္ခဒိန်အကြံ ပေးအဖွဲ့မှ တွက်သောကိန်းဖြစ်၏။ သံဒိဋ္ဌကျမ်း၏ကိန်းမှာ ၂ ရက် ၄ နာရီ ၁ မိနစ် ၁၂ စက္ကန့်ဖြစ်၏။) တနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည် အလွန်အသွားနှေး၏။ နှစ်ပေါင်း ၁ဝဝ လျှင် ၁၁ဝ လိတ္တာ ၃၇ အနုလိတ္တာသာ သွား၏။ ကလိယုဂ်နှစ်သုည (သက္ကရာဇ် ၁၃၂၄ နှစ်တွင်နှစ်ပေါင်း ၅ဝ၆၃ လွန်ခဲ့၏။) အခါ ကမန္ဒဥစ်ဂြိုဟ်သည် မေထုန်ရာသီ၁ရ အံသာ၊ ၇ လိတ္တာ၊ ၄၈ ဝိလိတ္တာ၊ ၆ အနုလိတ္တာရှိ၏။ တနင်္ဂနွေ ၏ မန္ဒဥစ်ဂြိုဟ်သည် တူရာသီသို့ရောက်လျှင် မိဿရာသီသို့ ရဝိမဓျဂြိုဟ်က ပထမရောက်သဖြင့် သင်္ကြန်အလျင်တက်၍ ရဝိဖုဋဂြိုဟ်သည် နောက်ကျသဖြင့် သင်္ကြန်နောက်မှကျမည်။ ဤကား တနင်္ဂနွေ မန္ဒဥစ်ဂြိုဟ်၏ သဘာဝတည်း။ ဆိုခဲ့ပြီးသည့်အတိုင်း တနင်္ဂနွေရဝိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုညအံသာသို့ ဝင်ရောက်ချိန်သည် မြန်မာ လူမျိုးတို့၏ သင်္ကြန်ကျချိန်ဖြစ်သော်လည်း နှစ်သစ်မကူးသေးချေ။ တနင်္ဂနွေရဝိမဓျ ဂြိုဟ်သွမ်းမိဿရာသီအစ သုညအံသာသို့ ဝင်ရောက်ချိန်သာ သင်္ကြန်တက်ချိန်ဖြစ်၍ နှစ်သစ်ဆန်းချိန်ဖြစ် သည်။ ဤကား သူရိယသိဒ္ဓန္တကျမ်း၏ မူလဌာနဖြစ်သော ဟိန္ဒူ လူမျိုးတို့၏ အယူဝါဒနှင့်မတူချေ။ တနင်္ဂနွေဂြိုဟ်သည် မိဿရာသီမှအစပြိဿ၊ မေထုန်၊ ကြဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊မကာရ၊ ကုမ်၊ မိန် ၁၂ ရာသီအံသာအဆုံးအထိ လှည့်လည် သွားသောအချိန်မှာ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ရှိ၏။ ကလိယုဂ်တစ်နှစ်လျှင်ရှိသော ရက်နာရီအပိုင်းအခြားဖြစ်သည်။ ထို့ကြောင့် သက္ကရာဇ် ၁၃၂၄ ခုနှစ်နှစ်ဆန်းချိန်မှာ ၃ နာရီ ဝ မိနစ် ၃၃ စက္ကန့်တွင် သင်္ကြန်တက်၏။ ထိုအချိန်သည် ဥဇ္ဇေနီပြည်လင်္ကာ၏ ဒေသန္တရနာရီဖြစ်၍ မြန်မာစံတော်ချိန်နာရီ ၃ နာရီ ၂၅ မိနစ် ၅၉ စက္ကန့်တွင် မြန်မာနိုင်ငံ၌သင်္ကြန်တက်၍ နှစ်​ဟောင်​မှ နှစ်သစ်သို့ ကူးပြောင်း၏။ (နိုင်ငံတော်ပြက္ခဒိန်အကြံပေး အဖွဲ့၏ဆုံးဖြတ်ချက်၊) သင်္ကြန်ကျချိန်နှင့် သင်္ကြန်တက်ချိန် တွက်လိုလျှင် လွန်ခဲ့သောနှစ်၏ သင်္ကြန်တက်ချိန်၏ နေ့ရက်အချိန်များကို မှတ်၍ ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် (ရံဖန်​ရံခါ ၃၆ စက္ကန့်)နှောလျှင် နောက်နှစ်သင်္ကြန်တက်ချိန်ရ၏။ အင်္ဂလိပ်ရက်တွက်လိုမူ ဖေဖော်ဝါရီလတွင် တစ်ရက်ပိုသော ရက်​ထပ်​နှစ်နှင့် မြန်မာသက္ကရာဇ် အတာပြန်နှစ်များတွင် တစ်ရက်နှုတ်ရာ (အတာပြန်နှစ်ဆိုသည်မှာ ၃၆၅ ရက်ဖြင့် နှစ်မသတ်ဘဲ ၃၆၆ ရက် ဖြင့်သတ်သောနှစ်ဖြစ်၏။) တွက်ပုံ သက္ကရာဇ် ၁၃၂၂ ခုနှစ်၏ သင်္ကြန် တက်ချိန်မှာ ၁၉၆ဝ ပြည့်နှစ် ဧပြီလ ၁၅ ရက် သောကြာနေ့ မွန်းလွဲ ၃ နာရီ ဝ မိနစ် ၄၆ စက္ကန့် (မြန်မာစံတော်ချိန်)ဖြစ်၏။ ယင်းကို အထက်ပါကိန်း နှင့်နှောလျှင်-၁၉၆ဝ ပြည့်နှစ် ဧပြီလ ၁၅ ရက် မွန်းလွဲ ၃ နာရီ ဝ မိနစ် ၄၆ စက္ကန့် ၆။ ၁၂။ ၃၇ စက္ကန့် ၁၉၆၁ ခုနှစ် ဧပြီလ ၁၅ ရက် ။ ၉။ ၁၃။ ၂၃ စက္ကန့် သင်္ကြန်ကျချိန်တွက်လိုလျှင် သင်္ကြန်တက်ရက်အချိန်နာရီတွင် ၂ ရက် ၄ နာရီ ၄ မိနစ် ၄ဝ စက္ကန့်နုတ်လျှင် သင်္ကြန်ကျ ရက်နာရီရ၏။ တွက်ပုံ ၁၃၂၃ ခုနှစ်၏ သင်္ကြန်တက်ချိန် ၁၉၆၁ ခုနှစ် ဧပြီလ ၁၅ ရက် ၉ နာရီ ၁၃ မိနစ် ၂၃ စက္ကန့် ၂။ ၄။ ၄။ ၄ဝ စက္ကန့် ၁၉၆၁ ခုနှစ် ဧပြီလ ၁၃ ။ ၅။ ၈။ ၄၃ စက္ကန့် ဤကဲ့သို့တွက်နည်းဖြင့် နှစ်ပေါင်း ၁ဝဝ ကျော်အထိ သင်္ကြန်ကျ သင်္ကြန်တက်ရက်များကို ခရစ်နှစ်ဖြင့်တွက်နိုင်၏။ မြန်မာပြက္ခဒိန်ဖြင့်တွက်ရန် ဝါထပ်ရက်ငင်ပြဿနာအမျိုးမျိုး ကြောင့် သုံးလေးနှစ်ခန့်သာ တင်ကြို၍တွက်နိုင်၏။ အကယ်၍ ဝါထပ်ရက်ငင်မူသေကိန်းများ ပေါ်ပေါက်ခဲ့လျှင် နှစ်ပေါင်း ၁ဝဝ ပြက္ခဒိန်၌ သင်္ကြန်ကျ၊ နှစ်ဆန်းနှင့် ဝါထပ်များတင်ကြို၍ စီမံနိုင်မည်ဖြစ်လေသည်။ သင်္ကြန်ကျ ရက်နှင့် သင်္ကြန်တက်ရက်အတွင်းရက်များကို သင်္ကြန်အကြတ်ရက်များဟုခေါ်သည်။ တွက်ပုံ ၁၉၆၂ ခုနှစ် ဧပြီလ ၁၃ ရက် သင်္ကြန်ကျရက် ၁၄ ရက် သင်္ကြန်အကြတ်ရက် ၁၅ ရက် ၁၆ ရက် သင်္ကြန်တက်ရက် မြန်မာဗေဒင်ကျမ်းများ၌ တနင်္ဂနွေဂြိုဟ်သည် တစ်နှစ်တစ်ကြိမ် မိဿရာသီသို့ဝင်သောအခါ၌ မိဿ သင်္ကြန်ခေါ်၏။ အနောက်နိုင်ငံ သိုးဆောင်းလူမျိုးတို့၏ နိုင်ငံရေးဟောကိန်းများ၌လည်း မတ်လ ၂၁ ရက် နေ့ သာယနရဝိမိဿရာသီဝင် ဇွန်လ၂၁ ရက်နေ့ သာယနရဝိကြဋ် ရာသီဝင် စက်တင်ဘာလ၂၃ ရက် သာယနရဝိတူရာသီဝင် ဒီဇင်ဘာ ၂၂ ရက် သာယနရဝိမကာရရာသီဝင်စသော အချိန်များဖြင့် ဒွာရလေးခွင် သင်္ကြန်ဝင်ဟောကိန်းများကို ရာသီ၏ နှစ်စဉ်ဂြိုဟ်သွားပြက္ခဒိန်နှင့် ဟောကိန်းစာအုပ်တွင် ဖော်ပြလေ့ရှိ၏။ သို့ရာတွင်ဗေဒင်လောကတွင် သင်္ကြန်မည်သည် တနင်္ဂနွေရဝိဖုဋဂြိုဟ်စင် ရာသီများသို့ ဝင်ချိန်ဖြစ်၏။ လက်ရှိကာလ သင်္ကြန်ပွဲဆင်နွဲကြပုံ သင်္ကြန်နှင့်ပတ်သက်သော သမိုင်းအချက်အလက်များ မည်သို့ပင်ကွဲပြားစေကာမူ လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်များကျွေးခြင်း အလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျက်ရှိသည်။ မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်​မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။ ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေဘသင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။ သင်္ကြန်ရေဘသင်ပွဲတော်သည် တောရောမြို့ပါမကျန် အုန်းအုန်းကျွတ်​ကျွတ်​ ပျော်ရွှင်ကြသည့်ပွဲတစ်ခုလည်းဖြစ်သည်။ အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းမှာလည်း ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်သလို တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့်တောင်းကာ ရေလောင်းရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။ သင်္ကြန်ကာလတွင်း ဥပုသ်​သီလ​ဆောက်​တည်​ကာ တရားဘာဝနာပွားများသူများရှိသကဲ့သို့ ရေကစားသူများကလည်း ​ရေကစားသူများအ​လျောက်​ ရေပက်ခံသူ၊ ရေလောင်းရေပက်သူများနှင့် စည်ကားလှသည်။ ကိုယ်​​လေးလက်​ဝန်​နှင့် မ​ပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်​သည်​)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာ ချစ်စရာကောင်းသည့် လက်ရှိအချိန် အတာသင်္ကြန်ကာလ ကျင်းပပုံဖြစ်သည်။ အချို့သော မြို့ကြီးများ၌ မဏ္ဍပ်များတည်ဆောက်၍ ရေကစားကြရာတွင် ယခင်က သင်္ကြန်ယိမ်းအကအလှများအစား ခေတ်ပေါ်တေးဂီတများဖြင့် မလုံမခြုံအဝတ်​အစားများဝတ်ဆင်ကာ ​ဖော်​ချွတ်​ကပြ​ဖျော်ဖြေသည်​တို့ကိုလည်း တွင်တွင်ကျယ်ကျယ် တွေ့မြင်လာရသည်။ ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအကအလှယဉ်ကျေးမှုများဖြင့် ရောထွေးလျက်ရှိသော်လည်း သင်္ကြန်သည် မြန်မာပြည်​သူပြည်​သားတိုင်း ပျော်ရွှင်ရသည့် အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုပင်ဖြစ်သည် ကိုးကား မြန်မာ့ရိုးရာ ပွဲတော်များ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%80%E1%80%BC%E1%80%94%E1%80%BA
ဒေဝဒတ်
ဒေဝဒတ် သို့မဟုတ် ဒေဝဒတ္ထ ကိုယ်တော် ဘုရားရှင်ကို မုန်းရတဲ့ ပထမဆုံးရန်ငြိုးကတော့ ကမ္ဘာ တစ်သိန်းရွဲကုန်သည်ဘဝက စတယ်။ ငယ်ငယ်က ကြားဖူးမှာပေါ့။ သူကအချောင်လိုချင်လို့ ပဲဝက်တောင်မတန်ဘူး လို့ ပြောထားခဲ့တဲ့ ရွှေခွက်ကို ဘုရားလောင်းကုန်သည် ကအမှန်အတိုင်း ပြောပြီး ဝယ်သွားရာကနေ ဒေဝဒတ်လောင်းဟာ လောဘ နဲ့ ဒေါသ မီးတွေလောင်ပြီး လှေဆိပ်မှာ ရင်ကွဲနာကျ သေခဲ့ရတယ်။ မသေခင်နောက်ဆုံး သူ့ အမုန်းတွေဟာ ဘဝတွေ ပြောင်းသွားပေမယ့် ဘုရားလောင်းပေါ်မှာ အမြဲ ရှိနေတယ်။ အဲဒီနောက်ပိုင်း ဘုရားလောင်းကို သူသတ်ခဲ့တာတွေ မျောက်မင်းဘဝ (၂) ခု၊ ဆဒ္ဒါန်ဆင်မင်း၊ စူဠဓမ္မပါလ ဇာတ် စသည် အများကြီးပါပဲ။ နောက်ဆုံးဘဝမှာတော့ ကောလိယ တိုင်း၊ ဒေဝဒဟပြည်၊ သုဗ္ဗဗုဒ္ဓ မင်းကြီး ရဲ့ သားငယ်အဖြစ်မွေးဖွားလာတယ်။ နာမည်ကဒေဝဒတ္တ - နတ်ပေးသော မင်းသား လို့ အဓိပ္ပာယ် ရှိတယ်။ ယသော်ဓရာ ရဲ့ မောင် ပေါ့။ ဘုရားလောင်း သိဒ္ဓတ္တ နဲ့ကတော့ နှစ်ဖက်တော် ညီအကို တစ်ဝမ်းကွဲပါပဲ။ သူတို့ ရဲ့ တိုင်းပြည်တွေ စဖြစ်လာပုံကလဲ စိတ်ဝင်စားစရာပါ။ သာကီဝင်တို့၏ လက်မွန်အစ ဘေးတော်ဘုရင်ကြီးက ဩက္ကာကမင်းကြီး ဖြစ်တယ်။ ကမ္ဘာဦးစ မဟာ သမ္မတ မင်းကနေ ဒီ မင်းအထိ မောင်နှမခြင်း အိမ်ထောင်ပြုလာတာ မင်းဆက်ပေါင်း ( ၂၅၂၅၅၆) ပါး ရှိတယ် ပြောတယ်။ (ဒါကတော့ မန်လည်ဆရာတော်ကြီး ရေတွက်ထားတာပါ။ မဃဒေဝကပေါ့။ ) ဒီ မင်းကြီးမှာ မိဘုရား (၄) ယောက်ရှိ တော့ သားသမီး (၁၅)ယောက်ရှိလာတယ်။ နောက် အငယ်ဆုံးတင်မြှောက်တဲ့ မိဘုရားကို သားမွေးရင် လိုချင်တဲ့ ဆုပေးမယ်လို့ သတိပေးမိတော့ သားသမီး အကြီးတွေနဲ့ မိဘုရားငယ်ရဲ့ ကြားမှာ ပြဿနာတွေရှိလာတယ်။ ဒါကြောင့် မင်းကြီးက သားတော်သမီးတော် (၁၅) ပါးကို နန်းတွင်းမှာ လိုချင်တဲ့ ဘဏ္ဍာပစ္စည်း တွေ လိုသလောက်ယူပြီး တိုင်းပြည်မှ ထွက်ခွာသွားစေခဲ့ရာ ထိုမင်းသားမင်းသမီးတို့သည် မိမိတို့၏ မှူးမတ်ဗိုလ်ပါ နောက်လိုက်ပြည်သူများကိုရွေးကောက်ကာ ရေခြားမြေခြား ဒေသတစ်ခုသို့ ထွက်ခွာခဲ့ကြတယ်။ ထိုမင်းသားမင်းသမီးတို့သည် အိန္ဒိယကျွန်းဆွယ်မြောက်ပိုင်း (ယခုနီပေါပြည်ဘက်) သို့ရောက်သောအခါ ရောဟိနီမြစ်ကိုတွေ့ရှိကြသည်။ ထိုမြစ်ဝှမ်းသည် မြေဩဇာကောင်း၍ ညီညာပြန့်ပြူးပြီး ရာသီဥတု ကောင်းမွန်သောကြောင့် စိုက်ပျိုးရေးအခြေချရန်သင့်လျော်သည်။ ထိုရောဟိနီမြစ်နားကို ရောက်တော့ ကပ္ပိလ ဆိုတဲ့ ရသေ့ကြီး က ဒီ ကျွန်းတော ကြီး နေရာမှာ တိုင်းပြည်တည်ပြီးနေကြရင် မင်းတို့ ကြီးပွားမယ် ဆိုလို့ တိုင်းပြည်ထူထောင်ကြတယ်။ ကျွန်းပင်ကို သာက ခေါ်တယ်။ ကျွန်းတောမှာနေသူ ကို သာကီဝင်ခေါ်တယ်။ သာကီဝင်တို့ကို သကျဟုလည်း ခေါ်ဆိုသည်။ သကျ ဆိုသည်မှာ စွမ်းရည်ရှိသူ လို့လဲ အဓိပ္ပာယ်ရတယ်။ ဒီလိုနဲ့ သာကီဝင်ကို ကိုယ်စားပြုတဲ့ သက္က တိုင်း ကပိလဝတ္တုပြည်ဖြစ်လာတယ်။ ထိုမင်းသားမင်းသမီး (၁၅) ပါးတို့သည် အမျိုးဇာတ်မပျက်သုဉ်းစေရန်အတွက် အခြားအနွယ်များနှင့်မရောယှက်ဘဲ မိမိတို့ချင်း မောင်နှမ အရင်းတွေ အိမ်ထောင်ပြုခဲ့ကြသည်။ ဒီအနွယ်သည် သာကီဝင်တို့၏ အဦးအစဖြစ်သည်။ ကပ္ပိလရသေ့ကိုယ်တိုင်က ဘုရားလောင်းပါပဲ။ ဒီတော့ (၁၄) ယောက် (၇)တွဲ ရသွားတယ်။ အကြီးဆုံးအမင်္ကြီး က ဘုရင်မကြီးလုပ်ပြီး နေတယ်။ နောက်တော့ ဒီဘုရင်မကြီး နူနာဖြစ်လာတော့ သာကီဝင်တွေ ရှက်တာနဲ့ သူ့ကို ကလောတောမှာ လိုဏ်ခေါင်းထဲ သွားထားကြတယ်။ တစ်ညတော့ ဒီ လိုဏ်ခေါင်းဝကို ကျားက လာတိုးတော့ လန့်ပြီး အော်ရာကနေ သူ့လိုပဲ တောထဲ ရောက်နေတဲ့ ရာမမင်းကြီး က ကြားသွားပြီး ကယ်တင်လိုက်တယ်။ ပြီးတော့ ကလောသီးတွေ ဝါးပြီးမင်းသမီးရဲ့ နူနာတွေကို ထွေးပေးပြီး ပြုစုတယ်။ ဒီလိုနဲ့ နူနာပျောက် ကြတော့ ရာမကလဲ ဘုရင်မျိုးနွယ်ဆိုတော့ မင်းသမီးကြီး (ဝါ) ဘုရင်မကြီးကလဲ လက်ဆက်ဖို့ သဘောတူလိုက်တယ်။ ဒီလိုနဲ့ ကလောတော ကို အခြေပြု ပြီး ကောလိယ ပြည် ဖြစ်လာတယ်။ ကောလိယ မင်းမျိုးဖြစ်လာတယ်။ သူ တို့ နှစ်ယောက်က ကလေး သားချည်းပဲ (၃၆) ယောက်ရတယ်။ အရွယ်ရောက်လာတော့ အမေကို ပူဆာကြတယ်။ မင်းသမီးရှာပေးပါပေါ့။ ဒီလိုနဲ့ အမေကပြောတယ်။ သားတို့ အမေ့ မောင်နှမတွေ ရဲ့ ကပိလဝတ္တုပြည်က မင်းသမီးတွေ နွေရာသီဆိုရင် ရေကန်ကြီးမှာ ရေချိုးကြတယ်။ ရေကစားကြတယ်။ ဒီသမိုင်းတချို့ကို သင်္ကြန်နဲ့ သိကြားမင်း အကြောင်းမှာ ကျွန်တော် နည်းနည်းရေးခဲ့ပါတယ်။ ဒီရေကန်ကို ဒေဝဒဟ ခေါ်တယ်။ ဒေဝ+ဒဟ=မင်းသား၊ မင်းသမီးများ+ ရေကစားသော ရေကန် ဆိုတာ သင်္ကြန် အစဉ်အလာရဲ့ အစ ဖြစ်မယ်။ ရေကစားကြတယ် ပြီးရင် နေပူလှမ်းခံကြတယ်။ အဲဒီ အချိန်မှာ ကိုယ်ကြိုက်တဲ့ မင်းသမီးကို ပန်းကုံးစွပ်ရင် လက်ထပ်ခွင့်ရကြတယ်။ ဒီလိုနဲ့ မင်းသား (၃၆) နဲ့ မင်းသမီးတွေ လက်ထပ်ပြီး မြို့ တည်ကြတော့ ကောလိယတိုင်း၊ ဒေဝဒဟ မြို့ ဖြစ်လာတယ်။ ဒီလိုနဲ့ ဒေဝဒဟ၊ ကပိလဝတ္တုနှင့် ကောလိယ ဟုမြို့ပြပြည်ထောင်သုံးခု ပြန့်ပွားစည်ပင်ခဲ့ကြတယ်။ နောင်အခါ အဲဒီသုံးပြည်ထောင်မင်းမျိုးများသည် အချင်းချင်း သားပေးသမီးယူ ပြုလုပ်ကြသည်။ ဒီလိုနဲ့ နောက်မင်းဆက်ပေါင်း (၈၂၀၁၃ ) မှာ သီဟဟနု မင်းနန်းစံပြီး မိဘုရားက ကဉ္စနာ ဖြစ်တယ်။ သူတို့က မွေးတာ သားသမီး (၇)ယောက် ရှိတယ်။ သုဒ္ဓေါဒန၊အမဒေါဓန၊ ဒေါဒေါဓန၊ သက္ဏောဓန၊ သုက္ကောဓန မင်းသား (၅)ယောက်၊ အမိတ္တာ၊ပါလိတာ မင်းသမီးနှစ်ယောက်ရှိတယ်။ အဲဒီအချိန် ကောလိယတိုင်း၊ ဒေဝဒဟမြို့မှာ အဉ္စနာမင်း နဲ့ ယသော်ဓရာ မိဘုရားနန်းစံတယ်။ (သာသနာနှစ်ကို စတဲ့ ဘိုးတော်အဉ္စနာ မင်း ဆိုတာသူပဲ၊ နာမည်တူ ယသော်ဓရာပေါ့ )။ သား၊သမီး (၄) ယောက်ရှိတယ်။ သုဗ္ဗဗုဒ္ဓ၊ ဒန္တပါဏီ မင်းသား (၂)ယောက်၊ သီရိမဟာမာယာဒေဝီ၊ မဟာပဇာပတိဂေါတမီ မင်းသမီး (၂)ယောက် ဖြစ်လာတယ်။ သုဒ္ဓေါဒန မင်းဖြစ်တော့ သုဗ္ဗဗုဒ္ဓလဲ မင်းဖြစ်လာတယ်။ နှမတော် (၂)ပါးလုံးတွေကို ဆက်သကြတယ်။ ဒါကြောင့် ဘုရားလောင်းမှာ မိခင်ရင်းက သီရိမဟာမာယာဒေဝီ၊ မိထွေးတော်က မဟာပဇာပတိဂေါတမီ ဖြစ်လာတယ်။ အမိတ္တာ၊ပါလိတာ ကိုလဲ သုဗ္ဗဗုဒ္ဓမင်းဆီ ဆက်သကြတယ်။ ဒီလိုနဲ့ ဘုရားလောင်း သိဒ္ဓတ္ထ နဲ့ ဒေဝဒတ္တ တို့ ခေတ်ရောက်တော့ ဒေဝဒတ္တမင်းသားက အဋ္ဌာရသ (၁၈) ရပ်လုံးထူးချွန်တယ်။ အထူးသဖြင့် အခက်ခဲဆုံး မြှားပစ်မှာတော်တယ်။ ဘုရားလောင်းကတော့ ဘာမှ မသင်ကြားဘူး ဆိုတော့ သုပ္ပဗုဒ္ဓ မင်းကလဲ အထင်သေးတယ်။ နောက်တော့ ယသော်ဓရာ မင်းသမီးကို ဆက်သဖို့ ကမ်းလှမ်းတော့ လှောင်ပြောင်လွှတ်လိုက်ကြတယ်။ ဘာတတ်လို့ သိဒ္ဓတ္ထ လို့ နာမည်ပေးသလဲ ပေါ့။ သိဒ္ဓတ္ထဆိုတာ ပြီးစီးပြည့်စုံစေမည့် အတိတ်နိမိတ်ကို ကောက်ယူထားခြင်းဖြစ်လေသည်။ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ပြည့်စုံစေမည့်သူဟု ဆိုလိုတယ်။ အကုန်တတ်သူ စတဲ့ အဓိပ္ပာယ် တွေ ရှိနေလို့ ဖြစ်တယ်။ ဒီလို နာမည်ကိုပါ အလှောင်ခံရတော့ ဘုရားလောင်းက လေးအတတ်ကို သူတတ်ပြီးဖြစ်ကြောင်း ခက်ခဲတဲ့ ပြကွက်စွမ်းရည်တွေကို ပြတယ်။ ပြီးတော့ ရောဟိနီမြစ် အနောက်ဘက် မှာ ရှိနေတဲ့ ဒေဝဒဟ မြို့ အထိရောက်အောင် မြှား နဲ့ လှမ်းပစ်လိုက်တော့ မှ သုဗ္ဗဗုဒ္ဓလဲ ယသော်ဓရာကို ဆက်သတယ်။ ဘုရားဖြစ်ပြီး (၁) နှစ်အကြာမာလတိုင်း၊ အနုသီယ တောအုပ် မှာ ဘုရားရှင်နောက်လိုက်လာပြီး ရဟန်းဝတ်ကြတာ သာကီဝင် မင်းသား (၆)ယောက် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဗကု၊ကိမိလ၊ ဒေဝဒတ္တ တိ်ု့ ဖြစ်ကြတယ်။ သူတို့နဲ့ အတူ ဆတ္တာသည် ဥပါလိတော့ ပါသေးတာပေါ့။ ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ ဗကု၊ကိမိလ (၄) ပါး ရဟန္တာ ဖြစ်တယ်။ အာနန္ဒာ က သောတာပန်မှာ ပဲ တင်နေတယ်။ ဒေဝဒတ္တကတော့ ဣဒ္ဓိဝိဓ အဘိဉာဉ် တစ်မျိုးပဲ ရတယ်။ ဘာတရားထူးမှ မရဘူး။ ဒီလိုနဲ့ ပါတိမောက်ပြပြီး သာသနာတရားဝင်ထူထောင်တော့ အရှင် သာရိပုတ္တ နဲ့ အရှင် မဟာမောဂ္ဂလာန် တို့ ကို အဂ္ဂသာဝက တွေ အရာ အပ်နှင်းတော့ မင်းမျိုးကို မခန့်ဘဲ၊ ပုဏ္ဏားမျိုးကို ခန့်ရမလားရယ်လို့ မနာလိုတွေဖြစ်ပြီး၊ သံဃာထုကို သူ့ ဆီအပ်ထားပြီး အေးအေးဆေးဆေးနေဖို့ ဘုရားရှင်ကို လျှောက်တယ်။ နောက်ဘုရားရှင်က လက်မခံတော့ အချက်(၅)ချက်တောင်းတယ်။ သံဃာတွေ စည်းစိမ်ရစ်နေကြပြီ၊ ခြိုးခြံပြီး မကျင့်တတ်ကြတော့ဘူးတဲ့ ဒီတော့ ဒီအချက် (၅)ချက် သာသနာမှာ ပြဋ္ဌာန်းပေးပါ လို့ တောင်းတယ်။ (၁) မြို့ကျောင်းတွေမှာ မနေရဘူး။ တောမှာ ပဲ နေရမယ်။ (၂) ဆွမ်းခံစားရမယ်။ ဆွမ်းစားပင့်လျှင် မကြွရ။ (၃) ပံသုကူသင်္ကန်းကိုသာ ဝတ်ရမည်။ အစုံလိုက်လှူသောသင်္ကန်းကိုမဝတ်ရ။ (၄) သစ်ပင်ရိပ်မှာပဲနေရမယ်။ အမိုးရှိကျောင်းအောက်မနေရ။ (၅) ငါးနှင့် အခြားအသားများမစားရ။ သူက သံဃာကို ဂိုဏ်းခွဲလိုက်တယ်။ ဒီမှာ သံဃဘေဒကကံ ဖြစ်လာတာပေါ့။ သူ့နောက် ကို ရဟန်းတွေ (၅၀ဝ)လောက်လိုက်သွားတာကို အရှင် သာရိပုတ္တရာ နဲ့ အရှင် မဟာမောဂ္ဂလာန်က လိုက်သွားပြီး ပြန်ခေါ်လာတယ်။ အဲဒီမှာ သူက ပြောသေးတာပေါ့။ ငါ့ဝါဒကို ကြိုက်လို့ အရှင် သာရိပုတ္တ နဲ့ အရှင် မဟာမောဂ္ဂလာန်တောင် လိုက်လာကြပြီ ဆိုပြီးတော့ သူက ပျော်နေတာ။ ဂဇာသီယ မှာ သူက ဘုရားလို လုပ်နေတာ။ တရားဟောတယ်။ အပူဇော်ခံတယ်။ အရှင် သာရိပုတ္တရာ တို့လိုက်လာတော့ သူက ချစ်သား သာရိပုတ္တ၊ ငါတရားဟောရတာ ပင်ပန်းလာလို့ ခဏနားဦးမယ်။ အသင် တရားဆက်ဟောပါဆိုပြီး သူက ကျောင်းအတွင်းမှာ သွားအိပ်နေသေးတာ။ ဘုရားရှင်လုပ်သလို အကုန်လုပ်တာပေါ့။ အဲဒီမှာ အရှင်သာရိပုတ္တရာ က တရားဟော၊ အရှင် မဟာမောဂ္ဂလာန်က တန်ခိုးတွေ ပြပြီး ရဟန်းငယ်တွေကို အမှန်သိစေပြီး ပြန်ခေါ်သွားတယ်။ အဲဒီတော့မှ ကျန်တဲ့ ရဟန်းအချို့က အိပ်နေတဲ့ ဒေဝဒတ္တ ကိုယ်တော် ရဲ့ ကျောကုန်းကို ဒူးနဲ့ တိုက်ပြီးကို နှိုးကြတယ်။ အပြစ်တင်ကြတယ်။ အဲဒီမှာ သွေးအန်တဲ့ ရောဂါ စပြီး ရသွားတယ်။ နောက်တော့ ဘုရားရှင်ကို တောင်းပန်ဖို့ လိုက်လာရင်းနဲ့ ဇေတဝန်ကျောင်းအပေါက်ဝမှာ မြေမြိုတာပါပဲ။ အဇာတသတ်နဲ့ ပတ်သက်တာတွေ၊ ဘုရားရှင်ကိုသူသတ်ဖို့ကြံစည်တာတွေတော့ ကြားဖူးကြပြီးသားမို့လို့ မရေးတော့ဘူး။ သာသနာမှာ ဒီလို ဆိုးမယ့် သူမှန်းသိပေမယ့် ဘာလို့ ဘုရားရှင်က ရဟန်းဝတ်ခွင့်ပြုသလဲ မေးကြတော့ ဒီဘဝမှာ သူ ဣတ္တိဝိဓ အဘိဉာဉ် ရအောင်ကျင့်တာရယ် ဘုရားရှင်ကို ကိုယ်၊နှုတ်စိတ်(၃)ပါးလုံးနဲ့ နောက်ဆုံး မြေမြိုနေရင်း ရှိခိုးသွားရတဲ့ အကျိုးတွေဟာ အဝီစိက လွတ်တာနဲ့ အနှစ်တစ်သိန်း တရားကျင့်ပြီးရင် အထိတ်သက မည်တဲ့ပစ္စေက ဗုဒ္ဓဖြစ်မယ် ဆိုတဲ့ အကျိုးကို ရနိုင်မှာကြောင့် ဖြစ်တယ် လို့ ဘုရားရှင်က ရှင်းပြတော်မူပါတယ်။ ဒေဝဒတ်၏ ဘုရားရှိခိုး ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊ ဒေဝါတိ ဒေဝံ နရဒမ္မ သာရထိံ။ သမန္တ စက္ခုံ သတပုည လက္ခဏံ၊ ဝါတေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။ အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်တည်း ဖြစ်တော်မူပေထသော။ ဒေဝါတိဒေဝံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ခိုကိုးရာအစစ် နတ်မင်းလည်းဖြစ်တော်မူပေထသော။ နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျက် ယဉ်ကျေးအောင်ဆုံးမတော်မူပေထသော။ သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဉာဏ်ရှင်လည်း ဖြစ်တော်မူပေထသော။ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာလည်း ရှိပေထသော။ တံဗုဒ္ဓံ - တု၍မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင် ထိုနောင်တော် မြတ်ဘုရားကို။ ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့် လည်းကောင်း။ ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်လှက် ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း။ သရဏံ - ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ။ ကိုးကွယ်ရာဟူ၍ သာလျှင်။ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့် အာမဝန္တံ အကုန်ခံ၍ အတန်တန်ဆည်းကပ်ပါသည် ဘုရား။ နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တဝါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မူရင်း စာကိုး ဂေါတမဗုဒ္ဓ မိသားစု ဗုဒ္ဓဝင် ပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%9D%E1%80%92%E1%80%90%E1%80%BA
ဘီလူး
ဘီလူး (Rakshasa) သည် အဆင်းသဏ္ဌာန် ဆိုးဝါး၍ ရက်စက်ကြမ်းကြုတ်တတ်သော နတ်၊ ဘုတ်၊ မြေဘုတ်၊ ပြိတ္တာ၊ တစ္ဆေ တစ်မျိုးဖြစ်သည်။ သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ်ကာ အသားအသွေးကို စားသောက်တတ်သည့် သဘောရှိသည်။ အမည်ဝေါဟာရ 'ဘီလူး' အမည်သည် ပါဠိဘာသာ 'ဘိရု'မှ ဆင်းသက်လာ၏။ ဖြစ်ပေါ်လာပုံမှာ 'ဘိ' စကားလုံးသည် 'ဤ' ဖြစ်လာသည်။ 'ရု' စကားလုံး၌ပါရှိသော 'ရ' ကို 'လ'အဖြစ်ပြောင်းလည်း၍ 'ဥ' ကို 'ဦ' ပြောင်းကာ ဝစ္စနှစ်လုံးထည့်သောကြောင့် 'ဘီလူး' ဖြစ်လာ၏ဟု ပေါရာဏကထာန္ထီကာ တွင်ဆိုသည်။ ဘီလူးကို ပါဠိဘာသာဖြင့် ယက္ခ၊ ရဆသ၊ ကုမ္ဘဏ္ဍ၊ ဒေဝ၊ ဘူတ၊ ဒါနဝ၊ ပေတ၊ ပိဿာစ၊ အမနုဿ စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ မြန်မာဘာသာစကားဖြင့် ဘီးလူး၊ ရက္ခိုသ်၊ ကုမ္ဘဏ်၊ နတ်၊၊ ဘုတ်၊ မြေဘုတ်၊ ဒေါနော၊ ပြိတ္တာ၊ တစ္ဆေ၊ ဥပါ စသည့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ ဖော်ပြချက် အမျိုးအစားများ အမျိုးအစားများကို ရှုထောင့်အမျိုးအမျိုးမှ ခွဲခြားကြသည်။ ပထမ ခွဲခြားနည်း တစ်မျိုးမှာ : ကုန်းဘီလူး ရေဘီလူး တို့ဖြစ်ကြ၏။ ကုန်းဘီလူး ဆိုသည်မှာ တော၊ တောင်၊ သစ်ပင်၊ အဆောက်အုံ၊ မြေကွင်းပြင်၌ နေထိုင်ကျတ်စားသောဘီလူးမျိုးဖြစ်သည်။ တစ်ဖန် သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်စသည်၌ ကျင်လည်ကျတ်စားသော ဘီလူးသည် ရေဘီလူးအမျိုးစားဖြစ်သည်။ ဒုတိယ ခွဲခြားသော စနစ်မှာ နေထိုင်သော နေရာဌာနပေါ်လိုက်၍ ခွဲခြားခြင်းဖြစ်သည်။ ၎င်းတို့မှာ : နတ်ပြည်၌ ဖြစ်သောဘီလူးများ လု့ပြည်၌ ဖြစ်သော ဘီလူးများ နတ်ပြည်၌ ဖြစ်သောဘီလူးများမှာ ဝိရူဠက နတ်မင်းကြီး၏အခြံအရံ အလုပ်အကျွေး ကုမ္ဘဏ်များ၊ ကုဝေရ နတ်မင်းကြီး၏ အခြံအရံ အလုပ်အကျွေး ဣန္ဒာသောမ စသော ဘီလူးစစ်သည်များ၊ တလောလော၊ တတ္ထ လောလော စသော အစောင့်အရှောက် ကိုယ်ရံတော်ဘီလူးများနှင့် သာမန်ဘီလူးများဖြစ်ကြသည်။ လု့ပြည်၌ဖြစ်သော ဘီလူးများမှာ ရက္ခိုသ်၊ တစ္ဆေ၊ ပြိတ္တာ၊ ဖုတ်၊ ဒါနော စသည်တို့ဖြစ်၏။ လက္ခဏာ လူယောင် ဆောင်ထားလျှင် - မျက်စိနီခြင်း မျက်တောင်မခတ်ခြင်း အရိပ်မထွက်ခြင်း အကြောက်အရွံ့ မရှိခြင်း ရက်စက်ကြမ်းကြုတ်ခြင်း စသည့် လက္ခဏာများ ရှိသည်ဟု စာပေများက ဖော်ပြကြသည်။ အခွင့်အရေးနှင့် စွမ်းအားများ အချို့ ဘီလူးများက နတ်မင်း၊ ဘုရင်တို့ထံမှ နေရာဒေသ ပိုင်းခြားပြီး အပိုင်စားရကာ ၎င်း၏ပိုင်နက်အတွင်း၌ မှီတင်းနေထိုင်သော သို့မဟုတ် ဖြတ်သန်းသွားလာသော သတ္တဝါတို့၏ အပြုအမူအားဖြင့်သော်လည်းကောင်း၊ အချိန်အခါကို ပိုင်းခြားသတ်မှတ်၍သော်လည်းကောင်း တစ်စုံတစ်ရာ ပြစ်မှားကျူးလွန်မိသည်များရှိသော် ၎င်းတို့ကိုသတ်စားခွင့်ရှိကြသည်။ သို့သော် အချို့ဘီလူးတို့သည် အပိုင်စားမရကြ၍ သင့်သလို ရှာဖွေစားသောက်ကြသည်။ အချို့မှာ တမူထူးခြားလျှက် နတ်သုဒ္ဓါ (သို့) လူများက ပူဇော်ပသထားသော အစားအစာများကို စားခွင့်ရကြသည်။ တန်ခိုးအာနုဘော် ကြီးမားကြသော ဘီလူးများရှိသကဲ့သို့ ထိုသို့အစွမ်းနည်းပါးသော ဘီးလူးများလည်းရှိကြသည်။ အချို့ဘီလူးများသည် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ကြသော်လည်း အချို့ဘီလူးတို့မှာ လက်နက်ကိုင်ဆောင်ခြင်း မရှိကြပေ။ နတ်ဘီလူးတို့သည် မိမိတို့ကိုယ်ကို လူတို့မမြင်အောင် ကွယ်ဖျောက်နိုင်ကြ၍ မြင်အောင်လည်း ပြနိုင်သည့် အစွမ်းများလည်း ပိုင်ဆိုင်ထားသည်။ သတ္တဝါအမျိုးမျိုး၊ ရုပ်အဆင်းသဏ္ဌာန် အမျိုးမျိုး ဖြစ်လာအောင် ဖန်ဆင်းပြောင်းလဲနိုင်ကြသည်။ စာပေရင်းမြစ်များ မြန်မာ ရာဇဝင်ပုံပြင် ဇာတ်လမ်းများ မဟာရာဇဝင်ကြီး၊ ပထမတွဲတွင် ယာခင်းစောင့်သော အခိုင်းအစေ အမျိုးသမီးတစ်ဦးနှင့် ဘုမ္မစိုး ဘီလူး ပေါင်းသင်း၍ သားတစ်ယောက်မွေးကာ ထိုသားသည် ပုဂံမင်းဆက်မှ (၂၆)ဆက်မြောက် မြင်းကျွေးမင်း ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ ပုဂံခေတ်နှင့်ပတ်သက်သော ဒဏ္ဍာရီဇာတ်လမ်းတစ်ခုတွင် ပန်းတော်ဆက် ဗျတ္တ နှင့် ပုပ္ပားအရပ်က ဘီလူးမ ပေါင်းစပ်ပြီး ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် ဟူသော သူနှစ်ဦးမွေးဖွား၍ ထိုသူနှစ်ဦးကို ယခုခေတ် နတ်ကိုးကွယ်သော အယူရှိသည့် လူမှုအသိုင်းအဝိုင်းကြားတွင် တောင်ပြုန်းမင်းနှစ်ပါးအဖြစ် သိရှိကြသည်။ ထင်ရှားလူသိများသော ဒဏ္ဍာရီဆန်သည့် ဇာတ်လမ်းပုံပြင်တစ်ခုကို မဟာရာဇဝင်တော်ကြီး ပထမတွဲတွင် ဖော်ပြထားသည်။ ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် လယ်တွင်း ကိုးခရိုင်မှ ပြန်လာ၍ ပုဂံမြို့သရပါ တံခါးသို့ရောက်သောအခါ မုဆိုးတစ်ယောက်သည် အောင်သာမြစ်ခြေအရပ်၌ စက္ခုပါလ ကျွဲရိုင်းသည် လူတို့ကို ရန်ပြု၍ နေပါသည် လျှောက်ထားရာ မင်းကြီးသည် မြို့တော်သို့မဝင်သေးဘဲ ဆင်နှင့် တိုက်သတ်မည်ဟု မိန့်ဆိုကာ ဆင်တော်သန်မြင်စွာကို စီးလျက် စစ်သည်ဗိုလ်ပါနှင့်တကွ လိုက်တော်မူသည်။ ထိုအခါ ကျွဲရိုင်းသည် ဆင်ထက်တွင် စီးနေသော မင်းကြီးကို ခတ်လိုက်ရာ မင်းကြီးနတ်ရွာစံတော်မူသည်။ ထိုကျွဲရိုင်းကား ကျွဲစစ်မဟုတ်၊ ရန်သူ ဖြစ်ဘူးသော လိန်ပင်စောင့်နတ် ကျွဲယောင်ဆောင်၍ ခတ်ခြင်းဖြစ်သည်။ အထူးသဖြင့်ဘုရင်မင်းမြတ်များ နတ်ရွာစံခါနီးနှင့် နန်းကျခါနီး၌ ဘီလူးရယ်သည်ဟုလည်း ဆိုကြသည်။ ဘီလူး ကိုယ်ထင်ပြသည်ဟု အဆိုရှိသည်။ ထိုသို့ဖြစ်ခြင်းကို နိမိတ်ဟု ယူဆကြသည်။ မွန်ရာဇဝင်ကျမ်းများနှင့် ဓမ္မစေတီမင်း၏ ကျောက်စာများတွင် ဘီလူးကျွန်းရဲ့ သမိုင်း၊ မွန်ခမာ-နီဂရစ်တို စစ်များ အပြီး နယ်မြေ သိမ်းပိုက်ခြင်းများအကြောင်း၊ ရေဘီလူးများ သောဏထေရ်တို့ ရောက်လာပြီး နောက်ပိုင်း နယ်မြေပြောင်းရွှေ့ကြပုံများအကြောင်းကို ရေးသားဖော်ပြထားသည်။ ဘီလူးကျွန်းသည် သထုံဒေသကို အုပ်စိုးခဲ့ကြသော ဘီလူးများ (နီဂရစ်တို ဟူသော မျိုးနွယ်စုများ) စတင်နေထိုင်ခဲ့ကြကြောင်း တိကျသော သမိုင်း အထောက်အထားများအရ သိရှိရပါတယ်။ နောက်ပိုင်း ဘီလူးများ အကျွတ်တရားရပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လာခြင်း၊ ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အဦးများကို စောင့်ရှောက်ခြင်း များရှိခဲ့သောကြောင့် ဘုရားစေတီ၊ သိမ်ကျောင်း၊ တန်ဆောင်း၊ ရေကန်များတွင် ဘီလူးရုပ်တုများ ထုလုပ်ထားတတ်ကြောင်း မွန်ရာဇဝင်များမှတစ်ဆင့် သိရှိနိုင်သည်။ ဘီလင်းမြို့နယ်၊ ဇုတ်သုတ်ရွာ၊ ထီးဆောင်းဘုရားသည် ဘီလူများတည်သည်ဟု အဆိုရှိသည်။ ဗုဒ္ဓဘာသာကျမ်းနှင့် ဆက်စပ်ကျမ်းများ၌ ပါရှိသော ဘီလူးများ အာဠာဝက ဘီလူး မြတ်စွာဘုရား လက်ထက်တော်အခါ ထင်ရှားသော အာဠာဝက ဘီလူးသည် မဇ္ဈိမဒေသ အာဠဝီပြည်အနီး တောကြီးအတွင်းဝယ် ကြီးကျယ်ခမ်းနားသော ဗိမာန်၌ မောင်းမမိဿံ ခြွေရံများနှင့်တကွနေ၏။ ဗိမာန်ကြီး၏ အနီး ညောင်ပင်ကြီးကို အပိုင်စားရ၏။ ယင်းညောင်ပင်အောက်သို့ဝင်လာသော သတ္တဝါတို့ကို စားစေဟု စတုမဟာရာဇ် နတ် မင်းတို့ထံမှ အခွင့်ရသဖြင့် ထိုညောင်ပင်ကြီးအောက်သို့ဝင်လာသော သတ္တဝါတို့ကို သတ်ဖြတ်ကာ စားသောက်၍နေ၏။ တစ်နေ့သောအခါ မြတ်စွာဘုရားကြွလာတော်မူ၍ တရားဟောရာ ကျွတ်တမ်းဝင်လျက် သောတာပန်အရိယာအဖြစ်သို့ရောက်လေသည်။ ကာကဝလိယဇာတ် ကာကဝလိယဇာတ်တွင် ဒီဃတာလ ဘီလူးသည် ရာဇဂြိုဟ်ပြည် မြို့တံခါးမှာ စောင့်နေ၍ နေဝင်မှ အာရုံတက်အထိ နောက်ကျပြီး ရောက်လာသူ၊ ဝင်သူတွေကို စားခွင့်ကို ဘုရင်ဆီက ရထားသည်။ ရတနသုတ် ခုဒ္ဒကပါဌ အဋ္ဌကထာ ရတနသုတ်အဖွင့် ဝေသာလီ ဝတ္ထုတွင် ဝေသာလီပြည်၌ (၁) အစာငတ်မွတ်ခြင်း ဘေး (၂) ဘီလူးဘေး (၃) အနာရောဂါဘေး၊ ဤဘေးကြီး ၃ ပါးဆိုက်ရောက်၍ လူအများ သေကြေပျက်စီးသော အခါ မြတ်စွာဘုရားကိုသွား၍ ပင့်ဖိတ်သဖြင့် ရဟန်းငါးရာနှင့် ကြွလာတော်မူပြီးလျှင် ရတနသုတ်ပရိတ်တော်ကို ဟောတော်မူရာ ဘေးကြီး ၃ ပါး အေးငြိမ်း၍ လူအများ အသက်ဘေးမှ ချမ်းသာလေသည်။ ပဒကုသလ မာဏဝ ဇာတ် ပဒကုသလ မာဏဝ ဇာတ်မှာ ဘီလူးမက လိုဏ်ဂူမှာနေပြီး သူအပိုင်စားရတဲ့ တောထဲရောက်လာသူတွေကို ဖမ်းစားတယ်။ တစ်နေ့တော့ ချောမောတဲ့ ပုဏ္ဏားကိုဖမ်းမိပြီး မစားဘဲ ပေါင်းသင်းနေလိုက်တယ်။ ကောင်းစွာရှာဖွေကျွေးမွေးတယ်။ နောက်တော့ သားလေးမွေးလာတယ်။ သားအဖနှစ်ယောက်ထွက်ပြေးကြတော့ ဘီလူးမကြီး ရင်ကွဲနာကျသေရရှာတယ်။ လူ့ပြည်မှာ သားအဆင်ပြေဖို့ ဂါထာတစ်ခု သင်ပေးလိုက်တယ်။ ထိုဂါထာမှာ စိန္တာမဏိဂါထာတော် ဖြစ်သည်။ ပစ္စည်းပျောက်ရှာရာတွင် အလွန်အစွမ်းထက်၏။ ပါရာဇိကဏ် အဋ္ဌကထာ ပါရာဇိကဏ် အဋ္ဌကထာမှာလဲ သုဝဏ္ဏဘုမ္မိ၊သထုံပြည် မှာ ရေဘီလူးတွေက သီရိမာသောကမင်း ရဲ့ မွေးဖွားခါစ ကလေးတိုင်းကို လာစားလို့ တတိယသံဂါယနာ တင်အပြီးရောက်လာတဲ့ သောဏထေရ် နဲ့၊ ဥတ္တရထေရ်တို့က မနုဿီုံဟရုပ်တွေ ဖန်ဆင်းပြီး ဘီလူးတွေကို လိုက်ကြတယ်။ လူတွေကို ကာကွယ်ပေးတယ် ဆိုပါတယ်။ ပြီးမှ ကျန်တဲ့ ဘီလူးတွေကို ဗြဟ္မဇာလသုတ်တော် ဟောပြီး အကျွတ်တရားရစေတယ်။ အဲဒီနေ့က မွေးတဲ့ ကလေးကိုလဲ သောနုတ္တရ မင်းသားလို့ ခေါ်တယ်။ သုစိလောမနှင့် ခရလောမ သုစိလောမ ဘီလူးနှင့် ခရလောမ ဘီလူးတို့သည်လည်း မဟာဗောဓိပင်အနီး ဂယာရွာကြီး၏ တံခါး တံမြက်ချေးစွန့်ရာ အရပ်ဝယ်နေကြ၏။ တစ်နေ့သောအခါ မြတ်စွာ ဘုရားကြွလာတော်မူ၍ တရားဟောရာ၊ ကျွတ်တမ်းဝင် သောတာပန် အရိယာ အဖြစ်သို့ရောက်လျက်၊ ဘုမ္မစိုး နတ်တို့စည်းစိမ်ချမ်းသာကို ခံစားကြရလေသည်။ သာတာဂိရိ နှင့် ဟေမဝတ သာတာဂိရိတောင်၌ နေသော သာတာဂိရိ နတ်ဘီလူးစစ်သူကြီးနှင့် ဟေမဝတတောင်၌နေသော ဟေမဝတနတ်ဘီလူး စစ်သူကြီး နှစ်ယောက်တို့လည်း တစ်ထောင်သော နတ်ဘီလူး အပေါင်း ခြံရံလျက် မိဂဒါဝုန်တော မြတ်စွာဘုရားထံသို့သွား၍ တရားနာကြရာ ကျွတ်တမ်းဝင်ကာ သောတာပန် အရိယာအဖြစ်သို့ရောက်ကြသည်။ အခြံအရံ နတ်ဘီလူးတို့သည် သရဏဂုံ၊ ပဉ္စသီလ၌ တည်ကြသည်။ အပဏ္ဏကဇာတ် ငါးရာငါးဆယ် နိပါတ်တော် အပဏ္ဏကဇာတ်တွင် ရေမရှိသော ကန္တာရခရီး၌နေသော ဘီလူးတို့သည် ခရီးသည်တို့ကို လှည့်ပတ်ကာ စားကြသည်။ မဟာသီလဝဇာတ် မဟာသီလဝဇာတ်တွင် သုသာန်၌ လူသေကောင်ကို လုနေသော ဘီလူးနှစ်ယောက်အား မဟာသီလဝမင်းကြီးက ခွဲဝေပေးရသည်။ ပဉ္စာဝုဓဇာတ် ပဉ္စာဝုဓဇာတ်တွင် တောအလယ်၌နေသော ကပ်စေးနှဲ ဘီလူးသည် တောတွင်းသို့လာသော သူတို့ကိုဖမ်း၍ စားသည်။ ဝလာဟကဇာတ် ဝလာဟကဇာတ်တွင် သီဟိုဠ်ကျွန်း သိရိသဝတ္ထုမြို့၌နေသော ဘီလူးတို့သည် ကျွန်းသို့လာသော သူတို့ကို ဖမ်း၍စားကြသည်။ တေလပတ္တဇာတ် တေလပတ္တဇာတ်တွင် ဗာရာဏသီပြည်နှင့် တက္ကသိုလ်ပြည်အကြား တောအုပ်ကြီး၌နေသော ဘီလူးတို့သည် တောအုပ်ကြီးသို့လာသော သူတို့ကို ဖမ်း၍ စားကြသည်။ ဘဂ္ဂဝဇာတ် ဘဂ္ဂဝဇာတ်တွင် ဗာရာဏသီမြို့တော် တံခါးပြင်ဘက်ရှိ ဇရပ်၌နေသော ဘီလူးသည် ဇရပ်တွင်းသို့ဝင်သော သူတို့အနက် ချေဆတ်သောအခါအသက်ရှည်စေသော် ဆိုသောသူနှင့် တစ်ဖန်တုံ့ပြန်ကာ အသက်ရှည်စေသော သူတို့မှ တစ်ပါးသောသူတို့ကို စားစေဟု နတ်မင်းကြီးတို့ထံမှ အပိုင်စားရသဖြင့် ထိုဇရပ်တွင်း သို့ဝင်သောသူတို့ကို စိစစ်၍ စားသည်။ ဂုမ္ဗိဇာတ် ဂုမ္ဗိဇာတ်တွင် ဂုမ္ဗိယဘီလူးသည် ဗာရာဏသီပြည် တောအုပ်တစ်ခုဝယ် လမ်းခရီး၌ အဆိပ်ထည့်ထားသော ပျားလဘို့တို့ကို ကုသိုလ်ပြုသည် ထင်မှတ်အောင် လှည့်ပတ်ကာထား၍ စားမိသဖြင့် သေသောသူတို့ကိုစားသည်။ သုတနုဇာတ် သုတနုဇာတ်တွင် ဗာရာဏသီပြည် တစ်ခုသော ညောင်ပင်၌ နေသေလာမဒေဝ ဘီလူးသည် ညောင်ပင်အောက်သို့ဝင်သော သူတို့ကို စားသည်။ ကာကဝလိယ သူဌေးဝတ္ထု ကာကဝလိယ သူဌေးဝတ္ထုတွင် ရာဇဂြိုဟ်မြို့တံခါး ထန်းပင်နှစ်ပင်၌နေသော ဒီတာလဘီလူးသည် နေဝင်သည်မှ အရုဏ်တက်သည်အထိ မြို့တံခါးမှဝင်သော သူ ထွက်သောသူတို့ကို စားစေဟု ဘုရင်မင်းမြတ်ထံမှ အပိုင်စားရသဖြင့် မြို့တံခါးမှ ဝင်သောသူ ထွက်သောသူတို့ကို စားသည်။ နကပါနဇာတ် နကပါနဇာတ်တွင် ဟိမဝန္တာတောအတွင်းရှိ ရေအိုင်တစ်ခု၌နေသာ ရက္ခိုသ် ဘီလူးသည် ရေအိုင်အတွင်းသို့ဆင်းသက်သော သတ္တဝါတို့ကို ဖမ်း၍စားသည်။ ဒေဝဓမ္မဇာတ် ဒေဝဓမ္မဇာတ်တွင် ဟိမဝန္တာတော အတွင်းရှိ ရေအိုင်တစ်ခု၌ နေသော ရက္ခိုသ်ဘီလူးသည် ရေအိုင်အတွင်းသို့ဆင်းသက်သော သူတို့တွင် ဒေဝဓမ္မတရားနှစ်ပါးကို မသိသောသူ တို့ကို စားစေဟု နတ်မင်းကြီးတို့ထံမှ အပိုင်စားရသဖြင့် ဆင်းသက်သော သူတို့ကို မေးမြန်းစိစစ်၍စားသည်။ အယကူန္ထဇာတ် အယကူန္ထဇာတ်တွင် ဗာရာဏသီမင်းကြီးသည် သတ္တဝါတို့အသက်ကို မသတ်ရဟု စည်လည်စေသဖြင့် ဘီလူးတို့သည် သတ္တဝါတို့အသားအသွေးဖြင့် ပူဇော်သက္ကာရကို မရသောကြောင့် အမျက်ထွက်ကာ ကုမ္ဘဏ်ရက္ခိုသ် ဘီလူး တစ်ဦးကို စေလွှတ်ရာ၊ ထိုဘီလူးသည် သံတူကြီးကိုကိုင်လျက် ညဉ့်အခါ မင်းကြီး၏ကျက်သရေတိုက်ခန်းသို့ဝင် ၍ မင်းအားသတ်မည်ပြုသောအခါ၊ သိကြားမင်းလာ၍ စောင့်ရှောက်သဖြင့်၊ မသတ်ဝံ့ဘဲ ပြေးရသည်။ သမုဂ္ဂဇာတ် သမုဂ္ဂဇာတ်တွင် ဗာရာဏသီပြည် တောအုပ်တစ်ခု၌ နေသော ရက္ခိုသ်ဘီလူးသည် တောအုပ်အတွင်းသို့ရောက်လာသော သူတို့ကို ဖမ်း၍စားသည်။ သမ္ဗူလဇာတ် သမ္ဗူလဇာတ်တွင် ဒါနောရက္ခိုသ် ဘီလူးသည် နူနာစွဲကပ်သဖြင့် တော၌နေသော သောသေနမင်းသား၏ မိဖုရားသမ္ဗူလကို သစ်သီးရှာသွားခိုက် ဖမ်း၍ စားမည်ပြုသောအခါ သိကြားမင်းလာ၍ ဒဏ်ခတ်သဖြင့် မစားဝံ့ဘဲ ပြေးရသည်။ ပဒကုသလမာဏဇာတ် ပဒကုသလမာဏဇာတ်တွင် တောင်ခြေရင်းရှိ လိုဏ်ဂူတစ်ခု၌နေသော အဿမုခီဘီလူးမသည် တောအုပ် အတွင်းသို့လာသော သူတို့ကို ဖမ်း၍စားသည်။ တစ်နေ့သောအခါ ပုဏ္ဏား လုလင်တစ်ယောက်ကို ဖမ်း၍မိရာ၊ မစားဘဲ ခင်ပွန်းလင်ပြု၍ထားသဖြင့်၊ ပဒကုသလ လုလင်ကို မွေးဖွားသည်။ ထိုပဒကုသလ လုလင်ကား လူယောက်ျားနှင့် ဘီလူးမိန်းမစပ်သောကြောင့် လူစပ်ဘီလူးဖြစ်သည်။ မဟာဝင်ဝတ္ထု မဟာဝင်ဝတ္ထုတွင် သီဟိုဠ်ကျွန်း၌ ရှေးဦးစွာ နန်းတက်သော ဝိဇယမင်းကြီးသည် ကုဝဏ္ဏာမည်သော ဘီလူးမကို မိဖုရား‌‌မြှောက်သဖြင့် ဇီဝဟ·သားတော်နှင့် ဒီပေသမီးတော် မွေးဖွားသည်။ ထိုသားတော် သမီးတော်တို့ကား လူယောက်ျားနှင့် ဘီလူးမိန်းမ စပ်သောကြောင့် လူစပ်ဘီလူးများ ဖြစ်ကြသည်။ ဇယဒိသဇာတ် ဇယဒိသဇာတ်တွင် သုဿာန်၌နေသော ရန်သူ ဘီလူးမ တစ်ယောက်သည် ပဉ္စာလမင်းကြီး၏ မိဖုရားကြီးမှ မွေးဖွားသော ပထမသားတော်နှင့် ဒုတိယသားတော်တို့ကို စားပြီးလျှင်၊ တတိယသားတော်ကိုကား မစားတော့ ဘဲ၊ သားအမှတ် မွေးစားထားသည်။ ထိုပဉ္စာလမင်းကြီး၏ တတိယားတော်သည် ဘီလူးမထံတွင် လူသားဖြင့် ကြီးပြင်းလာရကား မိမိကိုယ်ကို ဘီလူးစစ် မှတ်ထင်ကာ၊ လူတို့ကိုဖမ်း၍ စားလျက်သာနေသည်။ စင်စစ်အားဖြင့် ဘီလူးမဟုတ်၊ လူဘီလူးသာဖြစ်သည်။ မဟာသုတသောမဇာတ် မဟာသုတသောမဇာတ်တွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် လူသားကို စားသဖြင့်၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရသောကြောင့်၊ တောသို့ဝင်ကာ၊ လူတို့ကို ဖမ်း၍စားနေသဖြင့်၊ လူသား ပေါရိသာဒဟု ခေါ်ဝေါ်ကြသည်။ ထိုမင်းလည်းလူဘီလူးပင်ဖြစ်သည်။ နောက်မဟာသုတသောမမင်း တရားဟောသဖြင့် လူသားကို စွန့်လွှတ်သည်။ အယောရဇာတ် အယောရဇာတ်တွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးမှ မွေးဖွားသော ပထမသားတော်နှင့် ဒုတိယသားတော်တို့ကို ရန်သူဘီလူးမသည် အတင်းလုယူ၍ စားသည်။ တတိယားတော်ကို ကိုယ်ဝန်တည်သော အခါ၊ မင်းကြီး၏ မေးမြန်းချက်အရ၊ ဘီလူးတို့မည်သည် သံကိုကြောက်ကုန်၏ဟု အမတ်တစ်ယောက် လျှောက် ထားသဖြင့်၊ သံအိမ်ကြီးကို ဆောက်လုပ်စေပြီးလျှင်၊ ထိုသံအိမ်ကြီးအတွင်း၌ မိဖုရားကြီးကို ဖွားမြင်စေရာ၊ ဘီလူးမ မစားနိုင်သဖြင့်၊ အသက်ဘေးမှ ချမ်းသာရာရသည်။ ကာဠီယက္ခိနီ ဘီလူးမဝတ္ထု ဓမ္မပဒအဋ္ဌကထာ ကာဠီယက္ခိနီ ဘီလူးမဝတ္ထုတွင် သာဝတ္ထိပြည် အမျိုးသမီး တစ်ယောက်မှ မွေးဖွားသော ပထမသားနှင့် ဒုတိယသားတို့ကို ရန်သူဖြစ်သော ကာဠီယက္ခိနီ ဘီလူးမသည် အတင်းလုယူ၍ စားလေသည်။ တတိယသားကိုကား ဘီလူးမဘေးမှ လွတ်မြောက်ရန် အမျိုးသမီးသည် ခင်ပွန်းလင်နှင့်တကွ သွား၍ ဆွေမျိုးအိမ်၌ မွေးဖွားပြီး သားငယ်ကို ယူလာရာ လမ်းခရီးတွင် ဘီလူးမ အတင်းလိုက်လာသည်ကို မြင်လျှင် မြတ်စွာဘုရား တရားဟောရာကျောင်းတော်သို့သွား၍ မြတ်စွာဘုရားရှေ့တော် တွင်ချကာ သားငယ်ကို လှူဒါန်းပါ၏။ အသက်ကို ကယ်တော်မူပါဘုရားဟု လျှောက်ထားလေ၏။ ဘီလူးမ လိုက်လာသောအခါ မြတ်စွာဘုရား တရားတော်ကို ကြားနာရသဖြင့် ကျွတ်တမ်းဝင်ကာ သောတာပန် အရိယာ အဖြစ်သို့ရောက်လေသည်။ ပါရာဇိကဏ် အဋ္ဌကထာ ဗာဟိရနိဒါန်း ပါရာဇိကဏ် အဋ္ဌကထာ ဗာဟိရနိဒါန်းတွင် သမုဒ္ဒရာအနီးရှိ သုဝဏ္ဏဘူမိ သထုံပြည် သီရိမာသောကမင်း ၏ နန်းတော်၌ မွေးဖွားတိုင်းသော သားတို့ကို သမုဒ္ဒရာ၌နေသော ရက္ခိုသ်ဘီလူးမသည် လာ၍စားလေ့ရှိ၏။ တတိသင်္ဂါယနာတင်ပြီးနောက် သောဏထေရ်နှင့် ဥတ္တရထေရ်တို့ ရောက်လာသောနေ့၌လည်း နန်းတော်၌ သားဖွားခိုက်ကြုံသဖြင့် ရက္ခိုလ်ဘီလူးမသည် အရံငါးရာနှင့်တကွ စားမည်ဟုလာပြန်ရာ ဘီလူးတို့ရန်ကို နှိမ်နင်း ရန် လက်နက် ကိုယ်စီကိုင်၍ လာကြသော လူတို့လျှောက်ထားသဖြင့် မထေရ်တို့သည် ထိုရက္ခိုသ် ဘီလူးတို့ထက် နှစ်ဆကြီးသော ကိုယ်ရှိသော မနုဿီဟ သဏ္ဌာန်ဖန်ဆင်း၍ လိုက်သောကြောင့် ဘီလူးတို့ပြေးကြသည်။ မထေရ်တို့က ဗြဟ္မဇာလသုတ်ကို ဟောသဖြင့် အကျွတ်တရား ရကြသည်။ နန်းတော်၌ မွေးဖွားသော သားကိုလည်း မထေရ်တို့တန်ခိုးကြောင့် အသက်ချမ်းသာရာရသည့်အတွက် မထေရ်တို့အမည်ကိုယူ၍ သောနုတ္တရသတို့သားဟု အမည်မှည့်ကြသည်။ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု ဗမ္မပဒအဋ္ဌကထာ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထုတွင် သုပ္ပဗုဒ္ဓသူနူသည် တစ်နေ့သောအခါ မြတ်စွာ ဘုရား တရားတော်ကို နာရ၍ ကျွတ်တမ်းဝင်ကာ သောတာပန် အရိယာအဖြစ်သို့ရောက်ပြီးလျှင် မြတ်စွာဘုရားထံတော်မှ ပြန်လာရာ၊ ရန်သူဖြစ်ဘူးသော ဘီလူးမသည် သားသည်အမိ နွားမယောင်ဆောင်၍ ဝှေ့သဖြင့် အနိစ္စရောက်ရ သည်။ ထို့ပြင် ထိုဘီလူးမသည်ပင်လျှင် နွားမယောင်ဆောင်၍ ဝှေ့သဖြင့် ပက္ကုသာတိအမျိုးသား၊ ဗာဟိယ ဒါရုစိရိယ၊ တမ္ဗဒါဌိက ခိုးသူသတ်တို့လည်း အနိစ္စရောက်ကြရသည်။ ( ဤဘီလူးမကို နွားယောင် ဆောင်သော ကြောင့် နွားဘီလူးမဟု ဆိုထိုက်သည်။ ) ဇောတိက သူဌေးကြီး ဝတ္ထု ဇောတိက သူဌေးကြီး ဝတ္ထုတွင် ဇောတိက သူဌေးကြီး၏ အိမ်၌ တံတိုင်းခုနစ်ထပ်တို့၏လေးမျက်နှာ တို့တွင် ပထမတံခါးမုခ်ဝ၌ ဥပ္ပလနတ်ဘီလူးသည် အရံနှစ်ထောင်နှင့် စောင့်၏။ တတိယတံခါး မုခ်ဝ၌ ဝဒိရ နတ်ဘီလူးသည် အရံသုံးထောင်နှင့် စောင့်၏။ စတုတ္ထတံခါး မုခ်ဝ၌ ဝဇိရဗာဟု နတ်ဘီလူးသည် အရံ လေးထောင် နှင့်စောင့်၏။ ပဉ္စမ တံခါးဝမုခ်ဝ၌ သံကနနတ်ဘီလူးသည် အရံငါးထောင်နှင့် စောင့်၏။ ဆဋ္ဌမတံခါးမုခ်ဝ၌ ကန္ထ နတ်ဘီလူးသည် အရံခြောက်ထောင်နှင့် စောင့်၏။ သတ္တမ တံခါးမုခ်ဝ၌ ဒိသာပါမောက္ခ နတ်ဘီလူးသည် အရံခုနစ်ထောင်နှင့် စောင့်၏။ ( ဤစကားကို ထောက်ထားသဖြင့် အခြားနေရာဌာနတို့၌ လည်း ထိုက်သည် အားလျော်စွာ နတ်ဘီလူးများ စောင့်သည်ဟု ယူဆသင့်လေသည်။ ) နိုင်ငံတကာ ဒဏ္ဍာရီဇာတ်လမ်းများမှ ဘီလူးများ အထက်ဖော်ပြပါ ဗုဒ္ဓအယူဝါဒီတို့ကြားဘူးနားဝရှိနေကြသော ဘီလူးများအပြင်၊ ဥရောပတိုက်၊ အာရှ တိုက်တို့မှ နိုင်ငံအသီးသီး၊ လူမျိုးအထွေထွေ၏ ထုံးဟောင်းပုံပြင်များတွင်လည်း လူမျိုးအလိုက်၊ ဒေသအလိုက် ဒဏ္ဍာရီဘီလူး အမျိုးမျိုး ရှိကြလေသည်။ အာရိယန် အဆက်အနွယ် လူမျိုးများ၏ ထုံးဟောင်းပုံပြင်များတွင် လူ့အသွင်အပြင် ရှိသော်လည်း၊ လူထက်များစွာ သန်မာ ထွားကျိုင်းသော ဘီလူးများအကြောင်း အမျိုးမျိုး အဖုံဖုံပါရှိသည်။ ဂရိလူမျိုးများ၏ ထုံးဟောင်းပုံပြင်များ၌မူ၊ ဘီလူးတို့သည် အလွန်တရာ ကြီးမားထွားကျိုင်း၍ ကြောက်မက်ဖွယ်ရာ မျက်နှာပုံပန်း ရှိပြီးလျှင်၊ နဂါးအမြီးပါရှိကြောင်း ဖော်ပြကြသည်။ ထို့ပြင် ထိုဘီလူးများသည် ယူရေးနပ်စ် (သို့) အောရန်းနို့စ် တိုက်တန်နတ်ဘုရား (ကောင်းကင်) ၏ သွေးသည် ဂိုင်ယာ တိုက်တန်နတ်ဘုရားမ (မြေကြီး) ၏ ပေါင်ပေါ်သို့ကျရာမှ ဖြစ်ပေါ်လာသည်ဟုဆို၍ ထိုဘီလူးများကို တိုက်တန်ဟုခေါ်သည်။ စိတ်ကူးဉာဏ် အလွန်ဆန်းကြယ် ကွန့်မြူးသော ဂရိ သူဟောင်းတို့အလိုအရ၊ လူသတ္တဝါ၊ ရေမြေတောတောင်တို့၏ ဖြစ်ပေါ်မှုကို ဖျက်ဆီးသောရေ၊ မြေ၊ လေ၊ မီးတို့၏ ဖောက်ပြန်မှုတို့ကို ဘီလူးများဟု ယူဆကြသည်။ ထိုဘီလူးတို့သည် ကောင်းကင်ဘုံသို့ပင် တက်ရောက် တိုက်ခိုက် ကြရာ၊ ကောင်းကင်ဘုံနတ်များပင်၊ ယင်းတို့အား မတွန်းလှန်နိုင်သဖြင့်၊ စွမ်းအား ကြီးမားလှသော ဟာကျူလီ အား အကူအညီ ခေါ်ရသောဟူ၏။ နတ်များသည် ဟာကျူလီ၏ အကူအညီဖြင့် ဘီလူးများကို နှိမ်နင်းပြီးနောက်၊ အက်တနာစသော မီးတောင်များအောက်တွင် ဘီလူးများကို ချုပ်နှောင်အကျဉ်းချထားရသည်။ မီးတောင် ပေါက်ကွဲမှုစသည်တို့သည် ဘီလူးများ၏ ရုန်းကန်လှုပ်ရှားမှုဟု ဆိုကြလေသည်။ ဥရောပမြောက်ပိုင်း နိုင်ငံများ၏ ထုံးဟောင်းပုံပြင်များမှ ဘီလူးများသည်မူ ဂရိဘီလူးများထက်ပင် အဆင့်အတန်းမြင့်သေးသည်။ စကန်ဒီနေးဗီးယန်း ထုံးဟောင်းပုံပြင်တွင် ကမ္ဘာ၌ဦးစွာ ပထမစတင်ပေါ်ပေါက်သော သတ္တဝါသည် အီမီးယာအမည်ရှိ ဘီလူးကြီးဖြစ်၍ ဘီလူး (လူထွား- ယော့တ်နာ) မျိုးနွယ်ကို စတင်ခဲ့သူဟု ဆိုလေသည်။ နေပူခြင်း၊ မိုးရွာခြင်း၊ လေပြင်းကျခြင်းစသော ကမ္ဘာ့နိယာမ တရားတို့ကိုလည်းကောင်း၊ ယဉ်ကျေးမှု တိုးတက်ရေးကို အနှောင့်အယှက်ပြုသော အရိုင်းအစိုင်းဝါဒများကို လည်းကောင်း၊ ခရစ်ယာန်ဝါဒနှင့် ပန္ထိပက္ခဖြစ် သော မိစ္ဆာဒိဋ္ဌိ အယူဝါဒတို့ကိုလည်းကောင်း ရှေးသူဟောင်းတို့သည် ဘီလူးများနှင့် ဥပစာတင်စား၍ ပုံပြင်ဒဏ္ဏာရီ ပြုထားခြင်းများလည်း ရှိလေသည်။ ဝေလနယ်တွင် ခေတ်စားသော ဘီလူးသတ် လူစွမ်းကောင်းဂျက်၏ ပုံပြင်သည် ခရစ်ယာန် ဝေလနယ်သားများနှင့် မိစ္ဆာ အန်ဂလို-ဆက်ခ်ဆန်များ၏ ပန္ထိပက္ခကို ဥပစာ တင်စားထားခြင်းဖြစ်လေသည်။ သုံးသပ်ခြင်း သိပ္ပံပညာရပ် ထွန်းကားလာသော ခေတ်တွင် သိပ္ပံပညာရှင်များက ထုံးဟောင်းပုံပြင်ပါ ဘီလူးများကို အယုံအကြည်မရှိကြချေ။ သို့သော် အချို့လူများသည် လူသာမန်တို့ထက် အဆမတန် ကိုယ်လုံးကိုယ်ထည် ကြီးမားလှ၍၊ ယင်းတို့ကို ဘီလူးဟုခေါ်ကြသည်။ သို့သော် ဒဏ္ဏာရီပုံပြင်ပါ ဘီလူးများကဲ့သို့တန်ခိုးစွမ်းအား ရှိသည်ဟုကား မယူဆချေ။ သာမန်လူတို့ထက် အဆမတန် ထွားကျိုင်းခြင်းကို သိပ္ပံပညာဖြင့် စူးစမ်း စစ်ဆေးသည့်အခါ ဦးနှောက်အောက် အတက် ( ပီတျူတရီဂလင်း ) ၏ ဖောက်ပြန်မှုကြောင့် ဖြစ်ကြောင်းသိရသည်။ ထိုအတက်မှ ကြီးထွားမှုကို ဖြစ်စေသော ဟော်မုန်းများကို အဆမတန် အများအပြား ထုတ်လုပ်ပေးသောကြောင့် ဖြစ်သည်။ အရွယ်ရောက်ပြီး လူကြီးတစ်ယောက်တွင် ထိုအတက် ဖောက်ပြန်သောအခါ၊ ကိုယ်ခန္ဓာ၏ တစ်စိတ်တစ်ဒေသ၌သာ အဆမတန် ကြီးထွားခြင်း ဖြစ်တတ်သည်။ ယင်းသည့်အခါမျိုးတွင်၊ မျက်နှာ၊ အထူးသဖြင့် မေးစေ့၊ ခြေနှင့် လက်တို့သည် အလွန်အမင်း ကြီးမားထွားကျိုင်းခြင်း ဖြစ်တတ်လေသည်။ ပီတျူတရီဂလင်း ဖောက်ပြန်လာ၍ အချိုးမကျဘဲ ကိုယ်ခန္ဓာ ကြီးထွားလာခြင်းကို ဖြစ်စအချိန်၌ ဆရာကောင်း သမားကောင်းများဖြင့် ကြပ်မတ် ကုသက ပျောက်ကင်းနိုင်လေသည်။ အနုပညာလက်ရာများ သူ့ရဲ့ လုပ်ငန်းသဘောသဘာဝမှာ အစောင့်အရှောက် အလုပ်ကို များစွာ တာဝန် ပေးခံရတဲ့ အတွက် နတ်မင်းကြီးများရဲ့ အခြံအရံ အလုပ်အကျွေးတွေ ဖြစ်ကြတဲ့ ဘီလူးစစ်သည်များကို ရည်စူးပြီး ဘုရားစေတီ၊ သိမ်ကျောင်း၊ တန်ဆောင်း၊ ရေကန်တွေမှာ ဘီလူးရုပ်တုလုပ်ထားတတ်ကြောင်း အစဉ်အလာ တစ်ခုအဖြစ်သိရပါတယ်။ ဘုရင်မင်းမြတ်တို့နန်းတော်၌လည်းကောင်း၊ မြို့တော်၌လည်းကောင်း၊ ကျောင်းကန်ဘုရား တန်ဆောင်းစသော အဆောက်အအုံများ၌ လည်းကောင်း၊ အပြောက်အမွမ်းသဘောဖြင့် လည်းကောင်း၊ အစောင့်အရှောက် သဘောဖြင့် လည်းကောင်း၊ ဘီလူးရုပ်လုံးများ ထုလုပ်ထားသည်ကို တွေ့မြင်ရသည်။ ထုလုပ်ပုံမှာ အများအားဖြင့် နတ်ဝတ်တန်ဆာနှင့် လက်ယာဒူးထောင်၊ လက်ဝဲဒူးချ၊ လက်ယာလက်သန်လျက်စွဲ၊ လက်ဝဲလက်ထောက်၊ ဗောင်း သရဖူဆောင်းလျက် ဖြစ်သည်။ ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈) ဒဏ္ဍာရီလာ သတ္တဝါများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AE%E1%80%9C%E1%80%B0%E1%80%B8
ကိလေသာ
၁ ကိလေသာ အကျဉ်း (၁၀)ပါး ၁.၁ လောဘ ၁.၂ ဒေါသ ၁.၃ မောဟ ၁.၄ မာန ၁.၅ ဒိဋ္ဌိ ၁.၆ ဝိစိကိစ္ဆာ ၁.၇ ထိနမိဒ္ဓ ၁.၈ ဥဒ္ဓစ္စ ၁.၉ အဟိရိက ၁.၁၀ အနောတ္တပ္ပ ၂ ကိလေသာ ၁၅၀၀ ဖြစ်ပုံ ကိလေသာ အကျဉ်း(၁၀)ပါး လောဘ လောဘ ဆိုသည်မှာ လိုချင်တပ်မက်ခြင်းကို ခေါ်သည်။ ရာဂ သည် တရားကိုယ်အားဖြင့် လောဘတွင် ပါဝင်သည်။ လောဘ အကြောင်း လိုချင်မှု သဘောသည် လောဘတည်း။ ထို့ကြောင့် “လောက သဘောလိုချင်ဟော၍”ဟု ဆိုခဲ့သည်။ “လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘ ဖြစ်သည်။ နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေ တတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလို၍ ပစ္စည်း ဥစ္စာကို လိုချင့်မှု စသော ကောင်းသော အရာ၌ လိုချင်မှုမျိုးကား လောဘ မဟုတ်၊ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။ လောဘ၏ အခြားနာမည်များ။။ဤလောဘကို “ပေမ”ဟု လည်းကောင်း၊ “တဏှာ”ဟု အခြား နာမည်များလည်းကောင်း၊ “ရာဂ” ဟုလည်းကောင်း၊ သမုဒယ ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံး နှုန်းကြ၏။ ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီး ခင်ပွန်း စသော အိမ်သူ အိပ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မှုနှင့် ဆွေလို မျိုးလိုချစ်ခင်မှုတို့၌ သုံးနှုန်းကြရသည်။ ပေမ-ဟူသော စကား၌ “ချစ်ခင်ခြင်း”ဟု အဓိပ္ပာယ်ရ၏။ ဤ ချစ်ခြင်းမျိုးကိုပင် “သံယောဇဉ်” ဟုလည်း တမျိုး ခေါ်ကြသေး၏။ သံယောဇဉ် ဟူသော စကား၌ “ကြိုး”ဟု အဓိပ္ပာယ်ရသည်။ ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ တယောက်နှင့် တယောက်ကို မခွဲနိုင် မခွါရက်အောင် ချည်နှောင်ခြင်း-ဟု ဆိုလိုသည်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ဤငါးပါးကို လူအများတို့ လိုလားအပ်သောကြောင့် “ကာမဂုဏ်ငါးပါး”ဟု ခေါ်၏။ ကာမ-လိုလားအပ်သော+ဂုဏ-အနှောင်အဖွဲ့။] ထမင်းဆာ-ရေငတ်သကဲ့သို့ ထိုကာမဂုဏ် အာရုံများကို သာမန် လိုချင်ရုံမကပဲ ကပ်ကပ်သတ်သတ်ငတ်ခြင်းကို “တဏှာ”ဟု သုံးစွဲရုံမက၊ မိန်းမ ယောက်ျား တဦးဦး၌ မရမက တွယ်ကပ်နေသူကို “တဏှာရူး” ဟုလည်း ခေါ်ကြလေသည်။ တဏှာ ဟူသော စကား၌ “တပ်မက်ခြင်း၊ ငတ်ခြင်း”ဟု အဓိပ္ပာယ်ရ၏။ ထိုကာမဂုဏ်အာရုံ ငါးပါးတို့တွင် အတွေ့အာရုံ (မေထုန်မှု)ကို အလွန်လိုလားရာ၌ “ရာဂ”ဟု သုံးစွဲကြပြန်သည်။ ရာဂ ဟူသော စကား၌ “ငြိကပ်ခြင်း-စွဲလမ်းခြင်း”ဟု အဓိပ္ပာယ် ရပြန်သည်။ (ရာဂ-အဝတ်ကို ဆိုးရည်ဖြင့် ဆိုးသောအခါ စွဲကပ်နေသကဲ့သို့ တယောက်အပေါ်၌ စွဲနေသော လောဘ)၊ ဤကား စာသုံးမဟုတ်၊ လောက အသုံးကို လိုက်၍ ခွဲခြင်းတည်း။ သစ္စာလေးပါး ခွဲခြားခန်း၌ကား ဤလောဘကို “သမုဒယ”ဟု သုံးနှုန်း ပြန်သည်။ သမုဒယ ဟူသော စကား၌ “ဒုက္ခဖြစ်ကြောင်းဒုက္ခလောင်း”ဟု အဓိပ္ပာယ် ရပြန်၏။ ပြခဲ့သော ပေမ-တဏှာ-ရာဂဟု ခေါ်ဆိုရသည့် လောဘ မကင်းနိုင်သောကြောင့်သာ သံသရာ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲ၍ တဝဲလည်လည် နေကြရသည်။ ယခုအခါ သူသူ ငါငါ တွေ့နေကျဖြစ်သော ဒုက္ခကြီးငယ် အသွယ်သွယ်သည် ဤ တဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ရကား “လောဘကြီးလျှင် ဒုက္ခကြီး၏၊ လောဘ ငယ်လျှင် ဒုက္ခငယ်၏၊ လောဘ မရှိလျှင် ဒုက္ခ မရှိတော့ပြီ”ဟု ဆိုလိုသည်။ ဤ လောဘနှင့် အတူ ဖြစ်ရသော စိတ်ကို “လောဘစိတ်၊ တဏှာစိတ်၊ ရာဂစိတ်၊ သံယောဇဉ်စိတ်”ဟု ခေါ်၍ လူကိုလည်း “လောဘကြီးသူ၊ တဏှာကြီးသူ၊ ရာဂကြီးသူ၊ သံယောဇဉ်အားကြီးသူ”ဟု ခေါ်ဝေါ်ရလေသည်။ တဏှာလောဘ နောက်မဆုတ်ပုံ။။ဤ တဏှာပေမ သမုဒယ သံယောဇဉ်ဟု ခေါ်ရသော လောဘသည် တရားဖြင့် မထိန်းနိုင်ပဲ သူ့ အလိုဆန္ဒ အတိုင်းသာ ဦးစားပေးလိုက်ပါမူ မည်သည့်အခါ နောက်ဆုတ်မည်မဟုတ်။ နွားကလေး၏ပေါက်ခါစ ဦးချို့သည် ကြီးလေ-ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ ပါလာခဲ့သော ဤ တဏှာလောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင် ဖြစ်၏။ ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် “‌ေရာင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်”ဟု ပြောစမှတ်ပြုကြသည်။ ဆားငန်ရေသောက်။။ ဖွားမြင်သည်ကစ၍ မိဘချစ်ရ-ဆွေမျိုးဉာတိချစ်နှင့် ချစ်လက်စ တီထွင်တာ အတော်ကြာလျှင် ကစားဖော်ချင်း ချစ်ရ-မိတ်ဆွေချင်းချစ်ရ စသည်ဖြင့် ဝမ်းတွင်းပါ ဓမ္မတာ တရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ၊ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံ တွေကို ငတ်ငတ်ရှိ၍ လိုက်စားမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ပဲ ချစ်ပင်လယ်ထဲ၌ ဝဲလှည့်၍ နေကြရတော့သည်။ “အချစ် အချစ်၊ ချစ်တိုင်း ချစ်၍၊ ချစ်လေ ချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်း သောက်က၊ သောက်လေ သောက်လေ။ ငတ်မပြေဘို့၊ ပေမ အရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ် မမြင်၊ မဆင်ခြင်ပဲ၊ ချစ်လျှင် ပျော်နိုး ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ်၊ ချစ်လမ်းတည်း။” ရှေးပညာရှိ ပျို့။ လောဘသက်သက် အပါယ်ချပုံ။။ လောဘသည် ကုသိုလ် အထောက် အပံ့ မရပဲ သူ့ချည်း သက်သက် စဉ်းစားလျှင် သေးငယ်သော လောဘပင် အပယ်ချနိုင်၏။ ဥပမာ-ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်မှုန့်ကလေးပင် ရေထည်းမှာ နစ်ရသကဲ့သို့တည်း။ ထို့ကြောင့် စုတေခါနီး၌ သမီးခင်ပွန်းအပေါ် စွဲလမ်းမှု၊ သမီးသားနှင့် စီးပွားဥစ္စာ တစုံတရာကို စွဲလမ်းမှုကြောင့် ပြိတ္တာဖြစ်ရသူတွေ များလေသည်။ ငါတို့ဘုရားလက်ထက်၌ ရဟန်းတော်တပါးကား သင်္ကန်းသစ်ကလေးကို စွဲလမ်းသွားသည့်အတွက် သင်္ကန်းမှာ လာ၍ သန်း ဖြစ်ရလေသည်။ ၇-ရက်လည်မှ သန်းဘဝက ကျွတ်လွတ်သတဲ့။ ကုသိုလ်ကောင်းမှု အကူအညီ အပါယ်မချပုံ။။ တယောက်နှင့် တယောက် ချစ်ခင်မှု ခေါ် တဏှာပေမ ဖြစ်နေကြသော်လည်း ကုသိုလ်ကောင်းမှု အကူအညီရလျှင် အပါယ်သို့ မချနိုင်ချေ။ ဥပမာ-ကျောက်ခဲသည် သူ့ချည်းသက်သက် ဆိုလျှင် ရေ၌နစ်သော်လည်း လှေ အကူအညီရလျှင် ရေမနစ်ပဲ လှေ၏အလိုကျ လှေပေါ်မှာ ပါရသကဲ့သို့တည်း။ ထို့ကြောင့် ဇာတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက် ပါရမီဖြည့်ဖက်များ ဖြစ်ကြလေသည်။ စဉ်းစားဖွယ်။။ သမီးခင်ပွန်းတို့ စိတ်တူ သဘောတူ ဖြစ်ကြသောအခါ တယောက်ကို တယောက် မခွဲခွါလိုကြ။ သံသရာဝယ် ပါရမီ အတူဖြည့်ကာ နိဗ္ဗာန်ကို ရလိုကြ၏။ အလောင်းတော် သုမေဓာဘဝ၌ ယသော်ဓရာအလောင်း “သုမိတ္တာ” မည်သော အမျိုးကောင်းသမီးကလေးသည် ဘုရားအလောင်းနှင့် မကွဲမကွာ ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏။ အရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ အလောင်းလည်း ကမ္ဘာပေါင်းများစွာဝယ် ပါရမီကို အတူ ဖြည့်ခဲ့ကြသည်။ ဤသို့ ဖြစ်ခဲ့ရာဝယ် “နောက်၌ ပြမည့် ဆန္ဒ သဘောလား၊ တဏှာပေမ လောဘ သဘောလား”ဟု စဉ်းစားထိုက် ပေသည်။ ဆုံးဖြတ်ချက်။။ ပြခဲ့သော ဇာတ်လမ်းတွင် ပါဝင်သောအရှင်တိုကား စင်စစ်သူတော်ကောင်းများ ဖြစ်ကြသည်။ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းလိုခြင်းမှာ တမင်္ဂလာ ဆုတောင်းရသော ကုသိုလ်ဆန္ဒ ကောင်းပေတည်း။ ထိုအရှင်တို့သည် ပါရမီကို ကြိုးစားနေသော သီလရှိသူများလည်း ဖြစ်ကြသည်။ ကျမ်းဂန်တို့၌ “သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံနိုင်သည်။ ဆန္ဒရှိလျှင် ဘယ်အရာမဆို ပြီးစီးနိုင်သည်”ဟု အဆိုရှိ၏။ ထို့ကြောင့် ထိုအရှင်တို့၌ တယောက်နှင့်တယောက် မကွဲအောင် တွယ်တာသော တဏှာ ပေမ ရှိကြမည် ဖြစ်သော်လည်း ကြီးမားသော ကုသိုလ်ဆန္ဒကြောင့် အလောင်း အလျာကို အလိုကျအောင် ပြုသမျှ ကုသိုလ်ကံတွေက တွဲဖက်၍ စီမံသဖြင့် ဥမကွဲသိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရပေသည်။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ=ရဟန်း များတို...သီလရှိသူမှာ (သူ၏တောင့်တမှုက စင်ကြယ်သည့်အတွက်) စိတ်တောင့်တတိုင်း ပြည့်စုံနိုင်သည်။[ပါဠိတော်။] နကုလပိတာနှင့် နကုလမာတာ ဘုရားလက်ထက်တော်အခါဝယ် “နကုလပိတာ”ဟု ထင်ရှားသော သူကြွယ်နှင့် “နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘဝ များစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ ၂-ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်း၏ မိဘ အဖြစ်-ဦးကြီး မိကြီး အဖြစ်-ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာလွန်စွာအကျမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ ရှိကြသည်။ ထို့ကြောင့် အခါတပါး၌ သူကြွယ်က လျှောက်သည်မှာ.. “တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့သည်။ သူ့ကို သိမ်းပိုက်ခဲ့သောအခါမှစ၍ အခြား တယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့် မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲမြင်လိုသည်။” ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ပြန်သည်မှာ... “တပည့်တော်မသည် ငယ်ရွယ်စဉ်ကပင် နကုလပိတာ၏ အိမ်သို့လိုက်ခဲ့ရသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲ တွေ့မြင်လိုသည်။” ထိုသမီးခင်ပွန်း ၂-ဦးတို့၏ စကားကို ဘုရားရှင်က ပြန်၍ မိန့်တော်မူသည်မှာ-- “ယခုဘဝ၌ စိတ်တူ သဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောက် ဘဝ၌ မကွဲမကွာ ဖြစ်လို့ကြလျှင် တယောက်နှင့် တယောက် သဒ္ဓါ-သီလ-စာဂ-ပညာတို့ အရာရာ တူစေကြရမည်။ အိမ့်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရားကောင်း ရမည်။ အိမ်ရှင်က သီလ စင်ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေ ရမည်။ တယောက်ယောက်က စွန့်ကြဲ ပေးကမ်း လှူဒါန်းလိုလျှင် မတားမြစ် “မယ်က လှူမူ မောင်ကြည်ဖြူ-မောင်က လှူဒါန်း မယ်ရွှင်လန်း” ဖြစ်စေရမည်။ အသိ အလိမ္မာ ဉာဏ်ပညာ ချင်းလည်း အရာရာ တူစေရမည်-ဟု ဟောတော်မူလိုရင်း ဖြစ်၏။ ဤ အဓိပ္ပာယ်ကို ရည်ရွယ်၍ ပဉ္စဝုဓပျို့၌-- “လူ့ ရပ်ခွင်၊ အိမ့်ရှင် အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူ ညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မှု၊ ဘုန်းလှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း၊ ချစ်စည်းမပြေ၊ ရှည်ကြာလေ၏” ဟူသတည်း။ ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန် ချစ်ခင်ကြပုံကို ပထမ စဉ်းစားသင့်၏။ ထိုကဲ့သို့ လုံလုံ လောက်လောက် ချစ်ခင် ကြသည့်အတွက် မိမိတို့အချင်းချင်းမှ လွဲ၍ အခြား သူနှင့် ဖေါက်ပြားဖို့ရန် စိတ်မျှမကြံမိကြ၊ ထိုမျှလောက် စိတ်ထား စင်ကြယ် ကြသဖြင့်လည်း ပိုမို၍ မြတ်နိုးကာ တသံသရာလုံး မခွဲမခွါလိုပဲ အမြဲ တွေ့မြင် လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ကုသိုလ် အပေါင်းက ကောင်း မြတ်ရာသို့ ပို့ဆောင်ပေလိမ့်သတည်း။ (အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။) ဒေါသ ဒေါသ ဆိုသည်မှာ အမျက်ထွက်ခြင်းကို ခေါ်သည်။ စိတ်အတွင်းတွင် တနုံ့နုံ့ဖြင့် အသားတွင်းသို့ ဆူးဝင်သည့်ပမာ မျက်နေခြင်း၊ စိတ်အတွင်းတွင် တင်းပြီး မပေါက်ကွဲသေးသော အဆင့် ရုပ်ပိုင်းဆိုင်ရာ အားဖြင့် မည်သို့မျှ မပြုရသေးသည်ကို ကောဓ (အမျက်) ဟု ခေါ်သည်။ ကောဓမှ အပြင်ကို ပေါက်ကွဲထွက်ပါက ဒေါသဖြစ်သည်။ ကဏ္ဍဇာတ်တော်တွင် ကဏ္ဍရသေ့ကြီးမှ ကောဓ မဖြစ်ရပါလို၏၊ ဒေါသ မဖြစ်ရပါလို၏ဟု ခွဲခြားပြီး ဆုတောင်း အဓိဋ္ဌာန်ပြုခဲ့သည်ကို တွေ့ရသည်။ ဒေါသ အကြောင်း စိတ်၏ ခက်ထန် ကြမ်းတမ်းခြင်း သဘောသည် ဒေါသ မည်၏။ ထို့ကြောင့် “ဒေါသတွက်ကြောင့်-စိတ်စက်ခက်ထန်”ဟု ဆိုခဲ့သည်။ ခက်ထန်-ဆိုသော်လည်း ရှူးရှူးရှဲရှဲ ခက်ထန်ခြင်းတမျိုးသာ မဟုတ်၊ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသောစိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ၊ စိတ်နေပုံမှာ ဇာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမှု၊ စိတ်အားငယ်မှု၊ ကြောက်လန့်မှုများလည်း ဒေါသ သဘောပင်။ အချုပ်မှာ-စိတ်ညစ်မှု၊ စိတ်မချမ်းသာမှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ စိတ်ကောက်မှု၊ စိတ်ဆိုးမှု၊ ရန်ငြိုးဖွဲ့မှု၊ ဆဲဆို ငေါက်ငမ်း ချောက်ချမ်းမှု၊ တိုက်ခိုက်မှု၊ သေကြေပျက်စီးအောင် ကြံဆောင်မှု အစုံစုံသည် ဒေါသချည်းတည်း၊ ကြောက်လန့်မှု ကြမ်းတမ်းမှု ၂-မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ခက်ထန် ကြမ်းတမ်းသူသည် ကြောက်စရာ ရှိလျှင်လည်း ကြောက်လွယ်တတ်သည်။ ထိုလူမျိုးကို သတိထား၍ အကဲခတ် ပါလေ။ [ခက်ထန်မှုကို အတက် ဒေါသ၊ ကြောက်ရွံ့မှုကို အသက် ဒေါသ ဟုလည်း ခဲ့ကြသေး၏။ အမျိုးသမီးတယောက် ဝတ္ထု။။ ပြခဲ့သော ဒေါသများကို အတော် စုံအောင် ခံစား၍ သွားရရှာသော အမျိုးသမီးကလေး တဦး၏ အိန္ဒိယနိုင်ငံ၌ ဖြစ်ပုံကို ဒေါသ သဘောသိရရုံမက၊ လူငယ်ချင်း မမျှပဲ အတင်းပေးစားလေ့ရှိသော မိဘတို့ကို သတိရစေသလိုလည်း ဖြစ်ပေသည်။။ ဤဝတ္ထုပါ ငယ်ရွယ်သူ ၂-ယောက်ကား တယောက်သဘောကို တယောက် မသိကြ။ ၂-ဘက်မိဘတို့ စေ့စပ်ချက်ဖြင့် လက်ထပ်ပြီးကြလေပြီ။ သတို့သမီး ကလေးသည် အမျိုးကောင်းသမီးပီပီ တည်တည်ကြည်ကြည်နှင့် ဝတ်ကျေအောင် ပြုရှာပေ၏။ သို့သော် သတို့သားက ဘယ်ဟာပြုပြု အကောင်းဟု မထင်၊ ခင်မင် ယုယမှု မရှိချေ။ မိမိက ပြုစုပါလျက် ခင်ပွန်းက မိမိကို ဂရုမစိုက်သည့်အတွက် သတို့သမီး စိတ်ပျက်စပြုလာ၏၊ စိတ်ညစ်၏၊ စိတ်မချမ်းသာ၊ မကြာမကြာ မှိုင်နေသည်။ နဂိုကပင် မကျေနပ်သော ခင်ပွန်းသည်သည် ထိုသို့ မသာမယာ ဖြစ်နေပုံကို မြင်လျှင် သာ၍ပင်ရွံမုန်းကာ တခါ တခါ အကြမ်းဖက်လာ၏။ သတို့သမီးက စိတ်နာ၏။ ခင်ပွန်းသည်၏ ပြုမူပုံကို မကျေနပ်နိုင်။ သို့သော် မည်သို့မျှ မတတ်နိုင်တော့ပဲ မိမိဝတ္တရားကျေအောင် ပြုမြဲပြုရှာ၏။ သို့ရာတွင် ကျောက်တုံး ကျောက်သား မဟုတ်ပဲ စိတ်ဝိညာဉ် ပါသော ကိုယ်ခန္ဓာဖြစ်ရကား မကြာခဏ မိမိ၏ ဘဝကို အဆုံးစီရင်ရန် ကြံလေသည်။ ဤကဲ့သို့ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်မချမ်းသာခြင်း၊ ကြောက်ရွံ့ခြင်းတို့ ဆက်တွဲ၍ လောကငရဲ ခံကာ သားသမီး ၂-ယောက် ဖွားမြောက်ပြီးသည့်တိုင်အောင် အောင့်အည်းခဲ့ပါသော်လည်း နောက်ဆုံး၌ မစောင့်စည်းနိုင်တော့ရကား ကိစ္စတခုအတွက် အခြားမြို့သို့ သွားနေသော ခင်ပွန်းသည် အထံသို့ စာတစောင် ရောက်လာသည်မှာ.......။ “အရှင်မိဘများ ပေးစားသော ခင်ပွန်းပင် ဖြစ်သော်လည်း ရှင့်ကို အမှန်ချစ်၍ ရှင်၏အချစ်ကိုလည်း ရရှိနိုင်ရန် အမှန်ပင် ကြိုးစားခဲ့သည်။ သို့သော် ကျွန်မ၏ ကြိုးစားမှုတွေမှာ အကျိုး မရသည့်ပြင် “ပလီတယ်၊ မာယာများတယ်” ဟုသာ အထင်ခံရ၍ စိတ်ပျက်လှသဖြင့် ဘဝကိုအဆုံးစီရင်ရန် မကြာခဏ ကြံသော်လည်း ကလေးများ မျက်နှာထောက်၍ အထမမြောက်ခဲ့ပါ။ ယခုမှာမူ ဆက်လက်၍ နေသော်လည်း စိတ်ညစ်ရုံသာရှိမည် ဖြစ်သောကြောင့် ဤစာကိုရေးပြီးနောက် ကလေးများစားမည့် မုန့်ထည်း၌ အဆိပ် ခတ်ပြီးလျှင် ကျွန်မ၏ဘဝကို အဆုံးစီရင်လိုက်ပါပြီ။” အထက်ပါစာကို ရပြီးနောက် ခင်ပွန်းသည် ယောက်ျားလည်း သူ့ ဇနီး၏ လိမ္မာပုံတွေကို အကုန်အစင် ထင်မြင် လာရကား ကပျာကသီ ပြန်သွားလေရာ အိမ်ပေါ်မှာ ပြင်ထားသော မိသား ၃-ဦး၏ အလောင်းကိုသာ တွေ့ရတော့သဖြင့် အဆင်သင့်ရှိသော သေနတ်ဖြင့် သူ၏ ဇာတ်ကိုပါ အဆုံး သတ်လိုက်လေသည်။ ဤဝတ္ထု၌ ဒေါသ ဖြစ်ပုံများ ထင်ရှားပြီ။] ဤဝတ္ထုကို ထောက်ထား၍ အကြောင်းအားလျော်စွာ ဆုံတွေ့ကြရသောအခါ သဘော ကြီးကြီးထား၍ ပြေပြေပြစ်ပြစ် ဖြစ်အောင် ကြိုးစားကြပါလေ။ (အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။) မောဟ မောဟ ဆိုသည်မှာ တွေဝေမိုက်မဲခြင်းကို ခေါ်သည်။ မောဟ၏ သဘောတရားကို အများစုမှာ သဘောမပေါက်ကြဘဲ ရောထွေးနေတတ်ကြသည်။ အဝိဇ္ဇာနှင့် မောဟ နှစ်ခုစလုံးသည် မသိခြင်းဟု အဓိပ္ပာယ်ထွက်သော်လည်း ကွဲပြားခြားနားသည်။ သစ္စာ (၄) ပါးကို မသိခြင်းသည် အဝိဇ္ဇာ ဖြစ်ပြီး ဒိဋ္ဌိနှင့် ဆက်နွယ်နေသည်။ မိမိလုပ်နေသော အလုပ်အပေါ်တွင် သတိမကပ်ဘဲ တွေဝေငေးငိုင်စွာ လုပ်နေခြင်း၊ မိမိလုပ်နေသော အလုပ်ကို ကုသိုလ် အကုသိုလ်ဟူ၍ ခွဲခြား မသိခြင်းသည် မောဟဖြစ်သည်။ သစ္စာမသိခြင်းလောက် အဆင့်မမြင့်ပေ။ သစ္စာမသိလျှင် သံသရာ လည်မည် မောဟများလျှင် အပယ်လားမည်ဟု ပြောဆိုလေ့ ရှိကြသည်။ အလှူလှူနေသော်လည်း မည်သို့ လှူသင့်သည်ကို မသိ၊ မိမိလှူသော အလှူမှ မည်သည့်ကုသိုလ်ရမည်ကို မသိဘဲ လှူနေခြင်းကို မောဟဖုံးလွှမ်းနေခြင်းဟု ဆိုသည်။ မောဟ၏ တွေဝေမှုတွင် ပြုမူချက်က ရှိနေပေမည်။ လှူလျှင် ကုသိုလ်ရမှန်း သိ၍ ကုသိုလ်ရအောင် လှူသော်လည်း ဤကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဟု ဆုတောင်းခြင်းမျိုးတွင် အဝိဇ္ဇာ ပါဝင်သွားသည်။ ဒုက္ခသစ္စာကို မသိသဖြင့် သမုဒယသစ္စာကို လိုချင်ခြင်းပင် ဖြစ်သည်။ နောက်ထပ် ဥပမာ တစ်ခု ပေးရမည် ဆိုလျှင် လူတစ်ယောက်သည် အတိတ်ကို တွေးလျှင် ဒေါသဖြစ်မည် ဖြစ်၍ ဘာမှ ပြန်လုပ်၍ မရတော့သော အတိတ်ကို မတွေးရန် လိုအပ်သည်။ အနာဂတ်ကို တွေးလျှင် လောဘဖြစ်မည် ဖြစ်ပြီး အနာဂတ်က မရောက်သေး၍ ဖြစ်တတ်ပျက်တတ်သော သံသရာတွင် ကြိုတင်၍ လောဘစိတ်မထားရန် လိုအပ်သည်။ ပစ္စုပ္ပန်တွင် မောဟဖြင့် မနေနှင့်ဟု ဆုံးမလေ့ ရှိကြသည်။ သတိနှင့် နေ၍ ကုသိုလ် အကုသိုလ် ခွဲခြားနိုင်သော ပညာရှိနေခြင်းသည် မောဟ ကင်းခြင်းပင် ဖြစ်သည်။ ပညာအဆင့်မြင့်လာ၍ သစ္စာတရားများကို ရှုမြင်လာသည့် အခါတွင် အဝိဇ္ဇာပါ ကင်းစင်လာပေလိမ့်မည်။ မောဟ၏ တွေဝေမှုတွင် ပြုမူချက်များက ရှိနေပေဦးမည်။ ထိနမိဒ္ဓ ကဲ့သို့ ငိုက်မနေသင့်ပေ။ မောဟအကြောင်း မောဟ ၂ မျိုး။။ မသိတတ်ခြင်း သဘောသည် မောဟတည်း။ ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော”ဟု ဆိုခဲ့သည်။ ထိုမောဟသည် အနုသယမောဟ – ပရိယုဋ္ဌာနမောဟဟု ၂ မျိုး ရှိ၏။ အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပာယ်ရှိ၏။ ပရိယုဋ္ဌာနဟူသော ပါဠိကား ထကြွခြင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် သတ္တဝါတို့၏ သန္တာန်တွင် အစဉ်တစိုက်လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ တရံတခါ စိတ်နှင့်တွဲ ဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟမည်၏။ အနုသယမောဟ။။ အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သောဓာတ်သတ္တိ ပါရှိသကဲ့သို့၊ ထို့အတူ သတ္တဝါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင်ဖုံးကွယ်တတ်သော ဓာတ်သတ္တိ တမျိုးပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟု ခေါ်၏။ ဤ အနုသယ မောဟ၏ ဖုံးကွယ်ထားမှုကြောင့် ပုထုဇဉ်တို့သည် အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်အပ်ထင်ထင် မသိမြင်ကြချေ။ ဤ အနုသယမောဟဓာတ်ကို ပုထုဇဉ်တို့ ဉာဏ်ဖြင့် မသိနိုင်။ ယခု ကာလ စာပေသင်ဘူး၍ အနိစ္စ ဒုက္ခ အနတ္တ စသည်ကို သိသည်ဟု ဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော အသိမျိုးသာ ဖြစ်၏။ ထိုးထိုးထွင်းထွင်း ရှင်းလင်းအောင် သိသော အသိမျိုး မဟုတ်ချေ။ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်သည့်တိုင်အောင် ထိုအနုသယ မောဟဓာတ်မှာ အဆင့်ဆင့် ပါးလှပ်ရုံသာ ရှိသေး၏။ ရဟန္တာအဖြစ် ရောက်မှ အနုသယမောဟဓာတ် အကုန်အစင်ပြတ်သည်။ ထို့ကြောင့် “ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ခဏ၌လည်း အနုသယ မောဟဘတ်မှာ ငြိမ်သက်ကိန်းဝပ်လျက် ရှိနေသည်”ဟု မှတ်ပါ။ ပရိယုဋ္ဌာနမောဟ။။ စိတ်နှင့် တွဲဖက်၍ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ် ဖြစ်နေပြီဟု ဆိုရပေသည်။ ဤ ပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ ယခုလောလောဆယ် ယုတ်မာညစ်ညမ်းဆိုးသွမ်းမှု အပြစ်ကိုလည်း မသိကြရ။ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက ပညာရှိ သူတော်စင်တို့သည်ပင် အပြစ်ကို မမြင်နိုင်ပဲ ဒုစရိုက်အမှုကို ပြုမိကြလေတော့သည်။ ဤ မောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော တရားမျိုးပင်တည်း။ ဤလောက၌ မိုက်မဲမှုဟူသမျှဝယ် ဤမောဟ သာလျှင် အခြေတည်လျက် ရှိလေသည်။ ပညာရှင်ကြီး မောဟစီးပုံ။။ ဟရိတစမည်သော ငါတို့ ဘုရားအလောင်းသည် ကုဋေ ရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် တောထွက်၍ ရသေ့ လုပ်ပြီးလျှင် ဈာန်အဘိညာဉ်ကို ရလေသည်။ ထို့နောက် မိုးကာလအခါဝယ် ဟိမဝန္တာ၌ မိုးများသောကြောင့် ဗာရာဏသီပြည်သို့ ကြွလာ၍ ဘုရင့် ဥယျာဉ်တော်မှာ သီတင်း သုံးတော်မူလေသည်။ ထိုဗာရာဏသီ ပြည့်ရှင်ကား ရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းပေတည်း။ ထို့ကြောင့် မြင်လျှင်မြင်ချင်း လွန်မင်းစွာကြည်ညိုရကား ဥယျာဉ်တော် အတွင်းမှာ သီတင်းသုံးရန် တောင်းပန် လျှောက်ထား၍ ပစ္စည်း လေးပါးဖြင့် ထောက်ပံ့လျက် နံနက်တိုင်း နန်းတော်မှာ မိမိကိုယ်တိုင် ဆွမ်းကပ်လေသည်။ အခါတပါး၌ကား တိုင်းပြည်ဝယ် သူပုန်ထသောကြောင့် ဘုရင့် ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခါနီးမှာ ဆရာရသေ့ကို မမေ့ရစ်ဖို့ရန် မိဖုရားအား တန်တန်မှာပြီးမှ ထွက်သွားလေသည်။ မိဖုရားလည်း အချိန်မှန်မှန် ဆွမ်းပြုစု၍ တနေ့သောနံနက်မှာမူ ဆရာရသေ့မလာသေး သည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာ ချိုး၍ ချောမွေ့နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာ ရသေ့အလာကို စောင့်မျှော်ယင်း သလွန် ပေါ်မှာ ခေတ္တ လျောင်းနေလေသည်။ အလောင်းတော် အရှင်ရသေ့လည်း အဘိညာဉ် သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွ၍လာခဲ့ရာ၊ လေသာနန်းတံခါး ပေါက်သို့ ရောက်သောအခါ “လျော်တေ” ခေါ်သော ရသေ့အဝတ်သံကို ကြား၍ ဗြူးကနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တပိုင်းမှ ခါးဝတ် လျောကျသွားသည်ကို မြင်လေသော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် ကိန်းဝပ် တည်နေသော အနုသယ မောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာနမောဟ အဖြစ်သို့ ရောက်ကာ လောဘ တဏှာ ဖက်တွဲလျက် မိဖုရားလက်ကို ဆွဲပြီးလျှင် သဘက်သရဲပမာ မှားခြင်းကြီး မှားရှာလေသတဲ့။ ဝတ္ထုမှတ်ချက်။။ ဤ ဝတ္ထု၌ မောဟ၏ မိုက်မဲ ရမ်းကားမှုကို လေးလေး နက်နက် သတိပြုသင့်ကြပေသည်။ ဤမောဟ မျိုးသာ မဝင်လာလျှင် အလောင်းတော် အရှင်ရသေ့သည် ထိုကဲ့သို့ မတရားအမှုကို ဘုရင့်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုနိုင်မည် မဟုတ်ပါ။ ယခုမောဟမှောင်ကြီး ဖိစီးကျရောက်ရကား ယခုဘဝအပြင် နောင် သံသရာအပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သောအမှုကို ပြုမိလေသည်။ တသက်လုံး အားထုတ်လာခဲ့သော ဈာန်အဘိညာဉ် ပညာများလည်း ယခုလိုအချက်ထဲ၌ မောဟအမှောင်ကို မဖျက်ခဲ့နိုင်ရုံမက၊ မောဟ၏ ဖိစီးမှုကြောင့် ဈာန်အဘိညာဉ်တို့သာ ကွယ်ပျောက်ရလေသည်။ သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီး ဖြစ်သောကြောင့် ဘုရင် ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသော ဈာန်ကို ပြန်ရအောင် အားထုတ်ကာလူ့ အနားနေလို့ ဤအမှုမျိုးဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသော ဟိမဝန္တာသို့ ပြန်ကြွလေသည်။ မသိတိုင်း မောဟဟု မမှတ်ရ။။ မသိခြင်းသဘောကို မောဟဟု ဆိုသောကြောင့် မသင်ဘူးသော အတတ် – မရောက်ဘူးသော အရပ်နှင့် မမှတ်ဘူးသော နာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ် အကုသိုလ်ဖြစ်သည်ဟု မှတ်ထင်တတ်ကြ၏။ ထိုမသိမျိုးမှာ မသိရုံ သက်သက်သာဖြစ်၍ မောဟ အစစ် အကုသိုလ် မဖြစ်ပါ။ မိမိ၌ မှတ်သားဘူးသော သညာမရှိမှု သာတည်း။ ထိုမသိမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ၊ ရဟန္တာများမှာပင် ရှိပါသေးသည်။ ဘုရားရှင်က လွဲလျှင် ပထမတန်းဉာဏ်တော်ရှင် ဖြစ်သော အရှင်သာရိ ပုတြာ သည်ပင် တပည့်ရဟန်းကလေးတပါး၌ ကမ္မဋ္ဌာန်း အပေးမှားတော် မူခဲ့သေး၏။ ရဟန်းကလေးက ငယ်ရွယ်သူဖြစ်၍ ကာမရာဂ ထကြွချိန်ဟု သဘောပိုက်ကာ အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူလေရာ၊ ရဟန်းကလေး၏ စရိုက်အလိုနှင့် မတဲ့သောကြောင့် ၄-လလုံးလုံး အားထုတ် ပါသော်လည်း အရိပ်နိမိတ်မျှမထင်ပဲ ရှိလေသတဲ့။ ထို့နောက် ဘုရားရှင်ထံခေါ်သွားမှ ဘုရားက စရိုက်နှင့်သင့်မြတ်အောင် ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ပေးတော်မူလေရာ လွန်စွာနှစ်သက် နေစဉ် မကြာခင် ညှိုးနွမ်းအောင် ဖန်ဆင်းပြ၍ သံဝေဂအရမှာ အနိစ္စ ဒုက္ခ အနတ္တ ထင်မြင်အောင် ဆင်ခြင်၍ ဟောပြသောအခါ ရဟန္တာ ဖြစ်သွားလေသည်။ ဤနေရာတွင် ဘုရားရှင်၏ ညဏ်တော်ကြီးပုံနှင့် မောဟ ကင်းပြီး အရှင်သာရိပုတြာ၏ အချို့အရာ၌ မသိပုံကို သတိပြုခဲ့ပါ။ ဤသို့လျှင် အရှင်သာရိပုတြာသော်မှ မိမိအရာမဟုတ်သော အချက်များကို မသိနိုင်သောကြောင့် ယခုကာလ မသင်ဘူးသောအတတ် စသည်နှင့် ဉာဏ်ကြီးရှင်တို့ အရာကို မသိခြင်းမှာ မောဟ၏ ကာကွယ်မှု မဟုတ်၊ မိမိဉာဏ်ပညာ၏အစွမ်းသတ္တိ နုံ့မှုသာဟုမှတ်ပါ။ ဥပမာ-နေ့လယ်ကြောင်တောင် နေရောင်ရှိတုန်း အခါ၌ အကွယ်အကာ မရှိသော အဝေးအရပ်ကို လှမ်း၍ မမြင်ရခြင်းမှာ တစုံတရာ ကွယ်ကာမှုကြောင့်မဟုတ်၊ မိမိမျက်စိ၍ အစွမ်းသတ္တိ မရှိခြင်းကြောင့်သာ ဖြစ်သကဲ့သို့တည်း။ မောဟ အကြမ်းအနု။။ ထိုပြခဲ့သော မောဟအစစ်တွင် အကုသိုလ်မှန်း၊ ကုသိုလ် အမှန်းကို ခွဲခြား၍ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် အတော် ကြမ်းတမ်း ထူထဲ၏၊ ရုပ်နာမ် တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောကို မသိ၊ သစ္စာ လေးပါးကိုလည်း အတော်အတန် မသိ၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းကို မရိပ်မိသော မောဟ မျိုးကား (မောဟအကြမ်းကိုစာလျှင်) အတော် အတန် ပါးလှပ်သော မောဟပေတည်း။ ဤမောဟနှင့် တွဲဖက်၍ဖြစ်သော စိတ်ကို “မောဟစိတ် အမိုက်စိတ်”ဟု ခေါ်၍ ထိုမောဟဓာတ် အားကြီးသူကိုလည်း “လူမိုက်၊ လူမဲ၊ လူမှောင်၊ လူပြိန်း၊ လူအ၊ လူန၊ လူထိုင်း၊ လူရိုင်း၊ လူဖျင်း”ဟု ယခုကာလ ခေါ် ခေါ်ရလေသည်။ ဤလောကကြီးသည် အမှောင်အတိဖြစ်၍နေ၏။ ဤလောကကြီးတွင် သတ္တဝါ အနည်းငယ်သာ ထူးထူးခြားခြားရှုမြင်နိုင်၏။ ပိုက်ကွန်ပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။။ (ဓမ္မပဒ-ပါဠိတော်) မောဟအကြောင်း ပြီး၏။ (အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကူးယူတင်ပြသည်။) မာန မာန ဆိုသည်မှာ ထောင်လွှားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ မာန်တက်နေသည် မာနကြီးနေသည်ဟု ပြောလေ့ ရှိကြသည်။ မာန (၃) မျိုးရှိသည်။ သေဌမာန် = "ငါသာမြတ်တယ်" ဟု မာန်တက်ခြင်း သဒိသမာန် = "ငါနှင့် တန်းတူတွေပါပဲ" ဟု မာန်တက်ခြင်း ဟိနမာန် = "ငါကား နိမ့်တယ်၊ဒါပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး" ဟု မာန်တက်ခြင်း တို့ ဖြစ်သည်။ မာန်တက်ရန် (၃) ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ဇာတိမာန် = ဇာတိကို စွဲ၍ မာန်တက်ခြင်း ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်သည်။ မာန အကြောင်း ထောင်လွှား တက်ကြွခြင်း သဘောသည် မာန်မာန မည်၏။ ထို့ကြောင့် “မာနကားမူ ထောင်လွှားကြွတက်”ဟု ဆိုခဲ့ပေသည်။ မာနဓာတ်ခံ ရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော် လို၏။ ကြွတတ ရှိ၏။ ရာထူး ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါ ကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ “ငါက သင်းတို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ် ကိုယ်ကို အထင်ကြီးကာ သူတပါးကို အထင်သေးတတ်၏။ သူများထက်မသာပဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံရှိနေသူတို့မှာ “သင်းနဲ့ ငါနဲ့ ဘာထူးသေးသလဲ၊ သူ့ လောက်တော့ ငါလဲ ရတာပေါ့”ဟု တန်းတူ ထားလျက် မာန်တက်ပြန်၏။ ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန် လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ “သူတို့က ငါထက်သာကော၊ ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုံး”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။ အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း ဇာတိမာန်။။ အမျိုးကောင်းသည့်အတွက် မာန်မာနတက်ခြင်းကို “ဇာတိမာန်” ဟုခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။ သို့သော်မာန်တက်လောက် ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တဘက်သားကို ခြေဖဝါးအောက်ကဟု ထင်လောက်အောင် အမျိုးမကောင်းပါ။ ရှေးက မဟာသွေး မဟာမျိုးဖြစ်၍ တကယ် အမျိုးကောင်းသည်ပင် ဆိုဦးတော့၊ အမျိုးမြတ်သူက မာနမဖက်ပဲ ညက်ညက်ညောညောအပြောချိုကာ အရာရာမှာလိုက်လျောပါမူ အောက်တန်းကျသူတို့ကပိုမို၍ ချစ်ခင်ကြည့်ညို ရိုသေကြမည် မဟုတ်ပါလော။ “အရောဝင်တော့-အရိုသေတန်”ဆိုသကဲ့သို့ အချို့ ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော် ထိုအရိုသေတန်မှုအတွက် ထိုသူ့အပြစ်သာဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။ ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိ ဆောင်ကြပါကုန်။ ဓနမာန်။။ အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်”ဟု ခေါ်၏။ ယခုအခါ အတော်အတန် ဥစ္စာပေါသူတွေ့ရှိပါပေ၏။ သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူ စကားမပြောနိုင်လောက်အောင် မကုန်မခန်း ပေါများကြသည် မဟုတ်ပါ။ “မမြင်ဘူး မူးမြစ်ထင်” ဆိုသလို မိမိကိုယ်ကို သဌေး သူကြွယ်ဟုပင် ထင်စေဦးတော့၊ ဆင်းရဲသူဆင်းရဲသားတို့၏ အပေါ်မှာ သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါလော။ မိမိ ပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည်မဟုတ် ပါလော။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ၊ ချိုသာသော စကား အသုံးသည် ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး အမြိုက်ဆေးတမျိုးပင် ဖြစ်နိုင်သည်။ ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ တသက်လျာအတွက် ရရှိသော စည်းစိမ်ကလေးကို နောင်သံသရာ အဝယ် အမျိုးအနွယ်အောက်ကျသွားဖို့အကြောင်း မကောင်းသောမာန၏ အောက်ခံ ပုံသဖွယ် မဖြစ်စေပဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားစရာ ဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။ ယခုတဘဝ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ်အလွန်များလှ၏။ ဘေးအန္တရာယ်ကင်းစေကာမူ တသက်လျာမျှသာ သုံးစွဲနိုင်သည်။ “ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒြာ၊ ရေမျက်နှာထက်၊ ခဏ တက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း”၊-[အနန္တသူရိယအမတ်။] ပညာမာန်။။ စာပေတတ်ကျွမ်းသူတို့၏ မာန်ကို “ပညာမာန်”ဟု ခေါ်၏။ စာပေပညာသည် မသင့်သည်ကို မသင့်မှန်းသိ၍၊ သင့်သည်ကို သင့်မှန်း သိဖို့ရာ အလိမ္မာပေးသော ပညာ၊ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးဖို့ရန် အလိမ္မာပေး ပညာတည်း။ သို့ပါလျက် ထိုပညာကို အကြောင်းပြု၍ မတော်မတရားကြီးမားသော မာန်မာနဖြစ်ရခြင်းမှာ လွန်စွာ ရှက်ဖွယ်ကောင်းလှ၏။ ယခုကာလ၌ လူများထံမှ တဆင့် သင်ယူ၍ တတ်သိရသော စာပေ ပညာလည်း ထူးခြားသော အတတ် မဟုတ်သေးပါ။ အကြောင်း ညီညွတ်၍ ဆရာကောင်းထံသင်ကြရလျှင် အများပင် တတ်နိုင်ပါ၏။ သို့ဖြစ်၍ အကြောင်း မညီညွတ်သဖြင့် မသင်ကြရသူ၊ အထူးဉာဏ်ထိုင်း သူများကို တွေ့ရသောအခါ မောက်မော် ဝါကြွားမည့် အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တဆင့် သင်ပြပေးဖို့ သင့်ပါသည်။ ရှေးတုန်းက အတော်ထင်ရှားသော ဆရာတော်တပါးသည် လွန်ခဲ့သောဘဝက စိတ်ရှည်လက်ရှည် စာချဘူးသဖြင့် ယခုဘဝမှာ လောက-ဓမ္မ ၂ ဌာန၌ ထင်ရှားကျော်ကြားသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတပါး ဖြစ်လာရပါသတဲ့။ ထို့ကြောင့် တတ်သိသော ပညာကို သံသရာအတွက် အသုံးပြုကြပါလေ။။ စာပေ ပညာ၏လမ်း ၂-သွယ်။။ ယခုခေတ် အသက်မွေး ဝမ်းကျောင်းနှင့် သက်ဆိုင်သော လမ်း ၂-သွယ် လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့ လမ်းကိုမှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။ သာသနာဝန်ထမ်း ရဟန်းတော်များ၏ ပိဋကစာပေ ပညာမှ လမ်း ၂ သွယ် ဖြာနေပုံကို ထင်ရှား ဦးမည်။ အောက်လမ်း စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်၊ လှူဒါန်းချင်သူ ပေါလာလိမ့်မည်။ ဆွမ်း သင်္ကန်းကျောင်းတို့ အကောင်း အမွန်ရလိမ့်မည်၊ သူတပါးအပေါ် မောက်မော်နိုင်မည်၊ စာပေတတ်လျှင် မည်သူ့ကိုမျှ လူမထင်ပဲ လုပ်ချင်ရာလုပ်နိုင်မည်။ ဤသို့ စသည်ဖြင့် လောဘ ဒေါသ မာန်မာနကို အခြေခံ၍ စာပေသင်ကြ၏။ တတ်မြောက်သော အခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်ပေါအောင်ကြိုးစား၍ သူတပါးအပေT မောက်မော် စော်ကားတက်၏။ ထိုသူ၏ ပညာသင်ကြားမှု ပညာတတ်သိမှုသည် အောက်လမ်းသွားဖို့ အကြောင်း မကောင်းမှုချည်းသာ ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ ဆိုသည်။ အထက်လမ်း။။ စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။ သူတပါးအား တဆင့်ပို့ချမည်။ စာပေပိဋကတ် တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ်ကြည့်ရှု၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။ ဤသို့ စသောရည်ရွယ်ချက်ဖြင့် သင်၍ တတ်မြောက်သောအခါလည်း ပစ္စည်းလာဘ်လာဘ ဒကာ ဒကာမ ပေါများမှုကို ဂရုမစိုက်ပဲ မူလရည်ရွယ်ယင်း အတိုင်းပင် ကြိုးစား၏။ ထိုပုဂ္ဂိုလ်၏ စာပေသင်ကြားတတ်မြောက်မှုမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါပေသည်။ အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသောရည်ရွယ်ချက်များရှိသော်လည်း စာပေတတ်မြောက် သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့ တက်လှမ်းဖို့အကြောင်း လမ်းကောင်း ရသူပင်ဖြစ်သည်။ ငယ်ရွယ်သူဟူသမျှကို စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်း ရကြပါစေ။ အဆင်းမာန်။။ အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟု ခေါ်၏။ ရှေးဘဝက ဒေါသနည်းပါးခြင်း၊ ပန်း စသည်ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်း စသည်တို့၌ အမှိုက်သုတ်သင်ရှင်း လင်းခြင်းစသော ကုသိုလ်ကောင်းမှုကြောင့် ယခုဘဝ၌ “ပရိသတ်အလယ် တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တက်လောက် ပါပေသည်။ သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသ ကင်းစင် စိတ်ကြည်လင်၍ ရေလှူ-ပန်းလှူခြင်း စသောကုသိုလ်ကောင်းမှုရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘဝရောက်မှ အလှဂုဏ်မာန်တက်၍ သူတပါး အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။ လှပသော ကိုယ်တွင်း၌ သန့်ရှင်းသောစိတ်အစဉ်ကို မွေးမြူကာ အရာရာသိမ်မွေ့လျက် ဣန္ဒြေရှင် သူတော်စင်ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။ အချုပ် သတိပေးချက်။။ အချုပ်မှာ နိဗ္ဗာန် စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခု ပြခဲ့သော ဇာတိမာန် စသည်တို့ တက်မည် ဆိုလျှင် မိုးထိအောင် လှေကား မထောင်ပဲ တက်နိုင်ကြပေ၏။ မာန်တက်လောက်အောင်ပင် ဘုရင် မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီ မင်းသားများ ဖြစ်ကြသည်။ ပညာဘက်ကလည်း မဟောသဓာ သုခမိန် စသည်ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့သည်။ အမျိုးသမီးများဘက်ကလည်း ဥပ္ပလဝဏ်၊ ခေမာ၊ ယသော်ဓရာ စသော သူတော်ကောင်း အမျိုးသမီးတို့မှာ အမျိုး ဥစ္စာ ပညာဘက်၌သာမက၊ အလှဘက်ကလည်း တကမ္ဘာလုံး၏ မျက်နှာဖုံးများ ဖြစ်ကြပေသည်။ ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာန မတက် ကြပါပဲလျက် “သည်လိုယုန်တော့-ချုံတိုင်းတွေ့နိုင်”တဲ့ အစား၊ “တံငါစာ၍-ငါသာသာ” ရှိသူများက ရှိစု မဲ့စု-စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် “ကြက်ဆူပင်မင်းမူ” နေခြင်းမှာ နက်နက်နဲနဲ တွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။ ထို့ကြောင့် နှလုံးလေပင့်၍ ဘဝင်မြင့်သူအား ထောင်လွှား တက်ကြွ မာန်မာန ဖြစ်ခြင်းသည် သူတပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံမက၊ နောက်နောက်ဘဝတို့၌ အမျိုးညံ့ဖို့ အကြောင်း မကောင်း သက်သက်ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက်တန်း ရောက်နေသော်လည်း နောက် နောက် ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကိုသာ ရွယ်ကိုး၍ “အစွယ်ကျိုသောမြွေ၊ ဦးချို ကျိုးသော နွား၊ ခြေသုတ်ပုဆိုး အလား”ကဲ့သို့ တက်ကြွားသော မာန်စွယ်ကို နုတ်ပယ် နှိမ်ချိုးနိုင်ကြပါစေသား။ (အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။) ဒိဋ္ဌိ ဒိဋ္ဌိ ( မိစ္ဆာ ဒိဋ္ဌိ ) = အယူမှားခြင်း ဒိဋ္ဌိ ၆၂ ပါး ရှိသော်လည်း ၃ ပါး၊ နိယတ (၄) ပါး။ (၁၀)ပါး၊ (၁၁)ပါး စသဖြင့် ဆရာတော်များ သင့်သလိုဟောပြောကြသည်။ ဒိဋ္ဌိသည် ရှစ်ပါးသော တရားများအပေါ်တွင် အမှီပြု၍ ဖြစ်တတ်သည်။ (က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၎င်း၊ (ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၎င်း၊ (ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၎င်း၊ (ဃ) မှတ်သားမှု နဲ့ ပတ်သက်၍ ၎င်း၊ (င) အကြံအစည် နဲ့ ပတ်သက်၍ ၎င်း၊ (စ) နှလုံးသွင်းမှု နဲ့ ပတ်သက်၍ ၎င်း၊ (ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၎င်း၊ (ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၎င်းဒိဋ္ဌိဖြစ်လာတတ်သည်။ ဒိဋ္ဌိ အကြောင်း မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိ မည်၏။ ထို့ကြောင့် “မှားသော အမြင်-ဒိဋ္ဌိတွင်သား”ဟု ဆိုခဲ့သည်။ ဤ အသိအမြင် မှားနေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း”ဟု ခေါ်ကြ၏။ ဤ ဒိဋ္ဌိသည် မရှိသည်ကို အရှိ၊ ရှိသည်ကိုမရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်”ဟု သိမြင်နေရုံမက “သူ၏အယူက အမှန်၊ သူများ အယူတွေ တလွဲ” ဟုပင် စွပ်စွဲတတ်သေးသည်။ ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို ဖန်ဆင်းသူ မရှိပဲလျက် ဖန်ဆင်းသူရှိ၏ဟု သိမြင်ခြင်း၊ သတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တခေါ်သော အသက်ကောင် မရှိပဲလျက် “အတ္တရှိ၏၊ အသက်ကောင် ရှိ၏”ဟု သိမြင်ခြင်းသည် မရှိသည်ကို အရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။ သတ္တဝါတို့ သန္တာန်၌ ပြုပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံသည် နောင်ခါ အကျိုးပေးရန် သတ္တိ ကျန်ရှိပါလျက် ထိုကုသိုလ်ကံ အကုသိုလ်ကံ မရှိဟု သိမြင်ခြင်း၊ ထိုကံ၏ အကျိုးကို အကောင်းအဆိုး အမျိုးမျိုးခံစားရပါလျက် “ကံ၏အကျိုးမရှိ”ဟု သိမြင်ခြင်း၊ ရုပ်နာမ်တရားတို့၏ ချုပ်ငြိမ်းခြင်း ဟူသော နိဗ္ဗာန်တရား ရှိပါလျက် နိဗ္ဗာန်မရှိဟု သိမြင်ခြင်း၊ နိဗ္ဗာန်မရသေးသမျှ ရောက်ရဦးမည့် နောက်ဘဝရှိ ပါလျက် တမလွန် (နောက်နောက်ဘဝ) မရှိဟု သိမြင်ခြင်းသည် “ရှိသည်ကို မရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။ သတ္တဝါတွေကို သတ်၍ ယဇ်နတ် ပူဇော်ကြခြင်းသည် အင်မတန်ကြီးကျယ်သော ကောင်းမှုကုသိုလ်ကြီးပေတည်း။ အလွန်အေးမြသောကာလ၌ ရေချိုးခြင်း၊ အလွန်ပူအိုက်သောကာလ၌ နေ့လယ်ကြောင်တောင်ဝယ် မီးလေးဖိုအလယ်၌ နေ၍ ကိုယ်ကိုမီးကင်ခြင်း၊နွားလိုနေခြင်း၊ ခွေးလိုနေခြင်း စသော အကျင့်များသည် ကိလေသာ စင်ကြယ်ဖို့အကြောင်း ကောင်းသောအကျင့်တည်း။ ကောင်းသော အချိန်အခါဝယ် ဂင်္ဂါမြစ်ရေ၌ အပြစ်တွေကို မျှောရခြင်းသည်ပြုမိသော အပြစ်များ၏ စင်ကြယ်ဖို့အကြောင်း ကောင်းသော အကျင့်တည်း။ ဤသို့ စသည်ဖြင့် သိမြင်နေခြင်းသည် “မဟုတ်သည်ကို အဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။ ဒါန သီလ ဘာဝနာများကို ပြုခြင်းသည် သုဂတိဘဝသို့ ရောက်ကြောင်း၊ နိဗ္ဗာန်ကို သိမြင်ဖို့အကြောင်း ကောင်းသောအကျင့် မဟုတ်ဟု သိမြင်ခြင်းသည် “ဟုတ်သည်ကို မဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။ ဤသို့ စသည်ဖြင့် ဒိဋ္ဌိ၏ အမှားသိပုံမှာ လွန်စွာ အရာကျယ်လေသည်။ ဤ ဒိဋ္ဌိနှင့်တကွဖြစ်သော စိတ်ကို “ဒိဋ္ဌိစိတ်”ဟု ခေါ်၍ ထိုအယူမှားရှိသူကို “မိစ္ဆာဒိဋ္ဌိ”ဟု ခေါ်ကြသည်။ နောက်နောက် စေတသိက်များ၌လည်း တွဲဖက်စိတ်နှင့် ပုဂ္ဂိုလ် အပေါ်မှာ ထိုက်သလို နာမည်ရပုံကို သိပါ။ (အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။) ဝိစိကိစ္ဆာ ဝိစိကိစ္ဆာ ဆိုသည်မှာ တွေးတော ယုံမှားခြင်းသဘော၊ သို့လော သို့လော စိတ်နှစ်ခွဖြစ်ခြင်းသဘောကို ခေါ်ဆိုခြင်း ဖြစ်သည်။ (ဝိစိကိစ္ဆာ သည်လည်း ရှစ်ပါးသော တရားများပေါ်တွင် အမှီပြု၍ ဖြစ်တတ်သည်) (က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ၊ ဉာဏ်တော်များ နဲ့ ပတ်သက်၍၎င်း၊ (ခ) သစ္စာ (၄) ပါး၊ မဂ်၊ ဖိုလ်၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၎င်း၊ (ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၎င်း၊ (ဃ) သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၎င်း၊ (င) အတိတ်၌ ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း၊ (စ) အနာဂတ်၌ ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း၊ (ဆ) သံသရာ တလျှောက်လုံး ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၎င်း၊ (ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၎င်း ဝိစိကိစ္ဆာ ဖြစ်လာပါတယ်။ ဒိဌိ နဲ့ ဝိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပါပြီ။ ထိနမိဒ္ဓ ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း။ ဥဒ္ဓစ္စ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။ ဥဒ္ဓစ္စ အကြောင်း စိတ်၏ ပျံလွင့်ခြင်း၊ မငြိမ်သက်ခြင်း သဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်၌ ခဲကျသောအခါ ပြာတွေ လွင့်တက်သကဲ့သို့ အာရုံတခုခု အပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ပဲ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ ထိုဥဒ္ဓစ္စနှင့် အတူတကွ ဖြစ်သော စိတ်လည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စ အားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူ့ ဘော်ကျော့ ဖြစ် တတ်လေသည်။ နန္ဒထေရ် စိတ်မတည်ပုံ။။ ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်း တရား၌ ငြိမ်သက်စွာ မတည်နိုင်ပဲ စိတ်လွင့်ပါး၍ ဇနပဒ ကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ ဤဝတ္ထု၌ ရဟန်း တရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။ ဥဒ္ဓစ္စ သတ္တိ ညံ့ပုံ။။ ဤ ဥဒ္ဓစ္စသည် သူ့ပင်ကို သဘောအားဖြင့် မည်သည့် အာရုံ၌မျှ တည်တည်တံ တံ မရှိ။ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ် တရားဟု ဆိုရစေကာမူ မည်သည့် ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ် ချနိုင်လောက်အောင် သတ္တိ မကြီးမချေ။ (အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ  ကောက်နှုတ်တင်ပြသည်။) အဟိရိက အဟိရိက = မကောင်းမှုလုပ်ရမှာ မရှက်ခြင်း။ အဟိရိက အကြောင်း မရှက်ခြင်းသဘောသည် အဟိရိကတည်း၊ ထို့ကြောင့် “အဟိရိက-မရှက်စွတည့်”ဟု ဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစပ်ဘင်ပုပ်နှင့်တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ ချဲ့ဦးအံ့--မစင်သည်စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏၊ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း။ သို့သော် မစင်ကို အမွန်အမြတ်အစာဟု ထင်နေသော ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးမှာလည်း မရှက်။ မစင်ထဲ၌ လူးကာလှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်တမျိုးတက်သည်ဟု မှတ်ထင်လေသည်။ ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုတို့သည် သူတော်ကောင်းတို့၏ သဘောဖြင့် ကြည့်လျှင် အင်မတန်စက်ဆုပ် ရွံရှာဖွယ်ကောင်း၏။ မတော် တဆပြုမိပြန်လျှင်လည်း သူတော်စင် ပရိသတ်တို့၏ အလယ်မှာ ရှက်ဖွယ်သာ ဖြစ်၏။ သို့သော် အဟိရိက သဘောကား ထိုဒုစရိုက်တို့ကို စက်ဆုပ်ရွံရှာခြင်း လည်းမရှိ၊ ပြုမိသော်လည်းမရှက်တတ်ချေ။ စင်စစ်မှာ အဟိရိကသမား အရှက်မရှိ သူများအလယ်၌ ဒုစရိုက်များများပြုနိုင်သည်ကိုပင် “ကြီးကျယ်သော ဂုဏ်တမျိုး”ဟု မှတ်ထင်နေလေသည်။ မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်း ပါဝင်လာသဖြင့် ပညာရှိများပင် ဒုစရိုက်မှုကို မရှက်တမ်း ပြုမိကြလေတော့သည်။ ဤစကား မှန်မမှန်ကို ပညာရှိ အခေါ်ခံရသူတိုင်း ကိုယ်တွေ့အမှုများဖြင့် စဉ်းစား၍ကြည့်ကြပါလေ။ ဟရိတစဝတ္ထု မှတ်ချက်။။ မောဟအခန်း၌ ပြခဲ့သော ဟရိတစ ရှင်ရသေ့၏ ပြုမူပုံ၌ ဤအဟိရိက သဘောလည်း ပေါလောပေါ်အောင်ထင်ရှား၏။ အရှင်ရသေ့ကား ဈာန်အဘိညာဉ်ရသော ပထမတန်း သူတော်ကောင်းကြီးဖြစ်၏။ ပြုကျင့်သော အမှုကလည်း နန်းတော်ကြီး၏ အထက်ထပ်ဝယ် မောင်းမမိဿံတို့၏ အလယ် တကယ်ရှက်စရာ ကောင်းသော ကာမမှုကြီးပေတည်း။ ထိုမျှလောက် မဖွယ်ရာသောကိစ္စကိုပင် မောဟကလည်းဖုံးလွှမ်း၊ အဟိရိကကလည်း မရှက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန်ယွင်းမှား၍ မကြားကောင်း မနာသာ ဖြစ်ရရှာလေတော့သည်။ အကုသိုလ်မှန်လျှင် ရှက်ဖွယ်။ ။ ကာမမှုသာမဟစ်အော်ကောင်းမှု  ဒုစရိုက်မှန်လျှင် ဤ  ပရိသတ် အလယ်၌ ရှက်ဖွယ် မဟုတ်သေး။ အပြင်းအထန် စိတ်ဆိုးသဖြင့်  ငေါက်ငန်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ၊ နှလုံးကိုလေပင့်၍ ဘဝင် မြင့်သော အရူးကဲ့သို့ ထောင်လွှား ကြွတက် သူတပါးကို အဖက်မထင် စိတ်ကြီးဝင်သောမာန၊ ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ ချင်သော ဣသာမှု စသည်များလည်း စက်ဆုပ် ရွံရှာ ရှက်ဖွယ်ရာ ကောင်းလှပေသည်။ ထို့ကြောင့် ဒုစရိုက် မကောင်းမှုမှန်လျှင် အားလုံးပင် ရှက်ဖွယ်ချည်းဟုမှတ်ပါ။ ဤ အဟိရိကနှင့်အတူဖြစ်သော စိတ်ကိုလည်း “အဟိရိကစိတ်= မရှက်စိတ်”ဟု ခေါ်၍ ဒုစရိုက်အမှုပြုနေသူကိုလည်း “အရှက်မရှိသူ”ဟု ခေါ်ဝေါ်ရလေသည်။ (အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။) အနောတ္တပ္ပ အနောတ္တပ္ပ = မကောင်းမှုလုပ်ရမှာ မကြောက်ခြင်း။ အနောတ္တပ္ပ အကြောင်း မကြောက်မလန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။ ထို့ကြောင့် “အနောတ္တပ္ပ-မလန့်ဟူ၏”ဟု ဆိုခဲ့ရပေသည်။ အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံ တွေနှင့်တူ၏။ အနောတ္တပ္ပကား ပိုးပရန်နှင့်တူလေသည်။ ချဲ့ဦးအံ့--မီးတောက် မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် “ပိုးပရန်”ဟု ခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်၍ ဖွယ်ဟု မထင်ပဲ ရဲရဲကြီးတိုးကြလေသည်။ ထို့အတူ အကုသိုလ် ဒုစရိုက်များသည်လည်း ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ် ကောင်းလှ၏။ သို့သော် ထိုဒုက္ခဘေးတွေကို မောဟက ဖုံးကွယ် ထားမှုအတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ပဲ ရဲရဲကြီး ပြုဝံ့လေသည်။ အကုသိုလ် ဒုစရိုက်များနှင့် စပ်၍ တွေ့ရတတ်သော ဘေးတို့ကား ၁။ အတ္တာနုဝါဒဘေး-သူတပါးက “ငါ့ကို လူကြီး လူကောင်း၊ သူတော်ကောင်း”ဟု အထင်ကြီးကြသော်လည်း ငါ့အကြောင်းကို ငါသာ သိ၏။ ငါသည် သူတို့ ထင်သလို ကောင်းသော သူတော်ကောင်း မဟုတ်ချေ။ “မကောင်းမှု ဒုစရိုက်များကို ခိုးကြောင် ခိုးဝှက် ပြုလုပ်လေ့ရှိသော လူယုတ်မာ တယောက် ဖြစ်သည်”ဟု မိမိကိုယ်ကို မိမိ ပြန်၍ စွပ်စွဲ ကဲ့ရဲ့ခြင်း၊ မိမိကိုယ်တိုင် မကြည်ညိုနိုင်ခြင်း ဘေးတည်း။ [အတ္တ=မိမိကိုယ်ကို+အနုဝါဒ=စွပ်စွဲခြင်း။] ၂။ ပရာနုဝါဒဘေး-“အကုသိုလ် ဒုစရိုက်များကို ပြုနေသော လူယုတ်မာပဲ”ဟု သူတပါးတို့က စွပ်စွဲကဲ့ရဲ့ခြင်း၊ အထင်သေး အမြင်သေး ခံရခြင်းဘေးတည်း။ [ပရ= သူတပါးတိုက+အနုဝါဒ= စွပ်စွဲခြင်း]။ ၃။ ဒဏ္ဍဘေး-အကုသိုလ်ကို ပြုလျှင် ယခုဘဝမှာပင် “သူ့ကို သတ်မိ၍ ကိုယ်ကိုလည်း အသတ်ခံရခြင်း၊ သူ့ဥစ္စာခိုးမိ၍ ဥစ္စာရှင်၏ ရိုက်နှက် သတ်ပုတ်ခံရခြင်း၊ သူ့ အိမ်ရာကို ပြစ်မှားမိ၍ အသတ်ခံရခြင်း၊ မှုပြစ် ထင်ရှားသဖြင့် ထောင်ကျရခြင်း” စသော ဒုက္ခဘေးရန် အပြစ်ဒဏ်အမျိုးမျိုး ခံကြရခြင်း ဘေးတည်း။။ ၄။ ဒုဂ္ဂတိဘေး-အကုသိုလ် ဒုစရိုက်ကို ပြုထားမိသည့်အတွက် သေခါနီးမှ အကြီးအကျယ် နောင်တရ၍ နောက်ဘဝ၌ အပါယ်လေးပါးတည်း ဟူသော မကောင်းသောဂတိသို့ ရောက်ရမည့်ဘေးတည်း။ အကုသိုလ်ကို ပြုထားမိလျှင် လူပါး လူနပ် လူလည်ဖြစ်၍ ရှေ့ဘေးကြီး ၃-ပါးမှ လွတ်အောင် တိမ်းရှောင် နိုင်စေကာမူ နောင် သံသရာအရေး ဒုဂ္ဂတိ ဘေးမှ လွတ်အောင်ကား ရှောင်နိုင်ရန် ခဲယဉ်းလှသောကြောင့် အကုသိုလ် ဒုစရိုက်မှန်က အလွန်ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှ၏။ သို့သော် အနောတ္တပ္ပ ဝင်လာသောအခါ နဂိုက ဒုစရိုက်ကို ကြောက်ရွံ့တတ်သော သူတော်ကောင်း များပင် ဤမျှလောက် ကြောက်ဖွယ် ကောင်းသော ဒုစရိုက်မှုကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုမိကြလေတော့သည်။ ဟိရိတစဝတ္ထု မှတ်ချက်။။ ဤနေရာ၌လည်း အလောင်းတော်ကြီး ဟရိတစရှင်ရသေ့၏ အမှုသွားကိုပင် ထပ်မံ၍ စဉ်းစားသင့်ပေသည်။ ရှင်ရသေ့၏ အမှုဝယ် ကြောက်ရွံ့ဖွယ်များလှ၏။ မိမိကိုယ်ကို မိမိမကြည်ညိုနိုင်သော အတ္တာနုဝါဒဘေးမှာ ပြောဖွယ်ရာ မရှိပြီ၊ “ဘုရင်၏ ဆရာတော် အရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့” ဟူသော သတင်းဆိုးကြီးကား ဘုရင် မရှိတုန်းဝယ် တမြို့လုံးနှံနှင့်လေသောကြောင့် သူတပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ ခံရခြင်း ဟူသော ပရာနုဝါဒဘေးလည်း လက်ငင်းဒိဋ္ဌိတွေ့ကြုံလျက် ရှိလေပြီ။ ထို ရှင်ဘုရင်သာ အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ပါမူ မိမိကြင်ရာတော်ကို စော်ကားသည့်အတွက် ရသေ့၏ အသက်ကို မြက်တပင်လောက်မျှ ပမာဏပြုမည်မဟုတ်။ ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရသည်။ ထိုမျှလောက် အသက် ဘေးနှင့် အရေးတကြီး နီးကပ်နေသော ကာမမှုကိုပင် အနောတ္တပ္ပ ဝင်လာ သည့်အတွက် မည်သူ့ကိုမျှ ထီမထင်တော့ပဲ ပြုရဲလေတော့၏။ ဤအနောတ္တပ္ပနှင့် အတူဖြစ်သော စိတ်ကို “အနောတ္တပ္ပစိတ်”ဟု ခေါ်သည်။ ရွာဝက်သည် မစင်ကို မရွံ့သကဲ့သို့၊ အရှက်မရှိသူသည် မကောင်းမှုကို မရွံ့....။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့၊ ဩတ္တပ္ပ မရှိသူလည်း မကောင်းမှုမှ မကြောက်။ (ဋီကာကျော်) ( အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။) ကိလေသာ ၁၅၀၀ ဖြစ်ပုံ ဒါတွေဟာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀ဝ )ဖြစ်ပါတယ်။ ၁၅၀ဝ ဖြစ်ပုံကတော့ နာမ်-နိလက် ကိုခံ၊ သန်-ကိလေ နဲ့ မြှောက်လို့ မှတ်ထားဖူးပါတယ်။ နာမ် ဆိုတာ စိတ် - ၁၊ စေတသိက် ၅၂ ဟူသော နာမ်တရား ၅၃၊ နိ ဆိုတာ - နိပ္ဖန္နရုပ် ၁၈ ပါး။ လက် ဆိုတာ - လက္ခဏာရုပ် ၄ ပါး။ စုစုပေါင်း ၇၅ ပါးကို တည်ထားပြီး၊ သန်၊ ဆိုတဲ့ အဇ္ဈတ္တ၊ဗဟိဒ္ဓ သန္တာန် (၂) ပါးနှင့်မြှောက်၊ ရလဒ်ကို ကိလေသာ (၁၀)ပါးနှင့် ထပ်မြှောက် ရင် အားလုံး ကိလေသာ (၁၅၀ဝ)ဖြစ်သွားပါတယ်။ ကိုးကား ပြင်ပလင့်ခ်များ အရှင်ဇနကာဘိဝံသရေးသားသောမူသော ကိုယ်ကျင့်အဘိဓမ္မာစာအုပ် ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%9C%E1%80%B1%E1%80%9E%E1%80%AC
ပကာသနိယကံ
မြန်မာပြည် သာသနာ့သမိုင်းတစ်လျှောက်တွင် ယခုအချိန်အထိ ပကာသနိယကံ အပြုခံရသော ရဟန်း၂ပါးသာ ရှိခဲ့သည်။ တစ်ပါးမှာ အရှင်အာဒိစ္စဝံသဖြစ်ပြီး နောက်တစ်ပါးမှာ ရှင်ဥက္ကဋ္ဌဖြစ်သည်။ ရှင်ဥက္ကဋ္ဌသည် လူသေလူဖြစ်အဆိုနှင့် ရှင်အာဒိစ္စဝံသမှာ ဘိက္ခူနီသာသနာ ပြန်လည်ထူထောင်ရန် အဆိုများ တင်ပြရာမှ အခြေခံပြီး ပကာသနိယကံ အပြုခံကြရသည်။ ဤနေရာတွင် ရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓဝါဒအမေးအဖြေများ စာအုပ်ရေးကို ရေးခဲ့သော အရှင်အရိယဓမ္မ၏ ဆရာဖြစ်ပြီး အရှင်အာဒိစ္စဝံသမှာ ကမ္ဘာ့ဗုဒ္ဓ သာသနာပြုဆရာတော် အရှင်သေဋ္ဌိလ ၏ လက်ရင်းဆရာ ဖြစ်သည်။) ထိုကာလ နောက်ပိုင်းတွင် အရှင်ဥက္ကဋ္ဌသည် ပျံလွန်သည်အထိ ရဟန်းဝတ်နှင့်ပင် နေထိုင်သွားပြီး အရှင်အာဒိစ္စဝံသမှာမူ အသက်၆၀ပြည့်သည့်အခါ လူဝတ်လဲ၍ ဆရာကြီးဦးအောင်မြတ်ထွဋ် ဘဝဖြင့် နေထိုင်သွားခဲ့သည်။ ယခုကဲ့သို့ သမိုင်းဝင် ပကာသနိယကံ အပြုခံရသော ရဟန်းနှစ်ပါးသည် အိန္ဒိယရောက်ကတည်းက စာအတူတူ သင်ဖော်သင်ဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ ဘာသာရေး နိုင်ငံရေးဆွေးနွေးဖော် ဆွေးနွေးဖက်ဖြင့် နောက်ပိုင်း ဘဝတစ်လျှောက်လုံးတွင် ကောင်းတူဆိုးဖက် သူငယ်ချင်းအရင်းများ ဖြစ်ခဲ့ကြသည်။ ဆရာတော် အရှင်ဥက္ကဋ္ဌကို ၁၉၆၃၊ ဇူလိုင် ၁၄ ရက်နေ့တွင် ပကာသနိယကံ ပြုကြသည်။… ဆရာတော် အရှင်အာဒိစ္စဝံသကိုမူ မြန်မာသက္ကရာဇ် ၁၂၉၇၊ တော်သလင်းလဆန်း ၁၂ ရက်နေ့တွင် ပကာသနိယကံ ပြုကြသည်။… ဆရာတော် အရှင်အာဒိစ္စဝံသသည် ဆရာတော် အရှင်ဥက္ကဋ္ဌထက် ၂၈ နှစ် ပိုစော၍ ပကာသနိယကံ ပြုခံခဲ့ရသည်။… ဆရာတော် အရှင်ဥက္ကဋ္ဌ ပျံလွန်တော်မူသွားသောအခါ တောင်တွင်းကြီးမြို့ နတ်မှီတောရကျောင်းတွင် ဂူသွင်းထားသည်။ ဘိက္ခူနီသာသနာ ဆိုင်ရာကို ရှေ့တွင် ရေးပေးပြီး ဖြစ်သည်။ အမျိုးသမီး(ရဟန်းမ) ဘိက္ခုနီများတွင် သိက္ခာပုဒ် များပြားခြင်း၊ အမှုကိစ္စကလည်းများ၍(ရဟန္တာမဖြစ်ခင်မှာ) ပင်ကိုသဘောမှာလည်း ရုပ်ရော၊စိတ်ရောပါ နုနယ်သည့်အတွက် တောထဲတောင်ထဲ တရားအားထုတ်သီတင်းသုံးခြင်းကဲ့သို့သော ကိစ္စများတွင်လည်း ခက်ခဲပါသည်။ ထို့ကြောင့် ဘုရားရှင်လက်ထက် (၁၆) ဝါမြောက်လောက်တွင် စခဲ့သော ဘိက္ခုနီသာသနာသည် ဘုရားရှင်လွန်တော်မူပြီး နှစ် (၅၀ဝ)အတွင်းတွင်ပျောက်ကွယ်ခဲ့သည်။ အဆက်ပြတ်သွားခဲ့သည်။ ထို့ကြောင့် ယနေ့ခေတ် မိန်းကလေးများမှာ ရဟန်းမ ဝတ်ချင်သော်လည်း ဝတ်ခွင့် မရကြတော့ပေ။ အဓိက အကြောင်းအရင်းမှာ ဘိက္ခုနီ မျိုးဆက်ပြတ်သွား၍ ဖြစ်သည်။ အမျိုးသမီးများ ရဟန်းပြုရန် လိုအပ်ချက်များမှာ သိမ်အတွင်းတွင် ကမ္မဝါစာ နှစ်ခါဖတ်ရခြင်း ဖြစ်သည်။ အမျိုးသားရဟန်းတော်များက တစ်ခါ ၊ အမျိုးသမီးရဟန်းမများက တစ်ခါ ဖတ်ပေးရသည်။ ပြီးမှ ရဟန်းမဖြစ်ခွင့်ရမည်ဟု ဘုရားရှင်က သတ်မှတ်ပေးခဲ့သည်။ သို့အတွက် အမျိုးသမီးချင်း ကမ္မဝါ ဖတ်ပေးရန် ရဟန်းမမျိုးဆက် မရှိတော့၍ မိန်းကလေးများ ရဟန်းဝတ်ခွင့် ဆုံးရှုံးခဲ့ကြသည်။ ဤအချက်ကို ဆရာတော် အရှင်အာဒိစ္စဝံသက ဘုရားရှင်သတ်မှတ်ပေးခဲ့သော ပညတ်ချက်ကို ဆန့်ကျင်သလိုပြု၍ ဘိက္ခုနီသာသနာကို ပြန်လည်အသက်သွင်းလိုသည့်အတွက် ပကာသနိယကံ ပြုခံခဲ့ရခြင်း ဖြစ်သည်။ လူသေလူဖြစ် ဆရာတော် အရှင်ဥက္ကဋ္ဌမှာမူ - ၁၉၆၃ခုနှစ်ကတည်းက သံဃာထုစုံညီပြီး ဦးဥက္ကဋ္ဌတို့ ရဟန်းတစ်စုကို သာသနာပဟု သတ်မှတ်ပြီးဖြစ်သော်လည်း လူမထွက်ဘဲ နေသောကြောင့်- ၁၉၈၀ အထူးဝိနိစ္ဆယခုံရုံး၊ အမှတ် ၂ကို ဖွဲ့စည်းကာ သာသနာ့ရန်စူးရန်ညှောင့်ကို ရှင်းခဲ့ရသည် ။ ဤလူစုသည် ဘာသာမဲ့ရုပ်ဝါဒီများဖြစ်သည် လူသေလူဖြစ်ဟူ၍စိတ်ကူပေါက်ရာလိုက်လံဟောပြောနေခြင်း ၃၁ဘုံကို မြတ်စွာဘု၇ားလက်မခံဟု လွဲမှားစွာဟောပြောခြင်း ဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော ကံနှင့်ကံ၏အကျိုးယုံကြည်မှုကို နည်းမျိုးစုံ နှင့် ဖျက်ဆီးနေခြင်း အတိတ်အနာဂတ်ကိုလုံးဝပစ်ပယ်လျက် ဗုဒ္ဓဝါဒသည် ပစ္စုပ္ပန်ဝါဒဖြစ်လေဟန် အမျိုးမျိုးလှည့်စားဟောပြောခြင်း ဗုဒ္ဓအဘိဓမ္မာကို ဘုရားမဟောဟု လုပ်ဇာတ်ဆင်ခြင်း သဗ္ဗညုတဉာဏ်တော်ကို ပယ်ခြင်း သမထ ဝိပသနာတို့ကို ပယ်ခြင်း ဝိနည်းတော်ကို လုံးဝပစ်ပယ်လျက် သင်္ကန်းခြုံကာ မသိနားမလည်သူတို့ကို လှည့်စားခြင်း ဝိနညးဆောင်ရဟန်းတော်တို့ကို စော်ကားပုတ်ခတ်မှုကို အခွင့်သင့်တိုင်းပြုခြင်း ပရိတ်တော်တို့ကို မရွတ်ကောင်းဟု ဖျက်ဆီးခြင်း စေတီပုထိုးဆင်းတုတော်ကိုးကွယ်မှုကို ပြက်ရယ်ပြု ဖျက်ဆီးခြင်း ဗုဒ္ဓယဉ်ကျေးမှုတို့ကို အမြစ်မှတူးဖြို၇န် ကြိုးစားခြင်း သီလခံယူခြင်း သပိတ်သွပ်ခြင်းဆုပေးဆုယူပြုခြင်းများကို အမပါနပြောဆိုခြင်း ဘုရားဟောပါဠိတော်တို့ကို ကိုယ်လိုရာကိုယ်ဆွဲ အနက်မှားပေးခြင်း အရိယာနှင့်နိဗ္ဗာန်ကို သူတို့လိုသလို ဖျက်ဆီးအဓိပ္ပာယ်ဖွင့်ခြင်း ဓမ္မစကြာတရားတော်မြတ်ကို ဖျက်ဆီးပြီး ထင်ရာအနက်ပေးခြင်း လက်ဖြစ်ပါဠိများကို ဘုရားဟောဖြစ်လေဟန် ပလီစိချောက်ချက်ဟောပြောခြင်း ဗုဒ္ဓဝင်နှင့် ၄အသင်္ချေကမ္ဘာတစ်သိန်း ဖြည့်ခဲ့ရသော ပါရမီတော်တို့ကို ပြက်ရယ်ပြုဟောပြောခြင်း သံဂါယနာ ၆တန်ကို ပစ်ပယ်ခြင်း ဘုရားဟောပါဠိတော်များကို ဘုရားဟောမဟုတ်ဟု ငြင်းပယ်ခြင်း ဒီအချက်တွေနဲ့ ဝိနည်းဓိုရ်တွေ ရဲ့ စွဲချက်တင်ခံရပါတယ်။ ရုံးတော်မှာ ပိုင်နိုင်စွာ မရှင်းနိုင်တာတွေ ကြောင့်လဲ ပကာသနိယကံ ပြုခဲ့ကြပါတယ်။ ဒီဝါဒကိုလဲ ဖျက်သိမ်းစေခဲ့ပါတယ်။ ထေရ်ကြီးဝါကြီး မထေရ်အကျော်အမော်ကြီးများ ၂၇ ပါး ဦးစီးတဲ့ ဝိနိစ္ဆယ အဖွဲ့က ဆရာတော်ရေးသားတဲ့ လူသေလူဖြစ် စာအုပ်ပါ အကြောင်းအရာများကို ကောက်နှုတ်ထောက်ပြဝေဖန် စမ်းစစ်ပြီးသကာလ.. ဆရာတော်သည် ပကာသနိယကံပြုထိုက်သူ ဖြစ်ကြောင်း တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်.. လို့ သိရပါကြောင်း..။ ခေါင်းဆောင်ဝိနည်းဓိုရ်ဆရာတော်များမှာ သဘာပတိ ဘဒ္ဒန္တဃောတိသာဝံသ(ထားဝယ်) ဘဒ္ဒန္တဇဝနာဘိဝံသ ဘဒ္ဒန္တဓမ္မာဘိဝရ ဘဒ္ဒန္တကုမာရ ဘဒ္ဒန္တဉာနိက (မြောင်းမြဆရာတော်)
https://my.wikipedia.org/wiki/%E1%80%95%E1%80%80%E1%80%AC%E1%80%9E%E1%80%94%E1%80%AD%E1%80%9A%E1%80%80%E1%80%B6
ထေရဝါဒ
ထေရဝါဒ ဗုဒ္ဓဘာသာ သည် ဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံးကိုးကွယ်ကြပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါနှင့် ဗီယက်နမ်တို့တွင် အနည်းအကျဉ်း ကိုးကွယ်ကြသည်။ ထေရဝါဒနှင့် မဟာယာန ကွဲပြားချက် (၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို အမြင့်မြတ်ဆုံးသောမြတ်စွာဘုရား အဖြစ်လက်ခံကြသည်။ (၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြသည်။ (၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်သည် နှစ်ဖက်လုံး၏ တရားဖြစ်သည်။ (၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် နှစ်ဖက်လုံးတွင် အတူတူပဲဖြစ်သည်။ (၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးတွင် လက်မခံကြပါ။ (၆) အနိစ္စ၊ဒုက္ခ၊အနတ္တ နှင့် သီလ၊သမာဓိ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြသည်။ ထို့အတွက် ဗုဒ္ဓရှင်တော်၏ အဓိက တရားအနှစ်တွေသည် မကွဲပြားဘူးလို့ ဆိုရမည်။ အနတ္တ ကို နှစ်ဖက်လုံးတွင်လက်ခံသည်။ မဟာယနသည် အတ္တဝါဒ မဟုတ်ပါ။ အဓိက ကွဲပြားချက်က တရားတော်များ အပေါ်မှာ မဟုတ်ပါ။ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားသည့် သဘောထား ဖြစ်သည်။။ ထေရဝါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ကြပါ။ ထေရဝါဒဆိုတာ ရဟန္တာ ဖြစ်ဖို့နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒလို့ ဆိုကြပြန်သည်။ ထေရဝါဒ တွင် ဗောဓိသတ္တ သည် လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်ကြပါ။ မဟာယာန တွင် ကိုးကွယ်စရာ ဗောဓိသတ္တ တွေ များပါသည်။ ဘုရားလောင်း၊ ဘုရား၏ မိခင်၊ ဖခင်အစုံ ဖြစ်သည်။ မဟာယာန မှာ အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးပါ။ အရဟတ္တဖိုလ်ကနေ အနာဂမ်၊ သကဒါဂမ်၊ သောတာပန် အထိ ပြန် လျှောကျသွားပြီး ပုထုဇဉ်ပြန်ဖြစ်သွားရသည် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရသည်။ ထေရဝါဒနှင့် မဟာယာန အယူအဆ လွဲနေသည်။ မူရင်းဝိနည်း+ သုတ္တန် + အဘိဓမ္မာများအတိုင်းလိုက်နာကျင့်ကြံပြီး နဲနဲမှ မပြင်တာက ထေရ ဝါဒ ဖြစ်သည်။ မူရင်းမှ ပြင်သည်က မဟာယာန ဝါဒ ဖြစ်သည်။ ထေရ ဝါဒ က ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မူရင်း ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ၊ သိက္ခာပုဒ်များ တရားတော်များကို နဲနဲမှ မပြင်ကြပါ။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်သည်မိမိ၏စိတ်၏ဝိမုတ္တိသုခဖြင့်သာရနိုင်​သော၊သံသရာမှလွတ်​မြောက်ခြင်းဟုသာယူဆပါသည်။ထေရဝါဒ၌လည်း ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန် ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။ ကံ၊စိတ်၊ဥတု၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား၊ အလုံးစုံငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု၊ တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ မွေး၊အို၊နာ၊သေ မရှိခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း၊ မကပ်ငြိခြင်း၊ ဘဝ မရှိခြင်း၊ ပူဆွေးမှု မရှိခြင်း၊ ငိုကြွေးမှုမရှိခြင်း၊သောက မရှိခြင်း၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ နိဗ္ဗာန် ဆိုသည် မှာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရသည်။ ဖော်ပြပါ ထေရဝါဒဗုဒ္ဓဘာသာ နှင့်မဟာယာနဗုဒ္ဓဘာသာ တို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမဩဝါဒများ ပါရှိကြသည်။ လိုက်နာကျင့်သုံးရမည့် စည်းကမ်း (ဝါ) သီလ (၅) မျိုး ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း (ဝါ) သီလ (၅) မျိုး ရှိသည်။ သက်ရှိလူသား တိရစ္ဆာန်တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။ သူတစ်ပါး ပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။ ကာမဂုဏ် ဖေါက်ပြန်မှု အိမ်ထောင်ရေး ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။ မူးယစ်ဆေးဝါး သုံးစွဲခြင်း ရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။ စည်းကမ်း(၅) မျိုးကို ကြည့်လျှင် မြတ်ဗုဒ္ဓသည် လူသားတို့၏ အသက် အိုးအိမ် စည်းစိမ် ချမ်းသာလုံခြုံရန်၊ အိမ်ထောင်ရေး သာယာရန်၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားရန်၊ လူသားတို့၏ ဉာဏ်ရည်အဆင့်အတန်း မှီရန် အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ကျူးလွန်လျှင် ဖြစ်​ပေါ်လာမည့် အကျိုးဆက်များကို​ ဟော​ဖော်ညွှန်ပြ၍ ကျူးလွန်ခြင်းမပြုရန် ဆိုဆုံးမခဲ့ခြင်း ဖြစ်သည်။ လူသားများသည် အပျော်ကြူးခြင်း အလိုရမက်ကြီးခြင်း ကြောက်စိတ်များခြင်း တို့ကြောင့် မိမိတို့ဘဝ အတွက် အားကိုးရာတွေကို စိတ်ကူးပုံဖော်ပြီး ယုံကြည်ကိုးကွယ်တတ်ကြသည်။ စိတ္တဇ အတွေးတွေကို ပုံဖော်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေသည်ကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်လျှင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်၊ အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရမည်။ ထေရဝါဒ ဗုဒ္ဓဘာသာမူ (၅) ရပ် ထေရဝါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး (၅) ရပ်ကို စံပြု သတ်မှတ် ထားခဲ့သည်။ ယုံကြည်မှုသဒ္ဓါတရားရှိရမည်။ စောင့်ထိန်းမှု သီလရှိရမည်။ ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။ ကံတရားကို ယုံကြည်သူဖြစ်ရမည်။ သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ - ဆိုသော ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး (၅) ရပ်ကို အင်္ဂုတ္တရနိကာယ် မှာ ချပြတော်မူခဲ့သည်။ ယုံကြည်မူသဒ္ဓါတရားရှိရမည် ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ်၊ ဘုရားမှန်၊ တရားစစ်၊ တရားမှန်၊ သံဃာစစ်၊ သံဃာမှန်၊ ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုသည်။ စောင့်ထိန်းမူ သီလ ရှိရမည် ဝါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး သီလ၊ ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘ ကျင့်ဝတ်၊ သားသ္မီး ကျင့်ဝတ်၊ အထက်လူကြီးကျင့်ဝတ်၊ အောက်လက်ငယ်သား ကျင့်ဝတ်- စသည့် ကျင့်ဝတ်သီလ များနှင့် ပြည်စုံရမည်။ ကောတုဟလမင်္ဂလာကို မယုံကြည်ရ အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ၊ ပြဿဒါး၊ ကျီးကန်းလာခြင်း၊ အိမ်မြောင်စုတ်ထိုးခြင်း၊ နေကြတ်၊ လကြတ်- စသည် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရန်။ ကံတရားကို ယုံကြည်သူဖြစ်ရမည် အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုသည်။ သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ လူများဟာ အပျော်ကြူးခြင်း၊ အလိုကြီးခြင်း၊ ကြောက်စိတ်များခြင်း၊ စိုးရိမ်စိတ်များခြင်း တွေကြောင့် သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင်၊ လက်ဖွဲ့၊ ဗေဒင်၊ မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။ ကျမ်းကိုး အခြားကြည့်ရန် တရုတ်ပြည် သည်ကမ္ဘာပေါ်တွင် မဟာယာန ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံ ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာ သမိုင်း ကမ္ဘာပေါ်တွင် မဟာယာန ဗုဒ္ဓဘာသာလူဦးရေ အများဆုံးတရုတ်ပြည် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%91%E1%80%B1%E1%80%9B%E1%80%9D%E1%80%AB%E1%80%92
ဥပုသ်
ဥပုသ် ဟူသောစကားသည် ဥပေါသထ ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း။ ဥပုသ်စောင့်ခြင်း “ဥပ+ ဝသထ” ဟုပုဒ်ခွဲ၊ “ဥပ”- ညစာ မစားခြင်း၊ “ဝသထ”နေခြင်း၊ ညစာမစား ခြင်း၊ သူ့အသက်မသတ်ခြင်း၊ စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည် ၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ (ဘာဝနာ) ပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့် ဟုခေါ်သည်။ (ဆောင်ပုဒ်) မိမိ စိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံ အောင့်အည်း တဖြောင့်တည်းဖြင့်၊ စောင့်စည်း အားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်။ အခြားလူမျိုးတို့၏ ဥပုသ်နေ့ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် ယခုအခါတွင် ခုနစ်ရက် တစ်ပတ်လျှင် တစ်ရက်သက်သက်ကို နေ့အားအဖြစ် သတ် မှတ်ထားလေ့ရှိကြသည်။ ထိုသို့ ထားရာတွင် အချို့လူမျိုးများ အဖို့ကား ထိုနေ့သည် နေ့စဉ်အလုပ်တာဝန်များကို ရပ်ဆိုင်း ထားသော အားလပ်ရက်မျှသာ မဟုတ်ပဲ လောကုတ္တရာလမ်းစဉ် ဖြစ်သော အယူဝါဒဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရသော နေ့ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ ထိုကြောင့် ထိုကဲ့သို့ သောနေ့မျိုးကို သီတင်းနေ့၊ သို့မဟုတ် ဥပုသ်နေ့ဟု ခေါ် လေသည်။ ရှေးနှစ်ပေါင်း များစွာကပင် အီဂျစ်လူမျိုး၊ ဗက်ဗီလုံးနီး ယန်းလူမျိုး၊ ဟိန္ဒူလူမျိုး၊ ပါးရှင်းလူမျိုး၊ ဂရိလူမျိုးနှင့်ရောမ လူမျိုးများသည် ခုနစ်ရက်တစ်ပတ်တွင် တစ်ရက်ကို အားလပ် ရက်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ နောက်ခေတ်တွင် တီဗြူ လူမျိုးများသည် ဗက်ဗီလုံးနီးယန်းလူမျိုးများမှ တစ်ဆင့် ခုနစ် ရက် တစ်ပတ်တွင် တစ်ရက်ကို အားလပ်ရက်အဖြစ်ထားသော အလေ့ကို ဆက်ခံရရှိဟန် တူလေသည်။ သို့ရာတွင် ဟီဗြူ လူမျိုးတို့၏ အားလပ်ရက်မှာ သူတို့၏ အယူဝါဒဆိုင်ရာ နေ့ ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ ထိုနေ့မှာ အီဂျစ်လူမျိုးများ၏ အညှဉ်းဆဲခံ လက်အောက်ခံ ဘဝမှ ဟီဗြူလူမျိုးများ လွတ် မြောက်သောနေ့ဖြစ်၍ ရက်သတ္တတစ်ပတ်တွင် ခုနစ်ရက် မြောက်နေ့ဖြစ်သော စနေနေ့ ဖြစ်လေသည်။ အင်္ဂလိပ် အမေရိကန် စသော ခရစ်ယာန်အယူဝါဒီများ၏ ဥပုသ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်၏။ ခရစ်ယာန်များသည် တနင်္ဂနွေကို ဥပုသ်နေ့အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့တွင် ခရစ်တော် ရှင်ပြန်ထမြောက်လာသောကြောင့် ဖြစ်သည်။ ရက်သတ္တတပတ်၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့တိုင်းတွင် ခရစ်ယာန်များသည် ခရစ်ယန် ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍ ဝတ်တတ်ကြလေသည်။ ဥပေါသထမှ ဥပုသ် ဗုဒ္ဓဝါဒီ မြန်မာလူမျိုးများတွင် ဥပုသ်နေ့ဟူ၍ သတ်မှတ် ထားခြင်း ရှိလေသည်။ ဥပုသ်ဆိုသော စကားသည် ဥပေါသထ ပါဠိဘာသာစကားမှ ဖြစ်ပေါ်လာ၍ အဓိပ္ပာယ်မှာ ရတနာ သုံးပါးကို ဆည်းကပ်၍ သီတင်း သုံးခြင်း၊ ရှစ်ပါးသီလကို ထိန်းခြင်း၊ သို့မဟုတ် ပါတိမောက်ကိုပြခြင်းဖြစ်သည်။ တစ်ဖန် ဥပုသ်သုံးမျိုး ရှိပြန်ရာ (၁) ဂေါပါလဥပုသ် (၂) နိဂဏ္ဌဥပုသ် နှင့် (၃) အရိယာဥပုသ်ဟူ၍ ဖြစ်သည်။ ဥပုသ်သုံးမျိုး (၁) ဂေါပါလဥပုသ်ဆိုသည်မှာ ဥပုသ်သီလကို ဆောက်တည် ပြီးနောက် ရတနာသုံးပါး၏ဂုဏ်တော်၊ ကျေးဇူးတော်ကို မအောက်မေ့ မပွားများပဲ ဝတ်ရေးစားမှု အစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုး ဖြစ်သဖြင့် အကျိုး ပေးနည်းသည်။ (၂) နိဂဏ္ဌဥပုသ်ဆိုသည်မှာ တိတ္ထိတို့ဆောင်သော ဥပုသ်မျိုးဖြစ်သည်။ ပမာအားဖြင့် မိုင်တစ်ရာအတွင်း ရှိသော သတ္တဝါကိုသာ သတ်ပါမည် စသည့် သိက္ခာပုဒ်မျိုးကို ဆောက် တည်ခြင်း ဖြစ်၍ အပြစ်ရှိသည်။ (၃) အရိယာဥပုသ်ဆိုသည်မှာ ဥပုသ်ဆောက်တည်ပြီးလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘတရားတို့ကို ဆင်ခြင်စဉ်းစား ပြီး၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အောက်မေ့ပွားများခြင်းများ ပြုလုပ်သဖြင့် များမြတ်သော အကျိုးရှိ၏။ ဥပုသ်စောင့်သည့်နေ့ ဥပုသ်ဆောက်တည်ရသောနေ့ကား ပကတိဥပုသ်နေ့၊ ပဋိဇာဂရ ဥပုသ်နေ့၊ ပါဋိဟာရိယပက္ခဥပုသ်နေ့ အားဖြင့် သုံးပါးအပြား ရှိ၏။ ထိုသုံးပါးတွင် ပဉ္စမီ-ငါးရက်နေ့၊ အဋ္ဌမီ-ရှစ်ရက်နေ့၊ စတုဒ္ဒသီ-တဆဲ့ လေးရက်နေ့၊ ပန္နရသီ -တစ်ဆဲ့ငါးရက်နေ့ဟူ၍ လဆန်းလဆုတ် လေးရက်စီ အားဖြင့် တစ်လရှစ်ရက်သည် ပကတိ ဥပုသ်မည်၏။ ထိုပကတိဥပုသ်နေ့ကို အကြိုအပိုပြု၍ ဆောက်တည်သော နေ့သည် ပဋိဇာဂရဥပုသ်နေ့မည်၏။ အကြို အပို ပြုဟန်ကား ငါးရက်နေ့ဥပုသ်ကို ကြိုသော် လေးရက်နေ့၊ ပိုသော် ခြောက် ရက်နေ့၊ ရှစ်ရက်နေ့ ဥပုသ်ကို ကြိုသော် ခုနစ်ရက်နေ့၊ ပိုသော် ကိုးရက်နေ့။ တစ်ဆဲ့လေးရက်နေ့ ဥပုသ်ကို ကြိုသော် တစ်ဆဲ့ သုံးရက်နေ့၊ အပိုမရှိ။ တစ်ဆဲ့ငါးရက်နေ့ ဥပုသ်ကို ပိုသော် တစ်ရက်နေ့ အကြိုမရှိ။ ဤသို့ အကြိုအပိုပြု၍ လဆန်း လဆုတ် ခြောက်ရက်စီအားဖြင့် တစ်လလျှင် တစ်ဆဲ့နှစ်ရက် သည် ပဋိဇာဂရဥပုသ်နေ့ မည်၏။ ဝါတွင်းသုံးလသည်လည်းကောင်း၊ သီတင်းကျွတ်လပြည့်နှင့် တန်ဆောင်မုန်းလပြည့်အကြား တစ်လသည် လည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော် အထွတ်တစ်ရက်နေ့မှ လကွယ် နေ့တိုင် တစပက္ခသည် လည်းကောင်း ပါဋိဟာရိယပက္ခဥပုသ်နေ့ မည်၏။ ဥပုသ်နေ့ လုပ်ငန်းများ ဥပုသ်နေ့များတွင် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသော ဗုဒ္ဓဝါဒီများသည် ဥပုသ်သီလဆောက်တည်ကြသည်။ ထိုနေ့မျိုး တွင် ပစ္စည်းဥစ္စာ ကုံလုံပြည့်စုံသူများက ရဟန်းသံဃာတော် များအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ အချို့သောသူများကမူ ဘုရားတန်ဆောင်းများနှင့် ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှုပြုလုပ် ကြသည်။ ဗုဒ္ဓဝါဒီများသည် ဥပုသ်ဆောက်တည်ရာ၌ မြတ်စွာ ဘုရား ထံတွင် အာရုံပြု၍ဖြစ်စေ၊ သံဃာတော်များထံမှဖြစ်စေ သီလကို ခံယူဆောက်တည်ကြလေသည်။ ဗုဒ္ဓတရားတော်အရ ဥပုသ်စောင့်သုံးသူတစ်ယောက်သည် ဥပုသ်ဆောက်တည် သည့်နေ့တွင် မွန်းလွဲသည့်အချိန်မှစ၍ နက်ဖြန်မိုးသောက်အထိ ဝိကာလဘောဇနာဟူသောသိက္ခာပုဒ်အရ မည်သည့်အစာ အာဟာရကိုမျှ မှီဝဲခြင်း မပြုနိုင်တော့ပေ။ ထို့အပြင် နေ့စဉ် ပြုလုပ်နေကျဖြစ်သော အိမ်မှုကိစ္စအလုပ်တာဝန်များနှင့် အခြား လောကီရေးရာ လုပ်ငန်းဆောင်တာများကို မပြုလုပ်ကြပဲ ပုတီးစိပ်ခြင်း၊ ဘုရားတရားတော်များကို ဖတ်ကြားနာခံခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်း အစရှိသော လောကုတ္တရာ ကျင့်စဉ်များကို အားထုတ်ကြလေသည်။ ဥပုသ်စောင့်ပုံ အစီအစဉ် ၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ခြင်းငှာ မလျော်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စ များကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။ ၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှက် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ် ထားရာ၏။ (ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်း စားဖို့ကား မစီမံသင့်) ၃။ ချက်ပြုတ် ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် စားဖွယ်သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။ ၄။ နက်ဖြန် နံနက် အာရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။ ၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။ ၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ (သီလဆောက်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်သည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင်ကား ဘုရားပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟုနှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏)။ ၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ်ရာ ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ စီမံ၍ စားသောက်ရာ၏။ (တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏)။ ၈။ ကျွေးမွေး စားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ (ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်၊ စိတ်ကြည်လင်မှ တရားကို အာရုံပြု၍ ကောင်းသည်)။ ၉။ ထို့နောက် မိမိတစ်ယောက်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာ ဌာန၌ ဗြဟ္မာဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏)။ ၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု့ရွတ်ဖတ်နေရာ၏၊ (ထိုင်၍ခြည်း နေရမည်ဟု မဆိုလို၊ လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင်နေစေလို၏)။ ၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရားနာရာ၏။ ၁၂။ ညဉ့်အချိန်သို့ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာသူတော်ကောင်း ရဟန္တာအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။ ၁၃။ ရဟန္တာ အရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညစာ စားမှု၊ ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကား၊ ဟု မိမိကိုယ် အလွန်မြှောက်တင်ကာ ရဟန္တာယောက်ျား ရဟန္တာမိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏။ ၁၄။ နံနက် အာရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သော အခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်တော့သည်။ ( ယခုကာလ အချို့အရပ်မှာလို ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုပါ)။ ဤကားဥပုသ်စောင့်ပုံအစီအစဉ်တည်း။ (၁) ဥပုသ် (၃) မျိုးနဲ့ အကျိုးကျေးဇူး။ ဥပုသ် ဆိုတာ ပါဠိလို ဥပေါသထ ၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်း ဖြစ်ပါတယ်။ ဥပုသ်ဆိုတာ တိကနိပါတ် အင်္ဂုတ္တရ အလို (၃) မျိုးရှိပါတယ်။ (၁) နိဂဏ္ဌဥပုသ် (၂) ဂေါပါလဥပုသ် (၃) အရိယာဥပုသ် တို့ဖြစ်ပါတယ်။ (၁) နိဂဏ္ဌဥပုသ် ဆိုတာ …ငါသည် ကနေ့ယူဇနာ ၁၀ဝ အတွင်းရှိသော သတ္တဝါတို့ကိုသာရှောင်မည်။၎င်းမှအပ ငါမရှောင်ဘူး လို့ ဆောက်တည်တဲ့ တိတ္ထိဥပုသ် မျိုးဖြစ်ပါတယ်။ အကျိုးမရှိဘူးဆိုပါတယ်။ (၂) ဂေါပါလဥပုသ် ဆိုတာကတော့ နွားကျောင်းသားဟာ သူ့နွားတို့ကို စားကျက်အတွင်းမှ မထွက်ရအောင် စောင့်ရှောက်ရုံသာ စောင့်ရှောက်နေဘိသကဲ့သို့ သီလခံယူပြီး စားရန်၊သောက်ရန်၊စကားပြောရန်သာ ကြံစည်တယ်။ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အာရုံမပြု၊အချိန်ကုန်အိမ်ပြန်ရန်မျှသာ ဖြစ်သဖြင့် အကျိုးမများလှ။ (၃) အရိယာဥပုသ် ဟူသည်မှာ ဥပုသ်သီလဆောက်တည်ပြီး တရားနာခြင်း ၊ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အောက်မေ့စီးဖြန်းခြင်း ၊ မေတ္တာပွားခြင်း ၊ လှူဒါန်းခြင်း ၊ သမထ ထူထောင်ခြင်း ၊ ဘာဝနာပွားခြင်း ၊ တရားစကားကို ဆွေးနွေးဟောပြောခြင်း စသည်ဖြင့် ကုသိုလ်အာရုံစိတ်နဲ့ သာနေခြင်း မျိုးဖြစ်ပါတယ်။ အကျိုးကျေးဇူးအများဆုံးဖြစ်ပါတယ်။ ဒါ တိကနိပါတ် အင်္ဂုတ္တရ အလိုအရ အကျိုးကျေးဇူးကွာတယ်လို့ ဖြေရပါမယ်။ (၂) ဥပုသ်နဲ့ အရုဏ်တက်ချိန် ။ ကျွန်တော်ကို ရုရှားကရော ၊ အမေရိက ၊အင်္ဂလန်ကရော သူငယ်ချင်းတွေ ၊ ညီလေး၊ညီမလေးတွေ အင်တာနက်ကနေ မေးကြတယ်။ ဒီရက်ပိုင်း အာရုံတက်ချိန်ကို အတိအကျမသိတော့ ဥပုသ်သည်တွေ ဘယ်အချိန်အထိ စောင့်ရမှန်းမသိဖြစ်နေကြတယ်။ အာရုံတက်တာ တစ်လနဲ့ တစ်လ မတူပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကမာရွတ်ရွာမဆရာတော်ဘုရားက အရုဏ်တက်ပုံနဲ့ နေဝင်ပုံကို ဇယားဆွဲပေးထားပါတယ်။ (၃) ဥပုသ်နဲ့ သီလယူပုံ (၂) မျိုး ဥပုသ်မှာ သီလတစ်ပါးကျိုးတာနဲ့ ကျန်တာအားလုံး ကျိုး ၊ မကျိုးကတော့ အစသီလယူပုံ ၊ သီလပေးပုံပေါ်မှာ မူတည်ပါတယ် ။ သီလမှာ တစ်ပေါင်းတည်းယူနည်း ၊ တစ်ပါးချင်းယူနည်း ဆိုပြီး (၂) မျိုးရှိတယ်။ တစ်ပေါင်းတည်း ယူရင် တစ်ပါးကျိုးတာနဲ့ အားလုံးပျက်ကျိုးပါတယ်။ တစ်ပါးချင်း ယူခဲ့ရင်တော့ တစ်ပါးကျိုးတာနဲ့ အားလုံးမပျက်ကျိုးပါဘူး။ တစ်ပေါင်းတည်း ယူပုံက - အဟံ ဘန္တေ တိသရဏေနသဟ ပဉ္စသီလံ သမာဓိယာမိ အဋ္ဌ ဥပေါသထင်္ဂါနိ သမာဓိယာမိ (လယ်တီ ) ပဉ္စင်္ဂ သမန္နာဂတံ သီလံ သမာဓိယာမိ ( ဦးဗုဓ်) ဒီပုံစံကို ဒီခေတ်မှာ ယူတာနည်းပါတယ်။ တရားပွဲကအချိန်သိပ်နည်းနေတာမျိုးမှာတော့ တရားဟောဆရာတော်က ဒါမျိုး တစ်ပေါင်းတည်းယူနည်းနဲ့ သီလပေးတတ်ပါတယ်။ တစ်ပါးစီယူတာကတော့ - ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ …စသည် ကျွန်တော်တို့ ယူနေကြတဲ့ ပုံစံမျိုးပေါ့ . ဒါက တစ်ပါးကျိုးရင် ကျန်တာ မကျိုးပါဘူး။ (၄) မှန်ကန်စွာ ခြိုးခြံကျင့်ကြံ ခြင်း ဟာ သူတော်ကောင်းတွေရဲ့ အကျင့်ဖြစ်ပါတယ်။ ဘာကို ခြိုးခြံကျင့်ကြံမလဲဆိုတော့ အာရုံ (၅) ပါး (တစ်နည်း) အာရုံ (၆) ပါး နဲ့ ကာမဂုဏ်ခံစားမှုကို ခြိုးခြံကျင့်ကြံရမှာ ဖြစ်ပါတယ်။ နှိပ်စက်တဲ့ အထိဖြစ်သွားရင် တပ ခေါ် အစွန်းရောက်ကျင့်စဉ် ဖြစ်သွားပြန်တယ်။ ဒါကိုလည်း မြတ်စွာဘုရားက ဓမ္မစကြာတရားတော်မှာကို အစွန်း(၂)ပါးရှောင်ဖို့ ဟောထားတာ သတိထားမိမှာပါ။ ဥပုသ် (၈) ပါးသီလကို ပြန်ဆန်းစစ်ရင် ကာမေသုက ခွဲထွက်လာတာကို တွေ့ရလိမ့်မယ်။ ကာမေသု မိ စ္ဆာ စာရ ကံဟာ လောကပါလ တရားကို ဖျက်ဆီးတဲ့ တရားအပေါင်းမှာ အပြစ်အကြီးဆုံးတရားဖြစ်ပါတယ်။ ဒီကံ ဖောက်ထားသူအတွက် ဘယ်လောက်ပဲ ဘုန်းမီးနေလ တောက်ပနေစေကာမူ တစ်ခုသော အခါမှာ ဒီအကုသိုလ် အကျိုးကို ပြန်ခံရမယ် လို့ ဆိုတယ်။ သူများသားမယား ပြစ်မှားမှုကို သမုတိနယ်မှာ ကာမေသု မိစ္ဆာ လို့ ယူပေမယ့် ၊ ပရမတ္ထနယ်မှာတော့ ကာမေသုကို ကာမဂုဏ်တရား (၅)ပါး အဖြစ်ယူတယ်။ ရူပါရုံ ၊ သဒ္ဒါရုံ ၊ဂန္ဓာရုံ ၊ ရသာရုံ ၊ ဖောဋ္ဌဗ္ဗာရုံ တွေ ပါလာတယ်။ ပြင်ပ ဒီအာရုံတွေ က ဆွဲဆောင်တာကို ကိုယ့်မှာ ရှိတဲ့ ကိလေသာ က လက်ခံတယ် ။ ခံစားတယ် ဆိုရင် ကာမေသုပဲ ။ ဆွဲဆောင်နေဆဲမှာ ရပ်နေရင် ကာမေသု မဖြစ်သေးဘူး။ ပါသွားရင် သာ ကံမြောက်တယ်။ ဒါပေမယ့် ရှေးဆရာတွေက သားမယားစော်ကားခြင်းကို ပဲ လူတွေ စောင့်ဖို့ သတ်မှတ်ပေးလိုက်ပြီးတော့ ကျန်တာတွေကို သီလခွဲထုတ်လိုက်တယ်။ ဒါကြောင့်တို့ပြောနေတဲ့ (၈)ပါး နဲ့ (၁၀) ပါးမှာ အဗြဟ္မ စရိယာ နဲ့ မာလာ ဂန္ဓ …. စတဲ့ သီလတွေ ပွားလာတယ်။ ဒါတွေကို လေ့လာရင် ကာမဂုဏ်တရား (၅)ပါး ပဲ ပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ တခြားထူးဆန်းတာတွေ မဟုတ်တော့ဘူး။ ကာမေသုအောက်က ခွဲထွက်သွားတာတွေဖြစ်နေကြတယ်။ ဥစ္စာသယန၊ မဟာသယနနဲ့ ပတ်သက်ပြီး လိုရင်းအဖြေကို ပြောရရင်တော့ အထိအတွေ့သာယာမှု ၊နှုးညံ့မှု ကာမဂုဏ်ကိုလည်းရှောင်မယ့် နေ့ဖြစ်တာမို့ မြင့်သောနေရာ ၊ မြတ်သောနေရာကနေ ဆင်းပြီး အိပ်သင့် နေသင့်ပါတယ်။ ဥစ္စာသယန၊ မဟာသယနဆိုတာက မြင့်သောနေရာ ၊ မြတ်သောနေရာမှာ လျောင်းစက်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်ပါတယ် ။ ဒီနေရာမှာ နည်းနည်းမှတ်မိသလောက် အကျယ်ပြောရရင်တော့ အမြင့် တစ်တောင့်ထွာထက်ပိုတဲ့ အိပ်ရာ၊ခုတင်၊ညောင်စောင်း စသည် မြင့်တဲ့ နေရာတွေမှာ နေထိုင်ခြင်း ၊အိပ်ခြင်း ( ဥစ္စာသယန) နဲ့ မြတ်သောနေရာဆိုတာကတော့ သူဋ္ဌေးကြီးတွေ စည်းစိမ်ခံတတ်တဲ့ သားမွှေးအခင်းနဲ့ ထိုင်ခုံတွေ ၊ တိရ စ္ဆာ အရေတွေနဲ့ လုပ်ထားတဲ့ သားမွေး၊ သားရေ တွေနဲ့ ထိုင်ခုံတွေ ၊ နောက် ရွှေချည်၊ငွေချည် ၊ပိုးထာ အကောင်းစားစသည်များနဲ့ လဲ၊ဝါသွပ်သွင်းပြုလုပ်ထားတဲ့ ဂွမ်းကပ်၊မွေ့ယာ စသည် (မဟာသယန) တို့ ဖြစ်ပါတယ်။ တိုက်အပေါ်ထက်ကနေ မြင့်လို့ဆိုပြီး အောက်ထပ် ၊ (ဝါ) လမ်းပေါ် ဆင်းနေဖို့ မဟုတ်ပါဘူး။ ဒီလိုသာဆို ဘုန်းကြီးတော်တော်များများ လမ်းပေါ်မှာပဲ နေရပါလိမ့်မယ်။ ရနိုင်နေတဲ့ စည်းစိမ်ချမ်းသာ ကိုတောင် မယူဘဲ ကိုယ့်မှာ ရှိနေတဲ့ တဏှာကို သတ်ခြင်းဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်ခြိုးခြံမှုကို ကျင့်ကြံကြပါတယ်။ဥစ္စာသယန၊ မဟာသယနဆိုတာက လဲ ဥပုသ် ( ဥပေါသထ )၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်းမှာ အကျုံးဝင်နေတာဖြစ်တဲ့အတွက် အထိအတွေ့ဖောဋ္ဌပ္ဖရုံ ကို ချိုးနှိမ်ခြင်းသာ လိုရင်းဖြစ်ပါတယ်။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A5%E1%80%95%E1%80%AF%E1%80%9E%E1%80%BA
ဘဝင်စိတ်
ဘဝင်စိတ်ဟူသည်- ဘဝ၏ အစိတ်အပိုင်း (၁) ဘဝဟူသောအစိတ် အပိုင်း၊ ဘဝ၌ထည့်သွင်း ရေတွက်အပ်သော အစိတ်အပိုင်းတရားစု။ (ဤ၌ ကမ္မဝဋ် ဝိပါကဝဋ် ၂-မျိုးကို ဘဝ၌ ထည့်သွင်းရေတွက်အပ်သော, ဘဝ၌ တစိတ်တပိုင်း ပါဝင်နေသော တရားစုဖြစ်သောကြောင့် “ဘဝင်္ဂ” ဟု ခေါ်သည်။) ဘဝမပြတ်အောင် ဆက်စပ်ပေးသောစိတ် (၂) ဘဝ၏အကြောင်း ဘဝမပြတ်အောင် ဆက်စပ်ပေးသောစိတ်၊ ဘဝင်။ (ကိလေသဝဋ်ကိုလည်း ဘဝ၏ အကြောင်း ဖြစ်သောကြောင့် ဘဝင်္ဂဟုပင် ဆိုသည်။ ဝီထိစိတ်ပြတ်သည့်အခါ ဘဝင် စိတ်များ ဆက်လက်မဖြစ်ပေါ်လျှင် စုတေ ရပေလိမ့်မည်။ ဝီထိစိတ်များ ပြတ်သည့်အခါတိုင်း ဘဝင်စိတ်များ ဆက်လက် ဖြစ်ပေါ် လာ၍သာ ဘဝဆက်လျက် အသက်မသေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဘဝင်စိတ်များကို ဘဝ၏ အကြောင်းဖြစ်သောစိတ်, ဘဝမပြတ်အောင် ဆက်စပ်ပေးသောစိတ်ဟု ဆိုရသည်။ ယင်း ဘဝင်စိတ်များသည်အကြိမ်ပေါင်းများစွာ မြစ်ရေအလျဉ် စီးသကဲ့သို့ဖြစ် နေကြသည်။ ဘဝင်စိတ်များ အရေအတွက်အားဖြင့် ကာမဘဝင် ၁၀, ရူပ ဘဝင် ၅-ခု အရူပဘဝင် ၄-ခု ပေါင်း ၁၉-ပါး ရှိသည်။ သင်္ဂဟ၊၃၊၂၀။ ကာမဘဝင် ၁၀-သည် ကာမပစ္စုပ္ပန်ဘဝကို အဆက်မပြတ်အောင် ဆက်စပ်ပေးသည်။ ရူပဘဝင် ၅-ခုသည် ရူပပစ္စုပ္ပန်ဘဝကို အဆက်မပြတ်အောင် ဆက်စပ်ပေးသည်။ အရူပဘဝင် ၄-ခုသည် အရူပပစ္စုပ္ပန်ဘဝကို အဆက်မပြတ်အောင် ဆက်စပ်ပေးသည်။ အသညသတ် ဘုံ၌ကား ဇီဝိတနဝကကလာပ်ရုပ်သည်ပင် ဘဝင်ကိစ္စတပ်သည်။ ယင်း ဇီဝိဘနဝက-ကလာပ်ရုပ်ဘဝင်က အသညသတ်ပစ္စုပ္ပန် ဘဝကို အဆက်မပြတ်အောင် ဆက်စပ်ပေးသည်။ အိပ်ပျော်နေချိန် သတ္တဝါများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အခါ ဘဝင်စိတ်များ ဖြစ်နေကြသည်။ အိပ်မက် မက်သည့်အခါ၌ကား ဘဝင်စိတ် များဖြင့် အိပ်မက်မက်သည်မဟုတ်။ ပင်ကိုယ်စိတ် ဝီထိစိတ်များ မဖြစ်သည့်အခါ၌ ဘဝင်စိတ်များချည်း ပင်ကိုယ်အားဖြင့် ဖြစ် နေသောကြောင့် ဘဝင်စိတ်များကို ပကတိစိတ် = ပင်ကိုယ်စိတ်ဟုလည်း ခေါ်ဝေါ်သုံးစွဲသည်။ ဥပတ္တိဘဝ၏ ခန္ဓာကိုယ် ဘဝသစ်ဖြစ်ပေါ်ရာ၌ အစဆုံး ဖြစ်ရသည့် ပဋိသန္ဓေစိတ်သည် အရေးအကြီးဆုံး ဖြစ်သည်၊ ဖြစ်ပေါ်လာသည့်ဘဝကုန်ဆုံးသည် အထိ အသက်ရှင်သန် တိုးတက်ရပ်တည်နေထိုင်နိုင်ရေးအတွက် ဘဝင်စိတ်များသည် မရှိမဖြစ်အရေးကြီးဆုံးအင်္ဂါ အစိတ်အပိုင်းများ ဖြစ်ကြသည်၊ ထို့ကြောင့် ဘဝင်စိတ်များကို ဥပပတ္တိဘဝ၏ သရီရ = ခန္ဓာကိုယ်ဟုလည်း ဆိုရသည်။ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ် တဘဝတည်း၌ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်ဟူသည် စိတ်တခုတည်းသာ ဖြစ်သည်၊ သီးခြားတခုစီမဟုတ်။ တိရစ္ဆာန် ပဋိသန္ဓေစိတ်သည် အကုသလဝိပါက် ဥပေက္ခာသန္တီရဏဖြစ်သည်၊ ယင်း စိတ်သည်ပင် ပဝတ္တိအခါ၌ ဘဝင်ကိစ္စတပ်၍ ဖြစ်သည်၊ သေလွန်သောအခါ၌ စုတိကိစ္စတပ်၍ ဖြစ်ရသည်။ ထို့ကြောင့် ဘဝင်စိတ်ဖြင့် စုတေသေ လွန်သည်ဟု သုံးစွဲရာ၌ သဒိသူပစာအားဖြင့် ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်းသာ ဖြစ်ပေသည်၊ မုချစကားမဟုတ်။ အသက်ရှုရပ်နေချိန် သုဝဏ္ဏသျှံမြားမှန်၍ ထွက်သက်ဝင်သက်ပြတ် အသက်ရှူရပ်နေသည့်အခါ၌ ဘဝင်စိတ်များ ဖြစ်နေကြသည်။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်သောစိတ် ဘဝင်စိတ်ကို ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော (ပဘဿရ)စိတ်ဟူ၍(အံ၊၁၊၉-၌) ဟောတော်မူသည်။ ညစ်ညမ်းစေနိုင်သော ဥပက္ကိလေသမရှိသည့်အတွက် ဘဝင်စိတ်ဟူသမျှ ပဘဿရ မည်ရကြောင်း(အံ၊ဋ္ဌ၊၁၊၄၆-၌)ဖွင့်ပြသည်။ ဘဝင်စိတ်မှာ ဘာကြောင့် အရောင်အလင်း ရှိသလဲ ဘဝင်စိတ်ကလည်း နာမ်တရားမျှသာ ဖြစ်ခြင်းကြောင့် ယင်းဘဝင်စိတ်၌ကား အရောင်အလင်း မရှိပေ။ ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်နေသော ယင်းဘဝင်စိတ်သည်လည်း စိတ္တဇရုပ် ကလာပ်တို့ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ ယင်းဘဝင်စိတ်တို့ကြောင့် ဖြစ်သွားကြသော စိတ္တဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ)သည် ပါဝင်လျက်ရှိ၏၊ ယင်းဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်က အာနုဘော်ကြီးလျှင် ကြီးသလို ယင်းဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (= တောက်ပသည်သာ)ဖြစ်၏၊ တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ တေဇောဓာတ်ပါဝင်လျက် ရှိ၏၊ ယင်း တေဇောဓာတ် (= ဥတု)ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကာဆင့်ကာ ဖြစ်စေပြန်၏၊ ယင်းဥတုဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ) ပါဝင်ပြန်၏၊ ယင်း ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (=တောက်ပသော ရူပါရုံသာ) ဖြစ်၏၊ ဘဝင်စိတ်နှင့် ယှဉ်နေသော ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို တောက်ပသည်သာ ဖြစ်၏၊ ယင်း ဘဝင်စိတ်ကြောင့် ဖြစ်ကြသော စိတ္တဇရုပ်ကလာပ်တို့၏ ရူပါရုံနှင့် ထိုမှ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ဥတုဇရုပ်ကလာပ်တို့၏ ရူပါရုံ - ဤနှစ်မျိုး ကုန်သော ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်အဆင်း၏ တောက်ပမှုကို ရည်ရွယ်တော်မူကာ ဘုရားရှင်က –ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ = ရဟန်းတို့ ... ဤဘဝင်စိတ်သည် ပြိုးပြိုးပြက် တလက်လက်တောက်ပ၏ - ဟု ဟောကြားတော်မူခြင်း ဖြစ်၏၊ အဋ္ဌကထာ ဋီကာတို့ကလည်း ဤဒေသနာတော်သည် ပရိယာယကထာ (= အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် တင်စား၍ ဟောကြားထားတော်မူအပ်သော ဒေသနာတော်) ဖြစ်ကြောင်းကို ရှင်းပြထားတော်မူကြ၏၊ ဘဝင်မနောအကြည်ဓာတ် ဤရှင်းလင်းချက်များအရ ဘဝင်စိတ်၌ အရောင်အလင်း မရှိ၊ ဘဝင်စိတ်ကြောင့်ဖြစ်သော အကျိုးရုပ်တရား တို့၌သာ အရောင်အလင်း ရှိသည်ဟု မှတ်ပါ။ ဤ၌လည်း အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဘဝင်စိတ်အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော ဘဝင်စိတ်မှာ အရောင်ရှိသည်ဟု ပြောဆိုသော ဖလူပစာရစကား သို့မဟုတ် ကာရဏူပစာရစကားဟု မှတ်ပါ။ ယင်းဘဝင်စိတ်ကို အခြေခံကာ ဖြစ်ပေါ်လာ ကြသည့် ယင်းရူပါရုံတို့၏ အရောင်အလင်းမှာ ကြည်လင်တောက်ပမှုက များပြားနေသဖြင့် ဘဝင်မနောအကြည်ဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။ ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။ ဈာန်မှ ထသည့်အချိန် ဈာန်မှ ထသည့်အခါ ဘဝင်စိတ်များ ဖြစ်ကြသည်၊ ဘဝင်စိတ်ဖြင့် ဈာန်အားလုံးမှ ထရသောကြောင့် ဘဝင်စိတ်ကို “ဝုဋ္ဌာန”ဟုလည်း ဟောတော်မူသည်၊ ။ အနန္တရပစ္စည်း ပဋ္ဌာန်း (အဘိ၊၁၀၊၄၂-၃ ၌) “” စသည်ဖြင့် ဟောတော်မူထား၏။ သဟိတ်ဘဝင်စိတ် အစစ်သည် သဟိတ်ပုဂ္ဂိုလ်များအားသာ ဖြစ်နိုင်၏၊ အဟိတ်တိရစ္ဆာန်များအား မဖြစ်နိုင်။ (သဟိတ်ပုဂ္ဂိုလ်တို့အား အဟိတ်ဘဝင်ဖြစ်လျှင် အာဂန္တုကဘဝင်ကိစ္စတပ်၍သာ ဖြစ်ခွင့်ရှိ၏။) အဟိတ်ဘဝင်အစစ်သည် အဟိတ် ပုဂ္ဂိုလ်များအားသာ ဖြစ်နိုင်၏၊ သဟိတ် ပုဂ္ဂိုလ်များအား မဖြစ်နိုင်။ အနန္တရပစ္စည်း ဟူသည်လည်း ရှေ့နောက်ဆက်နေမှသာ ကျေးဇူးပြု၏။ နာမ်တရားတခု နှစ်ခုစသည် ခြားရာ၌ ကျေးဇူးမပြု။ ပုဂ္ဂိုလ်သန္တာန် ကွဲပြားရာ၌ အနန္တရပစ္စည်းဖြင့် ကျေးဇူးမပြုသည်မှာကား ဆိုဖွယ်ရာမရှိပြီ။ ထို့ကြောင့် ပဋ္ဌာန်းပါဠိတော်၌ တဒါရုံကိုပင် “သဟိတ် ဘဝင်, အဟိတ်ဘဝင်” အမည်တပ်၍ ဟောထားသည်ဟု မှတ်ရမည်။ အာဂန္တုက အဟိတ်ဘဝင်က မူလသဟိတ်ဘဝင်အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြုသည့် နေရာလည်း ရှိ၏။ ဘဝင်ကျရာဌာန ၆-မျိုးကို ဘဝင်္ဂဋ္ဌာန ကြည့်။ ဘဝင်ကျရာဌာန (ဘဝင်ဌာန ၆-မျိုး-ပဋိသန္ဓေနှင့် အာဝဇ္ဇန်းအကြားတစ်ဌာန၊ တဒါရုံနှင့် အာဝဇ္ဇန်းအကြား တဌာန၊ တဒါရုံနှင့် အာဝဇ္ဇန်းအကြားတဌာန၊ ဝုဋ္ဌောနှင့် အာဝဇ္ဇန်းအကြား တဌာန၊ ရံခါဇောနှင့် စုတိအကြား တဌာန၊ တဒါရုံ နှင့် စုတိအကြားတဌာန။) တဒါရမ္မဏစုတိနဉ္စ အန္တရာ ဘဝင်္ဂဋ္ဌာနံ။ ကိုးကား ဗုဒ္ဓဘာသာ ဝိပဿနာ
https://my.wikipedia.org/wiki/%E1%80%98%E1%80%9D%E1%80%84%E1%80%BA%E1%80%85%E1%80%AD%E1%80%90%E1%80%BA
အနတ္တ
” လောကမှာ ဝါဒနဲ့ ပတ်သက်ရင် တည်ထောင်သူ နဲ့ ပြန်လည်ဖော်ထုတ်သူ (၂)မျိုးပဲရှိမယ်။ “… တည်ထောင်သူ ဆိုတာ လုံးဝ မရှိတဲ့ အရာကို ရှိသယောင်ယောင် ထင်ရှားလာအောင် ကိုးကွယ်ရမဲ့ အခြေအနေရောက်အောင် ပြုလုပ်သူများ ( ဥပ္ပါဒက ) လို့ခေါ်တဲ့ တစ်မျိုး ရှိမယ်။ နောက် တစ်မျိုးက ပြန်လည်ဖော်ထုတ်သူ - ဒါက တိမ်မြုတ်နေတဲ. အခြေအနေ၊ မေ့လျော့ သတိမထားမိတာတွေကို ပြန်ပြီးထင်ရှားလာအောင် ပြုလုပ်သူများ ( အဘိပဉ္စက ) ဆိုတာရှိမယ်။ …” ” ….ဒီ (၂ ) မျိုး မှာ - ဥပ္ပါဒက ဝါဒမှာ ပြီးပြည့်စုံမှု မရှိနိုင်ဘူး။ ကိုယ့်ဘာသာဖန်တီးထားရတာ ဖြစ်လို့ မခိုင်မာဘူး၊ စနစ်မကျဘူး။ နောက် တစ်ခုပေါ်လာရင် အရင် တစ်ခုထက်ကောင်းတယ် လို့ ပြောမှာသေချာတယ်။ လွတ်လမ်းမမှန်ဘူး …..” အဘိပဉ္စက ဝါဒ ကတော့ ဝါဒဟောင်း၊ ရှိပြီးသား တိမ်မြုတ်နေတာကို ပြန်ဖော်ရတာဖြစ်တယ်။ ပြန်ဖော်ပါတယ်ဆိုတဲ့ ဝါဒဟာ မဂ္ဂဝါဒ (အရိယသစ္စာ(၄)ပါး ) ဝါဒ ဖြစ်ရမယ်။ အရိယသစ္စာ(၄)ပါး စစ်စစ်ဖြစ်ရင်လဲ သဗ္ဗညုတဉာဏ်နဲ့ ပဲ ဖော်ထုတ်နိုင်မယ်။ “ ဒီလို အဘိပဉ္စက ဝါဒီ တစ်ဦးဦးက အရိယသစ္စာ(၄)ပါး ကို ဖော်ထုတ်နိုင်နေပြီ နိဗ္ဗာန်ကို လမ်းညွန် နေပြီ ဆိုရင် တော့ ကိုယ်တိုင်ကျင့်ကြံ စိစစ်ဝေဖန်ပြီး( ဘယ်လိုစိစစ်ရမယ်ဆိုတာ ကာလာမသုတ် မှာ ဟောပြောရှင်းပြခဲ့ပါတယ် ) ဒီဘုရားရှင်ကို ကိုးကွယ်နိုင် ပါပြီ လို. ဟောခဲ့ပါ တယ်။ သူကိုယ်တိုင်လည်း ဘုရားဖြစ်ကာမှာ အရိယသစ္စာ(၄)ပါး ကို အရိုအသေပြုတဲ့ စိတ်နဲ့နေပါတယ်။ သက်တမ်း ၁၀ဝ၀ဝ နှင့် အထက် မှာ ပွင့်ကြသော မြတ်ဘုရားများ သည် အနတ္တ တရားကို မဟောဘူး ဆိုရင် ခန္ဓာ (၅)ပါး ဟာ မြဲတဲ့သဘောဖြစ်ကုန်ပါမယ်။ ကိုယ်ပိုင်တဲ့သဘောဖြစ်ကုန်ပါမယ်။ ဒါဆိုရင် ဒိဌိတွေ တသီကြီး ဝင်လာလိမ့်မယ်။ တစ်သိန်းတမ်းရဲ့ အောက်မှာပဲ ဘုရားပွင့်ရတာ ဒီအနတ္တ တရားထင်ရှားစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အနတ္တ တရားထင်ရှားတဲ့သက်တမ်း ၁၀ဝ,ဝ၀ဝ နှင့် အောက်မှာသာ ဘုရားရှင်တို့ ပွင့်ကြပြီး၊ အဘိပဉ္စကဝါဒီ ဘုရားရှင်အားလုံးဟာလည်း တစ်မျိုးတည်းသော ကွဲပြားမှုမရှိသော အရိယသစ္စာ(၄)ပါး ကို ဟောကြပါမယ်။ ပညတ်လူသား (၁၅ မိနစ်တရားရှုမှတ်နည်း - ဓမ္မစက္ကဦးမောင်မောင်)   လူဟာ ပညတ်တစ်ခုပါ။ အမည်နာမတစ်ခုပါပဲလို့ဆိုရင် သင်လက်ခံမှာပါလား။ တကယ်တော့ လူဆိုတာ ခေါင်း၊ ခြေ၊ လက်၊ ကိုယ်ခန္ဓာ၊ ကလီစာစတဲ့ (၃၂ ) ကောဋ္ဌာသ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး “လူ” လို့ ခေါ်တာပါ။   ဒါဆိုရင် ဦးခေါင်းကတော့ အမှန်ပဲလား။ သူလည်း ပညတ်တစ်ခုပါပဲ။ ဦးခေါင်းမှာ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ ဆံပင်၊ ဦးနှောက် စသည်ဖြင့် အင်္ဂါတွေအများကြီး စုစည်းပြီးမှ ဦးခေါင်းဆိုတဲ့ ခေါ်ဝေါ်သတ်မှတ်စရာ အမည်ပညတ်တစ်ခု ဖြစ်လာတာပါ။   ကဲ ဒါဆိုရင် မျက်လုံးကတော့ အမှန်ပဲလား။ ဒါလည်း အမှန်တရားမဟုတ်တဲ့ ပညတ်တရားပါပဲ။ မျက်လုံးထဲမှာ မျက်ကြည်လွှာ၊ သူငယ်အိမ်၊ မှန်ဘီလူး၊ ဂျယ်လီရည်၊ အကြောအမျှင်စတဲ့အရာတွေ စုပေါင်းထားတဲ့ အမည်ခေါ်စရာ ပညတ်တစ်ခုပါ။   ဒါဖြင့် သူငယ်အိမ် မျက်ဆံနက်ကရော ပညတ်ပဲလား။ ဟုတ်ပါတယ်။ သူလဲ ခေါ်စရာ ပညတ်တစ်ခုပါပဲ။ မျက်ဆံနက်ထဲမှာ ရောင်ခြယ်ဆဲလ်တွေ၊ တစ်ရှုးဆဲလ်တွေ၊ သွေးကြောမျှင်လေးတွေ စတဲ့ အစိတ်အပိုင်းပေါင်းများစွာ ပေါင်းစပ်ထားတာပါ။ သူလည်း အမှန်တရားအဖြစ် မသေချာသေးပါဘူး။   ဒီလိုဆိုရင် ဆံခြည်မျှင်လောက်တောင်မရှိတဲ့ သွေးကြောမျှင်လေးတွေကတော့ သိပ်သေးငယ်လို့ ထပ်ပြီး မခွဲစိတ်နိုင်တော့ဘူး ထင်ပါရဲ့။ မဟုတ်သေးပါဘူး။ သွေးကြောမျှင်လေးတွေဟာလည်း ပညတ်ပါပဲ။ သွေးကြောမျှင်လေးတွေထဲမှာ သွေးကြောနံရံတွေ၊ သွေးရည်ဆဲလ်တွေ ပါရှိနေပါသေးတယ်။   မမေးခင် ဆက်ပြီးရှင်းပြရရင် သွေးထဲမှာလည်း အောက်ဆီဂျင်တွေ၊ အာဟာရဓာတ်တွေ၊ အရည်တွေ၊ သွေးဖြူဥတွေ၊ သွေးနီဥတွေ၊ အရောင်အဆင်းတွေ ပါဝင်နေပါတယ်။ အရည်ထဲမှာလည်း ဩော်ဂဲနစ်ဒြပ်ပေါင်းတွေ၊ ဆဲလ်မော်လီကျူးတွေ ပါဝင်နေပါတယ်။   အဲဒါတွေကို အဆင့်ဆင့်ထပ်မံခွဲစိတ်လို်က်ရင်တော့ အီလက်ထရွန်၊ ပရိုတွန် နဲ့ နျူထရွန်တို့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အက်တမ်အမှုန်အထိ သိပ္ပံနည်းအရ ခွဲစိတ်နိုင်ပါတယ်။   ပရိုတွန်ဓာတ်ဖိုပါရှိနေတဲ့ နျူကလိယဝတ်ဆံကို လှည့်ပတ်နေတဲ့ အီလက်ထရွန်ဓာတ်မဟာ သူ့လမ်းကြောင်းပေါ်မှာပဲ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတဲ့ (ဖြစ်-ပျက်)သဘောကို သိပ္ပံပညာရှင်တွေဟာ မကြာခင်ကမှ နောက်ဆုံးတွေ့ရှိချက်အဖြစ် ဖော်ထုတ်နိုင်ခဲ့ကြတာပါ။   ဗုဒ္ဓနည်းအရကတော့ အဲဒီအက်တမ်အမှုန်ကိုတောင်မှ (၃၆)ပုံထပ်မံခွဲစိတ်ပြီး တစ်ပုံကို ပရမာနုမြူလို့ ခေါ်ပါတယ်။ အဲဒီရုပ်အမှုန်တွေဟာလည်း ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ စွမ်းအင်ဓာတ်ကြီး(၄)ပါးရဲ့ ပေါင်းစပ်ထောက်ပံ့မှုကြောင့်သာ ဖြစ်ပေါ်ပြောင်းလဲနေ ကြရပါတယ်။   ဗုဒ္ဓကတော့ အဲဒီရုပ်ကလာပ်စည်း(ရုပ်ခန္ဓာ)ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုသဘောကိုသာမက စိတ်သိမှု(နာမ်ခန္ဓာ)ရဲ့ ဖြစ်ပျက်အစဉ်အတန်းသဘောကိုပါ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀) ကတည်းက ဖော်ထုတ်ဟောကြားခဲ့တာပါ။   ကဲ--- လူဆိုတဲ့ ပညတ်တစ်ခုရဲ့မူလကို လိုက်ရှာရင်းနဲ့ “သဘာဝအမှန်တရား” ရဲ့ အဖြေဟာ အကောင်အထည်မပြနိုင်တဲ့ ဓာတ်သဘော၊ သုညသဘော အခြေအနေအထိ ဆိုက်ရောက်သွားပါပြီ။   ဒါကြောင့် “ငါ”ဆိုတဲ့ ရုပ်ကောင်ကြီးဟာ တကယ်ဟုတ်ဟုတ်ငြားငြား မရှိတော့ပါဘူး။ တကယ်ရှိနေတာကတော့ ခေါ်ဝေါ်သတ်မှတ်စရာ ပညတ်မည်နာမတစ်ခုမျှသာပါပဲ။ အဲဒီပညတ်တွေကိုပဲ သမုတိသစ္စာအဖြစ် လူ့လောကပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေအောင် အမည်ခေါ်ဝေါ်သုံးစွဲနေကြတာပါ။ အချိန်ကာလတစ်ခု အတွင်းမှာပေါ့။   အဲဒီလို အခြေခံသဘောတရားတွေကို သိမြင်နားလည်လိုက်တာနဲ့ “ငါ”ဆိုတဲ့အစွဲနဲ့ ပြောဆိုလုပ်ဆောင်နေတဲ့ လောဘစိတ်၊ ဒေါသစိတ်၊ ေမာဟစိတ်၊ မနာလိုစိတ် စတာတွေဟာ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာ သိလာပါလိမ့်မယ်။ “အမှန်မှာ ငါဆိုတာ တကယ်မှ မရှိပဲကိုး”   “ငါ”ဆိုတာမရှိမှတော့ “သူတပါး” “ယောက်ျား” “မိန်းမ” “ပုဂ္ဂိုလ်” “သတ္တဝါ” ဆိုတာတွေလည်း ဘာအနှစ်သာရမှမရှိတဲ့ ပညတ်သဘာဝအမည်သတ်မှတ်ချက်မျှသာ ပါပဲ။ အဏုမြူရုပ်အမှုန်တွေ စုစည်းပြီးဖြစ်ပေါ်နေတဲ့ ဟန်ပြအကောင်အထည်တွေပါပဲ။     သဘာဝတရား ဓမ္မစကား (အောင်ကိုး) လူတို့နေရာ ဒီကမ ္ဘာရဲ့ အနေအထားကို ကြည့်ရအောင်။ နေလုံးမှာ အချင်းမိုင်(၈၆၄၀၀၀)၊ ကမ ္ဘာလုံးမှာ အချင်းမိုင် (၈၀၀၀)၊ လ မှာ အချင်းမိုင် (၂၁၇၂) ရှိတယ်။ နေ နဲ့ ကမ္ဘာ အကွာအဝေးမိုင် (၉၃)သန်း၊ လ နဲ့ ကမ္ဘာ အကွာအဝေးမိုင် (၂၄၀၀၀၀) ရှိတယ်။ အချိုးကျ တွက်ချက်ပြီး နေ၊ လ၊ ကမ္ဘာ တို့ တည်နေပုံကို ကြည့်ရအောင်။ နေကို အချင်း (၁၀၈)ပေ ရှိအလုံးကြီး( ၉ ထပ်တိုက်တစ်လုံးခန့်)၊ နေမှ (၂)မိုင်အကွာမှာ ကမ္ဘာကို အချင်း(၁)ပေရှိအလုံး(ဖရဲသီးကြီးတစ်လုံးခန့်)၊ ကမ္ဘာမှ (၃၀)ပေခန့် အကွာအဝေးမှာ လကို အချင်း(၃)လက်မခန့် အလုံးငယ်တစ်လုံး(ရှောက်သီးလုံးခန့်) အဖြစ် ထားကြည့်ရင် နေ၊ လ၊ ကမ္ဘာ တို့ အရွယ်အစားနဲ့ အနီးအဝေးကို ခန့်မှန်း ကြည့်နိုင်ပါတယ်။ ဒီကမ္ဘာဂြိုဟ်ဟာ မဟာလောကဓာတ်ကြီးမှာ အလွန်သေးငယ်တဲ့အလုံးလေးတစ်လုံးအဖြစ် အမြဲတမ်းလှုပ်ရှားပြေးလွှားနေရတယ်။ လူနဲ့အခြားသတ္တဝါတွေကလည်း ဘောလုံးပေါ်က မြေမှုန့်လောက်ပဲရှိတယ်။ တစ်မျိုးပြောရရင် “ငါ”ဆိုတာ ရေအိုးပေါ်က ရေညှိလောက်တောင် မရှိပါလားလို့ စဉ်းစားမိလာတယ်။ စိန္တာမယဉာဏ်ရရှိလာနိုင်တယ်။ ဗုဒ္ဓ ၏ ဗုဒ္ဓဝါဒ (အရှင်ကောဝိဒ(ယော)) အကျိုးကြီးသော သညာ(၇)မျိုး ရဟန်းတို့ ဤမှတ်သားမှု သညာခုနှစ်မျိုးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏။ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏။ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ်(၇)မျိုးတို့နည်းဟူမူ - (၁) မတင့်တယ်ဟု မှတ်သားမှု အသုဘသညာ (၂) သေခြင်း၌မှတ်သားမှု မရဏသညာ (၃) စားဖွယ်၌ ရွံစရာဟု မှတ်သားမှု အာဟာရေပဋိကူလသညာ (၄) လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှု သဗ္ဗလောကေ အနဘိရတိသညာ (၅) မမြဲဟုမှတ်သားမှု အနိစ္စသညာ (၆) မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု အနိစ္စေ ဒုက္ခသညာ (၇) ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု မှတ်သားမှု ဒုက္ခေ အနတ္တသညာ တို့တည်း။ (သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ပထမသညာ သုတ်) ဒေါက်တာမင်းတင်မွန် ရေး ဖားအောက်တောရမိတ်ဆက် မှ သစ်သီးဆရာတော်၏ အနန္တစကြဝဠာ သတ္တဝါတို့အား မေတ္တာပို့ အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာမြေ၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂ အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာရေ၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂ အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာကောင်းကင်၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂   သစ်သီးဆရာတော်၏ ၁။ နာမရူပ ပရိစ္ဆေဒဉာဏ် ပွားနည်း ဖောက်ပြန်တတ်သော သဘောတရားတို့သည် ရုပ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ အာရုံကိုယူတတ်သော သဘောတရားတို့သည် နာမ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ငါ ဧကန် မဟုတ်ကုန်ပါတကား။ (တစ်နည်းကား) မသိတတ်သော သဘောတရားတို့သည် ရုပ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ သိတတ်သော သဘောတရားတို့သည် နာမ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ငါ ဧကန် မဟုတ်ကုန်ပါတကား။ (နာမရူပ ပရိစ္ဆေဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိ ကိုပယ်၏)   ၂။ ပစ္စယ ပရိဂ္ဂဟဉာဏ် ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် အမှန်ကို မသိတတ်သော အဝိဇ္ဇာကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် တပ်မက်သော တဏှာကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် စွဲလန်းသော ဥပါဒါန်ကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ စသော အကြောင်းတရားတို့ကြောင့် ဖြစ်ကုန်ပါတကား။ (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ကံကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် စိတ်ကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ဥတုကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် အာဟာရကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ စသော အကြောင်းတရားတို့ကြောင့် ဖြစ်ကုန်ပါတကား။   ၃။ သမ္မသန ဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုဖြစ်၊ ယခုပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဖြစ်၊ ယခုများစွာပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဖြစ်၊ မရေမတွက်နိုင်အောင်ပျက်၍ နေကုန်ပါတကား။ (အနိစ္စသမ္မသနဉာဏ်)   (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုဆင်းရဲ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဆင်းရဲ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဆင်းရဲ၍ နေကုန်ပါတကား။ (ဒုက္ခသမ္မသနဉာဏ်)   (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုအသုံးမကျ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာများစွာအသုံးမကျ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်အသုံးမကျ၍ နေကုန်ပါတကား။ (အနတ္တသမ္မသနဉာဏ်) (သမ္မသနဉာဏ်ဖြင့် သမူဟဂါဟ ကို ပယ်၏)   ၄။ ဥဒယဗ္ဗယဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ဖြစ်ပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဖြစ်ပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဖြစ်ပျက်၍ နေကုန်ပါတကား။ (ဥဒယဗ္ဗဉာဏ်ဖြင့် ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိ တို့ကိုပယ်၏)   ၅။ ဘင်္ဂဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ပျက်စီး၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာပျက်စီး၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ပျက်စီး၍ နေကုန်ပါတကား။ (ဘင်္ဂဉာဏ်ဖြင့် သဿတဒိဋ္ဌိ ကိုပယ်၏)   ၆။ ဘယဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် ကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုငအောင်ကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ (ဘယဉာဏ်ဖြင့် အဘယဉာဏ်ကိုပယ်၏)   ၇။ အာဒီနဝဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် အပြစ်စုကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာများစွာအပြစ်စုကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်အပြစ်စုကြီးပါတကား။ (အာဒီနဝဉာဏ်ဖြင့် အဿာဒသညာ ကိုပယ်၏)   ၈။ နိဗ္ဗိဒါဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် ငြီးငွေ့ဖွယ်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာငြီးငွေ့ဖွယ်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ငြီးငွေ့ဖွယ်ကြီးပါတကား။ (နိဗ္ဗိဒါဉာဏ်ဖြင့် သပီတိကတဏှာ ကိုပယ်၏)   ၉။ မုဉ္စိ တုကမျတာဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ အလိုဆန္ဒကြီးရှိပါတကား။ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ များစွာအလိုဆန္ဒကြီးရှိပါတကား။ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ မရေမတွက်နိုင်အောင်အလိုဆန္ဒကြီးရှိပါတကား။ (မုဉ္စိ တုကမျတာဉာဏ်ဖြင့် အမုဓိတုကာမဘာဝ ကိုပယ်၏)   ၁၀။ ပဋိသင်္ခါဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် အမြဲမရှိစွတကား။ ပျက်စီးသောရုပ်နာမ်တို့သည် ဆင်းရဲစွတကား။ ပျက်စီးသောရုပ်နာမ်တို့သည် အသုံးမကျစွတကား။ (ပဋိသင်္ခါဉာဏ်ဖြင့် မောဟကို ပယ်၏)   ၁၁။ သင်္ခါရုပေက္ခာဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် မချစ်အပ်၊ မမုန်းအပ်ပါတကား။ ရုပ်နာမ်တို့ကို ချစ်/မုန်းလျှင် ဆင်းရဲဒုက္ခကြီး ရောက်ရမည် မှန်ပါတကား။ ရုပ်နာမ်တို့ကို မချစ်/မမုန်းလျှင် နိဗ္ဗာန်ချမ်းသာကြီး ရောက်ရမည် မှန်ပါတကား။ (သစ်သီးဆရာတော်ကြီး၏ ဉာဏ်စဉ် ၁၁ ပါး ပွားနည်း ပြီး၏) ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%90%E1%80%B9%E1%80%90
လူဝင်စား
လူဝင်စားဟူ၍ လောက၌ ပြောရိုးဆိုရိုးရှိကြ၏။ ဝင်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာ တရားတော်တွင် သက်ဝင်ခြင်း ရှိပါသလား - ဖြေ။ လူဝင်စားဟူသည် အသီးအခြား တပါးတမျိုး မဟုတ်။ လူ့ဘဝသို့ ရောက်လာကြသူ အပေါင်းတို့တွင် ရှေးဘဝကို ပြန်၍သိနိုင်သူ အနည်းငယ်မျှသာ ရှိကြ၏။ ထိုသူတို့ကို လူဝင်စားဟူ၍ ခေါ်ကြ၏။ ထိုသူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ဇာတိဿရ ပုဂ္ဂိုလ်ဟူ၍ ခေါ်၏။ ရှေးဘဝကို ပြန်၍အောက်မေ့နိုင်သောသူ၊ သိနိုင်သောသူ ဟု ဆိုလိုသည်။ ရှေးဘဝကို ပြန်၍ မသိနိုင်ခြင်း၊ သိနိုင်ခြင်း အကြောင်းကား - (၁) လူ့ဘဝ၌ နေ့ရက်ရှည်ကြာ အနာရောဂါ နှိပ်စက် ညှဉ်းပန်းစိတ်အား ကုန်ခန်း၍ သေရခြင်းတပါး။ (၂) နောက်ဘဝ၌ ဂဗ္ဘသေယျကမျိုး ဖြစ်၍ အလွန်သေးငယ်လှသော ကာလလရေကြည် အစတည်လျက် နေ့ရှည်ရက်များ ဖြေးနှေးစွာ ကြီးပွားရသဖြင့် စိတ်အားသေးနုတ် မှေးတုတ် မိန်းမော၍ နေရခြင်းတပါး။ ဤအကြောင်းနှစ်ပါးနှင့် တွေ့ကြုံ၍ လာကြကုန်သော သူတို့သည် ရှေးဘဝကို မေ့ကြကုန်၏။ ထိုမှတပါး - (၁) အလွန်ငယ်ကလေးက သေခဲ့ကြသောသူ၊ အလွန်အိုမင်းထိုင်းမှိုင်းလှမှ သေခဲ့ကြသောသူ၊ ယစ်မျိုး ကြူးလှသော သူတို့သည် ၎င်း၊ (၂) နောက်ဘဝ၌ အမိသည် ရောဂါသည်မ ဖြစ်ခဲ့သော် ၎င်း၊ (၃) အလုပ်ကြမ်း၊ အကိုင်ကြမ်း လုပ်ကိုင်ရသူ ဖြစ်ခဲ့သော် ၎င်း၊ (၄) ကိုယ်ဝန်ဆောင်မှု၌ အလိမ္မာမရှိသူ ဖြစ်ခဲ့သော် ၎င်း၊ (၅) အစောင့်အစည်းမရှိသူ ဖြစ်ခဲ့သော် ၎င်း၊ အမိဝမ်းတွင်း၌ သူငယ်သည် အလွန်ထိတ်လန့်ချောက်ချားခြင်း များသဖြင့်လည်း ရှေးဘဝကို မေ့ကြကုန်၏။ (ဤကား ရှေးဘဝကို ပြန်၍ မသိနိုင်ခြင်း အကြောင်းတည်း။) (၁) ဤလူ့ဘဝ၌ သေလွန်၍ ဥပပတ်နတ်ဘဝ၊ ဗြဟ္မာဘဝသို့ ရောက်ကြသောသူ၊ ငရဲဘဝ ပြိတ္တာဘဝသို့ ရောက်ကြသော သူတို့သည် ရှေးဘဝကို သိနိုင်ကြကုန်၏။ (၂) ဤလူ့ဘဝ၌ အားရှိတုန်းအခါမှာ လက်နက်ဘေး၊ ကပ်၊ ဥပါဒ်ဘေး နှင့် ရုတ်တရက် သေဆုံးကြကုန်၍ နောက်ဘဝ၌ အနာရောဂါကင်း၍ သန့်ရှင်းငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရသော သူများသည် ရှေးဘဝကို သိတတ်ကြ၏။ (၃) ရှေးဘဝကို ပြန်၍ သိရလို၏ - ဟု ကုသိုလ်ကောင်းမှုပြု၍ ဆုတောင်းပတ္ထနာပြုခဲ့သော သူများသည်လည်း ရှေးဘဝကို ပြန်၍ သိတတ်ကြ၏။ (၄) ပုဗ္ဗေနိဝါသ အဘိညာဏ်ကို ရကြကုန်သော ရသေ့တို့သည် လည်းကောင်း၊ ဘုရား၊ ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည်လည်းကောင်း ရှေးဘဝကို သိတတ်ကြကုန်၏။ (ဤကား ရှေးဘဝကို ပြန်၍ သိနိုင်ခြင်း အကြောင်းတည်း။) လူဝင်စားအကြောင်းကတော့ လယ်တီဆရာတော်ဘုရားရဲ့ ဒီအချက်တွေနဲ့တင်ပြည့်စုံလောက်ပါပြီ။ မဟာစည်ဆရာတော်ကြီးဖြေထားတာတွေရှိပါသေးတယ် အတူတူလိုပါပဲ။ ကိုထွဋ်ထိပ် ပြောတာ အဘိဓမ္မာနည်းအရ နာမ်၊ရုပ် ချုပ်ခြင်း ဘဝကူးပြောင်းခြင်း သဘောအရ မှန်ပါတယ်။ ဒါပေမယ့် ဥပါဒါန ပစ္စယာဥပါဒါန်(စွဲလမ်းခြင်း် ဟူသော အကြောင်းတရားကြောင့်- ဘဝေါ ၁။ ကမ္မဘဝ ၂။ ဥပပတ္တိဘဝ ဟူသော အားထုတ်ပြုပြင်ခြင်း အကျိုးဖြစ်သော ဘဝတရား ၂ ပါးဖြစ်သည် လို့ ပဋိစ္စသမုပ္ပါဒ် တရား မှာ ဆိုထားတော့ နောက်ဘဝကူးဖို့ အချက်ထဲမှာ ဥပါဒါန်ကလဲ သိပ်ကို အရေးပါနေတာပါပဲ။ ၁။ ကာမုပါဒါန်- ကာမဂုဏ်၌စွဲလန်းခြင်း။ မျက်စိအကြိုက်၊နားအကြိုက်၊ ကိုယ်အကြိုက် ပြင်းစွာဆွဲယူတတ်သလို၊ ကိုယ်ကြိုက်တာကို ဖျက်ဆီးခံရရင်လဲ ပြင်းစွာနာကြည်းစွာ မှတ်ထားတတ်တာ ကာမုပါဒါန်ရဲ့ သဘောပါပဲ။ ၂။ ဒိဋ္ဌုပါဒါန်- သီလဗ္ဗတုပါဒါန် နဲ့ အတ္တဝါဒုပါဒါန် ကလွဲရင် ကျန်တဲ့ မှားယွင်းသော ဒိဌိ များကို ပြင်းစွာ စွဲလမ်းခြင်း။ ၃။ သီလဗ္ဗတုပါဒါန်-ခွေး၊ နွားစသည်တို့၏ မှားယွင်းသော ဝတ အလေ့အကျင့်ဖြင့် ကိလေသာမှ၊ သံသရာမှ စင်ကြယ်၏ဟုစွဲလမ်းခြင်း ၄။ အတ္တဝါဒုပါဒါန် -( က) ဖန်ဆင်းရှင် ပရမအတ္တ၊ (ခ) အဖန်ဆင်းခံရသော ဇီဝအတ္တ စသဖြင့် အတ္တဝါဒကို လက်ခံယုံကြည်ပြီး၊ ခန္ဓငါးပါး၌ အတ္တဟု စွဲလမ်းခြင်း တို့ဖြစ်ကြပါတယ်။ ဒီဘဝ လက်မောင်းမှာ ဒဏ်ရာရှိရင် နောက်ဘဝ လက်မောင်းမှာ အမှတ်ပါတယ်လို့ ယူဆကြပါတယ်၊…..ဆိုတာကို လက်တွေ့အားဖြင့် ဖားအောက်တောရမှာ ကျင့်ကြံနေတဲ့ ယောဂီတွေကတော့ ပြီးခဲ့တဲ့ ကပ်လျက်ဘဝမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ လက်ရှိဘဝမှာ ရှိနေတဲ့ အမှတ်၊ အမာရွတ်၊ဒဏ်ရာ များကို တိုက်ဆိုင်စစ်ဆေးပြီး ယုံကြည်လက်ခံကြပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲဆိုရင် အပေါ်မှာ ပြထားတဲ့ ဥပဒါန်တွေ ကြောင့်ပဲ ဖြစ်ပါ တယ်။ ဒီဖြစ်စဉ်တွေဟာ ဘယ် ဥပါဒါန်ကြောင့် ဖြစ်တာလဲဆိုတာကို ဖားအောက်ဆရာတော်ကြီးက ဝိပသနာ ဉာဏ်နဲ့ ရှာခိုင်းပါတယ်။ ဥပါဒါန်တစ်ပါးခြင်းကို ဝိပသနာ ဉာဏ်တင်ပြီး ရှုမှတ်စေတဲ့အခါ ဒီဖြစ်ရပ်တွေဟာ ကာမုပါဒါန်ကြောင့်လို့ သိသာထင်ရှားစေပါတယ်။ ကာမုပါဒါန်ဟာ တဏှာကြောင့်လို့ သိသာစေပြီး၊ အခြား (၃)ခုကတော့ မိစာဒိဌိ ကြောင့်လို့ ဆိုပါတယ်။ ဒီဥပါဒါန်တွေကြောင့်ပဲ လူသေရင် လူပဲဖြစ်နိုင်တယ် လို့ ယူဆခဲ့ကြပါတယ်။ သေခါနီး နောက်ဆုံးအချိန်မှာ သူရသွားတဲ့ ဒဏ်ရာကို ပြင်းစွာစွဲလမ်းပြီး သေခဲ့ရင် နောက်လားရာဘဝမှာ ဒီဒဏ်ရာဟာ သင်္ကေတ တစ်ခုခု အနေနဲ့ ပါလာနိုင်ပါတယ်။ ကာမုပါဒါန်ကြောင့်ပါပဲ။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ(သင်္ခါရ) ဆိုတဲ့ ပြီးခဲ့တဲ့ ဘဝမှအကြောင်းတွေနဲ့ လက်ရှိဘဝ မိခင်ဆီမှ ရနေသော အာဟာရ ပေါင်းစပ်မိတဲ့အခါ နောက်ဘဝကို ရောက်လာတယ်။ နောက်တစ်ဖန်ဆက်စပ်ခြင်း ပဋိသန္ဓေ တည်လာပြီး၊ ဘဝအသစ်၊ ခန္ဓာအသစ်ရလာပေမယ့် ပြီးခဲ့တဲ့ သေခါနီးက စိတ်မှာဆွဲခဲ့တဲ့ အရာက နောက်ဘဝမှာ ဒီလို အမှတ်သင်္ကေတ တွေအဖြစ်ပါလာနိုင်တယ် ဆိုပါတယ်။ ဝါခင်းကုန်း ဆရာတော် ဦတိက္ခ ဟောတဲ့ ဘဝပြဿနာ ဆိုတဲ့ တရားမှာ ဆရာတော်ရဲ့ သူငယ်ချင်း ဘုန်းတော်ကြီး တစ်ပါးက အရင်ဘဝကိုမှတ်မိတယ်။ ဇာတိဿရ ဉာဏ်ရတယ် (လူဝင်စားဆိုပါတော့ ) ။ အရင်ဘဝက မိန်းကလေး (၂၂) နှစ်အရွယ် သေခါနီးမှာ သူ့ဆံပင်ကို ဖြတ်ပြီး သေပြီထင်လို့ သူ့ခြေမတွေကိုပူးပြီး ဆံပင်နဲ့ ခြည်နှောင်ကြတယ်။ ဆံပင်ကိုဖြတ်တဲ့အချိန်ရယ်၊ ချည်တဲ့ အချိန်တွေရယ်မှာ သူ့ ဝင်လေ၊ထွက်လေချုပ်နေပြီး၊ နာမ်တရားက လုံးလုံးကြီး မချုပ်သေးဘူး လို့ ဆိုပါတယ် ။ ဒါကြောင့် စုတိမတိုင်ခင် မနောဒွါရမှာ သူအရမ်းမြတ်နိုးတဲ့ဆံပင်ကို ဆွဲပြီး သေတယ်။ ဒီဘဝ ယောက်ျားလေး (ဆရာတော်လောင် မွေးလာတော့ ကလေးရဲ့ ခြေမ နှစ်ခုကို ပူးပြီး ဆံပင်တွေ ချည်လျှက်ပါလာတယ်။ တကယ်တော့ ဟိုရုပ်နာမ်အဟောင်းက မီးရှို့ သဂြိ င်ု္လ်ပြီးပြီ။ ဒီဆံပင်အဟောင်းလဲ ရုပ်နဲ့အတူ မီးထဲပါသွားပြီ။ ဒါပေမယ့် တဏှာ၊ ဥပါဒါန်၊ ကံ ရဲ့ စွမ်းအားကဖြစ်တဲ့ ကိုယ့်ခန္ဓာကို ဆွဲတဲ့ ကာမုပါဒါန်ကတော့ ဒီဘဝမှာ ဒီလိုပါလာတဲ့အထိဖြစ်နိုင်တဲ့ သတ္တိရှိတယ် လို့ ဆရာတော်ကရှင်းပြပါတယ်။ ကျွန်တော်မှာလဲဇာတိသရ ဉာဏ်ရတဲ့ ညီတစ်ဝမ်းကွဲ နှစ်ယောက်ရှိတယ် ။ အကြီးကောင်က အရင်ဘဝက သိုင်းဆရာ လို့ပြောတယ်။ ဓားမြတွေကို ခုခံရင်း ရွာမှာ ခေါင်းဆောင်ဖြစ်လာတယ်။ နောက်တော့ ဓားမြတွေက သူ့မိန်းမကို ပြန်ပေးဆွဲပြီး သူနဲ့ ပြန်လဲခိုင်းတယ်။ သူ့ကိုလဲ ဖမ်းမိရော၊ ခြေ၊လက် အားလုံးကို ရိုက်ချိုးလိုက်တယ်။ ပြီးတော့ ကြိုးတုတ်၊ အိတ်ထဲထည့်ပြီး မြစ်ရေထဲမျှောလိုက်တယ်။ သူမြစ်မှာ အရိုက်ခံရတဲ့ နာကျင်မှု ဒဏ်တွေ၊ရေမွန်းမှုတွေ နဲ့ သေခဲ့တယ်။ ဒီဘဝ ညီလေးကိုယ်မှာ ကြိုးတုတ်ထားတဲ့ ဒဏ်ရာတွေ ပါလာတယ် ။ တစ်ကိုယ်လုံးမှာ၊ ခြေ၊လက်တွေ ကျိုးပြီးသား ဖြစ်နေတယ်။ အဆစ်တွေက ငေါထွက်နေတယ်။ မြစ်ရေ အရမ်းကြောက်တယ် ။ ရွာမှာ နေပြီး ရေမကူးတတ်ဘူး။ အိတ်နဲ့စွပ်တာမျိုးကို ကြောက်တယ်။ လက်တွေမသန်ပေမယ့် ငယ်ငယ်ကတည်းက ဒါး၊ လှံတွေ နဲ့ပဲ ကစားချင်တယ်။ နောက်တစ်ယောက်က သူ့ညီ အရင်းပဲ ။ သူကတော့ ပုသိမ်နားက ကြိမ်နီဆိုတဲ့ ရွာက ကရင်တော်လှန်ရေးခေါင်းဆောင် ဗိုလ်မော်လင်း လို့ ဆိုတယ်။ သူ့အသက် ၂-နှစ်လောက်မှာ သူ့အကြောင်းကို အသေးစိတ်ပြန်ပြောပြတယ်။ အားလုံးအတိအကျရှိတယ်။ သူ့ရွာကို သွားကြည့်တော့ လဲ အကုန်မှန်နေတယ်။ သူက မြန်မာအစိုးရ တပ်ကပစ်လိုက်တဲ့ ကျည်ဆန် (၂) ချက်ထိပြီး တိုက်ပွဲမှာသေတယ်။ ကျည်ထိတဲ့ နေရာတွေမှာ အမှတ် (၂ )ခုရှိနေတုန်းပဲ။ ပိုပြီးထူးဆန်းတာရှိသေးတယ်။ အဲဒီကြိမ်နီရွာကို ရောက်တော့ နောက် ၄-နှစ်သားအရွယ် ကလေးတစ်ယောက်က သူ့ကို ဗိုလ်ကြီးလို့ ခေါ်တယ်။ သူတို့ချင်း မှတ်မိနေကြတယ်။ ဗိုလ်မော်လင်းအိမ်က အကူရဲဘော်တဲ့ ။ သူတို့ကိုယ်တိုင်ပဲ ပြန်ရှင်းပြတယ်။ ဒီရဲဘော်နဲ့ အတူ ထွက်ပြေးတဲ့ သူ့မိန်းမ နဲ့ ကလေး ၂- ယောက်အကြောင်းကို ဗိုလ်မော်လင်းဖြစ်ခဲ့တဲ့ ကျွန်တော့်ညီက အဲဒီကလေးကို မှတ်မှတ်ရရပြန်မေးတယ်။ ရဲဘော်လေး (အဲဒီကလေ က သူလဲ ဒဏ်ရာရပြီး မသေခင် နောက်ဆုံးမြင်လိုက်ရတဲ့ ဘယ်ဘက်ကို ပြေးကြတယ်၊ ဘယ်နှစ်ယောက်ပါတယ် အထိတော့ပြောပြနိုင်တယ်။ အခုတော့ အဲဒီမိန်းမ ဘယ်မှာ ဆိုတာ မသိကြဘူး။ တစ်ရွာလုံးက တော့ ဗိုလ်မော်လင်းကို သိကြတယ်။ ညီလေးတွေပြောတာ စုံစမ်းကြည့်တော့လဲ တိုက်ပွဲဖြစ်တဲ့ ခုနှစ်၊ ဗိုလ်မော်လင်းသမိုင်း စသည် အကုန်မှန်နေတယ်။ ဒါကြောင့် ကိုထွဋ်ထိပ် ပြောတဲ့ ဒီအချက်ဟာ ဥပါဒါန် (ကာမုပါဒါန်) ကြောင့် ဖြစ်ပြီး၊ ရုပ်ချုပ်မီးရှို့ သဂြိုဟ်ပြီးပေမယ့် နောက်ဘဝအထိ အမှတ်အသားတွေ ပါလာ ကူးစက်တတ်ကြောင်း ကျွန်တော် မှတ်သားမိပါတယ်။ ဒီမေးခွန်း ပုံစံအတိုင်းအတိအကျ တရားနာယူချင်ရင်တော့ ဝါခင်းကုန်း ဆရာတော် ဦတိက္ခ ဟောတဲ့ ဘဝပြဿနာ ဆိုတဲ့ တရား (http://www.dhammadownload.com/Bhaddanta%20Tate%20Kha%20Video.htm) မှာ နာယူနိုင်ပါတယ် ။ စာအုပ်ကတော့ ဖားအောက်ဆရာတော် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်များ အတွဲ ၃-၄ ရဲ့ ဥပါဒါန ပစ္စယာ ဘဝေါ အပိုင်းနဲ့ ဥပါဒါန် (၄)မျိုး အကျယ်ရှင်းတမ်းတွေမှာ ဖတ်ကြည့်နိုင်ပါတယ်။ ပိဋကတ်တော်မှာ ဒီဘဝကူးခြင်းဆိုင်ရာ သုတ်တော်တွေ (ဥပမာ- သုတ္တန် ပိဋက၊ မဇ္ဈိမ နိကယ်၊ မဇ္ဈိမ ပဏ္ဏာသ ပါဠိတော်၊ တေဝိဇ္ဇ ဝစ္ဆသုတ် စသည် ) တော်တော် များများ ရှာလို့ တွေ့ပါတယ်။ ဒါပေမယ့် ဆရာတော်တွေ ဟောပြော၊ရေးသားထားတာတွေကတော့ အဲဒီသုတ်တွေရဲ့ အကျယ် အဋ္ဌကထာတွေပဲ ဖြစ်နေပါတယ် တမလွန်ဘဝ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%9D%E1%80%84%E1%80%BA%E1%80%85%E1%80%AC%E1%80%B8
ရဟန္တာဓာတ်တော်
ဂေါပကတွေ အလှူငွေ ရချင်တဲ့အခါလည်း ဓါတ်တော်ကျအောင် ဖန်တီးတတ်ကျပါသေးတယ် ။ သုသေသနပညာရှင်များ အနေနဲ့ ဓါတ်တော်တွေကို သိပ္ပံဆန်းသပ်ချက်မှ ပြုလုပ်သည်စု မကြုံဖူး မကြားဖူးသေးပါ ။ တစ်ခါတစ်ရံ ကျောက်ကပ်မှ ကျောက်တည်သည်ကိုလည်း ဓါတ်တော်ဟု မှားယွင်း ယုံစား မိတ်တတ်ပါသေးသည် ။ ဗုဒ္ဓဘာသာထွန်းကားသော အခြားဒေသများတွင် ဓါတ်တော်မကျချင်းမှာလည်း ထူးခြားမှု တစ်ခု ထြစ်နေသည် ။ ဘုရားဝိနည်းတော်၏ ငွေကိုင်လျင် အာပတ်သင့်သည်ကို ချိုးဖောပ်သူများလည်း ဓါတ်တော် ကျသည်ဆိုချင်းမှာ သုံးသပ်ချင့်ချိန်၍ ယုံသင့်ဖွယ်ဖြစ်သည် ။ အောက်တွင်ဖော်ပြသည်များမှာ ဘာသာရေးယုံကြည်သူများ၏ သဒ္ဒါလွန်မှုများသာ ဖြစ်သည် ။ (မနောကံ) editသည် ရဟန္တာတိုင်း ဓာတ်တော်မကျပါဘူး။ အ ဓိဋ္ဌာန်မှသာဓာတ်တော်ကျပါတယ်။ ဓာတ်တော်များဟာလည်း တစ်ပါးနဲ့တစ်ပါး ပုံစံချင်းမတူကြပါဘူး။ အလုံးချည်းပဲ မဟုတ်ပါဘူး။ အစုံဖြစ်ပါတယ်။ ကွန့်မြူးအောင် အ ဓိဋ္ဌာန်ရင် ကွန့်မြူးကြပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ဘာမှ မကျန်စေနဲ့ အကုန်ပြာဖြစ်ပါစေ လို့ အဓိဋ္ဌာန်တာလဲ ရှိပါတယ်။ နောက် အလောင်းအတိုင်း မပုပ်မသိုး ကာလတစ်ခုအထိရှိစေတာလဲ ရှိပါတယ်။ အကိုမှတ်ထားဖူးတာ- ရှင်သာရိပုတြာ ဆို ပွတ်သစ်စ ခရုသင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဓာတ်တော်၊ ရှင်မောဂ္ဂလန် ဆို မြတ်လေးပန်းငုံ နှင့်တူသော ဓာတ်တော် စသည်ဖြင့်ကွာပါတယ်။ သေချာတဲ့ သာဓကတွေ အနေနဲ့ကတော့ -ဘုရားရှင်လက်ထက်တော်က အရှင်ဒဗ္ဗ ဆိုတာ ကျောင်းအိပ်ရာနေရာခင်းကျင်းရာမှာ သေချာ ကောင်းမွန်သင့်တော်မှုအရာ၌ အဂ္ဂ သောနာသန ပညာပက ဘွဲ့ချီးမြှင်ခံရပါတယ်။ သူကပရိနိဗ္ဗာန်ပြုကာနီးတော့ သူ့အလောင်းကြောင့် သတ္တဝါတွေ ကိစ္စမများဖို့ ရည်စူးပြီး အ ဓိဋ္ဌာန် ခဲ့လို့ ပရိနိဗ္ဗာန်ပြုတာနဲ့ အလောင်းကသူ့ဟာသူတေဇောဓာတ်လောင်ပြီး ပြာဖြစ်တယ်။ ဘာမှ မချန်ခဲ့ဘူး။ ဓာတ်ဆီကို မီးရှို့သလိုပဲ လို့ ဆိုပါတယ်။ အရှင်ဗာကုလ ဆိုရင် သူများအကျိုးကို အမြဲရွတ်ဆောင်ခဲ့တယ်။ ဒါကြောင့် သူ့အလောင်းကြောင့်လဲ သူများတွေ မဆင်းရဲစေသတည်းလို့ အ ဓိဋ္ဌာန် ခဲ့လို့ ပရိနိဗ္ဗာန်ပြုတာနဲ့ အလောင်းကသူ့ဟာသူတေဇောဓာတ်လောင်ပြီး ပြာဖြစ်တယ်။ ဘာမှ မကျန်ဘူး။ ရဟန္တာတင်မဟုတ်ပါဘူး။ ဂေါတမဘုရားရှင်နဲ့ ကဿပ ဘုရားရှင်နှစ်ဆူအကြားမှာ ပစ္စေက ဗုဒ္ဓါတွေ အများကြီးရှိခဲ့တယ်။ နောက်ဆုံးတစ်ဆူကတော့ ရှင်မာတင်ဂ လို့ ဘွဲ့တော်ခေါ်ပါတယ်။ ဂေါတမဘုရားလောင်း သေတကေတု နတ်သား နတ်သက်ကြွေခံပြီး မယ်တော်မာယာ ဝမ်းကြာတိုက်မှာ သန္ဓေယူတဲ့ အခါမှာ( မဟာသက္ကရာဇ် ၆၇ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့ပေါ့ ) နတ်တွေက ရှင်မာတင်ဂ ကို သွားလျှောက်ကြတယ် လို့ ဆိုပါတယ်။ အရှင်ဘုရား သုံးလောကထွတ်ထား ၊ သဗ္ဗညုတ ဘုရားရှင် ပွင့်တော်မူဖို့ လူသားမိခင်ဝမ်းမှာ သန္ဓေစယူနေပါပြီ လို့ လျှောက်ထားကြတဲ့ အခါ ၊ ရှင်မာတင်ဂ က လောကမှာ သဗ္ဗညုတ ဘုရားရှင် နဲ့ ပစ္စေကဗုဒ္ဓ ယှဉ်ပြိုင်ပြီး ပွင့်ရိုးထုံးစံ မရှိဘူးလို့ သိတယ်။ သူ ပရိနိဗ္ဗာန်ပြုဖို့ အချိန်ရောက်ပြီဆိုတာလဲ သိတယ်။ နောင်တော် ပစ္စေက ဗုဒ္ဓါတွေ ပရိနိဗ္ဗာန်ပြုထားတဲ့ နေရာမှာ သွားကြည့်တော့ အရိုးတွေ အချောင်းလိုက်ရှိနေသေးတာ တွေ့ရတယ်။ ဒီတော့ သူလဲ ဘယ်လို ပရိနိဗ္ဗာန်ပြုသင့်လဲဆိုတာ ဆင်ခြင်လိုက်တော့ ဓာတ်တော်ချန်လို့ရတယ်။ အရိုးချန်လို့ ရတယ်။ ဘာမှ မကျန်လို့ ရတယ်။ အလောင်းကျန်လို့ရတယ် စသဖြင့် လုပ်နိုင်တာတွေ သိတယ် ။ ဒီတော့ သူ့တစ်ကိုယ်စာနေရာရအောင် နောင်တော် ပစ္စေက ဗုဒ္ဓါတွေ ရဲ့ ကျန်နေတဲ့ အရိုးပုံကြီးကို တောင်အောက်ပစ်ချပြီး သူ့အတွက်နေရာ တစ်နေရာလဲ ရရော တေဇောဓာတ်လောင်ဖို့ အဓိဋ္ဌာန်ပြီး ၊ လောင်ကျွမ်းလိုက်တယ်။ အရိုးချန်တယ်ဆိုပါတော့ ။ ဒီဘက်ခေတ်မှာလဲ ရဟန္တာတွေ အများကြီးကို ရှိနေတာ မျိုးစုံပရိနိဗ္ဗာန်ပြုကြတာတွေ့ရပါတယ်။ စွန်းလွန်းဆရာတော်ကြီး ဦးကဝိ ဆို အလောင်းကို မပုပ်မသိုးအောင် ချန်ခဲ့တယ်။ ထားဝယ် ဘုတ်ပြင်းရွာက ဆရာတော်ကြီးလဲ အလောင်းကို မပုပ်မသိုးအောင် ချန်ခဲ့တယ်။ မြန်အောင်ဆရာတော်ကြီး ဦးသာသန ၁၃၅၄ ခု၊ ပြာသိုလဆန်း(၅)ရက် ၊ နံနက် (၆း၃၀) မှာ ပရိနိဗ္ဗာန်ပြုတော့ (၁၁)ရက်ကြာမှ အရိုးပြာကောက်ကြတာ ဓာတ်တော်တွေအများကြီးကို ချန်တယ်။ အမျိုးစုံချန်တယ်။ အသီး ၊အခိုင်၊အခဲ ၊ အရွယ်စုံ စသည်….ဓာတ်တော်တွေကို ကွန့်မြူးခိုင်းတယ် ။ နေတိုင်းညနေဆို ဓာတ်တော်တွေ မြူးနေကြတယ်။ ဒါကြောင့် မြန်အောင်က မူစလင်တွေတောင် ဗုဒ္ဓဘာသာဝင်ဖြစ်လာကြတယ် လို့ ဆိုပါတယ်။ အဲဒီတုန်းကပေါ့ ။ မိုးကုတ်ဆရာတော်ကြီး ဓာတ်တော် အလုံးတွေ မျက်လုံးတော်၊သွားတော် စသည်ကျန်တယ်။ ဖူး ဖူးကြပါလိမ့်မယ်။ ဆားတောင်ဆရာတော်ကြီး( မကြာသေးဘူး) ပရိနိဗ္ဗာန်ပြုတာ။ စွန်းလွန်းဆရာတော်ကြီး ဦးကဝိ ရဲ့ ကျင့်စဉ်နဲ့ပဲ ရဟန္တာဖြစ်တယ်။ သွေးတော်၊ ဆံတော် ၊ အရိုးတော်၊ အစုံပဲ တော်တော်ကို ထူးဆန်းတဲ့ ဓာတ်တော်တွေ ချန်ခဲ့ တယ်။ လယ်တီဆရာတော် ၊ မဟာစည် ဆရာတော် ၊ ဝေဘူဆရာတော် ၊ ဦးသီလ ၊ မိုးညှင်းဆရာတော် စသည် ထူးဆန်းတာတွေ အများကြီးပါပဲ ။ ဓမ္မစရိယ ဦးဋ္ဌေးလှိုင်ရေးတဲ့ ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများစာအုပ် မှာ ဖတ်ကြည့်ပါ ။ ဆရာတော် အရှင်ဆန္ဒါဓိက ၏ ဆောင်းပါး ။ ရဟန္တာ နဲ့ အရိုးဆက်ပြဿနာ ။ …ဒကာလေးတစ်ယောက်က ဦးဇင်းကိုလျှောက်ဖူးပါတယ်။ ဆရာတော်တစ်ပါး ရဟန္တ္တာလို့ နာမည်ကြီးလာရင် ဆေးရုံပင့်သွားပြီး ဓာတ်မှန်ရိုက်ကြည့်မယ်။ အရိုးကွင်းဆက်ဆိုရင် ရဟန္တာ၊ အရိုးကွင်းဆက်မဟုတ်ရင် ရဟန္တာမဟုတ်ဘူးပေါ့။ ရှင်းနေတာပဲ၊ ဘာမှအငြင်းပွားစရာ မလိုတော့ဘူး…တဲ့ ရဟန္တာမှန်ရင် အရိုးကွင်းဆက် ဆိုတဲ့ ကြားဖူးနားဝ တစ်ဆင့်စကားတွေကို အမှန်လို့ ထင်မြင်ယူဆပြီး လျှောက်ထားလိုက်တာပါပဲ။ ဓာတ်မှန်ရိုက်ကြည့်လို့ အရိုးကွင်းဆက်မဟုတ်ရင် ရဟန္တာမဟုတ်ဘူးလို့ သူသတ်မှတ်မှာသေချာပါတယ်။ တကယ်လို့များဓာတ်မှန်ရှင်က ရဟန္တာဖြစ်နေခဲ့ရင် ရဟန္တာကိုပြစ်မှားတဲ့ အကုသိုလ်ကံကြီးထိုက်တော့မှာ မလွဲပါဘူး။ လူသားတွေရဲ့ အရိုး တစ်ခုနဲ့တစ်ခု ဆက်ပုံက ကွင်းဆက်၊ ချိတ်ဆက်၊ တေ့ဆက် လို့ သုံးမျိုးရှိပါတယ်။ အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက ကွင်းဆက် ဖြစ်ပြီး အလယ်အလတ် မြင့်မြတ်သူတွေရဲ့ အရိုးက ချိတ်ဆက် ဖြစ်ပါတယ်။ သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေရဲ့ အရိုးကတော့ တေ့ဆက် တွေချည်းပါပဲ။ အမြင့်မြတ်ဆုံး လူသားတွေဆိုတာ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လည်းသိ၊ ကျွတ်ထိုက်သမျှ ဝေနေယျတွေကိုလည်း သိအောင် ဟောပြော ညွှန်ပြတော်မူနိုင်တဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တွေပါပဲ။ သမ္မာသမ္ဗုဒ္ဓဘုရားရှင် အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ကွင်းဆက်ဆက်နေကြပါတယ်။ သံကွင်းတစ်ကွင်းနဲ့ တစ်ကွင်းကို ဂဟေဆော်ပြီး တွဲဆက်ထားသလို တစ်လုံးတစ်ခဲတည်း၊ တစ်ဆက်တစ်စပ်တည်း ဆက်နေကြပါတယ်။ အလယ်အလတ် မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်သာသိမြင်ပြီး သတ္တဝါဝေနေယျတွေကို သိအောင် ဟောပြတော် မမူနိုင်တဲ့ ပစ္စေကဗုဒ္ဓါဘုရားရှင် တွေပါပဲ။ ပစ္စေကဗုဒ္ဓါဘုရားရှင်အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆက်နေကြပါတယ်။ ချွန်းချိတ်တွေ အချင်းချင်း ချိတ်တွယ်ငြိကပ် ဆက်စပ်နေကြပါတယ်။ သာမန်မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်မသိမြင်နိုင်ဘဲ ဘုရားဟောတဲ့တရားကို ဘုရားထံက တိုက်ရိုက်ဖြစ်စေ၊ သာဝက ( ဘုရားတပည့် )ထံက ထပ်ဆင့်ဖြစ်စေ နာယူရမှ သိမြင်နိုင်တဲ့ သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ၊ အရိယာပုဂ္ဂိုလ်ကြီးတွေပါပဲ။ ရိုးရိုးလူသားတွေ ဆိုတာကတော့ ကံနဲ့ကံရဲ့အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်ပြီး ရုပ်နာမ်ဖြစ်ပျက်ကို မြင်နိုင်စွမ်းတဲ့ ကလျာဏပုထုဇဉ် ( ပုထုဇဉ် အကောင်း ) ပုဂ္ဂိုလ်တွေနဲ့ ကံ ကံရဲ့အကျိုးကို မယုံကြည်တဲ့၊ ရုပ်နာမ်ဖြစ်ပျက်ကို မမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါ ပညတ်တွေမှာ အစွဲအလမ်းကြီးနေတဲ့ အန္ဓပုထုဇဉ် ( ပုထုဇဉ်အကန်း ) ပုဂ္ဂိုလ်တွေပါပဲ။ ရဟန္တာပုဂ္ဂိုလ်ကြီးများ အပါအဝင် သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေအားလုံးရဲ့ အရိုးတွေဟာ တစ်ခုနဲ့တစ်ခု တေ့ဆက် ဆက်နေကြပါတယ်။ အရိုးတစ်ခုရဲ့ ထိပ်နဲ့ တခြားအရိုးတစ်ခုရဲ့ထိပ်၊ ထိပ်ထိပ်ခြင်း ထိစပ်ပြီး တေ့တွဲတွဲ ပူးကပ်ဆက်စပ်နေကြပါတယ်။ အရိုးစုကမ္မဌာန်း ရှုပွားကြတဲ့ တချို့ တရားရိပ်သာတွေမှာ ဦးခေါင်းခွံနဲ့တကွ တစ်ကိုယ်လုံးက အရိုးစုတွေကို သံကြိုးလေးတွေနဲ့ တွဲသီပြထားတာ တွေ့နိုင်ပါတယ်။ ဆေးကုခန်းတွေက နံရံတွေမှာ ကပ်ပြထားတတ်တဲ့ အရိုးစုပိုစတာတွေမှာလည်း လူ့အရိုးတွေ တစ်ခုနဲ့တစ်ခု ဘယ်လို တွဲဆက်နေကြတယ် ဆိုတာ လေ့လာနိုင်ပါတယ်။ တရားရိပ်သာနဲ့ ဆေးခန်းပိုစတာတွေမှာ ပြသထားတဲ့ အဲဒီအရိုးတွေအားလုံးဟာ ဘုရား၊ ပစ္စေကဗုဒ္ဓါ မဟုတ်တဲ့ လူသားတွေရဲ့ အရိုးတွေချည်းဖြစ်လို့ အရိုးအားလုံးဟာ တေ့ဆက် ဆက်နေကြတာချည်းပါပဲ။ အနှစ်ချုပ် ပြန်ပြောရရင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရိုးဟာ ကွင်းဆက်၊ ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ရဲ့ အရိုးဟာ ချိတ်ဆက်၊ ရဟန္တာအပါအဝင် ကျန်လူသားအားလုံးရဲ့ အရိုးဟာ တေ့ဆက် ဖြစ်ပါတယ်။ ဦးဇင်းတို့ မြတ်စွာဘုရားရှုင်ရဲ့ အရိုးတော်တွေဟာ အဆက်ကြီး တစ်ဆက်နှစ်ဆက်နဲ့ လက်ချောင်းတော် အဆစ်နေရာတွေလွဲရင် တစ်ကိုယ်တော်လုံးက အရိုးတွေအားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေကြပါတယ်။ အဆက်ကြီး တစ်ဆယ့်နှစ်ဆက်ဆိုတာက လက်ဝဲလက်ယာ လက်ကောက်ဝတ်နှစ်ခုနဲ့ လက်ဆက်တဲ့ အဆက်နှစ်ခု၊ လက်ကောက်ဝတ်ကနေ တံတောင်ဆစ်ထိ လက်နဲ့ လက်မောင်းဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲလက်ယာ )၊ လက်မောင်းနဲ့လက်ပြင်ရိုး ဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲလက်ယာ)၊ ခြေဖမိုးတော်နဲ့ ခြေသလုံးတော်ဆက်တဲ့ အဆက်နှစ်ခု ( ဝဲ၊ယာ )၊ ခြေသလုံးရိုးနဲ့ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ၊ယာ )၊ ပေါင်ရိုးနဲ့တင်ပါးဆုံရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ၊ယာ ) တို့ပါပဲ။ မြတ်စွာဘုရားရှင်ရဲ့ လည်ပင်းရိူးတော်တွေဟာ သံကွင်းဆက်တွေ ဂဟေဆော်ထားသလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေတဲ့အတွက် တစ်နေရာရာကို နောက်ပြန်လှည့်ကြည့်တော့မယ်ဆိုရင် လည်ပင်းတော်ချည်းသက်သက် လှည့်ကြည့်လို့ မရပါဘူး။ တစ်ကိုယ်တော်လုံး လှည့်ကြည့်မှရပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ ပါရမီတော်ဘုန်းကံကြောင့် ကိုယ်တော်တိုင် တမင် နောက်ပြန်လှည့်နေစရာ မလိုပါဘူး။ တစ်နေရာကို နောက်ပြန် လှည့်ကြည့်မယ်လို့ စိတ်တော်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် မဟာပထဝီမြေကြီးက အရှင်ဘုရား ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေဟာ ကိုယ်တိုင် နောက်ပြန်လှည့်ရမယ့် ပါရမီမျိုးတွေ မဟုတ်ပါဘူး။ လှည့်မယ်လို့ မပြောသော်လည်း၊ ပြောသကဲ့သို့ဖြစ်ပြီး အိုးထိန်းစက်လို ပတ်ချာလည်သွားလိုက်တာ မြတ်စွာဘုရား ကြည့်တော်မူလိုရာ အရပ်ကို မျက်နှာတော်မူမိပြီဆိုမှ ရပ်သွားပါတော့တယ်။ မြတ်စွာဘုရား ကြည့်တော်မူလိုရာအရပ်နဲ့ မျက်နှာချင်းဆိုင်မိအောင် မဟာပထဝီမြေကြီးက မြတ်စွာဘုရားရှင်ရဲ့ ကိုယ်တော်ကို လှည့်ပေးလိုက်တာပါပဲ။ ဆံပင်ညှပ်ဆရာက သူညှပ်လိုတဲ့နေရာရောက်အောင် ဆုံလည်ကုလားထိုင်ကိုလှည့်ပြီး ဆံပင်ညှပ်သူကို အနေအထား ပြောင်းပေးသလိုမျိုးပေါ့။ ကြည့်တော်မူ လိုရာအရပ်ကို ကြည့်ပြီးပြီဆိုမှ သွားတော်မူလိုရာ အရပ်ကိုမျက်နှာပြန်မူမိအောင် မဟာပထဝီမြေကြီးက ပြန်လှည့်ပေးပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အဲဒီလိုကြည့်တော်မူခြင်းမျိုးကို ဆင်ပြောင်ကြီးရဲ့လှည့်ကြည့်ခြင်း ( နာဂါပလောကိတ ) လို့ခေါ်ပါတယ်။ ဆင်ပြောင်ကြီးတွေ နောက်ပြန်လှည့်ကြည့်မယ်ဆိုရင် လည်ပင်းသက်သက် လှည့်ကြည့်လို့မရဘဲ တစ်ကိုယ်လုံး လှည့်ပြီးကြည့်မှ ရလို့ပါပဲ။ ပရိနိဗ္ဗာန်စံတော်မူဖို့ သုံးလအလို ဝေသာလီမြို့မှာ အာယုသင်္ခါရ လွှတ်တော်မူပြီးတဲ့နောက် ဝေသာလီမြို့ကနေ ပရိနိဗ္ဗာန်စံမယ့် ကုသိနာရုံကို ကြွတဲ့ခရီးမှာ မြတ်စွာဘုရားရှင်ဟာ ဝေသာလီမြို့တံခါးပေါက် နေရာအရောက် ဝေသာလီမြို့ကို နောက်ဆုံးကြည့်ခြင်းအနေနဲ့ နောက်ပြန်လှည့်ကြည့်တော်မူခဲ့ပါတယ်။ ဆင်ပြောင်ကြီးရဲ့ လှည့်ကြည့်ခြင်းမျိုးနဲ့ပါပဲ။ ဝေသာလီမြို့ကို မြတ်စွာဘုရား လှည့်ကြည့်တာဟာ အလွမ်းပြေ လှည့်ကြည့်တာ မဟုတ်ပါဘူး။ မခွဲနိုင်မခွာရက်လို့ လှည့်ကြည့်တာလည်း မဟုတ်ပါဘူး။ မြတ်စွာဘုရား နောက်ပြန်လှည့်ကြည့်တဲ့ မြို့တံခါးပေါက်နေရာမှာ ဝေသာလီမင်းတွေ စေတီတည်ပြီး ပန်းရေချမ်း ဆွမ်းဆီမီး စသည်နဲ့ လှူဒါန်းပူဇော်ကြရင် အဲဒီကုသိုလ်က နောက်သုံးနှစ်အကြာမှာ သေကြေပျက်စီးကြတော့မယ့် ဝေသာလီမင်းတွေအတွက် အားကိုးအားထားရာ သံသရာ ရိက္ခာဖြစ်လိမ့်မယ်လို့ ကြိုတင်သိမြင်တော်မူတဲ့အတွက် ဝေသာလီမင်းတွေကို ချီးမြှောက်စောင့်ရှောက်တဲ့အနေနဲ့ နောက်ပြန်လှည့်ကြည့်တော်မူခြင်း ဖြစ်ပါတယ်။ အရိုးကွင်းဆက် ဆိုတာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေနဲ့သာ သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူးတစ်ခုဖြစ်သလို အရိုးချိတ်ဆက်ဆိုတာလည်း ပစ္စေကဗုဒ္ဓါဘုရားရှင် တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြားဝိသေသ တစ်ခုဖြစ်ပါတယ်။ ရဟန္တာဆိုတာ ဘုရား၊ ပစ္စေကဗုဒ္ဓါတို့နဲ့ နှိုင်းယှဉ်ရင် ပါရမီချင်းရော၊ အသိဉာဏ်ခြင်းရော အဆင့်အတန်း အများကြီးနိမ့်တာမို့ ဘုရားနဲ့ပြိုင်ပြီး အရိုးကွင်းဆက်လို့ မယူဆသင့်သလို ပစ္စေကဗုဒ္ဓါနဲ့ ပြိုင်ပြီးလည်း အရိုးချိတ်ဆက်လို့ မသတ်မှတ်သင့်ပါဘူး။ သာမန်လူတွေလို အရိုးတေ့ဆက်လို့ပဲ ပိဋကတ်တော်နဲ့အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်။ တကယ်တော့ ဘုရားသားတော် ရဟန်းတော်တွေကို ရဟန္တာ ဟုတ်မဟုတ် စိစစ်ဝေဖန်တဲ့ အလုပ်ဟာ လူဝတ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ သူပြောတဲ့စကား၊ သူဟောတဲ့တရားက ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ဘဝကို ကောင်းရာမြတ်ရာ ငြိမ်းချမ်းရာဘက် တိုးတက်ပြောင်းလဲ စေနိုင်တယ်ဆိုရင် ရဟန်းတာတာ-မတာတာ ယုံကြည်လေးမြတ်စွာ ကိုးကွယ်ဆည်းကပ်ရုံပါပဲ။ ( ဘုရားဟော ထေရဝါဒ ပိဋကတ်တော်နဲ့ ကိုက်ညီတဲ့ အဆုံးအမတွေ ဖြစ်ဖို့တော့ အထူးအရေးကြီးပါတယ်။ ) ရဟန္တာဆီတပည့်ခံ အားထုတ်မှ ရဟန္တာဖြစ်မှာ မဟုတ်ပါဘူး၊ ပုထုဇဉ်ဆီ တပည့်ခံအားထုတ်ရင်လည်း ဘုရားဟောကျင့်စဉ်နဲ့ ကိုက်ညီရင် ရဟန္တာ ဖြစ်နိုင်ပါတယ်။ ရဟန္တာလို့ နာမည်ကြီးပေမယ့် သူညွှန်ကြားတဲ့ကျင့်စဉ်တွေက ဘုရားဟောထေရဝါဒကျင့်စဉ်တွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင်တော့ ဆရာမှားရင် တစ်သံသရာလုံးမှောက် ဆိုတဲ့ စကားအတိုင်း အကြီးအကျယ်ကို ကိုယ်ကျိုးနည်းကြရပါလိမ့်မယ်…လို့…။ ဆရာတော်ရေးတဲ့ အတိုင်း ပြန်ကူးပေးလိုက်တာပါ ။ သိဒ္ဓိစွမ်းအားကျင့်စဉ်များ၊ဘုရားဟော သမထပိုင်းဆိုင်ရာ ကမ္မဋ္ဌာန်းကျင့်စဉ်များ မှာ စုတိစိတ်ကို အရမ်းကို ညင်သာစွာချုပ်နိုင်ရင် အလောင်းကောင်းမပုပ်သိုးပဲ ကျန်တတ်ပါတယ်။ သတိထားမိတာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ရဟန္တာ အရိုး ချိတ်ဆက်နေတတ်တယ်လို့ မိုးကုတ်ဆရာတော်ကြီးဟောတာရှိပါတယ်။ ဆရာတော်အရှင် အရှင်ဆန္ဒါဓိက ၏ ဆောင်းပါးကတော့ အဋ္ဌကထာ သုတ်မဟာဝါကို ကိုးကားပြီး ရေးထားတာပါ။ မိုးကုတ်ဆရာတော်ကြီးနဲ့ အဋ္ဌကထာမတူတာတော့ သတိထားမိတယ်။ မိုးကုတ်ဆရာတော်ကြီး ကတော့ ကိုယ်တိုင်လဲ ရဟန္တာဆိုတော့ အဋ္ဌကထာဆရာဟောတာထက် ပိုတိကျမှန်ကန်မယ်လို့ ယုံမိပါတယ် ။ အခုနောက်ပိုင်းမှာလဲ ချိတ်ဆက်နေသော အရိုးတော်ဆိုတာကို မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ ၊ ဦးဃောသိတ တို့ရဲ့ အန္တိမဈာပန အပြီးတွေမှာ ဓာတ်ပုံတွေကနေဖူးနေရပါတယ်။ ဒါကြောင့် ရဟန္တာမှာအရိုး ချိတ်ဆက်နိုင်တယ်လို့ လဲ ယူဆမိပါကြောင်း။ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9F%E1%80%94%E1%80%B9%E1%80%90%E1%80%AC%E1%80%93%E1%80%AC%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
သေရွာပြန်
နတ်ပြည်တက်နိုင်လောက်တဲ့ ကုသိုလ်ကံ ရှိနေပေမယ့်သေခါနီးမှာ ရုတ်တရက် ပြုကာမတ္တ၊ဖြစ်ကာမတ္တကံ ( ကဋတ္တာကံ)က ဝင်ပြီး စီရင်လိုက်တာမျိုးမှာ ရောက်နိုင်ပါတယ်။ ဆိုလိုတာက ကောင်းမှုတွေ အများကြီး ရှိပါလျှက် မကောင်းမှု သေသေးမွှားမွှားကို သေခါနီးမှာ ကပ်ပြီး သတိရလျှက် သေတာမျိုး၊ ဥပစ္ဆေဒက ကံ နဲ့ သေရတာမျိုးတွေ ဖြစ်ပါတယ်။ သူတို့ဟာ ရောဂါ ဝေဒနာ ခံစား၊အချိန်ရပြီး ကိုယ့်ဘဝတလျှောက် ပြုလုပ်ခဲ့ တဲ့အားကြီးသော (ဂရုကံ ) ၊ ကောင်းမှု ( အာသန္နကံ) ၊ အလေ့အကျင့်ဖြစ်လောက်အောင် ပြုလုပ်ဖူးသော ကောင်းမှု၊မကောင်းမှု (အာစိန္နကံ)တွေကြောင့် ဖြစ်လာမယ့် ကံနိမိတ်၊ကမ္မနိမိတ်၊ဂတိနိမိတ်တွေ တိတိကျကျ မပေါ်လိုက်ရဘဲ ရုတ်တရက် စုတိစိတ်ကျသွားသူမျိုးတွေ ဖြစ်ပါတယ်။ ဒီလို လူတွေကို မြတ်စွာဘုရားက သေချိန်မစေ့ဘဲ သေရသူတွေ၊ အကုသိုလ်ကံ သေးသေးလေးအရင်က(အရင်ဘဝက) ရှိခဲ့တာကို ဒီဘဝမှာ ကိုယ့် အသက်ကို ဉာဏ်နဲ့ မစောင့်လို့ သေရသူတွေလို့ ပြစ်တင်ပါတယ်။ မသေခင် မိနစ်(၃၀)ခန့် အချိန်ရပါက ထိုသူကို ကျန်သူများက ကောင်းရာမွန်ရာ ရောက်အောင် ဝိုင်းပြီး ပြုပြင်ပေးနိုင်ပါတယ်။ (ဆရာတော်အရှင်ဇနကာဘိဝံသ အဆိုအရ) ပထမ သူ့မှာ နိမိတ်တွေ ပေါ်လာမယ်။ ကောင်းသောနိမိတ်လား၊ ဆိုးသော နိမိတ်လားဆိုတာကို ဒီလူ ရဲ့ အပြင်ပန်းပုံစံကို ကြည့်ပြီး သိနိုင်သလို ပြုပြင်ပေးနိုင်ပါတယ်။ အရှင်သောဏ နဲ့ သူ့ ဖခင်ကြီး ဥပမာမျိုး ဖြစ်ပါတယ်။ ဒီလို မဟုတ်ရုတ်တရက် ကံကဖြတ်သတ်လိုက်တော့ နိမိတ်လဲ မပေါ် ၊ ဘုမသိ၊ဘမသိနဲ့ တိတိကျကျ ငရဲ ကိုလဲ တန်းပြီး မရောက်သွားတော့ ယမမင်းက စစ်ဆေးပေးပြီး ကောင်းရာ ပြန်ရောက်ဖို့ ကူညီပေးပါတယ်။ ဒီနေရာမှာ ဝိဉာဉ်ကောင် မဟုတ်ကြောင်းတော့ ထပ်လောင်းပြောပါရစေ ။ ဘဝကူးသွားပြီး ဖြစ်ရပါမယ်။ ထပ်ပြောရရင် ယမမင်းကိုယ်တိုင်က စတုမဟာရာဇ်နတ်မျိုးမှာ အပါအဝင် ဝေမာနိက ပြိတ္တာ ဆိုတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ ကိုယ်တိုင်ကလဲ နတ်စည်းစိမ်ခံစားလိုက် ၊ ရိုးရိုး ပြိတ္တာတွေလို ဒုက္ခဆင်းရဲ ပြန်ခံလိုက်နဲ့ ရှိနေသူတွေ ဖြစ်ပါတယ်။ ဒီကြောင်းတွေကို မြတ်စွာဘုရားက ဥပရိပဏ္ဏာသ ပါဠိတော် ၊ ဒေဝဒူတ သုတ်မှာ ဟောထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အပေါ်ပိုစ့် မှာရေးခဲ့တဲ့ အကြောင်း အရာတွေ ပါပဲ။ ဒေဝဒူတ - ဒေဝ ကို ဒီနေရာမှာ ယမမင်း၏ ၊ ဒူတ - တမန်တော် လို့ ဘာသာပြန်ကြပါတယ်။ ဒေဝဒူတ သုတ်တော် အကျယ်ဟာ ကြောက်စရာ၊ ထိတ်လန့်သံဝေဂ ရစရာ ငရဲပြည်အကြောင်းတွေ များလွန်းလို့ ဒီသုတ်တော်အကျယ်သင်ပြီးတာနဲ့ ကမ္မဋ္ဌာန်းတောင်းပြီး တရားအားထုတ်ကြတဲ့ ရဟန်းတွေ တော်တော်ရှိခဲ့တယ် လို့ ဆိုပါတယ်။ (၂) - ယမမင်းတွေ၊ ငရဲမင်းတွေက ဒီငရဲသား ဘယ်အဆင့်၊ ဘယ်ငရဲဘုံသွားလို့ ဆုံးဖြတ်ပေးပိုင်ခွင့်ရှိပါသလား၊ ဒါမှမဟုတ် သူ့ကံအလျောက်ပဲ သွားရတာမျိုးလား။ ကိုယ့် ကံ အလျှောက်သာဖြစ်ရတယ် လို့ ဆိုပါတယ်။ ဘာကြောင့် ဆိုရင် ဘုရားဟောမှာ ကုသိုလ်ကံကို သတိရလိုက်တာနဲ့ နတ်ပြည်ကို တန်းရောက်သွားကြရတယ် လို့ ပါနေပါတယ် ။ ယမမင်းနဲ့တောင် တာ့တာ၊ဘိုင့်ဘိုင်တွေ လုပ်မနေဘူး ဆိုတော့ သူ့ကံက ချက်ချင်း စီရင်တယ်လို့ ယူဆရပါမယ်။ အပေါ်မှာ …သံဝေဂ ရဘူးတယ်…….ဆိုရင်ကို ….ယမမင်းက ငရဲနဲ့ မတန်တဲ့ သူတော်ကောင်းပဲဆိုပြီး နတ်ပြည် တစ်ထပ်ထပ်ကို ပို့ပေးပါတယ် ဆိုတာ ဖတ်ကောင်းအောင်ရေးထားတဲ့ သဘောပါပဲ ။ ဒီနေရာမှာ ဘယ်လို ကံတွေကို မှတ်မိတတ်တယ်ဆိုတာ မြတ်စွာဘုရားဟောတာ ရှိပါသေးတယ်။ ကျွန်တော်မှတ်မိတာတော့ လပြည့်။ လကွယ် ဥပုသ်ဆောက်တည်ခြင်း မျိုးတွေကို ငရဲကျသွားသူတွေ ပိုပြီး မှတ်မိတတ်တယ် လို့ ဖြစ်ပါတယ်။ ကျောင်းဆောက်လှူတာတွေ တောင် သတိမရတတ်ဘဲ နဲ့ ဒီ ဥပုသ်ကုသိုလ်က နတ်ပြည်ပြန်ပို့စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တိုင် လပြည့်။ လကွယ်တွေမှာ ဥပုသ်ဆောက်တည်ဖို့ တိုက်တွန်းတော်မူပါတယ်။ (၃) သေရွာပြန်တွေ မျောနေချိန်မှာ ငရဲရောက်သွားတဲ့အခါ သူတို့ရဲ့ စိတ်က ငရဲကို အာရုံပြုနေတာလားဗျာ။ ( ရုပ်ရှင်တွေကလို ဝိဉာဏ်ကောင်ရယ်လို့ ခန္ဓာကိုယ်က ထွက်ပြီး ငရဲပြည်ဆင်း၊ ပြီးမှ အဲဒီဝိဉာဉ်က ကိုယ်ထဲပြန်ဝင်၊ အဲဒါမျိုးတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ) သေခါနီး မှာ ပေါ်တဲ့ ဂတိနိမိတ် မှာ ငရဲ ဂတိနိမိတ်ပေါ်နေတာ ဖြစ်ပါတယ်။ နိမိတ်က မသေခင် အချိန်စောစောမှာ ပေါ်တတ်ပါတယ်၊ အဲဒီအချိန်အထိ သေခါနီးလူမှာ အပြင်အာရုံ (၅)ပါး ၊ အတွင်း မနောအာရုံ (၁)ပါး -ပေါင်း (၆) ပါးရှိနေလိမ့်ဦးမယ်။ အရဿာ ၊ အထိအတွေ့ စပြီးချုပ်လေ့ရှိတယ်။ သူ့စားချင်စိတ်မရှိတော့ဘူး။ အစာမဝင်တော့ဘူး။ အရဿာမရှိတော့ဘူး။ နောက် သူ့ကို ထိထား၊ကိုင်ထားတာ မသိတော့ဘူး။ ပြီးမှ အကြား ၊အနံ့ ၊ အမြင်တွေ ဟာ တစ်ခုပြီးတစ်ခုချုပ်ကုန်ပါတယ်။ ဒါတွေ အားလုံး မချုပ်ခင်မှာ ဘေးကလူတွေဟာ ဝိုင်းငိုနေတာ ၊မလိုအပ်တာတွေ လျှောက်ပြော အော်ဟစ်နေတာ မျိုး မလုပ်ဘဲနဲ့ လားရာဂတိ ကောင်းအောင် ကူညီလို့ ရပါတယ်။ သေခါနီးလူကိုယ်တိုင်က ဝိပဿနာ အားထုတ်ဖူးမယ်။ တရားရှိမယ်ဆိုရင်တော့ သေချာပေါက် ကောင်းရာရောက်မယ်။ သတ္တမဇော စေတနာဖြစ်လို့ ပါပဲ ။ အရှင်သောဏ ရဟန္တာလို အကုသိုလ်များတဲ့ မုဆိုးဖခင်ကို ပန်းအနံ့ပေးပြီး ဘုရားပန်းကပ်ခိုင်းတာ (အနံ့အာရုံ မချုပ်ခင် ) ၊ ဘုရားဆင်းတုတော် ၊ ပုံတော်ကို ပြပြီး ၊ဘုရားဂုဏ်တော်ပွားခိုင်းတာ ( အမြင်အာရုံ မချုပ်ခင်) ၊ ဘေးကနေ သရဏဂုံ နဲ့ ဂုဏ်တော် တွေ ရွတ်ပေးကြတာ ဒါမှမဟုတ် မိုးကုတ်ယောဂီတွေဆိုပါက ဝိပဿနာ ကျင့်စဉ်လေးတွေ ဘေးကနေ ပြောပေးကြတာ (ဝင်လေပျက် ၊ ထွက်လေပျက် စသည် မိုးကုတ်မှာ နှလုံးသွင်းတယ်) ..(အကြားအာရုံ မချုပ်ခင် ) ဒါတွေဟာ ကောင်းရာ ဂတိ သေချာပေါက်ရောက်အောင် ဘေးကလူတွေက ကျေးဇူးပြုပေးလိုက်တာတွေပဲ ။ ဒီလိုမဟုတ်ရင်တော့ အရှင်ဇနကာဘိဝံသ ပြောတဲ့ ကျောင်းဒကာမကြီးလို သေခါနီး ကိုယ့်ဟာကို တရားနှလုံးသွင်းနေတာကို သမီးလုပ်သူက အော်ငိုလိုက်တော့ သမီးကို စိတ်စွဲပြီး ပြိတ္တာမကြီး ဖြစ်သွားတယ်။ (၂)ပတ်လောက်ကြာမှ ဆရာတော်ဆီ ရောက်လာပြီး အမျှတောင်းလို့ နောက်တခါ ဆွမ်းသွပ်ပေးလိုက်ရတယ်။ ဒါမျိုးမဖြစ်အောင် ကိုယ်တွေက ဆင်ခြင်ရမယ်။ ဒီတော့ သေတော့မယ့် လူတစ်ယောက်ရဲ့ စိတ်မှာ ဖြစ်မှာတွေက အများကြီး ဖြစ်နေတယ် ။ နာတာတွေရော ၊ ကြောက်တာတွေရော ၊ သံယောဇဉ်တွေရော ပေါ့ ။ အဲဒီစိတ်မှာ စုတိစိတ်မကျခင် နိမိတ် (၃) မျိုးလည်း ပေါ်လာတယ် ။ အဲဒီထဲက ငရဲ ဂတိနိမိတ်ပေါ်လာတာ ကို ကိုယ်က (၂)ကိုယ်ခွဲပြီး ငရဲကို သွားလေ့လာတယ် ထင်တတ်ကြပါတယ်။ ဒီအထိတော့ အဘိဓမ္မာ မှာ အဖြေရှိပါတယ်။ လယ်တီဆရာတော်၊ ဆရာတော် အရှင်ဇနကာဘိဝံသ ၊ ဆရာတော် ရဝေနွယ်၊ ရဝေထွန်း စသည် တို့လဲ ရေးကြ ဟောကြပါတယ် ။ ကျွန်တော် စိတ်ဝင်တစားရှာနေမိတာလေးတစ်ခုကတော့ တချို့တွေ သေခါနီး၊ ငရဲရောက်၊ နတ်ပြည်ရောက်သွားကြရာမှာ (ဒီလိုနိမိတ်တွေပေါ်ရာမှာ) နတ်ပြည်က ဟိုလူကို မှာလိုက်တာတို့ ၊ ဒီလူကိုလိပ်စာနဲ့တကွ စကားပါးတာတို့၊ တခြားတစ်ယောက်အတွက် ဗိမာန်ကို ကိုယ်က တွေ့ခဲ့ရတာတို့ ၊ ငရဲကနေလဲ လူကြုံမှာတာမျိုးတွေပါ ရှိတတ်ပါတယ်။ ဆရာတော်အရှင်ဇဝန တို့ ဟောတာတွေမှာတောင် ပါသေးတယ်။ တိတိကျကျတွေပဲ သူတို့ မှာလိုက်တဲ့ သူကလဲ လူ့ပြည်မှာ တိတိကျကျ၊ လိပ်စာနဲ့တကွရှိနေတာ တွေ့ရတယ်။ ဒါတွေကတော့ စိတ်ရဲ့ဆန်းကျယ်မှုတွေပဲလား ။ ဂတိနိမိတ်ကျပြီး မသေသူတွေမှာ ကြုံရတတ်တာတွေလားတော့ မပြောနိုင်ပါ။ တမလွန်ဘဝ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B1%E1%80%9B%E1%80%BD%E1%80%AC%E1%80%95%E1%80%BC%E1%80%94%E1%80%BA
ယမမင်း
ယမမင်း(; (yamaraja) )ဆိုသည်မှာ ပါဠိဘာသာ`ယမ´၊ မြန်မာစကား`မင်း´ကို ပေါင်းပြီးခေါ်ခြင်း ဖြစ်သည်။ အကုသိုလ်ကံ အလျောက် ငရဲထိန်း တို့ ဆောင်ယူပို့လာသော သတ္တဝါတွေကို ဒေဝဒူတ တမန်ငါးပါး ကိုပြပြီး ကောင်းမှုကုသိုလ်တွေကို အောက်မေ့စေတတ်၊ အမှတ်ရစေတတ်သောကြောင့် `ယမမင်း´မည်သည်။ ငရဲမင်းကြီး(ယမမင်း) များသည် အပြစ်ကြီးကြီးနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးရန်မလိုပေ၊ အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကိုသာ စစ်ဆေးရန်ဖြစ်သည်။ ပဉ္စာနန္တရိယကံ ကျူးလွန်သူ၊ စေတီပုထိုးဖြိုဖျက်သူ၊ မိစ္ဆာဒိဋ္ဌိ အယူရှိသူ စသောအပြစ်ကြီးသော ငရဲသားများကို တစ်ခါတည်း ငရဲချ၏။ အကုသိုလ်နည်းပါးသူများ အတွက် ငရဲမှ လွတ်လိုလွတ်ငြား ယမမင်းက စစ်ဆေးခြင်း ဖြစ်သဖြင့် ယမမင်းများကို မင်းကောင်းမင်းမြတ်များဟု သတ်မှတ်ကြသည်။ ငရဲတစ်ထပ်စီတွင် ငရဲမင်းကြီး(ယမမင်း) (၄)ဦးစီ ရှိသည်။ အရှေ့ဘက်တံခါးမုခ် တွင်တစ်ယောက်၊ အနောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ မြောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ တောင်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ ပေါင်း(၄)ယောက် ရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီး(ယမမင်း) ပေါင်း(၃၂)ယောက် ရှိသည်။ ငရဲငယ်(၁၂၈)ခုမှာ ငရဲမင်းကြီး(ယမမင်း) များမရှိပါ။ ငရဲမင်းကြီး(ယမမင်း) များ၏ဇာတိမှာ စတုမဟာဇာရ်နတ်ဘုံမှ ဖြစ်သည်။ `ဝေမာနိက ပြိတ္တာ´ များကို အုပ်ချုပ်ရသော မင်းဖြစ်သည်။ `မဟိဒ္ဓိက ပြိတ္တာ´ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ)ကြောင့် ငရဲမင်းကြီး ဖြစ်လာသည်။ တိဘက်အယူအဆအရ ယမမင်းက ကျွဲခေါင်းနဲ့လို့ ယူဆပါသည်။ ဘေးက သူ၏နှမပုံ ဖြစ်သည်။ ယမမင်း၏ လက်ယာဘက်မှာ အရိုးနှင်တံကို ကိုင်ထားပြီး လက်ဝဲဘက်မှာ မိစ္ဆာများကို ဖမ်းဖို့ ကျော့ကွင်းကို ကိုင်ထားသည်။ တိဘက်များက ယမမင်းသည် ဗုဒ္ဓဘာသာကို စောင့်ရှောက်သော နတ်မင်းတစ်ပါးဟု ယူဆကြသည်။ ဒေဝဒူတ (သေမင်းတမန်)ငါးပါး ဒေဝဒူတ (သေမင်းတမန်)ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို(၅)ဦးကို ပမာပြုခြင်းဖြစ်သည်။ ငရဲမင်းကြီးက အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးသောအခါ ဒေဝဒူတ (သေမင်းတမန်)ငါးပါးကို ပမာထားပြီး ငါးကြိမ်တိုင်တိုင် စစ်မေးရ၏။ ငရဲသားက မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုကို သတိမရလျှင် ကုသိုလ်ပြုစဉ် ငရဲမင်းကြီးအား အမျှပေးဝေခြင်း ရှိမရှိကို ငရဲမင်းကြီးက စဉ်းစားကြည့်ရ၏။ အမျှပေးဝေခြင်းရှိလျှင် ငရဲသားအား ကုသိုလ်ကောင်းမှုကို ပြန်လည် သတိရအောင် လုပ်ပေးပြီး ငရဲမှ လွှတ်သည်။ ကုသိုလ်ကောင်းမှု၊ အမျှပေးဝေခြင်းမရှိလျှင် ငရဲသားအား ငရဲထိန်းတို့လက်သို့ အပ်လိုက်သည်။ ဒေဝဒူတ တရား ၅-ပါး လူတို့ သံဝေဂရမှုအတွက် နတ်တမန်ခေါ် သေမင်းတမန်ငါးပါး။ ဇာတိ- ပဋိသန္ဓေတည်နေ မွေးဖွားရမှု၊ ဇိဏ္ဏ- အိုမင်းရင့်ရော်ရမှု၊ အာတုရ-ကျင်နာကိုက်ခဲ ရောဂါသည်းခြင်း၊ အာဝုဓ- ဓား လှံ သေနတ်စသောလက်နက်မျိုး၊ မတ- သေသူ, သူသေကောင်။ ယမမင်းစစ်တမ်း လူ့ပြည်မှာ ရှိနေသော (၁) ကလေး (၂) သူအို (၃) သူနာ (၄) သူသေ (၅) အကျဉ်းသမား ဤငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတ-ဟုခေါ်ဝေါ်ရသည်။ (ဒေဝ-ယမမင်း၊ ဒူတ-တမန်တော်)။ ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများကို ဒေဝဒူတ ငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ရှိသည်။ ယမမင်း။ ။ မောင်မင်း - လူ့ပြည်မှာတုန်းက ကျင်ကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ပဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ဘူးခဲ့ဘူးလား? ငရဲသား။ ။ တွေ့ခဲ့ဘူးပါသည်ဘုရား ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်တဲ့အခါ ထိုကလေးများကို ကြည့်ရှု၍ ငါသည် ဘာမှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်အခါ ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေနေခြင်းသဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနှယ် ကိုယ်နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှတော်မည်ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း။ ငရဲသား။ ။ ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မဝင်စားမိခဲ့ပါ။ ယမမင်း။ ။ မောင်မင်း - မကောင်းမှုကို ဆွေမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ထုံးစံ အတိုင်း မောင်မင်း ခံရချေတော့မည်။ ယမမင်းအား အမျှဝေရကျိုး။ ။ ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယ တစ်ကြိမ်မေး၏။ သူနာကို ညွှန်ပြ၍ တတိယတစ်ကြိမ် မေး၏။ သူသေကိုညွှန်၍ စတုတ္ထ တစ်ကြိမ်၊ အကျဉ်းသမားကို ညွှန်၍ ပဉ္စမ တစ်ကြိမ် မေး၏။ ငါးကြိမ်တိုင်အောင် မေး၍ ကုသိုလ်ကောင်းမှု ကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် ထိုသူ၏ ကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား ဟုစဉ်းစား၏။ စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖော်၍ ဖြစ်စေ၊ မိမိက ဘာသာသတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့်တပြိုင်နက် ငရဲမှလွတ်မြောက်၍ နတ်ပြည်ရောက်သူများလည်း အများပင်။ ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှားသည်။ ယမမင်း စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲသားကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြလေတော့သည်။ (ထို့ကြောင့် ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှဝေသင့်သည်) စတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိက ပြိတ္တာမင်းကို ခေါ်ခြင်းကိုဖြစ်သည်။ ထိုယမမင်းသည် တစ်ခါ တစ်ရံ နတ်စည်းစိမ်ကိုစံစား၍ တစ်ခါတစ်ရံတွင်မူ မကောင်းမှု ကံ၏အကျိုးကို သာမန် ပြိတ္တာများကဲ့သို့ပင် ခံစားရသည်။ ယမမင်းသည် တစ်ဦးတည်းရှိသည် မဟုတ်။ အဝီစိငရဲကြီး တွင် တံခါးလေးမျက်နှာရှိရာ တစ်မျက်နှာလျှင် တစ်ယောက် ကျစီ စိုးအုပ်စောင့်နေရသည်ဖြစ်၍ လေးဦးရှိသည်။ အဝီစိငရဲကြီး၌ ယမမင်း လေးဦးရှိသကဲ့သို့ ကြွင်းသော ငရဲ ခုနစ်ထပ်တို့၌လည်း ယမမင်း လေးယောက် လေးယောက်စီ ရှိသဖြင့် ငရဲကြီး ရှစ်ထပ်တို့၌ ယမင်းပေါင်း သုံးဆယ့်နှစ်ယောက် ရှိလေသည်။ ငရဲသို့ ကျရောက်လာသူတိုင်းပင် ယမမင်း၏ အစစ်အဆေး ကို ခံရသည်မဟုတ်။ အကုသိုလ်အားကြီး၍ ပြစ်မှုထင်ရှားသူ တို့သည် တစ်ခါတည်း ငရဲသို့ ကျကြရကုန်သည်။ အကုသိုလ် နည်းပါးသူများအတွက်သာ လွတ်လိုလွတ်ငြား အနေဖြင့် ယမမင်းထံတွင် အစစ်ဆေးခံခွင့် ရရှိလေသည်။ ယမမင်းသည် မိမိရှေ့မှောက်သို့ ရောက်ရှိလာသော ငရဲသားအား ဒေဝဒူတ ငါးမျိုးကိုဖော်ပြလျက် စစ်ဆေးလေ့ရှိသည်။ ဒေဝဒူတဆိုသည်မှာ ယမမင်း၏ တမန်တော်ဟု အဓိပ္ပာယ်ရသည်။ ယမမင်း၌ တမန်တော် ငါးဦးရှိရာ (၁) ကလေး၊ (၂) သူအို၊ (၃) သူနာ၊ (၄) သူသေနှင့် (၅) အာဏာသားတို့ ဖြစ်သည်။ စစ်ဆေးပုံမှာ- ယမမင်း-မောင်မင်းသည် လူ့ပြည်၌ရှိစဉ် မိမိ၏ ကျင်ကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ ကျင်ကြီး ကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ခဲ့ဘူး သလော။ ငရဲသား-တွေ့ခဲ့ဖူးပါသည်။ ယမမင်း-မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက် သောအခါ ထိုကလေးများကို ကြည့်ရှု၍ ငါသည် ဤကဲ့သို့ ဘာမျှ နားမလည်ရှာသော ယခုကလေးကဲ့သို့ဖြစ်ရန် နောင်ခါ ပဋိသန္ဓေ နေရချေဦးမည်။ ပဋိသန္ဓေ နေခြင်းသဘောကို မလွတ်မြောက်နိုင်သေး။ ယခုအခါမှစ၍ ကိုယ်၊ နှုတ်နှင့် စိတ်ကို စောင့်စည်းလျက် ကောင်းကောင်းနေမှ တော်တော့ မည်ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား။ ငရဲသား-ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ် ကောင်းမှုဖက်၌ စိတ်မဝင်စားခဲ့မိပါ။ ယမမင်း-မကောင်းမှုကို ဆွေမျိုး၊ ညာတိ၊ ဆရာ၊ မိဘ စသည်တို့က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း မောင်မင်းသာ ခံရချေတော့မည်။ အထက်ပါနည်းအတိုင်း ဒုတိယအကြိမ် သူအိုကိုညွှန်ပြ၍ တတိယအကြမ် သူနာကိုညွှန်ပြ၍၊ စတုတ္ထအကြိမ် သူသေကိုညွှန်ပြ၍၊ တစ်ဖန် ပဉ္စမအကြိမ် အာဏာသားကိုညွှန်ပြ၍ မေး ပြန်သည်။ ထိုသို့ ယမမင်း က မေးမြန်းသဖြင့် ပထမအကြိမ် တွင် ကုသိုလ်ကောင်းမှု ပြုခဲ့ဖူးသည်ကို သတိပြန်ရသော ငရဲ သားသည် ငရဲသားဘဝမှ စုတေပြီးလျှင် သုဂတိဘဝသို့ ရောက်သွားလေသည်။ ထိုသို့ ပထမတမန်တော်နည်းဖြင့် သတိ ပေး၍ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ဖူးသည်ကို သတိရမရသေးလျှင် ဒုတိယတမန်တော်နည်းဖြင့် မေး၍ သတိပေး ပြန်သည်။ ထိုနည်းဖြင့် သတိမရသေးလျှင် တတိယတမန်တော်နည်းဖြင့် မေး၍ သတိပေးပြန်သည်။ ထိုနည်းဖြင့် သတိမရသေးလျှင် စတုတ္ထတမန်တော်နည်းဖြင့် မေး၍ သတိပေးပြန်သည်။ ထိုနည်းဖြင့် သတိမရသေး လျှင် ပဉ္စမတမန်တော်နည်းဖြစ်သော အာဏာသားနည်းဖြင့် သတိပေးပြန်သည်။ သတိပေးပုံမှာ - ယမမင်း-မောင်မင်းသည် လူ့ပြည်၌ ဖြစ်သောအခါက အိုလူများအပေါင်းတို့၊ ငါ့ကိုရှုကြကုန်လော့၊ ငါသည် လက်ခြေကိုဖြတ်ခြင်း အစရှိသော သုံးဆယ့်နှစ်ပါး သော မကောင်း မှုတို့ကို ပြုသဖြင့် နှိပ်စက်ညှဉ်းပန်း သည်ရှိသော်၊ တော တောင်၊ မြေပြင်၊ သစ်ပင်၊ အုတ်ကျောက် စသည်တို့၌ နှိပ်စက်ညှဉ်းပန်းသည် မဟုတ်။ သင်တို့ကဲ့သို့ ဝိညာဉ်ရှိသူ လူတို့၌သာ နှိပ်စက် ညှဉ်းပန်းသည်။ ထိုကြောင့် သုံးဆဲ့ နှစ်ပါးသော မကောင်းမှုတို့ကို ပြုသဖြင့် မနှိပ်စက် မညှဉ်းပမ်း မီကာလ မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ကြောင်း ကောင်းမှုကုသိုလ်ကို ကြိုးစား အားထုတ်ကြကုန်လောဟု မတိုက်တွန်းသော်လည်း တိုက်တွန်းဘိသကဲ့သို့ အာဏာသားကို မြင်သောအခါ ဤသူ သည် သူတစ်ပါးကိုသာ နှိပ်စက်ညှဉ်းပန်းသည် မဟုတ်။ ငါ့ကို လည်း နှိပ်စက်ညှဉ်းပန်း လိမ့်မည်ဟု နှလုံးပိုက်၍ မဂ်ဖိုလ် နိဗ္ဗာန်သို့ရောက်ကြောင်း ကောင်းမှုကုသိုလ်တရားကို အောက်မေ့ အားထုတ်ခဲ့ဖူး၏လော။ ငရဲသား-အားမထုတ်ခဲ့ဘူးပါ။ ယမမင်း-မကောင်းမှုကို မောင်းမင်း၏ ဆွေမျိုး ဉာတိ၊ ဆရာ၊ မိဘ စသည်တို့က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့ သူတို့ ထုံးစံအတိုင်း မောင်မင်းသာလျှင် ခံရချေတော့မည်။ ထိုသို့ သတိပေးလျက်နှင့်မှ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ဖူး သည်ကို သတိမသေးလျှင် ယမမင်းသည် ထိုငရဲသား လူဖြစ်စဉ် က ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးလျှင် မိမိအား အမျှပေးဝေခဲ့ ဖူးသလောဟု စဉ်းစားပြန်သည်။ စဉ်းစား၍ သတိရလျှင် ထို ငရဲသား ပြုလုပ်ခဲ့ဖူးသည့် ကုသိုလ်ကောင်းမှုကို သတိပေး လေသည်။ ထိုသို့ သတိပေးသဖြင့် ငရဲသားက မိမိပြုလုပ်ခဲ့ ဖူးသည့် ကုသိုလ်ကောင်းမှုကို သတိရလျှင် ငရဲသားဘဝမှ စုတေပြီးလျှင် သုဂတိဘဝသို့ ရောက်သွားလေသည်။ ထိုသို့ အထက်ပါ ဒေဝဒူတ ငါးမျိုးကိုဖော်ပြလျက် ငရဲသား ကို သတိပေးလျက်နှင့် ငရဲသားက မိမိ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ဖူးသည်ကို သတိမရလျှင်ဖြစ်စေ၊ ယမမင်းက ငရဲသား သည် လူဖြစ်စဉ်က ကုသိုလ် ကောင်းမှုကို ပြုလုပ်ပြီးလျှင် မိမိအား အမျှပေးဝေခဲ့ဖူးသည်ကို စဉ်းစား၍ မရသောအခါတွင် ဖြစ်စေ ဆိတ်ဆိတ်သာနေလိုက်လျှင် ငရဲထိန်းတို့က ထို ငရဲသားအား အလျှံတပြောင်ပြောင် တောက်လောင်လျက် ရှိသော သံမြေပြင်သို့ ဆွဲငင်ပြီးလျှင် အလျှံတပြောင်ပြောင် တောက်လောင်နေသော သံဆောက်ပုတ်တို့ဖြင့် ရိုက်နှက်၍ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်းကို ပြုလုပ်ကုန်ကြလေသည်။ ကိုးကား မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ၃၁-ဘုံ အပါယ် လေးဘုံ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%99%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ချင်ခြင်း
ကောသလမင်း၏ ဒီဃီတိ မည်သော မိဘုရားကြီးမှာ ကိုယ်ဝန်ရှိတဲ့အခါ ဒီလို ချင်ခြင်းတောင့်တဖြစ်လာပါတယ်။ နေထွက်သောအခါ ညီညွတ်သော မြေအပြင်မှာ ရပ်ပြီး ချပ်မိန်ညိုကို ဝတ်ထားတဲ့ အင်္ဂါ လေးပါးရှိတဲ့ စစ်သည်ကို ကြည့်ရှုချင်တာရယ် ၊ သန်လျက်ဆေးရေကို သောက်ချင်တာရယ် (၂)မျိုးရှိလာတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ သူ့မိဘကို ဒုက္ခပေးနှိပ်စက်တဲ့ ကာသိမင်းကို သတ်ဖို့ အခွင့်ကြုံနေပေမယ့် ဖခင်မှာခဲ့တဲ့ စကား ချစ်သား ဒီဃာဝု အရှည်ကို မကြည့်လင့် ၊ အတိုကိုလဲ မကြည့်လင့် ၊ ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန် ၊ ရန်မတုံ့မူမှသာ ရန်တို့သည် ငြိမ်းကုန်၏ ..ဟူသောစကားကို လိုက်နာပြီး ရန်သူဘုရားကို မသတ်ခဲ့ဘူး။ ဒါကြောင့် နောက်ဆုံးမှာ ဘုရင်က သမီးနဲ့ လက်ဆက်ပေးပြီး ထီးနန်းပေးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီမှာ မူရင်းပါဠိကတော့ တသာ ဧဝရူပေါ ဒေဟဠော ဟောတိ စသဖြင့် ပါရှိပါတယ်။ ဒီပါဠိတော် အကျယ်ရှင်းတမ်းမှာ ဘုန်းကံရှိသော (ဝါ) ထူးခြားသော သားတော်ကို ကိုယ်ဝန်ရှိတဲ့ အခါ မိခင်လောင်းမှာ ချင်ခြင်းဖြစ်တတ်တယ် ။ ဒီချင်ခြင်းကို ဖြည့်ဆည်းပေးရင် သားတော် မှာ ပြည့်စုံသော ဘုန်းကံရမယ်။ မလုပ်ပေးရင်တော့ ကိုယ်လက်အင်္ဂါမစုံတဲ့ အဖြစ်အထိရောက်သွားနိုင်တယ် ဆိုပါတယ် ။ နောက် နာကြားဖူးတဲ့ အထဲက ကိုးကားတင်ပြချင်တာ တစ်ခုကတော့ သီတဂူဆရာတော်ကြီးဟောတဲ့ တရားထဲက ပါပဲ ။ ဗုဒ္ဓ ရတနာ့ ဂုဏ်ရည်တရားတွဲ မှာ ဒီချင်ခြင်း အကြောင်းကို ဆရာတော် တော်တော်ကို အသေးစိတ် ဟောထားပါတယ်။ ချင်ခြင်းဟာ တကယ်တော့ မိခင်လောင်းရဲ့ ဆန္ဒမဟုတ်ဘဲ အဲဒီ့ သားလောင်းရဲ့ ဆန္ဒဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဆန္ဒကို မိခင်ဆီက တဆင့် တောင်းတာလို့ ဆိုပါတယ်။ ဆရာတော် ပေးတဲ့ ဥပမာတွေမှာတော့ အဇာတသတ်မင်းသားလောင်း ကို ကိုယ်ဝန်ရစဉ် မိခင် မိဘုရားကြီးမှာ ဖြစ်တဲ့ ချင်ခြင်းက ဖခင်ဘုရင် ဗိမ္ဗိသာရ မင်းကြီးရဲ့ လက်မောင်းသွေးကို သောက်ချင်တဲ့ ချင်ခြင်းဖြစ်ပါတယ်။ နိမိတ်ဖတ်ကြတော့ အဖကို သတ်မယ့် သားလို့ ဆိုကြပါတယ်။ ဒါကြောင့် မိဘုရားကြီးက ဒီကိုယ်ဝန်ကို ဖျက်ချဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ ဓလေ့ထုံးစံ ဘာသာရေး
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
ဒုက္ကရစရိယာ
ဒုက္ကရစရိယာ ဆိုသည် ကာမဂုဏ်စိတ်ကို ပင်ပန်းဆင်းရဲစွာ တားဆီးခြင်းအကျင့်ဖြစ်သည်။ မူရင်းကျင့်စဉ်များသည် တပအကျင့်မှ လာခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကို ဆင်းရဲအောင်လုပ်ပြီး ကာမဂုဏ်ကို တားနိုင်အောင်ကြိုးစားခြင်း ဖြစ်သည်။ ဘုရားလောင်းလဲ မိမိကြားဖူးသိဖူးသမျှ တပကျင့်စဉ်များကို အမျိုးမျိုး ပြောင်းလဲစမ်းသပ် ကျင့်သုံးတော်မူခဲ့သည်။ တပ ကျင့်စဉ်များသည် - အဝတ်မဝတ်ခြင်း၊ အစာမစားခြင်း၊ တစ်လုပ်သာစားခြင်း၊ ရက်ခြားစားခြင်း၊ ဆူးပေါ်အိပ်ခြင်း၊ ရေချိုးခြင်း၊ မီးလှုံခြင်း၊ နေပူခံခြင်း၊ ခွေးကဲ့သို့ကျင့်ခြင်း၊ နွားကဲ့သို့ကျင့်ခြင်း စသည့်ကျင့်စဉ်များ ထွန်းကားခဲ့သည်။ ထိုမှတဆင့် အတ္တကောင်ဝါဒလဲ ပွားလာသည်။ ထို တပ ကျင့်စဉ် ဒုက္ကရစရိယာကျင့်စဉ်များအနက် အလွန်ခေတ်စားထင်ရှားအခက်ခဲဆုံး (၃) မျိုးရှိသည်။ စိတ်ကို စိတ်နဲ့ သတ်နည်း အပ္ပဏာဈာန် (အသက်ရှူမှု ထိန်းချုပ်နည်း) အစာမစားဘဲ ကျင့်နည်း တို့ဖြစ်သည်။ ဝေါဟာရလေ့လာချက် ဒုက္ကရစရိယာ ဟူသော ဝေါဟာရသည် မျက်မှောက်ခေတ်ကာလတွင် ဗုဒ္ဓဝင် ကျမ်းအစောင်စောင်တို့၏ ရေးသားထားချက်ကြောင့် အသုံးတွင်ကာ ရင်းနှီးနေကြပြီ ဖြစ်သော်လည်း ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကမူ ဤအသုံးအနှုန်းကို တွင်ကျယ်စွာ သုံးစွဲထားကြောင်း မတွေ့ရပေ။ ဗုဒ္ဓမြတ်စွာ လောင်းလျာဘဝက ၆-နှစ်တာကာလပတ်လုံး ကျင့်ကြံတော်မူသည်ကို ပါဠိတော်ကြီးများ၌ ဒုက္ကရကာရိကာ ဟု လည်းကောင်း၊ ပဓာန ဟူ၍ လည်းကောင်း ရေးသားထားပေသည်။ ပိဋကတ်တော်ဝင် မိလိန္ဒပဉှာကျမ်း (ခရစ် ၁-ရာစု) အခန်း၅၊ အနုမာနပဉှာ အခန်းကြီး၏ တတိယမြောက် ဝေဿန္တရဝဂ်၌ ဒုက္ကရကာ ရိကာပဉှ ဟု ခေါင်းစီးထိုး၍ ဒုက္ကရစရိယ အကျင့်အကြောင်းကို ဆွေးနွေးခန်း ဖွဲ့ဆိုထားသည်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ်ကြီး (ခရစ် ၄-၅ရာစု) သည် ဒုက္ကရကာရိကာ ဟူသော ဝေါဟာရနှင့် ရံခါ မဟာပဓာန ဟူသော ဝေါဟာရတို့ကို အသုံးပြုတော်မူခဲ့ပါ၏။ အဋ္ဌကထာဆရာအရှင် ဓမ္မပါလမထေရ်ကြီး (ခရစ် ၁၀-ရာစု) မူကား ဒုက္ကရစရိယ ဟူသော ဝေါဟာရကို ဥဒါနကဋ္ဌကထာ (၁၁၈)၊ ဣတိဝုတ္တက အဋ္ဌကထာ(၁၁၇)တို့တွင် လည်းကောင်း၊ မဇ္ဈိမနိကာယ် ဋီကာ (၁၊ ၃၅၆)တို့တွင် လည်းကောင်း သုံးစွဲရေးသားထားတော် မူပါသည်။ မြန်မာစာဖတ်ပရိသတ်တို့အဖို့ မြန်မာစကားပြေ ဗုဒ္ဓဝင်ကျမ်းတို့၌ သုံးစွဲနေကျဖြစ်သော ဒုက္ကရစရိယ ဝေါဟာရကို ဖတ်ရှုကြရသည့်နည်းတူ ပဓာနစရိယ ဟူသော ဝေါဟာရကိုလည်း ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသောအခါ ရတနာသုတ် ပရိတ်တော်တွင် ပစ္ဆိမ ဘဝေဂဗ္တဝေါက္ကန္တိ ဇာတိ အဘိနိက္ခမနံ ပဓာနစရိယံ ဟု ရွတ်ဖတ်တော် မူကြရပါမည်။ အထက်ပါ အထောက်အထားများအရ ပါဠိစာပေသမိုင်းတွင် ဒုက္ကရစရိယဟူသော ဝေါဟာရကို ရှေးဦးကာလ၌ အသုံးနည်း၍ အရှင်ဓမ္မပါလမထေရ် ထင်ရှားသော ခရစ် ၁၀-ရာစုကာလမှ စ၍သာ သုံးစွဲကြောင်း တွေ့ရပါမည်။ ဒီနေရာမှာ ဘုရားလောင်းဟာ ဘာကြောင့်များ ဒီလိုကိုယ်ဆင်းရဲခံတဲ့ တပအကျင့်ဘက် လိုက်ရသလဲ မေးစရာရှိပါတယ်။ ဒါ့နေရာမှာ အဲဒီခေတ် မဇ္ဈိမဒေသရဲ့ အတွေးအခေါ် ဝါဒသမိုင်းနောက်ခံနဲ့ ဂိုဏ်းဂဏများအကြောင်း အနည်းငယ် သိသင့်ပါတယ်။ ကျမ်းကိုး။ ဦးရွှေအောင်( ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း)၊ What the Buddha taugh… by Dr. R. Rahula၊ အရှင်ဇနကာဘိဝံသ၊ အရှင်ဉာဏိသာရ တို့၏ ဓမ္မစကြာဆိုင်ရာတရားများ၊ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ ဖားအောက် ဆရာတော်တို့၏ ဓမ္မစကြာတရားများ စသည်တို့မှ ထုတ်နှုတ်လိုက်ပါတယ်။ ပလန်းနက်မှာ Kalmond ရေးပေးတာတွေလဲ ပါနေပါလိမ့်မယ်။ ဗုဒ္ဓဝါဒ ပေါ်ထွန်းမှုနဲ့ အတွေးအခေါ်ဆိုင်ရာ စာတမ်းတွေမှာလဲ ဒီကျင့်စဉ်အကြောင်းပါပါတယ်။ ဝေဒခေတ်ကောင်းစဉ်က ဗြာဟ္မဏတို့သည် ချမ်းသာသုခရရှိရေး၊ နတ်ပြည်ရောက်ရေး၊ သံသရာဝဋ်မှ လွတ်မြောက်ရေးတို့အတွက် နတ်ဒေဝါများကို ပူဇော်ပသသည့် ယဇ်လမ်းစဉ်ကို တီထွင်ခဲ့ကြတယ်။ ဗြာဟ္မဏတို့က နိုင်ငံရေးနှင့် ဘာသာရေးအရ အိန္ဒိယဒေသကို လွှမ်းမိုးအုပ်စိုးနိုင်ရန် ဇာတ်စနစ်ခေါ်အမျိုးအနွယ်ခွဲခြားမှု စနစ်တစ်မျိုးကိုလည်း တီထွင်ခဲ့ကြတယ်။ ထိုစနစ်အရ ဝေဒပညာရှင် ဗြာဟ္မဏအနွယ်ဝင်တို့သည် ဘာသာရေးအာဏာပိုင်များ ဖြစ်လာရုံသာမက လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေး နယ်ပယ်များကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ကြတယ်။ အမျိုးလေးပါးတွင် ဗြာဟ္မဏမျိုးက အမြတ်ဆုံးဖြစ်ကြောင်း၊ဗြဟ္မာကြီး၏ ခံတွင်းမှ ပေါက်ဖွားလာ၍ ဗြဟ္မာနှင့်လူအကြား မရှိမဖြစ်အရေးပါသည့် အဆက်အသွယ်ဖြစ်ကြောင်းဟောပြောကာ လူတန်းစားအာဏာကို ထူထောင်နိုင်ခဲ့ကြတယ်။ သံသရာမှ လွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးအတွက်ယဇ်ပူဇော်ပွဲများ ပြုလုပ်ရာတွင် ဗြာဟ္မဏတို့ မပါဝင်က အထမမြောက်ဟု ဆိုခဲ့ကြတယ်။ ဘုရင်များ၊ သူဌေးသူကြွယ်များ၊ ကုန်သည်၊ လယ်သမား၊ ဆင်းရဲသားပါမကျန် ဝေဒပညာရှင်များ၏ အဆိုအမိန့်ကို ဘုရားတစ်ဆူဂူတစ်လုံး ကိုးကွယ်ခဲ့ကြရပေတယ်။ ဗြဟ္မာဏတို့သည် ထိုကဲ့သို့ ဘာသာရေးနှင့် သက်ဆိုင်သည့် ဘဝလွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးတို့ကို လက်ဝါးကြီးအုပ်ထားခဲ့ကြရာ ယဇ်ပူဇော်မှုတွင် မပါမဖြစ် အရာရောက်သူများ ဖြစ်လာခဲ့ကြတယ်။ ယဇ်ပူဇော်ပွဲတစ်ခုကို စနစ်တကျ စီမံဆောင်ရွက်ရန်အတွက် ဝေဒပညာရှင် ဗြာဟ္မဏတစ်ဦးကို ငှားရမ်းပင့်ဖိတ်သည်ဆိုပါက ငွေကြေအတော်အတန် ကုန်ကျပေလိမ့်မည်။ သာမန်လူတို့ မတတ်နိုင်တော့သည့် အနေအထား ဖြစ်လာတယ်။ အမျိုးဇာတ်ခွဲခြားမှုကိုအကြောင်းပြု၍ ဗြာဟ္မဏတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အဘက်ဘက်က အသာစီးယူနေကြသည်ကိုလည်းမကျေမနပ် ဖြစ်လာကြတယ်။ ဒီအခါ ဘဝလွတ်မြောက်ရေးကို အလိုရှိကြသူတို့က အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာလျက် ဆိတ်ငြိမ်ရာတောအရပ်သို့ ချဉ်းကပ်ကာ အားထုတ်ကျင့်ကြံ ကြိုးပမ်းကြရာမှ တရားဘာဝနာပွားများမှုသဘောပေါ်ပေါက်လာတယ်။ တောထဲတွင် သစ်ပင်အောက်၌ တကိုယ်တည်း ထိုင်နေရင်း စိတ်မှန်းဖြင့် ယဇ်ပူဇော်မှုပြုခြင်း၊ ဗြဟ္မာကို အာရုံပြုခြင်းများ ပြုလုပ်ရာမှ ကသိုဏ်းပေါက်ကာ ဈာန်လမ်းစဉ်ကို တွေ့ရှိကြတယ်။ ဒီလမ်းစဉ်ကိုလဲ ဘုရားလောင်း သင်ခဲ့သေးတယ်ပေါ့။ အာဠာရ နဲ့ ဥဒက ဆီမှာ။ ဒါကြောင့် အာရညကခေတ်ခေါ် တောမှီရသေ့ခေတ်ဦးတွင် ဝေဒလမ်းစဉ် မှေးမှိန်ခဲ့ရတယ်။ ဈာန်ချမ်းသာသည် လောကီအာရုံ ကာမဂုဏ်တို့ထက်အဆပေါင်းများစွာ သာလွန်မြင့်မားလှသဖြင့် ထိုခေတ်တွင် ရသေ့ယောဂီ အရညဝါသီ တောမှီသူတော်စင်များ အမြောက်အမြား ပေါ်ထွန်းခဲ့တယ်။ အချို့မှာ ဂိုဏ်းဂဏများ တည်ထောင်ကာ တပည့်များစွာကို သင်ကြားပို့ချမှု ပြုကြတယ်။ (သာဓက၊ ဥရုဝေလ ကဿပ ရသေ့ဆရာကြီးများ) ဗြာဟ္မဏလမ်းစဉ်တွင်လည်း တရားအားထုတ်မှု လွှမ်းမိုးလာခဲ့တယ်။ ဒါပေမယ့် ချမ်းသာစစ် နိဗ္ဗာန်ကို ရနိုင်မယ့် နည်းတွေတော့ မဟုတ်ဘူးပေါ့။ ဘုရားလောင်းဆိုတာ ဒီဒုက္ကရစရိယာကျင့်စဉ် တွေ အားလုံးကို လိုက်ကျင့်ရမယ့် တာဝန်ရှိတယ်။ ဘာကြောင့် ဆိုရင် (၂)ချက်ရှိပါတယ်။ (၁) ချမ်းသာစစ် နိဗ္ဗာန်ကို ဒီကျင့်စဉ်တွေနဲ့ မရကြောင်း သက်သေပြဖို့ အကုန်ကျင့်ပြရတယ်။ နောင်တချိန်မှာ ဒီကျင့်စဉ်သမားတွေက ပြောလာမယ်။ ငါတို့ ကျင့်စဉ်ကလဲ နိဗ္ဗာန်ကို ရတာပါပဲကွာ၊ ငါတို့ အခုရနေပြီးပဲ၊ ဂေါတမက ငါတို့ ကျင့်စဉ်ကိုမှ စောစောစီးစီး မကျင့်တာ လို့ ပြောလာမှာဆိုးလို့။ အကုန်ကျင့်ရတယ်။ အချိန်ကြာတာ၊ ကျင့်စဉ်ပိုများရတာ၊ ပိုပင်ပန်းရတာ တွေကတော့ အဲဒီ ဘုရားလောင်းရဲ့ ပြန်ပေးဆပ်ရမယ့် ဝဋ် ပေါ်မူတည်တယ်။ (၂) ပထမဆုံးဟောရမယ့် ဓမ္မစကြာတရားတော်မှာ အစွန်းနှစ်ပါးရှောင်ဖို့ အလယ်လမ်းစဉ်ကမှ မှန်ကြောင်း သက်သေပြဖို့ အတွက်လဲ ဒီ ဒုက္ကရစရိယာကျင့်စဉ်တွေကို ကျင့်ပြရပါတယ်။ ဒီတော့ ဘုရားဖြစ်ရန်ကျင့်သောအကျင့် မဟုတ်ဘူးနော်။ ရည်ရွယ်ချက်မတူဘူး။ ဘုရား ဖြစ်ချင်လို့ ကျင့်တဲ့ အကျင့်လို့ ပြောရင်တော့ ရမယ်။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%9B%E1%80%85%E1%80%9B%E1%80%AD%E1%80%9A%E1%80%AC
သိမ်
သိမ်ဆိုသည်မှာ သီမာဟူသော ပါဠိမှ လာသောစကားဖြစ်သည်။ အပိုင်းအခြား နယ်ပယ်ဟု ဆိုလေသည်။ သံဃာတော်များ ကံကြီးကံငယ်ပြုရာ နေရာဌာနကို သိမ်ဟုခေါ်သည်။ သိမ်ဟူသည် ရှိသမျှ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ်ပေါင်းစု၍ ကံကြီးကံငယ်ဆောင်ရာ နယ်တခုအဖြစ် သီးခြားသတ်မှတ်ထားသောနေရာပင်ဖြစ်သည်။ ရဟန်းတော်တို့ချည်းသာ ပြုလုပ်ဆောင်ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် ကံကြီးကံငယ် ဟုခေါ်၏။ ထိုကံကြီးကံငယ်တို့တွင် တခုခုကို ဆောင်ရွက်လိုသောအခါ ရဟန်းတော်တို့ သိမ်အတွင်း စုဝေးကြရသည်။ ထိုသို့စုဝေးရာ၌ တပါးနှင့်တပါး ၂-တောင့်ထွာထက် မဝေးစေဘဲ ထိုင်နေ စည်းဝေးခြင်းကိုပင် ကာယသာမဂ္ဂီ ပေးသည်ဟုခေါ်သည်။ ကိုယ်ဖြင့်ညီညွတ်မှု သဘောတူ ကျေနပ်မှုကို ပြသည်ဟုဆိုလိုသည်။ ဗဒ္ဓသိမ်, အဗဒ္ဓသိမ် ယင်းသိမ်သည် ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ် ဟူ၍နှစ်မျိုးရှိသည်။ ထိုသို့စည်းဝေး၍ ကံပြုသောအခါ အစွန်ဆုံးရဟန်းမှ အပြင်ဘက် ၂-တောင့်ထွာ အရပ်အတွင်းသို့ လူဝတ်ကြောင်၊ သာမဏေစသူတို့ မဝင်လာ မရှိစေရပေ။ ဝင်လာခဲ့၊ ရှိခဲ့သော် ပြုဆဲကံ မပျက်သော်လည်း ကံပြုသော ရဟန်းတော်တို့ အာပတ်သင့်လေသည်။ ထို့ကြောင့် ကံပြုနေစဉ် အဆိုပါပုဂ္ဂိုလ်များ မဝင်လာ မရှိစေဖို့ အရေးကြီးသည်။ ထို့အပြင် ကံပြုနေသော သံဃာ၏ ၂-တောင့်ထွာအရပ်၌ အပြင်ဘက်သိမ်နယ်ပယ်အတွင်း တနေရာ၌ ရဟန်းတပါးပါး သို့မဟုတ် ၂-ပါး၊ ၃-ပါးစသည် မရှိစေဖို့လည်း အရေးကြီးပြန်သည်။ ယင်းသို့ရှိလျှင် ကာယသာမဂ္ဂီကို မပေးသဖြင့် ပြုသောကံကို သဘောမတူရာ ရောက်သောကြောင့် ပြုဆဲကံပျက်လေသည်။ ထို့သို့သိမ်နယ်ပယ်တခုအတွင်းမှာပင် ကံပြုသံဃာ၏ ၂-တောင့်ထွာ အရပ်မှ လွှတ်လျက် အခြားရဟန်းဖြစ်စေ၊ ရဟန်းများဖြစ်စေ ရှိနေခြင်းကို ဝဂ်ဖြစ်သည်ဟု ခေါ်လေသည်။ အစုကွဲသည်ဟု ဆိုလိုပေသည်။ သာသနာတော် အရှည်တည်တံ့နိုင်ရန် ရဟန်းတော်များ အဆက်မပြတ်ရှိနေဖို့ အရေးကြီးသည်။ ရဟန်းအဖြစ်သို့ ရောက်အောင် ဆောင်ရွက်ရန်မှာလည်း သိမ်တမျိုးမျိုးမရှိပဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် သိမ်သည် သာသနာတော် အရှည်တည်တံ့ရေးတွင် ရေသောက်မြစ်ပမာ လွန်စွာ ရေးကြီးသောအရာ ဖြစ်ပေသည်။ ဗဒ္ဓသိမ် ဗဒ္ဓသိမ်ဆိုသည်မှာ အလိုရှိသလောက်မြေကွက်ကို သတ်မှတ်ပိုင်းခြား၍ သံဃာအားလုံးအညီအညွတ် ကံပြုရာသိမ်အဖြစ်ဖြင့်သံဃာတော်ကသမုတ်ထားသော နယ်ပယ်ဖြစ်သည်။ ထိုနယ်ပယ်မှာ အကျဉ်းဆုံးအားဖြင့် ရဟန်း ၂၁ ပါးစည်းဝေးထိုင်နေလောက်အောင် အကျယ်အဝန်း ရှိစေရသည်။ အကျယ်ဆုံးအားဖြင့် သုံးယူဇနာထက်မပိုစေရ။ ယူဇနာဆိုသည်မှာ အကြီးဆုံးအားဖြင့် ၁၂ မိုင်နှင့် ခြောက်ဖာလုံခန့်၊ အလတ်စားအားဖြင့် ကိုးမိုင်နှင့်ပေ ၄၈ဝ၊ အသေးဆုံးအားဖြင့် တစ်မိုင်နှင့်ပေ၇၂ဝပမာဏရှိသည်ဟု ကျမ်းဂန်တို့၌ပြဆိုထား၏။ ဤအရာ၌ ကြီးလွန်းသည်ကို ပယ်၍ အသေးဆုံး ယူဇနာကိုယူလျှင် အပြစ်ကင်းရာ၏။ အဗဒ္ဓသိမ် အဗဒ္ဓသိမ်ဆိုသည်မှာ သံဃာက မသမုတ်ရတော့ဘဲ သူ့အလိုလိုပင်သီးခြားဖြစ်နေသော နယ်ပယ်ပင်ဖြစ်သည်။ ယင်းမှာ... ဂါမသိမ် သတ္တဗ္ဘန္တရသိမ် ဥဒကုက္ခေပသိမ်(ရေသိမ်) ဟူ၍သုံးမျိုးရှိသည်။ (၁)ဂါမသိမ်ဆိုသည်မှာ အာဏာပိုင်အစိုးရတို့က အခွန်တော်ကောက်ခံရန်အတွက်သူကြီး တစ်ပိုင်အဖြစ်ဖြင့် ပိုင်းခြားသတ်မှတ်ထားသောရွာနယ်ပင်ဖြစ်သည်။ ထိုရွာနယ်ထဲမှတစ်စိတ်တစ်ဒေသမြေကွက်ကို ခွဲထုတ်၍ အာဏာပိုင်အစိုးရတို့က အခြားသူတစ်ဦးအား သီးခြားရွာနယ်အဖြစ်ဖြင့် ပိုင်းခြားသတ်မှတ်၍ ပေးလျှင်ယင်းမြေကွက်သည်လည်း ဝိသုံဂါမသီးခြားရွာနယ်တစ်ခုဖြစ်၏။ (၂)သတ္တဗ္ဘန္တရသိမ်ဆိုသည်မှာမည်သည့်ရွာနယ်ထဲမှာမျှ မပါဝင်သော တောအရပ်ဒေသ၌ သံဃာ၏ပတ်ဝန်းကျင်အပြင်စွန်းမှ ခုနှစ် ဗ္ဘန္တရတိုင်အောင် ကျယ်ပြန့်သောနယ်ပယ် ပင်ဖြစ်သည်။ ဗ္ဘန္တရတစ်ခုမှာ ၂၈ တောင်ပမာဏရှိသည်။ (၃) ဥဒကုက္ခေပသိမ်(ရေသိမ်)ဆိုသည်မှာ မတူးမဆွမပြုလုပ်ရဘဲ သူ့အလိုလိုဖြစ်နေသောမြစ်၊ ချောင်း၊ အင်းအိုင်၊ သမုဒ္ဒရာတို့၌ကံပြုသောသံဃာ၏အပြင်စွန်းမှ လက်ဖြင့် ရေကိုကော်၍ ပက်လိုက်လျှင် ကျလောက်ရာ အရပ်တိုင်အောင်ပြန့်ကျယ်သောပတ်ဝန်းကျင်နယ်ပယ်ပင် ဖြစ်သည်။ ယင်းကိုရေသိမ်ဟူ၍ လည်းခေါ်ကြ၏။ ယင်းရေသိမ်၌ ကံပြုလျှင်ရေထဲသို့ဆင်း၍လည်းပြုနိုင်၏။ ကမ်းနှင့်မဆက်စပ်သောလှေ ဖောင်များနှင့်ရေထဲ၌ဆောက်ထားသော အဆောက်အအုံများပေါ်၌တည်နေ၍လည်း ပြုနိုင်၏။ ဆောင်းဥတု၊ နွေဥတုတို့၌ရေမရှိသော်လည်းမိုးလေးလအတွင်းက မပြတ်ရေရရှိခဲ့သောသောင်ပြင်မြေပြင်ပေါ်၌လည်းပြုနိုင်၏။ ဗဒ္ဓသိမ်သမုတ်ရခြင်း၏အကြောင်း သံဃကံတစ်ခုခုကိုပြုလျှင်ထိုပြုရာသိမ် (နယ်ပယ်)အတွင်း၌ ရှိသမျှရဟန်းများကို တပေါင်း တည်းစုဝေးစေရသည်။ ဥပမာ။ ။ ငါးမိုင်လောက်ကျယ်သောရွာနယ် (ဂါမသိမ်) အတွင်း၌ ဥပုသ် ပဝါရဏာပြုခြင်းရဟန်းခံခြင်းစသောကံတစ်ခုခုကိုပြုလိုလျှင် ငါးမိုင်ပတ်လည်ထိုရွာနယ်အတွင်း၌ ရှိသမျှသောရဟန်းအားလုံးကိုတစ်ပေါင်းတည်းစုဝေးစေရသည်။ မလာရောက်နိုင်သော ရဟန်းများရှိနေလျှင် ထိုရဟန်းတို့၏ သဘောတူကြောင်းဆန္ဒကိုဆောင်ယူခဲ့ရသည်။ ကံပြုနေဆဲထိုရွာနယ်တွင်းသို့ တစ်ခြားမှ ရဟန်းများဝင်ရောက်လာခြင်းလည်းမရှိစေရ။ ဤသို့တစ်သိမ်တည်း၌ သံဃာအကွဲအပြားမရှိပဲ တညီတညွတ်တည်းပြုပါမှ သံဃကံအောင်မြင်သည်။ ထိုသို့မဟုတ်ပါဘဲ သံဃကံပြုနေဆဲမှာသံဃအစည်း အဝေးမှ အပြင်ဘက် နှစ်တောင့်ထွာ (ဟတ္ထပါသ်) ထက်ဝေးသော အရပ်၌ဆန္ဒမပေးသော ရဟန်း တစ်ပါးမျှရှိနေလျှင်ပင် သံဃာအစုကွဲနေသောကြောင့် ထိုသံဃကံပျက်၏။ ထိုကြောင့်ရဟန်းသံဃာ ပေါများသောအရပ်ဒေသ၌ ဂါမသိမ်ထဲတွင်သံဃာအားလုံး တစ်ပေါင်းတည်းစုရုံးစေ၍ ကံပြုရန်မှာ ခဲယဉ်းလှ၏။ ထိုကြောင့်တစ်ပေါင်းတည်းအညီအညွတ် သံဃာစည်းရုံးရေးလွယ်ကူစေရန်အလို့ငှာနယ်ကျဉ်းသောဗဒ္ဓသိမ်ကိုသမုတ်ရန် မြတ်စွာဘုရားကခွင့်ပြုထားပေသည်။ သိမ်သမုတ်နည်း ဂါမသိမ်မည်သောရွာနယ်ထဲ၌သိမ်သမုတ်လိုလျှင် ထိုရွာနယ်ထဲတွင်ရှိသော ရဟန်းများကို အကုန်လုံးပင့်ဆောင်ရသည်။ မလာရောက်နိုင်သော ရဟန်းများရှိနေလျှင် ထိုရဟန်းတို့၏ သဘောတူကြောင်း ဆန္ဒကိုဆောင်ယူရသည်။ ရှေးကသမုတ်ထားသော သိမ်ဟောင်းပေါ်၌ထပ်၍ မသမုတ်အပ်သောကြောင့် သိမ်ဟောင်းရှိနေလျှင်ပျက်ပြယ်သွားစေရန်အလို့ငှာ သမုတ်မည့်နေရာ၌ ရှေးဦးစွာသိမ် နုတ်ရသည်။ သိမ်ဟောင်းမရှိဟုသေသေချာချာသိလျှင်ကားနုတ်ရန်မလိုပြီ။ သိမ်သမုတ်နေဆဲမှာထိုရွာ နယ်အတွင်းသို့ တစ်ခြားမှရဟန်းများ မဝင်လာစေရ။ ထိုရွာနယ်စပ်ဝင်ပေါက်လမ်းများ၌ အစောင့်ချထားရသည်။ သိမ်သမုတ်မည့် မြေကွက်ပတ်လည်အရပ်လေးမျက်နှာ၌ဖြစ်စေ၊ ရှစ်မျက်နှာ၌ဖြစ်စေကျောက်တုံး၊ ရေစသော အမှတ်နိမိတ်များကိုအသင့်ထားရှိစေရသည်။ ဤပုဗ္ဗကိစ္စများပြည့်စုံသောအခါ စွမ်းနိုင်သောရဟန်းတော်တစ်ပါးက ယခုသမုတ်မည့်သိမ်၏ အရှေ့အရပ်၌ အမှတ်အသားနိမိတ်ကား အဘယ်ပါနည်းဟုမေးရသည်။ အခြားရဟန်းတော် တစ်ပါးက ထိုအရပ်၌တည်ရှိနေသောနိမိတ်အားလျော်စွာ ကျောက်တုံးပါဘုရား၊ ရေပါဘုရားစသည်ဖြင့် ဖြေကြား လျှောက်ထားရသည်။ ထိုအခါပထမရဟန်းတော်က ဤကျောက်တုံးသည်ယခုသမုတ်မည့်သိမ်၏အမှတ် နိမိတ်ဟုသံဃာတော်တို့အားပြောကြားကျေညာရလေသည်။ ထိုနောက်အရှေ့တောင်အရပ်၊ တောင်အရပ်စသည်ဖြင့် နိမိတ်ရှိရာအရပ်များကိုအစဉ်အတိုင်းလက်ယာရစ်လှည့်၍ အထက်နည်းတူပင် မေးဖြေပြောကြားကျေညာပြီးလျှင် နောက်ဆုံး၌ အရှေ့အရပ်ကိုလည်းတစ်ဖန်ထပ်၍နည်းတူပင် မေးရဖြေရပြောကြား ကျေညာရသည်။ ဤသို့ပတ်ပတ်လည် နိမိတ်ချင်းဆက်စပ်မိအောင်ပြောကြားကျေညာပြီးလျှင် စွမ်းနိုင်သော ရဟန်းတစ်ပါးက သံဃာတော်အားအောက်ပါအတိုင်း ကျေညာပြောကြားလျက် သံဃာ၏ကိုယ်စား သိမ်ကိုသမုတ်ရသည်။ အရှင်ဘုရားတို့၊ သံဃာတော်သည်အကျွန်ုပ်၏စကားကို နားဆင်တော်မူပါလော့။ ပတ်ဝန်းကျင်၌နိမိတ်တို့ကို ကျေညာပြီးပါပြီ။ အခါအခွင့်သင့်ပါလျှင် သံဃာတော်သည် ယင်းနိမိတ်တို့ ဖြင့်သာတူညီမျှ ဆက်ဆံရာ၊ တစ်ပေါင်းတည်းဥပုသ်ပြုရာ သိမ်ကိုသမုတ်ရာ၏။ ဤသည်ကား ရှေးဦးစွာတိုင်ကြားသိစေသောအဆိုတင်သွင်းချက်ဖြစ်သည်။ အရှင်ဘုရားတို့၊သံဃာတော်သည်အကျွန်ုပ်၏စကားကို နားဆင်တော်မူပါလော့။ ပတ်ဝန်းကျင်၌နိမိတ်တို့ကို ကျေညာပြီးပါပြီ။ သံဃာတော်သည်ထိုနိမိတ်တို့ဖြင့် သာ တူညီမျှဆက်ဆံရာ၊ တစ်ပေါင်းတည်းဥပုသ်ပြုရာသိမ်ကို သမုတ်ပါ၏။ သဘောမတူလျှင်ကန့်ကွက်ပြောဆိုနိုင်သည်။ သဘောတူလျှင်ဆိတ်ဆိတ်နေပါ။ သံဃာတော်က ယင်းနိမိတ်တို့ဖြင့်သာတူညီမျှဆက်ဆံရာ၊ တစ်ပေါင်းတည်းဥပုသ်ပြုရာသိမ်ကို သမုတ်ပြီးပါပြီ။ သံဃာတော်က နှစ်သက်သဘောတူသည်။ ထိုကြောင့် ဆိတ်ဆိတ်နေပါသည်။ ဤသို့ ဆိတ်ဆိတ်နေသဖြင့် သဘောတူကြောင်းအကျွန်ုပ်ကအသိအမှတ်ပြုပါသည်။ အထက်ပါအတိုင်းသမုတ်ထားသောသိမ်ကို ဗဒ္ဓသိမ်ဟုခေါ်သည်။ ဤဗဒ္ဓသိမ်၌ သံဃကံကိုပြုလျှင် ယင်းသိမ်အတွင်းကရဟန်းများလောက်သာ အညီအညွန်စည်းဝေးမိဖို့လိုသည်။ ကံပြုနေဆဲမှာ ယင်းသိမ်၏အပြင်ဘက်၌ရဟန်းများရှိနေသော်လည်း ကံမပျက်၊ ယင်းဗဒ္ဓသိမ်မှာလည်းများသောအား ဖြင့်ပေ လေးငါး ခြောက်ဆယ်၊ တစ်ရာလောက်သာရှိသောကြောင့် အတွင်းရှိ သံဃာအားလုံးတစ်ပေါင်းတည်းစုဝေးရန်နှင့်ကံပြုနေစဉ်အပြင်မှ အခြားရဟန်းများမဝင်လာစေရန်ကိစ္စများမှာအလွန်ပင် လွယ်ကူလှပေသည်။ ရဟန်းပြုပေးပုံကိုပြရာတွင် သိမ်တွင်းသို့ဆောင်သွား၍ပြုပေးသည်မှာလည်းဤအညီအညွတ် သံဃာစည်းရုံးရေးလွယ်ကူစေရန်အတွက်ဖြစ်ပေသည်။ ဝိသုံဂါမတောင်းယူ၍သိမ်သမုတ်ခြင်း အထက်ပါပြဆိုခဲ့သည့်အတိုင်းဂါမသိမ်ခေါ်ရွာနယ်ထဲ၌ သိမ်သမုတ်ရခြင်းသည် ရဟန်းသံဃာ ပေါများသောအရပ်ဒေသ၌ သံဃာအားလုံးကို စုရုံးစေရန်နှင့် သိမ်သမုတ်ဆဲမှာထိုရွာနယ်အတွင်းသို့အပြင်ပမှ ရဟန်းများမဝင်လာစေရန်ကိစ္စအတွက် မလွယ်ကူလှ၊ ခဲယဉ်း၏။ ထိုကြောင့်ထိုသို့မခဲယဉ်းစေရန် မူလရွာနယ်ဂါမသိမ်ထဲမှ ခွဲထုတ်၍ ဝိသုံဂါမသီးခြားရွာနယ်သတ်မှတ်ပေးရန် အစိုးရမင်းများထံ သက်ဆိုင်ရာလူပုဂ္ဂိုလ်တဦးကလျှောက်တောင်းရသည်။ အစိုးရမင်းတို့ကထိုမြေကွက်ကို မူလသူကြီးပိုင်ရွာနယ်အဖြစ်မှခွဲထုတ်၍ သီးခြားရွာနယ်အဖြစ်ဖြင့် လျှောက်သူအားပေးလျှင်ထိုမြေကွက်သည်ဝိသုံဂါမ ဖြစ်၏။ မူလရွာနယ်နှင့်မဆိုင်သော သီးခြားရွာနယ်ကလေးဟုဆိုလိုသည်။ ဤအရာ၌အချို့ကအပိုင်စားပေးမှဝိသုံဂါမရောက်သည်ဟုယူဆကြ၏။ မူလရွာသူကြီး၏အခွန်ကောက်ခံရာ အုပ်ချုပ်ရာနယ်ပယ်အဖြစ်မှ လွတ်ခြင်းသည်သာလျှင် ဝိသုံဂါမဖြစ်ခြင်း၏ပဓာနအကြောင်းဖြစ်သည်။ အစိုးရမင်းတို့ကခွဲခြားထားသည့်အတိုင်းရွာနယ်တစ်ခုသည် အခြားရွာနယ်နှင့်မရောယှက်ဘဲ သီခြားရွာနယ်ဖြစ်သကဲ့သို့ပင်တည်း။ ဤဝိသုံဂါမသိမ်ထဲ၌ဗဒ္ဓသိမ်သမုတ်လျှင် ယင်းဝိသုံဂါမမြေကွက်အတွင်းရှိ ရဟန်းများလောက်သာ အညီအညွတ်စည်းဝေး၍ရှေးကပြခဲ့သောနည်းအတိုင်းပင် သမုတ်ရသည်။ ဤဝိသုံဂါမသိမ်၌ဗဒ္ဓသိမ်သမုတ်ရခြင်းမှာ နယ်ကျဉ်းသောကြောင့် သံဃာအားလုံးတစ်ပေါင်းတည်း စုရုံးရန်နှင့်အပြင်ပမှရဟန်းများမဝင်လာစေရန်အတွက် လွယ်ကူလှပေသည်။ ထိုကြောင့်ပင်ဝိသုံဂါမတောင်းယူ၍ သမုတ်ရခြင်းဖြစ်သည်။ အထူးမှတ်ရန်မှာသိမ်နုတ်ရာ၊ သိမ်သမုတ်ရာ၌ရဟန်းလေးပါးထက်မနည်း ပါဝင်သောသံဃာကဆောင်ရွက်ရသည်။ သိမ်ပျက် ၁၁-လုံး သိမ်အာနိသင်ကုန်တာ၊ သိမ်ပျက်ပြီလို့ သတ်မှတ်တာကတော့ သံဃာ (၂၁)ပါးမထိုင်နိုင်သောသိမ်၊ ၃-ယူဇနာထက်ကြီးသောသိမ် နိမိတ်ကျိုးသိမ် တောရိပ်၊တောင်ရိပ်၊ သစ်ပင်ကို မှီသောသိမ် နိမိတ်မရှိသောသိမ် သိမ်ပေါ်တည်ထားပြီး သမုတ်သိမ် မြစ်ပြင်မှာ သမုတ်သိမ် သမုဒ္ဒရာပြင် သမုတ်သိမ် ဇာတိဿရအိုင်ပြင်မှာ သမုတ်သိမ် သိမ်ဟောင်းနဲ့ထပ် နဘေထပ်သမုတ်သိမ် သိမ်ဟောင်းပျက်ကို ခြုံငုံသမုတ်သိမ် ဟူပြီး ရှိပါတယ်။ သိမ်အာနိသင်ရှိဖို့၊ သိမ်စင်ကြယ်ဖို့က နိမိတ္တသမ္ပတ္တိ - နိမိတ်ပြည့်စုံခြင်း ပရိသာသမ္ပတ္တိ - ရဟန်းလေးပါးထက်ပြည့်စုံခြင်း ကမ္မဝါစာသမ္ပတ္တိ - ကမ္မဝါစာပြည့်စုံခြင်း သိမ်နိမိတ် (၈)မျိုး နိမိတ် သတ်မှတ်တာက (၈) မျိုးရှိတယ်။ ကျောက်တုံး၊ကျောက်တောင်၊ နိမိတ် တောင် နိမိတ် သစ်ပင် နိမိတ် တော နိမိတ် လမ်း နိမိတ် တောင်ပို့ နိမိတ် မြစ် နိမိတ် ရေဖြင့် သတ်မှတ်ပိုင်းခြားနိမိတ် သိမ်အကြောင်းကို ဝိနည်း၊ မဟာဝါ မှာ ဖတ်နိုင်ပါတယ်။ ဘုရားဟော မူရင်းတွေရှိပါတယ်။ ဒီတော့ သိမ်အာနိသင်က ဒီ လိုအပ်ချက်တွေ နိမိတ်တွေ ပျက်ရင် ပျက်တယ်ပေါ့။ သိမ် ဟောင်း မြေနေရာ တွေမှာ နောက်ပိုင်း လူတွေအိမ်ဆောက်မိရင် ခိုက်တယ် ဆိုတာမျိုးက မဖြစ်နိုင်ဘူးထင်ပါတယ်။ အင်ဒို၊ အိန္ဒိယ စသည် နိုင်ငံတွေမှာ သိမ်နေရာဟောင်းတွေမှာ လူတွေနေကြတာပါပဲ ။ ထင်ရှားတာကတော့ မြန်မာဘီလူးကျွန်းမှာပါ။ ရဟန္တာ သိမ် (၄)ခုရှိခဲ့တဲ့ နေရာမှာ လူတွေရောက်နေရာကနေ ၂၀ဝ၅ က မှ မာမက သုတေသီတို့လို လူပညာရှင်တွေနဲ့ ရဟန်းတွေက သိမ်နေရာတွေကို ပြန်ပြီး ဖော်ထုတ်လိုက်ရပါတယ်။ သိမ် နေရာကတော့ လူကြောင့် သိမ်မမြောက်ဖြစ်နိုင်ပါတယ်။ ဓမ္မစေတီ ဆရာတော်ဟောထားတာရှိတယ်။ ဆက်စပ်ဖတ်ရှုရန် သိမ်နှင့်စပ်သော သိမှတ်ဖွယ်ရာများ ကိုးကား ဗုဒ္ဓဘာသာ ရဟန်းဝိနည်းများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%99%E1%80%BA
ဘုရားပွဲ
ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားရှင်တို့အား ရည်မှန်းပူဇော်သောအားဖြင့် ရှေးအခါက တပေါင်းလတွင် “သဲပုံစေတီပူဇော်ပွဲ”များကို ကျင်းပခဲ့ကြသည်။ မူလဝေါဟာရသည် ဗုဒ္ဓပူဇနိယ “ဘုရားပူဇော်ပွဲ” ဖြစ်သည်။ ရာသီသာစွ ငွေရွှင်လဖြစ်သော တပေါင်းလရာသီတွင် ရှေးမြန်မာကြီးတို့သည် နှစ်ပတ်လည် ဘုရားပူဇော်ပွဲများကို ကျင်းပခဲ့ကြသည်။ “ဘုရားပူဇော်ပွဲ”ကို အတိုကောက် အလွယ်တကူ ခေါ်ကြရာမှ “ပူဇော်”တစ်လုံး ပျောက်ဆုံးခဲ့ရပြီး “ဘုရားပွဲ” ဖြစ်ခဲ့ရပါသည်။ ဘုရားပူဇော်ပွဲ ဝေါဟာရမှ ဘုရားပွဲ ဝေါဟာရ တွင်ကျယ်လာသောအခါ “ပညတ်သွားရာ ဓာတ်သက်ပါ”ဟူသည့်အတိုင်း ပူဇော်မှုထက် ပျော်ပွဲရွှင်ပွဲ(ပွဲ)တို့ကို ရှေ့တန်းတင်လာခဲ့ကြသည်။ ဗုဒ္ဓဘာသာ ပွဲတော်များ မြန်မာနိုင်ငံရှိ ပွဲတော်များ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2
ဒီအန်အေ
DNA (ဒီအန်အေ) ဆိုသည်မှာ deoxyribonucleic acid (အသံထွက် ဒီအောက်စီရိုင်ဗိုနျူကလစ်အက်ဆစ်) ၏ အတိုကောက် စာလုံးဖြစ်သည်။ ဒီအန်အေသည် သတ္တဝါ၊ အပင်နှင့် ဗက်တီးရီးယားအပါအဝင် သက်ရှိအားလုံး၏ မျိုးဗီဇသင်္ကေတ (genetic code) ပါဝင်သည့် မော်လီကျူးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးများသည် ဒီအန်အေကို အသုံးပြု၍ သက်ရှိများအား ရောဂါကူးစက်စေသည်။ ဒီအန်အေကို သက်ရှိများ၏ ကလာပ်စည်းတိုင်းတွင် တွေ့ရှိရပြီး ယင်းကလာပ်စည်းအား မည်သို့သော ပရိုတိန်းကို ထုတ်လုပ်ရမည်ဟု ညွှန်ကြားသည်။ ကလာပ်စည်း၏ ပရိုတိန်းသည် ယင်းကလာပ်စည်း၏ အစွမ်းသတ္တိကို သတ်မှတ်ပေးသည်။ နောက်မျိုးဆက် ရင်သွေးများသည် ယင်းတို့၏ မိဘများထံမှ ဒီအန်အေကို ဆက်ခံကြသည်။ ထို့ကြောင့် ရင်သွေးများသည် မိဘများနှင့် အသားအရောင်၊ ဆံပင်အရောင်၊ မျက်လုံးအရောင် စသည့် ရုပ်အင်္ဂါအားဖြင့် ဆင်တူကြခြင်းဖြစ်သည်။ လူတဦး၏ ဒီအန်အေသည် မိခင်နှင့် ဖခင်တို့ဆီမှ တဝက်စီ ဆင်းသက်လာသည်။ ဒီအန်အေဖွဲ့စည်းပုံ ဒီအန်အေ၏ ပုံပန်းသဏ္ဌာန်မှာ နှစ်ပင်လိမ်ကြိုး သို့မဟုတ် ကြောင်လိမ်လှေကားပုံ ရှိသည်။ လှေကားအထစ်တိုင်းသည် နျူကလီရိုတိုက်လိုင်းများ ဖြစ်သည်။ နျူကလီရိုတိုက်များကို ဒီအောက်စီရိုင်ဗို့စ် (deoxyribose - ကာဗွန်အက်တမ် ၅ ခုပါဝင်သည့် သကြားမော်လီကျူး)၊ ဖော့စဖိတ်အုပ်စု (ဖော့ဖောရပ်စ်နှင့် အောက်စီဂျင်ဒြပ်ပေါင်း) နှင့် နိုက်ထရိုဂျင်ဘေ့စ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ဒီအန်အေတွင် နိုက်ထရိုဂျင်ဘေ့စ် ၄ မျိုးပါဝင်သည်။ အက်ဒနင်း (adenine) (A)/(a) သိုင်မင်း (thymine) (T)/(t) ဆိုင်တိုစင်း (cytosine) (C)/(c) ဂွါနင်း (guanine) (G)/(g) ဒီအန်အေ၏ လှေကားထစ်များသည် လှေကားတဘက်တချက်စီမှ ဘေ့စ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ A နှင့် T ချိတ်ဆက်ပြီး C နှင့် G ချိတ်ဆက်သည်။ ဘေ့စ်များသည် ဟိုက်ဒရိုဂျင်ဘွန်း (ဟိုက်ဒရိုဂျင် အက်တမ်အကြား ဆွဲငင်အား) များကို အသုံးပြု၍ ချိတ်ဆက်ကြသည်။ အက်ဒနင်း (A) နှင့် သိုင်မင်း (T) တို့ ချိတ်ဆက်နိုင်ခြင်းမှာ ယင်းတို့အကြား ဟိုက်ဒရိုဂျင်ဘွန်း နှစ်ခု ဖြစ်စေပြီး ဆိုင်တိုစင်း (C) နှင့် ဂွာနင်း (G) တို့က သုံးခုဖြစ်စေသောကြောင့် ဖြစ်သည်။ A နှင့် T သာ တွဲသည်၊ C နှင့် G သာတွဲဆက်သည်ဆိုသော်လည်း ယင်းအစုံများသည် မည်သည့်အစီအစဉ်နှင့်မဆို ဖြစ်နိုင်သည်။ ဒီအန်အေတွင် ဘေ့စ် “အက္ခရာ”များကို အခြေခံ၍ “စာလုံး”များ ရေးသားထားသည်။ ယင်း“စာလုံး”များတွင် ကလာပ်စည်းများ မည်သို့ အလုပ်လုပ်ရမည်ကို ညွှန်ကြားသည့် အချက်အလက်များ (အမိန့်များ) ပါဝင်သည်။ ဒီအန်အေကူးယူခြင်း ဒီအန်အေကူးယူခြင်းကို DNA replication (ဒီအန်အေဆင့်ပွားခြင်း)ဟု ခေါ်သည်။ အကျမ်းအားဖြင့်ဆိုလျှင် ဘေ့စ်များကို ချိတ်ဆက်ထားသည့် ဟိုက်ဒြိုဂျင်စည်းများ ပျက်ပျယ်သွားပြီး မော်လီကျူး နှစ်ခြမ်းကွဲသွားသည်။ ကြိုးမျှင်နှစ်စ ဖြစ်ပေါ်လာစေသည်။ ယင်းကြိုးမျှင်သစ်များသည် ယင်းတို့၏ ဘေ့စ်များအလိုက် (အေနှင့်တီ၊ စီနှင့်ဂျီ)တွဲဖက်ပြီး ပျောက်ဆုံးနေသည့် အပိုင်းကို ပြန်လည် ဖွဲ့စည်းယူသည်။ ပထမအဆင့်တွင် DNA helicase (ဒီအန်အေ ဟယ်လီကေ့စ်) ခေါ် အမ်ဇိုင်းမ်က ဟိုက်ဒရိုဂျင်စည်းများကို ဖျက်စီးပြီး ဒီအန်အေကို ကြိုးနှစ်မျှင်အဖြစ် ကွဲသွားစေသည်။ ဒီအန်အေက သီးခြားအပိုင်းအစ နှစ်ခုဖြစ်သွားပြီးနောက် DNA polymerase (ဒီအန်အေ ပေါ်လီမာရေ့စ်) ခေါ် အခြားမော်လီကျူးက ဒီအန်အေ အပိုင်းအစများနှင့် တွဲဖက်ညီသည့် ကြိုးမျှင်စအသစ်ကို ဖွဲ့စည်းပေးသည်။ ဒီအန်အေ မိတ္တူ မော်လီကျူးတိုင်းသည် တဖက်မှာ မူလမော်လီကျူးဖြစ်ပြီး အခြားတဖက်မှာ ဘေ့စ်အသစ်များဖြစ်သည်။ မြူတေးရှင်း ဒီအန်အေ ကူးယူ(ဆင့်ပွား)ရာတွင် မှားယွင်းမှုအချို့ ဖြစ်တတ်သည်။ ယင်းဖြစ်ရပ်အား mutation (မြူတေးရှင်း) ဟုခေါ်သည်။ မြူတေးရှင်း သုံးမျိုးရှိသည်။ Deletion (ဖျက်ခြင်း) ဘေ့စ်တခု သို့မဟုတ် ဘေ့စ်များ ကျန်ခဲ့ခြင်း (ဥပမာ CAT ဖြစ်ရမည့်အစား CT ဖြစ်နေခြင်း) Insertion (တိုးခြင်း) ဘေ့စ်တခု သို့မဟုတ် ဘေ့စ်များ တိုးလာခြင်း (ဥပမာ CAT ဖြစ်ရမည့်အစား CAAT ဖြစ်လာခြင်း) Point Mutations (ပွိုင့်မြူတေးရှင်း) မှားယွင်းသည့် ဘေ့စ်တခု ထည့်သွင်းထားခြင်း (ဥပမာ CAT ဖြစ်ရမည့်အစား CGT ဖြစ်နေခြင်း) မြူတေးရှင်းသည် တခါတရံတွင် သက်ရှိများအား အသက်အန္တရာယ် ဖြစ်စေနိုင်သည်။ အကြောင်းမှာ မျိုးဗီဇသင်္ကေတ သုံးလုံးတတွဲသည် အမီနိုဆက်ဆစ် အမျိုး ၂၀ အနက် တစ်မျိုးကို ကိုယ်စားပြုသည်။ ပရိုတိန်းဖွဲ့စည်းရာမှာ မျိုးဗီဇသင်္ကေတ အစီအစဉ်အလိုက် အမီနိုအက်ဆစ်များကို တန်းစီယူသည်။ မြူတေးရှင်းဖြစ်နေသည့် ဒီအန်အေ အသစ်မှ ဖွဲ့စည်းပေးသည့် ပရိုတိန်းများ လုပ်သင့်သည့် အလုပ်ကို မလုပ်ပေးနိုင်ချိန်တွင် အန္တရာယ် ဖြစ်နိုင်သည်။ သို့ပေမဲ့လည်း ပရိုတိန်းအသစ်များက သက်ရှိများအတွက် ပိုအသုံးကျမည့် နည်းလမ်းအတိုင်း အလုပ်လုပ်ပေးနိုင်ပါက မြူတေးရှင်းမှ evolution ခေါ် ဆင့်ကဲပြောင်းလဲမှုကို လမ်းခင်းပေးနိုင်သည်။ ပရိုတိန်းဖွဲ့စည်းခြင်း အထူးသတ်မှတ်ထားသည့် ပရိုတိန်းအား မည်သို့ထုတ်လုပ်ရန် ကလာပ်စည်းအား ဒီအန်အေမှ ညွှန်းကြားသည်။ သက်ရှိ၏ ကလာပ်စည်းများတွင် အလုပ်အားလုံးနည်းပါးကို ပရိုတိန်းများက ဆောင်ရွက်ပေးသည်။ ပရိုတင်းများကို အမီနိုအက်ဆစ်ခေါ် ပိုမိုသေးငယ်သည့် မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည်။ ပရိုတိန်းတမျိုး သတ်မှတ်ထားသည့် လုပ်ငန်းကို လုပ်ဆောင်နိုင်ဖို့ ဥပမာအားဖြင့် အသည်းကလာပ်စည်းမှ အသည်း၏ သည်းခြေစစ်ထုတ်ခြင်း၊ အဆိပ်အတောက်များအား ခြေဖျက်ခြင်းစသည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် မှန်ကန်တိကျသည့် အမီနိုအက်ဆစ်များ မှန်ကန်တိကျစွာ စီတန်းဖွဲ့စည်းရန် လိုအပ်သည်။ ပရိုတိန်းတမျိုး ထုတ်လုပ်ရန် ညွှန်ကြားချက်ပါသော ဒီအန်အေ အပိုင်းအစကို မျိုးရိုးဗီဇ (gene) ဟုခေါ်သည်။ ပရိုတိန်းများအား ကလာပ်စည်းအတွင်းရှိ ရိုင်ဗိုဇုမ်း (ribosome) ခေါ် ယန္တရားဖြင့် ထုတ်လုပ်သည်။ ဘေ့စ်သုံးခုပါ “စာလုံး”များက မည်သည့်အမီနိုအက်ဆစ်ကို ဖြည့်ထည့်ရန် ရိုင်ဗိုဇုမ်းအား ညွှန်ကြားသည်။ ရိုင်ဗိုဇုမ်းများအား ကလာပ်စည်း၏ အဓိကကိုယ်ထည်တွင် တွေ့ရသော်လည်း ဒီအန်အေများကိုမူ ကလာပ်စည်း၏ နျူကလိယအတွင်း၌သာ တွေ့ရှိနိုင်သည်။ ကိုဒွန် (codon)ခေါ် ဘေ့စ်သုံးခုစီပါဝင်သည့် မျိုးဗီဇသင်္ကေတများသည် ဒီအန်အေ၏ တစိတ်တပိုင်းဖြစ်သော်လည်း ဒီအန်အေသည် နျူကလိယအတွင်းမှ ပြင်ပသို့ ထွက်သွားခြင်းမရှိပေ။ ထို့ကြောင့် ကလာပ်စည်းသည် အရွယ်အစား ပိုမိုသေးငယ်သည့် ဒီအန်အေမိတ္တူ ကြိုးမျှင်သစ်ကို ထုတ်လုပ်ပြီး ယင်းတို့သည် နျူကလိယ အမှေးပါးပေါ်ရှိ သေးငယ်သော အပေါက်များကို ဖြတ်ကာ ပရိုတိန်းထုတ်လုပ်မည့် နေရာ ကလာပ်စည်းကိုယ်ထည်အတွင်းသို့ ဝင်ရောက်သည်။ ယင်း ဒီအင်အေ တပိုင်းသာပါသည့် ကြိုးတပင်ကို အမ်အာအန်အေ mRNA ဟုခေါ်သည်။ ရိုင်ဗိုဇုမ်းသည် အမ်အာအန်အေ ကြိုးတလျှောက်မှ အချက်အလက်များအား ဖတ်ယူကာ ပရိုတိန်းဖွဲ့စည်းသည်။ တီအာအန်အေ tRNAခေါ် အခြားအာအန်အေက ကိုဒွန်တခုချင်းစီအတွက် မှန်ကန်သည့် အမီနိုအက်ဆစ် တွဲဖက်ပေးနိုင်ရန် ကူညီပေးသည်။ နည်းပညာတွင် အသုံးချမှု ဂျနက်တစ် အင်ဂျင်နီယာ မျက်မှောက်ခေတ်တွင် သက်ရှိများမှ ဒီအန်အေများအား သန့်စင်ထုတ်ယူရန် နည်းလမ်းများကို သိပ္ပံပညာရှင်များက ဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။ မော်ဒန်ဇီဝဗေဒနှင့် ဇီဝဓာတုဗေဒ နယ်ပယ်များတွင် ဤနည်းလမ်းများကို အသုံးပြု၍ ဒီအန်အေများကို ပြန်လည်ပေါင်းစည်းကြသည်။ ပလတ်စမစ် သို့မဟုတ် ဗိုင်ရာဗက်တာ (viral vector၊ ဥပမာE. coli) များအား သယ်ဆောင်သည့် ကရိယာအဖြစ်အသုံးပြုကာ ပြန်လည်ပေါင်းစည်းထားသည့် ဒီအန်အေ (recombinant DNA) စဉ်တန်းများကို သက်ရှိ အော်ဂင်နစ်ဆင်များထဲသို့ ထည့်သွင်းကြသည်။ ယခုကဲ့သို့ ဗီဇပြောင်းလဲထားသည့် သက်ရှိများသည် ဆေးဝါးသုတေသနလုပ်ငန်းများတွင် အသုံးချသည့် ပရိုတိန်းများကို ထုတ်လုပ်ပေးနိုင်သည်။ ဂျနက်တစ် အင်ဂျင်နီယာပညာကိုလည်း ထွက်နှုန်းကောင်းသည့်၊ ပိုးမွှားဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်သည့် မျိုးပင်များ ပြုစုရာတွင် အသုံးချနေကြပြီဖြစ်သည်။ မှုခင်းဆေးပညာ မှုခင်းဆေးပညာတွင် မှုခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေတွေ့ရှိရသော သွေး၊ အရေပြား၊ တံတွေး သို့မဟုတ် ဆံပင်မှ ဒီအန်အေများကို အသုံးပြုကာ ပြစ်မှုကျူးလွန်သူ၊ ပြစ်မှုကျူးလွန်မှု ခံရသူ၏ ဒီအန်အေနှင့် ကိုက်ညီမှု ရှိမရှိ စမ်းသပ်စစ်ဆေးကာ အမှုဖော်ထုတ်ကြသည်။ ဥပမာ လူသတ်မှုဖြစ်ပါက ဤနည်းလမ်းဖြင့် တရားခံသည် မည်သူမည်ဝါဖြစ်သည်၊ သေဆုံးသူမှာ မည်သူဖြစ်သည်ကို ထောက်ပြနိုင်သည်။ ဆူနာမီ ကဲ့သို့သော လူအများအပြားသေဆုံးတတ်သည့် သဘာဝ ဘေးအန္တရာယ်အတွင်း သေဆုံးသူ ရုပ်အလောင်းကို မခွဲခြားနိုင်ပါက ဒီအန်အေဖြင့် ခွဲခြားနည်းကို အသုံးပြုနိုင်သည်။ ကျမ်းကိုး ဇီဝနည်းပညာ မျိုးရိုးဗီဇပညာ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AE%E1%80%A1%E1%80%94%E1%80%BA%E1%80%A1%E1%80%B1
ဒြပ်ပေါင်း
ဒြပ်ပေါင်းသည် ဒြပ်စင်နှစ်မျိုး သို့မဟုတ် နှစ်မျိုးအထက် စုတွဲသော မော်လီကျူးများ စုဝေး၍ ဖြစ်စေ ပေါ်ပေါက်လာသော ဒြပ်သားစု ဖြစ်သည်။ ရိုးစင်းသည့် ဒြပ်ပစ္စည်းများအဖြစ် ထပ်မံခွဲခြား၍မရပေ။ ဒြပ်ပေါင်းများသည် သီးခြားသတ္တိနှင့် ဖွဲ့စည်းပုံရှိကြသည်။ ဒြပ်ပေါင်းများတွင် အက်တမ်များ တိကျသည့် အချိုးအဆအလိုက်ပါဝင်ပြီး အချင်းချင်း ဓာတုစည်း (chemical bond) ဖြင့် ဆွဲငင်ထားပြီး စနစ်တကျ စီစဉ်ဖွဲ့စည်းထားသည်။ ဒြပ်ပေါင်းများသည် ဖက်စပ်စည်း (covalent bond)ဖြင့် ဖွဲ့စည်းထားသည့် ဒြပ်ပေါင်းမော်လီကျူး၊ အိုင်ယွန်းနစ်စည်း (ionic bond)ဖြင့် ဖွဲ့စည်းထားသည့် ဆား၊ သတ္တုစည်း (metallic bond)ဖြင့် ဖွဲ့စည်းထားသည့် သတ္တုဒြပ်ပေါင်း သို့ ကိုဩဒနိတ် ဖက်စပ်စည်း (coordinate covalent bond) ဖြင့် ဖွဲ့စည်းထားသည့် ကွန်ပလက်စ် (complex) များဖြစ်နိုင်သည်။ ဒြပ်စင် သို့ မဟုတ် အက်တမ်တစ်မျိုးတည်းသာပါဝင်သည့် ဒြပ်စင်မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည့် ဒြပ်ပစ္စည်းများအား ဒြပ်ပေါင်းဟု မသတ်မှတ်နိုင်ပါ။ အကျယ်ဖွင့်ဆိုချက် အထက်ဖော်ပြပါ ဖွင့်ဆိုချက်တွင် ချွင်းချက်အချို့ရှိသည်။ ပုံဆောင်ခဲ ဒြပ်ပေါင်းတချို့သည် non-stoichiometric ဒြပ်ပေါင်းများ ဖြစ်ကြသည်။ ပုံဆောင်ခဲအတွင်း ပိတ်မိနေသည့် အက်တမ်အချိုးအဆကိုလိုက်၍ ကွဲပြားမှုရှိသည်။ အချို့ဒြပ်ပေါင်းများတွင် ဓာတုသင်္ကေတအားဖြင့် ထပ်တူဖြစ်သော်လည်း အလေးချိန်မတူသည့် အိုင်ဆိုတုပ်များဖြင့် ဖွဲ့စည်းထားသောကြောင့် အလေးချိန် မသိမသာ ကွဲပြားမှုရှိသည်။ ထို့ကြောင့် ဒြပ်ပေါင်းများသည် လုံးဝတသားတည်းမဖြစ်နိုင်သော်လည်း စမ်းသပ်မှုများတွင် ပိုမိုရိုးစင်းစေရန် မော်လီကျူးတိုင်း တထပ်တည်း ဖြစ်သည်ဟု ယူဆလေ့ရှိသည်။ ဒြပ်ပေါင်းနှင့် ဒြပ်နှော ဒြပ်ပေါင်းများတွင် ပါဝင်ဖွဲ့စည်းသည့် ဒြပ်စင်များအလိုက် ရုပ်သတ္တိ၊ ဓာတ်သတ္တိ မတူညီကြပါ။ ဤအချက်သည် ဒြပ်ပေါင်းအား ဒြပ်နှောမှ ခွဲခြားသည့် အခရာကျသည့် သတ်မှတ်ချက်တစ်ရပ်ဖြစ်သည်။ ဒြပ်နှောများ၏ သတ္တိများသည် ဖွဲ့စည်းပါဝင်သည့် ဒြပ်ပစ္စည်များ၏ သတ္တိနှင့် ယေဘုယျအားဖြင့် ဆင်တူသည်၊ ဆက်စပ်မှုရှိသည်။ နောက်သတ်မှတ်ချက်တစ်ရပ်မှာ ဒြပ်နှောတွင် ပါဝင်သည့် ပစ္စည်းများအား ရေကဲ့ယူခြင်းစသည့် ရိုးစင်းသည့်နည်းလမ်းများဖြင့် ခွဲယူနိုင်သည်။ ဒြပ်ပေါင်းများမှာမူ ဤသို့ ခွဲယူရန် လွန်စွာခဲယဉ်းသည်။ ဒြပ်ပေါင်းဖြစ်ပေါ်လာချိန်တွင် ဓာတ်ပြုမှုမှ ဓာတ်သတ္တိ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ဒြပ်ပေါင်းဟု ထင်ယောင်ထင်မှားဖြစ်စေသည့် ဒြပ်နှောတစ်မျိုးမှာ သတ္တုစပ်ဖြစ်သည်။ သတ္တုစပ်များအား များသောအားဖြင့် အပူပေးကာ အလျင်အမြန်ရစ်ခွေသည့် နည်းဖြင့် ပြုလုပ်လေ့ရှိသည်။ ဘယ်လိုပင်ဖြစ်စေ ဒြပ်ပေါင်းနှင့် ဒြပ်နှော တိတိကျကျ မခွဲခြားနိုင်သည်လည်း ရှိသည်။ ဥပမာ အမိုနီးယားဖြင့် ဖျော်ထားသော သတ္တုအယ်လ်ကာလီပျော်ရည်။ ကျမ်းကိုး ဓာတုဗေဒ ဒြပ်ပေါင်း
https://my.wikipedia.org/wiki/%E1%80%92%E1%80%BC%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8
ဒြပ်စင်
ဒြပ်စင် (အင်္ဂလိပ်: element)ဆိုသည်မှာ တစ်မျိုးတည်းသောအက်တမ်များ စုဖွဲ့၍ ဖြစ်ပေါ်သော ဒြပ်သားစု ဖြစ်သည်။ ဓာတုဗေဒ နည်းလမ်းအရမူ ဒြပ်စင်တို့သည် နောက်ထပ် မခွဲစိတ်နိုင်တော့သည့် ဒြပ်သားစုများ ဖြစ်ကာ အသေးငယ်ဆုံးသော အပိုင်းက အက်တမ်ဖြစ်သည်။ ဒြပ်စင်တွင် အက်တမ်တမျိုးတည်းသာ ပါဝင်ပြီး ဒြပ်စင်တမျိုး၏ အက်တမ်ရှိ ပရိုတွန် အရေအတွက်ကို အက်တမ်အမှတ်စဉ် (Atomic Number) ဟု ခေါ်သည်။ ဥပမာအားဖြင့် အက်တမ်ဗဟိုဆံ၌ ပရိုတွန် ၆ ခုပါဝင်သည့် အက်တမ်များမှာ ကာဗွန်ဒြပ်စင်၏ အက်တမ် ဖြစ်ပြီး ပရိုတွန် ၉၂ ခုပါဝင်သည့် အက်တမ်များမှာ ယူရေနီယမ် ဖြစ်သည်။ သို့ဖြင့် ကာဗွန်၏ အက်တမ်အမှတ်စဉ်မှာ ၆၊ ယူရေနီယမ်၏ အက်တမ်အမှတ်စဉ်မှာ ၉၂ အသီးသီး ဖြစ်သည်။ လက်ရှိဓာတုဗေဒတွင် ဒြပ်စင် အမျိုးအစားပေါင်း ၁၁၈ မျိုးကို တွေ့ရှိထားပြီး ယင်းတို့အနက် ဒြပ်စင်အမျိုး ၉၈ ကို သဘာဝဝန်းကျင်တွင် တွေ့ရှိနိုင်သည်။ အခြားဒြပ်စင်များကိုမူ ဓာတ်ခွဲခန်းတွင် ဖွဲ့စည်းရယူနိုင်သည်။ သိပ္ပံပညာရှင်များ ဓာတ်ခွဲခန်းအတွင်း ၁၉၃၇ ခုနှစ်တွင် ပထမဦးဆုံး ဖွဲ့စည်းယူခဲ့သည့် ဒြပ်စင်မှာ တက္ကနက်တီယမ်ဖြစ်ပြီး လူလုပ်ဒြပ်စင်များသည် ရေဒီယိုသတ္တိကြွသတ္တုများဖြစ်ကာ တည်ငြိမ်မှုမရှိပါ။ ဒြပ်စင်များကို ဒြပ်စင်အလှည့်ကျဇယား (periodic table) တွင် စီစဉ်ထည့်သွင်းထားသည်။ ဒြပ်စင်တမျိုး၏ အက်တမ် နျူကလိယအတွင်း နျူထရွန်အရေအတွက် ကွဲပြားပါက ၎င်းတို့အား အိုင်ဆိုတုပ်များဟု ခေါ်သည်။ ဒြပ်စင်တမျိုးစီအတွက် ဓာတုသင်္ကေတ တခုစီ သတ်မှတ်ထားသည်။ ဤသင်္ကေတများမှာ ယင်းတို့၏ အင်္ဂလိပ် သို့မဟုတ် လက်တင် အမည်များ၏ အတိုကောက်ဖြစ်သည်။ (ဥပမာ ကာဗွန်အတွက် 'C'၊ ဆိုဒီယမ်အတွက် လက်တင်အမည် Natrium ၏ အတိုကောက်'Na' ဟု သတ်မှတ်ထားသည်။) ဒြပ်စင်များသည် ဒြပ်ပေါင်းများအဖြစ် ပေါင်းစည်း (ဓာတ်ပြု) နိုင်သည်။ (ဥပမာ ရေ၊ ဆား၊ အောက်ဆိုဒ်ဒြပ်ပေါင်းများနှင့် အော်ဂင်းနစ်ဒြပ်ပေါင်းများ)။ ယေဘုယျအားဖြင့် ယင်းဒြပ်ပေါင်းများသည် မိမိတို့၏ သီးခြားဖွဲ့စည်းပုံနှင့် ဓာတ်သတ္တိ၊ ရုပ်သတ္တိများ ရှိကြသည်။ အမျိုးအစားခွဲခြားခြင်း ဒြပ်စင်များအား ၎င်းတို့၏ ရုပ်ဖြစ်တည်မှု အခြေအနေကို မူတည်ကာ ပိုင်းခြားနိုင်သည်။ သာမန် အခန်းအပူချိန်နှင့် သာမန် လေဖိအားအောက်တွင် ဒြပ်စင်အများစုသည် အစိုင်အခဲများ ဖြစ်ကြသည်။ ဒြပ်စင် ၂ မျိုးသာ အရည်ဖြစ်ပြီး အငွေ့အဖြစ် တည်ရှိသည့် ဒြပ်စင်မှာ ၁၁ မျိုးသာရှိသည်။ ဒြပ်စင်များကိုလည်း သတ္တုနှင့် သတ္တုမဟုတ်သည့် ဒြပ်စင်ဟု ခွဲခြားနိုင်သေးသည်။ သတ္တုမဟုတ်သည့်ဒြပ်စင်ထက် သတ္တုဒြပ်စင်က ပိုများသည်။ သို့သော်လည်း အချို့ဒြပ်စင်များသည် သတ္တုဆန်သော သတ္တိ နှင့် သတ္တုမဟုတ်သည့် သတ္တိနှစ်မျိုးစလုံး ပိုင်ဆိုင်တတ်သည်။ ၎င်းတို့ကို သတ္တုယောင် (:en:metalloid) ဟု ခေါ်ကြသည်။ ကိုးကား ဓာတုဗေဒ ဒြပ်စင်များ ဓာတုဗေဒ
https://my.wikipedia.org/wiki/%E1%80%92%E1%80%BC%E1%80%95%E1%80%BA%E1%80%85%E1%80%84%E1%80%BA
ကလာပ်စည်း
ကလာပ်စည်း (ဆဲလ် Cell) ဆိုသည်မှာ သက်ရှိများ ဖွဲ့စည်းရာတွင် အခြေခံအကျဆုံးနှင့် အသေးဆုံး ယူနစ်တစ်ခုဖြစ်သည်။ ဗက်တီးရီးယားကဲ့သို့သော သက်ရှိများသည် ကလာပ်စည်း တစ်ခုတည်းသာရှိသည့် သက်ရှိများ ဖြစ်ကြပြီး လူသားကဲ့သို့သော အခြား သက်ရှိများမှာ ဗဟုကလာပ်စည်း သက်ရှိများ ဖြစ်ကြသည်။ (လူသားများတွင် သာမန်အားဖြင့် ကလာပ်စည်းပေါင်း ၁၀၀ ထရီလီယံ သို့ ၁၀၁၄ ခန့်ပါရှိသည်။ ပုံမှန် ကလာပ်စည်း တစ်ခု၏ အရွယ်အစားမှာ ၁၀ µm ရှိပြီး ၁ ng ခန့် လေးသည်။) အကြီးဆုံး ကလာပ်စည်းမှာ မဖောက်ရသေးသည့် ငှက်ကုလားအုတ်ဥ ဖြစ်သည်။ နောက်ဆုံး ဆဲလ်သီအိုရီ မပေါ်ပေါက် သေးမှီကာလ ၁၈၃၅ ခုနှစ်တွင် ချက်ပညာရှင် Jan Evangelista Purkyně က အဏုကြည့်မှန်ပြောင်းဖြင့် အပင်တစ်ရှူးများအား ကြည့်ရှုရာတွင် အဆံသေးလေးများကို တွေ့ရှိခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် ဆဲလ်သီအိုရီကို သိပ္ပံပညာရှင် Matthias Jakob Schleiden နှင့် Theodor Schwann တို့က ထုတ်ပြန်ခဲ့သည်။ ယင်းသီအိုရီတွင် သက်ရှိအားလုံးသည် ဆဲလ် တခု သို့ တခုထက်မနည်းဖြင့် ဖွဲ့စည်းထားသည်။ ဆဲလ်အားလုံးသည် မူလတည်ရှိသည့် ဆဲလ်များမှ ခွဲထွက်လာသည်။ ဆဲလ်အားလုံးတွင် မျိုးဗီဇများပါဝင်သည်ဟု ဖော်ပြထားသည်။ ဆဲလ်သည် သက်ရှိ ရုပ်စု အားလုံးတို့၏ ပုံပန်းသဏ္ဌာန် နှင့် လုပ်ဆောင်ချက်ရှိသော အငယ်ဆုံး သော အရာဖြစ်သည်။ ဆဲလ်သည် အငယ်ဆုံး သက်ရှိဖြစ်သောကြောင့် အသက်၏ အုတ်မြစ် ဟုလဲ ခေါ်ဆိုကြသည်။ ဘက်တီးရီးယား စသည့် အချိုသော သက်ရှိများမှာ ဆဲလ်တစ်ခုတည်းရှိသော သက်ရှိများ ဖြစ်ကြသည်။ လူ အပါအဝင် အခြား သက်ရှိတို့မှာ ဆဲလ်များစွာနှင့် ပေါင်းစုထားသော multicellular များဖြစ်ကြသည်။ လူတွင် ဆဲလ်ပေါင်း ၁၀၁၄ ပါရှိသည်ဟု တွက်ချက်ကြသည်။ ပုံမှန် ဆဲလ်တစ်ခု၏ အလေးချိန်မှာ ၁ နာနိူ ဂရမ်nanogram ရှိသည်။ အကြီးဆုံး ဆဲလ်မှာ မျိုးမပွားမှီ ငှက်ကုလားအုပ်၏ မျိုးဥ ဖြစ်သည်။ ဆဲသည် သက်ရှိရုပ်၏ အငယ်ဆုံးသော မူလအစိတ်အပိုင်း ဖြစ်သည်ဟု ဆိုရ၏။ အပင်နှင့် တိရစ္ဆာန်တို့တွင် ဆဲများရှိ၏။ အမီးဗား ကဲ့သို့သော တိရစ္ဆာန်နှင့် ဗက်တီးရီးယား ကဲ့သို့သော အပင်တို့တွင် ဆဲတစ်ခုတည်းသာလျှင် ရှိသည်။ အခြားအပင်နှင့် တိရစ္ဆာန်များတွင် ဆဲပေါင်းမြောက်မြားစွာ ဖွဲ့စည်းလျက်ရှိကြသည်။ လူတစ်ဦး၏ ခန္ဓာကိုယ်တွင် ဆဲလ် သန်းပေါင်းမြောက်မြားစွာရှိ၏။ ဆဲအများအပြားရှိသည့် တိရစ္ဆာန်နှင့်အပင်တို့တွင် ဆဲများသည် တစ်ရှုး (အသားမျှင်)ဖြစ်ရန် ပေါင်းစည်းလျက်ရှိကြသည်။ တစ်ဖန် တစ်ရှုးများသည် ဩဂင်(အင်္ဂါ)ဖြစ်ရန် ပေါင်းစည်းကြ ပြန်၏။ ဩဂင်ရှိ ဆဲများသည် တိရစ္ဆာန် သို့မဟုတ် အပင်၏ ခန္ဓာကိုယ်တွင် ကိစ္စအရပ်ရပ်ကို ဆောင်ရွက်ကြ၏။ ပမာအားဖြင့် အစာအိမ်ရှိဆဲများသည် အစားချေဖို့ ဆောင်ရွက်ကြရ၏။ သက်ရှိတို့၏ ဆဲအားလုံးသည် အစာနှင့် အောက်ဆီဂျင်ကို ယူ၍ အညစ်အကြေးကို ထုတ်ပစ်တတ်၏။ သက်ရှိပစ္စည်း၏ ဆဲတစ်ခုတွင် ဒြဗ်စင်အများအပြားနှင့် ဒြဗ်ပေါင်းအများအပြား ပါရှိသည်ကို သိကြ၏။ သို့ရာတွင် သန်းပေါင်းများစွာသော ထိုဒြဗ်ပေါင်းတို့၏ မော်လီကျူးများသည် မည်ကဲ့သို့ ဖွဲ့စည်း တည်ရှိကြပြီးလျှင် သက်ရှိပစ္စည်းများဖြစ်ကြသည်ကိုကား မသိကြရပေ။ ဆဲသည် အများအားဖြင့် ငယ်လွန်းသဖြင့် ရိုးရိုးမျက်စိဖြင့် မမြင်နိုင်ချေ။ ယင်းတို့ကို မိုက္ကရိုစကုပ်ဖြင့် ကြည့်ရပေသည်။ ပျမ်းမျှခြင်းအရ ဆဲကလေးပေါင်း ၄ဝဝဝ မျှကို ဘေးချင်းထိ၍ ထားလျှင် တစ်လက်မမျှသာ ရှိပေလိမ့်မည်။ အချို့ဆဲများသည် ထိုထက်ပင် ငယ်ကြသေး၏။ ပုံအမျိုးမျိုးလည်းရှိကြသည်။ အခြားဆဲများနှင့် ကင်းနေသည့်ဆဲများသည် အလုံးပုံသဏ္ဌာန်ရှိ ကြသည်။ အခြားဆဲများနှင့် သိပ်သည်းစွာရောနှောသော ဆဲများသည် ပြားလျက်ရှိကြသည်။ အခြေခံ သဘောတရား ဆဲလ်တိုင်းသည် အနည်းဆုံး မိမိဘာသာ ထိမ်းသိမ်းနိုင်စွမ်း (self-maintaing) နှင့် အလုံးစုံမှု (self-contained) ရှိကြသည်။ ဆဲလ်သည် အဟာရများကို စွမ်းအင် အဖြစ်ပြောင်းလဲနိုင်ပြီး လိုအပ်သော လုပ်ဆောင်ချက်များကို ပြီးမြောက်နိုင်သည်။ ဆဲလ်တိုင်းတွင် အောက်ပါဖော်ပြထားသော လုပ်ငန်းများ လုပ်ဆောင်နိုင်ကြသည်။ ဆဲလ်ကွဲခြင်း (cell division) ဖြင့် မျိုးပွားခြင်း အင်ဇိုင်း များ နှင့် ဒီအန်အေ ဂျန်း များမှ ထုတ်သော ပရိုတင်း များကို အသုံးပြုခြင်း ဇီဝဖြစ်စဉ် များ ရှိခြင်း အပူချိန်၊ ပီအိတ်ချ် စသည့် ပြောင်းလဲခြင်းများကို တုန်ပြန်နိုင်ခြင်း ဆဲလ်၏ အတွင်းပိုင်း ကို lipid bilayer ဖြင့် ဝန်းရံထားခြင်း ဆဲလ်၏ ရုပ်ပိုင်းဆိုင်ရာများ ဆဲလ်တွင် နျူးကလီးယ ရှိသော Eukaryotic နှင့် နျူးကလီးယ မရှိသော Prokaryotic ဆဲလ် ဟူ၍ နှစ်မျိုး ကွဲသည်။ Prokaryotic cells Prokaryote ဆဲလ်သည် eukaryote ဆဲလ်များထက် သေးငယ်ကြပြီး နျူးကလီးယ နှင့် အခြား အရာများလဲ မပါရှိကြပေ။ ဘက်တီးရီးယား နှင့် အာချီးယား ခေါ် ပုံသဏ္ဌာန်တူ Prokaryote နှစ်မျိုးရှိကြသည်။ အပင်နှင့် တိရစ္ဆာန်တို့တွင် ဆဲမျိုး အမြောက်အမြားရှိ၏။ ဆဲအများတွင်လည်း နျူးကလီးယပ်တစ်ခုရှိသည်။ ထိုနျူးကလီးယပ်ကပင်ဆဲကို အမှုဆောင်ရွက်ရန် ညွှန်ကြားပေး၏။ နျူးကလီးယပ်ထဲ၌ ခရိုမိုဆုမ်းခေါ် တုတ်ချောင်းပုံသဏ္ဌာန် ပစ္စည်းများ ရှိသည်။ ခရိုမိုဆုမ်းတို့သည် မျိုးကူးရာ၌ မျိုးဟောင်းဆဲမှ ဝိသေ သဂုဏ်များကို မျိုးသစ်ဆဲသို့ ဆောင်ကြဉ်းပေး၏။ ဝိသေသု ဂုဏ်များဟူသည်မှာ မျိုးဟောင်း၌ဖြစ်သောအရောင်အရွယ်၊ အဖြစ်သနစ်တို့ကို ဆိုသည်။ ဆဲတစ်ခုတည်းသာရှိသည့် သက်ရှိများပြန့်ပွားရာတွင် ရိုးရိုးနှစ်ခုကွဲသွားခြင်းမျှသာ ဖြစ်၏။ အထက်တန်းကျသည့် အပင်နှင့် တိရစ္ဆာန်တို့ မျိုးပွားရာတွင်မူကား၊ ဆဲတစ်ခုဖြစ်သော အိုဗမ် သို့မဟုတ် ဥနှင့် ဖိုဗီဇ သို့မဟုတ် စပမ်းတို့ စပ်ယှက်ခြင်းဖြင့် ပွားသွားသည်။ စပ်ယှက်ပြီး ဆဲသည် နျူးကလီးယပ်နှင့် ခရိုမိုဆုမ်း တို့နှင့်တကွ ဆဲနှစ်ခုအဖြစ်သို့ ကွဲသွားသည်။ ထို့နောက် ဆဲ ၄ ခု၊ ထို့နောက် ၁၆ ခုစသည်ဖြင့် ကွဲသွားသည်။ ယင်းသို့ အဆင့်ဆင့်ကွဲရာ၌ ဆဲတို့သည် မူလအရေ အတွက်၏ နှစ်ဆတိုးလာခြင်းမဟုတ်၊ မူလအရေအတွက်၏ နှစ်ထပ်ကိန်း တိုးလာခြင်းဖြစ်သည်။ အထက်တန်းကျသည့် သက်ရှိတို့၏ ဆဲများသည် အမျိုးမျိုးသောတာဝန်များကို ဆောင်ရွက်ကြ၏။ အပင်တွင် အချို့ဆဲများသည် အရွက်ကိုဖြစ်စေ၏။ အချို့သည် ပင်စည်ကိုဖြစ်စေ၏။ အချို့သည် ပန်းပွင့်ကို ဖြစ်စေ၏။ သားလောင်းတို့တွင်မူ၊ ဆဲများသည် ဆောင်ရွက်ရမည့်လုပ်ငန်းအလိုက် ပုံသဏ္ဌာန်အားဖြင့်၎င်း၊ ဓာတ်သဘောအားဖြင့်၎င်း၊ ကွဲလွဲကြပြီးလျှင် ဆိုင်ရာ နေရာ၌နေကြသည်။ ပမာအားဖြင့် အချို့ဆဲများသည် နာဗ်ကြောအဖြစ် ဖွဲ့စည်းလျက်ရှိကြ၏။ အချို့ဆဲများသည် အရိုးအဖြစ် ဖွဲ့စည်းလျက်ရှိကြ၏။ အချို့ဆဲများသည်သွေးဖြူဥကလေးများအဖြစ် ဖွဲ့စည်းလျက်ရှိကြ၏။ ခန္ဓာကိုယ်တွင် ဆဲတို့သည် ဖြစ်လိုက်ပျက် လိုက်နေကြ၏။ ဆဲဟောင်းတို့နေရာတွင် ဆဲသစ်များသည် ဝင်ရောက်အစားထိုးလျက်ရှိကြသည်။ ဆဲများကို ဆိုင်ရာတာဝန် ဆောင်ရွက်စေရန် မည်သည့်စွမ်းအားက စေ့ဆော်နေသည်ကို လူတို့မသိနိုင်စွမ်းပေ။ Eukaryotic cells .. ကိုးကား ကလာပ်စည်း ဇီဝဗေဒ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%AC%E1%80%95%E1%80%BA%E1%80%85%E1%80%8A%E1%80%BA%E1%80%B8
ဘက်တီးရီးယား
ဘက်တီးရီးယား() သည် အလွန်အမင်းသေးငယ်သည့် သက်ရှိများဖြစ်ပြီး အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည်။ ဗက်တီးရီးယားများသည် ကလာပ်စည်း တစ်ခုသာပါဝင်သည်။ ၎င်းတို့သည် ဧကကလာပ်စည်းသက်ရှိများ (unicellular organism) အနက် ကမ္ဘာပေါ်တွင် နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ နေထိုင်ကျက်စားခဲ့သည့် အရိုးစင်းဆုံးသော သက်ရှိများဖြစ်သည်။ ဗက်တီးရီးယား အများစုသည် ရေ သို့ မြေကြီးထဲတွင် နေထိုင်ကြသော်လည်း အတော်များများမှာ သက်ရှိများ၏ အရေပြား သို့ ခန္ဓာကိုယ်အတွင်း၌ နေထိုင်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်း၌ ဗက်တီးရီးယားများသည် လူကလာပ်စည်းထက် ၁၀ ဆများသည်။ ဗက်တီးရီးယားအချို့မှာ ရောဂါဖြစ်စေသော်လည်း အချို့မှာ လူသားများအစာချေရာတွင် သို့ ဒိန်ချဉ်၊ ဒိန်ခဲကဲ့သို့သော အစားအစာများ ပြုလုပ်ရာတွင် အကူအညီပေးသည်။ ဗက်တီးရီးများ ကလာပ်စည်းတခုမှ နှစ်ခုအဖြစ် ကွဲထွက်သည့် နည်းဖြင့် မျိုးပွားကြသည်။ ဤသို့သော မျိုးပွားနည်းအား လိင်မဲ့မျိုးပွားနည်း (Asexual reproduction) ဟုခေါ်သည်။ အသစ်ဖြစ်ပေါ်လာသော ကလာပ်စည်းများသည် မိဘကလာပ်စည်းများထက် အရွယ်အစားပိုငယ်သည်ကလွဲ၍ ပုံပန်းအားဖြင့်သော်လည်းကောင်း မျိုးဗီဇအားဖြင့်သော်လည်းကောင်း တထပ်တည်းဖြစ်သည်။ ဗက်တီးရီးယားများသည် ပုံပန်းအားဖြင့် အရွယ်အစားအားဖြင့် ကွဲပြားမှုရှိသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ၎င်းတို့သည် ဗိုင်းရပ်စ်ပိုးများထက် အနည်းဆုံး ၁၀ ဆ ကြီးမားကြသည်။ သာမန် ဗက်တီးရီးယားတခုသည် 1 µm (one micrometer ၁ မိုက်ခရိုမီတာ) ခန့်ရှိသည်။ ထို့ကြောင့် ဗက်တီးရီးယား ၁၀၀၀၀ တန်းစီမည်ဆိုပါက ၁ မီလီမီတာ ရှည်လျားသည်။ ဗက်တီးရီးယားများအား ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ပေါ်မူတည်၍ အမျိုးအစားခွဲခြားလေ့ရှိသည်။ တုတ်ချောင်းသဏ္ဌာန်အား bacilli၊ ဘောလုံးသဏ္ဌာန်အား cocci၊ ကြောင်လိမ်လှေကားသဏ္ဌာန်အား spirilla ဟု ပညာရှင်များက သတ်မှတ်ထားသည်။ Bacteria ဟာ Cell တစ်လုံးတည်းနဲ့ ဖွဲ့စည်းထားတဲ့ အဏုဇီဝ ဖြစ်ပါတယ်။ အရင်ခေတ်တွေတုန်းက Bacteria ကို အဏုကြည့်မှန်ပြောင်းနဲ့ လေ့လာရင် အသုံးပြုတဲ့ ဆိုးဆေးတွေအပေါ် Bacteria Cell Wall ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး အမျိုးအစားခွဲခြားကြတယ်။ Gram ဆိုးဆေးနဲ့ ဆေးစွဲရင် Gram Positive၊ဆေးမစွဲရင် Gram Negative စသည်ဖြင့် သတ်မှတ်ကြတယ်။ ယခုအခါမှာတော့ DNA ကို ခွဲခြမ်းစိတ်ဖြာနိုင် လာတာကြောင့် မျိုးဗီဇ (DNA) ဆင်တူမှုအပေါ်မှာ မူတည်ပြီး မျိုးခွဲခြားပါတယ်။ Bacteria အချို့ဟာ အပင်နဲ့ သတ္တဝါတွေအပေါ်မှာ ရောဂါဖြစ်ပွားစေနိုင် ကြပါတယ်။ တချို့ Bacteria တွေက အိမ်ရှင်သက်ရှိ ကိုယ်ထဲမှာ ကျူးကျော်ဝင်ရောက်ပြီး တိုက်ရိုက် ရောဂါဖြစ်စေနိုင်တယ်။ တချို့ကတော့ သူတို့က ထွက်တဲ့ အဆိပ် Protein တွေနဲ့ ဒုက္ခပေးကြတယ်။ တချို့ Bacteria တွေကတော့ သူတို့ CellWall ပေါ်က အဆီနဲ့ ဖယောင်းဒြပ်ပေါင်းတွေနဲ့ သတ္တဝါတွေရဲ့ ကိုယ်ခံအားစနစ်ကို နှိုးဆွဒုက္ခပေးကြတယ်။ အပင်တွေမှာဆိုရင်လည်း အစာကြောနဲ့ ရေကြောတွေထဲကို ကျူးကျော်တဲ့ Bacteria တွေကြောင့် အပင်သေစေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ကြပါတယ်။ Bacteria တွေက ရောဂါဖြစ်စေနိုင်သလို၊ ရောဂါဖြစ်စေတဲ့ Bacteria တွေကို ပြန်သတ်နိုင်တဲ့ ပဋိဇီဝ (Antibiotic) ဒြပ်ပေါင်းတွေကို လည်း ထုတ်လုပ်ပေးနိုင်ကြပြန်တယ်။ Bacteria တွေက လူ့ရောဂါတွေကို ကူညီကုသပေးဖို့ ပဋိဇီဝတွေ ထုတ်လုပ်တာတော့ မဟုတ်ပါဘူး။ Bacteria မျိုးနွယ်အချင်းချင်း အစာ အာဟာရနဲ့ သဘာဝ အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ကြရတဲ့အခါ၊ ပြိုင်ဖက် Bacteria မျိုးစိတ်ကို တိကျစွာ ထိခိုက်စေတဲ့ Antibiotics ဓာတုပစ္စည်းတွေ ထုတ်လွှတ်ကြပါတယ်။ ကျွန်ုပ်တို့ နင်းနေတဲ့ မြေကြီးထဲမှာ၊ နောက်ပြီး ရေထုထဲမှာ Bacteria များစွာဟာ Antibiotics တွေ ထုတ်လုပ်ယှဉ်ပြိုင်နေကြတာက နှစ်ပေါင်းသန်းနဲ့ချီလို့ ကြာမြင့်နေပါပြီ။ လူသားတွေက အဲဒီ့ Antibiotic တွေကို Bacteria ရောဂါတွေအတွက် ငှားယူသုံးစွဲနေခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ထဲ BacteriaBacteria တွေကို ကျွန်ုပ်တို့ အရေပြားနဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ တွေ့ရနိုင်တယ်။ သူတို့တွေက အိမ်ရှင်သက်ရှိကို ဒုက္ခမပေးတဲ့ ယှဉ်တွဲနေထိုင်သူတွေပါ။ အူလမ်းကြောင်းမှာ ရှိတဲ့ Bacteria တွေကတော့ ကျွန်ုပ်တို့အတွက် အကျိုးကျေးဇူးရှိသူတွေ ဖြစ်ကြတယ်။ အချို့သော Vitamin ဓာတ်တွေကို အူထဲက Bacteria တွေက ထုတ်လုပ်ပေးကြပြီး အဲဒီ့ Vitamin ကို ကျွန်ုပ်တို့ အများဆုံး ရတဲ့ အရင်းအမြစ် ဖြစ်နေပါတယ်။ အူထဲက Bacteria တွေကပဲ တခြား ရောဂါဖြစ်စေတဲ့ Bacteria တွေ မပေါက်ပွားအောင် ယှဉ်ပြိုင်လုယူထားပြီး ကျွန်ုပ်တို့ကို ဝမ်းရောဂါတွေကနေ ကာကွယ်ပေးပြန်တယ်။ နောက်ထပ် အံဩစရာကောင်းတာ တစ်ခုရှိပါသေးတယ်။ ကျွန်ုပ်တို့ အပင်နဲ့ သတ္တဝါ တွေပါဝင်တဲ့ Eukaryote Cell တွေမှာ Mitochondria ခေါ်တဲ့ Organelle (ဆဲလ်အင်္ဂါ) တွေ ရှိကြတယ်။ ခပ်လွယ်လွယ်ပြောရရင် ကျွန်ုပ်တို့ ရှုရှိုက်လိုက်တဲ့ Oxygen ကို Mitochondria အထဲမှာ အစာအာဟာရနဲ့ လောင်မြိုက်ပြီး ကျွန်ုပ်တို့ ရှင်သန်လှုပ်ရှားရန် စွမ်းအင်ကို ထုတ်ယူရတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကြွက်သား Cell တွေမှာဆိုရင် Mitochondria တွေ ကြွယ်ဝစွာ ပါရှိပါတယ်။ ထိုနည်းတူစွာ၊ အပင် Cell တွေမှာ Mitochondria အပြင် Chloroplastခေါ်တဲ့ ဆဲလ်အင်္ဂါတွေ ရှိကြသေးတယ်။ အပင်တွေမှာ ပါတဲ့ Chlorophyll (ကလိုရိုဖီးလ် – စိမ်းရောင်ခြယ်) ဆိုတာ အဲဒီ့ Chloroplast တွေအထဲမှာ ရှိတာပါ။ Chloroplast တွေက အလင်းရောင် စွမ်းအင်ကို Chlorophyllနဲ့ စုပ်ယူပြီးနောက် Cell အတွက် လိုအပ်တဲ့ဓာတုစွမ်းအင် အဖြစ် ရိတ်သိမ်းပေးကြတယ်။ ပြီးနောက်၊ အဲဒီ့စွမ်းအင်နဲ့ Glucose သကြားအဖြစ် အစာချက်လုပ်နိုင်ကြပါတယ်။ အမှန်တော့ အဲဒီ့ Mitochondria နဲ့ Chloroplast တွေဟာ ဆဲလ်အင်္ဂါ (Organelle) သက်သက်မဟုတ်ပါဘူး။ သူတို့ဟာ တစ်ချိန်တုန်းက လွတ်လပ်စွာ ရှင်သန်တဲ့ Bacteria တွေဆိုရင် အံ့ဩသွားမလား။ ဟုတ်ပါတယ်… Mitochondria တွေက Alpha-Proteobacteria မျိုးနွယ်ကနေ ဖြစ်လာတာပါ။ Chloroplastတွေကတော့ Cyanobacteria ကနေ ပြောင်းလဲလာခဲ့တာပါ။ သူတို့ဟာ Eukaryote Cell အထဲမှာ အတူတကွရှင်သန်သူတွေ အဖြစ် စတင်ခဲ့ကြတယ်။ အဲဒီ့နောက်မှာတော့၊ သူတို့ရဲ့ DNA မိတ္တူတွေကို Eukaryote တွေဆီမှာ အပိုသိမ်းဆည်းထားရင်း၊ သူတို့ရဲ့ ကိုယ်ပိုင် DNA တွေ ဆုံးရှုံးခွင့်ရသွားတယ်။ အကျိုးရလဒ်ကတော့ သူတို့တွေက အိမ်ရှင် Eukaryote တွေအထဲမှာသာ ရှင်သန်နိုင်တော့တဲ့ ဆဲလ်အင်္ဂါတွေအဖြစ် အဆင့်နိမ့်လျှောသွားခြင်းပါပဲ။ Eukaryote တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈ဝဝ ခန့်မှ ပေါ်ထွက်လာတာ ဖြစ်ပြီး၊ Bacteria တွေပေါ်ပေါက်နေတာက အနည်းဆုံး နှစ်သန်း ၃ဝဝဝကျော်ရှိပါပြီ။ Photosynthesis က လွန်ခဲ့တဲ့နှစ်သန်း ၂၅ဝဝကျော်တည်းကCyanobacteria တွေမှာ ပေါ်ပေါက်နှင့်ပြီး၊ အဲဒီ့က ထွက်တဲ့ Oxygen ကို ယူသုံးနိုင်တဲ့ Bacteria တွေလည်း မရှေးမနှောင်း ပေါ်ထွက်လာမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် အဲဒီ့ ဓာတုနည်းစနစ်တွေက Eukaryote တွေ မပေါ်ထွန်းမီ များစွာစောပြီး ပေါ်ထွက်နှင့်တာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့တွေ ထင်နေတာက အပင်တွေကအလင်းရောင်စွမ်းအင်နဲ့ အစာချက်လုပ်သူတွေပေါ့။ အမှန်တော့ Eukaryote တွေက ဘယ်တုန်းကမှ အစာချက်လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ Oxygen ကိုလည်း အမှန်တကယ် ရှူရှိုက်နိုင်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ရှေ့က Bacteria တွေကနေ လမ်းထွင်ပြီးသား ဓာတုစွမ်းရည်တွေကို ငှားရမ်းအသုံးချနိုင်ရုံ သက်သက်သာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အသက်ရှူတိုင်းမှာ ခန္ဓာကိုယ် Cell တိုင်းမှာ ရှိတဲ့ Mitochondria တွေကနေ စွမ်းအင်ထုတ်ပေးနေကြတယ်။ စိမ်းစိုလှတဲ့ သစ်တောအုပ်တစ်ခုထဲက Chloroplast ဘဝပြောင်း Bacteria ကိုဖယ်ထုတ်လိုက်ရင် ဘာစိမ်းစိုမှုမှ မရှိပါဘူး။ အစာထုတ်လုပ်နိုင်စွမ်းလည်း ရှိမှာ မဟုတ်ပါဘူး။ ဂေဟစနစ်ထဲက Bacteria Carbon သံသရာထဲက Bacteriaသက်ရှိတွေအတွက် Carbon ဟာ အရေးအကြီးဆုံး အာဟာရတွေထဲမှာ ပါဝင်တယ်။ ရေက ရေသံသရာ (Hydrocycle) လည်သလိုပဲ၊ Carbon ဟာလည်း ကမ္ဘာ့ ရေထု၊ လေထု၊ ရွှံ့အနည်အနှစ်များ၊ ကျောက်လွှာများနဲ့ သက်ရှိပစ္စည်းတွေထဲမှာ လှည့်ပတ်ပြောင်းလဲ နေပါတယ်။ Bacteria တွေက Carbon Cycle ရဲ့ အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။ သက်ရှိဒြပ်ပေါင်းတွေမှာ Carbon က ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သက်မဲ့ပတ်ဝန်းကျင်မှာဆိုရင် ရွှံ့အနည်အနှစ်တွေနဲ့ ကျောက်လွှာတွေမှာ Carbon ကြွယ်ဝပါတယ်။ လေထုထဲမှာလည်း Carbon Dioxide ရှိပါတယ်။ ဒါပေမယ့် သက်ရှိတိုင်းက အဲဒီ့ သက်မဲ့ Carbon ဒြပ်ပေါင်းတွေထဲက Carbon ကို ထုတ်နှုတ်ပြီး သက်ရှိဒြပ်ပေါင်းတွေ မတည်ဆောက်နိုင်ကြပါဘူး။ သူတို့တွေအတွက်တော့၊ သဘာဝအလျောက် ဖြစ်ထွန်းနေတဲ့ သက်ရှိဒြပ်ပေါင်းတွေကိုသာ မှီဝဲရတယ်။ သက်မဲ့ Carbon တွေကို သက်ရှိဒြပ်ပေါင်းမှာ တည်ဆောက်ယူနိုင်တာကို Carbon ဖမ်းယူခြင်း (Carbon Fixation) လို့ ခေါ်ပါတယ်။ စွမ်းအင်းအရင်းအမြစ် တစ်ခုခုနဲ့ Carbon Fixation တွေ ပြုလုပ်ပြီး၊ သက်ရှိဒြပ်ပေါင်းတွေ တည်ဆောက်တာကိုတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား အစာချက်လုပ်ခြင်းဖြစ်စဉ်လို့ ခေါ်တာပေါ့။ အဲဒီ့အထဲမှာမှ၊ အလင်းရောင်စွမ်းအင်ကိုသုံးရင် Photosynthesis လို့ခေါ်ပြီး၊ ဓာတ်သတ္တုတွေက ရတဲ့ ဓာတုစွမ်းအင်ကိုသုံးရင်တော့ Chemosynthesis လို့ခေါ်ပါတယ်။ တဖန် သက်ရှိတွေ သေဆုံးပျက်စီးတဲ့အခါ Methane နဲ့ Carbon Dioxide လို ရိုးရှင်းတဲ့ သက်မဲ့ Carbon ဒြပ်ပေါင်းတွေ ပြန်ဖြစ်သွားလေ့ရှိတယ်။ ဆိုလိုတာက သက်ရှိမှာ ဖမ်းယူထားသမျှ Carbon တွေက သဘာဝလောကတည်းကို ပြန်လည် လွတ်ထွက်သွားခြင်း ဖြစ်ပါတယ်။ ဒီအဆင့်မှာလည်း သက်ရှိဒြပ်ပေါင်းတွေကို တိုက်ရိုက်မှီဝဲတဲ့ Bacteria တွေက ပုပ်ဆွေးစေသူ (Decomposer) တွေ အဖြစ် ဆောင်ရွက်ပေးပါတယ်။ Carbon ကို သက်ရှိလောက ထဲ ဖမ်းယူပေးခြင်း နဲ့ သဘာဝလောကတည်းကိုပြန်လည်ထုတ်လွှတ်ပေးခြင်း အဆင့်နှစ်ဆင့်လုံးမှာ Bacteria တွေက ပါဝင်ဆောင်ရွက်နေပါတယ်။ Carbon သံသရာမှာ ပါဝင်သလို၊ Nitrogen သံသရာမှာလည်း Bacteria တွေက အရေးကြီးပါတယ်။ Nitrogen ဟာ လေထုမှာ ပမာဏအများဆုံး ဓာတ်ငွေ့ဖြစ်ပါလျက်၊ Bacteria က လွဲလို့ ဘယ်သက်ရှိကမှ မဖမ်းယူနိုင်ပါဘူး။ Bacteria တွေက Carbon ကို သကြား molecule အဖြစ် ဖမ်းယူသလိုပဲ၊ Nitrogen ကိုလည်း Ammonia အဖြစ် ဖမ်းယူနိုင်ကြပါတယ်။ အဲဒီ့ဖြစ်စဉ်ကို Nitrogen Fixation (Nitrogen ဖမ်းယူခြင်း) လို့ ခေါ်ပါတယ်။ Bacteria တွေက ထုတ်လွှတ်တဲ့Ammonia ကို အပင်တွေက တဆင့်စုပ်ယူရပါတယ်။ ပြီးတော့မှ Amino Acid လို Nitrogen ပါတဲ့ သက်ရှိဒြပ်ပေါင်းတွေ တည်ဆောက်နိုင်တာပါ။ သက်ရှိတွေ သေဆုံးပုပ်ဆွေးခြင်းဖြစ်စဉ် မှာလည်း Ammonia အဖြစ် ပြန်လည်ဖြိုခွဲခြင်းကို Bacteria တွေကသာဆောင်ရွက်ကြတာပါ။ Bacteria တွေကပဲ Ammonia ကို Nitrite နဲ့ Nitrate တွေအဖြစ် အဆင့်ဆင့် ဓာတ်တိုးပြီး Nitrogen ဓာတ်ငွေ့ကို ပြန်လည်ထုတ်လွှတ်ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Nitrogen သံသရာတစ်ခုလုံးရဲ့ အဝင်အထွက် စီးဆင်းမှုတွေကို Bacteria တွေက ထိန်းချုပ်ထားတာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ Bacteria တွေက လိင်မဲ့မျိုးပွားတဲ့ သက်ရှိတွေဖြစ်ကြတယ်။ Bacteria Cell တစ်ခုကြီးထွားလာပြီးရင် သူ့ရဲ့ DNA ကို ပုံတူ တစ်စုံကူးယူပြီးသွားရင်၊ Cell တစ်ခုက နှစ်ပိုင်းခွဲထွက်သွားပြီး DNA တစ်စုံစီ ပိုင်ဆိုင်တဲ့ Bacteria Cell အသစ်နှစ်ခုအဖြစ် မျိုးပွားကြပါတယ်။ ကိုးကား ဘက်တီးရီးယား နယ်ပယ်များ (ဇီဝဗေဒ)
https://my.wikipedia.org/wiki/%E1%80%98%E1%80%80%E1%80%BA%E1%80%90%E1%80%AE%E1%80%B8%E1%80%9B%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8
ဗိုင်းရပ်စ်
ဗိုင်းရပ်သည် အဏုကြည့်မှန်ပြောင်းနှင့်ပင် မြင်ရန်ခက်သော အလွန်သေးသော ကူးစက်ကိုယ်စားလှယ်ဖြစ်ပြီး သက်ရှိတို့၏ ကျန်းမာသောဆဲအတွင်း ဝင်နေကာ ပုံတူပွားသည်။ ဗိုင်းရပ်သည် သက်ရှိအားလုံးကို ကူးနိုင်ပြီး အပင်နှင့် သတ္တဝါများသာမက အဏုဇီဝကောင်ဖြစ်သည့် ဘတ္တြီးယားနှင့် ဆဲတလုံးကောင်တို့ကိုပါ ကူးသည်။ ၁၈၉၂ ခုတွင် ဒမီထြီအိုင်ဗန္နော့စကီး၏ ဆောင်းပါးတွင် ဆေးရွက်ကြီးပင်များကို ဘတ္တြီးယားမဟုတ်သော ဇီဝပြဿနာကောင်တမျိုးက ကူးစက်နိုင်ကြောင်း ဖော်ပြထားသည်။ နောက် ၁၈၉၈ ခုတွင် မာတီးနက်ဘိုင်ဂျာရင့်က ဆေးရွက်ပက်ကြားအက်ဗိုင်းရပ်ကို ရှာတွေ့သည်။ ပတ်ဝန်းကျင်၌တွေ့ရသော ဗိုင်းရပ် သန်းပေါင်းများစွာအနက်မှ ဗိုင်းရပ် ၉၀၀၀ ထောင်ကျော်ကို အသေးစိတ်သိရှိထားပြီးဖြစ်၏။ ကမ္ဘာကြီး၏ဂေဟစနစ်အားလုံးတွင် ဗိုင်းရပ်များရှိပြီး မျိုးကွဲအများဆုံးသောဇီဝအုပ်စုတည်း။ ကူးပြီးသော် အိမ်ရှင်ဆဲကို ဝင်လာသောဗိုင်းရပ်၏မိတ္တူများ ထောင်နှင့်ချီ၍ထုတ်အောင် တွန်းအားပေးတော့သည်။ ဆဲအတွင်းမရောက်ခင်၌၎င်း၊ ဆဲထဲဝင်၍ကူးရန်ကြိုးပမ်းနေချိန်၌၎င်း၊ သီးခြားနေနေသေးသော ဗိုင်ရီယွန် (virion) တွင် အဓိကအားဖြင့် ၂ မျိုးပါသည်။ တမျိုးမှာ ဗိုင်းရပ်အား မည်သို့ပြုမူရမည်ကို ပရိုတင်းဖွဲ့စည်းပုံအနေဖြင့် အသိထည့်ပေးလိုက်သော ဒီအန်အေ (DNA) သို့မဟုတ် အာရန္နေ (RNA) မော်လီကျူးရှည်ကြီးဖြစ်သည်။ ကျန်တခုကား ၎င်းကိုကာပေးထားသော ကပ္ပဆစ် (capsid) ခေါ် ပရိုတင်းအခွံ။ တချို့သော ဗိုင်ရီယွန်တို့တွင် လစ်ပစ်အိတ် (envelope of lipids) ပါ ပါတတ်သည်။ ဗိုင်းရပ်တို့၏ကိုယ်မှာလည်း ပုံသဏ္ဌာန်အမျိုးမျိုးပင်။ ရိုးရိုးစင်းစင်း ကြောင်လိမ်ပုံ၊ ထောင့်နှစ်ဆယ်အံစာပုံတို့မှသည် အတော်ရှုပ်ထွေးသောပုံများအထိ ရှိသည်။ ဗိုင်းရပ်တို့မှာ အလွန်သေးရကာ မှန်ဘီလူးသုံးအဏုကြည့်မှန်ပြောင်းနှင့်ဆိုလျှင်မြင်ခဲသည်။ ဘတ္တြီးယားအများစု၏အရွယ်ထက် အဆတရာလောက် ငယ်သောကြောင့်တည်း။ သက်ရှိများဆင့်ကဲဖြစ်လာပုံ၌ ဗိုင်းရပ်တို့အစကို ရှင်းမပြနိုင်။ ဆဲအတွင်း ရွေ့နေသော ပလက်စမစ် (plasmid) ခေါ်သော ဒီအန်အေပြတ်စမှ ဖြစ်နိုင်သလို ဘတ္တြီးယားမှ ဆင်းသက်သည်လည်း ထင်ရ၏။ ဆင့်ကဲပြောင်းလဲခြင်း၌ ဗိုင်းရပ်တို့သည် ဘေးတိုက်ဗီဇပေးနည်း (horizontal gene transfer) ၏ အဓိကဇာတ်ဆောင်ဖြစ်သည်။ ဤနည်းမှာ မိတ်လိုက်မျိုးပွားနည်းထက် ဗီဇပြောင်းမှု ပိုများသည်။ ဗိုင်းရပ်ကို အချို့သောဇီဝဗေဒပညာရှင်တို့က သက်ရှိဟုပင် တွက်သည်။ ယူပုံကား ဗီဇကိုသယ်သည်၊ မျိုးပွားသည်၊ သဘာဝကိုယှဉ်၍ ပြောင်းလဲသည်၊ သို့ကြောင့် သက်ရှိပင် ဟူ၏။ ၎င်းတို့ လပ်သည်မှာ ဘဝ၏အဓိကပစ္စည်းဖြစ်သော ဆဲဖွဲ့စည်းပုံ မရှိ။ ထိုသို့ ရှိသည်လည်းရှိ မရှိသည်လည်းလပ်သောကြောင့် ၎င်းတို့ကို ဘဝကမ်းပါးစွန်မှသက်ရှိများဟုလည်းကောင်း ကိုယ့်ကိုယ်ကိုယ်သာပွားကိုးရာများဟုလည်းကောင်း တင်စားကြသည်။ ဗိုင်းရပ်များသည် နည်းအမျိုးမျိုးဖြင့် ပျံ့နိုင်သည်။ ၎င်းတို့အနက် တနည်းမှာ ပိုးသယ်ကောင်ခေါ်သော ရောဂါကိုယူသည့် သက်ရှိများဖြစ်သည်။ ဥပမာပေးရလျှင် အပင်မှအပင်သို့ ဗိုင်းရပ်ကူးချင်ပါက ပင်တွင်းရေကို သောက်သော ပျားမှ ကူးသည်။ တိရစ္ဆာန်ချင်းဆိုပါက သွေးစုပ်သော ဆစ်များကောင်တို့မှ သွားသည်။ အဖျားနှင့် ပတ်သက်သော ဗိုင်းရပ်တို့မှာ နှာချေ ချောင်းဆိုးမှ ပျံ့သည်။ သေစေနိုင်သော ဝမ်းလျှောဝမ်းပျက်ရောဂါကို ဖြစ်စေသည့် နိုရိုဗိုင်းရပ်နှင့် ရိုတဗိုင်းရပ်တို့မှာ (ပေသောလက်ဖြင့် အစာ သို့ ရေကိုကိုင်ကာ ပါးစပ်ထဲထည့်ခြင်း စသော ဝမ်းထဲရောက်စေသော နည်းများဖြင့်) အစာဝင်အစာထွက်လမ်းကြောင်းမှ ဖြတ်သည်။ လူ၌ ရောဂါဖြစ်စေရန် နိုရိုဗိုင်းရပ်က လိုသောပမာဏသည် အကောင် ၁၀၀ အောက် နည်းသည်။ လူ့ကိုယ်ခံအားကျဗိုင်းရပ်မှာ ရောဂါရှိသောသွေးက အခြားသူအတွင်းသို့ရောက်လျှင် ကူးတော့သည်။ ဗိုင်းရပ်ကူးနိုင်သော အိမ်ရှင်ဆဲအမျိုးအစားတို့ကို လက်ခံအကျယ်အဝန်းဟု ခေါ်သည်။ အဆိုပါလက်ခံအကျယ်အဝန်း ကျဉ်းလျှင် ဗိုင်းရပ်သည် အခြားမျိုးစိတ်အနည်းငယ်ကိုသာ ကူးနိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။ ကျယ်လျှင်မူ အခြားမျိုးစိတ် အများအပြားကို ကူးနိုင်ပေမည်။ တိရစ္ဆာန်တို့၌ ဗိုင်းရပ်ဝင်လာမှုကို ခုခံအားစနစ်ဖြင့် နှိမ်နင်းလေ့ရှိသည်။ ကာကွယ်ဆေးထိုးကာ ခုခံအားစနစ်ကို ဖန်တီးထားနိုင်သည်။ ဗိုင်းရပ်တမျိုးမျိုးဝင်မှုကို ဖန်တီးထားသောခုခံအားစနစ်ဖြင့် တားဆီးလိုက်ခြင်းဖြစ်သည်။ ခုခံအားကျရောဂါ (အေပိုး)၊ တဏှာကြွက်နို့ရောဂါနှင့် အသည်းခြောက်ရောဂါ (ဘီပိုး စီပိုး) ရစေသော ဗိုင်းရပ်တို့မှ ခုခံအားစနစ်ကို ကျော်သွားနိုင်စွမ်းရှိပြီး ကျော်နိုင်ပြီးသည်နှင့် ရောဂါသည်းတော့သည်။ ဗိုင်းရပ်စ် (လက်တင်ဘာသာ virus မှ ဆင်းသက်လာပြီး အဆိပ်ဟု အဓိပ္ပာယ်ရသည်။) သည် ကူးစက်ရောဂါ ဖြစ်ပွားစေသော သာမန်မျက်လုံးဖြင့် မမြင်နိုင်သည့် ပိုးမွှားများဖြစ်သည်။ ၎င်းတို့သည် ကပ်ပါးကောင်များဖြစ်ပြီး လက်ခံကလာပ်စည်း (host cell) ပြင်ပတွင် မျိုးပွားခြင်း၊ ရှင်သန်ခြင်း မပြုနိုင်ပေ။ ၁၈၉၈ ခုနှစ်တွင် Martinus Beijerinckက ပထမဦးဆုံးသော ဗိုင်းရပ်စ်ပိုး tobacco mosaic virus ကိုတွေ့ရှိခဲ့သည်။ ယနေ့အထိ ဗိုင်းရပ်စ်အမျိုးပေါင်း ၅၀၀၀ ကျော်ကို တွေ့ရှိထားပြီးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးမွှားအကြောင်း လေ့လာသည့် ပညာရပ်အား ရောဂါပိုးမွှားဗေဒ (Virology) ဟုခေါ်ကာ အဏုဇီဝဗေဒ (microbiology) ၏ ဘာသာခွဲတစ်ရပ်ဖြစ်သည်။ ကျမ်းကိုး ရောဂါပိုးမွှားဗေဒ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%95%E1%80%BA%E1%80%85%E1%80%BA
နတ်ပင့်ဂါထာ
နတ်ပင့်ဂါထာကို ပရိတ်တရားတော် မရွတ်ဖတ်မီ အချိန်တွင် ရွတ်ဆိုလေ့ ရှိကြသည်။ ပရိတ်တရားတော် ကြားနာရန် နတ်များကို ပင့်ဖိတ်ခြင်း ဖြစ်သည်။ နတ်ပင့် သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။ သမန္တာ = ရှေ့နောက်ဝဲယာ ဒိသာရပ်ခွင် ဤစကြဝဠာ ပတ်ဝန်းကျင်၌။ စက္ကဝါဠေသု = စကြဝဠာပေါင်း တိုက်တသောင်းတို့၌။ ဝသန္တာ = ကိုယ်စီကိုယ်င နေထိုင်ကြကုန်သော။ ဒေဝတာ = တန်ခိုးကြီးမား နတ်ဗြဟ္မာအများ တို့သည်။ အတြ = ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသသို့။ အာဂစ္ဆန္တု = ညီညာဖြဖြ လာရောက်ကြပါ ကုန်လော။ မုနိရာဇဿ = မုနိထွတ်တင် ဘုရားရှင်၏။ သဂ္ဂမောက္ခဒံ = နတ်ပြည်နိဗ္ဗာန် ကျိုးနှစ်တန်ကို ဧကန်ပိုင်ပိုင် ပေးစွမ်းနိုင်သော။ သဒ္ဓမ္မံ = ဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်ကို ကာကွယ်ပေးတတ် ပရိတ်တရားတော်မြတ်ကို။ သုဏန္တု = အာရုံတပါး စိတ်မသွားဘဲ လေးစားကြည်ဖြူ နာယူလှည့်ကြပါကုန်လော။ သမန္တာ = ဤစကြဝဠာခွင် ပတ်ဝန်းကျင်မှ၊ စက္ကဝါဠေသု = စကြဝဠာပေါင်း တိုက်တစ်သောင်းတို့၌၊ ဒေဝတာ = သမ္မာဒေဝ နတ်ဗြဟ္မာအပေါင်းတို့သည်၊ အတြ = မဟာပဋ္ဌာန်း ပရိတ်တရားတော်ကို ရွတ်ဖတ် ပူဇော်ရာ ဤဌာနသို့၊ အာဂစ္ဆန္တု = တရားတော်နာ ကြွရောက်တော်မူကြပါကုန်လော့၊ မုနိရာဇဿ = မုနိတို့ ဘုရင် ရှင်တော်မြတ်ဘုရား၏၊ သဂ္ဂမောက္ခဒံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်အကျိုးကို ပေးစွမ်းနိုင်သော၊ သဒ္ဓမ္မံ = သူတော်ကောင်းဓာတ် တရားမြတ်ဖြစ်သော မဟာပဋ္ဌာန်းပရိတ်တရားတော်ကို၊ သုဏန္တု = ရိုသေသဒ္ဓါ ကြည် လင်စွာဖြင့် နာယူတော်မူကြပါကုန်လော့။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။ (၃-ခေါက်) ဘဒ္ဒန္တာ = အို နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့၊ အယံ = ကြည်သာရွင်ပျ ဤအခါကာလသည်ကား၊ ဓမ္မဿဝနကာလော = မဟာပဋ္ဌာန်းတရားတော်ကို နာကြားရန် အချိန်ကောင်း အခါကောင်း ဖြစ်ပါသတည်း။ သမန္တာ- ဤစကြဝဠာ အစဖြာ၍ ဒိသာလေးရပ် တစ်ပြေးစပ့်လျက် ဆက်ကပ်ဖက်ယှဉ် ထက်ဝန်းကျင်မှ ။ စက္ကဝါဠေသု- တံတိုင်းချင်းစပ် ဝိုင်းရံပတ်၍ ချင်းကပ်ဆက်ဆိုက် စကြဝဠာတိုက်တို့၌။ ဝသန္တာ- ဘုန်းကံ အလျောက် ထွန်းပေါ်ပေါက်သည့် ရွှန်းအရောင်လျှံ ဘုံဗိမာန်၌ ပျော်စံစိုးပိုင် နေထိုင်ကြကုန်သော။ ဒေဝတာ- အာကာသဋ္ဌ, ဘုမ္မဋ္ဌနှင့် ရုက္ခဋ္ဌ တစ်ဖြာ သက္ကာအာဒိ ဗြဟ္မာထိအောင် များဘိသောင်းသောင်း နတ်, ဗြဟ္မာအပေါင်း တို့သည်။ မုနိရာဇဿ- သုံးလောကမှန်ကင်းရဟန်းမင်းစစ်ဖြစ်တော်မူသော မြတ်စွာဘုရား၏။ သဂ္ဂမောက္ခဒံ- နတ်ရွာ, နိဗ္ဗာန် မြိုက်သုခံကို ဧကန်မနှေး ပေးတော်မူတတ်သော။ သဒ္ဓမ္မံ- ရှင်တော်နုတ်ထွက် ဓမ္မစက်ခေါ် ချီးမွမ်းအပ် သော တရားတော်ကို။ သောတုံ- သဒ္ဓမ္မဿဝဏ အတိ ဒုလ္လဘကို ကြုံရခိုက်တွင် နှစ်ခြိုက်ရွှင်စွာ နာကြားအံ့သောငှာ။ အတြ- ရှင်တော်မြတ်ဖျားဟော ကြားထုတ်ဖော် သုတ္တန်ဒေသနာတော်ကို ညီညာဖျဖျ ရွတ်ဆိုကြရန် ရည်သန်သမှု စည်းဝေးပြုလတ် အကျွန်ုပ်တို့ ပရိတ်ရွတ်ရာ ဤအရပ်သို့။ အာဂစ္ဆန္တု- ဆင့်ကာ, ဆင့်ကာ ဖင့်မကြာဘဲ သင့်ရာစုဆုံ ကြွရောက်တော်မူကုန်ကြပါ ကုန်လော။ သုဏန္တု- ပီတိဖရဏာ ရွှန်းအိဖြာလျက် ကြည်သာညွတ်နူး အထူးယုံကြည်စွာ မှတ်သားနာကြားကြပါကုန်လော။ ဘဒ္ဒန္တာ- စကြဝဠာအပေါင်း တိုက်တစ်သောင်း၌ ပျော်အောင်နေငြား အို- နတ်ဗြဟ္မာအများတို့။ အယံ ကာလော- ကျင့်ဝတ်ဖြူစင် သူတော် စင်တို့ ရွှင်ကြည်စုဝေး သံပြိုင်ကြွေး၍ ငြိမ်းအေးညီညာ ရွတ်ဆိုကြသည့် ဤအခါသည်ကား။ ဓမ္မဿဝန ကာလော- မုနိပုင်္ဂဝ မြတ်ဇိန၏ ဓမ္မသိင်္ဂီ တရားဆီကို ရွှင်ကြည်သာအိမ့် ထောင်နားစိမ့်၍ ပီတိသိမ့်ဖြာ နာကြားရမည့် အခါပေတည်း။ သမန္တာ– စကြဝဠာ ဤကစ၍ တည်ကာ ဒိသာလေးရပ် တစ်ပြေးစပ်လျက် မှေးကပ်ဖက်ယှဉ် ထက်ဝန်းကျင်မှ။ စက္ကဝါဠေသု- တံတိုင်းချင်းစပ် ဝိုင်းရံပတ်၍ ချဉ်းကပ်ဆက်ဆက် တစ်သောင်းသော စကြဝဠာတိုက်တို့၌။ ဝသန္တာ- ဖိတ်ဖိတ်လျှံဟုန် ဗိမာန်ဘုံနှင့် မိဿံရွေစုံ နေကြကုန်သော။ ဒေဝတာ- အာကာသဋ္ဌ, ဘုမ္မဋ္ဌနှင့် သက္ကအာဒိ ဗြဟ္မာထိအောင် များလှသောင်းသောင်း နတ်အပေါင်းတို့သည်။ မုနိရာဇဿ– သံသရာဘေး ကင်းလွတ်အေးဖို့ တွေးမှန်လာခ သာဝကတို့၏ အာသဘဓမ္မရာဇ် ရဟန်းမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏။ သဂ္ဂမောဂ္ဂဒံ- လူရွာနတ်တိုက် ဗြဟ္မာဆိုက်အောင် အမြိုက်သုဒ္ဓ ဟူသမျှ တို့ကို ဝေငှတော်မူတတ်သေ။ သဒ္ဓမ္မံ– မှန်မယွင်းလတ်, သစ္စာနှင့်စပ်သဖြင့် ကောင်းမြတ်သော ( ) တရားတော်ကို။ သောတုံ- ဒုလ္လဘထဲ ကြုံရခဲတွင် ကြုံဆဲကြုံရာ ကြုံတွေ့ ရပေ၏ဟု သောမနသ်စိတ်သွင်း နာကြားခြင်းငှာ။ အတြ- အကျွန်ုပ်တို့ ယခုစည်းဝေးပြုကြသည့် ဗိုလ်ထုပရိသတ် ဤအရပ်သို့။ အာဂစ္ဆန္တု- ဆင့်ကာဆင့်ကာ ဖင့်မကြာပဲ သင့်ရာစုဆုံ လာကြပါကုန်လော့။ သုဏန္တု- ဖရဏာလျှမ်းမောက် လက်ပန်း ပေါက်ဖြင့် ဝမ်းမြောက်ကြည်ယုံ နာကြပါကုန်လော့။ ဘဒ္ဒန္တာ- စကြဝဠာ ရိုက်ညောင်း တိုက်တစ်သောင်း၌ ဆိုက်အောင်းပျော်ပါး အို နတ်အများတို့။ အယံ ကာလော- အများပရိသတ် သူတော်မြတ်တို့ ဆည်းကပ်စုဝေး သံပြိုင်ကြွေး၍ ငြိမ်းအေးညီညာ ရွတ်ဆိုကြမည့် ဤအခါသည်ကား။ ဓမ္မဿဝနကာလော- အနုတ္တရ သမ္ဗုဒ္ဓတို့၏ ထုတ်ပြမိန့်ချီ ဗျာဒိတ်ဆီကို သိင်္ဂီထားလှိမ့် ထောင်နားစိမ့်၍ နှစ်သိမ့်ကြည်သာ ကြားနားရမည့် အခါပေတည်း။ အမှာ။ ( ) ဤလက်သည်းကွင်းအတွင်း၌ ရွတ်ဆိုပူဇော်မည့် တရားတော်ကို ထည့်သွင်းဆိုပါ။ ဥပမာ-(ဓမ္မစကြာ) တရားတော်ကို သို့မဟုတ် (မင်္ဂလသုတ်ပရိတ်) တရားတော်ကို။ နတ်ပို့ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ '''ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာဂတာ။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%94%E1%80%90%E1%80%BA%E1%80%95%E1%80%84%E1%80%B7%E1%80%BA%E1%80%82%E1%80%AB%E1%80%91%E1%80%AC
မြန်မာသင်ပုန်းကြီး
က ခ ဂ ဃ င စ ဆ ဇ ဈ ည ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ဝ သ ဟ ဠ အ အ အာ ဣ ဤ ဥ ဦ ဧ အဲ ဩ ဩော် အံ အား သင်ရိုးသရတွဲပုံ က ကာ ကိ ကီး ကု ကူး ကေး ကဲ့ ကော့ ကော် ကံ့ ကား။ ခ ခါ ခိ ခီး ခု ခူး ခေး ခဲ့ ခေါ့ ခေါ် ခံ့ ခါး။ ဂ ဂါ ဂိ ဂီး ဂု ဂူး ဂေး ဂဲ့ ဂေါ့ ဂေါ် ဂံ့ ဂါး။ ဃ ဃာ ဃိ ဃီး ဃု ဃူး ဃေး ဃဲ့ ဃော့ ဃော် ဃံ့ ဃား။ င ငါ ငိ ငီး ငု ငူး ငေး ငဲ့ ငေါ့ ငေါ် ငံ့ ငါး။ စ စာ စိ စီး စု စူး စေး စဲ့ စော့ စော် စံ့ စား။ ဆ ဆာ ဆိ ဆီး ဆု ဆူး ဆေး ဆဲ့ ဆော့ ဆော် ဆံ့ ဆား။ ဇ ဇာ ဇိ ဇီး ဇု ဇူး ဇေး ဇဲ့ ဇော့ ဇော် ဇံ့ ဇား။ ဈ ဈာ ဈိ ဈီး ဈု ဈူး ဈေး ဈဲ့ ဈော့ ဈော် ဈံ့ ဈား။ ည ညာ ညိ ညီး ညု ညူး ညေး ညဲ့ ညော့ ညော် ညံ့ ညား။ ဋ ဋာ ဋိ ဋီး ဋု ဋူး ဋေး ဋဲ့ ဋော့ ဋော် ဋံ့ ဋား။ ဌ ဌာ ဌိ ဌီး ဌု ဌူး ဌေး ဌဲ့ ဌော့ ဌော် ဌံ့ ငှား။ ဍ ဍာ ဍိ ဍီး ဍု ဍူး ဍေး ဍဲ့ ဍော့ ဍော် ဍံ့ ဍား။ ဎ ဎာ ဎိ ဎီး ဎု ဎူး ဎေး ဎဲ့ ဎော့ ဎော် ဎံ့ ဎား။ ဏ ဏာ ဏိ ဏီး ဏု ဏူး ဏေး ဏဲ့ ဏော့ ဏော် ဏံ့ ဏား။ တ တာ တိ တီး တု တူး တေး တဲ့ တော့ တော် တံ့ တား။ ထ ထာ ထိ ထီး ထု ထူး ထေး ထဲ့ ထော့ ထော် ထံ့ ထား။ ဒ ဒါ ဒိ ဒီး ဒု ဒူး ဒေး ဒဲ့ ဒေါ့ ဒေါ် ဒံ့ ဒါး။ ဓ ဓာ ဓိ ဓီး ဓု ဓူး ဓေး ဓဲ့ ဓော့ ဓော် ဓံ့ ဓား။ န နာ နိ နီး နု နူး နေး နဲ့ နော့ နော် နံ့ နား။ ပ ပါ ပိ ပီး ပု ပူး ပေး ပဲ့ ပေါ့ ပေါ် ပံ့ ပါး။ ဖ ဖာ ဖိ ဖီး ဖု ဖူး ဖေး ဖဲ့ ဖော့ ဖော် ဖံ့ ဖား။ ဗ ဗာ ဗိ ဗီး ဗု ဗူး ဗေး ဗဲ့ ဗော့ ဗော် ဗံ့ ဗား။ ဘ ဘာ ဘိ ဘီး ဘု ဘူး ဘေး ဘဲ့ ဘော့ ဘော် ဘံ့ ဘား။ မ မာ မိ မီး မု မူး မေး မဲ့ မော့ မော် မံ့ မား။ ယ ယာ ယိ ယီး ယု ယူး ယေး ယဲ့ ယော့ ယော် ယံ့ ယား။ ရ ရာ ရိ ရီး ရု ရူး ရေး ရဲ့ ရော့ ရော် ရံ့ ရား။ လ လာ လိ လီး လု လူး လေး လဲ့ လော့ လော် လံ့ လား။ ဝ ဝါ ဝိ ဝီး ဝု ဝူး ဝေး ဝဲ့ ဝေါ့ ဝေါ် ဝံ့ ဝါး။ သ သာ သိ သီး သု သူး သေး သဲ့ သော့ သော် သံ့ သား။ ဟ ဟာ ဟိ ဟီး ဟု ဟူး ဟေး ဟဲ့ ဟော့ ဟော် ဟံ့ ဟား။ ဠ ဠာ ဠိ ဠီး ဠု ဠူး ဠေး ဠဲ့ ဠော့ ဠော် ဠံ့ ဠား။ အ အာ အိ အီး အု အူး အေး အဲ့ အော့ အော် အံ့ အား။ သင်ရိုးသရနှင့်တွဲသော ယပင်းပုံ ကျ ကျာ ကျိ ကျီး ကျု ကျူး ကျေး ကျဲ့ ကျော့ ကျော် ကျံ့ ကျား။ ချ ချာ ချိ ချီး ချု ချူး ချေး ချဲ့ ချော့ ချော် ချံ့ ချား။ ဂျ ဂျာ ဂျိ ဂျီး ဂျု ဂျူး ဂျေး ဂျဲ့ ဂျော့ ဂျော် ဂျံ့ ဂျား။ ပျ ပျာ ပျိ ပျီး ပျု ပျူး ပျေး ပျဲ့ ပျော့ ပျော် ပျံ့ ပျား။ ဖျ ဖျာ ဖျိ ဖျီး ဖျု ဖျူး ဖျေး ဖျဲ့ ဖျော့ ဖျော် ဖျံ့ ဖျား။ ဗျ ဗျာ ဗျိ ဗျီး ဗျု ဗျူး ဗျေး ဗျဲ့ ဗျော့ ဗျော် ဗျံ့ ဗျား။ ဘျ ဘျာ ဘျိ ဘျီး ဘျု ဘျူး ဘျေး ဘျဲ့ ဘျော့ ဘျော် ဘျံ့ ဘျား။ မျ မျာ မျိ မျီး မျု မျူး မျေး မျံ့ မျော့ မျော် မျံ့ များ။ လျ လျာ လျိ လျီး လျု လျူး လျေး လျဲ့ လျော့ လျော် လျံ့ လျား။ သင်ရိုးရရစ်နှင့် သရတွဲပုံ ကြ ကြာ ကြိ ကြီး ကြု ကြူး ကြေး ကြဲ့ ကြော့ ကြော် ကြံ့ ကြား။ ခြ ခြာ ခြိ ခြီး ခြု ခြူး ခြေး ခြဲ့ ခြော့ ခြော် ခြံ့ ခြား။ ဂြ ဂြာ ဂြိ ဂြီး ဂြု ဂြူး ဂြေး ဂြဲ့ ဂြော့ ဂြော် ဂြံ့ ဂြား။ ငြ ငြာ ငြိ ငြီး ငြု ငြူး ငြေး ငြဲ့ ငြော့ ငြော် ငြံ့ ငြား။ ပြ ပြာ ပြိ ပြီး ပြု ပြူး ပြေး ပြဲ့ ပြော့ ပြော် ပြံ့ ပြား။ ဖြ ဖြာ ဖြိ ဖြီး ဖြု ဖြူး ဖြေး ဖြဲ့ ဖြော့ ဖြော် ဖြံ့ ဖြား။ ဗြ ဗြာ ဗြိ ဗြီး ဗြု ဗြူး ဗြေး ဗြဲ့ ဗြော့ ဗြော် ဗြံ့ ဗြား။ ဘြ ဘြာ ဘြိ ဘြီး ဘြု ဘြူး ဘြေး ဘြဲ့ ဘြော့ ဘြော် ဘြံ့ ဘြား။ မြ မြာ မြိ မြီး မြု မြူး မြေး မြံ့ မြော့ မြော် မြံ့ မြား။ သင်ရိုးဟထိုးနှင့် သရတွဲပုံ ငှ ငှါ ငှိ ငှီး ငှု ငှူး ငှေး ငှဲ့ ငှေါ့ ငှေါ် ငှံ့ ငှား။ ညှ ညှာ ညှိ ညှီး ညှု ညှူး ညှေး ညှဲ့ ညှော့ ညှော် ညှဲ့ ညှား။ ဏှ ဏှာ ဏှိ ဏှီး ဏှု ဏှူး ဏှေး ဏှဲ့ ဏှော့ ဏှော် ဏှံ့ ဏှား။ နှ နှာ နှိ နှီး နှု နှူး နှေး နှဲ့ နှော့ နှော် နှံ့ နှား။ မှ မှာ မှိ မှီး မှု မှူး မှေး မှဲ့ မှော့ မှော် မှံ့ မှား။ ယှ ယှာ ယှိ ယှီး ယှု ယှူး ယှေး ယှဲ့ ယှော့ ယှော် ယှံ့ ယှား။ ရှ ရှာ ရှိ ရှီး ရှု ရှူး ရှေး ရှဲ့ ရှော့ ရှော် ရှံ့ ရှား။ လှ လှာ လှိ လှီး လှု လှုူး လှေး လှဲ့ လှော့ လှော် လှံ့ လှား။ ဝှ ဝှါ ဝှိ ဝှီး ဝှု ဝှူး ဝှေး ဝှဲ့ ဝှေါ့ ဝှေါ် ဝှံ့ ဝှါး။ သင်ရိုးယပင်းဟထိုးနှင့်သရတွဲပုံ မျှ မျှာ မျှိ မျှီး မျှု မျှူး မျှေး မျှဲ့ မျှော့ မျှော် မျှံ့ မျှား။ လျှ လျှာ လျှိ လျှီး လျှု လျှူး လျှေး လျှဲ့ လျှော့ လျှော် လျှံ့ လျှား။ သင်ရိုးရရစ်ဟထိုးနှင့်သရတွဲဝပုံ ငြှ ငြှာ ငြှိ ငြှီး ငြှု ငြှူး ငြှေး ငြှဲ့ ငြှော့ ငြှော် ငြှံ့ မြှ မြှာ မြှိ မြှီး မြှု မြှူး မြှေး မြှဲ့ မြှော့ မြှော် မြှံ့ မြှား။ ဝဆွဲပုံ ကွ ကွာ ကွိ ကွီး ကွေး ကွဲ့ ကွံ့ ကွား။ ခွ ခွါ ခွိ ခွီး ခွေး ခွဲ့ ခွံ့ ခွါး။ ဂွ ဂွါ ဂွိ ဂွီး ဂွေး ဂွဲ့ ဂွံ့ ဂွါး။ ဃွ ဃွာ ဃွိ ဃွီး ဃွေး ဃွဲ့ ဃွံ့ ဃွား။ ငွ ငွါ ငွိ ငွီး ငွေး ငွဲ့ ငွံ့ ငွါး။ စွ စွာ စွိ စွီး စွေး စွဲ့ စွံ့ စွား။ ဆွ ဆွာ ဆွိ ဆွီး ဆွေး ဆွဲ့ ဆွံ့ ဆွား။ ဇွ ဇွာ ဇွိ ဇွီး ဇွေး ဇွဲ့ ဇွံ့ ဇွား။ ဈွ ဈွာ ဈွိ ဈွီး ဈွေး ဈွဲ့ စွံ့ ဈွား။ ညွ ညွာ ညွိ ညွီး ညွေး ညွဲ့ ညွံ့ ညွား။ ဋွ ဋွာ ဋွိ ဋွီး ဋွေး ဋွဲ့ ဋွံ့ ဋွား။ ဌွ ဌွာ ဌွိ ဌွီး ဌွေး ဌွဲ့ ဌွံ့ ဌွား။ ဍွ ဍွာ ဍွိ ဍွီး ဍွေး ဍွဲ့ ဍွံ့ ဍွား။ ဎွ ဎွာ ဎွိ ဎွီး ဎွေး ဎွဲ့ ဎွံ့ ဎွား။ ဏွ ဏွာ ဏွိ ဏွီး ဏွေး ဏွဲ့ ဏွဲ့ ဏွား။ တွ တွာ တွိ တွီး တွေး တွဲ့ တွံ့ တွား။ ထွ ထွာ ထွိ ထွီး ထွေး ထွဲ့ ထွံ့ ထွား။ ဒွ ဒွါ ဒွိ ဒွီး ဒွေး ဒွဲ့ ဒွံ့ ဒွါး။ ဓွ ဓွာ ဓွိ ဓွီး ဓွေး ဓွဲ့ ဓွံ့ ဓွါး။ နွ နွာ နွိ နွီး နွေး နွဲ့ နွံ့ နွား။ ပွ ပွာ ပွိ ပွီး ပွေး ပွဲ့ ပွံ့ ပွား။ ဖွ ဖွာ ဖွိ ဖွီး ဖွေး ဖွဲ့ ဖွံ့ ဖွား။ ဗွ ဗွာ ဗွိ ဗွီး ဗွေး ဗွဲ့ ဗွံ့ ဗွား။ ဘွ ဘွာ ဘွိ ဘွီး ဘွေး ဘွဲ့ ဘွံ့ ဘွား။ မွ မွာ မွိ မွီး မွေး မွဲ့ မွံ့ မွား။ ယွ ယွာ ယွိ ယွီး ယွေး ယွဲ့ ယွံ့ ယွား။ ရွ ရွာ ရွိ ရွီး ရွေး ရွဲ့ ရွံ့ ရွား။ လွ လွာ လွိ လွီး လွေး လွဲ့ လွံ့ လွား။ သွ သွာ သွိ သွီး သွေး သွဲ့ သွံ့ သွား။ ဟွ ဟွာ ဟွိ ဟွီး ဟွေး ဟွဲ့ ဟွံ့ ဟွား။ ဠွ ဠွာ ဠွိ ဠွီး ဠွေး ဠွဲ့ ဠွံ့ ဠွား။ အွ အွာ အွိ အွီး အွေး အွဲ့ အွံ့ အွား။ သင်ရိုးယပင်းဝဆွဲနှင့်သရတွဲပုံ ကျွ ကျွာ ကျွိ ကျွီး ကျွေး ကျွဲ့ ကျွံ့ ကျွား။ ချွ ချွာ ချွိ ချွီး ချွေး ချွဲ့ ချွံ့ ချွား။ ဂျွ ဂျွာ ဂျွိ ဂျွီး ဂျွေး ဂျွဲ့ ဂျွံ့ ဂျွား။ ပျွ ပျွာ ပျွိ ပျွီး ပျွေး ပျွဲ့ ပျွံ့ ပျွား။ ဖျွ ဖျွာ ဖျွိ ဖျွီး ဖျွေး ဖျွဲ့ ဖျွံ့ ဖျွား။ ဗျွ ဗျွာ ဗျွိ ဗျွီး ဗျွေး ဗျွဲ့ ဗျွံ့ ဗျွား။ မျွ မျွာ မျွိ မျွီး မျွေး မျွဲ့ မျွံ့ မျွား။ လျွ လျွာ လျွိ လျွီး လျွေး လျွဲ့ လျွံ့ လွား။ သင်ရိုးရရစ်ဝဆွဲနှင့်သရတွဲပုံ ကြွ ကြွာ ကြွိ ကြွီး ကြွေး ကြွဲ့ ကြွံ့ ကြွား။ ခြွ ခြွာ ခြွိ ခြွီး ခြွေး ခြွဲ့ ခြွံ့ ခြွား။ ဂြွ ဂြွာ ဂြွိ ဂြွီး ဂြွေး ဂြွဲ့ ဂြွံ့ ဂြွား။ ပြွ ပြွာ ပြွိ ပြွီး ပြွေး ပြွဲ့ ပြွံ့ ပြွား။ ဖြွ ဖြွာ ဖြွိ ဖြွီး ဖြွေး ဖြွဲ့ ဖြွံ့ ဖြွား။ ဗြွ ဗြွာ ဗြွိ ဗြွီး ဗြွေး ဗြွဲ့ ဗြွံ့ ဗြွား။ မြွ မြွာ မြွိ မြွီး မြွေး မြွံ့ မြွံ့ မြွား။ သင်ရိုးဟထိုးဝဆွဲနှင့်သရတွဲပုံ ငွှ ငွာ ငွှိ ငွှီး ငွှေး ငွှဲ့ ငွှံ့ ငွှား။ ညွှ ညွှာ ညွှိ ညွှီး ညွှေး ညွှဲ့ ညွှံ့ ညွှား။ ဏွှ ဏွှာ ဏွှိ ဏွှီး ဏွှေး ဏွှဲ့ ဏွှံ့ ဏွှား။ နွှ နွှာ နွှိ နွှီး နွှေး နွှဲ့ နွှံ့ နွှား။ မွှ မွှာ မွှိ မွှီး မွှေး မွှဲ့ မွှံ့ မွှား။ ယွှ ယွှာ ယွှိ ယွှီး ယွှေး ယွှဲ့ ယွှံ့ ယွှား။ ရွှ ရွှာ ရွှိ ရွှီး ရွှေး ရွှဲ့ ရွှံ့ ရွှား။ လွှ လွှာ လွှိ လွှီး လွှေး လွှဲ့ လွှံ့ လွှား။ သင်ရိုးသရရှိသောဗျည်းကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ကက် ကင်း ကစ် ကည်း ကတ် ကန်း ကပ် ကမ်း ကယ့် ကောဝ်။ ခက် ခင်း ခစ် ခည်း ခတ် ခန်း ခပ် ခမ်း ခယ့် ခေါဝ်။ ဂက် ဂင်း ဂစ် ဂည်း ဂတ် ဂန်း ဂပ် ဂမ်း ဂယ့် ဂေါဝ်။ ဃက် ဃင်း ဃစ် ဃည်း ဃတ် ဃန်း ဃပ် ဃမ်း ဃယ့် ဃောဝ်။ ငက် ငင်း ငစ် ငည်း ငတ် ငန်း ငပ် ငမ်း ငယ့် ငေါဝ်။ စက် စင်း စစ် စည်း စတ် စန်း စပ် စမ်း စယ့် စေါဝ်။ ဆက် ဆင်း ဆစ် ဆည်း ဆတ် ဆန်း ဆပ် ဆမ်း ဆယ့် ဆောဝ်။ ဇက် ဇင်း ဇစ် ဇည်း ဇတ် ဇန်း ဇပ် ဇမ်း ဇယ့် ဇောဝ်။ ဈက် ဈင်း ဈစ် ဈည်း ဈတ် ဈန်း ဈပ် ဈမ်း ဈယ့် ဈောဝ်။ ညက် ညင်း ညစ် ညည်း ညတ် ညန်း ညပ် ညမ်း ညယ့် ညောဝ်။ ဋက် ဋင်း ဋစ် ဋည်း ဋတ် ဋန်း ဋပ် ဋမ်း ဋယ့် ဋောဝ်။ ဌက် ဌင်း ဌစ် ဌည်း ဌတ် ဌန်း ဌပ် ဌမ်း ဌယ့် ဌောဝ်။ ဍက် ဍင်း ဍစ် ဍည်း ဍတ် ဍန်း ဍပ် ဍမ်း ဍယ့် ဍောဝ်။ ဎက် ဎင်း ဎစ် ဎည်း ဎတ် ဎန်း ဎပ် ဎမ်း ဎယ့် ဎောဝ်။ ဏက် ဏင်း ဏစ် ဏည်း ဏတ် ဏန်း ဏပ် ဏမ်း ဏယ့် ဏောဝ်။ တက် တင်း တစ် တည်း တတ် တန်း တပ် တမ်း တယ့် တောဝ်။ ထက် ထင်း ထစ် ထည်း ထတ် ထန်း ထပ် ထမ်း ထယ့် ထောဝ်။ ဒက် ဒင်း ဒစ် ဒည်း ဒတ် ဒန်း ဒပ် ဒမ်း ဒယ့် ဒေါဝ်။ ဓက် ဓင်း ဓစ် ဓည်း ဓတ် ဓန်း ဓပ် ဓမ်း ဓယ့် ဓောဝ်။ နက် နင်း နစ် နည်း နတ် နန်း နပ် နမ်း နယ့် နောဝ်။ ပက် ပင်း ပစ် ပည်း ပတ် ပန်း ပပ် ပမ်း ပယ့် ပေါဝ်။ ဖက် ဖင်း ဖစ် ဖည်း ဖတ် ဖန်း ဖပ် ဖမ်း ဖယ့် ဖောဝ်။ ဗက် ဗင်း ဗစ် ဗည်း ဗတ် ဗန်း ဗပ် ဗမ်း ဗယ့် ဗောဝ်။ ဘက် ဘင်း ဘစ် ဘည်း ဘတ် ဘန်း ဘပ် ဘမ်း ဘယ့် ဘောဝ်။ မက် မင်း မစ် မည်း မတ် မန်း မပ် မမ်း မယ့် မောဝ်။ ယက် ယင်း ယစ် ယည်း ယတ် ယန်း ယပ် ယမ်း ယယ့် ယောဝ်။ ရက် ရင်း ရစ် ရည်း ရတ် ရန်း ရပ် ရမ်း ရယ့် ရောဝ်။ လက် လင်း လစ် လည်း လတ် လန်း လပ် လမ်း လယ့် လောဝ်။ ဝက် ဝင်း ဝစ် ဝည်း ဝတ် ဝန်း ဝပ် ဝမ်း ဝယ့် ဝေါဝ်။ သက် သင်း သစ် သည်း သတ် သန်း သပ် သမ်း သယ့် သောဝ်။ ဟက် ဟင်း ဟစ် ဟည်း ဟတ် ဟန်း ဟပ် ဟမ်း ဟယ့် ဟောဝ်။ ဠက် ဠင်း ဠစ် ဠည်း ဠတ် ဠန်း ဠပ် ဠမ်း ဠယ့် ဠောဝ်။ အက် အင်း အစ် အည်း အတ် အန်း အပ် အမ်း အယ့် အောဝ်။ သင်ရိုးဗျည်းနှင့်ယပင်းကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ကျက် ကျင်း ကျစ် ကျည်း ကျတ် ကျန်း ကျပ် ကျမ်း ကျယ့် ကျောဝ်။ ချက် ချင်း ချစ် ချည်း ချတ် ချန်း ချပ် ချမ်း ချယ့် ချောဝ်။ ဂျက် ဂျင်း ဂျစ် ဂျည်း ဂျတ် ဂျန်း ဂျပ် ဂျမ်း ဂျယ့် ဂျောဝ်။ ပျက် ပျင်း ပျစ် ပျည်း ပျတ် ပျန်း ပျပ် ပျမ်း ပျယ့် ပျောဝ်။ ဖျက် ဖျင်း ဖျစ် ဖျည်း ဖျတ် ဖျန်း ဖျပ် ဖျမ်း ဖျယ့် ဖျောဝ်။ ဗျက် ဗျင်း ဗျစ် ဗျည်း ဗျတ် ဗျန်း ဗျပ် ဗျမ်း ဗျယ့် ဗျောဝ်။ ဘျက် ဘျင်း ဘျစ် ဘျည်း ဘျတ် ဘျန်း ဘျပ် ဘျမ်း ဘျယ့် ဘျောဝ်။ မျက် မျင်း မျစ် မျည်း မျတ် မျန်း မျပ် မျမ်း မျယ့် မျောဝ်။ လျက် လျင်း လျစ် လျည်း လျတ် လျန်း လျပ် လျမ်း လျယ့် လျောဝ်။ သင်ရိုးသရရှိသောဗျည်းကိုရရစ်၍သရကင်းသောဗျည်းကသတ်ပုံ ကြက် ကြင်း ကြစ် ကြည်း ကြတ် ကြန်း ကြပ် ကြမ်း ကြယ့် ကြောဝ်။ ခြက် ခြင်း ခြစ် ခြည်း ခြတ် ခြန်း ခြပ် ခြမ်း ခြယ့် ခြောဝ်။ ဂြက် ဂြင်း ဂြစ် ဂြည်း ဂြတ် ဂြန်း ဂြပ် ဂြမ်း ဂြယ့် ဂြောဝ်။ ငြက် ငြင်း ငြစ် ငြည်း ငြတ် ငြန်း ငြပ် ငြမ်း ငြယ့် ငြောဝ်။ ပြက် ပြင်း ပြစ် ပြည်း ပြတ် ပြန်း ပြပ် ပြမ်း ပြယ့် ပြောဝ်။ ဖြက် ဖြင်း ဖြစ် ဖြည်း ဖြတ် ဖြန်း ဖြပ် ဖြမ်း ဖြယ့် ဖြောဝ်။ ဗြက် ဗြင်း ဗြစ် ဗြည်း ဗြတ် ဗြန်း ဗြပ် ဗြမ်း ဗြယ့် ဗြောဝ်။ မြက် မြင်း မြစ် မြည်း မြတ် မြန်း မြပ် မြမ်း မြယ့် မြောဝ်။ သင်ရိုးသရရှိသောဟထိုးနှင့်ဗျည်းကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ငှက် ငှင်း ငှစ် ငှည်း ငှတ် ငှန်း ငှပ် ငှမ်း ငှယ့် ငှေါဝ်။ ညှက် ညှင်း ညှစ် ညှည်း ညှတ် ညှန်း ညှပ် ညှမ်း ညှယ့် ညှောဝ်။ ဏှက် ဏှင်း ဏှစ် ဏှည်း ဏှတ် ဏှန်း ဏှပ် ဏှမ်း ဏှယ့် ဏှောဝ်။ နှက် နှင်း နှစ် နှည်း နှတ် နှန်း နှပ် နှမ်း နှယ့် နှောဝ်။ မှက် မှင်း မှစ် မှည်း မှတ် မှန်း မှပ် မှမ်း မှယ့် မှောဝ်။ ယှက် ယှင်း ယှစ် ယှည်း ယှတ် ယှန်း ယှပ် ယှမ်း ယှယ့် ယှောဝ်။ ရှက် ရှင်း ရှစ် ရှည်း ရှတ် ရှန်း ရှပ် ရှမ်း ရှယ့် ရှောဝ်။ လှက် လှင်း လှစ် လှည်း လှတ် လှန်း လှပ် လှမ်း လှယ့် လှောဝ်။ ဝှက် ဝှင်း ဝှစ် ဝှည်း ဝှတ် ဝှန်း ဝှပ် ဝှမ်း ဝှယ့် ဝှေါဝ်။ ဠှက် ဠှင်း ဠှစ် ဠှည်း ဠှတ် ဠှန်း ဠှပ် ဠှမ်း ဠှယ့် ဠှောဝ်။ သင်ရိုးသရရှိသောယပင်းဟထိုးကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ မျှက် မျှင်း မျှစ် မျှည်း မျှတ် မျှန်း မျှပ် မျှမ်း မျှယ့် မျှောဝ်။ လျှက် လျှင်း လျှစ် လျှည်း လျှတ် လျှန်း လျှပ် လျှမ်း လျှယ့် လျှောဝ်။ သင်ရှိးရရစ်ဟထိုးသတ်ပုံ ငြှက် ငြှင်း ငြှစ် ငြှည်း ငြှတ် ငြှန်း ငြှပ် ငြှမ်း ငြှယ့် ငြောဝ်။ မြှက် မြှင်း မြှစ် မြှည်း မြှတ် မြှန်း မြှပ် မြှမ်း မြှယ့် မြှောဝ်။ သင်ရိုးသရရှိသောဗျည်းနှင့်ဝဆွဲကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ကွက် ကွင်း ကွစ် ကွည်း ကွတ် ကွန်း ကွပ် ကွမ်း ကွယ့်။ ခွက် ခွင်း ခွစ် ခွည်း ခွတ် ခွန်း ခွပ် ခွမ်း ခွယ့်။ ဂွက် ဂွင်း ဂွစ် ဂွည်း ဂွတ် ဂွန်း ဂွပ် ဂွမ်း ဂွယ့်။ ဃွက် ဃွင်း ဃွစ် ဃွည်း ဃွတ် ဃွန်း ဃွပ် ဃွမ်း ဃွယ့်။ ငွက် ငွင်း ငွစ် ငွည်း ငွတ် ငွန်း ငွပ် ငွမ်း ငွယ့်။ စွက် စွင်း စွစ် စွည်း စွတ် စွန်း စွပ် စွမ်း စွယ့်။ ဆွက် ဆွင်း ဆွစ် ဆွည်း ဆွတ် ဆွန်း ဆွပ် ဆွမ်း ဆွယ့်။ ဇွက် ဇွင်း ဇွစ် ဇွည်း ဇွတ် ဇွန်း ဇွပ် ဇွမ်း ဇွယ့်။ ဈွက် ဈွင်း ဈွစ် ဈွည်း ဈွတ် ဈွန်း ဈွပ် ဈွမ်း ဈွယ့်။ ညွက် ညွင်း ညွစ် ညွည်း ညွတ် ညွန်း ညွပ် ညွမ်း ညွယ့်။ ဋွက် ဋွင်း ဋွစ် ဋွည်း ဋွတ် ဋွန်း ဋွပ် ဋွမ်း ဋွယ့်။ ဌွက် ဌွင်း ဌွစ် ဌွည်း ဌွတ် ဌွန်း ဌွပ် ဌွမ်း ဌွယ့်။ ဍွက် ဍွင်း ဍွစ် ဍွည်း ဍွတ် ဍွန်း ဍွပ် ဍွမ်း ဍွယ့်။ ဎွက် ဎွင်း ဎွစ် ဎွည်း ဎွတ် ဎွန်း ဎွပ် ဎွမ်း ဎွယ့်။ ဏွက် ဏွင်း ဏွစ် ဏွည်း ဏွတ် ဏွန်း ဏွပ် ဏွမ်း ဏွယ့်။ တွက် တွင်း တွစ် တွည်း တွတ် တွန်း တွပ် တွမ်း တွယ့်။ ထွက် ထွင်း ထွစ် ထွည်း ထွတ် ထွန်း ထွပ် ထွမ်း ထွယ့်။ ဒွက် ဒွင်း ဒွစ် ဒွည်း ဒွတ် ဒွန်း ဒွပ် ဒွမ်း ဒွယ့်။ ဓွက် ဓွင်း ဓွစ် ဓွည်း ဓွတ် ဓွန်း ဓွပ် ဓွမ်း ဓွယ့်။ နွက် နွင်း နွစ် နွည်း နွတ် နွန်း နွပ် နွမ်း နွယ့်။ ပွက် ပွင်း ပွစ် ပွည်း ပွတ် ပွန်း ပွပ် ပွမ်း ပွယ့်။ ဖွက် ဖွင်း ဖွစ် ဖွည်း ဖွတ် ဖွန်း ဖွပ် ဖွမ်း ဖွယ့်။ ဗွက် ဗွင်း ဗွစ် ဗွည်း ဗွတ် ဗွန်း ဗွပ် ဗွမ်း ဗွယ့်။ ဘွက် ဘွင်း ဘွစ် ဘွည်း ဘွတ် ဘွန်း ဘွပ် ဘွမ်း ဘွယ့်။ မွက် မွင်း မွစ် မွည်း မွတ် မွန်း မွပ် မွမ်း မွယ့်။ ယွက် ယွင်း ယွစ် ယွည်း ယွတ် ယွန်း ယွပ် ယွမ်း ယွယ့်။ ရွက် ရွင်း ရွစ် ရွည်း ရွတ် ရွန်း ရွပ် ရွမ်း ရွယ့်။ လွက် လွင်း လွစ် လွည်း လွတ် လွန်း လွပ် လွမ်း လွယ့်။ သွက် သွင်း သွစ် သွည်း သွတ် သွန်း သွပ် သွမ်း သွယ့်။ ဟွက် ဟွင်း ဟွစ် ဟွည်း ဟွတ် ဟွန်း ဟွပ် ဟွမ်း ဟွယ့်။ ဠွက် ဠွင်း ဠွစ် ဠွည်း ဠွတ် ဠွန်း ဠွပ် ဠွမ်း ဠွယ့်။ အွက် အွင်း အွစ် အွည်း အွတ် အွန်း အွပ် အွမ်း အွယ့်။ သင်ရိုးသရရှိသောဗျည်းတွင်ယပင်းဝဆွဲနှင့်သရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ကျွက် ကျွင်း ကျွစ် ကျွည်း ကျွတ် ကျွန်း ကျွပ် ကျွမ်း ကျွယ့်။ ချွက် ချွင်း ချွစ် ချွည်း ချွတ် ချွန်း ချွပ် ချွမ်း ချွယ့်။ ဂျွက် ဂျွင်း ဂျွစ် ဂျွည်း ဂျွတ် ဂျွန်း ဂျွပ် ဂျွမ်း ဂျွယ့်။ ပျွက် ပျွင်း ပျွစ် ပျွည်း ပျွတ် ပျွန်း ပျွပ် ပျွမ်း ပျွယ့်။ ဖျွက် ဖျွင်း ဖျွစ် ဖျွည်း ဖျွတ် ဖျွန်း ဖျွပ် ဖျွမ်း ဖျွယ့်။ ဗျွက် ဗျွင်း ဗျွစ် ဗျွည်း ဗျွတ် ဗျွန်း ဗျွပ် ဗျွမ်း ဗျွယ့်။ မျွက် မျွင်း မျွစ် မျွည်း မျွတ် မျွန်း မျွပ် မျွမ်း မျွယ့်။ လျွက် လျွင်း လျွစ် လျွည်း လျွတ် လျွန်း လျွပ် လျွမ်း လျွယ့်။ သင်ရိုးသရရှိသောဗျည်းတွင်ရရစ်ဝဆွဲကိုသရကင်းသောဗျည်းကသတ်ပုံ ကြွက် ကြွင်း ကြွစ် ကြွည်း ကြွတ် ကြွန်း ကြွပ် ကြွမ်း ကြွယ့်။ ခြွက် ခြွင်း ခြွစ် ခြွည်း ခြွတ် ခြွန်း ခြွပ် ခြွမ်း ခြွယ့်။ ဂြွက် ဂြွင်း ဂြွစ် ဂြွည်း ဂြွတ် ဂြွန်း ဂြွပ် ဂြွမ်း ဂြွယ့်။ ပြွက် ပြွင်း ပြွစ် ပြွည်း ပြွတ် ပြွန်း ပြွပ် ပြွမ်း ပြွယ့်။ ဖြွက် ဖြွင်း ဖြွစ် ဖြွည်း ဖြွတ် ဖြွန်း ဖြွပ် ဖြွမ်း ဖြွယ့်။ ဗြွက် ဗြွင်း ဗြွစ် ဗြွည်း ဗြွတ် ဗြွန်း ဗြွပ် ဗြွမ်း ဗြွယ့်။ မြွက် မြွင်း မြွစ် မြွည်း မြွတ် မြွန်း မြွပ် မြွမ်း မြွယ့်။ သင်ရိုးသရရှိသောဗျည်းနှင့်ဟထိုးဝဆွဲကိုသရကင်းသောဗျည်းကသတ်ပုံ ငွှက် ငွှင်း ငွှစ် ငွှည်း ငွှတ် ငွှန်း ငွှပ် ငွှမ်း ငွှယ့်။ ညွှက် ညွှင်း ညွှစ် ညွှည်း ညွှတ် ညွှန်း ညွှပ် ညွှမ်း ညွှယ့်။ ဏွက် ဏွှင်း ဏွွှစ် ဏွှည်း ဏွှတ် ဏွှန်း ဏွှပ် ဏွှမ်း ဏွှယ့်။ နွှက် နွှင်း နွှစ် နွှည်း နွှတ် နွှန်း နွှပ် နွှမ်း နွှယ့်။ မွှက် မွှင်း မွှစ် မွှည်း မွှတ် မွှန်း မွှပ် မွှမ်း မွှယ့်။ ယွှက် ယွှင်း ယွှစ် ယွှည်း ယွှတ် ယွှန်း ယွှပ် ယွှမ်း ယွှယ့်။ ရွှက် ရွှင်း ရွှစ် ရွှည်း ရွှတ် ရွှန်း ရွှပ် ရွှမ်း ရွှယ့်။ လွှက် လွှင်း လွှစ် လွှည်း လွှတ် လွှန်း လွှပ် လွှမ်း လွှယ့်။ သင်ရိုးသရရှိသောဗျည်းကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ကိတ် ကိန်း ကိပ် ကိမ်း ကုတ် ကုန်း ကုပ် ကုမ်း ကောက် ကောင်း ကိုက် ကိုင်း။ ခိတ် ခိန်း ခိပ် ခိမ်း ခုတ် ခုန်း ခုပ် ခုမ်း ခေါက် ခေါင်း ခိုက် ခိုင်း။ ဂိတ် ဂိန်း ဂိပ် ဂိမ်း ဂုတ် ဂုန်း ဂုပ် ဂုမ်း ဂေါက် ဂေါင်း ဂိုက် ဂိုင်း။ ဃိတ် ဃိန်း ဃိပ် ဃိမ်း ဃုတ် ဃုန်း ဃုပ် ဃုမ်း ဃောက် ဃောင်း ဃိုက် ဃိုင်း။ ငိတ် ငိန်း ငိပ် ငိမ်း ငုတ် ငုန်း ငုပ် ငုမ်း ငေါက် ငေါင်း ငိုက် ငိုင်း။ စိတ် စိန်း စိပ် စိမ်း စုတ် စုန်း စုပ် စုမ်း စောက် စောင်း စိုက် စိုင်း။ ဆိတ် ဆိန်း ဆိပ် ဆိမ်း ဆုတ် ဆုန်း ဆုပ် ဆုမ်း ဆောက် ဆောင်း ဆိုက် ဆိုင်း။ ဇိတ် ဇိန်း ဇိပ် ဇိမ်း ဇုတ် ဇုန်း ဇုပ် ဇုမ်း ဇောက် ဇောင်း ဇိုက် ဇိုင်း။ ဈိတ် ဈိန်း ဈိပ် ဈိမ်း ဈုတ် ဈုန်း ဈုပ် ဈုမ်း ဈောက် ဈောင်း ဈိုက် ဈိုင်း။ ညိတ် ညိန်း ညိပ် ညိမ်း ညုတ် ညုန်း ညုပ် ညုမ်း ညောက် ညောင်း ညိုက် ညိုင်း။ ဋိတ် ဋိန်း ဋိပ် ဋိမ်း ဋုတ် ဋုန်း ဋုပ် ဋုမ်း ဋောက် ဋောင်း ဋိုက် ဋိုင်း။ ဌိတ် ဌိ်န်း ဌိပ် ဌိမ်း ဌုတ် ဌုန်း ဌုပ် ဌုမ်း ဌောက် ဌောင်း ဌိုက် ဌိုင်း။ ဍိတ် ဍိန်း ဍိပ် ဍိမ်း ဍုတ် ဍုန်း ဍုပ် ဍုမ်း ဍောက် ဍောင်း ဍိုက် ဍိုင်း။ ဎိတ် ဎိန်း ဎိပ် ဎိမ်း ဎုတ် ဎုန်း ဎုပ် ဎုမ်း ဎောက် ဎောင်း ဎိုက် ဎိုင်း။ ဏိတ် ဏိန်း ဏိပ် ဏိမ်း ဏုတ် ဏုန်း ဏုပ် ဏုမ်း ဏောက် ဏောင်း ဏိုက် ဏိုင်း။ တိတ် တိန်း တိပ် တိမ်း တုတ် တုန်း တုပ် တုမ်း တောက် တောင်း တိုက် တိုင်း။ ထိတ် ထိန်း ထိပ် ထိမ်း ထုတ် ထုန်း ထုပ် ထုမ်း ထောက် ထောင်း ထိုက် ထိုင်း။ ဒိတ် ဒိန်း ဒိပ် ဒိမ်း ဒုတ် ဒုန်း ဒုပ် ဒုမ်း ဒေါက် ဒေါင်း ဒိုက် ဒိုင်း။ ဓိတ် ဓိန်း ဓိပ် ဓိမ်း ဓုတ် ဓုန်း ဓုပ် ဓုမ်း ဓောက် ဓောင်း ဓိုက် ဓိုင်း။ နိတ် နိန်း နိပ် နိမ်း နုတ် နုန်း နုပ် နုမ်း နောက် နောင်း နိုက် နိုင်း။ ပိတ် ပိန်း ပိပ် ပိမ်း ပုတ် ပုန်း ပုပ် ပုမ်း ပေါက် ပေါင်း ပိုက် ပိုင်း။ ဖိတ် ဖိန်း ဖိပ် ဖိမ်း ဖုတ် ဖုန်း ဖုပ် ဖုမ်း ဖောက် ဖောင်း ဖိုက် ဖိုင်း။ ဗိတ် ဗိန်း ဗိပ် ဗိမ်း ဗုတ် ဗုန်း ဗုပ် ဗုမ်း ဗောက် ဗောင်း ဗိုက် ဗိုင်း။ ဘိတ် ဘိန်း ဘိပ် ဘိမ်း ဘုတ် ဘုန်း ဘုပ် ဘုမ်း ဘောက် ဘောင်း ဘိုက် ဘိုင်း။ မိတ် မိန်း မိပ် မိမ်း မုတ် မုန်း မုပ် မုမ်း မောက် မောင်း မိုက် မိုင်း။ ယိတ် ယိန်း ယိပ် ယိမ်း ယုတ် ယုန်း ယုပ် ယုမ်း ယောက် ယောင်း ယိုက် ယိုင်း။ ရိတ် ရိန်း ရိပ် ရိမ်း ရုတ် ရုန်း ရုပ် ရုမ်း ရောက် ရောင်း ရိုက် ရိုင်း။ လိတ် လိန်း လိပ် လိမ်း လုတ် လုန်း လုပ် လုမ်း လောက် လောင်း လိုက် လိုင်း။ ဝိတ် ဝိန်း ဝိပ် ဝိမ်း ဝုတ် ဝုန်း ဝုပ် ဝုမ်း ဝေါက် ဝေါင်း ဝိုက် ဝိုင်း။ သိတ် သိန်း သိပ် သိမ်း သုတ် သုန်း သုပ် သုမ်း သောက် သောင်း သိုက် သိုင်း။ ဟိတ် ဟိန်း ဟိပ် ဟိမ်း ဟုတ် ဟုန်း ဟုပ် ဟုမ်း ဟောက် ဟောင်း ဟိုက် ဟိုင်း။ ဠိတ် ဠိန်း ဠိပ် ဠိမ်း ဠုတ် ဠုန်း ဠုပ် ဠုမ်း ဠောက် ဠောင်း ဠိုက် ဠိုင်း။ အိတ် အိန်း အိပ် အိမ်း အုတ် အုန်း အုပ် အုမ်း အောက် အောင်း အိုက် အိုင်း။ သင်ရိုး၎င်းနည်းသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ကျိတ် ကျိန်း ကျိပ် ကျိမ်း ကျုတ် ကျုန်း ကျုပ် ကျုမ်း ကျောက် ကျောင်း ကျိုက် ကျိုင်း။ ချိတ် ချိန်း ချိပ် ချိမ်း ချုတ် ချုန်း ချုပ် ချူမ်း ချောက် ချောင်း ချိုက် ချိုင်း။ ဂျိတ် ဂျိန်း ဂျိပ် ဂျိမ်း ဂျုတ် ဂျုန်း ဂျုပ် ဂျုမ်း ဂျောက် ဂျောင်း ဂျိုက် ဂျိုင်း။ ဃျိတ် ဃျိန်း ဃျိပ် ဃျိမ်း ဃျုတ် ဃျုန်း ဃျုပ် ဃျုမ်း ဃျောက် ဃျောင်း ဃျိုက် ဃျိုင်း။ ပျိတ် ပျိန်း ပျိပ် ပျိမ်း ပျုတ် ပျုန်း ပျုပ် ပျုမ်း ပျောက် ပျောင်း ပျိုက် ပျိုင်း။ ဖျိတ် ဖျိန်း ဖျိပ် ဖျိမ်း ဖျုတ် ဖျုန်း ဖျုပ် ဖျုမ်း ဖျောက် ဖျောင်း ဖျိုက် ဖျိုင်း။ ဗျိတ် ဗျိန်း ဗျိပ် ဗျိမ်း ဗျုတ် ဗျုန်း ဗျုပ် ဗျုမ်း ဗျောက် ဗျောင်း ဗျိုက် ဗျိုင်း။ မျိတ် မျိန်း မျိပ် မျိမ်း မျုတ် မျုန်း မျုပ် မျုမ်း မျောက် မျောင်း မျိုက် မျိုင်း။ လျိတ် လျိန်း လျိပ် ကျိမ်း လျုတ် လျုန်း လျုပ် လျုမ်း လျောက် လျောင်း လျိုက် လျိုင်း။ သင်ရိုး၎င်းနည်းသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ကြိတ် ကြိန်း ကြိပ် ကြိမ်း ကြုတ် ကြုန်း ကြုပ် ကြုမ်း ကြောက် ကြောင်း ကြိုက် ကြိုင်း။ ခြိတ် ခြိန်း ခြိပ် ခြိမ်း ခြုတ် ခြုန်း ခြုပ် ခြုမ်း ခြောက် ခြောင်း ခြိုက် ခြိုင်း။ ဂြိတ် ဂြိန်း ဂြိပ် ဂြိမ်း ဂြုတ် ဂြုန်း ဂြုပ် ဂြုမ်း ဂြောက် ဂြောင်း ဂြိုက် ဂြိုင်း။ ဃြိတ် ဃြိန်း ဃြိပ် ဃြိမ်း ဃြုန် ဃြုန်း ဃြုပ် ဃြုမ်း ဃြောက် ဃြောင်း ဃြိုက် ဃြိုင်း။ ပြိတ် ပြိန်း ပြိပ် ပြိမ်း ပြုတ် ပြုန်း ပြုပ် ပြုမ်း ပြောက် ပြောင်း ပြိုက် ပြိုင်း။ ဖြိတ် ဖြိန်း ဖြိပ် ဖြိမ်း ဖြုတ် ဖြုန်း ဖြုပ် ဖြုမ်း ဖြောက် ဖြောင်း ဖြိုက် ဖြိုင်း။ ဗြိတ် ဗြိန်း ဗြိပ် ဗြိမ်း ဗြုတ် ဗြုန်း ဗြုပ် ဗြုမ်း ဗြောက် ဗြောင်း ဗြိုက် ဗြိုင်း။ မြိတ် မြိန်း မြိပ် မြိမ်း မြုတ် မြုန်း မြုပ် မြုမ်း မြောက် မြောင်း မြိုက် မြိုင်း။ လြိတ် လြိန်း လြိပ် ကြိမ်း လြုတ် လြုန်း လြုပ် လြုမ်း လြောက် လြောင်း လြိုက် လြိုင်း။ သင်ရိုးသရရှိသောဗျည်းနှင့်ဝဆွဲကိုတံခွန်လွှား၍သတ်ပုံ ကွိတ် ကွိန်း ကွိပ် ကွိမ်း ကွိုက် ကွိုင်း။ ခွိတ် ခွိန်း ခွိပ် ခွိမ်း ခွိုက် ခွိုင်း။ ဂွိတ် ဂွိန်း ဂွိပ် ဂွိမ်း ဂွိုက် ဂွိုင်း။ ဃွိတ် ဃွိန်း ဃွိပ် ဃွိမ်း ဃွိုက် ဃွိုင်း။ ငွိတ် ငွိန်း ငွိပ် ငွိမ်း ငွိုက် ငွိုင်း။ စွိတ် စွိန်း စွိပ် စွိမ်း စွိုက် စွိုင်း။ ဆွိတ် ဆွိန်း ဆွိပ် ဆွိမ်း ဆွိုက် ဆွိုင်း။ ဇွိတ် ဇွိန်း ဇွိပ် ဇွိမ်း ဇွိုက် ဇွိုင်း။ ဈွိတ် ဈွိန်း ဈွိပ် ဈွိမ်း ဈွိုက် ဈွိုင်း။ ညွိတ် ညွိန်း ညွိပ် ညွိမ်း ညွိုက် ညွိုင်း။ ဋွိတ် ဋွိန်း ဋွိပ် ဋွိမ်း ဋွိုက် ဋွိုင်း။ ဌွိတ် ဌွိ်န်း ဌွိပ် ဌွိမ်း ဌွိုက် ဌွိုင်း။ ဍွိတ် ဍွိန်း ဍွိပ် ဍွိမ်း ဍွိုက် ဍွိုင်း။ ဎွိတ် ဎွိန်း ဎွိပ် ဎွိမ်း ဎွိုက် ဎွိုင်း။ ဏွိတ် ဏွိန်း ဏွိပ် ဏွိမ်း ဏွိုက် ဏွိုင်း။ တွိတ် တွိန်း တွိပ် တွိမ်း တွိုက် တွိုင်း။ ထွိတ် ထွိန်း ထွိပ် ထွိမ်း ထွိုက် ထွိုင်း။ ဒွိတ် ဒွိန်း ဒွိပ် ဒွိမ်း ဒွိုက် ဒွိုင်း။ ဓွိတ် ဓွိန်း ဓွိပ် ဓွိမ်း ဓွိုက် ဓွိုင်း။ နွိတ် နွိန်း နွိပ် နွိမ်း နွိုက် နွိုင်း။ ပွိတ် ပွိန်း ပွိပ် ပွိမ်း ပွိုက် ပွိုင်း။ ဖွိတ် ဖွိန်း ဖွိပ် ဖွိမ်း ဖွိုက် ဖွိုင်း။ ဗွိတ် ဗွိန်း ဗွိပ် ဗွိမ်း ဗွိုက် ဗွိုင်း။ ဘွိတ် ဘွိန်း ဘွိပ် ဘွိမ်း ဘွိုက် ဘွိုင်း။ မွိတ် မွိန်း မွိပ် မွိမ်း မွိုက် မွိုင်း။ ယွိတ် ယွိန်း ယွိပ် ယွိမ်း ယွိုက် ယွိုင်း။ ရွိတ် ရွိန်း ရွိပ် ရွိမ်း ရွိုက် ရွိုင်း။ လွိတ် လွိန်း လွိပ် လွိမ်း လွိုက် လွိုင်း။ ဝွိတ် ဝွိန်း ဝွိပ် ဝွိမ်း ဝွိုက် ဝွိုင်း။ သွိတ် သွိန်း သွိပ် သွိမ်း သွိုက် သွိုင်း။ ဟွိတ် ဟွိန်း ဟွိပ် ဟွိမ်း ဟွိုက် ဟွိုင်း။ ဠွိတ် ဠွိန်း ဠွိပ် ဠွိမ်း ဠွိုက် ဠွိုင်း။ အွိတ် အွိန်း အွိပ် အွိမ်း အွိုက် အွိုင်း။ သင်ရိုး၎င်းနည်းယပင်းဝဆွဲကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ကျွိတ် ကျွိန်း ကျွိပ် ကျွိမ်း ကျွိုက် ကျွိုင်း။ ချွိတ် ချွိန်း ချွိပ် ချွိမ်း ချွိုက် ချွိုင်း။ ဂျွိတ် ဂျွိန်း ဂျွိပ် ဂျွိမ်း ဂျွိုက် ဂျွိုင်း။ ပျွိတ် ပျွိန်း ပျွိပ် ပျွိမ်း ပျွိုက် ပျွိုင်း။ ဖျွိတ် ဖျွိန်း ဖျွိပ် ဖျွိမ်း ဖျွိုက် ဖျွိုင်း။ ဗျွိတ် ဗျွိန်း ဗျွိပ် ဗျွိမ်း ဗျွိုက် ဗျွိုင်း။ ဘျွိတ် ဘျွိန်း ဘျွိပ် ဘျွိမ်း ဘျွိုက် ဘျွိုင်း။ မျွိတ် မျွိန်း မျွိပ် မျွိမ်း မျွိုက် မျွိုင်း။ (စာမျက်နှာ ၁၈) သင်ရိုး၎င်းတွင်လုံးကြီးတင်တစ်ချောင်းငင်ဟထိုးကိုသရကင်းသောဗျည်းကသတ်ပုံ ငှိတ် ငှိန်း ငှိပ် ငှိမ်း ငှုတ် ငှုန်း ငှုပ် ငှုမ်း ငှေါက် ငှေါင်း ငှိုက် ငှိုင်း။ ညှိတ် ညှိန်း ညှိပ် ညှိမ်း ညှုတ် ညှုန်း ညှုပ် ညှုမ်း ညှောက် ညှောင်း ညှိုက် ညှိုင်း။ ဏှိတ် ဏှိန်း ဏှိပ် ဏှိမ်း ဏှုတ် ဏှုန်း ဏှုပ် ဏှုမ်း ဏှောက် ဏှောင်း ဏှိုက် ဏှိုင်း။ နှိတ် နှိန်း နှိပ် နှိမ်း နှုတ် နှုန်း နှုပ် နှုမ်း နှောက် နှောင်း နှိုက် နှိုင်း။ မှိတ် မှိန်း မှိပ် မှိမ်း မှုတ် မှုန်း မှုပ် မှုမ်း မှောက် မှောင်း မှိုက် မှိုင်း။ ယှိတ် ယှိန်း ယှိပ် ယှိမ်း ယှုတ် ယှုန်း ယှုပ် ယှုမ်း ယှောက် ယှောင်း ယှိုက် ယှိုင်း။ ရှိတ် ရှိန်း ရှိပ် ရှိမ်း ရှုတ် ရှုန်း ရှုပ် ရှုမ်း ရှောက် ရှောင်း ရှိုက် ရှိုင်း။ လှိတ် လှိန်း လှိပ် လှိမ်း လှုတ် လှုန်း လှုပ် လှုမ်း လှောက် လှောင်း လှိုက် လှိုင်း။ ဝှိတ် ဝှိန်း ဝှိပ် ဝှိမ်း ဝှုတ် ဝှုန်း ဝှုပ် ဝှုမ်း ဝှေါက် ဝှေါင်း ဝှိုက် ဝှိုင်း။ ဠှိတ် ဠှိန်း ဠှိပ် ဠှိမ်း ဠှုတ် ဠှုန်း ဠှုပ် ဠှုမ်း ဠှောက် ဠှောင်း ဠှိုက် ဠှိုင်း။ သင်ရိုးလုံးကြီးတင်တစ်ချောင်းငင်ယပင်းဟထိုးသရရှိသောဗျည်းကိုသရကင်းသောဗျည်းကသတ်ပုံ မျှိတ် မျှိန်း မျှိပ် မျှိမ်း မျှုတ် မျှုန်း မျှုပ် မျှုမ်း မျှောက် မျှောင်း မျှိုက် မျှိုင်း။ လျှိတ် လျှိန်း လျှိပ် လျှိမ်း လျှုတ် လျှုန်း လျှုပ် လျှုမ်း လျှောက် လျှောင်း လျှိုက် လျှိုင်း။ သင်ရိုး၎င်းရရစ်ဟထိုးသရရှိသောဗျည်းကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ ငြှိတ် ငြှိန်း ငြှိပ် ငြှိမ်း ငြှုတ် ငြှုန်း ငြှုပ် ငြှုမ်း ငြှောက် ငြှောင်း ငြှိုက် ငြှိုင်း။ မြှိတ် မြှိန်း မြှိပ် မြှိမ်း မြှုတ် မြှုန်း မြှုပ် မြှုမ်း မြှောက် မြှောင်း မြှိုက် မြှိုင်း။ သင်ရိုး၎င်းဗျည်းလုံးကြီးတင်တစ်ချောင်းငင်သရကင်းသောဗျည်းကတံခွန်လွှားသတ်ပုံ ကိုဝ်း ခိုဝ်း ဂိုဝ်း ဃိုဝ်း ငိုဝ်း စိုဝ်း ဆိုဝ်း ဇိုဝ်း ဈိုဝ်း ညိုဝ်း ဋိုဝ်း ဌိုဝ်း ဍိုဝ်း ဎိုဝ်း ဏိုဝ်း တိုဝ်း ထိုဝ်း ဒိုဝ်း ဓိုဝ်း နိုဝ်း ပိုဝ်း ဖိုဝ်း ဗိုဝ်း ဘိုဝ်း မိုဝ်း ယိုဝ်း ရိုဝ်း လိုဝ်း ဝိုဝ်း သိုဝ်း ဟိုဝ်း ဠိုဝ်း အိုဝ်း။ သင်ရိုး၎င်းနည်းယပင်းတစ်ချောင်းငင်လုံးကြီးတင်သရကင်းသောဗျည်းကတံခွန်လွှားသတ်ပုံ ကျိုဝ်း ချိုဝ်း ဂျိ်ုဝ်း ပျိုဝ်း ဖျိုဝ်း ဗျိုဝ်း မျိုဝ်း လျိုဝ်း သျိုဝ်း။ ၎င်းနည်းရရစ်သတ်ပုံ ကြိုဝ်း ခြိုဝ်း ဂြိုဝ်း ငြိုဝ်း ပြိုဝ်း ဖြိုဝ်း ဗြိုဝ်း မြိုဝ် လြိုဝ်း။ ၎င်းနည်းလုံးကြီးတင်တစ်ချောင်းငင်ဟထိုးဝသတ်ပုံ ငှိုဝ်း ညှိုဝ်း ဏှိုဝ်း နှိုဝ်း မှိုဝ်း ယှိုဝ်း ရှိုဝ်း လှိုဝ်း ဝှိုဝ်း ဠှိုဝ်း။ ၎င်းနည်းယပင်းရရစ်ဟထိုးသတ်ပုံ မျှိုဝ်း လျှိုဝ်း မြှိုဝ်း လြှိုဝ်။ သျှက် သျှင်း သျှစ် သျှည်း သျှတ် သျှန်း သျှပ် သျှမ်း သျှယ့် သျှောဝ်။ သေးသေးတင်တစ်ချောင်းငင်မသတ်ပုံ ကုံမ်း ခုံမ်း ဂုံမ်း ဃုံမ်း ငုံမ်း စုံမ်း ဆုံမ်း ဇုံမ်း ဈုံမ်း ညုံမ်း ဋုံမ်း ဌုံမ်း ဍုံမ်း ဎုံမ်း ဏုံမ်း တုံမ်း ထုံမ်း ဒုံမ်း ဓုံမ်း နုံမ်း ပုံမ်း ဖုံမ်း ဗုံမ်း ဘုံမ်း မုံမ်း ယုံမ်း ရုံမ်း လုံမ်း ဝုံမ်း သုံမ်း ဟုံမ်း ဠုံမ်း အုံမ်း။ ၎င်းနည်းယပင်းသတ်ပုံ ကျုံမ်း ချုံမ်း ဂျုံမ်း ဃျုံမ်း ပျုံမ်း ဖျုံမ်း ဗျုံမ်း ဘျုံမ်း မျုံမ်း လျုံမ်း ၎င်းနည်းရရစ်သတ်ပုံ ကြုံမ်း ခြုံမ်း ဂြုံမ်း ဃြုံမ်း ပြုံမ်း ဖြုံမ်း ဗြုံမ်း ဘြုံမ်း မြုံမ်း။ ၎င်းနည်းဟထိုးသေးသေးတင်တစ်ချောင်းငင်မသတ်ပုံ ငှုံမ်း ညှုံမ်း ဏှုံမ်း နှုံမ်း ယှုံမ်း ရှုံမ်း လှုံမ်း ဝှုံမ်း ဠှုံမ်း။ ၎င်းနည်းယပင်းရရစ်ဟထိုးသတ်ပုံ မျှုံမ်း လျှုံမ်း မြှုံမ်း လြှုံမ်း။ ကျမ်းကိုး မြန်မာစာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%95%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
သာသနာ
သာသနာ Śāsana (Teachings Of Buddha) မှာ- ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော “ပိဋကတ်ကျမ်းစာ” လာ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်ရဟန်းသံဃာတော်များ၏ အဆုံးအမ တရားတော်များ ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင်(Creator God) ကို လုံးဝလက်မခံကြပါ။ ဖန်ဆင်းရှင်ကို လုံးဝ မယုံကြည်ကြပါ။ (Buddhists do not believe in a Creator God)လုံးဝအသိအမှတ်မပြုကြပါ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘာသာ သာသနာ (teaching, practice, doctrine of Buddha Śāsana) တခုတည်းကသာ ယုံကြည်ခြင်း တခုတည်းကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ကရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။ ကံ ကံ၏အကျိုး နှင့် မိမိ တို့၏ ကာယကံ(ကိုယ်ဖြင့် ပြုလုပ်မှု) ၊ ဝစီကံ(နှုတ်ဖြင့် ပြောဆိုမှု) ၊ မနောကံ( စိတ်ဖြင့် ကြံစည်မှု) နှင့် မိမိ တို့၏ သီလ၊သမာဓိ၊ပညာ ကို အလေးအနက် ယုံကြည်သည်။ ဗုဒ္ဓသာသနာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် အပြစ်ဒဏ်(punishment and Capital punishment ) သေဒဏ်ပေးသော နာကျင်စေအောင် အပြစ်ပေးသော စစ်ဘုရား မဟုတ်ပါ။ သေဒဏ်ချမှတ်သောဘုရား(God) မဟုတ်ပါ။ ဗုဒ္ဓမြတ်စွာဘုရား သည် သူကိုယုံကြည်သူများကို၎င်း၊ မယုံကြည်သူများကို၎င်း မေတ္တာထားသော လူသတ္တဝါ တို့အား ဒုက္ခအပေါင်းမှကယ်တင်သော မေတ္တာဘုရား ဖြစ်သည်။ ဗုဒ္ဓဘာသာသည် Religion မဟုတ်ပါ။ ယုံကြည်ခြင်း+အသိဉာဏ်+ လက်တွေ့ကျင့်စဉ် "Buddhism is not a religion , it is more of a philosophy" but a way of life (the truth of the cessation of suffering, anxiety, unsatisfactoriness) ဖြစ်သည်။ ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ မြန်မာ့ဗုဒ္ဓသာသနာတော်အစ-တဖုဿနှင့် ဘလ္လိက ဟုလည်းကောင်း၊ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ၎င်း၊ ဆိုကြသည်။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ “ဗုဒ္ဓသာသနာအစ- ရွှေတိဂုံက” ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ အင်္ဂုတ္တိုရ်ပါဠိတော်လာ ပဟာရာဒသုတ်တွင် သမုဒ္ဒရာ၏ အံ့ဖွယ်ရှစ်ပါးနှင့် ဥပမာပြု၍ သာသနာတော်၏ အံ့ဖွယ်ရှစ်ပါးကို ဟောတော်မူထားသည်။ အကျဉ်းချုံး၍ ဖော်ပြပါမည်။ ၁။ သမုဒ္ဒရာသည် ကမ်းစပ်မှ အလယ်သို့ တစတစနက်သွားသကဲ့သို့ သာသနာတော်၌ တစတစကျင့်သွားရသော ကျင့်စဉ် ရှိလေသည်။ ၂။ သမုဒ္ဒရာရေသည် ကမ်းကို မလွန်သကဲ့သို့ သာသနာတော်၌ တပည့်သားတို့သည် သိက္ခာပုဒ်များကို လွန်ကျူး၍ မကျင့်။ ၃။ အကောင်ပုဒ်များကို သမုဒ္ဒရာက လက်မခံ ( ကမ်းသို့ ပုတ်၍တင်ပစ် ) သကဲ့သို့ သာသနာတော်က ယုတ်မာသူတို့ကို လက်မခံ၊ သူ့အလိုလိုပင် သာသနာမှ ဝေးရာသို့ ရောက်သွားရသည်။ ၄။ မြစ်ချောင်းတို့သည် သမုဒ္ဒရာသို့ရောက်လျှင် မူလအမည်ပျောက်၍ သမုဒ္ဒရာဟူသော အမည်သာ ဖြစ်ရသကဲ့သို့ မည်သည့်အမျိုးမှဝင်၍ ရဟန်းပြုပြု သာသနာတော်သို့ရောက်လျှင် ဘုရားသားတော်သာ ဖြစ်ရသည်။ ၅။ မိုး မည်မျှပင်ရွာရွာ၊ နေ မည်မျှပင်ပူပူ သမုဒ္ဒရာ၌ ရေအတိုးအလျော့ မရှိသကဲ့သို့ နိဗ္ဗာန်ဟူသော ငြိမ်းအေးမှု ဓာတ်တမျိုးသည် သာသနာတော်၌ အတိုးအလျော့ မရှိ။ ၆။ သမုဒ္ဒရာသည် ငန်သောအရသာ တမျိုးတည်းသာ ရှိသကဲ့သို့ သာသနာတော်၌ လွတ်မြောက်မှု ဝိမုတ္တိရသ တမျိုးတည်းသာ ရှိသည်။ ၇။ သမုဒ္ဒရာသည် ရတနာအမျိုးမျိုး၏ တည်ရာဖြစ်သကဲ့သို့ သာသနာတော်သည် သတိပဋ္ဌာန်၊ သမ္မပ္ပဓာန် စသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့၏ တည်ရာဖြစ်သည်။ ၈။ သမုဒ္ဒရာသည် ကြီးမားသော ငါးသတ္တဝါကြီးတို့၏ နေရာဖြစ်သကဲ့သို့ သာသနာတော်သည် သောတာပန်စသော အရိယာတို့၏ နေရာ ကျင့်သုံးရာ ဖြစ်လေသည်။ သာသနာသုံးပါး ဆုတ်ယုတ်ခြင်းဟူသည် (၁) ပရိယတ္တိသာသနာ ဆုတ်ယုတ်ခြင်း၊(၂) ပဋိပတ္တိသာသနာ ဆုတ်ယုတ်ခြင်း၊(၃) ပဋိဝေဓသာသနာ ဆုတ်ယုတ်ခြင်းဟူ၍ သုံးပါးရှိ၏။ထိုသုံးပါးတို့တွင် ပရိယတ္တိသာသနာဆုတ်ယုတ်ခြင်းဆိုသည်ကား ဘုရားစကားတော် တည်းဟူသော ပိဋကတ်သုံးပုံကို သင်ကြားသူ လေ့လာကြည့်ရှုသူ ချပို့သူ နုတ်ထွင် ဆောင်ထားသူ မပေါများသည်ကို ပရိယတ္တိသာသနာ ဆုတ်ယုတ်သည်ဟု ဆိုသည်။ထိုတွင် သာသနာထမ်း ရဟန်းတော်များမှာ ဂန္ထဓုရ၊ ဝိပဿနာဓူရဟု ကိစ္စနှစ်ပါး သာ ရှိသဖြင့် ဝိပဿနာဓူရကို အားထုတ်လိုသော် အားထုတ်ရာ၏။ သို့မဟုတ်က မိမိ ဉာဏ်စွမ်းရှိသလောက် စာပေပရိယတ်ကို ချပို့သင်အံ လေ့ကျက်ဆောင်ရွက်နှုတ်တက် အာဂုံနှုတ်ငုံရွရွ နှုတ်တွင်ရ၍ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့်သာ အချိန်ကုန်စေပြီးလျှင် ပရိယတ္တိသာသနာတော်ကို ဆုတ်ယုတ်စေရာ၏။သမထဝိပဿနာအလုပ်၌ အားထုတ်သူရဟန်းရှင်လူပေါများခြင်းသည် ပဋိပတ္တိဟူသော အကျင့်သာသနာကြီးပွားထွန်းကားသည်ဟု ဆိုရသည်။ ပြဆိုအပ်ပြီးသော ကျင့်ဝတ်တို့ကို ကျင့်သူနည်းပါးလျှင် ပဋိပတ္တိသာသနာ ဆုတ်ယုတ်သည် မည်၏။ ဈာန်အဘိညာဉ်ကိုရသူ၊ သစ္စာလေးပါးကို သိသူ၊ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက် ပြုသူ နည်းပါးခြင်းသည် ပဋိဝေဓသာသနာ ဆုတ်ယုတ်သည်မည်၏။ ရဟန်းကိစ္စနှစ်ခု တစ်ခုခုမှ အားမထုတ်သော ရဟန်းသည် ရဟန်းဖြစ်ကျိုးမနပ်၊ ရဟန်းကိစ္စရဟန်းအလုပ်၌ မကျေပွန်၊ သာသနာကို စောင့်ရှောက်ရာမရောက် သာသနာ ကို ဖျက်ဆီးရာ ရောက်၏။ သာသနာဖျက် ရဟန်းဟူ၍ပင် ခေါ်ဆိုထိုက်၏။ သာသနာ ဆုတ်ယုတ်မည့် အရိပ်နိမိတ်### လောက၌ အကြင်မျှလောက် ကာလပတ်လုံး ရွှေတု ငွေတုတို့သည် မပေါ် ပေါက်သေး။ ထိုမျှလောက်သော ကာလပတ်လုံး ရွှေစစ်ငွေစစ်တို့သည် မပျောက် ကွယ် ကုန်၊ မတိမ်ကောကုန်၊ အရည်မယုတ်ကုန်၊ အညစ်အကြေးမတင်ကုန်၊ အပြစ်ဆို စရာမရှိကုန်၊ အရောင်တောက်ပကုန်လျက် ရိုသေသူပေါများကုန်သေး၏။ ယုံကြည် စိတ်ချ၍ နှစ်သက်လိုချင်သူပေါများကုန်သေး၏။ အကြင်အခါ၌ ရွှေတု ငွေတုတွေ ပေါ်ပေါက်လာကုန်၏။ ထိုအခါမှာ ရွှေစစ်ငွေစစ်တွေ ကွယ်ပျောက်လေ၏။ တိမ်ကော လေ၏။ အရည်ယုတ်လေ၏။ အညစ်အကြေး တင်လေ၏။ အပြစ်ဆိုစရာ ရှိလေ၏။ အရောင်မှေးမှိန် လေ၏။ ရိုသေသူနည်းပါးလေ၏။ တိမ်ကောလေ၏။ ယုံကြည်စိတ်ချ ၍ လိုချင်သူ နည်းပါးလေ၏။ထိုအတူ သာသနာတော်ကြီးမှာလည်း အကြင်မျှလောက်သော ကာလပတ်လုံး တရားတု တရားယောင်၊ သာသနာတု သာသနာယောင်၊ ရဟန်းတု ရဟန်းယောင်၊ သံဃာတု သံဃာယောင်တွေ မပေါ်ပေါက်သေး။ ထိုမျှလောက်သော ကာလပတ်လုံး သူတော်ကောင်းတရားစစ် တရားမှန် သာသနာစစ် သာသနာမှန်၊ ရဟန်းစစ် ရဟန်းမှန်၊ သံဃာစစ် သံဃာမှန်တို့သည် မကွယ်ပျောက်ကုန်၊ မတိမ်ကောကုန်၊ အသရေမဟုတ် ကုန်၊ မမှေးမှိန်ကုန်၊မညစ်နွမ်းကုန်၊ အပြစ်ဆိုစရာမရှိကုန်၊ အရောင်တော်ပကုန်သေး၏။ အကဲရောက်ကုန်သေး၏။ ရိုသေသူပေါများကုန်သေး၏။ အမြတ်တနိုး ကိုးကွယ်ဆည်းကပ် သူပေါများကုန်သေး၏။ ယုံကြည်စိတ်ချ၍ လှူဒါန်းကြကုန်သေး၏။ အကြင်အခါ၌ တရားတု တရားယောင်၊ သာသနာတု သာသနာယောင်၊ရဟန်းတု၊ ရဟန်းယောင်၊ သံဃာတု သံဃာယောင်တွေ ပေါ်ပေါက်လာ၏။ ထိုအခါ မှာ သူတော်ကောင်း တရားစစ် တရားမှန်၊ သာသနာစစ် သာသနာမှန်၊ ရဟန်းစစ် ရဟန်းမှန်၊ သံဃာစစ် သံဃာမှန်သည် ကွယ်ပျောက်လေ၏။ တိမ်ကောလေ၏။ မှေးမှိန်လေ၏။ ညစ်နွမ်းလေ၏။ အပြစ်ဆိုစရာရှိလေ၏။ အရောင်ကင်းလေ၏။ ရိုသေသူ နည်းပါးလေ၏။ အမြတ်တနိုးကိုးကွယ်သူ နည်းပါးလေ၏။ ယုံကြည်စိတ်ချ ၍ ဆည်းကပ်လှူဒါန်းသူ နည်းပါးလေ၏။ ဤဥပမာ ဥပမေယျတွင် ရွှေတု ငွေတု ပေါ်လာသောအခါ ရွှေစစ် ငွေစစ်တို့ ပျောက်ကွယ်လေ၏ဆိုသောစကားမှာ အတုအစစ် မခွဲခြားနိုင်ဘဲ ဖြစ်၍ အစစ်ကိုပင် တွေ့ ရငြားသော်လည်း စိတ်ချယုံကြည်ခြင်း မရှိသဖြင့် ပျောက်ကွယ်တိမ်ကော မှေးမှိန် ရလေသည်ဟု ဆိုလိုသည်။စိန်စစ်ဝတ်လာသူနှင့် စိန်တု ဝတ်လာသူနှစ်ဦးကို မခွဲခြားနိုင်သဖြင့် စိန်စစ် ဝတ်လာသူမှာ အကဲမရောက် ဂုဏ်မထင်ရှိရာသကဲ့သို့ ယူလေ။ စိန်စစ်နှင့် တွေ့ ရငြား သော်လည်း ယုံကြည်စိတ်ချခြင်း မရှိတတ်ချေ ဟူလို။တရားတု တရားယောင် သာသနာတု သာသနာယောင် ရဟန်းတု ရဟန်းယောင် သံဃာတု သံဃာယောင်တို့ ပေါ်လာသောအခါမှာ တရားကောင်း တရားစစ် သာသနာ ကောင်း သာသနာစစ် ရဟန်းကောင်း ရဟန်းစစ် သံဃာကောင်း သံဃာစစ်တို့ ပျောက် ကွယ်ရလေ၏ဆိုသည်မှာ အတုအစစ် မခွဲခြားနိုင် ထွေးရှုပ်၍ တရားအစစ်အမှန် သာသနာအစစ်အမှန် ရဟန်းအစစ်အမှန် သံဃာအစစ်အမှန်တို့နှင့် တွေ့ကြုံရငြား သော်လည်း အတုအယောင် မှတ်ထင်၍ ယုံကြည်စိတ်ချခြင်း မရှိသဖြင့် ကွယ်ပျောက် တိမ်ကောမှေးမှိန်ရလေသည်။ သာသနာတု သာသနာယောင် မှတ်ထင်၍ သာသနာတော် ၏ အရိပ်ကို ခိုလှုံသူနည်းပါးသဖြင့် ကွယ်ပျောက်တိမ်ကောရလေသည်။ ရဟန်းတု ရဟန်းယောင်၊ သံဃာတု သံဃာယောင် မှတ်ထင်၍ ရိုသေသူနည်းပါး၊ ဆည်းကပ်သူနည်းပါး၊ ကိုးကွယ်သူနည်းပါး၊ ပေးကမ်း လှူဒါန်းပူဇော်သူနည်းပါ၊ ယုံကြည်စိတ်ချ သူ နည်းပါးသဖြင့် ရဟန်းကောင်း ရဟန်းစစ်၊ သံဃာကောင်း သံဃာစစ်တို့သည် တဖြည်းဖြည်း ဆုတ်ယုတ်ကွယ်ပျောက် တိမ်ကော မှေးမှိန်သိမ်ဖျင်းသဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် မရှိခြင်းသို့ မရှိရာသို့သာ ရောက်ရလေတော့သည်ဟု ဆိုလို သည်။ ယခုခေတ်အခါကြီးမှာပင် သီလဝန္တ သိက္ခာကာမ လဇ္ဇီပေသလ ဖြစ်သော ရဟန်းကောင်း ရဟန်းမွန် ရဟန်းမြတ်များကိုပင် တော်အောင် ယော်အောင် ရဟန်းတု ရဟန်းဝါတို့ မှတ်ထင်ကြ၍ အရိုအသေပေးသူ အလေးပြုသူ အလွန်နည်းပါးလျက် ရှိလေပြီ။ဤသံယုတ် ပါဠိတော်ကြီးကို နည်းမှီ၍ အရာရာမျိုး၌ အတုအယောင် ပေါ်လာ လျှင် အစစ်အမှန် သိမ်ဖျင်း၍ ဂုဏ်မရှိသဖြင့် ကွယ်ပျောက်ကြောင်းဟု ဉာဏ်ရှိသလောက် အသုံးပြုနိုင်သည်။ ငါးဌာန၌ မရိုသေလျှင် သာသနာကွယ်ပျောက်ကြောင်း### အဘယ်သို့ ပြုတတ်သနည်း ဟူမူကား- အကြင် ပရိသတ်လေးပါးသည် ဘုရား၌လည်း ရိုသေခြင်းမရှိ၊ တရားတော် ၌လည်း ရိုသေခြင်းမရှိ၊ သံဃာတော်၌လည်း ရိုသေခြင်းမရှိ၊ မိမိတို့ကျင့်အပ်သော သိက္ခာ၌လည်း ရိုသေခြင်းမရှိ၊ သမထဟူသော သမာဓိ၌ လည်း ရိုသေခြင်းမရှိ၊ ထိုပရိသတ်လေးပါးသည်ပင် ရိုသေခြင်းမရှိသောကြောင့် သာသနာတော် ယုတ်လျော့ မှေးမှိန်သိမ်ဖျင်း၍ ကွယ်ပျောက် ရ သဖြင့် ထိုပရိသတ်လေးပါးသည်ပင် သာသနာကို ယုတ်လျော့ မှေးမှိန် ဂုဏ်သိန်မရှိအောင် ပြုတတ်သည်ဟု ဟောတော်မူသည်။ ထိုပရိသတ်လေးပါးတို့တွင် အကြင်ရဟန်းသည် ပြဆိုအပ်ခဲ့ပြီးသော ဘုရားအစ ရှိသော ငါးဌာန၌ရို သေ တုပ်ဝပ်ခြင်း ကင်းမဲ့အံ့၊ ထိုရဟန်းသည် သာသနာကိုယုတ်လျော့မှေးမှိန် ဂုဏ်သိန်မရှိအောင် ပြုတတ်သောရဟန်း သာသနာကို လျင်စွာ ကွယ်ပျောက်စေတတ်သောရဟန်းသာသနာဖျက်ရဟန်း မည်၏။ အကြင် ဘိက္ခုနီမသည် ပြဆိုအပ်ခဲ့ပြီးသော ငါးဌာန၌ ရိုသေတုပ်ဝပ်ခြင်း ကင်းမဲ့အံ့၊ ထိုဘိက္ခုနီမသည် သာသနာဖျက် ဘိက္ခုနီမ မည်၏။အကြင်ဥပါသကာယောက်ျားသည် ပြဆိုအပ်ခဲ့ပြီးသော ဘုရားအစရှိသော ငါးဌာန တို့၌ ရိုသေတုပ်ဝပ်ခြင်း ကင်းမဲ့အံ့၊ ထိုဥပါသကာ ယောက်ျားသည် သာသနာတော် ကို ယုတ်လျော့ မှေးမှိန်ဂုဏ်သိန်မရှိအောင် ပြုတတ်သော ဥပါသကာ ယောက်ျား၊ သာသနာဖျက် ဥပါသကာ ယောက်ျားမည်၏။ အကြင်ဥပါသိကီမိန်းမသည် မရိုသေအံ့၊ ထိုမိန်းမသည် သာသနာဖျက်မ မည်၏။ ထို့ကြောင့် သာသနာတော် ယုတ်လျော့မှေးမှိန် ကွယ်ပျောက်ရခြင်းသည် သာသနာ့ဝန်ထမ်းရဟန်းတို့၏ တာဝန်ချည်းမဟုတ်ပေ။ ရဟန်းတို့၏အပြစ်ချည်း မဟုတ်ပေ။ ဥပသကာ ဥပါသိကီဖြစ်သော ဒါယကာ ဒါယိကာမတို့၏ တာဝန်လည်း ဟုတ်၏။ အပြစ်လည်းဟုတ်၏။ ထို့ကြောင့် ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ယောက်ျား၊ ဥပါသိကီမိန်းမဟူသော ပရိသတ်လေးပါးတို့၏ တာဝန်ချည်းဖြစ်၍ ကိုယ့် တာဝန် ကိုယ်အတွက်က မယုတ်ယိုရအောင် ရဟန်းလည်း ရဟန်းတို့တာဝန်ရှိသည် အလိုက်သာသနာကို အားထုတ်၍ စောင့်ရှောက်ကြရာ၏။ လူလည်း လူတို့တာဝန် ရှိသည်အလိုက် အားထုတ်၍ စောင့်ရှောက်ကြရာ၏။သာသနာတော်ကြီး အဆုံးတိုင် ကွယ်ပျောက်သောအခါမှာလည်း ရှိသေသူမရှိ၊အလိုက်သာသနာကို အားထုတ်၍ စောင့်ရှောက်ကြရာ၏။ လူလည်း လူတို့တာဝန် ရှိသည်အလိုက် အားထုတ်၍ စောင့်ရှောက်ကြရာ၏။သာသနာတော်ကြီး အဆုံးတိုင် ကွယ်ပျောက်ရသောအခါမှာလည်း ရိုသေသူမရှိ၊ အမြတ်တနိုးကိုးကွယ်သူ မရှိ၍သာ ကွယ်ပျောက်ရလေသည်။ သတိမူ။ ။ ပြဆိုအပ်ခဲ့ပြီးသော ဘုရား တရား သံဃာ သိက္ခာ သမာဓိ ဟူသောငါးဌာနတို့၌ ပရိသတ်လေးပါးတို့က အစဉ်မပြတ် ရိုသေတုပ်ဝပ်ခြင်း ရှိပါမူကား သာသနာတော် မှေးမှိန်တိမ်ကော ဆုတ်ယုတ်ကွယ်ပျောက်သည်ဟု မဆိုရသေး။ ထိုကြောင့် သာသနာတော်ယုတ်လျော့ခြင်း အကြောင်းရင်းကား ပရိသတ်လေးပါး ပင် ဖြစ်သည်။ သာသနာတော် တိုးတက်ကြီးပွားထွန်းကားလာရန် အကြောင်းရင်းမှာ လည်း ပရိသတ်လေးပါးပင် ဖြစ်သည်။ယခုအခါ အချို့သော ဥပါသိကာ ဥပါသိကီဖြစ်ကြကုန်သော ဒါယကာ ဒါယိကာမတို့သည် သာသနာယုတ်လျော့ မှေးမှိန်လာရာမှာ ငါတို့နှင့်ဘာမျှမဆိုင် ငါတို့၏ တာဝန်မဟုတ်ဟူ၍ မှတ်ထင်လျက်ရှိကြလေသည်။ သာသနာတော် ဆုတ်ယုတ်ပုံ အစဉ် (၁) မဂ်ဖိုလ်ကို ရအောင် အားထုတ်သော ဝိမုတ္တိကာလ။ (၂) ဈာန် အဘိညာဉ် သမာပတ်ရအောင် အားထုတ်သော ကာလ။ (၃) သီလစင်ကြယ်အောင် အားထုတ်သော ကာလ။ (၄) ဗဟုဿုတ ပွားများအောင် အားထုတ်သော ကာလ။(၅) ဒါနကို အားထုတ်သော ကာလ။ဟူ၍ ငါးကာလရှိလေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးသည်နောက် ထားတော်မူခဲ့သော သာသနာ ကို ငါးစု ငါးပုံ ထား၍- (၁) တစ်ပုံသည် ပစ္စက္ခဘဝ၌ပင် မဂ်ဖိုလ်ကို ရအောင် ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ တရားကို အားထုတ်သော ဝိမုတ္တိကာလ မည်၏။ ဝိမုတ္တိကာလ ကား ဘုရားပရိနိဗ္ဗာန် ပြုပြီးသည့်နောက် ရှေးဦးစွာသော ကာလတည်း။ (၂) တစ်ပုံသည် ပစ္စက္ခဘဝ၌ လောကီဈာန်လောက်မျှ ရရုံနှင့် အားရ တင်းတိမ်ခြင်းရှိသဖြင့် လောကီဈာန် အဘိညာဉ်ကိုသာ ရအောင် အားထုတ်သော သမာဓိ ယုဂကာလမည်၏။ ထိုသမာဓိ ယုဂကာလသည် ပစ္စက္ခဘဝတွင် မဂ်ဖိုလ်ကို ရအောင် အားထုတ်ခြင်းမရှိသည် ဖြစ်၍ ဝိမုတ္တိယုဂ ကွယ်ပျောက်သောအခါ ဖြစ်လေသည်။ (၃) တစ်ပုံသည် လောကီဈာန်ကိုမျှ ရအောင် အားမထုတ်တော့ဘဲ စတုပါရိသုဒ္ဓိ သီလကြီးလေးပါးကိုသာ လုံခြုံအောင် အားထုတ်သော သီလယုဂ ကာလမည်၏။ ထိုသီလယုဂ ကာလလည်း သမာဓိယုဂ ကွယ်ပျောက် သောအခါ ဖြစ်သည်။ (၄) တစ်ပုံသည် စတုပါရိသုဒ္ဓိ သီလကြီး လေးပါးမျှ မလုံတော့ဘဲ တရား ကျမ်းဂန် သင်အံ့လေ့ကျက်ဆောင်ရွက် ကြည့်ရှု ဗဟုသုတရှိရုံ အားထုတ် သော သုတယုဂ ကာလမည်၏။ ထိုသုတယုဂကာလသည် သီလယုဂ် ကွယ်ပျောက်သောအခါ ဖြစ်သည်။ (၅) တစ်ပုံသည် တရားကျမ်းဂန် ပရိယတ္တိကိုမျှ ချပိုသင်အံခြင်းမရှိတော့ဘဲ ရဟန်းဟူသော အသွင်မျှသာ ရှိတော့၏။ ထိုသို့သောအခါ ရဟန်း တို့သည် ဥစ္စာပစ္စည်းကိုသာ စုဆောင်း၍ စွန့်လွှတ်ပေးကမ်းခြင်း ဟူသော ဒါန အမှုကိုသာ ပြုလုပ်အားထုတ်သော ဒါနယုဂ ကာလမည်၏။ ထိုဒါနယုဂကာလသည် သုတယုဂ်ကွယ်ပျောက်သောအခါ ဖြစ်မည်။ ထိုဒါနယုဂ် ကာလသည်ပင် သာသနာတော်၏ နောက်ဆုံးဖြစ်သော အကျင့်တည်း။ ယခုအခါ သာသနာတော်ကြီးသည် ပြဆိုအပ်ခဲ့ပြီးသော ယုဂ်ငါးပါးတို့တွင် ဘယ်ယုဂ်၏အတွင်းသို့ ကျရောက်နေပြီကို ပညာရှိသူတော်ကောင်းအပေါင်းတို့ နှလုံးသွင်း မိကြပါစေကုန်။ (၁၈) သာသနာတော်၌ ပေါ်လာမည့်ဘေးရန် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဆဠာဘိညရဟန္တာ ဖြစ်တော်မူသော ဖုဿမည်သော မထေရ်ဟု ရဟန္တာတစ်ပါးရှိလေသည်။ ထို ဖုဿ မထေရ်မြတ်သည် မဏ္ဍလိက မင်းမျိုးမှ ထွက်၍ ရဟန်းပြုတော်မူလေသည်။ တစ်နေ့သ၌ ပဏ္ဍရဂေါရတ္ထမည်သော ရသေ့တစ်ယောက်သည် ဖုဿမထေရ်အထံ သို့ ချဉ်းကပ်၍ တရားနာလာသည်ရှိသော် သီလအာစာရဂုဏ်နှင့် ပြည့်စုံ၍ လုံခြုံသော ဣန္ဒြိယသံဝရရှိကုန်သော ရဟန်းမြတ်တို့ကို မြင်၍ ကြည်ညိုသောစိတ် ရသေ့မှာ အားကြီးစွာ ဖြစ်လတ်၍ ဤသို့သော ပဋိပတ်အကျင့်မြတ်သည် ဤလောကဓတ် လူ့ရွာဝယ် ကြာရှည်စွာ တည်ပါမူကား ကောင်းလေစွဟု ကြံဆင်ခြင်၍ နောင်အနာဂတ် ကာလ၌ ဖြစ်လတ္တံ့သော အကျင့်များကို ဖုဿမထေရ်အား မေးလျှောက်လေသည်။ ထိုအခါ ဖုဿမထေရ်ရဟန္တာအရှင်မြတ်က နောင်အနာဂတ်ကာလ၌ ဖြစ်ပေါ်လတ္တံ့ သော သာသနာ့ဘေးရန်များကို ဟောကြားတော်မူလေသည်။ ဟောကြားတော် မူသည်ကား ဤသို့တည်း။ သာသနာတော် နောက်ပိုင်းကျသောအခါ၌ ရဟန်းတို့သည်– (၁) အမျက်ထွက်လေ့ရှိကုန်အံ့၊(၂) ရန်ငြိုးဖွဲ့လေ့ရှိကုန်အံ့၊(၃) သူ့ကျေးဇူးကို ချေဖျက်ကုန်အံ့။(၄) ခက်ထန်မောက်မာကုန်အံ့။(၅) မကျင့်ဘဲနှင့် ကျင့်ယောင်၊ မသိဘဲနှင့် သိယောင် မူကုန်အံ့။(၆) သူတစ်ပါး ရဟန်းဂုဏ်နှင့် ပြည့်စုံအောင် နေသည်ကို အလိုမတူ ငြူစူ စောင်းမြောင်းခြင်း ရှိကုန်အံ့။(၇) အယူဆန့်ကျင် နင်၊ သင် စသည်ဆို၍ အချင်းချင်း ခိုက်ရန် ငြင်းပွား အဖြစ်များကုန်အံ့။(၈) နက်နဲသိမ်မွေ့ သော တရားတော်၌ မသိမမြင်သော်လည်း တတ်သိ ယောင် မာနထောင်၍ ဟန်ဆောင်ပြုမှုတတ်ကုန်အံ့။(၉) မသူတော်တို့၏ တရားဘက်ကိုသာ အာရုံစိုက်လေ့ရှိကုန်အံ့။(၁၀) သွား လာ လတ်ကြော့ ဂွမ်းဝါဖော့သို့ ပေါ့သောသဘောရှိကုန်အံ့။(၁၁) ပရိယတ္တိသဒ္ဓမ္မ၊ ပဋိပတ္တိ သဒ္ဓမ္မ၊ ပဋိဝေဓသဒ္ဓမ္မ ဟူသော သူတော်ကောင်း တရား၌ အလေးမပြု၊ ဂရုမမူ၊ ကြည်ဖြူမဲ့လျှင်း ရိုသေခြင်းကင်းကုန်အံ့။(၁၂) သီတင်းသုံးတော် သံဃာတော်ချင်းချင်း ရိုသေကင်းကုန်အံ့။(၁၃) ပညာမဲ့သော ရဟန်းဆိုး ရဟန်းမိုက်တို့သည် မြတ်စွာဘုရားသည် ကောင်းခြင်းသုံးပါးနှင့် ပြည့်စုံစွာ ဟောကြားထားသော ပိဋကတ် သုံးပုံ တရားတော်ကို သံကိလေသ သုံးပါးတို့ဖြင့် ညစ်ညူးပျက်စီးအောင် ဖျက်ဆီးကုန်လတ္တံ့။ (အဓိပ္ပာယ်အကျယ်ကား အာပတ်သင့်သည်ကို မသင့်၊ ဂရုကအာပတ်ကို လဟုက အာပတ်ဟူ၍ ပြုခြင်း စသော ဒုစ္စရိတ သံကိလေသဖြင့် ညစ်ညူးစေလျက် ဝိနည်း တရားတော်ကို ဖျက်ဆီးကုန်လတ္တံ့။ ။ နူးညံ့သိမ်မွေ့ လှစွာသော ရုပ်နာမ်တရား တို့ကို ပယ်ရှားစွန့်ခွာကုန်သည်ဖြစ်၍ ဒိဋ္ဌိသံကိလေသဖြင့် ညစ်ညူးစေလျက် အဘိဓမ္မာ တရားတော်ကို ဖျက်ဆီးကုန်လတ္တံ့။ ။ နှစ်ပါးစုံသောအမှုကို ပြုခြင်း၌ နှစ်သက်သာယာ သော တဏှာသံကိလေသဖြင့် ညစ်ညူးစေလျက် ဝိနည်းအဘိဓမ္မာ နှစ်ပါးစုံကို ဖျက်ဆီးကုန်လတ္တံ့ဟု ဆိုလိုသည်။) (၁၄) သံဃာ့ဘောင်၌ တစ်စုံတစ်ခု အမှုစကားတရားတဘောင်ရှေ့ဆောင် ပြောဆိုကြသည်ရှိသော် အလဇ္ဇီဒုဿီလတို့ အပင်းအသင်း အားကြီး ကြကုန်လတ္တံ့။(အဓိပ္ပာယ်အကျယ်ကား-သံဃအမှုဆုံးဖြတ်ရာ သံဃအစည်းအဝေး၌ လာဘသက္ကာရကို တောင့်တသဖြင့် ဂုဏ်ကိုဆောင်၍ ဓမ္မကို အဓမ္မ၊ အဓမ္မကို ဓမ္မ၊ ဝိနယကို အဝိနယ၊ အဝိနယကို ဝိနယအစရှိသဖြင့် မိမိလိုတိုင်းသောအနက်ကို သံဃဘောင်၌ တည်စေကုန်သည်ဖြစ်၍ အလဇ္ဇီ ဒုဿီလ အချင်းချင်း အားပေး၍ အလဇ္ဇီ ဒုဿီလတို့ အပင်းအသင်း အားကြီး ကုန်လတ္တံ့ဟူလို။) (၁၅) သီလသမာဓိစသော ပဋိပတ္တိဂုဏ် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာစသော ပရိယတ္တိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန်းတတ် ရဟန်းမြတ်တို့သည် သံဃအမှုဆုံးဖြတ်ရန် သံဃအစည်းအဝေး၌ အားနည်းကုန်အံ့။(အဓိပ္ပာယ်ကား- ပရိသတ်၏ အလဇ္ဇီများသည်၏ အဖြစ်ကြောင့် ထိုလဇ္ဇီပေသလ ဗဟုသုတ ဂုဏဝန် သီလဝန် မထေရ်ဝန် မထေရ်မြတ်ပညာတတ် ရဟန်းတို့သည် အားနည်းကုန် လတ္တံ့။ ထိုအလဇ္ဇီ ဒုဿီလ ပရိသတ်၌ သူတော်ကောင်းပညာရှိတို့ စကားမဝင်နိုင် မတည်နိုင် လတ္တံ့ဟူလို။) (၁၆) ပညာမဲ့သော ရဟန်းတို့သည် ရွှေငွေ ကျွန်ယောက်ျား ကျွန်မိန်းမ ဆိတ်၊ သိုးစသော အခြေလေးချောင်းရှိသော သတ္တဝါတို့ကို မိမိတို့ အလို့ငှာ သာယာခံယူကုန်လတ္တံ့။ (၁၇) သူတစ်ပါးကို ကဲ့ရဲ့လိုသောစိတ်ရှိကြကုန်သည်ဖြစ်၍ သီလ၌ မတည် ကုန်ဘဲ တက်ကြွသော မာနရှိကုန်သဖြင့် ငြင်းခုံရန်တွေ့ ချုပ်ချယ်သော အလေ့၌သာလျှင် သာယာပျော်မွေ့၍ သားသမင်ကဲ့သို့ လှည့်လည် သွားလာကုန်လတ္တံ့။ (၁၈) ပြာပုံခဲကျ ထောင်းထောင်းထသို့ တစ်ခဏမတည် မခိုင်ကျည်သော စိတ်ရှိကြကုန်အံ့။ (၁၉) မလျော်မအပ် ဆိုးရည်တပ်လျက် ဖပ်ဖပ်စိုစို စိမ်းလဲ့ညိုသော သင်္ကန်း ကို ဝတ်ရုံကြကုန်အံ့။ (၂ဝ) ကုဟန လပန အမှုဖြင့် အသက်မွေးကြကုန်လတ္တံ့။(အဓိပ္ပာယ်ကား- ဈာန်မဂ်ထိနီး ရောက်လုပြီးဟု လှည့်ပတ်မှုဖြင့် သူ့ကို လိမ်လည် ကြည်ညိုစေမှ အံ့ဩဖွယ်ပြုကြလိမ့်မည်။ ပစ္စည်းအလို့ငှာ ဒါယကာတို့အား ညှာတာချီးမြှောက် ခြိမ်း ခြောက် မောင်းမဲ ဆဲရေး ရုပ်ချ ပြောဆိုကြလိမ့်မည် ဟူလို။) (၂၁) ဒေါသမျက်မာန် ခက်ထန် ကြမ်းကြုတ်သော စိတ်နှလုံးရှိကြကုန်အံ့။ (၂၂) ကိလေသာ အမူအရာကို သားသမင်တို့၏ ချိုဖျားကဲ့သို့ ထင်ရှားစေ ကုန်လတ္တံ့။ (၂၃) ကိုယ်ကို တန်ဆာဆင်ခြင်း ပရိက္ခရာကို တန်ဆာဆင်ခြင်း စသော လျှပ်ပေါ် လော်လည်သော အကျင့်နှင့် ယှဉ်ကုန်သည် ဖြစ်၍ ကြော့ကြော့ ကြော့ကြော့ … တမော့မော့နှင့် ဖြော့တော့ ဝါအောင် ဆင်စွယ်ရောင် ဆိုးသော သင်္ကန်းကို ဝတ်လျက် မြို့လယ်ခရီး ရွာလယ်ခရီးများ၌ သွား လာ လှည့်ပတ်ကြကုန်လတ္တံ့။ (၂၄) ပစ္စည်းလေးပါးကို တပ်မက်မောကြကုန်သည် ဖြစ်ကြကုန်အံ့။ (၂၅) ရဟန်းတရားကို အားမထုတ်လိုဘဲ ဆွမ်းခံပျင်း၍ ရွာနီးကျောင်း၌ နေပြီးလျှင် ကျောင်းသားသူငယ်မွေး၍ နေကြကုန်အံ့။ (၂၆) မိစ္ဆာဇီဝဖြင့် အသက်မွေးခြင်း၌ မွေ့လျော်၍ လာဘ်လာဘကို များစွာ ရရှိသော ရဟန်းကြီးတို့သို့ အတုလိုက်၍ ရဟန်းငယ်တို့သည် ကျင့်ကုန် လတ္တံ့။##၂၇) ထိုအခါ၌ သီလဝန် ဂုဏဝန် ဖြစ်ကုန်သော ရဟန်းကောင်း ရဟန်းမှန် ရဟန်းမြတ်တို့အား လာဘ်လာဘ နည်းပါးကုန်အံ့။ ထို လာဘ်လာဘနည်း ပါးကုန်သော ရဟန်းကောင်း သီလဝန္တ ပုဂ္ဂိုလ်တို့ကို မြတ်နိုးကော်ရော် ပူ ဇော်ဆည်းကပ်ခြင်းကို မပြုကြကုန်လတ္တံ့။(အဓိပ္ပာယ်အကျယ်ကား မိစ္ဆာဇီဝကို ကြဉ်သဖြင့်လည်းကောင်း၊ရှေးဘုန်းရှေးကံနည်းသဖြင့်လည်းကောင်း၊ ဘုန်းလာဘ်လာဘ နည်းကုန်သော ရဟန်းကောင်း ရဟန်းမြတ်တို့ကိုကား ပူဇော်မြတ်နိုးကိုးကွယ်ရိုသေအပ်သည် မမှတ်ထင်ကြ ကုန်လတ္တံ့။ မိစ္ဆာဇီဝ ပါပက အကျင့်မှား ဘုန်းလာဘ်များသော ရဟန်းဆိုးတို့ကိုသာရဟန်းကောင်း ရဟန်းမြတ်ဟုထင်မှတ် ဝမ်းသာချီးမွမ်းကာဖြင့် ပူဇော်ဆည်းကပ်ကြကုန်လတ္တံ့ ဟူလို။) (၂၈) ပိန္နဲဆိုး သစ်ခေါက်ဆိုး သင်္ကန်းများကို ကဲ့ရဲ့ရှုတ်ချ၍ သာသနာတော်မှ အပဖြစ်သော တိတ္ထိပရဗိုဇ်တို့၏ အဝတ်ဖြူကို ဆောင်ကြကုန်လတ္တံ့။ (၂၉) ထိုအခါ အရိယာတို့၏ တံခွန်သဖွယ်ဖြစ်သော သင်္ကန်းကို ရိုသေခြင်း ကင်း၍ ပစ္စဝက္ခဏာဆင်ခြင်၍ ဝတ်ရုံခြင်းကို မပြုကုန်လတ္တံ့။ (၃ဝ) အလဇ္ဇီ ဒုဿီလ ရဟန်းတို့သည် မိမိတို့ကို လှူဒါယကာတို့ သဒ္ဓါ ကြည်ညိုပျက်မည်စိုး၍ သီလဝန် ရဟန်းမြတ် ကျမ်းဂန်တတ် ပုဂ္ဂိုလ်တို့ ထိုအရပ်၌ မနေနိုင်အောင် နှိပ်စက်ကုန်လတ္တံ့။ (၃၁) ဆရာဥပဇ္ဈာယ်တို့က ကောင်းသော အမူအရာအကျင့် ပိဋပတ်ကို ဟောညွှန်ပြသ ဆုံးမသော်လည်း မနာယူကြကုန်လတ္တံ့။ (၃၂) ထိုအခါ၌ ဆရာ ဥပဇ္ဈာယ်တို့ကို ရိုသေခြင်းကင်း၍ ဆရာဥပဇ္ဈာယ်တို့၏ ဆုံးမ မခံ နှုတ်လှံ ပြန်ကာ ထိုးကြကုန်လတ္တံ့။ ဤပြဆိုအပ်ခဲ့ပြီးသော သာသနာတော်၏ ဘေးရန်စုသည် နောင်အခါ သာသနာ တော်၌ ဖြစ်ပေါ်လိမ့်မည်ဟု ဖုဿမထေရ် ရဟန္တာမြတ်သည် အနာဂတံသ ဉာဏ်တော်ဖြင့် ရှုမျှော်၍‌ ဟောကြားတော်မူခဲ့သည်။ အခြားကြည့်ရန် ဓမ္မဒူတ ပါမောက္ခ ဒေါက်တာ ဆရာတော် အရှင် ဆေကိန္ဒ ၏ သာသနာတရားတော် ဗုဒ္ဓဝင် The Life of the Buddha (Whole Biography) an animation movie, Youtube ဗုဒ္ဓဝင် The Legend of Buddha (Buddhist Film) HQ movie, Youtube ဗုဒ္ဓဝင် Life Of The Lord Buddha Part 1 movie, (Lao/Thai) Youtube 부처님일대기 ဗုဒ္ဓဝင် Biography of the Buddha for Children (Cartoon) ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာ ဗုဒ္ဓ Buddha was born in Lumbini Nepal BC 623 The Story Of 'Gautama Buddha' for kids အိုင်းစတိုင်း နှင့် သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ သပိတ်အိုင်ဆရာတော် (သီတဂူ ဆရာတော်) ဒေါက်တာ အရှင်ဉာဏိဿရ ၏ အာနာပါန၊ သတိပဌာန္တရား (၁) သပိတ်အိုင်ဆရာတော် (သီတဂူ ဆရာတော်) ဒေါက်တာ အရှင်ဉာဏိဿရ ၏ အာနာပါန၊ သတိပဌာန္တရား (၂) သပိတ်အိုင်ဆရာတော် (သီတဂူ ဆရာတော်) ဒေါက်တာ အရှင်ဉာဏိဿရ ၏ အာနာပါန၊ သတိပဌာန္တရား (၃) မြို့မ-မြင့်ကြွယ် ၏ အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဗုဒ္ဓဝင် The Buddha (Cartoon) Buddhist Arround the World! သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 1 of 5 သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 2 of 5 သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 3 of 5 သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part4 of 5 သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part5 of 5 မြတ်ဗုဒ္ဓ သည် Gods နှင့် လူသား တို့ ၏အမြင့်မြတ်ဆုံးသောဆရာ ကျမ်းကိုး ဗုဒ္ဓဘာသာ ဘာသာရေး
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%9E%E1%80%94%E1%80%AC
ဈာပန
ဈာပနသည် ပါဠိဘာသာမှဖြစ်ပြီး သေဆုံးကွယ်လွန်သွားသောသူတို့အား ပြုလုပ်ပေးသော အခမ်းအနားဖြစ်သည်။ ကြွင်းကျန်သော ရုပ်အလောင်းအား မြေမြှုပ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းတို့ကို တက်ရောက်လာသူများနှင့် ပြုလုပ်သော အခမ်းအနားဖြစ်သည်။ အခမ်းအနားများ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%88%E1%80%AC%E1%80%95%E1%80%94
ဂေဟဗေဒ
သိပ္ပံနည်းကျ ဂေဟဗေဒသည် သက်ရှိတို့၏ အကြောင်းကို အပြည့်အစုံ လေ့လာသည်။ ဘက်တီးရီးယား သေးသေးကလေးမှ စ၍ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနေသည့် ဖြစ်ရပ်များ အထိ ဖြစ်သည်။ ဂေဟဗေဒ ပညာရှင်များသည် မျိုးနွယ်စုတို့ ကြားရှိ ရှုပ်ထွေးပြီး အမျိုးမျိုး အစားစား ကွဲပြားသော သားကောင်ဖမ်းခြင်း၊ ဝတ်မှုန်ကူးခြင်း (အလယ်ပုံ) အစရှိသည့် ဆက်နွယ်မှုများကို လေ့လာကြသည်။ သက်ရှိတို့၏ အမျိုးမျိုးအစားစား ကွဲပြားပုံကို ကျက်စားရာ ဒေသ အမျိုးမျိုး ပေါ်တွင် မူတည်၍ ခွဲခြမ်း စိတ်ဖြာကြသည်။ ကုန်းပေါ်ရှိ ဂေဟဗေဒ စနစ်မှ စ၍ ရေထဲရှိ ဂေဟဗေဒစနစ် အထိ အမျိုးမျိုး ကွဲပြားကြသည်။ ဂေဟဗေဒ (ဂရိဘာသာ oîkos, "ဂေဟာ"; -λογία, -logia, ဘာသာဗေဒ၊ အင်္ဂလိပ် - ecology) သည် သက်ရှိများ ဖြန့်ကျက်တည်ရှိပုံ၊ ဦးရေနှင့် သက်ရှိ အော်ဂင်နစ်ဆင်များနှင့် သဘာဝဝန်းကျင်အကြား မည်သို့ အပြန်အလှန် သက်ရောက်မှု ရှိသည်ကို လေ့လာသည့် သိပ္ပံပညာတရပ်ဖြစ်သည်။ သက်ရှိ အော်ဂင်နစ်ဆင်၏ ပတ်ဝန်းကျင်တွင် ရုပ်သတ္တိများ ပါဝင်သည်။ ယင်းသတ္တများတွင် အဇီဝအချက်များဖြစ်သည့် နေရောင်ခြည်၊ ရာသီဥတု၊ ဘူမိအနေအထားနှင့် ဇီဝအချက်များဖြစ်သည့် ယင်းသက်ရှိများနှင့်အတူ ကျက်စားနေထိုင်ကြသည့် အခြားသက်ရှိများ ပါဝင်သည်။ "Ecology" ဆိုသည့် ဝေါဟာရကို နှုတ်ပြောစကားအနေဖြင့် social ecology၊ deep ecology စသည်တို့တွင် ထည့်သွင်းသုံးနှုန်းကြသကဲ့သို့ သဘာဝဝန်းကျင် သို့မဟုတ် သဘာဝဝန်းကျင် ထိန်းသိမ်းရေးဝါဒ ဟူသောစကားလုံးများ၏ အဓိပ္ပာယ်တူ ဝေါဟာရအဖြစ် အသုံးပြုလေ့ရှိသည်။ Ecology သို့မဟုတ် oekologie ဟူသော ဝေါဟာရကို ဂျာမန် ဇီဝဗေဒပညာရှင် Ernst Haeckel က ၁၈၆၆ ခုနှစ်တွင် တီထွင်ခဲ့ပြီး "အော်ဂင်နစ်ဆင်နှင့် ယင်းတို့၏ ပတ်ဝန်းကျင်အကြား ဆက်နွှယ်မှုအား လေ့လာသည့် သိပ္ပံပညာရပ်"ဟု အဓိပ္ပာယ် သတ်မှတ်ခဲ့သည်။ Haeckel သည် ဤသဘောတရားကို အသေးစိတ် ဆက်လက် ပြုစုခဲ့ခြင်းမရှိပါ။ ပထမဦးဆုံးသော ပြဋ္ဌာန်းစာအုပ်ကို (တက္ကသိုလ်တွင် ပထမဦးဆုံးသော သင်တန်းနှင့်အတူ) ဒိန်းမတ် ရုက္ခဗေဒပညာရှင် Eugenius Warmingက ရေးသားခဲ့သည်။ ယင်းစောစောပိုင်း စာအုပ်ကြောင့် Warming အား ဂေဟဗေဒပညာရပ်အား ထူထောင်ခဲ့သူဟု နောင်လာနောက်သားများက အသိအမှတ်ပြုကြသည်။ ကျမ်းကိုး ဇီဝဗေဒ
https://my.wikipedia.org/wiki/%E1%80%82%E1%80%B1%E1%80%9F%E1%80%97%E1%80%B1%E1%80%92
ဒိန်းမတ်နိုင်ငံ
ဒိန်းမတ်နိုင်ငံ (ရုံးသုံးဘာသာစကားဖြင့် ကင်းဒမ်းအော့ဖ်ဒိန်းမတ်) တွင် ဂရင်းလန်းနှင့် ဖာရိုးကျွန်းစုများ ပါဝင်ပြီး ဥရောပမြောက်ပိုင်းတွင် ရှိသော စကင်ဒီနေးဗီးယန်းနိုင်ငံ ဖြစ်သည်။ နော်ဒစ်နိုင်ငံများတွင် တောင်ဘက် အကျဆုံးဖြစ်ပြီး ဆွီဒင်နိုင်ငံ၏ အနောက်တောင်ဘက်၊ နော်ဝေနိုင်ငံ၏ တောင်ဘက်နှင့် ဂျာမနီနိုင်ငံ၏ မြောက်ဘက်တွင် တည်ရှိသည်။ ဒိန်းမတ်နိုင်ငံသည် ဘော်လတစ်ပင်လယ်နှင့် မြောက်ဘက်ပင်လယ်တို့နှင့်လည်း ထိစပ်လျက် ရှိသည်။ ပမာဏအားဖြင့် ငယ်ပင်ငယ်သော်လည်း သမဝါယမနည်းစံနစ်အရ ကြီးပွားထွန်းကားလျက်ရှိသော နိုင်ငံကား ဥရောပတိုက်၏ အနောက်မြောက်ပိုင်း ဂျတ်တလန် (Jutland) (ဒိန်းမတ်အမည် Jylland ယုလန်) ကျွန်းဆွယ် တခုလုံးပါဝင်သည့် ဒိန်းမတ်နိုင်ငံပင် ဖြစ်သည်။ ဒိန်းမတ်နိုင်ငံတွင် ဂျတ်တလန် ကျွန်းဆွယ်နှင့်တကွ အနီးပတ်ဝန်းကျင်ရှိ ဖူနင် (Funen) (ဒိန်းမတ်အမည် Fyn ဖျွန်း၊ ဇီးလန် (Zealand) (ဒိန်းမတ်အမည် Sjælland ရှေးလန်) စသော ကျွန်းငယ်ကလေးများ ပါဝင်၍ နိုင်ငံ၏ အစုစုဧရိယာမှာ ၁၆၅၇၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ ထိုကျွန်းစုများသည် ဆွီဒင်နှင့် ဂျာမနီနိုင်ငံအကြားတွင် တည်ရှိ၍ အနောက်ဘက်တွင် မြောက်ပင်လယ်၊ အရှေ့ဘက်တွင် ဘောလတစ်ပင်လယ်တို့ ကာစီးဝိုင်းရံလျက်ရှိ၏။ အထူးအားဖြင့် ဂျတ်တလန်ကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းခြေသည် မြေဩဇာကောင်းသောလယ်မြေနှင့် သာယာစိုပြေသော သစ်တောများနှင့် ပြည့်စုံ၍၊ ညီမျှသောရာသီဥတုရှိ၏။ အနောက်ဘက်ကမ်းခြေ၌မူ သဲသောင်ကုန်းများ၊ နွံအိုင်များ၊ မြက်တောများနှင့် သစ်ပင်မပေါက်သော မြေကွက်များရှိလေသည်။ သတ္တုဟူ၍ မထွက်သလောက် ဖြစ်သော်လည်း အိုးခွက်ဖုတ်ရန် ရွှံစေးပေါများသည်။ ကျွန်းဆွယ်တခု ဖြစ်သည့်အတိုင်း နံဘေးပတ်လည်တွင် ပင်လယ်များ ဝိုင်းရံလျက် ရှိရုံမျှမက ဖျော့ (fjord) ခေါ် ရေမြောင်ကြားများကလည်း ကုန်းအတွင်းသို့ အတော်ပင်ရောက်အောင် ထိုးဝင်လျက်ရှိရကား၊ ငါးဖမ်းရန်အတွက် အလွန်အကွက်ကောင်းသဖြင့် လူတို့သည် ငါးဖမ်းခြင်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြလေသည်။ တိုင်းပြည်၏ ၈၀ ရာခိုင်နှုန်းမျှသောမြေကို ထွန်ယက်စိုက်ပျိုးနိုင်၍ အစိုးရက မြေပိုင်ရှင်စံနစ်ကို အားမပေးသဖြင့် လယ်မြေအားလုံးမှာ လယ်ပိုင်ရှင်ကလေးများ လက်ထဲတွင် တည်ရှိသည်။ ထိုကြောင့် တိုင်းပြည်အတွင်း ဆင်းရဲလွန်းသူ၊ ချမ်းသာလွန်းသူ ဟူ၍ မရှိဘဲ ညီညီမျှမျှရှိလေသည်။ ဒိန်းမတ်နိုင်ငံတွင် ငါးလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားအရေးကြီးသော လုပ်ငန်း တခုမှာ နွား၊ ကြက်၊ဝက် မွေးမြူသောလုပ်ငန်းဖြစ်ရာ နွားနို့၊ မလိုင်၊ ဒိန်ခဲ၊ ဝက်သားနှင့် ကြက်ဥအမြောက်အမြားကို ဂရိတ်ဗြိတိန်နှင့် ဂျာမနီနိုင်ငံများသို့ အမြဲမပြတ် တင်ပို့ရသည်။ တိုင်းပြည်၏ အသက်သွေးခဲလုပ်ငန်းများတွင် လောကဓာတ် နည်းစံနစ်များ အသုံးပြုရန် အစိုးရက အားပေးလေသည်။ ဤလုပ်ငန်းများကို သမဝါယမစံနစ်ဖြင့် လုပ်ကိုင်ကြရာ၊ သမဝါယမအသင်းများကို အနှံ့အပြား ဖွဲ့စည်းထား၍ တောင်သူလယ်သမားတိုင်း အသင်းသားများဖြစ်ကြသည်။ သားသတ်ရုံကို သမဝါယမစံနစ်ဖြင့် အုပ်ချုပ်၏။ လယ်လုပ် ရာတွင် လိုသောပစ္စည်းများ၊ ကရိယာတန်ဆာပလာများကိုဝယ်ရန် သမဝါယမအသင်းများရှိ၏။ သမဝါယမဘဏ်လည်း ရှိ၏။ လယ်သမားများကို လေဘေးရေဘေးမှ ကာကွယ်ရန်အလို့ငှာ သမဝါယမအာမခံအသင်းများ ဖွဲ့စည်းထား၏။ ဗဟိုဓာတ်အားပေးရုံများအပြင် သမဝါယမလျှပ်စစ်ဓာတ်မီးရုံများလည်း ရှိသည်။ သမဝါယမလုပ်ငန်းများ၌ မည်သည့် နေရာကမျှ လိုလေသေးသည် ဟူ၍မရှိသောကြောင့် ဒိန်းမတ်နိုင်ငံသည် သမဝါယမစံနစ်၌ ကမ္ဘာကျော်ဖြစ်လေသည်။ ဤကဲ့သို့ များလှစွာသော သမဝါယမအသင်းများကို ဒိန်းမတ်နိုင်ငံဗဟို သမဝါယမကော်မတီက ကြီးမှူးအုပ်ချုပ်ထားလေသည်။ ဤသို့ သမဝါယမနည်းဖြင့် စံနစ်တကျလုပ်ကိုင်သဖြင့် ဒိန်းမတ်တောင်သူလယ်သမားတို့၏ နေမှုထိုင်မှုမှာ အတော် အဆင့်အတန်းမြင့်၍ လာခဲ့လေသည်။ အဆင့်အတန်း အလွန်ကွာသော လူအတန်းအစားမရှိ။ အခြားနိုင်ငံများ ရင်ဆိုင်ရသော သီးစားပြဿနာဟူ၍မရှိဘဲ လယ်လုပ်ခများကို ကောင်းစွာရကြလေသည်။ ဒိန်းမတ်နိုင်ငံသားများကို ဒိန်းလူမျိုးခေါ်ကြရာ ဒိန်းတို့မှာ သန်မာတောင့်တင်းသောလူမျိုးဖြစ်၍ ကစားခုန်စား ဝါသနာပါပြီးလျှင် ကမ္ဘာကျော်ရေကူးသမားများလည်း ဖြစ်ကြလေသည်။ လုံ့လဝီရိယရှိ၍ အလုပ်ကို ကြိုးပမ်းလုပ်သူများဖြစ်သည့်အတိုင်း အစားအသောက်ကောင်းကောင်းကို နှစ်သက်ကြ၏။ ပေါင်းသင်းဆက်ဆံရာ၌ လူအတန်းအစားမရွေးဘဲ ယဉ်ကျေးဖော်ရွေစွာ ဆက်ဆံတတ်ကြ၏။ ဒိန်းမတ်နိုင်ငံတွင် ပညာကို အလွန်မြတ်နိုး၍ ပညာသင်ကြားရေးကို အထူးအားပေးကြ၏။ ၁၈၁၄ ခုမှစ၍ မူလတန်းပညာကို မသင်မနေရ ပြုလုပ်ထား၏။ အထက်တန်းကျောင်းများအပြင် စက်မှုပညာသင်ကျောင်း၊ ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း၊ ဆရာဖြစ်သင် ကျောင်း၊ လူကြီးများအတွက် စိုက်ပျိုးရေးကျောင်း စသည်ဖြင့် သက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားသည့်ကျောင်း မြောက်မြား စွာရှိသည်။ ကိုပင်ဟေဂင်မြို့တော်နှင့် အောဟု(စ်) မြို့များတွင် တက္ကသိုလ်ကျောင်းများရှိ၏။ အမျိုးသမီးများ မဲဆန္ဒပေးခွင့်နှင့် လွှတ်တော်အမတ်အဖြစ် အရွေးခံနိုင်ခွင့်ရှိသည်။ အမျိုးသမီးတို့သည် ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်သော အရည်အချင်းလည်းရှိ၍ ကိုယ်ပိုင်အလုပ်များ ကိုယ်စီရှိကြလေရာ အလုပ်ချိန်တွင် ယင်းတို့၏ကလေးများကို စောင့်ထိန်းရန် အလို့ငှာ ကလေးများ ဂေဟာတို့ကို နိုင်ငံနှင့် အဝှန်းတည်ထောင်ထားကြသည်။ ဒိန်းလူမျိုးတို့ကား တခါက ဥရောပမြောက်ပိုင်း၌ အတော်ပင်တန်ခိုးအာဏာကြီးခဲ့သော လူမျိုးတမျိုးဖြစ်ပြီးလျှင် ထိုအခါက သူတို့သည် မြောက်ဥရောပကမ်းခြေနှင့် အင်္ဂလန်ကျွန်းရှိ ဆိပ်ကမ်းမြို့ရွာများကို တိုက်ခိုက်လုယက်လေ့ရှိကြ၏။ ဒိန်းဘုရင်များတွင် တန်ခိုးအကြီးဆုံးမှာ ကနွတ်ဘုရင်ဖြစ်၍ တခါက အင်္ဂလန်၊ ဒိန်းမတ်နှင့် နော်ဝေးပြည်များကို အုပ်စိုးခဲ့ဘူးလေသည်။ ကနွတ်ဘုရင်သည် နှစ်အနည်းငယ်သာ နန်းစံ ရသော်လည်း ဒိန်းတို့သည် ၁၃ ရာစုအထိ ဥရောပမြောက်ပိုင်းတွင် အတော်တန်ခိုးကြီးခဲ့ကြ၏။ ဘောလတစ်ပင်လယ်တဝိုက်တွင် ဟန်ဆီ အက်တစ်အဖွဲ့၏ အာဏာပျံ့နှံ့လာသောအခါမှ အနည်းငယ် တန်ခိုးမှေးမှိန်သွားလေသည်။ ၁၃၉၇ ခုနှစ်တွင် ဒိန်းမတ်ဘုရင်မ မာဂရက် လက်ထက်၌ ဒိန်းမတ်၊ ဆွီဒင်နှင့် နော်ဝေး ၃ နိုင်ငံပူးပေါင်း၍ ခုခံတိုက်ခိုက်သောအခါမှာမှ ဟန်ဆီအက်တစ်အဖွဲ့၏ရန်အေးသွားလေသည်။ ၁၈၁၅ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံက နပိုလီယန်ကို ကူညီသည်ဆိုကာ ဗီယင်နာအစည်းအဝေးကြီး၌ နော်ဝေးက ဆွီဒင်နှင့်ပူးပေါင်းလိုက်ရာ ဒိန်းမတ်နိုင်ငံမှာ ထီးတည်းကျန်ရစ်တော့၏။ ၁၈၆၄ ခုနှစ်တွင် ပရပ်ရှားနှင့် ဩစတြီးယားတို့က တိုက်ခိုက်သဖြင့် ဒိန်းမတ်နိုင်ငံမှာ ရှလဇွပ် - ဟိုင်စတိုင် (Schleswig - Holstein) နယ်များ ဆုံးရှုံးသွားရ၏။ သို့သော် ပထမကမ္ဘာစစ်ပြီးသောအခါ ရှလဲဇွစ်နယ်မြောက်ပိုင်းကိုပြန်ရခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့သိမ်းပိုက်ထား၍ ၁၉၄၅ ခုမေလ ၅ ရက်နေ့ကျမှ လွတ်မြောက်သွားလေသည်။ ယခုအုပ်စိုးလျက်ရှိသော ဘုရင်မှာ ၁၉၄၇ ခုတွင် နတ်ရွာစံခဲ့သည့် ဒဿမခရစ်စတီယန်ဘုရင်၏ အရိပ်အရာကို ဆက်ခံခဲ့သည့် နဝမဖရက်ဒရစ်ဘုရင် ဖြစ်သည်။ ဒိန်းမတ်နိုင်ငံ လူဦးရေမှာ ၂၀၀၉ သန်းခေါင်စာရင်းအရ ငါးသန်းငါးသိန်းကျော်ရှိသည်။။ မှတ်စုများ ကိုးကား မြန်မာ့စွယ်စုံကျမ်း - အတွဲ (၅) အပိုင်း (ဂ) ဒိန်းမတ်နိုင်ငံ ဥရောပတိုက်ရှိ နိုင်ငံများ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ နေတိုး အဖွဲ့ဝင်နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဒီမိုကရေစီ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%90%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
တရုတ်သမ္မတနိုင်ငံ
ထိုင်ဝမ် ()၊ တရားဝင်အားဖြင့် တရုတ်သမ္မတနိုင်ငံ ( The Republic of China, ROC (အာအိုစီ)) သည် အရှေ့အာရှတွင်တည်ရှိသည့် တိုင်းပြည်တစ်ခုဖြစ်ပြီး ကမ္ဘာတဝှမ်းက အသိအမှတ်ပြုသည့် တစ်ပါတီနိုင်ငံရေးစနစ် ကျင့်သုံးသည့်နိုင်ငံမှ အမေရိကန်၊ ဥရောပ၊ ဂျပန်စသည့် အင်အားကြီးနိုင်ငံများနှင့် လက်တွေ့ဆက်ဆံမှုရှိသော်လည်း နိုင်ငံအများစုကပါ တရားဝင်အသိအမှတ်ပြုသည့် ပါတီစုံဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ အာအိုစီသည် ကုလသမဂ္ဂအား ဖွဲ့စည်းတည်ထောင်ခဲ့သည့် မူလအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် အာအိုစီအားတည်ထောင်ခဲ့စဉ်က အုပ်ချုပ်သည့်နယ်နမိတ်မှာ တရုတ်နိုင်ငံတဝှမ်းလုံးနှင့် မွန်ဂိုလီးယားအထိ အကျုံးဝင်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့် ၁၉၄၅ ခုနှစ်တွင် ထိုင်ဝမ်ကျွန်း () နှင့် ဖုန်ဟူ ()ကျွန်းစုများ ဂျပန်တို့ထံမှ အာအိုစီ၏ အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့သည်။ ၁၉၄၉ ခုနှစ် ကူမင်တန် ( တရုတ်အမျိုးသားပါတီ) အစိုးရ တရုတ်ပြည်တွင်းစစ်တွင် ရှုံးနှိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာကာ လက်ရှိတွင် အာအိုစီအစိုးရ အုပ်ချုပ်သည့် နယ်နမိတ်မှာ ထိုင်ဝမ်၊ ဖုန်ဟူ၊ ကျင်းမင် ()နှင့် မားကျူ () တို့သာ ကျန်တော့သည်။ တရုတ်ပြည်တွင်းစစ်ပွဲအပြီးတွင် ကွန်မင်တန်အား အနိုင်ရခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်မကြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ( People's Republic of China, PRC (ပီအာစီ)) ကို ထူထောင်ခဲ့သည်။ အာအိုစီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိ အာအိုစီအစိုးရလက်အောက်ရှိ နယ်မြေများအား “တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာ”ဟု ညွှန်းဆိုထားပြီး မြို့တော်မှာ ထိုင်ပေမြို့ဖြစ်သည်။ ၁၉၄၉ ခုနှစ်မှစ၍ အာအိုစီအစိုးရသည့် နယ်မြေများမှာ ထိုင်ဝမ်နှင့် ကမ်းလွန်ကျွန်းစုများသာ ကျန်ရှိသည်ဆိုသော်လည်း စစ်အေးခေတ် ခေတ်ဦးပိုင်းတွင် အာအိုစီအစိုးရအား အနောက်တိုင်းနိုင်ငံအများစုနှင့် ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ပီအာစီအား မျက်နှာသာပေးလာသောကြောင့် အာအိုစီသည် ယင်းအသိအမှတ်ပြုမှုများကို တဖြည်းဖြည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း တရုတ်တစ်ပြည်လုံး၏ အချုပ်အခြာအာဏာအား ပိုင်ဆိုင်သည်ဆိုသည့် အဆိုကို ဆက်လက်ဆွဲကိုင်ထားဆဲဖြစ်သည်။ သမ္မတဟောင်း လီတိန်းဟွေး()နှင့် ချန်ဆွေပြန်()တို့က အာအိုစီသည် တရုတ်ပြည်မနှင့် ဆက်နွှယ်ခြင်းမရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သောကြောင့် တရားဝင်လွတ်လပ်ရေး ကြေညာရန် မလိုအပ်ဟု အဆိုပြုကြသည်။ သမ္မတဟောင်း မာရင်းကျို ()ကမူ အာအိုစီသည် ထိုင်ဝမ်ရော ပြည်မပါ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ပြီး သီးခြားလွတ်လပ်သည့် နိုင်ငံဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ယင်းရပ်တည်ချက်သည် အာအိုစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သော်လည်းကောင်း၊ ၁၉၉၂ ခုနှစ် နားလည်မှု ( အဓိပ္ပာယ်နှစ်မျိုးနှင့် တရုတ်တပြည်ထောင်) နှင့်သော်လည်းကောင်း တစ်ထပ်တည်းဖြစ်သည်။ ၁၉၁၀ မှ ၁၉၄၀ ခုနှစ်အတွင်း အာအိုစီမှာ တရုတ်နိုင်ငံကို ညွှန်းဆိုသည်။ ၁၉၅၀ မှ ၁၉၆၀ ခုနှစ်အတွင်းတွင်မူ နေရှင်နယ်လစ်တရုတ်ပြည် သို့မဟုတ် လွတ်လပ်သောတရုတ်ပြည်ဟု ညွှန်းဆိုကြသည်။ မျက်မှောက်ခေတ်တွင် အာအိုစီအား များသောအားဖြင့် ထိုင်ဝမ်ဟု ခေါ်ဆိုလာကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ တရုတ်နိုင်ငံဆိုသည်မှာ ပီအာစီကို ညွှန်းဆိုလာကြသည်။ နိုင်ငံတော်ထူထောင်ခြင်း တရုတ်သမ္မတနိုင်ငံ (အာအိုစီ) အား ၁၉၁၁ ခုနှစ်တွင် ထူထောင်ခဲ့သည်။ တရုတ်ပြည်အား ၁၆၄၄ - ၁၉၁၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀၀ ကျော် အုပ်ချုပ်ခဲ့သည့် ချင်းမင်းဆက်(( မန်ချူးမင်းဆက်) ပျက်သုဉ်းစေခဲ့ပြီး တရုတ်ပြည်တွင် နှစ် ၂၀၀၀ ကျော်ကြာ ကျင့်သုံးခဲ့သည့် သက်ဦးဆံပိုင် ဧကရာဇ်စနစ် ပြည်ဖုံးကားချစေခဲ့သည်။ အာအိုစီသည် အရှေ့အာရှဒေသတွင် သက်တမ်းအကြာမြင့်ဆုံး သမ္မတနိုင်ငံတခုအဖြစ် တည်ရှိဆဲဖြစ်သည်။ တရုတ်ပြည်ကို အုပ်စိုးခဲ့စဉ် အာအိုစီအစိုးရသည် ဂျပန်တို့၏ ကျူးကျော်တိုက်ခိုက်မှု၊ ကွန်မင်တန်ပါတီ (KMT) နှင့် ကွန်မြူနစ်ပါတီအကြား ဖြစ်ပွားခဲ့သည့် တရုတ်ပြည်တွင်း စစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ အာအိုစီအစိုးရ ထိုင်ဝမ်သို့ ရောက်ရှိလာပြီးနောက် စီးပွားရေး၊ စက်မှုလုပ်ငန်းနှင့် ဒီမိုကရေစီ နိုင်ငံရေးစနစ် စသည့်နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ၁၉၂၈ ခုနှစ်မှစ၍ အာအိုစီသည် ကွန်မင်တန်ပါတီက အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သည့် တပါတီနိုင်ငံရေးစနစ် ကျင့်သုံးသည့် နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ၁၉၅၀ - ၁၉၆၀ ခုနှစ်များအကြားတွင် ကွန်မင်တန်ပါတီသည် ပြန်လည်ဖွဲ့စည်းမှုအား ကျယ်ကျယ်ပျံ့ပျံ့ လုပ်ဆောင်ခဲ့ကာ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် လယ်မြေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ဒီ့နောက်တွင် စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်လာကာ အာရှ ကျားလေးကောင် စာရင်းဝင်နိုင်ငံ ဖြစ်လာသည်။ ၁၉၈၀ - ၁၉၉၀ ခုနှစ်များတွင် အုပ်ချုပ်ရေးစနစ်မှာ ငြိမ်းချမ်းသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်အဖြစ် အသွင်ပြောင်းလာသည်။ ၁၉၉၆ ခုနှစ်တွင် သမ္မတအား လူထုမှ တိုက်ရိုက်မဲပေး ရွေးကောက်တင်မြောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီဝင် ချန်ဆွေပြန် သမ္မတဖြစ်လာသည်။ ၎င်းသည် ၁၉၄၉ ခုနှစ် အာအိုစီအစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ပထမဦးဆုံးသော ကွန်မင်တန်ပါတီဝင်မဟုတ်သည့် သမ္မတဖြစ်သည်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် ဥပဒေပြုလွှတ်တော် အမတ်ရွေးကောက်ပွဲများတွင် ကွန်မင်တန်ပါတီသည် ဗဟိုအုပ်ချုပ်ရေးအာဏာကို ပြန်လည်ရရှိခဲ့သည့်အပြင် လွှတ်တော်တွင်လည်း အမတ်နေရာအများစုကို အနိုင်ရခဲ့သည်။ နိုင်ငံရေးအခြေအနေ အာအိုစီ၏ နိုင်ငံရေးအခြေအနေသည် အငြင်းပွားစရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ)သည် အာအိုစီအစိုးရသည် တရားမဝင်ဟု ကြွေးကြော်ကာ “ထိုင်ဝမ်အာဏာပိုင်”ဟုသာ ညွှန်းဆိုလေ့ရှိသည်။ တချိန်တည်းတွင် အာအိုစီအစိုးရက မိမိကိုယ်ကို အချုပ်အခြာအာဏာလွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားသည်။ ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာသည့်တိုင် အာအိုစီအစိုးရက တရုတ်တပြည်လုံး၏ တရားဝင်အစိုးရဟု ဆိုသော်လည်း ထိုင်ဝမ်ခွဲထွက်ရေး (ထိုင်ဝမ်လွတ်လပ်ရေး)ကိုလိုလားသူ သမ္မတချန်ဆွေပြန် (၂၀၀၀-၂၀၀၈) မှာမူ တရုတ်ပြည်သည် အာအိုစီအစိုးရသည့် နယ်နမိတ်ဟု တက်တက်ကြွကြွ ပြောဆိုလေ့မရှိခဲ့ပေ။ အာအိုစီတွင် လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ကွန်မင်တန်ပါတီမှ ၁၉၁၂ ခုနှစ် တရုတ်ပြည်တွင် ရေးဆွဲခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယင်းဥပဒေအရ အာအိုစီအပိုင်နယ်နမိတ်မှာ တရုတ်ပြည်မ၊ မွန်ဂိုလီးယား၊ မြန်မာပြည် မြောက်ပိုင်းဒေသတချို့နှင့် မျက်မှောက်ခေတ် ရုရှားအပိုင် ထူဗာဒေသတို့ပါဝင်သည်။ ယင်းဥပဒေကို မျက်မှောက်ကာလအထိ ပြန်လည်ပြင်ဆင်ခဲ့ခြင်းမရှိပါ။ လက်ရှိသမ္မတ မာရင်းကျိုသည် အာအိုစီသည် တရုတ်ပြည်၏ တခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း တရုတ်ပြည်မဒေသသည် အာအိုစီ၏ အချုပ်အခြာအာဏာပိုင် နယ်နမိတ်ဖြစ်ကြောင်း ပြန်လည်အဆိုပြုထားသည်။ (သို့သော်လည်း ၁၉၉၂ ခုနှစ် ထိုင်ဝမ်နှင့် ပြည်မအကြား ဟောင်ကောင်ဆွေးနွေးပွဲ၌ ကမ္ဘာပေါ်တွင် တရုတ်ပြည် တခုတည်းသာရှိကြောင်း နှစ်ဖက်မှ လက်ခံထားပြီး ထိုင်ဝမ်ဖက်မှ ညွှန်းဆိုသည့် တရုတ်ပြည်မှာ အာအိုစီဖြစ်ကာ ပြည်မဖက်မှ ညွှန်းဆိုသည့် တရုတ်ပြည်မှာ ပီအာစီဖြစ်ကြောင်း နားလည်မှုရယူထားသည်။ ၎င်းအား ၁၉၉၂ ခုနှစ် နားလည်မှုဟု နောက်ပိုင်းတွင် ခေါ်ဆိုကြသည်။) သမိုင်း ၁၉၁၁–၂၇ ၁၉၁၁ ခုနှစ်တွင် နှစ် ၂၀၀၀ ကျော်ကြာသည့် ဧကရာဇ်စနစ်အား တွန်းလှန်ပြီးနောက် တရုတ်၌ သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။ ချင်းမင်းဆက် အစိုးရသည် ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ ဧကရာဇ်စနစ်ကို ကြားကန်ပေးထားသည့် ခေတ်သစ်-ကွန်ဖြူးရှပ်ဝါဒအပေါ် ပြည်သူများက သံသယဝင်လာချိန်ဖြစ်သလို ပြည်တွင်း၌လည်း တရုတ်လူမျိုး သန်း ၄၀ (လူဦးရေ ၁၀ %) က ဘိန်းစွဲသည့် ပြဿနာကြောင့် ကိုယ်ပိုင်ယဉ်ကျေးမှုမဲ့နေပြီဟု အပြစ်တင်ခံနေရချိန်လည်းဖြစ်သည်။ တတိယဘိန်းစစ်ပွဲတွင် အနောက်တိုင်းအင်အားကြီးနိုင်ငံများအား မရှုမလှ ရှုံးနှိမ့်ခဲ့ရ၍ မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည့် ချင်မင်းဆက် အစိုးရသည် ဤအချိန်တွင် မီးစာကုန် ဆီခန်းဘဝနှင့် အတော်လေးပင် နီးစပ်နေပြီဖြစ်သည်။ ၁၉၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ဒေါက်တာ ဆွန်ယက်ဆင် ()ဦးဆောင်သည့် ဝူချန်းတော်လှန်ရေး () ဖြစ်ပွားခဲ့ပြီး ချင်မင်းဆက်ကို တွန်းလှန်ခဲ့သည်။ ထိုနေ့အား အာအိုစီအစိုးရက အမျိုးသားနေ့()အဖြစ် သတ်မှတ်ခဲ့သည်။ ၁၀ လ ၁၀ ရက်နေ့ ဖြစ်သောကြောင့် Double Ten Day () ဟုလည်းခေါ်သည်။ ၁၉၁၂ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင် အာအိုစီကို တည်ထောင်ခဲ့ပြီး ဒေါက်တာဆွန်ယက်ဆင်အား ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ဖူယီ () နန်းစွန့်ရန် သဘောတူခဲ့ပြီးနောက် ယွမ်ရှီခိုင်အား ၁၉၁၃ ခုနှစ်တွင် သမ္မတအဖြစ် တရားဝင် ရွေးကောက်တင်မြှောက်ခဲ့သည်။ သို့သော်လည်း ယွမ်ရှီခိုင်သည် အာဏာရကွန်မင်တန်ပါတီကို ဖြိုခွဲလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအရ သမ္မတအာဏာကို လျစ်လျူရှုကာ ၁၉၁၅ ခုနှစ်တွင် မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေညာခဲ့သည်။ ယွမ်ရှီခိုင်၏နောက်လိုက်များသည် ယင်းအားစွန့်ခွာသွားကြပြီး ပြည်နယ်များက လွတ်လပ်ရေးကြေညာကာ စစမဘုရင်များ အုပ်ချုပ်သည့် တိုင်းနိုင်ငံများ ဖြစ်လာသည်။ ယွမ်ရှီခိုင်သည် ၁၉၁၆ ခုနှစ်တွင် ဆီးအဆိပ်သင့်ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။ ယွမ်ရှီခိုင်ကွယ်လွန်ပြီးနောက် ဆယ်စုနှစ် တနှစ်ကြာ စစ်ဘုရင်များ ကြီးစိုးခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်သည်လည်း ၁၉၁၇ - ၁၉၂၀ ခုနှစ်တွင် မိမိမွေးရပ်မြေ ကွမ်တုန်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်သည် စင်ပြိုင်အစိုးရကို ထူထောင်ခဲ့ပြီး ၁၉၁၉ ခုနှစ် အောက်တိုဘာလတွင် ကွန်မင်တန်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပေကျင်းရှိ ပေရန်အစိုးရသည် အာဏာကို ဆက်လက်ဆွဲကိုင်ထားနိုင်ရန် ကြိုးပန်းလျက်ရှိသည်။ တရုတ်က အနောက်နိုင်ငံများအား မည်သို့ ရင်ဆိုင်ရမည်ကို ကျယ်ကျယ်ပျံ့ပျံ့ အတိအလင်း ဆွေးနွေးမှုများ ရှိလာသည်။ ဗာဆိုင်းစာချုပ် ချုပ်ဆိုပြီးနောက် မေလ ၄ ရက်နေ့တွင် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများသည် နိုင်ငံတဝှမ်းလုံးသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ ယင်းဆန္ဒပြမှုကို မေလ ၄ ရက် နေ့စွဲကို အစွဲပြု၍ မေ ၄ လှုပ်ရှားမှု () ဟု ခေါ်တွင်လာသည်။ ဝူချန်းတော်လှန်ရေး မတိုင်မှီကာလအတွင်း မင်းမဲ့ဝါဒ အထူးသဖြင့် မင်းမဲ့ကွန်မြူနစ်ဝါဒသည် ဆိုရှယ်လစ်ဝါဒီများအကြား အထင်ရှားဆုံး ဝါဒတရပ်ဖြစ်လာသည်။ ၁၉၁၉ ရုရှတော်လှန်ရေးဖြစ်ပွားပြီးနောက် တရုတ်ပြည်တွင် မာခ်စ်ဝါဒ (Marxism) ပျံ့နှံလာကာ လူသိပိုများလာသည်။ မာခ်စ်-လီနင်ဝါဒီ လှုပ်ရှားမှုကို အစဦးပိုင်းတွင် လီတာ့ကျောင်းနှင့် ချန်တူရှို့တို့က ဦးဆောင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီကို ၁၉၂၁ ခုနှစ် ဇူလိုင်လတွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။ ၁၉၂၇–၄၅ ဒေါက်တာဆွန်ယက်ဆင် ၁၉၂၅ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့ပြီးနောက် ချန်ကေရှိတ်သည် ကူမင်တန်ပါတီ၏ ခေါင်းဆောင်ဖြစ်လာသည်။ ဆိုဗီယက်ယူနီယံ၏ အကူအညီဖြင့် ချန်ကေရှိတ်သည် တရုတ်ပြည်မြောက်ပိုင်းဒေသ စစ်ဆင်ရေးကို အနိုင်ရခဲ့ပြီး တစ်မင်းတစ်ချင်းအုပ်စိုးနေသည့် စစ်ဘုရင်များအား ချေမှုန်းနိုင်လိုက်ကာ ကူမင်တန်ပါတီ၏ ဩဇာအောက်တွင် တရုတ်ပြည်အား အမည်ခံအားဖြင့် တပေါင်းတစည်းတည်းဖြစ်စေခဲ့သည်။ ဆိုဗီယက် အကြံပေးပုဂ္ဂိုလ်များက စစ်ရေးလေ့ကျင့်မှု၊ ဝါဒဖြန့်ချိရေး စသည်တို့တွင် အကူအညီပေးခဲ့သော်လည်း ချန်ကေရှိတ်သည် ၎င်းတို့အား ပယ်ထုတ်ကာ ကွန်မင်တန်ပါတီမှ ကွန်မြူနစ်များနှင့် လက်ဝဲဝါဒီများအား ရှင်းလင်းခဲ့သည်။ ဤသို့ကြောင့် တရုတ်ပြည်တွင်းစစ်ပွဲ စတင်စေခဲ့သည်။ ချန်ကေရှိတ်၏ တိုက်ခိုက်ချေမှုန်းမှုကြောင့် ကွန်မြူနစ်များသည် တရုတ်ပြည် အတွင်းပိုင်းဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ချန်ကေရှိတ်သည် အာဏာတည်မြဲရေးအတွက် ၁၉၂၇ ခုနှစ် နန်ကျင်းမြို့တွင် ကွန်မင်တန်အစိုးရကို ဖွဲ့စည်းကာ တိုင်းပြည် ခေတ်မှီတိုးတက်စေရန် ဗဟိုသုတေသနဌာန၊ တရုတ်ဘဏ်နှင့် အခြားသော ဌာနများကို တည်ထောင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ကျင်းပသည့် အိုလံပစ်အားကစားပွဲတော်တွင် အာအိုစီအလံကိုင်ဆောင်ထားသည့် တရုတ်အားကစားသမားများ ပထမဦးဆုံးအကြိမ် ပါဝင်ဆင်နွှဲခဲ့သည်။ ဤကဲ့သို့သော တည်ငြိမ်မှုသည် ၁၉၃၁ ခုနှစ် ဂျပန်တို့ မန်ချူးရီးယားကို ကျူးကျော်တိုက်ခိုက်လာချိန်တွင် အဆုံးသတ်ခဲ့သည်။ ဒုတိယတရုတ်ဂျပန်စစ်ပွဲသည် ဒုတိယကမ္ဘာစစ်ကြီးအထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ အာအိုစီအစိုးရသည် နန်ကျင်းမှ ခြုံချင့်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့ လက်နက်ချ အရှုံးပေးခဲ့ပြီး အာအိုစီသည်လည်း ကုလသမဂ္ဂအား ဖွဲ့စည်းထူထောင်ခဲ့သည့် အဖွဲ့ဝင်တဦးဖြစ်ခဲ့သည်။ အာအိုစီအစိုးရလည်း နန်ကျင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀ - ၁၉၇၀ ပြည့်နှစ်များအတွင်း အာအိုစီတွင် အာဏာရှင်အုပ်စိုးသည့် တပါတီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတခုဖြစ်လာသည်။ စစ်အေးခေတ်ကြောင့် တရုတ်-အမေရိကန် အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ် ပျက်ပျယ်သွားသည့် ၁၉၇၀ ပြည့်နှစ်များအထိ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂသည် အာအိုစီအား တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဒီ့နောက်တွင် နိုင်ငံအများစုသည် ယင်းတို့၏ သံတမန်ဆက်ဆံရေးကို ပီအာစီဘက်သို့ ပြောင်းလဲခဲ့ကြသည်။ ၁၉၄၅ မှ မျက်မှောက်ခေတ် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့စစ်ရှုံးပြီးနောက် ချင်းမင်းဆက်အရိုက်အရာကို ဆက်ခံသည့်အာအိုစီအစိုးရသည် ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဂျပန်တို့၏တပ်မြို့ ထိုင်ဝမ်အား ဂျပန်တို့ထံမှ ပြန်လည်လက်လွှဲယူခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းမရှိပဲ အချုပ်အခြာအာဏာလွှဲပြောင်းခြင်းသည် တရားမဝင်ဟု အငြင်းပွားမှုများ ရှိခဲ့သည်။ အာအိုစီအစိုးရ၏ စစ်ဖက်အုပ်ချုပ်သူလူတန်းစားများ ထိုင်ဝမ်သို့ ရောက်ရှိလာပြီးနောက် ထိုင်ဝမ်ဒေသခံများနှင့် ပြည်မသားများအကြား မငြိမ်မသက်မှုနှင့် တင်းမာမှုများ တိုးမြှင့်လာသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စီးကရက်ရောင်းသူတဦးအား ဖမ်းဆီးမှုနှင့် ဘေးတွင်ဝိုင်းကြည့်သူတဦး သေနပ်မှန်သေဆုံးမှုကြောင့် ထိုင်ဝမ်းကျွန်းအနှံ့ ဆူပူမှုများ ကူးစက်သွားစေသည်။ ယင်းဆူပူမှုအား နှိပ်ကွပ်သည့် အဖြစ်အပျက်အား ၂၂၈ အရေးအခင်းဟု ခေါ်ဆိုသည်။ ယင်းအရေးအခင်းအတွင်း ထိုင်ဝမ်ဒေသခံ ပညာတတ်လူတန်းစား ၁၀,၀၀၀ မှ ၃၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၄၈ ခုနှစ်တွင် မာရှယ်လော ကြေညာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် ကွန်မင်တန်ပါတီအကြား ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်ခဲ့ပြီး ပိုမိုပြင်းထန်လာသည်။ ၁၉၄၀ နှောင်းပိုင်းတွင် အာအိုစီအစိုးရသည် ပြည်မနှင့် ဟိုင်နန်ဒေသကို လက်လွတ်ဆုံးရှုံးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ချန်ကေရှိတ်သည် ယင်း၏အစိုးရအား နန်ဂျင်းမှ ထိုင်ဝမ်သို့ ပြောင်းရွှေ့ပြီး ထိုင်ပေအား ယာယီမြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ချန်ကေရှိတ်နှင့်အတူ ပြည်မသား ၂ သန်းခန့် ထိုင်ဝမ်သို့ ရောက်ရှိလာကြသည်။ စောစောပိုင်းရောက်လာသူများပါ ထည့်တွက်လျင် လူဦးရေ ၆ သန်းခန့်ရှိသည်။ ကနဦးပိုင်းတွင် ထိုင်ဝမ်သည် ကွန်မြူနစ်လက်အောက် ကျရောက်သွားနိုင်သည်ဟု ခန့်မှန်းရသောကြောင့် အမေရိကန်က ကွန်မင်တန်အား ဆက်လက် မကူညီတော့ပေ။ သို့သော်လည်း ၁၉၄၅ ခုနှစ် ဂျပန်ဆုတ်ခွာချိန်မှစ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ကိုရီးယားစစ်ပွဲသည် ၁၉၅၀ ခုနှစ်တွင် တတိုင်းပြည်လုံး အတိုင်းအတာအထိ ကူးစက်လာသောကြောင့် အမေရိကန်သမ္မတ ဟင်နရီ ထရူးမန်း (Harry S. Truman) ထပ်တဖန် ဝင်ရောက်စွက်ဖက်ခဲ့သည်။ ထိုင်ဝမ်နှင့် တရုတ်ပြည်မအကြား ရန်ဆောင်မှုကို ကာကွယ်ရန် ထိုင်ဝမ်ရေလက်ကြားသို့ အမှတ် ၇ ရေတပ်စုကို စေလွှတ်ခဲ့သည်။ ဆန်ဖရန်စစ္စကိုစာချုပ် ၁၉၅၂ ဧပြီ ၂၈ တွင်လည်းကောင်း ထိုင်ပေစာချုပ် ၁၉၅၂ ဩဂုတ် ၅ တွင်လည်းကောင်း တရားဝင်ဖြစ်လာချိန်တွင် ဂျပန်သည် ထိုင်ဝမ်နှင့် ဖုန်ဟူကျွန်း၏ အချုပ်အခြာအာဏာနှင့် ၁၉၄၂ မတိုင်မီ တရုတ်နှင့် ရေးထိုးခဲ့သော စာချုပ်အားလုံးကို စွန့်လွှတ်ကြောင်း ကြေညာသည်။ တရုတ်ပြည်တွင်းစစ်တွင် ဘက်မလိုက်သည့်အနေဖြင့် ယင်းစာချုပ်နှစ်ရပ်လုံးတွင် ထိုင်ဝမ်အား မည်သူက ထိန်းချုပ်ခွင့်ရှိကြောင်း တိတိလင်းလင်း ဖော်ပြထားခြင်းမရှိပေ။ ထိုင်ဝမ်လွတ်လပ်ရေး ရှေ့ဆောင်များက ဤအချက်ကို အကြောင်းပြ၍ ထိုင်ဝမ်အား ပီအာစီနှင့် အာအိုစီတို့ မပိုင်ဆိုင်ဟုဆိုကာ ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်သားများသာ ဆုံးဖြတ်ခွင့်ရှိသည်ဟု အရေးဆိုကြသည်။ ထိုင်ဝမ်ရေလက်ကြားအရေး အမေရိကန်၏ ဝင်စွက်မှုကြောင့် အာအိုစီနှင့် အမေရိကန် ရေးထိုးခဲ့သည့် တရုတ်-အမေရိကန် အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ် (Sino-American Mutual Defense Treaty)နှင့် ၁၉၅၅ ဖော်မိုဆာ ဆုံးဖြတ်ချက် (Formosa Resolution of 1955)များ ပေါ်ပေါက်လာရသည်။ ၁၉၆၀ - ၁၉၇၀ ပြည့်နှစ်များအတွင်း အာအိုစီတွင် အာဏာရှင်အုပ်စိုးသည့် တပါတီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတခုဖြစ်လာသည်။ စစ်အေးခေတ်ကြောင့် တရုတ်-အမေရိကန် အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ် ပျက်ပျယ်သွားသည့် ၁၉၇၀ ပြည့်နှစ်များအထိ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂသည် အာအိုစီအား တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဒီ့နောက်တွင် နိုင်ငံအများစုသည် ယင်းတို့၏ သံတမန်ဆက်ဆံရေးကို ပီအာစီဘက်သို့ ပြောင်းလဲခဲ့ကြသည်။ အစိုးရ ရီပါပလေကန်ခေတ်ဦး အာအိုစီ၏ ပထမဦးဆုံးသော အစိုးရအဖွဲ့အစည်းအား ၁၉၁၂ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင် နန်ကျင်းမြို့၌ ထူထောင်ခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်အား ယာယီသမ္မတအဖြစ် တင်မြှောက်ခဲ့သည်။ အစိုးရ၏အာဏာ ခိုင်မြဲစေရေးအတွက် ပြည်နယ်ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့မှ ပထမဦးဆုံးသော လွှတ်တော်ကို ဖွဲ့စည်းခဲ့သည်။ တရုတ်ပြည်မြောက်ပိုင်းဒေသတွင် စစ်သူကြီးများ ကြီးစိုးနေသောကြောင့် ဤအစိုးရ၏ အခွင့်အာဏာ အကန့်အသတ်ရှိသည့်အပြင် သက်တမ်းမှာလည်း တိုတောင်းသည်။ ၎င်းအစိုးရ အတည်ပြုခဲ့သည့် လုပ်ဆောင်ချက်များတွင် ချင်းမင်းဆက် တရားဝင်နန်းစွန့်ခြင်းနှင့် စီးပွားရေးအစပျိုးရေး လုပ်ရပ်အချို့ ပါဝင်သည်။ ယွမ်ရှီခိုင် ဦးမော့လာပြီး မကြာမီတွင် လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာမှာ အမည်ခံသာရှိတော့သည်။ ယွမ်ရှီခိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ အခွင့်အာဏာများအား လျစ်လျူရှုကာ မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေညာခဲ့သည်။ ယွမ်ရှီခိုင်သည် စစ်ဗိုလ်ချုပ်ကြီးများအား စေလွှတ်ကာ ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖြစ် တာဝန်ပေးခဲ့သည်။ တဖက်မှာလည်း မူလကတည်းက နယ်တွင်ကြီးစိုးနေသည့် စစ်ဗိုလ်ကြီးများအား ဩဇာခံအဖြစ် သိမ်းသွင်းကာ မိမိ၏အာဏာတည်မြဲအောင် ကြိုးပန်းခဲ့သည်။ အခြားနိုင်ငံများကလည်း ယွမ်ရှီခိုင်အစိုးရအား အသိအမှတ်ပြုလာကြသည်။ ၁၉၁၅ ခုနှစ်တွင် ဂျပန်တို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခဲ့သူမှာ ယွမ်ရှီခိုင်ဖြစ်သည်။ ယွမ်ရှီခိုင်ကွယ်လွန်ပြီးနောက် ၁၉၁၃ ခုနှစ်တွင် အစိုးရသစ်အတွက် လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း လက်တွေ့တွင်မူ ဗိုလ်ချုပ်ကြီးများသာလျှင် ဩဇာအာဏာကြီးမားသူများ ဖြစ်သည်။ ၎င်းအမည်ခံအစိုးရသည် သူ့နေရာနှင့်သူ အသုံးဝင်ပါသေးသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် အနောက်နိုင်ငံများနှင့် ဂျပန်တို့က တရုတ်အား ဂျာမနီကို စစ်ကြေညာရန် တောင်းဆိုရာတွင် ယင်းအစိုးရနှင့် ထိတွေ့ရသည်။ မျက်မှောက်ခေတ် အာအိုစီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် ဗဟိုအစိုးရအဖွဲ့အစည်းသည် ဝန်ကြီးချုပ်နှင့် သမ္မတ အာဏာခွဲဝေ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည်။ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်း ထိုင်ဝမ်၏ ဒီမိုကရေစီ နိုင်ငံရေးစနစ် ပိုမိုပီပြင်လာပြီးနောက် ၁၉၉၀ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား ၇ ကြိမ်တိုင်တိုင် ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ ပထမဦးဆုံး ပြင်ဆင်မှုတွင် ဥပဒေပြုလွှတ်တော် အမတ်များ၊ ဝန်ကြီးများရုံးအပိုင် မြို့တော်ဝန်များနှင့် ပြည်နယ်မှူးများအား တိုက်ရိုက်မဲပေးရွေးကောက်ရန် အတည်ပြုခဲ့သည်။ ၁၉၉၄ ခုနှစ် တတိယအကြိမ်တွင် သမ္မတအား အမျိုးသားညီလာခံမှ ရွေးကောက်သည့်အစား လူထုမှ တိုက်ရိုက်မဲပေးရွေးကောက်ရန်နှင့် သမ္မတသက်တမ်းအား ၆ နှစ်မှ ၄ နှစ်သို့ ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၉၇ ခုနှစ် စတုတ္ထအကြိမ်တွင်မူ သမ္မတနှင့် ဒုတိယသမ္မတအား စွပ်စွဲပြစ်တင်ခွင့်ကို စိစစ်ရေးရုံးချုပ်ထံမှ ဥပဒေပြုလွှတ်တော်ထံ အပ်နှင်းခဲ့သည်။ နိုင်ငံတော်အကြီးအကဲ အာအိုစီ၏ နိုင်ငံတော်အကြီးအကဲသည် သမ္မတဖြစ်ပြီး ပြည်သူလူထုမှ ၄ နှစ်တကြိမ် မဲပေးရွေးကောက်တင်မြှောက်သည်။ သမ္မတသည် အစိုးရဝန်ထမ်းကြီးကြပ်ရေး၊ အစိုးရဝန်ထမ်းရွေးချယ်ရေး၊ အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေပြုရေးစသည့် အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး ၅ ရပ်ကို အာဏာရသူဖြစ်သည်။ သမ္မတသည် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများကို ခန့်အပ်ခွင့်အာဏာရှိသည်။ ဝန်ကြီးအဖွဲ့မှာ နိုင်ငံတော် မူဝါဒ ရေးဆွဲချမှတ်ခြင်းနှင့် အုပ်ချုပ်ရေးအပိုင်းတွင် တာဝန်ရှိသည်။ ဥပဒေပြုရေး အဓိကကျသည့် ဥပဒေပြုဌာနသည် အမတ်နေရာ ၁၁၃ နေရာပါဝင်သည့် ဥပဒေပြုလွှတ်တော် ဖြစ်သည်။ အမတ် ၇၃ နေရာကို လူထုမှ တိုက်ရိုက် မဲပေးရွေးကောက်တင်မြှောက်ပြီး ၃၄ နေရာမှာ လွှတ်တော်ရွေးကောက်ပွဲအတွင်း နိုင်ငံရေးပါတီများ ရရှိသည့် မဲရာနှုန်းအလိုက် ခွဲဝေထားသည်။ ကျန် ၆ နေရာမှာ မူလဒေသခံ တိုင်းရင်းသားများမှ မဲပေးရွေးချယ်ထားသည့် တိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်သည်။ ၃ ဦးမှာ မြေပြန့်တိုင်းရင်းသား ဖြစ်၍ အခြား ၃ ဦးမှာ တောင်ပေါ်တိုင်းရင်းသားများ ဖြစ်ကြသည်။ မူလက သမ္မတရွေးကောက်တင်မြှောက်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းတို့မှာ အမျိုးသားညီလာခံ၏ လုပ်ငန်းတာဝန်များ ဖြစ်သည်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြိမ်ကြိမ် ပြင်ဆင်ရေးဆွဲပြီးနောက် ၁၉၉၆ ခုနှစ်မှစ၍ သမ္မတအား လူထုမှ တိုက်ရိုက်မဲပေး ရွေးချယ်လာသည်။ ၂၀၀၅ ခုနှစ်တွင် အမျိုးသား ညီလာခံအား ဖျက်သိမ်းခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း လုပ်ငန်းကို ဥပဒေပြုလွှတ်တော်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ တရားစီရင်ရေး အုပ်ချုပ်ရေး ဝန်ကြီးများရုံးသည် အဆင့်အမြင့်ဆုံး အုပ်ချုပ်ရေးရုံးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးများရုံးလက်အောက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ စီးပွားရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများ၊ ယဉ်ကျေးမှုကောင်စီ၊ အလုပ်သမားရေးရာကောင်စီ၊ အားကစားရေးရာကောင်စီ၊ သတင်းနှင့် ပြန်ကြားရေးရုံး၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန စသည့်ဌာနများ ထားရှိသည်။ ၁၉၉၇ ခုနှစ် စတုတ္ထအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များအရ ဝန်ကြီးချုပ်အား သမ္မတမှ ရွေးချယ်ခန့်အပ်ပြီး ဥပဒေပြုလွှတ်တော်၏ အတည်ပြုချက်ကို ရယူရန်မလိုပေ။ သမ္မတ၏ သဘောတူညီချက်မပါပဲလည်း ဥပဒေပြုလွှတ်တော်မှ ဥပဒေမူကြမ်းများကို အတည်ပြုနိုင်သည်။ သမ္မတ သို့ ဝန်ကြီးချုပ်မှ ဗီတိုအာဏာဖြင့် ပယ်ဖျက်ခွင့်မရှိပါ။ ထို့ကြောင့် သမ္မတနှင့် ဥပဒေပြုလွှတ်တော် အများစုအကြား ပါတီချင်းမတူခဲ့သော် ညှိနှိုင်းဆွေးနွေးရန် မက်လုံး မရှိသလောက်ပင် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် တပ်စိမ်းကို ကိုယ်စားပြုသည့် ချန်ဆွေပြန် သမ္မတဖြစ်လာပြီးနောက် တပ်ပြာဘက်က ထိန်းချုပ်ထားသည့် ဥပဒေပြုလွှတ်တော်အကြား မဆုတ်သာ မတိုးသာ အခြေအနေဖြစ်ခဲ့သောကြောင့် ဥပဒေပြုလုပ်ငန်းများ မဖြောင့်ဖြူးခဲ့ပါ။ ဝန်ကြီးချုပ်သည် ဥပဒေပြုလွှတ်တော်အား တာဝန်ခံရမည်။ ဥပဒေပြုလွှတ်တော်ထံ နိုင်ငံရေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်များအား အစီရင်ခံတင်ပြရမည်။ ဥပဒေပြုလွှတ်တော်မှ ဝန်ကြီးချုပ်အား အယုံအကြည်မရှိကြောင်း တင်ပြလာလျှင် ဝန်ကြီးချုပ်သည် ရာထူးမှနုတ်ထွက်ရမည်ဖြစ်ပြီး ဥပဒေပြုလွှတ်တော်အား ဖျက်သိမ်းရန် သမ္မတ တဆက်တည်း အဆိုပြုတင်ပြနိုင်သည်။ အုပ်ချုပ်ရေးနယ်မြေ နိုင်ငံရေး လက်ရှိ အာအိုစီကို ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ သမ္မတဆိုင်အင်းဝမ် က အုပ်ချုပ်လျက် ရှိပြီး အဓိကကျသော အတိုက်အခံပါတီမှာ ကူမင်တန်ခေါ် တရုတ်အမျိုးသားပါတီဖြစ်သည်။ နိုင်ငံခြားဆက်ဆံရေး ၁၉၁၁–၄၉ အာအိုစီအစိုးရ၏ နိုင်ငံခြားရေးမူဝါဒသည် ကွန်မင်တန်ပါတီနှင့် တရုတ်ကွန်မြူနစ်အကြား မိမိသာလျှင် တရုတ်ပြည်ကို ကိုယ်စားပြုသည့် အစိုးရဟု အပြိုင်အဆိုင်ဖြစ်နေကြောင့် ရှုပ်ထွေးပွေလီလှသည်။ ခေတ်ဦးပိုင်းတွင် အင်အားကြီးနိုင်ငံများ အားလုံးနီးပါး ဘေဂျင်းရှိ ယွမ်ရှီခိုင်အစိုးရအား အသိအမှတ်ပြုကြသည်။ အပြန်အလှန်အနေဖြင့် မွန်ဂိုလီးယားနှင့် တိဗက်ကို ရုရှနှင့် ဗြိတိသျှတို့အား အသီးသီး ထိန်းချုပ်ခွင့်ပေးခဲ့သည်။ မေ ၄ လှုပ်ရှားမှု ပေါ်ပေါက်စေခဲ့သည့် ဗာဆဲလ်စာချုပ်ကို ယွမ်ရှီခိုင်အစိုးရမှ လက်မှတ်ရေးထိုးခဲ့သည်။ ပေရန်အစိုးရ ပျက်သုဉ်းပြီး ကွန်မြူနစ်များအား ရှင်းလင်းခဲ့ပြီးနောက် ၁၉၂၈ ခုနှစ် နန်ကျင်းတွင် ထူထောင်သည့် ကွန်မင်တန်အစိုးရအား ကမ္ဘာအဝှမ်းမှ အသိအမှတ်ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကွန်မင်တန်အစိုးရက အင်အားကြီး မဟာမိတ်ဖက်မှ တိုက်ပွဲဝင်ခဲ့သောကြောင့် ကုလသမဂ္ဂဖွဲ့စည်းရာတွင် အာအိုစီသည် မူလအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံတွင် နေရာတစ်နေရာရခဲ့သည်။ ချန်ကေရှိတ်သည် အုပ်ချုပ်ရေးနှင့် စစ်ရေးဗျူဟာတွင် အရေးမလှခဲ့သော်လည်း သံတမန် ဆက်ဆံရေးအပိုင်းက အောင်မြင်မှုများကို ယနေ့အထိ အများက အသိအမှတ်ပြုဆဲဖြစ်သည်။ ချန်ကေရှိတ်သည် ၁၉၃၀ ပြည့်နှစ်တွင် ဂျာမနီထံမှ အကူအညီဖြင့် ဂျပန်တို့၏ ကျူးကျော်တိုက်ခိုက်မှု ခြေလှမ်းများအား တုန့်ဆိုင်းသွားစေသည်။ ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးနောက် အမေရိကန်ထံမှ ထောက်ပံ့များကို ရရှိခဲ့သည်။ ၁၉၄၉ ခုနှစ် ထိုင်ဝမ်သို့ ပြောင်းရွှေ့ခဲ့သည့်တိုင် အမေရိကန်ထံမှ ငွေကြေးနှင့် စစ်ရေးအကူအညီ၊ ကရိယာပစ္စည်းများ၊ အကြံဉာဏ်များ လက်ခံရရှိခဲ့သည်။ ၁၉၄၉ မှ မျက်မှောက်ခေတ် ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် နိုင်ငံအများစု အထူးသဖြင့် အနောက်တိုင်း နိုင်ငံများက အာအိုစီနှင့် သံတမန်ဆက်ဆံရေးကို ဆက်လက်ထားရှိသည်။ သို့သော်လည်း နိုင်ငံရေး ဖိအားများကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များမှစကာ အာအိုစီအစား ပီအာစီနှင့် သံတမန် ဆက်ဆံရေးများကို ဆောက်တည်ခဲ့ကြသည်။ လက်ရှိတွင် အာအိုစီနှင့် တရားဝင် သံတမန် အဆက်အသွယ်ရှိသည့် နိုင်ငံ ၂၃ နိုင်ငံသာ ကျန်တော့သည်။ ပီအာစီသည် အာအိုစီအား အသိအမှတ်ပြုသည့် နိုင်ငံများနှင့် သံတမန် အဆက်အသွယ်ပြုရန် ငြင်းဆိုခဲ့သည်။ ၎င်းနှင့် သံတမန် အဆက်အသွယ်ရှိသည့် နိုင်ငံအားလုံးကိုလည်း ၎င်းသည် ထိုင်ဝမ်အား ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုရန် တောင်းဆိုထားသည်။ လက်တွေ့တွင် နိုင်ငံ အတော်များများသည် အာအိုစီနှင့် တရားဝင်မဟုတ်သည့် ဆက်ဆံရေးများ ဆက်လက်ထားရှိသည်။ နိုင်ငံ အတော်များများတွင်လည်း ထိုင်ပေစီးပွားရေးနှင့် ယဉ်ကျေးမှုရုံး သို့ ထိုင်ပေကိုယ်စားလှယ်ရုံးများ ထားရှိကာ သံရုံးများကဲ့သို့ ဗီဇာထုတ်ပေးသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတော်များများကလည်း အလားတူ စီးပွားရေးနှင့် ကုန်သွယ်ရေး ရုံးများကို ထိုင်ဝမ်တွင် ဖွင့်လှစ်ထားသည်။ ဥပမာ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ဌာန (American Institute in Taiwan, AIT) သည် လက်တွေ့တွင် အာအိုစီအခြေစိုက် အမေရိကန်သံရုံးဖြစ်သည်။ အာအိုစီသည် ကုလသမဂ္ဂအားဖွဲ့စည်းထူထောင်သည့် မူလအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၁၉၇၁ ခုနှစ်အထိ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက် ၂၇၅၈ ကို အတည်ပြုလိုက်ပြီးနောက် ၎င်းနေရာအား ပီအာစီထံ လွှဲပေးလိုက်ရသည်။ ယခုနောက်ပိုင်း အာအိုစီ၏ ကုလသမဂ္ဂအဖွဲ့ဝင်လျှောက်ထားချက်ကို ကော်မတီအဖွဲ့မှ အတည်ပြုခဲ့ခြင်း မရှိသေးပါ။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း အတော်များများက လိုက်နာသည့် ပီအာစီ၏ တရုတ်တပြည်ထောင်မူဝါဒကြောင့် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ အိုလံပစ်ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အားကစားပွဲများ တက်ရောက်ရာတွင် အာအိုစီသည် တရုတ်(တိုင်ပေ)(Chinese Taipei)ဟူသည့် အမည်ကို အသုံးပြုရသည်။ စီးပွားရေး ၂၀ ရာစုနှစ်စောစောပိုင်းကာလ အာအိုစီအစိုးရ တရုတ်ပြည်မတွင် ရှိစဉ်အခါက အရင်းရှင် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သော်လည်း ဂျပန်တော်လှန်ရေးစစ်ပွဲနှင့် ပြည်တွင်းစစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားများ ဖြစ်ခဲ့သည်။ ပြည်တွင်းပြည်ပရန်များနှင့် ရင်ဆိုင်နေရသည့် အာအိုစီအစိုးရသည် စီးပွားရေးတိုးတက်စေရန် တရုတ်စက်မှုဘဏ် တည်ထောင်ခြင်းစသည့် နည်းလမ်းအချို့ကို စမ်းသပ်လုပ်ဆောင်ခဲ့သည်။ စီးပွားရေး အကောင်းဆုံး ၁၀ နှစ်တာကာလ ၁၉၃၀ ပြည့်နှစ်များတွင် တရုတ်ပြည်၏ စက်မှုလုပ်ငန်း ၇.၇ % တိုးတက်ခဲ့သည်။ လူမှုရေး၊ စီးပွားရေး အခြေအနေသည်လည်း တရှိန်ထိုး တိုးတက်သည့် အလားအလာရှိခဲ့သည်။ အခြား ခေတ်မှီတိုးတက်သည့် နိုင်ငံများတွင် စီးပွားရေး ကျဆင်းမှုနှင့် နှိုင်းယှဉ်လျှင် တရုတ်ပြည်၏ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများသည် ချင်းမင်းဆက် ပျက်သုဉ်းပြီးနောက် စံချိန်အမြင့်ဆုံး ဖြစ်ခဲ့သည်။ စက်မှုလုပ်ငန်းအပိုင်းတွင် အသိသာအထင်ရှားဆုံး တိုးတက်မှုမှာ လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေးနှင့် သံမဏိ ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်သည်။ ထိုစဉ်အခါက တရုတ်ပြည်တွင် စိုက်ပျိုးမြေ အမြောက်အမြားရှိသောကြောင့် စိုက်ပျိုးရေး လုပ်ငန်းမှာ အဓိကဖြစ်သည်။ လယ်မြေများကို မြေရှင်များက ပိုင်ဆိုင်ကြပြီး လယ်သမားများမှာ လခစားအလုပ်သမားများ ဖြစ်ကြသည်။ ″လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး စီမံကိန်း″ စတင်ခဲ့ပြီးနောက် ဤကဲ့သို့သော အခြေအနေ ပြောင်းလဲ ကောင်းမွန်လာခဲ့သည်။ အာအိုစီအစိုးရသည် ကျေးလက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ သမဝါယမ အသင်းအဖွဲ့များနှင့် အခြေခံပညာရေး စနစ်များကို ကျင့်သုံးကာ ခေတ်မှီစီးပွားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် အာအိုစီအစိုးရသည် အရင်းရှင်စီးပွားရေး စနစ်ကို ဆက်လက်ကျင့်သုံးခဲ့သည်။ စီးပွားရေး လုပ်ငန်းများတွင် အစိုးရ၏ကဏ္ဍ နည်းသထက် နည်းလာသည်။ အတိုင်းအတာကြီးမားသည့် နိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ ပြီးခဲ့သည့် နှစ် ၃၀ အတွင်း စီးပွားရေး တိုးတက်နှုန်း နှစ်စဉ်ပျမ်းမျှ ၈ % အထိ ရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မတ်လအထိ ထိုင်ဝမ်၏ နိုင်ငံခြားစုငွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် တရုတ်၊ ဂျပန်နှင့် ရုရှပြီးနောက် စတုတ္ထ အများဆုံးဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းသည် ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ၃၅ % ရှိခဲ့ရာမှ ယခုတွင် ၂ % အထိ ကျဆင်းခဲ့သည်။ လုပ်အားအများအပြား လိုအပ်သည့် သမားရိုးကျ စက်မှုလုပ်ငန်းမှသည် အဆင့်မြင့် နည်းပညာလုပ်ငန်းအသွင် ပြောင်းလဲတိုးတက်လာပြီ ဖြစ်သည်။ ထိုင်ဝမ်၏ အီလက်ထရွန်နစ်လုပ်ငန်းသည် ကမ္ဘာ့စီးပွားရေးအတွက် အခရာကျသည့် လုပ်ငန်း တရပ် ဖြစ်နေပါပြီ။ အပိုပစ္စည်းနှင့် အရံပစ္စည်း အများစုအား ထိုင်ဝမ်တွင် ထုတ်လုပ်သည်။ လက်ရှိတွင် နိုင်ငံခြားကုန်သွယ်ရေး လုပ်ငန်းသည် ထိုင်ဝမ်စီးပွားရေး၏ အသက်သွေးကြောဟု ဆိုနိုင်သည်။ အမေရိကန်နှင့် ဂျပန်တို့သည် ထိုင်ဝမ်၏ အဓိက ကုန်သွယ်ဖက်များဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းတွင် ဥရောပနှင့် အရှေ့တောင်အာရှ ဈေးကွက်များအထိ တိုးချဲ့လာပြီဖြစ်သည်။ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားလုပ်ငန်းရှင်များအနက် ထိုင်ဝမ်လုပ်ငန်းရှင်များမှာ အဓိကဖြစ်နေပါပြီ။ ထို့အပြင် ပြည်မတွင် ထိုင်ဝမ်မှ ရင်းနှီးမြှုပ်နှံသည့် စီးပွားရေး လုပ်ငန်းပေါင်း ၅ သောင်းကျော်ရှိပြီး ပြည်မတွင် ရေရှည်နေထိုင်ကြသည့် ထိုင်ဝမ်စီးပွားရေးသမား ၁ သန်းခန့် ရှိသည်။ သမားရိုးကျ လုပ်ငန်းများနေရာတွင် အစားထိုးနိုင်ရန် ၁၉၈၀ ခုနှစ်တွင် ရှင်းကျူစက်မှုလုပ်ငန်းဇုန်ကို တည်ထောင်ကာ အိုင်စီ၊ ကွန်ပြူတာ စသည့် စွမ်းအင်အသုံးနည်းသည့်အပြင် ညစ်ညမ်းမှုနည်းသည့် အဆင့်မြင့်နည်းပညာလုပ်ငန်းများ ထူထောင်ရန် အစိုးရမှ အားပေးလုပ်ဆောင်ခဲ့သည်။ ပညာရေး လူဦးရေ ပြည်သူ့ကျန်းမာရေး မှတ်စု ကျမ်းကိုး ပြင်ပလင့်ခ်များ သမ္မတအိမ်တော် Control Yuan Examination Yuan ဝန်ကြီးများရုံး သတင်းနှင့်ပြန်ကြားရေးရုံး Judicial Yuan ဥပဒေပြုလွှတ်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ထိုင်ဝမ်ခရီးသွားလုပ်ငန်းရေးရာဗျူရို ထိုင်ဝမ် ကျွန်းနိုင်ငံများ အရှေ့အာရှရှိ နိုင်ငံများ အရှေ့မြောက်အာရှရှိ နိုင်ငံများ တရုတ်သမ္မတနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
မာယင်းကျို
မာရင်းကျို(馬英九)(၁၉၅၀ ဇူလိုင် ၁၃ - )သည် တရုတ်သမ္မတနိုင်ငံ (中華民國 အာအိုစီ)၏ ၁၂ ဆက်မြောက် သမ္မတဖြစ်ပြီး ကွန်မင်တန်ပါတီ (中國國民黨) အတွင်း စစ်လွန်ခေတ် မျိုးဆက်ကို ကိုယ်စားပြုနိုင်သည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ ၎င်းသည် တရားရေးဝန်ကြီး (၁၉၉၃-၁၉၉၆)၊ ပြည်မရေးရာကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ထိုင်ပေမြို့တော်ဝန် (၁၉၉၈-၂၀၀၆)၊ ကွန်မင်တန်ပါတီဥက္ကဋ္ဌ (၂၀၀၅-၂၀၀၇) အဖြစ် ထမ်းရွက်ခဲ့ဖူးသည်။ မာရင်းကျိုသည် ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ကွန်မင်တန်ပါတီကိုယ်စား ဝင်ရောက်ရွေးချယ်ခဲ့ပြီး အနိုင်ရရှိသောကြောင့် ၂၀၀၈ မေလ ၂၀ တွင် ရာထူးတက်ခဲ့သည်။ ငယ်စဉ်ဘဝ မာရင်းကျို၏ ဘိုးဘွားများမှာ တရုတ်ပြည် ဟူနန်ပြည်နယ်မှ (湖南省) ဟတ်ကားလူမျိုးများ (客家) ဖြစ်ကြသည်။ သားချင်း ၅ ယောက်အနက် တဦးတည်းသော သားယောက်ျားဖြစ်သည်။ ဟောင်ကောင်တွင် (香港九龍) မွေးဖွားသည့် မာရင်းကျိုသည် ၁ နှစ်သားအရွယ်တွင် မိဘများနှင့်အတူ ထိုင်ဝမ်သို့ (台灣) ရောက်ရှိလာသည်။ ထိုင်ဝမ်တက္ကသိုလ်မှ (國立台灣大學) ဥပဒေဘွဲ့ရရှိပြီးနောက် ၁၉၇၂ ခုနှစ်တွင် အမေရိကန်သို့သွားကာ ပညာဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် နျူးယောက်တက္ကသိုလ်မှ ဥပဒေပညာရပ် မဟာဘွဲ့(LL.M.)၊ ၁၉၈၁ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်မှ ပါရဂူဘွဲ့ကို (S.J.D.) အသီးသီးရရှိခဲ့သည်။ မာရင်းကျိုသည် အမေရိကန်၌ ပညာသင်ယူနေချိန်အတွင်း ကျိုးမေချင်းနှင့် လက်ထပ်ထိမ်းမြားကာ သမီးနှစ်ယောက်ကို ဖွားမြင်ခဲ့သည်။ နိုင်ငံရေးဘဝ ၁၉၈၁ ခုနှစ် မာရင်းကျို ထိုင်ဝမ်သို့ ပြန်လာချိန်တွင် သမ္မတကျန်ကျင်းကော်မှ (蔣經國) အင်္ဂလိပ်စကားပြန် အတွင်းရေးမှူးရှာနေခိုက်နှင့် ကြုံကာ မိတ်ဆွေ၏ မိတ်ဆက်ပေးမှုကြောင့် သမ္မတ၏ စကားပြန်အဖြစ် ထမ်းရွက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် သမ္မတအိမ်တော် အမှတ် ၁ ဌာနမှူးအဖြစ်လည်းကောင်း၊ ၁၉၈၄ မှ ၁၉၈၈ ခုနှစ်အကြား ကွန်မင်တန်ပါတီ ပါတီဌာနချုပ်၏ တတိယ အတွင်းရေးမှူးချုပ် အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် သမ္မတလီတိန်းဟွေးက မာရင်းကျိုအား တရားရေးဝန်ကြီးအဖြစ် ရာထူးခန့်အပ်ခဲ့သည်။ သို့သော် ၁၉၉၆ ခုနှစ်အထိသာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဤသို့ ရာထူးမှဆင်းပေးရခြင်းမှာ မာရင်းကျိုသည် အဂတိလိုက်စားမှု ပပျောက်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ခြင်းကြောင့်ဟု ယင်း၏ထောက်ခံသူများက ယူဆကြသည်။ ဒီ့နောက်တွင် မာရင်းကျိုသည် ပညာရေးနယ်ပယ်သို့ ဦးလှည့်ခဲ့ပြီး တက္ကသိုလ်ကျောင်းတွင် သင်ကြားပို့ချသည်။ အများက မာရင်းကျို၏ နိုင်ငံရေးဘဝ ဒီမှာတင် ပြည်ဖုံးကားချသွားပြီဟု ယူဆကြသည်။ မြို့တော်ဝန်ကာလ ၁၉၉၈- ၂၀၀၆ ၁၉၉၈ ခုနှစ်တွင် ဒုတိယရာထူးသက်တမ်းအတွက် အနိုင်ရရန် ကြိုးစားနေသူ အတိုက်အခံပါတီ (ဒီမိုကရက်တစ်တိုးတက်ရေးပါတီ)မှ (民主進步黨) မြို့တော်ဝန် ချန်ဆွေပြန်အား (陳水扁) စိန်ခေါ်ယှဉ်ပြိုင်ရန် ကွန်မင်တန်ပါတီက မာရင်းကျိုအား အမည်တင်သွင်းခဲ့သည်။ မာရင်းကျိုသည် လူထုကျေနပ်မှု ၈၀ %ကျော် ရရှိထားသည့် ချန်ဆွေပြန်အား အနိုင်ရရှိကာ ထိုင်ပေမြို့တော်ဝန်ဖြစ်လာသည်။ ၂၀၀၂ ခုနှစ် ဒုတိယရာထူးသက်တမ်းအတွက် ဆက်လက် ကြိုးစားရာတွင်လည်း မာရင်းကျိုသည် မဲရနှုန်း ၆၄ %ဖြင့် ဒီပီပီပါတီမှ လီရင့်ယွမ်အား(၃၆%) အပြတ်အသတ် အနိုင်ရခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး မြို့ပတ်အမြန်ရထား MRT မာရင်းကျို၏ မြို့တော်ဝန်ရာထူးသက်တမ်းအတွင်း မြို့ပတ်အမြန်ရထား (Metropolitan Rapid Transit, MRT) ရှင်းတျန့်လိုင်း၊ ရှောင်နန်မင်လိုင်း၊ ရှောင်ပိထံလိုင်းခွဲ၊ နန်ကန်လိုင်း၊ ပန်ချောင်လိုင်း၊ ထူချန်လိုင်းစသည့် လိုင်း ၆ လိုင်း ဆောက်လုပ်ပြီးစီးကာ ပြေးဆွဲနေပြီဖြစ်သည်။ ၈ နှစ်အတွင်း ခရီးသည်ဦးရေ ၆.၃ ဆတိုးလာသည့်အပြင် ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင် Nova၊ CoMET အဖွဲ့အစည်းများ၏ စိတ်အချရဆုံး လမ်းပန်းဆက်သွယ်ရေးစနစ် အဖြစ် စာရင်းဝင်ခဲ့သည်။ သို့သော် ၂၀၀၁ ခုနှစ် နာရီထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ခဲ့စဉ်တွင် ရေဘေးကြိုတင်ကာကွယ်မှု အားနည်းခဲ့သောကြောင့် ရထားလမ်း မြေအောက်အပိုင်းသို့ မိုးရေများ ဝင်ရောက်ကာ ထိုင်ပေမြို့မှ (台北市) ပန်ချောင်မြို့သို့ (板橋市) ပြေးသည့် အပြာလိုင်းကို ခေတ္တရပ်နားခဲ့ရပြီး ထိုင်ပေဘူတာကို ၃ လကြာ ပိတ်ခဲ့ရသည်။ လိုင်းကားသုံး သီးသန့်လမ်း မာရင်းကျိုသည် မြို့တော်ဝန်သက်တမ်းအတွင်း လမ်းမကြီးများမှ လိုင်းလေးလိုင်း ရှိသည့်အနက် တလိုင်းအား ဘတ်စ်ကား လိုင်းကားသုံး သီးသန့်လမ်းများအဖြစ် စီစဉ်ပေးပြီး မြို့သူမြို့သားများအားလည်း လိုင်းကား၊ မြို့ပတ်အမြန်ရထား အစရှိသည့် အများသုံးယာဉ်များကို စီးနင်းအသုံးပြုကြဖို့ တိုက်တွင်းအားပေးခဲ့သည်။ ယင်းကဲ့သို့ သီးသန့်လိုင်းများ စီစဉ်ပေးခြင်းကြောင့် အလုပ်တက်ချိန်တွင် ယာဉ်ကျောပိတ်ဆို့လေ့ရှိသည့် ထိုင်ပေလမ်းမများတွင် လိုင်းကားများ ပိုမို မြန်ဆန်စွာ မောင်းနှင်စေနိုင်သည်။ မြို့တော်သူမြို့တော်သားများကလဲ ထောက်ခံကြသည်။ သို့သော် ရူးစဗက်လမ်းတွင်မူ ပြဿနာပေါ်ခဲ့သည်။ ယာဉ်ကျော စီစဉ်မှု မကောင်းခြင်းကြောင့် စတင်အသုံးပြုခဲ့ချိန်မှစ ယာဉ်ကျောပိတ်ဆို့မှု ပိုမိုဆိုးဝါးစေခဲ့သည့်အပြင် မတော်တဆ ယာဉ်တိုက်မှုလည်း များလာစေသည်။ ထို့အတွက် မြို့တော်သူမြို့တော်သားများသည် မြို့တော်ဝန်မာရင်းကျိုအပေါ် မကျေမနပ် ဖြစ်ခဲ့ကြသည်။ မောင်းခုံးဂွန်ဒိုလာ မောင်းခုံးဂွန်ဒိုလာသည် ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ် လည်ပတ်သည့် အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သကဲ့သို့ ထိုင်ဝမ်တွင် လူကြိုက်များသည့် လည်ပတ်စရာ နေရာသစ်တခု ဖြစ်လာသည်။ ထိုင်ပေ မြို့တွင်းအမြန်ရထားကော်ပိုရေးရှင်းမှ(Taipei Rapid Transit Corporation, TRTC) တာဝန်ယူ လည်ပတ်သည့် မောင်းခုံးဂွန်ဒိုလာသည် ၄,၀၃၀ မီတာရှည်ပြီး ထိုင်ပေမှုကျတိရစ္ဆာန်ရုံမှ မောင်းခုံးတောင်ပေါ်အထိ ဂိတ် ၄ ဂိတ်ရှိသည်။ မောင်းခုံးတွင် အေးအေးဆေးဆေး အနားယူ အပန်းဖြေနိုင်သည့် ရေနွေးကြမ်းဆိုင်များ ရှိသည်။ သို့သော် ၂၀၀၈ ခုနှစ် ဩဂုတ်လမှစ၍ မုန်တိုင်းဝင်၍ မြေများပြိုကျသောကြောင့် ပြင်ဆင်မှုများ ပြုလုပ်ရန် ခေတ္တပိတ်ထားသည်။ နောက်ဆုံးအချက်အလက်များကို TRTC ဝက်ဘ်ဆိုက်တွင် ကြည့်နိုင်သည်။ ကြိုးမဲ့အင်တာနက် ထိုင်ပေမြို့နယ်အစိုးရသည် ၁၉၉၉ ခုနှစ်တွင် အစိုးရမှ ဦးစီးဦးဆောင်ပြုကာ အရပ်ဘက်မှ တည်ဆောက်လည်ပတ်သည့် စနစ်ဖြင့် ကြိုးမဲ့အင်တာနက် (Wireless Broadband Internet) မြို့တော်ကို တည်ဆောက်ခဲ့သည်။ ဤကဲ့သို့ တည်ဆောက်မှုကြောင့် ထိုင်ပေမြို့သည် ၂၀၀၆ ခုနှစ်တွင် ပြိုင်ဘက် အမေရိကန် ကလိဖ်လန်မြို့၊ ဗြိတိန် မန်ချက်စတာမြို့၊ တရုတ် ထျန်းကျင်းမြို့တို့ကို (天津) ကျော်လွှားကာ အမေရိကန် (Intelligent Community Forum, ICF) ၏ အင်တဲလ်ဂျင့်မြို့တော်ဆုကို ရရှိခဲ့သည်။ အားကစား အားကစားအပိုင်းတွင် မာရင်းကျိုလက်ထက်တွင် ထိုင်ပေမြို့ရှိ မူလဘေ့စ်ဘောကွင်းနေရာတွင် Taipei Arena ဟုအမည်ပေးထားသည့် မိုးလုံလေလုံကွင်းကို တည်ဆောက်ခဲ့သည်။ ရှိရင်းစွဲ အားကစားကွင်းများ၊ အားကစားရုံများကို ပြင်ဆင်မွန်းမံခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အာရှဖလား အမျိုးသမီးဘောလုံးပွဲကို ထိုင်ပေမြို့တွင် ကျင်းပခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ထိုင်ပေမြို့သည် ဂရိနိုင်ငံ အေသင်မြို့ကို ၅၂ မဲ ၃၂ မဲဖြင့် အနိုင်ရရှိကာ ၂၀၀၉ ခုနှစ် ဆွံ့အနားမကြား နွေရာသီ အိုလံပစ် အားကစားပွဲတော် ကျင်းပခွင့်ရခဲ့သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၅ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် ဆွံ့အနားမကြား အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၀၀ ကျော်မှ အားကစားသမား ၁ သောင်းကျော် တက်ရောက်ဆင်နွှဲကြမည်ဟု ခန့်မှန်းရသည်။ ကွန်မင်တန်ပါတီဥက္ကဋ္ဌကာလ ၂၀၀၅-၂၀၀၇ ၂၀၀၀ ခုနှစ်တွင် ဒုတိယသမ္မတရာထူးဖြင့် ရှောင်းဝမ့်ချန်နှင့်တွဲဖက်၍ လည်းကောင်း ၂၀၀၄ ခုနှစ်တွင် ပါတီဥက္ကဋ္ဌရာထူးဖြင့် ပီအက်ဖ်ပီပါတီ (親民黨) ဥက္ကဋ္ဌ ဆုန့်ချူယွီနှင့် (宋楚瑜) တွဲဖက်၍လည်းကောင်း သမ္မတရွေးကောက်ပွဲများတွင် ရှုံးနှိမ့်ခဲ့သည့် ကွန်မင်တန်ဥက္ကဋ္ဌ လျန်ကျန့်သည် (連戰) ၂၀၀၅ ခုနှစ်တွင် ရာထူးသက်တမ်းပြည့်သဖြင့် ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်မယူတော့ဟု ကြေညာခဲ့သည်။ ထိုအချိန်တွင် ကွန်မင်တန်ပါတီ၏ အရိုက်အရာကို ဆက်ခံမည့်သူဟု အများက ထင်မှတ်ထားသည့် မာရင်းကျိုနှင့် ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ ဝမ်ကျင်းဖိန်တို့ (王金平) ပါဝင်ယှဉ်ပြိုင်ကြသည်။ ၂၀၀၅ ခုနှစ် ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲအပြီးတွင် မာရင်းကျိုက မဲအပြတ်အသတ် အနိုင်ရခဲ့သည်။ မာရင်းကျို ပါတီဥက္ကဋ္ဌဖြစ်လာပြီးနောက် ပထမဦးဆုံးရင်ဆိုင်ရသည့် ပြဿနာမှာ ဒီဇင်ဘာလတွင် ကျင်းပသည့် မြို့နယ်ခရိုင်မှူးများ ရွေးကောက်ပွဲဖြစ်သည်။ မာရင်းကျိုဦးဆောင်သည့် ယင်းရွေးကောက်ပွဲတွင် အတိုက်အခံဖြစ်သည့် ကွန်မင်တန်ပါတီက ခရိုင်နှင့်မြို့နယ် ၂၃ ခုအနက် ၁၄ ခုတွင် အနိုင်ရခဲ့သည်။ ၂၀၀၁ ခုနှစ်ကထက် ၅ နေရာ တိုးလာသည်။ အာဏာရပါတီ ဒီပီပီပါတီမှာမူ ခရိုင်နှင့်မြို့နယ် ၃ ခုကို ရှုံးခဲ့ပြီး ၆ နေရာသာ ရရှိခဲ့သည်။ ဤသို့ အပြတ်အသတ် အနိုင်ရခဲ့ခြင်းကြောင့် ၂၀၀၀ ပြည့်နှစ် အုပ်ချုပ်ရေး အာဏာလက်လွတ် ဆုံးရှုံးခဲ့ချိန်မှစ ရွေးကောက်ပွဲတိုင်းတွင် အခြေမလှဖြစ်ခဲ့တဲ့ ကွန်မင်တန်ပါတီအဖို့ အားတက်စရာဖြစ်ခဲ့သလို ၂၀၀၈ သမ္မတရွေးကောက်ပွဲ အတွက် မာရင်းကျိုဟာ ကွန်မင်တန်ပါတီရဲ့ မျှော်လင့်ချက်ဟု အများက ယူဆခဲ့ကြသည်။ သို့သော်လည်း ၂၀၀၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် သမ္မတချန်ဆွေပျန်အား ရာထူးမှဆင်းပေးရန် တောင်းဆိုသည့် လူထုဆန္ဒပြပွဲတွင် မာရင်းကျို၏ မပြတ်သားမှုကြောင့် လူထုထောက်ခံနှုန်းမှာ ဧပြီလ၏ ၇၁ % မှ ၅၁ % အထိကျဆင်းခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် မြို့တော်ဝန်ရွေးကောက်ပွဲတွင် နျူးပါတီမှ (新黨) (ကွန်မင်တန်ပါတီမှ ခွဲထွက်ပြီး ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပါတီသစ်) ဟောင်လုံပင်းအား (郝龍斌) အမည်တင်သွင်းခဲ့ကာ တပ်ပြာဘက်မှ မြို့တော်ကို ဆက်လက်ထိန်းချုပ်နိုင်လိုက်သည်။ ဌာနအကြီးအကဲ အထူးသုံးငွေ ၂၀၀၆ ခုနှစ် မေလမှစ၍ ဒီပီပီပါတီအမတ်များက မာရင်းကျို၏ မြို့တော်ဝန်အထူးသုံးငွေ (首長特別費) အပေါ် သံသယဝင်ကာ ဩဂုတ်လတွင် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနထံ တိုင်တန်းခဲ့သည်။ ယင်းအမတ်များက မာရင်းကျိုသည် အထူးသုံးငွေကို မိမိ၏ ကိုယ်ရေးကိုယ်တာ စရိတ်အဖြစ် အလွဲသုံးစားပြုသည်ဟု စွပ်စွဲကြသည်။ ၇ လကြာ စုံစမ်းစစ်ဆေးပြီးနောက် အစိုးရရှေ့နေက ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီတွင် အမှုဖွင့်ကာ ခုံတင်စစ်ဆေးခဲ့သည်။ (ထိုင်ဝမ်တွင် ယခင်က အစိုးရအရာရှိ၊ ဌာနအကြီးအကဲများ၏ လစာမများလှသောကြောင့် သာရေး၊ နာရေး အသုံးစရိတ်အတွက် အထူးသုံးငွေကို လစဉ်ချပေးလေ့ရှိသည်။) ထိုနေ့တွင် မာရင်းကျိုသည် ပါတီဥက္ကဋ္ဌ ရာထူးမှ ဆင်းမည်ဖြစ်ကြောင်းနှင့် ၂၀၀၈ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာလိုက်သည်။ မာရင်းကျို၏ အစိုးရဘဏ္ဍာငွေအလွဲသုံးစားလုပ်မှုနှင့် ပတ်သက်၍ ထိုင်ပေမြို့နယ်တရားရုံးမှ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် မာရင်းကျိုအပြစ်မရှိကြောင်း စီရင်ချက်ချခဲ့သည်။ အစိုးရရှေ့နေမှ အယူခံဆက်ဝင်ခဲ့သော်လည်း ထိုင်ဝမ်အဆင့်မြင့် တရားရုံးမှ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် ပယ်ချလိုက်ပြီး ပထမအကြိမ်စီရင်ချက်အား မပြောင်းလဲခဲ့ပေ။ ၂၀၀၈ ခုနှစ် ဧပြီလတွင် ဗဟိုတရားရုံးချုပ်မှ မာရင်းကျို အပြစ်မရှိကြောင်း နောက်ဆုံးအဆင့် စီရင်ချက် ချမှတ်ခဲ့သည်။ ၂၀၀၈ သမ္မတရွေးကောက်ပွဲ မာရင်းကျိုသည် ၂၀၀၈ ခုနှစ် ဇန္နဝါရီလ ၂၇ ရက်နေ့တွင် ကွန်မင်တန်ပါတီ၏ သမ္မတလောင်းအဖြစ် စာရင်းပေးသွင်းခဲ့သည်။ မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် မာရင်းကျိုသည် မဲပေါင်း ၇၆ သိန်းကျော် မဲရနှုန်း ၅၈.၄၅ % ဖြင့် အာဏာရပါတီ ဒီပီပီကိုယ်စား ပါဝင်ယှဉ်ပြိုင်သည့် ရှဲ့ချန်ထိန် (謝長廷) အား အပြတ်အသတ် အနိုင်ရကာ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)၏ ၁၂ ဆက်မြောက် သမ္မတဖြစ်လာသည်။ ၂၀၀၈ သမ္မတရွေးကောက်ပွဲကင်ပိန်း မာရင်းကျိုသည် ၂၀၀၇ ခုနှစ်တွင် အိန္ဒိယနှင့် စင်္ကာပူသို့ လေ့လာရေးခရီးထွက်ခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးအပြင် ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် နိုင်ငံခြားဆက်ဆံရေး အတွေ့အကြုံရှိသူ သမ္မတလောင်းတဦးအနေဖြင့် ပါဝင်ရန် ရည်ရွယ်ခဲ့သည်။ မာရင်းကျိုနှင့်တွဲဖက်ကာ ဒုတိယသမ္မတလောင်းအဖြစ် ပါဝင်လာသူမှာ ဒုတိယဝန်ကြီးချုပ်ဟောင်း ရှောင်းဝမ့်ချန် (蕭萬長) ဖြစ်သည်။ ရှောင်းဝမ့်ချန်သည် ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် လျန်ကျန့်နှင့် တွဲဖက်ခဲ့ဖူးသူဖြစ်သည်။ အမေရိကန် ဂရင်းကတ်အရှုပ်အရှင်း ဒီပီပီပါတီသမ္မတလောင်း ရှဲ့ချန်ထိန်က မာရင်းကျိုတခါက အမေရိကန်ဂရင်းကတ်ရှိခဲ့ဖူးသည်ကို မေးခွန်းထုတ်ခဲ့သည်။ မာရင်းကျိုက ယခင်အမေရိကန်သို့ ပညာတော်သင်သွားချိန်က ဂရင်းကတ်ရှိခဲ့ဖူးသော်လည်း လက်ရှိတွင် စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ ၎င်းအပြင် ၎င်း၏မိသားစုဝင်၌ တဦးတယောက်မှ ဂရင်းကတ် ကိုင်ဆောင်ခြင်းမရှိကြောင်း အတိအလင်း ငြင်းဆိုခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် ၎င်း၏သမီးဦးမှာ အမေရိကန်တွင် မွေးဖွားသူဖြစ်၍ အမေရိကန် နိုင်ငံသားဖြစ်ကြောင်း တွေ့ရှိရကာ မာရင်းကျိုသည် မျိုးချစ်စိတ်ရှိမရှိ လူအချို့က သံသယဝင်လာကြသည်။ ရွေးကောက်ပွဲမတိုင်မီ တပတ်အလိုတွင် သမ္မတ ချန်ဆွေပြန်က အကယ်၍ မာရင်းကျိုသည် ၎င်း၏ဂရင်းကတ်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကြောင်း စာရွက်စာတမ်းများ ထုတ်ပြနိုင်လျှင် ရာထူးမှဆင်းမည်ဟု ပြောခဲ့သလို ရှဲ့ချန်ထိန်ကလည်း အလားတူပဲ ရွေးကောက်ပွဲမှ နုတ်ထွက်မည်ဟု ဆိုခဲ့ကြသည်။ နောက်တနေ့တွင် မာရင်းကျိုက ၁၉၈၀ - ၁၉၉၀ ခုနှစ်အကြား ၎င်းလျှောက်ယူခဲ့သည့် (ရွှေ့ပြောင်းရေးမဟုတ်သည့်) အမေရိကန်ဝင်ခွင့်ဗီဇာကို ထုတ်ပြကာ ဂရင်းကတ် တရားမဝင်တော့ကြောင်း သက်သေပြခဲ့သည်။ အမေရိကန်မှ ဂရင်းကတ်ကိုင်ဆောင်ထားခြင်းမရှိသော နိုင်ငံခြားသားများအား ယင်းကဲ့သို့သော ဗီဇာများအား ထုတ်ပေးလေ့ရှိသည်။ သမ္မတသက်တမ်း ၂၀၀၈ - မာရင်းကျိုသည် ၂၀၀၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် မဲရနှုန်း ၅၈ % ဖြင့် အနိုင်ရခဲ့ကာ ဒီပီပီပါတီ၏ ၈ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည်။ မာရင်းကျိုသည် မဲပေါင်း ၇၆ သိန်းကျော်ဖြင့် မဲ ၅၄ သိန်းကျော် ရရှိခဲ့သည့် ပြိုင်ဘက် ရှဲ့ချန်ထိန်အား အပြတ်အသတ် အနိုင်ရခဲ့သည်။ မာရင်းကျိုသည် ၂၀၀၈ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ရာထူးတက် ကျမ်းသစ္စာကြိမ်ဆိုခဲ့သည်။ ယခင်သမ္မတများသည် ရာထူးတက် အခမ်းအနားကို သမ္မတအိမ်တော်ရှေ့တွင် ကျင်းပခဲ့ကြသော်လည်း မာရင်းကျိုသည် ၎င်း၏ရာထူးတက်ပွဲ အခမ်းအနားကို ထိုင်ပေမြို့ရှိ Taipei Arena တွင် ကျင်းပပြီး နိုင်ငံတော် ညစာစားပွဲကိုလည်း ယခင်သမ္မတများနှင့်မတူပဲ ထိုင်ဝမ်တောင်ပိုင်းဒေသရှိ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်သည့် ကောင်းရှုံမြို့တွင် (高雄市) တည်ခင်းဧည့်ခံခဲ့သည်။ ရာထူးတက်ပြီးနောက် ၂၀၀၈ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင် မာရင်ကျိုသည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိသည့် တောင်အမေရိကနိုင်ငံများသို့ ပထမဦးဆုံးအကြိမ် ချစ်ကြည်ရေး ခရီးနှင်ခဲ့သည်။ မာရင်းကျိုသည် ဒိုမီနီကန်သမ္မတ လီယိုနဲလ် ဖာနန်းဒဲဇ်နှင့် ပါရာကွေးသမ္မတ ဖာနန်ဒို လူဂို တို့၏ ရာထူးတက် အခမ်းအနားကို တက်ရောက်ခဲ့သည်။ ပနားမားနိုင်ငံတွင် ခရီးတထောက်နားပြီး သမ္မတ မာတင် တိုရိဟိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤခရီးစဉ်အတွင်း မာရင်းကျိုသည် အမေရိကန် လော့စ်အိန်ဂျယ်လိစ်မြို့နှင့် ဆန်ဖရန်စစ္စကိုမြို့တို့တွင် transist လုပ်ခဲ့သည်။ ဤသည်မှာ သမ္မတချန်ဆွေပြန် လက်ထက် နောက်ပိုင်းကာလအတွင်း ကျဆင်းခဲ့သည့် ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်လာခြင်း လက္ခဏာဟု နိုင်ငံရေး သုံးသပ်သူများက ယူဆကြသည်။ ဤခရီးစဉ်တွင် မာရင်းကျိုသည် ချွေတာသူတဦးဖြစ်ကြောင်း ပြသသည့်အနေဖြင့် သမ္မတစီးတော်လေယာဉ်အား အသုံးမပြုပဲ ထိုင်ဝမ်မှအမေရိကန်သို့ သာမန်ခရီးသည်များနှင့်အတူ ခရီးသည်တင်လေယာဉ်ကို စီးခဲ့သည်။ အမေရိကန်မှတဆင့် ပိုမိုသေးငယ်သည့် လေယာဉ်ဖြင့် ခရီးဆက်ခဲ့သည်။ ထိုင်ဝမ်ပြည်မဆက်ဆံရေး မာရင်းကျိုသည် ရာထူးတက်မိန့်ခွန်းတွင် ထိုင်ဝမ်-ပြည်မဆက်ဆံရေးနှင့် ပတ်သက်၍ ၎င်း၏ရာထူးသက်တမ်းအတွင်း "ပြည်မနှင့် ပြန်လည်ပေါင်းစည်းမည်မဟုတ်၊ ထိုင်ဝမ်လွတ်လပ်ရေး ကြေညာမည်မဟုတ်၊ ဦးစွာစစ်ထိုးမည်မဟုတ်" (不統, 不獨, 不武) ဟုပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလထုတ် တိုင်းမ် (Time) မဂ္ဂဇင်းတွင် နှစ် ၆၀ ကြာ ထိတွေ့မှုမရှိခဲ့သည့် ထိုင်ဝမ်-ပြည်မဆက်ဆံရေးသည် ၃ လတာ ကာလအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာကြောင်း ရေးသားဖော်ပြထားသည်။ မာရင်းကျိုသည် ထိုင်ဝမ်နှင့် ပြည်မအကြား စနေတနင်္ဂနွေပိတ်ရက်တွင် စင်းလုံးငှား လေယာဉ်များ ပြေးဆွဲစေခဲ့သည်။ ဤသည်မှာလည်း ထိုင်ဝမ်သမိုင်းတွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ဒီ့မတိုင်မီ ထိုင်ဝမ်နှင့် ပြည်မအကြား သွားလာသည့် ခရီးသည်များသည် ဟောင်ကောင်၊ မကာအို ကဲ့သို့သော တတိယဒေသမှ တဆင့် သွားလာကြရသဖြင့် အချိန်ကုန်လူပန်း ဖြစ်ရသည်။ ထို့အပြင် ပြည်မသား ခရီးသည်များအား ထိုင်ဝမ်သို့ တိုက်ရိုက် လာရောက်လည်ပတ်ခွင့်ပြုခဲ့သည်။ ပြည်မ၌ ရင်းနှီးမြှုပ်နှံကြသည့် ထိုင်ဝမ်စီးပွားရေးသမားများအပေါ် ထားရှိသည့် ကန့်သတ်ချက်များကို လျှော့ချပေးပြီး ပြည်မစီးပွားရေးသမားများ ထိုင်ဝမ်၏ စတော့ရှယ်ရာများ ဝယ်ယူခွင့်ပေးရန်လည်း ကြိုးစားလျက်ရှိသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ဘေဂျင်း (北京) အခြေစိုက် ထိုင်ဝမ်ရေလက်ကြား ဆက်ဆံရေးဆိုင်ရာ အစည်းအရုံး (海峽兩岸關係協會 Association for Relations Across the Taiwan Straits, ARAT) ဥက္ကဋ္ဌ ချန်ယွင်လင် (陳雲林) ထိုင်ဝမ်သို့ မလာမှီ အတိုက်အခံ တပ်စိမ်းမှ (ဒီပီပီပါတီတံဆိပ်မှာ အစိမ်းရောင်ဖြစ်သောကြောင့် ဒီပီပီပါတီနှင့် ထိုင်ဝမ်လွတ်လပ်ရေးလိုလားသည့် နိုင်ငံရေးအင်အားစုများအား ထိုင်ဝမ်တွင် တပ်စိမ်းဟုခေါ်သည်။) ချန်ယွင်လင်၏ ခရီးစဉ်သည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာအား ထိခိုက်စေနိုင်သည်ဟု ဝေဖန်ပြောဆိုကြသည်။ ဒီပီပီပါတီဦးဆောင်သည့် ချန်ယွင်လင်အား ဆန့်ကျင်ဆန္ဒပြပွဲကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ယင်းဆန္ဒပြပွဲတွင် အကြမ်းအားဖြင့် လူပေါင်း ၅ သိန်းခန့်ပါဝင်ခဲ့သည်ဟု ခန့်မှန်းကြသည်။ ဆန္ဒပြသူများက သမ္မတမာရင်းကျိုက တရုတ်ပြည်မနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အကန့်အသတ်များအား အတိုင်းထက်လွန် မြန်ဆန်စွာ လျှော့ပေးခြင်းသည် ထိုင်ဝမ်အား ထိခိုက်စေနိုင်သည်ဟု စွပ်စွဲကြသည်။ သို့သော်လည်း ချန်ယွင်လင်၏ ထိုင်ဝမ်ခရီးစဉ်နှင့် အစိုးရ၏ ထိုင်ဝမ်-ပြည်မ ဆက်ဆံရေး ပုံမှန်ဖြစ်လာရေး မူဝါဒအား ထောက်ခံသူ ၅၀ % မှ ၆၀ % အထိရှိကြောင်း လူထုစစ်တမ်းများတွင် တွေ့ရှိရသည်။ ချန်ယွင်လင်သည် ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ပွဲပြီးနောက် ထိုင်ဝမ်သို့လာရောက်သည့် ရာထူးအမြင့်ဆုံး တရုတ်ပြည်မ အရာရှိဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ချန်ယွင်လင်နှင့် ထိုင်ပေအခြေစိုက် ထိုင်ဝမ်ရေလက်ကြား အပြန်အလှန် ကူးလူးဆက်ဆံရေး ရန်ပုံငွေအဖွဲ့ (海峽交流基金會 Straits Exchange Foundation, SEF) ဥက္ကဋ္ဌ ကျန်းပင်ခွန်းနှင့် (江丙坤) သဘောတူညီချက် ၄ ရပ်ကို ရေးထိုးခဲ့ကြသည်။ ယခုအကြိမ်တွင် ရေးထိုးသည့် သဘောတူညီချက်များမှာ ရေကြောင်းတိုက်ရိုက် သယ်ယူပို့ဆောင်ရေး၊ စင်းလုံးငှားလေယာဉ် နေ့စဉ်ပျံသန်းပြေးဆွဲရေး၊ တိုက်ရိုက် စာပို့ဆက်သွယ်ရေးနှင့် စားသောက်ကုန် လုံခြုံရေးတို့ဖြစ်ကြသည်။ ဤသည်မှာလည်း ချန်ယွင်လင်နှင့် ကျန်းပင်ခွန်းတို့ ဒုတိယအကြိမ် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။ ပထမအကြိမ်မှာ ၂၀၀၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ဘေဂျင်းမြို့တွင်ြဖစ်သည်။ ဘေဂျင်းတွင် စနေတနင်္ဂနွေပိတ်ရက်တွင် စင်းလုံးငှားလေယာဉ်ပျံသန်းပြေးဆွဲရေးနှင့် ပြည်မသားများ ထိုင်ဝမ်သို့ လာရောက်လည်ပတ်ခွင့်ပြုရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ တတိယအကြိမ်တွေ့ဆုံပွဲကို ၂၀၀၉ ခုနှစ် ဧပြီလ တရုတ်ပြည် နန်ကျင်းတွင် ကျင်းပခဲ့ပြီး ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်ရေး၊ လေယာဉ်များ နေ့စဉ်ပုံမှန်ပျံသန်းရေး၊ ရာဇဝတ်မှုများအား လက်တွဲတိုက်ဖျက်ရေးနှင့် တရားရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၃ ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး ပြည်မရင်းနှီးငွေများ ထိုင်ဝမ်တွင် ရင်းနှီးမြှုပ်နှံခွင့်ပြုရန် နားလည်မှု ရရှိခဲ့သည်။ ဒီ့နောက်တွင် ၆ လတကြိမ် တရုတ်ပြည်နှင့် ထိုင်ဝမ်တွင် တလှည့်စီ တွေ့ဆုံပွဲများအား ပုံမှန်ကျင်းပသွားရန်ရှိသည်။ ချန်ယွင်လင် ထိုင်ပေသို့ရောက်ရှိနေခိုက်တွင်လည်း ပြင်းထန်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ဆန္ဒပြမှုအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့်အတွက် ရဲဘက်မှ လူပေါင်း ၁၄၀ ကျော်ကို ဖမ်းဆီးခဲ့သလို ရဲအတော်များများလည်း ဒဏ်ရာရရှိခဲ့သည်။ ၁၉၉၂ ခုနှစ် နားလည်မှုအရ ချန်ယွင်လင်က သမ္မတမာရင်းကျိုအား သွားရောက်တွေ့ဆုံစဉ်တွင် မာရင်းကျိုအား “သမ္မတ”ဟု ခေါ်ဝေါ်ခဲ့ခြင်းမရှိပါ။ အလားတူပဲ ထိုင်ဝမ်ကိုယ်စားလှယ်များ ၂၀၀၈ ဇွန်လက ဘေဂျင်း၌ ဟူဂျင်ထောင်းနှင့် (胡錦濤) တွေ့ဆုံစဉ်တွင်လည်း “သမ္မတ”ဟု ခေါ်ဝေါ်ခဲ့ခြင်းမရှိပါ။ ချန်ယွင်လင်၏ ခရီးစဉ်အပြီး ထိုင်ဝမ် သတင်းစာကြီး နှစ်စောင်မှ ကောက်ယူခဲ့သည့် လူထုစစ်တမ်းများတွင် ယင်းခရီးစဉ်သည် ထိုင်ဝမ်၏ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်စေသည်ဟုယူဆသူ ၅၀ % ခန့်ရှိပြီး ဆိုးကျိုးဖြစ်နိုင်သည်ဟု ထင်မှတ်သူ ၁၈ မှ ၂၆ % ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ တိုက်ရိုက်ဆက်သွယ်ရေး ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ထိုင်ဝမ်နှင့် ပြည်မအကြား ရေကြောင်း၊ လေကြောင်းနှင့် စာပို့ တိုက်ရိုက်ဆက်သွယ်ရေးများ ပြန်လည်စတင်လိုက်ပြီ ဖြစ်သည်။ ထိုင်ဝမ်နှင့် ပြည်မအကြား နှစ်ပေါင်း ၆၀ ကြာ တိုက်ရိုက်သွားလာရန် တားမြစ်ချက်ကို အဆုံးသတ်သွားစေသည်။ ပြီးခဲ့သည့် နှစ် ၆၀ အတွင်း ထိုင်ဝမ်နှင့် ပြည်မအကြား ကူးသန်းသွားလာရာတွင် ဟောင်ကောင်၊ မကာအိုကဲ့သို့ တတိယဒေသတွင် လေယာဉ်ပြောင်းစီးရသဖြင့် အချိန်နှစ်ဆပိုကုန်စေသည်။ ထိုင်ဝမ်ပြည်မ နှစ်ဖက်မှ တတိယအကြိမ် သဘောတူညီမှုများ ရေးထိုးပြီးနောက် လက်ရှိတွင် ခရီးသည်တင် လေကြောင်းအတွက် တပတ်လျှင် အသွားအပြန် ပေါင်း ၂၇၀ ခေါက်၊ ကုန်တင်လေယာဉ်များအတွက် တပတ်လျှင် ၂၈ ခေါက် စီစဉ်ထားသည်။ (ထိုင်ဝမ်နှင့် ပြည်မ လေကြောင်းကုမ္ပဏီများ တဝက်စီ ပြေးဆွဲကြမည်ဖြစ်သည်။ ). တိုက်ရိုက်ဆက်သွယ်ခွင့်ပြုပြီးနောက်တွင် ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၂၀ အထိ သက်သာနိုင်သည်။ နှစ်ဘက်မှလည်း သင်္ဘောများ ဆိပ်ကမ်းကပ်ချိန်တွင် ပီအာစီ သို့မဟုတ် အာအိုစီ နှစ်နိုင်ငံအလံများ မလွှင့်တင်ရန် သဘောတူထားသည်။ ကျမ်းကိုး ကမ္ဘာ့ နိုင်ငံရေး ခေါင်းဆောင်များ ထိုင်ဝမ် ကွန်မင်တန်ပါတီ ထိုင်ပေမြို့တော်ဝန်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%AD%E1%80%AF
ဆေကိန္ဒ၊ အရှင် (ဓမ္မဒူတ)
အရှင်ဆေကိန္ဒ သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးဖြစ်သည်။ ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟူ၍လည်းသိရှိကြ၏ ။လက်ရှိတွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၏ တတိယမြောက် ပါမောက္ခချုပ် ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ထေရုပ္ပတ္တိ ငယ်စဉ်ဘဝနှင့် ပညာရေး အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ ခမည်းတော် ဦးအောင်သန်းနှင့် မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း(၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ ဖွားမြင်သည်။ ၁၉၇၅ ၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀ တန်း အောင်မြင်ခဲ့ပြီး ၁၉၇၉ ၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့(A.G.T.I. (civil)) ကို ရရှိအောင်မြင်သည်။ ၁၉၈၃၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ခံယူခဲ့သည်။ တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်တွင် ပရိယတ္တိစာပေများကို လေ့လာ၍ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ ၁၉၉၃တွင် စာချတန်း၌ ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်ခဲ့၍ အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့သည်။ သဒ္ဓမ္မနေပုညဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိခဲ့၏ ။ ပညာဆည်းပူးခြင်း ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ စစ်ကိုင်းမြို့ ဇေယျသိန် ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ စာသင်တိုက် စသော ကျောင်းတိုက်တို့ရှိ ဆရာတော်များထံမှ နည်းနာခံယူ သင်ယူခဲ့သည်။ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူး၍ ထိုတက္ကသိုလ်မှ M.A. (Buddhism) နှင့် Ph.D. ဘွဲ့တို့ကို ရရှိခဲ့၏ ။ ဆရာတော်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၏ ဒုတိယမြောက်ပါမောက္ခချုပ်ဆရာတော် အရှင် နန္ဒမာလာဘိဝံသ နှင့် ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ စန္ဒာဝရာဘိဝံသ တို့ အနားယူပြီးသည့်နောက် ၂၀၂၀ပြည့်နှစ်တွင် ယင်းတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်အဖြစ်တင်မြှောက်ခံရသည်။ ယင်းနောက် ၂၀၂၁ ခုနှစ်တွင် တတိယမြောက် ပါမောက္ခချုပ် ဆရာတော်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဘွဲ့တံဆိပ်များ နိုင်ငံတော်မှ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့များကို ဆရာတော်အား ဆပ်ကပ်လှူဒါန်းခဲ့သည်။၂၀၂၃ ဇူလိုင် ၂၃ရက်တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်သည့်ကိစ္စတွင် ပါဝင်ခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆရာတော်အား စည်သူဘွဲ့ ဆက်ကပ်သည်။ ဆောင်ရွက်မှုများ ပါမောက္ခ ဒေါက်တာ အရှင်ဆေကိန္ဒသည် ဓမ္မဒူတ နာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (ဝိပဿနာ) ပါမောက္ခ၊တွဲဖက် ပါမောက္ခ၊ အဆောင်မှူးဆရာတော် စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။ ကိုးကား ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%86%E1%80%B1%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%81%8A%20%E1%80%A1%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%20%28%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%92%E1%80%B0%E1%80%90%29
ပင်လယ်
ပင်လယ် ဆိုသည်မှာ မြစ်များထက် ပိုမို ကျယ်ပြန့်သည့် ရေပြင် အကျယ်အဝန်း ရှိ၍ သမုဒ္ဒရာ များလောက် ကျယ်ပြန့်သည့် ရေပြင် အကျယ်အဝန်း မရှိသည့် ရေပြင် ဖြစ်သည်။ ပင်လယ်ကြီး ၁၃-စင်း ပင်လယ်ကြီး ၁၃-စင်း ကမ္ဘာပေါ်၌ ထင်ရှားသည့်ပင်လယ်ကြီး ၁၃စင်းမှာ- (၁) မြေထဲပင်လယ်(Mediterranean Sea) စတုရန်းမိုင် (၁,၁၄၅,၁၀ဝ) ကျယ်၍၊ (၄,၆၈၈)ပေ ရေနက်သည်။ (၂) ကာရစ်ဘီယံ ပင်လယ်(Caribbean Sea) စတုရန်းမိုင် (၁,ဝ၄၉,၅၀ဝ) ကျယ်၍၊ (၈,၆၈၅)ပေ နက်သည်။ (၃) တောင်တရုတ်ပင်လယ်(South China Sea) စတုရန်းမိုင် (၈၉၅,၄၀ဝ) ကျယ်၍၊ (၅,၄၁၉)ပေ နက်သည်။ (၄) ဗဲရင်းပင်လယ်(Bering Sea) ၊ စတုရန်းမိုင် (၈၈၄,၉၀ဝ) ကျယ်၍၊ (၅,ဝ၇၅)ပေ နက်သည်။ (၅) မက္ကဆီကိုပင်လယ်ကွေ့(Gulf of Mexico) ၊ စတုရန်းမိုင် (၆၁၅,ဝ၀ဝ) ကျယ်၍၊ (၄,၈၇၄)ပေ နက်သည်။ (၆) အော့ဟောစ်က်ပင်လယ်(Okhotsk Sea) ၊ စတုရန်းမိုင် (၆၁၃,၈၀ဝ) ကျယ်၍၊ (၂,၇၄၉)ပေ နက်သည်။ (၇) အရှေ့တရုတ်ပင်လယ်(East China Sea) ၊ စတုရန်းမိုင် (၄၈၂,၃၀ဝ) ကျယ်၍၊ (၆၁၇)ပေ နက်သည်။ (၈) ဟပ်ဆန်ပင်လယ်အော်(Hudson Bay) ၊ စတုရန်းမိုင် (၄၇၅,၈၀ဝ) ကျယ်၍၊ (၄၂၀)ပေ နက်သည်။ (၉) ဂျပန်ပင်လယ်(Japan Sea) ၊ စတုရန်းမိုင် (၃၈၉,၁၀ဝ) ကျယ်၍၊ (၄,၄၂၉)ပေ နက်သည်။ (၁၀) ကပ္ပလီပင်လယ်(Adman Sea) ၊ စတုရန်းမိုင် (၃၀၈,ဝ၀ဝ) ကျယ်၍၊ (၂,၈၅၄)ပေ နက်သည်။ (၁၁)မြောက်ပင်လယ်၊ (North Sea) ၊ စတုရန်းမိုင် (၂၂၂,၁၀ဝ) ကျယ်၍၊ (၃၀၈)ပေ နက်သည်။ (၁၂)ပင်လယ်နီ(Red Sea) ၊ စတုရန်းမိုင် (၁၆၉,၁၀ဝ) ကျယ်၍၊ (၁,၆၁၁)ပေ နက်သည်။ (၁၃) ဘောလ်တစ် ပင်လယ်(Baltic Sea) ၊ စတုရန်းမိုင် (၁၆၃,ဝ၀ဝ) ကျယ်၍၊ (၁၈၀)ပေ ရေနက်သည်။ ကိုးကား ရေထု ပထဝီဝင် ပင်လယ်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%9A%E1%80%BA
ပစ္စည်း ၄ ပါး
ပစ္စည်း ၄ ပါး သာသနာရေးကိစ္စ၌ သုံးစွဲနိုင်သော ပစ္စည်းမျိုး လေးပါး။ (၁) ဆွမ်းပစ္စည်း-ဆွမ်း, ခဲဘွယ်, ဘောဇဉ်, ချိုချဉ်နို့ စသော ဝတ္ထုများ၊ (၂) သင်္ကန်းပစ္စည်း- ဝတ်ရုံ သုံးဆောင်ကောင်းသော သင်္ကန်း ၉-ထည်၊ (၃) ကျောင်းပစ္စည်း-ကပ္ပိယကုဋိခေါ် ကျောင်းအမျိုးမျိုး၊ (၄) ဆေးပစ္စည်း-ကျန်းမာရေးဆိုင်ရာ ဆေးအဖျော် အမျိုးမျိုး။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%20%E1%81%84%20%E1%80%95%E1%80%AB%E1%80%B8
မြင့်၊ ဦး(နေရှင်နယ်)
မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်က ပေါ်ပေါက်ခဲ့သော အမျိုးသားအောင်ပွဲနေ့ခေါ် နေရှင်နယ်ဒေးအကြောင်း လူတိုင်းသိကြသော်လည်း အမျိုးသားနေ့ ဖြစ်ပေါ်လာအောင် ပထမဦးဆုံးစည်းရုံးလှုံ့ဆော်ခဲ့သူ နေရှင်နယ်ဦးမြင့် အကြောင်းကိုကား သိသူနည်းလှပါသည်။ ဦးမြင့်ကို ၁၈၉၃ ခုနှစ်တွင် ဖွားမြင်သည်၊ ဇာတိမှာဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပန်းတင်ရွာ၊ အမည်ရင်းဦးမြင့်ဖြစ်သည်။ မိဘနှစ်ပါးမှာ မြေပိုင်ရှင်ဦးမြလွင်နှင့် ဒေါ်အိမ်ကြွယ် တို့ဖြစ်သည်၊ မွေးချင်းငါးယောက်အနက် ဒုတိယမြောက်ဖြစ်သည်။ ကျောင်းနေအရွယ်သို့ ရောက်လျှင် ကျေးလက်ရိုးရာ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် စတင်ပညာသင်ကြားသည်၊ ထို့နောက် ရန်ကုန်ဟိုက်စကူးကျောင်း (ယခုလသာ အထက-၁) သို့ ပြောင်းရွှေ့ခဲ့သည်၊ ထိုကျောင်းမှပင် ဆယ်တန်းအောင်သည်။ ဂျပ်ဆင် (ယုဒသန်)ကောလိပ်သို့ ဆက်တက်သည်။ ဦးမြင့် ဘီအေအထက်တန်း (အင်္ဂလိပ်စာဂုဏ်ထူးတန်း)ရောက်သည့်နှစ်တွင် ပထမ ကျောင်းသားသပိတ်ကြီးနှင့် တန်းတိုးသည်။ ၁၉၂၀ပြည့် နှစ် ဒီဇင်ဘာလ(၅)ရက် (မြန်မာနှစ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်သည်။ ပထမ ကျောင်းသားသပိတ်ကြီးသည် ကျောင်းသားများ ကျယ်ကျယ် ပြန့်ပြန့် ဆင်နွှဲလိုက်သော နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်လပ်ရေးတိုက်ပွဲ ဖြစ်သည်။ ဦးမြင့်သည်သပိတ်မှောက်ရာတွင် တက်ကြွစာ ပါဝင်ဆောင်ရွက်သည်၊ သပိတ်မှောက် ကောင်စီ ၂၆ ဦး ဖွဲ့စည်းရာတွင်ပါဝင်သည်၊ ငွေထိန်းဖြစ်သည်။ ဦးမြင့်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား ကြိုးပမ်းမှုတွင် များစွာစိတ်အား ထက်သန်သည်၊ မည်သူကချော့ချော့ မည်သူက ခြောက်ခြောက် ပျော့မည့်သူ မည့်သူမဟုတ်ပေ။ ယုံကြည်ချက် ခိုင်မာဇွဲကြီးသူ ဖြစ်သည်။ သာဓကပြရလျှင် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ညနေတွင် သပိတ်စခန်းရှိရာ ရွှေတိဂုံဘုရားအနီး ဦးမာရိယကျောင်း သို့ ရန်ကုန်ကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာဦးဘတို့ ရောက်ရှိလာသည်၊ ကျောင်းသားများ ကျောင်းသို့ ပြန်ကြရန်နှင့် စာကြိုးစားရန် တိုက်တွန်းသည်၊ ထိုအခါ သပိတ်မှောက် ကျောင်းသားတစ်ဦးက အင်္ဂလိပ်တို့ဟာ ပရိယာယ်များတယ်၊ ခင်ဗျားတို့ သွေးဆောင်ရာကို မလိုက်ဘူး ဟု အော်ပြောလိုက်လေသည်။ ဦးမြင့်ကလည်း ကျွန်တော်တို့ထွက်လာတာ ရည်ရွယ်ချက်ရှိပါတယ်၊ ဆရာတို့ခေါ်ပေမယ့် အလကားဘဲ၊ သွေးဆောင်ခေါ်မနေပါနဲ့တော့၊ ဆရာကြီးအခုချက်ချင်းထွက်သွား၊ မကြည့်ချင်ဘူးဟု အော်ဟစ်ပြောဆိုခဲ့သည်။ ၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးသည် များစွာ အောင်မြင်သည်။ ယင်းသပိတ်ကြီးကြောင့် မြန်မာတို့နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသောနယ်ပယ်တို့တွင် နိုးကြားလာသည်၊ ရန်ကုန်မြို့တွင် အမျိုးသားကောလိပ်ကျောင်းတစ်ကျောင်းနှင့် အနယ်နယ်အရပ်ရပ်တွင် အမျိုးသား ကောလိပ်ကျောင်းပေါင်း ၉၀ ကျော် ပေါ်ပေါက်လာသည်။ ၁၉၂၁ ခုနှစ် အောက်တိုဘာလတွင် မန္တလေးမြို့ ဂျီစီဘီအေ ဝါ မြန်မာအသင်းချုပ်ကြီး နဝမအကြိမ်မြောက် ကွန်ဖရင့် ကျင်းပသည်။ သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်အဖြစ် ဦးမြင့်တက်ရောက်သည်၊ ယင်းကွန်ဖရင့်တွင် အမျိုးသားနေ့ သတ်မှတ်ရေးနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေး ကြသည်။ သူရိယသတင်းစာဆရာ ဦးတုတ်ကြီးက သီပေါမင်း ပါတော်မူသောနေ့ ကို သတ်မှတ်ရန် အဆိုပြုသည်၊ ပျဉ်းမနားမှ ဦးဒွေးကဆရာတော် ဦးဥတ္တမ ထောင်ကျသောနေ့ကို သတ်မှတ်ရန် အကြံပေးသည်။ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်ဦးမြင့်က ပါတော်မူနေ့၊ ထောင်ကျသော နေ့ရက်များသည် အမင်္ဂလာဖြစ်သည်၊ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်းဆိုသော ရှေးသူဟောင်းတို့ ဆိုသည့်စကား အတိုင်းပင် မင်္ဂလာရှိသောနေ့ကို ရွေးချယ်ရန် တင်ပြသည်။ တက္ကသိုလ် ဥပဒေကို သပိတ်မှောက်သည့် ကိစ္စသည် အင်္ဂလိပ်လက်ထက်တွင် အင်္ဂလိပ်ဥပဒေကို ပထမဦးဆုံးတော်လှန်သည့် ကိစ္စဖြစ်သည်။ အကျမဟုတ် အတက်ဖြစ်သည်၊ အစုန်မဟုတ်။ အဆန်ဖြစ်သည်။ တစ်နိုင်ငံလုံးနိုးကြားတက်ကြွလာပြီး ဝံသာနုရက္ခိတတရား ထွန်းကားလာသည်။ ထို့ကြောင့် ကျောင်းသားများ သပိတ်မှောက်သည့် နေ့ကို ရွေးချယ်သတ်မှတ်ရန် ရှင်းလင်းတင်ပြသည်၊ တက်ရောက်လာကြသော ကိုယ်စားလှယ်အားလုံးက ဦးမြင့်အဆိုကို တစ်ခဲ နက်ထောက်ခံသည်။ ထို့ကြောင့် ကျောင်းသားများသပိတ်မှောက်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ဟု သတ်မှတ်သည်။ ထိုနေ့သည် နယ်ချဲ့တို့ အပေါ် အောင်ပွဲခံသောနေ့ ဖြစ်သောကြောင့် အမျိုးသားအောင်ပွဲနေ့ဟု ခေါ်ကြသည်။ ထိုအချိန်မှစ၍ တစ်နိုင်ငံလုံး နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ ကျင်းပကြ လေသည်။ အမျိုးသားနေ့ (နေရှင်နယ်ဒေး) ဖြစ်ပေါ်လာ အောင် ပထမဦးဆုံးစည်းရုံးလှုံ့ဆော်ခဲ့သူ ဦးမြင့်ကိုလည်း နေရှင်နယ်ဦးမြင့်ဟု ခေါ်တွင်လေသည်။ နေရှင်နယ်ဦးမြင့်သည် ညောင်လေးပင်မြို့ အမျိုးသားကျောင်းနှင့် မြို့မ အမျိုးသား အထက်တန်းကျောင်းတို့တွင် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်သည်၊ အမျိုးသားပညာရေးကောင်စီအဖွဲ့ဝင်နှင့် အထက်မြန်မာ ပြည် အမျိုးသားပညာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်၊ ဦးမြင့်သည် ဟံသာဝတီခရိုင် ပျော်ဘွယ်ကြီးရွာသူ ဒေါ်စောရှင်နှင့် အိမ်ထောင်ကျသည်၊ ပျော်ဘွယ်ကြီးရွာသို့ သွားရောက်နေထိုင်သည်၊ လယ်ယာလုပ်ငန်းများကို ဦးစီးလုပ်ကိုင်သည်၊ တောင်သူလယ်သမားများ နိုးကြားလာအောင် စည်းရုံးလှုံ့ဆော်သည်၊ မြန်မာနိုင်ငံ ရေးလောကတွင် ငါးပွင့်ဆိုင်ညီညွတ်ရေးအဖွဲ့ ပေါ်ပေါက်လာသောအခါ ပါဝင်ဆောင်ရွက်သည်၊ ဦးလွန်းနှင့် ဦးမြင့် သခင်ကိုယ်တော်မှိုင်းသည် အမျိုးသားနေ့နှင့် ပတ်သက်၍ ဖွဲ့ဆိုခဲ့ဖူးသည်။ နေရှင်နယ်ဦးမြင့်သည် ပါမောက္ခမှိုင်းထက် ၁၈နှစ်ငယ်သည်၊ သခင်ကိုယ်တော်မှိုင်း၏ စာများကို ဖတ်၍ ကြီးပြင်းခဲ့သူဖြစ်သည်၊ အမျိုးသား စာပေယဉ်ကျေးမှုကိုချစ်မြတ်နိုးသည်၊ လေးစားတန်ဖိုးထားသည်၊ ဂျပ်ဆင် ကောလိပ်မှာနေစဉ်က ဦးဖိုးကျား။ ဦးဖိုးလတ်။ ဦးလူဖေဝင်းတို့နှင့် အတူ မစ္စတာ မောင်မှိုင်းဘွဲ့ခံ သူရိယဆရာ ဦးလွန်းထံသို့ သွားရောက်၍ မြန်မာစာ မြန်မာ ရာဇဝင်တို့ကိုလေ့လာဆည်းပူးခဲ့သူဖြစ်သည်၊ သခင်ကိုယ်တော်မှိုင်းကို ကြည်ညိုလေးစား အားထားသူ ဖြစ်သည်။ သပိတ်မှောက်ကာလအတွင်းက မြန်မာ့အလင်းသတင်းစာတွင် အမျိုးသား ကောလိပ်မှ ဆရာတစ်ဦးသည် လခမှန်မှန် မရ၍ ယောလုံချည် ပေါင်စား နေရသည်ဟု ပါလာသည်။ ပါမောက္ခမှိုင်းကို ရည်ရွယ်ပါတကား၊ ကျောင်းသားများက မကျေမနပ်ဖြစ်ကာ အုံကြွလာသည်၊ မြန်မာ့အလင်း သတင်းစာကိုသပိတ်မှောက်ရန် စည်းရုံးလှုံ့ဆော်ကြသည်။ ယင်းတို့အထဲတွင် နေရှင်နယ်ဦးမြင့်နှင့် ဦးလူဖေဝင်းတို့က ထိပ်ဆုံးက ဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းထံ သို့ချက်ချင်းသွားရောက်သတင်းပို့ကြသည်၊ မှိုင်းက ဟာ ... မလုပ်ကြပါနဲ့ကွာ၊ ရန်ကို ရန်ခြင်း မတုံ့နှင်းကြပါနဲ့၊ အမြန်သွားပြီးတားလိုက်ကြပါ၊ ကျောင်းသားတွေက ဆရာ့အတွက် ဘာလို့မခံမရပ်နိုင်ဖြစ်ကြတာလဲ ဟု မေးသည်၊ ယောလုံချည် ပေါင်စားနေရတယ်ဆိုပြီး သတင်းစာကနေ သိက္ခာချလို့ မခံမရပ်နိုင် ဖြစ်တာပါဆရာ ဟု နေရှင်နယ်ဦးမြင့်က ရှင်းပြသည်။ ယောလုံချည် ပေါင်စားနေရတယ်လို့ရေးတာ ဘာနာစရာရှိသလဲ၊ တကယ်တော့ဆရာတို့ အခုလို တိုင်းပြည်အတွက် အနစ်နာခံပြီး ရှိသမျှ ပေါင်စားနေရတာ ဂုဏ်တောင်ရှိသေးတယ် မဟုတ်လား၊ ဒါမျိုးရေးလို့ကတော့ ဆရာ မရှက်ပေါင်၊ ဆရာ့ကို ဂုဏ်တင်ပေးတာပဲလို့ အောက်မေ့တယ်၊ ဟား...ဟား...ဟား...၊ ငါ့လူ မောင်ဘချိုလည်း ခေါင်းလိမ်းဆီတို့။ မျက်နှာချေတို့ ဖော်စပ်ပြီးရောင်းစားနေရတာပဲ မဟုတ်လားကွ၊ တို့နှစ်ယောက်က ငတ်ဖော်ငတ်ဖက်တွေပါကွာ၊ ဆရာတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် မွဲရတာမို့ ပျော်တောင်ပျော်သေးတယ် ဟုပြောလေသည်၊ ဗဟန်းအမျိုးသားကောလိပ် ကွယ်ပျောက်သွားသောအခါ ပါမောက္ခဆရာမှိုင်း အလုပ်လက်မဲ့ ဖြစ်ရသည်၊ နေရှင်နယ်ဦးမြင့်သည် ဆရာမှိုင်းအား တစ်လလျှင် ငွေ ၁၅၀ ကျပ် ထောက်ပံ့သည်၊ ဆရာမှိုင်းအလုပ်တစ်ခု ရသည့်အချိန်အထိဖြစ်၏၊ ခြောက်လလောက်ကြာသည်။ နေရှင်နယ်ဦးမြင့်၏ အရင်းနှီးဆုံးသူငယ်ချင်းများမှာ ဦးဖိုးကျားနှင့် ဦးဖိုးလတ်တို့ဖြစ်သည်၊ ဂျပ်ဆင်ကောလိပ်မှာလည်း အတူတူ။ ဆရာမှိုင်းထံသို့ မြန်မာစာ မြန်မာရာဇဝင်တို့ကို သွားရောက်ဆည်းပူးရာတွင်လည်း အတူတူ။ သပိတ်မှောက်ရာတွင်လည်း အတူတူပင်၊ ယင်းတို့သည် နယ်ချဲ့သမားနှင့် နယ်ချဲ့နောက်လိုက်တို့ကို ဆန့်ကျင်တိုက် ခိုက်ရာတွင်လည်း အတူတူ ဖြစ်သည်။ နေရှင်နယ်ဦးမြင့်သည် ရုပ်ရည်ရူပကာယ သန့်ပြန့်ရည်မွန်သူ တစ်ဦး ဖြစ်သည်၊ သဘောထားပြည့်ဝသည်၊ မှိုင်းသည် နေရှင်နယ်ဦးမြင့်၏ စရိုက်လက္ခ္စာများကို လွန်စွာနှစ်သက်ဟန်တူသည်၊ အကြောင်းမှာ သူ၏ ဒေါင်းသျှီကာ။ ဘွိုင်းကောကသျှီ်ကာနှင့် စစ်ကိုင်း ပြန်မှာတော်ပုံတို့တွင် ဦးမြင့်ကိုရည်ရွယ်ပြီး ရုပ်ရည်ရူပကာယ ကောင်းသူ၊ သဘောထား ပြည့်ဝသူ ဥပုသ်သည်မလေး (ကျောင်းအမမယ်မြင့်) အဖြစ်ဇာတ်ကောင်ဖန်ဆင်းကာ ချစ်စနိုးရေးဖွဲ့ခဲ့သောကြောင့် ဖြစ်သည်၊ ဦးမြင့်သည် စာသမားဖြစ်သည်၊ အင်္ဂလိပ်မြန်မာ နှစ်ဘာသာစလုံးကို ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း ရေးသားနိုင်သူ ဖြစ်သည်၊ သပိတ်မှောက်ကာလအတွင်းက တိုင်းပြည်သို့ ကြေညာချက်များ ထုတ်ပြန်ရာတွင် ဦးဖိုးကျား။ ဦးထွန်းဖေ(ထွန်းနေ့စဉ်)တို့ နှင့်အတူ စာနယ်ဇင်းများ၌ ဝင်ရောက်ရေးသားသည်၊ ဦးမြင့်၏ အသိုင်းအဝိုင်းမှာ စာပေ အသိုင်းအဝိုင်းဖြစ်သည်၊ ဆရာမှိုင်း။ ဒီးဒုတ်ဦးဘချို။ ဦးဖိုးကျား။ ဦးဖိုးလတ်။ ဦးလူဖေဝင်း။ ဦးထွန်းဖေ(ထွန်းနေ့စဉ်)။ သတိုးပီယ။ ဇေယျ။ ဟံသာဝတီဦးဘရင်။ မဟာဂီတ ဦးပြုံးချို စသူတို့ ဖြစ်သည်။ စာပေဩဇာ အရှိန်အဝါကြီးမားသော အသိုင်းအဝိုင်း ဖြစ်သည်။ သူ၏အမျိုးသားပုံနှိပ်တိုက်ကလည်း အမျိုးသားစာပေယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သော စာအုပ်စာတမ်းများ ရိုက်နှိပ်ထုတ်ဝေသည်၊ မှန်သည်။ မြန်မာပညာရှိဦးအောင်၏ ကဝိသေနင်္ဂဗျူဟာကျမ်း၊ ခုံတော်မောင်ကျဘမ်း အတ္ထုပ္ပတ္တိ၊ ဦးပြုံးချို၏ မဟာဂီတ။ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်။ ဇေယျ၏ ဇေယျသတင်းစာ။ သတိုးပီယ ခေါ် ဦးချစ်စရာ၏ မြန်မာစာညွန့်ပေါင်းသျှီကာနှင့် မြန်မာကဗျာဖွဲ့နည်းကျမ်း။ မစ္စတာမောင်မှိုင်း ဘွိုင်းကောက် သျှီကာကြီး။ မဟာဆွေ၏ ဘိုးဝဇီရနှင့် လယ်တီတရား သတင်းစာတို့ ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ဦးမြင့်သည် ပြုပြင်ရေးမဂဏ္ဍဇင်းကိုဦးစီးထုတ်ဝေသည်၊ ပါဝင်ရေးသားသူ များမှာ ဆရာမှိုင်း၊ ပီမိုးနင်း၊ ဦးဖိုးကျား၊ ဦးလူဖေဝင်း၊ ဟံသာဝတီဦးဘရင်၊ ဇေယျ စသူတို့ ဖြစ်သည်။ မှိုင်းက ဤသို့ရေးသားခဲ့သည်။ ရှေးအခါယမန်က သာလာယံကောလိပ် အပျက်တွင် အထက် တစ်ခွင် အညာ စစ်ကိုင်းသို့ စိုင်းနှင့်ပြန်တက်ခဲ့ရာ အကြံခက် အစည်ခက် အခက်မျိုးများစွာနဲ့ ဆရာ့မှာ အလုပ်အကိုင် ခက်ပြီး ဘိုင်ကျနေသည်တွင် အကြင်တပည့်မောင်မြင့်က တစ်လတစ်လမှာ အသပြာငွေ ၁၅၀ ကျပ်ကျ လေး ငါး ခြောက်လမျှ ပေးကမ်း လှူဒါန်း၍ ဆွမ်းကွမ်းအတွက် မခက်လွယ်ကူ လက်ရှိသမထ တစ်မျိုးဖြင့် အဂ္ဂိရတ်ထိုးတော်မူရသတဲ့ ကျေးဇူးတော်ကိုလည်း ထိမ်မြူးမမေ့ ရသေ့ယောဂီ တောဆီကအမှတ်ရသဖြင့် မပြတ်ခါခါ မေတ္တာပို့မိတဲ့အပြင် အကြင် တပည့် မောင်မြင့်၏ ယခင်ကျေးဇူးကို အထူးတုံ့လှယ်ဘယ်လိုများဆပ်ရပါ့မလဲလို့ အနည်းနည်း ကြံစည်နေသည့်အတွင်း ယင်းသို့သော မောင်မြင့်သည် အောင်မြင်မှု အောင်ကြာင်းဆုဖြင့် ပြုပြင်ရေး မဂ္ဂဇင်းစာအုပ် ထုတ်ဝေမည့်အလုပ်တွင် ကျွန်ုပ်တို့တောရက ဩဝါဒပေးပို့သည်မှာ... အို... မောင်မြင့် နောင်အဆင့်ဆင့် မြင့်ထက်မြင့်အောင် ယခင်အခါ ရတနာပူရဆိုတဲ့ အင်းဝက မင်းများဆရာ ရှင်မဟာသီလဝံသ ပုဂ္ဂိုလ်ကျော် ရေးသားစီ ရင်တော်မူသည့် ပါရမီပျို့သစ္စာခန်း စာဟောင်းပေဟောင်းတွင် - (၁) အကြောင်းဖြစ်ငြား၊ ကြိုက်လတ်ငြားမှု သိကြားလူဌာ၊ မလွတ်သာတည့် သစ္စာနှုတ်သီး၊ မန္တာန်ကြီးဖြင့် ကျော်ချီးစေအောင်၊ အငြိမ်းဆောင်သည် အခေါင်မြုတေ၊ လထိတည်း ဟူသောအရလည်းကောင်း၊ (၂) ဝသုန္ဒြေ ဤမြေသော်လည်း စောင့်စည်းမုသား။ ကြဉ်သောအားဖြင့် စကားသစ္စာ၊ မှန်သောခါကား ဩဇာလေးနက်။ ပေါ်ဆီတက်၍။ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏၊ ဟူ၍လည်းကောင်း၊ ၎င်းပြင် တစ်ခါ ရတနာပူရအင်းဝကို မင်းဓားပြ ရှမ်းမျိုးလွှမ်းတဲ့ခေတ်မှာ သရေခေတ္တရာ မည်သော ပြည်မြို့သို့ စုန်ဆင်းကြွလာတော်မူသည့် ရှင်မဟာရဋ္ဌသာရ ပုဂ္ဂိုလ်ကျော် ထုတ်ဖော်ဆုံးမသည့် သံဝေရပျို့ဖတ်စာမှာ (၃) သစ္စာဓမ္မ၊ ဝီရိယနှင့် စာဂဟူသည်၊ ရန်သူအောင်မှု ကြောင်းလေးခု ဟူသော စာအရလည်းကောင်း ရှေးဟောင်းအခါက ဆရာ ဆရာ့များဆုံးမစာအလင်္ကာတို့နှင့်အညီ ဤမည်ထိုမည်သော လုပ်ငန်းတို့ကို အဟုတ်တမ်း လုပ်စမ်းကြ စို့ဆိုလျှင် အောင်မြင်ဖို့အစစ်မှာ သစ္စာရှိရမည် ဆိုလိုသည်၊ ဤခေတ်ဤအခါက မြန်မာတွေကောင်းအောင်ကောင်းအောင်နှင့် ခေါင်းဆောင်လုပ်ကာ ဥစ္စာဓနပြည့်စုံအောင် မြန်မာပြည်သူ ရှင်လူကိုဗန်းပြပီး ပန်းရအောင် ညစ်သဟာကိုလည်း သစ္စာ ဟူ၍ မမှတ်မိကြရာ (ဝါ)တစ်နည်းအားဆိုလျှင် ၎င်းတို့လုချင်သည့် စားကျက်လမ်းကိုပင် အထက်တန်းက မျက်နှာပန်းလှတဲ့ တက်လမ်းအစစ်ပါဟု သစ္စာမရှိ ကတိမတည် လိမ်လည်ကောက်ကျစ် မှုမျိုးကို အတုမခိုးကြရာ တစ်မျိုးလုံး ခေတ်သာအောင် သစ္စာ ပါရမီအလုပ်ကို အားထုတ်ကြရာသည်။ နေရှင်နယ်ဦးမြင့်သည် ဖက်ဆစ်တို့၏လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုကို အစောဆုံး သိမြင်ခဲ့သူတစ်ဦးဖြစ်သည်၊ ဒီးဒုတ်ဦးဘချိုနှင့် လက်ပံတန်း ဦးဘတင်တို့ကဲ့သို့ ဖက်ဆစ် ဆန့်ကျင်ခဲ့သူ မှန်သည်၊ ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ မကူးစက်မီက စာရေးဆရာမဟာဆွေနှင့်အတူ ဖက်ဆစ်ဆန့်ကျင်ရေး ဝါဒဖြန့်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူ။ စစ်ပြီးခေတ်တွင် ပြန်ကြားရေးဌာန ပြည်သူ့ဆက်ဆံရေးအရာရှိအဖြစ် ဆောင်ရွက်သည်၊ နောက်မှ လူထုပညာဌာနသို့ ပြောင်းရေွှ့လုပ်ကိုင်သည်၊ လူထုပညာဌာန တိုင်းမှူးဖြစ်လာ သည်၊ ငယ်စဉ်ကစ၍ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်းလေ့လာလိုက်စားခဲ့သည်၊ ဘာသာရေးကိုင်းညွှတ်သည်၊ နေရှင်နယ်ဦးမြင့်နှင့် နီးကပ်သော ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ဘာသာရေး ကိုင်းညွှတ်သူ များသည်။ ဆရာမှိုင်းက တို့မြန်မာဝတ်ရွတ်စဉ်ကို ရေးသည်၊ ဆရာကျားက ကျောင်းသူကျောင်းသားငယ်များ အတွက် ငါးရာ့ငါးဆယ် (ဇာတကဝတ္ထုများ) ကိုအလွယ်နည်းဖြင့် ရေးသည်၊ ဆရာ ဦးဖိုးလတ်ကလည်း ဓမ္မပဒကို ပထမဦးဆုံး အကျဉ်းချုပ် မြန်မာ ပြန်ခဲ့သည်။ နေရှင်နယ်ဦးမြင့်သည် ဝန်ထမ်းအဖြစ်မှအငြိမ်းစား ယူပြီးနောက် သာသနာပြု ဓမ္မကထိကအဖြစ်ဆောင်ရွက်သည်၊ ကြိုးပမ်းမှုများ သူ လူဖြစ်ရသော အချိန်ကာလသည် ခေတ်ကျပ်ခေတ်ဆိုး ကြီးဖြစ်သည်၊ သီပေါမင်း ပါတော်မူပြီးနောက် ရှစ်နှစ်အကြာတွင် မွေးဖွားခဲ့သူဖြစ်သည်၊ လွတ်လပ်ရေးရပြီးနောက် ၁၈ အကြာတွင်ကွယ်လွန်ခဲ့သည်၊ မြန်မာနိုင်ငံတွင် အမျိုးသားနေ့ကြိုးပမ်းမှုအရှိန်အဟုန် အပြင်းထန်ဆုံး၊ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံး အချိန်ကာလဖြစ်သည်၊ ထိုသို့သောကာလတွင် သူသည် ပြည်သူလူထုနှင့်အတူ အေးအတူပူအမျှခံစားသည်၊ သူ့တစ်ကိုယ်ရည် ကောင်းစားရေးအတွက် မည်သည့် အခွင့်အရေးမျှ ရယူခဲ့သူမဟုတ်၊ အမျိုးသားရေး လမ်းကြောင်းပေါ်မှ မဖောက်မပြန်သစ္စာရှိရှိလျှောက်လှမ်းခဲ့သည်၊ နေရှင်နယ်ဦးမြင့်သည် တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံသည်၊ ဇွဲသတ္တိ ရှိပြီး ရိုးဖြောင့်သည်၊ စည်းစိမ်ဥစ္စာ ဂုဏ်ပကာသနှင့် အဆောင်အယောင်တို့ကို မမက်မော၊ မှိုင်းကြီးကဲ့သို့ ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်သည်။ မြန်မာနိုင်ငံတွင် နေရှင်နယ်ဦးမြင့်၏ ကြိုးပမ်းအားထုတ်မှုကြောင့် အမျိုးသားနေ့ဟူ၍ နယ်ချဲ့ဆန့်ကျင်ရေး နေ့ထူးနေ့မြတ်တစ်နေ့ ပေါ်ပေါက် လာသည်၊ ထိုနေ့ကိုအကြောင်း ပြု၍မြန်မာတို့ နိုင်ငံရေးနိုးကြားလာသည်၊ ပညာရေးမျက်စိ ပွင့်လာသည်၊ စီးပွားရေးအမြင် ကျယ်လာသည်။ အမျိုးသားနေ့မပေါ်ပေါက်မီက မြန်မာနိုင်ငံတွင် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော နေ့ထူး နေ့မြတ်ဟူ၍မရှိခဲ့၊ ကဆုန်လပြည့်။ ဝါဆိုလပြည့်။ သီတင်းကျွတ်လပြည့်။ တန်ဆောင်မုန်းလပြည့်စသော ဘာသာရေးဓလေ့ ထုံးစံများနှင့်သက်ဆိုင် နေ့ထူးနေ့မြတ်များသာရှိ၏၊ တပေါင်းပွဲတော်။ နှစ်သစ်ကူး သင်္ကြန်ရေသဘင်ပွဲတော်များ ရှိသည်၊ အမျိုးသားနေ့ဟူ၍ကား မရှိခဲ့ပေ၊ ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာသည့်နေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ပြီးမှ စာဆိုတော်နေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့၊ ပြည်ထောင်စုနေ့၊လွတ်လပ်ရေးနေ့စသော နေ့ထူးနေ့မြတ်များ တစ်သီကြီး ပေါ်ပေါက်ခဲ့သည်။ နိဂုံး အသက် ၇၃ နှစ်အရွယ် ၁၉၆၆တွင် ရန်ကုန်မြို့၌ မထင်မရှားကွယ်လွန်သွားလေသည်၊ မူရင်း မောင်မောင်အေး(စစ်ကိုင်း)၊ စံပယ်ဖြူမဂ္ဂဇင်း ဇန်နဝါရီ။ ၂၀ဝ၉ ကိုးကား မြန်မာ့နိုင်ငံရေးသမားများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%81%8A%20%E1%80%A6%E1%80%B8%28%E1%80%94%E1%80%B1%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%29
စောညိန်း၊ ကို (ဂီတနက်သန်)
ဂီတနက်သန် ကိုစောညိန်း (၁၉၂၅-၁၉၅၂) သည် မြန်မာလူမျိုး ဂီတပညာရှင် ဖြစ်သည်။ ငယ်ဘဝနှင့် ပညာရေး ၁၉၂၅ ခု၊ မတ်လ ၃၁ ရက်တွင် မြင်းခြံနယ်၊ နွားထိုးကြီးအပိုင် ရွာသာရွာ၌ ဦးမောင်ကြီး၊ ဒေါ်တင်တို့မှ မွေးသည်။ မိဘများ ရန်ကုန်ပြောင်းလာရာ ၂၁ လမ်းရှိ ဦးဘိုးအေးကျောင်းတွင် ပညာသင်သည်။ (၇) တန်းအောင်ပြီးနောက် သရက်တောကျောင်း ဦးပရမ၏ တိုင်းရင်းသားဘာသာကျောင်းတွင် (၁၀) တန်းအထိ တက်သည်။ အနုပညာခရီး ဒုတိယကမ္ဘာစစ်အတွင်း ခရမ်းသို့ စစ်ရှောင်စဉ် ဦးငွေစိုးထံမှ တယော၊ မယ်ဒလင်နှင့် သီချင်းရေးခြင်းကို သင်ယူသည်။ ၁၉၄၈ ခုတွင် ရန်ကုန်ပြန်လာ၍ မြန်မာညွန့် ဦးချစ်မောင်၊ ဒေါ်အောင်ကြည်၊ စန္ဒယား ဆရာမြိုင်၊ စောင်း ဦးဘသောင်း၊ ဂီတာ ဦးစိမ်းမောင်၊ ရွှေတိုင်အေးတို့ထံတွင် တပည့်ခံသည်။ ၁၉၅၀ ပြည့်တွင် စန္ဒယား ကိုလှသွင် ဦးစီးသော ဆန်းသစ်စ အပျော်တမ်းတူရိယာအဖွဲ့၌ သီချင်းစရေးသည်။ ဝဿန်ခါဦး (မုတ်သုန်လေဦး)၊ ငွေဝန်းသော်တာ၊ ဆောင်းနတ်မယ်၊ နွေဦး စသည်တို့မှာ ဆန်းသစ်စတွင် အသံလွှင့်ဖြစ်သော သီချင်းများဖြစ်သည်။ ထို့နောက် ဂီတနက်သန် ကို ဖွဲ့စည်းကာ ကိုလှထွန်း၊ (စာရေးဆရာ) သန်းဆွေ၊ အောင်လင်း၊ မသန်းမြင့်၊ စန်းစန်းတင့်၊ လှလှထွန်း စသူတို့ဖြင့် အသံလွှင့်သည်။ အေဝမ်းရုပ်ရှင် သက်ဝေ၊ ဗြိတိသျှဘားမားရုပ်ရှင် သည်ဆောင်းဟေမန် တို့အတွက် ဇာတ်ဝင်တေး ရေးပေးခဲ့သည်။ ရေးသားသော သီချင်းများ သပြေရွက်ရေ နွေနှောင်းဝသန် စံပယ် ကောက်စိုက်မယ် စိမ်းသစ္စာ နွေဦး မိုးသက်လေနှင် (နောက်ဆုံးအသံလွှင့်သော သီချင်း) ငွေဝန်းသော်တာ (မှာလိုက်စမ်းပါရစေ) (ကိုယ်တိုင်ဆိုသည်) ပွင့်ဦး သစ္စာတော်ဦး ဝသန်ခါဦး (မုတ်သုန်လေဦး) ဆည်းဆာ ရတုဘုရင် ဝိဇယ ချစ်ကန္တာရ မဗေဒါ ချစ်တိုင်းမညား ချစ်ပြုံးနှင်းဆီ ဝဏ္ဏပဘာ အရုဏ် အရုဏ်ဦးမှာ သည်းကြွေလုပြီ ဆည်းဆာ သိင်္ဂီ မြနဒီ စာဆိုရှင် မေတ္တာနှောင်ကြိုး မယ့်ကြမ္မာ ဆောင်းညဉ့် ရွှင်မြူးညိုညို လှိုင်းရေယာဉ်ဦး လွမ်းဓလေ့၊ သည်ဆောင်းဟေမန် မြန်မာ့တေးသံ မိုး နှုတ်ခွန်းဆက်လွှာ ရေးသားသော စာအုပ် ကဗျာ၊ ဆောင်းပါးများ ရေးခဲ့ပြီး မရဏမောင်းသံ ဝတ္ထုမှာလည်း ထင်ရှားသည်။ ဘဝနိဂုံး ၁၉၅၂ ခု၊ အောက်တိုဘာလ ၃၁ ရက်တွင် လူမှား ရန်ပြုခံရ၍ ကွယ်လွန်သည်။ မြန်မာ တေးရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%8A%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%81%8A%20%E1%80%80%E1%80%AD%E1%80%AF%20%28%E1%80%82%E1%80%AE%E1%80%90%E1%80%94%E1%80%80%E1%80%BA%E1%80%9E%E1%80%94%E1%80%BA%29
ဟိုးမား
ဟိုးမား (; , Hómēros) သည် ရှေးခေတ်ဂရိစာပေ၏ အဓိကလက်ရာများဖြစ်သော "အိလိယဒ်" နှင့် "အောဒဆီ" ကို ရေးသားခဲ့သည်ဟု ယူဆရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဟိုးမား၏ကဗျာရှည်များဟု ကျော်ကြားသည် အထိ ရှေးခေတ်ကမ္ဘာ့ စာပေသမိုင်းတွင် ထင်ရှားသော ဟိုးမားကို ယနေ့ ဂရိနိုင်ငံ၏ အရှေ့ပိုင်း အီဂျီးယန်ပင်လယ် (Aegean sea) ကမ်းခြေမှ အိုင်အိုးနီးယားနယ်(Ionia)တွင် ဖွားမြင်သည်။ မွေးဖွားချိန်၊ ကွယ်လွန်ချိန်တို့ နှင့် ပတ်သက်ပြီး တိကျသော သမိုင်းအထောက်အထားများ မကျန်ရစ်သဖြင့် ဘီစီ၈ရာစု ဝန်းကျင်တွင်သာဖြစ်သည်ဟု ခန့်မှန်းကြသည်။ အချို့သော သမိုင်းပညာရှင်များက ဟိုးမားအမည်ရှိ လူပုဂ္ဂိုလ် အမှန်တကယ်ရှိ မရှိကို သေချာစွာ မဆုံးဖြတ်နိုင်ကြောင်း နှင့် ဟိုးမားကဗျာရှည်ကြီး တစ်ခုလုံးမှာ လူတစ်ဦးတည်း၏ လက်ရာမဖြစ်နိုင်ဟု စောဒကတက်ကြပေသည်။ မည်သို့ဆိုစေ ဂရိနှင့် ရောမစာပေများပေါ်တွင် ဟိုးမားကဗျာရှည်ကြီးမှာ များစွာလွှမ်းမိုးနိုင်သည် ဖြစ်သဖြင့် ဟိုးမားမှာ အလွန်ပင် အစွမ်းထက်သည့် စာပေပညာရှင် အဖြစ်သတ်မှတ်ရမည်ဖြစ်သည်။ ဘဝဖြစ်စဉ်နှင့် အထွေထွေ ဟိုးမားသည်စာပေလောကတွင် ထင်ရှားသည့် အိလိယဒ်နှင့်အောဒဆီ (အော့ဒဆီ)အမည်ရှိ စွန်စားခန်းဖွဲ့ ကဗျာကြီး နှစ်ပုဒ်ကို စပ်ဆိုခဲ့သူအဖြစ် ကျော်ကြားသောဂရိစာဆိုဖြစ်သည်။ ရှေးခေတ်နိုင်ငံသမိုင်း ကျမ်းပြုဆရာကြီး ဟီရော့ဒိုးတပ် အလိုအရ ဟိုးမားသည် ဘီစီ ၈၅ဝ ပြည့်နှစ်ခန့်က အာရှမိုင်းနားဘက်တွင် နေထိုင်ခဲ့သော ဂရိအမျိုးသားဖြစ်သည်။ သို့ရာတွင်ဂရိသမိုင်းပညာရှင်တို့သည်ပင်လျှင် ဟိုးမားမွေးဖွားရာ အရပ်ကိုတပ်အပ် သေချာစွာမညွှန်ပြနိုင်ကြချေ။ ထိုကြောင့် စာဆိုကြီးအနိစ္စ ရောက်ပြီးနောက် မြို့ကြီးခုနစ်မြို့က မိမိတို့မြို့သာလျှင် ဟိုးမားမွေးဖွားရာအရပ်ဖြစ်သည်ဟု အသီးအသီးအပြိုင်အဆိုင် ဂုဏ်ယူခဲ့ကြသည်။ ဟိုးမားသည် အရပ်ရပ်သို့လှည့်၍ မိမိ၏ကဗျာများကို ရွတ်ဆိုပြလေ့ရှိသော မျက်မမြင်အဖိုးအို တစ်ယောက်ဟူ၍ ပြောစမှတ်ပြုကြသည်။ ပညာရှင်အချို့ကလည်း ထိုကဗျာများသည် စာဆိုတစ်ဦးတည်း၏ လက်ရာမဖြစ်တန်ရာ ဟူ၍လည်းကောင်း၊ စာဆိုအများက ထရိုဂျန်စစ်ပွဲအကြောင်းကို စုပေါင်းစပ် ဆိုထားခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ ယူဆကြသေးသည်။ မည်သို့ပင်ဖြစ်စေ၊ ဟိုးမားအမည်ရှိ ကဗျာစာဆိုတစ်ဦးပေါ်ထွန်းခဲ့သည်ကိုလည်းကောင်း၊ ထိုကဗျာများကိုနှုတ်ဖြင့် ရွတ်ဆို၍သားစဉ်မြေးဆက် လက်ဆင့် ကမ်းခဲ့ကြသည်ကိုလည်းကောင်း ယခုအခါ သိရှိကြရသည်။ စင်စစ်အားဖြင့် ဟိုးမား၏အက်လယက်နှင့် အော့ဒိဆီကဗျာများသည်သူရဲကောင်းဇာနည်တို့၏စွန့်စားခန်းကို သီကုံးစပ်ဆိုသော ကဗျာများတွင် အကောင်းဆုံးလက်ရာအဖြစ် ယခုထက်တိုင်ထင်ရှားလျက်ရှိပေသည်။ ထို့ပြင်ရှေးခေတ် ဂရိအမျိုးသားတို့၏ အယူဝါဒနှင့် စာပေကိုလည်းကောင်း၊ လူနေမှုစံနစ်ကိုလည်းကောင်း ဟိုးမား၏ကဗျာများအားဖြင့် လေ့လာသိရှိနိုင်ကြသည်။ အစ်လယက်နှင့်အော့ဒီဆီကဗျာများသည် ဂရိတို့က ထရွိုင်းမြို့တော်ကိုတိုက်ခိုက်လုပ်ကြံသည့် စစ်ပွဲအကြောင်းကို အခြေခံထားသော ကဗျာများဖြစ်သည်။ ထရွိုင်းမြို့ကို အစ်လီယမ်မြို့ ဟူ၍လည်းခေါ်ရာ အိလိယဒ် ကဗျာသည် ထိုမြို့နှင့် သက်ဆိုင်သော သမိုင်းပုံပြင်ပင်ဖြစ်သည်။ အိလိယဒ် ကဗျာတွင်ဂရိသူရဲကောင်းအကီးလီးသူရသတ္တိရှိပုံကို သီကုံးဖွဲ့ဆိုထား၍ အော့ဒဆီ ကဗျာတွင် စစ်ပွဲမှပြန်လာသော ယူလစ်ဆီးဇ် ခေါ် အောဒစ်ဆီးယပ်စ် လမ်းခရီး၌ စွန့်စားခဲ့ပုံကိုစပ်ဆို ထားလေသည်။ ဂရိနှင့်ထရိုဂျန်တို့စစ်ဖြစ်ရသည့်အကြောင်းမှာကား ထရိုဂျန်မင်းသား ပါရိစ်သည် စပါးတား ဘုရင်မင်နီလေးအပ်ထံ ဧည့်သည်တော်အဖြစ်ရောက်ရှိလာရာ မိဖုရား ဟယ်လင်နှင့် ချစ်ကြိုက်မိလေသည်။ ပါရိစ် နှင့် ဟယ်လင် တို့သည်လည်း ထရွိုင်းမြို့သို့ထွက်ပြေး၍ ပေါင်းသင်းနေထိုင်ကြသည်။ ထိုအခါ စပါးတားဘုရင်သည် ထရိုဂျန်မင်းသားစော်ကားမှုကို လက်စားချေရန်အခြားသော ဂရိမင်းညီမင်းသားအပေါင်းတို့ထံမှ စစ်ကူတောင်း၍ ထရွိုင်းမြို့သို့ချီတက်တိုက်ခိုက်သည်။ ထိုစစ်ပွဲသည် ၁ဝ နှစ်မျှကြာ၏။ နောက်ဆုံး ထရွိုင်းမြို့တော်သည်ဂရိတို့၏လက်တွင်းသို့ကျရောက် ပျက်စီးခဲ့ရလေသည်။ ဟိုးမား၏ကဗျာများကိုဂရိမြို့ရွာအသီးသီးတို့တွင် လှည့်လည်သီဆိုရာမှအစ ယင်းတို့သည်တဖြည်းဖြည်း ထင်ရှားလာလေသည်။ ဘီစီ ၅၄ဝ ပြည့်နှစ်ခန့်တွင် အက်သင်းမြို့၌အုပ်စိုးခဲ့သော ပီ ဆစ်ထရာတပ်လက်ထက်တွင် ထိုကဗျာများကိုစုဆောင်းစီစဉ်၍ စာတင်စေခဲ့သည်ဟုဆိုသည်။ ထိုနောက်ရောမကဗျာဆရာတို့ကဟိုးမား၏ရေးဟန်ကိုအတုယူ၍ ကဗျာများကိုသီကုံးခဲ့ကြသည်။ ဥရောပတိုက်တွင်အလယ်ခေတ်၌ ဟိုးမား၏ကဗျာတို့သည် တိမ်မြုပ်လျက်ရှိခဲ့သော်လည်း ဉာဏ်သစ် အရေးတော်ပုံဟုခေါ်သော ပညာဉာဏ်ပြန်လည်သစ်ဆန်းလာသည့် ခေတ်ပေါ်ထွန်းလာသောအခါ၌မူကား ထိုကဗျာများသည် ရှေးဟောင်းစံပြစာပေအဖြစ်ပြန်လည်ထွန်းကားလာလေသည်။ ယခုအခါအင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားသောဟိုးမား၏ လက်ရာကို ကဗျာလင်္ကာအဖွဲ့မျိုးဖြင့်လည်းကောင်း၊ စကားပြေအဖွဲ့မျိုးဖြင့်လည်းကောင်း၊ဖတ်ရှုလေ့လာနိုင်ကြ လေသည်။ အီတလီနိုင်ငံ၊ နေပယ်မြို့ရှိအမျိုးသားပြတိုက်တွင် ရုပ်တုဆရာစိတ်ကူးဖြင့်ထုလုပ်ထားသောဟိုးမား၏ ကိုယ်တစ်ပိုင်းပုံကို တွေ့မြင်နိုင်လေသည်။ ကိုးကား ဂရိနိုင်ငံ ဂရိ ကဗျာဆရာများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%AC%E1%80%B8
ရေ
ရေ()သည် အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ပေါင်းစပ်ထားသော ဓာတုပစ္စည်း ဖြစ်သည်။ ယင်း၏ ဓာတုဗေဒ ဖော်မြူလာမှာ H2Oဖြစ်သည်။ အရောင်မရှိ ဖောက်ထွင်းမြင်နိုင်ကာ အနံ့ကင်းပြီး အရသာမရှိပါ။ ရေသည် အသုံးအများဆုံး သော ဖျော်ရည်ဖြစ်ပြီး အများအားဖြင့် အရည် ဖြစ်သည်။ အစိုင်အခဲ အခြေအနေကို‌ ရေခဲဟု ခေါ် ပြီး အငွေ့ အခြေအနေကို ရေငွေ့ ဟုခေါ်သည်။ ရေအတုကို ဓာတ်ခွဲခန်း၌ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ရောစပ်ခြင်းဖြင့် ဖန်တီးနိုင်သည်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟူ၍ ဆိုရိုးစကားရှိသည်။ ရေသည် လူနှင့် သက်ရှိမှန်သမျှအတွက် မရှိလျှင် မဖြစ်သော ပစ္စည်းဖြစ်သည်။ အပင်အားလုံးအတွက်လည်း ရေသည် မရှိလျှင် မဖြစ်ချေ။ မြန်မာနိုင်ငံကဲ့သို့ လယ်ယာကိုင်းကျွန်းပေါ်တွင် အားထားနေရသော နိုင်ငံအဖို့ လယ်ယာ ဖြစ်မြောက်ရေးအတွက် မိုးရေကို လွန်စွာအားကိုးရလေသည်။ လူသည် ရေကိုသောက်သုံးရန်နှင့် ဆေးကြောရန်အတွက် လိုပေသည်။ ရေချိုးရန်နှင့် ထမင်းချက်ရန် အတွက်လည်း လိုသည်။ လူများ ရှူနေကြရသော လေပြီးလျှင် ရေသည် လူ့အတွက် ဒုတိယအရေးအကြီးဆုံး ပစ္စည်း ဖြစ်ကောင်း ဖြစ်ပေ လိမ့်မည်။ ရေသာမရှိလျှင် သက်ရှိမှန်သမျှသည် သေကုန်ကြပေလိမ့်မည်။ သက်ရှိတိရစ္ဆာန်နှင့် အပင်များတွင် ရေသည် အခြားပစ္စည်းများထက် ပို၍ပါရှိသည်။ ကုန်များကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရာတွင်လည်း မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများရှိ ရေများပေါ်တွင် သွားလာနိုင်ကြသည့် လှေသင်္ဘောများဖြင့် တင်ဆောင်လျှင် စရိတ်မှာ အသက်သာဆုံး ဖြစ်တတ်ပေသည်။ ချောင်းများ၊ မြစ်များ၊ ပင်လယ်သမုဒ္ဒရာ များနှင့် အင်းအိုင်များသာမရှိလျှင် ကမ္ဘာကြီးသည် ငြီးငွေ့ဖွယ်ရာ ဖြစ်ပေလိမ့်မည်။ ချောင်း၊ မြစ်၊ ပင်လယ်၊ သမုဒ္ဒရာနှင့် အင်းအိုင်များဟု ခေါ်နေကြခြင်းမှာလည်း ယင်းတို့ရှိ ရေများ ကြောင့်သာ ခေါ်နေနိုင်ကြခြင်း ဖြစ်ပေသည်။ ထိုကြောင့် ရေသည် သက်ရှိအဖို့ လွန်စွာအရေးကြီးလေသည်။ ဓာတုဗေဒအလိုအားဖြင့် ရေသည် အဆင်းမရှိသည့်အရည်တစ်မျိုး ဖြစ်၍ ရေကို ဓာတုသင်္ကေတဖြင့် H2O ဖြစ်သည်။ ဓာတ်ကြီးလေးပါးအနက် အာပေါဓာတ် ရေသည် ကမ္ဘာမြေပေါ်တွင် အရည်အခြေအနေအဖြစ် အများဆုံးတွေ့ရသည့် အရာဝတ္ထုဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင် လေးပုံသုံးပုံကို ဖုံးလွှမ်းလျက်ရှိသည်။ သန့်စင်သည့်ရေသည် အနံ့အသက်၊ အရောင်အဆင်း မရှိပါ။ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာများတွင် ရေအမြောက်အမြားကို တွေ့ရှိနိုင်သည်။ မိုးရေသည် တိမ်လွှာများ ငွေ့ရည်ဖွဲ့ရာမှ ဖြစ်ပေါ်လာသည့် ရေစက်များဖြစ်သည်။ အအေးလွန်သည့်အခါများတွင် ရေသည် အခဲဘဝသို့ ပြောင်းကာ ရေခဲဖြစ်လာသည်။ အအေးပိုသည့်ရာသီတွင် မိုးရေများသည် ရေခဲ သို့မဟုတ် နှင်းများအဖြစ် ရွာချတတ်သည်။ အင်မတန်ပူပြင်းသည့်အခါ ရေများ ဆူပွက်ကာ အငွေ့အဖြစ် ပြောင်းလဲတတ်သည်။ အပင်များနှင့် လူအပါအဝင်သတ္တဝါများသည် အသက်ရှင်သန်နိုင်ရန် အာဟာရဓာတ်များအတွက် ရေကိုအားထားကြရသည်။ ရေသည်လည်း ဓာတုပစ္စည်းများ ဓာတ်ပြုရာတွင် ကြားခံဒြပ်တမျိုးဖြစ်သည့်အပြင် သွေးသားများတွင် အဓိကပါဝင်သည့် ပစ္စည်းဖြစ်သည်။ သတ္တဝါများသည် ရေကို အရေပြားမှတဆင့် ချွေးအဖြစ်စစ်ထုတ်ကာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးသည်။ ရေ၏အကူအညီဖြင့် သွေးသည် အဟာရဓာတ်များကို အစာအိမ်မှတဆင့် ခန္ဓာကိုယ်၏ အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည်။ သွေးများက အောက်ဆီဂျင်ဓာတ်ကို အဆုပ်မှတဆင့် ကိုယ်ခန္ဓာသို့ ပို့ဆောင်ရာတွင်လည်း ရေမှ ကူညီပေးသည်။ သတ္တဝါများ အစာချေရာတွင် ရေဓာတ်ပါဝင်သည့် တံတွေးများ လိုအပ်သည်။ လူ့ခန္ဓာကိုယ်မှ မကောင်းသည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်စစ်ထုတ်ရာတွင် ရေလိုအပ်သည်။ လူ့ခန္ဓာကိုယ်၏ ၆၀ - ၇၀ % မှာ ရေဖြစ်သည်။ နွားနို့၊ သစ်သီးဖျော်ရည်၊ ဝိုင်စသည့် သောက်သုံးဖွယ်ရာများတွင် အဓိကပါဝင်သည့် ပစ္စည်းမှာ ရေဖြစ်သည်။ ပင်လယ်သမုဒ္ဒရာအတွင်းရှိ ရေများသည် ရေငံဖြစ်ပြီး မြစ်ချောင်း၊ အင်းအိုင်မှ ရေများမှာ ရေချိုများဖြစ်သည်။ ကမ္ဘာပေါ်တွင် သောက်သုံးနိုင်သည့် ရေချိုရာခိုင်နှုန်း ၃ % သာရှိပြီး ကျန်သည်မှာ ရေငံများဖြစ်သည်။ . ရေမော်လီကျူးတွင် ဟိုက်ဒရိုဂျင်အက်တမ် ၂ ခုနှင့် အောက်ဆီဂျင်အက်တမ် ၁ ခုစီပါဝင်ဖွဲ့စည်းထားသည်။ ရေ၏ ဓာတုသင်္ကေတမှာ H2O ဖြစ်သည်။ ရေတွင် မျက်နှာပြင်တင်းအား ရှိသောကြောင့် အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ပြန့်မသွားပဲ သေးငယ်သည့် ရေစက်အဖြစ် တွေ့ရှိရခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာရှိသောရေ ကမ္ဘာပေါ်တွင် ရေထု အလွန် များပြားစွာ ရှိသည်။ ဂါလန်အားဖြင့် ထရီလီယံပေါင်း ၃၂၆ မီလီယံ (၃၂၆ နောက်မှ သုည ၁၈ လုံး) ဖြစ်၍ လီတာအားဖြင့် ၁၂၆ဝ x သုည ၁၈ လုံးဖြစ်သည်။ အဆိုပါ ရေများ၏ ဖြစ်စဉ်သည် ပုံမှန်အားဖြင့် လည်ပတ်နေ သည်။ ပင်လယ်၊ သမုဒ္ဒရာများမှ နေ့စဉ် အခိုးအငွေ့အဖြစ် လေထုအတွင်းသို့ ပျံတက်၍ ကုန်းမြေများရှိရာဘက်သို့ ရွှေ့လျားကာ မိုးရေ အဖြစ် ရွာချသည်။ အဆိုပါ မိုးရေများသည် မြစ်၊ ချောင်းများမှတစ်ဆင့် ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ စီးဝင်ပြန်သည်။ ကမ္ဘာ့ မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ပင်လယ်၊ သမုဒ္ဒရာများ၏ ရေထုအဖြစ်ဖုံးလွှမ်းနေသည်။ အဆိုပါသမုဒ္ဒရာတို့၏ ပျမ်းမျှအနက်သည် မီတာ ၁ဝဝဝ ဝန်းကျင် ဖြစ်သည်။ ကမ္ဘာ့ရေထု အားလုံး၏ ၉၈ ရာခိုင်နှုန်းသည် ပင်လယ်၊ သမုဒ္ဒရာများတွင်သာ ရှိပြီး ၎င်းတို့ သည် သောက်သုံး၍ မရသော ဆားငန်ရေများ ဖြစ်နေသည်။ ထို့ကြောင့် ၂ရာ ခိုင် နှုန်းမျှ သော ကမ္ဘာ့ ရေ ထု သည် ရေချို အဖြစ် တည် ရှိနေသည်။ ၁.၆ ရာ ခိုင်နှုန်းသော ရေများသည် ဝင်ရိုးစွန်း ဒေသများတွင် ရေခဲတောင်များ အဖြစ် တည်ရှိနေပြန်ပါသည်။ ဝ.၃၆ ရာခိုင်နှုန်းသော ရေကို မြေအောက်မှ တူးဖော်ရနိုင်သည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် တွေ့မြင်နေရသည့် ရေထုသည် ဝ.ဝ၃၆ ရာခိုင်နှုန်းသာ ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် အလွန် နည်းသော အဆိုပါ ရေများသည်ပင်လျှင် ဂါလန်အားဖြင့် အမြောက်အမြား ဖြစ်နေသောကြောင့် ယခု ကျွန်ုပ်တို့ နေ့စဉ် မပူမပင်ရဘဲ ရေကို သုံးစွဲနေရခြင်းဖြစ်သည်။ သင့်ခန္ဓာကိုယ်တွင်းမှာပင် ရေ ၆၅ ရာခိုင်နှုန်း ရှိနေသည်။ သင်သည် ပေါင် ၁ဝဝ အလေးချိန်ရှိသော ပုဂ္ဂိုလ်ဖြစ်နေလျှင် ရေ အလေးချိန်က ၆၅ ပေါင်ဖြစ်သည်။ ရေခဲသေတ္တာ၊ အအေးပုလင်းများနှင့် အခြားအစားအသောက်များတွင်လည်း ရေ များစွာ ရှိနေသည်။ အသုံးချပုံ စိုက်ပျိုးရေး စိုက်ပျိုးရေးတွင် ရေ၏ အရေးအပါဆုံး အသုံးဝင်ပုံမှာ ရေသွင်းစိုက်ပျိုးရေးဖြစ်သည်။ ရေသွင်းစိုက်ပျိုးရေးသည် စားနပ်ရိက္ခာ ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သော့ချက်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ရေ ၉၀ % ကို စိုက်ပျိုးရေးတွင် အသုံးချကြသည်။ သောက်သုံးရေ လူ့ခန္ဓာကိုယ်တွင် အရွယ်အစားအလိုက် ရေပါဝင်နှုင်း ၅၅ % မှ ၇၈ % အထိပါရှိသည်။ အလုပ်ကောင်းကောင်းလုပ်နိုင်ရန် လူ့ခန္ဓာကိုယ်သည် နေ့စဉ် ရေ ၇ လီတာ လိုအပ်သည်။ တိကျသည့် ပမာဏမှာ လှုပ်ရှားမှု၊ အပူချိန်၊ စိုထိုင်းဆနှင့် အခြားအချက်များပေါ်တွင်လည်း မူတည်သည်။ ရေဓာတ်အများစုကို တိုက်ရိုက်သောက်သုံးခြင်းအပြင် အစားအစာနှင့် ဖျော်ရည်များမှ ရရှိသည်။ သန်မာသည့် လူတစ်ဦး ရေမည်မျှ သောက်သုံးရန် လိုအပ်သည်ကို တိတိကျကျ မသိရသေးသော်လည်း အနည်းဆုံးအားဖြင့် နေ့စဉ် ၆-၇ ဖန်ခွက်ခန့် (၂ လီတာခန့်) သောက်သုံးသင့်သည်ဟု ယူဆထားကြသည်။ ဆေးပညာကျမ်းဂန်များတွင်မူ ကိုယ်လက်လှုပ်ရှားမှုနှင့် ပူအိုက်သည့် ရာသီကြောင့် ချွေးထွက်ြခင်းကို ထည့်မတွက်လျှင် သာမန် ယောက်ျားတဦးသည် နေ့စဉ် ရေ ၁ လီတာ သောက်သုံးသင့်ကြောင်း ဖော်ပြထားသည်။ ကျောက်ကပ် ပုံမှန်အလုပ်လုပ်သူများအဖို့ ရေများများ သောက်သုံးရန် ခက်ခဲသော်လည်း (အထူးသဖြင့် ပူအိုက်စွတ်စိုသည့်ရာသီနှင့် အားကစား လှုပ်ရှားချိန်တွင်) ရေအသောက်နည်းပါက ဥပဒ်ဖြစ်နိုင်သည်။ အားကစားလုပ်ချိန်တွင် လိုသည်ထက်ပို သောက်သုံးနိုင်သော်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရေအဆိပ်သင့်မှု ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နေ့စဉ် ရေ ၈ ခွက် သောက်သုံးသင့်သည်ဆိုသည့်အချက်မှာ သိပ္ပံပညာအရ အထောက်အထားများ မရှိသေးပါ။ သာမန်အားဖြင့် ရေဓာတ် ၂၀ % ကို အစားအစာများမှရရှိသည်။ ကျန်သည်မှာ ရေနှင့် ဖျော်ရည်သောက်သုံးမှုမှ ရရှိသည်။ လူ့ခန္ဓာကိုယ်မှ ရေဓာတ်ကို ဆီး၊ ချွေး သို့ မဟုတ် ထွက်သက်မှ ရေငွေ့အသွင်ဖြင့် စွန့်ထုတ်လေ့ရှိသည်။ အားကစားနှင့် ပူအိုက်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှု တိုးမြင့်လာသည့်အလျောက် နေ့စဉ် ရေဓာတ်လိုအပ်မှုလည်း တိုးမြင့်လာသည်။ လူသားများသည် ညစ်ညမ်းမှုနည်းပါးသည့် ရေကို လိုအပ်သည်။ အတွေ့များသည့် ညစ်ညမ်းပစ္စည်းများတွင် သတ္တုဓာတ်ဆား၊ ဗက်တီးရီးယားတို့ ပါဝင်သည်။ သောက်သုံးရန်မသင့်သော ရေ(၅)မျိုး မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး အကြိမ်ကြိမ်ဆူပွက်အောင် ကြိုခဲ့သောရေနွေး တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး ထမင်း၊ ဟင်းပေါင်းခံရည် ၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူပွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ကရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ ကျမ်းကိုး ရေ ဒြပ်ပေါင်း
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1
အောင်ပွင့်
မောင်အောင်ပွင့် (၁၉၄၅-၂၀၁၈) သည် မြန်မာလူမျိုး ကဗျာဆရာနှင့် ငြိမ်းချမ်းရေး လှုပ်ရှားသူ ဖြစ်သည်။ ယုံကြည်ချက်ကြောင့် ထောင် ၃ ကြိမ် ကျခဲ့ပြီး ၂၀ဝ၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဟဲလ်မင်းဟမ်း မက်ဂရန့်ဆု၊ ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံတကာသတင်းသမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆုတို့ ရသည်။ ငယ်ဘဝ ၁၉၄၅ ခု၊ နိုဝင်ဘာလ ၁၁ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဘုရားကုန်းရွာနေ ဦးထွန်းမှိန်၊ ဒေါ်စာမတို့က မွေးသည်။ ငယ်မည်မှာ အောင်ပွင့် ဖြစ်သည်။ အသက် ၅ နှစ်အရွယ် ဒုတိယကမ္ဘာစစ်အတွင်း ဈေးရောင်းသွားသော မိခင် ပြန်မလာတော့။ မိခင်မရှိသည့်နောက် ဖခင်က နောက်အိမ်ထောင်ပြုသည်။ သုံးနှစ်အရွယ် ညီဖြစ်သူနှင့် အောင်ပွင့်တို့ မိခင်၏ မိဘအိမ်၌ နေကြသည်။ ကဗျာဆရာ ဖြစ်လာခြင်း ၁၉၆၈ ခုတွင် မိုးဝေမဂ္ဂဇင်း၊ အမှတ် (၄) တွင် ညီမျှရန် ဟူသော မောင်အောင်ပွင့်လက်ရာကဗျာ ပါလာသည်။ ကဗျာကို အဓိကရေးသော်လည်း ကဗျာနှင့် ပတ်သက်သောဆောင်းပါးများလည်း ရေးသေးသည်။ သုံးထောင်ပြန်ဘဝ ၁၉၆၇ ခုတွင် နိုင်ငံရေးဆူပူရန် ရေးသားသည်ဟူ၍ ပုသိမ်ထောင်၌ ထောင် ၁ နှစ် ကျခံရသည်။ ၁၉၇၈ ခု၊ ဩဂုတ်လ ၆ ရက်တွင် အင်းစိန်ထောင်၌ ထောင် ၂ နှစ် ကျသည်။ ၁၇ လနှင့် ပြန်လွတ်ခဲ့သည်။ ၁၉၈၈ ခု၊ ဩဂုတ်လတွင် ပုသိမ် လူထုဆန္ဒဖော်ထုတ်ပွဲကော်မတီဖွဲ့ရာ အတွင်းရေးမှူး ဖြစ်လာသည်။ သို့သော် ဆိုင်ရာမှ လိုက်လံဖမ်းဆီးသဖြင့် ရန်ကုန်သို့ ရှောင်လာပြီး မိတ်ဆွေများအိမ်၌ လှည့်နေသည်။ ရန်ကုန်ရှိ အဖြစ်အပျက်များကြောင့် ကဗျာထက် ဗီဒီယိုက လူထုထံ ပိုရောက်နိုင်သည်ဟု တွေးမိသဖြင့် တဖက်တွင် စာအုပ်ဟောင်းရောင်းကာ တဖက်၌လည်း ရုပ်သံမှတ်တမ်း (Documentary) ရိုက်သည့်အလုပ်ကို လုပ်သည်။ ၁၉၉၇ ခုတွင် ကဗျာဆရာ ငြိမ်းသစ်နှင့်အတူ တံတားဦးရဲစခန်း၌ စာပို့စက် (Fax) တရားမဝင် လက်ဝယ်ထားမှု၊ မတရားအသင်းများနှင့်ဆက်သွယ်မှုတို့ဖြင့် အချုပ်ကျပြီး အတန်ကြာ အမှုရင်ဆိုင်ရသည်။ နောက် ၁၉၉၉ ခုတွင် အမိန့်ချရာ ထောင် ၈ နှစ် ကျပြီး အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် နေရသည်။ ၂၀၀၅ ခု၊ ဇူလိုင်လတွင် လွတ်သည်။ မိသားစုဘဝ အသက် ၂၇ နှစ်အရွယ်တွင် ကျောင်းဆရာမ နန်းညွန့်ရွှေနှင့် အိမ်ထောင်ပြုသည်။ ငြိမ်းချမ်းနှင့် လုံမငြိမ်းချမ်းဟူ၍ သားသမီး ၂ ယောက် ရသည်။ ဇနီးဖြစ်သူမှာ ၂၀၁၈ ခု၊ ဩဂုတ်လ ၁၁ ရက်တွင် ဆုံးသည်။ ဘဝနိဂုံး အသက်ရချိန်၌ အကျဉ်းကျခြင်းကြောင့် ကျန်းမာရေးချို့ယွင်းသည့်ပြင် ဇနီးမှာလည်း တိမ်းပါးသဖြင့် စိတ်ကိုယ်မခိုင်ဘဲ ၂၀၁၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကွယ်လွန်သည်။ ဇနီးဖြစ်သူနှင့်အတူ ပုသိမ်မြို့ သရောင်းချောင်းသုဿာန်တွင် မြုပ်နှံထားသည်။ ရေးသားသော စာအုပ်များ * ကဗျာစာအုပ် မဟုတ်။ ဆုတံဆိပ်များ ၂၀ဝ၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဟဲလ်မင်းဟမ်း မက်ဂရန့်ဆု၊ ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံတကာသတင်းသမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆုတို့ ရသည်။ ၂၀၁၂-ခု ဆဋ္ဌမအကြိမ်မြောက် တော်ဘုရားလေး(အောင်ဇေ)စာပေဆုတွင် ငြိမ်းချမ်းရေးညစာ အမည်ဖြင့် ကဗျာပေါင်းချုပ်ဆု ရရှိခဲ့သည်။ ကိုးကား မြန်မာ့နိုင်ငံရေးသမားများ မြန်မာ ကဗျာဆရာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%84%E1%80%B7%E1%80%BA
ချင်ရွှေဗြန်း
ချန်ဆွေပြန်(၁၉၅၀ ခုနှစ် အောက်တိုဘာ ၁၂ - )ထိုင်ဝမ် (台灣) တောင်ပိုင်းဒေသရှိ ထိုင်နန်ခရိုင် (台南縣)၊ ကွမ်းထျန်ကျေးရွာ (官田鄉) ဇာတိဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ တရုတ်သမ္မတနိုင်ငံ၏ (中華民國) ၁၀ ဆက်နှင့် ၁၁ ဆက်မြောက် သမ္မတအဖြစ်ထမ်းရွက်ခဲ့သည်။ ငယ်မည်မှာ အားပြန်ဖြစ်သောကြောင့် ရင်းနှီးဖော်ရွေမှုကို ဖော်ပြသည့်အနေဖြင့် မိမိကိုယ်ကို အားပြန် (阿扁) ဟု ပြောလေ့ရှိသည်။ ထို့ကြောင့်လည်း ထိုင်ဝမ်သတင်းမီဒီယာများက ချန်ဆွေပြန်ဦးဆောင်သည့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) အစိုးရအား အားပြန်အစိုးရဟု ရေးသားဖော်ပြလေ့ရှိကြသည်။ ချန်ဆွေပြန်သည် ထိုင်ဝမ်လူထုမှ တိုက်ရိုက်မဲပေး ရွေးကောက်တင်မြောက်ခဲ့သည့် ဒုတိယမြောက် သမ္မတဖြစ်သည့်အပြင် ပထမဦးဆုံးသော ဒီမိုကရက်တစ်တိုးတက်ရေးပါတီဝင် (民主進步黨) သမ္မတဖြစ်သည်။ ၎င်း၏ သမ္မတသက်တမ်းအတွင်း အမည်နာမတွင် “တရုတ်”ဟုပါသော နိုင်ငံပိုင်လုပ်ငန်းကြီးများ အပါအဝင် အဖွဲ့အစည်းများ ဌာနများ၏ အမည်များအား “ထိုင်ဝမ်”ဟု ပြောင်းလဲခြင်း၊ လက်ရှိထိုင်ဝမ်တွင် ကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် (၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ တရုတ်ပြည် နန်ကျင်းမြို့တွင် ကွန်မင်တန်ပါတီမှ အတည်ပြုခဲ့သည်) ထိုင်ဝမ်၏ လက်တွေ့အခြေအနေနှင့် မကိုက်ညီဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနှင့် ကုလသမဂ္ဂသို့ ဝင်ရောက်နိုင်ရေးများကို အင်တိုက်အားတိုက် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။ စီးပွားရေးအပိုင်းတွင် အရှေ့တောင်အာရှနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံရေးနှင့် တရုတ်ပြည်မ၌ ရင်းနှီးမြှုပ်နှံသူ ထိုင်ဝမ်စီးပွားရေး လုပ်ငန်းရှင်များအား အားတက်သရော စီမံထိန်းကွပ်ရေးနှင့် ထိထိရောက်ရောက် ဖွင့်လစ်ပေးရေး မူဝါဒကို (積極管理,有效開放) စွဲကိုင် ကျင့်သုံးခဲ့သည်။ သမ္မတရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် အဂတိလိုက်စားမှုနှင့် ငွေခဝါချမှုကြောင့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်ပေမြို့နယ်တရားရုံးမှ ထိန်းသိမ်းခြင်းခံရသဖြင့် ချန်ဆွေပြန်သည် အာအိုစီသမိုင်းတွင် ပထမဦးဆုံးအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရသည့် သမ္မတဖြစ်သည်။ ၎င်း၏ အဂတိလိုက်စားမှု အပါအဝင် အမှုတွဲ သုံးတွဲအား ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တွင် ထိုင်ပေဒစ္စရိတ် တရားရုံးမှ ပထမအဆင့် စီရင်ချက်ချရာတွင် ချန်ဆွေပြန်သည် ပြစ်မှုထင်ရှား၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ သန်း ၂၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ် ခံရသည့်အပြင် အစိုးရဝန်ထမ်း အခွင့်အရေး (ပင်စင်၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် စသည့် အခွင့်အရေးများ) တစ်သက်တာ မခံစားရဟု တရားရုံးမှ တားမြစ်ထားသည်။ ငယ်စဉ်ဘဝ ချန်ဆွေပြန်သည် ထိုင်နန်ခရိုင် ကွမ်းထျန်ကျေးရွာတွင် နေထိုင်သည့် လယ်သမားမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ကျောင်းပညာတွင် ထူးချွန်သည့် ချန်ဆွေပြန်သည် နာမည်ကျော် ထိုင်နန် အထက်တန်းကျောင်းမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ထိုင်ဝမ်တွင် အမှတ်အကောင်းဆုံးရသည့် ကျောင်းသားများသာ တက်ရောက်နိုင်သည့် အမျိုးသား ထိုင်ဝမ်တက္ကသိုလ်တွင် (國立台灣大學) ပညာဆက်လက်ဆည်းပူးခဲ့သည်။ မူလတွင် စီးပွားရေးစီမံခံ့ခွဲမှုကို အဓိကယူခဲ့သော်လည်း တက္ကသိုလ်ပထမနှစ်တွင် ဥပဒေပညာရပ်သို့ လိုင်းပြောင်းခဲ့သည်။ ထိုနှစ်တွင်ပင် ၎င်းသည် ဥပဒေဌာနမှ ထုတ်ဝေသည့် စာစောင်၏ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ တတိယနှစ်တွင် ရှေ့နေစာမေးပွဲကို အမှတ်အမြင့်ဆုံးဖြင့် အောင်မြင်ခဲ့ကာ ထိုင်ဝမ်တွင် အသက်အငယ်ဆုံး ရှေ့နေတဦး ဖြစ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဆရာဝန်သမီး ဝူဆူကျိန်းနှင့် ထိမ်းမြားလက်ထပ်ကာ သမီးကြီး ချန်ရှင့်ယွီနှင့် သားငယ် ချန်ဂျိကျုံးတို့အား ဖွားမြင်ခဲ့သည်။ ချန်ရှင့်ယွီသည် ယခုတွင် သွားဆရာဝန်တဦးဖြစ်ပြီး ဖခင်ခြေရာနင်းသည့် ချန်ဂျိကျုံးမှာ ထိုင်ဝမ်တက္ကသိုလ်မှ ဥပဒေဘွဲ့၊ အမေရိကန် ကာလီဖိုးနီးယားတက္ကသိုလ် ဘာကလီနယ်မြေမှ ဥပဒေပညာရပ် မဟာဘွဲ့ကို ရရှိခဲ့သည်။ ကျမ်းကိုး တရုတ်သမ္မတနိုင်ငံ၏ သမ္မတများ ထိုင်ပေမြို့တော်ဝန်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%97%E1%80%BC%E1%80%94%E1%80%BA%E1%80%B8
ကျန်ကျင်းကော်
ကျန်ကျင်းကော် (蔣經國) (၁၉၁၀ - ၁၉၈၈) သည် ချန်ကေရှိတ် (蔣介石) ၏ သားကြီးဖြစ်ပြီး ၁၉၇၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တရုတ်သမ္မတနိုင်ငံ (中華民國) (အာအိုစီ) ၏ဆဋ္ဌမနှင့် သတ္တမမြောက် သမ္မတဖြစ်သည်။ ကျန်ကျင်းကော်သည် ကွန်မင်တန်ပါတီ (中國國民黨) ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး၊ ဝန်ကြီးချုပ်စသည့် ရာထူးနေရာများတွင်လည်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။ ကိုးကား တရုတ်သမ္မတနိုင်ငံ၏ သမ္မတများ ၁၉၁၀ မွေးဖွားသူများ ၁၉၈၈ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%BA
လီတိန်းဟွေး
လီတိန်းဟွေး (၊ ) သည် ထိုင်ဝမ်လူမျိုး စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ၏ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပထမဆုံးထိုင်ဝမ်ပြည်ဖွား သမ္မတလည်းဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ် သွယ်ဝိုက်ရွေးချယ်တင်မြောက်ခံရရုံသာမက ပထမဆုံးအကြိမ် တိုက်ရိုက်ရွေးချယ်တင်မြောက်ခံခဲ့ရသော သမ္မတလည်းဖြစ်သည်။ သူ၏သမ္မတသက်တမ်းအတွင်း စစ်အုပ်ချုပ်ရေးအဆုံးသတ်ရေးနှင့် တရုတ်သမ္မတနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ကို ဆောင်ရွက်ခဲ့ရာ အနောက်တိုင်းမီဒီယာများက သူ့အား "မစ္စတာဒီမိုကရေစီ" ဟူ၍ပင်ခေါ်ဆိုကြသည်။ ရာထူးမှဆင်းပြီးနောက် ထိုင်ဝမ်နိုင်ငံရေးတွင် ဆက်လက်လှုပ်ရှားခဲ့သည်။ သူ့အား လွတ်လပ်ရေးလိုလားသော ထိုင်ဝမ်သွေးစည်းညီညွတ်ရေးသမဂ္ဂ (TSU) ၏ "လမ်းပြခေါင်းဆောင်" အဖြစ် သတ်မှတ်ကြသည်။ သူသည်အဆိုပါသမဂ္ဂအတွက် စည်းရုံးရေးများလုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။ သူသည် ၂၀၀၁ ထိုင်ဝမ်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွင် TSU ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခဲ့ရာမှ ကိုမင်တန်ပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ယခင်ထိုင်ဝမ်သမ္မတဟောင်း ချင်ရွှေဗြန်းနှင့်သာမက ဂျပန်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးလည်းရှိခဲ့သည်။ ကိုးကား ၁၉၂၃ မွေးဖွားသူများ ၂၀၂၀ ကွယ်လွန်သူများ တရုတ်သမ္မတနိုင်ငံ၏ သမ္မတများ ကွန်မင်တန်ပါတီ ထိုင်ပေမြို့တော်ဝန်များ စိုက်ပျိုးရေးပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AE%E1%80%90%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%9F%E1%80%BD%E1%80%B1%E1%80%B8
ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (ထိုင်ဝမ်)
ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) သည် ထိုင်ဝမ်ရှိ အဓိကကျသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ဒီပီပီပါတီသည် ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရကာ ထိုင်ဝမ်အား ၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည် ဆိုဦးတော့ သမားရိုးကျအားဖြင့် ဒီပီပီသည် တပ်စိမ်း၊ ထိုင်ဝမ်လွတ်လပ်ရေး (ခွဲထွက်ရေး)လှုပ်ရှားမှုနှင့် ဆက်နွှယ်လျက်ရှိသည်။ ဒီပီပီသည် Liberal International အဖွဲ့ဝင်ဖြစ်ပြီး အာရှလစ်ဘရယ်နှင် ဒီမိုကရက်ကောင်စီ (Council of Asian Liberals and Democrats) အား စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် အဖွဲ့ဝင်ဖြစ်သည်။ သမိုင်း ဒီပီပီပါတီသည် ကွန်မင်တန်ပါတီ၏ တစ်ပါတီအုပ်ချုပ်ရေးစနစ်အား ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစုကို အခြေခံကာ ပေါ်ပေါက်လာသည့် ပါတီတစ်ခုဖြစ်သည်။ "တန်ဝိုက်" (黨外 ပါတီပြင်ပမှ)လှုပ်ရှားမှုသည် ၁၉၈၆ ခုနှစ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် ပါတီဝင် ၁၃၂ ဦးဖြင့် ဒီပီပီပါတီကို ၁၉၈၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ ထိုင်ပေမြို့ အထင်ကရ အဆောက်အဦးဖြစ်သည့် ဂရင်းဟော်တယ် (圓山大飯店 the Grand Hotel) တွင် ဖွဲ့စည်းထူထောင်ခဲ့သည်။ စောစောပိုင်းကာလတွင် ဒီပီပီပါတီဝင်များသည် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များနှင့် ၎င်းတို့၏ တရားခံရှေ့နေများ ဖြစ်ကြသည်။ ကနဦးတွင် ဒီပီပီပါတီသည် ထိုင်ဝမ်ခွဲထွက်ရေးအား တက်တက်ကြွကြွ ထောက်ခံအားပေးခြင်း မရှိခဲ့သောကြောင့် ပါတီဦးဆောင်သူများအတွင်း တရုတ်ပြည်မမှ ပြောင်းရွှေ့လာသူများလည်း ပါဝင်ခဲ့သည်။ ၎င်းတို့သည် ဒီမိုကရေစီနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လိုလားသူများ ဖြစ်ကြသည်။ သမ္မတနှင့် ဥပဒေပြုလွှတ်တော် အမတ်များအား တိုက်ရိုက်ရွေးကောက်တင်မြှောက်ရေး အပါအဝင် ဒီပီပီပါတီ၏ တောင်းဆိုချက် အချို့အတွက် တုံ့ပြန်မှုများ ရရှိခဲ့ပြီးနောက် နိုင်ငံရေး ပတ်ဝန်းကျင် ပိုမိုလွတ်လပ်မှုရလာသည့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဒီပီပီပါတီသည် ထိုင်ဝမ်လွတ်လပ်ရေး (ခွဲထွက်ရေး)ဘက်သို့ ဦးတည်လာသည်။ Once the DPP had representation in the Legislative Yuan (LY), the party used the legislature as a forum to challenge the government. However, it did not emerge as a formidable force until 1991, when the elderly LY members elected from the mainland provinces in 1948 retired. Fears that the DPP would one day take control of the legislature led then-President Lee Teng-hui to push through a series of amendments to strengthen presidential power (for example, the premier of the Republic of China would no longer have to be confirmed by the Legislative Yuan). Rise in power The DPP won the ROC presidency with the election of Chen Shui-bian in 2000, ending more than half a century of KMT rule in Taiwan. Chen softened the party's stance on independence to appeal to moderate voters, appease the United States and placate China. He also promised not to change the ROC state symbols or declare formal independence as long as the People's Republic of China did not attack Taiwan. The DPP became the largest party having reached a plurality in the Legislative Yuan for the first time in 2002 following the 2001 legislative election. However, a majority coalition between the KMT, People's First Party, and New Party (collectively known as the Pan-Blue Coalition) prevented it from taking control of the chamber. In 2004, President Chen Shui-bian was re-elected by a narrow margin following a controversial assassination attempt on him only hours before the election. President Chen narrowly won the election over Lien Chan. Lien Chan demanded a recount the following morning. A judicial recount under the jurisdiction of a special panel of the High Court began on 10 May 2004 and ended on May 18 2004. It was conducted by about 460 teams situated in 21 courthouses across the Taiwan area. Each team had seven members – one judge, two members each from the district court and the local government election authorities and two witnesses each representing the plaintiff (Pan-Blue Coalition) and the defendant (Pan-Green Coalition). Disputed votes were sent to High Court in Taipei for verification. After the recount, President Chen was confirmed the winner of the election by a smaller margin (25,563 as opposed to 29,518 originally). The DPP suffered a significant election defeat in nationwide local and county elections in December 2005. The pan-blue coalition captured 16 of 23 county and city government offices under the leadership of popular Taipei mayor and KMT Party Chairman Ma Ying-jeou. The results led to a shake up of the party leadership. Su Tseng-chang resigned as DPP chairman soon after election results were announced. Su had pledged to step down if the DPP lost either Taipei County or failed to win 10 of the 23 mayor/magistrate positions. Vice President Annette Lu was appointed acting DPP leader. Presidential Office Secretary-General Yu Shyi-kun was elected in a three-way race against legislator Chai Trong-rong and Wong Chin-chu with 54.4% of the vote. Premier Frank Hsieh, DPP election organizer and former mayor of Kaohsiung twice tendered a verbal resignation immediately following the election, but his resignation was not accepted by President Chen until January 17, 2006 after the DPP chairmanship election had concluded. The former DPP Chairman Su Tseng-chang was appointed to replace Hsieh as premier. Hsieh and his cabinet resigned en masse on January 24 to make way for Su and his new cabinet. President Chen had offered the position of Presidential Office Secretary-General (vacated by Su) to the departing premier, but Hsieh declined and left office criticizing President Chen for his tough line on dealing with the PRC. Separate identity On September 30, 2007, Taiwan's ruling Democratic Progressive Party approved a resolution asserting separate identity from China and called for the enactment of a new constitution for a "normal nation" . It called also for general use of "Taiwan" as the country's name, without abolishing its formal name, the Republic of China. Recent history The DPP won less than 25% of the seats in the new Legislative Yuan while its presidential candidate lost to the KMT candidate Ma Ying-jeou by a landslide margin. Chen Shui-bian and his wife Wu Shu-jen, on August 15, 2008 resigned from the Democratic Progressive Party and apologized, thus: “Today I have to say sorry to all of the DPP members and supporters. I let everyone down, caused you humiliation and failed to meet your expectations. My acts have caused irreparable damage to the party. I love the DPP deeply and am proud of being a DPP member. To express my deepest regrets to all DPP members and supporters, I announce my withdrawal from the DPP immediately. My wife Wu Shu-jen is also withdrawing from the party.” DPP Chairwoman Tsai Ing-wen also apologized to the public on behalf of the party: “In regard to Chen and his wife’s decision to withdraw from the party and his desire to shoulder responsibility for his actions as well as to undergo an investigation by the party’s anti-corruption committee, we respect his decision and accept it.” In an August 27, 2008, United Daily News poll, the Democratic Progressive Party enjoyed a mere 11% approval rating from those surveyed. The DPP has vowed to humbly reflect public misgivings towards the party. Chairwoman Tsai has also been steadfast in maintaining confidence amid lowering party poll numbers from the fallout of Chen Shui-bian's admittance to wiring money overseas. နိုင်ငံရေးမူဝါဒ Programs supported by the DPP include social welfare policies involving the rights of women, senior citizens, children, labour, indigenous peoples, farmers, and other disadvantaged sectors of the society. Furthermore its platform includes a legal and political order based on human rights and democracy; balanced economic and financial administration; fair and open social welfare; educational and cultural reform; independent defence and peaceful foreign policy. The primary political axis in Taiwan involves the issue of Taiwan independence versus Chinese reunification. Although this is often portrayed in binary terms, both the major coalitions have developed positions that aim at a moderate core to the point where the differences between them can be quite subtle. The current official position of the party is that the Republic of China (Taiwan) is an independent and sovereign country whose territory consists of Taiwan and its surrounding smaller islands and whose sovereignty derives only from the Taiwanese citizens living on the Republic of China, based on the "Resolution on Taiwan's Future" in 1999. It considers Taiwan independence to be a current fact making a formal declaration of independence unnecessary. The DPP rejects the "one China principle" as the basis for official diplomatic relations with the People's Republic of China (PRC) and advocates a Taiwanese national identity which is separate from mainland China, People's Republic of China. The DPP argues that its efforts to promote a Taiwanese national identity are merely an effort to normalize a Taiwanese identity repressed during years of what its supporters consider "outside" rule. In contrast, the KMT or pan-blue coalition agrees that the Republic of China is an independent and sovereign country that is not part of the People's Republic of China (PRC), but argues that a one China principle can be used as the basis for talks with the PRC. The KMT also opposes Taiwan independence, and argues that efforts to establish a Taiwanese national identity separated from the Chinese national identity are unnecessary and needlessly provocative. The KMT also asserts that at times these efforts from DPP are radical and becomes "fascist" (to which they later apologised) and "racist". At the other end of the political spectrum, the acceptance by the DPP of the symbols of the Republic of China is opposed by the Taiwan Solidarity Union. The first years of the DPP as the ruling party gave rise to questions on whether the DPP as a self-styled Taiwanese nationalist party was adequately sensitive to the ethnographic character of Taiwanese society, which in addition to arrivals from different eras and different regions of mainland China, also includes aboriginal minorities. It is sometimes accused of practicing Hoklo chauvinism. The People's Republic of China has traditionally maintained an extremely hostile position toward the DPP, but has moderated its position somewhat since 2003 in order to prevent a backlash. The PRC has stated that regardless of the positions that the DPP has taken in the past that it will talk to the DPP if it accepts the "1992 consensus". Structure The party was formerly composed of a number of factions such as the New Tide faction (新潮流系), the Formosa faction (美麗島系), the Justice Alliance faction (正義連線系) and Welfare State Alliance faction (福利國系). Each faction advocated slightly different policies, but many of the factions were generational consisting of different groups which entered the party at different times. In 2006, the factions were officially dismissed. The National Party Congress selects, for two year terms, the 30 members of the Central Executive Committee and the 11 members of the Central Review Committee. The Central Executive Committee, in turn, chooses the 10 members of the Central Standing Committee. On July 23, 2006, at the party's general assembly, the delegates passed a resolution requiring the disbanding of all factions. The factions have since stated that they will comply with the resolution. ဥက္ကဋ္ဌများ ကျမ်းကိုး ပြင်ပလင့်ခ်များ Official website Former President of Republic of China (Taiwan) Chen Shui-bian taking the oath of office ထိုင်ဝမ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%9B%E1%80%80%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%95%E1%80%AB%E1%80%90%E1%80%AE%20%28%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9D%E1%80%99%E1%80%BA%29
ကွန်မင်တန်ပါတီ
ကူမင်တန်/ကိုမင်တန် ( (KMT)) သို့မဟုတ် ဂိုမင်ဒန် (Guomindang (GMD)) တစ်နည်းအားဖြင့် တရုတ်အမျိုးသားရေးပါတီသည် တရုတ်သမ္မတနိုင်ငံရှိ အဓိကနိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၁၉၂၈ မှ ၁၉၄၉ အတွင်း တရုတ်ပြည်မကြီး၌သော်လည်းကောင်း ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် ထိုင်ဝမ်၌သော်လည်းကောင်း အုပ်ချုပ်ခဲ့သည့် တစ်ခုတည်းသောပါတီဖြစ်သည်။ ရီပတ်ဘလီကန်ခေတ် ၁၉၂၈ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း တရုတ်ပြည်မကြီး၏အများစုကို အုပ်ချုပ်နိုင်ခဲ့သော ပါတီတစ်ခုဖြစ်သည်။ တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီးနောက် ၁၉၄၉ ဒီဇင်ဘာ ၇ ရက်တွင် ပါတီသည် ပြည်မကြီးမှထိုင်ဝမ်သို့ ဆုတ်ခွာခဲ့သည်။ တရုတ်ခေါင်းဆောင် ချန်ကေရှိတ်သည် စစ်အုပ်ချုပ်ရေးကြေညာပြီး ထိုင်ဝမ်အား ဒန်ကိုစနစ်အောက်တွင် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများပြဋ္ဌာန်းပြီး ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအထိ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ထိုင်ဝမ်နိုင်ငံရေးတွင် အပြာရောင် တပ်ပေါင်းစု ညွန့်ပေါင်းအဖွဲ့တွင် လွှမ်းမိုးထားသောပါတီဖြစ်ပြီး ပြိုင်ဘက်ဒီမိုကရက်တစ်တိုးတက်ရေးပါတီနှင့် အဓိကယှဉ်ပြိုင်သည်။ လက်ရှိတွင်၎င်းသည် ဥပဒေပြုရေးယွမ်တွင် အကြီးဆုံးအတိုက်အခံပါတီဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ အဲရစ် ချူးဖြစ်သည်။ ပါတီသည် ၁၈၉၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဟာဝိုင်အီသမ္မတနိုင်ငံ ဟိုနိုလူလူမြို့၌ ဆွန်ယက်ဆင်မှ တည်ထောင်ခဲ့သော တရုတ်ပြန်လည်ရှင်သန်ရေးအဖွဲ့မှ စတင်ခဲ့သည်။ ထိုနေရာမှပါတီသည် ရှန်ဟိုက်တော်လှန်ရေးမတိုင်မီတွင် ကြီးမားသောပြန်လည်ဖွဲ့စည်းမှု အပြောင်းအလဲများကို လုပ်ဆောင်ခဲ့သောကြောင့် ချင်းမင်းဆက်ပြိုကွဲကာ ပေယန်းအစိုးရကို ပေါ်ပေါက်လာစေခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ဆွန်ယက်ဆင်သည် ရှန်ဟိုင်း ပြင်သစ် လိုက်လျောမှုအတွင်း "ကိုမင်တန်" အမည်ဖြင့် ပါတီကို ပြန်လည်တည်ထောင်ခဲ့သည်။ ၁၉၂၆ မှ ၁၉၂၈ ခုနှစ်များအတွင်း ချန်ကေရှိတ်သည် မြောက်ဘက်စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့၍ ဒေသဆိုင်ရာစစ်မင်းများကို တိုက်ထုတ်ကာ အစိတ်စိတ်အမွှာမွှာဖြစ်နေသောနိုင်ငံကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုမင်တန်တို့အုပ်ချုပ်သော အမျိုးသားရေးဝါဒီအစိုးရသည် ဒုတိယ တရုတ်-ဂျပန်စစ်ပွဲကို ကျော်ဖြတ်ကာ တရုတ်နိုင်ငံကို ဦးဆောင်ခဲ့သည်။ ၁၉၄၉ တွင် တရုတ်ပြည်တွင်းစစ်တွင် တရုတ်ကွန်မြူနစ်ပါတီကိုရှုံးနိမ့်ခဲ့ပြီး စစ်နိုင်ကွန်မြူနစ်တို့သည် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့သည်။ ထို့ကြောင့် တရုတ်သမ္မတနိုင်ငံအစိုးရသည် ယခင် ချင်းအင်ပါယာ၏နယ်မြေဖြစ်သော၊ ၁၈၉၅ မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်အင်ပါယာက သိမ်းပိုက်ထားသည့် ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာခဲ့ရသည်။ ၁၉၄၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ကိုမင်တန်အစိုးရသည် ဖေဖော်ဝါရီ ၂၈ ဖြစ်စဉ်အပြီးတွင် ထိုင်ဝမ်ကို အာဏာရှင်တစ်ပါတီနိုင်ငံအဖြစ် အုပ်ချုပ်ခဲ့သည်။ ဤကာလအတွင်း စစ်အုပ်ချုပ်ရေးအာဏာသက်ဝင်ခဲ့ပြီး ကွန်မြူနစ်ဆန့်ကျင်ရေးအမည်ခံ၍ အရပ်ဘက်လွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ်ခဲ့ကာ အဖြူရောင်ခြောက်လှန့်မှုဟု လူသိများသည့်ကာလလည်းဖြစ်သည်။ ပါတီသည် ထိုင်ဝမ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာမက သံတမန်ရေးရာအရေးနိမ်မှုကိုလည်း ကြုံတွေ့ခဲ့ရသည်။ ကမ္ဘာ့နိုင်ငံအများစုသာမက ၎င်း၏အဓိကမဟာမိတ်ဖြစ်သော အမေရိကန်နိုင်ငံသည်လည်း ကွန်မြူနစ်ဦးဆောင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲအသိအမှတ်ပြုခဲ့ကြရာမှ ၁၉၇၀ ခုနှစ်များအတွင်း တရုတ်သမ္မတနိုင်ငံသည် ၎င်း၏ကုလသမဂ္ဂနေရာကို ဆုံးရှုံးခဲ့ရသည်။ ၁၉၈၀ ခုနှစ်နှောင်းပိုင်းတွင် ချန်ကေရှိတ်၏သား ကျန်ကျင်းကော်သည် စစ်အုပ်ချုပ်ရေးဥပဒေကို ရုပ်သိမ်းကာ ဒီမိုကရက်တစ်တိုးတက်ရေးပါတီကဲ့သို့သော အတိုက်အခံပါတီများကို တည်ထောင်ခွင့်ပြုခဲ့သည်။ ၎င်း၏ဆက်ခံသူ လီတိန်းဟွေးသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ရာ နိုင်ငံ့သမိုင်းတွင် ပထမဆုံးအကြိမ် တိုက်ရိုက်သမ္မတရွေးကောက်ပွဲဖြင့် ၁၉၉၆ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။ ၂၀၀၀ ခုနှစ် သမ္မတရွေးကောက်ပွဲသည် ကိုမင်တန်၏ ၇၂ နှစ်တာ နိုင်ငံရေးစိုးမိုးမှုကို အဆုံးသတ်စေခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သမ္မတရွေးကောက်ပွဲတွင် ကိုမင်တန်မှ မာယင်းကျိုသည် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ရေလက်ကြားဆိုင်ရာ စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများအပေါ် ကန့်သတ်ချက်များကို သိသိသာသာ ဖြေလျှော့ပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင်မူ သမ္မတရာထူးနှင့် ၎င်း၏ ဥပဒေပြုလွှတ်တော်အများစုနေရာကို ရှုံးနိမ့်ခဲ့ပြီး အတိုက်အခံဘက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ကိုမင်တန်သည် အပြည်ပြည်ဆိုင်ရာဒီမိုကရက်ယူနီယံ၏ အဖွဲ့ဝင်ဖြစ်သည်။ ပါတီ၏လမ်းညွှန်အယူဝါဒမှာ ဆွန်ယက်ဆင်မှ သတ်မှတ်ပေးထားသည့် ပြည်သူ့အခြေခံမူ (၃) ရပ်ဖြစ်သည်။ ထိုင်ဝမ်လွတ်လပ်ရေးလှုပ်ရှားမှု၊ "တစ်ပြည်ထောင် စနစ်နှစ်ခု" မူဘောင်အောက်ရှိ တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးနှင့် ရေလက်ကြားပြဿနာများကိုဖြေရှင်းရန် ငြိမ်းချမ်းမှုမရှိသောနည်းလမ်းများ အသုံးပြုခြင်းကိုဆန့်ကျင်သည်။ မူလကနဦးက နိုင်ငံ့ဂုဏ်ရည်ပရောဂျက်မှတစ်ဆင့် တရုတ်ပြည်မကြီးကို ပြန်လည်သိမ်းပိုက်ရယူခြင်းအပေါ် ဦးစားပေးလုပ်ဆောင်ခဲ့ရာမှ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကိုလိုလားပြီး တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ထိုင်ဝမ်၏လက်ရှိအနေအထားကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။ ၎င်းသည် ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်လုံးကို "တရုတ်တစ်နိုင်ငံ"တည်းဟု သတ်မှတ်သည့် ၁၉၉၂ ခုနှစ် သဘောတူညီချက်ကိုလည်း လက်ခံသော်လည်း မိမိတို့သာလျှင် တရုတ်နိုင်ငံလုံးကို အုပ်ချုပ်သည်ဟု မှတ်ယူထားသည်။ ရွေးကောက်ပွဲရလဒ် သမ္မတရွေးကောက်ပွဲ ဥပဒေပြုရွေးကောက်ပွဲ ဒေသန္တရရွေးကောက်ပွဲ ဆက်စပ်ဖတ်ရန် ဆွန်ယက်ဆင် ကိုမင်တန်ပါတီ၏ ဥက္ကဋ္ဌ အမျိုးသားရေးအစိုးရ အမျိုးသားတော်လှန်ရေးတပ်မတော် ကျမ်းကိုး ပြင်ပလင့်ခ်များ ကွန်မင်တန်ပါတီအင်တာနက်စာမျက်နှာ ကွန်မင်တန်ပါတီသမိုင်း Kuomintang Supporters in Mainland China main website/Union of Chinese Nationalists ထိုင်ဝမ် တရုတ်သမ္မတနိုင်ငံ ကူမင်တန်ပါတီ တစ်ပါတီစနစ်ရှိ ပါတီများ အာရှတိုက်ရှိ အမျိုးသားရေးပါတီများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%95%E1%80%AB%E1%80%90%E1%80%AE
ဆွန်ယက်ဆင်
ဆွန်ယက်ဆင် (၊ ) (၁၈၆၆ နိုဝင်ဘာ ၁၂ သို့ ၁၈၇၀ နိုဝင်ဘာ ၂၄ – ၁၉၂၅ မတ်လ ၁၂) သည် တရုတ် တော်လှန်ရေးသမားတဦး ဖြစ်သကဲ့သို့ နိင်ငံရေး ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ ဆွန်ယက်ဆင်သည် ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရှင့်ဟိုက်တော်လှန်ရေး (辛亥革命) ကို ဦးဆောင်ကာ တရုတ်နိုင်ငံ၏ နောက်ဆုံး မင်းဆက် ချင်းမင်းဆက် (清朝) အား တွန်းလှန်ကာ တရုတ်နိုင်ငံတွင် သက်ဦးဆံပိုင် ဧကရာဇ်စနစ်ကို နိဂုံးချုပ်စေခဲ့သည်။ ချင်းမင်းဆက်အား တွန်းလှန်ပြီးနောက် ဆွန်ယက်ဆင်သည် အာရှတွင် ပထမဦးဆုံးသော ဒီမိုကရေစီနိုင်ငံ တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (中華民國; Republic of China) အား တည်ထောင်ခဲ့သူဖြစ်သောကြောင့် ထိုင်ဝမ်တွင် အာအိုစီ၏ နိုင်ငံတော်ဖခင်အဖြစ် အသိအမှတ်ပြုထားသည်။ ဆွန်ယက်ဆင်သည်လည်း ၁၉၁၂ ခုနှစ် အာအိုစီအား တည်ထောင်ခဲ့ပြီးနောက် ပထမဦးဆုံးသော ယာယီသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ဆွန်ယက်ဆင်အား ၂၀ ရာစုနှစ် တရုတ်ခေတ်သစ် သမိုင်းတွင် အရေးပါသော ခေါင်းဆောင်တဦးအဖြစ် တရုတ်နှင့် ထိုင်ဝမ် နှစ်ဖက်စလုံးက ကြည်ညိုလေးစားကြသည်။ ဆွန်ယတ်ဆင်၊ ဒေါက်တာ (ခရစ် ၁၈၆၆-၁၉၂၅) ၁၇ ရာစုနှစ်မှစ၍ တရုတ်နိုင်ငံကို စိုးမိုးအုပ်ချုပ်လာသော မန်ချူးမင်းဆက်တို့၏ ဧကရာဇ်စနစ်ကိုတော်လှန်ပြီးလျှင်၊ တရုတ်သမ္မတနိုင်ငံကို ရှေးဦးစွာတည်ထောင် ခဲ့သောကြောင့် 'တရုတ် သမ္မတနိုင်ငံ၏ ဖခင်ကြီး'ဟု ဥဒါန်းတွင်သော ဒေါက်တာ ဆွန်ယတ်ဆင်သည်ခရစ်၁၈၆၆ ခုနှစ် နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင်ကွမ်တန်ပြည်နယ်၊ ယခုအခါ၌ ချုံရှန်ဟု ခေါ်၍၊ ရှေးအခါက အီအန်ရှန်ဟုတွင်ခဲ့သောမြို့နယ်၊ စွီဟိုင်းရွာ၌ မွေးဖွားသည်။ သူ၏ဖခင်မှ ာသာမန် တောင်သူလယ်သမား တစ်ဦးဖြစ်သည်။ မူလကမိရိုးဖလာအယူဝါဒကို ကိုးကွယ်သူဖြစ်သော်လည်း၊ လန်ဒန်မြို့သာသနာပြုအသင်း၏ သာသနာပြု လုပ်ငန်းတို့ကြောင့် ဒေါက်တာဆွန်ယတ်ဆင်၏ ဖခင်သည် ခရစ်ယာန်အယူဝါဒသို့ ကူးပြောင်းခဲ့လေသည်။ ဒေါက်တာဆွန်ယတ်ဆင်သည် ငယ်စဉ်ကဆွန်ဝင်းဟု အမည်တွင်သည်။ တော်လှန်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့စဉ်ကမန်ချူးမင်း၏ ရာဇဝတ်ဘေးမှ ရှောင်တိမ်းရန်အလို့ငှာ ဂျပန်နိုင်ငံ၌ နေသောအခါ ချုံရှန်ချီယောင်းဟူသောအမည်ကိုလည်းကောင်း၊ တရုတ်နိုင်ငံ၌ နေသောအခါ ဆွန်ချုံရှန်ဟူသေ ာအမည်ကိုလည်းကောင်း ခံယူခဲ့လေသည်။ ဆွန်ယတ်ဆင် ၁၂ နှစ်သားအရွယ်ခန့် ရှိသောအခါ၊ မိခင် နှင့်အတူ ဟိုနိုလူလူ ကျွန်းသို့လိုက်၍ အတူနေရသည်။ ၁၈၇၈ ခုမှ ၁၈၈၃ ခုအထိ ယင်းသို့ မိခင်နှင့်အတူနေထိုင်ယင်း၊ ခရစ် ယာန်သာသနာပြုကျောင်းတွင် စာသင်ကြားခဲ့ရလေသည်။ ၁၈၈၄-၈၅ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အချင်းပွား၍ စစ်ဖြစ်ကြသည်။ ထိုအခါ၌ကား ဆွန်ယတ်ဆင်သည် ဟောင်ကောင်မြို့သို့ရောက်၍၊ ပညာဆက်လက်သင်ကြားလျက် ရှိလေပြီ။ ဒေါက်တာဆွန်ယတ်ဆင်သည် သူ၏ အတ္ထုပ္ပတ္တိကို သူကိုယ်တိုင် မှတ်တမ်းတင်သောအခါ၊ '၁၈၈၅ ခုနှစ်တွင် တရုတ်နိုင်ငံကို ပြင်သစ်တို့က စစ်အောင်နိုင်လိုက်သောအခါ၊ ကျွန်ုပ်သည် မန်ချူးမင်းဆက်ကို တော်လှန်၍၊ သမ္မတနိုင်ငံ တည်ထောင်ရန် စိတ်တွင် ပြဋ္ဌာန်းလိုက်သည်။'ဟု ရေးသား ထားခဲ့သည်။ ထိုစဉ်က ဆွန်ယတ်ဆင်မှာ ၁၉ နှစ်သားအရွယ် မျှသာရှိသေးသည်။ ထိုအခါကား၊ ကျွန်ုပ်တို့နိုင်ငံတွင် အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲ ဖြစ်အံ့ဆဲဆဲသော အချိန်အခါတည်း။ ဆွန်ယတ်ဆင်သည် ၁၈၈၆ ခုနှစ်တွင် ကန်တုန်မြို့သို့ ပြောင်းရွေ့ကာ၊ ပုတ်ဆိုင်ဆေးရုံတွင် ဆေးပညာသင်ကြားရန် ဝင်ရောက်ခဲ့လေသည်။ နောက်တစ်နှစ်၌ကား ကန်တုန်မှတစ်ဖန် ဟောင်ကောင်မြို့သို့ ပြန်လည်ပြောင်းရွေ့၍၊ အဲလစ်အထိမ်းအမှတ်ဆေးရုံတွင် ဝင်ရောက်ကာ၊ ဆေးပညာကို သင်ယူလေ သည်။ ၁၈၉၂ ခုနှစ်၌ ဆေးပညာစာမေးပွဲကို အောင်မြင်၍၊ ဒေါက်တာဟူသောဘွဲ့ကို ခံယူသည်။ ဟောင်ကောင်မြို့တွင် ဒေါက်တာဆွန်ယတ်ဆင်သည် အင်္ဂလိပ်လူမျိုး ဆာဂျိမ်းကန္တလီ နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ နောင်သောအခါ ဆာဂျိမ်းသည် ဒေါက်တာဆွန်အား မိတ်ဆွေအဖြစ်ဖြင့် များစွာအကူအညီပေးခဲ့သည်။ ထိုသို့သော လူငယ်ဘဝ၌ ဒေါက်တာဆွန်သည် အမေရိ ကန်ပြည်ထောင်စုနိုင်ငံထူထောင်ပုံကို၎င်း နှိုင်းရှည့်ကြည့်ပြီးလျှင်၊ တရုတ်နိုင်ငံ လွတ်လပ်စေဖို့အရေး၌ များစွာစိတ်ဝင်တစားလာခဲ့ လေ၏။ တော်လှန်ရေးသမား ထိုကဲ့သို့သော စိတ်ဓာတ်ရှိသူ ဒေါက်တာဆွန်ယတ်ဆင် သည် ၁၈၉၃-၉၄ ခုနှစ်အတွင်းတွင် မန်ချူးမင်းဆက်ကို တော် လှန်ရန်အလို့ငှာ လျှို့ဝှက်သောအသင်းများကို စတင်တည်ထောင် လေသည်။ ၁၈၉၄ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ စစ်ဖြစ်ကြလေသည်။ ဤအချိန်မှာ ဒေါက်တာဆွန်ယတ်ဆင် အတွက် အချက်ကောင်းဖြစ်လေရာ၊ ဒေါက်တာဆွန်ယတ်ဆင် သည် ဟိုနိုလူလူကျွန်းသို့ ပြန်လည်သွားရောက်ပြီးလျှင်၊ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားတို့နှင့် ရှင်ချုံဟွီးခေါ် တရုတ်နိုင်ငံ ပြန်လည်ထွန်းကားရေးအသင်းကို တည်ထောင်လေ သည်။ ထိုနှစ်အတွင်း ဂျပန်သည် တရုတ်ကိုအောင်မြင်လေ သည်။ ထိုကြောင့် ရှီမိုနိုဆေကီစာချုပ်အရ တရုတ်နိုင်ငံက ဂျပန်နိုင်ငံအား တိုင်းဝမ်ကျွန်းခေါ် ဖော်မိုးဆားကျွန်းနှင့် ပင်ဂူ ကျွန်းတို့ကို ပေးအပ်ရလေသည်။ ၁၈၉၅ ခုနှစ်တွင် ဒေါက်တာ တွန်သည် ကန်တုန်မြို့မှနေ၍ ပထမဦးစွာ ပုန်ကန်ထကြွလေ သည်။ သူနှင့်အတူ ရဲဘော်ရဲဘက်များဖြစ်သော တရုတ်အမျိုး သား ၄ဝ ကျော်တို့မှာ အဖမ်းခံရပြီးလျှင်၊ အခြားကြံရာပါတို့မှာ ကွပ်မျက်ခြင်း ခံရသည်။ သူကိုယ်တိုင်မှာ တရုတ်နိုင်ငံမှ ထွက် ပြေးရသည်။ ဤသို့လျှင် ၁၈၉၅ ခုနှစ် ကန်တုန်တော်လှန်ရေး တိုက်ပွဲမှစ၍ ၁၉၁၁ ခုနှစ် ဝူချန် တော်လှန်ရေးတိုက်ပွဲတွင် ပြီး ဆုံးသော ၁၆ နှစ်ကြာသည့် တော်လှန်ရေးတိုက်ပွဲများသည် ဒေါက်တာဆွန်ယတ်ဆင်၏ ခေါင်းဆောင်မှုဖြင့် ဆက်တိုက်ပေါ် ပေါက်လာခဲ့ရလေသည်။ စန်မင်းချူအီ ၁၈၉၆ ခုနှစ်၌ ဒေါက်တာဆွန်သည် တရုတ်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ၊ အင်္ဂလန်ပြည်သို့ ရောက်ရှိလေသည်။ ထိုနှစ်တွင် လန်ဒန်မြို့ရှိ တရုတ်နိုင်ငံမန်ချူးဘုရင်အစိုးရ၏သံရုံး အဖွဲ့သားများ၏ လက်တွင်းသို့ ကျဆင်းခဲ့ရသည်။ သို့ရာတွင် ဆာ ဂျိမ်းကန္တလီ၏ ဆောင်ရွက်ချက်ကြောင့် ဒေါက်တာဆွန် ယတ်ဆင်သည် လွတ်မြောက်လာခဲ့သည်။ လန်ဒန်မြို့တွင် နေထိုင်သော နှစ်နှစ်အတွင်းတွင် ဒေါက်တာဆွန်ယတ်ဆင်သည် တော်လှန်ရေး သဘောတရားတို့ကို လေ့လာသည်။ ထိုနောက် ဂျပန်နိုင်ငံ၊ တောင်ပင်လယ်ကျွန်းများ၊ အင်ဒိုချိုင်းနားကျွန်းဆွယ်၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စုစသော နိုင်ငံတို့ကို လှည့်လည်၍၊ ထိုနိုင်ငံရှိ ပင်လယ်ရပ်ခြားတရုတ်အမျိုးသားတို့ကို စည်းရုံးပြီးလျှင် တော်လှန်ရေးစိတ်ဓာတ် မျိုးစေ့တို့ကိုချခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် ဒေါက်တာဆွန်ယတ်ဆင်သည် အမျိုး သားရေးအခြေခံ၊ ဒီမိုကရေစီအခြေခံနှင့် ဆိုရှယ်လစ်ဝါဒအခြေခံတို့ဖြင့် လုပ်ငန်းစဉ်ချမှတ်သော 'ပြည်သူတို့၏ မူသုံးချက်'ကို ကြံစည်တွေးဆ၍၊ ပြဋ္ဌာန်းလိုက်လေသည်။ နောင်သောအခါတွင် ထိုမူသုံးချက်ကို ကျမ်းတစ်စောင်ပြု၍၊ 'စန်မင်းချူအီ'ဟု ခေါ် တွင်စေလေသည်။ ထိုမူသုံးချက်ကား တရုတ်နိုင်ငံကို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲစေသော အခြေခံတရား သုံးပါးဖြစ်၏။ ဒေါက်တာ ဆွန်ယတ်ဆင်သည် ထိုပြည်သူတို့၏ မူသုံးချက်ကို ၁၉ဝ၅ ခုနှစ်သို့ရောက်မှပင် အများသိအောင်ကြေညာ၍၊ လုပ်ငန်းစဉ် အနုစိတ်ကို ချမှတ်ခဲ့သည်။ ဤသည်မှစ၍ ဥရောပနှင့် ဂျပန်နိုင်ငံတို့တွင် ချုန်ကို တုန်မင်ဟွီခေါ် တရုတ် တော်လှန်ရေး အသင်းများကို တည်ထောင်ခဲ့လေသည်။ ဤ အချက်ကြောင့် မန်ချူးဘုရင်အစိုးရသည် ဒေါက်တာဆွန်ယတ်ဆင်ကို ဖမ်းရန်အတွက် ပေါင်တသိန်းနှင့်ညီမျှသော ဆုငွေအရပ် ရပ်တို့ကို ကျေညာခဲ့၏။ ဒသမလ ဒသမနေ့ ဤအတွင်း တရုတ်နိုင်ငံရှိ ပြည်နယ်အနှံ့အပြား၌ တော်လှန်ရေးတိုက်ပွဲများ ဖြစ်ပွားခဲ့၏။ ၁၉၁၁ ခုနှစ် မတ်လတွင်ဖြစ်ပွားသော ကန်တုန်တိုက်ပွဲ၌ တရုတ်အမျိုးသားတော်လှန်ရေးသမားတို့ မြောက်မြားစွာ ကျဆုံးခဲ့သည်။ ဤသည်ကိုရည်စူး၍၊ ကန်တုန်မြို့မြောက်ဘက် ဟွာကန်အရပ်တွင် အာဇာနည် ၇၂ ဦးတို့၏ အထိမ်းအမှတ်ဗိမာန်ကို တည်ဆောက် ထားလေသည်။ ဤတိုက်ပွဲကား ဆယ်ကြိမ်မြောက်တိုက်ပွဲ ဖြစ်၏။ သို့ရာတွင် မအောင်မြင်ချေ။ တရုတ်လ ၁ဝ လမြောက်၊ ၁ဝ ရက်နေ့၌ကား ဝူချန်မြို့မှ အစပြု၍ တော်လှန်ရေးတိုက်ပွဲ ဆင်သည်တွင် ပြည်နယ် ၁၅ နယ်တို့သို့ တိုက်ပွဲများ တမုဟုတ်ခြင်း ပျံ့နှံ့သွားပြီးလျှင်၊ နောက်ဆုံး၌ အောင်မြင်လေသည်။ ဤအောင်မြင်သောနေ့ကို တရုတ်အမျိုးသားတို့ အခေါ်အဝေါ်အားဖြင့် ဒသမလ ဒသမနေ့၊ တနည်းအားဖြင့်၊ ဆယ်လ ဆယ်ရက်ဟူ၍ ခေါ်ဆိုကြလေသည်။ ထိုဝူချန်တိုက်ပွဲအပြီးတွင် တော်လှန်ရေးသမားတို့သည် ဒေါက်တာဆွန်ယတ်ဆင်အား တရုတ်သမ္မတနိုင်ငံ၏ ယာယီသမ္မတအဖြစ် တင်မြှောက်သည်ဟု ကျေညာလေ၏။ ထိုအချိန်တွင် ဒေါက်တာဆွန်ယတ်ဆင်သည် အင်္ဂလန်ပြည်၌ပင် ရှိနေခဲ့ရာမှ တရုတ်နိုင်ငံသို့ ချက်ခြင်းပြန်လာခဲ့ရ၏။ ထိုနောက် ၁၉၁၂ခုနှစ် ဇန္နဝါရီလတရက်နေ့တွင် နန်ကင်းမြို့၌ ဒေါက်တာ ဆွန်ယတ်ဆင်သည် ယာယီသမ္မတရာထူးကို လက်ခံလိုက်လေသည်။ ထိုအခိုက်တွင် မန်ချူးဘုရင်လည်း နန်းဆင်းပေးရမည်ဟု ကတိပြု၍၊ သူ၏စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ယွန်ရှီကိုင်အား ဒေါက်တာဆွန်ယတ်ဆင်နှင့် စေ့စပ်ရန် စေလွှတ်လေသည်။ ဒေါက်တာဆွန်ယတ်ဆင်မှာ ထိုယွန်ရှီကိုင်ကို သိမ်းသွင်းနိုင်ရန် အလို့ငှာ စေ့စပ်ချက်ကို လက်ခံသည်။ သို့နှင့်ပင် ၁၉၁၂ ခုနှစ် ဖေဖွာရီလ ၁၂ ရက်နေ့တွင် မန်ချူးမင်းသည် ထီးနန်းစွန့်ပြီဟု ကျေညာပြီးသော်၊ မတ်လ ၁၁ ရက်နေ့၌ တရုတ်ယာယီသမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အတည်ဖြစ်လာ ၍၊ ဒေါက်တာဆွန်ယတ်ဆင်လည်း ဧပြီလ ၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ပေးကာ၊ ယွန်ရှီကိုင်ကို သမ္မတတင်မြှောက် လိုက်လေသည်။ ထိုနှစ်၌ပင်လျှင် တရုတ်တော်လှန်ရေးအသင်း သည် အခြားနိုင်ငံရေးအသင်းများနှင့် စုပေါင်းကာ ကူအိုမင်တန်အသင်း အဖြစ်သို့ပြောင်းလဲ ဖွဲ့စည်းလိုက်လေသည်။ ပြည်တွင်းစစ် ဆွန်ယတ်ဆင်သည် ယွန်ရှီကိုင်၏ အစိုးရအဖွဲ့ထဲတွင် သယ်ယူပို့ဆောင်ရေးဌာနကို အုပ်ချုပ်လျက် ပူးပေါင်းဆောင်ရွက်နေသော်ငြားလည်း၊ ဘုရင် စနစ်ကို ပြန်လည်ထူထောင်ရန် ဝါဒရှိသော ယွန်ရှီကိုင်နှင့် သဘောကွဲလွဲလာခဲ့သည်။ မူလက ဖွဲ့စည်းခဲ့သော ကူအိုမင်တန်အဖွဲ့သည်လည်း ဒေါက်တာဆွန်ယတ်ဆင် ချမှတ်ခဲ့သော တော်လှန်ရေးလမ်းစဉ်တို့ကို စွန့်လွှတ် စပြုလာသည်။ ထိုကြောင့် ဒေါက်တာဆွန်သည် တရုတ်နိုင်ငံတောင်ပိုင်းကို စည်းရုံး၍၊ ယွန်ရှိကိုင်အစိုးရကို တော်လှန်ခဲ့ရပြန်သည်။ ဤသည်တွင် ယွန်ရှီကိုင်၏ ဩဇာညောင်းသော တရုတ်နိုင်ငံမြောက်ပိုင်းနှင့် ဒေါက်တာဆွန်ယတ်ဆင်၏ ဩဇာညောင်းသော တရုတ်နိုင်ငံ တောင်ပိုင်းတို့သည် ပြည်တွင်းစစ်ကို ဆင်နွဲကြလေသည်။ သို့ရာတွင် ဒေါက်တာဆွန်ယတ်ဆင်မှာ အရေးနိမ့်သဖြင့် ရှောင်တိမ်းခဲ့ရသည်။ ၁၉၁၄ ခုနှစ်တွင် ယွန်ရှီကိုင်သည် ကူအိုမင်တန်ကိုလည်းကောင်း၊ တရုတ်သမ္မတနိုင်ငံ ပါလီမန်ကိုလည်းကောင်း၊ တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်းကောင်း ဖျက်သိမ်းပစ်လိုက်လေသည်။ ထိုအချိန်တွင် ဒေါက်တာဆွန်ယတ်ဆင်သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ရှိနေလေရာ၊ ထိုမြို့မှနေ၍ သူ၏ရဲဘော် ရဲဘက်တို့ကို ပြန်လည်စုရုံးကာ၊ ချုံဟူအာ ကေမင်တန်ဟုခေါ် အမည်သစ်ဖြင့် တရုတ်တော်လှန်ရေးပါတီကို ၁၉၁၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် တည်ထောင်လေသည်။ ၁၉၁၇ ခုနှစ်တွင် ယွန်ရှီကိုင် ကွယ်လွန်သည်။ ထိုအခါ တရုတ်နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းတို့သည် ခေတ္တမျှ ညီညွတ်ပေါင်းစည်းခဲ့ကြ၏။ သို့ရာတွင် ကမ္ဘာစစ်ထဲသို့ ဝင်သင့် မဝင်သင့်ဟူသော ပြဿနာပေါ်လာပြီးလျှင် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ ကွဲကြပြန်သည်။ ဒေါက်တာဆွန်ယတ်ဆင်ကား ယွန်ရှီကိုင် ကွယ်လွန်ပြီးသည့်နောက်၊ ကန်တုန်မြို့သို့ ရေတပ်ဖြင့် ချီတက်လာခဲ့ပြီးလျှင်၊ အထူးကွန်ဖရင့်တစ်ရပ်ကို ကျင်းပခဲ့သည်။ ထိုကွန်ဖရင့်က ဒေါက်တာဆွန်ယတ်ဆင်ကို စစ်အုပ်ချုပ်ရေး၌ အထွတ်အထိပ်ဖြစ်သော ဦးစီးဗိုလ်ချုပ်အဖြစ်ဖြင့် တင်မြှောက်လေသည်။ သို့ရာတွင် ထိုအချိန်၌ မြောက်ပိုင်းနှင့် တောင်ပိုင်းအုပ်စုတို့၏ ခေါင်းဆောင်စစ်ဗိုလ်များသည် သူတလူ ငါတမင်း အုပ်ချုပ်နေကြလေရာ၊ ဒေါက်တာဆွန်ယတ်ဆင်သည် ၁၉၁၈ ခုနှစ်၌ ကန်တုန်မြို့မှ ရှန်ဟိုင်းမြို့သို့ တစ်ဖန်ထွက်ပြေးလာပြီးလျှင်၊ အမျိုးသား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို စာဖြင့်သာလျှင် ရေးသားဖြန့်ချိကာ ဝါဒဖြန့်နိုင်လေသည်။ ဤအတွင်း ၁၉၁၉ခုနှစ်သို့ရောက်သော်၊ နိုင်ငံရေးကြိုးပမ်းမှုတို့တွင် အလုပ်သမားများသည် ပါဝင်ဆင်နွဲ လာကြလေသည်။ အလုပ်သမားအရေးတော်ပုံကို ဖန်တီးသော မေလ ၄ ရက်နေ့လှုပ်ရှားမှုကို အခြေခံ၍၊ ဒေါက်တာဆွန်ယတ်ဆင်သည် သူ၏ တော်လှန်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပြန်လေသည်။ ဒေါက်တာဆွန်ယတ်ဆင်သည် ၁၉၂ဝ ပြည့်နှစ်တွင် ကန်တုန်နှင့် ကန်ဆီပြည်နယ်နှစ်ခုတို့ကို ညီညွတ်စွာ ပူးပေါင်း လေအောင် ဆောင်ရွက်ရာ၌ အောင်မြင်လေသည်။ ထိုနောက် ထိုနှစ် နိုဝင်ဘာလတွင် ချုံဟူအာကေမင်တန်ကို တရုတ်အမျိုးသား ကူအိုမင်တန်ဟူသော အဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲဖွဲ့ စည်းလေသည်။ ဤအတောအတွင်း မြောက်ပိုင်းဒေသတို့ကို စည်းရုံးရန်အတွက် စစ်တပ်ဖြင့် ချီတက်ရန် ပြင်ဆင်သောအခါ၊ မူလက ဒေါက်တာဆွန်ယတ်ဆင်ကို ပူးပေါင်း၍ အကူအညီပေး ခဲ့သော စစ်ဗိုလ်ချင်ချိယုံမင်းသည် ဒေါက်တာဆွန်ယတ်ဆင်ကိုပင် ပြန်၍တော်လှန်လေရာ၊ ဒေါက်တာဆွန်ယတ်ဆင်သည် ရှန်ဟိုင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရပြန်သည်။ ပြည်နယ်များစည်းလုံးရေး ဒေါက်တာဆွန်ယတ်ဆင်က တရုတ်ပြည်ရှိ မြောက်ပိုင်း ဒေသတို့ကို ချီတက်ရန်ရည်ရွယ်ချက်မှာ စစ်ဗိုလ်ကြီးများ၏ ဗိုလ်လုပွဲတို့ကို ရပ်စဲစေရန်နှင့် နိုင်ငံခြားသားတို့၏ နယ်ချဲ့ စနစ်ကို ပြည်နယ်များ၏ စည်းလုံးရေးဖြင့် ခုခံတော်လှန်ရန် ဖြစ်လေသည်။ ထိုကြောင့် ဒေါက်တာဆွန်သည် ၁၉၂၃ ခုနှစ် ဖေဖွာရီလတွင် ကန်တုန်မြို့ကို သိမ်းပိုက်၍၊ စစ်ဗိုလ်ချင်ချိယုံ မင်းကို တိုက်ခိုက်အောင်နိုင်လိုက်လေသည်။ သို့ရာတွင် သူရည် မှန်းထားသော စစ်ချီမှုမှာ အခက်အခဲအမျိုးမျိုးတိုကြောင့် တော် တော်နှင့် အပြီးသတ်မအောင်မြင်နိုင်ချေ။ ဤအတွင်း ဗြိတိသျှ နှင့် အမေရိကန်ရေတပ်တို့ကလည်း ပုလဲမြစ်တွင်း၌ စစ်သင်္ဘော များချကာ ကန်တုန်အစိုးရ အခြေအနေကို အကဲခတ်လျက်ရှိ သည်။ ထိုရေတပ်အားကိုးဖြင့် တရုတ်အမျိုးသားစစ်ဗိုလ် အချို့ တို့က ကန်တုန်အစိုးရကို တော်လှန်ပုန်ကန်ကြသည်။ ဒေါက် တာဆွန်ယတ်ဆင်ကား စစ်ဗိုလ်ကြီးများ၏ သူတလူ ငါတမင်း ဝါဒကို ဗြိတိသျှ အမေရိကန်တို့၏ အကူအညီဖြင့် ဖြိုဖျက်ရန် အာသီသထားခဲ့သည်။ သို့ရာတွင် ယင်းတို့ထံမှ အကူအညီမရ သည့်အတွက် ရုရှနိုင်ငံ ဆိုဗီယက်အစိုးရတို့နှင့် မဟာမိတ်အဖြစ် ဆက်သွယ်ခဲ့ရသည်။ နောက်ဆုံးအချိန် စင်စစ် ဒေါက်တာဆွန်သည် ရုရှခေါင်းဆောင် လီနင်ကို နိုင်ငံရေး ဩဝါဒါစရိယအဖြစ်ဖြင့် ကြည်ညိုသူတစ်ဦးဖြစ်သည်။ ထိုကြောင့် ဆိုဗီယက်အစိုးရနှင့် ဆက်သွယ်မိသောအခါ၊ ဆိုဗီ ယက်စစ်တပ် ဖွဲ့စည်းပုံကို ဆိုဗီယက်ပါရဂူတို့၏ အကူအညီဖြင့် လေ့လာပြီးလျှင်၊ တော်လှန်ရေး စစ်တပ်ကို ဖွဲ့စည်းလေသည်။ နောက်ဆုံး၌ တရုတ်ကွန်မျူနစ်ပါတီနှင့် ပူးပေါင်း၍ တော်လှန် ရေးလုပ်ငန်းကို ဆက်လုပ်ရန် လက်ခံလိုက်ပြီးလျှင်၊ ကူအိုမင် တန်ကို ထပ်မံခိုင်မြဲအောင် ဖွဲ့စည်း၍၊ ၁၉၂၄ ခုနှစ် ဇန္နဝါရီလ တွင် တရုတ်အမျိုးသား ကူအိုမင်တန် ပထမနှစ်ညီလာခံကို ဦးစီးကျင်းပခဲ့လေသည်။ ထိုစဉ်က ဒေါက်တာဆွန်သည် တရုတ် နိုင်ငံ တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် အမျိုးသားညီလာခံ ကြီးကို ဖွဲ့စည်းရန် ဆော်အောခဲ့လေသည်။ ၁၉၂၄ ခုနှစ်တွင် တရုတ်ပြည်မြောက်ပိုင်း စစ်ဗိုလ်ကြီး များက ညီညွတ်ရေးအတွက် စေ့စပ်ရန်ဖိတ်ကြားလေသော်၊ ဒေါက်တာဆွန်သည် ဖိတ်ကြားချက်ကိုလက်ခံ၍၊ ပီကင်းမြို့သို့ ဂျပန်နိုင်ငံမှတစ်ဆင့် သွားရောက်ခဲ့လေ သည်။ ၁၉၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့၌ကား ဒေါက်တာဆွန်သည် သူ၌ကပ်ငြိနေ သော ကင်ဆာရောဂါဖြင့် ပီကင်းမြို့၌ပင် အနိစ္စရောက်လေ သည်။ ၁၉၂၉ ခုနှစ်တွင် သူ၏ ရုပ်ကလာပ်ကို နန်းကင်းမြို့သို့ ရွေ့ပြောင်းသင်္ဂြိုဟ်၍၊ ဒေါက်တာ ဆွန်ယတ်ဆင် အထိမ်းအမှတ် ဥယျာဉ်ကို တရုတ်အမျိုးသားအစိုးရနှင့် ပြည်သူတို့က တည် ထောင်ခဲ့လေသည်။ ကိုးကား တရုတ်သမ္မတနိုင်ငံ၏ သမ္မတများ
https://my.wikipedia.org/wiki/%E1%80%86%E1%80%BD%E1%80%94%E1%80%BA%E1%80%9A%E1%80%80%E1%80%BA%E1%80%86%E1%80%84%E1%80%BA
ချန်ကေရှိတ်
ချန်ကေရှိတ် (蔣介石 - သားယောက်ျားများ အရွယ်ရောက်ချိန်တွင် ပေးသည့်အမည် ချန်ကေရှိတ်မှာ ကွမ်တုန်းအသံထွက်ဖြစ်ပြီး ရုံးသုံးတရုတ်ဘာသာ အသံထွက်မှာ ကျန်ကျဲ့ရှီ ဖြစ်သည်။ အမည်ရင်းမှာ 蔣中正 - ကျန်ကျုံးကျိန့် ဖြစ်သည်။) (၃၁ အောက်တိုဘာ ၁၈၈၇ - ၅ ဧပြီ ၁၉၇၅) သည် ၂၀ ရာစုနှစ်တရုတ်ပြည်၏ နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင် တဦးဖြစ်သည်။ သူသည် ဩဇာသက်ရောက်မှုရှိသည့် ကွန်မင်တန်ပါတီဝင်ဖြစ်သည့်အပြင် ချင်းမင်းဆက် (မန်ချူးတရုတ်) နှင့် သက်ဦးဆံပိုင် ဧကရာဇ်စနစ်ကို တွန်းလှန်ခဲ့သူ ဒေါက်တာဆွန်ယက်ဆင်၏ လက်ရုံးတဦးဖြစ်သည်။ သူသည် ကွန်မင်တန် အစိုးရ၏ ဟွမ်ဖူ စစ်တက္ကသိုလ် ကျောင်းအုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၂၅ ခုနှစ် ဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် ကွန်မင်တန်ပါတီကို ဆက်ခံခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ချန်ကေရှိတ်သည် တရုတ်ပြည် မပြိုကွဲရေးအတွက် မြောက်အရပ်သို့ စစ်ဆင်ရေးကို ဦးဆောင်ခဲ့ပြီး တရုတ်ပြည်၏ အကြီးအကဲ ဖြစ်လာသည်။ ယင်းစစ်ဆင်ရေး၏ အဓိက ရည်ရွယ်ချက်မှာ တရုတ်ပြည် မြောက်ပိုင်းဒေသတွင် တမင်းတချင်း ကြီးစိုးနေသည့် စစ်နယ်ရှင်များအား နှိမ်နင်းရန်ဖြစ်သည်။ သူသည် တရုတ်သမ္မတနိုင်ငံ အစိုးရ၏ အမျိုးသား စစ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ၁၉၂၈ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ချန်ကေရှိတ်သည် ဂျပန်တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။ ချန်ကေရှိတ်ဦးဆောင်သည့် ကွန်မင်တန်ပါတီသည် တရုတ် ပြည်တွင်းစစ်ပွဲတွင် မော်စီတုန်းဦးဆောင်သည့် တရုတ် ကွန်မြူနစ်ပါတီနှင့် ကာလကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက် ချန်ကေရှိတ်သည် တရုတ်ကွန်မြူနစ်များကို ချေမှုန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကွန်မြူနစ်ဘက်မှ ဆိုဗီယက် ရုရှားတို့က ထောက်ခံအားပေးခဲ့ရာ ကွန်မြူနစ်ကို စစ်ရှုံးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ချန်ကေရှိတ်သည် ထိုင်ဝမ်သို့ တိမ်းရှောင်ခဲ့ပြီး ကွန်မြူနစ်လက်ထဲမှ တရုတ်ပြည်မကြီးအား ပြန်လည်တိုက်ယူနိုင်ရန် ထိုင်ဝမ်တွင် ခြေကုတ်ယူခဲ့သည်။ သို့သော်လည်း သူကွယ်လွန်သည်အထိ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ ချန်ကေရှိတ်သည် ထိုင်ဝမ်သို့ ရောက်ရှိပြီးနောက် တရုတ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် အုပ်စိုးခဲ့သည်မှာ သူကွယ်လွန်သည့် ၁၉၇၅ ခုနှစ်အထိ ပင်ဖြစ်သည်။ ငယ်စဉ်ဘဝ တရုတ်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သော ရှန်ကေရှိတ်သည် ကိုယ်ပိုင်မြေကို ကိုယ်တိုင်လုပ်သော တောင်သူလယ်သမား မျိုးရိုးမှ ဆင်းသက်ပေါက်ဖွားလာသူဖြစ်၍၊ ၁၈၈၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံ ချီကျန်နယ် ဝူလင်းမြို့ကလေး၌ ဖွားမြင်လေသည်။ အသက် ၁၈ နှစ် အရွယ်တွင် စစ်အတတ်ကို လေ့လာဆည်းပူးခဲ့သည်။ ၁၉ဝ၉ ခုနှစ်တွင် စစ်တက္ကသိုလ်မှဆင်း၍ ဂျပန်စစ်တပ်ထဲသို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ ဂျပန်နိုင်ငံ၌ နေထိုင်ခဲ့စဉ်က တရုတ် အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်နှင့် တွေ့ဆုံခဲ့ရာ ဆွန်ယက်ဆင်၏ နိုင်ငံရေးတရားများကို ကြားနာရသဖြင့် အထူးနှစ်သက်ပြီးလျှင် ဆွန်ယက်ဆင်၏ ကွန်မင်တန်ဟု နောင်အခါ အမည်တွင်လာသည့် ထုံမုန်ဟွေ့ (同盟會) ခေါ် တရုတ်တော်လှန်ရေး လျှို့ဝှက်ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့လေသည်။ ၁၉၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ တော်လှန်ရေးကြီး ဖြစ်ပွားသောအခါ ချန်ကေရှိတ်သည် တရုတ်နိုင်ငံသို့ ပြန်လာ ခဲ့ပြီးလျှင် ဆွန်ယက်ဆင်နှင့် ကူညီလုပ်ကိုင်ခဲ့ရာ ဆွန်ယက်ဆင်၏ အားထားခြင်းကို ခံခဲ့ရသည်။ ၁၉၁၂ ခုနှစ်တွင် ဆွန်ယက်ဆင်သည် တရုတ်သမ္မတနိုင်ငံ၏ ယာယီသမ္မတအဖြစ်နှင့် ဆောင်ရွက်စဉ်၊ ဟင်နရီပုယီ (溥儀) အမည်တွင်သော မန်ချူးမင်းဆက်မှ ဆင်းသက်လာသည့် တရုတ်ပြည်ဘုရင်ဆူအံတုံသည် ထီးနန်းစွန့်လေသည်။ ထိုအခါ ဆွန်ယက်ဆင်ဦးစီးသော တော်လှန်ရေးအဖွဲ့က ယွမ်ရှီခိုင် (袁世凱) ကို သမ္မတအဖြစ်ဖြင့် တင်မြောက်လေသည်။ သို့သော် ၁၉၁၃ ခုနှစ်၌ကား ယွမ်ရှီခိုင်သည် တရုတ်အမျိုးသားသမဂ္ဂကို အာဏာနှင့် ဖိနှိပ်လာသောကြောင့် ဆွန်ယက်ဆင်သည် ယွမ်ရှီခိုင်ကို တော်လှန်ရန် စီမံလေသည်။ ထို့နောက် ချန်ကေရှိတ်သည် ရှန်ဟိုင်းမြို့မှနေ၍ ယွမ်ရှီခိုင်ကို တော်လှန်လေသည်။ ဆွန်ယက်ဆင်မှာမူ ကန်တုန်မြို့ (ကွမ်ကျိုးမြို့) ကို သိမ်းပိုက်၍ တရုတ်ပြည်ရေကြောင်း ကြည်းကြောင်းဆိုင်ရာ သေနာပတိအဖြစ်ကို ခံယူကာ ပီကင်းအစိုးရနှင့် စင်ပြိုင်အစိုးရ အဖွဲ့ ဖွဲ့သည်။ ချန်ကေရှိတ်လည်း ကန်တုန်သို့လာ၍ ဆွန်ယက်ဆင်၏ နိုင်ငံရေးကြိုးပမ်းမှုတွင် ကိုယ်ထိလက်ရောက် ပူးပေါင်း ပါဝင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ချန်ကေရှိတ်သည် ဟွမ်ဖူစစ်တက္ကသိုလ်တွင် ကျောင်းအုပ်ဖြစ်ခဲ့သည်။ ထို့နောက် ဆွန်ယက်ဆင်၏ အကူအညီဖြင့် တရုတ်နိုင်ငံတောင်ပိုင်းရှိ တရုတ်အမျိုးသား စစ်တပ်များ၏ သေနာပတိရာထူးကို ရရှိသည်။ ထိုအချိန်မှစ၍ တရုတ်နိုင်ငံကြီး တစ်စည်းတစ်လုံးတည်းဖြစ်ရေးကို ကြိုးပမ်း တိုက်ခိုက်လာခဲ့ရာ ကမ္ဘာကျော်သော ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ချန်ကေရှိတ်သည် ဤကဲ့သို့ အောင်ပန်း အသီးသီးကို ဆွတ်လှမ်းနိုင်ခဲ့ခြင်းမှာလည်း ဆိုဗီယက်တို့၏ အကူအညီရရှိသောကြောင့်ပင် ဖြစ်ပေသည်။ ဆွန်ယက်ဆင်၏ အရိုက်အရာကို ဆက်ခံခြင်း ၁၉၂၅ ခုနှစ်တွင် ဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် ချန်ကေရှိတ်သည် ကွန်မင်တန်အဖွဲ့၏ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၂၇ ခုနှစ်တွင်ကား ချန်ကေရှိတ်နှင့် ကွန်မြူနစ်တို့ နှစ်ခြမ်းကွဲပြီးလျှင် ထိုအချိန်မှ စ၍ ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားခဲ့ လေသည်။ ၁၉၂၈ ခုနှစ်တွင် ချန်ကေရှိတ်သည် တရုတ်အမျိုးသား အစိုးရအဖွဲ့ဥက္ကဋ္ဌ ဖြစ်လာလေရာ၊ အာဏာရှင်တမျှ တန်ခိုးတက်ခဲ့သည်။ ထိုအတောအတွင်း ချန်ကေရှိတ်သည် မိမိ၏ ပထမဇနီးကို ကွာရှင်းလိုက်ပြီးနောက် ၁၉၂၇ ခုနှစ်တွင် ဆုန့်မေလင် (宋美齡) အမည်ရှိ ချောမောလှပသော မိန်းမပျိုတစ်ဦးနှင့် လက်ထပ်လိုက်သည်။ ပထမဇနီးနှင့် ကျန်ကျင်းကော် (蔣經國) အမည်ရှိ သားတစ်ယောက် ထွန်းကားခဲ့သည်။ ဆုန့်မေလင်မှာ ဒေါက်တာဆွန်ယက်ဆင်၏ ခယ်မ ဖြစ်၍၊ ခရစ်ယာန်အယူဝါဒီ အထက်တန်းစား တရုတ်ဆွေမျိုးမှ ပေါက်ဖွားလာသူ ဖြစ်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ချန်ကေရှိတ်လည်း ခရစ်ယာန်အယူကို ယူလိုက်လေသည်။ စစ်ပွဲကာလအတွင်း ဦးဆောင်မှု ချန်ကေရှိတ်ဦးစီးသော ကွန်မင်တန်ပါတီနှင့် ကွန်မျူနစ်တို့ အာဏာလုပွဲ အခြေအနေမှာ တစ်နေ့တစ်ခြား ပြင်းထန်လာသည်။ ၁၉၃၆ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် စစ်တာဝန်ခံဖြစ်သော မာရှယ် ကျန်းရွှယ်လျန် (張學良) က ချန်ကေရှိတ် ရှီးအန်းမြို့ (西安) သို့အလာတွင် ဖမ်းဆီး၍ အကျယ်ချုပ်ထားပြီးလျှင် ကွန်မြူနစ်များနှင့် ပူးပေါင်း၍ ဂျပန်အား ပြန်လည်တိုက်ခိုက်ရန် နားချလေသည်။ ချန်ကေရှိတ်သည် ၁၅ ရက်ကြာမှ လွတ်လာ၏။ ချန်ကေရှိတ်သည် ၁၉၂၈ ခုနှစ်မှ ၁၉၃၁ ခုနှစ်အထိ တရုတ်နိုင်ငံ၏ သမ္မတအဖြစ် ဆောင်ရွက်ခဲ့၍ ဝန်ကြီးချုပ်အဖြစ်ကား အကြိမ်ပေါင်းများစွာ ဆောင်ရွက်ရသည်။ ၁၉၃၇ ခုနှစ်တွင် တရုတ်နိုင်ငံကို ဂျပန်က စတင်တိုက်ခိုက်ရာ ချန်ကေရှိတ်သည် တရုတ်နိုင်ငံ၏မြို့တော်ကို တရုတ်နိုင်ငံအတွင်းပိုင်းဒေသ အနောက်တောင်ဘက်ရှိ ချုံကင်းမြို့ (ချုံချင့်မြို့) သို့ ရွေ့ပြောင်းပြီးလျှင် စစ်သေနာပတိချုပ်အဖြစ် ဂျပန်တို့ကို ခုခံတိုက်ခိုက်ခဲ့၏။ ၁၉၄၂ ခုနှစ်တွင် တရုတ်နိုင်ငံ စစ်မျက်နှာရှိ မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိချုပ်အဖြစ် ခန့်ထားခြင်းခံရသည်။ ၁၉၄၃ ခုနှစ်တွင် သမ္မတလင်းဆင်း ကွယ်လွန်သဖြင့် ကွန်မင်တန်ပါတီက ချန်ကေရှိတ်အား သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခဲ့ကြသည်။ ချန်ကေရှိတ်သည် သမ္မတအဖြစ် ခန့်ထားခြင်းခံရသော်လည်း ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ စစ်သေနာပတိချုပ်အဖြစ်လည်းကောင်း ဆက်လက်ဆောင်ရွက်သည်။ ၁၉၄၃ ခုနှစ်တွင် ကိုင်ရိုမြို့၌ အမေရိကန် သမ္မတ ရူးဇဗဲ့၊ ဗြိတိသျှ ဝန်ကြီးချုပ် ချာချီတို့နှင့် တွေ့ဆုံခဲ့လေသည်။ ၁၉၄၅ ခုနှစ်တွင် တရုတ်နိုင်ငံရှိ ဂျပန်တို့သည် ချန်ကေရှိတ်ထံ လက်နက်ချကြသည်။ ၁၉၄၆ ခုနှစ် မေလတွင် တရုတ်အစိုးရအဖွဲ့ကို နန်ကျင်းမြို့သို့ ရွေ့ပြောင်းခဲ့ပြီးနောက် အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲကြီး ကျင်းပစေ ခဲ့သည်။ ထိုအမျိုးသားလွှတ်တော်က ပါလီမန်အုပ်ချုပ်ရေး စံနစ်ကို လျာထားသော အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့၏။ ချန်ကေရှိတ်ကိုလည်း သမ္မတအဖြစ် ပြန်လည် တင်မြောက်ခဲ့သည်။ ထိုအချိန်အခါက ချန်ကေရှိတ်အစိုးရနှင့် တရုတ်ပြည် မြောက်ဘက်အစွန်ဖြစ်သည့် မန်ချူးရီးယား ပြည်နယ်ကို လက်ဝယ်ရနေသော မော်စီတုံးခေါင်းဆောင်သည့် တရုတ်ကွန်မြူနစ်များနှင့် ပူးပေါင်းညီညွတ်ရန် စေ့စပ်ခဲ့သေးသည်။ သို့သော် စေ့စပ်မှု မအောင်မြင်ခဲ့ချေ။ ထိုင်ဝမ်သို့ ပြောင်းရွှေ့ခြင်း ဂျပန်တို့ လက်နက်ချပြီး ချိန်မှစ၍ ကွန်မင်တန်နှင့် ကွန်မြူနစ် ပြည်တွင်းစစ်များမှာ တစ်ဖန် ပြည်လည်ဖြစ်ပွားခဲ့ရာ ချန်ကေရှိတ်၏ ကွန်မင်တန်တပ်များ တရှုံးတည်း ရှုံးခဲ့၍ ကွန်မြူနစ်တို့က တစ်နယ်ပြီး တစ်နယ် သိမ်းပိုက်ခဲ့ပြီးလျှင် နောက်ဆုံး ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့တွင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးကို သိမ်းပိုက်မိကြလေသည်။ ထိုအခါမှစ၍ ချန်ကေရှိတ်သည် သူ၏အစိုးရအဖွဲ့ကို အလုံးအရင်းနှင့်တကွ ဖော်မိုဆာကျွန်း (ထိုင်ဝမ်) သို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့ရာ ၁၉၅ဝ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် အပြီးတိုင် ရွှေ့ပြောင်းနိုင်ခဲ့သည်။ ချန်ကေရှိတ်၏ တရုတ်အမျိုးသား သမ္မတနိုင်ငံမှာ ကုလသမဂ္ဂတွင် ပါဝင်သောနိုင်ငံ ဖြစ်သည်။ တရုတ်ပြည်မကြီးကို ကိုယ်စားပြုလျက်ရှိသည်ဟု ချန်ကေရှိတ်၏ အစိုးရက ယူဆသည်။ ဤယူဆချက်ကို အခြေတည်၍ ချန်ကေရှိတ်သည် တရုတ်ပြည်မကြီးကို ပြန်လည်သိမ်းပိုက်ရန် လုံ့လပြုလျက်ရှိသည်။ မော်စီတုံး ခေါင်းဆောင်သော တရုတ်ပြည်သူ့သမ္မတ အစိုးရအဖွဲ့ကလည်း ဖော်မိုဆာကျွန်းသည် တရုတ်ပြည်၌ အပါအဝင် ဖြစ်သည်ဟု ယူဆကာ ထိုကျွန်းကို သိမ်းပိုက်ရန် ရည်ရွယ်သည်ဟု ကြေညာထားသည်။ ထိုင်ဝမ်ကျွန်း၌ ရုံးစိုက်သော တရုတ်အမျိုးသား သမ္မတနိုင်ငံ၏ သမ္မတဖြစ်သူ ချန်ကေရှိတ်သည် ၁၉၇၅ ခု ဧပြီလ ၅ ရက် နေ့၌ ထိုင်ဝမ်ကျွန်း၏ မြို့တော်ဖြစ်သော ထိုင်ပေမြို့တွင် အသက် ၈၇ နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီ နှစ်နှစ်ခန့်ကတည်းက ဘီးတပ်ကုလားထိုင်နှင့် သွားလာနေခဲ့ရ၍ လပေါင်း အတန်ကြာစွာ သတိလစ်နေခြင်းက များသည်။ ၁၉၄၉ ခုနှစ်၌ တရုတ် ကွန်မြူနစ်တို့သည် တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ခဲ့ကြရာ ချန်ကေရှိတ်နှင့် သူ၏ အစိုးရအဖွဲ့သည် လက်ရွေးစင် တပ်နှစ်တပ်နှင့် ထိုင်ဝမ်ကျွန်း သို့ ရွှေ့ပြောင်းခဲ့သည်။ ထို့နောက် ထိုင်ဝမ်၌ တရုတ်သမ္မတနိုင်ငံကို ထူထောင်၍ မိမိကိုယ်တိုင် သမ္မတအဖြစ် ခံယူပြီး ပြည်မမှ ကွန်မြူနစ်တို့၏ တိုက်ခိုက်မှု မှန်သမျှကို ခုခံတွန်းလှန်ခဲ့ကြသည်။ အထူးသဖြင့် ထိုင်ဝမ်ကျွန်းအား ထောက်ပံ့ ကူညီရေးနှင့် အကာအကွယ်ပေးရေးကို အမေရိကန်က တာဝန်ယူရန် ၁၉၅ဝ ပြည့်နှစ် ကိုရီးယားစစ်ပွဲ ဖြစ်ပွားနေစဉ် အမေရိကန်သမ္မတ ထရူးမင်းက ဆုံးဖြတ်ခဲ့သည့် နောက်ပိုင်းတွင် ချန်ကေရှိတ်အစိုးရသည် တရုတ်ပြည်မှ ရန်ကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ချန်ကေရှိတ်၏ ကွန်မင်တန် အစိုးရသည် တရုတ်ပြည်မဆီသို့ ပြန်လည် ရောက်ရှိရမည်ဟူသော သူ၏ဝါဒကို ထပ်တလဲလဲ ပြောဆိုခဲ့သည်။ ချန်ကေရှိတ်သည် တစ်ကြိမ်လျှင် သက်တမ်း ခြောက်နှစ်ရှိသော သမ္မတရာထူးကို ငါးကြိမ်တိုင်တိုင် ပြန်လည် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ နောက်ဆုံး ရွေးချယ် တင်မြှောက် ခံရချိန်မှာ ၁၉၇၂ ခုနှစ် ဖြစ်သည်။ အမေရိကန်သမ္မတဖို့ဒ်က ချန်ကေရှိတ်သည် အလွန် ရိုးသားတည်ကြည်သူ၊ သတ္တိရှိသူ၊ နိုင်ငံရေးလာဘ် မြင်သူ၊ ဒုတိယကမ္ဘာစစ်အတွင်းက ထင်ရှားခဲ့သော ကြီးလေးကြီး မဟာမိတ် ခေါင်းဆောင်များထဲတွင် နောက်ဆုံး ကျန်ရှိသူဟူ၍လည်းကောင်း၊ ချန်ကေရှိတ် သေဆုံးခြင်းသည် တရုတ်ပြည်၏ သမိုင်းတစ်ခေတ်ကို အပြီးသတ်သော အထိမ်းအမှတ် ဖြစ်သည်ဟူ၍လည်းကောင်း ချန်ကေရှိတ် ကွယ်လွန်သောအခါ ထုတ်ဖော် ပြောကြားခဲ့သည်။ ချန်ကေရှိတ်၏ တရုတ်အမျိုးသား သမ္မတနိုင်ငံသည် ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့၌ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ၎င်း၏ နေရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အစားထိုး၍ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့သည်။ ချန်ကေရှိတ် ကွယ်လွန်သောအခါ ဒုတိယသမ္မတဖြစ်သူ ဒေါက်တာ ယန်ကျားကန့် (嚴家淦) သည် ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ ရာထူးကို ၁၉၇၅ ခု ဧပြီလ ၆ ရက်နေ့၌ ကျမ်းသစ္စာ ပြု၍ ဆက်ခံခဲ့သည်။ ၁၉၇၂ ခုနှစ်၌ ဝန်ကြီးချုပ် ရာထူးကို ရရှိခဲ့သော ချန်ကေရှိတ်၏ သားဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်ကျင်းကော် ၆၅ နှစ်သည် ဖခင် ကွယ်လွန်သောအခါ ရာထူးမှ နုတ်ထွက်သော်လည်း သမ္မတ ဒေါက်တာ ယန်ကျားကန့်က လက်မခံသဖြင့် ဝန်ကြီးချုပ်အဖြစ် ဆက်လက် ထမ်းရွက်လျက် ရှိသည်။ ကိုးကား ကမ္ဘာ့ နိုင်ငံရေး ခေါင်းဆောင်များ တိုင်းမ်မဂ္ဂဇင်း ဩဇာအရှိဆုံး ပုဂ္ဂိုလ် တရုတ်သမ္မတနိုင်ငံ၏ သမ္မတများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%80%E1%80%B1%E1%80%9B%E1%80%BE%E1%80%AD%E1%80%90%E1%80%BA
စုန့်မေလင်
ထိုင်ဝမ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိုင်းမ်မဂ္ဂဇင်း ဩဇာအရှိဆုံး ပုဂ္ဂိုလ်
https://my.wikipedia.org/wiki/%E1%80%85%E1%80%AF%E1%80%94%E1%80%B7%E1%80%BA%E1%80%99%E1%80%B1%E1%80%9C%E1%80%84%E1%80%BA
ပထမတရုတ်ဂျပန်စစ်ပွဲ
ပထမတရုတ်-ဂျပန်စစ်ပွဲ (中日甲午戰爭) (1 August 1894 – 17 April 1895) သည် ထိုအခါက တရုတ်ပြည်အားကြီးစိုးသည့် ချင်းမင်းဆက်နှင့် မဲအိဂျိခေတ် ဂျပန်တို့အကြား ကိုရီးယားအရေးကြောင့် ဖြစ်ပွားသည့် စစ်ပွဲဖြစ်သည်။ ၎င်းစစ်ပွဲသည်လည်း ချင်းမင်ဆက် ယိုယွင်းပျက်စီးစပြုလာပြီဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ခေတ်မှီတိုးတက်ရေး လုပ်ငန်းများ အောင်မြင်ကြောင်း မီးမောင်းထိုးပြလိုက်သလို ဖြစ်သည်။ ယင်းစစ်ပွဲပြီးနောက် အရှေ့အာရှတွင် တရုတ်တို့အစား ဂျပန်များကြီးစိုးလွှမ်းမိုးလာသည်။ ချင်းမင်းဆက်အဖို့ အထိနာခဲ့ရသည်။ ဤအခြေအနေများသည် ၁၉၁၁ ခုနှစ် ရှင့်ဟိုက်တော်လှန်ရေးအတွက် လမ်းခင်းပေးရာရောက်ခဲ့သည်။ ကျမ်းကိုး တရုတ် ဂျပန် ဆက်ဆံရေး
https://my.wikipedia.org/wiki/%E1%80%95%E1%80%91%E1%80%99%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%82%E1%80%BB%E1%80%95%E1%80%94%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2
ပတ္တမြား
ပတ္တမြားသည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်သည်။ ပတ္တမြား၏ အရောင်သည် အများအားဖြင့် အနီရောင်ဖြစ်သည်။ တွင်းထွက်ကျောက်ထဲတွင် အရည်အသွေးကောင်းပါက တန်ဖိုးကြီးလေသည်။ မြန်မာနိုင်ငံတွင် မိုးကုတ်ဒေသမှ အများဆုံး ထွက်ရှိသည်။ ထို့ကြောင့် မိုးကုတ်ဒေသကို ပတ္တမြားမြေဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ပြဒါးဓာတ်များ ကိန်းအောင်းရာမှ ဖြစ်လာသည်ဟု ရှေးအယူရှိသောကြောင့် ပြဒါးများဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။ ဓာတုဗေဒဖွဲ့စည်းမှု ဓာတုဗေဒအရ ပတ္တမြားနှင့် နီလာသည် အလူမီနီယံအက်တမ် ၃ခုနှင့် အောက်စီဂျင်အက်တမ်၂ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ကိုရမ်ဒမ် (Al2O3) ဒြပ်ပေါင်းသာဖြစ်သည်။ ထိုဒြပ်ပေါင်းအတွင်းသို့ ခရိုမီယံ ဒြပ်စင်အနည်းငယ်ပါဝင်သောကြောင့် အနီရောင်အဖြစ် အရောင်ရှိနေရခြင်း ဖြစ်သည်။ ပုံဆောင်စနစ်မှာ တြိဂုဏ်စနစ်ဖြစ်ပြီး ရောင်လက်အားဖြင့် ဖန်ရောင်လက်ဖြစ်သည်။ မာဆင့်မှာ ၉ ရှိပြီး သဘာဝတွင်းထွက်များအနက် စိန်ပြီးလျှင် အမာဆုံးတွင်းထွက်ဖြစ်သည်။ ပတ္တမြား အရည်အသွေးများ လည်သီးရည် ကြက်ဖလည်ပင်းမှထွက်သော သွေးအရောင်၊ အနီရောင်အပြည့်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။ ငရှဉ့်သွေးရည် ငရှဉ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။ ခိုသွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။ ယုန်သွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သောအရောင်ကို ခေါ်ခြင်းဖြစ်သည်။ သပြေသီးရည် ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ်သည်။ ဘုံဘိုင်ညွန့်ရည် နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။ ဘုံဘိုင်ရည် လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင်သက်သက်မျိုးကို ခေါ်ခြင်းဖြစ်သည်။ ကျောက်တိမ်းရည် အနီတွင် အပြာရည်လွန်သော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။ အရည်ကျ အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။ ပန်းရည် နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။ ကြက်သည်းရောင်အရည် ညိုပုပ်ပုပ်နှင့် မည်းသယောင်ယောင်နီသော အနီပုပ်ရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။ ကြက်သွန်ဥခွံအရည် အနီရောင်ဖျော့လျှက် ဖြူသယောင် အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။ ထုံးခြောက်ရည် နီသော်လည်း ဖြူပြီး ခြောက်တောက်တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။ ကတ္တီပါရည် ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်ကို ခေါ်ခြင်းဖြစ်သည်။ (နီလာတွင်သာ ခေါ်ခြင်းဖြစ်သည်။) ပတ္တမြား ဂေါ်ကြိုး(Star Ruby ) ပတ္တမြား၏ ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများတွေ့ရှိရတတ်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ကြိုးများပေါ်ရခြင်းမှာ ပတ္တမြားနှင့်နီလာတို့၏အတွင်းတွင်ရှိသည့် ပိုးကြိုးကဲ့သို့သော ရူတိုင်းအောင်းဝင်များကြောင့်ဖြစ်သည်။ ပတ္တမြားအတု တန်ဖိုးကြီးလူကြိုက်များသောကြောင့် ပတ္တမြားကို အတုဖန်တီးကာ လိမ်လည်ရောင်းချခြင်းမှာလည်း ပေါ်ပေါက်လာရသည်။ ပတ္တမြားအတုပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ:ပတ္တမြားနှင့်ဆင်တူသော အခြားတွင်းထွက်ကျောက်မျက် (ဥပမာ- ပတ္တမြားနီးပါးလှပသည့် အညံ့ပန်း)ဖြစ်ပြီး၊ ထိုကဲ့သို့သော ကျောက်မျက်များကို ဆင်တူရိုးမှားဟုသတ်မှတ်ပြီး ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများဖြင့် ခွဲခြားနိုင်ပေသည်။ ဒုတိယတစ်မျိုးမှာ : လူတို့၏အားထုတ်မှုဖြင့် ပတ္တမြား၏ ဓာတုဒြပ်ပေါင်းဖြစ်သည့် ကိုရိုဒမ်ဒြပ်ပေါင်းအား ကျိုချက်ကာ တစ်စက်ခြင်းပုံလောင်းအအေးခံခြင်းအားဖြင့် ရရှိလာသည့် ချက်ကျောက်အမျိုးအစားဖြစ်ပေသည်။ ၎င်းကို ဈေးကွက်အတွင်းတွင် ချက်ကျောက် ဟုသတ်မှတ်ခေါ်ဝေါ်ကြသည်။ အဆိုပါ ချက်ကျောက်များအား ဆယ်ဆချဲ့မှန်ဘီလူးဖြင့်သော်လည်းကောင်း ဓာတ်ခွဲခန်းသုံး အဏုကြည့်မှန်ဘီလူးဖြင့်သော်လည်းကောင်း ကောင်းစွာစစ်ဆေးကြည့်လျှင် အအေးခံအစက်ချသည့် အလွှာအလိုက် လိုင်းကြောင်း(မျဉ်းကွေး)များအထပ်ထပ်တွေ့ရှိခြင်းဖြင့် ချက်ကျောက်(အတု) ဖြစ်ကြောင်းကို သိရှိနိုင်သည်။ ကျမ်းကိုး သဘာဝတွင်းထွက် ကျောက်မျက်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%BC%E1%80%AC%E1%80%B8
မိုးကုတ်မြို့
မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းခရိုင်တွင် ပါဝင်သော မိုးကုတ်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့ကြောင့် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင် ထင်ရှားသည်။ ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍ ပတ္တမြားတွင်းခရိုင်ဟု တွင်သည်။ ပထဝီဝင် တည်နေရာ မိုးကုတ်မြို့သည် မြောက်လတ္တီကျု့ ၂၂-ဒီဂရီ ၅၀-မိနစ်နှင့် ၂၃-ဒီဂရီ ၃၀-မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆-ဒီဂရီ ၁၁-မိနစ်နှင့် ၉၆-ဒီဂရီ ၄၅-မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ အရှေ့နှင့်အနောက် မိုင်(၃၀)၊ တောင်နှင့်မြောက် (၁၅.၁၂)မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းတွင် တည်ရှိသည်။ မိုးကုတ်မြို့၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။ ရာသီဥတု အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတု ရှိသည်။ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိသည်။ ပုံမှန်မိုးရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မိုးရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်သည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိသည်။ မိုးကုတ်မြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ကွာတွင်ရှိသော ဗားနဒ်မြို့မှာ ပို၍ မြင့်သောကြောင့် ပို၍ပင် အေးသေးသည်။ မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း ဘူမိဗေဒပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ မိုးကုတ်ဒေသ အောက်ခံကျောက်ဖျာထုသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မိုးကုတ်ဒေသသည် တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး မြေပြန့်လွင်ပြင်များ နည်းပါးသည်။ ရေနီချောင်းသည် ကျေးနီတောင်မှ စိမ့်ရေ၊ စမ်းရေများကို အခြေပြု၍ မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းလာပြီး တပ်သားတောင်မှ စိမ့်ရေ၊ စမ်းရေတို့ကို အခြေပြု၍ စီးဆင်းလာသော ရေပူချောင်းနှင့် တောင်ကချင်ရပ်ကွက်အနီးတွင် ပေါင်းဆုံကာ နမ့်ပယ်ချောင်းအတွင်းသို့ စီးဝင်သည်။ မိုးကုတ်ဒေသတစ်ဝိုက်ရှိ အမြင့်ဆုံးတောင်များမှာ တောင်မင်းတောင်(တောင်မဲတောင်) - ၇၅၄၄ ပေ ကျေးနီတောင် - ၆၇၃၃ ပေ တောင်တော် - ၆၂၂၃ ပေ မြို့မြင်တောင် - ၅၉၅၅ ပေ ထင်းရှူးတောင် - ၅၆၀၆ ပေ ပင့်ကူတောင် - ၅၃၄၅ ပေ ဒေါ်နန်းကြည့်တောင် - ၅၂၇၇ ပေ တို့ဖြစ်သည်။ ထိုတောင်များ၏အကြားရှိ ချိုင့်ဝှမ်းတွင် ခပ်ခွက်ခွက်တည်ရှိပေသောကြောင့် မိုးကုတ်မြို့၏ ပုံသဏ္ဌာန်သည် ဒယ်အိုးသဖွယ်ဖြစ်၏။ လူဦးရေ မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အုပ်စု (၅)အုပ်စု၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၂)ရွာရှိ၍ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိုးကုတ်မြို့ရှိ လူဦးရေမှာ ၇၇,၆၀၉ ယောက် ဖြစ်သည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်တွင် (၃၉၈)ဦး ရှိသည်။ မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးမှာ(၁:၁.၈၁)ဖြစ်သည်။ ကျား-မ လူဦးရေ အချိုးမှာ (၁:၀.၉၁)ဖြစ်သည်။ အများဆုံး နေထိုင်ကြသော လူမျိုးမှာ ဗမာ၊ ရှမ်း၊ လီဆူ၊ ပလောင်၊ ဂေါ်ရခါးနှင့် တရုတ်တို့ ဖြစ်ကြသည်။ စီးပွားရေး မိုးကုတ်မြို့တို့တွင် နေထိုင်သူတို့သည် ကျောက်တွင်းများကို အမှီသဟဲပြု၍ နေသူများဖြစ်ရကား ကျောက်များတူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်များဖြင့် အထည်ပြုလုပ်ခြင်း၊ ကျောက်ရောင်းခြင်း၊ ကျောက်ပွဲစားလုပ်ခြင်းတို့မှာ အဓိကလုပ်ငန်းဖြစ်၏။ ကုန်းမြင့်ဒေသတွင် ဖြစ်သောကြောင့် တောင်ယာများကိုသာ စိုက်ပျိုးလုပ်ကိုင်သည်။ အစားအသောက်များစွာ မထွက်ဘဲ အခြားနယ်များမှ တင်သွင်း ရသည်။ မိုးကုတ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ လယ်ယာမြေကွက်များ ပြောပလောက်အောင် မရှိခြင်းကြောင့် ဆန်စပါးများ မထွက်လှပေ။ မြို့နေလူထုစားသုံးရန်အတွက် မိုးမိတ်နယ်နှင့် အောက်အရပ်ဒေသမှ ဆန်များကို မှီခိုအားထားရသည်။ လက်ဖက်စိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ အနည်းငယ်ရှိသည်။ မိုးကုတ်တွင် ၅ ရက်တစ်ဈေးရှိသည်။ လမ်းပန်းဆက်သွယ်ရေး အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့တောင်ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈)မိုင်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး ဒုတိယကမ္ဘာစစ် မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။ မိုးကုတ်-သပိတ်ကျင်းလမ်းတွင် စရပ်ဖြူပေမြင့်စခန်းမှာ ပေ ၄,၈၁ဝ အမြင့်ရှိ၍ ထိုနေရာတွင် သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တို့၏ နယ်နိမိတ်ကို ကျော်ဖြတ်သည်။ ထိုတောင်ထိပ်မှ နေ၍ ကြည့်လျှင် ဧရာဝတီမြစ်ကိုမြင်ရပေသည်။ ပေ ၄,၅ဝဝ အမြင့်တွင်ရှိသော ကျပ်ပြင်မှသည် မိုးကုတ်မြို့ ရောက်သည် အထိ ပေ ၇ဝဝ မျှ တောက်လျှောက်လျှော၍ ဆင်းသွားရပေသည်။ ယခုအခါ မိုးမိတ်လမ်းမှာ ဗန်းမော်သို့ပင် ပေါက်ပြီဖြစ်၍ ဗန်းမော်မှတစ်ဆင့် မြစ်ကြီးနားသို့တိုင်အောင် မော်တော်ကားဖြင့် သွားနိုင်သည်။ မိုးကုတ်မှ ၇၆ မိုင်ကွာဝေးသော ကျောက်မဲမြို့သို့လည်း ကားလမ်းပေါက်သည်။ သစ်တော တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။ ဘာသာရေး မိုးကုတ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ရှမ်းနှင့် ပလောင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိုးကုတ်မြို့နယ်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀)ခန့် ရှိရာ လူဦးရေနှင့် နှိုင်းယှဉ်လျှင် လူ(၈၀၀)တွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှုန်း ရှိသည်။ မိုးကုတ်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုမှာ လီဆူဘုရားရှိခိုးကျောင်းများ ဖြစ်ကြသည်။ ဂေါ်ရခါးလူမျိုးများမှာ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ များကို ကိုးကွယ်ကြသည်။ မိုးကုတ်မြို့တွင် မွတ်စလင်ဗလီ သုံးခု ရှိသည်။ တရုတ်ဘုရားကျောင်းများလည်း သီးသန့်ရှိသည်။ တရုတ်ဘုရားကျောင်းများမှာ လယ်ဦး ရပ်ရှိ ငါးပါးသီလ ဘုံကျောင်းနှင့် အောင်ချမ်းသာ ရပ် ရှိ ဘုရားတစ်ထောင် ဘုံကျောင်းတို့ ဖြစ်သည်။ မိုးကုတ်မြို့တွင်ရှိသော ဘုရားများအနက် ပုဂံပြည် အလောင်းစည်သူမင်း တည်ခဲ့သော ဖောင်တော်ဦးဘုရား ရွှေဆင်းတုရုပ်ပွားတော်ကြီးသည် ထင်ရှားသည်။ သမိုင်းကြောင်း "ကိတ်၊ နဂါး၊ ကြွက် သုံးဖော်ယှက်၊ ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်"ဟူသော ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၎င်းကိုပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးကုတ်သမိုင်းများစွာ၏ အဆိုအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွားကြီး သိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုမိုးကုတ်မြို့ဖြစ်လာမည့်နေရာသို့ ရှမ်းမုဆိုးသုံးယောက်သည် တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားကာ ရောက်ရှိလာသည်။ မိုးလည်းချုပ်သွားပြီဖြစ်သဖြင့် လမ်းစရှာမရတော့ဘဲ တောတောင်ခြေရင်းတစ်ခုရှိ သဖန်းပင်ကြီးတစ်ပင်အောက်တွင် အိပ်လိုက်ရသည်။ နံနက်မိုးသောက်ချိန်ရောက်သော် အနီးရှိပြိုကျနေသော တောင်စောင်းတစ်ခုပေါ်တွင် ကောင်းကင်ယံမှ ကျီးများ၊ စွန်များ ပျံဝဲဟစ်အော်နေကြောင်းတွေ့ရသဖြင့် သွားရောက်ကြည့်ရှုရာ အသားတစ်ပမာနီမြန်းနေသည့် ပတ္တမြားကျောက်အနီများကို တွေရှိရသဖြင့် ယူဆောင်ခဲ့ပြီး မိမိတို့ အရှင်သခင်စော်ဘွားကြီးကို ဆက်သခဲ့ကြသည်။ စော်ဘွားကြီးကလည်း ဆက်သလာသော ပတ္တမြားကျောက်နီများကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသိသောကြောင့် ထိုနေရာအားလိုက်လံပြသခိုင်းပြီး ထိုနေရာကို စောင့်ရှောက်စေခဲ့သည်။ ထိုပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ကျသူများက သဖန်းပင်ကြီးအနီးတွင် ရွာတည်ပြီးနေသည်မှစကာ သဖန်းပင်ရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်အချို့မိုးကုတ်သမိုင်းစာအုပ်များတွင် မိုးကုတ်အစ သဖန်းပင်ကဟု လည်းရေးသားဖော်ပြခဲ့ကြသည်။ သဖန်းပင်ရွာတွင် ပတ္တမြားတွင်းများကို စောင့်ရှောက်တာဝန်ယူရသော ရှမ်းလူမျိုးများ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းတွင် တိုးချဲ့နေထိုင်လာခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းမှနေပြီး နောင်တွင် မိုးကုတ်မြို့ဟု ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ မိုးကုတ်မြို့ကို သက္ကရာဇ် ၅၇၉ ခုနှစ်တွင် တည်သည် ဟုဆို၏။ ထိုစဉ်က မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ ဖြစ်ခဲ့သည်။ ထိုနောက်တွင်ကား မြန်မာဘုရင်များက ပိုင်သည့် အခါပိုင်ခဲ့၍၊ မိုးမိတ်စော်ဘွားများ၏ လက်တွင် တည်မြဲသည့် အခါ တည်မြဲခဲ့လေသည်။ သာလွန်မင်းလက်ထက်တွင် ရှမ်းတို့ မိုးကုတ်နယ်မြေကို လက်လွှတ်ရပြန်သည်။ မင်းတုန်းမင်း လက်ထက်တွင် မိုးကုတ်မှ ပတ္တမြားတို့ကို တူးဖော်ပြီးလျှင် အနောက်နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်၌ ပတ္တမြားတူးဖော်လုပ်ကိုင်ခွင့် တောင်းဆိုရာ သဘောတူခွင့်ပြုချက်ရသည်တွင် အင်္ဂလိပ်တို့သည် ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန်စိုးရိမ်ခဲ့သည်။ ခရစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တပ်များ မိုးကုတ်မြို့ သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီနှင့် ဗိုလ်ရွတ်တို့ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် ကြသေး၏။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပြီးသည့် နောက်တွင် ပတ္တမြားတွင်းခရိုင်ဟု ဖွဲ့စည်းခဲ့၍ မိုးကုတ်သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့၏။ ၁၉၂ဝ ပြည့်နှစ်တွင် မိုးကုတ် ပတ္တမြားတွင်းခရိုင်ကို ဖျက်လိုက်၍ ကသာခရိုင်နှင့် ပေါင်းလိုက်သောအခါ နယ်မျှသာ ဖြစ်လာလျက် မိုးကုတ်မြို့သည် နယ်ပိုင်ရုံးစိုက်မြို့ဖြစ်လာသည်။ စစ်ပြီးခေတ်ဖြစ်သော ၁၉၄၇ ခုနှစ်တွင် မိုးကုတ်နယ်ကို ရှမ်းပြည်နယ် တောင်တန်းဒေသနှင့်ပူးပေါင်းရန် ကြံစည်သေး သည်။ မအောင်မြင်ပေ။ ၁၉၄၇ ခုနှစ်မှစ၍ ပြင်ဦးလွင်ခရိုင်တွင် နယ်တစ်ခုအဖြစ်ပါဝင်သွားလေသည်။ အမည်ရင်းမြစ် မိုးကုတ်ဟူသော အမည်သည် မြို့အေးဟု အဓိပ္ပာယ်ရ သော ရှမ်းစကား မိုင်းကုတ်မှ ရွေ့လျောလာသည်ဟူ၍ လည်းကောင်း၊ မြို့ခမောက်၊ မြို့ဒယ်အိုးဟု အဓိပ္ပာယ်ရသော ရှမ်းစကား မိုင်းကွတ်မှ ရွေ့လျောလာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ မိန်းကု ရှမ်းဘာသာစကားဖြစ်သည်။ မိန်း မှာ မြို့၊ ကု မှာခမောက် ဖြစ်သည်။ အဓိပ္ပာယ်မှာ ခမောက်နှင့်တူသောမြို့ ဟူ၍ ဖြစ်သည်။ မိုးကုတ်မြို့မှာ တောင်များကာရံထားသည့် ချိုင့်ဝှမ်းကြီးအတွင်းတွင်ရှိပြီး ခမောက်တစ်ခုကို ပက်လက်လှန်ထားသည့် ပုံနှင့်တူသောကြောင့် ယခုကဲ့သို့ခေါ်ခြင်းဖြစ်သည်ဟုသိရသည်။ မိန်းကွတ် ရှမ်းဘာသာစကားပင်ဖြစ်သည်။ မိန်း မှာ မြို့၊ ကွတ် မှာကောက်ကွေ့ခြင်း ဟုအဓိပ္ပာယ်ရသည်။ ကောက်ကွေ့သောမြို့ဟုဆိုလိုသည်။ မိုးကုတ်သို့သွားရာလမ်းမှာ ကောက်ကွေ့သည့် တောင်ပတ်လမ်းများဖြစ်သည်ကတစ်ကြောင်း၊ မြို့၏တည်နေပုံကလည်း ကောက်ကွေ့သည့်အနေအထားတွင်ရှိသည်ကြောင့်တစ်ကြောင်း ဤကဲ့သို့ ခေါ်ခြင်းဖြစ်သည်။ မိန်းကတ် ရှမ်းဘာသာစကားပင်ဖြစ်သည်။ မိန်းမှာ မြို့၊ကတ်မှာ ချမ်းအေးသည်ဟုအဓိပ္ပာယ်ရသည်။ အလွန်ချမ်းအေးသည့်မြို့ဟုဆိုလိုသည်။ အမှန်လဲရေခဲသည်အထိအေးဖူးသည့် နှစ်များရှိသည်။ မိုးချုပ် မြန်မာစကားဖြစ်သည်။ မိုးစောစောချုပ်သည့်အတွက် မိုးချုပ်ဟုခေါ်ကြရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟုဆိုကြပြန်သည်။ မြန်မာ့သမိုင်းအစမှ ၁၈၈၅ ခုနှစ်အထိ တစ်ဆယ့်ငါးရာစုနှစ်ခန့်က ဖြစ်ခဲ့သည်။ မြန်မာ့ပတ္တမြားကျောက် ရောင်းဝယ်ရန်အတွက် ပထမဦးဆုံး ပဲခူးသို့ ရောက်ရှိလာသူ အီတလီလူမျိုး ဗားသီးမား၏ မှတ်တမ်းတွင် ပဲခူးမှ ရက်ပေါင်း(၃၀)ခရီးအကွာတွင်ရှိသည့် ကပ္ပလန်အရပ်တွင် ထွက်သည်ဟု ဖော်ပြထားသည်။ ပေါ်တူဂီလူမျိုး ဘာဆိုစား၏ မှတ်တမ်းတွင် ဖော်ပြထားသည့် အင်းဝနေပြည်တော်၌ အလွန်ကြွယ်ဝသော ကပ္ပလန်ဆိုသည်မှာလည်း နိုင်ငံခြားသားများ ကျပ်ပြင်ကို နားကြားလွဲဲ၍ ခေါ်ဝေါ်သောအမည်ဖြစ်သည်။ ပတ္တမြားမြေသည် မြန်မာမင်းတို့လက်အောက်မရောက်မှီက မိုးမိတ်စော်ဘွားပိုင်နက်ဖြစ်သည်။ ပထမဆုံး ပတ္တမြားမြေကို ချီတက်တိုက်ခိုက်သိမ်းပိုက်သည့် မြန်မာမင်းမှာ ဟံသာဝတီ ဆင်ဖြူများရှင် (ခေါ်) ဘုရင့်နောင် ဖြစ်သည်။ ညောင်ဦးရွှေစည်းခုံရှိ ခေါင်းလောင်းအတွင်း ဘုရင့်နောင်မင်းတရားကြီးအား မိုးမိတ်၊ သီပေါနှင့် ပတ္တမြားတွင်း၏ အရှင်သခင်အဖြစ် ဖော်ပြထားသည်။ ဘုရင့်နောင်၏သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် မိုးကုတ်အား မိုးမိတ်စော်ဘွားထံမှ တကောင်းနှင့် အလှဲအလှယ်လုပ်ခဲ့သည်။၁၅၉၇-ခုနှစ်တွင်မူ မိုးမိတ်နယ်အား အဝမြို့တော် စီရင်စုလုပ်သည့် အမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။ အမိန့်တော်ပါရက်စွဲအရ ယင်းအမိန့်တော်သည် အင်းဝမှ ထုတ်ပြန်သော ညောင်ရမ်းမင်း၏ အမိန့်တော်ဖြစ်သည်။ ပဒုံမင်းလက်ထက်တွင် ပတ္တမြားမြေ၏ နယ်နိမိတ်ကို ပြန်လည်သတ်မှတ်ခဲ့ကြောင်း ၁၇၈၃-ခုနှစ် စစ်တမ်းများအရ သိရှိရသည်။ ပတ္တမြားမြေ၏ နယ်နိမိတ်သည် ညောင်ရမ်းမင်းလက်ထက်တွင် သတ်မှတ်ခဲ့သော မူလနယ်နိမိတ်ထက် ပို၍ ကျယ်လာသည်။ မြန်မာမင်းက ပတ္တမြားတွင်းလုပ်ငန်းကို အုပ်ချုပ်ရန် ကျောက်ဝန် ခေါ် အရာရှိတစ်ဦးကို ကျပ်ပြင်သို့ စေလွွတ်ခန့်ထားသည်။ ပဒုံမင်းလက်ထက်သို့ ရောက်ရှိသောအခါ စို့သူကြီး ဟူသော အခေါ်အဝေါ် ပေါ်ပေါက်လျက်ရှိနေပြီဖြစ်သည်။ ပတ္တမြားမြေကို စို့သူကြီး တစ်ဦးတည်းဖြင့် ကျပ်ပြင်မှ အုပ်ချုပ်စေသည်။ ပဒုံမင်းလက်ထက်တွင်ပင် ကသည်းကို ကျပ်ပြင်မှ ခွဲထုတ်ကာ စို့သူကြီး တစ်ဦး ထပ်မံခန့်ထားလျှက် သီးခြားအုပ်ချုပ်စေရာမှ စို့သူကြီးသုံးဦး ဖြစ်လာသည်။ စို့သူကြီးတို့ နှစ်စဉ်ကောက်ခံဆက်သရသော အခွန်များတွင် အရေးအကြီးဆုံးမှာ စီတော်မံတော် ဟု ခေါ်သော ဒေသထွက်ကုန်ဖြစ်သည်။ ပတ္တမြားကိုပင် သတ်မှတ်ထားသည့် အရွယ်အစား၊ အရေအတွက်နှင့် တန်ဖိုးအတိုင်း စီတော်မံတော် ပေးဆောင်ရသည်။ စီတော်မံတော်တွင် ခေါင်းခေါ် ငွေသားတစ်ပိဿာနှင့် တန်ဖိုးချင်းညီမျှသော ပတ္တမြားကြီးတစ်လုံး၊ တစ်လုံးလျှင် ငွေတစ်ကျပ်သားခန့် တန်သော ပတ္တမြားအလုံး (၁၅၀)နှင့် ထုပ် ခေါ် နီလာ၊ ဂေါ်မိတ်၊ ဥဿဖယား စသည့် ကျောက်မြို့းစုံပါဝင်သော စုံစီကျောက်ထုပ် တစ်ထုပ် ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် တူးဖော်ရရှိသည့် ကျောက်များမှ သတ်မှတ်ထားသည့် အရွယ်အစားနှင့် အရည်အသွေးရှိသော လက်ရွေးစင်ကျောက်များကို ဘုရင်မင်းမြတ်အား ဆက်သရသည်။ ဆက်သသည့် ပတ္တမြား၏ အဆင့်အတန်းကိုလိုက်၍ ဆင်၊ လှော်ကားငယ်၊ လှော်ကားကြီး စသည်တို့ဖြင့် တင်ဆောင်ကြိုယူလာလေ့ ရှိသည်။ ဤသို့ဖြင့် ဆင်တင်ပတ္တမြား၊ လှော်ကားငယ်တင်ပတ္တမြား၊ လှော်ကားကြီးတင်ပတ္တမြား စသည့် အခေါ်အဝေါ်များ ပေါ်ပေါက်လာရသည်။ ကမ္ဘာကျော် ပတ္တမြား ငမောက်မှာ လှော်ကားကြီးတင်ပတ္တမြား ဖြစ်သည်။ နေပြည်တော်သို့ ရောက်သောအခါ ကြိုယူလာသော ပတ္တမြားကို ဘုရင့်ကျောက်ဆက်ဝန်ထံ အပ်နှံရသည်။ ၎င်းကတစ်ဆင့် ဘုရင်မင်းမြတ်အား ကျောက်ရှင်နှင့်အတူ အပ်နှံရသည်။ ဘုရင်မင်းမြတ်က ရာဖြတ်တော်များကို ပြသ၍ တန်ဖိုးများကို ဖြတ်စေပြီး ကျောက်ရှင်အား ထိုက်တန်သော ဆုတော် လာဘ်တော်များ ချီးမြှင့်ပေးသနားသည်။ မြန်မာမင်းများလက်ထက်တွင် ပတ္တမြားသည် မြန်မာနိုင်ငံ၏ ပဓာနအကျဆုံး ထွက်ကုန်ဖြစ်ခြင်းကြောင့် မြန်မာမင်းတို့သည် ပတ္တမြားကို ကုန်တော်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉-ရာစုသို့ ရောက်သောအခါ အနောက်တိုင်းသားတို့သည် မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာများကို ပို၍ စိတ်ဝင်စားလာကြသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်အင်ဂျင်နီယာများက မိုးကုတ်၊ ကျပ်ပြင်၊ ကသည်းရှိ ပတ္တမြားတွင်းများကို နှစ်စဉ် အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်း၍ လက်ဝါးကြီးအုပ် တူးဖော်ခွင့်ပေးရန် သီပေါမင်းထံ လျှောက်ထားသည်။ သီပေါမင်းက သဘောတူသဖြင့် မြန်မာနှင့် ပြင်သစ်တို့ ပတ္တမြားတွင်းများတူးဖော်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးကြသည်။ ဤစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် အင်္ဂလိပ်မြန်မာဆက်ဆံရေး တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံး ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်တို့သည် ကျူးကျော်စစ်ကို ဖန်တီးပြီး မြန်မာတစ်နိုင်ငံလုံးကို အကြောင်းရှာ သိမ်းယူခဲ့သည်။ အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနှင့်အတူ မြန်မာပတ္တမြားတွင်းများသည်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သီပေါမင်းသည် မိုးကုတ်ကျောက်တွင်းလုပ်ငန်းအား ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. အား ယာယီလိုင်စင်ဖြင့် ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားလျက်ရှိရာ ပါတော်မူသည့်အတွက် လိုင်စင် ပျက်ပြယ်ခဲ့သည်။ ၁၈၈၅-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ ပါတော်မူပြီးနောက် ဗြိတိသျှတို့ စတင်အုပ်ချုပ်ချိန်တွင် ကျောက်မျက်ရတနာကုန်သည် တစ်ဦးဖြစ်သူ အက်ဒဝင်စတရိတာ (Edwin Streeter) က စိတ်ဝင်စားလာခဲ့သည်။ Streeter Syndicate ဖွဲ့စည်းပြီး ဆင်ဒီကိတ်လူကြီးဖြစ်သူ ဗိုလ်ကြီး Aubrey Palton မြန်မာနိုင်ငံသို့ရောက်ချိန်၊ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ကာလကတ္တားအခြေစိုက် Gillander Arbuthnot (G&A Co) က ရူပီးနှစ်သိန်းဖြင့် ကျောက်တူးခွင့်ရရန် ကမ်းလှမ်းထားကြောင်း တွေ့ရသည်။ Streeter က ရူပီးလေးသိန်းဖြင့် ကမ်းလှမ်းသည်။ ကမ်းလှမ်းချက်အား ၁၈၈၆-ခုနှစ် ဧပြီလတွင် ယာယီလက်ခံပြီး ၁၈၈၇-ခုနှစ် ဧပြီလတွင် ယာယီ ငါးနှစ်ခွဲလိုင်စင်ဖြင့် ခွင့်ပြုခဲ့သည်။ မိုးကုတ်ကျောက်တူးလုပ်ငန်းတွင် ပထမဆုံး ကျောက်မိုင်းကုမ္ပဏီမှာ Streeter Co. ဖြစ်ပြီး F.Atlay မှာ ပထမဆုံး ကျောက်မိုင်းမန်နေဂျာဖြစ်သည်။ ၁၈၈၇-ခုနှစ် အောက်တိုဘာလတွင် အထက်မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်း ကို ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလတွင် မိုးကုတ်ရတနာနယ်မြေ သတ်မှတ်သည်။ မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်းအရ ဒေသခံများကိုသာ ကျောက်မျက်တူးဖော်ခွင့်ပြုခဲ့သည်။ ထိုနောက်ပိုင်းတွင် မိုးကုတ် ကျောက်မျက်ရတနာတူးဖော်ခွင့် လုပ်ငန်းများကို ဗြိတိသျှ ဒု-ကော်မရှင်နာက အုပ်ချုပ်ခဲ့သည်။ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ကျောက်မျက်သတ္တုသိုက်ကို သုံးသပ်အကဲဖြတ်ရန် ဘူမိဗေဒပညာရှင် C-Barrington Brown ကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် London Rothschilds ကုမ္ပဏီနှင့် ပူးပေါင်းပြီး Burma Ruby Mines (B.R.M) ကို ထူထောင်ခဲ့သည်။ ၁၈၈၈-ခုနှစ်တွင် ဘားမားရူးဘီမိုင်း ကုမ္ပဏီကို ဖွဲ့စည်းသည်။ (၂၂.၂.၁၈၈၉) တွင် မိုးကုတ်ရတနာနယ်မြေ၌ ကျောက်မျက်တူးဖော်ရောင်းဝယ်ဖောက်ကားခွင့်ပြုသည့် လိုင်စင်ကို Streeter Syndicate က ရရှိသည်။ Streeter Syndicate သည် ဖေဖော်ဝါရီလ ၂၇-ရက်နေ့တွင် ပေါင်စတာလင်သုံးသောင်းဖြင့် ရရှိသော အဆိုပါ တူးဖော်ခွင့်လိုင်စင်ကို ပေါင်စတာလင် ငါးသောင်းငါးထောင်ဖြင့် B.R.M သို့ ရောင်းချခဲ့သည်။ B.R.M သည် မိုးကုတ်ကျောက်တူးဖော်ခွင့်လိုင်စင် ရရှိပြီးနောက် သပိတ်ကျင်း-မိုးကုတ်လမ်း ဖောက်လုပ်ခြင်း၊ ၄၀၀-ကီလိုဝပ် ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ်ခြင်း၊ မြေလွတ်ဒေသများတွင် ရှာဖွေစမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မိုးကုတ်တွင် ကျောက်မျက်များကို တစ်ဦးတည်း စက်ဖြင့် တူးဖော်ခွင့်လိုင်စင်ရပြီး နှစ်စဉ် လိုင်စင်ကြေး ပေါင်စတာလင် သုံးသောင်းနှင့် အမြတ်၏၃၀%ကို ပေးဆောင်ရန်ဖြစ်သည်။ ၁၈၈၉-ခုနှစ်မှ ၁၈၉၆-ခုနှစ်ထိ ပထမခုနှစ်နှစ် လိုင်စင်သက်တမ်းတွင် အနည်းငယ်သာ မြတ်သည်။ ကုမ္ပဏီသည် ဆက်တိုက်ရရှိလုပ်ကိုင်ခဲ့ရာ ဒုတိယပါမစ် သက်တမ်းကာလ ၁၈၉၇-ခုနှစ်မှ ၁၉၀၃-ခုနှစ်တွင် အမြတ်ကောင်းစွာ ရခဲ့သည်။ တတိယလိုင်စင်သက်တမ်း ၁၉၀၄-ခုနှစ်မှ ၁၉၁၂-ခုနှစ်တွင် မြေအောက်ရေကြောင့် တူးဖော်မှုများ အဟန့်အတား ဖြစ်ရသဖြင့် မြေအောက်စိမ့်ရေများကို ထုတ်ရန်အတွက် မြေအောက်ပေ ၁၀၀ အနက်တွင် တစ်မြို့င်ခန့်အရှည်ရှိ ရေနှုတ်မြောင်းတစ်ခုကို တူးဖော်ဆောင်ရွက်ခဲ့သည်။ ရေနှုတ်မြောင်းကို ၁၉၀၈-ခုနှစ်တွင် ပြီးစီးအောင် တူးဖော်ခဲ့ရာ အောင်မြင်မှုရပြီး ထုတ်လုပ်မှုတိုးတက်ခဲ့သော်လည်း အဆိုပါနှစ်တွင် Verneuil ပတ္တမြားအတု ချက်လုပ်အောင်မြင်မှုကြောင့် ပတ္တမြားဈေးများ ထိုးကျခဲ့ပြီး တတိယပါမစ်သက်တမ်းကာလအတွင်း အမြတ်နည်းပါးခဲ့သည်။ စတုတ္ထလိုင်စင်သက်တမ်းကာလတွင် ပတ္တမြားဈေးများ ဆက်လက်ကျဆင်းမှုကြောင့် စီးပွားရေးထိခိုက်ပြီး ၁၉၂၅-ခုနှစ်တွင် မြေအောက်ရေနှုတ်မြောင်းကြီးအား ယမ်းခွဲဖျက်ဆီးခံရပြီး လုပ်ငန်းများ ထိခိုက်ခဲ့သည်။ ၁၉၂၅-ခုနှစ် နိုဝင်ဘာလတွင် အစုရှယ်ယာရှင်များ၏ ဆန္ဒဖြင့် ကုမ္ပဏီ ဖျက်သိမ်းခဲ့ပြီး ၁၉၃၁-ခုနှစ်တွင် လိုင်စင် ပြန်အပ်ခဲ့သည်။ B.R.M လုပ်ကိုင်ခဲ့သည့် ၄၂-နှစ်တာကာလတွင် ဗြုံးတန်ချိန် သန်း(၃၀) ဆေးခဲ့ပြီး စတာလင်ပေါင် (၂.၃၅)သန်းခန့်တန်သော ကျောက်မျက်များ ရခဲ့သည်။ B.R.M ဖျက်ပြီးနောက် ၁၉၃၄-ခုနှစ်တွင် Ruby Mines Ltd ကို B.R.M ကုမ ္ပဏီ လူကြီးများက ပြန်၍ ဖွဲ့စည်းခဲ့သည်။ ယခင် B.R.M မှ လုပ်ခဲ့သော လျှပ်စစ်မီးစက်မှ ဓာတ်အားကို ရောင်းစားရန်နှင့် ပတ္တမြားရောင်းဝယ်ရေးကို အရံလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ဖြစ်သော်လည်း လုပ်ငန်းများ မအောင်မြင်ပဲ ၁၉၄၁-ခုနှစ်တွင် ပျက်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗိုလ်မှူးကြီးကီမူရာခေါင်းဆောင်သော ဂျပန်တပ်များ မိုးကုတ်သို့ ရောက်လာချိန်တွင် မိုးကုတ်သားများက ကျောက်တွင်းများကို ကျောက်တုံးများဖြင့် ပိတ်ဆို့ကွယ်ဝှက်ထားခဲ့သည်။ ဂျပန်ခေတ်တလျှောက်လုံးတွင် ကျောက်တွင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ၁၉၄၅-ခုနှစ် မတ်လတွင် မဟာမိတ်တပ်များ မိုးကုတ်ကို သိမ်းပြီးချိန်မှစ၍ ပတ္တမြားနှင့် လေထီးစများ လဲလှယ်ရောင်းဝယ်မှုလုပ်ငန်း ကျယ်ပြန့်လာပြီး ကျောက်တွင်းလုပ်ငန်း အသက်ပြန်ဝင်လာသည်။ ပင်လုံစာချုပ်ချုပ်ဆိုရန် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးချိန်တွင် မိုးကုတ်ကျောက်တွင်း လုပ်ငန်းများအား မိုးမိတ်စော်ဘွား အုပ်ချုပ်မှုအောက်တွင် ထားရန် မိုးမိတ်စော်ဘွား စောခွန်ချိုက တင်ပြခဲ့ရာ လောလောဆယ်တွင် လက်ရှိအတိုင်း စီမံအုပ်ချုပ်ရန် ညှိနှိုင်းခဲ့ကြပြီး စောခွန်ချိုအား ရှမ်းပြည်နယ်ရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း ပူးတွဲတာဝန် ပေးခဲ့သည်။ စောခွန်ချိုသည် ၁၉၅၈-ခုနှစ်အထိ ၎င်းတာဝန်များတွင် ထမ်းဆောင်ခဲ့သည်။ မိုးကုတ်ကျောက်တွင်း လုပ်ငန်းများသည် နိုင်ငံရေးမတည်ငြိမ်မှုများ၏ နှောင့်ယှက်မှု မခံရပဲ လုပ်ကွက်(၁၀၀၀)ကျော် ပုံမှန်တူးဖော် ထုတ်လုပ်လျက်ရှိခဲ့သည်။ မိုးကုတ်ကျောက်တွင်းလိုင်စင် ခွင့်ပြုစနစ်တွင် တွင်းတူးသမားများအား တွင်းစားအဖြစ် သတ်မှတ်ပေးပြီး ၎င်းတို့ရရှိသည့် ကျောက်အမြတ်ပေါ်မှ ခွဲဝေခံစားခွင့်ပြုလာသည်။ လွတ်လွတ်လပ်လပ် ရောင်းချခွင့်များ တွင်ကျယ်လာသည်။ မှောင်ခိုမှုများလည်း အထိုက်အလျောက် ရှိလာသည်။ (မိုးကုတ်ဖော်တော်ဦးမြတ်စွာဘုရား သမိုင်းကျောက်စာမှ ကူးယူဖော်ပြပါသည်။) ဓာတ်ပုံများ ၁၉၂၀ ဝန်းကျင်မှ ဓာတ်ပုံများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ မန္တလေးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%80%E1%80%AF%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မင်းရဲဒိဗ္ဗ
(**မှတ်ချက်။ ။ဦးကုလား၊ မှန်နန်း အစရှိသည့် ရာဇဝင်ကျမ်းအများစုတွင် မင်းရဲဒိဗ္ဗကို ညောင်ရမ်းမင်းဆက်မှ မင်းတစ်ပါးအဖြစ်ပင် အသိအမှတ်ပြုမှတ်တမ်းတင်ခြင်း မရှိကြပေ။ များသောအားဖြင့် အနောက်ဘက်လွန်မင်းနောက် နန်းတက်သည့်မင်းအဖြစ် သာလွန်မင်းကိုသာအသိအမှတ်ပြုကြသည်။ သို့သော် မင်းရဲဒိဗ္ဗသည် ဘိသက်ခံနန်းတက်ခဲ့သည့်အတွက် မင်းတစ်ပါးအဖြစ် ထည့်သွင်းရေတွက်ခြင်းဖြစ်သည်။ မကျေလည်မှုများ၊ မထောက်ခံမှုများ ရှိခဲ့လျှင် ပြောရန်စာမျက်နှာတွင် ဆွေးနွေးနိုင်သည်။ ဆွေးနွေးမှုများကို ဝမ်းသာစွာ လက်ခံကြိုဆိုမည်ဖြစ်ကြောင်း အသိပေးပါသည်။) တဖြိုးဖြိုးလျှင်၊ တန်ခိုးရောင်ခြည် .. အစချီသည့် ရှင်သံခို မှ ဧချင်းအဖွဲ့ခံရသူ မင်းရဲဒိဗ္ဗသည် ဖခင်ဖြစ်သူ အနောက်ဘက်လွန်မင်းကို လုပ်ကြံကာ ဟံသာဝတီတွင် နန်းတက်သည်။ မင်းရဲဒိဗ္ဗ (၁၆၂၈)၏ နန်းသက်မှာ တစ်နှစ်ပင်မရှိချေ။ နန်းတက်လျှင် အင်းဝနှင့် စစ်ကိုင်းရှိ သစ္စာခံများကို အကြောင်းကြားကာ သစ္စာပေးသည်။ ထိုနောက် အဝေး(ဇင်းမယ်)ရောက်နေသည့် ဘထွေးတော်များဖြစ်သည့် သတိုးဓမ္မရာဇာ(သာလွန်မင်း) နှင့် မင်းရဲကျော်စွာတို့ကို သံသယများဖြစ်စေရန် သွေးခွဲသည့်အနေဖြင့် စာများစေသည်။ သတိုးဓမ္မရာဇာ၏ ကျွန်ယုံများက အလျင်ရောက်ကာ သတင်းပေးသဖြင့် သတိုးဓမ္မရာဇာ အကြောင်းစုံသိနှင့် သော်လည်း ညီတော် မင်းရဲကျော်စွာကမူ ယုံမှားသံသယရှိသဖြင့် နောင်တော်တပ်ကို ညအချိန်တွင် ဝင်ရောက်တိုက်ခိုက်သည်။ သတိုးဓမ္မရာဇာတပ်များက နှိမ်နှင်းနိုင်သဖြင့် ရှုံးနိမ့်သွားပြီး မင်းရဲကျော်စွာကို အပြစ်မှလွှတ်သော်လည်း ကျွန်များကိုသတ်စေသည်။ ဇင်းမယ်မှ အင်းဝသို့ပြန်ရန် စီစဉ်သော်လည်း မိုးကာလဖြစ်သဖြင့် ဖြည်းဖြည်းသာချီခဲ့ရသည်။ ကျန်ရှိနေသော ဇင်းမယ်မှ ပုန်ကန်သော်လည်း မည်သို့မှ မလုပ်သာခဲ့ပေ။ ထိုအချိန်၌ပင် ဟံသာဝတီမှ မင်းလှနော်ရထာကဦးဆောင်သည့် မှူးမတ်များက မင်းရဲဒိဗ္ဗကို ဖမ်းဆီးနန်းချကာ လုံခြုံအောင်ထား၍ သတိုးဓမ္မရာဇာကို ပင့်ဖိတ်သည်။ သို့ဖြင့် မင်းရဲဒိဗ္ဗ နန်းကျကာ သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်း ဟံသာ၀တီနန်းတွင် အုပ်ချုပ်သည်။ အုပ်ချုပ်သည်ဟု ဆိုရသည်မှာ နန်းတက်ဘိသိက်မခံပဲ ၄ နှစ်တိုင်တိုင် တိုင်းပြည်အရေးများကို ဆောင်ရွက်နေသောကြောင့်ဖြစ်သည်။ မိသားစု မိဖုရားကောင်းကြီး စောကီယန်ခမ် ကျိုင်းတုံစော်ဘွားသမီး နှင့်ခမ်းပေါ သားတော် သီရိမဟာဥဇန ဆင်ဖြူရှင်မင်းတရာဖြစ်လာတယ်ဇင်းမယ်ဘုရင့် + ခမည်းတော်သမီး ဘုရင့်မယ်တော် နှင့်ညိမ်းဘွား စဝ်နော်မောင် ကျိုင်းရုံးစော်ဘွားသမီး သားတော် သခင်သက်ကျော် ဟံသာဝတီမြို့စား ပြည်ကလစ်ပန် သဒိုကျော် ဇင်းမယ်မင်းတရာသမီး သမီးတော် ဘုရင့်မယ်တော် + ခမည်းတော်သား သီရိမဟာဥဇန မင်းကြူလှ အာရကန်မင်းသမီး အာရကန်မင်းတရာသမီး သားတော် သခင်ဝဟရ မိခင်နှင့်အတူ အာရကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ___ဘုရင်မ ကလေးမမွေးဘူး။___ သီရိ အာရူနို ကိုရှန်ပြည် မင်းသမီး သီရိအနိုးချာ သူသန့်ဘွား ကလေးစော်ဘွားသမီ ရည်ညွှန်းကိုးကား မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက်
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B2%E1%80%92%E1%80%AD%E1%80%97%E1%80%B9%E1%80%97