title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
မြင်စိုင်းခေတ်
ပုဂံကို မွန်ဂိုတို့တိုက်ခိုက်ဖျက်ဆီးကာ အပြန်တွင် ကျော်စွာ အား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ စောယွန်း၊ ရာဇသင်္ကြန် နှင့် သီဟသူ တို့ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။ ပုဂံမင်းကျော်စွာအား သုတ်သင်ကာ မိမိတို့ ဩဇာခံဖြစ်သည့် စောနစ်ကို နန်းတင်သည်။ ထိုနောက် မက္ခရာ၊ မြင်စိုင်း နှင့် ပင်လယ် တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် သီဟသူက နောင်တော်များကို လုပ်ကြံကာ ၁၃၁၃ ခုနှစ် တွင် ပင်းယ နန်းတည်ကာ မင်းပြုအုပ်ချုပ်သည်။ ဆင်ဖြူအသေတစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့ခံသဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူ အဖြစ်လည်းကောင်း၊ ပင်းယမြို့တည်သီဟသူ အဖြစ်လည်းကောင်း ကျော်ကြားပေသည်။ ပင်းယတွင် မြို့မတည်မီ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် အသင်္ခယာစောယွန်းကို စစ်ကိုင်းမြို့တည်ပေးပြီး မင်းအဖြစ်အုပ်ချုပ်စေသည်။ ပင်းယ တွင် မင်း ၆ဆက်၊ စစ်ကိုင်းတွင် မင်း ၇ဆက် စိုးစံကြရာ မြန်မာနိုင်ငံ မြောက်ဘက်တလွှားရှိ မောရှမ်းများ၏အကြီးအကဲ သိုချီဘွားက ပင်းယ နှင့်စစ်ကိုင်းကို ဝင်ရောက်တိုက်ခိုက်ပြီး လူသူအမြောက်အမြားကို ကျွန်ပြုဖမ်းဆီးယူဆောင်သွား သဖြင့် ပင်းယ နှင့် စစ်ကိုင်း မင်းဆက်များ ပျက်စီးသွားသည်။ ရည်ညွှန်းကိုးကား မသက်ဇင်ဘလော့ မြန်မာနိုင်ငံ၏ သမိုင်း ပထမရှမ်းခေတ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%90%E1%80%BA
ပထမရှမ်းခေတ်
ပုဂံကို မွန်ဂိုတို့ တိုက်ခိုက်ဖျက်ဆီးပြီးနောက်တွင် ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ၊ ရာဇသင်္ကြန် နှင့် သီဟသူ တို့ရှမ်းညီနောင်သုံးဦး တို့ဩဇာအင်အားကြီးလာပြီးနောက် ၎င်းတို့မှ ဆင်းသက်လာသည့် ပင်းယ-စစ်ကိုင်းခေတ် များထိကို သမိုင်းပညာရှင်များက ပထမရှမ်းခေတ် အဖြစ်သတ်မှတ်ကြသည်။ မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%95%E1%80%91%E1%80%99%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%90%E1%80%BA
ဒုတိယရှမ်းခေတ်
ဒုတိယရှမ်းခေတ် ဆိုသည်မှာ အင်းဝမင်းဆက်၏ နောက်ဆုံးကာလများမှ မင်းများဖြစ်သည့် သိုဟန်ဘွား အုန်းဘောင်ခုံမှိုင်း နှင့် မိုးဗြဲနရပတိ တို့ ရှမ်းမင်းသုံးပါးဆက်တိုက် စိုးစံသည့် ခေတ်ကာလကို ဆိုလိုသည်။ မိုးဗြဲနရပတိလက်ထက်တွင် စစ်ကိုင်းမင်း စည်သူကျော်ထင်က တိုက်ခိုက်နန်းလုပြီးနောက် အင်းဝတွင် နရပတိစည်သူ ဘွဲ့ဖြင့် နန်းတက်သည်။ မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%90%E1%80%BA
စစ်ကိုင်းနရပတိစည်သူ
စလင်း စည်သူကျော်ထင် (၈၅၆-???) သည် အင်းဝ၌ နန်းတက်သော မင်းတစ်ပါး ဖြစ်ခဲ့သည်။ စစ်ကိုင်းနရပတိစည်သူကို စလင်းကို စားရ၍ စလင်းစည်သူကျော်ထင်၊ နောက်ပိုင်း စစ်ကိုင်းကို စားရ၍ စစ်ကိုင်းစည်သူကျော်ထင်ဟုလည်း ခေါ်ကြသေးသည်။ အင်းဝမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် အမည်ရင်း စည်သူကျော်ထင် ရှိသော နရပတိစည်သူသည် တိုက်ရည်ခိုက်ရည်ကောင်းသည့် သူရဲကောင်းတစ်ဦးဖြစ်သည်။ မူလက စလင်းစားအဖြစ် တစ်ထီးတစ်နန်းနေသူဖြစ်သည်။ ငယ်ဘဝ ၈၅၆ ခုတွင် မွေး၍ ဗုဒ္ဓဟူးသား ဖြစ်သည်။ ဖခင်မှာ စလင်းကို ကျေးစားပေးခံရသော ဒုတိယမင်းခေါင် အထိန်းသား စည်သူ ဖြစ်သည်။ စလင်းကို အမွေရခြင်း ယောက်ဖ ပြည် သတိုးမင်းစောကို လုပ်ကြံကာ ညီမ နရပတိမယ်တော်ကို ပြည် နရပတိက စလင်း စည်သူကျော်ထင်ကို ပေးသည်။ သို့ဖြင့် ပြည်နှင့် မိတ်ဖြစ်လာသည်။ ပုဂံမှာလည်း ဘကြီးတော်သူ သတိုးက မင်းမူဆဲဖြစ်၍ အားကောင်းသောအင်အားစု ဖြစ်လာသည်။ ၈၈၈ ခုတွင် အင်းဝ၌ မိုးညှင်းမှ သိုဟံဘွား နန်းတက်လာသည်။ မိုးညှင်းနှင့် ပလဲပနံသင့်သော စလင်းနှင့် ပုဂံမှာ စားမြဲတိုင်း စားရသည်။ သို့ဖြင့် စလင်းကို အမွေရလာသည်။ အင်းဝနန်းကို ရခြင်း အင်းဝသို့ ကိုယ်လွတ်ပြေးခြင်း ၉၀၅ ခု၌ ပြည်ကို တိုက်မည်ဟူ၍ ရှမ်းတို့သွားရာ ဟံသာဝတီမှ စစ်ကူလာ၍ တပ်ပျက်ပြီး ကရောသောပါး ပြေးရသည်။ ဟံသာဝတီမှ မင်းတရားရွှေထီးက အထက်သို့ဆန်ကာ တမြို့ပြီးတပြီး သိမ်းတော့သည်။ သူရသတ္တိနှင့်ပြည့်စုံသော်လည်း ဇရာကိုငဲ့သော စည်သူကျော်ထင်က သား မင်းကြီးရဲတိုင်ကို မြို့စောင့်ထားတာ ရှမ်းတို့နှင့်အတူ အင်းဝတက်ပြေးသည်။ မင်းတရားရွှေထီး ၃ ရက်ရံပြီးနောက် စလင်းကို ရသည်။ သားဖြစ်သူ မင်းကြီးရဲတိုင် သေသည်။ မိဖုရား နရပတိမယ်တော်နှင့် အခြွေအရံများကို မင်းတရားရွှေထီးက ဟံသာဝတီ ခေါ်သွားသည်။ စလင်းစားအဖြစ် မင်းတရားရွှေထီးက အထိန်းသား ရှင်သီဟကို စည်သူကျော်ထင်ဘွဲ့နှင့်ပင် အပ်သည်။ ၉၀၆ ခုတွင် လုလင်ကျော်မှူး ခေါင်းဆောင်သော စည်သူကျော်ထင်၏ တပည့်တပန်းများက စည်သူကျော်ထင် ရှင်သီဟကို လုပ်ကြံသည်။ စည်သူကျော်ထင် ရှင်သီဟက ပြည်သို့ ပြန်ပြေးသည်။ ထို့နောက် အင်းဝ၌ စစ်ရှောင်နေသော စည်သူကျော်ထင်ကို ပြန်ခေါ်ကာ တပည့်များက မြို့ကိုအပ်သည်။ မကြာမီပင် စည်သူကျော်ထင် ရှင်သီဟက ဆင်မြင်းအလုံးအရင်းနှင့် ချီလာပြန်၍ ဆင်တစီးနှင့် ကိုယ်ထီးပြေးရသည်။ စလင်း အနောက်မြောက်ဘက် လောင်းရှည်မှာသည် ချင်းတောင်တိုင်အောင် ကြောက်လန့်တကြား ပြေးသည်။ နောက် မုန်ယိုကာ ဆင် တောဝင်သွားသဖြင့် တောထဲ၌ နေနေသည်။ ချင်းများက ဖမ်းကာ မိုးညှင်း စလုံငယ်သို့ အပ်သည်။ မိုးညှင်းစော်ဘွား၏ မြှောက်ပေးမှု မိုးညှင်း စလုံငယ်မှာ အစ်ကို သိုဟံဘွားကို ဗမာများက လုပ်ကြံထားသဖြင့် အင်းဝကို အစာမကျေ။ သို့သော် မင်းကြီးရန်နောင်၏ အကွက်ကျမှုကြောင့် နောက်တက်မင်း အုန်းဘောင် ခုံမှိုင်းမှာ ရှမ်းဖြစ်နေသည်။ လူအား လက်ညှိုးထိုးမရပြီဖြစ်၍ နန်းကို လက်ညှိုးထိုးလိုသော မိုးညှင်း စလုံက ယခင်မိတ်ဖြစ်ဖူးသည့် စလင်းစားကို အင်အားတချို့ပေးကာ စစ်ကိုင်း၌ ဗိုလ်ဝင်ခံစေသည်။ ၉၀၇ ခုတွင် စည်သူကျော်ထင် စစ်ကိုင်း၌ မြို့တည်ကာ လူသူစုသည်။ ထိုနှစ်ပင် ခုံမှိုင်းသေကာ သားကြီး မိုးဗြဲစား နန်းတက်သည်။ အင်းဝ၌ နန်းတက်ခြင်း ၉၁၃ ခုတွင် အင်းဝကိုတိုက်မည်ဟု စည်သူကျော်ထင် မြစ်ကူးလာသည်။ ဘုရားလောင်း မိုးဗြဲ နရပတိကား အိမ်ကြက်ချင်းခွပ်ရသည်ကို ငြီးငွေ့လွန်း၍ အပင်ပန်းမခံဘဲ ဟံသာဝတီလက်အောက်ခံ ပြည်သို့ ပြေးသည်။ အသက် ၅၁ အရွယ် စည်သူကျော်ထင်မှာ လွယ်လင့်တကူပင် အင်းဝနန်းကို ရလိုက်သည်။ နရပတိစည်သူ ဘွဲ့မည်ခံသည်။ ဟံသာဝတီမှ စစ်ဆင်လာခြင်း ၉၁၃ ခုတွင် ဟံသာဝတီ ဆင်ဖြူများရှင်က ညီ ၃ ယောက်နှင့် သား ဥပရာဇာကို အင်းဝအား တိုက်ရန် လွှတ်လိုက်သည်။ မိုးဗြဲ နရပတိ ဦးရီး အုန်းဘောင်စော်ဘွားကလည်း ဟံသာဝတီမှ ကူမယ်ဟု စကားခံထားသည်။ တကယ်တမ်း တိုက်ကြသော် အုန်းဘောင်က အင်းဝဘက်မှ ကူသဖြင့် ဟံသာဝတီသားတို့ ဆုတ်ရသည်။ နန်းကျခြင်း ၉၁၅ ခုတွင် ဥပရာဇာက ဧရာဝတီ အရှေ့ဘက်ကြောင်း၊ ဟံသာဝတီ ဆင်ဖြူများရှင်က အနောက်ဘက်ကြောင်း ချီလာသည်။ ဤတကြိမ်တွင် အုန်းဘောင်စော်ဘွားက နောက်ကျဟန်ပြုသည်။ သို့ဖြင့် အရှေ့ဘက်ခြမ်းမှာ အင်းဝနားတိုင် တောက်လျှောက်ပေါက်လာသည်။ အနောက်ဘက် မိုးညှင်း၊ မိုးကောင်းတို့မှာလည်း စစ်ကိုင်းထိပေါက်လာသော ဟံသာဝတီတပ်ကြောင့် အကူမပေးနိုင်။ သို့ဖြင့် ပြာသိုလဆန်း ၁၀ ရက်တွင် နရပတိစည်သူ နန်းကျသည်။ တပို့တွဲလပြည့်ကျော် ၃ ရက် အင်းဝပျက်သည်။ ဟံသာဝတီ ဆင်ဖြူများရှင်က နရပတိစည်သူကို ဟံသာဝတီခေါ်လာကာ ခေါင်သုံးဆက်အိမ်ဆောက်၍ နေစေသည်။ လုပ်အကျွေး သုံးကျိပ်ဖြင့် ကောင်းမွန်စွာထားသည်။ ဘုရင့်နောင် ယိုးဒယားသို့ချီတက်တိုက်ခိုက်နေစဉ် ဟံသာဝတီရှိ ရှမ်းတို့သည် အကြီးအကဲတစ်ဦးကို "ဗညားကျန်းထော" ဘွဲ့ပေးပြီး ပုန်ကန်တော့သည်။ အင်အားစုစုပေါင်း ၃၀၀၀ဝ ကျော်မျှရှိသည်ဟု ဆိုသည်။ ဟံသာဝတီမြို့စောင့်များဖြစ်ကြသည့် ဗညားအိန္န၊ ဗညားပရံ၊ တရဖျား၊ တာနော၊ ဘယသင်္ကြန်တို့လည်း မည်သို့စီမံရမည်ကို မသိသဖြင့် အင်းဝမှ ဖမ်းဆီးလာကာ အကျယ်ချုပ်ဖြင့်ထားသည့် နန်းကျဘုရင် နရပတိစည်သူကို တိုင်ပင်ကြသည်။ နရပတိစည်သူလည်း သစ္စာခံကာ တိုက်ခိုက်ဖြိုခွင်းသဖြင့် ရှမ်းသူပုန်တို့ တပ်ပျက်ကာ ဒလသို့ ပြေးရသည်။ ဘုရင့်နောင် ဟံသာဝတီပြန်ရောက်ပြီး အကြောင်းစုံသိလျှင် ချီးမွမ်း၍ ကောင်းစွာမြောက်စားပြန်သည်။ ကြင်ဘက်များ နရပတိမယ်တော် ပြည် ဘုရင်ထွေး သမီးဖြစ်သည်။ စလင်းပျက်သည့်နောက် ဟံသာဝတီသို့ ပါသည်။ မင်းတရားရွှေထီးက ကျော်ထင်နော်ရထာ ညီ (နောက် ပြည် သတိုးဓမ္မရာဇာ ဖြစ်လာမည့်) နန္ဒယောဓာနှင့် လက်ဆက်ပေးသည်။ စလင်း စည်သူကျော်ထင်နှင့် မြင်သည့်သား မင်းကြီးရဲတိုင်မှာ စလင်း၌ ခံစဉ် သေသည်။ စစ်ကိုင်းမှ မိဖုရားခေါင် အမျိုးအစဉ် မသိရ။ စစ်ကိုင်း၌ မင်းပြုစဉ် မြှောက်သည့် မိဖုရားဖြစ်သည်။ ကျမ်းကိုး မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ မင်း၁ဝပါးရာဇဝင်-ဒေါက်တာမတင်ဝင်း အင်းဝမင်းဆက် မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%9B%E1%80%95%E1%80%90%E1%80%AD%E1%80%85%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0
တောင်ငူ-ဟံသာဝတီခေတ်
တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။အရှေ့တောင်အာရှ၏ တစ်ခုတည်းသောအကြီးဆုံးအင်ပါယာလည်းဖြစ်၏။ ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် ဗမာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဘက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူမှ မင်းကြီးညို၊သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကိုချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အတင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊သားဖြစ်သူ တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဘက်တွင် မဏိပူရ မှ အရှေ့ဘက် ထိုင်းနိုင်ငံ အယုဒ္ဒယ အထိ၊မြောက်ဘက်တွင် ကချင်ပြည်နယ်မှ တောင်ဘက်ကော့သောင် အထိ ကျယ်ပြန့်လာခဲ့သည်။ နောက် ကမာ္ဘဇသာဒီ နန်းတော် ကိုလည်းတည်ခဲ့သည်။ သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော်နန္ဒဘုရင်လက်ထက်တွင် မိမိတည်ထောင်သည့် နိုင်ငံကြီးအလွယ်တကူပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး နှင့်တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမော္ဘဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်းနန်းကျကာ တောင်ငူသို့ သုံပန်းအဖြစ်သို့ပါခဲ့ရသည်။ ဘုရင့်နောင်၏ သားဖြစ်သူ ညောင်ရမ်းစား ရှင်သစ္စာ က ညောင်ရမ်းမင်းဆက်ကို တည်ထောင်ပြီး ၎င်းနှင့် ၎င်းအဆက်အနွယ်များက နိုင်ငံကိုထိန်းသိမ်းကြသော်လည်း ယခင်ကဲ့သို့ကြီးပွားမှုကိုကား မမှီတော့ပေ။ ဆက်စပ်လေ့လာရန် တောင်ငူမင်းဆက် နန္ဒဘုရင် သမိန်ထောရာမ နတ်သျှင်နောင် ညောင်ရမ်းမင်းဆက် မြန်မာသက်ဦးဆံပိုင်ဘုရင်စနစ် တောင်ငူ-ဟံသာဝတီခေတ်
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%B0-%E1%80%9F%E1%80%B6%E1%80%9E%E1%80%AC%E1%80%9D%E1%80%90%E1%80%AE%E1%80%81%E1%80%B1%E1%80%90%E1%80%BA
ထိုင်ပေမြို့
ထိုင်ပေမြို့ (臺北市) သည် ထိုင်ဝမ်ဟု လူသိများသည့် တရုတ်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၁၈၉၅ မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ ထိုင်ဝမ်ကို ကိုလိုနီနယ်အဖြစ် အုပ်ချုပ်စဉ်တွင်လဲ ထိုင်ပေမြို့အား ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၄၉ ခုနှစ် ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ထိုင်ပေမြို့အား မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့အထိတိုင် ဖြစ်သည်။ ထိုင်ပေမြို့သည် ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်အစွန်း တတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် ကြီးလုံမှ အနောက်တောင်ဘက် ၂၅ ကီလိုမီတာအကွာ တန့်ဆွေမြစ် (淡水河)၊ ကြီးလုံမြစ် (基隆河) နှင့် ရှင်းတျန့်မြစ် (新店溪) မြစ်သုံးမြစ်ဆုံရာ ချိုင့်ဝှမ်းတွင် တည်ရှိသည်။ အနောက်ဘက်မှလွဲ၍ အခြားအရပ်မျက်နှာများတွင် တောင်တန်းများရှိကာ အထူးသဖြင့် မြောက်ဘက်တွင် ၁၁၂၀ မီတာမြင့်သည့် ခြည်းရှင်းစန်း (七星山) တည်ရှိသည်။ ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် အပူလျော့ပိုင်း ရာသီဥတုဖြစ်သည်။ ထိုင်ပေမြို့သည် ထိုင်ဝမ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အချက်အချာဖြစ်ပြီး ထိုင်ပေမြို့တော် မြူနီစပယ်အစိုးရအား လူထုမှ တိုက်ရိုက်မဲပေး ရွေးကောက် တင်မြှောက်ထားသည့် မြို့တော်ဝန်မှ ဦးစီးကြီးကြပ်သည်။ ထိုင်ပေမြို့၊ ကြီးလုံမြို့နှင့် ထိုင်ပေခရိုင်ပါဝင်သည့် ဒေသအား ထိုင်ပေမြို့ပြဒေသအဖြစ် ခေါ်ဝေါ်လေ့ရှိသည်။ ထိုင်ပေမြို့ပြဒေသသည် ထိုင်ဝမ်စက်မှုလုပ်ငန်း၏ အချက်အချာဖြစ်သည်။ အထည်အလိပ်စက်ရုံ အများစုသည်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ တည်ရှိသည်။ ထိုင်ပေမြို့မှ ထိုင်ဝမ်၏ အခြားဒေသများသို့ ရထား၊ ကျည်ဆန်ရထား၊ အဝေးပြေးယာဉ်များ၊ လေယာဉ်များဖြင့် အလွယ်တကူ သွားလာနိုင်သည်။ ထိုင်ပေမြို့တွင်းရှိ စုန်းစန်းလေဆိပ်မှာ ပြည်တွင်းလေကြောင်းများနှင့် ထိုင်ဝမ်-ပြည်မ လေကြောင်းအချို့အား ဝန်ဆောင်ပေးလျက်ရှိပြီး ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ထိုင်ပေမြို့နှင့် အနောက်တောင်ဘက် ကီလိုမီတာ ၄၀ အကွာ ထောင်ယွမ်ခရိုင်တွင် တည်ရှိသည်။ ထိုင်ပေမြို့ကို ၁၈ ရာစု စောစောပိုင်းတွင် တည်ထောင်ခဲ့ပြီး ၁၉ ရာစုနှစ်တွင် အရေးပါသည့် ကုန်သွယ်ရေး အချက်အချာ ဖြစ်လာသည်။ ၁၈၉၅ ခုနှစ် ပထမတရုတ်ဂျပန်စစ်ပွဲအပြီးတွင် ဂျပန်တို့က ထိုင်ဝမ်အား ကိုလိုနီနယ်အဖြစ် အုပ်ချုပ်ခဲ့ပြီး ထိုင်ပေမြို့အား အစိုးရရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သည်မှာ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်တို့ စစ်ရှုံးပြီးနောက် ထိုင်ဝမ်အား ကွန်မင်တန်အစိုးရထံ ပြန်လည်အပ်နှင့်ခဲ့သည်အထိ ဖြစ်သည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ကို ရှုံးနှိမ့်ကာ ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ချန်ကေရှိတ်သည် ထိုင်ပေမြို့အား တရုတ်သမ္မတနိုင်ငံ၏ မြို့တော်အဖြစ် ကြေညာခဲ့သည်။ သမိုင်း ထိုင်ပေချိုင့်ဝှမ်းသည် ၁၈ ရာစု မတိုင်မှီကာလများတွင် ခဲတာဂလန်လူမျိုးများ နေထိုင်ကျက်စားရာ ဌာနေဖြစ်သည်။ တရုတ်ပြည် ဖူကျန့်ပြည်နယ်မှ ဟန့်တရုတ်လူမျိုးများသည် ၁၇၀၉ ခုနှစ်မှစ၍ ထိုင်ပေချိုင့်ဝှမ်းတွင် အခြေချနေထိုင်လာကြသည်။ ၁၉ ရာစု နှောင်းပိုင်းတွင် ထိုင်ပေနှင့် တန့်ဆွေဒေသသည် ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်၍ နိုင်ငံခြား ကုန်သွယ်ရေး အထူးသဖြင့် လက်ဖက်ခြောက် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ထိုင်ဝမ်မြောက်ပိုင်းဒေသ၏ စီးပွားရေး အချက်အချာ ဖြစ်လာခဲ့သည်။ ချင်းမင်းဆက်သည် ၁၈၇၅ ခုနှစ်တွင် ထိုင်ဝမ်မြောက်ပိုင်းဒေသအား ထိုင်ဝမ်ပြည်နယ်မှ ခွဲထုတ်ကာ အုပ်ချုပ်ရေးနယ်မြေသစ် ထိုင်ပေနယ်အဖြစ် သတ်မှတ်ခဲ့သည်။ မြေဆီကြွယ်ဝသည့် ဗန်းကာ (ဝမ့်ဟွာ)နှင့် တွာတူရှာ (တာ့တောက်ချိန်) မြို့နယ်များကိုပါ ပေါင်းစည်းလိုက်ပြီး အစိုးရရုံးစိုက်ရာ မြို့သစ်ကို “ချိန်နေ့” (အတွင်းမြို့တော်) ဟု သတ်မှတ်ခဲ့သည်။ ၁၈၇၅ ခုနှစ်မှ ဂျပန်ကိုလိုနီအုပ်ချုပ်ရေး စတင်သည့် ၁၈၉၅ ခုနှစ်အထိ ထိုင်ပေမြို့သည် ထိုင်ပေနယ် တန့်ဆွေခရိုင်အပိုင်မြို့နှင့် ထိုင်ပေနယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ချင်းမင်းဆက်၌ ဆောက်လုပ်ခဲ့သည့် မြို့ရိုးနှင့် မုခ်ဦးများအနက် ယနေ့ခေတ်အထိ မြောက်ဘက်မုခ်သာ မူလ လက်ရာအတိုင်း ကျန်ရစ်သည်။ အနောက်မုခ်နှင့် မြို့ရိုးမှာ ဂျပန်တို့ ထိုင်ဝမ်အား တိုက်ခိုက်စဉ်တွင် ပျက်စီးခဲ့ရသည်။ တောင်ဘက်မုခ်နှင့် အရှေ့မုခ်မှာမူ ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ပြင်ဆင်ဆောက်လုပ်ခဲ့သောကြောင့် မူလ လက်ရာနှင့် အတော်လေး ကွာခြားသွားပြီဖြစ်သည်။ ဂျပန်နှင့် တိုက်ခိုက်သည့် စစ်ပွဲတွင် တရုတ်တို့ ရှုံးနှိမ့်ခဲ့ပြီးနောက် မာကွမ်းစာချုပ် (Treaty of Shimonoseki) အရ ၁၉၈၅ ခုနှစ်တွင် ထိုင်ဝမ်အား ဂျပန်တို့ထံ စစ်လျော်ကြေးပေးခဲ့သည်။ ဂျပန်တို့ ထိုင်ဝမ်အား သိမ်းပိုက်ပြီးနောက် ထိုင်ပေမြို့အား ဂျပန်ဘာသာဖြင့် ထိုင်ဟိုခု ဟုခေါ်ဝေါ်သည်။ ဂျပန်တို့သည်လည်း ထိုင်ပေအား မြို့တော်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ပြီး ဂျပန်ကိုလိုနီအစိုးရ၏ နိုင်ငံရေး အချက်အချာ ဖြစ်လာသည်။ ဂျပန်ကိုလိုခေတ်အတွင်း ရုံးသုံး အဆောက်အဦးများကို ဆောက်လုပ်ခဲ့သည်။ လက်ရှိသမ္မတအိမ်တော်သည် ဂျပန်ကိုလိုနီခေတ်၏ ဘုရင်ခံရုံးဖြစ်သည်။ ယဉ်ကျေးမှု ခရီးသွားလာရေး အထိန်းအမှတ်ခန်းမများနှင့် ပြတိုက်များ ချန်ကေရှိတ်ရင်ပြင်သည် တရုတ်သမ္မတနိုင်ငံ၏ ကွယ်လွန်သူ သမ္မတဟောင်း ချန်ကေရှိတ်အား အထိန်းအမှတ်ပြုသည့်အနေဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦးဖြစ်သည်။ အလယ်ဗဟိုတွင် ချန်ကေရှိတ်ခန်းမ တည်ရှိပြီး ခန်းမရှေ့တွင် ကျယ်ဝန်းသည့် ရင်ပြင်ရှိကာ ဘေးတဖက်တချက်တွင် အမျိုးသား ပြဇာတ်ရုံနှင့် အမျိုးသား ဂီတခန်းမ တည်ရှိသည်။ လမ်းတပြအကွာတွင် သမ္မတအိမ်တော် တည်ရှိသည်။ ဆွန်ယက်ဆင်ခန်းမသည် တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်ဖခင် ဒေါက်တာဆွန်ယက်ဆင်၏ အထိန်းအမှတ်အဖြစ် ၁၉၇၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အဆောက်အဦးဖြစ်သည်။ ခန်းမဖွင့်လှစ်ခဲ့ချိန်မှစ၍ ထိုခန်းမတွင် အဓိကအားဖြင့် ဒေါက်တာဆွန်ယက်ဆင်နှင့် စပ်လျဉ်းသည့် ချင်းမင်းဆက် တော်လှန်ရေး လှုပ်ရှားမှုများကို ပြသထားသည်။ လတ်တလောတွင်မူ ပြည်သူအများ အပန်းဖြေရာ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစင်တာအဖြစ် အသွင်ပြောင်းလာပြီ ဖြစ်သည်။ ဆွန်ယက်ဆင်ခန်းမသည် ထိုင်ဝမ်၏ အမြင့်ဆုံးမိုးမျှော်တိုက် ထိုင်ပေ ၁၀၁ နှင့် မနီးမဝေးတွင် တည်ရှိသည်။ အမျိုးသားကုကုန်းပြတိုက်တွင် အဓိကအားဖြင့် ရှေးဟောင်းတရုတ်ပြည် မင်းအဆက်ဆက်မှ သိမ်းဆည်းထားသည့် အနုပညာ လက်ရာပစ္စည်းများကို စုဆောင်းပြသထားသည်။ ထိုင်ပေကုကုန်းပြတိုက်သည် ကမ္ဘာပေါ်တွင် ရှေးဟောင်းတရုတ် လက်ရာပစ္စည်း အများဆုံး စုဆောင်းသိမ်းဆည်းထားသည့် ယဉ်ကျေးမှုပြတိုက် တခုအဖြစ် တည်ရှိသည်။ ထိုင်ပေ အနုပညာပြတိုက်အား ၁၉၇၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ထိုင်ဝမ်၏ ပထမဦးဆုံးသော မော်ဒန်အနုပညာပြတိုက် ဖြစ်သည်။ ထိုင်ပေအနုပညာပြတိုက်တွင် အဓိကအားဖြင့် ထိုင်ဝမ်အနုပညာရှင်များ၏ လက်ရာပစ္စည်းများကို ပြသထားသည်။ လက်ရှိတွင် လက်ရာပစ္စည်းပေါင်း ၃၀၀၀ ကျော်ရှိသည်။ အများစုမှာ ၁၉၄၀ နောက်ပိုင်း လက်ရာများ ဖြစ်ကြပြီး အုပ်စု ၁၃ ခုအဖြစ် ခွဲခြားထားသည်။ ၂၀၀၀ ခုနှစ်တွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများကို ပြသခဲ့ဖူးသည်။ ထိုင်ပေ ခေတ်ပြိုင် အနုပညာပြတိုက်ကို (台北當代藝術館;MOCA Taipei) ၂၀၀၁ ခုနှစ်တွင် ထိုင်ပေမြို့တော်ခန်းမဟောင်းတွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ လက်ရှိ မြို့တော်ခန်းမမှာ ထိုင်ပေ ၁၀၁ အနီးတွင် တည်ရှိသည်။ အမျိုးသား ထိုင်ဝမ်ပြတိုက်သည် ထိုင်ဝမ်တွင် ခေတ်ကာလ အရှည်ကြာဆုံး ပြတိုက်တခုဖြစ်သည်။ ယင်းပြတိုက်အား ဂျပန်ကိုလိုနီအစိုးရက ၁၉၀၈ ခုနှစ် ထိုင်ဝမ်ရထားလမ်းနှင့် တချိန်တည်းတွင် ဖွင့်လှစ်ခဲ့သည်။ ဂျပန်ကိုလိုနီအစိုးရက ထိုင်ဝမ်ဘုရင်ခံပြတိုက်ကို တည်ထောင်ခဲ့ပြီး ကနဦးတွင် လက်ရာပစ္စည်းပေါင်း ၁ သောင်းကျော် စုဆောင်းခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် အဆောက်အဦးအသစ်ကို ဖွင့်လှစ်ခဲ့ပြီး ယင်းပြတိုက်သည် ဂျပန်ကိုလိုနီခေတ်တွင် အရေးပါသည့် ပြည်သူပိုင် အဆောက်အဦးဖြစ်လာသည်။ လည်ပတ်စရာနေရာများ ခရီးသွားများ စိတ်ဝင်စားသည့် နေရာအများစုသည် မြို့ပတ်အမြန်ရထားဘူတာ အနီးတွင် တည်ရှိကြသည်။ ထိုင်ပေ မြို့ပတ် အမြန်ရထားဘူတာများတွင် တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လမ်းညွှန်ထားသောကြောင့် အလွယ်တကူ သွားရောက်နိုင်သည်။ ခရီးသည်များ အဆင်ပြေစေရန် မြို့ပတ်ရထားပေါ်၌ ဘူတာဆိုက်ခါနီးတွင် ဘူတာအမည်ကို တရုတ်၊ မင်နန်၊ ဟတ်ကား၊ အင်္ဂလိပ် ၄ ဘာသာဖြင့် ကြေညာပေးသည်။ ထိုင်ပေမြို့သည်လည်း ကြိုးမဲ့အင်တာနက် ချိပ်ဆက်နိုင်သည့် နေရာပေါင်း ၂ သောင်းကျော် ရှိသောကြောင့် ကမ္ဘာပေါ်တွင် ကြိုးမဲ့အင်တာနက်ကွန်ယက် ချိပ်ဆက်မှု အကောင်းဆုံး မြို့တမြို့ဖြစ်သည်။ ထိုင်ပေမြို့တွင် လူသိများသည့် အပန်းဖြေရန် နေရာတခုမှာ အနီးဝန်းကျင်ရှိ ရန်မင်စန်း (陽明山) ဖြစ်သည်။ ရန်မင်စန်းနှင့် တောင်ခြေရှိ ပေထိုသည် ရေပူစမ်းနှင့် ချယ်ရီပန်းများကြောင့် နာမည်ကျော်ကြားသည်။ ထိုင်ပေမြို့အရှေ့ဘက်ရှိ မောင်းခုန်းသည် လက်ဖက်ရည်ကြမ်းဆိုင်များဖြင့် လူသွားများသည့် နေရာတခုဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ မောင်းခုန်း ကွန်ဒိုလာကို ဖွင့်လှစ်ခဲ့သောကြောင့် သွားရောက်လည်ပတ်သူ ပို၍ များပြားလာသည်။ ထိုင်ပေခရိုင်ရှိ ပိထန် (碧潭) မှာ ရေပေါ်ကစားစရာများနှင့် လှေလှော်ရန် အကောင်းဆုံးနေရာအဖြစ် ကျော်ကြားသည်။ ထိုင်ပေမြို့တဝိုက်တွင် သွားရောက်လည်ပတ်စရာ ညဈေးများရှိပြီး လူသိအများဆုံးမှာ ရှိလင်ညဈေး (士林夜市) ဖြစ်သည်။ ရှိလင်ညဈေးတန်းတွင် ထိုင်ပေမြို့ခံများအပြင် အနယ်နယ်အရပ်ရပ်မှ ခရီးသည်များ၊ ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလေ့ရှိသည်။ အထူးသဖြင့် ညနေ ၄ နာရီကျော်လျှင် အနီးတဝိုက်မှ ကျောင်းဆင်းလာသည့် ကျောင်းသား၊ ကျောင်းသူများဖြင့် ပြည့်နှက်နေတတ်သည်။ ညဈေးတန်းများသည် များသောအားဖြင့် ည ၁၁ နာရီ တချက်ထိုးအထိ ဖွင့်လှစ်ကြသည်။ ထိုင်ပေမြို့ အနောက်ခြမ်းရှိ ရှီးမင်တင်း (西門町) သည် ၁၉၃၀ ပြည့်နှစ်များမှစ၍ ခေတ်ပေါ်အဝတ်အထည်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ နိုင်ငံစုံအစားအစာများ ရရှိနိုင်သည့် စားသောက်ဆိုင်များ ပြည့်နှက်နေသည့် နေရာဖြစ်သည်။ လူငယ်များ အသွားများသည့် နေရာလည်းဖြစ်သည်။ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် လမ်းသွားလမ်းလာများ အဆင်ပြေစေရန် အချို့လမ်းများအား မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ မဝင်ရန် တားမြစ်ထားသည်။ စီးပွားရေး တိုးတက်လာသည်နှင့်အမျှ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်ပေမြို့ အရှေ့ခြမ်း ရှင့်ယိမြို့နယ်သည်လည်း စည်ကားစပြုလာသည်။ ထိုင်ပေမြို့တော်ခန်းမ၊ ထိုင်ပေ ၁၀၁ စသည့် ထိုင်ပေမြို့၏ သင်္ကေတဖြစ်သည့် အဆောက်အဦးများသည် ဤနေရာတွင် တည်ရှိကြသည်။ ကုန်တိုက်ကြီးများ၊ ရုပ်ရှင်ရုံများ၊ ရှော့ပင်းမောများလည်း အရှိုရှိုဖွင့်လှစ်လာသောကြောင့် ကမ္ဘာလှည့်ခရီးသည်များ ထိုင်ပေရောက်လျှင် မသွားမဖြစ် သွားကြသည့် နေရာတခုဖြစ်လာသည်။ ထိုင်ပေ ၁၀၁ ထိုင်ပေ ၁၀၁ သည် အထပ်ပေါင်း ၁၀၁ ထပ်ရှိသည့် မိုးမျှော်တိုက်ကြီးဖြစ်ပြီး ၂၀၀၄ ခုနှစ် စတင်ဖွင့်လှစ် အသုံးပြုခဲ့ချိန်တွင် ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦးဖြစ်ခဲ့သည်။ ထိုင်ပေ ၁၀၁ သည် မြေပြင်မှ ၄၄၉ မီတာ (၁၄၇၄ ပေ) မြင့်သည်။ အမိုးရှိ အင်တာနာပါပေါင်းလျှင် ၅၀၉ မီတာမြင့်သည်။ (လက်ရှိကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦးမှာ ဆောက်လုပ်ဆဲဖြစ်သည့် ဒူဘိုင်းတာဝါ ဖြစ်သည်။) ၈၉ ထပ်နှင့် ၉၁ ထပ်တွင် လူအများ ထိုင်ပေမြို့၏ ရှုခင်းကို ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားသည်။ ၈၉ ထပ်သည် အင်ဒိုးဖြစ်ပြီး ၉၁ ထပ်မှာ အောက်ဒိုးဖြစ်၍ အပြင်ထွက်ကြည့်နိုင်သည်။ ထိုင်ပေ ၁၀၁ ရှိ ဓာတ်လှေကားများသည် ကမ္ဘာပေါ်တွင် အမြန်ဆုံးအဖြစ် စံချိန်တင်ထားဆဲဖြစ်သည်။ နှစ်ကူးအကြိုညတွင် ထိုင်ပေ ၁၀၁ မှ မီးရှူးမီးပန်းလွှတ်ခြင်းကို နှစ်စဉ် အရေးပါသည့် ပွဲတရပ်အဖြစ် ရုပ်မြင်သံကြား ဌာနများမှ ထုတ်လွှင့်ပြသလေ့ရှိသည်။ ထိုင်ပေ ၁၀၁ ၏ အောက်ထပ်များတွင် ရှော့ပင်းမော တည်ရှိသည်။ ရာသီဥတု ထိုင်ပေမြို့၏ ရာသီဥတုမှာ စွတ်စိုသည့် အပူလျော့ပိုင်း ရာသီဥတုဖြစ်သည်။ တနှစ်ပတ်လုံး၏ ပျမ်းမျှအပူချိန်မှာ 23.6 °C (74.5 °F) ဖြစ်ပြီး နွေရာသီတွင် ပျမ်းမျှ 29.4 °C (84.9 °F) နှင့် ဆောင်းရာသီတွင် ပျမ်းမျှ 11.0 °C (51.8 °F) ရှိသည်။ နွေရာသီတွင် စွတ်စိုပြီး ရံဖန်ရံခါ ထစ်ချုန်းမိုး ရွာသွန်းလေ့ရှိကာ ထိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လေ့ရှိသည်။ ဆောင်းရာသီမှာ ကာလတိုတောင်းပြီး အအေးလွန်ခြင်း မရှိပေ။ ထိုင်ဝမ်သည် ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိသောကြောင့် နှစ်စဉ် ဇွန်လမှ အောက်တိုဘာလ အကြားတွင် ထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တတ်သည်။ ကျမ်းကိုး ထိုင်ဝမ် အာရှတိုက်ရှိ မြို့တော်များ ထိုင်ဝမ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%B1%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
တဘောင်
တဘောင်ဟူသည် သူငယ်၊ သဘင်သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကားဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုသည်။ ဆရာကြီး ဦးဘရင်က တဘောင်ဟူသော စကားမှာ တံဘာသ မှ ပြောင်းလာခြင်း ဖြစ်သည်။ `တံ´ သည် ထို ဟူသော ညွှန်ကြားခြင်း နိဒဿန ဖြစ်သည်။ `ဘာသ´မှာ ပြောဆိုခြင်း ဖြစ်သည်။ ထိုသို့သော နောင်အခါ၌ မည်သို့မည်ပုံဖြစ်မည်ကို ကြိုတင်ပြောဆိုထားခြင်းဟု အဓိပ္ပာယ် ဖွင့်ပါသည်။ တဘောင်နှင့် စနည်း မတူပေ၊ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ က တဘောင်နှင့် စနည်း ဤသို့ခွဲခြားပြသည်။ တဘောင်ဟူသည် ကြားရသော အသံဖြစ်၏။ သဘင်သည်၊ သူရူး၊ ကလေးသူငယ်တို့၏ နှုတ်ဖျားမှ သီဆိုအော်ဟစ်ကြသော အသံသည် တမင်နားမထောင်ရဘဲ ကြားရသောအသံ ဖြစ်၍ တဘောင်ဟု ခေါ်၏။ တမင်ချောင်း၍ နားထောင်မှ ကြားသိရသောအသံကိုကား စနည်းဟု ခေါ်ဆိုသည်။ မြန်မာတို့ယုံကြည်မှုအရ တဘောင်ဆိုသည်မှာ ပညာရှိ၊ ဗေဒင်ကျမ်းဂန်တတ်တို့က အနာဂတ်တွင် ဖြစ်ဖွယ်ရှိသည့် အကြောင်းတရားတို့ကို တွက်ချက်ကာ အပြောအဆိုရလွယ်စေရန် ရေးသားစီရင်ထားသော ကဗျာ(သို့) လင်္ကာ ဟုသတ်မှတ်နိုင်သည်။ သဘောင်နှင့် သိုက်စာမှာ သဘောချင်းအားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။ သို့သော် သိုက်စာမှာ အချိန်အားဖြင့် ပိုမိုသောသဘောတွင်ရှိပြီး စာကိုယ်အားဖြင့်လည်း ပိုရှည်တတ်ပေသည်။ နမူနာတဘောင်များ ကုန်းဘောင်ခေတ်တဘောင် (၁) ဟင်္သာမင်း အင်းကိုဆင်းမည်။ (၂) ဆင်းမဲ့ဟင်္သာ မုဆိုးလေးနဲ့ပစ်မည်။ (၃) ပစ်မဲ့မုဆိုး ထီးရိုးရိုက်မည်။ (၄) ထီးရိုးကို မိုးကြိုးပစ်မည်။ (၅) သံခမောက်ဆောင်း လေးယောက်ပေါ်မည်။ (၆) ဧရာဝတီ ခမ်းလိမ့်မည်။ (၇) လက်ပံလည်း ရှားလိမ့်မည်။ (၈) ကြက်မ,တွန်လို့ မိုးလင်းမည်။ (၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းမည်။ (၁၀) ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာဝပြော လိမ့်မည်။ အဓိပ္ပာယ်: (၁) ဟံသာဝတီ မွန်တပ်များသည် အင်းဝကို သိမ်းပိုက်လိမ့်မည်။ (၂) ထိုမွန်တပ်များကို မုဆိုးဖို (ရွှေဘို) မှ အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်းဆက်သည် မုဆိုးဖိုရွာမှ စတင်ခဲ့သည်။ ထိုမင်းဆက်ကို မုဆိုးမင်းဆက်ဟုလည်းခေါ်ကြသည်။ (၃) ထိုမုဆိုးမင်းဆက်ကို တိုင်းတစ်ပါးမင်းက ဖြုတ်ချလိမ့်မည်။ (၄) ထိုတိုင်းတစ်ပါးမင်းကို ဖြုတ်ချဖယ်ရှားကြလိမ့်မည်။ (၅) စစ်တပ်မှခေါင်းဆောင်လေးဦးသည် တိုင်းပြည်၏ခေါင်းဆောင် ဖြစ်ကြလိမ့်မည်။ (၆) ဧရာဝတီမြစ်တွင် ခမ်းခြောက်မှုများ ဖြစ်လိမ့်မည်။ (၇) တိုင်းတစ်ပါးသို့ ရောင်းချရသဖြင့် လက်ပံပင်များ ရှားလိမ့်မည်။ (၈) အမျိုးသမီးခေါင်းဆောင်တစ်ဦးသည် တိုင်းပြည်အတွက် အလင်းတန်းပေးလိမ့်မည်။ (၉) နောင်တွင်သာနာပြုမင်း တက်လာလိမ့်မည်။ (၁၀) ထိုမင်းလက်ထက်တွင် တိုင်းပြည်တိုးတက်သာယာလိမ့်မည်။ သီပေါမင်းတဘောင် တုန်းအောက်က သီတွန် လူလွန်မသား မုန့်ဆီကြော် အလယ်အက်တယ် ပြည်ဖျက်မယ့်သား။ အဓိပ္ပာယ်: မင်းတုန်းမင်းနှင့် သီလရှင်ဝတ်သွားသောမိဖုရား၏သားဖြစ်သူ သီပေါမင်းလက်ထက်တွင် တိုင်းပြည်မငြိမ်သက်မှုများဖြစ်ရာ ပျက်သုဉ်းခဲ့ရသည်။ ဘိုးတော်ဘုရားလက်ထက်နှောင်းတဘောင် တပင်တိုင်ခဝါချပြီမို့ နာကြတဲ့အသီးတွေ၊ တွန့်လို့သာကြေ၊ အသီးတွေရာသီပြောင်း သာသနာမောင်း ရှေ့ကဆော်၊ ဒေါင်းတွေကအော်၊ ဒေါင်းအော်ရင်မနေသာ သူပါလိမ့်မယ်လေး။ ခြင်္သေ့မင်းက တန်းခိုးကြွယ် တိုးလို့ကွယ် ပျက်လိမ့်ဦး၊ ဂူအောင်းတဲ့ ခင်ကြီးပျော်လို့ရယ် သမီးတော် လွှတ်လိုက်ပါဦး၊ ဇာနည်ကြက်မသူတွန်လျှင် ဇမ္ဗူတခွင် လင်းလို့မဆုံး။ — အယူတော်မင်္ဂလာဦးနိုး ဦးဖိုးလှိုင်၏အတိတ်တဘောင် သာသနာဘဝဂ်ခရီးမှာတော့ဖြင့်၊ ကနက်ထီးတွေနဲ့ ဖျက်ဆီးဖို့ခရီးကြုံ၊ ရွှေပေးမယ် မယ်မယုံ၊ ငွေပေးမယ် မယ်မယုံ နယ်အကုန်ဖျက်မဲ့အရေး၊ ပြန်စလို့တွေး။ တံတားတွေအလျင်ဆောက်လို့၊ဘုရားရင်မောက်လိမ့်၊ ဘုရားတွေရင်မောက်ရင်ဖြင့်၊ အခြားပြည်ဝင်နှောက်ပါလိမ့်။ အခြားပြည်ဝင်နှောက်ရင်ဖြင့်၊ ပြည်တော်ပြန်မယ်ထွေးကို နန်းအပ်မှအေး။ — ယောအတွင်းဝန်ဦးဘိုးလှိုင် (မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်၊ ခရစ်နှစ် ၁၈၉၆) ရွှေပေါ်ကျွန်းဆရာတော်ကြီး၏တဘောင် မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထလိမ့်မည်။ သူပုန်ထကာမင်း မိစ္ဆာ ချက်ချင်း ကျလိမ့်မည်။ မင်းကျင့်တရား ထုံး(၁၀)ပါး နဂါးတပ်က အောင်လိမ့်မည်။ စိတ်ဝမ်းကွဲလျှင် ချက်ချင်းပင် ထိုးစစ်ဆင်လိမ့်မည်။ တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည်။ ထိုနေ့အခါ ပြည်မြန်မာ သာယာဝပြောမည်။ မိစ္ဆာရဲ့လမ်းက ကျယ်ပါဘိ နောက်တက်မယ့် မင်းကငယ်ပါဘိ။ ထိုနေ့အခါ မင်းမိစ္ဆာ ယတြာ ဘယ်လိုကောင်းကောင်း တပေါင်းမကျော်ပြီ။ မန်းတောင်က သောင်တမန်ရေနှစ်ခါဖွေး ပြည်တော်ပြန်မိန်းကလေးတက်မှအေး။ — ရွှေပေါ်ကျွန်းဆရာတော် (၁၉၉၂) ကိုးကား မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%90%E1%80%98%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
မွန်တို့တွင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ဟူပြီး သီးသန့်မရှိပေ။ သို့သော် အမည်မသိရှေးမွန်ပညာရှိများရေးသားခဲ့သည့် မွန်ပေမူဖြင့် သထုံမင်းဆက်မှ စသည့် ဥပ္ပန္နသုဝဏ္ဏဘုမ္မိအာရမ္ဘကထာကျမ်းနှင့် သုဓမ္မဝတီသီဟရာဇာဓိရာဇဝံသကျမ်း ဟူ၍ နှစ်ကျမ်းသာရှိသည်။ ဘုရင့်နောင်လက်ထက်အရောက်တွင် မှူးမတ်ကြီးတစ်ဦးဖြစ်သည့် မွန်ဝန်ကြီးဗညားဒလက ပထမကျမ်း၏ နောက်ဆုံးပိုင်းဖြစ်သည့် မဂဒူးမင်းဆက်အစမှ ရာဇာဓိရာဇ်အထိကို ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းအဖြစ် မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ထိုကျမ်းမှာ မြန်မာဘာသာဖြင့် ပထမဆုံး ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းဖြစ်ကာ သမိုင်းပါမောက္ခ ဒေါက်တာ နိုင်ပန်းလှ ရေးသားသည့် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှာ မြောက်မြားလှစွာသော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းများအနက်မှ နောက်အကျဆုံးနှင့် အပြည့်စုံဆုံးသော ကျမ်းဖြစ်ပေသည်။ ထိုကျမ်းမှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့အနီးရှိ ပတ်လတ်ရွာမှတွေ့ရှိသည့် မွန်ပေမူကို ပြန်လည်ပုံနှိပ်ထားသည့်ကျမ်းအား အခြေပြု၍ အခြားမြန်မာ-မွန်ပေမူများ၊ ပုံနှိပ်မူများ၊ ဦးကုလား၊ မှန်နန်းအစရှိသည့် ရာဇဝင်ကျမ်းများကို ညီညွတ်နိုင်သမျှ ညီညွတ်စေရန် တိုက်ဆိုင်စစ်ဆေးကာ ရေးသားထားခြင်းဖြစ်ပေသည်။ နောက်ခံသမိုင်းအကျဉ်း အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်သည် မြန်မာရာဇဝင်တွင် အထူးပင် အရေးပါသော ကာလ ဖြစ်သည်။ မွန်နှင့် ဗမာ တိုင်းရင်းသားတို့ နှစ်ဖက်မှ ပြည်ထောင်စု၏ ဦးဆောင်သူ နေရာကို ရနိုင်ရန် အပြိုင် ကြိုးပမ်းသည့် ကာလအဖြစ် သမိုင်းတွင် ထင်ရှားလှသည်။ အင်းဝမှ မင်းကြီးစွာစော်ကဲ၊ သားတော် ဘုရင်မင်းခေါင်တို့နှင့် ဟံသာဝတီမှ မွန်မင်း ရာဇာဓိရာဇ်တို့ အကြိမ်ကြိမ် စစ်မပြတ်ခင်းခဲ့ပြီး သမိုင်းတွင်သည့် သူရဲကောင်း အကျော်အမော်များ၊ စံပြုလောက်သည့် စစ်ရေးနည်းဗျူဟာများကို အပြန်အလှန် အသုံးချကာ စစ်ခင်းခဲ့ခြင်း ဖြစ်သည်။ ရာဇာဓိရာဇ် (မြန်မာသက္ကရာဇ် ၇၄၅-၇၈၂) မှာ မဂဒူးမင်းဆက်၏ (၉) ဆက်မြောက် မင်းဖြစ်သည်။ အစဉ်အဆက် မုတ္တမတွင် ထီးနန်း စိုးစံခဲ့ရာမှ (၈) ဆက်မြောက် ဖြစ်သည့် ဆင်ဖြူရှင် ဗညားဦး လက်ထက်တွင် လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် ဒုန်ဝုန်းမြို့သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်ဝန်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။ အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော်မင်းလင်္ကာ ပုန်ကန်ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၎င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။ သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော်မူလှသည် မရှိဟုသိရသည်။ လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက် ဟုနာမည်ပေးသည်။ နောင်အခါ ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။ အခြား မိဖုရားဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။ ဗညားနွဲ့ အသက် ၁၅ နှစ်တွင် အဖတူအမိကွဲ နှမတော်တလမေဒေါနှင့်ရည်ငံကာ ထွက်ပြေးကြသဖြင့် ဗညားဦး လွန်စွာအမျက်ရှကာ ထောင်သွင်း အကျဉ်းချစေသည်။ နောင် မဟာဒေဝီ တောင်းပန်သဖြင့် ပြန်လွတ်စေသည်။ ဟံသာဝတီတွင် သုရှင် ဗညားဦး(ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား အရီးတော် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ထိုမှနေပြီး ပုန်ကန်ပါတော့သည်။ ထိုသို့ ဒဂုံတွင် ရှိစဉ် လင်ရှိမယား ဆီသည်မ (မြန်မာမူတွင် ပန်းသည်မ) မွေမနိတ်ကို မိဖုရားအဖြစ် သိမ်းပိုက်သည်။ (သမိန်မရူး နှင့် မဟာဒေဝီ တို့မှာ မရိုးသားကြပေ။) နောင်တွင် မဟာဒေဝီနှင့် သမိန်မရူးတို့ ကလောက်ဖြား၊ ဗြထဗတို့ကို စည်းရုံးပြီး စစ်တပ်ကြီး စီရင်ကာ ဒဂုံကို ဝိုင်းရံလာစဉ် ဥပါယ်ဖြင့် မြောင်းမြ နှင့် မုတ္တမ တို့မှ စစ်တပ်များကို ပြန်လှည့် စေရန် ပြုသည်။ အမိတူ အဖကွဲ နောင်တော် ဒလစား မညီ ကံကောင်း လာရောက်ပူးပေါင်းသဖြင့် အင်အား ပိုတောင့်တင်းလာပြီး သမိန်မရူး တပ်ကို ညအချိန်တွင် အပြင်းတိုက်သဖြင့် မရူးပြေးရာ လူသူသုံ့ပန်း အများအပြားရပြီး အောင်ပွဲခံနိုင်လေသည်။ နောက်တွင် ပဲခူးထိ ချီတက် တိုက်ခိုက်ရာ ပဲခူး မရောက်မီ ခမည်းတော် ဗညားဦး နတ်ရွာ လားလေသောကြောင့် တစ်ကြောင်း၊ သမိန်မရူး ပြေးသောကြောင့် တစ်ကြောင်း၊ မြို့တွင်းမှ မူးမတ် ဒေါဗညားများက ထောက်ခံသောကြောင့်တစ်ကြောင်း နန်းပလ္လင်ပေါ်သို့ လွယ်ကူစွာ တက်နိုင်ကာ ရာဇာဓိရာဇ် ဟူသော ဘွဲ့ဖြင့် အသက် ၁၆ နှစ်တွင် ဟံသာဝတီပြည်ကို အုပ်စိုးလေသည်။ နန်းရလျှင် မွေမနိတ်အား ပီယရာဇာဒေဝီ ဘွဲ့ဖြင့် မိဖုရားကြီးအရာ ပေးသည်။ သမိန်မရူးနှင့် ၎င်း၏မယား တလမေသီရိ တို့အား သတ်စေပြီး အရီးတော် မဟာဒေဝီကိုမူ ကျေးဇူး ရှိဖူးသည်ကို ထောက်ကာ မသတ်ဘဲ ထားလေသည်။ မိမိအား နန်းတော်တံခါးတစ်ဖက်သာဖွင့်ပြီး ကြိုဆိုသည့်အတွက် အမတ်ဒိန်ကို သတ်ရန်အမိန့်ချသော်လည်း အမတ်ဒိန်အလျှောက်ကောင်းသဖြင့် လွတ်သည်။ နယ်ပယ်များကို သိမ်းသွင်းခြင်း နန်းတက်ပြီးနောက် မကြာမီ အင်းဝမှ မင်းကြီးစွာ သည် မြောင်းမြစား လောက်ဖြား၏ မနာလို ကုန်းတိုက်စကားတွင် ယုံမှတ်ကာ ဟံသာဝတီကို အရယူရန် အကြံဖြင့် ချီလာသည်ကို တွန်းလှန် ခဲ့ရသေးသည်။ အမှန်တွင် ဟံသာဝတီ မင်းနေပြည်၏ အာဏာစက်မှာ ရာမည မွန်သုံးရပ်တွင် အရှေ့မုတ္တမ ၃၂ မြို့ နှင့် အနောက် ပုသိမ်၃၂မြို့ များသို့ပင် သက်ရောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်မှာ ဆင်ဖြူရှင် ဗညားဦး လက်ထက်ကပင် ဖြစ်သည်။ ထို့ကြောင့် ဗညားနွဲ့ အနေဖြင့် အဆိုပါ သူပုန်သူကန်၊ မြို့စား၊ ရွာစားများကို နှိမ်နှင်းရန် အကြောင်းဖန်လာ လေတော့သည်။ အရှေ့ဘက်တလွှားကို သိမ်းသွင်းခြင်း ထို့ကြောင့်ပင် လူသူလက်နက်များ စုစည်းပြီး ခမည်းတော် ဗညားဦး လက်ထက်က လက်လွှတ်ခဲ့ရသည့် အရှေ့ဘက် မုတ္တမ ၃၂ မြို့ကို သိမ်းသွင်းရန် စစ်တပ်ကြီး ချီစေသည်။ ဘောလဂွန်းလက်မှ လဂွန်းဗျဉ်းကို လည်းကောင်း၊ သံလှစ်လက်မှ ဒုန်ဝန်းကို လည်းကောင်း၊ မဂြိုင်းလက်မှ သံမောင်မြို့ကို လည်းကောင်း၊ အဲဗြပုန်နှင့် ဗြထဗတို့၏ မုတ္တမနှင့် ဥလို၏ မော်လမြိုင် မြို့များကို လည်းကောင်း ဆက်တိုက် သိမ်းယူပြီး အရှေ့တစ်လွားရှိ မြို့ရွာများတွင် ယုံကြည်ရသည့် မူးမတ်များကို မြို့စားအရာ ပေးကာ ဟံသာဝတီသို့ ပြန်လေသည်။ အဲဗြပုန်၊ ဗြထဗနှင့် ဥလိုတို့လည်း ကုလားပြည်သို့ လှေဖြင့် ပြေးလေသည်။ ထိုသို့ အရှေ့ဘက်သို့ တိုက်ခိုက်ခဲ့ရာတွင် နာမည်ရသည့် သူရဲကောင်းများမှာ အမတ်ဒိန်၊ သမိန်သံဗြတ်(သမိန်ဗြာဇ္ဇ)၊ လဂွန်းအိန်၊ သမိန်ရဲသင်ရံ တို့ဖြစ်သည်။ အနောက်ဘက်တလွှားကို သိမ်းသွင်းခြင်း မြန်မာသက္ကရာဇ် ၇၅၀ တွင် နောင်တော် မညီကံကောင်း သည် မြောင်းမြစား လောက်ဖြားနှင့် ညီညွတ်ပြီး ဒလမှ ပုန်ကန်သည်ကို သွားရောက် နှိမ်နှင်းရပြီး မညီကံကောင်းအား ကွပ်ကာ ၎င်း၏သား၊ တူတော် ဘောဝ်ကျော် အား သစ္စာပေးကာ အဖအရာကို ဆက်ခံစေသည်။ နောက် လောက်ဖြားအား နှိမ်နှင်းရန် တစ်ပါတည်း အနောက်ဘက်သို့ ချီလေသည်။ ရှေးဦးစွာ ပုသိမ်ကို စားသော လောက်ဖြား၏ သားနှစ်ပါးဖြစ်သည့် လောက်ရုန် နှင့် လောက်သိန်တို့အား တိုက်ရာ အနိုင် မရနိုင်ဘဲ အမတ် ရာဇမနု(မင်းကန်စီ)ပါ ဆင်ထက်တွင် ကျဆုံးလေသည်။ ထိုသို့ ပုသိမ်တွင် ရှိနေစဉ် ပဲခူးတွင် အကျဉ်းချထားသည့် ညီတော် ဘောငံမုန် အား အဲကောင်ဗိန်ကို လွှတ်ပြီး ကွပ်စေပြန်သည်။ နောက် စစ်ဦးကို မြောင်းမြသို့ လှည့်ဟန်ပြုကာ လဂွန်းအိန်အား ပရိယာယ်ဖြင့် နောက်မှ လိုက်သည့် လောက်ရုန်နှင့် လောက်သိန်တို့အား အနိုင်ယူစေကာ ပုသိမ်ကို အရ သိမ်းလေသည်။ အမတ်ဒိန်ကလည်း ဒေးပသွယ်ကို ရပြီး ရာဇာဓိရာဇ်အား ဆက်ပြန်သည်။ နောက် မြောင်းမြသို့ချီရာ မြောင်းမြစားလည်း မခံဝံ့သဖြင့် လှေဖြင့် ပြေးမည်ကြံသော် သားတော် မပစ်နွဲ့(ဗျည်းနွဲ့)က တားကာ ရာဇာဓိရာဇ်အား တစ်ဦးချင်း ဆင်စီးချင်းထိုးပြီး အနိုင်အရှုံး ဆုံးဖြတ်ရန် တောင်းဆိုလေသည်။ ရာဇာဓိရာဇ်လည်း လက်ခံကာ ဆင်တော် ငရက်နွဲ့ကိုစီးပြီး ဆင်စီးချင်းထိုး၏။ အမှတ်မဲ့ဖြင့် ချိန်းဆိုရာ မြို့ရိုးတွင်းသို့ဝင်ရာ မပစ်နွဲ့က တံခါးအကွယ်မှ ရုတ်တရက်ထွက်တိုက်ကာ ဆင်ချင်းပူးလျှင်ခုတ်ရန်ဓားချွတ်မရသောကြောင့် ချွန်းသီးနှင့်ရိုက်သော် ဗညားနွဲ့ နဖူးကွဲကာ မူးဝေလေသည်။ ထို့ကြောင့် မြို့ပြင်သို့ဆုတ်ပြေးပြီး အမူးပြေမှ တဖန်ပြန်လှည့်တိုက်သည်။ ဒီတစ်ကြိမ်တွင်အနိုင်ယူကာ မြောင်းမြကို သိမ်းလေသည်။ နောက် လောက်ဖြားအား ဂတိအတိုင်း ဒဂုံဆံတော်ရှင်(ရွှေတိဂုံ)အနီးတွင် သီတင်းဆောက်တည်ခွင့်ပြုသည်။ မပစ်နွဲ့မှာမူ မနေလိုကြောင်း လျှောက်သဖြင့် ကွပ်စေသည်။ အင်းဝနှင့်စစ်ပြုခြင်း ထိုသို့ ရာဇာဓိရာဇ်သည် ရာမညတိုင်းမွန်သုံးရပ်လုံးကို အောင်မြင်ပြီးနောက်တွင် နန်းတက်စက အင်းဝမှ လာရောက် စစ်ပြုဖူးသည်ကို အမှတ်ထားရှိခဲ့ဖူးသည့်အလျောက် အင်းဝနှင့် စစ်ပြုရန် လုံ့လထုတ်လေတော့သည်။ ဤသို့ဖြင့် သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ် စစ်ကြီး အစပြုလေတော့သည်။ ကူထွက်ကိုသိမ်းခြင်း၊မင်းကြီးစွာနှင့်ပြေငြိမ်းခြင်း မြန်မာသက္ကရာဇ် ၇၅၂၊ ရာဇာဓိရာဇ် သက်တော် ၂၃ နှစ်တွင် အင်းဝပိုင် ကူထွတ်(ယခု မြန်အောင်မြို့)ကို အင်အားအပြည့်အစုံဖြင့်ချီတက် တိုက်ခိုက်ကာ သိမ်းပိုက်လေသည်။ နောက် သမိန်ချစ်ဗေတ နှင့် သမိန်သံကြယ် တို့ ၂ယောက်အားစောင့်စေပြီး ဟံသာဝတီသို့ပြန်လေသည်။ အရောက်တွင် သားတော် ဘောလောအဲကျန်းတော (ဘောလောကျန်းဒေါ/ဗညားနွဲ့ငယ်မယား၊ အဖတူအမိကွဲနှမလည်း တော်စပ်သော လမေဒေါနှင့်မွေးသူ၊မိခင်မှာ ဗညားနွဲ့ နန်းတက်စဉ်က မွေမနိတ်အား ပီယရာဇာဒေဝီဘွဲ့ဖြင့် မိဖုရားကြီးအရာပေးသောကြောင့် အဆိပ်သောက်ပြီးသေ) မှ ဆင်မြင်း လေ့ကျင့်သည်၊စစ်ရေးအတတ်ကိုလေ့လာသည် ဟုကြား၍ အဲကောင်ဗိန် အား သွားဖမ်းစေကာ သတ်စေသည်။ ဘောလောကျန်းဒေါလည်း စိတ်နာလှသောကြောင့် မိမိ ၏ ရွှေအဆင်တန်ဆာတို့ကို ချွတ်ပြီးရွှေမောဓောစေတီ ကိုလှု၍ အင်းဝမင်း၊မိဖုရားတို့ဝမ်းတွင် ဝင်စား၍ ရာဇာဓိရာဇ်နှင့် စစ်မပြတ်ပြုပြီး မွန်သုံးရပ်ကို နှိပ်စက်လိုကြောင်း ဆုတောင်းကာ အဆိပ်သောက် သေလေသည်။ (နောင်တွင် ဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာအဖြစ်နှင့်လည်းကောင်း တပင်ရွှေထီးအဖြစ်ဖြင့်လည်းကောင်း မွေးဖွားလာသည်ဟုဆိုရိုးရှိသည်။) ဤသတင်းကိုကြားသော် ရာဇာဓိရာဇ်လည်း မိမိကိုယ်အလေးချိန်နှင့်ညီသည့် ရွှေသားတို့ဖြင့် ရွှေမော်ဓောစေတီအား ရွှေအပြည့်ချကာ သံသရာတစ်လျှောက်တွင် တိုက်သည့် ရန်စစ်ဟူသမျှကို အောင်မြင်စေကြောင်း ဆုတောင်းပြုပြန်သည်။ မြန်မာသက္ကရာဇ် ၇၅၄ တွင် အင်းဝမင်းကြီးစွာ သည်ကူထွတ် ကိုပြန်သိမ်းယူရန် တိုက်ဆင် ၈၀ဝ၊မြင်းသည် နှစ်သောင်း၊အင်အားတစ်သိန်းနှစ်သောင်း နှင့်ချီလာလေသည်။ ရာဇာဓိရာဇ် လည်း ကြည်းရေ တပ်များဖွဲ့ ပြီး ကူထွက်ကိုချီလေသည်။ ရေတပ်တွင် ဟံသာဝတီမှ အနည်းငယ်အသာရပြီး၊ ကြည်းတွင်မူ တစ်ဖက်နှင့်တစ်ဖက် အနိုင်မရနိုင်ဘဲရှိလေရာ ရေတပ်မှ အမတ်ကြီးများဖြစ်ကြသော အမတ်မဟာသမွန်၊ အမတ်ပွန်စီ၊ အဲကောင်ဗိန် နှင့်ဗြထဗိုက် တို့ကကူထွပ်နှင့်အလွဲ တို့ကို အင်းဝအားပြန်ပေးပြီး သုရှင်အား စစ်ပြေငြိမ်းကြောင်း ရာဇသံ ဆက်ရန်နှင့်သံတမန်များစေလွတ်ရန် အကြံပြုလျှောက်ထားသဖြင့် သုရှင်က သဘောတူလေသည်။ ထို့နောက် ရာဇာဓိရာဇ် နှင့် မင်းကြီးစွာစော်ကဲတို့လဲ အသီးသီး စစ်ပြေငြိမ်းလျက် ပြန်လေသည်။ ထိုနှစ်တွင် မိဖုရားကြီး မွေမနိတ် (ပီယရာဇာဒေဝီ)လွန်သည်။ အထက်အင်းဝနှင့်တကောင်းတိုင်အောင်ချီတက်ခြင်း သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင် နန်းတက်လေ၏။ တစ်နှစ်အကြာတွင် တကောင်းစား ငနောက်စံ လုပ်ကြံ၍ လွန်သော် ညီဖြစ်သူ မင်းဆွေက မင်းခေါင် အမည်ယူကာ နန်းတက်လေသည်။ ထိုသို့ရှိရာ ပုဂံနှင့်အင်းဝသားများ ညီညွတ်မှုမရှိဘဲ မင်းခေါင်၏ညီတော် မင်းသိဒ္ဒတ် သည် ရာဇာဓိရာဇ် ထံသို့ ခိုဝင်ခစားလာသည်။ ဤအချိန်တွင် ရာဇာဓိရာဇ်က အချက်ပိုင်ပိုင်ဖြင့် အင်းဝထိချီတက် သိမ်းပိုက်ရန် စစ်ပြင်လေတော့သည်။ ကြည်းတပ်ရှေ့ဆုံး စစ်ဖျားချီတပ်တွင် လဂွန်းအိန် ကိုထားသည်။ ပြည်မြို့ကိုရောက်သော် ပြည်စားလက်ယာပျံချီ (မြောင်းမြစားလောက်ဖျား၏သား တရဖျား၊ အင်းဝတွင်ခစားသဖြင့် ပြည်တွင် မြို့စားခန့်ထားသူ) မှထွက်မတိုက်သောကြောင့် အရံသာထား၍ ဆက်လက်ချီတက်လေသည်။ စစ်ကိုင်းရောက်သော် အင်းဝမှလည်း ပြည်နည်းတူ မြို့တွင်းမှ တွက်ပြီးမတိုက်သဖြင့် တကောင်းအထိ ချီတက်သိမ်းယူလေသည်။ ပြည်တွင် အရံထားခဲ့သော သားမက်တော် စောမဟာရာဇ်၏ ညံ့ဖျင်းမှုကြောင့် တပ်ပျက်ပြီး သမီးတော် တလမေကျော်(တလမည်ကျော်)ကို လက်ယာပျံချီ ရ၍ အင်းဝသို့ ပို့လေရာ မင်းခေါင်က သားတော် သိင်္ဂသူ(သီဟသူ)နှင့် စုံဖက်စေသည်။ အင်းဝသည် ရာဇာဓိရာဇ်၏ စစ်ကို ထွက်မတိုက်ပဲ ပညာရှိအပေါင်းတို့ကို ခေါ်ယူဆွေးနွေးရာ ပင်းယစကြိုသူမြတ် (ပန်းယသကြိုသူမြတ်)အမည်ရ သံဃာတော် တစ်ပါးမှ တာဝန်ယူကာ စစ်ငြိမ်းရန် ကြံဆောင်ပါမယ်ဟု ဂတိပြုလေသည်။ ထို့နောက်တွင် ဘုရင်မင်းခေါင်၏ရာဇသဝံလွှာ၊ လက်ဆောင်ပဏ္ဏာများနှင့် သူမြတ်သည် ရာဇာဓိရာဇ်ထံဝင်၍ လျှောက်ထားလေသည်။ ထို့ကြောင့် ရာဇာဓိရာဇ်လည်း ထိုပင်းယသူကြိုသူမြတ် နှင့် စကားပြိုင်ဆိုင်ပြီး အခြေတင် အရေးဆိုကာ နောက်ဆုံးတွင် အင်းဝအနီး တစဝိုက်၌ သာသနာရေး အဆောက်အဦးများ တည်ထားပြီး ပြန်လေသည်။ ပြန်လှည့်ရာတွင် အင်းဝသားများက သုရှင်ကောင်းမှုတို့အား မီးတင်တိုက်လေသောကြောင့် ဒေါသဖြင့်ပြန်လှည့်ရန်မိန့်သော်လည်း ပင်းယသူကြိုသူမြတ်၊ အမတ်ဒိန်၊ သမိန်ဗြာဇ္ဇတို့က တောင်းပန်လေသဖြင့် ဆက်စုန်လေသည်။ သမီးတော် အင်းဝသို့ပါကြောင်းကိုမူ ဒလ(ယခု တွံတေးမြို့နေရာ) ရောက်မှ သိသဖြင့် သားမက်တော် စောမဟာရာဇ်အား ခြေလက်တို့ကို ဖြတ်စေရာ သွေးပျက်ပြီး ရေသို့ခုန်ချသေလေသည်။ ပြည်သို့ချီခြင်း၊မင်းခေါင်နှင့် နယ်နိမိတ်သတ်မှတ်ခြင်း နောက်နှစ်တွင် ရာဇာဓိရာဇ်သည် ဘုရင်မင်းခေါင်အား အမျက်မပြေနိုင်သောကြောင့် စစ်ချီပြန်သည်။ မင်းခေါင်လည်း စစ်ကူသုံးသောင်းကို ပြည်မြို့သို့အမြန်ချီစေသည်။ ရေတပ်တွင် သုရှင်ချီ၍ ကြည်းတွင် သမိန်ဗြာဇ္ဇ က တပ် (၇) တပ်ကို ဦးဆောင်ချီသည်။ တပ်ဖျားတွင် လဂွန်းအိန် ကိုချီစေသည်။ သာဝတ္ထိသို့ ရောက်သော် လဂွန်းအိန်သည် တပ်မှူးချုပ် ၏အမိန့်ကို ဖီဆန်ပြီး လွင်ပြင်သို့ အင်းဝတပ်အရောက်တွင် တစ်ရှိန်ထိုး ထွက်၍တိုက်လေသည်။ လဂွန်းအိန် ထွက်သည်ကို မြင်လျှင် ဥပါကောင်း၊ဘောကျော်နှင့် ဗြထဗိုက်တို့ ၃တပ်လည်း ထွက်တိုက်၏။ အင်းဝတပ် များအပြင်းပြန်တိုက်လေသောကြောင့် ရှေးဦးစွာ လဂွန်းအိန် တပ်တွင် စစ်သည်အများအပြားကျ ၍ဆုတ်ရ၏။ နောက် မှလိုက်လာကျသော တပ်၃တပ်လည်း အခြေအနေ မကောင်းသောကြောင့် တောတွင်းသို့ရှောင်ရလေ၏။ နောက် သမိန်ဗြာဇ္ဇ နှင့် သမိန်အဝနံနိုင် တို့က ခုခံတိုက်ခိုက်လေသဖြင့် အင်းဝတပ်ပျက်လေသည်။ နောက် တလည်စီး တွင် တပ်ချကာ နဝင်းတွင် တပ် ၃တပ်ကိုသာ ချန်လေ၏။ ဘုရင်မင်းခေါင်လည်း ပြည်မြို့ကျမည်စိုးရိမ်သဖြင့် ကိုယ်တိုင် ချီတက်လာသည်။ သာဝတ္ထိတွင် ပျက်ကာပြေးသော တပ် ၅တပ်မှာ မြေထဲအရောက်တွင် ဘုရင်မင်းခေါင်နှင့် ဆုံ၏။ ထိုအခါ ပြန်ပြီး အနိုင်ယူရန် အာမခံပြီး တစ်ဖန် မင်းခေါင်တပ်များနှင့် ချီလာပြန်သည်။ နောက် နဝင်းရှိ တပ်၃တပ်ကို မနက်စောစော တွင် ရွပ်ရွပ် ချွံချွံ တိုက်ရာ နဝင်းရှိမွန်တပ်များပျက်ပြီး ကြုံးဝါးထားသည့်အတိုင်း အသေခံတိုက်သဖြင့် ဘောကျော် နှင့် ဗြထဗိုက်တို့ကျကာ သမိန်ဇိပ်ဗြဲကို ဖမ်းမိလေသည်။ များမကြာမှီ ဘုရင်မင်းခေါင်လည်း တပ်တွင်ရိက္ခာမရသောကြောင့် ငတ်မွတ်လေသဖြင့် တမန်တော်စေကာ ရာဇာဓိရာဇ်အား စစ်ပြေငြိမ်းမည့်အရေး ဆိုလာလေသည်။ မင်းနှစ်ပါးတို့ မြသီတင်းဘုရားတွင်အတူတစ်ကွ သစ္စာဆိုကြလေသည်။ လက်ဆောင်များအပြန်အလှန် ဆက်ကာချစ်ကြည်ရင်းနှီးကြလေသည်။ ထို့အပြင် ဗဒင်ရမ္မတောင် နှင့် ကြုံလှာ ကို နယ်ခြားထားကာ အထက်ကို အင်းဝပိုင်၊အောက်ကို ပဲခူးပိုင် အဖြစ်သဘောတူလေ၏။ ရခိုင်သို့စစ်ချီစေခြင်း မကြာမှီတွင် ဘုရင်မင်းခေါင်သည် ဇင်းမယ်(ချင်းမိုင်)မင်းထံ မဟာမိတ်ဖွဲ့မည့်အကြောင်း၊မိမိဦးစွာ ရခိုင်နှင့် ဗန်းမော်ရှမ်းတို့အား ချီတက် တိုက်ခိုက်မည့်အကြောင်း၊ ပြီးလျှင်မိမိတို့ မင်းနှစ်ပါး ဟံသာဝတီကို စစ်နှစ်ဖက်ညှပ် တိုက်ခိုက်ကာ အရယူမည့်အကြောင်း ရာဇသံတွင် ရေးပြီး ပို့လေသည်။ ထိုတမန်တော်တို့ကို မွန်ကင်းတပ်သားများက မသင်္ကာရှိပြီး ဖမ်း၍စစ်ရာ အကြောင်းစုံကို သိပြီး သုရှင်ထံသို့ပို့လေ၏။ ရာဇာဓိရာဇ်လည်း မင်းခေါင်သည် သစ္စာမရှိဟု အမျက်ထွက်ကာ တမန်တော်များကို ကွပ်စေသည်။ နောက် ဘုရင်မင်းခေါင် ရခိုင်သို့ချီ မချီ စုံစမ်းစေပြီး ချီကြောင်းကိုသိလျှင် ပုသိမ်သို့ချီတက်တပ်စွဲကာ အပြန်တွင်လမ်းမှ ဖြတ်တိုက်မည်ဟု ကြံလေသည်။ ဘုရင်မင်းခေါင် လည်း ရခိုင်ရှိသံတွဲနှင့် မြောက်ဦး ကိုသိမ်းပိုက်ပြီး သမက်တော် ဂါမဏိ နှင့်သမီးတော် စောပြည့်ချမ်းသာ တို့ကို အစောင့်ထားကာ ဗန်းမော်သို့ ကုန်းကြောင်းမှ အမြန် ချီတက်သွားလေသည်။ ရခိုင်ဘုရင့်သား နရမိတ်လှ လည်းမွန်တို့ထံ ခိုဝင်လာပြီးအကူအညီတောင်းရာ သုရှင်က “သူ့သားငါ့သားနှယ်မဟူ။ အတူတူပင်ဖြစ်တော့သည်။ မင်းအဖ၏ အရိုက်အရာကို ငါပြန်ယူပြီးမင်းကို ချမ်းသာပြန်ရစေမည်။”ဟု အာမခံကာ တပ်နှစ်တပ် တွင် သမိန်ငေါခွင် နှင့် သမိန်ဗိုက်ညက် တို့ကို အကြီးအမှူးခံပြီး စေလွှတ် တိုက်ခိုက်စေ၏။ ရခိုင်သားတို့လည်း မိမိတို့အရှင်သခင်၏သား ပြန်လာလေပြီဟု ကြားကာ အများအပြားပင် လာရောက် ခစားအမှုထမ်းကြလေသောကြောင့် သံတွဲကို အလွယ်တကူရကာ မြောက်ဦးသို့ဆက်လက် ချီတက်လေ၏။ နောက် မြောက်ဦးတွင်လည်း အနိုင်ရပြန်ရာ အင်းဝဘုရင်၏ သားမက်နှင့် သမီးတော်တို့ကို ဖမ်းဆီးရမိကာသုရှင်ထံသို့ အစောင့်များဖြင့်ပို့သည်။ မြောက်ဦးတွင် နရမိတ်လှအား နန်းတင်ပြီးမွန်တို့လည်းပြန်လေ၏။ ဘုရင်မင်းခေါင်၏သားမက်တော် ဂါမဏိ လည်း ပုသိမ်အရောက်တွင် အဆိပ်သောက်၍ သေလေသည်တွင် စောပြည့်ချမ်းသာအား သုရှင်မှ မိဖုရားမြှောက်၏။ ဘုရင်မင်းခေါင်ချီလာခြင်း ရခိုင်ပျက်ပြီး သမီး၊သားမက်တို့ကို ရာဇာဓိရာဇ် ရသည့်အကြောင်းကို ဗန်းမော်ရှမ်းတို့အား တိုက်ခိုက်လျက် ရှိသော ဘုရင်မင်းခေါင်သိလျှင် ရှမ်းတို့ကို အမြန်နှိမ်နှင်းကာအင်အား တစ်သိန်းငါးသောင်း၊ ဆင်၊မြင်းအပြည့်အစုံဖြင့် တောင်ငူကြောင်းမှချီလေသည်။ ရာဇာဓိရာဇ်လည်း မင်းခေါင်စစ်ချီလာသည်ကို ကြားလျှင် စစ်တောင်းသို့ ချီတက်တပ်စွဲလျက် နေလေသည်။ အင်းဝစစ် အလွန်ကြီးမားသည်ကို သိသဖြင့် တပ်ကို စစ်တောင်းသို့ ပြန်ဆုတ်ခဲ့သည်။ နောက်စစ်တောင်းတွင် ရှိသော ရိက္ခာ၊စပါး တို့ကို မီးတိုက်ဖျက်စီးစေပြီး ပန်းကျော် ထိဆုတ်ကာ တပ်တည်လေသည်။ ယခင်အကြိမ်အတိုင်း စစ်ပြု၍ အင်းဝတပ်ရိက္ခာ ပြတ်ပြန်ရာ ဘုရင်မင်းခေါင်က အင်းပဲသူကြီးကို စေလွတ်ကာ နှစ်ဖက်သော အမှူးအမတ်တို့ကို သစ္စာပြုစေပြီး စစ်ပြေငြိမ်းမည့်အကြောင်း ရာဇသံစေလာသည်။ ရာဇာဓိရာဇ် လည်း အကောက်ကြံကာ သစ္စာပြုမည်ကို လက်ခံလေသည်။ သစ္စာပြုပွဲပျက်ခြင်း၊လဂွန်းအိန် ဘုရင်မင်းခေါင်ကိုလုပ်ကြံခြင်း ရာဇာဓိရာဇ် ကြံသည်မှာ သစ္စာပြု ပြီးလျှင် အမှူးအမတ်တို့မှာ တစ်ဖက် ဘုရင်များစီသို့သွားကာ အခစား ဝင်ဖူးမြော်ကြမည်။ ထို့ကြောင့် မွန်တို့ အင်းဝဘုရင်ထံသွားမည့်လမ်းတွင် လက်နက်၊ဓားလှံများကိုဝှက်ထားပြီး အခစားဝင်ဟန်နှင့် မင်းခေါင်အားလုပ်ကြံစေမည်။ နောက် မွန်တပ်သို့လာကြသောအင်းဝ မြန်မာ အမှူးအမတ်တို့ ကို တပ်တွင်းအရောက်တွင် ဖမ်းကာသတ်မည် ဟူ၍ဖြစ်လေသည်။ နောက် အကြံအတိုင်း အစီအစဉ်ကို အမတ်၊စစ်သူကြီး များအား ပြောကာ သစ္စာပြုမည့် သဲသောင်ပြင်အနီးတွင် လက်နက်တို့ကို ဝှက်ထားစေ၏။ နောက် အချိန်တန်လေသော်အခါ မွန်၊မြန်မာ အမတ်သေနာပတိပေါင်း ၆၀ တို့သည် ၂ယောက်တွဲ တွဲကာ သစ္စာပြုရန်နေရာတွင် နေရာယူလေသည်။ အတွဲပေါင်း၃၀ တိတိဖြစ်သည်။ ရှေ့ဆုံးတွင် မွန်ဖက်မှ သမိန်ဗြာဇ္ဖ နှင့် မြန်မာမှ မြင်စိုင်းစာ မင်းသား သရေစည်သူ၊နောက်တွင် အမတ်မဟာသမွန် နှင့် မင်းမဟာရာဇာ (မင်းရာဇာ) အစရှိသည်ဖြင့် ကြီးစဉ်ငယ်လိုက်စီရာ နောက်ဆုံးတွင် အငယ်ဆုံးဖြစ်ကြသော လဂွန်းအိန်နှင့် မိုးညှင်းသတိုး တို့ဖြစ်ကြလေသည်။ အမတ်အပေါင်းတို့လည်း နှစ်ဦးနှစ်ဖက် စကားဆွေးနွေးစဉ် လဂွန်းအိန် ကသတိုးအား ယခုပြုမည့်သစ္စာ မမှန်ကြောင်းပြောသောကြောင့် သစ္စာပြုပွဲပျက်ပြီး ရာဇာဓိရာဇ်လည်း လဂွန်းအိန်အား ပြင်းစွာအမျက်ထွက်သဖြင့် သတ်စေသည်။ သမိန်ဗြာဇ္ဇနှင့် အမတ်ဒိန်တို့ အမတ်ကြီးနှစ်ပါးတို့က လဂွန်းအိန်ကို စစ်ဆေးမေးမြန်းပြီးမှ သတ်သင့်သတ်ရန် တောင်းပန်လျှောက်ထား၍ ရာဇာဓိရာဇ်လည်း ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူသည်။ အမတ်ကြီးနှစ်ပါးကစစ်ဆေးရာ လဂွန်းအိန်က အင်းဝ တပ်မှာ ငတ်မွတ်နေသောကြောင့် မကြာမှီ ဆုတ်ခွာမည့်အကြောင်းထိုသို့ဆုတ်ခွာလျှင် နောက်မှ လိုက်လံတိုက်ခိုက်ခြင်းဖြင့် တရားသောနည်းလမ်းကျ အနိုင်ယူနိုင်ပါလျှက် ယခုကဲ့သို့ အကောက်ကြံဖြင့် အနိုင်ယူခြင်းမှာ မသင့်ဟု ယူဆမိ၍ ရှင်ဘုရင့်အကြံကိုဖျက်ခြင်းဖြစ်ကြောင်း၊အကယ်၍ တရာနည်းလမ်းကျ အနိုင်ယူမည်ဆိုလျှင် အသက်ပေးကာ တာဝန်ထမ်းမည့် အကြောင်း လျှောက်လေသည်။ ထိုအခါအမတ်ကြီးနှစ်ပါးက ဘုရင်မင်းခေါင် ညဦးယံတိုင်း အဖိုးဒရဲနီချောင်း တလျှောက်တွင် နောက်ပါ တပ်အင်အား အနည်းငယ်ဖြင့်သာ ဆင်စီးထွက်လေ့ရှိကြောင်း၊ လဂွန်းအိန်အား သွားရောက်ကာ အလစ်တိုက်ခိုက်ပြီး ဖမ်းရန်လျှောက်ရာ လဂွန်းအိန်ကလည်း အသက်စွန့် ထမ်းဆောက်မည်ဟု အာမခံလေသည်။ ရာဇာဓိရာဇ်လည်း အလွန်အားရလျက် လဂွန်းအိန်စီးရန် ဆင်ဖြူတော် ဗကမက်ကို ပေးလေသည်။ နောက် ဘုရင်မင်းခေါင်ကို လဂွန်းအိန် သိနိုင်ရန် မင်းသိဒ္ဓတ် (ဘုရင်မင်ခေါင်၏ညီ) ကို ဆင်ထက်တွင် အတူတင်ကာ ထွက်စေသည်။ ဘုရင်မင်းခေါင်နှင့်တွေ့သော် လဂွန်းအိန် အပြင်းထွက် တိုက်သော်လည်း မင်းသိဒ္ဓတ် အော်ဟစ်သတိပေး၍ ဘုရင်မင်းခေါင် နောက်ပြန်ဆုတ်သောကြောင့် လဂွန်းအိန် မနိုင်မရပဲ ပြန်ခဲ့ရသည်။ ဤသည်ကို သိသော် ရာဇာဓိရာဇ်လည်း အမျက်ထွက်ကာ မင်းသိဒ္ဓတ်ကို သတ်စေသည်။ နောက်လဂွန်းအိန် ကို ညအချိန်တွင် အင်းဝတပ်အတွင်းဝင်ကာ ဘုရင်မင်းခေါင်ကို လုပ်ကြံစေပြန်သည်။ ဘုရင်မင်းခေါင်၏ တဲနန်းအတွင်းထိရောက်ပြီးမှ မိဖုရာတစ်ပါးက အော်ဟစ်သတိပေးပြန်၍ အကြံမအောင်ပဲ ဘုရင်မင်းခေါင်၏ လက်သုံးပတ္တမြားကျောက်စီဓား နှင့်ရွှေကွမ်းအစ်ကို သာယူ၍ ပြန်ခဲ့သည်။ နောက်တစ်နေ့ တွင် ဘုရင်မင်းခေါင်ထံ အမတ် သမိန်ဥဒိန် အားသံအဖြစ်စေလွတ်၍ ကျောက်စီဓားနှင့် ရွှေကွမ်းအစ်ကို ပြန်ဆက်သစေသည်။ နောက်မကြာမှီတွင် အင်းဝတပ် ပြန်ဆုတ်ခွာရာ သမိန်ဗြာဇ္ဇ ကိုတပ်မှူးချုပ်ခန့်ကာ အမြန်တိုက်စေရာ လူသူသုံ့ပန်းအများအပြား ကို ပဲခူးမှ ရလေသည်။ မင်းရဲကျော်စွာ၏မိခင် ဖြစ်သော မိဖုရားကြီး ရှင်မိနောက် ကိုလည်းရသည်။ သက္ကရာဇ် ၇၇၁ တွင်ဘုရင်မင်းခေါင်မှ နောက်တစ်ကြိမ် စစ်ပြုပြန်ရာ အနိုင်အရှုံးမပေါ်ပဲ နှစ်ဖက်လုံး စစ်ပြန်သိမ်းရပြန်သည်။ မင်းရဲကျော်စွာ စစ်ပြုလာခြင်း သက္ကရာဇ် ၇၇၂ တွင် ဘုရင်မင်းခေါင်၏ သားတော်မင်းရဲကျော်စွာသည် အသက်၁၇နှစ်အရွယ်ရှိလာရာ ဟံသာဝတီကို အရယူရန် စစ်ချီလိုပါကြောင်း လျှောက်ရာ ဘုရင်မင်းခေါင်လည်း ခွင့်ပြုလေသည်။ သို့ဖြင့် မင်းရဲကျော်စွာလည်း ကြည်းရေနှစ်တပ်ဖွဲ့ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ချီလေသည်။ သမိန်ဗြာဇ္ဖစားသော မြောင်းမြ၊ အမတ်ဒိန်စားသောပုသိမ်၊ သမိန်သံကြယ်စားသော ခဲပေါင်တို့ကို ချီတက်လုပ်ကြံလေသည်။ တစ်မြို့ကိုမှ မအောင်မြင်၊မသိမ်းပိုက်နိုင်သော်လည်း ရာဇာဓိရာဇ်အား အကြီးအကျယ် ချောက်ချားစေလေ၏။ နောက်မှူးမတ်များနှင့် တိုင်ပင်ကာ ရခိုင်ကို အရင်ရအောင် သိမ်းပိုက်မည်ဟုဆိုကာ ရခိုင်သို့ချီလေသည်။ ရခိုင်ဘုရင် နရမိတ်လှ (ရာဇာဓိရာဇ်မှ နန်းတင်ပေးခဲ့သူ)မှ မခုခံနိုင်သောကြောင့် ရခိုင်ကို အလွယ်တကူရသည်။ မြောက်ဦးတွင် လကျာ်ကြီး၊ သံတွဲတွင် စုက္ကတေး တို့ကို အစောင့်ထားပြီး ဆင်မြင်း၊သုံပန်းများစွာကို ယူကာအင်းဝသို့ ပြန်လေသည်။ ဘုရင်မင်းခေါင်လည်းသားတော်ကို အားရဝမ်းသာ ချီးမွမ်းတော်မူ၏။ နောက်ရခိုင်ကို အင်းဝမှ သိမ်းယူသည့်အကြောင်း ရာဇာဓိရာဇ် သိလျှင် စစ်တပ်ကြီး စီရင်ကာ ချီတက် တိုက်ခိုက်စေသည်။ မွန်တို့ သံတွဲကို ရပြန်ရာ တပ်ချလျက်နေသည်။ ထိုသတင်းကို ဘုရင်မင်းခေါင်ကြားလျှင် မင်းရဲကျော်စွာအား ရခိုင်သို့ ချီစေသည်။ အင်းဝတပ်များ ရခိုင်ရောက်သော် မွန်တို့ကို ဝန်းရံပြီး နေရာ မြို့တွင်းရှိ မွန်၊ ရခိုင်တို့လည်း ငတ်မွတ်လေသည်။ နောက်မွန်တပ်မှူးတို့လည်း ပရိယာယ် သုံးကာ ရာဇာဓိရာဇ်ကိုယ်တိုင် ချီတက်လာတော့မည့်ဟန်ဖြင့် သတင်းလွင့်ရာ အင်းဝတပ်လည်း စစ်နှစ်ဆက်ညှပ်မည်စိုးသောကြောင့် ဆုတ်လေသည်။ ထိုသို့ မင်းရဲကျော်စွာ ဆုတ်ခွာသွားပြီးနောက် မွန် နှင့်ရခိုင်သားတို့လည်း မြောက်ဦးကို သိမ်းကာ နရမိတ်လှ အားထပ်တစ်ခါ နန်းတင်၍ ပြန်လေ၏။ မင်းရဲကျော်စွာလည်း အင်းဝပြန်ရောက်ပြီးနောက် များမကြာမှီပင် သိန္နီစော်ဘွား သည် အင်အားများစွာနှင့် အင်းဝ သို့စစ်ချီလာကြောင်းကို သိလျှင် ကိုယ်တိုင်ဗိုလ်မှူးချုပ် အဖြစ်ဦးဆောင်ကာ တိုက်လေသည်။ သိန္နီစော်ဘွားလည်း ဆင်ထက်တွင်ပင် မင်းရဲကျော်စွာ လက်ချက်ဖြင့် သေပြီး သိန္နီတပ်လည်း ပျက်ကာပြေးရာ ဆင်မြင်း သုံပန်းများစွာကို မင်းရဲကျော်စွာ ရလေသည်။ ထို့နောက် မင်းရဲကျော်စွာလည်း အင်အားစုစည်းပြီး သိန္နီသို့ချီတက်ကာ သိန္နီကို တိုက်လေတော့သည်။ သိန္နီက တရုတ်ထံ မှ စစ်ကူတောင်းသောကြောင့် တရုတ်စစ်ချီလာသည်ကို တောတွင်းမှ တပ်ချကာ အလစ်တွင် တိုက်ကာ အောင်လေသည်။ နောက် သိန္နီကို ဝိုင်းရံမြဲဝိုင်းနေလေ၏။ ရာဇာဓိရာဇ် လည်း မင်းရဲကျော်စွာ သိန္နီသို့ချီ သည့်သတင်းကိုကြားလျှင် ပြည်မြို့ကို တိုက်လေ၏။ ပြည်စား လင်္ကျာပျံချီ အခုအခံ ကောင်းလှသောကြောင့် မရနိုင်ဘဲ တစ်လကျော်မျှ ဝိုင်းထားရပြန်သည်။ ထိုစဉ် မုတ္တမ ကို ယိုးဒယား တို့က ကျူးကျော်ကြောင်းကို သိ၍ သားတော် ဗညားပုသိမ် ကိုတပ်မှူးချုပ်ခန့်ကာ စစ်သည် ငါးသောင်း နှင့် ပြည်ကို ဆက် ဝိုင်းရံစေခဲ့ပြီး ဟံသာဝတီသို့ပြန်ကာ အင်အားစု၍ မုတ္တမသို့ ဆက်လက် ချီတက်လေသည်။ နောက်တစ်လကျော် ထပ်ကြာသော် ပြည်မြို့လည်းငတ်မွတ်သည်ရှိ၍ ဘုရင်မင်းခေါင်လည်း သားတော် ကို မစောင့်နိုင်တော့ဘဲ ကိုယ်တော်တိုင် စစ်အင်အား ခုနှစ်သောင်းနှင့် ပြည်သို့ စုန်လေသည်။ ထိုသတင်းကို ကြားသော မင်းရဲကျော်စွာလည်း အင်းဝသို့အမြန်ပြန်လာကာ လှေတပ်ကြီးအမြန်ဖွဲ့ပြီး အင်အား တစ်သိန်းကျော်နှင့် ခမည်းတော် ဘုရင်မင်းခေါင်နောက်သို့လိုက်လေ၏။ ပြည်တွင် ရှိသောမွန်တပ်များလည်း ဘုရင်မင်းခေါင် သည် မင်းဧကရာဇ်တပ်ဖြစ်သည်။ ငါတို့ဒီနေရာမှ မခံသင့်ဟုတိုင်ပင်ပြီး တစ်ဖက်ကမ်းရှိ တလည်ဆီးသို့ တပ်ပြောင်းရွေ့သည်။ မင်းရဲကျော်စွာလည်း ပြည်သို့ရောက်လျှင် မွန်တပ်ရှိရာသို့ သွားကာ အကဲခတ်လေ၏။ ကျုံးသိမ်ပြီး လှေတပ်နည်းသည့်ဖက်ကို တွေ့လျှင် မိမိ လှေတပ်ကြည်းတပ်များနှင့် တိုက်ရာ မွန်တပ်လည်း တပ်တိုင်များပြို၏။ ရာဇာဓိရာဇ်၏ သားမက်တော် သမိန်ဥပါကောင်း လည်း ဆင်နှင့်ထွက်ကာ အင်းဝတပ်ကို တိုက်လေသည်တွင် မွန်တို့က ပြိုလေသောတပ်တိုင်များကို အလျင်အမြန်ပင် ပြန်ထူကာ ပြင်ဆင်လေ၏။ သမိန်ဥပါကောင်းလည်း နာမည်ကြီးလေ၏။ ထိုကြောင့် မင်းရဲကျော်စွာလည်း ဗညားပုသိမ် ထံစာပို့ပြီး ဥပါကောင်း အားတွေ့လိုကြောင်း တောင်းဆိုသည်။ သမိန်ဥပါကောင်း လည်း လက်ဆောင်ပုဏ္ဏာ များနှင့် မင်းရဲကျော်စွာရှေ့သို့အခစားဝင်လေသည်။ မင်းရဲကျော်စွာလည်း ချီးမွမ်းပြီး အကယ်၍ မိမိတွင်ခစားပါက ပြည်စားလင်္ကျာပျံချီနင့် တန်းတူ မြှောက်စားမည်ဟုပြောရာ ဥပါကောင်းလည်း ငြင်းဆန်ပြီး ပြန်လေသည်။ နောက် အင်းဝတပ် ဝိုင်းရံလေသောကြောင့် ဗညားပုသိမ်တပ်လည်း ငတ်မွတ်လေသည်။ ထို့ကြောင့် မုတ္တမတွင် ယိုးဒယားတို့ကို နှိမ်နှင်းပြီး ဟံသာဝတီသို့ ပြန်ရောက်လာသော ခမည်းတော် ရာဇာဓိရာဇ်ထံသို့ လူလွတ်၍ စစ်ကူချီရန် တောင်းဆိုလေသည်။ ရာဇာဓိရာဇ်လည်း အင်အားများစွာနှင့် ချီတက်ရန် စီစဉ်လေသည်။ သမိန်ဗြာဇ္ဇ နှင့် လဂွန်းအိန်တို့ ကျဆုံးခြင်း၊ဟံသာဝတီသို့ပြန်ခြင်း သုံးရက်ကြာမှ အဝေးအနီးမှ မှူးမတ်များ စုံလင်စွာ ရောက်ရှိလေသည်။ မြောင်းမြမှ သမိန်ဗြာဇ္ဖလည်း ကျန်းမာခြင်းမရှိ။ ထိုသတင်းကိုကြားသော သုရှင်လည်း အမတ်ကြီးထံသို့ ကိုယ်တိုက်ကြွ၍ အားပေးလေးသည်။ အမတ်ကြီးသည် သုရှင်လာသည်ကို တွေ့လျှင် ဦးခိုက်ပြီးမရှိခိုးနိုင်။ အိပ်ရာထက်၌သာ လက်အုပ်ချီကာ တောင်းပန် နိုင်တော့သည်။ သုံးရက်လွန်လျှင် သေဆုံးလေသည်။ နောက် မင်းရဲကျော်စွာက ပရိယာယ် ဖြင့် နှစ်ဖက်သူရဲကောင်းတို့ကို လှေစီးချင်းထိုးစေမည်ဟု အရေးဆိုလာရာ လဂွန်းအိန် တိုက်မည်ဟု သဘောတူလေသည်။ သို့သော် အမှန်တစ်ကယ်တိုက်ရာတွင် အင်းဝမှ လှေလေးစီး ဖြင့်တိုက်၍ လဂွန်းအိန် ပေါင်တွင်လှံချက်မိကာ ဒဏ်ရာရပြီး ထိုညတွင်ပင်သေလေသည်။ မကြာမှီ ရာဇာဓိရာဇ် လည်း သားတော် ဗညားပုသိမ်တပ်နှင့် ပြန်ပေါင်းမိကာ တပ်ကို ညအချိန်တွင် ရေကြောင်းမှ ဆုတ်လေသည်။ ကြည်းကြောင်းမှ ဆုတ်သော တပ်များအနက် သမိန်ဗရမ်းကို နောက်မှလိုက်လာသော အင်းဝတပ်က မိကာ ၎င်းစီးသော ဆင်ဖြူတော် ဗကမတ်ကိုပါ မိ၏။ နောက် ရေမှလိုက်သော တပ်များနှင့်တစ်ကွ ဘုရင်မင်းခေါင်နှင့် မင်းရဲကျော်စွာအပါအဝင် မှူးမတ်အပေါင်းတို့သည် ဒဂုံ အထိချီတက်ကာ ပဲခူးတိုင်လုပ်ကြံရန် ဆွေးနွေးကြသည်။ နောက် ဒဂုံအနီးနှင့် အနောက်ဘက် ပုသိမ်မြို့၊မြောင်းမြမြို့များကို တပ်များစေကာသွားရောက်တိုက်ခိုက်စေပြန်သည်။ မှော်ဘီမြို့သို့ချီတက်ကာတိုက်ခိုက်သည့် ပြည်စား လင်္ကျာပျံချီ မြှားသင့်ကာ ကျဆုံးပြီးနောက်တွင် ဘုရင်မင်းခေါင်သည်စိတ်တွင် မိမိမှူးမတ်များအကျအဆုံးများမည်ကို တွေးလျက် အင်းဝသို့ပြန်လေသည်။ မင်းရဲကျော်စွာမှာမူ ဟံသာဝတီအနီးတွင်တပ်ချကာ ဝန်းရံနေခဲ့သည်။ မင်းရဲကျော်စွာကျဆုံးခြင်း ရာဇာဓိရာဇ်လည်း ဇာတာမသန့်ဟု ဟူးရား၊ပုဏ္ဏားတို့က ဟောကြားသောကြောင့် သားတော်ကြီး ဗညာကျန်းကို ထီးနန်းယာယီ လွှဲအပ်ကာ မုတ္တမသို့ သွားရောက်နေထိုင်သည်။ မင်းရဲကျော်စွာလည်း ထိုသတင်းကိုကြားရာ ပေါရိသာတ် ဘွဲ့သစ်ခံပြီးဟံသာဝတီကိုချီတက်ဝိုင်းရံထားသည်။ နောက်ရာဇာဓိရာဇ်လည်း ဇာတာသန့်ချိန်ရောက်သော် ဗညားသစ်တသုံ ဘွဲ့သစ်ကိုခံကာ ဟံသာဝတီသို့ကိုယ်တော်တိုင်ချီတက် လာပြီး မင်းရဲကျော်စွာနှင့် ဆင်စီးထိုးရန်ချိန်းဆိုသည်။ မင်းရဲကျော်စွာ၏ပုဏ္ဏားများက ဇာတာမသန့်၍စစ်မထွက်ရန်၊ ၇ရက်လွန်မှထွက်ရန်လျှောက်ကြသော်လည်း မွန်တပ်မှူး သမိန်အဝနံနိုင်မှ ပရိယာရ်ဖြင့် လာရောက်စိန်ခေါ်သည်ကို သီးမခံနိုင်ဖြစ်ကာ သေရည် အလွန်ရစ်မူးနေသည့်ကြားမှ ထွက်ကာစီးခြင်းထိုးလေသည်။ စီးချင်းထိုးရာ ဆင်တော်ရဲမြတ်စွာပေါ်မှ မြေသို့ကျကာခါးကျိုးပြီး အနားရှိဥသျှစ်ပင်ခြေရင်းသို့တွားသွားကာ နေလေရာ အင်းဝတပ်ပျက်၍စစ်ပွဲပြီးချိန်တွင် ရာဇာဓိရာဇ်ကရှာဖွေခေါ်ယူလာခဲ့ပြီး သမီးတော်နှင့်လက်ဆက်စေကာအိမ်ရှေ့အရာပေးမည်ဟုဆိုကာကုသစေသော်လည်း လက်မခံပဲငြင်းပယ်သည်။ဤသို့ဖြင့် ညရောက်သော်အနာသည်းလွန်းလှသဖြင့်သေဆုံးလေသည်။ (မြန်မာမူတွင် ဒလ မြို့တိုက်ပွဲတွင် ကျသည်ဟုဆိုသည်။) ရာဇာဓိရာဇ်နတ်ရွာစံခြင်း မင်းရဲကျော်စွာ ကျဆုံးပြီး ဘုရင်မင်းခေါင် ဒေါသအလျှောက် လက်စားချေရန် တစ်ကြိမ်လာရောက်တိုက်ခိုက်သည်နောက် အင်းဝ နှင့်ဟံသာတီ တို့စစ်အကြီးအကျယ် တိုက်ခိုက်ခြင်းမရှိတော့၍ အခိုက်အတန့်မျှ အေးချမ်းကြသည်။ သက္ကရာဇ် ၇ ၈၂ တွင် ရာဇာဓိရာဇ် ဆင်ကျော့(ဖမ်း)ထွက်ရာ ဆင်ပေါ်မှ အကျတွင် လွန်ကြိုး နှင့် ပေါင်တွင်ခြစ်မိကာ အနာကြီးစွာရပြီး သွေးလွန်ကာ နတ်ရွာစံလေသည်။ အကျဉ်းချုပ် ရာဇာဓိရာဇ်သည် အလွန်ဘုန်းတန်ခိုးကြီးသော မင်းဖြစ်သည်။ ဗေဒင်ယတြာ၊ အင်းအိုင်လက်ဖွဲ့တို့ကို အလွန်ဝါသနာထုံပြီး စစ်ချီလေတိုင်း ထိုအစီအရင်တို့ကို သုံးစွဲကာ တပ်သားသူရဲတို့ စိတ်ဓာတ်တက်ကြွစေရန် ပြုလေ့ရှိသည်။ ဟံသာမင်း၊ ဗညားသစ်တသုံ၊သီဟရာဇာမင်း အစရှိသဖြင့်လည်း သမိုင်းများတွင်ဆိုကြသည်။ရွှေတိဂုံစေတီတော် မွန်ကျောက်စာတွင် သုတသောမရာဇာဓိရာတ် ဟုဖော်ပြထားသည်။ အသက် ၁၆ နှစ်အရွယ်မှစ ကာ ဟံသာဝတီထီးနန်းကို စိုးစံပြီး ခမည်းတော် ဗညားဦးလက်ထက်က အစပြုသည့် ပုန်ကန်မှုများကို နှိမ်နှင်းအောင်မြင်သည်။ နောင် သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ကို ခင်းသည်။ ထင်ရှားသည့်မှူးမတ်များမှာ သမိန်ဗြာဇ္ဇ၊အမတ်ဒိန်၊အဲမွန်ဒယာ၊ အဲကောင်ဗိန်၊စောလဂွန်းအိန်(မသံလုံ)၊ဥပါကောင်း (ရာဇာဓိရာဇ်၏သားမက်ဖြစ်)၊သမိန်ဗရမ်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်၊အင်းဝသို့အဖမ်းခံ ရပြီး တရုတ်သူရဲကောင်း ဂါမဏိ နှင့်စီးချင်းထိုးကာအနိုင်ရသူ၊နောင်တွင် ဟံသာဝတီသို့ပြန်လာ။)သမိန်အဝနံနိုင်(သမိန်အင်းဝ မင်းကြီး ဟုလည်းဆိုကြသည်။)၊ သမိန်ရဲသင်ရံ၊မသန်း(ရဟန်းလူထွက်ဖြစ်၊လဂွန်းအိန်သေပြီးနောက် ထွက်ပေါ်လာသည့် လူစွမ်းကောင်း။) တို့ ဖြစ်ကြသည်။ နောက်ဆက်တွဲ ရာဇာဓိရာဇ် ကွယ်လွန်ပြီးနောက် သားတော်များဖြစ်သည့် ဗညားကျန်း(ဗညားဓမ္မရာဇာ)၊ ဗညားရံ(ပထမဗညားရံ)၊ နောက်မြေးတော်ဗညားဗရူး (ရှင်စောပု၏သားတော်)မင်းပြုသည်။၎င်းအား ဗညားကျန်းထော လုပ်ကြံနန်းချပြီး နန်းတက်သည်။ နောက် လိပ်မွတ်ထောက ဗညားကျန်းထောကို သတ်ကာမင်းပြု၏။ လိပ်မွတ်ထောမှာ အလွန်ဆိုးသွမ်းသည့်အတွက် မှူးမတ်တို့က လုပ်ကြံနန်းချကာ ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုအား ဗညားထောဝ် ဘွဲ့ဖြင့် နန်းအပ်ကာ ဧကရီ ဘုရင်မကြီးအဖြစ် နန်းတင်ကြသည်။ နောက် ရှင်စောပု၏ သားမက်တော် ရဟန်းလူထွက် ဓမ္မစေတီမင်း၊နောက် ဓမ္မစေတီ၏ သားတော် ဗညားရံ(ဒုတိယဗညားရံ)၊နောက် သုရှင်တကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ တပင်ရွှေထီးမှ ဟံသာဝတီကို သိမ်းပိုက်ကာ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ခဲ့လေသည်။ အရေးတော်ပုံကျမ်းများ မြန်မာ စာအုပ်များ မဂဒူး မင်းဆက်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%87%E1%80%AC%E1%80%93%E1%80%AD%E1%80%9B%E1%80%AC%E1%80%87%E1%80%BA%20%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%AF%E1%80%B6%E1%80%80%E1%80%BB%E1%80%99%E1%80%BA%E1%80%B8
ချင်းမိုင်မြို့
ဇင်းမယ် ယနေ့ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းမိုင်မြို့ကို ရှေးက မြန်မာတို့ခေါ်သည့် အမည်ဖြစ်သည်။ ရှေးမြန်မာတို့အရေးထားဆက်သွယ်ခဲ့သောမြို့ မြန်မာအမျိုးသမီးများ တန်ဖိုးထား၍ ဝတ်ဆင်လေ့ရှိသော ဇင်းမယ်လုံချည်ထုတ်လုပ်ရာဌာနမှာ ရှေးကမြန်မာ့နိုင်ငံခြားရေးရာတွင် အလေးတစ်မူ အရေးယူခဲ့ရသော ဒေသလည်းဖြစ်ခဲ့သည်။ ဇင်းမယ်သည် ထိုင်း (ယိုးဒယား)နိုင်ငံမြောက်ပိုင်းရှိ မြို့ ကြီးတစ်မြို့ဖြစ်၍၊ မြန်မာနိုင်ငံ ပြည်မြို့ အရှေးစူးစူး လောင်ဂျီ တွဒ် ၉၉°မျဉ်းတပြေးတည်း၌ တည်ရှိသည်။ မြန်မာနိုင်ငံနယ် စပ်အရှေ့ဘက် မိုင် ၈ဝ အကွာတွင်တည်ရှိ၍၊ ထိုင်းအခေါ်ဖြင့် ချီအန်းမိုင်းဟု တွင်လေသည်။ ဇင်းမယ်သည် ယခုအခါ ထိုင်း (ယိုးဒယား)နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်နေသော်လည်း၊ ရှေးအခါ ကမူ ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်သော ပြည်နယ်ကလေး တစ်ခုဖြစ်၍၊ လာအိုလူမျိုးတို့၏ ဒေသဖြစ်၏။ ဇင်းမယ်ကို ခရစ် ၁၂၉၆ ခုနှစ်တွင် ဘုရင်မိုင်းရဲ က စတင်တည်ထောင်ခဲ့ သည်။ မြန်မာဘုရင်များ လက်ထက်က ဇင်းမယ်ကို တိုက်ခိုက် သိမ်းသွင်း၍၊ လက်အောက်ခံပြည်နယ်အဖြစ် ထားခဲ့ဘူးသည်။ ဇင်းမယ် ပုန်ကန်သဖြင့် သွားရောက်နှိမ်နင်းခဲ့ရသည်လည်းရှိ သည်။ ထို့အပြင် ဇင်းမယ်သည် ယိုးဒယားမင်းလက်အောက်သို့ ကျရောက်ခဲ့သည့်အခါလည်း ရှိခဲ့လေသည်။ ဇင်းမယ်မြို့ဟောင်းသည် စတုရန်းမိုင် ၄ မိုင်မျှကျယ်ဝန်း ၏။ ပျက်စီးယိုယွင်းနေသော မြို့ရိုးကြီးများရံလျက် ယနေ့တိုင် တွေ့နိုင်သေးသည်။ သို့သော် ယခုအခါ ဇင်းမယ်မြို့သည် မြို့ရိုး အပြင်ဘက်သို့ရောက်အောင် တိုးတက်စည်ကားလာခဲ့ရာ၊ စီးပွား ရေးရပ်ကွက်ပင် မြို့ရိုးအပြင်ဘက်တွင် ရောက်ရှိနေပေတော့ သည်။ ဇင်းမယ်မြို့သည် ကျွန်းသစ်ကုန်ကူးရာဌာနအဖြစ်ဖြင့် လည်းအရေးပါသည်။ ဇင်းမယ်မြို့မှ လမ်းကြီးလမ်းငယ်အသွယ် သွယ်တို့ ဖြာထွက်လျက်ရှိသဖြင့် ရှေးအခါကစ၍ တရုတ်၊ မြန်မာ၊ ယိုးဒယား၊ ရှမ်းကုန်သည်တို့ဆုံရာ ဗဟိုဌာနဖြစ်ခဲ့ သည်။ ဇင်းမယ်မြို့သည် မဲနမ်မြစ်၏ မြစ်လက်တက်လေးခု အနက် တစ်ခုဖြစ်သော မဲပင်မြစ်ပေါ်တွင် တည်ရှိသည်။ ဗန်ကောက်မြို့တော်မှလာသော ၄၆၇ မိုင်ရှည်သည့် မီးရထား လမ်းဆုံးမြို့ဖြစ်၍၊ ရှမ်းပြည်နယ်ကို ယိုးဒယားနိုင်ငံမြောက်ပိုင်း နှင့်ဆက်သွယ်သော ကုန်းလမ်းများဆုံရာဌာနလည်းဖြစ်သည်။ ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ အနောက်မြောက်ပိုင်းဖြစ်သော ဇင်းမယ်ပြည်နယ်သည် စတုရန်းမိုင်ပေါင်း ၈၈၃၉ မိုင်ရှိ၍၊ လူဦးရေ ၅၅ဝ,ဝဝဝ ယောက်ခန့်ရှိသည်။ သစ်တောထူထပ်သော တောင်ကြီးများဖြင့် ဝန်းရံလျက်ရှိ သည့် ဇင်းမယ်မြို့တည်ရာ ချိုင့်ဝှမ်းဒေသမှာ မြေဩဇာအတန် ကောင်း၏။ ဆန်စပါးသည် အဓိကသီးနှံဖြစ်၍၊ အခြားသီးနှံများ မှာ ပဲ၊ ဆေးနှင့် ဝါဂွမ်းဖြစ်သည်။ ဇင်းမယ်တွင် နေထိုင်သူများ မှာ လာအို၊ ယိုးဒယား၊ တရုတ်နှင့် ရှမ်းတို့ဖြစ်သည်။ ယခု အခါ လာအိုနှင့် ယိုးဒယားတို့မှာ ကွဲပြားခြားနားမှု မရှိသလောက် ပင်ဖြစ်၏။ ဥရောပတိုက်သားအချို့တို့သည်လည်း သစ်လုပ်ငန်း၊ သာသနာပြုလုပ်ငန်း၊ သံအဖွဲ့ ဥပဒေဆိုင်ရာလုပ်ငန်း စသည်တို့ အတွက် နေထိုင်လျက်ရှိကြသည်။ ဇင်းမယ်နှင့် မြန်မာနိုင်ငံ ဆက်သွယ်ခဲ့ပုံကား ပုဂံခေတ် အနော်ရထာမင်းစောသည် ဇင်းမယ်တစ်ဝိုက်ကို တိုက်ခိုက်သိမ်း ယူခဲ့ဘူးသည်ဆို၏။ ထိုနောက် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်လက်ထက် ဒုတိယမြန်မာနိုင်ငံတော်ကို စည်းရုံးရာ၌ ဇင်းမယ်ကိုအောင်မြင်၍ မြန်မာတပ်များအား အစောင့်အနေထား ခဲ့ဘူးသည်။ ဇင်းမယ်မှ ပညာသည်တို့ကို ခေါ်ယူခဲ့၍၊ ဟံသာ ဝတီတွင် အကွက်အရပ်ချပေးနေစေသည်။ ထိုအချိန်မှစ၍ ယွန်း ထည်အလုပ် တတ်ကျွမ်းသူတို့ရောက်လာဟန်ရှိသည်ဟု နိုင်ငံ သမိုင်းဆရာတို့က ယူဆကြသည်။ ဘုရင့်နောင် လက်ထက်၌ ပင် ဇင်းမယ်နှင့်နီးစပ်ရာဒေသများမှာ မငြိမ်မသက်ရှိ၍ အကြိမ် ကြိမ်သွားရောက်နှိမ်နင်းခဲ့ရသည်။ မြန်မာဘုရင်များလက်ထက် တွင် အစဉ်အလာအားဖြင့် ဇင်းမယ်၌ အမြဲတစေဘုရင်(ဘုရင်ခံ) ထားရှိခဲ့ပြီး မင်းဆက်များစွာအုပ်ချုပ်ခဲ့သည်။ သက္ကရာဇ် ၉၂၆ ခုနှစ် (ခရစ် ၁၅၆၄ ခုနှစ်) တွင် ဇင်းမယ် သောင်းကျန်း၍ ချီတက်တိုက်ခိုက်ရပြီးလျှင်၊ မဟာဒေဝီကို မင်းပြုစေခဲ့သည်။ ၉၄ဝ ပြည့်နှစ်တွင် မဟာဒေဝီလွန်သဖြင့် ဘုရင့်နောင်သည် သားတော် နော်ရထာမင်းစော အား ဇင်းမယ်ကို ပေးတော်မူသည်။ ညောင်ရမ်းဆက် ပြည်မင်းလက်ထက် သက္ကရာဇ် ၁ဝ၂၄ ခုနှစ်တွင် ဇင်းမယ်ကို ယိုးဒယားတို့က တစ်ဖန် တိုက်ခိုက်သိမ်း ပိုက်သဖြင့်၊ မြန်မာတို့ချီတက်ခဲ့ကြပြန်ရာ၊ ယိုးဒယားတို့က စီးမိ ပြန်သဖြင့် တပ်တော်များ ဆုတ်ခွာခဲ့ရသည်။ ၁ဝ၂၆ ခုနှစ်၌ ယိုးဒယားတို့ ဇင်းမယ်တွင်မနေနိုင်၍ ဆုတ်ခွာသောအခါတွင်မှ ဇင်းမယ်ကို မြန်မာတို့ပြန်ရသည်။ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၅၉ ခုနှစ် (ခရစ် ၁၇၉၇ ခုနှစ်) တွင် လကွန်းစား ကာဝီလသည် ဇင်းမယ်သို့ဝင်၍ မြို့ပြသစ် တည်ထောင်နေသည်နှင့် တပ်တော်များစေလွှတ်ရပြန် ရာ၊ ယိုးဒယားတို့က ဇင်းမယ် ဖက်မှကူသဖြင့် အရေးမလှချေ။ ဘိုးတော်ဘုရားလက်ထက်တွင် ယိုးဒယားသို့ အကြိမ်ကြိမ် ချီ တက်လုပ်ကြံခဲ့သော်လည်း၊ ဇင်းမယ်အပါအဝင် ယိုးဒယားပြည် သားတို့သည် မြန်မာလွှမ်းမိုးမှုမှ အပြီးတိုင်လွတ်မြောက်လိုသည် တစ်ကြောင်း၊ အနောက်နိုင်ငံသားတို့နှင့် ပေါင်းသင်းမိ၍ လက် နက်ခဲယမ်းများ ကောင်းစွာရရှိကြသည်တစ်ကြောင်း၊ မြန်မာတို့ ၏ စီမံခန့်ခွဲမှု ပေါ့လျော့သည်ကြောင့်တစ်ကြောင်း မြန်မာတို့ စစ်ရေးရှုံးခဲ့သည်ဟု ဆိုသည်။ ယင်းအချိန်မှစ၍ ဇင်းမယ်သည် ယိုးဒယားနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ ထိုနောက် ခရစ် ၁၈၆၇ ခုနှစ်တွင် အမေရိကန် ပရက်ဇ ဗီတီးရီးယန်း သာသနာပြုအဖွဲ့သည် ဇင်းမယ်သို့ စတင်ရောက် ရှိလာပြီးလျှင်၊ ကောလိပ်၊ ဆေးရုံ၊ ကုဋ္ဌနူနာရုံစသည်တို့ကို တည်ထောင်ခဲ့သည်။ ဗရင်ဂျီဂိုဏ်းကလည်း စာသင်ကျောင်းနှစ် ကျောင်း တည်ထောင်ထားခဲ့လေသည်။ ဗြိတိသျှကုမ္ပဏီကြီး ၂ ခုသည် ဇင်းမယ်တွင် သစ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ ဇင်းမယ်ရှိ ဘုရားစေတီတို့၏ ပုံသဏ္ဌာန်မှာ မြန်မာဘုရား စေတီတို့၏ပုံသဏ္ဌာန်နှင့်တူကြသည်။ ယွန်းထည်လုပ်ငန်းသည် အထူးကြီးကျယ်သော လုပ်ငန်းတစ်ခုဖြစ်၍၊ မြန်မာတို့ကဲ့သို့ပင် ကွမ်းအစ်၊ သပိတ်၊ သေတ္တာ၊ ဗျပ်စသည်တို့ကို ပြုလုပ်သည်။ ထိုလုပ်ငန်းများအပြင် ပိုးထည်အများအပြားကိုလည်း ဇင်းမယ် တွင် ရက်လုပ်ကြသည်။ ဇင်းမယ်လုံချည်မှာ မြန်မာအမျိုးသမီး လောကတွင် ယခုထက်တိုင် ခေတ်စားလျက်ရှိသည်။ ကြေးဖြင့် လုပ်သော ဟင်္သာရုပ်၊ ခြင်္သေ့ရုပ်၊ ဆင်ရုပ်စသည့် အလေးတို့ကို လည်း ပြုလုပ်ရောင်းချကြလေသည်။ ကိုးကား အရှေ့တောင်အာရှရှိ မြို့များ‎ ထိုင်းနိုင်ငံရှိ မြို့များ‎ ထိုင်းနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ရှမ်းအမျိုးသမီးများ လှုပ်ရှားမှုကွန်ယက်
ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး အတွက် မိမိတို့၏ သန္နိဌာန် မိမိတို့သည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်စေရေး လှုပ်ရှားမှုကြီး၌ မိမိတို့ရပ်ရွာ အသိုင်းအဝိုင်းကို ခြေပြုသည့် အရေးယူ ဆောင်ရွက်ချက်များ၊ သုတေသနလုပ်ငန်းများနှင့် စည်းရုံးလှုံ့ဆော်ရေးများကို လှုပ်ရှားဆောင်ရွက်ခြင်းအားဖြင့် ရှမ်းအမျိုးသမီးများ ကျား-မ တန်းတူ ညီမျှ ရေးနှင့် တရားမျှတမှုများ ခံစားရရှိလာစေရေးကို လှုပ်ရှားဆောင်ရွက် သွားပါမည်။ SWAN ဆိုသည်မှာ SWAN အသင်းကို ထိုင်းနိုင်ငံတွင်းနှင့် ရှမ်းပြည်တွင်း လှုပ်ရှားဆောင်ရွက်နေသည့် ရှမ်းအမျိုးသမီး များ၏ ကွန်ယက်အဖွဲ့ ဖြစ်သည်။ အသင်းကို ၁၉၉၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ SWAN ၏ ဦးတည်ချက်များ • အမျိုးသမီးအခွင့်အရေးနှင့်ကလေးများအခွင့်အရေးကို မြှင့်တင်ပေးရန်။ • အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု များကို ဆန့်ကျင်တားဆီးရန်။ • မိမိတို့၏ လူမှုအဖွဲ့အစည်းတွင်း ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်များအတွက် အတူတကွ လှုပ်ရှားဆောင်ရွက်ရန်။ • အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စွမ်းရည်မြင့်တင်ပေးရန်။ • သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အသိအမြင်များ မြင့်မားလာစေရေး အတွက် ဆောင်ရွက်ရန်။ SWAN ၏ နောက်ခံ သမိုင်းကြောင်း မိမိတို့အသင်းကို ထိုင်းနိုင်ငံအတွင်းနှင့် ထိုင်း-မြန်မာနယ်စပ်တွင် အခြေပြုလှုပ်ရှား ဆောင်ရွက် နေကြသည့် ရှမ်းအမျိုးသမီး များက ၁၉၉၉ ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် စတင်၍ ရှမ်းအမျိုးသမီးများ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆီးနိုင်ရန် ဖွဲ့စည်း ခဲ့ကြသည်။ မိမိတို့အသင်း မဖွဲ့စည်းခင်ကတည်း ကပင် နေရာအသီးသီးတွင် ရှိနေကြသည့် ရှမ်းအမျိုး သမီးများမှာ၊ ဘဝတူအမျိုးသမီးများကို ကူညီပေး သည့်လုပ်ငန်းစီမံချက်အမျိုးမျိုးတွင် လုပ်ဆောင်နေနှင့်ကြပြီးဖြစ်သည်။ ပုံမှန်မဟုတ်သည့် ဆက်သွယ် ဆောင်ရွက်မှုများ ရှိနေ ကြသော်လည်း၊ စနစ်တကျ ကွန်ယက်ဆက်စပ်၍ ဆောင်ရွက်နိုင်ပါက ရှမ်းအမျိုးသမီးများ အတွက် လက်တွေ့အားဖြင့် ပို၍ထိထိရောက်ရောက် ကူညီပေးနိုင် လိမ့်မည်၊ မဟာဗျူဟာ အရ လိုအပ်ချက်များကိုလည်း ပို၍ဖြည့်ဆီးပေးနိုင်မည်ဟု သုံးသပ်ခဲ့ကြ၍ ဤသို့စုစည်း ခဲ့ခြင်း ဖြစ်သည်။ ဤရှမ်းအမျိုးသမီးများ၏ ဆက်စပ်မှုကွန်ယက်သည် မြန်မာနိုင်ငံမှ အခြားသော အမျိုးသမီး အဖွဲ့များနှင့် သော်လည်းကောင်း၊ အမျိုးသမီးများအရေးနှင့်ပတ်သက်၍ ဆောင်ရွက် နေကြသည့် ဒေသဆိုင်ရာ အဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်ရှိ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်း (အဲန်ဂျီအို)များနှင့် သော်လည်းကောင်း၊ ပိုမို၍ဆက်စပ် ဆောင်ရွက် နေပါသည်။ ယေဘုယျ နောက်ခံ သမိုင်းကြောင်း ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး၊ ဧရိယာ စတုရန်း ကီလိုမီတာ ၆၄,ဝ၀ဝ ကျော် ရှိသည်။ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့်လူထု များသည်လည်း မြန်မာနိုင်ငံ၏ အခြားသောဒေသများမှ ပြည်သူများနည်းတူ မြန်မာစစ်အစိုးရ၏ လူ့အခွင့် အရေးချိုးဖောက် ဖိနှိပ်မှုများကို ကြုံတွေ့ခံစား နေကြရသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI) နှင့် အာရှလူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch Asia) တို့၏ အဆိုအရဆိုလျှင် မြန်မာစစ်အစိုးရသည် ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံး ဖိနှိပ်သည့်အစိုးရများအနက် တခုအပါအဝင်ဖြစ်သည်။ မြန်မာစစ်တပ်သည် ရှမ်းပြည်နယ်တွင် နေထိုင်သည့် လူထုများကို ဖိနှိပ်ညှဉ်းပမ်းသည့် အတွက်ကြောင့် လူများစွာသည် ထိုင်းနိုင်ငံအတွင်းသို့ ပြေးဝင်ခိုလှုံနေကြရသည်။ သို့သော်လည်း ထိုင်းနိုင်ငံအစိုးရသည် ရှမ်းပြည်နယ်မှ ထွက်ပြေးခိုလှုံလာသူများကို ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်မှ လူထုများကဲ့သို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်ခံခြင်းမရှိပါ။ ထိုင်း-မြန်မာ နယ်စပ်တွင်လည်း ဒုက္ခသည်စခန်းများ တည်ထောင်၍ ခိုလှုံခွင့်မပေးပါ။ သို့ အတွက်ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာသူ ရှမ်းဒုက္ခသည် များမှာ မိမိတို့၏ မိသားစုဝင်များဖြစ်သော ကလေးငယ် များနှင့် အိုမင်းသောမိဘများအား ကြွေးမွေးရန်နှင့် မိမိဝမ်းစာရေးအတွက် ထိုင်းနိုင်ငံ၏ မကျွမ်းကျင် သော အလုပ်သမားဆိုင်ရာ ဈေးကွက်တွင်း ရွေ့ပြောင်း အလုပ်သမားများအဖြစ် သုံးဒီဟု အင်္ဂလိပ် အမည်ပေးထားသော- လူအများမလုပ်လိုကြသည့် ညစ်ပတ်၊ ခက်ခဲပင်ပန်း၍ အန္တရာယ်များ သည့် အလုပ်မျိုးကို လုပ်ကိုင် ကြရသည်။ သူတို့၏ တရားမဝင်သော အခြေအနေကြောင့် အလုပ် လုပ်ရာ တွင်လည်း အထူးထိခိုက် နစ်နာနေကြကာ မတရားခေါင်းပုံဖြတ်မှုများနှင့် လူ့အခွင့် အရေး ချိုးဖောက်မှု များကိုဆက်လက်တွေ့ ကြုံနေကြရသည်။ ဤသို့အတိ ဒုက္ခရောက် နေသော်လည်း စစ်အစိုးရ၏ ရှမ်းပြည်တွင်းရှိ ပြည်သူများအပေါ် အစီအစဉ်ချ လူ့အခွင့်ရေး ဖောက်ဖျက်မှုများနှင့် တကွ မတရား ဖိနှိပ်ချုပ်ချယ်သော ဤမူဝါဒများကြောင့် ရှမ်း ဒုက္ခသည်များ ထိုင်းနိုင်ငံတွင်းသို့ ဆက်လက်၍ ထွက်ပြေး ခိုလှုံနေကြဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေကြသူ ရှမ်းဒုက္ခသည်အရေအတွက် ထောင်သောင်းချီ ရှိနေပြီး အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်လုပ်ကိုင် နေကြသည်။ SWAN ၏ ဖွဲ့စည်းတည်ဆောက်ပုံ SWAN ၏ သဘောသဘာဝ • အမှီအခိုကင်းခြင်း • အမျိုးသမီးများ အမျိုးသားများ နည်းတူအခွင့်အရေးရရှိရေး လှုပ်ရှားကျင့်သုံးခြင်း • လူထုအသိုင်းအဝိုင်းခြေပြုခြင်း • အသင်းအဖွဲ့ဖြင့် စုပေါင်းလုပ်ဆောင်မှုကို အခြေခံခြင်း • အမြတ်အစွန်းအတွက် မဆောင်ရွက်ခြင်း • အစိုးရ၏ အဖွဲ့အစည်းမဟုတ်ခြင်း SWAN အသင်းဝင်များအတွက် စံနှုန်းထားများ • ရှမ်းအမျိုးသမီး • အဖွဲ့အစည်းတရပ်ရပ် သို့မဟုတ် တသီးပုဂ္ဂလ တဦးဦး၏ ဩဇာလွှမ်းမိုးမှုမှ ကင်းလွှတ်သူ • လူ့အခွင့်အရေးများ၊ အမျိးသမီးလူ့အခွင့်အရေးများဆိုင်ရာနှင့် တိုးတက်ဖွံ့ဖြိုး ရေးဆိုင်ရာ များကို လုပ်ကိုင် ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ။ • SWAN ၏ ဦးတည်ရည်မှန်းချက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ ခံယူချက်များကို ဆန္ဒရှိစွာ ဖြင့် ထောက်ခံလှုပ်ရှား လိုသူ။ • ဆန္ဒရှိစွာဖြင့် အချိန်ပေး လုပ်ကိုင်လိုသူ။ အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%20%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%9A%E1%80%80%E1%80%BA
ဂျင်မီဝေးလ်စ်
ဂျင်မီဒေါ်နာ "ဂျင်ဘို" ဝေးလ်စ် (၇ ဩဂုတ် ၁၉၆၆ )သည် အမေရိကန် အင်တာနက် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဝီကီပီးဒီးယားအား တွဲဖက်တည်ထောင်ကာ တွန်းအားပေး ဆောင်ရွက်နေသူဖြစ်သည်။ ၎င်းသည် ဝီကီမီဒီယာရန်ပုံငွေအဖွဲ့၏ ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး ဘုတ်အဖွဲ့မှ ခန့်အပ်သည့် "အဖွဲ့အစည်းထူထောင်သူ" နေရာကို ရရှိထားသည်။ ၂၀၀၄ ခုနှစ်တွင် ၎င်းသည် အိန်ဂျယ်လာ ဘီးစ်လီနှင့်အတူ အခမဲ့ ဝက်ဘ်ဆိုက်ဖြစ်သည့် ဝီကီယာကို ထူထောင်ခဲ့သည်။ လာရီစန်ဂါအပါအဝင် အခြားသူများနှင့်အတူ ဂျင်မီဝေးလ်စ်သည် ၂၀၀၁-ခုနှစ်တွင် လွှင့်တင်ခဲ့သည့် ဝီကီပီးဒီးယား၏ အခြေခံအုတ်မြစ်ကို ကူညီထူထောင်ခဲ့သည်။ ဝီကီပီးဒီးယားသည် အခမဲ့ အင်တာနက် စွယ်စုံကျမ်းဖြစ်ပြီး လွှင့်တင်ပြီး မကြာမီပင် အရှိန်အဟုန်နှင့် ကြီးထွားလာကာ လူသိများလာသည်။ ဝီကီပီးဒီးယားအား လူသိများလာသည့်အလျောက် ဂျင်မီဝေးလ်စ်သည် အစီအစဉ်အား တွန်းအားပေးသူနှင့် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်လာသည်။ လူအများက ဂျင်မီဝေးလ်စ်အား ဝီကီပီးဒီးယား၏ တွဲဖက်ထူထောင်သူဟု ကိုးကားဖော်ပြကြသော်လည်း ၎င်းကမူ မိမိသာလျှင် တစ်ဦးတည်းသော ထူထောင်သူဟု ဆိုသည်။ အမေရိကန် အယ်ဘားမားပြည်နယ် ဟန့်စ်ဗီးလ် (Huntsville, Alabama) တွင် မွေးဖွားသည့် ဂျင်မီဝေးလ်စ်သည် ပုဂ္ဂလိကကျောင်းငယ်တွင် ပညာသင်ကြားခဲ့သည်။ ဒီ့နောက်တွင် ငွေရေးကြေး အထူးဘာသာဖြင့် တက္ကသိုလ်ဘွဲ့နှင့် မဟာဘွဲ့ကို ရရှိခဲ့သည်။ မဟာတန်းကျောင်းသားဘဝတွင် ဂျင်မီဝေးလ်စ်သည် တက္ကသိုလ် ၂ ခုတွင် စာသင်ကြားပြသခဲ့သည်။ ဂျင်မီဝေးလ်စ်သည် အိုင်းရန်းဒ်၏ ဓမ္မဓိဋ္ဌာန်ကျကျ အတွေးအခေါ်အား လေးစားကြည်ညိုသူဖြစ်ကာ မိမိကိုယ်ကို လွတ်လပ်ရေးဝါဒီဟု သမုတ်လေ့ရှိသည်။ ဂျင်မီဝေးလ်စ်သည် ကမ္ဘာ့အကြီးမားဆုံး စွယ်စုံကျမ်း ဝီကီပီးဒီးယားအား ထူထောင်ခဲ့သည့်အတွက် တိုင်းမ်မဂ္ဂဇင်းက ၎င်းအား ၂၀၀၆ ခုနှစ်၏ ဩဇာလွမ်းမိုးမှု အကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ဖော်ပြခဲ့သည်။ ဂျင်မီဝေးလ်စ်သည် လက်တွေ့တွင် ဝီကီပီးဒီးယား၏ ခေါင်းဆောင်ဖြစ်သည်။ ငယ်စဉ်ဘဝနှင့် ပညာရေး ဝေးလ်စ် ကို အမေရိကန်ပြည်ထောင်စု၊ အလာဘားမားပြည်နယ်၊ ဟန့်စ်ဗီးလ်မြို့ တွင် မွေးဖွားခဲ့သည်။ သူ၏ဇနီး ခရစ္စတင်း ရိုဟန် (to Christine Rohan) နှင့် ၁၉၉၇ ခုနှစ် လက်ထပ်စာချုပ် မှတ်တမ်းအရ သူ၏ မွေးရက်မှာ ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့ ဖြစ်သည်။ သို့သော် သူ၏ ယာဉ်မောင်းလိုင်စင် မှတ်ပုံတင်ကဒ် ပေါ်တွင်မူ သူ၏ မွေးရက်မှာ ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက် ဖြစ်နေရာ ကွဲလွဲချက် ရှိနေသည်။ သူ၏ ဖခင် ဖြစ်သူ ဂျင်မီ (Jimmy)မှာ ဟင်းသီးဟင်းအရွက်ကုန်စုံဆိုင်မှ မန်နေဂျာ တစ်ယောက် ဖြစ်ပြီး၊ သူ့မခင်ဖြစ်သူ ဒေါရစ် (Doris) နှင့် အဘွားဖြစ်သူ အာရ်မာ (Erma) တို့သည် ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ထားသည်။ ကိုယ်ပိုင်ကျောင်း ဆိုသော်လည်း စာသင်ခန်းတစ်ခန်းတည်းသာရှိသော အိမ်ကျောင်းငယ်ကလေးတစ်ခုမျှသာ ဖြစ်သည်။ ဝေးလ်စ် သည် ယင်းကျောင်းလေးမှာပင် ငယ်စဉ်ဘဝ ပညာသင်ယူခဲ့သည်။ သူနှင့်အတူ အခြားသော ကလေး လေးယောက် သူအပါအဝင် စုစုပေါင်းမှ ကျောင်းသား ငါးယောက်သာ ရှိသော သူ့မိခင်နှင့် အဘွားတို့၏ အဆိုပါ အိမ်ကျောင်းကလေးတွင် သူတို့အားလုံးအား အတန်းတစ်တန်းတည်းသာ ထားပြီး သင်ကြားသည်။ (၈)တန်း အောင်ပြီးသောအခါ ဝေးလ်စ် သည် ဟန့်စဗီးလ်မြို့ ရှိ တက္ကသိုလ်အကြိုကျောင်း ဖြစ်သော ရန်းဒေါ့လ်ဖ်ကျောင်း (Randolph School) သို့ တက်ရောက်ခဲ့သည်။ Wales has said that the school was expensive for his family, but that "Education was always a passion in my household … you know, the very traditional approach to knowledge and learning and establishing that as a base for a good life." သူသည် သူ၏ ဘဏ္ဍာရေးပညာဆိုင်ရာ ဘွဲ့ဒီဂရီကို ဩဘွန်းတက္ကသိုလ်မှ ရရှိခဲ့သည်။ ယင်းနောက် မဟာဘွဲ့ကို မပြီးဆုံးသေမီကပင် သူ့သည် ဒေါက်တာဘွဲ့သင်တန်းအတွက် ဝင်ခွင့် ရရှိခဲ့သည်။ ထို့နောက် သူသည် အင်ဒီယားနားတက္ကသိုလ်တွင် ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ပညာကို ဆည်းပူးခဲ့သည်။ သူသည် ပညာသင်ယူနေစဉ်ကာလအတွင်း တက္ကသိုလ် နှစ်ခုစလုံးတွင် စာသင်ကြားပေးခဲ့သော်လည်း ပါရဂူဘွဲ့ အတွက် လိုအပ်သော ကျမ်းပြုခြင်းကို မပြုလုပ်ခဲ့ပေ။ အလုပ်အကိုင် ရှီကာဂို Chicago Options Associates and Bomis From 1994 to 2000, Wales was the research director at Chicago Options Associates, a futures and options trading firm in Chicago. By "speculating on interest rate and foreign-currency fluctuations," he had soon earned enough to "support himself and his wife for the rest of their lives," according to Daniel Pink of Wired. During this time, one of the projects Wales undertook was the creation of the web portal Bomis which featured user-generated webrings and that, according to The Atlantic Monthly, "found itself positioned as the Playboy of the Internet." For a time the company sold erotic photographs, and Wales described the site as a "guy-oriented search engine" with a similar market to Maxim. Questions have arisen about the nature of its content. Bomis did not become successful, but in March 2000 hosted and provided the initial funding for the Nupedia project. နျူပီးဒီးယားနှင့် ဝီကီပီးဒီးယား In March 2000, Wales started a peer-reviewed, open-content encyclopedia, Nupedia ("the free encyclopedia"), and hired Larry Sanger to be its editor-in-chief. Nupedia was characterized by an extensive peer-review process designed to make its articles of a quality comparable to that of professional encyclopedias. After Sanger publicly proposed on January 10, 2001, the idea of using a wiki to create an encyclopedia, Wales installed wiki software on a server and authorized Sanger to pursue the project under his supervision. Sanger dubbed the project "Wikipedia" and, with Wales, laid down the founding principles and content, establishing an Internet-based community of contributors during that year. Wikipedia was initially intended to be a wiki-based site for collaboration on early encyclopedic content for submission to Nupedia, but Wikipedia's rapid growth quickly overshadowed Nupedia's development. Sanger worked on and promoted both the Nupedia and Wikipedia projects until Bomis discontinued funding for his position in February 2002; Sanger resigned as editor-in-chief of Nupedia and as "chief organizer" of Wikipedia on March 1. Wales has said that he initially was so worried with the concept that he would wake up in the middle of the night, wanting to check the site for vandalism. In the early years, Wales supplied the financial backing for the project. In a 2004 interview with Slashdot, Wales explained his motivations about Wikipedia, "Imagine a world in which every single person on the planet is given free access to the sum of all human knowledge. That's what we're doing." ဝီကီမီဒီယာရန်ပုံငွေအဖွဲ့ In mid-2003, Wales set up the Wikimedia Foundation (WMF), a non-profit organization founded in St. Petersburg, Florida, and now based in San Francisco, California. Originally chairman of the foundation, Wales has held the honorary title of Chairman Emeritus since 2006. He is now one of eight directors who make up its Board of Trustees. The work he carries out for the foundation has always been unpaid, including his appearances to promote the organization at computer and educational conferences. In a 2007 interview, Wales said that he thought that "donating" Wikipedia to the foundation was both the "dumbest and the smartest" thing he'd done. On the one hand, he noted, Wikipedia was worth (by his estimation); on the other, donating it made possible the success he achieved. In March 2008, Wales was accused by former Wikimedia Foundation employee Danny Wool of subsidizing personal expenditures with foundation funds. Wool also stated that Wales had his Wikimedia credit card taken away in part because of his spending habits, though Wales denied this claim. Foundation Chair Florence Devouard and former foundation interim Executive Director Brad Patrick denied any wrongdoing by Wales or the foundation, saying that Wales accounted for every expense and that, for items for which he lacked receipts, he paid out of his own pocket. Later in March 2008, it was alleged by Jeffrey Vernon Merkey that Wales had edited Merkey's Wikipedia entry to make it more favorable in return for donations to the Wikimedia Foundation, an allegation Wales dismissed as "nonsense." ဝီကီယာ In 2004, Wales and then-fellow member of the WMF Board of Trustees Angela Beesley founded the for-profit company Wikia, Inc. Wikia is a wiki farm—a collection of individual wikis on different subjects, all hosted on the same website. Its most popular wikis include Memory Alpha (devoted to Star Trek), WoWWiki (World of Warcraft) and Wookieepedia (Star Wars). Another service offered by Wikia is an open source web search engine named Wikia Search, intended to challenge Google and introduce transparency and public dialogue about how it's created into the search engine's operations. Wales stepped down as Wikia CEO to be replaced by angel investor Gil Penchina, a former vice president and general manager at eBay, on June 5, 2006. Biographical and Wikipedia issues Roles of Wikipedia creators Wales has asserted that he is the sole founder of Wikipedia and has publicly disputed Larry Sanger's designation as a co-founder of Wikipedia, describing the claim as "preposterous" to The Boston Globe in 2006 and calling "the whole debate silly" in an April 2009 interview. Sanger was identified as co-founder at least as early as September 2001 by The New York Times and was referred to as a founder alongside Wales in Wikipedia's first press release in January 2002. In August of that year, Wales identified himself as "co-founder" of Wikipedia. In addition to developing Wikipedia in its early phase and guiding the project, Sanger was responsible for the idea of applying the wiki concept to the building of a free encyclopedia, and for the name "Wikipedia". In a 2005 memoir for Slashdot, Sanger nevertheless ascribed the broader idea to Wales: "To be clear, the idea of an open source, collaborative encyclopedia, open to contribution by ordinary people, was entirely Jimmy's, not mine, and the funding was entirely by Bomis. … The actual development of this encyclopedia was the task he gave me to work on." In response to Wales' view, Sanger posted on his personal webpage many links which appear to confirm his role in founding Wikipedia, all of which described Wales and Sanger as the co-founders. In a discussion in March 2007 with Brian Bergstein of the Associated Press, Wales said: "When you write this up please do not uncritically repeat Sanger's absurd claim to be the co-founder of Wikipedia." He added: "I am not bent out of shape about it. The facts are on my side, which is why I bother so little about it." Wales' role in the Wikipedia community has been described as benevolent dictator, constitutional monarch and spiritual leader. Wikipedia biography In late 2005, Wales edited his own biographical entry on the English Wikipedia. Writer Rogers Cadenhead drew attention to logs showing that in his edits to the page, Wales had removed references to Sanger as the co-founder of Wikipedia. Sanger commented that "having seen edits like this, it does seem that Jimmy is attempting to rewrite history. But this is a futile process because in our brave new world of transparent activity and maximum communication, the truth will out." Wales was also observed to have modified references to Bomis in a way that was characterized as downplaying the sexual nature of some of his former company's products. In an article in the July 31, 2006, issue of The New Yorker magazine, Stacy Schiff expanded on this topic, stating that Wales was "caught airbrushing his Wikipedia entry—eighteen times in the past year" and that he was "sensitive about references to the porn traffic on his Web portal". In both cases, Wales argued that his modifications were solely intended to improve the accuracy of the content. He apologized for editing his own biography, a practice generally frowned upon at Wikipedia. Wales said in the Wired interview, "People should not do it, including me. I wish I had not done it." Personal life His first wife, Pam, was quoted in a September 2008 W magazine article as saying that Wales, because he believed altruism was evil, discouraged her from pursuing a nursing degree when they were married: "His whole 'Mr. Save the World' is so contrary to what he said every day for seven years." Late in March 1997, Wales married his second wife, Christine, in Monroe County, Florida. They have a daughter named Kira and are separated. , Wales resided in the St. Petersburg, Florida, area. Wales had a brief relationship with Canadian conservative columnist Rachel Marsden in 2008 that began after Marsden contacted Wales about her Wikipedia biography. After accusations that Wales' relationship constituted a conflict of interest, Wales announced in March 2008 on his Wikipedia user page (and later on his personal blog) that there had been a relationship but that it was over and claimed that it had not influenced any matters on Wikipedia. Marsden claimed to have learned about the breakup by reading about it on Wikipedia. Philosophy Wales is a self-avowed "Objectivist to the core", and named his daughter Kira after the heroine in Ayn Rand's debut novel We the Living, although he has said "I think I do a better job—than a lot of people who self-identify as Objectivists—of not pushing my point of view on other people." He ran an electronic mailing list on "Moderated Discussion of Objectivist Philosophy". When asked about Rand by Brian Lamb in his appearance on C-SPAN's Q&A in September 2005, Wales cited "the virtue of independence" as important to him personally. When asked if he could trace "the Ayn Rand connection" to having a political philosophy at the time of the interview, Wales reluctantly labeled himself a libertarian, qualifying his remark by referring to the United States Libertarian Party as "lunatics" and citing "freedom, liberty, basically individual rights, that idea of dealing with other people in a matter that is not initiating force against them" as his guiding principles. An interview with Wales served as the cover feature of the June 2007 issue of the libertarian magazine Reason, in which Wales cited Austrian School economist Friedrich von Hayek's work on price theory and decentralised information The Use of Knowledge in Society as "central" to his thinking about "how to manage the Wikipedia project". ဂုဏ်ပုဒ်နှင့် ရာထူးများ Mid-2005 — Wales is appointed as a member of the Berkman Center for Internet & Society at Harvard Law School. October 3, 2005 — according to a press release, Wales joins the Board of Directors of Socialtext, a provider of wiki technology to businesses. 2006 — Wales joins the Board of Directors of the non-profit organization Creative Commons. May 8, 2006 — Wales is listed in the "Scientists & Thinkers" section of the 100 influential people special edition of Time magazine. June 3, 2006 — Wales receives an honorary degree from Knox College. May 3, 2006 — The Electronic Frontier Foundation awards him a Pioneer Award. 2006 — Wales is appointed to the advisory board of the MIT Center for Collective Intelligence. January 23, 2007 — Forbes magazine ranks Wales twelfth in its first annual "The Web Celebs 25". 2007 — Wales is recognized by the World Economic Forum as one of the 'Young Global Leaders' of 2007. 2008 — CORUM awards him The Global Brand Icon of the Year Award for 2008. 2008 — Wales - representing Wikipedia - receives the Quadriga award of Werkstatt Deutschland for A Mission of Enlightenment representing the Wikimedia-project along with Boris Tadić, Eckart Höfling and Peter Gabriel. The award was presented by David Weinberger. October 30, 2008 — Wales is awarded the Business Process Award at the 7th Annual Innovation Awards and Summit by The Economist "for public collaboration as a form of product and content development." Published work ကျမ်းကိုး ပြင်ပလင့်ခ်များ Jimmy Wales , Wales' official blog User:Jimbo Wales, Wales' profile at the English Wikipedia Audio of interview with Wales about wikipedia on EconTalk podcast အမေရိကန် ဘလော့ဂါ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ဝီကီပီးဒီးယား သမိုင်း ဝီကီပီးဒီးယား ဝီကီမီဒီယာ ရန်ပုံငွေအဖွဲ့
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%84%E1%80%BA%E1%80%99%E1%80%AE%E1%80%9D%E1%80%B1%E1%80%B8%E1%80%9C%E1%80%BA%E1%80%85%E1%80%BA
ဒံပေါက်
ဒံပေါက် () ခေါ် ဘရာနီ (သို့) biriani၊ berianiသည် ထမင်းအမျိုးအစား တောင်အာရှမှ စားဖွယ် တစ်မျိုးဖြစ်ပြီး ဟင်းခတ်အမွှေး အကြိုင်များ၊ အသား အမျိုးမျိုးနှင့် အရွက် အမျိုးမျိုးဖြင့် အဓိကချက်လုပ်သည်။ အီရန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့သော်လည်းမူဆလင် ခရီးသွားများနှင့် ကုန်သည်များကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ပျံ့နှံရောက်ရှိ လာခြင်းဖြစ်သည်။ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အီရန်၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ နှင့် ထိုင်း စသည့်နိုင်ငံများတွင် ဒံပေါက်မှာ လူကြိုက်များသော အစားအစားတစ်ရပ် ဖြစ်သည်။ မူရင်း ဘရာနီဟူသော အမည်မှာ ပါရှန်ဘာသာ beryā(n)(بریان) မှဆင်းသက် လာခြင်းဖြစ်ပြီး အကြော်(သို့)ပြုတ်ကြော် ဟုအဓိပ္ပါယ်ရသည်။အချို့ကမူ မချက်ခင် ကြော်ခြင်း ဟုလည်း ဆိုသည်။ အသုံးပြုသောပစ္စည်းများ ဒံပေါက်ချက်လုပ် ရာတွင် ယေဘုယျ အသုံးပြုသော ပစ္စည်းများမှာ ဘာစ်မတီဆန်၊ ဂီးထောပတ်၊ ပဲစိမ်း၊ ပဲ၊ ဇီရာစေ့၊ ဖာလာစေ့၊ လေးညှင်းပွင့်၊ သစ်ကြပိုးခေါက်၊ ကရဝေးရွက်၊ နံနံပင်၊ ပူဒီနာရွက်(mint)၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ဖြစ်ကြသည်။ အရည်အသွေးမြင့် ချက်လုပ်ရာတွင် ကုံကုမံ(saffron) အမည်ရှိ ဟင်းခတ်အမှမွှေးအကြိုင် ကိုအသုံးပြုသည်။ သက်သက်လွတ် မဟုတ်သော ဒံပေါက်များတွင် အသားအဖြစ် အမဲသား၊ ကြက်သား၊ ဆိတ်သား၊ သိုးသား နှင့် ပုဇွန်တို့ကိုပါ သုံးကြသည်။ ဒံပေါက်ကို ချပ်တနီး၊ မကျည်းအချဉ်ရည်၊ ဒိန်ချဉ်ဟင်း၊ အခြားအိန္ဒိယ အချဉ်ဟင်းအမျိုးမျိုး၊ ခရမ်းသီးချက်နှင့် ကြက်ဥပြုတ် တို့ဖြင့် တွဲဖက်စားသုံးလေ့ ရှိကြသည်။ ဒံပေါက်နှင့် pullao တို့၏ အဓိကကွဲပြားပုံမှာ၊ ထမင်းနှင့် အသုံးပြုပစ္စည်းများကို ခွဲခြားချက်ပြုတ်ခြင်းနှင့် အတူတကွ ချက်ပြုတ်ခြင်းတို့ ဖြစ်သည်။ ဒံပေါက်ထမင်းအမျိုးမျိုး အီရန်နိုင်ငံတွင် ဒံပေါက်မှာ Isfahanမြို့ထွက် အစားအစားဖြစ်ပြီး နုပ်နုပ်စင်း ထားသည့် သိုးသားနှင့်အဆုတ်မီးဖုတ် တို့ကို အထူးပြုလုပ်ထားသည့် ဒယ်အိုးပြားဖြင့် ချက်လုပ်သည်။ ထို့အပြင် ဒံပေါက်အား "nan-e taftton"အမည်ရှိ ပေါင်မုန့်ဖြင့်ပါ တွဲဖက်စားလေ့ရှိသည်။ ပါကစ္စတန်နှင့် အိန္ဒိယ မြောက်ပိုင်းတို့ရှိ ကရာချီမြို့နှင့် လားဟိုမြို့တို့တွင် ကြက်သားဒံပေါက်မှာ အထူးရေပန်းစားသည်။အိန္ဒိယ Awadh ဒံပေါက်တွင် အာလူးပါ ပါဝင်ပြီး၊ Sindhi ဒံပေါက်မှာ ပါကစ္စတန်နိုင်ငံတဝှမ်းတွင် စားသုံးကြသည်။ အိန္ဒိယတောင်ပိုင်း မလာဘာဒေသ၏ မလာဘာကြက်သား ဒံပေါက်မှာလည်း အခြားဒေသများတွင်ပါ ကျော်ကြားသည်။ ထို့အပြင် သက်သက်လွတ်ဒံပေါက်အား Tahiriဟုခေါ်ပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံရှိ နေအိမ်များတွင် ချက်ပြုတ်စားသုံး ကြသည်။ ဘင်္ဂလားဒေ့ရှ်၊နိုင်ငံရှိ ထမင်းဆိုင်များ အားလုံးလိုလိုတွင် ကြက်သားနှင့် သိုးသားဒံပေါက် ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် ဒံပေါက်ထမင်းကို ဘာစ်မတီဆန်အစား ပြည်တွင်းဖြစ် ဆန်ဖြင့်ချက်လုပ်သည်။ အခြားဒံပေါက်များနှင့် မတူသည့်အချက်မှာ ကြက်သားအား ထမင်းနှင့် တပါတည်း ရော၍ချက်လုပ်ပြီး သီဟိုဠ်စေ့နှင့် စပျစ်သီးခြောက် တို့ကိုလည်း အသုံးပြုခြင်း ဖြစ်သည်။ ထို့အပြင် ဒံပေါက်ထမင်းကို ကြက်သွန်၊ သခွါးသီး၊ ခရမ်းချဉ်သီး တို့ဖြင့် ပြုလုပ်ထားသော အချဉ်သုပ် ဖြင့်တွဲဖက် စားသုံးလေ့ ရှိသည်။ မြန်မာနိုင်ငံတွင် ဒံပေါက်ထမင်းသာ သီးသန့်ရောင်းချသော ဆိုင်မြောက်မြားစွာ ရှိပြီး၊ ယင်းတို့အနက် နီလာဒံပေါက်၊ ကြက်လျှာစွန်း ဒံပေါက်တို့မှာ အထူးထင်ရှားသည်။ ထို့အပြင် အလှူပွဲ၊ ရှင်ပြု၊ ဆွမ်းကျွေး စသည့်ဘာသာရေး၊ လူမှုရေး အခမ်းအနားများတွင်လည်း ဒံပေါက်​ကျွေးသည့် ဓလေ့ရှိသည်။ ထိုင်းနိုင်ငံတွင် ဒံပေါက်မှာ ထိုင်းမူစလင် ဟင်းလျာအဖြစ် ထင်ရှားသည်။ ကိုးကား အစားအစာ
https://my.wikipedia.org/wiki/%E1%80%92%E1%80%B6%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA
ပင်းယ-စစ်ကိုင်းခေတ်
ပင်းယ-စစ်ကိုင်းခေတ်မှာ ပုဂံပျက်သုဉ်းခဲ့ပြီးနောက်တွင် ပေါ်ထွန်းလာသည့် ထီးပြိုင်နန်းပြိုင်မင်းဆက်များဖြစ်သည်။ အမျိုးအနွယ်အားဖြင့်လည်း ရှမ်းများဖြစ်ကြကာ ဗမာစစ်စစ်များမဟုတ်ကြချေ။ ရှမ်းညီနောင်သုံးဦးအနက်မှ အငယ်ဆုံးဖြစ်သည့် ပင်းယမြို့တည် တစ်စီးရှင် သီဟသူ မှ စတင်တည်ထောင်သည့် မင်းဆက်များဖြစ်သည်။ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက် ပင်းယမြို့ကိုတည်ပြီးလျှင် သီဟသူသည် သားငယ်ဖြစ်သူ အသင်္ခယာ စောယွန်း ကိုလူသူလက်နက်ပေးကာ စစ်ကိုင်းမြို့တည်ပေးပြီး မင်းပြိုင်ပြုစေသည်။ သို့ဖြင့် ပင်းယ (မြို့သက် ၅၂နှစ်) တွင် မင်း ၆ ဆက်၊ စစ်ကိုင်း (မြို့သက် ၄၉နှစ်)တွင် မင်း ၇ ဆက် စိုးစံကြရာ ပင်းယမှနရသူက စစ်ကိုင်းမှ မင်းပြောက်ကို မင်းမျိုးမင်းရိုးမှန်သူမဟုတ်ဟု စွပ်စွဲကာ မြန်မာနိုင်ငံ မြောက်ဘက်တလွှားရှိ မောရှမ်းများ၏အကြီးအကဲ သိုချီဘွားကို စစ်ကိုင်းအား သိမ်းယူပါရန် ပင့်ဖိတ်လေသည်။ သို့ဖြင့် သိုချီဘွားလည်း စစ်ကိုင်းကို ရှေးဦးစွာ တိုက်ခိုက်ပြီးနောက်ပင်းယ ကိုပါ တစ်ပါတည်းတိုက်ခိုက်ပြီး လူသူအမြောက်အမြားကို ကျွန်ပြုဖမ်းဆီးယူဆောင်သွား သဖြင့် ပင်းယ နှင့် စစ်ကိုင်းမင်းဆက်များ ပျက်စီးသွားရပြီးလျှင် ယင်းဒေသတစ်ဝိုက်တွင်ရှိကြသော မြန်မာလူမျိုး အမြောက်အမြားသည် ဘေးလွတ်ရာ တောင်ငူနှင့် ပြည်အပါအဝင် အခြားအရပ်ဒေသများဘက်သို့ ပြောင်းရွှေ့ထွက်ပြေးကြသည်။ စစ်ကိုင်းမင်း မင်းပြောက် ကြခတ်ဝရာသို့ပြေးသည်။ သတိုးမင်းဖျားသတ်၍ သေလေသည်။ ပင်းယမင်း နရသူကို ရှမ်းတို့ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နောင်တွင် မောဝ်ပါ နရသူ ဟုလည်းခေါ်ကြသည်။ နရသူမရှိသည့်နောက် ပင်းယတွင် ဥဇနာပြောင်မင်းပြုသည်။ သို့သော် မကြာမှီမှာပင် စစ်ကိုင်းတွင် ရှိနေသည့် သတိုးမင်းဖျားက ပင်းယကိုတိုက်ပြီး စစ်ကိုင်း-ပင်းယ နှစ်နေရာကြားတွင် အင်းဝကိုတည်ကာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သည်။ ပင်းယမင်းဆက် (၁၃၁၂ - ၁၃၆၄) သော်တာလ ပင်းယတည် ဆိုရိုးစကားအရ (သော် = ၆၊ တာ = ၇၊ လ = ၄) ပင်းယအား တစ်စီးရှင် သီဟသူမင်းက ၆၇၄ - ခုနှစ်၌ တည်ထောင်သည်။ တစ်စီးရှင် သီဟသူ ဥဇနာ ငါးစီးရှင် ကျော်စွာ လေးစီးရှင် ကျော်စွာ နရသူ (မောပါမင်း) ဥဇနာပြောင် စစ်ကိုင်းမင်းဆက် (၁၃၁၅ - ၁၃၆၄) သံတတိုင်း စစ်ကိုင်းတည်ဆိုရိုးစကားအရ ( သံ = ၆၊ တ = ၇၊ တိုင်း = ၇) စစ်ကိုင်းအား အသင်္ခယာ စောယွန်းမင်းက ၆၇၇ - ခုနှစ်၌ တည်ထောင်သည်။ အသင်္ခယာ စောယွန်း တရဖျားကြီး ရွှေတောင်တက် ကျစွာ နော်ရထာ မင်းရဲ တရဖျားငယ် မင်းပြောက် သီဟပတေ့ ကိုးကား မြန်မာနိုင်ငံ၏ သမိုင်း ပင်းယ-စစ်ကိုင်းခေတ် ပထမရှမ်းခေတ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%84%E1%80%BA%E1%80%B8%E1%80%9A-%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%90%E1%80%BA
ပြည်မင်း
ပြည်မင်း (၁၆ မေ ၁၆၁၉ – ၁၄ ဧပြီ ၁၆၇၂) သည် ၁၆၆၂ ခုနှစ်မှ ၁၆၇၂ ခုနှစ်အထိ တောင်ငူထီးနန်းကို စိုးစံခဲ့သူ ဖြစ်သည်။ ပြည်မင်းသည် သာလွန်မင်း၏ သားတော် ဖြစ်ပြီး နောင်တော် ပင်းတလဲမင်းကို ပုန်ကန်ကာ နန်းတက်ခဲ့သည်။ ထိုသို့ မပြုသင့်သည့် အမှုကို ပြုခဲ့သဖြင့် ပြေလည်ရာပြေလည်ကြောင်းအနေဖြင့် ဆရာတော်၊သံဃာတော်များကို နန်းတွင်းသို့ပင့်ဖိတ်ကာ မိမိဆန္ဒအလျောက် ပြုကျင့်ခြင်းမဟုတ်ကြောင်း၊ အမှူးအမတ်တို့၏ ဆန္ဒအရသာဖြစ်ကြောင်း လျှောက်တင်လေသည်။ ဆရာတော်အများက ချီးပ ပြီး ပြောဆိုကြသော်လည်း၊ မြောက်နန်းကျောင်းဆရာတော်ကမူ "ယခု ဒကာတော် လျှောက်ထားသည်မှာ ငါတို့အရာမဟုတ်၊ ညီတော်နောင်တော်နှစ်ပါး ဟုတ်မဟုတ်ကို အောက်ကိုရောက်မှပဲ ငြင်းကြခုန်ကြပေရော့"ဟု မိန့်တော်မူလေသည်။ သို့သော် ပြည်မင်း၏တောင်းပန် မှုကြောင့် ဆရာတော်လည်း ရာဇဝင်ချုပ် တစ်စောင်ရေးသားစီရင်တော်မူခဲ့လေသည်။ ထိုမင်းလက်ထက်တွင် နာမည်ကျော် နန်းစဉ်ရတနာဖြစ်သည့် ပတ္တမြားငမောက်ကို ရှာဖွေတွေ့ရှိပြီး နန်းတွင်းသို့ ဆက်သလာလေသည်။ သို့သော် နောင်တွင် ငမောက်သည် မိမိအား ပတ္တမြားကို အပြည့်အဝ မဆက်သကြောင်းသိလျှင် ဆွေမျိုးများနှင့် တကွသတ်စေသည်။ နန်းသက် ၁၀ နှစ်အရောက်တွင် နတ်ရွာစံသဖြင့် သားတော် နရာဝရ အင်းဝနန်းကို ဆက်ခံသည်။ ကိုးကား မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း နှစ် ၆၀ဝ ပြည့်အင်းဝ-ရွှေကိုင်းသား တောင်ငူခေတ် ညောင်ရမ်းမင်းဆက် ၁၆၁၉ မွေးဖွားသူများ ၁၆၇၂ ကွယ်လွန်သူများ မြန်မာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ပတ္တမြားငမောက်
မြန်မာဘုရင်များအဆက်ဆက်တွင် အထွဋ်အမြတ်ထားခဲ့သော ပတ္တမြားငမောက် ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေအတွင်း အင်းခေါင်းမှ ရရှိသည်။ ၎င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှ ရသည်ဟုလည်း မူကွဲလျက် ရှိသည်။ ရရှိပုံ ရရှိပုံမှာ ချင်းတွင်းနယ်သားဖြစ်သော ငမောက်ဆိုသူသည် မိုးကုတ်နယ်မြေတွင် လာရောက်ပြီး လယ်ယာစိုက်ပျိုးနေထိုင်ရာ၊ တစ်ညသောအခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပ နေသည်ကို မြင်ရသဖြင့် သွားရောက်ကြည့်ရှုလေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကို တွေ့ရှိလေသည်။ ငမောက်လည်း ဝမ်းသာစွာ ကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအား တရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ် ၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်း များစွာနှစ်သက်အားရ ဝမ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများ ပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူ ဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။ တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌ တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲ ဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ ဝင်ရောက်တိုက်ခိုက်နေကြသဖြင့် တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းကို မြန်မာပြည် ခိုဝင်လာသော တရုတ်လူမျိုးတစ်ဦးလက်ထဲတွင် ငမောက် ရောင်းချခဲ့သော ပတ္တမြားတစ်ပိုင်းလည်း ပါလာခဲ့သည်။ ထိုတရုတ်လူမျိုးကုန်သည်ကြီးသည် ထိုပတ္တမြားတစ်ပိုင်းကို မြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့သည်။ ဘုရင်မင်းမြတ်လည်း ဝမ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော (ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့် ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟု အမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင် မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာ ကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကို လောင်းစင်ရွာဟူ၍လည်းကောင်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင် ရေဝေရွာ ) ဟူ ၍လည်းကောင်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။ မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်းမြင်လျှင် လွတ်ရာသို့ ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊ များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။ ၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျက် ရှိပေသည်။ ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၎င်းပတ္တမြားမျက်ရှင်မှာ တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီး မည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။ ထူးခြားချက် ငမောက်ပတ္တမြား (ခေါ်) ပတ္တမြားငမောက် အလေးချိန်မှာ ရတီ (၉၀)ကျော် ရှိပြီး လုံးချောသွေးထားကာ အရည်အသွေး အလွန်ကောင်းလှကြောင်း သိရသည်။ စွတ်စွတ်ဖြူနေသော ဝါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကို ထည့်လိုက်လျှင် ဝါဂွမ်းနှင့် နွားနို့ပင် အနီရောင်ပြောင်းလာကြောင်း သိရသည်။ ထိုပတ္တမြားငမောက်ကို လက်ညှိုးနှင့် လက်မ ညှပ်ကိုင်ထားလျှင် အရည်လည်ပြီး ပေါက်ကွဲယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာ အနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာ ဆုပ်ထားပေမဲ့ အေးမြနေသည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊ မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကို ပွတ်သပ်ပေးလျှင် အေးမြပြီး၊ ဝက်ခြံ တင်းတိတ် ကင်းစေသည်။ ပျောက်ဆုံးပုံ " သီပေါက တိုင်တန်းသည့် ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့် ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာ တို့ကစုံစမ်းပြီး အထက်သို့တင်ပြသည်။ တင်ပြချက်မှာ ယခင်ကအတိုင်းပင် ဖြစ်သည်။ စလေဒင်သည် သီပေါထံမှ အဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊ သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်း များမှအပ အခြား မည်သည့် ရတနာပစ္စည်းကိုမျှ ပြန်ရမည်ဆိုသည် ကတိစကား လည်း မရှိခဲ့ကြောင်းဖြင့် အကြောင်းပြန်သည်။ စလေဒင်သည် ပစ္စည်းသိမ်း ကော်မတီက သိမ်းယူခဲ့သော ရတနာပစ္စည်းများကို ပစ္စည်းသိမ်း ကော်မတီ၏ ကိုယ်စားတာဝန်ကျသည့် အစောင့်ကို လွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင် လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည် သီပေါနှင့် မိသားစုတို့ ယူဆောင်သွားခြင်းမပြုသော ပစ္စည်း များကို ဗိုလ်ချူပ် ပရင်ဒါဂတ်စ်၏ အမိန့်အရ ပစ္စည်းသိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။ မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။ သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏ သရဖူထဲတွင်ရှိကြောင်း၊ ထိုပတ္တမြား ကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင်သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီး ဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင် ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏ စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်း ရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုက် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏ စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများ အားလုံးကို စလေဒင်က အင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့် တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်က ထွက်ဆိုသည်။ ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင် မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။ ၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊ မိမိသည် ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကို နန်းတော်ထဲတွင် တွေ့ခဲ့ရကြောင်း၊ သို့ရာတွင် ပုရပိုက်တစ်ဆူပေးသည် မပေးသည်ကိုမူ မိမိ မမှတ်မိတော့ကြောင်း၊ ထိုသို့ ရုတ်ရုတ်သဲသဲ အချိန်မျိုးတွင် အဖိုးတန်ကျောက်မျက်ရတနာများ၊ စီခြယ်ထားသည့်ရွှေထည် ပစ္စည်း အသေး၊ အကြီး အမျိုးမျိုးတို့ပါသည် နန်းစဉ်ရတနာ ပစ္စည်းအားလုံးကို ရေးမှတ်ဖို့ ဆိုသည်မှာ ခက်ခဲလှကြောင်းဖြင့် စလေဒင်က အကြောင်းပြန် သည်။ ထိုရတနာပစ္စည်းများအားလုံးသည် နန်းတော်ဝရန်တာကြမ်းပြင် နှင့်ကျယ်ဝန်းလှသော ညီလာခံသဘင်ခန်းမကြမ်းပြင်တွင် စုပုံပြန့်ကြဲလျက် ရှိသည်။ ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကို ဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန် ပြတိုက်သို့ပေးပို့သည်။ ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့်ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကူအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီးတစ်ချောင်း တို့ပါသည်။ ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူ စလေဒင်ကို တိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြေရှင်းချက်များဖြစ်သည်။ ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားများ ၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက် ၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား ၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား ၄။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား ၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား ၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။ </div> ကျမ်းကိုး မြန်မာနိုင်ငံ၏ သမိုင်း ဘူမိဗေဒ ကျောက်မျက်ရတနာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%84%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA
မင်းရဲကျော်ထင်
နောင်တော် နရာဝရလွန်လျှင် ညီတော် ဝရဇေယ (ခေါ်) မင်းရဲကျော်ထင်(ဝမ်းဘဲအင်းစံမင်း)က သီရိပရဝ မဟာဓမ္မရာဇာဘွဲ့ဖြင့် အင်းဝ တွင် နန်းတက်လေသည်။ ထိုမင်းလက်ထက်တွင် လူတို့ ယဉ်ကျေးမှုနှင့် မညီပျက်ပြားကြသဖြင့် တင်းကျပ်သော အမိန့်တို့ကို ထုတ်ပြန်ရလေသည်။ ထို့ပြင် အခွန်အတုတ်တို့ ကြီးလေးကြောင်းလူတို့ ငြီးငြူလေသောကြောင့် အခွန်စည်းကျပ်ပုံကို ပြင်ဆင်ခဲ့ရသည်။ အင်းဝနန်းတော်ကိုလည်း နှစ်ကြိမ်တိုင်တိုင် အသစ်တည်သည်ဟု မှတ်တမ်းများအရ သိရှိရသည်။ ထူးခြားချက်အနေဖြင့် ၎င်းလက်ထက်တွင် ပေကို သရိုး၊သစ်စေးကိုင်ပြီး ဆေးဒန်းနှင့် အက္ခရာရေးကာ ရွှေချသည့် ရွှေစာရေးနည်းစတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ နန်းသက် ၂၆နှစ်တွင် နတ်ရွာစံရာ သားတော် စနေမင်း နန်းတက်သည်။ ရည်ညွှန်းကိုးကား မင်းဆယ်ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း နှစ် ၆၀ဝပြည့် အင်းဝ- ရွှေကိုင်းသား တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက်
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B2%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%91%E1%80%84%E1%80%BA
နရာဝရ
နရာဝရ (၁၆၅၀–၁၆၇၃) သည် တောင်ငူထီးနန်းကို ၁၆၇၂ ခုနှစ်မှ ၁၆၇၃ ခုနှစ်အထိ ၁၁ လခန့် စိုးစံခဲ့သူ ဘုရင်တစ်ပါး ဖြစ်သည်။ ၁၆၇၂ ခုနှစ်တွင် ခမည်းတော် ပြည်မင်းလွန်ပြီးနောက် သားတော် နရာဝရ နန်းတက်ခဲ့သည်။ နန်းစံသက် ၁၁ လသာရှိကာ ထူးခြားသော အမှတ်အသား၊အကြောင်းအရာများ မှတ်တမ်းကျန်ရစ်ခဲ့ခြင်းမရှိပေ။ ထိုမင်းလွန်လျှင် နန်းလျာမသတ်မှတ်ခဲ့သဖြင့် မှူးမတ်တို့လည်း မင်းဖြစ်လောက်မည့် မင်းညီမင်းသားကို ရွေးချယ်၍ နန်းတင်ရန် ဘုရင့်နှမတော်နှင့် တိုင်ပင်ဆုံးဖြတ်လေသည်။ သို့ဖြင့် ဘုရင်နတ်ရွာလားကြောင်း မကြေညာပဲ လျှို့ဝှက်ထားပြီး မင်းဖြစ်လောက်မည့် မင်းညီမင်းသားအား ရှာဖွေလေ့လာလေသည်။ ဘုရင့်ညီတော်သူ မင်းရဲကျော်ထင်အား ထုံးတမ်းစဉ်လာကိုသိမြင်ကာ ရာဇဝင်တွင်လည်းနှံစပ်သည်ဟု သဘောကျနှစ်ခြိုက်ကာ အိမ်ရှေ့အရာအပ်နှင်းကြောင်း ပင့်ဖိတ်၍ လွှတ်တော်တက်ချိန်တွင်မှ ဘုရင်နတ်ရွာလားကြောင်း ကြေညာကာ ညီတော် ဝရဇေယ (ခေါ်) မင်းရဲကျော်ထင် (ဝမ်းဘဲအင်းစံမင်း)က အင်းဝ တွင် နန်းတက်လေသည်။ မှတ်စု ကိုးကား မင်းဆယ်ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း နှစ် ၆၀ဝပြည့် အင်းဝ- ရွှေကိုင်းသား တောင်ငူခေတ် ညောင်ရမ်းမင်းဆက် မြန်မာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%9B%E1%80%AC%E1%80%9D%E1%80%9B
ပင်းယမြို့
ပင်းယမြို့သည် မြန်မာ့သမိုင်းဝင် မင်းနေပြည်တော် ဖြစ်ခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည်။ ယနေ့ အင်းဝမှ တောင်ဘက် ကျောက်ဆည်နယ်အနီးတွင် တည်ရှိပြီး ခြုံနွယ်ယှက်နေသော အုတ်ပုံပျက်နှင့် ရွာငယ် ဇနပုဒ်များအဖြစ်နှင့်သာ တွေ့မြင်နိုင်တော့သည်။ ရှေးဘုရား စေတီပုထိုးတို့မှာလည်း အပြိုအပျက်များသာ ကျန်တော့သည်။ တည်နေရာ ပင်းယမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၏ တောင်ဘက် တစ်မိုင်ခန့်အကွာ၊ မန္တလေး-မြင်းခြံ မီးရထားလမ်းနှင့် စကားအင်းရွာကြား၊ ပန်းလောင်မြစ် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ တံတားဦး-ကျောက်ဆည် ကားလမ်းသည် ပင်းယမြို့ဟောင်း၏ အလယ်မှ တောင်-မြောက် ဖြတ်၍ ဖောက်လုပ်ထားသည်။ ပင်းယမြို့သည် မြောက်လတ္တီတွဒ် ၉၅ဒီဂရီ ၅မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၂၁ ဒီဂရီ ၄၇မိနစ်တွင် တည်ရှိသည်။ ပင်းယမြို့ကို စတင်တည်ထောင်သူမှာ တစ်စီးရှင်သီဟသူ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၆၇၄-ခုနှစ်၊ အေဒီ-၁၃၁၃ တွင် စတင်တည်ထောင်ခဲ့သည်။ ပုဂံပျက်သုဉ်းပြီးနောက် ပေါ်ပေါက်လာသော မြို့ ဖြစ်သည်။ ပင်းယကို မတည်မှီက အင်းဝနေရာတွင် မြို့တည်ရန် ၃ကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ပင်းယနေရာသို့ ပြောင်းရွှေ့ကာ မြို့တည်ခြင်းဖြစ်သည်။ အမည်နှင့်ဆင်းသက်လာပုံ ရှမ်းမင်းအဆက်အနွယ်ဖြစ်သော သီဟသူသည် ပင်းယမြို့တည်ရန် နေရာရှင်းလင်းသတ်မှတ်စဉ်က မြေကြီးထဲမှ ရွှေပန်းခိုင်ရသည်ကို အကြောင်းပြု၍ ပန်းရဟု ခေါ်ခဲ့ရာမှ ပင်းယ ဟုပြောင်းလဲလာရခြင်းဖြစ်သည် ဟုဆိုကြသည်။ သို့သော် မြို့တည်စဉ်က သတ်မှတ်ခဲ့သော် အမည်မှာ ဝိဇယပူရ ဖြစ်သည်။ မြို့နန်းတည်ပြီးလျှင် နန်းဖွင့်အပ်သော အစီအရင်ကို မသိကုန်သောကြောင့် ပုဂံမှ မိဖုရား ဖွားစောကို ရွှေဖောင်တော်နှင့် ပင့်ရသည်။ ဖွားစောအစီအရင်ဖြင့် သီဟသူသည် နန်းဖွင့်မင်္ဂလာ၊ ထီးဆောင်းမင်္ဂလာ၊ ဘိသိက်မင်္ဂလာ၊ အခါတို့နှင့် တပြိုင်နက် သီရိတြိဘဝနာဓိတျာပဝရ သီဟသူရ ဓမ္မရာဇာ အမည်ကို ခံတော်မူ၍ ဘိသိက်မြှောက်၏။ ထို့နောက် ဖွားစောက သီဟသူကို `ဘုန်းတန်ခိုးကြီးပေစွ´ ဟု ချီးမွမ်းပြီးသော် အနော်ရထာလက်ထက်ကပင် ရှိသော ရွှေသောက်ရေတင်နှင့် ရွှေဓားကြိုးကို ပေးခဲ့သည်။ သီဟသူမင်းကြီးကလည်း ဖွားစောကို အခမ်းအနားအစုံ ပေးတော်မူသည်။ မြို့သက် စတင်တည်ထောင်သူ တစ်စီးရှင်သီဟသူမှ နောက်ဆုံး (၆)ဆက်မြောက်မင်းဖြစ်သည့် ဥဇနာပြောင်မင်းအထိမြို့၏သက်တမ်းမှာ ၅၂ နှစ်သာကြာသဖြင့် တိုတောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာသက္ကရာဇ် (၇၂၆)ခုနှစ်တွင် ပင်းယနှင့် စစ်ကိုင်းနှစ်မြို့လုံးကို မြောက်ဘက်တစ်လွှားမှ မောဝ်ရှမ်းအကြီးအကဲ သိုချီဘွားက လာရောက်တိုက်ခိုက်သဖြင့် ပျက်စီးရခြင်းဖြစ်သည်။ ရှမ်းတို့ နရသူ အားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဥဇနာပြောင် နန်းတက်သော်လည်း တစ်လကျော်အကြာတွင် စစ်ကိုင်းတွင် မင်းပြုနေသည့် သတိုးမင်းဖျားက လာရောက်တိုက်ခိုက်သည်။ ထိုနောက် အင်းဝမြို့ကို တည်ကာ မြို့တော်အဖြစ် သတ်မှတ်၍ ပြောင်းရွှေ့နန်းစံလေသည်။ ရည်ညွှန်းကိုးကား နှစ်ပြည့် ၆၀ဝ အင်းဝ-ရွှေကိုင်းသား မြန်မာ့သွေး ဘလော့ခ် မသက်ဇင် ဘလော့ခ် အော်လံမောင် ဘလော့ခ် လွင်မောင်၊ မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း၊ ၁၉၇၃-ခု၊ ဇွန်လ။ မြန်မာနိုင်ငံရှိ မြို့များ မန္တလေးတိုင်းဒေသကြီးရှိ မြို့များ မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ ပင်းယခေတ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
သန်းထွန်း (သမိုင်းပညာရှင်၊ ဒေါက်တာ)
ဒေါက်တာသန်းထွန်း (၆ ဧပြီ ၁၉၂၃ - ၃၀ နိုဝင်ဘာ ၂၀၀၅) သည် မြန်မာနိုင်ငံမှ ထင်ရှားသော သမိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ ဘဝတစ်သက်တာလုံး မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရပ်များ ဖြစ်ထွန်းတိုးတက်ခြင်းအပေါ် အကျိုးပြုခဲ့သူတစ်ဦးဖြစ်ကာ ခရစ်နှစ် (၂၀၀၀) တွင် ဖူကုအိုကာ အာရှယဉ်ကျေးမှုဆု ချီးမြှင့်ခံရသည်။ ငယ်ဘဝ ဒေါက်တာသန်းထွန်း (၆ ဧပြီ ၁၉၂၃ - ၃၀ နိုဝင်ဘာ ၂၀၀၅) ကို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာတွင် အဖ ဦးဖိုးတွေ၊ မိခင် ဒေါ်သင်တို့က ၁၉၂၃၊ဧပြီလ ၆ ရက်နေ့၌ မွေးဖွားခဲ့သည်။ ကုန်းဘောင်ခေတ် မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းတွင် ပါဝင်သော မောင်လူကြီး ဆိုသူသည် ဒေါက်တာသန်းထွန်း၏မိခင် ဒေါ်သင်၏ အဘိုးဖြစ်သည်။ ဒေါက်တာသန်းထွန်းသည် မွေးချင်း ညီအစ်ကိုမောင်နှမ ၅ ဦး အနက် ၂ ယောက်မြောက် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မွေးရပ်မြေ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် အာရှလူငယ် အစည်းအရုံးတွင် အတွင်းရေးမှူးအဖြစ် စတင်ပါဝင်ခဲ့သည်။ ဖက်ဆစ် ဂျပန် တော်လှန်ရေးအတွက် ၁၉၄၄ ခုနှစ်တွင် ငါးသိုင်းချောင်း မြို့နယ်တွင် ဖွဲ့စည်းခဲ့သော ဖဆပလ၏ ပထမဆုံးဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇) တွင်ပါဝင်ခဲ့သည်။ ပညာရေး ၁၉၃၉ ခုနှစ် အသက် ၁၆ နှစ်အရွယ်တွင် အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပြီး ခေတ် ရန်ကုန် တက္ကသိုလ်၏ ကျောင်းသား ခေါင်းဆောင် အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနစ် ကျောင်းသားညီလာခံတွင် ဥက္ကဋ္ဌ နေရာအတွက် ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ရာတွင် ဒေါက်တာသန်းထွန်းနှင့် ဦးသန်းတို့က မဲတူနေရာ သဘာပတိ ဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် မှ ၎င်း၏ သဘာပတိမဲဖြင့် (casting-vote) ဒေါက်တာသန်းထွန်းအား ကျောင်းသား ဥက္ကဋ္ဌ ဖြစ်စေခဲ့သည်။ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေး ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ လက်ဝဲကွန်မြူနစ် စာပေများကို သဘောကျသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ.က.ပ) ဝင် အဖြစ်ခံယူခဲ့သော်လည်း ၁၉၄၈ ခုနှစ်မှ စ၍ နိုင်ငံရေး သမားဘဝကို စွန့်လွှတ်ခဲ့သည်။ ကွန်မြူနစ်ပါတီမှ ထွက်ပြီးနောက် ရန်ကုန်တက္ကသိုလ် သမိုင်း နည်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်ချိန် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဒေါ်ခင်ရီ နှင့်အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၅ ယောက် ထွန်းကား ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်း ဖြင့်ဘွဲ့ရခဲ့သည်။ ၁၉၅၀ ဖေဖော်ဝါရီ ၂၄ တွင် သမိုင်းဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၁တွင် ဥပဒေ သင်တန်း တက်ခဲ့ပြီး ၁၉၅၂တွင် ဥပဒေဘွဲ့ ရခဲ့သည်။ ထို့နောက် ကိုလံဘိုစီမံကိန်း ဖြင့် အမေရိကန်နိုင်ငံ၊ ကော်နဲလ်တက္ကသိုလ်မှ ပညာသင်ဆုရရှိကာ အစိုးရပညာတော်သင် အဖြစ်လည်း အရွေးခံရသော်လည်း မိမိဆန္ဒဖြင့် လန်ဒန် တက္ကသိုလ်တွင် ၁၉၅၂ မှ ၁၉၅၆ အထိ ပါရဂူသင်တန်း တက်ကာ ပုဂံခေတ် ဗုဒ္ဓဘာသာ Buddhist Church in Pagan Period စာတမ်းကို တင်သွင်း၍ အရှေ့တဝှမ်းနှင့် အာဖရိကဆိုင်ရာပညာကျောင်းမှ ပါရဂူဘွဲ့ ရရှိခဲ့သည်။ စာပေသင်ကြားပို့ချခြင်း ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရပြီး ၁၉၆၅ မှ ၁၉၈၂ အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ တိုကျိုတက္ကသိုလ် အရှေတောင်အာရှ ပညာဌာနသို့ ထွက်ခွာခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် မြန်မာပညာရေးဌာနမှ အငြိမ်းစားယူခဲ့သည်။ တိုကျိုတက္ကသိုလ်နိုင်ငံခြားပညာဌာန၊ အာဖရိကနှင့် အာရှဘာသာစကားနှင့် ယဉ်ကျေးမှုပညာဌာန၊ တိုကျို ခရစ်ယာန်တက္ကသိုလ်နှင့် အိုဆာကာမြို့ အိုဆာကာ တက္ကသိုလ်တို့တွင် သုတေသနပြုသူနှင့် ဧည့်ပါမောက္ခအဖြစ် ၅ နှစ်အကြာမျှ တာဝန်ယူခဲ့သည်။ ထို့နောက် ဒေါက်တာသန်းထွန်းသည် အမေရိကန်ပြည်ထောင်စုသို့သွားရောက်ကာ မြောက်အီလီနွိုင်းတက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုတက္ကသိုလ်မှ စာပေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အပ်နှင်းခြင်းခံခဲ့ရသည်။ စာမျက်နှာ ၇၆၀၀ ရှိသော ဆယ်စောင်တွဲ မြန်မာမင်းအမိန့်တော်များကို ပြုစုရေးသားထုတ်ဝေခဲ့သည့်အပြင် ရှေးခေတ်မြန်မာ့သမိုင်းနှင့် ဆိုင်သော အခြားစာပေများကို ရေးသားပြုစုခဲ့သည်။ သို့သော် အများစုမှာ မြန်မာဆင်ဆာအဖွဲ့၏ တင်းကျပ်မှုကြောင့် ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပါ။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် လန်ဒန်တက္ကသိုလ်မှချီးမြှင့်သော စာပေ ပါရဂူဘွဲ့ ကိုလက်ခံရရှိခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ၁၅ ရက်နေ့ မှာ နိုင်ငံတကာဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာရှင် ကြီးများရှေ့မှောက်တွင်ဒုတိယအယ်လီဇဘတ် ဘုရင်မ ကြီး၏ သမီးတော် ကိုယ်တိုင် အပ်နှင်းသော D.Litt. ကို လက်ခံရယူသည်။ မြန်မာပြည်သို့ ၁၉၉၀ ခုနှစ်၌ ပြန်လည်ရောက် ရှိပြီး ၁၉၉၁တွင် မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အင်္ဂလိပ် အဘိဓာန် ပြုစုရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာန ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် အဖြစ်လည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ မြန်မာ့သမိုင်းကော်မရှင်၏အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၉၃ မှ ၂၀ဝ၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ အရှေ့တိုင်း ပညာဌာန အစရှိသည့် ဌာနများတွင် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ပညာရေးဆိုင်ရာ အမြင့်မားဆုံးဆု တစ်ခုဖြစ်သော ဖူကူအိုကာအာရှယဉ်ကျေးမှုဆုကို အပ်နှင်းချီးမြှင့်ခြင်းခံခဲ့ရသည်။ လုပ်ခဲ့သောနိုင်ငံရေး ၁၉၄၆ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးမရမီက အမျိုးသားနေ့အောင်ပွဲကို ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်ပြီး ဖဆပလ အဖွဲ့ချုပ်အား ဆန့်ကျင်ခဲ့သည်။ မန္တလေးတက္ကသိုလ်ကျောင်းဆရာ ဘဝတွင် အာဏာသိမ်းစစ်တပ်၏ မဆလ အရံပါတီဝင်ကြေးနှင့် လုပ်သားကောင်စီကြေးများ မထည့်ဝင်ဘဲ သပိတ်မှောက်ခဲ့သောကြောင့် မဆလပါတီက ဒေါက်တာသန်းထွန်းကို ထုတ်ပယ်ခဲ့သည်။ မကွယ်လွန်မီ နအဖ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ၏ ဆင်ဖြူ ကိုးကွယ်မှုကို ရဲဝံ့စွာ ပြစ်တင် ဝေဖန်ခဲ့သည်။ “ဆင်ဖြူဖြစ်ဖြစ် ဆင်မည်းဖြစ်ဖြစ် ဆင်ဟာ တိရစ္ဆာန်၊ တိရစ္ဆာန်ကို လူဟာ ရှိမခိုးအပ်ဘူး” ဟု မှတ်ချက်ပေးခဲ့သည်။ နောက်ဆုံးအချိန် ၂၀ဝ၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့၌ မန္တလေး အမရပူရမြို့၊ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်တွင် ပြုလုပ်သည့် လူထုဒေါ်အမာ အသက် ၉၀ ပြည့်မွေးနေ့သို့ လာရောက်ဆင်နွဲပြီး၊ နောက်တစ်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီတွင် အသက် ၈၃နှစ်အရွယ်၌ သူချစ်မြတ်နိုးသော မန္တလေးတက္ကသိုလ် သမိုင်းဌာန အဆောက်အဦးအတွင်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဆရာဒေါက်တာ သန်းထွန်းသည် မြန်မာနိုင်ငံသားများအတွက် သမိုင်းဆိုင်ရာရှာဖွေမှုများနှင့် သုတေသန ပြုလုပ်မှုပေါင်းများစွာ၊ စာတမ်းနှင့် သမိုင်းဆိုင်ရာ စာပေကိစ္စပေါင်း များစွာကို အနစ်နာခံ ဆောင်ရွက်ခဲ့သော နိုင်ငံချစ် ကမ္ဘာသိ ပညာရှင်ကြီး ဆရာကြီး တစ်ဦးအဖြစ် မော်ကွန်းထိုးလောက်သည့် သူတစ်ဦး ဖြစ်ပေသည်။ ပြုစုခဲ့သော စာတမ်းများ ငါပြောချင်သမျှ ငါ့အကြောင်း မြန်မာသမိုင်း နိဒါန်း မြန်မာအနုပညာလက်ရာပစ္စည်း မြန်မာ့ဗုဒ္ဓသာသနိက အနုပညာလက်ရာ မြန်မာရက်စွဲသမိုင်း(ကုန်းဘောင်ဆက်) ကပျာကယာဂျပန်ကဗျာတစ်ရာ ကျော်စွာ ၁၀၀ အသစ်မြင် မြန်မာသမိုင်း မြန်မာသမိုင်း လစ်ကွက်များ ခေတ်ဟောင်းရာဇဝင် ခေတ်သစ်ရာဇဝင် မြန်မာမင်းအမိန့်တော်ပုံပေါင်းချုပ် မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ ပုဂံခေတ်နိုင်ငံရေးရာဇဝင် နယ်လှဲ့ရာဇဝင် ဝိတိုရိယနဲ့အယ်လဗတ်ပြတိုက်မှာရှိတဲ့ မြန်မာအနုပညာလက်ရာပစ္စည်းတွေ ပျူတွေ ဘယ်ရောက်သွားလဲ ကိုးကား မြန်မာ သမိုင်းပညာရှင်များ မြန်မာ အမျိုးသား စာရေးဆရာများ ဗကသ ခေါင်းဆောင်များ မြန်မာ တက္ကသိုလ် ပါမောက္ခများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%20%28%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%81%8A%20%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%29
သီဟသူ (အင်းဝ)
အင်းဝတွင် မင်းခေါင် လွန်လျှင် သားတော်သီဟသူနန်းတက်လေသည်။ နန်းတက်ပြီးနောက် ဟံသာဝတီမှ မင်းညီနောင်များ အချင်းချင်း မညီမညွတ်ဖြစ်သည်ကို သိသဖြင့် စုန်ဆင်းပြီး ဟံသာဝတီ မွန်ပိုင်နက်များကို တိုက်ခိုက်သည်။ ဒဂုံကို ဝန်းရံထားစဉ် ဒဂုံစား ဗညားရံ ကနှမဖြစ်သူ ရှင်စောပု ကိုဆက်သကာ စစ်ပြေငြိမ်းရန် အရေးဆိုသဖြင့် ရှင်စောပုကို သိမ်းပိုက်ကာ အင်းဝသို့ ပြန်လာလေသည်။ နန်းသက် သုံးနှစ်တွင် အောင်ပင်လယ်အရပ်သို့ တောလယ်ထွက်စဉ် မိဖုရား ရှင်ဘို့မယ်၏ အစီအစဉ်ဖြင့် အုန်းဘောင်စား လယ်သံဘွားလုပ်ကြံရာ သီဟသူ ဆင်ထက်တွင် မြားသင့်၍ ကွယ်လွန်ရသည်။ သီဟသူလွန်လျှင် အသက် ၉ နှစ်သာရှိသေးသည့် သားတော် မင်းလှငယ်မှ နန်းတက်သည်။ အင်းဝမင်း ၁၉ ဆက်တွင်ဆင်ဖြူရှင် သီဟသူသည် ငါးဆက် မြောက်မင်းဖြစ်သည်။ အင်းဝ ပထမ မင်းခေါင်ဘုရင်နှင့် မိဖုရားရှင်မိနောက်တို့မှ သက္ကရာဇ် ၇၅၆ ခုနှစ်တွင် ဖွားမြင်သော ဒုတိယသားတော် ဖြစ်သည်။ နောင်တော်မှာ မင်းရဲကျော်စွာဖြစ်သည်။ နောင်တော်ကံကုန်လျှင် သီဟသူသည် ၇၇၉ ခုနှစ်တွင် အိမ်ရှေ့အရာရတော်မူသည်။ ခမည်းတော်နတ်ရွာစံ လွန်တော်မူပြီးနောက် ၇၈၃ ခုနှစ်တွင် သီဟသူရ မဟာဓမ္မရာဇာဟူသော တံဆိပ်ကိုခံတော်မူ၍ နန်းတက်သည်။ မင်းဖြစ်တော်မူလျှင် အထိန်းတော် မြေတူးစား ဥတ္တမသီရိဇေယျသူရနော်ရထာက မူးမြစ်တွင်မျော၍ရသည့် ဆင်ဖြူလေးတောင်ပြည့် ဆက်လာသည် တစ်စီး၊ ပြည်စားစောရွှေခက်ကရ၍ ဆက်သည် တစ်စီးတို့ကြောင့် ဆင်ဖြူရှင်သီဟသူဟုတွင်သည်။ ငယ်စဉ်က ပြည်မြို့ကို စားရသောကြောင့် ပြည်စားသီဟသူဟုလည်း ခေါ်ကြသည်။ ရာဇဓိရာဇ်နှင့်မင်းကြီး စွာစော်ကဲတို့ လက်ထက်မှစ၍ အထက်အောက်မြန်မာနိုင်ငံအနှစ် လေးဆယ်စစ်ပွဲသည် သီဟသူလက်ထက်တိုင် အောင်မပြီးဆုံးသေးချေ။ သီဟသူသည် ဒလ၊ ဒဂုန် စသော မွန်တို့ပြည်သို့ အလုံးအရင်း နှင့်ချီ၍ ဆက်လက်လုပ်ကြံသည်။ မွန်မင်းဗညားဓမ္မရာဇာအားလည်း ညီတော်ဗညားရံ ဒဂုန်မှနေ၍ လည်းကောင်း၊ ညီတော် ဗညားကျန်း မုတ္တမမှနေ၍လည်းကောင်း ခြားနားလျက်ရှိချိန်ဖြစ်ရာ၊ နောက်ဆုံး ဒဂုန်စားဗညားရံသည် သီဟသူအား ခန့်ညားသည် ဖြစ်၍ နှမတော်ရှင်စောပုကိုဆက်သည်။ ရှင်စောပုအားသီရိတြိဘဝနာဒိတျာပဝရ အတုလအဂ္ဂဓမ္မရာဇာဓိရာဇမဟာဒေဝီဟူသော ဘွဲ့နှင့် ဘိသိက်ခံစေတော်မူ၍ မိဖုရားကြီးတို့အဆောင်အယောင် ပေးတော်မူသည်။ ဆင်ဖြူရှင်သီဟသူတွင် မိဖုရားရှင်စောပုအပြင် မင်းရဲကျော်စွာ၏ မိဖုရားစောမင်းလှကို မိဖုရားမြှောက်ထားသည်တစ်ပါး၊ ခမည်းတော်မိဖုရား ရှင်ဘို့မယ်ကို မိဖုရားမြှောက်ထားသည် တစ်ပါး ပေါင်း မိဖုရားနှစ်ပါးရှိသေးသည်။ ရှင်စောပုမရောက်မီ မိဖုရားရှင်ဘို့မယ်အား မြှောက်စားလွန်းသဖြင့် မိဖုရားစောမင်းလှမခံလိုသဖြင့် နန်းတွင်မနေ၊ ရွှေစေတီအနောက်ဘက် တန်ဆောင်းကြီးဆောက်၍ နေတော်မူသဖြင့် စောမင်းလှသည် တန်ဆောင်းရှင်ဟုတွင်သည်။ တစ်ဖန် ရှင်စောပုရောက်လာသောအခါ အပြင်အလျာ အရောင်အဆင်းကောင်းမြတ်လှသောကြောင့် အလွန်လေးမြတ်တော်မူသည်ကို မိဖုရားရှင်ဘို့မယ် နှလုံးနာတော်မူသဖြင့် အုန်းပေါင်လယ်သံဘွားအား သီဟသူ အမေ့အလျော့နေခိုက် လုပ်ကြံ အင်းဝနန်းတက်ရန်စေသည်။ သီဟသူသည် အောင်ပင်လယ်အရပ်၌လယ်ချောင်းလုပ်၍ ကိုယ်လုပ် မောင်းမများနှင့်ပျော်ပါး၍ သာနေသည့်အခိုက် အုန်းပေါင်လယ်သံဘွားက ဆင်နှင့်တိုက်၊ မြားနှင့်ပစ်ရာ မြားသင့်၍ သက္ကရာဇ် ၇၈၇ ခုနှစ်တော်သလင်းလတွင်အိမ်နိမ့် ၂၇ နှစ်၊ စည်းစိမ်လေးနှစ်၊ သက်တော် ၃၁ နှစ်နတ်ရွာစံသည်။ ဆင်ဖြူရှင်သီဟသူကား အရောင်အဆင်း လှ၏။ နှလုံးတော် ကောင်းမွန်သည်။ ပြုတော်မူသောကောင်းမှု တော်ကား တဘက်ဆွဲအရပ်စည်းခုံနှင့်ကျောင်းတော်ကို တည်တော်မူ၍ ဝတ္တကံမိုးမြေ လှူတော်မူသည်။ ကိုးကား အင်းဝမင်းဆက် မြန်မာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%9F%E1%80%9E%E1%80%B0%20%28%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%29
ကျောက်စိမ်း
ကျောက်စိမ်းဟု ပြောဆိုခေါ်ဝေါ်နေကြသော်လည်း ယေဘုယျအားဖြင့် ဂျေဒိုက် (Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍ ကျောက်စိမ်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးသည် အမြင်အားဖြင့် ခပ်ဆင်ဆင် တူသော်လည်း စင်စစ်တွင် တစ်ခုနှင့်တစ်ခု လုံးဝ ကွဲပြားခြားနားသည်။ ယင်းကွဲပြားမှုကို ပြင်သစ်လူမျိုး သိပ္ပံပညာရှင် ဒမား (Damur) ဆိုသူက စနစ်တကျ ခွဲခြားပြသခဲ့၏။ အဆိုပါကျောက်စိမ်းနှစ်မျိုးတွင် ဂျေဒိုက်ကျောက်စိမ်းသည် ပိုမိုကောင်းမွန်လှပပြီး ပိုရှားပါးသည့် အမျိုးအစားဖြစ်သည်။ သမိုင်းကြောင်း ကျောက်စိမ်းကို သမိုင်းမတင်မီ ခေတ်များကပင် လူသားတို့ အသုံးပြုခဲ့ကြောင်း သိရှိရပေသည်။ ကနဦးကျောက်စိမ်းကို ယင်း၏ မာကျောသောသတ္တိကြောင့် ကျောက်လက်နက် တန်ဆာပလာများအဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ယဉ်ကျေးမှု တဖြည်းဖြည်း ထွန်းကားလာသောအခါ လူသားတို့သည် ကျောက်စိမ်းကို အလှအပ အဆင်တန်ဆာပလာ ပစ္စည်းများအဖြစ် သုံးစွဲလာကြသည်။ တရုတ်ပြည်တွင်မူ ကျောက်စိမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ဝ၀ ခန့်ကပင် အကြီးအကျယ် သုံးစွဲခဲ့ကြသည်။ ထိုခေတ်က တရုတ်လူမျိုးတို့သည် ကျောက်စိမ်းရုပ်တုများကို အဆောင်အယောင်သဖွယ် သုံးစွဲခဲ့ကြပြီး သေဆုံးသောအခါ ယင်းကျောက်စိမ်းများနှင့်အတူ ဂူသွင်းလေ့ရှိသည်။ တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ကျောက်များအားလုံး၏ အချုပ်အခြာ အကြီးအကဲကျောက်မျက်အဖြစ် မှတ်ယူကြသည်။ ယင်းကျောက်စိမ်း ကျောက်မျက်ကို ဆင်မြန်းသူတိုင်းတွင် သဒ္ဓါရက်ရောခြင်း၊ ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း၊ တရားမျှတသော စိတ်ဓာတ်ရှိခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချသော နိဝါတ တရားရှိခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာ ကြီးမြင့်ခြင်း စသော ဂုဏ်အင်္ဂါကြီး ငါးရပ်နှင့် ပြည့်စုံသည်ဟု အယူရှိသည်။ တရုတ်လူမျိုးများ၏ ကျောက်စိမ်းနှင့် ပတ်သက်၍ ယုံကြည်ထားသော ရှေးဟောင်းပုံပြင်တစ်ပုဒ်မှာ ကျောက်စိမ်းကို ကောင်းကင်နတ်မင်းက လူသားတို့အား ပေးသော လက်ဆောင်ဟူ၍ ယူဆကြသည်။ တရုတ်လူမျိုးတို့၏ ယုံကြည်ချက်အရ ယူဟန်းဟုခေါ်သော ကျောက်စိမ်းနတ်သားသည် ကောင်းကင်ဘုံ တောင်ထွတ်ပေါ်တွင် တောင်ခြေတွင် ကျောက်စိမ်းပင်များ ပေါက်ရောက်သည်ဆို၏။ တရုတ်တို့၏ တာအို (Taoiam) ဘာသာတွင် ကျောက်စိမ်းကို အဖိုဟု အဓိပ္ပာယ်ရသော “ယန်” (Yang) ဟူသော စကားဖြင့် ခေါ်ဆိုကြ၏။ တရုတ်လူမျိုးများသည် ကျောက်စိမ်းကိုအသုံးပြုဝတ်ဆင်လျှင် ၎င်းကျောက်စိမ်းသည်ဝတ်ဆင်အသုံးပြုသူပိုင်ရှင်အား အန္တာရယ်မှကာကွယ်ပေးခြင်း၊ ပိုင်ရှင်၏ကျန်းမာရေးကိုကောင်းအောင် စောင့်လျှောက်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ကျောက်စိမ်းကိုတရုတ်လူမျိုးများသည် ကံကောင်းခြင်းကိုယူဆောင်လာပြီး ကံဆိုးခြင်းများကိုကာကွယ်တားဆီးပေးနိုင်သည်ဟု ယုံကြည်ကြသည်။ တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် ပထမဦးဆုံးစတင်အသုံးပြုခဲ့သည့်လူမျိုးများဖြစ်ကြသည်ကို ရှေးနှစ်ပေါင်းလေးထောင်ကျော်စဉ်တွင် ၎င်းတို့အသုံးပြုခဲ့ကြသောကျောက်စိမ်းပန်းပုများ၊ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင်၊ လက်ဝတ်ရတနာများကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။ ထို့ကြောင့် ကျောက်စိမ်းကိုတရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်အသိအမှတ်ပြုကြပြီး ကမ္ဘာပေါ်တွင်မည်သည့်လူမျိုးထက်မဆို ကျောက်စိမ်းကိုပို၍ တန်ဖိုးထားတက်ကြသည်။ တရုတ်လူမျိုးများသည် ကမ္ဘာပေါ်တွင်မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသမှ ၉၅ရာခိုင်နှုန်းအထိအဓိကထွက်သော ဂျေဒိုက်ကျောက်စိမ်းကို [[翡翠|Fěicuì]]သို့မဟုတ် [[硬玉|Yìngyù]] ဟုခေါ်ဆိုပြီး တရုတ်ပြည်နှင့်အခြားအရှေ့အလယ်ပိုင်းဒေသများတွင်ထွက်ရှိသော နက်ဖရိုက်ကျောက်စိမ်းများကို [[软玉|Ruǎn yù]] ဟုခေါ်ဆိုသည်။ တရုတ်ပြည်တွင် ဂျေဒိုက်ကျောက်စိမ်း မထွက်ရှိဘဲ နက်ဖရိုက်ကျောက်စိမ်းသာ ထွက်ရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆင်ကျန်ပြည်နယ်တွင် နက်ဖရိုက်ကျောက်စိမ်းများကို ရှေးနှစ်ပေါင်းများစွာကပင် တူးဖော်ခဲ့ကြသည်။ ထို့ကြောင့် တရုတ်ပြည်သည် မြန်မာနိုင်ငံမှ ထွက်ရှိသော ဂျေဒိုက်ကျောက်စိမ်းများအား ၁၈ ရာစုနှစ်များကပင် ဝယ်ယူတင်သွင်းခဲ့ကြသည်။ ဂျေဒိုက်နှင့် နက်ဖရိုက် ခြားနားချက် ဂျေဒိုက်ကျောက်စိမ်းနှင့် နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များမှာ ယင်းကျောက်စိမ်းနှစ်မျိုးလုံးသည် ဖြစ်ပုံ ရင်းမြစ် အနေအထား အသွင်ပြောင်းကျောက်များ ရှိရာ ဝန်းကျင်၌ ဖြစ်ပေါ်ခဲ့ကြသော်လည်း တွင်းထွက်အုပ်စုချင်းမတူဘဲ ဂျေဒိုက်ကျောက်စိမ်းသည် ပိုင်ရော့ဆင်း (Pyroxene) တွင်းထွက်အုပ်စုတွင် ပါဝင်၍ နက်ဖရိုက်ကျောက်စိမ်းသည် အမ်ပီဖိုး(Amphipole) တွင်းထွက်အုပ်စုတွင် ပါဝင်လေသည်။ ဂျေဒိုက်ကျောက်စိမ်းနှင့်နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များထဲမှ သိသာထင်ရှားပြီး အရေးအကြီးဆုံးသောတစ်ချက်မှာ ဂျေဒိုက်ကျောက်စိမ်းတွင် နေရောင်အောက်၌ယင်ကောင်၏အတောင်ပံကဲ့သို့စူးရှပြီး ရောင်ပြန်ဟပ်စေသောကမ္ဘာပေါ်တွင် မည်သည့်တွင်းထွက်တွင်မှမမြင်တွေ့နိုင်သော ယမ်းဆိုသည့်အလွှာပါရှိသည်။ နက်ဖရိုက်ကျောက်စိမ်းတွင် ကြွေကဲ့သို့သောစူးရှမှုအားနည်းသော အလွှာသာပါရှိချေသည်။ ဂျေဒိုက်ကျောက်စိမ်းများ၏အစိမ်းရောင်သည် ကြည့်ရှုသူအား ကြည်လင်အေးမြသောရေအောက်ထဲတွင် အစိမ်းရောင်ဖန်ပုလင်းကိုကြည့်နေရသကဲ့သို့သောရသမျိုးကို ပေးစွမ်းစေနိုင်ပြီး နက်ဖရိုက်ကျောက်စိမ်းများမှာမူ လေထဲတွင်ကြည့်နေရသကဲ့သို့သောရသမျိုးသာပေးစွမ်းနိုင်ချေသည်။ ဂျေဒိုက်ကျောက်စိမ်းသည် လက်ယှက်ထိုးအနေအထားမှာ ရှိသော ပုံဆောင်ခဲကလေးများဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင်တွင် ကျောက်ပေါက်မာကဲ့သို့သော ချိုင့်ခွက်ကလေးများ၊ အဖုအထစ်ကလေးများနှင့် ပြည့်နေသည်။ ၎င်းတို့ကို အဏုကြည့် ကိရိယာ မှန်ဘီလူးအောက်တွင် ကောင်းစွာ မြင်ရသည်။ နက်ဖရိုက်ကျောက်စိမ်းကား လက်ယှက်ထိုးအနေအထားရှိသော အမျှင်ကလေးများဖြင့် ဖွဲ့စည်းထားသည်။ အမျှင်အလိုက် အနေအထားရှိသည်။ အမဲဆီရောင် တောက်နေသော ရောင်လက်ရှိသည်။ ဂျေဒိုက်ကျောက်စိမ်းတွင် ခရမ်း၊ အနက်၊ အညို၊ အနီ၊ လိမ္မော်၊ အဝါ၊ အဖြူ၊ နို့နှစ်ရောင်နှင့် အစိမ်းရောင် အမျိုးမျိုးရှိသည်။ နက်ဖရိုက်ကျောက်စိမ်း၌ သစ်ရွက်စိမ်းရောင် အမျိုးမျိုး၊ မီးခိုးနှင့် အစိမ်းရောင်အမျိုးမျိုးရှိသည်။ ဂျေဒိုက်ကျောက်စိမ်းကို အပူပေးသောအခါ အရည်ပျော်၍ ပျော့ဖတ်အဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားသည်။ နက်ဖရိုက်ကျောက်စိမ်းသည် အလွယ်တကူ မပြောင်းလဲချေ။ ထို့ပြင် ဂျေဒိုက်ကျောက်စိမ်း၏ ထူးခြားချက်မှာ အပူရှိန်ပြင်း၍ ကြီးမားသော ဖိအားရှိသည့် မြေမျက်နှာပြင်အောက်ဘက် မိုင် ၂၀ မှ ၃၀ အထိ နက်သော အလွှာများတွင် ဖြစ်ပေါ်လေ့ရှိသည်။ ဂျေဒိုက်ကျောက်စိမ်း အပေါ်ယံအခွံအကာများအား ဖဲ့ထုတ်လိုက်သည့်အခါမှ အစိမ်းရောင် ကျောက်ကြောများဖြင့် ပေါင်းစပ်ထားသည့် ကျောက်စိမ်း၏ အတွင်းပိုင်းကို မြင်ရသည်။ မြန်မာနိုင်ငံမှ ထွက်သော ဂျေဒိုက်ကျောက်စိမ်းသည် နက်ဖရိုက်ကျောက်စိမ်းထက် ပိုမို၍ကောင်းမွန်ပြီး ပိုရှားသော အမျိုးအစားဖြစ်သည်။ ကျောက်စိမ်းထွက်ရှိသည့် ဒေသများ နက်ဖရိုက်ကျောက်စိမ်းကို တရုတ်ပြည် ဟိုတန်ဒေသ၊ ဗြိတိသျှ၊ ကိုလံဘီယာ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ပိုလန်၊ ထိုင်ဝမ်၊ အလက်စကား၊ ကယ်လီဖိုးနီးယား ဒေသများ၌ တွေ့ရှိရသည်။ ဂျေဒိုက်ကျောက်စိမ်းကို ဂွာတီမာလာ၊ ဆိုက်ဗေးရီးယားနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရှိရသည်။ ကျောက်စိမ်း၏ ဓာတုဖွဲ့စည်းမှု သန့်စင်သော ဂျေဒိုက်ကျောက်စိမ်း၏ စံထား ဓာတ်ဖွဲ့စည်းပုံတွင် ဆိုဒီယမ်၊ အလူမီနီယမ်၊ ဆီလီကိတ်တို့ ပါဝင်ပြီး ယင်း၏ပုံသေနည်းမှာ NaAlSi2O6 ဖြစ်သည်။ ယင်းတွင် ဆီလီကွန်ဒိုင်အောက်ဆိုဒ် ၅၉.၄ ရာခိုင်နှုန်း၊ အလူမီနီယံအောက်ဆိုဒ် ၂၅.၂ ရာခိုင်နှုန်း၊ ဆိုဒီယမ်အောက်ဆိုဒ် ၁၅.၄ ရာခိုင်နှုန်း ပါဝင်သည်။ သို့ရာတွင် ဤအချိုးအတိုင်း ဖော်ပြပါဒြပ်အောက်ဆိုဒ်များ ပါဝင်သော ကျောက်စိမ်းသည် သဘာဝတွင် မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း၏ ဇာကွက် (Lattice) တွင် ဆိုဒီယမ်နှင့် အလူမီနီယမ်တို့၏ နေရာကို အခြားသော အိုင်ယွန် (Iron) များက ဝင်ရောက်နေရာယူ အစားထိုးဖလှယ်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းအစားထိုးဖလှယ်သော အိုင်ယွန်များ၏ ပမာဏမှာ နှစ် ရာခိုင်နှုန်းခန့်သာ ရှိသည်။ ကျောက်စိမ်းနှင့် ဆင်တူယိုးမှား တွင်းထွက်များ အရည်အသွေးကောင်းသော ကျောက်စိမ်းများ ရှားပါးလာခြင်းကြောင့် အချို့က အရည်အသွေးညံ့သော ကျောက်စိမ်းကို အရောင်ဆိုး၍ တုပပြုလုပ်လာကြသည်။ ယခင်ခေတ်များက ဆေးဆိုးကျောက်စိမ်းတုများကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်ကြသော်လည်း ယခုခေတ်တွင် အသုံးပြုသော ဆေးများမှာ အမျိုးအစားကောင်းမွန်လှသဖြင့် လွယ်ကူစွာ ခွဲခြားမသိနိုင်ပေ။ ကျောက်စိမ်းနှင့် ဆင်တူသည့် အစိမ်းရောင် သဘာဝတွင်းထွက်များမှာ ခရိုင်ဆိုပရေ့(Chrysoprase) ၊ အစိမ်းရောင်ဆိုးထားသော မဟူရာဖြူ (Chalcedony) နှင့် ဆမစ်ဆိုနိုက် ( Smithsonite) စသည်တို့ဖြစ်သည်။ ဆမစ်ဆိုနိုက် တွင်းထွက်သည် ပင်ကိုအားဖြင့် ခဲသတ္ထု ထုတ်လုပ်နိုင်သော ခဲသတ္တုရိုင်း တွင်းထွက်တစ်မျိုးဖြစ်သည်။ ယင်းကို (Bonamite) ဟူ၍လည်း ခေါ်သည်။ အသားကျောက် မည်သည့် အသားခံမျိုးတွင်မဆို ခရမ်းရောင်၊ ပန်းရောင်၊ ဗေဒါရောင်နှင့် အစိမ်းရိပ် အစိမ်းရောင် သိသာစွာမကျန်တော့ဘဲ အခြားအရောင်များဖြစ်သော ခဲရောင်၊ ရွှေဝါရောင်၊ အပြာရိပ်၊ မီးခိုးရောင်၊ အနက်ရောင်၊ အနီရောင်၊ အညိုရောင်၊ အဝါရောင်၊ ရေညှိရောင် စသည့် အရောင်အမျိုးမျိုးစွဲဝင်နေသည့် ကျောက်စိမ်းကို အသားကျောက်ဟုခေါ်သည်။ အသားကျောက်များကို ကျောက်သားအမျိုးအစား(၈)မျိုးကိုအခြေခံပြီး အရောင်များရောနှောပျံ့နှံ့ပါဝင်မှုကို အသေးစိတ်စိစစ်ပြီး မျိုးကွဲ(၂၇)မျိုးအထိခွဲခြားထားပါသည်။ ခဲဘော်လီ (ဖန်သားမှန်သား) အသားကျောက် ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းပြီး အလင်းပေါက်သော အသားခံတွင် ခဲရောင် သို့မဟုတ် ရွှေဝါရောင်သန်းနေပါက ခဲဘော်လီ(ဖန်သားမှန်သား)အသားကျောက်ဟုခေါ်ပါသည်။ ရေခဲသားဘော်လီ (ဖန်သားမှန်သား) အသားကျောက် ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းပြီး အလင်းပေါက်သော အသားခံတွင် ရေခဲဖြူရောင် သို့မဟုတ် အပြာရောင်သန်းသည့် အရောင်ရှိနေပါက ရေခဲသားဘော်လီ(ဖန်သားမှန်သား)အသားကျောက်ဟုခေါ်ပါသည်။ ကန်စွန်းပန်း(ပြာကြည်) အသားကျောက် ယမ်းမှုန့်ညက်၍ အပြာရိပ်သန်းသော အလင်းပေါက် သို့မဟုတ် အလင်းပေါက်လုနီးပါးရှိအသားခံတွင် မီးခိုးရိပ်သန်းသည့် အစိမ်းအစင်းအစက်တို့သည် ကန်စွန်းပန်း ပုံသဏ္ဌန်ပျံ့နှံ့နေပါက ကန်စွန်းပန်း(ပြာကြည်) အသားကျောက်ဟုခေါ်သည်။ လန့်ပန်း(ပြာကြည်)အသားကျောက် ယမ်းမှုန့်ညက်၍ ဖွဲ့သားသင့်သည့် အလင်းမှုန်သော ကျောက်သားအသားခံတွင် မီးခိုးရောင်အစင်းအစက်နှင့် ပန်းစက် သဏ္ဌန် ပျံ့နှံ့နေပါက လန့်ပန်း(ပြာကြည်)အသားကျောက်ဟုခေါ်သည်။ ပြာကြည်(ပြာကြည်သား)အသားကျောက် ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသည့် အလင်းပေါက်လုနီးပါး ကျောက်သားအသားခံတွင် အပြာနုရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို ပြာကြည်(ပြာကြည်သား)အသားကျောက်ဟုခေါ်သည်။ အသားဆန်းဘော်လီ (ဖြူကြည်) အသားကျောက် ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသည့် အလင်းပေါက်လုနီးပါးအသားခံတွင် ဖန်သားအရောင် သို့မဟုတ် အဖြူရောင်ရှိသည့်ကျောက်ကို အသားဆန်းဘော်လီ (ဖြူကြည်) အသားကျောက်ဟုခေါ်သည်။ ဖယောင်းသား(ဖြူကြည်)အသားကျောက် ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန် ၍ နို့ကဲ့သို့ အဖြူရောင်စွဲဝင်နေသည့်ကျောက်စိမ်းကို ဖယောင်းသား(ဖြူကြည်)အသားကျောက်ဟုခေါ်သည်။ တိမ်ခိုးသား(အသားမှိုင်း) အသားကျောက် ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန်နေသည့်ကျောက်စိမ်းတွင် တိမ်ခိုးရောင် သို့မဟုတ် မီးခိုးရောင်စွဲဝင်နေပါက တိမ်ခိုးသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။ ဝက်ဆီသား(အသားမှိုင်း) အသားကျောက် ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန်နေသည့် အသားခံတွင်ဝါညိုရောင်စွဲဝင်နေပါက ဝက်ဆီသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။ မောက်စိမ်းသား(အသားမှိုင်း)အသားကျောက် ယမ်းမှုံမှ အလတ်ထိရှိ၍ ဖွဲ့သားသင့်သော အလင်းမှုန်ကျောက်စိမ်းသားတွင် မီးခိုးစိမ်းရင့်ရောင်စွဲဝင်နေပါက မောက်စိမ်းသား(အသားမှိုင်း)အသားကျောက်ဟုခေါ်ပါသည်။ မောက်သား(အသားမှိုင်း) အသားကျောက် ယမ်းအလတ်မှ ယမ်းကြမ်း ၍ ဖွဲ့သားအသင့်အတင့်မှ အညံ့ထိရှိပြီး အလင်းမှုန်မှ အလင်းပိတ်အသားခံတွင် မီးခိုးရောင်စွဲဝင်နေပါက မောက်သား(အသားမှိုင်း) အသားကျောက်ဟုခေါ်သည်။ ကြံသကာသား(အသားမှိုင်း) အသားကျောက် ယမ်းမှုံမှ အလတ်ထိရှိ၍ ဖွဲ့သားညံ့သော အလင်းပိတ်အသားခံတွင် အညိုရောင်စွဲဝင်နေပါက ကြံသကာသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။ လန့်ရိုး(အသားရိုး) အသားကျောက် ယမ်းအလတ်ဖြစ်၍ ဖွဲ့သားသင့်သော အလင်းမှုန်အသားခံတွင် အပြာရိပ်စွဲဝင်နေပါက လန့်ရိုး(အသားရိုး) အသားကျောက်ဟုခေါ်ပါသည်။ ဆံပြုတ်သား(အသားရိုး)အသားကျောက် ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သော အလင်းပိတ်သည့်အသားခံတွင် အဖြူညစ်ရောင်စွဲဝင်နေပါက ဆံပြုတ်သား(အသားရိုး)အသားကျောက်ဟုခေါ်ပါသည်။ ပိန်းဥသား(အသားရိုး)အသားကျောက် ယမ်းမှုမှလင်းရှိ၍ ဖွဲ့သားညံ့ပြီး အလင်းမှုန်သော အသားခံတွင် အဖြူရောင်စွဲဝင်နေပါက ပိန်းဥသား(အသားရိုး)အသားကျောက်ဟုခေါ်ပါသည်။ ပဲစိမ်းသား(ပဲသား)အသားကျောက် ယမ်းအလတ်မှကြမ်း၍ ဖွဲ့သားသင့်ပြီး အလင်းမှုန်သောဝတ်ဆံပါအသားခံတွင်အစိမ်းရိပ်စွဲဝင်နေပါက ပဲစိမ်းသား(ပဲသား)အသားကျောက်ဟုခေါ်ပါသည်။ ပဲသားရိုး(ပဲသား)အသားကျောက် ယမ်းကြမ်း၍ဖွဲ့သားသင့်သော အလင်းမှုန်မှ အလင်းပိတ်သည့်ဝတ်ဆံပါအသားခံတွင် အဖြူရောင်စွဲဝင်နေပါက ပဲသားရိုး(ပဲသား)အသားကျောက်ဟုခေါ်ပါသည်။ ပဲသားလန့်(ပဲသား) အသားကျောက် ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သောအလင်းပိတ်ဝတ်ဆံပါ အသားခံတွင် အပြာရိပ်သန်းသော အဖြူရောင်စွဲဝင်နေပါက ပဲသားလန့်(ပဲသား) အသားကျောက်ဟုခေါ်ပါသည်။ ပဲခွမ့်(ပဲသား) အသားကျောက် ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သောအလင်းပိတ်ဝတ်ဆံပါ အသားခံတွင်အစိမ်းရိပ်သန်းနေသည့် နီညိုရောင်စွဲဝင်နေပါက ပဲခွမ့်(ပဲသား) အသားကျောက်ဟုခေါ်ပါသည်။ လန့်ဂျိတ်(အသားနက်)အသားကျောက် ယမ်းမှုံ ညက်၍ ဖွဲ့သားကောင်းသော အလင်းပေါက်လုနီးပါး သို့မဟုတ် အလင်းမှုန်အသားခံတွင် ရေညိုရောင် သို့မဟုတ် အနက်ရောင်စွဲဝင်နေပါက လန့်ဂျိတ်(အသားနက်)အသားကျောက်ဟုခေါ်ပြီး တန်ဖိုးကြီးပါသည်။ ငချိတ်(အသားနက်)အသားကျောက် ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်သောအလင်းမှုန်မှ အလင်းပိတ်သည့်အသားခံတွင် အနက်ရောင်စွဲဝင်နေပါက ငချိတ်(အသားနက်)အသားကျောက်ဟုခေါ်ပါသည်။ ကျီးကန်းသား(အသားနက်)အသားကျောက် ယမ်းအလတ်မှယမ်းကြမ်း၍ ဖွဲ့သားညံ့သောအလင်းပိတ်သည့်အသားခံတွင် အနက်ရောင် သို့မဟုတ် မီးခိုးရင့်ရောင်စွဲဝင်နေပါက ကျီးကန်းသား(အသားနက်)အသားကျောက်ဟုခေါ်ပါသည်။ ခုံ့ဝါနီ(အသားနီဝါ) အသားကျောက် ယမ်းအလတ်ဖြစ်၍ ဖွဲ့သားသင့်သော အလင်းမှုန်အသားခံတွင် ပျားရည်အရောင် ( နီဝါရောင်) စွဲဝင်နေပါက ခုံ့ဝါနီ(အသားနီဝါ) အသားကျောက်ဟုခေါ်ပါသည်။ ခုံ့နီညို(အသားနီဝါ)အသားကျောက် ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သောအလင်းမှုန်မှ အလင်းပိတ်အသားခံတွင် နီညိုရောင်စွဲဝင်နေပါက ခုံ့နီညို(အသားနီဝါ)အသားကျောက်ဟုခေါ်ပါသည်။ ခုံ့ညို(အသားနီဝါ) အသားကျောက် ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သောအလင်းမှုန်မှ အလင်းပိတ်သည့်အသားခံတွင် အညိုရောင်စွဲဝင်နေပါက ခုံ့ညို(အသားနီဝါ) အသားကျောက်ဟုခေါ်ပါသည်။ ခွမ့်သား(အသားနီဝါ)အသားကျောက် ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သွားသော အလင်းမှုန်မှ အလင်းပိတ်သည့် ကျောက်သားပြင်တွင် ညိုဝါရောင်စွဲဝင်နေပါက ခွမ့်သား(အသားနီဝါ)အသားကျောက်ဟုခေါ်ပါသည်။ မန်း ကျောက်စိမ်းအရိုင်းတုံးအပေါ်တွင် ကြိုးကဲ့သို့လည်းကောင်း သစ်ပွေးများကဲ့သို့လည်းကောင်း တီအစက်လေးများကဲ့သို့လည်းကောင်း အဖုအထစ်လေးများကဲ့သို့လည်းကောင်း ပါရှိသော သင်္ကေတလေးများကို မန်းဟုခေါ်သည်။ အရည်မှာဟောက် အသားမှာမောက် ဟု စကားပုံရှိသည်။ ဟောက်နေသည်မန်း(မန်းပိပြားသည်)အရည်ဝင်ပြီး၊ မောက်နေသော နေရာမှာအသားကောင်းတတ်သည်။မန်းကိုကျောက်အပေါ်ပါဝင်တည်ရှိမှုအရ ကျောက်ရည်ဝင်နိင်မှုအနည်းအများကိုတွက်ဆနိင်သည်။ တချို့မန်းသည် အခွံပေးတွင်ခပ်ပါးပါးတည်ရှိပြီး ၊ တချို့မန်းခပ်ထူထူရှိသောအခုံးလေးများဖြစ်သည်။ မန်း(၂)မျိုးရှိသည် ၎င်းတို့မှာ (၁)အရည်မန်း (၂)အသားမန်းတို့ဖြစ်သည် အရည်မန်း အရည်မန်းသည် ကျောက်စိမ်းအရည်အသားကောင်းမှုကိုပြသည်။ အရည်မန်းသည် မန်းနေရာပေါ်တွင်အရည်အစက်အပြောက်လေးများ(တီရှင်၊တီသေအစက်)ဖြစ်လည်းကောင်း အရည်မန်းအဖြစ်လည်းကောင်းတွေရသည်။ အရည်မန်းများမှာ မန်းဖြူ( ဗျိုင်းချေးမန်း) ဖယောင်းချပ်အဖြူ ဗျိုင်းချေးကဲ့သို့ကပ်နေတတ်ပြီး တီပေါက်လေးများပါပါကအရေဝင်တတ်သည် ။ မန်းဝါ ငှက်ပျောရွက်အဝါရောင်ကဲ့သို့ဖြစ်ပြီး မန်း၊ပန်း၊မန်းကြိုးအဖြစ်တွေ့ရတတ်ပြီး ကျောက်ဆီကျောက်သားကောင်းသည်။ မန်းနီ (ကွမ်းသွေးမန်း) ကျောက်ပေါ်တွင်ကွမ်းသွေးကဲ့သို့အကွက် (သို့မဟုတ်)အစက်အပြောက်ဖြင့်တည်ရှိပြီး မှော်ဝမ်းကျောက်များတွင်တွေ့ရလျင် ကျောက်မျိုးကောင်းသည်။ ကွမ်းသွေးပြောက်မဝင်တတ်ပါ၊ နမ့်ချီကျောက်ပေါ်တွင်တွေရပါကအသားပျက်သည် ကွမ်းသွေးဝင်သည်။ ခြစားမန်း တတုံးလုံး ခြစားထားသကဲ့သို့ ဖြစ်ပြီး စင်စင်၊အကျွတ်၊အသားစန်း၊ရေခဲသား တို့တွေ့ရတတ်သည်။ကျောက်မျိးရင့်သည်။ တချို့ကျောက်များတွင်ခြစားပေါက်အဖြစ် ၁ခု ၂ခုပါပြီး ပန်းဝင်တတ်သည်။ ကြက်ဆိတ်မန်း မြေမှန်အခွံများတွင် ကြက်ဆိတ်ထားသကဲ့သို့ ျနုတ်သီးရာကဲ့သို့တွေ့ရတတ်ပြီး မှောဆီစာနှ့်တချို့မြေမှန်များပေါ်တွင်တွေ့ရတတ်သည်။ အရည်ပန်းဝင်သည် ကျောက်မျိုးရင့်သည်။ တချို့ပညာသင်များသည် ကြက်ဆိတ်မာန်းနှင် အခွံတုကိုမှားတတ်ကြသည် ။တလုံးလုံးကြက်ဆိတ်မန်းပါသောကျောက်မရှိပါ၊ စိတ်တူရာဖြစ်ပြီး အခွံကြွနေပါက ယမ်းပျောက်နေပါက အခွံတုဖြစ်သည်။ မန်းမန်ပေါက် အပ်ပေါက်ရာလေးများကဲ့သို့ဖြစ်ပြီးယမ်းခေါင်းလေးများမဲနေပါက အရေအသားကောင်းတတ်သည် ။ အသားမန်း အသားမန်းမှာ မန်းနေရာကိုတိုက်လျင်အရည်မတွေ့ရပဲ အသားကိုသာတွေ့ရသည်။ ကောက်ရော့မန်း အခွံပေါ်တွင်ကပ်နေသည့်ပုံစံရှိသောမန်းဖြစ်သည် ကျောက်၏မျက်နာပြင်တဖက်သို့မဟုတ် ထောင့်စွန်တခုတွင်ကပ်နေတတ်သည်။အရည်မဝင်နိင်ပါ။ စည်ပိတ်မန်း စည်တော်ကြီးတွင် သားရေပျားမှာ မျက်နာချင်းဆိုင်ဘက်တွင်ကပ်ထားသလို ကျောက်တွင် အရည်မန်းမှာ မျက်နာချင်ဆိုင်၂ဘက်တွင်ကပ်နေသောမန်းဖြစ်သည်။အရည်ဝင်နိင်သည်။ ဓါးဆို့ထိုးမန်း အားလူးသီးမီးဖုတ်ရန်ဓားဆို့ဖြင့်ထုတ်ချင်းဖောက်ထိုးထားသကဲ့သို့ ကျောက်အထိုင်အောက်ဘက်နှင် ကျောက်၏ကျောပေါ်တွင်ရှိသောမန်းတို့မှာတဖြောင့်ထဲရှိသည် အရည်ဝင်သည်။ ကျားကိုက်မန်း ကျောက်၏မျက်နာပြင်အပေါ်အောက်တွင် ကျားကိုက်လျင်သွားရာထင်သကဲ့သို့ တည်ရှိနေသောမန်းဖြစ်သည်။အရည်ဝင်နိင်သည် ။ ကြိုး ကျောက်ပေါ်တွင် ကြိုးစလေး ကဲ့သို့ဖြစ်နေသောမန်းဖြစ်သည် တိုက်ဖောက်(ကွမ်)ရန်အကောင်းဆုံးဖြစ်ပြီး အရည်ဝင်နိင်ခြေနည်းသည်။ ကြိုးပါတ် ကျောက်တွင်ကြိုးလုံးလေးဖြင့်ပါတ်ထားသကဲ့သို့ဖြစ်သည် မန်းပိပြာက ရာနုန်းပြည့်အရည်ဝင်သည်။ ကြိုးငုတ် ကြိုးပါတ်မန်းပါသောလည်း ကြိုးမှာပေါ်လိုကပျောက်လိုက်ဖြစ်သည် အရည်ဝင်နိင်သည်။ဗျက်သေးတတ်သည်(ကြိုးမျှင်တတ်သည်)။ မန်းတုံး တတုံးလုံးအရည်ခဲဖြစ်သည်။အကာမျိုးတွင်ပိုတွေ့ရတတ်သည်။ မန်းကာ မန်းတုံးပေါ်မှ တိုက်ချွတ်ပါက အကာခံနေလျှင် အောင်ကျောက်ဖြစ်သည်အသားဆန်းမည် ကွန်ချာမန်း အသိနဲပါတယ် တကယ်လေ့လာဆဲ ကျောက်လုပ်နေသူတွေတောင်မသိသောမန်းပါဗျ ကွန်ချာမန်းက ဖြတ်လိုက်လျှင်ကျားပီးပန်းဆန်ပါတယ် ။ မှတ်စု ကျောက်စိမ်းရဲ့ ရှေ့ဆိုရိုးစကားက မန်းမှာအဟောက် ကြိုးမှာအမောက်လို့ဆိုထားတာပါ မျက်နှာပြင်နဲ့လာတဲ့မန်းက ကျောက်စိမ်းမျက်နှာပြင်ဟောက်နေတဲ့နေရာ အချိုင့်ရှိတဲ့နေရာ ခွက်နေတဲ့နေရာမှာ တွေ့ရင် အရည်အဝင်ရဲတယ်လို့ဆိုထာတာပါ အောင်နိုင်ချေ 80% ရာခိုင်နှုံး သေချာတယ် အထောက်ပါ ကြိုးမှာအမောက်လို့ဆိုရိုးက (ဥပမာ )လက်သန်းလုံးလောရှိတဲ့ကြိုးတစ်ချောင်းဟာ ကျောက်စိမ်းတုံး အပေါ်မှာတစ်ဝက်လောက်မြုပ်နေပြီး ညီညီညာညာလေး တစ်ပါတ်ပါတ်ထားတာကိုဆိုထားတာပါ (မှတ်ချက် - ကျောက်စိမ်တုံး အရွယ်အစား အနေအထားလေးပေါ်မူတည်ပြီး ကြိုးလုံးအနေအထား ကွဲပြာမှု့ရှိပါသည် ကြိုးတစ်ချောင်းလို ညီညာမှုရှိဖို့လိုအပ်ပါသည်) ရာနှုံးပြည့်အရည် အဝင်ရဲပါသည် ကျောက်စိမ်းရဲ့ မိစစ်ဖစစ်မှော်မှန်သမျှ အကျုံးဝင်ပါသည် ❆ ကျောက်စိမ်းအခွံပေါ်တွင် တွေ့ရသော အင်္ဂါရပ်များ ➳ ၁။ယမ်း ။ ။ အသားကောင်း၊ မကောင်း၊ "ယမ်း" ကိုကြည့်၍ခန့်မှန်းနိုင်သည်။ ၂။ ရှင်းမည်း ။ ။ အခွံပေါ်တွင် အမည်းစက်များအဖြစ် မြင်တွေ့ရသည်။ ၃။ ကုန်းကျောက် ။ ။ အခွံကြမ်းသည်။ ၄။ ရေကျောက် ။ ။ အခွံချောသည်။ ၅။ ငုတ်ကျောက် ။ ။ တောမှော်ကျောက်ဟုခေါ်သည်။ ရိုက်ပဲ့အဖြစ်တွေ့မြင်ရသည်။ အခွံမရှိပါ။ ၆။ အရည်ပွေး ။ ။ ကျောက်စိမ်းတုံး၏ အခွံပေါ်တွင် အစိမ်းရောင်ရှိသော အကွက်များသည် ပွေးကွက်များကဲ့သို့ ဖြစ်ပေါ်လျင် "အရည်ပွေး" ဟုခေါ်သည်။ ၇။ အရည်ပွင့် ။ ။ ကျောက်စိမ်းတို့၏ အခွံပေါ်တွင် အစိမ်းရောင်ရှိသော ပန်းပွင့်ပုံစံ အပွင့်လေးများ ဖြစ်ပေါ်နေလျှင် "အရည်ပွင့်" ဟုခေါ်သည်။ ၈။ ကပ်ရည် ။ ။ အခွံ့ပေါ်တွင် ကပ်နေသောအရည်ဖြစ်သည်။ အတွင်းသို့မဝင်ပါ။ များသောအားဖြင့် ကပ်ရည်သည် ပြင်ကျယ်ပြီး ထုမရှိတတ်ပါ။ ၉။ ကြိုးပတ် ။ ။ အရည်မှန်းသည်လည်းကောင်း၊ အရည်ပွေးသည်လည်းကောင်း၊ အရည်ပွင့်သည်လည်းကောင်း၊ တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး ကျောက်စိမ်းတုံးတစ်တုံးလုံး ပတ်နေလျှင် "ကြိုးပတ်" ဟုခေါ်သည်။ ကြိုးပတ်ရှိလျှင် အရည်အောင်ရန်သေချာသလောက်ဖြစ်သည်။ ကြိုးတစ်ပင်၊ နှစ်ပင်၊ သုံးပင်၊ စသည်ဖြင့်ရှိသည်။ ကြိုးတစ်ပင်ထက် နှစ်ပင်၊ နှစ်ပင်ထက်သုံးပင်က ပို၍ အရည်အောင်နိုင်သည်။ အရည်များသောကျောက်တွင် ကြိုးသည် အုံးဆံကြိုးတင်ထားသကဲ့သို့ အမြှောင်းလိုက် ထနေသည်။ ၁၀။ ကြိုးငုတ် ။ ။ ကျောက်စိမ်းတုံး၏ အခွံပေါ်တွင် ဖြစ်ပေါ်နေသောကြိုးသည် တစ်တုံးလုံးမပတ်ဘဲ တစ်နေရာတွင်ပျက်တောက်နေပါက "ကြိုးငုတ်" <ကြိုးပျက်> ဟုခေါ်သည်။ ၁၁။ တည်စေ့ ။ ။ အခွံပေါ်တွင် ကပ်နေသော အစိမ်းရောင် သကြားပွင့်ကလေးများကဲ့သို့. အစိမ်းရောင် Crystal လေးကိုခေါ်သည်။ ၁၂။ ကောက်ရော့ ။ ။ ကျောက်စိမ်းတုံး၏တစ်ဖက်မှာ အရည်ပြချက်ရှိပြိး ကျန်နေရာများမှာ အရည်ပြချက်မရှိသော ကျောက်ကို "ကောက်ရော့" ဟုခေါ်သည်။ သို့မဟုတ် ကျောက်စိမ်းတုံး၏ ထိပ်ပိုင်းကလေးမှာဘဲ အရည်ပြချက်ရှိပြီး ကျန်တစ်တုံးလုံး မည်သည်နေရာမှ အရည်ပြချက်မရှိပါက "ကောက်ရော့"ဟုခေါ်သည်။ ၁၃။ စည်ပိတ် ။ ။ ကျောက်စိမ်းတုံး၏ အလျားလိုက် တစ်ဖက်တစ်ချက်စီတွင် ပြချက်ရှိသည်။ ၁၄။ တံစို့ထိုး ။ ။အရည်မှန်း၊ အရည်ပွေး တို့သည် ကျောက်၏ အပေါ်အောက်တစ်ဖက်တစ်ချက်စီတွင်သာ ဖြစ်ပေါ်နေပါက " တံစို့ထိုး" ဟုခေါ်သည်။ ၁၅။ ကျားကိုက် ။ ။ အရည်မန်း၊ အရည်ပွေး၊ အရည်ပွင့် စသည်တို့သည် တစ်ခုနှင့်တစ်ခုထိစပ်နေပြီး တစ်ဖက်မှအပ ကျန်သုံးဖက်တွင်ပါရှိနေပါက "ကျားကိုက်" ဟုခေါ်သည်။ ကိုးကား ဘူမိဗေဒ သဘာဝတွင်းထွက် ကျောက်မျက်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%85%E1%80%AD%E1%80%99%E1%80%BA%E1%80%B8
မင်းရဲကျော်စွာ
မင်းရဲကျော်စွာ (၁၃၉၁–၁၄၁၅၊ မြန်မာ ၇၅၂–၇၇၆) သည် အင်းဝဘုရင်မင်းခေါင်၏ သားတော် အိမ်ရှေ့စံတစ်ဦး ဖြစ်သည်။ မင်းရဲကျော်စွာသည် ၁၃ နှစ် အရွယ်ကပင် စစ်ဘုရင်ဖြစ်ခဲ့ပြီး ၂၅ နှစ်မြောက်မှ ကွယ်လွန်သည်အထိ ၁၆ နှစ်လုံးလုံး စစ်ကစားခဲ့သည်။ ငယ်ဘဝ မင်းရဲကျော်စွာသည် အင်းဝဘုရင် ပထမမင်းခေါင်နှင့် မိဖုရား ရှင်မိနောက်တို့တွင် မြင်သည့် သားတော်ဖြစ်၍ ၇၅၂ ခုနှစ်တွင် ဖွားမြင်သည်။ ကိုယ်ဝန်ရှိစဉ်တွင်မိဖုရားသည် ဟံသာဝတီမှ မြေစေး၊ မုတ္တမ မှ မြေသင်းခဲ နှင့် ပင်စလိုင်ကျွန်း(ခေါင်းဆေးကျွန်း)မှ ရေအေး စသည်တို့ကို စားသောက်လိုသည့် ချဉ်ခြင်းဖြစ်လေသည်။ ငယ်မည်မှာ မင်းဖြူ ဖြစ်သည်။ စစ်တိုက်ခြင်း ရခိုင်တိုက်ပွဲ သက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီးသည် အင်းဝပိုင် ယော၊ ဆော၊ လောင်းရှည်တို့ကို ထိပါးလာ၏။ ထိုအခါ ဘုရင်မင်းခေါင်သည် သားတော် မင်းရဲကျော်စွာကို ဗိုလ်မှူးခန့်၍ တပ် ၁ဝ တပ်နှင့် ရခိုင်သို့ ချီစေ၏။ ထိုအခါ မင်းရဲကျော်စွာသည် သက်တော် ၁၃ နှစ်သို့ ဝင်ရုံသာ ရှိသေးသည်။ ရခိုင်ဘုရင်လည်း စစ်သည်အများနှင့် နနွင်းတောင်က ကြို၍ ခံလာ၏။ လက်ဝဲ-လက်ယာ ၃ တပ်စီ၊ အလယ် ၄ တပ်ကို မင်းရဲကျော်စွာမှူး၍ ရဲမြတ်စွာ ဟူသော ဆင်ကိုစီးလျက် မြင်း ၃,ဝဝဝ အလယ်ကို ထွင်း၍ တိုက်၏။ ဤသို့ မင်းရဲကျော်စွာတိုက်၍ သူ့ဆင် ၄ စီး ၅ စီး လည်းပြီးနောက်၊ ရခိုင်ဘုရင် ထောရာကြီးစီးသောဆင်ကို တိုက်မည်ဟု လွှတ်လေရာ ရခိုင်ဘုရင်လည်း မခံနိုင်သဖြင့် ဆင်မှ မြင်းသို့ဆင်း၍ မြင်းတပ်နှင့် ခံသည်ကို အင်းဝမြင်းသည်တို့ဝိုင်း၍ တိုက်သည်တွင် ရခိုင်ဘုရင် ကျလေ၏။ ထိုအခါ ရခိုင်စစ်သည်တို့ ပျက်၍ ပြေးကြရလေသည်။ ရခိုင်မြို့ကိုသိမ်း၍မြို့စောင့်ထားပြီးလျှင် မင်းရဲကျော်စွာ တို့ ပြန်ခဲ့၏။ မင်းခေါင်သည် ကလေးစား အနော်ရထာမင်းစော အား ရခိုင်မြို့ကို ပေးတော်မူ၍ နောက်တစ်နှစ်တွင် သမီးတော် ရွှေပြည့်ချမ်းသာနှင့် ရခိုင်စား နော်ရထာကို စုံဖက်တော်မူ၏။ မွန်တိုက်ပွဲ သက္ကရာဇ် ၇၆၈ ခုနှစ်တွင် ဘုရင်မင်းခေါင်သည် သားတော်မင်းရဲကျော်စွာကို ပုခန်းတရဖျားကြီးသမီး စောမင်းလှ နှင့် စုံဖက်တော်မူ၍ အိမ်ရှေ့နှင်းတော်မူသည်။ ဆင်ကောင်း၊ မြင်းကောင်း အလုံးအရင်းများ ပေးတော်မူ၏။ ထိုအခါ ညီတော် မင်းသိဒ္ဓတ် အားကျ၍ ပုန်ကန်သည်။ နောင်မင်းခေါင်နှင့်တိုက်ရာတွင် ရှုံး၍ ရာဇာဓိရာဇ်ထံ ခိုဝင်လေသည်။ သက္ကရာဇ် ၇၇၂ ခုနှစ် သက်တော် ၂ဝ တွင် မင်းရဲကျော်စွာသည် ဆင်၊ မြင်း၊ ဗိုလ်ပါအများနှင့် မွန်တို့ပြည်သို့ ချီလေ၏။ မြောင်းမြတွင် လှေတပ်ချင်း တိုက်၏။ မြို့ကိုကားမရချေ။ ပုသိမ် ခဲပေါင်မြို့များကိုလည်း လုပ်ကြံသည်။ မရချေ။ ထိုအခါ မင်းရဲကျော်စွာသည် မှူးမတ်ကြီးများနှင့် တိုင်ပင်ကာ မွန်တို့ပြည်ကို မလုပ်ကြံသေးဘဲ ပြန်၍ဆန်တက်ကာ ရခိုင် သံတွဲကို တိုက်ခိုက်အောင်မြင်ခဲ့ပြီးမှ အင်းဝသို့ ပြန်ခဲ့သည်။ ခမည်းတော်က ဆုလာဘ် များစွာပေး၏။ ရခိုင် သံတွဲမြို့ကို မင်းရဲကျော်စွာ လုပ်ကြံ၍ ရလေသည်နှင့် ရခိုင်မင်း နရမိတ်လှ ထွက်ပြေးရကြောင်းကို ရာဇာဓိရာဇ်ကြားသော် ၇၇၃ ခုနှစ်တွင် သံတွဲမြို့ကို လာရောက် လုပ်ကြံ အောင်မြင်၍ သမိန်ဗြသအိုက်၊ သမိန်အဲဂေါင်းပိန်တို့ကို သံတွဲမြို့တွင် အခိုင်နေစေသည်။ ထိုအကြောင်းကို ဘုရင် မင်းခေါင်ကြားသော် သားတော်မင်းရဲကျော်စွာအား အလုံးအရင်း ကြီးစွာနှင့် သံတွဲမြို့ကို ဝိုင်းထားစေ၏။ ဤသို့ ဝိုင်းထားသဖြင့် မြို့တွင်းသား မွန်တို့ ငတ်လှသောကြောင့် လွှား၊ မောက်တို တို့ကိုသာ ချက်ပြုတ်စားသောက်ကြရကုန်၏။ ထိုအခါ သမိန် ဗြသအိုက်သည် ရာဇာဓိရာဇ် အလုံးအရင်းနှင့် စစ်ကူလာမည့် ဟန် ဥပါယ်တံမျဉ်ကြံသဖြင့် မင်းရဲကျော်စွာတို့ တပ်ခေါက်ပြီးလျှင် အင်းဝသို့ ပြန်လေသည်။ ထိုနောက် သမိန်ဗြသအိုက်၊ သမိန်အဲဂေါင်းပိန်တို့လည်း ရခိုင်သို့ချီ၍ လုပ်ကြံအောင်မြင် သော် နရမိတ်လှကို နန်းတင်ပေးခဲ့လေသည်။ သိန္နီတိုက်ပွဲ သက္ကရာဇ် ၇၇၄ ခုနှစ်တွင် သိန္နီစော်ဘွားသည် အလုံးအရင်းများစွာနှင့် အင်းဝသို့ ချီလာသည်ကို မင်းရဲကျော်စွာ ဗိုလ်မှူးပြု၍ ခုခံရ၏။ ရှေးဦးစွာ မြင်းတပ်ချင်းတိုက်ရာ စော်ဘွား၏ မြင်းတပ် ပျက်ပြီးနောက် မင်းရဲကျော်စွာသည် ဆင်တော် ငချစ်ခိုင်ကိုစီး၍ စော်ဘွားဆင်နှင့် အတန်ကြာဝှေ့ ပြီးနောက် စော်ဘွားမူးယစ်နေသည်ကို သိတော်မူသည်နှင့် စော်ဘွားဆင်ပေါ်သို့ ခုန်တက်ပြီးလျှင် စော်ဘွားနှင့်တကွ ကုန်း လယ် နောက်ပဲ့တို့ကိုပါ ခုတ်ချလိုက်လေသည်။ စော်ဘွားကျလျှင် ရှမ်းစစ်သည်တို့ ပျက်၍ ပြေးလေ၏။ စော်ဘွား၏ သားနှင့်သမက်များကလည်း ဗိုလ်ပါစုရုံး၍ သိန္နီသို့ပြန်လေသည်ကို မင်းရဲကျော်စွာသည် သိန္နီအထိလိုက် ကာ မြို့ကို အကြိမ်ကြိမ်လုပ်ကြံသော်လည်း မရချေ။ ၅ လခန့် ကြာသော် ရှမ်းတို့သည် တရုတ်တို့ထံမှ အကူအညီတောင်းလေ၍ တရုတ်တို့လာသည်ကို မင်းရဲကျော်စွာသည် တိုက်ဖျက်၍ လူသူဆင်မြင်းအများ ရလိုက်လေသည်။ မင်းရဲကျော်စွာ သိန္နီသို့ ချီသည်ကြားသော် ရာဇာဓိရာဇ် လည်း ပြည်မြို့ကို ဝန်းရံလုပ်ကြံလာသည်။ သို့ရာတွင် မြို့ကို ပေါက်အောင် မတတ်နိုင်ချေ။ တစ်လခန့်ကြာသော် မုတ္တမကျေး ရေးမြို့ကို ယိုးဒယားတို့တိုက်လာကြောင်းကြားရာ သားတော် အား ပြည်မြို့ကိုဝန်းရံစေ၍ ရာဇာဓိရာဇ်မှာ မုတ္တမသို့ ချီလေ သည်။ ဘုရင်မင်းခေါင်လည်း သားတော် သိန္နီမှပြန်ရောက်လျှင် မင်းရဲကျော်စွာကား ကြည်းကြောင်း၊ မင်းခေါင်ကား ရေကြောင်းချီရသည်။ ရာဇာဓိရာဇ်လည်း ပြည်မြို့သို့အရောက် ချီလာပြန်သည်။ ဤစစ်တွင် မွန်တို့အပျက်များသည်။ မွန်သူရဲကောင်း လဂွန်းအိမ်ကို မင်းရဲကျော်စွာ ဥပါယ်တံမျဉ်ဖြင့် သွေးခေါ်၍ တိုက်သည်ကို လိုက်မှားသည်နှင့် လက်နက်ထိ၍ လွန်သည်။ အင်းဝဘက်ကလည်း မွန်အမှုထမ်း သူရဲကောင်း ပြည်စား လက်ယာပျံချီ လက်နက်ထိ၍ ကျဆုံးသည်။ ရာဇာဓိရာဇ်လည်း အားလျော့သောကြောင့် အပြင်းစုန်လေရာ မင်းရဲကျော်စွာက နောက်ထပ်လိုက်လေ၏။ အင်းဝတို့ သန်လျင် ကိုရပြီးနောက် အနောက်ဘက်တစ်လွှားဖြစ်သော ပုသိမ်၊ မြောင်းမြ၊ ခဲပေါင်မြို့များမှ သုံ့ပန်းတို့ကို အင်းဝသို့ချည်း ပို့လေ၏။ နောင် အင်းဝသို့ သိန္နီက စစ်ရောက်သည်ကြား၍ အင်းဝတပ်တို့ ပြန်ကြသည်။ မော်တုံမော်ကယ်စား ရှမ်းတို့သည် နိုင်ငံတော်ဖြစ်သော မြေဒူးမြို့ကို ထိပါးလာသဖြင့် မင်းရဲကျော်စွာသည် သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ချီတက်တိုက်ခိုက် အောင်မြင်ပြီးနောက် သက္ကရာဇ် ၇၇၆ ခုနှစ်တွင် မွန်တို့ပြည်သို့ ချီပြန်၏။ ရောက်သော် ခဲပေါင်မြို့ကို တပ်သားများအား အသက်စွန့်ကာ တိုက်ခိုက်စေပြီးနောက် အင်းဝတို့မှာ ရိက္ခာမလောက် ဖြစ်လေသည်။ ထိုနောက် မင်းရဲကျော်စွာသည် အင်းဝသို့ ရုတ်တရက် ခေတ္တပြန်သွားပြီးနောက် တစ်လအတွင်း ပြန်ရောက်လာ၏။ စစ်ဦးတွင် မွန်တို့ အကြိမ်ကြိမ်ရှုံး၍ ရာဇာဓိရာဇ်လည်း ဇာတာတော် မသန့်ဟုဆိုကာ မုတ္တမဘက်သို့ တိမ်းရှောင်နေရသည်။ အနောက်ဘက်တစ်လွှား ပုသိမ်၊ မြောင်းမြစသည်တို့လည်း အင်းဝများထံ ဝင်ကြလေသည်။ မင်းရဲကျော်စွာ မွန်သူရဲကောင်း သမိန်ဗရမ်းကိုရ၍ ခမည်းတော်ထံ ဆက်သသည်။ အင်းဝတို့လည်း စစ်တပ်တို့ကို အခွဲခွဲစီစဉ်လျက် အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်လေသည်။ ဒလတိုက်ပွဲ မင်းရဲကျော်စွာသည် ဒလတွင် တပ်ချ၍ အပြီးသတ်တိုက်ခိုက်ရန် ရာဇာဓိရာဇ်ထံ စာစေ၍ ရာဇာဓိရာဇ်လည်း ဒလသို့ စစ်သည်ဗိုလ်ပါများစွာနှင့် ချီလာလေသည်။ ရာဇာဓိရာဇ်သည် အမတ်ဒိန်အား မင်းရဲကျော်စွာကို အမျက်ဒေါသထွက်အောင်၊ တပ်က လိုက်၍ထွက်အောင် မြှူချေ ဟု စေလိုက်၏။ အမတ်ဒိန်လည်း ဆင် ၅ စီး၊ လူ ၇ဝဝ၊ ၈ဝဝ ခန့်နှင့် မင်းရဲကျော်စွာတပ်အနီးသို့ လာရောက်၍ နေရာ ပြင်ဆင် အကွက်ချဟန်ပြုသည်ကို မင်းရဲကျော်စွာက မွန်တို့ကို လုပ်ကြံရန် ငါတို့လာသည်။ ယခုသူတို့က ငါတို့တပ်ကိုရံမည် ပြုသည်။ ထွက်၍တိုက်တော့မည်ဟု မိန့်တော်မူသည်။ မင်းရဲကျော်စွာသည် ဆင်တော်ငချစ်ခိုင်ကို စီး၍ ထွက်ချီခဲ့၏။ လိုက်လတ္တံ့သော နောက်ပါတပ်များတွင်လည်း မြေဒူးစားသည် မွန်တို့ထံမှ ဖမ်းဆီးရမိထားသော ဗကမတ်ဆင်ကို စီးရာဆင်ခါ၍ ကျချေ၏။ ဗကမတ်လည်း မြေဒူးစားကျလျှင် တပ်တွင်းရှိသော ဆင်မြင်းလူသူတို့ကို လိုက်လံဝှေ့သတ်သဖြင့် ပရမ်းပတာ ပြိုပြိုကွဲကွဲရှိချေသည်။ ထိုကြောင့်လည်း ရဲမက် တော်တို့သည် မင်းရဲကျော်စွာ ကိုမမီနိုင် တန့်လျက်သာ ရှိနေခဲ့ ရာ၊ မင်းရဲကျော်စွာသည် ရှေ့သို့လွန်လာ၏။ ထိုအခါ ကလေးကျေးတောင်ညိုသည် မိမိတပ်သားများနှင့် အမီလိုက်ရန်ကြိုးစားရာ၊ သူစီးသောဆင် မုန်ပြင်းနေ၍ နောက်က မြင်းကတောင်သံ ကိုကြားလျှင် နောက်ကိုပြန်၍ ဝှေ့လေသဖြင့် အထွေးထွေးရှိကြ၍ ခြေသည်မြင်းသည် ကွဲသောကြောင့် မင်းရဲကျော်စွာကို မမီ တပ်တော်ပျက်လေသည်။ မွန်တို့တပ် ၆ တပ်အနက် ၄ တပ် နှင်နှင်အစဉ်အတိုင်း ပျက် လေသည်။ နောက်တစ်တပ်ကို အတိုက်တွင် ဆင်တော် ပန်းလှ သည်နှင့် နောက်ကဆင်ကူလည်းမမီလာသောကြောင့် ဆင်တော် ရပ်လေသည်။ ဤသို့ ဆင်တော်ကွဲ၍ ပန်းနေသည်ကိုမြင်သော်၊ ရာဇာ ဓိရာဇ်၏ သားတော် ၃ ပါးကြီးမှူး၍ ဆင်အစီး ၃ဝ ခန့်နှင့် အုံညီ၍တိုက်လေ၏။ ဆင်တော်ကို လှံချက်တစ်ရာလောက် ကျလျှင် နာကျင်လှသဖြင့် ဆင်တော်ခါသောကြောင့် ဆင်တော် ထက်က လျှောကျ၍ ပေါင်ကို ဆင်ထိချေ၏။ ရပ်တော်မမူနိုင် တွားသွားလျက် ရေကန်နား ဥနှဲပင်အောက်သို့ ဝင်၍နေရလေသည်။ ဖမ်း၍မိလျှင် ရာဇာဓိရာဇ်က မင်းသား သူငယ်ဖြစ်သူကို ငါစိတ်နှလုံးအထူးမရှိ။ မောင်သည် အစားအစာ ဆေးဝါး စားပါ။ ကျန်းမာလာလျှင် သည်တွင်နေလိုလည်း ငါ့သမီးတော် နှင့် စုံဖက်၍ အိမ်ရှေ့ပေးပါမည်။ အင်းဝသို့ ပြန်လိုလျှင်လည်း ကောင်းစွာပို့ပေးမည်။ ကျန်းမာအောင်သာ ဆေးဝါးကုသပါဟု မိန့်၍ ဆေးဝါးများ ပေးတော်မူ၏။ ကွယ်လွန်ခြင်း(သေဆုံးခြင်း) မင်းရဲကျော်စွာကား ငါသည် ဟံသာဝတီ မွန်ပြည်ကို မရဘဲ ငါမပြန်ဟု ဓိဋ္ဌာန်ရင်းရှိသည်။ ယခု ငါ သို့စင်ဖြစ်ပြီးမှ သူ့ကျွန်မခံပြီ။ ငါ့အသက် ရှင်သော်ထက် သေသော်မြတ်၏။ ငါဆေးဝါး မစားပြီ။ ငါ့ကို သတ်ရန်ကိုသာ စီရင်တော့ဟု ဆိုလျှင် ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာကို သေခါနီးတိုင် အောင်မှ စိတ်ကိုမလျှော့၊ နောင်သော် ငါ့ကိုပင် ကြံပြန်ချိမ့် မည်ဟူ၍ မိုးသောက်လျှင် (မူကွဲ ညဉ့်တွင်ပင် ) ဆင်ထိ တော်မူသော အနာသည်း၍ အနိစ္စရောက်လေသည်။ အဟန် ကောင်းမွန်စွာ သင်္ဂြိုဟ်လေသည်။ ဤသို့လျှင် မင်းရဲကျော်စွာ သည် သက္ကရာဇ် ၇၇၆ ခုနှစ် နှောင်းတန်ခူးလဆန်း ၄ ရက်နေ့ (13 March 1415) ညဉ့် တွင် အနိစ္စရောက်သည်။ ဘုရင်မင်းခေါင်သည် ဒလသို့ စုန်လာ ၍ သားတော်၏အရိုးတို့ကို မွန်တို့မြှုပ်ထားရာမှ ဖော်ယူပြီးလျှင် ရွှေအိုးတွင်ထည့်ကာ မထီးအဝ (ယခုပသီဝ) တွင် ချလေသည်။ ကိုးကား အင်းဝမင်းဆက် ၁၃၉၁ မွေးဖွားသူများ ၁၄၁၅ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B2%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%85%E1%80%BD%E1%80%AC
မိုးညှင်းသတိုး
မိုးညှင်းသတိုး ဟူ၍လည်း တွင်သော မိုးညှင်းမင်းတရားသည် အင်းဝရွှေနန်းကို သက္ကရာဇ် ၇၈၈-ခုနှစ်မှ ၈ဝ၁-ခုနှစ်တိုင် စိုးစံသော မြန်မာမင်းဖြစ်သည်။ မိုးညှင်းမင်းတရားကြီးသည် ပုဂံလောင်းစည်သူ၏ မိဖုရားငယ်တွင်မြင်သည့် သမီးတော်နှင့် ခင်ပွန်း အနန္တသူရိယအမတ်တို့၏ တီတော်သူ ပေါက် မြိုင်မင်းပုလဲနှင့် ငါးစီးရှင် သမီးတို့ စုံဖက်ရာတွင် မြင်သောသား မြေနဲစောဒိကာ၏ သားဖြစ်သည်။ ငယ်မည်ကား မင်းနံစီ ဖြစ်၏။ နောင်သော ဥဒိန်အမည်နှင့် အင်းဘဲကို စားရသည်။ ပထမ မင်းခေါင်မင်းမဖြစ်မီ မင်းဆွေဘဝက မင်းဥဒိန်သည် မင်းဆွေအား အထိန်းတော်ငခင်ညို၊ ငခင်ဘားတို့အတူ ပင်ပန်းငြိုငြင်စွာ ရှာဖွေကျွေးမွေးခဲ့သည်။ မင်းဥဒိန်သည် ငခင်ညို၊ ငခင်ဘားတို့လောက် အဆင်းရဲမခံနိုင်သဖြင့် မင်းဆွေနှင့်ရှင်သိဒ္ဓတို့ထံမှ ခွာပြီးလျှင် ဦးရီးတော်တူရွင်းတိုင်စား မင်းစောကျိုင်း၏ ထံသို့ ဝင်၍ အမှုတော်ထမ်းသည်။ မင်းခေါင်အထွတ်အထိပ်သို့ ရောက်သောအခါ ဆင်းရဲစဉ် ရောင်းရင်းဖက်ဖြစ်သော မင်းဥဒိန် အားသတိုးအမည်နှင့် မြို့လှကို စားစေသည်။ နောက် မိုးညှင်းကို စားစေသောကြောင့် မိုးညှင်းသတိုးတွင်သည်။ ပထမမင်းခေါင်ဘုရင်၏နောက် သက္ကရာဇ် ၇၈၃-ခုနှစ်မှ ၇၈၇-ခုနှစ်အထိ မင်းခေါင်၏သားတော် ဆင်ဖြူရှင် သီဟသူ စိုးစံသည်။ အုန်းဘောင်စော်ဘွား တိုက်လာရာတွင် မြားသင့်၍ အနိစ္စရောက်သောကြောင့် သားတော်မင်းလှငယ်သည် ၃ လမျှ နန်းစံ၏။ မိဖုရားဘို့မယ် ဆေးဖြင့်ခတ်၍ အနိစ္စရောက်၏။ မိဖုရားဘို့မယ်၏ အကူအညီဖြင့်ပင် ကလေးကျေးတောင်ညို နန်းတက်သည်။ ကလေးကျေးတောင်ညိုကား မင်းကြီးစွာစော်ကဲ၏ သားတော်အကြီး တရဖျား၏ သားတော် တည်း။ ကလေးကျေးတောင်ညို ၇၈၇ ခုနှစ် နတ်တော်လတွင် နန်းတက်၊ တပေါင်းလတွင် မိုးညှင်းသတိုး လာရောက် တိုက်ခိုက်သည်။ ကလေးကျေးတောင်ညိုကို စစ်ကူပေးနေသော အုန်းဘောင်စော်ဘွားကိုလည်း လက်ဆောင်ကြီးစွာပေး၍ တပ်နုတ် ပြန်စေပြီးသော် အင်းဝကိုရံသည်။ ကလေးကျေးတောင်ညို ရခိုင်သို့သွားမည်ပြုရာ လမ်းတွင်လွန်သည်။ ဤသို့ဖြင့် မိုးညှင်းသတိုးသည် သက္ကရာဇ် ၇၈၈ ခုနှစ် နယ်ယုန်လဆန်းတွင် အင်းဝရွှေနန်းကိုသိမ်းပိုက်သည်။ ထိုသောအခါ သက်တော် ၄၇ နှစ်ရှိလေပြီ။ မိုးညှင်းမင်းတရားကြီးသည် နန်းသက်တစ်လျှောက်၌ ပုန်ကန်ခြားနား ထိပါးလာသော ရန်အသွယ်သွယ်ကို နှိမ်နင်းရ လေသည်။ ဤမင်းလက်ထက် တောင်ငူ၊ တောင်တွင်း၊ ရမည်းသင်း၊ ပင်လယ်မြို့များက ခြားနားကြသည်။ ရပ်စောက်၊ နောင်မွန်၊ အုန်းဘောင်ရှမ်းတို့က မြန်မာနိုင်ငံအတွင်းရေးတွင် လာရောက် စွက်ဖက်သောကြောင့် မြန်မာဘုရင်က ထိုမြို့စားတို့ကို ပဏ္ဏာကာရအများနှင့် စေတော်မူ၍ မဟာမိတ်ပြုရသည်။ ဟံသာဝတီက ပြည်မြို့ကို လုပ်ကြံလာသည်နှင့် ဟံသာဝတီမင်း ဗညားရံကို တူမတော်နှင့် ဆောက်နှင်း၍ မိတ်ပြုရသည်။ ဆင်ဖြူရှင် သီဟသူလက်ထက်မှစ၍ မိဖုရားဖြစ်ခဲ့သော မွန်ဘုရင် ရာဇာဓိရာဇ်၏ သမီးတော်ရှင်စောပုကိုလည်း မိဖုရားမြှောက်ထားခဲ့ရာတွင် မိုးညှင်းမင်းတရား ချစ်ချစ်ခင်ခင် မရှိ သောကြောင့် မွန်မိဖုရားသည် မွန်ရဟန်း ဓမ္မဓရ၊ ဓမ္မဉာဏတို့၏ အကူအညီဖြင့် ဟံသာဝတီသို့ထွက်ပြေးသည်။ မိုးညှင်းမင်းတရားသည် ပထမမင်းခေါင်၊ သီဟသူ၊ မင်းလှငယ်၊ ကလေးကျေးတောင်ညို၊ ဤမင်းလေးဆက်တွင် နန်းတင်သောမိဖုရားရှင်ဘို့မယ်ကိုပင် နန်းတင်လေသည်။ သက္ကရာဇ် ၇၈၈-ခုနှစ်တွင် အထက်နန်းတော် ဟောင်းနွမ်းသဖြင့် နန်းတော်သစ် တည်ဆောက်သည်။ သက္ကရာဇ် ၇၉ဝ-ပြည့်နှစ်တွင် သီဟိုဠ်ကျွန်းမှ မဟာထေရ်နှစ်ပါး သရီရဓာတ်တော် ငါးဆူကို ပင့်ဆောင်၍ ရောက်ရှိလာသည်။ ထိုမထေရ်နှစ်ပါး သင်္ဘောနှင့် ပုသိမ်ဆိပ်သို့ ရောက်ရှိကြရာတွင် ဗညားရံက ချုပ်သော်လည်း နေတော်မမူသဖြင့် သာယာစွာသော ဖောင်နှင့် ပြည်သို့ ပို့လာရသည်။ မိုးညှင်းတရား ကြားတော်မူလျှင် လှော်ကားကြော့လှေ ၄ဝ နှင့် ပြည်တိုင်အောင် ဆီးကြိုပင့်ဆောင်လေရာ ရွာသစ်သို့ရောက်သော် မိဖုရား မောင်းမမိဿံ မှူးမတ်အပေါင်း ခြံရံလျက် ရွှေဖောင်တော်နှင့် ကြို၏။ ထိုအခါ မြေငလျင်လှုပ်၏။ သာသနာတော်မြင့်ရှည်စွာ ပွင့်လင်းထွန်းပစွာဖြစ်မည်ဟု နိမိတ်ဖတ်သည်။ သရီရဓာတ်တော် ငါးဆူကိုပင့်ဆောင်၍ စစ်ကိုင်းအနောက်ဘက် သာယာစွာသော မြေအပြင်၌ ရတနာစေတီဘုရားရှင်ကို တည်တော်မူသည်။ မြန်မာသက္ကရာဇ် ၇၉၆-ခုနှစ် (ခရစ် ၁၄၃၅) ခန့်တွင် ဗင်းနစ်မြို့သား နိကိုလို ဒီ ကွန်တီ (Niccolò de' Conti) အမည်ရှိ ကုန်သည်တစ်ဦးသည် တနင်္သာရီသို့ ပထမ ရောက်လာ၍ ထိုနောက် ရခိုင်ပြည်သို့ ရောက်၏။ ဧရာဝတီမြစ်ကို ဆန်တက်ပြီးနောက် အင်းဝသို့ ရောက်၍ အင်းဝက စုန်ဆင်း၍ ပဲခူးသို့ရောက်၏။ မိမိတွေ့မြင်ခဲ့သည်တို့ကို မှတ်တမ်းတင် ရေးသားခဲ့လေသည်။ မိုးညှင်း မင်းတရားသည် သက္ကရာဇ် ၇၉၈ ခုနှစ်တွင် ပြည်ထဲရေးရာ ရှိသည်တို့ကို ပိဋကတ် ဗေဒင်တတ်သော ဆရာတော်အပေါင်းတို့နှင့် တိုင်ပင်တော်မူလေသော်၊ စကြိုသူမြတ်၊ မင်းကျောင်းသူမြတ်တို့က သက္ကရာဇ်ဖြိုကိန်း ရောက်ကြောင်း အမိန့်ရှိကြလေသည်။ မိုးညှင်းမင်းတရားလည်း ခပ်သိမ်းသော သတ္တဝါအပေါင်း ချမ်းသာခြင်းသို့ ရောက်မည်ကို သိမြင်လျက် ငါသို့သော မင်းသည် သေဘေးကို ကြောက်၍ မဖြိုချေသော် ကမ္ဘာမကြေသရွေ့ ဥဒါန်းမော်ကွန်း ဖြစ်လေတော့မည်ဟူ၍ မိန့်တော်မူပြီးလျှင် ပိဋကတ်ဗေဒင်တတ်သော ပညာရှိ အပေါင်းတို့နှင့် တိုင်ပင်တော်မူပြီးနောက် အခမ်းအနားဖြင့် သက္ကရာဇ် ၈ဝဝ ပြည့်တွင် ၇၉၈ ကို ဖြိုလျက်၂ ခု တည်၍ ထားတော်မူသည်။ သို့ရာတွင် သက္ကရာဇ်မပြိုဘဲ ရှိလေသည်။မိုးညှင်းမင်းတရားသည် သက္ကရာဇ် ၈ဝ၁-ခုနှစ်တွင် ကံတော်ကုန်သည်။ မိုးညှင်းမင်းတရားလွန်လျှင် မင်းရဲကျော်စွာ အင်းဝတွင် နန်းတက်စိုးစံသည်။ ထူးခြားချက်မှာ ဆင်ဖြူရှင် သီဟသူလက်ထက်တည်းက အင်းဝသို့ရောက်ရှိနေခဲ့သည့် မွန်မိဖုရား ရှင်စောပု ဟံသာဝတီသို့ ထွက်ပြေးခြင်းဖြစ်သည်။ အခြား ထူးခြားချက်မှာ အင်းဝကို သတိုးမင်းဖျားစတင်တည်ထောင်ချိန်မှ စကာ ပထမဆုံးအနေဖြင့် နန်းတော်ကို အသစ်ပြုပြင်ခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မင်းရဲကျော်စွာ၏သား မင်းငယ်ကျော်ထင်က ပင်လယ်မှနေ၍ လယ်တွင်း ၁၁ခရိုင်ကို သိမ်းပိုက်ပုန်ကန်သည်နှင့်လည်း ရင်ဆိုင်ရသေးသည်။ ကိုးကား အင်းဝမင်းဆက် မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%8A%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%AD%E1%80%AF%E1%80%B8
သမိန်ဗရမ်း
သမိန်ဗရမ်းသည် သူရှင် ရာဇာဓိရာဇ်၏ ထင်ရှားသော သူရဲကောင်း တစ်ယောက် ဖြစ်သည်။ ရန်သူ ဗမာဘုရင်ကပင် ချီးကျူး ဂုဏ်ပြုရသော မွန်သူရဲကောင်းတစ်ယောက် ဖြစ်သည်။ စိတ်ဓာတ် အရာမှာလည်း စံတင်လောက်သည့် သူရဲကောင်း တစ်ယောက် ဖြစ်သည်။ သဗိန်ဗရမ်းဟု ဆိုသည်နှင့် သံခြေချင်းကို လည်ကောင်း၊ တရုတ်စစ်သူကြီး ဂါမဏိကို လည်းကောင်း၊ ခြင်းတောင်းကို လည်းကောင်း၊ မြင်ယောင်မိသည်။ မှန်ပါသည် သမိန်ဗရမ်းသည် ရန်သူဗမာဘုရင် ထံတွင် အကျဉ်းကျ နေသည်ကိုပင် ဗမာ၏ ရန်သူဖြစ်သော တရုတ်စစ်သူကြီးကို စီးချင်းထိုးခြင်း အားဖြင့် မိမိကို အကျဉ်းချထားခဲ့သော ဗမာဘုရင်ကို ကူညီခဲ့သည်။ ရန်သူ၏ အခက်အခဲကို မိမိအနေဖြစ် လျစ်လျူရှု ထားနိုင်သော်လည်း သမိန်ဗရမ်းက လျစ်လျူမရှုခဲ့ပေ။ သမိန်ဗရမ်းသည် လက်ဖျံရိုး တစ်ချောင်းတည်းသာ ရှိသဖြင့် အလွန်သန်မာသည်။ သူ၏ စစ်ရေးစွမ်းရည်ကို အလွန်နှစ်လို လေးစား သဖြင့် ထိုအချိန်က အင်းဝတွင် နန်းစံနေသော ဘုရင်မင်းခေါင် ကပင် စစ်ရပ်နားချိန်၌ သူ၏ တဲနန်းသို့ ဖိတ်ခေါ်ကာ ချီးမြှင့်ခဲ့သေးသည်။ တစ်ခါသော် သူ့ရှင်ရာဇာဓိရာဇ် တပ်များဆုတ်ခွာ ချိန်တွင် သမိန်ဗရမ်း၏ တပ်သည် နောက်ချန်၍ ဆုတ်ခဲ့သည်။ ထိုသို့ ဆုတ်သွားရာတွင် တစ်နေရာတွင် လူရောဆင်ပါ တွင်းကြီးတစ်တွင်း ထဲသို့ ကျသွားလေသည်။ နောက်မှ လိုက်လံတိုက် ခိုက်သော မင်းရဲကျော်စွာ၏ တပ်များက သမိန်ဗရမ်းကို အရှင်ဖမ်းမိကြသည်။ သမိန်ဗရမ်း ကဲ့သို့သော သူရဲကောင်းကို စစ်ကာလတွင် အလွတ်ပေး၍ မဖြစ်ချေ ။ ထိုသူရဲကောင်း ရှိသည့်ဘက်က အသာစီးရမည် ဖြစ်သဖြင့် သူ့ကိုအကျဉ်း ချထားခဲ့သည်။ ထိုအချိန်တွင် တရုတ်တပ်ကြီး တစ်တပ်သည် အင်းဝနေပြည်တော်သို့ ချီတက်လာသည်။ ထိုတပ်တွင် တရုတ်သူရဲကောင်း ဂါမဏိ ဆိုသူပါလေသည်။ တရုတ်ဘုရင်က မိမိသည် မိမိ၏ သူရဲကောင်း ဂါမဏိနှင့် လက်ရုံးရည်အရ ယှဉ်ပြိုင်နိုင်မည့်သူကို ရှာဖွေနေသူ ဖြစ်ကြောင်း၊ မိမိ၏ သူရဲကောင်းနှင့် ယှဉ်ပြိုင်နိုင်မည့် လူတစ်ယောက်ယောက်ကို ထုတ်ပေးပါ၊ သူရဲကောင်းနှစ်ယောက် ယှဉ်ပြိုင်ကြသည့် အချိန်တွင် အင်းဝဘက်မှ သူရဲကောင်းက နိုင်ပါက မိမိ၏ တပ်များက ရုပ်သိမ်း၍ပြန်မည်။ အင်းဝဘက်က ရှုံးနိမ့်ခဲ့ပါက အင်းဝကို မိမိလက်သို့ အပ်ပါဟု ပြောကြားခဲ့သည်။ သူရဲကောင်းကို ရှာဖွေရန်အတွက် အချိန် ၇ ရက်ပေးမည်ဟု ဆိုသည်။ သူ၏ များလာလှသော တပ်များကလည်း အင်းဝနေပြည်တော်ကို ဝိုင်းထားလိုက်ကြသည်။ သို့သော်မြို့တွင်းနှင့် မြို့အပြင် ကူးသန်းသွားလာနိုင်ခွင့် ရှိသည်။ အင်းဝဘုရင်၏ သူရဲကောင်းများလည်း စစ်မြေပြင်တွင် ရောက်ရှိနေကြသဖြင့် အင်းဝတွင် မြို့စောင့်တပ်မျှသာ ကျန်ရစ်ခဲ့သည်ဖြစ်ရာ တရုတ်နိုင်ငံ အဝှမ်းတွင် ပွဲတိုင်းကျော် ဖြစ်နေသဖြင့် မြန်မာနိုင်ငံတွင်းသို့ လာရောက် ယှဉ်ပြိုင်သော ဂါမဏိကို နိုင်အောင်တိုက်ပေး မည့်သူကို ၇ ရက်အတွင်း အဆင့်သင့်ဖြစ်အောင် ရှာဖွေရသည့် အလုပ်သည် ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။ မြို့တော် ပတ်လည်တွင် မောင်းကြေးနင်းခတ်ကာ သူရဲကောင်းကို ရှာဖွေပါသော်လည်း မရဘဲဖြစ်နေခဲ့သည်။ ထိုသို့ သူရဲကောင်းများ ရှာမရသည့်အကြောင်းနှင့် တရုတ်တို့ ကျူးကျော်လာသည့် အကြောင်းကို ထောင်မှူးများအချင်းချင်း ပြောဆိုနေကြသဖြင့် သမိန်ဗရမ်းက ကြားလိုက်သည်။ သမိန်ဗရမ်းက စဉ်းစားသည်မှာ “ငါသည် အင်းဝပြည်တွင် ရှိနေပါလျက် အင်းဝပြည် မကျဆုံးစကောင်း။ ထို့ပြင် အင်းဝသည် ဟံသာဝတီ(ပဲခူး-မွန်နေပြည်တော်)၏ တံခါးဝလည်း ဖြစ်သည်။ တရုတ်တို့သည် အင်းဝကို နိုင်လျှင်သော်မှ ပြန်ကြမည်မထင်။ အင်းဝပျက်လျှင် ဟံသာဝတီကိုလည်း အလွတ်ပေးမည်မဟုတ်။ ထိုကြောင့် အင်းဝမကျဆုံးအောင် ငါ့ကိုထောင်မှ ထွက်ခွင့်ပြုပါ။ အင်းဝသားများ ကိုယ်စား ဂါမဏိနှင့် စီးချင်းထိုးပေးပါမည်ဟု ငါပြောရသော် ကောင်းမည်” ဟူ၍ စဉ်းစားလိုက်သည် ဆို၏။ ထိုသို့ စဉ်းစားထားသည့် အတိုင်းလည်း သူက ထောင်မှူးများမှ တစ်ဆင့် ဘုရင်မင်းခေါင်ထံသို့ လျှောက်ထားခဲ့လေသည်။ ဘုရင်မင်းခေါင်သည် ထောင်မှူးများမှ တဆင့် သမိန်ဗရမ်း၏ လျောက်တင်ချက်ကို ကြားရသည်တွင် များစွာဝမ်းမြောက် ဝမ်းသာ ဖြစ်သွားခဲ့သည်။ သမိန်ဗရမ်းကို သစ္စာရေတိုက်ပြီးနောက် ထောင်မှထုတ်ယူခဲ့ကြသည်။ ဘုရင်မင်းခေါင်က သမိန်ဗရမ်းကို ကောင်းစွာ ပြုစုကြစေရန် မင်းချင်းများအား အမိန့်ပေးထားသည်။ ထိုနောက် လိုအပ်သည့်ပစ္စည်းများကို မေးမြန်းသည်။ သမိန်ဗရမ်းက မြင်းကောင်းတစ်စီးကို လိုချင်သည်ဟုဆို၍ ဘုရင်မင်းခေါင်က သူ၏ မြင်းဇောင်းများထဲမှ မြင်းများကို သမိန်ဗရမ်း ကိုယ်တိုင်လိုက်လံ ကြည့်ရှု့စေသည်။ သမိန်ဗရမ်းက သူကြိုက်သည့်မြင်းကို ကိုယ်တိုင် ရှာခွင့်ပြုရန် ဘုရင်ထံမှ အခွင့်တောင်းလေသည်။ ဘုရင်ဆီမှ အခွင့်ရသည့် အချိန်တွင် သမိန်ဗရမ်းသည် မြင်းရှာရန် နန်းတော်မှ ထွက်သွားလိုက်သည်မှာ မြို့ရိုးအပြင်ဘက်သို့ပင် ရောက်သွားခဲ့သည်။ မြို့ရိုး အပြင်ဘက်တွင် မုဆိုးမတစ်ဦး ပိုင်သော မြင်းသားအမိကို သမိန်ဗရမ်းတွေ့သည့် အချိန်တွင် သမိန်ဗရမ်းက မြင်းမလေး၏ ကြန်အင်ကို ကြည့်ကာ သဘောကျသွားသည်။ မြင်းပိုင်ရှင် သခင်မကိုယ်တိုင် မြင်းမလေးကို ဖမ်း၍ သမိန်ဗရမ်းကို ပေးသဖြင့် သမိန်ဗရမ်းသည် တစ်နေ့လုံးလိုလို လေ့ကျင့်စီးနင်းသည်။ ထိုကဲ့သို့တစ်နေကုန် သမိန်ဗရမ်း ပျောက်နေသည့်အတွက် မှူးမတ်တချို့က သမိန်ဗရမ်း ထွက်ပြေးလေပြီဟု ပြောကြသည်။ ဘုရင်မင်းခေါင်ကမူ သူရဲကောင်း သမိန်ဗရမ်းကို ယုံသည်။ ပြန်လာမည် ဧကန်ဖြစ်သည်ဟု ဆိုလေသည်။ သူဆိုသည့်အတိုင်း ညနေအေးချိန်တွင် သမိန်ဗရမ်းသည် မြင်းမလေးကို အသားကျစီးကာ အေးဆေးစွာ နန်းတော်သို့ ပြန်လေသည်။ ဘုရင်မင်းခေါင်ကိုယ်တိုင် သူ့ကိုစောင့်နေသည်ကို မြင်သော သမိန်ဗရမ်းသည် ဘုရင်ထံသို့သွားကာ စိတ်ကြိုက်မြင်းကောင်းကို တွေ့သဖြင့် ရန်သူနှင့် စီးချင်းတိုက်ရန် အသင့်ဖြစ်ပြီဟု လျောက်တင်လေသည်။ ဘုရင်မင်းခေါင်က နောက်ထပ်ဘာများ လိုသေးသနည်းဟု မေးသောအခါတွင် သမိန်ဗရမ်းက သံကြိုးဖြင့် ရက်လုပ် ထားသော ခြင်းတောင်းတစ်တောင်းကို လိုသည်ဟု လျောက်တင်သည်။ ဘုရင်မင်းခေါင်က မည်သည့်အတွက်ကြောင့် ခြင်းတောင်းကို တောင်းသနည်းဟု မေးသည်တွင် ဂါမဏိ၏ ဦးခေါင်းကို ထည့်ယူခဲ့ရန် အတွက်ဖြစ်သည်ဟု သမိန်ဗရမ်းက ဖြေသည်။ ထိုသို့ ဖြေလိုက်သည့် အချိန်တွင် မှူးမတ်တချို့ထံမှ ရယ်သံခပ်အုပ်အုပ်ကို ကြားရသည်။ ယုန်မရခင် သံပရာ ရှာသည်ဟု လှောင်ပြောင်ခဲ့ကြ သေးသည်။ စီးချင်းထိုးမည့်ရက်သို့ ရောက်ရှိလာလေပြီ။ သမိန်ဗရမ်း တောင်းဆိုထားသော ခြင်းတောင်းကို ဘုရင်မင်းခေါင်က အသင့်ပြင်ပေးထားသည်။ သူရဲကောင်းနှစ်ယောက် စီးချင်းထိုးမည့် နေရမှာ အင်းဝမြို့ မုခ်ဦး၏ အရှေ့ဘက်ဆင်ကျူံးနေရာတွင် ရှိသည်။ နှစ်ဖက်သောမင်းများနှင့် မင်းပရိသတ်များ ထိုင်ကြည့်သည့် ပွဲကြည့်ဆောင် များ၏ အလယ်တွင် တံခွန်များအလံများ စိုက်ထူထားသည်။ တင်းတိမ်များလည်း ကာရံထားသည်။ ပိုးဖဲကတ္ထီပါ ထိုင်ဖုံးများဖြင့်လည်း အပြိုင်အဆိုင် လှသထက်လှအောင် ပြင်ဆင်ထားသည်။ အကြောင်းမှာ သူရဲကောင်း တစ်ယောက်ချင်းသည် တစ်နိုင်ငံချင်းကို ကိုယ်စားပြုသောကြောင့် နိုင်ငံတော်ပွဲဟု ယူဆသောကြောင့် ခမ်းနားစွာပြင်ဆင် ထားခြင်းဖြစ်သည်။ တိုက်ပွဲဝင်ကြမည့် သူရဲကောင်း များသည်လည်း သူ့ခေတ် နှင့်သူ ပြင်ဆင်ထားသည်။ ဂါမဏိသည် သူ၏တစ်ကိုယ် လုံးကို ရွှေနန်းကြိုးများဖြင့် ယက်လုပ်ထားသော ရွှေချပ်ဝတ်တန်ဆာကို ဝတ်ကာ လက်နက်များထည့်ထားသည့် ခြင်းတောင်းကို ကျောတွင်လွယ်၍ မြင်းစီးကာ ကွင်းလယ်ကို ထွက်လာသည်။ သမိန်ဗရမ်းကမူ ဂါမဏိကဲ့သို့ လေးလံသော ချပ်ဝတ်တန်ဆာ ကိုမဝတ်ပဲ ပေါ့ပါးသော ချပ်ဝတ်တန်ဆာကို ဝတ်ကာ ရွှေဖြင့်မွမ်းမံထားသော ခေါင်းပေါင်းအနီကို ပေါင်းထားသည်။ ရွှေဆွဲကြိုး ရွှေလက်ကောက် ရွှေလက်စွပ်များကိုလည်း ဆင်မြန်းထားသည်။ လက်သန်းတွင် နဝရတ်ကိုးပါးလက်စွပ် ကိုဝတ်ဆင်ထားသည်။ ကျောပြင်ထက်တွင် ဓားရှည်တစ်ချောင်းကိုသာ လွယ်ထားလေသည်။ သူ၏မြင်းကုန်းနှီးတွင်မူ သံကြိုးဖြင့် ယက်လုပ်ထားသော ခြင်းတောင်းတစ်လုံးပါသည်။ သမိန်ဗရမ်းသည် တစ်ဖက်သား၏ ပျော့ကွက်ကို ရှာပြီးမှ ပျော့ကွက်ကိုထိုးဖောက် တိုက်ခိုက်ရမည်ဟု ဉာဏ်ဖြင့် ချင့်ချိန်ထားသည်။ ထို့ကြောင့် သူရဲကောင်းများ တွေ့ဆုံကာ နှုတ်ဆက်ပြီးသည့်နောက် သမိန်ဗရမ်းက ချိုသာသော အသံဖြင့်ပြောဆိုသည်မှာ “ဂါမဏိ သင်နှင့် ကျူပ်တို့ ယနေ့တိုက်ကြမည့်ပွဲသည် တစ်ယောက်ယောက် အတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်နိုင်သည်။ စ၍တိုက်သည်နှင့် တိုက်ပွဲကလည်း အဆုံးသတ်သွားမည် ဖြစ်သည်။ ထိုသို့ဆိုသော် ကျူပ်တို့နှစ်ဦး မည်သို့မည်ပုံ တိုက်ခိုက်မည်ကို စောင့်ကြည့်နေသာ ပရိသတ်အဖို့ စိတ်မကျေနပ်စဖွယ် ဖြစ်လိမ့်မည်။ ထိုကြောင့် သင်ကလည်း သင်တို့၏ တေးသီချင်းကို ဆိုပြ၍ တေးနှင့်အတူကရသော ကကြိုးအတိုင်းကပြပါ။ ငါကလည်း သင်တို့ကကြိုးအတိုင်း လိုက်၍ကပါမည်။ ထို့နောက် ငါက သီချင်းဆိုက ငါတို့ကဟန် များကို ကပြမည်ဖြစ်သည်။ သင်ကလည်း ငါတို့ကဟန်အတိုင်း လိုက်၍က ပြပါဟု ပြောလေသည်။ ဂါမဏိကလည်း သဘောတူ၍ သီချင်းဆိုကာ မြင်းပေါ်တွင်ပင် ကပြလေသည်။ သမိန်ဗရမ်းကလည်း အားကျမခံ လိုက်၍ကလေသည်။ ထိုခေတ်က မြင်းကျောပေါ်တွင် စီးနင်းရင်း လက်နက်များကို ကစားကာကပြသော ဓလေ့ရှိခဲ့ကြသည်။ ထိုကြောင့် ဂါမဏိက မငြင်းမဆန် ကပြခြင်းဖြစ်သည်။ ဂါမဏိအလှည့် အပြီးတွင် သမိန်ဗရမ်းက မြင်းကျောပေါ်တွင် ကပြသည်။ သူ၏ကကွက်များကို ဂါမဏိက လိုက်လံအတုယူ ကပြနေသဖြင့် သူသိလိုသော ဂါမဏိ၏ပျော့ကွက်ကို သိရှိနိုင်ရန် လက်ကို မြှောက်ချည် ချချည် လုပ်၍လည်းကောင်း၊ ကင်းမြီးကောက် ထောင်၍လည်းကောင်း ကပြလေသည်။ ထိုနည်းအဖုံဖုံဖြင့် ကပြချိန်တွင် ဂါမဏိ၏ ချပ်ဝတ်တန်ဆာတွင် ချိုင်းအတွင်း၌ ချပ်ကြိုးပြတ်က အသားပေါ်နေသည်ကို သမိန်းဗရမ်းက မြင်လိုက်သည်။ သမိန်ဗရမ်းသည် ထိုသို့သော ရန်သူ၏ပျော့ကွက်ကို မြင်သည်တွင် ကကြိုးကို ရပ်လိုက်သည်။ ထို့နောက်တိုက်ပွဲ စလေသည်။ တိုက်ပွဲတွင် ဂါမဏိက မြင်းကို ဇက်ဖွင့်၍ လိုက်တိုင်း သမိန်ဗရမ်းက ပြေးသည်။ ထို့နောက်မြင်းကို ရုတ်တရက် လှည့်ကာ ဂါမဏိကို ပြန်လိုက်သည်။ ထိုသို့ပြေးလိုက်၊ လိုက်လိုက်နှင့် ဂါမဏိမောသွားသည့် အချိန်တွင်မှ သမိန်ဗရမ်းက ဂါမဏိအနီးသို့ ကပ်သွားသည်။ ဂါမဏိက လက်ကိုမြှောက်ကာ ဓားဖြင့် သမိန်ဗရမ်း၏ လည်ကိုပိုင်းမည် အပြုတွင် အမောလွန်နေသာ ဂါမဏိက လက်ကို လျင်မြန်စွာ မလှုပ်ရှားနိုင်တော့ချေ။ ထိုအချိန်တွင် သမိန်ဗရမ်းသည် ဂါမဏိ၏ ချပ်ကြိုးပြတ်နေသာ ချိုင်းကြားနေရာကို လှံဖြင့်ထိုးကာ ဂါမဏိ၏ ခန္ဓာကိုယ် မြင်းပေါ်မှမကျမီ သူ၏ဇက်ကို ဓားရှည်ဖြင့်ပိုင်း၍ ချွန်းဖြင့် ချိတ်ယူပြီး သံခြင်းထဲသို့ ထည့်လိုက်လေသည်။ သမိန်ဗရမ်းသည် ထိုသို့ ရန်သူ့ခေါင်းကို ရသည်တွင် ဘုရင်မင်းမြတ် စံတော်မူနေသည့် ပွဲကြည့်သဘင်သို့ ပြန်လာခဲ့သည်။ ထိုသို့ပြန်လာရာတွင် မြင်းကိုအသားကျ စီးကာ ပြန်လာခြင်းဖြစ်သည်။ သမိန်ဗရမ်းသည် ဘုရင်မင်းခေါင်၏ အစွမ်းကုန် ချီးမြှောက်ခြင်း ခံရသည်။ မွန်မူတွင် သမီးတော်နှင့်ပင်လက်ဆက်ပေးသည်ဟု လွန်လွန်ကျူးကျူးရေးသားထားသော်လည်း မြန်မာမူတွင် တူမတော်သူနှင့်ပေးစားသည်ဟုဆိုသည်။ သို့သော် မိမိတို့ဘုရင်အပေါ် သစ္စာစောင့်သိတတ်သော သူရဲကောင်း သမိန်ဗရမ်းကမူ သူ၏ဌာနီသို့ ရောက်အောင် ပြန်ခဲ့လေသည်။ ဘုရင်မင်းခေါင်ကလည်း မင်းခမ်းမင်းနားဖြင့် ပို့စေခဲ့သည်။ မွန်မူ ဘုရင်မင်းခေါင် အနေနှင့် ဤတရုတ်သူရဲ့ကောင်း ဂါမဏိကို နိုင်အောင်တိုက်နိုင်လျှင် မည်သူမဆို အိမ်ရှေ့ဥပမရာဇဓိရာဇ်ပေးမည်ဟု မောင်းကြေးနင်းခတ်ကြေညာစေခဲ့သည်။ သမိန်ဗရမ်းက တိုက်မည်ဆိုသောအခါ ရာဇဓိရာဇ်ပေးသော စည်းစိမ်နှင့်ညီမျှအောင်ငါပေးမည်ဟု ကတိကဝတ်ထားခဲ့သည်။ ဘုရင်မင်ခေါင်းက မိမိ၏သမီးတော် ရာဇဓိတာအားအပ်နှင်း၍ အိမ်ရှေ့ဥပရာဇအား ပေးတော်မူသည်။ သို့သော် သမိန်ဗရမ်းက ကျွန်နိုပ်သည် သည်အမှုတော်ကိုထမ်းဆောင်ခဲ့သည်မှာ (၁) သံခြေချင်းမှ လွတ်စေလိုခြင်း၊ (၂) ကျွနိုပ်၏ကျော်ကြားမှုကို အဆုံးတိုင်ကျော်ကြားစေလိုခြင်း၊ (၃) ကျွန်ုပ်အားကွပ်မျက်ခြင်း (သို့) ဟံသာဝတီသို့ပြန်ညလည်ပို့ဆောင်စေလိုခြင်းကြောင့် ဖြစ်သည်ဟုဆိုကာငြင်းပယ်ခဲ့သည်။ ဘုရင်မင်းခေါင်းကလဲ သမိန်ဗရမ်းသည် ထီးဖြူကိုတည်တံ့အောင် ပြုလုပ်ပေးခဲ့သူဖြစ်သော်ကြောင့် ကျေးဇူးရှိ၍ မကွပ်မျက်နိုင်။ တဖက်တွင်လည်း စစ်အတွင်းကာလဖြစ်၍ ရန်သူဘုရင် ဟံသာဝတီပြည့်ရှင်ထံပြန်မလွှတ်နိုင်သောကြောင့်အင်းဝတွင် အနေမြဲစေလို၏။ အဂ္ဂမလေသီ မိဖုရားကြီးနှင့်တိုင်ပင်၍ သမီးတော် ရာဇဓိတာအားမြင်လျှင် ပိတိသောမနုဿချင်ခြင်းအာရုံနှင့် ငြိတွယ်ပေမည်ဟု အကြံဉာဏ်ပေးသည်။ နောင်တနေ့မနက်တွင် ဘုရင်မင်းခေါင်းသည် သမိန်ဗရမ်းနှင့် နံနက်စာသုံးဆောင်နေစဉ် သမီးတော်အား ကွမ်းတည်ခိုင်း၏။ မင်းသမီးသည်လည်း တခါမျှ တပါးသောယောက်ျားတို့အား ကွမ်းမတည်စဖူး၊ မျက်နှာမပြစဖူးရှိလေရာ ရှက်သောစိတ်နှင့် တင်းတိမ်အကွယ်မှ မထွက်လာပေ။ ဘုရင်မင်းခေါင်းက ခေါ်သောအခါမှ ကွမ်းခွက်ကိုထုတ်လာ၏။ ရှက်အမ်းအမ်းနှင့် မျက်လွှာချကာ ခပ်ဝေးဝေးမှ သမိန်ဗရမ်းအားကြည့်သည်။ ထို့နောက် ရွှေကွမ်းခွက်ကို လာချပြီးသည်နှင့် ခပ်သုတ်သုတ်ပင် အတွင်းဆောင်သို့ပြန်ဝင်လေ၏။ သမိန်ဗရမ်းလည်း ရှုချင်ဖွယ်ကောင်းသော၊ ကျက်သရေမင်္ဂလာ ကောင်းခြည်းမင်္ဂလာအဖြာဖြာနှင့်ပြည်စုံသော မင်းသမီးကိုငေးကြည့်မိသည်မှာ ဝင်လာသည်မှာ ပြန်ထွက်သွားသည်ထိပင်။ ဘုရင်မင်းခေါင်းလဲသဘောကျကာ တဖန်ပြန်လည်မေးသောအခါ သမိန်းဗရမ်းအနေနှင့် ငါးအားပြန်လွှတ်တော့မည်မဟုတ်။ ငါ့အနေနှင့် ကုသိုလ်ကံရှိသော် ဟံသာဝတီသို့ပြန်ရပေမည်ဟုတွေးတောပြီး မိမိအနေနှင့် ဥပရာဇာကိုမခံယူသည်မှာ သားတော်ကြီးရှိ၍ဖြစ်ကြောင်း၊ မင်းကြီးအနေနှင့် ခြွင်းချက်နှစ်ခုကိုလိုက်နာပါက သမီးတော်နှင့်လက်ဆက်ကာ အမှုထမ်းမည်ဖြစ်ကြောင်းလျှောက်ထားသည်။ (၁) ဟံသာဝတီနှင့် အင်းဝစစ်ဖြစ်ပါက မည်သည်ဘက်ကမျှမကူပဲ ကြားနေအဖြစ်နေရန်၊ (၂) ကျွန်ဟူသော အသုံးကိုမသုံးရန်၊ ကျွန်ဟူသော အသုံးကို ကြားပါက ဟံသာဝတီသို့ ပြန်မည်ဖြစ်ကြောင်းကို တောင်းဆိုခဲ့သည်။ ဘုရင်မင်းခေါင်းက လက်ခံ၍ သမိန်ဗရမ်းအား အိမ်ရှေ့ဥပရာဇ ပေးအပ်ကာ သမီးတော်နှင့်လက်ဆက်စေ၏။ သုံးလလွန်သော် သမီးတော်တွင်ကိုယ်ဝန်ရှိလာ၍ ဆယ်လပြည့်သောအခါ သားယောက်ျားမွေးဖွားလေ၏။ ထိုမြေးကို ဘုရင်မင်းခေါင်က ချစ်တော်မှု၍ လမ်းလျှောက်သင်စအရွယ် တနှစ်သားမြေးကို ညီလာခံတွင် ရင်ခွင်ပိုက်၍ တိုင်းပြည်ရေးရာဆွေးနွေးတော်၏။ တနေ့သော ဘုရင်မင်းခေါင်၏ ဆံပင်ကိုဆွဲချ၍ ခက်ထန်သော သည်ကျွန်သားတော့ ကြာလျှင် မင်းရဲကျော်စွာဖြစ်ပေးအုံးမည်ဟု မိန့်လေ၏။ ထိုနေ့ညတွင် သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်လေ၏။ ဘုရင်မင်းခေါင်ကသိ၍ မြင်းတပ်နှင့်လိုက်စေသော် မြင်းတပ်ဗိုလ်မှူးအား ခါးကြားမှ ဘုရင်မင်းခေါင်အတွက် ရေးထားသော စာကိုပေးကာ မြင်းတပ်လဲပြန်လေ၏။ ဘုရင်မင်းခေါင်လဲ စာကိုဖတ်ကာ မိမိနှုတ်မှအမှတ်မထင် ထွက်သွားသောအမှားအတွက် လွန်စွာစိတ်ထိခိုက်လေ၏။ မနက်မိုးလင်းသော် သမီးတော် ရာဇဓိတာလဲ ခေါင်းအုံးအောက်မှ သူ့အတွက်ထားခဲ့သောစာကိုဖတ်၍ သည်းထန်စွာငိုသည်။ သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်ရောက်သော် ရာဇဓိရာဇ်ထံဖြစ်ကြောင်းကုန်စင်လျှောက်လေသော် ရာဇဓိရာဇ်လဲ သမိန်ဗရမ်းကို ဒုန်ဝန်ကိုစားစေ၏။ တနေ့သော် သမိန်ဗရမ်းသည် ဟံသာဝတီမှအပြန် လမ်းခရီးတွင် သရဲ၊ တစ္ဆေတို့ခြောက်လှန့်သော သူခိုးခေါင်းပြတ်သည်မှ ဒူးခေါင်းကိုကိုက်မိသော သွားသုံးချောင်းမှ အဆိပ်သက်ကာ သမိန်ဗရမ်း အနိစ္စရောက်၏။ စာကြွင်း။ ။ သမိန်ဗရမ်းနှင့် ရာဇဓိတာ တို့မှဖွားမြင်သော ရာမရာဇဝံသမင်းသည် သက္ကရာဇ် ၇၈၇ တွင် တွင်အင်းဝထီးနန်းကိုရသော်မူသည်ဟု မွန်မူတွင်ပြသသည်။ သမိန်ဗရမ်း သမိန်ဗရမ်း ဟူသည်မှာမွန်ဘုရင် ကချီးမြှင့်ထားသော ဘွဲ့အမည်ဖြစ်သည်။ သမိန်ဗရမ်း ဟူသောဘွဲ့ဖြင့် ရာဇဝင်တွင် ထင်ရှားသူနှစ်ဦး ရှိသည်။ တစ်ဦးမှာဟံသာဝတီပြည့်ရှင် ဘုရင်ရာဇာဓိရာဇ် လက်ထက်ပေါ်ပေါက်၍ကျန်တစ်ဦးမှာ ဘုရင်မကြီးရှင်စောပုနှင့် သမက်တော် ဓမ္မစေတီမင်းတို့လက်ထက် ပေါ်သော သူရဲကောင်းဖြစ်သည်။ ပထမသမိန်ဗရမ်းသည် ရာဇာဓိရာဇ်၏သမက်တော်ဖြစ်သည်။ လူမျိုးထက်တိုင်းပြည် ်ကိုပို၍ချစ်သောသူရဲကောင်းဖြစ်သဖြင့် ရာဇဝင်တွင် ကျော်ကြားသည်။ သမိန်ဗရမ်းသည်လက်ဖျံရိုးတစ်လုံးတည်းရှိ၍ အလွန်သန်စွမ်းပြီးလျှင်အတိုက်အခိုက်ကျင်လျင် ်သည်။ အမည်ရင်းမှာ ဥပါကောင်းဟုလည်းခေါ်သည်။ ထို့ကြောင့်ကဝိလက္ခဏာသတ်ပုံကျမ်း၌ဥပါကောင်းခံ၊ ရဲအား သံ၊လက်ဖျံရိုးမကွဲ'ဟု စပ်ဆိုထားခြင်းဖြစ်သည်။ သက္ကရာဇ် ရရ၃ ခုနှစ်တွင် မြန်မာဘုရင်မင်းခေါင်၏ သားတော်အိမ်ရှေ့မင်း မင်းရဲကျော်စွာသည်မွန်နိုင်ငံသို့ ကြည်းတပ်ရေတပ်အလုံးအရင်းနှင့်ချီ၍ လုပ်ကြံလေသည်။ ထိုနှစ်တပို့တွဲလတွင် ခဲပေါင်မြို့ကိုရလေသော် မွန်တပ် ်များသည်ပန်းကိုမြို့မှကြည်းရေနှစ်ဘက်ခံရာတွင် မင်းရဲကျော်စွာကလည်း ကြည်း ရေနှစ်ဘက်ညှပ်၍တိုက်သည်။ မွန်ဘုရင့်သမက်တော်သမိန်ဗရမ်း လှေနံကိုတစောင်းတိုက်မိ၏။ သမိန်ဗရမ်းလည်း လှေပေါ်မှမဆင်းဘဲထိုးပစ် ်၏။ နောက်မှ ကူမည့်သူမရှိသော်လည်းသမိန်ဗရမ်းသည်မပြေး၊ အသေခံ၍တိုက်၏။ လှေစီးများသည်အားလုံးသေချေ၏။ သရက် မြို့စားကပင်သမိန်ဗရမ်းအား'စစ်ပျက်ချေပြီ။ လူသူလည်းကုန်ခဲ့ချေပြီ။ သို့ကိုလည်းခံ၍တိုက် ်သေးသည်။ ရူးသလော' ဟုဆို၏။ ယင်းသို့သောအခါမှကြည်းက တပ်မပျက်သောကြောင့် သမိန်ဗရမ်းရေသို့ဆင်းကူး၍ကြည်း သို့တက်၏။ ဗကမတ်ဆင်ကိုစီး၍ သူရဲသုံးထောင်နှင့်တကွ တပ်ကထွက်၍ တောသို့သွား၏။ မင်းရဲကျော်စွာလည်းမြင်းနတ်ပေးကိုစီး၍ ဆင်မြင်းဗိုလ်ပါ နှင့်အပြင်းလိုက်တော်မူ၏။ မွန်အမှူးအမတ်များ စစ်ပျက်ချေ သောကြောင့် ကိုယ်လွတ်ခွာ၍ သွားကြသည်။ မြန်မာတို့လည်း တစ်ပါးသူနောက်သို့မလိုက်၊ဗကမတ်နှင့်သမိန်ဗရမ်းကိုသာ လိုက်သည်။ ဗကမတ်ဆင်မုန်ပြင်းလှသောကြောင့် မြန်မာတို ို့မချဉ်းဝံ့။ မြင်းသည်တို့သာဝန်းရံဆီးဆို့၍ ထိုးပစ်ကြသည်။ သမိန်ဗရမ်းတွင်လှံကုန်လျှင်ဗကမတ်ဦးစီးငပျံကိုမြင်းသည်တို့ လှံနှင့်ထိုးမိ၍ကျချေသည်။ နောက်ပဲ့ချိတ်ငယ်လည်း ဆင်း၍ပြေးချေသည်။ သမိန်ဗရမ်းနှင့်အတူပါသည့်သူရဲသုံးရာကျော်တို့လည်း မြင်းသည်တို့လက်တွင်သေချေ၏။ ဗကမတ်ဆင်မူ ကားအင်းတွင်ဆင်း၍မတက်နိုင်ရှိသည်ကို မင်းရဲကျော်စွာမြင်၍ သူရဲတို့ဝန်းရံထိုးပစ်သည်ကို မသေစေနှင့်ဟုဟစ်၍ဆို၏။ သမိန်ဗရမ်းကို ဗကမတ်နှင့်တကွရလေသည်။ သမိန်ဗရမ်းအားဖမ်းဆီး၍ အင်းဝမြို့သို့ခေါ်ဆောင်သွားကြသည်။ သူရဲကောင်းကိုချစ်မြတ်နိုးတတ်သောဘုရင်မင်းခေါင်သည် သမိန်ဗရမ်းကမိမိ်၏သစ္စာတော်ကိုခံယူကာမိမိ၏ လက်အောက်၌အမှုထမ်းမည်ဆိုလျှင် ကြီးစွာ သောချီးမြှောက်ခြင်းဖြင့် သူကောင်းပြုထားလို၏။ သို့ရာတွင်သူရဲကောင်းတို့မည်သည် အလွယ်တကူသစ္စာခံရိုးမ ရှိသည့်အတိုင်းသုံ့ပန်းအဖြစ်ထောင်သွင်းထားရလေသည်။ ထိုအခိုက် ရှေးအထက်ကမြေဒူးမြို့ကို လာရောက်ထိပါး သဖြင့်မင်းရဲကျော်စွာတိ်ုက်၍ရှုံးကာထွက်ပြေးရသောမော်တုံ မော်ကယ်စားတို့သည် တရုတ်မင်း ဥတည်ဘွားထံသို့ သွား၍တိုင်ကြားသဖြင့်ဥတည်ဘွားသည်မစူးစမ်းမဆင်ခြင် ်ဘဲဲစစ်သည်ရဲမက်တို့ကိုစေလွှတ်ကာ အင်းဝနေပြည်တော် ကိုဝန်းရံစေသည်။ အင်းဝဘုရင်မင်းခေါင်လည်း အင်းဝမြို့တော်ပတ်ဝန်းကျင်ကို အခိုင်အလုံစီီရင်ပြီးနောက် ထွက်မတိုက်ဘဲမြို့တံခါး ကိုသာပိတ်၍ ခံနေလေသည်။ တစ်လခန့် ကြာသော် ဥတည်ဘွား၏စစ်သည်တို့တွင် စားရေရိက္ခာ နည်းပါး လာလေသည်။ ထိုအခါဥတည်ဘွား၏စစ်သူကြီးက မြန်မာမင်းထံ'ရွှေနန်းသခင်ထံမှသူရဲကောင်းတစ်ဦးထွက်ပါစေ၊ ကျွန်တော်တို့၏သူရဲကောင်း ကာမဏိက မြင်းစီးချင်း တိုက်ပါမည်။ ရွှေနန်းသခင်၏သူရဲကောင်းရှုံးလျှင် မော်တုံမော်ကယ်စားတို့၏သားမယားကိုပြန်ပေးပါ။ ကျွန်တော် တို့၏သူရဲကောင်း ရှုံးလျှင်ကျွန်တော်တို့ပြန်ပါမည်' ဟုစကားဆိုလာလေသည်။ ဆိုလာသောစကားသည် အရေးပင်သင့် သော်လည်း ဘုရင်မင်းခေါင်အဖို့အခက် ်တွေ့နေသည်။ ဆင်စီးမြင်းစီးသူရဲကောင်းတို့သည် သားတော်မင်းရဲကျော်စွာ နှင့်မွန်တို့ပြည်မှာချည်း ရှိလေသောကြောင့်တရုပ်သူရဲကောင်းနှင့် ထွက် ်တိုက်မည့်သူမရှိဖြစ်နေလေသည်။ ထိုအခါ အမတ်တစ်ဦးကအင်းဝတွင် စစ်သုံ့ပန်းအဖြစ်ရောက်နေသော မွန်သူရဲကောင်း သမိန်ဗရမ်းရှိသည်မဟုတ်လော၊ သမိန် ဗရမ်းကိုစုံစမ်းသော်သင့်၏ဟုလျှောက်ရာ သမိန်ဗရမ်းကိုစုံ ုံစမ်းလေသည်။ မြန်မာမင်း၏ စစ်သုံ့ပန်းဖြစ်နေသော သမိန်ဗရမ်းသည် ငါကားမွန်၊ ယခုအရေးကား ဗမာအရေးဟူ၍သဘောမထား ဘဲတစ်တိုင်းပြည်လုံး၏ အရေးအဖြစ်မြင်သည်။ ယင်းသို့သော အမြင်မှန်ကြောင့် ရွှေနန်းသခင်၊ ဓားတစ်စင်း၊ လွှားတစ်ချပ်၊ဆင်စီးချင်း၊ မြင်းစီးချင်း၊ တစ်ယောက် ချင်းတွေ့သောဇဗ္ဗူဒိပ်မြေအပြင်ဝယ် ကျွန်တော့်ကို ခံနိုင်မည်လော၊ ကြောက်သည်မရှိဟုဆိုရာ၊ ဘုရင်မင်းခေါင်သည်အားရတော်မူ၍သမိန်ဗရမ်းကို ခေါင်းဆေးစေ၏။ စားကောင်းသောက်ဖွယ်တို့ကို ကျွေးမွေးစေ၏။ ဥတည်ဘွား၏သူရဲကောင်းကာ မဏိကိုငါ့သားမြင်းစီးချင်းနိုင်လျှင်ငါသူကောင်းပြု တော်မူမည်ဟုလည်းမိန့်တော်မူလေသည်။ သမိန်ဗရမ်းလည်းဝန်ခံ၍ အင်းဝတွင်ရှိသမျှမြင်းတို့ကို ကြည့်ရာမကြိုက်သဖြင့်လိုက်ရှာလျှင်ကျုံးနားတွင် အစာစားနေသောမကျည်းစေ့ရောင်တစီးကိုမြင် ်မှကြိုက်၍ယူပြီးလျှင်အကျိုးအကြောင်းသိအောင် ခုနစ်ရက်စီးနင်းပြီ်းသော်ယောက်ျားကောင်းချင်း တွေ့စေမည်ဟုစေလေ၏။ တရုတ်သူရဲကောင်းကာမဏိသည် မြင်းနီကြီးကိုရွှေက ထိုး၍ရွှေကုန်းနှီးတင်၍စီးသည်။ သံချပ်ဝတ်သည်။ မျက်နှာမည်းဓားကို ပတ္တမြားအပြည့်စီ၍ဆွဲွဲသည်။ ရွှေလှံအောင်းခုနစ်ဆင့်နှင့်ကိုင်သည်။ နတ်မြင်းသည် နှင့်အတူတင့်တယ်၏။ ဘုရင်မင်းခေါင်ကလည်း သမိန်ဗရမ်း စီးမည့်မြင်းတွင်မိ်မိကိုယ်တိုင်သုံးသည့်ပတ္တမြားကုန်းနှီးကို ဆင်ယင်စေ၍လက်သုံးတော်ပတ္တမြားစီဓားကို ိုလည်းပေးအပ်တော်မူပြီးလျှင်'ငါ့သားသည်တစ်ခါ ငါ၏အမှုတော်ကိုကြိုး၍ထမ်း ပါ'ဟုဆိုကာကျောကိုသပ်၍ အားပေးတော်မူသည်။ သမိန်ဗရမ်းကလည်း'နိုင်ပါစေမည်၊ ကျွန်ု်ပ်ထိုး၍ကျလျှင်ခေါင်းကိုချွန်းနှင့်ချိတ်ငင်ဖြတ်ယူ ူပြီးသော်ခြင်းတွင်ထည့်ယူလာပါမည်။ ချိတ်စရာချွန်း နှင့်ထည့်စရာခြင်းကိုပေးတော်မူပါ' ဟု လျှောက်၏။ ကြားရသူအချို့က 'ယုန်မရခင် သံပရာရှာသည်'ဟု ပြက်ရယ်ပြုကြသည်ဆိုသည်။ အခါရောက်သော် သမိန်ဗရမ်းသည် ရှေးဦ်းစွာမိ်မိကိုယ် ကိုချုံ့၍ မြင်းကိုလျင်နိုင်သမျှလျင်စွာစီးပြသည်။ ကာမဏိလည်းတု၍စီး၏။ ထိုနောက်သမိ်န်ဗရမ်းသည် မြင်းပေါ်၌မတ်ရပ်ထ၍စီးပြပြန်သည်။ ကာမဏိလည်းတု၍စီးပြန် ်၏။ ထိုနောက်သမိန်ဗရမ်းသည် လက်နှစ်ဘက်ဆန့်၍ စီးပြပြန်သည်။ ကာမဏိလည်းတု၍စီးပြန်သည်။ ကာမဏိထိုသို့စီး သောအခါကာမဏိလက် ်အောက်၌ချပ်ကြိုးပြတ်၍ နံစပ်အသားလက်လေးသစ်ခန့် လပ်နေသည်ကို သမိန်ဗရမ်းမြင်လေသည်။ ထိုအခါမြင်းရေး ကိုကားပြပြီးကြပေပြီ။ ထိုးကြအံ့ဟုဆိုလေသည်။ သမိန်ဗရမ်းသည်လှံကိုနောက်ထား၍ လက်တစ်ဘက်ကို ဆန့်၍စီးလေသည်။ ကာမဏိလည်းလက်ကိုဆန့်၍ လိုက်လေ၏။ မိမိ၏အနီးသို့ကာမဏိ၏မြင်းရောက်လာသည်ကို သိသောအခါသမိန်ဗရမ်းသည်မိမိ၏မြင်းကိုလက် ယာဘက်သို့ရုတ်တရက်လှည့်လိုက်၏။ ထိုအခါကာမဏိ ိသည်သမိန်ဗရမ်းကိုခုတ်အံ့ဟုဓားကိုမြှောက်လိုက်ရာ သမိန် ဗရမ်း သည်ကာမဏိ၏ချပ်ကြိုးပြတ်နေသည့်နေရာ၌ နံစပ်အသားလက်လေးသစ်ခန့် လပ်သည်ကိုလှံဖြင့် တအားထိုးလိုက်ရာ လက်ဝဲကသည်လက်ယာသို့ပေါက်၍ ကာမဏိမြင်းပေါ်မှကျလေသည်။ သမိန်ဗရမ်းလည်းအကောင်ကို ချွန်းနှင့်ချိတ်ယူ ကာ ခေါင်းကိုဖြတ်၍ခြင်းတွင်ထည့်ယူခဲ့၏။ ဘုရင်မင်းခေါင်လည်း အလွန်အားရတော်မူကာသမိန်ဗရမ်းအား တူမတော်နှင့် စုလျားရစ်ပတ်လက်ထပ်ပေး၍မင်းညီမင်းသားတို့၏ အဆောင်အယောင်ကိုပေးတော်မူ၏။ ဆုလာဘ် များစွာလည်းပေး တော်မူ၏။ လယ်ကိုင်းမြို့ကိုလည်းပေးတော်မူသည်။ မင်းကသာမက ပြည်သူအပေါင်း တို့ကလည်း ဝမ်းမြောက်လှသဖြင့် ဆုလာဘ်များစွာပေးကြလေသည်။ ဥတည်ဘွား၏ စစ်သည်တို့လည်းအထက်ကတိစကားအတိုင်း ပြန်ကြရလေသည်။ဤကားရာဇဝင်၌ ထင်ရှားသည့် ပထမသမိန်ဗရမ်းအကြောင်းတည်း။ အခြားထင်ရှားသော သမိန်ဗရမ်းတစ်ဦးကားအင်းဝဘုရင် မဟာသီရိသူရနှင့် မွန်ဘုရင်မကြီးရှင်စောပုသမက်တော် ဓမ္မစေတီတို့လက်ထက် ပေါ်ပေါက်ခဲ့ သည်။ ပထမသမိန်ဗရမ်းနည်းတူပင် တရုတ်သူရဲကောင်းအမတ်စလုံကျော်ခေါင်နှင့်စီးချင်းယှဉ်၍ တိုက်ရသူဖြစ်သည်။ သမိန်ဗရမ်းနှစ်ဦးတိုက်ပွဲမှာ ၆၃ နှစ်ခြားသည်။ ပထမသမိန်ဗရမ်းသည်ရရ၆ ခုနှစ်တွင်စီးချင်းယှဉ်တိုက်ကာ အောင်ပွဲရ၍ဒုတိယသမိန်ဗရမ်းသည်၈၃၉ခုနှစ် ်တွင် စီးချင်းယှဉ်၍အောင်ပွဲရသည်။ ဒုတိယသမိန်ဗရမ်းကား နရက်(နရွဲ) အရပ်အနီးမာလာရွာနှင့်မောညပ်နှစ်ရွာကို အုပ်ချုပ်သောသူကြီးလောက်ကပိုက်၏သားဖြစ်၍ ငယ်မည်မင်းညီတုံးဖြစ်သည်။ လက်ဖျံတစ်လုံးတည်းရှိ၍အ လွန်သန်မာသည်။ ဓားခုတ်၊ လှံထိုး၊လေးပစ်၊ မြင်းစီး၊ နပန်းလုံး၊ သိုင်းစသောအတတ်တို့တွင်အလွန်ကျွမ်းကျင်၏။ အုန်းသီးကိုလူ၏ဦးခေါင်းထက်တင်၍ခွဲခုတ်ချလိုက်လျှင် အုန်းသီးထက်ခြမ်းကွဲပြတ်ကျ၏။ အသားကိုဓားမထိ ိပေ။ လူ၏ဦးခေါင်းကို ဓားနှင့်လျှပ်၍ခုတ် လိုက်လျှင် ကတ်ကျေးနှင့် ညီညီညာညာကိုက်သကဲ့သို့ ဆံပင်တို့ပြတ်ကျ၏။ အသားကိုမထိလေ။ ယင်းသို့သော အရည် အသွေးတို့ကြောင့် ဘုရင်မကြီးရှင်စောပု သဘောကျ၍ စက္ကဝါဒေဟူသောဘွဲ့နှင့်လဂွန်းဘိုင်မြို့ကိုသနား တော်မူခြင်းဖြစ်သည်။ နောက်နှစ်လခန့်အကြာတွင်'ဗရမ်း' ဟူသောဘွဲ့နှင့် ကျပ်ပေါမြို့ကိုပေးတော်မူသည်။ အထူးကားမင်းညီတုံးသည် အားနည်းသူတို့ကို အမြဲညှာတာကာကူညချီးမြှောက်တတ်၏။ သို့ရာတွင်အား ကောင်းသူဖြစ်ရကားကျား•မကြီးငယ်မဟူရန်ဖြစ်နေသည် ကိုတွေ့သော် နှစ်ဦးလုံးကိုကျုံး၍ရိုက်ပစ်တတ်၏။ အယုတ် သဖြင့်ခွေးချင်းကိုက်နေသည်ကိုပင် နှစ်ကောင်လုံးကို ရိုက်၍ဖျဉ်တတ်၏။ ထို့ကြောင့်လည်း မင်းညီတုံးရွာထဲသို့လျှောက်လာလျှင် မီးကိုရေနှင့်သတ်သကဲ့သို့ အလွန်ငြိမ်ဆိမ်နေတတ်ကြ၏။ တစ်ခါသော် ကုလားတို့သည် သင်္ဘော ခုနစ်စင်းနှင့် တိဂုံမြို့သို့ရောက်လာကြ၏။ မွန်ပြည်သည် ဝပြောသည်။ မင်းဘုန်းကြီးသည်။ သူရဲကောင်းပေါသည်ကြား၍ လာသည်။ သူရဲကောင်းချင်း တိုက်လိုသည်။ ကျွန်တော် ်တို့ရှုံးလျှင်ကုန်အပြည့်နှင့် သင်္ဘောခုနစ်စင်းကို သိမ်းတော်မူပါ။ ကျွန်တော်တို့နိုင်လျှင် သင်္ဘောနှင့်ကုန်တန်ဖိုးကို ပေးတော်မူပါဟုလျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ဗရမ်းသည်ဘုရင်မကြီးထံ တိုက်ခွင့်တောင်း၏။ ရလျှင်ဝတ်စားဆင်ယင်ဓား လွှားကာစွဲ၍ထွက်လာ၏။ ကုလားတို့ကလည်း ဝက်ဝံကိုသံကြိုးနှင့်ယူလာသည်ကို မင်းစစ်သူကြီး စသည်တို့မြင်ကြလေ သော်လူချင်းသာတိုက်ရမည်၊ တိရစ္ဆာန်နှင့်မည်သို့ တိုက်မည်နည်းဟု ဆီးတားဟန့်ဆိုကြသည်။ ဗရမ်းကမူတိရစ္ဆာန်ပင် ဖြစ်စေကျွန်တော်တိုက်ပါမည်ဟု လျှောက်၍ထွက်၏။ ကုလားတို့ကလည်း သူတို့သူရဲမှာ လက်နက်မပါသဖြင့် ဗရမ်းလည်းလက်နက်စွဲကိုင်ခြင်း မပြုရန်တောင်းဆိုပြန်သဖြင့် ဗရမ်းလည်းလက်နက်ကို ပစ်ချ၍ဝင်လေ၏။ အနီးသို့ချဉ်းကပ်လာ သော ဝက်ဝံအားလက်ကို လှမ်းပေးလိုက်၏။ ဝက်ဝံကား ပါးစပ်ဟ၍ကိုက်မည်အလုပ် လက်ယာလက်ဖြင့် အောက်မေးစေ့ ကိုဆွဲငင်လွှဲပစ်လိုက်သည်။ ဝက်ဝံအလဲတွင်ရင်ပတ်ကြားကိုခြေနှင့်တအား ကျောက်ကန်လိုက်ရာ ဝက်ဝံသေလေသည်။ ထိုအခါ ကုလားတို့လည်း ကတိအတိုင်း သင်္ဘောနှင့်ကုန် ်များကိုမွန်တို့အားပေးခဲ့ရသည်။ ထို့ကြောင့်ကဝိလက္ခဏာသတ်ပုံကျမ်း၌ 'လက်ဖျံတစ်လုံး၊' မင်းညီတုံး၊ရှုံးလေလူဝံကျွန်း'။'သမိန်ဗရမ်း၊စစ်မှုထမ်း၊ မီးယမ်းမကူးနိုင်'ဟုစပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဘုရင်မရှင်စောပုနောက် သမက်တော် ဓမ္မစေတီ နန်းတက်သောအခါ ဗရမ်းအားရှေး ပထမသမိန်ဗရမ်းနှင့် ့အလားတူစွာ စွမ်းရည်ထက်မြက်သဖြင့် သမိန်ဟူသော ဘွဲ့ကိုထိုး၍ သမိန်ဟူသောဘွဲ့တွင်စေကာစစ်တောင်းမြို့ကိုပေး၍ ခြီးမြှင့်၏။ ထို့ပြင်မင်းဆွေမင်းမျိုးဖြစ်သောအမတ်ကြီး ဗညားလော၏သမီးလေးယောက်အနက် တတိယသမီး စောနှင်းညိုနှင့်ဆောင်နှင်းလေသည်။ တစ်ခါသော်သမိန်ဗရမ်းသည် တရုတ်ပြည်စပ် ခန္တီးမြို့ မြေခြား၌သံတိုင်သွားရောက်စိုက်လိုကြောင်း ဓမ္မစေတီမင်း ထံခွင့်တောင်းလေသည်။ ဘုရင်၏အခွင့်ရလေလျှင ်အရပ်ခုနစ်တောင်ရှိဆင်တော် (ချစ်နောင်ရင်း) ကိုစီး၍ ၈၃၉ ခုတွင်ခန္တီးမြို့သို့ချီတက်လေသည်။ သမိန်ဗရမ်းခန္တီးမြို့ မှအပြန်တွင်အင်းဝဘုရင်မဟာသီဟသူရက ရမည်းသင်းမှဆီး၍ ဖမ်းလေ၏။ သမိန်ဗရမ်းလည်းမခံနိုင်၍ ဆင်တော်နှင့်ပြေးရာ အင်းတစ်ခုအလယ်သို့ဆင်း၍ဆင်တော်ပင်ပန်းသည်နှင့် ရေစိမ်နေလေသည်။ မြန်မာမင်းကား သူရဲကောင်းဖြစ်၍မပစ်မခတ် ်ဘဲ လှေဖြင့်လွှတ်၍ဆောင်ခဲ့စေ၏။ မြို့တွင်းသို့မူ သံလျှင်းဖြင့်ဝင်လေသည်။ တရုတ်တို့လည်း နယ်ခြားသံတိုင် စိုက်ကြောင်းကြားသဖြင့် လာရောက်နှုတ် ်ပစ်သည့်အပြင် မြန်မာတို့စိုက်သည်ထင်မှား၍ အင်းဝသို့လာရောက် ပဏ္ဏာတောင်းလေသည်။ မရမှစီးချင်းတိုက်ရန်စကားဆို၍ မြန်မာဘက်မှ သုံ့ပန်းသမိန်ဗရမ်း၊နှင့်တရုတ်ဘက်မှ တရုတ်သူရဲကောင်း စလုံကျော်ခေါင်တို့ တိုက်ကြရ၏။ တရုတ်သူရဲ ဲကောင်းကျလေသည်။ အင်းဝဘုရင်လည်းအလွန် ဝမ်းမြောက်အားရတော်မူသဖြင့်အင်းဝတွင်နေလိုက ဓမ္မစေတီမင်းက ခြီးမြှောက် သည်နှင့်အမျှငါချီးမြှောက် ်တော်မူမည်။ ဟံသာဝတီသို့ပြန်လိုက ပို့ပေးမည်ဟုမိန့်တော်မူ၏။ သမိန်ဗရမ်းကလည်း မိမိ ရပ်ဌာန်သားမယားများရှိရာ ပြန်လိုကြောင်းလျှောက်သည်နှင့် အဝတ်အစားရတနာရွှေငွေ၊ ဆုလာဘ်များစွာပေးကာ လှော်ကားလက်ပြည့်နှင့်ဟံသာဝတ ီအရောက်ကောင်းစွာ ပို့တော်မူသည်။ သမိန်ဗရမ်းသည် လက်ရုံးရည်သာမဟုတ် နှလုံးရည်လည်း ကောင်းသည်။ တစ်ခါသော်ဓမ္မစေတီမင်းသည် သမိန်ဗရမ်းအားမင်းတမန်အဖြစ်ဖြင့် သီီဟိုဠ်မင်းသို့စေလိုက်၏။ သီဟိ်ုဠ်မင်းကသိင်္ဂုတ္တရကုန်း၌ ဘုရာလေးဆူ၏ ဓာတ်တော်ဆံတော်များတည်နေပုံကိုမေးရာ သမိန်ဗရမ်းသည ်စေ့စေ့စပ်စပ်တိတိ ကျကျဖြေဆိုနိုင်လေသည်။ ထိုနောက် သီဟိုဠ်မင်းကဓမ္မစေတီမင်း၏ အလုံးအရပ်အရောင် အဆင်းအနေအထိုင်အသွား အလာအကြည့်အရှုတို့ကို ိုမေးရာ သမိန်ဗရမ်းကဤတွင်တူသူမရှိ၍မပြနိုင်ပါ' ဟုဆိုလေသည်။ သီဟိုဠ်မင်းက'ငါ့ဘိုးတော် ကဲ့သို့လော'ဟု မေး၏။ ဘိုးတော်မြင့်လွန်းပါသည်ငါ့နောင်တော်ကဲ့သို့လော နိမ့်လွန်းပါသည်ငါ့ဦးရီးတော်ကဲ့သို့လော' 'ဦးရီးတော်ဝလွန်းပါသည်ငါ့ဘထွေးတော်ကဲ့သို့လောဘထွေးတော်ကြုံလွန်းပါသည်ငါ့အမတ်လေးပါးကဲ့သို့လော တစ်ယောက်ကားကြီးသည်။ တစ်ယောက်ကားခွင်သည်။ တစ်ယောက်ကားကုန်းသည်။ တစ်ယောက်ကားငုံ့လျှိုးပါသည ်ဤသို့ဖြစ်လျှင်ငါနှင့်တူသလောယခုထိုင်နေတော်မူ၍ မလျှောက်သာပါ၊ ရပ်၍ပြတော်မူပါ'ထိုအခါသီဟိုဠ်မင်း ရပ်၍ပြသည်။ အရှင်မင်းကြီး၊ အရှင်မင်းကြီး၏အဆင်းအသွင်တော်သည် လပြည့်ဝန်းကဲ့သို့ရှိသည်။ အဆွေတော်ဟံသာဝတီမင်းမှာ ဆန်းသစ်သောလကဲ့သို့ရှိသည်။ ထို့ပြင်အရှင်မင်းကြီးကား နေမင်းကဲ့သို့အဆွေတော်ကား လမင်းကဲ့သို့ ရှိသည်ဟု' လျှောက်ကြားလေသည်။ သီဟိုဠ်မင်းက သူ့အား လပြည့်ဝန်းနေမင်းတို့နှင့်နှိုင်း၍လျှောက်သဖြင့်ဝမ်းမြောက် တော်မူကာဆုလာဘ်များစွာ ပေးတော်မူသည်။ သို့ရာတွင်လပြည့်ဝန်းဟူသည်မှာ ပြည့်ဖြိုး ၍တင့်တယ်သော် လည်းရှေ့သို့တိုးတတ်ရန် မရှိတော့ပြီ။ တဖြည်းဖြည်းသာ ဆုတ်ရလေတော့မည်။ ဆန်းသစ်သောလ ဟူသည်မှာ တစ်နေ့တစ်ခြား ပြည့်ဖြိုးတင့်တယ်ဖို့သာရှိသည် ဟူသောအဓိပ္ပာယ်ဖြင့် နှိုင်းခိုင်းခြင်းဖြစ်သဖြင့်မိမိဘုရင်အားလည်း ခြီးမြှင့်ပြောရာရောက်လေသည်။ နေမင်းသည်အခြံ အရံမရှိ။ လမင်းသည်ကြယ်တာရာအပေါင်းဖြင့်တင့်တယ်သဖြင့် မိ်မိဘုရင်အား ပညာရှိမှူးမတ် အခြံအရံ ပြည့်စုံတင့် တယ်သည်ဟူသော အဓိပ္ပာယ်ဖြင့်လျှောက်ထားခြင်း လည်းဖြစ်သည်။ သီဟိုဠ်မင်းကလည်း နေမင်းနှင့်အ နှိုင်းခံရ၍အားရတော် မူသည်။ ဤသို့လျှင် နှုတ်ရည်၌လိမ်မာပါးနပ်သော မင်းတမန် သမိန်ဗရမ်းကြောင့် နှစ်ပြည်ထောင်ချစ်ကြည်လေးစားမှုပိုမို ခိုင်မြဲလာလေသည်။ အဘက်ဘက်၌အစွမ်းထက်သော သူရဲကောင်းကြီးသမိန်ဗရမ်းသည် တစ်ခါသော် မိမိစားရ သည့်စစ်တောင်းမြို့သို့အပြန်လမ်း၌ နာမည်ကြီးသူခိုးကြီးမောင်မဲ အားဖမ်း၍ တံကျင်လျှိူကာသတ်ထားလေသည်။ နောက်တစ်နေ့တစ်ဖန်ဟံသာဝတီမှ စစ်တောင်းအပြန် သူခိုးကြီးအားသတ်ထားသောအနီးမှ ဖြတ်အသွားသူ ကောင်က 'ဟဲ့လူ ပြန်ခဲ့ဦး' ဟု ခေါ်သဖြင့် ဒေါသဖြစ်ဖြစ်နှင့် ခေါင်းကို ဓားနှင့်ဖြတ်ကာ မြင်းနံဘေးတွင် ဆွဲချိတ်လျက် မြင်းကိုစိုင်းခဲ့လေသည်။ လမ်းတွင် ထိုလူသေခေါင်းက သမိန်ဗရမ်း၏တင်ပါး ကိုတစပ်စပ်ဟတ်၍လိုက်၏။ အိမ်ရောက်မှခေါင်းကိုခွဲ ပစ်သော်လည်း သွားတို့ကား မကျွတ်ဘဲ ရှိနေသဖြင့် အနာအားကြီးလေရကား သမိန်ဗရမ်း အနိစ္စရောက်ရလေသည်။ ဓမ္မစေတီမင်းလည်း အလွန်နှမြောရှာ၏။ သမိန်ဗရမ်းကို ကြီးကျယ်ကောင်းမွန်စွာ သဂြိုဟ်ပြီးနောက် ကျန်ရစ်သ ူဇနီးစောနှင်းညိုအား ရေပွက် ဟူသောအရပ်နှင့်တကွ စားကျေးမြို့ရွာကိုလည်းကောင်း၊သားမင်းရဲကျော်စော အားအဖစားရသော စစ်တောင်းနှင့်ဗရမ်းအရာကိုလည်း ကောင်းပေးတော်မူလေသည်။ မှူးကြီးမတ်ကြီး မင်းညီမင်းသားသူဌေးသူကြွယ်တို့လည်း သမိန်ဗရမ်း၏ ဂုဏ်ကျေးဇူးကို သိမြင်စွာ သမိန်ဗရမ်းအတွက် လှူဒါန်းရန်ဟု ပစ္စည်းဥစ္စာစုဆောင်းကြ၍ ရသော ပုဆိုးတစ်ထောင်နှင့် ့ရွှေလေးပိဿာကို မင်းအားဆက်ကြ၏။ ဓမ္မစေတီမင်းလည်း အလွန်ဝမ်းမြောက်လျက်ပုဆိုးတို့ကို သံဃာတို့အားလှူ၏။ ရွှေနှစ်ပိဿာကို မြို့အနောက်၌ ဇရပ်တစ်ဆောင် ်ဆောက်၏။ ကျန်နှစ်ပိဿာကို ယခုဘုရားကလေး ဟုခေါ်သောရွာ၌ သိမ်သမုတ်၏။ ကိုးကား ရတ်မွန် ဘလော့ဂ် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- ဒေါက်တာ နိုင်ပန်းလှ မွန်လူမျိုးများ မြန်မာ သူရဲကောင်းများ မဂဒူး မင်းဆက်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%AD%E1%80%94%E1%80%BA%E1%80%97%E1%80%9B%E1%80%99%E1%80%BA%E1%80%B8
ရွှေကိုင်းသား
ရွှေကိုင်းသား(ဆရာတော် ရွှေကိုင်းသား)ကို ၁၉၁၂ - ခုနှစ်၊ ဇန်နဝါရီလ(၅)၊ သောကြာနေ့တွင်-စစ်ကိုင်းမြို့ တကောင်းရပ်၌ ခမည်းတော် မြန်မာဆေးဆရာကြီး ဦးအုံ၊ မယ်တော်ဒေါ်မြတို့က ဖွားသန့်စင်သည်။ မွေးချင်း(၆)ယောက်တွင်၊ စတုတ္ထမြောက်သားဖြစ်၍ လူအမည် မောင်ထွန်းလှိုင်၊ ရဟန်းဘွဲ့-ဦးသောဘိတဖြစ်သည်။ စစ်ကိုင်းရပ် ဆရာကြီး ဦးဘိုးလူ အလယ်တန်းကျောင်းတွင်(၃)တန်းအထိ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းတွင် ရွှေတောဦးမော် အထက်တန်းကျောင်းသို့ ပြောင်းခဲ့သည်။ ထို့နောက် ရန်နိုင်ရပ် ဦးတိုးကျောင်းသို့ပြောင်းသည်။ ၁၉၂၈ - အသက်(၁၆)နှစ်အရွယ်တွင် ဦးတိုးကျောင်းမှ တိုင်းရင်းမြန်မာဘာသာ သတ္တမတန်းအောင်မြင်ခဲ့။ ထို့နောက် စစ်ကိုင်းမြို့၊ ချင်းစုရပ်ဆရာကြီးဦးဘသန်းထံတွင် ပန်းချီနှင့်ဓာတ်ပုံပညာကိုသင်ယူသည်။ ပန်းချီ၊ ကာတွန်းများ ရေးဆွဲသော ကလောင်အမည် “ထွန်းလှနိုင်” ဖြစ်သည်။ မောင်ထွန်းလှိုင်၏ အဘိုးမှာ မြန်မာပန်းချီဆရာ၊ ပန်းပုဆရာ တစ်ယောက်ဖြစ်၍ ဖခင်မှာလည်း ပန်းပု ဝါသနာပါခဲ့သည်။ ငယ်စဉ်ကပင် ပန်းချီဝါသနာပါသဖြင့် အားလပ်ရက်များ၌ ကလေးသူငယ်ချင်းများနှင့် စစ်ကိုင်းတောင်ရိုးရှိ ရှေးဟောင်းဘုရားများ ပေါများရာ သစ္စာစေတီတောင်ကုန်းသို့ သွားရောက်ကာ ခြင်္သေ့ရုပ်များကို ကြည့်၍ ပုံတူဆွဲခြင်း၊ ဘုရားတွင်း ဂူလိုဏ်အတွင်းရှိ ပန်းချီကားများကို ကူး၍ ဆွဲခြင်းများဖြင့် အချိန်ကုန်လွန်ခဲ့သည်။ ဆေးအတတ်၊ ဗေဒင်နှင့် နက္ခတ်ကြည့်နည်းကိုလည်း ဆရာကြီး ဦးဘသန်းထံမှ သင်ယူခဲ့သေးသည်။ ၁၉၃၀ - ပျဉ်းမနားမြို့၊ နော်မန်ကျောင်းမှ မူလတန်းဆရာအဖြစ်သင်တန်းကို အေအဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၃၁ - ကျောင်းဆရာမလုပ်ဘဲ ဧပြီလမှစ၍ မန္တလေးမြို့ကမ္ဗည်းကျောက်စာရုံး(ယခုရှေးဟောင်းသုတေသန ဌာန)တွင် ပုံဆွဲစာရေးအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။ ကျောက်စာဝန်အဖြစ် ပြင်သစ်လူမျိုးချားလ်ဒူရွိုင်းဇယ် လက်ထက်မှသည် ကျောက်စာဝန်ဦးမြ၊ ဦးလူဖေဝင်းတို့လက်ထက်အထိ(၁၁)နှစ်ကြာလုပ်ကိုင်ခဲ့သည်။ ဆရာကြီးများ၏နည်းပေးလမ်းညွှန်မှုဖြင့် စာပေရေးသားမှုစတင်ခဲ့သည်။ ၁၉၃၂ - စက်တင်ဘာ(၁၈)ရက်နေ့ထုတ် သူရိယရုပ်စုံသတင်းစာတွင်ပါသည့် မင်းရှင်စောဆောင်းပါးသည် ပထမဆုံးစာမူဖြစ်သည်။ ထိုစဉ်က-ကလောင်အမည်မှာရတနာပုံလှိုင်ခင်အေးဟူ၏။ ရတနာပုံဖိုးမှတ်စု၊ မှတ်စု မောင်၊ မန္တလေးလှိုင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလေးသား၊ ရွှေကိုင်းသား၊ ဦးသောဘိတ စသောကလောင်အမည် များကိုလည်း အသုံးပြုခဲ့သည်။ ပန်းချီ၊ ကာတွန်းနှင့်ဓာတ်ပုံပညာတွင်လည်းထူးချွန်သည်။ ၁၉၄၄ - ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင်ရဟန်းဘောင်သို့ဝင်သည်။ ဦးလေးတော်သူ အနုရုဒ္ဓါဆရာတော်၏ အရိုက်အရာကိုဆက်ခံသည့်အနေဖြင့် စစ်ကိုင်းတောင်ရိုးအနုရုဒ္ဓါချောင်တွင် သီတင်းသုံးခဲ့သည်။ စာပေ၊ ယဉ်ကျေး မှုအနုပညာနှင့် သမိုင်းကြောင်းဆိုင်ရာများတွင် ထဲထဲဝင်ဝင်လေ့လာခဲ့၊ သုတေသနပြုခဲ့ ရေးသားခဲ့သည်။ ၁၉၄၆ - 'ရတနာပုံဖိုးမှတ်စု'အမည်ဖြင့် မန္တလေးစာအုပ်ထွက်။ ၁၉၅၁ - ရွှေကိုင်းသားအမည်ဖြင့် ဆင်ယင်ထုံးဖွဲ့မှုကျမ်းထွက်ခဲ့ (ယင်းနှစ်တွင် စာပေဗိမာန်စာပဒေသာဆု ဆွတ်ခူးရရှိခဲ့)။ ၁၉၅၇ - ရတနာစေတီ ဆင်များရှင် ဘုရားသမိုင်းစာအုပ်ထွက်။ ၁၉၅၈ - လောကမကိုဋ်ဘုရားသမိုင်းစာအုပ်ထွက်။ ၁၉၅၉ - အနှစ်(၁၀ဝ)ပြည့် မန္တလေးစာအုပ်ထွက်။ ၁၉၆၀ - ပတ္တမြားစေတီ ဘုရားသမိုင်း၊ ပုညရှင်ဘုရားသမိုင်း စာအုပ်များထွက်။ ၁၉၆၂ - အင်ကြင်းတော ဘုရားသမိုင်း၊ ရွှေကြက်ယက်ဘုရားသမိုင်းစာအုပ်များထွက်။ ၁၉၆၃ - ပိတောက်ချောင်နှစ်(၂၀ဝ)ပြည့်သမိုင်း စာအုပ်ထွက်။ ၁၉၆၆ - ဝက်မစွပ်မြို့စား ဒုတိယနဝဒေး စာအုပ်ထွက်။ ၁၉၆၈ - ရွှေဂူမြို့ ရွှေအံတော်ဘုရားသမိုင်း၊ စစ်ကိုင်းမြို့ထူပါရုံဘုရားသမိုင်း စာအုပ်များထွက်။ ၁၉၈၇ - ဇွန်လ(၂၉)ရက်နေ့တွင် စစ်ကိုင်းတောင်၊ အနိရိုဒ္ဓချောင်တွင် ပျံလွန်တော်မူသည်။ ထင်ရှားသည့် စာအုပ်အချို့ မန္တလေး အနှစ်(၁၀ဝ)ပြည့်မန္တလေး ဆင်ယင်ထုံးဖွဲ့မှု (စာပေဗိမာန် စာပဒေသာဆု) ဝက်မစွပ်မြို့စား ဒုတိယနဝဒေး ပုညရှင်ဘုရားသမိုင်း ပတ္တမြားစေတီဘုရားသမိုင်း ရတနာစေတီဆင်များရှင်ဘုရားသမိုင်း ဓမ္မဗိမာန်စာတန်းဖတ်ပွဲ-စာတမ်းများ(စာအုပ်မထွက်) ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8
ကမ္ဘောဇသာဒီရွှေနန်းတော်
ခရစ်သက္ကရာဇ် ၁၅၅၀ ခုနှစ်တွင် တပင်ရွှေထီးမင်း လုပ်ကြံ့ခံရပြီး နတ်ရွာစံသည့် နောက်တစ်နှစ်အကြာ ၁၅၅၁ ခုနှစ်တွင် ယောက်ဖတော် ဘုရင့်နောင်က ဥဿာပဲခူးထီးနန်းကို ဆက်ခံနန်းစံပါသည်။ နန်းစံသည့် ဥဿာပဲခူးမြို့တော်၏ ကျုံးမြို့ရိုး အဆောက်အဦတို့မှာ အိုမင်းဟောင်းနွမ်းသည်ကတစ်ကြောင်း မြို့အနေအထားကျဉ်းမြောင်းသည်က တကြောင်းကြောင့် ဘုရင့်နောင်မင်းတရားကြီ:သည် ဥဿာမြို့၏ အနောက်ဘက်တွင် မြို့တော်သစ် တည်ထောင်ခဲ့သည်။ ဥဿာမြို့ဟောင်း၏ မြို့ရိုး အရာများနှင့် နန်းဆောင်အဆောက်အဦ များတည်ရှိခဲ့ရာ မြေကုန်း(mount)များကို ပဲခူးမြို့အရှေ့ဘက် သနပ်ပင်လမ်းဘေးဝန်းကျင်တွင် တည်ရှိ တွေ့မြင်နိုင် ဆဲဖြစ်သည်။ ရွှေမော်ဓေါစေတီတော်သည် ဥဿာမြို့၏ အပြင် အနောက်ဘက်အရပ်တွင် တည်ရှိနေသည် ကို ဘုရင့်နောင်မင်းတရားကြီ:လက်ထက်တွင် စေတီတော်ကို မြို့တော်အတွင်း ကျရောက်အောင် တည်ဆောက်ခဲ့သည်။ ခရစ်သက္ကရာဇ် (၁၅၅၃) ခုနှစ်တွင် မြေနန်းပြာသာဒ်တော်ကြီးအပါအဝင် နန်းတော်ဆောင် များကို စတင်တည်ဆောက်ခဲ့သည်။ အဆိုပါ နန်းတော်ဆောင်များကို အတွင်းသစ်တပ်ဖြင့် ကာရံစေခဲ့သည်။ နန်းတော်တည်ဆောက်ရာ နေရာအချို့ကိုလည်း မြို့အရှေ့ဘက်အရပ်ရှိ တောင်ကုန်းများမှ မြေများကို သယ်ယူဖို့စေခဲ့သည်။ အတွင်းသစ်တပ်အတွင်းရှိ နန်းတော်ဆောင်များနေရာကို ကမ္ဘောဇသာဒီဟု မှည့်ခေါ်ခဲ့သည်။ အပြင်အုတ်မြို့ရိုးနှင့် ကျုံးအပါအဝင် မြို့တော်ကြီးတစ်ခုလုံးမှာ သက္ကရာဇ် (၁၅၆၆) ခုနှစ်တွင်ပြီးစီးခဲ့သည်။ မြို့တော်ကြီးတစ်ခုလုံးအား ဟံသာ၀တီနေပြည်တော်ဟု သမုတ်ခေါ်ဝေါ် ခဲ့သည်။ မြို့ရိုး၏ အသွင်သဏ္ဍန်မှာ စတုဂံပုံလေးထောင့်ဖြစ်သည်။ အရှေ့မှ အနောက်မြို့ရိုးအလျားမှာ တစ်ဖက်စီတွင် ၁ မိုင် ၂ဖာလုံခန့်ဖြစ်သည်။ တောင်မှမြောက်အလျားမှာ ၁မိုင် ၄ ဖာလုံခန့်ဖြစ်ပါ သည်။ မြို့၏ အနောက်မြောက်ဘက်တွင် အနည်းငယ်စောင်း၍ ချွန်ထွက်နေသကဲ့သို့ အနေအထား ရှိသည်။ အရှေ့မြို့ရိုးသည် ရွှေအောင်ရွေးစေတီကို ဝိုင်းပတ်ငုံလျှက် တည်ဆောက်ထားသည်။ မြို့ရိုး၏ မျက်နှာတစ်ဖက်တစ်ချက်စီတွင် မြို့တံခါး(၅) ပေါက်စီတည်ရှိသည်။ အဆိုပါ မြို့တံခါးပေါက်များကို ကြီးကြပ်ဆောင်ရွက်သည့် လက်အောက်ခံ၊ ဘုရင်ခံ၊ စော်ဘွားမြို့စားများ၏ မြို့အမည်များဖြင့် အဆိုပါ တံခါးပေါက်အမည်များကို ပေးထားသည်။ မြို့ရိုးဝင်းရံသည့် မြို့တော်၏အလယ်တွင် နန်းဆောင်များတည်ရှိသည်။ ပင်မနန်းဆောင်များသည် အကြမ်းအားဖြင့် အင်္ဂလိပ်အက္ခရာ “တီ” ပုံသဏ္ဍန်တည်ရှိသည်။ ပင်မနန်းဆောင်များမှာ – (၁) မြေနန်းပြာသာဒ်ဆောင် (သီဟာသနပလ္လင်ဆောင်)– တစ်နှစ်လျှင်(၃) ကြိမ် ညီလာခံ ကျင်းပသည့်နေရာဖြစ်သည်။ (၂) ဟံသာသနပလ္လင်ဆောင်– နန်းစဉ်ဆင်းတုတော်နှင့် ရှင်ဘုရင်၏ ခမည်းတော်၊မယ်တော်၊ ဘိုးတော်၊ဖွားတော်တို့၏ ရွှေကိုယ်လေး၊ ရွှေရုပ်တုတော်များထားရှိကာ ရှင်ဘုရင်ကိုယ်တော်တိုင် နေ့စဉ်ရှိခိုးပူဇော်သည့်နေရာဖြစ်သည်။ နိုင်ငံခြားသံတမန်များကို လက်ခံတွေ့ဆုံသည့် အခမ်းအနား ကို ဤအဆောင်တွင်ကျင်းပပါသည်။ (၃) ဗောင်းတော်ဆောင်(သင်္ခါသနပလ္လင်ဆောင်)– ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ပဌာန်းတရားတော်များ၊ ပရိတ်တရားတော်များ နာကြားခြင်း ဘုရားဒေသနာတော်ဝိနည်း တော်များ မှ မရှင်းလင်းသည့် အချက်များကို ဘုရင်မင်းမြတ်က ဆရာတော်များကို မေးမြန်းလျှောက်ထားခြင်း၊ ဆရာတော်များမှ ပြန်လည်ဖြေကြားခြင်း အခမ်းအနား ကျင်းပသည့်နေရာဖြစ်သည်။ ကျေးတော်မျိုး၊ ကျွန်တော်များများအား ဘွဲ့တံဆိပ်ကို ရွှေပြားတွင်ခပ်နှိပ်လျက် ဘွဲ့ထူးခံအမှုထမ်း၏ နဖူးတွင် ရှင်ဘုရင်ကိုယ်တိုင် အဆိုပါ ဘွဲ့တံဆိပ်ရွှေပြားကို စည်းနှောင်ပေး၍ ချီးမြှင့်သည့် အခမ်း အနား ကျင်းပပြုလုပ်သည့် နေရာဖြစ်သည်။ (၄) ဂဇာသနပလ္လင်ဆောင်-(ဗြဲတိုက်ဆောင်) အတွင်းဝန်လေးပါး စုရုံးအစည်းအဝေးကျင်း ပရာအဆောင်ဖြစ်သည်။ ရှင်ဘုရင်မိန့်ကြားသောအမိန့်တော်များကို အတည်ပြုထုတ်ပြန်ရာ၊ ရာထူးချီးမြှင့် ရှုတ်ချအမိန့်တော်များ ထုတ်ပြန်ရာနေရာဖြစ်သည်။ (၅) မိဂါသနပလ္လင်ဆောင်-(တောင်စမုတ်ဆောင်) ရဟန်းသံဃာတော်များအား ဆွမ်း လောင်းခြင်း၊ ဆင်းရဲသားကျေးတော်ကျွန်တော်များအား အဝတ်ပုဆိုး၊ အစားအသောက်နှင့် ဆုလာဘ်တော်များ စွန့်ကျဲပေးကမ်းသည့် အခမ်းအနားကျင်းပပါသည်။ (၆) ပဒုမသနလ္လင်ဆောင်– လက်အောက်ခံဘုရင်ခံစော်ဘွား မြို့စားများ၏ ကတော် မယားများအားလုံးသည် ဤအဆောင်တွင် စုရုံးလျှက် ရှင်ဘုရင်နှင့် မိဖုရားခေါင်ကြီးအား ရှိခိုး ကန်တော့သည့် အခမ်းအနားကျင်းပသည်။ (၇) မယုရာသနပလ္လင်ဆောင်– (မြောက်စမုခ်ဆောင်) အဝေးအလံအရာရှိများက ဆက်သသော ဆင်နှင့်မြင်းတော်များကို လက်ခံသိမ်းပိုက်သည့် အခမ်းအနားကျင်းပပါသည်။ (၈) ဘမရာသနပလ္လင်ဆောင်– (စက်တော်ဆောင်) ဘုရင့်နောင်မင်းတရားကြီး အိပ်စက်ရာ အဆောင်ဖြစ်သည်။ ဘမရာသနပလ္လင်တော်နှင့် သလွန်တော် တည်ရှိသည်။ အီတလီနိုင်ငံသား (Casesar Fredericke) နှင့် အင်္ဂလန်နိုင်ငံသား (Ralph Fitch) တို့၏ ခရီးသွားမှတ်တမ်းများအရ ဟံသာ၀တီမင်းနေပြည်တော်ကြီးသည် ခမ်းနားကြီ:ကျယ်သော မြို့ပြကြီ:တစ်ခုဖြစ်ပြီး နန်းတော်ကြီးသည် မြို့သစ်ကြီ:၏ အလယ်တွင် ၀င့်ထည်စွာတည်ရှိနေသည်။ မြေနန်းပြာသာဒ်ဆောင်၏အဆောင်များကို ရွှေပိန်းချထားသည်။ အချို့အဆောင်များ၏ ခေါင်မိုးများတွင် ရွှေသားအစစ်ဖြင့် မိုးထားသည်ကို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ရွှေနန်းတော်ကြီးသည် ရွှေရောင်အလှများဖြင့် ကြီးကျယ်ခမ်းနားလှကြောင်း နှင့် (အေဒီ-၁၆) ရာစုနှစ်တွင် စီးပွားရေး အချက်အချာကျသော ဒေသတစ်ခုဖြစ်ခဲ့သည် ဟုသိရှိရသည်။ ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာ၀တီမင်းဆက်များတွင် ထင်ရှားကျော်ကြားခဲ့သော မင်းတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံနှင့်အခြားသော နယ်နိမိတ်ခြင်းထိစပ်နေသော နယ်ပယ်များတွင် လည်း ဩဇာအာဏာကြီးမားခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင် နိုင်ငံသားအားလုံး ကိုလည်း စည်းလုံးညီညွတ်မှုရှိအောင် အုပ်ချုပ်နိုင်ခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီ:သည် ဟံသာ၀တီနေပြည်တော်ကြီးအား နှစ်ပေါင်း(၃၀) ကြာမြင့်အောင် အုပ်ချုပ်ခဲ့ပြီးနောက် အေဒီ-၁၅၈၁ ခုနှစ်တွင် နတ်ရွာစံကံတော်ကုန်ခဲ့သည်။ ထို့နောက် သားတော်နန္ဒဘုရင်သည် ၎င်း၏ထီးနန်းကို ဆက်လက်စိုးစံခဲ့သည်။ သားတော်နန္ဒဘုရင်လက်ထက်တွင် စည်းရုံးရေးနှင့် အုပ်ချုပ်ရေး ညံ့ဖြင်းမှုကြောင့် ဘုရင့်နောင် မင်းတရားကြီး စုစည်းတည်ထောင်ထားခဲ့သော ဟံသာ၀တီမြို့တော်ကြီးသည် အေဒီ-၁၅၉၉ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာ၀တီ နေပြည်တော်ကြီ:သည် ပျက်စီးပျောက်ကွယ်ခဲ့ ရသည်။ နှစ်ပေါင်း(၄၀၀)ကျော် မြေအောက်တွင်နှစ်မြုပ်နေသော ကမ္ဘောဇသာဒီနန်း တော်ကြီးပြန်လည်တူးဖော်မှုကို ၁၉၉၀ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့သည်။ တူးဖော်မှု ကုန်းအမှတ်-၁ တွင် ထုံးကျောက်ဘုရားဆင်းတုတော်များ (၁၈၀၀) ကျော် တူးဖော်တွေ့ရှိခဲ့ပြီး ရုပ်တုဆင်းတုလေ့လာမှု ပညာအရ အဆိုပါ ဆင်းတုတော်များမှာ အေဒီ-၁၆ ရာစုလက်ရာ များဖြစ်ကြောင်း သိရှိရသည်။ ဘမရာသနဆောင်၊ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏အဆောက်အဦအကြွင်းအကျန်များကို ၁၉၉၁ ခုနှစ်တွင်တူးဖော်ခဲ့ပြီး တူးဖော်တွေ့ရှိမှုအရ မြေနန်းပြာသာဒ်ဆောင်ကြီးတွင် ကျွန်းလုံးတိုင် ပေါင်း(၂၀၀) ကိုထူးခြားစွာ တွေ့ရှိရသည်။ ထိုကျွန်းတိုင်များ၏အောက်ခြေများတွင် ပေးပို့ဆက်သသော လက်အောက်ခံ မြို့စား၊ နယ်စားများ၏ အမည်များနှင့်မြို့အမည်များကို မြန်မာဘာသာ၊ မွန်ဘာသာများဖြင့် ရေးထိုး ထားကြောင်း လေ့လာတွေ့ရှိရသည်။ ဟံသာ၀တီရှေးဟောင်းသုတေသနပြတိုက်တွင် တူးဖော်မှုမှ ထွက်ပေါ်လာသော ရှေးဟောင်းပစ္စည်းများသာမက ဟံသာ၀တီပတ်ဝန်းကျင်အနီးမှ ရရှိသော ရှေးဟောင်းပစ္စည်းများကို ပြခန်းများဖြင့် ခင်းကျင်းပြသထားသည်။ ယခုအခါ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်ရာကြီးကို မူလပုံစံတူ ပြန်လည်တည်ဆောက် ပြသထားသည်။ ဘုရင့်နောင် မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်တွင် ကျန်ရစ်နေခဲ့သည့် ရှမ်းတို့သည် ဇင်းမယ်သားတစ်ဦးကို အကြီးအမှူးတင်ကာ "ဗညားကျန်းထော"ဘွဲ့ပေးပြီး သူပုန်ထကြသည်။ အင်အား ၃၀ဝ၀ဝ ကျော်သည်ဟုဆိုသည်။ သို့သော် အင်းဝမှ ဖမ်းဆီးခေါ်ဆောင်လာသည့် နန်းကျဘုရင် နရပတိစည်သူက သစ္စာခံသည့်အနေဖြင့် လက်ကျန်အမှူးအမတ်များတို့ကို ဦးဆောင်ပြီးတိုက်သည့်အတွက် ရှမ်းတို့ပျက်လေသည်။ ဘုရင့်နောင်မင်းတရားကြီး ထိုကိစ္စကိုသိလျှင်သိချင်း ဟံသာဝတီသို့ပြန်လာပြီးလျှင် ပုန်ကန်သူတို့ကို အလျှင်အမြန်နှိမ်နှင်းသည်။ ရှိရှိသမျှသော ပုန်ကန်သူတို့ကို မီးတိုက်သတ်ရန်မိန့်သော်လည်း ဆရာတော်၊သံဃာတော်များ အသနားခံသည့်အတွက် အကြီးအမှူးဖြစ်သူ ၇၀ ကျော်ကိုသာသတ်စေသည်။ ထိုအရေးအခင်းပြီးလျှင် မင်းတရားကြီးသည် လက်ရှိစိုးစံနေသည့် မွန်မင်းများအစဉ်အဆက်စိုးစံလာသည့် ဟံသာဝတီနန်းထက် ဧကရာဇ်တစ်ပါးနှင့် အညီ ကြီးကျယ်ခြင်း၊ခမ်းနားခြင်း၊လုံခြုံခြင်း ဂုဏ်တို့နှင့် ပြည့်စုံစေရန်အတွက် နန်းသစ်တည်ရန် အစီအစဉ်ချလေသည်။ နန်းသစ်တည်အစီအစဉ်များ သက္ကရာဇ် ၉၂၈၊တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင် နန်းသစ်တည်ရန် စတင်မြေတူးစေသည်။ တပေါင်းလဆန်း ၅ ရက်တွင် ကျုံးကိုစတင်တူးဖော်သည်။ နန်းသစ်၏ ဧရိယာမှာ စတုရန်းအတာ ၃၄၀ဝ ရှိသည်။ သက္ကရာဇ် ၉၂၉၊တပေါင်းလပြည့်ကျော် ၃ ရက်၊သောကြာနေ့ တွင် ရွှေနန်းတော် ၆ ဆောင်အပါအဝင် ကျန်အဆောင်အခန်းတို့ကို တည်စေသည်။ ထိုသို့ဆောက်လုပ်ရာတွင် မြန်မာ၊မွန်၊ရှမ်း၊ယိုးဒယား အစရှိသည်တို့မှ ဗိသုကာ၊လက်သမား၊ပန်းရံ အတတ်တတ်သူများကို ခေါ်ဆောင်ကာ ဆောက်လုပ်စေသည်။ မြို့တံခါး ၂၀ မြို့တံခါးများကို အနောက်မြောက်ဘက်မှ စတင်ရေတွက်သည်။ မြို့တံခါးတစ်ခုအတွက် လက်အောက်ခံ ပဒေသရာဇ်တစ်ဦးကျစီ တာဝန်ပေးပြီး တည်သူတို့၏ ပြည်ရွာအမည်အတိုင်း ခေါ်တွင်စေသည်။ ထို တံခါးနှစ်ဆယ်မှာ ယိုးဒယားတံခါး တနင်္သာရီတံခါး မုတ္တမတံခါး ပုခန်းတံခါး ပုသိမ်တံခါး ပြည်တံခါး အင်းဝတံခါး တောင်ငူတံခါး ဒလတံခါး လင်းဇင်းတံခါး (လာအိုတံခါး) ဇင်းမယ်တံခါး (ချင်းမိုင်တံခါး) မိုးမိတ်တံခါး မိုးညှင်းတံခါး မိုးကောင်းတံခါး ထားဝယ်တံခါး ကလေးတံခါး မိုးနဲတံခါး ညောင်ရွှေတံခါး သာယာဝတီတံခါး သိန္နီတံခါး - တို့ဖြစ်ကြသည်။ နန်းသစ်တက်ခြင်း သို့ဖြင့် ၉၂၉ ခု၊တန်ခူးလပြည့်ကျော် ၄ ရက်၊တနင်္လာနေ့တွင် ရထားပြာသာဒ်ကိုစီးကာ ထွက်တော်မူပြီးတောင်တံခါးမှဝင်ကာ နန်းသိမ်းလေသည်။ အမည်ကိုလည်း ကမ္ဘောဇသာဒီ ဟုသမုတ်သည်။ နန်းတော်ပျက်စီးခြင်း ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံသည် အချိန်တိုတိုအတွင်း ထီးနန်းဆက်ခံသည့် သားတော် နန္ဒဘုရင်လက်ထက်တွင် ပျက်စီးခြင်းသို့ရောက်လေသည်။ အုပ်ချုပ်မှုမနိုင်နှင်းပဲ အောင်မြင်မှုမရှိသည့် စစ်များကို မကြာခဏဆင်နွဲသည့်အတွက် လက်အောက်ခံ များပုန်ကန်ကြသည်။ သည်။ တောင်ငူဘုရင်ခံ မင်းရဲသီဟသူက ရခိုင်ဘုရင်မင်းရာဇာကြီးနှင့်ပူးပေါင်းကာ ပုန်ကန်သည်။ တားဆီးနိုင်ခြင်းမရှိတော့ပဲ အိမ်ရှေ့မင်း မင်းရဲကျော်စွာ ပါတောင်ငူ အိမ်ရှေ့မင်းနတ်သျှင်နောင်ထံ လက်နက်ချသဖြင့် နန္ဒဘုရင်မှာ လွယ်လွယ်ဖြင့် အရှုံးပေးပြီး တောင်ငူသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ထိုနောက် တောင်ငူတပ်နှင့် ရခိုင်တပ်တို့ ကမ္ဘောဇသာဒီနန်းတော်နှင့် တကွ ဟံသာဝတီကို မီးတိုက်ဖျက်ဆီးလေသည်။ သို့ဖြင့် အရှေ့တောင်အာရှတခွင်တွင် ကျော်ဇောလှသည့် ကမ္ဘောဇသာဒီနန်းတော်မှာ ပျက်စီးခြင်းသို့ ရောက်ရလေသည်။ ယနေ့ ကမ္ဘောဇသာဒီ စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး(၁)အဖြစ်တာဝန်ယူသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဦးဆောင်မှုဖြင့် သမိုင်းပညာရှင်များ၊ဗိသုကာပညာရှင်များက ယခင်ကျန်ရစ်သည့် မီးသင့်နန်းတော်ရာနေရာမှ အကြွင်းအကျန်များ နှင့် သမိုင်းအထောက်အထား များကိုတိုက်ဆိုင်စစ်ဆေးပြီး အသစ်ပြန်လည်တည်ဆောက်စေခဲ့သည်။ ထို့ကြောင့် ယနေ့တွေ့ရှိရသည့် ကမ္ဘောဇသာဒီနန်းတော်မှာ မူရင်းမဟုတ်ပဲ အတတ်နိုင်ဆုံးတူညီအောင် တည်ဆောက်ထားသည့် နန်းတော်သစ်သာဖြစ်သည်။ ကိုးကား ပဲခူးတိုင်းဒေသကြီး တောင်ငူခေတ် မြန်မာနိုင်ငံရှိ နန်းတော်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%B1%E1%80%AC%E1%80%87%E1%80%9E%E1%80%AC%E1%80%92%E1%80%AE%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ဝိုင်းမော်မြို့
ဝိုင်းမော်မြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြစ်ကြီးနားမြို့၏ တစ်ဖက်ကမ်း ၆ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ရှမ်းလူမျိုးများ နေထိုင်ခဲ့သော်လည်း ယခုမူ မရူး (လော်ဝေါ်) လူမျိုးအများစုနေထိုင်ကြသည်။ မူလရှမ်းအမည်မှာ ဝိန်းမော်ဖြစ်သည်။ ဝိန်းသည် အကာအရံတံတိုင်း၊ မော်သည် အသစ်၊ ထို့ကြောင့် တံတိုင်း ကာရံထားသောမြို့သစ် ဟုအဓိပ္ပာယ် ရသည်။ မရူး (လော်ဝေါ်) အမည်မှာ နိန်မောဝ် ဖြစ်သည်။ ၂၀၁၄ ခုနှစ်စာရင်းအရ ၎င်းတွင် လူဦးရေ ၂၁,၉၆၉ ဦးရှိသည်။ သမိုင်းကြောင်း မြန်မာဘုရင်များခေတ်က ဝိုင်းမော်မြို့သည် မိုးကောင်းစော်ဘွားနယ်နှင့် တရုတ်ပြည် ကုန်သွယ်ရာဆိပ်ကမ်းဖြစ်ပြီး ဖွံဖြိုးစည်ကားခဲ့သည်။ ၁၇၆၉တွင် ဝိုင်းမော်မှနေ၍ မြစ်ကိုကူးရန် ကျောက်တုံးတံတား ထိုးနေသော မန်ချူးတပ်များကို အမြောက်ဝန် နေမျိုးသီဟဦးဆောင်သော တပ်များက ကျွန်းပင်သာ(မြစ်ကြီးနား)မှ တိုက်ခိုက်တားဆီး နိုင်ခဲ့သည်။ ၁၈၁၀ တွင် ဝိုင်းမော်မြို့စားနှင့် ရှမ်းများ စုပေါင်းပုန်ကန်ကြသဖြင့် ဗန်းမော်ဝန်သည် အလုံးအရင်းဖြင့် နှိမ်နှင်းခဲ့ရာ ဝိုင်းမော်မြို့ပျက်စီးခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး မြစ်ကြီးနား-ထိန်ချုံးလေးလမ်းသွားလမ်းမကြီးသည် ဝိုင်းမော်မြို့ကို ဖြတ်သွားသည်။ မြစ်ကြီးနားမှ ဆဒုံး၊ ချီဖွေ၊ လောခေါင်စသည်များသို့ သွားလိုလျှင်လည်း ဝိုင်းမော်မြို့ကို ဖြတ်ရသည်။ မြစ်ကြီးနား-လိုင်ဇာ - ဗန်းမော်-နမ့်ခမ်း ကားလမ်းသည်လည်း ဝိုင်းမော်မြို့ကိုဖြတ်သွားသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ကချင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ဖရူဆိုမြို့
ဖရူဆိုမြို့ သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ဒီးမော့ဆိုခရိုင်တွင် တည်ရှိသည်။ ဖရူဆိုမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ကိုးကား ပြင်ပလင့်ခ်များ Satellite map at Maplandia.com မြန်မာနိုင်ငံရှိ မြို့များ ကယားပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%96%E1%80%9B%E1%80%B0%E1%80%86%E1%80%AD%E1%80%AF%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
အိုလံပစ် အားကစားပွဲတော်
အိုလံပစ် အားကစားပွဲတော်သည် အပြည်ဆိုင်ဆိုင်ရာမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း မျိုးစုံပါဝင်သည့် ကစားပွဲကြီးတစ်ခုဖြစ်သည်။ အိုလံပစ်အားကစားပွဲအား ကာလအပိုင်းအခြား နှစ်ခုဖြင့်ရှုမြင်နိုင်သည်။ ၎င်းတို့မှာ ဂရိလူမျိုးတို့၏ မူလပထမရှေးဟောင်း အိုလံပစ်ပွဲနှင့် ဒုတိယတစ်မျိုးမှာ ယခုနိုင်ငံတကာမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ခေတ်ပေါ်အိုလံပစ် အားကစားပွဲတို့ ဖြစ်ကြသည်။ ပထမဆုံးခေတ်သစ် အိုလံပစ်ပွဲအား ၁၈၉၆ တွင်ဂရိနိုင်ငံ အေသင်မြို့တွင် စတင်ကျင်းပခဲ့သည်။ ခေတ်သစ် အိုလံပစ်အားကစားပွဲတွင် နွေရာသီအိုလံပစ်ပွဲတော် နှင့် ဆောင်းရာသီအိုလံပစ် ပွဲတော်တို့ ပါဝင်သည်။ ပါရာလံပစ် (paralympic) နှင့် လူငယ်အိုလံပစ်ပြိုင်ပွဲများသည်လည်း ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ၏ တစိတ်တဒေသ အဖြစ်ကျင်းပကြသည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (I.O.C) အား ၁၈၉၄ တွင်ပြင်သစ်လူမျိုး ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်(Baron de Coubertin) က စတင်တည်ထောင်ခဲ့သည်။ သူ၏ အမြင်မှာ ကမ္ဘာတစ်ဝန်းရှိ အပျော်တမ်း အားကစားသမားများအား ပြိုင်ပွဲအမျိုးမျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြစေရန်ဖြစ်သည်။ အပျော်တမ်း အားကစားသမားများအား ယှဉ်ပြိုင်စေခြင်းမှာ စပွန်ဆာများ၏ ဖိအားမှ ကင်းလွတ်၍လည်းကောင်း နိုင်ငံရေးဖိအားများမှ ကင်းလွတ်၍ သန့်ရှင်းသောအားကစားနည်းများ ပိုမိုတိုးတက် လာစေရန်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အားကစားနည်းများအားလည်း ထည့်သွင်းကျင်းပလာခြင်းဖြင့် အားကစားနည်းများစွာလည်း ပါဝင်လာသည်။ အိုလံပစ်ပွဲတော်ကြီးသည် နိုင်ငံရေးဆန္ဒပြမှုများ၊ တားမြစ်ဆေးသုံးစွဲမှုများ၊ အကြမ်းဖက်ခြင်းများ စသည့်စိန်ခေါ်မှုများစွာအား ရင်ဆိုင်ခဲ့ရသည်။ သို့သော် ကူဗာတင်၏ လက်ထက်မှစ၍ ထိုစိန်ခေါ်မှုများအား အရှုံးမပေးပဲ ဖြေရှင်းလာကာ ယခုအချိန်ထိ အိုလံပစ်ကော်မတီသည် ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစမှ စတင်ကာ အားကစားနည်း ကိုယ်စားပြု သင်္ကေတများနှင့် ဆောင်ပုဒ်၊ စာတန်းများအား ထည့်သွင်းအသုံးပြုလာခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုများအားလည်း ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားများတွင် ပွဲတော်ကျင်းပသည့် အိမ်ရှင်နိုင်ငံများမှ ဖော်ထုတ်တင်ဆက်ကြသည်။ အိုလံပစ်ပွဲတော်၏ အဓိကဆောင်ပုဒ်မှာ citius(ပို၍မြန်သော) Altius (ပို၍မြင့်သော) Fortius(ပို၍သန်သော) ဟူ၍ဖြစ်သည်။ ခေတ်သစ်အိုလံပစ်ပွဲတော်၏ လက္ခဏာရပ်များ နှစ်ပေါင်း ၁၅၀ဝ ကျော် တိမ်မြုပ်နေသော အိုလံပစ်ပွဲတော်အား ပြင်သစ်လူမျိုး ပီယဲကူဗာတင်၏ ကြိုးစားစွမ်းဆောင်မှုဖြင့် ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို စတင်တည်ထောင်နိုင်ခဲ့ပြီး ခေတ်သစ်အိုလံပစ် စည်းမျဉ်းများအား ပြဋ္ဌာန်းခဲ့သည်။ ထိုစဉ်ကချမှတ်ခဲ့သော စည်းမျဉ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ အိုလံပစ်စည်းမျဉ်းများ အိုလံပစ်ပွဲတော်ကို လေးနှစ်တစ်ကြိမ်ကျ ကျင်းပပြုလုပ်ရမည်။ ပါဝင်ယှဉ်ပြိုင်သော အားကစားသမားများသည် ကြေးတန်းစားများ မဖြစ်စေရ၊ ဝါသနာအလျောက် အပျော်တမ်း ယှဉ်ပြိုင်သူများသာ ဖြစ်ရမည်။ လူမျိုးမရွေးယှဉ်ပြိုင်နိုင်ခွင့် ရှိရမည်။ အိုလံပစ်ပွဲတော်တိုင်းကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ကြီးမှူးကျင်းပရမည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို မြို့တော်တစ်ခုခုတွင် မြို့တော်တရားသူကြီးချုပ် သို့မဟုတ် မြူနီစီပယ်ဥက္ကဋ္ဌ၏ တောင်းဆိုချက်အရ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ရွေးချယ်ရမည်။ အားကစားပွဲတော်ကို ရာသီအလိုက်ကျင်းပပြုလုပ်ပေးရမည်။ နိုင်ငံတိုင်းတွင် အမျိုးသားအိုလံပစ်အသင်းမှ ဦစီး၍ ပြိုင်ပွဲများကျင်းပပေးရမည်။ နိုင်ငံ၏အားကစား စိတ်ဓာတ်ကို တိုးမြှင့်ပေးရမည်။ ယှဉ်ပြိုင်သူသည် မိမိဇာတိနိုင်ငံကိုသာ ကိုယ်စားပြုရမည်။ အိုလံပစ်အလံ အိုလံပစ်အလံမှာ အဖြူခံဖြစ်သည်။ အဖြူခံပေါ်တွင် ကွင်းချင်းဆက်နေသော စက်ဝိုင်းငါးဝိုင်းရှိရမည်။ စက်ဝိုင်းကွင်းများ၏ အရောင်သည် အပြာ၊ အဝါ၊ အနက်၊ အစိမ်းနှင့် အနီရောင်တို့ဖြစ်ရမည်။ စက်ဝိုင်းငါးဝိုင်းဆက်နေသည့် သဘောမှာ ကမ္ဘာ့တိုက်ကြီးများကို ရည်ရွယ်ပြီး တိုက်ကြီးငါးတိုက် စည်းလုံးညီညွတ်ခြင်းကို ပြသခြင်းလည်းဖြစ်သည်။ အိုလံပစ် မီးရှူးတိုင် အိုလံပစ်ပွဲတော်မကျင်းပမှီ မူလပွဲတော်ကျင်းပရာ ဂရိနိုင်ငံ အေသင်မြို့ရှိ အိုလံပီယာ တောင်ကုန်းတွင် အဆက်မပြတ် တောက်လောင်နေသော မီးရှူးတိုင်မှ ထွန်းညှိကူးယူရသည်။ အိုလံပစ် မီးရှူးတိုင်အား ကျင်းပရာဒေသသို့ လက်ဆင့်ကမ်း သယ်ဆောင်၍ ပွဲတော်ကျင်းပရာ အဓိကအားကစားကွင်းအတွင်း တွင်ပွဲမပြီးမချင်း ထွန်းညှိထားရမည်ဖြစ်သည်။ မီးငြိမ်း မသွားစေရန် အထူးစောင့်မတ် ထိန်းသိမ်းရမည်ဖြစ်သည်။ အိုလံပစ် သစ္စာအဓိဌာန် အိုလံပစ် သစ္စာအဓိဌာန်အား အောက်ပါအတိုင်းရေးသားထားသည်။ ကျွန်ုပ်တို့သည် အိုလံပစ်ပွဲတော်ကြီးတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ပါမည်။ အိုလံပစ်ကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းများအား လိုက်နာပါမည်။ အားကစားသမား တစ်ဦးအနေဖြင့် ရှိသင့်ရှိထိုက်သော အားကစား စိတ်ဓာတ်ဖြင့် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် အောင်မြင်မူ့တို့ကို စွမ်းဆောင်မြှင့်တင်ပါ့မည်ဟူ၍ ဖြစ်သည်။ အိုင်စီအိုနှင့် ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ ပြင်သစ်နိုင်ငံက သမိုင်းပညာရှင် `ပီရာရီကော်ဘာတင်´၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို ၁၈၉၄ တွင် ဖွဲ့စည်းပြီး အိုလံပစ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပြင်ဆင်ခဲ့ကြသည်။ သို့ဖြင့် ၁၈၉၆ တွင်နိုင်ငံပေါင်း ၁၄ နိုင်ငံက ကစားသမားပေါင်း ၂၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်သော ပထမဆုံး ခေတ်သစ်အိုလံပစ်ပြိုင်ပွဲကြီးကို အိုလံပစ်ပြိုင်ပွဲများ၏ သန္ဓေတည်ရာ မူလအစဖြစ်သည့် အေသင်မြို့တွင် ကျင်းပနိုင်ခဲ့သည်။ ပါဝင်သောအားကစား အမျိုးအစားမှာ ၉ မျိုးသာရှိခဲ့သည်။ ထိုမှအစပြုကာ အိုလံပစ်ပြိုင်ပွဲများကို တစ်စတစ်စ တိုးချဲ့ကျင်းပလာရာ ယခုဆိုလျှင် အားကစားနည်းပေါင်း ၂၈ မျိုး၊ အားကစားအမျိုးအစားပေါင်း ၃၀၂ ခု တိတိ ရှိသည်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး အာဏာရှင်ဟစ်တလာ၏ နာဇီအလံအောက်တွင် ကျင်းပခဲ့ရသော မြူးနစ်အိုလံပစ်၊ နောက် ၁၉၇၂ မြူးနစ်အိုလံပစ်တွင် ဖြစ်ပွားခဲ့သော ပါလက်စတိုင်း အကြမ်းဖက်သမားများက အစ္စရေး ကစားသမား ၁၁ ယောက်အား သတ်ဖြတ်ခဲ့သည့်အဖြစ်၊ ၁၉၇၀ နောက်ပိုင်းကာလများတွင် နိုင်ငံအချို့က ဆန့်ကျင်ခဲ့သည့် အဖြစ်မျိုးများ အပါအဝင် ဖြေရှင်းမပြီးနိုင် ဖြစ်နေရသော တားမြစ်ဆေး ပြဿနာများမှလွဲလျှင် အောင်မြင်သည့် အတိုင်းအတာမှာ ရှိနေမြဲပင်။ နောက် အိုလံပစ်ပြိုင်ပွဲများကို နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဟူ၍နှစ်မျိုးခွဲ ကျင်းပကြသည်။ ပို၍အဓိကကျသည့် ပြိုင်ပွဲကတော့ အားလုံးသိကြသော နွေရာသီ အိုလံပစ်ပြိုင်ပွဲ ဖြစ်သည်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင်မူ အားကစားနည်း ၇ မျိုးသာ ပါဝင်သည်။ သင်္ကတနဲ့အဓိပ္ပာယ် အိုလံပစ်၏ သင်္ကတ အမှတ်လက္ခဏာမှာ အရောင်တစ်မျိုးစီရှိပြီး ချိတ်ဆက်ထားသည့် ကွင်း ၅ ကွင်း ဖြစ်သည်။ ကွင်း ၅ ကွင်း၏ အဓိပ္ပာယ်မှာ ကမ္ဘာ့တိုက်ကြီး ၅ တိုက်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး၊ အနီ၊ အဝါ၊ အပြာ၊ အစိမ်းနှင့် အနက် ဟူသည့် အရောင် ၅ မျိုးမှာ နိုင်ငံတိုင်း၏ အလံတွင် တစ်ရောင်မဟုတ်တစ်ရောင် ပါဝင်သောကြောင့် ရွေးချယ်ထားဖြင်းဖြစ်သည်။ ဤသင်္ကတကို စတင်ဖော်ထုတ်ခဲ့သူမှာ `ကော်ဘာတင်´ ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်မှာ `အိုလံပစ်ပြိုင်ပွဲမှာ အရေးကြီးဆုံးအရာမှာ အနိုင်ယူရန်မဟုတ်။ အနိုင်ယူခြင်းမှာ ပြိုင်ပွဲ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အရေးကြီးဆုံးမှာ အောင်ပွဲရရန်မဟုတ်ဘဲ ရင်ဆိုင်ရုန်းကန်နိုင်ရန်သာဖြစ်ပြီး အောင်နိုင်ရန်ထက် ကောင်းစွာယှဉ်ပြိုင်ခြင်းသည်သာ အဓိကဖြစ်သည်။´ ဟုဆိုခဲ့သည်။ ဒဏ္ဍာရီများ အိုလံပစ်ဟူသော အမည်သည် ရှေးနှစ်ပေါင်း ၂၇၀ဝ ကျော်လောက်က ဂရိနိုင်ငံ အိုလံပီယာမြို့တွင် ဂရိလူမျိုးတို့ လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရာမှ အစပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဇုနတ်ဘုရားကြီးအား ပူဇော်ပသရန်အတွက်လည်းကောင်း၊ နတ်များအား ပူဇော်ပသပွဲများတွင်လည်းကောင်၊ စားသောက်ပွဲကြီးများတွင်လည်းကောင်း ကစားခုန်စားပွဲများ ကျင်းပခဲ့ကြပြီး ထိုပွဲများသည် အိုလံပစ်ပွဲတော်၏ သမိုင်းအစလည်းဖြစ်ကြသည်။ ရှေးဟောင်းအိုလံပစ်ပွဲတော်များသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် မည်သည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ကျင်းပခဲ့ကြမှန်း အတိအကျ မသိရချေ။ သို့သော် အိုလံပစ်ပွဲတော်နှင့် ပတ်သတ်၍ ဂရိလူမျိုးတို့တွင် ရှေးဟောင်းဒဏ္ဍာရီ ကလေးများရှိကြသည်။ အိုလံပစ်အားကစားပြိုင်ပွဲများသည် ဂရိနိုင်ငံက အစပြုခဲ့သည့် ပြိုင်ပွဲဖြစ်သောကြောင့်လည်း ဂရိတို့၏ နတ်ဘုရားပုံပြင်ဆန်ဆန် သမိုင်းကြောင်းများနှင့် ဆက်နွယ်နေပါသည်။ ပုံပြင်တွေအများကြီးထဲတွင်မှ အများစုမှ လက်ခံသဘောတူသော သမိုင်းကြောင်းမှာ `ဇု´နတ်မင်းကြီး၏ သားတော် `ဟီရာကလိစ်´အမည်ရှိ သူရဲကောင်းသည် ဖခင်၏ အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ကွင်းကြီး တစ်ခုကို ကိုယ်တိုင်တည်ဆောက်ပြီး အားကစားပြိုင်ပွဲများကို ကျင်းပစေခဲ့သည်။ `ဟီရာကလိစ်´သည် သူကိုယ်တိုင် လမ်းလျှောက်ပြီး အားကစားကွင်း၏ အလျားကို ခြေလှမ်း ၄၀ဝ သတ်မှတ်ခဲ့ပြီး ထိုအကွာအဝေး သတ်မှတ်ချက်မှာ နောင်တစ်ချိန် သင်္ချာပညာတွင် အကွာအဝေးယူနစ်တစ်ခုလည်း ဖြစ်လာသည်ဟု ဆိုသည်။ အချိန်ကာလအားဖြင့် ဘီစီ ၅ ရာစုနှင့် ၆ ရာစုအတွင်း ကျင်းပခဲ့ကြပြီး အနိုင်ရသူများသည် ကဗျာစပ်ဆိုပြီး ဂုဏ်ပြုခံရခြင်း၊ ကျောက်သားတွင် ထွင်းထုမှတ်တမ်းတင် ဂုဏ်ပြုခံရခြင်း အစရှိသည်ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။ သို့သော် သမိုင်းမှတ်တမ်းများအရ အိုလံပစ်ပြိုင်ပွဲများကို ဂရိနိုင်ငံများတွင် စတင်ကျင်းပခဲ့သည့် အချိန်မှာ ဘီစီ ၇၇၆ ခုနှစ်ဖြစ်သည်။ သံလွင်ခက် သရဖူသည် အိုလံပစ်ပြိုင်ပွဲ၏ ထင်ရှားသော အမှတ်အသားဖြစ်ပြီး အနိုင်ရသူများကို ငြိမ်းချမ်းခြင်း အထိမ်းအမှတ်အဖြစ် ထိုသံလွင်ခက်သရဖူဖြင့် ဂုဏ်ပြုသည့် အလေ့အထလည်းရှိသည်။ ဒဏ္ဍာရီတစ်ခု၏ အဆိုအရ အဲလစ်ပြည့်ရှင် အိုနိုးမော့က သူ၏လှပချောမောသော သမီးတော် ဟစ်ပိုဒေးမီးယားအား လာရောက် တောင်းရမ်းသူများအား မိမိနှင့်မြင်းလှည်းပြိုင်ပွဲများ ဆင်နွှဲစေသည်။ ဟစ်ပိုဒေးမီးယား၏ မြင်းများမှာ ဂရိတစ်ပြည်လုံးတွင် အသန်ဆုံး၊ အမြန်ဆုံး ဖြစ်သောကြောင့် ပြိုင်ပွဲဝင်များမှာ ဘုရင်ကြီးကို မနိုင်ပဲ ဇီဝိန်ကြွေရသည်သာ များလေသည်။ ထိုအခါ သမီးတော်ကို ကြိုက်သောကြောင့် ပီးလော့ဆိုသော လူငယ်သည် ဘုရင်ကြီးနှင့် ယှဉ်ပြိုင်ရန်အတွက် တောင်းဆိုလေသည်။ ဘုရင်အိုနိုးမော့က မိမိအားနိုင်လျင် သမီးတော်နှင့်ပေးစားမည်ဟု ဆိုသောအခါ ပီးလော့သည် ဘုရင့်ကိုနိုင်ရန်အတွက် ဉာဏ်ဆင်တော့လေသည်။ ဘုရင်၏ ရထားထိန်း မားတီးလပ်အား ချည်းကပ်ကာ ဘုရင်ကြီး၏ လှည်းဘီးရှိ ဆို့များကို ဖယောင်းနှင့် လုပ်ထားသော ဆို့များဖြင့် လဲလည်တပ်ဆင်ရန် ဖြားယောင်းသွေးဆောင်လေသည်။ မာတီးလပ်အား မိမိဘုရင်ဖြစ်လျှင် တိုင်းပြည်တစ်ဝက်ကို ပေးမည်ဟုဆိုသဖြင့် မာတီးလပ်လည်း ပီးလော့အလိုကျ လိုက်လုပ်လေသည်။ ပြိုင်ပွဲသို့ရောက်သော် ဖယောင်းဆို့များ အရည်ပျော်ကုန်ပြီး လှည်းမှောက်သဖြင့် ဘုရင် အိုနိုးမော့ နတ်ရွာစံခဲ့သည်။ သမီးတော်ကိုရပြီး ဘုရင်ဖြစ်လာသော ပီးလော့သည် မာတီးလပ်အား တိုင်းပြည်တဝက်မပေးပဲ ရထားလုံးပေါ်မှ ချောက်ထဲတွန်းချခဲ့သည်။ ထို့နောက် အောင်မြင်မှု သရဖူကို ဆောင်းနိုင်သော အထိမ်းအမှတ်အဖြစ် ပီးလော့သည် ပထမဆုံးအိုလံပစ်ပွဲတော်ကို စတင်ကျင်းပခဲ့သည်ဟု ဆိုကြသည်။ ထိုပွဲတော်ကျင်းပသည့်နှစ်သည် ဘီစီ ၈၈၄ ခုနှစ်ဖြစ်သည်ဟု အဆိုပါ ဒဏ္ဍာရီတွင် ပါရှိသည်။ အခြား ဒဏ္ဍာရီ တစ်ခုအနေဖြင့် အိုလံပစ်ပွဲတော်သည် နတ်မင်းကြီးဇု၏ သားတော် ဟာကြူလီနှင့် ဆက်စပ်နေသည်ဟု ပြောကြသည်။ ဟာကြူလီသည် အဲလစ်ဘုရင်များနှင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် စစ်ပွဲကြီးတစ်ပွဲပြီးဆုံးခဲ့သောအခါ သူ၏ စစ်တပ်အတွက် အောင်ပွဲကြီး ကျင်းပခဲ့လေသည်။ အိုလံပီယာ တောင်ကြားသည် အားကစားပွဲအတွက် အကောင်းဆုံးဟု ဟာကြူလီကိုယ်တိုင် ရွေးချယ်သတ်မှတ်ခဲ့သည်ဟု ဆိုသည်။ ဟာကြူလီသည် ပြိုင်ပွဲအားလုံးတွင် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးကစားနည်းဖြစ်သော နပန်းသတ်ပွဲသာ ကျန်တော့သည်။ ဟာကြူလီက သူရဲကောင်းများနှင့် စစ်သားများအား စိန်ခေါ်သော်လည်း ဟာကြူလီနှင့် နပန်းသတ်ရန် မည်သူမျှ မထွက်လာခဲ့ပေ။ ပြိုင်ပွဲကို ရုပ်သိမ်းရန် ဆုံးဖြတ်ခါနီးမှ လူတစ်ယောက်ထွက်လာပြီး ဟာကြူလီနှင့် နပန်းသတ်မည်ဟုပြောသည်။ နှစ်ယောက်သား အချိန်ကြာသည်အထိ ကစားခဲ့ကြသောလည်း မည်သူမှအနိုင်မရရှိသဖြင့် ဒိုင်လူကြီးများက သရေပွဲအဖြစ် သတ်မှတ်လိုက်ကြသည်။ ထိုအခါမှ ထိုလူသည် မိမိသည်တစ်ခြားသူမဟုတ် ဇုနတ်မင်းကြီးကိုယ်တိုင်ဖြစ်သည်ဟု ဆိုသည်။ လူအများလည်း ဇုနတ်မင်းကြီးကိုယ်တိုင် အိုလံပစ်အားကစားပွဲကို ဆင်နွှဲသဖြင့် အလွန်ရွှင်လန်း ဝမ်းမြောက်ကြလေသည်။ ထိုအချိန်မှ စကာ သူတို့၏ ဇုနတ်မင်းကြီးကိုယ်တိုင် ဆင်နွှဲခဲ့သော အိုလံပစ် အားကစားပွဲအား နတ်မင်းကြီးအား ဂုဏ်ပြုသည့် အနေဖြင့် လေးနှစ်တစ်ကြိမ် အိုလံပီယာတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုကြသည်။ နောက်ဒဏ္ဍာရီ အရ ဟာရေကလိဆိုသူသည် အဲလစ်ပြည့်ရှင် အောဂျီးအတ်အား အစတုံးသတ်ဖြတ်ပစ်လိုက်ပြီးနောက် ဘုရင် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများအား သိမ်းယူလိုက်သည်ဟု ဆိုသည်။ ဟာရေကလိသည် မမျှော်လင့်ပဲ ရလိုက်သော အောင်မြင်မှု အတွက်လည်းကောင်း၊ ရရှိခဲ့သော ဓနဥစ္စာများအတွက် လည်းကောင်း၊ ပြုလုပ်ခဲ့သော ဒုစရိုက်အတွက် ညစ်ညမ်းသော စိတ်ပြေပျောက်စေရန်လည်းကောင်း ပထမအကြိမ် အိုလံပစ်ပွဲတော်ကြီးကို ဘီစီ ၁၂၅၃ တွင် ကျင်းပခဲ့သည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုကြစေ ဘီစီ ၇၇၆ ခုနှစ်တွင် မှတ်တမ်းများ စနစ်တကျ တင်ထားသော ပထမဆုံးအိုလံပစ်ပွဲတော် ကျင်းပခဲ့သည်ဟု သုတေသီများက တညီတညွတ်တည်း သဘောတူလက်ခံထားကြသည်။ ကမ္ဘာ့အားကစားပွဲတော်ကြီး ရှေးခေတ်ဂရိတို့သည် အိုလင်းပီယာချိုင့်ဝှမ်းရှိကွင်းပြင်တွင် ဇုနတ်မင်းကြီးအားပူဇော်ပသပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ရာ ထိုနတ်ပွဲနှင့်အတူ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့၍ အိုလံပစ်ကစားပွဲဟု တွင်ခဲ့သည်။ သို့သော် ကြေးစား ဆန်လာသောကြောင့် ၃၉၄ ခုနှစ်တွင် ပိတ်ပင်ခြင်းခံခဲ့ရသည်။ ၁၈၉၆ ခုနှစ်သို့ရောက်သော် ပြင်သစ်အမျိုးသား ဗဲရွန်ပီယဲဒါ ကူဗာတင်၏ ကျေးဇူးကြောင့် အိုလံပစ်ကစားပွဲများကို ပြန် လည်ကျင်းပနိုင်ခဲ့လေသည်။ အိုလံပစ်ကစားပွဲ အိုလံပစ်ကစားပွဲသည် လေးနှစ်လျှင်တစ်ကြိမ်ကျ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အားကစားပွဲတော်ကြီးဖြစ်သည်။ ယခုခေတ် အိုလံပစ်ကစားပွဲကို ၁၈၉၆ ခုနှစ်ကမှစ၍ရေတွက်ခဲ့ကြသော်လည်း စင်စစ်အားဖြင့် ဤကစားပွဲသည် ရှေးခေတ်ဂရိလူမျိုးတို့၏ အိုလံပစ်ကစားပွဲကို ပြန်လည်ဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ရှေးခေတ်က ဂရိလူမျိုးတို့သည် အိုလင်းပီယာချိုင့်ဝှမ်းရှိ ကွင်းပြင်တွင် ဇုနတ်မင်းကြီးအား ပူဇော်ပသသော နတ်ပွဲကို လေးနှစ်တစ်ကြိမ်ကျ ဇူလိုင်လ၌ ကျင်းပလေ့ရှိခဲ့ကြသည်။ ထိုနတ်ပွဲတွင် မြေပြန့်အပြေးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြသည်။ ဦးစွာ၌ ကိုက် ၂ဝဝ ခန့်ရှိသော တာပြေးပွဲတစ်ခုတည်းသာ ရှိလေသည်။ နောင်အခါ၌ ပြေးပွဲ၊ ခုန်ပွဲ၊ နပန်းသတ်ပွဲ၊ သံပြားဝိုင်းပစ်ပွဲ၊ လှံတံပစ်ပွဲဟူ၍ ပြိုင်ပွဲငါးမျိုး ပါဝင်သောကစားပွဲကို ထည့်သွင်းခဲ့ကြသည်။ တစ်ဖန်လက်ဝှေ့ပွဲနှင့် ရထားပြိုင်ပွဲများကိုလည်း ထပ်ဖြည့်ခဲ့ကြပြန်သည်။ ဂရိတို့သည် အလွန်ရှေးကျသော ခေတ်အခါကတည်းက ဇုနတ်မင်းကြီးပွဲတော်နှင့်အတူ အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ကြသော်လည်း ဘီစီ ၇၇၆ ခုနှစ်မှ အစပြု၍သာလျှင် ပြိုင်ပွဲများ၌ ထူးချွန်အနိုင်ရသူများ၏ စာရင်းကို မှတ်တမ်းတင် ခဲ့ကြလေသည်။ ထို့ကြောင့် ထိုခုနှစ်ကိုအခြေပြု၍ ပွဲတော် တစ်ခုနှင့်တစ်ခုအကြားရှိ အိုလင်းပီယက် ခေါ် လေးနှစ်ခြား ကာလကို ဧကမူထားလျက် အချိန်ကိုရေတွက်ခဲ့ကြသည်။ ပြိုင်ပွဲ များကျင်းပနေစဉ် ဂရိပြည်နယ်တို့သည် အချင်းချင်းတိုက်ခိုက်မှု ကို သဘောတူရပ်စဲထားကြသည်။ ပြိုင်ပွဲဝင်များသည် ပြစ်မှု တစ်စုံတစ်ခုကြောင့် နာမည်ပျက်ရှိသူ မဖြစ်စေရချေ။ ဂရိတို့၏ အိုလင်းပစ်ပွဲတော်သည် နတ်ပွဲနှင့်အားကစား ပြိုင်ပွဲကိုတွဲ၍ ငါးရက်တိုင်ကျင်းပသော ပွဲတော်ဖြစ်ရာ ပထမ ဆုံးနေ့တွင် ဇုနတ်မင်းကြီးအား ပူဇော်ပသသည့်အခမ်းအနားကို ဆင်ယင်ပြုလုပ်ကြသည်။ အိုလင်းပီယာချိုင့်ဝှမ်းတွင် အနုပညာ လက်ရာမြောက်သော နတ်ရုပ်တုများနှင့် နတ်ကွန်းများတည်ရှိ လေသည်။ အထူးသဖြင့် ဂရိနတ်တို့၏ ဖခင်ဖြစ်သော ဇုနတ် ရုပ်တုကြီးနှင့် နတ်ကွန်းတို့မှာ ကြီးကျယ်ခမ်းနားလှပေသည်။ ထိုနတ်ရုပ်တုကြီးကို နာမည်ကျော်ရုပ်လုံးထုဆရာဖီးဒီးယက်က ဆင်စွယ်နှင့်ရွှေတို့ဖြင့် ထုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဟီးရ အစရှိသော အခြားဂရိနတ်တို့အတွက် နတ်ကွန်းများလည်း ထို အရပ်၌တည်ရှိသည်။ နတ်ပွဲအခမ်းအနား ပြီးသည့်နောက် ပြေးပွဲပြိုင်ပွဲများကို လည်း ဆက်လက်၍ကျင်းပသည်။ ဒိုင်လူကြီးများက တရားသ ဖြင့် အဆုံးအဖြတ်ပေးပါမည် ဟူ၍လည်းကောင်း၊ ပြိုင်ပွဲဝင်တို့ က ယှဉ်ပြိုင်ရခြင်းကိုသာအဓိကထားပါမည် ဟူ၍လည်းကောင်း သစ္စာပြုကျိန်ဆိုကြရသည်။ အပြေးပြိုင်ပွဲများကို ဦးစွာကျင်းပ လေ့ရှိကြသည်။ ထိုအိုလင်းပီယာ အပြေးပြိုင်ပွဲတွင် အနိုင်ရသူ တို့ကိုထူးခြားစွာ ချီးကျူးမြေ|ာက်စားလေ့ရှိကြသည်။ အနိုင်ရသူ လူစွမ်းကောင်းတို့အား ဂရိအမျိုးသားများက အထွတ်အမြတ် ထားသော သံလွင်ပင်မှ အရွက်အခက်များဖြင့်ပြုလုပ် ထားသည့် သရဖူကို ဦးခေါင်းတွင်ဆင်ယင်ပေးကြသည်။ သရဖူဆောင်း လူစွမ်းကောင်းတို့သည် နတ်ကွန်းများတည်ရှိရာ အရပ်ကိုစီတန်း လှည့်ပတ်သည့်အခါ ပရိသတ်က သောင်းသောင်းဖျဖျ ချီးကျူး ဩဘာပေးကြသည်။ သံတော်ဆင့်များကလည်း အောင်ပွဲရ ပုဂ္ဂိုလ်တို့၏ အမည်နာမများကို နိုင်ငံတွင်းရှိအပြည်ပြည်အနယ် နယ်သို့ လှည့်လည်၍ကြေညာရလေသည်။ ထိုသူတို့၏ ပုံတူ ရုပ်လုံးတူများကို ထုလုပ်၍လည်းကောင်း၊ ယင်းတို့အကြောင်းကို ကဗျာလင်္ကာများ ဖွဲ့စပ်သီဆို၍လည်းကောင်း ချီးကျူးလေ့ရှိကြ သည်။ ယင်းတို့နေထိုင်သည့် ပြည်နယ်များကလည်းကြီးကျယ် ခမ်းနားစွာကြိုဆို၍ ထူးခြားသောဆုလက်ဆောင်များ ပေးအပ်ချီး မြှင့်လေ့ရှိကြသည်။ ဦးစွာ၌ ဂရိအမျိုးသားစစ်စစ်တို့သာလျှင် အိုလင်းပစ် ကစားပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်ကြသော်လည်း ရောမဘုရင် ဧကရာဇ်များ ကြီးစိုးသောခေတ်သို့ ရောက်သောအခါ ရောမ အားကစားသမားများကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရောမဧကရာဇ်တို့က ဂရိတို့၏ အယူဝါဒရေး၊ မျိုးချစ်စိတ်ထက် သန်ရေး၊ အားကစားနှင့် ကာယဗလဖွံ့ဖြိုးရေးဆိုင်ရာ ပွဲတော် ကြီးကို ပျော်ပွဲရွှင်ပွဲသက်သက်အဖြစ်သို့ ပြောင်းပစ်ခဲ့ကြသည်။ ထို့နောက် နှစ်များစွာကြာသောအခါ အိုလံပစ်ကစားပွဲတွင် မူလရည်ရွယ်ချက် ပျောက်ကွယ်၍ ကြေးစားအားကစားသမားများပါဝင်သော ပြိုင်ပွဲဆန်ဆန် ဖြစ်လာလေသည်။ ထို့ကြောင့် အေဒီ ၃၉၄ ခုနှစ်တွင် ရောမဧကရာဇ် သီအိုဒိုးရှပ်က အိုလံပစ်ကစားပွဲကို ပိတ်ခဲ့သည်။ ယင်းသို့အားဖြင့် နှစ်ပေါင်း ၁၅ဝဝ ကျော်မျှ အိုလင်းပစ်ကစားပွဲများ တိမ်မြုပ်ခဲ့ရလေသည်။ ၁၈၇၈ ခုနှစ်သို့ရောက်သော် ရှေးဟောင်းပစ္စည်းတူးဖော် သူ ဂျာမန်အမျိုးသား ဟိုင်းနရစ်ရှလီမန်းသည် ရှေးဂရိတို့၏ အိုလံပစ်ကစားကွင်းကို တူးဖော်ခဲ့သည်။ ထို့နောက် ပြင်သစ် အမျိုးသား ဗဲရွန်ဘွဲ့ရ ပီယဲ ဒါ ကူဗာတင် ဆိုသူက ခေတ် ပညာသင်ကြားရေးတွင် ရှေးဂရိတို့၏ အားကစားစိတ်ဓာတ်ကိုတွဲ၍ ဖော်ထုတ်ပေးခြင်းအားဖြင့် နိုင်ငံချင်းချင်းဆက်ဆံမှု ပို၍တိုးတက်လာဖွယ်ရာရှိကြောင်းကို နိုင်ငံအသီးသီးရှိ အားကစား လေ့လာလိုက်စားသူများထံ တင်ပြခဲ့သည်။ ယင်းပုဂ္ဂိုလ်၏ ကြိုးပမ်းမှုကြောင့် ၁၈၉၄ ခုနှစ်တွင် ကမ္ဘာ့အိုလင်းပစ်အသင်းကို တည်ထောင်ခဲ့ကြပြီးလျှင် ၁၈၉၆ ခုနှစ်၌ ဂရိနိုင်ငံ အက်သင်း မြို့တွင် ယခုခေတ် အိုလင်းပစ်ကစားပွဲကို ဦးဆုံးအကြိမ် ကျင်းပနိုင်ခဲ့သည်။ ထိုကစားပွဲတွင် နိုင်ငံကိုးနိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြ၍ ၂၆ မိုင်ကျော်ရှိသော မာရသွန်တာအဝေးပြေးပွဲကို ပထမဦးဆုံး ထည့်သွင်းခဲ့ကြသည်။ ထိုနှစ်မှအစပြု၍ ကမ္ဘာ့အိုလင်းပစ်အသင်းက အိုလံပစ်ကစားပွဲကို လေးနှစ်တစ်ကြိမ်ကျ နိုင်ငံအသီးသီးတွင် စီစဉ် ကျင်းပခဲ့သည်။ အိုလင်းပစ်ကစားပွဲကို လေးနှစ်ခြား၍ ကျင်းပလာခဲ့ရာ ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ထိုကစားပွဲများကို ရပ်ဆိုင်းထားခဲ့ရသည်။ ပထမကမ္ဘာစစ်ကြောင့် ၁၉၁၆ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့ရသော ကစားပွဲကို ၁၉၂ဝ ပြည့်နှစ်၌လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြောင့် ၁၉၄ဝ ပြည့်နှစ်တွင် ရပ်ဆိုင်းခဲ့ရသောကစားပွဲကို ၁၉၄၈ ခုနှစ်တွင်လည်းကောင်း ပြန်၍ကျင်းပခဲ့ကြသည်။ ၁၉၇၂ ခုနှစ် တွင် အကြိမ် ၂ဝ မြောက် အိုလင်းပစ်ကစားပွဲကို ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပခဲ့သည်။ ၁၉၇၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ကနေဒါနိုင်ငံ မွန်ထရီးအော မြို့၌ ၂၁ ကြိမ်မြောက် အိုလင်းပစ်ကစားပွဲ ကျင်းပမည်ဖြစ်လေသည်။ အိုလင်းပစ်ကစားပွဲများ ကျင်းပခဲ့ရာမြို့များနှင့် တရားဝင်မဟုတ်သော်လည်း ဗိုလ်စွဲခဲ့သောနိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်သည်- ကျင်းပခဲ့သည့်နှစ် ကျင်းပခဲ့ရာမြို့ ဗိုလ်စွဲသည့်နိုင်ငံ ၁၈၉၆ အေသင်မြို့ (ဂရိနိုင်ငံ) အမေရိကန်ပြည်ထောင်စု ၁၉ဝဝ ပါရစ်မြို့ (ပြင်သစ်နိုင်ငံ) -၎င်း- ၁၉ဝ၄ စိန်လူဝီမြို့ (အမေရိကန်ပြည်ထောင်စု) -၎င်း- ၁၉ဝ၆ အက်သင်းမြို့ (ဂရိ) (တရားဝင်မဟုတ်) -၎င်း- ၁၉ဝ၈ လန်ဒန်မြို့ (ဂရိတ်ဗြိတိန်) -၎င်း- ၁၉၁၂ စတော့ဟုမ်းမြို့ (ဆွီဒင်) -၎င်း- ၁၉၂ဝ အန့်တွပ်မြို့ (ဘယ်လဂျီယမ်) -၎င်း- ၁၉၂၄ ပါရစ်မြို့ (ပြင်သစ်) -၎င်း- ၁၉၂၈ အမ္မစတာဒမ်မြို့ (နယ်သာလန်) -၎င်း- ၁၉၃၂ လော့စိန်းဂျလီးမြို့ (အမေရိကန်ပြည်ထောင်စု) -၎င်း- ၁၉၃၆ ဘာလင်မြို့ (ဂျာမနီ) ဂျာမနီ ၁၉၄၈ လန်ဒန်မြို့ (ဂရိတ်ဗြိတိန်) အမေရိကန်ပြည်ထောင်စု ၁၉၅၂ ဟဲလဆင်ကီမြို့ (ဖင်းလန်) -၎င်း- ၁၉၅၆ မဲလဘုန်းမြို့(ဩစတြေးလီးယား) ဆိုဗီယက်ယူနီယံ ၁၉၆ဝ ရောမမြို့ (အီတလီ) -၎င်း- ၁၉၆၄ တိုကျိုမြို့ (ဂျပန်) အမေရိကန်ပြည်ထောင်စု ၁၉၆၈ မက္ကဆီကိုမြို့ (မက္ကဆီကို) -၎င်း- ၁၉၇၂ မြူးနစ်(ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ) ဆိုဗီယက်ယူနီယံ ယခုအခါ အိုလင်းပစ်ကစားပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲ များသာမက ရေကူးပြိုင်ပွဲ၊ ဘောလုံးကစား ပြိုင်ပွဲ၊ သေနတ်ပစ် ပြိုင်ပွဲ အစရှိသော ခေတ်မီပြိုင်ပွဲအမျိုးမျိုးတို့လည်း ပါဝင်သည်။ ထို့ပြင် ၁၉၂၄ ခုနှစ် ကစားပွဲမှအစပြု၍ စက်ဘီးစီးပြိုင်ပွဲ၊ စကိတ်စီးပြိုင်ပွဲ၊ ရေခဲဟော်ကီကစားပြိုင်ပွဲ စသော ရေခဲပြင်ပေါ်၌ ယှဉ်ပြိုင်ရသည့် ဆောင်းရာသီကစားပွဲများကိုလည်း ထည့်သွင်းခဲ့ကြသည်။ တစ်ဖန် ၁၉၂၈ ခုနှစ်မှစ၍ အမျိုးသမီးအတွက် အားကစားပြိုင်ပွဲများလည်း ပါဝင်လာခဲ့လေသည်။ အိုလင်းပစ်ကစားပွဲသည် အပြည်ပြည်ဆိုင်ရာ ပွဲတော်ကြီးဖြစ်သဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာတို့မှ လက်ရွေးစင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည်။ တိုင်းနိုင်ငံအများတွင် အိုလင်းပစ်ကစားပွဲတစ်ခု ပြီးဆုံးသည့်အချိန်မှအစ ပြု၍ နောက်တစ်ကြိမ် ကစားပွဲအတွက် အားကစားသမားများ ကို ကျွမ်းကျင်သော နည်းပြဆရာများထံ၌ စနစ်တကျ လေ့ ကျင့်စေကြသည်။ ဤသို့အားဖြင့် မိမိတို့နှင့်သက်ဆိုင်ရာ ကစား ခုန်စားပွဲများတွင် အခြားသူများထက် ထူးချွန်လာနိုင်ကြမည်ဖြစ်သည်။ အိုလင်းပစ်ကစားပွဲကို လက်ခံကျင်းပရသော နိုင်ငံ ကလည်း ခေတ်မီကစားကွင်းနှင့်တကွ ပါဝင်ယှဉ်ပြိုင်သူတို့ တည်းခိုနေထိုင်ရန်အတွက် နေရာထိုင်ခင်းများကို ခမ်းနားတင့် တယ်အောင် ပြင်ဆင်ထားလေ့ရှိကြသည်။ နိုင်ငံအသီးသီးမှ အားကစားသမားအားလုံးတို့ နေထိုင်ရန်အတွက် အိုလင်းပစ်ရွာ ကို တည်ဆောက်လေ့ရှိသည်။ ထိုရွာတွင် သက်ဆိုင်ရာ နိုင်ငံသားအချင်းချင်း တစ်စုတဝေးတည်း နေထိုင်နိုင်ကြသည်။ အားကစားသမားများသည် ရေပြောင်းမြေပြောင်း၌ နေသားကျ ရန်အတွက် ကစားပွဲကျင်းပရာနိုင်ငံသို့ အချိန်စောစွာ ကြိုတင် လာရောက်လေ့ရှိကြသည်။ ဆောင်းရာသီကစားပွဲများကို အခြားကစားပွဲများမကျင်း ပမီ ကျရောက်သော ဆောင်းရာသီတွင်း၌ ကျင်းပလေ့ရှိသည်။ ကမ္ဘာ့အိုလင်းပစ်အသင်းက ဆောင်းရာသီကစားပွဲများ ကျင်းပ ရန်အတွက် သင့်တော်သော နိုင်ငံတစ်ခုခုကို သတ်မှတ်ပေး သည်။ အိုလင်းပစ် ဆောင်းရာသီကစားပွဲ ကျင်းပခဲ့သော ဒေသများနှင့် တရားဝင်မဟုတ်သော်လည်း ဗိုလ်စွဲခဲ့သောနိုင်ငံ များမှာ အောက်ပါအတိုင်းဖြစ်သည်- ကျင်းပခဲ့သည့်နှစ် ကျင်းပခဲ့ရာဒေသ ဗိုလ်စွဲသည့်နိုင်ငံ ၁၉၂၄ ရှာမိုနစ် (ပြင်သစ်) နော်ဝေးနိုင်ငံ ၁၉၂၈ စိန်မောရဇ် (ဆွစ်ဇာလန်) -၎င်း- ၁၉၃၂ ပလာဆစ်အိုင် (အမေရိကန်ပြည်ထောင်စု) အမေရိကန်ပြည်ထောင်စု ၁၉၃၆ ဂါမစ်ရှ-ပါတင်ကာချင် (နော်ဝေး) နော်ဝေးနိုင်ငံ ၁၉၄၈ စိန်မောရဇ် (ဆွစ်ဇာလန်) ဆွီဒင်နိုင်ငံ ၁၉၅၂ အော့စလို (နော်ဝေး) နော်ဝေးနိုင်ငံ ၁၉၅၆ ကော့တီနာဒမ်ပက်ဇို (အီတလီ) ဆိုဗီယက်ယူနီယံ ၁၉၆ဝ စကောချိုင့်ဝှမ်း (အမေရိကန်ပြည်ထောင်စု) -၎င်း- ၁၉၆၄ အင်းစဗရွတ် (ဩစတြီးယား) ဆိုဗီယက်ယူနီယံ ၁၉၆၈ ဂရင်းနိုဗဲ (ပြင်သစ်) နော်ဝေးနိုင်ငံ ၁၉၇၂ ဆက်ပိုရို (ဂျပန်) ဆိုဗီယက်ယူနီယံ ၁၉၇၆ ခုနှစ် ဆောင်းရာသီကစားပွဲကို ဩစတြီးယား နိုင်ငံ အင်းစဗရွတ်မြို့၌ ထိုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပ မည်ဖြစ်၏။ အိုလင်းပစ်ကစားပွဲကို စတင်ကျင်းပသောနေ့တွင် ဂရိ နိုင်ငံအိုလင်းပီယာအရပ်၌ နေ၏အပူရှိန်ဖြင့် ထွန်းညှိခဲ့၍ ကုန်း တစ်တန်၊ ရေတစ်တန်၊ လေတစ်တန်ဖြင့် ယူဆောင်ခဲ့သော မီးရှူးတိုင်ကို ကစားကွင်းထဲသို့အရောက် အားကစားသမားများက လက်ဆင့်ကမ်းသယ်ယူခဲ့ပြီးနောက် အိုလင်းပစ်မီးတိုင်ကို တစ် ဆင့်ထွန်းညှိကြသည်။ ကစားကွင်းရှိထိုမီးတိုင်သည် ပြိုင်ပွဲကျင်းပနေချိန်အတွင်း အရှိန်မပျက်တောက်လောင်လျက် ရှိစေရသည်။ အိုလင်းပစ်ကစားပွဲကို ကျင်းပရခြင်းသည် နိုင်ငံအချင်းချင်း ပိုမိုရင်းနှီးလာစေ ရန်အတွက်လည်းကောင်း၊ ကိုယ်ကျန်းက စိတ်ရွှင်ဟု ဆိုရိုးရှိသည့်အတိုင်း နိုင်ငံအသီးသီးတွင် ကိုယ်လက်ကြံ့ခိုင်သူ အားကစားသမားအများအပြားပေါ်ထွက်ရန် အတွက်သော်လည်းကောင်း ရည်ရွယ်ပေသည်။ ထို့ကြောင့် အိုလင်းပစ်ကစားပွဲ၏ ဆောင်ပုဒ်မှာ အနိုင်ရခြင်းသည်ပဓာန မဟုတ်၊ ပါဝင်ယှဉ်ပြိုင်ရခြင်းသည် အဓိက ဟူ၍ဖြစ်လေ သည်။ ကမ္ဘာ့အိုလင်းပစ်အသင်းကို စတင်တည်ထောင်သော ဇွန်လ ၂၃ ရက်နေ့ကိုလည်း ကမ္ဘာ့အိုလံပစ်နေ့ဟူ၍ သတ် မှတ်လျက် ထိုနေ့တွင် နိုင်ငံအသီးသီးတို့၌ အားကစားနှင့် ဆိုင် သောအထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလေ့ရှိကြသည်။ မှတ်သားရန်များ ဒုတိယကမ္ဘာစစ်မတိုင်မီ နောက်ဆုံးကျင်းပခဲ့သော အိုလံပစ်ပွဲတော်မှာ ၁၉၃၆ခုနှစ်၊ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့၊ ဟစ်တလာလက်ထက်တွင် အဆုံးသတ်ခဲ့သည်။ ၁၉၄ဝ နှင့် ၁၉၄၄ ခုနှစ်များတွင် အိုလံပစ်ပွဲတော် မကျင်းပဖြစ်ခဲ့ပေ။ မှတ်သားရန်များ၊ မြန်မာပါဝင်ပတ်သတ်မှု ၁၉၃၆ တွင်ကမ္ဘာ့အိုလံပစ်ကို မြန်မာနိုင်ငံက ဦးဇော်ဝိတ်သည် အလေးမကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း သူ့ကျွန်ဘဝကျရောက်နေခဲ့သောကြောင့် မြန်မာနိုင်ငံသားအဖြစ် ပါဝင်ခွင့်မရှိပဲ အိန္ဒိယနိုင်ငံသားအဖြစ်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ရသည်။ ၁၉၄၈ခုနှစ်၊ ဒုတိယကမ္ဘာစစ်အပြီး ၁၄ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ကို အင်္ဂလန်တွင် ကျင်းပခဲ့သည်။ ထိုအချိန်မှသာ မြန်မာနိုင်ငံမှာ လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အလံကို လွင့်ထူပြီး ကမ္ဘာ့အိုလံပစ်ပွဲတော်တွင် လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် စတင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ ၁၉၄၈ခုနှစ်၊ကမ္ဘာ့အိုလံပစ်ပွဲတော်တွင် ပထမဆုံးစတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမား များမှာ စိန်ဖေ(ပြေးခုန်ပစ်၊ မီတာ၁ဝဝ)၊ မျိုးသန့်၊ စောဟာဒီ (လက်ဝှေ့)၊ ဝင်းမောင်၊ ကျော်ရင် (အလေးမ) တို့ဖြစ်သည်။ မျိုးသန့်(လက်ဝှေ့)သည် First Round တွင် ကနေဒါချန်ပီယံကို အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့အိုလံပစ်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သော မြန်မာနိုင်ငံသားတစ်ယောက်၏ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့သော်လည်း Second Round တွင်ရှုံးနိမ့်ခဲ့သောကြောင့် ဆုမရရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကနေဒါနိုင်ငံ၊ မွန်ထရီရယ်အိုလံပစ် တစ်ကြိမ်မှလွဲပြီး မြန်မာနိုင်ငံက အိုလံပစ်ပွဲတော်များကို ပုံမှန်ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ အခြားမှတ်သားရန်မှာ အိုလံပစ်အမည်ကို ကျင်းပသောမြို့အမည်နှင့်သာတွဲခေါ်ပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများ တွင်မူ ကျင်းပသောနိုင်ငံအမည်နှင့်တွဲခေါ်လေ့ရှိသည်။ ဥပမာ-မွန်ထရီရယ်အိုလံပစ်၊ Brazil World Cup အကိုးအကား အားကစား ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%20%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ဖောင်တော်ဦးဘုရား (အင်းလေး)
အင်းလေးကန်ရှိ အင်းလေးဖောင်တော်ဦးဘုရားသည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုတစ်ခုအနေဖြင့် သာမက၊ မြန်မာနိုင်ငံရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အရာလည်းဖြစ်သည်။ သမိုင်း အင်းလေးဖောင်တော်ဦးဘုရား သမိုင်းနှင့် ပတ်သက်လျှင် အကြောင်းအရာနှစ်မျိုးကွဲပြားနေသည်ကိုလေ့လာတွေ့ရှိရသည်။ ပထမ အဆိုမှာ သက္ကရာဇ် (၇၂၁ )ခုနှစ်တွင်ညောင်ရွှေမြို့ကိုတည်ထောင်ခဲ့သော စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက် လွန်ခဲ့သော နှစ်ပေါင်း(၆၄၄)ခန့် ကာလ (ယခု)သန်းထောင် ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင် တောခြုံပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်းကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူ အတွင်းမှ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်တော် ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြရသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖထံ သွားရောက် သတင်းပေးကြသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖသည် အားရဝမ်းသာဖြင့် ဆွေတော် မျိုးတော် မှူးမတ်တို့နှင့် ပရိသတ်လေးပါး မြောက်မြားစွာ ခြံရံ၍ သန်းထောင်အရပ်သို့ ထွက်လာကာ မြက်ခြုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လိုဏ်ဂူကို တူးဖော်ကြည့်ရာ ဘုရားရှင် ရုပ်ပွားတော် (၅)ဆူတို့ကို ဖူးမြင် တွေ့ရှိရပေသည်။ ၎င်းရုပ်ပွားတော် ငါးဆူတို့အနက် နှစ်ဆူမှာ ရဟန္တာပုံတော် ဟုသိရသည်။ ၎င်းရုပ်ပွားတော် (၅) ဆူကို ဖောင်တော်ဦးရုပ်ပွားတော်ဟု ခေါ်ဝေါ်သည်။ ယင်းသို့ ခေါ်ဝေါ်ရခြင်း အကြောင်းရင်းမှာ ကောဇာသက္ကရာဇ် (၄၀၄) ခုနှစ်တွင် မင်းအဖြစ် ရောက်ရှိတော်မူသော ပုဂံပြည့်ရှင် နရပတိ အလောင်းစည်သူမင်းကြီးသည် သာသနာတော်မြတ် စည်ပင်၊ ပြန့်ပွား၊ ထွန်းကားခြင်းကို လိုလားသော မင်းမြတ် ဖြစ်သည်နှင့်အညီ ဇမ္ဗူဒိပ်ကျွန်း အလုံးနှံ့အောင် ဖောင်တော်ဖြင့် တိုင်းခန်း လှည့်လည်တော်မူကာ ရောက်လေရာအရပ်၌ စေတီပုထိုး ဂူကျောင်း စသည်တို့ကို ပြည်သူအများ ဆည်းကပ် ပူဇော်ကြစေရန် ရည်သန်၍ တည်ထားခဲ့ပြီး သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ သီဟိုဠ်မင်းက ဆက်သလိုက်သော သစ်ကနက် ဖောင်ကြောဖြင့် လှည့်လည် ပြန်လာတော်မူရာ မလယခေါ် မလ္လာဟုကျွန်းရောက်လျှင် (၎င်းကျွန်းသည် အိန္ဒိယပြည် မဒရပ်နယ် တောင်ဘက် ပင်လယ်တွင်ရှိ၍ အမွှေးနံ့သာ ကရမက်စသည် အလွန်ပေါသည်ဟုဆို၏။) သိကြားမင်းက ဆက်သ အပ်နှင်းလိုက်သော မဟာဗောဓိသား နှင့်တကွ သရက္ခာန် နံ့သာနှစ်သားတို့ကို ရုပ်ပွားတော် (၅)ဆူ ထုလုပ်တော်မူစေပြီးလျှင် ဖောင်တော်၏ ရှေ့ဦးတွင် ပင့်တင် ကိုးကွယ် ယူဆောင်တော်မူစေလျက် နေပြည်တော် ပုဂံမြို့သို့ ရောက်တော်မူလေသည်။ ဤသို့လျှင် ဖောင်တော်ဦးဘုရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။ စော်ဘွားကြီးဆီဆိုင်ဖသည် ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိ၏ နေပြည်တော် ညောင်ရွှေမြို့တော်သို့ ပင့်ဆောင်ပြီး ဟော်နန်းဦး စံပြဿာဒ် ပေါ်တွင် ကိုးကွယ်တော်မူပြီးမှ သီတင်းကျွတ် လဆန်း (၇) ရက်သို့ ရောက်သောအခါ ဟော်နန်းဦးမှ အောက်သို့ ပင့်ယူပြီး လှပ တင့်တယ်စွာ ဆောက်လုပ်ထားသော ပြဿာဒ် မဏ္ဍပ်အတွင်း ကောင်းစွာစံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော် အပူဇော်ခံပွဲသဘင် ဆင်ယင် ကျင်းပတော်မူခြင်း ဖြစ်သည်။ ဟော်နန်းဦးမှ မြို့သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ (စစ်ဘုရားလုံးစိုင်း) လူ့ပြည်သို့ကြွဆင်းလာသော မြတ်စွာဘုရားဟု ရှမ်းဘာသာဖြင့် ခေါ်တွင်သောကြောင့် မူလ ဖောင်တော်ဦးဟူသော အမည်မှာ အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။ ညောင်ရွှေမြို့၌ နှစ်ပေါင်း (၂၅၆)နှစ်ကြာ ပွဲတော်များ ကျင်းပနိုင်ခဲ့၍ သက္ကရာဇ် (၉၉၇) ခုနှစ်တွင် ညောင်ရွှေမြို့ကို စိုးစံသော စော်ဘွားမ (စောက်နန်းမ၊ စဝ်နန်းဟေး ) လက်ထက် ရောက်သောအခါ ၎င်းမြို့တော်၏ ပတ်ဝန်းကျင်ရှိ အခြား စော်ဘွား မြို့စားတို့က မြို့တော်ကို ထိပါး တိုက်ခိုက်နှောင့်ယှက်ဖန် များသောကြောင့် ဗုဒ္ဓဘာသာ ရှမ်းမြန်မာတို့၏ အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော် (၅)ဆူ တို့ကို စစ်ဘေးစစ်ဒဏ် အန္တရာယ် ကင်းရှင်းရာ ညောင်ရွှေနယ် ရွှေအင်းတိမ်ဘုရားကြီး၏ အရံစောင့် ကျွန်သီးတော်များ နေရာကွက်၌ ကျောင်းတော် ဆောက်လုပ်ပြီးလျှင် ကျွန်သီးတော်တို့အား( ၁၂) မှု မင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းခွင့်ပေး၍ ၎င်းတို့၏ သူကြီးအားလည်း ရုပ်ပွားတော်တို့ကို စောင့်ရှောက်ထိန်းသိမ်းရေးကိစ္စ ဆောင်ရွက်ဖွယ် အဝ၀တိုင်း အမိန့်အာဏာများ အပ်နှင်းပြီး အထူး ထိန်းသိမ်းစောင့်ရှောက်စေသည်။ ၎င်း အသည်တော်တို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၌ ဘုရားကိုယ်စား ရုပ်ပွားဆင်းထု၊ စေတီပုထိုးတို့ကို ထိန်းသိမ်းစောင့်ရှောက်သော ကျွန်သီးတော်ခေါ် အသည်တော်များ နေထိုင်ရာရပ်ကွက်ကို မည်သူမဆို ဝင်ရောက်တိုက်ခိုက် နှောက်ယှက်ထိပါး ဖျက်ဆီးခြင်း အမှုမပြုလုပ်ရဟူသော ဘာသာတရားအရ ဥပဒေ ပညတ်ချက်ထားရှိသောကြောင့် ၎င်းကို လိုက်နာသောအား ဖြင့် မြို့ပြ ပြည်ရွာ ပျက်ပြားသောအခါ ဖြစ်စေကာမူ ၎င်းရပ်ကွက်၌ ဘုရားသင်္ဃန်းတော်ကိုဖြစ်စေ၊ ဘုန်းကြီးသင်္ဃန်းကို ဖြစ်စေ အောင်လံအဖြစ် စိုက်ထူထားပါက မည်သည့် ရန်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်နှောက်ယှက်ခြင်း မပြုရ ဟူသော ဘာသာထုံးတမ်း ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာနေထိုင်ရသော သူများဖြစ်သည့်အလျှောက် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းဖြစ်သည်။ ၎င်းရပ်ကွက်ကား ရွှေအင်းတိန် ဘုရား၏ အရှေ့ဘက် မြောင်ဆုံရွာ အနောက်တောင် အင်းတိမ်မြို့ဟောင်း တောင်ဘက် ယခု ဆော်မရွာဟု ခေါ်သော ရပ်ကွက်ပင်ဖြစ်သည်။ ယခုဆော်မရွာ အနောက်ဘက်တွင် ဖောင်တော်ဦးရွာဟု ရှေးကရှိသည်။ ၎င်းရွာသည် အယုတ်တော်များ နေရာ ရပ်ကွက်ဖြစ်သည်ဟု ယခုလက်ရှိ အသည်တော်များ လူကြီးများ နှုတ်အမှတ်အသား ထားကြကြောင်း မှတ်သားရသည်။ ၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသော အချိန်မှစ၍ ၎င်းရုပ်ပွားတော်များကို ဖောင်တော်ဦးဘုရား ဟုတင်စား၍ ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ ။ အခြားအဆိုတစ်မျိုးမှာ အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်တော်မူရင်း ဇမ္ဗုသပြေပင်ရင်းသို့ ရောက်ရှိတော်မူသည်။ ထိုအချိန်တွင် ဘီလူးမတစ်ဦးသည် သားငယ်ကိုပိုက်၍ မြစ်ကမ်းနားက ကြည့်နေရာ သားငယ်သည် မြစ်အတွင်းသို့ ကျသွားသည်။ အလောင်းစည်သူမင်းကြီး သိတော်မူလျင် ယမထာကြိမ်လုံးဖြင့် ရေကိုပုတ်ခတ်ရာ ရေစောင့်နတ်က ဘီလူးမ၏သားကို ဆယ်ယူပေးအပ်လိုက်သည်။ ဘီလူးမသည် ဝမ်းသာလွန်း၍ ဟိမဝန္တာတောရှိ အနံ့မွှေးကြိုင်လှသော သရက္ခာန်အစစ်ကိုဖြတ်ယူ၍ အလောင်းစည်သူမင်းကြီးအား ဆက်သသည်။ သိကြားမင်းသည် အလောင်းစည်သူမင်းကြီးထံမှ သရက္ခာန်သားဖြင့် သရက္ခာန်ရုပ်တုတော်မြတ်ငါးဆူ၊ မြတ်ပေါင်းမဉ္ဇူတစ်ဆူ၊ ရှင်ဖြူ ရှင်လှနှစ်ဆူ၊ ပေါင်း ရှစ်ဆူထုလုပ်ပြီး အလောင်းစည်သူမင်းကြီးအား ဆက်သလေသည်။ သက္ကရာဇ်(၄၈၂)တွင် အလောင်းစည်သူမင်းကြီးသည် ပထမ၊ ဒုတိယ၊ တတိယ နှင့် စတုတ္ထသရက္ခာန် ရုပ်တုတော်လေးဆူကို သန်းထောင်အရပ် ဖောင်တော်ပေါက်တောင်ခြေရင်း၌ ဌာပနာတိုက်တည်ဆောက်ပြီး လိုဏ်ဂူသွင်းထားသည်။ မြတ်ပေါင်းမဉ္ဇူဘုရား ရုပ်တုတော်ကို မဟာဂါမရွာကျောင်းဆရာတော် အရိယဓဇ ဓမ္မရာသီ ထံအပ်နှံခဲ့သည်။ သက္ကရာဇ်(၇၂၁)တွင် သန်းထောင်အရပ် လိုဏ်ဂူသွင်းဌာပနာထားသည့် ရုပ်တုတော်မြတ်လေးဆူသည် ရောင်ခြည်တော်များ ကွန့်မြူးခဲ့ကြသည်ကို တွေ့ရှိ၍ တူးဖော်ကာ ညောင်ရွှေမြို့ ရွှေအင်းတိမ်ဘုရားကြီးသို့ ပင့်ဆောင်ခဲ့ကြသည်။ မဟာဂါမရွာကျောင်း၌ သီတင်းသုံးတော်မူသော မြတ်ပေါင်းမဉ္ဇူဘုရားရုပ်တုတော် နှင့်အတူ ကိန်းဝပ်တော်မူသည်။ သက္ကရာဇ်(၁၂၅၂)မှစ၍ ရုပ်တုတော်ငါးဆူကို နန်းဟူးရွာ၌ ထာဝရ ကျောင်းတော်ကြီးတည်ဆောက်ပြီး ကိုးကွယ်လာခဲ့ကြမှာ ယနေ့တိုင်ဖြစ်သည်။ ဖောင်တော်ဦးစေတီ ပွဲတော်ကျင်းပ ဖောင်တော်ဦးစေတီတွင် ဗုဒ္ဓဆင်းတု ၅ ဆူ စံပါယ်တော်မူလျက် ရွှေချရွှေသင်္ကန်းအကပ်များလွန်း၍ သဒ္ဓါလွန်မှုကြောင့် ဆင်းတုတော်ခမျာတို့မှာ မူလရုပ်သွင်ပင်ပျောက်၍ မမှတ်မိ နိုင်တော့ပါ။ စောစောပိုင်း အင်းလေးဒဏ္ဍာရီပိုင်းမှာ တင်ပြခဲ့သလို ယင်းဗုဒ္ဓရုပ်ပွားတော်တို့ကို မာလာယုမှယူခဲ့ရာ ၁၂ ရာစုနှစ်အတွင်း မြန်မာဘုရင် အလောင်းစည်သူဖြစ်သည်။ ဖောင်တော်ဦးစေတီပွဲတော်ကို ဝါကျွတ်သည့် အောက်တိုဘာလတွင် နှစ်စဉ်ကျင်းပမြဲဖြစ်၍ ၃ ရက်ကြာပါသည်။ ယင်းပွဲတော်မှာ နိုင်ငံအဆင့်အထိအရေးပါတတ်၍ ဗုဒ္ဓဆင်းတု ၄ ဆူ ကို တော်ဝင်ကရဝိတ်ဖောင်ပေါ်တင်၍ အခြားအင်းလေးအတွင်း စေတီပုထိုးများအားဖြတ်၍ လှည့်လည်အပူဇော်ခံလေ့ရှိသည်။ ဤဘာသာရေးအခါသမယမှာ ပါဝင်လိုသူအများကိုစွဲဆောင်နိုင်သည့်အ ပြင် တပြည်ထောင်လုံးမှ တက်ရောက်ဆင်နွှဲသူတို့လည်းရှိကြသည်ကို အားပါးတရကြည့်ရှုနိုင်ကြသည်။ အင်းသားအချင်းချင်း စွမ်းအားပြိုင်သည့်ပွဲဟုလည်း ခေါ်နိုင်သည်။ ဗုဒ္ဓမြတ်စွာအတွက် ကြာချည်များလောင်းလှူကြခြင်းကိုလည်း အထူးကြာသင်္ကန်းယက်ဖို့ ပြုလုပ်ကြသည်။ အင်းလေးကန်အတွင်းနှင့် ဝန်းကျင်နေကြသူများအဖို့ ပဓာနသယ်ယူပို့ဆောင်ရေးက ရှေးရိုးအစဉ်အလာအသုံးပြုကြသည့် လောင်းလှေငယ်များဖြစ်ကြ၏။ သို့သော်လည်းယနေ့ဆို လျှင် အတန်ငယ်ကြီးသောရေယာဉ်တို့ကို စက်အင်ဂျင်ယန္တရားတပ်ဆင်၍ သယ်ယူပို့ဆောင်ရေးအတွက်သုံးနေကြပါပြီ။ ကိုဗစ်ကာလ ကိုဗစ်ကာလအတွင်း စည်းကမ်းချက်များအရ ၂၀၂၀ ခုနှစ် သီတင်းကျွတ်ပွဲတော်တွင် ညောင်ရွှေမြို့အပါအဝင် အင်းလေးဒေသ ၂၁ ဌာနသို့ အပူဇော်ခံ ကြွချီနေကျ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပွဲကို ဖျက်သိမ်းသည်ဟု ထုတ်ပြန်သည်။ ကိုးကား ပြင်ပလင့်ခ်များ ရှမ်းပြည်နယ်ရှိ စေတီပုထိုးများ မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%A6%E1%80%B8%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%20%28%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B1%E1%80%B8%29
ဖျာပုံမြို့
(ဖျာပုၚ်) ဖျာပုံမြို့သည် အခြားအောက်မြန်မာနိုင်ငံမြို့ရွာများ နည်းတူ မွန်တို့ဒေသဖြစ်ခဲ့ဖူးသည်။ ရှေးအခါမွန်တို့တန်ခိုးထွားစဉ်က ဟံသာဝတီမွန်နေပြည်တော်၏ အုပ်ချုပ်မှုတွင်ရှိခဲ့ပြီး အနောက်ဘက် ပုသိမ် ၃၂ မြို့တွင်အပါအဝင်ဖြစ်သည်။ ဖျာပုံဟူသောအခေါ်အဝေါ်မှာ မွန်ဘာသာစကားဖြစ်ပြီး“ဖျာ”=ဈေး၊ဆိုင် ဖြစ်ပြီး “ပုံ”=ထမင်း ဖြစ်ကာ ထမင်းဆိုင်တန်းရှိရာအရပ်ဟု အဓိပ္ပာယ်ထွက်ပါသည်။ ဖျာပုံ - ဗျာ-ဆိုင်၊ ပုင်-ထမင်း (ထမင်းဆိုင်) ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%96%E1%80%BB%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ချင်းတွင်းမြစ်
ချင်းတွင်းမြစ် (အင်္ဂလိပ်: Chindwin River) သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ် ဟုလည်း မြန်မာစာပေတွင် ရေးသားသည်။ မြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသည်။ ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ ချင်းတွင်းမြစ်၏ အစပြုရာအမည်သညာမှာ –တနိုင်းခ— ဖြစ်သည်။ –ခ— ဆိုသည်မှာ ကချင်ဘာသာစကားဖြင့် –ရေ—၊ –မြစ်—ဟူ၍ အဓိပ္ပာယ်ရသဖြင့် –တနိုင်းခလွင်ပြင်ဒေသမှ ဖြတ်သန်းစီးဆင်းလာသည့်မြစ်—ဟူ၍အဓိပ္ပာယ်ဖွင့်ရမည်။ –တနိုင်းခ—ကို နာဂတိုင်းရင်းသားများက –ဒီနဲ—ဟုလည်း ခေါ်ဝေါ်ကြသေးသည်။ ထို့အပြင် –သလ္လာဝတီ—ဟူ၍ လည်း ရှေးသမိုင်းအစဉ်အလာအရ ခေါ်တွင်ခဲ့ကြသည်။ –သလ္လာ—ဆိုသည်မှာ –မြား—၊–ဝတီ— ဆိုသည်က –ရေ— ဖြစ်၍ မြားကဲ့သို့ ရေစီးသန်သည့်မြစ်ကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်ဟုအဆို ရှိခဲ့သည်။ –ချင်းတွင်း—ဆိုသည်ကိုမူ– ချင်းတောင်တန်းဒေသမှ စီးဆင်းလာသည့်မြစ်—ဟု ဝိဂြိုဟ်ကျင်းခဲ့ကြသည်။ အမှန်ဆိုရလျှင် –ချင်းတွင်း—ဟူသည့်အခေါ်အဝေါ်သည် ပုဂံခေတ်ကပင် စတင်ခေါ်ဝေါ်သုံးနှုန်းလာခဲ့ကြခြင်းဖြစ်သည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။ ဇာစ်မြစ် ချင်းတွင်းမြစ်သည် တနဲ၊ တဝန်၊ တရုံမြစ်များ တွေ့ဆုံရာမှ စတင်လေသည်။ တနဲမြစ်မှာ ကူမွန်တောင်တန်းရှိ ရွှေတောင်ကြီးတောင် အနီးတွင် မြစ်ဖျားခံသည်။ ထိုမှ ဟူးကောင်းတောင်ကြားအထိ မြောက်စူးစူးသို့ စီးဆင်း၍ အနောက်ဘက်သို့ကွေ့ရာ၌ ဟူးကောင်းတောင်ကြားမှ စီးဆင်းလာသော တရုံမြစ်နှင့် ပူးပေါင်းလေသည်။ ထိုမြစ်ဆုံမှ တောင်ဘက်သို့ စီးဆင်းရာ ရေတံခွန်များ လွန်ပြီးနောက် ဇင်ဂလိန်ခန္တီးနယ်သို့ ရောက်၏။ ဤမှတစ်ဖန် အထက်ချင်းတွင်းခရိုင်ကို ဖြတ်၍စီးဆင်းသည်။ ထိုနေရာမှ အောက်ဘက်သို့ ရောက်လာသောအခါ အရှေ့ဘက် ကျောက်စိမ်းတွင်းများဒေသတွင် မြစ်ဖျားခံခဲ့သော ဥရုမြစ်သည် ပထမဆုံး မြစ်လက်တက် အဖြစ် ဟုမ္မလင်းမြို့နှင့် မိုင်အနည်းငယ်ကွာနေရာတွင် ချင်းတွင်းမြစ်တွင်းသို့ စီးဆင်းလေသည်။ ထိုမှတစ်ဖန် ချင်းတွင်းမြစ်သည် သောင်သွပ်နယ်၏ အရှေ့ဘက်နယ်နိမိတ်အဖြစ် စီးဆင်းလာသည်။ ချင်းတွင်းမြစ်၏ အခြားမြစ်လက်တက်တစ်ခုဖြစ်သော ယူးမြစ်သည် အနောက်ဘက်ရှိ ကဘော်မြစ်ဝှမ်းမှ ချင်းတွင်းမြစ်တွင်းသို့ စီးဝင်ပေါင်းဆုံလာ၏။ ဤမှတစ်ဖန် ချင်းတွင်းမြစ်သည် မော်လိုက်မြို့ကို ဖြတ်၍စီးဆင်းလာရာ အနောက်ဘက် ချင်းနယ်မှ စီးလာသော မြစ်သာမြစ်နှင့် ကလေးဝတွင် ပေါင်းဆုံမိလေသည်။ ချင်းတွင်းမြစ်သည် လက်ယာဘက်ကမ်းရှိ မင်းကင်းမြို့ အနီးတွင် အရှေ့ဘက်သို့ အနည်းငယ်ကွေ့ပြီးနောက် တစ်ဖန် မြောက်ဘက်သို့ ကွေ့သွားပြန်၏။ ထို့နောက် မောက်ကတော်ရွာအနီးတွင် တောင်ဘက်သို့ ကွေ့ပြီးသော် အောက်ချင်းတွင်းခရိုင်အတွင်းသို့ စီးဝင်သည်။ အထက်ချင်းတွင်းခရိုင်အတွင်း၌ ချင်းတွင်းမြစ် စီးဆင်းလာစဉ်က မြစ်ဝှမ်းသည် ကျဉ်းမြောင်းသည်။ မြစ်ကြော တစ်လျှောက်တွင် ထူထပ်သောသစ်တောကြီးများသည် မြစ်ကမ်းပါးအထိ ပေါက်ရောက်သည်။ အနည်းငယ်သော နေရာများတွင် ညီညာသောကမ်းခြေများ ရှိသော်လည်း ကိုင်းတောများ ပေါက်နေသည်။ ရွာများသည် တစ်ရွာနှင့် တစ်ရွာ အလှမ်းဝေး၍ ရွာလည်းနည်းပါးသည်။ လူနေလည်း ကျဲသည်။ အောက်ချင်းတွင်း ခရိုင်သို့ ရောက်လာသောအခါမူ ချင်းတွင်းမြစ်၏ မြင်ကွင်းများသည် တစ်မျိုးတစ်ဖုံ ဖြစ်လာသည်။ မောက်ကတော်ရွာမှ စ၍ မြစ်ဝှမ်းသည် ကျယ်လာ၍ တောင်များသည် မြစ်ကမ်းခြေနှင့် ဝေးသွားသည်။ ထိုဒေသ တစ်လျှောက်တွင် ရွာငယ်များကို ပို၍ တွေ့မြင်နိုင်သည်။ ကမ်းခြေမြေညီများတွင် အပူပိုင်း၌ ပေါက်လေ့ရှိသော ကောက်ပဲသီးနှံများကို စိုက်ပျိုးထားသည်ကို တွေ့ရသည်။ ကန္နီနှင့် အလုံမြို့များကို လွန်လာပြီးနောက် လက်ဝဲဘက် တနည်းအားဖြင့် အရှေ့ဘက်ကမ်းတွင်ရှိသော မုံရွာမြို့သို့ ရောက်လာသည်။ မုံရွာတောင်ဘက်တွင် ချင်းတွင်းမြစ်သည် စစ်ကိုင်းနှင့် ပခုက္ကူခရိုင်တို့၏ နယ်နိမိတ်အဖြစ် တည်ရှိသည်။ ထိုမှတစ်ဖန် အမြင့်မြို့ကိုဖြတ်၍ ရေစကြိုမြို့အလွန်တွင် မြစ်ကြောင်း ၂ ဖြာ ကွဲကာ မြင်းခြံအထက် ရေတိုင်ရွာအနီးတွင်လည်းကောင်း၊ ပခုက္ကူအထက်တွင်လည်းကောင်း၊ ဧရာဝတီ မြစ်တွင်းသို့ မြစ်ဝ ၂ ခုဖြင့် စီးဝင်လေသည်။ ပခုက္ကူအထက်ရှိ အောက်မြစ်ဝမှသာလျှင် သင်္ဘော များသည် ချင်းတွင်းမြစ်တွင်းသို့ စုန်ဆန်သွားလာကြ၏။ အထက်မြစ်ဝသည် ကောလုနီးနီး ဖြစ်နေသည်။ ချင်းတွင်းမြစ်သည် မိုင် ၆ဝဝ နီးပါး ရှည်လျားသည်။ ဧရာဝတီမြစ်ဆုံမှ အထက်မိုင်ပေါင်း ၄ဝဝအထိ သင်္ဘောခုတ်မောင်း နိုင်သည်။ မီးသင်္ဘောများသည် တစ်နှစ်ပတ်လုံး ကင်းတပ်မြို့အထိလည်းကောင်း၊ မိုးတွင်းအခါတွင် ဟုမ္မလင်းအထိလည်းကောင်း ဆန်တက်နိုင်ပေသည်။ လှေငယ်များနှင့်မူ မြစ်ကြောင်း တစ်လျှောက်လုံး စုန်ဆန်သွားလာနိုင်သည်။ ချင်းတွင်း မြစ်တွင်း၌ သစ်များကို ဖောင်ဖွဲ့၍ မျှောချကြသည်။ မြစ်ကမ်းပါးများတွင် ဆေးကိုင်းများ၊ ပဲကိုင်းများ စိုက်၏။ မြစ်အောက်ပိုင်းတွင်ကား ကောက်ပဲ သီးနှံခင်းများအတွက် ချင်းတွင်းမြစ်မှ ရေကိုသွယ်၍ ယူကြသည်။ ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းတွင် သောင်သွပ်၊ ကလေးဝ၊ ကန္နီစသောမြို့များ တည်ရှိ၍ လက်ဝဲဘက်ကမ်းတွင် ဟုမ္မလင်း၊ ကင်းတပ်၊ အလုံ၊ မော်လိုက်နှင့် မုံရွာမြို့ကြီးများ တည်ရှိသည်။ ချင်းတွင်းမြစ်ကို စွဲ၍ အောက်ချင်းတွင်းခရိုင်၊ အထက်ချင်းတွင်းခရိုင်ဟူ၍ ခရိုင်ခွဲခြားထားသည်။ ချင်းတွင်းမြစ်ဖျားတွင် ရွှေအနည်းငယ်ထွက်၍ ပယင်းတွင်းများ၊ ကျောက်စိမ်းတွင်းများလည်း ရှိလေသည်။ ချင်းတွင်းမြစ်ကြောင်းတွင် မင်းကင်း၊ စစ်တောင်းနှင့် ဖောင်းပြင်မြို့များလည်းရှိသည်။ ကလေးဝမြို့ အောက်ဘက် အရှေ့ဘက်ကမ်းရှိ ရွှေကျင်မှ ရွှေဘိုခရိုင်သို့ လမ်းပေါက်သည်။ ပန်းသာမှာ အင်းတော်ရေနံတွင်း အတွက် မြစ်ဆိပ်ဖြစ်၍ ကလေးဝတွင် ကျောက်မီးသွေးတွင်းများ ရှိသည်။ ဧရာဝတီမြစ်တွင်းသို့ ပခုက္ကူအထက်တွင် စီးဝင်သော ချင်းတွင်းမြစ်၏ အောက်မြစ်ဝသည် ပုဂံမင်းတစ်ပါး ဖောက်လုပ်ခဲ့သော တူးမြောင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုတူးမြောင်းသည် နှစ်ပေါင်းကြာမြင့်စွာ ပိတ်ဆို့နေခဲ့ရာ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ် ရေကြီးသည့်အခါတွင်မှ ပြန်၍ပေါက်သွားသည်ဟု သမိုင်းအမှတ်အသား ရှိသည်။ တနိုင်း၊ တဘိုင်၊ တဝမ် နှင့် တရုံး မြစ်များ ဟူးကောင်းချိုင့်ဝှမ်းအတွင်း ပေါင်းဆုံရာမှ ချင်းတွင်းမြစ် အဖြစ်စတင်စီးဆင်းသည်။ ထိုနောက် အနောက်တောင်ယွန်းယွန်းသို့ စီးဆင်းကာ တစ်ဖန်အရှေ့တောင်ဘက်သို့ ပြန်လည်ဦးတည်၍ စီးဆင်းသည်။ မြောက်ဘက်ပိုင်း စီးဆင်းရာလမ်းတစ်လျှောက်တွင် အတော်အတင့် ကြမ်းတမ်းသည့် မြေမျက်နှာပြင်များကို ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းရာတွင် ထိုဒေသများရှိ မြစ်ချောင်းများကို မြစ်လက်တက်များအဖြစ် လက်ခံစီးဆင်းသည်။ မြစ်လက်တက်များ အကြီးဆုံးဖြစ်သော မြစ်လက်တက်ဖြစ်သည့် ဥရုမြစ်သည် ဟုမ္မလင်းမြို့တောင်ဘက်တွင် ချင်းတွင်းမြစ်အတွင်း ပေါင်းဆုံသည်။ (ဥရုမြစ်ညာရှိ ဖားကန့်ဒေသသည် နာမည်ကျော် မြန်မာ့ကျောက်စိမ်းများ ထွက်ရှိရာ ပင်မဒေသလည်းဖြစ်သည်။) ယူးမြစ်သည် ကဘော်ချိုင့်ဝှမ်းဒေသကို ဖြတ်သန်း၍ ချင်းတွင်းမြစ်အတွင်း စီးဝင်သည်။ မြစ်သာမြစ်သည် ကလေးချိုင့်ဝှမ်းဒေသကို ဖြတ်ကာ ကလေးဝမြို့ အနီးတွင် ချင်းတွင်းမြစ်နှင့် ပေါင်းဆုံသည်။ မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ ခန္တီးမြို့ ထမံသီ ဟုမ္မလင်း မော်လိုက် ကလေးဝ ကလေးမြို့ မုံရွာ မအူ (တိုက်နယ်) ပရိမ္မ (ကျန်စစ်သား သမိုင်းဝင် ရွာကြီး) ရေစကြိုမြို့ သမိုင်းထဲက ချင်းတွင်းမြစ် သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများသည် ချင်းတွင်းမြစ်ကို အသုံးပြုမှုနည်းပါးခဲ့သည်။ သို့သော် ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများတွင် မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်လာရာတွင် ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရသည်။ ကသည်းတို့သည် ဘာသာရေးယုံကြည်ချက်ဖြစ် ဧရာဝတီမြစ် ထိကျူးကျော်လာခြင်းဖြစ်သည်။ ထိုသို့ကျူးကျော်ရာတွင် အင်းဝတစ်ဖက်ကမ်း စစ်ကိုင်း အထိပင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည် မိုးကာလကို မဟာမိတ်တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။ ရည်ညွှန်းကိုးကား မြန်မာနိုင်ငံရှိ မြစ်များ စစ်ကိုင်းတိုင်းဒေသကြီး
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%85%E1%80%BA
စစ်တောင်းမြစ်
စစ်တောင်းမြစ်သည် ရှမ်းကုန်းမြင့်ဒေသ၏တောင်ဘက်စွန်းတွင် စတင်မြစ်ဖျားခံကာ ပဲခူးတိုင်းကို ဖြတ်သန်းစီးဆင်း၍ မုတ္တမကွေ့ထဲမှ ဘင်္ဂလားပင်လယ်အတွင်းသို့ စီးဝင်သည်။ အရှည်အားဖြင့် ၂၆၁မိုင် (၄၂၀ကီလိုမီတာ) ရှိပြီး အနောက်ဘက် ပဲခူးရိုးမနှင့် အရှေ့ဘက် ရှမ်းရိုးမတို့ကြားရှိ မြေနှိမ့်လွင်ပြင်ဒေသတွင် စီးဆင်းသည်။ မြန်မာနိုင်ငံတွင် ၄ခုမြောက်အရှည်ဆုံးမြစ်ဖြစ်သည်။ ရွေကျင်မြစ်၊သားပြချောင်းတို့သည်စစ်တောင်းမြစ်အတွင်းသို့စီးဝင်သည်။ ရွေကျင် မဒေါက် ကွမ်းဆိပ် သိမ်ဇရပ်တို့ကိုပြေးဆွဲနေသော စက်လှေများရှိသည်။ ကားလမ်းများမပေါ်ခင်က မွန်ပြည်နယ်နှင့်ပဲခူးတိုင်းကိုဆက်သွယ်ရာတွင် အထူးအရေးပါခဲ့သည်။ ကွမ်းဆိပ်သည် ထင်ရှားသော စစ်တောင်းမြစ်ကမ်းရွာကြီးတစ်ရွာဖြစ်သည်။ ထူးခြားထင်ရှားသည့်အချက်မှာစစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်သည်။ ရေစီးသန်၍ နုန်းမြေပို့ချမှုနည်းပါးသောကြောင့် စစ်တောင်းမြစ်သည် စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူမပေးနိုင်ပေ။ သို့သော် ပဲခူးရိုးမမှ ထွက်ရှိသော သစ်လုံးများကို မျှောချတင်ပို့ရာတွင် အသုံးချကြသည်။ ဆက်သွယ်ရေး သွားလာဆက်သွယ်ရေး လွယ်ကူစေရန် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တူးမြောင်းရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ဘက်ကရင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် ဆက်သွယ်သွားလာရေးအတွက် တည်ဆောက်ထားသည့် စစ်တောင်းတံတားလည်းရှိသည်။ မြစ်ကြောင်းတစ်လျှောက် မြို့များ ညောင်လေးပင်မြို့ တောင်ငူ ွေ ရွေကျင်မြို့ ကွမ်းဆိပ်ရွာ သိမ်ဇရပ်မြို့ ရည်ညွှန်းကိုးကား မြန်မာနိုင်ငံရှိ မြစ်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%85%E1%80%BA
အမျိုးသားကုကုန်းပြတိုက်
အမျိုးသားကုကုန်း(နန်းတွင်း)ပြတိုက် (National Palace Museum) သည် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ထိုင်ပေမြို့တွင် တည်ရှိပြီး ဝန်ကြီးများရုံးမှ ကြီးကြပ်သည့် ပြည်သူပိုင် ယဉ်ကျေးမှု သမိုင်းပြတိုက် တစ်ခုဖြစ်သည်။ အတိုကောက်အားဖြင့် ကုကုန်းပြတိုက် (သို့) ထိုင်ပေကုကုန်းပြတိုက်ဟုလည်း ခေါ်ဆိုကြသည်။ ထိုင်ပေကုကုန်းပြတိုက်သည် တရုတ်သမိုင်း ခေတ်အဆက်ဆက်မှ ရှေးဟောင်း အနုပညာ လက်ရာပစ္စည်းများ စုစုပေါင်း ၆၉၆၃၇၃ ရပ်ကို စုဆောင်းထားသည့် ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီး ၄ ခုစာရင်းတွင် ပါဝင်သည့် ပြတိုက်ဖြစ်သည်။ အဓိကအားဖြင့် စုန့်မင်းဆက်၊ ယွမ်မင်းဆက်၊ မင်မင်းဆက်နှင့် ချင်းမင်းဆက် မင်းဆက် ၄ ဆက်မှ လက်ရာ နူးညံ့သိမ်မွေ့သည့် တော်ဝင်ပစ္စည်းများကို စုဆောင်းထားသည်။ သမိုင်း အမျိုးသားကုကုန်းပြတိုက်အား မူလအစက တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ဖူယီနန်းစွန့်ပြီး များမကြာမှီ ၁၉၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ပေကျင်းမြို့ရှိ နန်းတွင်း (Forbidden City) တွင် ကုကုန်းပြတိုက် (Palace Museum - နန်းတွင်းပြတိုက်) အဖြစ် တည်ထောင်ခဲ့သည်။ ၁၉၃၁ ခုနှစ် မန်ချူးအရေးအခင်း (တရုတ်-ဂျပန်စစ်ပွဲ၏ တစ်စိတ်တစ်ဒေသ) ဖြစ်ပွားချိန်တွင် ယဉ်ကျေးမှု အမွေအနှစ်များ ဂျပန်လက်အောက် မကျရောက်စေရန် ကွန်မင်တန်ခေါင်းဆောင် ချန်ကေရှိတ်က ကုကုန်းပြတိုက်အား တန်ဖိုးအရှိဆုံး ပစ္စည်းများကို ပေကျင်းမှ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ရထား ၂ စင်းဖြင့် ၁၃၄၉၁ သေတ္တာပါ ရှေးဟောင်းပစ္စည်းများအား တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းရှေးဟောင်းပစ္စည်းများအား ရှန်ဟိုင်း၊ အန်းဆွန့်၊ ယီပင်း အပါအဝင် နေရာ အတော်များများသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်များတွင် ကွန်မင်တန်အစိုးရ၏ မြို့တော် နန်ကျင်းမြို့သို့ ရောက်ရှိခဲ့သည်။ တရုတ်ပြည်တွင်းစစ်နှောင်းပိုင်းကာလ ၁၉၄၈ - ၁၉၄၉ ခုနှစ်အတွင်း ရှေးဟောင်းပစ္စည်းအချို့အား အသုတ် ၃ သုတ်ခွဲကာ ထိုင်ဝမ်မြောက်ပိုင်း ကြီးလုံဆိပ်ကမ်းသို့ ရေကြောင်းဖြင့် သယ်ဆောင်လာခဲ့သည်။ ဘေဂျင်းမှ တရုတ်ပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့သည့် သေတ္တာပေါင်း ၁၃၀၀၀ ကျော်အနက် ၅၄၂၂ သေတ္တာ (၂၂%) သာထိုင်ဝမ်သို့ ရောက်ရှိလာသည်။ တရုတ်ပြည်တွင်းစစ်တွင် တရုတ်ကွန်မြူနစ်တို့ အနိုင်ရခဲ့ပြီးနောက် ကျန်ရှိသည့် ပစ္စည်းများအား နန်ကျင်းမှ ဘေဂျင်းသို့ ပြန်လည်ရွှေ့ပြောင်းခဲ့ပြီးနောက်တွင် ကုကုန်းပြတိုက်သည် ဘေဂျင်းတွင်တစ်တိုက် ထိုင်ပေတွင်တစ်တိုက် ပြတိုက်နှစ်တိုက်အဖြစ် ကွဲထွက်ခဲ့သည်။ နောက်ပိုင်းတွင် ဘေဂျင်းရှိပြတိုက်အား ″ဘေဂျင်းကုကုန်း″ဟုလည်းကောင်း၊ ထိုင်ပေရှိပြတိုက်အား ”ထိုင်ပေကုကုန်း″ဟုလည်းကောင်း လူသိများလာခဲ့သည်။ ထိုင်ပေတွင် ပြတိုက်တည်ဆောက်ခြင်း ထိုင်ပေရှိ အမျိုးသားကုကုန်းပြတိုက်အား ၁၉၆၄ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ကာ ၁၉၆၅ ခုနှစ် ဩဂုတ်လတွင် ပြီးစီးခဲ့သည်။ စုဆောင်းပစ္စည်းပေါင်း ၆ သိန်းခွဲကျော်အား ပြသရန် နေရာမလောက်ငှသည့်အတွက် ၁၉၆၇၊ ၁၉၇၀နှင့် ၁၉၉၇ ခုနှစ်တွင် တိုးချဲ့ ဆောက်လုပ်ခဲ့သည်။ ကုကုန်းပြတိုက်တွင် ရှေးဟောင်းပစ္စည်းများအား သုံးလပတ်လျှင် တစ်ကြိမ် အလှည့်ကျ ပြသလေ့ရှိသည်။ တနည်းအားဖြင့်ဆိုလျှင် တနှစ်လျှင် ပစ္စည်းပေါင်း ၆ သောင်းကို ကြည့်ရှုနိုင်ပြီး စုဆောင်းပစ္စည်းအားလုံးကို ကြည့်ရှုမည်ဆိုလျှင် ၁၂ နှစ်ကြာ ကြည့်ရှုရမည် ဖြစ်သည်။ အထင်ကရ လက်ရာပစ္စည်းများ တရုတ် ယဉ်ကျေးမှု ထိုင်ဝမ်ရှိ ပြတိုက်များ ထိုင်ပေမြို့ရှိ ပြတိုက်များ ထိုင်ပေမြို့ အဆောက်အဦး
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%80%E1%80%AF%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA
နရသူ
မြန်မာ့သမိုင်းတွင် နရသူဘွဲ့ခံသည့် ဘုရင်များမှာ နရသူ (ပုဂံ) - ပုဂံဘုရင် (၁၁၆၇−၇၁) နရသူ (မောပါမင်း) - ပင်းယဘုရင် (၁၃၅၉−၆၄) တို့ဖြစ်ကြသည်။
https://my.wikipedia.org/wiki/%E1%80%94%E1%80%9B%E1%80%9E%E1%80%B0
နရပတိ
အင်းဝခေတ်၏ ၁၀ ဆက်မြောက်ဘုရင် နရပတိ (အင်းဝ) အင်းဝခေတ်နှောင်းပိုင်း၊ ရွှေနန်းတည်မင်း ရွှေနန်းကျော့ရှင်နရပတိ တပင်ရွှေထီးခေတ်တွင် ပြည်၌ နန်းတက်သည့် နရပတိ(ပြည်) ပုဂံခေတ် နရသူမင်း၏ သားတော်ငယ် နရပတိစည်သူ(ပုဂံ)
https://my.wikipedia.org/wiki/%E1%80%94%E1%80%9B%E1%80%95%E1%80%90%E1%80%AD
မင်းခေါင်
မြန်မာ့သမိုင်းတွင် မင်းခေါင်ဘွဲ့ခံသည့် ဘုရင်များမှာ- အင်းဝခေတ်ဦးတွင် ထင်ရှားသည့် ပထမမင်းခေါင် (အင်းဝ-ဟံသာဝတီစစ်ဆင်နွှဲသူ) အင်းဝခေတ်နှောင်းတွင် ဒုတိယမင်းခေါင် တို့ဖြစ်ကြသည်။ တပင်ရွှေထီးခေတ် ပြည်ဘုရင်မင်းခေါင် နှင့် ဘုရင့်နောင်၏ညီ တောင်ငူမင်းခေါင်တို့မှာ ထင်ရှားခြင်းမရှိကြပေ။
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA
ရွှေလီမြစ်
ရွှေလီမြစ်ကို ရှမ်းပြည်နယ်တွင်နမ့်မောင်း၊ တရုတ်နိုင်ငံတွင် ၏ ရွေ့လိကျန်း (瑞丽江)(Rui Li Jiang)ဟုခေါ်ကြသည်။ မြစ်၏အစပိုင်းနေရာအချို့သည် တရုတ်-မြန်မာနယ်နိမိတ်မျဉ်းအဖြစ် စီးဆင်းသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုန်းမြင့်ဒေသများတွင် စတင်မြစ်ဖျားခံကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်း တို့ကိုဖြတ်သန်း၍ တကောင်းမြို့မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ၊ ကသာမြို့အနီးရှိ အင်းရွာတွင် နိုင်ငံ၏ အကြီးဆုံးမြစ်ဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ သမိုင်းထဲက ရွှေလီမြစ် ရွှေလီမြစ်သည် တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများ နှင့် ကြီးမားသော ဆက်နွယ်မှုရှိသည်။ မောဝ်ရှမ်းတို့သည် ပုဂံခေတ်ဦးတည်းကပင် ရွှေလီမြစ်မှတဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းဒေသများကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ပုဂံမှ အနော်ရထာမင်း၏ ဟန့်တားမှုကြောင့် မူလနေရာများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။ သို့သော် ပုဂံခေတ်မကုန်ဆုံးမှီကပင် ရှမ်းတို့၏ ဩဇာအင်အားမှာ တစတစကြီးထွားလာကာ ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် ပေါ်ထွန်းလာသည့် ပင်းယ-စစ်ကိုင်းခေတ်များ ပျက်သုဉ်းရခြင်းမှာ မောဝ်ရှမ်းများ၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း သမိုင်းများတွင် မှတ်တမ်းတင်ခဲ့သည်။ တောင်ငူ-ဟံသာဝတီခေတ်တွင် ဘုရင့်နောင်၏ သိမ်းသွင်းမှုကြောင့် ရှမ်းတို့သည် မှားယွင်းသည့် အယူဘာသာများမှ ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်တွင်ဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာစစ်ပွဲများတွင်လည်း ရွှေလီမြစ်သည် မြန်မာတို့၏ နယ်ချဲ့တွန်းလှန်ရေးသမိုင်းတွင် ပါဝင်ခဲ့ပြန်သည်။ ရွှေလီမြစ် တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီးလျှင် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ကြီးထဲသို့ စီးဝင်သော ထင်ရှားသည့် မြစ်လက်တက်ကြီး တစ်ခုမှာ ရွှေလီမြစ်ဖြစ်၍ မြန်မာနိုင်ငံ၏အရှေ့တံခါးပေါက်ကြီး တစ်ခု ဖြစ်သည်။ မိုင်ပေါင်း ၃၅ဝ ခန့် ရှည်လျား၏။ ရွှေလီ မြစ်စဉ်အတိုင်း ဆန်တက်ပါက တရုတ်-မြန်မာ နယ်နိမိတ်ကို ဖြတ်သန်း၍ တရုတ်နိုင်ငံတွင်းသို့ ပေါက်သည်။ တရုတ်-မြန်မာ လမ်းမကြီးသည် များသောအပိုင်းတွင် ရွှေလီမြစ်နှင့် ယှဉ်ပြိုင် သွယ်တန်းလျက် ရှိ၏။ တရုတ်နိုင်ငံ ထိန်ယွေး(မိုးမျဉ်း)နယ် အရှေ့မြောက်ဘက် မိုင် ၆ဝ ခန့်အကွာမှ မြစ်ဖျားခံခဲ့ပြီးနောက်၊ အနောက်တောင် ဘက်သို့ စီးဆင်းကာ မိုင်းမော၊ နမ့်ခမ်းမြို့များအနီးမှ ဖြတ် သန်း၍ မိုးမိတ်နယ်သို့ ဝင်ပြီးလျှင် မြစ်ဆုံရွာအနီး ရောက်သော အခါ မြောက်ဘက်သို့ မြစ်ကြောင်းတဖန်လှည့်၍ ကသာမြို့ တောင်ဘက် မိုင် ၂ဝ ခန့်ကွာဝေးသော အင်းရွာနားမှ ဧရာဝတီ မြစ်ထဲသို့ ပေါင်းဆုံစီးဝင်သည်။ ထိုကြောင့် ရွှေလီမြစ်သည် တရုတ်၊ ရှမ်းနှင့် ကချင်ဒေသများကို ဆက်သွယ်ပေးသော တံခါးပေါက်ကြီးဟု ဆိုရပေမည်။ ရွှေလီမြစ်ကို ချီဖင်လွင်ပြင်သို့ မရောက်မီ တရုတ်တို့က လွန်ကျန်၊ လွန်ချွန်ကျန်မြစ်ဟု ခေါ်၍ ရှမ်းတို့က နမ့်ယန်မြစ် ဟု ခေါ်သည်။ ချီဖင်လွင်ပြင်ကို ကျော်လာသောအခါ နမ့်မော မြစ်ဟု ခေါ်ကြပြန်သည်။ အရှည်အားဖြင့် မိုင် ၂၆ဝ ရှိ၍ တောတောင်စိမ့်စမ်း လျှိုမြောင်ကြားမှ ဖြတ်စီးရသောကြောင့် မြစ်ကျဉ်းများ ရေတံခွန်များ ပေါများသဖြင့် အချို့နေရာ၌ ကူးသန်းသွားလာရေး ခက်ခဲသည်။ မြစ်ဆုံရွာအောက်ဘက်တွင် မြစ်ကြောင်းသည် အလွန်ကျဉ်းသည်။ မိုးကုတ်နယ် ရွှေညောင် ပင်ရွာနားမှ စီးဆင်းလာသော ကင်းချောင်းနှင့် မိုးမိတ်မြို့ကို ဖြတ်သန်းစီးဆင်းလာသော နမ့်မိတ်မြစ်တို့သည် ပေါင်းဆုံပြီး နောက် မြစ်ဆုံရွာနားတွင် ရွှေလီမြစ်ထဲသို့ လက်ဝဲဘက်မှ စီးဝင်သည်။ အခြားထင်ရှားသော မြစ်လက်တက်ဟူ၍ကား မရှိချေ။ ရွှေလီမြစ်သည် ကူးသန်းသွားလာရန် များစွာ အသုံး မဝင်သော်လည်း ယင်းကို သစ်ဝါးမျှောရန် အသုံးပြုကြသည်။ နမ့်ခမ်းမြို့အနီး ဆွပ်ခမ်းရွာ အောက်နားတွင် ရွှေလီမြစ်သည် တောင်ကုန်းကို ဖြတ်၍ စီးဆင်းရသဖြင့် ကိုက် ၁ဝဝ ခန့်သာ ကျယ်၍ ရေတံခွန်များ အလွန်များပြားသဖြင့် လှေ သင်္ဘောများ သွားလာခြင်းမပြုနိုင်ချေ။ ချီဖင်ဒေသ မန်ပင်ရွာ နှင့် ဆွပ်ခမ်းရွာကြား၌သာ ကူးသန်းသွားလာရန် အသုံးဝင်လေ သည်။ ဧရာဝတီမြစ်သို့ စီးဝင်ခါနီး ရွှေလီမြစ်၏ အောက်ပိုင်း ဒေသ၌ သစ်တောကြီးများ ရှိသည်။ ရွှေလီမြစ်ပေါ်ရှိ ထင်ရှားသော ကူးတို့ဆိပ်များမှာ နောင်ခမ်း၊ ဆွပ်ခမ်း၊ တကျယ်၊ အေအောကာ၊ တာလီ၊ ပိန်းခ၊ ဖျီပေါ၊ မန်းဆတ်တို့ ဖြစ်ကြသည်။ အချို့သည် အိမ်ခြေနှစ်ဆယ် အစိတ်သာ ဖြစ်သည်။ မိုင်းမောနှင့် နမ့်ခမ်းလွင်ပြင်ဒေသတွင် ရွှေလီမြစ်သည် လွင်ပြင်ကို စီးဆင်းရသော်လည်း အကွေ့အကောက်များသဖြင့် ရေစုန်၌ပင် အသွားအလာ အလွန်နှောင့်နှေးသောကြောင့် ကုန်း လမ်းခရီးဖြင့်သာ အသွားများသည်။ ထိုနေရာရှိ ရွှေလီမြစ်ဝှမ်း ဒေသသည် အရှေ့နှင့် အနောက်မိုင် ၃ဝ ခန့်၊ တောင်နှင့်မြောက် ခုနစ်မိုင်ခန့် ရှည်လျားသည်။ ရေမျက်နှာပြင်မှ ပေ ၂၄ဝဝ မြင့်သော ချိုင့်ဝှမ်းဒေသဖြစ်၍ မိုးရာသီတွင် ရေလွှမ်းနေတတ်သည်။ ထိုဒေသသည် ရွှေလီမြစ်တလျှောက်တွင် လူဦးရေအများဆုံးဒေသ ဖြစ်သည်။ လူဦးရေ တစ်သိန်းကျော်ခန့် ရှိသည်။ ရွှေလီနယ်ဒေသကို ရှေးနယ်ရှင်စော်ဘွားကြီးများခေတ်တွင် မြို့စားပေါင်း ၁၅ ဦးတို့ဖြင့် ခွဲဝေအုပ်ချုပ်ခဲ့လေသည်။ လွတ် လပ်ရေးရပြီးနောက် နယ်ရှင် သိန္နီစော်ဘွားကြီးက ရွှေလီနယ် ဒေသရှိ နမ့်ခမ်းမြို့တွင် ရွှေလီအမတ်တစ်ဦးထားရှိကာ မြို့စား များကို အုပ်ချုပ်စေသည်။ စော်ဘွားများ အာဏာစွန့်လွှတ် ပြီးနောက်၌မူ နမ့်ခမ်းမြို့တွင် နယ်ပိုင်ဝန်ထောက်တစ်ဦးနှင့် မြို့ပိုင်တစ်ဦး၊ မူဆယ်မြို့တွင် မြို့ပိုင်တစ်ဦးနှင့် လက်ထောက် မြို့ပိုင်တစ်ဦး ထားရှိပြီးလျှင် ယခင်မြို့စားများကို တိုက်သူကြီး များအဖြစ် ဆောင်ရွက်စေသည်။ ရွှေလီမြစ်ဝှမ်းဒေသတွင် ရှမ်းလူမျိုး အများဆုံး နေထိုင် သည်။ ကျန်လူမျိုးတို့မှာ ကချင်၊ ပလောင်၊ လီဆူများဖြစ်၍ တရုတ်လူမျိုးလည်း အများအပြား လာရောက်နေထိုင်ကြသည်။ ရွှေလီဒေသ ရှမ်းများသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်း ရွေ့ စီးပွားရှာလေ့ ရှိကြသည်။ အထူးသဖြင့် ရှမ်းပြည်မြောက် ပိုင်းရှိ လားရှိုး၊ တန့်ယန်း၊ နမ္မတူမြို့များ၊ ရှမ်းပြည်တောင်ပိုင်း ရှိ လင်းခေး၊ ပင်လုံ၊ ကျိုင်းတုံ စသော မြို့များသို့ သွားရောက် စီးပွားရှာကြသည်။ ထိုမြို့များ၌မူ နမ့်ခမ်းရှမ်းဟု တွင်သည်။ ယင်းတို့သည် များသောအားဖြင့် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသည်။ တစ်ရာခိုင်နှုန်းခန့်သာ ခရစ်ယန်၊ မွတ်စလင်နှင့် နတ်များကို ကိုးကွယ်သူများ ဖြစ်ကြသည်။ ထိုဒေသရှိ လူအပေါင်း တို့သည် မြန်မာနိုင်ငံထက် တရုတ်နိုင်ငံနှင့် အဆက်အသွယ် လွယ်ကူသဖြင့် အနေအထိုင် ဓလေ့ထုံးစံ ယဉ်ကျေးမှုတို့သည် တရုတ်ဆန်သည်။ တရုတ်နှစ်သစ်ကူးချိန်တွင် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပလေ့ရှိကြသည်။ စားသောက်ရာ၌လည်း တူဖြင့်ပင် စား၍၊ ဝတ်ဆင်ရာ၌ တရုတ်နိုင်ငံဖြစ် ပစ္စည်းများကို ဝတ်ဆင်လေ့ ရှိကြသည်။ ရွှေလီမြစ်ဝှမ်းဒေသတွင် များသောအားဖြင့် လယ်ယာ ကိုင်းကျွန်း လုပ်ကိုင်စားသောက်ကြသည်။ ထင်ရှားသော ထွက်ကုန်များမှာ လက်ဖက်ခြောက်၊ ကျောက်ကျော၊ မက်မုံသီး၊ သစ်သော့သီး၊ သစ်အယ်သီး၊ တယ်သီး၊ ဓား၊ လွယ်အိတ်၊ ခမောက် စသည်တို့ ဖြစ်ကြသည်။ ထိုဒေသသို့ ခရီးသွားကြသူများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ရှိ ဝမ်တိမ်မြို့ကလေးနှင့် တံတားကလေးသာ ခြားလျက်ရှိသော ပန်ဆိုင်းမြို့သို့၎င်း၊ နမ့်ခမ်းမြို့ရှိ ခွဲစိပ်ကုသ မှုတွင် အထူးကျော်ကြားသော ဒေါက်တာဆီးဂရေ့၏ နမ့်ခမ်း ဆေးရုံသို့၎င်း လာရောက်လည်ပတ်ကြည့်ရှုကြရသည်။ လူဦးရေ ရွှေလီဒေသတလျှောက်တွင် ရှမ်းလူမျိုးနှင့် ပလောင်လူမျိုးများအားအများဆုံးတွေ့ရသည်။ ထို့ပြင် ကချင်လူမျိုးအချို့နှင့် တရုတ်လူမျိုးအနည်းငယ်လည်းတွေ့ရသည်။ မျိုးစိတ်များ ရှားပါးစာရင်းဝင် ရေနေငှက်မျိုးစိတ်များကို ရွှေလီမြစ်အတွင်းတွေ့ရှိရသည်။ ထို့ပြင် ဧရာဝတီမြစ်နှင့် နီးသောအရပ်များတွင် ရွှေ့ပြောင်းသွားလာနေသည့် ဧရာဝတီလင်းပိုင်များကိုလည်း ရံဖန်ရံခါတွေ့ရလေ့ရှိသည်။ မြစ်ကြောင်းတလျှောက် အရေးပါသည့်မြို့များ မူဆယ် နမ့်ခမ်း မိုးမိတ် မဘိမ်း ကိုးကား တရုတ်နိုင်ငံရှိ မြစ်များ မြန်မာနိုင်ငံရှိ မြစ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%9C%E1%80%AE%E1%80%99%E1%80%BC%E1%80%85%E1%80%BA
မြစ်ငယ်မြစ်
မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌဝတီမြစ် သည် ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည်။ ပါဠိဘာသာအားဖြင့် ဒုဋ္ဌဝတီ ဆိုသည်မှာ မြန်မာအဓိပ္ပာယ် အားဖြင့် မြစ်ငယ် ဟုပင်ဖြစ်သည်။ မြစ်ငယ်မြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ မြစ်ဖျားခံ စီးဆင်းလာကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ စီးဝင်လာကာ အင်းဝမြို့အနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။ မြစ်လက်တက်များ ဇော်ဂျီမြစ်သည် ကျောက်ဆည်မြို့အနီးတွင် မြစ်ငယ်မြစ်အတွင်းသို့စီးဝင်သည်။ ပန်းလောင်မြစ်သည် အင်းဝအနီးတွင် မြစ်ငယ်မြစ်နှင့် ပေါင်းဆုံသည်။ မြစ်ကြောင်းတစ်လျှောက် အရေးပါသည့်မြို့များ နမ္မတူ သိန္နီ သီပေါ သမိုင်းထဲကမြစ်ငယ်မြစ် ပုဂံခေတ် အနော်ရထာမင်း၏ ရှမ်းမိဖုရားစောမွန်လှသည် ပုဂံနန်းတော်မှ အထင်လွှဲနှင်ထုတ်ခံရပြီးနောက် ဘခင်ဖြစ်သူ သီပေါစော်ဘွား(အုန်းဘောင်စော်ဘွား) ထံသို့အပြန်တွင် မြစ်ငယ်မြစ်ကမ်းပေါ်၌ စေတီတစ်ဆူကို အဓိဌာန်ပြုတည်ထားခဲ့ရာ ယနေ့အခါတွင် ထိုစေတီကို ရွှေစာရံစေတီ(သို့) ရွှေစာရံဘုရားဟုခေါ်ကြသည်။ ထိုစေတီတွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည့် ရွှေစာရံဘုရားပွဲမှာ အထူးပင်စည်ကားလှပေသည်။ မင်းသမီးစောမွန်လှအား ဖခင်စော်ဘွားကြီး စောင့်ကြိုနေသောနေရာတွင် တည်ထားသည့်စေတီ(ဘုရား)မှာ ယနေ့တွင် ဘော်ကြိုဘုရားဟု အထူးထင်ရှားသည့် စေတီ(ဘုရား)ပင်ဖြစ်သည်။ ဆည်မြောင်းတာတမံများ မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် နာမည်ကျော် ရဲရွာစီမံကိန်းမှာ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာတွင်တည်ရှိသည်။ ယခုစီမံကိန်းအပြင် အထက်ရဲရွာစီမံကိန်းကိုပါ တည်ဆောက်လျက် ရှိသည်။ မြစ်ငယ်မြစ်ကူးတံတား မူလကရှိခဲ့သည့် မြစ်ငယ်မြစ်ကူး ရထားလမ်းတံတားမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်လေတပ်၏ ဗုံးကျဲဖျက်ဆီးမှုကြောင့် ပျက်ဆီးခဲ့ရပြီး စစ်အပြီးတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ယခုနောက်ဆုံး ရန်ကုန် - မန္တလေးကားလမ်းမပေါ်ရှိတံတားသစ်ကြီးမှာ အရှည် ၇၀ဝ ပေ၊အကျယ် ၂၇ ပေ ရှိကာ၊ လူသွားလမ်းအကျယ် တစ်ဖက် ၆ ပေစီရှိပြီး ၁၉၉၉ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မြစ်ငယ်မြစ် ။ ။ မြစ်ငယ်မြစ်ကို ဒုဋ္ဌဝတီ(တုဋ္ဌဝတီ) မြစ်ဟုလည်းခေါ်သည်။ ဧရာဝတီမြစ်၏ အရေးကြီးသော မြစ်လက်တက်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မိုင်ပေါင်း ၁၃၁ ခန့်ရှည်လျား၏။ မြောက်ပိုင်း ရှမ်းပြည်၏ မြောက်သိန္နီနယ်၌ သိန္နီအရှေ့ဘက် ၂၅ မိုင်အကွာ သံလွင် မြစ်အနီး တောင်ကုန်းများတွင် မြစ်ဖျားခံသည်။ ဦးစွာ၌ မြောက်သိန္နီနယ်ကို ဖြတ်လျက် တောင်ပိုင်းနယ်သို့ စီးဝင်ပြီးလျှင် သီပေါနယ်တွင်း၌ တောင်ဘက်သို့ ဖြတ်ကျော်စီးဆင်းသွားလေသည်။ မြောက်သိန္နီနှင့် သီပေါနယ်များရှိ အရေးပါသော မြို့များသည် ထိုမြစ်၏ ကမ်းပေါ်တွင် တည်ရှိကြသည်။ ထိုနောက် မြစ်ငယ်မြစ်သည် သီပေါနှင့် ရပ်စောက်နယ်များကို နယ်နိမိတ်ပိုင်းခြား သတ်မှတ် စီးဆင်းပြီးလျှင် တစ်ဖန် မန္တလေးနှင့် ကျောက်ဆည် ခရိုင်တို့ကို နယ်နိမိတ် ပိုင်းခြား စီးဆင်းပြန်၍ နောက်ဆုံးတွင် မန္တလေးမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ စစ်ကိုင်းမြို့နှင့် မျက်နှာချင်းဆိုင်နေရာ အင်းဝမြို့အထက်နား၌ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်လေသည်။ သိန္နီနယ်တွင် ဖြတ်သန်းလာသော မြစ်အထက်ပိုင်းကို နမ္မတူမြစ်ဟု ခေါ်၍၊ သီပေါနယ်တွင် ဖြတ်သန်းနေသော မြစ်အလယ်ပိုင်းကို ဒုဋ္ဌဝတီ(တုဋ္ဌဝတီ)ဟု ခေါ်ပြီးလျှင် အောက်ပိုင်းကို မြစ်ငယ်မြစ်ဟုခေါ်သည်။ မြစ်ငယ်မြစ်ဟု ခေါ်သော အောက်ပိုင်းတွင် လှေငယ်တက်စင်းများ သွားလာ စုန်ဆန်ရန် အသုံးဝင်သော်လည်း အထက်ပိုင်းတွင် မူကား၊ မြစ်ကျဉ်းများ၊ ကျောက်ဆောင်များ ပေါများသောကြောင့် ကူးသန်းသွားလာရန် အလျဉ်းအသုံးမဝင်ချေ။ သို့သော် ကြည်လင် အေးမြသော ရေအယဉ်ဖြင့် တသွင်သွင် စီးဆင်းနေသော ဒုဋ္ဌဝတီ (နမ္မတူ)မြစ်မှာ ရှမ်းပြည် မြောက်ပိုင်း၏ အလှကျက်သရေကို ဆောင်သည်ဟု ဆိုသင့်လေသည်။ ရန်ကုန် - မန္တလေး မီးရထားလမ်းသည် ဧရာဝတီမြစ်အတွင်းသို့ မြစ်ငယ်မြစ် စီးဝင်သည့် နေရာအနီးတွင် ဖြတ်ကျော်သွားသည်။ မြစ်ငယ်မြစ်၏ အရေးကြီးသော မြစ်လက်တက်မှာ သီပေါမြို့၏ အရှေ့ဘက်နားတွင် အရှေ့ဘက်မှ စီးဝင်လာသော နမ့်မမြစ် ဖြစ်သည်။ ရည်ညွှန်းကိုးကား မြန်မာနိုင်ငံရှိ မြစ်များ ရှမ်းပြည်နယ် မန္တလေးတိုင်းဒေသကြီး
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%85%E1%80%BA%E1%80%84%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%85%E1%80%BA
တာပိန်မြစ်
တာပိန်မြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် စတင်မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင်းသို့ စီးဝင်လာကာ ဗန်းမော်မြို့အနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ဧရာဝတီမြစ်၏ ပထမဆုံးမြစ်လက်တက်လည်းဖြစ်သည်။ အချို့အပိုင်းများသည် တရုတ်-မြန်မာ နယ်နိမိတ်အဖြစ် စီးဆင်းသည်။ အမည်များ တာပိန်မြစ်၏ ကချင်အမည်မှာ တခေါခ ဖြစ်ပြီး၊တရုတ်အမည်မှာ တယင်းချန်း ဖြစ်သည်။ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေအားလျှပ်စစ်အတွက် တာပိန်မြစ်၏ တရုတ်နိုင်ငံဘက်ခြမ်းတွင် ဆည်မြောင်းတစ်ခုရှိပြီး မြန်မာအစိုးရနှင့် တရုတ်ဒါတန်းကော်ပိုရေးရှင်း တို့ပူးပေါင်းတည်ဆောက်လျက်ရှိသည့် တာပိန်(၁) နှင့် တာပိန်(၂) စီမံကိန်းများလည်းရှိသည်။ သမိုင်းထဲက တာပိန်မြစ် ပုဂံခေတ်နှောင်းပိုင်းတွင် မွန်ဂိုတို့၏ ကျူးကျော်မှုကို တွန်းလှန်ရန် ပုဂံမင်းနရသီဟပတေ့(တရုတ်ပြေးမင်း)၏ တပ်များသည် တာပိန်မြစ်မှ တဆင့် ကချင်ပြည်နယ်၊ဗန်းမော်အနီးရှိ ငဆောင်ချမ်းသို့ လာရောက်ခဲ့ကြကြောင်း မာကိုပိုလို၏ မှတ်တမ်းများအရသိရှိရသည်။ ထို့ပြင် သမိုင်းတစ်လျှောက် တရုတ်-မြန်မာကုန်သွယ်ရေးတွင်လည်း တာပိန်မြစ်သည် အရေးပါခဲ့သည်။ တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည့် ဗန်းမော်မြို့သည်လည်း တစ်ချိန်က ကူးသန်းရောင်းဝယ်ရေးအချက်အချာလည်းဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ လီဒိုလမ်းမကြီးကို တည်ဆောက်ရာတွင် တာပိန်မြစ်ကူးတံတားကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရသိရှိရသည်။ မြန်မာနိုင်ငံရှိ မြစ်များ တရုတ်နိုင်ငံရှိ မြစ်များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%95%E1%80%AD%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%85%E1%80%BA
သံလွင်မြစ်
သံလွင်မြစ်သည် မြန်မာနိုင်ငံ၏အထင်ရှာဆုံးမြစ်ထဲကတစ်သွယ်ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။ ဤမြစ်သည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသ (မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်း) ကိုလည်းကောင်း ဖြတ်သန်း၍ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်(အက်ဒမန်ပင်လယ်)အတွင်းသို့ စီးဝင်သည်။ စုစုပေါင်း အရှည်သည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ)ရှိသော်လည်း မြန်မာနိုင်ငံအတွင်း၌မူမိုင် ၆၅ဝ သာရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ်တစ်စင်းလည်း ဖြစ်သည်။ သံလွင်မြစ်ဝှမ်းလွင်ပြင်ဒေသသည် ဧရိယာ ၃၂၀,၀၀၀ ကီလိုမီတာအထိ ကျယ်ဝန်းပြီးရေဝေဒေသသည် တရုတ်နိုင်ငံ တွင် (၅၃%)၊ မြန်မာနိုင်ငံတွင် (၄၂%) နှင့် ထိုင်းနိုင်ငံတွင် (၅%) ရှိသည်။ ဟိမဝန္တာတောင်တန်းများမှသည် မုတ္တမပင်လယ်ကွေ့အထိ မြစ်ဝှမ်းဒေသတလျှောက်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသက်မွေးဝမ်းကျောင်းကိစ္စများအတွက်ရော၊ ယဉ်ကျေးမှုအတွက်ပါ အရေးပါသည့်မြစ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများဆုံးစုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်သည်။ သံလွင်မြစ်၏ မြစ်ဝှမ်းနှင့် မြစ်လက်တက်များ၏ ရေဝေဒေသများတွင် နေထိုင်ကြသူ တိုင်းရင်းသားလူမျိုး ၁၃ အုပ်စုရှိပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသည့် ရှမ်း၊ ၀၊ ကရင်နီ၊ ကရင်၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ လားဟူ၊ ပဒေါင်၊ အာခါ၊ လီဆူး လူမျိုးများ အပါအဝင် ဖြစ်သည်။ အခြားတိုင်းရင်းသား အုပ်စုများသည်လည်း တရုတ်နိုင်ငံရှိ မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည်။ အမည်များ သံလွင်မြစ်သည် ခရီးရှည်ကြီးကို ဖြတ်သန်းချီတက်လာရသည့် အားလျော်စွာ ၎င်းဆုံတွေ့ခဲ့ရသည့် လူမျိုးများအလိုက် အမည်နာမကွဲ အမျိုးမျိုးလည်း ခေါ်ဝေါ်ခဲ့ရသည်။ တရုတ်နိုင်ငံတွင် သံလွင်မြစ်ကို နူကျန်း(နူဂျင်းမြစ်) (Nu Jiang River)ဟု ခေါ်ဝေါ်ကြပြီး၊ ရှမ်းလူမျိုးများက နမ့်ခုမ်း(နမ်ခေါင်)ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံတွင် သံလွင်မြစ်ဟုခေါ်ပြီး၊ ဤအသံထွက်ကိုပင် အင်္ဂလိပ်ဘာသာအားဖြင့် "ဆာလဝင်း" (Salween)ဟုအသီးသီး ခေါ်ဆိုကြသည်။ ဤအမည်သည်ပင် ယခုတိုင် ကမ္ဘာကခေါ်ဆိုနေကြသည့် အမည်ဖြစ်သည်။ ဆည်မြောင်းတာတမံများ လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်းတွင် သံလွင်မြစ်ပေါ်၌ တည်ဆောက်ထားသည့် တာတမံပေါင်း ၁၃ ခု ရှိနေပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် တာဆန်း၊ ဟက်ကြီး အပါအဝင် အကြီးစား ဆည်မြောင်းတာတမံ စီမံကိန်း ၃ ခုထက်မနည်း ဆက်လက်တည်ဆောက်ရန် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် သဘောတူညီမှုရယူပြီးဖြစ်သည်။ မြစ်ဝှမ်းတလျှောက်တွင် လူဦးရေ အထူထပ်ဆုံးနေထိုင်ကြသည့် နေရာမှာ မြစ်ဝနေရာဖြစ်ပြီး မြစ်ကြောင်းမှ ပို့ချလာသည့် မြေဆီဩဇာများဖြင့် ကြွယ်ဝသည့် ဧက ထောင်ချီရှိသည့် လယ်ယာမြေများကို အမှီပြုနေထိုင်ကြခြင်း ဖြစ်သည်။ ဤဒေသများတွင် လူအများက မိုးရာသီတွင် စပါးစိုက်ပျိုးကြပြီး၊ နွေရာသီများတွင် မြစ်ကမ်းပါး၌ ဥယျာဉ်များ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြသည်။ ထို့အပြင် တနှစ်ပတ်လုံး ငါးဖမ်းလုပ်ငန်းဖြင့်လည်း အသက်မွေးကြသည်။ သံလွင်မြစ်ဝှမ်းဒေသသည် ဂေဟဗေဒစနစ်အရ၊ ယဉ်ကျေးမှုအရ မျိုးကွဲစုံလင်ကြွယ်ဝသည့် ဒေသဖြစ်သည်။ သို့အတွက် ကြောင့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာက အလေးပေးထိန်းသိမ်းစောင့်ရှောက် ရမည့်ဒေသတခုအဖြစ် သတ်မှတ်ထားသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းကို အပြိုင်သဖွယ် ဖြတ် ၍ စီးဆင်းနေသည့် ယန်ဇီး၊ မဲခေါင်၊ သံလွင်မြစ်များ အထက်ပိုင်းမှသည် အောက်ပိုင်းဖြတ်သန်းရာ ဒေသများကို ဤသို့ သတ်မှတ်ထားခြင်း ဖြစ်သည်။ UNESCO အဖွဲ့၏ အဆိုအရ ဤဒေသများသည် ရာသီဥတုသမမျှတသည့် ဒေသဖြစ်ပြီး၊ မျိုးကွဲ ဇီဝသတ္တ အစုံလင်ဆုံးဒေသလည်း ဖြစ်သည်။ အလားတူပင် ထိုင်းအစိုးရကလည်း သံလွင်မြစ်ကမ်းလျှောက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်တောများကို အရေးပါသည့် နိုင်ငံတကာမုတ်သုန်တောစိမ်းများအဖြစ် ၂၀၀ဝ ခုနှစ်က သတ်မှတ်ထား ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်တလျှောက် သံလွင်မြစ်ကမ်းပါးတွင် နေထိုင်ကြသည့်ပြည်သူများ၏ အဆိုအရ သံလွင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များတွင် ရွှေ့ပြောင်းမှီတင်းနေထိုင်ကြသည့် ငါးမျိုးစိတ်ပေါင်း တရာကျော်ရှိသည်ဟု ဆိုသည်။ ဤငါးများ သည် ထိုင်းလူမျိုးများအတွက်သာမက မြန်မာနိုင်ငံရှိ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူ တိုင်းရင်း သားတို့အတွက်လည်း အရေးပါသည့် အစားအသောက်ရင်းမြစ်များ ဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်တလျှောက်ရှိ သစ်တောများသည်လည်း ပထဝီအရ၊ ဇီဝသဘောအရ နယ်ခြားသဖွယ် ဖြစ်နေစေပြီး မတူကွဲပြားသည့် မျိုးစိတ်များဖြင့် ကြွယ်ဝလှပါသည်။ အိန္ဒိယ-တရုတ် ဒေသငယ် (Indo-Chinese sub-region) သည် တရုတ်-ဟိမဝန္တာ (အိန္ဒိယ) ဒေသငယ် (Sino-Himalayan sub-region) နှင့် ဆုံတွေ့ရာနေရာလည်း ဖြစ်သည်။ သို့အတွက်ကြောင့် ဇီဝသတ္တမျိုးကွဲများ အမျိုးစုံကြွယ်ဝပြီး ဟိမဝန္တာတောင်တန်းနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ တို့တွင် တွေ့ရှိရသည့် အပင်များ၊ တိရစ္ဆာန်များကိုလည်း ဤဒေသတွင် အလားတူ တွေ့ရှိနိုင်သည်။ အလားတူ အင်ဒိုချိုင်းနားဒေသတွင် တွေ့ရသည့် ဇီဝသတ္တမျိုးကွဲများကိုလည်း ဤဒေသတွင် တွေ့ရှိရသည်။ သံလွင်မြစ်ဝှမ်းဒေသသည် တောရိုင်းတိရစ္ဆာန်များနှင့် ငါးမျိုးများသာ ကြွယ်ဝစုံလင်ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ် ဖြတ်သန်းရာ ဒေသသည် ကမ္ဘာ၏ ကျွန်းသစ်အကြွယ်ဝဆုံး ဒေသအဖြစ်လည်း ဂေဟဗေဒပညာရှင်များက သတ်မှတ်ပြောဆိုကြသည်။ ဤဒေသရှိ ကျွန်းတောများမှာ မြစ်စီးဆင်းရာ ဒေသတလျှောက်တွင် ထူထဲစွာ ပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ အခြားဒေသများရှိ ကျွန်းတောများနှင့်ပင် ခြားနာမှု ရှိသည်။ အခြားဒေသများတွင် ကျွန်းတောများ ပေါက်ရောက်ပုံမှာ ကျိုးကြဲနိုင်လှသည်ဟု ဆိုသည်။ မြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဤကျွန်းတောများသည် တည်ဆောက်ရန် လျာထားသည့် တာဆန်းဆည်ကြောင့် ပျက်စီးဖွယ်ရှိနေပြီး၊ ရှမ်းပြည်နယ် အတွင်း နောက်ဆုံးကျန်ရှိတော့သည့် သစ်တောနေရာများလည်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နိမိတ်ရှိ သံလွင်မြစ်ဝှမ်းသည် သမိုင်းအရ အရေးပါသည့် ဒေသလည်း ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းပညာရှင်များက ဤဒေသတွင် သမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရပြီး၊ အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြသည်။ လူသိများသည့် ဤသို့ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား အများဆုံးတွေ့ရှိရသည့်နေရာကို ဝိဉာဉ်ဂူ (Spirit Cave) ဟု ခေါ်ကြပြီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် ဒေသ တောင်တန်းများပေါ်တွင် တည်ရှိသည်။ သံလွင်ထွက်ပစ္စည်း သံလွင်မြစ်ကမ်းမှာ နေထိုင်ကြတဲ့သူတွေကတော့ တံငါလုပ်တယ်။ တချို့ သစ်ဝါး မျှောတယ်။ ရွှေကျင်တယ်။ သံလွင်ရွှေကတော့ မာတယ်။ ရွှေဝါရောင် ဖျော့တယ်။ သံလွင်မြစ်ကမ်းရှိ သဲသောင်ပြင် ကျောက်ခဲပြင်တွေဟာ လွန်စွာလှပတယ်။ အမည်းရောင်ရှိတဲ့ သံလွင်ကျောက်ခဲဟာ ချစ်စရာကောင်းတယ်။ ရွှေစစ်မစစ် စမ်းသပ်ရာမှာ အသုံးဝင်တယ်။ သံလွင် ကျောက်ခဲဟာ နှစ်ပေါင်းများစွာ မိုင်ပေါင်းများစွာ ရေတိုက်စားလာတဲ့ကျောက်ဖြစ်တဲ့အတွက် အချို့ပြားချပ်ပြီး လှပစွာ ဝိုင်းနေတာတွေ့ရတယ်။ အနက်ရောင် ကျောက်ပြားဝိုင်းတွေ အရွယ်အစား အမျိုးမျိုးရှိတယ်။ သံလွင်သဲမှုန့်ကတော့ မြေမရောတဲ့ သဲမှုန့်အစစ်ဖြစ်လို့ အဆောက်အဦဆောက်တဲ့နေရာမှာ အသုံးဝင်၏။ သံလွင်မြစ်အတွင်းရှိငါးတွေလည်း မျိုးပေါင်းများစွာရှိမှာပါ။ နာမည်ကြီးတာကတော့ ငါးကြင်းမြီးကွဲလို သံလွင်ငါးပဲဖြစ်တယ်။ ရေစီးသန်တဲ့အတွက်ကြောင့် သဘာ၀အလျှောက် သံလွင်ငါးတွေဟာ ကိုယ်လုံးရှည်တာများတယ်။ တစ်ခါတစ်လေ သံလွင်ငါးမြီးကွဲဟာ ကမ်းစပ် နားရေသောက်ဆင်းလာတဲ့ သတ္တဝါငယ်များကို အမြီးနဲ့ရိုက်လှဲပြီး ဖမ်းစားတတ်တယ်။ သံလွင်ငါးရဲ့ အရသာဟာလည်း အများနဲ့ မတူ တမူထူးခြားတဲ့ အရသာရှိတယ်။ သံလွင်မြစ်ကမ်းမှာ ပေါက်တဲ့ ဟင်းရွက်တစ်မျိုးကို ရှမ်းလို (ဖတ်ခုံး) ဟုခေါ်ပြီး မြန်မာလိုတော့ သံလွင်ဟင်းရွက်စိမ်း လို့ပဲခေါ်ရမယ်ထင်တယ်။ ချက်စားရင် အရသာဆိမ့်တယ်။ ကင်းမွန်ရွက်ထက် အရသာ ပိုဆိမ့်တယ်။ နောက်တစ်မျိုးကတော့ သံလွင်ကန်စွန်းဥပါ။ ကန်စွန်းဥနီလိုပါပဲ။ သို့သော် ဥတိုင်း လိုလို ပိုးထိုးနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ ပြုတ်စား ချက်စားရင်တော့ အထဲမှာ အနီရောင် အညိုရောင်ရှိပြီး ရိုးရိုးကန်စွန်းဥထက် အရသာကိုပိုပြီး ချိုတယ်။ မာတယ်။ မြစ်လက်တက်များ Moei မြစ်(ထိုင်းနိုင်ငံ) Pai မြစ်(ထိုင်းနိုင်ငံ) စီးဆင်းမှု သံလွင်မြစ်သည် တိဗက်ပြည်အရှေ့ဘက်ရှိ တန်ဂလာတောင်တန်းတွင် မြစ်ဖျားခံ၍ တရုတ်နိုင်ငံ ဆီကျန်ပြည်နယ်ဘက်သို့ အနောက်မှအရှေ့စီးဆင်းလာပြီးလျှင် လတ္တီတွဒ် ၃ဝံ နေရာ ရောက်သောအခါ အရှေ့တောင်ဘက်သို့ မြစ်ကြောင်းပြောင်းကာ ယူနန်နယ်ဘက်သို့စီးဝင်သည်။ ယူနန်နယ်တွင်မြောက်မှ တောင်သို့စီးဆင်းလာပြီးနောက် လတ္တီတွဒ် ၂၇ံ နေရာသို့ရောက်သောအခါ အနောက်ဘက်ရှိနမ့်မိုင်ခမြစ် အရှေ့တောင်ဘက်သို့မြစ်ကြောင်းပြောင်းကာ ယူနန်နယ်ဘက်သို့စီးဝင်သည်။ ယူနန်နယ်တွင်မြောက်မှ တောင်သို့စီးဆင်းလာပြီးနောက် လတ္တီတွဒ် ၂၇ံနေရာသို့ရောက်သောအခါ အနောက်ဘက်ရှိနမ့်မိုင်ခမြစ် (ဧရာဝတီမြစ်အစ မြစ်ခွတစ်ခု)နှင့် ရေဝေကုန်းတန်းတစ်ခုသာ ခြား၍ အရှေ့ဘက်ရှိမဲခေါင်မြစ် နှင့် မိုင် ၃ဝ ခန့်သာ ကွာလှမ်းတော့သည်။ လတ္တီတွဒ်၂၄ံတွင် မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာကာ ရှမ်းပြည်နယ်အတွင်း သိန္နီနယ်၊ ကိုးကန့်နယ်၊ ဝနယ်၊ မိုင်းလွန်းနယ်၊ ကျိုင်းတုံနယ်၊ မိုင်းပန်နယ်၊ မောက်မယ်နယ် တို့ကိုလွန်ပြီးနောက် ကယားပြည်နယ်ကိုဖြတ်စီးသည်။ ကယားပြည်နယ်ကိုလွန်သော် ယိုးဒယားနှင့် ကရင်ပြည်နယ်တစ်လျှောက် နယ်ခြားသဖွယ်စီးဆင်းလာပြီးနောက် ကရင်ပြည်နယ်တွင်းကိုဖြတ်စီးကာလတ္တီတွဒ် ၁၆.၅ံ နေရာတွင်မော်လမြိုင်မြို့အနီးမှ မုတ္တမပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။ မုတ္တမပင်လယ်ကွေ့ထဲသို့စီးဝင်ရာတွင် မြစ်ဝနှစ်ခုခွဲထွက်သည်။ တစ်ခုသည်ဘီလူးကျွန်းမြောက်ဘက်မှ ဒရယ်ပေါက်မြစ်အဖြစ်စီးသွား၍ ကျန်တစ်ခုသည် အရှေ့မှမော်လမြိုင်မြစ် အဖြစ် စီးထွက်သည်။ ဒရယ်ပေါက်မြစ်သည်လှေသမ္ဗာန်များသာဝင်ထွက်သွားလာနိုင်သော်လည်း မော်လမြိုင်မြစ်ဘက်မှမူ ပင်လယ်ကူးသင်္ဘောကြီးများသည်မော်လမြိုင်မြို့အထိဝင်ထွက်သွားလာနိုင်သည်။ ပေ ၁ဝဝ ခန့်ရှည်သော သင်္ဘောများသည်မော်လမြိုင်မြို့မှအထက် ၆၃ မိုင်ဝေးသော ရွှေဂွန်းမြို့အထိ ဆန်တက်သွားလာနိုင်သည်။ သို့ရာတွင် နွေရာသီ ရေနည်းသည့်အခါ၌ ရွှေဂွန်းမြို့အောက် ၁၂ မိုင်ဝေးသောနေရာမှနေ၍ ပို၍ငယ်သော သင်္ဘောကလေးပေါ်ပြောင်း၍ဆန်တက်ရသည်။ မော်တော်ဗုတ်နှင့် လှေသမ္ဗာန်များသည်နွေရာသီတွင် ရွှေဂွန်းမြို့အထက် ၂၈ မိုင်ဝေးသောမဲဆိပ်မြို့အထိ ဆန်တက်နိုင်သည်။ သံလွင်မြစ်ကိုတိဗက်ပြည်တွင် ဂျာမိုငိုချူမြစ်ဟုလည်းကောင်း၊ နက်ချူမြစ်ဟုလည်းကောင်းခေါ်၍ တရုတ်နိုင်ငံတွင် လူကျန်မြစ်ဟုလည်းကောင်း၊ နုကျန်မြစ်ဟုလည်းကောင်း၊ ဖုတ်ဆုကျန်မြစ်ဟုလည်းကောင်းခေါ်ပြီးလျှင် ရှမ်းတို့က နမ့်ခေါင်မြစ်ဟု ခေါ်သည်။ တိဗက်ဘာသာဖြင့်ဂျာမိုငိုချူမြစ်ဟူသည်မှာ တရုတ်နိုင်ငံ၏မြစ်ပြာ ဟုအဓိပ္ပာယ်ရလေသည်။ သံလွင်မြစ်သည် တိဗက်ပြည်ဘက်ပိုင်းတွင် ရေခဲ မသွားမီ ရေရောင်သည် အပြာရင့်ရောင်သန်း၍ နေတတ်သောကြောင့် ဖြစ်သည်။ နွေအခါ၌မူ ရွှံ့နှစ်ရောင်ဝါ၍နေလေသည်။ မြစ်အစပိုင်းဒေသတွင်အောင်းရိုင်းများ၊ ဝံပုလွေများ၊ တောဆိတ်များ ပေါများသဖြင့် ထင်ရှားသည်။ သံလွင်မြစ်ကိုတရုတ်တို့ကလူတို့အား အန္တရာယ်ဖြစ်စေသောမြစ်ဟုယူဆကြသည်။ သို့ရာတွင်တရု တ်ပိုင်နက်ဖြစ်သောလူကျန်ခေါ်ဟောင်ခိုနယ်သည်အောက်မြန်မာနိုင်ငံအပိုင်းမှလွဲ၍ သံလွင်မြစ်ဝှမ်း၏လူဦးရေအများဆုံးအပိုင်းဖြစ်သည်။ သံလွင်မြစ်သည်ရေစီးအလွန်သန်သည်။ မြစ်ညာပိုင်းတွင်မြစ်ကြောင်းအလွန်ကျဉ်း၍ ရှုခင်းလှသည်။ မြစ်ကမ်းနှစ်ဘက်သည်ကျောက်တောင်ထူထပ်၍ ကမ်းပါးစောက်သည်။ ထိုကြောင့်အပေါ်မှစီး၍ကြည့်မူ သံလွင်မြစ်သည် ကျောက်ဆောင်မှအက်ကြောင်းသဖွယ်ထင်ရသည်။ မြစ်ကြောင်းတစ်လျှောက် လုံး၏ထူးခြားသောအသွင်အပြင်မှာ ဘေးနှစ်ဘက်ကမ်းသည်ရေမျက်နှာပြင်ထက်ပေ ၃ဝဝဝ မှ ၆ဝဝဝ အထိမြင့်ရကား မြောင်းစောက်ကြီးနှင့် တူနေခြင်းပင်ဖြစ်သည်။ အောက်မြန်မာနိုင်ငံတွင်းသို့ရောက်သည့်အပိုင်းမှလွဲ၍ ကမ်းနှစ်ဘက်မြေပြန့်ဟူ၍ လုံးဝမတွေ့ရချေ။ နွေရာသီတွင်မြစ်ကမ်းများတွင်သဲများ၊ ရေစားကျောက်တုံးကြီးများ၊ ကျောက်ဆောင်များနှင့်ကျောက်စရစ်ခဲများအနှံ့အပြားတွေ့ရသည်။ မိုးရာသီကျရောက်သည့်အခါ ရေအလွန်ပြည့်လာရကား ဤကျောက်တုံးကျောက်ဆောင်များ မပေါ်တော့သည့်အပြင် ကမ်းစောက်ရှိသစ်ပင်များကိုပင် တိုက် စားသည်အထိ အရှိန်ပြင်းစွာစီးဆင်းလေသည်။ သံလွင်မြစ်၏ရေမျက်နှာပြင်သည် ရေများချိန်နှင့် ရေနည်းချိန်တွင် ပေ ၆ဝ မှ ရဝ အထိကွာခြားတတ်၍ အချို့ဒေသ၌ပေ ၉ဝ အထိကွာတတ်သည်။ ကျောက်တောင်များ၊ ကျောက်စောင်းများကြောင့် ရေဝဲများ၊ ရေတံခွန်များအလွန်ပေါများသဖြင့် နေရာအတော်များများ၌ ကူးသန်းသွားလာရေးအတွက် မလွယ်ကူချေ။ ရေအလွန်များသည့်မိုးတွင်းအခါ၌ ယင်းအန္တရာယ်များကင်းပျောက်သွားသော်လည်း ရေစီးအလွန်သန်လာသဖြင့် မြစ်ကိုဆန်၍လှေများမတက်နိုင်တော့ချေ။ ရေစီးနှေးသည့်အချို့နေရာတွင် တစ်နာရီလျှင်မိုင်ဝက်နှုန်းစီး၍ ရေဝဲများနေရာတွင် ရေစီးသန်သည့်အခါတစ်နာရီလျှင် ၁၁ ၁/၂ မိုင်နှုန်း (၁ဝနော့)ကျော်စီးသည်။ ရှားတောမြို့နှင့် ကျောက်ညှပ်မြို့ကြားရှိသံလွင်မြစ်ပိုင်းတွင်လှေကြီးများသွားလာနိုင်သော်လည်း ကျောက်ညှပ်မြို့နှင့် ယွန်းစလင်းမြစ်ဝအကြားတွင် ရေဝဲများပေါရုံမက ရေစီးအလွန်သန်၍ အန္တရာယ်အများ ဆုံး အဆိုးဆုံးအပိုင်းဖြစ်သည်။ ယွန်းစလင်းမြစ်ဝမှ သံလွင်မြစ်ဝအထိ အပိုင်း၌မူ သင်္ဘောများအခက်အခဲမရှိသွားလာနိုင်ကြသည်။ သံလွင်မြစ်ကမ်းနှစ်ဘက်၌လည်းခရီးသွားလာရန် လမ်းအနည်းငယ်ရှိသော်လည်း မိုးအခါ၌ရေလွှမ်းသွားတတ်သဖြင့် ထိုလမ်းများမရှိတော့ချေ။ သံလွင်မြစ်သည် ဧရာဝတီမြစ်ထက်ရှည်သော်လည်း ဧရာဝတီမြစ်လောက်ကူးသန်းသွားလာရေးအတွက် အသုံးမကျဟုဆိုရပေမည်။ သို့ရာတွင်ယင်း၏အရှေ့ဘက်ရှိ မဲခေါင်မြစ်ကဲ့သို့ကား သစ်များမျှောရန်အသုံးဝင်လေသည်။ သောင်ရင်းမြစ်နှင့်ဆုံရာနေရာ၏အောက် မိုင် ၃ဝ ခန့်တွင် တည်ရှိသော ကယိုးတန်မြို့သည်ထင်ရှားသော သစ်ဆိပ်မြို့ ဖြစ်သည်။ မြစ်ရိုးတစ်လျှောက် သစ်တောများမှထွက်သည့် သစ်များကိုမော်လမြိုင်မြို့အထက် မိုင် ၆ဝ အကွာ နေရာလောက်အထိမျှောချကာ ထိုနေရာမှမော်လမြိုင်မြို့ အထိ သစ်ဖောင်များဖွဲ့၍ ပို့ပြီးနောက် မော်လမြိုင်မြို့မှတစ်ဆင့် နိုင်ငံခြားသို့သင်္ဘောကြီးများနှင့်တင်ပို့ကြရသည်။ သံလွင်မြစ်ကိုဖြတ်သန်းသွားလာရန် တရုတ်နိုင်ငံဘက်တွင် တံတားဖြတ်၍ ဆောက်ထားသော်လည်း မြန်မာနိုင်ငံဘက်တွင် ကူးတို့ဆိပ်များမှတစ်ပါး ရှေးယခင်ကတံတားဟူ၍မရှိခဲ့ချေ။ သို့ရာတွင် ၁၉၆၃ ခုနှစ်မှစ၍ တရုတ်ချေးငွေဖြင့်သံလွင်မြစ်ကိုဖြတ်ကာ တံတားနှစ်ခုဆောက်လုပ်ရန်အစီအစဉ် ရှိခဲ့သည်။ တစ်ခုမှာ တာကော်တံတားဖြစ်၍ တစ်ခုမှာ ကွမ်းလုံတံတားဖြစ်သည်။ မြန်မာနိုင်ငံဘက်တွင် စုစုပေါင်း ကူးတို့ဆိပ် ၈၈ ဆိပ်ရှိသည်။ ကူးတို့ဆိပ်ရွာများသည်အနည်းဆုံး အမြင့်ပေ ၁ဝဝဝ ရှိကုန်းပေါ်တွင်တည်ထားလေသည်။ သံလွင်မြစ်ပေါ်တွင် ယင်းကူးတို့ဆိပ်များမှအပအခြားမြို့ဟူ၍မရှိသလောက်ပင်ဖြစ်သည်။ ကူးတို့ဆိပ်တစ်ခုနှင့်တစ်ခုသည် မိုင်ပေါင်းများစွာ ကွာလှမ်းသည်။ ကူးတို့ဆိပ် ၈၈ ခုအနက်ထင်ရှားသော ကူးတို့ဆိပ်ခြောက်ခုရှိသည်။ ယင်းတို့မှာ ကွမ်းလုံ မန်းဆန်၊ တာကော်၊ တာဆင်း၊ တာတောမော်၊ တာဆင်းလေ ကူးတို့ဆိပ်တို့ဖြစ်ကြသည်။ ကွမ်းလုံကူးတို့ဆိပ် ကွမ်းလုံကူးတို့ဆိပ် တရုတ်မြန်မာယဉ်ကျေးမှုလဲလှယ်ရေးတွင် ကျေးဇူးပြုခဲ့သောကူးတို့ဆိပ်ဖြစ်သည်။ နမ့်တင်းမြစ်နှင့်သံလွင်မြစ်ဆုံရာအနီး သံလွင်မြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်နယ်စပ်မှ ၁၅ မိုင်ဝေးသည်။ ယခုအခါ ထိုနေရာတွင်သံလွင်မြစ်ကိုဖြတ်ကျော်၍ ၁၉၆၅ ခုနှစ်ကဆောက်လုပ်ထားသော ၈၉၈ ပေရှည်ကြိုးတံတား ရှိသည်။ မန်းဆန်ကူးတို့ဆိပ် မိုင်းလွန်းနယ်တွင်ရှိ၍ မြစ်ကိုဖြတ်ကူးရန် အလွယ်ဆုံးနေရာဖြစ်သည်။ ရေများသည့်အခါတွင် ကမ်းပါးသည် သဲများ၍ အတက်အဆင်း ကောင်းသည်။ သို့ရာတွင် အေး၍ခြောက်သွေ့သောရာသီတွင် ကမ်းပါးနှစ်ဘက်စလုံးသည် ကျောက်ဆောင်ထူထပ်နေလေသည်။ ဤနေရာ၌ သာမန်ခြောက်သွေ့သော ရာသီတွင် မြစ်သည် ကိုက် ၁ဝဝ ခန့်သာကျယ် ၍ အနည်း ဆုံး ၅၅ ပေနက်သည်။ အမြင့်ပေ ၁၅ဝဝ ရှိသည်။ ရေစီးသည် တစ်နာရီလျှင် လေးမိုင်ငါးမိုင်ခန့်စီးသည်။ တောင်သိန္နီနယ်၊ မိုင်းလွန်းနယ်နှင့် သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ အခြားဒေသမှကုန်သည်များ အများဆုံးအသုံးပြုသည်။ တာကော်ကူးတို့ဆိပ် လူသိအများဆုံးနှင့် အထင်ရှားဆုံးကူးတို့ဆိပ်ဖြစ်၍ တောင်ပိုင်းရှမ်းပြည်တွင် အသုံးအများဆုံးဖြစ်သည်။ ကျိုင်းတုံသို့သွားသော လမ်းမကြီးသည် ယင်းကူးတို့ဆိပ်ကို ဖြတ်၍သွားလေသည်။ ခြောက်သွေ့သောရာသီတွင်ထိုနေရာရှိမြစ်သည် ကိုက် ၂ဝဝ ကျယ်၍ ရေစီးမြန်သည်။ သို့ရာတွင်အမြင့်ပေ ၈ဝဝ တွင်တည်ရှိသည်။ တာကော်တွင်သံလွင်မြစ်ကိုဖြတ်လျက် ၁၉၆၈ ခုနှစ်တွင်ယာယီကြိုးတံတားတစ်ခုဆောက်လုပ်ခဲ့သည်။ ထိုတံတားသည် ရ၈ဝ ပေရှည်သည်။ တာဆင်းကူးတို့ဆိပ် မိုင်းပန်နယ်တွင်ရှိ၍ မိုင်းပန်နှင့်မိုင်းတုန်နယ်၊ ဇင်းမယ်နယ်တို့ကိုဆက်သွယ်သော လမ်းပေါ်တွင်တည်ရှိသည်။ ဤနေရာတွင်မြစ်အကျယ်ပေ ၂ဝဝ ရှိသည်။ တဘက်တွင်နမ့်သီလီမြစ်ရှိ၍တဘက်တွင် နမ့်သာလာမြစ်ရှိသည်။ ယင်းမြစ်ဝများနှင့်တစ်မိုင်ခန့်သာ ဝေးသည်။ အမြင့်ပေ ၈ဝဝ ရှိသည်။ တာတောမော်ကူးတို့ဆိပ် ကယားပြည်နယ်တွင်ရှိသည်။ ကယားပြည်နယ် ရှားတောမြစ်၏အရှေ့ဘက် မိုင် ၈ဝ ဝေးသည်။ မဲဟောင်ဆောင်းမြို့သို့သွားသောလမ်းပေါ်တွင်တည်ရှိ၍ ခြောက်သွေ့သောရာသီတွင်မြစ်သည် ဤနေရာ၌ ကိုက် ၂ဝဝ ကျယ်သည်။ တာဆင်းလေကူးတို့ဆိပ် ကယားပြည်နယ်တွင်ရှိသည်။ အမြင့် ရ၅ဝ ပေရှိပြီးခြောက်သွေ့သောရာသီတွင်မြစ်သည် ဤနေရာ၌ကိုက် ၂၅ဝ ကျယ်သည်။ မိုင်းမော(ရွာသစ်)မှ မော်လမြိုင်သို့ ကျောက်ညှပ်မြို့မှတစ်ဆင့်သွားသော လှေလမ်း၊ ရှားတောမြို့သို့ မေပေမြို့မှတစ်ဆင့်သွားသောလှေလမ်းတို့ စရာဌာနဖြစ်သည်။ ရွာသစ်မှခွန်သွန်သို့သွားသောလမ်းသည် ဤကူးတို့ဆိပ်မှသံလွင်မြစ်ကိုဖြတ်၍ ဖောက်ထားလေသည်။ သံလွင်မြစ်တွင် တိဗက်ပြည်နှင့် ယူနန်နယ်ပိုင်း၌ မြစ်လက်တက်ဟူ၍ ရှိသည်ဟု တိကျစွာ မသိရှိရချေ။ မြန်မာနိုင်ငံ၌မူ မြစ်လက်တက်ပေါင်း ၂၈ ခုရှိသည်။ ယင်းတို့မှာ- နမ့်ယုမြစ် နယ်စပ်နားမှစီးဝင်သည်။ နမ့်မွိုင်မြစ် သို့မဟုတ် နမ့်မွေ မိုင်းယမြို့မှ စီးဝင်လာသည်။ ဆီပါအောမြစ် ကိုးကန့်နယ်မှ စီးဝင်လာသည်။ နမ့်နင်းမြစ် အတောက်ဘက်မှစီးဝင်၍ နမ္မတူမြစ်ဖျားနှင့် ယင်းမြစ်ဖျားကပ်လျက်ရှိသည်။ နမ့်တင်းမြစ် ရွန်နင်ဖူးမြို့ဘက်မှစီးဝင်လာ၍ ကွမ်းလုံးကူးတို့ဆိပ်နားမှ စီးဝင်သည်။ နမ့်ကြက်မြစ် ချောင်းငယ်သာသာ ဖြစ်သည်။ နမ့်မမြစ် ဝနယ်ဖက်မှနောင်ချိုတစ်ဝိုက်ကိုဖြတ်၍ စီးဝင်လာသည်။ နမ့်နန်းမြစ် ငက်လက်မှမြစ်ဖျားခံ စီးဝင်သည်။ နမ့်ကအိုမြစ် အနောက်မိုင်းလွန်းဒေသတွင် စီးဝင်သည်။ နမ့်ခမြစ် တိဗက်ပြည်လွန်လာသည်မှစ၍ ပထမဆုံးသောအကြီးဆုံးမြစ်လက်တက်ဖြစ်သည်။ ဟွေးလွန်မြစ် တာကော်ကူးတို့ဆိပ်၌ စီးဝင်သည်။ မန်းပန်မြစ် မြစ်လက်တက်ကြီးတစ်ခု ဖြစ်သည်။ နမ့်ဆင်မြစ် ကျိုင်းတုံမြို့အနီး မြစ်ဖျားခံသည်။ မဲဟင်းမြစ် မိုင်းဟန်မြို့ဘက်မှ စီးဝင်သည်။ နမ့်ပန်မြစ်မိုင်းပန်နယ်ကို ဖြတ်စီးသည်။ မဲချော့မြစ်ချောင်းငယ်သာဖြစ်သည်။ မဲဆကွန်မြစ် (နမ့်ဆကွန်မြစ်) မဲဆယ်မြစ်ချောင်းငယ်သာဖြစ်သည်။ နမ့်တန်မြစ်မိုင်းကိုင်နယ်တောင်တန်းများတွင် မြစ်ဖျားခံပြီးနောက် လဲချား၊ မိုးနည်း၊ မောက်မယ်နယ်များကိုဖြတ်၍ စီးဆင်းသည်။ ဟွဲလောင်မြစ် ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် ဟွဲလန်းမြစ် စပ်နေရာမှ စီးဝင်သည်။ နမ်းမယ်ဗြဲ(မယ်ဗြဲ)မြစ် မဲဟောင်ဆောင်းနယ်ကိုဖြတ်၍ စီးဆင်းသည်။ နမ့်ပွန်မြစ် သို့မဟုတ် ပွန်ချောင်း ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ကိုဖြတ်၍စီးသည်။ ယင်း၏မြစ်လက်တက်တစ်ခုဖြစ်သော နမ့်ဘီလူး(ဘီလူးချောင်း)သည်အင်းလေးကန်၌ မြစ်ဖျားခံသည်။ သောင်ရင်းမြစ် ယိုးဒယားနိုင်ငံတွင်မြစ်ဖျားခံ၍ ယိုးဒယားနှင့်မြန်မာနယ်နမိတ်အဖြစ် စီးဆင်းကာ အရှေ့တောင်ဘက်မှ စီးဝင်သည်။ ယွန်းစလင်းမြစ် အနောက်ဘက်မှ စီးဝင်သည်။ ဒုံသမိမြစ် အနောက်ဘက်မှ စီးဝင်သည်။ ဂျိုင်းမြစ် အရှေ့ဘက်မှ စီးဝင်သည်။ အတ္တရံမြစ် အရှေ့ဘက်မှ စီးဝင်သည်။ အထက်ပါမြစ်လက်တက်ကြီး ၂၈ ခုအနက် နမ့်ခ၊ နမ့်ပန်၊ နမ့်ဆင်၊ နမ့်တန်၊ နမ့်ပွန်၊ သောင်ရင်းနှင့် ယွန်းစလင်းစသောမြစ်များသည် အထင်ရှားဆုံးဖြစ်ကြသည်။ ရှမ်းပြည်နယ်အတွင်းစီးဆင်းသော မြစ်များသည် သံလွင်မြစ်ထဲသို့စီးဝင်သည့်အခါ ရေတံခွန်များ၊ ရေတံခွန်လျှောများဖြင့် စီးဝင်လေ့ရှိကြသည်။ သံလွင်မြစ်သည် အောက်ပိုင်းအနည်းငယ်မှအပ ရေမော်၊ ရေတံခွန်များ အလွန်ပေါသဖြင့် ကူးသန်းသွားလာရန်ခက်ခဲသောမြစ်ဖြစ်လေသည်။ ရည်ညွှန်းကိုးကား en.wikipedia.org မြန်မာနိုင်ငံရှိ မြစ်များ ထိုင်းနိုင်ငံရှိ မြစ်များ တရုတ်နိုင်ငံရှိ မြစ်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B6%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%85%E1%80%BA
အင်းတော်ကြီးကန်
အင်းတော်ကြီးကန်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးကန်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။ အမြင့် ပေ ၁၀ဝ၀ ကျော်မှ ၄၀ဝ၀ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင်ကြီးများ ဝန်းရံထားသည်။ အင်းတော်ကြီးကန်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထားသည်။ အင်းတော်ကြီးကန်သည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီး ဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်သည်။ ဘုရားပွဲတော်သည် အနီးစပ်ချုပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့် စည်ကားလေ့ရှိသည်။ အင်းပတ်ဝန်းကျင်တွင် တိုင်းလျှံ(ရှမ်းနီ)ဟုခေါ်သော ရှမ်းလူမျိုးတို့သည် ရှေးအစဉ်အဆက်ကတည်းကနေထိုင်ခဲ့ကြသည်။ အင်းတော်ကြီးကို ရှမ်းဘာသာအားဖြင့် လောင်းလုံစည်ခမ်း သို့မဟုတ် လင်လုံ ဟုခေါ်ကြသည်။ စည်ခမ်းအင်းကြီးဟုအစိပ္ပာယ်ရသည်။ စည်ခမ်းဆိုသည်မှာ အင်းတော်ကြီးအင်းဟူ၍မဖြစ်ပေါ်လာမီက ယင်းဒေသတွင်ရှိခဲ့သောမြို့ကြီးတစ်မြို့ဖြစ်သည်။ သစ်ပင်ပန်းမန် တိရစ္ဆာန်များ အင်းတော်ကြီးကန်ပတ်လည်တွင် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရှုမျှော်ခင်းများ၊ ရှားပါးနို့တိုက်သတ္တဝါများ၊ ငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များအား တွေ့ရှိနိုင်သည်။ မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော လိပ် ၅ မျိုးနှင့် ဤနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသ တစ်ခု ဖြစ်သည်။ အဆိုပါငှက်မျိုးများအနက် Greylag Geese၊ Oriental Darter၊ Purple Swamphen တို့အား ဇန်နဝါရီလတွင် အတွေ့ရများသည်။ စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေမျိုးစိတ်များ၏ဘဝရှုခင်းများကိုမြင်တွေ့နိုင်သည်။ ကန်နှင့် ရွှံ့ညွှန်ဒေသသည် ဆောင်းခိုငှက်များခိုလှုံရာဖြစ်သည်။ ပတ်ဝန်းကျင်ရွာများမှအညစ်အကြေးများက ရေအရည်အသွေးကိုခြိမ်းခြောက်လျက်ရှိသည်။ သို့ရာတွင်မိုးရာသီရောက်လျှင် ရေများပြန်လည်သန့်ရှင်းသွားသည်သာဖြစ်သည်။ ထိန်းသိမ်းရေး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရေတိမ်ဒေသများနေ့တွင် အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံအတွက် မိုးယွန်းကြီးအင်း ပြီးလျှင် ဒုတိယမြောက် ရမ်ဆာစာရင်းဝင် ရေတိမ်ဒေသတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရနှင့် ရမ်ဆာ အတွင်းရေးမှူးရုံးတို့က ကြေညာခဲ့သည်။ ရမ်ဆာစာရင်းဝင် ဖြစ်လာမှုကြောင့် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တိုးတက်မှုကောင်းတစ်ခု ဖြစ်သော်လည်း ရေဝေဒေသရှိ စမ်းချောင်းများတွင် တရားမဝင် အာတီဆင် အသုံးပြု ရွှေကျင်မှုများက ကန်၏တောင်ဘက်ပိုင်းတွင် နုန်းမြေများ ပို့ချခြင်းနှင့် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေခြင်း ကဲ့သို့သော စိန်ခေါ်မှုများ ရှိနေသေးသည်။ ဆက်စပ်နေသော ဆောင်းပါးများ အင်းတော်ကြီးသမိုင်း ကိုးကားချက် ပြင်ပချိတ်ဆက်ကြောင်းများ Indawgyi lake wildlife sanctuary - Kachin state Asterism ကချင်ပြည်နယ် မြန်မာနိုင်ငံရှိ ရေကန်များ မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%80%E1%80%94%E1%80%BA
မူဆယ်မြို့
မူဆယ်မြို့ (; ) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရွှေလီမြစ်ကမ်းနံဘေးတွင် တည်ရှိကာ တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နှင့် တံတားဖြင့် ဆက်သွယ်ထားသည်။ သမိုင်းကြောင်း လွန်လေပြီးသော နှစ်ပေါင်းခုနှစ်ရာကျော်ကာလ ခရစ်သက္ကရာဇ် AD ၁၂၈၀ ခု၊ သျှမ်းသက္ကရာဇ် ၁၃၇၄ ခု ( ကာပ်ယီး ဟုခေါ်သော ကျားနှစ် )၊ ကောဇာသက္ကရာဇ် ၆၄၂ ခုတွင် ဝိန်းဝိုင်ပြည်၌ ထီးနန်းစိုးစံတော်မူသော သျှမ်းမင်း စဝ်ခွန်ဖန်ခမ်းသည် ရွှေလီမြစ်ကမ်းတစ်နေရာတွင် ရှေးဦးစွာ အိမ်ခြေ (၈) အိမ်သာရှိသည့် ဈေးရွာကလေးတစ်ရွာကို တည်ခဲ့လေသည်။ နောင်အခါ သက္ကရာဇ် AD ၁၃၀ဝ ခုနှစ်တွင်မှ ထိုဈေးရွာကလေးကို မြို့အဆင့်သတ်မှတ်ပြီး ပူမုံ ( ရှေးသျှမ်းပြည်အုပ်ချုပ်ရေး စနစ်အရ တိုက်နယ်သူကြီး အထက်မြို့စားမင်း အောက်အဆင့်ရှိ အုပ်ချုပ်သူရာထူးတစ်မျိုး ) တစ်ပါးကို စီမံအုပ်ချုပ်စေကာ ထိုမြို့ကိုလည်း မူကျေ ( မူဆယ်မြို့) ဟုခေါ်တွင်စေသည်။ နေရာ ယခု မူဆယ်မြို့၏ လေယာဉ်ကွင်းဟောင်းမြောက်ဘက်ရှိ လာစန့်ဒေသ ဝန်းကျင်တွင် တည်ရှိပြီး ထိုဒေသအနီးတွင် မိုင်းမောဝ်ပြည် မင်းဆက်များအုပ်စိုးစဉ်က နာမည်ကြီး ခိုစုန် ခိုဖူး တံတား (ရေမြှပ် ရေပေါ်တံတား) တစ်စင်းရှိခဲ့ဖူးလေသည်။ နောင်ကာလတွင် ထိုဒေသမှ နောင်မိုလုံ ( ကြာအင်းကြီး) ဝန်းကျင် ( နော်င်မိုလုံ မှာ ကမ္ဘောဇဘဏ်ရှေ့ ယခင်မြို့နယ်အားကစား ကွင်းဟောင်းနေရာဖြစ်ပြီး ယခုမူ လူနေအိမ်၊ တိုက်ခန်းနေရာများ အဖြစ်ပြောင်းလဲသွားခဲ့ပေပြီ။) သို့ ရွှေ့ပြောင်းမြို့တည်ခဲ့သည်။ ထို့နောက် ညောင်ပင်ကြီး (၁၆) ပင်ရှိသောနေရာတွင် ဈေးကြီးတစ်ခုတည်ခဲ့သည်။ ( ယခု အမှတ် ၁ ဈေးဟုခေါ်သည်) ထိုစဉ်က လူနေအိမ်ခြေအများစုမှာ ယခုတောင်ရပ်ကွက်ရှိ ဝေဠုဝန်ဘုရားကျောင်း နေရာတဝိုက်တွင် စည်ကားခဲ့သောကြောင့် မြို့လယ်ဗဟိုချက် အဆောင်အဦကို တောင်ရပ်ကွက်တွင်းတည်ထားပြီး ၎င်းရပ်ကွက်အတွင်းရှိ ဝေဠုဝန် ဘုရားကျောင်းကိုလည်း ဝတ်ကန်ဝိန်း (ဝတ်ႉၵၢင်ဝဵင်း)(မြို့လယ်ကျောင်း) ဟုသာ ယခုတိုင်ခေါ်ဝေါ်နေကြဆဲဖြသ်သည်။ စိတ်ဝင်စားဖွယ် နေရာများ မူဆယ်မြို့သည် ဈေးသည်၊ ကုန်သည်များနှင့် နေ့နံသင့်ခဲ့သည်မှာ မြို့စတင် တည်ထောင်ကတည်းကပင်ဖြစ်လေသည်။ မဆလ အစိုးရခေတ်၌လည်း တရုတ်ပြည် မှောင်ခိုပစ္စည်းများနှင့် စည်ကားခဲ့၏။ ယခုခေတ်ကာလ၌လည်း တရုတ်ပြည်နှင့် နှစ်နိုင်ငံကုန်စည် ပစ္စည်းများ လွတ်လပ်စွာစီးဆင်းသွားလာမှုကြောင့် ပို၍စည်ကားပြန်၏။ ၁၀၅မိုင် ကုန်သွယ်ရေးဇုန် ကောင်းမူးခမ်း (သို့) ရွှေသမင်ကျောင်းတော်ရွှေစေတီ မဟာဝန်ကျောင်း လွယ်တိန်ခမ်းတောင်တော် မင်္ဂလာ မူဆယ် SJ အပန်းဖြေ ဥယျာဉ် မူဆယ်ဂေါက်ကလပ် လေယာဉ်ပျံ စာသောက်ဆိုင် စက်မှုပန်းခြံ ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီဆုတောင်းပြည့်စေတီ(၁၀၅မိုင်) တုန်ခန်ကျောင်း လှိုင်ဂူဘုရား မူဆယ်တပည့်တော်စုဘုရားကျောင်း ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရှမ်းပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မင်းရဲကျော်စွာ (သံတူကြောင်းကွဲ)
မြန်မာ့သမိုင်းတွင် မင်းရဲကျော်စွာဘွဲ့ခံသူများပါသည်။ ရှာဖွေတွေ့ရှိရသမျှသော မင်းရဲကျော်စွာဘွဲ့ခံတို့မှာ- အင်းဝခေတ် ပထမမင်းခေါင် ၏ သား အိမ်ရှေ့စံမင်းရဲကျော်စွာ (ရာဇာဓိရာဇ်နှင့် စစ်ခင်းသူ) အင်းဝခေတ် မိုးညှင်းသတိုးနောက်နန်းတက်သည့် မင်းရဲကျော်စွာ (အင်းဝ) နန္ဒဘုရင်အား တပင်ရွှေထီးပေးသည့် ငယ်ဘွဲ့ နန္ဒဘုရင်၏ သား မင်းရဲကျော်စွာ၊ အင်းဝတွင်ဘုရင်ခံအဖြစ်အုပ်စိုးသူ၊ နောင်တွင် နတ်သျှင်နောင်ထံ လက်နက်ချခဲ့သူဖြစ်သည်။ (ဟံသာဝတီမင်းရဲကျော်စွာ) နတ်သျှင်နောင်၏ ညီ တောင်ငူမင်းရဲကျော်စွာ (တောင်ငူမင်းရဲကျော်စွာ) တို့ဖြစ်ကြသည်။
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B2%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%85%E1%80%BD%E1%80%AC%20%28%E1%80%9E%E1%80%B6%E1%80%90%E1%80%B0%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BD%E1%80%B2%29
နေတိုး (စစ်မဟာမိတ်စာချုပ်အဖွဲ့)
မြောက်အတ္တလန်တစ် သဘောတူစာချုပ်အဖွဲ့အစည်း (The North Atlantic Treaty Organization) (NATO; အသံထွက်/ˈneɪtoʊ/, NAY-toe)၊ ပြင်သစ်- Organisation du traité de I’Atlantique nord (OTAN)၊ “(မြောက်) အတ္တလန်တစ်မဟာမိတ်” ဟုလည်း ခေါ်တွင်သည်။ ၁၉၄၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော မြောက်အတ္တလန်တစ် သဘောတူစာချုပ် အပေါ်တွင် အခြေပြုသော နိုင်ငံအစိုးရအချင်းချင်း စစ်ဘက်မဟာမိတ် ပြုထားသောအဖွဲ့အစည်း တစ်ခုဖြစ်သည်။ နေတိုးရုံးချုပ်များ သည် ဘယ်(လ်)ဂျီယံ နိုင်ငံ ဘရပ်ဆယ်(လ်စ်) မြို့တွင် ရှိသည်။ အဖွဲ့အစည်းသည် စုပေါင်းကာကွယ်တိုက်ခိုက်ခြင်းစနစ် ပါဝင်၍၊ အသင်းဝင်နိုင်ငံများသည် တစ်စုံတစ်ခုသော ပြင်ပအဖွဲ့အစည်းမှ တိုက်ခိုက်လာခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အပြန်အလှန် အကာအကွယ်ပေးကြရန် သဘောတူညီကြသည်။ စစ်ဘက်ဖွဲ့စည်းတည်ထောင်မှုမှ နုတ်ထွက်ခြင်း ဖွဲ့စည်းပြီးစ ပထမနှစ် အနည်းငယ်ကမူ နေတိုးသည် နိုင်ငံရေးအသင်းအဖွဲ့တစ်ခုထက် မပိုခဲ့ပါ။ သို့ရာတွင် ကိုရီးယားစစ်ပွဲက အဖွဲ့ဝင်နိုင်ငံများကိုပေါင်းစည်းစေ၍၊ တစ်စုတစ်ပေါင်းတည်းသော စစ်တပ်ကို ရာထူးအာဏာကြီးမားသော U.S. တပ်မှူးနှစ်ဦး၏ ညွှန်ကြားအုပ်ချုပ်မှုအောက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ပထမ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် လော့ဒ်အစ်(စ်)မေ က ထင်ရှား ကျော်ကြားစွာ မိန့်ဆိုခဲ့သည်မှာ အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်သည် “ရုရှား များကို ဖယ်ထုတ်ပစ်ရန်၊ အမေရိကန်များ ဝင်လာစေရန်နှင့် ဂျာမန်များ ကျဆုံးစေရန်” ဟူ၍ ဖြစ်သည်။ ဥရောပနိုင်ငံများ နှင့် အမေရိကန်ပြည်ထောင်စု တို့၏ ဆက်ဆံရေးခိုင်မာမှုအပေါ်တွင် ရှိနေသော သံသယသည် ဒီရေကဲ့သို့ တက်လိုက် စီးဆင်းလိုက်ဖြစ်နေပါသည်။ တစ်ဆက်တည်းမှာပင် မျှော်လင့်ထားရမည့် ဆိုဗီယက် တို့၏ ကျူးကျော်မှုကို တုံ့ပြန်မည့် နေတိုးကာကွယ်ရေးအပေါ် ယုံကြည်နိုင်မှုနှင့် စပ်လျဉ်း၍ ရှိနေသည့် သံသယ၊ ယင်းသံသယ တို့က လွတ်လပ်သော ပြင်သစ်နူကလီးယား ဟန့်တားမှု၏ ဖွံ့ဖြိုးတိုးတက်ခြင်းသို့ ရှေ့ရှုစေပြီး၊ ပြင်သစ်တို့ ၁၉၆၆ ခုနှစ်တွင် နေတိုး၏ စစ်ဘက်ဖွဲ့စည်းတည်ထောင်မှုမှ နုတ်ထွက်ခဲ့ခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ ဘာလင်အပေါင်းသဘောတူညီချက် ၁၉၈၉ ခုနှစ်၊ ဘာလင် တံတိုင်းကြီး ပြိုကျပျက်စီးခဲ့ပြီးနောက်၊ အဖွဲ့အစည်းသည် ဖြစ်နိုင်ခြေရှိခဲ့သော အရှေ့ဘက်မှ ယခင်က ရန်သူများနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ရင်း ဘော်လကန်ဒေသ အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အတော်အတန်များပြားသောယခင် ဝါဆောအုပ်စု နိုင်ငံများ မဟာမိတ်အဖွဲ့အစည်းသို့ ၁၉၉၉ ခုနှစ် နှင့် ၂၀၀၄ ခုနှစ်တို့တွင် ဝင်ရောက်လာခြင်းဖြင့် အထွတ်အထိတ်သို့ ရောက်ရှိလာခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အယ်(လ်)ဘေးနီးယား နှင့် ခရိုအေးရှား တို့ ဝင်ရောက်လာခြင်းဖြင့် အသင်းဝင်ပေါင်း ၂၈ နိုင်ငံအထိ ကြီးမားကျယ်ပြန့်လာခဲ့သည်။ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှု မှ စတင်၍ နေတိုးသည် အသစ်သော စိမ်ခေါ်မှုများကို ကိုယ်တိုင်ပြန်လည် အာရုံစိုက်ဖို့ ကြိုးပမ်းခဲ့ပြီး တပ်သားများအား အာဖဂန်နစ္စတန် သို့ တပ်ဖြန့်ခဲ့သည်၊ အလားတူပင် သင်တန်းဆရာများအား အီရတ်သို့ စေလွှတ်ခဲ့သည်။ ဘာလင်အပေါင်းသဘောတူညီချက် သည် နေတိုးနှင့် ဥရောပသမဂ္ဂ တို့ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် ပြည့်စုံသော ကမ်းလှမ်းချက်များပါသည့် သဘောတူစာချုပ်များ ပေါင်းစုထားမှုပင်ဖြစ်သည်။ ယင်းသဘောတူညီချက်ဖြင့် EU အား၊ အကယ်၍ ၎င်းသည် နိုင်ငံတကာ အကြပ်အတည်းကာလတစ်ခုတွင် လွတ်လပ်စွာပြုမှုလိုပါက၊ နေတိုးပိုင်ဆိုင်မှုများကို အသုံးပြုနိုင်မည့် ဖြစ်နိုင်ခြေကို “ပထမ ငြင်းဆိုခြင်းအခွင့်အရေး” ဟုရည်ညွှန်းသော နေတိုးကိုယ်တိုင်အနေဖြင့် ပြုမှုဆောင်ရွက်လိုခြင်းမရှိ မှသာ အသုံးပြုနိုင်မည် ဟူသော ခြွင်းချက်ဖြင့် ပေးထားသည်။[6] နေတိုးမှ ပြုမှုဆောင်ရွက်ရန် ငြင်းဆိုခဲ့မှသာလျှင် EU အနေဖြင့် လုပ်ပိုင်ခွင့် အခွင့်အရေး ကို ရရှိမည်ဖြစ်သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ စုပေါင်းအသုံးပြုသည့် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်သည် တစ်ကမ္ဘာလုံး ကာကွယ်ရေးအသုံးစရိတ်၏ ၇၀% ထက် ပိုမိုပါသည်။ အမေရိကန် တစ်ဦးတည်း အနေဖြင့် တစ်ကမ္ဘာလုံး၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်စုစုပေါင်း၏ ထက်ဝက်ခန့်နှင့် ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်၊ ဂျာမဏီ နှင့် အီတလီ တို့က ထပ်မံ၍ ၁၅%ကို အသုံးပြုသည်ဟု ယူဆရသည်။ နေတိုးအဖွဲ့ဝင်များ နေတိုးသည် ၁၉၄၈ ခုနှစ်တွင် ပထမစတင်တည်ထောင်သည်မှ ခုနှစ်ကြိမ်တိုင်တိုင် အဖွဲ့ဝင်သစ်များကို တိုးမြှင့်လာခဲ့သည်။ (နောက်ဆုံး နှစ်ဦးကို ၂၀၀၉ ခုနှစ်တွင်) နေတိုးတွင် အဖွဲ့ဝင် ၂၈ ဦး ပါဝင်သည်။ ၎င်းတို့မှာ အယ်(လ်)ဘေးနီးယား၊ ဘယ်(လ်)ဂျီယံ၊ ဘူ(လ်)ဂေးရီးယား၊ ကနေဒါ၊ ခရိုအေးရှား၊ ချက်ပြည်သူ့သမ္မတ နိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ(စ်)၊ ဟန်ဂေရီ၊ အိုက်(စ်)လန်၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်(ဂ်)၊ နယ်သာလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ တူရကီ၊ ယူနိုက်တက်ကင်းဒမ်း၊ နှင့် ယူနိုက်တက်စတိတ်တို့ ဖြစ်ကြသည်။ ၆ ‌ဇွန် ၂၀၁၇ တွင် ရုရှား၏ ဖိအားပေးမှု ရှိခဲ့သော်လည်း မွန်တီနီဂရိုးနိုင်ငံသည် ၂၉ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာသည်။ နေတိုးအင်အားချဲ့ထွင်မှု မဟာမိတ်အတွင်း အသစ်အဖွဲ့ဝင်များသည် များသောအားဖြင့် အရှေ့ဥရောပနှင့် ဘော်(လ်)ကန်ဒေသ တို့ ဖြစ်၍ ယခင် ဝါဆောအုပ်စုမှ အဖွဲ့ဝင်များလည်း ပါဝင်သည်။ ၂၀၀၈ ခုနှစ်၊ ဘူခါရက်(စ်)မြို့တွင် ကျင်းပခဲ့ သည့် ထိပ်သီးအစည်းအဝေးမှ နိုင်ငံသုံးခုအား အနာဂတ်ဖိတ်ခေါ်ခြင်းအတွက် ကတိပြုခဲ့သည်။ မက်စီဒိုးနီးယား ရီပတ်ဘလစ်နိုင်ငံ၊ဂျော်ဂျီယာ နှင့် ယူကရိန်း တို့ဖြစ်သည်။ အဖွဲ့ဝင်ဖြစ်မှုအတွက် လိုအပ်ချက်များ ပြည့်စုံပြီးဖြစ်သော်လည်း မက်စီဒိုးနီးယားအား လက်ခံရန်အတွက် ဂရိ(စ်)နိုင်ငံမှ ပိတ်ဆို့ထားသည်။ မက်စီဒိုးနီးယား အမည် အငြင်းပွားမှုအတွက် ဆုံးဖြတ်ချက်ချရန် ဆိုင်းငံ့ထားခြင်းကြောင့် ဖြစ်၏။ အလားတူ ပင် တူရကီနိုင်ငံမှလည်း ဆိုက်ပရပ်(စ်)၏ ကြိုးပမ်းမှုကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်ထားသည်။[ ကိုးကားရန်လိုအပ်သည်။ အခြားသော ဖြစ်နိုင်ခြေရှိသည့် လျှောက်ထားသော နိုင်ငံများတွင် မွန်တီနီဂရို နှင့် ဘော(စ်)နီးယား နှင့် ဟာဇီဂိုဗီနား နိုင်ငံတို့ ပါဝင်သည်။ ၎င်းတို့သည် ၂၀၀၈ ခုနှစ်တွင် အေဒရီယတစ် ချာတာ၏ ဖြစ်နိုင်ခြေရှိသည့် အဖွဲ့ဝင်များဖြစ် လာခဲ့ကြသည်။[45] ရုရှားသည် အထက်တွင် ဖော်ပြသကဲ့သို့ ထပ်မံတိုးချဲ့ခြင်းကို ဆက်လက်၍ ဆန့်ကျင်နေပါသည်။ ဆိုဗီယက်ခေါင်းဆောင်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဥရောပ-အတ္တလန်တစ် တွဲဖက်မှု နေတိုးအဖွဲ့ဝင် ၂၈ နိုင်ငံနှင့် “တွဲဖက်နိုင်ငံများ” ၂၂ နိုင်ငံတို့အကြား ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ခြင်းကို ကူညီနိုင်ရန်အတွက် စည်းမျဉ်းဘောင်နှစ်ဆင့်ကို ထူထောင်ခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် တွဲဖက်မှု (PfP) အစီအစဉ်ကို ၁၉၉၄ ခုနှစ်တွင် တွဲဖက်နိုင်ငံနှင့် နေတိုးတို့အကြား နှစ်ဦး နှစ်ဘက်နှင့်ဆိုင်သော ဆက်နွယ်မှုများအပေါ် အခြေခံ၍ ပြုစု ထူထောင်ထားခဲ့သည်။ နိုင်ငံတစ်ခုသည် ၎င်း၏ ပါဝင်မှုအတိုင်းအတာပမာဏကိုရွေးချယ်နိုင်သည်။PfP အစီအစဉ်သည်ဥရောပအတ္တလန်တစ်၏လုပ်ငန်းဆောင်ရွက်မှုအတောင်ပံအဖြစ်တွေးခေါ်ယူဆကြသည်။ အဖွဲ့ဝင်များသည် လက်ရှိနှင့် ယခင်က လွတ်လပ်သည့်နိုင်ငံများ၏ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံများပင် ဖြစ်သည်။ ဥရောပ-အတ္တလန်တစ် တွဲဖက်မှုကောင်စီ (EAPC) ကို ၁၉၉၇ ခု မေလ ၂၉ ရက်နေ့က ပထမ ထူထောင်ခဲ့၍ ပုံမှန်ညှိနှိုင်းစုစည်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း နှင့် စကားပြောခြင်းများ ကို ပါဝင်သူ ၄၉ဦးအကြား အခန်းကဏ္ဍတစ်ခုအဖြစ် ရုံးဖွင့်လှစ်ထားရှိခဲ့သည်။ မက်ဒီတာရေးနီးယန်း ဒိုင်ယာလော့ ကို ၁၉၉၄ ခုနှစ်က အစ္စရေး(လ်)နှင့် မြောက်အာဖရိကရှိ နိုင်ငံများတို့ အလားတူနည်းလမ်းဖြင့် ညှိနှိုင်းစီစဉ်နိုင်ရန် တည်ထောင်ခဲ့သည်။ အစ်စတန်ဘူ(လ်) အော်ပရေးရှင်း ကနဦးဆောင်ရွက်ချက် ကို ၂၀၀၄ ခုနှစ်တွင် အရှေ့အလည်ပိုင်း အတွက် မက်ဒီတာရေးနီးယန်း ဒိုင်ယာလော့ နှင့် တူညီသည့် လိုင်းကြောင်းတစ်လျှောက် ဒိုင်ယာလော့ အခန်းကဏ္ဍရုံးခန်း တစ်ခုအဖြစ် ကြေညာခဲ့သည်။ သို့သော် အကောင်အထည်မဖော်ရသေးပါ။ အခြားသော တတိယနိုင်ငံများကလည်း အာဖဂန်နစ္စတန် ကဲ့သို့သော PfP အဖွဲ့အစည်း မူဘောင်၏ လှုပ်ရှားမှုများတွင် ပါဝင်နိုင်ရန်အတွက် ဆက်သွယ်လာခဲ့ကြသည်။ မီခေး(လ်)ဂေါ်ဗာချက် နှင့် U.S. သမ္မတ ဂျော့အိတ်(ခ်ျ)ဒဗလျူဘွတ်(ရှ်) တို့၏ ငြိမ်းချမ်းသော ဂျာမနီ ပြန်လည်ပေါင်းစည်းရေး လိုက်လျောမှုအပေါ် နားလည်မှုများနှင့် မကိုက်ညီကြောင်းကို သိမြင်နေ၍ ဖြစ်သည်။ နေတိုး၏ တိုးချဲ့ခြင်း ပေါ်လစီကို မော်စကိုမှ ရုရှား အား ဝန်းရံ ထားရန်နှင့် သီးသန့်ထားရန်အတွက် စစ်အေးတိုက်ပွဲဆက်လက်စေရန် ကြိုးပမ်းခြင်းဟု မြင်နေပါ သည်။ အဆောက်အအုံများ နေတိုး၏ ပင်မရုံးချုပ်များသည် ဘိုလဗ်ဗတ်လီယိုပိုး ၃, ဘီ-၁၁၁၀ ဘရပ်ဆယ်(လ်စ်)တွင် တည်ရှိခဲ့၍ ယင်းသည် ဘရပ်ဆယ်(လ်စ်)မြို့တော်၏ မြူနီစီပါယ် နယ်နိမိတ်အတွင်းရှိ ဟေရန် တွင် ဖြစ်သည်။ ရုံးချုပ် အဆောက်အအုံအသစ်ကို ယင်းအဆောက်အအုံ၏ အနီးအနားတွင် လက်ရှိဆောက်လုပ်နေဆဲဖြစ်၍၊ ၂၀၁၂ ခုနှစ်တွင် အပြီးသတ်ရန် သတ်မှတ်လျာထား ထားသည်။ လက်ရှိဒီဇိုင်းပုံစံသည် မူရင်းဆုအောင်နိုင်ရေးစီမံကိန်းအဖြစ် လယ်ရီအော့တ်မန်း(စ်) နှင့် ၎င်း၏အဖွဲ့ SOM တွင် ဒီဇိုင်းစပ်တူဆောင်ရွက်ခဲ့စဉ်က ရေးဆွဲခဲ့သည့် ဒီဇိုင်း ပုံစံကို အလိုက်သင့် ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်သည်။ နှစ်များစွာအတွင်း အစိုးရမဟုတ်သော နိုင်ငံသားများအုပ်စုတို့သည် နေတိုးကို ထောက်ခံရန် အတ္တလန်တစ် ကောင်စီ/အတ္တလန်တစ် သဘောတူစာချုပ် အဖွဲ့အစည်းလှုပ်ရှားမှု၏ အောင်လံတံခွန်အောက်တွင် ကျယ်ပြန့် စွာ ပေါ်ထွက်လာကြသည်။ အချို့သော သူတို့သည် နေတိုးရုံးချုပ် အဆောက်အအုံဧရိယာ၏ အနီးအနားတွင် ရုံးများဖွင့်လှစ်ထားရှိကြသည်။ ရုံးချုပ်များရှိ ဝန်ထမ်းများသည် အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားရေးကိုယ်စားလှယ်များ ပါဝင်ကြ၍၊ အရပ်သား များနှင့် စစ်ဘက်ဆက်သွယ်ရေးရုံးများနှင့် အရာရှိများ၊ သံတမန်အဖွဲ့များနှင့် မိတ်ဖက်နိုင်ငံများမှ သံတမန် များလည်းပါဝင်ကြသည်။ အလားတူပင် နိုင်ငံတကာဝန်ထမ်းများနှင့် အဖွဲ့ဝင်နိုင်ငံများမှ အဖွဲ့ဝင်လက်နက်ကိုင် အင်အားစုများဖြင့် ဖြည့်တင်းထားသည့် နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဝန်ထမ်း များတို့လည်း ပါဝင်သည်။ ဆက်စပ်ကြည့်ရန် နေတိုးမဟုတ် မဟာမိတ်နိုင်ငံကြီး နေတိုးအဖွဲ့၏ စစ်ဘက်ရာထူးများ အရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့ ဝါဆောစစ်စာချုပ်အဖွဲ့ ကိုးကား ပထဝီဝင် နိုင်ငံများ ပေါင်းစုထားသည့် အဖွဲ့အစည်းများ စစ်ရေး စစ်အေးကာလ စာချုပ်များ ဥရောပတိုက် နေတိုး
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%20%28%E1%80%85%E1%80%85%E1%80%BA%E1%80%99%E1%80%9F%E1%80%AC%E1%80%99%E1%80%AD%E1%80%90%E1%80%BA%E1%80%85%E1%80%AC%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%29
ဝါဆော (စစ်မဟာမိတ်စာချုပ်အဖွဲ့)
ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်ကူညီရေးစာချုပ်အဖွဲ့ () သည် အရှေ့ဥရောပနှင့် အလယ်ပိုင်းဥရောပမှ နိုင်ငံများ စုဖွဲ့ထားသော အဖွဲ့အစည်း ဖြစ်သည်။ ဤစစ်စာချုပ်အဖွဲ့ကို ၁၉၅၅ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ ချုပ်ဆိုခဲ့ကြသဖြင့် ဝါဆောစစ်စာချုပ်အဖွဲ့ဟု လူသိများခဲ့သည်။ အဖွဲ့ဝင် နိုင်ငံများ အယ်လ်ဘေးနီးယား ဘူလ်ဂေးရီးယား ချက်ကိုစလိုဗက်ကီးယား ဟန်ဂေရီ ပိုလန် ရိုမေးနီးယား ဆိုဗီယက်ပြည်ထောင်စု အရှေ့ဂျာမဏီ မှတ်စု ကိုးကား ကွန်မြူနစ်ဝါဒ စစ်အေးကာလ စာချုပ်များ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AB%E1%80%86%E1%80%B1%E1%80%AC%20%28%E1%80%85%E1%80%85%E1%80%BA%E1%80%99%E1%80%9F%E1%80%AC%E1%80%99%E1%80%AD%E1%80%90%E1%80%BA%E1%80%85%E1%80%AC%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%29
ဘာလင် တံတိုင်း
ဘာလင်တံတိုင်းသည် အနောက်ဂျာမဏီ နှင့် အရှေ့ဂျာမဏီကို ပိုင်းခြားထားခဲ့သည့် တံတိုင်းကြီး ဖြစ်သည်။ နေတိုး စစ်အုပ်စု၏ အနောက်အုပ်စုနှင့် ဝါဆော တို့၏ အရှေ့အုပ်စုကို ပိုင်းခြားထားသည့် သံကန့်လန့်ကာ (Iron Curtain) ၏ ပြယုဂ်လည်း ဖြစ်ခဲ့သည်။ ဘာလင်တံတိုင်းကြီးသည် အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီကို ၁၉၆၁ ဩဂုတ် ၁၃ မှ ၁၉၈၉ နိုဝင်ဘာ ၉ ထိ ရာစုနှစ်၏ လေးပုံတစ်ပုံခန့်ကြာအောင် ပိုင်းခြားထားခဲ့သည်။ ထိုကာလအတွင်း တရားဝင် စာရင်းအရ အနောက်ဂျာမဏီသို့ ဖြတ်ကူးရန် ကြိုးပမ်းသည့် လူ (၉၈) ယောက်ခန့် အသတ်ခံခဲ့ရသည်။ အရှေ့ဂျာမဏီ အစိုးရသည် ဘာလင်တံတိုင်းအား တရားမဝင် ဖြတ်ကျော်၍ အနောက်သို့ ကူးပြောင်းလိုသူတိုင်းအား ပစ်သတ်ရန် နယ်ခြားစောင့် တပ်များအား အမိန့်ပေးထားခဲ့သည်။ နောက်ခံသမိုင်း ဒုတိယ ကမ္ဘာစစ် ပြီးနောက် နာဇီ ဂျာမဏီ၏ နယ်မြေများကို ပို့စ်ဒမ်သဘောတူညီချက်အရ အမေရိကန် ၊ အင်္ဂလန် ၊ ပြင်သစ် နှင့် ဆိုဗီယက် တို့က အပိုင်း (၄) ပိုင်း ခွဲခြမ်းခဲ့ကြသည်။ ဂျာမဏီ၏ မြို့တော် ဘာလင်ကိုလည်း နိုင်ငံပေါင်းစုံ အဖွဲ့ကြီး၏ ရုံးဌာနချုပ်အဖြစ် ထားရှိခဲ့သည်။ စစ်ပွဲကာလအတွင်း ပေါင်းစည်းခဲ့ကြသည့် မဟာမိတ် စစ်တပ်များအနေဖြင့် စစ်ပွဲအပြီးတွင် ဂျာမဏီကို ပူးတွဲအုပ်ချုပ်ရန် ရည်ရွယ်ခဲ့ကြသည့် အားလျော်စွာ ပြင်သစ် ၊ အင်္ဂလိပ်နှင့် အမေရိကန်တို့သည် ၁၉၄၉ တွင် အနောက်ဂျာမဏီကို ထူထောင်ပေးခဲ့ပြီး ဆိုဗီယက်တို့က အရှေ့ဂျာမဏီကို ထူထောင်ကာ စစ်အေးတိုက်ပွဲ ကာလကို စတင်ခဲ့ကြသည်။ အနောက်ဂျာမဏီသည် ဈေးကွက်စီးပွားရေးစနစ်ကို ထူထောင်၍ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာ အရှေ့ ဂျာမဏီသည် ဆိုဗီယက်ပုံစံ စီမံကိန်းချ စီးပွားရေးစနစ်ကို ထူထောင်ကာ ဗဟိုအစိုးရစနစ် ကျင့်သုံးခဲ့သည်။ ၁၉၅၂ ခုနှစ်အထိ အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီ၏ နယ်ခြားများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ၁၉၅၂ ဧပြီ ၁ တွင် အရှေ့ဂျာမဏီနှင့် ဆိုဗီယက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြကာ နယ်ခြားကာကွယ်ရေးကို တိုးမြှင့်ကြရန် သဘောတူညီ ခဲ့ကြသည်။ ဘာလင်တံတိုင်း ၁၉၅၂ ဧပြီ ၁ တွင် ဂျာမဏီနှင့် ဆိုဗီယက် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အရှေ့နှင့် အနောက် ဂျာမဏီနှစ်နိုင်ငံအား သံဆူးကြိုးဖြင့် ကာရံခဲ့ကြသည်။ ဘာလင်မြို့တွင်းရှိ အရှေ့နှင့် အနောက် နယ်ခြားကို ဆက်လက် ဖွင့်ထားခဲ့သော်လည်း ဖြတ်သန်းခွင့်များကို တင်းကြပ်ခဲ့ကြသည်။ နိုင်ငံရေး ကွန်မြူနစ်ဝါဒ ကမ္ဘာ့သမိုင်း ဥရောပတိုက် ဂျာမနီနိုင်ငံ စစ်အေးခေတ်
https://my.wikipedia.org/wiki/%E1%80%98%E1%80%AC%E1%80%9C%E1%80%84%E1%80%BA%20%E1%80%90%E1%80%B6%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ရဟန်းခံခြင်း
ရဟန်းခံပုံ အစီအစဉ် ၁။ ရဟန်းလောင်း သာမဏေကို ဥပဇ္ဈာယ်ဆရာတော်ထံ ဥပဇ္ဈာယ်ယူစေရ၏၊ ဥပဇ္ဈာယ်ဆရာဟူသည် သာသနာတော်၌ မိဘပင်ဖြစ်၏၊ အစစအရာရာ တာဝန်ယူရသော တာဝန်ခံပုဂ္ဂိုလ်တည်း။ ဥပဇ္ဈာယ်ရှိသူကိုသာ ရဟန်းခံပေးနိုင်၏။ ၂။ သပိတ် သင်္ကန်း ပြောကြားရ၏၊ ကိုယ်ပိုင် သပိတ် သင်္ကန်း ရှိသူကိုသာ ရဟန်းခံပေးနိုင်၍ ကိုယ်ပိုင် သပိတ် သင်္ကန်းရှိကြောင်း ပြောကြားရခြင်း ဖြစ်သည်။ ၃။ ရဟန်းလောင်းအား သံဃာ့အလယ်၌ မေးစိစစ်သောအခါ ဖြေဆိုနိုင်ရန် သမ္မုတိရ သံဃာတော်တပါးက သံဃာ့ပရိသတ်မှ နှစ်တောင့်ထွာ (ဟတ္တပါသ်) လွတ်ရာ တနေရာသို့ ထုတ်ဆောင်၍ သင်ပြပေးရ၏။ ၄။ ထိုသို့ သွန်သင်ပြပေးပြီးနောက် သံဃာ့အလယ်သို့ ပြန်သွင်း ( ပြန်ခေါ်) ရ၏၊ ( အပြင်ထုတ်ခြင်း၊ အတွင်းသွင်းခြင်းတို့ကို ဝိနည်းကံအရ ဉတ်ဖြင့် ဆောင်ရွက်ရ၏ )။ ၅။ ရဟန်းလောင်းက မိမိအား ရဟန်းပြုပေးပါရန် သံဃံ ဘန္တေ-စသည် (ပါဠိ-မြန်မာ) ကို ဆို၍ သံဃာတော်အား လျှောက်ထားရ၏၊ မိမိဆန္ဒအလျောက် ရဟန်းပြုလိုသူကိုသာ ရဟန်းခံပေးနိုင်၍ ထိုသို့လျှောက်ထားရခြင်း ဖြစ်သည်။ ၆။ သမ္မုတိရ သံဃာတော်ကပင် ရဟန်းလောင်းအား မေးစိစစ်ရ၏၊ ရဟန်းဖြစ်ထိုက်သော အင်္ဂါနှင့် ညီညွတ်သူကိုသာ ရဟန်းခံပေးနိုင်၍ ရဟန်းဖြစ်ထိုက်သော အင်္ဂါနှင့် ညီမညီ သိရှိနိုင်ရန် မေးစိစစ်ရခြင်း ဖြစ်သည်။ ၇။ သံဃာတော်များက ဥတ္တိစတုတ္ထ ကမ္မဝါစာကို ရွတ်ဖတ်ကြရ၏၊ ဤဥတ္တိစတုတ္ထ ကမ္မဝါစာသည် ရဟန်းအဖြစ်၌ အချုပ်အခြာ ပဓာနဖြစ်၏၊ ရွတ်ဖတ်ရာ၌ များသောအားဖြင့် တကြိမ် သုံးပါးနှုန်းဖြင့်၊ အမြဲနေမည့်ရဟန်း ဖြစ်လျှင် အနည်းဆုံး သုံးကြိမ်လောက် ရွတ်ဖတ်လေ့ရှိကြသည်။ ပထမအကြိမ်ကပင် နည်းလမ်းတကျ ရွတ်ဖတ်နိုင်လျှင် ထိုပထမအကြိမ် ကမ္မဝါစာအဆုံးမှာပင် ရဟန်းဖြစ်တော့၏။ တကြိမ်တည်းဖြင့် စိတ်မချရ၍လည်းကောင်း၊ ပိုမိုခိုင်မြဲစေလို၍လည်းကောင်း အကြိမ်ကြိမ် ဖတ်ခြင်းဖြစ်သည်။ ရဟန်းဖြစ်သည်နှင့်တပြိုင်နက် ရဟန်းသစ် သန္တာန်၌ လူတို့၏ သီလသိက္ခာထက် သာလွန်မြင့်မြတ်သော အဓိသီလသိက္ခာ တည်သွားသည်။ ရှောင်ကြဉ်လိုက်နာဖွယ် သိက္ခာအကျဉ်း(၂၂၇)သွယ်၊ အကျယ်ကုဋေကိုးထောင်ကျော် ရဟန်းကျင့်ဝတ် သိက္ခာပုဒ်များလည်း ရောက်လာတော့၏။ ထိုသိက္ခာပုဒ်များတည်းဟူသော ဥပဒေဘောင်အတွင်းက နေထိုင်ခြင်းဖြင့် ရဟန်းဘဝကို ရှင်သန်စေရ၏။ ထိုဥပဒေများတွင် ၁။ မေထုန်မှီဝဲမှု ၂။ ပါရာဇိက ကျလောက်သော သူတပါးပစ္စည်း ခိုးမှု ၃။ လူသတ်မှု ၄။ မိမိမှာ တကယ်မရှိဘဲ ဈာန်မဂ်ဖိုလ်တရား ရှိကြောင်း ပြောဆိုမှု-တို့မှ ရှောင်ကြဉ်ရန် ပညတ်ထားသော ဥပဒေလေးမျိုးတို့ကို မကျူးလွန် မဖောက်ဖျက်သမျှ ရဟန်းစစ် ရဟန်းမှန်ပင်ဖြစ်၏။ ထို့ကြောင့် ရဟန်းဘဝ၌ နေသမျှ ထိုဥပဒေ လေးမျိုးတို့ကို မဖြစ်မနေ ထိန်းသိမ်း စောင့်ရှောက်ရန် ဥပဇ္ဈာယ်ဆရာတော်က မိမိတပည့် ရဟန်းသစ်အား သိမ်ထဲမှာပင် သွန်သင် ဆုံးမတော်မူ၏။ ရိုသေလေးစားရှိခိုးထိုက်သူ ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိသည်။ ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)ရှိသည်။ အသွင်အပြင်အားဖြင့် (၂)မျိုး (၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ဝတ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အဝတ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊ (၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ (ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့) ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) (၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း (၂)ရဟန္တာအသွင် ရှိခြင်း (၃) အရိယာနှင့်တူသော အကျင့်ရှိနေခြင်း (၄)တူသောနေထိုင်ခြင်းရှိကြခြင်း (၅)တူသောဣန္ဒြေ ရှိကြခြင်း (၆)တူသောဆင်းရဲခြင်းရှိခြင်း (၇)တူသောသည်းခံခြင်းရှိခြင်း (၈ )တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း (၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း (၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်းခြင်း (၁၁)မကောင်းမှုမှရှက်ခြင်း (၁၂)မကောင်းမှုမှ လန့်ခြင်း (၁၃)သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း (၁၄)ကုလိုလ်ကို မမေ့လျော့ခြင်း (၁၅)သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း (၁၆)ပါဠိသင်ယူခြင်း (၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း (၁၈ ) သီလ၊သမာဓိ ပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း (၁၉)ကင်းသောတပ်မက်မှုရှိခြင်း (၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း သိက္ခာတင်ခြင်း သိက္ခာတင်ခြင်းဆိုသည်မှာ ရဟန်းတော်များက သိမ်အတွင်း ရဟန်းလောင်းကို ဥတ္တိစတုတ္ထကမ္မဝါစာဖတ်၍ ရဟန်းခံပေးခြင်းပင်ဖြစ်သည်။ သိက္ခာတင်ရာ အောက်ပါ အချက် (၅) ချက်နှင့် ပြည့်စုံရမည်၊ မပြည့်စုံပါက ရဟန်းမဖြစ်နိုင်ချေ။ ၁.ရဟန်းလောင်းသည် လူသား ယောက်ျားစင်စစ် ဖြစ်ခြင်း၊ (နဂါး၊ ဂဠုံတို့က လူယောင်ဆောင်ထားသူ မဖြစ်စေရ)၊ (နပုံး ပဏ္ဍုက်နှင့် မိန်းမ မဖြစ်စေရ။) ၂.သန့်ရှင်းစင်ကြယ်သော သိမ်အတွင်း ရှိခြင်း၊ ၃.သီလစင်ကြယ်သော ရဟန်းကောင်း အနည်းဆုံး (၅) ပါး ရှိခြင်း၊ ၄.ဿတ်ဖတ်ကြားရာ ဋ္ဌာန်ကရိုဏ်း တိကျ မှန်ကန်ခြင်း၊ ၅.ကမ္မဝါစာ (၃) ကြိမ်ကို မှန်ကန်စွာ ဖတ်ရွတ်ပေးခြင်း။ သိက္ခာချခြင်း သိက္ခာချခြင်းဆိုသည်မှာ မိမိသည် ရဟန်းသီလကို ကျင့်သုံးနိုင်ခြင်းမရှိတော့ပါ ကြောင်း ဖွင့်ဟပြောကြားခြင်းပင် ဖြစ်သည်၊ သိက္ခာချပြီးနောက်ပါရာဇိကအမှုများကို ကျူးလွန်ပါက ရဟန်းမဟုတ်တော့ပြီဖြစ်၍ ပါရာဇိကအာပတ်မသင့်တော့ပါ၊ ပါရာဇိကကျ ပြီးသော ရဟန်းမှာလည်း သီလသိက္ခာမရှိတော့ပြီဖြစ်၍ သိက္ခာချရန် မလိုတော့ပါ၊ သိက္ခာ ချရာ အောက်ပါအချက် (၆)ချက်နှင့် ပြည့်စုံရမည်။ ၁။ အမှန်တကယ် ရဟန်းအဖြစ်ဖြင့် မနေလိုခြင်း(သိက္ခာချလိုစိတ်ရှိခြင်း ) ၂။ သတ်မှတ်ထားသည့် သိက္ခာချ စကားလုံး မှန်ကန်ခြင်း၊ ၃။ ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုခြင်း၊ ၄။ နှုတ်ဖြင့် ပီသစွာဆိုခြင်း၊ (လက်ဟန်ပြခြင်း၊ စာရေးခြင်းဖြင့် သိက္ခာချ လျှင် သိက္ခာမကျချေ၊) ၅။ ထိုပြောဆိုသောစကားကို နားထောင်သူ (သိက္ခာချပေးသူ) မှာ လူသား စင်စစ်ဖြစ်ခြင်း၊ ၆။ နားထောင်သူက ချက်ချင်း နားလည်ခြင်း။ သိက္ခာချ စကားလုံး ၂၆-လုံး ဘုရားကို စွန့်ပါ၏။ (ဗုဒ္ဓံ ပစ္စက္ခာမိ) တရားတော်ကို စွန့်ပါ၏။ (ဓမ္မံ ပစ္စက္ခာမိ) သံဃာတော်ကို စွန့်ပါ၏။ (သံဃံ ပစ္စက္ခာမိ) ရဟန်းသိက္ခာကို စွန့်ပါ၏။ (သိက္ခံ ပစ္စက္ခာမိ) ဝိနည်းတော်ကို စွန့်ပါ၏။ (ဝိနယံ ပစ္စက္ခာမိ) ပါတိမောက် (ဝိနည်းသိက္ခာပုဒ် မာတိကာ) ကို စွန့်ပါ၏။ (ပါတိမောက္ခံ ပစ္စက္ခာမိ) ဝိနည်းသိက္ခာပုဒ် အကျဉ်းချုပ်ကို စွန့်ပါ၏။ (ဥဒ္ဒေသံ ပစ္စက္ခာမိ) ဥပဇ္ဈာယ်ဆရာကို စွန့်ပါ၏။ (ဥပဇ္ဈာယံ ပစ္စက္ခာမိ) ဆရာကို စွန့်ပါ၏။ (အာစရိယံ ပစ္စက္ခာမိ) အတူနေတပည့်ကို စွန့်ပါ၏။ (သဒ္ဓိဝိဟာရိကံ ပစ္စက္ခာမိ) အနီးနေ တပည့်ကို စွန့်ပါ၏။ (အန္တေဝါသိကံ ပစ္စက္ခာမိ) ဥပဇ္ဈာယ်တူ ရဟန်းကို စွန့်ပါ၏။ (သမာနုပဇ္ဈာယကံ ပစ္စက္ခာမိ) ဆရာတူတပည့်ကို စွန့်ပါ၏။ (သမာနာစရိယံ ပစ္စက္ခာမိ) အတူနေ သီတင်းသုံးဖော်ကို စွန့်ပါ၏။ (သဗြဟ္မစာရိံ ပစ္စက္ခာမိ) အကျွန်ုပ်ကို လူဝတ်ကြောင်ဟူ၍ မှတ်ပါလော့။ (ဂိဟီတိ မံ ဓာရေဟိ) အကျွန်ုပ်ကို ဥပါသကာဟူ၍ မှတ်ပါလော့။ (ဥပါသကောတိ မံ ဓာရေဟိ) အကျွန်ုပ်ကို အရာမ်စောင့်၊ ကျောင်းစောင့်ဟူ၍ မှတ်ပါလော့။ (အာရာမိကောတိ မံ ဓာရေဟိ) အကျွန်ုပ်ကို ရှင်သာမဏေဟူ၍ မှတ်တော်မူပါလော့။ (သာမဏေရောတိ မံ ဓာရေဟိ) အကျွန်ုပ်ကို တိတ္ထိ (မိစ္ဆာဒိဋ္ဌိဆရာကြီး ) ဟူ၍ မှတ်ပါလော့။ (တိတ္ထိယောတိ မံ ဓာရေဟိ) အကျွန်ုပ်ကို တိတ္ထိတပည့်ဟူ၍ မှတ်ပါလော့။ (တိတ္ထိယသာဝကောတိ မံ ဓာရေဟိ) အကျွန်ုပ်ကို ရဟန်းမဟုတ်တော့ဟူ၍ မှတ်ပါလော့။ (အသမဏေတိ မံ ဓာရေဟိ) အကျွန်ုပ်ကို သာကီဝင်မင်းသား ဘုရားသားတော်မဟုတ်ဟူ၍ မှတ်ပါလော့၊ (အသကျပုတ္တိယောတိ မံ ဓာရေဟိ) ဘုရားသည် ငါ့အတွက် အကျိုးမရှိ၊ တော်ပြီ၊ တန်ပြီ၊ (အလံ မေ ဗုဒ္ဓေန) ဘုရားသည် ငါ့အတွက် ဘာလုပ်ဖို့လဲ၊ (ကိံ နု မေ ဗုဒ္ဓေန) ငါသည် ဘုရားကို အလိုမရှိပြီ၊ ဘုရားသည် ငါ့အတွက်မလိုတော့ပြီ၊ (နအတ္ထော မေ ဗုဒ္ဓေန) ငါသည် ဘုရားလက်အောက်မှ လွတ်မြောက်ပြီ၊ (သုမုတ္တော ဟံ ဗုဒ္ဓေန) အထက်ဖော်ပြပါ သတ်မှတ်ထားသော သိက္ခာချ စကားလုံး ၂၆-လုံး တို့အနက် တစ်လုံးလုံးကို ပါဠိဘာသာဖြင့် ဖြစ်စေ၊ မိမိနားလည်ရာအခြားဘာသာ စကားဖြင့်ဖြစ်စေ ရွတ်ဆိုခွင့်ရှိသည်။ ဘုရားကို စွန့်ခဲ့ပြီဟု အတိတ်ကာလဖြင့် လည်းကောင်း၊ ဘုရားကို စွန့်တော့မည်ဟု အနာဂတ်ကာလဖြင့် လည်းကောင်း ပြောဆိုလျှင် သိက္ခာမကျချေ၊ စွန့်ပါ၏ဟု ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုမှသာ သိက္ခာကျသည်။ သိက္ခာချရာ ယောက်ျား မိန်းမ မည်သူ့ထံ မဆိုသိက္ခာချနိုင်၏။ နားထောင်သူ အနေဖြင့် ဤရဟန်းသည် သိက္ခာ ချသည်ဟု ချက်ချင်းနားလည်ရမည်။ ထို့ကြောင့် ဝိနည်း နားလည်သူအထံ တွင်သာသိက္ခာချသင့်၏။ ဝိနည်းနားမလည်သူ ထံ သိက္ခာချလိုပါက သိက္ခာချခြင်း၏ အဓိပ္ပာယ်ကို ကြိုတင်ရှင်းလင်း ပြောပြပြီး နောက်မှသာ သိက္ခာချသင့်သည်။ ဤခေတ် ဒုလ္လဘရဟန်းခံသူတို့သည် သိက္ခာကျအောင် သိက္ခာချဖို့ အရေးကြီး၏။ သိက္ခာမကျဘဲ လူဝတ်လဲ၍ မိမိအိမ်ပြန်လာပါက သင်္ကန်းဝတ်စဉ်က ပါရာဇိကမကျဘဲ ပုဆိုးဝတ်ပြီးမှ ပါရာဇိကကျမည်ကို သတိပြုသင့်ကြသည်။ ရဟန်း ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။ သာမဏေရ ပဗ္ဗဇ္ဇ လို့ အခေါ်ပြောင်းလိုက်လျှင် - လွတ်မြောက်အောင်ကျင့်နေသူ ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူဟု အဓိပ္ပာယ်ရသည်။ ရဟန်း ၈-မျိုး သာသနာ့ဝန်ထမ်း ရဟန်းဘဝနှင့် စပ်၍ ရဟန်းရှစ်မျိုးရှိကြောင်းကို ဦးစွာသိအပ်ပေ၏။ ၁။ ဧဟိဘိက္ခူပသမ္ပဒါ-ဗုဒ္ဓက ရဟန်း လာလော့-ဟုခေါ်ကာမျှဖြင့် ဖြစ်လာရသော ရဟန်း။( အရှင်သာရိပုတ္တရာ စသည် ) ၂။ သရဏဂမနူပသမ္ပဒါ-သရဏဂုံ ဆောက်တည်ကာမျှဖြင့် ဖြစ်လာသောရဟန်း။( ဘုရားဖြစ်ခါစ ရှေးပိုင်းရဟန်းများ ) ၃။ ဩဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ-ဗုဒ္ဓ၏ ဩဝါဒကို ခံယူကာမျှဖြင့် ဖြစ်လာသော ရဟန်း။( အရှင်မဟာကဿပ ) ၄။ ပဥှာဗျာကရဏူပသမ္ပဒါ-ပြဿနာ ဖြေဆိုကာမျှဖြင့်ဖြစ်လာသောရဟန်း။( အရှင်သောပါက ) ၅။ အဋ္ဌဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ-ဂရုဓမ်ရှစ်ပါး ခံယူကာမျှဖြင့် ဖြစ်လာသော ရဟန်း။( အရှင်မ မဟာပဇာပတိဂေါတမီ ) ၆။ ဒူတေနူပသမ္ပဒါ-တဆင့်ခံ တမန်ဖြစ်လာသော ရဟန်း။( အရှင်မ အဍ္ဎကာသီ ) ၇။ အဋ္ဌဝါစီကူပသမ္ပဒါ-ရဟန်း၊ ရဟန်းမ၊ နှစ်ဖက်သံဃာမှ ဥတ္တိစတုတ္ထကံ နှစ်မျိုးဖြင့် ဖြစ်လာသော ရဟန်း။( အခြားရဟန်းမများ ) ( ၈ ) ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ-ဉတ္တိစတုတ္ထကံဖြင့် ဖြစ်လာသော ရဟန်း။( အရှင်ရာဓ-မှစ၍ မျက်မှောက်ခေတ်အထိ ရဟန်းများ ) ထို ၈-မျိုးတို့တွင် ၁၊ ၃ ၊ ၄၊ ၅ တို့သည် ဗုဒ္ဓကိုယ်တော်တိုင် ရဟန်းပြုပေးသော ရဟန်း အမျိုးအစားများ ဖြစ်ကြသည်။ ၇-သည် ဗုဒ္ဓလက်ထက်တော်မှစ၍ ဘိက္ခူနီသာသနာမကွယ်မီ အချိန်အထိ ရှိသော ဘိက္ခူနီ ( ရဟန်းမ) အမျိုးအစား ဖြစ်သည်။ ၂-သည် ဗုဒ္ဓမြတ်စွာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ ဘုရားအဖြစ်သို့ ရောက်တော်မူသောအချိန်မှစ၍ ထိုနှစ် တပေါင်းလ ( အရှင်ရာဓ ရဟန်းမပြုမီ အချိန် ) အထိ ခွင့်ပြုအပ်သော ရဟန်းအမျိုးအစား ဖြစ်သည်။ ၈-သည် အရှင်ရာဓ ရဟန်းပြုချိန်မှစ၍ ယနေ့အထိ တည်ရှိနေသော ရဟန်းအမျိုးအစား ဖြစ်သည်။ ယနေ့မျက်မှောက်ခေတ် သာသနာတော်၌ ဉတ္တိစတုတ္ထကံဖြင့်သာ ရဟန်းပြုခွင့် ရှိတော့၏။ ထို့ကြောင့် လက်ရှိရဟန်းတော်မှန်သမျှ အမှတ် ၈-အမျိုးအစား ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ ရဟန်းများချည်း ဖြစ်ကြသည်။ ရဟန်းဖြစ်ထိုက်သော အင်္ဂါ ရဟန်းတပါး ဖြစ်မြောက်ရန် ဉတ္တိစတုတ္ထကံကို နည်းလမ်းတကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ လိုအပ်၏။ ယင်းသို့ ဉတ္တိစတုတ္ထကံ အောင်မြင်ရန်- ၁။ ဝတ္ထု-ရဟန်းလောင်း။ ၂။ ဉတ္တိ-ဉတ်။ ( ကမ္မဝါစာ နိဒါန်း ) ၃။ သီမာ-သိမ်။ ၄။ အနုဿာဝန-ကမ္မဝါစာ။ ၅။ ပရိသာ-ပရိသတ်။ ( ကံဆောင်သံဃာ ) ( ဝတ်-ဉတ်-သိမ်-ကံ၊ ပရိသာ၊ ငါးဖြာ သမ္ပတ္တိ ။) ဟူသော အင်္ဂါငါးပါး ညီညွတ်ပြည့်စုံဖို့ လိုအပ်၏။ ယင်းငါးပါး ညီညွတ်ပြည့်စုံမှ ဥတ္တိစတုတ္ထကံ အောင်မြင်၍ ရဟန်းဖြစ်နိုင်၏။ ထို့ကြောင့် ( သိက္ခာတင် ပဥ္စင်္ဂ ) ဟု ဆိုကြသည်။ သိက္ခာတင်-( ရဟန်းခံ) ရာ၌ အင်္ဂါငါးပါး ရှိ၏ဟု ဆိုလိုသည်။ ထိုတွင် ဝတ္ထုအရ ရဟန်းလောင်းသည် ယောက်ျားစစ် ဖြစ်ရခြင်း၊ အသက် ၂၀-ပြည့်ရခြင်း၊ တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊ ပဥ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။ ဥတ္တိအနုဿာဝနတို့အရ ဥတ်ကမ္မဝါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။ သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။ ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။ ( မဇ္ဈိမဒေသဖြစ်လျှင် ၁၀-ပါးရှိရ၏။ ယင်းသံဃာတော်များက စုပေါင်းညီညာ ဆောင်ရွက်ကြရ၏။ ) ရဟန်းမခံထိုက်သော ပုဂ္ဂိုလ် (သို့) ဈာန် မဂ်ဖိုလ်ကို မရထိုက်သော ပုဂ္ဂိုလ် (၁) ပုဏ္ဍုက်၊ (၂) ရှင်ရဟန်းအသွင်ကို ခိုးယူ၍ ရှင်ရဟန်းအစစ်တို့နှင့် ပေါင်းသင်းနေထိုင်သူ၊ (၃) တိတ္ထိ တို့ထံသို့ ရဟန်းဘောင်မှ ပယ်ခွာထားသူ၊ (၄) တိရစ္ဆာန်၊ (၅) အမိကို သတ်သူ၊ (၆) အဖကို သတ်သူ၊ (၇) ရဟန္တာကို သတ်သူ၊ (၈) ဘုရားအား သွေးစိမ်းတည်အောင် ပြုသူ၊ (၉) သံဃာကို ဂိုဏ်းခွဲသူ၊ (၁၀) ရဟန်းမိန်းမကို ဖျက်ဆီးသူ၊ (၁၁) နှစ် လိင်ရှိသူ။ ရှင်၊ ရဟန်းမပြုထိုက်သူ သုံးကျိပ်နှစ်ယောက် (၃၂ ယောက်) ၁။ လက်ပြတ်သောသူ၊ ၂။ ခြေပြတ်သောသူ၊ ၃။ လက်၊ ခြေပြတ်သောသူ၊ ၄။ နားပြတ်သောသူ၊ ၅။ နှာခေါင်းပြတ်သောသူ၊ ၆။ နား၊ နှာခေါင်းပြတ်သောသူ၊ ၇။ ခြေချောင်း၊ လက်ချောင်းပြတ်သောသူ၊ ၈။ ခြေမ၊ လက်မ ပြတ်သောသူ၊ ၉။ အကြောမ ပြတ်သောသူ၊ ၁၀။ ခြေချောင်း၊ လက်ချောင်း ပူးနေသောသူ၊ ၁၁။ ကုန်းသောသူ၊ ၁၂။ ပုကွသောသူ၊ ၁၃။ လည်ပင်းကြီးနာရှိသောသူ၊ ၁၄။ သံပူကပ်၍ တံဆိပ်ခတ်ထားသောသူ၊ ၁၅။ ကြိမ်ဒဏ်ပေးခံရသောသူ၊ ၁၆။ တွေ့ရာအရပ်၌ "သတ်" ဟူ၍ ကြေညာထားသောသူ၊ ၁၇။ ခြေထိုင်းသောသူ၊ ၁၈။ အနာဆိုးရှိသောသူ၊ ၁၉။ အသွင်ချို့တဲ့သဖြင့် ပရိသတ်ကို ဖျက်ဆီးသောသူ၊ ၂၀။ မျက်စိတစ်ဖက်ကန်းသောသူ၊ ၂၁။ လက်ခြေကောက်သောသူ၊ ၂၂။ ခွင်သောသူ၊ ၂၃။ ဖက်သကပ်နာစွဲ "ကိုယ်တမ်းခြမ်းသေသော" သူ၊ ၂၄။ "အသွား" ဆွံ့သောသူ၊ ၂၅။ အိုမင်းမစွမ်းသောသူ၊ ၂၆။ မျက်စိနှစ်ဖက်ကမ်းသောသူ၊ ၂၇။ စကားဆွံ့အသောသူ၊ ၂၈။ နားပင်းသောသူ၊ ၂၉။ ကန်းလည်းကန်း အလည်းအသောသူ၊ ၃၀။ ကန်းလည်းကန်း နားလည်းပင်းသောသူ၊ ၃၁။ အလည်းအ နားလည်းပင်းသောသူ၊ ၃၂။ ကန်းလည်းကန်း အလည်းအ နားလည်းပင်းသောသူ။ ရုပ်ပုံများ ဆက်လက်ဖတ်ရှုရန် ဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များ ကိုးကား ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9F%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%B6%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
အေးနိုင်၊ ဦး (ဓမ္မာစရိယ)
ဓမ္မာစရိယဦးအေးနိုင်(၁၉၂၂-၂၀ဝ၉) ၁၉၂၂ - ခုနှစ်၊ ဒီဇင်ဘာ(၂၄)ရက်၊ တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ ခနွဲကဘိုရွာ၌ အဖ-ကုန်သည်ကြီး ဦးဘဖေ၊ အမိ-ဒေါ်သော်တို့က မွေးဖွားသည်။ စတုတ္ထသားရတနာဖြစ်သည်။ ၁၉၂၅ - (၃)နှစ်သားအရွယ်တွင် မိမိ၏အတိတ်ဘဝအကြောင်းကို ပြန်ပြောပြနိုင်သော လူဝင်စားတစ်ဦးဖြစ် ကြောင်းသိရသည်။ သတ္တမတန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၃၇ - (၁၅)နှစ်သားအရွယ်တွင် ရှင်သာမဏေဝတ်ခဲ့။ ထို့နောက် ရဟန်းပြုခဲ့သည်။ (ရဟန်းအဖြစ်နှစ်ပေါင်း ၂၀နေခဲ့သည်။) ရဟန်းဘဝဖြင့်နေစဉ် ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် သစ်၊ စည်ရှင်ကျောင်း၊ ရန်ကုန်မြို့ သရက်တောကျောင်းတိုက်၊ တောင်ဘီလူးကျောင်းကြီးတို့၌ လောကီ လောကုတ္တရာပညာရပ်များကို ဆည်းပူးခဲ့သည်။ ၁၉၄၇(မြန်မာသက္ကရာဇ်-၁၃၀၉-ခု) - ရွှေကျင်နိကာယ သာသနာ့ပါလ ဓမ္မာစရိယ အောင်မြင်ခဲ့သည်။ ၁၉၄၉(မြန်မာသက္ကရာဇ်-၁၃၁၁-ခု) - အစိုးရဂုဏ်ထူးဆောင် သာသနာ့ဓဇသီရိပဝရ ဓမ္မာစရိယအောင်သည်။ ၁၉၅၆ - စာပေဗိမာန်မှ အနာကင်းခြင်း၊ စောင့်ခြင်းသီလ စသော ကြီးပွားကြောင်း(၆)ပါးကို တစ်ပါးလျှင် ဆောင်းပါးတစ်စောင်ကျစီ ယှဉ်ပြိုင်နိုင်ကြောင်းကြေညာရာ၌ အနာကင်းခြင်းအကြောင်းဆောင်းပါးရှည်ဖြင့် တစ်နိုင်ငံလုံးတွင် ဒုတိယရရှိ။ (ပထမ-ဆုရသူမရှိ)။ ထိုဆောင်းပါးမှစ၍ စာပေနယ်သို့ ဝင်ရောက်ခဲ့။ စာနယ်ဇင်းများ တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၅၇ - ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းအောင်မြင်ခဲ့သည်။ ၁၉၆၀(မြန်မာ-၁၃၂၂-ခု) - စေတိယင်္ဂဏ ဓမ္မာစရိယဂဏဝါစက(ရွှေတံဆိပ်ရ အဌကထာပြန်အကျော် ဝဋံသကာ ဘွဲ့၊ ဓမ္မာစရိယ စာချဘွဲ့များရရှိ)။ ရိုးရိုးစာချဘုန်းကြီးအဖြစ်(၁၅)နှစ်၊ ပါဠိတက္ကသိုလ်ကထိကစာချအဖြစ် ဓမ္မာ စရိယတန်း စာသင်သားများကို (၇)နှစ် စာပေကျမ်းဂန်များပို့ချခဲ့။ ဆဌသင်္ဂါယနာတင်ပွဲကြီး၌ဆဌသံဂီတိ ပါဠိ ဝိသောဓကနှင့် ဆဌသံဂီတိကာရကများအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၂ - အသက်(၄၀)တွင် သာသနာ့ဘောင်၌ မနေနိုင်လောက်အောင် ဖြစ်ပေါ်လာသည့် လေရောဂါကြောင့် လူဝတ်လဲခဲ့ရသည်။ ၁၉၆၄ - တောင်စွန်းမြို့သူ ဒေါ်အေးသိန်း(အထည်ကုန်သည်)နှင့် ထိမ်းမြားခဲ့ရာ သားသမီး(၄)ယောက်ထွန်းကား ခဲ့သည်။ ၁၉၆၅ - ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိ။ အစိုးရပညာရေးဌာနတွင် မူလတန်းပြဆရာ၊ အလယ်တန်းပြဆရာ၊ အထက်တန်းပြဆရာများအဖြစ်(၆)နှစ် အမှုထမ်းခဲ့သည်။ ၁၉၇၀ - ၈၆ - ပညာရေးဌာနမှ သာသနာရေးဦးစီးဌာနသို့ ပြောင်းရွှေ့၍ စာတည်းကျမ်းပြုဌာနမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများအဖြစ် အမှုထမ်းခဲ့သည်။ အငြိမ်းစားယူပြီးနောက် ပိဋကတ်တော် အင်္ဂလိပ်ဘာသာပြန် စာပေဖြန့်ချိ ရေးအဖွဲ့ကြီးတွင် ဓမ္မရေးရာစာတည်းပညာရှင်အဖြစ် (၃)နှစ်တာဝန်ထမ်းခဲ့သည်။ စာနယ်ဇင်းများတွင် ဆောင်းပါးများရေး သားသည်။ ကျမ်းစာအုပ်၊ ယဉ်ကျေးမှုဆိုင်ရာ စာပေများလည်းရေးသား၊ ယခုအထိ(၁၆)အုပ်ရှိပြီဖြစ်သည်။ သာသနာ့ ရောင်ခြည် အယ်ဒီတာချုပ်၊ မြတ်ဆုမွန်မဂ္ဂဇင်း အယ်ဒီတာချုပ်များအဖြစ် ဆောင်ရွက်ခဲ့သည်။ မြတ်ဆုမွန်မဂ္ဂဇင်းတွင် ဘာသာရေးအမေးအဖြေကဏ္ဍဖွင့်၍ တစ်နိုင်ငံလုံး မေးသမျှ ဘာသာရေးမေးခွန်းများ ပြန်လည်ဖြေကြားခဲ့သည်။ မြန်မာ့ ရိုးရာရာသီပွဲတော်များအကြောင်း မြန်မာ့အသံမှ လစဉ်(၆)နှစ်တိုင်တိုင် အသံလွှင့်ဟောပြောခဲ့သည်။ ဝိုင်အမ်ဘီအေ အသင်းကြီး၌ မင်္ဂလာသင်တန်းကို နှစ်ပေါင်း(၃၀)၊ အဘိဓမ္မာသင်တန်းကို(၁၅)နှစ် ပို့ချပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအား ပရိတ်နှင့်ဓမ္မစကြာသင်တန်းနှင့် ပုဇွန်တောင် ရွှေဘုန်းပွင့်ဘုရား ဂေါပကအဖွဲ့ဝင်များအား ဂေါပကသင်တန်း၊ တောင်တန်းသာသနာပြု ဆရာတော်များအား သာသနာပြုသင်တန်းများ ပို့ချခဲ့သည်။ ၁၉၈၀ - ဗုဒ္ဓအဘိဓမ္မာစေတသိတ်များအဖွင့်(၁)၊ ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာရာသီပွဲတော်များ စာအုပ်များ ထွက်သည်။ ၁၉၈၂ - ဝိုင်အမ်ဘီအေ-ရုပ်ပိုင်းပို့ချချက်များ စာအုပ်ထွက်သည်။ ၁၉၈၄ - ဗုဒ္ဓအဘိဓမ္မာစေတသိတ်များအဖွင့်(၃) ထွက်သည်။ ၁၉၈၅-၈၆ - နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဝိသုဒ္ဓိမဂ်၊ အဘိဓမ္မာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းပြ ဆရာနှင့် ဆရာလောင်းများ တစ်လမွမ်းမံသင်တန်းများ ပို့ချခဲ့သည်။ ရန်ကုန်တက္ကသိုလ်(ဗိုလ်တစ်ထောင်နယ်မြေ) ဗုဒ္ဓ ဘာသာမိသားစုမှ ဆောင်ရွက်သည့် ဗုဒ္ဓတရားတော် အထက်တန်းဆင့် ရက်တိုသင်တန်းတွင် ဒါန၊ သီလ၊ ဘာဝနာ ကျင့်စဉ်များ (၂)နှစ်ပို့ချခဲ့သည်။ ပါဠိပိဋက စာပေပညာရှင်အဖြစ် စေတိယင်္ဂဏအသင်းကြီး၌(၂၈)နှစ်။ ပဲခူးဝိနယာဓိက အသင်းကြီး၌(၂၅)နှစ်။ မင်္ဂလာဗျူဟာ ရှင်သာမဏေကျော်စာမေးပွဲကြီး၌(၅)နှစ် သာသနာပြုဆောင်ရွက်ခဲ့သည်။ ၁၉၉၀ - ဖတ်စရာ မှတ်စရာ ဓမ္မရေးရာပဒေသာစာအုပ်ထွက်သည်။ ၁၉၉၁ - ဝိုင်အမ်ဘီအေ (၃၈)ဖြာမင်္ဂလာအမေးအဖြေစာအုပ်ထွက်သည်။ ၁၉၉၂ - သာသနာရေးဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးနောက် ပိဋကတ်တော်(အင်္ဂလိပ်)ဘာသာပြန် စာပေဖြန့်ချိ ရေးအဖွဲ့ ကြီးတွင် ဓမ္မရေးရာ စာတည်းပညာရှင်အဖြစ် (၃)နှစ် အမှုထမ်းခဲ့သည်။ ၁၉၉၃ - ၉၆ - သာသနာရေးဝန်ကြီးဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၉၄ - နိုင်ငံတော်အစိုးရကမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်ခံရ။ ဗုဒ္ဓယဉ်ကျေးမှု မြန်မာ့ဓလေ့ပွဲတော် များစာအုပ် ထွက်ရှိခဲ့သည်။ ၁၉၉၅ - မြတ်ဗုဒ္ဓ၏ကြီးပွားချမ်းသာရေးလမ်းညွှန်ချက်များ စာအုပ်ထွက်။ ၁၉၉၇ - မြတ်ဗုဒ္ဓတရားတော်များနှင့် မြန်မာစကားပုံများ စာအုပ်ထွက်။ ၂၀ဝ၀ - ဝိုင်အမ်ဘီအေအသင်းကြီးမှ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့။ ၂၀ဝ၁ - ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ စာအုပ်ထွက်။ ၂၀ဝ၃ - ဗုဒ္ဓဘာသာဂုဏ်ရည်ကျမ်း၊ ပိဋကတ်ကျမ်းဂန်တော် အစွမ်းထက်ဂါထာ ပရိတ်တော်များ စာအုပ် များထွက်။ ၂၀ဝ၄ - မြတ်ဗုဒ္ဓဂုဏ်ရည်နှင့်ဗုဒ္ဓါနုဿတိ ဘာဝနာပွားနည်းစာအုပ်ထွက်။ ၂၀ဝ၅ - မရဏာနုဿတိ ဘာဝနာပွားနည်းများနှင့် အသုဘ ဘာဝနာပွားနည်းများ'' စာအုပ်ထွက်။ ဆရာကြီးဦးအေးနိုင်သည် ယခုအခါ အသက်အရွယ်နှင့်ကျန်းမာရေးအရ ဝိုင်အမ်ဘီအေအသင်းကြီး၊ ပဲခူးဝိန ယာဓိကစာမေးပွဲ၊ ရန်ကုန်ရှင်သာမဏေကျော်စာမေးပွဲနှင့် စာပေဗိမာန်စာပေဆုအဖွဲ့ကြီးတို့၌သာ ပါဝင်ရွက်ဆောင် လျက်ရှိ။ ဆရာကြီးသည်-ရန်ကုန်မြို့ ဒဂုန်မြို့နယ်၊ ဗိုလ်ရာညွန့်လမ်း-အမှတ်(၇၃)တွင် မိသားစုနှင့်အတူ နေထိုင်ခဲ့သည် ။ ထွက်ရန်ရှိသည့်စာအုပ် စာမူများ မေတ္တာဂုဏ်ရည်၊ သတ္တဝါများနှင့်ကံတရား၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်းဦးရှုဘွယ်၊ မြတ်ဆုမွန် ဘာသာရေးအမေးအဖြေများ(၁၊၂)၊ ထေရဝါဒဗုဒ္ဓဘာသာနှင့် စာပေစာစုများ၊ မြတ်ဗုဒ္ဓမပွင့်မီက ကိုးကွယ်မှုနှင့်အယူဝါဒများ၊ ဖတ်စရာ မှတ်စရာ ဓမ္မရေးရာပဒေသာ၊ မြတ်ဗုဒ္ဓ၏ကျန်းမာရေး လမ်းညွှန်ချက်များ။ ထင်ရှားသည့် စာအုပ်အချို့ မြတ်ဗုဒ္ဓ၏ကြီးပွားချမ်းသာရေးလမ်းညွှန်ချက်များ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာရာသီပွဲတော်များ ဗုဒ္ဓယဉ်ကျေးမှု မြန်မာ့ဓလေ့ပွဲတော်များ ဝိုင်အမ်ဘီအေ အဘိဓမ္မာ- ရုပ်ပိုင်းပို့ချချက်များ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် မြတ်ဗုဒ္ဓတရားတော်များနှင့် မြန်မာစကားပုံများ ဗုဒ္ဓဘာသာဂုဏ်ရည်ကျမ်း ဝိုင်အမ်ဘီအေ(၃၈)ဖြာ မင်္ဂလာအမေးအဖြေ ပိဋကတ်ကျမ်းဂန်တော်အစွမ်းထက်ဂါထာ ပရိတ်တော်များ ဘဝနိဂုံး ဓမ္မာစရိယဦးအေးနိုင် အသက်(၈၇)နှစ် အရွယ် ၂၃.၄.၂၀ဝ၉ ရက်တွင် ရွှေဂုံတိုင် အထူးကုဆေးခန်းတွင် ကွယ်လွန်ခဲ့သည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ ၁၉၂၂ မွေးဖွားသူများ ၂၀၀၉ ကွယ်လွန်သူများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%8A%20%E1%80%A6%E1%80%B8%20%28%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%9B%E1%80%AD%E1%80%9A%29
လူခြောက်
လူခြောက်ဆိုသည်မှာ သန္ဓေသားက မိခင် ဝမ်းတွင်းမှာပင် သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ဝန်ပတ်၂၀ကျော်မှ မမွေးမချင်း မိခင်၏ ဝမ်းထဲတွင် သေဆုံးသွားသမျှ အကုန်လုံးကိုလူခြေက်ဟုခေါ်ကြသည်။ ယခင်က ကိုယ်ဝန်ဆောင်သည်များမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ကောင်းကောင်း မရကြသဖြင့် မိခင်ဗိုက်ထဲမှာတင် သေဆုံးသွားသည့်ကလေးများ များပြားကြသည်။ထိုါကြောင့် လူခြောက်လေးများလည်း များပြားသည်။ယခုနောက်ပိုင်းတွင် ကိုယ်ဝန်စောစောအပ်ကြသည့် မိခင်များ များပြားလာကြသဖြင့် ယခုကဲ့သို့ သေဆုံးခြင်းတွေ နည်းသွားသည်။ထို့ကြောင့် လူခြောက်လေးများလည်း အတွေ့ရနည်းသွားသည်။သို့‌သော်ရှိတော့ရှိနေသေးသည်။ လူခြောက် ဖြစ်ပေါ်ပုံအဆင့်ဆင့် ဗိုက်ထဲမှ သန္ဓေသား‌ သေဆုံးသွားသောအခါ ပြင်ပမှလူများသေဆုံးသလို ပုပ်သွားတတ်သည်။၎င်းပုပ်ခြင်းက အချိန်နှင့်အမျှ အဆင့်ဆင့် ဖြစ်ပေါ်‌နေသည်။ ပုပ်ခြင်းအဆင့် ၀ သေဆုံးပြီးကြာချိန်- ၈နာရီ လက္ခဏာများ- အရေပြားများနီပြီး အပူလောင်တာနှင့် ဆင်တူပါသည်။ ပုပ်ခြင်းအဆင့် ၁ သေဆုံးပြီးကြာချိန်-၈နာရီ လက္ခဏာများ-အရေပြားများ အဖက်လန်လာပါသည်။ ပုပ်ခြင်းအဆင့် ၂ သေဆုံးပြီးကြာချိန်- ၂-၇ရက် လက္ခဏာများ –အဖက်လန်ခြင်းများ ပိုသိသာလာပါသည်။ -ဗိုက်နှင့် ရင်ဘတ်များတွင် သွေးရောင်များနှင့် နီရဲနေတတ်ပါသည်။ ပုပ်ခြင်းအဆင့် ၃ သေဆုံးပြီးကြာချိန်-၈ရက် လက္ခဏာများ –အသည်းက ဝါနေပါပြီ။ -ကလေး၏ ကိုယ်တွင်းအရည်တွေ နောက်နေပါပြီ။ -ခြောက်ပြီး မာသွားပါပြီ။ (လူခြောက်လေး ဖြစ်သွားပါပြီ။) မိခင်များက ကလေးဗိုက်ထဲတွင် သေဆုံးသွားခြင်းကို ချက်ချင်းသိနိုင်ရန်ခဲယဉ်းသည်။ ၁ပတ်ခန့်ကြာမှ သိသဖြင့်မွေးထုတ်လိုက်ရပြီဆိုလျှင် လူခြောက်လေးဖြစ်နေပါပြီ။ အကြောင်းရင်းများ •အချင်း သို့မဟုတ် ချက်ကြိုးတွင် ပြဿနာတစ်ခုခုရှိနေခြင်း (ထို့ကြောင့် ကလေးဆီသို့ လိုအပ်သော အာဟာရများ၊ အောက်ဆီဂျင်များ မရဘဲ ဆုံးသွားပါသည်။) •ကိုယ်ဝန်ဆိပ်တက်တာ •အရေပြားလေးဖက်နာရှိခြင်း (ထိုရောဂါရှိရင် ဖြစ်ကို ဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေများစေပါတယ်။) •ဟေမိုဖီးလီးယားလိုမျိုး သွေးမတိတ်ပြဿနာရှိလျှင်လည်း ဖြစ်နိုင်ခြေများပါသည်။ •ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါနှင့် ပိုးဝင်ခြင်းတွေကလည်း သန္ဓေသားကို ဗိုက်ထဲမှာတင် ဆုံးသွားစေနိုင်ပါသည်။ •မိခင်မှ ကိုယ်ဝန်ကြီးနှင့် အရက်သောက်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မူးယစ်ဆေးတွေ သုံးလျှင်လည်း ဖြစ်တတ်ပါသည်။ •ကိုယ်ဝန်ပတ် ၂၄ပတ်နှင့်၂၇ပတ်ကြားတွင် ပိုးဝင်ကူးစက်ခံရမည်ဆိုလျှင်လည်း ကလေးသေဆုံးနိုင်ခြေများသည်။(ပိုးတွေကတော့ အများကြီးပါပဲ။ မိန်းမကိုယ်ကနေ သားအိမ်ကို တက်လာတဲ့ ပိုးတွေလည်း ပါပါတယ်။ တုပ်ကွေးလို ဗိုင်းရပ်စ်တွေ၊ ဂျိုက်သိုး၊ ရေယုန် စတာတွေလည်း ပါပါတယ်။ တချို့ပိုးတွေက အကူးခံရပြီး ကလေးသာ ဆုံးသွားပေမယ့် လက္ခဏာမပြတာလည်း ရှိနိုင်ပါတယ်။) •ကားတိုက်ခံရတာလိုမျိုး ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများကလည်း သန္ဓေသားကို သေဆုံးစေနိုင်ပသည်။ •ကိုယ်ဝန်ဆောင်ချိန်တွင် Intrahepatic cholestasisဟူသည့် အသည်းရောဂါကြောင့်လည်း သန္ဓေသားက ဗိုက်ထဲမှာတင် ဆုံးသွားတတ်သည်။ (ဒီရောဂါက သိသာတဲ့ လက္ခဏာက ပြင်းပြင်းထန်ထန် ယားယံတာပဲ ဖြစ်ပါတယ်။) ယခုကဲ့သို့အကြောင်းအရင်းများ ရှိသော်လည်း ဗိုက်ထဲမှာတင် သေဆုံးသွားသည် ကလေး၃ယောက်တွင် ၁ယောက်က အကြောင်းအရင်းမရှိဘဲ ဆုံးသွားတာဘဲ ဖြစ်သည်။ ကိုးကား ယဉ်ကျေးမှု မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%81%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA
ဝင်းဦး
ဝင်းဦး (၁၉၃၅-၁၉၈၈) သည် မြန်မာ့အနုပညာသမိုင်းတွင် ထူးချွန်သော မင်းသား၊ ဒါရိုက်တာ၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၊ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ၊ မဂ္ဂဇင်းထုတ်ဝေသူ၊ ပုံနှိပ်တိုက်ပိုင်ရှင်၊ အဆိုတော် နှင့် ဓာတ်ပြားတိုက်ပိုင်ရှင် ဖြစ်သည်။ ငယ်ဘဝ ဝင်းဦးကို သမိုင်းအငြိမ်းစားပါမောက္ခ ဦးဘညွန့် (ခေတ်ဟောင်းတေးဂီတသမိုင်းတွင်ထင်ရှားသည့် ချစ်ဒုက္ခသီချင်းသီဆိုသူ) နှင့် ဒေါ်နှင်းရီ (မင်နီဘခက်)တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ဝင်းဦး၏ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ဘိုနီဖြစ်သည်။ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။ မွေးချင်းအားလုံးမှာ အနုပညာရှင်များဖြစ် အစဉ်လိုက် ဒေါ်တင်တင်ဦး (စာရေးဆရာမမေယု)၊ ကိုကျော်ဝင်း (မင်းသား ဝင်းညွန့်)၊ ကိုအုန်းကြိုင် (မင်းသား အောင်မိုး)၊ တက္ကသိုလ် ကြည်ရွှင်တို့ ဖြစ်ကြသည်။ ဝင်းဦးဟု နာမည်ပေးထားခြင်းမှာ အစ်မဖြစ်သူ တင်တင်ဦး နှင့် အစ်ကိုဝင်းညွန့် နာမည် ရှေ့ဆုံးနှင့် နောက်ဆုံးစာလုံးကိုယူ၍ ပေးထားခြင်း ဖြစ်သည်။ ဦးဘညွန့်သည်ချစ်ဒုက္ခနှင့်ဆူထူးရွယ်သီချင်းနှစ်ပုဒ်ဖြင့် ဓာတ်ပြားရအဆိုတော်အဖြစ် နာမည်ကျန်ရစ်သူ ဖြစ်ကာ တက္ကသိုလ်ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။ မိခင် မင်နီဘခက်၏ ဖခင်သည် မြန်မာတိုင်းရင်းဆေးပညာအကြောင်း သုတေသနများ ဆောင်ရွက်ခဲ့သော ဆရာဝန် ကာနယ်ဘခက် ဖြစ်၍ ကာနယ်ဘခက်ရဲ့ ဖခင်ဖြစ်သူမှာ မြန်မာပြည်၌ ပထမဆုံးဖွဲ့ခဲ့သည့် လက်ထောက်ဘုရင်ခံ၏ အတိုင်ပင်ခံကောင်စီဝင် မော်လမြိုင်မြို့မှ ဦးခက် ဖြစ်သည်။ ပညာရေး ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာကို စတင်သင်ယူခဲ့သည်။ တီတီစီကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မသင်ဘဲ ဗိုလ်သင်တန်းအပတ်စဉ်(၈)ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ဗိုလ်ကိုဦး အမည်ဖြင့် တပ်မတော် (ကြည်း) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်မှုထမ်းဘဝ ဝင်းဦးသည် တပ်မဟာ(၅)နှင့် တပ်ရင်း(၇)တို့)တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သွားရောက် သင်ကြားခဲ့သည်။ ပြန်လည်ရောက်ရှိလာသောအခါ မှော်ဘီလေထီးသင်တန်းကျောင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။ အနုပညာလုပ်ငန်း ဝင်းဦးသည် စာပေလောကတွင် အောင်မြင်ခဲ့သလို ရုပ်ရှင်လောကတွင်လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည့် အနုပညာသမားတစ်ဦးဖြစ်သည်။ ဝင်းဦးသည် မင်းထင်ရွှေမှန် ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရာမှ အစပြုကာ စာပေလောကမှ ရုပ်ရှင်လောကသို့ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ဝင်းဦး၏ ပွဲဦးထွက်ဇာတ်ကားမှာ ရှုမဝ မဂ္ဂဇင်းတွင် သူကိုယ်တိုင်ရေးသားထားသည့် နှစ်ယောက်ထဲနေချင်တယ် ဝတ္ထုရှည်ကို မင်းသမီး တင်တင်မူနှင့်အတူ ဇာတ်ကား အဖြစ် ပုံဖော်ခဲ့သည်။ ထိုဇာတ်ကားနှင့်အတူ ယင်းဇာတ်ကား၏ဇာတ်ဝင်တေးဖြစ်သည့် မီးပုံပွဲ သီချင်းသည် ထိုအချိန်က ဝင်းဦးဟူသော သရုပ်ဆောင်သစ်၏ နာမည်နှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ပရိသတ်များ၏ ရင်ထဲသို့ လွှမ်းမိုးနိုင်ခဲ့သည်။ သို့သော် ထိုဇာတ်ကားသည် ဝင်းဦး၏ ပထမဆုံး ရုံတင်ခဲ့သောဇာတ်ကားမဟုတ်ပေ။ ပထမဆုံးရုပ်ရှင်ဖြစ်သည့် "နှစ်ယောက်ထဲ နေချင်တယ်" ဇာတ်ကား ရိုက်ကူးနေစဉ်မှာပင် မြဇော်ရုပ်ရှင် ထုတ်လုပ်ရေးက ဒါရိုက်တာ မင်းရှင်နောင်အား တာဝန်ပေးပီး " ချစ်သောသူ တယောက်" ဇာတ်ကားကို ရိုက်ကူးစေခဲ့သည်။ " ချစ်သောသူ တယောက်" ဇာတ်ကားသည် " နှစ်ယောက်ထဲနေချင်တယ်" ဇာတ်ကားထက် စောစီးစွာ ရုံတင်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ထို့အပြင် ဝင်းဦးသည် အခြားသောရုပ်ရှင်ကုမ္ပဏီများအတွက် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင် ပေးခဲ့ရုံသာမက "စန္ဒာ" ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။ ဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်းအိပ်မက် ဇာတ်ကားတွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုဖြင့် ၁၉၆၇ခုနှစ်တွင် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် အလားတူပင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် နာမည်ကျော် မှုံရွှေရည် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ထပ်မံရရှိခဲ့ပြန်သည်။ ဝင်းဦး၏ အနုပညာ သက်တမ်းတလျှောက်တွင် အမျိုးသားဇာတ်ဆောင်ဆု နှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဝင်းဦးရိုက်ကူးခဲ့သည့် ချစ်သူရွေးမယ်ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောက၏ပထမဆုံးသော ရှစ်ကိုယ်ခွဲ ဇာတ်ကား ဖြစ်သည်။ ဝင်းဦးပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးဇာတ်ကားအချို့မှာ မင်းသမီး တင်တင်မူနှင့် နှစ်ယောက်ထဲ နေချင်တယ်၊ ခင်သန်းနုနှင့် မှုံရွှေရည်၊ မောင်တို့ချယ်ရီမြေနှင့် ကျောက်မဲအကျဉ်းသား မြင့်မြင့်ခင်နှင့် တိမ်လွှာမို့မိုလွင်၊ စန္ဒာနှင့် မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ တင်တင်အေး၊ အေးအေးသင်းတို့နှင့် ဆောင်းအိပ်မက်၊ ချစ်စပယ်နှင့် မောင့်အချစ်တော်၊ ကောလိပ်ဂျင်နေဝင်း၊ ခင်သန်းနုတို့နှင့် သိုး၊ မင်းသမီးချိုပြုံး၊ တင်တင်မြ တို့နှင့် တကျော့နှစ်ကျော့ တေးကိုသီ၊ မင်းသမီးမပါပဲရိုက်ကူးခဲ့သည့် အတွယ်အတာ နှင့် နောက်ဆုံးရိုက်ကူးခဲ့သည့် ခိုင်မာလာနှင်းဆီ ဇာတ်ကားတို့မှာ အထူးထင်ရှားခဲ့သည်။ အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။ ၁၉၆၇-ခုနှစ် (ဆောင်းအိပ်မက်)ဇာတ်ကား ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား ၎င်းအပြင် ဝင်းဦး၏ အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ "တေလေငှက်"ဖြစ်ပြီး ယင်းသီချင်းကို "ချစ်သောသူတစ်ယောက်"ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဝင်းဦးသည် အချစ်၊ အလွမ်း၊ တိုင်းပြု ပြည်ပြု သီချင်းများနှင့် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာသီဆိုနိုင်သူ တစ်ဦးဖြစ်ပြီး တစ်ချိန်က မန္တလေးမြို့မအပျော်တမ်းတူရိယာအဖွဲ့နှင့်တွဲဖက်၍လည်း သီချင်းများ သီဆိုခဲ့သည်။ ၎င်းအပြင် "ကင်းဝန်" အမည်ရှိဓာတ်ပြားကုမ္ပဏီ တည်ထောင်ကာ ကိုယ်တိုင်သီဆိုသည့် သီချင်းများကို ဓာတ်ပြားများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခဲ့သေးသည်။ စာပေလုပ်ငန်း ဝင်းဦးသည် ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။ ထို့အပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော "စန္ဒာ"ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် ကလေးများအတွက် ဦးဦးပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး ဟူသော အခန်းကဏ္ဍများကြောင့် ပရိသတ်များ၏အထူး အားပေးမှုကိုရရှိကာ ထိုအချိန်က စောင်ရေအများဆုံးသော မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦး၏ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင်၊ ခင်မောင်ဝင့်၊ မိုးကျော်ခေါင် နှင့် ကိုဦးတို့ ဖြစ်သည်။ ဘဝနိဂုံး ထို့နောက် ဝင်းဦးသည် ၁၉၈၈ခုနှစ် ဧပြီလတွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်သို့ ဆေးသွားကုပြီး ပြန်လာသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။ ရေးသား ပြုစုခဲ့သော စာအုပ်များ သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ အကိုးအကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ အမျိုးသား အဆိုတော်များ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8
တင်မိုး
တင်မိုး (၁၉ နိုဝင်ဘာ ၁၉၃၃ – ၂၂ ဇန်နဝါရီ ၂၀ဝ၇) သည် မြန်မာနိုင်ငံသား ကဗျာဆရာတစ်ဦး ဖြစ်သည်။ အတ္ထုပ္ပတ္တိ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲရွာတွင် ၁၉၃၃-ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၌ အဖ ဦးဘအို (စက်ချုပ်)၊ အမိ ဒေါ်စံထယ်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဘဂျမ်းဖြစ်ပြီး၊ မွေးချင်း ၃ ဦးတွင် ဒုတိယဖြစ်၏။ ဇဂျမ်းတိုင်းရင်းမြန်မာ အလယ်တန်းကျောင်း၊ ကန်မြဲ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစာရကျောင်း၊ ပခုက္ကူ ဆရာဦးခင်မောင်ကြီး ကျူရှင်ကျောင်း၊ ရေစကြိုအစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ကန်မြဲရွာ လူငယ်စာကြည့်တိုက် တည်ထောင်သူနှင့် အတွင်းရေးမှူး၊ ရေစကြိုကျောင်းသားသမဂ္ဂ ဉာဏဗလမှူး၊ ရေစကြိုကလောင်ရှင်အသင်းတည်ထောင်သူနှင့် အတွင်းရေးမှူးစသည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။ ကန်မြဲစာကြည့်တိုက်တွင် အရုဏ်ဦး ၅ ရက် တစ်ကြိမ်ထုတ် လက်ရေး သတင်းစာကို ထုတ်ခဲ့ပြီး ရေစကြိုအစိုးရ အထက်တန်းကျောင်းတွင် ဒေါင်းနီ နံရံကပ်လက်ရေးစာစောင်ကို ထုတ်ဝေခဲ့သည်။ ၁၉၅၀ ခုနှစ် သီတင်းကျွတ်အထူးထုတ် ဗဟိုရ်စည်သတင်းစာတွင် ဝါကျွတ်သဘင်ကဗျာကို 'ကန်မြဲသက်နှင်း' အမည်ဖြင့် စရေးသည်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်မဂ္ဂဇင်း (၁၉၅၁) တွင် 'ကန်မြဲနန်းမြင့်နွယ်' ကလောင်အမည်ဖြင့် လယ်ထဲက တေးသံချို စသောကဗျာများ ရေးခဲ့သည်။ ၁၉၅၅ ခုနှစ်၌ လူထုဂျာနယ်တွင် 'ကိုရင်ဂျမ်း' အမည်စသုံးပြီး 'စန်းရောင်' အမည်ဖြင့်လည်း ကဗျာများရေးခဲ့သည်။ ဒသမတန်းစာမေးပွဲ (၁၉၅၇) တွင် မြန်မာစာဂုဏ်ထူးဖြင့်အောင်မြင်ပြီး တက္ကသိုလ်ပညာသင်ရန် မရေမရာဖြစ်နေချိန်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ၏ ညွှန်ကြားချက်အရ မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခက မန္တလေးတက္ကသိုလ်၌ လာရောက်သင်ကြားဖို့ အကြောင်းကြားခေါ်ယူခဲ့သည်။ ထို့ကြောင့် မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၅၇ - ၆၇ - အထက်တန်းပြဆရာအဖြစ် အမှုထမ်း။ ၁၉၅၇ ခုနှစ်မှစ၍ မန္တလေးပွဲကုန်းကျောင်း၊ မန္တလေး ဆေးတက္ကသိုလ်ကျောင်း (၁၉၅၈ - ၁၉၅၉)၊ မြင်းခြံ အောင်တက္ကသိုလ်ကျောင်း(၁၉၅၉ - ၁၉၆၀)ရန်ကုန်ဗီအီးအေ အလွတ်ပညာသင်ကျောင်း (၁၉၆၀ - ၁၉၆၁)၊ မန္တလေး နေပြည်တော်အထက်တန်းကျောင်း (၁၉၆၂ - ၁၉၆၇) နှင့် အမှတ်(၁၇) အထက တို့၌ အထက်တန်းဆရာအဖြစ် အမှုထမ်းခဲ့ပြီး မြန်မာစာသင်ကြားပို့ချခဲ့သည်။ ၁၉၅၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ မန္တလေးတက္ကသိုလ် ကလောင်အသင်း ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလထုတ် သွေးသောက်မဂ္ဂဇင်းတွင် အခိုးခံရသော ကာရံကလေးများ ကဗျာမှအစပြု၍ 'တင်မိုး' အမည်ယူခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်းက ထုတ်ဝေသည့် ပထမဆုံးလုံးချင်းကဗျာစာအုပ် ‘ဖန်မီးအိမ်’ သည် တင်မိုး၏ ပထမဆုံးလုံးချင်းကဗျာစာအုပ်ဖြစ်ပြီး ထိုနှစ်အတွက် စာပေဗိမာန်ဆုကို ရရှိသည်။ ၁၉၆၀ - ၆၁ ခုနှစ်အတွက် မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ‘လှေတစင်းနှင့် သီချင်းသည်’ ကဗျာစာအုပ်ထွက်သည်။ ၁၉၆၃ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် ဆရာမဒေါ်မြင့်မြင့်စန်းနှင့် လက်ထပ်သည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ အမှုဆောင်အဖြစ် ၁၉၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲ (၁၉၆၄) တွင် ‘မြန်မာကဗျာနှင့် အလားအလာ’ စာတမ်း တင်သွင်း ဖတ်ကြားသည်။ ၁၉၆၅ ခုနှစ်တွင် ‘အမေ့ကျောင်း’ ကဗျာစာအုပ်ထွက်သည်။ ‘ပန်းဈေးခင်း’ ကဗျာစာအုပ် (၁၉၆၇) နှင့် ‘ပိတောက်မှသရဖီသို့’ ထွက်သည်။ ‘မိုးဦးပန်းအစမ်းစာ’ စာအုပ်တွင် ပါဝင်ရေးသားသည်။ ၁၉၆၇ - ၆၈ ခုနှစ်များတွင် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် စာပြုလက်ထောက်အယ်ဒီတာ ဖြစ်သည်။ ၁၉၆၉ ခုနှစ် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲတွင် ‘ကဗျာလမ်း’ စာတမ်းဖတ်ကြားသည်။ ‘စိမ်းလန်းသောအိပ်မက်’ (၁၉၆၉)၊ ‘နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း’ (၁၉၇၃)၊ ‘ပုဂံကျောင်းကခေါင်းလောင်းသံ’ (၁၉၇၇) ကဗျာစာအုပ်များထွက်သည်။ ‘ထီးကလေးနဲ့မနီ’ ကလေးကဗျာစာအုပ်သည် ၁၉၇၀ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသည်။ ၁၉၇၁ ခုနှစ်တွင် ‘ပျိုးခင်းတေးသံ’ ကလေးကဗျာစာအုပ်ထွက်သည်။ ၁၉၇၂ ခုနှစ်တွင် ‘ခုနှစ်စဉ်ကြယ်’ စာပေယဉ်ကျေးမှုဆောင်းပါးစု စာအုပ်ထွက်သည်။ ၁၉၆၆ - ၆၇ - လူထု သတင်းစာ ကဗျာအယ်ဒီတာ။ ၁၉၆၆ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲ တွင် ယနေ့ဗမာစာပေ စာတမ်းကို မောင်စွမ်းရည်နှင့် တွဲဖက်တင်။ ၁၉၆၇ - ပန်းဈေးခင်း ကဗျာစာအုပ်ထွက် ပိတောက်မှသရဖီသို့ ထွက်။ မိုးဦးပန်းအစမ်းစား စာအုပ်တွင် ပါဝင်ရေးသား။ ၁၉၆၇ - ၆၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတွင် စာပြု လက်ထောက်အယ်ဒီတာ။ ၁၉၆၉ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်း ဖတ်ပွဲတွင် ကဗျာလမ်း စာတမ်းဖတ်ကြား။ ၁၉၆၉ - စိမ်းလန်းသောအိပ်မက် ကဗျာစာအုပ်ထွက်။ ၁၉၇၀ - ထီးကလေးနဲ့မနီ ကလေးကဗျာစာအုပ်ထွက် (ထိုနှစ်အတွက် အမျိုးသားစာပေဆု)။ ၁၉၇၁ - ပျိုးခင်းတေးသံ ကလေးကဗျာစာအုပ်ထွက်။ ၁၉၇၂ - ခုနှစ်စဉ်ကြယ် (စာပေယဉ်ကျေးမှုဆောင်းပါးစု) စာအုပ်ထွက်။ ၁၉၇၃ - နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း ကဗျာစာအုပ်ထွက်။ ၁၉၇၇ - ပုဂံကျောင်းက ခေါင်းလောင်းသံ ကဗျာစာအုပ်ထွက်။ ၁၉၈၈ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတ်သိပညာရှင်များအဖွဲ့တွင် ပါဝင်ဆောင်ရွက်။ ၁၉၈၉ - အမေ့သားစကားတိုးတိုးပြောလှည့်ပါ ကဗျာ။ ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းသို့ ကဗျာများ ရေးခဲ့။ ၁၉၉၁ - နဒီငါးသွယ် စာအုပ် (ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) မောင်ခိုင်မာ၊ ခင်ဝင်းသစ် တို့နှင့် ပူးတွဲရေး) ထွက်ရှိ။ ၁၉၉၁ - ၉၅ - ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာချုပ်ဘဝတွင် ထိန်းသိမ်းခံရ။ ၁၉၉၇ - ကံကော်ရိပ်မှအိပ်မက်များ ကဗျာစာအုပ်ထွက်။ မပန်းဖြူရဲ့အမေ့ကျောင်း ကဗျာတိတ်ခွေထွက်။ ၁၉၉၈ - စက်တင်ဘာလတွင် ကန္တာရနှစ်များ ကဗျာစာအုပ်ထွက်။ ၁၉၉၉ - ဩဂုတ် ၁၁ တွင် သမီးမိုးမိုးနှင်း နေထိုင်ရာ ဘယ်လ်ဂျီယံနိုင်ငံသို့ သွားရောက်နေထိုင်။ အာအက်ဖ် အေ၊ ဗွီအိုအေအသံလွှင့်ဌာနများတွင် စာရေးသားခြင်း အသံလွှင့်ခြင်းများ ပြုလုပ်ခဲ့။ ၂၀ဝ၀ - ပြည့်နှစ် ဗုဒ္ဓနှင့်တွေ့ဆုံခြင်း ကဗျာစာအုပ်ထွက်။ ၂၀ဝ၄ - (၁၉၉၉-၂၀ဝ၄) တင်မိုးကဗျာပေါင်းချုပ်ထွက်။ တင်မိုးနှင့် ၁၂-လရာသီခံစားမှု အသံစီဒီထွက်။ နယ်သာလံမှ စာပေယဉ်ကျေးမှု အထိမ်းအမှတ်ဆု(Prince Laus Award) ချီးမြင့်ခံရ။ မိုးမခရေဒီယိုနှင့် မီဒီယာတွင် အမှုဆောင်လူကြီး။ ၂၀ဝ၅ - အညာလမ်းမှတမာလမ်း ကဗျာစာအုပ်ထွက်။ ၂၀ဝ၇ - ဇန္နဝါရီ ၂၂ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိမြို့မှာ ကွယ်လွန်။ သားသမီး (၅)ဦးထွန်းကားခဲ့ (၁) မမိုးမိုးစံ (၂) မမိုးမိုးအေး (၃) မမိုးမိုးနှင်း (၄) မမိုးချိုသင်း (၅) မောင်ဉာဏ်မိုးစန်း (၁၉၉၉-တွင်ကွယ်လွန်)။ ထုတ်ဝေခဲ့သော စာအုပ်များ စကားပြေစာအုပ်များ ကိုရင်ဂျမ်း အစမ်းစာ ပိတောက်မှသရဖီသို့ ခုနှစ်စဉ်ကြယ် ကံကော်မြိုင်စာတမ်း (စုပေါင်း) မိုးဦးပန်းအစမ်းစာ (စုပေါင်း) စပယ်ကုံးစာစီစာကုံး (ကက်နက်ဘစိန်-အင်္ဂလိပ်ပြန်) ပန်းလက်ဆောင် အရူးတျောက် ကဗျာစာအုပ်များ ဖန်မီးအိမ် လှေတစင်းနှင့် သီချင်းသည် ပန်းဈေးခင်း စိမ်းလန်းသော အိပ်မက် နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ပုဂံကျောင်းကခေါင်းလောင်းသံ ကံ့ကော်ရိပ်မှ အိပ်မက်များ ကန္တာရနှစ်များ နဒီငါးသွယ် (စုပေါင်း) ဗုဒ္ဓနှင့်တွေ့ဆုံခြင်း အညာလမ်းမှ တမာလမ်း တင်မိုးကဗျာပေါင်းချုပ် (၉၉-၂၀ဝ၄) ကလေးကဗျာစာအုပ် ထီးကလေးနဲ့ မနီ ပျိုးခင်းတေးသံ ပူစီ အမေ့ကျောင်း ကလေးကဗျာပန်းဥယျာဉ် (၁၉၉၈) ကိုးကား မြန်မာ ကဗျာဆရာများ မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများချစ်သမီးလေးမမိုးအေးသို့ ဆိုသည့်ပေးစာသုတရသစကားပြေကိုလည်းရေးခဲ့သည်။ ယခုထိုပေးစာသည်Grade7တွင်သင်နေရပြီ ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%90%E1%80%84%E1%80%BA%E1%80%99%E1%80%AD%E1%80%AF%E1%80%B8
ငြိမ်းကျော်
ငြိမ်းကျော် (၁၉၄၃-၁၉၉၅) သည် မြန်မာနိုင်ငံသား စာရေးဆရာ ဖြစ်သည်။ ငယ်ဘဝနှင့် ပညာရေး ၁၉၄၃ ခု၊ ဇန်နဝါရီလ ၂၀ ရက်တွင် အင်းစိန် ပေါက်တောရပ်နေ ဦးအေးမောင်၊ ဒေါ်အုန်းတို့မှ မွေးသည်။ ငယ်မည်မှာ အပါ ဖြစ်ပြီး အမည်ရင်းမှာ မောင်မောင်ကြီး တွင်သည်။ ၁၉၄၉ ခုတွင် ဒေါ်ချစ်မေကျောင်းတွင် ပညာစသင်ပြီး ဦးငွေထွန်းကျောင်း၌ စတုတ္ထတန်း ပညာသင်ဆုရသည်။ တက္ကသိုလ်ဝင်တန်းကို ၁၉၆၄ ခုတွင် နည်းပြသိပ္ပံ အလွတ်ပညာသင်ကျောင်းမှ အောင်မြင်ပြီး ၁၉၆၅ ခုတွင် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ပညာသင်သည်။ ၁၉၇၄ ခုတွင် မြန်မာစာတန်းကို စကားပြေအထူးဆုနှင့် အောင်မြင်ပြီး မဟာဝိဇ္ဇာတက်ရန် အဆင့်မီသည်။ စာပေလှုပ်ရှားမှု အထက်တန်းအောင်ပြီးနောက် ဝတ္ထုတိုများ၊ ကဗျာများ ရေးခဲ့သည်။ မောင်ယမုန် ကလောင်နှင့် ပို့သည့် ချစ်သည်သာဆိုရုံမျှ ဝတ္ထုတိုမှာ မြဝတီမဂ္ဂဇင်း၌ ဖော်ပြခံရသည်။ ငြိမ်းကျော် ကလောင်ဖြင့် ပို့သည့် ကိုဘောဂ ဝတ္ထုလည်း မြဝတီ၌ ပါလာသည်။ ပထမနှစ်ကျောင်းသားဘဝတွင် ရေးသည့် မြန်မာ ပြဇာတ်ရေစီးကြောင်း ဆောင်းပါးကို ပညာပဒေသာ စာစောင်တွင် ဖော်ပြခံရသည်။ ၈၀၂ ခုနှစ် သရေခေတ္တရာ တရုတ်နိုင်ငံရောက် ပျူဂီတအဖွဲ့၊ တူရိယာနှင့် စကေး စာတမ်းမှာ ထင်ရှားသည်။ ၁၉၇၂ ခုတွင် မြန်မာနိုင်ငံ သုတေသနအသင်းတွင် လက်ထောက် အထွေထွေအတွင်းရေးမှူးအဖြစ် လုပ်ကိုင်သည်။ ရေးသားသော စာအုပ်စာတမ်းများ အိမ်ထောင်ရေး ၁၉၆၆ ခုတွင် ဒေါ်ခင်သန်းနှင့် လက်ထပ်သည်။ ဘဝနိဂုံး ၁၉၉၅ ခု၊ အောက်တိုဘာလ ၁၇ ရက်တွင် ကွယ်လွန်သည်။ ဇနီး ဒေါ်ခင်သန်းနှင့် သားသမီး (၇) ယောက် ကျန်ရစ်သည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA
ဘကလေး (ရွှေတလေး)
ကာတွန်း ဦးဘကလေးကို ၉၊ဖေဖော်ဝါရီ ၊ ၁၈၉၀တွင် ပုသိမ်မြို့၊ ထောင်ကုန်းရပ်၊ အရက်ဖိုလမ်း အမှတ်၃ နေအိမ်တွင် အလယ်တန်းပြဆရာ ဦးဘိုးသင်း နှင့် ဒေါ်သဲမှုန်တို့က ဖွားမြင်သည်။ မွေးချင်း အစ်ကိုတစ်ဦးရှိပြီး မောင်ဘကြီးဟုခေါ်သည်။ ဦးဘကလေးသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူလည်းဖြစ်ပြီး အသက် ၁၆နှစ်အရွယ်တွင် အင်္ဂလိပ်မြန်မာအထက်တန်းကျောင်းမှ သင်္ချာ၊အင်္ဂလိပ် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။ ကျောင်းသားဘဝက ပန်းချီပြိုင်ပွဲ တွင် ဘုရင်ခံ၏ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရဖူးသည်။ ဆယ်တန်းအောင်မြင်ပြီးနောက်တွင် ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့သည်။ ဥပစာတန်းအောင်မြင်ပြီး ဘီအေတန်းအရောက် ၁၉၁၆တွင် ဖခင်ဆုံးပါးသွားသဖြင့် ကျောင်းမှထွက်လိုက်ရသည်။ မိမိပညာဆည်းပူးခဲ့သည့် အထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် အသက်မွေးခဲ့သော်လည်း မျက်နှာဖြူပညာဝန်ကို ဘုရားထူးရသည့် အလုပ်ကို မနှစ်မြို့သဖြင့် နောက်ဆုံးတွင် အလုပ်မှထွက်ကာ ရန်ကုန်သို့ပြောင်းရွေ့နေထိုင်သည်။ မြန်မာကာတွန်း ဦးဘကလေးသည် အားလပ်ချိန်များတွင် ပန်းချီဆွဲရင်း ကောလိပ်ကျောင်းသားဘဝ ၁၉၁၅တွင် ကာတွန်းလက်ရာ တစ်ခုကို စမ်းသပ်ရေးဆွဲကြည့်ခဲ့သည်။ သူ၏ကာတွန်းမှာ မြို့အုပ်လုပ်ရန် ရည်ရွယ်ပြီးကောလိပ်တက်နေသော ကောလိပ်ကျောင်းသားအချို့အား ပျက်ရယ်ပြုရေးဆွဲထားခြင်းဖြစ်သည်။ အနောက်နိုင်ငံများတွင် ၁၈၆၀ပြည့်နှစ်များမှစကာ ကာတွန်းရုပ်ပြောင်များပေါ်ပေါက်လာသည့် နည်းတူ မြန်မာ့ကာတွန်းလောကတွင်လည်း ၁၉၁၅တွင် ဦးဘကလေးဆွဲသည့် လက်ရာမှာ ပထမဆုံးသော ကာတွန်းလက်ရာဖြစ်သည် ဟုဆိုကြသည်။ ဦးဘကလေးသည် အင်္ဂလိပ်စာကျွမ်းကျင်သဖြင့် သူ၏ကာတွန်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့ရာ ရန်ကုန်တိုင်း အင်္ဂလိပ်သတင်းစာ အယ်ဒီတာ မစ္စတာနော်လင်က များစွာနှစ်ခြိုက်ခဲ့သည်။ သို့ဖြင့် ခရစ်စမတ်နေ့ အထူးထုတ် ရန်ကုန်တိုင်းစာစောင်တွင် ကာတွန်းပုံရေးဆွဲစေရာ ၎င်းကာတွန်းလက်ရာမှာ နိုင်ငံရပ်ခြားသို့ပင် ပြန့်နှံခဲ့သည်။ ထိုနောက် ၁၉၁၇ မတ်လထုတ် သူရိယမဂ္ဂဇင်းတွင် ရှေးရိုးအဒေါ်ပျိုကြီးနှင့် ခေတ်ဆန်ဆန်တူမပျိုတို့ စကားပြောဆိုနေဟန်ကို ပထမဆုံးမြန်မာဘာသာ ကာတွန်းလက်ရာအဖြစ် ရေးဆွဲခဲ့သည်။ နောက်ပိုင်းတွင်လည်း သူရိယတွင်ပင် ကုန်ပစ္စည်းကြော်ငြာအချို့ကို ရေးဆွဲပေးခဲ့သေးသည်။ (ဦးဗကလေးနဲ့ ဦးဘကလေးနဲ့ မှားနေပီဗျို့) မြန်မာအဆွေကုမ္ပဏီမန်နေဂျာ ကိုလိုနီခေတ်ဦးကာလက ရန်ကုန်တွင် မြန်မာအဆွေအမည်ရှိ မြန်မာကုမ္ပဏီကြီးတစ်ခုရှိခဲ့ဖူးပါသည်။ ပြည်မြို့စစ်ကဲကြီး၏ အဆက်အနွယ်ဖြစ်သူ ဒေါ်ဆင်ကလေးက ပြည်မြို့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ရာ တိုးတက်ကြီးပွားလာသဖြင့် ရန်ကုန်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ ဒေါ်ဆင်ကလေး ကွယ်လွန်သွားပြီးနောက် ညီမဒေါ်ငြိမ်းရှင် နှင့် မတ်ဖြစ်သူ စက်ရှင်ရုံးစာရေးကြီးဟောင်း ဦးဘညွှန့်တို့ ကုမ္ပဏီကို ဆက်ခံခဲ့ကြသည်။ ၂၊ဖေဖော်ဝါရီ ၊ ၁၉၁၈တွင် ဆူးလေဘုရားခြေရင်းတွင် မြန်မာအဆွေကုမ္ပဏီကို ဖွင့်လှစ်သောအခါ ဦးဘကလေး က ကုမ္ပဏီ ကြော်ငြာမန်နေဂျာအဖြစ် အလုပ်ရသည်။ အလုပ်တစ်ဖက်ဖြင့် ကာတွန်းများမပြတ်ရေးဆွဲခဲ့သည်။ အစ်ကို ဦးဘကြီးကိုလည်း ကုမ္ပဏီစာရေးအဖြစ် ခန့်ထားခဲ့သည်။ မြန်မာအဆွေတွင် အလုပ်လုပ်နေစဉ်အတွင်း ကုမ္ပဏီအတွက် ကြော်ငြာများအပြင် အိန်အန်တောင်ဆေးတိုက်မှ ထုတ်လုပ်သော ဗလရှင်ဆေးပြားနှင့် ကျားဘမ်းပရုပ်ဆီ ၊ဘုံဘေဘားမားအိမ်ထောင်ပရိဘောဂတိုက်တို့အတွက် ကြော်ငြာများ ရေးဆွဲပေးခဲ့သေးသည်။ ထို့ပြင် သူရိယ၊ ပညာအလင်း၊ လန်ဒန်အတ်၊ ဗန္ဓုလ၊ ဒီးဒုတ် အစရှိသည့် ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း ဘကြီးမေတ္တာတုံ၊ရွှေတလေး၊ဘကလေး အစရှိသော နာမည်များဖြင့် ကာတွန်းများရေးဆွဲပေးခဲ့သည်။ မြန်မာအဆွေကုမ္ပဏီ ပိုင်ရှင်သမီး ဒေါ်ခင်ခင် နှင့် ဖူးစာဆုံကာ ၁၉၁၉၊ဇွန်လတွင် အိမ်ထောင်ကျသည်။ ဦးရွှေရိုးအက ၁၉၂၁တွင် ယောက်ဖဖြစ်သူ ဦးတင်နွယ်က ဘားမားဖလင်းအမည်ဖြင့် ကုမ္ပဏီထောင်ကာ ရုပ်ရှင်လောကသို့ ဝင်ရောက်သည်။ ၁၉၂၃တွင် တောမြိုင်စွန်းက လွမ်းအောင်ဖန် အမည် (အင်္ဂလိပ်ဘာသာဖြင့် Echo From The Wilds)ဖြင့် ရုပ်ရှင်ဇာတ်ကား တစ်ကားကို ထုတ်လုပ်ခဲ့သည်။ ထိုဇာတ်ကားတွင် ဦးဘကလေးက မင်းသားမောင်ဘဌေး(ဦးညီပု)၏ လူယုံတော်အဖိုးကြီး ဦးရွှေရိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဇာတ်ရံအဖြစ်သရုပ်ဆောင်ခဲ့သော်လည်း သရုပ်ဆောင်ကောင်းလှသဖြင့် နာမည်ကျော်ကြားလာပြီး “အဘရေ” ၊ “တောသားလေးရွှေရိုး” ၊ “ရွှေမင်းဝင်” ၊“တစ်ခိုင်လုံးရွှေ” ၊“တစ်ခိုင်လုံးစိန်” ၊ “ပလုပ်တုပ်တုပ်”၊ “မှိုင်းဝေဝေ”၊ “ရွှေတလေး” ၊ “ရွှေရိုးဘယ်မလဲ” ၊ “ကြင်စဦး” ၊ “ဝေလွင်လွင်”၊ “ကိုလူပျို” ၊“သုံးပွင့်ဆိုင်”၊ “ခင်မောင်ကြီး” ၊ “ရွှေပေလွှာ” အစရှိသည့် ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အဘရေ ဇာတ်ကားတွင် အဘဦးရွှေရိုးအဖြစ် သရုပ်ဆောင်ရာတွင် ပုသိမ်ထီးဆောင်းကာ ခြေထောက်ဆက်ကာဆက်ကာဖြင့် ကပြသည့်ပုံစံမှာ အလွန်လူကြိုက်များသွားပြီးနောက် ထိုအကမှာ မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း လျင်မြန်စွာပြန့်နှံ့ခဲ့သည်။ ထိုခေတ်ကာလများက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်သူ ဦးဘကလေးအား မြန်မာ့ချာလီချက်ပလင်ဟုပင် တင်စားရေးသားခဲ့ပြီး၊ နိုင်ငံခြားဇာတ်ကားများကို ယှဉ်နိုင်ကြောင်း ချီးမွမ်းရေးသားခဲ့ကြသည်။ စာပေလက်ရာ ဦးဘကလေးသည် သူ၏ကာတွန်းများတွင် ပါဝင်သည့် ကဗျာများကိုလည်း ကိုယ်တိုင် ရေးဖွဲ့လေ့ရှိသည်။ မြောင်းမြသို့ အလည်အပတ်ရောက်သွားစဉ် ဘုရင်ခံသစ် ဆာဟရူးလင်းစဒေါင်းစတီဗင်ဆင် လာရောက်မည်ဆို၍ ကမ်းလုံးညွှတ်မျှ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုနေသည့်ဟန်ကို ကာတွန်းရေးဆွဲပြီး ၁၆.၂.၁၉၃၂ ရက်စွဲပါ ဗန္ဓုလဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ထိုကာတွန်းပါ “မြောင်းမြသွား၊များလိုက်တဲ့ အကြိုတော်၊ ကရဝိတ်ဖောင်ဟင်္သာမကရ်းတွေနဲ့၊ စိမ်းနီပြာမီးရောင် လွှမ်းပါလို့၊ ကမ်းညွှတ်လုနော်” အစချီ လေးဆစ်ကဗျာမှာ ဦးဘကလေး၏ စာပေလက်ရာဖြစ်သည်။ ဦးဘကလေးသည် ဆောင်းပါအချို့ကိုလည်းရေးဖွဲ့ခဲ့ရာတွင် ၁၉၃၉၊မတ်လ ထုတ်ကြီးပွားရေးမဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် “ဦးဟိန်စွန်း၊ နာမည်ကျော် ကာတွန်းဆရာကြီး” ဟူသောဆောင်းပါးမှာ ထင်ရှားသည်။ ထိုဆောင်းပါးတွင် “ကိုဟိန်စွန်းမှာ ဗာစီတီကောလိပ်ကျောင်းတွင် စာအုပ်ဂျပိုး ထိုးနေသည့်အခါ ကျွန်တော်မှာ ရုပ်ရှင်နှင့် ကာတွန်းဂျပိုးလုပ်နေပါသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး၏ ဝါသနာမှာ ပန်းချီဘက်ကဖြစ်သည့်အတိုင်း တောင်ခြစ်မြောက်ခြစ်နှင့် ကာတွန်းဟု အမည်ပေးပြီး မလှိမ့်တပတ်နှင့် သတင်းစာများသို့ ပေးပို့ပါကြောင်း” ဟူ၍ရေးသားခဲ့သည်။ ရုပ်ရှင်နယ် ဥိးဘကလေးသည် ကာတွန်းဘက်တွင် ထင်ရှားသကဲ့သို့ ရုပ်ရှင်နယ်၌လည်း လူသိများခဲ့သည်။ မိမိသရုပ်ဆောင်ရမည့် လူ့သဘာဝစရိုက်ဟန်ပန်တို့ကို စနစ်တကျလေ့လာသည်။ ကိုယ်တိုင်အချိန်ယူလေ့ကျင့်သည်။ “မှိုင်းဝေဝေ”ဇာတ်ကားအတွက် ဘုန်းကြီးကျောင်းသား သာဂိအဖြစ် သရုပ်ဆောင်ရန် သရက်တောကျောင်းတိုက်ဝမှ နေ၍ ဘုန်းကြီးကျောင်းသားများ၏ ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံများကို အသေးစိတ် သွားရောက်လေ့လာခဲ့သည်။ ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်စွာ သရုပ်ဆောင် နိုင်သည်။ “ပလုပ်တုတ်တုတ်” ဇာတ်ကားတွင် မိုးကျမယ်အမျိုးသမီး အဖြစ်လည်းကောင်း၊ “ရွှေတလေး”ဇာတ်ကားတွင် လန်ချားသမား ရန်ကနား အဖြစ်လည်းကောင်း၊ မှိုင်းဝေဝေဇာတ်ကားတွင် ကောလိပ်ကျောင်းသား မောင်သက်ဖေ၊အဖိုးကြီးဦးသက်ဖေ အဖြစ်လည်းကောင်း၊ ဘုန်းကြီးကျောင်းသား သာဂိ၊ ဆွံအနေသူ ငဆွံတို့အဖြစ် အမျိုးမျိုးသော ဇာတ်ရုပ်များကို ရုပ်ဖျက်ပြီး ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။ မြန်မာအဆွေ နှင့် ရုပ်ရှင်ဇာတ်ကား ရှစ်ကားရိုက်ကူးခဲ့ပြီးနောက် ဇနီးဒေါ်ခင်ခင်နှင့် သဘောထားခြင်းမတိုက်ဆိုင်သောကြောင့် အလုပ်မှထွက်ခဲ့သည်။ ဒုတိယအိမ်ထောင် ဒေါ်ခင်ခင်နှင့် ခုနှစ်နှစ်ကြာ ပေါင်းသင်းပြီးနောက် ကွာရှင်းပြတ်စဲခဲ့သည်။ ထို့နောက်မြန်မာလူမျိုးများထဲတွင် ပထမဆုံး အရေးပိုင်ဖြစ်ခဲ့သည့် ဦးဖေ၏ သမီး ဒေါ်ခင်ထားနှင့် အကြောင်းပါသည်။ ဒေါ်ခင်ထားမှာ အင်္ဂလန်တွင် ပညာဆည်းပူးခဲ့သူ ဖြစ်သည်။ လက်ထပ်ပြီးနောက် ရွှေရိုးပစ်ချား အမည်ရှိ ရုပ်ရှင်ကုမ္ပဏီ ကိုတည်ထောင်ကာ သရုပ်ဆောင် မင်းသားအဖြစ်သာမက ၊ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာအဖြစ်ပါ လုပ်ကိုင်ခဲ့သည်။ ဝေလွင်လွင်(၁၉၂၈) နှင့် ကြင်ဦးစ(၁၉၂၉) ဇာတ်ကားများတွင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သည်။ ဒုတိယအိမ်ထောင်ကျပြီး မကြာမှီ ဦးဘကလေးသည် အရက်ကို စွဲမြဲစွာသောက်တတ်လာ၏။ ဇနီးဖြစ်သူ ဒေါ်ခင်ထားက သူ့အားစိတ်ရှည်လက်ရှည် ပြုစုပေးခဲ့သည် ဟုဆိုသည်။ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်စဉ် မြန်မာရုပ်ရှင်ကုမ္ပဏီများ အားလုံးနီးပါး ရပ်ဆိုင်းသွားရာ ဦးဘကလေးလည်း အလုပ်လက်မဲ့ဘဝသို့ ရောက်ရရှာသည်။ ဘဝနိဂုံး ဦးဘကလေးသည် လွစ္စလမ်း(ယနေ့ ဆိပ်ကမ်းသာလမ်း) ၌နေထိုင်စဉ်အတွင်း ၁၉၃၈ခုနှစ် ဇွန်လတွင် နောက်ဖေးဆောင်ပြိုကျကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဆေးရုံသုံးလကျော် တက်ရောက်ကုသမှုခံယူခဲ့ပြီးနောက် ၁၉၃၉တွင် ပုသိမ်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်အတွင်း စိတ္တဇဝေဒနာကို ခံစားနေရကာ ဆင်းရဲဒုက္ခလည်းကြုံနေရသောကြောင့် ကာတွန်းဦးဟိန်စွန်းက ရန်ကုန်ရှိ အပေါင်းအသင်းများထံမှ ငွေကြေးကောက်ခံ၍ သွားရောက်ထောက်ပံ့ပေးခဲ့သေးသည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသောအခါ ဦးဘကလေးတို့သည် ပုသိမ်မှ ဟင်္သာတသို့လည်းကောင်း၊ ဟင်္သာတမှ ဒေါင့်ကြီးနယ်သို့လည်းကောင်း ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၅ ၊ဇွန်၊ ၁၉၄၅တွင် ဦးဘကလေး ကွယ်လွန်သည်။ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့်အတွက် ဘာသာအယူအတိုင်း သင်္ဂြိုဟ်ခဲ့ကြသည်။ ရည်ညွှန်းကိုးကား Weekly Eleven ဂျာနယ်..(No.16, Vol.4 ၂၈၊ဇန်နဝါရီ၊ ၂၀ဝ၉ ရက်စွဲဖြင့်ထုတ်ဝေသည်။) ရွှေရိုး (လူထုဒေါ်အမာ) မြန်မာ့ စွယ်စုံကျမ်း (အတွဲ - ၈) ပထမ မြန်မာများ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ ကာတွန်းဆရာများ မြန်မာ ရုပ်ရှင် ဒါရိုက်တာများ ၁၈၉၀ မွေးဖွားသူများ ၁၉၄၅ ကွယ်လွန်သူများ မြန်မာမွတ်စလင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%20%28%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%29
ဗုဒ္ဓဝင်
ဗုဒ္ဓဝင် ( Buddhavaṃsa;) သည် လက်ရှိ ဂေါတမဗုဒ္ဓနှင့် ရှေးယခင်က နှစ်ကျိပ်လေးဆူသော ဗုဒ္ဓများ၏ ဘဝဖြစ်စဉ်များကို ဖော်ပြထားသည့်ကျမ်းစာဖြစ်၍ သဗ္ဗညုတဉာဏ်ရရှိ၍ ဗုဒ္ဓအဖြစ်ရောက်ရှိခဲ့ပုံကိုလည်း ဖော်ပြထားသည်။ သုတ္တန်ပိဋကတ်၏ ငါးခုမြောက်နိကာယ်ဖြစ်သောခုဒ္ဒကနိကာယ်၏ ဆယ့်လေးခုမြောက်ကျမ်းစာဖြစ်သည်။ အပါဒါန် (အပါဒါန)၊ စရိယာပိဋကတ်တို့နှင့်အတူ ဗုဒ္ဓဝင် (ဗုဒ္ဓဝံသ) ကို ပညာရှင်အများစုက ဘီစီ ၁-၂ ရာစုအတွင်းက ရေးစပ်ခဲ့ကြသည်ဟု မှတ်ယူထားကြကာ ပါဠိကျမ်းစာများတွင် နောက်မှဖြည့်စွက်သည်ဟုလည်း ယူဆကြလေသည်။ အကျဉ်းချုပ် ဗုဒ္ဓဝင်ကို အခန်းပေါင်း (၂၉) ခန်းဖြင့် ဖွဲ့စည်းထားသည်။ ပထမအခန်းတွင် သဟမ္ပတိဗြဟ္မာက တရားဟောတော်မူရန် တောင်းပန်ရာ ဘုရားရှင်က သတ္တဝါတို့ကို သနားတော်မူသည့် အကြံဖြစ်၍ နတ်နှင့်တကွ လူအပေါင်းတို့ထက် မြင့်မြတ်ကြောင်း အစွမ်းသတ္တိကိုပြသသောအားဖြင့် ကောင်းကင်၌ ရတနာစင်္ကြန်ကို ဖန်ဆင်း၍ တန်ခိုးအစွမ်းကို ပြသခဲ့ရာ နတ်၊ ဗြဟ္မာအပေါင်း ဝမ်းမြောက်ရွှင်လန်း၍ ကြွေးကြော်၊ ပူဇော်ကန်တော့ကြသည်။ သာရိပုတ္တရာ၊ မောဂလ္လာန်၊ ကဿပ၊ အနုရုဒ္ဓါစသော ရဟန္တာများ၏ ပူဇော်ကန်တော့ခြင်းကို ခံယူပြီးနောက် ဂေါတမဗုဒ္ဓက လွန်လေသောဘဝ သုတိသာနတ်ပြည်မှ သေတကေတု (သန္တုဿိတ)အမည်ရှိသော နတ်သားဖြစ်ခဲ့ပုံမှစ၍ ဟောပြောသည်။ ဒုတိယအခန်းတွင် သုမေဓာသူဌေးသား၏ ဒီပင်္ကရာဘုရားထံမှ ဗျာဒိတ်ခံယူသည့်အကြောင်း၊ ပါရမီဆယ်ပါးဖြည့်ဆည်းရန် ဘုရားရှင်၏ မိန့်တော်မူသည့်အကြောင်းများကို ဖော်ပြထားသည်။ အခန်း (၃) မှ အခန်း (၂၆) အထိ နှစ်ကျိပ်လေးဆူသော ရှေးဘုရားများ၏ အကြောင်းကို ဖော်ပြထားသည့်အပြင် ဂေါတမဗုဒ္ဓအလောင်းလျာ၏ ထိုထိုအတိတ်ဘဝများ၌ မည်သို့ကောင်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပုံကို ဖော်ပြထားသေးသည်။ အခန်း (၂၇) တွင်မူ ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို ဖော်ပြရေးသားထား၏ ။ အခန်း (၂၈) ၌ ဒီပင်္ကရာဘုရားမတိုင်မီ ပွင့်တော်မူခဲ့သော ဘုရားရှင် သုံးပါးအကြောင်းပါဝင်ကာ အနာဂတ်တွင် ပွင့်တော်မူမည့် အရိမေတ္တယျဘုရားအကြောင်းကိုလည်း ရေးသားထားလေသည်။ ဓာတုဘာဇနီယကထာသည် အခန်း (၂၉) ဖြစ်ပြီး ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဖြန့်ဝေယူငင်ခြင်းအကြောင်းဖြစ်သည်။ ဘာသာပြန်များ ဆက်စပ်ကြည့်ရှုရန် မဟာဗုဒ္ဓဝင် အကိုးအကား ဗုဒ္ဓဘာသာ သမိုင်း ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%9D%E1%80%84%E1%80%BA
အတ္ထုပ္ပတ္တိ
အတ္ထုပ္ပတ္တိ ဟူသည် ပါဠိစကားလုံးဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ `အကြောင်းအရာ၏ ဖြစ်ခြင်း´ဟု အဓိပ္ပာယ်ရသည်။ ယင်းပါဠိစကားကို ယူ၍ မြန်မာစာပေ၌ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝဖြစ်ရပ်အား ရေးသားတင်ပြသည့် စာပေအမျိုးအစားကို အတ္ထုပ္ပတ္တိ ဟူ၍လည်းကောင်း၊ အတ္ထုပ္ပတ် ဟူ၍လည်းကောင်း ယေဘုယျအားဖြင့် ခေါ်ဆိုသည်။ ဒန္တဇအက္ခရာ ထဆင်ထူးမှ မုဒ္ဓဇ အက္ခရာ ဌဝမ်းဘဲပြောင်း၍ ဆိုခြင်းမှာလည်း ရှေးဟောင်း ပါဠိကျမ်းဂန်အရပင် ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝနှင့် စရိုက်ကို ဖော်ပြသည့်စာသည် အတ္ထုပ္ပတ္တိ ဖြစ်သည်။ အတ္ထုပ္ပတ္တိသည် ကဗျာ၊ ပြဇာတ်၊ ဝတ္တုစသည်တို့ကဲ့သို့ပင် စာပေ၏ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သည်။ စာပေ၏ အခြားအင်္ဂါအစိတ်အပိုင်း တစ်ခုကဲ့သို့ပင် အတ္ထုပ္ပတ္တိသည် စာဖတ်သူတို့အား စိတ်ဝင်စားမှုလည်း ဖြစ်ပွားစေသည်။ အကျိုးလည်း များစေသည်။ အတ္ထုပ္ပတ္တိကို ဖတ်လျှင် စာဖတ်သူသည် စိတ်ဝင်စားမှုရရှိပြီး မိမိအတွက် အကျိုးများစေမည့် အချက်အလက်များကို သိရှိနားလည်နိုင်သည်။ အခြားသော ပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို သိရှိနားလည်ပါက မိမိဘဝဖြစ်ရပ်နှင့် စရိုက်ကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သွားသင့်သည်ကို ပြုပြင်သွားနိုင်ပေသည်။ အတုယူသင့်သည်ကို အတုယူသွားနိုင်သည်။ စွန့်ပယ်သင့်သည်ကို စွန့်ပယ်သွားနိုင်ပေသည်။ ရေးနည်းရေးဟန် ရေးနည်းရေးဟန်နှင့် ပုံစံအနေအထားအရ စိစစ်ကြည့်လျှင် အတ္ထုပ္ပတ္တိသည် အကြမ်းအားဖြင့် လေးမျိုးလေးစားရှိသည်။ ရိုးရိုး အတ္ထုပ္ပတ္တိ ရိုးရိုး အတ္ထုပ္ပတ္တိသည် ပုဂ္ဂိုလ်၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို အခြားပုဂ္ဂိုလ်တစ်ဦးက ရေးသားတင်ပြသည့် အတ္ထုပ္ပတ္တိမျိုးဖြစ်သည်။ ဦးဖိုးကျား ၏ ဦးထွန်းရှိန် အတ္ထုပ္ပတ္တိ(၁၉၂၃-ခုနှစ်) ၊ ဦးဖိုးကျား ၏ ဦးပုည အတ္ထုပ္ပတ္တိ ၊ မော်ပီဆရာသိန်း ၏ မြန်မာဝန်ကြီးမှူးကြီးများ အတ္ထုပ္ပတ္တိ နှင့် မြန်မာပညာရှိကြီးများ၏ အတ္ထုပ္ပတ္တိ ၊ ပုဂံဝန်ထောက်ဦးတင် ၏ တော်စိန်ခို အတ္ထုပ္ပတ္တိ ၊ သတင်းစာဆရာ ဦးသိမ်းမောင် ၏ မင်းရဲကျော်စွာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသောမြန်မာသူရဲကောင်းများ၏ အတ္ထုပ္ပတ္တိ ၊ မဟာဆွေ ၏ ရှေးခေတ် သတင်းစာဆရာကြီး ဘိုးဝဇီရ အတ္ထုပ္ပတ္တိ(၁၉၆၇- ခုနှစ်) ၊ မြဒေါင်းညို ၏ ရဲဘော်သုံးကျိပ် အတ္ထုပ္ပတ္တိ၊ ဂျာနယ်ကျော်မမလေး ၏ သူလိုလူ(၁၉၄၇-ခုနှစ်) ၊ ဒဂုန်တာရာ ၏ သူသိသော နိုင်ငံရေးခေါင်းဆောင်၊ စာရေးဆရာ၊ အနုပညာရှင်တို့အကြောင်း ရုပ်ပုံလွှာ(၁၉၅၅-ခုနှစ်) ၊ စာရေးဆရာ မောင်ထင် ၏ ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိ(၁၉၆ဝ ပြည့်နှစ်) ၊ လူထုဒေါ်အမာ ၏ ပြည်သူချစ်သော အနုပညာသည်များ(၁၉၆၄ ခုနှစ်) ၊ သမိုင်းပညာရှင် မြို့မ-မြင့်ကြွယ် ၏ မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ (၂၀၀၃-ခုနှစ်) ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိ ကိုယ်ရေးအတ္ထုပ္ပတ္တိသည် မိမိ၏ဘဝဖြစ်ရပ်ကို မိမိကိုယ်တိုင်ရေးသည့် အတ္ထုပ္ပတ္တိမျိုး ဖြစ်သည်။ ပီမိုးနင်း၏ ပီမိုးနင်း၏ ပီမိုးနင်း၊ ဒဂုန်တာရာ၏ ဒဂုန်တာရာ၏ ဒဂုန်တာရာ(၁၉၅ဝ-ပြည့်နှစ်)၊ မဟာဆွေ၏မဟာဆွေ၏ မဟာဆွေ၊ ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း(၁၉၆၁-ခုနှစ်)၊ ဒဂုန်ခင်⁠ခင်လေး၏ နှစ်ပေါင်း၆၀၊ ရန်အောင်၏ နှစ်လေးဆယ် စာပေခရီး၊ တင့်ဆန်း၏ စာရေးဆရာတစ်ယောက်အကြောင်း ၊ စိန်စိန်၏ ခရီးဝင်္ကဘာ၊ မန်းတင်၏ ပထမအရွယ် ၊ တင့်တယ်၏တင့်တယ်၏တင့်တယ်၊ သော်တာဆွေ၏ ကျွန်တော်ဘဝ ဇာတ်လမ်းစုံ၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုယ်ရေးအတ္ထုပ္ပတ္တိကို တစ်ပိုင်းတစ်စ ရေးသွားသေးသည်။ (အချိန်ကား ၁၉၁၅-ခု ဖေဖော်ဝါရီလဖြစ်၍ ပထမ ကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထည်းပင် ဖြစ်ပေသည်။ ထိုအချိန် ထိုအခါကား ဂျာမဏီသည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှ ရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်ဖြစ်လေသည်။ ထိုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်၊ ၁၂၇၆-ခု၊ တပေါင်းလဆန်း ၁ရက် စနေနေ့ လင်းအားကြီးအချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိလာခဲ့ရပေသည်။) ဝတ္တုသဘောပါသော အတ္ထုပ္ပတ္တိ ရိုး⁠ရိုးအတ္ထုပ္ပတ္တိကို ရေးသားရာ၌ဖြစ်စေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးသားရာ၌ဖြစ်စေ ရိုး⁠ရိုးစင်းစင်း မရေးပဲ စာရေးဆရာ၏ စိတ်ကူးကိုထည့်ပြီး ရေးသားသည့် ရေးနည်းမျိုးဖြစ်သည်။ ဝတ္တုသဘောဆန်သည်။ သခင်ကိုယ်တော်မှိုင်း(မစ္စတာမောင်မှိုင်း)၏ ဓမ္မစေတီမင်းကြီး၏ အတ္ထုပ္ပတ္တိ သိန်းဖေမြင့်တက်ဘုန်းကြီးသိန်းဖေ၏ ဆရာလွန်း အတ္ထုပ္ပတ္တိ(၁၉၃၇-ခုနှစ်) ဦးသော်ဇင်၏ ရွှေမန်းတင်မောင် တိုက်စိုး၏ မော်ပီဆရာသိန်း မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိ မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိသည် ပုဂ္ဂိုလ်တစ်ဦးဦး၏ ဘဝတစ်လျောက်တွင် ဖြစ်ပျက်သည့် စိတ်ဝင်စားဘွယ်အဖြစ်အပျက် တစ်ကွက်ကိုဖြစ်စေ၊ တစ်ကွက်ထက်မကသော အဖြစ်အပျက်ကိုဖြစ်စေ ရေးသားတင်ပြထားသည့် အတ္ထုပ္ပတ္တိမျိုးဖြစ်သည်။ ယင်းပုံစံ ယင်းရေးဟန်ဖြင့် စာရေးဆရာသည် မိမိအကြောင်းကိုလည်း ရေးသားလေ့ရှိသည်။ သူတစ်ပါး၏ အကြောင်းကိုလည်း ရေးသားလေ့ရှိသည်။ မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိ၌ ရေးသူမှာ အတ္ထုပ္ပတ္တိရှင် ကိုယ်တိုင်လည်း ဖြစ်နိုင်သည်။ အခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်လည်း ဖြစ်နိုင်သည်။ မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိ နှင့် အခြား အတ္ထုပ္ပတ္တိတို့၏ ခြားနားချက်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝတစ်ခုလုံးကို ငုံ၍ ရေးသားခြင်းမျိုး မဟုတ်ပဲ ဘဝ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု⁠ခုအကြောင်းကို ရေးသားတင်ပြထားခြင်းမျိုး ဖြစ်သည်။ သိပ္ပံမောင်ဝ၏ အောက်စဖို့ တက္ကသိုလ် မှတ်တမ်း ၊ သခင်ထွန်းအုပ်၏ ကျွန်ုပ်၏ စွန့်စားခန်း ၊ သိန်းဖေမြင့်၏ စစ်အတွင်း ခရီးသည်(၁၉၅၃-ခုနှစ်)၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ၊ ဗိုလ်မှူး ချစ်ကောင်း၏ အနှစ် နှစ်ဆယ် ၊ သခင်နု၏ ငါးနှစ်ရာသီ မြန်မာပြည် ၊ ဗိုလ်တာရာ၏ ရဲဘော်သုံးကျိပ် ပြည်တော်ပြန် ၊ ဦးအောင်သန်း၏ ၁၆-နှစ် နိုင်ငံရေးအတွေ့အကြုံများ ၊ သခင်လွင်၏ ဂျပန်ခေတ် မြန်မာပြည်(၁၉၆၉-ခုနှစ်)၊ ဗိုလ်သံဒိုင်၏ လွတ်လပ်ရေးအရေးတော်ပုံ မှတ်တမ်း ၊ ဒေါက်တာမြင့်ဆွေ၏ မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ် ၊ သခင်ချစ်မောင်(ဝိဓူရ)၏ ကမ္ဘာလှည့် သခင်ကိုယ်တော်မှိုင်း ၊ လင်းယုန်သစ်လွင်၏ ယိုးဒယား မြန်မာ မီးရထားလမ်း ကိုယ်တွေ့ ချွေးတပ်မှတ်တမ်း ၊ ဒေါက်တာမောင်မောင်၏ ဗမာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ၊ အရေးခံ အတ္ထုပ္ပတ္တိရှင်၏ အမျိုးအစားကို လိုက်၍ အတ္ထုပ္ပတ္တိအမျိုးအစားခွဲခြားနိုင်သေးသည်။ ယေဘူရအားဖြင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်၊ နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်၊ ရာဇဝင်ဆိုင်ရာပုဂ္ဂိုလ်၊ လူမှုရေးဆိုင်ရာပုဂ္ဂိုလ်၊ ပညာရေးဆိုင်ရာပုဂ္ဂိုလ် ဟူ၍ အမျိုးမျိုးအစားစားရှိကြသည်။ ပညာရေးဆိုင်ရာပုဂ္ဂိုလ် တွင်လည်း စာပေပညာရှင်၊ သိပ္ပံပညာရှင်၊ အတွေးအခေါ်ပညာရှင် ၊ အနုပညာရှင် စသည်ဖြင့် ရှိကြသေးသည်။ အတ္ထုပ္ပတ္တိ၏ အစ အတ္ထုပ္ပတ္တိ၏ အစသည် မြန်မာစာပေ အရေးအသားစသည့် အချိန်မှာကတည်းက ဖြစ်သည်ဟု ဆိုရပေမည်။ မြန်မာစာပေသုတေသီများ၏ အဆိုအရ မြန်မာစာအရေးအသားသည် ပုဂံခေတ် မြစေတီကျောက်စာဟု ခေါ်တွင်သော ရာဇကုမာရကျောက်စာက စသည်ဟု သိရသည်။ ခရစ်နှစ် ၁⁠၁၁၂-ခုနှစ်က ကျန်စစ်သား၏ သားတော် ရာဇကုမာရသည် ပုဂံတောင်ဘက် မြစေတီဘုရား၌ ပါဠိ၊မွန်၊ပျူ၊မြန်မာဘာသာ တို့ဖြင့် ကျောက်စာရေးထိုးခဲ့သည်။ ထိုကျောက်စာ၌ သာသနာတော်နှစ်၁၆၂၈-ခုနှစ်၌ ပုဂံပြည်တွင် ကျန်စစ်သားမင်း အုပ်ချုပ်မင်းလုပ်ကြောင်း၊ ကြင်ယာမိဖုရား သမ္ဘူလ၏ သားတော်မှာ ရာဇကုမာရဖြစ်ကြောင်း၊ ဘုရင်သည် မိဖုရားအား ကျွန်သုံးရွာကို ပေးထားကြောင်း၊ မိဖုရား လွန်သည့်အခါ ဘုရင်က မိဖုရား၏ ရတနာတန်ဆာများနှင့် ကျွန်သုံးရွာကို သားတော်ရာဇကုမာရအား ပေးအပ်ခဲ့ကြောင်း၊ နှစ်ပေါင်း ၂၈-နှစ်မျှ ထီးနန်းစိုးစံပြီးနောက် ကျန်စစ်မင်း နာမကျန်းဖြစ်သည့်အခါ သားတော်သည် ဘုရင်မင်းကြီး၏ အထိမ်းအမှတ်အဖြစ် ဆင်းတုတော်တစ်ဆူ ကိုးကွယ်လှူဒါန်းကြောင်း၊ ကျွန်သုံးရွာကိုလည်း ဘုရားရှင်အား လှူဒါန်းကြောင်း စသည်တို့ ရေးထိုးဖော်ပြထားသည်။ ယင်းသို့ မြစေတီကျောက်စာ၌ ကျန်စစ်မင်းနှင့် သားတော်၏ အကြောင်း အတ္ထုပ္ပတ္တိကို ရေးထိုးထားသဖြင့် မြန်မာစာ၏ အစကနဦးဖြစ်သော မြစေတီကျောက်စာသည်ပင် မြန်မာအတ္ထုပ္ပတ္တိစာပေ၏ အစဟု ဆိုထိုက်ပေသည်။ မြန်မာအတ္ထုပ္ပတ္တိ စာပေ၏ အရုဏ်ဦးခေတ်ကိုကြည့်လျှင် ဘုရင်တို့၏အတ္ထုပ္ပတ္တိ၊ ရဟန်းတော်တို့၏အတ္ထုပ္ပတ္တိ များကိုသာ တွေ့မြင်ရပေလိမ့်မည်။ ၁၉၀၇-ခုနှစ်၌ 'အတ္ထုပ္ပတ္တိထူး' အမည်ဖြင့် အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ရိုက်နှိပ်ထုတ်ဝေသည်။ ထိုအတ္ထုပ္ပတ္တိသည် ပုံနှိပ်စာနှင့် ရှိသည့် အတ္ထုပ္ပတ္တိများထဲတွင် အစောဆုံး အတ္ထုပ္ပတ္တိ တစ်ခုဖြစ်သည်။ ထိုအတ္ထုပ္ပတ္တိ၌ ဘားမဲ့ဆရာတော်နှင့် အခြားပုဂ္ဂိုလ်(၁၁)ဦးအကြောင်း ရေးသားထားသည်။ ရေးနည်းရေးဟန်မှာ ရှေးဆန်ဆန် အရေးအသားမျိုး ဖြစ်သည်။ သဘာဝနှင့် ဆန့်ကျင်ပြီး ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်များကိုပင် ထည့်သွင်း ရေးသားထားသည်ကို တွေ့ရသည်။ အတ္ထုပ္ပတ္တိပေါင်းချုပ် မြန်မာအတ္ထုပ္ပတ္တိစာပေများတွင် အတ္ထုပ္ပတ္တိပေါင်းချုပ်များလည်း ရှိသည်။ ဒေါ်မမကြီး၏ အမျိုးသမီးစာဆိုတော်များ အတ္ထုပ္ပတ္တိ ၊ ဒဂုန်နတ်ရှင်၏ စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ ၊ မောင်သုတ၏ စာဆိုတော်များ အတ္ထုပ္ပတ္တိ ၊ လှသမိန်၏ ဂန္ဒဝင် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ ၊ တိုက်စိုး၏ မင်းနှင့်စာဆို ၊ မင်းယုဝေ၏ ပထမမြန်မာများတို့သည် ထင်ရှားသော အတ္ထုပ္ပတ္တိပေါင်းချုပ် ၊ ထေရုပ္ပတ္တိ လူပုဂ္ဂိုလ်ကျော်များ၏ အကြောင်းကို ရေးသားလျှင် အတ္ထုပ္ပတ္တိ ဟုခေါ်သည်။ ရဟန်းသံဃာများ၏ အကြောင်းကို ရေးသားလျှင် ထေရုပ္ပတ္တိ မည်၏။ အတ္ထုပ္ပတ္တိ ပြုစုခြင်းဆိုင်ရာ အချက်အလက်များ အတ္ထုပ္ပတ္တိ ရေးရာတွင် - အချက်အလက်စုဆောင်းခြင်း၊ အချက်အလက်များကို ဖွဲ့စည်းခြင်း၊ အချက်အလက်ဖွဲ့စည်းရာ၌ ပေါ်တတ်သော ပြဿနာများ၊ သမိုင်း အဆက်ပြတ်သည်ကို ရှာဖွေခြင်း၊ ကိုးကားစရာ အရေးအသားပစ္စည်းများ ဖြစ်သည်။ (၁)အချက်အလက်စုဆောင်းခြင်း (၂)အချက်အလက်များကို ဖွဲ့စည်းခြင်း (၃)အချက်အလက်ဖွဲ့စည်းရာ၌ ပေါ်တတ်သော ပြဿနာများ (၄)သမိုင်း အဆက်ပြတ်သည်ကို ရှာဖွေခြင်း (၅)ကိုးကားစရာ အရေးအသားပစ္စည်းများ ယောက်ျား၊ သို့မဟုတ် မိန်းမ တစ်ဦး တစ်ယောက်၏ အဖြစ်အပျက်ရေးသားချက်ကို အတ္ထုပ္ပတ္တိဟု ခေါ်သည်။ အတ္ထုပ္ပတ္တိကို အခြားသူများကဖြစ်စေ၊ မိမိကိုယ်တိုင် ကဖြစ်စေ ရေးသားကြသည်။ အတ္ထုပ္ပတ္တိသည် ရာဇဝင်သမိုင်းကို အကူအညီဖြစ်စေ သော စာပေတစ်မျိုးဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အတ္ထုပ္ပတ္တိကို ဖတ်ရှုခြင်းအားဖြင့် ထိုသူနေထိုင်ခဲ့သည့် တိုင်းပြည်နှင့် ထိုခေတ် အခါက ထုံးစံအဖြစ်အပျက်များကို သိရှိနိုင်လေသည်။ ပုံစံမှာ အီတလီနိုင်ငံ၏အကြောင်းကို ခေါင်းဆောင်ကြီး ဂယ်ရီဗောဒီး၏ အတ္ထုပ္ပတ္တိကို ဖတ်ရှုခြင်းအားဖြင့် ရိပ်စားမိနိုင်သည်။ အတ္ထုပ္ပတ္တိများသည် ရာဇဝင်သမိုင်းကို အထောက်အပံ့ ဖြစ်စေသည်သာမက၊ စာပေလောကတွင်လည်း ကြွယ်ဝပြည့်စုံ စေလေသည်။ လူသည် လူ့ဖြစ်စဉ် အကြောင်းခြင်းရာများကို လေ့လာဖတ်ရှုရန် စိတ်ဝင်စားသည်မှာ အံ့ဩဖွယ်ရာမရှိချေ။ ထို့ကြောင့်ပင် အတ္ထုပ္ပတ္တိအရေးအသားသည် စာပေအရေးအသား ပေါ်ဦးစကပင် ပေါ်ခဲ့သော အဟောင်းဆုံးစာပေမျိုး ဖြစ်ခဲ့လေ သည်။ အတ္ထုပ္ပတ္တိအရေးအသား ပေါ်ဦးစက လူတစ်ယောက်၏ ဖြစ်စဉ်ကို သာမန်မျှရေးသားကြသော်လည်း ယခုအခါတွင်မူ စာရေးဆရာ၏ အယူအဆ အတွေးအခေါ် ရာဇဝင်သမိုင်း နောက်ခံကားတို့ဖြင့် တန်ဆာဆင် ရေးသားကြလေသည်။ အတ္ထုပ္ပတ္တိအရေးအသားကို အထူးအရေးထား ရေးသား ကြသော အနောက်နိုင်ငံတို့၌ပင် အလယ်ခေတ်လောက်က ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကျော်ကြီးများနှင့် စိန့်သူတော်စင်များ ၏ အတ္ထုပ္ပတ္တိမှလွဲ၍ အခြားသူတို့၏အကြောင်း ရေးသားမှု ခေတ်မစားသေးချေ။ ထို့ကြောင့် ၁၆ ရာစုနှစ် မတိုင်မီက ပေါ် ပေါက်ခဲ့သော စာဆိုပညာရှိ ပုဂ္ဂိုလ်ကျော်ကြီးများ၏ အတ္ထုပ္ပတ္တိ ကို တိကျစွာမသိရခြင်း ဖြစ်လေသည်။ ထိုအလယ်ခေတ် လောက်က လူတို့သည် တိုင်းသစ်ပြည်သစ်ရှာဖွေခြင်း၊ စစ်တိုက် ခြင်းတို့ဖြင့် အချိန်ကုန်နေကြရာ ထိုခေတ်ကုန်မှ စွန့်စားမှု တိုက်ခိုက်မှုတို့ကို မှတ်တမ်းတင်ရန် ဟန်ပြင်ကြလေသည်။ ထိုအခါမှ အတ္ထုပ္ပတ္တိစာပေများ ခေတ်စားလာခဲ့တော့၏။ အလယ်ခေတ်လောက်က ထင်ရှားခဲ့သော စာရေးဆရာ ကြီးတစ်ဦး၏ အတ္ထုပ္ပတ္တိသည်ပင်လျှင် သူလွန်ပြီး အနှစ် ၉ဝ လောက်ကြာမှ ပေါ်ပေါက်ခဲ့လေသည်။ အတ္ထုပ္ပတ္တိများကို ရှေးမြန်မာစာပေတွင် မတွေ့ရသလောက် ရှားပါးလေသည်။ အတ္ထုပ္ပတ္တိ၏ တစ်စိတ်တစ်ဒေသဖြစ်သော စာများမှာ ခုံတော် မောင်ကျဘမ်းဖြတ်ထုံး၊ အယူတော်မင်္ဂလာလျှောက်ထုံး၊ဦးပေါ်ဦး လျှောက်ထုံးများဖြစ်၍ ထိုစာအုပ်များကို အတ္ထုပ္ပတ္တိ အပြည့်အစုံ ဟု မခေါ်သာပေ။ ခေတ်မြန်မာစာပေတွင် ပီမိုးနင်း၏ပီမိုးနင်း နှင့် အောက်စဖို့တက္ကသိုလ်မှတ်တမ်းတို့မှာ အလားတူစာအုပ်များ ဖြစ်ပေသည်။ ပုဂ္ဂိုလ်တစ်ဦး၏ အတ္ထုပ္ပတ္တိကို ထိုသူ၏လက်ရာများ ဖြစ်သော စာသဝဏ်များနှင့် နေ့စဉ်မှတ်တမ်းများပေါ်တွင် မူ တည်ရေးသားကြရသည်။ စလေဆရာကြီးဦးပုည၏ မေတ္တာစာ များကို ဖတ်ရှုခြင်းအားဖြင့် ဘုန်ကြီးဘဝနှင့် လူပျိုလှည့်သည်ဟု စွပ်စွဲခံရပုံ၊ စလေမြို့ မြို့သူကြီးရာထူးအတွက် ကြီးရိုးမှု တရားတွေ့ရန် စလေမှ အမရပူရမြို့တော်သို့ ဆန်တက်ရာ၌ လမ်းတွင်ငှားခဲ့သည့် လှေမှောက်ပုံ အစရှိသည်တို့ကို သိရသကဲ့ သို့ပင်ဖြစ်သည်။ ထိုကြောင့် အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရေးမည့်သူ၏ စာသဝဏ်များ၊ နေ့စဉ်မှတ်တမ်းများကို ရှာဖွေစု ဆောင်းကြရသည်။ မိဘဆွေမျိုးသားချင်းပေးသော စာသဝဏ် များသည်ပင် အတ္ထုပ္ပတ္တိရေးရာတွင် အသုံးကျလေသည်။ ထို ကြောင့် အနောက်နိုင်ငံများတွင် ထင်ရှားသော တိုင်းပြည်ခေါင်း ဆောင်ကြီးများ၊ စာရေးဆရာကြီးများ၊ ပန်းချီဆရာကြီးများ၊ စစ် ဗိုလ်ကြီးများ၏စာများကို သမီးရည်းစားစာမျှမကျန် မပျောက် မပျက်အောင် သိမ်းထားလေ့ရှိကြသည်။ အတ္ထုပ္ပတ္ထိများကို တစ်ခါတစ်ရံ ဝတ္ထုများသဖွယ် ရေးသားကြ သေး၏။ ဂါတာဆိုသူ ဂျာမန်စာရေးဆရာသည် မိမိ၏ ဝါသာ့ဒုက္ခ ဝတ္ထုထဲ၌လည်းကောင်း၊ ဒစ်ကင်းသည် သူ၏ ဒေးဗစ်ကော့ပါးဖီး ဝတ္ထုထဲ၌လည်းကောင်း မိမိတို့၏ အတ္ထုပ္ပတ္တိကို မူတည်ကာ ဝတ္ထုသွားသဖွယ်အသီးသီး ရေးသားထားခဲ့လေ သည်။ သို့ရာတွင် ထိုသို့သောဝတ္ထုမျိုး၌ ဝတ္ထုသွားကောင်း အောင်ရေးရသဖြင့် တိကျသော လူ့အတ္ထုပ္ပတ္ထိ အချက်အလက်များ ရသည်ဟု မဆိုသာချေ။ အနောက်နိုင်ငံ၏ အတ္ထုပ္ပတ္ထိရေးသာမှု၌ စိတ်ဝင်စား ဖွယ်ကောင်းသော အချက်တစ်ချက်မှာ ပုဂ္ဂိုလ်တစ်ဦး၏ အတ္ထုပ္ပတ္ထိကို တစ်ဦးကရေးပြီးသော်လည်း နောက်ထပ်တစ်ဦးက ထိုအကြောင်းကိုပင် ထပ်မံရေးသားခြင်းဖြစ်လေသည်။ ကမ္ဘာ ကျော်ပုဂ္ဂိုလ်ကြီးများဖြစ်သော သမ္မတလင်ကွန်း၊ စာရေးဆရာ ကြီးဗားနဒ်ရှော၊ ဝိတိုရိယဘုရင်မကြီး စသူတို့၏အတ္ထုပ္ပတ္ထိများ ကို စာရေးဆရာပေါင်းများစွာတို့က မရေမတွက်နိုင်အောင် ရေး သားခဲ့ကြသည်ကို တွေ့ရလေသည်။ လူတစ်ယောက်၏ အတ္ထုပ္ပတ္ထိကို ဤသို့စာရေးဆရာ ပေါင်းများစွာက အဘက်ဘက်မှကြည့်၍ ရေးခြင်းသည် လူ တစ်ယောက်၏အဖြစ်အပျက်ကို အမျိုးမျိုးလေ့လာခြင်းပင်ဖြစ် သဖြင့် စာပေတွင် အဖိုးတန်လှသည်။ ပုံစံပြရသော် အင်္ဂလန် ပြည်၌ ၁၉ ရာစုနှစ်လောက်က ကျော်ကြားခဲ့သော စာရေးဆရာ ကြီးကာလိုင်း၏ အတ္ထုပ္ပတ္ထိကို ဖရုဆိုသူ စာရေးဆရာတစ်ဦးက ရေးခဲ့ရာ ကာလိုင်းသည် ပညာရှိ သဘောကောင်း ကြင်နာ တတ်သူတစ်ဦးဖြစ်သော်လည်း သူ၏ဇနီးသည်အပေါ်တွင်အလွန် ဇီဇာကျယ်သူဖြစ်၍ ဇနီးသည်မှာ အသက်ထက်ဆုံး စိတ်မချမ်း မသာနေထိုင်ရသည်ဟု ကာလိုင်း၏ဇနီးသည်က မိတ်ဆွေများထံ ရေးသောစာများကို အထောက်အထားပြ၍ ထည့်သွင်းဖော်ပြထား သည်။ သို့ရာတွင် အမျိုးသမီးစာရေးဆရာတစ်ဦး ရေးသားသော ကာလိုင်း၏ အတ္ထုပ္ပတ္ထိတွင် ကာလိုင်း၏ဇနီးသည် လင်ကို အမြဲနားပူအောင် မြည်တွန်တတ်သူဖြစ်၍ ကာလိုင်း၏ အိမ် ထောင်ရေးမှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ကြောင်းဖြင့် တစ်ဦးနှင့် တစ်ဦးပေးကြသော သဝဏ်စာများကို အထောက်အထားပြကာ ရေးခဲ့လေသည်။ အမှန်စင်စစ် လူတစ်ဦးတစ်ယောက်၏ ဘဝသည် လေ့ လာသုံးသပ်၍ ကုန်နိုင်သည်ဟူ၍မရှိ။ လူတစ်ဦး၏ အတ္ထုပ္ပတ္ထိ ကို ကွယ်လွန်မှ ရေးရမည်ဟု လူတို့ကထင်ကြ၏။ အနောက် နိုင်ငံများတွင် အသက်ထင်ရှားရှိနေသော ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္ထိများကိုပင် ဖတ်နေကြရသည်။ အရှေ့နိုင်ငံသားတစ်ဦး ဖြစ်သော (ကွယ်လွန်သူ) အိန္ဒိယခေါင်းဆောင်ကြီး နေရူး၏ ကိုယ်တိုင်ရေးသော အတ္ထုပ္ပတ္ထိကို ထိုသို့ပင် ဖတ်ရှုကြရသည်။ လူတစ်ဦး၏ အတ္ထုပ္ပတ္ထိရေးရန် အချိန်အခါ အသက် အရွယ်မှာ လှေနံဓားထစ် မမှတ်ထားနိုင်ပေ။ အင်္ဂလိပ်စာရေး ဆရာကြီး ဗက်ဗာလီနစ်ကောသည် အသက် ၂၅ နှစ်အရွယ်တွင် နှစ်ဆယ့်ငါး ဟူသော အမည်ဖြင့် မိမိ၏အတ္ထုပ္ပတ္ထိကို ရေးခဲ့သည်။ သတင်းစာဆရာတစ်ဦးဖြစ်သော စီစယ်ရောဗတ်သည် အသက်သုံးဆယ့်ငါးနှစ်တွင် တစ်ဝက်ခရီး ဟူသောအမည် ဖြင့် မိမိ၏အတ္ထုပ္ပတ္ထိကို ရေးခဲ့သည်။ အတ္ထုပ္ပတ္ထိဟူသည်မှာ သက္ကရာဇ်စာရင်းသဖွယ်ကား ဖြစ်မနေသင့်ချေ။ ပုံစံမှာ ၁၉ဝဝ ပြည့်နှစ်ဖွား၍ ၁၉ဝ၇ ခုနှစ် တွင် ကျောင်းစနေပြီးလျှင် ၁၉၁၇ ခုနှစ်တွင် တက္ကသိုလ် ရောက်ကာ ၁၉၂၁ ခုနှစ်၌ ဘွဲ့ရ၏ စသည်ဖြင့် ရေးသားထား ခြင်းမှာ စင်စစ်အတ္ထုပ္ပတ္ထိအစစ်မဟုတ်၊ အတ္ထုပ္ပတ္ထိ၏ အကြမ်း ဖျဉ်းမျှသာ ဖြစ်လေသည်။ အထူးသဖြင့် သူ့တစ်သက်တာတွင် သူ၏ဆောင်ရွက်လုပ်ကိုင်ချက်များကို အဓိကထား၍ ရေးသား သင့်၏။ သို့မှသာလျှင် ထိုသူ၏ စိတ်နေသဘောထားကို စာဖတ်သူတို့ အကဲခတ်နိုင်ပေမည်။ အတ္ထုပ္ပတ္ထိဟူသည် လူတစ်ယောက်၏ဘဝကို လေ့လာ ခြင်းဖြစ်၍ အကောင်းအဆိုးကို မြင်သရွေ့ အမှန်အတိုင်းဖော်ပြ ရသည်။ သို့သော် စာရေးသူ၏စိတ်တွင် သူ၏အတ္ထုပ္ပတ္ထိ အရေးခံပုဂ္ဂိုလ်သည် ကောင်းသည်ဟူ၍လည်း မိုးထိအောင် အထင်ကြီးခြင်းမဖြစ်၊ ဆိုးသည်ဟူ၍လည်း နှိမ့်ချကဲ့ရဲ့လိုစိတ် မရှိဘဲ ထိုသူ၏ သဘာဝဖြစ်ပျက်သမျှကို အမှန်အတိုင်းရေးခြင်း သာလျှင် အတ္ထုပ္ပတ္ထိအစစ်ဖြစ်သည်။ စာဖတ်သူ၏စိတ်၌လည်း အတ္ထုပ္ပတ္ထိဖတ်ရာ၌ လူကိုလေ့လာခြင်းသာဖြစ်၍ အကျိုးအပြစ်ကို လျစ်လျူရှု၍သာလျှင် အတ္ထုပ္ပတ္ထိတို့ကို ဖတ်ရှုသင့်ပေသည်။ မြန်မာ အမေရိကန် သီအိုဒို ရုစဗဲ့ ဝုဒ်ရိုး ဝီလ်ဆင် ဖရန်ကလင် ဒီလာနို ရုစဗဲ့ ဟယ်ရီ ထရူးမန်း ဂျွန်အက်ဖ်ကနေဒီ လန်ဒန် ဘန်းနက်စ် ဂျွန်ဆင် ရစ်ချက် နစ်ကဆင် ဘာရတ်အိုဗားမား တရုတ် မော်စီတုန်း တိန့်ရှောင်ဖိန် ကျန်ဇီမင်း ဟူကျင်ထောင်း ဝမ်ကြားပေါင် ပြင်သစ် ချားလ်စ် ဒီဂေါလ် နီကိုလာ ဆာကိုဇီ ဗြိတိန် ဝင်စတန် ချာချီ မာဂရက် သက်ချာ တိုနီ ဘလဲလ် ဂေါ်ဒွန် ဘရောင်း ဂျာမဏီ အဒေါ့ဖ် ဟစ်တလာ ရုရှား ဗလာဒီမာ အိုင် လီနင် စတာလင်၊ ဂျိုးဇတ် မစ်ဟေး ဂေါ်ဗာချော့ဗ် ဗလာဒီမီယာ ပူတင် ထိုင်ဝမ် ချန်ကေရှိတ် ချန်ဆွေပြန် ဆွန်ယက်ဆင် မာရင်းကျို လီတိန်းဟွေး သုခုမပညာ ပန်းချီဆရာ မြန်မာ ဦးလွန်းကြွယ် ဦးဘကြည် ဗဂျီအောင်စိုး ဝသုန် နိုင်ငံတကာ ဗင်းဆင့် ဗန်ဂိုး ပါဗလို ပီကာဆို လီယိုနာဒိုဒါဗင်ချီ စာရေးဆရာ မြန်မာ နိုင်ငံတကာ ဝီလီယမ် ရှိတ်စပီးယား လီယိုတော်စတွိုင်း အင်တွန်ချက်ကော့ဗ် မက်ဇင်ဂေါ်ကီ ဖရန့်ဇ်ကဖ်ကာ အဲလ်ဘတ်ကမူး ယန်းပေါလ်ဆတ် ဂျိမ်းဂျွိုက်စ် ဂေဘရီယယ် ဂါစီယာ မားကွက်ဇ် ကဗျာဆရာ မြန်မာ နိုင်ငံတကာ အိုမာခေယမ် ဟိုးမား အဲလက်ဇန်းဒါး ပွတ်ရှ်ကင် ဂီတစာဆို မြန်မာ နိုင်ငံတကာ ဘီသိုဗင် ယိုဟန် ဆီဘက်စ်တီယန် ဘက်ရှ် ဝေါဖ်ဂန် ဩဓေမူးစ် မိုဇာ့ အဆိုတော် ရုပ်ရှင် ဒါရိုက်တာ သုခ မောင်မောင်တာ ဝင်းဖေ အေဝမ်းသန်းထွဋ် ကျော်ဟိန်း သရုပ်ဆောင် အပြောင်းအလဲများကို တွေးခေါ်ဖန်တီးသူများ ဟင်နရီ ဖို့ဒ် အက်ဒီ ရစ်ကင်ဘက်ကာ ဝီလျံ ရန်းဒေါ့ဖ် ဟတ်စ် ဝေါ့ ဒစ္စနေ ဂျွန် မေနတ် ကီးနက်စ် ဒေးဗစ် ဆာနော့ဖ် တက်ဒ် တန်နာ ဝပ်ဆင်စ် ဘီလ်ဂိတ် စတိဗ်ဂျော့စ် သိပ္ပံပညာရှင်များ စတီဖင်ဟော့ကင်း မေရီ ကျူရီ ဝပ်ဆင် နှင့် ကရစ် လီကီး မိသားစု လီနပ်စ် ပေါလင်း မာဂရက် မိ(ဒ်) အလက်ဇန္ဒား ဖလင်းမင်း အက်ဒဝင် ဟတ်ဘဲလ် အဲလ်ဘတ် အိုင်းစတိုင်း အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ အင်ဂျင်နီယာများ ရုဒေါ့ဖ် ဒီဇယ် တွေးခေါ်ပညာရှင်များ ဆိုကရေးတီး ပလေးတိုး အရစ်စတိုတယ်လ် ဘာထရန်ရပ်ဆဲလ် ဇွန်လော့ခ် ကျမ်းကိုး အတ္ထုပ္ပတ္တိစာပေနှီးနှောဖလှယ်ပွဲ စာတန်း စာပေ အတ္ထုပ္ပတ္တိ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%A1%E1%80%90%E1%80%B9%E1%80%91%E1%80%AF%E1%80%95%E1%80%B9%E1%80%95%E1%80%90%E1%80%B9%E1%80%90%E1%80%AD
လူထုစိန်ဝင်း
လူထုစိန်ဝင်း (၁၃ ဩဂုတ် ၁၉၄၀ – ၁၇ ဇွန် ၂၀၁၂) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ဂျာနယ်လစ် တစ်ဦး ဖြစ်သည်။ လူမှုလှုပ်ရှားမှုများအကြောင်း စာပေလက်ရာများနှင့် အစိုးရအား ဆန့်ကျင်မှုများကြောင့် လူသိများသည်။ သူသည် ၂၀၀၈ ခုနှစ်နှောင်းပိုင်း မြန်မာ့စာရေးဆရာများအနက် စာရေးသားမှုအများဆုံး စာရေးဆရာတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံရသူလည်း ဖြစ်သည်။ ငယ်စဉ်ဘဝ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆-ခုနှစ် မှ ၁၉၅၉-ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ-ပြည့်နှစ် မှ ၁၉၆၂-ခုနှစ် အထိ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့သည်။ လူထုတိုက် ကျောင်းသား ဘဝ ကတည်းမှစ၍ လူထုသတင်းစာတိုက်တွင် ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင်ပေးခဲ့သည်။ ၁၉၆၂-ခုနှစ်မှစ၍ အချိန်ပြည့် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့်ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန် ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ်ခံရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ၁၉၆၉-ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ)၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂-နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ လေဖြတ် ဝေဒနာ ၁၉၈ဝ-ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်းသေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားခဲ့သည်။ လူငယ် လူရွယ်များ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်းများ ဖွင့်လှစ်ခဲ့သည်။ သတင်းစာ ပညာ ခံယူချက် ဆရာ လူထု စိန်ဝင်းသည် ဝင်းဇော်၊ ဇာမဏီ စသော ကလောင် ခွဲပေါင်း ၁၅ ခုခန့်ဖြင့် လူငယ် လူရွယ်များ၊ အမျိုးသမီးများ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် ပတ်သက်သော အကြောင်းရာများ၊ ဘဝ အားမာန် ဖြစ်စေသော အကြောင်းအရာများ၊ နိုင်ငံတကာရေးရာများကို ရေးသားခဲ့သည်။ ဘာသာပြန်နှင့် ပင်ကိုရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေခဲ့သည်။ ပင်ကိုရေး စောမိုးခမ်း ဝတ္ထုမှာ သူ၏ ထင်ရှားသော လက်ရာ တစ်ခု ဖြစ်သည်။ ဆရာ လူထု စိန်ဝင်းသည် ယနေ့ခေတ် ထုတ်ဝေနေသာ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားတွင် သတင်းစာ ပညာနှင့် ပတ်သတ်သော အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးခဲ့သူ တစ်ဦး ဖြစ်သည်။ သတင်းစာ ပညာနှင့် ပတ်သက်သော အကြောင်းအရာများ အများအပြား ရေးနေရခြင်း၏ ရည်ရွယ်ချက်ကို ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။ "သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါး တွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ။ ၁၉၈ဝ နောက်ပိုင်း ဆရာ ထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသား တွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာ ဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာ တွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစား ခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေကို သတင်းစာ အကြောင်း သိရအောင် သတင်းစာ ပညာ သောင်းပြောင်း ထွေလာ ဆိုတာ အရင်ဆုံး စရေး ခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီး တယ်လို့ ခံယူ ထားတာပါ။ သတင်း စာတစောင်ဟာ တိုင်းပြည်မှာ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့ အတိုင်းပေါ့။ တိုင်းပြည် တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာတကယ် မြတ်နိုး ပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ ဖူးပါဘူး။ အခု ထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက် ရေးနေ တာပါ။ ရေးသမျှရဲ့ More than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။" ဘဝနိဂုံး လူထုစိန်ဝင်းသည် ၂၀၁၂ ဇွန်လ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင် အထူးကုSSC ဆေးရုံတွင် နာတာရှည် အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။ မကွယ်လွန်ခင် နှစ်အတော်ကြာကတည်းက အောက်စီဂျင်ပိုက်အကူအညီဖြင့် နေခဲ့ရသည်။ ကွယ်လွန်ချိန်တွင် အသက် (၇၁)နှစ်ရှိပြီ ဖြစ်သည်။ ဆရာ လူထု စိန်ဝင်း ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ ဂျာနယ်လစ်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%9D%E1%80%84%E1%80%BA%E1%80%B8
ဝသုန် (ပန်းချီဆရာ)
ပန်းချီဆရာဝသုန် (အမည်ရင်း ဦးခင်လှ) ကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်၌ မွေးသည်။ အဖ ဦးလှမောင်၊ အမိ ဒေါ်သန်းတို့၏ မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ရန်ကုန်မြို့ ကန်တော်ကလေးဇာတိ ဖြစ်သည်။ အထက်တန်းကျောင်းသားဘဝတွင် ကာတွန်းဦးမောင်လွင် (ငထက်ဖြား)၊ ကာတွန်းဝင်းမောင်တို့ထံမှ ကာတွန်းပညာလေ့လာဆည်းပူးခဲ့သလို ပန်းချီဆရာဦးညိုလှထံတွင် ပန်းချီပညာကို သင်ကြားခဲ့သည်။ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်အထိ ရန်ကုန် ပန်းချီပန်းပုကျောင်းတွင် ပန်းချီပညာ ဆည်းပူးကာ ဒီပလိုမာဘွဲ့ရရှိသည်။ ပန်းချီသမားဘဝ အစ ငယ်ကတည်း ပန်းချီကိုစိတ်ဝင်စားခဲ့သော်လည်း စတင်ထိတွေ့ခဲ့သည်မှာ ကာတွန်း ရုပ်စုံဖြစ်သည်။ ကာတွန်းပညာကို ဦးမောင်လွင်(ကာတွန်း) ထံမှဆည်းပူးခဲ့ကာ ကာတွန်းမောင်ခင်လှ အမည်ဖြင့်ကာတွန်းရုပ်စုံများကို ရေးဆွဲခဲ့သည်။ ၁၉၆၃ မှ ၇၀ ခုနှစ်အတွင်း ကာတွန်းပေါက်စ မောင်ခင်လှ အမည်ဖြင့် ကာတွန်းလုံးချင်းများ ရေးဆွဲထုတ်ဝေခဲ့သည်။ သို့သော် ဟာသ ဓာတ်ခံ အားနည်းသည် ဟု ယူဆသဖြင့် ကာတွန်းရုပ်စုံရေးဆွဲခြင်းကို ရပ်တန့်ခဲ့သည်။ အခြား ဆရာ တစ်ယောက်ဖြစ်သူ ဦးညိုလှရဲ့ မောင်းနှင်မှုဖြင့် လျို့ ဝှက်သည်းဖိုမဂ္ဂဇင်းအတွက်သရုပ်ဖော်ပုံများကို တစ်ပုံပြီးတစ်ပုံ ဆက်တိုက်ပင်ရေးဆွဲခဲ့သည်။ ထိုမှ ဆက်ကာ မိုးဝေ မဂ္ဂဇင်းတွင် ကဗျာသရုပ်ဖော်ပုံများကိုလည်းရေးဆွဲခဲ့ရာ ဆန်းသစ်မှုရှိသည့် လက်ရာများအဖြစ် အများလက်ခံလာကြသည်။ ပရော်ဖက်ရှင်နယ် ပန်းချီဆရာ တကယ်တမ်းပန်းချီနဲ့ အသက်မွေးမယ်လို့ဆုံးဖြတ်ပြီး ပန်းချီလောကထဲရောက်ခဲ့တဲ့နှစ်က ၁၉၆၅။ ခဲ၊ မင်၊ ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်နဲ့ ပါတိတ်။ မီဒီယံမျိုးစုံ သုံးခဲ့တယ်။ အဲဒီအချိန်ကတည်းက သရုပ်ဖော်ပန်းချီဆရာဆိုတာ ဖြစ်နေခဲ့ပြီ။ မဂ္ဂဇင်းတွေမှာ ဝသုန်ဆိုတဲ့ လက်မှတ်ကလေးတွေ မြင်တွေ့နေခဲ့ရပြီ။ ၁၉၆၅ ကနေ ၁၉၇၀ ပြည့်နှစ်များအထိ ဆိုပါတော့။ ပန်းချီဝသုန်ရယ်လို့ သတိထားလာခဲ့မိတဲ့ နှစ်တွေကတော့ ၁၉၇၀ မိုးဝေကဗျာခေတ်ဦးမှာ။ မိုးဝေကဗျာတွေမှာ တစ်ကြောင်းခြစ် သရုပ်ဖော်ပုံတွေကို ဝသုန်က အံ့မခန်းရေးဆွဲ ပြနိုင်ခဲ့တယ်။ အမျိုးအစားအရဆို Semi Surrealism အမျိုးအစားလို့ သတ်မှတ်နိုင်တယ်။ တချို့လက်ရာတွေဆို ကဗျာနဲ့မလိုက်ဖက်အောင်ကောင်းလွန်းနေတာကို တွေ့ရတယ်။ အမြင်ဆန်းသစ်တယ်။ အတွေးကောင်းတယ်။ ကဗျာတွေကို အကောင်းဆုံးပံ့ပိုးနိုင်တယ်။ စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့ အသည်းနှလုံးကိုထုခွဲခြင်း ကဗျာမှာ သရုပ်ဖော်ပေးခဲ့တဲ့ ဆရာဝသုန်ရဲ့ အီလက်စရေးရှင်း လက်ရာဟာ ကဗျာကိုပံ့ပိုးနိုင်ခဲ့တဲ့ အပြင်ခေတ်ကိုပါတောက်ပစေတယ် လို့ ဒီခေတ်ကို ဖြတ်သန်းခဲ့တဲ့ လူတွေက ပြောပြလိမ့်မယ်။ အဲဒီအချိန်၊ အဲဒီအခါက ရှု့မဝမှာ ဗဂျီအောင်စိုးရဲ့ ကဗျာသရုပ်ဖော်ပုံတွေကလည်း အရမ်းကို ကောင်းလွန်းပြီး ကျော်ကြားနေတဲ့အချိန်။ ရှုမဝမှာ ဗဂျီအောင်စိုးလက်ရာမပါရင်မဖြစ်သလို မိုးဝေကဗျာတွေမှာ ဝသုန်ရဲ့လက်ရာ မပါရင် မပြည့်စုံဘူးလို့တောင် ဆိုကြတယ်။ (ကန့်ကွက်ချင်တဲ့လူတွေ၊ လက်မခံချင်တဲ့ လူတွေ ရှိမယ်။ ရှိတဲ့အတိုင်းပဲ ထားပါတော့။) ၁၉၇၀ ပြည့်လွန်နှစ်တွေကနေ ၁၉၇၄၊ ၁၉၇၅ နှစ်များအထိပဲ ဆိုကြပါစို့။ ၁၉၈၆ ခုနှစ်မှာ လူထုဦးလှ၏ လှောင်ချိုင့်အတွင်းမှ ငှက်ငယ်များ ကို ထိုင်းနိုင်ငံမှ THE CAGED ONES အမည်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေရာတွင် မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပန်းချီများ ရေးဆွဲပေးခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် UNICEF မှ ကမ္ဘာ့ကလေးသူငယ်များ ရန်ပုံငွေအဖြစ် ပို့စကဒ်ပြက္ခဒိန်ထုတ်ဝေရာမှာ ကြာပန်းများ (Lotus) အမည်ရှိ ရေဆေးပန်းချီကား ပါဝင်ခဲ့ပါတယ်။ ၁၉၇၃ - ၈၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ လင်္ကာဒီပ ရုပ်ပြ ၁၉၇၇ ခုနှစ်တွင် ချစ်ဦးညို၏ လင်္ကာဒီပချစ်သူ ဝတ္ထု ထွက်လာခဲ့သည်။ ဗညားသီဟ၏ စာပေစစ်တမ်းက လင်္ကာဒီပချစ်သူကို ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့သည်။ ၁၉၇၉ တွင် ရှုမဝ မဂ္ဂဇင်း၌ ပန်းချီဝသုန်၏ လင်္ကာဒီပချစ်သူ ရုပ်ပြဇာတ်လမ်းဖော်ပြခဲ့သည်။ ချီးကျူးမှု ခံရသည်။ ရှုမဝတွင် လင်္ကာဒီပချစ်သူရုပ်ပြကို ၃၆ လကြာ လစဉ် ဖော်ပြခဲ့သည်။ လူတိုင်းပါစပ်ဖျားတွင် စွဲခဲ့သော ဝသုန်၏ လင်္ကာဒီပချစ်သူဇာတ်လမ်းသည် ၁၉၈၄ ခုနှစ်တွင် လုံးချင်းရုပ်ပြအဖြစ် ထွက်ရှိလာသည်။ ပို၍ အောင်မြင်ခဲ့သည်။ ဆယ်နှစ်အကြာ ၁၉၉၄ တွင်တစ်ကြိမ်၊ နောက်ထပ် ဆယ်နှစ်အကြာ ၂၀ဝ၄ ခုနှစ်တွင် တစ်ကြိမ်။ သုံးကြိမ်တိုင် ရိုက်နှိပ်ထုတ်ဝေရသည်။ လင်္ကာဒီပချစ်သူရုပ်ပြသည် ဆရာဝသုန်၏ လက်ရာများအနက် အထွဋ်အထိပ် ရောက်သော လက်ရာတစ်ခုဖြစ်သည်။ နောက်ထပ်ရုပ်ပြဇာတ်လမ်းများ ဆက်ထွက်လာခဲ့သော်လည်း လင်္ကာဒီပချစ်သူကို မမီဟု ဆိုကြသည်။ မျက်နှာဖုံး သရုပ်ဖော်များ ရေးဆွဲရာတွင်မူ ဆက်လက် အောင်မြင်ခဲ့သည်။ မဂ္ဂဇင်းစာမျက်နှာများတွင်လည်း ဝသုန်၏ လက်ရာများကို မြင်တွေ့နိုင်သည်။ နိုင်ငံတကာ ပန်းချီပြပွဲ ပန်းချီရေးသက် နှစ် ၃၀ ကျော်အတွင်း ပါတိတ်ပန်းချီပြပွဲများကို ၄ ကြိမ်တိုင်တိုင် ဦးဆောင်ကျင်းပခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တစ်ကိုယ်တော်ပန်းချီပြပွဲ၊ ပြည်ပပန်းချီပြပွဲများအဖြစ် ၁၉၈၈ ခုနှစ်၌ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မြို့၌ လည်းကောင်း၊ ၁၉၈၉ ခုနှစ်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ၁၉၉၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ဖီလာဒယ်လ်ဖီးယားတို့တွင် ပါဝင်ပြသခဲ့သည်။ စာရေးဆရာဝသုန် ၁၉၇၅ ခုနှစ်တွင် ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတွင် သားလေးအမည်မသိ ဝတ္ထုတို စတင်ရေးသားခဲ့သည်။ မိုးမိုး (အင်းလျား) အမှတ်တရ ဝတ္ထုတိုပြိုင်ပ္ပွဲ၌ ၁၉၉၇ ခုနှစ်တွင် မိုနာလီဇာနှင့်တွေ့ဆုံခြင်း ဝတ္ထုတိုဖြင့် ဒုတိယဆုရရှိခဲ့သလို ၁၉၉၉ နှင့် ၂၀ဝ၀ ခုနှစ်များတွင်လည်း မနက်ဝိဇ္ဇာ ညမိစ္ဆာ၊ သောကဗျာပါဒ အရေးအကြောင်းများ ဝတ္ထုတိုများဖြင့် အထူးဆု ရရှိခဲ့သည်။ ၂၀ဝ၄ ခုနှစ်တွင် သားကလေးအမည်မသိနှင့် အခြားဝတ္ထုတိုများ စာအုပ်ကို သီဟရတနာစာပေတိုက်မှ ထုတ်ဝေ၍ ၂၀ဝ၆ ခုနှစ်တွင် မုဒိတာရေစင်နှင့် အခြားဝတ္ထုတိုပေါင်းချုပ်ကို ပုဂံစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ဝသုန်၏ အတိုဆုံး ဝတ္ထု အတိုတကာ့ အတိုဆုံး မေတ္တာစာ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က ... ကျွန်တော်မိန်းမရစ .. ၊ အဘိုးအဘွားများရွာသို့ ရောက်ခဲ့၏။ “လူလေး၊ အခု မင်းဘာလုပ်သလဲ” “ကျွန်တော် ပန်းချီဆွဲတယ် အမေကြီး” “ လူလေး .. မင်း အိမ်ထောင်လည်းကျနေပြီ၊ ကိုယ်ဝါသနာပါရာချည်းပဲ လုပ်မနေနဲ့၊ အလုပ်လေးဘာလေး လုပ်ပါဦး” အမေကြီး (အဘွား)သည် ဘုန်းကြီးကျောင်းမှာ စာနည်းနည်းသာ သင်ဖူး၏။ ခေတ်ပညာ မတတ်ပေ . .။ ကျွန်တော်ယဲ့ယဲ့ ပြုံးမိသည်။ * * တစ်နေ့က ရွာမှလူကြုံနှင့် ဆန်တစ်တင်း အမေကြီးပို့လိုက်သည်။ ပဲတီပင်ပေါက် လက်ရေးနှင့် အမေကြီး၏ စာတစ်စောင်ကိုလည်း ကျွန်တော်ဖတ်ရ၏။ လူဂလေး အမေဂျီးစဂါးကို နားမထောင်ဘဲ ဗဂျီဘဲ ရေးနေသီ၊ ခလေးလည်း ၄ရောက်ရပီ၊ အလုပ်လေးဘာလေးလဲ လုပ်အုံး။ အမေဂျီး ကျွန်တော်နည်းနည်းမှ မပြုံးနိုင်။ ဝသုန် (၁၉၉၀ ခုနှစ်၊ မေလ၊ မဟေသီမဂ္ဂဇင်း) ဝသုန်၏ ကောက်ကြောင်း (၂၀ဝ၈)ခုနှစ် အောက်တိုဘာ လဆန်းတွင် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geographic Magazine အဖွဲ့မှ ဦးစီး ကျင်းပခဲ့သော " All Raods Films Festival" (၅) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသော (၁၅-မိနစ်စာ ဇာတ်လမ်းတို) “ဝသုန်၏ ကောက်ကြောင်း” မှတ်တမ်းတင်ရုပ်ရှင် "A Sketch of Wathone" ပထမဆု အဖြစ် ရရှိခဲ့သည်။ ဘဝနောက်ဆုံးအချိန် နောက်ဆုံးအချိန်က ရေးဆွဲခဲ့သည့် လက်ရာမှာ ပဉ္စမအကြိမ်အဖြစ် ထုတ်ဝေမည့် ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှား အမှတ်(၂)ဝတ္ထုဖြစ်သည်။ ပန်းချီဝသုန်သည် ပန်းချီမောင်မောင်သိုက်၊ပန်းချီကျော်သောင်းတို့နှင့် ပူးတွဲကာ ပန်းချီပြပွဲတစ်ရပ်ကို ပြသရန်စီစဉ်နေစဉ် ၂၀ဝ၈၊ အောက်တိုဘာ ၂၁ ရက်နေ့၊ မနက် ၇ နာရီ ၁၅ မိနစ်တွင် တီဘီရောဂါနှင့် ကွယ်လွန်ရှာသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေးနှင့် သား ၂ဦး သမီး ၂ဦး ကျန်ခဲ့သည်။ ရည်ညွှန်းကိုးကား တောကျောင်းဆရာ Blog Mizzima Media National Geographic BiWeekely Eleven journal မနောဖြူ (ရွှေမြန်မာ Blog) မြန်မာ ပန်းချီဆရာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%9E%E1%80%AF%E1%80%94%E1%80%BA%20%28%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AE%E1%80%86%E1%80%9B%E1%80%AC%29
ပုန်းမကြည်ရှင်မ
ပုန်းမကြည်သည် တောင်သူလယ်သမားတို့ တင်မြှောက်ပသရသော နတ်ဖြစ်လေသည်။ နတ်ဆိုသော်လည်း အတွင်း ၃၇မင်း၊ အပြင် ၃၇မင်း နတ်ထဲတွင် မပါဝင်ပေ။ တပေါင်းလ အခါသမယတွင် ပုန်းမကြည်ရှင်မကို တင်မြှောက် ပသတတ်ကြသည်။ ဤတွင် ပုန်းမကြည်ဆိုသည်မှာ ပုဗ္ဗကြယ် (ဖုသျှကြယ်)နှင့် ဆက်စပ်နေသည်ဟူသော အဆိုအမိန့် တစ်ခုရှိလေသည်။ ထိုအဆိုအမိန့်သည် လုပ်ငန်းနှင့် ယှဉ်ကြည့်သော် ဆီလျှော်လှပေသည်။ နက္ခတာရာအနေအထားသည် ကမ္ဘာမြေပြင်ရှိ သစ်ပင်တောတောင်များအပေါ် အာနိသင်ရှိလေသည်။ နက္ခတ်ဗေဒင်ကျမ်းများအဆိုအရ တပေါင်းလတွင် ပုဗ္ဗကြယ်သည် တစ်စုံတစ်ခုသော အပင်၌ ဝပ်တတ်လေသည်။ ထိုအခါ ပုဗ္ဗကြယ်ဝပ်သော အပင်တွင် ဩဇာအဆီအနှစ်သည် ထက်ဝန်းကျင်ပျံနှံ့၍ အပင်၊ အသီး၊ အပွင့်တို့ကို သန်စွမ်းစေလေသည်။ ထိုပုဗ္ဗကြယ်ကိုပင် ရှေးသူဟောင်းများက ပုဂ္ဂလ ဝိသေသပြုကာ `နတ်နေသည်´ဟု ဆိုစမှတ်ပြု ကြသည်။ တစ်ဖန် ပုဗ္ဗကြယ်ကိုပင် ပုန်းမကြည်နတ်ဟူ၍ စကားရွေ့လျား ခေါ်ဝေါ်ကြပြန်လေသည်။ အာဒိကပ္ပ ကမ္ဘာဦး ကျမ်းကြီးတွင်လည်း `ပုဗ္ဗကြယ်နတ်သည် လူတို့လုပ်သောအပင်၊ အသီး၊ အပွင့်ပွားများအောင် စောင့်ရှောက်စေ၏´ ဟူ၍ လာလေသည်။ ပူဇော်ပသပုံ ပုန်းမကြည်နတ်ကို မိုးခေါင်သည်ဖြစ်စေ၊ မိုးကောင်းသည်ဖြစ်စေ၊ လယ်ယာဆွံ့သည်ဖြစ်စေ၊ ဖွံ့ဖြိုးသည်ဖြစ်စေ နှစ်စဉ်ပူဇော် ပသကြသည်။ လယ်သမား၊ ကိုင်းသမား၊ ယာသမား၊ ကျွန်းသမားများ အားထားသည်နှင့် အမျှ တင်မြှောက် ပုံနည်း ဓလေ့ထုံးစံများလည်း မတူကြဘဲ ကွဲပြားကြသည်။ တချို့ဒေသများတွင် မိုးဦးကျ၌ တင်မြှောက်ကြသည်။ တချို့သောအရပ်မှာ လယ်ပြီး၍ တပေါင်းလမှ တင်မြှောက်ကြသည်။ အချို့က နှစ်ချိန်လုံး တင်မြှောက်ကြသည်။ တင်မြှောက်ပုံမှာ လယ်သမားတို့သည် ကောက်လှိုင်းစီးကို ပုန်းမကြည်နတ်သဏ္ဌာန် ပန်းပန်၊ အဝတ်အစား ဝတ်ပေးကာ ကောက်ညှင်းပေါင်း လက်ဖက်၊ အုန်းငှက်ပျော၊ ကန်တော့ပွဲ အစုံအလင်နှင့် မုန့်ဖြူ၊ မုန့်နီ၊ ကျောက်ပျဉ်၊ သနပ်ခါး၊ မှန်တို့ကိုပါ လှည်းဦးပေါ်တင်ပြီးလျှင် `ပုန်းမကြည်ရှင်မ နို့ပျဉ်းကိုးတောင်ကျ၊ လှည်းဦးပေါ်မှာသုံး ထောင်ကျော်တဲ့ တို့စပါး၊ မထွက်သင့်လား၊ ထွက်သင့်လားဟေ့၊ ထွက်သင့်ပေ၊ ထွက်သင့်ပေ၊ ဟေးလားမောင်တို့ဝါး´ အတိုင်အဖောက် ဆိုကြလေသည်။ ထို့နောက် လက်ခုပ်လက်ဝါးတီး၍ စပါးပုံကို ခုနှစ်ပတ်လှည့်ကာ ပသကြလေသည်။ စပါးပုံကို ဝိုင်းပတ်ကခုန်ကြသောအခါ အိုးစည်ဒိုးပတ်များနှင့် ပျော်ရွှင်စွာ တီးမှုတ်ကြသည်။ တဖန်လယ်သမားများက နွားရုပ်ပုံ၊ ထွန်တုံးပုံ၊ ထန်းတက်သမားများက ရင်းထောင်ရင်းဆွဲ၊ ထန်းပင်ပုံ ဈေးသည်များက ဗျပ်၊ ချိန်ခွင်၊ အလေးပုံတို့ကို ဆန်မှုန့်နှင့်ပြုလုပ်၍ မိမိတို့အိမ်ရှေ့ တိုင်ထိပ်တွင် အိုးသစ်နှင့်ထည့် ကြိုးနှင့်ဆွဲကာ `လာမည့်နှစ်တွင် ယခုနှစ်ထက် ဆတက်ထမ်းပိုး တိုး၍ စပါးဆန်ရေ ရပါစေသား´ ဟုဆုတောင်းပူဇော် ပသကြပေသည်။ ထိုအခါ စပါးပိုထွက်သည်ဟု ဆိုစမှတ်ပြုကြလေသည်။ ဘီလူးမ ဝတ္ထု ပုန်းမကြည်သည် ဘီလူးမဖြစ်၏။ ထိုဘီလူးမသည် ဆိတ်ငြိမ်သောနေရာတွင် ပုန်းအောင်းနေရမှသာ စိတ်ကြည်လင်လေ့ရှိသည်။ ထို့ကြောင့် `ပုန်းမကြည်´ဟုခေါ်သည်။ အချို့အရပ်တွင်ကား ပုန်းမကြည်တွင် မရပ်သေးဘဲ `ဖုန်းမဂျီ´အထိခေါ်တွင်ပြောင်းလွဲသွားသည်။ `ပုပ္ဖကြည်´ဟူ၍ ခေါ်ကြသေးသည့်နည်းအတူ `ပုဏ္ဏကျီ´ဟူ၍လည်း အခေါ်ရှိသေး၏။ `ပုဏ္ဏကျီ´မှာ အဓိပ္ပာယ်ဖွင့်ဆိုချက်လည်းရှိ၏။ `ပုဏ္ဏ´သည် ပြည့်စုံခြင်းကိုဟော၏။ `ကျီ´ကားစပါးထည့် သိုသောကျီကို ဆိုလို၏။ နှစ်ခုပေါင်းလိုက်သော အခါ `စပါးကျီများကို ပြည့်စုံအောင် ဆောင်ရွက်ပေးသောနတ်´ ဟူပေ၏။ တဖန် သက္ကတဘာသာဖြင့်လည်း `ပုဗ္ဗၐြီ´ (ပုဗ္ဗရှရီ)ဟု ခေါ်သေးသည် ဆိုပေသည်။ ပုန်းမကြည်ရှင်မအကြောင်းမှာ မြတ်စွာဘုရားလက်ထက်တော်တွင် ဖြစ်ပျက်ခဲ့ကာ မြတ်စွာဘုရား ထံတော်မှောက်အထိ ရောက်သွားသော ဓမ္မပဒလာ ကာဠီယက္ခီနီ ဘီလူးမ ဝတ္ထုဖြစ်ပေသည်။ ဘုရားလက်ထက်တော်က ပုဏ္ဏားသူကြွယ်လုလင်တစ်ယောက်သည် မယားကြီးမှ သားသမီးမထွန်းကား သည့်အတွက် မျိုးနွယ်ဆက် မပျောက်စေရန် မယားကြီး၏ သဘောတူညီချက်ဖြင့် မိန်းမနောက်တစ်ယောက် ထပ်ယူသည်။ ထိုမယားငယ်က ကိုယ်ဝန်ရှိလာသောအခါ မယားကြီး၏ စိတ်ပြောင်းသွားသည်။ ရှေးအခါက ကလေးမွေးသူ မယားကသာ အရေးပါအရာရောက်သဖြင့် မယားကြီးသည် မယားငယ်ကြီးစိုးသွားမှာ စိုးရိမ်ပူပန်သဖြင့် မယားငယ်အား ကိုယ်ဝန်ရှိလာသောအခါ ကိုယ်ဝန်ပျက်ဆေးကို ကျွေး၏။ ဤသို့ တစ်ကြိမ်ကနှစ်ကြိမ်၊ နှစ်ကြိမ်က သုံးကြိမ် မြောက်သော် အိမ်နီးချင်းတို့က ကိုယ်ဝန်ပျက်ဆေးကို မသိအောင်ကျွေးသဖြင့် ဤသို့ ဖြစ်ကြောင်း ပြောပြ၍ သိရသဖြင့် အစာကိုမစားဘဲနေရာ ကိုယ်ဝန်ရင့်မာမှ သတိလစ်ပြီး စားမိသောကြောင့် ပြင်းစွာသောရောဂါဝေဒနာခံစားရ၍ `ဖြစ်လေရာဘဝတွင် လက်စားချေရပါလိုသော်ဝ်´ ဟုဆုတောင်းကာ သေသော် ထိုအိမ်၌ ကြောင်မဖြစ်လေသည်။ မယားကြီးဖြစ်သူကိုလည်း လင်သူကြွယ်က ထိုအကြောင်းအရာကို သိသဖြင့် ရိုက်နှက်ဆုံးမရာ ထိုဒဏ်ရာဖြင့် သေဆုံးကာ ဤအိမ်၌ ကြက်မဖြစ်လာသည်။ ကြက်မ၏ ဥတို့ကို ကြောင်မသည် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင် ဖောက်စားသည်။ ကြက်မသည် မကျေနပ်၍ ရန်ငြိုးဖွဲ့ကာ `ကြောင်မနှင့် သူ၏သားသမီးတို့ကို စားရပါလို၏´ ဆုတောင်းကာ သေလွန်သော် တောတစ်ခု၌ ကျားသစ်မ ဖြစ်၏။ ကြောင်မသေသောအခါ သမင်မ ဖြစ်၏။ သမင်မမွေး သော သားသမီးတို့ကို ကျားသစ်မသည် သုံးကြိမ်တိုင်အောင် စား၏။ ထိုအကြောင်းကိုစွဲ၍ သမင်မွေးရင်း ကျားစားရင်း ဟု စကားပုံဖြစ်လာသည်။ သမင်မသည် သေခါနီးကာလ၌ ဤကျားသစ်မသည် ငါ၏ သားသမီးတို့ကို သုံးကြိမ်တိုင်အောင် စားပြီးလေပြီ။ ယခုငါ့ကိုလည်း စားတော့မည်။ `ငါသေသော် ဤကျားသစ်မ၏ သားသမီးနှင့်တကွ သူ့ကိုပါ စားရပါလို၏´ ဟု ဆုတောင်းသည်။ သေလွန်သော် ဘီလူးမ ဖြစ်၏။ ကျားသစ်မလည်း သေလွန်သော် သာဝတ္ထိပြည်၌ လူအမျိုးသမီး ဖြစ်၍ အရွယ်ရောက်သော် အိမ်ထောင်ကျကာ သာဝတ္ထိပြည်အနီး ရွာငယ်တစ်ရွာတွင် လင်နှင့်အတူ နေထိုင်လေသည်။ မကြာမီ ကိုယ်ဝန်ရှိ၍ မီးဖွားသောအခါ ဘီလူးမသည် အလွန်တရာ ချစ်လှစွာသော အဆွေခင်ပွန်းမအသွင်ဖြင့်လာ၍ ကျွန်မ၏ အဆွေခင်ပွန်းမ အဘယ်အိမ်မှာရှိသနည်း ဟုမေးပြီး အိမ်အတွင်းသို့ဝင်ကာ သားယောက်ျားလေးလား၊ သမီးမိန်းကလေးလား မေး၍ ကလေးကိုကြည့်ပါရစေဟု ပြောပြီးလျှင် ကြည့်ချင်ဟန်ဆောင်ကာ ကလေးကိုစားကာ ပြန်သွားလေသည်။ နောက်တစ်ဖန် နှစ်ကြိမ်မြောက် မွေးသောအခါတွင်လည်း ထိုနည်းတူစားပြန်လေသည်။ သုံးကြိမ်မြောက်သောအခါ သားသည်အမေသည် လင်ယောက်ျားကို ခေါပြီးလျှင် `အို အရှင်၊ ဤအရပ် ဤအိမ်၌ ဘီလူးမတစ်ကောင်သည် ကျွန်မ၏သားနှစ်ယောက်ကို စားသောက်သွားလေပြီ။ ယခုအခါ မိဘအိမ်ပြန်၍သားဖွားလိုသည်´ ဟုပြောကာ မိဘအိမ်ပြန်၍ မီးဖွားလေသည်။ ထိုအချိန်တွင် ဝေဿဝဏ်နတ်မင်းကြီးအား ဘီလူးမတို့သည် အနဝတတ်အိုင်မှရေကို ဦးခေါင်းအဆင့်ဆင့်ဖြင့် ရွက်ကာ အလှည့်ကျ ဆောင်ယူဆက်သကြရသည်။ လေးလ၊ ငါးလလွန်မှ လွတ်ကြရသည်။ ဤသို့သော အမိန့်ဖြင့် ဘီလူးမသည် ရေခပ်လှည့်ကျ၏။ ဘီလူးမသည် ရေခပ်လှည့်မှ လွတ်လျှင်လွတ်ချင်း အမျိုးသမီး မီးဖွားရာအိမ်သို့ လျင်မြန်စွာ သွားလေသည်။ အမျိုးသမီးလည်း ကလေးနို့တိုက်နေစဉ် ဘီလူးမကို မြင်၍ မြတ်စွာဘုရား သီတင်းသုံးရာ ဇေတဝန်ကျောင်းတော်တွင်းသို့ အတင်းဝင်ပြေးလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်အလယ်တွင် တရားဟော၍ နေ၏။ အမျိုးသမီးသည် သားကိုပိုက်ကာ ဘုရား၏ ခြေဖမိုးပေါ်သို့ သားကိုတင်၍ `ဤသူငယ်အား လှူဒါန်းပါ၏။ အသက်ရှင်ခြင်းကို ပေးသနားတော်မူပါ´ ဟု လျှောက်၏။ ကျောင်းတံခါးမုခ်စောင့် သုမနနတ်သားသည် ဘီလူးမအား ကျောင်းတွင်းသို့ ဝင်ခွင့်မပြုချေ။ မြတ်စွာဘုရားသည် အရှင်အာနန္ဒာကို ဘီလူးမအား ခေါ်ရန် စေတော်မူ၏။ ဘီလူးမလာသောအခါ အမျိုးသမီးသည် `အရှင်ဘုရား၊ ဘီလူးမလာနေပါပြီ´ဟု လျှောက်ထားသောအခါ `လာပစေ၊ အသံမပြုနှင့်´ဟု မိန့်တော်မူပြီးနောက် ဘီလူးမကို `အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ ငါဘုရားထံမှောက်သို့ သင်တို့နှစ်ယောက် မရောက်လာလျှင် တစ်ကမ္ဘာလုံး ရန်သူဖြစ်ကြတော့မည်။ ဘုရားရှင်သည် နဟိဝေရေန ဝေရာနိ အစချီသော ဂါထာဖြင့် ဟောပြောကာ `ရန်ကိုရန်ချင်း မတုံ့လျင်းနှင့်´` ရန်မလိုမှ ရန်ပြိုသည်´`ရန်လိုလျှင် ရန်ပိုတတ်သည်´ ဟူသောစကားကို ဟောကြားတော်မူသဖြင့် ဘီလူးမသည် သောတာပန်အဖြစ်သို့ ရောက်လေသည်။ တရားနာရောက်လာကြသော ပရိသတ်များလည်း အကျိုးရှိသော တရားဒေသနာကို ကြားနာမှတ်သားရလေသည်။ ထို့နောက်မြတ်စွာဘုရားသည် အမျိုးသမီးကို `သင့်သားငယ်အား ဘီလူးမကို ပေးလိုက်လော့´ ဟုမိန့်တော်မူ၏။ `ကြောက်လှပါသည်ဘုရား´ ဟုလျှောက်ထားသော် `မကြောက်လင့်၊ ဤဘီလူးမကို မှီ၍ ဘေးရန်မရှိတော့´ ဟု မိန့်တော် မူမှ သားငယ်ကို ဘီလူးမအား ပေးလိုက်သည်။ ဘီလူးမသည် ထိုသားငယ်ကို နမ်းရှုပ်ပွေ့ချီပြီးလျှင် တဖန်မိခင်အားပေး၍ ငိုကြွေး၏။ ထိုအခါမြတ်စွာဘုရားသည် အသင်အဘယ့်ကြောင့် ငိုကြွေးသနည်းဟု မေးတော်မူသော် `တပည့်တော်မ ရှေးအခါက အစားအစာကို သက်ရှိသက်မဲ့ မရွေးမချယ်စားသောက်ခဲ့သည်။ ယခုအဘယ်သို့ အသက်မွေးမှု ပြုရပါမည်နည်း´ ဟု လျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားသည် `အသင်မစိုးရိမ်လင့်´ နှစ်သိမ့်စေပြီးလျှင် အမျိုးသမီးအား `သင့်အိမ်၌ နေစေပြီး ယာဂု၊ ထမင်းဦးတို့ဖြင့် လုပ်ကျွေးလော့´ ဟုမိန့်တော်မူ၏။ အမျိုးသမီးလည်း ဘီလူးမကို ခေါ်ဆောင်ပြီးလျှင် ခေါင်လျှောက်၌ နေစေ၍ ယာဂု၊ ထမင်းဦးတို့ဖြင့် လုပ်ကျွေး၏။ ထိုသို့လုပ်ကျွေးသော်လည်း စပါးထောင်းသော ကျည်ပွေ့ဖျားဖြင့် ပုတ်ခတ်ရိုက်နှက်သကဲ့သို့ ထင်လေ၏။ ထို့နောက် ဘီလူးမသည် အဆွေခင်ပွန်းဖြစ်သော အမျိုးသမီး ကိုခေါ်၍ `ကျွန်မ ဤခေါင်လျောက်၌ မနေနိုင်ပါ။ သင့်တော်သော နေရာ၌ထားပါ´ ဟု ဆိုသဖြင့် မောင်းတင်းကုပ်၌လည်းကောင်း၊ ရေအိုးထုတ်ထားရာ အရပ်၌လည်းကောင်း၊ ခုံလောက်ရှိရာ စားဖိုအိမ်၌ လည်းကောင်း၊ တံစက်မြိတ်လည်းကောင်း၊ အမှိုက်ပုံ၌လည်းကောင်း၊ ရွာထိပ်တံခါး၌လည်းကောင်း ပြောင်း၍ ပြောင်း၍ ထား၏။ ထိုသို့ပင် ထားသော်လည်း ဘီလူးမသည် ဤမောင်းတင်းကုပ်အရပ်၌ နေရခြင်းကား ကျည်ပွေ့ဖြင့် ဦးခေါင်းကို ထုခွဲရိုက်နှက်သကဲ့သို့ထင်၏။ ရေအိုးထုတ်ထားရာအရပ်ကား ကလေးသူငယ်များ လုပ်ဆေးရေထွေး စွန့်ကြ၏။ စားဖိုအိမ်ကား ခွေးတို့အိပ်ကြ၏။ တံစက်မြိတ်အရပ်ကား ကလေးသူငယ်တို့ အညစ်အကြေးစွန့်ပစ်ကြသည်။ အမှိုက်ပုံကား အမှိုက်သရိုက်တို့ စွန့်ပစ်ကြသည်။ ရွာထိပ်တံခါးအရပ်ကား ရွာသူငယ်များ နေရာသတ်မှတ်ကာ ကစားကြသည့် နေရာဖြစ်၍ ငြင်းပယ်လေသည်။ ထို့နောက် ဘီလူးမကို ရွာ၏ အပြင် ဆိတ်ငြိမ်သောနေရာ၌ထား၍ ယာဂုဦး၊ ထမင်းဦးတို့ကို ပို့ဆောင်၍ လုပ်ကျွေး၏။ ထိုဘီလူးမသည် အမျိုးသမီးအား `ဤနှစ် မိုးကောင်းလိမ့်မည်၊ ကုန်းအရပ်၌ စပါးစိုက်ပါ။ ဤနှစ်မိုးခေါင်လိမ့်မည်၊ ချိုင့်ဝှမ်းရာအရပ်၌ စပါးစိုက်ပါ´ ဟု ပြောကြား၏။ အမျိုးသမီးလည်း ဘီလူးမပြောသည့်အတိုင်း စိုက်ပျိုးသဖြင့် စပါးဆန်ရေ ပြည့်စုံ၍ ချမ်းသာလေ၏။ ထိုအခါ သာဝတ္ထိပြည်သူပြည်သားတို့သည် အမျိုးသမီးကို `ချစ်သမီး၊ သင်စိုက်ပျိုးအပ်သော ကောက်သည် အလွန်ရေများသဖြင့်လည်းကောင်း၊ ရေမရှိသဖြင့်လည်းကောင်း မပျက်စီး၊ ဤနှစ်မိုးကောင်းမည်၊ မိုးခေါင်မည်ကို သင်သိသလော´ ဟု မေးမြန်းကြ၏။ ထိုအခါ အမျိုးသမီးသည် `ကျွန်မအနေနဲ့ မိုးကောင်းမည်၊ မိုးခေါင်မည်ကို မသိပါ၊ ကျွန်မ၏ အဆွေခင်ပွန်းဖြစ် သော ဘီလူးမ အပြောအရ စပါးစိုက်ပျိုးသဖြင့် စပါးဆန်ရေ ပြည့်စုံပါသည်။ ကျွန်မကလည်း အမြဲမပြတ် ယာဂုထမင်း စသည် ပို့ဆောင်နေသည်ကို မြင်ကြသည် မဟုတ်ပါလော´ ဟု ပြန်ပြောလေသည်။ `ကျမတို့ ပို့ဆောင်ပသသလို သင်တို့လည်း ပို့ဆောင်ကြမည်ဆိုလျှင် သင်တို့၏ လယ်ယာလုပ်ငန်း အစုစုကိုလည်း ထိုဘီလူးမက မစ စောင့်ရှောက်ပါလိမ့်မည်´ ဟုပြောလေသော် သာဝတ္ထိပြည်သားအားလုံးတို့သည် အမျိုးသမီးပြောသည့်အတိုင်း ပူဇော်ပသကြလေသည်။ ဘီလူးမသည်လည်း ထိုအခါမှစ၍ အားလုံးကို ကြည့်ရှုမစသဖြင့် သာဝတ္ထိပြည်သည် စည်ပင်ဝပြောသည့် အဖြစ်သို့ ရောက်ကြလေသည်။ ကရင်တိုင်းရင်းသား ပုံပြင် ထို့ကြောင့် ယနေ့တိုင်အောင် ကာဠီယက္ခိနီ နတ်ဘီလူးမကို လယ်စောင့်နတ် (ပုန်းမကြည်နတ်) အနေဖြင့် အမြို့မြို့၊ အနယ်နယ်မှ တောင်သူလယ်သမားတို့သည် ပူဇော်ပသကြသဖြင့် ရှေးရိုးရာဓလေ့ ဖြစ်လာပေသည်။ မြန်မာ့ ရိုးရာသာမက ကရင်တိုင်းရင်းသားတို့တွင်လည်း ပုန်းမကြည်ရှင်မကို ပူဇော်ပသသော ပွဲများရှိလေသည်။ ပုန်းမကြည် ရှင်မ၏ အကြောင်းနှင့် ပတ်သက်၍ ကရင်တို့၏ သိရှိယုံကြည်သော ပုံပြင်မှာ အောက်ပါအတိုင်းဖြစ်ပေသည်။ ရှေးအခါက ဖားလိကြယ် ဟု အမည်တွင်သော သဘောထားပြည့်ဝ၍ သနားကြင်နာ ကိုယ်ချင်းစာတရားရှိသည့် သူဆင်းရဲတစ်ယောက်သည် ပင်ပန်းဆင်းရဲစွာ တောင်ယာခုတ်၍ လုပ်ကိုင်စားသောက်ရလေသည်။ တစ်နေ့ သောအခါ ပုန်းမကြည်အရှင်မ (ခေါ်) စပါးစောင့်နတ်သမီးသည် လူတို့၏ စိတ်ကို စမ်းလိုသဖြင့် ရွာသူရွာသားများ တောင်ယာခုတ်ရန် သွားရသည့် လမ်းအနီးရှိ ကျခတ်ဝါးရုံကြီး တစ်ရုံကြားထဲတွင် အလွန်အိုမင်း၍ အရုပ်ဆိုးသော အဖွားအိုကြီးအသွင် ဖန်ဆင်း၍ နေလေသည်။ တောင်ယာခုတ်လာကြသော သူများကို တွေ့သောအခါ နတ်သမီးက `ငါ့မြေးတို့ရယ် အဖွားကို ကယ်ပါဦး၊ အဖွားမှာ အားကိုးအားထားမြေးတွေလဲမရှိ၊ ဆင်းရဲလွန်းလို့ ကျခတ်ဝါးမျှစ် တွေရှာချိုးပြီး အသက်မွေးဝမ်းကျောင်း ပြုရတယ်၊ မနေ့က ဒီဝါးရုံထဲ မျှစ်ရှာရင်း ပြန်မထွက်တတ်တော့ဘူး၊ ထမင်းလည်း နှစ်နှပ်ငတ်ပြီ၊ ရေလဲငတ်ပြီ၊ အဖွားတော့ သေရတော့မှာဘဲ၊ သနားကြပါဦး၊ ကယ်ကြပါဦး´ ဟူ၍ ငိုယိုကာ အကူအညီ တောင်း၏။ သို့ရာတွင် အဖွားအိုကို တွေ့သည့်လူတိုင်းကပင် `ဒီလောက်အိုပြီး အရုပ်ဆိုးလှတဲ့အဖွားကြီး၊ သူ့ဟာသူ ဆတ်ဆော့လို့ ဝါးရုံထဲ နေတဲ့ဥစ္စာ၊ သူ့ဟာသူ သေပါစေလား´ ပြောဆိုကာ ဂရုမစိုက်ဘဲ ထွက်သွားကြလေသည်။ ဖားလိကြယ်နှင့် တွေ့သည့်အခါတွင်မူ ဖားလိကြယ်က `အို သနားစရာကောင်းတဲ့ အဖွားအိုပါလား၊ ငါ့မှာ ယခင်က ကုသိုလ်ကံမကောင်းလို့ မိအို၊ ဖအိုတို့ကို လုပ်ကျွေးခွင့်မရခဲ့ဘဲ ငါငယ်စဉ်ကတည်းက သူတို့သေသွားကြတယ်။ ဟင်- အခုတော့ ငါကံကောင်းတာပဲ၊ ဒီအဖွားအိုကြီးကို ငါကယ်ဆယ်ပြီး ငါ၏ အိမ်ဦးခန်းမှာ အဖွားအရင်းကဲ့သို့ သဘောထား လုပ်ကျွေးရင် ကောင်းမှာပဲ´ ဟူ၍ တွေးမိလေသည်။ ထို့နောက် မိမိတွင် ပါလာသော ဓားဖြင့် ဝါးရုံကို ခဲခဲယဉ်းယဉ်း ခုတ်ထွင်ရှင်းလင်းပြီး အဖွားအိုကို ကယ်ခဲ့လေသည်။ ဖားလိကြယ်သည် အဖွားအိုကို မိမိအိမ်သို့ ခေါ်သွားကာ သူ၏ မယားကို အကျိုးအကြောင်း ပြောပြ၍ အိမ်ဦးခန်းတွင် ထားလေသည်။ အဖွားအိုအား ကိုယ့်အဖွားအရင်းအချာကဲ့သို့ သဘောထား၍ လုပ်ကျွေးရန် သူ့မယားကို ပြောလေသည်။ ဖားလိကြယ်မယားကမူ `လင်မယားနှစ်ယောက်အတွက်တောင် စားဝတ်နေရေးခက်ခဲနေတာ အပူရှာပြီး စုန်းမကြီးလို အရုပ်ဆိုးတဲ့ ဒီအဖွားကြီးကို ဘာလို့ခေါ်ခဲ့ရတာလဲ´ ဟု ညည်းညူလေသည်။ `မပူပါနဲ့ ရှင်မရယ်၊ ငါလည်း ခါတိုင်းထက် ကျယ်ဝန်းတဲ့တောင်ယာခင်းကြီးကို ကြိုးစားပြီး လုပ်ကိုင်ပါ့မယ်´ ဟူ၍ ဖားလိကြယ်က စေတနာအရင်းခံ ထားလျှက် မယားကို နှစ်သိမ့်လေသည်။ နောက်တစ်နေ့နံနက် ဖားလိကြယ် တောင်ယာခုတ်သွားသောအခါ ဖားလိကြယ် မယားက အဖွားအိုကို အမျိုးမျိုး ငြူစူစောင်းမြောင်း ဆဲဆိုနေလေသည်။ ညနေ ဖားလိကြယ် ပြန်ရောက်သည့်အခါ `အိုအဖွားအို၊ မြေးရဲ့ အိမ်မှာ နေရတာပျော်ရဲ့လား၊ ကျွန်တော့်မယားက ကောင်းကောင်းလုပ်ကျွေးရဲ့လား´ ဟု မေးမြန်းလေသည်။ အဖွားအိုက အို ငါ့မြေးအိမ်မှာနေရတာ ပျော်ပါတယ်ကွယ်၊ နင့်မယားကလည်း ငါ့ကို စိတ်ချမ်းသာအောင်ထားပြီး ရိုရိုသေသေ ကျွေးမွေးရှာပါတယ် ဟူ၍ ပြန်လည်ပြောဆိုလေသည်။ ထိုအခါ ဖားလိကြယ်မှာ အားရကျေနပ်ပြီး စားဦးစားဖျား ခူးခပ်လျှက် အဖွားအိုကို ကိုယ်တိုင်ကျွေးမွေးပြုစုလေသည်။ နောက်နေ့တွင် ဖားလိကြယ် အလုပ်သွားနေခိုက် အဖွားအိုသည် ဖားလိကြယ် မယားကို စိတ်စမ်းလိုသဖြင့် မီးဖိုခန်းတွင် ထမင်းချက်နေသော ဖားလိကြယ် မယားထံသွား၍ ငါ့မြေးရယ် အဖွားဆေးလိပ်သောက်ချင်လို့ မီးတစ်တို့ လောက် ပေးစမ်းပါ ပြောလေသည်။ ဒီအဖွားကြီး ဘာလာရှုပ်နေတာလဲ၊ နင်ဒီအိမ်မှာနေတာ ကျက်သရေ ယုတ်တယ်၊ သွားသွား အိမ်ပေါ်က ဆင်းသွား၊ ဒီအိမ်မှာမနေနဲ့ ဟု ဆဲဆိုကာ အဖွားအိုအား ငါးကင်သည့် ညှပ်နှင့် လိုက်ရိုက်၍ အိမ်ပေါ်မှ မောင်းချလေသည်။ အဖွားအိုလည်း တကယ်ကြောက်ရွံ့ဟန်ပြု၍ အိမ်အောက်သို့ ဆင်းပြေးပြီး အိမ်အနီးရှိ ပုရစ်တွင်းပေါက်အတွင်းသို့ ဣဒ္ဓိပတ် တန်ခိုးဖြင့် ဝင်ပုန်းနေလိုက်သည်။ ဤတွင် ဖားလိကြယ်မယားလည်း မျက်စိ မျက်နှာပျက်ကာ ယော-ခက်ပါပြီ၊ ဒီအဖွားကြီးက လူစင်စစ်မဟုတ်ဘူး ထင်တယ်၊ ငါဘယ်လိုလုပ်ရပါ့၊ ငါ့လင်ပြန်လာ တဲ့အခါ သူထွက်လာပြီး ပြောရင် ငါတော့ ဒုက္ခဘဲ၊ သူပြန်ထွက်မလာနိုင်အောင် ပုရစ်တွင်းကို ငါးညှပ်နှင့် ပိတ်ထားမှ ဟုဆိုကာ ပုရစ်တွင်းအား ပိတ်ထားလေသည်။ အချိန်တန်၍ ဖားလိကြယ် ပြန်လာသောအခါ အဖွားအိုကို မတွေ့သဖြင့် သူ့မယားအား မေးလေသည်။ ဤတွင် မယားက လင်ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အို...မောင်ရယ် အဖွားအိုကြီးဟာ မကောင်းပါဘူး၊ လူလဲ ဟုတ်မယ် မထင်ဘူး၊ ကျွန်မထမင်းချက်နေတုံး သူလာပြီး မီးစတောင်းတယ်၊ နောက်ပြီး အိမ်ကို မီးရှို့မလို့ လုပ်တာနဲ့ ကျွန်မ သူ့ကို မောင်းချလိုက်တယ်။ ဒါနဲ့ ထူးထူးဆန်းဆန်း အံ့ဩလောက်စရာ ဟော-ဟို ပုရစ်တွင်းထဲကို ဝင်သွားတယ်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ သူပြန်ထွက်မလာနိုင်အောင် ငါးညှပ်နဲ့ ထိုးပိတ်ထားလိုက်တယ် ဟူ၍ လည်ဆယ်ပြီး ပြောပြလေသည်။ ဖားလိကြယ်ကမူ ဟယ် အမိုက်မ နင် ငါ့အဖွားကို ဒုက္ခပေးတယ်၊ နင့်ကိုသာ အိမ်ပေါ်က မောင်းချ ဖို့ကောင်းတယ် ဟု ကြိမ်းမောင်းလိုက်ပြီး ပုရစ်တွင်းနားကို သွားကာ ငါးညှပ်ကို ဆွဲထုတ်လိုက်လေသည်။ အို ရိုသေလေးစားအပ်တဲ့အဖွား အဖွားရဲ့မြေးပြန်ရောက်လာပါပြီ၊ ဘာမှမကြောက်ပါနဲ့၊ ပြန်တက်လာပါ။ မိုက်ကန်းလှတဲ့ အဖွားရဲ့ မြေးမကို ကျွန်တော် ဆုံးမပါ့မယ်၊ နောက်ကို အဖွား ဒုက္ခမဖြစ်စေရပါဘူး၊ အိမ်ဦးခန်းမှာ ထားပြီး စားဦးသောက်ဦးများကို ဝတ္တရားမပျက် အသက်ထက်ဆုံး ကျွန်တော် လုပ်ကျွေးပြုစုပါ့မယ် အဖွားရယ် ဟု ခေါ်လေသည်။ ထိုအခါ အဖွားအိုသည် ပုရစ်တွင်းဝတွင် ပြုံးပြုံးကလေး ထိုင်ရက်သားပြန်ပေါ်လာလေသည်။ ဤတွင် ဖားလိကြယ်သည် သူ၏မယားအား အဖွားအိုကို ရိုသေစွာ ထိုင်ကန်တော့စေပြီး ပြုမိသမျှ အပြစ်များမှ ခွင့်လွှတ်ပါရန် တောင်းပန်စေသည်။ ထိုအခါ အဖွားအိုက ငါ့မြေး ဖားလိကြယ်၊ ငါပြောတာကို တသွေ မတိမ်းနားထောင်ပါ၊ ဒီနေ့ညမှာ စပါးထည့်ဘို့ ကျီကြီးနှစ်ကျီကို ညတွင်းချင်းပြီးအောင် ဆောက်လုပ်ပါ။ နောက်ပြီး ကျီငယ်ကလေးတစ်ခု လည်းဆောက်ပါ။ မင်းတစ်ယောက်ထဲမနိုင်ရင် အဖော်တွေခေါ်ပြီး မိုးမလင်းခင် အပြီးဆောက်ရမယ်။ အဲဒီကျီတွေပြီးတဲ့အခါမှ ငါအလုပ်လုပ်ပြမယ် ဟုဆိုလေသည်။ ဖားလိကြယ်လည်း ချက်ချင်းထပြီး အဖွားပြောတဲ့အတိုင်း ပြုလုပ်လေသည်။ မိုးလင်းခါနီး အရုဏ်တက်ချိန်တွင် ပြီးစီးသွားလေသည်။ အဖွားအိုသည် ငါ့မြေးတို့ လာကြည့်ကြတော့ ဟု ဆိုကာ စပါးကျီတစ်ကျီပေါ်တက်ပြီး (ပလူးဗူးလာ ဖိုးဂေ) အစချီလျက် စပါးလိပ်ပြာများကို ခေါ်ယူရွတ်ဖတ် သရဇ္ဈာယ်လိုက်လေ သည်။ ပြီးလျှင် အဖွားအိုသည် မိမိကိုယ်ကို လှုပ်ခါလိုက်သောအခါ ထူးဆန်းအံ့ဩဖွယ်ရာ အဖွားကိုယ်မှ စပါးများ အဆက်မပြတ် ကျလာကာ စပါးကျီတစ်ခုလုံး ပြည့်လျှံသွားလေသည်။ တဖန် ကျန်အခြားကျီပေါ်သို့တက်၍ အလားတူ ကိုယ်ကို ခါချပြန်ရာ ကောက်ညှင်းစပါးများ ပြည့်လျှံသွားပြန်သည်။ နောက်ဆုံး ကျီငယ်ကလေးတွင် အဖိုးတန် ရွှေငွေ၊ ကျောက်မျက်ရတနာများ ခါချပေးလိုက်လေသည်။ ထိုအခါ ဖားလိကြယ်နှင့် အပေါင်းအဖော်များသည် ရင်သပ်ရှုမော အားရဝမ်းသာ ဖြစ်ကြလေသည်။ အဖွားအိုသည် မိမိကိုယ်မိမိ အဖွားအိုကြီးအသွင်မှ အလွန်လှပသော နတ်သမီး ရုပ်အသွင်ပြောင်းသွားကာ ဖားလိကြယ်နှင့် အပေါင်းအဖော်များအား အို ဖားလိကြယ် ငါဟာ စပါးကိုစောင့်ရှောက်ရတဲ့ ပုန်းမကြည်ရှင်မ (ဖိဗိယော်) ဖြစ်တယ်။ သင်တို့ရဲ့ စိတ်ကို စမ်းလိုသဖြင့် သင်တို့ကို မစလိုခြင်းကြောင့် ယခုလာရခြင်းဖြစ်တယ်။ သင်တို့သည် ဖားလိကြယ်ကဲ့သို့ စိတ်စေတနာကောင်းထားကြလော့။ ရိုးသားဖြောင့်မတ်၍ သမာသမတ်စိတ်ရှိကြလော့။ သူတစ်ပါးအား မုန်းတီးရွံရှာခြင်း၊ မနာလိုဝန်တိုခြင်း မထားကြနဲ့၊ သူတစ်ပါးအား ကူညီလိုစိတ်၊ မစလိုစိတ်၊ ချစ်ခင်ရင်းနှီး သောစိတ်ကို မွေးကြလော့၊ မိမိတို့ထံ ရောက်လာသော မည်သည့် လူမျိုးဧည့်သည်မဆို ဧည့်ဝတ်ကျေပွန်စွာ ပြုစုလော့။ မည်သည့် သက်ကြီးရွယ်အိုမဆို မိဘရင်းသဖွယ် ရိုသေစွာ လုပ်ကျွေးကြလော့၊ အချင်းချင်းညီညွတ်ကြလော့၊ သည်းခံစိတ် မွေးကြလော့။ စုပေါင်းလုပ်ကိုင်၍ရသော ကောက်ဦးစပါးကို သက်ကြီးရွယ်အိုနှင့် မိမိတို့ ကျေးဇူးရှင်များအား လှူဒါန်းကျွေး မွေးသော ကောက်ဦးစားပွဲများ ကျင်းပပေးကြလော့။ မြေစောင့်နတ်၊ လယ်စောင့်နတ်၊ တောင်ယာစောင့်နတ်နှင့် တကွ လယ်ယာလုပ် ကိရိယာများကို ကောက်ဦးစားပွဲ၌ ပူဇော်ပသကြလော့။ ငါသည် ငါ၏ ဗိမ္မာန်သို့ ပြန်ရတော့မည်။ ငါသည် သင်တို့ကဲ့သို့ သဘောထားဖြူစင်သော တောင်သူလယ်သမားများကို အစဉ်စောင့်ရှောက်နေလိမ့်မည်။ သင်တို့ ငါ့ကို အလိုရှိလျှင် ပင့်ဖိတ်၍ တမ်းတကြလော့။ ငါကိုယ်တိုင် လာရောက်ပြီး ကူညီစောင့်ရှောက်ပါမည်။ တောင်ယာ စပါးများကို ဖျက်ဆီးတတ်သော စာကလေး၊ ငှက်၊ ကြွက်နှင့် ပိုးမွှားများကို နှိမ်နင်းရန် ငါ၏ ကိုယ်စား ငါ၏ စေတမန် သိန်းစွန်ငှက် (လိုက်ဖိဗိယော်) များကို စေလွှတ်ပေးမည်။ သိန်းစွန်ငှက်များကို သင်တို့ ကိုယ်တိုင် တွေ့၍ မိတ်ဆွေကဲ့သို့ သဘောထားကြလော့။ အဖျက်သမားများရန်ကို နှိမ်နင်းရန် သင်တို့ စပါးကျီတွင် လေးမြား၊ ငွေဓားလွယ်၊ လှံရှည်လက်နက်စုဆောင်းထားရှိပြီး အရေးကြုံလျှင် စုပေါင်းနှိမ်နင်းကြလော့ ပုန်းမကြည်ရှင်မသည် ဤသို့ ရှည်လျားစွာ ပြောဆိုပြီးနောက် မိမိကိုယ်ကို အလွန်ကြီးမားသော သိန်းစွန်ငှက် အဖြစ် ရုပ်ပြောင်းလိုက်ကာ ကောင်းကင်ရှိ မိမိဗိမ္မာန်သို့ ပြန်တက်သွားလေတော့သည်။ ထိုပုံပြင်အရ ကရင်တိုင်းရင်းသား တို့သည် နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးပွဲနှင့်အတူ (ပုန်းမကြည်ရှင်မ) ကို ပူဇော်ပသကြလေသည်။ လူမှုရေး သရုပ်သကန် စင်စစ်အားဖြင့် ဤပွဲသည် ဘာသာရေးနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ မြန်မာလူမှုရေးစနစ်အရ တီထွင်လာခဲ့ကြသည့် စုပေါင်းနေထိုင်မှု သရုပ်သကန်များသာ ဖြစ်လေသည်။ မြန်မာတို့သည် ဤကဲ့သို့ မိမိတို့ အချင်းချင်း ရင်းနှီးမှု၊ တစ်ဦး၏ အလေ့ကို တစ်ဦးသိမှု၊ တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက ဖြည့်ဆည်းပေးနိုင်မှုအတွက် အမျိုးမျိုး နည်းနိသျှများ ကြံစည်ဖန်တီးလာခဲ့သဖြင့် မြန်မာမှု၊ လူမှုရေးအဆောက်အအုံသည် တည်တံ့ခိုင်မြဲ တိုးတက်ဖွံ့ဖြိုး လာခဲ့ရပေတော့သည်။ ကိုးဆယ်ဆမှ ပုန်းမကြည်သို့ ၂ဝဝ၇-ခုနှစ်၊ အကယ်ဒမီဆုပေးပွဲမှာ မန္တလေးမှ ဇာတ်ညွှန်းဒါရိုက်တာ မောင်ယဉ်အောင် ရိုက်ကူးသော ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကားရရှိသွားသည်။ ထိုဇာတ်ကားတွင် မန္တလေးရဲ့ မြန်မာ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို နောက်ခံထားသော ကားတစ်ကားဖြစ်၍လည်း အကယ်ဒမီနှင့် ထိုက်တန်သည်ဟု ယူဆမိပါသည်။ မြန်မာတို့ရဲ့ ရိုးရာဓလေ့တစ်ခု ဖြစ်တဲ့ ပုန်းမကြည်ရှင်မ အကြောင်း အနည်းငယ် ဖော်ထုတ်ပေးထားသည်။ ကိုးကားစာများ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%99
ရွှေကျင်ဆရာတော်
ရွှေကျင်ဆရာတော် ရွှေကျင်ဆရာတော်သည် မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရဟန်းတော်များ အတွင်း ပြုပြင်ပြောင်းလဲရေး ဂိုဏ်းတစ်ဂိုဏ်းကို စတင်တည်ထောင်သည့် ဆရာတော်တပါး ဖြစ်သည်။ စတင်တည်ထောင်သည့် ဆရာတော်အမည်ကိုယူ၍ ယင်းဂိုဏ်းကို ရွှေကျင်ဂိုဏ်းဟု ခေါ်သည်။ ဆရာတော်-ဟူသည် မြန်မာနိုင်ငံတွင် လေးစားအပ်သော ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအား လေးစားမှုကိုပြသသော ဝေါဟာရတစ်ခု ဖြစ်သည်။ ရွှေကျင်ဆရာတော်ဟူသော အသုံးအနှုန်းမှာမူ မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘိုမြို့အနီး ဆရာတော်၏ ဇာတိချက်ကြွေ မွေးရပ်မြေ ရွှေကျင်ရွာ၏ အမည်နှင့်တွဲဘက်၍ ရွှေကျင်ဆရာတော်ဟု သုံးနှုန်းထားခြင်းဖြစ်သည်။ ဆရာတော်လောင်းလျာသည် ရွှေကျင်ရွာမှာပင် အရှင်ဇာဂရ ဟူသောအမည်ဖြင့် မြင့်မြတ်သောရဟန်းအဖြစ် ရောက်ခဲ့သည်။ ရွှေကျင်ဆရာတော်သည် သာသနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင် နေသည့် အထူးသဖြင့် ဝိနည်းလေးစားသော စာပေပညာရှင် ဆရာတော်တစ်ပါးအဖြစ် နုပျိုစဉ်ကပင် ကျော်ကြားထင်ရှားခဲ့သည်။ ဆရာတော်မှာ ရှမ်းကလေးကျွန်း ဆရာတော် ဦးဆောင်သည့် ပြုပြင်ရေး၊ တောနေရဟန်းများ လှုပ်ရှားမှုအဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်မှုလည်း ရှိခဲ့သည်။ ၁၈၆၁-ခုနှစ်တွင် မင်းတုန်းမင်းတရားက ရွှေကျင်ဆရာတော်အား မန္တလေးရွှေမြို့တော်သစ်သို့ ပင့်ကာ ကျောင်းဆောက်လှူဒါန်းခဲ့သည်၊ နန်းဦးဆရာတော်အဖြစ် ကိုးကွယ်ခဲ့သည်၊ ကိစ္စ အများအပြားတွင် အနှိမ်ခံရဖန်များသည့် ရွှေကျင်ဆရာတော်မှာ သာသနာပိုင်နှင့် သဘောထားကွဲလွဲ ခဲ့သည်၊ ရွှေကျင်ဆရာတော်သည် နေပြည်တော်တွင်မနေလိုပဲ တောရဆောက်တည် ဧကစာရီ ဆရာတော်တစ်ပါးအဖြစ် သီတင်းသုံးခွင့်ပြုဖို့ ခွင့်ပန်ခဲ့သည်၊ မင်းတုန်းမင်းတရားကြီးကလဲ ရွှေကျင် ဆရာတော်နှင့် သူ၏ပြုပြင်ရေးဝါဒီ တပည့်နောက်လိုက်များအား သာသနာပိုင်၏ အာဏာစက် အောက်တွင် မထားတော့ရန် ဆုံးဖြတ်ခဲ့သည်၊ မြန်မာ သံဃာလောကအတွင်း ရွှေကျင်ဂိုဏ်း ဖွဲ့စည်းတည်ရှိလာမှုကို ဤအဆုံးအဖြတ်တွင် အစရှာဖွေတွေ့ရှိနိုင်သည်။ မင်းတုန်းမင်းတရားသည် ရွှေကျင်ဂိုဏ်းကို မင်း၏အစောင့်အရှောက် ဆက်လက်ပေးခဲ့သည်၊ ဂိုဏ်းတိုးတက်ရေးကို ကူညီစောင့်ရှောက်ရင်း ရွှေကျင်ဆရာတော်ကိုလည်း လေးလေးစားစားဆည်းကပ် ကိုးကွယ်ခဲ့သည်၊ သို့သော် ရွှေကျင်ဆရာတော်မှာမူ သူ၏နဂိုဗီဇအတိုင်း ရှင်ဘုရင်နှင့် ကင်းကင်းနေနိုင်ခဲ့သည်၊ မင်းတုန်းဘုရင်၏ သံဂါယနာတင်ပွဲမှာလည်း မပါဝင်ခဲ့ပေ။ အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံ (သို့) လူသူမနီး တောမြိုင်ကြီး၌သာ အချိန်များများ သီတင်းသုံးနေထိုင်ခဲ့သည်၊ မင်းတုန်းဘုရင်က သဘောတူ ကြည်ဖြူမှုမရှိသော်လည်း သီရိလင်္ကာနိုင်ငံရှိ ဘာသာရေးနှင့်ပတ်သက်သည့် အထွဋ်အမြတ်ထားရာ နေရာများသို့ ဘုရားဖူးကြွရောက်ခဲ့သည်။ ၁၈၇၈-ခုနှစ်၌ သီပေါမင်း နန်းတက်လာသောအခါ ခေါင်းဆောင်မှု အခန်းကဏ္ဍကိုမျှ မယူသော်လည်း သာသနာပိုင်ဆရာတော် နှစ်ပါးတဲက တစ်ပါးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်၊ သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၅-ခုနှစ်တွင် အုပ်ချုပ်သူ အင်္ဂလိပ်တို့က ရွှေကျင်ဆရာတော်အား သာသနာပိုင်အဖြစ် အသိအမှတ်မပြုတော့ပေ၊ သို့သော် ဆရာတော်၏ ဂုဏ်သတင်းမှာ ပျံလွန်တော်မူသည့် ၁၈၉၃-ခုနှစ်အထိ သီရိလင်္ကာ၊ ထိုင်းနိုင်ငံများသို့တိုင်အောင် ကျယ်ပြန့်လျက် ဆက်လက်တိုးတက်ခဲ့သည်။ ဆရာတော်၏လှုပ်ရှားမှုနှင့် အဆုံးအမ ဩဝါဒများတွင် ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာ နူးညံ့သိမ်မွေ့မှုဖြစ်သည့် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးကို တုံ့ပြန်မှု တရပ်အနေဖြင့် ဗုဒ္ဓဘာသာရဟန်းဘဝတွင် မြင့်မြတ်ဖြူစင်သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်ဖြစ်ရေးကိုသာ အာရုံစိုက်သည်၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ အတွင်း ပြုပြင်လိုသည့် မြန်မာရဟန်းသံဃာတော်များအတွက် လှုံ့ဆော်ပေးသည့် စည်းလုံးညီညွတ်စေသည့် စံပြ ပုဂ္ဂိုလ်တစ်ပါးအဖြစ် ဆရာတော်၏ ဘဝတစ်သက်တာလုံး ဆက်လက်ဆောင်ရွက်သွားခဲ့သည်။ စိရံ တိဋ္ဌတု လောကသမိံ ၊ သမ္မာသမ္ဗုဒ္ဓ သာသနံ ။ တသ္မိံ သဂါရဝါ နိစ္စံ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။ ( အာစရိယ ဓမ္မပါလ ) ဘဝဖြစ်စဉ် အကျဉ်း ( ငါ့ကိုချစ်လျှင် ပြည်သူကိုချစ်) ဟု သစ္စာပေးပြီး နန်းတက်လာခဲ့သော သိရီတြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇ-ဟူသည့် ဘွဲ့တံဆိပ်နာမံကို ခံယူတော်မူသော ရတနာပူရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော်ဘုရား နန်းစံ၍ ၃-နှစ်ရှိလာသောအခါ ရတနာသီခ ရွှေဘိုမြို့တော်၏ တောင်ဘက် ခရီး ၆-တိုင်အကွာ ယခုခေတ် ဝက်လက်မြို့နယ် အဝင်အပါ သက်လက်မြို့မှ အနောက် ၄-တိုင်ခန့်အကွာ ပုဂံမြို့၌ ၅၉၆-ခုနှစ်တွင် နန်းတက်သော ဓမ္မရာဇာ-ဘွဲ့ခံ ကျစွာမင်းကြီး၏ ဆွေမျိုးတော်ဖြစ်သော ရွှေပေါလှမင်း ညီအကိုမောင်နှမ ငါးဦးတို့ တည်ထောင်ခဲ့သည့် ၁။ လှတော ၂။ ကျည်းကန် ၃။ မဲကုန်း ၄။ ရေထွက် ၅။ ရွှေကျင်-ဟူသော လှတောကြီး ၅-ရွာ အဝင်အပါ ရွှေကျင်ရွာတွင် ဇာတိကုလ အာစာရဂုဏ်တို့နှင့် ပြည့်စုံသော ကုန်သည်ကြီး ဦးမောင်-ဇနီးဒေါ်မယ်မိတို့မှ ၁၁၈၄-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂-ရက် ညဉ့်သုံးချက်တီးကျော် ၁၃-ရက် အင်္ဂါနေ့သို့အဝင် ကောင်းမြတ်သောအချိန်တွင် သဂါရဝ, သပတိဿ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ, သဒ္ဓါ-စသောဂုဏ်တို့နှင့် ပြည့်စုံသော ရွှေကျင်ဆရာတော်ဘုရားကြီးကို ဖွားမြင်တော်မူသည်။ အမည်မှည့်အံ့သောနေ့၌ ပညာရှိတို့နှင့် တိုင်ပင်၍ အနာဂတ်ကာလ၌ သန့်ရှင်း စင်ကြယ်လှသော သံဃနိကာယကြီးကို ဖြစ်ပေါ်စေမည့် အကြောင်းအချက်နှင့် လိုက်ဖက် ညီညွတ်လှသော မောင်သန့် ဟူသောအမည်ကို မှည့်ခေါ်ကြကုန်၏။ မောင်သန့် (၇)နှစ်အရွယ်သို့ရောက်သောအခါ အမိအဖတို့က ရွှေကျင်ရွာ မဟာဗောဓိကျောင်း ဆရာတော် လူမည် ဘိုးရွှန်း ခေါ် ဦးဝရဗုဒ္ဓိ ထံသို့ ပို့အပ်ကြပြီး အသက် ၁၄-နှစ်အရွယ်ကို့ ရောက်သောအခါ ၁၁၉၈-ခုနှစ်တွင် ဦးမောင်+ဒေါ်မယ်မိတို့က ကျွေးမွေးလှူဒါန်းကာ ရှင်ပြုပေးကြ သဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရ၏။ ဘွဲ့တော်မှာ နိုးကြားသူဟု အဓိပ္ပာယ်ရသော ရှင်ဇာဂရ ဖြစ်သည်။ ရှင်ဇာဂရသည် ၁၁၉၈-ခုနှစ် ဝါ ဥပဇ္ဈာယ်အထံ၌ သီတင်းသုံးပြီး အထက်တန်း ကျမ်းဂန်ကြီးများကို ဆက်လက်သင်ယူနိုင်ရန် ၁၁၉၉-ခုနှစ် သက်တော် ၁၅-နှစ်အရွယ်တွင် ရွှေဘိုမြို့ ဝင်္ကပါဆရာတော်ကြီးထံသို့ ကြွရောက်၍ ၃-နှစ်တိုင် ပရိယတ္တိဆိုင်ရာ ကျမ်းဂန်များကို လေ့လာသင်ယူ တော်မူသည်။ သက်တော် ၁၈-နှစ် သက္ကရာဇ် ၁၂၀၂-ခုနှစ်သို့ ရောက်သောအခါ မြတ်စွာဘုရား လက်ထက်တော် ဝိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်မှ စဉ်လာမပျက် ဆင်းသက်လာသော ဂဏဝိမုတ်အမိန့်အရ သီးလုံးတောရ စန္ဒိမာဘိဝံသ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဆရာတော် ဘုရား၏အထံသို့ ရောက်ကာ ဝိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်၏အနွယ်သို့ သက်ဝင်မိ တော့သည်။ ရှင်ဇာဂရ အသက်နှစ်ဆယ်သို့ ရောက်သောအခါ ၁၂၀၈-ခုနှစ်တွင် ခမည်းတော် မယ်တော်တို့က ရွှေကျင်ရွာ၌ ရဟန်းခံပွဲပြုလုပ်ကာ ဒုတိယအကြိမ် ချီးမြှောက်ကြသဖြင့် ငယ်ဆရာ ဦးဝရဗုဒ္ဓိကို ဥပဇ္ဈာယ်ပြုလျက် ရေထွက်ရွာ ဆုတောင်းပြည့် ဘုရားဝင်းအတွင်း၌ရှိသော ဗဒ္ဓသိမ်၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်၊ ရဟန်းဖြစ်သည်မှာစ၍ တိစီဝရိတ်ဓူတင်နှင့် ပိဏ္ဍပတ်ဓူတင် တို့ကို အမြဲဆောင်တော်မူသည်။ အရှင်ဇာဂရသည် ရဟန်းအဖြစ်သို့ရောက်လျှင် သဒ္ဒါကျမ်းဆိုင်ရာတို့ကို အထူးလေ့လာ လိုသေးသည်ဖြစ်၍ ထိုခေတ်က သဒ္ဒါကျမ်းများဆိုင်ရာ ကျော်စောလှသော ကမ္ဘာမူး၏အနောက်ဘက် မန်ကျီးကန်ဆရာတော်ကြီးအထံသို့ ကြွရောက်တော်မူသည်၊ မန်းကျီးကန်ဆရာတော်ကြီးက သဒ္ဒါကျမ်းဆိုင်ရာတို့ကို အရှင်ဇာဂရအား အနည်းငယ်စစ်မေးပြီး ကျေနပ်တော်မူသည်ဖြစ်၍--- တို့ဆီမှာ နေဖို့မလိုတော့ဘူး၊ ပညာရှိအကျော်အမော်များ စုဝေးရာ အမရပူရနေပြည်တော်သို့ ကြွရောက်နည်းခံလေဟု လမ်းညွှန်တော်မူသည်၊ ၎င်းလမ်းညွန်ချက်အရ အမရပူရနေပြည်တော်သို့ ကြွရောက်ကာ--- ၁။ ပဲ့ပါကျောင်းတိုက် ၂။ သဲအင်း ( မင်းအို ) ကျောင်းတိုက် ၃။ မြသိန်းတန် ( စပါးတော ) ကျောင်းတိုက်နှင့် ၄။ အင်းဝ ဗားကရာကျောင်းတိုက်၌ ပရိယတ္တိဆိုင်ရာတို့ကို ဆက်လက်ဆည်းပူးတော်မူသည်။ ထိုအမရပူရ၌ သီတင်းသုံးတော်မူစဉ်မှာပင် မင်းတုန်းမင်းသားနှင့် တွေ့ဆုံရင်းနှီးခွင့်ရ၍ ဆရာရင်း ဒကာရင်းအဖြစ်သို့ ရောက်သည်။ အရှင်ဇာဂရ ငါးဝါအရတွင် အရညကင်ဓူတင် ခလုပစ္ဆာဓူတင်တို့ကို အမြဲဆောင်တော်မူသည်။ ထို့ကြောင့် အရှင်ဇာဂရသည် တိစီဝရိတ်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင်၊ အရညကင်ဓူတင်၊ ခလုပစ္ဆာဓူတင်တို့ကို အမြဲဆောင်၍ ကြွင်းဓူတင်(၉)ပါးတို့ကို ရံခါရံခါဆောင်ခြင်းဖြင့် ဓူတင်တေရသဆောင် ရဟန်းတော်ဟူသော ဂုဏ်ကို ရရှိတော်မူသည်။ အရှင်ဇာဂရ ၅-ဝါရပြီးနောက် ၁၂၁၈-ခုနှစ်တွင် ရှမ်းကလေးကျွန်းဆရာတော် အရှင်နန္ဒကို အမှူးထားပြီး ရေစကြိုမြို့ ဂူဖြူတောရဆရာတော် လောင်းလျာ အရှင်မေဓာတို့နှင့် တွဲဘက်၍ ရှမ်းကလေးကျွန်း တိုက်သစ် တည်ထောင်ကာ သာသနာတော်သန့်ရှင်းပြန့်ပွားထွန်းကားအောင် ဆောင်ရွက်တော်မူသည်။ ၁၂၁၁-ခုနှစ်တွင် စစ်ကိုင်းမြို့အနောက်ဘက် မန်းကျည်းစဉ်ရွာ တောရကျောင်း ဂိုဏ်းအုပ် သိမ်ဖြူဆရာတော်ကြီးအထံ၌ သီတင်းသုံး၍ စာသင်သားသံဃာ ၅၀-ပါးတို့ကို စာပေပို့ချ သီတင်းသုံးတော်မူပြီး ၁၂၁၃-ခုနှစ်တွင် ရွှေဘိုတောင်လက် ခေါတောရွာအနောက်ဘက် ရှမ်းကလေးကျွန်းဆရာတော်ဘုရား သီတင်းသုံးတော်မူသည့် ကောင်းပင်ကုန်းတောရ၌ သီတင်းသုံးတော်မူသည်။ ၁၂၁၄-ခုနှစ် တပေါင်းလဆန်း ၁၁-ရက်နေ့တွင် မင်းတုန်းမင်းသား သီရိမဟာသီဟသူရ ဓမ္မရာဇာသည် အလိုတော်ပြည့်၍ အမရပူရ ပဉ္စမနန်းစံအဖြစ်သို့ ရောက်သည်။ ၁၂၁၇-ခုနှစ်တွင် ရှိမ်းမကားရွာမြောက်ဘက် အဘယဂီရိတောင်ဝှမ်း၌ ခေမာသီဝ အဘယဂီရိ တောရကျောင်းတိုက်အတွင်း၌ သိမ်သမုတ်တော်မူသည်၊ သိမ်တော်၏အမည်ကို ဒကာဖြစ်သော အင်္ဂါနေ့ဖွား မင်းတုန်းမင်းတရား၏ ဆရာဖြစ်သော အင်္ဂါသားရဟန်းတော်က အင်္ဂါနေ့၌ သမုတ်အပ်သည်ဖြစ်သောကြောင့် အက္ခရာ ၉-လုံးဖြင့် ဇိနောရသ သာဓုပါမောဇ္ဇ-သိမ်တော်ဟု သမုတ်ခေါ်ဝေါ်တော်မူသည်၊ အင်, ကြင်း, ခက်, ကျိုင်း, ရွှေကျင်ဂိုဏ်း ၁၂၂၂-ခုနှစ် ဝါဆိုလပြည့် ( ၂-၇-၁၈၆၀ ) တနင်္လာနေ့ ဤရက်စွဲကို သူတောင်ကောင်း ဗုဒ္ဓဘာသာဝင် မှန်သမျှတို့သည် နှစ်လိုအားရ မှတ်သားထားကြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤနှစ် ဤလ ဤရက်၌ ဗုဒ္ဓ၏သာသနာ့သမိုင်းတွင် ရွှေကျင်ဂိုဏ်းဟူသော ဝိနယနိဝါသ သဒ္ဓမ္မပဇ္ဇောတ သံဃာ့နိကာယကြီး စတင် ပေါ်ထွန်းလာခဲ့သောကြောင့်ဖြစ်သည်။ ရွှေကျင်ဆရာတော်၏ ရုပ်ပုံတော်မှာ မပိန်လွန်း မဝလွန်း အရပ်တော်မြင့်မြင့် ထောင်ထောင် မောင်းမောင်း ရှိတော်မူသည်။ ဦးခေါင်းတော်ပြေပြစ်၍ ဖွံ့ဖြိုးသည်။ နဖူးတော်ကျယ်သည်။ နားတော်ကြီး၍ နှာတံပေါ်သည်။ အသံတော်မှာ အသံဝါဖြစ်၍ ခံ့ညားသာယာသည်။ ဩဇာရှိသောအသံမျိုးဖြစ်သည်။ အသားတော်မှာ အသားလတ်ဖြစ်သည်။ ဝတ်သောသင်္ကန်းတော်မှာ ပိန္နဲဆိုး အဝါရင့်ရောင် တိစီဝရိတ်ဓူတင် အမြဲဆောင်ထား၍ ဤသင်္ကန်းများဖြင့် အမြဲဖူးတွေ့ရသည်။ သင်္ကန်းတော်နွမ်းလှမှ လှူသူရှိလျှင် လဲလှယ်ဝတ်ရုံတော်မူသည်။ သို့သော် အရောင်အသွေးမှာ အဝါရင့် အရောင်မှိန်မှိန်သာဖြစ်သည်။ ဝတ်ပုံမှာ သင်းပိုင်ကို ဒူးအောက် လက်ရှစ်သစ်ခန့်၊ ဧကသီကို ဒူးအောက် လက်လေးသစ်ခန့်ချ၍ အမြဲတမ်း သေသေသပ်သပ် ဝတ်ရုံ သီတင်းသုံးတော်မူသည်။ နံနက်ပိုင်း ညဉ့်သီတင်းသုံးရာ တောရကျောင်းကလေးမှ ပြန်ကြွလာသောအခါ၌၎င်း၊ ညဉ့်အခါ ညဉ့်စာဝါချပို့အပြီး တောရကျောင်းကလေးသို့ ကြွသွားသောအခါ၌၎င်း၊ အရောင်တူ နှစ်ထပ်သင်္ကန်း ခပ်နွမ်းနွမ်းကို ပခုံးပေါ်တင်ပြီး ကြွလာသည်၊ ကြွသွားသည်တို့ကို ဖူးတွေ့ရသည်၊ အလွန်ဣန္ဒြေရှိသော အမူအရာတော်ရှိသည်။ ဆရာတော်သည် နေ့အခါ အထက်ဂူနှင့် ၎င်းဂူအနီးဆောက်လုပ်အပ်သော အထက်စင်္ကြန်ကျောင်း၌သာ သီတင်းသုံးသည်။ တနေ့သ၌ မင်းတုန်းမင်းတရားကြီးသည် အမတ်တစ်ယောက်ကို စေလွှတ်၍ ရွှေကျင်ဆရာတော်ဘုရားကြီးအား ဆွမ်းအလှူခံကြွတော်မူရန် နန်းတော်သို့ပင့်စေသည်၊ အမတ်သည် ရွှေကျင်တိုက်သို့သွား၍ ရွှေကျင်ဆရာတော်ဘုရားကြီးထံမှောက် ရောက်ကာလ ရွှေကျင်ဆရာတော် ဘုရားကြီး သင်္ကန်းရုံတော်မူနေသည်ကို တွေ့မြင်ရ၏။ ဒကာတော် ရေမြေ့ရှင်က နန်းတော်သို့ ကြွရောက် ဆွမ်းအလှူခံတော်မူရန် ပင့်လျှောက်ပါကြောင်း လျှောက်ထားသည်၊ ဆရာတော်ဘုရားကြီးသည် မည်သို့မျှ ပြန်၍ အမိန့်မရှိဘဲ သင်္ကန်းရုံပြီးက သပိတ်ကိုလွယ်တော်မူ၍ ကျောင်းပေါ်မှ သက်ဆင်းကြွသွားတော်မူသဖြင့် အမတ်သည် နောက်မှလိုက်၍ အခြေအနေကိုကြည့်ရာ မန္တလေးတောင်ခြေ၏မြောက် အဘိုးအို အမယ်အိုတို့ တဲသို့ ဆွမ်းခံကြွ၍ ဆွမ်းစားသည်ကို သိရလေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီး ကိုလည်း နန်းတော်သို့ကြွရန် ထပ်မံမပင့်ဝံ့၊ မင်းတရားကြီးကိုလည်း မတင်ဝံ့နှင့် အချိန်ကြာမြင့်မှ နန်းတော်သို့ရောက်၍ မင်းတရားကြီးက ရွှေကျင်ဆရာတော် ကြွလာပြီလားဟု မေးမြန်းမှ မြင်ခဲ့သည့်အတိုင်း တင်လျှောက်ရာ မင်းတရားကြီးသည် ဝမ်းသာအားရ ရှိလှ၍ ငါကဲ့သို့မင်း ရှိသေး၏လောဟုဆို၍ လက်ပန်းပေါက်ခတ်သည်ဟူ၏။ အကြောင်းမူကား ရှင်ဘုရင်ကပင့်လျက် ဘုရင့်မျက်နှာကို မကြည့်၊ ဦးစွာပင့်ထားသော သူဆင်းရဲအဘိုးအိုတို့တဲသို့သာ တရားအားလျှော်စွာ ကြွသွားတော်မူခြင်းဖြင့် ယထာဓမ္မသာသနာကိုသာ သတ္တိရှိရှိ ကြည့်တော်မူသောဂုဏ်နှင့် ပြည့်စုံတော် မူသော ရဟန်းကောင်းရဟန်းမြတ်ကို အားထားကိုးကွယ်ရသော သာသနာ့ဒါယကာအနေဖြင့် ဝမ်းမြောက်သောကြောင့် ဖြစ်ပေသည်။ ရွှေကျင်ဆရာတော် (မြန်မာ ၁၁၈၄-၁၂၅၅) ရွှေကျင်ဆရာတော်သည် ရွှေဘိုမြို့တောင်ဘက်ခရီးခြောက် တိုင်ကွာ လှတောကြီး ငါးရွာအဝင် ရွှေကျင်ရွာ၌ သက္ကရာဇ် ၁၁၈၄ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့ ညဉ့်သုံးချက်တီး ကျော် ၁၃ ရက် အင်္ဂါနေ့အဝင်တွင် ဖွားမြင်တော်မူသည်။ မိဘများမှာ ဦးမောင် ဒေါ်မယ်မိတို့ ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်သန့်ဖြစ်သည်။ ခုနစ်နှစ်သား အရွယ် ရောက် သောအခါ ထိုရွာ မဟာဗောဓိကျောင်းဆရာတော် ဦးဝရဗုဒ္ဓိထံ၌ ဖိမများက အပ်နှံသဖြင့် သူငယ်များဆိုင်ရာစာများကို သင်ကြား ခဲ့ရသည်။ အသက် ဆယ့်လေးနှစ်အရွယ်တွင် ရှင်သာမဏေအဖြစ် သို့ ရောက်သည်။ အသက်ဆဲ့ငါးနှစ်အရွယ်တွင် ရွှေဘိုမြို့ ဝင်္ကပါ ကျောင်းဆရာတော်ထံ၌ စာပေသင်ကြားတော်မူ၍ ထိုမှတစ်ဖန် ဆဲ့ရှစ်နှစ်အရွယ်တွင် အကျင့်သိက္ခာအရာ၌ လွန်စွာကျော်စော တော်မူလှသည့် သီးလုံးသိက္ခာတော် အရှင်စန္ဒိမာလင်္ကာရထံသို့ ရောက်ရှိကာ စာပေပရိယတ္တိနှင့်တကွ ပဋိပတ္တိနည်းနာများကိုပါ နည်းခံသင်ကြားတော်မူသည်။ အသက်နှစ်ဆယ်ပြည့်သောအခါ ဇာတိရပ်ရွာ ငယ်ဆရာ ရင်း ဦးဝရဗုဒ္ဓိထံ၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ ဦးဇာဂရ ဖြစ်သည်။ ရဟန်းအဖြစ်သို့ ရောက်တော် မူပြီးနောက် အမရပူရ ရာဇဌာနီ မင်းနေပြည်မှ စ၍ အမြို့မြို့ အရွာရွာ၌ ဆရာပေါင်း နှစ်ဆယ်ကျော်ထံ နည်းခံသင်ကြား၍ ပိဋကတ်ကျမ်းဂန်တို့၌ နိုင်နင်းကျွမ်းကျင်တော်မူသဖြင့် ခုနစ်ဝါ ရှစ်ဝါရသောအခါ မန်ကျည်းစဉ်ရွာ၊ ခေါတောရွာ၊ ရှိမ်းမကား ရွာတို့၌ သီတင်းသုံးကာ စာချပုဂ္ဂိုလ်အဖြစ်ဖြင့် စာပေပို့ချ တော်မူသည်။ ရွှေကျင်ဆရာတော်ကား ပါဠိပိဋကတ် ကျမ်းဂန် များသာမဟုတ်၊ ဗင်္ဂါလီ နာဂရီ သက္ကဋ စာပေကျမ်းဂန်များ ကိုပါ တတ်မြောက်တော်မူသည်။ စာပေပို့ချ၍ ခြောက်နှစ်မျှ အကြာ သိက္ခာတော် ဆဲ့လေးဝါအရတွင် မင်းတုန်းမင်းတရား ကြီး၏ တောင်းပန်လျှောက်ထားချက်အရ ရွှေဘိုမြို့ မြောက် ဘက် မြင်းနယ်တစ်ပြင်၌ သာသနာတော်သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်မူသည်။ မင်းတုန်းမင်းတရားကြီးသည် မင်းအဖြစ်သို့ မရောက်မီ သက္ကရာဇ် ၁၂၁၄ ခုနှစ် ပြာသိုလတွင် ရွှေဘိုမြို့သို့ ရောက်ရှိစဉ် ရွှေကျင်ဆရာတော်ကို အခိုက်အတံ့ တွေ့ဆုံဖူးမြင်ရကာမျှဖြင့် ဆရာတော်၏ အနေအထိုင် အကျင့်သိက္ခာနှင် သဒ္ဓါပညာ စွမ်းပကားကို ထင်ရှားစွာ သိလိုက်သဖြင့် နှစ်ခြိုက်အားရ မြတ်နိုးကြည်ညို တော်မူလှသဖြင့် မင်းအဖြစ်သို့ရောက်လျှင် သာသနာတော် သန့်ရှင်းစည်ပင်ရေးကို အားပေးရွက်ဆောင် တော်မူပါရန် တောင်းပန်လျှောက်ထားခဲ့ဖူးလေသည်။ ယင်း စကားအတိုင်းပင် ရွှေဘိုမြို့ မြောက်ဘက် မြင်းနယ်တစ်ပြင်၌ သာသနာတော် သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်တော်မူရန် တောင်းပန်လျှောက်ထားခြင်း ဖြစ်သည်။ ရွှေကျင်ဆရာတော်သည် ဝါတော် ၁၉ ဝါအရ သက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး၏ ပင့်လျှောက်ချက် အရ ရတနာပုံ မန္တလေးနေပြည်တော်သို့ ကြွရောက်တော်မူလေ သည်။ မင်းတုန်းမင်းကြီးသည် ရွှေကျင်ဆရာတော် ကြွရောက် လာသောအခါ ဝမ်းမြောက်ခြင်း ပြင်းစွာဖြင့် နိုင်ငံတော်အတွင်း ရှိ ထောင်ပေါင်းများစွာသော ရဟန်းသံဃာတို့ အလယ်တွင် အထူးသဖြင့် ရွှေကျင်ဆရာတော်ဘုရားကို မြတ်နိုးတော်မူသည်။ အလေးအမြတ်ပြုတော်မူသည်။ မန္တလေးမြို့ မြောက်မျက်နှာ မန္တလေးတောင်ခြေ၌ ကျောင်းတိုက်ကြီး ငါးတိုက် ဆောက်ပြီး လျှင် ရွှေကျင်ဆရာတော်ကို အထူး ကိုးကွယ်တော်မူသည်။ ကျောင်းတိုက်ကြီး ငါးတိုက်ကား မဟာဓမ္မိကာရာမတိုက်၊ ထရံကာတိုက်၊ ရမည်းသင်းတိုက်၊ မင်းခင်းတိုက်၊ မြတောင် တိုက်တို့ ဖြစ်သည်။ ယင်းတို့ကို ရွှေကျင်ငါးတိုက်ဟုလည်း ခေါ်သည်။ ရွှေကျင်ဆရာတော်သည် ဘွဲ့အမည်အားဖြင့် မကျော်စောဘဲ ဇာတိရပ်ရွာအမည်အားဖြင့် ရွှေကျင်ဆရာတော် ဟူ၍သာ ကျော် စော ထင်ရှားတော်မည်။ အနေအထိုင် အကျင့်သိက္ခာအရာ၌ လွန်စွာထူးခြားလှသဖြင့် ရွှေကျင်ဆရာတော်၏ ဂုဏ်သတင်းမှာ မြို့တွင်းမြို့ပြင်ပတ်ဝန်းကျင်အရပ်တို့၌ အထူးသဖြင့် ကျော်ကြား လျက်ရှိသည်ဖြစ်သောကြောင့် သီတင်းသုံးရာ ကျောင်းတိုက် အမည်သည်ပင်လျှင် ရွှေကျင်တိုက်ဟူ၍ တွင်လေသည်။ ရွှေကျင်ဆရာတော်ဘုရား၏ သီလသမာဓိပညာသဒ္ဓါတရား ထက်သန်မှု၌ အကြွင်းမဲ့ကြည်ညိုရင်းရှိသော မင်းတုန်းမင်း တရားကြီးသည် ရွှေကျင်ကျောင်းတိုက်ရှိ သံဃာတော်များအား အရုဏ်ဆွမ်း နေ့ဆွမ်းနှင့်တကွ ပစ္စည်းလေးပါးတို့ကို ပြည့်စုံ လုံလောက်စွာ ထောက်ပံ့လှူဒါန်းတော်မူသည်။ အခါတစ်ပါးတွင် သုဓမ္မာဝင် ဆရာတော်များ အမိန့်ဖြင့် ရွှေကျင်ဆရာတော်ကို သုဓမ္မာသို့ ကြွရန် ဆင့်ဆိုရာ ရွှေကျင် ဆရာတော်က မကြွဘဲ နေလေသည်။ ထိုနောက် အကြိမ်ကြိမ် ဆင့်ဆိုသော်လည်း မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းဆွဲခေါ်ရန် စီမံကြလေသည်။ ထိုအကြောင်းကို မင်းတုန်း မင်းကြီးကြားသိ၍ တားဆီးလျှောက်ထားသဖြင့် ပျက်သွားလေ သည်။ ထိုအရေးအခင်း ဖြစ်ပြီးနောက် ရွှေကျင်ဆရာ တော်အား ဂဏဝိမုတ်(ဂိုဏ်းမှ အလွတ်ပုဂ္ဂိုလ်) အမိန့်တော် ထုတ်လေ သည်။ ထိုအခါမှစ၍ ရွှေကျင်ဆရာတော်နှင့်တကွ သဘောတူ သံဃာတစ်စုမှာ သုဓမ္မာသဘင်မှ အသီးအခြား ဖြစ်လေသည်။ ထိုသံဃာတစ်စု၌ လည်း ရွှေကျင်ဆရာတော်က ပြဋ္ဌာန်းသော ကြောင့် ယင်းသံဃာတစ်စုကို ရွှေကျင်ဂိုဏ်းဟု ခေါ်ဝေါ်ကြ လေသည်။ ရွှေကျင်ဆရာတော်သည် ဝါတော်နှစ်ဆယ့်ခြောက်ဝါအရ သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ်တွင် သာသနာ့ဒါယကာ မင်းတုန်း မင်းတရားကြီး၏ လျှောက်ထားတောင်းပန်ချက်အရ အလုံမြို့၊ ဒီပဲရင်းမြို့၊ တလုပ်မြို့၊ ရွှေဘိုမြို့၊ ကလေး၊ ရာဇဂြိုဟ် စသော မြို့နယ်များ၌ ဂိုဏ်းချုပ် ဂိုဏ်းအုပ် ဂိုဏ်းထောက်များထား၍ သာသနာပြုတော်မူရလေသည်။ ရွှေကျင်ဆရာတော်ဘုရား၏ သီလ သမာဓိ ပညာ အကျင့် သိက္ခာဂုဏ်တို့ကြောင့် တပည့်ရဟန်းသံဃာများ တိုးပွားများပြား လာသည်နှင့်အမျှ ကြည်ညိုသော ဒါယကာများလည်း တိုးတက် များပြားလာသည်ဖြစ်ရာ ၁၂၃၃ ခုနှစ် တပေါင်းလဆန်း ၁ဝ ရက်နေ့တွင် ဝိသုဒ္ဓါရာမကျောင်းတိုက်ကြီးကို အလှူခံတော် မူရလေသည်။ ရွှေကျင်ဆရာတော်သည် ဓမ္မိကာရာမရွှေကျင် ငါးတိုက်နှင့်တကွ ဝိသုဒ္ဓါရာမ စသည့် တစ်ဆယ့်နှစ်ရပ်သော ကျောင်းတိုက်ကြီးတို့၌ တပည့်စာချပုဂ္ဂိုလ်အများကို လွှဲအပ် ဆောက်နှင်းလျက် သာသနာတော် သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်တော်မူသည်။ ထိုအခါ မင်းတုန်းမင်းတရားကြီးက ဇာဂရာဘိဓဇ သဒ္ဓမ္မဝံသ အတုလဓိပတိ မဟာဓမ္မရာဇာဓိ ရာဇဂုရုတံဆိပ်တော် လှူဒါန်းဆက်ကပ်တော်မူသည်ကို ခံတော်မမူဘဲ ပယ်ရှောင်လွှဲ၍ ရောင့်ရဲတော်မူသည်။ ရွှေကျင်ဆရာတော်ဘုရားကြီးသည် နှစ်ပေါင်းများစွာ သာသနာတော် သန့်ရှင်းစည်ပင်မှုကို ဂရုကတ ဥဿာဟမယုတ် အားထုတ်ရွက်ဆောင်တော်မူပြီးလျှင် ပင်ကိုအားဖြင့် နိက္ခမ ဓာတ်ခံ စိတ်သန်တော်မူရင်း ရှိသည်နှင့် သက်တော် ၅၃ နှစ် သိက္ခာတော် ၃၃ ဝါ ရှိသောအခါ ၁၂၃၇ ခုနှစ်တွင် ရတနာပုံ မန္တလေးမြို့ ဓမ္မိကာရာမရွှေကျင်တိုက်မှ ဖဲခွာ၍ ကိန္နရာတောင်၊ ရေတံခွန်တောင်၊ ငစဉ့်ကိုင်တောရ၊ ကုက္ကိုချောင်တောရတို့၌ ထိုက်သည်အားလျော်စွာ ဝိပဿနာတရားကို ပွားများတော်မူ လျက် သီတင်းသုံးတော်မူသည်။ ရွှေကျင်ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၈ ခုနှစ်တွင် မြတ်စွာဘုရား၏ စွယ်တော်မြတ်ကို ဖူးမြော်ရန် သီဟိုဠ်သို့ ကြွရာ မလွန်မြို့၊ မင်းလှရွာသို့ ရောက်လျှင် ထိုရွာ နေ ရှင်လူရဟန်းတို့က အခါအခွင့် မသင့်လျော်သေးပါကြောင်း လျှောက်ထားတောင်းပန်ကြသဖြင့် မင်းလှရွာ နွားလှန်တောင် တောရကျောင်းတွင် ဝါဆို သီတင်းသုံးပြီးလျှင် ၁၂၃၉ ခုနှစ် တပေါင်းလသို့ ရောက်သောအခါ သာသနာ့ဒါယကာ ပဉ္စမသင်္ဂါ ယနာတင် ဘုရင်မင်းမြတ်ကို ခတ္တိယေဝါဒကျမ်းစာဖြင့် ဩဝါဒ ပေးခဲ့၍ သီဟိုဠ်ကျွန်းသို့ ကြွတော်မူသည်။ ဆရာတော်ဘုရားကြီးသည် မြတ်စွာဘုရား၏ စွယ်တော် မြတ်ကို ပူဇော်ခြင်း၊ သီဟိုဠ်ကျွန်းသူကျွန်းသား၊ လူရှင်အများ တို့ကို တရားဓမ္မ ဩဝါဒပေးခြင်း၊ ယင်းဩဝါဒစကားများ ရှည်ကြာစွာ တည်စေခြင်းငှာ လင်္ကာ သာသနဝိသုဒ္ဓိကထာ ကျမ်းကို ပါဠိဘာသာဖြင့် ရေးသားပေးထားခဲ့ခြင်း၊ သီဟိုဠ် ရဟန်းတို့ကို ရဟန်းထပ်ခံပေးခြင်း စသည်ဖြင့် သာသနာရေး ကိစ္စများကို ဆောင်ရွက်တော်မူပြီးလျှင် သက္ကရာဇ် ၁၂၄ဝ ပြည့် နှစ်အတွင်း သီတင်းဝါလကျွတ်သောအခါ မြန်မာနိုင်ငံသို့ ပြန် လည်ကြွရောက်၍ မင်းလှရွာ၌ပင် ဝါကပ်သီတင်းသုံးတော် မူသည်။ ရွှေကျင်ဆရာတော်ဘုရားကြီးသည် မင်းလှရွာ၌ သီတင်း သုံး နေတော်မူစဉ် သက္ကရာဇ် ၁၂၄၃ ခုနှစ်တွင် ရတနာပုံ မန္တလေးနေပြည်တော် ဒုတိယနန်းစံသားတော် သီပေါမင်းက ပင့်လျှောက်သဖြင့် မန္တလေး နေပြည်တော်သို့ ကြွရောက်တော် မူပြီးလျှင် သက္ကရာဇ် ၁၂၄၄ ခုနှစ် တပေါင်းလတွင် သီပေါမင်း က ဇာဂရာဘိဓဇ သာသနပါလ ဓမ္မသေနာပတိ မဟာဓမ္မ ရာဇာဓိရာဇဂုရုတံဆိပ်တော် လှူဒါန်းဆက်ကပ်၍ သာသနာပြု အပ်နှင်း တော်မူသဖြင့် သာသနာပြုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်တော်မူလေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီးသည် သီလ သမာဓိ ပညာဂုဏ်နှင့် ပြည့်စုံတော်မူသည့်အပြင် အထူး သဖြင့် သဒ္ဓါဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူသောကြောင့် သာသနာတော် သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်တော်မူရာ၌ အထူး အောင်မြင်တော်မူလေသည်။ ဆရာတော်ဘုရားကြီး၏ သဒ္ဓါ ဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူရာ၌ အထူး အောင်မြင်တော်မူလေသည်။ ဆရာတော်ဘုရားကြီး၏ သဒ္ဓါ ဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူသောကြောင့်ပင် မြန်မာ ပြည်သာသနာ၌ ရွှေကျင်ဂိုဏ်းဟု သံဃာ့ဂိုဏ်းကြီးတစ်ဂိုဏ်း သီးခြားပေါ်လာခြင်း ဖြစ်ပေသည်။ ယခုအခါ၌ (၁၃၂၄ ခု) မြန်မာနိုင်ငံတွင် ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း ၁၃၅၇ ကျောင်းရှိ၍ ဂိုဏ်းဝင်သံဃာပေါင်း တစ်သောင်းကျော်မျှ ရှိနေ လေသည်။ ယင်းသို့ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက် တော်မူပြီးလျှင် သက်တော် ၆၄ နှစ် ဝါတော် ၄၄ ဝါ ရသော အခါ နေပြည်တော် ဓမ္မိကာရာမ ရွှေကျင်တိုက်မှ ဖဲခွာ၍ ဧရာဝတီမြစ် အနောက်ဘက် မင်းကွန်းငွေတောင်တောရသို့ ကြွ ရောက် ဝါကပ်တော်မူသည်။ ရှေကျင်ဆရာတော်ဘုရားကြီးသည် မြန်မာနိုင်ငံ သာသနာ တော်၌ ရွှေကျင်ဂိုဏ်းဟူသောအမည်ဖြင့် သံဃာဂိုဏ်းကြီးတစ်ခု ပေါ်ပေါက်လာရသည့်တိုင်အောင် သာသနာတော် သန့်ရှင်းစည် ပင်ရေးကို အားသွန်ခွန် စိုက် ကြိုးပမ်းရွက်ဆောင်တော်မူရင်း ကပင် နောင်လာနောက်သား တပည့်တပန်းများအတွက် ကျမ်း ပေါင်း များစွာကိုလည်း ပြုစုတော်မူခဲ့လေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သည့်ကျမ်းများ ကို အောက်ပါအတိုင်း ဖြစ်သည်။ ၁။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဒီပနီကျမ်း၊ ၂။ ကေဝဓောဝါဒ၊ ၃။ ခတ္တိယောဝါဒ၊ ၄။ ဂဏဘေဒ ဒီပနီ၊ ၅။ ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း၊ ၆။ ဒသဓမ္မာလင်္ကာရ အဋ္ဌကထာ၊ ၇။ ဒါရုက္ခန္ဓသုတ် နိဿယ၊ ၈။ ဓမ္မောသဓဒီပနီ၊ ၉။ နေတ္တိလီနတ္ထသင်္ဂဟ၊ ၁ဝ။ နေတ္တိဟာရတ္ထဝိဘာဝနီ၊ ၁၁။ နိဿယင်္ဂဝိနိစ္ဆယ၊ ၁၂။ ပဋိစ္စသမုပ္ပါဒ ဒီပနီ၊ ၁၃။ ဗောဇ္ဈင်္ဂ ဝိနိစ္ဆယ၊ ၁၄။ မာသိဿကောဝါဒ၊ ၁၅။ ယွာဋီကာ၊ ၁၆။ ရူပဘေဒ ဝိဘာဝနီ၊ ၁၇။ လင်္ကာ သာသနဝိသုဒ္ဓိကထာ၊ ၁၈။ ဝိစိတြဝန္ဒနာဘုရားရှိခိုး၊ ၁၉။ ဝိနယဂရု ဒီပနီ၊ ၂ဝ။ ဝိနယမဓု၊ ၂၁။ ဝဉ္စနာဒီပနီ၊ ၂၂။ သမာသ်ဂဏ္ဌိ၊ ၂၃။ သီမာ သင်္ကရဝိနိစ္ဆယ၊ ၂၄။ သီမာ ဝိသောဓနီ၊ ၂၅။ သာသန ဝိဝသာဓနီ၊ ၂၆။ သီဟဠောဝါဒ၊ ၂၇။ သန္ဒေသကထာ၊ ၂၈။ ဥပဒေသကထာ၊ ၂၉။ ဩဝါဒါလင်္ကာရ ဓမ္မကထာ၊ ၃ဝ။ အဋ္ဌိက ကမ္မဋ္ဌာန်း ရွှေကျင်ဆရာတော်ဘုရားကြီးသည် တပည့်ရဟန်းတို့အား စာပေပို့ချခြင်း၊ မိမိဩဝါဒခံ ဂိုဏ်းသံဃာအားလုံးကို စည်းကမ်း သေဝပ်အောင် အုပ်ချုပ်ထိန်းသိမ်း ကွပ်ကဲဆုံးမ ဩဝါဒပေး ခြင်း၊ တောရဆောက်တည်ခြင်း စသည်ဖြင့် မြန်မာပြည် သာ သနာတွင် စံပြပုဂ္ဂိုလ်ကြီးတစ်ဆူအဖြစ်ဖြင့် နှစ်ပေါင်းများစွာ သာသနာတော် သန့်ရှင်းစည်ပင်ရေးကို ဆောင်ရွက်တော်မူပြီး လျှင် သက်တော် ၇၂ နှစ်၊ ဝါတော် ၅၂ ဝါ၊ သက္ကရာဇ် ၁၂၅၅ ခုနှစ် တပေါင်းလပြည့်ကျော် ၇ ရက်နေ့တွင် မင်းကွန်းငွေ တောင် တောရ၌ ပျံလွန်တော်မူလေသည်။ (ဤ ရွှေကျင်ဆရာတော် အတ္ထုပ္ပတ္တိအကျဉ်းကို ရေးသား ရာ၌ အောက်ပါစာအုပ်များကို ကြည့်ရှုလေ့လာ တိုက်ဆိုင်ရေး သားပါသည်။ ၁။ ၁၂၅၃ ခုနှစ် ရွှေကျင်ဆရာတော်ကြီးရှိစဉ် မောင်း ထောင် ဆရာတော်ရေးသည့် ရွှေကျင်ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိစာတမ်း။ ၂။ ဝိသုဒ္ဓါရုံဥုးကောသလ္လ ရေးသည့် ဝိသုဒ္ဓါရုံ ထေရုပ္ပတ္တိကထာ။ ၃။ အရှင်သီရိဓမ္မနှင့် လယ်တီ ပဏ္ဍိတတို့ ရေးသည့် မဟာဝိသုဒ္ဓါရာမိက ထေရုပ္ပတ္တိ ဒီပနီ။ ၄။ ဝိသုဒ္ဓါရုံဆရာတော် ရေးသည့် ပရမတ္ထသရူပဘေဒနီ နိဂုံး။ ၅။ သုသောဓိတ မဟာရာဇဝင် ဆဋ္ဌမတွဲ။ ၆။ ဦးအာလောက ရေးသည့် သာသနာဝင်ကျမ်း။ ၇။ အရှင်ပဏ္ဍိတရေးသည့် ရွှေ ဟင်္သာတောရသမိုင်း။ ၈။ ဦးဘသန်းရေးသည့် ရွှေကျင်သာသနာ နှစ်တစ်ရာ။) စာကိုး ဗုဒ္ဓဘာသာရဟန်းများ ရွှေကျင်သာသနာပိုင်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ဉာဏတိလောက၊ အရှင်
အရှင်ဉာဏတိလောက ဂီတဆရာဘဝမှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းခဲ့သော ဂျာမန် ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ ၁၉၀၃-ခုတွင် မြန်မာနိုင်ငံသို့ ထူးခြားသော ဂျာမန်လူမျိုးတစ်ဦး ရောက်ရှိလာသည်၊ သူသည် အသက် ၂၅-နှစ် အရွယ်ခန့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူရောက်လာသည်မှာ နိုင်ငံရေးအတွက်လဲ မဟုတ်၊ စီးပွားရေးအတွက်လဲ မဟုတ်၊ ပညာရေးအတွက်လဲ မဟုတ်၊ အုပ်ချုပ်ရေးအတွက်လဲ မဟုတ်၊ ခရစ်ယာန်သာသနာပြုရေးအတွက်လဲ မဟုတ်၊ ဗုဒ္ဓဘာသာရဟန်းအဖြစ် ခံယူရန်အတွက် ထူးထူးခြားခြား ရောက်ရှိလာခြင်း ဖြစ်ပေသည်။ သူသည် ရှေးဦးစွာ သာမဏေအဖြစ် ခံယူသည်၊ ထို့နောက် တနှစ်အကြာတွင် ရဟန်းအဖြစ် ခံယူသည်၊ သူ၏ ဘွဲ့အမည်မှာ အရှင်ဉာဏတိလောက-ဖြစ်သည်၊ ဂျာမန်လူမျိုးများထဲမှ ပထမဦးဆုံး ဗုဒ္ဓဘာသာရဟန်းအဖြစ် စွန့်စားခံယူသူပင်တည်း၊ ထိုစဉ်က သူ၏ ပစ္စည်းလေးပါး ဒါယကာမှာ မင်းကြီးကတော် ဒေါ်မြမေပင် ဖြစ်ပေသည်။ အရှင်ဉာဏတိလောက၏ လူအမည်မှာ အန်ထွန်ဝေါ်လတာဖလော်ရု(စ်)ဂူးအက် ( Anton Walter Florus Gueth ) ဖြစ်သည်။ သူ့ကို ၁၈၇၈-ခုတွင် ဂျာမဏီနိုင်ငံ ဝိစ်ဘန်ဒင်မြို့၌ ဖွားမြင်သည်၊ သူ၏ဖခင်သည် ထိုမြို့ရှိ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဖြစ်လေသည်။ အန်ထွန်ဂူးအက်သည် အရွယ်ရောက်သောအခါ ရှေးဦးစွာ အထက်တန်းကျောင်း၌ ပညာဆည်းပူးသည်၊ ထို့နောက် ဂီတပညာကို ဝါသနာပါသဖြင့် လေ့လာဆည်းပူးသည်၊ သူသည် ဂီတပညာကို ဖရင့်ဖတ်မြို့ ဂီတသိပ္ပံမှ ပါမောက္ခ အိုင်ဝမ်နော်-ထံတွင်လည်း ဆည်းပူးသည်၊ ပဲရစ်မြို့ ဂီတသိပ္ပံမှ နာမည်ကျော် ဂီတပညာရှင် ချားလ်(စ်)မာရီ ဝိဒေါ်-ထံတွင်လည်း ဆည်းပူးသည်၊ သူသည် တေးသီချင်းဖွဲ့ဆိုခြင်း အတတ်ပညာနှင့် တယောထိုးအတတ်ပညာတို့ကို အထူးကျွမ်းကျင်တတ်မြောက်ခဲ့သည်။ အန်ထွန်ဂူးအက်-သည် ပညာစုံသောအခါ တယောဆရာ ဂီတပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြု၍ နေထိုင်ရာ အထူးကျော်ကြားအောင်မြင်ခဲ့သည်။ သူသည် ဂီတပညာကို လေ့လာဆည်းပူးစဉ်ကပင် ဒဿနိကဗေဒပညာကို စိတ်ပါဝင်စားခဲသည်၊ထိုပကြောင့် အားလပ်ချိန်များတွင် ဒဿနိကဗေဒဆိုင်ရာ စာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာခဲ့သည်၊ တယောဆရာ ဖြစ်လာသောအချိန်တွင်ကား ဒဿနိကဗေဒဆိုင်ရာ စာအုပ်များကို ပိုမိုဖတ်ရှုလေ့လာခဲ့သည်၊ ဤတွင် သူသည် ဗုဒ္ဓတရားတော်များကို ဖတ်ရှုမိကာ စတင်စိတ်ဝင်စားလာခဲ့သည်။ တနေ့သ၌ သူသည် ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားရာမှ လေ့လာလိုက်စားလိုသောစိတ် ဖြစ်ပေါ်လာသည်၊ သို့ဖြင့် သူသည် သီဟိုဠ်နိုင်ငံ ( သီရိလင်္ကာ ) သို့ တကိုယ်တည်း ထွက်လာခဲ့သည်၊ ထိုနိုင်ငံ၌ ဗုဒ္ဓတရားတော်ကို၎င်း၊ ပါဠိနှင့်သက္ကတဘာသာတို့ကို၎င်း ကျနစွာ လေ့လာဆည်းပူးသည်၊ ထို့နောက် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်လေသည်။ အန်ထွန်ဂူးအက်သည် ဗုဒ္ဓဘာသာဝင်အဖြစ်ကို ခံယူပြီးနောက် လောကီချမ်းသာ ကြီးပွားတိုးတက်မှု အဝ၀ကို စွန့်လွှတ်လိုက်သည်၊ မြန်မာနိုင်ငံသို့ လာရောက်၍ ရဟန်းပြု နေထိုင်လေသည်။ သူသည် မြန်မာနိုင်ငံ၌ သီတင်းသုံးနေထိုင်စဉ် ပါဠိဘာသာနှင့် ဗုဒ္ဓစာပေတို့ကို ထပ်မံလေ့လာ ဆည်းပူးသည်၊ ထိုစဉ်က သူသည် နှဲကြိုးဆရာတော်နှင့် အလွန်ခင်မင်ရင်းနှီးခဲ့သည်၊ နှဲကြိုးဆရာတော်ကား ဓမ္မကထိကအများ လက်စွဲပြုရသော ဝဋ္ဋဘေဒနီကျမ်းကို ရေးသားခဲ့သူ ဖြစ်ပေသည်။ စာကိုး ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%89%E1%80%AC%E1%80%8F%E1%80%90%E1%80%AD%E1%80%9C%E1%80%B1%E1%80%AC%E1%80%80%E1%81%8A%20%E1%80%A1%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
ပုဂံမြို့ဟောင်း
တမ္မဒီပ(ခေါ်)ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များအတွက် ကြည်ညိုဖွယ်ရာ နာမည်ကျော်စေတီပုထိုးများကြောင့် သော်လည်းကောင်း ပြည်တွင်းခရီးသွားများနှင့် ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။ တည်နေရာ မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင်၉၀အကွာတွင်တည်ရှိသည်။ သမိုင်းကြောင်း ပျူမြို့ပြနိုင်ငံများခေတ်ကုန်ဆုံးပြီးနောက် ကျောက်ဆည်နယ်မှတစ်ဆင့် ယပ်တောင်ပုံဖြန့်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ နှင့်မွန် တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟူသော် စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။ ပုဂံနိုင်ငံတော် အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ်(အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား ၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။ ယဉ်ကျေးမှု ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍လက်တွေ့ကျသည့်၊တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီသည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။ ပုဂံနိဂုံး အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက္ခ၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။ ယှဉ်တွဲ ဖတ်ရှုရန် ပုဂံ ပုဂံခေတ် ပုဂံမင်း ပုဂံမြို့သစ် ပုဂံခေတ်ကဗျာ ပုဂံမင်းဆက် ပုပ္ပါးတောင် မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ မန္တလေးတိုင်းဒေသကြီးရှိ မြို့များ မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ ပုဂံခေတ် ပုဂံ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%82%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ပုဂံမြို့သစ်
ယှဉ်တွဲ ဖတ်ရှုရန် ပုဂံမြို့ဟောင်း ယနေ့ပုဂံ ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်းပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် “ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ” အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားပါသည်။ ဆက်သွယ်ရေး ရာသီဥတု ပူပြင်းခြောက်သွေ့သည့် ကန္တာရရာသီဥတုမျိုးဖြစ်သည်။ ထင်ရှားသည့် ပုဂံဘုရားပုထိုးများ ပုဂံရှိ ဟိုတယ်များ အထင်ကရ နေရာများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များမန္တလေးတိုင်းဒေသကြီးရှိ မြို့များ ပုဂံ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%82%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%9E%E1%80%85%E1%80%BA
လူထုဦးလှ
လူထုဦးလှ (၁၉၁၀–၁၉၈၂)ကို ပဲခူးတိုင်း ညောင်လေးပင် မြို့နယ် ပုစွန်မြောင်း ရွာတွင် အဖ ကုန်သည် ဦးပု၊ အမိ ဒေါ်ခိုင် တို့မှ ၁၉၁၀ ခု ဇန်နဝါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၇:၄၅ နာရီတွင် မွေးဖွားသည်။ မွေးချင်း သုံးယောက်တွင် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်လှ ဖြစ်သည်။ ပုစွန်မြောင်းရွာ ဆရာ ဦးဖေခိုင် ကျောင်းတွင် ၄ တန်းအထိ ပညာ သင်ယူ ခဲ့သည်။ ၁၉၂၆ တွင် ညောင်လေးပင်မြို့ အာစီအမ် (ရိုမန်ကက်သလစ် သာသနာပြု) ကျောင်းမှ ခုနစ်တန်း အောင်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းမှ ၁၀ တန်း အောင်ခဲ့သည်။ ဆယ်တန်း အောင်ပြီးနောက် စာရင်းကိုင် စာရေး သင်တန်း တက်ခဲ့သည်။ ထိုသို့တက်နေရင်း မှာပင် လူငယ်များ ကြီးပွားရေး အသင်း သတင်းများကို သတင်းစာ များသို့ ပေးပို့ ခဲ့သည်။ ၁၉၃၁ တွင် ဘောလုံးသမား တဦး အဖြစ် မြူနီစီပယ်တွင် ရာပြတ် အင်စပက်တော် ဝင်လုပ် ခဲ့သည်။ တပြိုင်တည်း မှာပင် လူငယ်များ ကြီးပွားရေး အသင်းတိုက် စာကြည့်တိုက်မှူး၊ လူငယ်များ ကြီးပွားရေး အသင်း ညကျောင်း ဆရာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၂ တွင် "ကြီးပွားရေး မဂ္ဂဇင်း" ထုတ်ဝေသည့် အခါ စာ စရေး ခဲ့သည်။ ၁၉၃၃ တွင် "ကြီးပွားရေး လမ်းညွှန် မဂ္ဂဇင်း" ထုတ်ဝေသည့် အခါတွင် "ကြီးပွားရေး မဂ္ဂဇင်း" ကို မန္တလေးသို့ ပြောင်းရွှေ့ ထုတ်ဝေ ခဲ့သည်။ စစ်အတွင်း၌ မဂ္ဂဇင်း ရပ်ဆိုင်း ထားပြီး ကိုယ်ပိုင် စာအုပ်များ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ထိုကာလ အထိ 'ကြီးပွားရေး မောင်လှ'၊ 'ကြီးပွားရေး အယ်ဒီတာ မောင်လှ' ကလောင် အမည်များကို အသုံးပြု ခဲ့သည်။ လူထု ဂျာနယ် ၁၅ ရက် တကြိမ်ထုတ်ကို ၁၉၄၅ တွင် လည်းကောင်း၊ လူထု သတင်းစာကို ၁၉ ဧပြီ ၁၉၄၆ တွင် လည်းကောင်း စတင် ထုတ်ဝေသော အခါ "လူထုဦးလှ" ကလောင် အမည် တွင်လာ ခဲ့သည်။ ၁၉၅၁ - ၅၂ တွင် လူထု ဂျာနယ်နှင့် သတင်းစာကို ပူးတွဲ ထုတ်ဝေ ခဲ့သည်။ ထိုအခါမှ စ၍ သတင်းစာ ဂျာနယ် လုပ်ငန်းကို ဇောက်ချ လုပ်ကိုင် ခဲ့သည်မှာ ၇ ဇူလိုင် ၁၉၆၇ တွင် လူထု သတင်းစာ ရပ်ဆိုင်း သွားခဲ့သည် အထိပင် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် လုံးချင်း စာအုပ်များ ကိုသာ ဆက်တိုက် ရေးထုတ် ခဲ့သည်။ စာပေနှင့် လူထု လူတန်းစား အဖွဲ့အစည်း များတွင် ပါဝင် ခဲ့သည်။ စာရေးဆရာ အသင်း အမှုဆောင် (၁၉၃၇) မန္တလေး အာဇာနည် ၁၇ ဦး ဈာပနသို့ စာရေးဆရာ အသင်း ကိုယ်စားလှယ် (၁၉၃၈) ၊ ဂျပန်ခေတ် စာရေးဆရာ အသင်း အဝေးရောက် အမှုဆောင်၊ အာရှ လူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ (၁၉၄၃)၊ အထက် မြန်မာနိုင်ငံ ဖဆပလ အဖွဲ့ ဝါဒ ဖြန့်ချိရေးမှူး (၁၉၄၅)၊ အထက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ (၁၉၄၇)၊ ဗထူး အားကစားကွင်း ဒုတိယ ဥက္ကဋ္ဌ (၁၉၅၀) တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ဂျပန်ခေတ် အာရှလူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ လုပ်ခဲ့ သောကြောင့် ၁၉၄၅ တွင် ဗြိတိသျှ နယ်ချဲ့၏ အဖမ်းဆီး ခံရခြင်း အပါအဝင်၊ ဖဆပလခေတ်၊ မဆလ ခေတ်တို့၌ ၅ ကြိမ်တိတိ ဖမ်းဆီး ခံခဲ့ ရသည်။ သတင်းစာနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ် ၁၉၅၂ တွင် ဆိုဗီယက်၊ တရုတ်၊ ချက်၊ အရှေ့ဂျာမနီ၊ ၁၉၅၇ တွင် သီရိလင်္ကာ၊ ၁၉၆၀ တွင် အင်္ဂလန်၊ ပြင်သစ်နှင့် အနောက် ဂျာမနီ၊ ဂျပန်၊ ၁၉၆၂ တွင် အင်ဒိုနီးရှားနိုင်ငံ များသို့ သွားရောက်ခဲ့သည်။ ရရှိခဲ့သော ဆုများ ထောင်နှင့် လူသား ဖြင့် ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆု၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ ဖြင့် ၁၉၅၈ ခုနှစ် ယူနက်စကို စီးပွားရေး လူမှုရေး ဆိုင်ရာဆု၊ ရခိုင် ကျေးလက် ပုံပြင်များ ဖြင့် ၁၉၆၃ ခုနှစ် စာပေဗိမာန် အနုပညာ စာပေဆုတွင် ကလေး သူငယ် ဆိုင်ရာ စာပေ ဒုတိယဆုများ ရရှိ ခဲ့သည်။ ထင်ရှားသော စာပေလက်ရာများ သတင်းစာ ဆရာ၊ စာရေးဆရာ ဖြစ်သည်နှင့် လျော်ညီစွာပင် စာမျိုးစုံ ရေးသား ခဲ့သည်။ ဆိုဗီယက် ရုရှား (၁၉၃၈)၊ ထိပ်ဆုံးသို့ (၁၉၄၀)၊ ရွှံ့နှင့် စစ်သား (၁၉၄၂)၊ ပန်းနှင့် စစ်သား (၁၉၄၂) စသည့် ဘာသာပြန် စာအုပ်များ၊ လေနှင့် အတူ (၁၉၅၇)၊ ထောင်နှင့် လူသား (၁၉၅၇)၊ လှောင်ချိုင့်ထဲမှ ငှက်ငယ်များ (၁၉၅၈)၊ အားလုံး ကောင်းကြရဲ့လား (၁၉၅၉)၊ စစ်၊ အချစ်နှင့် ထောင် (၁၉၆၀)၊ စစ်ပြီးစက ထောင်တံခါး (၁၉၆၈) စသည့် ထောင် အတွေ့အကြုံ စာအုပ်များ၊ ၁၉၆၂ ခုနှစ်မှ စ၍ ထုတ်သည့် ကရင်ပုံပြင်များ (၁၉၆၂ - ၆၆)၊ ရခိုင် ကျေးလက် ပုံပြင်များ (၁၉၆၃ - ၆၈)၊ မွန် ပုံပြင်များ (၁၉၆၄ - ၆၈)၊ မြန်မာ ပုံပြင်များ (၁၉၆၅ - ၆၈)၊ လီဆူး ပုံပြင်များ (၁၉၆၈)၊ ရဝမ် ပုံပြင်များ (၁၉၇၀)၊ လိုင်းနောင် နာဂ ပုံပြင်များ (၁၉၇၁) စသည့် တိုင်းရင်းသား ပုံပြင် စာအုပ်များ၊ ဂျပန်ပြည် တခေါက် (၁၉၆၂)၊ အင်ဒိုနီးရှား အနောက်မှ အရှေ့သို့ (၁၉၆၃)၊ နာဂ တောင်တန်း တစေ့တစောင်း (၁၉၆၇) ခရီးသွား စာအုပ်များ၊ သတင်းစာများသည် သမိုင်းကို ပြောနေကြသည် (၁၉၆၃)၊ သတင်းစာများ ပြောပြတဲ့ စစ်တွင်း မြန်မာပြည် [လေးတွဲ] (၁၉၆၈)၊ သတင်းစာများ ပြောပြတဲ့ စစ်ပြီးစ မြန်မာပြည် [ပထမတွဲ] (၁၉၆၉) စသည့် သမိုင်းနှင့် သတင်းစာ မှတ်တမ်း စာအုပ်များ၊ ကျွန်တော် ဗြူရိုကရက် (၁၉၇၀)၊ ကျွန်တော် စတီးပွဲစား (၁၉၇၀)၊ ကျွန်တော် သတင်းထောက် (၁၉၇၁)၊ ကျွန်တော် မြင်းသမား (၁၉၇၂) စသည့် "ကျွန်တော်......" စာအုပ် များမှာ ထင်ရှားသည်။ ကွယ်လွန်ခြင်း ၁၉၈၂ ခု ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈:၁၅ နာရီတွင် မန္တလေးမြို့၌ ကွယ်လွန် ခဲ့သည်။ ဓာတ်ပုံများ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A6%E1%80%B8%E1%80%9C%E1%80%BE
ခင်မျိုးချစ်
ခင်မျိုးချစ် (၁ မေ ၁၉၁၅–၂ ဇန်နဝါရီ ၁၉၉၉) သည် မြန်မာအမျိုးသမီး စာရေးဆရာ၊ သတင်းထောက်၊ အယ်ဒီတာတစ်ဦးဖြစ်ခဲ့ပြီး သုတ၊ ရသ စာပေများကို မြန်မာဘာသာဖြင့်သာမက အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားပြုစုခဲ့သူတစ်ဦးဖြစ်သည်။ ကိုလိုနီခေတ် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများတွင်ပါဝင်လှုပ်ရှားခဲ့ကာ ၁၉၃၂ မှစ၍ စာပေလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဆာ ဝေါလ်တာစကော့တ်၏ ကဗျာတစ်ပုဒ်ကို ဘာသာပြန်၍ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းသို့ပို့ရာမှ "ခင်မျိုးချစ်" အမည်တွင်ခဲ့သည်။ မြန်မာအမျိုးသမီးစာရေးဆရာများထဲမှ ခေတ်ဦးတွင် ပေါ်ပေါက်ခဲ့သောသူတစ်ဦး၊ အင်္ဂလိပ်စကားကို အသုံးပြု၍ ရေးသားနိုင်သော ခေတ်ဦးစာရေးဆရာများထဲက တစ်ဦးဖြစ်သည့်အပြင် ထင်ရှားသောအမျိုးသမီးဝါဒီ စာရေးဆရာမတစ်ဦးလည်းဖြစ်၏ ။ ငယ်စဉ်က စိတ်ကူးယဉ်တတ်သူ၊ ယောက်ျားလေးဆန်စွာ နေထိုင်ခဲ့သူ၊ စာအုပ်စင်မှ စာအုပ်များကို အငမ်းမရ ဖတ်တတ်သူဖြစ်ပြီး အရွယ်ရောက်လာသောအခါ တော်လှန်တတ်သောသူတစ်ဦးဖြစ်လာခဲ့သည်။ မိဘများက ထိုခေတ်က မိန်းကလေးတစ်ဦးအနေဖြင့် စာရေးခြင်းကို မနှစ်မြို့သည့်ကြားကပင် စာများစွာရေးသားခဲ့သူဖြစ်သည်။ လက်ဝဲဝါဒများကြောင့် ဘာသာတရားအပေါ် သံသယများခဲ့သော်လည်း နောက်ပိုင်း၌ ဗုဒ္ဓဘာသာအပေါ် ပြန်လည်ကိုးစားခဲ့သူလည်းဖြစ်လေသည်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၊ ဂါးဒီယန်အင်္ဂလိပ်သတင်းစာတို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့၍ ခင်ပွန်းဖြစ်သူ ဦးခင်မောင်လတ်နှင့်အတူ အင်္ဂလိပ်စာသင်တန်းများလည်း ပို့ချခဲ့သည်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ နိုင်ငံရေးစာပေ စသည်များကိုလည်း အမြောက်အမြားရေးသားခဲ့သည်။ ကိုလိုနီခေတ်က လွတ်လပ်ရေးတိုက်ပွဲ၊ နောက်ပိုင်းခေတ်၌ အာဏာရှင်ဆန့်ကျင်မှုနှင့် ဒီမိုကရေစီအရေးအတွက်လည်း လှုပ်ရှားခဲ့သူဖြစ်သည်။ ငယ်စဉ်ဘဝ ဒေါ်ခင်မျိုးချစ်ကို စစ်ကိုင်းမြို့၌ ရာဇဝတ်ဝန်ထောက် ဦးတော်နှင့် ဒေါ်သန်းတင် တို့က ၁၉၁၅ ခု မေ ၁ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးယောက်ရှိရာ မောင်သုံးယောက်နှင့် ညီမတစ်ယောက်ဖြစ်ပြီး ဒေါ်ခင်မျိုးချစ်သည် အကြီးဆုံး ဖြစ်၍ အမည်ရင်းမှာ မခင်မြ ဖြစ်သည်။ အမေဖက်က အဖိုးအဖွားများသည် စစ်ကိုင်းတွင်နေထိုင်ကြ၍ အဖေဖက်က အဖိုးသည် ကျောက်စာရုံးစာရေးကြီးဦးဖေ ဖြစ်ကာ မန္တလေးမြို့တွင် နေထိုင်သည်။ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ကာ ပုံပြင်များ၊ ဒဏ္ဍာရီများကို စိတ်ပါဝင်စားသည်။ ပုံပြင်ပြောတတ်ခြင်းအလေ့အကျင့်ကိုလည်း အဖိုးအဖွားများထံမှ အမွေရရှိသည်ဟု ဆိုနိုင်သည်။ မိခင်ဖက်က အဖိုးအဖွားများက ဇာတက၊ ဥစ္စာစောင့်ပုံပြင်များနှင့် အခြားပုံပြင်ဇာတ်လမ်းများကို ပြောပြလေ့ရှိရာ စိတ်ဝင်တစားနားထောင်တတ်သည်။ ဖခင်ဖက်က အဖိုးဖြစ်သူသည် နန်းတွင်းပညာရှိ၊ ကဗျာဆရာ၊ ကျောက်စာရုံးစာရေးကြီး တစ်ဦးဖြစ်၍ ခင်မျိုးချစ်၏ နှလုံးသားထဲသို့ မြန်မာ့ရေးရာ၊ မြန်မာ့သမိုင်းများကို ချစ်ခင်တတ်လာစေရန် သွတ်သွင်းပေးသူတစ်ဦး ဖြစ်သည့်အပြင် အသက်ဆယ်နှစ်အရွယ်မှစတင်ကာ ပုဂံဘက်သို့ အဖိုးဖြစ်သူ ရှေးဟောင်းသုတေသနကိစ္စများဖြင့် သွားရောက်ရာတွင် အဖော်လိုက်ပါလျှက် အဖိုးဖြစ်သူ၏ အနော်ရထာစသော ပုဂံခေတ်၏ သူရဲကောင်းများ၊ ဘုရင်များကို ဖွဲ့နွဲ့အသက်သွင်းပြောဆိုမှုများကြောင့် ထိုရာဇဝင်လာ ဇာတ်ကောင်များနှင့် ငယ်စဉ်ကတည်းကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ပုဂံကို ချစ်မြတ်နိုးစိတ်များ ဝင်ခဲ့သည်။ နောင်ကာလ Anawrahta of Burma ဝတ္ထုကို ရေးသားရာတွင် ထိုစိတ်များ၏ စေ့ဆော်မှုများဟု ယူဆနိုင်ပေသည်။ စာအုပ်များနှင့်ရင်းနှီးခြင်း စာကောင်းစွာ ဖတ်နိုင်လောက်သည့် ဒုတိယတန်းတွင် မိသားစုစာအုပ်စင်မှ ရွှေရောင်စက္ကူစွန်းများ (gilt-edge) ဖြင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များ၊ ဓမ္မပဒဝတ္ထုများကို ဖတ်ရှုခဲ့သည်။ ကလေးပီပီ ပုံပြင်ဇာတ်လမ်းများကို နှစ်သက်၍ ဖတ်ခဲ့သည်ဟု စာအုပ်တစ်အုပ်တွင် ကိုယ်တိုင် ရေးသားထားသည်။ သတ္တမတန်းမရောက်မီ အိမ်ရှိ စာအုပ်စဉ်မှ ဦးပုည၏ ပြဇာတ်များ၊ ဝတ္ထုများ၊ လှိုင်ထိပ်ခေါင်တင်၏ ဣန္ဒာဝံသ၊ ဝိဇယကာရီ ဇာတ်တော်များကို ဖတ်ရှုခဲ့သည်။ သို့သော် ထိုစဉ်က အနက်အဓိပ္ပာယ်များကို လုံးစေ့ပတ်စေ့ မသိရှိသော်လည်း ဦးပုညရေးသားသော စာများကို ရွတ်ဆိုရန်ကောင်းပြီး လှိုင်ထိပ်ခေါင်တင်၏ ဇာတ်စကားများမှ ကာရန်၊ အလင်္ကာများကိုလည်း ရွတ်ဆိုရန် သဘောတွေ့ခဲ့သည်ဟု ဆိုသည်။ အိမ်ရှိ စာအုပ်စင်များသာမက ကျောင်းစာအုပ်စင်များနှင့်လည်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။ အညာရှိ အမျိုးသားကျောင်းများတွင် ငယ်စဉ် ပညာဆည်းပူးရသောအခါ အင်္ဂလိပ်ကဗျာများကို နှုတ်တိုက်ရွတ်ဆိုရသည်ကို နှစ်သက်ခဲ့၏။ ပဉ္စမတန်း၌ ကျောင်းရှိ စာအုပ်စင်ကို ကောင်းစွာအသုံးချနိုင်ခဲ့လေသည်။ ထိုစင်ပေါ်ရှိ Bright Story Readers များမှ စနိုးဝိုက်၊ စင်ဒရဲလား အစရှိသောပုံပြင်များကို အင်္ဂလိပ်လို ကောင်းစွာဖတ်ရှုနိုင်ပြီး သတ္တမတန်း အရောက်၌ Lamb's Tales from Shakespeare ကဲ့သို့သော ရှိတ်စပီးယားပြဇာတ်များကို စကားပြေပုံစံဖြင့် ရေးသားသော စာများကို ဖတ်ရှုနိုင်ခဲ့သည်။ အခြေခံပညာရေး ​သူမကို မွေးဖွားစဉ် ခေတ်အခြေအနေမှာ မိန်းကလေးများကို ကျောင်းသို့လွှတ်၍ ပညာဆည်းပူးစေခြင်းမရှိခဲ့သော အနေအထားဖြစ်သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို မသိမ်းပိုက်မီကလည်း အသက် ၆-၇ နှစ်အရွယ်ရှိ ယောက်ျားလေးများကို ရွာဦးကျောင်း (သို့) နီးရာ ဘုန်းတော်ကြီးကျောင်းများသို့ ပို့၍ မိဘများက ပညာသင်စေသော်လည်း မိန်းကလေးအများစုမှာ အိမ်တွင်သာနေ၍ မိဘကူ၊ အိမ်အလုပ်များကိုသာ လုပ်ကိုင်စေသည်။ ရှားရှားပါးပါးအနေဖြင့် အချို့သော မိန်းကလေးများကို ဘုန်းတော်ကြီးကျောင်းမဟုတ်သော လူများတည်ထောင်သည့် ကျောင်းများသို့ လွှတ်၍ ပညာသင်စေခြင်းမျိုးရှိသော်လည်း မြို့တိုင်း၊ ရွာတိုင်း၌ ထိုသို့ကျောင်းမျိုး မရှိပေ။ ဗြိတိသျှတို့ သိမ်းပိုက်အပြီး ပညာရေး ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ထိထိရောက်ရောက် အောင်မြင်ခြင်းမရှိသကဲ့သို့ အမျိုးသား၊ အမျိုးသမီး စာတတ်နှုန်းသည်လည်း ယခင်ကဲ့သို့ ကွာဟလျှက်ပင်ရှိသည်။ ထိုသို့သောအခြေနေများကြား၌ပင် ခင်မျိုးချစ်သည် ကျောင်းပညာရေးကို ရယူခဲ့ပြီး ယောက်ျားလေးများသာ အများစုရှိသောကျောင်းမျိုး၌ တက်ရောက်ရသည်။ ငယ်စဉ်ကတည်းက ယောက်ျားလေးဆန်စွာ နေတတ်ထိုင်တတ်ခဲ့၍ ကျောင်းရှိ ယောက်ျားလေးများထက်သာစေရန် ခက်ခက်ခဲခဲအားထုတ်ခဲ့သည်။ မူလတန်းကို အင်္ဂပူအမျိုးသားကျောင်း (Ingapore National School) မှ အောင်မြင်ခဲ့၏။ ငယ်စဉ်ကတည်းက အမျိုးသားကျောင်းများတွင်သာ တက်ရောက်ခဲ့ရကာ အမျိုးသားကျောင်းများသည် ပုံမှန်အားဖြင့် မပြည့်စုံ၊ ဆရာအင်အားမလုံလောက်ပေ။ ဆရာများမှာ သပိတ်မှောက်ကျောင်းသားများဖြစ်ကြရာ ပညာတစ်ပိုင်းတစ်စဖြင့် အနစ်နာခံ၍ သင်ပေးနေသောသူများဖြစ်ကြ၏။ ဆရာမလုံလောက်သဖြင့် အိန္ဒိယမှ ဘီအေ၊ ဘီအက်စ် ဘွဲ့ရများကို ခေါ်ယူခန့်ထားကြရာ ထိုအိန္ဒိယဆရာများမှာ မြန်မာစကားမတတ်ပေ။ ခင်မျိုးချစ်တို့ကဲ့သို့သော ကျောင်းသား၊ ကျောင်းသူများမှာလည်း အင်္ဂလိပ်စကား မပြောတတ်သောကြောင့် ကြောက်ကြောက်နှင့်ပင် ဆရာမေးလျှင် ဖြေနိုင်စေရန် စာများအလွတ်ကျက်ထားခဲ့ရသည်။ ဤအတွေ့အကြုံကိုပင် ဒေါ်ခင်မျိုးချစ်က နောင်ကာလ ဟိုက်စကူး၊ တက္ကသိုလ်များတက်သောအခါ အထောက်အကူများစွာရသည်ဟု ဆိုသည်။ သတ္တမတန်းကို ၁၉၂၉ တွင် သရက်မြို့ အစိုးရ အထက်တန်း ကျောင်းမှ အောင်မြင်ခဲ့သည်။ အဋ္ဌမတန်း၌ မြန်မာစာအတွက် မစ္စတာ မောင်မှိုင်း၏ ဒေါင်းဋီကာ ဖြစ်၍ ဒေါ်ခင်မျိုးချစ်က ဆရာကြီး၏ လေးချိုးများသည် အလွန်တရာ ရွတ်ဆိုရန်ကောင်းကာ အရသာတွေ့လှသည်ဟူ၍ ဝန်ခံပြောကြားခဲ့သည်။ ထိုမှတဆင့် အခြားမြန်မာစာအုပ်များကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ အင်္ဂလိပ်စာအတွက် အမျိုးသားပညာရေးကောင်စီ (Council of National Education) က ပြဋ္ဌာန်းသော စာများမှာ Tales of Troy၊ Danesbury of House, Gray's Elegy တို့ဖြစ်၍ ထိုစာများသင်ရသည်ကို လွန်စွာပျော်ရွှင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထရွိုင်မြို့ ပုံပြင်ဇာတ်လမ်းများကို အကြောင်းခံကာ အခြားစာအုပ်များကိုလည်း တိုးချဲ့ဖတ်ရှုခဲ့သည်။ ဤသို့ဖြင့် တဆင့်တက်ကာ တက်ကာဖြင့် အင်္ဂလိပ်၊ မြန်မာ သမိုင်းရာဇဝင်စာအုပ်များ၊ ရှိတ်စပီးယားပြဇာတ်မူရင်းများ၊ ကဗျာများ စသည်တို့ကို ဖတ်ရှုလေ့လာခဲ့သည်။ ၁၉၃၂ တွင် မိတ္ထီလာမြို့ရှိ အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာရေး ဆယ်တန်းအောင်ပြီးနောက် တက္ကသိုလ်တက်ရန်ဖြစ်သည်။ မူလ ငယ်စဉ်က ရည်မှန်းချက်မှာ ဆရာဝန်ဖြစ်ရန်ဟု စိတ်ကူးခဲ့သော်လည်း မိဘများမှာ ရှေးရိုးဆန်သဖြင့် ထိုအကြောင်းအရာကို ခါးခါးသီးသီး ငြင်းဆန်ကန့်ကွက်ခဲ့ဖူးသည်။ သို့သော် အင်္ဂလိပ်စာပေအပေါ် မြတ်နိုးစိတ်ဖြင့် ရန်ကုန်တက္ကသိုလ် တက်ရောက်ရန် ပြင်ဆင်ခဲ့သည်။ ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းဖြစ်သော ဝသန္တစာစောင်တွင် ဆာ ဝေါလ်တာစကော့တ်၏ ကဗျာ "The Lay of the Last Minstrel" ကို ဘာသာပြန်၍ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းသို့ပို့ရာ၌ ကလောင်နာမည်ကို ရှက်ရွံ့၍ မပေးဘဲနေရာမှ မဂ္ဂဇင်းတည်းဖြတ်သူ ဒေါ်သန်းရင်က ခင်မျိုးချစ် အမည်တပ်ပေးခဲ့သည့်အတွက် ထိုမှစ၍ ခင်မျိုးချစ် အမည်တွင်ခဲ့ကာ စာပေလောကသို့ စတင်အခြေချခဲ့သည်။ ထို့နောက် ဒဂုန်မဂ္ဂဇင်းတွင် စတင်စာများရေးသားခဲ့သည်။ သို့သော် ဖခင်နှင့် မိခင်တို့၏ ထိုသို့သော (ထက်မြက်သည့်) မိန်းကလေးတစ်ဦးဖြစ်ရန် မလိုလား မနှစ်သက်မှုများက သူမအတွက် ကြီးစွာအနှောက်အယှက်ဖြစ်ခဲ့သည်။ မိခင်ကဆူပူသည်။ ဖခင်က စာရေးပါက စာရွက်များ မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သည်။ သို့ဖြစ်၍ အိမ်ရှိသူအားလုံး အိပ်ရာဝင်သောအခါမှ စာရေးခဲ့သည်။ သူမအဖို့ မမွေ့လျော်တော့သော အိမ်တွင်မနေလို၍ ရန်ကုန်သို့ ၁၉၃၃ တွင်ပြောင်းရွေ့ကာ အဖိုးဖြစ်သူ၏ အကူအညီဖြင့် တိုးတက်ရေးမဂ္ဂဇင်း၌ အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားခဲ့သည်။ စာပေအပေါ်ထားသည့် ခံစားချက်၊ အရသာတို့သည်လည်း ရင့်ကျက်ခဲ့ပြီဖြစ်ကာ တက္ကသိုလ်တက်ရောက်စဉ် မြန်မာ့နိုင်ငံရေးရာများကိုလည်း စိတ်ပါဝင်စားခဲ့၏။ တက္ကသိုလ်သို့ တစ်နှစ်တက်ရောက်ပြီးနောက် အခြေအနေများကြောင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် ထွက်ခဲ့သည်။ နိုင်ငံရေး လှုပ်ရှားမှု ထိုစဉ်ကာလများ၌ သခင်ဘွဲ့ခံကြသော သခင်နု၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသော လူငယ်နိုင်ငံရေးသမားများနှင့်လည်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ၁၉၃၈ တွင်ဖြစ်ပွားခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံ၌ ပါဝင်တက်ကြွ လှုပ်ရှားခဲ့သည်။ ခင်မျိုးချစ်သည် အမျိုးသမီးတပ်ဦး၏ ဒုတိယခေါင်းဆောင်အနေဖြင့် ပါဝင်ခဲ့၍ လှုပ်ရှားခဲ့၏။ ၁၉၃၈ ဒီဇင်ဘာ ၂၀ ၌ ဖြစ်ပွားခဲ့သော အတွေ့အကြုံကို ဒေါ်ခင်မျိုးချစ်၏ The 13 Carat Diamond and Other Stories (၁၃ ရတီ စိန်ပွင့်ကြီးနှင့် အခြားဇာတ်လမ်းများ) စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။ ကိုယ်နဲ့ အခြားမိန်းကလေးသုံးယောက်တို့က ဖြစ်ချင်ပေတော့ အစောင့်တွေရှေ့ တန်းရောက်နေမိရက်သား ဖြစ်နေတာ။ နံပါတ်တုတ်ကိုင် ပုလိပ်တွေ၊ အချို့မြင်းစီးပုလိပ်တွေနဲ့ ရင်ဆိုင်တွေ့လေတော့ ကိုယ်တို့မှာ ကြက်သေသေနဲ့ အကြောက်သား။ ဒါနဲ့ပဲ ရုတ်တရက် ရုပ်ရှင်ပိတ်ကားထဲကလို မြင်းခြေထောက်တွေ၊ နံပါတ်တုတ်တွေနဲ့ ရှုတ်ရှက်ခတ်သွားတာပေါ့။ မိန်းကလေးတွေ သွေးအိုင်တွေထဲမှာ လဲသွားတာတွေ့လိုက်ရတော့ သူတို့ကို ထူဖို့ ကြိုးစားနေရင်း တုတ်ချက်တွေလည်း ကိုယ့်အပေါ်ကျလာတော့တာပဲ။ ထိုနေ့၏ အဖြစ်အပျက်များ၌ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်အောင်ကျော်လည်း အရိုက်ခံခဲ့ရ၍ ဒီဇင်ဘာ ၂၂ တွင် ကွယ်လွန်ခဲ့၏။ အဆိုပါ နေ့မှ အဖြစ်အပျက်များမှတ်တမ်းများကို မြန်မာသတင်းစာများမှ ရေးသားခဲ့ကြသည်။ ကျောင်းသားများအား ရိုက်နှက်နေသော ဓာတ်ပုံများကို ပုလိပ်အဖွဲ့က လိုက်လံသိမ်းဆည်းခဲ့ရာ ဂျာနယ်ကျော် ဦးချစ်မောင်က ကောင်းစွာသိမ်းထားနိုင်ခဲ့၍ ထိုမှတ်တမ်း၊ ဓာတ်ပုံများကို ကမ္ဘာကျော်စာရေးဆရာ ဗြိတိသျှသား အိပ်ချ် ဂျီ ဝဲလ် မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်ခင်မျိုးချစ်က ၎င်း၏လက်ထဲသို့ ထည့်ပေးခဲ့၍ ထိုနေ့၏ အဖြစ်ပျက်များကို ကျကျနန ရှင်းလင်းပြောဆိုခဲ့သည်။ ထိုအကြောင်းများကို အိပ်ချ် ဂျီ ဝဲလ်က "Trouble in Burma" အမည်ဖြင့် လန်ဒန်မြို့၌ ထုတ်ဝေသော News Chronicle သတင်းစာတွင် ရေးသားဖော်ပြခဲ့ကာ ၎င်း၏ ကလောင်စွမ်းကြောင့် ထိုစဉ်က မြန်မာနိုင်ငံအစိုးရ၏ ကျောင်းသားများအပေါ် ကိုင်တွယ်ပုံမှာ ကမ္ဘာကျော်သတင်းတစ်ပုဒ် ဖြစ်သွားသောကြောင့် ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားစေရန် ဖိအားပေးနိုင်ခဲ့သော ဆောင်းပါးလည်း ဖြစ်သည်။ ထို့နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများအတွက် ဒေသအသီးသီးသို့ သွားရောက်လှုံ့ဆော်ရန် အရွေးခံရ၍ ဦးနုနှင့်အတူ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်၍ လှုပ်ရှားလှုံ့ဆော်မှုများပြုခဲ့သည်။ ထို့နောက် ပဲခူးရှိ နေအိမ်၌ ရံဖန်ရံခါ နေထိုင်စဉ် ဦးခင်မောင်လတ်နှင့် တွေ့ဆုံသည်။ ဦးခင်မောင်လတ်သည်လည်း ထိုစဉ်က မိသားစုငွေရေးကြေးရေး အဆင်မပြေမှုကြောင့် ကောလိပ်မှ ထွက်ထားရသူဖြစ်ကာ နှစ်ဦးစလုံးမှာ အင်္ဂလိပ်စာပေကို ခုံမင်သူများ၊ စာအုပ်အကြိုက်များတူကြသောကြောင့် ရင်းနှီးကျွမ်းဝင်၍ ၁၉၃၉ အောက်တိုဘာတွင် အိမ်ထောင်ပြုခဲ့ကြသည်။ မင်္ဂလာပွဲသို့ သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို အစရှိသောသူများတက်ရောက်ခဲ့ကြသည်။ ၁၉၄၀ နှစ်ကာလများတွင် ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်ရုံး (BDA's War Office) တွင် ဘာသာပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်အတွင်း ရိုက်တာသတင်းဌာနကဲ့သို့သော သတင်းဌာနများ၏ သတင်းထုတ်ပြန်မှုများကို နားထောင်ခြင်း၊ လက်ခံခြင်းများပြု၍ ကင်ပေတိုင်များ၏ ဖမ်းဆီးမည့်အန္တရာယ်ကို စွန့်စားကာ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်း စသည့်သူများကို သတင်းများ ပေးပို့ခဲ့ရသည်။ စာနယ်ဇင်းလောက၌ ကျင်လည်ခြင်း စစ်ကြီးပြီးနောက် မဂ္ဂဇင်းများ၌ ဝတ္ထုတိုများ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့ကာ တိုးတက်ရေးနှင့် ဘာမားဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်နှင့် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ၁၉၃၇ တွင် လုပ်ကိုင်ခဲ့ကာ ၁၉၄၇ ၌ အိုးဝေသတင်းစာတွင် အယ်ဒီတာအဖြစ်လည်းကောင်း ၁၉၄၈ ၌ တိုင်းရင်းသူဂျာနယ်တွင် အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၉ မှ ၁၉၅၂ အတွင်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းတွင် အမှုထမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်တက်ရောက်၍ ဝိဇ္ဇာဘွဲ့ (BA) ကို ၁၉၅၂ တွင် ရရှိခဲ့သည်။ ၁၉၅၂-၁၉၅၃ တွင် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် နည်းပြအဖြစ် တစ်နှစ်တာ လုပ်ကိုင်ခဲ့၏။ ၁၉၅၂ မှစ၍ ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းသောနှစ် ၁၉၆၂ အထိ ဂါးဒီးယန်း အင်္ဂလိပ်သတင်းစာတွင် အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ယခင် နိုင်ငံရေးလှုပ်ရှားမှုအတွင်း သခင်ဘွဲ့ခံကြသော လူငယ်အများစု (အများစုမှာ ရဲဘော်သုံးကျိပ်) နှင့် ရင်းနှီးရာ၌ ဗိုလ်ချုပ်နေဝင်းသည်လည်း ရင်းနှီးသူတစ်ဦးပင်ဖြစ်သည်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ဦးနေဝင်း၏ ဖိတ်ကြားမှုဖြင့်ပင် လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်ဘာသာ) သတင်းစာကို အယ်ဒီတာအဖြစ် ခင်ပွန်းဖြစ်သူ ဦးခင်မောင်လတ်နှင့် တွဲ၍ လုပ်ကိုင်ခဲ့သည်။ ဤအလုပ်ကို လက်ခံရာ၌ အကျပ်တွေ့ အခက်ရိုက်သည့် အနေအထားဖြင့်ဖြစ်ခဲ့သည်။ အကြောင်းမှာ တစ်ဖက်တွင် ဗိုလ်ချုပ်နေဝင်းသည် တစ်ချိန်က ရဲဘော်ရဲဘက်၊ မိတ်ဟောင်းဆွေဟောင်း တစ်ဦးဖြစ်၍ လက်မခံလျှင်လည်းမကောင်းသော အနေအထား၊ တစ်ဖက်တွင်လည်း ဒေါ်ခင်မျိုးချစ်သည် အင်္ဂလိပ်၊ မြန်မာ စာပေများစွာကို ဖတ်ရှုကြီးပြင်းလာသည့် လူသားဗဟိုပြုဝါဒီ၊ တွေးခေါ်တတ်သူတစ်ဦးဖြစ်နေသောကြောင့် ရှင်ရကောင်းနိုး၊ သေရကောင်းနိုး (to be or not to be) ဆိုသည့် ပြဿနာကြုံတွေ့ခဲ့ရသည်ဟု နီလန်ဂျာနာ ဆန်းဂုပ္တ (Nilanjana Sengupta) က ရေးသားဖော်ပြခဲ့သည်။ အစိုးရထိန်းချုပ်လည်ပတ်သည့် သတင်းစာ၌ သူမ၏ စရိုက်အတိုင်း ပွင်းလင်းစွာရေးသားလျှင်လည်း မဖြစ်ပေ။ ထို့ကြောင့် ထိုစဉ်အတွင်း လမ်းကြောင်းပြောင်း၍ အခြားသော ဝတ္ထုတို၊ ဆောင်းပါးများစွာ ရေးသားခဲ့သည်။ သို့သော် သူမရေးသော အချို့သော စာများမှာ အစိုးရ သရော်စာဆန်သောကြောင့် ဗိုလ်ချုပ်နေဝင်း၏ အမျက်သင့်သည်။ ၁၉၆၈ ဩဂုတ်လတွင် ဗိုလ်ချုပ်နေဝင်းက ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်ကို ခေါ်ယူတွေ့ဆုံ၍ ၎င်းတို့သည် အသက်ရွယ်ကြီးပြီဖြစ်သဖြင့် အနားယူရန် ပြောကြားခဲ့သည်။ ထို့နောက်ပိုင်း ၁၉၇၁ ၌ မိသားစုတွက် 'ပျော်တော်ဆက်' ဟာသစာစောင် တွဲဖက်ထုတ်ဝေသူနှင့် တာဝန်ခံအယ်ဒီတာ၊ 'သောင်းပြောင်းထွေလာရယ်စရာ' စာစောင်တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ၁၉၈ဝ - ၈၅ နှစ်များ၌ တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ စာပေရေးသားခြင်းနှင့် စာအုပ်များ ငယ်စဉ်ကပင် အိမ်ရှိစာအုပ်စင်၊ ကျောင်းရှိစာအုပ်စင်များမှ စာပေများစွာကို ဖတ်ရှုခဲ့သည့်အပြင် အင်္ဂလိပ်၊ မြန်မာ ကဗျာ၊ လင်္ကာများကိုလည်း ရွတ်ဆိုရန် သဘောတွေ့သောကြောင့် အလွတ်ရွတ်ဆို အာဂုံဆောင်ခဲ့သည်များလည်း ရှိသည်။ ၁၉၃၂ ဆာ ဝေါလ်တာစကော့တ်၏ ကဗျာကို ဘာသာပြန်ရာမှ စာပေလောကထဲသို့ ဝင်ရောက်ခဲ့ပြီး မိဘများ၏ ပြစ်တင်ကြိမ်းမောင်းသည့်ကြားမှပင် စာများ ရေးသားခဲ့လေ၏။ ပထမဆုံးဝတ္ထုကို ဒဂုန်မဂ္ဂဇင်း၌ စတင်ရေးသားခဲ့သည်ဟု ဆိုသည်။ ထိုမူကြမ်းကို အယ်ဒီတာဖြစ်သူ ဒဂုန်ဦးလှဘေက ရှည်လွန်းသောကြောင့် ပြန်လည်ပြင်ဆင်ခိုင်းရာ ပြုပြင်ရေးသားပြီးနောက် မဂ္ဂဇင်းတိုက်သို့ ပြန်ပို့ခဲ့ပြီးမှ ထိုဝတ္ထုသည် မဂ္ဂဇင်းတွင် ပါဝင်လာခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် စာရေးဆရာ ဇဝန၏ ကောလိပ်ကျောင်းသား ဝတ္ထု စတင်လူကြိုက်များလာသောကြောင့် မိတ်ဆွေတစ်ဦးက ကောလိပ်ကျောင်းသူ ရေးပါရန် တိုက်တွန်းခဲ့သဖြင့် သူရိယသတင်းစာ၌ အခန်းဆက်ရေးသားခဲ့၍ ၁၉၃၆ တွင် လုံးချင်းဝတ္ထုတိုအဖြစ် ထုတ်ဝေခဲ့သည်။ ၁၉၄၀ ၌ နဂါးနီစာအုပ်အသင်းအတွက် စစ်နှောင်ကြိုး၊ စစ်သူလျှိုများ၊ လူ့မုန်တိုင်း၊ ဘုန်းမဲ့သခင် စသည်များ ဘာသာပြန် ရေးသားပေးခဲ့သည်။ ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်အပြီး ၁၉၄၅ တွင် Three Years Under the Japs (ဂျပန်တို့လက်အောက် သုံးနှစ်တာ) အမည်ယူ၍ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ကာ ယင်းစာအုပ်တွင် ဖက်ဆစ်ဂျပန်တို့၏ ရက်စက်မှုများ၊ အမူအကျင့်များ၊ ၎င်းတို့နှင့် ရင်ဆိုင်ရပုံ စသည်တို့ကို ရေးသားထားသည်။ ၁၉၄၆ တွင် ဟိုအရေးဒီအရေး၊ ၁၉၄၈ တွင် မောင်တို့ယောက်ျား၊ ၁၉၅၂ တွင် သတင်းစာလောက စာအုပ်များကို ရေးသားဖြန့်ချိခဲ့သည်။ The 13 Carat Diamond ဝတ္ထုတိုနှင့် အခြား ဆောင်းပါးစာပေများကို ဂါးဒီးယန်း အင်္ဂလိပ်မဂ္ဂဇင်းတွင် ၁၉၅၆ နှစ်များအတွင်းကရေးသားခဲ့၍ ထို The 13 Carat Diamond ဝတ္ထုကို ဘာသာစကားအချို့သို့ ပြန်ဆိုမှုများရှိသည်။ ၁၉၇၀ တွင်ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများမှ စာရေးဆရာများ၏ အင်္ဂလိပ်ဘာသာစကား ဝတ္ထုတိုပြိုင်ပွဲ၌ ဒေါ်ခင်မျိုးချစ်၏ Her Infinite Variety ("မူရာစုံလင် သူ့အသွင်" ဟု ဦးခင်မောင်လတ်က ဘာသာပြန်အမည်ပေး) သည် ပထမဆုရရှိခဲ့၍ ထိုဝတ္ထုတိုသည် မင်းသမီးရုပ်သေးရုပ်ကလေးတစ်ခုကို မိမိ၏ ချစ်သူကိုယ်စား ကိုယ်ပွားအနေဖြင့် နှစ်သက်စွာသိမ်းဆည်းထားသူ ရုပ်သေးဆရာ အဖိုးအိုတစ်ယောက်၏ အတိတ်ကို ပြန်လည်တူးဆွ ပြောပြသော ဇာတ်လမ်းဖြစ်သည်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂလိပ်) တွင် Heroes of Old Burma ကို အခန်းဆက်ရေးသားခဲ့၍ Anawrahta of Burma အမည်ဖြင့် ၁၉၇၀ တွင် ထုတ်ဝေခဲ့ပြီး ရံခါတွင် Anawrahta အမည်ဖြင့်လည်းကောင်း King among Men အမည်ဖြင့်လည်းကောင်း ထုတ်ဝေမှုများလည်းရှိသည်။ ဤဝတ္ထုသည် ငယ်စဉ်ဘဝ အဖိုးဖြစ်သူ ကျောက်စာရုံးစာရေးကြီး ဦးဘေနှင့် ပုဂံသို့ အတူလိုက်ပါစဉ် အဖိုးဖြစ်သူပြောပြခဲ့သော ရာဇဝင်သမိုင်းပုံပြင်များကို နှစ်သက်ကာ ရေးသားခဲ့သည်။ ဒေါက်တာမောင်မောင်က အမှာစာ ရေးသားပေးခဲ့၍ ကူညီလမ်းညွှန်သူများမှာ ဗိုလ်မှူးဘရှင်နှင့် ဒေါက်တာသန်းထွန်း တို့ဖြစ်ကြသည်ဟုပင် ယင်းစာအုပ်၌ ဖော်ပြထားသည်။ King among Men အမည်သည် လူတွေကြားက ဘုရင် ဟုအနက်ရပြီး ဤနာမည်သည်ပင် အာဏာရှင်ဖြစ်သော ဗိုလ်ချုပ်နေဝင်းကို လှောင်ပြောင်သည့် သဘောရှိသည်ဟူ၍ ဘီဘီစီက ဖော်ပြရေးသားသည်။ ၁၉၇၄ တွင် မိုက်ကယ် အိန်ဂျလို၊ ၁၉၇၆ တွင် စွန့်ခဲ့ရသော ကျွန်မဘဝပါရှင်၊ ဥရောပယဉ်ကျေးမှုအနုပညာ မိတ်ဆက် စသည့် စာအုပ်များ ရေးသားခဲ့လေသည်။ ၁၉၇၆ ၌ပင် သူမ၏ ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် Colurful Burma (ယခု Myanmar) ကို မြန်မာရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဗုဒ္ဓဘာသာသဘော လူနေထိုင်မှုဘဝများ၊ ဘာသာစကား၊ အမျိုးသမီးကဏ္ဍ၊ ရိုးရာဖျော်ဖြေမှုများ၊ ပွဲတော်များအကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့၍ ဖြန့်ချိခဲ့လေသည်။ ၁၉၇၇ တွင် Burmese Scenes and Sketches ကို ဖြန့်ချိခဲ့၏။ ၁၉၈၀ တွင် Asia Magazine ၌ Kyaikhtiyo အမည်ဖြင့် ကျိုက်ထီးရိုးဘုရား ဆောင်းပါး၊ ၁၉၈၁ တွင် A Pagoda Where Fairytale Charactets Come to Life အမည်ဖြင့် မယ်လမုဘုရား အကြောင်းရေးသားခဲ့သည်။ ယင်းနှစ်တွင်ပင် Flowers and Festivals Round the Burmese Year ကို ထုတ်ဝေခဲ့၏။ ထို့နောက် ၁၉၈၂ ရောက်သောအခါ A Wonderland of Burmese Legends ကို ရေးသားထုတ်ဝေသည်။ မိသားစု ခင်မျိုးချစ်၏ ဖခင်ဘက်မှ အဖိုး၊ အဖွားများသည် မြန်မာပညာရှိ ဦးဘေနှင့် ဗန်းမော်ခင်လေးကြီး တို့ဖြစ်ကြ၍ နန်းတွင်းအဆက်နွယ်ဟု ဆိုနိုင်ပြီး ဘကြီးတော်လက်ထက် ကျီဝန်ကြီး ဦးကျော်ခေါင်နှင့် မင်းတုန်းမင်းလက်ထက် လောင်းရှည်ဝန်ကြီး ဦးမောင်ကလေး စသည်တို့သည်လည်း သူမ၏ ရှေးဘိုးဘေးများဖြစ်သည်ဟူ၍ ဘီဘီစီ (မြန်မာပိုင်း) ၏ ဆောင်းပါးတစ်ပုဒ်တွင်ဖော်ပြထားသည်။ သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၏ မိခင်အကြောင်းရေးသားသော ဆောင်းပါးတိုတစ်ပုဒ်တွင် အဖွားဖြစ်သူသည်လည်း မင်းတုန်းမင်း၏ နန်းတွင်းမှ အထိန်းတော်ကြီးဟူ၍ ဖော်ပြသည်။ ၁၉၃၉ တွင် ဦးခင်မောင်လတ်နှင့် အိမ်ထောင်ပြု၍ သားတစ်ဦး ထွန်းကားခဲ့သည်။ ၎င်းမှာ သင်္ချာပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းဖြစ်၏။ ဒေါ်ခင်မျိုးချစ် ကွယ်လွန်ချိန်တွင် သားဖြစ်သူနှင့် ၎င်း၏ ဇနီး တက္ကသိုလ် ရွှေရည်ဝင်း၊ မြေးနှစ်ဦး ကျန်ရစ်သည်။ အခြားလုပ်ဆောင်မှုများ ၁၉၄၇ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် အာရှတိုက်ဆိုင်ရာ ယဉ်ကျေးမှု ညီလာခံသို့ တက်ရောက်ခဲ့သည်။ နောက်ဆုံးနေ့ရက်များ နောက်ဆုံးနှစ်ကာလများ၌ ဒေါ်ခင်မျိုးချစ်သည် ဆိုးရွားလှသော အဆစ်ရောင်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး များသောအားဖြင့် အိပ်ရာထက်၌သာ နေထိုင်ခဲ့ရသည်။ ထိုဝေဒနာကို အံတုရာတွင် ဒေါ်ခင်မျိုးချစ်က "တစ်ခါတလေ ကိုယ်ရှုံးတယ်။ တခါတလေ သူတို့အနိုင်ရရှိတယ်။" ဟု နှစ်ဖက်ရှုံးသဘောကို ထင်ပေါ်အောင် ဖော်ပြခဲ့သည်။ သို့သော် ၁၉၉၂ ဇန်နဝါရီ ၂ တွင် ရန်ကုန်မြို့၌ ဝေဒနာများ ခံစားရသော်လည်း အေးအေးချမ်းချမ်းဖြင့်သာ ကွယ်လွန်ခဲ့သည်။ ဂုဏ်ပြုခံရမှု ၁၉၈၃ တွင် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သောကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်) ချီးမြင့်ခြင်းခံရသည်။ သုံးသပ်ချက်နှင့် အမြင်များ မိသားစု ခင်မျိုးချစ်သည် မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင်က အကြီးဆုံးဖြစ်သော သမီးမိန်းကလေးကို ပိပိရိရိ နေစေချင်သည်။ သူမ၏ လက်တွေ့ပုံစံနှင့် မကိုက်သော စိတ်ကူးယဉ်သည့်အကျင့်၊ ခေါင်းမာသည့်စရိုက်တို့ကို မနှစ်သက်ပေ။ မိခင်ဖြစ်သူသည်လည်း ထိုအကျင့်များကိုမနှစ်မြို့ပေ။ ခင်မျိုးချစ်သည် မိခင်ဖြစ်သူက သူမကို စနေဖွား၊ ရုပ်ဆိုးသူဟူ၍ အိမ်လာသော ဧည့်သည်များကို ပြောကြားသည်ကို စိတ်ကသိကအောက်ဖြစ်သည်။ ထို့ကြောင့် မိဘများနှင့် ဆက်ဆံရေးသည် ငယ်စဉ်ကပင် အဆင်မပြေခဲ့ပေ။ သူမ၏ Colorful Burma (Myanmar) စာအုပ်တွင် သူမ၏ အပျော်ဆုံး အချိန်များမှာ စစ်ကိုင်းရှိ အဖိုးအဖွားများထံသို့ လည်ပတ် နေထိုင်စဉ်ကာလများဟု ကိုယ်တိုင်ရေးသားထားသည်။ သူမကို သူမ၏မိသားစုက မလိုချင်ဟုလည်း အမြဲခံစားခဲ့ရသည်။ ငယ်စဉ်က ဆရာဝန်ဖြစ်ချင်ခဲ့သော်လည်း မိဘများ၏ ပိတ်ပင်မှုကြောင့် ဖြစ်မြောက်ခြင်းမရှိခဲ့ပေ။ ငယ်စဉ် မိဘများက ရိုက်လျှင် သားရဲတစ်ကောင်ကဲ့သို့ ပြန်လည်၍ တုံ့ပြန်တတ်သည်ဟု နီလန်ဂျာ ဆန်းဂုပ္တရေးသော စာအုပ်၌ ဖော်ပြပါရှိသည်။ မိဘများမှာ ရှေးရိုးဆန်၍ ခင်မျိုးချစ်သည် တော်လှန်ဖောက်ထွက်ချင်သူဖြစ်သည်။ ဆယ်တန်းအောင်မြင်သောအခါ မိသားစုနှင့် ဝေးရာ ရန်ကုန်သို့ တစ်ကိုယ်တည်း ပြောင်းရွှေ့၍ တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ဘာသာရေး မိရိုးဖလာဗုဒ္ဓဘာသာတစ်ဦးဖြစ်သော်လည်း တော်လှန်တတ်သော၊ လက်ဝဲဝါဒများ၏ လွှမ်းမိုးမှုခံရသောကြောင့် ငယ်စဉ်က ဘာသာတရား ယုံကြည်မှုအပေါ် သို့လောသို့လော ဒွိဟများရှိခဲ့သည်။ နောက်ပိုင်းကာလများ၌ ဆရာတော်ကြီးနှစ်ပါးနှင့် တွေ့ဆုံခဲ့၍ ထိုသို့တွေ့ဆုံကြုံကြိုက်မှုကပင် ဗုဒ္ဓဘာသာအပေါ် ပြန်လည် သက်ဝင်စေခဲ့သည်။ ဒေါ်ခင်မျိုးချစ်ကိုယ်တိုင် ဘာသာရေးအပေါ် ယခင်ကာလများက အမြင်ကို ယခုကဲ့သို့ ရေးသားထားသည်။ ဘာသာရေးတွေ၊ တရားထိုင်တာတွေနဲ့ ပတ်သက်ပြီး ကျွန်မမှာ မကောင်းတဲ့ အမြင်တွေရှိခဲ့ဖူးပါတယ်။ ဘာသာရေးအလုပ် လုပ်နေတဲ့သူတွေက သူတို့မှာ ကောင်းကောင်းကန်းကန်း အခြားလုပ်စရာမရှိလို့၊ ပါးစပ်က ဘုရား၊ တရားနဲ့ ဆိုက်ဂိုက်ထုတ်ချင်လို့၊ ဘဝကို ရင်ဆိုင်ဖို့ သတ္တိမရှိလို့၊ ဘာသာရေးဆိုတာ ထွက်ပြေးတဲ့ဝါဒ၊ စစ်ဆန့်ကျင်တဲ့ဝါဒ၊ အဆိုးမြင်တဲ့ဝါဒ တွေဖြစ်ပြီး သတ္တိကြောင် ပျင်းတဲ့လူတွေအတွက်ပဲ အဓိပ္ပာယ်ရှိတယ်...... အဲဒီလို ကျွန်မ အရင်က တွေးထင်ခဲ့ဖူးပါတယ်။ အမျိုးသမီးရေးရာ ဒေါ်ခင်မျိုးချစ်သည် မြန်မာနိုင်ငံအတွင်း ကျားမ တန်းတူရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့အပြင် စာပေအနေဖြင့် အမျိုးသမီး ဗဟိုပြု ဝတ္ထု၊ ဆောင်းပါးများစွာကိုလည်း ရေးသားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ထင်ရှားသောအမျိုးသမီးဝါဒီ စာရေးဆရာမတစ်ဦး ဖြစ်လာခဲ့သည်။ သူမ၏ Colourful Burma(Myanmar) စာအုပ်တွင်ပင် အမျိုးသမီးနှင့်ပတ်သက်သော အကြောင်းများဖြစ်သော ပညာရေး၊ အလုပ်အကိုင်၊ ဘာသာရေး၊ စစ်ကြို၊ စစ်ပြီး အခြေအနေများကို အခန်းတစ်ခန်းဖွဲ့၍ ရေးသားဖော်ပြခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်စဉ် နိုင်ငံရေးသမားများ၏ အမျိုးသမီးများကို နေရာမပေးခြင်း၊ နှိမ့်ချခြင်းများကို သဘောမတွေ့ခဲ့ပေ။ သူမတည်းဖြတ်ပြုပြင်သော စာအုပ်တစ်အုပ်ကို နဂါးနီစာအုပ်အသင်းက နာမည်မထည့်ပေး၍ ခွဲခြားမှုကြုံတွေ့ခဲ့ရကြောင်း စာအုပ်တစ်အုပ်တွင် ရေးသားခဲ့သည်။ စာပေရေးရာ မြန်မာအမျိုးသမီးစာရေးဆရာများထဲမှ ခေတ်ဦးတွင်ပေါ်ပေါက်ခဲ့သော သူတစ်ဦးဖြစ်၍ ဒေါ်ခင်မျိုးချစ်ရှေ့၌ ဒဂုန်ခင်ခင်လေး၊ ဒဂုန်ခင်လေးဆွေတို့ နှစ်ဦးသာရှိသည်ဟု ယူဆနိုင်၍ ဒေါ်ခင်မျိုးချစ်နောက် ပေါ်ပေါက်သူများတွင် ဝါရင့်​စာရေးဆရာမကြီးများဖြစ်ကြသော မာလာ၊ လူထုဒေါ်အမာ၊ ဂျာနယ်ကျော်မမလေး တို့ဖြစ်သည်။ ထို့အပြင် အင်္ဂလိပ်စာဖြင့် ရေးသားသော မြန်မာအမျိုးသမီးစာရေးဆရာများ၌လည်း ဒေါ်မြစိန် နှင့် ဒေါ်မီမီခိုင်တို့ဖြစ်ကြပြီး ထိုနှစ်ဦးစလုံးသည် နိုင်ငံခြားတွင် ပညာဆည်းပူးခဲ့ကြသူများဖြစ်၍ ဒေါ်ခင်မျိုးချစ်သည် ဘွဲ့မရမီ ပညာရေးတစ်ပိုင်းတစ်စဖြင့် Three Years under the Japs ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့၍ ၁၉၅၂ တွင် ဘီအေဘွဲ့ရရှိပြီးနောက် အခြားစာအုပ်များစွာကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သတင်းစာပညာရပ်နှင့်ပတ်သက်သော စာများကိုလည်း သူရိယဦးသိမ်းမောင်နောက် အစောဆုံးရေးသားခဲ့သူဖြစ်သည်။ နိုင်ငံရေးရာ ဒေါ်ခင်မျိုးချစ်သည် ၁၉၈၈ အတွင်း သမ္မတဒေါက်တာမောင်မောင်ကို ဆောင်းပါးအချို့ရေး၍ ဝေဖန်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းလက်ထက် ဆိုရှယ်လစ်အစိုးရကို ဝေဖန်မှုများကြောင့် ဗိုလ်ချုပ်နေဝင်းက ဒေါသထွက်၍ သတင်းစာအယ်ဒီတာမှ အနားယူစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသောအခါ မြန်မာများထဲက လက်ခံတွေ့ဆုံရဲသောသူ အနည်းငယ်ထဲတွင် ပါဝင်သည်ဟု အန်နာ​အလော့က ရေးသားထားသည်။ ထင်ရှားသည့်စာအုပ်အချို့ မြန်မာဘာသာစာအုပ်များ အင်္ဂလိပ်ဘာသာစာအုပ်များ Three Years under the Japs (1945) Anawrahta of Burma [King Among Men] (1970) Her Infinite Variety and other storues (1970) Burmese Scenes and Sketches (1977) Flowers and Festivals Round the Burmese year (1980) Colourful Burma (1978) The 13 Carat Diamond and Other Stories (1969) A wonderland of Pagoda Legends (1981) Gift of Laughter (1995) မှတ်စု ကိုးကား မြန်မာ အမျိုးသမီး စာရေးဆရာများ မြန်မာ ဂျာနယ်လစ်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BB%E1%80%85%E1%80%BA
သစ္စာလေးပါး
သစ္စာလေးပါး သည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် - ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကို ဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကို ရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။ စသည့် လောကမှလွတ်မြောက်ရာ မှန်ကန်သော သစ္စာတရား ၄ ပါးတို့ကို စု‌ပေါင်း၍ ခေါ်ဆိုခြင်း ဖြစ်သည်။ ဓမ္မစကြာ နိဒါန်း[ပြင်ဆင်ရန်] ဧဝံမေသုတံ - ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ - အခါတပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသည့် သားသမင်တို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံး စံနေတော်မူဆဲဖြစ်၏။ မြတ်စွာဘုရားသည် သဟမ္ပတိအမည်ရှိ မဟာဗြဟ္မာ၏ လျောက်ထားတောင်းပန်ချက်အရ ပဉ္စဝဂ္ဂီရဟန်းတို့ကို ဓမ္မစကြာ ဟောမိန့်တော်မူ၏။ ဒုက္ခသစ္စာ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ - ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများ နေ့စဉ်သုံးစွဲနေသည့် အဓိပ္ပာယ်နှင့် မတူပါ) ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည် ဒုက္ခဖြစ်သည်' ဟု မကြာခဏ ဟောကြားလေ့ရှိသည်။ အကျဉ်းအားဖြင့် တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာ အာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလဘဝတွင် ကြုံတွေ့ရသမျှ အားလုံးသည် ဒုက္ခဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်တို့သည် ဒုက္ခသစ္စာများ ဖြစ်ကြသည်။ ဒုက္ခကို သုံးမျိုး ခွဲခြားထားသည်။ ထိုသုံးမျိုးမှာ ၁။ ဒုက္ခ ဒုက္ခ ၂။ ဝိပရိဏာမ ဒုက္ခ ၃။ သင်္ခါရ ဒုက္ခ တို့ ဖြစ်ကြသည်။ . ၁။ ဒုက္ခ ဒုက္ခ ======= ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မချစ်မနှစ်သက်သောသူတို့နှင့် ပေါင်းသင်းနေထိုင်ရခြင်း၊ ချစ်သူ ခင်သူတို့နှင့် ကွေကွင်းရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပူပန်ခြင်းတို့သည် တစ်ကမ္ဘာလုံးက သိရှိနားလည်ထားကြသည့် ဆင်းရဲပင်ပန်း ခံစားရခြင်းမျိုးဖြစ်၍ သာမန် ဆင်းရဲခြင်းသဘော အနက်ရှိသော ဒုက္ခ ဒုက္ခတွင် အကျုံးဝင်လေသည်။ . ၂။ ဝိပရိဏာမ ဒုက္ခ ========== ပျော်ရွှင်သော စိတ်နှလုံးချမ်းသာသော ဘဝအခြေအနေတို့သည် အစဉ်ထာဝရ တည်မြဲခိုင်ခံ့ကြသည် မဟုတ်ပေ။ အနှေးနှင့် အမြန် တစ်မျိုးတစ်ဖုံ ပြောင်းလဲသည်သာဖြစ်၏။ ဤကဲ့သို့ ပြောင်းလဲသောအခါ၌ နာကျင်ခြင်း၊ ဆင်းရဲခြင်း၊ စိတ်မချမ်းမြေ့ခြင်းတို့ ဖြစ်ပေါ်ရ၏။ ဤသို့ ဖေါက်ပြန်ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခကို ဝိပရိဏာမ ဒုက္ခတွင် ထည့်သွင်းရ၏။ . ဤဖေါ်ပြပြီး ဒုက္ခနှစ်မျိုးနှစ်စားမှာ နားလည်ရန် လွယ်ကူ၍ မည်သူမျှ အငြင်းပွားမည် မဟုတ်ပေ။ နားလည်ရန် လွယ်ကူသည့်အလျောက် ပထမအရိယသစ္စာတွင် ဤအချက်အပိုင်းကို လူသိများကြပေသည်။ သို့ရာတွင် တတိယမြောက် ဒုက္ခဖြစ်သော အကြောင်းတရားတို့၏ ပြုပြင်စီရင်ခြင်းခံရသည့် အဖြစ်ဆောင်သော သင်္ခါရဒုက္ခသည် ပထမအရိယသစ္စာတွင် အရေးအကြီးဆုံး အဘိဓမ္မာအချက်အပိုင်း ဖြစ်ပေသည်။ ၎င်းအချက်အပိုင်းကို နားလည်ရန် "သတ္တဝါ" "ငါ" ဟု ယူဆကြသော အရာများကို အရင်းအမြစ် သိသည့်တိုင်အောင် ရှင်းလင်းဖေါ်ပြရန် လိုပေသည်။ ဗုဒ္ဓအဘိဓမ္မာအရ "သတ္တဝါ" "ပုဂ္ဂိုလ်" "ငါ" ဟု ခေါ်ဆိုနေကြသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေကြသည့် ရုပ်နာမ်တို၏ အစုအဝေးသာလျှင်ဖြစ်၍ ၎င်းတို့ကို ခန္ဓာငါးပါး ( ပဥ္စက္ခန္ဓာ ) ဟု ငါးစု ခွဲထားနိုင်ပေသည်။ "အကျဉ်းချုပ်အားဖြင့် ဤငါးပါးသော စွဲလမ်းတပ်မက်မှု အစုအဝေး ( ဥပါဒါနက္ခန္ဓာ ) သည် ဒုက္ခ ဆင်းရဲပေတည်း" ဟု ဗုဒ္ဓက ဟောကြားထား၏။ အပြည့်အစုံကို အောက်ပါလင့်ရှိ pdf ဖိုင် စာမျက်နှာ ၃၂ တွင် ဖတ်ရှုနိုင်ပါသည်။ http://www.dhammaonline.org/wp-content/uploads/ebooks/Others/Walpola-Rahula(What-The-Budha-Taught-Translated-by-U-Ko-Lay).pdf?fbclid=IwAR1Zxhv4CoeYG9NU92vAhZqcLhNjjz21Fip1VoSRS-JTs4iGU6_giNW4dKU ဇာတိ သတ္တဝါများ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေခြင်း၊ မိခင်၏ ဝမ်းတွင်းဝယ် နေရခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထင်ရှားစွာ တခုပြီးတစ်ခု ဖြစ်ပေါ်လာခြင်း တို့သည် ဇာတိ ဖြစ်သည်။ ဇရာ သတ္တဝါများ အသက်အရွယ် အိုမင်းလာခြင်းသည် ဇရာ ဖြစ်သည်။ မရဏ သတ္တဝါများ သေကျေပျက်စီးခြင်းသည် မရဏ ဖြစ်သည်။ သောက တစ်စုံတစ်ခုသောကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ စိုးရိမ်ပူပန်ခြင်းသည် သောက ဖြစ်သည်။ ပရိဒေဝ တစ်စုံတစ်ခုသောကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ ငိုကြွေးခြင်းသည် ပရိဒေဝ ဖြစ်သည်။ ဒုက္ခ သတ္တဝါများသည် ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသည့် ဆင်းရဲခြင်းသည် ဒုက္ခ ဖြစ်သည်။ ဒေါမနဿ သတ္တဝါများသည် စိတ်အလို မကျသောအခါ စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ ဖြစ်သည်။ ဥပါယာသ သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာ ပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။ သမုဒယသစ္စာ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ - ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ - ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။ ဘဝတွင် အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း(တဏှာ)သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ ကာမတဏှာ (ကာမဂုဏ်အာရုံများတွင် တပ်မက်ခြင်း)၊ ဘဝတဏှာ (ဘဝကို တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း) ကာမတဏှာ ကာမဂုဏ်အာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုးမျိုးသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်၏။ ဘဝတဏှာ ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တသောကြောင့် ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဘဝဆင်းရဲ ထပ်မံဖြစ်‌ပေါ်နေရခြင်း ဖြစ်သည်။ ဝိဘဝတဏှာ သေဆုံးလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။ နိရောဓသစ္စာ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ - ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။ ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မက်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။ မဂ္ဂသစ္စာ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ - အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။ မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ) မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ) မှန်ကန်သော စကား(သမ္မာဝါစာ) မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ) မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ) မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ) မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ) မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။ သမ္မာဒိဋ္ဌိ မှန်ကန်သော အမြင် ဒုက္ခကို သိမြင်ခြင်း၊ ဒုက္ခကိုဖြစ်စေသည့်အကြောင်းကို သိမြင်ခြင်း၊ ဒုက္ခချုပ်ငြိမ်းရာကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းစေသည့် အကျင့်တို့ကို သိမြင်ခြင်း စသည်တို့သည် မှန်ကန်စွာသိမြင်ခြင်း (သို့မဟုတ်) မှန်ကန်သော အမြင် (သမ္မာဒိဋ္ဌိ) မည်၏။ သမ္မာသင်္ကပ္ပ မှန်ကန်သော ကြံစည်ခြင်း ကာမအာရုံမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း စသည်တို့သည် မှန်ကန်‌သော ကြံစည်ခြင်း(သမ္မာသင်္ကပ္ပ) မည်၏။ သမ္မာဝါစာ မှန်ကန်သော စကား မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းစကားမှရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှရှောင်ကြဉ်ခြင်း၊ သိမ်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း စသည်တို့သည် မှန်ကန်သော စကား (သမ္မာဝါစာ) မည်၏။ သမ္မာကမ္မန္တ မှန်ကန်သော အလုပ် သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့ကို မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့သည် မှန်ကန်စွာပြုလုပ်ခြင်း (သို့မဟုတ်) မှန်ကန်သော အလုပ် (သမ္မာကမ္မန္တ) မည်၏။ သမ္မာအာဇီဝ မှန်ကန်‌သော အသက်မွေးမှု ဒုစရိုက်အမျိုးမျိုးကိုရှောင်ကြဉ်ပြီး စစ်မှန်သန့်ရှင်းသောကိုယ်ကာယစွမ်းအား ညာဏစွမ်းအားဖြင့်အသက်မွေးဝမ်းကြောင်းပြုခြင်းသည် မှန်ကန်သော အသက်မွေးဝမ်းကြောင်းပြုခြင်း (သမ္မာအာဇီဝ) မည်၏။ သမ္မာဝါယာမ မှန်ကန်‌သော အားထုတ်မှု မိမိ၌မဖြစ်သေးသော မကောင်းမှုအကုသိုလ်တို့ကို မဖြစ်အောင် အားထုတ်ခြင်း၊ အကုသိုလ်တို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မိမိ၌မရရှိသေးသော ကောင်းမှုမည်သောကုသိုလ်တို့ကို ရရှိအောင် အားထုတ်ခြင်း၊ ရရှိပြီးသော ကုသိုလ်တို့ကို တည်မြဲကာ တိုးပွားအောင် အားထုတ်ခြင်း တို့သည် မှန်ကန်သော အားထုတ်မှု (သမ္မာဝါယာမ) မည်၏။ သမ္မာသတိ မှန်ကန်‌သော အောက်မေ့မှု ကိုယ်အတွင်း ဖြစ်ပေါ်နေသော ဖြစ်ပျက်နေမှုများ၊ ထိတွေ့ခံစားရမှုများ၊ စိတ်အတွင်း ဖြစ်ပေါ်နေသည်များကို တရားရှုမှတ်ကာ အဖြစ်အပျက်တို့အား သတိဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းသည် မှန်ကန်သော အောက်မေ့မှု (သမ္မာသတိ) မည်၏။ သမ္မာသမာဓိ မှန်ကန်သော တည်ကြည်မှု မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှတ်သားမှု၊ မှန်ကန်သော တည်ငြိမ်မှု စသည့် သုံးပါးသော စိတ်ကိုဆုံးမသည့် သိက္ခာရပ်များသည် မှန်ကန်သော တည်ကြည်မှု (သမ္မာသမာဓိ) ဖြစ်သည်။ သမ္မာသမာဓိသုတ် ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%85%E1%80%B9%E1%80%85%E1%80%AC%E1%80%9C%E1%80%B1%E1%80%B8%E1%80%95%E1%80%AB%E1%80%B8
ကျီးသဲလေးထပ်ဆရာတော်
ကျီးသဲလေးထပ်ဆရာတော်သည် ရွှေတောင်မြို့၊ ကျီးသဲရွာ ရှမ်းတန်းကလေး၌ မြန်မာသက္ကရာဇ် ၁၁၇၉-ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၈)ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်လေသည်။ ငယ်မည်မှာ မောင်ကင်း ဟုခေါ်သည်။ ငယ်ဘဝ ၉-နှစ်သားအရွယ်တွင် သစ်နီတော ကျောင်းတိုက်၌ ဘုန်းတော်ကြီး ဦးပညာသာမိထံ မြန်မာသင်ပုန်းကြီး၊ မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ နမက္ကာရ၊ ပရိတ်ကြီး၊ ဇာတ်ကြီးဆယ်ဘွဲ့ စသော သင်ရိုးကျမ်းများကို သူများနှင့်မတူ လွယ်လွယ်ကူကူ ထူးချွန်စွာ တတ်မြောက်ခဲ့သည်။ ၁၂-နှစ်သား အရွယ်တွင် ဘုန်းတော်ကြီး ဦးပညာသာမိကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ ဝတ်ခဲ့လေသည်။ ရှင်သာမဏေအရွယ်ကပင် သဒ္ဒါ၊ သင်္ဂြိုဟ်၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်း၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ ရူပသိဒ္ဓိ၊ ဋီကာကျော်၊ ကင်္ခါ၊ ပါဠိ၊ အဋ္ဌကထာ၊ ကဗျာလင်္ကာ စသော ကျမ်းဂန်အမျိုးမျိုးတို့ကို သင်ကြားတတ်မြောက်ပြီး ဖြစ်ပေသည်။ တခါက သစ်နီတော ကျောင်းတိုက်ကြီး၏ အနီး ပိန်းအင်းကြီးကို ဖြတ်၍ ဝဘုရားကုန်းတော် နှင့် ရွှေမြင်တင်ဘုရားကုန်းတော်ကို ဆက်သွယ် ဆောက်လုပ် ထားသော တိုင်တစ်ရာ တံတားကြီးပေါ်၌ ဆရာတော်ကြီး ဦးပညာသာမိက တပည့် ရှင်မုနိန္ဒ နှင့် အတူ လမ်းလျှောက်ရင်း ပတ်ဝန်းကျင် သာယာကြည်နူးဘွယ်ကို စိတ်ဝင်စားစွာ တွေ့မြင်နေရသည့် အကြောင်း အာရုံပြုပြီး ပျို့ကဗျာ စပ်ဆိုဖွဲ့နွဲ့ ကြည့်ရန် တိုက်တွန်းသည့်အတွက် "သီရိပရမ၊ သုဇေယျဖြင့်၊ လောကသုံးခိုင်၊ ဆုံးမယ့်ပိုင်သည့်၊ ဘုန်းလှိုင်သကျ၊ စိန္တေယျနှင့်၊ ဓမ္မဆယ်ဖြာ၊ မြတ်သံဃာကို၊ စေတနာညွတ်တွား၊ ကံသုံးပါးဖြင့်၊ ဦးဖြားညွတ်ခိုက်၊ တမွတ်စိုက်ပြီ" အစချီသော မဟာသာရပျို့ကို ဖွဲ့ဆိုစီကုံးလေသည်။ ထိုအခါက ရှင်မုနိန္ဒသည် အသက် ၁၆-နှစ်သာရှိသေးသည်။ ထို့နောက် အသက် ၂၀-ရွယ်သို့ ရောက်သောအခါ ရွှေတောင်မြို့ဂိုဏ်းအုပ် ဆရာတော် ဦးကုမာရကို ဥပဇျွာယ်ပြု၍ ရဟန်းဘောင်သို့ တက်ခဲ့သည်။ ရဟန်းဘွဲ့လည်း ဦးမုနိန္ဒာဘိဓဇ ဖြစ်လေသည်။ ရဟန်း၂-ဝါ ရလာသောအခါ အမရပူရသို့ သွား၍ ဒုတိယ မောင်းထောင် သာသနာပိုင် ဆရာတော်၊ မိတ္ထီလာဆရာတော်၊ ခင်မကန်ဆရာတော်ကြီးတို့ထံ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ ကျမ်းကြီးများကို သင်ကြား၍ ရွှေတိုက်ဝန် ဆရာတော်ကြီး၏ အထံ၌ သက္ကတကျမ်းဂန်များ ကို သင်ကြားလေသည်။ ရဟန်း ၆-ဝါ ရရှိသောအခါ ရွှေတောင်မြို့သို့ ပြန်ကြွလာသဖြင့် ပုဂံမင်းလက်ထက်က ရွှေတောင်မြို့၊ ပန်းတောင်းမြို့၊ ဟံသာဝတီမြို့များကို အုပ်ချုပ်ရသော သတိုးမင်းကြီး မဟာ မင်းလှမင်းခေါင် နော်ရထာဘွဲ့ခံ ဦးမှိုက ကျီးသဲ၏ အရှေ့ဘက်၌ လေးထပ်ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းပြီး ကိုးကွယ်သဖြင့် "ကျီးသဲလေးထပ် ဆရာတော်"ဟု ထင်ရှားကျော်ကြားလေသည်။ ကျီးသဲလေးထပ် ဆရာတော်သည် ရွှေတောင်မြို့ ကျီးသဲလေးထပ် ကျောင်းအပြင် ပန်းတောင်းမြို့၊ မော်လမြိုင်မြို့၊ အင်္ဂပူမြို့၊ ဟင်္သတမြို့များတွင် လှည့်လည်သွားလာ သီတင်းသုံး နေထိုင်တော်မူသည်။ ပန်းတောင်းမြို့တွင် နေထိုင်စဉ် စလေဦးပုည ထံ မေတ္တာစာ တစ်စောင်ပေးဘူး၏။ ထိုမေတ္တာစာမှာ ပညာရှင်တစ်ဦးထံ ပေးသော မေတ္တာစာဖြစ်၍ မေတ္တာစာ ရိုးရိုးမဟုတ်ပဲ ပါဠိစကားလုံးများ ခြယ်မှုန်းထားပြီး ရေးသားသောစာ ဖြစ်၍ အနက်အဓိပ္ပာယ် ကျယ်ဝန်းသဖြင့် လူသာမန်တို့ သိရှိနားလည်ရန် ခက်ခဲနက်နဲ လှပေသည်။ ကျီးသဲဆရာတော်သည် စလေဦးပုညကို ညီတော်ဟူ၍ သုံးနှုန်းခေါ်ဝေါ်၍ ညီတော်နှင့် မိတ်သင်္ဂဟ ဖြစ်လိုကြောင်း ယခုအခါ နောင်တော်တွင် ဒူလာပါဒရက် ဖိစီးနှိပ်စက်ပြီးနေသဖြင့် ညီတော်ထံတွင် ဆေးနည်းကောင်းများ ရှိလျှင် နောင်တော်အား ကြားသိစေလိုကြောင်း များလည်း ပါရှိသည်။ အင်္ဂပူမြို့တွင် သီတင်းသုံးနေသည့် အချိန်မှာ ဒွါရဂိုဏ်းချုပ် အုတ်ဖိုဆရာတော်ကြီးလည်း အင်္ဂပူမြို့တွင် သီတင်းသုံးနေထိုင်တော်မူ သဖြင့် ဒွါရဖြင့် ရှိခိုးကန်တော့မှ မှန်ကန်သည်၊ ကံဖြင့် ရှိခိုးကန်တော့မှ မှန်ကန်သည်ဟု အင်္ဂပူမြို့တွင် ဂိုဏ်းနှစ်ဂိုဏ်း ဝိဝါဒကွဲပြားနေလေသည်။ ကံ ဒွါရ ပြဿနာက အစပျိုးရာ ဌာနကား အင်္ဂပူမြို့ဟု ဆိုရမည် ဖြစ်သည်။ ထိုအချိန်၌ ဒွါရဘက်မှ ဦးဆောင်သော ပုဂ္ဂိုလ်မှာ အုတ်ဖိုဆရာတော်ကြီး ဖြစ်ပြီး၊ ကံဘက်မှ ဦးဆောင်သော ပုဂ္ဂိုလ်မှာ ကျီးသဲလေးထပ် ဆရာတော်ကြီး ဖြစ်သဖြင့် ကံဘက်မှ မှန်ကန်ကြောင်း ကံ-ဒွါရ အဆုံးအဖြတ်ကို ပေးခဲ့ဘူးသည်။ ဟင်္သတမြို့၌ သီတင်းသုံးတော်မူစဉ် စာသင်သား သံဃာတော်များအား စာပေပို့ချ၍ အားလပ်သည့်အခါ ဝိပဿနာ တရားများကို ပွားများပြီး ရံဖန်ရံခါ အရပ်လေးမျက်နှာမှ မေးမြန်းသော အမေးပုစ္ဆာ ပြဿနာတို့ကို ဖြေကြားတော်မူသည်။ ထို့အပြင် ကျီးသဲလေးထပ် ဆရာတော်ကြီးသည် ကျမ်းပေါင်း ၃၀-ကျော်တို့ကို ရေးသားပြုစုတော်မူသည်ဟု သိရသည်။ ကျမ်းများအနက် ဇိနတ္ထပကာသနီကျမ်းသည် အကျော်ကြားဆုံး ကျမ်းဖြစ်လေသည်။ လူကြိုက်အများဆုံးကျမ်း ဖြစ်လေသည်။ အဘယ်ကြောင့် ကျော်ကြားလူကြိုက်များ သနည်းဆိုသော် လူအများနားလည် လွယ်သော ဝေါဟာရ စကားလုံးတို့ဖြင့် ခြယ်မှုန်း၍ ရေးသားပုံမှာ မြန်မာဆံမှု၊ ခန့်ညားမှု၊ ညက်ညောမှု၊ သဘောနားလည် လွယ်မှု၊ ရွတ်ဖတ် လွယ်မှုတို့ကြောင့် ဖြစ်ပေသည်။ ၎င်းအပြင် စွယ်စုံကျော်ထင် အဖြေကျမ်းသည်လည်း ပညာဗဟုသုတ စုံလင်၍ ပညာရှင်များ ချီးကျူးခံရသဖြင့် ထင်ရှားကျော်ကြားသော ကျမ်းပင်ဖြစ်သည်။ ဆရာတော်ပြုစုရေးသားတော်မူခဲ့သောကျမ်းစာများ ဆရာတော်ဘုရားကြီး နောက်ဆုံး ရေးသားခဲ့သည့် ကျမ်းမှာ မနောရထပူရဏီ မည်သောကျမ်းဖြစ်သည်။ ဘဝနိဂုံး မည်မျှပင် သီလနှင့် ပြည့်စုံ၍ ပညာရှင်ကြီး ဖြစ်သော်လည်း သက္ကရာဇ် ၁၂၅၆ -ခုနှစ်၊ သက်တော်၇၇-နှစ်၊ ဝါတော် ၅၇-ဝါအရတွင် ဘဝတစ်ပါးသို့ ပျံလွန်တော် မူရှာလေသည်။ ကိုးကား ဗုဒ္ဓဘာသာရဟန်းများ မြန်မာ ရဟန်း စာဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AE%E1%80%B8%E1%80%9E%E1%80%B2%E1%80%9C%E1%80%B1%E1%80%B8%E1%80%91%E1%80%95%E1%80%BA%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ခင်ကြီးဖျော်
တောင်တွင်းဆရာ‌တော်သည် ‌တောင်တွင်းကြီးမြို့တွင်၊ သက္ကရာဇ် ၁၀၈၄ ခုနှစ်၌ ဖွားမြင်သည်။ မျိုးရိုးမှာ ‌တောင်တွင်းကြီး မြို့သူကြီး ရိုးဝဍ္ဎနရာဇာဘွဲ့ခံ ဦးကျံ‌ဘော်၏ အနွယ်အဆက်ဖြစ်သည်။ မိဘများက မှည့်‌ခေါ်‌သော ငယ်မည်မှာ ‌မောင်‌ပျော်ကိုအစွဲပြု၍ ‌တောင်တွင်းဆရာ‌တော် ခင်ကြီး‌ပျော် ဟူ၍လည်း ‌ခေါ်ကြသည်။ အသက် ၁၀ နှစ်အရွယ်တွင် ‌မောင်‌ပျော်အား မိဖတို့က မြို့လုလင်၊ ကန်ရိုး‌ကျောင်းဆရာ‌တော်ထံပို့၍ စာ‌ပေသင်ကြားစေသည်။ ‌ကျောင်းသို့‌ရောက်စကပင် သင်ရိုးသင်တန်း စာ‌ပေများကို မခက်မခဲ အလွယ်နှင့် တတ်‌မြောက်၍ ပညာဉာဏ်စွမ်း ထက်မြက်‌ကြောင်းပြသည်။ ကန်ရိုး‌ကျောင်း၌ ပညာသင်ကြား‌နေ စဉ် မြို့လုလင်တွင် သ‌ရောခိုင်း၍ မိဖများနှင့်အတူ ‌ကျောက်ပန်းတောင်း၊ ငသ‌ရောက်၊ တူးရွင်းတိုင်မြို့များသို့ လှည့်လည်‌နေထိုင်ခဲ့သည်။ တူးရွင်းတိုင်၌‌နေစဉ် အသက် ၂၀ သို့‌ရောက်၍ တူးရွင်းတိုင်‌တောင်ချာ ဘုန်း‌တော်ကြီးထံတွင် ရဟန်းပြုသည်။ ရဟန်းမည် ရှင်ဉာဏဝရဖြစ်၏။ ထို‌နောက် ‌တောင်တွင်းကြီးမြို့သို့ ပြန်လည်‌ရောက်ရှိ၍ စာ‌ပေ ဆက်လက်သင်ကြားစဉ် ပုဒ်စစ်၊ ဉာသ်‌ကောက်၊ ယမိုက် ဂဏ္ဍိ၊ ပဋ္ဌာန်းအရကောက် ကျမ်းများကို စီရင်‌ရေးသားရာတွင် ‌တောင်တွင်းဆရာ‌တော်၏ သတင်းသည် မင်း‌နေပြည်အ‌ရောက် ပျံ့နှံ့‌ကျော်‌စော‌လေသည်။ ထိုသို့ ‌တောင်တွင်းပုဂ္ဂိုလ်သည် ဉာဏ် ပညာကြီးမားထက်သန်‌ကြောင်းကို ၁၁၂၂ ခုနှစ် နန်းတက်၊ စစ်ကိုင်းမြို့တည်၊ ‌နောင်‌တော်ကြီးမင်းတရား အိမ်‌ရှေ့စံ‌တော်မူစဉ် ကြားသိ‌တော်မူ၍ ဆရာ‌တော်အား ‌နေပြည်‌တော်သို့ ပင့်ဆောင်ရန် မှူးမတ်တို့ကို ‌စေလွှတ်ရာ၊ ဆရာ‌တော်လည်း မလိုက်လို၍မ‌ကွေးမြို့အစီရင် တက်ဝံနဂါးရွာသို့ တိမ်း‌ရှောင်ထွက်သွား‌လေသည်။ ထိုမှ တစ်ဖန် ‌ကျောက်ရဲ၊ ပုခန်းငယ်၊ စ‌လေ၊ စဉ့်ကူး၊ ရွာသာ၊ ပုဂံ၊ တူးရွင်းတိုင်၊ မဲတည်၊ ခံ‌တော စ‌သောရွာများသို့ လှည်လည်သွားလာ‌နေရာ အပင့်အ‌ဆောင် လိုက်လာ‌သော မှူးမတ်များလည်း ရွာစဉ်အတိုင်း ‌နောက်မှ လိုက်လာကြ‌လေသည်။ မဲတည်ရွာ‌ရောက်လျှင် ရွာသူကြီးအား ချုပ်‌နှောင်၍ ဆရာ‌တော်ကို ရှာ‌ဖွေ‌ပေးရမည်ဟု အတင်းအကြပ်ပြုမှ ဆရာ‌တော်က ‘ဒကာ‌တော်တို့ သည်းခံကြ၊ ငါကြွခဲ့မည်’ အမိန့် ရှိ‌လေသည်။ ထို‌နောက် တစ်လခန့်အကြာ ၁၁၁၆ ခုနှစ်တွင် ‌နောက်ပါ အလုပ်အ‌ကျွေး ဒကာတစ်‌ယောက်နှင့်ပင် စစ်ကိုင်းမြို့သို့ ကြွရောက်‌လေသည်။ သုဓမ္မာဇရပ်တွင် ဆရာ‌တော်ကြီးများနှင့် ‌တွေ့ဆုံ၍ ဆရာ‌တော်ကြီးများက ‘ငါ့ရှင်၏ဂုဏ်သတင်းသည် ‌ရွှေမြို့ ‌တော်အထိ ပျံ့နှံ့‌ကျော်ကြား‌ပေသည်။ စာ‌ပေကျမ်းဂန်များကို အဘယ်မျှ‌လောက် သင်ကြားခဲ့ဘူးပါသနည်း’ဟု ‌မေးရာ၊ ‌တောင်တွင်းပုဂ္ဂိုလ်က ‘တပည့်‌တော်သည် ပိဋကတ်သုံးပုံတွင် မသင်ဘူးသည့်ကျမ်းမရှိပါ။ ‌မေး‌တော်မူရာကို ‌လျှောက်ထားပါ မည်’ဆို၍ ဆရာ‌တော်ကြီးများ ‌မေးသမျှကို ‌ဖြေဆို‌လေသည်။ ဆရာ‌တော်ကြီးများက ‘ပေ‌လေးပင် ရှင်‌လေးပါး ထွန်းကားသည့် မြို့မှာ ယခု‌ ပေတစ်ပင် ရှင်တစ်ပါး ထွန်းပြန်သည်’ဟု ချီးကျူး ‌တော်မူကြ‌လေသည်။ ထို‌နောက် ‌နောင်‌တော်ကြီးမင်းတရားက ဉာဏာ ဘိဓမ္မလင်္ကာရ မဟာဓမ္မရာဇဂုရုတံဆိပ်နာမံကို ကပ်လှူ ၍ သာသနာပြု သာသနာပိုင်အရာ တင်‌မြှောက်ကိုးကွယ်သည်။ မင်္ဂလာဘုံသာ‌ကျောင်း‌တော်ကိုလည်း တင်လှူသည်။‌နေပြည်‌တော်တွင် သုံးဝါခန့် သီတင်းသုံးပြီး‌နောက် သလုံးမြို့ ‌ရေငုံဆရာ‌တော်ထံ ကြွ‌ရောက်၍ စာဝါခံပြီးလျှင် သဒ္ဒါကျမ်း ကို ထပ်မံသင်ယူ‌တော်မူပြန်သည်။ ထို‌နောက် မြစ်စဉ်တစ်လျှောက် စုန်ဆင်းရာ ပြည်မြို့သို့‌ရောက်၍ ဟံသာဝတီ‌ရောက် မင်းတရားလက်ထက် စစ်မက်အ‌ရေးပုံအတွင်းက ပျက်စီး‌သော ပြည်မြို့ ပိဋကတ်တိုက်ရှိ ကျမ်းဂန်ပိဋကတ်များ ပျက်ပြား‌ထွေးရှုပ်‌နေသည်ကို ရဟန်းငယ်တကျိပ်၏ အကူအညီဖြင့် ‌ပေများကို တစ်ချပ်စီ စစ်‌ဆေးပြီးလျှင် ‌နေရာတကျရှိ‌အောင် ပြုပြင်စီစဉ်‌ပေးခဲ့သည်။ ‌ညောင်ရမ်း ၁၀ ဆက် သက္ကရာဇ် ၁၀၆၀ ပြည့် နန်းတက်‌သော စ‌နေမင်းလက်ထက်က စတင်‌ပေါ်‌ပေါက်ခဲ့သော အတင်ဂိုဏ်း အရုံဂိုဏ်း ကွဲပြားမှုသည် ‌နောင်‌တော်ကြီး လက်ထက်၌လည်း မပြီးမပြတ်ပင် ရှိ‌နေ‌သေးသည်။ ‌တောင်တွင်းဆရာ‌တော်မှာ အရုံဂိုဏ်းဖြစ်သည်။ ထို့‌ကြောင့် ‌တောင်တွင်းဆရာ‌တော် သာသနာပိုင်ဖြစ်သည့်အခါ ဗဒုံမြို့၊ ကန္နီ‌ကျေး သံဃာ‌တော်များက ‌တောင်တွင်းဆရာ‌တော်ထံ အဆုံးအဖြတ် ခံပြန်ရာ ဆရာ‌တော်က ‘သာသနာပြုဆရာ‌တော် ၁၄ ပါးမှာ အတင်ဂိုဏ်းချည်းဖြစ်သည်။ တပည့်‌တော်တစ်ပါးတည်းနှင့် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်။ ထို့ပြင် ‘သည်သဲပုံ‌ငွေဖြစ်မှ၊ တင်ရစ်တော့‌လေး’ဟု တ‌ပေါင်ရှိသည်။ (သဲပုံမှာ‌ သောကြာသား အ‌လောင်းမင်းတရားကြီး ဖြစ်သည်။ ‌ငွေမှာ တနင်္လာသား ဘိုး‌တော်မင်းတရား ဖြစ်သည်။) ထို့‌ကြောင့် ယခုမင်းလက်ထက် တွင် မဖြစ်‌သေး၊ ‌နောင်မင်းများလက်ထက်တွင်မှ ဖြစ်မည်’ဟု အမိန့်ရှိကာ အဆုံးအဖြတ်မ‌ပေးဘဲ ထားခဲ့‌လေသည်။ ‌တောင်တွင်းဆရာ‌တော်သည် ပိဋကတ် ကျမ်းဂန်၌သာလျှင် နှံ့စပ်တတ်‌မြောက်သည်မဟုတ် ‌လောကီပညာ ရပ်တို့၌လည်း နှံ့စပ်တတ်ကျွမ်း‌တော်မူသည်။ တစ်ခါ‌သော် ‌နောင်‌တော်ကြီး မင်းတရားက ‘ဆရာ‌တော်သည် တစ်ပါးပညာများ၌ ကျွမ်းကျင်သော်လည်း အတီးအမှုတ်ကိုကား နားလည်မည်မဟုတ်’ဟု ဆိုကာ၊ ဆိုင်းသမားများအား ဆရာ‌တော်၏‌ကျောင်းသို့ ‌စေလွှတ်၍၊ တီးမှုတ်‌စေ‌လေသည်။ ဆရာ‌တော်လည်း ဆိုင်းသမားများအား ဤအလုံးနှင့် ဤအလုံးကို‌ပေါင်း၊ ဤအလုံးကိုခွဲ ဤသို့တီးဟု ပြသ‌ပေး‌လေသည်။ ဆရာ‌တော် ညွှန်ပြသွန်သင် ချက်အတိုင်း တီးရာ၊ ‌ရှေးအထက်က မကြားဘူး‌အောင်‌ကောင်းသော တီးရိုးကိုရကြသည်။ ဤသို့‌သော ‌လောကီ‌လောကုတ္တရာ၌ မတတ်‌သောပညာ၊ မသိ‌သောအရာဟူ၍မရှိသဖြင့်၊ ‌တောင်တွင်းဆရာ‌တော်သည်‘မ’တစ်လုံး ‌ကျေသည်ဟု ဥဒါန်းစည်ရှည် ‌ပြောဆိုစမှတ်ပြုကြသည်။ ဆရာ‌တော်သည် သက်‌တော် ၃၉ နှစ် ဝါ‌တော် ၁၉ ဝါ၊ သက္ကရာဇ် ၁၁၄၂ ခုနှစ်တွင် ဘဝ‌ပြောင်း‌တော်မူသည်။ ထိုမျှ ‌သော သက်‌တော်ဝါ‌တော်အတွင်း၌ ကျမ်း‌ပေါင်း ၃၇ ကျမ်း အပြင်၊ မင်းလက်ဝဲ‌နော်ရထာအမတ် အရပ်ရပ် ‌လျှောက်ထားမေးမြန်းသည်များကိုလည်း ‌ဖြေဆို‌တော်မူခဲ့သည်။ ထိုအ‌မေး အ‌ဖြေများကို စု‌ပေါင်း၍ထား‌သော ‘မင်းလက်ဝဲ‌နော်ရထာ ‌လျှောက်ထုံး’ဟု ကျမ်းတစ်ကျမ်း အထင်အရှားရှိသည်။ ပြုစု‌တော်မူခဲ့‌သော ကျမ်းများမှာ - ပဋ္ဌာန်းအရကောက် ဉာသ်‌ကောက် ယမိုက်ဂဏ္ဍိ မာတိကာဂဏ္ဍိ ဓာတုကထာဂဏ္ဍိ ပုဒ်စစ်ကျမ်း သဒ္ဒါစစ်ဂါထာဖွင့် သံဝဏ္ဏနာအဖွင့် နည်း‌လေးဆယ် အာဒိကပ္ပကျမ်း ဒွါဒသရာသီကျမ်း ဓာတု‌ဘေဒကျမ်း ဓာတုဝိဘာဂကျမ်း နေမိတ္တကကျမ်း နရတန်း‌ဆောင်ကျမ်း နရမာလာကျမ်း လက္ခဏသင်္ဂြိုဟ်ကျမ်း နရသုခိကျမ်း ဝေ‌နေယျသုခိကျမ်း မဟာနာရီကွန်ချာကျမ်း ပဋိစ္စသမုပ္ပါဒ်ဓာတ်ကျမ်း ဓာတုသင်္ဂဟကျမ်း ဓာတုဒီပဏီကျမ်း အရသာကျမ်း အင်္ဂဝိဇ္ဇာကျမ်း က‌ဝေသာရကျမ်း လက္ခဏဒီပကျမ်း ဆနဝုတိကျမ်း ဓာတွန္ဒြီကျမ်း မဏိ‌ဇောတရသ်ကျမ်း စူဠ‌ဇောတရသ်ကျမ်း ပရမီသွာကျမ်း ဇမ္ဗူ့ကျက်သ‌ရေကျမ်း သာသနာသိုက်ကျမ်း သဗ္ဗသာဓရကျမ်း ယောဟနကျမ်း ပဉ္စပုမ်ကျမ်း စုစု‌ပေါင်း (၃၇)ကျမ်းဖြစ်သည်။ ထိုကျမ်းများအနက် အချို့‌သော ဆရာ‌တော် ကိုယ်တိုင်‌ပေတင်ခဲ့၍ အချို့ကိုမူကား ဆရာ‌တော် မရှိသည့် ‌နောက်မှ တပည့်များက ‌ပေတင်ကြသည်ဟုဆိုသည်။ ထို့ပြင် ‌နောင်‌တော်ကြီးမင်းက ‌တောင်းပန်သဖြင့် ‌ငွေဖြစ်လုပ်ရပ်ကျမ်းကိုလည်း ပြုခဲ့သည်ဟုဆိုသည်။ ကုန်းဘောင်ခေတ် ပထမပိုင်းတွင် ပေါ်ပေါက်သော စာပေ၊ ဂီတအနုပညာလောက၌ ထင်ရှားသော စွယ်စုံပညာရှင်ဆရာတော်တစ်ပါးမှာ တောင်တွင်းဆရာတော် 'ခင်ကြီးဖျော်' ပင်ဖြစ်သည်။ ဆရာတော်အား' မကာရလောပ' ဟု ခေါ်ကြသည်။ မတစ်လုံးကျေနေသည်။ မသိတာ၊ မတတ်တာမရှိဟု အဓိပ္ပာယ်ရသည်။ မှန်လည်းမှန်ပေသည်။ ဆရာတော်ကား ပညာစုံ၍ စွယ်စုံတော်သည်။ ပိဋကတ်လည်း နှံ့စပ်သည်။ သဒ္ဒါလည်းနိုင်နင်းသည်။ အဘိဓမ္မာလည်း ကျွမ်းကျင်သည်။ လောကုတ္တရာကျမ်းများအပြင် ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်း စသော လောကီကျမ်းများကိုလည်း ကမ်းခပ်အောင် တတ်မြောက်သည်။ တစ်နည်းဆိုရသော် ပညာအရာတွင် ဘက်စုံ၊ စွယ်စုံကျွမ်းကျင်တတ်မြောက်သူတစ်ဦးအဖြစ် ကျော်ကြားနေသူဖြစ်လေသည်။ "မ"တစ်လုံးကြေ အတုလမဟာကျော် ခင်ကြီးဖျော် ဟု လောကီ ပညာရပ်များကြောင့် ထင်ရှားခဲ့သည်။ ဆရာတော်ခင်ကြီးဖျော်အား သက္ကရာဇ် ၁၀၈၆၊ ကဆုန်လဆန်း( ၁၁)ရက် (ခရစ် ၁၇၂၄ ခု၊ ဧပြီ ၂၁ ရက်) အင်္ဂါနေ့။ ၁၀၈၆ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ဖွားမြင်သည်ဟု ကျမ်းအသီးသီး၌ ယေဘုယျဆိုကြသည်။ ပြက္ခဒိန်ကျမ်းနှင့် တိုက်ဆိုင်စေသောအခါ ထိုနေ့မှာ စနေနေ့ဖြစ်သည်ကို တွေ့ရသည်။ ကဆုန်လဆန်း (၁၁)ရက်နေ့မှာ အင်္ဂါနေ့ဖြစ်သဖြင့် (၁) ရက်ကို (၁၅) ရက်ဟု ရေးမှားခြင်းဖြစ်ကြောင်း ဒေါက်တာတိုးလှက တက္ကသိုလ်ပညာပဒေသာ(ဝိဇ္ဇာ) ၁၁/ ၂ ၌ ရက်ချုပ်စစ်တမ်း စာတမ်းတွင် စိစစ်ပြထားသည်။) အင်္ဂါနေ့ နံနက် ၄ချက်တီးကျော် နံနက်တွင် တောင်တွင်းကြီးမြို့ မြောက်ဘက် မြို့လုလင်ရွာအနီးရှိ ပုတီးကုန်းရွာ၌ အဖ ဦးဘိုးပြေ၊ အမိ ဒေါ်ကြာတို့မှ ဖွားမြင်၍ ငယ်မည်မှာ မောင်ဖျော် ဖြစ်သည်။ ငယ်ဘဝ မောင်ဖျော်သည် အသက် ၇-နှစ်အရွယ်တွင် မြို့လုလင်မြို့၊ ကန်ရိုးကျောင်း ဘုန်းတော်ကြီးထံတွင် စာပေစတင်၍ သင်ကြားရာ မြန်မာသင်ပုန်းကြီးကို နေ့ချင်းညချင်း တခဏအတွင်း တတ်မြောက်လေသည်။ သုံးလအတွင်း ပရိတ်ကြီး၊ နမက္ကရ၊ လောကနီတိ ဆုံးမစာတို့ကို တတ်မြောက်၍ ကျောင်းသားလူငယ် အဖြစ်နှင့်ပင် ဇာတ်ကြီးဆယ်ဘွဲ့ ပါဠိ အနက်တို့ကို နှုတ်တက်ဆောင်၍ သဘောသဘာဝ တို့ကိုလည်း မိမိရရ သိရှိလှသဖြင့် မေးသမျှ ခဲရာခက်ဆစ် တို့ကို ရုတ်တရက်ဖြေဆို နိုင်ပေသည်။ ၁၀-နှစ်သားအရွယ်တွင် ကန်ရိုးကျောင်း ဆရာတော်ကို ဥပဇျွာယ်ပြု၍ ရှင်သာမဏေ ဘဝမှာ သဒ္ဒါ၊ သင်္ဂြိုဟ်၊ မာတိကာ၊ ဓာတုကထာ၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာတို့ကို ကောင်းစွာ သင်ကြားတတ်မြောက်သဖြင့် ဆရာသမားတို့၏ ချီးကျူးမြှောက်စားခြင်းကို ရရှိလေသည်။ အသက် ၂၀ ပြည့်သောအခါ ရဟန်းဘောင်သို့ တက်၍ ရှင်သာမဏေဘဝက ရရှိမှည့်ခဲ့သော ရှင်ဉာဏဘွဲ့မှ ဦးဉာဏ ဘွဲ့သို့ မှည့်ခဲ့သော်လည်း ရဟန်းဘွဲ့ ဦးဉာဏ အမည်မှာ မထင်ရှား မကျော်စော၊ ငယ်မည် မောင်ဖျော်မှ ရဟန်းဖြစ်သဖြင့် `ခင်ကြီးဖျော်´ဟူ၍သာ ကျော်စောထင်ရှားလေသည်။ ရဟန်းအဖြစ်သို့ ရောက်လျှင် တောင်တွင်းကြီးသို့ သွား၍ စာတတ်အကျော် ဆရာတော်ဘုရားကြီးများထံ နည်းခံ၍ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို ကျနသေချာစွာ သင်ယူပြီးလျှင် ဗေဒင်၊ သက္ကဋ၊ ဓာတ်ဗိန္ဓောပညာ၊ ကဗျာ၊ လင်္ကာ စသည် တို့ကိုလည်း ခဏလွယ်ကူ တတ်မြောက်တော်မူသဖြင့် နိုင်ငံပေါ်တွင် အလွန်တရာ ထင်ရှား ကျော်ကြားလေသည်။ ထိုသို့ လောကီ/လောကုတ္တ နှစ်လီစွယ်စုံ ပြည့်စုံလုံလောက် ကျမ်းဂန် တတ်မြောက်သော်လည်း အားရတင်းတိမ်ခြင်း မရှိဘဲ၊ လွန်ကဲသော ဆန္ဒအလျောက် ရဟန်း ၅-ဝါမြောက်တွင် ပေါက္ကံပြည် ရွှေကျောင်းဆရာတော် ဘုရားထံသို့ သွားရောက်၍ သဒ္ဒါဘက်ဆိုင်ရာ ဘေဒစိန္တာ၊ သဒ္ဒနီတိ၊ ရူပသိဒ္ဓိ အစရှိသော ပါဠိ သဒ္ဒါ အဖြာဖြာတို့ကို ကျနသေချာ ဝေဖြာသိရှိ ထိမိအောင် သင်ကြားတော်မူပြန်သဖြင့် သဒ္ဒါအရာ ရည်တူမရှိ၊ ကဝိတန်ခွန် ထူးချွန်ပြောင်မြောက် မုံသောက်မာတင် အာဇာနည်ဝင် ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ခင်ကြီးဖျော်မှာ ရွှင်သောဉာဏ်၊ ထက်သောဉာဏ်၊ နက်သောဉာဏ်၊ စူးရှထိုးထွင်းသောဉာဏ် တို့နှင့် ကုန်စင်အောင် စုံလင်ပြည့်ဝသဖြင့် မသိလှသောအရာ၊ မတတ်သောအရာ မရှိ သလောက်ဖြစ်၍ သာသနာဝင် ပညာရှိ အဆက်ဆက်တို့က မတစ်လုံးကျေသော`မကာရလောပ ခင်ကြီးဖျော်´ဟူ၍ ခေါ်စမှတ် ပြုကြသည်။ ထိုသို့ တူမတူအောင် လောကဓမ္မ နှစ်ဌာနတွင် တတ်ကျွမ်းလှသော ဂုဏ်၊ သီလ.သမာဓိ.ပညာဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် နေ လအသွင် အလွန်ထင်ရှားသဖြင့် `လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်းဆောင်´ဆိုသလို လူအများ၏ နှုတ်ဖျားမှ တဆင့်စကား ပေါက်ကြား၍ သွားကာ ၁၁၁၆-ခုနှစ်မှာ အလောင်းမင်းတရားကြီးနှင့် သားတော်ကြီး အိမ်ရှေ့ဥပရာဇာ (နောင်တော်ကြီးမင်း) တို့က ရတနာသိင်္ဃ ကုန်းဘောင်မြို့သို့ ပင့်ဆောင်ပြီးလျှင် `ဉာဏာ လင်္ကာရ သဒ္ဓမ္မ သေနာပတိ မဟာဓမ္မရာဇဂုရု´ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းသည်။ မဟာဘုံသာ မည်သော ကျောင်းတော်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းသည်။ ဤသည်နှင့် ပတ်သက်၍ တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ အရိုးအိုးတည်ထားရာ စစ်ကိုင်းမြို့ လောကမဉ္ဇူဘုရား ကျောက်စာတွင် - ဧဝံ- ဤသို့ သဘောတော်ဟုသော၊ ဂုဏံ- ကျေးဇူးတော်ကိုဝ်၊ ပသီဒိတွာ- ကြည်တော်မူရုယ်၊ ယောဇနသတပ္ပမာဏံ- ယူဇနာတစ်ရာအတိုင်း အရှည် ဟိသောအရပ်သို့ဝ်၊ အနေကက္ခတ်တုံ- အကြိမ်များစွာ၊ ဂန္တန- သွားဦးရုယ့်၊ သဂါရဝံ- အရိုဝ်အသေ၊ နိမနေနေတသိ- ပင့်ဖိတ်စေ၏။ ယောဓမ္မာ- အကြင်သီရိပဝရမဟာဓမ္မရာဇာအမည် ဟိသော မင်းတရားသည် သုတံ- တင့်တယ်စွာထသော၊ အနေကဓဇလင်္ကာရံ- များစွာသော မှန်ကင်းတို့ဝ်ဖြင့်တန်ဆာဆင်အပ်ထသော၊ သဗ္ဗရာမ- မယံ- အလုံးစုံရွှေဖြင့် ပြီးထသော၊ မဟာဘုံသာတိဉ်ဆိတ့- မဟာဘုံမ်သာ ဟူသော နာမံတံဆိပ်လည်း ဟိထသော၊ မဟာသေယျံ- မြတ်သောကျောင်းကြီးကိုဝ်၊ တသဂုရုနော- ထိုဝ်ဆရာတော်အား၊ အဒါသိ- လှူတော်မူ၏ ဟု ခင်ကြီးဖျော်၏တပည့် ပုညာရာမ မထေရ်က ကမ္ပည်းထိုးတော်မူခဲ့သည်။ ထို့နောက် သံဃရာဇာ သာသနာပိုင် အဖြစ်သို့ တင်မြှောက်ခံရသည့်အပြင် လောကီ၊ လောကုတ္တရာ အဖြာဖြာတို့၌ တူမတူအောင်၊ အတုမရှိအောင် တတ်မြောက်တော်မူသဖြင့် `အတုလဆရာတော် ခင်ကြီးဖျော်´ဟူ၍လည်း ရှင်လူအများတို့က ခေါ်ဝေါ်ကြသည်။ ထို့နောက် တောင်တွင်းဆရာတော်ခင်ကြီးဖျော်အား နောင်တော်ကြီးမင်းတရားက ' ဉာဏဘိဓမ္မလင်္ကာရ မဟာဓမ္မရာဇဂုရု' တံဆိပ်နာမံတော် ကပ်လှူပြီး သာသနာပိုင် တင်မြှောက်လေသည်။ ပင့်ဖိတ်သည့်သက္ကရာဇ် ဆပ်ကပ်သည့်နှစ်နှင့် ပတ်သက်၍ 'ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး'စာမျက်နှာ ၂၅၀-၂၅၁တွင် - ထိုနှစ် (သက္ကရာဇ် ၁၁၂၃ ခုနှစ် ) ရတနာသိင်္ဃ နေပြည်တော်၏ အရှေ့မြောက်ယွန်းတွင် ကျောင်းဦးပြာသာဒ်နှင့်တကွ သုံးထပ်ဇေတဝန်ရွှေကျောင်းဆောက်တော်မူ၍ 'မဟာဘုံသာ' သမုတ်တော်မူပြီးလျှင် တောင်တွင်းဆရာတော် 'ဉာဏဘိဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု' ဆရာတော်အား တင်လှူတော်မူ၍ အရညဝါသီပုဂ္ဂိုလ်၊ ဂါမဝါသီပုဂ္ဂိုလ် အရိယာသံဃာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ များစွာသော ရဟန်းတို့ အသုံးအဆောင်တို့ကို လှူတော်မူသည်။ ပွဲသဘင်ကြီးစွာလည်း ခံတော်မူသည်။ ဟူ၍ မှတ်တမ်းတင်ထားသည်။ မြန်မာနိုင်ငံ သာသနာ့သမိုင်း၌ ညောင်ရမ်း (၁၀) ဆက်မြောက်သက်ကရာဇ် ၁၀၆၀ ပြည့်နှစ်တွင် နန်းတက်သော စနေမင်းလက်ထက်တွင် အတင်ဂိုဏ်း ဟူ၍ သာသနာတွင် ဂိုဏ်းနှစ်ဂိုဏ်းကွဲပြားသွားသည်။ အတင်ဂိုဏ်းမှာ ရှင်သာမဏေများ ရပ်ရွာထဲ သွားသည့်အခါ၌ သင်္ကန်းကို လက်ကန်တော့တင်ရုံသာ တင်သွားသည့်ဂိုဏ်းဖြစ်ပြီး အရုံဂိုဏ်းမှာ ရှင်သာမဏေများ ရပ်ထဲရွာထဲသွားသည့်အခါ၌ ဝိနည်းတော်အရ သင်္ကန်းကို ရုံပြီးသွားသည့်အခါ၌ ဝိနည်းတော်အရ သင်္ကန်းကို ရုံပြီးသွားသည့်ဂိုဏ်း ဖြစ်သည်။ ယင်းဂိုဏ်းနှစ်ဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၏ ပဋိပက္ခမှာ နောင်တော်ကြီးမင်းလက်ထက်တွင်လည်း ပြေငြိမ်းမသွားပေ။ တောင်တွင်းဆရာကား အရုံဂိုဏ်းဝင် ဖြစ်သည်။ အရုံဂိုဏ်းတွင် တောင်တွင်းဆရာတော် သာသနာပိုင်ဖြစ်လာသည့်အခါ အရုံဂိုဏ်းဝင်ဆရာတော်များက တောင်တွင်းဆရာတော်အား သာသနာပိုင်အနေဖြင့်အရုံဂိုဏ်းဘက်လိုက်ပြီး အဆုံးအဖြတ်ပေးရန် တောင်းပန်လျှောက်ထားကြသည်။ သို့ရာတွင် တောင်တွင်းဆရာတော်သည် အခြေအနေအရပ်ရပ်ကို ထောက်ထား၍ သာသနာပိုင်၏ တန်ခိုးအာဏာကို အသုံးပြုပြီး တစ်ဖက်သတ်အဆုံးအဖြတ်ပေးရန် မသင့်ဟု ချင့်ချိန်စဉ်းစားလျက် ထိုအရေးကိစ္စကို ပျံလွန်တော်မူသည့်တိုင် ဆိုင်းငံ့ထားခဲ့လေသည်။ တောင်တွင်းဆရာတော်သည် ပိဋကတ်ကျမ်းဂန်၌ သာ ကျွမ်းကျင်သည်မဟုတ်၊ လောကီပညာရပ်တို့၌လည်း နှံ့စပ်တော်မူသည်ဟူသော သတင်းသည် ပျံ့နှံ့ကျော်ကြားနေသည်။ တစ်ခါသော် ဒကာဖြစ်သူ နောင်တော်ကြီးမင်းသည် ဆရာဖြစ်သူ တောင်တွင်းဆရာတော်အား တကယ် မ တစ်လုံးကျေ၊ မကျေ စမ်းသပ်ကြည့်လိုသည့်စိတ် ဖြစ်ပေါ်လာလေသည်။ သို့ဖြစ်၍ ဆိုင်းသမားများကို ကျောင်းသို့စေလွှတ်ပြီး တီးမှုတ်ခိုင်းကြည့်လေသည်။ ထိုအခါ ဆရာတော်က ဆိုင်းသမားများအား တီးမှုတ်နည်းကို ညွှန်ကြားပြသပေးသည်။ ဆရာတော်ညွှန်ကြားသည့်အတိုင်း တီးမှုတ်ကြရာ ရှေးက မကြားဘူးသော သာယာနာပျော်ဖွယ်ကောင်းသည့် တီးလုံးအသံများ ထွက်ပေါ်လာသည်ဟု အဆိုရှိလေသည်။ တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် ခဲရာခဲဆစ် လောကီလောကုတ္တရာ စာပေကျမ်းဂန်မျာစွာကို ပြုစုတော်မူခဲ့သည်။ ဆရာတော်ပြုစုရေးသားခဲ့သော စာပေများအနက် အဘိဓမ္မာနှင့် ပတ်သက်၍ ပဋ္ဌာန်းအရကောက်ကျမ်း၊ ယမိုက်၊ ဂဏ္ဍိ၊ မာတိကဂဏ္ဍိ၊ ဓာတုကထာဂဏ္ဍိ၊ ဝီထိလက်ရိုး လက္ခဏာသင်္ဂြိုဟ်ကျမ်း စသော ကျမ်းများကို လည်းကောင်း၊ သဒ္ဒါနှင့် ပတ်သက်၍ ပုဒ်ဆစ်၊ သဒ္ဒါဆစ်၊ သဒ္ဒါကြီး၊ ဂဏ္ဍိပဗ္ဗ၊ သံဝဏ္ဏနာကျမ်း၊ နည်းလေးဆယ်၊ သဒ္ဒါငယ်ကစ္စယနသာကအကောက်၊ ဉာသ်ကောက် စသောကျမ်းများကို လည်းကောင်း၊ ဓာတုဒီပနီကျမ်း စသော ကျမ်းများကို လည်းကောင်း၊ ဆေးပညာနှင့် ပတ်သက်၍ မြန်မာ့ဆေးပညာလောက၌ ထင်ရှားကျော်ကြားသည့် နရသုခိ၊ ဆနဝုတိ၊ နရဟလာ စသောကျမ်းများကို လည်းကောင်း၊ ဗေဒင်နက္ခတ္တဗေဒနှင့် ပတ်သက်၍ ဒွါဒသရာသီကျမ်း၊ နေတ်တိဟာရအကောက်၊ ဇော်ကဝိဇ္ဇာကျမ်း (ဒွါဒရာသီအဖွင့်)၊ ဒွါဒသဓိန်တာနက္ခတ္တ၊ မဏိဇောတရာသီကျမ်း၊ ဗေဒင်လက်ရိုးဋီကာ စသော ကျမ်းများကို လည်းကောင်း ပြုစုခဲ့လေသည်။ ထို့ပြင် အာဒိကပ္ပကျမ်း၊ ကပ္ပါလက်ရကျမ်း၊ ကပ္ပဝဏ္ဏနာကျမ်း၊ အာချတ်သာမိနိယံကျမ်း၊ သမ္ဗန်ဓဆက်ကဝဏ္ဏနာကျမ်း၊ သုတ္တမာလာ ဝုတ္တိမာလာကျမ်း၊ ဗြဟ္ဓဝစ္စဝါဓကကျမ်း၊ လက်ဝဲနောက်ဂါထာလျှောက်ထုံးကျမ်း၊ ကလျာဏီရွှေကျောင်း မော်ကွန်းဂါထာ စသည်တို့ ဖြစ်သည်။ လက်ဝဲနော်ရထာလျှောက်ထုံးကျမ်းမှာ လက်ဝဲနော်ရထာအမတ်က အရပ်ရပ်သော လောကီ၊ လောကုတ္တရာကျမ်းတို့မှ ခဲရာခဲဆစ်တို့ကို စိစစ်ရှာဖွေ၍ အမေးပုစ္ဆာပြုလုပ်လျှောက်ထားသည့် တောင်တွင်းဆရာတော် ခင်ကြီးဖျော်က ဖြေဆိုရာဟူသမျှကို ရေးမှတ်ထားသော ကျမ်းပင် ဖြစ်သည်။ တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် သက္ကရာဇ် ၁၁၂၄ ခုနှစ် သက်တော် (၃၉) ဝါအရွယ်ကောင်းစဉ်၌ပင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့လေသည်။ မည်သည့်လတွင် ပျံလွန်တော်မူရှာသည် ဟူ၍ကားအတိအကျ မသိရသော်ငြားလည်း စစ်ကိုင်းမြို့ရှိ ဆရာတော် အရိုးအိုးစေတီကို သက္ကရာဇ် ၁၁၂၄ ခု၊ ပြာသိုလဆုတ် (၉) ရက်( ခရစ် ၁၇၆၃ ခု၊ ဇန်နဝါရီလ ၇ ရက်) သောကြာနေ့တွင် တည်တော်မူသည်ဟု အရိုးအိုးကျောက်စာအရ နတ်တော်လ သို့မဟုတ် ပြာသိုလဆန်း လောက်တွင် ဖြစ်မည်ဟု ခန့်မှန်းရသည်။ ဆရာတော်၏ ကြွင်းကျန်သော အလောင်းတော်ကို ဘုရင်မင်းတရားကြီးကိုယ်တိုင် ထီးဖြူလေးစင်း အုပ်မိုးစေတော်မူ၍ ရွှေသံလျင်ဖြင့် ဆောင်တော်မူပြီးလျှင် မီးသင်္ဂြိုဟ်တော်မူခဲ့လေသည်။ ထိုနှစ် ပြာသိုလသို့ရောက်သောအခါ၌လည်း ဆရာတော်၏ အသုံးအဆောင်ပရိဘောဂတို့ဖြင့် လည်းကောင်း၊ ဓာတ်တော်တို့ဖြင့် လည်းကောင်း စစ်ကိုင်းမြို့မြောက် မုဋ္ဌောနောက်၌ ရွှေမှောက်ဘုန်းထင် ဆင်များရှင်၏ ရှေ့တွင် မဝေး လမ်းထိပ်မှေး၍ ညွတ်ရှေးစိတ်ကြည် စေတီတည်တော်မူသည် ဟု အရိုးအိုးစေတီကျောက်စာ၌ ဖော်ပြထားလေသည်။ ပြုစုသော ကျမ်းဂန်များ သဒ္ဒါဘက်ဆိုင်ရာ ပုဒ်စစ် သုတ်စစ် သဒ္ဒါစစ် နည်းလေးဆယ်၊ သံဝဏ္ဏနာများကို မြန်မာစကားသွား တိတိကျကျ မိမိရရ ရေးသားသောကြောင့် မြန်မာစာအရာ၊ သဒ္ဒါအရာမှာ ကျေးဇူးများသဖြင့် ယခုထက်ထိ သာသနာတော်မှာ အစဉ်အဆက် သင်ကြား၍ ထင်ရှားသော ကျမ်းတစ်စောင် ဖြစ်လေသည်။ ထို့အပြင် အဘိဓမ္မာ အကောက်ကျမ်းများ၊ ဆေးကျမ်းများ၊ ဓာတ်ကျမ်းများ၊ နက္ခတ်ကျမ်းများ၊ ဗေဒင်ကျမ်းများနှင့် အင်းအိုင် တောတောင် မြို့ပြဆိုင်ရာ ဗဟုသုတများစွာပါသော ဇမ္ဗူ့တန်ဆောင်ကျမ်း၊ ဇမ္ဗူကွန်ချာကျမ်း၊ ရတုလင်္ကာများ၊ ဆုံးမစာများကို ရေးသားတော်မူခဲ့သည်။ ထို့အပြင် မင်းလက်ဝဲသုန္ဒရ၊ မင်းလက်ဝဲ နော်ရထာ စသော အမတ်ပညာရှိများ မေးလျှောက်ထားသော အမေးပုစ္ဆာ ပြဿနာများကိုလည်း တခဏအတွင်း ရုတ်ခြည်း ဖြေဆိုတော်မူသည်။ ထိုအမေးအဖြေများ ပါသော `အမေးတော်အဖြေကျမ်း´များလည်း မှတ်သားဘွယ်ရာ အနှစ်သာရ အတိနှင့် ပြည့်စုံလျက် ရှိပေသည်။ ဤမျှ မကသေး သီဟိုဠ်၊ ယိုးဒယား၊ တရုတ်၊ ဇင်းမယ်၊ ကသည်း၊ မဏိပူရပြည်များက မေးအပ်သောပုစ္ဆာ ပြဿနာများ ကိုလည်း ကောင်းစွာ လွယ်ကူ ဖြေဆိုတော်မူသည်။ ကျမ်းများ အောက်ပါတို့သည် ဆရာတော် ပြုစုတော်မူခဲ့သည့် ကျမ်းများ ဖြစ်သည် - ဝီထိလက်ရိုးကျမ်း၊ ဂမ္ဘီရတ္ထဒေသနာအရကောက်ကျမ်း၊ ဒွါဒသရာသီကျမ်း၊ ဒွါဒသစိန္တာနက္ခတ်ကျမ်း၊ အာဒိကပ္ပကျမ်း၊ ကပ္ပါလင်္ကာရကျမ်း၊ ကပ္ပဝဏ္ဏနာကျမ်း၊ လက်ရိုးဗေဒင်ဋီကာကျမ်း၊ အင်္ဂဝိဇ္ဇာကျမ်း ၉−တွဲ၊ ဆနုဝုတိဆေးကျမ်း၊ အသီတိဓာတ်ကျမ်း၊ ဇမ္ဗူတန်ဆောင်ကျမ်း၊ ဇမ္ဗူဦးဆောင်းကျမ်း၊ ဇမ္ဗူကွန်ခြာကျမ်း၊ အာချတ်သာမိနိယံကျမ်း၊ သမ္ဗန္ဓဆက္ကဝဏ္ဏနာကျမ်း၊ သုတ္တမာလာ ဝုတ္တိမာလာကျမ်း၊ ပုဒ်ဆစ် သဒ္ဒါဆစ်၊ သံဝဏ္ဏနာကျမ်း၊ နည်းလေးဆယ်၊ သဒ္ဒါငယ်ကစ္စာယနသာရအကောက်၊ ဉာသ်ကောက်၊ နေတ္တိဟာရအကောက်၊ ဇော်ကဝိဇ္ဇာကျမ်း (ဒွါဒရာသီအဖွင့်။) အင်္ဂဝိဇ္ဇာမဟာဋီကာကျမ်းရင်း၊ ဒွါဒသိန်ကျမ်း၊ လက်ဝဲနော်ရထာလျှောက်ထုံး အဖြေ၊ ကလျာဏီရွှေကျောင်းမော်ကွန်းဂါထာပါဌ်နိသျ၊ သဒ္ဒါကြီးဂဏ္ဌိပဗ္ဗ ဘဝနိဂုံး မိမိ ဒကာတော်ရင်းဖြစ်သော နောင်တော်ကြီးမင်းလက်ထက် သက္ကရာဇ် ၁၁၂၄-ခု၊ သက်တော် ၃၉-နှစ်၊ ဝါတော် ၁၉-ဝါ တွင် စစ်ကိုင်းမြို့သို့ ကြွတော်မူခိုက် လေရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူသည်။ မှတ်ချက် အတုလဆရာတော် ခင်ကြီးဖျော် အပြင် အလောင်းမင်းတရားကြီး ကိုးကွယ်သော ဒီပဲယင်းမြို့၊ ဥသျှစ်ကျေးရွာဇာတိ လူမည် ဦးပန်းထွေး၊ ရဟန်းဘွဲ့ အရှင်ယသသည်လည်း `အတုလယသ မဟာဓမ္မရာဇဂုရု´ဘွဲ့တံဆိပ်ဖြင့် အတုလ သာသနာပိုင် ဆရာတော်တစ်ပါး ရှိသေးသည်။ ထိုဆရာတော်သည် ဘိုးတော်ဘုရားလက်ထက်တွင် အတင်-အရုံကွဲပြားကြရာ ရှုံးသောကြောင့် ရာဇဝတ်တော်ဖြင့် လူထွက်ရသည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ ဗုဒ္ဓဘာသာရဟန်းများ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များ မြန်မာသာသနာပိုင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%96%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA
ဘုရား (ဗုဒ္ဓဘာသာ)
ဘုရားဆိုသည်မှာ ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော သဗ္ဗေညုတဉာဏ်တော်ရှင် ပုဂ္ဂိုလ်ထူးကို ဆိုလိုသည်။ ယင်းပုဂ္ဂိုလ်ထူးကိုလည်း ဉာဏ်ပညာတစ်မျိုးတည်းသာ ကြီးကျယ်မြင့်မြတ်ခြင်းဖြင့် ဘုရားဟု ဆိုသည်မဟုတ်။ ဇာတိမဟတ္တ၊ အမျိုးဇာတ်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။ ပုညမဟတ္တ၊ ဘုန်းသမ္ဘာ ကုသိုလ်ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။ သီလမဟတ္တ၊ အကျင့်သီလအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။ သမာဓိမဟတ္တ၊ တည်ကြည်ခိုင်ခံ့သော သမာဓိအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။ ဣဒ္ဓိမဟတ္တ၊ တန်ခိုးအာနုဘော်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။ ဗုဒ္ဓိမဟတ္တ၊ ဉာဏ်ပညာအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်းဟူ၍ လောကတွင် ရှိရှိသမျှ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့ထက် ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူးကိုသာလျှင် ဘုရားဟု ဆိုရသည်။ နာထ-စကားလုံးမှ ဘုရား၏ အဓိပ္ပွါယ် (၁) လိုလား တောင့်တတော် မူတတ်သော ဘုရား၊ ဝေနေယျတို့၏ စီးပွါးချမ်းသာကို မေတ္တာ၏ အစွမ်းဖြင့် လိုလား တောင့်တတတ်သော ဘုရား။ (၂) ပူပန်စေ တတ်လောင်မြိုက်တတ်သောဘုရား၊ (က) သတ္တဝါတို့၏ သန္တာန်၌ဖြစ်သော ကိလေသာတို့ကို–ပူပန်စေတတ်-လောင်မြိုက်တတ်-သော ဘုရား။ (ခ) ရဟန်းတို့၏လွန်ကျူးမှု အားလျော်စွာ သိက္ခာပုဒ် ဥပဒေတော်ကို ပညတ်တော်မူခြင်းအားဖြင့် မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော ဘေးရန်ကို ကရုဏာဖြင့်–ပူပန်စေတတ်-လောင်မြိုက်တတ်-သောဘုရား။ (ဂ) သုတ္တန်ဒေသနာ၏ အစွမ်းဖြင့် သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ကိလေသာတို့ကို ကရုဏာ, ပညာဖြင့်-ပူပန်စေတတ်-လောင်မြိုက်တတ်သော ဘုရား။ (ဃ) အဘိဓမ္မာဒေသနာ၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် ရှုလျက် ကိုယ်တော့်သန္တာန်၌ ဖြစ်သော ကိလေသာတို့ကို ပညာဖြင့် ပိုင်းခြားပြီး သိ၍ ပူပန်စေတတ်သော ဘုရား။ (၃) တောင်းပန်တတ်သောဘုရား၊ သတ္တဝါတို့၏ ထိုထို ဟိတပဋိပတ်ကို ကျင့်ခြင်း၌-တောင်းပန်–တိုက်တွန်း–နှိုးဆော်–တတ်သောဘုရား။ (၄) စိတ်ကို အစိုးရခြင်း ရှိသော ဘုရား။ (၅) အလုံးစုံသော သတ္တဝါတို့ကို လွှမ်းမိုးနိုင်သော ဘုရား။ ဗုဒ္ဓဝင် သိဒ္ဓတ္ထ ဂေါတမ သည် ဗုဒ္ဓဘာသာ ကိုတည်ထောင်ခဲ့သော ဘာသာရေးဆိုင်ရာ အမြင့်မြတ်ဆုံးသော အဓိကပုဂ္ဂိုလ်မြတ်စွာဘုရားသခင် ဖြစ်သည်။ " ဗုဒ္ဓ" အဓိပ္ပာယ်သည် "နိုးကြားလာသောတစ်ဦး" သို့မဟုတ် "ဉာဏ်အလင်းရသောတစ်ဦး" ဖြစ်သည်။ ဘီစီ ၆၂၃ တွင် ဗုဒ္ဓ မွေးဖွားခဲ့သည်။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓသည် (ခရစ်တော်မပေါ်မီနှစ်ပေါင်း ၆၂၃) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျေကျော်က အရှေ့တိုင်း အိန္ဒိယတိုက်တွင် ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သော အမြင့်မြတ်ဆုံးသော မဟာလူသားတစ်ဦး ဖြစ်ပေသည်။ သမိုင်းပညာရှင်များသည် သူ၏ မွေးဖွားချိန်အား ဘီစီ ၆၂၃ သက်တမ်းသတ်မှတ်ကြသည်။ မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ 588 တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ ယနေ့ကမ္ဘာတွင် သာသနာ သက္ကရာဇ်ကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်တော်မူသည့် BC 543 မှစပြီး ရေတွက်သောကြောင့်၊ ဥပမာ-ခရစ်နှစ် ၂၀၁၂ တွင်၂၅၅၅ ဗုဒ္ဓ သာသနာနှစ် (၂၀၁၂+ဘီစီ ၅၄၃=၂၅၅၅ ဗုဒ္ဓ သာသနာနှစ်) ဖြစ်နေသည်။ ထိုသို့ တွက်ချက်နည်းမှာ မမှန်ကန်ကြောင်း နှင့် ဗုဒ္ဓ သာသနာနှစ် ကို မှန်ကန်စွာ တွက်ချက်လိုပါက ဗုဒ္ဓ မြတ်စွာဘုရားက ဗုဒ္ဓဝါဒ ကို စတင်တည် ထောင်ခဲ့သော ဘီစီ ၅၈၈ မှစပြီး ရေတွက်ရမည်ဖြစ်ကြောင်း မြန်မာ့သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မ မြင့်ကြွယ်) က မှတ်ချက်ပြုခဲ့သည်။ ၊ ဥပမာ-ခရစ်နှစ် ၂၀၁၂ တွင် ၂၆၀၀ ဗုဒ္ဓ သာသနာနှစ်(၂၀၁၂+ဘီစီ ၅၈၈=၂၆၀၀ ဗုဒ္ဓ သာသနာနှစ်) ဖြစ်ရပါမည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ သာသနာ သက်တမ်း သည် ရွှေတိဂုံ စေတီတော်၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဘာသာ သာသနာ သက်တမ်း တွက်ချက်ပုံကို မြို့မ-မြင့်ကြွယ် ရေးသားခဲ့သော "မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ စာအုပ်" တွင် မြင်တွေ့နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော် BC 588 လောက်က ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရားကား ဆိုခဲ့ပြီးသော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသောကြောင့် လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။ ရှေးရှေးကမ္ဘာ့ကမ္ဘာက ပွင့်တော်မူခဲ့ကြသော ဂင်္ဂါဝါဠု သဲစုမက များလှစွာသော ဘုရားများ၊ လွန်ခဲ့သော ဆယ့်ခြောက် အသင်္ချေအတွင်း ပွင့်တော်မူခဲ့ကြသော ဗြဟ္မာဒေဝစသော ဘုရားများ၊ လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော်မူသော တဏှင်္ကရာ ဘုရားအစ၊ သဿပဘုရား အဆုံးရှိသော နှစ်ကျိပ်ခုနစ်ဆူသော ဘုရားများလည်း လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူကြသည်။ ထိုဘုရားတို့တွင် ဂေါတမ မြတ်စွာဘုရား၏ ဖြစ်တော်စဉ် အကျဉ်းကား ဤသို့တည်း။ ဂေါတမ မြတ်စွာ ဘုရားကား ဘိုးတော် အဉ္စနမင်း ဖြိုကြွင်းသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူသည်။ ဌာနကား အိန္ဒိယနိုင်ငံ ကပိလဝတ် နေပြည်တော်၊ ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး၊ မယ်တော်ကား သီရိမဟာ မာယာမိဖုရားကြီး၊ အမည်တော်ကား သိဒ္ဓတ္ထမင်းသား ဖြစ်လေသည်။ အရွယ်တော် ဆယ့်ခြောက်နှစ်မှစ၍ နှစ်ဆယ့်ကိုးနှစ် အတွင်း ထီးနန်းစည်းစိမ်ကို ခံစားသည်။ မိဖုရားကြီးကား ယသောဓရာ မာယာဒေဝီ၊ သားတော်ကား ရာဟုလာဖြစ်သည်။ သူအို၊ သူနာ၊ သူသေ နှင့် ရဟန်းအသွင် ဟူသော နိမိတ်ကြီး လေးပါးကို မြင်သဖြင့်၊ သတိ သံဝေဂ ရလျှက် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်၍၊ ရဟန်းပြု တော်မူသည်။ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာ အကျင့်ကို ကျင့်ပြီးလျှင် ၁ဝ၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗောဓိပင် ရင်းဝယ်၊ သဗ္ဗေညုတဉာဏ်တော်ကိုရ၍၊ လောကသုံးပါးတွင် ဘုရားစင်စစ် ဧကန် ဖြစ်တော်မူလေသည်။ ဘုရားဖြစ်ပြီးနောက်၊ ၄၅ ဝါပတ်လုံး တရားဟောကာ၊ အညာတကောဏ္ဍညအစ၊ သုဘဒ္ဒအဆုံးရှိသော ဝေနေယျများစွာ သတ္တဝါတို့ကို နိဗ္ဗာန်လမ်းကြောင်းပေါ်သို့ မှန်ကန်စွာပို့ဆောင်တော်မူပေးပြီးလျှင်၊ ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်။ ၄၅ ဝါပတ်လုံး နေ့စဉ် ပြုလုပ်အပ်သော လုပ်ငန်းများကား ပုရေဘတ္တကိစ္စ---နံနက်ဆွမ်းခံကြွခြင်း၊ ပစ္ဆာဘတ္တကိစ္စ---ညနေတွင် ဒါယကာ၊ ဒါယိကာမတို့အား တရားဟောခြင်း၊ ပူရိမ ယာမကိစ္စ---ညဉ့်ဦးယံတွင် ရဟန်းများအား တရားဟောခြင်း၊ မဇ္ဈိမယာမကိစ္စ--- ညဉ့်လယ်ယံတွင် နတ်များအား တရားဟောခြင်း၊ မစ္ဆိမယာမကိစ္စ--- ညဉ့်နောက်ဆုံးယံကို သုံးပုံပုံကာတစ်ပုံကို စင်္ကြံသွားခြင်း၊ တစ်ပုံကို ကျိန်းစက်ခြင်း၊ ကျန်တစ်ပုံကို ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်ရှု့ခြင်း ဟူ၍ ငါးပါးဖြစ်သည်။ ဂုဏ်တော်၏အနက်ကား - အရဟံ --- လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံတော် မူထိုက်ခြင်း၊ ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီး ဖြစ်ြခင်း၊ စိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း၊ သမ္မာသမ္ဗုဒ္ဓ --- ေဥယျဓံတရား အလုံးစုံကို အကုန် အစဉ် သိမြင်တော်မူခြင်း၊ ဝိဇ္ဇာစရဏသမ္ပဇ္ဈ --- ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူခြင်း၊ သုဂတော --- ကောင်းသောစကား(အကျိုးရှိသော ဟုတ်မှန်သော)ကိုဆိုတော်မူခြင်း၊ လောကဝိဒူ --- လောကသုံးပါးကို သိတော်မူခြင်း၊ အနုတ္တရောပုရိသ ဓမ္မသာရထိ --- ဆုံးမသင့် ဆုံးမထိုက်သော သူတို့ကို ဆုံးမရာ၌ အတုမရှိ မြတ်တော် မူခြင်း၊ သတ္ထာဒေဝ မနုဿနံ --- နတ်လူတို့၏ ဆရာဖြစ်တော်မူခြင်း၊ ဗုဒ္ဓ --- သစ္စာလေးပါးကို သိတော်မူခြင်း၊ ဘဂဝါ --- ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူခြင်း၊ ဟူ၍ကိုးပါးဖြစ်သည်။ (အကျယ် ဘုရားဂုဏ်တော် ) ထိုမှတစ်ပါး မက္ခလိ၊ ပူရဏ၊ အဇိတ၊ ပကုဒ္ဓ၊ နိဂဏ္ဌ၊ သဉ္စယဟူ၍ အယူဝါဒကို ပြုလုပ်တတ်သော တိတ္ထိဆရာကြီး ခြောက်ဦးကိုလည်း ဘုရားဟုခေါ်ဆိုကြသည်။ ထိုသို့ခေါ်ဆို ကြသော်လည်း၊ ယင်းဆရာကြီး ခြောက်ဦးတို့မှာ ယခင်ပြဆို ခဲ့သော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် မပြည့်စုံသည့် အတွက် ဘုရားမမည်နိုင်ပေ။ (ဦးကြီးဖေ) ဆက်စပ်ဖတ်ရှုရန် ဘုရားရတနာ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%20%28%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%29
စကြဝတေးမင်း
စကြဝတေးမင်းသည် အလျားယူဇနာ(၁၀ဝ)၊ အနံယူဇနာ(၂၅၀)၊ အဝန်းယူဇနာ(၉၀ဝ)ရှိသည့် မဇ္ဈိမဒေသ အရပ်မှာ ဖြစ်သည်။ မဇ္ဈိမဒေသ အရပ်သည် ဘုရား ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက စသည့် မြင့်မြတ်သူများ ဖြစ်ရာအရပ်ဖြစ်သည်။ ပစ္စန္တရစ်အရပ်၌ မဖြစ်ပေ။ စကြဝတေးမင်း၏ ရတနာ(၇)ပါး စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိဖုရားရတနာ သူဌေးရတနာ သားကြီးရတနာ တို့ဖြစ်သည်။ ကဗျာ ::`စကြာ၊ ဆင်ဖြူ၊ မြင်းပျံဟူ မှတ်ယူ၊ ပတ္တမြား၊ မြောက်ကျွန်းသူနွယ်၊ သားနန်းနွယ် မှတ်ဖွယ်၊ သူဌေးအား။ ။´ စကြဝတေးမင်း ပေါ်သောအခါ ရတနာ(၇)ပါးအနက် စကြာရတနာ အရင်ရောက်ရှိလာသည်။ ဆင်ရတနာ၊ မြင်းရတနာများသည် သာမန် ဆင်၊ မြင်းများထက် သာသည်။ မိဖုရားရတနာသည် အဆင်းလှသည်။ ကြည်ညိုဖွယ်ရှိသည်။ မြင့်ခြင်း၊ နိမ့်ခြင်း ဟူသော အပြစ်ခြောက်ပါး ကင်းသည်။ ကိုယ်နံ့သည် စန္ဒကူးနံ့၊ ခံတွင်းနံ့သည် ကြာညိုနံ့ သင်းသည်။ မဒ္ဒတိုင်း မင်းမျိုး ဖြစ်သည်။ မြောက်ကျွန်းသူ ဖြစ်သည်။ သူဌေးရတနာသည် မြေကြီးအတွင်း တစ်ယူဇနာတိုင်တိုင် အရှင်ရှိပြီး မြှုပ်ထားသော ဥစ္စာ၊ အရှင်မဲ့ မြှုပ်ထားသော ဥစ္စာများကို မျက်စိနှင့် မြင်နိုင်သည်။ စကြဝတေးမင်း စုံစမ်းခိုင်းသည့်အခါ ရတနာများကို ယူပေးသည်။ သားကြီးရတနာသည် ပညာရှိသည်၊ လိမ္မာသည်၊ သူတပါး၏ အကြံအစည်ကို သိနိုင်သည်။ စကြဝတေးမင်း သေပြီး (၇)ရက်မြောက်တွင် စကြာရတနာ ကွယ်သည်။ ဆင်၊ မြင်းရတနာ သေသည်။ မြရတနာ ပျောက်ကွယ်သည်။ မိဖုရားရတနာ တန်ခိုးအာနုဘော် ကွယ်သည်။ သူဌေးမျက်စိသည် သာမန်မျက်စိသာရှိတော့သည်။ သားကြီး၏ ဉာဏ်ပညာသည်လဲ သာမန်ပညာသာ ဖြစ်တော့သည်။ စကြဝတေးမင်း ကျင့်ဝတ် (မဟာသုဒဿနသုတ်)အရ သုံးပါး ဒါန = အလှူပေးခြင်း၊ ဒမ္မ = က္ကန္ဒြေကို ဆုံးမခြင်း၊ သံယမ = ငါးပါး၊ ရှစ်ပါးသီလတို့ကို ဆောက်တည်ခြင်း၊(တနည်း) ကိုယ်နှုတ်တို့ကို စောင့်စည်းခြင်း၊ (ဒီဃနိ ကာယ် ပါထိကဝဂ် စက္ကဝတ္တိသုတ်) အရ ဆယ်ပါး ၁။ သားမယားတို့ကို သီလ၌ ဆောက်တည်စေခြင်း၊ အဝတ် ပုဆိုး၊ နံ့သာ၊ ပန်း စသည်တို့ကို ပေးခြင်း၊ဘေးဥပဒ် မရှိအောင် စောင့်ရှောက်ခြင်း၊ ၂။ အဘိသိက် ခံလေပြီးသော မင်းတို့အား မြည်း၊ မြင်း၊ အဿဇနေယျ စသော ရတနာတို့ကို ပေး၍ ချီးမြှောက်ခြင်း၊ ၃။ မိမိထံ၌နေသော မင်းတို့ကို ထိုက်သည့်အားလျှော်စွာ ယာဉ်၊ သံလျင်းပေး၍ နှစ်သက်စေခြင်း၊ ၄။ ပုဏ္ဏားတို့အား ထမင်း၊ အဖျော်၊ ပုဆိုး စသောလှူဖွယ်ဝတ္တုကို ပေးခြင်း၊ သူကြွယ်တို့အား မျိုးစေ့၊ ထွန်တုံး၊ ထွန်သွား၊ နွားလား စသည်တို့ကို ပေးခြင်း၊ ၅။ နိဂုံး၊ ဇနပုဒ် နေသူတို့အား ထမင်း၊ မျိုးစေ့၊ ရိက္ခာ၊ ထွန်တုံး၊ ထွန်သွား၊ ကျွဲ၊ နွား စသည်တို့ကို ပေးခြင်း၊ ၆။ ရဟန်းတို့အား ရဟန်းတို့နှင့်လျော်သော ပရိက္ခရာများ လှူဒါန်း၍ ပူဇော်ခြင်း၊ ၇။ သားရဲတိရစ္ဆာန်တို့အား ဘေးမဲ့ပေး၍ သက်သာရာကို ရစေခြင်း၊ ၈။ မတရားသော အမူအရာကို မပြုစေခြင်း၊ ၉။ ဥစ္စာ မရှိသောသူတို့အား ဥစ္စာကိုပေးခြင်း၊ ၁၀။ ရဟန်း၊ ပုဏ္ဏားတို့ထံသို့ကပ်၍ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ၊ အပြစ်မရှိ၊ မှီဝဲအပ်၊ မမှီဝဲအပ် စသော တရားကိုမေး၍ အကုသိုလ်ကိုပယ်၊ ကုသိုလ်ကို ဆောက်တည်စေခြင်း၊ တန်ခိုးကြီးပုံ စကြဝတေးမင်းမှာ ကျွန်းကြီး လေးကျွန်း နှင့် အရံကျွန်းငယ် (၂၀ဝ၀) ကို အစိုးရသော မင်းဟု ကျမ်းဂန်များက ဆိုသည်။ ဇမ္ဗူဒိပ် မင်းအပေါင်းက ဝပ်တွား ခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စုံစေတတ်သော စကြာရတနာ ရရှိသဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်းထက်မြက်လှသော လှံ၊ ရထား၊ ခြေနင်း စသည်တို့ကို လှံစကြာ၊ ရထားစကြာ၊ ခြေနင်းစကြာ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ စကြဝတေးမင်းကို မန္ဓာတု စကြာမင်း၊ မန္ဓတ်မင်း ဟုလည်း ခေါ်ကြသည်။ ဂေါတမ မြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသော မင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓတ်မင်း ဖြစ်ဖူး၍ ကျွန်းငယ် အရံ (၂၀ဝ၀) နှင်တကွ ကျွန်းကြီး လေးကျွန်းတွင် စကြဝတေးမင်း စည်းစိမ်ကို ခံစားတော်မူသည်။ စကြဝတေးမင်းတို့သည် အံ့ဘွယ် လေးပါး ရှိမြဲဖြစ်သည်။ ယင်းတို့မှာ ဘုန်းကံ ပါရမီအလျောက် အလွန်အဆင်းလှ၍ အသံသာယာခြင်း၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း၊ ကောင်းကင်ခရီးဖြင့် သွားလာတတ်ခြင်း၊ တရားနှင့်အညီ စိုးစံတတ်ခြင်း တို့ ဖြစ်သည်။ ယင်းဂုဏ်များကြောင့် အခြားသော မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရသေ့၊ ရဟန်းတို့သည် အဆင်းကို ရှု၍မဝ၊ အသံကို ကြား၍မဝ၊ တရားစကား နှီးနှော၍ မဝ အောင် ဖြစ်ကြရသည်။ စကြာရတနာတန်ခိုးကြောင့် အခြားသော မင်းများ မတုပြိုင်နိုင်သော တန်ခိုးရှင်လည်း ဖြစ်သည်။ စကြာဝတေးမင်း တန်ခိုး တန်ခိုး ၄-မျိုးရှိသည်။ လူတကာတို့ထက်လွန်ကဲသော အဆင်းရှိခြင်း၊ လွန်ကဲသောအသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ အမျိုးလေးပါးတို့၏ ချစ်မြတ်နိုးခံရခြင်း။ ဗုဒ္ဓဝင် လာ (၁)ဂေါတမ မြတ်စွာဘုရား အလောင်းတော်သည် ကောဏ္ဍညမြတ်စွာဘုရားထံတော်၌ ဝိဇိတာ စကြာမင်းဖြစ်၍ ရဟန်းအဖြစ် နှင့် သုဇာတမြတ်စွာဘုရားထံတော်၌ စကြာမင်းဖြစ်၍ ရဟန်းအဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။ (၂)သိဒ္ဓတ္ထ မင်းသားကလေး၏ အင်္ဂါလက္ခဏာတို့ကို ပုဏ္ဏားတော်များကို ကြည့်ရှုစစ်ဆေးစေရာ ပုဏ္ဏား ၇-ယောက်က စကြဝတေးမင်း သော်လည်း ဘုရားသော်လည်း ဖြစ်လိမ့်မည် ဟု ဟောကြ၏။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညအနွယ် ဖြစ်သည့် သုဒတ္ထ ပုဏ္ဏားကလေးကမူ လက်ညှိုးတစ်ချောင်းထောင်၍ မုချဘုရား ဖြစ်မည်ဟု တစ်ခွန်းတည်း အတပ် ဟောလိုက်သည်။ သတ်ပုံ `စကြာ´ သည် အမှားများသော သတ်ပုံသတ်ညွှန်း တစ်ခုဖြစ်သည်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း တွင် `စကြဝတေးမင်း´၊ `စကြာ´ ဟု ဖော် ပြသည်။ `စက်ကြာ´ ဟုဖတ်သည်။ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား၏ ခြေတော် စက်လက္ခဏာတွင် စကြဝတေးမင်းပုံပါရှိသည်။ စက္ကဝတ္တိ = စကြာမင်း = THE CAKKAVATTI (THE UNIVERSAL MONARCH) ဟု ညွှန်းထားသည်။ ရဝေနွယ် စာအုပ်တွင်လည်း စကြဝတေးမင်း၊ စကြာရတနာ ဟု ပုံနှိပ်ထားသည်။ စကြဝတေးမင်း စကြဝတေးမင်းမှာ ကျွန်းကြီးလေးကျွန်းနှင့် ကျွန်းငယ် အရံ ၂ဝဝ၀ ကို အစိုးရသောမင်းဟု ကျမ်းဂန်များတွင် ဆိုသည်။ ဇမ္ဗူဒိပ်မင်းအပေါင်းက ဝပ်တွားခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စေတတ်သော စကြာရတနာ ရရှိ သဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်း ထက်မြက်သော လှံ၊ ရထား၊ ခြေနင်း စသည်တို့ကို လှံစကြာ၊ ရထားစကြာ၊ ခြေနင်းစကြာ၊ စသည်ဖြင့် အသီးသီး ခေါ်သည်။ စကြာမင်းကို မန္ဓာတုစကြာမင်း၊မန္ဓာတ်မင်းဟုလည်း ခေါ်သည်။ စကြာမင်းတို့သည် ဇန္ဓူဒိပ်ကျွန်း၌သာ ဖြစ်ပေါ်လေ့ရှိသည်။ ဂေါတမမြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသောမင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓာမင်း ဖြစ်ဘူး၍ ကျွန်းငယ်အရံ ၂ဝဝဝ နှင့်တကွ ကျွန်းကြီးလေးကျွန်း ၌ စကြဝတေးမင်းစည်းစိမ်ကို ခံစားတော်မူသည်။ စကြာမင်းတို့သည် ဘုန်းကံကြီးမားသည့် အလျောက် ကျောက်မျက်ရတနာ၊ ဆင်ဖြူတော်ရတနာ၊ စကြာရတနာ၊ မိဖုရားရတနာ၊ သဌေးရတနာ၊ မြင်းရတနာ၊ ဆင်ရတနာ ဟူသော ရတနာ ၇ပါး ပြည့်စုံမြဲဖြစ်သည်။ သို့ရာတွင် စကြဝတေးမင်းပင် ဖြစ်လျက် ပေးကမ်းမှုအလှူဒါနမရှိ၍၊ စကြရတနာ မရောက်သည်ကို သုတ်မဟာဝါပါဠိတော် စက္ကဝတ္တိ သုတ်၌ ဟောကြားသည်ကို ထောက်၍ စကြာရတနာ မရောက် သော စကြာမင်းလည်းရှိသေးသည်ဟု သိမှတ်ရာသည်။ စကြာမင်းတို့သည် အံ့ဖွယ်လေးပါးရှိမြဲဖြစ်သည်။ ယင်းတို့ မှာ ဘုန်းပါရမီအလျောက်၊ အလွန်အဆင်းလှ၍ အသံသာယာ ခြင်း၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း၊ ကောင်းကင်ခရီးဖြင့် သွားတတ်ခြင်း၊ တရားနှင့်အညီ စိုးစံခြင်း ဟူလေသည်။ ယင်းဂုဏ်များကြောင့် အခြားသောမင်းတို့သည် ၎င်း၊ ပုဏ္ဏားပရိသတ်တို့သည်၎င်း၊ သူကြွယ်ပရိသတ်တို့သည် ၎င်း၊ ရသေ့ရဟန်း ပရိသတ်တို့သည်၎င်း အဆင်းကို ရှု၍မဝ၊ အသံကို ကြား၍မဝ၊ တရားစကားနှီးနှော၍ မဝအောင် ဖြစ်ရသည်။ စကြာရတနာတန်ခိုးကြောင့် အခြားသောမင်းများ မတုပြိုင် နိုင်သော တစ်ဦးတည်းအရှင်သခင်ဖြစ်သည်။ ဂေါတမ မြတ်စွာ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသာ ဖွားသည်တွင် လက္ခဏာ ဖတ် ပုဏ္ဏားတို့က မင်းသားငယ်သည် ဘုရားသော်လည်းကောင်း၊ စကြဝတေးမင်းသော်လည်းကောင်း ဖြစ်ရမည်ဟု ဗေဒင်ဟောကြားသည်ကို ထောက်၍ ဘုန်းကံအလွန်ကြီးမားလွန်းမှ စကြဝတေးမင်း ဖြစ်နိုင်ကြောင်းကို သိရသည်။ ရှေးစာပေဟောင်းတို့တွင် အိုင်ဆဒ္ဒန်မှ၊ နတ်ဖန်ဆောင်သ၊ နေလတဆူ၊ ကြွေကျတူသို့၊ လေးဆူကျွန်းကြီး၊ ရံသီးပတ်ဝန်း၊ ကျွန်းငယ်နှစ်ထောင်၊ ကုန် အောင်ရစ်ခွေ၊ မြင်းမိုရ်ခြေတွင်၊ ရေပင်လယ်ဝိုက်၊ စက်နယ် တိုက်ကို၊ စိတ်လိုက်လိုပါ၊ လှည့်နိုင်စွာသော၊ စကြာမန္ဓာတ်၊ ဥက္ကဋ္ဌ်ရွှေဘုန်း၊ လူမင်းဆုံးတို့၊ (မန်လည်ဆရာတော်) မဟာနာဂိန်၊ ဂဇာသိရ်နှင့်၊ အရိန္ဒမာ၊ စကြာရွှေလှံ၊ မြင်းပျံ အဿ၊ ဇာနေယျတို့၏သခင်၊ ဘုရင်မင်းမြတ်၊သမုနတ် ဖြစ်တော်မူသဖြင့်၊ရာဆူမကိုဋ်၊ သောင်းတိုက်ခွဲပါ၊ မဏ္ဍလာ ဝယ်နှံ ပဏ္ဏာ ဆက်သွင်းလျက်၊ အမင်းမင်းတို့၏ဦးညွတ်ရာ၊ စကြာ မန္ဓာတ်၊ (ဆတိုင်မွှတ် ဦးကူး)စသည်ဖြင့် ဖွဲ့ဆိုရေးသားကြသည်။ ကျမ်းကိုး ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ ၃၁-ဘုံ
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%BC%E1%80%9D%E1%80%90%E1%80%B1%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ဆင်ဖြူတော်
ဆင်ဖြူတော်ဆိုသည်မှာ ရှားပါးစာရင်းဝင် ဆင်အမျိုးအစား တစ်ခုဖြစ်သော်လည်း သီးသန့် မျိုးနွယ်စုတစ်ခုတော့ မဟုတ်ပေ။ ဆင်ဖြူတော်ကို အခါအားလျော်စွာ မိုးနှင်းကဲ့သို့ ဖော်ပြလေ့ရှိသော်လည်း အများအားဖြင့် နီညိုရောင်ဖျော့ဖျော့သာ တွေ့ရလေ့ရှိပြီး ရေစိုစွတ်သောအခါ ပန်းရောင်ဖျော့ဖျော့သို့ ကူးပြောင်းသွားလေ့ရှိသည်။ အရောင်ဖျော့သော မျက်ခွံ နှင့် ခွာ တို့လည်း ရှိသည်။ ဆင်ဖြူတော်အယူအဆ ဆင်ဖြူသည် ရှားပါး တိရစ္ဆာန် ဖြစ်၍ ဆင်ဖြူကို တစ်ကောင်ဟု မသုံးပဲ ရတနာကဲ့သို့ တန်ဘိုးထားရှိသောကြောင့် တော်ဟု တပ်ကာ ဆင်ဖြူတော်ဟု သုံးနှုန်းသည်။ မြန်မာရာဇဝင်၌ ရှေးဘုရင်တွင် ဆင်ဖြူတော် (အသေ) ကိုပင် ရရှိပင်လျှင် ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သူ ရှိနေပါသည်။ ဆင်ဖြူတော်သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ဆင်ဖြူရှင် မင်းတြားကြီး၊ တစီးရှင်၊ ငါးစီးရှင်၊ ဆင်ဖြူမရှင် မိဖုရားကြီး စသည်ဖြင့် ရှေးဘုရင်များခေတ်က ဘွဲ့ ခံခဲ့ကြသည်။ (ဆင်ဖြူအသေတစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူအဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။) ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာ မျက်လုံးသည် ပုလဲရောင် ရှိရမည်။ ခွာသည် အဖြူရောင် ရှိရမည်။ ဆင်၏ကျောကုန်းသည် ငှက်ပျောကုန်း သဏ္ဌာန်ရှိရမည်။ အမွေးရောင်သည် ကျွဲဖြူလို ရှိရမည်။ အစွယ် စုံရှိရမည်။ အမြီးသည် တံခါးလက်ဝါးပုံစံဖြစ်ရမည်။ နားရွက်သည် သာမန် ဆင်တွေထက် ကြီးရမည်။ သာမန်ဆင်များနှင့် မတူဘဲ က္ကုန္ဒြေသိက္ခာရှိပြီး တည်ငြိမ်နေရမည်။ ဆင်ဖြူ အမျိုးအစားများ ရတနာမျိုး၌ပါသော ဆင်(၁၂)မျိုးရှိသည့်အနက် ဆင်တစ်ကိုယ်လုံးမဟုတ်ပဲ ဆင်ဦးကင်းများသည် ငွေရောင်၊ ငွေသွေးကဲ့သို့ ဖြူနေသော ဆင်များကို “ရတနာသရဘူ”ဟုခေါ်ပြီး ရှင်ဘုရင်ထိုင်ရာနေရာဖြစ်သော မင်းနေ (သို့) မင်းထိုင်နေရာတို့၌ ဖြူသောဆင်ကို “ရတနာပလ္လင်” ဟုခေါ်သည်။ ဆင်ကတင်မည့်နေရာ၌ ဖွေးသောဆင်ကို “ရတနာ ကတင်” ဟုခေါ်သည်။ စတုတ္ထတစ်မျိုးဖြစ်သော “ရတနာကကျည်း” ဆင်ဖြူတွင် ဆင်၏ကိုယ် ဝဲယာ၌ ဖြူ၍နေသောအမျိုးအစားဖြစ်သည်။ “ရတနာထောက်ရှည်” ဟူသော ဆင်အမျိုးအစား၌ ၎င်း၏ နံတွင် လှည်းဘီးခန့်လောက် ဖြူပြီး ခြေလေးချောင်းလုံး ဖြူ၍နေသည်။ ကျောတည့်တည့် အလယ်ခေါင်ကုန်း၌ ဖြူနေသောဆင်အား “ရတနာပြဿဒ်” ဟုခေါ်သည်။ ဆင်အမြီးသည် သရက်စေ့သဏ္ဌာန်ရှိပြီး ထိုအမြီးမှ ဖွာနေသော အမြီးဆံမျှင်နှင့်တကွ ဖြူသောဆင်အား “ရတနာပိန်းဆင်” ဟုခေါ်သည်။ “ရတနာမုံ” ဟုခေါ်သောဆင်၌ ဆင်၏ မေးစေ့တွင် ဖြူသောအမွေးများပေါက်ပြီး မေးစေ့ပါဖြူ၍နေသည်။ နှာဖျားမှ နှာရင်းထိ ဖြူသော အမွေးများရှိသော ဆင်ကို “ရတနာဆုပ်”ဆင်ဖြူတော်ဟု ခေါ်ပြီး ဝမ်းဗိုက်ပါဖြူနေသောဆင်ကို “ရတနာကြံဆင်” ဟုခေါ်သည်။ နားရွက်နှစ်ဘက်ဖြူနေသောဆင်ကို “ရတနာယပ်” ဆင်ဟုခေါ်၍ အထက်ဖော်ပြပါအချက်များအားလုံးနှင့်ပြည့်စုံသော ဆင်ကို “ရတနာကြန်စုံ” ဟုခေါ်သည်။ ထိုကဲ့သို့ ခွဲခြားထားသော ဆင်အမျိုးအစားကို မှတ်သားရန်အတွက် “ရတနာဆင်၊ ဒွါရတင်ကား ငွေစဉ်ဦးကင်း၊ ဖြူဝင်းသည်မှာ ရတနာသရဘူ” “ဖြူသည် မင်းနေ၊ မှတ်တွေသင်ညာ၊ ရတနာပလ္လင်” “ကခွင်ဖွေးစွာ ရတနာကတင်” “ကိုယ်ပြင်ဝဲယာ ဖြူဖွေးစွာလျှင် ရတနာကကျည်း” “ကိုယ်မှီး၊ ကပြီး၊ လှည်းဘီး၊ ခန့်မျှ နံ၏ပြင်ပ၊ ပါဒလေးဘက်၊ ဖြူချက်သန့်စွာ၊ ရတနာထောက်ရှည်” “ဖြူသည်ကုန်းမှာ ရတနာပြဿဒ်” “ဖြူဆွတ်ပေါက်လျှံ၊ မြီးဆံ၊ သရက်စေ့၊ ငွေ့အတိမှာ၊ ရတနာပိန်း” “ခေါ်ထိမ်းမှတ်ရိုး မေးဆုံးဖြူစွာ ရတနာမုံ” “နှာယုံ၊ နှာဖျား၊ ဆူထွားလှစွာ၊ ရတနာဆုပ်” “သစ်ချုပ် ဟိုး ဟိုး ဝမ်းရိုးအတွင်း၊ လမင်းရောင်ဝါ ရတနာကြံဆင်” “နှုံးတွင်းပါးစပ် နားနချပ်တွင်၊ ဖြူသန့်လှစွာ ငွေပမာကို ရတနာယပ်” “စေ့စပ်သေချာ (၁၁)ဖြာတည်း များစွာဤတွင် စုံလင်သည်မှာ ရတနာကြန်စုံ” ဟူ၍ စာချိုးထားသည်။ “ဆင်အပုံတို့၊ ဝန်းရုံရံခ ရှိဦးသသို ဂဇဖုန်းစည်၊ မျိုးဇာနည်တည့် ပြည့်သာဂရ မတ္တတည်းဟူ သိကြောင်းကိုလော့ ဆင်ဖြူ ခေါ်သင့် ခေါ်စဉ်တည်း။” ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏ ဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် ၄ မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ခန္ဓာဇလပ်ပွင့်အဆင်း ကဲ့သို့ ဖြူဖွေးသော သေတဂဇရာဇာဆင်၊ ဖွတ်လျော်ပြီးစဖြူဖွေးသော အဝတ်ပုဆိုးကဲ့သို့ အဆင်းရှိသည့် သေတဂဇရာဇာဆင်၊ မျောက်ငိုပွင့်အဆင်းရှိသော သေတဂဇရာဇာဆင်၊ ဧကရာဇ်ပွင့် အဆင်းရှိသော သေတဂဇရာဇာဆင်၊ သေတသုဝဏ္ဏဒန္တဆင်၊ ဆင်ဖြူရွှေမွေး၊ ရွှေကွန်ယက်အုပ်ဆင် ဟူ၍ ဆင်ဖြူ (၇) မျိုးရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံ၌ တွေ့ရှိခဲ့မှုများ ပျူခေတ် မြန်မာမင်းတို့သည် ဆင်ဖြူတော်ကို ရတနာအဖြစ် သတ်မှတ်ကြသည်။ ရှေးဦးပျူခေတ် (အေဒီ ၁ ရာစုမှ ၉ ရာစု) ကပင် ဆင်ဖြူတော်ကို အထွတ်အမြတ် ထားကြသည်။ မဇ္ဇျိမဒေသသို့ ဘုရားဖူးသွားသော တရုတ်ဘုန်းတော်ကြီးများသည် အပြန်ခရီးတွင် ပျူနိုင်ငံသို့ဝင်၍ ခရီးတထောက်နားပြီးမှ တရုတ်ပြည်သို့ ပြန်လေ့ရှိရာ ပျူမြို့၌ သူတို့တွေ့မြင်ခဲ့ရသောအကြောင်းများကိုခရီးသွားမှတ်တမ်းများ၌ ရေးသားမှတ်တမ်းတင် ခဲ့ကြသည်။ ယင်းသို့ မှတ်တမ်းတင်ရာတွင် ပျူမင်းတို့သည် ခရီးတိုသွားသောအခါ လူထမ်းသော ရွှေဝေါယာဉ်စီး၍ လည်းကောင်း၊ အခမ်းအနားထွက်တော်မူရာ၌ ရတနာကျောက်မျက်စီခြယ်ထားသော ကကြိုးတန်ဆာဆင်ထားသည့် ဆင်တော်ကိုစီး၍ လည်းကောင်း၊ ဝေးလံသောခရီးသွားပါက မြင်းတော်ကိုစီး၍လည်းကောင်း ခရီးသွားကြ သည်ဟု ရေးသားဖော်ပြထားသည်။ တရုတ်မှတ်တမ်းများတွင် သရေခေတ္တရာ နေပြည်တော်၌ ကျောက်ဖြူသားနှင့် ထုလုပ်ထားသော ပေ ၁ဝဝ ခန့်ရှိ ဆင်ဖြူတော်ရုပ် ၂ရုပ်ရှိကြောင်း၊ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ဆင်ဖြူတော်ရုပ်ကိုပူဇော်ပသ၍ ဘေးရန်ကင်းရန် ဆုတောင်းကြ ကြောင်းပါရှိသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက် (အေဒီ ၁ဝ၄၄ - ၁ဝ၇၇)တွင် အေဒီ ၁ဝ၅၄ခုနှစ်၌ သထုံသို့ ချီတက်၍ မနူဟာမင်း ဆက်သသော ပိဋကတ်တော်များ၊ ဘုရားဆင်းတုတော်များ၊ ဓာတ်တော်များကို ဆင်ဖြူတော် ၃၂စီးဖြင့် ပုဂံနေပြည်တော်သို့ ပင့်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် သရေခေတ္တရာခေတ် ဒွတ္တဘောင်မင်း တည်ခဲ့သော စေတီတော် ပြိုပျက်ရာမှ ဘုရားဖူး သင်းကျစ်တော် ရခဲ့ရာ ရတနာအတိပြီးသော ဆင်ဖြူတော်ဖြင့် ပင့်ဆောင်ခဲ့ကြောင်း၊ သီရိလင်္ကာနိုင်ငံမှ ပင့်လာသော ဗုဒ္ဓစွယ်တော်ကိုလည်း ‘ပုလဲပြုံး’ အမည်ရှိ ဆင်ဖြူတော်တွင် ပြာသာဒ်နှင့် တင်ဆောင်ကာ အဓိဋ္ဌာန်ပြုလွှတ်ရာတွင် ယနေ့ ရွှေစည်းခုံ စေတီတော် တည်ရှိရာ သဲခုံတွင် လည်းကောင်း၊ တန့်ကြည်တောင်ထိပ်တွင် လည်းကောင်း၊ တုရင်တောင်တန်းပေါ်တွင် လည်းကောင်း၊ ကျောက်ဆည်အနီးရှိ ပြက္ခရွှေတောင်ထိပ်တွင် လည်းကောင်း ဆင်ဖြူတော်ဝပ်သော နေရာများကို စွယ်တော်စေတီများ တည်ခဲ့ကြောင်း ဘုရားသမိုင်းများတွင် ဖော်ပြထားသည်။ အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါင်း ၃၈စီး ပိုင်ဆိုင်ကြောင်း ရာဇဝင်ကျမ်းများ၌ ဖော်ပြထားသည်။ အနော်ရထာမင်းကို ဆက်ခံခဲ့သော ကျန်စစ်သားမင်း၊ သူ့ကိုဆက်ခံသော မြေးတော် အလောင်းစည်သူမင်းတို့သည် ဆင်ဖြူရှင်များ ဖြစ်ကြောင်း ကျောက်စာများ၌ ဖော်ပြထားသည်။ အလောင်းစည်သူမင်း ရေးထိုးသော ရွှေမုဋ္ဌော ကျောက်စာတွင် ‘ဆင်ဖြူတော် ၃၆စီး သခင်ဖြစ်သော အလောင်းစည်သူမင်းကြီး’ ဟု ဖော်ပြထားသည်။ ပုဂံခေတ်နောက်ပိုင်း မြန်မာ့မင်းဆက်အသီးသီးတွင်လည်း ဆင်ဖြူတော်ရရှိသော သို့မဟုတ် ဆက်ခံရရှိသော မင်းတို့သည် ဆင်ဖြူရှင်ဘွဲ့ကို ခံယူကြသည်။ တောင်ငူခေတ် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား(ဦးဝိုင်း)လက်ထက်တွင် ဆင်ဖြူတော် ၉ စီးရရှိကာ ကုန်းဘောင်မင်းများလက်ထက်တွင် ဆင်ဖြူအများဆုံးမင်းဟုဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းကိုယ်တိုင်ကပင် ပထမဆင်ဖြူရရှိချိန်တွင် ဆင်ဖြူရှင်ဘွဲ့ဟု ခံယူခဲ့ပြီး၊ နောက်တစ်စီးတိုးလာသောအခါ ဆင်ဖြူများရှင် ဟုခံယူခဲ့သည်။ ထိုဆင်ဖြူကိုးစီးထဲတွင် နိဗ္ဗာန်ရွာမှ ရသောဆင်ဖြူတော်သည် အထင်ရှားဆုံး ဖြစ်သည်။ နိဗ္ဗာန်ရွာမှ ရသော ဆင်ဖြူတော် သည်ဆဒ္ဒန်မျိုး တကိုယ်လုံးဖြူစင်နူးညံ့စွာရှိပြီး ဘုရားသမိုင်းတော်လာ ဆဒ္ဒန်မျိုး၏ အရည်အချင်းများနှင့်လည်း ပြည့်စုံနေပေသည်။ ဆင်ဖြူတော်ကို ဖမ်းမိချိန်တွင် ဆင်ဖြူ၏ အခြွေအရံ ဆင်မည်း တစ်ထောင်တို့က ဆင်ဖြူတော်ကို မြေမည်းများဖြင့် လူးကြလေ၏ ဟုဆိုကြသည်။ ဆင်ဖြူတော်ကို ဆင်ဦးစီး ၃ဝ ခြေလျင် ၃၀၀ဝ တို့နှင့် ဝန်းရံလေရာ အရံဆင်များခွာသွားကြသဖြင့် ဆင်ဖြူတော်ကို အသာအယာ ဖမ်းမိလေသည်။ ဆင်ဖြူတော်ကို နေပြည်တော်သို့ ပို့ဆောင်ရာတွင် မင်းတရားကြီးက ပုဂံမြို့သို့ ကြွရောက် ကြိုဆိုရာတွင် ထိုမြို့မှ မင်းကွန်း စံနန်းတော်အထိ မိုင် ၁၀ဝ ကျော် ဧရာဝတီကမ်း ဝဲ-ယာတွင် ရာဇမတ်ကာလျက် သစ်ပင်များ စိုက်ထူကြရ၏။ ပွဲသဘင် အစုံ ရှိနေစေပြီး ဆင်ဖြူတော် ရပ်နားရာ စခန်းတို့တွင် ရွှေအတိပြီးသော တန်ဆောင်းပြာသာဒ်များ ဆောက်လုပ်စေသည်။ ထိုနောက် ဆင်ဖြူတော် ကို မင်းဆွေတော်မျိုးတော်တို့က လက်ဖွဲ့ကြသည်။ ဆင်ဖြူတော်ကို ရေချတော်မူသောအခါ ထီးဖြူတော် ၄ စင်း မိုးလျက်၊မင်းခန်းတော် အစုံနှင့် အိမ်ရှေ့မင်းက ဦးဆောင် လိုက်ပါရသည်။ ရာဇဘိသေကပွဲတွင် ပြုသည့်အသွင် ဂင်္ဂါရေ၊ နဝတတ်အိုင်ရေ၊ အုတ်သစ်ခွ ရေတော်များနှင့် တကွ ဂင်္ဂါမြေ၊ မြစ်လယ်မြေ၊ ဝက်စွယ်၌ ပါသောမြေ၊ နပုန်းအိမ်အောက်မြေ၊ လမ်းလေးခွမြေ၊ ဘုရားမြေ၊ နတ်စင်မြေ၊ ထွန်သွား၌ ပါသော မြေ စသည်တို့ကိုလည်း ဆင်မင်းတန်ဆောင်းတွင်း ဖြန့်ကြဲရသည်။ သင်္ကြန်ခေါ်ရန် တရော် ၇မျိုး၊ ကင်ပွန်း ၅ မျိုး၊ ဂမုန်းပေါင်း၊ ပန်းပေါင်း၊ နံ့သာဖြူ၊ အကျော်၊ စံပယ်၊ ကရမက်၊ ကြာမျိုးငါးပါး ဝတ်ဆံများကို သင်္ကြန်တန်ဆောင်း၌ အသင့် ထားရသည်။ တန်ဆောင်းတွင်း ဂုဏ်တော်များ ရွတ်ဖတ် လေသည်။ ဆင်ဖြူတော်ကို ပြုစုသူများအားလုံး ပါဝင် ပရိတ်နာကြရသည်။ ထိုအချိန်မှစပြီး သင်္ကြန်တော် ခြံဝင်းကို စစ်သည်တော် ၉ တပ် ခင်းကျင်း စောင့်ရှောက်စေသည်။ တန်ဆောင်းသို့ ရောက်လျှင် မြောက်အရပ်သို့ မျက်နှာမူလျက် အခါတော် လင့်ရသည်။ ထိုအခါ မင်းတရားကြီး၏ သားတော် ၄ ပါးတို့က တရော်ရည်၊ ကင်ပွန်းရည် တို့ဖြင့် ဆင်ဖြူတော်ကို ဦးခေါင်း ပရိတ်သွန်းလောင်းကြရသည်။ ပြီးလျှင် ဆင်ဖြူတော်ကို ဧရာဝတီမြစ်သို့ သက်စေပြီး ရေချိုးစေသည်။ ထိုနောက့် ရတနာကိုးပါး ဖြင့် ဆန်းကြယ်စွာ လုပ်ဆောင်သော တန်ဆာဆောင်များ ဆင်ယင်ပေးသည်။ အရံဆင်တော် များကိုလည်း တစ်ချိန်တည်း ဦးခေါင်း ဆေးရသည်။ ပြီးလျှင် ရှေ့ ၆ တပ်၊ နောက် ၆ တပ် နှင့် ဆင်မင်း၏ နန်းဘုံသို့ပြန်ပို့ကြသည်။ ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိသော ဆင်ဖြူတော်၏ အစွယ်ကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်သည်။ ယနေ့ခေတ် ဆင်ဖြူတော် ယခင် ထောက်လှမ်းရေးအကြီးအကဲ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် (၂ဝ.၁.၂ဝဝဝ)ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ နယ်မှ ဆင်ဖြူတော်(၃)စီး ရရှိကာ ရန်ကုန်၊ မင်းဓမ္မလမ်းရှိ မင်းဓမ္မတောင် ဆင်ဖြူတော်ဥယျာဉ်များ တည်ဆောက်ကာ ထားရှိသည်။ ရာဇဂဟ သီရိပစ္စယဂဇရာဇာ ရတနာဆင်ဖြူတော်ဟု ဘွဲ့တော်ပေးထားသည်။ ရှေးဦးစွာ ဆင်ဖြူအထီး တစ်ကောင်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ ၂၀၀ဝ ပြည့်နှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် လည်းကောင်း၊ ဆင်မကြီး တစ်ကောင်ကို မောင်းတောမြို့နယ်အတွင်းမှ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက် နေ့တွင်လည်းကောင်း၊ ဆင်မ အငယ် တစ်ကောင်ကို မောင်းတောမြို့နယ် ကိုင်းကြီးကျေးရွာဟောင်း အနီး၌ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မောင်းတောမြို့နယ်အတွင်း တောဆင် ငါးကောင်အုပ်ထဲမှ ဆင်ဖြူ အမ တစ်ကောင်ကို ဒေသခံတို့၏ သတင်းပေးပို့ချက်ဖြင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင် ဖမ်းအဖွဲ့များက ရှာဖွေဖမ်းဆီးခဲ့ရာ ၂၀၁၀-ခု၊ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ဆင် မှာ အသက် ၃၈ နှစ်ခန့် ဖြစ်ပြီး အရပ် ၇ပေ ၄ လက်မခန့်ရှိကာ လုံးပတ် ၁ဝ ပေ ၁၁ လက်မရှိသည်။ အဆိုပါ ဆင်ဖြူမကို ဖမ်းဆီး ရန် အတွက် အချိန် ခြောက်လခန့်ကြာခဲ့ကြောင်း သိရသည်။ စစ်အာဏာပိုင်များက ရခိုင်ရိုးမတောင်တန်း တစ်လျှောက်တွင် ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း လုပ်နေခဲ့ကြခြင်းဖြစ်သည်။ ထိုဆင်ဖြူမ၏ ဘွဲ့တော်မှာ ဘဒ္ဒဝတီ ဖြစ်ပြီး နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တွင် ထားရှိသည်။ ၂၀၁၀-ခုနှစ်၊ စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ အဖွဲ့များက ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှ ဆင်ဖြူတော် ရတနာတစ်စီးအား ထပ်မံရရှိခဲ့သည်။ ယင်းဆင်ဖြူတော်မှာ အသက် ၁၈ နှစ်ခန့်ရှိပြီး အရပ်အမြင့် ရ ပေ ၁ လက်မ၊ လုံးပတ် ၁ဝ ပေ ၃ လက်မရှိပြီး ဆင်မဖြစ်သည်။ ထို့ပြင် ဆင်ဖြူတော်သည် ဆင်ဖြူတော်ရတနာ၏ ကြန်အင်လက္ခဏာများနှင့် အထူးပင် ပြည့်စုံသည်ဟုသိရပြီး ဘွဲ့တော်မှာ နန္ဒဝတီ ဖြစ်ပြီး နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တွင် ထားရှိသည်။ ဆင်ဖြူတော်နှင့် ပတ်သက်သောစကားပုံများ ဆင်ဖြူတော် ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေ (ဆင်ဖြူတော်ဝင်ကိန်းရှိရာတွင် ချည်ဝင်တစ်လုံး ဝင်လာသည်နှင့် ကျိန်းကျေသွားသကဲ့သို့ ပစ္စည်းဥစ္စာ အစုလိုက်အပုံလိုက် ဝင်ကိန်းရှိရာတွင် မဖြစ်လောက်သည့် ပစ္စည်းတစ်ခုဝင်လာသည်နှင့် ကျိန်းကျေသွားသည်။) ဆင်ဖြူတော်မှီ ကြံစုပ် ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ ကိုးကား (မန်းရာပြည့်ခေါ် မန္တလေးမြို့ နှစ်၁၀ဝပြည့်ကာလ (၁၉၅၉ခုနှစ်)တွင် မန္တလေး တက္ကသိုလ်၌ ပညာရှိကြီး ရွှေပြည်ဦးဘတင် ဟောပြောချက်များအား မိတ္ထီလာတက္ကသိုလ်မှ စာရေးဆရာဝင်းတင့်က တိပ်ခွေမှ ကူးယူပေးပို့ချက်များအား အတွေးအမြင်စာစဉ် အမှတ်(၁၉၇) ၂၀၀၈ ခုနှစ် ဩဂုတ်လ တွင် ဖော်ပြပါရှိချက်အား ထပ်ဆင့်ကူးယူဖော်ပြပါသည်။) မြန်မာ့ ဓလေ့ထုံးစံ မြန်မာ့ ယဉ်ကျေးမှု de:Weißer Elefant#Redewendung
https://my.wikipedia.org/wiki/%E1%80%86%E1%80%84%E1%80%BA%E1%80%96%E1%80%BC%E1%80%B0%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
တောင်ကွဲစေတီတော်
ကယားပြည်နယ်၏ ကျက်သရေဆောင် ကိုးစိတ်ကိုးမွှာ ကွဲနေပြီး ကျောက်ဆောင်တောင်ထွဋ် ကိုးခုရှိသော သီရိမင်္ဂလာတောင်သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ တောင်အရပ်တွင် တည်ရှိသည်။ ရှေးယခင်က မင်္ဂလာတောင်တော် ဟုလည်းခေါ်ဆိုခဲ့သည်။ ကယားဘာသာဖြင့် "ဖော်မြဲ"၊ မြန်မာဘာသာဖြင့် "တောင်ကွဲ"၊ ရှမ်းဘာသာဖြင့် "လွိုင်ဖာဖတ်"ဟု တွင်သည်။ တောင်တော်မြတ်သည် အမြင့် ၃၈၇ ပေ ရှိသည်။ ကိုးစိတ်ကိုးမွှာ ကွဲနေသော ကျောက်ဆောင်တောင်ထွဋ်တိုင်းတွင် စေတီတော် တစ်ဆူစီ တည်ထားသည်။ ပြည်လုံးချမ်းသာ စေတီတော်၊ ရွှေယပ်တောင် စေတီတော်၊ ရွှေရင်အေး စေတီတော်၊ ကျောက်သမ္ဗာန် စေတီတော်၊ အောင်တော်မူ စေတီတော်၊ ဆုတောင်းပြည့် စေတီတော်၊ အောက်ကျိုက်ထီးရိုး စေတီတော်မြတ်၊ အထက်ကျိုက်ထီးရိုး စေတီတော်မြတ်၊ ရွှေပြည်အေး စေတီတော်မြတ် တို့ ဖြစ်သည်။ ၁၈၉၅ ခုနှစ်တွင် ဉာဏ်တော် ၂၂ တောင်ရှိ ရွှေယပ်တောင်စေတီ၊ ၁၉၁၃ ခုနှစ်တွင် ဉာဏ်တော် ၉ တောင်ရှိ ရွှေရင်အေးစေတီ၊ ၁၉၁၄ ခုနှစ်တွင် ဉာဏ်တော် ကိုးတောင်ရှိ ကျောက်သမ္ဗာန်စေတီကို၊ ၁၉၂၉ ခုနှစ်တွင် ဉာဏ်တော် ၁၆ တောင်ရှိ အောင်တော်မူစေတီနှင့် ဆုတောင်းပြည့်စေတီ၊ ၁၉၃၃ ခုနှစ်တွင် ဉာဏ်တော် ၂၄ တောင်ရှိ ပြည်လုံးချမ်းသာ (ပင်မစေတီတော်)နှင့် ဉာဏ်တော် ကိုးတောင်ရှိ အောက်ကျိုက်ထီးရိုး စေတီ၊ ၁၉၃၄ ခုနှစ်တွင် ဉာဏ်တော် ၁၂ တောင်ရှိ အထက်ကျိုက်ထီးရိုးစေတီ၊ ၁၉၅ဝ ပြည့်နှစ်တွင် ဉာဏ်တော် ၁၄ တောင်ရှိ ရွှေပြည်အေးစေတီတို့ကို တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ကိုးကား ကယားပြည်နယ်ရှိ စေတီပုထိုးများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BD%E1%80%B2%E1%80%85%E1%80%B1%E1%80%90%E1%80%AE%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ရောင်ခြည်တော်ခြောက်သွယ်
ဘုရားရှင်သည် ပဋ္ဌာန်းကျမ်းကို ခုနစ်ရက်ပတ်လုံး ဆင်ခြင်သုံးသပ်တော်မူသောအခါ ခြောက်ဖြာသော ရောင်ခြည်တော်တို့သည် ကွန့်မြူးကာထွက်ပေါ်လာလျက် ထက်အောက်ဖီလာ စကြဝဠာ အနန္တထုတ်ချင်း ဖောက်မျှ ဝင်းထိန်သွားပြီးလျှင် အတောင် (၈၀) အထိ အမြဲတမ်းကွန့်မြူးလျက်ရှိလေသည်။ ဗောဓိဝံသ အဌကထာ၌လည်း ဘုရားရှင်သည် တာဝတိံသာမှ ဆင်းသက်ကြွမြန်းတော်မူစဉ် တန်ခိုးပြာဋိကာ ရောက်ခြည်တော်များသည် သာသနာကွယ်သည့်နေ့အထိ တည်ရှိနေကြောင်း အတိအလင်း ရေးသားဖွင့်ဆို ခဲ့သည်။ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဝေနာဂပုပရ ပုဏ္ဏားကြီး၏ ရွာသို့ကြွရောက်တော်မူ သည်။ ထိုအခါက ဘုရားရှင်၏ အသားရောင်မှာ ထန်းသီးမှည့်ကဲ့သို့ လည်းကောင်း၊ ဇီးယွန်းမှည့်ကဲ့သို့ လည်းကောင်း၊ လှော်ဦးသစ်စ ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ရွှန်းလဲ့ဝင်းအိ၍ နေသည်ကို ဖူးတွေ့ရသော ပုဏ္ဏား တို့သည် ရင်သပ်ရှုမော အံ့ဩ၍ နေကြကုန်သည်။ ဝစ္ဆဂေါတ္ထ ပုဏ္ဏားကမူ ပိုးဖဲကတ္တီပါ နေရာကောင်းများနှင့် နေကြရ၍ ဤမျှ အသားအရေ ကြည်လင်တောက်ပရသည်ဟု ယူဆကာ နှုတ်မှလည်း ဖွင့်ပြီး ဘုရားရှင်အား လျှောက်ထားမေးမြန်းလေသည်။ ထိုအခါ ဘုရားရှင်မှ ရဟန်းတို့သည် နူးညံ့သော အိပ်ရာတို့နှင့် မအပ်စပ်ကြောင်း မိန့်ဆိုပြီးလျှင် ရဟန်းတို့ သုံးစွဲသော မြင့်မြတ်သည့်နေရာသုံးမျိုးကို ဟောကြားတော်မူလေသည်။ ယင်းတို့မှာ နတ်တို့၏ မြတ်သောနေခြင်း (ဈာန်လေးပါးဖြင့်နေခြင်း)၊ ဗြဟ္မာတို့၏ မြတ်သောနေခြင်း (ဗြဟ္မာ ဝိဟာရလေးပါးဖြင့်နေခြင်း)၊ အရိယာ တို့၏ မြတ်သောနေခြင်း (သမာပတ်ဝင်စား၍နေခြင်း) တို့ဖြစ်ကြောင်း။ ယင်းသုံးမျိုးတို့မှ တစ်မျိုးမျိုးဖြင့်နေသော် အသားအရေကြည်လင်ကာ အရောင်အဝါထွက်ပေါ်ကြောင်း ဟောကြားတော် မူလေသည်။ မူလပဏ္ဍာသ အဌကထာ ပါသရာသိသုတ်၌ ဘုရားရှင်တော်မြတ် ပဌာန်းတော်သုံးသပ်တော် မူစဉ်က ထွက်ပေါ်လာသေ ရောင်ခြည်တော်များသည် ယခုထက်တိုင် စကြဝဠာတွင် ပျံ့နှံ့တည်ရှိလျက်ရှိကြောင်း အတိအကျဖွင့်ဆို ထား၏။ ဘုရားရှင်၏ ရောင်ခြည်တော်သည်နေရောင်သင့်သဖြင့် ပွင့်လာသော ကြာပဒုမ္မာ၊ ကြာနီ၊ ကြာညို၊ ကြာပုဏရိက် တို့ဖြင့် တန်ဆာဆင်အပ်သော ရေအပြင်ဝယ် ကြယ်အပေါင်းတို့၌ ရောင်ခြည်ကွန်ရက် ဖြန့်ကြက်လျက် ပြိုးပြိုးပြက်ပြက် တင့်တယ်စွာတောက်ပသော ကောင်းကင်အပြင်ကဲ့သို့ အညို၊ အရွှေ၊ အနီ၊ အဝါ အစရှိသော ဆန်းကြယ်သော ရောင်ခြည်တော်အဝန်းဖြင့် တင့်တယ်သောဆည်းဆာရောင် တို့ဖြစ်သည်။ ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်မှာ ပါဠိဘာသာအရ ၁။ နီလ ၂။ ပီတ ၃။ လောဟိတ ၄။ ဩဒါထ ၅။ မဉ္ဇိဋ္ဌ ၆။ ပဘဿရ တို့ဖြစ်သည်။ (စာကြွင်း) မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်တွင် နီလရောင်ခြည်တော်ခေါ် ညိုသော ရောင်ခြည်တော် နှင့် မဉ္ဇိဋ္ဌ ခေါ် မောင်းသောရောင်ခြည်တို့မှာ .. မြန်မာတို့သိသော အညိုအမောင်းနှင့် ကွဲပြားနေလေသည်။ နီလ - အညိုမှာ အဌကထာများတွင် မိုးဆွေပန်း၊ ကြာညိုမန်း ၊ မျက်စဉ်းမှုန် တို့၏ အရောင်တို့ဖြင့် နှိုင်းယှဉ် ပြသထား၏။ မိုးဆွေပန်း၊ ကြာညိုပန်း ၊ မျက်စဉ်းမှုန် ပန်းတို့မှာ အပြာရောင်များဖြစ်ကြ ၍ ကမ္ဘာ့ပညာရှင်များက နီလရောင်ခြည်တော်ကို အပြာရောင်ဟု ပြဋ္ဌာန်းထားကြသည်။ ထို့ပြင် မောင်းသောအရောင်မှာ မန္ဒရတ္တဝဏ္ဏ - နုသောအနီရောင်၊ အနီနု ဟုဆိုသဖြင့် ပန်းရောင် (သို့) လိမ္မော်ရောင် ကို ပြဋ္ဌာန်းအသိအမှတ်ပြုကြလေသည်။ ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါး ဤ၌ သီရိ ဘုန်းတော်တွင် ပါဝင်ထင်ရှားသော ရောင်လျှံတော်များကိုသာ ဆိုသည်၊ ထိုမှတပါး အရာမက များသော ရောင်လျှံတော်တွေလည်း ရှိသေး၏။ အင်္ဂိရသ ပဘာ- တန်ခိုးယမိုက် ပြာဋိဟာ မပြဘဲ ပကတိသော ကိုယ်တော် အလုံးမှ အမြဲအစဉ် ပြိုးပြိုးပြက် ထွက်နေသော ရောင်ခြည်တော် ခြောက်သွယ်၊ ဗျာမပ္ပဘာ- ပကတိ ကိုယ်တော်မြတ်မှ အမြဲမပြတ် ၄-တောင်ပတ်လည်အတွင်း၌ ဝန်းဝိုင်း တည်ထွန်းနေသော အတွင်း ရောင်ခြည်တော်၊ အသီတိပ္ပဘာ- အတွင်းရောင်ခြည်တော်၏အပြင်ဘက်မှ အတောင် ရှစ်ဆယ် အရပ်တိုင်အောင် ထက်ဝန်းကျင် ဝိုင်းဝန်းထွန်းပနေသော ရောင်ခြည်တော်၊ ကေတု မာလာ ပဘာ- ရောင်လျှံတော် ခေါ် ဦးခေါင်းတော်ထက်မှ ထွက်ပ ထွန်းတောက်သော ရောင်ခြည်တော်၊ ဥဏ္ဏာ ပဘာ- ဥဏ္ဏလုံမွေရှင်တော်မှ ထွက်မြူး ကွန့်ကြွသော ရောင်ခြည်တော်၊ ဒါဌာ ပဘာ- နှုတ်တော်ဖွင့်ခိုက် စွယ်တော်မြတ် လေးဆူမှထွက်မြူး ကြွမြန်းသော ရောင်ခြည်တော်၊ အနန္တ ပဘာ- ရတနာဃရတိုက်ခန်း၌ ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ် ဆင်ခြင်တော်မူသောအခါ, တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသောအခါ စသည်တို့၌ အရပ်ဆယ်မျက်နှာလုံး ပိတ်ဖုံး၍ ထွက်ကြွသည့် အဆုံးမရှိသော ရောင်ခြည်တော် ၆-သွယ်။ မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီးနောက် ရတနာဃရသို့ ရောက် တော်မူပြီး၍ အဘိဓမ္မာ ခုနစ်ကျမ်းတွင် အနန္တနယဖြစ်သော သမန္တပဋ္ဌာန်းကျမ်းကို သုံးသပ်တော်မူသည့် အခါ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ၊ ပဉ္ဇိဋ္ဌ၊ ပဘဿရဟု ဆိုအပ်သော အညို၊ အရွှေ၊ အနီ၊ အဖြူ၊ အမောင်း၊ ပြိုးပြိုး ပြက် တခဲနက်သော ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ကုန်၏။ ညိုသောရောင်ခြည်တော်တို့သည် ဆံတော် မွေးည|င်းတော် မုတ်ဆိတ်တော် မျက်တောင်တော် ဟုဆိုအပ်သော ညိုမှိုင်းရာ စိမ်းပြာမှောင်သင့်သော အရပ်တို့မှ ထွက်ကုန်၏။ ရွှေသော ရောင်ခြည်တော်တို့သည်ကား နဖူးတော်ဖျားမှ သည် ဖဝါးတော် အဆုံးတော်တိုင်အောင် အလုံးစုံ ဟုဆိုအပ် သော ကိုယ်တော်၏အရေတော်၊ မျက်လုံးမျက်လွှာ မျက်နှာ တော်မှစ၍ ရွှေသင့်ဝါသင့် တောက်ထွန်းသော အရပ်တို့မှ ထွက်ကုန်၏။ နီသော ရောင်ခြည်တော်တို့သည်ကား အသွေးအသား လက်ဖဝါး ခြေဖဝါးတော်၊ ခြေသည်း လက်သည်းတော်၊ မျက်စိမျက်လွှာလျှာတော်၊ ခံတွင်းနှုတ်ဖျား သွားဖုံး အာစပ် နီအပ်သမျှသော အရပ်တို့မှ ထွက်ကုန်၏။ ဖြူသော ရောင်ခြည်တော်တို့သည်ကား အရိုးတော် သွား တော် စွယ်တော် မျက်လုံးတော်စွန်းတို့မှစ၍ ဖြူသင့်သောအရပ် တို့မှ ထွက်ကုန်၏။ မောင်းသော ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည် ကား တစ်ရာ့ရှစ်ကွက် စက်မြတ်ရတနာတည်ရာ ဖဝါးတော် အပြင်မှစ၍ အထက်ဆံဖျားတိုင်အောင် ကိုယ်တော်အလုံးမှ ထွက်ကုန်၏။ ဤသို့ ထွက်ပေါ်သော ရောင်ခြည်တော် ခြောက်သွယ်တို့ သည် နှစ်သိန်းလေးသောင်းအထုရှိသော ပထဝီမြေကြီးနှင့်တကွ မြေကို ခံသော ယူဇနာလေးသိန်းရှစ်သောင်းအထုရှိသော ရေကို ၎င်း၊ ထိုရေကိုခံသော ယူဇနာကိုးသိန်းခြောက်သောင်း အထုရှိ သော လေကို၎င်း ဖောက်ထွင်း၍ အောက်အဇဋာကာသ ကောင်းကင်ပြင်သို့ ပြေး၏။ အထက်သို့လည်း နတ်ပြည်ခြောက် ထပ်၊ ဗြဟ္မာ ၂ဝ ကို လွန်၍ အဇဋာကာသ ကောင်းကင်တိုင် ပြေးလေ၏။ ရှေ့နောက် လက်ဝဲ လက်ယာ ဖီလာအားဖြင့် အဆုံးမရှိသော အနန္တလောကဓာတ်စကြဝဠာ အရပ်သို့လည်း ပြေးလေကုန်၏။ နေရောင်လရောင် နတ်ဗြဟ္မာတို့၏ကိုယ်ရောင် စသော အရောင်တကာတို့ကို ဖုံးလွှမ်းပျောက်ပေ၏။ လက္ခဏာရောင်ခြည်တော်၊ အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည် တော်၊ အနန္တ ဒိသာဖရဏရော်ခြည်တော်ဟူ၍ သုံးပါးပြားသည် တွင် ထိုဆိုအပ်ခဲ့ပြီးသော ရောင်ခြည်တော်တို့သည် အနန္တ ဒိသာဖရဏ ရောင်ခြည်တော် မည်ကုန်၏။ လက္ခဏာရောင်ခြည်တော်ကား ဖွားတော်မူစဉ် ရွှေအဆင်း နှင့်တူသော ကိုယ်တော်ဖြစ်၍ ထက်ဝန်းကျင် တစ်လံမျှလောက် တောက်ပလျက်တည်သော ရောင်ခြည်တော်တည်း။ အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည်တော်ကား တန်ခိုးတော်ဖြင့် မဖန်ဆင်းမူ၍ ပကတိ နေ့ညဉ့်မပြတ် အတောင် ၈ဝ မျှသော အရပ်၌ တည်သော ရောင်ခြည်တော်တည်း။ အနန္တ ဒိသာဖရဏ ရောင်ခြည်တော်မှာ အလိုတော်ရှိက အဆုံးမရှိသော အရပ်သို့ပင် နှံ့၍ အထက်ဆိုခဲ့သည့်နည်း အတိုင်း အောက်အဇဋာကာသ၊ အထက် အဇဋာကာသ၊ အနန္တ စကြဝဠာ ဖီလာထုတ်ချင်း အကြွင်းမရှိ ထွန်းလင်းနိုင်သော ရောင်ခြည်တော်တည်း။ ကျမ်းကိုး ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9E%E1%80%BD%E1%80%9A%E1%80%BA
ယူဇနာ
ယူဇနာအသုံးအနှုန်းသည် “ယောဇန” ဟူသော ပါဠိမှ ဆင်းသက်ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။ ယူဇနာ၏အကွာအဝေးကို ရှေးဆရာတို့က တစ်ယူဇနာတွင် တစ်ဆယ့်နှစ်မိုင်ရှိ၏။ တစ်ဆယ့်သုံးမိုင်ရှိ၏ စသည်ဖြင့် အမျိုးမျိုးပြဆို ရေးသားခဲ့ဖူးပါသည်။ “ဗြဟ္မဇာလသုတ် အဋ္ဌကထာ၌ နာလန္ဒာနှင့် ရာဇဂြိုဟ် တစ်ယူဇနာ ဝေးကွာ၏။” ဟု အဆိုရှိခဲ့သည့်အတိုင်း ခုမီးရထားလမ်းမိုင်တိုင် အမှတ်အသားများလည်း ရှစ်မိုင်အတိအကျ ရှိနေသောကြောင့် တစ်ယူဇနာမှာ ရှစ်မိုင် ရှိမည်ဟု ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းတွင် ကိုယ်တွေ့လေ့လာရေးသားထားသည်ကို တွေ့ရသည်။ သီတဂူဆရာတော် အရှင်ဉာဏိဿရက ပိဋကတ်ကျမ်းလာ မြို့အကွာအဝေးအတိုင်း အိန္ဒိယတွင်ရောက်ရှိစဉ် ခန့်မှန်းတွက်ချက်ရာ အငြင်းပွားဖွယ် အဆိုပြုချက်သစ်များ ထွက်ပေါ်ခဲ့သည်။ အတိုင်းအတာ ဝေါဟာရ ၁၂-မျိုးလင်္ကာ လက်သစ်တောင်တာ ယူဇနာတိုင်အောင်သော မြန်မာတို့၏အတိုင်းအတာနည်းလင်္ကာ ၁၀-ဆံချည်မျှင် တစ်နှမ်း (2×10-3 m)? ၆-နှမ်း တစ်မုယော (1.2×10-2 m)? ၄-မုယော တစ်လက်သစ်(4.8×10-2 m)? ၈ လက်သစ် တစ်မိုက် (3.84×10-1 m)? ၃-မိုက် တစ်တောင် (1.15×100 m)? ၄-တောင် တစ်လံ (4.6×100 m)? ၇-တောင် တစ်တာ (3.22×101 m)? ၂၀-တာ တစ်ဥသဘ (6.44×102 m)? ၂၀-ဥသဘ တစ်ကောသ (1.29×104 m)? ၄-ကောသ တစ်ဂါဝုတ် (5.16×104 m)? ၄-ဂါဝုတ် တစ်ယူဇနာ (2.06×105 m)? တာ(၁၀၀၀)တစ်ထောင် တစ်တိုင်။ မှတ်ချက်။။ မြန်မာဆယ်တိုင်ကို ခရီးတစ်သောင်း ဟုခေါ်သည်။ တာပေါင်း(၁၀၀၀၀)တစ်သောင်း ရှိသောကြောင့်ဖြစ်၏။ ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ သင်္ချာ အတိုင်းအတာ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%B0%E1%80%87%E1%80%94%E1%80%AC
မိဂဒါဝုန်
ဆားနပ်မြို့သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်၊ ဗာရာဏသီမြို့၏ အရှေ့မြောက်ဘက် ၁၃ ကီလိုမီတာအကွာ၊ ဂင်္ဂါမြစ်နှင့် ဂုမ္မတီမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည်။ ဆားနပ်မြို့ရှိ မိဂဒါဝုန်တောတွင် မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် (၁၀၃) ခု၊ ဝါဆိုလပြည့်တွင် ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့သည်။ မူလအမည် မိဂဒါဝုန်ဆိုသည်မှာ သားသမင်အပေါင်းတို့အား ဘေးမဲ့ပေးထားရာ တောကြီးဖြစ်သည်။ ဣသိပတနဟု အမည်ရသည်မှာ ဘုရား ပစ္စေကဗုဒ္ဓါအရိယာထေရ်ရှင်တို့ ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာဖြစ်သောကြောင့် ဖြစ်သည်။ မိဂဒါဝုန် မိဂဒါဝုန်တောကြီး၌ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့ နေဝင်လုဆဲ အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာ ဒေသနာတော်ကို တရားဦး ဟောတော်မူခဲ့သည်။ ထိုသို့ဟောခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၂၅၅ဝ ကျော်ခဲ့လေပြီ။ မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ညမှာပင် အရှင် ကောဏ္ဍညသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။ ယင်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင် ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးအသီး သောတာပန်အဖြစ်သို့ ရောက်ကြသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည်နောက် နှစ်ပေါင်း ၂၅ဝ ခန့်တွင် သာသနာ့ဒါယကာဖြစ်တော်မူသော သီရိဓမ္မာ သောကမင်း ကြီးသည် ဘုရားရှင်နှင့် စပ်လျဉ်းသည့် ဒေသများသို့ တိုင်းခန်း လှည့်လည်ပြီးလျှင် အမှတ်တရဖြစ်စေရန် သာသနိက အဆောက် အအုံများကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအဆောက်အအုံများ အနက် မိဂဒါဝုန်တော၌ မြတ်စွာဘုရား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူခဲ့သည့် နေရာတွင် တည်ထားသော ဓမ္မေခစေတီတော်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစေတီတော်ကြီးမှာ ပျက်စီးယိုယွန်းနေလင့်ကစား ယခုတိုင် မြေပြင်မှ ဉာဏ်တော်ပေ ၁၅ဝ ခန့် မြင့်မားလျက်ပင် ရှိသေးသည်။ စေတီတော်ကြီး၏ အပေါ်ပိုင်း သည် ဝိုင်း၍ ထိပ်တွင်ခုံး၍နေသည်။ အောက်ပိုင်းတွင်ကား ရှစ် ထောင့်သဏ္ဌာန်ရှိ၍ အုတ်ဖြင့်တည်ထား၍ အပေါ်ပိုင်းတွင် ကျောက်ဖြင့် တည်ထားသည်။ မိဂဒါဝုန်တောကို ယခုခေတ်တွင် ဆားနပ် ဟု ခေါ်သည်။ ဗာရာဏသီမြို့မှ မြောက်ဘက် ၆ မိုင်ခန့် အကွာတွင် ဆားနပ် ခေါ် မိဂဒါဝုန်တောတန်းရှိသည်။ ကာလကတ္တားမြို့မှ ဂါယာမြို့သို့ မီးရထားဖြင့် သွားရာတွင် ၂၉၂ မိုင်ဝေး၍တစ်ဖန် ဂါယာမှ ဗာရာဏသီမြို့သို့ ၁၂၉ မိုင်ဝေးသည်။ ဗာရာဏသီမြို့မှ မိဂဒါဝုန်တောသို့ ၆ မိုင်ဝေးသော ခရီးကို မြင်းလှည်းဖြင့်ဖြစ်စေ၊ တက္ကစီမော်တော်ကားဖြင့်ဖြစ်စေ သွားနိုင်သည်။ မိဂဒါဝုန်သို့ မရောက်မီ ၂ ဖာလုံခန့်အလို၊ လက်ဝဲဘက်တောင်ပူစာတစ်ခုပေါ် တွင် ချောက်ခဏ္ဍီစေတီခေါ် စေတီတစ်ဆူကိုတွေ့ရသည်။ ထိုစေတီနေရာကား ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး မဟောမီ ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။ ထင်ရှားသောနေရာများ ဓမ္မေခစေတီတော် (Dhamek Stupa); ၁၂၈ ပေမြင့်ကာ ၉၃ ပေ အချင်းရှိသည်။ ဓမ္ဓရာဇိကစေတီ (Dharmarajika Stupa) သည် အသောကမင်း တည်ထားခဲ့သော စေတီများအနက် ကျန်ရှိနေသေးသော စေတီအနည်းငယ်အနက် တစ်ဆူဖြစ်သည်။ အောက်ခြေအုတ်မြစ်သာ ကျန်တော့သည်။ ကျန်အစိတ်အပိုင်းများကို ၁၈ ရာစု အဆောက်အအုံပစ္စည်းများအဖြစ် ဗာရာဏသီမြို့သို့ ရွေ့ပြောင်းထားသည်။ ထိုစဉ်က ဓမ္ဓရာဇိကစေတီတွင် ဓာတ်တော်များကိုလည်း တွေ့ရှိရပြီး နောက်ပိုင်းတွင် ဂင်္ဂါမြစ်တွင်းသို့ မျှောချခဲ့သည်။ ချောက်ခဏ္ဍီစေတီ မှာ ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး မဟောမီ ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။ ၅ ရာစု သို့မဟုတ် အစောပိုင်းလက်ရာဖြစ်ပြီး မကြာသေးမီနှစ်များက ပြန်လည်ပြုပြင်ထိန်းသိမ်းထားသည်။ နန္ဒိယသူဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာမှာ အလွန်ကြီးမားသော ကျောင်းတော်ကြီးဖြစ်ပြီး အလျားပေ ၂၀၀ ခန့် ရှိသည်။ အုတ်နံရံထုကြီးမှာ ၁၀ ပေခန့်ရှိသည်။ အသောကမင်းကြီးက ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ရဟန်းတော်ဟူယင်ဆန် ဘုရားဖူးလာသောခေတ်က ပေ ၂၀၀ ခန့်မြင့်သော ၇ ထပ်တိုက်ကျောင်းကြီးအဖြစ် မြင်တွေ့ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။ မူလဂန္ဓကုဋီ ကျောင်းတောင်ရာမှာ ဘုရားရှင် ပထမဦးဆုံး ဝါဆိုဝါကပ် သီတင်းသုံးတော်မူခဲ့ရာ နေရာဖြစ်သည်။ နန္ဒိယကျောင်းတော်၏ အစိတ်အပိုင်းနေရာတစ်ခုဖြစ်သည်။ ဤနေရာ၌ ဘုရားရှင်သည် ပဉ္စဝဂ္ဂီ ၅ ပါး၊ ဗာရာဏသီမြို့မှ ယသသူဌေးသားအမှူးပြုသော အပေါင်းအပါ ၅၅ ပါး၊ စုစုပေါင်း ရဟန္တာ ၆၀ နှင့်အတူ သီတင်းသုံးတော်မူ၍ ဝါဆိုတော်မူခဲ့သည်။ နန္ဒိယကျောင်းတော်ရာနှင့် ကပ်လျက် ဘုရားရှင်တရားဟောတော်မူရာ ပလ္လင်တော်ကြီးကို အင်္ဂတေအမိုးဖြင့် မိုး၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပရိသတ်(၄)ပါးတို့ကို နေ့စဉ်တရားဟောရာ ပလ္လင်တော်ဖြစ်သည်။ ယသသူဌေးသား ကိုလည်း ဤနေရာ၌ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့သည်။ မူလဂန္ဓကုဋီ ကျောင်းဆောင်သစ် ကို ၁၉၃၀ ဝန်းကျင်က သီရိလင်္ကာနိုင်ငံ မဟာဗာဓိအဖွဲ့အစည်းမှ တည်ဆောက်ခဲ့သည်။ လှပစွာချယ်သထားသော တံတိုင်းရှိပြီး ယင်းနောက်တွင် သမင်ဥယျာဉ် တည်ရှိသည်။ ဂန္ဓကုဋီကျောင်းဆောင်၏ မြေအောက်ခန်းတွင် ဓာတ်တော် များကို လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ထုတ်ဆောင်၍ အပူဇော်ခံလေ့ ရှိသည်။ အသောက ကျောက်စာတိုင် လည်း တည်ရှိသည်။ ကျောက်စာတိုင်မှာ တက်ခ်များ ကျူးကျော်ဝင်ရောက်စဉ်က ပျက်စီးခဲ့ကာ အောက်ခြေသာ နေရာတွင် ကျန်ရှိပြီး ကျန်အစိတ်အပိုင်းများကို ဆားနပ်ပြတိုက်တွင် ပြသထားသည်။ ဆားနပ် ရှေးဟောင်းသုတေသန ပြတိုက် တွင် ၄၅ ပေမြင့်သော အသောကကျောက်စာတိုင်ထိပ်မှ ပြုတ်ကျသော်လည်း အံ့ဩဖွယ်ရာကျန်ရှိသော အသောကမင်း၏ အမှတ်တံဆိပ် ခြင်္သေ့ပုံကို ထိန်းသိမ်းပြသထားသည်။ ယင်းခြင်္သေ့တံဆိပ်ပုံမှာ အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ် သင်္ကေတနှင့် အိန္ဒိယနိုင်ငံအလံ အဖြစ် အသုံးပြုထားသည်။ ဗုဒ္ဓမြတ်စွာဘုရား ဓမ္မစကြာဟောနေတော်မူဟန် ရုပ်ပွားတော်ကိုလည်း ယင်းပြတိုက်တွင် ပြသထားသည်။ သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလမှ ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှ ပွားယူကာ စိုက်ပျိုးထားသော ဗောဓိပင်လည်း တည်ရှိသည်။ ဗုဒ္ဓဘာသာဝင်များအဖို့ ဆားနပ်မြို့ (သို့မဟုတ် ဣသိပတန မိဂဒါဝုန်) သည် ထူးမြတ်သော သံဝေဇနိယ လေးဌာနတွင် အပါအဝင်ဖြစ်လေသည်။ အခြားသုံးနေရာမှာ ကုသိနာရုံပြည်၊ ဗုဒ္ဓဂါယာနှင့် လုမ္ဗိနီတို့ ဖြစ်သည်။ ဓာတ်ပုံများ ကိုးကား ဗုဒ္ဓဘာသာ အထွတ်အမြတ်နေရာများ ဥတ္တရပဒေသပြည်နယ်ရှိ လည်ပတ်စရာနေရာများ ဗုဒ္ဓဘာသာ ဘုရားဖူးခရီး
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%82%E1%80%92%E1%80%AB%E1%80%9D%E1%80%AF%E1%80%94%E1%80%BA
မင်းကွန်းပုထိုးတော်ကြီး
ခရစ်နှစ် ၁၇၉၀ ပြည့်က သူ့နန်းဌာနသို့ အလည်ရောက်လာ စိနတိုင်း (တရုတ်ပြည်) ဘုရင် ကိုယ်စားလှယ်တော် တမန်အဖွဲ့က ပဏ္ဏာပါးသည့် ဗုဒ္ဓစွယ်တော် တစ်ဆူ ဌာပနာတော် မူရန် ကမ္ဘာ့အကြီးဆုံး ပုထိုးတစ်ဆူ တည်တော်မူရန် ဘိုးတော်ဘုရား ရည်သန်တော် မူခဲ့သည်။ ရည်ရွယ်ရင်းက သူမည်မျှ ဘုန်းတန်ခိုး အာနုဘော် တော်တော်တန်တန် မျှမဟုတ်ကြောင်း ပြသဖို့ ဖြစ်လေသည်။ ရွှေဘိုကနေ မြင်ရအောင် တည်တယ်ဆိုတဲ့ ပုထိုးတော်ကြီးကို ရခိုင်က ဖမ်းခေါ်လာတဲ့ သုံ့ပန်းတွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်ဘိုးတော်ဘုရားနန်းတက်ပြီး (၉)နှစ်အကြာ ခရစ်နှစ် ၁၇၉၀ ခုနှစ်တွင် မန္တရာကြီး သို့မဟုတ် မင်းကွန်းပုထိုးကြီးကို စတင် တည်ဆောက်တော်မူသည်။ ကိုယ်တိုင် ကြီးကြပ်တည်ဆောက်နိုင်ရန် အလို့ငှာ စံနန်းမှ ဧရာဝတီ မြစ်အတွင်း ကျွန်းတစ်ခုပေါ် ၁၇၉၇ခုနှစ် တိုင်အောင် ပြောင်းရွှေ့စံနေခဲ့သည်။ ထိုအချိန်တွင် ငွေကုန်လူပန်း နှင့် ပုထိုးတည်အလုပ် ကိုဆက်လုပ်ရန် ခက်ခဲလာတော့သည်။ အမြင့်ပေ ၅၀၀ အထိ တည်ထားရန် ရည်ရွယ်သော်လည်း ပထမပစ္စယံ ၁၆၅' အပြီးတွင် တဘောင်၊ စနည်းတို့အား မလွန်ဆန်ရဲ၍ ဘုရားတည်ခြင်းကို ရပ်ဆိုင်းခဲ့ရသည်။ လုံးပတ်မှာ စတုရန်းပေ ၄၅၀ တိတိ ကြီးမားကျယ်ဝန်းသည်။ လေးဘက်မျက်နှာတွင် မုဒ်ပေါက်ငယ် တစ်ခုစီ ပြုလုပ်ထားသည်။ ဘိုးတော်ဘုရားအနေဖြင့် အဆိုပါ ပုထိုး ကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ်သည်။ သို့သော် ပုထိုးတည်မှု ဆိုင်းလိုက်ရသည့်အခါ တည်လက်စမှာ ဉာဏ်တော် မီတာ ၆၀ သို့မဟုတ် ၁၉၈ ပေသာ ရှိသေးသည်။ သူ့၏ အောက်ဆုံးဆင့် စင်္ကြန်သည်ပင် ပေ ၄၅၀ သို့မဟုတ် ၁၃၇ မီတာစတုရန်း အရွယ်ရှိသည်။ အလျား ၄ ရပ် တဖက်စီမှ မုဒ်ဦးပေါ်ထွက်လာ ကြပြီး ဘုရားဆောင်တို့ကလည်း အသင့်ရှိပေသည်။ ဘိုးတော်ဘုရားသည် ဘုရားအဆောင်တို့ ကိုခဲနားသတ်၍ ယင်းအတွင်းဝယ် ရွှေဆင်းထု ၁၅၀၀ ငွေဆင်းထု ၂၅၃၄ အပြင် အခြား ဌာပနာ ၃၇၀၀၀ သို့သွတ်သွင်းရာတွင် ထိုစဉ်ကာလ တီထွင်စစဦး ဆော်ဒါရည် ဖေါက်စက် နမူနာတလုံး ပင်ပါသေးသည်ဟု ဘိုးတော်ဘုရား နန်းတော်သို့ ဗြိတိသျှသံ ဟီရန်ကောက်စ် ပြောသည်မှာ အဆန်းအပြား ပင်ဖြစ်နေသေးသည်။ မြန်မာသက္ကရာဇ် ၁၁၈၁-ခု (ခရစ်နှစ်-၁၈၁၉)ခုနှစ်တွင် ဘိုးတော်ဘုရား နတ်ရွာစံခဲ့သဖြင့် ဘုရားကြီးမှာလည်း ယနေ့တိုင် အပြီးမသတ်နိုင် ဖြစ်ခဲ့ရသည်။ အကယ်၍ ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့လျှင် ပုထိုးတော်ကြီးသည် မြန်မာပြည်တွင် အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်ပေလိမ့်မည်။ အပြီးသတ် မတည်ဆောက်နိုင်ရုံသာမက မြန်မာသက္ကရာဇ် ၁၂၀၀-ပြည့်နှစ် နှင့် ၁၃၁၈-ခုနှစ် တို့တွင် လှုပ်ခဲ့သော မြေငလျင်ဒဏ်များကြောင့် ကွဲအက်ပျက်စီးလျက်ပင် ရှိနေပေသည်။ နမူနာပုံစံ စေတီတစ်ဆူကို ဘုရားကြီး၏ တောင်ဘက် (၄)ဖာလုံခန့်အကွာတွင် တည်ထားလျက် ရှိပြီး ပုံတော်စေတီဟု အမည်တွင်သည်။ ခရစ်နှစ် ၁၈၃၈ ခု ငလျင်ကြောင့် ပုထိုးကြီး၏ ပထမအဆစ်မှာ အောက်ဘုရားဆောင် အတွင်း ပစ်လဲပြိုလဲ၍ မြစ်မျက်နှာပြင် တင်ကြိုကာကွယ်ထားသော ခြင်္သေ့ကိုယ်နှင့် ဂဠုန် နှုတ်သီး နှင့် ဂဠုန်တောင်ကြီး များတစုံ လည်းပျက်ပြား ဆုံးရှုံးရလေသည်။ သို့ပင်သော်ငြားလည်း မင်းကွန်းဘုရားသည် မပြီးမပြတ်ကျန်လျက်နှင့် ၁၈၁၉ ခုနှစ်အတွင်း သူအနိစ္စရောက်သည့် နောက်၌ပင် သူ့အားဆက်ခံ စိုးစံခဲ့သော မည်သည့်သားမြေးဆက်ကမှ ဆက်လက်၍ဆောက်လုပ်ခြင်း မဆက်ကြတော့ချေ။ အပျက်အစီး အပုံကြီးသည် ၃၂၈ ပေအထိ ခေါင်းလောင်းကြီး ၏ တောင်ဘက်တွင် ယခုတိုင် ခန့်ခန့်ထည်ထည် ရပ်တည်လျက်ရှိသည်။ ကိုးကား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%AF%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
အရိယာ
အရိယာ အရိယာဇာတ်အစစ်ဖြစ်သည့် မဂ္ဂဋ္ဌာန် ၄ ယောက်နှင့် ဖလဋ္ဌာန် ၄ ယောက်ကိုဆိုသည်။ သံပေါက်ကဗျာ အရိယာဆိုသည်မှာ- ဒိ ဝိ သီ ဣ၊ မရှိမှန်စွာ။ မစ္ဆရိယလည်း၊ ထိုနည်းယူပါ။ သောတာပန်များ၊ ပယ်ငြားလေရာ။ တရားငါးပါး၊ မှတ်သားကြလေပါ။ လောဘခေါ်ငြား၊ တရားရာဂါ။ ဒေါသ မောဟ၊ ဓမ္မမှန်စွာ။ နည်းလှ ပါးလှ၊ ဖြစ်ကြသူမှာ။ ခေါ်ဆိုကြ၊ သကဒါဂါမ်ပါ။ ကာမခေါ်ငြား၊ တရားရာဂါ။ ဒေါသတသီး၊ အပြီးမှတ်ပါ။ လုံးဝကင်း၍၊ ရှင်းလင်းသူမှာ။ ခေါ်ဆိုဘိ၊ မှတ်သိ အနာဂါမ်။ ကိလေသာများ၊ တရားဖြာဖြာ။ လုံးစုံကင်းလို့၊ ရှင်းလင်းလေရာ။ ထိုသောသူအား၊ ခေါ်ငြားမှန်စွာ။ ရဟန္တာ ခေါ်ကြမလွဲပါ။ ။ မဂ္ဂဋ္ဌာန် ၄ ယောက် မဂ်ပုဂ္ဂိုလ် လေးယောက်လည်း ခေါ်သည်။ (၁) သောတာပတ္တိ မဂ်ပုဂ္ဂိုလ်၊ (၂) သကဒါဂါမိ မဂ်ပုဂ္ဂိုလ်၊ (၃) အနာဂါမိ မဂ်ပုဂ္ဂိုလ်၊ (၄) အရဟတ္တ မဂ်ပုဂ္ဂိုလ်။ ဖလဋ္ဌာန် ၄ ယောက် ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်ဟူ၏။ (၁) သောတာပတ္တိ ဖလဋ္ဌာန်၊ (၂) သကဒါဂါမိ ဖလဋ္ဌာန်၊ (၃) အနာဂါမိ ဖလဋ္ဌာန်၊ (၄) အရဟတ္တ ဖလဋ္ဌာန်။ အရိယာ အပြား ၄ မျိုး (၁) အာစာရအရိယာ- မြတ်သောအကျင့်ကိုကျင့်သော လူ ရဟန်း တိရစ္ဆာန်၊ (၂) ဒဿန အရိယာ- ဣရိယာပိုထ် ၄-ပါး၌ ကြည်ညိုဖွယ်ရှိသော လူ ရဟန်း တိရစ္ဆာန်၊ (၃) လိင်္ဂအရိယာ- ရဟန်းတော်မြတ်များနှင့် ဝတ်ရုံခြင်းအသွင်အပြင်တူသောပုဂ္ဂိုလ်၊ (၄) ပဋိဝေဓ အရိယာမဂ်တရားဖိုလ်တရားရပြီးသော ဘုရားစသော အရိယာပုဂ္ဂိုလ် ရှစ်ဦး။ အရိယာဥစ္စာ ၇-ပါး (၁) သဒ္ဓါ ဓနံ-ရတနာသုံးပါးဂုဏ်တရားနှင့် ကံ ကံ၏အကျိုးများကိုယုံစားခြင်း၊ (၂) သီလ ဓနံ-သီလတည်းဟူသောဥစ္စာ၊ (၃) ဟိရီ ဓနံ- မကောင်းမှု၌ရှက်ခြင်းဥစ္စာ၊ (၄) ဩတ္တပ္ပ ဓနံ- မကောင်းမှု၌ကြောက်ခြင်းဥစ္စာ၊ (၅) သုတ ဓနံ- အကြားအမြင်များခြင်းဥစ္စာ၊ (၆) စာဂ ဓနံ- ပေးစွန့်လှူဒါန်းခြင်းဥစ္စာ၊ (၇) ပညာ ဓနံ- မဂ်ဖိုလ် ပညာဥစ္စာ။ အရိယာ ကထာမျိုး ၁၀-ပါး အရိယာပုဂ္ဂိုလ်များ ပြောကြားလေ့ရှိသောစကားမျိုး ၁၀-ပါးဟူ၏။ (၁) အလိုနည်းမှုနှင့်စပ်သောစကား၊ (၂) ရောင့်ရဲလွယ်မှုနှင့်စပ်သော၊ (၃) ဆိပ်ငြိမ်မှုနှင့်စပ်သော၊ (၄) ရှင်လူတို့နှင့် ရောရောစပ်စပ်မဆက်ဆံလိုကြောင်းနှင့်စပ်သော၊ (၅) ဝိပဿနာတရားအားထုတ်ကြိုးစားမှုနှင့်စပ်သော၊ (၆) သီလ နှင့်စပ်သောစကား၊ (၇) သမာဓိ နှင့်စပ်သောစကား၊ (၈) ပညာ နှင့်စပ်သောစကား၊ (၉) မဂ်ဖိုလ်နှင့်စပ်သောစကား၊ (၁၀) ပစ္စဝက္ခဏာဉာဏ်နှင့်စပ်သောစကား။ အရိယာတို့ နှလုံးမသွင်းမပြုလုပ်သောတရား ၈-ပါး (၁) သင်္ခါရတရားစုကို သုခဟုနှလုံးမသွင်းခြင်း၊ (၂) အတ္တဟု နှလုံးမသွင်းခြင်း၊ (၃) မာတုဃာတက၊ (၄) ပိတု ဃာတက၊ (၅) အရဟန္တဃာတက၊ (၆) လောဟိတုပ္ပါဒက၊ (၇) သံဃဘေဒကကံတို့ကို မကျူးလွန်တော့ခြင်း၊ (၈) ဗုဒ္ဓသာသနာတော်မှ တစ်ပါးသောဆရာတို့ကို မရှာမှီးတော့ခြင်း။ အရိယာပုဂ္ဂိုလ် ၉၆-ယောက် (၁) သောတာပန် ၂၄-ယောက် (၂)သကဒါဂါမ် ၁၂-ယောက် (၃) အနာဂါမ် ၄၈-ယောက် (၄) ရဟန္တာ၁၂-ဦး ပေါင်း ၉၆-ယောက်ဖြစ်၏။ ဣရိယာပုတ် ၄-ပါး (၁) သွားခြင်း (၂) ထိုင်ခြင်း (၃) ရပ်ခြင်း (၄) လျောင်းစက်အိပ်ခြင်း အရိယာ ဖိုလ် ၄-ပါး အရိယာပုဂ္ဂိုလ်တို့သာ နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်သော အရိယာမဂ်၏ အကျိုးဖြစ်သော `ဖိုလ်စိတ် ၄-ပါး´ကိုခေါ်သည်။ အရိယာတို့၏ဂုဏ်ကျေးဇူးတော် ၃၀ အရိယာတို့၏တပည့်တို့၌ မွန်မြတ်သောဂုဏ်ကျေးဇူးတော် ၃၀-တို့နှင့်ပြည့်စုံ၏ဟူလို။ (၁) ကောင်းစွာ ပြေပြစ်နူးညံ့သိမ်မွေ့သော မေတ္တာစိတ်ရှိခြင်း၊ (၂) ဖျက်ဆီးအပ် ဖျောက်အပ် နှိမ်အပ်သော မာနရှိခြင်း၊ (၃) ရတနာသုံးပါး၏ဂုဏ် ကံ ကံ၏အကျိုးကို မတုန်မလှုပ် အမြဲထိုးထွင်း၌ယုံကြည်ခြင်း သဒ္ဓါတရားရှိခြင်း၊ (၄) ရွှင်မြူးသောစိတ်ကိုပြည့်စုံစွာဆုံးမခြင်းရှိ၌ ငြိမ်သက်ချမ်းမြေ့သောသမာပတ်ကို ရခြင်း၊ (၅) မြတ်သောသီလရှိသည်ဖြစ်၍ ကောင်းသောအနံ့ဖြင့် ထုံမွမ်းခြင်း၊ (၆) နတ်လူတို့ ချစ်မြတ်နိုးတတ်ခြင်း၊ (၇) နှစ်သက်အပ်သောသူဟူ၍အာသဝကုန်ပြီးသောသူမြတ်တို့ တောင့်တအပ်ခြင်း၊ (၈) နတ်လူတို့ ရိုသေအပ် ရှိခိုးအပ်ခြင်း၊ (၉) ပညာရှိတို့ချီးမွမ်းအပ်ခြင်း၊ (၁၀) လူ့ပြည်နတ်ပြည်၌ လူနတ် အပေါင်းနှင့် မရောနှောခြင်း၊ (၁၁) အနည်းငယ်သောအပြစ်၌လည်း ဘေးဟုရှုမြင်ခြင်း၊ (၁၂) သမ္ပတ္တိနှင့်ပြည့်စုံသောသူတို့အား မဂ်ဖိုလ်အကျိုးကို ပြီးစေတတ်ခြင်း၊ (၁၃) အလိုရှိတောင့်တသော် များမြတ်သောပစ္စည်းကိုရနိုင်ခြင်း၊ (၁၄) မြဲသောကျောင်းအိပ်ယာနေရာမရှိခြင်း၊ (၁၅) ဈာန်၌ယှဉ်၍ မြတ်သောနေလေ့ရှိခြင်း၊ (၁၆) ထွေးယှက်သောကိလေသာကွန်ယက်ကို ဖျက်ဆီးခြင်း၊ (၁၇) မြတ်သောမဂ်ဖိုလ်တရားကို လျှို့ဝှက်ဖုံးလွှမ်းခြင်း၊ (၁၈) လာလတ္တံ့သောဂတိကို တားမြစ်ခြင်း၊ (၁၉) အပ္ပနာသို့ရောက်သော တရားရှိခြင်း၊ (၂၀) နှိမ့်ချစွာနေခြင်း၊ (၂၁) အပြစ်မရှိသောအသုံး အဆောင်ရှိခြင်း၊ (၂၂) ဂတိတရားမှလွတ်ခြင်း၊ (၂၃) ယုံမှားသင်္ကာမှ ကူးမြောက်ခြင်း၊ (၂၄) ဝိမုတ္တိဈာန်ကို အလိုရှိခြင်း၊ (၂၅) မြင်အပ်သောတရားရှိခြင်း၊ (၂၆) မတုန်မလှုပ်မြဲသည်ဖြစ်၍ ဘေးကိုတားမြစ်စေသောသူတို့၏ မှီခိုရာသို့ရောက်ခြင်း၊ (၂၇) ကောင်းစွာပြတ်အပ်သော အနုသယရှိခြင်း၊ (၂၈) အာသဝေါကုန်ခြင်းသို့ ရောက်ခြင်း၊ (၂၉) ငြိမ်သက်ချမ်းမြေ့သောသမာပတ်၌ များစွာနေလေ့ရှိခြင်း၊ (၃၀) ရဟန်းကျေးဇူးဂုဏ်နှင့် အလုံးစုံပြည့်စုံခြင်း။ ရည်ညွှန်းကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%AD%E1%80%9A%E1%80%AC
သိက္ခာပုဒ်
သိက္ခာပုဒ်ဆယ်ပါး ၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ၂။ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ၃။ မမြတ်သော (မေထုန်) အကျင့်မှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ၄။ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ၅။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ် ကြောင်း သိက္ခာပုဒ် ကို ဆောက်တည်ပါ၏။ ၆။ နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ၇။ ကခြင်း သီခြင်း တီးမှုတ်ခြင်းနှင့် (သူတော်ကောင်း) တရား၏ ဆူးငြောင့်သဖွယ်ဖြစ်သော ပွဲဲလမ်း သဘင် တို့ကို ကြည့်ရှု နားထောင်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ၈။ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်း တန်ဆာဆင်ခြင်း အပြေအပြစ်ပြုခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ၉။ မြင့်သောနေရာ မြတ်သောနေရာ၌ နေထိုင်ခြင်မှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ၁၀။ ရွှေငွေကို ကိုင်ခြင်း ခံယူခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%80%E1%80%B9%E1%80%81%E1%80%AC%E1%80%95%E1%80%AF%E1%80%92%E1%80%BA
သင်္ဂါယနာ
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။ သာသနာ့အမွေဆက်ခံခဲ့ခြင်း - ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု (ထု ၃ ထု) ပူးပေါင်း ကာ သင်္ဂါယနာ ၆ ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေသည်။ ဝေါဟာရရင်းမြစ် သင်္ဂီတိ ဟူသောပုဒ်ကို ဒီဃနိကာယ် ပါထိကဝဂ် (၁၀)သုတ်မြောက်၌ တွေ့ရှိရ၍ သင်္ဂီတိသုတ်ဟုခေါ်တွင်သည်။ အရှင်သာရိပုတြာက မြတ်ဗုဒ္ဓပရိနိဗ္ဗာန်မပြုမီ (၁၀)ဝါခန့်က မလ္လတိုင်း၊ ပါဝါမြို့ ရွှေပန်းထိမ်သည် စုန္ဒ၏ သရက်ဥယျာဉ်၌ ဟောကြားတော်မူခြင်းဖြစ်သည်။ ထိုသုတ်မှပါရှိသော စကားလုံး သင်္ဂါယိတဗ္ဗံကို အရှင်ဗုဒ္ဓဃောသက ညီညွတ်စွာရွတ်ဆိုခြင်း၊ ကွဲပြားသော အယူဝါဒမရှိဘဲ ရွတ်ဆိုခြင်း၊ တစ်ခုတည်းသောခံယူချက်ဖြင့် ရွတ်ဆိုခြင်းဟု အဓိပ္ပာယ်ဖွင့်ပါသည်။ ထို့ကြောင့် သာမန်ရွတ်ဆိုခြင်းဆိုသော အပေါ်ယံအဓိပ္ပာယ်ဖြင့် ယူဆရန်မသင့်ပါ။ သင်္ဂါယနာ = သံ - စုပေါင်း၍၊ ဂါယနာ - ရွတ်ဆိုခြင်း သင်္ဂါယနာ = စုပေါင်း၍ ရွတ်ဆိုခြင်း သင်္ဂါယနာတင်သမိုင်း ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားသည် ဤကမ္ဘာမြေတွင် ပွင့်တော်မူခဲ့၏။ မြတ်စွာဘုရားသည် သက်တော် (၃၅) နှစ်အရွယ်တွင် ဘုရားအဖြစ်ရောက်ရှိသည်မှစ၍ လောကရှိ သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးမားစွာဖြင့် တရားတော်တို့ကို ၄၅ တိုင်တိုင် မနားမနေဟောပြော ညွှန်ပြခဲ့သည်။ မြတ်စွာဘုရားက အာနန္ဒာအား (အာနန္ဒ- ချစ်သားအာနန္ဒာ l မယာ - ငါဘုရားသည်l ဝေါ- သင်ချစ်သားတို့အားl ယောဓမ္မောစ - အကြင်သုတ်၊ အဘိဓမ္မာကိုလည်းl ဒေသိတော- ဟောတော်မူအပ်ပြီ၊ ယောဝိနယောစ - အကြင်ဝိနည်းကိုလည်းl ပညတ္တော -ပညတ်အပ်ပြီ l သော - ထို ငါဘုရားဟောကြား ပညတ်အပ်သော သုတ်- အဘိဓမ္မာ - ဝိနည်း ဓမ္မက္ခန္ဓာတို့သည်l မမစ္စယေန- ငါဘုရား ပရိနိဗ္ဗာန်ပြုပြီး၍ မရှိသည့်နောက်၊ ဝေါတုမှာကံ - သင်ချစ်သားတို့အားl သတ္တာ- ဆုံးမမည့်ဆရာတို့ပင်တည်း။ "... - ဟုညွှန်ခဲ့ပေသည်။) - “ချစ်သား အာနန္ဒာ၊ ငါဘုရား ဟောကြားသော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်” ဟုမှာကြားတော်မူခဲ့သည်။ ထိုမှာကြားချက်အရ “ဓမ္မဝိနယ” ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာ ရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည် မည်၏။ “သာသနာ” ဆိုသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များပင် ဖြစ်၏။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ကွယ်ပျောက်သွားပါက သာသနာလည်း ကွယ်ပျောက်သွားမည် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားတပည့် ရဟန်းသံဃာတို့သည် ခေတ်ကာလ အဆက်ဆက်က ဓမ္မဝိနယဟု ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်း မကွယ်ပျောက်ရန် စောင့်ရှောက်တော်မူခဲ့ကြသည်။ သို့ရာတွင် ခေတ်အဆက်ဆက်မှာပင် သာသနာတော်အတွက် ဆန့်ကျင်ဘက် အန္တရာယ် ရန်စွယ်များ ပေါ်ပေါက်လာ၏။ ထိုကဲ့သို့သော အရေးကိစ္စများအတွက် ဘုရားတပည့် ရဟန်းသံဃာတို့သည် သာသနာ မကွယ်ပျောက်ရန်၊ သာသနာ သန့်ရှင်းစေရန်၊ သာသနာ စည်ပင်ပြန့်ပွားစေရန် သင်္ဂါယနာ အသီးသီးကို တင်တော်မူခဲ့ကြသည်။ မြတ်စွာဘုရားသည် ခရစ်တော်မပေါ်မီ ၅၄၄ - ခုနှစ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ထိုအချိန်မှစ၍ သာသာနာတော်နှစ် (၁)နှစ်အဖြစ် စတင်ရေတွက်ခဲ့ကြသည်။ ယခုအခါ သာသနာတော်သည် သာသနာတော်နှစ် ၂၅၀၀-ကျော် လွန်ခဲ့ပြီး ဖြစ်ပေသည်။ ထိုနှစ်များအတွင်းတွင် ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ်တင်ခဲ့ပြီး ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များအား အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ ထိုသို့ ပြုရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ဟောကြားတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ကြခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိပေ။ ဂေါတမမြတ်စွာဘုရား၏ "အနေကဇာတိသံသာရံ" အစချီကာ "ဝယဓမ္မာ သင်္ခါရာ အပ္ပာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန်စံအပြီး သုံးလအကျော်တွင် တတိယသာဝက ရှင်မဟာကဿပ၊ ဝိနည်း ဧတဒ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဒ္ဓအဘိဉာဉ်ရဟန္တာအရှင်မြတ် အပါး ၅၀၀က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ သင်္ဂါယနာတင်ခဲ့သည့် အချက်အလက်များ ပထမအကြိမ် သင်္ဂါယနာတင်ခြင်း သာသနာတော်နှစ် ၁ နှစ် (ခရစ်တော်မပေါ်မီ ၅၄၄-ဘီစီ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ရာဇဂြိုဟ်ပြည်ရှိ ဝေဘာရတောင်၌ ရှိသော သတ္တပဏ္ဏိ လိုဏ်ဂူရှိ မဏ္ဍပ်တော်တွင် ပြုလုပ်ခဲ့သည်။ သုဘဒ္ဒအမည်ရှိသော ရဟန်းကြီးက သာသနာတော်အား ထိပါးပုတ်ခတ် ပြောဆိုမှုများ ရှိလာ၏။ ထိုအခါ သာသနာ့ အန္တရာယ်သည် ပေါ်ပေါက်လာ၏။ အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာတို့က အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါးငါးရာတို့က သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြပေသည်။ သာသနာတော်နှစ် ၁ နှစ်၊ ဝါခေါင်လပြည့်နေ့မှစ၍ သင်္ဂါယနာတင်ကြရာ ပြီးဆုံးသည်အထိ ၇ လကြာ၏။ ထိုသင်္ဂါယနာတင်ပွဲသည် နှုတ်တက်ရွတ်ဆိုရာသော် သင်္ဂါယနာ ဖြစ်သည်။ သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ဝိနည်းတော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း ၈၄၀ဝ၀ ရရှိခဲ့သည်။ ၎င်းကို ထပ်မံပြီး သဘောတရားတူရာအလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု ၃ စု ရရှိပြီး ပိဋကတ် ၃ ပုံဟု ခေါ်တွင်သည်။ ၎င်းပိဋကတ် ၃ ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၄၂၀ဝ၀ ထည့်သွင်းကာ သဘောတူခဲ့ကြသည်။ အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အားမှီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။ ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ် ၃ ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။ ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း သာသနာတော်နှစ် ၁၀၀ ခရစ်တော်မပေါ်မီ ၄၄၃-ဘီစီတွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းတို့၏ ဝိနည်းနှင့် မညီသော အကျင့်(အဓမ္မဝတ္ထု) ဆယ်ပါးကို ဟောပြော ပြုကျင့်ကြသောကြောင့် သာသနာတော်တော်အတွင် အန္တရာယ်သည် ပေါ်လာပြန်သည်။ အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတ၊ အရှင်ယသ အမှူးပြုသော ရဟန္တာမထေရ်မြတ်ကြီး အပါး ၇၀၀ တို့သည် ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာလာသောကမင်းနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာဖြစ်သည်။ အချိန်ကာလသည် ရှစ်လတိတိကြာမြင့်ခဲ့သည်။ ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ၈ လ ကြာမြင့် ခဲ့သည်။ ရဟန္တာ ၇၀ဝ သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု ၃ ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း ၁၀ဝ၀ဝ ကျော်အား နှင်ထုတ်ခဲ့ရသည်။ ၎င်းရဟန်းပျက် ၁၀ဝ၀ဝ ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ၇၀ဝ ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု ၃ ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။ ဒုတိယသံဂါယနာတင်ရခြင်းအကြောင်း သိင်္ဂီလောဏကပ္ပ။။ သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။ ဒွင်္ဂုလကပ္ပ။။ နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။ ဂါမန္တရကပ္ပ။။ တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။ အာဝါသကပ္ပ။။ သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။ အနုမတိကပ္ပ။။ မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။ အာစိဏ္ဏကပ္ပ။။ ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။ အမထိတကပ္ပ။။ နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပဝါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။ ကပ္ပတိ ဇလောဂိံ ပါတုံ။။ သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။ ကပ္ပတိ အဒသကံ နိသီဒနံ။။ အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။ ကပ္ပတိ ဇာတရူပ ရဇတံ။။ ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။ ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်။ တတိယအကြိမ်သင်္ဂါယနာတင်ခြင်း သာသနာတော်နှစ် ၂၃၅ (ခရစ်တော်မပေါ်မီ ၃၅၈ ဘီစီ)တွင် ပါဋလိပုတ်ပြည် အသောကကျောင်းတိုက်၌ တတိယ သင်္ဂါယနာ တင်ခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်(တိတ္ထိ) ခြောက်သောင်းတို့က ရဟန်းကောင်းအသွင်ဖြင့် သာသနာအတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်းလာကြသော သာသနာ့ အန္တရာယ်ကြောင့် တတိယ သင်္ဂါယနာ တင်ကြခြင်းဖြစ်သည်။ ရဟန်းအတု ၆၀ဝ၀ဝ ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။ အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္စုန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၁၀၀၀ တို့က တတိယ အကြိမ်မြောက် သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုသို့တင်ရာတွင် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာ ဖြစ်သည်။ အချိန်ကာလ ကိုးလကြာမြင့်သည်။ အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။ သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ ၅ ပုံ ၄ ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှူးပြုသော ရဟန္တာ အရှင်မြတ်ကြီး ငါးပါးတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။ စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာအရှင်မဟိန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ သာသနာတော်နှစ် ၄၅၀၊ (ခရစ်တော်မပေါ်မီ ၄၉ ဘီစီ)တွင် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်)နိုင်ငံတွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို ၁၂ ကြာ ခံစားရသောကြောင့် ပိဋကတ်တော်များ မပျောက်ပျက်ရအောင် ရဟန်းသံဃာတော်များသည် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဆောင်ထားကြရသည်။ အငတ်ဘေးနှင့် သူပုန်ဘေးများ ၁၂ နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့် ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။ နောင်အခါကာလ ဤသို့ဘေးများပေါ်ပေါက်လာပါက သတိ၊ သမာဓိ၊ ပညာဆုတ်ယုတ်ကာ နှုတ်တက် မဆောင်နိုင်မည်ကို မြင်တော်မူကြသဖြင့် စတုတ္ထအကြိမ်မြောက် သင်္ဂါယနာ တင်ကြသည်။ အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀ တို့က သီရိလင်္ကာနိုင်ငံ(သီဟိုဠ်) ဝဋ္ဋဂါမဏိမင်း လက်ထက်တော်တွင် ပေရွက်ပေါ်တွင် အက္ခရာတင်ကာ စတုတ္ထအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့သည်။ မလယဇနပုဒ်နေ အကြီးအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပေသည်။ ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း သာသနာတော်နှစ် ၂၄၁၅၊မြန်မာသက္ကရာဇ် ၁၂၃၃ တန်ခူးလပြည့်ကျော် ၁၁ရက် (ခရစ်နှစ် ၁၅-၄-၁၈၇၁) စနေနေ့တွင် သင်္ဂါယနာစတင်ကြ၍ ၁၂၃၃ တော်သလင်းလပြည့်ကျော် ၁၄ရက် (၁၂-၉-၁၈၇၁)တွင် သင်္ဂါယနာတင်ခြင်းအမှုပြီးမြောက်အောင်မြင်ပါသည်။ မန္တလေးမြို့ (ရတနာပုံ နေပြည်တော်)၌ ပေရွက်ပေါ်တင်ထားသော ပိဋကတ် ၃ ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း ၂၄၀ဝ ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု ၃ ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် ပဉ္စမသင်္ဂါယနာ တင်ခဲ့ကြသည်။ ပိဋကတ်တော်များကို ပေ၊ ပုရပိုက်များပေါ်တွင် ရေးသားထားခြင်းအားဖြင့် ကြာရှည်စွာ မခိုင်မြဲ၊ မတည်တံ့နိုင်ခြင်း၊ မူအမျိုးမျိုးကွဲနေခြင်း စသော အန္တရာယ်များမှ ကာကွယ်ရန် ကျောက်ထက်အက္ခရာတင်ခြင်းကို မြန်မာသက္ကရာဇ် ၁၂၂၂ တန်ဆောင်မုန်းလဆန်း ၁ရက် (၁၄-၁၀-၁၈၆၀)တွင် ကျောက်သားပေါ်၌စတင်ထွင်းထု၍ ၁၂၃၀ ကဆုန်လဆန်း ၁၄ရက်(၄-၅-၁၈၆၈)တွင်ကျောက်ထက်အက္ခရာပြီးစီးသည်။ ကျောက်ထက်အက္ခရာတင်ခြင်းအပြီး သုံးနှစ်လွန်သောအခါတွင်မှ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်းပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ရာ သစ်ဆိမ့်တိုက်က ဝိနည်းပိဋကတ်တော်ကိုလည်းကောင်း၊ စလင်းတိုက်က သုတ္တန်ပိဋကတ်တော်ကိုလည်းကောင်း၊ စံကျောင်းတိုက်က အဘိဓမ္မာပိဋကတ်တော်ကိုလည်းကောင်း အသီးသီတာဝန်ယူကာ ရွှေနန်းတော်ကြီးအတွင်း ဗြဲတိုက်တော် ရာဇပလ္လင်ပေါ်၌ တစ်လှည့်စီ ပြန်ဆိုတော်မူကြရသည်။[၂][၃] ထိုအခါ စံကျောင်းတိုက်သား ရဟန်းတစ်ပါးဖြစ်သော အရှင်ဉာဏဓဇသည် ကထာဝတ္ထုပါဠိတော်ကို တာဝန်ယူပြန်ဆိုတော်မူခဲ့သည်။ ယောအတွင်းဝန်၏ ဩဝါဒစကားလျှောက်ထားချက်အရ ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထုအဋ္ဌကထာကို အထူးကျွမ်းကျင်နိုင်နင်းအောင် သင်ကြားလေ့ကျင့်ထားသည့်အတိုင်း ဗြဲတိုက်တော်ရာဇပလ္လင်ထက်၌ ကထာဝတ္ထုပါဠိတော်ကို အောင်မြင်စွာ ပြန်ဆိုတော်မူနိုင်ခဲ့ခြင်း ဖြစ်သည်။[လယ်တီဆရာတော်မှ][၃] ၊ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် တိပိဋကရေမဟာဓမ္မဥရာဇာဒိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဇာဂရာဘိဝံသမထေရ် အမှူးပြုသော (တစ်ခြားနိုင်ငံသံဃာတော်များပါဝင်ခြင်းမရှိ) မြန်မာနိုင်ငံမှသံဃာတော် အပါး ၂၄၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုသို့တင်ရာတွင် မန္တလေးတောင်ခြေရှိ လောကမာရဇိန်(ကုသိုလ်တော်) ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ ၇၂၉ ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သင်္ဂါယနာတင်ကြရာ ၇ နှစ်၊ ၆ လ၊ ၁၄ ရက် ကြာခဲ့သည်။ ယင်းကျောက်ထပ်အက္ခရာတင်ပြီးနောက် နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာတင်ကြရာ ၅ လ နှင့် ၃ ရက်အကြာတွင် ပြီးစီးအောင်မြင်ခဲ့သည်။ ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း သာသနာတော်နှစ် ၂၄၉၈၊ (ခရစ်နှစ် ၁၉၅၄၊ မြန်မာသက္ကရာဇ် ၁၃၁၆)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌမသင်္ဂါယနာ တင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် နှစ်(၁၀၀)ခန့် သူ့ကျွန်ဘဝ၌ နေခဲ့ရ၍ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့အတွက် ဆဋ္ဌမအကြိမ်မြောက် သင်္ဂါယနာတင်ကြခြင်း ဖြစ်သည်။ ရဟန်းသံဃာဘက်မှ ဦးဆောင်သူ ဆရာတော်များမှာ : အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော် ဘဒ္ဒန္တ ရေဝတ (သံဃမဟာနာယကဥက္ကဋ္ဌ) အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ သူရိယ (ဘာရနိတ္ထာရက ဝန်ဆောင်သံဃအဖွဲ့ ဥက္ကဋ္ဌ) အဂ္ဂမဟာပဏ္ဍိတ ဗားကရာဆရာတော် ဘဒ္ဒန္တ နာဂဝံသ (အကျိုးတော်ဆောင်ဆရာတော်) အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇာလင်္ကာရဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ (အကျိုးတော်ဆောင်ဆရာတော်) အဂ္ဂမဟာပဏ္ဍိတဂါရိက မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏ(ပုစ္ဆက-အမေးဆရာတော်) တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဝိသဇ္ဇက-အဖြေဆရာတော်) အဖြစ်ဆောင်ရွက်တော်မူကြပြီး ထိုင်းသံဃရာဇာ၏ ကိုယ်စားလှယ် ဖရဝိမလဓမ္မ၊ လာအို သံဃရာဇာ ဖရဗုဒ္ဓဇိနောရသ်၊ ကမ္ဘောဒီးယား သံဃရာဇာ မဟာသုမေဓာဓိပတိဇောတဉာဏ၊ သီရိလင်္ကာ အမရပူရနိကာယဂိုဏ်း သံဃရာဇာ ဝိမလဇောတိ၊ သျှာမနိကာယဂိုဏ်း သံဃရာဇာ ဝေလိဝိဋဓမ္မကိတ္တိစသော မဟာထေရ်ကြီးများတက်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ ၅ နိုင်ငံမှ ရဟန်းသံဃာတော် ၂၅၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။ ဤသင်္ဂါယနာပွဲကြီးကို မြန်မာနိုင်ငံသမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ပေး၍ ဝန်ကြီးချုပ်ဦးနုက သင်္ဂါယနာတင်ရခြင်းအကြောင်းကို လျှောက်ထားခဲ့သည်။ တက်ရောက်ခဲ့သော နိုင်ငံတကာခေါင်းဆောင်များမှာ : ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပီဗူလ်ဆွန်ဂရမ် (Field Marshal P.Pibulsonggram) သီရိလင်္ကာ ဝန်ကြီးချုပ် ဆာဂျွန်ကိုတီလာဝါးလား (Sir John Kotelawala) ကမ္ဘောဒီးယားနိုင်ငံ ဘုရင် သီဟာနု (Norodon Sihanouk) နှင့် ဝန်ကြီးချုပ် လန်ငက်သ် (H.E-Leng Ngeth) လာအိုနိုင်ငံ အိမ်ရှေ့မင်းသား စဝန်ဝတ္တန (H.R.H Prince Savang Vatthana) နှင့် ဝန်ကြီးချုပ် ကောင်အဘေး (H.E Kou Abhay)တို့ဖြစ်ကြပြီး တရုတ်၊ဂျပန်၊ကိုရီးယား၊ မွန်ဂိုလီးယား၊ဖော်မိုဆာ(ယခု-ထိုင်ဝမ်)၊ ရုရှားစသည့်နိုင်ငံများမှ မဟာယာနဗုဒ္ဓဘာသာခေါင်းဆောင်များပါတက်ရောက်ခဲ့ကြသည်။ သဝဏ်လွှာများကို ဗြိတိသျှဘုရင်မ အဲလိဇဘက်၊ အိန္ဒိယသမ္မတ ဒေါက်တာ ရာဂျိန္ဒရာပရာဆာဒ် နှင့် ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၊ ထိုင်းဘုရင် ဘူမိဘောလ် နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်များက ပေးပို့ခဲ့ကြ၏။ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် ၁၀ဝ ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် ၂၄၉၈ နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။ ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု ၃ ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။ ပိဋကတ်သုံးပုံကို တည်းဖြတ်ရာ၌ မန္တလေးပဉ္စမမူကို အခြေပြု၍ ထိုင်းမူ၊ ကမ္ဗောဒီးယားမူ၊ လာအိုမူ၊ သီဟိုဠ်မူ၊ လန်ဒန်ပီတီအက်စ်မူတို့နှင့် ညှိနှိုင်းတိုက်ဆိုင်၍ တည်းဖြတ်သုတ်သင်ကြသည်။ ထိုမူခြောက်ခုစလုံး၏ မူကွဲများကို သီခြားမှတ်တမ်းတင်၍ ပြုစုခဲ့လေသည်။ ကိုးကား ရင်းမြစ်များ ဗုဒ္ဓဘာသာ သမိုင်း
https://my.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%AB%E1%80%9A%E1%80%94%E1%80%AC
ရေခဲခေတ်
ရေခဲခေတ် သည် ကမ္ဘာ့မြေမျက်နှာ၏ အပူချိန် ကြာမြင့်စွာ မရနိုင်ကြစဉ် ကာလ ဖြစ်သည်။ ၎င်းကာလတွင် ကမ္ဘာ့တိုက်ကြီး များ သည် ရေခဲပြင်များအဖြစ်၊ ဝင်ရိုးစွန်း ရေခဲပြင် နှင့် အပလင် (apline) မဟာရေခဲတုံးများ (galciers) ကြီးထွားခဲ့သည်။ ပထဝီ ကာလ အတိုင်းအတာ အရ တောင်ဝင်ရိုးစွန်း နှင့် မြောက်ဝင်ရိုးစွန်း တို့တွင် ရေခဲပြင်များရှိလျှင် ရေခဲခေတ်ဟုခေါ်သည်။ ထို့ကြောင့် ယခုခေတ်သည် ပထဝီ ကာလ အရ ရေခဲခေတ် ပင် ဖြစ်သည် (ဂရင်းလန်းနှင့် အန္တာတိက တို့တွင် ရေခဲချပ်ကြီးများ ဖုံးလွှမ်းလျက်ပင် ရှိသေးသောကြောင့် ဖြစ်သည်။) အခြားအဆိုတစ်ခုကမူ “ရေခဲခေတ်” သည် မြောက်အမေရိကနှင့် ဥရောပတို့တွင် ရေခဲများ ဖုံးလွှမ်းခဲ့သော အချိန်ကာလကို ရည်ညွှန်းကြသည်။ ၎င်းအဆိုအရ “ရေခဲခေတ်”သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀ဝ၀ဝ) ခန့်က ဖြစ်သည်ဟု ယူဆကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း တစ်သန်းခန့်က ကမ္ဘာ၏ မြောက်ပိုင်းတစ်ပိုင်းလုံးသည် ရေခဲပြင်အတိ ဖုံးလွှမ်းလျက် ရှိလေသည်။ ကမ္ဘာကြီးသည် အဘယ်ကြောင့် ထိုမျှလောက် အေးခဲ့သည်ကိုမူ မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ချေ။ မိုင်ပေါင်းများစွာ ကျယ်ပြန့်သော ရေခဲပြင်ကြီးသည် ဥရောပတိုက်နှင့် မြောက်အမေရိက တိုက် မြောက်ပိုင်းတို့ကို ဖုံးလွှမ်းခဲ့လေသည်။ ထို ရေခဲပြင်ကြီးသည် တဖြည်းဖြည်း တောင်ဘက်သို့ လျှောဆင်း လာခဲ့ရာ တစ်ချိန်ကမူ ရေခဲဖုံးလွှမ်းသော မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ရှစ်သန်းခန့်ပင် ရှိခဲ့လေသည်။ ထိုသို့ ရေခဲပြင်ကြီး ဖုံးလွှမ်းလျက်နေခဲ့သည့်ခေတ်ကို ရေခဲခေတ်ဟူ၍ ခေါ်ကြသည်။ ရေခဲခေတ်တွင် နွေရာသီမှာ တိုတောင်း၍ အေး၏။ ရေခဲပြင်ကြီးလည်း တောင်ဘက်သို့ တဖြည်းဖြည်း ရွေ့ဆင်း ကျယ်ပြန့်လာသည်။ မြောက်အမေရိကတိုက်တွင်မူ ကနေဒါနိုင်ငံ တစ်ခုလုံးနှင့် မစ်စစ်စပီမြစ်ဝှမ်း အထက်ပိုင်းသည် ရေခဲအတိ ဖုံးလွှမ်းလျက်ရှိသည်။ အာရှတိုက်မြောက်ပိုင်း၊ ရုရှနိုင်ငံအထက် ပိုင်း တစ်ပိုင်းလုံးသည်လည်း ရေခဲပြင်ကြီး ဖြစ်နေသည်။ ထိုအတွင်း၌ ရာသီဥတုသည် ပူလိုက်အေးလိုက်နှင့် အမျိုးမျိုး ပြောင်းလဲလျက် ရှိသည်။ ကမ္ဘာမြေကြီး တစ်စတစ်စ ပူလာလျှင် ရေခဲပြင်ကြီးသည် မြောက်ဘက်သို့ ပြန်ဆုတ်သွားလေသည်။ ယခင်က ရေခဲပြင်ရှိသည့်နေရာတွင် မြက်ပင်များ ပေါက်လာ၍ တိရစ္ဆာန်များလည်း မြောက်ဘက်သို့ စွန့်စားကာ သွားရောက်ကျက်စားကြပြန်သည်။ တစ်ဖန် ရာသီဥတုသည် ပြန်လည် အေးမြလာလျှင် ရေခဲပြင်ကြီးလည်း တောင်ဘက်သို့ လျှောဆင်းလာပြန်သည်။ ယင်းသို့ ဆုတ်လိုက်၊ ဆင်းလိုက်နှင့် ပြောင်းလဲခဲ့သည်မှာ လေးကြိမ်၊ ငါးကြိမ်ခန့်ပင် ရှိလိမ့်မည်ဟု မှန်းဆကြလေသည်။ ထိုကဲ့သို့ ရေခဲပြင်ကြီး ဆုတ်လိုက်၊ ဆင်းလိုက်နှင့် အမျိုးမျိုး ပြောင်းလဲခဲ့ခြင်း အကြောင်းရင်းကို မည်သူမျှ ကောင်းစွာ မသိရှိကြချေ။ သိပ္ပံပညာရှင်အချို့ကမူ ယခု ကျွန်ုပ်တို့သည် ရေခဲခေတ်၏ ကြားကာလတွင် နေထိုင်လျက် ရှိကြသည်။ နောင်နှစ်ပေါင်းများစွာ ကြာရှိသည့်အခါ ရာသီဥတုသည် တစ်ဖန် အေးမြလာပြီးလျှင် ကမ္ဘာသည် ရေခဲပြင်ကြီး ပြန်လည် ဖုံးလွှမ်းခြင်းကို ခံရလိမ့်ဦးမည်ဟု ယုံကြည်ကြလေသည်။ ရေခဲ ခေတ်တစ်ခေတ်နှင့် တစ်ခေတ်စပ်ကြားတွင် နှစ်ပေါင်းငါးသိန်း မျှ ကြာသည်ဟူသော တွက်ကိန်းကိုထောက်လျှင် အထက်ပါ ယုံကြည်ချက်မှာ ယုတ္တိတန်လေသည်။ ရေခဲပြင်ကြီးသည် အရည်ပျော်ကျသွားသောအခါ ချိုင့်ဝှမ်း မြေနိမ့်ဒေသတို့တွင် အင်းအိုင်များ ဖြစ်ပေါ်လျက် ကျန်ရစ်ခဲ့လေသည်။ ထို့ပြင် အမှိုက်သရိုက် ကျောက်ခဲကျောက်တုံးများသည်လည်း ဟိုနေရာ သည်နေရာတွင် စုပုံပြန့်ကြဲလျက် ကျန်ရစ်ခဲ့သည်။ သို့ဖြစ်ရာ ရေခဲပြင်ကြီးသည် မြေမျက်နှာပြင် အနေအထားကို များစွာ ပြောင်းလဲသွားစေလေသည်။ ရေခဲပြင်ကြီးသည် ယခင်က ပူနွေးသောဒေသသို့ ရွေ့လျား ကျဆင်းလာသောအခါ ထိုဒေသတွင် နေထိုင် သွားလာ ကျက်စားလျက် ရှိကြကုန်သော သတ္တဝါတို့ကို များစွာ အခက်အခဲနှင့် တွေ့စေသည်။ အချို့သော တိရစ္ဆာန်များသည် အအေး၏ဒဏ်ကို မခံနိုင်ဘဲ လုံးဝပျက်စီးပျောက်ကွယ်သွားကြလေသည်။ အချို့ကား နေပူသည့် တောင်ဘက်သို့ ပြေးလွှားပြောင်းရွှေ့ခဲ့ကြရ လေသည်။ ရေခဲခေတ်က လူသားအချို့ စားသုံးသော အစားအစာများမှာ အလွန် အာဟာရဓာတ်ကြွယ်ဝသော အစား အစာများဖြစ်ကြောင်း၊ ရေခဲခေတ်လူသားတို့ စားသုံးသော ညစာတွင် အာဟာရဓာတ်မျှတသော်လည်း အဆီများစွာ ပါဝင်နေကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၃၀၀ ခန့်က လူသားအချို့အား အေးခဲနေသော ရေခဲများအတွင်း သူတို့၏ ရုပ်အလောင်းများကို ၁၉၉၁-ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ကြကြောင်း၊ အဆိုပါ ရှေးခေတ်လူသားတို့၏ ရုပ်အလောင်းမှနေ၍ ၎င်းတို့မသေဆုံးမီ စားသုံးခဲ့သော အစားအစာများနှင့် လူနေဟန်များကို သိပ္ပံပညာရှင်တို့က ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်အရ ရေခဲခေတ်လူသား ရုပ်အလောင်း၏ ဝမ်းဗိုက်ထဲတွင် ဆိတ်သား၊ သမင်၊ ဒရယ်သားတို့ စားသုံးမှုမှ အဆီများဖြင့် ပြည့်နေသည်ကို တွေ့ရှိရကြောင်း၊ ယင်းတို့၏ ဝမ်းဗိုက်အတွင်း တွေ့ရှိရသည့် အဆီပမာဏသည် မျက်မှောက်ခေတ် လူသားတို့ စားသုံးသည့် အစာအာဟာရထဲမှ အဆီပမာဏ ၁၀% ထက် ကျော်လွန်ကာ အဆီပမာဏ ၅၀% ခန့် ရှိကြောင်း သုတေသီတို့က ပြောကြားခဲ့ကြသည်။ ကိုးကား သမိုင်း
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%81%E1%80%B2%E1%80%81%E1%80%B1%E1%80%90%E1%80%BA
သံခေတ်
သံခေတ်သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။ အစပြုခြင်း ယေဘုယျအားဖြင့်မူ သံခေတ်သည် ဘီစီ ၂၁ ရာစုတွင် ကမ္ဘာ့အရှေ့ခြမ်း ၊ ပါရှား ၊ အိန္ဒိယနှင့် ဂရိတို့တွင် စတင်ခဲ့သည်။ ဥရောပတွင်မူ ထိုထက်ပို၍ နောက်ကျခဲ့ပြီး ဥရောပ အလယ်ပိုင်းတွင် ဘီစီ ၈ ရာစုနှင့် ဥရောပ မြောက်ပိုင်းတွင် ဘီစီ ၆ ရာစုမှ စတင်ခဲ့သည်။ အာဖရိကတွင် ဘီစီ ၁၂၀ဝ ၌ သံရည်ကြိုပစ္စည်းများ သုံးစွဲခဲ့မှုအရ သံခေတ် စတင်ခဲ့သည်ဟု ယူဆနိုင်သည်။ ကြေးခေတ်မှ သံခေတ်သို့ အကူးအပြောင်း လူတို့သည် ကြေးကို ဦးစွာ လက်နက်ကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြသည်။ အကြောင်းမှာ ကြေးသည် သံထက် အရည်ပျော်မှတ် နိမ့်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သံခေတ်သည် အပူချိန်မြင့်မြင့်တွင် အရည်ကြိုသည့် နည်းပညာများ ထွန်းကားလာပြီးနောက်မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကြေးခေတ်မှ သံခေတ်သို့ အကူးအပြောင်းသည် ပထဝီဝင် အနေအထားများအရ ခြားနားမှုများ ရှိနိုင်သော်လည်း ဘီစီ (၁၈၀ဝ) ခန့် ဖြစ်မည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံသံခေတ် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင် နှင့် သုံးထောင် ကြား ကာလသည် မြန်မာနိုင်ငံတွင် သံခေတ်ဖြစ်သည်။ ကိုးကား သံခေတ်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B6%E1%80%81%E1%80%B1%E1%80%90%E1%80%BA
ဂြိုဟ်
ကြည်လင်သော ညအချိန်မှာ မိုးကောင်းကင်ကို မော့ကြည့်လျှင် ရှည်လျားသော နဂါးငွေ့တန်းနှင့်အတူ မှိတ်တုတ်မှိတ်တုတ် ကြယ်မျိုးစုံနှင့် ဥက္ကာပျံများ စသည်ဖြင့် မြင်တွေ့ရမှာ ဖြစ်သည်။ ၎င်းတို့အထဲတွင် သေချာ ကြည့်ပါကမှိတ်တုတ်မှိတ်တုတ် မဟုတ်ပဲ hola ကြယ်အဖြစ် ထင်မှတ်မှားနိုင်သော အရာများကို ဂြိုဟ်များ ဟုခေါ်သည်။ ကြယ်များနှင့် ဂြိုဟ်များ၏ ထူးခြားချက်မှာ - ကြယ်များသည် မှိတ်တုတ်မှိတ်တုတ်နှင့် ကိုယ်ပိုင်အလင်းရောင်ရှိကြသော်လည်း၊ ဂြိုဟ်များမှာမူ မှိတ်တုတ်မှိတ်တုတ် မဟုတ်ဘဲ နေမှရသောအလင်းရောင်ကို တန်ပြန် ထင်ဟပ်ကြသည်။ ကောင်းကင်ကို တန်ဆာဆင်လျက်ရှိသော ဗိမာန်များ ဂြိုဟ်သည် ကမ္ဘာမြေကြီးကဲ့သို့ပင် နေစကြာဝဋ္ဌာ၏ တစ်စိတ်တစ်ဒေဖြစ်သည်။ သို့သော် ဂြိုဟ်နှင့် ဤကမ္ဘာမြေမှာ သဘာဝချင်း ကွဲပြားခြားနားလှ၏။ အချို့မှာ ကမ္ဘာထက်ငယ်၍ အချို့မှာ အဆပေါင်းများစွာကြီးသည်။ အချို့မှာ အလွန်ပူ၍ အချို့မှာ အလွန်အေးသည်။ အချို့တွင် လေမရှိ။ အချို့တွင် ရေမရှိပေ။ ဂြိုဟ်များသည် နတ္ခတဗေဒဆိုင်ရာ အရေးပါသော အရာများဖြစ်ကြသည်။ ယင်းတို့သည် အခြေခံအားဖြင့် ကြယ်များကို ဗဟိုပြုကာ လှည့်ပတ်လျက် ရှိသည်။ ထို့ပြင် ယင်းတို့တွင် ကိုယ်ပိုင် ဒြပ်ဆွဲအားဖြစ်တည်ရန် လုံလောက်သော ဒြပ်ထုပမာဏရှိသည်။ ဂြိုဟ်များကို ယေဘူယအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ သိပ်သည်းမူနည်းသော ဂြိုဟ်ကြီးများနှင့် သိပ်သည်းမူများသော ဂြိုဟ်ငယ်များဟူ၍ဖြစ်သည်။ သိပ်သည်းမူနည်းသော ဂြိုဟ်ကြီးများ ဟုခေါ်ရခြင်းမှာ ယင်းတို့ကို ဓာတ်ငွေ့များဖြင့် ဖွဲစည်းထား၍ သိပ်သည်းမူများသော ဂြိုဟ်များကိုမူ ကျောက်တုံးကျောက်မာများဖြင့် ဖွဲ့စည်းထားသောကြောင့်ဖြစ်သည်။ အနောက်နိုင်ငံ နက္ခတ္တဗေဒအလို၌ ဂြိုဟ်ဟူသည်မှာ နေကို ဗဟိုပြု၍ လှည့်ပတ်နေသော ကောင်းကင်တန်ဆာများ ဖြစ်လေ သည်။ ဂြိုဟ်သည် ကြယ်နှင့် ကွာခြားသည်။ ဂြိုဟ်၌ ကြယ် ကဲ့သို့ ကိုယ်ပိုင်အလင်းရောင် မရှိချေ။ ဂြိုဟ်မှထွက်သော အလင်းရောင်သည် နေမှရသော အလင်းရောင်သာ ဖြစ်သည်။ ဂြိုဟ်တို့သည် နေကို အမြန်နှုန်းအမျိုးမျိုးဖြင့် လှည့်ပတ်နေကြသည်။ နေကို လှည့်ပတ်နေကြသော ယင်းတို့၏ လမ်းကြောင်းများသည် တစ်လမ်းစီ ဖြစ်ကြသည်။ ထိုလမ်းကြောင်းများ၏ ပုံသဏ္ဌာန်မှာ ဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ သိပ္ပံပညာအရ ယနေ့အထိ သိရသလောက်မှာ နေကို လှည့် ပတ်နေသော ဂြိုဟ်ကြီးပေါင်း၈လုံးသာရှိသည်။ နေနှင့်အနီးဆုံးမှ အစပြု၍ အစဉ်အတိုင်း ဖော်ပြရသော် မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ် (သောကြာဂြိုဟ်)၊ ကမ္ဘာဂြိုဟ်၊ မား၊ (အင်္ဂါ ဂြိုဟ်)၊ ဂျူပီတာ ( ကြာသပတေးဂြိုဟ်)၊ ဆက်တာန် (စနေဂြိုဟ်)၊ယူရေးနပ်၊ နက်ပကျွန်းတို့ ဖြစ်ကြ၏။(ပလူတိုဂြိုဟ်သည်ကွိုင်ပါခါးပတ်အတွင်းမှဂြိုဟ်သိမ်တစ်လုံးဖြစ်ပြီအဲရစ်(eris)အမည်ရှိဂြိုဟ်သိမ်နှင့်အချင်းချင်းလှည့်ပတ်‌ေနကြသည်)ဂြိုဟ်အားလုံးပင် အနောက်ဘက်မှ အရှေ့ဘက်သို့ လည်ကြသည်။ မာကျူရီနှင့် ဗီးနပ်ဂြိုဟ်တို့သည် နေနှင့်ကမ္ဘာကြားတွင် ရှိ၍ ကျန်ဂြိုဟ်များ များမှာမူ ကမ္ဘာလမ်းကြောင်း အပြင်ဘက်တွင် ရှိကြသည်။ နေကို လှည့်ပတ်ရာတွင် မာကျူရီနှင့် ဗီးနပ်တို့သည် ကမ္ဘာ ထက် မြန်၍ ကျန်ဂြိုဟ်များသည် ကမ္ဘာထက် နှေးသည်။ မားနှင့် ဂျူပီတာအကြားတွင် နေကို လှည့်ပတ်သွား နေကြ သော ဂြိုဟ်ကလေးပေါင်း မြောက်မြားစွာ ရှိသေးသည်။ အဆိုပါ ဂြိုဟ်အားလုံးတို့သည် နေစကြဝဠာ မိသားစုထဲ တွင် ပါဝင်ကြသော်လည်း တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားခြား နားကြကုန်သည်။ ဂြိုဟ်အချို့သည် ကမ္ဘာထက်ငယ်ကြ၍ အချို့မှာမူ ကမ္ဘာထက် အဆပေါင်းများစွာ ကြီးမားကြသည်။ အချို့မှာ အလွန်ပူ၍ အချို့မှာ အလွန်အေးသည်။ ဂြိုဟ်အချို့ တွင် လေမရှိ။ ဂြိုဟ်အချို့တွင် ရေမရှိပေ။ မာကျူရီသည် နေနှင့် အနီးဆုံးဂြိုဟ်ဟု ဆိုရသော်လည်း နေမှမိုင်ပေါင်း ၃၆ဝဝဝဝဝဝ ခန့် ဝေးကွာသည်။ အချင်းမှာ မိုင် ပေါင်း ၃ဝဝဝ ကျော် ဖြစ်သဖြင့် ကမ္ဘာထက်ငယ်သည်။ ဂြိုဟ်အားလုံး အနက် နေကို အမြန်ဆုံးလှည့်ပတ်သောဂြိုဟ် ဖြစ်၏။ မာကျူရီ သည် ၈၈ ရက်နှင့် နေကို တစ်ပတ်ပြည့်အောင် လှည့်သဖြင့် ထိုဂြိုဟ်၌ တစ်နှစ်တွင် ရက်ပေါင်း ၈၈ ရက်သာရှိသည်။ နေနှင့်မည်သည့်အခါမျှ မဝေးကွာသောကြောင့် ထိုဂြိုဟ်သည် နေရောင်တွင် ပျောက်နေလေ့ရှိသည်။ တစ်ခါတစ်ရံ နေဝင်ပြီး နောက် တစ်နာရီလောက်ကြာအောင်အထိ အနောက်ယွန်းယွန်း ကောင်းယံ၌ဖြစ်စေ၊ တစ်ခါတစ်ရံ နံနက် နေမထွက်မီ အရုဏ် တက်အချိန်တွင် အရှေ့ယွန်းယွန်း ကောင်းကင်ယံ၌ဖြစ်စေ၊ ယင်းကို တွေ့မြင်ရတတ်ပေသည်။ ယင်းဂြိုဟ်၌ လေ၊ သို့မဟုတ် လေထု မရှိချေ။ ထိုဂြိုဟ်သည် ဝင်ရိုးပေါ်၌ တစ်ပတ်လည်ရန် မည်မျှကြာသည်ကို အငြင်းပွားလျက် ရှိကြသည်။ သို့ရာတွင် နေကို လှည့်ပတ်စဉ် မိမိဝင်ရိုးပေါ်၌ တစ်ပတ်လည်သည်ကိုမူ တွေ့ရ၏။ နေဖက်သို့ လှည့်နေသောအပိုင်း၏ မျက်နှာပြင် အပူချိန်သည် ၆၅ဝ ဒီဂရီ ဖာရင်ဟိုက်ခန့် ဖြစ်သည်။ အခြား ဖက်အပိုင်းမှာမူ အလွန်အေးသည်။ ဗီးနပ်သည် အလွန်တစ်ရာ တောက်ပသောကြောင့် ယင်းကို ကောင်းကင်တွင် အခြားဂြိုဟ်များထက် လွယ်ကူစွာမြင်ရသည်။ နေနှင့် လတို့ကလွဲလျှင် ဗီးနပ်သည် အထွန်းလင်းဆုံး ဖြစ်၏။ လကဲ့သို့ပင် ပုံသဏ္ဌာန် ပြောင်းသည်။ ပြည့်ဝန်းနေချိန်တွင် ဗီးနပ်သည် ကမ္ဘာနှင့် အလွန်ဝေးသောကြောင့် အလွန်သေး ငယ်စွာ မြင်ရသည်။ လခြမ်းပုံဖြစ်နေချိန်တွင်မူ၊ ဗီးနပ်သည် အထွန်းလင်းဆုံး ဖြစ်၏။ ဗီးနပ်ဂြိုဟ်လုံး၏ အချင်းမှာ ၇၅၇၅ မိုင်ခန့် ရှိသောကြောင့် အရွယ်အားဖြင့် ကျွန်ုပ်တို့ ကမ္ဘာနီးပါး မျှ ရှိသည်။ ထိုဂြိုဟ်၏ ပတ်ဝန်းကျင်၌ အလွန်ထူထပ်သော လေထုရှိသည့်အတွက် မှန်ပြောင်းဖြင့် ကြည့်သောအခါ ဂြိုဟ်၏ မျက်နှာပြင်ကို မမြင်ရချေ။ ဗီးနပ်ဂြိုဟ်ကို တိမ်တောင်တိမ်လိပ်များ အမြဲဖုံးအုပ်နေသော ကြောင့် ထိုဂြိုဟ်၌ လေရှိမည်မျာ သေချာသည်။ နေမှရရှိသော အပူချိန်သည်လည်း သက်ရှိသတ္တဝါ တစ်မျိုးမျိုးတို့ နေနိုင်ရန် အတွက် လုံလောက်သည်ဟု ယူဆနိုင်စရာ အကြောင်းရှိသည်။ သို့သော် လူတို့နေနိုင်ရန်အတွက် အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ရေခိုးရေငွေ့တို့ လုံလောက်စွာရှိ မရှိကိုကား မည်သူမျှ သေချာ စွာ မပြောနိုင်ချေ။ မားသည် အရွယ်အားဖြင့် ကမ္ဘာ၏ တစ်ဝက်မျှသာရှိသည်။ ထိုဂြိုဟ်သည် အချို့အချက်များတွင် ကမ္ဘာနှင့် ဆင်တူသည်။ မားဂြိုဟ်သည် ဝင်ရိုးပေါ်၌ တစ်ပတ်လည်ရာတွင် ကမ္ဘာက ဝင်ရိုးပေါ်၌ တစ်ပတ်လည်သလောက်ပင် ကြာမြင့်သည်။ ထိုအချိန်မှာ ၂၄ နာရီ ၃၇ မိနစ် ဖြစ်၏။ ကမ္ဘာ၏ ဝင်ရိုးစောင်းသလောက် မား၏ ဝင်ရိုးလည်း စောင်းသည်။ ကမ္ဘာဂြိုဟ်၌ ဖြစ်ပေါ်သော ရာသီဥတုမျိုး မား၌လည်း ဖြစ် ပေါ်သည်။ သို့ရာတွင် မား၌ဖြစ်သော ရာသီဥတုတို့သည် ကမ္ဘာ ၌ ဖြစ်သော ရာသီဥတုတို့ထက် အချိန်ကာလအားဖြင့် ၂ဆပို၍ ကြာသည်။ မားဂြိုဟ်၏ မျက်နှာပြင်သည် ကမ္ဘာ၏ မျက်နှာပြင် ထက် ပို၍ပြေပြစ်သည်။ ကမ္ဘာပေါ်၌ရှိသော ကုန်းမြင့်မား၊ တောင်တန်းကြီးများ မားပေါ်၌ မရှိချေ။ မား၏ ဝင်ရိုးစွန်း အရပ်များ၌ ဖြူနေခြင်းမှာ နှင်းများ ဖုံးအုပ်ထားသောကြောင့်ဟု ယူဆရသည်။ မားပေါ်တွင် ချောင်းများ၊ မြောင်းများ ရှိသည်။ သက်ရှိ သတ္တဝါများ ဧကန်ရှိသည်ဟူ၍မူ မည်သူမျှ မဆိုနိုင် သေးချေ။ မားပေါ်တွင် လေထုရှိသည်ဟု ဆိုရသော်လည်း ကမ္ဘာ၏ လေထုလောက် ထူထပ်သိပ်သည်းခြင်း မရှိချေ။ မား၏ ဆွဲအားသည်လည်း ကမ္ဘာ၏ဆွဲအားလောက် မကြီးချေ။ ကမ္ဘာပေါ်တွင် ၆ ပေခုန်နိုင်သူသည် မားပေါ်၌ ၁၆ ပေမျှ ခုန်နိုင်ပေမည်။ ပျမ်းမျှအပူချိန်သည် ရေခဲသည့် အပူချိန်ထက် နည်းမည်ဟု ခန့်မှန်းရသော်လည်း ရှည်လျားသော နွေရာသီတွင် မူ ထိုထက်ပူလိမ့်မည်ဟု ယူဆရသည်။ ဂျူပီတာသည် ဂြိုဟ်များတွင် အကြီးဆုံးဖြစ်သော ကြာသ ပတေးဂြိုဟ်ကို ခေါ်သည့် အမည်ပင် ဖြစ်၏။ ထိုဂြိုဟ်ကြီး သည် ကျွန်ုပ်တို့ ကမ္ဘာမှ မိုင်ပေါင်း ၆ဝဝဝဝဝဝဝဝ ကွာဝေး၍ ပမာဏအားဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာထက် အဆပေါင်း ၁၃ဝဝ ရှိ၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆသာ ရှိသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း ၈၂၉ဝဝ၊ အီကွေ တာ (အလယ်ရစ်)၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည်ဟု ဆို လေသည်။ ဂျူပီတာသည် ဗီးနပ်ခေါ် သောကြာဂြိုဟ်မှတစ်ပါး၊ အထွန်းလင်းဆုံးဂြိုဟ်ကြီးဖြစ်၍ တောက်ပသော အရံဂြိုဟ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေးအလိုက် ဆိုရလျှင် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို ၁၂ နှစ်ခန့် တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။ မိမိဝင်ရိုးစွန်း ပေါ်တွင် တစ်ပတ်လည်ရန်မှာ ၉ နာရီ ၅၅ မိနစ် ကြာသည်။ ဂျူပီတာကို မှန်ပြောင်းဖြင့် ကြည့်သောအခါတွင် မည်း၍ တောက်ပြောင်သော အစင်းကြောင်းများကို တွေ့ရသည်။ အမည်းစက်များလည်း တစ်ခါတစ်ရံ ပေါ်ပေါက်လာတတ်၏။ ထိုအမည်းစက်များသည် တဖြည်းဖြည်း မှိန်သွားကြပြီးလျှင် ကွယ်ပျောက်သွားတတ်ကြ၏။ ထိုအမည်းစက်များသည် ဂြိုဟ် အတွင်းမှထွက်လာသော ဓာတ်ခိုးဓာတ်ငွေ့များ ဖြစ်တန်ရာသည် ဟု နက္ခတ္တဗေဒပညာရှင်တို့က ယူဆကြလေသည်။ နေမှ ဂျူပီတာ အကွာအဝေးသည် နေမှ ကမ္ဘာ အကွာအဝေးထက် ၅ ဆမျှ ရှိသည်။ ထိုကြောင့် အပူချိန်သည် ဖာရင်ဟိုက် ဒီဂရီ သုညအောက်များစွာ ကျရောက်ပေမည်။ ဖာရင်ဟိုက် ဒီဂရီ -၂ဝဝ (သုညအောက် ဒီဂရီ ၂ဝဝ)လောက် အပူချိန်ရှိသည်ဟူ၍ ခန့်မှန်းချက်ရှိသည်။ များမကြာမီကပင် နက္ခတ္တဗေဒပညာရှင် တို့သည် ဂျူပီတာဂြိုဟ်ပေါ်၌ အမိုးနီးယားဓာတ်ငွေ့နှင့် မက်သိန်းဓာတ်ငွေ့တို့ ရှိကြောင်း သိရှိခဲ့ကြလေသည်။ ဆက်တန်ဂြိုဟ်သည် ဒုတိယအကြီးဆုံးဂြိုဟ် ဖြစ်သည်။ ထိုဂြိုဟ်တွင် ကွင်းများပါရှိသဖြင့် အလွန်ထူးဆန်းသည်။ ယခု အခါ ထိုကွင်းများကို ဒြဗ်ဖြင့် တစ်သားတည်း ပြီးနေသည်ဟု မယူဆတော့ဘဲ ထိုဂြိုဟ်ကို အလွန်များပြားသော ဥက္ကာများက ဝန်းရံလှည့်ပတ်နေသောကြောင့် အဖြူရောင်ကွင်းများသဏ္ဌာန် ဖြစ်ပေါ်နေသည်ဟု ဆိုလေသည်။ ဆက်တန်ဂြိုဟ်၌ ကွင်း ၃ ကွင်း ရှိသည်။ ထိုကွင်းတို့၏အဝန်းသည် အလွန်ကျယ်ဝန်းကြီး မား၍ အတွင်းအကျဆုံးသော ကွင်း၏ အနားမှာ အပြင်ဘက် အကျဆုံး အနားသို့ မိုင်ပေါင်း ၄၃၅ဝဝ မျှ ကျယ်၏။ ထိုကွင်းတို့၏ အထူမှာ ၁ဝ မိုင်ခန့်ရှိမည်။ ဆက်တန်ဂြိုဟ် သည် ဝင်ရိုးပေါ်၌ တပတ်လည်ရန် ၁ဝ နာရီ ၁၄ မိနစ်ကြာ သည်။ ဆက်တန်ဂြိုဟ်၏ ကွင်းများသည် ၁၅ နှစ်ခန့်တွင် တစ်ကြိမ် ကမ္ဘာဖက်သို့ ထောင်လိုက်တည့်တည့်ကျသဖြင့် ကမ္ဘာမှ ထိုကွင်းများကို အလွန်အားကောင်းသော တယ်လီ စကုပ်ဖြင့် ကြည့်သော်ငြားလည်း မမြင်ရသလောက်ရှိသည်။ ယူရေးနပ်၊ နက်ပကျွန်းနှင့် ပလူတိုဂြိုဟ်တို့၏ အကြောင်း ကိုမူ အနည်းအကျဉ်းမျှသာ သိရှိရသေးသည်။ ကမ္ဘာမှ အလွန် တရာ ဝေးကွာလှသောကြောင့် အလွန် အားကောင်းသော တယ်လီစကုပ်ဖြင့် ကြည့်လင့်ကစား ထွန်းလင်းနေသော ကောင်းကင်တန်ဆာကလေးများအဖြစ်မှလွဲ၍ အခြားမည်သည့် အကြောင်းအချက်များကိုမျှ မတွေ့မြင်ရပေ။ ဂျူပီတာ၊ ဆက်တန် တို့နှင့် နှိုင်းစာလျှင် ယူရေးနပ်နှင့် နက်ပကျွန်းတို့သည် သေး ငယ်သော်လည်း ကမ္ဘာနှင့်နှိုင်းစာလျှင်ကား အလွန်ပင် ကြီးမား ပေသည်ဟု နက္ခတ္တဗေဒပညာရှင်တို့က ယူဆကြသည်။ မာကျူရီ၊ ဗီးနပ်၊ ပလူတိုတို့မှလွဲ၍ အခြားဂြိုဟ်များ၌ အရံ ဂြိုဟ်များ ရှိသည်။ ပလူတို၌ အရံဂြိုဟ် မရှိတန်ရာဟု ယူဆ ထားသည်။ ကျွန်ုပ်တို့ ကမ္ဘာကို လှည့်ပတ်နေသောလသည် ကမ္ဘာ၏ အရံဂြိုဟ်ဖြစ်၏။ မား၌ အလွန်ငယ်သော အရံဂြိုဟ် ၂ လုံးရှိသည်။ ဂျူပီတာ၌ အရံဂြိုဟ် ၁၁ လုံး၊ ဆက်တန်၌ ၉ လုံး၊ ယူရေးနပ်၌ ၅ လုံး၊ နက်ပကျွန်း၌ ၁ လုံး အသီးသီး ရှိကြသည်။ အာကာသလောကတွင် ပလူတိုကိုလွန်၍ အခြားဂြိုဟ်များကို ရှိကောင်းရှိပေဦးမည်။ ဂြိုဟ်သစ်များကို ရှာဖွေသော လုပ်ငန်းမှာ စတင်ခဲ့ပြီဖြစ်ရာ နောင်အခါ မည်သို့သော ဂြိုဟ်များကို ထပ်မံ တွေ့ဦးမည်ကို စောင့်ကြည့်ရန်သာ ရှိပေသည်။ မြန်မာအခေါ်၌ ဂြိုဟ်ဟူသည်မှာ အိမ်၊ သို့မဟုတ် ဗိမာန် ဟု အဓိပ္ပာယ်ရ၏။ နေကို တနင်္ဂ‌နွေဂြိုဟ်မင်း လကို တနင်္လာ ဂြိုဟ်မင်းဟူ၍ သတ်မှတ်သည်။ အထက်က ပြဆိုခဲ့သော အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေဂြိုဟ်တို့အပြင် ရာဟု ဂြိုဟ်နှင့် ကိတ်ဂြိုဟ်ဟုလည်း ရှိသေးသည်။ အောက်ပါဇယား၌ ဂြိုဟ်များကို သိပ္ပံပညာအရ၎င်း၊ သက္ကဋ ပါဠိ၊ ဟင်ဒီ၊ မြန်မာ အခေါ်များအရ၎င်း၊ အစဉ်အတိုင်း နှိုင်း ယှဉ်၍ ပြလိုက်သည်။ သိပ္ပံပညာ သက္ကဋ /ပါဠိ ဟင်ဒီ မြန်မာ မာကျူရီ ဗုဓ ဗုဒ္ဓ ဗုဒ္ဓဟူးဂြိုဟ် ဗီးနပ် ဂုကြ ဂုကြ သောကြာ ကမ္ဘာ -- ပထွီ Ó ပထဝီ -- မား မံဂလ / အင်္ဂါရ မံဂလ အင်္ဂါ ဂျူပီတာ ဗဟသ္မတိ / ဂုရု ဗဟသ္မတိ /ဂုရု ကြာသပတေး ဆက်တန် ဂနိ ဂနိ စနေ ယူရေးနပ် -- ဝါရုဏ -- နက်ပကျွန်း -- ဟရိဂြဟ(ဂြိုဟ်စိမ်း) -- ပလူတို -- ပီတဂြဟ -- -- ရာဟု -- ရာဟု -- ကေတု -- ကိတ် -- နေ -- တနင်္ဂနွေ -- လ -- တနင်္လာ နေစကြဝဠာနှင့် ဂြိုဟ်များ ကျွန်ပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် ဂြိုဟ်အမျိုးအစားဖြစ်ပြီး၊ တစ်နှစ်တစ်ကြိမ်ကျ နေကို လှည့်ပတ်လျက်ရှိသည်။ ကျွန်ပ်တို့ မြင်နေရသော နေသည် ကိုယ်ပိုင်အရောင်ရှိသော ကြယ်အမျိုးအစားပင် ဖြစ်သည်။ ကျွန်ပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးနှင့်အတူ နေကို လှည့်ပတ်လျက်ရှိသော ဂြိုဟ်များလည်း ရှိကြသည်။ နေစကြဝဠာအတွင်းရှိ ဂြိုဟ်ကြီး ရှစ်လုံးကို ယေဘုယျအားဖြင့် အတွင်းဂြိုဟ်များနှင့် အပြင်ဂြိုဟ်များဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အတွင်းဂြိုဟ်များသည် သိပ်သည်းမူများသော ဂြိုဟ်ငယ်များဖြစ်ပြီး အပြင်ဂြိုဟ်များသည် သိပ်သည်းမူနည်းသော ဂြိုဟ်ကြီးများပင်ဖြစ်သည်။ ၎င်းတို့မှာ - [အတွင်းဂြိုဟ်များ] မာကျူရီဂြိုဟ်(ဗုဒ္ဓဟူးဂြိုဟ်) ဗီးနပ်စ်ဂြိုဟ်(သောကြာဂြိုဟ်) ကမ္ဘာဂြိုဟ် မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်) [အပြင်ဂြိုဟ်များ] ဂျူပီတာဂြိုဟ်(ကြာသပတေးဂြိုဟ်) စေတန်ဂြိုဟ်(စနေဂြိုဟ်) ယူရေးနပ်စ်ဂြိုဟ် နက်ပကျွန်းဂြိုဟ် ပလူတိုဂြိုဟ် တို့ ဖြစ်ကြသည်။ မှတ်ချက်။ ပလူတိုဂြိုဟ်မှာမူ လွန်ခဲ့သော မကြာသေးသောအချိန်၌ နက္ခဗေဒပညာရှင်များက ဂြိုဟ်များ စာရင်းမှ ထုတ်ပယ်ထားကြောင်း သိရှိရသည်။ ပလူတိုဂြိုဟ်အနားသို့ နောက်ဆုံး ချဉ်းကပ်ပျံသန်းသော အာကာသယာဉ်မှာ နာဆာ၏ New Horizons ဖြစ်သည်။ ဂြိုဟ် စာလုံးပေါင်း အမှန်သည် ဂြိုဟ် ဖြစ်သည်။ မှားတတ်သော အမှား တစ်ခုဖြစ်သည်။ နေအဖွဲ့အစည်း ဂြိုဟ်များ ဂြိုဟ်ဆိုင်ရာ သိပ္ပံ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
တိုက်
ကမ္ဘာ့မြေမျက်နှာသွင်ပြင် အနေအထားအရသာမက လူသားမျိုးနွယ်တို့၏ စရိုက်ကိုပါလိုက်၍ အပိုင်းပိုင်းခွဲကာ သတ်မှတ်ထားသည့် အကြီးဆုံး နယ်နိမိတ်သတ်မှတ်ချက်ကို တိုက် ဟု​ခေါ်သည်။ ပထဝီဝင်ဘာသာရပ်အရ အဓိကသတ်မှတ်ချက်မှာ ကြီးမားကျယ်ပြန့်သည့် ကုန်းမြေရှိရမည်ဖြစ်ပြီး တစ်ခုနှင့် တစ်ခုမှာ ရေပြင်(သမုဒ္ဒရာ)များဖြင့် ပိုင်းခြားထားရမည်ဖြစ်သည်။ ထိုသို့အားဖြင့် ကမ္ဘာကြီးအား တိုက်ကြီး ခုနှစ်တိုက် အဖြစ် ခွဲခြားရှုမြင်လေ့လာနိုင်သည်။ ၎င်းတို့မှာ (အရွယ်အစားကြီးရာမှ ငယ်ရာသို့) - အာရှတိုက်၊ အာဖရိကတိုက်၊ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အန္တာတိကတိုက်၊ ဥရောပတိုက် နှင့် ဩစတြေးလျတိုက် တို့ ဖြစ်ကြသည်။ "လူအများစုအနေဖြင့် အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ အန္တာတိက၊ ဥရောပနှင့် ဩစတြေးလျ ဟူ၍ တိုက်ကြီး (၇) တိုက်အဖြစ် မှတ်ယူကြသော်လည်း တစ်ခါတစ်ရံတွင် ဥ​ရောပတိုက်နှင့် အာရှတိုက်ကို ပေါင်း၍ ယူ​ရေးရှား () ဟု အမည်ရသည့် တိုက်ကြီးတစ်ခုတည်းအ​နေဖြင့် ​ခေါ်ဆိုသုံးနှုန်း​လေ့ရှိကြသည်။" တိုက် အရေအတွက် တိုက် အရေအတွက်နှင့်ပတ်သက်၍ ကမ္ဘာ့ နေရာဒေသအသီးသီးတွင် အောက်ပါဇယာအတိုင်း အမျိုးမျိုးသတ်မှတ်ကြသည် - <center> {| class="wikitable" style="margin:auto;" |- ! colspan="9" | Models |- | style="background:#fff;" colspan="9"|<center>တိုက်များကို အရောင်ခွဲခြား ပြသထားသည်။ |- |တိုက်ကြီး ၄ တိုက် |colspan="3" |<center><small>   <span style="background: #c10000;">   </span>   </small> အာဖရို-ယူရေးရှား |colspan="2" |<center>       အမေရိက ||<center>    အန္တာတိက ||<center>    ဩစတြေးလျ |- |တိုက်ကြီး ၅ တိုက် ||<center>    အာဖရိက |colspan="2" |<center>       ယူရေးရှား |colspan="2" |<center>       အမေရိက ||<center>    အန္တာတိက ||<center>    ဩစတြေးလျ |- |တိုက်ကြီး ၆ တိုက် ||<center>    အာဖရိက ||<center>    ဥရောပ ||<center>    အာရှ |colspan="2" |<center>       အမေရိက ||<center>    အန္တာတိက ||<center>    ဩစတြေးလျ |- |တိုက်ကြီး ၆ တိုက် ||<center>    အာဖရိက |colspan="2" |<center>       ယူရေးရှား ||<center>    မြောက်အမေရိက ||<center>    တောင်အမေရိက ||<center>    အန္တာတိက ||<center>    ဩစတြေးလျ |- |တိုက်ကြီး ၇ တိုက် ||<center>    အာဖရိက ||<center>    ဥရောပ ||<center>    အာရှ ||<center>    မြောက်အမေရိက ||<center>    တောင်အမေရိက ||<center>    အန္တာတိက ||    ဩစတြေးလျ |} ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ အောက်ဖော်ပြပါဇယားသည် တိုက်ကြီးတစ်ခုခြင်းစီ၏ ဧရိယာနှင့် လူဦးရေများကို နှိုင်းယှဉ်ပြသထားခြင်းဖြစ်သည်။ (ဧရိယာများရာမှ နည်းရာသို့ စဉ်ထားသည်။) တိုက်အားလုံး၏ ကုန်းမြေဧရိယာစုစုပေါင်းမှာ ၁၄၈,၆၄၇,၀၀၀ စတုရန်းကီလိုမီတာ (၅၇,၃၉၃,၀၀၀ စတုရန်းမိုင်) ဖြစ်ပြီး၊ ကမ္ဘာ့မျက်နှာပြင် (၅၁၀,၀၆၅,၆၀၀ စတုရန်းကီလိုမီတာ သို့ ၁၉၆,၉၃၇,၄၀၀ စတုရန်းမိုင်) ၏ ၂၉.၁% ဖြစ်သည်။ တိုက်အားလုံး၏ အကြမ်းဖျင်းခန့်မှန်းထားသည့် လူဦးရေစုစုပေါင်းမှာ ၇,၀၀၀,၀၀၀,၀၀၀ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တိုက်အမည်များ၏ ထူးခြားချက် ကမ္ဘာပေါ်တွင် တိုက်ကြီး ၇ တိုက်အဖြစ် တရားဝင် သတ်မှတ်ထားကြပြီး အဆိုပါ တိုက်ကြီး ၇ တိုက်၏ အမည်များကို အင်္ဂလိပ်လို မှတ်ခေါ်ရာတွင် တိုက်အမည်၏ အရှေ့ဆုံး အက္ခရာနှင့် နောက်ဆုံးပိတ် အက္ခရာတို့မှာ ထူးခြားစွာ တူညီနေသည်ကို တွေ့ရသည်။ Asia (အာရှတိုက်) Africa ( အာဖရိကတိုက်) America (North) (မြောက်အမေရိကတိုက်) America (South) (တောင်အမေရိကတိုက်) Antarctica (အန္တာတိက တိုက်) Europe (ဥရောပတိုက်) Australia (ဩစတြေးလျတိုက်) အာရှတိုက် အကြီးမားဆုံး တိုက်မှာ အာရှတိုက်ဖြစ်သည်။ ဧရိယာစုစုပေါင်းမှာ ၄၃,၈၁၀,၅၈၂ စတုရန်းကီလိုမီတာ (၁၅,၉၁၅,၃၆၀.၃ စတုရန်းမိုင်) ရှိပြီး ကမ္ဘာ့ ကုန်းမြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုံးမျှ ရှိကာ ကမ္ဘာ့မြေ၏ ၈.၆ ရာခိုင်နှုံး ရှိသည်ဟုသိရသည်။ နိုင်ငံ ၄၂ နိုင်ငံက အာရှတိုက်ဟူသည့် နယ်ပယ်အတွင်းတွင် တည်ရှိနေပြီး ဒေသကို အလယ်အာရှ(၅နိုင်ငံ)၊အရှေ့အာရှ(၆နိုင်ငံ)၊ အနောက်အာရှ(၁၂နိုင်ငံ)၊ တောင်အာရှ(၈နိုင်ငံ)၊ အရှေ့တောင်အာရှ(၁၁နိုင်ငံ) ဟူ၍ခွဲခြားထားသည်။ အလယ်အာရှ အလယ်အာရှ ၅ နိုင်ငံမှာ ကာဇတ်စတန် ကာဂျစ္စတန် တာဂျစ္စတန် တာမင်နစ္စတန် နှင့် ဥဇ္ဇဘကစ္စတန် တို့ဖြစ်ကြသည်။ အရှေ့အာရှ အရှေ့အာရှတွင် ၆ နိုင်ငံရှိလေရာ ၎င်းတို့မှာ တရုတ် (ဟောင်ကောင်နှင့် မကာအိုအပါအဝင်) ဂျပန် တောင်ကိုရီးယား မြောက်ကိုးရီးယား မွန်ဂိုးလီးယား ထိုင်ဝမ် (တရုတ်ထိုင်ပေအဖြစ်သာတရုတ်ကခေါ်ပြီး ခွဲထွက်ရန်ကြိုးစားနေသည့်ဒေသအဖြစ် သတ်မှတ်သည်။ သို့သော် သီးခြားသံတမန်ဆက်ဆံမှုများ၊ စစ်တပ်၊ အစိုးရ၊ ပြည်သူ၊ နယ်နမိတ်အကျယ်အဝန်း စသည်တို့ရှိသည့်အတွက် ၎င်းအားနိုင်ငံစာရင်းတွင် ထည့်သွင်းထားရသည်။) အနောက်အာရှ အနောက်အာရှ ၁၂ နိုင်ငံမှာ ကွာတာ အစ္စရေး တူရကီ အီရန် ဆော်ဒီအာရေးဗီးယား အိုမန် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဂျော်ဒန် ယီမင် ကူဝိတ် လက်ဘနွန် ဆီးရီးယား တို့ဖြစ်သည်။ အစ္စရေးမှာ အစက အာရှတိုက်တွင်ပါဝင်သော်လည်း နောင်တွင် ဥရောပတိုက်သို့ ပြောင်းရွေ့စာရင်းသတ်မှတ်သည်။ တောင်အာရှ တောင်အာရှ ၈ နိုင်ငံမှာ အိန္ဒိယ သီရိလင်္ကာ ဘင်္ဂလားဒေ့ရှ် နီပေါလ် ဘူတန် ပါကစ္စတန် အာဖဂန်နစ္စတန် မာတီဗီးစ် တို့ဖြစ်သည်။ မူလက အရှေ့ နှင့်အနောက် ပါကစ္စတန်နိုင်ငံအဖြစ် အိန္ဒိယနှင့်အတူ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော်လည်း နောင်တွင် အရှေ့ပါကစ္စတန်က အနောက်ပါကစ္စတန်မှ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ် အဖြစ်တည်ထောင်ခဲ့သည်။ အရှေ့တောင်အာရှ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ မြန်မာ ထိုင်း မလေးရှား စင်္ကာပူ ဗီယက်နမ် အင်ဒိုနီးရှား ကမ္ဘောဒီးယား လာအို ဖိလစ်ပိုင် ဘရူနိုင်း အရှေ့တီမော (တီမောလက်စတစ်) တို့ဖြစ်သည်။ ကျမ်းကိုး
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA
ရစ်၊ မောင် (ကာတွန်း)
မောင်ရစ်၏ဘဝစာမျက်နှာ မောင်ရစ်သည်ရန်ကုန်စက်မူတက္ကသိုလ်တွင်ပညာသင်ကြားရင်းနှင့်ပင်ကာတွန်းဘောက်စ်၌အတောအသင့်နာမည်ရနေသောကာတွန်းသမားတစ်ယောက်ဖြစ်ခဲ့သည်။ BEဘွဲ့ကိုရရှိပြီးနောက်တွင် အပြင်ကွန်ပြူတာသင်တန်းများတွင် ကွန်ပြူတာအတတ်ပညာကို လေ့လာလိုက်စားခဲ့ကာ သူငယ်ချင်းများနှင့် ကိုယ်ပိုင်ကွန်ပြူတာဆိုင် ဖွင့်နိုင်ခဲ့သည်။ မောင်ရစ်သည်ကွန်ပြူတာကျွမ်းကျင်သူတစ်ယောက်အဖြစ်၎င်း၊ ကာတွန်းဆရာတစ်ယောက်အဖြစ်၎င်း၊ စာရေးဆရာတစ်ယောက်အဖြစ်၎င်းရပ်တည်နေထိုင်လျက်ရှိသည်။ စာပေဘဝ မောင်ရစ်သည်ရန်ကုန်စက်မူတက္ကသိုလ်တွင်ပညာသင်ကြားနေရင်းဖြင့် ကာတွန်းဘောက်စ်တွင် ကာတွန်းများအများအပြားရေးဆွဲခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍အတွေးအမြင်မဂ္ဂဇင်းတွင် "စာဖတ်တာ"ဟူသော ဆောင်းပါးဖြင့် စာပေလောကထဲသို့ ဝင်လာခဲ့သည်။ ထို့နောက်အတွေးအမြင်တွင်ပင်ကလေးအတွေး၊ ဘဝ၏ရည်မှန်းချက်၊ ပုံပြင်များ၊ စာနယ်ဇင်း၊ ခါးသီးတဲ့အမှန်၊ နည်းပညာတော်လှန်ရေး၊ ပေမှီထောင့်မှီ၊ ကျွန်တော်တို့ရဲ့ဘဘကြီး၊ အင်တာနက်ထဲမှာ မောင်ရစ်ကိုထားရစ်ခဲ့ အစရှိသဖြင့်ဆောင်းပါးများစွာ ရေးသားခဲ့သည်။ ကာတွန်းမောင်ရစ်အမည်ဖြင့်ဖခင်ဖြစ်သူ၏သင်္ချာ "ဆောင်ပါးများနှင့် Working People Daily သတင်းစာများ (၁၉၈၇-၈၈)တွင်ဖခင်ဖြစ်သူ၏ ဆောင်းပါးများအတွက် ကာတွန်းတိုများ များစွာရေးဆွဲခဲ့သည်။ ထို့ပြင်အင်္ဂလိပ်စာသင်ခန်းစာကာတွန်းများဖြစ်သော "ရွှေမိနှင့်အင်္ဂလိပ်စာ" ကာတွန်းတစ်မျက်နှာများကို လစဉ် မင်္ဂလာမောင်မယ် မဂ္ဂဇင်းတွင် ၁၉၉၆-ခုနှစ်လောက်အထိ ရေးသားခဲ့သည်။ ၁၉၉၂ခုနှစ်တွင်ပညာရေးဗျူရိုအတွက်အသုံးလုံးစာအုပ်များဖြစ်သော"လက်ဖျန့်တောင်းရန်မလိုပါ။" "ဒေါ်လှတင့်တာဝန်ကျေပါသည်""စာအုပ်အငှားဆိုင်ကလေး"အစရှိသောသရုပ်ဖော်ပန်းချီများဖြင့်ရေး သားသရုပ်ဖော်ခဲ့သည်။ ဖခင်ဖြစ်သူဒေါက်တာခင်မောင်ဝင်းရေးသားခဲ့သော"အခြေခံသင်္ချာသစ်" စာအုပ်တွင် အတွင်းသရုပ်ဖော်ပုံများကို ၁၉၉၁(လောကသစ်စာပေ) တွင်ရေးဆွဲပေးခဲ့သည်။ ထို့အပြင်အဖွားဖြစ်သူရေးသားခဲ့သော "Gift of laungter" အင်္ဂလိပ်စာအုပ် ၁၉၉၅ခုနှစ်(ပါရမီစာပေ)အတွက်အတွင်းအပြင်မျက်နှာဖုံးပုံများကိုရေးဆွဲပေးခဲ့သည်။ ညီမဖြစ်သူ ဂျူနီယာဝင်း ၏သိပ္ပံဆောင်းပါးတစ်ချိူ့အတွက်ကာတွန်းပုံများနှင့် English for All မဂ္ဂဇင်းကဗျာ တချိူ့အတွက် ကာတွန်းပုံတချို့ ရေးဆွဲပေးနေဆဲဖြစ်သည်။ ယခုအချိန်ထိ မောင်ရစ်အမည်ဖြင့် ဆောင်းပါးများ၊ ကာတွန်းများရေးဆွဲ နေဆဲဖြစ်သည်။ မိုးမခ မောင်ရစ်သည်၊ စင်ကာပူနိုင်ငံတွင် ကွန်ပြူတာအလုပ်အကိုင်လုပ်ကိုင်ရာမှ အမေရိကန်နိုင်ငံတွင် ပညာသွားရောက်သင်ကြားခဲ့သည်။ မဟာဘွဲ့ကိုရရှိပြီးနောက် ဆန်ဖရန်စစ်စကိုစတိတ်ယူနီဗာစတီ တွင်စာကြည့်တိုက်မှူးအလုပ်လုပ်ကိုင်လျက်ရှိသည်။ မိုးမခရေဒီယို အင်တာနက်အစီအစဉျကို အသံလှှင့်ဝါသနာရှင် မြန်မာများနှင့် စတင်ခဲ့ပြီး၊ မိုးမခမီဒီယာအဖြစ် မြန်မာ့အရေးစာပေ၊သတင်းများကို အင်တာနက် moemaka.com မှတဆင့် ထုတ်လှှင့်ရတွင် တာဝန်ခံဖြစ်သည်။ ၂၀၀၉တွင် အမေရိကန်သမ်မတ အိုဘားမားက အိမ်ဖြူတော်သို့ ဖိတ်ခေါ်တွေ့ဆုံရာတွင် တိုက်ပုံ၊ပုဆိုး၊လွယ်အိတ်ဖြင့် တက်ရောက်ခဲ့သော မြန်မာဘလောက်ကာတစ်ဦးဖြစ်သည်။ မြန်မာ ကာတွန်းဆရာများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%85%E1%80%BA%E1%81%8A%20%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%20%28%E1%80%80%E1%80%AC%E1%80%90%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%29
မြေပုံဆွဲပညာ
မြေပုံဆွဲပညာ|မြေပုံရေးဆွဲခြင်း အတတ်ပညာ(cartography) ဆိုသည်မှာ ကမ္ဘာမြေ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတခု၏ ဒေသဆိုင်ရာ သွင်ပြင်၊ အခြေအနေများကို သင်္ကေတများဖြင့် အမှန်တကယ် တည်ရှိနေသော အရွယ်အစား နှင့် အကွာအဝေးများအား အချိုးကျစနစ်ပုံ အဖြစ် သရုပ်ပြ ရေးဆွဲ ဖော်ပြသော ပထဝီဝင်ဘာသာရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Cartography ဟူသော အသုံး အနှုန်းသည် ဂရိတ် ဘာသာစကား chartis = မြေပုံ နှင့် graphein = ရေးသားခြင်း ဟူသော စကားမှ ဆင်းသက်သည်။ မြေပုံများတွင် ဖော်ပြချက်များသည် အမှန်တကယ်တည်ရှိနေသော သွင်ပြင်များ အား သင်္ကေတများဖြင့် ဖော်ပြထားခြင်းကြောင့် ဓာတ်ပုံများကဲ့သို့ ဖော်ပြနိုင်သည်ကား မဟုတ်ပေ။ မြေပုံ များအား ရှေးအခါက ကုန်သွယ်မှုခရီးစဉ်များနှင့် စစ်ပွဲများအတွက်သာ အသုံးပြုခဲ့ကြရာမှ လူမှု၊ စီးပွားရေး၊ ပညာရေး နှင့် သုတေသန နယ်ပယ်များအထိ တိုးချဲ့အသုံးပြုလာခဲ့ကြသည်။ ရှေးဦးကာလကတည်းက လူသားတို့သည် သားရေပြား၊ သစ်သားပြား၊ သတ္ထုပြား၊ သစ်ရွက်များ၊ စက္ကူများ၊ အဝတ်အထည်စ များပေါ်တွင် မြေပြင်အစိတ်အပိုင်းများ၊ နက္ခတ်တာရာများ ကို မြေပုံအဖြစ် ရေးဆွဲခဲ့ကြသည်။ ၁၅၇၄ မှ ၁၆၁၁ ခုနှစ်အတွင်း မြေပုံဆွဲပညာကို စနစ်တကျ လေ့လာခဲ့ကြသည်။ အင်္ဂလန်နိုင်ငံမှ ဆက်တန်(Saxton)၊ နော်ဒန်(Norden)၊ စပိဒ်(Speed) တို့မှာ ထင်ရှားသူများဖြစ်ပြီး ၎င်းတို့ရေးသားထုတ်ဝေသော မြေပုံများသည် လက်တွေ့ အသုံးဝင်လှသဖြင့် အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေခဲ့ရသည်။ မြေပုံရေးဆွဲခြင်း နည်းစနစ်များသည် အစဉ်အမြဲ တိုးတက် ပြောင်းလဲနေသည်။ မြေပုံများ ရေးဆွဲရာတွင် ရှေးက လက်ဖြင့် ရေးဆွဲခဲ့ကြသော်လည်း မြင့်မားလာသော နည်းပညာများ နှင့်အတူ ကွန်ပျူတာဖြင့် မြေပုံများကို ရေးဆွဲလာကြသည်။ တည်နေရာပြ မြေပုံများ၊ မြေမျက်နှာသွင်ပြင်ပြ မြေပုံများ၊ လူဦးရေထူထပ်မှု ပြမြေပုံများ၊ စီးပွားရေးနှင့် လမ်းပမ်းဆက်သွယ်ရေးပြ မြေပုံများ စသည်ဖြင့် မြေပုံများကို အကြောင်းအရာ အမျိုးမျိုးပေါ် မူတည်၍ ရေးဆွဲကြသည်။ မြေပုံဆွဲပုံ နည်းမျိုးစုံ ကမ္ဘာ့ မြေမျက်နှာပြင်ကို ပြသော မြေပုံများမှာ မျက်နှာပြင်ပြ မြေပုံ၊ မြေပြင်လက္ခဏာပြ မြေပုံ၊ အနိမ့်အမြင့်ပြ မြေပုံဟူ၍ အမျိုးမျိုးရှိသည်။ ဤအကြောင်းရပ်တွင် လုံးနေသော ကမ္ဘာမြေကြီး၏ မျက်နှာပြင်ကို မျက်နှာပြန့်သော မြေပုံပေါ်တွင် မည်သို့ ကြံစည်ဖော်ပြပုံကို တွေ့ရပေမည်။ မြေပုံပညာ ကမ္ဘမြေကြီးသည် လုံး၏။ ကမ္ဘာမြေကြီး၏ မျက်နှာပြင်ကို ကမ္ဘာလုံးတစ်ခုပေါ်၌ ပြရန် လွယ်ကူသော်လည်း မျက်နှာပြန့်သော မြေပုံပေါ်၌ တင်ပြရန်ကား ခဲယဉ်း၏။ ဘောလုံးတစ်လုံးကို စက္ကူတစ်ချပ်ဖြင့် ဖုံးအုပ်သောအခါ စက္ကူကို ပုံအမျိုးမျိုးညှပ်ပြီးမှ ဖုံးအုပ်နိုင်သည်။ သို့ရာတွင် ကတော့ပုံသဏ္ဌာန်ရှိသော အရာတစ်ခု၏ မျက်နှာပြင်ကိုမူ စက္ကူများဖြင့် တစ်ဆက်တည်း ဖုံးအုပ်လျှင် ဖြစ်နိုင်သည်။ သို့ဖြစ်၍ စက္ကူချပ်ကို ကတော့ပုံပြုလုပ်ပြီးလျှင် လုံးသော ကမ္ဘာမြေကြီးကို စက္ကူပြန့်ပေါ်၌ ပြနိုင်သည်။ စက္ကူချပ်ကို ကတော့ပုံ ပြုလုပ်၍ ဘောလုံးကို တစ်နေရာ၌ပတ်ကာငုံ၍ ဆောင်းအုပ်ပြီးနောက် ထိုစက္ကူချပ်ကို ကြမ်းပေါ်၌ အပြားလိုက် ဖြန့်ချနိုင်သည်။ ကမ္ဘာ့မြေပုံကို ရေးဆွဲရာတွင် ကမ္ဘာလုံးကို ဟိုဖက်သည်ဖက်မှ ကတော့နှစ်ခုဖြင့် စွပ်၍ အီကွေတာ ရှိရာ အလယ်ဗဟို၌ ကတော့အဝနှစ်ခုကို ကပ်ထားရသည်။ ဖော်ပြပါ ပုံ ၂ ပုံကို ကြည့်လျှင် ကတော့ပုံဖြင့် မြေပုံ လုပ်နည်းကို ကောင်းစွာ နားလည်ပေလိမ့်မည်။ ပထမပုံ၌ ကတော့သည် ကမ္ဘာလုံးကို မြောက်လတ္တီတွဒ် ၄ဝ ဒီဂရီ၌ ထိကပ်လျက်ရှိ၏။ လောင်ဂျီတွဒ် မျဉ်းများကို ကတော့ထိပ်မှ အောက်ခြေသို့ဆွဲထား သည်။ လတ္တီတွဒ် မျဉ်းများကာိုး ကတော့ထိပ်ကို ဗဟိုထား၍ ဆွဲထားသော စက်ဝိုင်းများအဖြစ်ဖြင့် ပြထားသည်။ ကတော့စက္ကူကို ဖြန့်လိုက်သောအခါ ဒုတိယပုံ၌ ပြထားသည့်အတိုင်း မြေပုံကိုရရှိ၏။ ထိုမြေပုံ၌ မီရီဒီယန်ခေါ်လောင်ဂျီတွဒ် မျဉ်းများနှင့် ၄ဝ ဒီဂရီ မျဉ်းပြိုင်တစ်လျှောက်၌ စကေးအမှန်ကိုရရှိသော်လည်း ထိုမျဉ်းပြိုင်၏ မြောက်ဘက်နှင့် တောင်တို့တွင်ကား လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့ စကေးမမှန်တော့ချေ။ ထိုကြောင့် ဤမြေပုံလုပ်နည်းသည် သင်္ဘောလွှင့်သွားရာ၌ အသုံးမဝင်ချေ။ အခြားနည်းတစ်နည်းမှာ အပြားလိုက် တိုက်ရိုက်ရယူနိုင်သည့် မာကေးတားဆိုသူ တီထွင်ခဲ့သော စက္ကူလိပ်နည်းဖြစ်၏။ ထိုနည်းမှာ ကမ္ဘာလုံးကို (ဆလင်ဒါ) လုံးရှည်တွင်းသို့ ထည့်သွင်း၍ မြေပုံပြုလုပ်ခြင်းဖြစ်၏။ လုံးရှည်၏ အမြင့်နှင့် ကမ္ဘာလုံး၏ အမြင့်တူညီနေလျှင် တောင်နှင့်မြောက်အကွာအဝေး မှားနေမည်ဖြစ်၏။ သို့ဖြစ်၍ အောက်ပါအတိုင်း ပြင်ဆင်ရေးဆွဲရသည်။ ကမ္ဘာလုံး၏ အလယ်ချက်မမှ လတ္တီတွဒ် အကွာအဝေးညီမျှသော မျဉ်းများကို စက္ကူလုံးရှည်၏ မျက်နှာပြင် ရောက်အောင်ရေး ဆွဲရသည်။ ထိုအခါ လတ္တီတွဒ် ၆ဝ နှင့် ၇၅ ဒီဂရီတို့အကြားရှိ အကွာအဝေးသည် အီကွေတာနှင့် ၁၅ ဒီဂရီတို့အကြားရှိ အကွာအဝေးထက် များစွာကြီးများလာ၍ မီရီဒီယန်လမ်းကြောင်းနှင့် မျဉ်း ပြိုင်တို့မှာ မည်သည့်နေရာ၌ မဆို ထောင့်မှန်ကျနေလေသည်။ စာမျက်နှာ၃၉၉ ရှိ ယာပုံတွင်မာကေးတား မြေပုံထုတ်နည်းကို ပြထား၍ စာမျက်နှာ ၄ဝဝ အပေါ်ပုံ၌ကား စက္ကူပြန့်ပေါ်၌ မာကေးတားမြေပုံကို ပြထားသည်။ ဤအထက်ပါ နည်းနှစ်နည်းသည် မြေပုံပြုလုပ်ရာတွင် လူသိအများဆုံးနှင့် အလွယ်ကူဆုံးနည်း များ ဖြစ်ပေသည်။ ကမ္ဘာပေါ်၌ ရှေးအကျဆုံး မြေပုံများမှာ ဗက်ဗီလုံ လူမျိုးတို့၏ မြေပုံဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ကျော်က ဗက်ဗီလုံတို့ ပြုလုပ်သော ရွှံ့စေးချပ် မြေပုံများကို ယခုအခါ လန်ဒန်မြို့ရှိ ဗြိတိသျှ ပြတိုက်ကြီး၌ သိမ်းဆည်းထားသည်။ ခရစ် ၁၅ဝ ပြည့်နှစ်လောက်က ထင်ရှားခဲ့သော တော်လမီခေါ် အီဂျစ် ပထဝီဝင် ဆရာကြီး၏ မြေပုံများသည်လည်း သူ့ခေတ်နှင့်စာသော် အထူးကောင်းမွန်သည်ဟု ဆိုရပေမည်။ ကမ္ဘာ့မြေမျက်နှာပြင်ကို ပြသောမြေပုံများမှာ မျက်နှာပြင်ပြ မြေပုံ၊ မြေပြင်လက္ခဏာပြမြေပုံနှင့် ကွန်တို ခေါ် အနိမ့်အမြင့်ပြမြေပုံဟူ၍ အမျိုးမျိုးရှိသည်။ ကွန်တိုမြေပုံများမှာ အနိမ့်အမြင့် အတိုင်းအတာတို့ကို မျဉ်းကြောင်းအမှတ်အသားဖြင့်ပြ၍ မည်သည့်မျဉ်းကြောင်းနေရာ၌ မည်မျှ မြင့်သည်ကို မြေပုံကြည့်ကာမျှဖြင့် အလွယ်တကူ သိနိုင်သည်။ ယခုခေတ်၌ လူများသည် ကမ္ဘာပေါ်ရှိ နေရာအသီးအသီးသို့ ခြေရာချင်းထပ်မျှ ရောက်ခဲ့ကြပြီးဖြစ်၍ ရေးဆွဲသော မြေပုံတို့မှာလည်း အလွန်ကောင်းမွန် သေသပ်ပြီးလျှင် အသေးစိတ် အားဖြင့်လည်း မှန်ကန်သည်ထက် မှန်ကန်လာခဲ့လေသည်။ မြေပုံပေါင်းချုပ်များ၌ ကမ္ဘာပေါ်ရှိ ရာသီဥတု၊ ကောက်ပဲသီးနှံ၊ ပကတိအပင်မျိုး၊ အယူဝါဒ၊ ဘာသာစကား၊ လမ်းပန်းအဆက်အသွယ်နှင့် အလုပ်အကိုင်များ၊ လူဦးရေးစသည်တို့ကို မြေပုံပေါ်တွင် ဖော်ပြထားသည်။ တိုင်းပြည် အသီးအသီး၏ မြေမျက်နှာသွင်ပြင်နှင့် မြို့ရွာ၊ မီးရထားလမ်းများကို ပြထားသော မြေပုံများလည်းရှိသည်။ ယခုအခါ၌မူ လူတို့သည် လေယာဉ်ပျံများပေါ်မှ ဓာတ်ပုံရိုက်၍ မြေပုံများကို ပြုလုပ်လျက်ရှိကြလေပြီ။ လေ့လာရန် www.mapinfo.com howstuffworks Map Quantum GIS မှီငြမ်းကိုးကား မြေပုံဆွဲပညာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%B1%E1%80%95%E1%80%AF%E1%80%B6%E1%80%86%E1%80%BD%E1%80%B2%E1%80%95%E1%80%8A%E1%80%AC
တိုင်းပြည်
နိုင်ငံ (သို့) တိုင်းပြည်ဆိုသည်မှာ ပထဝီနိုင်ငံရေးနှင့် နိုင်ငံတကာနိုင်ငံရေးအရ နေရာ သတ်မှတ် ပိုင်းခြားထားသော အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည်။ နိုင်ငံတော်ဟူသော အခေါ်အဝေါ်နှင့် ထိုစကားလုံးနှင့်တွဲ၍ပါလာသော လူတို့၏စိတ်တွင်းမှ ခံစားချက်၊ခံယူချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မိုးပေါ်မှကျလာသည်မဟုတ်ပဲ အုပ်ချုပ်သူလူတန်းစားများမှ ဆယ်စုနှစ်၊ရာစုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့သော အရာတခုဖြစ်သည်။ လူအများအား နိုင်ငံတော်ဟူသော ဝေါဟာရအောက်တွင် တစည်းတလုံးထဲဖြစ်စေရေးအတွက် ပြောဆိုသောဘာသာစကားကို တတ်နိုင်သမျှတခုတည်းဖြစ်စေခြင်း၊ လူမျိုးစုနွယ်များ အသွယ်သွယ်ဖြစ်နေသည်ကို တတ်နိုင်သမျှ ကွဲပြားမှုနည်းအောင်ပြုလုပ်ခြင်းများမှာ အခြေခံကျသော နိုင်ငံတော်ယုံကြည်ချက်တခုဖြစ်လာစေရေးနည်းလမ်းများဖြစ်ကြသည်။ အုပ်ချုပ်သူများက ထိုပန်းတိုင်များသို့ရောက်ရှိရေးအတွက် အနုနည်းရော အကြမ်းနည်းပါ နည်းမျိုးစုံသုံးခဲ့ကြသည်။ ဥပမာအားဖြင့် အာဖရိကတွင်ရှိသော ဇူလူးတို့မှာ သာမန်လူအများထင်ထားသကဲ့သို့ လူမျိုးစုတခုမဟုတ်ပဲ ရှာကာ(Shaka)ဟူသော ခေါင်းဆောင်တဦးက လွန်ခဲ့သောရာစုနှစ်နှစ်ခုလောက်စတင်၍ မျိုးနွယ်စုငယ်အများအပြားကို တစုတစည်းထဲဖြစ်အောင် ကြိုးစားထားမှုမှ ဖြစ်ပေါ်လာသောရလဒ်ပင်ဖြစ်သည်။ ပြင်သစ်နိုင်ငံသည်လည်း ထွေပြားနေသောလူမျိုးစုများကို ပါရီမြို့တော်မှ အုပ်ချုပ်သူလူတန်းစားက တစုတစည်းတည်းဖြစ်အောင် ကြိုးပမ်းလာကြရာမှ လက်ရှိအခြေအနေတွင် ပြင်သစ်နိုင်ငံရှိသာမန်လူအများစု၏ စိတ်အတွင်း၌ ပြင်သစ်နိုင်ငံသားဟူသော ခံယူချက်၊အဓိပ္ပာယ်ဖွင့်ဆိုချက်များများဖြစ်ပေါ်လာစေခဲ့ခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံအသီးသီး၌ဖြစ်ပေါ်နေသော မည်သည့်နိုင်ငံ၏ နိုင်ငံသားဟူသော ခံယူချက်များမှာ အစကတည်းက အလိုလိုတည်ရှိနေသည်မဟုတ်ပဲ လူသားများက လိုသလိုဖန်တီးယူထားသော ခံယူချက်များသာဖြစ်သည်ဟူလို။ ထိုအချက်ကို အများဆုံးမျက်ကွယ်ပြုသောသူများမှာ အမျိုးသားရေးဝါဒီများဖြစ်ပြီး ထိုသူတို့၏ ခံယူချက်များအလွန်အကျွံ ဖြစ်လာသောအခါ သူတို့ယုံကြည်မှုတည်ဆောက်ထားသော နိုင်ငံတနိုင်ငံ နိုင်ငံသားတခု၊လူမျိုးတမျိုးဟူသော ခံယူချက်၏ အကြောင်းပြချက်ဖြင့် ဖိနှိပ်မှုခံရသော လူမျိုးစုငယ်များကလည်း သူတို့ကဲ့သို့ပင် အမျိုးသားရေးအမြင်များ တန်ပြန်ခံယူကာ အစဦးက နိုင်ငံတော်တခုတည်းဟူသော ခံယူချက်ပြိုကွဲပြီး နိုင်ငံတော်ငယ်များအစိတ်စိတ်ကွဲနိုင်မည့် အန္တာရာယ်ရှိလာနိုင်၏။ ထိုကဲ့သို့သော နိုင်ငံတခုအတွင်း၌ နိုင်ငံတော်တခုတည်းဟူသော ခံယူချက်ဖြစ်လာစေရေး အတွက် ထိုနိုင်ငံဟုခေါ်တွင်သော လူမျိုးစုများတခုထက်ပို၍ရှိနေနိုင်သော နယ်နမိတ်တခုအတွင်း၌ရှိနေသောလူအများနှင့် သဟဇာတဖြစ်အောင် နှစ်ပေါင်းများစွာ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ထားသော နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခု(Political Institution)ရှိရန်လိုအပ်၏။ ထိုကဲ့သို့ နိုင်ငံဖွဲ့စည်းပုံအဆောက်အအုံသည် ထိပ်ဆုံးမှ အုပ်ချုပ်သူခေါင်းဆောင်တဦးတည်း၏ တွေးခေါ်ကြံစည်ပုံ၊ အကောင်အထည်တခုတည်းအပေါ်တွင် တည်မှီမနေသင့်ပဲ ခေါင်းဆောင်သူကွယ်လွန်သွားသော်လည်း ကျန်ရှိနေသောစနစ်ကို လူအများက ဆက်လက်လိုက်နာနေစေရန် လိုအပ်၏။ ယူဂိုဆလားဗီးယားခေါင်းဆောင်ကြီး ဂျိုးဇစ်တီးတိုး(Josip Tito)သည် သူ၏နိုင်ငံကို တည်ဆောက်ရာတွင် အမှီအခိုကင်းသော နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခုကို ပြုစုပျိုးထောင်ခြင်းထက် သူ၏အတွေးအခေါ်နှင့် ထင်မြင်ယူဆများကို အခြေပြုကာ နိုင်ငံကို သူ၏အယူအဆအားစမ်းသပ်သည့် ပုံစံမျိုးဖြင့် အုပ်ချုပ်ခဲ့သောကြောင့် သူသေဆုံးပြီးသည့် နောက်ပိုင်းဆယ်စုနှစ်တခုကျော်ရုံသာရှိသေးသော ကာလပြီးသည့်နောက် အစိတ်စိတ်အမြွှာမြွှာကွဲလိုက်သည့် နိုင်ငံများမှာ ဆိုဗီယက်ပြည်ထောင်စုကွဲပုံနှင့် သူမသာကိုယ်မသာရှိလှသည်။ ကွဲပြားသွားသော ဖြစ်စဉ်များအတွင်းဖြစ်ပေါ်ခဲ့သော သွေးချောင်းစီးမှုများမှာလည်း ကြောက်ခမန်းလိလိရှိလှသည်။ လျှို့ဝှက်ကူးယူအသံဖမ်းထားသော တိတ်ခွေများမှအစပြု၍ ဖြစ်ပွားခဲ့သော ဝါတားဂိတ်အရှုပ်တော်ပုံ(watergate scandal)တွင် အဓိကစွပ်စွဲခံရကာ နာမည်ပျက်၍ နုတ်ထွက်ခဲ့ရသော အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်လက်ထက်ရှိ အမေရိကန်ပြည်ထောင်စုတွင် နစ်ဆင်နုတ်ထွက်ပြီးနောက် တက်လာသော သမ္မတ ဂျွန်ဆင်သည် ရွေးကောက်ပွဲနိုင်၍တက်လာသောသမ္မတမဟုတ်သောလည်း လွှတ်တော်များအတည်ပြုသမ္မတသာဖြစ်သော ဂျွန်ဆင်ကို နိုင်ငံသာများက အထူးတလည်ကန့်ကွက်မနေပဲ လက်ခံလိုက်ကြပြီး အမေရိကန်ပြည်ထောင်စုကြီးမှာလည်း မပြိုကွဲသွားခဲ့ပါ။ ယူဂိုဆလပ်မှ တီးတိုး၏အခြေအနေနှင့် ယှဉ်ပြရခြင်းမှာ သိပ်မဆိုင်သလိုရှိသော်လည်း ထိုအမေရိကန်ပြည်ထောင်စုတွင် ကြုံရသောအခြေအနေကိုကြည့်ခြင်းအားဖြင့် လူပုဂ္ဂိုလ်အပေါ်မူတည်မှမရှိပဲ နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့သော အမေရိကန်၏ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်သည့် သမ္မတထက် ပို၍အရှိန်အဝါကြီးနေဆဲဖြစ်ပြီး နစ်ဆင်ပြုတ်သွားသော်လည်း တရားဥပဒေစိုးမိုးမှုယိုင်ဆင်းမသွားပဲ ဆက်လက်ဩဇာရှိနေဆဖြစ်သည်ကိုကြည့်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအဆောက်အအုံရေရှည်ခိုင်မြဲစေရေးမှာ ခေါင်းဆောင်ကောင်းရှိရေးထက် ပို၍အရေးကြီးကြောင်းသိနိုင်သည်။ နိုင်ငံတနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်တခုတည်ဆောက်ရာတွင် ကွဲပြားမှုရှိနိုင်သော လူမျိုးစုများရှိသည့် နယ်မြေအစုစုကို နိုင်နင်းစွာအုပ်ချုပ်နိုင်ရေး အရေးကြီးသည့်အလျောက် ၎င်းကိုအခြေခံ၍ ကွဲပြားသော အုပ်ချုပ်သောပုံစံနှစ်ခုရှိ၏။ အများရင်းနှီးကြားဖူးပြီးသားဖြစ်သော ပြည်ထောင်စုစနစ်(unitary system)နှင့် ဖက်ဒရယ်စနစ်(federal system)တို့ဖြစ်ကြသည်။ ပြည်ထောင်စုစနစ်တွင် မြို့တော်မှ တိုက်ရိုက်အုပ်ချုပ်သည်ကများပြီး ဒေသငယ်များမှာ ကိုယ်ပိုင်စီမံပိုင်ခွင့်(autonomy)အနည်းငယ် သို့မဟုတ် လုံးဝမရလေ့မရှိပဲ ဖက်ဒရယ်စနစ်အတွင်းတွင်ရှိသော ပြည်နယ်အစိုးရများမှာမူ အတိုင်းအတာတခုအထိ ကိုယ်ပိုင်နိုင်ငံရေးဘဝတခုရရှိပြီး ဗဟိုမှ ဥပဒေလမ်းကြောင်းအရ ပယ်ဖျက်ခွင့်၊ပြုပြင်ပြောင်းလဲပိုင်ခွင့်များမရှိသော လုပ်ပိုင်ခွင့်များကို ရရှိထားသော ဒေသခံအစိုးရငယ်များရှိ၏။ တရုတ်၊ဆွီဒင်၊ပြင်သစ်နှင့် ဂျပန်စသည့် နိုင်ငံများမှာပြည်ထောင်စုစနစ်ကျင့်သုံးသော နိုင်ငံများဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ဆွစ်ဇလန်၊ဘရာဇီးနှင့် ဂျာမဏီနိုင်ငံများမှာ ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများဖြစ်ကြသည်။ နိုင်ငံများ ပေါ်ပေါက်လာပုံ နိုင်ငံများပင် မပေါ်ပေါက်သေးသော ယဉ်ကျေးမှု တဖြည်းဖြည်း တိုးတက်လာသော လူ့အဖွဲ့အစည်းများ စတင်ပေါ်ပေါက်ခါစ သမိုင်းမတင်မီခေတ်တွင် လူသားများသည် အတူတကွ စုပေါင်းနေထိုင်၍ ရှာဖွေရရှိသမျှသော အစားအသောက်၊ ပိုင်ဆိုင်မှုတို့ကို မျှဝေစားသုံး၍ အတူတကွ စုပေါင်းနေထိုင် အမဲလိုက် ခဲ့ကြလေသည်။ လက်နက်များကို တိုးတက် တီထွင် လာနိုင်သည်နှင့်အမျှ တောကောင်ကြီးများကို သတ်စားနိုင်လာရာ သစ်သီးသစ်ဥ ရှာစားခဲ့ရသော လူသားများကဲ့သို့ နေ့စဉ်နေ့တိုင်း နာရီမလပ် အဆာခံစေရန် အချိန်ပြည့် အစာရှာနေရသော ဘဝမှ ကင်းလွတ်လာသည်။ အသားများများ စားနိုင်သဖြင့် ဗိုက်ဝလာကာ တီထွင်ရန် အချိန်ပေးနိုင်လာရာမှ ပိုမို စုံလင်သည့် လက်နက် ကိရိယာများနှင့် အိမ်၊ လက်မှုပညာ အစချီသည့် ယဉ်ကျေးမှု များကို တည်ထောင် နိုင်လာသည်။ သမိုင်းဦး ဘုံမြေခေတ် လူသား ယဉ်ကျေးမှု တိုးတက်လာမှု နှောင်းပိုင်းတွင် လူသားများက အလေ့ကျ ရှာဖွေတွေ့ရှိသော အစေ့များကို စားသောက်ရန် ချက်ပြုတ်ရင်း မြေပြင်ပေါ် ကျသည်မှ အပင် ပေါက်လာသည်ကို တွေ့ရှိကာ စိုက်ပျိုးရေးကို စတင် သိရှိ နားလည်ကြသော ကာလတွင် မြေယာ ပိုင်ဆိုင်မှုများ ပေါ်ပေါက် လာကြသည်။ တဖန် တိရစ္ဆာန်များကို ပျော်ရွှင်မှုနှင့် ဂုဏ်ယူဖွယ်ရာ ဖြစ်စေခြင်း အလို့ငှာ အရှင် ဖမ်းယူ ထိမ်းသိမ်းထားကြ ရာမှ မွေးမြူရေးကို နားလည်လာသော အခါ နေရာ အနှံ့ ရွှေ့ပြောင်း အမဲလိုက် နေထိုင်နေရန် မလိုအပ် တော့ပဲ မိမိ၏ ခြံတွင်းတွင်ပင် အစာကို လိုသလောက် သိုလှောင်ထားနိုင်သော အဆင့်သို့ လူသားများမှာ ပြောင်းလဲ တိုးတက်လာခဲ့ လေတော့သည်။ ထိုအခါ နေရာ ရွှေ့ပြောင်းနေထိုင်ခြင်း မပြုတော့ပဲ ကျယ်ဝန်း ပြန့်ပြူးသော မြက်ခင်းပြင်ကြီး၌ စိုက်ပျိုးလိုသည်များကို စိုက်ပျိုး၍ တိရစ္ဆာန်များကို စားကျက်လွှတ် မွေးမြူထားခြင်းဖြင့် ဖြုတ်ယူ ရွှေ့ပြောင်းရ လွယ်သည့် သားရေ တဲအိမ်များမှ တဆင့် ခိုင်ခံ့သည့် အုတ်အိမ်များ အဆင့်သို့ တိုးတက်လာသော ခေတ်သို့ ရောက်ရှိလာသည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုများ တိုးတက် ပွားများလာမှု လူမျိုးစုများတွင် တိရစ္ဆာန်များကို မွေးမြူလာရာ အချိန်များ ရွေ့လျားလာသည်နှင့် အမျှ မျက်စိတစ်ဆုံးသော မြက်ခင်းပြင်တွင် တိရစ္ဆာန်များလည်း များသည်ထက် များလာသလို သားရဲတိရစ္ဆာန်များ၏ ခြိမ်းခြောက်မှု မရှိတော့သလောက် ဖြစ်သဖြင့် မျိုးနွယ်စုတွင်လည်း လူဦးရေ များလာသည်။ ပိုကျယ်လာသော လယ်ကွင်းများတွင် အလုပ်လုပ်ရန်နှင့် မွေးမြူထားသော တိရစ္ဆာန်များကို ထိမ်းကျောင်းနိုင်ရန် လူဦးရေ များများ လိုအပ်လာသည်။ ထိုအချိန်တွင် ချမ်းသာသော လူမျိုးစုမှ ဆင်းရဲသော လူမျိုးစုအား စစ်တိုက်ကာ စစ်သုံ့ပန်း၊ ကျွန်များအဖြစ် ဖမ်းဆီးယူကာ မိမိတို့အတွက် လိုအပ်သော လုပ်အားကို ဖြည့်တင်းခြင်းဖြင့် စစ်ပွဲများ၊ ပစ္စည်းလုပွဲများ ပေါ်ပေါက်လာသည်။ ထို ပစ္စည်းလု၊ လူဖမ်းကာ ကျွန်အဖြစ် အသုံးချသည့် စစ်ပွဲများကို ကာကွယ်နိုင်ရန် မျိုးနွယ်စုများသည် ရှေးကထက် ပို စုစည်း နေကြပြီး လူမျိုးစု ခေါင်းဆောင်၏ ခေါင်းဆောင်မှု အောက်တွင် မိမိတို့၏ ပိုင်ဆိုင်မှုကို လုံခြုံစေရန် ခံတပ်နှင့် စုပေါင်းနေသည့် ရွာများ တည်ဆောက် လာကြသည်။ နိုင်ငံများ ပေါ်ပေါက်လာခြင်း အချိန်ကာလ ရွေ့လျားလာသည်နှင့် အမျှ မျိုးနွယ်စုများသည် ပိုမို၍ ကြီးသည်ထက် ကြီးမား လာကြပြီး ရှိရင်းစွဲ ဒေသ၏ တိရစ္ဆာန် စားကျက်က အလုံအလောက် မကျယ်ပြန့်တော့၍သော် လည်းကောင်း၊ လူဦးရေ သိပ်သည်း မှုကြောင့်သော် လည်းကောင်း နယ်မြေသစ်များ ရှာဖွေကာ ရွာကလေးများ တည်ထောင်ကြပြန်သည်။ ထွက်ခွာလာသော ရွာနှင့် ရွာသစ်များမှာ အမျိုးများသာ ဖြစ်သောကြောင့် လူမျိုးစု တစ်စုတည်းကဟု မှတ်ယူကာ ထိုကဲ့သို့ ရွာများ စုစည်း နေထိုင်ကြခြင်းဖြင့် မြို့တော်များ ပေါ်ပေါက်လာကြ ပေတော့သည်။ ထိုကဲ့သို့ လူဦးရေ တိုးတက်လာမှုနှင့် အတူ အသစ်၊ အသစ် ထပ်မံ ပေါ်ပေါက်လာသော မြို့တော်များ၏ စုပေါင်းခြင်းမှ နိုင်ငံများ စတင် ပေါ်ပေါက်လာကြခြင်း ဖြစ်ပေသည်။ ဝေါဟာရ နိုင်ငံ ဟူသည့် ဝေါဟာရအား တိုင်းပြည်၊ နိုင်ငံတော်၊ အစိုးရကိုပါ ရည်ညွှန်း၍ အသုံးပြုလေ့ ရှိသည်။ များသောအားဖြင့် နိုင်ငံများတွင် ဌာနေ ဒေသခံ လူမျိုးများ၏ ကိုယ်ပိုင် အုပ်ချုပ်သော အစိုးရ တစ်ရပ်က အုပ်စိုးလေ့ရှိသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရရှိသော်လည်း ထိုနိုင်ငံ ကိုယ်၌က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိခဲ့သော နိုင်ငံတစ်နိုင် ဖြစ်ခဲ့သည်က တစ်ကြောင်း၊ စုစည်းထားကာ အမည် တစ်ခုတည်း ခေါ်ဆိုသော နိုင်ငံစု တစ်ခုမှ ဖြစ်၍သော် လည်းကောင်း အချို့ အကြောင်းအရာ များတွင် နိုင်ငံ တစ်နိုင်ငံ သတ်သတ် အဖြစ် သတ်မှတ်ခြင်း ခံရသော ပြည်နယ်ကြီးများလည်း ရှိတတ်သည်။ ဥပမာအားဖြင့် စုစည်းထားသော ဘုရင်အုပ်စိုးသည့် တိုင်းပြည် (United Kingdom)မှ အင်္ဂလန်၊ စကော့တလန်နှင့် ဝေလ နယ်တို့ ဖြစ်ကြသည်။ သို့သော် အမေရိကန် ပြည်ထောင်စု မှ စုစည်းထားသည့် ပြည်နယ်များကမူ နိုင်ငံဟောင်းများ မဟုတ်ခဲ့သည့် အားလျော်စွာ နိုင်ငံဟု ခေါ်ဆိုသုံးစွဲ ခံရနိုင်ခြင်း မရှိချေ။ အချို့နိုင်ငံများ တွင်မူ မိမိနိုင်ငံကို မှီခိုသော ပင်လယ်ရပ်ခြား နယ်မြေများ ရှိပြန်သည်။ ဗြိတိသျှ ဗားဂျင်း ကျွန်းများ၊ နယ်သာလန် အနောက် ကျွန်းစု နှင့် အမေရိကန် ဆမိုဝါ တို့ကဲ့သို့ ဖြစ်သည်။ ထိုနယ်မြေများမှာ သီးခြား နယ်မြေတွင် ရပ်တည်နေကြ သော်လည်း မှီခိုသည့် နိုင်ငံနှင့် မည်မျှ ကွာဝေးသည် ဖြစ်ပါစေ ထိုနိုင်ငံ၏ အမည်ကိုသာ ဖော်ပြကြလေသည်။ နိုင်ငံ၊ တိုင်းပြည်များကို တစ်ပြည်ထောင်စနစ်ဖြင့်သော်လည်းကောင်း၊ ပြည်ထောင်စုစနစ်ဖြင့်သော်လည်းကောင်း ဖွဲ့စည်းပုံဖော်ကြသည်။ ထင်ရှားသည့် ပြည်ထောင်စုနိုင်ငံအချို့မှာ အမေရိကန်ပြည်ထောင်စု၊ဂရိတ်ဗြိတိန် နှင့် ဂျာမဏီ နိုင်ငံတို့ဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အချက်အလက်များ နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံအား ထိရောက်စွာ အုပ်ချုပ်နိုင်သည့် အစိုးရတစ်ရပ်နှင့် ကာကွယ်ရေးအတွက် စစ်တပ် ရှိသည်။ ယေဘုယအားဖြင့် တူညီသော ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အခြား အခြေခံ အချက်အလက်များကို လက်ခံ ထားရှိသော ပြည်သူလူထု ရှိသည်။ ထို့ပြင် ကိုယ်ပိုင် အမျိုးသားရေးဆိုင်ရာ ယဉ်ကျေးမှုစရိုက်လက္ခဏာများ လည်းအသီးသီးရှိကြသည်။ တိကျသော ပထဝီအရ သတ်မှတ်ထားသော မြေနေရာ ရှိသည်။ ထို့နောက်ဆုံး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး၌ အခြားနိုင်ငံများက အဆိုပါ နိုင်ငံတစ်နိုင်ငံ တည်ရှိနေပါသည်ဟု တရားဝင် အသိအမှတ်ပြုခြင်း ရှိစေရပေမည်။ မှီငြမ်း Country (Wikipedia, the free encyclopedia) Human History (Wikipedia, the free encyclopedia) လူကျော် (ဒေါက်တာသန်းထွန်း) ပထဝီဝင်
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA
စာပေ
လူမျိုးအသီးသီး၊ ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာနှင့်စာပေရှိကြ၏။ စာနှင့်စာပေ မရှိသော လူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင် မရှိတော့ချေ။ စာပေသည် စာမှပေါ်ပေါက်လာ၏။ စာဟူသည်ကား စကား၏သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စံနစ်တကျ စီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသား ဖြစ်၏။ ဤတွင်၊ ဗျည်း သရ အက္ခရာများဖြင့် စုစည်းအပ်သော အရေးအမှတ်များသာမက၊ တရုတ်လူမျိုး၊ ရှေးရှေးအီဂျစ်လူမျိုးတို့ သုံးသော ရုပ်ပုံသင်္ကေတများမှ ဆင်းသက်လာသည့် အရေးအမှတ်များကိုပါ စာဟုခေါ်သည်။ ယခု မျက်မမြင်တို့ လက်ဖျားကလေးများဖြင့် စမ်း၍ဖတ်ရသော အမှတ်ဖု ကလေးများကိုလည်း စာဟုပင်ခေါ်ရပေမည်။ စာကို သုခုမအရာမြောက်အောင် (ဝါ)အနုပညာသက်ဝင်အောင် ဖွဲ့စည်းစီရင်တီထွင်သော် စာပေဟု ဖြစ်လာ၏။ စာမဖြစ်ပေါ်မီ စာပေမပေါ်ပေါက်နိုင်ပေ။ အချို့ ဘာသာစကားများတွင် ရှေးရှေးအခါက စာဟူ၍ မပေါ်ပေါက်သေးသော်လည်း သီချင်းများ၊ ကဗျာလင်္ကာများကို ဖွဲ့နွဲ့သီကုံးကာ စပ်ဆိုမှု ပြုကြသည်။ ယင်းကဗျာများကို ကြားနာရသူများက စိတ်တွင် မှတ်သား၍ ပြန်လည် ရွတ်ဆိုခြင်းဖြင့် တစ်ဆင့်တစ်ဆင့် လက်ကမ်းသကဲ့သို့ ကာလရှည်မြင့်စွာ မတိမ်ကော မပျောက်ပျက်ရအောင် ထိန်းသိမ်းထားနိုင်ခဲ့ကြ၏။ သို့သော် မှတ်ဉာဏ်နှင့်စကားသံတွင်သာ အခြေတည်ထားသော ဤအဖွဲ့အနွဲ့များမှာ သုခုမအင်္ဂါဖြင့် ပြည့်စုံစေကာမူ၊ စာပေဟု ခေါ်နိုင်မည်မဟုတ်ပေ။ ဤအဖွဲ့အနွဲ့များ ပါဝင်သော ဘာသာစကားကို ပေ၊ ကျောက်၊ စက္ကူ၊ ရွှံ့ပြား၊ ကြေးပြား စသည်တို့၌ ထွင်း၍ ရေး၍၊ ခြစ်၍၊ ပုံဆွဲ၍၊ ထု၍၊ အစက်အကြောင်းချ၍ အမှတ် အသားတင်ကာ၊ စာဟု တီထွင်ပေါ်ပေါက်လာမှပင်၊ နှုတ်ဖြင့်သာ ရွတ်ဆိုလျက် မှတ်ဉာဏ်ဖြင့်သာ ထိန်းသိမ်းခဲ့ရသော အဖွဲ့အနွဲ့ကဗျာလင်္ကာတို့သည် စာပေအရာမြောက်လေသည်။ စာရှိမှ စာပေရှိနိုင်မည်ဟူသော အထက်က အယူအဆကို ငြင်းဆိုသော ကေစိဆရာများလည်း ရှိ၏။ စာဖြင့် မှတ်တမ်းတင်ခြင်း မပြုနိုင်သော်လည်း အနုပညာသင်ဝင်သည့် အဖွဲ့အနွဲ့ ကဗျာများကို စာပေဟုခေါ်နိုင်သည်ဟု ကေစိဆရာများက ဆိုပေသည်။ သုခုမအရာမြောက်အောင်၊ အနုပညာ သက်ဝင်အောင် ဖွဲ့စည်းစီရင်သော စာမှသာလျှင်၊ စာပေအခေါ်ခံထိုက်သည်ဟူသော အယူအဆကို ယခုခေတ်မှပင် အများက လက်ခံလာကြ၏။ မြန်မာတို့တွင် စာပေဟူသော စကားသည် ရှေးခေတ်များ၌ တရားစာပေ ဟူသော အနက်ရခဲ့၏။ ကိုးခန်းပျို့၌၊ 'စာပေနားဝင်၊ ငါ့ကိုသင်သည်၊ လင်လည်း စွန့်ထား၊ ယခုသွားခဲ့'ဟု စပ်ဆိုထားရာ၊ 'တရားစာပေကို နားလည်အောင် သင်ပြပေသောလင်'ဟု အဓိပ္ပာယ်ဖွင့်ကြရ၏။ တစ်ဖန် နေမိငရဲခန်းပျို့၌၊ 'ပုထိုးဘုရား၊ ကျောင်းကန်သွား၍၊ တရားစာပေ၊ နာပါချေအံ့'ဟု စပ်ဆိုထားရာ၊ စာပေဟူလျှင် တရားစာစု ဖြစ်သည်ဟု ကျမ်းဂန်တတ်ပုဂ္ဂိုလ်များ နားလည်ယူဆခဲ့ကြ၏။ လောကုတ္တရာနှင့်ဆိုင်သော စာစုကို စာပေဟုခေါ်ခဲ့သည့် ခေတ်မှသည် လောကီနှင့်ဆိုင်သောစာစုများ ပေါ်ပေါက် ခေတ်စားလာချိန်၌ စာပေဟူသော ဝေါဟာရ၏အနက်လည်း ပြောင်းခဲ့ရပေသည်။ ထို့ကြောင့် ယခုအခါ တရားစာစုများကိုသာ စာပေဟု ခေါ်လေ့ မပြုကြတော့ဘဲ၊ အနုပညာ သက်ဝင်သည့် စာမျိုးကိုလည်း စာပေဟု ခေါ်ကြသည်။ ထိုကြောင့် 'စာပေသမိုင်း'ဟူသော စာအုပ်အမည်ကို ကြားရသူတို့သည် တရားစာပါရှိသော ကျမ်းဂန်များပေါ်ပေါက်လာပုံ အစဉ်အလာအကြောင်း စာအုပ်မျှသာဟု မယူဆဘဲ၊ ရတုကဗျာ လင်္ကာနှင့်တကွ စကားပြေအဖွဲ့ အမျိုးမျိုးတို့ ရေးသားပေါ်ပေါက်လာပုံအကြောင်း စာအုပ်ဟု ချက်ခြင်း သိရှိနားလည်လာကြ၏။ သိုးဆောင်တို့၏ အယူအဆတွင် အနုပညာသက်ဝင်သည့် စာအရေးအသားကိုသာမဟုတ်၊ ထိုစာအရေးအသားကို ဝေဖန်ခွဲခြား၊ စိစစ် အကဲဖြတ်၍ အရသာခံစားမှုကို ပေါ်လွင်စေသော အရေးအသားကိုလည်း စာပေအရာအတွင် သွတ်သွင်းထား၏။ ဖွဲ့စည်း သီကုံးမှုတွင် စကားသား အရွေးအချယ် အစီအရင်ကြောင့် သုခုမအရာ မြောက်သည်၊ ဖတ်ရှုသူ၏ စိတ်နှလုံးကို လှုပ်ရှားထိခိုက်စေသည်ဟု ဆိုနိုင်သော စာမျိုးကို စာပေဟု အသိအမှတ်ပြုရပေမည်။ စာပေဟုခေါ်ရမည့် စာမျိုး၌ သေးသိမ်သော စဉ်းစားစိတ်ကူးနည်း၊ ညံ့ဖျင်းသော အယူအဆ အကြည့်အမြင်၊ နုံ့သော ကလေးကလား အသွားမျိုးကို ပယ်၍၊ တင့်တယ်ကြည်နူး အံ့ဩဖွယ်ရာသော အရေးအသား ပါရှိရုံမျှမက ဖြောင့်မတ်တည်ကြည်၍ သမာဓိပြည့်စုံသော စိတ်ထားမျိုးကို ပါရှိစေရသည်။ စာပေဟု ယေဘုယျအားဖြင့် ခေါ်ဝေါ်ပြောဆိုကြသော်လည်း စာပေကို ကဏ္ဍခွဲခြားရန် မလွယ်လှပေ။ စာပေ အမျိုးမျိုး ရှိရာ အချို့တရားစာများ၊ အချို့သမိုင်းစာများ၊ အချို့မိန့်ခွန်းများ၊ အချို့သိပ္ပံအကြောင်းရပ် စာများသည် သုခုမအင်္ဂါနှင့် ပြည့်စုံ၍ ယင်းတို့ကိုလည်း စာပေအသိုက်အအုံတွင် ထည့်သွင်းပေးရပေမည်။ သဘောအားဖြင့် စာပေအမျိုးမျိုးကို ကဏ္ဍ ခွဲရမည်ဆိုလျှင် တရားစာပေ၊ သဘာဝတ္ထဗေဒအရ လောကကြီးကို ဆင်ခြင်သုံးသပ်သော စာပေ၊ ကဗျာလင်္ကနှင့် ပြဇာတ် စာပေ၊ သမိုင်း စာပေ၊ အဟောအပြောစာပေ၊ ဝေဖန်အကဲဖြတ်မှုစာပေနှင့် စိတ်ကူး (ဝါ) စိတ်ကွန့်စာပေဟု ခွဲခြားနိုင်သည်။ သိုးဆောင်းတို့၏ စာပေသည် ရှေးနှစ်ပေါင်း ၂၄ဝဝ ခန့်ကစ၍ ပေါ်ပေါက်ထွန်းကားခဲ့သော ဂရိစာပေမှ သက်နွယ်ခဲ့၏။ ဂရိစာပေတွင် တရားစာပေနှင့် စိတ်ကူးယဉ်(ဝါ) စိတ်ကွန့်စာပေမျိုးတို့မှအပ ဖော်ပြခဲ့သော် စာပေမျိုး အစုံပါဝင်ခဲ့ပေသည်။ စာပေမှန်သမျှကို နည်းအမျိုးမျိုးဖြင့် ခွဲထားနိုင်ပေသည်။ လူမျိုးအလိုက်၊ ဘာသာစကားအလိုက် ခွဲခြားနိုင်၏။ ဤစွယ်စုံကျမ်းတွင် ကနေဒါစာပေ၊ ဂရိစာပေ၊ ဂျာမန်စာပေ၊ အင်္ဂလိပ်စာပေ၊ စပိန်စာပေ၊ မြန်မာစာပေ စသည်ဖြင့် လူမျိုးနိုင်ငံ၊ ဘာသာစကားအလိုက် ခွဲခြားကာ စာပေအမျိုးမျိုးကို ဖော်ပြထားသော ဆောင်းပါးများ မြောက်မြားစွာ ဖတ်ရှုနိုင်သည်။ ခေတ် အလျောက်လည်း စာပေကို ခွဲခြားနိုင်၏။ သိုးဆောင်းစာပေတွင် ရှေးခေတ်စာပေ၊ အလယ်ခေတ်စာပေဟု ခွဲခြားနိုင်၏။ စာပေအချင်းချင်း နှိုင်းရှည့်၍ စာပေနှိုင်းရှည့်မှုပညာဟု ပညာတစ်ရပ် အဖြစ်နှင့်လည်း ရှိပေသည်။ ဖွဲ့စည်းသီကုံးမှုကို အခြေခံထား၍ ဖွဲ့နည်းကို ခွဲခြားကာ၊ ကဗျာ၊ စကားပြေ၊ ပြဇာတ်၊ စာမွန်စသည့်ဆောင်းပါးများကိုလည် ဤစုံစွယ်ကျမ်းတွင် တွေ့ရပေမည်။ စာပေ၌ ထင်ရှားကျော်စောသော အရှေ့တိုင်း၊ အနောက်တိုင်း စာရေးဆရာကြီးများနှင့် အလွန့်အလွန် ကျော်ကြားခဲ့သော စာပေများကို သီးသန့်၍လည်း ဤကျမ်းတွင် ဖော်ပြပါရှိ၏။ စာနှင့်စပ်လျဉ်းသော စကားကို ပြောဆိုပါက စာအကြောင်းကို ရေးသားမည်ရှိသော် `စာ´ဟု တစ်လုံးတည်း မရေးဘဲ `စာပေ´ဟူ၍သာ ပေနှင့်တွဲ၍ ပြောလေ့ပြောထ ရေးလေ့ရေးထ ရှိကြသည်။ စာပေဟု ခေါ်ဝေါ်သုံးစွဲ၊ ရေးသားမှ ပြည့်စုံသည်ဟု ထင်မှတ်ကြသည်။ စာပေကဏ္ဍနှင့် ပတ်သက်၍ လောလောဆယ် လွယ်တာက စာပေပညာရှင်စာရင်း မှတ်တမ်းတင်တာဖြစ်သည်။ ခေတ်အလိုက် ပိုင်းပြီး သုတစာပေ၊ ရသစာပေဟူ၍ ခွဲနိုင်သည်။ ဒီနေရာမှာ ခေတ်အဆက်ဆက် စာပေများကို ပုဂံခေတ် ၊ ပင်းယခေတ် ၊ အင်းဝခေတ် ၊ တောင်ငူခေတ် ၊ ညောင်ရမ်းခေတ် ၊ ကုန်းဘောင်ခေတ် ပိုင်းပြီး ပြုစုခဲ့သော စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာပေသမိုင်းတွေမှာ တော်တော် ပြည့်ပြည့်စုံစုံ ပါပြီးပါပြီ။ နောက်ပိုင်းမှာလည်း မလိခရဲ့ မြန်မာဝတ္ထုအညွှန်းတို့မှာလည်း တော်တော် ပါပြီးသားပါ။ ဒီနေရာမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျော်ကြားတဲ့ သုတ ရသ စာပေပညာများကို နှစ်အလိုက် ကြိုးစားပြုစု မှတ်တမ်းတင် သွားပါမည်။ သုတစာပေ သုတစာပေတွင်မူ စာရေးဆရာသည် သူသိသော အကြောင်းအရာ၊ သူသိသော ပညာဗဟု သုတတို့ကို သူသိသည့်အတိုင်း တင်ပြသည်။ ထိုအခါ စာဖတ်သူသည် အသိပညာကိုလည်းကောင်း၊ ဗဟုသုတ အမျိုးမျိုးကိုလည်းကောင်း ရရှိသည်။ ဆောင်းပါး၊ စာတမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်း စသည်တို့သည် သုတစာပေတွင် အကျုံးဝင်သည်ဟု ဆိုရပါမည်။ ထို့ပြင် ဗဟုသုတကို တင်ပြလိုသည့် ရည်ရွယ်ချက်ဖြင့်ရေးသော ပညာပေး ကဗျာများသည်လည်း သုတစာပေတွင် ပါဝင်သည်ဟု ဆိုရ ပါမည်။ သုတစာပေကိုရေးရာ၌ တခါတရံ စာရေးဆရာသည် သူသိသော အသိပညာ၊ သူသိသော ဗဟုသုတတို့ကို စာဖတ်သူတို့ လက်ခံချင်လာအောင် သူ့စေတနာနှောလျက် ဖျောင်းဖျသွေးဆောင်၍ ရေးတတ်သည်လည်း ရှိသည်။ ထိုအခါ စာဖတ်သူသည် ပညာဗဟုသုတ ရသည့်အပြင် နှစ်သက် ခြင်းလည်း ဖြစ်ရသည်။ ထိုစာမျိုးကို သုတစာပေ၌ ထည့်သွင်းနိုင်သည် ဆိုသော်လည်း ရသသဘော နှောနေသဖြင့် ပညာရှင်အချို့က သုတ ရသစာပေဟု ဆိုကြသည်။ သုတ= knowledge (မသိသေးတဲ့ အချက်အလက် ပညာရပ် ကိုရှင်းလင်းအသိတိုးစေတာ) သက်သက် ရေးတဲ့စာ ရသစာပေ ရသစာပေတွင် စာရေးဆရာသည် သူသိသော၊ သူခံစားမိသော အကြောင်းအရာတို့ကို အခြေ ခံပြု၍ သူ့စေတနာကို အဓိကထားသော သူ့စိတ်ကူးဉာဏ်တည်းဟူသော ဆေးရောင်စုံဖြင့် ရေးခြယ် သည်။ ထိုအခါ စာဖတ်သူသည် စာရေးဆရာ၏ စိတ်ကူးဉာဏ်တန်ခိုးကြောင့် ဝမ်းမြောက်ခြင်း၊ သနားခြင်း၊ အားတက်ခြင်း၊ ရဲရင့်ခြင်း၊ အံ့ဩခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ စက်ဆုပ်ခြင်း၊ ချီးကျူးခြင်း၊ ကဲ့ရဲ့ ခြင်းတည်းဟူသော ရသ အတွေ့အကြုံကို ရရှိသည်။ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ ပုံပြင် စသည်တို့သည် ရသစာပေတွင် အကျုံးဝင်သည်ဟု ဆိုရပါမည်။ ရသ= ခံစားမှု feeling တစ်ခုခု ဖြစ်ပေါ်ခံစားစေတဲ့စာ ကိုးကား စာပေ အနုပညာ ဘာသာစကား
https://my.wikipedia.org/wiki/%E1%80%85%E1%80%AC%E1%80%95%E1%80%B1
ဗိသုကာပညာ
လူတို့၏ ခိုလှုံမှုအတွက် အဆောက်အအုံများ ဆောက်လုပ်ရေး ၌ အဆောက်အအုံပစ္စည်းများနှင့် ရာသီဥတု ကာကွယ်မှုများ၊ နေရေး၊ စားရေး၊ အိပ်ရေး စသည်များကို မိမိတို့၏ ဘာသာအယူဝါဒနှင့် လူမျိုးရိုးရာ ထုံးတမ်းစဉ်လာအရ ဦးစီး၍ တည်ဆောက်သူကို ဗိသုကာ ဟု ခေါ်ကြ၍ ယင်းသို့ တည်ဆောက်မှုပညာကို ဗိသုကာပညာ ဟုခေါ်သည်။ လူတို့ခိုလှုံမှုများတွင် အရေးအကြီးဆုံး အဆောက်အအုံ မှာ နေအိမ်များဖြစ်ကြ၏ ။ လူတို့သည် အရိုင်းဘဝ၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်ဂူကြီးများကို ရှာ ဖွေ နေထိုင်ခဲ့ကြသည် ။ အသိဉာဏ် တစတစ တိုးပွားလာသောအခါ၊ သားရဲတိရစ္ဆာန်တို့၏ ဘေးအန္တရာယ်မှ လုံခြုံရန်လည်းကောင်း ၊ နေ၏ အပူရှိန်၊ မိုးပေါက်နှင်းခဲတို့၏ အအေးဒဏ်တို့ ညှဉ်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်ရန်လည်းကောင်း သူတို့၏ ဉာဏ်စွမ်းဖြင့် နေအိမ်များကို ကြံစည်ဆောက်လုပ်ခဲ့ရာမှ အစပြု၍ ဗိသုကာပညာပေါ်ထွန်းလာခဲ့သည် ။ လူတို့သည် ဂူများတွင် ခိုအောင်းနေထိုင်စဉ် အခါမှစ၍ မိမိတို့၏ ဂူများတွင် အနုပညာရပ်များကို ဖော်ပြခဲ့ကြလေရာ ယခုတိုင် ကျောက်ဂူနံရံများတွင် တွေ့ရှိနိုင်သည် ။ ဤကား ဗိသုကာပညာဖြင့် စတင် အမွှမ်းတင်ခြင်းဖြစ်သည် ။ နိုင်ငံတနိုင်ငံ၏ ဗိသုကာ အနုပညာ လက်ရာများသည် ထိုနိုင်ငံ၏အယူဝါဒ၊ ရာသီဥတု နှင့် ထိုဒေသ၌ ရရှိနိုင်သော အဆောက်အအုံပစ္စည်းများပေါ်တွင် အမှီပြုကြ၏ ။ ပုံစံဆိုသော် ကျောက်ပေါများသော နိုင်ငံတွင် ကျောက်များ ဆစ်၍ တည်ဆောက်သော ဗိသုကာလက်ရာများကို တွေ့ရ၏ ။ ဂရိနိုင်ငံ၌ ကျောက်များဖြင့်တည်ဆောက်ထားသော ပါသီနွန် စသည့် ဂရိ ဗိသုကာ လက်ရာများကို ယခုတိုင် တွေ့မြင် နိုင်သေးသည် ။ သစ်ဝါးပေါများသော မြန်မာနိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံများတွင် သစ်ဝါးနှင့် အများဆုံး တည်ဆောက်ခဲ့ကြသည် ။ အဆောက်အအုံ၏ စနစ်ပုံစံများမှာလည်း ရာသီဥတုအလိုက် တည်ဆောက်ကြ၏ ။ နေအလွန် ပူပြင်းသော နိုင်ငံများတွင် နေရောင်ကာ တံစက်မြိတ်များထုတ်၍ ဆောက်ခြင်းဖြင့် နေပူရှိန်ကို အကွယ်အကာ ပြုကြ၏ ။ မိုးအလွန်အားကြီးသော ဒေသများတွင် ရေဆင်းလွယ်ကူသော ခေါင်ဆင်းများကို စောက်စောက် ဆောက်လုပ်ကြ၏ ။ ရာသီဥတု အေးသော တိုင်းပြည်များတွင် ခေါင်ပြန့်များ နှင့်သာ တည်ဆောက်ကြလေသည် ။ ဗိသုကာပညာကို လေ့လာရာ၌ ကမ္ဘာ့သမိုင်းကိုပါ ယှဉ်တွဲလေ့လာသင့်သည် ။ သမိုင်း ကို လေ့လာခြင်းဖြင့် ဗိသုကာများ အဆောက်အအုံ ပုံစံထုတ်လုပ်ရာ၌ များစွာ အထောက်အကူပြုသည် ။ လွန်ခဲ့သော အနှစ် ၁၀ဝ ကျော်ခန့်အထိ ဖြစ်သော ဗိသုကာ လက်ရာများသည် ရှေးဟောင်းပုံစံများကို အခြေခံထား၍ ဆောက်လုပ်ထားကြသည် ။ ရှေးဗိသုကာပညာကို ထိန်းသိမ်းသည့် သဘောပင်ဖြစ်သည် ။ အနောက်နိုင်ငံ ဗိသုကာ ပညာ ၏ အရင်းအမြစ်ကို လိုက်မူ မြေထဲပင်လယ်ဒေသ ၊ တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ် ၂ မြွှာဒေသ ၊ အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းဒေသတို့တွင် တွေ့ရ ပေမည် ။ ဘီစီ ၄ ဝ၀ဝ ခန့်ကပင် စတင်၍ မြေထဲပင်လယ်ဒေသ၌ ကျောက်တုံးများဖြင့် နေအိမ် ၊ ဘုရားကျောင်း ၊ ဂူသင်္ချိုင်း စသည်တို့ကို ဆောက်လုပ်၍ ရုပ်လုံးများ ခပ်ကြမ်းကြမ်း ထွင်းထု ခြယ်သထားသည်ကို တွေ ့ရသည် ။ [၁] ဝေါဟာရ ဗိသုကာဟူသည့် မြန်မာဝေါဟာရသည် "ဝိသုကမ္မ" ဟူသည့် ပါဠိဝေါဟာရမှ ဆင်းသက်လာသည်။ ပါဠိသဒ္ဒါ၌ "ဝ" နှင့် "ဗ" အပြောင်းအလဲ ရှိ၏။ (ဝိသုကမ္မ = ဗိသုကမ္မ = ဆောက်လုပ်မှုဆိုင်ရာပညာ ကျွမ်းကျင်သော လက်သမားဆရာ) မြန်မာဗိသုကာပညာ မြန်မာနိုင်ငံ ဗိသုကာပညာသည် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှ ဗုဒ္ဓအယူဝါဒနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြသည် ။ ဗိသုကာပညာသည် ရှေးဦးစွာ ပျူလူမျိုးတို့၏ ဒေသဖြစ်သော သရေခေတ္တရာ၌ လည်းကောင်း ၊ ရှေးမွန်လူမျိုးတို့၏ ဒေသဖြစ်သော သုဝဏ္ဏဘုမ္မိ သထုံ၌လည်းကောင်း ထွန်းကားခဲ့သည် ။ သရေခေတ္တရာခေတ် တွင် ထင်ရှားသည့် လက်ရာမှာ ပေါပေါကြီး ( ဘောဘောကြီး ) ၊ ဘုရားကြီး ၊ ဘုရားမာတို့ ဖြစ်သည် ။ ဘောဘောကြီး ဘုရားသည် အထက်အောက် တပြေးတည်း ကဲ့သို့ လုံးပတ် ညီညာသော စေတီ ဖြစ်၍ ဘုရားကြီးနှင့် ဘုရားမာတို့သည် အထက်ပိုင်းချွန်သော စေတီလုံးများ ဖြစ်သည် ။ ခေါင်းလောင်းပုံ ၊ သပိတ်မှောက်၊ ဖောင်းရစ် ၊ ကြာမှောက်ကြာလှန်များ မပါဝင်ချေ ။ ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက်တွင် မြန်မာတို့၏ ဗိသုကာပညာသည် အထွတ်အထိပ်သို့ရောက်နေပြီဟု ဆိုနိုင်သည် ။ ပုဂံခေတ်ဂူဘုရားများတွင် အပြင်နံရံမှ အတွင်းမဏ္ဍိုင်သို့ မိုးလျှောပေါင်းကူးပြုလုပ်ခြင်း ၊ သစ်သားထုတ်လျောက်မပါဘဲ ခိုင်ခံ့စွာစီမံထားနိုင်ခြင်းသည် ချီးကျူးလောက်သော မြန်မာ့ဗိသုကာပညာရပ်ပင်ဖြစ်သည် ။ [၁] ပုဂံခေတ်နောက်ပိုင်းတွင် ဗိသုကာလက်ရာ သိသိသာသာ ထွန်းကားခြင်းမရှိဘဲ ၁၈၅၇ ရောက်မှ အနုပညာများ အားသစ်တက်လာသည် ။ မန္တလေး ဗိသုကာ အဆောက်အအုံများသည် ပုဂံခေတ်၏ အစဉ်အလာများကို လိုက်နာကျင့်သုံးထားသော်လည်း အနောက်နိုင်ငံ ဗိသုကာ အငွေ့အသက်များ သိသိသာသာ သက်ရောက်ထင်ဟပ်လျက်ရှိသည် ။ ရည်ညွှန်းစာအုပ် ၁။ မြန်မာ့စွယ်စုံကျမ်း ( အတွဲ ? အမှတ် ? ) ပြင်ပလခ့်များ မြန်မာ့ဗိသုကာပညာရှင်များအသင်း နည်းပညာ ဗိသုကာပညာ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AD%E1%80%9E%E1%80%AF%E1%80%80%E1%80%AC%E1%80%95%E1%80%8A%E1%80%AC
သဘင်ပညာ
(ကြေး)။ (ကြိုး)။ (သရေ)။ (လေ)။ (လက်ခုပ်)။ စသော တူရိယာ ပစ္စည်းတို့ကို သာယာနာပျော်ဖွယ် တီးခတ်(တီးမှုတ်)ကြပြီး (ခေါင်း)။ (ခါး)။ (ခြေ)။ (လက်)။ စသည်တို့ကို ရှုခြင်စဖွယ် လှုပ်ရမ်းပြောင်းရွှေ့ပြသ(ကခုန်)ပြီး ဖျော်ဖြေသော ပညာရပ်ဖြစ်သည်။ (တူရိယာပစ္စည်းအချို့တို့သည် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာတွင် ဇဗ္ဗူ့သပြေပင်၏ အရွက်များလှုပ်ရှားသဖြင့်ပေါ်ပေါက်သောအသံနှင့် အသီးရေထဲကြွေကြသောအသံတို့အား တုပဖန်တီးကြရာမှ ပေါ်ပေါက်လာသည်ဟု ပါးစပ်ရာဇဝင်ရှိသလို စောင်းတူရိယာ ဆိုလျှင် ဘုရားမပွင့်မီကပင် ပေါ်ထွန်းပြီးနေဟန် ဇာတ်တော်တို့လည်းရှိသည်။) (တီးမှုတ်) ခြင်းနှင့် (ကခုန်) ခြင်း အပြင် အရှိုက် အငင် အဆို အပြော စသည့် (နှုတ်မြွက်အသံ) များ(သီကျူး)ခြင်းလည်းလိုအပ်သလို ပြုပေးရပြီး ယင်းတို့အားလုံးကို (ချစ်) (ရွှင်) (သနား) (တည်ကြား) (ကြမ်းကြုတ်) (စက်ဆုပ်) (ကြောက်ရွံ့) (ရဲဝံ့) (အံ့ဩ) ဟူသော ရသတို့ပေါ်လွင်အောင် အားထုတ်ကြလေ့ရှိသည်။ မြန်မာ့ သဘင်ခေတ်ဦးက မြေဝိုင်းဇာတ်ပွဲများအဖြစ် ကညင်ဆီမီးတိုင်များစိုက်ကာ တီးမှုတ်ကခုန်သီဆိုကြလေ့ရှိပြီး သူဌေးသူကြွယ် မင်းစိုးရာဇာတို့အား ဖျော်ဖြေတင်ဆက်ရသောအလုပ်ဖြစ်သည်၊ ယင်းကို အနိမ့်သဘင်ဟုခေါ်ကြသည်။ (ရှင်ဘုရင်က သဘောကျ၍ချီးမြှောက်ပါက ဘုရင်သုံးဆောင်ရန်ဖြစ်သောပွဲတော်အုပ် ကိုပင်လက္ခံရရှိတတ်သဖြင့် သဘင်သည်များကို မြစိမ်းဖက်ဖြင့်ပွဲတော်တည် သူများဟု ခြီးမွမ်းခေါ်ဆိုတတ်သလို သဘင်သည်တို့အား မနှစ်သက်သူတို့က ဖက်ခွက်စား ဟုနှိမ့်ချသုံးနှုန်းကြသည်လည်းရှိသည်။) ရှေးခေတ်အခါက လူအများစုတို့သည် (သီဆိုခြင်း) (ကခုန်ခြင်း) တို့အား ကိုယ်တိုင်ပြုရန်လည်း ရှက်ရွံ့ဝန်လေးယုံသာမက ကြည့်ရှုရန်ကိုပင် ရှက်ကြောက်တတ်သည်ဖြစ်ရာ မြဝတီမင်းကြီးဦးစက သဘင်သည်တို့အစား အရုပ်ကလေးများဖြင့် အစားထိုးကာ ဖျော်ဖြေတင်ဆက်ရန်ကြိုးပမ်းရာမှ မြန်မာ့ရုပ်သေး ပေါ်ထွန်းလာသည်ဟုလည်းကောင်း၊ ရုပ်သေးသဘင်ကို စင်ဖြင့်ပြသရသဖြင့် အမြင့်သဘင် ခေါ်သည်ဟုလည်းကောင်း အဆိုရှိသည်။ ထိုခေတ်အခါက အရုပ်များဖြင့် သရုပ်ဆောင် ကပြစေသည့်တိုင် ဖက်ရမ်းနမ်းရှုံ့ အပြုအမူများမပါဝင်စေကြပဲ မင်းသမီးရုပ် နှင့် မင်းသားရုပ်တို့အကြား ပဝါ တစ်ကမ်းခြားကာ ကပြခဲ့သည်ဟု သိမှတ်ရသည်။ ကိုးကား မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%98%E1%80%84%E1%80%BA%E1%80%95%E1%80%8A%E1%80%AC
ဒဿနပညာ
ဖီလိုဆိုဖီဟူသောစကားရပ်မှာ မြန်မာဘာသာအားဖြင့် အတွေးအခေါ်ဆိုင်ရာ ဒဿနဗေဒ အဖြစ်လူသိများပါသည်။ ဖီလိုဆိုဖီ ဆိုသည့် စာလုံးမှာ ဂရိစကားလုံးဖြစ်ပြီး ဖီလို(တွေးခေါ်ခြင်း) နှင့် ဆိုဖီ(ချစ်ခင်နှစ်သက်ခြင်း)ဟူသည့် စကားလုံးနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟုလေ့လာသိရှိရသည်။ လူသားတို့၏ အစ ပထမ ကတည်းက တွေးခေါ်ခြင်း ၊ စဉ်းစားချင့်ချိန်ခြင်းများ ဖြင့်စတင်ခဲ့ကြသည်။ ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း ဆိုသည့်သတ်မှတ်ချက်များစွာကို ဦးစွာ တွေးတော ပြီး စဉ်းစားဆင်ခြင် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားဖြစ်တည်မှု၏ အဓိကကျသော ပင်မ အထောက်အပံ့မှာ ဖီလိုဆိုဖီသာ ဖြစ်သည်။ ဒဿနိကဗေဒ
https://my.wikipedia.org/wiki/%E1%80%92%E1%80%BF%E1%80%94%E1%80%95%E1%80%8A%E1%80%AC
လူသား
လူသား (Human Being)၊ လူ (Human) - သိပ္ပံအမည်မှာ "Homo Sapiens" ဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်အားဖြင့် "ဉာဏ်ပညာရှိသူ၊ သိတတ်နားလည်သူ" - သည် ဟိုမိုနီဒယ် (Hominidae) မိသားစု မျိုးနွယ်ဝင် ဘိုင်ပေဒယ် ပရိုင်းမိတ် (Bipedal Primates - ခြေနှစ်ချောင်းနှင့် လမ်းလျှောက်သူ) များဖြစ်သည်။ မိုက်တိုကွန်ဒရီရယ်ဒီအန်အေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများမှ တွေ့ရှိချက်အရ ခေတ်သစ် လူသား (Modeမn human) သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀,၀၀၀ ခန့်က အာဖရိက မှ ဆင်းသက်လာသည်။ လူတွင် အလွန် အဆင့်မြင့်သော ဦးနှောက် ပါသဖြင့် ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း၊ ပြန်လည် သုံးသပ်နိုင်စွမ်း (introspection)၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းနှင့် စိတ်ခံစားနိုင်စွမ်း (emotion) ရှိသည်။ ဤသို့သော စိတ်စွမ်းအားများနှင့် မတ်မတ်ရပ်နိုင်သော ကိုယ်ခန္ဓာများက ရှေ့လက်အား စိတ်လိုလက်ကျ လွတ်လွတ်လပ်လပ် အသုံးပြုစေနိုင်ပြီး အခြားမျိုးစိတ် (species) များထက် ကိရိယာများကို တီထွင် အသုံးပြုနိုင်သည်။ လူသည် ကမ္ဘာ့ နေရာ အနှံ့အပြားတွင် နေထိုင်ကျက်စားလျက်ရှိပြီး ကမ္ဘာ ပေါ်တွင် အန္တာတိက မှအပ အခြားတိုက်ကြီးများတွင် တွေ့ရှိနိုင်သည်။ ၂၀၁၉ ခုနှစ် တွင် ထုတ်ပြန်သည့် စာရင်းအရ ကမ္ဘာပေါ်တွင် လူဦးရေ ၇.၇ ဘီလျံခန့် ရှိသည်။ ၎င်းသည် ထိုမျိုးစိတ်တွင် Homo sapiens sapiens ဟု တစ်ခုတည်းသော မျိုးစိတ်ကွဲ (subspecies) သာ မပျောက်ကွယ်ပဲ ကျန်ရှိသည်။ မနုဿတ္တဘာဝေါ ဒုလ္လဘော နှစ်ပေါင်းမည်မျှဟု မခန့်မှန်းနိုင်သော အချိန်အခါ၌ ကမ္ဘာပေါ်တွင် တိရစ္ဆာန်ရိုင်းများ သွားလာကျက်စားနေကြစဉ်က တိရစ္ဆာန်ရိုင်းများ၏ အရိပ်အခြည်ကို ချောင်းမြောင်းကြည့်ရှု၍ ခိုးကြောင်ခိုးဝှက် သွား လာကျက်စားနေရသော သတ္တဝါမျိုးရှိခဲ့၏။ ထိုသတ္တဝါကား နောင်နှစ်ပေါင်းများစွာ ကြာသောအခါ လူဟူ၍ဖြစ်လာသော သတ္တဝါတည်း။ လူ ကမ္ဘာပေါ်တွင် လူဟူ၍ ပညတ်ခေါ်ဝေါ်ရသော သတ္တဝါသည်မည်သည့်အချိန်ကစ၍ ပေါက်လာခဲ့သည်ကို မည်သူမျှ တပ်အပ်သေချာစွာမပြောနိုင်ပေ။ သိပ္ပံပညာရှင်ကြီးများပင်လျှင် ကမ္ဘာမြေလွှာ အထပ်ထပ်အောက်တွင် နစ်မြုပ်နေသောအရိုးများ၊ ကျောက်သားမှဖဲ့၍ ပြုလုပ်ထားသော လက်နက်အသုံးအဆောင်ကိရိယာများ၊ တိရစ္ဆာန်များ၏ ဦးချိုနှင့် အစွယ်များ ဖြင့်ပြုလုပ်သော အရာဝတ္ထုများနှင့် မြေအောက်လှိုဏ်ဂူနံရံများတွင် ရေးဆွဲထားသည်။ ယခုအခါတွင် တိမ်ကောပပျောက်နေပြီဖြစ်သော တိရစ္ဆာန်ကြီး များ၏ ရုပ်ပုံများအစရှိသော ရှေးခေတ်၏ အမွေအနှစ်ပစ္စည်းများကို လေ့လာကြည့်ရှုကာ ကမ္ဘာဦးလူများ၏အကြောင်းကို မှန်းဆရုံမျှသာလျှင် မှန်းဆနိုင်ကြလေသည်။ အမှန်အားဖြင့်ကား လူဟူသောသတ္တဝါသည် တွေးထင်သည်ထက် များစွာပိုမို၍ ရှေးကျသောအခါကပင်လျှင် ကမ္ဘာပေါ်၌ ပေါ်ပေါက်ခဲ့လေသည်။ ကမ္ဘာတွင် လူသတ္တဝါဟူ၍ စတင်ပေါ်ပေါက်နေသည်မှာ ကမ္ဘာ့သမိုင်းကို စတင်မရေးသားမီ နှစ်ပေါင်းသိန်းသန်းများစွာကပင် ဖြစ်တန်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သမိုင်းကို ခရစ်မပေါ်မီ နှစ်ပေါင်း သုံးလေးထောင် လောက်ကမှသာ အက္ခရာစာလုံးများဖြင့် စတင်မှတ်တမ်းတင်ကြသောကြောင့်ဖြစ်၏။ ထို့အပြင် ကျောက်သားဖြင့်ပြုလုပ်သော နှစ်ပေါင်းထောင်သောင်းများစွာကပင် အသုံးပြုခဲ့ကြသော အရာဝတ္ထုများဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆကြလေသည်။ ထိုကျောက်ကိရိယာပစ္စည်းများကို လူများသည် နှစ်ပေါင်းမည်မျှကြာမှ လုပ်ကိုင်အသုံးချလာတတ်သည်ကိုလည်း ကျွန်ုပ်တို့ခန့်မှန်းရာတွင် ထည့်တွက်ရပေဦးမည်။ ဤသို့ နှစ်ပေါင်းမည်မျှဟု မခန့်မှန်းနိုင်သော အချိန်အခါက ကမ္ဘာမြေပြင်ပေါ်တွင် တိရစ္ဆာန်ရိုင်းများ သွားလာကျက်စားနေကြ သောအခါ သစ်ပင်အကိုင်းအခက်များအကြားမှနေ၍ တိရစ္ဆာန်ရိုင်းများ၏ အရိပ်အခြည်ကို ချောင်းမြောင်းကြည့်ရှု၍ ခိုးကြောင်ခိုးဝှက် သွားလာကျက်စားနေရသော သတ္တဝါတစ်မျိုးရှိ၏။ ထိုသတ္တဝါကား နောင်နှစ်ပေါင်းများစွာ ကြာသောအခါ လူဟူ၍ဖြစ်လာသော သတ္တဝါပေတည်း။ ထိုသတ္တဝါသည် လူဝံများကဲ့သို့အမွှေးစုပ်ဖွားရှိ၍ လက်သည်း၊ ခြေသည်းရှည်ကြီးများနှင့် ဖြစ်သော်လည်း ယခုလူကဲ့သို့ မတ်တတ်ရပ်၍ ခြေဖြင့်လမ်းမလျှောက်နိုင်သေးချေ။ မျောက်များကဲ့သို့သာ ခြေလက်များကို မြေပေါ်၌ထောက်၍ ခုန်ဆွခုန်ဆွ သွားလာနေကြလေသည်။ ကိုယ်လုံးကိုယ် ထည်မှာ ကြီးမားသန်စွမ်းသော်လည်း မိမိထက်ကြမ်းတမ်းခက်ထန်သော သားရဲတိရစ္ဆာန်များအနီးသို့ မချဉ်းကပ်ဝံ့ချေ။ စားရာတွင်လည်း တိရစ္ဆာန်များ၏ စားကြွင်းစားကျန်များနှင့် သစ်ဥသစ်ဖုများကိုသာ ရှာဖွေစားသောက် ရလေသည်။ ဤသို့ ရှာဖွေစားသောက်ရင်း အချို့မှာ သားရဲတိရစ္ဆာန်များ၏ ဘေးရန်ကို မခုခံနိုင်သောကြောင့် အစားခံကြရသည်။ အချို့မှာ ရှောင်နိုင် တိမ်းနိုင် ပြေးနိုင် လွှားနိုင်၍ ချမ်းသာရာရကြ၏။ အဖိုအမ ဟူ၍ရှိသော်လည်း အသိုက်အမြုံနှင့် အတူတကွ နေလေ့မရှိဘဲ တစ်ယောက်တည်း အစာရေစာပေါများ၍ ဘေးလွတ်ကင်းရာ အရပ်များတွင် နေလေ့ရှိတတ်ကြသည်။ ယင်းကဲ့သို့ တိရစ္ဆာန်များနှင့် ဘာမျှမခြားနားသော အရိုင်းဘဝမှနေ၍ ရှေးဦးလူသတ္တဝါများသည် တဖြည်းဖြည်းယဉ်ကျေးလာ၍ အသိဉာဏ် တိုးပြီးလျှင် အနေအထိုင်များ ပြောင်းလဲလာကြလေသည်။ သစ်ပင်များပေါ်၌သာ နေထိုင်ကျက်စားလေ့ရှိရာမှ မြေပြင်ပေါ်သို့ သက်ဆင်းနေထိုင်စပြုလာကြသည်။ မြေကြီးပေါ်တွင် အနေများလာသောအခါ တစ်စတစ်စနှင့် မတ်တတ်ရပ်နိုင်လာသည်။ ရှေးကကဲ့သို့ မြေကြီးပေါ်တွင် လက်ထောက်၍ ခုန်ဆွခုန်ဆွနှင့် သွားလာရန်မလိုတော့ဘဲ တစ်ခါတည်းခြေထောက်ပေါ်တွင် ရပ်ကာ ကိုယ်ကို မတ်မတ်ထားပြီးလျှင် လမ်းလျှောက်နိုင်လာ၏။ အဖို အမ တွဲ၍လည်းနေစပြု၏။ သစ်ရွက်သစ်ခက်များဖြင့် အဆောက်အအုံများကို ပြုလုပ်ကြ၏။ အစာရှာဖွေရန် ထွက်သောအခါ သစ်ကိုင်းများ တုတ်တိုများ ကိုကိုင်စွဲလျက်တိရစ္ဆာန်ငယ်များကို လိုက်လံသတ်ဖြတ်၍ အစိမ်းလိုက် ကိုက်ဖဲ့စားသောက်ကြသည်။ ထိုအချိန်က ရိုင်းစိုင်းကြမ်းတမ်းသော အသားစား လူသတ္တဝါများသာ ဖြစ်နေပေသေးသည်။ လူများသည် ဤမျှ ရိုင်းစိုင်းသောအခြေအနေတွင်ရှိစဉ် မီး၏အသုံးဝင်ပုံကို နားလည်ခဲ့ကြဟန် တူပေသည်။ သို့ရာတွင် မိမိတို့ အလို အလျောက် မီးဖိုခြင်း၊ မီးမွှေးခြင်းကိုမူကား မပြုလုပ်တတ်ကြသေးချေ။ ထိုသူများ မီး၏အသုံးဝင်ပုံကို သိရှိလာကြပုံမှာအတော်ပင် စိတ်ဝင်စားစရာ ကောင်းပေသည်။ တောတွင်း၌တစ်ခါတစ်ရံ မိုးကြိုးပစ် လောင်မီးကျသော အခါ တောထဲရှိ သစ်ပင်အချို့ကို မီးစွဲလောင်သဖြင့် အလွန်သန်စွမ်းသော တိရစ္ဆာန်သားကောင်ကြီးများသည် ထွန်းလင်းတောက်လောင်သော မီးရောင်ကို ကြောက်လန့်ကာ ထွက်ပြေးကြလေသည်။ ထိုမီး၏ အပူရှိန်ကြောင့် အေးချမ်းသောညဉ့်အခါများတွင်လည်း အနွေးဓာတ်ကိုရရှိကြသည်။ ထိုအခါမှစ၍ လူများသည်မီး၏ အသုံးဝင်ပုံကို သိလာကြလေသည်။ ထို့ပြင် မီးစွဲလောင်နေသော သစ်ကိုင်းသစ်ခက်များကို တစ်နေရာမှ တစ်နေရာသို့ ယူဆောင်သွားခြင်းဖြင့် မီးအလင်းရောင်ကို အသုံးချရမှန်းသိလာကြသည်။ တောမီးထဲသို့ ရောက်၍ သေဆုံးသော သားကောင်အချို့၏အသားများကိုစားကြည့်ကြသောအခါ ယခင်က အစိမ်းလိုက် ကိုက်ဖဲ့စားရသည်ထက် ပို၍အရသာရှိကြောင်းကိုလည်း တွေ့ရှိလာကြသည်။ ထိုမှတစ်ဆင့် ကျောက်တုံးတစ်ခုနှင့်တစ်ခု ထိခိုက်ပွတ်တိုက်မိရာမှ မီးပွင့်လာသည်ကို တွေ့ရှိသော လူများသည် မီးကို ကျောက်ဖြင့်လည်းကောင်း၊ သစ်ကိုင်း တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့်လည်းကောင်း ဖြစ်ပေါ်စေနိုင်သည်ကို သိရှိလာကြသည်။ ဤကားအလွန်တရာအရေးပါသောအသစ်တွေ့ရှိမှုကြီးတစ်ရပ်ပင်ဖြစ်လေသည်။ ယခုခေတ်တိုင်အောင် မည်သည့်သားရဲတိရစ္ဆာန်မှ မီးကိုမည်ကဲ့သို့ပြုလုပ်ရမည်ဟု မသိရှိကြလေရာ မီးကိုပြုလုပ်တတ်သော လူများသည် တိရစ္ဆာန်များထက် တပန်းသာ၍ တိုးတက်လာကြလေသည်။ မီးမွှေးနည်းကို တွေ့ရှိကြသည့်အချိန်မှစ၍ လူများ၏ ယဉ်ကျေးမှုသည် တစ်စထက်တစ်စ တိုးတက်လာပြီးလျှင် အသက်ကို ကာကွယ်ရန်လည်းကောင်း၊ အနွေးဓာတ်ကို ရရှိရန်လည်းကောင်း၊ အစားအစာများ ချက်ပြုတ်ရန်လည်းကောင်း မီးကို အသုံးပြုတတ်လာကြသည်။ ရှေးဦးလူများသည် ပထမတွင် တုတ်တိုများ၊ ကျောက်ခဲများ၊ အရိုးများမှ လွဲ၍ အခြားလက်နက်များကို မပြုလုပ်မသုံးစွဲတတ်ချေ။ သို့ရာတွင် ကျောက်ခဲများ၊ အရိုးများကို လက်နက်များဖြစ်အောင် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ၍ အသုံးပြုလာကြသည်။ သူတို့၏ ခန္ဓာများပေါ်တွင် အဝတ်မစားဗလာနတ္ထိ၊ သို့မဟုတ် အနည်းငယ်မျှ သာရှိလေသည်။ ပူအိုက်သော ရာသီတွင်ကား အဝတ်အစားလုံးဝမလိုချေ။ ညဉ့်အခါများတွင်ကား သစ်ပင်ထက်၌လည်းကောင်း၊ ဂူများအတွင်း၌လည်းကောင်း ခိုလှုံနေရ၍ သားရဲတိရစ္ဆာန်များ၏ ဘေးကိုတထိတ်ထိတ် တလန့်လန့်နှင့်ပင် နေကြရသေးသည်။ ထိုခေတ်က လူများ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ယဉ်ကျေးလာပုံကိုကား အထောက်အထား အစအနများစွာမရှိသေး၍ အသေအချာ မသိရှိရသေးဘဲ မှန်းဆရုံသာ မှန်းဆကြည့်ရပေသည်။ သို့ရာတွင် ရှေးဦးလူများသည် ကျောက်ဂူများတွင် ခိုလှုံကြသောအခါသူတို့၏ နောင်လာ နောက်သား အစဉ်အဆက်များသည်လည်း ကျောက်ဂူများ၌သာ ဆက်လက် နေထိုင်ကြ၍ မိမိတို့အသုံးပြုခဲ့ကြသော ကျောက်အသုံးအဆောင်ကိရိယာများ၊ အရိုးများ စသည်တို့ကို ကျောက်ဂူများအတွင်း၌ ထားရစ်ခဲ့သည်ကို တွေ့ရှိရသည်။ ရှေးဦးလူများအကြောင်းနှင့် စပ်လျဉ်း၍ ကမ္ဘာပေါ်ရှိ သိပ္ပံပညာရှင်ကြီးတို့သည် မိမိတို့ကျွမ်းကျင်သည့်ဘက်မှစုံစမ်းရှာဖွေတွေ့ရှိရသော အချက်အလက်များကို စုပေါင်း၍ ဖက်စပ်ကြည့်ခြင်းအားဖြင့် ရှေးအကျဆုံး လူများ၏ ပုံသဏ္ဌာန်ကို မှန်းဆကြည့်ကြသည်။ ယင်းသို့ စုံစမ်းရှာဖွေကြရာ ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ပီကင်းမြို့တော်အနီး၌ မြေအောင်းဂူတစ်ခုထဲမှ လူ၏ဦးခေါင်းခွံတစ်ခုကို တူးဖော်တွေ့ရှိကြလေ သည်။ ဦးခေါင်းခွံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅,ဝဝဝ,ဝဝဝ မှ ၁,ဝဝဝ,ဝဝဝစပ်ကြားတွင် နေထိုင်ခဲ့သော လူ၏ဦးခေါင်းခွံ ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ ထိုဦးခေါင်းခွံကို ရှေးဦးစွာတွေ့ရှိသူမှာ တရုတ်နိုင်ငံ ဘူမိဗေဒ သုတေသနအသင်းမှ ဒဗျူစီပေးဆိုသူဖြစ်၍ ဦးခေါင်းခွံကို လေ့လာစူးစမ်းသူ မှာ ပါမောက္ခဒေးဗစ်ဆန်ဗလက် အမည်ရှိ ကနေဒီယန်လူမျိုး သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ ထိုဦးခေါင်းခွံကို လေ့လာကြည့်ရှုကြသောအခါ နောက်သို့ဆုတ်နေသော နဖူးနှင့် ကြီးထွားသန်မာသော မျက်ခုံးရိုးများကို တွေ့ရသည်။ ခေါင်းခွံရိုးမှာ လွန်စွာထူထဲ၍ ယခုခေတ် လူများ၏ပါးလွှာသော ခေါင်းခွံရိုးနှင့် သိသိသာသာကြီး ကွာခြားလေသည်။ သွားများမှာ လူ၏သွားကဲ့သို့ပင်ဖြစ်သော်လည်း မေးရိုးမှာကြီးထွားတုတ်ခိုင်သည်။ ဦးခေါင်းခွံရှင် လူ၏ အသိဉာဏ်မှာကား ယခုခေတ် ဉာဏ်အနည်းဆုံးရှိသော လူများ၏ အသိဉာဏ်လောက်သာရှိသည်ဟု ယူဆကြသည်။ အားလုံးကို ခြုံ၍ကြည့်လိုက်လျှင် မျောက်တစ်ဝက် လူတစ်ဝက်ဖြစ်သော ပုံသဏ္ဌာန်တစ်ခုကို ထင်မြင်လာပေမည်။ မစ္စတာပေးသည် မိမိ၏ သုတေသနလုပ်ငန်းများကို ဆက်လက်ပြုလုပ်သွားရာ နောက်နှစ်နှစ်မျှ ကြာသောအခါ ဦးခေါင်းခွံကိုတွေ့ရှိသော ဂူထဲ၌ပင် ရှေးခေတ်လူများအသုံးပြုခဲ့ကြသည့် ကျောက်သားဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ကိရိယာပစ္စည်းများကို တွေ့ရှိပြန်လေသည်။ ကျောက်ကိရိယာများနှင့်အတူ ရှေးလူများ မီးကိုသုံးစွဲခဲ့သည်ကိုပြသော အထောက် အထားများကိုပါ တွေ့ရှိသေးသည်ဟုဆို၏။ အထက်ပါတွေ့ရှိချက်များမှ ကျွန်ုပ်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ငါးသိန်းမှ တစ်သန်းအထိ အချိန်အခါက လူများ၏ အသိဉာဏ်အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်ပေသည်။ ရှေးဦးလူများ အကြောင်းနှင့်စပ်လျဉ်း၍ အခြားအထောက်အထား တစ်ခုမှာ ၁၉ဝ၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟိုင်းဒယ်ဗတ်မြို့အနီး၌ တွေ့ရှိ သော အောက်ပိုင်းပါးရိုးတစ်ခုပင် ဖြစ်သည်။ ထိုပါးရိုးကို အခြေခံထား၍ သတ္တဝါပုံပန်းသဏ္ဌာန်ကိုနှိုင်းယှဉ်သော ခန္ဒာဗေဒပညာဖြင့် မှန်းဆကြည့်သောအခါ ယခုလူများ၏ ပုံသဏ္ဌာန်နှင့် များစွာခြားနားသော လူတစ်ဦး၏ ပုံသဏ္ဌာန်ကို တွေ့ရှိရလေသည်။ ပါးရိုးမှာ တုတ်ခိုင်သန်မာ၍ မေးရိုးအဖြစ်ထိုးထွက်သောအပိုင်းကိုမတွေ့ရှိရချေ။ ထိုအရိုးကို တွေ့ရှိသောနေရာမှာ မြေအောက်ပေ ၈ဝ အနက်တွင်ဖြစ်၍ အနီးအနားတွင်လည်း ယခုခေတ်၌ တိမ်ကောနေပြီဖြစ်သော ဆင်ကြီး၊ ကြံ့ကြီး များ၏ အရိုးအစအနများကို တွေ့ရှိရသည်ကို ထောက်ခြင်းအားဖြင့် ပါးရိုးရှင်လူသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ,ဝဝဝ ခန့်က နေထိုင်ခဲ့သောလူဟု ခန့်မှန်းရပေသည်။ ရှေးဦးလူများအကြောင်း စုံစမ်းရှာဖွေလာရာတွင် တစ်ခါတစ်ရံ သိပ္ပံပညာရှင်များ အချင်းချင်း အငြင်းပွားကြသည်။ ၁၉၁၁ ခုနှစ်တွင် အင်္ဂလန်ပြည် ဆပ်ဆက်နယ်၌ တူးဖော်ရရှိသော ပိလဒေါင်း ဦးခေါင်းခွံနှင့် စပ်လျဉ်း၍ အပြင်းအထန် အငြင်းပွားကြလေသည်။ ဦးခေါင်းခွံမှာ လူ၏ ဦးခေါင်းခွံမှန်း သိသာထင်ရှားသော်လည်း မေးမရှိသော အောက်ပါးရိုးနှင့် ကြီးမားသော သွားစွယ်များမှာကား မျောက်ဝံနှင့်တူလှ၏။ သို့ဖြစ်၍ ဦးခေါင်းခွံနှင့် ပါးရိုးရှင်များသည် တစ်ခြားစီလောဟု တွေးတောစရာ ဖြစ်နေ ပေသည်။ ဂျာမနီနိုင်ငံ၊ နေယန်းဒါတောနယ်တွင်လည်း ရှေးခေတ်လူများ၏ ရုပ်ကလာပ် အကြွင်းအကျန်များကို တွေ့ရှိရပေသည်။ နေယန်းဒါတော လူများမှာကာ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ,ဝဝဝ နှင့် ၁ဝဝ,ဝဝဝ အတွင်း နေထိုင်ခဲ့သည်ဟု ယူဆရသည်။ သူတို့ကား ကျောက်လက်နက် ကိရိယာများ ပြုလုပ်သုံးစွဲ၍ ဂူများ၌နေသည်။ မီးကိုလည်း အသုံးပြုရမှန်းသိ၍ တိရစ္ဆာန် ကလေးများကို လိုက်လံသတ်ဖြတ်၍ စားသောက်ကြသည်။ ပြင်သစ်နိုင်ငံတွင်တူးဖော်ရရှိသော အရိုးစုများမှာကား ကရိုမာညွှန်လူများ၏ ရုပ်ကလာပ်အစအနများ ဖြစ်ကြသည်။ သူတို့ကား အတော်အတန်ယဉ်ကျေးသော အဆင့်အတန်းသို့ရောက်နေ၍ ယခုခေတ်လူများနှင့် မျိုးစိတ်ချင်းအတူတူဖြစ်မည်ဟု ယူဆကြသည်။ ကရိုမာညွန်လူများနောက် နေထိုင်ကြသောသူများမှာ နောက်ဆုံးကျောက်ခေတ်လူများပင် ဖြစ်တော့သည်။ ရှေးဟောင်းပစ္စည်းများကို မြေကြီးထဲမှ တူးဖော်၍ လေ့လာသူ ပညာရှိကြီးများသည် လူ၏သမိုင်းကို ခေတ်အမျိုးမျိုး ပိုင်းခြားထားခဲ့ကြသည်။ ရှေးအကျဆုံးခေတ်မှာ ကျောက်သားဖြင့် ပြုလုပ်သည့် ကရိယာ အကြမ်းစားများကို စတင်အသုံးပြုသော ခေတ်ဖြစ်၍ ကျောက်ခေတ်၏ရှေ့ပြေးခေတ်ဟုခေါ်သည်။ ထိုခေတ်ကလူများသည် ကျောက်တုံး၊ ကျောက်ခဲများကို ထုရိုက်ခုတ်ထစ်စရာ ကိရိယာအဖြစ် စတင်အသုံးပြုကြသည်ဟု ယူဆရသည်။ သို့ရာတွင် ထိုကျောက်ကိရိယာများမှာ လူ၏လက်ဖြင့်ကျောက်သားမှ ထွင်းဖဲ့ကာ ပြုပြင်ယူရသော ပစ္စည်းများလော၊ သို့မဟုတ် သဘာဝအတိုင်း ပွန်းပဲ့ထိခိုက်ခြင်းဖြင့် အလိုအလျောက် လက်နက်ကိရိယာသဖွယ် ဖြစ်လာသောအရာများလောဟူ၍ တပ်အပ်သေချာစွာပြောနိုင်ရန် ခဲယဉ်းလေသည်။ ထို့နောက် တစ်ခေတ်ပြောင်းခဲ့ပြန်ရာ ကျောက်ခေတ်ဟောင်းသို့ ရောက်လာကြလေသည်။ ကျောက်ခေတ်ဟောင်းကျမှ သာလျှင် လူများသည် ကျောက်ကိရိယာများကို ပြုပြင်၍ အသုံးပြုကြလေသည်။ ထိုခေတ်က လူများကို ကျောက်ခေတ်ဟောင်းလူများဟုခေါ်သည်။ ကျောက်ခေတ်ဟောင်းတွင် အသုံးပြုကြသော ကျောက်ကိရိယာများမှာ လက်ရာကြမ်းတမ်း၍ မောင်းချထားသဏ္ဌာန် ချွန်ထက်သောအစောင်းများရှိသည်။ သို့ရာတွင် ထိုခေတ်၏ နောက်ပိုင်း၌ အသုံးပြုကြသည့် ကျောက်ကိရိယာများမှာ ရှေးကထက်ပို၍ လက်ရာချောမွေ့လာလေသည်။ ကျောက်ကိရိယာများကို ပြုလုပ်ရာတွင် ယခင်ကကဲ့သို့ ကျောက်အချင်းချင်းထုရိုက်ခြင်းဖြင့် မဟုတ်ဘဲ လိုရာ ပုံသဏ္ဌာန်ရအောင် ဖိ၍သွေးခြင်းဖြင့်ပြုလုပ်ကြရာ ကျောက်ကိရိယာများမှာ ပိုမိုသေသပ်၍ တစ်ခုနှင့်တစ်ခု မကွဲပြားလှချေ။ ကျောက်ခေတ်ဟောင်းကုန် ခါနီးတွင် နေထိုင်ခဲ့ကြသော လူများသည် ချောမွေ့သော ကျောက်ကိရိယာ များသာမက တိရစ္ဆာန်များ၏ အရိုးများ၊ ဦးချိုများနှင့် အစွယ်များဖြင့်လည်း ကိရိယာများကို ပြုလုပ်ကြ၏။ ကျောက်ခေတ်ဟောင်း၏ သက်တမ်းမှာ နှစ် ထောင်ပေါင်းများစွာကြာသည်ဟုခန့်မှန်းကြသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်ခေတ်ဟောင်းတွင် အသုံးပြုခဲ့ကြသော ကျောက်ကိရိယာများကို အတိမ်အနက်အမျိုးမျိုးရှိသော မြေကြီးအောက်မှ တူးဖော်ရရှိ၍ အလွန်ကြမ်းတမ်းသော အဆင့်မှ လက်ရာချောမွေ့လာသော အဆင့်များအထိအဆင့်ဆင့် တိုးတက်လာပုံကို တွေ့ရှိရသောကြောင့်ဖြစ်ပေသည်။ ကျောက်ခေတ်ဟောင်း ကုန်ဆုံးသွားသောအခါ အလယ်ပိုင်း ကျောက်ခေတ်သို့ ရောက်ရှိလာသည်။ ထိုခေတ်မှာ ကျောက်ခေတ်ဟောင်းမှ ကျောက်ခေတ်သစ်သို့ အကူကြားကာလဖြစ်သည်။ ထိုခေတ်တွင် အသုံးပြုသော ကျောက်ကိရိယာများမှာ ကျောက်ခေတ်ဟောင်းကိရိယာများထက် လက်ရာအနည်းငယ်ညံ့လာသည်ကိုတွေ့ရှိရသည်။ သို့ရာတွင် ထိုခေတ်က အသုံးပြုခဲ့ကြဟန်တူသော ဆေးရောင်ခြယ်ထားသည့် ကျောက်စရစ်ခဲကလေးများကို တွေ့ရှိရလေရာ ထိုကျောက်စရစ်များကို အက္ခရာစာလုံး အမှတ်အသားအဖြစ် အသုံးပြုခဲ့ကြသလော၊ သို့မဟုတ် အယူဝါဒဆိုင်ရာ အထိမ်းအမှတ်အဖြစ် အသုံးပြုခဲ့ကြသလောဟု အမျိုးမျိုးတွေးတောစရာ ဖြစ်နေသည်။ အလယ်ပိုင်းကျောက်ခေတ် ကုန်ဆုံးသွားသောအခါ နောက်ဆုံးဖြစ်သော ကျေက်ခေတ်သစ်သို့ရောက်ရှိလာလေသည်။ နောက်ဆုံးကျောက်ခေတ်သစ် ထွန်းကားသောအချိန်မှာ တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည်တွင် တစ်ပြိုင်တည်းမဟုတ်ဘဲ နှစ်ပေါင်းများစွာ ခြားနားလေသည်။ အီဂျစ်နိုင်ငံတွင် ကျောက်ခေတ်သစ်ထွန်းကားချိန်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ,ဝဝဝ ခန့်က ဖြစ်၍ ကရိကျွန်းတွင်မူ လွန်ခဲ့သော နှစ်ပေါင်း ၁၄,ဝဝဝ ခန့်ကလည်းကောင်း၊ ဥရောပ အနောက်ပိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၇ဝဝဝ မှ ၈ဝဝဝ ခန့်ကလည်းကောင်း အသီးအသီး ထွန်းကားခဲ့ကြလေသည်။ ကျောက်ခေတ်သစ်တွင် အသုံးပြုသော ကျောက်ကိရိယာများသည် ယခင်ခေတ်များကထက် လှပချောမွေ့လာပြီးလျှင် အသုံးကျပုံနယ်ပယ်မှာလည်း ပိုမို၍ ကျယ်ဝန်းလာလေသည်။ ထိုခေတ်တွင် နေထိုင်ကြသော လူများသည် အိုးခွက်များနှင့် လေးမြားတို့ကိုလည်း အသုံးပြုကြလေသည်။ ထို့အပြင် တောထဲမှ တိရစ္ဆာန်အရိုင်းများကို အိမ်တွင် ယဉ်ပါးအောင်မွေးမြူခြင်း၊ အသီးအနှံပင်များစိုက်ပျိုးခြင်း၊ အဝတ်အထည်ရက်လုပ်ခြင်း စသည်တို့မှာလည်း ကျောက်ခေတ်သစ်၏ မှတ်သားဖွယ်ရာ အကြီးအကျယ် တိုးတက်မှုများပင် ဖြစ်လေသည်။ နောက်ဆုံး ကျောက်ခေတ်သစ်တွင် လူများကို အရိုင်းဘဝမှ ယဉ်ကျေးသော လူများအဖြစ်သို့ ပို့ဆောင်လိုက်သောအရာမှာ အိုးခွက်များကို ရှေးဦးစွာ အသုံးပြုခြင်းပင် ဖြစ်၏။ အိုးခွက်များကို တီထွင်ပြုလုပ်နိုင် သောအခါ အစားအစာများကို ချက်ပြုတ်၍စားသောက်ကြလေသည်။ လူများ၏ အစားအစာနယ်ပယ် ကျယ်ဝန်းလာ၍ အငွေ့တထောင်းထောင်းထကာ ဆူပွက်နေအောင် ချက်ထားသော အိုးပတ်လည်တွင် လူများအစုလိုက် ဝိုင်းရံ ၍ နေတတ်ကြသည်။ ထို့အပြင် ရှေးကထက် တိုးတက်ကောင်းမွန်သော ကျောက်ကိရိယာများကို အသုံးပြု၍ နေထိုင်ရန် အိမ်များ၊ မြစ်ချောင်း အင်းအိုင်များကို ဖြတ်ကူးရန် လှေများနှင့် အစားအစာများထည့်ရန် သစ်သားပန်းကန် အိုးခွက်များကို ပြုလုပ်ကြလေသည်။ ဥရောပတိုက် ဒိန်းမတ်နိုင်ငံ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ကျောက်ခေတ်သစ်လူများ နေထိုင်ခဲ့သော နေရာများစွာရှိလေသည်။ ထိုနေရာ တစ်ဝိုက်တွင် ရှေးဦးလူများသည် ကျောက်များပေါ်တွင် အခြေခံထားကာ ကျူပင်များကိုရက်၍ ရွှံ့များဖြင့် မံပြီးလျှင် တဲငယ်များဆောက်၍ နေထိုင်ခဲ့ကြလေသည်။ သူတို့သည် အကြမ်းပြုလုပ်ထားသော လှေများဖြင့် ပင်လယ်ကမ်းခြေမှထွက်ခွာ၍ ခရု၊ ကမာ စသည်များကို လိုက်လံရှာဖွေကြသည်။ ကုန်းပေါ်တွင်ကား နွားရိုင်းများကို လိုက်လံပစ်ခတ်ကြသည်။ အစာရသောအခါ မီးဖိုဘေးပတ်လည်တွင်ဝိုင်း၍ စားကြပြီးလျှင်အခွံများ၊ အရိုးများနှင့် အမှိုက်များကို အနားတွင်ပစ်ထားလေရာအပုံကြီးများ အဖြစ် ကျန်ရစ်နေ လေသည်။ ရှေးဟောင်းပစ္စည်းများအဖြစ် ကျန်ရစ်နေလေသည်။ ရှေးဟောင်းပစ္စည်းများကိုတူးဖော်၍ ထိုခေတ်ကလူများ မည်သို့မည်ပုံ နေထိုင်ကြသည်ကို တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ယင်းသို့အားဖြင့် လူများသည် ရှေးဟောင်းကျောက်ခေတ်မှ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြလေရာ တဖြည်းဖြည်း လူများ၏အသိဉာဏ် တိုးတက်လာသည်နှင့်အမျှ နေရေးထိုင်ရေး အဆင့်အတန်းမှာလည်း မြင့်တက်လာလေသည်။ လူများသည် သီးနှံပင်များကိုစိုက်ပျိုးခြင်း၊ တောတိရစ္ဆာန်ရိုင်းများကို အိမ်၌ယဉ်ပါးအောင် မွေးမြူနိုင်ခြင်း စသည်တို့ကို တတ်ကျွမ်းလာသောအခါ လူများ၏အသက်မွေးမှု နည်းလမ်းများသည်လည်း နှစ်မျိုးနှစ်စား ကွဲပြားလာလေသည်။ အချို့သော လူများသည် တစ်နေရာတွင် လယ်ယာစိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးမြူကြ၍ အချို့မှာ မြက်ခင်းရှိရာ ဒေသများတွင် သိုး၊ ဆိတ်၊ ကျွဲ၊ နွားများကို ထိန်းကျောင်း ခြင်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ တိရစ္ဆာန်များကို ထိန်းကျောင်း၍ အသက်မွေးသော သူများသည်နွေအခါတွင် မြောက်ပိုင်းရှိ မြက်ခင်းများတွင်နေထိုင်ကြ၍ ဆောင်းရာသီတွင် တောင်ပိုင်းရှိ မြက်ခင်းများသို့ ပြောင်းရွှေ့ကာ သိုးသား၊ ဆိတ်သားများနှင့် နွားနို့၊ ဆတ်နို့များကို စားသောက်နေထိုင်ကြသည်။ ထိုသူများမှာ နေဒဏ်၊ မိုးဒဏ် ကိုခံကာ အလုပ်ကြမ်းကို လုပ်ကိုင်နေထိုင်ကြရသောကြောင့် ကိုယ်ခန္ဓာကြမ်းတမ်းခက်ထန်ပြီးလျှင် တစ်နေရာတည်းတွင် အိုးအိမ်အတည်တကျ နေထိုင်လေ့ရှိကြသော လယ်ယာသမားများကို သွားရောက်တိုက်ခိုက်လေ့ရှိကြလေသည်။ ကျောက်ခေတ်များ ကုန်ဆုံးပြီးနောက်တွင်ကား သတ္တုခေတ်သို့ ရောက်ရှိလာသည်။ လူတို့ ပထမဦးစွာ အသုံးပြုသော သတ္တုကိရိယာများမှာ ကြေးနီဖြင့်လုပ်သော ကိရိယာတန်ဆာပလာများဖြစ်သည်။ ကြေးနီခေတ် ကုန်ဆုံးသွားသည့်နောက် နှစ်ပေါင်း ၁၅ဝဝ မျှကြာသောအခါ ကြေးဝါ ခေတ်သို့ ရောက်ရှိလာသည်။ သံကိုမူ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်ကမှသာ ဥရောပတိုက်တွင် စတင်အသုံးပြုခဲ့ကြလေသည်။ ယင်းသို့အားဖြင့် သိပ္ပံပညာရှင်ကြီးများ စုံစမ်းရှာဖွေရရှိသော ပါဏဗေဒနှင့် ဘူမိဗေဒဆိုင်ရာ အထောက်အထားများကို ထည့်သွင်းစဉ်းစားသောအခါ လူသည် မိမိထက်နိမ့်ကျသော သတ္တဝါတစ်ခုမှ တဖြည်းဖြည်းပြောင်းလဲဆင်းသက်လာသည်ဟူသော အဆုံးသတ်အဖြေ ရရှိလေသည်။ ထို့အပြင် ယနေ့သိရှိကြသည့်အတိုင်း လူမျိုးများသည် တဖြည်းဖြည်း ပြောင်းလဲလာခြင်းမှ ပေါက်ဖွားလာသည် ဟူသောအချက်ကို ရရှိလေသည်။ သို့ရာတွင် ယခုခေတ်လူများ ဖြစ်ပေါ်ပုံအစနှင့် တိမ်ကောသွားပြီဖြစ်သော မျောက်ဝံတစ်မျိုး၏ သဏ္ဌာန်အကြားတွင် မည်သို့ဖြစ်ပျက်သည်ဟူသော အထောက်အထားများကိုမူ ယခုထက်တိုင်စုံစမ်းရှာဖွေ၍ မရသေးချေ။ ကိုးကား လူ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%9E%E1%80%AC%E1%80%B8
မန္တလေး နန်းတော်
မန္တလေးနန်းတော် သည် မန္တလေးမြို့တွင်တည်ရှိပြီး ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးနန်းတော်ဖြစ်သည်။ မင်းတုန်းမင်းသည် မန္တလေးမြို့သစ်ကို တည်သောအခါ တပါတည်း နန်းတော်ကိုပါ ၁၈၅၇ နှင့် ၁၈၅၉-ခုနှစ်အတွင်း တည်ဆောက်ခဲ့သည်။ မန္တလေးနန်းတော်၏ ပုံစံသည် ယခင်နန်းတော်ဟောင်းများအတိုင်းဖြစ်ပြီး မြို့ရိုးနှင့် ကျုံးတို့က ဝန်းရံထားသည်။ နန်းတော်သည် ဝင်းအလယ်ဗဟိုတွင် တည်ရှိပြီး အရှေ့ဘက်ကို မျက်နှာမူထားသည်။ နန်းဆောင်အားလုံးမှာ တစ်ထပ်သာဖြစ်ကြသည်။ နန်းဆောင်ပေါ်ရှိ ပြာသာဒ်အဆင့် အရေအတွက်သည် အဆောင်ပိုင်ရှင်၏ အရေးပါမှုကို ပြသည်။ မန္တလေးနန်းတော်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့သာ စိုးစံတော်မူခဲ့သည်။ တတိယ အင်္ဂလိပ်−မြန်မာ စစ်ပွဲပြီးဆုံးသောအခါ၊ ဗြိတိသျှစစ်တပ်က နန်းတော်တွင်းဝင်ရောက်ပြီး ဘုရင့်မိသားစုကို ဖမ်းခေါ်ဆောင်သွားပြီး နန်းတော်ကိုလည်း သိမ်းပိုက်ထားခဲ့သည်။ ထို့နောက် ဗြိတိသျှတို့က နန်းတော်ကို ဒပ်ဖရင်ခံတပ် အဖြစ်ပြောင်းလဲခဲ့သည်။ ဗြိတိသျှတို့ အုပ်စိုးစဉ် ကာလတလျှောက်လုံး နန်းတော်သည် အမျိုးသားရေး အမှတ်အသား အဖြစ်တည်ရှိခဲ့သည်။ နန်းဆောင် တော်တော်များများမှာ ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး နန်းဆောင်အနည်းငယ်နှင့် နန်းမြင့်မျှော်စင်သာ ကျန်ခဲ့သည်။ ထို့နောက် ၁၉၉၀ လွန်နှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ယနေ့အခါ မန္တလေးနန်းတော်သည် နိုင်ငံခြားသားများ လည်ပတ်ရာ အဓိကနေရာအဖြစ် တည်ရှိနေသည်။ ရှေးမြန်မာမြို့တော်ဟောင်း၏ မြို့ရိုးဟောင်း၊ ၊ မြို့ရိုးပျက်များကို ယခုတိုင်တွေ့မြင်နိုင်ပေသေးသည်။ လွန်ခဲ့သည့် အနှစ် ၁ဝဝ ကျော်က မင်းတုန်းမင်း တရားတည်ဆောက်ခဲ့သည့် မန္တလေးမြို့ရိုးကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက အမြောက်ဒဏ်များကို မရှုမလှ ခံခဲ့ရသဖြင့် အချို့အပိုင်းများပျက်စီးခဲ့သော်လည်း ထင်ထင်ရှားရှားပင် တည်ရှိနေသေးသဖြင့် မြန်မာတို့၏ မြို့ရိုးအသွင်အပြင်ကို နမူနာဆောင်လျက်ရှိပေသေးသည်။ အမည် နန်းတော်၏ အမည်ကို မြနန်းစံကျော် ရွှေနန်းတော် ဟု တရားဝင်ထုတ်ပြန်သော အမိန့်တော်များတွင် တွေ့ရသည်။ ရွှေနန်းတော်ကြီးဟုလည်း ခေါ်သည်။ နန်းမြို့ကိုမူ လေးကျွန်းအောင်မြေဟု သမုတ်တော်မူသည်။ သမိုင်း မင်းတုန်းမင်းကြီးက ၁၈၅၇ ဖေဖော်ဝါရီတွင် မြို့သစ်တည်သောအခါ နန်းတော်ကိုပါ တပါတည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မြို့သစ်တွင် အကွက်ပေါင်း ၁၄၄ ကွက်ပါဝင်သည်။ နန်းတော်ဝင်းတွင် ၁၆ ကွက်ပါဝင်သည်။ ၄၁၃ ဟက်တာ ရှိသော နန်းတော်ဝင်းကို လေးဖက်လေးတန်တွင် ၂ ကီလိုမီတာ အရှည်ရှိသော မြို့ရိုး နှင့် ရေကျုံး(အကျယ် ၆၄ မီတာ၊ အနက် ၄.၅မီတာ) တို့က ကာရံထားသည်။ မြို့ရိုး တစ်လျှောက် ၁၆၉ မီတာတိုင်းတွင် ရဲမက်များ ကင်းစောင့်နိုင်ရန် သူရဲခို များ ထည့်သွင်းတည်ဆောက်ထားသည်။ မြို့ရိုးတစ်ဖက်စီတွင် တံခါးသုံးပေါက်စီရှိကာ စုစုပေါင်း တံခါး၁၂ပေါက်ရှိသည်။ ထိုတံခါးများတွင် နာမည် ကိုယ်စီရှိသည်။ ပတ်လည်တွင် ကျုံးကို ကူးရန် တံတား ၅ စင်း ရှိသည်။ ၁၈၅၇ ဇွန် လတွင် စတင်တည်ဆောက်ခဲ့သည်။ ၁၈၅၂ တွင် ဖြစ်ပွားခဲ့သော ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲအပြီးတွင် နိုင်ငံအောက်ပိုင်း ကို သိမ်းပိုက်ခံထားရသော မြန်မာမင်းများသည် ကြီးမားထည်ဝါသော နန်းတော်ကြီးကို ဆောက်လုပ်ရန် အခြေအနေမပေးတော့ပေ။ အမရပူရ နန်းတော်ဟောင်းကို ဖျက်သိမ်း၍ မန္တလေးတောင်ခြေ ရှိ နန်းတော်သစ် သို့ ဆင်များဖြင့် ပြောင်းရွေ့ခဲ့သည်။ ၂၃ မေ ၁၈၅၉ တွင် နန်းတော်သစ် ဆောက်လုပ်ခြင်း အလုံးစုံ ပြီးစီးခဲ့သည်။ ဗြိတိသျှတို့ က ၁၈၈၇ ခုနှစ်တွင် ကျူးကျော် သိမ်းပိုက်ခဲ့ပြီးနောက် နန်းတွင်း လက်ရာ ပစ္စည်းများကို ဖျက်ဆီး၍ အချို့ကို ယူဆောင်သွားခဲ့သည်။ ၎င်းတို့ထဲမှ အချို့ကို လန်ဒန်ရှိ ဝိတိုရိယ နှင့် အဲလ်ဘတ် ပြတိုက် တွင် ယခုအခါ ပြသထားသည်။ ဖျက်ဆီးခံရမှုများတွင် နန်းတွင်းပိဋကတ်တိုက်လည်း ပါဝင်သည်။ ဗြိတိသျှိတို့က နန်းတော်ကို ဒပ်ဖရင် ခံတပ် အဖြစ် အသွင်ပြောင်းပြီး အသုံးပြုခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က ထောက်ပံ့ရေး စခန်းအဖြစ် အသုံးပြုခဲ့ပြန်သည်။ ထို့နောက် မဟာမိတ်တို့ က ဗုံးကြဲခဲ့သောကြောင့် မီးလောင်ကျွမ်းခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်လွန်များတွင် ပြန်လည်တည်ဆောက်သော အခါ ပုံစံတူကို ဆောက်လုပ်ခဲ့ပြီး အသုံးပြုသော ပစ္စည်းများ မတူတော့ပေ၊ ဥပမာ အမိုးကို သွပ်မိုးသုံးထားခြင်း။ နန်းဆောင် တစ်ခုကို သီပေါမင်း လက်ထက်က ဖျက်သိမ်းကာ ရွှေနန်းတော် ဘုန်းကြီးကျောင်း အဖြစ် ပြန်လည် တည်ဆောက် ခဲ့သည်။ ၎င်း သည်ပင် မူလသစ်သားနန်းတော်၏ တခုတည်းသော လက်ကျန် အဆောက်အဦး ဖြစ်သည်။ နန်းမြို့ စတုရန်း လေးမျက်နှာ၊ တာပေါင်း (၂၄ဝဝ)ရှိသော မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး (၁၂)ပေါက်၊ ထောင့်ပြကြီး ၄ လုံးနှင့် ပြငယ် (၃၂)ခု ရှိသည့် အားလျော်စွာ (၄၈) ဌာနတို့၌ ပြာသာဒ် ဆောင်ပေါင်း (၄၈)ဆောင် ရှိသည်။ စလေဆရာ ဦးပုညကရတနာနဒီ မော်ကွန်းတွင်- "ဓာတုမဏ္ဍ၊ ပတ်လည်ချသား၊ ကွန်းမပြာသာဒ်၊ ဒွါဒရသ်လည်း၊ မျဉ်းခတ်တသွန်၊ စတုကဏ်၌ ဗိမာန်လေးသွယ်၊ ဘဝဂ်ကယ်မျှ၊ တနယ်တနယ်၊ တလာပယ်မူ၊ ရွှေကြယ်ငွေကြယ်၊ မျက်စုံခြယ်လျက်၊ တိမ်စွယ်ထဲချောင်၊ ရဲရဲပြောင်သည်၊ ရှစ်ဆောင်ရှစ်ဆောင်၊ ရစ်မြှောင်ဝန်းလည်၊ ရွှန်းရွှန်းကြည်မျှ၊ ရောင်ခြည်တွဲ့တွဲ့၊ ယိုအံ့ကဲ့သို့၊ လေးဆယ့်ရှစ်တန်၊ ဝေဇယန်လည်း၊ ဘုန်းဝှန်သတိုး၊ ရှင့်တန်ခိုးကြောင့်၊ လိုစိုးမျက်မှောက်၊ မြေမှပေါက် ၏" ဟု စပ်ဆိုခဲ့လေသည်။ မြို့ရိုး မန္တလေးရွှေမြို့တော်ကြီးကို သာသနာနှစ် ၂၄ဝဝ ပြည့်မှီအောင် ၁၂၁၈ ခုနှစ်က စတင် တည်ဆောက်ခဲ့သည် ဆိုသော်လည်း၊ မြို့ရိုးနှင့်တစ်ကွ ခုနစ်ဌာနတို့ကိုမူကား ၁၂၂၁-ခုနှစ်၊ ကဆုန်လမှ အုတ်မြစ်ချ၍ တည်လုပ်ရသည်။ အုတ်မြို့ရိုးသည် အုတ်မြစ်သံတောင် ၁ တောင်၊ အုတ်ရိုးထု ၁ တာ၊ အရပ် သံ ၁၅ တောင်၊ သူရဲခို အမြင့် သံ ၃ တောင်၊ နှစ်စု အုတ်မြို့ရိုး အမြင့် ၁၈ တောင်၊ အချင်းတစ်မျက်နှာ တာ ၆ဝဝ၊ ၄ မျက်နှာ တာ ၂၄ဝဝ ရှိသည်။ ဤသို့ သာသနာတော် ၂၄ဝဝ အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဖက်လျှင် တာ ၆ဝဝ စီ အညီအမျှ ခွဲဝေထားသည်။ မြို့ရိုးလေးခု သည် စတုဂံ ပုံစံရှိကာ မြို့ရိုးတစ်လျှောက်တွင် တစ်ခုနှင့် တစ်ခု မီတာ ၁၇၀ ခန့်စီ ကွာဝေးသော ပြာသာဒ် ၄၈ ခု ရှိသည်။ မြို့ရိုးအပြင်တွင် အကျယ် ၆၄မီတာ၊ အနက် ၄.၅ မီတာ ရှိသော ရေကျုံးက ဝန်းရံထားသည်။ မြို့ရိုးကို ရှေးမြန်မာ အုတ်များဖြင့် ဆောက်လုပ်ထားပြီး အခြေတွင် ၃မီတာ နှင့် ထိပ်တွင် ၁.၄၇မီတာ အကျယ်ရှိသည်။ အမြင့်မှာ သူရဲခို မပါ ၆.၈၆ မီတာ နှင့် သူရဲခို အပါ ၈.၂၃ မီတာ ရှိသည်။ ကာဆွဲပေါက်မှာ ၀.၈၄ မီတာ အကျယ်ရှိသည်။ ရဲမက်များ အရေးပေါ် တက်နိုင်ရန် နှင့် မြို့ရိုးကို အထောက်အပံ့ဖြစ်စေရန် အတွင်းဘက်တွင် မြေသားမှာ ခပ်ပြေပြေ စောင်းထားသည်။ ထိပ်တွင် သူရဲပြေးခေါ် လူလျှောက်ရန် ၁.၈၃ မီတာ အကျယ် လမ်းရှိသည်။ ၎င်းကို အုတ်စီထားပြီး မြို့ရိုးထိပ် တလျှောက် ရှိသည်။ တံခါးပြအိုးတို့၏ မှီရာတည်ရာ အောက်အခြေခံမှာ ထု ၁ တာ၊ အမြင့် ရဲခိုပါ ၁၈ တောင်ရှိသော အုတ်မြို့ရိုးကြီးပင် ဖြစ်သည်။ အုတ်ရိုးသက်သက်ကို မြေနီသရွတ်ဖြင့် အကြမ်းစီစီပြီးမှ အတွင်းဘက် တွင် ဆင်ခြေလျှော မြေဖို့လုပ်ဆောင်ထားခြင်းဖြစ်သည်။ အုတ်မြို့ရိုး အထက်တွင် သူရဲခို ခေါ် အုတ်စိန်တောင်များ ပေါက် ထားပြီးလျှင် ယင်း၏ အတွင်းဘက်မြို့ရိုးထိပ်တလျောက်တွင် သူရဲပြေးခေါ် စင်္ကြံလမ်းတစ်ခု မြို့ရိုးကို ပတ်၍ ပြုလုပ် ထားသည်။ တပြနှင့် တပြ အကြား၌ သူရဲခိုပေါင်း ၇ဝ ကျော်ရှိ၏။ ပြထက် ရှိ ပြဆောင်ကို ပစ္စင်ဟု ခေါ်သည်။ စစ်မက် အရေးအရာ ရှိသောအခါ အမြောက်မတြပူ၊ စိန်၊ သစ်တုံး၊ ပွဲလျက်ရေ၊ ခဲရေ၊ သံရေတို့ဖြင့် ပစ်ဖောက် သွန်းလောင်းရာ ဌာနဖြစ်၍ ပစ္စင်ခေါ်ကြောင်း ဆိုသည်။ တံခါးများ မြို့ရိုး တစ်ဘက်စီတွင် တစင်းနှင့် တစင်းသော်လည်းကောင်း၊ မြို့ရိုးထောင့်နှင့် သော်လည်းကောင်း၊ အကွာအဝေးတူ တံခါးသုံးရပ်စီ ရှိသည်။ တံခါးများမှာ ၄.၈မီတာ အကျယ် ရှိပြီး ထိပ်တွင် တံခါးပြာသာဒ်များ ရှိသည်။ ထိုတံခါး ၁၂ ရပ်တို့၏တံခါးရွက်များတွင် ထိုတံခါးတည်ရာ ရာသီခွင်အလိုက် ရာသီစောင့် အရုပ်များ၊ နက္ခတ်များ၊ တာရာပုံ များကို ရွှေမင်နှင့် ထင်ရှားတင့်တယ်ရှုချင်ဖွယ်ရှိအောင် ရေးခြယ်ထား၏။ တံခါး ၁၂ ရပ် အမည်တော်တို့ကိုလည်း တံခါးပေါက် တစ်ခုစီ၏ အဝင်အထွက် လက်ျာကျသော မီးကာ အုတ်တံတိုင်းကြီးများ အနီး၌ အုတ်ပလ္လင် ၃ ဆင့်ခံ၍ မော်ကွန်းတိုင်ဖြင့် စိုက်ထူ ဖော်ပြထားသည်။ မြို့တံခါးများ အဝင်တွင် တံခါးစောင့်များ နေထိုင်ရန် ဝဲယာ တိုက် တန်းများထားရှိပြီးလျှင် တံခါးစောင့်တို့ သေနတ်ကိုင်စွဲ၍ နေ့ညဉ့် စောင့်နေကာ၊ တံခါး အဝင်အထွက်တွင် ဓားလှံ သေနတ် စသော လက်နက်များပါမပါ၊ ယစ်မျိုးနှင့် အမဲသားများ သွင်းမ သွင်းကြည့်ရှုစစ်ဆေးရ၏။ နေဝင်ညဉ့် ၄ ချက် (ညနေ ၆ နာရီ) တီးသည့်အခါ အလယ် ဓာတ်တံခါးကြီး ၄ ခု ကို ပိတ်လိုက်ရာ၊ ဝင်ထွက်သွားလာသူတို့ တစ်ယောက်ဝင် မလွယ်တံခါးမှ ထွက်ဝင်ရသည်။ ညဉ့် ၁ ချက်တီး (ညဉ့် ၉ နာရီ)တွင် ထိုမလွယ်တံခါးများပါ ပိတ်လိုက်၍ နံနက် ၄ ချက်တီး(နံနက် ၆ နာရီ) ကျမှ မြို့တံခါးအားလုံး ပြန်ဖွင့်လိုက် သည်။ မြို့တံခါးပိတ်ထားချိန်တွင် အခွင့်အမိန့်မရဘဲ မည်သူမျှ ဝင်ခွင့်ထွက်ခွင့် မရပေ။ အလယ်ဗဟို တံခါးမကြီးများ တွင် ဓာတ်စည်တော်များ ဆွဲထားရာ၊ ပဟိုရ်ချက်နှင့်အညီ နေထွက် နေဝင်၊ တစ်နည်းအားဖြင့် တံခါးဖွင့်ချိန် ပိတ်ချိန်တို့ကို ပြည်သူတို့ အား အသိပေးသည့် အနေဖြင့် တီးရသည်။ မင်းမျိုးများသာ အသုံးပြုသော ဓာတ်တံခါး ခေါ် အလယ်ဗဟိုတံခါးများ တွင် ပြာသာဒ်များ မှာ ဘုံ ခုနှစ်ဆင့် ရှိပြီး ကျန်ပြာသာဒ်များမှာ ဘုံငါးဆင့်သာ ရှိသည်။ တံခါး ၁၂ ရပ်တွင် အဓိက အကျဆုံး တံခါးမှာ အရှေ့မြို့ရိုးရှိ ဗဟိုတံခါး ဖြစ်ပြီး မဟာပွဲတက်ဆောင်နှင့် မျက်နှာချင်းဆိုင် တွင်ရှိသည်။ ခံတပ် စီမံကိန်းကို မြို့ရိုးမျက်နှာစာ ကနေ ၇ မီတာ (၂၃ ပေ) နှင့် တံခါး၏ တစ်ဖက် တစ်ချက် ၁၀.၃၆ မီတာ (၃၄ပေ အကွာ)မှာပြုလုပ်ခဲ့သည်။ ရိုးစင်းတဲ့ ပုံသွင်းမှုနဲ့ အင်္ဂတေ ပန်းပုများကြောင့် နန်းတော်ရဲ့ အပြင်ဘက်မှာ တမူထူးခြားနေသည်။ သို့ပေမယ့် တံခါးရဲ့ အတွင်းဘက်မျက်နှာပြင်မှာတော့ အချိန်ကြာမြင့်လာမှုများကြောင့် ပုံများ ပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။ တံခါးများကို သစ်သားအထူများဖြင့် ပြုလုပ်ထားပြီး တံခါး နှစ်ရွက်ဖြစ်သည်။ ထိုတံခါးများကို အင်္ဂလိပ်များ သိမ်းပိုက်မှုအပြီးမှ ဖြုတ်ခဲ့ကြသည်။ တံခါးအမည်များ(အရှေ့မြောက်ဘက်မှစ၍) လွန်ကဲတံခါး ဦးထိပ်တံခါး(အရှေ့တံခါးမကြီး) သောင်းညွှန့်တံခါး ကျွန်းလုံးယူတံခါး ကျော်မိုးတံခါး(တောင်တံခါးမကြီး) ရန်နည်တံခါး ကြေးမုံတံခါး စည်ရှင်တံခါး(အနောက်တံခါးမကြီး) ထင်ရှားတံခါး စည်သာတံခါး လေးသိန်းတံခါး(မြောက်တံခါးမကြီး) မန်းဦးတံခါး မြို့တံခါး (၁၂)ရပ်တို့၌ တံခါးပေါက် နေရာများတွင် တံခါးတိုင်၏ မှီရာ အုတ်မြို့ရိုး တစ်ဖက်တစ်ချက်၌ အင်္ဂတေတို့ဖြင့် အပြေအပြစ် ကိုင်ပြီးလျှင် ထုံးဖြူဖွေးဖွေးသုတ်၍ တံခါးအထက်မှ ဘုံ ၅ ဆင့် ဘုံ ၇ ဆင့် အသီးအသီး ရှိကြသော ယွန်းဆက်ပြေ တန်ဆောင်း ပြာသာဒ်တော်ကြီးများကို ရွှေဟင်္သာပြဒါးတို့ဖြင့် မွမ်းမံခြယ်လှယ်ထားသည်။ တံခါးပေါက် တစ်ခုတစ်ခု၌ မြို့တံခါး တစ်ဖက်တစ်ချက် ကူးလိုသောအခါ လျှောက်သွားရန် ပြုလုပ်ထားသော ရင်လျှောက် (ခေါ်) နင်းကြမ်းပျဉ်ပြားများ၊ တံခါးရွက်ပြင်ဖက်က ရန်သူတို့ ရုတ်တရက် မဝင်သာအောင် တစ်ဖက်တစ်ချက် လျှိုထိုး သော 'ရင်တား' ခေါ် ရက်ဖောက် သစ်တုံးအဆင့်များနှင့် ထို ရင်တား တိုင်ကြီး တစ်ဖက်တစ်ချက်ကို ညှပ်ထားရန်၊ သို့မဟုတ် စွပ်ထားရန် ပြုလုပ်ထားသော တုရိုဏ်တိုင် (ခေါ်) တံခါးတိုင်များ၊ အလယ်ဗဟို တံခါးမကြီးများတွင် တံခါးအတွက် လက်ဝဲဘက်က မြို့စောင့်နတ်ကူ တစ်ခုကျစီ ပြုလုပ်ထား၍၊ အလားတူ မြို့ထောင့် ၄ ထောင့်တွင်လည်း နတ်ကူများရှိ၏။ တံခါးပေါက် မရှိသော ပြထက်များ၌ ၅ တိုင် စင်နှင့် ဘုံ ၅ ဆင့် ရှိသော ပြာသာဒ်ဆောင်များ ပေါက်ထားရာ၊ မြို့ ၄ မျက်နှာ၌ ထိုကဲ့သို့သော ပြငယ် ၃၂ ရှိပြီး ပြာသာဒ်လည်း ၃၂ ဆူ ရှိ၏။ ထောင့်ပြကြီး ၄ လုံးတို့၌ကား မလွယ်တံခါးများမှ ယွန်းဆက်ပြေ တန်ဆောင်း ပြာသာဒ်မျိုးအတိုင်း ဘုံ ၅ ဆင့်နှင့် ပြုလုပ်ထားသည်။ မီးတား တံခါးတိုင်း၏အရှေ့တွင်မြို့ရိုး ကဲ့သို့အထက်က သူရဲခိုရှိသော ၃တာခန့်ရှိသည့် အင်္ဂတေအချောကိုင်၍ ထုံးဖြူဖြူဖွေးဖွေးသုတ်ထားသောကို မီးတား(သို့) မီးကာများကကာလျက်ရှိပေသည်။ ထိုမီးတားများကို ထားရခြင်းကြောင့် စစ်ပွဲတွင် တဖက်မှပစ်သောအမြောက်၊ ကျည်ဆန်များသည် မြို့တံခါးကို ကျရောက်ခြင်းမရှိပဲ ထိခိုက်မှုမှကာကွယ်ပေးလေသည်။ ထိုမီးတားများဘေးတွင် တံခါးများ၏ မော်ကွန်းတိုင်များ ရှိပေသည်။ တံခါးပေါက်များကို ဖယ်လိုက်လျှင် မြို့ရိုးတစ်ဖက်လျှင်ပြာသာဒ်ငယ် (၈)ခုနှင့် စုစုပေါင်း (၃၂)ခု ရှိသည်။ ထောင့်လေးထောင့်တွင် ထောင့်ပြကြီးဟု အမည်တွင်သော ပြာသာဒ် (၄)ခု ရှိသည်။ တံခါး(၁၂)ရပ်နှင့်ဆိုလျှင်မြို့ရိုးပတ်လည်တွင် ပြာသာဒ်ပေါင်း(၄၈)ခု ရှိသည်။ ကျုံး မြို့ရိုးမှနေ၍ ၁၈-မီတာအကွာတွင် အကျယ် ၆၄-မီတာ၊ အနက် ၄.၅-မီတာရှိသော ကျုံးဖြင့် ပတ်ပတ်လည်ကာရံထားသည်။ နန်းမြို့အတွင်းသို့ ရန်သူများအလွယ်တကူ မဝင်နိုင်စေရန်တည်ဆောက်ထားခြင်း ဖြစ်သည်။ အရှင်များလက်ထက်တော်က ကျုံးကို ဖြတ်သန်းတည်ဆောက်ထားသော တံတား(၅)စင်းရှိသည်။ အရှေ့၊ တောင်နှင့်မြောက်ရှိ ပင်မတံခါးများတွင် တံတား(၁)စင်းစီနှင့် အနောက်ဘက်ရှိ ကြေးမုံတံခါးနှင့် စည်ရှည်တံခါးတို့တွင် တံတား(၁)စင်းစီ ရှိသည်။ ကြေးမုံတံခါးရှိ တံတားမှာ နန်းတော်အတွင်းမှလူသေထုတ်ရာ အမင်္ဂလတံတားဖြစ်သည်။ တံတား အုတ်မြို့ရိုး ပတ်လည်တစ်လျှောက်တွင်ကား မြို့ဥပစာ တာ ၂ဝ ခန့် မြေလွတ်ထားပြီးလျှင်၊ တာ ၂ဝ ကျယ်သော ရေကျုံးတော်ကြီးဖြင့် မြို့ ၄ မျက်နှာကို ထုတ်ချင်းခတ်ပတ်ထားသည်။ အင်းဝ၊ အမရပူရ မြို့ဟောင်းများနှင့် နှိုင်းယှဉ်လျှင် မန္တလေးမြို့တော်သည် ကျုံးလေးမျက်နှာဖြင့် ထုတ်ချင်းခတ် ပတ်မိသော မြို့တော်ဖြစ်လေသည်။ ကျုံးတော်တွင်းသို့ ရတနာနဒီ မြောင်းတော်မှ ရေများသယ်ယူ ဖြည့်တင်းထားကာ၊ ရေသစ်ရေဟောင်း မပြတ်လဲလှယ်ပေး၍ အမြဲတမ်း ကြည်လင်သန့်ရှင်းသည်။ မင်းဧကရာဇ်တို့ မြို့သိမ်း မင်္ဂလာအခမ်းအနား ပြုလုပ်သောအခါ၌ ကျုံးတော်တွင်းမှာ ရေသဘင်ပွဲတော်ကို တခမ်းတနား ပြုလုပ်သည်။ ကျုံးကူးတံတားများမှ အလယ်နင်းကြမ်းပျဉ်ကို ဖြုတ်ယူထားနိုင်၍၊ မြို့တော်ကို ရွှေလှေ ရွှေလောင်း ဖောင်တော်တို့ဖြင့် လှည့်ပတ်နိုင်သည်။ နေ့စဉ် ညဉ့်တစ်ချက်တီးတစ်ခါ၊ ၂ ချက်တီးတစ်ခါ၊ ၃ ချက်တီး တစ်ခါ တံခါးစောင့်များက နရီးဆရာတီး၍ ရေကင်းလှည့်ကြရသည်။ ကျုံးကူးတံတားမှာ အလယ်ဓာတ် တံခါးကြီးများတွင်သာ ထားရိုးဖြစ်သော်လည်း၊ အနောက်မျက်နှာက မိတ်တံခါးဖြစ်သော အာဠဝီ(ကြေးမုံ) တံတားတွင်လည်း တစ်ခုပို၍ ပြုလုပ်ထားသဖြင့် တံတား (၅)စင်းရှိသည်။ ၂ ဖက်ကမ်းထိပ်၌ ခပ်မော့မော့နှင့် လက်ရုံးတပ်ဆင်ထားသော အုတ်ခုံကြီးများ ပြုလုပ်ထားပြီးလျှင် ကျုံးလယ်တွင် တံတားနင်းကြမ်းအရှင်ဖြင့် ကူးဆက်ထားလေသည်။ ထိုငါးခုမြောက်တံတားဖြစ်သည့် အာဠဝီ (ကြေးမုံ) တံတားသည် ရှေးဘုရင်များလက်ထက်က အမင်္ဂလာတံတား၊ ထိုတံတားမှ ဆက်သွယ်၍ ဆင်းသွားသော (၂၂) လမ်း ခေါ် C လမ်းသည်လည်း အမင်္ဂလာလမ်းဖြစ်ခဲ့ဖူးသည်။ အကြောင်းမှာ နန်းတော်တွင်းမှ လူသေအလောင်းများကို ထုတ်ရာ တံခါး၊ တံတား၊ လမ်းဖြစ်သောကြောင့်ဖြစ်၏။ အနိစ္စသဘော တစ်နည်း မရဏနုဿတိကမ္မဋ္ဌာန်းကို မိမိကိုယ်ကို ကြေးမုံတွင်ကြည့်ရသကဲ့သို့ အမြဲအမှတ်ရစေရန် သတိပေးသည့်အတွက် ကြေးမုံတံခါးဟု အမည်တွင်ခြင်းဖြစ်သည်။ နန်းမြို့တော်အတွင်း ပဟိုရ်စင် နန်းမြို့အတွင်းသို့ အရှေ့ဘက်ဦးထိပ်တံခါးမှ ဝင်လာပါက သစ်တပ်ဝင်းတံခါး၏မြောက်ဘက်တွင် ပဟိုရ်စင်ရှိသည်။ ပဟိုရ်စင်မှာ ပဟိုရ်စည်တော်ကြီးထားရှိရာစင်ဖြစ်သည်။ ပဟိုရ်စည်တော်ကြီး မတီးခင်၌ ရွှေနန်းတော်ရှိ ရေနာရီတော်ကို အရင်ကြည့်ရသည်။ ရေနာရီလုပ်ရန် ကြေးနီ၁၆ကျပ်သားကို ဖလားလုပ်ရသည်။ စောက် (၇)လက်သစ်နှင့် အဝ (၉)လက်သစ် ရှိရသည်။ ဖလား၏အောက် အလယ်တည့်တည့်တွင် (၁၀)နှစ်အရွယ်မိန်းမပျို၏ဆံပင် (၁၆)မျှင်မျှ ဝင်သာရုံ အပေါက်ဖောက်ပြီး ရတနာရေအင်တုံတွင် ချလျက် တဖြည်းဖြည်းရေဝင်လျှင် နစ်လေ၏။ တစ်ခါနစ်လျှင် တစ်ပဟိုရ် အချိန်ကျသည်။ စွယ်တော်စင် ပဟိုရ်စင်၏တောင်ဘက်တွင်စွယ်တော်စင်ရှိသည်။ မြန်မာမှုဗိသုကာများဖြင့်ဆောက်လုပ်ထားသောအုတ်တိုက်ဖြစ်ကာ ဘုရားရှင်၏စွယ်တော်နှင့်ဓာတ်တော်မွေတော်များကိန်းဝပ်နေသည်။ ပုဂံခေတ်အနော်ရထာမင်းမြတ် သီဟိုဠ်ကျွန်းမှစွယ်တော်မြတ်ကို ရွှေစည်းခုံ၌ဌာပနာခြင်းမပြုမီ နန်းတော်ဦးတွင် စွယ်တော်စင်ဆောက်၍ကိုးကွယ်သည်ကိုနောက်မင်းဆက်များကထုံးမူ၍ နန်းတော်ဦးနေရာ၌ဘုရားရှင်၏စွယ်တော်နှင့်မွေတော်များကိုထား၍ကိုးကွယ်ကြသည်။ လွှတ်တော် တံခါးနီမြို့ရိုးအပြင်ဘက် လက်ယာဘက်တွင် လှေကား(၃)ဖက်နှင့် လွှတ်တော်ရှိသည်။ လွှတ်တော်ဇေတဝန်ဆောင်၌ မြေနန်းပြာသာဒ်မှ သီဟာသနပလ္လင် ကဲ့သို့ ရာဇပလ္လင် ရှိပေသည်။ ဘုရင်သည် လွှတ်တော်သို့ ရံဖန်ရံခါ ထွက်တော်မူသည်။ အိမ်ရှေ့မင်းနှင့် ဝန်ကြီးများမှာ သီတင်းနေ့မှလွဲ၍ လွှတ်တော်တက်ရသည်။ သာသနာရေး၊စစ်လက်နက်ဆိုင်ရာ၊ နိုင်ငံခြားရေးရာ စသည့်အမှုများကို လွှတ်တော်၌ စီရင်ရသည်။ တော်ဝင်ဂူဗိမာန်များ ပဟိုရ်စင်၏မြောက်ဘက်အနီးတွင် မင်းမျိုးတို့၏ဂူဗိမာန်အစုအဝေးကိုတွေ့ရသည်။ ထိုအထဲတွင် အရေးပါဆုံးမှာ နတ်ပြည်စံမင်းတြားကြီး၏ အုတ်ဂူဖြစ်သည်။ မူလမှာ အုတ်ပြာသာဒ်နှင့် ဖြစ်သော်လည်း နောက်ပိုင်းတွင် မှန်စီရွှေချခဲ့သည်။ မင်းတုန်းမင်းတြားကြီး၏ မိဖုရားခေါင်ကြီး နှစ်ပါးဖြစ်သည့် စင်္ကြာဒေဝီ၊ ဆင်ဖြူမရှင်နှင့် မိဖုရား လောင်းရှည်မိဖုရားတို့၏ အုတ်ဂူများလည်း တည်ရှိသည်။ ဒင်္ဂါးသွန်းစက်ရုံ ဒင်္ဂါးသွန်းစက်ရုံမှာ ဂူဗိမာန်များ၏မြောက်ဘက်တွင်ရှိသည်။ မြန်မာပြည်၏ ပထမဆုံး ဒေါင်းဒင်္ဂါးပြားများကို ၁၈၆၅-ခုနှစ်တွင် စတင်သွန်းလုပ်ခဲ့သည်။ ဗြိတိသျှများသိမ်းပိုက်ပြီးနောက် မုန့်ဖုတ်ရုံအဖြစ် ပြောင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးမှုမရှိသည့် အဆောက်အဦးများမှ တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေနန်းတော်အတွင်း ရွှေနန်းတော်ကြီးကို အရှေ့ပိုင်းမင်းဆောင်တော်၊အနောက်ပိုင်းမင်းဆောင်တော်၊အနောက်ပိုင်း မိဖုရားဆောင်တော်ဟူ၍ ၃ပိုင်းခွဲထားသည်။ အရှေ့ပိုင်းမင်းဆောင်တော်တွင် ၃၂၊အနောက်ပိုင်းမင်းဆောင်တော်တွင် ၄၊အနောက်ပိုင်း မိဖုရားဆောင်တော် ၇၈ စုစုပေါင်း ၁၁၄ဆောင်ရှိသည်။ နန်းဆောင်များကို၂မီတာအမြင့်ရှိအုတ်ခုံပေါ်တွင်တည်ဆောက်ထားသည်။ မြေနန်းပြာသာဒ်တော် ဦးထိပ်တံခါးမှလာလျှင် ရွှေနန်းတော်သို့အရောက်တွင်တွေ့ရသည်မှာ မြေနန်းပြာသာဒ်တော်ဖြစ်သည်။ ဘုံ ၇ဆင့်ဖြင့်ရွှေနန်းတော်၏ အဦးအထိပ်၌တည်ရှိသည်။ ပြာသာဒ်တော်ကြီးရှေ့တည့်တည့်တွင် မြေနန်းစမုတ်ဦး၊ဘေးဝဲယာတွင် လက်ဝဲမြေနန်းဆောင်၊လက်ယာမြေနန်းဆောင်တို့ရှိသည်။ မြေနန်းတော်စမုတ်ဦးရှေ့တွင် မင်းတက်လှေကားတစ်ခုရှိသည်။ ထိုလှေကားမှာ ဘုရင်တစ်ဦးသာအဆင်းအတက်လုပ်သည်။ ထိုမြေနန်းပြာသာဒ်ကြီး၌ ယမနေသားဖြင့် ခြင်္သေ့ရုပ်ခံ သီဟာသနရာဇပလ္လင်ရှိသည်။ အကြီးအကျယ်မင်းခမ်းရှိသောအခါ၊ဝါဝင်ဝါကျွတ်၊အတာနှစ်ကူး စသည့်အချိန်များ၌မင်းမိဖုရားနှစ်ပါးထွက်တော်မူ၍ကန်တော့ခံလေ့ရှိသည်။ တစ်နှစ်လျှင်၅ကြိမ်ကန်တော့ခံသည်ဟုအဆိုရှိသည်။ ထိုရှေ့တွင် အိမ်ရှေ့မင်းထိုင်ရန် ချိုင့်တော်ကိုပလ္လင်၏ အရှေ့ဝဲဘက်တွင်ထားရသည်။ ထို့နောက်တွင်မူးမတ်များရာထူးအလိုက်ထိုင်ကြပေသည်။ အိမ်ရှေ့မင်း၏ချိုင့်တော်မှတစ်ပါး နေရာအကွက်ပေါင်း၆၄၀ရှိလေသည်။ ပလ္လင်တော်၏ဝဲယာတွင် မင်းခမ်းတော်များခင်း၍ထီးဖြူ၈စင်းဖွင့်ရသည်။ အရှေ့ဇေတဝန်ဆောင် မြေနန်းပြာသာဒ်မှ စနုကူးလျက် အနောက်ဘက်တွင် အရှေ့ဇေတဝန်ဆောင် ရှိလေသည်။ ထိုဇေတဝန်ဆောင်တွင် ရွှေတိုက်မှ ဘိုးဘေးမင်းတို့၏ ရွှေရုပ်တုများကို ပူဇော်ခံ၍ ကန်တော့လေရှိသည်။ ထိုအဆောင်တွင် ဟင်္သာရုပ်ခံ ဟံသာသနရာဇပလ္လင်ရှိသည်။ နိုင်ငံခြားသံများကိုတွေ့ရန်၊ ဆရာတော်များပင့်ဖိတ်၍ တရားနာလေ့ရှိသည်။ ထိုအဆောင်မှ စနုကူး၍ တောင်ဘက်တွင် လေသာဆောင်၊ မြောက်ဘက်တွင် ဗြဲတိုက်ရှိသည်။ ဗောင်းတော်ဆောင် အရှေ့ဇေတဝန်ဆောင်မှအနောက်သို့စနုကူးလျှင် ဘုရင်မင်းမြတ်၏သရဖူတော်၊ဗောင်းတော်၊မကိုဋ်တော် စသည်တို့ထားရာအဆောင်ဖြစ်သည်။ မှန်နန်းဆောင် ဗောင်းတော်ဆောင်၏အနောက်ဘက်စနုကူး၍ဆောက်ထားသောအဆောင်မှာ ဘုရင်မင်းမြတ်စံမြန်းရာမှန်နန်းဆောင်ပင်ဖြစ်သည်။ ကွန်း၅ဆင့်၊စမြင်ခံ၅ထပ်နှင့် ရွှေနီဖလံ၊ဖန်မှန်တို့ဖြင့်စီခြယ်ထားကာ နန်းတော်အတွင်းအလှပဆုံးအဆောင်ဟုပင်ဆိုနိုင်သည်။ အလယ်တွင်တောင်မြောက်မာရဘင်ကန့်ကာ မာရဘင်အပြင်၌မနောရဟထီးဖြူစိုက်ဆောက်အပ်သော ကရဝေးသားဖြင့်ထုသည့် ပိတုန်းရုပ်ခံ ဘမာရာသနပလ္လင်ရှိသည်။ မှန်နန်းဆောင်သို့မှူးမတ်တို့သည်အမြဲမခစားရ။ အမိန့်တော်ရမှခစားရသည်။ ထိုအဆောင်အရှေ့ဘက်ရှိစနုသည် ညီလာခံစနုဖြစ်သည်။ သံတမန်အငယ်များနှင့်ရပ်ဝေးစော်ဘွားများကိုထိုနေရာ၌လက်ခံတွေ့ဆုံသည်။ ဗြဲတိုက်တော်မှသံတော်ဆင့်တို့မှာထိုနေရာမှသံတော်ဆင့်ရ၍မင်းတရားမှာမှန်နန်းဆောက်မှနားခံတော်မူသည်။ ဘဝရှင်မင်းတုန်းမင်းတြားကြီးသည်ထိုအဆောင်၌နေ့ညမပြတ်စံမြန်းသည်။ ဗြဲတိုက်ဆောင် ဗြဲတိုက်မှာမွန်စကား ပတိုက်ဗြဲဖြစ်၍မြန်မာလို လူပျိုတော်ဆောင်ဖြစ်သည်။ သံသာဝတီဆင်ဖြူများရှင်လက်ထက်တွင်မွန်တလိုင်းလူပျိုတော်များကိုထိုအဆောင်တွင်စံစားစေ၍ ဗြဲတိုက်ဟုခေါ်သည်။ နောက်တွင်အမှန်တကယ်မစံစားသော်လည်းအစဉ်အလာအရဆက်လက်ခေါ်ကြသည်။ ထိုအဆောင်တွင် ဆင်ရုပ်ခံ ဂဇာသနရာဇပလ္လင်ရှိသည်။ တိုင်းပြည်ရေးရာကို ဘုရင်ကိုယ်တော်တိုင်ထွက်၍ဆွေးနွေးသကဲ့သို့ မှူးမတ်များသာလျှင်လည်းဆွေးနွေးသည်။ ဗြဲတိုက်အတွင်းဝန်တို့မှာလွှတ်တော်ဝန်ကြီးများလောက်ရာထူးမကြီးသော်လည်းဘုရင်မင်းမြတ်နှင့်နီးကပ်သောဌာနဖြစ်၍ လွှတ်တော်ထက် အရေးပါသည်။ ဗြဲတိုက်မှာဘုရင်ကိုတိုက်ရိုက်တင်လျောက်နိုင်ပြီးလွှတ်တော်မှာဗြဲတိုက်မှတစ်ဆင့်လျောက်ရသည်။ လေသာဆောင် လေသာဆောင်မှာလေညင်းခံရာအဆောင်ဖြစ်သည်။ သာသနာရေးရာကိစ္စများအတွက်ရံဖန်ရံခါတွင် ဆရာတော်များပင့်၍ဆွေးနွေးတတ်သည်။ တောင်ပိန္နဲသားဖြင့် ခရုသင်းခံကာပြုလုပ်သော သင်္ခါသနရာဇပလ္လင်ရှိသည်။ လက်ဖက်ရည်တော်ဆောင် လက်ဖက်ရည်တော်ဆောင်မှာမှန်နန်းဆောင်၏ ဝဲဘက်တွင်ရှိသည်။ ရှေးမင်းအဆက်ဆက်ကိုင်စွဲသောလက်နက်များကို မပျောက်ပျက်မတိမ်ကောစေရန် ကမ္မည်းအက္ခရာနှင့်ရေး၍သိမ်းထားသည်။ ရွှေတိုက်တော် ဗောင်းတော်ဆောင်၏တောင်ဘက်တွင်ရှိသည်။ ရွှေသားအတိမင်းရုပ်တုများ၊နန်းစဉ်ရတနာများ၊မင်းဘဏ္ဍာတော်များထိန်းသိမ်းရာနေရာဖြစ်သည်။ အထက်ရွှေတိုက်နှင့်အောက်ရွှေတိုက်ဟူ၍ရှိရာ သာမညပစ္စည်းများကို အောက်ရွှေတိုက်၌သိမ်းသည်။ ပန်းခုံ​တော်အုတ်တိုက် ဘုရင်မင်းမြတ်တို့စိတ်ကြည်နူး​စေရန်အထူးထူး​သောပန်းများတို့စိုက်ပျိုးထား​သောပန်းဥယျာဉ်​တော်တစ်ခုပြုလုပ်ထား​လေသည်။၎င်းဥယျာဉ်အနီးတွင်ပြုလုပ်ထား​သောအုတ်တိုက်ကို ပန်းခုံ​တော်အုတ်တိုက်ဟု​ခေါ်သည်။ ရံဖန်ရံခါတွင်ဘုရင်မင်းမြတ်ထွက်​တော်မူသည်။ မှူးမတ်များမှာ ညီလာခံကွဲပြီး ဘုရင်မင်းမြတ်ချမှတ်​သောအမိန့်​တော်များကိုမည်သို့​ဆောင်ရွက်သင့်​ကြောင်းကို ထို​နေရာတွင်တိုင်ပင်​ဆွေး​နွေးကြသည်။ ​တောင်စမုတ်​ဆောင် ​ ရွှေနန်း​တော်၏​တောင်ဘက်တွင် ​အ​ရှေ့အ​နောက်လျားမဟုတ်ဘဲ ​တောင်​မြောက်လျား၍​နေ​ကျော်​ဆောက်လုပ်ထား​သောအ​ဆောင်ဖြစ်သည်။​မြေနန်းစမုတ်၊​တောင်စမုတ်၊​မြောက်စမုတ် ဟူ၍စမုတ်၃ခုရှိသည်။ ပဥ္စင်း​တော်၊ကထိန်​တော်၊ဝါကျွတ်အလှူ​တော် စသည်တို့တွင်​တောင်စမုတ်​ဆောင်သို့ထွက်၍​ရေစက်ချ​တော်မူသည်။​တောင်စမုတ်​ဆောင်မှာ စံမြန်းရာမှန်နန်း​ဆောင်မှ ​တောင်ဘက်တည့်တည့်တွင်ရှိသည်။​တောင်ဘက်​​လှေကားမှာမင်းတက်​​လှေကားဖြစ်သည်။ မင်းမြတ်တို့​တောင်ဥယျာဉ်သို့ထွက်တိုင်း ထို​လှေကားကိုအသုံးပြုသည်။ အလယ်တွင်မာရဘင်ကန့်ပြီး ​ရေသဖန်းသားဖြင့်ပြုလုပ်ပြီး သားရဲရုပ်ခံ​သော မိဂါသနရာဇပလ္လင်ရှိသည်။ မင်းတို့သည် ၁၂ရာသီမင်းပွဲသဘင်လှူဒါန်း​သောအခါထို​နေရာတွင်​ရေစက်ချသည်။ ​မြောက်စမုတ်​ဆောင် ရွှေနန်း​တော်၏​မြောက်ဘက်တွင် ​မြောက်ဘက်သို့စမုတ်ထား၍​နေ​ကျော်ကာ​ဆောက်လုပ်ထား​သောအ​ဆောင်ကို ​မြောက်စမုတ်​ဆောင်ဟု​ခေါ်သည်။ စံ​တော်မူရာ မှန်နန်း​ဆောင်၏​မြောက်ဘက်၊​တောင်စမုတ်​ဆောင်၏​မြောက်ဘက်တန်းတန်းတွင်ရှိသည်။ အလယ်တွင် မာရဘင်ကန့်ကာ ဥ​ဒေါင်းရုပ်ခံကာ​ပေါက်သားဖြင့်ပြုအပ်​သော မယုရာသနရာဇပလ္လင်ရှိသည်။ ထိုအ​ဆောင်တွင် မြို့စား၊​စော်ဘွားများမှဆက်သ​သော ဆင်၊မြင်းများ၊အထူးအဆန်း အကြီးအကျယ်ဖြစ်​သောပတ္တမြားများကိုသိမ်းယူ​တော်မူရာတွင်အသုံးပြုသည်။ ​တောင်ထားဝယ်​ဆောင်နှင့်​မြောက်ထားဝယ်​ဆောင် ​တောင်ထားဝယ်​ဆောင်မှာ​ရွှေတိုက်​တော်၏အ​​ရှေ့ဘက်တွင်တည်ရှိ၍​မြောက်ထားဝယ်​ဆောင်မှာလက်ဖက်ရည်​တော်​ဆောင်၏အ​ရှေ့ဘက်တွင်တည်ရှိသည်။ ဟံသာဝတီဆင်ဖြူများရှင်လက်ထက်က ထားဝယ်မြို့သား ​သေနတ်ကိုင်အစုအမှုထမ်းများကို​နေရာချထားရာအ​ဆောင်ဖြစ်သည်။​နေရာ​ဒေသကိုအစွဲပြု၍​ခေါ်​သောအ​ဆောင်ဖြစ်သည်။ တစ်နည်းတွင်ဒဝယ်ဆိုသည်မှာ ​နွေးသည်ကို​ခေါ်သည်။​ရေ​နွေး​တော်တည်ရာအ​ဆောင်ဟုလည်းမှတ်သားရသည်။ ဘုရင်၏လုံခြုံ​ရေးအတွက် ​သေနတ်ကိုင်၍​စောင့်​ရှောက်ရ​သောလုံခြုံရေးအဖွဲ့​နေရာဖြစ်သည်။ အလျား ​၄၀​ပေ၆လက်မ၊အနံ၂၅​ပေ၊အမြင့်၃၄​ပေရှိသည်။ နန်းမြင့် ရွှေနန်းတော်၏တောင်ဘက်အခြမ်းတွင်တည်ရှိသည်။ ရွှေနန်းတော်စတင်ဆောက်ချိန်တွင်တောင်မြောက်တစ်ဖက်စီတွင် နန်းမြင့်၊ပန်းခုံ၊ပန်းခြံ တစ်ခုစီရှိသည်။ ၂၄မီတာအမြင့်ရှိသောဤနန်းမြင့်မှာမူလကမပါရှိပဲ သားတော်သီပေါမင်းလက်ထက်တော်မှ မဟာမုနိဘုရားကြီးဆီမီးစောင်းတန်း၊ပန်းတံခွန်၊ပန်းထီးအလှူတော်များအတွက် အလျင်မီကြည်ညိုနိုင်ရန်နေ့ညမပြတ်ဆောက်လုပ်ခဲ့သည်။ အ​နောက်ပိုင်း မင်း​ဆောင်​တော် အ​နောက်ပိုင်း မင်း​ဆောင်​တော် (၄)ခုမှာ- အ​နောက်ပွဲတက်​ဇေတဝန်​ဆောင်​တော် အ​နောက်စမုတ် ​တောင်ဘက်ဝဲ​ဆောင် ​မြောက်ဘက်ဝဲ​ဆောင် တို့ဖြစ်သည်။ အ​နောက်စမုတ်​ဆောင် အ​နောက်စမုတ်​ဆောင်မှာ နန်း​တော်၏အ​နောက်ဖက်တွင်အ​နောက်ဖက်ကိုမျက်နှမူ၍ လည်​ပေါ်ယွန်း ၃ဆင့်နှင့်​ဆောက်လုပ်ထားသည်။ အနောက်ပွဲတက်ဇေတဝန်ဆောင်တော် အနောက်စမုတ်ဆောင်နှင့် စနုကူးလျက် အရှေ့ဘက်တွင် ပွဲတက်ဆောင်ရှိသည်။ ၃ထပ်ဇေတဝန်ဆောက်လုပ်ထားသည်။ ထိုအဆောင်တွင် အလယ်က မာရဘင်ကန့်၍ သရက်သားဖြင့်ပြုသော ပဒုမ္မာကြာပွင့်ခံ ပဒုမာသနရာဇပလ္လင်ရှိသည်။ ဝါဝင်ဝါကျွတ် နှစ်သစ်ကူးများတွင် မိဖုရား၊ မင်းသမီး၊ ကတော်၊ မယားစသော မင်းမိန်းမတို့ပူဇော်သောအခါ မင်းမိဖုရားထွက်တော်မူ၍ ကန်တော့ခံရာနေရာဖြစ်သည်။ ထို့အပြင် မြင်းမိုရ်ပွဲ၊ တန်ဆောင်မုန်းလပြည့်၊ အဖိတ်နေ့ည၊ ကထိန်လျာမသိုးသင်္ကန်း ရက်သောအခါ၊မဟာပိန္နဲပွဲအခါများတွင် ဤအဆောင်တွင် ထွက်တော်မူ၍ရှုစားသည်။ ယခုအခါတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြတိုက်အဖြစ်ဖွင့်လှစ်ထားသည်။ အကျယ်လေ့လာရန်....အနောက်ပွဲတက်ဆောင် ​တောင်ဘက်ဝဲ​ဆောင်နှင့်​မြောက်ဘက်ဝဲ​ဆောင် အ​နောက်စမုတ်​​ဆောင်ကို အ​ရှေ့​မြေနန်းစမုတ်ဦးကဲ့သို့ပင် ဝဲယာတွင် ​တောင်ဘက်ဝဲ​ဆောင်နှင့်​မြောက်ဘက်ဝဲ​ဆောင်တို့ဖြင့်​ဆောက်လုပ်ထားသည်။ အ​နောက်ပိုင်းမိဖုရား​ဆောင်များ အ​နောက်ပိုင်းမိဖုရား​ဆောင်များသည် စံ​တော်မူရာ​မှန်နန်း​ဆောင်၏အ​နောက်မှစ၍​တောင်​မြောက်တန်းလျက်၆တန်းရှိ​လေသည်။ ပြန်လည်တည်​ဆောက်ခြင်း ၁၉၄၅ခုနှစ် မတ်လ၁၇ရက်​နေ့တွင် ဂျပန်တို့ မန္တ​လေးမြို့ကို ဗုံးကျဲချရာမှ နန်း​တော်ကြီးနှင့်အတူ မြို့ရိုးများပါ မီး​လောင်ပျက်စီးခဲ့ရသည်။ မြို့ရိုးပတ်လည် ပြာသာဒ်အကြီး၊အ​သေး ၄၈ခုတွင် အ​ကောင်း၁၃ခုသာကျန်ရှိခဲ့သည်။ ပြာပုံအတိဖြစ်ခဲ့ရ​သော နန်း​ဆောင်​တော်တို့​နေရာတွင် အုတ်ခုံများသာ ကျန်ရှိခဲ့သည်။ အမျိုးသား​ရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်​ရေးအတွက် ၁၉၈၉ခုနှစ် စက်တင်ဘာမှစတင်ကာ ပြန်လည်တည်​ဆောက်ခဲ့သည်။ ထုထည်ကြီးမားလှ​​သော ​မြေနန်းပြသာ​ဒ်​တော်ကြီးနှင့် နန်း​ဆောင်များကို ငါးနှစ်စီမံကိန်းဖြင့် စီမံကိန်းနှစ်အလိုက် တည်​ဆောက်ခဲ့ကြသည်နန်း​တော်ကြီးပြန်လည်တည်​ဆောက်​ရေးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တ​လေးတိုင်း၊စစ်ကိုင်းတိုင်းနှင့် မ​ကွေးတိုင်းတို့မှ တာဝန်များခွဲ​ဝေ တည်​ဆောက်ခဲ့ကြသည်။ နန်း​တော်အ​ဆောင်များ တည်​ဆောက်​ရေးအဖွဲ့နာယကအဖြစ် မန္တ​လေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်​ဆောက်​ရေးအဖွဲ့ဥက္ကဋ္ဌ ထိုစဉ်ကဗိုလ်မူးကြီး ထွန်းကြည်၊ ဥက္ကဋ္ဌအဖြစ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး​အောင်ခင်တို့မှ တာဝန်ယူခဲ့သည်။ မန္တ​လေးမြို့ခံ မြန်မာ့ဗိသုကာပညာရှင် ဆရာကြီးဦးဝင်း​မောင်၊ တိုင်း၃တိုင်းမှ ပြည်သူ့​ဆောက်လုပ်​ရေးအင်ဂျင်နီယာများ၊ ပန်းပုပညာရှင်များ ပါဝင်၍ တည်​ဆောက်ခဲ့ကြသည်။ ဆရာကြီးဦးဝင်း​မောင်က ကျမ်းကိုးကျမ်းကားများကိုရှာ​ဖွေ၍ ပုံစံထုတ်ခဲ့သည်။ ပြန်လည်တည်​ဆောက်ရာတွင် စာ​ပေပညာရှင်များ၏ အကြံဉာဏ်ကိုလည်း ယူခဲ့ကြရာ မြန်မာ့သမိုင်းအဖွဲ့ဝင် ဦး​မောင်​မောင်တင်လည်း ပါဝင်ခဲ့သည်။ နန်း​တော်​ဆောင်များကို ​ရှေးမူအတိုင်း ပီပြင်စွာပြန်လည်တည်​ဆောက်ခြင်းဖြစ်၍ အချိန်ကြာမြင့်စွာ ယူခဲ့ရသည်။ ၁၉၈၉-၁၉၉၀ ပထမနှစ်စီမံချက်အရ နန်း​ဆောင်၃​ဆောင်၊ဒုတိယနှစ်စီမံချက်အရ နန်း​ဆောင်၁၉​ဆောင်၊ တတိယနှစ်စီမံချက်အရ နန်း​ဆောင်၉​ဆောင်၊ စတုတ္ထနှစ်စီမံချက်အရ နန်း​ဆောင် ၅​ဆောင်နှင့် ပဉ္စမနှစ်စီမံချက်အရ နန်း​ဆောင်၁၁​ဆောင်တို့ကို တည်​ဆောက်ပြီးစီးခဲ့သည်။ မန္တ​လေးတိုင်းမှ ​မြေနန်းပြာသာဒ်​တော်၊အ​ရှေ့စမုတ်၊ လက်ဝဲပွဲတက်​ဆောင်တို့ကိုလည်း​ကောင်း၊ စစ်ကိုင်းတိုင်းမှ ​ဇေတ​ဝန်​ဆောင်၊​ဗောင်း​တော်​ဆောင်နှင့် နန်းကြမ်းပြင်တို့ကိုလည်း​ကောင်း၊ မ​ကွေးတိုင်းမှ နန်းမြင့်နှင့် ​တောင်စမုတ်၊ ​မြောက်စမုတ်တို့ကိုလည်း​ကောင်း တာဝန်ယူ၍ ​ဆောက်လုပ်ခဲ့သည်။ မြေနန်းပြာသာဒ်​တော်နှင့် နန်း​တော်အ​ဆောင်များတည်​ဆောက်​ရေးအတွက် ပန္နက်တင် အခမ်းအနားကို ၁၂.၁၁.၁၉၈၉ခုနှစ် နံနက်၁၀နာရီတွင် နန်း​တော်အုတ်ခုံ​ပေါ်၌ ကျင်းပခဲ့သည်။​အုတ်မြစ်ချပွဲကို ၈.၁၂.၂၀၀၉တွင် ပြုလုပ်ပြီး စတင်​ဆောက်လုပ်ခဲ့သည်။ မြေနန်းပြာသာဒ်​တော်မှာ ဘုံ၇ဆင့်ဖြင့် အမြင့်၂၀၄​ပေ၊အလျား၆၄​ပေ၊တိုင်လုံး​ပေါင်း ၃၆လုံးပါရှိပြီး ၁၉၉၁ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပြန်လည်တည်​ဆောက်​ရေးလုပ်ငန်းများအတွက် စုစု​ပေါင်း ခန့်မှန်းကုန်ကျ​ငွေမှာ ကျပ်တစ်ဆယ့်​လေးကု​ဋေ တစ်သန်း ​လေးသိန်း​ကျော်ဖြစ်သည်။ ​ဝေဖန်မှု နန်း​တော်ကို ​ရှေးမူမပျက် ပြန်လည်တည်​ဆောက်ခဲ့​သော်လည်း ​ရေရှည်တည်တံ့ရန်အတွက် ​ခေတ်​ပေါ်ပစ္စည်းများ အသုံးပြုခဲ့သည်။ နန်း​​ဆောင်များအတွင်း အ​ဆောင်အ​ယောင်များ မရှိခြင်းမှာလည်း ရုပ်ပျက်ဖွယ်ဖြစ်သည်။ဥပမာ-မှန်နန်း​ဆောင်ရှိ ဘုရင်စက်​တော်​ခေါ်ရာအခန်းတွင် သလွန်တစ်ခုသာချထားခြင်းဖြင့် ​ရှေးမြန်မာဘုရင်များ၏ ပုံရိပ်မှာ နိုင်ငံခြားသားများအမြင်တွင် နိမ့်ကျ​စေသည်။ နန်း​ဆောင်များစွာ၏ အုတ်ခုံများပျက်စီး​နေခြင်း၊ နန်း​ဆောင်များအတွင်း တိရစ္ဆာန်များ၏ အညစ်အ​ကြေးများဖြင့် ညစ်ညမ်း​နေခြင်း၊နန်း​တော်အတွင်း မြက်ရိုင်းများ​ပေါက်​နေခြင်းတို့မှာ နန်း​တော်အား ​ခေတ်အဆက်ဆက်မှ ယ​နေ့တိုင် ထိန်းသိမ်းမှုမရှိပုံများကို ​တွေ့နိုင်သည်။ နန်း​တော်ပြန်လည်တည်​ဆောက်ခြင်း၏ ရည်ရွယ်ချက်များဖြစ်​သော အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မား​ရေး၊မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်​ရေးတို့ကို မ​ရောက်​စေဘဲ နိုင်ငံခြားခရီးသွားများ​ရှေ့တွင် မြန်မာဘုရင်များ၏ ပုံရိပ်ကိုကျ​စေ​သော ရှက်ဖွယ်ရာ နန်း​တော်တစ်ခုအသွင်​ဖော်​ဆောင်​နေသည်။ စစ်တပ် ၁၈၈၅ခုနှစ်တွင် အင်္ဂလိပ်တို့​အောက်သို့ ကျ​ရောက်စဉ်မှစ၍ ယ​နေ့အထိ နှစ်​ပေါင်း၁၃၀​ကျော်တိုင် နန်းမြို့ရိုးအတွင်း စစ်တပ်များ တပ်စွဲခဲ့ကြသည်။၁၈၈၅ခုနှစ် နိုဝင်ဘာ၂၉ရက်​နေ့မှစကာ အင်္ဂလိပ်တပ်များ တပ်စွဲခဲ့ကြသည်။ လွတ်လပ်​ရေးရပြီးချိန်တွင်လည်း မြန်မာ့တပ်မ​တော်မှ ဆက်လက်တပ်စွဲခဲ့သည်။ နန်းမြို့ရိုးအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်စွဲကာ သင်တန်း​ကျောင်းများ၊တပ်မြို့စည်ပင်၊ တပ်နယ်ရုပ်ရှင်ရုံ၊ ဝန်ထမ်းအိမ်ရာများ စသည်ဖြင့် မြို့လယ်ရှိ သီးခြားတပ်မြို့​လေးသဖွယ် အသွင်​ဖော်ထားသည်။ နန်း​တော်နှင့်အနီးတစ်ဝိုက်သာ လည်ပတ်ခွင့်ရှိပြီး ကျန်​နေရာများမှာ ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားသည်။ လုံခြုံ​ရေးအ​ကြောင်းပြချက်ဖြင့် ကျန်ရှိ​နေသည့် တံခါး​လေး​ပေါက်မှ ဦးထိပ်တံခါး၊​ကြေးမုံတံခါး၊​လေးသိန်းတံခါးတို့မှသာ အစစ်​ဆေးခံကာ ဝင်ခွင့်ရပြီး ​ကျော်မိုးတံခါးမှမူ သာမန်ပြည်သူများ ဖြတ်သန်းခွင့်မရှိ​ပေ။ ကျုံးအ​နောက်​တောင်​ထောင့်ရှိ မန်းသီတာဥယျာဉ်ကိုလည်း ဖျက်သိမ်းခြင်း၊ ​ရေပြင်​ပေါ်ရှိ ဗိုလ်ချုပ်​ကြေးရုပ်အား ​ဖယ်ရှားခြင်း၊ နန်းမြို့အတွင်းမှ ဖြတ်သန်းသွား​သော မန္တ​လေး-မတ္တရာမီးရထားလမ်းအား ဖျက်သိမ်းခြင်းတို့ကို ၁၉၈၈​နောက်ပိုင်းတွင် လုံခြုံ​ရေးအရပြုလုပ်ခဲ့သည်။၂၀၁၆ခုနှစ်တွင် မြို့​တော်စည်ပင်မှ ​တောင်ဘက်ကျုံး အတွင်းလမ်းတစ်လျှောက် မန်းသီတာဥယျာဉ် ပြန်လည်တည်​ဆောက်ရန် လုပ်​ဆောင်ရာတွင်လည်း လုံခြုံ​ရေးအ​ကြောင်းပြချက်ဖြင့်ပင် မိမိတို့မှ​ဆောက်​ပေးမည်ဖြစ်​ကြောင်း ကန့်ကွက်ကာ ​ကျော်မိုးတံခါးအနီးတွင် ပန်းခြံငယ်​လေးတစ်ခုသာ တည်​ဆောက်​ပေးခဲ့သည်။ ပြခန်း အခြားကြည့်ရန်များ အမရပူရနန်းတော် အင်းဝရွှေနန်းတော် ကိုးကား ပြင်ပလင့်များ Wanderings in Burma by George W Bird, 1897 F J Bright & Son, London မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ မန္တလေး မြန်မာနိုင်ငံရှိ နန်းတော်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%20%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
နည်းပညာတက္ကသိုလ် (ကျောက်ဆည်)
နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ကို ယခင်က ကျောက်ဆည်နည်းပညာကောလိပ်ဟုခေါ်ခဲ့ပြီး ၁၉၉၈ ဒီဇင်ဘာ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ နည်းပညာ တက္ကသိုလ် ဟု ၂၀၀၇ ဇန်နဝါရီလ ၂၀ ရက်နေမှ စ၍ပြောင်းလဲ ခေါ်ဆိုခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%20%28%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%86%E1%80%8A%E1%80%BA%29
ကလေးတက္ကသိုလ်
ကလေးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ က​လေးတက္ကသိုလ် ကို ၁၉၉၃ ခုနှစ်တွင် ​ကလေး​ကောလိပ် အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် က​လေးတက္ကသိုလ်အဖြစ် မြှင့်တင် ဖွင့်လှစ်ခဲ့သည်။ ကိုးကား မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ မြန်မာနိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်ကောလိပ်များ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
စစ်တွေတက္ကသိုလ်
စစ်တွေတက္ကသိုလ် () သည် ရခိုင်ပြည်နယ်စစ်တွေတွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ သမိုင်းကြောင်း မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက် ၁၉၅၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူ ဥပစာကောလိပ်(Kyaukpyu Intermediate College)သည် ရခိုင်ပြည်နယ်၏ ပထမဆုံး ကောလိပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ကျောင်းသားဦးရေနည်းပါးခြင်းကြောင့် ၁၉၆၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျောက်ဖြူ ဥပစာကောလိပ်ကို ပိတ်ခဲ့ရသည်။ ထို့နောက် ရခိုင်ပြည်နယ်မှ ကျောင်းသား/ သူများသည် ရန်ကုန်နှင့် ပုသိမ်မြို့များသို့သွားရောက်ပြီး တက္ကသိုလ်ပညာကို သင်ကြားခဲ့ရသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ၂နှစ်သင် စစ်တွေကောလိပ်ကို ဖွင့်လှစ်ပေးသည်။ ထိုစဉ်က အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်က စစ်တွေကောလိပ်ကို အောင်မြင်စွာဖွင့်လှစ်ပေးခဲ့သည်။ စစ်တွေကောလိပ်စဖွင့်သည်နှင့် ပထမဆုံးကျောင်းအုပ်ကြီးမှာ ဦးအောင်မြင့်ဖြစ်သည်။ ၁၉၇၇ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကောလိပ်မှ ရခိုင်ပြည်နယ်ဒေသကောလိပ်အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ဒေသကောလိပ်ကို စစ်တွေကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်ကို ဂုဏ်ပြုသောအားဖြင့် ၂နှစ်သင်ကောလိပ်မှ ၄နှစ်သင် စစ်တွေဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထိုမှတဖန် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တွေဒီဂရီကောလိပ်ကို စစ်တွေတက္ကသိုလ်အဆင့်သို့ ထပ်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ဘာသာရပ်ပေါင်း ၁၈ ခုအားသင်ကြားပိုချလျက်ရှိရာ နေသင်တန်းနှင့် အဝေးသင်သင်တန်းများဖွင့်လှစ်လျက်ရှိသည်။ ပေးအပ်သောဘွဲ့များ ဝိဇ္ဇာဘွဲ့ (Bachelor of Arts) မြန်မာစာ အင်္ဂလိပ်စာ ပထဝီ သမိုင်း ဒဿနိက စိတ်ပညာ ဥပဒေပညာ အရှေတိုင်းပညာ စိတ်ကြိုက်မြန်မာစာ ရသစာေပ သိပ္ပံဘွဲ့ (Bachelor of Science) ဓာတုဗေဒ ရူပဗေဒ သင်္ချာ ရုက္ခဗေဒ သတ္တဗေဒ ဘူမိဗေဒ ဇီဝဓာတုဗေဒ အဏုဇီဝဗေဒ အဏ္ဏဝါသိပ္ပံ ကိုးကား မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ မြန်မာနိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်ကောလိပ်များ ရခိုင်ပြည်နယ်
https://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%BD%E1%80%B1%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
ကျောက်လုံး၊ ဦး
ဦးကျောက်လုံး (၁၉၁၇-၁၉၈၂)သည် အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု သုံးကြိမ်တိုင်တိုင် ရရှိခဲ့သော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ လူကြမ်း၊ လူယုတ်မာ ဇာတ်ရုပ်များတွင် အလွန်ပီပြင်စွာ သရုပ်ဆောင်နိုင် သည့်အပြင် အချစ်၊ ဒရာမာ စသည့် ကျရာ ဇာတ်ရုပ် များတွင်ပါ ပိုင်နိုင်လှ သောကြောင့် ယနေ့တိုင် ပရိသတ်မှ အမှတ်ရလျက် ရှိနေကြသည်။ ငယ်ဘဝ အမည်ရင်းမှာ ဦးအောင်ကြီး ဖြစ်ပြီး အဖဦးသေး နှင့် ဒေါ်တင်တို့မှ ၁၉၁၇ခုနှစ်တွင် မြင်းခြံခရိုင် နွားထိုးကြီးမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ဦး အနက် စတုတ္တမြောက် သားဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့ပြီး ဆယ်တန်း အောင်မြင်ခဲ့သည်။ ဆယ်တန်း အောင်ပြီး မြင်းခြံမြို့ ခရိုင်ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ဦးအောင်ကြီး သည် အလုပ်ကို ကြိုးစားလုပ်ကိုင်သည်။ စည်းစနစ် ကျနသည်။ ထို့ကြောင့် ၁၉၄၁-ခုနှစ်တွင် မြင်းခြံနှင့် မိတ္ထီလာထောင်များတွင် ထောင်မှူးအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ကန်ထရိုက် လုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်ခဲ့ပြီး ဦးအောင်ကြီးကို ကျော်အောင်ကုမ္ပဏီပိုင်ရှင် အဖြစ် သိရှိကြသည်။ ၁၉၅၂-ခုနှစ်တွင် မန္တလေး ဦးဘသိန်း တို့နှင့်အတူ `သင်္ဂဟ´တူရိယာအဖွဲ့အား စုပေါင်းတည်ထောင်ခဲ့သည်။ သရုပ်ဆောင်ဘဝ ဂျပန်ခေတ် ၁၉၅၄-ခု၊ မန္တလေးတွင် ထောင်ပိုင်ဘဝ ဖြင့်နေထိုင်စဉ် မိတ်ဆွေ မန္တလေးရုပ်ရှင်မှ ပွဲဦးထွက် ဇာတ်ကားဖြစ်သော ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် `ဘဝသံသရာ´ဇာတ်ကား၌ သရုပ်ဆောင်ပေးရန် အကူအညီ တောင်းသဖြင့် ဝင်ရောက် သရုပ်ဆောင် ပေးခဲ့သည်။ ဆရာဝန်အခန်း တစ်ခန်း ပါဝင်သရုပ်ဆောင်ပေးသည်။ သရုပ်ဆောင် ပညာရပ်အား လွယ်ကူစွာ နားလည် သဘောပေါက်ခြင်း၊ ဒိုင်ယာလောခ့် ပိုင်နိုင်ခြင်း စသည့် အနုပညာ ဓာတ်ခံ များကြောင့် မကြာမီပင် ဇာတ်ကားများ ဆက်လက် ရိုက်ကူးရန် အခွင့်အလမ်း ကောင်းများ ရလာခဲ့သည်။ ထိုဇာတ်ကားတွင် မန္တလေးဦးအောင်ကြီးဟု စာတန်းထိုးသည်။ ဦးကျောက်လုံး အမည်တွင်ခြင်း မန္တလေး ဦးအောင်ကြီး အား ဦးကျောက်လုံး ဖြစ်လာစေသော ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ `ဤလူ့ဘောင်တွင်´ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် ဦးအောင်ကြီးသည် လူယုတ်မာ တစ်ဦးအသွင် သရုပ်ဆောင်ရသည်။ သရုပ်ဆောင် ပီပြင်သည့်အတွက် ဦးအောင်ကြီး မှ ဦးကျောက်လုံး အမည်တွင် သွားခဲ့သည်။ ၁၉၆၂ခုနှစ်တွင် ရွှေမန်းရုပ်ရှင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ၏ "အတွေ့" ဇာတ်ကားဖြင့် ပထမဆုံး အမျိုးသားဇာတ်ပို့ ဆုရရှိ ခဲ့ပြီး ၁၉၆၄ခုနှစ်တွင် ရှုမဝဦးကျော်၏ "ရင်ဝယ်တသိမ့်သိမ့်" နှင့် ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆု ထပ်မံ ရရှိခဲ့သည်။ ထို့နောက် ၁၉၆၅ခုနှစ်တွင် "ချစ်သမီး" ဇာတ်ကားဖြင့် တတိယအကြိမ် ထူးချွန်ဆု ရရှိ ခဲ့ပြန်သည်။ ထို"ချစ်သမီး" ဇာတ်ကားတွင် ပရိသတ် တွေ့မြင်နေကြ လူကြမ်း ဇာတ်ကောင် အဖြစ်သရုပ်မဆောင်ပဲ မွေးစားသမီးဖြစ်သူအား လွန်စွာ ချစ်သော ဖခင်အဖြစ် သရုပ်ဆောင် ခဲ့သလို၊ သမီးအဖြစ် သရုပ်ဆောင် ခဲ့သူ ဝါဝါဝင်းရွှေပါ အကယ်ဒမီဆု ရရှိခဲ့သည်။ ဦးကျောက်လုံးသည် ထိုစဉ် ကာလများက ပရိသတ်၏ အရွံ၊ အမုန်းကိုလွန်စွာ ခံရသူဖြစ်ကာ ဝမ်းသာစွာ ခံယူတတ် သူလည်း ဖြစ်သည်။ "ပရိသတ် အရမ်းမုန်း ခံရလေ အရမ်းအောင်မြင်လေ" ဟုဆို ခဲ့ဖူးသူဖြစ်သည်။ မိသားစုဘဝနှင့် နိဂုံး အနုပညာလောက သို့ ရောက်စတွင် မန္တလေးမြို့အုတ်တန်းအရပ်၌ နေထိုင်သော်လည်း နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ နောက်ဆုံးအချိန် ထိနေထိုင်ခဲ့သည်။ ဇနီးမှာ ဒေါ်မြမြ ဖြစ်၍ သားသမီး ၇ယောက် ထွန်းကားခဲ့ပြီး မြေးဖြစ်သူ ဝါဝါအောင် တစ်ဦးသာ သရုပ်ဆောင်လောက သို့ဝင်ရောက်ခဲ့သည်။ ၁၉၈၂ခုနှစ် မေလ(၂၆)ရက်နေ့ ရန်ကုန်ရှိ တာမွေနေအိမ်၌ အသက်၆၅နှစ် အရွယ်တွင် ကွယ်လွန်သည်။ အမျိုးသားဇာတ်ပို့ဆု ပထမဆုံး (အမျိုးသားဇာတ်ပို့ဆု)အကယ်ဒမီ ရရှိသူ ဖြစ်သည်။ အကယ်ဒမီ (အမျိုးသားဇာတ်ပို့ဆု) သုံးကြိမ် ဆွတ်ခူးရရှိခဲ့သည်။ ၁၉၆၂-ခုနှစ် (အတွေ့)ဇာတ်ကား ၁၉၆၄-ခုနှစ် (ရင်ဝယ် တစ်သိမ့်သိမ့်)ဇာတ်ကား ၁၉၆၅-ခုနှစ် (ချစ်သမီး)ဇာတ်ကား ရည်ညွှန်းကိုးကား ပထမ မြန်မာများ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%81%8A%20%E1%80%A6%E1%80%B8
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council, UNHRC) သည် နိုင်ငံအသီးသီးမှ အစိုးရများပါဝင်သည့် ကုလသမဂ္ဂ အတွင်းရှိ အဖွဲ့အစည်းဖြစ်သည်။ UNHRC သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့မှ ဆင်းသက်လာပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အဖွဲ့ခွဲတစ်ရပ်ဖြစ်သည်။ ဂျီနီဗာမြို့တွင် အခြေစိုက်သည့် UNHRC ၏ အဓိကရည်မှန်းချက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများအား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြရန်ဖြစ်သည်။ UNHRC သည် ယင်းကဲ့သို့ တင်ပြရေးမှအပ အခြား အခွင့်အာဏာများ မရှိပါ။ UNHRC မှ တင်ပြလာသည့် အချက်များကို အထွေထွေညီလာခံမှတဆင့် လုံခြုံရေးကောင်စီထံသို့ အကြံပြုရမည် ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံသည် ၂၀၀၆ မတ်လ ၁၅ ရက်နေ့တွင် ထောက်ခံမဲ ၁၇၀၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၃ မဲဖြင့် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် (A/RES/60/251) အရ UNHRC ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ကောင်စီဖွဲ့စည်းပုံ UNHRC ၏ အဖွဲ့ဝင် ၄၇ နေရာအား ကုလသမဂ္ဂ အထွေထွေညီလာခံမှ ရွေးချယ်သည်။ ကောင်စီဝင် သက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး သက်တမ်းနှစ်ဆက်ထက်ပိုကာ မည်သည့်ကောင်စီဝင်မှ ထမ်းဆောင်ခွင့်မရှိပေ။ ကောင်စီဝင် ၄၇ နေရာတွင် ဒေသအလိုက် အာဖရိကအတွက် ၁၃ နေရာ၊ အာရှအတွက် ၁၃ နေရာ၊ အရှေ့ဥရောပအတွက် ၆ နေရာ၊ လက်တင်အမေရိကနှင့် ကယ်ရေဘီယံ ဒေသအတွက် ၈ နေရာ၊ အနောက်ဥရောပနှင့် အခြားအုပ်စုများအတွက် ၇ နေရာ အသီးသီး ခွဲဝေထားသည်။ UNHRC ဖြစ်ပေါ်လာစေသည့် ဆုံးဖြတ်ချက်တွင် "ကောင်စီဝင်အဖြစ် အရွေးချယ်ခံရသည့် အဖွဲ့ဝင်နိုင်ငံများသည် လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးနှင့် တိုးမြှင့်ရေး လုပ်ငန်းများအား အမြင့်ဆုံစံချိန်ဖြင့် လုပ်ဆောင်ရမည်"ဟု ရေးသားဖော်ပြထားသည်။ အကယ်၍ အဖွဲ့ဝင်နိုင်ငံမှ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ပါက အထွေထွေညီလာခံ သုံးပုံနှစ်ပုံ၏ သဘောတူညီချက်ဖြင့် ၎င်းကောင်စီဝင်၏ လုပ်ပိုင်ခွင့်များကို ရုပ်သိမ်းနိုင်သည်။ ကျမ်းကိုး ကုလသမဂ္ဂ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%80%B9%E1%80%82%20%E1%80%9C%E1%80%B0%E1%80%B7%E1%80%A1%E1%80%81%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8%20%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE
ကြေးခေတ်
ကြေးခေတ်ဆိုသည်မှာ ကြေးနီ၊ သံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလကို ညွှန်းဆိုသည်။ ဘေဘီလုံနိုင်ငံ၌ ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလကို သတ်မှတ်ကြသည်။ ကမ္ဘာသစ်ဖြစ်သော အမေရိကန်နိုင်ငံများတွင်မူ ပီရူးနိုင်ငံ၌ ခရစ်ပေါ်ပြီး နှစ် ၅၀၀ မှ ၁၀၀၀ အတွင်း သတ်မှတ်သည်။ နေရာတကျ ရပ်နေထိုင်ခြင်း၊ ရိက္ခာပိုစုခြင်း လက္ခဏာများကို တွေ့ရသည်။ မြို့ရွာများ တည်ထောင်ကြသည်။ ဥရောပတိုက်တွင်မူ ခရစ်မပေါ်မီ နှစ် ၂၅၀၀ နှင့် ၁၉၀၀ အကြားတွင် ကြေးညိုခေတ်ဟု ပိုင်းခြားသည်။ ထိုခေတ်ကာလတွင် ကြေးနီနှင့် သံဖြူ သတ္တုရိုင်းများကို အရည်ကျိုရောစပ်ပြီး ကြေးဝါသတ္တုစပ်ကို ဖန်တီးကာ အသုံးအဆောင်ပစ္စည်းများ၊ အနုပညာပစ္စည်းများကို သွန်းလုပ်ကြသည်။ ကြေးခေတ်တွင်လည်း လူတို့သည် မြင်းရိုင်းများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတတ်ကြပြီ ဖြစ်သည်။ ကြေးနီနှင့် သံဖြူသတ္တုရိုင်းများသည် ရှားပါးလှသည်။ ဘီစီ ၃၀၀၀ ခုနှစ် မတိုင်မှီ အနောက်အာရှတွင် သံဖြူနှင့်စပ်သည့် ကြေးဝါကို မတွေ့ရပေ။ ကြေးခေတ်သည် ခေတ်သုံးခေတ်၏ အလယ်ခေတ်ဟု ယူဆကြသည်။ အချို့ဒေသများတွင် ကျောက်ခေတ်သစ်မှ ကြေးခေတ်သို့ ပြောင်းလဲလာသော်လည်း အာဖရိကတိုက်တွင် ကျောက်ခေတ်သစ်မှ သံခေတ်သို့ တိုက်ရိုက် ကူးပြောင်းခဲ့ကြသည်။ အချို့ဒေသတွင်မူ ကျောက်ခေတ်သစ်မှ ကြေးနီခေတ်၊ ကြေးနီခေတ်မှ ကြေးဝါခေတ်သို့ ကူးပြောင်းလာသည်လည်းရှိသည်။ မူလအစ ကြေးဝါအား တီထွင်ခဲ့သည့် နေရာဒေသနှင့် အချိန်ကာလ အပိုင်းအခြားနှင့် စပ်လျဉ်း၍ အငြင်းပွားစရာများ ရှိနေသေးသည်။ ကြေးဝါသွန်းလုပ်ခြင်းကို ဘီစီ ၄၀၀၀ ခုနှစ် အလယ်ပိုင်းခန့် မြောက် ကော့ကေးရှပ်ဒေသရှိ မေကို့ပ်ယဉ်ကျေးမှုက စတင်ဖန်တီးခဲ့နိုင်ခြေ ရှိသည်။ အချို့ကမူ ဘီစီ ၃၀၀၀ ခုနှစ် အလယ်ပိုင်းခန့်တွင် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ သို့သော်လည်း မေကို့ပ်ယဉ်ကျေးမှုတွင် သဘာဝအလျောက်တွေ့ရသည့် အာဆင်းနစ်ကြေးထည်များကိုသာ အသုံးပြုကြသည်။ နောက်ပိုင်းတွင် တွေ့ရသည့် သံဖြူစပ် ကြေးဝါများသည် နည်းပညာအရ ပိုမိုရှုပ်ထွေးသည်။ ယေဘုယျအားဖြင့် ကြေးခေတ်သည် လေးလံသည့် သတ္တုများကို စတင်အသုံးပြုသည့် ခေတ်ကာလဟု ဆိုနိုင်သည်။ နောက်ပိုင်းတွင် သံထည်အသုံးပြုမှု ကျယ်ပျံ့လာကာ ကြေးခေတ်ကုန်ဆုံး၍ သံခေတ် စတင်လာတော့သည်။ မြန်မာနိုင်ငံ ကြေးခေတ် ရှေးဟောင်းသုတေသန တူးဖော် စစ်ဆေးမှု အထောက်အထားများအရ မြန်မာနိုင်ငံ နေရာများစွာတို့တွင် လူသားများသည် ကျောက်ခေတ် ကြေးခေတ် သံခေတ် ပျူခေတ် ပုဂံခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် အစဉ်မပြတ် နေထိုင်ခဲ့သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟံလင်း ဒေသတွင် ကျောက် ကြေး သံ ပျူ မှသည် လက်ရှိခေတ်အထိ ခေတ်များအဆက်ဆက်တွင် စဉ်ဆက်မပြတ်ထွန်းကားခဲ့သော လူ့ယာဉ်ကျေးမှုကြီးကို တွေ့မြင်ကြရသည်။ မြန်မာနိုင်ငံ ကြေးခေတ် အထောက်အထားများမှာ ၁၉၉၀ ဝန်းကျင်က စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကန် ကြေးခေတ် သုတေသန တွေ့ရှိမှု များမှ စတင်သည်။ ညောင်ကန်တွေ့ရှိမှု နောက်ပိုင်း မြန်မာနိုင်ငံ အခြားနေရာများတွင်လည်း ကြေးခေတ် လူ့ယာဉ်ကျေးမှု အထောက်အထားများစွာ ထပ်မံတွေ့ရှိခဲ့ကြသည်။ ၎င်းတို့အနက် မန္တလေးတိုင်း မလှိုင်မြို့နယ် မြင်းဦးလှည့်ကျေးရွာ ပတ်ဝန်းကျင် ကြေးခေတ် သံခေတ် ပျူခေတ် ယာဉ်ကျေးမှု အထောက်အထားများ တွေ့ရှိမှုလည်း အပါအဝင်ဖြစ်သည်။ ၁၉၉၉ ခုနှစ်က မြင်းဦးလှည့်ကြေးခေတ်ယဉ်ကျေးမူဒေသကို မြန်မာနိုင်ငံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်က ဧက ၇၀ နီးပါးရှိ ဘုတလင် ကြေးခေတ်နယ်မြေ ကို မြန်မာနိုင်ငံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ရှေးဟောင်းသုတေသနမှ တူးဖော်တွေ့ရှိချက်များအရ ကြေးခေတ်ဒေသများ၏ တည်နေရာမှာ မြေပြန့်ဒေသများ၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ဖြစ်နေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် တွေ့ရသော ကြေးခေတ် ဒေသကြီးသည် လက်ရှိအချိန်ထိ အရှေ့တောင်အာရှတွင် တွေ့ထားသော ကြေးခေတ်ဒေသများတွင် အကြီးဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရှင်မျိုးဆက်ပြတ်ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ လူဦးရေများပြားလာချိန်တွင် နိုင်ငံကဆင်းရဲမွဲတေခြင်း၊ ရှေးဟောင်းပစ္စည်းမှောင်ခိုဈေးကွက် ကျယ်ပြန့်လာခြင်းတို့ကြောင့် ရှေးဟောင်းသုတေသနပညာရှင်များ၏ သုတေသနလုပ်ငန်းများမှာ များစွာခက်ခဲသည်။ ကိုးကား ကြေးခေတ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%B1%E1%80%90%E1%80%BA
လီယိုနာဒိုဒါဗင်ချီ
လီယိုနာဒို ဒီ ဆာ ပီရို ဒါဗင်ချီ ( အီတာလျံ: Leonardo di ser Piero da Vinci; ; ၁၅ ဧပြီ ၁၄၅၂ – ၂ မေ ၁၅၁၉) သည် အီတလီလူမျိုး စွယ်စုံပညာရှင်၊ ပန်းချီဆွဲသူ၊ ပန်းပုထုသူ၊ ဗိသုကာပညာရှင်၊ တေးဂီတသမား၊ သိပ္ပံပညာရှင်၊ သင်္ချာပညာရှင်၊ အင်ဂျင်နီယာ၊ တီထွင်သူ၊ ခန္ဓာဗေဒပညာရှင်၊ ဘူမိဗေဒပညာရှင်၊ မြေပုံဆွဲသူ၊ ရုက္ခဗေဒပညာရှင် နှင့်စာရေးဆရာဖြစ်သည်။ လီယိုနာဒိုကို လူမှုရေးဘာသာရပ်များတွင် ကျွမ်းကျင်နှံ့စပ်သော ပါရမီအခံရှိသည့် ရှေးဦးမူလပုံအဖြစ် ရံဖန်ရံခါ ဖော်ပြခဲ့ကြသည်။ သူ၏ငြိမ်းသတ်၍မရနိုင်သည့် သိလိုစိတ်ပြင်းပြမှုသည် သူ၏တီထွင်မှုစွမ်းအား တစ်ခုတည်းနှင့်သာ ညီမျှခဲ့သည်။ သူ့ကို ထာဝစဉ် အထင်ပေါ်အကျော်ကြားဆုံးသော ပန်းချီဆရာကြီးများထဲမှတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သိရှိထားကြပြီး၊ အမှန်တကယ်ပင်ပုံစံမျိုးစုံဖြင့် အမြဲတမ်းရှင်သန်နေမည့် အထက်မြက်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင် ပန်းချီသမိုင်းပညာရှင် ဟယ်လင် ဂါဒနာ (Helen Gardner) ၏အဆိုအရ၊ သူ့စိတ်ဝင်စားမှုများ၏ အမြင်စူးရှမှုများသည် ရှေ့ကဖြစ်နှင့်ပြီးသောကိစ္စ ရပ်များ မပါရှိခဲ့ပဲ၊“သူ၏စိတ် နှင့် ရုပ်ရည်သည် ကျွန်တော်တို့အတွက် လူသားထက်သာလွန်ထူးကဲသူ ဟုထင်မြင်ရပြီး၊ သူကိုယ်တိုင်ကပင် လျှို့ဝှက်ဆန်းကျယ်ပြီး ခပ်စိမ်းစိမ်းဖြစ်နေသည့်လူတစ်ဦး ဖြစ်သည်” ။ သို့သော်လည်း လီယိုနာဒိုအကြောင်းကို အမျိုးမျိုးတွေးတောမှန်းဆ နေချိန်တွင်၊ မာကို ရော့စီ (Marco Rosci) ထောက်ပြထားသည်မှာ၊ လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင်သည် လျှို့ဝှက်ဆန်းကျယ်မှုထက် အနှစ်သာရရှိစွာ ယုတ္တိဆန်ပြီး၊ သူပြုလုပ်ခဲ့သည့် လေ့လာစူးစမ်းမှုအတွေ့အကြုံ နည်းနာများသည် သူ့ခေတ်သူ့ကာလက လုပ်ရိုးလုပ်စဉ် အလုပ်များ မဟုတ်ပါ။ Leonardo ပန်းချီကားများ လီယိုနာဒိုသည် စာချုပ်စာတန်းရှေ့နေ ပီရို ဒါ ဗင်ချီ နှင့် လယ်သူမ ကက်တာရီးနား တို့မှ ဖလောရင့်စ်ဒေသ ဗင်ချီ တွင် မွေးဖွားခဲ့ပြီး၊ အီတလီနိုင်ငံ ဖလောရင့်စ်မြို့၏နာမည်ကျော်ကြားသော ပန်းချီဆရာကြီး ဗာရော့ချီအို (Verrocchio) ၏ ပန်းချီအလုပ်ခန်းတွင် ပညာသင်ကြားခဲ့ရသည်။ သူ၏ငယ်စဉ်ဘဝ အချိန်တော်တော်များများသည် မီလန် (Milan) မြို့ရှိ လူဒိုဗွီကို အီး မော်ရို (Ludovico il Moro) ၏ အလုပ်များတွင် ကုန်ဆုံးခဲ့ရသည်။ နောက်ပိုင်းတွင် သူသည် ရောမ ၊ ဘိုလောက်နား ၊ နှင့် ဗင်းနစ် မြို့တို့တွင် အလုပ်လုပ်ခဲ့ပြီး၊ သူ၏နောက်ဆုံးအချိန်များကို ပြင်သစ်နိုင်ငံရှိ ပထမဖရန့်စစ်ဘုရင် ဆုချီးမြှင့်ခဲ့သည့် နေအိမ်တွင် ကုန်ဆုံးခဲ့သည်။ လီယိုနာဒိုသည် ပထမဦးစွာ ပန်းချီဆရာလည်းဖြစ်ခဲ့ပြီး၊ အောင်မြင်ကျော်ကြားသူလည်း ဖြစ်ခဲ့သည်။ သူ၏ပန်းချီကားများထဲမှ နှစ်ကား ဖြစ်သည့် ၊ မိုနာလီဆာ နှင့် နောက်ဆုံးညစာ တို့သည် အထင်ရှားအကျော်ကြားဆုံး နှင့် အချိန်တိုင်းလိုပင် ပုံတူဟာသ ရေးဆွဲခံရခြင်း၌အများဆုံး နှင့် ပုံတူဘာသာရေး ပန်းချီကားအဖြစ် အများဆုံး ပြန်လည်ထုတ်လုပ်ပေးရသည်။ ထိုပန်းချီကားများ ၏ကျော်ကြားမှုနောက် ကပ်၍ပါလာသည့်ပန်းချီကားမှာ မိုက်ကယ်အိန်ဂျလို၏အာဒမ်၏ဖန်ဆင်းမှုဖြစ်သည်။ လီယိုနာဒို၏ပန်းချီကားတစ်ကားဖြစ်သည့် စွယ်စုံရလူသည်လည်း ယဉ်ကျေးမှု၏ပြယုဂ်အဖြစ် အစဉ်သတိ ရနေကြပြီး၊ ယူရို မှအစ ပြဋ္ဌာန်းစာအုပ်များ ၊ တီရှပ်များ အဆုံး ပစ္စည်းတိုင်းလိုလို အပေါ်တွင် ပြန်လည်ကူးယူ အသုံးပြုနေကြသည်။ သူ၏ပန်းချီကား၁၅ခု ကျန်ခဲ့ကောင်းကျန်ခဲ့ရမည်ဖြစ်ပြီး၊ အရေအတွက်အနည်းငယ်သာကျန်ခဲ့ရခြင်းသည် မကြာခဏဖြစ်တတ်သည့် ဘေးဒုက္ခအန္တရာယ်များကြောင့်လည်းကောင်း၊ သူ၏နည်းပညာအသစ်များအပေါ် အစဉ်တစိုက်အချိန်ယူ စမ်းသပ်မှုများ နှင့် သူ၏လုပ်လက်စများကို အချိန်ကြာကြာပစ်ထားတတ်ခြင်း တို့ကြောင့်လည်းကောင်း ဖြစ်သည်။ သို့သော်လည်း အနည်းငယ်သာကျန်ရှိသည့် သူ၏လက်ရာများနှင့်အတူ ဆွဲထားသည့်ပုံများ၊ သိပ္ပံပညာဆိုင်ရာပုံကြမ်းများ နှင့် ပန်းချီကား၏သဘာဝအပေါ် သူ၏တွေးခေါ်မှုများ ပါရှိသည့် သူ၏မှတ်စုစာအုပ်များ တို့သည် ပန်းချီ ပညာရှင် နောက်မျိုးဆက်များအတွက် ထားပေးခဲ့သည့် အမွေအနှစ်များ ဖြစ်ပြီး၊ သူနှင့်ခေတ်ပြိုင် မိုက်ကယ် အိန်ဂျလို နှင့် ပြိုင်ဆိုင်ရာတွင် တစ်ခုတည်းသော အားသာချက်ဖြစ်သည်။ နည်းပညာတီထွင်မှု လီယိုနာဒိုသည် သူ၏နည်းပညာတီထွင်ခြင်းများအတွက်လေးစားမြတ်နိုးခြင်းခံရသည့် ပုဂ္ဂိလ်ဖြစ်သည်။ သူသည်ရဟတ်ယာဉ်၊ တင့်ကား၊ အားပြင်းသည့်နေရောင်ခြည်စွမ်းအား၊ ဂဏန်းပေါင်းစက်၊အခွံနှစ်ထပ် နှင့် သတ္တုအလွှာထပ်ပိုးခြင်း၏ အစဦးဆုံးထုတ်ဖော်ချက်-သီအိုရီ- များကို တွေးတောစဉ်းစား ထုတ်ဖော်ခဲ့သည်။ ထိုနည်းတူစွာပင် သူရေးဆွဲခဲ့သည့်ပုံစံ အနည်းငယ်သာ တည်ဆောက်ခဲ့သည် သို့မဟုတ် သူအသက်ရှိစဉ်အတွင်းကတည်းကပင် တည်ဆောက်ပြီးခဲ့ သည်။ သို့သော် သူ၏အချို့သော အသေးစား တီထွင်မှုများဖြစ်သည့် အလိုအလျှောက်ရစ်လုံးရစ်စက်နှင့် ဝါယာကြိုးဆွဲဆန့် အားတိုင်းတာသည့် စက်တို့သည် ပစ္စည်းထုတ်လုပ်နေသည့်ကမ္ဘာထဲသို့မကြေညာဘဲဝင်ရောက်လာခဲ့ကြသည်။ သိပ္ပံပညာရှင်အဖြစ် သူသည် ခန္ဓာဗေဒ၊ မြို့ပြ အင်ဂျင်နီယာလုပ်ငန်း၊ အမြင်နှင့်အလင်းဆက်နွယ်မှုကို သိပ္ပံနည်းကျလေ့လာမှုများ နှင့် အရည်များ၏ သက်ရောက်အင်အားပညာရပ်များ တို့၏ နယ်ပယ်တွင် ရှိသော သူ၏အသိပညာအဆင့်သည် ရှေ့သို့များစွာကြို၍သိသောအဆင့်သို့ ရောက်ရခဲ့သည်။ ကတ်ကြေးကိုလည်း တီထွင်ခဲ့သည်။ လီယိုနာဒို ဒါဗင်ချိ(ခရစ် ၁၄၅၂ - ၁၅၁၉) လီယိုနာဒို ဒါဗင်ချိ ဟူသောအမည်ကို အနုသုခုမပညာရပ်များ၌ လေးစားမှုရှိသူတိုင်း ကြားဖူးကြပေလိမ့်မည်။ လီယိုနာဒို ဒါဗင်ချိသည် အထူးသဖြင့် ကမ္ဘာပေါ်တွင် အတော်ဆုံးဟု အသိအမှတ်ပြုခြင်းခံရသော စွယ်စုံပညာရှင်ကြီးတစ်ဦးဖြစ် သည်၊ လီယိုနာဒိုသည် အနုသုခုမပညာရပ်များ ဖြစ်သော ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ဂီတ စသည်တို့တွင်သာမက စက်မှုလက်မှုအတတ်မျိုးစုံကို တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်ခဲ့သူ ပုဂ္ဂိုလ်ချွန်တစ်ဦးဖြစ်ခဲ့ပေသည်။ ဒဿနိကဗေဒဆိုင်ရာတွင်လည်း ကဝိတစ်ဆူ ဖြစ်ချေသေးသည်။ အဘက်ဘက်မှ ပညာရပ်များကို ထူးချွန်စွာ တတ်မြောက်သူ ဖြစ်လေရာ သူ့အား ကမ္ဘာ့ဉာဏ်ကြီးရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးဟု ခေါ်ဆိုရပေမည်။ လီယိုနာဒို ဒါဗင်ချိသည် အီတာလျံလူမျိုးဖြစ်၍ ၁၄၅၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဖလော်ရင့်မြို့အနီးရှိ ဗင်ချိအရပ်တွင် ဖွားမြင်လေသည်။ ဒါဗင်ချိဟူသောအမည်မှာ ထိုအရပ်ကို အစွဲပြု၍ မှည့်ခေါ်သောဆွေမျိုးစဉ်အမည်ဖြစ်၏။ လီယိုနာဒို၏ ဖခင်သည် ရှေ့နေတစ်ဦးမျှသာ ဖြစ်ပေသည်။ လီယိုနာဒိုသည် ငယ်စဉ်မှစ၍ ဂီတ၊ ပုံဆွဲနှင့် ရုပ်လုံးထုခြင်း စသောပညာရပ်များတွင် ဝါသနာထုံခဲ့၏။ သူ၏ ဖခင်သည် လီယိုနာဒိုရေး ဆွဲသော ပုံအချို့ကို မိတ်ဆွေ ပုံဆွဲပညာကျော် အန်ဒရီယား ဒယ်ဗာရော့ချို အားပြသရာ ဗာရော့ချိုကြီးသည် လီယိုနာဒိုကလေး၏ လက်စွမ်းလက်စကို များစွာချီးမွမ်းအံ့ ဩလေသည်။ ထို့နောက် လီယိုနာဒိုသည် ဗာရော့ချို၏ ပန်းချီခန်း၌ အခြားတပည့်များနှင့်အတူ ပုံဆွဲပညာကို ဆည်းပူးခွင့်ရလေသည်။ အသက် ၁၈ နှစ်အရွယ်တွင် လက်ရာကောင်းများ ရေးဆွဲနိုင်ခဲ့သဖြင့် ကျော်ကြားစပြုလာရာ အသက် ၂ဝ အရွယ်တွင် ပုံဆွဲပညာသည်များအသင်းသို့ ဝင်ခွင့်ရလေသည်။ ငယ်စဉ်ကပင် သူ၏လက်ရာမျာသည် အခြားသော ပညာသည်များ၏ လက်ရာနှင့်မတူ တစ်မူဆန်းပြား၍ ခွဲခြားသိနိုင်လောက်အောင် ကောင်း မွန်ခဲ့ပေသည်။ ဆရာကြီး ဗာရော့ချို၏ ပန်းချီခန်းမှ တပည့်တပန်းများနှင့်အတူ ရေးဆွဲလိုက်သော ပန်းချီကားတွင် လီယိုနာဒို လက်ရာအချို့လည်းပါဝင်ခဲ့၏။ ထိုသို့ တစ်ပိုင်းတစ်စပါဝင်သော လက်ရာသည်ပင်လျှင် ဤကားလီယိုနာဒို၏ လက်ရာဖြစ်၏။ ဤကားမဟုတ်ဟူ၍ အခိုင်အမာ ဆိုနိုင်လောက်အောင် ထူးခြားခဲ့ပေသည်။ လီယိုနာဒိုသည် ဉာဏ်သစ် အရေး ပုံတွင် ပေါ်ပေါက်ခဲ့သည့် အခြားအနုပညာသည်များကဲ့သို့ ရှေးခေတ်အနုသုခု ပညာရပ်မျးကို အတုယူ၍လည်းမရေးဆွဲ၊ မည်သည့်နည်းစနစ်ကိုမျှလည်း မယူဘဲ မိမိကိုယ်တိုင် သဘာဝ၏ သဘောတရားများကို စေ့စပ်သေချာစွာ လေ့လာပြီးမှရေးဆွဲလေသည်။ သဘာဝနှင့် သက်ရှိတို့၏ တည်နေပုံဖွဲ့စည်းပုံနှင့် အလင်းအမှောင်တို့၏သဘောကို အာရုံဝင်စားကာလေ့လာ၏။ ပန်းချီကားများကို ရေးခြယ်ရာတွင် ဆေးရေးခြယ်ခြင်းထက် လူနှင့်တိရစ္ဆာန်တို့၏ ကောဋ္ဌာသဗေဒ၊ သစ်ပင်တို့၏ဖြစ်ပျက်ပုံသဘောတရား၊ ကမ္ဘာမြေနှင့် ရေ၏တည်နေပုံ အင်အားစသော သဘာဝကို ဖန်တီးသည့် အကြောင်းအရာ များကို အရေးထား၍ စဉ်းစားလေသည်။ ထို့ကြောင့်လည်း အတတ်ပညာ အမျိုးမျိုးတွင် ကျွမ်းကျင်ခဲ့ခြင်းဖြစ်ပေရာအနုသုခုမပညာသည်တို့ မှတ်သား အတုယူစရာ ဖြစ်လာပေသည်။ လီယိုနာဒို၏ ဗဟုသုတပြည့်ဝမှု၊ စေ့စပ်သေချာစွာ လေ့လာပြီးမှ ရေးဆွဲမှု စသည်တို့ကြောင့် သူ၏လက်ရာများသည် အကြမ်းရေးခြစ်သော အတိုအစများပါမကျန် ကျော်ကြားလာလေသည်။ လူအမျိုးမျိုးတွင် ဝါသနာအလျောက် တတ်အပ်သော ပညာရပ်ဟူသည် ရှိစမြဲပင်ဖြစ်၏။ လူတစ်ယောက်လျှင် တစ်ခုသော ပညာရပ်တွင် ထူးချွန်တတ်၏။ လီယိုနာဒို အဖို့မူကားလူတို့တတ်အပ်သော ပညာရပ်တိုင်းကို တတ်မြောက်ထူးချွန်ခဲ့သူဖြစ်သော သူကဲ့သို့ ပါရမီခံရင့်သန်သူ ကမ္ဘာပေါ် တွင် နှစ်ဦးပေါ်ပေါက်ရန် ခဲယဉ်းလှပေ၏။ သိပ္ပံပညာရပ်များတွင်လည်း ယခုခေတ်ပေါ် သိပ္ပံပညာရပ်များ အရိပ်အရောင်မျှ မသန်းမီကာလကပင်လျှင် ကြိုတင်မှန်းဆနိုင်ခဲ့သော အစွမ်းရှိလေသည်။ သူရေးဆွဲခဲ့သော ပန်းချီလက်ရာများမှာ အားလုံးပင် ကျော်ကြားခဲ့သော်လည်း နှစ်ခုမှာကမ္ဘာကျော် ဖြစ်သည်။ တစ်ခုမှာ မီလန်မြို့ ဆန်တာ မရီယာကွန်ဗင့် ဘုရားရှိခိုးကျောင်းတွင် ရေးဆွဲထားသော ခရစ်တော်၏ နောက်ဆုံးညစာစားပွဲ ဖြစ်၏။ ကျန်တစ်ခုမှာ အမျိုးသမီးတစ်ဦး၏ ပုံတူဖြစ်၍ မိုနာလီဆာဟုခေါ်သည်။ ယခုတိုင် ပါရစ်မြို့ရှိ လူးဗရပြတိုက် တွင်ရှိသည်။ လီယိုနာဒိုသည် အနုပညာရပ်များ၌ကျော်ကြားသော မြို့ကြီးများ ဖြစ်သော ဖလော်ရင့်၊ မီလန်၊ ဗင်းနစ်၊ ရောမမြို့များသို့ လှည့်လည်ခဲ့လေသည်။ ထို့နောက် ပြင်သစ်နိုင်ငံ အမ်ဗီအရပ်၌ ၁၅၁၉ ခုနှစ်တွင် ကွယ်လွန် လေသည်။ အသက်အရွယ်များစွာ မကြီးရင့်မီပင် ကွယ်လွန်သော်လည်း အသက်တမ်းနှင့်မမျှအောင် များပြားသော သူ၏လက်ရာများသည် နောင်လာ နောက်သားများအဖို့ မှတ်သားဖွယ် အနုပညာသမိုင်းတွင် ထင်ထင်ရှားရှား ကျန်ရစ်ခဲ့ပေသည်။ ကိုးကား ပြင်ပလင့်ခ်များ Leonardo da Vinci (1452-I5I9) Giorgio Vasari's Lives Catholic Encyclopedia (1913)/Leonardo da Vinci အီတလီ အမျိုးသား ပန်းချီဆရာများ အီတလီလူမျိုး တီထွင်သူများ အီတလီ အမျိုးသား ပန်းပုဆရာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AE%E1%80%9A%E1%80%AD%E1%80%AF%E1%80%94%E1%80%AC%E1%80%92%E1%80%AD%E1%80%AF%E1%80%92%E1%80%AB%E1%80%97%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%AE
ရတနာပုံ ဘောလုံး အသင်း
ရတနာပုံ ဘောလုံးအသင်းသည် ၂၀၀၉ ခုနှစ် မြန်မာအမျိုးသားလိဂ် စတင်ချိန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုဖွဲ့စည်းတိုင်ထောင်ခဲ့သည်။ အိမ်ကွင်းမှာ မန္တလေးမြို့ ဗထူး အားကစားကွင်း ဖြစ်သည်။ အသင်း၏ ပိုင်ရှင်မှာ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းဖြစ်သည်။ အသင်း အုပ်ချုပ်သူမှာ ဦးစိုးမိုးလှိုင် ဖြစ်ပြီး အသင်းခေါင်းဆောင်မှာ အောင်ကျော်မိုး ဖြစ်သည်။ သမိုင်း​ကြောင်း မြန်မာနေရှင်နယ်လိဂ် စတင်သည့် ၂၀၀၉ ခုနှစ်တွင် ဗိုလ်စွဲခဲ့သည်။ ရတနာပုံအသင်းအနေဖြင့် ပထမဦးဆုံး မြန်မာအမျိုးသားလိဂ်ပွဲအဖြစ် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ဆောက်သမ်းမြန်မာ ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခြင်း ဖြစ်ပြီး ရတနာပုံဘောလုံးအသင်းက ၂−၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ပထမဦးဆုံး ရတနာပုံအသင်းအတွက် ဂိုးကို တိုက်စစ်မှူး ရန်ပိုင်က ပွဲချိန် ၂၈ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲအား ရန်ကုန်မြို့ ရှိ လူငယ်အားကစား လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ) တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကာ ပွဲချိန် မိနစ် ၉၀ အတွင်း ၂-၂ ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူကာ ရတနာပုံဘောလုံးအသင်းက ၄−၁ ဂိုးဖြင့် ပထမဦးဆုံး မြန်မာအမျိုးသားလိဂ် ချန်ပီယံဆုဖလားကြီးအား ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မြန်မာအမျိုးသားလိဂ်တွင် အနိုင်ရဗိုလ်စွဲခဲ့သောကြောင့် 2010 AFC President Cup (၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ တွင်လည်း အနိုင်ရဗိုလ်စွဲ ခဲ့သည်။ အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ်ဖလား အား အုပ်စုပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်များအား ရတနာပုံဘောလုံးအသင်းမှ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိကာ ရန်ကုန်မြို့ ရှိ လူငယ်လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ) တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်က မြန်မာအမျိုးသားလိဂ် ချန်ပီယံအသင်း ရတနာပုံ နဲ့ အူရီးဒူး ရှုံးထွက်ချန်ပီယံ အသင်း ဧရာဝတီယူနိုက်တက်တို့သည် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမစတင်မီ Charity Cup ကို ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ​အောင်ဆန်းအားကစားကွင်း မှာ ယှဉ်ပြိုင်ပြုလုပ်ခဲ့ရာ ဧရာဝတီယူနိုက်တက် ဘောလုံး အသင်းက ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အောင်မြင်မှုများ မြန်မာအမျိုးသားလိဂ်ဖလား ၂၀၀၉ ၂၀၀၉ - ၂၀၁၀ မြန်မာအမျိုးသားလိဂ် ၂၀၀၉ ၂၀၁၀ ၂၀၁၄ ၂၀၁၆ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (AFC President's Cup) ၂၀၁၀ အာရှအဆင့်ဘောလုံးပြိုင်ပွဲများတွင် စွမ်းဆောင်နိုင်မှုများ AFC Champion League ၂၀၁၅ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည် ၂၀၁၇ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည် AFC Cup ၂၀၁၅ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည် ၂၀၁၇ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည် AFC President's Cup ၂၀၁၀ ခုနှစ်တွင် ချန်ပီယံ ဖြစ်ခဲ့သည် ၂၀၁၁ ခုနှစ်တွင် နောက်ဆုံးအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။ အိမ်ကွင်း ရတနာပုံဘောလုံးအသင်း၏ အိမ်ကွင်းမှာ ဗထူး အားကစားကွင်း ဖြစ်ပြီး မန္တလေးမြို့တွင် အခြေစိုက်သည်။ ၂၀၁၉ ရာသီအတွက် လူစာရင်း ကိုးကား မြန်မာနိုင်ငံရှိ ဘောလုံးအသင်းများ မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%20%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%20%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8