title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ဇနကာဘိဝံသ၊ အရှင် (ချမ်းမြေ့)
ချမ်းမြေ့ ဆရာတော် အရှင်ဇနကာ ဘိဝံသ (၁၂၉ဝ) ဘွဲ့အမည် - အရှင်ဇနကာ ဘိဝံသ။ မိဘအမည် - ဦးဖြူမင်း + ဒေါ်ရွှေရည်။ မွေးသက္ကရာဇ် - ၁၂၉ဝ ပြည့်၊ ဝါခေါင်လဆန်း၊ ၈ ရက်၊ အင်္ဂါနေ့။ မွေးဖွားရာဒေသ - မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်။ ပျဉ်းမကျေးရွာ ကလောင်အမည်ခွဲများ - ချမ်းမြေ့ ဆရာတော်။ ကိုယ်ရေးဖြစ်စဉ် ၁၃ဝ၉ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် တောရဟန်း ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈာယ် ပြု၍ တောင်တွင်းကြီးမြို့ ရွှေအင်းတောင် ဘုရား အတွင်းရှိ ခဏ္ဍသိမ်၌ ရဟန်း အဖြစ်သို့ ရောက်ရှိသည်။ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင် ဆရာတော်ကြီးများ ထံ၌ ပရိယတ္တိ စာပေများကို သင်ကြားခဲ့သည်။ အစိုးရ သာသနဓဇသီရိပဝရဓမ္မာ စရိယ၊ မန္တလေး သကျသီဟပရိယတ္တိသာသနဟိတဓမ္မာစရိယ ဘွဲ့များ ရရှိခဲ့သည်။ လန်ဒန် စာမေးပွဲများ ကိုလည်း အောင်မြင် ခဲ့သည်။ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ်၌ စာချကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။ အာရှ၊ ဥရောပ၊ အမေရိကတိုက် နိုင်ငံပေါင်း (၂ဝ) ခန့်သို့ သာသနာပြု ခရီး အဖြစ် လှည့်လည် ကြွတော်မူခြင်း၊ ကလေးမြို့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ ပင့်လျှောက်ချက် အရ ဟောကြားခဲ့ခြင်း၊ မန္တလေး ရတနာပုံ ရိပ်သာ၊ ရန်ကုန် မဟာစည် သာသနာ့ ရိပ်သာ၌ ပြည်တွင်း ပြည်ပ ယောဂီများအား တရားဓမ္မ ဟောပြော ပြသလျက် ရှိခြင်း စသော သာသနာပြု လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့၊ ၂၀၀၉ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တို့ကို ရရှိခဲ့သည်။ ချမ်းမြေ့ ဆရာတော် အရှင်ဇနကာ ဘိဝံသ ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ ကံနှင့် တမလွန်ဘဝ - ၁၉၉၄ ခုနှစ် ချမ်းမြေ့ မင်္ဂလာ သင်စရာ - ၁၉၈၉ ခုနှစ် ချမ်းမြေ့ သာသနာတော် လျှောက်စာတမ်း - ၁၉၈၇ ခုနှစ် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓသာသနာ - ၁၉၉၅ ခုနှစ် ဂုဏ်တော် ဘုရား ရှိခိုးနှင့် သိမှတ်ဖွယ်ရာ အထွေထွေ - ၁၉၄၄ ခုနှစ် ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော် - ၁၉၉၄ ခုနှစ် တတိယ အကြိမ် ဓမ္မခရီး - တက္ကသိုလ် ဓမ္မသဘင် - ၁၉၈၅ ခုနှစ် ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေး တရားတော်များ - ၁၉၉ဝ ပြည့်နှစ် ယောဂီသိဖွယ် အသွယ်သွယ် - လူငယ်သင် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓဘာသာ လှူကထိန် သင်္ကန်းနှင့် မင်္ဂလမ်း - ၁၉၈၄ ခုနှစ် အနောက်တိုင်းမှ ဘဝ ပြဿနာ အသံလွှင့် တရားတော်များ Ordination Procedure and Some rules of Vinaya. Vipassana Meditation Vipassana Meditation Guilddiness ရည်ညွှန်းကိုးကား နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) စာတည်းအဖွဲ့၊ ပညာရွှေတောင် စာအုပ်တိုက်၊ ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမအကြိမ်။ မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသား စာရေးဆရာများ ဗုဒ္ဓဘာသာရဟန်းများ ၁၉၂၀ မွေးဖွားသူများ
https://my.wikipedia.org/wiki/%E1%80%87%E1%80%94%E1%80%80%E1%80%AC%E1%80%98%E1%80%AD%E1%80%9D%E1%80%B6%E1%80%9E%E1%81%8A%20%E1%80%A1%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%20%28%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%B1%E1%80%B7%29
ညောင်ကန်အေးဆရာတော်
ထေရုပ္ပတ္တိအကျဉ်း ဘွဲ့တော် - ဘဒ္ဒန္တဣန္ဒက ကျောင်းတိုက် - မဟာစည်ဩဝါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာ အသက်၊ သိက္ခာ၊ ဂိုဏ်း - သက်တော် (၆၉)နှစ်၊ ဝါတော် (၄၉)ဝါ၊ သုဓမ္မာဂိုဏ်း မွေးသက္ကရာဇ် - ၁၃၀ဝ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၁၃) ရက်၊ (၁၆၊၄၊၁၉၃၉) တနင်္ဂနွေနေ့၊ သာသနာဝင်အမှတ် - ၁၂/ဗဟန (သ)ဝ၀၃၆၉၆ ဇာတိရပ်ရွာနှင့် ခမည်းတော် မယ်တော်တို့၏အမည်-စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၊ ခမည်းတော် ဦးဘဒေါင် မယ်တော် ဒေါ်ပွဲဟန်၊ ရှင်ရဟန်းပြုခြင်း အသက်(၁၃)နှစ်သားအရွယ်၌ ညောင်ကန်ရွာ ရှစ်မျက်နှာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသကို ဥပဇ္ဈာယ် ပြု၍ “ ရှင်ဣန္ဒက ’’ ဘွဲ့အမည်ဖြင့် ရှင်သာမဏေအဖြစ် ခံယူပါသည်။ ၁၃၂၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလဆန်း (၅)ရက်နေ့၊ ညောင်ကန်ရွာ၊ ရှစ်မျက်နှာကျောင်းတိုက်၊ သင်္ဘောကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ စာပေသင်ယူခြင်း ၁၃၃၁- နှစ်မှစ၍၊ ဥပဇ္ဈာယ်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသနှင့် မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်၊ ကံ့ကော်ကျောင်း၊ မုံရွာမြို့ မဏိရတနာပုံကျောင်းတိုက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်တိုက်ကြီး) စသည့် စာချအကျော် ဆရာတော်များထံတွင် ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာ ပါဠိအဋ္ဌကထာ ဋီကာများကို ကျွမ်းကျင်တတ်မြောက်သည်အထိ လေ့လာဆည်းပူးသင်ယူခဲ့သည်။ အောင်မြင်ခဲ့သောစာမေးပွဲများ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ပါဠိတော် အဋ္ဌကထာ ဋီကာများကို ပခုက္ကူနည်း (ဆိုဝါ) အဖြစ်ဖြင့် ကျွမ်းကျင်နိုင်နင်းစွာ လေ့လာဆည်းပူးသင်ယူအောင်မြင်ခဲ့သည်။ ရဟန်းရှင်လူတို့ကို ကျေးဇူးပြုသော ရေးသားပြုစုခဲ့သည့်ကျမ်းဂန်များ တက်ရောက်ခဲ့ဘူးသောသင်တန်းများ၊ (၁) ဒေသနာကြေးမုံဆောင်ပုဒ်များ -၁၉၇၄ ခုနှစ် (၂) အညာတခွင်တရားဟောထွက်ခဲ့စဉ်က -၁၉၇၅ (၃) မဟာစည်စာမွန်ဦး(၂)စာစောင် -၁၉၇၇ (၄) မြတ်သတိဝါဒီမဟာစည်စာမွန်ဦး(၃)စာစောင် -၁၉၇၇ (၅) မိုးကုတ်မိုးမိတ် မအူပင် မဟာစည်ဒေနာခရီးစဉ်မှတ်တမ်း -၁၉၇၇ (၆) ကန္တာရဝတီ ကယားပြည်တခွင် တရားဟောထွက်ခဲ့စဉ်က -၁၉၇၇ (၇) ဗုဒ္ဓဓမ္မဆောင်းပါးများ -၁၉၇၈ (၈) ကုရုတိုင်းသွင် သတိပဋ္ဌာန်ပွားစေချင်တရားတော် -၁၉၇၈ (၉) တောင်ပိုင်းမောတခွင် တရားဟောထွက်ခဲ့စဉ်က -၁၉၇၈ (၁၀) မဟာစည်ရွှေလမင်း -၁၉၇၉ (၁၁) သောကကင်းဝေး ချမ်းသာအေးတရားတော် -၁၉၇၉ (၁၂) အနန္တကြေးမုံဆောင်းပါးများ -၁၉၇၉ (၁၃) သီလဝန္တ သုတဝန္တသုတ္တန် သတိပဋ္ဌာန်ဝပဿနာရှုနည်းတရားတော် -၁၉၈၀ (၁၄) ငိုကြွေးကင်းရန်သတိပဋ္ဌာန်တရားတော် -၁၉၈၂ (၁၅) ရှုမှတ်သိမြင်နိဗ္ဗာန်ဝင်တရားတော် -၁၉၈၂ (၁၆) မြတ်ဒေသနာဆောင်ပုဒ်လင်္ကာများ -၁၉၈၃ (၁၇) ဗုဒ္ဓဘာသာ ‘ က ’ ကြီး ‘ခ ’ ခွေး -၁၉၈၃ (၁၈) မဟာစည်တစ်ဘဝဖြစ်စဉ် -၁၉၈၄ (၁၉) မေတ္တာပွားပုံနည်းမျိုးစုံ -၁၉၈၅ (၂၀) ညောင်ကန်အေးဝတ်ရွတ်စဉ် -၁၉၈၅ (၂၁) ဘုရားဖြစ်စဉ်မြတ်ဗုဒ္ဓဝင်ပုံပြတရားတော် -၁၉၈၆ (၂၂) တရားရသော် တရားနှင့်ပျော်ဆောင်ပုဒ်များ -၁၉၈၆ (၂၃) စိတ်ညစ်ကင်းရန်သတိပဋ္ဌာန် -၁၉၈၆ (၂၄) ကိုယ်တွေ့ဉာဏ်မြင်နိဗ္ဗာန်ဝင် -၁၉၈၈ (၂၅) သတိပဋ္ဌာန်ကြွေးကြော်သံ(ပ+ဒု+တ+စ+မ) - ၁၉၈၉ (၂၆) The message of Satipatthana (par 1-2-3-4) (၂၇) လေးနိုင်ငံဓမ္မဒူတခရီးမှတ်တမ်း -၁၉၉၂ (၂၈) အောင်ခြင်းရှစ်ပါး -၁၉၉၅ (၂၉) ဝိပဿနာရှုနည်းမှတ်တမ်း -၁၉၉၆ (၃၀) အင်္ဂလန် ဆွဇ်ဇာလန် ပြင်သစ် သုံးနိုင်ငံဓမ္မဒူတခရီး -၁၉၉၆ (၃၁) အချိန်ရှိခိုက် လုံ့လစိုက် -၁၉၉၆ (၃၂) လန်ဒန်သာသနာပြုမှတ်တမ်း -၁၉၉၆ (၃၃) အင်းစိန်ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွင် မြတ်ဗုဒ္ဓဓမ္မသဘင် -၁၉၉၆ (၃၄) သံယောဇဉ်ပြတ်လျှင် နိဗ္ဗာန်ဝင်တရားတော် -၁၉၉၆ (၃၅) ကြောက်ရွံ့ကင်းဝေး ငြိမ်းချမ်းအေးတရားတော် -၁၉၉၆ (၃၆) သင်္ခေပဗုဒ္ဓပူဇာ -၁၉၉၈ (၃၇) ဒုတိယမ္ပိ အင်္ဂလန်ဓမ္မဒူတခရီးမှတ်တမ်း -၁၉၉၈ (၃၈) ဒေါက်တာသီလာနန္ဒာဘိဝံသ၏ ပြည်ပသာသနာပြုအတွေ့အကြုံမှတ်တမ်း -၂၀ဝ၀ (၃၉) အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု (ဒေါက်တာသီလာနန္ဒာဘိဝံသ) -၂၀ဝ၇ သာသနာရေးဆောင်ရွက်ချက်များ (က) ယဉ်ကျေးမှုနည်းပြသက်တမ်းနှင့် ယဉ်ကျေးမှုသင်တန်းသို့တက်ရောက်သည့် သင်တန်းသားအရေအတွက် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၌ မဟာစည်ဆရာတော်ဘုရားကြီး၏တာဝန်ပေးအပ်ချက်အရ ၁၃၃၈- ခုနှစ်မှ ၁၃၄၂ ခုနှစ်အထိ(၅)နှစ်တာမျှ သင်တန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သင်တန်းသား သာမဏေ သီလရှင်ပေါင်း (၅၀ဝ) ကျော်မျှ တက်ရောက်သင်ကြားပါသည်။ မဟာစည်ဩဝါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာတည်ထောင်သည့် ၁၃၄၂ ခုနှစ်မှစတင်၍ ညောင်ကန်အေး သာသနာ့ရိပ်သာတွင် နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ညောင်ကန်အေးဆရာတော်မှ နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ညောင်ကန်အေး ပြည်တွင်းပြည်ပ ဗုဒ္ဓသာသနာပြုသင်တန်း ဖွင့်လှစ်ခြင်း ညောင်ကန်အေးဆရာတော် တည်ထောင်ဖွင့်လှစ်သည့် ညောင်ကန်အေးပြည်တွင်းပြည်ပသာသနာပြုသင်တန်း ကို ၁၃၅၅ ခု၊ ဒုတိယဝါဆိုလပြည့်ကျော် (၆)ရက်၊ ၁၉၉၃ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အငြိမ်းစားကထိက ဆရာ ဆရာမပေါင်း(၂၈)ဦးတို့ဖြင့် သင်ကြားဖွင့်လှစ်ခဲ့သည့် ညောင်ကန်အေးပြည်တွင်း ပြည်ပ ဗုဒ္ဓသာသနာပြုသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာရဟန်းတော်များ ကမ္ဘာသို့သာသနာပြန့်ပွား အောင်ဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် ဘာသာစကားကျွမ်းကျင်မှုကို အထောက်အကူဖြစ် စေရန် ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မာစရိယနှင့် ဓမ္မာစရိယအခြေခံအဆင့်ရှိ ရဟန်းတော်များကို အဓိကထား သင်ကြားပေးခဲ့သည်။ သင်တန်းမှ ထူးချွန်သည့်ရဟန်းတော်များကိုလည်း နိုင်ငံခြားတက္ကသိုလ်များသို့ ဆက်လက်ပညာဆည်းပူးနိုင်ရေးအတွက် ညောင်ကန်အေးဆရာတော်မှ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ သင်တန်းသို့ တက်ရောက်ကြသည့် နှစ်အလိုက် သင်တန်းသား သံဃာတော်များ- ၁၉၉၃-၉၄ ခုနှစ် (၃၀) ပါး ၁၉၉၄-၉၅ ခုနှစ် (၃၆) ပါး ၁၉၉၅-၉၆ ခုနှစ် (၃၉) ပါး ၁၉၉၆-၉၇ ခုနှစ် (၁၇) ပါး ၁၉၉၇-၉၈ ခုနှစ် (၂၉) ပါး ၁၉၉၈-၉၉ ခုနှစ် (၂၃) ပါး ၁၉၉၉-၂၀ဝ၀ ပြည့်နှစ် (၂၇) ပါး ၂၀ဝ၀-၂၀ဝ၁ ခုနှစ် (၂၆) ပါး ၂၀ဝ၁-၂၀ဝ၂ ခုနှစ် (၂၀) ပါး ၂၀ဝ၂-၂၀ဝ၃ ခုနှစ် (၁၅) ပါး ၂၀ဝ၃-၂၀ဝ၄ ခုနှစ် (၂၀) ပါး သင်တန်းကာလ (၃)နှစ်ပြီးဆုံးပါက သင်တန်းအောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းပါသည်။ သင်တန်းအောင်လက်မှတ် ဆက်ကပ်ပြီးသံဃာတော် (၃၀) ပါးရှိသည်။ ညောင်ကန်အေးပြည်တွင်းပြည်ပဗုဒ္ဓသာသနာပြုသင်တန်းမှ ပြည်ပတက္ကသိုလ်များသို့ ပညာဆက်လက် ဆည်းပူးခွင့်ရရှိသည့် သင်တန်းသားများအနက် သီရိလင်္ကာနိုင်ငံမှ M.A ဘွဲ့ရ(၆)ပါး၊ အိန္ဒိယနိုင်ငံမှ B.A ဘွဲ့ရ(၂)ပါး၊ B.A တက်ရောက်ဆဲ(၂)ပါး၊ M.A (၂)ပါး၊ Ph.D (Thesis) (၂)ပါးတို့ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ (ခ) ဘ/ကကျောင်းနည်းပြသက်တမ်းနှင့် သင်ကြားပေးလျက်ရှိသော ကျောင်းသား/ကျောင်းသူအရေအတွက် ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်းတည်ထောင်ခြင်း မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ညောင်ကန်အေးဆရာတော် ဘဒ္ဒန္တဣန္ဒကနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာမြန်မာကျောင်းဆရာတော် နှစ်ပါးတို့အား ညောင်နှစ်ပင်သီးနှံစိုက်ပျိုးရေးအထူးဇုံ(၂)အကွက်အမှတ် ၁၇၀/၁၇၁ (အေ)/၁၇၀(ဘီ)(၁၅)ဧက ကိုနိုင်ငံတော်အစိုးရက ၂၀ဝ၁- ခုနှစ်တွင် လှူဒါန်းခဲ့သည်။ ပရဟိတကျောင်း ထောက်ပံ့ရေးစိုက်ခင်း လယ်မြေ အပါအဝင်(၃၇.ဝ၃)ဧကရှိသည်။ ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်း၏ တာဝန်ယူလုပ်ဆောင်ချက် ၁။ ကျောင်းနေအရွယ်ဖြစ်ပါလျှက် ကျောင်းထားပေးမည့် မိဘမရှိသော ခိုကိုးရာမဲ့ အုပ်ထိန်းသူမဲ့ ကလေးများ၊ ၂။ မိဘနှစ်ပါးရှိသော်လည်း ဆင်းရဲနွမ်းပါး၍ ကျောင်းမနေနိုင်သော ကလေးများကို ကျောင်းအိပ်ကျောင်းစား အဖြစ်လက်ခံ၍ ပြုစုစောင့်ရှောက်ပေးရန် ရည်ရွယ်ပါသည်။ ညောင်ကန်အေးပရဟိတကျောင်း၏ ပညာရေးရည်မှန်းချက် (က) အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အထိ သင်ကြားပေးရန်၊ (ခ) ၎င်းတို့ဝါသနာအလျောက် အသက်မွေးဝမ်းကျောင်း လက်မှုသိပ္ပံပညာရပ်များသင်ကြားပေးရန်၊ (ဂ) ဘာသာရေးတွင် ဝါသနာထုံသော ကလေးများအတွက် သာမဏေပြုစေပြီး ဗုဒ္ဓဘာသာအခြေခံမှစ၍ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယ ပရိယတ္တိပါဠိပထမပြန်စာပေများ သင်ကြားပို့ချပေးရန်၊ (ဃ) အကျင့်စာရိတ္တကောင်းမွန်၍ လူကောင်း လူတော် လူရည်မွန် လူ့ယဉ်ကျေးများဖြစ်စေရန် ဝိပဿနာ ကျင့်စဉ်များကိုလည်း အခါအားလျော်စွာ လေ့ကျင့်သင်ကြား အားထုတ်စေရန်၊ ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်းကို (၄-၆-ဝ၂) ရက်နေ့တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ရာ ရှင်သာမဏေ(၅)ပါးနှင့် ပရဟိတကျောင်းသား (၄၂)ဦးတို့ မူလတန်း၊ အလယ်တန်းပညာရပ်များနှင့် အခြေခံ ပရိယတ္တိစာပေများ လေ့လာဆည်းပူးသင်ယူလျက်ရှိသည်။ အခြေအနေပေးလာပါက နယ်စပ်တောင်တန်း ဒေသမှ တိုင်းရင်းသားကလေးငယ်များ ပညာလေ့လာဆည်းပူးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ (ဓာတ်ပုံ ပူးတွဲ) ညောင်ကန်အေးဆရာတော် တည်ထောင်ခဲ့သော ပြည်တွင်းညောင်ကန်အေးသာသနာ့ရိပ်သာခွဲများ (၁) မဟာစည်ဩဝါဒခံ ညောင်ကန်အေးကွင်းကျောင်းသာသနာ့ရိပ်သာ ကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။ (၂) မဟာစည်ဩဝါဒခံ ညောင်ကန်အေးရွှေပြည်သာ သာသနာ့ရိပ်သာ (၃) မဟာစည်ဩဝါဒခံ ညောင်ကန်အေးကန်လည်သာသနာ့ရိပ်သာ၊ သဲကုန်းမြို့။ (၄) ကုန်းတလပေါင် ညောင်ကန်အေး၊ ပုလဲမြို့သစ်၊ ရန်ကုန်။ ညောင်ကန်အေးပြည်ပသာသနာပြုဌာနခွဲများ 1. WASHINGTON STATE MAHASI BRANCH (Washington State Buddhist Association) 3510.122St PL S.W Lynnwood. WA98087 (U.S.A) 1. MAHASI BRANCH NYAUNG KAN AYE MEDITATION SOCIETY MALAYSIA No-10-3-5, JALAN SRIJATI 2, TAMANSRITI, BATU 6, OFFJALAN PUCHONG 58200 KUALALUMPUR 1. AUNG MYANMAR NYAUNG KAN AYE MEDITATION CENTRE Johor Township, Malaysia 1. NYAUNG KAN AYE PEACE MEDITATION CENTRE Balatcoung, Kualalumpur, Malaysia သာသနာပြုနယ်လှည့်ဓမ္မကထိကများ ပြုစုပျိုးထောင်ပေးခြင်း ညောင်ကန်အေးဆရာတော်မှ ဓမ္မကထိကဆရာတော်များကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ မဟာစည် နယ်လှည့်ဓမ္မကထိက(၄)ပါး အပါအဝင် ဓမ္မကထိက ကမ္မဋ္ဌာနာစရိယပေါင်း အပါး (၃၀)ကျော် ရှိသည်။ (ဂ) ခေါင်းပါးသည့်နယ်စပ်ဒေသများသို့သွားရောက်၍ သာသနာပြုခဲ့သည့်သက်တမ်း (မည်သည့်ခုနှစ်မှ မည်သည့်ခုနှစ်အထိ) ကာလအပိုင်းအခြားပြည်နယ် ပြည်မအနယ်နယ် အရပ်ရပ်သို့ ကြွရောက်သီတင်းသုံးသာသနာပြုတော်မူခြင်း မဟာစည်ဆရာတော်ဘုရားကြီး၏ တာဝန်ပေးအပ်ချက်အရ- မန္တလေးမြို့ ရတနာပုံမဟာစည်သာသနာ့ရိပ်သာ၊ ပုသိမ်မြို့ ဘုံကျော်မဟာစည်သာသနာ့ရိပ်သာ၊ မဲဇလီကုန်းမြို့ မဟာစည်သာသနာ့ရိပ်သာ၊ ဟင်္သာတမြို့မဟာစည်သာသနာ့ရိပ်သာ၊ ရှမ်းပြည်အင်းလေးဒေသများတွင် (၁၃၂၇) ခုနှစ်မှ (၁၃၃၇) ခုနှစ်အထိ (၉)နှစ်တာမျှ၊ နာယက၊ ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယတာဝန်များ ကြွရောက်ထမ်းဆောင်ခဲ့သည်။ ပြည်ပသာသနာပြုဌာနများသို့ ကြွရောက်သီတင်းသုံးခြင်း (၁) ပြည်တွင်းပြည်ပမဟာစည်ရိပ်သာများနာယကအဖွဲ့ကြီးနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်တို့၏ အစီအစဉ်ဖြင့် လန်ဒန်ဗုဒ္ဓဘာသာမြန်မာကျောင်းဂေါပကအဖွဲ့၏ ပင့်လျှောက်ချက်အရ ညောင်ကန်အေးဆရာတော်သည် ဗြိတိန်မြန်မာဗုဒ္ဓဘာသာဝိဟာရတွင် ၁၉၉၁- ခုနှစ်၊ ဇူလိုင်လမှစ၍ ၁၉၉၂ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်တာမျှ သီတင်းသုံးတော်မူပြီး သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူခဲ့သည်။ (၂) အခါအားလျော်စွာ ညောင်ကန်အေးပြည်ပသာသနာပြုဌာနခွဲများသို့ ကြွရောက်၍ ဝိပဿနာတရားစခန်း ပွဲများနှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုများကို ဟောပြောပြသသင်ကြားပို့ချ ပေးတော်မူပါသည်။ ညောင်ကန်အေးဆရာတော်၏ ပြည်ပဓမ္မဒူတခရီးစဉ်များ ၁၉၉၈ ခုနှစ် - သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ ထိုင်း ၁၉၉၁ ခုနှစ် - အင်္ဂလန်၊ ဆွဇ်ဇာလန်၊ ပြင်သစ် ၁၉၉၄ ခုနှစ် - ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ၁၉၉၅ ခုနှစ် - ထိုင်း၊ နီပေါ၊ အိန္ဒိယ ၁၉၉၆ ခုနှစ် - ထိုင်း၊ အိန္ဒိယ၊ အင်္ဂလန်၊ စင်ကာပူ ၁၉၉၇ ခုနှစ် - အမေရိကန်၊ ကနေဒါ ၁၉၉၈ ခုနှစ် - ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အင်္ဂလန်၊ ဂျာမဏီ၊ ဆွဇ်ဇာလန် ၁၉၉၉ ခုနှစ် - ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၂၀ဝ၀ ခုနှစ် - ထိုင်း၊ သီရိလင်္ကာ၊ ဂျပန် ၂၀ဝ၁ ခုနှစ် - နယူးဇီလန်၊ အမေရိကန်၊ ကနေဒါ ၂၀ဝ၃ ခုနှစ် - အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား ၂၀ဝ၇ ခုနှစ် - အမေရိကန် သီရိလင်္ကာနိုင်ငံ(၃)ကြိမ်၊ အိန္ဒိယ(၅)ကြိမ်၊ နီပေါ(၂)ကြိမ်၊ ထိုင်း(၇)ကြိမ်၊ စင်္ကာပူ(၇)ကြိမ်၊ အင်ဒိုနီးရှား(၂)ကြိမ်၊ ဂျပန်(၇)ကြိမ်၊ တောင်ကိုရီးယား(၁)ကြိမ်၊ ကမ္ဘောဒီးယား(၁)ကြိမ်၊ မကာအို(၁)ကြိမ်၊ တရုတ်(၁)ကြိမ်၊ ဘင်္ဂလားဒေ့ရှ်(၁)ကြိမ်၊ ဟောင်ကောင်(၁)ကြိမ်၊ အမေရိကန်(၄)ကြိမ်၊ ကနေဒါ(၂)ကြိမ်၊ အင်္ဂလန်(၃)ကြိမ်၊ ဆွဇ်ဇာလန်(၂)ကြိမ်၊ ပြင်သစ်(၁)ကြိမ်၊ နယူးဇီလန်(၁)ကြိမ်၊ ဂျာမဏီ(၁)ကြိမ်။ ညောင်ကန်အေးဆရာတော်အား သီရိလင်္ကာဝန်ကြီးချုပ် ဖူးမြော်ခြင်း ၁၉၈၈ ခုနှစ် ညောင်ကန်အေးဆရာတော် သီရိလင်္ကာနိုင်ငံသို့ ဓမ္မဒူတကြွရောက်တော်မူစဉ် သီရိလင်္ကာ ဝန်ကြီးချုပ်ပရိမာဒါဆာက ညောင်ကန်အေးဆရာတော်အား ဖူးမြော်ပြီး အချိန်ရသမျှ တရားနာယူလိုပါကြောင်း သီရိလင်္ကာရဟန်းတော် အရှင်ကဿပမှတဆင့် လျှောက်ထားပင့်ဖိတ်ချက်ကို ညောင်ကန်အေးဆရာတော်က လက်ခံတော်မူပြီး (၂၅-၃-၈၈) နေ့၊ ည(၉)နာရီအချိန်တွင် ကိုလံဘိုမြို့ ဝန်ကြီးချုပ်ရုံးခန်းရှိရာသို့ အရှင်ကဿပ နှင့်အတူကြွရောက်တော်မူကြသည်။ ဝန်ကြီးချုပ်က ရုံးအဆောက်အအုံဂိတ်ပေါက်ဝတွင် နိုင်ငံတော်အလံနှင့်သာသနာ့အလံများကို စိုက်ထူလွှင့် တင်ကာကိုယ်ရံတော်တပ်ဖွဲ့များ၊ သတင်းထောက်များနှင့်အတူအသင့်စောင့်ကြိုခဲ့သည်။ ဝန်ကြီးချုပ်နှင့်တကွ သူ၏အတွင်းဝန်စသူတို့သည် အဖြူရောင်ဘာသာရေးဝတ်စုံများကို ဝတ်ဆင်လျက် ရိုသေလေးမြတ်စွာ လက်အုပ်ချီကြိုဆို၍ ရုံးခန်းတွင်းသို့ ပင့်ဆောင်ခဲ့သည်။ ညောင်ကန်အေးဆရာတော်နှင့် အရှင်ကဿပအား ဝန်ကြီးချုပ်က ရိုသေစွာရှိခိုးပြီးနောက် ဝန်ကြီးချုပ်နှင့် ညောင်ကန်အေးဆရာတော်တို့ သာသနာရေးရာများ အပြန်အလှန်ဆွေးနွေး ပြောဆိုကြသည်။ ထို့နောက် ဝန်ကြီးချုပ်က “တပည့်တော်မှာ တိုင်းပြည်ဝတ္တရားများကို ဆောင်ရွက်နေရသဖြင့် အလွန်အလုပ် များတဲ့အတွက် အချိန်များများမရသော်လည်း တစ်သက်လုံးသုံးရမည့် အတိုဆုံးတရားတစ်ပုဒ်လောက်ကို ဟောကြားချီးမြှင့်ပေးပါရန်’’ လျှောက်ထားသည်။ ထို့နောက် ညောင်ကန်အေးဆရာတော်က သတိပဋ္ဌာန်ရှုမှတ်ခြင်းကြောင့် ရရှိနိုင်သည့် ပစ္စုပ္ပန်တမလွန် အကျိုးကျေးဇူးများနှင့် တာဝန်များသူဝန်ကြီးချုပ်နှင့် ကိုက်ညီမည့် ဝိပဿနာရှုမှတ်နည်းအကျဉ်းချုပ်ကို မကျဉ်းမကျယ် ဟောကြားချီးမြှင့်ပေးပါသည်။ (ဃ) ဘာသာခြားများကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးခဲ့သည့်အရေအတွက်ကျေးရွာမြို့နယ်အမည်များ ဝိပဿနာတရားများဟောပြောပြသခြင်း ၁၃၄၂ ခုနှစ်တွင် မဟာစည်ဩဝါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာကို တည်ထောင်ဖွင့်လှစ်၍- ပြည်တွင်းပြည်ပယောဂီများအား ဝိပဿနာတရားတော်များဟောကြားပြသပေးခဲ့ရာ ညောင်ကန်အေးသာသနာ့ ရိပ်သာတွင် သတိပဋ္ဌာန်တရားအားထုတ်ပြီး ပြည်တွင်းပြည်ပ တပည့်ယောဂီများ စုစုပေါင်း(၂၄၀ဝ၀) ကျော်တို့ ရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဘာသာခြားသားများဖြစ်ကြသည့် ကနေဒါနိုင်ငံသား ဂရစ်မေလာသည် ၁၉၈၂ ခုနှစ်တွင် ညောင်ကန်အေးသာသနာ့ရိပ်သာသို့ရောက်ရှိလာပြီး ညောင်ကန်အေးဆရာတော်၏ တရားဟောပြောပြသမှုကို နည်းခံ၍ ဝိပဿနာတရားများ ကျင့်ပွားရသဖြင့်မိမိမူလကိုးကွယ်ရင်းဖြစ်သည့် မိရိုးဖလာဘာသာအပေါ်၌ အားရကျေနပ်မှုမရှိတော့သဖြင့် ညောင်ကန်အေးဆရာတော်ထံမှောက်၌ သရဏဂုံခံယူ၍ ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းခဲ့သည်။ ဂရစ်မေလာသည် ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ စက်မှုရူပဗေဒဘွဲ့ရရှိသူတစ်ဦး ဖြစ်ပါတယ်။ ညောင်ကန်အေးဆရာတော်၏ ဗုဒ္ဓဓမ္မများကို နာကြားကျင့်ပွားခွင့်ရရှိခဲ့သဖြင့် ဗုဒ္ဓ၏တရားတော်မြတ်ကို ယုံကြည်သက်ဝင်ကိုးစားသဖြင့် ၁၃၄၈ခု၊ ကဆုန်လဆန်း(၁)ရက်၊ (၉-၅-၈၆) နေ့တွင် ပြင်ဦးလွင်မြို့ ပြည်သူ့ရဲတပ်ဖွဲ့ ဒုလုံခြုံရေးမှူး ဦးမျိုးဟိန်း တပ်ဖွဲ့ဝင်အမှတ်- လ/၁၁၂၈၃၆ သည် ပြင်ဦးလွင်မြို့ ရွှေစေတီ သာသနာ့ရိပ်သာတွင် ညောင်ကန်အေးဆရာတော်ထံမှောက်တွင် သရဏဂုံသုံးပါးကို ဆောက်တည်၍ ဗုဒ္ဓ ဘာသာဝင်အဖြစ် ခံယူခဲ့သည်။ (ပူးတွဲမိတ္တူ) ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့သား ဟွန်ပတွန်ဂန်ဂျီ (Honpa Hongan Jisect) ခေါ် ဘာသာရေးဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည့် ဟီရှိဒ သည် ညောင်ကန်အေးသာသနာ့ရိပ်သာတွင် ဝိပဿနာတရားတော်များအားထုတ်ပြီး (၇)ရက်ကြာ (၂၄-၂-၉၆)နေ့တွင် ညောင်ကန်အေးဆရာတော်ဘဒ္ဒန္တဣန္ဒက အား ဥပဇ္ဈာယ်ပြု၍ ထေရဝါဒ ရဟန်းအဖြစ်သို့ခံယူခဲ့သည်။ ရဟန်းဘွဲ့တော်မှာ ဦးအမတနန္ဒ ဖြစ်သည်။ အခြားသာသနာ့တာဝန်များထမ်းဆောင်ခြင်း ညောင်ကန်အေးဆရာတော်သည် 1. ပခုက္ကူမြို့ ကိန္နရာတောင် ဓမ္မကထိကအဖွဲ့၏ အကျိုးတော်ဆောင်၊ ဥက္ကဋ္ဌ၊ 2. မဟာစည်နယ်လှည့်ဓမ္မကထိကအဖွဲ့၏ အကျိုးတော်ဆောင်၊ ဒုဥက္ကဋ္ဌ၊ 3. ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ ဩဝါဒါစရိယအဖွဲ့၏ အတိုင်ပင်ခံနာယက၊ 4. ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေးကြီး၏ ဒုတိယ တတိယအကြိမ်များတွင်ရန်ကုန်တိုင်း အင်းစိန်မြို့နယ် သံဃသမုတိရသံဃကိုယ်စားလှယ်၊ 5. ညောင်ကန်အေးရိပ်သာခွဲများ၏ ဩဝါဒါစရိယ၊ 6. ညောင်ကန်အေးပြည်တွင်းပြည်ပဗုဒ္ဓသာသနာပြုသင်တန်း၏ ဩဝါဒါစရိယ၊ 7. ဂျပန်နိုင်ငံ တိုကျိုမြို့ ရှင်ဂျုကု အုကုဘိုဘူတာအနီး ထေရဝါဒဗုဒ္ဓဘာသာပြန့်ပွားရေးအဖွဲ့၏ဩဝါဒ စရိယ။ 8. အင်းစိန်မြို့နယ် စိန်ရတနာ နာရေးကူညီမှုအသင်း၏ နာယက၊ 9. World Buddhist Sangha Council (ကမ္ဘာ့ဗုဒ္ဓဘာသာသံဃကောင်စီ၏) အဖွဲ့ဝင်၊ ၁၂။ နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်း (က) မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် (၁၉၉၁) ခုနှစ်၊ (ခ) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် (၂၀ဝ၃) ခုနှစ်၊ သီတင်းသုံးရာဌာန ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ မဟာစည်ဩဝါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာ ရည်ညွှန်းကိုးကား ဗုဒ္ဓဘာသာရဟန်းများ မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%94%E1%80%BA%E1%80%A1%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
တေဇောသာရ၊ သျှင်
သျှင်တေဇောသာရ (၈၅၀ ခန့်-၉၁၀ ခန့်) နှစ်ကူးလည်၍-ချီ တမ်းတရတုရေးသူ သျှင်တေဇာသာရမှာ အင်းဝမြို့ဇာတိ ရှင်မဟာရဋ္ဌသာရ၏ တပည့်ရင်းဖြစ်၍ ရွှေနန်းကြော့ရှင် ဘုရင် နရပတိမင်းလက်ထက်သစ္စာဖောက်သော မှူးမတ်မင်း ဆွေမင်းမျိုးတို့ကို သတိပေးသောအနေဖြင့် “ရွှေဟင်္သာမင်းအား စစ်သူကြီး သုမုခသည် တိရစ္ဆာန်ပင်ဖြစ်လင့်ကစား ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေကြောင်း” ပြဆိုသော ရွှေဟင်္သာမင်းပျို့ကို သက္ကရာဇ် ၈၇၁-ခုနှစ်တွင် ရေးသားစီရင်သည်။ ၈၈၈-ခုနှစ် အင်းဝပျက်၍ မိုးညှင်းစလုံနှင့် သား သိုဟန်ဘွား တို့ သာသနာတော်ကို ဖျက်ဆီးသောအခါတွင် သျှင်မဟာ တေဇောသာရ မပါမူ၍ အင်းဝအနီးအနား ဘေးလွတ်ရာ တနေရာသို့ ရောက်ရှိနေသည်ဟု ထင်ရသည်။ ၈၉၈-ခုနှစ် တွင် ကန္နီမြို့ စားတောင်းပန်ချက်အရ ပြာဋိဟာ ခန်းပျို့ကို ရေးသားစီရင်သည်ကို ထောက်၍ဘေးရန် လွတ်ကင်းကြောင်း သိရ၏။ အင်းဝရွှေနန်းကြော့ရှင် ဘုရင်နရပတိလက်ထက် စာပြုစာဆို အကျော်တစ်ပါးဖြစ်သော ဆရာတော် သျှင်တေဇောသာရသည် အင်းဝမြို့တွင် မွေးဖွား သန့်စင်တော်မူ၏။ မိဘမည်ရည်နှင့် ငယ်မည်တော်စသည်တို့ကို ခိုင်ခန့်သော အမှတ်အသား မတွေ့ရပေ။ သျှင်တေဇောသာရသည် ကျောင်းသားဘဝမှ သာမဏေဘဝ၊ ရဟန်းဘဝတိုင်အောင် အခြေခံစာပေများနှင့် ပျို့၊ကဗျာ၊ လင်္ကာ၊ မော်ကွန်းစသော အနုစာပေများကိုလည်းကောင်း၊ ပါဠိ အဋ္ဌကထာစသော လောကုတ္တရာ စာပေများကိုလည်းကောင်း သင်ကြားတတ်မြောက်တော်မူသည်။ သျှင်တေဇောသာရ ကိုယ်တိုင် ကလည်း ဆရာတော် သျှင်မဟာရဋ္ဌသာရထံမှ စာပေနည်းခံတော်မူကြောင်းကို ရွှေဟင်္သာမင်းပျို့ နိဂုံး၌- လေးကျွန်းမှန်ကင်း၊ တောင်ခပင်းတွင်၊ ကြီးမင်းမြင့်ခေါင်၊ မြင်မိုရ်တောင်၏၊ ယပ်စောင် မှီခို၊ ယုဂန္ဓိုရ်နှင့်၊ နှိုင်းဆိုလိုက်လျော်၊ ကြားသိခေါ်သည်၊ တေဇော်သာရ၊ သာဝကလျှင်၊ ပုစ္ဆ ကဝိ၊ ကြားလွှံ့သိသား၊ ခေါင်ထိဆရာ၊ ရဋ္ဌသာမှ၊ နည်းနာရမြောက်၊ တောင်ကိုဖောက်သည်၊ စိန်ကျောက်အလား၊ သွေး၍ထားသား၊ အသွားထက်မြက်၊ ဉာဏ်သန်လျက်ဖြင့်၊ ဟု ရေးသား ဖွဲ့ဆိုကာ မိမိဆရာ၏ ဂုဏ်ကိုလည်း ထည့်သွင်းဖော်ပြထားလေသည်။ သက္ကရာဇ် ၈၇၁-ခုနှစ်တွင် သျှင်တေဇောသာရသည် ရွှေဟင်္သာမင်းပျို့ကို ရေးသား စပ်ဆိုတော်မူသည်။ ဆရာတော်သည် ထိုပျို့ကို ရေးစပ်သည်မှာ အကြောင်းရှိပေသည်။ ထိုခေတ်အခြေအနေကို သုံးသပ်ဆင်ခြင်ကြည့်လျှင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိအား နိုင်ငံ တွင်းမှ မြို့စားတို့ အကြိမ်ကြိမ် ပုန်ကန်ထောင်ထားလျက် ခြားနားနေကြသည်။ ထို့ပြင် ဘိုးတော် ညီတော်စသော မင်းဆွေစိုးမျိုးထဲကပင် ဘုရင့်သစ္စာတော်ကို စောင့်သိရိုသေခြင်း မရှိကြ။ မှူးကြီး မတ်ကြီး အမှုထမ်း အရာထမ်းစသော လက်အောက်ကျေးကျွန်များမှာမူ သာ၍ပင် ဆိုးနေချေ သေးသည်။ ဤသို့ ပြည်တွင်းဆူပူသောင်းကျန်းမှုကို အခွင့်ကောင်းယူ၍ မိုးညှင်းစလုံနှင့်သိုဟန်ဘွား တို့အရေးကလည်း တစ်နေ့တစ်ခြား ကြီးလေးလာခဲ့သည်။ ထိုအချိန်တွင် မျိုးချစ်စိတ် ထက်သန်၍ လူမျိးရေး၊ ဘာသာရေး၊ သာသနာရေးတို့၌ တိုးတက်ပြန့်ပွားမှုကို အလိုရှိသော ဆရာတော်သျှင် တေဇောသာရသည် စူဠဟံသဇာတ်တော်လာ စစ်သူကြီး သုမုခသည် တိရစ္ဆာန်ပင် ဖြစ်လင့်ကစား အရှင်သခင်ဖြစ်သော ဓတရဋ္ဌရွှေဟင်္သာမင်း၏ ကျေးဇူးသစ္စာတော်ကို စောင့်သိ ရိုသေသေး၏၊ လူတို့မူကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း၊ ဟူ၍ မင်းနရပတိ၏ မြို့စား ရွာစား ဆွေတော် မျိုးတော် မှူးမတ်ကျေးကျွန်တို့ သန္တာန်၌ ကိန်းအောင်းလာအောင် သတိပေးသော အနေအားဖြင့် သွယ်ဝိုက်၍ ရေးသားစပ်ဆိုခြင်း ဖြစ်လေသည်။ ဆရာတော် သျှင်တေဇောသာရက ဘယ်သို့ပင် သတိပေး၍ ရေးသားပါသော်လည်း မင်းဆွေစိုးမျိုး မှူးမတ်စသည်တို့မှာ အသိတရား မရနိုင်ကြပေ။ ထို့ကြောင့် တစ်နိုင်ငံလုံး စည်းလုံးမှု ပျက်ပြားလာကာ ဝါးအစည်း ပြေသကဲ့သို့ တဖြည်းဖြည်း ကစဥ့်ကလျား ဖြစ်လာသည်။ ရွှေဟင်္သာ မင်းပျို့ကို ရေးသားစပ်ဆိုပြီးနောက် ၁၇-နှစ်အကြာ ဂငယ်သုံးခု ဥသျှစ်ထု ကိန်းနှင့် ကြုံကြိုက် ချိန်ဝယ် ရတနာပူရ အင်းဝရွှေမြို့တော်ကြီးကို မိုးညှင်းစလုံနှင့် သား သိုဟန်ဘွားတို့၏ သိမ်းပိုက် ခြင်းကို ခံရလေတော့သည်။ ထိုအခါ သာသနာရောင်မှေးမှိန်၍ အန္တရာယ်များလည်း ပေါ်ပေါက်လာသည်။ ထိုအချိန်တွင် ကန္နီမြို့စား သီရိဇေယျနော်ရထာ၏ တောင်းပန်ချက်အရ ခေတ်နှင့် ကိုက်ညီဆီလျော် ဖွယ်ရှိသော ' ပြာဋိဟာခန်းပျို့' ကို သက္ကရာဇ် ၈၉၈-ခုနှစ်တွင် ရေးသားစပ်ဆိုလိုက်သည်။ အဆိုပါ မြို့စားမင်း တောင်းပန်သောကြောင့် ထိုပျို့ကို ရေးစပ်ကြောင်းကိုလည်း - ပြောင်ပြောင်ထွန်းညိ၊ ကြားလွှံ့ဘိသည်၊ သိရိဇေယျာ၊ နော်ရထာဟု၊ ပညာကျော်ဟိုး၊ ကန္နီစိုးသား၊ တန်ခိုးထွန်းညီး၊ အမတ်ကြီးလျှင်၊ ကြည်သီးစေတနာ၊ ချစ်မေတ္တာဖြင့်၊ သဒ္ဓါပြင်း ထန်၊ ခွင့်တောင်းပန်သော်၊ ဟူ၍ ပျို့နိဂုံး၌ စပ်ဆိုထားခဲ့လေသည်။ ဤသို့ သက္ကရာဇ် ၈၈၈-ခုနှစ်တွင် အင်းဝပြည်ကြီး ပျစ်စီးတိမ်းယိမ်းပြီးနောက် ဆရာ တော် သျှင်တေဇောသာရသည် မည်သည့်အရပ်ဒေသို့ ကြွရောက်နေထိုင်သည်ဟု မတွေ့ရပေ။ မြန်မာစာပေသမိုင်း၌ကား အင်းဝမြို့မှ အသက်မသေ ကျန်ရှိသော ရဟန်းတော်များသည်လည်း တောင်ငူသို့ တစ်လီ၊ ပြည်သို့ တစ်ပိုင်း၊ စစ်ကိုင်းသို့ တစ်ဝ ပြေးအောင်း ခိုဝင်နေကြရသည်တွင် သျှင်တေဇောသာရလည်း ပြည်သို့ စုန်ဆင်းလေသည်။ ဟူ၍ ရေးသားထား၏။ သို့ရာတွင် ခိုင်မာသော အမှတ်အသား အတိအကျ မရှိပေ။ အထက်ဖော်ပြပါ ပြာဋိဟာခန်းပျို့ကို သက္ကရာဇ် ၈၉၈-ခုနှစ်တွင် ကန္နီမြို့စားက တောင်းပန်၍ ရေးသည်ဆိုသောကြောင့် ဆရာတော်သည် အင်းဝမြို့မှ တိမ်းရှောင်နေငြားသော် လည်း အထက်အညာပိုင်း ရတနာပူရအင်းဝမြို့နှင့် အနီးမှာပင် သီတင်းသုံးနေခြင်း ဖြစ်တန်ရာ ပေသည်။ ဆရာတော် သျှင်တေဇောသာရသည် သိုဟန်ဘွားမင်း၏ အုပ်ချုပ်မှုကို မနှစ်သက်သည် က တစ်ကြောင်း၊ ဓညဝတီရခိုင်ပြည်ရှိ မဟာမြတ်မုနိဘုရားကို ဖူးမြင်လိုသည်ကတစ်ကြောင်းကြောင့် သိုဟန်ဘွားတို့ စေလွှတ်လိုက်သော သံတမန်များနှင့်အတူ ရခိုင်ပြည်သို့ လိုက်သွားဖူးကြောင်း အမှတ်အသားများ ရှိပေသည်။ သို့ရာတွင် မည်သည့်ခုနှစ်တွင် ကြွရောက်သည်ကိုမူ မတွေ့ရပေ။ ပိဋကတ်သမိုင်းစာတမ်းအရ သျှင်တေဇောသာရသည် ရွှေဟင်္သာမင်းပျို့နှင့် ပြာဋိဟာခန်းပျို့ အပြင် ဗျာဒိတ်တော်ခန်းပျို့နှင့် အာဒါသမုခပျို့ဟောင်းတို့ကိုလည်း ရေးသားစပ်ဆို တော်မူကြောင်း တွေ့ရှိရပေသည်။ ဆရာတော်သည် ပျို့လေးစောင်အပြင် ရတုများစွာကိုလည်း ရေးသားတော်မူခဲ့ပေသေးသည်။ ရှင်တေဇောသာရ ရှင်တေဇောသာရ သည် အင်းဝမြို့တွင် ဖွားမြင်သည့် အင်းဝဇာတိ ဖြစ်သည်။ ရှင်မဟာရဋ္ဌသာရ၏ တပည့်ဖြစ်သည်။ ရှင်မဟာသီလဝံသ၏ တပည့် ရှင်အုန်းညိုနှင့် စာဆိုအပြိုင် ဖြစ်ပြီး အနုစာပေတွင် တစ်ဖက်ကမ်းရောက် တတ်မြောက်သည်ဟု ကျော်ကြားသည်။ သက္ကရာဇ်(၈၇၁)ခု၊ ရွှေနန်းကြော့ရှင်မင်း လက်ထက် "ရွှေဟင်္သာမင်းပျို့"၊ (၈၉၇)ခုတွင် "ပြာဋိဟာခန်းပျို့"တို့ကို ရေးသားခဲ့သည်။ "အာဒါသမုခပျို့"၊"အာသောမာဝချီ နှစ်ကျိပ်ရှစ်ဆူဘုရားလင်္ကာ"တို့ကို စပ်ဆိုခဲ့သည်။ အင်းဝဒုတိယ မင်းခေါင်နှင့် စစ်ကိုင်း စည် သူကျော်ထင် လက်ထက်တိုင် ထင်ရှားကျော် ဇောသည်။ ပျံလွန်သည့်သက္ကရာဇ်ကား မသိရ။ သိုဟန်ဘွားလက်ထက်တွင် မိုးညှင်းစလုံက စေလွှတ်လိုက်သော ရှမ်းသံတမန်များနှင့် အတူ ရခိုင်သို့ ပါသွားသည်။ အကြောင်းသော်ကား သိုဟန်ဘွားလက်အောက်တွင် မနေချင်၍ မဟာမြတ်မုနိဘုရားဖူးရန်ဟု အကြောင်းပြကာ ပါသွားခြင်း ဖြစ်သည်။ ရခိုင်မင်းက ကြည်ညို၍ ပြန်မလွတ်သည်ကို ရခိုင်အမတ် ဇေယျသင်္ကြန်အမတ်က ကူလျှောက်သော်လည်း ပြန်ခွင့်မရ။ ရခိုင်မင်းနှင့်ပြည်သူတို့ ကြည်ညိုလွန်း၍ ရခိုင်သူမြတ်ဟူ၍လည်း အမည်ရသည်။ ပြန်ခွင့်မရ၍ မပြန်ဘဲ ရှိနေစဉ် တစ်ညနေချမ်း၌ အမှတ်မထင် တွေ့မြင်ခဲ့ရသော ရခိုင်မင်း၏ သမီးတော်ကို မေတ္တာသက်ဝင်ဟန်သဘောပါသော ရခိုင်းမင်းသမီးအလှကို ဖွဲ့ဆိုသည့် ရခိုင်တန်ဆောင်ရတုဟု ထင်ရှားသော "ဌာနတည်၍ချီ ရွှေရုပ်သွင်ပိုဒ်စုံရတု"ကို ရေးဖွဲ့လေရာ ထိုအကြောင်းကို ရခိုင်မင်း ကြားသိလျှင် "ဤသို့ အကျင့်တန်သောရဟန်းမျိုး၊ ငါ့နိုင်ငံတွင် မနေစေရ၊ ပြန်စေ" အမိန့်ကြောင့် အင်းဝကို ပြန်ခဲ့ရ‌လေသည်။ ထိုပိုဒ်စုံရတု အကြောင်းကြောင့်လည်း ရခိုင်မင်းသမီးနှင့် ရခိုင်မင်းသမီးကို ချစ်မြတ်နိုးကြသည့် ရခိုင်ပြည်သူတို့၏ လေးစားချစ်ခင်မှုကို ပိုရပြီး ရခိုင်သူမြတ်ဟု ခေါ်ခံရဟန် တူသည်။ ရွှေရုပ်သွင်ပိုဒ်စုံရတု။ ။ ဌာနတည်၍၊ ရွှေပြည်ကဲ့သို့၊ ရခိုင်မြို့ဝယ်၊ ဆန်းတို့ပေစွ၊ မျှော်ပါရသား၊ သိင်္ဂရောင်ရွှန်း၊ ရွှေပုံသွန်းသို့၊ လန်းလန်းလတ်လတ်၊ လိုက်ဘက်တင့်မော၊ မချောစရာ၊ ချောစရာလျှင်၊ ကေသာဆံလှ၊ ထုံးနောက်-စ-နှင့်၊ ချုပ်ညရီတွင်၊ ဖြုတ်ချည်းမြင်သည် ။ ။ ရှင်သာ ရခိုင့် တန်ဆောင်လော။ သာလှစည်၍၊ ရွှေပြည်ရပ်သူ၊ ထိုမျှလူဝယ်၊ ပြိုင်တူမထင်၊ သည်သခင်မူ၊ ရုပ်သွင်ပျိုချော၊ တင့်မောပေစွ၊သဘောတည်ကြည်၊ မြတ်မူနည်နှင့်၊ ရွှေရည်ရုပ်တု၊ ပုံသွန်းပြုသို့၊ ပျို့နုထွတ်ထွတ်၊ ဝင်းရှိမ်းလတ်မူ၊သွယ်ပတ်ဝေ၀၊ ထုံးနောက်ခွေနှင့်၊ တင့်နေ စ-လှ၊ ဆည်းရီညဝယ်၊ လွလွဖြူစင်၊ ပေါ်ရုံတင်၍၊ ထမ်းစင်ယဉ်သာ၊ စီးစ-ကာတည်း၊ သူဇာပေပင်၊ ရှင့်ဆင်းပြင်မူ၊ မြင်လျှင်လွန်ကြူး၊ အံ့မိန်းမူးသည် ။ ။ သောက်ရှူး သော်တာ အရောင်လော ။ ဝါလလည်၍၊ ရွှေပြည်ရောက်စ၊ ရှေးသော်ကမူ၊ မမျှဆင်းပြင်၊ သည်သခင်ကို၊ မြင်လျှင်လွန်ကြူး၊ သောက်ရှူးသော်တာ၊ လ-အဝါသို့၊ ပြင်လျာ ဆုံ့ဆည်း၊ ရွှေဖျင်ပည်းဝယ်၊ စုလည်းမဆင်၊ နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့၊ သည်လျာမချွတ်၊ နောင်မင်း မှတ်သည်။ ။ မိုးနတ်သူဇာ အရောင်လော ။ ရှင်တေဇောသာရသည် ဝီသတိနိပါတ်လာ စူဠဟံသဇာတ်ကို မှီငြမ်းပြု၍ ရွှေဟင်္သာမင်းပျို့ကို ဂေါစာသသက္ကရာဇ် ၈၇၁ ခု၊ သာသနာတော်နှစ် ၂၀၅၃ ခု ဝါခေါင်လပြည့် တနင်္လာနေ့ နေဝန်းပေါ်စ အချိန်တွင် ရေးသား၍ ပြီးဆုံးကြောင်း စာဆိုရှင်၏ နိဂုံးလင်္ကာစာပိုဒ်များအရ သိရှိရသည်။ ရှင်တေဇောသာရသည် ရွှေဟင်္သာမင်းပျို့သာမက ပြာဋိဟာခန်းပျို့၊ ဗျာဒိတ်တော်ခန်းပျို့၊ အာဒွသမုခပျို့ဟောင်းများကိုလည်း ရေးသားခဲ့သေးကြောင်း ပိဋကတ်တော်သမိုင်း အဆိုအရ ထပ်မံ၍ သိရ၏။ ရခိုင်တန်ဆောင်ဘုရား ကောဇာသက္ကရာဇ် ( ၈၄၂ - ၈၆၃ ) အင်းဝရွှေမြို့တော်ကို ဒုတိယ-မင်းခေါင်မင်း အုပ်စိုးနေချိန်တွင် အင်းဝမြို့မှ ရှင်မဟာရဋ္ဌသာရနန့် ရှင်တေဇောသာရတို့သည် ရခိုင်နိုင်ငံတော် မြောက်ဦးမြို့သို့ ရောက်ရှိလာသော အချိန်မှာ သက္ကရာဇ် ( ၈၄၈ )ခန့်တွင် ရခိုင်ဘုရင်မင်းဒေါလျာ အုပ်စိုးနေသောအချိန် ဖြစ်ပြီး ထိုအရှင်နှစ်ပါးတို့သည် မြောက်ဦးမြို့ရွှေနန်းတော်၏ တောင်ဘက် မိုင်ဝက်ခန့်အကွာ ဘုရင်မင်းစောမွန်လက်ထက်က သာသနာပိုင် ဆရာတော်ကြီး ရှင်မဟာဝိဇယ၏ သီတင်းသုံးနေထိုင်တော်မူရာ မဟာဝိဇယရံသီကျောက်တိုက်၌ သီတင်းသုံးဝါဆိုခဲ့ကြသည်။ ဝါဆိုနေစဉ် ရှင်မဟာရဋ္ဌသာရသည်။ နှစ်ကူးလည်၍ တစ်ကျူးမြည်၍ ရှစ်ဦးတည်၍ အစချီ ရတုသုံးပိုဒ်ကို ရေးစပ်ခဲ့သည်။ တစ်နေ့တွင် အရှင်နှစ်ပါးတို့သည် မြောက်ဦးမြို့၌ ရာသီဥတု ကြည်လင်သာယာသဖြင့် ဘုရားဖူးထွက်ခဲ့ကြသည်။ ဘုရားဖူးပြီး၍ ညနေဆည်းဆာ အချိန်တွင် မိမိတို့သီတင်းသုံးနေထိုင်ရာကျောင်းတော်သို့ ပြန်ကြွလာခဲ့ရာ ရခိုင်ဘုရင်မင်းဒေါလျာ၏သမီးတော် စောနန်းမင်းဖြူသည်လည်း ဘုရားဖူး၍ နန်းတော်သို့ အပြန်လမ်းခရီး၌ ရဟန်းတော်နှစ်ပါးနန့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြင့်သဖြင့် မင်းသမီစောနန်းဖြူသည် ဝေါယာဉ်မှဆင်း၍ ရဟန်းတောမနှစ်ပါးကို ဂါရဝပြုက လမ်းဘေးတွင် ပုဆစ်ဒူတုပ်၍ အရိုအသေပြုနေခဲ့သည်။ အရှင်နှစ်ပါးမှာ မင်းသမီးကို နီးနီးကပ်ကပ်မြင်တွေ့ခဲ့ရပြီး ရဟန်းတော်များနန့်ဝေးသွားမှ မင်းသမီးသည် ဝေါယာဉ်ကိုပြန်စီလျက် နန်းတော်သို့ဝင်ခဲ့သည်။ ရှင်တေဇောသာရသည် ကျောင်းတော်သို့ ရောက်လာသည်အခါမှာ ညနေချုပ်ညရီတွင် မြင်တွေ့ခဲ့ရသော မင်းသမီး၏ရုပ်ပုံလွှာက နှလုံးသားမှာ ပြန်လည်စွဲထင်လာသည်။ မျက်စိထဲဝယ် တဝဲဝဲလည်လည် ပေါ်လာ၍ ဆည်းဆာနေခြည်အောက်တွင် ရွှေကဲ့ ဝင်းဝါစိုပြေနေသော မင်းသမီး၏အသားအရောင်နန့် လွလွကလေးလက်နေသောဆံခြည်နုတို့ကို မြင်ယောင်နေခဲ့သည်။ ဝင်းဝါသောအသားအရောင်နန့်လိုက်ဖက်သော အဖြူရောင်ပိုးဝတ်ရုံကို ဆင်ယင်ထားပုံမှာ မျက်စိထဲ၌မထွက်နိုင်အောင် ရှိနေခဲ့သော မင်းသမီး၏ အလှပသာဒ အဆင်အပြင်တို့ကား မေ့မူးလောက်ပါပေသည်။ ရဟန်းဘဝနန့်လူဘဝ ကုသိုလ်ကြမ္မာမတူသဖြင့် လက်လျှော့ခဲ့ရသည်။ ဤသို့လျှင် ရှင်တေဇောသာရ၏ မင်းသမီးအပေါ် စွဲလမ်းမှု နှလုံးသားမှခံစားရသောပုံရိပ်ကို အောက်ပါ ရတုပိုဒ်ဖြင့် ဖွဲ့နွဲ့ခဲ့သည်။ ဌာနေတည်၍ ရွှေပြည်ကဲ့သို့ ရခိုင်မြို့ကို ဆန်းတို့ပေစွ မျှော်ပါရသား သိင်္ဂရောင်ရွှန်း ရွှေပုံသွင်သို့ လန်းလန်းလက်လက် လိုက်ဖက်တင့်မော မချောစရာ ချောစရာလျှင် ကေသာဆံလွ ထုံးနောက်စနှင့် ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် ရှင်သာရခိုင်တန်ဆောင်လော။ သာလှစည်၍ ရွှေပြည်ရပ်သူ ထိုမျှလူငယ် ပြိုင်သူမထင် သည်သခင်မူ ရုပ်သွင်ပျိုချော တင့်မောပေစွာ သဘောတည်ကြည် မျိုးမြတ်မည်နှင့် ရွှေရည်ရုပ်တု ပုံသွင်းပြုသို့ ပျိုနုလတ်လတ် ဝင်းရှိန်မတ်မူ သွယ်ပတ်ပေဝေ ထုံးနောက်ခွေနှင့် တင့်နေစလှ ဆည်းရီညဝယ် လွလွဖြူစင် ပေါ်ရုံတင်၍ ထမ်းစင်ယာဉ်သာ စီးစကာတည် သူဇာပေပင် ရှင့်ဆင်ပြင်မူ မြင်လျှင်လွန်ကျူး အံ့မိန့်မူသည် သောက်ရှူးသောတာအရောင်လော။ ဝါလလည်၍ ရွှေပြည်ရောက်စ ရှေးသော်ကမူ မမျှဆင်းပြင် သည်သခင်ကို မြင်လျှင်လွန်ကျူး သောက်ရှူးသော်တာ လအဝါသို့ ပြင်လျာဆုံးဆည်း ရွှေပြင်မည်းဝယ် စုံလည်းမဆင် နောက်ထုံးရှင်နှင့် မြင်လျှင်ပင်ကို ကြိုးပါလိုလည်း ကုသိုလ်ကြမ္မာ မမှီပါခဲ့ သည်းချာမချွတ် နောင်မင်းမှတ်သည် မိုးနတ်သူဇာအယောင်လော။ ။ ဤရတုသုံးပိုဒ်ကို ရေးစပ်ပြီးလျှင် ရှင်တေဇောသာရသည် မင်းသမီးစောနန်းမင်းဖြူထံသို့ ပို့ဆက်စေခဲ့သည်။ မင်းသမီးသည် နရတ်စားဘုရားကို ဖူးမြော်နေရစဉ်တွင် ဤရတုများကို ဖတ်ရှုခဲ့ရသည်။ ထိုရတု မင်းသမီးအား ရခိုင်တန်ဆောင်ဟူ၍ ဖွဲ့ဆိုထားသည်ကို မင်းသမီးက သဘောကျကာ မင်းသမီးဖူးမြော်နေသော နရတ်စားဘုရားကို ရခိုင်တန်ဆောင်ဘုရားဟူ၍ အမည်ပြောင်းလဲတွင်စေခဲ့သည်။ ထိုအချိန်မှစ၍ နရတ်စားဘုရားကို ယနေ့ထိတိုင် ရခိုင်တန်ဆောင်ဘုရားဟူ၍ တွင်နေကြသည်။ စောနန်းမင်းဖြူ မင်းသမီး၏ အမည်ကိုလည်း ရခိုင်တန်ဆောင်မင်းသမီးဟူ၍ တွင်စေခဲ့လေသည်။ ဤသည်ကား ရှင်တေဇောသာရ၏ သင်သည် ရခိုင်တန်ဆောင်လောဟူသော ရတု ဖြစ်သည်။ ကိုးကား --ကိုရွက်ဝါ 15:37, 22 အောက်တိုဘာ 2008 (UTC) ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%87%E1%80%B1%E1%80%AC%E1%80%9E%E1%80%AC%E1%80%9B%E1%81%8A%20%E1%80%9E%E1%80%BB%E1%80%BE%E1%80%84%E1%80%BA
ဗုဓ်၊ ဦး (ဆရာတော်)
ဆရာတော်ဦးဗုဓ်သည် ကုန်းဘောင်ခေတ်တွင် ပရိယတ္တိသာသနာ၌ နေမင်းတဆူပမာထင်ရှားကျော်ကြားတော်မူသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်ဦးဗုဓ်ကို ၁၁၄၉-ခု၊ နယုန်လပြည့်ကျော် (၅)ရက် အင်္ဂါနေ့တွင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၊ သာခေါင်ရပ်၌ မွေးဖွားသည်။ မိဘများမှာ ဦးအိုနှင့် ဒေါ်မွှေး ဖြစ်သည်။ ဆရာတော်လောင်းလျာ သတို့သားကို ဖွားမြင်စဉ် လငပုပ်ဖမ်းချိန်နှင့် တိုက်ဆိုင်ကြုံတွေ့ရသောကြောင့် အမည်ကို မောင်ပုပ် ဟု မှည့်ခေါ်ကြသည်။ ငယ်ဘဝ မောင်ပုပ် ကိုးနှစ်သားအရွယ်တွင် မိဘများက ညောင်ကန်အနောက်တိုက် (ရတနာမဉ္ဇူတိုက်)ဘုန်းတော်ကြီး ဦးပြေထံ ပညာသင်ရန် အပ်နှံပေးကြသည်။ မောင်ပုပ်သည် မင်္ဂလသုတ်၊ ပရိတ်ကြီး၊ လောကနီတိ၊ ရတနာရွှေချိုင့်၊ နမက္ကာရ စသော လောကုတ္တရာ အခြေခံစာပေများကို ကျနစွာ သင်ယူဆည်းပူးသည်။ မောင်ပုပ်သည် ငယ်စဉ်ကတည်းက စာပေအလွန် ဝါသနာပါသည်။ သင်သမျှစာများကို အလွတ်အာဂုံရအောင် ကြိုးစားကျက်မှတ်သည်။ မောင်ပုပ်(၁၃)နှစ်အရွယ်တွင် ဘုန်းတော်ကြီးဦးသာပုံထံ ဆက်လက်ပညာ သင်ကြားလေသည်။ ဆရာတော်ဦးသာပုံက ဉာဏ်ပညာထွန်းပြောင်မည့် တပည့်အဖြစ် မြင်တော်မူ၍ မောင်ပုပ်အမည်မှ ဗုဓသဒ္ဒါကို ထောက်၍ မောင်ဗုဓ် ဟု ပြောင်းပေးလိုက်သည်။ ကိုးကား ကုန်းဘောင်ခေတ် ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%93%E1%80%BA%E1%81%8A%20%E1%80%A6%E1%80%B8%20%28%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%29
ဗန်းမော်ဆရာတော်
ဗန်းမော်ဆရာတော် ငယ်ဘဝ မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ် ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ကွမ်းညှပ်စင်ရွာ၌ ဖွားမြင်သည်။ ငယ်နံမည် မောင်ဖြူဝင်း ဖြစ်သည်။ ရဟန်းဘွဲ့မှာ ဦးပဏ္ဍိတ ဖြစ်သည်။ ဆရာတော်သည် သင်္ကန်းနိုင်စကပင် ကိုရင်ဝတ်ခဲ့သည်။ ရတနာပုံ နေပြည်တော်သို့ တက်ကာ စာပေပရိယတ္တိ သင်ယူသည်။ ရတနာပုံနေပြည်တော်ကား သာသနာထွန်းကားစည်ပင်ရာဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ စုဝေးရောက်ရှိရာလည်း ဖြစ်သည်။ ထို့ကြောင့် ဆွမ်းကွမ်းကိစ္စ အခက်အခဲရှိတတ်သည်။ အထူးသဖြင့် ငယ်ရွယ်သူ ရှင်သာမဏေများအတွက် ပို၍ အခက်အခဲရှိတတ်သည်။ ဤဒဏ်ကို ကြာကြာမခံနိုင်ဘဲ ကိုရင်ဘဝ လူထွက်ကာ ကွမ်းညှပ်စင်ရွာသို့ ပြန်ခဲ့သည်။ ရွာတွင် ကြာကြာမနေနိုင်၊ ကိုရင်ပြန်ဝတ်သည်။ နေပြည်တော်သို့ သွားသည်။ စာပေကြိုးစားသင်ယူသည်။ အောင်မြင်မှုများ မြင်းဝန်မင်းကြီး၏ ကောင်းမှုကြောင့် စာပြန်ပွဲဝင်သည်။ ထိပ်ဆုံးမှ အောင်မြင်ခဲ့သည်။ ရှင်ပဏ္ဍိတသည် သာမဏေဘဝကပင် စာစပ်ဝါသနာပါသည်။ ကဗျာဖွဲ့ဆိုမှု၌ နိုင်နင်းသည်။ သက်တော်(၂၁)နှစ်တွင် မိဖုရားခေါင်ကြီးက ပဉ္စင်းခံပေးသည်။ ဘိုးတော်မင်းတရားကြီး၏ မိဖုရား ဝေသာလီမင်းသမီး၊ ဗန်းမော်မြို့စား ဥပေါတရာ ဆောက်လုပ်လှူဒါန်းသော ဗန်းမော်ကျောင်းတွင် သီတင်းသုံးသည်။ ထို့ကြောင့် ဗန်းမော်ဆရာတော် ဟု တွင်သည်။ ကဗျာစာဆိုကျော် စလေဦးပုညသည်ပင်လျှင် ဆရာတော်ထံ ဝင်ရောက်ကာ နည်းယူသည်။ အားကိုးအားထား ပြုသည်။ ဆရာတော်သည် မင်းတုန်းမင်းတရားကြီး လက်ထက်တွင် အလွန်ထင်ရှား ကျော်စောသည်။ သင်္ဂဇာဆရာတော် ၊ ရွှေကျင်ဆရာတော် ၊ သက်ပန်းဆရာတော် တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက`ပဏ္ဍိတ ဝံသာဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု´ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်။ ဆရာတော်သည် စကားအရာ၌ လိမ္မာပါးနပ်ပြီး တရားဟောလည်းကောင်းသည်။ ထိုခေတ်က ဗန်းမော်ဆရာတော်အပြင် ထိုနည်းတူဆရာတော်တစ်ပါးလည်းရှိလေသည်။ ထိုဆရာတော်မှာ ထွဋ်ခေါင်ဆရာတော် ဖြစ်လေသည်။ ဆရာတော်နှစ်ပါးတို့သည် စကားပရိယာယ်ကြွယ်ဝကြသဖြင့် တစ်ပါးနှင့်တစ်ပါး စကားနာထိုးတတ်ကြလေသည်။ ဆရာတော်သည် ဘာသာရေး၊ တိုင်းရေးပြည်ရေး တို့တွင် အမှုမဲ့ အမှတ်မဲ့ မနေ၊ တစ်ပါးသူတို့၏ ကောင်းကျိုးဆိုးပြစ်များကိုလည်း အမြဲပင် ဆင်ခြင်သုံးသပ်လေ့ရှိပေသည်။ ဆရာတော်သည် မိမိမှန်သည်ထင်လျှင် ဆိတ်ဆိတ်မနေဘဲ ပြောတတ် ရေးတတ်သည်။ ထို့ကြောင့်လည်း တခါက မင်းဒဏ်သင့်ဖူးသည်။ ဗန်းမော်သို့ ပြောင်းရွေ့ သီတင်းသုံးစေသည်။ ကာလအတန်ကြာမှ မိဖုရားကြီး၏ လျှောက်ထားမှုကြောင့် ဗန်းမော်မြို့မှ ပြန်လည်ပင့်ခေါ်သည်။ ဆရာတော်သည် မန္တလေးသို့ မပြန်ဘဲ မင်းကွန်း ဘက်၌သာ သီတင်းသုံးနေထိုင်တော်မူသည်။ ဗန်းမော်ဆရာတော်သည် ထက်သည်။ ဝိနည်း အရာတွင် ကျွမ်းကျင်နှံ့စပ်သည်။ ဆရာတော်သည် ရုပ်လက္ခဏာကြံ့ခိုင်ခံ့ညားသည်။ အသံတော်သည်လည်း လွန်စွာ နက်ကျယ်ပြတ်သားသည်။ ဆွမ်းဘောဇဉ် ဘုဉ်းပေးရာ၌လည်း သာမန်ရဟန်းတော်တို့ထက် ပိုမိုဘုဉ်းပေးတော်မူ နိုင်သည်။ မင်းတုန်းမင်းကြီး၏ လက်ထက်တွင် ပစ်စာ၊ သရော်စာများ ရှိခဲ့ဖူးသည်ကို တွေ့ရသည်။ ဗန်းမော်ဆရာတော်၏ လက်ချက်ဖြစ်သော ပစ်စာအများပင် ပေါ်ခဲ့ဖူးသည်။ ပြုစုခဲ့သောကျမ်းများ မင်းကွန်းချောင်တွင် သီတင်းသုံးတော်မူစဉ် သိမ်သမုတ်ရာ၌ လိုက်နာရမည့် နည်းများကို ကျောက်ထက်အက္ခရာ ထိုး၍ မော်ကွန်းတင်ခဲ့သည်။ ဆရာတော်ပြုစုခဲ့သော ကျမ်းများမှာ - ကထိနဝိသောဓနီကျမ်း ဝိနယဓရဗဟုသုတဝိနိစ္ဆယ ဝိဝတ္တဘေဒနီကျမ်း သီမဘေဒဝိဘာဝနီကျမ်း အသုဘဒဿနဝိနိစ္ဆယ ဥပုသ်အဆုံးအဖြတ် ဘဝနိဂုံး မြန်မာသက္ကရာဇ် ၁၂၃၉-ခုနှစ် ဝါဆိုလ၊ သက်တော်(၇၁)နှစ်တွင် စစ်ကိုင်းတောင်၊ ခိုတောင်တောရ၌ ပျံလွန်တော်မူသည်။ ဆရာတော်၏ စာ၊ ဆရာတော်၏ ဥပမာ၊ ထုံးတို့သည် ယနေ့တိုင် မှတ်ယူနည်းမှီ၍ သုံးမကုန်နိုင်သော ပညာသမုဒ္ဒရာကြီးနှင့် တူလှပေသည်။ ဆက်စပ်ဖတ်ရှုရန် ဗန်းမော်ဆရာတော် ကဗျာများ ကိုးကား နေဘုန်းဝေ`စာချီအကျော် ဗန်းမော်ဆရာတော်´ ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
မဟာစည်ဆရာတော်
မဟာစည်ဆရာတော် ဦးသောဘန (၂၉ ဇူလိုင် ၁၉၀၄ – ၁၄ ဩဂုတ် ၁၉၈၂) သည် ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပြီး ဝိပဿနာတရားကို သင်ကြားပြသရာတွင် ထင်ရှားခဲ့သော ဆရာတော်ကြီး ဖြစ်သည်။ ငယ်ဘဝ မဟာစည်ဆရာတော် ဦးသောဘနကို ရွှေဘိုမြို့ အနောက်ဘက် ခုနစ်မိုင်အကွာ ဆိပ်ခွန်ရွာနေ ဦးကံတော်၊ ဒေါ်အုပ် တို့မှ ၁၂၆၆ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄ ခု သောကြာနေ့ နံနက်(၃)နာရီခန့် အချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်သွင်ဖြစ်သည်။ ရှင်သာမဏေဘဝ ခြောက်နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ်အထံ၌ တပည့်ခံလျက် မြန်မာစာရေး စာဖတ်ပညာကို ဆည်းပူးခဲ့သည်။ အသက်(၁၂)နှစ်သားအရွယ်တွင် ၎င်းကျောင်း ဘုန်းတော်ကြီးထံ၌ပင် ရှင်သာမဏေပြု၍ ပိဋကတ်အခြေခံပညာရပ်တို့ကို သင်ကြားသည်။ သာမဏေဘွဲ့မှာ အရှင်သောဘန ဖြစ်သည်။ ရဟန်းဘဝ ၁၂၈၅-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၄)ရက် (၁၉၂၃ခုနှစ်) ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော် ဒေါ်သစ် တို့၏ ပစ္စယာနုဂ္ဂဟနှင့် ဥပဇ္ဈာယ်ဆရာတော် ထန်းဇင်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနုသာသကနှင့် ပထမကမ္မဝါဆရာတော် သူကြီးကျောင်း အရှင်ပရမ မထေရ်စသော ဥပသမ္ပဒကံဆောင် သံဃာတော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ရဟန်းဖြစ်ပြီးနောက် အရှင်သောဘနသည် ပရိယတ်စာပေများကို သင်ယူပို့ချနေရင်းပင် ပဋိပတ်ကို လိုလားသဖြင့် ရုက္ခမူဓုတင် နိသဇ်ဓုတင် ပဏ္ဍိပါတ်ဓုတင်များကို လေးလပတ်လုံး ဆောက်တည်ကျင့်သုံးနေခဲ့သည်။ ၁၂၈၆-ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ပထမငယ်တန်း၌ ဝင်ရောက်ဖြေဆိုရာ အလွယ်တကူပင် အောင်မြင်ခဲ့သည်။ ၁၂၈၂-ခုနှစ်တွင် ခရီးထွက်နေရသဖြင့် စာမေးပွဲ မဝင်ခဲ့ရပါ။ ၁၂၈၈-ခုနှစ်၌ ပထမလတ်တန်းကိုလည်းကောင်း၊ ၁၂၈၉-ခုနှစ် ပထမကြီးတန်း ကိုလည်းကောင်း ဝင်ရောက်ဖြေဆို၍ ချောမောစွာ အောင်မြင်တော်မူခဲ့သည်။ ထိုနှစ်က ဆိပ်ခွန်ရွာ၌ ကျင်းပသော ဝိနည်းအာဂုံပြန်ပွဲ၌လည်း ဝိနည်းငယ်လေးစောင်ကို ပြန်ဆို၍ အမြင့်ဆုံးအောင်မြင်တော်မူခဲ့သည်။ ၁၂၉၀-ပြည့်နှစ်၌ မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ဖွားတော်ကျောင်းတွင် သီတင်းသုံးတော်မူလျှက် ထိုခေတ်က ပရိယတ်စာပေအရာ၌ အကျော်အမော်ချည်း ဖြစ်တော်မူကြသော ချမ်းသာကြီးဆရာတော်ဦးလက္ခဏ၊ ခင်မကန်တိုက် တိုက်သစ်ဆရာတော် ဦးဣန္ဒာဘိဝံသစသော ဆရာတော်များထံ၌ စာပေကျမ်းဂန် ဗဟုသုတများကို ဆက်လက်ဆည်းပူး လေ့လာခဲ့သည်။ ထိုသို့ ဆည်းပူးလေ့လာနေစဉ် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်း မှ ဆရာတော်ဘုရားကြီး အရှင်အာဒိစ္စမထေရ်မြတ်က ဖိတ်ခေါ်တော်မူသောကြောင့် ၁၂၉၁-ခုနှစ် ဝါဆိုလ၌ ထိုကျောင်းသို့ သွားရောက်ပြီးလျှင် ထိုဆရာတော်ဘုရားကြီး၏ အမိန့်အရ ထိုကျောင်းတိုက်ရှိ ရဟန်းသာမဏေတို့အား စာပေကျမ်းဂန်များကို ပို့ချသင်ပြပေး နေခဲ့သည်။ ထိုသို့ပို့ချပေး၍ ပရိယတ္တိသာသနာကို ပြုနေစဉ်မှာပင် သမထဝိပဿနာ ပဋိပတ္တိအလုပ်များကို အားထုတ်ကျင့်သုံးလိုသောကြောင့် ၁၂၉၃ ခုနှစ် ပြာသိုလထဲတွင် အဖော်ဖြစ်သူ အရှင်တေဇဝန္တနှင့်အတူ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှထွက်ခဲ့၍ ဇင်းကျိုက်၊ သထုံ၊ ကေလာသမြသပိတ်တောင်၊ ကျိုက်ထီးရိုးတောင်၊ ရွှေရောင်ပြတောင်၊ ဦးအုန်းခိုင်တောကျောင်း စသည်တို့၌နေရင်း ကမ္မဋ္ဌာန်းနည်းများကို စုံစမ်းလေ့လာပြီးနောက် သထုံမြို့မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံတော်၌ သတိပဋ္ဌာန်ဝိပဿနာရှုပုံကို နည်းခံကျင့်သုံးလျက်နေခဲ့သည်။ နေရောညဉ့်ပါ မအိပ်ဘဲ တင်းတင်းကြပ်ကြပ်လည်း အားထုတ်ခဲ့သည်။ ထိုစဉ်က တစ်ရက်လုံး စကားမပြောဘဲ ကျင့်ခဲ့ရသောရက်တွေသာ များခဲ့သည်။ ထိုသို့အားထုတ်နေစဉ် လေးလရှိသောအခါ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အသည်းအသန်ရောဂါဖြစ်နေကြောင်း ကြားသိရသဖြင့် ၁၂၉၄ ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက်မှ သထုံမှ မော်လမြိုင်သို့ ပြန်ခဲ့ရသည်။ ဝါဆိုလဆန်း ၁၄ ရက်နေ့ ညဉ့်၌ တိုက်ကျောင်းဆရာတော်ဘုန်းကြီး ပျံလွန်တော်မူသဖြင့် အရှင်သောဘနသည် တောင်ဝိုင်းတိုက်ကျောင်းကို ထိန်းသိမ်းစောင့်ရှောက်နေခဲ့ရသည်။ ဇေတဝန်ဆရာတော်ဘုရားကြီးထံမှ သတိပဋ္ဌာန်ဝိပဿနာရှုနည်းကို ပေါက်ရောက် ပိုင်နိုင်ခဲ့သော အရှင်သောဘနသည် ထိုစဉ်က ၉ ဝါမျှသာ ရှိသေးသည်ဖြစ်၍ အရွယ်ငယ်သေးသောကြောင့် ကမ္မဋ္ဌာန်းတရားကို သူတစ်ပါးတို့အား မဟောကြားသေးဘဲ မိမိကိုယ်တိုင်သာ စွမ်းနိုင်သမျှ အားထုတ်နေထိုင်ခဲ့သည်။ ထိုအတောအတွင်း ဆိပ်ခွန်ရွာ၌ ညီဖြစ်သူတစ်ယောက် ကွယ်လွန်သွားသဖြင့် သံဝေဂပွားကာ ၁၃၀၀ ပြည့်နှစ်၌ ဇာတိရပ်သို့ ခေတ္တကြွသွားရာ ခုနစ်လအထိ သီတင်းသုံးလျက် သတိပဋ္ဌာန်ဝိပဿနာအလုပ်တရားကို စတင်ဟောပြောခဲ့သည်။ ထိုစဉ်က ဆွေမျိုးဖြစ်သူသုံးဦးစတင်တရားအားထုတ်၍ အောင်မြင်ကြသဖြင့် အခြားလူများစွာလည်း အားထုတ်ကြ၍ ဉာဏ်ထူးတရားထူးများကို ကိုယ်တွေ့ဖြစ်ကြသဖြင့် မဟာစည် သတိပဋ္ဌာန်ဝိပဿနာ တရားတော်သည် စတင်၍ ထင်ရှားပေါ်လာခဲ့သည်။ မဟာစည်ဆရာတော် ၁၃၀၃ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော အစိုးရဓမ္မာစရိယ စာမေးပွဲ၌ ဝင်ရောက် ဖြေဆိုရာ ကျမ်းရင်း ၃ ကျမ်းနှင့် ဂုဏ်ထူး ၅ ကျမ်းတို့ကို ချောမောစွာ ဖြေဆို အောင်မြင်တော်မူ၍ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးဘေးကြောင့် ၁၃၀၃ ခုနှစ် နတ်တော်လမှစ၍ ဇာတိရပ်ရွာ ဆိပ်ခွန်၌ ပြန်၍နေလျက် အခွင့်သင့်သောအခါတိုင်း ဝိပဿနာလုပ်ငန်းတရားကို ဆက်လက်၍ ဟောကြားညွှန်ကြားရာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ထွန်းကားလာခဲ့သည်။ ထိုအခါက သီတင်းသုံးရာဌာနဖြစ်သော မဟာစည်ကျောင်းကို စွဲမှီ၍ အရှင်သောဘနကို မဟာစည်ဆရာတော်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဝိပဿနာယောဂီတပည့်တို့၏ တောင်းပန်ချက်အရ အရှင်သောဘနသည် ၁၃၀၅ ခုနှစ်က ယခုအခါ နာမည်ကျော်ဖြစ်သော ဝိပဿနာရှုနည်းကျမ်းကို (ပ-ဒု ၂ တွဲ)ကို ရေးသားပြုစုတော်မူခဲ့သည်။ စာမျက်နှာ (၉၅၀)ခန့်ရှိ ထိုကျမ်းကို ခုနစ်လအတွင်းမှာ ရေးသားပြုစု၍ ပြီးခဲ့သည်။ ယနေ့အထိ ထိုကျမ်းကို ရှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ်ထုတ်‌ဝေပြီး ဖြစ်သည်။ ၁၃၁၁ ခုနှစ် တန်ဆောင်မုန်းလတွင် မဟာစည်ဆရာတော်ကို ရန်ကုန်မြို့ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပင့်ဆောင်လာသဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ နတ်တော်လပြည့်မှစ၍ ဝိပဿနာတရားကို ဟောကြားပြသတော်မူပါသည်။ မဟာစည်ဆရာတော်ဘုရား၏ စနစ်ကျသော ဝိပဿနာရှုနည်းကို နှစ်ခြိုက်သဘောကျသူများ တစ်နေ့တစ်ခြား များပြားလာခဲ့သည်။ စစ်ဖက်နယ်ဖက် အရာရှိများ၊ ပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ ကုန်သည်ပွဲစားများမှစ၍ လူတန်းစားမရွေး သာသနာ့ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန်ဝိပဿနာတရားကို အားထုတ်ခဲ့ရာ၌ ထိုသူတို့တွင် တရား၏အရသာကို တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်သည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပင် မဟာစည်ဩဝါဒခံ ရိပ်သာပေါင်း ၂၀၀ ကျော်ရှိနေသဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ရှိသော သာသနာ့ရိပ်သာများ၌ တရားအားထုတ်ခွင့် ရခဲ့သည်။ မဟာစည်ဆရာတော်၏နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသောမြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပြန့်နှံ့ခဲ့သည်။ ယခုအချိန်အထိ ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးသူပေါင်း (သုံးသောင်းလေးထောင်ကျော်ရှိ၍) တစ်နိုင်ငံလုံး၌ တရားအားထုတ်ပြီးသူပေါင်း လေးသိန်းကျော်ရှိသည်။ သီဟိုဠ်၊ ထိုင်း၊ကမ္ဘောဒီးယား၊ လာအို၊ အိန္ဒိယ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့၌လည်း မဟာစည်ဩဝါဒခံ ရိပ်သာပေါင်းများစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည်ဆရာတော်သည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား မြတ်ဗုဒ္ဓတရားတော်၏ တရားအရသာကို တိုက်ကျွေးဝေငှနေသော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည့် ဆရာတော်ကြီးတစ်ပါး ဖြစ်တော်မူပါသည်။ သာသနာပြုလုပ်ဆောင်ချက်များ ၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိဂုဏ်ကျေးဇူးတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကို ဆက်ကပ်ပူဇော်ခဲ့သည်။ ၁၃၁၄-ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာကိစ္စများကို စတင်ဆောင်ရွက်ခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာကို ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ်အထိ ပါဠိတော် သင်္ဂါယနာအဖြစ်ဖြင့်လည်းကောင်း၊ ၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ, ဋီကာသင်္ဂါယနာ အဖြစ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြသည်။ မဟာစည်ဆရာတော်သည် ထိုသင်္ဂါယနာလုပ်ငန်းကြီးတွင် ၁၃၁၄-ခုနှစ်စ၍ ပဓာနကျသော နေရာများ၌ ပါဝင်ဆောင်ရွက် တော်မူ ခဲ့သည်။ သင်္ဂါယနာတင်မည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ရိုက်နှိပ်ရာတွင် နောက်ဆုံးကြည့်ရှု သုတ်သင်ပြင်ဆင်ရသောတာဝန်ကို အခြားဆရာတော်များနှင့်အတူ ဆောင်ရွက်တော်မူခဲ့သည်။ သင်္ဂါယနာ တင်ရာ၌ ထိုထိုသုတ်စသည်တို့ ဘုရားဟောအစစ်အမှန် ဟုတ်မဟုတ် မေးစိစစ်ရ၊ ဖြေရသည့်လုပ်ငန်းလည်း အရေးတကြီးပါဝင်ခဲ့ရာ ပထမသင်္ဂါယနာ တင်စဉ်က အရှင်မဟာကဿမထေရ်မြတ်ကြီးသည် မေးစိစစ်သော တာဝန်ကို တာဝန်ယူခဲ့ရသည်။ ထိုမထေရ်မြတ်ကြီးနည်းတူ မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ သဘင်ပွဲကြီး၌ မေးစိစစ်ရသောတာဝန်ကို ထမ်းဆောင်တော်မူခဲ့ရသည်။ ထို့နောက် အဋ္ဌကထာ၊ ဋီကာတို့ကို သင်္ဂါယနာတင်ရာ၌ စိစစ်လျှောက်ထားရသောတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ အဋ္ဌကထာသင်္ဂါယနာ၌ မဟာစည်ဆရာတော်၏ စိစစ်လျှောက်ထားချက်တို့ကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က “သင်္ဂါယနာစိစစ် ခဏ်း" အမည်ဖြင့် စာအုပ်ရိုက်နှိပ်ဝေပြီး ဖြစ်သည်။ မဟာစည်ဆရာတော်ဘုရားသည် ၁၃၁၁-ခုနှစ်၌ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့ဖြင့် ဝေဝေဆာဆာရှိလှသော မဟာသတိပဋ္ဌာနသုတ်နိဿယကို ရေးသားတော်မူခဲ့သည်။ ဆဋ္ဌသင်္ဂါယနာတင်နေစဉ်အတွင်း ဝန်ဆောင် သံဃာအဖွဲ့၏ တာဝန်ပေးချက်အရ (ဆရာတော်သည် ဝန်ဆောင်သံဃာ့အဖွဲ့ဝင်လည်း ဖြစ်သည်) ဝိသုဒ္ဓိမဂ် ကျမ်း၏ နိဒါန်းကျယ်ကြီးကို ပါဠိဘာသာဖြင့်ရေး၍ ဆဋ္ဌသင်္ဂါယနာဝန်ဆောင်သံဃာ့အဖွဲ့အား တင်ပြရာ ယင်းအဖွဲ့ကြီးက နှုတ်ပယ်ဖြည့်စွက်ခြင်းမရှိဘဲ လက်ခံအတည်ပြု၍ ထုတ်ဝေဖြန့်ချိစေခဲ့သည်။ ဝိသုဒ္ဓိမဂ္ဂ နိဒါနကထာဟုခေါ်သော ထိုပါဠိနိဒါန်းကြီးကား မဟာစည်ဆရာတော်၏ ပါဠိအရေးအသား စွမ်းရည်နှင့် အထွေထွေဗဟုသုတကြွယ်ဝပုံကို ထင်ရှားစေသောကျမ်းဖြစ်ပြီး တိုင်းတစ်ပါးသား ပါဠိစာပေပညာရှင်တို့ကပင် ချီးကျူးအပ်သော ကျမ်းကြီးဖြစ်သည်ဟု သိရသည်။ ၁၃၂၂-ခုနှစ်မှစ၍ မဟာစည်ဆရာတော်သည် ဝိသုဒ္ဓိမဂ်ကျမ်းကို ပို့ချယင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ နိဿယကျမ်းကြီးကို ရေးသားပြုစုတော်မူခဲ့သည်။ ဝိသုဒ္ဓိမဟာဋီကာကျမ်းကြီးကာ သမယ္တရဟုခေါ်သော ဟိန္ဒူဒဿနရေးရာများကို ထည့်သွင်းရည်ညွှန်းဝေဖန်ရေးသားထားသော ကျမ်းဖြစ်၍ အချို့နေရာတို့၌ အနက်သိရန်ပင် ခက်ခဲလှသော ဋီကာဖြစ်သည်။ မဟာစည်ဆရာတော်သည် သက္ကတဘာသာ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားထားသော သက်ဆိုင်ရာဖီလိုဆိုဖီခေါ် ဒဿနကျမ်းများကို ပိုင်နိုင်အောင် ကြည့်ရှုလေ့ လာပြီးမှ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကျမ်းကြီးကို ရေးသားတော်မူခဲ့ခြင်း ဖြစ်သည်။ ထိုနိဿယကျမ်း ကြီးသည် စာမျက်နှာငါးရာခန့်ရှိ စာအုပ်ကြီး (၄)အုပ်ရှိသည်အထိ ကျယ်ဝန်းပါသည်။ ဝိသုဒ္ဓိမဂ်မြန်မာပြန် ကျမ်းကိုလည်း ဆရာတော်သည် ၁၃၂၃-ခုနှစ်မှစ၍ ရေးသားခဲ့သည်။ ထိုကျမ်းလည်း စာမျက်နှာ ငါးရာကျော်ရှိ စာအုပ်ကြီး(၄)အုပ်အထိ ကျယ်ဝန်းပါသည်။ ထို့အပြင် မဟာစည်ဆရာတော် ဟောကြားပြုစုတော်မူသော ဝိပဿနာအခြေခံတရားတော်၊ အရိယာဝါတရားတော်၊ ပဋိစ္စသမုပ္ပါဒ်တရားတော်၊ ဓမ္မစကြာသုတ် တရားတော်၊ အနတ္တလက္ခဏသုတ်တရားတော် စသော ဝိပဿနာဆိုင်ရာ တရားတော်စာအုပ်ကိုလည်း ယခုအခါများစွာပင် ထွက်ပေါ်လျက်ရှိနေပါ သည်။ မဟာစည်ဆရာတော်ဘုရားသည် ထိုင်း၊ ကမ္ဘောဒီးယား၊ သီဟိုဠ်၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှားနိုင်ငံ တို့သို့ သာသနာရေးမစ်ရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ သာသနာပြုဆရာတော် အဖြစ်ဖြင့်လည်းကောင်း ကြွရောက်၍ သာသနာပြုတော်မူခဲ့သည်။ အင်ဒိုနီးရှား သာသနာပြုအကြောင်း ဆရာတော်ရေးသား ထားသည့်“အင်ဒိုနီးရှားသာသနာပြုဆိုင်ရာ ခရီးသွားမှတ်တမ်း”လည်း ၁၃၂၁-ခုနှစ်က ပေါ်ထွက်ခဲ့သည်။ ဆရာတော်ဘုရားကြီး ဟောကြားပြသတော်မူခဲ့သော သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်နည်းသည် အလွန်ပင် လွယ်ကူရှင်းလင်းခြင်း လျင်မြန်စွာ တရားထူး ရရှိခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ပြန့်နှံ့ကျော်ကြား လျက်ရှိသည်။ ထေရဝါဒနိုင်ငံများဖြစ်သော သီဟိုဠ်(သီရိလင်္ကာ)၊ ထိုင်း၊ က‌မ္ဘောဒီးယား၊ လောနိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများ၊ အင်္ဂလန်နိုင်ငံ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့လည်း ပြန့်ပွားလျက် ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုမှတ်နည်းဖြင့် တရားရိပ်သာအမြောက်အမြား ရှိနေပြီဖြစ်သည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓ၏တရားအရသာများကို တိုက်ကျွေးတော်မူခဲ့သော ကျေးဇူးရှင်မထေရ်မြတ်ကြီးအဖြစ် မှတ်တမ်းတင်ထားသော ဆရာတော်ကြီး ဖြစ်သည်။ ဤသို့လျှင် ကျမ်းဂန်အမျိုးမျိုးတို့ကို ရေးသားထားတော်မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ တစ်ရာကျော်ကျော်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို အဆုံးသတ်သုတ်သင် ပြင်ဆင်တော်မူခြင်း ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆက(အမေး)ဆရာတော်၊ အဋ္ဌကထာစိစစ်ခဏ်း ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူခြင်းတို့ဖြင့် သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့သော ကမ္ဘာအနှံ့ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာပြု မထေရ်မြတ်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင် သောဘနမထေရ်မြတ်သည် သက်တော်(၇၈)နှစ်၊ သိက္ခာတော် (၅၈)ဝါအရ (၁၄-၈-၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ စံလွန်တော်မူခဲ့သည်။ ကိုးကား ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%85%E1%80%8A%E1%80%BA%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
မေတ္တာစာရ၊ အရှင်
အရှင် မေတ္တာစာရ သည် မြန်မာနှင့် နိုင်ငံတကာဘလော့ဂ်လောက၌ ရဟန်းတော်တစ်ပါးအဖြစ်ဖြင့်ထင်ရှားသည် ။ အရှင် မေတ္တာစာရ ကို မေလ ၁ ၊ ၁၉၈၂ခုနှစ်တွင် စစ်ကိုင်းတိုင်း ဝန်သိုမြို့၌ ဦးမြသီး+ဒေါ်ညိုဥတို့မှ မွေးဖွာ:သည်။ ၁၉၉၄ ခုနှစ်တွင် ကိုရင်စဝတ်ပြီး ၂၀ဝ၀ခုနှစ်အရောက်တွင် မြင့်မြတ်သော ရဟန်းဘဝသို့ ကူးပြောင်းခံယူသည်။ မြန်မာအစိုးကကျင်းပသော ပထမပြန်စာမေးပွဲများ ( မူ၊ငယ်၊လတ်၊ကြီး) အောင်မြင်ခဲ့သည်။ ၂၀ဝ၃ခုနှစ်ဆန်းပိုင်းမှာ သီရိလင်္ကာနိုင်ငံသို့ပညာတော်သင်ကြွရောက်ခဲ့ပြီး ဘီအေ၊အမ်အေ (B.A,M.A) နှစ်ဘွဲ့စလုံးကို သီရိလင်္ကာနိုင်ငံအစိုးတက္ကသိုလ် Buddhist and Pali University of Sri Lankaမှရရှိထားသူဖြစ်သည်။ ဘီအေ ဒုတိယနှစ်တွင် မြန်မာရဟန်းတော်တစ်ပါးအနေဖြင့် ပထမဦးဆုံး ပါဠိဘာသာဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို သီရိလင်္ကာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။ ၂၀ဝ၆ခုနှစ်တွင် ဘီအေဘွဲ့နှင့် ၂၀ဝ၈ခုနှစ်တွင် အမ်အေဘွဲ့ကိုပြီးသည်။ ၂၀ဝ၉နှစ်တွင် အိန္ဒိယမှနာမည်ကြီးဘလော်ဂါလည်းဖြစ် Bastiat prize ဆုရထားသူလည်းဖြစ်သော Amit Varma ကို ကျော်ဖြတ်ကာ အာရှအကောင်းဆုံးဘလော့ဂ်ဆုကို ပထမဦးဆုံးမြန်မာနိုင်ငံသား၊ရဟန်းတော် တစ်ပါးအနေဖြင့် ဆွတ်ခူးခဲ့သည်။ အရှင် မေတ္တာစာရ ရရှိခဲ့သောမဲအရေအတွက်မှာ ၃၃၈၃ဖြစ်ပြီး ၄၁.၂ ရာခိုင်နှုံးဖြစ်သည်။ အိန္ဒိယဘလော်ဂါ Amit Varma မဲအရေအတွက်မှာ ၃၀၉၁ဖြစ်ပြီး ၃၇.၇ရာခိုင်နှုံး ဖြစ်သည်။ ပညာသင်ယူခဲ့သောကျောင်းတိုက်များ ခန္တီးပရိယတ္တိစာသင်တိုက်(ဝန်းသိုမြို့)၊ ဝါယာလက်ပရိယတ္တိစာသင်တိုက်၊ မာန်အောင်ပရိယတ္တိစာသင်တိုက်(ရန်ကုန်) တို့ဖြစ်ကြသည်။ ဘာသာစကား ဘာသာစကား= အင်္ဂလိပ် မြန်မာ ဆင်ဟာလီ ပရိုဂရမ်မင်း= C/C++, Java, Python, PHP, Ruby, Lua ရေးခဲ့သောသတင်းဌာနများ OpEdNews CJREPORT Transworld News Dailay Otago News NP Ashin-Mettacara Ashin Mettacara CNN နာမည်ကြီးဆောင်းပါးများ Religion cannot be separated from politics Buddhism, Politics and Separation of Church and State How many of us have to die for your diplomatic game? Who Killed Mored? The war criminal was elevated by the United Nations 1st anniversary of the beginning of the Saffron Revolution Where is happiness in Burma for Waso festival ? The Full Moon Day of Thadingyut or Lighting Festival of Burma ရရှိခဲ့သောဆုများ Best Asian Blog Award Blogger Choice Award NP Contest A Blog of the Day Award ဝက်ဆိုက်များ Ashin Mettacara Ashin-Mettacara United Buddhist Networks အရှင်မေတ္တာစာရ ရည်ညွှန်းကိုးကား ဘလော်ဂါ ဘလောက်ဂါ ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%90%E1%80%B9%E1%80%90%E1%80%AC%E1%80%85%E1%80%AC%E1%80%9B%E1%81%8A%20%E1%80%A1%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
ရဝေထွန်း
ရဝေထွန်း(ဘဒ္ဒန္တ တိလောကသာရ) [၁၉၂၄ - ၂ဝဝ၃] ၁၉၂၄ - ခုနှစ်၊ ဇူလိုင်လ(၁၂)ရက် (၁၂၈၆-ခု၊ ဝါဆိုလဆန်း-၁၂့ရက်) စနေနေ့တွင်၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပေါင်းတလည်မြို့ ရွာမကြီးရွာ၌ ခမည်းတော် ဦးစံဖေ၊ မယ်တော် ဒေါ်မေတို့က ဖွားမြင်တော်မူခဲ့သည်။ စတုတ္ထမြောက် သား ရတနာဖြစ်သည်။ ၁၉၃၄ - မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် သာမဏေအဖြစ်သို့ရောက်ခဲ့၊ ၁၉၅၄ ခု ဖေဖော်ဝါရီ ၁၉ ရက် (၁၃၁၅ ခု တပို့တွဲ လပြည့်ကျော် ၁ ရက်) နံနက် ၉ နာရီ အချိန်တွင် ပေါင်းတလည် ညောင်တန်းကျောင်း ဆရာတော်ကို ဥပဇ္ဇာုယ် ပြု၍၊ ၎င်းကျောင်း ခဏ္ဍသိမ်၌ ပေါင်းတလည်မြို့ ဦးစံတင်၊ ဒေါ်ကျင် မိသားစု၏ ပစ္စယာ နုဂ္ဂဟဖြင့် ရဟန်း အဖြစ်သို့ ရောက်ရှိ ခဲ့သည်။ ငယ်စဉ်က-ရွာမကြီးရွာ ရွှေစာရံ ကျောင်းဆရာတော်ထံတွင် သဒ္ဒါ၊ သင်္ဂြိုဟ်များကိုသင်ကြားပြီးနောက်၊ မင်းလှမြို့စံကျောင်းတိုက်ဆရာတော်၊ ရန်ကုန်ခြောက်ထပ်ကြီးဘုရားကြီး ကျောင်းတိုက်ဆရာတော်၊ တောင်ကြီးမြို့သိမ်တောင်ကျောင်းတိုက်ဆရာတော် များထံတွင် အခြေခံကျမ်းစာများနှင့် ပိဋကတ်တော်များကို ကျမ်းရိုးပေါက်သင်ယူတော်မူခဲ့သည်။ ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ တောင်ကြီးမြို့ သိမ်တောင် ကျောင်းတိုက် တို့ ၌ နှစ်ပေါင်း များစွာ စာပေ ပို့ချ ပေးတော် မူခဲ့သည်။ ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီး ကျင်းပ သည်မှ စ၍ ပိဋကတ် မြန်မာပြန် ကျမ်းများကို ရေးသား ခဲ့ရာ၌ ဦးဆောင် ပါဝင် ခဲ့ပြီး ပဋိဝိသောဓက တာဝန်၊ ဩသာနသောဓေယျပတ္တပါဋ္ဌက တာဝန်၊ တိပိဋကတ် လမ်းညွှန် ကျမ်းပြု တာဝန်၊ ပါဠိတော် မြန်မာပြန် ကျမ်းများ၏ ကျမ်းဦး မှတ်ဖွယ်များ ရေးသားခြင်း တာဝန် တို့ကို ကမ္ဘာအေး ကုန်းမြေတွင် ၁၂ နှစ်တိုင်တိုင် သီတင်း သုံး၍ ပါဠိ၊ ပိဋကတ် စာပေ တာဝန် များကို ထမ်းဆောင်ခဲ့သည်။ ရဟန်းဖြစ်စ အရွယ်ကပင်ရဝေထွန်းဟူသောကလောင်အမည်ဖြင့် ပိဋကတ်စာပေ၊ မြန်မာစာပေဆိုင်ရာ ကဗျာ လင်္ကာ၊ ဆောင်းပါး၊ ဝတ္ထု၊ ဂုဏ်ပြုမှတ်တမ်း၊ သိမ်အောင်ဩဘာစာ၊ ကျောက်စာ၊ တေးထပ်၊ ရတု၊ ဒွေးချိုး၊ လေးချိုး များကို ရသမြောက်အောင် ထူးချွန်ပြောင်မြောက်စွာ ရေးသားနိုင်ခဲ့သည်။ ၁၉၄၈ - လွတ်လပ်ရေးကဗျာပြိုင်ပွဲတွင် ဒုတိယ ရွှေတံဆိပ်ဆုရရှိတော်မူခဲ့။ ၁၉၅၂ - မင်္ဂလာညွန့် စာအုပ်ထွက်။(ကျောင်းသုံးပြဋ္ဌာန်းခံရ)။ ၁၉၅၃ - ဝန်းသိုအာဇာနည် စာအုပ်ထွက်(ကျောင်းသုံးပြဋ္ဌာန်းခံရ)။ ၁၉၅၄ - ဖေဖော်ဝါရီလ(၁၉)ရက်(၁၃၁၅-ခု၊ တပို့တွဲလပြည့်ကျော် ၁-ရက်)နံနက်(၉)နာရီအချိန်တွင် ပေါင်းတ လည် ညောင်တန်းကျောင်းဆရာတော်ကို ဥပဇ္ဇျာယ်ပြု၍ ၎င်းကျောင်းခဏ္ဍသိမ်၌ ပေါင်းတလည်မြို့ ဦးစံတင်၊ ဒေါ်ကျင်မိသားစု၏ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်။ ၁၉၅၄ - လူ့အမြုတေ-စာအုပ်ထွက်ရှိ။ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ တောင်ကြီးမြို့ သိမ်တောင် ကျောင်းတိုက်တို့၌ နှစ်ပေါင်းများစွာ စာပေပို့ချပေးတော်မူခဲ့သည်။ ဆဌသင်္ဂါယနာပွဲကြီး ကျင်းပသည်မှစ၍ ပိဋကတ် မြန်မာပြန်ကျမ်းများကို ရေးသားခဲ့ရာ၌ ဦးဆောင်ပါဝင်ခဲ့ပြီး ပဋိဝိသောဓကတာဝန်၊ ဩသာနသောဓေယျပတ္တပါဌက တာဝန်၊ တိပိဋကလမ်းညွှန်ကျမ်းပြုတာဝန်၊ ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ ရေးသားခြင်း တာဝန်များကို ကမ္ဘာအေးကုန်းမြေတွင်(၁၂)နှစ်တိုင်တိုင်သီတင်းသုံး၍ ပါဠိ၊ ပိဋကတ်စာပေတာဝန်များထမ်းဆောင် ခဲ့။ ၁၉၅၈ - သကုန္တလ(သက္ကတဘာသာပြန်)ထွက်။ (ယူနက်စကိုဘာသာပြန်ဆုချီးမြှင့်ခံရ။) ၁၉၆၃ - သမီးချစ်စာအုပ်ထွက်။ ၁၉၆၅ - သီလရှင်သမိုင်း-စာအုပ်ထွက်။ (ယင်းနှစ်-ဝိုင်အမ်ဘီအေ မြန်မာစာပေ တိုးတက်ရေးပြိုင်ပွဲ ပထမဆု ချီးမြှင့်ခံရ) ၁၉၇၃ - ရတနာစာပေ-စာအုပ်ထွက်။ ၁၉၇၅ - မင်္ဂလသုတ်ပျို့အဖြေကျမ်း၊ လယ်တီထေရုပ္ပတ္တိအချုပ်။ တောင်ကြီးမြို့ မုံတဝဂူသမိုင်း၊ မလှိုင်မြို့ ရွှေ မုဌောဘုရားသမိုင်း၊ တရုတ်ပြည်အံတော်သမိုင်း၊ ရွှေစာရံရာပြည့်သမိုင်း၊ ပေါင်းတလည်ဖောင်တော်လှည့် သမိုင်း၊ သစ်သီးဆရာတော် စာအုပ်များထွက်။ ဓမ္မပဒဝတ္ထုတော်ကြီး ထွက်။ ၁၉၈၄ - ၈၅ - မလှိုင်မြို့၊ မြို့သစ်ကျောင်းကို လက်ခံတော်မူ၍ ရဟန်းသာမဏေတို့အား စာပေများပို့ချပေးခဲ့ သည်။ မလှိုင်မြို့ နယ် သာသနာရေးဆိုင်ရာ စာမေးပွဲများကို ဦးဆောင်ကျင်းပပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်- ရွှေဂုံတိုင်ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက် ဓမ္မသီတဂူကျောင်းသို့ ပြောင်းရွှေ့သီတင်း သုံးတော်မူခဲ့သည်။ ၁၉၈၅ - ရွှေဟင်္သာမင်းပျို့အဖြေကျမ်း-ထွက်။ ဂိုဏ်းပေါင်းစုံသံဃာ့စည်းဝေးပွဲကြီး ပေါ်ပေါက်လာသောအခါ နိုင်ငံတော်သံဃသမ္မုတိရ-သံဃကိုယ်စားလှယ် (၅)နှစ်၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်(၁၀)နှစ်။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်(၃)ကြိမ်၊ နိုင်ငံတော်ဝိနည်းဓိုရ်(၅)ကြိမ် တာဝန်များကို နှစ်(၂၀)တိုင်တိုင်ထမ်းဆောင်တော်မူခဲ့သည်။ ထို့ပြင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ- စည်းမျဉ်းရေးဆွဲရေးကော်မတီ၊ သီလရှင်အဖွဲ့အစည်း-စည်း မျဉ်းရေးဆွဲရေးကော်မတီ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဆရာများမွန်းမံသင်တန်း ပို့ချရေးအဖွဲ့ဝင်။ ပါဠိပထမပြန် ပထမကြီးတန်း ပြဋ္ဌာန်းကျမ်းစာပြုစုရေးကော်မတီ၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနအဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်၊ ယဉ်ကျေးမှုသင်တန်းသားများ၏ သင်တန်းမှူးနှင့်သင်တန်းနာယက၊ မြန်မာစာအဖွဲ့၏ ဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ မင်္ဂလာဗျူဟာအသင်း၊ ပိဋကတ်ဗျူဟာအသင်း၊ ဓမ္မဗိမာန်၊ မြတ်မင်္ဂလာ၊ မြတ်သတိဝါဒီစာစောင်တို့၏ ဩဝဒါစရိယ၊ နာရေးကူညီမှု အသင်းဖြစ်မြောက်ရေးကော်မတီ၏ ဩဝါဒါစရိယ စသောသာသနာ့တာဝန်များကိုလည်း ထမ်းဆောင်တော်မူခဲ့ သည်။ ၁၉၉၃ - ၉၄ - (၁၃၃၅-ခုနှစ်)တွင် နိုင်ငံတော်အစိုးရကအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ဖြင့် ဂုဏ်ပြုပူဇော်ဆည်းကပ်ခဲ့သည်။ ၂၀ဝ၃ - ဘာသာရေးပြဿနာများ(၅)တွဲ ထွက်ရှိခဲ့သည်။ ဘဝနိဂုံး ၂၀ဝ၃ - ဖေဖော်ဝါရီ(၂၅)ရက် (၁၃၆၄-ခု၊ တပို့တွဲလပြည့်ကျော်၉-ရက်)၊ ညနေ၆း၁၅-နာရီတွင် ဘနတ်ထံပျံလွန် တော်မူခဲ့သည်။ ထင်ရှားသောစာအုပ်အချို့ သမီးချစ် သီလရှင်သမိုင်း မင်္ဂလသုတ်ပျို့အဖြေကျမ်း လယ်တီထေရုပ္ပတ္တိအချုပ် ရွှေဟင်္သာမင်းပျို့အဖြေကျမ်း မင်္ဂလာညွန့် ဝန်းသိုအာဇာနည် သကုန္တလာပြဇာတ် ဓမ္မပဒဝတ္ထုတော်ကြီး တရုတ်ပြည်အံတော်သမိုင်း ဘာသာရေးပြဿနာများ(၅)တွဲ ဗုဒ္ဓဘာသာဟူသည်မှာ ရတနာစာပေ စာညွှန်း ဒဂုန် ရွှေမျှား။ မြန်မာ နိုင်ငံ စာပေ ဆုများ။ စာ ၃၈၁ - ၃၈၄။ တတိယ အကြိမ် ချမ်းအေး ဂုဏ်ပြု ပူဇော်ခံ စာပေ ပညာရှင်ကြီးများ အတ္ထုပ္ပတ္တိ အကျဉ်း (၂၈ မတ် ၁၉၉၉)။ စာ ၄ - ၇။ ရန်ကုန်တိုင်း ဗဟန်း မြို့နယ် ခြောက်ထပ်ကြီး ဘုရားကြီး ကျောင်းတိုက် နာယက အဖွဲ့ဝင်၊ ဓမ္မ သီတဂူကျောင်း ဆရာတော် ဘဒ္ဒန္တတိလောကသာရ၏ ထေရုပ္ပတ္တိ အကျဉ်းချုပ်၊ အဂ္ဂ မဟာ ပဏ္ဍိတ ဘွဲ့ပုံစံ (ကွန်ပျူတာမူ)။ အန္တိမအဂ္ဂိ ဈာပန အခမ်းအနား ဖိတ်ကြားလွှာ။ အန္တိမ ဈာပန သာဓုကီဠန သဘင်၌ ဘဒ္ဒန္တိဣန္ဒက ရေးသား ဂုဏ်ပြု ပူဇော်သော "ထုတိဩဘာ သံဝေဂ ထပ်တွန့် ၁၂ လုံးဖွဲ့" များ။ မခင်ငြိမ်းငြိမ်း။ ရဝေထွန်း စာစု စာရင်း (၁၉၉၅)။ ကိုးကား ဗုဒ္ဓဘာသာရဟန်းများ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9D%E1%80%B1%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8
ရဝေနွယ်(အင်းမ)
ရဝေနွယ် (အင်းမ) သည် ဘာသာရေးနှင့်နွယ်သောစာပေများကို ရေးသားသည့် ရဟန်းကလောင်ရှင်၊ မြန်မာစာရေးဆရာ တစ်ဦးဖြစ်ပြီး ဓမ္မရဝေစာစဉ်မှာ လူသိများသည်။ ငယ်ဘဝ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမမြို့နေ ဦးသိန်းနီစိန်၊ ဒေါ်ကျင်နုတို့က ၁၉၆၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်တွင် ဖွားမြင်သည်။ ရဟန်းဘဝ ၁၉၇၉ ခုနှစ်တွင် ပထမအကြိမ် သာမဏေပြုသည်။ ၁၉၈၀ ခုနှစ်တွင် သာမဏေပြုပြန်ရာ ရာဇိန္ဒဟူသောဘွဲ့ကို ရသည်။ ၁၉၈၉ ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်သည်။ ရန်ကုန်မြို့၊ မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ပညာသင်ကြားရာ ၁၉၉၀ ခုနှစ်တွင် ပထမကြီးတန်းအောင်ပြီး ၂၀၀၀ ပြည့်နှစ်တွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ ရသည်။ ကလောင်ကိုင်ဘဝ ၁၉၈၅ ခုနှစ်တွင် ပန်မဂ္ဂဇင်းသို့ ဝတ္ထုတိုပို့ရာ စာမူအားလုံး အပယ်ခံရသည်။ ၁၉၉၀ ပြည့်နှစ် ဧပြီလထုတ် မြတ်မင်္ဂလာစာစောင်တွင် ဆောင်းပါးတစ်ပုဒ် ပထမဆုံး ဖော်ပြခံရသည်။ မြတ်မင်္ဂလာ၊ သီလဝ၊ အပ္ပမာဒ၊ သစ္စာ၊ ဓမ္မဗျူဟာ၊ မြတ်သတိဝါဒီ၊ သူရဇ္ဇ၊ ရုပ်ရှင်တေးကဗျာ၊ ဖက်ရှင်အင်းမေ့ (Fashion Image)၊ မုခ (Faces)၊ ဖျူးချားလိုက် (Future Light)၊ ပေါ်ပြူလာ၊ သဗွိုက် (The Voice)၊ အလင်းတန်း၊ အင်တာဗျူး၊ ရွှေပြည်တန် စသည်တို့၌ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများ ရေးခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် “ဘဝတိုင်း ဆုံတွေ့ချင်ပါသလား” စာအုပ်ကို ပညာရွှေတောင်စာအုပ်တိုက်မှ ထုတ်ဝေရာ ဘာသာရေးသဘောတရားအား နားလည်လွယ်သောစကားလုံးများဖြင့် ဖော်ပြထားခြင်းကြောင့် လူကြိုက်များခဲ့သည်။ ၂၀၀၂ ခုနှစ်မှစ၍ ဓမ္မရဝေ စာစဉ်အဖြစ် “ရွှေစကားတို့ရဲ့ မြစ်ဖျား”၊ “သံသရာခရီးဖော်” စသည့် ဘာသာရေးစာအုပ်များ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် “မင်္ဂလာအတွေးများ” စာအုပ်ဖြင့် ဓမ္မဗိမာန်စာပေပထမဆုနှင့် ဆန်းလွင်စာပေပထမဆုကို ရသည်။ ဗောဓိတထောင် ဓာတ်လှေကားပြုတ်ကျခြင်း ၂၀၀၉ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့၌ စစ်ကိုင်းတိုင်း၊ မုံရွာ ဗောဓိတထောင် ဘုရား အား၌ အမြင့်ပေ (၂၀) ကျော်မှ ဓာတ်လှေကားပြုတ်ကျရာ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ ရဝေနွယ် (အင်းမ)၊ ဗောဓိတထောင်ကျောင်းမှ ရဟန်းတစ်ပါးနှင့် ဘုရားဖူး (၅) ဦး ထိခိုက်ဒဏ်ရာရ၍ မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူကြရသည်။ ဇွန်လ (၅) ရက်နေ့မှ (၁၀) ရက်အထိ ဆရာတော်မှာ သတိမေ့နေသည်။ ခြေထောက်ကျိုးသဖြင့် စတီးချောင်းသွင်း ကုသခံရသည်။ လက်ရှိ အခြေအနေ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဓမ္မရဝေတောရ၌ ပဓာနနာယကအဖြစ် သီတင်းသုံးလျက် ရှိသည်။ ရေးသားပြီးသော စာအုပ်မျာ: ကိုးကား ဗုဒ္ဓဘာသာရဟန်းများ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9D%E1%80%B1%E1%80%94%E1%80%BD%E1%80%9A%E1%80%BA%28%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%99%29
မဟာရဋ္ဌသာရ၊ သျှင်
မြန်မာစာပေသမိုင်းကို ပြန်လည်လေ့လာသော် အင်းဝခေတ် (သက္ကရာဇ် ၇၂၆ မှ ၉ဝ၁ ကျော်) သည် စာကြီးပေကြီး အထွန်းကားဆုံးသော ခေတ်တစ်ခေတ် ဖြစ်သည်ကို တွေ့မြင်နိုင်လေသည်။ ထိုခေတ်တွင် တိုင်းပြည်ကို အုပ်ချုပ်သော မင်းများကိုယ်တိုင်က စာပေကို အားပေးချီးမြှောက်ခဲ့သည်ကိုလည်း တွေ့ရသည်။ ပေါ်ထွန်းခဲ့သော စာဆိုများမှာလည်း လူပုဂ္ဂိုလ် စာဆိုများထက် ရဟန်းပုဂ္ဂိုလ် စာဆိုများက ပိုမိုထင်ရှားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုခေတ်တွင် ကဗျာလင်္ကာ စာပေအမျိုးမျိုး ထွန်းကားခဲ့သည့်အနက် ပျို့နှင့်မော်ကွန်းစာပေတို့သည် မြန်မာစာပေသမိုင်းတွင် ထိပ်ဆုံးက နေခဲ့သော ခေတ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် အင်းဝခေတ်ကို ပျို့နှင့် မော်ကွန်းစာပေတို့တံခွန်စိုက်သော ခေတ်ဟု ဆိုသင့်ပေသည်။ ယင်းပျို့နှင့် မော်ကွန်းစာပေတို့ကို ပြုစုခဲ့သူ ရဟန်းပုဂ္ဂိုလ် စာဆိုများအနက် ရှင်မဟာရဋ္ဌသာရသည် တစ်ပါး အပါအဝင် ဖြစ်သည်သာမက အထင်ရှား အကျော်ကြားဆုံးသော စာဆိုတော်တစ်ဦးလည်း ဖြစ်ပေသည်။ ဘဝ ရှင်မဟာရဋ္ဌသာရသည် ရဟန်းပုဂ္ဂိုလ် ဖြစ်လင့်ကစား ငယ်ရွယ်စဉ်အခါကပင် နန်းတွင်း၌ ကြီးပြင်းခဲ့ရသူဖြစ်၏။ ဇာတိအားဖြင့်လည်း မင်းအမျိုးအနွယ် ဖြစ်၏။ အဘမှာ ဟံသာဝတီ မွန်ဘုရင်မ ရှင်စောပု၏တူ၊ ဗညားအိန်၏ မြေး၊ ဓမ္မပါလ အမတ်ဖြစ်၍၊ အမိမှာ အင်းဝမြို့တည် သတိုးမင်းဖျား သမီးတော်၏ မြစ်ဖြစ်သည်။ သူ၏ ငယ်မည်မှာ မောင်မောက်ဖြစ်၍ သက္ကရာဇ် ၈၃ဝ ပြည့်နှစ်တွင် အင်းဝမြို့၌ ဖွားမြင်ခဲ့သည်။ စာဆိုကျော် ရှင်မဟာရဋ္ဌသာရသည် သက်တော် ၁ဝ နှစ်အရွယ်ကပင် ကဗျာလင်္ကာများကို စပ်ဆိုခဲ့သည်ဟု အဆိုရှိ၏။ သူ၏ အသက် ၁၆ နှစ်အရွယ် သက္ကရာဇ် ၈၄၆-ခုနှစ်တွင်ကား ဘူရိဒတ်လင်္ကာကြီးကို ဖွဲ့နွဲ့စပ် ဆိုတော်မူ လေသည်။ ထိုဘူရိဒတ် လင်္ကာကြီးသည် မြန်မာစာပေ ဂန္ထဝင်တွင် အဟောင်းဆုံး လင်္ကာရှည်ကြီး ဖြစ်သည်ဟု ဆိုသင့်လေသည်။ စာဆိုကျော်သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မဟာနိပါတော်လာ ဇာတ်တော်ကြီး ၁ဝ ဘွဲ့ အဝင်အပါ ဘူရိဒတ် ဇာတ်တော်ကြီးကို ပင်ကိုဉာဏ်ရွှင်ရွှင်ဖြင့် အလင်္ကာတန်ဆာ ဆင်ကာ မြန်မာဘာသာသို့ ဖွဲ့နွဲ့ပြန်ဆိုထားခြင်း ဖြစ်သည်။ ဤနေရာ၌ ဘုရားဟော ဇာတ်တော်ကြီး များကို အလင်္ကာတန်ဆာဆင်ကာ ဖွဲ့နွဲ့ရေးသားရာတွင် ရှင်မဟာရဋ္ဌသာရသည် အဦးဆုံး ဖြစ်သည်ဟု ဆိုသင့်၏။ ယင်းလင်္ကာကြီး၌ စာဆိုကျော်သည် အနေအထိုင်အားဖြင့် နန်းတွင်း၌ ကြီးပြင်းခဲ့ ရသူ၊ ဇာတိအားဖြင့် ငယ်ရွယ်သေးသူ ဖြစ်သည့်အလျောက် လောကဓမ္မတာ လူမှုရေးရာများကို ဖွဲ့နွဲ့ရေးသားရာတွင် သိကျွမ်းပိုင်နိုင်လှခြင်းကြောင့် နှောင်းစာဆိုတို့ အတုယူရလောက် အောင်ပင် ကောင်းမွန်လှပေသည်။ ယင်းလင်္ကာကြီး၌ ဘူရိဒတ်နဂါးမင်း မယ်တော်သည် သားတော်ကို မမြင်မတွေ့ရသဖြင့် လွမ်းမှိုင်တွေဝေပုံကို – ဟု ထိထိငြိငြိ၊ ဖွဲ့ဆိုနိုင်ခဲ့သဖြင့် ဘုရင် မင်းမြတ်နှင့်တကွ တစ်နိုင်ငံလုံး၏ မြှောက်စားခြင်းကိုပင် ခံရလေသည်။ စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် ဘူရိဒတ် လင်္ကာကြီးကိုသာ မဟုတ်၊ ယင်း၏ နိဂုံးဖြစ်သော ဘူရိဒတ် ဇာတ်ပေါင်းပျို့ကိုလည်း သက်တော် ၂၆ နှစ်အရွယ် သက္ကရာဇ် ၈၅၆ ခုနှစ်တွင် လက်စသတ် ဖွဲ့ဆိုခဲ့ပေသေးသည်။ ထို့နောက် ၂ နှစ်မျှအကြာ သက္ကရာဇ် ၈၅၈ ခုနှစ်တွင် တံတားဦးတည် မော်ကွန်းကို ပြုစု စီရင်ပြန်လေသည်။ ဆရာတော်နှင့် အပြိုင်စာဆိုဖက်ဖြစ်သော တောင်တွင်းမြို့ဇာတိ ရှင်မဟာသီလဝံသ ဆရာတော်သည်လည်း တံတားဦးတည် မော်ကွန်း တစ်စောင်ကို ရှင်မဟာရဋ္ဌသာရနည်းတူ ရေးသားသေးသော်လည်း ၁၂ ပုဒ်မျှဖြင့် ရပ်တန့်စေခဲ့သည်။ အကြောင်းမှာ ရှင်မဟာရဋ္ဌသာရသည် ထိုမော်ကွန်းကို ရေးသားလျက် ဘုရင်မင်းမြတ်ထံ သွင်းပြီးဖြစ်ကြောင်း ကြားသိရ၍ ဖြစ်သည်။ ယင်းမော်ကွန်းနှင့် စပ်လျဉ်း၍ ရှင်မဟာသီလဝံသသည် မိမိရေးပြီးသမျှကို တပည့်များအားဖျက်ဆီးစေသော်လည်း တပည့်များက စာကို မြတ်နိုး၍ သိမ်းဆည်းထားသဖြင့် ယနေ့အထိ တွေ့ရှိရသေးကြောင်း အဆိုရှိသည်။ စာဆိုကျော်နှစ်ပါး၏ စာကို နှိုင်းခိုင်းရာ၌ ရှင်မဟာရဋ္ဌသာရ၏ စာတို့သည် ရှင်မဟာသီလဝံသ၏ စာများလောက် မနက်နဲ၊ နုရုံယဉ်ရုံမျှသာရှိ၏။ ထို့ကြောင့် ရှေးဆရာကြီးများက ရှင်မဟာရဋ္ဌသာရ၏ စာများသည် တူရိယာ ၅ ပါးကို တစ်ပြိုင်နက်တည်း တီးသကဲ့သို့ကြားရသူတို့၏ နား၌ လွန်စွာ သာယာနာပျော်ဖွယ် ဖြစ်ပေ၏။ သို့သော် မလေးနက်လှ၊ အဝေးသို့လည်းမရောက်။ ရှင်မဟာသီလဝံသ၏ စာများကား စည်တော်ကြီး ရွမ်းသည်နှင့် တူလှစွာ၏။ နား၌ သာယာနာပျော်ဖွယ် မဖြစ်လှသော်လည်း နက်နဲလှ၏။ အဝေးသို့လည်း ရောက်၏ဟု ဆိုကြသည်။ ရှင်မဟာရဋ္ဌသာရ၏ အကောင်းဆုံးသော လက်ရာကား သက္ကရာဇ် ၈၈၅ ခုနှစ်ခန့်တွင် ပြီးစီးသော စတုဓမ္မသာရ ကိုးခန့်ပျို့ဖြစ်သည်။ ထိုပျို့သည် ဘုရားဟော ဝီသတိနိပါတ် ဟတ္ထိပါလ ဇာတ်တော်ကို အလင်္ကာ တန်ဆာဆင်ကာ မြန်မာဘာသာသို့ပြန်ဆိုဖွဲ့နွဲ့ထားသော ပျို့ဖြစ်ခြင်းကြောင့် ဟတ္ထိပါလပျို့ဟုလည်း အမည်တွင် သည်။ ဆရာတော် ရှင်မဟာရဋ္ဌသာရသည် လောကအကြောင်း၌ နိုင်နင်းသူ ဖြစ်သည့်အလျောက် ဓမ္မကြောင်းကို လောကကြောင်းဖြင့် အမွှမ်းတင်ကာ ဖွဲ့ဆိုရေးသားရာတွင် အထူးပင် ကျွမ်းကျင် ပိုင်နိုင်လှပေသည်။ ဤကိုးခန်းပျို့ သည် လောက၊ ဓမ္မ၊ ရာဇကြောင်း သုံးပါးစလုံး ပြည့်ဝစုံလင်လှ၏။ သို့သော် သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်းစား စော်ဘွားစလုံနှင့် ပြည်ဘုရင် သတိုးမင်းစောတို့အင်းဝနေပြည်တော်ကို တိုက်ခိုက်ကြပြီးနောက် ပြည်ဘုရင် က ရှင်မဟာရဋ္ဌသာရ အစရှိသော ပညာရှင်များကို ပြည်မြို့သို့ ပင့်ဆောင်သွားလေသည်။ ရှင်မဟာရဋ္ဌသာရလည်း ပြည်မြို့သို့ရုတ်တရက် လိုက်ပါသဖြင့် တပည့်များထံမှ ကိုးခန်းပျို့၏ ရှေ့၈ ခန်းကိုသာ သိမ်းယူနိုင်ခဲ့ပြီးလျှင် ဇာတ်ပေါင်းခန်းကိုမူ စုံစမ်းရှာဖွေရာ မရသေး ကြောင့် အသစ်ထပ်မံ ရေးရလေသည်။ သို့သော် ဇာတ်ပေါင်းခန်းကို အသစ် ပြန်လည်ရရှိခဲ့ပေသည်။ ကိုးခန်းပျို့ကား အလွန်ခန့်ညား၍ အနှစ်သာရနှင့် ပြည့်စုံသော ပျို့ကြီးဖြစ်သည်။ ယင်းပျို့တွင် ကိလေသာတည်းဟူသော မိုးကြီး စီးယိုကျသည့်ဘေးမှ လွတ်မြောက်အောင် ဘာဝနာဉာဏ်တည်း ဟူသော သံပြား ပျဉ်ပြားများဖြင့် ကာကွယ်ထားသည့် စိတ်နှစ်လုံးတည်း ဟူသော ကျောင်းသင်္ခမ်းကို ပြဆိုရာ၌ - အာပေါ်ကမ္ဘာ၊ ပျက်ပြုန်းခါ၌၊ ရူပါဝစရ၊ သောဋ္ဌသတွင်၊ သုဘကိဏ်အောက်၊ ဘုံတစ်လျှောက်ကို၊ လင်းပျောက်နိုင်အောင်၊ ပြည့်လျှမ်းဆောင်သည်၊ ရေတောင်မောက်ဖြိုး၊ ရွာသည့်မိုးထက်၊ ထမ်းပိုးလှင်ကန်၊ အပြန် ပြန်တည့်၊ သည်းထန်လှစွာ၊ ကိလေသာဟု၊ မဟာမေ၊ ဖြိုးဖြိုးကျလျက်၊ သောကစိမ့်ဧး၊ ယိုသားဘေးမှ၊ ဟန့်ထေးလို့ငှာ၊ ဘာဝနာဉာဉ်၊ သံပြားပျဉ်တိ၊ မြဲယှဉ်ပတ်ကုံး၊ လွှမ်းပိတ်ဖုံးသား၊ နှလုံးသင်္ခမ်း၊ ကျောင်းသားဝှမ်း၌ ဟူ၍ ဥပမာ ဥပစာစကားတို့ဖြင့် တန်ဆာဆင်ကာ ဖွဲ့နွဲ့ စီခြယ်ခဲ့ပေသည်။ ထို့နောက် စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် အမျိုးလေးပါးတို့အား သွန်သင်ဆုံးမဩဝါဒ စကား မှာကြားခဲ့ရန် ကျင့်ဖွယ်ရာ ဝတ္တရား အမျိုးမျိုးတို့ကို ကျမ်းအစောင်စောင်တို့မှ ထုတ်နုတ်၍ အလွန် နက်နဲစွာလှ အနှစ်သာရနှင့် ပြည့်စုံအောင် အလင်္ကာတန်ဆာဆင်ကာ ဂမ္ဘီသာရပျို့တစ်စောင်ကိုလည်း ပြုစုခဲ့ပေ သေးသည်။ အထက်ပါပျို့၊ မော်ကွန်းများအပြင်၊ ဆရာတော်သည် ပုံတော်နိုင်မော်ကွန်း၊ ရဲရည်တက် မော်ကွန်း၊ ရတနာပူရမြို့တည် မော်ကွန်း၊ ဝတ်ရုံကျောင်းဖွဲ့မော်ကွန်း စသည်တို့နှင့် သဘာဝ၏ ကြည်နူးစဖွယ် သာယာ ဆန်းကြယ်ပုံတို့ကို ဖွဲ့နွဲ့ထားသော ရွှေစက်တော်သွား တောလားကဗျာ၊ ဝဏ္ဏပဘာ ချီအလှဖွဲ့၊ တောင့်တဲတွန့်ရတုတို့ကိုလည်း ပြုစုရေးစပ်ခဲ့ပေသေးသည်။ ရှင်မဟာရဋ္ဌသာရ နောက်ဆုံးရေးသား ပြုစုခဲ့သော ပျို့မှာကား ၈၉၁ ခုနှစ်ရေး သံဝရပျို့ပင် ဖြစ်သည်။ ယင်းပျို့တွင် ဧကာဒသနိပါတ် သံဝရဇာတ်တော်လာ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ သားတော်တစ်ရာတွင် အငယ်ဆုံး သံဝရမင်းသားသည် ဘုရားလောင်း အမတ်ကြီး၏ ဩဝါဒကို ခံယူကာ အရာရာ၌ လုံ့လပြုခြင်းကြောင့် ခမည်းတော်၏အမွေကို ဆက်ခံ၍ မင်းပြုရကြောင်း၊ အခြားနောင်တော်များ အားလုံးက ကျေနပ်ကြကြောင်းတို့ကို အဖိုးတန်သော စာသားများ၊ ဆုံးမစကားများဖြင့် ဖွဲ့နွဲ့ဆိုခဲ့လေသည်။ စာဆိုကျော် ရှင်မဟာရဋ္ဌသာရ သည် ထိုပျို့ကိုပြုစုပြီး နောက်တစ်နှစ် သက္ကရာဇ် ၈၉၂ ခု သက်တော် ၆၂ နှစ်တွင် ပြည်မြို့၌ ပျံလွန်တော်မူသည်။ ပုရေနိသင်-ချီ ကိုယ်ရေး ကိုယ်တာဖွဲ့ ရတုရေးသူ သျှင်မဟာရဋ္ဌသာရမှာ ၈၃၀-ပြည့်နှစ် ဝါဆိုလ အတွင်း အင်းဝနေပြည်တော်တွင် ဖွားမြင်တော်မူ၍ ငယ်မည်မှာ မောင်မောက်ဖြစ်သည်။ ဗညားအိမ်နှင့် ရှင်စောပု၏ သမီးတော်တို့မှ ဆင်းသက်ဆက်နွယ်လာသော မြေးတော် ဓမ္မပါလသည် မောင်မောက်၏ဖခင်ဖြစ်၍ မိခင်မှာ သတိုးမင်းဖျား၏ အနွယ်တော်ဖြစ်သည်။ မောင်မောက်သည် ငယ်ရွယ်စဉ်အခါကာလမှ စ၍ နန်းတော်တွင်း၌ ကြီးပြင်းလာရသူဖြစ်သဖြင့် ဘုရင်မင်းခေါင်ကိုယ်တော်တိုင် တအူတုံဆင်း ညီအရင်းကဲ့သို့ အရေးပေးခြင်းကို ခံတော်မူရသည်။ မောင်မောက်သည် နန်းတော်တွင်း ပညာရှိများထံမှလည်းကောင်း၊ ကျမ်းဂန်တတ်မထေရ်များထံမှလည်းကောင်း ဖခင်ဖြစ်သူ ပညာရှိအမတ်ကြီးထံမှလည်းကောင်း နောင်တော် သျှင်ဝရစက္ကပါလ မထေရ်ထံမှလည်းကောင်း လောကီလောကုတ္တရာ ကဗျာလင်္ကာများကို သင်ကြားတတ်မြောက်သောကြောင့် ၁၆-နှစ်သား အရွယ်ကပင် ဘူရိဒတ် လင်္ကာကြီးကို စတင်ရေးသား ပြုစုလေသည်။ အသက် ၂၀-ပြည့် ရဟန်းဘဝရောက်မှ ဘူရိဒတ်လင်္ကာကြီး အပြီးသတ်သည်။ သက္ကရာဇ် ၈၈၇-ခုနှစ် လောက်ကျသောအခါ သျှင်မဟာရဋ္ဌသာရသည် အင်းဝ မငြိမ်မသက်ဖြစ်သောကြောင့်လည်းကောင်း၊ သတိုးမင်းစောက ပြည်မြို့သို့ ပင့်ဆောင်သောကြောင့်လည်းကောင်း ပြည်မြို့သို့ရောက်တော်မူသည်။ ရောက်၍ မကြာမီပင် ဇာတ်ပေါင်းခန်းကို ရေးသားတော်မူသည်။ ဆင်ဖြူရှင် သတိုးမင်းစောလည်း သျှင်မဟာရဋ္ဌသာရအား ပုထိုးကျောင်း၊ တောင်ခွင်ကျောင်း မင်းတုန်းကျောင်း ဤကျောင်း ၃-ကျောင်းကို ဆောက်လုပ်လှူဒါန်းတော်မူသည်။ သတိုးမင်းစော နတ်ရွာစံလွန်၍ သားတော်ဘုရင်ထွေး နန်းတတ်သောအခါတွင်လည်း ခမည်းတော်လက်ထက်ကကဲ့သို့ပင် ကြည်ညိုရင်းစွဲရှိသဖြင့် ပြည်မြို့နှင့် ရွှေတောင်အကြားအခွန်တသောင်းထွက်သည့် ဥယျဉ်တော် ၅-ရပ် အတွင်း တံတိုင်း မီးတားနှင့်တကွ ဆုတောင်းပြည့်ဘုရား၊ မင်္ဂလာစေတီတော်၊ အရံကျောင်းပေါင်းများစွာနှင့် ရွှေဗိမာန်တော်ကြီးကို ဆောက်လုပ်လှူဒါန်းတော်မူသည်။ သက္ကရာဇ် ၈၉၂-ခုနှစ် သက်တော် ၆၂-နှစ် အရွယ်တွင် ပျံလွန်တော်မူသတည်း။ ကဗျာများ သျှင်မဟာရဋ္ဌသာရ အရှင်မြတ်သည် မြန်မာ့စာပေသမိုင်းစဉ်တွင် ထိပ်တန်းပညာရှင် တစ်ပါး ဖြစ်တော်မူ၏။ ဆရာတော်သည် မိမိမွေးဖွားရာဒေသကို ကိုးခန်းပျို့နိဂုံး၌- တောင်ကား ပင်းယ၊ မြောက်မှ စစ်ကိုင်း၊ ရံသိုင်းသာလှ၊ ရွှေအင်းဝ၌၊ နန်းကမြင်ထင်၊မြို့လယ်ခွင်ဝယ်၊ သခင်ဘုရား၊ တည်ထားသာသနာ၊ သင်္ချာအမွန်၊ နှစ်ထောင်လွန်၍၊ အစွန်မြတ်မှု၊ ဆယ့်နှစ်ခုဝယ်၊ ဥတုဝဿ၊ မိုးလရှေးဖျား၊ နေသွားကရကဋ်၊ ခေါ်မှတ်ဝေါဟာ၊ အာသဠှာ၌၊ ပညာပွားဘို့၊ ကုသိုလ်ပို့သား၊ ငါတို့ဖွားရာ၊ ချက်မြှုပ်ရွာသည်၊၊ အောင်ခြာပြည်ကြီး နားတောင်းတည်း။ ဟု စပ်ဆိုပြခဲ့သဖြင့် သာသနာသက္ကရာဇ် ၂ဝ၁၂-ခု၊ မြန်မာနှစ် ၈၃ဝ-ပြည့် ဝါဆိုလအတွင်း ရတနာပူရ အင်းဝမြို့အလယ်၌ ဖွားမြင်တော်မူကြောင်း သိရှိရ၏။ နေ့ရက်အတိအကျကိုမူ အမှတ်အသား မရှိခဲ့ပေ။ အချို့က ဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့ဖွားဟု ဆိုကြသည်။ ဤအဆိုမှာ ဥတုဝဿ၊ မိုးလရှေးဖျား၊ နေသွားကရကဋ်၊ ဟူသော အဖွဲ့ကို ထောက်၍ ဆိုလိုဟန် ရှိသည်။ ထိုအဖွဲ့ကို ထောက်ရှုလျှင် လပြည့်နေ့ မဖြစ်နိုင်ပေ။ လပြည့်ကျော် တစ်ရက်နေ့သာ ဖြစ်နိုင်၏။ မိုးဥတုကို ရေတွက်ရာ၌ လပြည့်ကျော်တစ်ရက်နေ့မှ စ၍ ရေတွက်ရသည်။ ထို့ကြောင့် မိုးလရှေးဖျား ဟူသော ပုဒ်ကို ထောက်၍ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့သော်လည်းကောင်း ဖြစ်မည်။ သို့မဟုတ် ထိုရက်နောက်ပိုင်း ရက်အနည်းငယ်အတွင်း ဖြစ်နိုင်သည်။ ဆရာတော်၏ အဖမျိုးရိုးနှင့် ပတ်သက်၍လည်း ကိုးခန်းပျို့ နိဂုံးမှာပင်- တလိုင်းပြည်လုံး၊ ယူကျုံးပိုက်ထုပ်၊ ထီးအုပ်သာငြိမ်၊ စည်းစိမ်ထူပြော၊ နတ်နှင့်လျောသား၊ သျှင်စောပုတူ၊ လှိုက်ဆူကျော်ရှိန်၊ ပုသိမ်မင့်မြေး၊ စဉ်ရှေးဘရိုး၊ ဟူ၍ စပ်ဆိုပြခဲ့၏။ ထိုအဖွဲ့အရ ရာဇဝင်လမ်းကြောင်းကို ပြန်ပြောင်းကြည့်ရှုလျှင် ဟံသာဝတီရာဇာဓိရာဇ်မင်း၏ သမီးတော် သျှင်စောပု၌ ဗညားဓမ္မရာဇာနှင့် ဗညားရန်ဟူ၍ မောင်တော်နှစ်ပါးရှိသည်။ နောင်တော် ဗညားဓမ္မရာဇာသည် ရာဇာဓိရာဇ် မရှိသည့်နောက် ဟံသာဝတီ၌ မင်းပြုနေ၏။ ညီတော် ဗညားရန်သည် ဒလ၊ ဒဂုံ၊ ပုသိမ်တို့ကို စိုးပိုင်၍ ဘုရင်ငယ်ပြုလုပ်နေခဲ့သည်။ ထိုဗညာရန်မှ မွေးဖွားသော ဗညားအိမ်သည်လည်း ပုသိမ်မြို့ကို စိုးအုပ်နေခဲ့ပြန်သည်။ သျှင်စောပုသည် တူတော်သူ ဗညားအိမ်အား သမီးတော် နဲတကာသင်နှင့် စုံဖက်တော်မူစေသဖြင့် တူသမက် နှစ်ချက်တော် ဖြစ်ပေသည်။ ထိုသျှင်စောပု၏ သမီးတော်နှင့် တူသမက်တို့၏ မြေးဖြစ်သော ဓမ္မပါလအမတ်သည်ကား ဆရာတော် သျှင်မဟာရဋ္ဌသာရ၏ မွေးဖခင်ပေတည်း။ ဆရာတော်သည် မိခင်ဘက်မှ အမျိုးအနွယ်ကိုလည်း ကိုးခန်းပျို့နိဂုံးမှာပင် အောက်ပါ အတိုင်း ဖွဲ့ဆိုတော်မူခဲ့၏။ တို့မိမျိုးလည်း၊ သတိုးမင်းဖျား၊ တရားစောင့်သုံး၊ ရန်လုံးထွင်ချွေ၊ ရွှေမြေအင်းဝ၊ တည်စနန်းသီး၊ ပြည်ထောင်ကြီး၏၊ သမီးမြစ်ရင်း၊ နွယ်မယွင်းသည်၊ စည့်ကွင်း မလိမ်လှည့် တောင်းတည်း။ ဖော်ပြပါ အဖွဲ့ကို ထောက်၍ ဆရာတော်၏ အမိအနွယ်မှာ သက္ကရာဇ် ၇၂၆-ခုနှစ်တွင် ရတနာပူရ အင်းဝမြို့နန်းကို စတင် တည်ထောင်တော်မူသော သတိုးမင်းဖျား၏ အနွယ်တော်ဖြစ် ကြောင်းကိုမူ ဧကန်သိရှိကြရ၏။ သို့ရာတွင် အနွယ်အဆက်ကိုကား တိကျစွွှာ မရေးဆိုနိုင်ကြပေ။ ပညာရှင်အချို့က သမီးမြစ်ရင်း ဟူသော ပုဒ်ကို ထောက်၍ ဤသို့ ဆိုမိန့်ကြ၏။ သတိုးမင်းဖျား၏ အလယ်နန်းမိဖုရားမှာ စောမင်းညို ဖြစ်၏။ ထိုစောမင်းညိုမှ သမီးတော်စောနန်းကို ဖွားမြင်သည်။ သမီးတော် စောနန်း၏ မြစ်သည် ဆရာတော် သျှင်မဟာရဋ္ဌသာရ၏ မိခင်ဖြစ်ပေသည်။ စာဆိုတော်များ အတ္ထုပ္ပတ္တိကျမ်းကို ပြုစုသော ကျမ်းဆရာ၏ အဆိုအရ ဆရာတော် သည် သတိုးမင်းဖျား၏ အနွယ်တော် ဖြစ်ကြောင်းမျှကိုသာ အတည်ပြုဖော်ပြထား၏။ ဤသို့အတည်မပြုနိုင်ခြင်းမှာလည်း ကိုးခန်းပျို့ နိဂုံးလာ သမီးဖြစ်ရင်း ဟူသော ပုဒ်၌ မူကွဲများတွင် အရီးမြစ်ရင်း၊ နွယ်မယွင်း ဟုလည်းကောင်း၊ ဦးရီးမြစ်ရင်း နွယ်မယွင်း ဟုလည်းကောင်းအသီးသီး ရှိနေကြသောကြောင့် ဖြစ်သည်။ မှန်နန်းတော် စနုဆောင်အတွင်း ပညာရှင် ၁၃-ဦးတို့ ရေးသားကြသော မှန်နန်းရာဇဝင် တော်ကြီး၊ ပထမတွဲ၌-သတိုးမင်းဖျားမှာ သားတော် သမီးတော် ရှိသည်ဟု စာပေမတွေ့။ ရာဇဝင်သစ်၌ ကျောက်စာ၊ ဟတ္ထိပါလနိဂုံးများကို ညွှန်း၍ သမီးရှိဟန်ဆိုသည်မှာလည်း မည်သည့်ကျောက် စာဟူ၌ အတပ်မဆို။ ဟတ္ထိပါလနိဂုံးတွင်လည်း အချို့သော မူတို့၌ သမီးမြစ်ရင်းဟူ၍လည်းကောင်း၊ အရီးမြစ်ရင်းဟူ၍လည်းကောင်း၊ ဦးရီးမြစ်ရင်းဟူ၍လည်းကောင်း အသီးသီး ရှိကြ သည်ဖြစ်၍ သမီးရှိ၏ဟု မုချမသိသာသည်။ ဟု ရေးသားထားပြီးလျှင် သတိုးမင်းဖျားတွင် သမီးမရှိသည့် အဆိုကို အတည်ပြုသကဲ့သို့ ရှိ၏။ အထက်ပါ အဆိုသုံးချက် ခြားနားမှုတို့ကို ယူ၍ မိမိတို့ သဘောသင့်သရွေ့ ဖွင့်ဆိုရေး သားထားကြသည်။ ကဗျာသာရတ္တသင်္ဂြိုဟ်ကျမ်း၌- သတိုးမင်းဖျားအရီးတော်၏ မြစ်တော်ရင်း စောနန်းတို့ သင့်မြတ်ရာတွင် ပြည်စုန်ဘုရင် မဟာသီဟသူရ နန်းတက်နှစ် သက္ကရာဇ် ၈၃ဝ-ပြည့်တွင် အဝရွှေမြို့တော်၌ သျှင်မဟာရဋ္ဌသာရကို ဖွားမြင်တော်မူသည်။ ဟူ၍ အရီးမြစ်ရင်းပုဒ်အရ ဖွင့်ဆိုရေးသားခဲ့သည်။ ထိုအရီးတော်အနွယ်ဆိုသော စကားကို လေ့လာပြန်လျှင်လည်း သတိုးမင်းဖျား၏ ဖခင်မှာ တကောင်းမြို့စား သတိုးဆင်ထိန်းဖြစ်၏။ ထိုသတိုးဆင်ထိန်း၏ နှမသည် အရီးတော် ဖြစ်ရပေမည်။ သို့ရာတွင် သတိုးဆင်ထိန်း၏ နှမနှင့် စပ်လျဉ်း၍ စာဟောင်းပေဟောင်းများ၌ အမှတ်အသား မတွေ့ရပေ။ သို့ဆိုလျှင် အရီးမြစ်ရင်းဆိုသော စကားသည်လည်း သေချာလှသည် မဟုတ်ချေ။ တစ်ဖန် ဦးရီးမြစ်ရင်း ဟူသော ပုဒ်အတိုင်း အနွယ်တော်ကို ရှာဖွေပြန်လျှင် မှန်နန်း ရာဇဝင်တော်ကြီး၌- တစ်စီးရှင်သားတော် မင်းစောယွမ်းသည် မြို့တည်ပြီးလျှင် သီရိအသင်္ခယာဟူသောအမည်ကို ခံ၍ မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူ၏။ သားတော် သမီးတော်ကား မိဖုရားကြီးတွင် သမီးတော် စိုးမင်းကိုယ်တော်ကြီး တစ်၊ မောင်တာ် ကျစွာမင်း တစ်၊ ညီတော် နော်ရထာမင်းရဲ တစ်၊ ရာဇဝင်ကြီး၌ မင်းရဲမင်းကြီးဟု ရှိ၏။ ညီတော် တရဖျားငယ် တစ်၊ ပေါင်း လေးပါးတည်း။ ပါရှိပေသည်။ သတိုးမင်းဖျားသည် အစ်မတော် စိုးမင်းကိုယ်တော်ကြီးမှ မွေးဖွားသူ ဖြစ်၏။ စိုးမင်းကိုယ်တော်ကြီးတွင် မောင်တော် သုံးယောက်ရှိသဖြင့် သတိုးမင်းဖျားမှာလည်း ဦးရီးတော် သုံးယောက် ရှိခဲ့ပေသည်။ သို့ဆိုလျှင် ဆရာတော် သျှင်မဟာရဋ္ဌသာရသည် ဦးရီးမြစ်ရင်း၊ နွယ်မယွင်း ဟူသော စကားအရ မည်သည့်ဦးရီးတော်မှ ဆင်းသက်လာသနည်းဟု မေးသင့်ဖွယ်ရာ ဖြစ်ရပြန်လေသည်။ ထိုကြောင့် ဆရာတော်၏ အမိမျိုးရိုးမှာ သတိုးမင်းဖျား မင်းတရား၏ အနွယ်တော် ဖြစ်ကြောင်းကိုသာ ဧကန်အားဖြင့် မှတ်သားထားရပေဦးတော့မည်။ ဆရာတော်၏ ငယ်နာမည်မှာ မောင်မောက် ဖြစ်၏။ ဆရာတော်ကိုယ်တိုင်ကလည်း မိမိငယ်နာမည်ကို အထူးသဖြင့် လျှို့ဝှက်၍ ကိုးခန်းပျို့ နိဂုံးတွင် ဆိုလေဟန် ရှိ၏။ ထိုငယ်နာမည်ကိုဖော်ပြသော လျှို့ဝှက်စာစာပိုဒ်မှာ ဧကက္ခရ၊ ကောသကျမ်းလာ၊ အဝဂ်ရာဝယ်၊ ဥစ္စာဝါစက၊ တတ်စွမ်းလှ၍၊ အတ္ထပြဲ့ပြဲ့၊ ဟောဖွင့်ချဲ့သည်၊၊ ဘက်မဲ့ အဘယ်သဒ္ဒါနည်း။ ဟူ၍ ဖြစ်၏။ ထိုစကားပိုဒ်မှ ဧကက္ခရကောသကျမ်းလာ အဝဂ်အရာဝယ် ' ဥစ္စ ' အနက်ကိုဟောသော သဒ္ဒါသည် ' ရာ ' ဖြစ်၏။ ရာသည် ဥစ္စဝါစက ဥစ္စအနက်ကို ဟော၏။ ဥစ္စဟူသော ပါဠိကို မြင့်ခြင်း၊ မောက်ခြင်း၊ မြင့်မောက်ခြင်း ဟု ပြန်ဆိုရ၏။ ဆရာတော်သည် ဤဥစ္စဝါစကသဒ္ဒါဖြင့် မောင်မောက်ဟူသော မိမိငယ်နာမည်တော်ကို ဝှက်ဆိုမိန့်တော်မူခြင်း ဖြစ်တန်ရာလေသည်။ သျှင်မဟာရဋ္ဌသာရလောင်းလျာ မောင်မောက်သည် ဘုရင်မင်းမြတ်၏ နန်းတော်သို့ ဖခင်ကြီးနှင့်အတူ လိုက်ပါ၍ နေလေ့ရှိခဲ့၏။ ဘုရင်မင်းခေါင်ကိုယ်တိုင်လည်း မောင်မောက်အား တစ်အူတုံဆင်း ညီငယ်ရင်းကဲ့သို့ အောက်မေ့၍ ချီးမြှောက်တော်မူခဲ့၏။ ငါးနှစ်သားအရွယ်မှာပင် ထီးမှုနန်းရာတို့ကို ကျွမ်းကျင်ခြဲ့ပီဟု ဆိုနိုင်၏။ ထို့ကြောင့် မိမိရေးသားသော ပျို့နိဂုံးများတွင်- ရွှေနန်းတော်ထက်၊ ငါးနှစ်သက်က၊ လေ့ကျက်ခဲ့မြောက်၊ (ကိုးခန်း) ရတနာပူရ၊ ပြည်မတန်ဆောင်၊ တံခွန်ထောင်သား၊ မင်းခေါင်လက်ထက်၊ ပျိုရွယ်သက် က၊ ဝမ်းထွက်စတေ၊ မှတ်သောထွေဖြင့်၊ စာပေသင်ကာ၊ နေလှည့်ရာတွင်၊ (သံဝရ) စသည်ဖြင့် ထည့်သွင်းရေးစပ်ခဲ့၏။ ဤတွင် နှောင်းခေတ်ရေးစာစောင် အမှတ်အသားတို့၌ ရှစ်နှစ်သားအရွယ်တွင် ဒုတိယ ဘုရင်မင်းခေါင်ထံတွင် သားအမှတ်မွေးမြူပါရန် ပေးဆက်အပ်နှံကြောင်း အဆိုပြုကြလေသည်။ ထိုအဆိုကို မဖြစ်နိုင်ကြောင်း စာဆိုတော်များအတ္ထုပ္ပတ္တိတွင် ရှင်းလင်းထားသည်။ ၎င်းတို့ အဆိုအရ ကိုးခန်းပျို့ နိဂုံးတွင် ရှစ်နှစ်တည်းက၊ ခမည်းတော်မင်း၊ မယ်တော်နှင်းသား၊ အရင်းအချာ၊ ငါ့တကာနှင့်၊ ငါသာရဟန်း၊ လူဝယ်ပန်းသို့၊ ရွှင်လန်းမချိုး၊ လွန်မြတ်နိုးလျက်၊ ဟူသော စကားကို ကိုးကား၍ ဆိုလေဟန် ရှိ၏။ ထိုစကားကို ရှင်းဦးအံ့။ ဒုတိယဘုရင်မင်းခေါင် အဖသည် သက္ကရာဇ် ၈၃၂-ခုနှစ်တွင် မင်းဖြစ်သော ရတနာမြစည်းခုံဒါယကာ မင်းတရားကြိီးဖြစ်သည်။ ထိုမင်းတရားကြီး၏ အဖဖြစ်သော ဒုတိယမင်းခေါင်၏ ဘိုးတော်သည် သက္ကရာဇ် ၈ဝ၄-ခုနှစ်တွင် မင်းဖြစ်သော ထူပါရုံဒါယကာ နရပတိကြီး ဖြစ်၏။ ထိုနရပတိ၏ သမီးတော် တွင်းသင်းစား ရွှေအိမ်သည်နှင့် မိဖုရားမောင်တော် ပခန်းစား သီဟပတေ့ကြီး၏သား ဥဇနာ ဟုလည်းတွင်သော သီဟပတေ့ငယ်နှင့် စုံဖက်ရာတွင် ဖွားမြင်သည့် သမိီးတော်ကို ရှစ်နှစ်အရွယ်ကပင် ဘိုးတော်နရပတိကြီးသည် ဒုတိယဘုရင်မင်းခေါင်နှင့် စုံဖက်ပေးတော်မူသည်။ ဒုတိယမင်းခေါင်လည်း ထိုအခါက ခုနစ်နှစ်ကျော် ရှစ်နှစ်အရွယ်မျှသာ ရှိပေသေးသည်။ ဤသည်ကို ရည်၍ ဆရာတော်သျှင်မဟာရဋ္ဌသာရက နန်းထက်သမီး၊ စောင့်စည်းသီလ၊ ဒါနဖြည့်ဆည်း၊ ရှစ်နှစ်တည်းက၊ ခမည်းတော်မင်း၊ မယ်တော်နှင်းသား၊ ဟူ၍ စပ်ဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဆရာတော်သည် မိမိကိုယ်ကို ရည်ညွှန်း၍ စပ်ဆိုခဲ့ခြင်းမဟုတ်ပေ။ ထို့ကြောင့် ဆရာတော်လောင်းလျာ မောင်မောက်ကို မင်းတရားထံ မွေးစားရန် အပ်နှံသည်ဟူသော အဆိုမှာ လျော်ကန်တော့သည် မဟုတ်ကြောင်း တင်ပြထားလေသည်။ သို့ရာတွင် ဘုရင်မင်းခေါင်သည် မောင်မောက်အား ဝမ်းထွက်သားကဲ့သို့ ချစ်ခင်ယုယစွာ စောင့်ရှောက်ကြောင်းကိုကား ဖော်ပြခဲ့ပြီးသော အဖွဲ့များဖြင့် ထင်ရှားလေသည်။ ဤသို့ ဘုရင်မင်းခေါင်က ချစ်ခင်ယုယစွာ စောင့်ရှောက်ခဲ့သည်မှာလည်း တစ်နွယ်ငင် တစ်စဉ်ပါဆိုသကဲ့သို့ ဖြစ်၏။ မောင်မောက်ဖခင် အမတ်ကြီးမှာလည်း ပြည်စုန်မင်း သီဟသူနှင့် မိဖုရားကြီးတို့အပြင် သားတော် ဒုတိယမင်းခေါင်နှင့် မိဖုရားတို့ကလည်း လက်သုံးတောင်ဝှေးသဖွယ် အားကိုးအားထားခြင်း ခံရသူ ဖြစ်သည်။ တစ်ဖန် မောင်မောက်၏ မိခင်ကြီးမှာလည်း ရာဇအနွယ်ပါသူပင် ဖြစ်သောကြောင့် နန်းတွင်းနန်းပြင် သွားလာဝင်ထွက်ရေး၌ ဦးစားပေးခြင်း ခံထားရသူ ဖြစ်သည်။ ထိုအကြောင်းတို့ကို ဖွင့်ဆို၍ ဆရာတော်ကိုယ်တိုင် ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့၌ ဤသို့ ဖွဲ့ဆိုတော်မူခဲ့၏။ကူဋာဂါရ၊ ဂေဟကြငှန်း၊ ပွင့်ရွှေနန်းနှင့်၊ မည်မှန်းအဝ၊ ပုရိန္ဒဟု၊ စွဲထသန္ဓေ၊ တို့ချက် ြေ<ွကသား၊ မင်းနေပြည်သာ၊ ထိုနေရာဝယ်၊ သမ္ဘာမျိုးချ၊ ငါတို့ဘလည်း၊ ဓမ္မပါလ၊ ဗြဟ္မဏသို့၊ စာဂစွန့်ကြဲ၊ ကုသိုလ်ရဲလျက်၊ ဝမ်းထဲဖြောင့်စင်း၊ ဂုဏ်သတင်းတည့်၊ လှိုင်ခြင်းရနံ့၊ ပန်းနှယ်ပျံ့မျှ၊ လောက်ငံ့သောက်စား၊ မကုန်အားသား၊ ပုဏ္ဏားဇော်ဂီ၊ မှီခိုရဟန်း၊ ကူးသန်းလားလာ၊ ချိုင့်ဝှမ်းရာဖြင့်၊ သဒ္ဓါပြန့်ပြန့်၊ စိတ်မတွန့်တည့်၊ ရှည်သန့်လက်ကြီး၊ ပေးမငြီးဟု၊ မြှောက်ချီးသာဓု၊ ယခုတိုင်အောင်၊ လူ့ဘောင်ပြောပ၊ ချီးမွမ်းကြ၏။ ရှေးကစီလျဉ်၊ မင်းစဉ်မင်းဆက်၊ မပျက်စွဲသုံး၊ ဤထုံးဤနည်း၊ ဤသို့တည်းဟု၊ သိပ်သည်းနတ်ရွာ၊ သိမြင်မှာလည်း၊ လိုရာမကျန်၊ တတ်ပွန်ကျယ်ဝန်း၊ အဆန်းဆန်းသား၊ ဂဏန်းဟူးရား၊ ကိုးပါးနဝင်း၊ တြင်းသုံးခု၊ ရှစ်ခုဂြိုဟ်ပြေး၊ ကောင်းကြွယ်ရေးနှင့်၊ ရန်ဘေးဥပဒ်၊ စက်သွားဖြတ်သို့၊ မချွတ်မှန်အောင်၊ ကျေးဇူး ဆောင်သား၊ မင်းခေါင်မင်းဖျား၊ မင်းနှစ်ပါးတို့၊ မှတ်သားယုံကြုံ၊ မြတ်နိုးတုံသည်၊၊ စုပုံ လက်သုံး တောင်ဝှေးတည်း။ မောင်မောက်သည် ငယ်ရွယ်စဉ်မှ စ၍ နန်းတွင်သူ နန်းတွင်းသား ပညာရှင်များထံမှ လည်းကောင်း၊ ဖခင်ဓမ္မပါလအမတ်ကြီးထံမှလည်းကောင်း၊ စာပေကဗျာစသော နည်းနာနယတို့ကိုလေ့လာမှတ်သားခဲ့ရ၏။ အထူးသဖြင့် စာပေသင်ကြားရာ ဆရာကား နောင်တော်ရင်းဖြစ်သောသျှင်ဝရစက္ကပါလဖြစ်သည်။ မောင်မောက်သည် နောင်တော်ရင်းထံ၌ သင်ရိုးကျမ်းစာ အဖြာဖြာတို့ကို ဂရုပြု၍ လေ့လာသင်ကြားခဲ့သည်။ သို့ဖြင့် ကျောင်းတွင် ပညာသင်၍လည်းကောင်း၊ ဖခင်ကြီး နှင့် အတူ နန်းတော်တွင်းသို့လိုက်၍လည်းကောင်း လှည့်လည်ပျော်မြူးနေခဲ့လေသည်။ တစ်နေ့သောအခါ မောင်မောက် ၁ဝ-နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူနှင့်အတူ နန်း တော်တွင်းသို့ လိုက်ပါသွားလေသည်။ ထိုအချိန်တွင် နန်းတော်တွင်း၌ အိမ်ရှေ့မင်း မဟာသီဟသူ၏တောင်ဆောင်စံ မြောက်သားတော်သမီး သျှင်စိုးမင်း၊ မြောက်ဆောင်စံ တန်ဆောင်းရှင်ခံ မြောက်သားတော်သမီး မင်းလှမြတ်နှင့် မင်းဘုန်းထွတ်တို့ကို နားထွင်းမင်္ဂလာ ဆင်ယင်တော်မူနေ ခိုက်ဖြစ်၏။ ထိုအချိန်တွင် အိမ်ရှေ့မင်းတရားက မောင်မောက်၏ ဖခင်ကြီးအား သမီးတော်သုံးပါး နှင့် စပ်ဆိုင်ရာ မင်္ဂလာရှိသော ကဗျာလင်္ကာတို့ကို ဖွဲ့ဆိုလျှောက်ထားရမည်ဟု မိန့်တော်မူ၏။ ထိုအခါ မောင်မောက်က ဖခင်အစား ကျွန်တော်မျိုး ဖွဲ့ဆိုလျှောက်ထားပါရစေ၊ ဟု လျှောက်ထား၍ ရုတ်တရက် စပ်ဆို လျှောက်ထားလိုက်သည်။ အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော်၊ ထင်ပေါ်ဘုန်းပျံ့သင်း၊ အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော်၊ နတ်သော်ပုံမယွင်း၊ အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော်၊ စန္ဒာလနှယ်ဝင်း၊ မောင်မောက်သည် ညီညွတ်သော ကာရန်ဝကျဖြင့် မှူးမတ်ဗိုလ်ပုံတို့ အလယ်တွင် ရဲ့ဝံ့စွာ စပ်ဆို၍ လျှောက်တင်လိုက်ရာ ပရိသတ်အပေါင်းမှာ ဝမ်းမြောက် အံ့ဩစွာ မောင်မောက်၏ ပညာစွမ်းကို ချီးမွမ်းထောမနာကြကုန်၏။ မောင်မောက်သည် နောင်တော် သျှင်ဝရစက္ကပါလအထံ၌ စာပေသင်ကြားနေရာမှ ဆက်လက်၍ သီဟိုဠ်ရောက်ဘုန်းတော်ကြီးထံတွင်လည်း စာပေများကို နည်းခံသင်ကြားပြန်လေသည်။ ဤသည်ကို ရည်၍ ဘူရိဒတ်ဇာတ်ပေါင်းပျို့ နိဂုံး၌ ရဋ္ဌသာရ၊ လဒ္ဓသရော်၊ နွတ္ထခေါ်သား၊ သူတော်သွေးရည်၊ ငါတုံသည်လည်း၊ ဖြောင့်ကြည်သဒ္ဓါ၊ နောင်ဆရာလျှင်၊ သမ္ဘာရင့်လှည့်၊ ညီတပည့်ဟု၊ မပြည့်ပေါ်တင်း၊ ထဲဝမ်းတွင်းက၊ ချစ်ခြင်းတမူ၊ မတူစသာ၊ နည်းနာသင်ထွေ၊ အခြေရမြောက်၊ ကြံ့ကြံ့ထောက်၍၊ ရောက်ပေါက်သိဃိုဠ်၊ ကျေးဇူးဟိုသား၊ ပုဂ္ဂိုလ်မည်သီး၊ ထေရ်ဘုန်းကြီးဝယ်၊ မှီးခဲ့လက်လွတ်၊ ကင်းမဲ့တတ်သား၊ သူမြတ်တို့ထံ၊ ထုံးစံရမိ၊ အပြည့်ကြည့်လျက်၊ ဟု ဖွဲ့ဆိုထားလေသည်။ မောင်မောက် ထပ်ဆင့်ဆည်းကပ်ခဲ့သော သီဟိုဠ်ရောက်ဘုန်းတော်ကြီး ဆိုသည်မှာ သက္ကရာဇ် ၇၉၁-ခုနှစ်က ဓာတ်တော် ငါးဆူနှင့်အတူ အင်းဝသို့ သာသနာပြု ကြွရောက်လာသော သီရိသဒ္ဓမ္မာဘိလင်္ကာရနှင့် သီဟဠမဟာသာမိ မထေရ်နှစ်ပါးကို ရည်ညွှန်းဟန်တူပေသည်။ ထိုနှစ်ပါး ကို သီဟိုဠ်ရောက်ကြီး သီဟိုဠ်ရောက်ငယ်ဟူ၍ မှတ်သားကြသည်။ ထိုအရှင်နှစ်ပါးတွင် မောင်မောက် နည်းခံသင်ကြားခဲ့သော ဆရာမှာ သီလဂုဏဝန်၊ ထေရ်မွန်ပုဂ္ဂိုလ်၊ သိန်းဃိုဠ်ရောက်ကြီး၊ သံဃာ့ထီးကို၊ ဟု ကိုးခန်းပျို့ နိဂုံး၌ စပ်ဆိုသည်ကို ထောက်၍ အကြီးဖြစ်သော သျှင်သဒ္ဓမ္မာ ဘိလင်္ကာရ မထေရ်ကိုပင် ဆိုရမည် ဖြစ်ပေသည်။ ထိုသီဟိုဠ်ရောက် ဘုန်းတော်ကြီးထံ၌ ခိုမှီးနေစဉ် အသက် ၁၆-နှစ် အရွယ်တွင် 'သာကီယဟု၊ တေဇကျော်ဟိုး ' အစချီ ဘူရိဒတ်လင်္ကာကြီးကို ရေးသားစပ်ဆိုလေသည်။ ထိုအကြောင်းကို ကိုးခန်းပျို့ နိဂုံး၌ သိန်းဃိုဠ်ရောက်ကြီး၊ သံဃာ့ထီးကို၊ ခိုမှီးငြမ်းထောက်၊ ထိပ်ထက်ဆောက်မှ၊ ဆယ့်ခြောက်နှစ်ရွယ်၊ နှစ်ဆယ်အတွင်း၊ လေးနှစ်ကြွင်းဝယ်၊ မကင်းဝါသနာ၊ ဆက်တိုင်းပါ၍၊ ပညာမြင်သိ၊ စွမ်းသတ္တိဖြင့်၊ ဘူရိဒတ္တ၊ ဆိုစပြီးမြောက်၊ ဟု ဖွဲ့စပ်ထားရာ ဘူရိဒတ်လင်္ကာကြီးကို ၁၆-နှစ်အရွယ်မှ စတင်ရေးသားခဲ့ပြီး ၂ဝ- အတွင်း လေးနှစ်တာကာလ၌ ရေးသားခဲ့သည်ဟု ဆိုပေသည်။ မောင်မောက်သည် မည်သည့်ခုနှစ်တွင် သာမဏေဘောင်သို့ ဝင်ရောက်ခဲ့သည်ဟု အမှတ်အသား မတွေ့ရပေ။ ဘူရိဒတ်လင်္ကာကြီးကို ရေးသားချိန်တွင်အမူ လူ့ဇာတိ လူ့အဖြစ်နှင့် သာ ရှိနေပေသေးသည်။ သံဝရပျို့ နိဂုံး၌ ခပ်သိမ်းဒါန၊ အနန္တကို၊ ဓမ္မအလှူ၊ အောင်သောဟူသည်၊ စိတ်ယူတည်ဘိ၊ လူ့ဇာတိက၊ ဘူရိဒတ္တ၊ ဆိုစပြီးမြောက်၊ ဟု ရေးဖွဲ့ထားသောကြောင့် မောင်မောက်သည် ၁၆-နှစ်အရွယ် လူပျိုပေါက်သည်အထိ သျှင်သာမဏေဘောင်သို့ မဝင်ရသေးကြောင်း ထင်ရှားသည်။ စာဆိုတော်များအတ္ထုပ္ပတ္တိကျမ်း၌မူ မောင်မောက်သည် ၁၉-နှစ်ကျော် ၂ဝ-တွင်း၌ လူ့ဘဝ လူ့ဇာတိမှ တစ်ခါတည်း ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်ဟု မှတ်ချက်ချထား၏။ သို့ရာတွင် ခိုင်လုံသော အထောက်အထား မတွေ့ရပေ။ သျှင်မဟာရဋ္ဌသာရလောင်းလျာ မောင်မောက်သည် ၁၆-နှစ်အရွယ်၊ သို့မဟုတ် ထို့ထက် ပိုလွန်သည့် အရွယ်အထိ နန်းတော်တွင်း၌ ကျက်စား ပျော်ပါးနေခဲ့ရသောကြောင့်လည်းကောင်း၊' ဝဏ္ဏပဘာ ' နှင့် ' ပုရေနိသင် ' စသော ရတုများကို ရေးစပ်ထားသောကြောင့်လည်းကောင်း နှောင်းခေတ် သုတေသီတို့၏ အတွေး၌ သျှင်မဟာရဋ္ဌသာရ၏ ဘဝကဏ္ဍသစ်တစ်ခုကို ဖော်ထုတ် ခဲ့ကြသည်။ ဤသည်မှာ သျှင်မဟာရဋ္ဌသာရ၏ အချစ်ရေးကိစ္စပေတည်း။ သျှင်မဟာရဋ္ဌသာရ၏ ဘဝသည် နန်းသူတို့အလယ်တွင် ထင်ရှား ကျော်ကြားခဲ့၏။ ကဗျာလင်္ကာ စာဆိုတော်လေးဖြစ်သောကြောင့် နန်းတွင်းသူ အလှကလေးများက ပျူငှာအခွင့် အရေးပေး၍ မြတ်နိုးမိကြမည်။ ထိုအထဲတွင် သျှင်မဟာရဋ္ဌသာရနှင့် နှစ်ကိုယ်တူ ရည်မျှ၍ ချစ်ခဲ့ရသူမှာ ' ဝဏ္ဏပဘာ ' ခေါ် လှကလျာ ဖြစ်ခဲ့သည်။ သျှင်မဟာရဋ္ဌသာရလောင်းလျာသည် ကဗျာဆရာ ဖြစ်သည့်အလျောက် ဝဏ္ဏဘာ၏ အလှကို လင်္ကာဖြင့် ကုံးသီခဲ့၏။ ရတုဖြင့် ရေးစီခဲ့၏။ ဆရာတော်သည် ဝဏ္ဏပဘာ၏ အလှသရုပ်ကို တောင့်တဲတွန့်ရတုပိုဒ်စုံဖြင့် ဖော်ထုတ်လှစ်ပြခဲ့၏။ ထိုရတုမှာ လူ့အဖြစ် လူ့ဇာတိကပင် ချစ်သူ၏ အလှကို ခြယ်မှုန်းခဲ့သည်ဟု ယူဆရ၏။ အဘယ့်ကြောင့်ဆိုသော် ' ပုရေနိသင် ' ချီရတုတို့၌ ရဟန်းဘဝဖြင့် စပ်ဆိုရာ အထိန်းအချုပ်ဖြင့် စပ်ဆိုခဲ့သည်။ ဝဏ္ဏပဘာအဖွဲ့မှာကား ချစ်သူ၏ အလှကို အားကုန်ခြယ်မှုန်း၍ သီကုံးဖွဲ့ဆိုခဲ့ခြင်းဖြစ်၏။ ထို့ပြင် မျက်စိအောက်တွင် ရှုမြင်ရသည့်အတိုင်း ဖွဲ့ဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဝဏ္ဏပဘာရတုကို ငယ်စဉ်လူ့ဘဝက ရေးသားခဲ့သည်ဟု ယူဆစရာ ရှိပေသည်။ ဤသို့ဖြင့် သျှင်မဟာရဋ္ဌသာရလောင်းလျာသည် ရဟန်းပြုရန် အချိန်အရွယ်သို့ ရောက် ရှိလာခဲ့၏။ ထိုအခါ ကျွန်းတွင် ဇမ္ဗူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးကင်းစင်ကွာ၊ မိုးသူဇာကို ပစ်ခွာထားခဲ့ရတော့မည်။ တစ်ချိန်ကဆိုလျှင် ဝဏ္ဏပဘာ လှကလျာ ငယ်ကျွမ်းဝင်နှင့်၊သို့ပင်တာရှည်၊ ပျော်ရမည်ဟု လည်း မှတ်ထင်ခဲ့မိသဖြင့် ခက်မတစ်ထောင်၊ ပညောင်စောင့်နတ်၊ ရှင်နတ်မြတ်ကို ပင် ခိုင်မြဲစေမှုအတွက် သက်သေပြုခဲ့ကြဖူးသည်။ ဘယ်သို့ပင် ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု ရည်ရွယ်ထားပါသော်လည်း သာသနာတော်ရေးအတွက် ရဟန်းဘောင်သို့ တက်ရောက်ရတော့မည့် အခါတွင် ချီတုံ ချတုံ အာရုံထွေပြားလျက် စိတ်သောက ပွားခဲ့ရပေသည်။ ဤသို့ သာသနာရေးက တစ်ဖက်၊ အချစ်ရေးက တစ်ဖက်နှင့် စိတ်ဝိတက်များပြားနေ ရချိန်တွင် ငြိမ်သက်စွာ စိတ်ကို ထိန်းသိမ်းတော်မူလျက် သာသနာ့ဝန်ထမ်း ရဟန်းမြတ်ဘဝနှင့်မာတုဂါမတို့သည် မအပ်စပ်စွတကား၊ ဟု တရားသံဝေ ယူတော်မူချေ၍ သာသနာရေးကို အနိုင် ပေးခဲ့ရှာသည်။ ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်ကို ကြေကွဲစွာ ခွဲခွာတော်မူ၍ ရဟန်းဘဝကိုသာ ရယူတော်မူခဲ့သည်။ ထိုအကြောင်းကို ရဟန်းဘဝ ရယူတော်မူပြီးသည့်နောက်၌ စပ်ဆိုတော်မူသော ' ပုရေနိသင် ' အစချီ ရတုပိုဒ်စုံတွင်- ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊ ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ဝါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ဝါးရုံဝါးစေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေဂဟေ၊ မစပ်ချေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျမ်းဂန် သိမြောက်၊ ပဉ္စင်းရောက်က၊ ထပ်လှောက်ကြင်ဖွယ်၊ ရှေးသောနှယ်ကို၊၊ အဘယ်ကြိုးရှာ ပေတော့မည်။ ဟု ဖော်ပြတော်မူခဲ့သည်။ သျှင်မဟာရဋ္ဌသာရသည် မိမိကိုယ်ကို တရားချ၍ ရဟန်းဘဝကို ရယူခဲ့သော်လည်း အလွမ်းဖြေ မပြေနိုင်ခဲ့ရှာပေ။ ထို့ကြောင့်လည်း စိတ်ပြေရာ ပြေကြောင်း အောက်မေ့၍ လူလည်းတစ်ထွေ၊ ရေလည်းတစ်ခြား၊ ဖျားလည်းတက်သက်၊ ကြောက်မက်ချင်ဖွယ်၊ ပင်လယ်ချောင်းမြောင်း၊ မကြီးတောင်းတည့်၊ ဆောင်းဆောင်းဆိုင်းဆိုင်း၊ ပြိုင်းရရိုင်းတည့်၊ မှိုင်းမှိုင်းအုပ်ထွေ၊ ဝေဝေမို့မို့၊ ညို့ရရို့နှင့်၊ မြသို့ရှိန်းရှိန်း၊ ခပ်သိမ်းတောတောင်၊ ကုန်အောင်ပတ်ကုံး၊ မျှော်မဆုံး သည့် ရခိုင်တောင်ကုန်းဒေသဆီသို့ ခရီးထွက်ခဲ့လေသည်။ ရခိုင်ပြည်သို့ ရောက်ရှိသည်တွင် ' နှစ်ကူးလည်၍၊ မိုးစည်ပျံ့ ပျူး၊ ' အစချီ ရတုပိုဒ်စုံကို ရေးသားတော်မူသည်။ ထိုမှတစ်ဖန် စက်တော်ရာ ဒေသသို့ ဘုရားဖူးရန် ကြွရောက်ခဲ့ပြန်သည်။ ထိုဒေသသို့ ကြွချီတော်မူရင်း တောင်တောင်ရေမြေ သာယာပုံ၊ ငှက်တိရစ္ဆာန်တို့၏ ဖိုမယှက်နွှဲ ပျော်ပွဲဝင်နေ ကြပုံတို့ကို ဖွဲ့နွဲ့၍ တောလားလင်္ကာကို စီကုံးတော်မူသည်။ သျှင်မဟာရဋ္ဌသာရသည် အသက် ၁၆-နှစ်အရွယ် လူပျိုငယ်ဘဝက ရေးသားခဲ့သော ဘူရိဒတ်လင်္ကာကြီးကိုလည်း ရဟန်းအဖြစ်ရောက်မှ အပြီးသတ် ရေးသားနိုင်လေတော့သည်။ ထိုအကြောင်းကို ဘူရိဒတ်လင်္ကာကြီး နိဂုံး၌ မည်ပင်ရဋ္ဌ၊ သာရအစစ်၊ ဆယ့်ခြောက်နှစ်လျှင်၊ တက်သစ်အရွယ်၊ လူငယ်သော်က၊ ဆိုစတင်းလင်း၊ ကြွင်းဘိသောအား၊ ဆန်းပြားနည်းနာ၊ အဖြာဖြာလျှင်၊ လင်္ကာယတိ၊ စောင်းသို့ညှိ၍၊ ဘူရိဒတ္တ၊ နဂရပဝေ၊ ခေါ်ထွအမည်၊ အပိုင်းသည်ကား၊ သာကြည်ချမ်းမြေ့၊ ဤတွင်ရွေ့လျှင်၊ စေ့စေ့စုံစုံ၊ အပြီးကုန်၏၊ ဟု မှတ်သား ဖွဲ့ဆိုတော်မူခဲ့၏။ သက္ကရာဇ် ၈၅၆-ခုနှစ်၊ အသက် ၂၆-နှစ် အရွယ်၌ ဘူရိ်ဒတ်လင်္ကာကြီး၏ အဆက်ဖြစ် သော ' ဘူရိဒတ်ဇာတ်ပေါင်းပျို့ ' ကိုလည်း ရေးသားစီရင်တော်မူပြန်သည်။ ထိုအချိန်တွင် အင်းဝမြို့တော်၌ သီတင်းသုံးကြသော ရဟန်းပုဂ္ဂိုလ်အချို့သည် သျှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလဝံသတို့အား ကဗျာလင်္ကာစသည်တို့ကို ဖွဲ့ဆိုတော်မူကြသဖြင့် ' သာချင်းသည်များ ' ဟူ၍ သတ်မှတ်ခေါ်ဝေါ်ကြဟန် ရှိပေသည်။ ထိုစဉ်အခါက ဗုဒ္ဓသာသနာအမြင်ဖြင့် ရှုကြည့်ပါမူ ဤသို့ပင်ရှုမြင်ကြမည်သာ ဖြစ်သည်။ သို့ရာတွင် တစ်ဖက်မှ အပြစ်တင်သကဲ့သို့ ချီးမွမ်းထောမနာ ပြုသူတွေလည်း အများအပြားပင် ရှိချေမည်။ ယခုဖော်ပြခဲ့သော အချက်အလက်များနှင့် စပ်လျဉ်း၍လည်း ရှေးဟောင်းစာပေများ၌ များစွာ တွေ့ရခြင်း မရှိပေ။ တွေ့ရှိရသော စာဟောင်းအမှတ်အသားများတွင်လည်း သျှင်မဟာ ရဋ္ဌသာရ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ဆိုလောက်ဖွယ်သော အကြောင်းများကို မတွေ့ရ ပေ။ သို့ရာတွင် ထိုခေတ်၏ တွေးခေါ်ယူဆချက်အရဆိုလျှင် ရဟန်းပုဂ္ဂိုလ်အချို့၏ အာရုံ၌ နှစ်မြို့နိုင်မည် မဟုတ်ချေ။ ကုန်းဘောင်ခေတ်ပိုင်းမှာပင် သင်္ကန်းရုံမှု၊ တင်မှု အသေးအဖွဲကိစ္စလေးမှ စ၍ သာသနာပိုင်နှင့်တကွ ရဟန်းပညာရှင်များ အတိဒုက္ခရောက်ခဲ့ကြရသည်။ ထို့ထက် ရှေးကျသော အင်းဝခေတ်တွင်မူ သျှင်မဟာရဋ္ဌသာရတို့ လုပ်ဆောင်ချက်များသည် အဘယ်မှာလျှင် ခမ်းနား၍ မလာဘဲ ရှိပါမည်နည်း။ သျှင်မဟာရဋ္ဌသာရ၏ လုပ်ဆောင်ချက်အပေါ်၌ မနှစ်သက်ကြောင်းကို ဖော်ပြသော ရှေးဦးစွာ တွေွှ့ရသည့်စာမှာ သာလွန်မင်းတရားလက်ထက် အမှတ်အသား ဖြစ်သည်။ သက္ကရာဇ် ၉၉၇-ခု၊ တန်ဆောင်မုန်းလဆန်း ၁၂-ရက်၊ သောကြာနေ့တွင် ရည်မှုံနှင့် အောင်မြတ်ကို စေတော်မူ၍ တောင်ဖီလာဆရာတော်ထံ လျှောက်တင်ရာ၌ ပြည်တွင် မဟာဓမ္မသာမိဘုန်းတော်ကြီးကို ဘိုးတော်မင်းတရားကြီး ပင့်တော်မူသောအခါ ရဋ္ဌသာရသူမြတ်တွင် တပည့်ခံတော်မူဖူးသလောဟု မေး၏။ မကြိုက်၍ မခံပေသည် ဟု ဆိုသည်။ ဘယ့်ကြောင့် မကြိုက်သနည်းဟု မေးသော် သူမြတ်တို့သည် စာပေကျမ်းဂန် မူကား တတ်၏။ ဝတ္ထုကံကျောင်းကို နေ၍ စည်းစိမ်းချမ်းသာ များလှသည်။ မထေရ်သင်္ဃ ရာဇာအကျင့်သာ ဖြစ်သည်။ စာပေနာသည့် တပည့်တို့သည် ဒုကုဋ်တင်၍မျှ မနာကုန်။ ထို့ကြောင့် မကြိုက်၍ မခံပေသည်ဟု ဆိုသည်။ ဟူ၍ သာလွန်မင်း အမေးပိုဒ်တွင်လည်းကောင်း၊ သျှင်ဓမ္မသာမိသည် သျှင်ရဋ္ဌသာရ၌ တပည့်မခံဆိုရာမှာလည်း အရှင်ရဋ္ဌသာရတို့သည် ရပ်မအသုံးအဆောင်ကို သုံးဆောင်သည် ဖြစ်သောကြောင့် မခံလေသည်။ ဟူ၍ တောင်ဖီလာဆရာတော် အဖြေပိုဒ်တွင်လည်းကောင်း တွေ့ရှိရလေသည်။ ဖော်ပြပါ အကြောင်းရပ်တို့ကို ကောက်ချက်ချလျှင် သျှင်မဟာရဋ္ဌသာရသည်- ၁၊ ဘုရင် မင်းမြတ်များ လှူဒါန်းသော ပြည့်စုံသည့်ကျောင်း၌ နေထိုင်ခြင်း၊ ၂၊ စာပေပို့ချစဉ် စာလိုက်တပည့်တို့သည် ဒုကုဋ်တင်၍ မလိုက်ခြင်း၊ ၃၊ ရပ်မအသုံးအဆောင်၌ ပါဝင်သည့်ဟု လူတို့သမုတ်သော စာပေများကို ဖွဲ့ဆိုခြင်း တို့ကို အဓိကအားဖြင့် တွေ့မြင်ရပေသည်။ ထိုအကြောင်းကိုပင် ထပ်လောင်း၍ သက္ကရာဇ် ၁၁၂၃-ခုနှစ်တွင် လက်ဝဲနော်ရထာက တောင်တွင်းခင်ကြီးဖျော်အား လျှောက်ထားသောကြောင့် ဖြေဆိုရဖူးသည်။ တစ်ဖန် သာသနာလင်္ကာရစာတမ်းကို ရေးသားသော မဟာဓမ္မသင်္ကြံ၏ စာအုပ်၌လည်း ထိုအကြောင်းကိုပင် ဖောက်သည်ချ ရေးခဲ့ပြန်သည်။ သို့ရာတွင် မူလစကားအတိုင်း မဟုတ်တော့ဘဲ ပြည်မဟာဓမ္မသာမိ နေရာတွင် စစ်ကိုင်းသျှင်တိသာသနဓဇဟူ၍ ရေးသားထား၏။ အခြား အဓိပ္ပာယ်ကား အားလုံးတူသည်။ ထို့ပြင် အပိုမှတ်သားချက်များလည်း ပါဝင်လာခဲ့ပြန်သည်။ သာသနာလင်္ကာရစာတမ်းကျမ်းတွင် အောက်ပါအတိုင်း ရေးသားထားသည်။ သက္ကရာဇ် ၈၄၂-ခုနှစ်၊ ရှမ်းဈေးလမ်းမအရှေ့၊ မနော်ရမ္မံဥယျာဉ်နှင့် မနီးမဝေးတွင် ဒုတိယဘုရင်မင်းခေါင်လက်ထက် သိမ်တော်သမုတ်ရသည်။ သိမ်မြောက် ဘုရားလည်းတည်သည်။ ထိုသိမ်ကို ဒုတိယဘုရင်မင်းခေါင်သိမ်ဟု တွင်သည်။ ရွှေစည်းခုံတောင်က သိမ်ကိုကား ပထမမင်းခေါင်သိမ်ဟု တွင်သည်။ ဒုတိယမင်းခေါင် သိမ်သမုတ်သည့်ကာလ အခြားသင်္ဃာ များက သာချင်းသည်တို့ ပါလျှင် ငါတို့ မလာမလိုက်ပြီဟု ဆိုသောကြောင့် သျှင်သီလဝံသနှင့် သျှင်ရဋ္ဌသာရတို့ သိမ်သမုတ်ရာ မပါဝင်ရဟူ၍ ဆရာစဉ်ဆက် ဥဒါန်းစည်ရှည် ပြောဆိုကြ သည်။ အထက်ပါစကားကို သတိထား၍ လေ့လာလျှင် ချွတ်ယွင်းချက်များကို တွေ့ရမည် ဖြစ်၏။ ထိုရေးသားချက်အရ ၈၄၂-ခု၊ ဒုတိယဘုရင်မင်းခေါင်လက်ထက် သိမ်သမုတ်သည်ဟု ဆိုလိုရင်း ရှိ၏။ ၈၄၂-ခုနှစ်တွင် သျှင်မဟာရဋ္ဌသာရသည် ရဟန်းဘောင်သို့ ရောက်နိုင်သော အရွယ်လည်း မဟုတ်သေး။ ဆရာတော်သည် ၈၃ဝ-ပြည့်ဖွား ဖြစ်၍ ၁၂-နှစ်အရွယ်မျှသာ ရှိပေသေးသည်။ သို့မဟုတ်ဘဲ သက္ကရာဇ် ၈၄၂-ခုနှစ်တွင် နန်းတက်သော ဒုတိယဘုရင်မင်းခေါင် လက်ထက် ဟုဆိုလျှင် လက်ခံသင့်သကဲ့သို့ ရှိ၏။ သို့တိုင်အောင် ရဟန်းငယ်ကလေးမျှသာဖြစ်သော သျှင်ရဋ္ဌသာရအား သက်တော် ဝါတော်ကြီးမားသော ဆရာတော်ကြီးများက အလေးဂရုပြုကာ ဖယ်ရှားနေလမ့်မည် မဟုတ်ပေ။ ဖော်ပြခဲ့ပြီးသော ပြဿနာများကိုသာ စာဟောင်းပေဟောင်းများ၌ အမှတ်အသား တွေ့ရသေးသည်။ ရှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလဝံသတို့နှင့် စပ်လျဉ်း၍ နှောင်းခေတ်စာပေ နယ်မြေတွင် အတည်မပြုလောက်သော အရေးအသားများကား မြောက်မြားလှစွာကုန်၏။ ထိုအရေးအသားတို့သည်လည်း ယုံကြည်ဖွယ်ရာ တန်ဆာဆင်၍ ရေးသားခဲ့ကြသဖြင့် အတော်ပင် တွင်ကျယ်လျက် ရှိခဲ့၏။ သို့ရာတွင် နှုက်နှုက်ချွတ်ချွတ် လေ့လာသူ ပညာရှင်တို့သည်ကား စစ်၍ စစ်၍ ယုံကြည်ကြလေသည်။ မည်သို့ရှိစေ သျှင်မဟာရဋ္ဌသာရတို့ ခေတ်တွင် စာပေဖွဲ့နွဲ့မှုကို ယုံကြည်ကိုးစားသူလည်း ရှိမည်။ ပယ်မြစ်ကန့်ကွက်သူလည်း ရှိမည်။ ဤသည်မှာ လောကနိယာမ သဘောအရ ဖြစ်သည်။ သျှင်မဟာရဋ္ဌသာရဆရာတော်ကလည်း ဤကဲ့သို့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းသဘောကို သိတော်မူသည် သာတည်း။ သို့သော်လည်း ဘုရားလူ့ဘ၊ မုနိန္ဒလျက်၊ မိန်းမယောက်ျား၊ လူ့စကားဖြင့်၊မကြားစကောင်း၊ မနာတောင်းကို၊ အကြောင်းဆောင်သွေး၊ ဟောတုံသေး သဖြင့် ချီးမွမ်းမှု၊ ကဲ့ရဲ့မှုတို့ကို ကြည့်ရှုတော် မမူအားဘဲ လူ့အကျိုး လူ့စာရိတ္တအတွက် အတွေးလည်း မပျက်ခဲ့။ အရေးလည်းမပျက်ခဲ့။ ဆိုရေးရှိက ဆိုအပ်သည်သာ ဖြစ်ပေသည်။ ဤကဲ့သို့ ဇာတ်တော်ကြီးများကို ဖွဲ့ဆိုရာမှာလည်း ပညာရှင်ကြီးများအတွက်ဟူ၍ ဝန် ခံတော် မမူပေ။ စာကြီးပေကြီးများကို မဖတ်ရှုနိုင်သူ နုနယ် ငယ်ရွယ်သူများအတွက် အထူးအားဖြင့် ရည်ညွှန်းရေးသားထား၏။ ဆရာတော်သည် ငါ၏ စာသည် ငါ့အောက် အသိပညာငယ်သော နုနယ်သူများအတွက် အသိပညာပြန်ပွားကာ အမှောင်ခွင်း၍ အလင်းကို ဆောင်နိုင်ပါစေ၊ ဟူ သော စေတနာဖြင့် ရေးသား ဖွဲ့ဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဆရာတော်ကလည်း- လူတို့နားတွင်း၊ မိုက်မလင်းကို၊ ဝင်းဝင်းထွန်းညီး၊ ဉာဏ်ဆီမီးဖြင့်၊ မှောင်ကြီးကင်း ပျောက်၊ ငါ့စာရောက်က၊ ငါ့အောက်ပညာ၊ နုသေးစွာသား၊ သမ္ဘာမပြန့်၊ လူအဝှန့်အား၊ စိတ် ပြားပညာ၊ ပွားပါလိမ့်မည်၊ သူတို့ရည်၍၊ သာကြည်ရွှင်လန်း၊ လင်္ကာညွှန်း - ရပါကြောင်း ဝန်ခံတော်မူခဲ့လေသည်။ ဤဘူရိဒတ်လင်္ကာကြီးနှင့် ဘူရိဒတ်ဇာတ်ပေါင်းပျို့တို့ကို ရေးသားပြီးနောက် ပြည်သူအများတို့သည် ဆရာတော်၏ ဂုဏ်ရည်အစွမ်းကို လေးစားကြည်ညိုကြသည်။ ဘုရင်နှင့် မှူးမတ်အသိုင်းအဝန်းမှလည်း ဆရာတော်၏ စာများကို အင်းဝရွှေနန်းတော်ကြီး အတွင်း၌ စာပွဲ သဘင်ခံ၍ ကြားနာကြပြီးလျှင် ရွှေပန်း၊ ငွေပန်း၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့ဖြင့် ကြဲမြှောက်ကာ ကောင်းချီးနုမော် သာဓုခေါ်ကြလေသည်။ ဆရာတော်သည် ရဟန်းဘဝကို ရယူခဲ့ပြီးသည့်နောက် မိမိဘဝကို စာပေ၌သာ မြှုပ် နှံထားခဲ့၏။ ယင်းသို့ မြှုပ်နှံကာ စာပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်တော်မူရင်း တပည့် စာသင်သားများကိုလည်း စာပေပို့သခြင်း အလုပ်များကို မလစ်ဟင်းစေဘဲ ဆောင်ရွက်နေသည် ဖြစ်ကြောင်းကို - စိတ်ပြားဝေခွဲ၊ ကြံနှိုက်နဲလျက်၊ စာပွဲခံခံ၊ စာအံသောင်းသောင်း၊ တပည့်ပေါင်းကို၊ ဖြားယောင်းပစ္စည်း၊ ဖြည့်သိမ်းဆည်း၍၊ ဟောနည်းသွယ်ပြား၊ ရှင်တော်ကြားသို့၊ နားပါးဝင် ကြောင်း၊ သင်လိုက်ရှောင်း၏၊ မကောင်းဝန်တို၊ အကုသိုလ်ကား၊၊ ငါ့ကို မချစ် ပစ်စေသော။ ဟု ဇာတ်ပေါင်းခန်းပျို့ နိဂုံး၌ စပ်ဆိုတော်မူလေသည်။ ဤသို့ စာပေပြုစုခြင်း၊ ပို့ချခြင်းတို့ကို လုပ်ဆောင်လာရသောအခါ၌ ယခင်နှစ်များစွာက နန်းတော်တွင်းဝယ် ပျော်ပါး မော်ကြွားနေခဲ့သော အချိန်တို့ကို နှမြောလာဟန် ရှိသည်။ ယခုမူကား ရဟန်းဘဝကို ရယူနိုင်သဖြင့် ကြည်နူးမဆုံး ရှိလာသည်။ တစ်ဆက်တည်းပင် မိမိဘဝနှင့် ဆက်စပ်၍ ၅၅ဝ-ဇာတ်၊ ဝီသတိနိပါတ်မှ ဟတ္ထိပါလဇာတ်ကို သွား၍ သတိရလေဟန်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဇာတ်တော်မှာ လောကီအာရုံ့ ကာမဂုဏ်တို့ကို ပယ်ခွာ၍ တောထွက်ပြီး တရားဓမ္မတို့ကို အားထုတ်သင့်ကြောင်း ပြဆိုသော ဇာတ်ဖြစ်သောကြောင့်တည်း။ ဆရာတော်သည် ထိုဇာတ်တော်ကြီးကို မိမိကိုယ်တိုင် စဉ်းစားမိရုံမျှ မကဘဲ ဘုရင် မင်းခေါင်အားလည်းဟောကြားတော်မူ၏။ ဘုရင်မင်းခေါင်နှင့် မိဖုရားကြီးအတုသိရိမာယာဒေဝီ တို့သည် အလွန်နှစ်သက်တော်မူကြသဖြင့် ထိုဇာတ်တော်ကြီးကို ပျို့တစ်စောင် ဖွဲ့စီတော်မူပါရန်ကိုပင် ဦးတင်လျှောက်ထားကြကုန်၏။ ထိုအကြောင်းကို ကိုးခန်းနိဂုံး၌- နည်းလျှောက်ကြံမိ၊ ဟတ္ထိပါလ၊ ဇာတကဟု၊ ဓမ္မမြုတေ၊ ဟောကြားပေသော်၊ ထဲနေရပ်အောင်၊ သာစည်ဘောင်တွင်၊ မင်းခေါင်ဒုတိယ၊ တို့မွေးဘလျှင်၊ နားဝငြိမ့်ငြိမ့်၊ နှစ်သိမ့်ကြည်စွာ၊ တောင်းပန်ထွာသည်၊၊ တန်ဆာဆင်စိမ့်သောကြောင်းတည်း။ ဟူ၍ ဖွဲ့ဆိုတော်မူခဲ့သည်။ သို့ရာတွင် ထိုပျို့ကို ချက်ချင်း ဖွဲ့ဆို ရေးသားခြင်း မပြုနိုင်ခဲ့ပေ။ သက္ကရာဇ် ၈၅၈-ခုနှစ်၊ အသက် ၂၈-နှစ်အရွယ်တွင် ' တန်တားဦးတည် မင်္ဂလာစေတီ မော်ကွန်း ' ကို ရေးစပ်ခဲ့သည်။ ထိုစေတီတော်အကြောင်းကား ဤသို့တည်း။ ဒုတိယဘုရင်မင်းခေါင်သည် နန်းတက်တော် မမူမီ အိမ်ရှေ့မင်းသား ဘဝက တန်တားဦးအရပ်၌ ညဥ့်အခါတိုင်းလိုလိုပင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် ဖြစ်သည်ကို မြင်ရသောကြောင့် ဒုဋ္ဌဂါမဏိမင်းကြီးသည် မဟာစေတီတော်ကြီးကို တည်တော်မူသည့်ကာလ နိမိတ်ထင်ရှား ပြဘိသကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူ၏။ မင်းခေါင်သည် ထိုတန်တားဦးအရပ်၌ နောင်အခါတွင် ကျောင်းနှင့် စေတီတည် မည်ဟုလည်း အကြံအစည် ဖြစ်ခဲ့၏။ သို့နှင့် သက္ကရာဇ် ၈၄၂-ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်ရှိသော အခါ၌ ရှေးဦးစွာ မြေတလင်းကို ညှိ၍ ကျောင်းဆောက်တော်မူသည်။ မင်္ဂလာစေတီတော်ကို တည်တော်မူသည့် အခါ၌ကား ပြီးလွယ် ဖြစ်လွယ် တည်တော် မမူဘဲ ကိုယ်တော်တိုင် ကြပ်မတ်ကွပ်ကဲ၍ တည်လုပ်တော်မူသည်။ ထိုသို့ တည်လုပ်တော်မူရာတွင် မြေအောက် ဌာပနာတိုက်ကိုသာလျှင် စီရင်၍ ထားခဲ့၏။ အလယ်ဌာပနာကိုမူ မြတ်စွာဘုရားရှင်၏ ဓာတ်တော် မွေတော် အစစ်များ ရမှသာလျှင် ဌာပနာ၍ ပူဇော်တော့မည်ဟု ဆိုင်းငံ့ထားခဲ့လေသည်။ ထိုသို့ ဆိုင်းငံ့ထားခဲ့ရာ ၁၆-နှစ်ခန့်အကြာ သက္ကရာဇ် ၈၅၈-ခု၊ နယုန်လဆန်း ၉- ရက်၊ သောကြာနေ့တွင် ဓာတ်တော်ပို့ အခမ်းအနားကို ကျင်းပပြီးနောက် နယုန်လဆန်း ၁၃-ရက်၊ အင်္ဂါနေ့တွင် ဌာပနာမှု အခမ်းအနားကို စီရင်တော်မူသည်။ ဆရာတော်သျှင်မဟာရဋ္ဌသာရအရှင်မြတ်သည် ထိုတန်တားဦးတည် မင်္ဂလာစေတီတော်မြတ်ကြီး၏ ဓာတ်တော် ဌာပနာပွဲ အကြောင်းကို အသေးစိတ် လေ့လာတော်မူလျက် ' သုံးဆယ့်နှစ်ပါး၊ ထင်ရှားလက္ခဏာ၊ ' အစချီ တန်တားဦးမင်္ဂလာစေတီမော်ကွန်းကို ရေးသားစီကုံးတော်မူခြင်း ဖြစ်သည်။ ထို့ပြင် ' ကြားပိမ့်နတ်ရှင်၊ ရွှေနားဆင်လော့၊ ' အစချီ ဆင့်ပွားမော်ကွန်း တစ်စောင်ကို လည်း ရွှေနန်းကြော့ရှင် နရပတိလက်ထက် သျှင်မဟာရဋ္ဌသာရပင် စပ်ဆိုသည်ဟု ရှေးသူဟောင်းတို့ ဆိုစမှတ် ပြုကြသည်။ ဤမော်ကွန်းမှာလည်း မင်္ဂလာစေတီမော်ကွန်းပင် ဖြစ်၏။ သျှင်မဟာရဋ္ဌသာရ ရေးသားသည်ဟူ၍ကား အတိအကျ မတွေ့ရပေ။ လက်ဝဲနော်ရထာလျှောက်ထုံးတွင် တောင်တွင်းဆရာတော်က- ကြားပိမ့်နတ်ရှင်ချီသည့် တန်တားဦးတည်ကို သျှင်ရဋ္ဌသာရ လုပ်ပြန်သည်ဟူ၍ သုတနှင့် ပြည့်စုံသည့် ရှေးသူဟောင်းတို့ ပြောစဉ်ရှိသည်။ တစ်ချက်မှာလည်း သျှင်ရဋ္ဌသာရလုပ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ စာသွားကို ဆင်ခြင်သော် အနက်အဓိပ္ပာယ် အနှစ်သာရ ရှိပေသည် ဖြစ်၍ ပညာရှိတို့ မှတ်သားလောက်သောကြောင့် သုံးပါးစုမှာ ဆရာသွင်းတန်သည့်အရာကို သွင်းလိုက်ပေသည်။ ဟု ဖြေဆိုခဲ့သဖြင့် ဒုတိယမြောက် ဖော်ပြသော မော်ကွန်းကိုကား ဆရာစဉ် မှတ်သားချက်အရသာသိရှိရပေဦးမည်။ သက္ကရာဇ် ၈၆၃-ခုနှစ်တွင် ဘုရင်မင်းခေါင် နတ်ရွာစံသဖြင့် သားတော်ရွှေနန်းကြော့ရှင် သည် ထီးနန်းအမွေကို ဆက်ခံ၍ မင်းပြုတော်မူသည်။ ရွှေနန်းကြော့ရှင်နှင့် သျှင်မဟာရဋ္ဌသာရ တိုကား ငယ်စဉ်က နန်းတွင်း၌ အတူကြီးပြင်းလာကြသော သူငယ်ချင်းများ ဖြစ်၏။ ရွှေနန်းကြော့ရှင်သည် ငယ်ပေါင်းဆရာတော် သျှင်မဟာရဋ္ဌသာရအား ကျောင်းဟောင်းတွင် ကျောင်းသစ်ဆင့်ကာ ဆောက်လုပ်တင်လှူ၍ ပစ္စည်းလေးပါးဒကာ ခံတော်မူသည်။ ထိုအကြောင်းကို သံဝရပျို့ နိဂုံး၌လည်း- ဘုန်းသန်နရပတိ၊ ထွတ်ခိုင်ပြီ့လည်း၊ တစ်မိတစ်ဖ၊ မပြားကြသို့၊ ယှဉ်ထလက်စွဲ၊ မကွဲမကွေ၊ တစ်နေရာတည်း၊ နေလည်းနေလေ့၊ တွေ့လည်းတွေ့ချင်၊ မြင်လည်းကြင်ချစ်၊ ငယ်ကျွမ်းဖြစ်၍၊ ကျောင်းသစ်ဆင့်လောင်း၊ ကျောင်းဟောင်းမလပ်၊ နှစ်ဆွမ်းကပ်၏၊ ဟု ဖော်ပြခဲ့လေသည်။ ဆရာတော်သည် ရွှေနန်းကြော့ရှင် နရပတိလက်ထက်တွင် ပုံတောင်နိုင်မော်ကွန်း၊ ဝတ်ရုံကျောင်းဘွဲ့မော်ကွန်း၊ ဂမ္ဘီသာရပျို့ ဆုံးမစာတို့ကို ရေးသား စီရင်တော်မူသည်။ ထို့နောက် ဒုတိယဘုရင်မင်းခေါင်နှင့် မိဖုရားကြီးတိုက လျှောက်ထားတောင်းပန်ဖူးသောကြောင့် ဟတ္ထိပါလ ခေါ် ' စတုဓမ္မသာရကိုးခန်းပျို့' ကြီးကို အသက် ၅၅-နှစ် အရွယ်၌ ရေးသားဖွဲ့ဆိုတော်မူသည်။ ထိုပျို့ကို သက္ကရာဇ် ၈၈၅-ခု၊ တပိုတွဲလဆန်း ၁၂-ရက်၊ စနေနေ့၌ ပုရပိုက်ပေါ်တွင် အက္ခရာတင်၍ ပြီးစီးခဲ့ကြောင်းကို အောက်ပါအတိုင်း ဖွဲ့ဆိုပြထားသည်။ အစွန်းငါးခု၊ ပသျှုအဋ္ဌ၊ ဒီဃသက္ကရာဇ်၊ ရောက်လစ်သောခါ၊ တစ်ရာသီတည်း၊ ကုံတွင်ချည်းလျှင်၊ ဝေးစည်းဂြိုဟ်စု၊ ပေါင်းလုနီးနီး၊ မိုးစည်တီးသို့၊ သီးသီးနှံ့ချောက်၊ ကိန်းခန်းလျောက်ဖြင့်၊ မြောက်ခွင်တရှက်၊ စစ်ကိုင်းဘက်က၊ ကြက်ယက်အင်းဝ၊ ညွတ်မျှကမ်းနား၊ မအားခြေချ၊ ကူးကြဆဲဆဲ၊ တပို့တွဲ၌၊ ရောင်ကဲပဝင်း၊ လမင်းဖြူစင်၊ ထွန်းထင်ပြဲ့ပြဲ့၊ တစ်ဆယ့်နှစ်ရက်၊ လက်ကားမကာရ၊ ပြိဿစဉ်းမြတ်၊ နက္ခတ်ရောဟဏီ၊ တိထီဆယ်စေ့၊ စနေ နေ့ဝယ်၊ ထိုရွေ့မလှဲ၊ နေမြဲတိုင်းပင်၊ မေတ္တာရွှင်လျက်၊ စာသင်ပျက်စဉ်၊ ကျက်လျှင်နှုတ်လွတ်၊ အပြီးသတ်၍၊ ရေးမှတ်ပုရပိုက်၊ တင်တုံလိုက်မှ၊ သောင်းတိုက်ဇမ္ဗူ၊ လူတို့နာခန့်၊ ပညာဖြန့်သည်၊၊ နိုးခန့်နှလုံးမပြောင်းတည်း။ ဆရာတော်သည် ဒုတိယဘုရင်မင်းခေါင်၏ ဆန္ဒတော်ကို ဘုရင်မင်းမြတ် မရှိသည့်နောက် နှစ်ပေါင်းအတော်ကြာမှ ကိုးခန်းပျို့ဖြင့် ရေးစပ်ဖြည့်ဆည်းနိုင်လေတော့သည်။ အသက် ၂၅-နှစ်ခန့်ကပင် တောင်းပန်ထားခဲ့သော်လည်း မရေးသားနိုင်ခဲ့သဖြင့် ကိုးခန်းပျို့ကို ရေးသားပြီးချိန်တွင် ဆရာတော်သည် မင်းခေါင်နှင့် မိဖုရားတို့အား အမှတ်ရ တမ်းတမိသည်။ ထို့ကြောင့် ဆရာတော်သည် ကိုးခန်းပျို့ကြီးကို မကြားနာနိုင်တော့ပြီဖြစ်သော မင်းနှင့် မိဖုရားတို့အား ငါသည်ဤစာကိုးခန်းကို ပြုစု၍ ရအပ်သော ကုသိုလ်အဖို့ကို အမျှဝေငှပါသည်၊ ငါ၏ ဒါယကာ မင်းမျိုးဆွေစုံတို့သည် ရောက်လေရာ ဘုံဗိမာန်မှ အမျှယူကြပါစေ၊ ဟူ၍ ကုသိုလ်အမျှကို ဝေငှတော်မူ ခဲ့သည်။ ဤသည်ကို ရည်၍ ကိုးခန်းပျို့နိဂုံး၌- အရင်းအချာ၊ ငါ့တကာနှင့်၊ ငါသာရဟန်း၊ လူဝယ်ထွန်းသို့၊ ရွှင်ပန်းမညှိုး၊ လွန်မြတ်နိုးလျက်၊ မင်းစိုးဆွေစုံ၊ ရွှေဘုံပျော်ညောင်း၊ ဗိမာန်ပြောင်းလည်း၊ ဇာတ်ပေါင်းပြီးချုပ်၊ စာကိုး အုပ်ဖြင့်၊ ထုပ်ထုပ်ပိုက်ပိုက်၊ သင်္ဂြိုဟ်လိုက်၏၊ တိုက်ရိုက်နတ်နား၊ ကြားပါလေ၍၊ နာစေခလို၊ တောင့်တဆိုသည်၊၊ ကုသိုလ်ဝေငှဆင့်လောင်းတည်း။ ဟု ဖွဲ့ဆိုတော်မူခဲ့ပေသည်။ ဆရာတော်သျှင်မဟာရဋ္ဌသာရသည် ကိုးခန်းပျို့ကြီးကို ရေးစပ်သီကုံးပြီးသော နှစ်မှာပင် အင်းဝပြည်ကြီး ပျက်စီးရန် ဖန်တီးလာတော့သည်။ မိုးညှင်းစလုံကြီးသည် မင်းနရပတိ၏ နိုင်ငံတော်သို့ ဝင်ရောက် ထိုးစစ်ဆင်လာခဲ့၏။ မင်းနရပတိသည်လည်း တပ်ပေါင်း ၁၅-တပ်တို့ဖြင့် ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်သည်။ သို့ရာတွင် မိုးညှင်းစလုံ၏ အင်အားကို မခံနိုင်သဖြင့် တပ်တော်အားလုံး အဆီးအတားမရှိဘဲ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ ဤတွင် အင်းဝမြို့တော်တစ်ခုလုံးလည်း ကျီးလန့်စာစား ဖြစ်နေကြရလေသည်။ သက္ကရာဇ် ၈၈၆-ခုနှစ်သို့ ကူးမြောက်လာခဲ့သော်ကား အခြေအနေမှာ ပို၍သာ ဆိုးရွား လာတော့သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ပြည်ဘုရင်သတိုးမင်းစောကလည်း မိုးညှင်းစလုံကြီးဘက်မှ ကူညီ၍ တိုက်ခိုက်ပြန်သည်။ တိုက်လေသမျှလည်း မိုးညှင်းစလုံကြီးနှင့် သတိုးမင်းစော တို့ကသာလျှင် နိုင်သည်ချည်း ဖြစ်ခဲ့၏။ သို့နှင့် တဖြည်းဖြည်း ထိုးစစ်ဆင်လာခဲ့ရာ အင်းဝမြို့တော်အနီးသို့ပင် ရောက်ရှိခဲ့လေသည်။ ထိုစစ်ပွဲတွင် ဘုရင်နရပတိ၏ လက်ရုံးတစ်သူလို အားပြုတော်မူရသော စာဆိုတော် သျှင်အဂ္ဂသမာဓိ၏ ဖခင် နတ်မောက်မြို့စားကြီး ဘယကျော်သူလည်း တောင်ပလူတွင် ကျဆုံးခဲ့ရ၏။ ဤသို့ အခြေအနေအရပ်ရပ် ယိမ်းယိုင်လာသဖြင့် ဘုရင်နရပတိလည်း မြို့မှထွက်၍ အရှေ့ ဆင်ကောင်းဝက်ဝင်အရပ်သို့ ဆုတ်ခွာ တိမ်းရှောင်ခဲ့ရလေသည်။ ရွှေနန်းကြော့ရှင် ဘုရင်ရပတိ မရှိလျှင် မိုးညှင်းစလုံသည် ကတိထားရင်းအတိုင်း အင်းဝ ရွှေနန်းကို သတိုးမင်းစောအား တင်လေသည်။ ထို့နောက် သုံးရက်ခန့်ရှိလျှင် မိုးညှင်းစလုံလည်း ဆင်ကောင်း မြင်းကောင်းတို့ကို ယူ၍ စစ်ကိုင်းဆိပ်မှ ကူးပြီးလျှင် မိုးညှင်းသို့ ပြန်လေသည်။ မိုးညှင်းစလုံပြန်လျှင် ပြည်ဘုရင် သတိုးမင်းစောလည်း အင်းဝတွင် ရှိသော လူကြီးသူကြီးတို့ကို သိမ်းယူ၍ စုန်တော်မူသည်။ ထိုအခါ ရွှေနန်းကြော့ရှင် နရပတိ၏ မိဖုရား ဓမ္မာဒေဝီမှ ဖွားမြင်သော သမီးတော် သီရိဘုန်းထွတ်သည် အထိန်းတော်နှင့် ကွဲနေသဖြင့် အသက်ရှစ်နှစ်အရွယ် မင်းသမီးကလေးမှာ မယောင်မလည် ဖြစ်နေခဲ့၏။ သတိုးမင်းစောသည် ထိုမင်းသမီးကလေးကိုလည်း သိမ်းယူတော်မူခဲ့၏။ ဆရာတော်သျှင်မဟာရဋ္ဌသာရကိုလည်း ပင့်ဆောင်ခဲ့သည်။ ထိုအခါ ဆရာတော်သည် ကိုးခန်းပျို့ကြီးကိုလည်း ဆောင်ယူလိုသဖြင့် တပည့်များထံမှ သိမ်းဆည်းတော်မူခဲ့ရာ ရှစ်ခန်းကိုသာ ပြန်လည်ရရှိ၍ ဇာတ်ပေါင်းခန်းဖြစ်သော နဝမခန်းကိုကား မရရှိခဲ့ပေ။ ထိုရှစ်ခန်းကိုသာ ယူဆောင်၍ ပြည်ဘုရင်ပင့်ဆောင်ရာ အောက်ပြည်အောက်ရွာသို့ လိုက်ပါတော်မူခဲ့ရလေသည်။ ပြည်မြို့သို့ ရောက်ရှိသည်တွင် သတိုးမင်းစောက ဆရာတော်နှင့် မင်းသမီး သီရိဘုန်းထွတ်တို့ကို ရည်ရွယ်၍ အင်းဝကို ငါချီတော်မူသည်တွင် သျှင်တစ်ဆူ လူတစ် ယောက်လည်း ရခဲ့သည်၊ ဟု ကြိမ်းပတော်မူလေသည်။ ဤနေရာတွင် ဆရာတော်သျှင်မဟာရဋ္ဌသာရ ပြည်မြို့သို့ ရောက်ရှိသော သက္ကရာဇ်ကို ၈၈၅-ခုဟုလည်းကောင်း၊ ၈၈၆-ခုဟုလည်းကောင်း အမှတ်အသား အမျိုးမျိုး ရှိသည်။ စာဆိုတော်များ အတ္ထုပ္ပတ္တိကျမ်းတွင် သက္ကရာဇ် ၈၈၇-ခု၊ နှစ်ဦးပိုင်းဟု တင်ပြထားသည်။ ထိုအဆိုအရ သုသောဓိတမဟာရာဇဝင်တော်ကြီး၊ ဒုတိယတွဲ၌- သက္ကရာဇ် ၈၈၆-ခု၊ တပေါင်းလပြည့်ကျော် ၁၄-ရက်၊ စနေနေ့တွင် မိုးညှင်းစလုံတိုက်၍ အင်းဝ ရှေးဦးစွာ ပျက်သည်။ ဟု အတိအကျ ဆိုထားသည်။ ထို့ကြောင့် အင်းဝပျက်သည်မှာ သက္ကရာဇ် ၈၈၆-ခုနှစ် မကုန်မီ တစ်ရက်ကသာ ဖြစ်သည်။ အင်းဝသို့ ရောက်ရှိ၍ တစ်ရက်မျှအတွင်း ပြည်မြို့သို့ စုန်ဆင်းနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဆရာတော်သျှင်မဟာရဋ္ဌသာရသည် သက္ကရာဇ် ၈၈၇-ခု၊ နှစ်ဦးပိုင်းအချိန်၌ ပြည်မြို့သို့ ကြွရောက်သည်ဟု ဆုံးဖြတ်သင့်တော့သည်။ ဆရာတော်သျှင်မဟာရဋ္ဌသာရသည် ပြည်မြို့သို့ ရောက်ရှိရာတွင် အင်းဝနေပြည်တော်၌ ကျန်နေရစ်ခဲ့သော ကိုးခန်းပျို့မှ ဇာတ်ပေါင်းခန်းကို စုံစမ်းရှာဖွေတော်မူခဲ့သေး၏။ သို့ရာတွင် သတင်းအစ အနမျှ မရရှိသဖြင့် ဇာတ်ပေါင်းခန်းကို ထပ်မံ ရေးသားရာ သက္ကရာ် ၈၈၈-ခုနှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအခါကျမှ လွန်ခဲ့သော သုံးနှစ်ခန့်က ပျောက်ဆုံးနေခဲ့သော ဇာတ်ပေါင်းခန်းကို စစ်ကိုင်းမြို့ တပည့်များထံမှ ပြန်ရခဲ့သည်။ ဤဖြစ်ရပ်ကို အခြေခံ၍ ဆရာတော်သည် ဇာတ်ပေါင်းခန်း၏ ဖြစ်ရပ်မှာ သျှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်ကျမ်းနှင့် တူနေသည်၊ ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးသား ပြီးစီးချိန်ဝယ် သိကြားမင်းက ဝှက်ထားခဲ့သည်၊ ထပ်မံရေးသားပြန်ရာ ဒုတိယမြောက် ဝှက်ပြန်သည်၊ တတိယမြောက် ရေးသားပြီးသော အခါမှ သိကြားမင်းက ယခင်နှစ်မူကို ပြန်လည်ပေးအပ်သည်၊ ယခုလည်း ထိုအဖြစ်အပျက်နှင့် တူနေချေပြီ၊ ဇာတ်ပေါင်းခန်းကို မပျက်မစီး ပြန်လည်ရရှိခြင်းမှာလည်း ဆင်ဖြူရှင် သတိုးမင်းစော၏ နားတန်ဆာအလို့ငှာ ပြန်လည် ရရှိခြင်းဖြစ်ပေသည်၊ ဟု နှလုံးသွင်းမိသည့်အလျောက် ကျမ်းပြီး နိဂုံး၌- ဗုဒ္ဓဃောသာ၊ ဆရာထေရ်မြတ်၊ ကဝိထွတ်လျှင်၊ ပိဋကတ်နှုတ်၊ နက်စံထုတ်သား၊ ဝိသုဒ္ဓိမဂ်၊ သစ်စက်စက်ကို၊ သိုဝှက်သိကြား၊ ကွယ်ရာထားမှ၊ စီးပွားရှာရှာ၊ နှင်းပြန်လှာသို့၊ ဤစာဇာတ်ပေါင်း၊ သုံးနှစ်အောင်း၍၊ အကြောင်းမသိ၊ ပျောက်ကွယ်ရှိလျက်၊ ဇာတိရိုက်ရာ၊ နန်းဖွင့်ခါနှင့်၊ ကြမ္မာချိန်သင့်၊ လင့်သောကြိုက်ဝယ်၊ တစ်တိုက်စကြဝဠာ၊ ကျွန်းချာနှိပ်နင်း၊ မင်းတို့စီးတန်၊ မှန်သည်လက္ခဏာ၊ အင်္ဂါကြံရုံ၊ စွယ်စုံပျိုလူး၊ ရှေ့စူးရဲမာန်၊ လျင်ထန်သန်ကြွား၊ စွမ်းအားခြင်္သေ့၊ လှမြေ့ဆင်းရောင်၊ ငွေတောင်အတူ၊ ဆင်ဖြူပေါက်ကြီး၊ ရမြောက်ပြီးသော်၊ ဝေနီးပြောင်ပြောင်၊ တန်ခိုးရောင်ဖြင့်၊ ရန်မှောင်ဖျောက်ပယ်၊ ပင်လယ်ချောက်မွှေ၊ သရေခေတ္တ ရာ၊ မြစ်ညာအင်းဝ၊ မြန်မာ့တိုင်းလုံး၊ ယူကျုံးနိုင်ငံ၊ နေလစံသို့၊ မောင်နှံလွှမ်းမိုး၊ နှစ်ပြည်စိုးသား၊ မင်းရိုးမင်းသား၊ မင်းတရား၏၊ ရွှေနားတန်ဆာ၊ ရတနာဟု၊ သဒ္ဓါနှိုးဆော်၊ နတ်များဖော် သည်၊၊ ဘုန်းတော်အတုမဲ့တောင်းတည်း။ ဟု စပ်ဆိုတော်မူလေသည်။ ပြည်ဘုရင် သတိုးမင်းစောသည် မိမိပင့် ဆောင်လာသော ဆရာတော်အား ပြည်မြို့မှ ဆရာတော် ပညာကျော်များနှင့် မိတ်ဆက်လို၍လည်းကောင်း၊ ဆရာတော်၏ အရည်အသွေးကို သိစေချင်၍လည်းကောင်း တစ်နေ့တွင် နန်းတော်သို့ ပင့်၍ ဆွမ်းကပ်ပွဲ ပြုလုပ်သည်။ ထိုအထဲတွင်ပြည်မြို့မှ ပညာတတ်ဆရာတော် အများအပြား ပါရုံမျှမက လာရောက်ကြသော မှူးမတ်ပရိသတ်များလည်း နန်းတော်တွင်းဝယ် ပြည့်နက်နေခဲ့သည်။ ထိုပရိသတ် အလည်တွင် ပြည်ဆရာတော်တို့အား သတိုးမင်းစောက အင်းဝရွှေပြည်တော်က သျှင်မဟာရဋ္ဌသာရဆရာတော်သည် ကျမ်းဂန်တတ်၏လော၊ မေးလျှောက်လေသည်။ ထိုအခါ ပြည်ဆရာတော်တို့က အရှင်မဟာရဋ္ဌသာရသူမြတ်သည် ကျမ်းဂန် မထောင်းတာ ရှိပေ၏၊ ဟု မိန့်တော်မူကြလေသည်။ ဤသို့ မိန့်တော်မူကြလျှင် သျှင်မဟာရဋ္ဌသာရဆရာတော်က ငါ့ကိုပင် မထောင်းတာဟု ဆိုလေဘိသည်ဟု နှလုံးတော် ရှိပြန်၍ မထောင်းတာသည် မည်သို့သော စကားနည်း၊ ပါဠိလော၊ အနက်လော၊ ပါဠိဆိုလျှင် မည်သို့ အနက်ပေး၍ အနက်ဆိုလျှင် မည်သို့အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း၊ မည်သည့်အဓိပ္ပာယ်ကို ဆောင်သည့် ဝေါဟာရနည်း၊ ဟု ပရိသတ်အလည်တွင် ရဲဝံ့စွာ ပြန်လည် မေးမြန်းတော်မူရာ ပြည်ဆရာတော်တို့လည်း မည်သို့မျှ ဆိုနိုင်ခြင်း မရှိကြဘဲ ဆိတ်ဆိတ်သာ နေကြလေတော့သည်။ ထိုအဓိပ္ပာယ် သျှင်မဟာရဋ္ဌသာရသူမြတ်က မည်ကဲ့သို့ ပြန်လည်ရှင်းလင်း ပေးသည်ဟူ၍ကား အမှတ်အသား မတွေ့ရပေ။ ပြည်ဆရာတော်တို့ထံက စကားပြန်မရသောကြောင့် ဖွင့်ဆိုပြောကြားခြင်း မရှိခဲ့ဟန်တူပေသည်။ ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစောလည်း ဆရာတော်သျှင်မဟာရဋ္ဌသာရအား ပုထိုး ကျောင်း၊ တောင်ခွင်ကျောင်း၊ မင်းတုန်းကျောင်းဟုဆိုအပ်သော ကျောင်းတော်ကြီး သုံးရပ်တို့ကို လှူဒါန်းပူဇော်သည်။ ထို့ပြင် ' မဟာသံဃရာဇာ ' ဟူသော ဘွဲ့တံဆိပ်တော်ဖြင့် သာသနာပိုင် အရာကိုလည်း ခန့်ထားပူဇော်လေသည်။ ထို့နောက်တွင်ကား ပြည်ဘုရင်သည် ဆရာတော်အား ဆထက်တန်ဖိုးကြည်ညိုတော် မူသဖြင့် ရွှေဆံတော်ဘုရား မြောက်ဘက်မှ ထီးဖြူရုံကျောင်းတော်ကြီးကိုလည်းကောင်း၊ တပြက်သာကျောင်းတော်ကြီးကိုလည်းကောင်း လှူတော်မူပြန်သည်။ ပစ္စည်းလေးပါးဖြင့်လည်း လိုလေသေး မရှိအောင် ထောက်ပံ့တော်မူလေသည်။ ထိုအကြောင်းကို သံဝရပျို့ နိဂုံး၌- အညာကသည်၊ ဤရွှေပြည်သို့၊ အကြည်ရောက်အောင်၊ သာဆောင်သိမ်းပြု၊ သားနှယ်ယုလျက်၊ ဆင်ဖြူ့သခင်၊ နန်းရှင်မင်းစိုး၊ လွန်မြတ်နိုး၍၊ ပုထိုးတောင်ခွင်၊ မင်းတုန်းတွင်၌၊ ကျောင်းထင်သုံးပါး၊ ရှေးဖျားလှူပြီး၊ ကြီးသည့်အရာ၊ မြောက်ထိုက်စွာဟု၊ မဟာသံဃရာဇာ၊ မည်သာအကျော်၊ သမိုက်ခေါ်မှ၊ ဆံတော်ရှင်မြောက်၊ ဆောက်သည့်သင်္ခမ်း၊ ထီးဖြူငြမ်း၌၊ ဆေးကွမ်းလက်ဖက်၊ နှစ်ခွက်ဟင်းထူး၊ စားတော်ဦးနှင့်၊ သင်ဖြူးယွန်းဖြစ်၊ ကညစ်ဂေါ်လီ၊ သုံလီရောင်ဖိတ်၊ သပိတ်သံလုပ်၊ ပိတ်အုပ်သင်္ကန်း၊ ရဟန်းပရိက္ခရာ၊ စေ့စုံစွာလျှင်၊ ဝိသာရဒ၊ ဆင်လှစွယ်ရှင်၊ ဖြူစင်ယပ်ဝန်း၊ အဆန်းအကြယ်၊ ပင်လယ်သင်္ခ၊ စသည်မကျန်၊ အိပ်ဖန်တွင်းပြင်၊ ထမ်းစင်ဆောင်ရွက်၊ ဝတ်ချက်ထီးစွဲ၊ အမြဲရေခပ်၊ လှူကျွန်အပ်၏၊ ဆောင်းစပ်ခါချိန်၊ ကထိန်မချွတ်၊ သဒ္ဓါညွတ်၍၊ ဂူထွတ်တရှက်၊ တပြက်သာကျောင်း၊ နှစ်တန်လောင်းသော်၊ ရှေးနှောင်းငါးကြိမ်၊ စည်းစိမ်ငါးရပ်၊ ငါးကျောင်းထပ်၏၊ ဟု ဖွဲ့ဆို ပြမှာတော်မူခဲ့၏။ ဆင်ဖြူရှင် သတိုးမင်းစော နတ်ရွာစံသောအခါ သားတော် ဘုရင်ထွေးသည် ထီးနန်းကို ဆက်ခံလေသည်။ ဘုရင်ထွေးလက်ထက်လည်း ဆရာတော်အား ခမည်းတော်မင်းတရား လက်ထက်ကကဲ့သို့ပင် ဆက်လက်ကိုးကွယ်တော်မူသည်။ ပြည်ဘုရင်ထွေးက ဆရာတော်အား ပြည်မြို့နှင့် ရွှေတောင်မြို့နှင့် အကြား အခွန်တစ်သောင်းထွက်သော ဥယျာဉ်တော် နှစ်ရပ်အတွင်းလေးမျက်နှာ တန်တိုင်း မီးတားနှင့်တကွ ဆုတောင်းပြည့်ဘုရား၊ မင်္ဂလာစေတီတော်၊ တန်ဆောင်းဓမ္မအိမ်သိမ်၊ အရံကျောင်းပေါင်း များစွာတို့နှင့် ရွှေနန်းတော်နှင့် ထပ်တူထပ်မျှ ဖြစ်သော ကျောင်းတော်ကြီးကိုလည်း ဆောက်လုပ်တင်လှူတော်မူလေသည်။ ကျောင်းတော်ကြီးကို ရွှေနန်းတော်ကြီးကဲ့သို့ ဗိမာန်တော်ကြီး ဖြစ်သောကြောင့် ' ရွှေနန်းတော်ဗိမာန်ကျောင်း ' ဟုပင် နာမည်သမုတ်တော် မူသည်။ ထိုအကြောင်းကို သံဝရပျို့ နိဂုံး၌ပင်- ခမည်းတော်ရင်း၊ နှစ်ပြည်မင်းလျှင်၊ ဆောက်နှင်းခဲ့တိုင်း၊ ကိန်းခမ်းပိုင်းဖြင့်၊ ဖုန်းလှိုင်းသားတော်၊ လိုပြည့်သော်ကား၊ ကော်ရော်နှစ်သက်၊ ငါ့လက်ထက်လည်း၊ တိုးတက်မည်သာ၊ ငါ့ဆရာဟု၊ သဒ္ဓါလေလေ၊ ညွတ်ရိုသေလျက်၊ သရေခေတ္တရာ၊ အောင်ခြာတမွတ်၊ နဂိုထွတ်မှ၊ တောင်မြတ်အတာ၊ ရှေ့မျက်နှာ၌၊ ရှုသာဆိုင်းဆိုင်း၊ တန်တိုင်းဝန်းဆီး၊ လုံးကြီးသစ်ရှည်၊ အသည်တစ်ချောင်း၊ တန်ဆောင်းဓမ္မအိမ်၊ ရွှေသိမ်တကွ၊ ဗုဒ္ဓဓာတု၊ တောင်းဆုပြည့်လျှင်၊ ဓာတ်ရှင်များစွာ၊ ဌာပနာသား၊ မင်္ဂလာစေတီ၊ မဟေသီနှင့်၊ အစီတလျဉ်၊ ကျောင်းစဉ်ရံပတ်၊ ရွှေထွတ်ရွှေတိုင်၊ ရိပ်မြိုင်သာဝှဲ၊ ပိန္နဲချိုမြက်၊ သရက်ထန်းအုန်း၊ ဂမုန်းဇီဇဝါ၊ မြညှာသွယ်တင့်၊ ရွှေပွင့်စံကား၊ ချယားကံ့ကော်၊ တစ်ဖော်ပုန်းညက်၊ လိုက်ဖက်သရဖီ၊ စုံစီပန်းမျိုး၊ ဆေးရိုးဟလိဒ္ဒိ၊ သိင်္ဂိဝေရ၊ မရိစတို့၊ ပည်းမျှထူထပ်၊ ရှစ်ရပ်မှီတင်း၊ ရေတွင်းသန့်သက်၊ မြစ်ထက်လင်းကြည်၊ ချမ်းငြိမ်းတည်လျက်၊ မိုရည်မတင်၊ သဲချင်ချင်သား၊ မြေပြင်အထိပ်၊ ပြည့်သိပ်သံဃာ၊ များစွာလယ်ကျေး၊ ဈေးလည်းနီးယှဉ်၊ ဥယျာဉ်နှစ်စုံ၊ သောင်းပုံခွန်ရ၊ ကျောင်းလှရွှေတောင်၊ ထက်ခေါင်စွင့်စွင့်၊ သုံးဆင့်သွန်းသွန်း၊ ရွှေနန်းတော်ဟန်၊ ကျောင်းဗိမာန်ကို၊ စိတ်သန်ကြည်ဖြူ၊ လှူတော်မူ၏။ ဟု စပ်ဆိုတော်မူခဲ့၏။ ဆရာတော်သည် သက္ကရာဇ် ၈၉၁-ခုနှစ်တွင် ဒါယကာ ဘုရင်ထွေးအား ဆုံးမတော်မူလို သဖြင့် ဧကာဒသနိပါတ်တော်လာ သံဝရဇာတ်တော်ကို ဖွဲ့စီ၍ ' သံဝရပျို့ ' ကို ရေးသားတော်မူသည်။ နိဂုံး၌- သက္ကရာဇ်သင်္ချာ၊ ရှစ်ရာအစ၊ နဝအလယ်၊ နှောင်းဆွယ်ဧက၊ လကားအာသဠ်၊ နေ့မှန်ဗုဒ္ဓဝါ၊ ပုဏ္ဏာပြည့်ညီ၊ တိထီဆန်းတက်၊ ဆယ့်ငါးရက်ဝယ်၊ ဟု ရေးစပ်ထားသောကြောင့် သက္ကရာဇ် ၈၉၁-ခု၊ ဝါဆိုလဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရေးသားပြီးစီးကြောင်း သိရှိရပေသည်။ ဆရာတော်သည် ပြည်ဘုရင်ထွေးအား သံဝရမင်းသားနှင့် ပုံပြုခိုင်းနှိုင်းကာ စပ်ဆိုတော် မူပြီးလျှင် နိဂုံး၌လည်း ဆင်ဖြူရှင်သား၊ မင်းတရားကို၊ စိတ်ဖျားလိမ္မာ၊ ပွားစိမ့်ငှာလျှင်၊ ဤစာကျေးဇူးဆပ်သတည်း။ ဟု ဘုရင်ထွေးအတွက် ရည်ညွှန်းချက်တို့ကို တိကျစွာ ဖော်ပြစပ်ဆိုတော်မူလေသည်။ ဆရာတော်သည် အခြား ကဗျာလင်္ကာနှင့် ပတ်သက်၍ အဖွဲ့အနွဲ့ အသစ်တို့ကိုလည်း တီထွင်၍ ဖွဲ့ဆိုတော်မူခဲ့ပေသည်။ ပဒုမ္မာကြာဆိုနည်းရတု၊ မုတ္တာရွဲသီဆိုနည်းရတု၊ ပုလဲတစ်တန့် သန္တာတစ်တန့်ဆိုနည်းရတု၊ တောင့်တဲတွန့်ရတု၊ သန်လျက်ချနည်းရတု၊ ဝဲရိုက်ဝဲသွင်း ဆုံးမစာလင်္ကာ စသည်တို့မှာ ဆရာတော်သျှင်မဟာရဋ္ဌသာရ၏ တီထွင်မှုများ ဖြစ်ပေသည်။ ဆရာတော်ရေးသားခဲ့သော စာပေများသည် ခေတ်အဆက်ဆက်၌ ထင်ရှားခဲ့သည်။ ပြည်သူတို့၏ စိတ်နှလုံးကို ယဉ်ကျေးသိမ်မွေ့စေခဲ့သည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ထွန်းပြတော်မူခဲ့သည်။ မြန်မာမှု မြန်မာ့ယဉ်ကျေးမှု၏ ပင်မဖြစ်သော စာပေရေးထုံးတို့သည်လည်း နှောင်းခေတ်ပညာရှင်တို့၏ အားကိုးရာ နည်းယူရာ ဖြစ်ခဲ့ပေသည်။ ကဝိလက္ခဏသတ်ပုံကျမ်းကို ရေးသားသော စိန္တကျော်သူကလည်း- ကဗျာကျမ်း၌လည်း အလွန်ရဲရင့်တော်မူထသော၊ ကြီးသောပညာလည်းရှိတော်မူထသော၊ အကြင်ရဋ္ဌသာရမည်သော မဟာထေရ်သည် ရှိ၏။ ထိုရဋ္ဌသာရမည်သော မဟာထေရ်၏ နည်းကို အမှီပြု၍ ကဝိတို့ မှတ်ရာဖြစ်သောကြောင့် ကဝိလက္ခဏာမည်သော သတ်ပုံထူးကို ဖွဲ့ဆိုပေအံ့။ ဟူ၍ မြတ်နိုးလေးစားစွာ နည်းခံခဲ့လေသည်။ ဤသို့ မြန်မာစာပေလောက၏ ရှေ့ဆောင်လမ်းပြ ကဝိတစ်ဆူ ဖြစ်တော်မူသော စာဆို အကျော် သျှင်မဟာရဋ္ဌသာရဆရာတော်သည် သက္ကရာဇ် ၈၉၂-ခုနှစ်၊ သက်တော် ၆၂-နှစ်အရွယ်တွင် ပြည်မြို့၌ပင် ပျံလွန်တော်မူခဲ့ရှာလေသည်။ ဆရာတော်၏ ဖွားနှစ် လွန်နှစ်တို့ကို အကျဉ်းသင်္ခေပအားဖြင့် မှတ်သားလွယ်ကူစိမ့်သောငှာ ဆရာတို့က- ရဋ္ဌသာရ၊ ခ တြန်း အဌ်၊ ဖွားလတ်သက္ကရာ။ စမ္မာ ဆိဒြ၊ ဗသျှူးချ၊ ပြောင်းကြွသက်ခန္ဓာ။ ဟု စပ်ဆိုထားကြလေသည်။ ဆရာတော် ရေးသားသော ပျို့ ကဗျာ လင်္ကာအရပ်ရပ်တို့မှာ ဘူရိဒတ်လင်္ကာကြီး၊ စတုဓမ္မသာရကိုးခန်းပျို့၊ သံဝရပျို့၊ ဂမ္ဘီသာရပျို့၊ ' ကြားပိမ့်နတ်ရှင် ' ချီ တန်တားဦးမင်္ဂလာစေတီတော်မော်ကွန်း၊ ' သုံးဆယ့်နှစ်ပါး ' ချီ တန်တားဦးမင်္ဂလာစေတီတော်မော်ကွန်း၊ ပုံတောင်နိုင်မော်ကွန်း၊ ဝတ်ရုံကျောင်းဖွဲ့မော်ကွန်း၊ မင်္ဂလာအောင်ပွဲတော် ရဲရည်တက်မော်ကွန်း၊ ရတနာပူရမြို့တည်မော်ကွန်း၊ မိတ္ထိလာကန်တော်ဖွဲ့မော်ကွန်း၊ ရွှေစက်တော်သွား တောလားလင်္ကာ၊ ဝဲရိုက်ဝဲသွင်းသုံးမစာလင်္ကာ၊ ဘုရင့်ထံပေး မေတ္တာစာများ၊ ကျောင်းသားသာမဏေတို့အားဆုံးမစာလင်္ကာ၊ မင်းကြီးသီရိသင်္ခယာသို့ပေး မေတ္တာစာများ၊နှမလက်လျှော့နေလေတော့၊ သျှင်မဟာသီလဝံသ၏ အမေးကို ဖြေဆိုသောရတု၊ ဝန်တောင်လယ်ဘုန်းတော်ကြီးအား မေးလျှောက်သည့်ရတု၊ ရာဇဝသတီခန်းရတု၊ မုတ္တာရွဲသီရတု၊ ပုလဲတစ်တန့် သန္တာတစ်တန့် ရေးနည်းရတု၊ နဝဘာအင်းဆိုနည်းရတု၊ ပဒုမ္မာကြာဆိုနည်းရတု၊ တောင်တဲတွန့်ရတု၊ သိကြားတိုင်ရတု၊ ဘုရားတိုင်ရတု၊ မယ်ဘွဲ့ရတုနှင့် ကိုယ်ရည်သွေးရတုစသည်တို့ ဖြစ်ပေသည်။ ပြုစုခဲ့သည့် စာပေများ ၁။ စတုဓမ္မသာရပျို့၊ ၂။ ဂမ္ဘီသာရပျို့၊ ၃။ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ ၄။ ဘူရိဓာတ်လင်္ကာကြီး၊ ၅။ သံဝရပျို့ (၈၉၁)၊ ၆။ ပုံတောင်နိုင်မော်ကွန်း၊ ၇။ ရတနာပူရမြို့တည်မော်ကွန်း၊ ၈။ မိတ္ထိလာကန်တော်ဘွဲ့မော်ကွန်း၊ ၉။ တန်တားဦးတည်မော်ကွန်း၊ ၁၀။ ရဲရည်တက်မော်ကွန်း၊ ၁၁။ ရတုကဗျာများ တောင့်တဲတွန့်ရတု၊ ၁၂။ ဝတ်ရုံကျောင်းဘွဲ့မော်ကွန်း၊ ၁၃။ ဆုမ္မစာလင်္ကာ၊ ၁၄။ လက်သစ်တောင်တာဆုမ္မစာ၊ ၁၅။ ရာဇဝသသတီခဏ်းပိုက်စုံရတု၊ ၁၆။ ရွှေစက်တော်သွားတော်လား၊ ၁၇။ ဒုတိယမင်းခေါင်ထံသွင်းမေတ္တာစာ။ ဆက်လက်လေ့လာရန် စတုဓမ္မသာရ ကိုးခန်းပျို့နှင့် နိဒါန်း၊ သံဝရပျို့နှင့် နိဒါန်း၊ မှန်နန်း ရာဇဝင်တော်ကြီး- ပထမတွဲနှင့် ဒုတိယတွဲ၊ သာလွန်မင်းအမေးတော်ပုံကျမ်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ကဗျာသာရတ္ထ သင်္ဂြိုဟ်ကျမ်း၊ မြန်မာစာညွန့်ပေါင်းကျမ်း- ပထမတွဲ၊ ပေါရာဏကထာကျမ်း၊ ကဗျာ့ပန်းကုံး၊ ဆုံးမစာပေါင်းချုပ်၊ ကဝိလက္ခဏဒီပနီ၊ သာသနာလင်္ကာရစာတမ်း၊ ပိဋကတ်သမိုင်းစာတမ်း၊ မြန်မာစာပေသမိုင်း၊ ဂမ္ဘီသာရပျို့ဋီကာ၊ ကဗျာသာရ၊ ၁၉၆၈-ခု၊ ဇူလိုင်လထုတ် ငွေတာရီ မဂ္ဂဇင်းမှ ရွှေကိုင်းသား၏ ' စစ်ကိုင်းအင်းဝမှ သျှင်မဟာရဋ္ဌသာရ၏ သမိုင်းဝင်ဌာနများ' ဆောင်းပါး၊ တက္ကသိုလ်ဝင်းမွန်၏ ' သျှင်မဟာရဋ္ဌသာရ၏ စာပေအထွေထွေ ' ဆောင်းပါး၊ နိုင်ပန်းလှ၏ ' မွန်မြန်မာစာဆို ' ဆောင်းပါး၊ ကိုးကား အင်းဝခေတ် ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ ဗုဒ္ဓဘာသာရဟန်းများ မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%9B%E1%80%8B%E1%80%B9%E1%80%8C%E1%80%9E%E1%80%AC%E1%80%9B%E1%81%8A%20%E1%80%9E%E1%80%BB%E1%80%BE%E1%80%84%E1%80%BA
လယ်တီဆရာတော်
လယ်တီဆရာတော် ဦးဉာဏဓဇ (၁ ဒီဇင်ဘာ ၁၈၄၆ - ၂၇ ဇွန် ၁၉၂၃) သည် ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ လယ်တီဆရာတော်သည် ဒီပနီပေါင်းများစွာကို ရေးသားခဲ့ပြီး သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သဖြင့် ပြည်တွင်းပြည်ပ ထင်ရှားကျော်ကြားသည့် ရဟန်းတစ်ပါး ဖြစ်သည်။ ထေရုပ္ပတ္တိ မိသားစု ဓမ္မစာဆိုတော် လယ်တီ ဆရာတော်လောင်းလျာအား အဖ ဦးထွန်းသာ၊ အမိ ဒေါ်ကြုံးတို့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးရွာတွင် သက္ကရာဇ် ၁၂၀၈ ခုနှစ် နတ်တော်လဆန်း ၁၃ ရက် အင်္ဂါနေ့နံနက်တစ်ချက်တီးချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်မည်မှာ မောင်တက်ခေါင် ဖြစ်၍ မွေးချင်း ၆ ဦးအနက် ဒုတိယမြောက် သားဖြစ်သည်။မွေးချင်းခြောက်ဦးမှာ - ပထမအကြီးဆုံးသား (ငယ်စဉ်က ကွယ်လွန်) ဒုတိယသား မောင်တက်ခေါင် (လယ်တီဆရာတော်) တတိယသား မောင်တက်စွာ (လူဝတ်ကြောင်) စတုတ္ထသား မောင်တက်ပွား (ပထမပြန် ဦးကုမာရ) ပဉ္စမသား မောင်တက်ထွား (ဆရာတော် ဦးကိတ္တိ) ဆဋ္ဌမသမီး မမြလေး တို့ ဖြစ်ကြသည်။ မင်္ဂလာနိမိတ်ထူးနှင့် ငယ်နာမည် လယ်တီဆရာတော်လောင်းလျာဖြစ်သူ ဒုတိယသားကို ဖွားမြင်ဆဲအချိန်တွင် အိမ်ဥပစာအတွင်းရှိ မန်ကျီးပင်ကြီး၌ ထောင်ထားသော ဝါးလုံးများကြားထဲမှ စို့ (သက်တံ) ကြီး ပေါ်ထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားပြီးမှ တန်ဖန် ညွတ်ကိုင်းပြီး အိမ်တွင်းသို့ ဝင်ရောက်လာပြန်သည်။ ထို့နောက်တစ်ဖန် ယင်းစို့ (သက်တံ) ကြီးသည် အိမ်တွင်းမှ အိမ်ခေါင်မိုးကိုဖေါက်ထွက်ပြီး အဝါတစ်တန့် အပြာတစ်တန့် အနီတစ်တန့်ဖြင့် ရောင်မျိုးစုံ ယှက်သန်းကာ ကောင်းကင်လမ်းသို့ ပျံသန်းကာ ပျောက်ကွယ်သွားသည်။ ယင်းကဲ့သို့သော မဖြစ်ဖူးမြဲ ထူးကဲလှသည့် မင်္ဂလာနိမိတ်ထူးကို အစွဲပြု၍ လယ်တီဆရာတော်လောင်းလျာဖြစ်သော ဒုတိယသားကို မောင်တက်ခေါင် ဟူ၍ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ သာသနာ့ဝန်ထမ်းဘဝ ရှင်သာမဏေဘဝ မောင်တက်ခေါင် ၁၀ နှစ်သားအရွယ်တွင် စိုင်ပြင်ရွာ ကျောင်းမကျောင်း ဆရာတော် အရှင်နန္ဒထံ ပညာသင်ကြားရန် ကျောင်းအပ်နှံခဲ့သည်။ ကျောင်းသားအဖြစ်ဖြင့် ဘုန်းကြီးကျောင်း ပညာရေး၏ သင်ရိုးဖြစ်သော မင်္ဂလသုတ်၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ လောကနီတိ၊ ဓမ္မနီတိ၊ ပရိတ်ကြီး စသည်တို့ကို သင်ကြားခဲ့သည်။ အသက် ၁၅ နှစ်သားအရွယ်တွင် ရှင်သာမဏေပြုခဲ့ရာ ဘွဲ့အမည်သည် ရှင်ဉာဏဓဇ ဖြစ်သည်။ ရှင်ဉာဏဓဇသည် သာမဏေဘဝဖြင့် ဆရာတော် အရှင်နန္ဒထံ၌ မြန်မာနိုင်ငံ ပါဠိပညာရေး၏ သင်ရိုးဖြစ်သော ကစ္စည်း သဒ္ဒါကြီး၊ အဘိဓမ္မတ္ထ-သင်္ဂြိုဟ်၊ ဝီထိလက်ရိုး၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်း စသော နေ့ဝါညဝါကျမ်းများကို သင်ကြားခဲ့သည်။ ဆယ်ကျော်သက်အရွယ်က ကျမ်းနှင့် ကဗျာများ ၁၈ နှစ်သားအရွယ်တွင် ရဲထွက်ရွာ အရှေ့ဘက် ဝေဒပါရဂူဆရာတော် အရှင်ဂန္ဓမာထံ၌ ဗေဒင်ဘက်ဆိုင်ရာ ပညာရပ်များကို သင်ယူခဲ့သည်။ ယင်းသို့ သင်ယူရင်း ကျည်းကန်ကိုရင်ကြီး၏ လင်္ကာကို နည်းယူပြီးလျှင် ဗိုလ်၊ သုဇိတာ၊ ဗျဉ္ဈတာ၊ ဇာတာဖွဲ့ သင်္ကြန်တွက် လက်ရိုးလင်္ကာများကို ဖွဲ့ဆိုရေးသားတော်မူခဲ့သည်။ ထိုစဉ်က သာမဏေဘဝဖြင့် မဟော်ဇာတ်ထုပ်နှင့် မဟော်ကျေးစေခန်းရတု၊ ရှင်လောင်းလှည့် (သျှိုးလိုက်)ရတု ကဗျာများကိုလည်း ဖွဲ့ဆိုရေးသားတော်မူခဲ့သည်။ ထို့ပြင် သဒ္ဒါဘက်ဆိုင်ရာ သဒ္ဒါကျမ်းငယ်များကို သင်ယူရင်း ဝါစ္စ ဝါစက အကောက်ကျမ်းဟောင်းကို အားမရသဖြင့် 'ဝါစ္စဝါစက အကောက်ကျမ်းသစ်' ကိုလည်း သာမဏေဘဝ ဆယ်ကျော်သက်ကပင် ပြုစုရေးသားခဲ့သေးသည်။ ရဟန်းဘဝ သက္ကရာဇ် ၁၂၂၈ ခု၊ ကဆုန်လဆန်း ၆ ရက်နေ့တွင် သာမဏေ ရှင်ဉာဏဓဇသည် စိုင်ပြင်ရွာ ကျောင်းမကျောင်း ခဏ္ဍသိမ်၌ ဆရာတော် အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ စာကြည့်ဝါသနာ ရဟန်းတော် အရှင်ဉာဏဓဇသည် အားရသည်ဟု မရှိလောက်အောင် စာကြည့်ဝါသနာပါလွန်းလှသည်။ ထို့ကြောင့်လည်း ဥပဇ္ဈာယ်ဆရတော် အရှင်နန္ဒက သူ၏ စာတိုက်ကြီး ငါးလုံးရှိ မြန်မာနိဿယများကို ကြည့်ရှုရန် ခွင့်ပြုခဲ့သည်။ ဤမျှနှင့် အားမရသေး၍ စိုင်ပြင်ရွာ မြင်တင်တိုက်ဆရာတော် အရှင်ဓမ္မထံ၌ရှိသော စာတိုက်ကြီးငါးလုံးမှ မြန်မာနိဿယ ဟူသမျှကိုလည်း အားလုံးကြည့်ရှုတော်မူလိုက်သေးသည်။ ထို့နောက် စိုင်ပြင်ရွာ ၂-ရွာတွင်ရှိသော ကျောင်းတိုက်ကြီးငါးတိုက်မှ မြန်မာပြန် နိဿယများကို အကုန်ကြည့်ရှုတော့မည်ဟု ကြံစည်တော်မူသေးသည်။ သို့သော် မန္တလေးမြို့သို့ ကြွ၍ ပညာသင်လိုသောကြောင့် ယင်းအကြံမှာ အထမမြောက်ခဲ့ပေ။ မန္တလေးမြို့ စံကျောင်းတိုက်၌ ပညာသင်ကြားခြင်း သို့ဖြင့်ပင် ရဟန်းတော် အရှင်ဉာဏဓဇည် ၁၂၃၁ ခုနှစ်တွင် မိမိဖွားမြင်ရာ စိုင်ပြင်ရွာမှ မန္တလေးရတနာပုံနေပြည်တော် မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်သို့ ပညာသင်ကြားရန် ကြွရောက်တော်မူခဲ့သည်။ ရဟန်းတော် အရှင်ဉာဏဓဇသည် ရဟန်း ၁ ဝါမှ ၁၆ ဝါအထိ ၁၆ နှစ်တိုင်တိုင် စံကျောင်းတိုက်၌ သီတင်းသုံးကာ 'သုဒဿနဝရ ဓမ္မသာမိ မဟာဓမ္မ ရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ ဒုတိယစံကျောင်းဆရာတော်ဘုရားကြီးထံ၌ ဝိနည်း ပါဠိတော် အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃ ကျမ်းကို သင်ယူတော်မူခဲ့သည်။ ထိုအချိန်က ဒုတိယစံကျောင်းဆရာတော်ဘုရားကြီးမှာ မန္တလေး ရွှေမြို့တော်တွင် စာချ နာမည်အကျော်ကြားဆုံးဖြစ်၍ စာလိုက်သံဃာ ၁၀၀၀ ကျော် အထိပင် ရှိခဲ့ဖူးသည်။ ထို့နောက် ရဟန်းတော် အရှင်ဉာဏဓဇသည် အဆိုပါ ဝိနည်းနှင့် အဘိဓမ္မာ ပါဠိ အဋ္ဌကထာများကိုပင် မကုဋရာမဆရာတော်ဘုရားကြီးထံ၌လည်း သင်ယူတော်မူပြန်သည်။ စလင်းဆရာတော် ဦးပဏ္ဍိစ္စ၏ တပည့်အဖြစ် ထိုအချိန်က ဒုတိယစံကျောင်းဆရာတော်ဘုရားကြီးထံတွင် (၁ 'ရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ အလုံဇာတိ မိုင်းခိုင်းဆရာတော် ဦးပဏ္ဍိတနှင့် (၂) 'ရာဇဂုရု' ဘွဲ့တံဆိပ်မရသော စလင်းဇာတိ ဆရာတော် ဦးပဏ္ဍိစ္စ ဟူ၍ စာတတ်ပေတတ် ပထမစာချတပည့်ကြီးနှစ်ပါးရှိရာ စံကျောင်းတိုက်ပတ်ဝန်းကျင်တွင် 'လုံပဏ် - လင်းပဏ်၊ သည်နှစ်ပဏ်တွင် ဘယ်ပဏ်သာ၍ တတ်သနည်း' ဟု ကဗျာစပ်ဆို မေးခွန်းထုတ်ခြင်း ခံရသည်အထိ ပရိယတ္တိစာပေလောက၌ ထင်ရှားကျော်ကြားသော စာချတပည့်ကြီးနှစ်ပါး ဖြစ်သည်။ ရဟန်းတော် အရှင်ဉာဏဓဇသည် စံကျောင်းဆရာတော် ဘုရားကြီးအထံ၌ အထက်ပါအတိုင်း ဝိနည်းနှင့် အဘိဓမ္မာ ပါဠိ အဋ္ဌကထာများကို သင်ယူခဲ့သည့်အပြင် အဆိုပါ လုံပဏ် လင်းပဏ်ဟူသော ပထမစာချကြီးနှစ်ပါးတွင် စလင်းဆရာတော် ဦးပဏ္ဍိစ္စ၏ တပည့်ရင်းလည်း ဖြစ်သည်။ စလင်းဆရာတော် ဦးပဏ္ဍိစ္စထံတွင် ရဟန်းတော် အရှင်ဉာဏဓဇသည် ပါစိတျာဒိအဋ္ဌကထာ၊ သမ္မောဟဝိနောဒနိ အဋ္ဌကထာ၊ ပဉ္ဏမကြိုဏ် အဋ္ဌကထာ စသည်တို့ကို အာစရိယ ဟတ္ထမုဋ္ဌိ ဆုပ်မိကိုင်မိရှိအောင် ဆိုဝါတတ်ဝါနှင့် သင်ယူတော်မူခဲ့သည်။ ထို့ကြောင့်လည်း ရဟန်းတော် အရှင်ဉာဏဓဇသည် လယ်တီဆရာတော်အဖြစ်သို့ ရောက်ရှိလာသောအခါ၌ 'ငါ၏ဗိုက်ထဲမှ ရှိသမျှ ပညာများသည် စလင်းဦးပဏ္ဍိစ္စဟာတွေချည်းပဲ' ဟူ၍ မကြာခဏ မိန့်ကြားလေ့ရှိသည်။ ယောအတွင်းဝန်ထံမှ မြန်မာစာသင်ခြင်း ထိုအချိန်က မန္တလေးရွှေမြို့တော်တွင် ထင်ရှားသော ပညာရှိများစွာရှိသည့်အနက် ရွှေပြည်ဝန် ခေါ် ယောမင်းကြီး ဦးဖိုးလှိုင် သည် တော်လှန်သော အတွေးအခေါ်ရှိသူ ဖြစ်သည်။ ရဟန်းတော် အရှင်ဉာဏဓဇသည် ယောအတွင်းဝန်ဦးဖိုးလှိုင်၏ တော်လှန်သော အတွေးအခေါ်များကို နှစ်သက်စွဲလမ်သလောက် ဦးဖိုးလှိုင်၏ ခေတ်မီသော စာရေးနည်း စာရေးဟန်းများကိုလည်း အားကျသည်၊ အတုယူလိုသည်၊ နည်းယူလိုသည်။ ထို့ကြောင့်လည်း သီတင်းနေ့များတွင် ယောအတွင်းဝန်ဦးဖိုးလှိုင်ထံသို့ ကြွရောက်ကာ ပိဋကတ်တော်၌ ယူဆပုံများနှင့် မြန်မာစာရေးနည်းရေးဟန်များကို နည်းခံခဲ့သည်။ ထိုအခါ ယောအတွင်းဝန်က 'ဦးပဉ္ဇင်းကလေး စာတတ်ချင်သလား၊ စာတတ်ချင်ရင် ကထာဝတ္ထု အဋ္ဌကထာကို နိုင်နင်းအောင် သင်ကြားပါ' ဟု ဩဝါဒစကားဖြင့် နည်းပေးညွှန်ကြား လျှောက်ထားခဲ့သည်။ သာသနာပြုလုပ်ငန်းများ ပဉ္စမသင်္ဂါယနာပွဲ၌ ကထာဝတ္ထုကို ပြန်ဆိုခြင်း မင်းတုန်းမင်းတရားကြီးသည် ပဉ္စမသင်္ဂါယနာတင်ရန်အတွက် ပထမအဆင့်လုပ်ငန်းတစ်ရပ်အနေဖြင့် ၁၂၂၂ ခုနှစ်မှ စတင်ကာ ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာထွင်းထုခဲ့ရာ ၁၂၃၀ ပြည့်နှစ်တွင် အလုံးစုံပြီးစီးခဲ့သည်။ ယင်းသို့ ကျောက်ထက်အက္ခရာ ထွင်းထုပြီးနောက် ပိဋကတ်တော်များကို ပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ရာ သစ်ဆိမ့်တိုက်က ဝိနည်းပိဋကတ်တော်ကိုလည်းကောင်း၊ စလင်းတိုက်က သုတ္တန်ပိဋကတ်တော်ကိုလည်းကောင်း၊ စံကျောင်းတိုက်က အဘိဓမ္မာပိဋကတ်တော်ကိုလည်းကောင်း အသီးသီတာဝန်ယူကာ ရွှေနန်းတော်ကြီးအတွင်း ဗြဲတိုက်တော် ရာဇပလ္လင်ပေါ်၌ တစ်လှည့်စီ ပြန်ဆိုတော်မူကြရသည်။ ထိုအခါ စံကျောင်းတိုက်သား ရဟန်းတစ်ပါးဖြစ်သော အရှင်ဉာဏဓဇသည် ကထာဝတ္ထုပါဠိတော်ကို တာဝန်ယူပြန်ဆိုတော်မူခဲ့သည်။ ယောအတွင်းဝန်၏ ဩဝါဒစကားလျှောက်ထားချက်အရ ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထုအဋ္ဌကထာကို အထူးကျွမ်းကျင်နိုင်နင်းအောင် သင်ကြားလေ့ကျင့်ထားသည့်အတိုင်း ဗြဲတိုက်တော်ရာဇပလ္လင်ထက်၌ ကထာဝတ္ထုပါဠိတော်ကို အောင်မြင်စွာ ပြန်ဆိုတော်မူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပထမစာချဖြစ်တော်မူခြင်း ရဟန်းတော် အရှင်ဉာဏဓဇသည် ရဟန်းသိက္ခာ ၈ ဝါအရတွင် စံကျောင်းတိုက်၌ ပထမစာချကအဖြစ် ချီးမြှောက်ခြင်း ခံခဲ့ရသည်။ ထိုအခါ ရဟန်းတော် အရှင်ဉာဏဓဇသည် တပည့်များအား နိရုတ္တိဉာဏ် ထက်သန်စူးရှစေရေးအတွက် အခြေခံအဖြစ်ဖြင့် 'ပဒရူပသိဒ္ဓိ' သဒ္ဒါကျမ်းတို့ကို ဇောက်ချကာ ဇောင်းပေးပို့ချတော်မူခဲ့သည်။ ပါရမီပုစ္ဆာနှစ်ဆယ်နှင့် ပါရမီဒီပနီ ရဟန်းတော်အရှင်ဉာဏဓဇသည် ၁၄ ဝါအရတွင် စံကျောင်းဆရာတော်ဘုရားကြီး၏ အမေးပုစ္ဆာ ၂၀ ထွက်ပေါ်လာသည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့၏ ပါရမီနှင့် စပ်ဆိုင်ရာ အချက်ပေါင်း ၂၀ ကို စံကျောင်းဆရာတော်ဘုရားကြီးက ပါဠိဘာသာဖြင့် အမေးပုစ္ဆာ ၂၀ ပြုလုပ်ကာ မေးခွန်းထုတ်ဆင့် မေးမြန်းလိုခြင်း ဖြစ်သည်။ ယင်းအမေးပုစ္ဆာအဆုံး၌ မယံ စောဒကာ နာမ ဧကဒေသပေက္ခကာ စသည်ဖြင့် "ငါတို့စောဒက ပုဂ္ဂိုလ်မည်သည်ကား တစ်ဖက်တစ်စိတ်ကိုသာ မျှော်ကုန်ကြည့်ကုန်၏။ အလုံးစုံကို အကုန်မကြည့်ကုန်၊ အကယ်၍ အလုံးစုံကို မျှော်ကြည့်ကုန်ပါမူ ယခုဤမေးခွန်းပုစ္ဆာများသည် မပေါ်ပေါက်ခဲ့ရ,၊ ဤမေးခွန်းပုစ္ဆာများသည် ပေါ်လည်းပေါ်ခဲ၏။ ဇမ္ဗူဒီပါ၏ တံခွန် သာသနာတော်၏ တံခွန်ဖြစ်သော ပညာရှိတို့အတွက် သက်သက် ဤပုစ္ဆာများ ပေါက်ပေါက်လာခြင်းဖြစ်ရာ ပညာမရှိသောသူတို့သည် ကုပ်၍ နောက်ဆုတ်ကြကုန်လော့၊ သင်တို့ ကြောင့်ကြစရာမဟုတ်ကုန်၊ အဘယ်ကြောင့်ဆိုသော် ပထမတန်း သာသနာ့တံခွန်များသည် ဤပုစ္ဆာများကို ဖြေဆိုကြလိမ့်မည်ဖြစ်သောကြောင့်တည်း" ဟူ၍ စံကျောင်းဆရာတော်ဘုရားကြီးက ဖြေဆိုမည့်သူကို ဘဝဂ်သို့ တတ်ရောက်ရတော့လုမတတ် မြှောက်ပင့်ရေးသားပြီး မဖြေနိုင်သူများအား လမ်းလေးခွ၌ တည်ရှိသော ရှားငုတ်တိုနှင့်လည်းကောင်း၊ လူအများ ကျော်လွှားသွားလာရာ တံခါးခုံနှင့်လည်းကောင်း နှိုင်းယှဉ်ဥပမာပေးကာ တုံဏှီဘာဝဆိတ်ဆိတ်နေကြရန် တားမြစ်နှိမ်ချထားသည်။ ယင်းသို့ရေးသားထားသည်ကို တွေ့ရှိလိုက်သည်နှင့် အရှင်ဉာဏဓဇသည် "ဤအမေးပုစ္ဆာ ၂၀ ကား ငါ့ကိုစွဲ၍ ငါ့အတွက် သက်သက်ဖြစ်ပေါ်လာပြီတကား" ဟု အားတက်ရွှင်လန်း ဝမ်းမြောက်စွာဖြင့် နိကာယ်ငါးရပ် ပိဋကတ်ကို မွှေနှောက်ချောက်ချားပြီး ယင်းအမေးပုစ္ဆာ ၂၀ ကို ပါဠိလို ရေးသားဖြေဆိုကာ စံကျောင်းဆရာတော်ကြီးအား ဆက်ကပ်လိုက်သည်။ ယင်းသို့ ရေးသားဖြေဆိုလိုက်သော်လည်း ရဟန်းတော် အရှင်ဉာဏဓဇ အနေဖြင့် မှန်ချက်နှင့် နှမ်းထွက်မကိုက်အောင် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းတော် အရှင်ဉာဏဓဇ၏ ဖြေဆိုချက်ကို စံကျောင်းဆရာတော် ဘုရားကြီးက နှစ်သက်လိုလားတော် မမူသောကြောင့် ဖြစ်သည်။ အလုံဦးဏ္ဍိတနှင့် စလင်းဦးပဏ္ဍိစ္စဟူ၍ တပည့်ကြီးနှစ်ပါးရှိသည့်အနက် အလုံဦးပဏ္ဍိတ၏ တပည့်တပန်းများကိုသာ စံကျောင်းဆရာတော်ဘုရားကြီးက ဖြေဆိုစေလိုသောကြောင့် မနှစ်သက် မလိုလားခြင်းဖြစ်သည်ဟု အစဉ်အဆက် ပြောစမှတ်ရှိသည်။ ယခုအခါ ပုံနှိပ်စာအုပ်အဖြစ်ဖြင့် တွေ့မြင်ဖတ်ရှုနေကြရသော ပါရမီဒီပနီကျမ်းစာအုပ်မှာ ရဟန်းတော်အရှင်ဉာဏဓဇဘဝက ဖြေဆိုခဲ့သော ယင်းအမေးပုစ္ဆာ ၂၀ ၏ အဖြေပင် ဖြစ်သည်။ လယ်တီဆရာတော်အနေဖြင့် ပထမဆုံးရေးသားသော ပထမဆုံးလက်ရာ ပထမဆုံး လယ်တီဒီပနီကျမ်စာအုပ်လည်း ဖြစ်သည်။ နွားမေတ္တာစာနှင့် လယ်တီတိုက်တည်ထောင်ခြင်း ၁၂၄၄ ခုနှစ်တွင် ရဟန်းတော် အရှင်ဉာဏဓဇသည် မန္တလေးရွှေမြို့တော်မှ မုံရွာမြို့နယ် ရွှေစည်းခုံကျောင်းတိုက်သို့ ကြွရောက်သီတင်းသုံးတော်မူသည်။ ၁၂၄၇ ခုနှစ်တွင် ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ရာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့၏ ကိုလိုနီဘဝသို့ ရောက်ခဲ့ရသည်။ ထိုအခါ ဗြိတိသျှတို့၏ ကုလားဖြူ ကုလားမည်းစစ်သားတို့သည် နွားများကို စည်းမဲ့ကမ်းမဲ့ သတ်ဖြတ်စားသောက်ကြရာ မြန်မာ့လူနေမှုစနစ်နှင့်လည်းကောင်း မြန်မာဘာသာရေး (ဗုဒ္ဓဘာသာ) နှင့်လည်းကောင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို မှီခိုအားထားရသော နိုင်ငံဖြစ်ပြီး ကျွဲနွားများသည် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် မရှိမဖြစ်သော ကုန်ထုတ်ကိရိယာဖြစ်သလောက် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ အသက်သခင်များ ဖြစ်သည်။ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။ သို့ဖြစ်ရာ အရှင်ဉာဏဓဇသည် အသက်သခင်ကျေးဇူးရှင်များဖြစ်သော ကျွဲနွားများကို ဘယ်နည်းနှင့်မျှ သတ်ဖြတ်စားသောက်ခြင်း မပြုထိုက်ဟု ဆရာတော် အရှင်ဉာဏဓဇက ခံယူသည်။ ထို့ကြောင့်လည်း ဆရာတော်သည် ကိုယ်တော်တိုင်လည်း နွားသားကို ရှောင်ကြဉ်တော်မူသည်။ တပည့်တပန်း ရဟန်းသံဃာများနှင့် ပြည်သူအများကိုလည်း နွားသားရှောင်ကြဉ်ရန် နွားမေတ္တာစာ ကို ရေးသားကာ လှုံ့ဆော်ခဲ့သည်။ ထို့နောက် ၁၂၄၈ ခုနှစ်တွင် မုံရွာမြို့အနီး လယ်တီတောအုပ်ကြီး၌ ကျောင်းတိုက်တည်ထောင်ကာ တပည့်တပန်း ရဟန်းသာမဏေများအား စာပေသင်ကြားပို့ချရာ ထိုအခါမှစ၍ လယ်တီဆရာတော် ဟူသော အမည်ဖြင့် ထင်ပေါ်ကျော်ကြားလာသည်။ ပရမတ္ထဒီပနီ သင်္ဂြိုဟ် မဟာဋီကာသစ် ယင်းသို့ လယ်တီတိုက်တွင် စာပေပို့ချတော်မူသည့်ကြားမှ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ အဖွင့်ဖြစ်သော 'ပရမတ္ထဒီပနီဋီကာ' ကို ပါဠိဘာသာဖြင့် ၁၂၅၉ ခုနှစ်တွင် အပြီးရေးသား ပြုစုတော်မူသည်။ ယင်းဋီကာမှာ ယခုအခါ 'လယ်တီဋီကာ' ဟူသောအမည်ဖြင့် လူသိများနေကြသော်လည်း အမည်အပြည့်အစုံမှာ ပရမတ္ထဒီပနီ ခေါ် သင်္ဂြုဟ်မဟာဋီကာသစ် ဖြစ်သည်။ နှစ်ပေါင်း ၃၅ နှစ်ကြာ ဋီကာစစ်ပွဲ သို့သော် လယ်တီဆရာတော်သည် ပရမတ္ထဒီပနီဋီကာဖြင့် အဘိဓမ္မတ္ထ သင်္ဂြုဟ်ကျမ်းကို ဖွင့်ဆိုရာ၌ ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်အယူအဆတို့ဖြင့် ရိုးရိုးဖွင့်ဆိုခြင်းမပြုဘဲ အဘိဓမ္မတ္ထဝိဘာဝနီ ဋီကာကျော်ကျမ်း၌ အချက်ပေါင်း ၂၄၅ ချက်တိတိ မှားယွင်းချွတ်ချော်နေသည်ဟု ထောက်ပြကာ "န သုန္ဒရံ" "နယုဇ္ဇတိ" "နသမေတိ" စသေသာ ခပ်ကြမ်းကြမ်း စကားလုံးများဖြင့် ဋီကာကျော်မှ အဆိုပါအချက်များကို ပယ်ဖျက်ပစ်ခဲ့သည်။ အဘိမ္မတ္ထ ဝိဘာဝနီ ဋီကာကျော်မှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံပါဠိပညာရေး၌ အဘိဓမ္မတ္ထ သင်္ဂြုဟ်ကျမ်း၏ အဖွင့်ဋီကာကျမ်းတစ်ကျမ်းအဖြစ်ဖြင့် သင်ရိုးပြုကာ သင်ကြားပို့ချမှုကို ခံယူနေရသော ဋီကာ ဖြစ်သည်။ ထို့ကြောင့်လည်း ယင်းကဲ့သို့ လယ်တီဆရာတော်က ဋီကာကျော်မှ အချို့အချက်အလက်များကို ပယ်ဖျက်လိုက်သောအခါ၌ သာသနာတော်တစ်ခုလုံး ပွက်လောရိုက်ကာ ဋီကာကျော်ဖက်မှ ပြန်လည်ခုခံရေးသားလာကြသော ဋီကာများ ပေါ်ထွက်လာခဲ့သည်။ သို့ဖြင့်ပင် လယ်တီဋီကာ ပုံနှိပ်စာအုပ်အဖြစ် ထွက်ပေါ်လာသော ၁၂၆၂ ခုနှစ်မှ ၁၂၉၇ ခုနှစ်လော်ကအထိ ၃၅ နှစ်တိုင်တိုင် မြန်မာနိုင်ငံ၌ "ဋီကာစစ်ပွဲကြီး" ဖြစ်ပွားခဲ့သည်။ ယင်း ၃၅ နှစ်တာ အချိန်ကာလအတွင်း ထွက်ပေါ်လာသော ဋီကာကျမ်းများမှာ ၄၀ ခန့် အရေအတွက်ရှိသည်ဟု စာရင်းအရ သိရှိရသည်။ ယင်း ၄၀ ခန့်တွင် ပါဠိဘာသာဖြင့် ရေးသားထားသော ဋီကာကျမ်းများအပြင် မြန်မာဘာသာဖြင့် ရေးသားထားသော ကျမ်းများလည်း ပါဝင်ခဲ့သည်။ မူလဋီကာနှင့် အနုဋီကာ ဋီကာကျော်ဆရာသည် မူလဋီကာထက် အနုဋီကာကို ပိုမိုနှစ်သက်ဟန် တူသည်။ ခဲရာခဲဆစ်ဌာနများကို အကိုးသာဓကမူရာ၌ ဋီကာကျော်ဆရာသည် 'ဧဝဉ္စ ကတွာ ဝုတ္တံ အာစရိယဓမ္မ ပါလတ္ထေရေန' ဟူ၍ အာစရိယ ဓမ္မပါလ ခေါ် အနုဋီကာဆရာ အရှင်ဓမ္မပါလ၏ အဆိုအမိန့်များကို ထုတ်ဆောင်ပြလေ့ရှိသည်။ လယ်တီဆရာတော်ကမူ 'အာစရိယာနန္ဒထေရော ပန' စသည်ဖြင့် မူလဋီကာဆရာ အရှင်အာနန္ဒာ၏ အမည်ကို လေးလေးစားစား ခေါ်ဝေါ်ရေးသားပြီး မူလဋီကာဆရာ၏ အယူအဆများကို ဖော်ထုတ်ကာ လက်ရုံတမ်းလေ့ရှိသည့်အပြင် တစ်ခါတစ်ရံ အဋ္ဌကထဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ၏ အဆိုအမိန့်များကိုပင် ကျောခိုင်းဖွင့်ဆိုထားသည်ကို ကျောချမ်းစရာကောင်းလောက်အောင် တွေ့ရှိရသည်။ သီဟိုဠ်ကို အံတုနိုင်သော လယ်တီဋီကာ မည်သို့ပင်ဖြစ်စော မြန်မာနိင်ငံ ပါဠိစာပေသမိုင်း၌ ပုဂံခေတ်က သီဟိုဠ်ကို အံတုနိုင်သော အရှင်အဂ္ဂဝံသ၏ သဒ္ဒနီတိကျမ်းကြီး ပေါ်ထွက်နိုင်ခဲ့သလို မျက်မှောက်ခေတ်၌လည်း ပရမတ္ထဒီပနီ လယ်တီဋီကာဖြင့် သီဟိုဠ်အား အံတုခဲ့ခြင်းကိုကား မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ရာ ပရမတ္ထဒီပနီ လယ်တီဋီကာကို မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့သမိုင်းတွင် စာပေမှတ်တိုင် တစ်တိုင်အဖြစ်ဖြင့် ယခုအခါ သမိုင်းသုတေသီတိုင်းက အသိအမှတ် ပြုနေကြရပြီ ဖြစ်ပေသည်။ နယ်လှည့်တရားဟောခြင်းနှင့် ဝါဆိုစဉ်အကျဉ်း လယ်တီဆရာတော်ဘုရားကြီးသည် လယ်တီတိုက်ကြီးကို တည်ထောင်ကာ တပည့်တပန်း ရဟန်းသာမဏေများအား စာပေပို့ချတော်မူပြီးနောက် ၁၂၅၇ ခုနှစ်လောက်မှ စတင်ကာ မြန်မာနိုင်ငံအရပ်ရပ်သို့ လှည့်လည်ကြွရောက်တော်မူပြီး ဝါဆိုသင့်သော အရပ်ဒေသမျာတွင် ဝါဆိုလျှက် ကျွတ်ထိုက်သူ ဝေနေယျတို့အတွက် နိယျာနိကအစစ် ဗုဒ္ဓဘုရားရှင် အလိုလားဆုံးလည်းဖြစ် အနှစ်သာရလည်းဖြစ်သော ဝိပဿနာတရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးဟောကြားတော်မူခဲ့သည်။ ယင်းသို့ ကြွရောက်သီတင်းသုံးကာ တရားဟောရာဒေသများနှင့် ဝါဆိုရာဌာနများမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၁၂၅၇ ခုနှစ် - အိန္ဒိယနိုင်ငံ၊ မဟာဗောဓိသို့ ကြွရောက်တော်မူသည်။ မဟာဗောဓိမှအပြန်တွင် အမြို့မြို့အနယ်နယ်သို့ လှည့်လည်ကာ တရားဟော်တော်မူသည်။ ၁၂၅၈ ခုနှစ် - ဟံသာဝတီနယ် တွံတေးတောကြီးတန်း ဆပဂံတောရ၌ သီတင်းသုံးတော်မူသည်။ ၁၂၅၉-၆၀ ခုနှစ် - မုံရွာမြို့ လယ်တီတိုက်၌ သီတင်းသုံးတော်မူသည်။ ၁၂၆၀ ပြည့်နှစ်တွင် ဆရာတော် အရှင်တိလောက၏ ပင့်လျှောက်ချက်အရ သေက္ချတောင်တွင် တစ်လခန့် သီတင်းသုံးတော်မူသည်။ ၁၂၆၁ ခုနှစ် - မုံရွာမြို့ လယ်စဉ်ရွာ ဓမ္မိကာရုံတိုက် ဓမ္မနန္ဒကျောင်း၌ ဝါဆိုတော်မူသည်။ ၁၂၆၂ ခုနှစ် - ဒီပဲယင်းမြို့၏ မြောက်ဘက် မဟာမြိုင်တောကြီး၌ ဝါဆိုတော်မူသည်။ ၁၂၆၃-၆၄ ခုနှစ် - အလုံမြို့၏ အနောက်ဘက်လည်းဖြစ်၊ သလ္လဝတီမြစ်၏ အနောက်ဘက်လည်းဖြစ်သော ရွှေတောင်ဦးတောင် ကျောက်ဂူ၌ ဝါဆိုတော်မူသည်။ ၁၂၆၅ ခုနှစ် - မုံရွာမြို့၏ အနောက် လက်ပန်းတောင်းတောင်စင်္ကြံကျောင်း၌ သီတင်းသုံးတော်မူသည်။ ယင်းနှစ်တွင် ကင်းဝန်မင်းကြီး ပင့်လျှောက်သောကြောင့် မန္တလေးမြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်။ ၁၂၆၆ ခုနှစ် - ပျဉ်းမနားမြို့ မြောက်ဘက် အင်ကြင်းမြိုင်တောရ စင်္ကြံကျောင်း၌ ဝါဆိုတော်မူသည်။ ၁၂၆၇ ခုနှစ် - မြင်းခြံမြို့ ရေကန်ကြီးအနီး၌ ဝါဆိုတော်မူသည်။ ယင်းနှစ်တွင် ရန်ကုန်မြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်။ ၁၂၆၈ ခုနှစ် - ပြည်မြို့ ဝိပဿနာကုန်းတောရ၌ ဝါဆိုတော်မူသည်။ ယင်းနှစ်တွင် မန္တလေးမြို့သို့ ကြွရောက်ကာ မစိုးရိမ်တိုက်မှ စ၍ တရားပွဲများ ကျင်းပဟောပြောတော်မူသည်။ ၁၂၆၉ ခုနှစ် - မင်းလှမြို့ ပက်တန်းတောရ၌ ဝါဆိုတော်မူသည်။ ထိုနှစ်၌ပင် စစ်တွေမြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်။ ၁၂၇၀ ခုနှစ် - မော်လမြိုင်မြို့၊ ကျိုက်သံလံတောင်တန်းရှိ အလံတိုင်တောင်ထိပ် ဝါဆိုကျောင်း၌ ဝါဆိုတော်မူပြီး ပုသိမ်မြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်။ ၁၂၇၁ ခုနှစ် - သာပေါင်းမြို့၌ ဝါကပ်တော်မူသည်။ ၁၂၇၂ ခုနှစ် - မုံရွာမြို့ မဟာလယ်တီတိုက်၌ ဝါဆိုတော်မူပြီး စစ်ကိုင်းမြို့၊ ရွှေဘိုမြို့နယ်၊ မိတ္ထီလာမြို့၊ မန္တလေးမြို့များသို့ ကြွရောက်ကာ တရားဟောတော်မူသည်။ ပလိပ်ရောဂါ ပပျောက်စေရန် စီမံတော်မူသည်။ ၁၂၇၃ ခုနှစ် - ရန်ကုန်မြို့၊ ညောင်တုန်းတိုက်၌ ဝါဆိုတော်မူသည်။ ၁၂၇၄ ခုနှစ် - စစ်ကိုင်းမြို့၌ ဝါဆိုတော်မူသည်။ ၁၂၇၅ - ၇၆ - ၇၇ ခုနှစ် - မန္တလေးမြို့ လယ်တီစံကျောင်း၌ ဝါဆိုတော်မူသည်။ ၁၂၇၈ ခုနှစ် - ပျဉ်းမနားမြို့ အင်ကြင်းမြိုင်တောရ၌ ဝါဆိုတော်မူသည်။ ၁၂၇၉ ခုနှစ် - မုံရွာမြို့ မဟာလယ်တီတိုက်၌ နောက်ဆုံးဝါဆိုတော်မူသည်။ ၁၂၈၀ ပြည့်နှစ် - မြစ်သားမြို့၌ ဝါဆိုတော်မူသည်။ ၁၂၈၁ ခုနှစ် - ရန်ကုန်မြို့ ကျောက်ဝိုင်းကျောင်း၌ ဝါဆိုတော်မူပြီးနောက် ပုသိမ်မြို့သို့ ကြွရောက်ကာ သိမ်သမုတ်တော်မူသည်။ ပုသိမ်မှအပြန်တွင် သာယာဝတီခရိုင်၊ မင်းလှမြို့၌ မန်လည်ဆရာတော်ဘုရားကြီးနှင့် ပထမဆုံအကြိမ် တွေ့ဆုံတော်မူသည်။ ထို့နောက် ယင်းဆရာတော်ကြီးနှစ်ပါးသည် ရန်ကုန်မြို့သို့ ကြွရောက်ကာ တရားပွဲကြီးများ ကျင်းပဟောကြားတော်မူကြသည်။ ၁၂၈၂ ခုနှစ် - ကတွန်သတ္ထုတွင်းတိုက်၌ ဝါကပ်တော်မူသည်။ ၁၂၈၃ ခုနှစ် - စစ်ကိုင်းမြို့၊ ဇေတဝန်တိုက်၌ ဝါဆိုတော်မူသည်။ ၁၂၈၄ ခုနှစ် - ပျဉ်းမနားမြို့၊ လယ်တီစံကျောင်း၌ ဝါဆိုတော်မူသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရရှိခြင်း ၁၂၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၇-၁၁-၁၉၁၅) တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ လက်ထောက်ဘုရင်ခံ၏ ပထမဆုံးဆပ်ကပ်သော 'အဂ္ဂမဟာပဏ္ဍိတ' ဘွဲ့တံဆိပ်ကို ခံယူရရှိတော်မူသည်။ နိုင်ငံခြားသာသနာပြုခြင်း လယ်တီဆရာတော်ဘုရားကြီးသည် အထက်ပါအတိုင်း မြန်မာနိုင်ငံအရပ်ရပ်သို့ လှည့်လည်၍ ဝိပဿနာတရား ဟောကြားကာ သာသနာပြုရုံမျှသာမကပဲ ၁၂၇၅ ခုနှစ်တွင် နိုင်ငံခြားဗုဒ္ဓသာသနာပြုအသင်းကြီးကို ကြီးမှူးတည်ထောင်ပြီးလျှင် လန်ဒန်မြို့ရှိ ဂရိတ်ဘရိတန်အိုင်ယာလန် ဗုဒ္ဓဘာသာသာသနာပြုအသင်းကြီးနှင့် လည်းကောင်း၊ လန်ဒန်ပါဠိစာပေအသင်းကြီးနှင့်လည်းကောင်း၊ ဆက်သွယ်ကာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ဗုဒ္ဓသာသနာတော် ပြန့်နှံ့ရောက်ရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူခဲ့ပြန်သည်။ ဒီလစ်ဘွဲ့ရခြင်း ၁၂၈၃ ခုနှစ်၊ နတ်တော်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သည့်အထိမ်းအမှတ်အဖြစ်ဖြင့် တက္ကသိုလ်အဓိပတိဖြစ်သူ မြန်မာပြည်ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ်လှူဒါန်းသည်ကို ခံယူရရှိတော်မူသည်။ ရန်ကုန်တက္ကသိုလ်မှ ချီးမြင့်သည့် ပထမဆုံးသော စာပေပါရဂူဘွဲ့ဖြစ်၏။ ထိုအချိန်တွင် ဆရာတော်မှာ မျက်စိကွယ်နေပြီးဖြစ်သောကြောင့် ၁၉၂၁တွင် ဘွဲ့နှင်းသဘင်သို့ တက်ရောက်ယူနိုင်ခြင်းမရှိခဲ့ပေ။ အခြားသောသိမှတ်ဖွယ်များ လယ်တီဆရာတော်သည် အဘိဓမ္မာဖက်ဆိုင်ရာ ဋီကာကျမ်းကိုသာမဟုတ်၊ သဒ္ဒါဖက်ဆိုင်ရာ နိရုတ္တိဒီပနီမည်သောကျမ်းကိုလည်း ပါဠိဘာသာဖြင့်ပင် ၁၂၆၅ ခုနှစ်တွင် အပြီးရေးသားပြုစုတော်မူသည်။ လယ်တီဆရာတော်သည် ပါဠိဘာသာအရေးအသား၌သာ နိုင်နင်းကျွမ်းကျင်တော်မူသည်မဟုတ်၊ မြန်မာဘာသာအရေးအသား၌လည်း လွန်စွာ နိုင်နင်းကျွမ်းကျင်တော်မူသည်။ ၁၂၅၇ ခုနှစ်က အိန္ဒိယပြည် မဟာဗောဓိသို့ ဘုရားဖူးကြွရန် မန္တလေးမှ ရန်ကုန်သို့လာရာတွင် မီးရထားပေါ်၌ ပဋိစ္စသမုပ္ပါဒ်လင်္ကာ ၁၃ ပုဒ်ကို ရေးသားတော်မူရာ ရန်ကုန်အရောက်တွင် ပြီးစီးလေသည်။ လယ်တီဆရာတော်သည် တပည့်ရဟန်းတို့အား စာပေပို့ချခြင်း၊ ကျမ်းဂန်ရေးသားပြုစုတော်မူခြင်း ကမ္မဌာန်းတရား အားထုတ်ခြင်း၊ တရားဟောခြင်း၊ တရားဟောခြင်း ဟူသော ကိစ္စကြီးငါးရပ်ကို အခါအခွင့်ရသည့်အလျောက် မနေမနား အားထုတ်ရွက်ဆောင်တော်မူလေသည်။ မိမိ သီတင်းသုံးရာ ကျောင်းတိုက်၌ စာသင်သား ရဟန်းသံဃာများ၏ သောက်ရေ သုံးရေများကိုလည်း ကိုယ်တိုင်ခပ်၍ လှူဒါန်းတော်မူလေ့ရှိသည်။ ၁။ အမြို့မြို့အနယ်နယ်သို့ တရားဟောမကြွသောအခါ ကမ္မဌာန်းတရား အားမထုတ်သောအခါများ၌ မုံရွာမြို့ လယ်တီကျောင်းတိုက်ကြီးတွင် စာသင်သားတပည့်ရဟန်းများကို စာပေပို့ချတော်မူသည်။ ထိုအခါ၌ ကျမ်းဂန်များကိုလည်း ရေးသားပြုစုတော်မူလေ့ရှိသည်။ ၂။ ရဟန်းရှင်လူတို့က တောင်းပန်သောအခါ ကျမ်းဂန်များကို ရေးသားပြုစုတော်မူသည်။ ကျမ်းဂန်ရေးသားပြုစုခြင်းကို သီးသန့်အချိန်ယူ၍ ဆောင်ရွက်တော်မူသည် မဟုတ်ပဲ စာပေပို့ချရင်း အမြို့မြို့အနယ်နယ်သို့ တရားဟော လှည့်လည်ရင်း ရေးသားပြုစုတော်မူလေ့ရှိသည်။ စာရေးသည့်အခါ မှင်တံကို အသုံးမပြုပဲ ခဲတံဖြင့်သာ ရေးလေ့ရှိသည်။ စာရေးရန် ခဲတံချောင်းရေ ၁၀၀ ကျော် ၂၀၀ ခန့်ကို တပည့်ရဟန်းတပါးက နေ့စဉ် အသင့်ချွန်ထားပေးရသည်ဟု သိရသည်။ အထူးအားဖြင့် လယ်တီဆရာတော်သည် ကျမ်းဂန်ရေးသားပြုစုတော်မူရာ၌ ပါဠိအဋ္ဌကထာဋီကာကျမ်းတို့မှ ပါဠိပါဌ်သား အကိုးအကားများကို များစွာဖော်ပြခြင်းမပြုပဲ ရေးလိုသော အကြောင်းအချက် အနက်သဘောသွားကို ဖတ်ရှုသူနားသို့ တိုက်ရိုက်ရောက်အောင် မြန်မာဘာသာ မြန်မာစကားဖြင့် ကျမ်းဂန်နှင့်အညီ ရှင်းရှင်းလင်းလင်း ရေးသားတော်မူလေ့ရှိသည်။ သို့ဖြစ်၍ ပါဠိကျမ်းဂန်ကို မသင်ကြားဘူးသည့် လူပုဂ္ဂိုလ်များသည် လယ်တီဆရာတော်၏ ဒီပနီကျမ်းများကို ဖတ်ရသောအခါ ပါဠိစာပေ တတ်ကျွမ်းမှသာ နားလည်နိုင်သည့် ခက်ခဲနက်နဲသော အဘိဓမ္မာသဘောများကို ကောင်းစွာနားလည်ကြလေသည်။ ဤကဲ့သို့ ပါဠိကျမ်းဂန်လာ ခက်ခဲနက်နဲသော တရားများကို လူပုဂ္ဂိုလ်များနားလည်အောင် ပြုလုပ်ခြင်း၌ လယ်တီဆရာတော်သည် မြန်မာနိုင်ငံ သာသနာဝင်တွင် စံတင်လောက်သည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ကျမ်းဂန်ရေးသားခြင်းနှင့်စပ်၍ လယ်တီဆရာတော်က အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့သည်။ လယ်တီဆရာတော်သည် ခက်ခဲနက်နဲသော တရားများကို ကျမ်းဂန်ရေးသားမှု၌သာ ကျွမ်းကျင် နိုင်နင်းတော်မူသည်မဟုတ်၊ ကဗျာလင်္ကာ မြန်မာစာပေရေးသားမှု၌လည်း ကျွမ်းကျင်နိုင်နင်းတော်မူသည်။ ဂမ္ဘီရကဗျာကျမ်းသည် လယ်တီဆရာတော်၏ ဆုံးမဩဝါဒကဗျာများကို စုပေါင်းရိုက်နှိပ်ထားသည့် ကဗျာကျမ်းဖြစ်သည်။ ၃။ လယ်တီဆရာတော်သည် စာပေပို့ချတော်မူရာမှ အနည်းငယ်အနားယူလိုသောအခါ၊ အမြို့မြို့အနယ်နယ်သို့ တရားဟောကြွတော်မူစဉ်အတွင်း အနည်းငယ် အနားယူလိုသောအခါ စသည်တို့၌ ဆိတ်ငြိမ်ရာအရပ်တွင် ကမ္မဋ္ဌာန်းအားထုတ်တော်မူလေ့ရှိသည်။ ယင်းသို့ ကမ္မဋ္ဌာန်းအားထုတ်ခြင်းဖြင့် ခက်ခဲနက်နဲသော တရားသဘောများကို စဉ်းစားသုံးသပ်ခွင့် ရသည်ဖြစ်သောကြောင့် ကျမ်းဂန်ရေးသားရာ၌၎င်း၊ တရားဟောပြောရာ၌၎င်း ပိုင်ပိုင်နိုင်နိုင် ကိုယ်တိုင်သိ အနေအားဖြင့် ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ရေးသားဟောပြောတော်မူခြင်း ဖြစ်သည်ဟု ပြောကြလေသည်။ ၄။ လယ်တီဆရာတော်သည် မြန်မာနိုင်ငံရှိ မြို့ရွာအရပ်များသို့ လှည့်လည်ကြွရောက်ပြီးသော် တရားဟောတော်မူလေ့ရှိသည်။ ကြွရောက်ရာ မြို့ရွာများ၌ ပရမတ္တသံခိပ်အသင်းများကိုလည်း ဖွဲ့တော်မူသည်။ ပရမတ္တသံခိပ်ဆိုသည်မှာ အဘိဓမ္မာ ခုနှစ်ကျမ်း၏ လိုရင်းသရုပ်အဓိပ္ပာယ်ကို အကျဉ်းချုပ်၍ ပါဠိဘာသာဖြင့် ရေးသားထားသည့် သင်္ဂြိုဟ်ကျမ်းကို လယ်တီဆရာတော်က မြန်မာဘာသာ သံပေါက်ဖြင့် ရေးသားထားသည့် ကျမ်းဖြစ်သည်။ ယင်းသံခိပ်ကျမ်း သင်ကြားသူများကို ပရမတ္တသံခိပ်အသင်းဖွဲ့ကာ သာမန် အမျိုးသမီးကလေးများကအစ အဘိဓမ္မာတရားများကို နားလည်သိရှိအောင် ဆောင်ရွက်တော်မူခြင်းဖြစ်သည်။ ၅။ လယ်တီဆရာတော်သည် မြန်မာနိုင်ငံအရပ်ရပ်သို့ လှည့်လည် ကြွရောက်လျက် တရားဟောတော်မူခြင်းအားဖြင့်လည်း သာသနာပြုတော်မူသည်။ ပရမတ္တသံခိပ်အသင်းများထောင်၍ စာမေးပွဲ ပြုခြင်းအားဖြင့်လည်း သာသနာပြုတော်မူသည်။ နွားသားမစားရန် ဟောပြော မေတ္တာရပ်ခံခြင်း၊ ပုလိပ်ရောဂါ ဖြစ်သောအခါ ပရိတ်တရားအကာအကွယ် ပြုလုပ်ပေးခြင်း စသည်တို့ဖြင့်လည်း မြန်မာပြည်သူပြည်သားအပေါင်း၏ ကောင်းကျိုးချမ်းသာအတွက် တရားနှင့်အညီ ရွက်ဆောင်ကာ သာသနာပြုတော်မူသည်။ လယ်တီဆရာတော်သည် မြန်မာနိုင်ငံအတွင်း၌သာ မဟုတ်၊ နိုင်ငံခြား၌လည်း အထူးသဖြင့် အနောက်နိုင်ငံများ၌လည်း သာသနာပြုလိုသဖြင့် ၁၂၇၅ ခုနှစ် တပေါင်းလကစ၍ နိုင်ငံခြားသာသနာပြု အသင်းကြီးကို ကိုယ်တိုင် ကြီးမှူး၍ ဖွဲ့စည်း တည်ထောင်တော်မူခဲ့သည်။ လယ်တီဆရာတော်၏ ဂုဏ်သတင်းမှာ နိုင်ငံခြားတိုင်အောင် ပျံ့နှံ့ကျော်ကြားသဖြင့် အနောက်နိုင်ငံ ပါဠိပညာရှိကြီးများက လယ်တီဆရာတော်ထံသို့ အဘိဓမ္မာပိဋကတ်နှင့် စပ်လျဉ်းသည့် အချက်များကို မေးမြန်း လျှောက်ထားကြလေသည်။ လယ်တီဆရာတော်သည် အနောက်နိုင်ငံပါဠိပါမောက္ခဆရာကြီးများ၏ တိုက်တွန်းတောင်းပန်ချက်အရ မန္တလေးမြို့ မစိုးရိမ်ဆရာတော် ဦးသောမ၊ ဦးသူရိယ၊ ဦးဉာဏ၊ ဦးရာဇိန္ဒတို့အား တိုက်တွန်း ရေးသားစေလျက် မဟာပါဠိအဘိဓာန်ကျမ်းကြီး ထွက်ပေါ်အောင် စီမံဆောင်ရွက်တော်မူလေသည်။ လယ်တီဆရာတော်ဘုရားကြီးသည် စာပေပို့ချခြင်း၊ ကျမ်းဂန်ရေးသားခြင်း၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ တရားဟောခြင်း စသော သာသနာပြုလုပ်ငန်းများကို သက်တော်ကြီးရင့်လာ၍ အသက် ၇၃ နှစ်ခန့်တွင် မျက်စိကွယ်သည်အထိ မနေမနား ပြုလုပ်တော်မူခဲ့သည်။ ပျံလွန်တော်မူခြင်း ၁၂၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၅ ရက် (လပြည့်) ဗုဒ္ဓဟူးနေ့ (၂၇-၆-၁၉၂၃) ၂နာရီ ၃၀ မိနစ်အချိန် သက်တော်(၇၆)နှစ်၊ ဝါတော်(၅၇)ဝါ၊ ပျဉ်းမနားမြို့၊ လယ်တီစံကျောင်း၌ ပျံလွန်တော်မူသည်။ မှတ်စု 1.၁၂၇၆ ခုနှစ်က 'အဂ္ဂမဟာပဏ္ဍိတ' ရရှိသူများကို ၁၂၇၇ ခုနှစ်၌ ဆက်ကပ်ပွဲပြုလုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘွဲ့တံဆိပ်၌ '၁၂၇၆ ခုနှစ်က' ဟု ရေးထိုးထားသည်။ ယခုအခါ၌ လယ်တီဆရာတော်၏ ထေရုပ္ပတ္တိ အများအပြား၌လည်းလောင်း '၁၂၇၃ ခုနှစ်က အဂ္ဂမဟာပဏ္ဍတ ရသည်' ဟု ရေးသားထားကြသည်မှာ မမှန်ပေ။ ၁၂၇၆ ခုနှစ်ကြမှ ရခြင်းသာ ဖြစ်သည်။ ယင်းအကြောင်းကို 'လယ်တီဆရာတော်' ဟူသော စာမျက်နှာ (၁၀၀၀) ကျော် အရွယ်ကြီး၊ ဆိုက်ကြီး၊ အတ္ထုပ္ပတ္တိ အကျယ်စာအုပ်ကြီး၌ အကျယ်ဖတ်ရှုကြရမည်။ လယ်တီဆရာတော် ရုပ်ကလာပ် တေဇောခခြင်း အမှု ထိုနှစ် (၁၂၈၅ ခုနှစ်) တပေါင်းလပြည့်နေ့တွင် ခုနှစ်ရက်တိတိ ဈာပနပွဲကျင်းပ၏။ အင်္ဂလိပ်တိုင်းမင်းကြီးများ၊ အရေးပိုင်များနှင့် အနယ်နယ်မှ ဆရာတော်ကြီးများ စုံညီလှသည်။ ရေစကြိုမြို့နယ်၌ တောရနေသော ဘုန်းကြီးဦးနုလည်း ဈာပနပွဲ၌ ရှိနေ၏။ သူကား ဆရာတော် စစ်ကိုင်း၌ တရားဟောသည်ကို နာရ၍ သဒ္ဓါသဖြင့် ရဟန်းပြုပြီး ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးလျက် ဓုတင်နှင့်တကွ ပဋိပတ် အမွေခံသားကြီး ဖြစ်၏။ ရဟန္တာဟု ကျော်ကြားသည်။ ဘွဲ့အမည် ဦးပညာသီဟ ဖြစ်သည်။ ဆရာတော် နေမကောင်းစဉ်ကပင် ကြွလာပြီး ဝတ်ကြီးဝတ်ငယ် ပြုစုသည်။ ဆရာတော် ဆန္ဒရှိသော်လည်း အများက ရောဂါနှင့် မတည့်ဟု ထားသောဆေးဝါးများကို ဘုန်းကြီးဦးနုက အများမသိအောင် တိုက်လေ့ရှိ၏။ မေးလျှင် ဆရာတော်က ခိုင်း၍ ဟု ဖြေကြားလေ့ရှိသည်။ ဆွမ်းခံစား၏၊ အများနှင့် မရော။ ရုက္ခမူဓုတင် ဆောင်၍ သစ်ပင်အောက်၌သာ နေလေ့ရှိသည်။ နာမည်ကျော် ပုဂ္ဂိုဟ်ကြီးများ အသိုင်းအဝိုင်း၌ အရာမသွင်းကြ။ ထိုစံကျောင်း (ပျဉ်းမနား(နင်းကြမ်း) လယ်တီစံကျောင်းတိုက်) အတွင်းရှိ အုတ်ဂူ၌ လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရန် စီစဉ်ကာ နံ့သာထင်းများကို စီမံထားကြ၏။ သို့ရာတွင် အလောင်းတော်မှာ မပုပ်မသိုး ပကတိ ကျိန်းစက်နေသကဲ့သို့ ပျောင်းအိ ဝါဝင်းနေ၍ မီး မသင်္ဂြိုဟ်ရက်ကြ။ ရဟန်းရှင်လူအများဆန္ဒဖြင့် မှန်စီရွှေချ ခေါင်းသွင်းကာ အုတ်ဂူရှိ ပလ္လင်ပေါ်၌ တင်ထားပြီးလျှင် သံတံခါးနှစ်ထပ်ကို သော့ခတ်၍ ဂူပေါက်ကို အင်္ဂတေဖြင့် အသေပိတ်လိုက်ကြ၏။ သုံးရက်ခန့်ကြာသောအခါ ကောင်းကင်မှ တူရိယာသံများ ကြားနေရသည်။ ထိုည ငလျင်လည်း ဆက်တိုက် သုံးကြိမ်လှုပ်၏။ ဆရာတော်ကြီး သုံးဆယ်ကျော်လည်း အုတ်ဂူအနီး၌ ညစဉ် ဆရာတော်၏ ကျေးဇူးစကားများ ဟောပြောဆွေးနွေးလျက် ရှိကြသည်။ အုတ်ဂူမှ မီးတလက်လက် မြင်နေရသည်ဟု ကြားရသဖြင့် သွားကြည့်သောအခါ ငလျင်လှုပ်၍ ဂူပေါက် ပြိုကျနေသည်မှအပ ခေါင်းနှင့် သော့နှစ်လုံး ပကတိရှိနေ၍ အေးနေကြ၏။ နောက် မသင်္ကာသဖြင့် သော့ဖွင့်ကြည့်ရာ အလောင်းတော် ပြာကျနေသည်ကို တွေ့ကြရသည်။ အားလုံး ဝမ်းနည်းကြေကွဲကြ၏။ သတင်းစာ၌ "အလောင်းတော် အလိုအလျောက် တေဇောဓာတ် လောင်းသွားကြောင်း" သတင်းပါလာသည်။ အရေးပိုင်၊ နယ်ပိုင်တို့ ဦးစီး၍ ပုလိပ်စုံထောက်များ စေလွှတ်ကာ မုံရွာ၊ စစ်ကိုင်း၊ မန္တလေးတို့၌ အပူတပြင်း တရားခံရှာကြ၏။ ပျဉ်းမနားမှ မုံရွာပြန် ခရီးသည်စာရင်းကိုလည်း ဘူတာ၌ စစ်ဆေးကြသည်။ “မုံရွာသားတို့ လက်ချက်” ဟု ထင်ကြ၏။ တရားခံကိုကား မတွေ့သေး။ ထိုအတွက် မကျေနပ်ကြသဖြင့် ရင်းနှီးသော ရဟန်းရှင်လူများ ပြန်မကြွကြ။ သုံးလခန့်ရှိသောအခါ အစည်းအဝေး၌ အရေးပိုင်ကြီး က "ဒီကိစ္စ လက်သည်မပေါ်လျှင် ဦးလန်းနှင့် ဦးထွန်းလှိုင်တို့အား အပြစ်ပေးရမည်" ဟု ကြိမ်းရာ ဘုန်းကြီးဦးနုက ထ၍ "အပြစ်မရှိ သူကို အပြစ်မပေးသင့်ကြောင်း" ကန့်ကွက်သည်။ "ဒါဖြင့် လက်သည်အစစ်ကို ပြောကြပါ၊ မပေါ်လျှင် ဦးလန်း၊ ဦးထွန်းလှိုင်တို့ကို အပြစ်ပေးရလိမ့်မည်" ဟု ဆို၍ ဘုန်းကြီးဦးနုက "လက်သည်ဟာ ကျုပ်ပဲ" ဟု ဆိုလေ၏။ "ကိုယ်တော် ဘယ်နှယ့်လုပ်တာလဲ" ဟု ဝိုင်း၍ ဒေါသဖြစ်နေကြသည်။ ဘုန်းကြီးဦးနုကား ရဲတင်းစွာဖြင့်ပင် - "ငါ ပျံလွန်တော်မူပြီး ခုနှစ်ရက်ရှိလျှင် မင်း မီးသင်္ဂြိုဟ်ရစ်၊ ဘယ်သူ့မှ မတိုင်ပင်နဲ့လို့ ဆရာတော်ကြီးက မှာခဲ့လို့ လုပ်တာပဲ၊ ခုနှစ်ရက်ပြည့်စဉ်က အကြောင်းမညီညွတ်လို့ ခုမှလုပ်ရတာပဲ" ဟု ပရိသတ်ရှေ့ရပ်၍ ရှင်းပြသည်။ "အဖော် ဘယ်သူပါသေးလဲ" ဟု မေးကြရာ - "ဆရာတော် ဆန္ဒပြည့်ဝစေရန် သမ္မာဒေဝနတ်တွေကို အကူအညီတောင်းပြီး လုပ်တာပဲ" ဟု ဆိုကာ လုပ်ပုံကို ရှင်းပြသည်။ ထိုနေ့ည တစ်နာရီက နတ်များကိုတိုင်ပင်၍ အကူအညီတောင်းပြီးလျှင် ဂူပေါက်ကို တူရွင်းနှင့် တစ်ချက်ထိုးလိုက်ရာ ဆက်တိုက် ငလျင်သုံးကြိမ်လှုပ်ပြီး အုတ်များ အလိုလိုပြိုကွဲကျလာသဖြင့် အနီးရှိ နံ့သာထင်းများဖြင့် မီးသင်္ဂြိုဟ်ကြောင်း ရှင်းပြရာ ပရိသတ်အားလုံး အံ့အားသင့်ကာ မည်သို့မျှ မပြောတတ်ရှိကြ၏။ အပြစ်ပေးလိုက ပေးကြရန်၊ ထိုကိစ္စ မပြောရသေး၍ တစ်ခြား ဘယ်မှမသွားဘဲ နေခဲ့ကြောင်း ထပ်၍ပြောရာ "အပြစ်မပေးလိုပါ" ဟု ဆို၍ ဘုန်းကြီးဦးနုလည်း သပိတ်တစ်လုံး၊ သုံးထည်သောသင်္ကန်းဖြင့် ထိုအစည်းအဝေးမှ ထွက်ခွာသွားလေတော့၏။ (ရဟန္တာဟု ကျော်ကြားသော ထိုအရှင်လည်း ဂျပန်ခေတ်တွင် ရေစကြိုမြို့၌ ပျံလွန်တော်မူသွားသည်။) ဆက်စပ်ဖတ်ရှုရန် လယ်တီဆရာတော်ဘုရားပြုစုတော်မူသော ကျမ်းများစာရင်း ပြင်ပလင့်များ လယ်တီဆရာတော်၏ တရားစာအုပ် PDF Ebooks များ ကိုးကား လယ်တီဆရာတော် မြန်မာ အမျိုးသား စာရေးဆရာများ ဗုဒ္ဓဘာသာရဟန်းများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%9A%E1%80%BA%E1%80%90%E1%80%AE%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
သျှင်မဟာ သီလဝံသ
ရှင်မဟာသီလဝံသ () သည် အင်းဝခေတ် စာဆိုကျော် တစ်ဦးဖြစ်သည်။ ဇာတိမှာ တောင်တွင်းကြီးဖြစ်ပြီး အင်းဝနေပြည်တော်သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ မြန်မာစာပေသမိုင်းတွင် ထင်ရှားသော ပျို့၊ မော်ကွန်း၊ လင်္ကာ၊ ရတု ဆုံးမစာ၊ ရာဇဝင်၊ ဗုဒ္ဓစာပေကျမ်းဂန်များနှင့် ဇာတ်ဝတ္တုတော်များကို ရေးသားခဲ့သည်။ အင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သော ပေလေးပင် သျှင်လေးပါးဟု ကျော်ကြားသည့် တောင်တွင်းကြီးမြို့ဇာတိ ပညာရှိရဟန်း လေးပါးအနက် တစ်ပါးအပါအဝင်ဖြစ်သည်။ ထိုခေတ်က စာပေဖွဲ့ဆိုသူများသည် စာပေနှင့် ကဗျာများကို လောကရေး၊ ဓမ္မရေး၊ ရာဇရေး ဟူ၍ အကြောင်းအရာ သုံးမျိုးတို့ကို အခြေခံဖွဲ့ဆိုခဲ့ကြရာ ဆရာတော်သည် ဓမ္မရေးဟူသော ဘာသာရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဦးစားပေးရေးဖွဲ့ခဲ့သည်။ ဓမ္မစာပေများကို ကျွမ်းကျင်နှံ့စပ်သောကြောင့် ဆရာတော်၏ အရေးအသားများသည့် လေးနက်၍ အဓိပ္ပာယ်နက်နဲသည်ဟု ဆိုကြသည်။ ငယ်စဉ်ဘဝ ဆရာတော်၏ ငယ်မည်မှာ မောင်ညိုဖြစ်သည်။ ဆရာတော်ကို ခရစ်သက္ကရာဇ် ၁၄၅၃ ခုနှစ်၊ မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ် တွင် တောင်တွင်းကြီးမြို့၏ မြောက်ဘက် မြို့လုလင်ကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးရက် မွေးလတို့ ကိုမသိရသော်လည်း သောကြာသားဖြစ်ကြောင်း သိရသည်။ မိဘများမှာ ဖခင် ဦးကြည်နှင့် မိခင် နတ်ထိန်းကြီး မယ်ဒွေးတို့ ဖြစ်သည်။ စာသင်ရွယ်သို့ ရောက်သော အခါ မောင်ညိုကို ကျောင်းသို့ပို့ခဲ့ကြသည်။ နတ်မီးလင်းဆရာတော် အရှင် သီလာစာရ ဘိဓဇထံတွင် ငယ်စဉ်မှစ၍ ပညာသင်ကြားခဲ့သည်။၎င်း ဆရာတော်သည် ငှက်ပစ်တောင်ကျောင်း၊ ထူပါရုံကျောင်းများတွင် လှည့်လည်သီတင်းသုံးသောကြောင့် ငှက်ပစ်တောင်ဆရာတော်၊ ထူပါရုံဆရာတော်ဟူ၍လည်း ခေါ်ကြသည်။ ရှင်မဟာသီလဝံသ ဟု ကျော်ကြားလာမည့် မောင်ညိုသည် မိမိနှင့် တစ်ရွာတည်းသားဖြစ်သော ရှင်ဥတ္တမကျော်လောင်း မောင်ဥက္ကာ၊ သတိုးထမ်းရွာသား ရှင်အုံးညိုလောင်းနှင့် မကျည်းယောင်ရွာသား ရှင်ခေမာလောင်း တို့နှင့်အတူ နတ်မီးလင်းဆရာတော်ထံတွင် ဆရာတူတပည့်များအဖြစ် ပညာသင်ကြားခဲ့သည်။ မောင်ညိုသည် ငယ်စဉ်ကပင် ကဗျာစာပေ ဉာဏ်ရည်ထက်မြတ်ကာ အသက် ၇ နှစ်အရွယ်မှာပင် ကဗျာလင်္ကာများကို လက်တန်းစပ်ဆိုနိုင်သည်ဟု ဆိုသည်။ ထိုကျောင်းမှာပင် သာမဏေပြုခဲ့ပြီး၊ အသက် ၂၀ အရွယ်တွင် ပဉ္စင်းတက်၍ ရှင်သီလဝံသဘွဲ့ကို ခံယူခဲ့သည်။ စာဆိုကျော်ဘဝ ထို့နောက် နတ်မီးလင်းဆရာတော်ထံတွင် ပါဠိစာပေ၊ ပိဋိကတ် ဓမ္မစာပေများကို ကျွမ်းကျင်နှံ့စပ်အောင် ဆက်လက်လေ့လာ ဆည်းပူးခဲ့သည်။ စာဆိုဗီဇ ထူးချွန်သော ရှင်သီလဝံသသည် မြန်မာသက္ကရာဇ် ၈၅၃ခုနှစ် သက်တော် ၃၈ နှစ်တွင် နတ်မီးလင်းကျောင်း၌ပင် သီတင်းသုံးရင်း ပါရမီတော်ခန်း ပျို့ကဗျာကြီးကို အပြီးစပ်ဆိုသီကုံးခဲ့သည်။ ၎င်းပါရမီတော်ခန်း ပျို့ကဗျာကြီးသည် မြတ်စွာဘုရားရှင်၏ ပါရမီတော် ၁၀ ပါးဖြည့်ကျင့်ခဲ့ရပုံတို့ကို စပ်ဆိုထားခြင်းဖြစ်ပြီး ပျို့ကဗျာ မည်ရုံမဟုတ်ဘဲ တရားသဘော အဓိပ္ပာယ်တို့ဖြင့် လေးနက်သိမ်မွေ့လွန်းသည်။ ပါရမီတော်ခန်းပျို့ကြီးရေးသားပြီးသောအခါတွင် ရှင်မဟာသီလဝံသ၏ ပညာမှာ စတင်ကျော်ကြားလာခဲ့သည်။ ဆရာတော်သည်လည်း ကျမ်းစာတတ် ပညာရှိအကျော်အမော်များရှိရာ အင်းဝနေပြည်တော် ပြောင်းရွေ့ရန် ဆန္ဒရှိလာခဲ့သည်။ အင်းဝမြို့တော်သို့ ပြောင်းရွေ့ခြင်း ထို့ကြောင့် မြန်မာသက္ကရာဇ် ၈၅၄ ခုနှစ် တပို့တွဲလမှစ၍ အင်းဝမြို့တော်သို့ သွားရောက်လိုသည့်အကြောင်းကို မိမိ၏ ငယ်ဆရာ နတ်မီးလင်းဆရာတော်ထံတွင် ခွင့်ပန်ကြားရာ ဆရာတော်မှ ခွင့်ပြုလိုခြင်းမရှိ၍ ပထမအကြိမ်ခွင့်ပန်စဉ် ဆိတ်ဆိတ်နေ၍ တုံပြန်၏၊ ဒုတိယအကြိမ်ခွင့်ပန်ရာ "အင်းဝပြည်မှာ ကျမ်းတတ်သူ ပေါများလှသည်၊ သင်သွားသဖြင့်လည်း တလုပ်ပြည်သို့ အပ်သွားရောင်းသည်နှင့် တူချိမ့်မည်" ဟုသာ ပြောကြားခဲ့သည်။ တတိယအကြိမ်ခွင့်ပန်သောအခါမှ အကြည်အသာ ခွင့်ပြုခဲ့သည်။ အင်းဝသို့ကြွရောက်ရန် ဒကာ၊ ဒကာမများကို နှုတ်ဆက်သည့်အခါတွင်လည်း တားမြစ်ကြသော်လည်း သွားလိုသည့် ဆန္ဒပြင်းပြနေ၍ ခွန်းတုံ့ပင် မပြန်နိုင်တော့ဘဲ ပါရမီတော်ခန်း ပျို့ကဗျာကြီးကို ကမ္ပလွေစာထုပ်တွင်ထည့်ကာ ၎င်းနှစ်မှာပင် အင်းဝမြို့သို့ သွားရောက်ခဲ့သည်။ ခရီးထွက်ခဲ့ရာ ဦးစွာ ပင်းယမြို့သို့ရောက်ရှိပြီး ခေတ္တတည်းခိုသီတင်းသုံးခဲ့သည်။ ထို့နောက် ဆက်လက်ခရီးဆက်ခဲ့ရာ အင်းဝမြို့တော်အနီး တံတားဦး အရပ်သို့ ချောမောစွာ ရောက်ရှိခဲ့သည်။ တံတားဦးသို့ ရောက်သောအခါ "တောင်တွင်းရှင်သီလဝံသမထေရ်သည် အင်းဝနေပြည်တော်သို့ ကြွလာတော်မူသည်" ဟု အင်းဝမြို့တွင်း သတင်းပျံ့နှံ့ကာ လူအများသည် ဆရာတော်ထံ လာရောက်တွေ့ဆုံ မေးမြန်းခဲ့ကြသည်။ ထို့နောက် ခေတ်ပြိုင်စာဆိုဖြစ်လာမည့် ရှင်မဟာရဋ္ဌသာရသည်လည်း ဆရာဖြစ်သူ၏ တိုက်တွန်းချက်အရ လာရောက်တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ အင်းဝသို့ ရောက်ရှိ သီတင်းသုံးသောအခါ အသက် ၄၀ ခန့်ပင် ရှိပြီဖြစ်သည်။ မင်းဆရာဖြစ်ခြင်း တနေ့တွင် ရှင်သီလဝံသသည် အင်းဝဘုရင် ဒုတိယ မင်းခေါင်ထံသို့ မေတ္တာစာ ရေးသားဆက်သွင်းခဲ့သည်။ ထိုအခါ ရှင်ဘုရင်သည် ရှင်သီလဝံသ၏ အရည်အသွေးကို လေးစားကြည်ညိုပြီး စစ်ကိုင်းမြို့၊ ထူပါရုံစေတီတော်၏ အရှေ့မြောက်ရှိ ရတနာဗိမာန် ရွှေကျောင်းတော်ကြီး ကို တင်လှူခဲ့သည်။ သျှင်သီလဝံသသည်၎င်းကျောင်းတော်ကြီးကို ဆက်ခံသော ရှစ်ဆက်မြောက် ကျောင်းထိုင် ပညာရှိရဟန်း ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ နေပြည်တော်ရှိ ဆရာတော် ရှင်မဟာရဋ္ဌသာရကဲ့သို့ မင်းဆရာအဖြစ် မြောက်စားခံခဲ့ရသည်။ ဆရာတော် ရှင်သီလဝံသသည် မင်းဆရာဖြစ်သော်လည်း မာန်မာနကြွားဝါခြင်းမရှိဘဲ ထူပါရုံစေတီတွင် နေ့စဉ်တံမြက်လှည်းဝတ်ပြုခြင်း၊ တပည့်များအား စာပေပညာပို့ချခြင်း၊ တရားဘာဝနာပွားများခြင်းများကိုသာ ဆောင်ရွက်တော်မှုသည်။ မြန်မာသက္ကရာဇ် ၈၅၈ ခုနှစ်တွင် ဘုရင်မင်းခေါင်သည် "ကြားပိမ့်ကျက်သရေ၊ အောင်မြင်စေအံ့" ဟုအစချီသည့် တံတားဦးမင်္ဂလာစေတီတော်ကြီး၏ အလည်ဌာပနာတိုက်ကို အကြီးအကျယ် တည်ထားသောအခါ ဆရာတော်သည် တံတားဦးမင်္ဂလာစေတီမော်ကွန်းကို စတင်ရေးသားခဲ့သည်။ ထိုစဉ် ရှင်မဟာရဋ္ဌသာရမထေရ်သည် "သုံးဆယ့်နှစ်ပါး ထင်ရှားလက္ခဏာ" အစချီသော တံတားဦးစေတီမော်ကွန်းကို ရေးသားစီရင်ပြီး ဘုရင့်ထံသို့ဆက်သွင်းပြီးဖြစ်ကြောင်း သိရှိရသောအခါ ရေးလက်စ မော်ကွန်းကို ဆက်လက်မရေးသားတော့ဘဲ ရေးပြီးသား ပရပိုက်တို့ကို ဖျက်ဆီးပစ်ရန် တပည့်များအား စေခိုင်းခဲ့သည်။ တပည့်များက ဖျက်စီးရန် နှမြော၍ သိမ်းဆည်းထားသောကြောင့် ယနေ့အထိ ကျန်ရှိနေခဲ့သည်။ ဆရာတော်သည် အင်းဝတွင် သီတင်းသုံးနေစဉ် အင်းဝမြို့တော်သို့ မကြခဏ ကြွရောက်ရလေ့ ရှိသည်။ အကြောင်းမှာ နန်းတော်တွင်း ရှင်ဘုရင်သည် ပရိသတ်နှင့်တကွ စာပွဲတော်ခံလေ့ ရှိသောကြောင့် ဖြစ်သည်။ စာပွဲတော်တွင် ရှင်ဘုရင်သည် ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့၏ စာများကို ရွှေကလပ်တွင်ထည့်၍ စာဆိုများကို အသီးသီး ဖတ်ကြားစေသည်ဟု ဆိုသည်။ ဤသို့ဖြင့် ရှင်မဟာ သီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့သည် နန်းတော်အတွင်း အပြိုင်အဆိုင် စာဆိုတော်များ ဖြစ်လာကြသည်။ တစ်နေ့တွင် ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့နှင့် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ် လင်္ကာကြီးကို စာပွဲသဘင်ကျင်းပနာယူကြသည်။ နှစ်ခုလုံးမှာ ကောင်းမွန်လှ၍ ပရိသတ်များ နှစ်ထောင်းအားရ အားပေးကြလေသည်။ ဘုရင်က ပါရမီတော်ခန်းပျို့မှာ ကောင်းမွန်လှကြောင်း ချီးမွန်းသည်။ ထိုစဉ် ရှင်မဟာရဋ္ဌသာရမထေရ်က ဘုရားတို့မည်သည် ပါရမီဖြည့်ခြင်းမတိုင်မီ ဆုတောင်းခြင်းကို အရင်ပြုရသည်၊ ယခုမူကား ဒေသနာအစဉ် မညီမညွတ်ဖြစ်လေပြီဟုဆိုသည်ကို ကြားသိရသောအခါ ရှင်မဟာသီလဝံသသည် ကျောင်းသို့ပြန်၍ ဆုတောင်းခန်းပျို့ကြီးကို ၃ ရက်အတွင်း အပြီးသတ် ရေးသားခဲ့သည်ဟူဆိုသည်။ ဤသို့ ရှင်နှစ်ပါး ပညာပြိုင်ဆိုင်ကြ၍ အင်းဝခေတ်တွင် မြန်မာစာပေအတွက် အဖိုးမဖြတ်နိုင်သော ကဗျာ လင်္ကာ စာပေများပေါ်ထွက်ခဲ့ရသည်ဟူ ပညာရှင်များက မှတ်ချက်ပြုကြသည်။ မြန်မာသက္ကရာဇ် ၈၈၀ ခန့်တွင် နရပတိ ဘုရင်က တောင်းပြန်၍ ဓမ္မပါလပျို့ကို ရေးသားခဲ့ရာ ပြီးစီးအောင် စပ်ဆိုခြင်းမပြုနိုင်ခဲ့ဘဲ ၁၇ ပုဒ်မျှ ရေးသားအပြီး မြန်မာသက္ကရာဇ် ၈၈၀ ပြည့်နှစ် သက်တော် ၆၅၊ ဝါတော် ၄၅ ဝါတွင် ပျံတော်မူခဲ့သည်။ စာပေလက်ရာများ ပျို့များအပြင် ရှင်မဟာသီလဝံသသည် မော်ကွန်းများကိုလည်း ရေးသားသေးသည်။ ရှင်မဟာသီလဝံသသည် သက္ကရာဇ် ၈၅၈ ခုနှစ် ဒုတိယမင်းခေါင် လက်ထက်တွင် တံတားဦးတည် မော်ကွန်းကို ဖွဲ့ဆိုသည်။ တံတားဦးရပ်တွင် ဒုတိယမင်းခေါင် တည်ထားကိုးကွယ်တော်မူသော မင်္ဂလာ စေတီတော်ကို ဖွဲ့ဆိုခြင်းဖြစ်သည်။ သို့သော် ၁၂ ပိုဒ်မျှ ပြီးစီးသည့်ကာလ ထိုတံတားဦးတည် မော်ကွန်းကို ရှင်မဟာ ရဋ္ဌသာရ ရေးသားစီရင် ပြီးစီး ကြောင်း သိသောအခါ ဆက်လက်မရေးသားတော့ဘဲ ရေးပြီး ၁၂ ပိုဒ်ကို ချေဖျက်စေသည်တွင် တပည့်ရဟန်းများ က ကူးယူသိမ်းဆည်းထားကြလေသည်။ ယင်းမော်ကွန်းတွင် ရှင်မဟာသီလဝံသသည် ဒုတိယ မင်းခေါင်အား ဗုဒ္ဓအလောင်းအလျာသဖွယ်ထား၍ သတ္တဝါတို့ကို ကယ်မတော်မူနိုင်သည့် ဘုရားစင်စစ်ဖြစ်မည့် အကြောင်းကို ခမ်းနားနက်နဲသော စကား ဥပမာ ဥပစာတို့ဖြင့် တန်ဆာဆင်ကာ ရေးသားဖွဲ့ဆိုထားလေသည်။ ဘုရားအဖြစ်ကို ရရှိဖို့ရာ ပါရမီတော်ကို ဖြည့်ကျင့်ရန် ကြံတော်မူမည့်အကြောင်း နှင့် ဆုတောင်းတော်မူသော အကြောင်းအရာများကို ကဗျာ့ကဝိကြီး ပီသစွာ ဥပစာတင်စား၍ သုံးပုံမှာလည်း လွန်စွာ ကောင်းမွန်လှသည် ဖြစ်ရကား ရှင်မဟာ သီလဝံသ၏ ကဗျာ့အာဘော်ကို မီအောင်ပင် နောက်ဆရာများ မလိုက်နိုင်ကြ ပေ။ ဤမော်ကွန်းအပြင် အခြား မော်ကွန်းတို့ကား မိတ္ထီလာ (သျှိသျှား) ကန်တော်ဘွဲ့မော်ကွန်း၊ ရွှေနန်းတည် မော်ကွန်းတို့ဖြစ်၏။ ရှင်မဟာသီလဝံသသည် စကားပြေ ကျမ်းများကိုလည်း ရေးသားသည်။ ရွှေနန်းကြော့ရှင် လက်ထက် သက္ကရာဇ် ၈၆၃ ခုနှစ်တွင် စီရင်ရေးသားသော ပါရာယနဝတ္ထုသည် ထင်ရှားတွေ့သမျှသော စကားပြေ ဝတ္ထုများတွင် အဟောင်းဆုံး ဝတ္ထုဖြစ်၏။ ပါဠိဘာသာစကားများကို နည်းပါးနိုင်သလောက် နည်းပါး၍ ဘုရားဟော ဓမ္မက္ခန္ဓာ အပေါင်းတို့မှ ကောင်းနိုးရာရာတို့ကို ထုတ်နုတ်စိစစ်၍ မြန်မာ စကားပြေဖြင့် ဖွဲ့ထားသော ကျမ်းဖြစ်၏။ သက္ကရာဇ် ၈၆၄ ခုနှစ်တွင် ရှင်မဟာ သီလဝံသ ရေးသားပြုစုခဲ့သော ရာဇဝင်ကျော်မှာ ထင်ရှားတွေ့ရှိ သမျှသော ရာဇဝင်ကျမ်းများတွင် အဟောင်းဆုံးဖြစ်သည်။ ရာဇဝင်ကျော်ဟူသော အမည်မှာ ရှင်မဟာသီလဝံသ မှည့်ခဲ့ရင်း မည်မဟုတ်၊ နောက်မှခေါ်ကြသော အမည်ဖြစ်၏။ ရှင်မဟာသီလဝံသကမူကား မဟာသမ္မတဝံသ ကျမ်းဟူ၍သာ မှည့်ခဲ့၏။ ရှင်မဟာသီလဝံသသည် သက္ကရာဇ် ၈၈၂ ခုနှစ်ကျော် ကျော်တွင် အင်းဝနေပြည်တော် ရတနာဗိမာန်ကျောင်း တော်ကြီး၌ပင် ပျံလွန်တော်မူသည်ဟု ခန့်မှန်းရသည်။ ရှင်မဟာသီလဝံသ၏ စာတော်စာရင်းမှာ ပါရမီတော်ခန်းပျို့၊ တောင်တွင်းလာပျို့၊ ဆုတောင်းခန်းပျို့၊ သံဝေဂခန်းပျို့၊ ဓမ္မပါလပျို့(ရေးဆဲပျံလွန်တော် မူသောကြောင့် တပည့်ပုဂံဆရာတော်က ဆက်ရေးရာ ၉၁၁ ခုနှစ်၌ ပြီး၏)၊ ကမ္ဘာလောင်ပျို့(စာမူမတွေ့ရ၊ တိမ်မြုပ်နေသည်)၊ ဗုဒ္ဓုပ္ပတ္တိပျို့ (ပါရမီတော်ခန်းပျို့ကိုပင် ဆိုလိုသည်ဟု အချို့မှတ်သားကြသည်)၊ တံတားဦးတည် မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ ရွှေနန်းကြော့ရှင်း နန်းဖွဲ့မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း (သျှိသျှားကန်ဘွဲ့ မော်ကွန်းဟုလည်း ခေါ်၏။) ဆုံးမစာ လင်္ကာများ၊ ဧကပိုဒ်၊ အဖြည့်ခံ၊ တောင်တွင်းရွှေပြည် (ပိုဒ်စုံရတုများ)၊ ရာဇဝင်ကျော်၊ ပါရာယနဝတ္ထု၊ မဟာရဟနီတိ၊ နေတ္တိပါဠိတော် နိသျဟောင်း၊ ဆုံးမစကားပုံ အစရှိသော ကျမ်းများနှင့် ရတနာဗိမာန်ကျောင်းတော် ကျောက်စာတို့ဖြစ်၏။ ထိုကျောက်စာမှာ တစ်ကြောင်းလျှင် စာလုံးရေ ၈ဝ ခန့်၊ တစ်ဖက်တွင် ကြောင်းရေ ၅၄၊ တစ်ဖက်တွင် ၃၅ ခန့်ရှိ၏။ ရှင်မဟာသီလဝံသ ဆုံးမစာများ ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်ထိုး၍ မသွားနှင့်။ မိဦးဖဦး၊ ဆရာဦးကို၊ ခူး၍အလျင် မစားနှင့်။ မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်။ လိုချင်သောအား၊ စားချင်ငြားက၊ ဝပ်တွားခယ၊ တောင်းပါကြ။ အသက်ကြီးငယ်၊ ဝါကြီးငယ်ကို လွှဲဖည်မသွေ၊ နှိမ့်ချလေ။ ဗဟုသုတ၊ တတ်ပါချင်လျှင်၊ သင်သာခိုက်ကို၊ သင်လိုက်ကြ။ ဝါယာလုံ့လ၊ ကြိုးပမ်းက၊ ရလိမ့်ဉာဏ်ပညာ။ လိမ္မာသိတတ်၊ လောကဓာတ်၊ တတ်လိမ့်များဂုဏ်အင်။ ပြုစုခဲ့သည့် ကျမ်းများ ၁။ ရွှေနန်းဘွဲ့မော်ကွန်း၊ ၂။ ထူပါရုံကျောက်စာ၊ ၃။ ရတနာဗိမာန်ကျောင်းကျောက်စာ၊ ၄။ သျှိသျှားကန်တော် (မိတ္ထိလာကန်တော်) ဘွဲ့များ၊ ၅။ ပါရမီတော်ခန်းပျို့၊ ၆။ ဆုတောင်းခန်းပျို့၊ ၇။ နန်းဖွင့်လင်္ကာ၊ ၈။ ဗုဒ္ဓုပ္ပတ္တိပျို့၊ ၉။ ရာဇဝသတီခန်းလင်္ကာ၊ ၁၀။ တံတားဦးတည်မော်ကွန်း၊ ၁၁။ တောင်တွင်းလာပျို့၊ ၁၂။ သံဝေဂခန်းပျို့၊ ၁၃။ ဓမ္မပါလပျို့၊ ၁၄။ ပါရာယနဝတ္ထု၊ ၁၅။ ရာဇဝင်ကျော်၊ ၁၆။ မဟာရဟနီတိ၊ ၁၇။ ဆုံးမစာလင်္ကာ၊ ၁၈။ ဗုဒ္ဓါလင်္ကာရကျမ်း၊ ၁၉။ နေတ္တိပါဠိတော်သျ၊ ၂၀။ နေတ္တိဟာရအကောက်။ ကိုးကား ဆက်လက်လေ့လာရန် ဒေါ်မြင့်မြင့်သန်း တည်းဖြတ်သော ပါရမီတော်ခန်းပျို့ နိဒါန်းမှ သျှင်မဟာသီလဝံသအတ္ထုပ္ပတ္တိ၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာညွန့်ပေါင်းကျမ်း- ပထမတွဲ မြန်မာစာပေသမိုင်း၊ ဆုံးမစာပေါင်းချုပ်၊ ကဗျာသာရတ္ထသင်္ဂြိုဟ်၊ ကဝိလက္ခဏဒီပနီ၊ သာသနာလင်္ကာရစာတမ်း၊ မြန်မာစကားပြေ လက်ရွေးစင်အဖြေ၊ ကဝိသေနင်္ဂဗျူဟာကျမ်း၊ ဦးဖိုးကျားမှတ်စု ၁၉၆ဝ-ခု၊ ဧပြီလထုတ်၊ ယဉ်ကျေးမှုမဂ္ဂဇင်းမှ ' သံဝေဂခန်းပျို့ သျှင်မဟာသီလဝံသမရေး ' ဆောင်းပါး ပိဋကတ်သမိုင်းစာတမ်း၊ ပေါရာဏကထာဋီကာ၊ ကန်တော်မင်းကျောင်းမေတ္တာစာအဖြေ၊ ကိုးကား အင်းဝခေတ် ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%BB%E1%80%BE%E1%80%84%E1%80%BA%E1%80%99%E1%80%9F%E1%80%AC%20%E1%80%9E%E1%80%AE%E1%80%9C%E1%80%9D%E1%80%B6%E1%80%9E
အာနန္ဒာမေတ္တေယျ
ငယ်ဘဝ ရူပဗေဒ ဓာတ်ခွဲဆရာဘဝမှ ဗုဒ္ဓဘာသာ ဝင်အဖြစ်သို့ ကူးပြောင်းခဲ့သော အင်္ဂလိပ် ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျသည် ၁၈၇၂-ခု ဒီဇင်္ဘာလ ၈-ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ဖွားမြင်သည်။ အဖအမည်မှာ မစ်စနာဘင်းနက် ဖြစ်သည်။ အရှင်အာနန္ဒာမေတ္တေယျ၏အမည်မှာ ချားလ် (စ်) ဟင်နရီ အယ်လင်ဘင်းနက် ( Charles Henry Allan Bennett ) ဖြစ်သည်။ အဖသည် လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက် ဖြစ်သည်၊ အမိသည် ဗရင်ဂျီခရစ်ယာန် ဘာသာဝင်ဖြစ်သည်၊ အဖသည် အယ်လင် ငယ်စဉ်ကပင် ကွယ်လွန်အနိစ္စရောက်ခဲ့သဖြင့် မစ္စတာ မက္ကရီကာ အမည်ရှိ ပုဂ္ဂိုလ်တဦးက သားအဖြစ်မွေးစားခဲ့ပေသည်။ ပညာသင်ယူခြင်း အယ်လင်သည် ငယ်စဉ်ကပင် ကျန်းမာရေးမကောင်းရှာပေ၊ ပန်းနာရောဂါ ၏ ဖိစီး နှိပ်စက် ခြင်းကို ခံရသည်။ ထို့ကြောင့် သူ့ကို ဘတ်(သ်)မြို့ရှိ ကျောင်း၌ ပို့ထားရသည်။ ဘတ်(သ်)မြို့သည် ကျန်းမာရေးအတွက် ရာသီဥတုကောင်းမွန်သောကြောင့် ဖြစ်သည်။ အယ်လင်သည် ကျန်းမာရေးမကောင်းသော်လည်း ပညာဉာဏ်ကား အလွန်ထက်မြက်သည်၊ အထူးသဖြင့် သိပ္ပံပညာတွင် အလွန်ထူးချွန်သည်၊ ထို့ကြောင့် ကျောင်းထွက်သောအခါ ရူပဗေဒ ဓာတ်ခွဲဆရာအလုပ်ဖြင့် အောင်မြင်စွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ခဲ့သည်။ အယ်လင်သည် ဓာတ်ခွဲဆရာလုပ်နေစဉ် တနေ့သ၌ ဆာ-အက်ဒွင် အာနိုး-၏ ဗုဒ္ဓ၏ ဖြစ်စဉ်နှင့် ဗုဒ္ဓတရားတော်ကို ဖွဲ့ဆိုသော အာရှအလင်းရောင် The Light of Asia အမည်ရှိ ကဗျာရှည်ကြီးကို ဖတ်ရှုမိပြီး ဗုဒ္ဓကို ကြည်ညိုသွားသည်၊ ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်သွားသည်၊ အာရှအလင်းရောင် ဗုဒ္ဓဝင်ကဗျာကို ဖွဲ့ဆိုသူ ဆာ-အက်ဒွင် အာနိုးကား ဗုဒ္ဓဘာသာဝင် မဟုတ်ပေ။ ထိုကဗျာရှည်ကို အာနိုးသည် ခရစ်နှစ် ၁၈၇၉-ခုနှစ်တွင် ဖွဲ့ဆိုသည်၊ ထိုအချိန်မှာ မြန်မာနိုင်ငံတွင် သီပေါမင်း နန်းတက်စ အချိန်ဖြစ်သည်။ အယ်လင်သည် သူ့ရောဂါအတွက် အနားယူရန် ဆေးခွင့်ယူလိုက်သည်၊ သူ၏ရောဂါမှာ အပူပိုင်းဒေသနှင့် သင့်လျှော်သဖြင့် အာရှနိုင်ငံသို့ ခရီးထွက်အနားယူရန် ရည်မှန်းသည်၊ အာရှနိုင်ငံသို့ ခရီးထွက်ရာတွင် တချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးဖြစ်စေရန် ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံသို့ သွားရောက်ရန် ရည်မှန်းပြန်သည်၊ သို့ဖြင့် နောက်ဆုံး၌ သူသည် သီဟိုဠ်နိုင်ငံ ( ယခု သီရိလင်္ကာ ) သို့ အနားယူခရီးထွက်ရန် ရွေးချယ်လိုက်သည်၊ ထို့နောက် ၁၈၉၈-ခု အသက် ၂၆-နှစ်အရွယ်တွင် သီဟိုဠ်နိုင်ငံသို့ ထွက်ခွါလာခဲ့ပေသည်။ ၁၉၀၁-ခု ဇူလိုင်လတွင် သီဟိုဠ်နိုင်ငံ ကိုလံဘိုမြို့ရှိ ဘီအိုဆိုဖီ အသင်းတိုက်၌ ဗုဒ္ဓ၏ သစ္စလေးပါးတရားတော်ကို ဟောပြောခဲ့သည်၊ ထိုစဉ်က သူသည် အသက် ၂၉-နှစ်အရွယ်ရှိသည်။ ထိုဟောပြောချက်သည် ဗုဒ္ဓတရားတော်နှင့် ပတ်သက်၍ သူ၏ပထမဦးဆုံးသော ပွဲဦးထွက် တရားပင် ဖြစ်သည်။ ရဟန်းဘဝသို့ ကူးပြောင်းခြင်း အယ်လင်သည် သီဟိုဠ်၌ ၃-နှစ်ကျော်မျှ နေထိုင်ပြီး ၁၉၀၁-ခု နှစ်ကုန်ခါနီးတွင် သီဟိုဠ်မှ မြန်မာနိုင်ငံသို့ ထွက်လာခဲ့သည်၊ ရှေးဦးစွာ စစ်တွေမြို့ သို့ ရောက်ရှိသည်၊ ထိုမြို့တွင် နေထိုင်ကာ ထိုနှစ်ဖြစ်သည့် ၁၉၀၁-ခုနှစ် ဒီဇင်္ဘာလ ၈-ရက် အသက် ၂၉-နှစ် ပြည့်သောနေ့တွင် သာမဏေဘဝသို့ ကူးပြောင်းခဲ့သည်၊ ဒီဇင်္ဘာလ ၈-ရက်ကား သူ၏မွေးနေ့ပင်တည်း။ သူသည် အယ်လင်ဘင်းနက်အမည်ကိုဖျောက်၍ ( အာနန္ဒာ မေတရိယ ) ဟူသော ဘွဲ့အမည်ကို ခံယူလိုက်သည်၊ နောင်အခါ ထိုဘွဲ့အမည်သည် ပါဠိတော်နှင့်လည်း မကိုက်ညီ၊ ပါဠိသဒ္ဒါ နှင့်လည်း မကိုက်ညီဟုဆိုကာ အာနန္ဒာမေတ္တေယျ-ဘွဲ့အမည်ကို ပြောင်းလဲခဲ့သည်။ ထို့နောက် ၁၉၀၂-ခု မေလ ၂၁-ရက် ( ကဆုန်လပြည့်နေ့ ) တွင် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ သူ၏ ဥပဇ္ဈာယ်ဆရာမှာ ရွှေပြား-ဆရာတော် ဖြစ်သည်ဆို၏။ စံကင်းဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၃၂-ခုနှစ် ( ခရစ်နှစ် ၁၈၇၀ ) တွင် ဖွားမြင် ခဲ့သည်။ အရှင်အာနန္ဒာမေတ္တေယျ-ထက် ၂-နှစ်ခန့် ကြီးလေသည်။ အင်္ဂလန်သို့ ပြန်ကြွခြင်း အင်္ဂလိပ်လူမျိုးထဲမှ ဗုဒ္ဓဘာသာ ရဟန်းဘဝသို့ ကူးပြောင်းသူတို့တွင် အရှင်အာနန္ဒာမေတ္တေယျ သည် ပထမဆုံး မဟုတ်ပေ။ ဒုတိယသာ ဖြစ်ပေသည်။ ပထမဆုံးမှာ မစ္စတာ ဂေါဒန်ဒူဂလက်-အမည်ရှိ အင်္ဂလိပ်အမျိုးသား ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ၁၈၉၉-ခုတွင် ကိုလံဘိုမြို့ ဇယဆေကရာမ-ကျောင်းတိုက်၌ အသောက-ဘွဲ့အမည်ဖြင့် ရဟန်းပြုခဲ့သည်။ ထို့နောက် မြန်မာပြည်တွင် ကြွရောက် နေထိုင်ပြီး ၁၉၀၅-ခုနှစ်၌ စစ်တွေမြို့တွင် ပံလွန်တော်မူခဲ့သည်။ သို့ရာတွင် ဘိက္ခု အသောကသည် အင်္ဂလန်သို့ ပြန်လည်ကြွရောက်ခြင်း မရှိသဖြင့် အင်္ဂလန်ပြည်သားများသည် သူ့ကိုရဟန်းဝတ်ဖြင့် မဖူး တွေ့လိုက်ရပေ။ ယခု အရှင်အာနန္ဒာမေတ္တေယျ ကြွရောက်လာသောအခါတွင်မှ အင်္ဂလိပ်လူမျိုး ဗုဒ္ဓ သားတော်ရဟန်းကို ပထမဆုံးအကြိမ် ဖူးတွေ့ရခြင်း ဖြစ်ပေသည်။ ဗုဒ္ဓတရားတော်နှင့် ပတ်သက်သည့် ဟောကြားချက်များကိုမူ လန်ဒန်မြို့သူမြို့သားများသည် အရှင်အာနန္ဒာမေတ္တေယျ ကြွရောက်မလာမီ လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ နာကြားခဲ့ရသည်။ ၁၉၀၅-ခု တွင် မစ္စတာ အာ-ဂျေ-ဂျက်ကဆန် အမည်ရှိ အင်္ဂလိပ်လူမျိုးတဦးသည် လန်ဒန်မြို့ ရီဂျင့်ပန်းခြံ၌ ဗုဒ္ဓ တရားတော်ကို စတင်ဟောပြောခဲ့သည်။ ထင်းရှူးသေတ္တာကို တရားစင်လုပ်လျက် မိမိနှစ်သက်ရာ ဟောပြောခွင့်ရှိသော တရားပွဲကလေးများတွင် ဝင်ရောက်ဟောပြောရခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ဂျေ-အာ-ပိန်း အမည်ရှိ အင်္ဂလိပ်လူမျိုးတဦးနှင့် ပူးတွဲလျက် စာအုပ်ဆိုင်တဆိုင်ဖွင့်ကာ ဗုဒ္ဓစာပေ ဆိုင်ရာ စာအုပ်စာတမ်းများကို ရောင်းချခြင်းလည်းပြုသည်။ ဂျေ-အာ-ပိန်းမှာ မြန်မာပြည်တွင် စစ်မှုထမ်းခဲ့သော စစ်မှုထမ်းဟောင်း တယောက်လဲဖြစ်သည်။ သူတို့နှစ်ဦးသည် ၁၉၀၆-ခုတွင် အင်္ဂလန် ဗုဒ္ဓဘာသာအသင်းကို စတင်တည်ထောင်ခဲ့ကြသည်။ မကြာမီပင် သူတို့သည် မြန်မာပြည်ရှိ အရှင်အာနန္ဒာမေတ္တေယျနှင့် ဆက်သွယ်မိကြလေသည်။ ကိုးကား ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%94%E1%80%94%E1%80%B9%E1%80%92%E1%80%AC%E1%80%99%E1%80%B1%E1%80%90%E1%80%B9%E1%80%90%E1%80%B1%E1%80%9A%E1%80%BB
ကောင်းရှုံ အမျိုးသား အားကစားကွင်း
ကောင်းရှုံ အမျိုးသား အားကစားကွင်းသည် ၂၀၀၉ ခုနှစ် ကမ္ဘာ့အားကစားပွဲတော် ကျင်းပရာ အားကစားကွင်း ဖြစ်သည်။ ဘက်စုံအားကစားပွဲများ ကျင်းပနိုင်ပြီး ထိုင်ဝမ် ကောင်းရှုံမြို့တွင် တည်ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးကာ အဓိကအားဖြင့် ၂၀၀၉ ကမ္ဘာ့အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများနှင့် ကမ္ဘာ့အားကစားပွဲတော်တွင် ပါဝင်သည့် ပြေးခုန်ပစ်နှင့် ရတ်ဂဗီ ပြိုင်ပွဲများကို ကျင်းပရန် ဖြစ်သည်။ ဤအားကစားကွင်းသည် ပရိသတ် ၅၅,၀၀၀ ဦးရေ ဝင်ဆံ့နိုင်သည်။ ကမ္ဘာ့အားကစားပွဲတော် ပြီးဆုံးပြီးနောက် ဘောလုံးပြိုင်ပွဲများအတွက် အသုံးပြုမည်ဖြစ်သည်။ ဂျပန်ဗိသုကာ တိုယို အိတိုက ဒီဇိုင်းရေးဆွဲသည့် ဤအားကစားကွင်တွင် လျှပ်စစ်မီးအားအတွက် နေရောင်ခြည်ကို ဖမ်းယူနိုင်သည့် ဆိုလာဆဲလ်ပြားများ တပ်ဆင်ထားသည်။ ဤအားကစားကွင်းသည် နဂါးတကောင် ခွေနေသည့်အလား ဆောက်လုပ်ထားသောကြောင့် “နဂါးပျံ” (龍騰) ဟုလည်း အမည်တွင်သည်။ လျှပ်စစ်ဓာတ်အား ၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ကမ္ဘာတွင် ပထမဦးဆုံးသော နေစွမ်းအင်သုံး အားကစားကွင်း ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ဘောလုံးအသင်းချုပ် (FIFA) စံချိန်မှီသည့် ထိုင်ဝမ်၏ ဒုတိယ ဘောလုံးကွင်းလည်း ဖြစ်သည်။ ဓာတ်ပုံများ ထိုင်ဝမ် အားကစားကွင်း
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%AF%E1%80%B6%20%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%20%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8
အပိုလို ၁၁
အပိုလို ၁၁ အာကာသ စီမံကိန်းသည် လူသားများ ပထမဦးဆုံးအကြိမ် လကမ္ဘာသို့ သွားရောက်သည့် အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်သည်လည်း အပိုလို စီမံကိန်း၏ ပဉ္စမအကြိမ် လူသားများအား တင်ဆောင်သွားသည့် အာကာသ အစီအစဉ်ဖြစ်ပြီး လကမ္ဘာသို့ (သို့မဟုတ်) လကမ္ဘာပတ်လမ်းသို့ သွားရောက်သည့် တတိယမြောက် ခရီးစဉ်ဖြစ်သည်။ အပိုလို ၁၁ သည် ၁၉၆၉ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့၊ နိုင်ငံတကာစံတော်ချိန် ၂၀:၁၈တွင် လပေါ်ဆင်းသက်ခဲ့သည်။ အာကာသယာဉ်မှူး နေးလ် အမ်းစထရောင်း၊ မိုက်ကယ် ကိုလင်းနှင့် ဘတ်ဇ် အယ်ဒရင်တို့ လိုက်ပါသွားသည်။ နောက်ထပ် ၆ နာရီအကြာ ဇူလိုင်လ ၂၁ ရက်နေ့၊ နိုင်ငံတကာစံတော်ချိန် ၀၂:၅၆ တွင် အမ်းစထရောင်းက လပေါ်ပထမဆုံးခြေချသည်။ အမ်းစထရောင်းသည် ယာဉ်ပြင်ပတွင် နှစ်နာရီခွဲကြာအောင်နေခဲ့သည်။ အယ်လ်ဒရင်က ယာဉ်ပြင်ပနေချိန်အနည်းငယ်လျော့နည်းသည်။ တတိလူ ကောလင်းမှာမူ လကမ္ဘာပတ်လမ်းတွင် လည့်ပတ်နေသည့် အာကာသယာဉ်ပေါ်တွင် အစောင့်အဖြစ် နေခဲ့သည်။ အပိုလို ၁၁ ကို ဖလော်ရီုဒါရှိ ကနေဒီအာကာသစခန်းမှ ၁၉၆၉ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့၊ နိုင်ငံတကာစံတော်ချိန် ၂၀:၁၈တွင် လွှတ်တင်ခဲ့သည်။ Saturn V ဒုံးပျံမှ third stage ခွာထုတ်မှုပြုလုပ်ပြီးနောက် ၃ ရက် ခရီးသွားခဲ့ကာ လကမ္ဘာပတ်လမ်းသို့ ရောက်ရှိသည်။ နေးလ် အမ်းစထရောင်းနှင့် ဘတ်ဇ် အယ်ဒရင် တို့က Lunar Module Eagle သို့ ရွေ့ပြောင်းကာ ဇူလိုင်လ ၂၀ ရက်တွင် လကမ္ဘာ၏ ဆိတ်ငြိမ်ပင်လယ် (Sea of Tranquility) သို့ ဆင်းသက်ခဲ့သည်။ အာကာသယာဉ်မှူးများသည် Eagle ကို အသုံးပြုကာ လမျက်နှာပြင်မှာ ထွက်ခွာခဲ့ပြီး Command module တွင် စောင့်ဆိုင်းနေသော ကောလင်းနှင့်ပြန်လည်ချိတ်ဆက်ကာ ကမ္ဘာမြေသို့ ဇူလိုင် ၂၄ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။ အမ်းစထရောင်း၏ လမျက်နှာပြင်တွင် လမ်းလျှောက်သည့် live TV အား တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြသည်။ ယင်းဖြစ်ရပ်အား သူက လူတစ်ယောက်အတွက် ခြေလှမ်းငယ်၊ သို့သော် လူသားမျိုးနွယ်အတွက် ကြီးမားသောခုန်ကူးမှုဟု ပြောဆိုခဲ့သည်။ အပိုလို ၁၁ သည် လူသားများကို လကမ္ဘာသို့ အရောက်ပို့ပြီး အန္တရာယ်ကင်းစွာ ပြန်ခေါ်ခဲ့ခြင်းဖြင့် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့၏ အာကာသ စစ်ပွဲတွင် အနိုင်ရရှိသွားသည်။ မှတ်စု ကိုးကား အပိုလို စီမံကိန်း
https://my.wikipedia.org/wiki/%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%9C%E1%80%AD%E1%80%AF%20%E1%81%81%E1%81%81
နည်းပညာတက္ကသိုလ်(မှော်ဘီ)
နည်းပညာတက္ကသိုလ်(မှော်ဘီ) သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ၇၈.၀၄ ဧက ကျယ်ဝန်းသည်။ သမိုင်းအကျဉ်း စက်မှုအထက်တန်းကျောင်း (Technical High School) T.H.S အဖြစ် ၁၉၈၉ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (Government Institute of Technology) G.T.I အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် အစိုးရနည်းပညာကောလိပ် (Government Technological College) G.T.C အဖြစ်၊ ဆက်လက်၍ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (မှော်ဘီ) (Technological University (Hmawbi)) အဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။ ကျောင်းအုပ်ကြီးများနှင့်ပါမောက္ခချုပ်များ ဦးကျော်လွင် A.G.T.I (Civil) (၁၉၈၉ မှ ၁၉၉၁) ဒေါ်အေးမြင့် BE (Civil) (၁၉၉၁ မှ ၂၃-၇-၁၉၉၅) ဒေါ်ဌေးဌေးကြည် B.E (Civil) (၂၄-၇-၁၉၉၅ မှ ၄-၈-၁၉၉၈) ဦးအောင်ရွှေ BE (Mining) (၅-၈-၁၉၉၈ မှ ၂၁-၁၂-၁၉၉၉) ဒေါ်တိုးတိုးသန်း BE (Chemical) (၂၂-၁၂-၁၉၉၉ မှ ၂၉-၉-၂၀၀၃) ဒေါ်စန်းစန်းဝေ BE (Civil) (၃၀-၉-၂၀၀၃ မှ ၁၄-၁၂-၂၀၀၅) ဒေါက်တာညွန့်စိုး Ph.D (Aero) Russia (၁-၁၂-၂၀၀၅ မှ ၁၃-၉-၂၀၀၆) ဒေါက်တာမောင်မောင်လတ် Ph.D (EC) Russia (၁၄-၉-၂၀၀၆ မှ ၃-၆-၂၀၀၇) ဒေါက်တာစိုင်းကျော်နိုင်ဦး Ph.D (Met;) Russia (၄-၆-၀၇ မှ ၁၁-၄-၂၀၀၈) ဒေါက်တာညွန့်စိုး Ph.D (Aero) Russia (၁၁-၄-၂၀၀၈ မှ ၂၇- ၈-၂၀၀၈) ဒေါက်တာအေးမြင့် Ph.D (Nuclear Engg;) China (၁-၇-၂၀၀၈ မှ ၂၄-၁၂-၂၀၁၀) ဒေါက်တာစိုင်းကျော်နိုင်ဦး Ph.D (Met;) Russia (၂၃-၁၂-၀၉ မှ ၁-၆-၂၀၁၀) ဒေါက်တာကြည်စိုး Ph.D (Aero) Russia (၁-၆-၂၀၁၀ မှ ၁-၅-၂၀၁၇) ဒေါက်တာကေသီလွင် Ph.D (၁-၅-၂၀၁၇ မှ ယခုအထိ) ဒေါက်တာအေးမြင့်နှင့် ဒေါက်တာကြည်စိုး တို့သည် ပါမောက္ခချုပ်များဖြစ်ပြီး အခြားသူများမှာ ကျောင်းအုပ်ကြီးများ နှင့် ခေတ္တကျောင်းအုပ်ကြီးများ ဖြစ်ကြသည်။ အပ်နှင်းပေးအပ်သောဘွဲ့များ Post Graduate Degree Program (မဟာအင်ဂျင်နီယာဘွဲ့) Graduate Degree Program (အင်ဂျင်နီယာဘွဲ့) Under Graduate Diploma Degree Program (အေဂျီတီအိုင်ဒီပလိုမာ) (လက်ရှိတွင် ဒီပလိုမာပေးအပ်ခြင်းမရှိတော့ပါ) ဌာနများ နည်းပညာတက္ကသိုလ် (မှော်ဘီ) ကို အောက်ပါအင်ဂျင်နီယာဌာန ၇ ခုဖြင့်ဖွဲ့စည်းထားသည်။ Mechatronic Engineering Department (စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာဌာန) Information Technology Department (သုတနည်းပညာအင်ဂျင်နီယာဌာန) Civil Engineering Department (မြို့ပြအင်ဂျင်နီယာဌာန) Electronic and Communication Engineering Department (လျှပ်စစ်နှင့်ဆက်သွယ်ရေးအင်ဂျင်နီယာဌာန) Electrical Power Engineering Department (လျပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန) Mechanical Engineering Department (စက်မှူအင်ဂျင်နီယာဌာန) Department of Architecture (ဗိသုကာ ဌာန) ဓာတ်ပုံများ ကျောင်းပတ်ဝန်းကျင်မြင်ကွင်းများ လှုပ်ရှားမှုများ ကိုးကား ပြင်ပလင့်ခ်များ ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့်ကောလိပ်များ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များ မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%28%E1%80%99%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%98%E1%80%AE%29
သုက်ကောင်
သုက်ကောင် (sperm) သည် အဖို မျိုးပွားဆဲလ် ဖြစ်သည်။ Anisogamy နှင့် oogamy ခေါ် လိင်ဖြင့်မျိုးပွားခြင်းတွင် ဂမိ ခေါ် အမ မျိုးပွားဆဲလ် နှင့် အဖိုမျိုးပွားဆဲလ် သုက်ကောင်တို့မှာ အရွယ်အားဖြင့် အလွန်ကွာခြားသည်။ လူ၏ သုက်ကောင်ဆဲလ်မှာ haploid ဖြစ်သောကြောင့် ၎င်း၏ ၂၃ ခုသော ခရိုမိုဇုန်း တို့က အမမျိုးဥမှ ခရိုမိုဇုန်း ၂၃ ခုနှင့် ပေါင်းကာ diploid ဆဲလ် အဖြစ် ပေါင်းစည်းသည်။ . အမြှီးတစ်ခုပါသော သုက်ကောင် ဆဲလ်သည် ရွေ့လျားနိုင်သောကြောင့် spermatozoon ဟုခေါ်ပြီး မရွေ့လျားနိုင်ပါက spermatium ဟု ခေါ်သည်။ သုက်ကောင်သည် မပွားနိုင်သလို သက်တမ်း ကန့်သတ်မှုလည်းရှိသည်။ သို့သော် သန္ဓေအောင်ပြီးသောအခါ မျိုးဥဖြစ်လာပြီး သက်ရှိဖြစ်လာနိုင်သည်။ နို့တိုက်သတ္တဝါတို့၏ သုက်ကောင်သည် အမမျိုးပွားအင်္ဂါတွင် သုံးရက်ကြာအောင် အသက်ရှင်နေနိုင်သည်။ ပန်းပွင့်သော အပင်များတွင် (flowering plant) ဖိုဂမိမှ ဝတ်မှုန် (pollen) များ ထုတ်ပေးသည်။ ပိုးကောင်များမှာ မှန်ဘီလူးနှင့်သာလျှင် မြင်နိုင်၍ အကောင်ပေါင်း သိန်းသန်းများစွာ ရှိသည်။ ခေါင်းပိုင်းနှင့် အမြီးပါ ပါရှိသော ဖားလောင်း ကောင်ကလေးများကဲ့သို့ လှုပ်ရှားလျက်ရှိသည်။ ထိုပိုးကောင်ကလေးများသည် အမ၏မျိုးဥနှင့် ပေါင်းစပ်၍ လူသန္ဓေသားလောင်းကို ပေါက်ဖွားကြီးပြင်းစေသည်။ သုတ်ပိုးကောင်ကို ဦးစွာတွေ့ရှိသူမှာ ဟော်လန်ပြည်သား လူဝင်ဟုတ်(၁၆၃၂-၁၇၂၃) ဖြစ်သည်။ ကိုးကား ဇီဝဗေဒ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
နိုင်ငံရေး
နိုင်ငံရေးဆိုသည်မှာ (ဂရိစကား Πολιτικά ၊ အသံထွက် - politiká (ပေါ်လက်တစ်ခါ) ၊ အဓိပ္ပာယ် - "မြို့များ၏ အရေး"[ဘာသာပြန်လိုအပ်ချက် ရှိသည်] မှ ဆင်းသက်သည်) အဖွဲ့အစည်းများအတွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်း သို့မဟုတ် ရင်းမြစ်အင်အား (သို့) ရာထူးဂုဏ် ခွဲဝေခြင်းကဲ့သို့ တစ်ဦးတစ်ယောက်ချင်းစီကြား အာဏာဆက်နွယ်ပုံများနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများ ဖြစ်သည်။ နိုင်ငံရေးနှင့် အစိုးရတို့ကို လေ့လာသည့် လူမှုသိပ္ပံဘာသာခွဲတစ်ခုကို နိုင်ငံရေးသိပ္ပံဟု ရည်ညွှန်းသည် ။ နိုင်ငံရေးကို စနစ်တကျ စတင်လေ့လာသူများသည် ဂရိဒဿနပညာရှင်များ ဖြစ်ကြသည်။ နိုင်ငံရေးသည်လူ့အဖွဲ့အစည်းဖြင့် ဆုံးဖြတ်သော လမ်းစဉ်ဖြစ်သည်။ ဤအသုံးအနှုန်းသည် ယေဘူယျအားဖြင့် နိုင်ငံအစိုးရများ၏ လုပ်ငန်းရပ်များကို ဆိုလိုသည့် အပြင် လူသားအချင်းအချင်း ဆက်နွယ်မှု၊ ပေါင်းစပ်ဖွဲ့စည်းမှု၊ ပညာသင်ကြားမှုနှင့် ဘာသာရေး ဆိုင်ရာ လူမှုပတ်ဝန်းကျင် ကိစ္စရပ် များလည်း ပါဝင်ပတ်သက်သည်။ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှု၊ ရေရှည်တည်တံ့မှုနှင့်ငြိမ်းချမ်းသာယာရေးတို့ကို ခြုံငုံဆောင်ရွက်ခြင်းကိုနိုင်ငံရေးဟုသတ်မှတ်သည်။ နိုင်ငံရေးတွင်မျှတသောသဘောထားရှိရန်အထူးလိုအပ်သည်။ မုန်းခြင်း၊ ချစ်ခြင်း၊ ပါတီစွဲ၊ လူစွဲကင်း၍ နိုင်ငံ့ကောင်းကျိုးအတွက်ဆောင်ရွက်သင့်သည်များကိုပြတ်သားစွာဆောင်ရွက်ရန်လိုအပ်သည်။ နိုင်ငံရေးတွင် ၁။ အမျိုးသားနိုင်ငံရေး ၂။ ပါတီနိုင်ငံရေး ဟူ၍အကျဉ်းမှတ်သားအပ်၏။ (စာဟောင်း) ၎င်းကို သဘောတူညှိနှိုင်းခြင်းနှင့် အကြမ်းပတမ်းမဖြစ်စေသော "နိုင်ငံ‌ရေးဖြေရှင်းချက်"နင့် ဆက်စပ်၍လည်းကောင်း၊ သို့မဟုတ် "အစိုးရတို့၏ သိပ္ပံ(သို့)အနုပညာ" ဟူ၍ လက်တွေ့သရုပ်ဖော်ခြင်း လည်းကောင်း အပြုသဘော(အကောင်းသဘော) နှင့် အသုံးပြုတတ်သော်လည်း အပျက်သဘောဆောင်သော(ဆန့်ကျင်ဘက်သဘော) ဂယက်အနက်ကို (မပါဝင်သော ရည်ရွယ်ချက် ၊ အလုပ် [ဘာသာပြန်လိုအပ်ချက် ရှိသည်] )များသောအားဖြင့် ဖြစ်သွားစေတတ်သည် ။ဥပမာအားဖြင့် ဖျက်သိမ်းရေးဝါဒီ Wendell Phillips က "ကျန်ုပ်တို့ဟာ နိုင်ငံရေးနဲ့ မကစားဘူး ၊ ကျွန်စနစ် ဆန့်ကျင်ရေးဆိုတာ ကျန်ုပ်တို့ကြားမှာ ရော်တိရော်ရော်သဘောမျိုး မဟုတ်ဘူး"ဟု ကြေညာခဲ့သည်။ ၎င်းအပေါ် အမြင်သဘောထားကို နည်းမျိုးစုံဖြင့် သတ်မှတ်ရှုမြင်ကြပြီး မတူညီသည့် ချည်းကပ်မှု(ကြိုးပမ်းအကောင်အထည်ဖော်မှု)များသည် ၎င်းကို ကျယ်ပြန့်စွာ (သို့မဟုတ်) အကန့်အသတ်ဖြင့် ၊ လက်တွေ့သဘောကျကျ (သို့မဟုတ်) စံနမူနာနှင့်အညီ မည်သို့မည်ပုံ အသုံးပြုသင့်သည်နှင့် ထိပ်တိုက်တွေ့ခြင်း (သို့မဟုတ်) ပူးတွဲလုပ်ဆောင်ခြင်းတွင် ၎င်းအတွက် မည်သည်က ပိုအရေးပါသည် စသည်တို့ကြောင့် အခြေခံသဘောအားဖြင့် မတူညီသည့် အမြင်များ ရှိသည်။ တစ်စုံတစ်ဦး၏ နိုင်ငံရေးအမြင်ကို လူထုကြားတွင် ဆော်ဩဖြန့်ဝေခြင်း ၊ တခြားသော နိုင်ငံရေးအကြောင်းအရာများနှင့် ဆွေးနွေးညှိနှိုင်းခြင်း ၊ ဥပဒေပြုခြင်း နှင့် ပြိုင်ဘက်ကို ပဋိပက္ခပြုခြင်းကဲ့သို့သော အကြောင်းကိစ္စများတွင် အင်အားကို အသုံးပြုခြင်းတို့ ပါဝင်သည့် များစွာသော နည်းလမ်းများကို နိုင်ငံ‌ရေးတွင် အသုံးပြုခဲ့ကြသည် ။ နိုင်ငံရေးကို ရိုးရာလူ့အဖွဲ့အစည်းအတွင်းက မျိုးနွယ်စုများနှင့် လူမျိုးနွယ်စုများကဲ့သို့ ကျယ်ပြန့်သော လူမှုအဆင့်အတန်းတစ်ခုအထိမှသည် ယနေ့ခေတ် ‌ဒေသအစိုးရများ ၊ ကုမ္ပဏီများ နှင့် အချုပ်အခြာနှင့် နိုင်ငံများအတွက် အခြေခံဥပ‌ဒေများမှ နိုင်ငံတကာအဆင့်အထိ အသုံးပြုသည်။ ယနေ့ခေတ် နိုင်ငံများတွင် လူတို့သည် သူတို့၏အမြင်များကို ဖော်ပြရန် များသောအားဖြင့် နိုင်ငံရေးပါတီများကို တည်ထောင်ကြသည်။ ပါတီ၏အဖွဲ့ဝင်များသည် ဉပဒေ နှင့် ဦးဆောင်သူ အပြောင်းအလဲများကို ထောက်ပံ့ဖို့ များစွာသော ကိစ္စများနှင့် သဘောတူညီချက်များအတွက် အခြေအနေတစ်ခုထားဖို့ သဘောတူကြသည် [ဘာသာပြန်လိုအပ်ချက် ကြီးမားစွာရှိသည်] ။ ‌ရွေးကောက်ပွဲတစ်ခုသည် မတူညီသည့်ပါတီများကြား ပြိုင်ဆိုင်ခြင်း ဖြစ်သည် ။ နိုင်ငံရေးစနစ်တစ်ခုသည် လူမှုအဖွဲ့အစည်းတစ်ခုအတွင်း လက်ခံနိုင်သော နိုင်ငံရေးနည်းလမ်းများကို သတ်မှတ်သည့် အခြေခံဘောင်တစ်ခုဖြစ်သည် ။ နိင်ငံရေးအတွေးအခေါ်၏ သမိုင်းကို ‌ရှေးပဝေသဏီခေတ်သို့ နောက်ကြောင်းလိုက်ပါက အနောက်အရပ်တွင် ပလေးတိုး၏ သမ္မတနိုင်ငံ နှင့် အရစ္စတိုတယ်၏ နိုင်ငံရေး ၊ အရှေ့အရပ်တွင် ကွန်ဖြူးရှပ်၏ နိုင်ငံရေးစာမူများနှင့် စာဏကျ၏ အာသသျှသရ နှင့် စာဏကျနီတိ တို့ ပါဝင်သည် ။ ဝေါဟာရသမိုင်း အင်္ဂလိပ်စကား politics (နိုင်ငံရေး)သည် အရစ္စတိုတယ်၏ ဂရိ politiká စကားလုံး (Πολιτικά, 'မြို့များ၏ အရေးကိစ္စ')ကို မိတ်ဆက်ပေးသော ဂန္ထဝင်အလုပ်၏ အမည် Politiká ကို အခြေခံသည် ။ ၁၅ ရာစုလယ်တွင် အရစ္စတိုတယ်၏ ထိုအရေးအသားကို ခေတ်ဦး မော်ဒန်အင်္ဂလိပ်စာ(ယနေ့ခေတ် အဂႅလိပ်စာ၏ အစ)တွင် Polettiques [sic] အဖြစ် သုံးနှုန်းဖော်ပြခဲ့ပြီး နောက်ပိုင်းမော်ဒန်အင်္ဂလိပ်စာတွင် Politics ဖြစ်လာခဲ့သည် ။ ဧကဝုစ်စကားလုံး politic ကို အင်္ဂလိပ်စကားတွင် ၁၄၃၀ခုနှစ်က ပထမဆုံးအသုံးပြုခဲ့ပြီး အလယ်ခေတ် ပြင်သစ်စကားလုံး politique မှ ဆင်းသက်လာကာ ဂရိစကား πολίτης (polites, 'နိုင်ငံသား')နှင့် πόλις (polis, 'မြို့')မှ လာသော πολιτικός (politikos)အား လက်တင်စကား ပြောင်းလဲခြင်းမှ ဖြစ်လာသော politicus ကို ယူထားခြင်းဖြစ်သည် ။ အဓိပ္ပာယ်သတ်မှတ်ချက်များ Harold Lasswell ၏ အမြင်တွင် နိုင်ငံရေးဟူသည်မှာ "ဘယ်သူက ဘာကို ဘယ်မှာ ဘယ်လိုရ" ဖြစ်သည်။ David Easton အတွက် ၎င်းသည် "လူမှုအဖွဲ့အစည်းတစ်ခု၏ တန်ဖိုးအတွက် အာဏာခွဲဝေသတ်မှတ်ခြင်းခြင်း"အကြောင်း ဖြစ်သည်။ Vladimir Lenin အတွက် "နိုင်ငံရေးဆိုသည်မှာ စီးပွားရေးကဏ္ဍအား အကျစ်လျစ်ဆုံး ဖော်ပြခြင်း" ဖြစ်သည်။ Bernard Crick က "နိုင်ငံ‌ရေးဆိုသည်မှာ အုပ်စိုးမှု၏ သိသာသော ပုံစံဖြစ်ပြီး မတူကွဲပြားမှုများကို ဖြေရှင်းဖို့ ၊ ကွဲပြားသော အကျိုးစီးပွားနှင့် တန်ဖိုးများကို တူညီပုံစံပြုဖို့၊ ဘုံရည်မှန်းချက်ကို ရှေးရှုသောအားဖြင့် အများပြည်သူဆိုင်ရာ မူဝါဒပြုလုပ်ဖို့ လူတိုင်းဟာ အခြေခံသတ်မှတ်ချက်များနှင့် အတူတကွ ဆောင်ရွက်ပြုမူကြခြင်း ဖြစ်သည် "ဟု ရည်ညွှန်းငြင်းဆိုခဲ့သည်။ Adrian Leftwich၏ အဆိုအရ နိုင်ငံရေးတွင် လူမှုအဖွဲ့အစည်းအတွင်း လူများသည် သူတို့၏ ဇီဝဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဘဝဖြစ်တည်မှုအတွက် ထုတ်လုပ်ခြင်းနှင့် မျိုးပွားခြင်းအကျိုးငှာ လူ့စွမ်းအင် ၊ သဘာဝ နှင့် တခြားသော ရင်းမြစ်များအား အသုံးချမှု ၊ ထုတ်လုပ်မှု ၊ ခွဲဝေမှုတို့ ပြုလုပ်ဖို့ စုဝေးလာကြရင်း ပူးပေါင်းဆောင်ရွက်ခြင်း ၊ ဆွေးနွေးညှိနှိုင်းခြင်း နှင့် ထိပ်တိုက်တွေ့ခြင်းစသည့် အဖြစ်အပျက်များအားလုံး ပါဝင်သည် ။ (ဘာသာပြန်လိုအပ်ချက်ရှိသည်) ကြိုးပမ်းအကောင်အထည်ဖော်ခြင်း စိတ်ကူးများကို ရုပ်လုံးဖော်ခဲ့သော နိုင်ငံရေးအား ချည်းကပ်ခြင်း (ကြိုးပမ်းအကောင်အထည်ဖော်ခြင်း)တွင် များစွာသော နည်းလမ်းများ ရှိသည်။ ကျယ်ပြန့်စွာ (နှင့်) အကန့်အသတ်ဖြင့် Adrian Leftwich သည် လူတို့၏ မည်မျှ ကျယ်ပြန့်သည် (သို့) အကန့်အသတ်ရှိသည် အပေါ် မူတည်သော သိမြင်နားလည်မှု ပါဝင်သည့်  နိုင်ငံရေးဆိုသည်ကို အခြေခံပြီး နိုင်ငံရေးအပေါ် ကွဲပြားသည့် အမြင်များအား ခွဲခြားသတ်မှတ်သည် ။ ကျယ်ပြန့်သည့် အမြင်တွင် နိုင်ငံရေးကို လူသားများ၏ လူမှုဆက်ဆံရေးစက်ဝန်း တစ်ခုလုံးတွင် တည်ရှိသည်ဟု မြင်ပြီး အကန့်အသတ်ထားသော အမြင်တွင်မူ တစ်ခုသော အကြောင်းအရာအဖြစ် သတ်မှတ်သည်။ ဥပမာအားဖြင့် ပို၍ ဘောင်ခတ်သော နည်းတွင် နိုင်ငံရေးဆိုသည်ကို အုပ်ချုပ်ရေး၏ အဓိကအဖြစ် မြင်ကြသည် ၊ ကျား-မ တန်းတူအခွင့်အရေးရရှိရေး လှုပ်ရှားသူများအမြင်အရ ရိုးရာဓလေ့ထုံးတမ်းတွင် နိုင်ငံရေးအဖြစ် မသတ်မှတ်ခဲ့သည်များကိုလည်း နိုင်ငံ‌ရေးတစ်ခုအဖြစ် မြင်သင့်ဖို့ ရည်ညွှန်းနိုင်သည်။ ဒုတိယမြောက် အမြင်ကို မိမိအရေးနှင့် အများအရေး ကိစ္စများကြား ကွဲပြားမှုကို အငြင်းပွားသည့် ပုဂ္ဂိုလ်ရေးဖြစ်သော နိုင်ငံ‌ရေး ဟူသည့် ဆောင်ပုဒ်တွင် အကျဉ်းချုပ်သည်(ဘာသာပြန်လိုအပ်ချက် ရှိသည်)။ ထိုအစား နိုင်ငံရေးဆိုသည်ကို Robert A. Dahl ငြင်းဆိုခဲ့သည့်အတိုင်း အာဏာအသုံးချမှုအဖြင့် သတ်မှတ်နိုင်သည်။ ကိုယ်ကျင့်တရားနှင့်ဆိုင်သော (နှင့်) လက်တွေ့တရားနှင့် ဆိုင်သော နိုင်ငံရေးအပေါ် အချို့သောအမြင်တွင် ၎င်းသည် အာဏာကို အသုံးပြုမှုအဖြစ် လက်တွေ့အမြင်ကျစွာ ယူဆကြ၍ အချို့သည် စံစည်းမျဉ်း သတ်မှတ်ထားသော အခြေခံများနှင့် လူမှုရေးလုပ်ဆောင်ချက်တစ်ခုအဖြစ် မြင်ကြသည်။ ဤကွဲပြားမှုများသည် နိုင်ငံရေးဆိုင်ရာ စာရိတ္တဝါဒနှင့် နိုင်ငံရေးဆိုင်ရာ လက်တွေ့ဝါဒတို့ကြား မတူညီမှုကြောင့် ဖြစ်လာသည်။ စာရိတ္တဝါဒီများအနေနှင့် နိုင်ငံရေးကို ကိုယ်ကျင့်တရားနှင့် နီးနီးကပ်ကပ် ဆက်နွယ်ပြီး စိတ်ကူးယဉ်ဆန်သော အတွေးနီးနီးသို့ ရောက်စေနိုင်သည်။ ဥပမာအားဖြင့် Hannah Arendt အရ အရစ္စတိုတယ်၏ အမြင်သည် "နိုင်ငံရေးဖြစ်ဖို့ရာ အရာအားလုံးကို အကြမ်းနည်းမဟုတ်ပဲ စကားလုံးတွေ တိုက်တွန်းစည်းရုံးတာတွေနဲ့ ဆုံးဖြတ်တာကို ဆိုလိုတယ်" ဟု ဆိုစဉ် Bernard Crick အရ "နိုင်ငံရေးဆိုသည်မှာ လွတ်လပ်တဲ့ လူမှုအသိုင်းအဝိုင်းကို အုပ်စိုးခံရခြင်းဖြစ်စေသည့်နည်း ဖြစ်သည်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးဖြစ်ပြီး တခြားသော အုပ်ချုပ်မှုပုံစံတွေက တခုခုဖြစ်သည်" ဟု ဆိုသည်။ ဆန့်ကျင်ဘက်အားဖြင့် လက်တွေ့ဝါဒီများအတွက် - Niccolò Machiavelli ၊ Thomas Hobbes နှင့် Harold Lasswel တို့နည်းတူ - နိုင်ငံရေးဆိုသည်မှာ အာဏာကို အသုံးချခြင်း ၊ (ရည်ရွယ်ချက်)ပန်းတိုင် မည်သည်ကိုမဆို လိုက်လုပ်ခြင်းတို့အပေါ် အခြေခံသည်ဟု မြင်ကြသည် ။ ထိပ်တိုက်တွေ့စွာ (နှင့်) ပူးပေါင်းလုပ်ဆောင်၍ နိုင်ငံရေး၏ ပဋိပက္ခများမှလာသည့် ကောင်းသော ရလဒ်ကို အသားပေးသူများကတော့ နိုင်ငံ‌ရေးဆိုသည်မှာ အမှန်တကယ်တော့ ကွဲပြားဆန့်ကျင်သော အကျိုးစီးပွားများကြား ထိပ်တိုက်တွေ့လာမှုမှ လာခြင်းဖြစ်သည်ဟု ငြင်းဆိုသည်။  နိုင်ငံရေးသိပ္ပံပညာရှင် Elmer Schattschneider ကလည်း "နိုင်ငံရေးအားလုံးရဲ့ အဓိကအကြောင်းအရင်းမှာတော့ ပဋိပက္ခများရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတည်ရှိပါတယ်" ဟု ငြင်းဆိုကာ Carl Schmitt အတွက်ကတော့ နိုင်ငံရေးရဲ့ တည်ရှိနေမှုဟာ ရန်သူ မိတ်ဆွေ ကွဲပြားခြားနားစေမှု ဖြစ်သည် ။ ဤအကြောင်းအရာသည် အရစ္စတိုတယ် နှင့် Crick တို့၏ ပိုမို၍ ပူးပေါင်းဆောင်ရွက်စေသော အမြင်ရှိသည့် နိုင်ငံရေးနှင့် ဆန့်ကျင်ဘက် ဖြစ်သည် ။ သို့သော် အစွန်းများကြား ပိုမို‌သမကျသော အမြင်ကို အိုင်းရစ် နိုင်ငံရေးသိပ္ပံပညာရှင် Michael Laver က အောက်ပါ မှတ်ချက်ဖြင့် ပြသခဲ့သည် -နိုင်ငံ‌ရေးဆိုသည်မှာ ထိပ်တိုက်တွေ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ရော‌နှောထားသော ဝိသေသဖြစ်ပြီး လူသားတွေရဲ့ အပြန်အလှန် အကျိုးပြုတုံ့ပြန်ပုံများမှာ များသောအားဖြင့်‌ ရှာတွေ့နိုင်သည် ။ ထိပ်တိုက်တွေ့မှုသက်သက်သည် စစ်ပွဲဖြစ်သည် ။ ပူးပေါင်းဆောင်ရွက်မှုသက်သက်သည် အမှန်အကန် ချစ်ခင်ရင်းနှီးခြင်းဖြစ်သည် ။ နိုင်ငံရေးက နှစ်ခုလုံးကို ရောထားခြင်းဖြစ်သည် ။ သမိုင်းကြောင်း ‌နိုင်ငံ‌ရေး၏ သမိုင်းကြောင်းသည် လူ့သမိုင်းကြောင်းတလျှောက် လွှမ်းခြုံခဲ့ပြီး ယနေ့ခေတ် အစိုးရအဖွဲ့အစည်းများအတွက်သာ သတ်မှတ်ထားခြင်း မဟုတ်ပါ။ သမိုင်းဦးမတိုင်မီခေတ် Frans de Waal က ချင်ပန်ဇီများသည်လည်းပဲ ဩဇာလွှမ်းမိုးသော နေရာများကို ကာကွယ်ဖို့နှင့် ထိန်းသိမ်းဖို့ အချင်းချင်းကြား ခြယ်လှယ်တတ်သော နည်းဖြင့် နိုင်ငံရေးကို စိတ်ဝင်စားသည်ဟု ဆိုသည် ။ လူသားများ၏ ရှေးကျသော လူမှု့အဖွဲ့အစည်းများဖြစ်သည့် အစုအဖွဲ့နှင့် မျိုးနွယ်စုများတွင် ဗဟိုဆန်သော နိုင်ငံရေးဖွဲ့စည်းတည်ဆောက်ပုံ ကင်းမဲ့ခဲ့သည် ။ ဤအကြောင်းကို တခါတရံ နိုင်ငံမဲ့ လူ့အဖွဲ့အစည်များအဖြစ် ညွှန်းဆိုသည် ။ အစောဆုံး နိုင်ငံများ ‌ရှေးဦးသမိုင်း‌တွင် လူမှုယဉ်ကျေးမှုရှိသော အဖွဲ့အစည်းများ၌ ယနေ့ခေတ် နိုင်ငံများကဲ့သို့ သတ်သတ်မှတ်မှတ်ရှိသော နယ်နိမိတ်များ မရှိခဲ့ကာ သူတို့၏ နယ်နိမိတ်ဆုံးသော နေရာများကို နယ်စပ်ဒေသများအဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်သည် [ဘာသာပြန်လိုအပ်ချက်ရှိသည်] ။ အစောဆုံး ဆူမား မင်းဆက်နှင့် အစောဆုံး အီဂျစ် မင်းဆက်သည် နယ်နိမိတ်များ သတ်မှတ်သော လူမှုယဉ်‌ကျေးမှုနှင့် အဖွဲ့အစည်းတွင် ပထမဆုံးဖြစ်သည် ။ ထို့အပြင် ၁၂ ရာစုအထိ လူအများစုသည် နိုင်ငံမရှိသော လူ့အဖွဲ့အစည်းတွင် နေထိုင်ခဲ့သည် ။ ထိုအကြောင်းအရာသည် နှိုင်းယှဉ်သဘော၌ သာတူညီမျှရှိသော အစုအဖွဲ့များနှင့် မျိုးနွယ်စုများမှ ရှုပ်ထွေး၍ အဆင့်မြင့်မြင့် အဆင့်အတန်းခွဲခြားသတ်မှတ်သည့် မျိုးနွယ်ခေါင်းဆောင်ဦးစီးသော နယ်များအဖြစ် ကဏ္ဍအမျိုးမျိုး ရှိသည်။ နိုင်ငံတည်ထောင်ခြင်း ‌အစောဆုံး နိုင်ငံဒေသထူထောင်ခြင်းနှင့်ဆက်စပ်၍ တချို့သော နေရာများတွင် နိုင်ငံဒေသကို တည်ထောက်ကြပြီး တချို့တွင် မရှိကြသည်ကို ယေဘုယျကျကျရှင်းပြနိုင်ဖို့ များစွာသော သီအိုရီများနှင့် အဆိုကြမ်းများ ရှိသည်။ တခြားသော လေ့လာသူများက ယေဘုယျအကြောင်း ရှာခြင်းသည် အကူအညီမဖြစ်၍ အစောဆုံးနိုင်ငံတည်ထောင်မှုများအတွက် သူတို့ပုံစံနှင့် သူတို့သတ်မှတ်သင့်သည် ဟု ယုံကြည်ကြသည်။ စိတ်ဆန္ဒဖြင့် ဖြစ်ခြင်းဆိုင်ရာ သီအိုရီများ[ဘာသာပြန်လိုအပ်ချက် ရှိသည်]တွင် ကွဲပြားသည့် အဖွဲ့အစည်းများမှ လူများသည် နိုင်ငံများကို တည်ထောင်လာကြသောအခါ အကျိုးသင့်အကြောင်းသင့် ခွဲဝေယူကြသည့် အကျိုးကိစ္စများ ရလာကြသဖြင့် ဖြစ်သည်ဟု အခိုင်အမာပြောသည် ။ ထိုသီအိုရိများသည် စိုက်ပျိုးရေးတွင် ဖွံ့ဖြိုးတိုးတက်လာမှု နှင့်အတူ နိုင်ငံတည်ထောင်ခြင်းကြောင့် အကျိုးအကြောင်းဖြစ်လာသော လူဦးရေနှင့် အသိုင်းအဝိုင်းဖိအားများကို အာရုံအများဆုံး ထားကြသည် ။ အစောဆုံးနှင့် အဓိကကျဆုံး နိုင်ငံတည်ထောင်ခြင်းအကြောင်း အထင်ရှားဆုံးသီအိုရီများမှ တစ်ခုမှာ ဟိုက်ဒရောလစ် အဆိုကြမ်း ဖြစ်သည် ၊ ၎င်းက နိုင်ငံဆိုသည်မှာ အရွယ်အစားကြီးသော ဆည်မြောင်းအစီအမံများ တည်ဆောက်ရန်နှင့် ထိန်းသိမ်းဖို့အတွက် ဖြစ်သည်ဟု အခိုင်အမာ ပြောသည် ။ ကွဲပြားဆန့်ကျင်ခြင်းဆိုင်ရာ သီအိုရီများတွင် အချို့သော လူအုပ်စုက တခြားသော လူအုပ်စုအပေါ် ပဋိပက္ခနှင့် လွှမ်းမိုးမှုသည် နိုင်ငံဖြစ်ပေါ်ခြင်း၏ အဓိကအချက်ဖြစ်သည်ဟု သဘောထားသည် ။ စိတ်ဆန္ဒဖြင့် ဖြစ်ခြင်း သီအိုရီများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်က ၎င်းဖော်ပြချက်များသည် လူများက အကျိုးကျေးဇူးအများဆုံး ရရန်အတွက် နိုင်ငံကို တည်ထောင်ဖို့  ကိုယ်ပိုင်စိတ်ဆန္ဒနှင့် သဘောတူခဲ့ကြ၍ မဟုတ်သော်လည်း အုပ်စုတစ်ခုက တခြားအပေါ် ဖိနှိပ်မှုတစုံတရာကြောင့် နိုင်ငံတည်ထောင်သည်ဟု ယုံကြသည် ။ တချို့သော သီအိုရီများအကြောင်းတွင် စစ်ပွဲများသည် နိုင်ငံဖြစ်ပေါ်ခြင်းအတွက် အလွန်အရေးပါခဲ့သည်ဟု ဆိုကြသည်။ ရှေးခေတ် သမိုင်း ပထမဆုံးသော နိုင်ငံအမျိုးအစားများသည် ခန့်မှန်းခြေ ဘီစီ ၃၀၀၀ ဝန်းကျင်ခန့်က အွရ်ခ်ခေတ်[ဘာသာပြန်လိုအပ်ချက် ရှိသည်] နှင့် မင်းဆက်အစောပိုင်း အီဂျစ်‌ခေတ်တို့တွင် ပေါ်ပေါက်ခဲ့သော အစောဆုံး ဆူမားမင်းဆက်နှင့် အစောဆုံး အီဂျစ်မင်းဆက်တို့၏ နိုင်ငံများ ဖြစ်သည် ။ အစောဆုံးအီဂျစ်မင်းဆက်နိုင်ငံသည် အာဖရိကတိုက်အရှေ့မြောက်အရပ်က နိုင်းမြစ်တဝှမ်း တည်ရှိပြီး ဘုရင့်နိုင်ငံ၏ နယ်နိမိတ်များသည် နိုင်းမြစ်ပတ်လည်တွင် အခြေပြုကာ အိုအေစစ်တည်ရှိသောနေရာအထိ ဖြန့်ကျက်သည် ။ အစောဆုံးဆူမားမင်းဆက်နိုင်ငံသည် မက်ဆိုပိုတေးမီးယား တောင်ဘက်တွင် တည်ရှိပြီး ၎င်း၏ နယ်နိမိတ်သည် ပါရှမ်းပင်လယ်ကွေ့မှ ယူဖရေးတီးနှင့် တိုင်းဂရပ်မြစ်များအထိ ကျယ်ပြန့်သည် ။ နိုင်ငံပုံစံများသည် ရှေးခေတ် ဂရိအင်ပါယာ ပေါ်ထွန်းခဲ့သော အချိန်ထက် စောစွာ တည်ရှိခဲ့သော်လည်း ဂရိများသည် နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များကို ရှင်းလင်းစွာ ဖော်ထုတ်ခဲ့ပြီး အကျိုးအကြောင်း စိစစ်ပိုင်းခြားထားသော နိုင်ငံ‌ရေးဆိုင်ရာ အဖွဲ့အစည်းများရှိသည့် ပထမဆုံးလူများဖြစ်သည် ။ ၎င်းကို ဦးတည်၍ နိုင်ငံများကို ဘာသာရေးဆိုင်ရာ ဒဏ္ဍာရီပုံစံများ တစ်ခုအဖြစ် ကျိုးကြောင်းပြကာ ဖော်ညွှန်းကြသည် ။ ရှေးဟောင်းဂရိ / ရောမခေတ်၏ နိုင်ငံရေးဆိုင်ရာ အရေးပါသော ဆန်းသစ်မှုအမြောက်အမြားသည် ဂရိ မြို့နိုင်ငံများ (polis - ပိုးလစ်) နှင့် ရောမ အဖွဲ့အစည်းဦးဆောင်နိုင်ငံ[ဘာသာပြန်လိုအပ်ချက် ရှိသည်] များမှ လာသည် ။ (၄)ရာစုခေတ် ဂရိ မြို့နိုင်ငံများသည် သူတို့၏ လွတ်လပ်သော ပြည်သူတို့အား နိုင်ငံသားအခွင့်အရေးကို အာမခံပေးသည် ၊ အေသင်တွင် ထိုအခွင့်အရေးများသည် နိုင်ငံရေးအတွေးအခေါ်နှင့် သမိုင်းတလျှောက် သက်တမ်းရှည်ကြာခဲ့သော တိုက်ရိုက်‌ရွေးကောက်တင်မြှောက်သော အစိုးရပုံစံတစ်ခုနှင့်အတူ ပေါင်းစပ်ထားသည် ။ ယနေ့ခေတ် ‌ဝက်စ်ဖယ်လီယာငြိမ်းချမ်းရေး(၁၉၄၈)သည် နိုင်ငံရေးသိပ္ပံပညာရှင်များအတွက် ပြင်ပအင်အားများသည် တခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ပါခြင်းမှ ရှောင်ရှားသင့်သည်ဟု ပါဝင်သော ခေတ်သစ် နိုင်ငံတကာစနစ်၏ အစ ဖြစ်သည်ဟု ယူဆကြသည် ။ တခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ကြားမဝင်ခြင်း စည်းမျဉ်းကို ဆွဇ်တရားသူကြီး Emer de Vattel က (၁၈)ရာစုအလယ်တွင် တင်သွင်းခဲ့သည် ။ အစိုးရသည် အဖွဲ့ဝင် နိုင်ငံချင်း ဆက်ဆံရေးတွင် အဓိကကျသော ကိုယ်စားလှယ်အဖွဲ့အစည်များ ဖြစ်လာခဲ့သည် [ဘာသာပြန်လိုအပ်ချက် ရှိသည်] ။ ဝက်စ်ဖယ်လီယာငြိမ်းချမ်းရေးသည် ဥရောပနိုင်ငံများတွင် နိုင်ငံဖြတ်ကျော် အာဏာတည်ခြင်းကို ပြဋ္ဌာန်းမည့် ကြိုးပမ်းမှုများကို အဆုံးသတ်စေခဲ့သည်ဟု ပြောနိုင်သည် ။ အစိုးရများက လွတ်လပ်သော ကိုယ်စားလှယ်များဖြစ်စေသည့် ဝက်စ်ဖယ်လီယန်း အယူအဆကို ဘာသာစကားနှင့် ယဉ်ကျေးမှုများဖြင့် ပေါင်းစည်းထားသော လူ့အဖွဲ့အစည်းများဖြစ်သည့် လူမျိုးများနှင့် လိုက်လျောညီထွေသော တရားဝင် နိုင်ငံများအောက်မှ ၁၉ ရာစုတွင် အားကောင်းလာသော အမျိုးသားရေးဝါဒက အားပေးထောက်ပံ့ခဲ့သည် ။[ဘာသာပြန်လိုအပ်ချက် ရှိသည် ၊ ရောထွေးမှု ရှိသည်] ၁၈ ရာစုအတွင်း ဥရောပတွင် လူမျိုးတူစု မဟုတ်သည့် ခေတ်ဟောင်း နိုင်ငံများသည် ဩစတြီးယန်း အင်ပါယာ ၊ ပြင်သစ်ဘုရင့်နိုင်ငံ ၊ ဟန်ဂေရီဘုရင့်နိုင်ငံ ၊ ရုရှားအင်ပါယာ ၊ စပိန်အင်ပါယာ ၊ အော်တိုမန်အင်ပါယာ နှင့် ဗြိတိသျှအင်ပါယာကဲ့သို့သော လူမျိုးစုံပါ အင်ပါယာများ ဖြစ်ကြသည် ။ ထိုကဲ့သို့ အင်ပါယာများသည် အာရှ ၊ အာဖရိကနှင့် အမေရိကတို့တွင်လည်း တည်ရှိခဲ့ပြီး မူစလင်ကမ္ဘာတွင် ၆၃၂ က မိုဟာမတ်၏ အလ္လာဟ် အရှင်မြတ် အမိန့်တော်ကို ခံယူသွားပြီး များမကြာမီ လူမျိုးစုများစွာနှင့် နိုင်ငံပေါင်းစုံပါ အင်ပါယာများအဖြစ် တည်ထောင်ခဲ့သည့် ကလီဖား များကို အစပြုခဲ့သည် ။ နိုင်ငံပေါင်းစုံပါ အင်ပါယာများကို ဘုရင် ၊ ဧကရာဇ် (သို့) ဆူလ်တန်က အုပ်ချုပ်သော အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်ဖြစ်သည် ။ နေထိုင်သူများတွင် များစွာသော လူမျိုးစုအဖွဲ့များ ပါခဲ့ပြီး ဘာသာစကားများစွာကို ပြောကြသည် ။ အင်ပါယာတွင် လူမျိုးစုတစ်ခုက လွှမ်းမိုးခဲ့ပြီး သူတို့၏ဘာသာစကားသည် အမြဲလိုလိုပင် အများပြည်သူအုပ်ချုပ်ရေး၏ ဘာသာစကားဖြစ်ရသည် ။ အုပ်ချုပ်သူ မင်းဆက်သည် အမြဲတမ်းမဟုတ်သော်လည်း များသောအားဖြင့် ထိုလူမျိုးစုမှ လာသည် ။ တချို့သော ဥရောပနိုင်ငံငယ်များတွင် လူမျိုးများ ကွဲပြားမှု သိပ်မရှိသော်လည်း တော်ဝင်အိမ်က အုပ်ချုပ်သော မင်းနိုင်ငံများ ဖြစ်ခဲ့သည် ။ သီးခြား မင်းသားအုပ်ချုပ်သည့် နိုင်ငံများဖြစ်သော လစ်တန်စတိန်း ၊ အင်ဒိုရာ ၊ မိုနာကို နှင့် ဆန်မာရီနို သမ္မတနိုင်ငံများကဲ့သို့  နိုင်ငံငယ် အနည်းငယ်သာ ကျန်ရှိခဲ့သည် ။ အများစုသော သီအိုရီများသည် လူမျိုးနိုင်ငံများကို အစိုးရက ပြဋ္ဌာန်းသော ပညာရေး ၊ အမြောက်အမြား စာတတ်ရေး နှင့် ကျယ်ပြန့်သော မီဒီယာကဏ္ဍတို့ ဖွံ့ဖြိုးလာမှုကို ဖြစ်မြောက်လာစေသော ၁၉ ရာစု ဥရောပ၏ ဖြစ်စဉ်တစ်ခုအဖြစ် မြင်ကြသည် ။ သို့သော် သမိုင်းပညာရှင်များက ပေါ်တူဂီနှင့် ဒတ်ရှ် ရီပက်ဘလစ်နိုင်ငံတို့တွင် နှိုင်းယှဉ်သဘောအရ ပိုမိုစည်းလုံးသော နိုင်ငံနှင့် ကိုယ်ပိုင်လက္ခဏာများ စောစွာ ပေါ်ပေါက်လာပုံကိုလည်း မှတ်ချက်ထားကြသည် ။ Steven Weber ၊ David Woodward ၊ Michel Foucault နှင့် Jeremy Black တို့ကဲ့သို့ လေ့လာသူများက "လူမျိုးနိုင်ငံများသည် နိုင်ငံရေးစဉ်းစားဉာဏ် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာခြင်းမပြုရသေးသည့် အကြောင်းအရင်းကြောင့် ပေါ်ထွန်းလာခြင်းမဟုတ်သလို သမိုင်း (သို့) နိုင်ငံရေးဆိုင်ရာ တီထွင်မှုတစ်ခု၏ မတော်တဆမှုကြောင့် ဖြစ်လာခြင်းလည်း မဟုတ်"ဟူသော အဆိုကြမ်းကို အဆင့်မြှင့်ခဲ့သည် ။ ထို့ထက် လူမျိုးနိုင်ငံများသည် ၁၅ ရာစု၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး ၊ အရင်းရှင်စနစ် ၊ ကုန်သွယ် အကျိုးအမြတ်ရှာစနစ် ၊ ပထဝီနိုင်ငံရေးတို့နှင့်အတူ ပထဝီဘာသာရပ်တွင် မြေပုံဆွဲပညာနှင့် မြေပုံပြုလုပ်သည့် နည်းပညာများ တိုးတက်လာမှုတို့တွင် အသိပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုများ၏ မရည်ရွယ်သော အကျိုးဆက်တစ်ခုဖြစ်သည်ဟု ဆိုသည်။ ဂျာမနီနှင့် အီတလီကဲ့သို့ အချို့လူမျိုးနိုင်ငံများသည် ၁၉ ရာစုအတွင်း အမျိုးသားရေးဝါဒသမားများက ပြုလုပ်သော နိုင်ငံရေးရည်မှန်းချက်များမှ တစိတ်တပိုင်းအားဖြင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည် ။ ဖြစ်စဉ်နှစ်ခုလုံးတွင် နိုင်ငံ့နယ်မြေသည် အခြားသော နိုင်ငံများနှင့် ခွဲဝေထားခဲ့ပြီး တချို့မှာ အလွန်သေးငယ်သည် ။ လစ်ဘရယ် အယူအဆဖြစ်သည့် လွတ်လပ်စွာ ကုန်သွယ်ခွင့်သည် အကောက်ခွန်နှုန်းသဘောတူ နိုင်ငံများအဖွဲ့ [ဘာသာပြန် လိုအပ်ချက် ရှိသည်] Zollverein (အသံထွက် - ဇိုလ်ဗအမ်း အသံထွက်လိုအပ်ချက် ရှိသည်)မှ အစပြုသော  ဂျာမနီပြန်လည်ပေါင်းစည်းရေးတွင် အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့သည် ။ နိုင်ငံအဆင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး‌ခြင်းသည် အမေရိကန်ပြည်ထောင်စုသမ္မတ ဝုဒ်ရိုး ဝီလ်ဆင် ၏ အချက် (၁၄)ချက်တွင် အဓိကရှုထောင့်ဖြစ်၍ ပထမကမ္ဘာစစ်ပြီးနောက် ဩစတြီးယား-ဟန်ဂေရီအင်ပါယာနှင့် အော်တိုမန်အင်ပါယာတို့ ပြိုကွဲခြင်းကို ဖြစ်စေခဲ့သော်ငြား ရုရှားပြည်တွင်းစစ်ပြီးနောက်ဖြစ်သော ရုရှားအင်ပါယာသည် ဆိုဗီယက်ပြည်ထောင်စု ဖြစ်လာခဲ့သည် ။ ကိုလိုနီပြုခြင်းအား ဖျက်သိမ်းခြင်းသည် တတိယနိုင်ငံများမှ လူမျိုးစုံအင်ပါယာများနေရာတွင် နိုင်ငံအသစ်များ တည်ထောင်ခြင်းကို ဖြစ်စေခဲ့သည်။ ဂလိုဘယ်လိုင်ဇေးရှင်း နိုင်ငံရေးဆိုင်ရာ ကမ္ဘာမှုပြုခြင်းသည် ၂၀ ရာစုနှစ်အတွင် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများနှင့် နယ်နိမိတ်‌ကူးလူးသော နိုင်ငံများသမဂ္ဂတို့မှ စတင်သည် ။ နိုင်ငံပေါင်းချုပ်အသင်းသည် ပထမကမ္ဘာစစ်ပြီးနောက် တည်ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် ကမ္ဘာ့ကုလသမဂ္ဂက နေရာယူသည် ။ မြောက်မြားစွာသော နိုင်ငံတကာသဘောတူစာချုပ်များသည် ထိုအဖွဲ့အစည်းမှတဆင့် ချုပ်ဆိုခဲ့သည် ။ ဒေသတွင်းပေါင်းစည်းခြင်းများကို အာဖရိကသမဂ္ဂ ၊ အာဆီယံ ၊ ဥရောပသမဂ္ဂနှင့် မာကိုဆာတို့က လုပ်ဆောင်ခဲ့သည် ။ နိုင်ငံတကာအဆင့်မှ နိုင်ငံတကာဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းများတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းတို့ ပါဝင်သည် ။ နိုင်ငံရေးသိပ္ပံ ‌ နိုင်ငံရေးအား လေ့လာမှုကို နိုင်ငံရေးသိပ္ပံ သို့မဟုတ် နိုင်ငံရေးဗေဒ ဟု ခေါ်သည် ။ ၎င်းတွင် အရည်အတွက်များစွာသော ဘာသာရပ်ခွဲများရှိပြီး ယှဉ်ပြိုင်ခြင်း နိုင်ငံရေး [ဘာသာပြန် လိုအပ်ချက် ရှိသည်]၊ နိုင်ငံရေးဆိုင်ရာ စီးပွားရေး ၊ နိုင်ငံတကာဆက်ဆံရေး ၊ နိုင်ငံရေးဒဿနဗေဒ ၊ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲရေး ၊ အများပြည်သူဆိုင်ရာ မူဝါဒ ၊ လိင်ကွဲပြားမှုနှင့် နိုင်ငံရေး နှင့် နိုင်ငံရေးဆိုင်ရာ နည်းပညာတို့ ပါဝင်ပတ်သက်သည် ။ ထို့အပြင် နိုင်ငံရေးသိပ္ပံသည် ဘောဒဗေဒ ၊ ဥပဒေ ၊ လူမှုဗေဒ ၊ သမိုင်း ၊ ဒဿန ၊ ပထဝီ ၊ စိတ်ပညာ / စိတ်‌ဆေးပညာ ၊ မနုဿဗေဒနှင့် အာရုံကြောသိပ္ပံ နယ်ပယ်များမှ ဆက်နွယ်သလို ထုတ်နုတ်မှုများလည်း ရှိသည် ။ နှိုင်းယှဉ်နိုင်ငံရေးသည် အမျိုးစုံသော အခြေခံဥပ‌ဒေများ ၊ နိုင်ငံရေးလုပ်ဆောင်သူများ ၊ ဥပဒေပြုလွှတ်တော်များ နှင့် သက်ဆိုင်ရာနယ်ပယ်များအကြောင်းကို ပြည်တွင်းပြည်ပအမြင်ဖြင့် သင်ကြားခြင်းနှင့် နှိုင်းယှဉ်ခြင်းဆိုင်ရာ သိပ္ပံဖြစ်သည် ။ နိုင်ငံတကာဆက်ဆံ‌ရေးသည် နိုင်ငံ-ပြည်နယ်များကြားတွင် လုပ်‌ဆောင်သကဲ့သို့ နိုင်ငံတကာအစိုးရများနှင့် နိုင်ငံဖြတ်ကျော် အဖွဲ့အစည်းများကြားတွင်လည်း ပတ်သက်သည် ။ နိုင်ငံရေးဒဿနသည် ဂန္ထဝင်နှင့် ခေတ်ပြိုင် တွေးခေါ်ရေးသမားများ ၊ ဒဿနပညာရှင်များ၏ ဆွေးနွေးဖော်ပြမှုများနှင့် ပို၍ ပတ်သတ်သည် ။ နိုင်ငံရေးသိပ္ပံသည် နည်းပညာအားဖြင့် စိတ်ပညာ ၊ လူမှုသုတေသန နှင့် အသိအတွေးအာရုံကြောသိပ္ပံ တို့မှ မြစ်ဖျားခံသော နည်းလမ်းများနှင့် ကွဲပြားသလို ဆက်စပ်မှုလည်း ရှိသည် ။ ချည်းကပ်လုပ်ဆောင်မှုများတ္ငင် ယထာဘူတဝါဒ (နည်းပညာတစ်ခုခုအားဖြင့် လက်တွေ့ပြနိုင်မှ လက်ခံသော အယူ[ဘာသာပြန်လိုအပ်ချက် ရှိသည်]) ၊ သရုပ်ပြုသည့် လူ့လောကဝါဒ[ဘာသာပြန်လိုအပ်ချက် ရှိသည်] ၊  အကျိုးအကြောင်းနှင့် ‌ရွေးချယ်ခြင်း သီအိုရီ ၊ အပြုအမူခွဲခြမ်းစိတ်ဖြာဝါဒ[ဘာသာပြန်လိုအပ်ချက် ရှိသည်] ၊ ဆက်နွယ်လေ့လာခြင်းစနစ် [ဘာသာပြန်လိုအပ်ချက် ရှိသည်]၊ မူလက ခွဲထွက်သော ဆက်နွယ်လေ့လာခြင်းစနစ် ၊ လက်တွေ့ဆန်ဝါဒ ၊ အဖွဲ့အစည်းစနစ် နှင့် မတူယှဉ်တွဲနေမှုစနစ်တို့ ပါဝင်သည် ။ နိုင်ငံရေးသိပ္ပံသည် လူမှုသိပ္ပံဘာသာရပ်များမှ တစ်ခုဖြစ်သည့်အလျောက် ပင်မအရင်းအမြစ်အနေနှင့် သမိုင်းမှတ်တမ်းများနှင့် အသိအမှတ်ပြုခံရသော မှတ်တမ်းများ ၊ အခြားသောအရင်းအမြစ်အနေနှင့် ပညာရှင်များ၏ ဂျာနယ်စာတမ်းများ ၊ အချက်အလက်ကောက်သုတေသနပြုခြင်း ၊ စာရင်းကိန်းဂဏန်းကျကျ စိစစ်ခြင်း[ဘာသာပြန်လိုအပ်ချက် ရှိသည်]၊ အကြောင်းဖြစ်ရပ် လေ့လာမှုများ၊ စမ်းသပ်လေ့လာသော သုတေသနနှင့် ပုံစံငယ်ပြု အဆောက်အအုံများ စသည်တို့မှ လာသော စူးစမ်းရှာဖွေခြင်းများနှင့် ဆက်နွယ်သည့် နည်းလမ်း နှင့် နည်းပညာတို့ကို အသုံးချသည် ။ နိုင်ငံရေးစနစ် နိုင်ငံရေးစနစ်ဆိုသည်မှာ တရားဝင်အစိုးရဆုံးဖြတ်ချက်များ ပြုလုပ်ရာ လမ်းစဉ်ဟု သတ်မှတ်သည် ။ ၎င်းကို တရားဝင်စနစ် ၊ စီးပွားရေးစနစ် ၊ ယဉ်ကျေးမှုစနစ် နှင့် တခြားသော လူမှုစနစ်များနှင့် နှိုင်းယှဉ်ဖော်ပြတတ်သည် ။ David Easton ၏ အဆိုအရ "နိုင်ငံရေးစနစ်ဆိုသည်မှာ လူမှုအဖွဲ့အစည်းတစ်ခုအတွက် အာဏာဖြင့် တန်ဖိုးအရာများ ခွဲဝေချမှတ်ရာတွင် အပြန်အလှန်တုံ့ပြန်လုပ်ကိုင်ပုံအဖြစ် စီစဉ်ရေးဆွဲထားခြင်း ဖြစ်သည်" ဟု ဆိုသည် ။ နိုင်ငံရေးစနစ်တစ်ခုစီတိုင်းသည် ကိုယ်ပိုင် နိုင်ငံရေးဓလေ့ထုံးတမ်းရှိသော လူအဖွဲ့အစည်းတစ်ခုစီတိုင်းတွင် အမြစ်တည်ပြီး ထိုစနစ်များကပဲ လူအဖွဲ့အစည်းများအတွက် လူထုမူဝါဒများကို တဖန် ချမှတ်ပေးသည် ။ ကွဲပြားသော နိုင်ငံရေးစနစ်များကြား အပြန်အလှန်ဆက်နွယ်လုပ်ဆောင်ခြင်းသည် ကမ္ဘာ့နိုင်ငံရေး၏ အခြေခံဖြစ်သည် ။ အစိုးရပုံစံများ အစိုးရအဖွဲ့၏ ပုံစံများသည် နည်းလမ်းမျိုးစုံဖြင့် စိစစ်နားလည်နိုင်သည် ။ အာဏာစနစ် ဖြစ်တည်ပုံနှင့် ခွဲခြားလျှင် သက်ဦးဆံပိုင်စနစ် (စည်းမျဉ်းခံဘုရင်စနစ်လည်း ပါဝင်သည်) နှင့် အဖွဲ့အစည်းဦးဆောင်စနစ် (များသောအားဖြင့် သမ္မတစနစ် ၊ လွှတ်တော်နှင့် အာဏာခွဲဝေသော စနစ် ၊ လွှတ်တော်သီးသန့် စနစ်တို့ ပါသည်) အာဏာခွဲဝေမှုများသည် ဥပဒေပြုစနစ် ၊ စီမံခန့်ခွဲရေးစနစ် ၊ တရားစီရင်ရေးစနစ်နှင့် တခြားသော လွတ်လပ်သည့် အဖွဲ့အစည်းများကြားတွင် horizontal integration ( စနစ်၏ လုပ်ဆောင်ပုံ တိုးမြှင့်(နိုင်)ခြင်း[ဘာသာပြန်လိုအပ်ချက် ရှိသည်] )၏ အတိုင်းအတာကို ဖော်ပြသည် ။ အာဏာ၏ အရင်းအမြစ် အာဏာ၏ အရင်းအမြစ်သည် ဒီမိုကရေစီနိုင်ငံ ၊ လူအနည်းစုက ချုပ်ကိုင်သော နိုင်ငံ နှင့် အောတိုကရေစီ/သက်ဦးဆံပိုင်နိုင်ငံတို့ကြား ကွဲပြားမှုကို ဆုံးဖြတ်ပေးသည် ။ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နိုင်ငံရေးဆိုင်ရာ တရားဝင်အသိအမှတ်ပြုခံရမှုသည် လူထု၏ အချုပ်အခြာအာဏာမှ အခြေခံသည် ။ ဒီမိုကရေစီ၏ ပုံစံများတွင် ကိုယ်စားပြုဒီမိုကရေစီ ၊ တိုက်ရိုက်ဒီမိုကရေစီ နှင့် မဲနှိုက်ရွေးချယ်စနစ်[ဘာသာပြန် လိုအပ်ချက် ရှိသည်] တို့ ပါဝင်သည် ။ ၎င်းတို့သည် ရွေးကောက်ခံ ကိုယ်စားလှယ်များက ဖြစ်စေ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများက ဖြစ်စေ၊ အကဲဖြတ်ပြည်သူလူထုအဖွဲ့များက ဖြစ်စေ ဆုံးဖြတ်ချက်များ ပြုလုပ်သည့် နည်းများနှင့်အတူ ခြားနားကြသည်။ ဒီမိုကရေစီနိုင်ငံများသည် သမ္မတ/အဖွဲ့အစည်းဦးဆောင်စနစ် ဖြစ်နိုင်သလို စည်းမျဉ်းခံဘုရင်စနစ်လည်း ဖြစ်နိုင်သည် ။ လူအနည်းစုက ချုပ်ကိုင်သော စနစ်သည် လူအနည်းစုက ကြီးစိုးသော အာဏာ စနစ်အဆောက်အအုံဖြစ်သည် ။ ထိုစနစ်တွင် anocracy (အနိုကရေစီ - တပိုင်းရွေးကောက်စနစ်) ၊ aristocracy (အရစ္စတိုကရေစီ - အကောင်းဆုံးများက အုပ်ချုပ်သော စနစ်) ၊ ergatocracy (အာဂတ်တိုကရေစီ - ပစ္စည်းမဲ့ / အလုပ်သမားလူတန်းစားများက အုပ်ချုပ်သော စနစ်) ၊ geniocracy (ဂျီနီယိုကရေစီ - ဉာဏ်ကြီးရှင်များက အုပ်ချုပ်သော စနစ်) ၊ gerontocracy (ဂျာရွန်တိုကရေစီ - သက်ကြီးသူမများက အုပ်ချုပ်သော စနစ်) ၊ kakistocracy (ကတ်ကစ်စတိုကရေစီ - အညံ့ဆုံးသူများက အုပ်ချုပ်သော စနစ်) ၊ kleptocracy (ခလပ်တိုကရေစီ - အကျင့်ပျက်ခြစား ခိုးနှိုက်သူများ / ဇီးသီးဗန်းမှောက်သူများက အုပ်ချုပ်သော စနစ် ) ၊ meritocracy (မယ်ရင်တိုကရေစီ - အရည်အချင်းသတ်မှတ်ချက် ပြည့်စုံသူများက အုပ်ချုပ်သော စနစ်) ၊ noocracy (နိုအော်ကရေစီ - ဒဿနသမားများက အုပ်ချုပ်သော စနစ်) ၊ particracy (ပါတီကရေစီ - ပါတီက အုပ်ချုပ်သော စနစ် ) ၊ plutocracy ( ပလူတိုကရေစီ - သူ‌ဌေးများက အုပ်ချုပ်သော စနစ်) ၊ stratocracy (စတျာတိုကရေစီ - စစ်တပ်ဦးစီးသူများက အုပ်ချုပ်သော စနစ်) ၊ technocracy (တက်ကနိုကရေစီ - နယ်ပယ်တစ်ခုစီတွင် တက်ကျွမ်းသူများက အုပ်ချုပ်သော စနစ်) ၊ theocracy (သီရိုကရေစီ - ဘုရား ၊ ဖန်တီးရှင် နာမတော်အောက်က(သူများ) အုပ်ချုပ်သော စနစ်) ၊ timocracy (တီမိုကရေစီ - ပိုင်ဆိုင်မှုရှိသူများက အုပ်ချုပ်သော စနစ်) စသည့် ပုံစံများဖြင့် တည်ရှိသည်။ သက်ဦးဆံပိုင်စနစ်များတွင် အာဏာရှင်စနစ်များ (စစ်အာဏာရှင်စနစ်များ အပါ) သို့မဟုတ် အကြွင်းမဲ့သက်ဦးဆံပိုင်(ဘုရင်)စနစ်များ ဖြစ်ကြသည် ။ Vertical integration ( စနစ်၏ လုပ်ဆောင်ပုံ တိုးချဲ့ခြင်း[ဘာသာပြန်လိုအပ်ချက် ရှိသည်] ) Vertical integration ၏ အဆင့်သတ်မှတ်ချက်အရဆိုလျှင် နိုင်ငံရေးစနစ်များကို ကွန်ဖယ်ဒရယ်ရေးရှင်း (သီးခြားလွတ်လပ်သော နိုင်ငံများအနေနှင့် ပေါင်းစည်းခြင်း) ၊ ဖယ်ဒရယ်ရေးရှင်းနှင့် ယူနီတေရီပြည်ထောင်စုနိုင်ငံများဟူ၍ (အနည်းငယ် ပေါင်းစည်းမှုမှ အများဆုံး ပေါင်းစည်းမှုအဆင့်အထိ)ခွဲခြားနိုင်သည် ။ ဖယ်ဒရယ်ရေးရှင်း (ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် မှတ်နိုင်သည်) သည် ဗဟိုပြုသော ဖယ်ဒရယ် အစိုးရတစ်ခု၏ အောက်က ဗဟိုပြုသော ဖယ်ဒရယ် အစိုးရတစ်ခု၏ အောက်က တစိတ်တပိုင်းစီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ ၊ နိုင်ငံများနှင့် တခြားသော ဒေသများ၏ သမဂ္ဂတစ်ခုကို သရုပ်ဖော်သည့် နိုင်ငံရေးဖြစ်တည်မှုတစ်ခု ဖြစ်သည် (ဖယ်ဒရယ်ဝါဒ)။ ဖယ်ဒရယ်ရေးရှင်းတစ်ခုတွင် ပါဝင်ဖက် နိုင်ငံနယ်မြေတစ်ခု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဂုဏ်ပုဒ်အပြင် ၎င်းတို့နှင့် ဗဟိုအစိုးရအကြား အာဏာခွဲဝေရေးကို ပုံမှန်အားဖြင့်အခြေခံသဘောကျစွာ ခိုင်မြဲ၍ အကာအကွယ်ရှိပြီး ပါတီ ၊ နိုင်ငံများနှင့် ဖယ်ဒရယ် ကိုယ်ထည်(ကိုယ်စားပြုသော အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်)တစ်ခု၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များကြောင့် ပြောင်းလဲခြင်း မပြုလုပ်သင့်ပါ ။ ဖယ်ဒရယ်ရေးရှင်းနိုင်ငံများအနေဖြင့် ဆွစ်ဇလန်က ပထမဆုံး စတင်တည်ထောင်ခဲ့ပြီး (၁၇၇၆)တွင် အမေရိကန်ပြည်ထောင်စု ၊ (၁၈၆၇)တွင် ကနေဒါနိုင်ငံ ၊ (၁၈၇၁)တွင် ဂျာမနီနိုင်ငံနှင့် (၁၉၀၁)တွင် ဩစတြေးလျနိုင်ငံတို့က အသီးသီးတည်ထောင်ခဲ့သည် ။ ဖယ်ဒရယ်ရေးရှင်းနှင့် ယှဉ်ပါက ကွန်ဖယ်ဒရယ်ရေးရှင်းတွင် ဗဟိုဆန်သော အာဏာလျော့နည်းသည် နိုင်ငံတော် အပေါ်တွင် ဖော်ပြခဲ့သည့် အစိုးရအဖွဲ့ပုံစံများသည် အခြေခံအားဖြင့် တူညီသော polity (နိုင်ငံအဖြစ် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားသော လူ့အဖွဲ့အစည်း) အသွင်ကွဲများ ဖြစ်ကြသည် ၊ ၎င်းမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတော် ဖြစ်သည် ။ State (နိုင်ငံတော်) ဆိုသည်ကို Max Weber က "၎င်း၏ပိုင်နက်တွင် ရုန့်ရင်းကြမ်းတမ်းမှုကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားမှုရှိသော[ဘာသာပြန် လိုအပ်ချက် ရှိသည်] နိုင်ငံရေး၏ ဖြစ်တည်မှုတစ်ခု"အဖြစ် အဓိပ္ပာယ်သတ်မှတ်သော်လည်း Montevideo သ‌ဘောတူညီချက်၌ "နိုင်ငံတော် ဆိုရာတွင် သတ်မှတ်ထားသည့် ပိုင်နက် ၊ အမြဲနေထိုင်မည့် ပြည်သူ ၊ အစိုးရ နှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍသို့ တက်လှမ်းနိုင်သည့် အရည်အချင်းရှိမှုတို့ လိုအပ်သည်"ဟု ယူဆသည် ။ နိုင်ငံမဲ့လူ့အဖွဲ့အစည်းဆိုသည်မှာ နိုင်ငံတော်၏ အုပ်ချုပ်ခံရခြင်း မရှိသော လူ့အဖွဲ့အစည်းတစ်ခုကို ခေါ်ဝေါ်သည် ၊ ၎င်းတွင် အာဏာပိုင်ခြင်း၏ စုစည်းမှု[ဘာသာပြန် လိုအပ်ချက် ရှိသည်] အနည်းငယ်သော ရှိသည် ၊ အာဏာပိုင်ခြင်းနှင့် ပတ်သက်သော ရှိသည့် နေရာရာထူး အများစုတွင် ပမာဏအနည်းငယ်သာရှိသော အာဏာသာ ပိုင်ဆိုင်ထားကြကာ ပုံမှန်အားဖြင့် အမြဲတမ်း နေရာယူထားကြသည် မဟုတ်ဘဲ အငြင်းပွားမှုများကို တင်ကြိုသတ်မှတ်ထားသော စည်းမျဉ်းများနှင့် ဖြေရှင်းပေးသည့် လူမှုရေးကိုယ်ထည်(ကိုယ်စားပြုသော အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်)များသည်လည်း အနည်းစုသာ ရှိသည် ။ နိုင်ငံမဲ့လူ့အဖွဲ့အစည်းများတွင် စီးပွား‌ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုကို ပြုလုပ်ပုံများတွင် အလွန်ကွဲပြားကြသည် ။ နိုင်ငံမဲ့လူ့အဖွဲ့အစည်းများသည် လူသားတို့၏ သမိုင်းမတင်မီခေတ်၌ စံနှုန်းများဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင် နိုင်ငံမဲ့လူ့အဖွဲ့အစည်းအနည်းငယ်သာ ရှိသေးသည် ၊ကမ္ဘာ့လူဦးရေတစ်ခုလုံးနီးပါးသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုခု၏ စီရင်ပိုင်ခွင့်အတွင်း နေထိုင်ကြသည်။ အချို့ဒေသများတွင် အမည်ခံပြည်နယ်အာဏာပိုင်များသည် အလွန်အားနည်းပြီး အမှန်တကယ် အာဏာအနည်းငယ်သာ သို့မဟုတ် အာဏာပိုင်ဆိုင်ခြင်း လုံးဝမရှိပါ ။ သမိုင်းတစ်လျှောက် နိုင်ငံမဲ့လူမျိုးအများစုသည် ၎င်းတို့အနီးတစ်ဝိုက်ရှိ ပြည်နယ်အခြေပြုလူ့အဖွဲ့အစည်းများနှင့် ပေါင်းစည်းခဲ့ကြသည်။ တချို့သော နိုင်ငံရေးဆိုင်ရာ တွေးခေါ်ရေးသမား(ဒဿနပညာရှင်)များက နိုင်ငံတော်ဆိုသည်ကို မလိုအပ်သောဆန္ဒဖြင့် ထည့်သွင်းစဉ်းစားကြပြီး ထို့ကြောင့် နိုင်ငံမဲ့လူ့အဖွဲ့အစည်းတစ်ခုကို ချီတက်ရန် ရည်မှန်းချက်ကို ‌ရောက်ရန် စဉ်းစားကြသည် ။ Anarchism အုပ်ချုပ်သူမဲ့ဝါဒ (မင်းမဲ့ဝါဒ)၏ ဝါဒရေးရာ အဓိကသဘောထားမှာ နိုင်ငံတော် မပါဝင်သော လူ့ဘောင်အဖွဲ့အစည်း ထူထောင်ရန် ထောက်ခံခြင်း ဖြစ်သည် ။ အုပ်ချုပ်သူမဲ့ဝါဒသမားများ၏ တွေးခေါ်ရေးကျောင်းတော်တွင် လူ့အဖွဲ့အစည်း၏ အမျိုးအစားသည် အလွန်အမင်းဖြစ်သော  တစ်ဦးတစ်ယောက်စီ၏ ဖြစ်တည်ခြင်းဝါဒမှ ပြီးပြည့်စုံသော စုပေါင်းဝါဒအထိ သိသာစွာ ကွဲပြားမှု ရှိသည်။ မာ့က်ဝါဒတွင် နိုင်ငံတော်ဆိုင်ရာ မာ့က်သီအိုရီက အရင်းရှင်စနစ်မှ လွန်မြောက်ပြီးသော လူ့အဖွဲ့အစည်းသို့ ရောက်လျှင် နိုင်ငံတော်ဆိုသည်မှာ မလိုလားအပ်သော အဖွဲ့အစည်းတစ်ခုအနေနှင့် အရေးပါမှုရှိတော့မည် မဟုတ်သလို ညှိုးနွမ်းပျောက်ကွယ်သွားမည်ဟု ယူဆသည် ။ ဆက်စပ်အယူအဆတစ်ခုမှာ မာ့က်၏ ကြိုတင်မျှော်မှန်းထားသည့် အရင်းရှင်စနစ်အလွန် လူ့အဖွဲ့အစည်းအကြောင်းတွင် အမြဲတမ်း အသုံးပြုသော "နိုင်ငံမဲ့ ကွန်မြူနစ်ဝါဒ"ဆိုသည့် အဆင့်ဖြစ်သည် ။ အခြေခံဥပဒေများ အခြေခံဥပဒေများသည် အစိုးရ၏ မတူညီသော အပိုင်းကဏ္ဍခွဲများအတွက် အသေးစိတ်ဖြစ်၍ အကန့်အသတ် သတ်မှတ်ပေးသော လုပ်ပိုင်ခွင့်အာဏာများအကြောင်းကို ရေးစွဲထားသည့် စာရွက်စာတမ်းများ ဖြစ်သည် ။ အခြေခံဥပဒေတစ်ခုသည် ရေးဆွဲပြီးသား စာရွက်တမ်းတစ်ခု ဖြစ်သော်လည်း မရေးဆွဲရသေးသည့် အခြေခံဥပဒေလည်း ရှိသည် ။ မရေးဆွဲရသေးသည့် အခြေခံဥပဒေကို အစိုးရ၏ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဌာနမှ အမြဲတမ်း ‌ရေးဆွဲနေမည်ဖြစ်ပြီး ထိုကိစ္စသည် အခြေအနေများ၏ သဘောသဘာဝအရ မည်သည့်အစိုးရပုံစံက အသင့်တော်ဆုံး ဖြစ်မည်ကို ဆုံးဖြတ်ရမည့် ကိစ္စများမှ တစ်ခုဖြစ်သည် ။ အင်္ဂလန်သည် ရေးဆွဲရသည့် အခြေခံဥပဒေပုံစံတစ်ခုကို ပြည်တွင်းစစ်ကာလအတွင်း ပြုလုပ်ခဲ့ပြီး ပြန်လည်တည်ထောင်သော ကာလ‌ရောက်သောအခါ စွန့်ပယ်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက် အမေရိကန် အခြေချနေထိုင်သူများ [ဘာသာပြန် လိုအပ်ချက် ရှိသည်] ၊ တော်လှန်ရေးပြီးနောက် ပြင်သစ်နိုင်ငံနှင့် ဥရောပ၏ ကိုလိုနီနိုင်ငံများအပါ ဥရောပတိုက် တစ်တိုက်လုံး ပါဝင်ကျင့်သုံးလာခဲ့သည် ။ အခြေခံဥပဒေဆိုသည်မှာ စီမံခန့်ခွဲရေး ၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး(စုပေါင်း၍ ညွှန်းဆိုရလျှင် trias politica [အာဏာကို ခွဲဝေခြင်း])အဖြစ် အစိုးရကို ခွဲခြမ်းကာ နိုင်ငံတော်အတွင်း အဘက်ဘက်မှ အပြန်အလှန်ထိန်းကျောင်းမှု ရှိစေရန်အတွက် အာဏာကို ခွဲဝေသတ်မှတ်ဖို့ ဖြစ်သည် ။ အများပြည်သူဝန်ဆောင်မှု ကော်မရှင် ၊ ရွေးကောက်ပွဲကော်မရှင်နှင့် စာရင်းစစ်ချုပ် အဖွဲ့အစည်းများ [ဘာသာပြန် လိုအပ်ချက် ရှိသည်]စသည့် ထပ်ဆောင်းဖြစ်သော သီးသန့်ဌာနခွဲများကိုလည်း ထပ်မံဖန်တီးနိုင်သည် ။ ကိုးကားချက်များ နိုင်ငံရေး ပင်မ အကြောင်းအရာ ဆောင်းပါးများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9B%E1%80%B1%E1%80%B8
ဒေါ်လီ သိုးမလေး
ဒေါ်လီ (Dolly)(July 5, 1996 – February 14, 2003) သည် အိမ်မွေးတိရစ္ဆာန် သိုးမလေး တကောင်ဖြစ်သည်။ ဒေါ်လီသည် ဓာတ်ခွဲခန်းအတွင်း အရွယ်ရောက်ပြီးသည့် သိုး၏ သဘာဝအလျောက် မျိုးပွားနိုင်စွမ်းမရှိသော သာမန်ဆဲလ်မှ ပုံတူမျိုးပွားနည်းဖြင့် (cloning) ပွားယူသည့် ပထမဦးဆုံးသော နို့တိုက်သတ္တဝါဖြစ်သည်။ ဒေါ်လီအား စကော့တလန် ဇီဝဗေဒပညာရှင် အီရန် ဝီမု (Ian Wilmut) နှင့် ကိသ် ခမ့်ဘဲလ် (Keith Campbell) တို့မှ မျိုးပွားခဲ့ပြီး ၁၉၉၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဒေါ်လီသည် အသက် ၆ နှစ်အထိ ဓာတ်ခွဲခန်းတွင် နေထိုင်ခဲ့သည်။ သိပ္ပံမဂ္ဂဇင်း Scientific American က ဒေါ်လီအား ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး သိုးရယ်လို့ သမုတ်ခဲ့သည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%BA%E1%80%9C%E1%80%AE%20%E1%80%9E%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%9C%E1%80%B1%E1%80%B8
နို့တိုက်သတ္တဝါ
နို့တိုက်သတ္တဝါ (သိပ္ပံအမည် - Mammalia) များသည် ကျောရိုးရှိသတ္တဝါတစ်မျိုးပင်ဖြစ်သည်။ နို့တိုက်သတ္တဝါများ၏ ထူးခြားချက်မှာ ကိုယ်ခန္ဓာတွင် အမွှေးအမှင်များ၊ ချွေးဂလင်းများ၊ နားစည်ရိုးများနှင့် ဦးနှောက်တွင် neocortex ရှိပြီး အမများတွင် နို့ရည်စစ်ထုတ်ပေးသည့် ဂလင်းများ ပါရှိခြင်းဖြစ်သည်။ သန္ဓေသားမွေးဖွားသည့် နည်းလမ်းကိုအခြေခံ၍ နို့တိုက်သတ္တဝါများအား အကြမ်းဖျင်းအားဖြင့် ဒွါရ တစ်ပေါက်သာပါရှိပြီး ဥ ဥသည့် ‘ မိုနိုထရင်းမ် ’၊ သားပိုက်ကောင်ကဲ့သို့ ရင်သွေးငယ်အား ထည့်ထားနိုင်သော ဝမ်းဗိုက်အိတ်ပါသည့် ‘ မာဆူးပီးယယ် ’ နှင့် လူသားများကဲ့သို့ ‘ အချင်းပါသည့် နို့တိုက်သတ္တဝါ (placental) ’ ဟူ၍ အမျိုးအစား သုံးမျိုးခွဲခြားနိုင်သည်။ ဥချသည့် မိုနိုထရင်းမ် မျိုးစိတ် (၅)မျိုးမှလွဲ၍ ကျန်နို့တိုက်သတ္တဝါများသည် မိမိတို့၏ ရင်သွေးများအား ခန္ဓာကိုယ်အတွင်း သန္ဓေတည်ပြီးမှ မွေးဖွားကြသည်။ နို့တိုက်သတ္တဝါအများစုတွင် ထူးခြားသည့် သွားများရှိကြသည်။ နို့တိုက်သတ္တဝါများအကြား အကြီးမားဆုံးအုပ်စုဖြစ်သည့် အချင်းပါသော နို့တိုက်သတ္တဝါ (placental) များသည် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားအား ချက်ကြိုးမှတဆင့် အာဟာရဓာတ်များကို ပံ့ပိုးပေးသည်။ နို့တိုက်သတ္တဝါများသည် အခန်း (၄)ခန်းပါ နှလုံးဖြင့် ခန္ဓာကိုယ်အတွင်း သွေးများကို လည်ပတ်စေသည့် သွေးနွေးသတ္တဝါများဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း (၅,၄၀၀) ခန့်ရှိပြီး ခန္ဓာကိုယ် အရွယ်အစားအားဖြင့် ၁ လက်မသာသာခန့်သာရှိသော ဘန်းဘီးလင်းနို့မှ ပေ ၁၀၀ ကျော်ရှိသည့် ဝေလငါးအထိ အရွယ်အစားအမျိုးမျိုးရှိကြသည်။ ဝင်ရိုးစွန်းဝက်ဝံ မှအစ သဲကန္တာရ ကုလားအုတ်အဆုံး ကမ္ဘာတဝှမ်းလုံး နို့တိုက်သတ္တဝါများကို တွေ့မြင်နိုင်သည်။ လူသားများသည် နို့တိုက်သတ္တဝါများဖြစ်ပြီး ပရိုင်းမိတ် (Primates) မျိုးစဉ်ထဲတွင် ပါဝင်သည်။ လင်းနို့များသည် တစ်မျိုးတည်းသော ပျံသန်းနိုင်စွမ်းရှိသည့် နို့တိုက်သတ္တဝါ ဖြစ်သည်။ ရေပျော် နို့တိုက်သတ္တဝါများမှာ ဝေလငါး၊ လင်းပိုင်၊ ပင်လယ်ဖျံတို့ဖြစ်ကြသည်။ အခြား နို့တိုက်သတ္တဝါများနည်းတူပင် အသက်ရှူရန် လေကို အဆုတ်ထဲ ရှူသွင်းဖို့ လိုတာကြောင့် ရေမျက်နှာပြင်ကို မှန်မှန်တက်ပြီး နှာခေါင်းဖော် အသက်ရှူရလေ့ ရှိသည်။ ဘဲတူဖျံတူသတ္တဝါတစ်မျိုးသည် မြစ်ကမ်းပါးပေါင်က အသိုက်ထဲမှာ ဥ ဥပြီး သားပေါက်လာသောအခါ မိခင်၏အရေပြားက စိမ့်ထွက်လာသော နို့ရည်များကို လျှာနှင့် လျက်ကြသည်။ ကျောရိုးရှိသတ္တဝါများ နို့တိုက်သတ္တဝါ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%9E%E1%80%90%E1%80%B9%E1%80%90%E1%80%9D%E1%80%AB
မှန်လုံအိမ်ဓာတ်ငွေ့
မှန်လုံအိမ်ဓာတ်ငွေ့ (greenhouse gas) များသည် လေထုထဲမှ ဓာတ်ငွေ့များ ဖြစ်ပြီး အပူစွမ်းအင်တမျိုးအဖြစ် ရှိနိုင်သော အနီအောက် ရောင်ခြည်များကို စုပ်ယူနိုင်၊ ပြန်ထုတ်လွှတ်နိုင်သည့် ဓာတ်ငွေ့အားလုံးကို ဆိုလိုနိုင်သည်။ ဤဖြစ်ရပ်မှာ အခြေခံအကျဆုံး မှန်လုံအိမ် သက်ရောက်မှု ဖြစ်သည်။ ကမ္ဘာ့လေထုအတွင်း အတွေ့များသည့် မှန်လုံအိမ်ဓာတ်ငွေ့များတွင် ရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုဒ်နှင့် အိုဇုန်းတို့ ပါဝင်သည်။ နေအဖွဲ့အစည်းအတွင်းရှိ သောကြာဂြိုဟ် (ဗီးနပ်စ်ဂြိုဟ်)၊ အင်္ဂါဂြိုဟ် (မားစ်ဂြိုဟ်) နှင့် တိုင်တန်အရံဂြိုဟ်တို့၏ လေထုတွင်လည်း မှန်လုံအိမ်သက်ရောက်မှု ဖြစ်စေသည့် ဓာတ်ငွေ့များ ပါရှိသည်။ မှန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာ့အပူအချိန် အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိသည်။ ဤဓာတ်ငွေ့များ မရှိလျှင် ကမ္ဘာမြေမျက်နှာပြင်၏ အပူချိန်မှာ လက်ရှိထက် ပိုနှိမ့်ပြီး 33 °C (59 °F) သာရှိမည် ဖြစ်သည်။ ၁၈၂၄-ခုနှစ်တွင် ပြင်သစ်ပညာရှင် ဂျိုးဇက်ဖူရီယေးက ဖန်လုံအိမ် အာနိသင်အကြောင်း စတင်ဖော်ထုတ်ရေးသားခဲ့သည်။ ကမ္ဘာမြေပြင်၊ ရေပြင် စသည်တို့မှ ကောင်းကင်ယံသို့ ပြန်ကန်ထွက်လာသော အပူဓာတ်များကို လေထုတွင်းရှိ ဓာတ်ငွေ့ အချို့က စုတ်ယူထိန်းသိမ်းထားခြင်းဖြင့် ကမ္ဘာကို ပူနွေးစေသည်ကို ဖန်လုံအိမ် အာနိသင်ဟု ခေါ်သည်။ ၁၇၅၀ ပြည့်လွန်နှစ် စက်မှုတော်လှန်ရေး စတင်ခဲ့ချိန်မှစ၍ လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့ ပါဝင်နှုန်း မြင့်တက်လာသည်။ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ၂၀ ရာစု ခေတ်လယ်ပိုင်းမှစ ကမ္ဘာကြီးပူနွေးလာခြင်းသည် လေထုတွင်း မှန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှုနှင့် တိုက်ရိုက်ဆက်နွယ်ကြောင်း သိရသည်။ ကိုးကား မှန်လုံအိမ်ဓာတ်ငွေ့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BE%E1%80%94%E1%80%BA%E1%80%9C%E1%80%AF%E1%80%B6%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%93%E1%80%AC%E1%80%90%E1%80%BA%E1%80%84%E1%80%BD%E1%80%B1%E1%80%B7
စက်မှုတော်လှန်ရေး
စက်မှုတော်လှန်ရေး (Industrial Revolution) သည် အရင်းရှင်စီးပွားရေးစနစ် စက်မှုလုပ်ငန်း အသွင်ပြောင်းလာစေသည့် စောစောပိုင်းကာလကို ညွှန်းဆိုခြင်း ဖြစ်သည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုတွင် စက်ယန္တရားများဖြင့် လူအားနေရာတွင် အစားထိုးလာသည့် ခေတ်ကာလလည်းဖြစ်သည်။ စက်ယန္တရားများ တီထွင်အသုံးပြုခြင်းသည် ဤခေတ်ကာလ၏ သင်္ကေတဖြစ်သောကြောင့် သမိုင်းပညာရှင်များက ဤခေတ်ကာလအား “စက်ယန္တရားခေတ်”ဟု ခေါ်ဝေါ်သမုတ်လေ့ရှိသည်။ စက်မှုတော်လှန်ရေးသည် ၁၇၅၉ ခုနှစ်ခန့်တွင် စတင်ခဲ့သည်ဟု တချို့က ယူဆခဲ့သော်လည်း ၁၈၃၀ ပြည့်လွန်နှစ်ရောက်မှသာ ရုပ်လုံးပီပြင်လာသည်။ ပညာရှင်အများစုက စက်မှုတော်လှန်ရေးသည် ဗြိတိန်နိုင်ငံ (ယူကေ) အလယ်ပိုင်းဒေသတွင် အစပျိုးခဲ့သည်ဟု လက်ခံထားကြသည်။ ၁၈ ရာစုနှစ်လယ်ပိုင်းတွင် ဗြိတိသျှလူမျိုး ဂျိမ်းစ်ဝပ် ရေနွေးငွေ့စက်ကို တီထွင်ခဲ့ပြီးနောက် လူအားဖြင့် ကုန်ထုတ်လုပ်ခြင်းမှသည် စက်အားဖြင့် ထုတ်လုပ်ခြင်းသို့ တစတစ ကူးပြောင်းလာခဲ့သည်။ ဒီ့နောက်တွင် အနောက်ဥရောပ နိုင်ငံများနှင့် အမြောက်အမေရိကတိုက်သို့ ပျံ့နှံ့သွားကာ ကမ္ဘာတဝှမ်းသို့ သက်ရောက်မှု ဖြစ်စေခဲ့သည်။ ရေနွေးငွေ့စက်၊ ကျောက်မီးသွေး၊ သံနှင့် သံမဏိတို့သည် နည်းပညာတိုးတက်မှုနှင့် စက်မှုတော်လှန်ရေး အရှိန်အဟုန်ရလာစေသည့် အကြောင်းအရင်းကြီး ၄ ရပ်ဟု ယူဆကြသည်။ ဂျိမ်းစ်ဝပ် ရေနွေးငွေ့စက်အား မတီထွင်မှီကာလတွင် ကုန်ပစ္စည်းထုတ်လုပ်ရာ၌ လူအားနှင့် တိရစ္ဆာန်အင်အားကိုသာ အသုံးပြုခဲ့ကြသည်။ ရေနွေးငွေ့စက် ပေါ်ပေါက်လာပြီးနောက် စက်ရုံများအား မြစ်၊ ချောင်းများ အနီးတွင် တည်ဆောက်ရန် မလိုတော့သကဲ့သို့ လူအား အမြောက်အမြားကိုလဲ မလိုအပ်တော့ပေ။ ကုန်ထုတ်စွမ်းအားလည်း အရှိန်အဟုန်နှင့် တိုးမြင့်လာစေသည်။ စက်မှုတော်လှန်ရေးသည် လူ့ဘောင်အဖွဲ့အစည်းအပေါ် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူနေမှုစသည့် အပိုင်းကဏ္ဍအသီးသီးမှ ကြီးမားနက်ရှိုင်းသည့် သက်ရောက်မှု ဖြစ်စေခဲ့သည်။ နောက်ခံသမိုင်း စက်မှုတော်လှန်ရေး မတိုင်မှီကာလတွင် အနောက်နိုင်ငံသား အများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ၎င်းတို့သည် လူအား၊ တိရစ္ဆာန်အင်အားနှင့် ရိုးစင်းသည့် ကိရိယာများကို အသုံးပြုကာ စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အလယ်ခေတ်မှ လယ်သုံးကွက် အလှည့်ကျ စိုက်ပျိုးနည်းကို အသုံးပြုဆဲဖြစ်သည်။ ဤနည်းလမ်းဖြင့် စိုက်ပျိုးရာတွင် လယ်သမားများသည် လယ်မြေများကို အကွက်သုံးကွက်ခွဲကာ နှစ်စဉ် အကွက် နှစ်ကွက်တွင်သာ စိုက်ပျိုးကြသောကြောင့် ထွက်နှုန်းမများလှပေ။ ထိုခေတ်ကာလ၌ မြို့ပြတွင် နေထိုင်သည့် လူဦးရေမှာ ၁ သောင်း အောက်တွင်သာ ရှိသည်။ မြို့ပြနေ လူတန်းစားမှာ စီးပွားရေးသမားများနှင့် အချုပ်သမား၊ လက်သမား ကဲ့သို့သော တပိုင်တနိုင် လုပ်ငန်းများ လုပ်ကိုင်သည့် လက်လုပ်လက်စားများ ဖြစ်ကြသည်။ ကုန်ပစ္စည်း ထုတ်လုပ်ရာတွင်လဲ ရေအား၊ လေအား၊ တိရစ္ဆာန်အားနှင့် လူအင်အားကိုသာ အဓိက အသုံးပြုကြသောကြောင့် ကုန်ထုတ်မှု ပမာဏ မများလှပေ။ ထို့ကြောင့် လူဦးရေတိုးပွားလာသည့် အလျောက် တစတစ တိုးမြှင့်လာသည့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိတော့ပါ။ မြို့ပြနှင့် ကျေးလက်အကြား သယ်ယူပို့ဆောင်ရာတွင်လည်း မြင်းလှည်း၊ နွားလှည်းများသာ အဓိကဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းမွန်လှပေ။ မိုးရာသီတွင် ကူးသန်းသွားလာရေး ခဲယဉ်းသည်။ ဖြစ်ပွားရသည့် အကြောင်းအရင်း စိုက်ပျိုးမွေးမြူရေး အပြောင်းအလဲနှင့် လူဦးရေတိုးပွားမှု ၁၈ ရာစုနှစ် အင်္ဂလန်နိုင်ငံတွင် လူဦးရေ မပြတ်တိုးပွားလာသည့်အပြင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၌ ခြံဝင်းခတ် လှုပ်ရှားမှုကြောင့် လူအင်အားပိုလျှံလာပြီး မူလက ခြံနှင့် လယ်ယာတွင် လုပ်ကိုင်ကြသည့် လယ်သမား၊ ခြံသမားများ မိမိတို့၏ လယ်ယာနှင့်ခြံကို စွန့်ခွာ၍ အလုပ်အသစ်ကို မဖြစ်မနေ ရှာဖွေလုပ်ကိုင်ကြရသည်။ ဤသည်မှာလဲ စက်မှုစီးပွားရေးစနစ် ပေါ်ပေါက်ထွန်းကားလာရေးအတွက် တွန်းအား တစ်ရပ် ဖြစ်လာသည်။ ထို့အပြင် လူအများ၏ သုံးစွဲမှုမှာလည်း တနေ့တခြား တိုးပွားလာသောကြောင့် စက်မှုလုပ်ငန်းအပိုင်းတွင် စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်မှု ပိုမိုအားကောင်းလာစေသည်။ အင်္ဂလန် ပြည်တွင်းဈေးကွက် ကိုလိုနီနယ် ဈေးကွက်နှင့် ကုန်ကြမ်းပစ္စည်း ငွေပင်ငွေရင်းနှင့် နည်းပညာ ကိုးကား စက်မှုတော်လှန်ရေး
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%BE%E1%80%94%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8
သခင်ကိုယ်တော်မှိုင်း
ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ကာ ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်သည်။ ငယ်ဘဝနှင့်ပညာရေး ငယ်စဉ်က ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးထံတွင် စာပေပညာကို ဆည်းပူးလေ့လာ သင်ယူခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဦးလေးတော်သူ ဦးပဇင်း ဦးသီရိနှင့်အတူ မန္တလေးသို့ လိုက်ပါသွားပြီး မြတောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံတွင် ကိုရင်ဝတ်ဖြင့် ပညာဆက်လက်ဆည်းပူးခဲ့သည်။ ရှင်အမည်မှာ ပဏ္ဍိတ ဖြစ်သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် နောက်ဆုံး မြန်မာဘုရင် သီပေါမင်းနှင့်မိဖုရား ပါတော်မူသည့် မြင်ကွင်းကို စာတော်ဝန် ဦးစံကျောင်း လက်ယမ်းပေါ်မှ မြင်တွေ့ခဲ့ရသည်။ ထိုနေ့မှာပင် စစ်ကိုင်းဘက်သို့ တောထွက်ခဲ့သည်။ စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ၊ အလုံ၊ မောင်းထောင်၊ ဘုတလင်၊ ကန္နီ ဒေသများတွင် (၆) နှစ်ခန့်လှည့်လည်၍ စာပေပညာသင်ယူခဲ့ သည်။ အဂ္ဂိရတ်ဖိုထိုးခြင်းကိုလည်း ဝါသနာပါခဲ့သည်။ အိမ်ထောင်ရေးနှင့်အလုပ်အကိုင် ၁၈၉၄ ခုနှစ်တွင် အဖ ဦးစံဒွန်းကွယ်လွန်သည်။ ၁၈၉၇ ခုနှစ်တွင် အစိုးရစစ် (၇) တန်းစာမေးပွဲကို မုံရွာမြို့ အလွတ်ပညာသင်ကျောင်းမှ ဦးပဏ္ဍိတ ရဟန်းအမည်ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် မော်လမြိုင်မြို့သို့ သွားရောက်ပြီး မြန်မာ့တိုင်း သတင်းစာတွင် ပဏ္ဍိလေးဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။ ၁၉၀၀ ပြည့်နှစ် အသက် ၂၄ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်ဝင်လုပ်သည်။ မကြာမီပင် ထိုပုံနှိပ်တိုက်တွင် စာပြင်ဆရာ ဖြစ်လာသည်။ ၁၉၀၃ ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် ငါးကျော်ဖိုရပ်နေ ဆန်စပါးပွဲစား ဦးနု၊ ဒေါ်နှင်းတို့၏သမီး ဒေါ်ရှင်နှင့် အကြောင်းပါခဲ့သည်။ ထိုနှစ်မှာပင် ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်မှ ရန်ကုန်တိုင်း သတင်းစာတိုက်သို့ ပြောင်းရွှေ့ လုပ်ကိုင်သည်။ မောင်လွမ်းမှဆရာလွမ်းဘဝ ဇာတ်စာအုပ်များလည်း အများအပြား ရေးသားခဲ့သည်။ ပြဇာတ်ပေါင်း ၈၀ ခန့် ရေးသားပြုစုခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့ မြန်မာတိုင်းမ်သတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ပဏ္ဍိလေး၊ မောင်သမာဓိ အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရွှေတောင်မောင်လွမ်း ကလောင်အမည်ဖြင့် မော်လမြိုင်ရာဇဝင် ဝတ္ထုကို ရေးသားထုတ်ဝေခဲ့သည်။ ထိုနောက် ကဝိသာရ မြဉ္ဇူကျမ်း၊ ပရမတ္တသံခိပ်အခြေကျမ်း (ဒုတိယတွဲ)တို့ကို ဆရာလွမ်း အမည်ဖြင့် ရေးသားခဲ့ပြန်သည်။ ၁၉၀၇ ခုနှစ်တွင် မြန်မာတိုင်းမ်သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းသွားသောအခါ ဟင်္သာတမြို့ အမရဝတီစာပုံနှိပ်တိုက်တွင် စာပြုအဖြစ် နှင့် အယ်ဒီတာအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်သည်။ ၁၉၁၀ ပြည့်နှစ်တွင် သူရိယသတင်းစာ စတင်ထုတ်ဝေသောအခါ အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ခေါင်းဆောင်ကြီးနှင့် ဘုန်းကြီးဒီပနီတို့ကို ရေးသားခဲ့သည်။ ကဗျာ ပရမတ္တသင်္ဂြိုဟ်ကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ မြန်မာရာဇဝင်ချုပ်၊ ရွှေနတ်တောင်ဘုရား စာအုပ်များကို ဆရာလွန်းအမည်ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ချဉ်ပေါင်ရွက်သည်မောင်မှိုင်း ၁၉၁၂ ခုနှစ် တဝိုက်တွင် ခေတ်ပညာတတ် မြန်မာလူငယ်များအကြားတွင် အမည်ရှေ့၌ မစ္စတာတပ်ခြင်း ခေတ်စားကာ အင်္ဂလိပ်ကို အထင်တကြီး ရှိနေကြသည်။ အသင်းအစည်းအဝေးများတွင်ပင် မစ္စတာမေအောင်၊ မစ္စတာဘဖေ၊ မစ္စတာသိမ်းမောင် စသည်ဖြင့် မှတ်တမ်းတင် ရေးသားနေကြလေရာ ဆရာကြီးမှာ လွန်စွာစိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။ တိုင်းပြည်ခေါင်းဆောင်လုပ်ကြရမည့် လူငယ်များအမည်ရှေ့က မစ္စတာအမြီးပြုတ်သွားအောင် လုပ်မှဖြစ်တော့မည်ဟု ကြံစည်မိသည်။ ထိုအချိန်က ဝန်စာရေးဦးကြီး ရေးသားသည့် “ချဉ်ပေါင်ရွက်သည်မောင်မှိုင်း” ဝတ္ထုထွက်နေသည်။ ထိုဝတ္ထုထဲမှ ဇာတ်လိုက် မောင်မှိုင်းသည် လူရှုပ်လူပွေ၊ ကြာသမား မြာပွေသူဖြစ်၍ စာဖတ်သူတို့က အော့နှလုံးနာကြသည်။ ဆရာကြီးသည် ထိုမောင်မှိုင်း အမည်ကို ယူကာ ရှေ့က မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း ကလောင်အမည်ယူ၍ သူရိယသတင်းစာတွင် ကြာ ဋီကာ ဆောင်းပါးများ ရေးသားသည်။ ထိုနောက် သူရိယသတင်းစာတွင်ပင် မစ္စတာမောင်မှိုင်း အမည်ဖြင့် “ဗိုလ်ဋီကာ” ဆောင်းပါးများ ဆက်လက်ရေးသားခဲ့သည်။ ထိုစဉ်က ဘိလပ်ပြန်ခေါ် နိုင်ငံခြားပြန်များ ယူကေနိုင်ငံမှ ပြန်လာသူများအကြားတွင် ထိုဆောင်းပါးများကြောင့် အတော်ဂယက်ရိုက် ပွက်လောထသွားသည်။ သတင်းစာတိုက်သို့ မေးကြ မြန်းကြ၊ ဆူပူကြ အပြန်အလှန် ဆောင်းပါးများ ရေးသားကြသည်။ ထိုနောက်ပိုင်းတွင် မြန်မာအမည်များရှေ့က မစ္စတာများ ပြုတ်သွားသည်။ အယ်ဒီတာဘဝ ဆရာကြီး အသက် ၄၀ အရွယ် ၁၉၁၄-၁၅ ခန့်တွင် ဇနီးသည် ဒေါ်ရှင် ကွယ်လွန်သည်။ သားသမီးလေးဦးကျန်ခဲ့ကာ အငယ်ဆုံးသမီးလေးမှာ ၁၁ လအရွယ်သာရှိသေးသည်။ ဆရာကြီး အလွန် ကသီလင်တ ဖြစ်ရသည်။ ထိုမျှ ဒုက္ခရောက်သည့် နှစ်ပိုင်းများတွင် ဆရာကြီးသည် အရေးကြီးသည့် ဗိုလ်ဋီကာဆောင်းပါးများကို ရေးသားခဲ့သည်။ စာအုပ် အဖြစ် လည်း ရိုက်နှိပ်ထုတ်ဝေ နိုင်ခဲ့သည်။ ဆရာကြီးသည် ၁၉၂၀ ပြည့်နှစ်ခန့်အထိ သူရိယ သတင်းစာတိုက်တွင် မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သူရိယတွင် အယ်ဒီတာလုပ်သည်မှာ တိုင်းပြည်အကျိုး အတွက် ဖြစ်သော်လည်း သပိတ်မှောက် ကျောင်းသားများ ကိစ္စမှာ အလွန် အရေးကြီးသော အမျိုးသားရေး ကိစ္စဟု မြင်ကာ စားဝတ်နေရေး အခက်အခဲရှိသည့်ကြားမှ ကျောင်းသားများနှင့် အမ်အေ ဦးမောင်ကြီးတို့၏ တောင်းပန်ချက်အရ သူရိယ သတင်းစာမှ အလုပ်ထွက်ပြီး ဗဟန်း အမျိုးသားကောလိပ်တွင် မြန်မာစာပေနှင့် ရာဇဝင်ဘာသာရပ်များ ပို့ချသင်ကြားသည့် တာဝန်ကို ယူခဲ့သည်။ ရေးသားခဲ့သည့်ဋီကာများ မှန်နန်းရာဇဝင်တော်ကြီးကို ပြင်ဆင်တည်းဖြတ်ကာ ၁၉၂၁ ခုနှစ်မှာပင် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၁၉ ခုနှစ်က ရေးသားခဲ့သော ဒေါင်းဋီကာကိုလည်း အမျိုးသား ပညာရေး အဖွဲ့ သင်ခန်းစာ (သင်ရိုး) ကော်မတီက ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း ပေးခဲ့ သည်။ ၁၉၂၁ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား ဂုဏ်ပြုရတုရေးရန် ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ် (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ချီးမြှင့်ပါမည်ဟု ဦးမေအောင်က ပန်ကြားရာ ဆရာကြီးက ငြင်းပယ်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် မျောက်ဋီကာ၊ ၁၉၂၃ နိုင်ငံရေး အကွဲအပြဲ ခေတ်တွင် မြောက်ကဏ္ဍိ တို့ကိုရေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မူလဂျီစီဘီအေ ဝံသာနုများနှင့် ၂၁ ဦးဂိုဏ်းသားများ စင်ပြိုင်ဖြစ်လာသည်ကို ပြန်လည် ညီညွတ်ကြစေရန် ဗန္ဓုလ ဂျာနယ်မှနေ၍ ခွေးဋီကာ ဆောင်းပါးများ ရေးသား သတိပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီးကို မော်ကွန်းတင်ထားသော ဘွိုင်းကောက်ဋီကာကိုလည်း ရေးသားကာ ၁၉၂၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်းဘဝ ၁၉၂၈-၂၉ ခုနှစ်များတွင် တောပုန်းကြီး စံဖဲ ကြိုးမိန့်ကျသည့် အမှုတွင် အယူခံ ကိစ္စကို ဆရာကြီး ဦးဆောင်ပေးခဲ့ပြီး မြင်းခြံထောင်အထိသွားကာ စံဖဲကို တွေ့ဆုံအားပေးခဲ့ သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာသည့် အခါ သူရိယ သတင်းစာတွင် ဂဠုန် ဒီပနီ ဆောင်းပါးများရေးသားကာ လွတ်လပ်ရေးအတွက် တောင်သူလယ်သမား တော်လှန်သူများ ဘက်မှ ဆရာကြီးသည် မားမားရပ်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ရေနံချောင်းမြို့တွင် ကျင်းပသော ပထမအကြိမ် သခင်များ ညီလာခံသို့ တက်ရောက်ပြီး တို့ဗမာ အစည်းအရုံး၏ နာယကအဖြစ် တင်မြှောက်သည်ကို လက်ခံခဲ့သည်။ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်း အမည်သို့ ပြောင်းလဲခဲ့သည်။ ထိုနှစ်မှစ၍ တစ်နိုင်ငံလုံး အနှံ့အပြားသို့ သခင်လူငယ်များနှင့်အတူ တရားဟောထွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင်များ ပါဝင်ယှဉ်ပြိုင်ကြရာ လူငယ်များနှင့် အတူ ဆရာကြီး လိုက်လံ တရားဟောသည်။ ၁၉၃၈ ခုနှစ်တွင် သခင်ဋီကာကို ရေးသားသည်။ ရေနံမြေ အလုပ်သမား အရေးတော်ပုံတွင် လည်း တက်ကြွစွာ အားပေးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် မော်လမြိုင်ညီလာခံကို တက်ရောက် သည်။ ထိုခရိုင်အတွင်း အနှံ့ တရားဟောထွက်ခဲ့သည်။ ၁၉၄၀ သာယာဝတီ ညီလာခံ၊ ၁၉၄၁ ခုနှစ် မန္တလေး ညီလာခံနှင့် ပဲခူး လယ်သမား ညီလာခံများကို တက်ရောက်ခဲ့သည်။ တို့ဗမာ အစည်းအရုံး နာယကအဖြစ် နိုင်ငံတစ်ဝန်း နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တရားများ ဟောခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့ တော်လှန်ရေးအတွက် ဆရာကြီး မြေအောက် လျှိုး ခဲ့ရသည်။ ဗြိတိသျှ၏ နံပါတ် တစ် ရန်သူတော်အဖြစ် ကြေညာကာ ဖမ်းဝရမ်း အထုတ်ခံခဲ့ရ သည်။ ဟင်္သာတ ခရိုင် ဒေါင့်ကြီးရွာ၊ ထိုမှတဆင့် ဇလွန် တစ်ဘက်ကမ်း၊ ထိုနောက် သာယာဝတီ၊ အနောက်စံရွေး၊ ဘိုခေါင်၊ ထိုမှ ပဲခူး စသဖြင့် အမျိုးမျိုး ဒုက္ခခံကာ လှည့်လည် တိမ်းရှောင်နေခဲ့ရသည်။ ၁၉၄၄-၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင်လည်း ဆရာကြီးသည် တပည့် သခင်များနှင့် အတူ ရှောင်တိမ်း ပုန်းအောင်းနေရပြန်သည်။ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ ၁၉၅၃ ခုနှစ်တွင် တရုတ်ပြည်၊ မွန်ဂိုးလီးယား၊ ဟန်ဂေရီ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာကြီးအား ငြိမ်းချမ်းရေး စတာလင်ဆု အပ်နှင်းခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ် နှင့် အိန္ဒိယ နိုင်ငံများသို့ ငြိမ်းချမ်းရေး ကွန်ဖရက် တက်ရောက်ရန် သွားရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အရှေ့ ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) ကို ဆရာကြီးအားအပ်နှင်းခဲ့သည်။ ထိုနှစ်တွင်ပင် အရှေ့ ဂျာမနီ သို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။ ကွယ်လွန်ချိန် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် ကြသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက် မြေး ၁၅ ယောက်၊ မြစ် ၆ ယောက် ကျန်ရစ်ခဲ့သည်။ ရေးသားခဲ့သော စာအုပ်များ ညီတော်မင်းနန် ချွတ်ခန်း ဟောစာသစ် (၁၉၀၂) ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ဇာတ်ဆန်း (၁၉၀၃) ကျမိုင်းမောင်နှင့် စောမြိုင် ပြဇာတ် (၁၉၀၃) ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (၁၉၀၃) မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ) (၁၉၀၅) ကဗျာ သာရမဉ္ဇူ (၁၉၀၆) ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ) (၁၉၀၆) အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (၁၉၀၇) ချင်းမလေး ဝါနု ပြဇာတ်သစ် (၁၉၀၈) သူခိုး ထိလပ် ပြဇာတ် (၁၉၀၈) ကျောက်ဝိုင်းသမိုင်း၊ ရေကင်းသူ မရွှေပွင့် ပြဇာတ် (၁၉၀၉) ကဗျာ့သာရတ္တ သဂြိုဟ် (၁၉၁၀) သီရိဓမ္မာသောကမင်းကြီး ပြဇာတ် (ပထမတွဲ) (၁၉၁၁) ရွှေနန်းတော်သမိုင်းနှင့် ရာဇဝင်ချုပ် (၁၉၁၁) လက်မှုပညာ ဋီကာ (Hand Book of Useful Recipes) (၁၉၁၃) ဗိုလ်ဋီကာ (၁၉၁၄) ကဆုန် ညောင်ရေသွန်းပွဲတော် အတ္ထုပ္ပတ္တိစာတန်း (၁၉၁၄) ဆောင်းပါး ပေါင်းချုပ်ကြီး (ပထမတွဲ) (၁၉၁၄) မှာတော်ပုံ ဝတ္ထု (ပထမတွဲ) (၁၉၁၆) အီနောင် နန်းတွင်း ဇာတ်တော်သစ် (၁၉၁၇) ဓမ္မစေတီမင်း အတ္ထုပ္ပတ္တိ (၁၉၁၈) ကေသာသီရိ နန်းတွင်းဇာတ်တော်ကြီး (၁၉၁၈) ပဲခူး ရာဇဝင် ဇာတ်တော်ကြီး (၁၉၁၉) ဒေါင်းဋီကာသစ် (၁၉၂၀) မှာတော်ပုံ ဝတ္ထု (ဒုတိယတွဲ) (၁၉၂၁) ဘွိုင်းကောက် ဋီကာ (၁၉၂၁) မှာတော်ပုံ ဝတ္ထု (တတိယတွဲ) (၁၉၂၁) မှန်နန်း ရာဇဝင်တော်သစ် (ပထမတွဲ) (၁၉၂၂) မျောက်ဋီကာ (၁၉၂၃) မျောက်ကဏ္ဍိ (၁၉၂၃) ခွေးဋီကာ (၁၉၂၅) ဒေါင်းကဏ္ဍိ (ပထမတွဲ) (၁၉၃၁) ဂဠုန်ပျံ ဒီပနီ ဋီကာ (၁၉၃၁) မန္တလေးမြို့ ရွှေရေးဆောင်ဆရာတော်ကြီ: ဦ:ကြည်၏ ထေရုပ္ပတ္တိကထာ (၁၉၃၅) ခွေးကဏ္ဍိ (ပထမတွဲ) (၁၉၃၆) ခွေးကဏ္ဍိ (ဒုတိယတွဲ) (၁၉၃၆) သခင်ဋီကာ (၁၉၃၈) အာဇာနည် ဗိမာန် ဋီကာ (၁၉၄၈) ဗမာပြည်တွင်းရေး မည်ကဲ့သို့ ဖြေရှင်းမည်နည်း၊ သခင်ကိုယ်တော်မှိုင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး (၁၉၄၈) အနာဂတ်ဇာတ်ခုံ ဒီဠုံ ဋီကာ (၁၉၅၀) လေးချိုးပေါင်းချုပ် (ပထမတွဲ) (၁၉၅၅) စစ်ကိုင်းပြန် မှာတော်ပုံ (၁၉၇၁) လက်ရွေးစင် လေးချိုးတရာ (၁၉၇၃) တို့ဗမာ ဝတ်ရွတ်စဉ် (၁၉၇၆) အနုသာသန ခေါ် ဂမ္ဘီရပျို့ အဖြေ ဦးပုည မေတ္တာစာ မှန်နန်း ရာဇဝင်ချုပ် ကုန်းဘောင်ပေါ်လစ်တစ် ကလဟ ဝိနစ္ဆယ တက္ကသိုလ် ပန်တူဝိနစ္ဆယ ပဌမတ္ထဝိဘာဝနီ (ကျော်ဋီကာ) အဝနန်းတော် မြန်မာ့ဇေယာသဝဏ် ကျော် ၄ ဆူ ဘုရားတိုင် လေးချိုးကြီးများ သခင်ညီလာခံ ဩဘာဆောင်းပါးများ မင်္ဂလာရတုများ အရေးတော်ပုံ ဆောင်းပါးများ အရမ်းကာရ ဝိသောဓနီ စုန်တော်မူ မှာတမ်း တည်းဖြတ်ခဲ့သောစာအုပ်များ မောင်စံသူ၊ ရွှေနန်းဘွဲ့ မှာတမ်း (၁၉၁၃) မဏိကက်၊ နန်းတွင်း ဇာတ်တော်ကြီး (၁၉၁၇) ဦးဘိုးသစ်၊ ကဗျာရေးနည်း နိသျှည်းကျမ်းကြီး (၁၉၂၄) မောင်ချစ်စရာ၊ မြန်မာစာ ညွန့်ပေါင်း ဋီကာ (၁၉၂၅) တောင်တွင်းကြီးမြို့ ဆရာတော်၊ ဟိတသိဒ္ဓက ဝတ္ထု (၁၉၂၉) ?၊ ပုံတောင်နိုင် မော်ကွန်း ဦးထွန်းဖေ၊ မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် (၁၉၃၃) ဒုတိယ နဝဒေး၊ စကြာမင်းမယ်တော် ဆင်ဖြူရှင်မ ဧချင်း (၁၉၃၄) သခင်လေးမောင်၊ ဒို့ဝတ္တရားကြီး မြဒေါင်းညို (ဦးအောင်သိန်း)၊ ဝသုမြေ (ပထမပိုင်း) (၁၉၃၈) ဦးအုန်းမောင်၊ ကျောင်းသုံး မြန်မာရာဇဝင်သစ် (၁၉၄၈) ဗိုလ်သိမ်းဆွေ၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၅၁) မဟာတင်၊ လွတ်လပ်ရေးနှင့် ဗိုလ်ချုပ် မော်ကွန်း (၁၉၅၂) ဆရာရွှေ၊ မြန်မာ ရှေးဟောင်းကဗျာ ညွန့်ပေါင်း ?၊ တရုတ် အရပ်ရပ်ရောက်သည့် အရေးတော်ပုံ ဓာတ်ပုံများ ကိုးကား ပထမ မြန်မာများ မြန်မာ ကဗျာဆရာများ မြန်မာ့နိုင်ငံရေးသမားများ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%81%E1%80%84%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
.Net Framework
Microsoft .NET Framework သည် မိုက်ခရိုဆော့ဖ်မှ ထုတ်လုပ်သော ဝင်းဒိုး ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် များတွင် ပါရှိသော ဆော့ဖ်ဝဲလ်နည်းပညာ တစ်ခုဖြစ်သည်။ ၎င်းတွင် ပရိုဂရမ် ရေးသားရာတွင် တွင် ကြုံတွေ့နေကြဖြစ်သော ပြဿနာများအား ဖြေရှင်းပေးနိုင်သည့် နည်းလမ်းများ ကြိုတင် ရေးသားထားသော အကြီးစား ဆော့ဖ်ဝဲလ် လိုင်ဘရီ ပါရှိသည်။ အခြားသော ပရိုဂရမ်းမင်း ဘာသာစကားများသည် စက်လည်ပတ်ရေး စနစ်ပေါ်တွင် တိုက်ရိုက် အလုပ်လုပ်သော်လည်း ဒေါ့နက် ဖရိမ်ဝပ် ရေးသားထားသော ပရိုဂရမ်များသည် သည် စက်လည်ပတ်ရေး စနစ်ပေါ်တွင် တိုက်ရိုက် အလုပ်မလုပ်ပေ။ ဒေါ့နက် ဖရိမ်ဝပ်မှ စက်လည်ပတ်ရေး စနစ်နှင့် ပရိုဂရမ်တို့ကြားတွင် ကိုယ်စားလှယ်ပမာ ဆောင်ရွက်ပေးသည်။ မိုက်ခရိုဆော့ဖ်၏ ဒေါ့နက် ဖရိမ်ဝပ်သည် ဝင်းဒိုးကို အခြေခံရေးသားထားသော ပရိုဂရမ်များကို အနာဂတ် ဝင်းဒိုးစနစ်များတွင် အလွယ်တကူ အသုံးချနိုင်ရန် မိုက်ခရိုဆော့ဖ် ၏အဓိက ကြိုးပမ်းချက်ဖြစ်သည်။ ကျမ်းကိုး "Standard ECMA-335: Common Language Infrastructure (CLI)". ecma-international.org (6 ed.). ECMA. June 2012. "Standard ECMA-334: C# Language Specification". ecma-international.org (4 ed.). ECMA. June 2006. "ISO/IEC 23271:2012 Information technology - Common Language Infrastructure". iso.org (3 ed.). International Organization for Standardization. 13 February 2012. "ISO/IEC 23270:2006 - Information technology - Programming languages - C#". iso.org (2 ed.). International Organization for Standardization. 26 January 2012.</ref> "Microsoft's Empty Promise". Free Software Foundation. ဆော့ဖ်ဝဲလ် ဖရိမ်ဝေါ့ခ်များ
https://my.wikipedia.org/wiki/.Net%20Framework
အေ​စီ-၁၃၀
Lockheed နှင့် Boeing ကုမ္ပဏီတို့က ပူးပေါင်း ထုတ်လုပ်ထားသော ဤလေယာဉ်သည် C-130 Hercules လေယာဉ်ကို မြေပြင် တိုက်ခိုက်ရေး လေယာဉ်အဖြစ် ပြုပြင် ပြောင်းလဲထားခြင်း ဖြစ်သည်။ ၎င်းတို့ကို မြေပြင်တိုက်ခိုက်ရေး လုပ်ငန်းများ ၊ လေကြောင်း ပစ်ကူပေးခြင်းများတွင် အသုံးပြုသည်။ အခြေခံ အချက်အလက်များ လေယာဉ်သား (၁၃) ဦး အရာရှိ (၅) ဦး [လေယာဉ်မှူး ၊ တွဲဘက်လေယာဉ်မှူး ၊ လေကြောင်းလမ်းပြ ၊ လက်နက်အရာရှိ ၊ အီလက်ထရောနစ် စစ်ဆင်ရေး အရာရှိ] အခြားအဆင့် (၈) ဦး [ လေကြောင်း အင်ဂျင်နီယာ ၊ ပစ်မှတ် စောင့်ကြည့်ရေးမှူး ၊ အနီအောက်ရောင်ချည် ပစ်မှတ် ရှာဖွေရေးမှူး ၊ လက်နက် တာဝန်ခံ ၊ သေနတ်သမား (၄) ဦး] လေယာဉ်အရှည် = (၂၉.၈ မီတာ) တောင်ပံအလျား = (၄၀.၄ မီတာ) လေယာဉ်အမြင့် = ၉၁၁.၇ မီတာ) အင်ဂျင် = Allison T56-A-15 turboprop အင်ဂျင် (၄) လုံး ကိုးကား (AC-130 refs loaded throughout book) . . ပြင်ပလင့်ခ်များ "Gunship History", Spectre Association. List of AC-130 Gunships on Gunships.org. AC-130, Global Security. "Powerful Gunships Prowl Iraq, and Limits Show" on NPR from All Things Considered. . (1977) T.O. 1C-130(A)A-1 Flight Manual USAF Series AC-130A Airplane (Part 1), (Part 2) စစ်ဘက်သုံး လေယာဉ်ပျံ‎
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E2%80%8B%E1%80%85%E1%80%AE-%E1%81%81%E1%81%83%E1%81%80
ပရက်ဂ်မြို့
ပရက်ဂ်မြို့သည် ချက်သမ္မတနိုင်ငံ ၏ အကြီးဆုံးမြို့ နှင့် မြို့တော် ဖြစ်သည်။ဥရောပယူနီယံတွင်၁၃ခု‌မြောက်အကြီးဆုံးမြို့ဖြစ်ပြီး ဗော်တာမြစ်အနီးတွင်ရှိသည်။ ပရက်ဂ်မြို့သည်လူပေါင်း၁.၃သန်းခန့်၏အိမ်ဖြစ်သည်။ ပရက်ဂ်တွင်သမုဒ္ဒရာပိုင်းရာသီဥတုရှိပြီးမျှတသော နွေရာသီ၊အေးစိမ့်စိမ့် ဆောင်းရာသီတို့ ရှိသည်။ ပရက်ဂ်သည်အလယ် ဥရောပ၏နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအချက်အချာဒေသဖြစ်သည်။ ဓာတ်ပုံပြခန် ချက်သမ္မတနိုင်ငံရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%9B%E1%80%80%E1%80%BA%E1%80%82%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ဘိုဟီးမီးယား
ဘိုဟီးမီးယား (, ;) ( ;) သည် ဥရောပ အလယ်ပိုင်း ချက်သမ္မတနိုင်ငံတွင် ရှိသော သမိုင်းဝင်နယ်မြေတစ်ခု ဖြစ်သည်။ ကိုးကား ပထဝီဝင် ဥရောပတိုက်
https://my.wikipedia.org/wiki/%E1%80%98%E1%80%AD%E1%80%AF%E1%80%9F%E1%80%AE%E1%80%B8%E1%80%99%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8
Logic value
ကွန်ပျူတာသုံး Boolean logic ဆိုသည်မှာ အရစ္စတိုတယ် ၏ ယုတ္တိဗေဒ ပေါ်တွင် အခြေခံသည်။ အရစ္စတိုတယ် ၏ ယုတ္တိဗေဒ တွင် ဖြစ်ရပ်တစ်ခုကို ရှမြင်ရာတွင် မှန်လျင်မှန်၊ မမှန်လျင် သေချာပေါက်မှားရမည် ဟုရှမြင်သည်။ ထို ယုတ္တိဗေဒကို ကို ဒီဂျစ်တယ် နည်းဖြင့် ကိုယ်စားပြုပါက မှန်ခြင်းကို ၁၊ မှားခြင်းကို ၀ ဟုကိုယ်စားပြုသည်။ ဒစ်ဂျစ်တယ် ကွန်ပျူတာ များတွင် တွက်ချက်မှူများ လုပ်ရာ၌ ၁ နှင့် ၀ ကိုအခြေခံပြီးလုပ်ဆောင်သည်။ ကွန်ပျူတာ အတွက် လိုအပ်သော အချက်အလက်(data)၊ အမိန့်ပေးစေခိုင်းချက်(instruction) စသည့်တို့ အားလုံးကို ၁ နှင့် ၀ ဖြင့်ဖွဲ့စည်းထားသော digital signal များအဖြစ်ပြောင်းလဲလုပ်ဆောင်သည်။ ထို ၁ နှင့် ၀ ကို logic values ဟုခေါ်သည်။ ဒစ်ဂျစ်တယ် အချက်ပြလှိုင်း အမြင်ဖြင့်ဆိုလျင် 1 နှင့် 0 ၊ အင်နာလော့ အချက်ပြလှိုင်း အမြင်ဖြင့်ဆိုလျင် +5V နှင့် Ground ၊ အရစ္စတိုတယ် ၏ ယုတ္တိဗေဒ အမြင်ဖြင့်ဆိုလျင် True နှင့် False စသည်ဖြင့် logic value များကို အမျိုးမျိုး သတ်မှတ်နိုင်သည်။
https://my.wikipedia.org/wiki/Logic%20value
ပရိုဂရမ် ကောင်တာ
Program Counter ဆိုသည်မှာ processor(CPU) အတွင်းရှိ register တစ်ခုပင်ဖြစ်သည်။ Program Counter ၏အဓိကလုပ်ဆောင်ချက်မှာ ရှေ့လာမည့် clock cycle တွင် တွက်ချက်လုပ်ဆောင်မည့် အမိန့်ပေးစေခိုင်းချက်(instruction)၏ မန်မိုရီပေါ်ရှိလိပ်စာ(memory address)ကို ခေတ္တသိမ်းစည်းထားပေးသည်။ ဥပမာ ယခု clock cycle တွင် address 20 က instruction ကိုတွက်ချက်နေသည်ဆိုပါစို့။ ဒါဆိုလျင် program counter ပေါ်တွင် 21 ရှိနေသည်။ သို့မှသာ နောက် clock cycle တစ်ခုတွင် address 21 ပေါ်ရှိ instruction ကိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။ clock cycle ပြောင်းသွားသည့်အခါ program counter ကပြသည့် address 21 ကို memory တွင်ဖတ်၍ instruction ကို CPU ပေါ်သို့ ဆွဲတင်(fetch)သည်။ ပြီးသည်နှင့် program counter ကို တစ်တိုး(increment)လိုက်သည်။ ထိုအခါ program counter ရှိတန်ဖိုးမှာ 22 ဖြစ်သွားသည်။ address 21 ရှိ instruction ကိုတွက်နေသည့်အချိန်၌ program counter တွင် address 22 ကအသင့်ရှိနေသည်။ နည်းပညာ ကွန်ပျူတာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%9B%E1%80%AD%E1%80%AF%E1%80%82%E1%80%9B%E1%80%99%E1%80%BA%20%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%AC
အေကေ-၄၇
အေကေ - ၄၇ ချေမှုန်းရေး ရိုင်ဖယ်ကို ရုရှား နိုင်ငံမှ မီခေးလ် ကလာစနီကော့ဗ် (Mikhail Kalashnikov) က ဒီဇိုင်းဆွဲ၍ ၁၉၄၇ ခုနှစ်၏ အကောင်းဆုံး မောင်းပြန်ရိုင်ဖယ် ဒီဇိုင်းဆုကို ရရှိခဲ့သည်။ AK 47 နှင့် AKS 47 ဟူ၍ နှစ်မျိုး ထုတ်လုပ်ခဲ့သည်။ ၁၉၄၉ တွင် ဆိုဗီယက် တပ်နီတော်၏ တပ်များအတွက် စတင်အသုံးပြုခဲ့သည်။ ယခင် ဝါဆော နိုင်ငံများ၏ အဓိက ချေမှုန်းရေး ရိုင်ဖယ် ဖြစ်သည်။ အေကေ-၄၇ ၏ စကားလုံးရင်းမြစ်မှာ တီထွင်သူ Avtomat Mikhail Kalsshnikov မှ ၁၉၄၇ ခုနှစ်တွင် တီထွင်ခဲ့သည်ဟု အမှတ်အသားပြုသည့်အနေဖြင့် သူ့နာမည် ရှေ့စာလုံး A နှင့် နောက်နာမည်မှ K ကိုယူကာ AK-47 ဟုနာမည်ပေးခဲ့ခြင်းဖြစ်သည်။ သွင်ပြင် လက္ခဏာများ အေကေ - ၄၇ ကို ရိုးရှင်းပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာအောင် ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပြီး သန့်ရှင်းရေး ပြုလုပ်ရန်နှင့် အထွေထွေ ပြင်ဆင်ရန်လည်း အလွန်လွယ်ကူသည်။ လက်တွေ့ အသုံးပြုမှုများအရ အေကေ ၄၇ တစ်လက်၏ သက်တမ်းသည် နှစ်ပေါင်း ၂၀ မှ ၄၀ အတွင်း ကောင်းမွန်စွာ အသုံးပြု၍ ရကြောင်း တွေ့ရသည်။ ထူးခြားချက်မှာ ရေစိုဒဏ်ကို ကောင်းစွာခံနိုင်ခြင်းဖြစ်သည်။ နောက်ပိုင်း မျိုးကွဲများ ထွက်ပေါ်လာသော်လည်း မူရင်း သွင်ပြင်လက္ခဏာ ဖြစ်သည့် ရိုးရှင်းပြီး ပြုပြင်ထိန်းသိမ်းမှု လွယ်ကူသည့် ပုံသဏ္ဌာန်မှာ ဆက်လက် တည်ရှိဆဲ ဖြစ်သည်။ အသုံးပြုသည့် နိုင်ငံများ ကိုးကား လက်နက် ရိုင်ဖယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%80%E1%80%B1-%E1%81%84%E1%81%87
အာကီနို
မာရီယာ ကိုရာဇွန် အာကီနို (Maria Corazon "Cory" Sumulong Cojuangco Aquino)(၂၅ ဇန္နဝါရီ ၁၉၃၃ – ၁ ဩဂုတ် ၂၀၀၉) သည် ဖိလစ်ပိုင်နိုင်ငံ၏ ဒီမိုကရေစီ ရှေ့ဆောင် သမ္မတဟောင်းတဦးဖြစ်သည်။ သူမသည် ၁၉၈၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံ၏ ၁၁ ဆက်မြောက် သမ္မတအဖြစ် ထမ်းရွက်ခဲ့သည်။ သူမသည်လည်း ဖိလစ်ပိုင်၏ ပထမဦးဆုံးသော အမျိုးသမီး သမ္မတ ဖြစ်သလို အာရှနိုင်ငံများအကြား ပထမဦးဆုံးသော အမျိုးသမီး သမ္မတဖြစ်သည်။ သူမသည် ၂၀၀၉ ဩဂုတ် ၁ ရက်နေ့တွင် အူမကင်ဆာရောဂါကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားပြီဖြစ်သည်။ မိမိကိုယ်ကို “အိမ်ထောင်ရှင်မတဦး”သာ ဖြစ်ကြောင်း ခံယူထားသည့် အာကီနိုသည် ဖိလစ်ပိုင် ဆီးနိတ်အမတ် ဘန်နစ်နို အာကီနို ဂျူနီယာ (Benigno Aquino, Jr.) (၁၉၃၂–၁၉၈၃) နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ဘန်နစ်နို အာကီနိုသည် ထိုစဉ်အခါက အာဏာရှင် သမ္မတ ဖာဒီနန် မားကို့စ် (Ferdinand Marcos) အား ဆန့်ကျင်သည့် အတိုက်အခံ ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် ဘန်နစ်နို အာကီနိုသည် အမေရိကန် ပြည်ထောင်စုသို့ ထွက်ပြေးတိမ်းရှောင်ရာမှ ဖိလစ်ပိုင်သို့ ပြန်လာပြီးနောက် လုပ်ကြံခံခဲ့ရသည်။ နိုင်ငံရေး အတွေ့အကြုံမရှိသည့် အာကီနိုသည် သူမ၏ခင်ပွန်းသည် ကွယ်လွန်ပြီးနောက် အတိုက်အခံ အင်အားစုများအား စည်းလုံးမှုရှိစေသည့် အဓိက ပုဂ္ဂိုလ်တဦးဖြစ်လာခဲ့သည်။ အတိုက်အခံ အင်အားစု၏ နားချဆော်ဩမှုကြောင့် အာကီနိုသည် လက်ရှိသမ္မတ မားကို့စ်နှင့်အပြိုင် ၁၉၈၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲအတွင်း မဲလိမ်မှုများရှိသည်ဟု သတင်းလောကမှ ကျယ်ကျယ်ပျံ့ပျံ့ ဖော်ပြနေသည့်ကြားထဲ သမ္မတ မားကို့စ်က ရွေးကောက်ပွဲကို အနိုင်ရကြောင်း ကြေညာခဲ့သည်။ ထို့နောက် ဖိလစ်ပိုင်တွင် မားကို့စ် အာဏာကျစေသည့် ငြိမ်းချမ်းသည့် “ပြည်သူ့အင်အား တော်လှန်ရေး” (People Power Revolution) စတင်ခဲ့ကာ အာကီနိုအား သမ္မတအဖြစ် တင်မြောက်ခဲ့ကြသည်။ ကိုးကား ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတများ တိုင်းမ်မဂ္ဂဇင်း ဩဇာအရှိဆုံး ပုဂ္ဂိုလ် အမျိုးသမီး နိုင်ငံတော် အကြီးအကဲ ၁၉၃၃ မွေးဖွားသူများ ၂၀၀၉ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%80%E1%80%AE%E1%80%94%E1%80%AD%E1%80%AF
Active ရေဒါ
Active ရေဒါ ဟာ radio signal source မဟုတ်တဲ့ အရာဝတ္တု တွေကို ခန့်မှန်း ရှာဖွေပေးပါတယ်။ transmitter ရဲ့ အင်တင်နာ ကနေ စူးစမ်းရှာဖွေမယ့် signal ကို ထုတ်ပေးပါတယ်။ ရှာဖွေမှုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အရာဝတ္တု ကို ထိပြီးပြန်လာတဲ့ signal ကို receiver ကဖမ်းယူပြီး output device ဆီကိုပို့ပေးပါတယ်။ Output device က ရှာဖွေတဲ့ အရာဝတ္တု က ဘာလဲ၊ ဘယ်လိုအခြေအနေမှာရှိလဲဆိုတဲ့ အချက်အလက်တွေကို ဖော်ထုတ်ပေးပါတယ်။ သိပ္ပံ နည်းပညာ
https://my.wikipedia.org/wiki/Active%20%E1%80%9B%E1%80%B1%E1%80%92%E1%80%AB
အဲလ်ဘတ်ကမူး ၏ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက်
မြင့်သန်းရေးသော အယ်လ်ဘတ် ကမူး၏ Irony စာအုပ်အကြောင်း ဤအရေးအသားမှာ အဲလ်ဘတ်ကမူး (Albert Camus) ၏ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက် (L'Envers et L'Endroit) အရေးအသားမှ ထုတ်နုတ်၍ ပြန်လည် တင်ပြထားခြင်းသာ ဖြစ်သည်။ ၁၉၃၅-၃၆ ခုနှစ်၊ ကမူး အသက် နှစ်ဆယ့်နှစ်နှစ်သား အရွယ်က ရေးသားခဲ့သော အရေးအသားများမှ ဖြစ်သည်။ ဝတ္ထု မဟုတ်သော အရေးအသား ဖြစ်သည်။ ကမူးသည် လူတို့၏ သဘောကို လေ့လာသူ၊ ခံစားကြည့်တတ်သူမျိုး ဖြစ်သည်။ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက် အတွက် ရေးသားသော သူ၏ အမှာစာတွင် ကမူးက ဤသို့ဆိုခဲ့သည်။ ဒီစာအုပ်ကလေးဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး စာအုပ်ပဲလို့ ဘရိုင်ရင်ပရိန်းက အမြဲပြောလေ့ရှိတယ်။ သူ မှားတယ်။ သူမှားတယ်လို့ ပြောရတာက မှန်တာကို သူ ပြောတာမဟုတ်ဘူးလို့ ဆိုချင်တာ မဟုတ်ဘူး။ အနုပညာသည်တိုင်းလို လက်မခံနိုင်တဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါက အနုပညာသည်တွေကို လူတွေက သူဘယ်သူလဲ ဆိုတာထက် သူဟာ ဘယ်သူဖြစ်ခဲ့တယ် ဆိုတာကို ပြောဖို့ အားသန်နေကြတာပဲ။ သူမှားတယ်လို့ ဆိုတာက အသက်နှစ်ဆယ့်နှစ်နှစ်သား အရွယ်မှာ ကျွန်တော့်အနေနဲ့ တော်ကောင်း တော်မယ်။ ဒါပေတဲ့ စာကို ဘယ်လိုရေးရတယ်ဆိုတာ ဘာမှကို မသိသေးတာပဲ။ ပရိန်း ဘာကိုပြောချင်တယ် ဆိုတာတော့ ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော် ရေးခဲ့သမျှအထဲမှာ ဒီအထဲမှာ ရေးခဲ့တာတွေဟာ စွဲစွဲလမ်းလမ်း၊ တမ်းတမ်းတတနဲ့ ရေးခဲ့တာတွေ အများဆုံးမို့ပဲ။ ဘာသာပြန်ရာတွင် ကျွန်တော်၏ ရည်ရွယ်ချက်တစ်ခုမှာ ကမူး၏ ကြည့်တတ်၊ မြင်တတ်မှုနှင့် ထိုအကြည့်အမြင်တို့အားလုံး ပြန်လည် သုံးသပ်မှုတို့ကို စာဖတ်သူများ မြင်စေချင်ခြင်း ဖြစ်သည်။ ထိုစာအုပ်ထဲမှာ အရေးအသားများကို သူ၏ ဝတ္ထုအရေးအသား (ဖန်တီးမှုအရေးအသား)များနှင့် ရောထွေး နားလည်မထားမိရန်ကား လိုအပ်ပါသည်။ တစ်အုပ်လုံး ဖတ်နိုင်သော် ကောင်းပါလိမ့်မည်။ ထိုစာအုပ်မျိုး (မြန်မာပြန်)ကို တစ်နေ့သော် ထုတ်ဝေချင်သူ ပေါ်လာလိမ့်မည်ဟူ၍ကား မျှော်လင့်ထားမိပါသည်။ ရှင်းလင်းပြလိုသော နောက်ဆုံးအချက်တစ်ခုမှာ အလ်ဘတ်ကမူး ဆိုသည်မှာ Albert Camus ကို ဆိုလိုခြင်း ဖြစ်သည်။ ကြိုက်သလို အသံထွက်နိုင်ကြသည်။ မြန်မာပြည်တွင် ပြင်သစ်စာတတ်များ အများကြီး ရှိသည်။ ကျုပ်က ပြင်သစ်စာမှာ ဒစ်ပလိုမာရလို့ ခင်ဗျားတို့ ရေးတဲ့ မြန်မာစာက မချောဘူးဟု ဝင်ဖြီးဖြန်းရဲသူများပင် ပေါ်ခဲ့ဖူးလေရာ ထိုထိုသော ဆရာကြီးများနှင့် ညှိနှိုင်း၍သာ အသံထွက်ကြ စေချင်ပါသည်။ ကမူးဆိုတာ တို့ရွာတောင်ပိုင်းက ကိုပေါက်ကျိုင်းကို ခေါ်တာထင်ရဲ့ဟု အမှတ်မမှားလျှင် တော်ပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဘွားကြီးတစ်ယောက်နဲ့ ကျွန်တော် သိကျွမ်းရတယ်။ အတော့်ကို နေထိုင်မကောင်းဘူး။ မကောင်းသမှ သေလုနီးပါးပဲ။ ညာဘက် တစ်ခြမ်းလုံးက လေဖြတ်ထားတယ်။ ကိုယ်တစ်ခြမ်းက ဒီလောကထဲမှာ။ ကျန်တစ်ခြမ်းကတော့ သူနဲ့ ဘာမျှမဆိုင်သလိုပဲ။ အင်မတန် သွက်လက်၊ လေများတတ်တဲ့ အဘွားကြီးဟာ မလှုပ်နိုင် မရှားနိုင်၊ စကားမပြောနိုင်တဲ့ အဖြစ်ကို ရောက်သွားတယ်။ စာမတတ် ပေမတတ်။ သိမှတ်ခံစားနိုင်တဲ့ အရည်အသွေးကလည်း သိပ်မမြင့်။ ဒီလိုနဲ့ တစ်နေ့ပြီး တစ်နေ့ ဖြည်းဖြည်းချင်းနဲ့ သူ့ဘဝဟာ ထာဝရ ဘုရားသခင်ရဲ့ အဆုံးအဖြတ်ခံ ဘဝဖြစ်လာတော့တယ်။ သူကလည်း ယုံကြည်မှုရှိတယ်။ သူ ယုံကြည်မှုရှိတယ် ဆိုတာကို အထောက်အထား ပြရမယ် ဆိုရင် သူ့ရဲ့ စိပ်ပုတီး။ ကြေးနဲ့ လုပ်ထားတဲ့ ခရစ်တော်ရုပ်တု ကလေး။ အင်္ဂတေသား တစ်မျိုးနဲ့ လုပ်ထားတဲ့ မွေးကင်းစ ဂျီးဇက်ကို ချီထားတဲ့ စိန့်ဂျိုးဇက် အရုပ်တွေကို ပြရမှာပဲ။ သူ့ရောဂါဟာ ကုလို့မရတော့ဘူးလို့ မထင်လှဘူး။ ခုလို ဖြစ်နေရတာက သူ့ကို လူတွေက ပိုပြီး ဂရုစိုက်ကြရအောင် ဖြစ်လာတာပဲလို့ မြင်တယ်။ သူ့အတွက်တော့ အရာရာဟာ ဘုရားသခင်ရဲ့ အစီအမံချည်းပဲ။ ထာဝရ ဘုရားသခင်ကိုပဲ အားကိုးတယ်။ တစ်နေ့တော့ သူ့ကို လူတစ်ယောက်က ဂရုတစိုက် ဖြစ်လာတယ်။ လူငယ်တစ်ယောက်ပဲ။ (သူက လောကမှာ အမှန်တရားဆိုတာ ရှိတယ်လို့လည်း လက်ခံတယ်။ ဒီအဘွားကြီး သေတော့မယ် ဆိုတာလည်း သိတယ်။ ဒီပြဿနာ နှစ်ခုကိုတော့ ဖြေရှင်းကြည့်စရာပဲလို့တော့ မမြင်ထားဘူး။) လူငယ်က အဘွားကြီးရဲ့ ငြီးငွေ့စွာ ဖြစ်ရှိနေရခြင်းကို တကယ်ပဲ စိတ်ဝင်စားတယ်။ အဘွားကြီးကလည်း အဲဒါကို ခံစားသိမိတယ်။ ခုလို လူငယ်က အဘွားကြီးအပေါ် စိတ်ဝင်တစား ရှိလာတာဟာ အဘွားကြီး အတွက်တော့ ထာဝရဘုရားသခင်ရဲ့ စေစားချက်အရပဲ။ အဘွားကြီးက သူ့ပြဿနာတွေ အကြောင်း သိပ်ပြောပြချင်နေတာ။ သူ့အနေနဲ့က ဆက်ပြီး သည်းခံ မနေချင်တော့ဘူး။ နောက်မျိုးဆက်အတွက် နေရာ ပေးရဦးမှာ မဟုတ်လား။ အဘွားကြီးအနေနဲ့ ငြီးငွေ့နေပြီလား။ ငြီးငွေ့နေပြီပေါ့။ ဘယ်သူကမျှလည်း သူ့ကို စကားစမြည် ပြောကြတာမှ မဟုတ်ဘဲ။ အခန်းထောင့်တစ်နေရာမှာ ငုတ်တုတ်။ ခွေးတစ်ကောင်လိုပဲ။ တခါတည်း ကိစ္စပြီးသွားမယ် ဆိုရင်လည်း ပြီးတာပဲ။ မြန်မြန်သေသွားရင်ဖြင့် ဘယ်သူ့ အတွက်မှ ဝန်ထုပ်ဝန်ပိုး ဖြစ်မနေတော့ဘူးပေါ့။ အဘွားကြီး အသံက ဗလုံးဗထွေးနဲ့ပဲ။ ရန်ဖြစ်နေသလို၊ ဈေးဆစ်နေသလိုပဲ။ လူငယ်ကတော့ နားလည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားလူအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာက သေကောင်ပေါင်းလဲ ဖြစ်နေတာထက်တော့ တော်သေးတယ်လို့ လူငယ်က မြင်တယ်။ သူကတော့ သူ့အတွက် ဘယ်သူမှ တာဝန်မရှိစေခဲ့ဖူးဘူး။ အဘွားကြီးလက်ထဲက စိပ်ပုတီးကို မြင်တော့ လူငယ်က အဘွားကြီးကို ပြောတယ်။ "ခင်ဗျားမှာ ထာဝရဘုရားသခင် ရှိနေသေးတာပဲ"။ ဟုတ်တယ်။ ဒါပေတဲ့လည်း အဘွားကြီးမှာက သူ့ပြဿနာနဲ့သူ။ အဘွားကြီးက ဝတ်ပြုဆုတောင်းတာ ကြာနေတဲ့အခါ၊ သူ့မျက်လုံးတွေက နံရံပေါ်မှာ မျက်စိကစားနေမိတဲ့အခါ သူ့သမီးက ပြောတတ်တယ်။ "ကြည့်၊ ဝတ်ပြု ဆုတောင်းနေပြန်ပြီ။ ဘာတွေ လုပ်နေပြန်တာလဲ"။ ဒီတော့ ဒုက္ခိတ အဘွားကြီးက "ဘာမျှ ငါ့အလုပ် မဟုတ်ဘူး။ ဒါပေတဲ့ လုပ်ချင်လို့"လို့ ပြောကောင်း ပြောလိမ့်မယ်။ ပြီးရင်တော့ အဘွားကြီး ငြိမ်သွားလိမ့်မယ်။ သူ့သမီးကို မကျေမနပ်နဲ့ တုံ့ပြန်ပြီး ကြည့်နေလိမ့်မယ်။ လူငယ်ကတော့ မကြုံစဖူးတဲ့ ရင်နာပုံမျိုးနဲ့ ရင်ထဲမှာ ဝေဒနာခံစားရင်း နားထောင်နေမိတယ်။ အဘွားကြီးကတော့ ဆက်ပြောတယ်။ "ဒီဟာမ အိုလာခါမှ သိမယ်။ သင်း ခံစားရဖို့ လိုတယ်" ဒီအဘွားကြီးဟာ ထာဝရ ဘုရားသခင်ကလွဲလို့ အရာရာနဲ့ ကင်းကွာနေသလိုပဲ။ ဒါပေတဲ့လည်း ဘဝရဲ့မျှော်လင့်ချက် ဆိုတာတွေသာ တဖန်ပြန်လည် မွေးဖွားလာခဲ့မယ် ဆိုရင် လူသားတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လို့ ထာဝရဘုရား သခင်က ဘာမျှ စွမ်းဆောင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ အဘွားကြီးရဲ့ မိသားစုနဲ့ ဧည့်သည်တွေက ညစာစားဖို့ စားပွဲမှာ ထိုင်လိုက်ကြတော့ လူငယ်ကိုလည်း ညစာစားဖို့ ခေါ်ကြတယ်။ အဘွားကြီးကတော့ ညဘက်မို့ အစာမကြေမှာစိုးလို့ မစားဘူး။ သူထိုင်နေတဲ့ ထောင့်ကလေးဆီမှာပဲ ထိုင်နေတယ်။ သူပြောတာတွေကို နားထောင်နေခဲ့တဲ့ လူငယ်ရဲ့ နောက်နားဆီမှာ အဘွားကြီးရဲ့ မိသားစုတွေက သူ့ကို ဂရုစိုက် ကြည့်နေကြတယ်လို့ ထင်လို့၊ လူငယ်အနေနဲ့လည်း သိပ်စားလို့ မဝင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ညစာတော့ စားဖြစ် ကြတယ်လို့ ပြောရမှာပဲ။ စားပြီးတော့ ရုပ်ရှင်သွားကြည့်ရ အောင်လို့ ဆိုကြပြန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီအပတ် ရယ်စရာ ရုပ်ရှင်ကားတစ်ကား ပြသတဲ့။ လူငယ်လည်း ရှေ့နောက် တွေးမနေဘဲ ရုပ်ရှင်သွားဖို့ သဘောတူလိုက်တယ်။ ရှေ့နောက် မတွေးဘူးဆိုရာမှာ သူ့နောက်နားဆီ ထိုင်နေတဲ့ လူတစ်ယောက် အကြောင်းကိုလည်း ထည့်မစဉ်းစားမိဘူး။ စားသောက်ပြီးကြတော့ ကိုယ်လက်သန့်စင်ရင်း အပေါ့အပါးသွားဖို့ စားပွဲက ထသွားကြတယ်။ ဘယ်သူကမျှ အဘွားကြီးကို ထည့်မစဉ်းစားကြဘူး။ အဘွားကြီး အနေနဲ့ကတော့ ခုလို ကိုယ်တစ်ခြမ်း လေဖြတ်ထားတာ မခံရလို့ ရုပ်ရှင် လိုက်ကြည့်ရင်လည်း နားတော့လည်မှာ မဟုတ်ဘူး။ အဘွားကြီးကတော့ သူ ရုပ်ရှင်မကြိုက်ဘူးလို့ ပြောပေတဲ့ တကယ်တော့ သူ့အနေနဲ့ ဘာမျှ နားမလည်နိုင်လို့ပဲ။ ဒီတော့လည်း သူ့ခမျာ အခန်းထောင့်တစ်နေရာမှာ ထိုင်ရင်း ပုတီးစိပ်ရင်း အာရုံပြုနေရှာတယ်။ သူ့အနေနဲ့ကတော့ အဲဒါကိုပဲ အားကိုး တယ်။ ယုံကြည်တယ်။ ထာဝရဘုရားသခင်ရယ်၊ စိပ်ပုတီး ရယ်၊ ခရစ်တော် ဒါမှမဟုတ်ရင် စိန့်ဂျိုးဇက် ရုပ်တုတော် ဆိုတဲ့ အရာဝတ္ထုသုံးခုမှာပဲ အဘွားကြီး သက်ဝင်ယုံကြည်မှု ရှိတော့တယ်။ ဒီဟာတွေရဲ့ နောက်ကွယ်နားဆီက နက်မှောင် နေတဲ့ ရပ်ဝန်းတစ်ခုဆီမှာ အဘွားကြီးရဲ့ မျှော်လင့်ချက်တွေ ရှိနေလေရဲ့။ ရုပ်ရှင်သွားကြဖို့ အားလုံးအသင့်ဖြစ်ကြတဲ့အခါ အဘွားကြီးကို သွားပြီး အသာနမ်းရင်း နှုတ်ဆက်ကြတယ်။ အဘွားကြီးအနေနဲ့ကတော့ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မယ်ဆိုတာကို ရိပ်မိတော့ စိပ်ပုတီးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားနေမိတယ်။ စိတ်ထဲမှာ ဝေဒနာဖြစ်နေတယ် ဆိုတာ ပေါ်လွင်နေတာပဲ။ အားလုံးက အဘွားကြီးကို နမ်းပြီး နှုတ်ဆက်ကြတယ်။ လူငယ်ကလေး အလှည့်ကျတော့ လူငယ်က သူ့ကို အသာပဲ လက်ဆွဲနှုတ်ဆက်ပြီး လှည့်ထွက်သွားတယ်။ အဘွားကြီး အနေနဲ့ကတော့ တစ်ယောက်တည်း မနေခဲ့ချင်တာ အမှန်ပဲ။ ဒါပေတဲ့လည်း သူ့အပေါ်မှာ တကယ်ပဲ စိတ်ဝင် တစားရှိတဲ့လူတောင် သူ့ကို စွန့်သွားပြီဆိုတာ တွေ့နေရတယ်။ တကယ်တော့ သူ့အနေနဲ့ တကိုယ်တည်း မနေရစ်ခဲ့ချင်ဘူး။ သူ့အနေနဲ့ကတော့ ထီးထီးကျန် ဖြစ်ရှိနေရခြင်းရဲ့ ကြောက်လန့်စရာ ဆိုတာကို ခံစားခဲ့ရဖူးတာပဲ။ ရှည်ကြာတဲ့ အိပ်မပျော်နိုင်မှုတွေ၊ ပူပန်စိတ်နဲ့ ထာဝရ ဘုရားသခင်ကို မျှော်ကိုးနေခဲ့ရတာတွေ၊ ဒီတော့ ကြောက်လန့်စိတ်ဝင်မိတယ်။ ဒါကြောင့်လည်း ဘုရားသခင်အစား လူသားအချင်းချင်းကို အားကိုးလာမိတယ်။ လူသားတွေအထဲ သူ့အပေါ် စိတ်ဝင်တစား ရှိသူကို အားကိုးမိလာတယ်။ လူငယ်က သူ့လက်ကို အသာကိုင်ပြီး နှုတ်ဆက်တော့ သူက ကျေးဇူးတင်ကြောင်း ကသောကမျောနဲ့ ပြောမိတယ်။ လူငယ်က အတော့်ကို အားတုံ့အားနာ ဖြစ်သွားပုံရတယ်။ ကျန်တဲ့ လူတွေက လူငယ်ကို မြန်မြန် လုပ်ဖို့ လှမ်းအော်နေကြတယ်။ နောက်ကျသွားရင် ရုပ်ရှင်ရုံမှာ တန်းစီ နေကြရမှာမို့ပဲ။ လူငယ့်စိတ်ထဲမှာ စိတ်မချမ်းမသာနဲ့ တုန်လှုပ်သွားမိတယ်။ တစ်ခါမျှ အဲဒီလို မဖြစ်ခဲ့ဖူးဘူး။ တကိုယ်တည်း ကျန်ရစ်ခဲ့မယ့် အဘွားကြီး တစ်ယောက်နဲ့ တစုတဝေးနဲ့ ရုပ်ရှင်သွားကြည့်ကြမယ့် လူတသိုက် အကြားက အနေအထား။ အဲဒီ အနေအထားကြားက သူ လွတ်မြောက်ချင်တယ်။ ဘာမျှ မသိချင်တော့ဘူး။ သူ့လက်ကို အသာရုပ်ပြီး လှည့်ထွက် သွားချင်လိုက်မိတယ်။ အဘွားကြီး ဘက်ကနေပြီး အတော့်ကို ပြင်းပြနာကြည်းတဲ့ အမုန်းစိတ်လည်း ပေါ်လာမိတယ်။ နောက်ဆုံးတော့ လူငယ်က အဘွားကြီး အနားဆီကနေ အပြင်ကို ထွက်လာနိုင်ခဲ့တယ်။ အဘွားကြီးကတော့ ထိုင်နေရာက ထတော့မလိုတောင်ဖြစ်ပြီး လူငယ့်ကို လှမ်းကြည့် နေလေရဲ့။ သူ့ရဲ့ စိတ်ချလက်ချ နောက်ဆုံး မျှော်လင့်အား ကိုးထားတာ တစ်ခုဟာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေတာကိုး။ ခုတော့ သူ့ကို ဘယ်ဟာကမျှ ကာကွယ်မပေးနိုင်တော့ဘူး။ သေခြင်းတရားဆိုတဲ့ အသိကို သူ့အနေနဲ့ မခုခံနိုင်တော့ဘူး။ ဘာရယ်လို့ သေသေချာချာ မသိပေတဲ့ သူ့ကို ခြောက်လှန့်နေတာတော့ အမှန်ပဲ။ သူ့အနေနဲ့ ခံစားသိနေတာကတော့ သူ့ဘာသာ တစ်ယောက်တည်းတော့ ရှိမနေချင်ဘူး။ သူ့အတွက်တော့ ထာဝရဘုရားက အသုံးမတည့်ဘူး။ ထာဝရ ဘုရားအနေနဲ့က သူ့ကို လူတွေဆီကနေ ခွဲထုတ်လိုက်တာပဲ မဟုတ်ဘူးလား။ သူကတော့ လူတွေမရှိဘဲ ထီးထီး ကျန်နေရတာ မကြိုက်ဘူး။ ဒီတော့လည်း အဘွားကြီးခမျာ ငိုရုံပဲ။ လူတွေအားလုံး အိမ်အပြင်ဘက်က လမ်းမပေါ်တောင် ရောက်နေကြပြီ။ လူငယ်အနေနဲ့တော့ ဝေဒနာတစ်ခုကို ခံစားရနေရပြီး အပြစ်တစ်ခုခု ရှိသလို ဖြစ်နေမိတယ်။ အိမ်ဆီက မီးလင်းနေတဲ့ ပြတင်းပေါက်၊ တိတ်ဆိတ်နေတဲ့ အိမ်ထဲက မလှုပ်ရှားတဲ့ မျက်လုံးကို လှမ်းကြည့်နေမိတယ်။ မျက်လုံး ပိတ်သွားရှာတယ်။ အဘွားကြီးရဲ့ သမီးက လူငယ်ကို ပြောတယ်။ "သူတစ်ယောက်တည်း ဆိုတဲ့အခါ အမြဲလိုပဲ မီးပိတ် ပစ်တတ်တယ်။ အမှောင်ထဲမှာ ထိုင်နေရတာကို ကြိုက်တယ်"။ အဘိုးကြီးတစ်ယောက်က မျက်ခုံးနှစ်ဖက်ကို အသာပင့်ရင်း အောင်မြင်ဝံ့ကြွားတဲ့ အသံနဲ့ ပြောတယ်။ "ကျုပ် လူပျို လူရွယ်ဘဝတုန်းက အဖေက ကျုပ်လုပ်အားခထဲက သုံးဖို့ စွဲဖို့အတွက် ပိုက်ဆံငါးကျပ်ပေးတယ်။ တစ်ပတ်ခံအောင် သုံးရတယ်။ ကျုပ်ကလည်း ရအောင် သုံးတယ်။ ကျုပ်ရည်းစားဆီ သွားတော့ အသွားလေးမိုင်၊ အပြန်လေးမိုင် ခြေလျင်ကြိတ်ရတာ။ ခုခေတ်လူငယ်တွေများ သူတို့ကိုယ်သူတို့ ဘယ်လို ပျော်အောင် နေကြရမှန်းတောင် သိတာမဟုတ်ဘူး"။ အဘိုးကြီးပြောတာကို လူငယ်သုံးယောက်က ဝိုင်းထိုင်ပြီး နားထောင် နေတယ်။ အဘိုးကြီးက သူ့ရဲ့ငယ်ဘဝက စွန့်စားခန်းကလေး တွေကို ပုံကြီးချဲ့ ပြောနေတယ်။ လေကို မပြတ်တော့ဘူး။ လူတွေ ထမပြန်ခင် ကောင်းခန်းကလေးတွေကို ပြောချင်သေးတာ။ ဒီတော့ ကောင်းခန်းကလေးတွေ ရွေးထုတ်ပြီး ဘေးလူက သူ့ကို အထင်ကြီးမယ့် ဟာမျိုးလေးတွေကို ရွေးပြောနေတယ်။ သူ့ရဲ့ မကောင်းမှု တစ်ခုကတော့ သူ့ကို လူတွေ နားထောင်အောင် လုပ်နေတာပဲ။ သူ့ကို ဟန်လုပ်နှုတ်ဆက် ပြောဆိုနေကြတာမျိုး။ သူ့ကို မတော်တရော်မျိုးနဲ့ ကြည့်ကြတာမျိုးတွေကို သူက မသိချင်ယောင် ဆောင်နေတတ်တယ်။ လူငယ်တွေ အနေနဲ့ကတော့ သူ့ခေတ် သူ့အခါတုန်းက အတော့်ကို ဟန်ကျခဲ့တဲ့ အဘိုးကြီးပဲရယ်လို့ မြင်ကြတော့တာကိုး။ သူ့အနေနဲ့ကတော့ လေးစားစရာ သက်ကြီး ရွယ်အိုတစ်ယောက်ရဲ့ အတွေ့အကြုံ ပြောစကားတွေမို့ အရေးပါတာသွားသပေါ့။ လူငယ်တွေအနေနဲ့ မသိတာတစ်ခုက အဲဒီအတွေ့အကြုံတွေဟာ မအောင်မြင်တဲ့ အတွေ့အကြုံ။ အရှုံးသမားရဲ့ အတွေ့အကြုံတွေပဲ။ နည်းနည်းကလေး သိရဖို့ အကုန်လုံး ကိုယ့်ဘက်က စွန့်လွှတ်လိုက်ရတာမျိုး။ တကယ်တော့ သူက ဝေဒနာကို ကြိတ်ခံ နေရတဲ့လူ။ သူကတော့ ဘယ်တော့မှ ထုတ်ဖော် မပြောဘူး။ ပျော်ရွှင် ချမ်းမြေ့နေသလိုမျိုး မြင်ရအောင် နေနေတာကိုး။ တကယ်လို့များ အဲဒီလိုနေတာဟာ မှားတယ်လို့ ဆိုခဲ့ရင် သူကတော့ လူတွေ သူ့ကို ပိုပြီး သနားလာအောင် လုပ်မှာပဲ။ ဒါကလည်း သူ့ရဲ့ နောက်တိုးအမှားတစ်မျိုးပဲ ဖြစ်မှာ။ လူတွေမှာ နေ့စဉ် ဘဝ ကိစ္စတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြရတဲ့အခါ အဘိုးကြီးရဲ့ ဝေဒနာ၊ ခံစားချက် စတာတွေဟာ သူတို့အတွက် ဘယ်မှာ အရေးပါတော့မှာမို့လဲ။ အဘိုးကြီးကတော့ ပြောမြဲ ပြောနေဦးမှာပဲ။ ပြောနေဆိုနေတဲ့အထဲမှာ မရေမရာနဲ့ ချာလည်လည် ဖြစ်နေဦးမှာပဲ။ ဒီလိုနဲ့ပဲတော့လည်း မဖြစ်သေးဘူး။ နားထောင်တဲ့သူတွေ အနေနဲ့လည်း စိတ်ဝင်စားတာ နည်းလာကြပြီ။ သူ့ အတွက် အဆုံးသတ်ဖို့ လိုလာပြီ။ သူက အိုလည်း အိုနေလေတော့ ရယ်ရွှန်းဖတ်ရွှန်းလည်း မပြောတတ်ဘူး။ လူငယ်တွေ အနေနဲ့ကလည်း နေ့စဉ် လုပ်ကိုင်နေရတာတွေက စိတ်အပြောင်းအလဲ ကလေးများ ဖြစ်လာအောင် ဘိလိယက် ထိုးတာတို့၊ ဖဲရိုက်တာတို့ဘက် စိတ်ရောက်လာကြတယ်။ ဒီလိုနဲ့ အဘိုးကြီးခမျာ သူ့ဇာတ်လမ်းတွေ၊ ပုံပြင်တွေ အသက်ဝင်လာအောင် ရှာကြံပြီး လုပ်ကြံပြောပေတဲ့လည်း နားထောင်သူ မရှိဖြစ်လေတော့ တကိုယ်တည်း ထီးထီး ကျန်ဖြစ်လာတော့တာပဲ။ လူငယ်တွေကတော့ သူ့ဝေဒနာတွေ၊ ခံစားချက်တွေကို ဝေမျှမခံစားကြတော့ဘူး။ သူ့ဆီက ခွာလာကြတယ်။ ဒီတော့လည်း အဘိုးကြီးခမျာ ဖော်မပါဘဲ တကိုယ်တည်းဆိုတဲ့ ထီးထီးကျန်ဘဝဆီ ပြန်ရောက်ရတော့တာပဲ။ ကိုယ်ပြောတာကို နားထောင်တော့မယ့်လူ မရှိတော့ဘူး ဆိုတာကလည်း အိုမင်းလာရခြင်းရဲ့ ဆိုးရွားမှုတစ်ခုပေပဲ။ တုံဏှိဘာဝေ ဆိတ်ဆိတ်နေဖို့နဲ့ ထီးထီးကျန် ဖြစ်နေဖို့ ဆိုတာတွေက အဘိုးကြီးကို ကျခံထားစေတဲ့ ပြစ်ဒဏ်တွေပဲ။ သိပ်မကြာခင် ခင်ဗျားသေတော့မှာပဲလို့ သူက အပြောခံလာရတယ်။ ဘာမျှ အသုံးမကျ၊ အရာမဝင်တော့ပဲ သေရတော့မယ့် အဘိုးကြီးတစ်ယောက် အနေနဲ့တော့ တဖြည်းဖြည်းချင်း ပိုပြီး ကြေကွဲမှုကို ခံစားလာရရုံပဲ။ သူပြောချင်တာ၊ လုပ်ချင်တာ ပြောပါစေ၊ လုပ်ပါစေ။ သူ့အနေနဲ့ကတော့လည်း ပြောသင့်တာ၊ လုပ်သင့်တာပဲ။ မဟုတ်ရင်တော့လည်း အနည်းဆုံး သူလုပ်နိုင်တာကတော့ ပါးစပ်ပိတ်နေရုံပဲ။ ပြောတာ၊ ဆိုတာတွေကို ရပ်ပစ်လိုက်တယ်ဆိုတာနဲ့ သူ သိတော့ သိလိုက်တယ်။ ငါကတော့ဖြင့် အိုပြီ။ ဒီတော့ သူက ထိုင်ရာက ထလိုက်ရင်း ပတ်ပတ်လည်က လူတွေကို ပြုံးပြီး ထွက်လာခဲ့တော့တယ်။ လူတွေရဲ့ မျက်နှာတွေကတော့ ဘာမျှစိတ်ဝင်စားမှုမရှိတဲ့ မျက်နှာတွေ။ အားရကျေနပ်ပြီး ရယ်မောနေကြတဲ့ မျက်နှာတွေပဲ။ အဘိုးကြီးအတွက်တော့ ဘာကိုမျှ ဝေမျှခံစားစရာ မရှိလှဘူး။ လူတစ်ယောက်ကတော့ ရယ်ရင်းမောရင်း ပြောနေလေရဲ့။ "အဘွားကြီးက အိုပြီ။ အမှန်ပဲ။ ဘာမျှငြင်းစရာကို မရှိဘူး။ ဒါပေတဲ့ တခါတလေတော့လည်း ဟင်းကောင်း ဟာ အိုးဟောင်းနဲ့ ချက်ရတယ်ဆိုသလိုပဲ"တဲ့။ တခြားတစ် ယောက်ကတော့ စိတ်ပါလက်ပါ ပြောပြနေပြန်တယ်။ "ကျုပ်တို့ကတော့ ချမ်းသာလှတယ် မဟုတ်ဘူး။ ကောင်းကောင်းတော့ စားတယ်။ ကျုပ်မြေးကို ကြည့်။ ဒီကောင်က သူ့အဖေထက် စားနိုင်တယ်။ အဖေက ပေါင်မုန့်တစ်လုံးစားရင် သူက နှစ်လုံးစားသဗျ။ ဝက်အူချောင်းတို့၊ ဒိန်ခဲတို့ဆိုလည်း တနင့် တပိုး စားသေးတာ။ သူ စားလို့ ကုန်သွားတာနဲ့ ဘာများ ရှိသေးသလဲလို့ မေးသေးတာ။ ရှိရင် ဆက်စားပြန်ရော"တဲ့။ အဘိုးကြီးကတော့ ဆက်ပြီး နားမထောင်တော့ဘဲ ထွက်သွားတယ်။ လှည်းဆွဲတဲ့မြည်းရဲ့ ခြေလှမ်းမျိုးနဲ့ လေးလေးဖင့်ဖင့်ကြီး လျှောက်ရင်း လူတွေအကြားကနေ ထွက်လာခဲ့တော့တယ်။ ရှည်လျားတဲ့ လူသွားလမ်းကလေးအတိုင်း လျှောက်လာရင်း စိတ်ကတော့ မကြည်လှဘူး။ အိမ်ကိုလည်း မပြန်ချင် သေးဘူး။ ပုံမှန်ဆိုရင်တော့ အိမ်ပြန်ရမှာကို သူက ပျော်တယ်။ အိမ်ပြန်။ ဆီမီးကလေးထွန်း။ သူ့စားပွဲမှာထိုင်။ စားစရာကလေး စားနဲ့၊ အဟုတ်သားရယ်။ ညဥ့်နက်စာကို အေးအေးလူလူ၊ တိတ်တိတ်ဆိတ်ဆိတ် စားရတာကိုတော့ သူက သဘောကျ သေးသားပဲ။ အဘွားကြီးကတော့ စားပွဲတစ်ဖက်မှာ ထိုင်ရင်း သူကို ကြည့်နေတတ်တယ်။ သူကတော့ မျက်လုံးကို တစ်နေရာရာမှာ အာရုံစိုက်ထားရင်း အစာကို ဖြည်းဖြည်းချင်း ဝါးနေတတ်တယ်။ ဒါက ပုံမှန်။ ဒီညတော့ အဘိုးကြီး အိမ်ပြန် နောက်ကျလိမ့်မယ်။ သူ ပြန်ရောက်တဲ့အချိန် အဘွားကြီးကတော့ အိပ်ရာထဲဝင်၊ အိပ်နှင့်နေလောက်ပြီ။ အစာတွေကလည်း အေးနေလောက်ပြီ။ အဘိုးကြီးကိုယ်၌က တစ်ခါ တလေ မမျှော်လင့်ဘဲ အိမ်ပြန်နောက်ကျတတ်သမို့ အဘွားကြီး ကတော့ ပူနေမှာ မဟုတ်ဘူး။ "ခုလောက်ဆို လကမ္ဘာထဲ ရောက်သွားပြန်ပြီ ထင်တယ်"လို့တောင် အဘွားကြီးက ပြောနေဦးမှာ။ ဒါကတော့ ဒီလိုပဲပေါ့။ ခုတော့ အဘိုးကြီးဟာ လှုပ်လီလှုပ်လဲ့နဲ့ တစ်လှမ်းချင်း လျှောက်နေရှာတယ်။ အိုလည်း အို၊ ထီးထီးကျန်လည်း ထီးထီးကျန်။ အသက်ရှင်သန်နေမှု တစ်ခုဟာ အဆုံးပိုင်းကို ရောက်လတယ်ဆိုတာနဲ့ အိုမင်းရင့်ရော်လာတယ်ဆိုတာက အန်စရာ ပျို့စရာများလို ဖြစ်လာတယ်လို့ ပြောရတော့မှာပဲ။ ဒီတော့လည်း ဘယ်သူပြောတာကိုမျှ နားထောင်ချင်စိတ်မရှိ လောက်တဲ့အထိ ဖြစ်လာတော့တယ်။ အဘိုးကြီးဟာ လမ်းလျှောက်နေရင်းက လမ်းချိုးထဲ ကွေ့ဝင်လိုက်တော့ ခလုတ်တိုက်ပြီး လဲမလိုတောင် ဖြစ်သွားတယ်။ ကျွန်တော်ကတော့ သူ့ကို တွေ့ဖူးတယ်။ ရယ်တော့ ရယ်စရာပဲ။ ဒါပေတဲ့ ကိုယ်က ဘာမျှတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ တကယ်တော့ သူက အိမ်မှာထက် လမ်းပေါ်မှာပဲ ပိုပြီးနေချင်တော့တာ။ ကြာတော့ နေလို့ထိုင်လို့မကောင်း ဖြစ်လာတယ်။ နေထိုင်မကောင်းဘဲ အိမ်ပြန်တော့လည်း အဘွားကြီးကို သိပ်မတွေ့ချင်လှတော့လို့ သူ့ဘာသာ အခန်းထဲမှာ တကိုယ်တည်း နေရတာပဲ။ ဒီလို နေတဲ့အခါ တစ်ခါတလေတော့ အခန်းတံခါးက ဖြည်းဖြည်းချင်း ပွင့်သွားတယ်။ နည်းနည်း ဟသွားတယ်။ အရောင်ခပ်နုနု ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက် ဝင်လာတတ်တယ်။ အဘိုးကြီးရဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပေတဲ့ သူတို့ချင်း ဘာမျှမပြောကြဘူး။ အတော်ကြာအောင် ဘာမျှ မပြောကြဘူး။ ပွင့်နေတဲ့ တံခါးလိုပဲ။ ရပ်တန့်နေတယ်။ အသက်ဝင် လှုပ်ရှားမှု မရှိဘူး။ ဝင်လာတဲ့လူက မကြာမကြာ သူ့ဆံပင်ကို သပ်ရင်း သက်ပြင်းချတယ်။ အတော်ကြီးကို ဝမ်းနည်းကြေကွဲတဲ့မျက်နှာနဲ့ အဘိုးကြီးကို ကျေနပ်လောက်အောင် ထိုင်။ ပြီးတော့မှ ဘာမှမပြောမဆိုဘဲ ထပြီး ထွက်သွားတော့တယ်။ သူ ထွက်သွားတော့ တံခါးသံက ဂလောက်လို့ မြည်ပြီး ကျန်ရစ်ခဲ့တယ်။ အဘိုးကြီးကတော့ ကြောက်ရွံ့တုန်လှုပ် နေတုန်းပဲ။ လမ်းပေါ်မှာဆိုရင်တော့ သူတွေ့ရဆုံရတဲ့ လူတွေ ဘယ်လောက်ပဲနည်းနည်း သူကတော့ တကိုယ်တည်း မဖြစ်ဘူး။ နေထိုင်မကောင်းတောင် ပျော်ပျော်ပဲ။ ဒီတော့လည်း သူက ခပ်သွက်သွက်ကလေး လျှောက်လိုက်မိတယ်။ မနက်ဖြန်။ မနက်ဖြန်ဆိုရင် တမျိုးဖြစ်မှာလို့ တွေးလိုက်မိတယ်။ ဒါပေတဲ့ မနက်ဖြန်လည်း ခုလိုပဲနေမှာဆိုတာကို ရုတ်တရက် သိလိုက်မိတယ်။ မနက်ဖြန်ပြီးတော့ သန်ဘက်ခါ။ ဖိန်းနွှဲခါ။ အဲဒီနောက် တောက်လျှောက်။ ဘာမျှထူးမှာ မဟုတ်ဘူး။ ဒီ သိရှိရလိုက်တဲ့ အချက်ကတော့ ပြုပြင်ပြောင်းလဲလို့ မရတော့ဘူး။ ဒီသိမှုက သူ့ကို ချေမှုန်းပစ်လိုက်တယ်။ ဒီလို သိလိုက်ရတဲ့ သိမှုမျိုးကြောင့် အသက်ပါ ထွက်သွားနိုင်တယ်။ လူတွေဟာ ကိုယ့်အသက်ကို ကိုယ့်ဘာသာ ကန့်သတ်ပစ်ကြတယ် ဆိုတာက ဆက်ပြီး သည်းမခံနိုင်ကြလို့ပဲ။ လူငယ်တွေ ဆိုရင်တော့လည်း ဒီလိုအသိမျိုးကို ကဗျာတစ်ပုဒ်အဖြစ် ပြောင်းလဲ ပစ်နိုင်ကြပေမပေါ့။ အရွယ်ကလည်း အို၊ ရူးတူးတူး မူးတူးတူး။ လူသူ လေးပါးကလည်း အလေးမထား။ အရိုအသေတန်၊ မျက်ရည် ဒဏ်ခံ။ နှစ်လိုစရာ။ ဘယ်လိုဖြစ်ဖြစ် သူ့အတွက်ကဖြင့် အဆိုး ဝေဒနာကို ခံစားရင်း သေဖို့ကတော့သာ အကောင်းဆုံးပဲ နေလိမ့်မယ်။ ဒီလိုမှမဟုတ်လို့ကတော့ သူ ဘယ်ကို သွားရ မှာလဲ။ ခုနေအတိုင်းတော့ဖြင့် သူ့အဖို့က ဆက်ပြီး အိုမင်းနေ ဖို့သာပဲရှိတော့တာ။ လူဆိုတာက အိုမင်းလာတာပေါ်မှာ အခြေခံပြီး အနာဂတ်ကို တည်ဆောက်ကြတာပဲ။ အိုမင်းလာတယ်ဆိုတာကို မျှော်လင့်ချက်ကင်းပတယ်၊ အထိန်းအကြောင်း မရှိ လေလွင့်နေတယ် ဆိုတာတွေနဲ့ ဝန်းရံထားလိုက်ကြပေတဲ့ ဘယ်လို အတားအဆီးမျိုးမှ မရှိခဲ့ကြဘူး။ ဒီလိုအဘိုးကြီးတွေ အနေနဲ့ အသက်ကလေး ရလာရင် အလုပ်ထဲမှာ အလုပ်ကြပ် ကလေး ဘာလေးဖြစ်။ ပြီးတော့ နယ်ဘက်၊ တောဘက်ဆီ ပြန်။ အိမ်ကလေး တစ်လုံးဝယ်ပြီး အငြိမ်းစားယူဖို့လောက်ပဲ တွေးကြတာ။ ဒါပေတဲ့ နှစ်တွေ ကြာလာတဲ့အခါ ငါတို့တော့ဖြင့် မှားပြီဆိုတာ သေသေချာချာ သဘောပေါက်လာကြတယ်။ ဒီလိုဖြစ်လာပြန်တော့ တခြားလူတွေကို အားကိုးစရာ လိုလာပြန်တာပေါ့။ သူ့အနေနဲ့ကတော့ သူပြောတာကို နား ထောင်ကြစေလိုတယ်။ ဒါမှလည်း သူ့ဘဝ အကြောင်းကို လက်ခံယုံကြည်လာကြမှာကိုး။ ခုဆို လမ်းတွေက ပိုပြီး မှောင်လာပြီ။ လူတွေလည်း နည်းသထက် နည်းလာပြီ။ အသံတွေကတော့ ကြားနေရသေးတုန်းပဲ။ အံ့ဩစရာကောင်းလောက်အောင် ငြိမ်သက်နေတဲ့ ညနေခင်းရဲ့အတွင်းမှာ အသံတွေဟာ ပိုပြီး တည်ငြိမ်လာတယ်။ တောင်ကလေးတွေရဲ့ နောက်ဘက်နားဆီက မြို့ကလေးတွေမှာတော့ နေ့ရဲ့ အလင်းရောင်က ရှိနေသေးတယ်။ လှမ်းကြည့်လို့ မတွေ့ရတဲ့နေရာဆီက မီးခိုးကလေးတွေ ထလာတယ်။ တောင်ထိပ်က တောအုပ်တွေရဲ့ နောက်ဆီမှာ ကြည့်လို့ကောင်းနေတယ်။ တဖြည်းဖြည်းနဲ့ ကောင်းကင်ယံဆီ တစ်လွှာချင်း တက်နေကြတာများ ထင်းရှူးပင်က အကိုင်းတွေလိုပဲ။ အဘိုးကြီးက မျက်လုံး အသာပိတ်လိုက်တယ်။ မြို့ရဲ့ လှုပ်လီလှုပ်လဲ့နဲ့ ဖြစ်ပေါ်နေတဲ့ အသံဗလံလေးတွေက ဘဝရဲ့ ဖြစ်နေရခြင်းကို သယ်ဆောင်သွားနေ လေရဲ့။ လူတွေရဲ့ အသုံးမကျမှုတွေ၊ မထူးခြားလှတဲ့၊ စိတ်ဝင်စားစရာ မရှိလှတဲ့ အပြုံးတွေကို ကောင်းကင်ဘုံကတော့ ပြုံးပြနေခဲ့တယ်။ အဘိုးကြီးကတော့ တစ်ကိုယ်တည်း။ စွန့်ပစ်ခံ။ အကွယ်အကာမဲ့။ အသက်ရှိနေသေးတယ် ဆိုပေတဲ့ သေနှင့်နေတာပဲ။ ဒင်္ဂါးပြားရဲ့ တခြားတဖက်အကြောင်း ကျွန်တော် ပြောပြရဦးမှာလား။ ခုနေတော့ မှောင်ကုပ်ကုပ်။ ညစ်တီးညစ်ပတ် အခန်းကလေးထဲဆီမှာတော့ဖြင့် အဘွားကြီးဟာ ညစာ ပြင်ဆင်နေရော့မယ်။ ပြင်ဆင်ပြီးရင် ကုလားထိုင်မှာ အသာထိုင်ရင်း နာရီတကြည့်ကြည့် လုပ်နေတော့မှာ။ အတော်ကြာလို့ ပေါ်မလာရင်တော့လည်း သူ့ခမျာ တစ်ယောက်တည်းပဲ ညစာစားလိမ့်မယ်။ သူ့ဘာသာ စိတ်ထဲက တွေးကြည့်လိုက်မိမှာ ကတော့ "ခုလောက်ဆို လကမ္ဘာထဲ ရောက်သွားပြန်ပြီ ထင်တယ်" လို့ပဲ။ ဒါကတော့ ဒီလိုပဲ ပေါ့။ သူတို့ငါးယောက် အတူနေကြတာ။ ဘွားအေကြီးရယ်၊ သူ့သားအငယ်ရယ်၊ သမီးအကြီးရယ်၊ သမီးရဲ့ကလေး နှစ်ယောက်ရယ်။ သားကတော့ ခပ်ထူထူ၊ ခပ်အအ။ သမီးကတော့လည်း ဒုက္ခိတ။ တွေးရခေါ်ရတာမျိုးကို အတော် ခက်ခက်ခဲခဲ လုပ်ရတဲ့သူမျိုး။ သူ့ကလေးနှစ်ယောက်ထဲက တစ်ယောက်ကတော့ အာမခံကုမ္ပဏီမှာ အလုပ်တောင် လုပ်နေပြီ။ တခြားတစ်ယောက်ကတော့ ကျောင်းတက်နေတုန်းပဲ။ ဘွားအေကြီးက အသက်ခုနစ်ဆယ် ရှိနေပေတဲ့လည်း ဒီမိသားစုမှာ အခရာ။ သူ့ခုတင် ခေါင်းရင်းဘက်မှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရိုက်ထားတဲ့ဓာတ်ပုံ ချိတ်ထားတယ်။ ရင်စေ့ အကျႌအနက် ဝတ်ထားတယ်။ မျက်နှာမှာတော့ အရေး အကြောင်းတွေ မရှိဘူး။ မျက်လုံးက ကြည်ကြည်လင်လင်။ လည်တဲ့အကြည့်မျိုးနဲ့။ လူပုံက ခမ်းခမ်းနားနား။ အသက် အရွယ်ကြောင့် ကိုယ်ခန္ဓာအချိုး ပြောင်းလာတယ် ဆိုပေတဲ့လည်း အပြင်သွားတဲ့အခါများကြရင် သူ့ကိုယ်သူ ဟန်မပျက်အောင် သိပ်သတိပေးထားတာ။ အဘွားကြီးရဲ့ လည်တဲ့အကြည့်ဟာ သူ့မြေးမှာ သတိရနေစရာအကြောင်း ရှိခဲ့ရတယ်။ ဒီအကြည့်ကြောင့် သူ့မြေးမှာ မအူမလည် ဖြစ်ခဲ့ရတာကိုး။ အိမ်ကို ဧည့်သည်တွေ လာတဲ့ အခါများမှာ အဘွားကြီးက သူ့မြေးကို မေးတတ်တယ်။ "ဘယ်သူ့ကို ပိုချစ်သလဲ။ မင်းတို့အမေလား၊ မင်းတို့အဘွားလား" ကလေးတွေ အမေများ အနားမှာရှိရင် အဘွားကြီးက ပိုတောင် သဘောကျသေးတယ်။ ကလေးတွေကတော့ အမြဲလိုပဲ "အဘွားကိုပေါ့"လို့ ဖြေတတ်ကြပေတဲ့ သူတို့ရဲ့ ရင်ထဲ အသည်းထဲကတော့ အမြဲလို စကားမဆိုချင်တဲ့ သူတို့အမေကို ချစ်နေကြတာပဲ။ ကလေးတွေ ဖြေတာကို နားထောင်ပြီး ဧည့်သည်တွေက အံ့အားသင့်မိတဲ့အခါ အမေက ဝင်ပြီး "သူတို့က ဘွားအေလက်ထဲမှာ ကြီးကြလို့ပါ"လို့ပဲ ပြောလေ့ရှိတယ်။ အဘွားကြီးအနေနဲ့ကတော့ ချစ်ခြင်းဆိုတာက တောင်းဆို ရယူနိုင်တာတစ်ခုလို့ မြင်ထားတာကိုး။ သူ့ကိုယ်သူလည်း မိခင်ကောင်း တစ်ယောက်လို့ လက်ခံထားတာ။ သူ့ကလေးတွေကိုလည်း စည်းနဲ့ကမ်းနဲ့ ထိန်းကျောင်းခဲ့တာ။ သူ့ ယောက်ျား ရှိစဉ်ကလည်း ကဏ္ဍကောစ လုပ်ခဲ့တာ မဟုတ်ဘူး။ သားသမီး ကိုးယောက်တောင် မွေးခဲ့တာ။ သူ့ယောက်ျား သေတော့ ဒီမိသားစုတစ်စုလုံး၊ ကလေးတွေ တပြုံလုံးကို လူလားမြောက်အောင် သူကပဲ လုပ်ကိုင်ကျွေးခဲ့ရတာ။ နောက်ဆုံး သူတို့ယာကလေးကို ရောင်းချပြီး မြို့ရဲ့ ဆင်ခြေဖုံးက လူဆင်းရဲရပ်ကွက်ကလေးဆီ ပြောင်းလာခဲ့ကြတာပဲ။ အဲဒီမှာ နေကြတာကိုက အတော်တောင်ကြာပြီ။ ပြောရမယ်ဆိုရင်တော့ ဒီအဘွားကြီးဟာ ခပ်ညံ့ညံ့တော့ မဟုတ်ဘူး။ ဒါပေတဲ့ တွေးတတ်၊ ခေါ်တတ်၊ ဆုံးဖြတ်တတ်တဲ့ အရွယ်ရောက်နေတဲ့ သူ့မြေးတွေအဖို့ကတော့ ဒီအဘွားကြီးဟာ ဟန်ဆောင်ကောင်းတဲ့ အညာမကြီးပဲ။ တစ်ခါက သူတို့ ဦးလေးတစ်ယောက်က ပြောပြဖူးတဲ့အကြောင်းတစ်ခု ရှိတယ်။ တစ်နေ့တော့ သူက သူ့ယောက္ခမတော်တဲ့ အဲဒီအဘွားကြီးကို တွေ့ရအောင် သွားသတဲ့။ အိမ်အပြင်ဘက်ကနေ လှမ်းကြည့်လိုက်တော့ အဘွားကြီးဟာ ပြတင်းပေါက်နားဆီက ကုလားထိုင်မှာ ထိုင်ပြီး ငိုက်နေသတဲ့။ ဒါပေတဲ့ တံခါးခေါက်လိုက်လို့ လာပြီး တံခါးဖွင့်ပေးတော့ အဘွားကြီးလက်ထဲမှာ ကြက်မွေးတစ်ချောင်း ကိုင်ထားပြီး အိမ်အလုပ်တွေ လုပ်နေရလို့ ချက်ချင်း တံခါးမဖွင့်ပေးနိုင်တာပါလို့ တောင်းပန်သတဲ့။ အိမ်အလုပ်တွေက များလွန်းလို့ သူ့မှာ အားတဲ့အချိန်တောင် မရှိဘူးလို့လည်း ပြောသေးတာဆိုပဲ။ တကယ်တော့ ခုလို အဘွားကြီး ပြောတတ်တာကတော့ ပုံမှန်ပဲ။ မိသားစုအချင်းချင်း ပြောဆိုဆွေးနွေးကြတဲ့အခါမျိုးမှာလည်း ပြောလို့ ဆိုလို့ ပြီးတာနဲ့ အဘွားကြီးက မူးမေ့သွားတတ်သေးတာ။ နှလုံးက သိပ်မကောင်းသမို့ အဘွားကြီးက အန်တတ်သေးတယ်။ အန်တယ်ဆိုတော့လည်း သူ့ဘာသာ တံခါးပိတ်ပြီး အန်တာမျိုး မဟုတ်ဘူး။ မီးဖိုခန်းထဲဆီ သွားပြီး လူလူသူသူ ကြားအောင် ကျယ်ကျယ်လောင်လောင်နဲ့ အန်တာ။ အန်ပြီးလို့ မီးဖိုခန်းထဲက ထွက်လာရင် သူ့ခမျာ သွေးဆုတ်ထားသလို ဖြူဖပ်ဖြူလျော်နဲ့၊ မျက်ရည် အရွှဲသားနဲ့။ တစ်ယောက်ယောက်က သူ့ကို အခန်းထဲသွားပြီး လှဲနေလေလို့ ပြောပြန်ရင်လည်း သူက စားဖို့ သောက်ဖို့တွေ လုပ်ရဦးမယ်။ အိမ်ကိစ္စတွေ လုပ်စရာ ရှိသေးတယ်လို့ ပြန်ပြောတတ်တယ်။ "တစ်အိမ်လုံးကိစ္စ ငါပဲ လုပ်နေရတာ"လို့ပြောတဲ့အခါ ပြော၊ "ငါများမရှိရင် နင်တို့ ဘယ်လို နေကြမယ် မသိဘူး"လို့ ပြောတဲ့အခါ ပြောသေးတာ။ အဘွားကြီးရဲ့ သားသမီးတွေ၊ မြေးတွေကတော့ အဘွားကြီး အန်တာကို သိပ်ဂရုမစိုက်ကြတော့ဘူး။ အန်တာဟာ အဘွားကြီး ထိုးစစ်ဆင်မှုတစ်ခုပဲ။ အဘွားကြီးရဲ့ အကြောင်းမရှိ အကြောင်းရှာပြီး လုပ်နေတာ တစ်ခုပဲလို့ မြင်ကြတယ်။ တစ်နေ့တော့ အဘွားကြီးက အိပ်ရာထဲမှာ လှဲနေရင်း ဆရာဝန်ကို အခေါ်ခိုင်းတယ်။ ကလေးတွေကလည်း အဘွားကြီးကို နောက်တဲ့အနေနဲ့ ဆရာဝန် ပင့်ခိုင်းလိုက်ကြတယ်။ ပထမနေ့ မှာတော့ အဘွားကြီးက ဗိုက်နာတာတဲ့။ ဒုတိယနေ့မှာတော့ ကင်ဆာဆိုပဲ။ တတိယနေ့ကျတော့ အသည်းနှလုံးရောဂါ အကြီးအကျယ်တဲ့။ မြေးအငယ်ကောင်ကတော့ အဘွားကြီးကို ကြည့်ပြီး အကြံအဖန်လုပ်နေတာပဲ။ သိပ်ကို သရုပ်ဆောင် ကောင်းတာပဲလို့ မြင်တော့ သိပ်မပူဘူး။ အဘွားကြီးက သူ့ကို နှစ်ပေါက်တစ်ပေါက် ရိုက်ထားတာ များတော့လည်း သူ့အနေနဲ့က အကောင်းမြင်စရာ မရှိဘူး။ မချစ်သော်လည်း အောင့်ကာနမ်း ဆိုတာမျိုး မလုပ်ချင်တော့ဘူး။ ကြိုးစားပြီး သူ့ဘာသာ ရဲဆေးတင်ထားလိုက်တယ်။ ဒါပေတဲ့လည်း နေမကောင်းလို့ပါ၊ ဘာဘာညာညာလို့ဆိုပြီး လှည့်တတ်တဲ့ လူတွေဟာ အောင်မြင်တတ်ကြတယ်။ အဘွားကြီးကတော့ သေခါနီးအထိ အဲဒီလို လှည့်ပတ်သွားတာ နောက်ဆုံးနေ့ အထိပဲ။ မသေခင် အီးတပူပူပေါက်ရင်း သူ့မြေးကို "ငါကတော့ ဝက်ပေါက်စ ကလေးလို အီးတပူပူ ပေါက်နေတော့တာပဲ"လို့ ပြောသေးတယ်။ နောက်တစ်နာရီ လောက်ကျတော့ သေရော။ အဘွားကြီးရဲ့ မြေးကတော့ ဘာဆိုဘာကိုမျှ နားမလည်နိုင်ဘူး။ ကြောက်စရာ ကောင်းလှတဲ့ မိန်းမကြီးတစ်ယောက်ရဲ့ နောက်ဆုံး သရုပ်ဆောင်ချက်တွေကို သူ တွေ့ကြုံလိုက်ရတာပဲဆိုတာ သူ့ခေါင်းထဲက မထွက်နိုင်ဘူး။ မင်းစိတ်ထဲမှာ မကောင်းများ ဖြစ်သလား။ ဝမ်းနည်းသလားလို့ သူ့ကိုမေးရင် သူ့မှာ စိတ်ထဲမှာ မကောင်းဖြစ်စရာ၊ ဝမ်းနည်းစရာ ရှာမတွေ့ဘူးလို့ ဖြေမှာပဲ။ အသုဘချတဲ့နေ့ကျတော့ အားလုံးက ငိုငို ယိုယိုဖြစ်ကြတာမို့ သူလည်း အသာရှိုက်လိုက်မိတယ်။ ဘွားအေကြီးရဲ့ အကြောင်းမှန်ကို မပြောရဘဲ ကောင်းတာတွေချည်း ပြောနေရလို့ သူ့ဘာသာ ချောက်ချားနေမိတယ်။ အဲဒီနေ့ကတော့ ဆောင်းရာသီရဲ့ သာယာတဲ့နေ့ တစ်နေ့ပဲ။ နေသာတယ်။ ပြပြ ပြာနေတဲ့ ကောင်းကင်ထဲဆီမှာ အအေးဓာတ်ဟာ အဝါရောင် လက်ပြီး တောက်နေသလိုပဲ။ သချုႋင်းကုန်းကနေ မြို့ကို အထက်ဆီက လှမ်းမြင်နေရတယ်။ ပင်လယ်ကွေ့ထဲဆီမှာတော့ ဖြည်းဖြည်းချင်း ဝင်စပြု နေတဲ့နေကို ကြည်ကြည်လင်လင် မြင်နေရတယ်။ ရေစိုနေတဲ့ နှုတ်ခမ်းလိုပဲ။ ခုရေးခဲ့တာတွေ အားလုံးဟာ ဘာမျှအံဝင်ခွင်ကျ ဆက်စပ်မှု မရှိဘူး မဟုတ်လား။ အမှန်ပဲ။ မရှိဘူး။ ရုပ်ရှင်သွားကြည့်မှာမို့ ထားရစ်ခဲ့တဲ့ အဘွားကြီး။ သူ ပြောနေတာကို ဘယ်သူက နားမထောင်လိုကြတော့တဲ့ အဘိုးကြီး။ သေတာတောင် ဘာမျှ ကြောင်းကျိုးဖြစ်မလာနိုင်တဲ့ အသေမျိုး။ တခြားတဖက်မှာကတော့ သာယာ လှပနေတဲ့ ကမ္ဘာကြီး။ တကယ်လို့သာ အရာရာကို လက်ခံမယ် ဆိုရင် ဘယ်လိုများ တမူ ထူးခြားသွားမယ် ထင်သလဲ။ ဒီမှာ ရေးခဲ့တဲ့ဟာ သုံးခုက ဦးတည်ချက်တစ်ခုစီ။ ဒါပေတဲ့ ရည်ရွယ်ရင်းကတော့ အတူတူလိုပဲ။ သေခြင်းတရားဆိုတာက အားလုံးအတွက်။ ဒါပေတဲ့လည်း သေခြင်းဆိုတာက တစ်ဦးချင်း တစ်ယောက်ချင်းစီ အတွက်ပဲ။ နောက်ဆုံးမှာတော့ နေရောင်ခြည်ဟာ ကျွန်တော်တို့ အားလုံးကို နွေးထွေးနေစေဦး မှာပဲ။ ဖြစ်တည်မှု ပဓာနဝါဒ ပြင်သစ်နိုင်ငံ ကမ္ဘာ့စာပေ ဒဿနိကဗေဒ တွေးခေါ်ပညာရှင်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B2%E1%80%9C%E1%80%BA%E1%80%98%E1%80%90%E1%80%BA%E1%80%80%E1%80%99%E1%80%B0%E1%80%B8%20%E1%81%8F%20%E1%80%99%E1%80%BE%E1%80%AC%E1%80%B8%E1%80%90%E1%80%B2%E1%80%B7%E1%80%98%E1%80%80%E1%80%BA%E1%80%94%E1%80%B2%E1%80%B7%20%E1%80%99%E1%80%BE%E1%80%94%E1%80%BA%E1%80%90%E1%80%B2%E1%80%B7%E1%80%98%E1%80%80%E1%80%BA
ခန္ဓာဗေဒ
ခန္ဓာဗေဒ (Anatomy) ဆိုသည်မှာ ဇီဝဗေဒ ပညာရပ်အကိုင်းခွဲတစ်ခုဖြစ်ပြီး သက်ရှိအရာများတွင်ရှိသောဖွဲ့စည်းပုံကိုလေ့လာခြင်းဖြစ်သည်။ ခန္ဓာဗေဒ ဟုမြန်မာပြန်လျှင် သင့်လျှော်မည်။ အနာတမီ (Anatomy) ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍ ခွဲစိတ်ခြင်း၊ ဖြတ်တောက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ကိုယ်ခန္ဓာရှိ အသားမျှင်အားလုံးတို့ကို ဓား၊ ညှပ်တို့နှင့် သတိရှိရှိဖြင့် ခွဲစိတ်ဖြတ်တောက်ခြင်းအားဖြင့် ဆေးကျောင်းသားတစ်ယောက်သည် ထိုအသားမျှင်တို့၏ အနေအထားနှင့် ယင်းတို့၏ ဆောင်ရွက်မှုတို့ကို တိတိကျကျ သိရှိ နိုင်လေသည်။ သမိုင်းတင်သည့်အခါမှစ၍ လူသေကောင်ကို ဤကဲ့သို့ စူးစမ်းစစ်ဆေး လေ့လာခဲ့သော်လည်း လူတို့၏ အယူသည်းမှု၊ အသိပညာ ကင်းမဲ့မှုတို့ကြောင့် အလယ်ခေတ် တစ်လျှောက်လုံးတွင် သိပ္ပံပညာနည်းဖြင့် ရှာဖွေလုပ်ကိုင်ခဲ့သော လူတစ်စုမှာ အတော်ပင် စိတ်ပျက်ခဲ့ရလေသည်။ ယခုခေတ် အနာတမီပညာကို စတင် ပြုစုပျိုးထောင်သူမှာ ဗီဆေးလိယပ် အမည်ရှိ ဗဲလဂျီယန် အမျိုးသားတစ်ဦး ဖြစ်သည်။ ၁၆ ရာစု ခေတ်မှာပင် ဣတာလျံလူမျိုးတစ်ဦးဖြစ်သော ဖဲလိုးပိယက် အမည်ရှိ ပုဂ္ဂိုလ်သည် နောက်ခေတ် သုတေသီများကို များစွာ ကူညီခဲ့လေသည်။ ရှေးခေတ်က ခွဲစိတ်စစ်ဆေးရန် လူသေကောင်ရဖို့ အရေး သည် မလွယ်ကူလှချေ။ သုသာန်မှ လူသေကောင်များကိုခိုး၍ ဆရာဝန်နှင့် ခွဲစိတ်ကုဆရာဝန်များကို ပေးရသည်။ ခွဲစိတ်ကု ဆရာဝန်များက မိမိတို့၏ ဆိုင်ရာ ကျောင်းသားများကို လူသေကောင်များဖြင့် လက်တွေ့သင်ကြားပေးရလေသည်။ ၁၉ ရာစု ခေတ်မှာပင် လူသတ်သမားကြီးများဖြစ်ကြသော ဗတ်နှင့် ဟဲတို့ သည် မိမိတို့ သတ်ဖြတ်ခဲ့သော အလောင်းကောင်များကို အက်ဒင်ဗရာမြို့မှ ဒေါက်တာနော့အား လက်တွေ့ စမ်းသပ်ရန် ရောင်းချကြသည်။ ယခုတိုင် လန်ဒန်မြို့ရှိ အချို့သော ဝတ် ကျောင်းပတ်လည် သုသာန်မြေဟောင်းများတွင် ညဉ့်အစောင့် များသည် လူသေအလောင်း သူခိုးများကို စောင့်ဖမ်းနေကြ ရသည်။ ကျွန်ုပ်တို့ခေတ်တွင်မူကား လူများသည် အမြင်ပို၍ ကျယ်လာသည်ဖြစ်ရကား ခွဲစိတ်ခြင်းကို သဘောပေါက်လာရာ ရောဂါဆန်းနှင့် သေဆုံးသောသူ၏ အလောင်းများကို ခွဲစိတ် စစ်ဆေးနိုင်ရန် ဆေးရုံရှိ ဆရာဝန်များထံ ထားခဲ့ကြလေသည်။ ဤသို့ ထားခဲ့ခြင်းအားဖြင့် ရောဂါပျောက်ကင်းရေးတွင် ဆရာဝန်များအား ကူညီရာရောက်သည်ဟု သိရှိလာကြသည်။ ခန္ဓာကိုယ် ဆောင်ရွက်မှုများကို အမျိုးမျိုးသော အင်္ဂါစုများ က ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြ၏။ ပါးစပ်မှ စအိုထိ တောက်လျှောက်တန်းလျက်ရှိသော အစာချေအင်္ဂါစုသည် အစာကို ညက်ညက်ကြေအောင် ဝါး၍ သက်ရှိတို့၏ လိုအပ်သော နေရာများသို့ပို့ပေးရန် ပြင်ဆင်မှုများ ပြုလုပ်ပေးရသည်။ အသက်ရှူမှု အင်္ဂါစုတွင် အဆုတ်နှင့် လေလမ်းများပါဝင်ရာ ယင်းတို့က အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များကို လဲလှယ်ပေးရ၏။ သွေးကြောစုသည် နှလုံးဟုဆိုအပ်သော သန်မာသည့် အသားပြွတ်တစ်ခုဖြင့် ပြုလုပ်ထားရာ ထို နှလုံးသည် ကိုယ်အင်္ဂါ အစိတ်အပိုင်း အရပ်ရပ်သို့ သွေးများ ပျံ့နှံ့သွားစေရန် သွေးလွှတ် ကြော၊ သွေးပြန်ကြော၊ သွေးမျှင် ကြောတို့မှတဆင့် ပန်းထုတ်ပေးရသည်။ သွေးသည် အောက်ဆီဂျင်ကို တစ်ရှူးများဆီသို့ ပို့၍ ကာဗွန်အောက်ဆိုဒ်ကို ဖယ်ရှားပစ်သည်။ ခန္ဓာကိုယ် အရိုးစုသည် ကိုယ်ထည်တစ်ခုလုံးကို ထောက်ပံ့၍ ဆောင်ထား၏။ အရိုးများတွင် ကြွက်စွန်းကြောများ ကပ်လျက်ရှိသောကြောင့် လှုပ်ရှားနိုင်၏။ နာဗ်ကြောများ ကပ်လျက် ရှိသောကြောင့် လှုပ်ရှားနိုင်၏။ နာဗ်ကြောအဖွဲ့သည် အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိစေသာ အာရုံများ၏ စေ့ဆော်မှုများကို သယ်ဆောင်ယူသွားသော အဖွဲ့အစည်း ဖြစ်သည်။ မာသောခေါင်းခွံဖြင့် ဖုံးအုပ်ကာကွယ်ထားသော ဦးနှောက်သည်ကား မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရားစသော စိတ်နှင့်ဆိုင်သည့် ဆောင်ရွက်မှုတို့ကို ပြုလုပ်ဆောင်ရွက်သော ဗဟိုဌာန ဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အဆောက်အအုံကို ခွဲစိတ် လေ့လာသော အတတ်ပညာကို လက်တွေ့ အနာတမီဟု ခေါ်သည်။ ယင်းလက်တွေ့ပညာသည် ခွဲစိတ်ကုဆရာဝန်အတွက် အလွန်လိုအားအပ်သော အခြေခံပညာ ဖြစ်သည့်ပြင် သာမန် ဆရာဝန် အတွက်လည်း လိုပေသည်။ လူမှတစ်ပါး တိရစ္ဆာန် အမျိုးမျိုး ရှိရာတွင် တစ်မျိုးနှင့်တစ်မျိုး မည်သို့ အဆက်အသွယ်ရှိပုံကို လည်း နှိုင်းယှည့်၍ ခွဲစိတ် လေ့လာကြသေးသည်။ ၁၈ ရာစု ခေတ်တွင် ကူးဗီယေ, ဂျီအမည်ရှိ ပြင်သစ် အမျိုးသားတစ်ဦးသည် တိရစ္ဆာန်များကို ယင်းတို့၏ အသွင်ဖြင့် မဟုတ်ပဲ ကိုယ်တွင်း တည်ဆောက်ထားသည့် အနေအထားကိုလိုက်၍ အမျိုးအစား ခွဲခြင်းကို စတင် ပြုစု ပေးခဲ့သည်။ နောက်ရာစုခေတ်တွင် ချားလ်စ်ဒါဝင်က အချို့ တိရစ္ဆာန်အစုများသည် တစ်စုနှင့်တစ်စု တည်ဆောက်ထားပုံခြင်းတူကြောင်း ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ရှေးတိရစ္ဆာန်တစ်မျိုးတည်းမှ ဆင်းသက်ပေါက်ဖွားလာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဆောင်ရွက်မှု အနာတမီသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ လုပ်ကိုင်မှုနှင့် ပတ်သက်သည်။ ဤပညာရပ်ခွဲနှင့် စပ် လျဉ်း၍ ၁၆၂၈ ခုနှစ်က အင်္ဂလိပ်လူမျိုး ဝီလျံဟားဗေးဆိုသူ သည် သွေးလှည့်ပတ်ခြင်းအကြောင်းကို ပြဆိုခဲ့၏။ သူသည် ပက်ဒူးအားမြို့၌ ဗီဆေးလိယပ်နှင့် ဖဲလိုးပိယက်တို့ ပြုစုလုပ် ကိုင်ခဲ့သော အလုပ်များကို နည်းခံ၍ လေ့လာသင်ကြားခဲ့သည်။ သွေးလှည့်ပတ်ခြင်းအကြောင်းကို ဟားဗေး မတွေ့မီက သွေးသည် လှည့်ပတ်မသွားဘဲ ကိုယ်တွင်း၌ ရှေ့တိုးနောက်ဆုတ်ကာ လှုပ်ရှားလျက်ရှိသည်ဟူ၍ပင် အတော်ဆန်းဆန်း တွေးတော ယူဆခဲ့ကြသည်။ များစွာသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့၏ အမည်များသည် ထိုအစိတ်အပိုင်းများကို ပထမဆုံး တွေ့ရှိသော ကာယ ဗေဒဆရာတို့၏ အမည်ကိုအစွဲပြု၍ ခေါ်ထားကြခြင်း ဖြစ် သည်။ ခေါင်းခွံရှိ ဂေလင်သွေးပြန်ကြောများ၊ ဦးနှောက်ရှိ ဆီလဗီယက်ပပ်ကြားများ၊ ပေါင်ခြံရှိ ပေါပပ်ရိုးဆက်ရွတ်များ၊ ပေါင်အတွင်းအောက် ပိုင်းရှိ ဟန်းတားပေါင်ဖျားမြောင်း စသည် တို့သည် ထိုပုဂ္ဂိုလ်တို့၏ အမည်ကို အစွဲပြု၍ ခေါ်ထားခြင်း ဖြစ်သည်။ ဂေလင်သည် ဂရိလူမျိုးဖြစ်၍ ရောမမြို့မှ ဆရာဝန် ဖြစ်သည်။ ဆီလဗီယက်သည် လေဒင် တက္ကသိုလ်မှ ဒပ်ချလူမျိုး ပါမောက္ခဖြစ်၍ ပေါပပ်ကား ပြင်သစ်ကာယဗေဒဆရာ ဖြစ်သည်။ ဂျွန်ဟန်းတားသည် လင်းနာ့ရှိုင်ယာနယ်တွင် မွေးဖွား၍ ၁ဝ နှစ်သားအရွယ်တွင် သူ၏ဖခင် သေဆုံးသွား လေသည်။ ထိုကြောင့် ဂျွန်သည် အိမ်ထောင်ပရိဘောဂ လုပ်ကိုင်သူ ဆွေမျိုးတစ်ဦးထံသို့သွား၍ အလုပ်သင်ရသည်။ ဂျွန် အသက် ၂ဝ နီးပါးမျှ ရှိသောအခါ အလုပ်အကိုင် မကောင်းသဖြင့် လန်ဒန်မြို့တွင် အနာတမီ ကထိကဖြစ်နေသော သူ၏အစ်ကိုထံ စာရေး၍ အကူအညီ တောင်းရလေသည်။ သူ၏အစ်ကို ဝီလျံဟန်းတားကလည်း စာရေးသည့်အတိုင်း လန်ဒန်သို့ခေါ်ယူ၍ ခွဲစိတ်ခန်းတွင် အကူအညီအဖြစ်ဖြင့် လုပ်ကိုင်စေလေသည်။ ဂျွန်သည် တစ်နှစ်နီးပါးမျှ လုပ်ကိုင်ပြီးသောအခါ အနာ တမီပညာ၌ အတော်ဗဟုသုတရလာပြီဖြစ်ရကား ဆေးကျောင်း သား အတန်းတစ်တန်းကို သင်ကြားရန် တာဝန်ပေးခြင်း ခံရ လေသည်။ ထိုနောက် ချဲလဆီနှင့် စိန်ဗာသောလမျူးဆေးရုံ တို့တွင် ခွဲစိတ်ခြင်းဆိုင်ရာ ပညာရပ်ကို သင်ကြား တတ်မြောက်ပြီးနောက် ဆေးရုံ တစ်ခုတွင် ခွဲစိတ်ဆရာအဖြစ် ခန့် ထားခြင်း ခံရလေသည်။ ဂျွန်သည် မိမိဝါသနာပါသည့် ပညာရပ်တွင် လေ့လာဆည်းပူးသင်ကြားရသဖြင့် အံ့ဩလောက် အောင် တိုးတက်မှုရလာသောကြောင့် လူထု၏ကြည်ညို လေးစားမှု၊ ဂုဏ်ပြုမှုကို ရရှိလေသည်။ သူရရှိသော ငွေများကို နှိုင်းရှည့် အနာတမီ ပညာသင်ကြားရန်အတွက် နမူနာများကို စုဆောင်းရာ၌ အသုံးပြုခဲ့သည်။ အသက် ၆၅ နှစ်တွင် ဂျွန်ဟန်းတား သေဆုံး၏။ သေဆုံးပြီးနောက် သူစုဆောင်းထားသော နမူနာများကို ဗြိတိသျှ အစိုးရက ပေါင် ၁၄ဝဝဝ နှင့် ဝယ်၍ တော်ဝင်ခွဲစိတ်ရေး ဆရာဝန်များ ကောလိပ်သို့ လွှဲအပ် လိုက်လေသည်။ ဟန်းတားသည် သူ၏ခေတ်တွင် အနာတမီ ပညာ၌ ထူးခြားပြောင်မြောက်အောင် တတ်စွမ်းသည်သာမက ရောဂါစူးစမ်းရေး ဆရာဝန် အကြီးဆုံးလည်း ဖြစ်ခဲ့လေသည်။ ဖဲလိုးပိယက် (၁၅၂၃-၆၂)သည် ဣတလီနိုင်ငံ၊ မိုးဒေနာ မြို့တွင် မွေးဖွား၍ ဖာရာရားမြို့တွင် အနာတမီ ပါမောက္ခ ဖြစ်လာသည်။ ထိုနောက် သူသည် ပက်ဒူးအား တက္ကသိုလ်၌ အနာတမီ၊ ခွဲစိတ်ပညာနှင့် ရုက္ခဗေဒ ပညာရပ်တို့ကို သင်ကြား ပြသ၏။ ဗီဆေးလိယပ် (၁၅၂၄-၆၄)သည် ဗရပ်ဆဲမြို့တွင် မွေးဖွား ၏။ သူလည်း ကျော်ကြားသော ပက်ဒူးအား တက္ကသိုလ်သို့ သွား၍ အနာတမီနှင့် ခွဲစိတ်ပညာကို သင်ကြားပြသသည်။ ထိုနောက် ဣတာလျံတက္ကသိုလ်များ သို့လည်းကောင်း၊ ဗားလ မြို့တက္ကသိုလ်သို့လည်းကောင်း သွားရောက် သင်ကြားပြသ သည်။ ဗီဆေးလိယပ်သည် ဧကရာဇ်ဘုရင် ပဉ္စမမြောက် ချား ၏ သမားတော်ချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီးသည်နောက် လူသေကောင်များကို ခွဲစိတ်သောကြောင့် ယင်းရာထူးမှ ထွက်ရ လေသည်။ ၁၅၄၃ ခုနှစ်တွင် သူသည် အလွန်အရေးကြီးသည့် နှလုံးနှင့် ယင်း၏ အခင်များအကြောင်းစာအုပ်ကို ရေးသား ထုတ်ဝေလေသည်။ အခြေခံ ခန္ဓာဗေဒ လူ့ခန္ဓာကိုယ်သည် သက်ရှိသတ္တဝါများအနက် အရှုပ်ထွေးဆုံးဖြစ်ပြီး။ Microscope အနုကြည့် မှန်ဘီလူး ဖြင့်သာ မြင်ရသည့် သေးငယ်လွန်းသော အစိတ်အပိုင်း Cells (ဆဲလ်) သန်းထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည်။ Cells (ဆဲလ်) ကလပ်စည်း = သက်ရှိတို့၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။ Tissues တစ်ရှူး = တူညီသည့် (ဆဲလ်)များဖြင့် ဖွဲ့စည်းထားသည်။ ဥပမာ Epithelial Tissue (အပီသီလီရယ်) အပေါ်ယံလွှာ၊ Connective Tissue (ကွန်နက်တစ်) တွယ်ဆက်၊ Muscle Tissue (မာဆယ်) ကြွက်သား၊ Nervous Tissue (နားဘတ်စ်) အာရုံကြော။ စက္ကန့်တိုင်းမှာ တစ်ရှူးအသစ်နှင့် ဆဲလ်အသစ် စုစုပေါင်း ၂၅ သန်း ဖြစ်ပေါ်နေသည်။ Organs အင်္ဂါအစိတ်အပိုင်း = မတူညီသော (တစ်ရှူး) များစွာတို့ ပါဝင်ပြီး၊ အလုပ်တမျိုးကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည်။ ဥပမာ အစာအိမ်တွင် ကြွက်သား + အာရုံကြော + အပေါ်လွှာ + အတွင်းလွှာတို့ ပေါင်းစပ် ပါဝင်နေကြသည်။ Systems စနစ် = သက်ရှိတို့၏ ရှုပ်ထွေးသည့် အမျိုးမျိုးသော အင်္ဂါအစိတ်အပိုင်းများဖြင့် ဖွဲ့စည်း ထားသည်။ စနစ် (၁ဝ) မျိုးရှိသည်။ ခန္ဓဗေဒ စနစ် (၁ဝ) မျိုး အရိုးစနစ် (Skeletal (စကယ်လတန်) ) ကြွက်သားစနစ် (Muscular (မာစကူလာ) ) အာရုံကြောစနစ် (Nervous (နားဘတ်စ်)) ဟော်မုန်းစနစ် (Endocrine (အင်ဒိုခရိုင်း)) နှလုံးနှင့် သွေးကြောများစနစ် (Cardiovascular (ကာဒီယို-ဗတ်စကူလာ)) ပြန်ရည်စနစ် (Lymphatic (လင်ဖက်တစ်) ) အသက်ရှူလမ်းကြောင်းစနစ် Respiratory (ရက်စပရေထရီ) အစာခြေလမ်းကြောင်းစနစ် Digestive (ဒိုင်ဂျက်စတစ်ဖ်) ဆီးလမ်းကြောင်းစနစ် Urinary (ယူရယ်နရီ) မျိုးပွားလမ်းကြောင်းစနစ် Reproductive (ရီပရိုဒတ်တစ်ဖ်) Physiology (ဇီဝကမ္မဗေဒ) ခန္ဓာကိုယ်အလုပ်များနှင့် သက်ရှိဖြစ်စဉ် (ဇီဝကမ္မ = အသက်၏အလုပ်) ခန္ဓာကိုယ်၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းအလုပ်တို့ ပါဝင်သည်။ အသက်ရှင် ရပ်တည်ရေးအတွက် (ဆဲလ်) များစွာတို့က Homeostasis (ဟိုမီယိုစတေးဆစ်) ခေါ် သမမျှတမှု ဖြစ်စေရန် မရပ်မနား လှုပ်ရှားနေသည့် အမျိုးမျိုးသော လုပ်ငန်းများ လုပ်ဆောင်ကြရသည်။ ပတ်ဝန်းကျင် အခြေအနေ၊ (ဆဲလ်) များနှင့် ပတ်ဝန်းကျင်အတွင်းရှိသည့် ပစ္စည်း တို့၏ အပြောင်းအလဲများ၊ အစာကြေချက်ခြင်း စသည် တို့အား စုစည်း ဆက်စပ်နေသည့် အလုပ်ကြီးပင်ဖြစ်သည်။ ခန္ဓာကိုယ်၏ လုပ်ငန်းများ လုပ်ဆောင်နိုင်မှုသည် အသက်အရွယ်နှင့်အတူ ပြောင်းလဲနေသည်။ ယေဘူယျ အားဖြင့် ငယ်လွန်း၊ ကြီးလွန်းချိန်များတွင် နည်းနည်းသာ လုပ်နိုင်သည်။ သက်ရှိတို့နှင့် သက်မဲ့တို့၏ ကွာခြားချက်မှာ ဖွဲ့စည်းထားပုံ၊ ဇီဝဖြစ်စဉ်၊ တုံ့ပြန်နိုင်စွမ်း၊ လှုပ်ရှားနိုင်မှု၊ မျိုးပွားနိုင်ခြင်းတို့ ဖြစ်သည်။ လူသည် အရှုပ်ထွေးဆုံးသော သတ္တဝါဖြစ်ရာ ထူးခြားစွာ လုပ်နိုင်စွမ်းရှိသည်။ ကြီးထွားခြင်း၊ အသက်ရှူခြင်း၊ အစာခြေခြင်း၊ စွန့်ထုတ်ခြင်း အလုပ်များသည် တခုနှင့်တခု အဆက်အစပ်ရှိရှိ လုပ်ဆောင်နေကြပေသည်။ ဇီဝကမ္မအလုပ် (၁ဝ) မျိုး Organization ဖွဲ့စည်းထားပုံ = အားလုံးသော ဖွဲ့စည်းထားပုံ အဆင့်ဆင့်သည် အလုပ်ခွဲခြား ဆောင်ရွက်ကြသည်။ Metabolism ဇီဝဖြစ်စဉ် = အားလုံးသော ဇီဝဖြစ်စဉ်များသည် ဓာတ်ပစ္စည်းများ ပြောင်းလဲခြင်းဖြစ်သည်။ Responsiveness တုံ့ပြန်နိုင်စွမ်း = အတွင်း-အပြင်ပတ်ဝန်းကျင်တို့ပြောင်းလဲနေမှုများကိုလိုက်လျောညီထွေစေသည်။ Movement လှုပ်ရှားနိုင်မှု = ခန္ဓာကိုယ်အတွင်း လှုပ်ရှားမှုများစွာရှိသည်။ ဥပမာ သွေးသည် လှည့်လည် စီးဆင်းနေသည်။ (ဒိုင်ယာဖရမ်) ခေါ် ဝမ်းဗိုက်နှင့် ရင်ခေါင်းအား ခြားထားသည့် ကြွက်သားသည် အသက်ရှူတိုင်း လှုပ်ရှားနေသည်။ (ဆဲလ်) အတွင်း၌ Molecule (မော်လီကြူး)များ တနေရာမှတနေရာသို့ ရွေ့နေသည်။ ကြွက်သားမျှဉ်များသည် ကြုံ့ခြင်း၊ ဆန့်ခြင်းဖြင့် လှုပ်ရှားမှုရှိနေသည်။ မှတ်ရန်။ (မော်လီကြူး)ဆိုသည်မှာ Atom (အက်တွန်)ခေါ် အနုမြူ ၁-၂ လုံး ပါနေသည့် အရာဝတ္တုတခု၏ အသေးဆုံးသော အစိတ်အပိုင်းကိုခေါ်သည်။ (အက်တွန်) ဆိုသည်မှာ မည်သည့် ဓာတ်ပစ္စည်းမဆို၏ ၎င်း၏ ဓာတ်သဘော အပြည့်ရှိသည့် အသေးဆုံးသော အစိတ်အပိုင်းဖြစ်သည်။ Reproduction မျိုးပွားနိုင်ခြင်း = မိဘနှစ်ပါးက ကလေးမွေးဖွားနိုင်သည်။ (ဆဲလ်) တခုသည် သေသွား၍၎င်း၊ ပျက်စီး သွား၍၎င်း (ဆဲလ်) အသစ်ဖြစ်လာရသည်။ ယင်းတို့ကို မျိုးပွားနိုင်ခြင်းဟု ခေါ်သည်။ Growth ကြီးထွားခြင်း = (ဆဲလ်) များ၏ အရွယ်အစား၊ အရေအတွက် တိုးလာသည်။ သေကျေသွားမှုထက် အသစ် ဖြစ်မှုက ပိုမြန်မှ ကြီးထွားမှု ဖြစ်နိုင်သည်။ Differentiation မတူခြားနားမှုဖြစ်ခြင်း = သာမန်(ဆဲလ်)တခုမှ ထူးခြားသည့်(ဆဲလ်) တခု ဖြစ်လာခြင်းကို ဆိုသည်။ (ဆဲလ်)မှ (တစ်ရှူး)၊ ထိုမှ အင်္ဂါအစိတ်အပိုင်း Organ (အော်ဂင်)တို့ ဖြစ်လာရသည်။ Respiration အသက်ရှူခြင်း = လေကိုရှူသွင်းခြင်း၊ လေထဲမှ အောက်စီဂျင်ကို စုပ်ယူပြီး၊ ကာဗွန်ဒိုင်-အောက်ဆိုက်ကို စွန့်ထုတ်ခြင်း၊ သွေးထဲသို့ ဓာတ်ငွေ့များသယ်ပို့ခြင်းတို့ ဖြစ်သည်။ Digestion အစာခြေခြင်း = စားလိုက်သည့် အစာအား သွေးနှင့်ကိုယ်ထဲသို့ စုပ်ယူနိုင်စေသည့် ရိုးရိုး (မော်လီကြူး) များအဖြစ်သို့ အဆင့်ဆင့် ပြောင်းပေးခြင်း၊ စုပ်ယူခြင်းဖြစ်သည်။ Excretion စွန့်ထုတ်ခြင်း = ခန္ဓာကိုယ်မှ အစာခြေခြင်းနှင့် ဇီဝဖြစ်စဉ်တို့မှ မလိုသော ပစ္စည်းများအား စွန့်ထုတ်ခြင်း။ မှတ်ချက်။ ၎င်းဖြစ်စဉ်ပေါင်း (၁၀)မျိုးသာမက ရေ၊ အောက်စီဂျင်၊ အာဟာရ၊ အပူဓာတ်နှင့် ဖိအားတို့လည်း လိုအပ်သည်။ အချို့ သတ္တဝါများသည် (ဆဲလ်) တခုတည်းရှိပြီး၊ အချို့မှာ (ဆဲလ်) သန်းများစွာရှိကြသည်။ လူ့သန္ဓေဖြစ်စ၌ (ဆဲလ်) တခုတည်းမှ ပွားများလာရသည်။ (ဆဲလ်) များသည် အနုကြည့်မှန်ဘီလူးဖြင့်ကြည့်မှသာ မြင်နိုင်သည်အထိ သေးငယ် သည်။ (ဆဲလ်) အမျိုးအစားပေါင်းများစွာရှိသည်။ လူ့ခန္ဓာကိုယ်၌ (ဆဲလ်)ပေါင်း ၁၀၀ (ထွီလီယန်)ရှိမည်ဟု မှန်းဆရသည်။ ၁ (ထွီလီယန်) = ၁၀၀၀၀၀၀၀၀၀၀၀၀။ (သုည ၁၂ လုံး) ဆဲလ် (ဆဲလ်) တွင် Cell wall နံရံ၊ Nucleus (နူကလီးယပ်စ်) နှင့် Cytoplasm (ဆိုက်တိုပလာဆမ်)တို့ ပါဝင်သည်။ နံရံသည် အတွင်းပိုင်းနှင့် အပြင်ကို ကန့်ထားကာ (ဆဲလ်)၏ ပုံသဏ္ဌာန်ကို ဖြစ်စေသည်။ ဓာတ်ပစ္စည်များ အထဲဝင်-အပြင်ထွက်နိုင် စေရန်လည်း လုပ်ပေးသည်။ (ဆိုက်တိုပလာဆမ်)သည် (ဂျဲလ်)ကဲ့သို့ ကျိချွဲချွဲ ဖြစ်သည်။ ၎င်းထဲ၌ သေးငယ်သည့် ပစ္စည်းများ ပါဝင်သည်။ Nucleus (နူကလီယပ်စ်) ခေါ် (ဆဲလ်)၏ အထိန်းပင်မထဲတွင် DNA ခေါ် မျိုးဗီဇ ပါဝင်သည်။ ၎င်းထဲရှိ Nucleous (နူကလီယိုးလပ်စ်) ၌ (ပရိုတိန်း) ဖြစ်ရေးတွင်ပါဝင်ရသည့် RNA ရှိသည်။ ၎င်းမှာ (ဆဲလ်) ကြီးထွားစေရန်၊ (ဆဲလ်) ပျက်သည်ကို ပြင်ရန်၊ သေသည်ကို အစားထိုးရန်တို့အတွက် (ဆဲလ်) ပွားခြင်းဖြစ်ရသည်။ Tissue (တစ်ရှူး) Tissue (တစ်ရှူး) ဆိုသည်မှာ အလုပ်တမျိုးလုပ်ရန် မျိုးတူသည့် (ဆဲလ်) များ၏ အစုအဝေးကိုခေါ်သည်။ (ဆဲလ်) များ အကြား သက်မဲ့ပစ္စည်းဖြစ်သည့် တွယ်ကပ်သည့်ပစ္စည်းများရှိသည်။ အချို့(တစ်ရှူး)များ၌ တွယ်ကပ်ပစ္စည်း နည်းနည်းသာ ရှိ၍ အချို့တွင် အမြောက်အမြားရှိသည်။ (တစ်ရှူး) အမျိုးအစား (၄)မျိုး ရှိသည်။ Epithelial Tissue (အပီသီလီရယ်) အပေါ်ယံလွှာ (တစ်ရှူး)၊ Connective Tissue (ကွန်နက်တစ်) တွယ်ဆက် (တစ်ရှူး)၊ Muscle Tissue (မာဆယ်) ကြွက်သား (တစ်ရှူး)၊ Nervous Tissue (နားဘတ်စ်) အာရုံကြော (တစ်ရှူး)၊ Epithelial Tissue (အပီသီလီရယ်-တစ်ရှူး) အပေါ်ယံလွှာ တစ်ရှူး တကိုယ်လုံး အနှံ့ရှိသည်။ ခန္ဓာကိုယ်မျက်နှာပြင်၊ ဝမ်းတွင်းခေါင်းများ၊ အခေါင်းရှိသည့်အင်္ဂါများ၊ (ဂလင်း)များ အားလုံးကို ဖုံးနေသည့် အလွှာဖြစ်သည်။ ၎င်းက ကာကွယ်မှုပေးခြင်း၊ အရည်များညှစ်ထုတ်ပေးခြင်း၊ စုပ်ယူပေးခြင်း၊ စွန့်ထုတ်ပေးခြင်း၊ တဖက်မှ တဖက်ဆီသို့ ပြန့်နှံ့စေခြင်း၊ အာရုံခံပေးခြင်းများ လုပ်ပေးသည်။ (အပီသီလီရယ်-တစ်ရှူး) ၏ (ဆဲလ်)များသည် တခုနှင့်တခု ထိစပ်နေကြပြီး၊ တဖက်က အပြင်သို့ မျက်နှာမူနေကာ၊ (ကာဗွန်ဟိုက်ဒရိတ်) နှင့် (ပရိုတင်း)တို့ ပါဝင်သည်။ Epithelial Membranes (အပီသီလီရယ် မင်ဘရိန်း) ခေါ် အပေါ်ဖုံးအလွှာ = ကိုယ်ထည်၊ ကိုယ်တွင်းခေါင်း များ၏ အတွင်းပိုင်း၊ အင်္ဂါအစိတ်အပိုင်းများကို ဖုံးလွှမ်းထားသည့် (တစ်ရှူး)ဖြစ်သည်။ Mucous Membranes (မြူးကပ်စ်-မင်ဘရိန်း) = (မြူကိုဆာ) = အစာခြေလမ်း တလျောက်လုံးအား အတွင်းက ဖုံးထားသည်။ ဝမ်းတွင်းရှိ အပြင်သို့ မျက်နှာမူထားသည့် အခေါင်းပါအင်္ဂါများအားလည်း အတွင်းကဖုံးထားသည်။ မွေးလမ်း၊ အသက်ရှူလမ်း၊ ဆီးလမ်းများအားလည်း အတွင်းက ဖုံးထားသည်။ Serous Membranes (ဆီးရပ်စ်-မင်ဘရိန်း) = (ဆီရိုဆာ) = ဝမ်းတွင်းရှိ အပြင်သို့ မျက်နှာမူ မထားသည့် အခေါင်းပါ အင်္ဂါများအား ဖုံးထားသည်။ ၎င်းမှ အရည်များ စစ်ထုတ်သည်။ ၎င်းအရည်သည် မျက်နှာပြင်များအကြား ချောမွေ့စေရန် ဖြစ်သည်။ ဥပမာ အဆုပ်ကို ဖုံးထားသော (ပလူရာ)၊ နှလုံးအား (ပယ်ရီကားဒီးယမ်း)၊ ဦးနှောက်အား (မင်နင်းဂျီးစ်)၊ ဝမ်းဗိုက်ထဲရှိ အင်္ဂါများအား (ပယ်ရီတိုနီယမ်)၊ စသည်တို့ ဖြင့်ဖုံးထားသည်။ ယင်းအားလုံး တို့သည် နှစ်လွှာစီရှိပြီး၊ အတွင်း၌ ဝါကျင့်ကျင့် အရည်ရှိ သည်။ ၎င်းကြောင့် ပွတ်တိုက်မှုကို သက်သာစေသည်။) Connective Tissue Membranes (ကွန်နက်တစ်-တစ်ရှူး) အလွှာ အဆစ်များ၏ အတွင်းပိုင်း ဖုံးထားသည့် (ဆိုင်နိုဗီရယ်-မင်ဘရိန်း)၊ ဦးနှောက်နှင့် ခါးရိုးထဲရှိ အာရုံကြောများအား ဖုံးထားသည့် (မင်နင်ဂျီးစ်)တို့ဖြစ်သည်။ (ဆဲလ်)များကို ဆက်စပ်တွယ်ကပ်နေစေသည့် (တစ်ရှူး) ဖြစ်သည်။ ပုံသဏ္ဌာန်ကို ဖြစ်စေသည်။ အဆီကို သိုလှောင်ထား သည်။ ရောဂါအချို့ကို အကာကွယ်ပေးသည်။ ပျက်စီးသည် များကို ပြင်ရန်ကူညီသည်။ အမျိုးအစား များစွာရှိသည်။ Specialized connective tissues ထူးခြားသည့် (ကွန်နက်တစ်-တစ်ရှူး) များ 1-Blood သွေး သွေးတွင် အခဲပိုင်း နှင့် အရည်ပိုင်းရှိသည်။ Red blood cells (RBC) သွေးနီဥ၊ ရေ၊ (အလက်ထရိုလိုက်)ခေါ် (ဆိုဒီယမ်နှင့် ကလိုရင်း) ဓာတ်ဆား၊ Protein ပရိုတင်း တို့လည်း ပါဝင်သည်။ အာဟာရ၊ ဂလူးကို့စ်၊ (လစ်ပစ်) ခေါ် အဆီ၊ Amino acid အမိုင်နိုအက်စစ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ Hormones ဟော်မုန်းတို့ကို သယ်ပို့ ပေးသည်။ သွေး၏ အခဲပိုင်း ၄၅% တွင် (RBC) သွေးနီဥ၊ (WBC) White blood cells (Leukocytes) (လူကိုဆိုက်) သွေးဖြူဥများနှင့် Platelets (Thrombocytes) (ပလိပ်လက်) ခေါ် သွေးမှုံတို့ ပါဝင်သည်။ (ပလိပ်လက်) အရေအတွက်သည် အချို့ရောဂါ များတွင် အရေးကြီးသည်။ သွေးဖြူဥများထဲတွင် Neutrophils (နူထိုဖီးလ်) Basophils (ဗေဆိုဖီးလ်) Eosinophils (အီယိုဆင်နိုဖီးလ်)တို့ ပါဝင်သည်။ သွေး၏အရည်ပိုင်းမှာ Plasma (ပလာစမာ) ဖြစ်သည်။ သွေး၏ ၅၅% ရှိသည်။ အရေးပါသော (ပရိုတိန်း) များပါနေသည်။ ၎င်းထဲတွင် အသဲမှထုတ်ပေးသည့် Fibrinogen (ဖိုင်ဘရင်နိုဂျင်) ခေါ် သွေးအားခဲစေသည့် ပစ္စည်းပါသည်။ (ပလာစမာ) မှ သွေးခဲစေသည့်ပစ္စည်းများ ထုတ်လိုက်ပါက Serum (စီရမ်) ကျန်ရစ်သည်။ အချို့ရောဂါကာကွယ်ဆေးများမှာ (စီရမ်) မှ ထုတ်ယူရသည်။ RBC သွေးနီဥသည် ပျမ်းမျှ ရက် ၁၂၀ အသက်ရှင်သည်။ လူ့ကိုယ်ထဲမှာ သွေးနီဥပေါင်း ၂.၅ ထွီလီယန် ရှိသည်။ စက္ကန့်တိုင်းမှာ သွေးနီဥ အသစ်ပေါင်း ၂့၅ သန်း ထုတ်ပေးနေသည်။ သွေးသည် မိုင် ၆၀၀၀၀ ခရီးသွားနေခြင်းဖြစ် သည်။ သွေးနီဥတခုသည် ကိုယ်ခန္ဓာထဲ လှည့်လည်ရန် ကြာချိန်သည် ၂၀ စက္ကန့်ပင်မကြာချေ။ နူထိုဖီးလ်၊ ၆၅%၊ (ဗက်တီးရီးယား)များအား တိုက်ဖျက်ပေးသည်။ Pus ပြည်ထဲ၌ပါဝင်။ အီယိုဆင်နိုဖီးလ်၊ ၄%၊ Parasite (ပါရာဆိုက်)ခေါ် ကပ်ပါးကောင်များအား တိုက်ဖျက်ပေး။ ဘေဆိုဖီးလ်၊ <၁%၊ Allergy (အလာဂျီ)ဖြစ်လျှင် Histamine (ဟစ်စတမင်း)ထုတ်ပေးသည်။ လင်ဖိုဆိုက်၊ ၂၅%၊ B cells (အင်တီဘော်ဒီ) Antobody ထုတ်ပေးသည်။ T cells ခုခံအားကိစ္စတွင် ပါဝင်။ AIDS ဖြစ်လျှင် ၎င်းနည်းသွား။ မိုနိုဆိုက်၊ ၆%၊ လေစုပ်စက်ကဲ့သို့ ရှင်းပေးသည်။ မက်ကရိုဖေ့ချ်၊ ခုခံအားအတွက် ကူညီသည်။ 2-Cartilage အရိုးနု Rib နံရိုး။ Ear နားရွက်၊ Nose နှာခေါင်း၊ Throat လည်ချောင်း၊ Intervertebral disks ခါးရိုးဆစ် ကြားအရွတ်တို့သည် အရိုးနုများဖြစ်ကြသည်။ ကြွက်သားတစ်ရှူး ရှုံ့နိုင်၊ ဆန့်နိုင်စွမ်းရှိသည့် (ဆဲလ်)များဖြင့် တည်ဆောက်ထားသည်။ (ဆဲလ်) များစွာနှင့် သွေးများစွာရှိသည်။ (ဆဲလ်) များသည် ရှည်လျားပြီး၊ အထပ်ထပ် သို့မဟုတ် အဆုပ်လိုက်တည်ဆောက်ထားသည်။ ကြွက်သားတစ်ရှူး သုံးမျိုးရှိသည်။ (စကယ်လ်တယ်-မာဆယ်) ခေါ် အရိုးကြွက်သား = ဆလင်ဒါ ပုံရှိသည်။ (နူကလီယပ်စ်) တခုမက ရှိသည်။ ကန့်လန့်စင်း ရှိသည်။ စိတ်ကနေ ထိန်းပေးနိုင်သည်။ (စမုသ်-မာဆယ်) ခေါ်အနုစားကြွက်သား = ရက်ကန်းလွန်းပုံရှိသည်။ (နူကလီယပ်စ်) တခုတည်း ရှိသည်။ ကန့်လန့်စင်း မရှိ။ စိတ်က မထိန်းနိုင်။ အစာအိမ်၊ အူ၊ သားအိမ်၊ သွေးကြောတို့ရှိ ကြွက်သားများ ဖြစ်ကြသည်။ (ကားဒီယက်-မာဆယ်) ခေါ် နှလုံးကြွက်သား = ဖြာထွက်နေသည့် Fibre (ဖိုင်ဗာ) များရှိသည်။ (နူကလီယပ်စ်) တခုတည်းရှိသည်။ ကန့်လန့်စင်း ရှိသည်။ စိတ်ကနေ မထိန်းနိုင်။ (အာရုံကြော) တစ်ရှူး ဦးနှောက်၊ ခါးရိုးထဲက (နာ့ဖ်) အာရုံကြောများတွင် ရှိသည်။ ကြွက်သားများအား ကြုံ့စေရန်၎င်း၊ ပတ်ဝန်းကျင်အား သိနေစေရန်၎င်း လုပ်ပေး၍၊ ခန္ဓာကိုယ်၏ လုပ်ငန်းများအကြား ထိန်းညှိပေးသည်။ စိတ်လှုပ်ရှားမှု၊ ဆင်ခြင်တုံတရား၊ မှတ်ဉာဏ်တို့တွင် အဓိကကြသည်။ ထိုအလုပ်များ လုပ်နိုင်ရန် လျှပ်စစ်ဓာတ် တမျိုးဖြင့် ဆက်သွယ်သည်။ ခန္ဓာကိုယ်တွင်းရှိ အခေါင်း (လှိုင်ခေါင်း) များ Thoracic cavity (သိုရက်ဆစ်-ကယ်ဗတီ) ခေါ် ရင်ခေါင်းပိုင်းအခေါင်းထဲတွင် Heart နှလုံး၊ Lungs အဆုပ်များ၊ Trachea လေပြွန်ကြီး၊ Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန်၊ Blood vessales (ဘလတ်-ဗက်ဆယ်စ်) သွေးကြောများ၊ Nerves အာရုံကြောများရှိကြသည်။ ၎င်းတို့အား ဘေးတွင် Ribs နံရိုးများနှင့် အဆုပ်အား ဖုံးထားသည့် Pleura (ပလူရာ)တို့က ရံထားပြီး၊ အောက်တွင် Diaphragm (ဒိုင်ယာဖရမ်)ခေါ် ရင်ခေါင်းနှင့် ဝမ်းဗိုက်ကို ပိုင်းခြားထားသော ကြွက်သားကြီးတို့ ရှိကြသည်။ Abdominal and pelvic cavity ဝမ်းဗိုက်ပိုင်းနှင့် တင်ပဆုံရိုးတွင်းအခေါင်းများ၊ Abdominal cavity ဝမ်းဗိုက်အခေါင်းထဲတွင် အစာခြေလမ်းကြောင်း၏ အများဆုံးအပိုင်းအပြင် Kidneys ကျောက်ကပ်၊ Adrenal glands (အဒြီနယ်လ်-ဂလင်း) တို့ ရှိကြသည်။ ဝမ်းဗိုက်ပိုင်းနှင့် အထက်က ရင်ခေါင်းပိုင်းအား Diaphragm (ဒိုင်ယာဖရမ်) ဖြင့် ပိုင်းခြားထားသည်။ Pelvic cavity တင်ပဆုံရိုးအခေါင်းထဲတွင် ဆီးလမ်းနှင့် မျိုးပွားအင်္ဂါများနှင့် အစာဟောင်းအိမ်ရှိသည်။ ဦးနှောက်ရှိသော ဦးခေါင်းရိုးခွံနှင့် ခါးရိုးထဲတွင် အာရုံကြောမကြီးတို့ပါသော အခေါင်းများဖြစ်သည်။ 1. Skeletal System (စကယ်လတယ်-ဆစ်စတမ်) အရိုးစနစ် လူကြီးတယောက်တွင် ၂၀၆ ရိုးရှိသည်။ ကလေးအရွယ်၌ အရိုး ၃၅၀ ရှိခဲ့သည်။ အမျိုးသမီးများတွင်လည်း အရိုး ၂၀၆ ရိုး ရှိသော်လည်း အရွယ်အစားငယ်ကြသည်။ လူသည် ကျောရိုးရှိသတ္တဝါဖြစ်၍ Bone (ဘုန်း) အရိုး၊ Cartilage (ကားတလေ့ရှ်) အရိုးနု၊ Ligament (လစ်ဂမင့်) အရွတ်၊ Tendon (တန်ဒွန်) အချောင်းလိုက်ရှိသော အရွတ်တို့ ပါရှိသည်။ လူ့အလေးချိန်၏ ၂၀% သည် အရိုးစနစ်ကဖြစ်သည်။ ပြော့သည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သော ဦးနှောက်၊ နှလုံး၊ အဆုပ်တို့အား ကာကွယ်မှုပေးထားသည်။ ကြွက်သားစနစ် နှင့် တွဲဖက်၍ လှုပ်ရှားမှုကို ဖြစ်စေသည်။ ကယ်လ်စီယန်ဓာတ်သည် အရိုးထဲတွင် အခြားအင်္ဂါများထက်ပို၍ ပါဝင်နေသည်။ အရိုး(ဆဲလ်)အသစ်များသည် Bone marrow (ဘုန်း-မဲရိုး)ရိုးတွင်းခြင်ဆီကဖြစ်လာသည်။ ရိုးတွင်းခြင်ဆီမှ သွေးနီဥ RBC (Red blood cell)၊ သွေးဖြူဥ WBC (White blood cell)၊ သွေးမှုံ (Platelets) များကိုလည်း ဖြစ်လာစေသည်။ ဒေါင်လိုက်ရိုးများ (၈၀)နှင့် ဆက်တွဲအရိုး (၁၂၆)ရိုး တို့ဟူ၍ (၂)ပိုင်း ခွဲထားသည်။ ဒေါင်လိုက်ရိုး (၈၀) ဦးခေါင်းခွံရိုး (၂၈)။ Cranial Bones ဦးနှောက်အားဖုံးထားသည့်အရိုးများ Parietal (2) ပရိုင်ရတယ်၊ ခေါင်းဘေးရိုး (၂) Temporal (2) တန်ပိုရယ်၊ နားထင်ရိုး (၂) Frontal (1) ဖရန်တယ်၊ နဖူးရိုး (၁) Occipital (1) အောက်စီပီတယ်၊ နောက်စေ့ရိုး (၁) Ethmoid (1) အက်သမွိုက်၊ မျက်လုံးအတွင်းရိုး (၁) Sphenoid (1) စဖီနွိုက်၊ နားထင်နှင့် မျက်လုံးကြားရိုး (၁) Auditory Ossicles နားနှင့်ပတ်သက်သည့်အရိုးများ Malleus (2) မဲလီယပ်စ် (၂) Incus (2) အင်းနပ်စ် (၂) Stapes (2) စတေးပိစ် (၂) Hyoid (1) ဟိုင်းဝိုက် (၁) Vetebral Column ခါးရိုးမကြီး Cervical vertebrae (7) ဆဗိုက်ကယ်၊ လည်ပင်းရိုး (၇) Thoracic vertebrae (12) သိုရက်ဆစ်၊ ရင်ခေါင်းရိုး (၁၂) Lumbar vertebrae (5) လမ်ဘား၊ ခါးရိုး (၅) Sacrum (1) ဆေခရမ်၊ တင်ပါးရိုး (၁) Coccyx (1) ကောက်ဆစ်၊ အမြီးပိုင်းရိုး (၁) (ဗာတီဘရယ်-ကော်လံ) အကောက်လေးခု ၁။ (ဆာဗိုက်ကယ်-ကာ့ဖ်) (လည်ပင်းပိုင်းအကောက်) ၂။ (သိုရက်ဆစ် ကာ့ဖ်) (ရင်ခေါင်းပိုင်းအကောက်) ၃။ (လမ်းဘား-ကာ့ဖ်) (ခါးပိုင်းအကောက်) ၄။ (ဆေခရယ်-ကာ့ဖ်) (တင်ပိုင်းအကောက်) Thoracic Cage ရင်ခေါင်းအုံ Sternum (1) စတာနမ်၊ ရင်ညွန့်ရိုး (၁) (နှစ်ပိုင်းရှိသည်။) Ribs = နံရိုးများ ၁၂ စုံရှိသည်။ နံရိုးအောက်ဆုံး ၂ စုံမှလွဲပြီး အားလုံးသည် ရင်ညွန့်ရိုးအား လာဆက်နေကြသည်။ Pectoral girdles (ပက်တိုရယ်-ဂါဒယ်) လက်အုံပိုင်း Clavicle (2) ကလက်ဗီကယ်၊ ညှပ်ရိုး(၂) Scapula (2) စကက်ပြူလာ၊ (တောင်ပံ)၊ လက်ပြင်ရိုး (၂) လက်အရိုးများ Humerus (2) Humerus, (2) arms, (2) ↵Radius (2) radius, radiators, (2) ↵Ulna(2) Alna, and (2) ↵Carpal S (16) Capel, wrist (16)↵Metacarpals (10) Matacapals, ↵Phalanges (28) Falanges (28) Lower Extremity ခြေထောက်ပိုင်းအရိုးများ Femur (2) ပေါင်ရိုး (၂) Tibia (2) ခြေသလုံးအတွင်းရိုး (၂) Fibula (2) ခြေသလုံးအပြင်ရိုး (၂) Patella (2) ဂုံညင်းရိုး (၂) Tarsals (14) ခြေခြင်းဝတ်ရိုး (၁၄) Metatarsals (10) ခြေဖဝါးရိုး (၁၀) Phalanges (28) ခြေချောင်းကလေးများ (၂၈) Pelvic Girdle (ပဲလဗစ်ဂါဒယ်) တင်ပဆုံရိုးကွင်း Ilium (အီလီယန်) တင်ပဆုံနောက်နှင့် အပေါ်ပိုင်းရိုး၊ Iliac crest (အီလီယက်-ခရက်စ်) ခါးဘေးဘက် နှင့် ပေါင်ထိပ်ရိုးနေရာ၊ Ischium (အစ်စချီယန်) ဆီးစပ်ဘေးရိုး၊ Asetabulum (အဆက်တဗျူလမ်) ပေါင်ရိုးကဆက်သည့်နေရာရှိ အရိုး၊ Pubis (ပြူးဗစ်) ဆီးစပ်ရိုး၊ 2. Muscular System ကြွက်သားစနစ် ကြွက်သားအုပ်စုပေါင်း (၆၀၀)ကျော်ရှိသည်။ ခန္ဓာကိုယ်အလေးချိန်၏ ၄၀% ရှိသည်။ အမျိုးအစားများ၊ (၃)မျိုး ရှိသည်။ (၁) Skeletal Muscle (စကယ်လ်တယ်-မာဆယ်) ခေါ် စထွိုင်ရိတ်တက် ကြွက်သား။ အရိုးအားတွယ်ထားသည်။ အရိုးလှုပ်ရှားစေရန်လုပ်သည်။ ဦးနှောက်၊ အာရုံကြောများမှ ထိန်းပေးသည်။ ကန့်လန့်စင်းများ ရှိသည်။ (၂) Smooth Muscle (စမုသ်-မာဆယ်) အချောစားကြွက်သား။ အတွင်းပိုင်း အင်္ဂါများ၏ နံရံများကို ဖုံးထားသည်။ ဥပမာ သွေးကြောများ၊ အစာခြေလမ်းကြောင်း၊ ဆီးအိမ်၊ သားအိမ်၊ (အော်တို-နောမစ်) အာရုံကြောစနစ်က ထိန်းသည်။ ကန့်လန့်စင်းများမရှိ။ (၃) Cardiac Muscle (ကာဒီရက်) ခေါ် နှလုံးကြွက်သား (အော်တို-နောမစ်) အာရုံကြော စနစ်ကထိန်းသည်။ ကန့်လန့်စင်းများ ရှိသည်။ ဦးခေါင်းနှင့် လည်ပင်းပိုင်း ကြွက်သားများ = မျက်နှာအမူအရာ (အံ့ဩခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း) တို့ကိုဖော်ပြရန် ကြွက်သားများ၊ အစာကို ဝါးရန်၊ မြိုရန်ကြွက်သားများ၊ လည်ပင်းအားငုံ့ရန်၊ မော့ရန်၊ ဘယ်-ညာလှည့်ရန်၊ ပတ်ခြာလှည့်ရန်ကြွက်သားများ ဖြစ်ကြသည်။ ခန္ဓာကိုယ်ပိုင်းကြွက်သားများ = (ဗာတီဘရယ်-ကော်လံ) ခေါ် ကြောရိုးမကြီးအားလှုပ်ရှားရန် ကြွက်သားများ၊ ရင်ခေါင်းပိုင်း ကြွက်သားများ၊ ဝမ်းဗိုက်နံရံရှိ ကြွက်သားများ၊ တင်ပဆုံ(ပဲလဗစ်) အပေါ်ပိုင်း ကြွက်သားများ၊ ရင်ခေါင်းပိုင်း ကြွက်သားများ ဖြစ်ကြသည်။ နံရိုးကြား ကြွက်သားများနှင့် ရင်ခေါင်းပိုင်းနှင့် ဝမ်းဗိုက်ကို ခြားထားသော (ဒိုင်ယာဖရမ်) ကြွက်သားတို့မှာ အသက်ရှူရာတွင် သုံးသည်။ (ဒိုင်ယာဖရမ်) တွင် အပေါက်(၃)ပေါက်ရှိသည်။ (အေအိုတာ) ခေါ် သွေးလွှတ်ကြောမကြီး၊ (ဗီနာကေဗာ) ခေါ် သွေးပြန်ကြောကြီး နှင့် (အီဆိုဖေးဂတ်စ်) ခေါ် အစာမြိုပြွန်တို့ ဖေါက်ဝင်ကြသည်။ ဝမ်းဗိုက်အား ကြွက်သား (၄)လွှာနှင့် (ဖာရှာ)ခေါ် အရွက်ပြားတို့ဖြင့် ဖုံးထားသည်။ ကိုယ်ပိုင်းရှိကြွက်သားများ (ပက်တိုရယ်လစ်-မေဂျာ) (အိတ်စ်တာနယ်-အောဘလစ်ခ်) (အာတာနယ်-အောဘလစ်ခ်) (ရက်တပ်စ်-အဘဒေါမီနစ်) လက်ပိုင်းကြွက်သားများသည် (စက်ပြူလာ)ခေါ် နောက်ဖက်ရှိ လက်ပြင်နှင့် ရင်ခေါင်းပိုင်းတို့နှင့် တွယ်ထားသည်။ Muscles of the Lower Extremity ခြေပိုင်းကြွက်သားများ၊ ခြေပိုင်းကြွက်သားများသည် တင်ပဆုံရိုးကွင်းမှစ၍ ခြေထောက်ပိုင်းအရိုးများနှင့် တွယ်ထားသည်။ Sphincter (စဖင်တာ) အဝိုင်းပုံကြွက်သားဖြစ်ပြီး လမ်းကြောင်း၊ အဝတို့အား ညှစ်ပေး-လျော့ပေးနိုင်သည့် အထိန်း ကြွက်သားဝိုင်း ဖြစ်သည်။ စုစုပေါင်း ၄၂ ခုရှိသည်။ Pupillary sphincter သည် မျက်စိ၏ သူငယ်အိမ်၌ရှိသည်။ Orbicularis oris muscle သည် Mouth ပါးစပ်၌ရှိသည်။ Cardia/lower esophageal sphincter သည် stomach အစာအိမ်၏ အထက်ပိုင်းရှိ Acid အက်စစ်များ Esophagus အစာမြိုပြွန်ဆီသို့ တက်မလာစေရန် လုပ်ပေးသည်။ Pyloric sphincter အစာအိမ်၏ အောက်ပိုင်း၌ရှိသည်။ Sphincter of Oddi သည် Liver to Pancreas သရက်ရွက် Gall bladder သည်းခြေအိပ်တို့မှ အရည်များအား duodenum အူ၏အစပိုင်းဆီသို့တက်မလာစေရန်လုပ်ပေးသည်။ Urethral sphincter သည် urine ဆီးအား ထိန်းပေးသည်။ Anus စအိုတွင် Internal anal sphincter အတွင်း(စဖင်တာ) အပြင်(စဖင်တာ) (၂)ခုရှိပြီး Feces ဝမ်းအား ထိန်းပေးသည်။ မှတ်ချက်။ • လျာသည် အသန်မာဆုံးကြွက်သားဟုဆိုနိုင်သည်။ • နှလုံးကြွက်သားသည် လျှပ်စစ်ဓာတ် (၅)ဝပ်။ • ပေါင်ရှိ အကြီးဆုံး ကြွက်သားသည် လျှပ်စစ်ဓာတ် (၁၀၀)ဝပ်နှင့်ညီသည်။ • ပေါင်ကြွက်သားကြီးသည် ခဏသာ လုပ်နိုင်သော်လည်း နှလုံးကြွက်သားသည် အဆက်မပြတ် လုပ်သည်။ • မျက်လုံးရှိကြွက်သားများသည် ငယ်စေကာမူ သန်မာ၍ ထူးခြားသည်။ 3. Nervous System အာရုံကြောစနစ် အာရုံကြောစနစ်သည် ဦးစီးမှု၊ အထိန်းအကွပ်၊ ဆက်သွယ်မှုတို့၏ ပင်မဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ(စဉ်းစားမှုများ၊ သင်ကြား လေ့လာမှုများ၊ မှတ်သားမှုများ)၏ ဗဟိုချက်မလည်းဖြစ်သည်။ (အင်ဒိုခရိုင်း) ခေါ် ဟော်မုန်း ထွက်သည့်စနစ်နှင့်တွဲ၍ (ဟိုမီယိုစတေးစစ်) ခေါ် ကိုယ်တွင်းဝန်းကျင်အား သမမျှတနေအောင် စီစဉ် လုပ်ဆောင်မှုကို ပြုလုပ်ပေးသည်။ Organization of the nervous system အာရုံကြောစနစ် ဖွဲ့စည်းထားပုံ • Central (ဆင်ထရယ်လ်) ဗဟိုဦးနှောက်နှင့် ခါးရိုးမကြီးထဲရှိ အာရုံကြောမကြီး၊ • Peripheral ပယ်ရီဖရယ် အဝေးပိုင်း o Somatic ဆိုမက်တစ် (စကယ်လ်တယ်) ကြွက်သားများကို လုပ်ပေးသည်။ o Autonomic အော်တိုနောမစ်  Sympathetic ဆင်ပသက်တစ်၊  Parasympathetic ပါရာဆင်ပသက်တစ်၊  Enteric အင်းတရစ် အစာလမ်းကြောင်းကိုလုပ်ပေးသည်။ Central nervous system (CNS) ဗဟိုအာရုံကြောစနစ် Brain ဦးနှောက်၊ Spinal cord (စပိုင်နယ်လ်-ကော့တ်) ခေါ် ခါးရိုးထဲရှိအာရုံကြောကြီး နှင့် ခါးရိုးမကြီးထဲရှိ အာရုံကြောတို့ ပါဝင်သည်။ အာရုံခံသည့်ပို့လွှတ်မှုများကို လက်ခံ၍၊ ကြွက်သားလှုပ်ရှားစေရန် ပို့လွှတ်ပေးမှုများ ပြုလုပ်သည်။ Peripheral nervous system (PNS) အဝေး-အပြင်ပိုင်း အာရုံကြောစနစ် ခါးရိုးထဲရှိအာရုံကြောကြီးမှ ဖြာထွက်သော အာရုံကြောများ၊ မျက်စိအာရုံကြော နှင့် (အော်တိုနောမစ်) အာရုံကြောစနစ်တို့ ပါဝင်သည်။ ၎င်းထဲတွင် Nerves နာ့ဖ်၊ Neurone နူရုမ်း တို့ပါသည်။ Autonomic nervous system (အော်တိုနောမစ်) စနစ်အား Sympathetic (ဆင်ပသက်တစ်) နှင့် Parasympathetic nervous system (ပါရာဆင်ပသက်တစ်) ဟူ၍ နှစ်မျိုးခွဲထားသည်။ Sympathetic nervous system = သူငယ်အိမ်၊ အူ၊ ဆီးလမ်းများကို အလုပ်လုပ်ပေးသော စိတ်အလိုအတိုင်း မလိုက်နိုင် သည့် အာရုံကြောစနစ်ဖြစ်သည်။ စစ်ထုတ်ရည်များ နည်းစေသည်။ ကြွက်သားများ၏ တင်းအားကို နည်းသွားစေသည်။ နှလုံးခုန်နှုန်း မြန်စေသည်။ Parasympathetic nervous system = နှလုံးကြွက်သား၊ ကြွက်သားအနုစား၊ (ဂလင်း-တစ်ရှူး) များ၊ သွေးကြောများကို အလုပ်လုပ်ပေးသော စိတ်အလိုအတိုင်း မလိုက်နိုင်သော အာရုံကြောစနစ်ဖြစ်သည်။ နှလုံးခုန်နှုန်း နှေးစေသည်။ ဦးနှောက်၏အလေးချိန် = (၃)ပေါင်။ ဦးနှောက်ထဲရှိသည့် သွေးကြောများအား ဆန့်တန်းလျင် (၁၀၀,၀၀၀) မိုင်ရှိသည်။ (နူရုန်း)တခုတွင်ရှိသည့် (ဆင်နက်ပ်စစ်)ပေါင်း = ၁၀၀၀ မှ ၁၀၀၀၀။ (ဆင်နက်ပ်စစ်) = ဦးနှောက်နှင့် အာရုံကြောများ အလုပ်လုပ်ရာတွင် ဤနေရာ၌ ကူးလူးဆက်ဆံရသည်။ (နူရုန်း)စုစုပေါင်း = ၁၀၀ ဘီလီယန်။ (နူရုန်း) = ဦးနှောက်နှင့် အာရုံကြောများ၏ အသေးဆုံးယူနစ်(ဆဲလ်)။ အာရုံကြော၏တုံ့ပြန်မှုမှာ ၁ နာရီ ၄၀၀ ကီလိုမီတာနှုန်းမြန်သည်။ အင်ဒိုခရိုင်း စနစ်(Endocrine system) ရူပဗေဒပညာအရ Endocrine system သည် ဂလင်းခေါ် အချွဲအိပ်များ၏ လုပ်ငန်းတာဝန်စနစ်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တွင် gland (ဂလင်း) ခေါ် အိပ် နှစ်မျိုးရှိသည်။ Exocrine Glands (အိတ်ဆိုခရိုင်း-ဂလင်း) များ။။ ချွေးထွက်သော Sebaceous ဂလင်းများ၊ မင်မရီ-ဂလင်း(Mammary glands) နို့ထွက်သော ဂလင်းများ၊ အစာခြေရည်ထွက်သော ဂလင်းများ(Digestive enzymes)၊ အင်ဒိုခရိုင်း-ဂလင်း(Endocrine Glands) များ။။ ဟော်မုန်းများ ထုတ်ပေးသည်။ အာရုံကြောစနစ်နှင့် တွဲလျက် ခန္ဓာကိုယ်၏ အလုပ်များကို မျှတနေအောင်လုပ်ပေးသည်။ ပစ်ကျူထရီ (Pituitary Glands)။။ Anterior pituitary မှ ACTH, TSH, PRL, GH, Endorphins, FSH နှင့် LH ဟော်မုန်းများ၊ Posterior pituitary မှ Oxytocin နှင့် ADH ဟော်မုန်းများ ထုတ်ပေးသည်။ ပိုင်နီရယ်(Pineal Gland)ဂလင်းများ။။ မျိုးပွားခြင်းနှင့် ဇီဝအလုပ်များနှင့်ဆိုင်သည့် ဟော်မုန်းများ ထုတ်ပေး သည်။ သိုင်းရွိုက်(Thyroid Glands) ဂလင်းများ။။ လည်ပင်း၏ ရှေ့တွင်ရှိ၍ သွေးရွှင်သည့် အင်္ဂါတခုဖြစ်သည်။ ဘယ်-ညာ နှစ်ခုရှိသည်။ Thyroxine သိုင်ရောက်ဆင်း၊ Triiodothyronine ထွိုင်အိုင်အိုဒို-သိုင်ရိုနင် ခေါ် (အိုင်အိုဒင်း) ပါသည့် ဟော်မုန်းများ ထုတ်ပေးသည်။ (အိုင်အိုဒင်း) နည်းသည့်အခါ Goitre ခေါ် လည်ပင်းကြီးရောဂါ ရစေသည်။ ပါရာ-သိုင်းရွိုက်ဂလင်း(Parathyroid Gland)။။ သိုင်းရွိုက်ဂလင်းပေါ်၌ ပေါင်း(၄)ခုရှိသည်။ သွေးထဲမှ (ကယ်လ်စီယန်) အား ထိန်းပေးသည်။ အဒီနယ် (Adrenal Glands)ဂလင်းများ။။ ကျောက်ကပ်နှစ်ခု၏အပေါ်၌ရှိသည်။ Steroid စတီရွိုက်များ ထုတ်ပေးသည်။ ပန်ကရိယပ်စ်(Pancreas )ဂလင်းများ။။ သရက်ရွက်ဟုလည်းခေါ်သည်။ အစာအိမ်၏နောက်ဘက်တွင်ရှိပြီး Duodenum အူသိမ်၏ အစပိုင်း(စီ)ပုံအကွေးထဲမှစကာ Spleen ဘေလုံးအထိ ရှည်လျားသည်။ Insulin ခေါ် ဆီးချိုကို ထိန်းသည့် ဟော်မုန်း ထုတ်ပေးသည်။ တက်စ်တေ့စ် (Testes ) (ကျားအစေ့)။။Male sex hormones ကျားဟော်မုန်း Androgen (Testosterone) များ ထုတ်ပေးသည်။ အိုဗရီ(Ovaries) (မမျိုးဥအိမ်)။။ Estrogens (အီစထိုဂျင်) နှင့် Progesterone (ပရိုဂျက်စတီရုန်း) ခေါ် မ-ဟော်မုန်းများ ထုတ်ပေးသည်။ အခြားဂလင်းများ (Other Endocrine Glands။။ Thymus သိုင်းမတ်စ်။ Stomach အစာအိမ်၊ Small intestines အူသိမ်။ Placenta အချင်း၊ Heart နှလုံး။ 5. Cardiovascular System နှလုံး-သွေးကြောစနစ် နှလုံး-သွေးကြောစနစ်တွင် Heart နှလုံးနှင့် Blood vessels သွေးကြောများ (မိုင်ပေါင်း ထောင်ချီသည်) ပါဝင်သည်။ Blood vessels သွေးကြော အမျိုးအစားများမှာ - ၁) Arteries သွေးလွှတ်ကြောများ၊ နှလုံးမှ သန့်သည့်သွေးများအား တကိုယ်လုံးသို့ ပို့လွှတ်ပေးသည်။ Aorta (အေအိုတာ) သည် အကြီးဆုံးဖြစ်ပြီး နှလုံးမှထွက်သည်။ (အေအိုတာ) မှ ထွက်သော သွေးလွှတ်ကြောများမှာ Carotid artery သည် ဦးခေါင်းပိုင်းသို့ သွားသည်။ Subclavian artery သည် လက်များသို့ သွားသည်။ Celiac trunk သည် Stomach အစာအိမ်၊ Liver အသဲ။ Spleen (ဘေလုံး)၊ Duodenum (ဒူယိုဒီနမ်) အူသိမ်အစပိုင်း၊ Pancreas (သရက်ရွက်) သို့ သွားသည်။ Mesenteric arteries သည် အစာလမ်းကြာင်း အလယ်ပိုင်းနှင့် အောက်ပိုင်းသွားသည်။ Renal artery သည် ကျောက်ကပ်သို့သွားသည်။ Iliac artery သည် အစာဟောင်းလမ်းသို့ သွားသည်။ ၂) Arterioles သွေးလွှတ်ကြောမျှဉ်များ၊ ၃) Veins သွေးပြန်ကြောများ၊ တကိုယ်လုံးမှ သွေးဟောင်းများသည် နှလုံးသို့ပြန်လာကြသည်။ ခန္ဓာကိုယ်၏ အပြင်ပိုင်းမှာ မြင်နိုင်သည်။ IV ဆေးထိုးရာတွင် ၎င်းအကြောထဲထိုးရသည်။ သွေးယိုလျင် ပန်းထွက်ခြင်းမရှိ။ ၄) Venules သွေးပြန်ကြောမျှဉ်များ၊ ၅) Capillaries သွေးကြောမျှဉ်များ၊ Venules သွေးပြန်ကြောမျှဉ်များနှင့် Arterioles သွေးလွှတ်ကြောမျှဉ်များ အား ဆက်ထားသည်။ နှလုံး၏အတွင်းပိုင်း ပါလ်မိုနရီ-ဘာ့လ်ဖ် ပါလ်မိုနရီ-ဗိန်း (အဆုပ်သွေးပြန်ကြော) ညာဘက် အေထွီယံမ် ထွိုင်ကပ်စပစ်-ဘာ့လ်ဖ် ညာဘက် ဗင်ထွီကယ်လ် (အေရိုတစ်-အာ့ချ်) (ပါလ်မိုနရီ-အာထွီ) အဆုပ်သွေးလွှတ်ကြော ဘယ်ဘက် အေထွီယံမ် မိုင်ထရွယ်-ဘာ့လ်ဖ် အေယိုးတစ်-ဘာ့လ်ဖ် ဘယ်ဘက် ဗင်ထွီကယ်လ် ပါလ်မိုနရီ-ဘာ့လ်ဖ် ပါလ်မိုနရီ-ဗိန်း (အဆုပ်သွေးပြန်ကြော) ညာဘက် အေထွီယံမ် ထွိုင်ကပ်စပစ်-ဘာ့လ်ဖ် ညာဘက် ဗင်ထွီကယ်လ် (အေရိုတစ်-အာ့ချ်) (ပါလ်မိုနရီ-အာထွီ) အဆုပ်သွေးလွှတ်ကြော ဘယ်ဘက် အေထွီယံမ် မိုင်ထရွယ်-ဘာ့လ်ဖ် အေယိုးတစ်-ဘာ့လ်ဖ် ဘယ်ဘက် ဗင်ထွီကယ်လ် Heart နှလုံး၊ ကြွက်သားဖြင့်လုပ်ထားသည့် (ပန့်မ်)စုတ်ထုတ်စက်ဖြစ်သည်။ (တစ်ရှူး)များဆီသို့ရောက်အောင် ဖိအားသုံး၍ လွှတ်ထုတ်ပေးသည်။ အသက်ရှင်နေရန် အဓိကကြသည်။ ပုံမှန်လူတယောက်၌ သွေး (၅)လီတာ ရှိသည်။ နှလုံးသည် လက်သီးဆုပ်အရွယ်ရှိသည်။ နှလုံးသည် တနေ့လျင် အကြိမ် ၁၀၀၀၀ ခုန်နေသည်။ ၂/၃ သည် ဘယ်ဘက်ခြမ်း၌ရှိသည်။ Pericardial sac (ပယ်ဒီကာဒီရယ်-ဆက်) ဖြင့် အုပ်ထားသည်။ ကြွက်သား (၃) ထပ်ရှိသည်။ အခမ်း (၄)ခန်းရှိသည်။ 1. Right atrium ညာဘက် အထက်ခန်း အေထွီယမ်၊ 2. Right ventricle ညာဘက် အောက်ခန်း ဗင်ထွီကယ်လ်၊ 3. Left atrium ဘယ်ဘက် အထက်ခန်း အေထွီယမ်၊ 4. Left ventricle ဘယ်ဘက် အောက်ခန်း ဗင်ထွီကယ်လ်၊ (အေထွီယံမ်)တို့၏ နံရံသည် ပါးသည်။ သွေးပြန်ကြောများကလာသည့် သွေးတို့အား လက်ခံယူသည်။ ထို့နောက် ထူသည့် နံရံရှိသော (ဗင်ထွီကယ်လ်)များဆီ သွေးများရောက်သွားပြီး၊ တကိုယ်လုံးသို့ ညှစ်ထုတ်ပေးသည်။ ညာဘက် (အေထွီယမ်) က တကိုယ်လုံးမှလာသော သွေးဟောင်းများ လက်ခံပြီး၊ ဘယ်ဘက် (အေထွီယမ်)က အဆုပ်မှသာသည့် အောက်စီဂျင် ပါသည့် သွေးများကို လက်ခံယူသည်။ ညာဘက်(ဗင်ထွီကယ်လ်)မှ ညှစ်ထုတ်လျင် သွေးများသည် အဆုပ်များထဲ ရောက်သွားသည်။ ဘယ်ဘက် (ဗင်ထွီကယ်လ်)က ညှစ်ထုတ်လျင် သွေးများသည် တကိုယ်လုံးသို့ရောက်သွားသည်။ Valves of the Heart နှလုံး၏အဆို့ရှင်များ နှလုံးတွင် သွေးများအား လိုအပ်သည့် အရပ်မျက်နှာဆီသို့သာသွားစေရန်အတွက် Valves အဆို့ရှင်များရှိသည်။ နှလုံး၏ (အေထွီယံမ်) အထက်ခမ်းနှင့် (ဗင်ထွီကယ်လ်) အောက်ခမ်းများအကြားတွင် Atrioventricular valves (Cuspid valves) အဆို့ရှင်များ၊ ကြီးမားသည့်သွေးကြောများ၏အဝ၌ Tricuspid valve အဆို့ရှင်များရှိသည်။ ညာဘက်အထက်ခမ်းနှင့် ညာဘက်အောက်ခမ်းများ အကြားရှိ အဆို့ရှင်သည် Bicuspid or Mitral ခွက်ပုံ သုံးခုပါသည်။ ဘယ်ဘက်အထက်ခမ်း နှင့် ဘယ်ဘက်အောက်ခမ်းများ အကြားရှိသော အဆို့ရှင်သည် semilunar valve ခွက်ပုံ နှစ်ခုပါသည်။ ဘယ်ဘက် အောက်ခမ်း နှင့် သွေးလွှတ်ကြောမကြီး (အေရိုတာ)၏အဝ၌ Semilunar valve လခြမ်းပုံ နှစ်ခုဖြစ်သည်။ ညာဘက် အောက်ခမ်းနှင့် အဆုပ်ကြား၌လည်း Semilunar valve လခြမ်းပုံ နှစ်ခုဖြစ်သည်။ နှလုံးအတွင်း သွေးလှည့်လည်ပုံ နှလုံးသည် စုတ်ထုတ်စက် နှစ်ခု (ညာဘက်-ဘယ်ဘက်) အသွင်ဖြစ်သည်။ အထက်ခမ်းများနှင့် အောက်ခမ်းများသည် သွေးကို တပြိုင်နက်တည်း ညှစ်ထုတ်ကြသည်။ ညာဘက် အထက်ခမ်းမှ ညာဘက် အောက်ခမ်းသို့၎င်း၊ ညာဘက် အောက်ခမ်းမှ အဆုပ်ထဲသို့၎င်း၊ အဆုပ်ထဲတွင် အောက်စီဂျင် ရယူပြီးသား သွေးများသည် ဘယ်ဘက် အထက်ခမ်းသို့ ဝင်လာပြီးနောက် ဘယ်ဘက်အောက်ခမ်းသို့သွားသည်။ ထို့နောက် ဘယ်ဘက် အောက်ခမ်းမှ ညှစ်ထုတ်သောသွေးများအား သွေးလွှတ်ကြောစနစ်ထဲသို့ ညှစ်ထုတ်သည်။ Myocardium ခေါ် နှလုံး၏ကြွက်သားများအတွက်လည်း အောက်စီဂျင်ပါသည့်သွေးလိုအပ်သည်။ ၎င်းသွေးကြောများကို Right and Left Coronary arteries ညာဘက်-ဘယ်ဘက် (ကိုရိုနရီ) သွေးကြောများဟုခေါ်သည်။ နှလုံးသွေးကြောကျဉ်း ရောဂါ ဆိုသည်မှာ ၎င်းသွေးကြောများ ကျဉ်းခြင်းဖြစ်သည်။ နှလုံးအလုပ်လုပ်ရန် နှလုံးကြွက်သားများအား Contraction ညှစ်ခြင်းနှင့် Relaxation လျော့ခြင်းတို့ စနစ်တကျလုပ်သည်။ ထိုအလုပ်လုပ်နိုင်ရန် Conduction System လျှပ်စစ်ဓာတ် စီးဆင်းမှုစနစ် ရှိသည်။ နှလုံးမှသွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ရန် ဖြစ်စဉ်တခုအတွက် တိကျစွာ ထိန်းညှိမှုရှိသည်။ ယင်းအလုပ်ကို Sinoatrial node ကလုပ်ပေးသည်။ ၎င်းက တမိနစ်လျင် ၇၀-၈၀ နှုန်း စီးချက်ကျကျ လုပ်ပေးသည်။ Heart rate (Pulse rate) = 70-80/minute နှလုံး၏ ညှစ်ထုတ်ခြင်းနှင့် ပြန်လျော့ပေးခြင်း အလုပ်နှစ်မျိုး ပါဝင်သည့် ဖြစ်စဉ်တခုအား Cardiac Cycle ဟု ခေါ်သည်။ ညှစ်ထုတ်ခြင်းအဆင့်ကို Systolic phase ဟုလည်းကောင်း၊ ပြန်လျော့ပေးခြင်းအဆင့်ကို Diastolic phase ဟု ၎င်းခေါ်သည်။ ထို ဖြစ်စဉ်တပါတ်သည် (၀.၈) စက္ကန့် ကြာသည်။ ထို့ကြောင့် Blood preassure သွေးဖိအား တိုင်းသည့်အခါ အထက်သွေးချိန် ကို Systolic Pressure ဟုလည်းကောင်း၊ အောက်သွေးချိန်ကို Diastolic pressure ဟု ၎င်းခေါ်သည်။ BP = 110/80 mmHg Heart Rate နှလုံးခုန်နှုန်း Sino-atrial node က အဆက်မပြတ်၊ စီးချက်ကျကျဖြင့် နှလုံးကိုခုန်စေသည်။ ပြောင်းလဲနေသော ခန္ဓာကိုယ်အတွက် လိုအပ်သည့် သွေးပမာဏရစေရန် အနှေးအမြန် ပြောင်းနေသည်။ ယင်းကို Medulla Oblongata ခေါ် ဦးနှောက်၏ အစိတ်အပိုင်းတခုက ထိန်းပေးသည်။ ပုံမှန် နှလုံခုန်နှုန်းသည် ၁ မိနစ်လျှင် ၆၀ မှ ၁၀၀ (60-100 bpm) ရှိသည်။ ကောင်းစွာလေ့ကျင့်ထားသော အားကစားသမား၏ နှလုံးခုန်နှုန်းသည် ၄၀-၆၀ ရှိသည်။ 5. Lymphatic System (လင့်ဖ်) သွေးပြန်ရည်စနစ် (လင့်ဖ်) သွေးပြန်ရည်စနစ်သည် အလုပ်(၃)မျိုးလုပ်သည်။ (၁) အူထဲမှပိုလျှံသည့်အရည်များအား သွေးထဲပြန်ဝင်စေသည်။ (၂) အဆီနှင့်အဆီတွင်ပျော်ဝင်သည့် ဗီတာမင်များအား စုပ်ယူပေးသည်။ (၃) ရောဂါရစေသည့်ပိုးများအား ခုခံတိုက်ဖျက် ပေးသည်။ Red bone marrow ရိုးတွင်းခြင်ဆီက ထုတ်ပေးသော Lymphocytes (လင်ဖိုဆိုက်)နှင့် အခြား(ဆဲလ်)များ ပါဝင်သည်။ Lymph (လင့်ဖ်)သည် သွေးထဲရှိသော (ပလာစမာ)ကဲ့သို့ အရည်မျိုးဖြစ်သည်။ (ပလာစမာ)ကဖြစ်လာသည်။ Lymphatic Vessels (လင့်ဖ်)အကြောသည် သွေးကြောများနှင့်မတူ။ (တစ်ရှူး) များမှ ဝေးရာသို့သာ သယ်ဆောင်ပေးသည်။ • Lymphatic Organs (လင့်ဖ်)အင်္ဂါများ၊ • Lymph Nodes (လင့်ဖ်)နုတ်၊ • Tonsils (တောင်ဆယ်)အာသီး။ • Spleen (စပလင်း) ဘေလုံး။ • Thymus (သိုင်းမတ်စ်) (လင့်ဖ်)နုတ်များသည် (၁) လက္မအရွယ်၊ ပဲစေ့ပုံရှိသည်။ တကိုယ်လုံးအနှံ့ရှိသည်။ တခုနှင့်တခု ဆက်နေသည်။ သွေးထဲအရည်များ ပြန်မဝင်မီ စစ်ပေးသည်။ ဗဟိုအာရုံကြောစနစ်၌မရှိ။ အပေါ်ယံရှိသောအုပ်စုများမှာ ပေါင်ခြံ။ ဂျိုင်းနှင့် လည်ပင်းတို့ဖြစ်သည်။ ကင်ဆာသည် ဤစနစ်မှတဆင့် တနေရာမှ တနေရာသို့ ကူးစက်သည်။ Oedema (Swelling) ကိုယ်ရောင်ခြင်းမှာ ဤစနစ်နှင့်ဆိုင်သည်။ Thymus (သိုင်းမတ်စ်) ရင်ညွန့်ရိုး၏ နောက်ဖက် (အေအိုတာ)ခေါ် အထက်တက်သည့် သွေးလွှတ်ကြောမကြီး၏ ရှေ့၌ရှိသည်။ ကလေးများ၌ ပိုကြီးသည်။ ၎င်း၏အလုပ်မှာ (လင်ဖိုဆိုက်)များ ကြီးထွားစေရန်နှင့် Thymosin hormone ဟော်မုန်း ထုတ်ရန်ဖြစ်သည်။ Spleen (စပလင်း) ဘေလုံး ဝမ်းဗိုက်၏ ဘယ်ဘက်အထက်ပိုင်း၊ (ဒိုင်ယာဖရမ်)၏ အောက်၊ အစာအိမ်၏ နောက်၌ ရှိသည့် အကြီးဆုံးသော (လင်ဖ်)အင်္ဂါ ဖြစ်သည်။ သွေးအား စစ်ပေးသည်။ ရောဂါပိုးဝင်လာလျင် (လင်ဖိုဆိုက်)များက တိုက်ပေးသည်။ အသဲနှင့်အတူတကွ အရွယ်လွန်သော။ သေသွားသော သွေးနီဥများကို ဖယ်ရှားပေး သည်။ သွေးကိုလည်း သိုလှောင်ထားပေးသည်။ ငှက်ဖျားရောဂါ နာတာရှည်ဖြစ်လျှင် ဘေလုံးကြီးတတ်သည်။ Splenomegaly Tounsils (တောင်ဆယ်) အာသီး နှာခေါင်း၊ ပါးစပ် နှင့် လည်ချောင်းတို့အား ဖုံးထားသော Mucous membranes (မြူးကပ်စ်) အမြှေး၏အောက်၌ ရှိသည်။ 6. Respiratory System အသက်ရှူလမ်းကြောင်းစနစ် သက်ရှူလမ်းကြောင်းစနစ်တွင် အသက်ရှူခြင်းသာမက သွေးလှည့်စနစ်နှင့်တွဲ၍ အောက်စီဂျင်ကိုယူခြင်း၊ အညစ်အကြးများ ထုတ်ခြင်းကိုလည်း လုပ်ပေးသည်။ ထို့ပြင် သွေး၏ (PH) အက်စစ်ဓာတ်ကို ထိန်းပေးသည်။ ၃-၅ စက္ကန့်တိုင်း အာရုံကြော၏ လှုံ့ဆောင်မှုကြောင့် ပတ်ဝန်းကျင်ထဲက လေအား ရှူသွင်းခြင်းကို အသက် ရှူသွင်း သည်ဟု ခေါ်သည်။ လေထဲမှ အောက်စီဂျင်ကို ယူပြီး၊ ကာဗွန်ဒိုင်အောက်ဆိုက်အား ပြန်ထုတ်သည်ကို အသက်ရှူထုတ်ခြင်းဟု ခေါ်သည်။ အသက်ရှူသွင်းရန် (ဒိုင်ယာဖရမ်)နှင့် ရင်ခေါင်းပိုင်းကြွက်သားများလှုပ်ရှားရသည်။ (ဒိုင်ယာဖရမ်)နှင့် နံရိုးကြား ကြွက်သား များက အစပြုပေးပြီး၊ လည်ပင်းရှိကြွက်သားများက ထောက်ကူသည်။ အသက်ရှူနိုင်ခြင်းသည် ဖိအားမတူမှု များကြောင့် ဖြစ်သည်။ တမိနစ်လျင် ၁၂-၁၅ ကြိမ်ရှူသည်။ အသက်ရှူလမ်းကြောင်းအား နှစ်ပိုင်းခွဲ လေ့လာသည်။ အပေါ်ပိုင်းတွင် နှာခေါင်း၊ (ဖေးရင့်) အာခေါင် နှင့် (လေးရင့်စ်) လေပြွန်တို့ပါသည်။ အောက်ပိုင်းတွင် (ထွေကီယာ) လေပြွန်ကြီး၊ သစ်ကိုင်းကဲ့သို့ရှိသည့် (ဘရောင်ခီယာ) နှင့် (လန်းခ်စ်) အဆုပ်တို့ပါဝင်သည်။ Trachea (ထွေကီယာ) လေပြွန် = အရိုးနုအရစ်များရှိ၍ ရှုံ့သွားခြင်း မဖြစ်နိုင်။ အတွင်းမျက်နှာ၌ အမွေးများ ပါသည့် (မြူးကပ်စ်-မင်ဘရိန်း) အလွှာဖုံးထားသဖြင့် လေထဲမှ အမှုံများ၊ ပိုးမွှားများ ဝင်လာခြင်းမှ တားဆီးနိုင်သည်။ Bronchi, (ဘရောင်ခိုင်)၊ (ဘရောင်ခီရယ်-ထွီး) နှင့် (လန်းခ်) ခေါ် အဆုပ်၊ လေပြွန်၊ ၎င်းမှ ညာနှင့် ဘယ် (ဘရောင်ခိုင်)များ ဖြာထွက်သည်။ ထို့နောက် ပိုမိုသေးငယ်သော ပြွန်များအဖြစ် ဖြာထွက် ပြီးနောက် အဆုပ် ထဲသို့ ဝင်သည်။ အဆုပ်ထဲတွင်လည်း ဆက်လက် သေးငယ်သည့် ပြွန်ငယ်လေးများအဖြစ် ဖြာထွက်ကာ နောက်ဆုံး Alveoli (အယ်လဗီယိုလိုင်)ခေါ် အိပ်ကလေးများတွင် ဆုံးသည်။ Lungs အဆုတ်များ နှစ်ခုရှိသည်။ ရင်ခေါင်းပိုင်းတွင် အဓိကနေရာယူထားသည်။ ရင်ခေါင်းပိုင်းရှိ အခြားအင်္ဂါများမှာ နှစ်လုံး နှင့် ၎င်း၏ သွေးကြောကြီးများ ဖြစ်သည်။ အဆုတ်သည် လေရှိသဖြင့် ပြော့ပွပွဖြစ်သည်။ ညာဘက်အဆုတ်သည် ပိုတိုပြီး၊ ကားသဖြင့် လေပိုဆန့်သည်။ ၎င်း၌ (လုပ်ဖ်)(၃)ခုရှိသည်။ ဘယ်ဘက်အဆုပ်မှာ နှလုံးအား နေရာပေး ထားရသဖြင့် ပိုသေးသည်။ ၎င်း၌ Lobes (လုပ်ဖ်) (၂)ခုရှိသည်။ အဆုပ်ဖြင့် နေ့စဉ် လေ လီတာ ၂ သန်းကို ရှူနေသည်။ လေပြွန်များ၊ သွေးကြောများ၊ အာရုံကြောများ အဆုပ်ထဲ အဝင်အထွက်လုပ်သည့်နေရာကို Hilum (ဟိုင်လမ်)ဟု ခေါ်သည်။ (လင့်ဖ်-နုတ်)များရှိသည်။ အဆုတ်နှစ်ခုလုံးအား နှစ်ထပ်ရှိသော Pleura (ပလူရာ) ခေါ် အလွှာဖြင့်ဖုံးထားသည်။ (ပလူရာ) နှစ်ထပ်၏ ကြားသည် လှိုင်ခေါင်းဖြစ်နေရာ Pleural cavity (ပလူရယ်ကယ်ဗတီ) ဟုခေါ်သည်။ ၎င်းထဲတွင် ပါးလွှာသော အရည် ရှိနေသည်။ ၎င်းက ချောဆီကဲ့သို့ အလုပ်လုပ်ပေးခြင်းကြောင့် အဆုတ်လှုပ်ရှားလျင် ပွတ်တိုက်မှုကို သက်သာစေသည်။ ၎င်းအတွင်း အရည်များနေခြင်းကို Pleural effusion ဟုခေါ်သည်။ 7. Digestive System အစာခြေစနစ် အစာခြေလမ်းကြောင်းကို Gastrointestinal (GI) tract ဟု ခေါ်သည်။ အစာခြေအင်္ဂါများနှင့် အခြားအင်္ဂါတို့ ပါဝင်သည်။ ၎င်းတို့က စားလိုက်သောအစာအား (ဆဲလ်)များက စုပ်ယူနိုင်သည့် (မောလီကြူး)များအဖြစ် အဆင့်ဆင့် ပြောင်းပေးခြင်း ဖြစ်သည်။ Mouth ပါးစပ်၊ Pharynx အာခေါင်။ Esophagus အစာမြိုပြွန်။ Stomach အစာအိမ်၊ Small intestine အူသိမ်၊ Large intestine အူမကြီး၊ Rectum အစာဟောင်းအိမ်၊ Anus စအိုတို့ ပါဝင်သည်။ အလုပ်သုံးမျိုးလုပ်သည်။ 1. Digestion အစာခြေခြင်း၊ 2. Absorption အစာစုပ်ယူခြင်း၊ 3. Elimination အစာဟောင်း စွန့်ထုတ်ခြင်း၊ အစာကို (ဆဲလ်)များက အသုံးပြုနိုင်သည့် (မော်လီကြူး) များအထိ ဖြစ်လာစေရန် အဆင့် (၆)မျိုးရှိသည်။ Ingestion အစာကို ပါးစပ်ထဲသွင်းခြင်း၊ • Mechanical Digestion အစာကိုသေးငယ်သွားအောင် ဝါးခြင်း၊ ရောနှောခြင်း၊ ယင်းအလုပ်ကို (အင်ဇိုင်း) များက အလုပ်လုပ်ပေးနိုင်စေသည်အထိ လုပ်ရသည်။ • Chemical Digestion အစာထဲမှ (ကာဗွန်ဟိုက်ဒရိတ်)၊ (ပရိုတင်း) နှင့် အဆီတို့အား ရိုးရိုး (မော်လီကြူး) များ ဖြစ်လာစေရန် ဓာတုအစာချက်ခြင်း၊ • Movements အစာအား ဝါးပြီးနောက် လှုပ်ရှားမှုဖြင့် အထက်ပိုင်းမှ အောက်ပိုင်းသို့ ဆင်းစေရသည်။ မြိုချခြင်းဟု ခေါ်သည်။ ပါးစပ်၊ အာခေါင်၊ အစာမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အစာနှင့် အစာခြေ ရည်များ၊ (အင်ဇိုင်း)များ ရောနှောကာ အစာအိမ်နှင့် အူတို့၏ကြွက်သားများ ရှုံ့ပေးခြင်းဖြင့် အထက်မှ အောက်သို့ ရွေ့လျားစေသည်။ ထိုသို့ စီးချက်ကျသကဲ့သို့ လှုပ်ရှားနေမှုကို Peristalsis (ပယ်ရီစတောလ်ဆစ်) ဟုခေါ်သည်။ • Absorption (မော်လီကြူး) များသည် (ဆဲလ်) တို့က စုပ်ယူနိုင်သည့်အဆင့် ရောက်လာလျင် အူသိမ်၊ သွေး၊ (လင့်ဖ်) နံရံများကတဆင့် စုပ်ယူခြင်းလုပ်သည်။ • Elimination အစာမခြေနိုင်သော၊ စုပ်မယူနိုင်သော (မော်လီကြူး)များအား စအိုမှတဆင့်စွန့်ထုတ်သည်။ ဝမ်းသွားသည် ဟုခေါ်သည်။ အစာခြေလမ်းကြောင်းကြီးသည် (၉)မီတာရှည်သည်။ ပါးစပ်မှ စအိုအထိ အပိုင်းပိုင်းရှိသော်လည်း တည်ဆောက်ထားပုံမှာ အခြေခံအားဖြင့် တူညီသည်။ အစာခြေလမ်းကြောင်း၏ နံရံ၊ (မြူကိုဆာ)အလွှာ၊ (ဆပ်မြူကိုဆာ) အလွှာ၊ (မာစကူလာ) အလွှာ၊ (ဆီးရပ်စ်) အလွှာတို့ရှိသည်။ Mouth ပါးစပ် စားလိုက်သောအစာများကို ထည့်သွင်းယူလျက် သေးငယ်စေရန် ဝါး၍ မြိုချပေးသည်။ နှုတ်ခမ်း၊ ပါး၊ အာခေါင်၊ သွားများနှင့် လျှာတို့ကလုပ်ပေးသည်။ သွားရည်ထွက်သော(ဂလင်း)များ၊ သွားရည်များကို လက်ခံသည်။ Teeth သွားများ Milk teeth, baby teeth, temporary teeth, primary teeth ငယ်သွားများ၊ ၂၀ ချောင်းရှိသည်။ 2 Lower central incisors အောက် အလယ်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။ 2 Upper central incisors အထက် အလယ်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။ 2 Upper lateral incisors အထက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။ 2 Lower lateral incisors အောက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။ 4 First molars ပထမအံရှေ့သွားများ ၄ ချောင်း၊ ၁၃-၁၉ လ။ 4 Canines အထက်-အောက် စွယ်သွားများ ၄ ချောင်း၊ ၁၆-၂၃ လ။ 4 Second molars အထက်-အောက် ဒုတိယအံသွားများ ၄ ချောင်း၊ ၂၂-၃၃ လ။ Permanent teeth ကြီးသွားများ၊ စုံလင်ချိန်၌ စုစုပေါင်း ၃၂ ချောင်းရှိသည်။ ၆ နှစ်မှစပေါက်ပြီး ၁၃ နှစ်တွင် ၂၈ ချောင်း ရှိပြီ။ အန်ဆုံးတို့သည် ၁၇-၂၁ နှစ်ရောက်မှပေါက်သည်။ 4 mandibular incisors အောက် ရှေ့သွားများ ၄ ချောင်း၊ 4 maxillary incisors အထက် ရှေ့သွားများ ၄ ချောင်း၊ 2 mandibular canines အောက် စွယ်သွားများ ၂ ချောင်း၊ 2 maxillary canines အထက် စွယ်သွားများ ၂ ချောင်း၊ 4 mandibular premolars အောက် ရှေ့အံသွားများ ၄ ချောင်း၊ 4 maxillary premolars အထက် ရှေ့အံသွားများ ၄ ချောင်း၊ 6 mandibular molars အောက် အံသွားများ ၆ ချောင်း၊ 6 maxillary molars အံသွားများ ၆ ချောင်း၊ Salivary Glands တံတွေးထွက်သည့် (ဂလင်း)များ (1) Parotid gland (ပရောတစ်)ဂလင်း၊ (2) Submandibular gland (ဆပ် မင်ဒီဗယ်) ဂလင်း၊ (3) Sublingual gland (ဆပ် လင်ဂွယ်)ဂလင်း၊ တံတွေးထဲတွင် ရေ။ (မြူးကပ်စ်) ခေါ် အချွဲ နှင့် Amylase enzyme (အမိုင်လေ့စ်-အင်ဇိုင်း)တို့ ပါဝင်သည်။ သွားကို သန့်ပေးခြင်း၊ အစားအစာကို ဝါးနေစဉ်နှင့် မြိုစဉ် စိုစွတ်စေခြင်း၊ အစားအစာကို အရသာ ခံနိုင်စေရန် ကူညီခြင်း၊ အစားအစာထဲမှ ကစီဓာတ် (ကာဗွန်ဟိုက်ဒရိတ်) အား ခြေဖျက်ခြင်း၊ Palate (ပဲလိတ်) အာခေါင် ပါးစပ်၏အမိုးဖြစ်ပြီး၊ နှာခေါင်းပိုင်းနှင့် ခြားထားသည်။ ရှေ့ပိုင်းကအရိုးရှိ၍ မာပြီး၊ နောက်ပိုင်းက ပျော့သည်။ အဆုံးပိုင်းကို Uvula (ယူဗြူလာ) ဟုခေါ်သည်။ အစာကိုမြိုချစဉ် ၎င်းနောက်ပိုင်းက အပေါ်သို့ မျက်နှာမူ ပေးခြင်းဖြင့် အစာအား နှာခေါင်းနှင့် ဝေးစေသည်။ Tongue (တန်းခ်) လျှာ အစာကို ထိန်းပေး ရွေ့ပေးသည်။ စကားပြောရာတွင်သုံးသည်။ ၎င်း၏မျက်နှာပြင်၌ Papillae (ပဲလိတ်) ရှိသောကြောင့် ချောမွေ့စေခြင်းနှင့် အရသာခံခြင်းလုပ်ပေးသည်။ Pharynx (ဖေးရင့်) အာခေါင် (ပါးစပ်နှင့်နှာခေါင်း) အား Larynx (လေးရင်စ်) အသံအိုးနှင့် Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန်တို့နှင့် ဆက်ပေးထားသည်။ ထို့ကြောင့် အစာလမ်းအလုပ်နှင့်အသက်ရှူလမ်း အလုပ်နှစ်မျိုးလုံးအသုံးဝင်သည်။ Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန် ပြားနိုင်-ဖေါင်းနိုင်သည့်ကြွက်သားနှင့်လုပ်ထားသည်။ အာခေါင်မှ အစာအိမ်ထိ ရှည်သည်။ လေပြွန်ကြီးနောက်မှဆင်းကာ Diaphragm (ဒိုင်ယာဖရမ်) ခေါ် ကြွက်သားကြီး၏ အပေါက်တခုထဲဝင်ကာ အစာအိမ်နှင့် ဆက်သွားသည်။ အဝများတွင် Sphincters (စဖင်တာ)ရှိ၍ အစာပြန်တက်ခြင်းမဖြစ်ရန် ထိန်းပေးသည်။ (Stomach) (စတားမတ်ခ်) အစာအိမ် အစာမြိုပြွန်မှ ဝင်လာသည့်အစာများကို လက်ခံကာ ဆက်လက်၍ အောက်ပို့ ပေးသည်။ (၄)ပိုင်း ခွဲထားသည်။ Fundus (ဖန်းဒတ်စ်)၊ Cardiac (ကားဒီယက်)၊ Body ကိုယ်ထည် နှင့် Pylorus (ပိုင်လိုးရပ်) တို့ ဖြစ်သည်။ အစာအိမ် အတွင်းနံရံတွင်ရှိသော(ဆဲလ်)များက Gastric juice (Hydrochloric acid) ထုတ်ပေးသည်။ အကျယ်ဆုံး နေရာသည် 12” x 6” ရှိသည်။ အရက် နှင့် Aspirin ဆေးတို့ကို စုပ်ယူနိုင်သည်။ Small Intestine (စမောလ်-အင်တက်စတိန်း) အူသိမ် အစာအိမ်၏ နောက်ဆုံးပိုင်းဖြစ်သော Pylorus (ပိုင်လိုးရပ်)မှ ဆက်၍ Large intestine အူမကြီး၏အစထိ ရှည်သည်။ အစာခြေခြင်းအလုပ်၊ စုပ်ယူခြင်း အလုပ်များ အပြီးသတ် လုပ်ပေးသည်။ ၎င်း၏ လမ်းတလျောက် Liver အသဲ။ Pancreas (ပန်ကရိယပ်စ်) သရက်ရွက်၊ Gall bladder (ဂေါလ်-ဗလဒါ) သည်းခြေအိပ်တို့နှင့် ဆက်စပ်နေသည်။ အစပိုင်းအား Duodenum (ဒူယိုဒီနမ်)၊ အလည်ပိုင်းကို Jejunum (ဂျက်ဂျူနမ်)၊ အောက်ပိုင်းအား Ileum (အီလီယမ်)ဟုခေါ်သည်။ အတွင်းနံရံမှ အစာခြေရည်များ mucus, peptidase, sucrase, maltase, lactase, lipase, and enterokinase ထုတ်ပေးသည်။ Large intestine အူမကြီး အစပိုင်း Caecume (စေကမ်)၊ အထက်-ဘေးတိုက်-အောက်ဆင်းသည့်အပိုင်း Colon (ကိုလုံ)၊ အစာဟောင်းအိမ် Rectum (ရက်တမ်) ဟူ၍(၃)ပိုင်းခေါ်သည်။ ၅ စင်တီမီတာရှည်သည်။ စအို Anal cannel (အေနယ်-ကင်နယ်) သည် ၂-၃ စင်တီမီတာရှည်သည်။ အစာခြေရည်မထုတ်၊ ရေနှင့် ဓာတ်ဆားများ စုပ်ယူပေးသည်။ ဝမ်းကိုထုတ်ပြစ် ပေးသည်။ စအိုအဝ၌ Internal and External anal sphincters (စဖင်တာ)များရှိသည်။ Liver (လစ်ဗာ) အသဲ ဝမ်းဗိုက်၏ အပေါ်ညာဘက်ပိုင်းတွင် (ဒိုင်ယာဖရမ်)၏ အောက်၌ ရှိသည်။ ခန္ဓာကိုယ်၏ အကြီးဆုံးသော အင်္ဂါ ဖြစ်သည်။ အပြင်ပန်းအားဖြင့် ကြီးသော ညာဘက်ခြမ်း နှင့် ငယ်သော ဘယ်ဘက်ခြင်းဟု ခွဲနိုင်သည်။ အသဲထဲသို့ ဝင်သည့် သွေးမှာ နှစ်နေရာမှ ဖြစ်သည်။ တမျိုးသည် သွေးလွှတ်ကြောမှ သန့်ထားပြီးသော သွေးများနှင့် အစာခြေလမ်းကြောင်းမှ အာဟာရဓာတ်များ ပါသည့်သွေး များဖြစ်သည်။ Gall bladder (ဂေါလ်-ဘလယ်ဒါ) သည်းခြေအိပ် သစ်တော့သီးပုံရှိသည့် အသဲအား အောက်က တွယ်နေသော အိပ်ဖြစ်သည်။ Bile (ဘိုင်းလ်) ခေါ် အသဲမှထုတ်ပေးသည့် သည်းခြေရည်အား သိုလှောင်ထား သည်။ ၎င်းသည် အဆီကို ကျေချက်ရန် ဖြစ်သည်။ Pancreas (ပန်ကရိယ) သရက်ရွက် သည် Insulin (အင်စူလင်)ခေါ် ဆီးချို ထိန်းသည့် ဟော်မုန်း နှင့် အခြားဟော်မုန်း ထုတ်ပေးသည်။ ထို့ပြင် အစာခြေ (အင်ဇိုင်း)တမျိုးကိုလည်း ထုတ်ပေးသည်။ အသဲ၏အလုပ်များ 1. secretion စစ်ထုတ်ခြင်း၊ 2. synthesis of bile salts (ဗိုင်းလ်)ဆားချက်ခြင်း၊ 3. synthesis of plasma protein သွေးထဲရှိ (ပလစမာ) ချက်ခြင်း၊ 4. storage သိုလှောင်ပေးခြင်း၊ 5. detoxification အဆိတ်ဖြေပေးခြင်း၊ 6. excretion စွန့်ထုတ်ပေးခြင်း၊ 7. carbohyrate metabolism (ကာဗွန်ဟိုက်ဒရိတ်)အား ချက်ပေးခြင်း၊ 8. lipid metabolism အဆီကို ချက်ပေးခြင်း၊ 9. protein metabolism (ပရိုတင်း)အား ချက်ပေးခြင်း၊ 10. filtering စစ်ပေးခြင်း၊ 9. Urinary System ဆီးလမ်းကြောင်းစနစ် Kidneys ကျောက်ကပ်၊ ၂ ခု။ Ureters (ယူရေတာ) ကျောက်ကပ်မှ ဆီးအိမ်သို့ပို့ပေးသည့် ဆီးပြွန်၊ ၂ ခု။ Urinary Bladder ဆီးအိမ်၊ ၁ ခု။ Urethra ဆီးသွားပြွန်၊ ၁ ခု။ ဆီးလမ်းကြောင်းစနစ်၏ ပင်မအလုပ်မှာ ခန္ဓာကိုယ်၏အရည်ထုထည်အား ပုံမှန်ရှိနေစေရန် ထိန်းပေးသည်။ (ဆဲလ်)များ အတွင်း (မက်တာဘော်လဇင်) ဇီဝဖြစ်စဉ်ကြောင့် ထွက်လာသည့် မလိုအပ်သော အညစ်အကြေး များကို စွန့်ထုတ်ပေးသည်။ အလားတူ အဆုပ်သည် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေကို၎င်း၊ အရေပြားမှ အညစ်အကြေးကို ချွေးအဖြစ်၎င်း၊ အူသိမ်မှ သွေးနီဥကထွက်သော (ဗိုင်းလ်)ဆားကို၎င်း စွန့်ထုတ်ပေးကြသည်။ Kidneys ကျောက်ကပ် ကျောက်ကပ်သည် သွေးအား စစ်ပေးခြင်းဖြင့် Urine ဆီးဖြစ်စေသည်။ နံရိုးနံပါတ် ၁၂ နှင့် ခါးရိုးဆစ် နံပါတ် (၃) အကြား ရှိသည်။ ညာဘက်ကျောက်ကပ်သည် အသဲရှိနေ၍ အနည်းငယ် အောက်ကျသည်။ ၃ စင်တီမီတာထူ၍၊ ၆ စင်တီမီတာ ကျယ်ကာ၊ ၁၂ စင်တီမီတာရှည်သည့် ပဲစေ့ပုံရှိသည်။ အတွင်းဘက်အား Hilum ဟုခေါ်ပြီး၊ ကျောက်ကပ်၏ Hilum မှ Bladder ဆီးအိမ်ကြားရှိသည့် Ureter (ယူရေတာ) ဆီးပြွန် သည် ၂၅ စင်တီမီတာ ရှည်သည်။ Urinary Bladder ဆီးအိမ် ဆီးကိုမသွားသေးမီ ထိန်းထားသည့်အိမ်တခုဖြစ်သည်။ ရှေ့တွင် ဆီးစပ်ရိုးနှင့် အပေါ်တွင် (ပယ်ရီတိုနီယံ) Peritonium အလွှာဖြင့် ဖုံးထားသည်။ အတွင်းကို (မြူကိုဆာ)ဖြင့် ဖုံးထားသည်။ ၃၀၀-၃၅၀ စီစီဆန့်သည်။ Ureter ဆီးထွက်ပြွန် ကျား၏ ဆီးထွက်ပြွန်သည် ၂၀ စင်တီမီတာရှိ၍ရှည်သည်။ အမျိုးသမီးများ၊ ဆီးထွက်ပြွန်သည် ၃-၄ စင်တီမီတာ ရှိ၍ တိုသည်။ ဆီးထွက်သည်ကို ထိန်းပေးသော (စဖင်တာ)နှစ်ခုရှိရာ အထဲ(စဖင်တာ)အား စိတ်မှထိန်းမရ။ အပြင်(စဖင်တာ) ကို စိတ်မှ ထိန်းပေးနိုင်သည်။ ယောက်ျား၏ ဆီးထွက်ပြွန်သည် ယောက်ျားများ၌သာရှိသော Prostate gland ဆီးကြိတ် (ပရောစတိတ်-ဂလင်း) ကို ဖြတ်သွားသည်။ မ-ဆီးထွက်ပြွန်သည် ကျား-ဆီးထွက်ပြွန်ထက် တိုသဖြင့် ဆီးအိမ်သို့ ရောဂါပိုး ဝင်လွယ်သည်။ 10. Reproductive System မျိုးပွားစနစ် မျိုးပွားစနစ်၏ပင်မအလုပ်မှာ မျိုးဆက်ပြတ်မသွားစေရေးဖြစ်သည်။ မ-ကျား မျိုးဥထုတ်ခြင်း၊ မ-ကျား မျိုးဥ များအား သန္ဓေ ရစေရန် သယ်ပို့ပေးခြင်း၊ သန္ဓေသားကြီးထွားစေခြင်း၊ သက်ဆိုင်ရာဟော်မုန်းများ ထုတ်ခြင်းတို့ ဆောင်ရွက်သည်။ Male Reproductive System ကျား မျိုးပွားစနစ် ကျားသုတ်ပိုးသယ်ပို့သည့်ပြွန် ပီးနစ် ကျားလိင်တံ ပွသည့်ဆီးထွက်ပြွန် (ဆီမီနယ်-ဗဆိုက်ကယ်) (ပရောစတိတ်-ဂလင်း)ဆီးကြိတ် (အပီဒီဒါးမစ်) (တက်စတိစ်) Female Reproductive System မ-မျိုးပွားစနစ် (အိုဘရီ) = မျိုးဥအိမ်၊ (ယူးထွပ်စ်) = သားအိမ်၊ (ဆားဗစ်) = သားအိမ်အဝ၊ (ဗဂျိုင်းနား) = မွေးလမ်းကြောင်း၊ (ယူရနရီ-ဘလယ်ဒါ) = ဆီးအိမ်၊ (ဆင်ဖဆစ်-ပြူးဗစ်) = ဆီးစပ်ရိုး၊ (မွန်း-ပြူးဗစ်) = ဆီးစပ်အခုံးပိုင်း၊ (ကလိုက်တောရစ်) = မိန်းမကိုယ်အစိ၊ (လေဘီယာ-မေဂျာ) = ကြွက်သားကြီး၊ (လေဘီယာ-မိုင်နာ) = ကြွက်သားသေး၊ (ယူရစ်ဿရာ) = ဆီးထွက်ပြွန်၊ (ရက်တန်မ်) = အစာဟောင်းအိမ်၊ Cervix (ဆားဗစ်) သားအိမ်ဝ သားအိမ်၏အောက်ဆုံး၌ရှိပြီး၊ မွေးလမ်းကြောင်းထိပ်အတွင်းဝင်နေသော ကျဉ်းမြောင်းသည့် အစိတ်အပိုင်းဖြစ်သည်။ External os (အိတ်စ်တာနယ်-အော့စ်) သားအိမ်ဝ၏ ထွက်ပေါက် Cervix (ဆားဗစ်) သားအိမ်ဝ၏ ထွက်ပေါက် သို့မဟုတ် အပြင်ပေါက်သည် မွေးလမ်းကြောင်းထိပ်အတွင်း ဝင်နေသည့် လုံးဝိုင်းသောအပိုင်း ဖြစ်သည်။ ပို၍တိုသော ရှေ့နုပ်ခမ်းနှင့် နောက်နုပ်ခမ်းတို့ရှိသည်။ Ovary (အိုဘရီ) မ-မျိုးဥအိမ်များ၊ (၂)ခုရှိသည်။ ၃.၅ စင်တီမီတာရှည်။ ၂ စင်တီမီတာကျယ်။ ၁ စင်တီမီတာထူသည်။ Ovum (အိုဗမ်) မ-မျိုးဥသည် အရွယ်ရောက်ချိန်တွင် ၃ သိန်းရှိမည်။ အချို့သာလျင် ရင့်မည့်သောဥအဖြစ် ပြောင်းလဲ နိုင်သည်။ သွေးဆုံးချိန်၌မရှိကြတော့ချေ။ ရာသီတလအတွင်း ၁ ဥသာထွက်သည်။ Mammary Glands (မင်မရီ-ဂလင်း) ရင်သား (နို့) (ပက်တိုရယ်-မာဆယ်) ခေါ် ရင်ပတ်ကြွက်သားကြီးပေါ်တွင် ရှိသည်။ (အေရီယိုလာ)မှာ အရောင်ရင့်သည့် အဝိုင်း၊ (နစ်ပယ်လ်) မှာ ရင်သားထိပ် အတွင်းထဲ၌ (လုပ်ဖ်)ခေါ် အဆုပ် ၁၅-၂၀ ရှိသည်။ ၎င်းတို့က ရင်သားထိပ်သို့ ပြွန်(ဒတ်) များဖြင့် ပွင့်ထွက်နေသည်။ (လုပ်ဖ်)တိုင်း၌ (လိုဗြူး)များရှိ၍၊ (လိုဗြူး)များတွင် (ဂလင်း)များရှိသည်။ နို့ရည်ထွက်သည့် အလုပ်ကို (ဟော်မုန်း)များက ထိန်းချုပ်ပေးသည်။ အရွယ်ရောက်ချိန်မှာ (အီစထိုဂျင်)များလာပြီး၊ (ဂလင်း)များ ဖြစ်လာစေ သည်။ အရွယ်အစားကြီးလာစေသည်။ (ပရိုဂျက်စတီရုံး)က ပြွန်(ဒတ်) များဖြစ်စေသည်။ ကိုယ်ဝန်ဆောင်လျင် ပို၍ အလုပ် လုပ်ပေးသည်။ ဦးနှောက်အောက်ရှိ (ပင်ကျူထရီ-ဂလင်း)က ထုတ်ပေးသော ဟော်မုန်းကြောင့် နို့ရည် ဖြစ်ပေါ်လာသည်။ (အောက်စီတိုဇင်)က နို့ရည်ညှစ်ပေးသည်။ (ဗဂျိုင်းနား) = မွေးလမ်းကြောင်း၊ (မွန်း-ပြူးဗစ်) = ဆီးစပ်အခုံး။ (ကလိုက်တောရစ်) = မိန်းမကိုယ်အစိ။ (လေဘီယာ-မေဂျာ) = မိန်းမကိုယ်ကြွက်သားကြီး။ (လေဘီယာ-မိုင်နာ) = မိန်းမကိုယ်ကြွက်သားအသေး။ (ယူရစ်ဿရာ-အော်ရဖစ်) = ဆီးထွက်ပြွန်အဝ။ (ပရီပြုစ်) = မိန်းမကိုယ်အပေါ်ပိုင်း၊ (အေးနပ်စ်) = စအို။ (အင်ဖန်ဒီဗြူလမ်) = သားအိမ်ပြွန်၏ အဖျားပိုင်း၊ (ဖင်ဘရီရေးလ်) = သားအိမ်ပြွန် အဖျားပိုင်း အမျှဉ်များ၊ (ယူထွိုင်-ကြု) = သားအိမ်ပြွန်၊ (ဖန်းဒတ်စ်) = သားအိမ်ထိပ်၊ (ယူးထွပ်စ်) = သားအိမ်၊ (အိုဘရီ) = မျိုးဥအိမ်၊ (ဆားဗစ်) = သားအိမ်အဝ၊ (အင်ဒိုမီးထွီးယမ်း) = သားအိမ်ကြွက်သား အတွင်းဆုံးလွှာ၊ (မိုင်ယိုမီးထွီးယမ်း) = သားအိမ်ကြွက်သားအလယ်လွှာ၊ (ဗဂျိုင်းနား) = မွေးလမ်းကြောင်း၊ (ပယ်ရီမီးထွီးယမ်း) = သားအိမ်ကြွက်သား အပြင်လွှာ၊ ကိုးကား ခန္ဓာဗေဒ ဇီဝဗေဒပညာရပ်ခွဲများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%94%E1%80%B9%E1%80%93%E1%80%AC%E1%80%97%E1%80%B1%E1%80%92
အမ်မီတာ
အမ်မီတာ ဆိုသည်မှာ လျှပ်စီးပတ်လမ်း အတွင်းရှိ လျှပ်စီးကြောင်း ကိုတိုင်းတာရန် အသုံးပြုသော တိုင်းတာရေးပစ္စည်း တစ်ခုဖြစ်သည်။ လျှပ်စီးကြောင်းများကို အမ်ပီယာ (A) ဖြင့်တိုင်းတာသည်။ အလွန်နည်းသော လျှပ်စီးကြောင်းများကို မီလီအမ်ပီယာ (milli ampere) သို့မဟုတ် မိုက်ခရိုအမ်ပီယာ (micro ampere) ဖြင့်တိုင်းတာနိုင်သည်။ အစောဆုံး ပုံစံမှာ D'Arsonval galvanometer သို့ ရွေ့လျားနေသောကွိုင်နှင့် လုပ်ထားသော အမ်မီတာ ဖြစ်သည်။ သံလိုက်နည်းဖြင့် ရွှေ့ပစ်ခြင်းကိုအသုံးပြုသည်။ ကွိုင်ကို ဖြတ်စီးသွားသော လျှပ်စီးကြောင်းသည် ထိုကွိုင်ကိုသံလိုက်စက်ကွင်း အတွင်း၌ ရွေ့လျားစေသည်။ အမ်မီတာ အတွင်းရှိ လျှပ်ခံ (resistance) ကို အနည်းဆုံးဖြစ်နေစေရန် ကွိုင်ရှိ ဗို့ drop ကို အနည်းဆုံး အခြေအနေ၌ ရှိစေရန် ထိန်းထားသည်။ Moving iron အမ်မီတာများက သံ စတစ်စကို သုံးသည်။ ထိုသံစက ဝါယာကွိုင်အတွင်းရှိ လျှပ်စစ်သံလိုက်အားကို သုံး၍ရွေ့လျားသည်။ ထို မီတာ မျိုးသည် တိုက်ရိုက်လျှပ်စီး ကိုရော ရွှေ့ပြောင်းလျှပ်စီး ကိုပါ တိုင်းတာနိုင်သည်။ ရွေ့လျားနေကောကွိုင်နှင့် လုပ်ထားသောအမ်မီတာ မျိုးနှင့် မတူသည်မှာ ထိုအမ်မီတာက တိုက်ရိုက်လျှပ်စီး ကိုသာ တိုင်းတာနိုင်သည်။ ကြီးမားသော လျှပ်စီးကြောင်းများကို တိုင်းတာရန် shunt ဟုခေါ်သော လျှပ်ခံ တစ်မျိုးကို မီတာနှင့် ပြိုင်ဆက် အနေအထားဆက်လိုက်သည်။ ထိုအခါ လျှပ်စီးကြောင်း အများစုမှာ shunt ထဲသို့ စီးဝင်သွားပြီး အနည်းငယ်သာ မီတာထဲသို့ စီးဝင်သည်။ ဤနည်းဖြင့် မီတာသည် ကြီးမားသော လျှပ်စီးကြောင်းများကို တိုင်းတာသည်။ ပုံမှန်အားဖြင့် shunt နှင့်တွဲသုံးသော မီတာသည် full-scale deflection ရှိသည်။ သုညအလယ်တွင်ရှိသော အမ်မီတာ ကို ဦးတည်ညွှန်ပြချက်(သုည၏ဘယ်ဘက်သည် အနုတ်၊အကျ သဘောဆောင်၍ သုည၏ ညာဘက်သည် အပေါင်း၊အတက် သဘောဆောင်သည်) နှစ်ခုစလုံးတိုင်းတာရန် လိုအပ်သည့်အခါ အသုံးပြုသည်။ များသောအားဖြင့် သိပ္ပံပစ္စည်းများနှင့် စက်မှူလုပ်ငန်းသုံးပစ္စည်းမျာ တွင်သုံးသည်။ ထို အမ်မီတာ ကို ဘက္ထရီ နှင့် တန်းဆက် (series) ဆက်လေ့ရှိသည်။ ထိုသို့သုံးသည့်အခါ ဘက္ထရီ အားသွင်းနေသည့်အချိန်၌ လက်တံသည် တစ်ဘက် (များသောအားဖြင့် ညာဘက်) သို့ပြနေမည်ဖြစ်ပြီး အားပြန်လျော့ချိန်၌ အခြားတစ်ဘက်သို့ ပြနေမည်ဖြစ်သည်။ ဒီဂျစ်တယ် အမ်မီတာ တွင် အန်နာလော့ကို ဒီဂျစ်တယ်သို့ ပြောင်းလဲပေးသော ကိရိယာပါဝင်သည်။ shunt resistor အပေါ်သက်ရောက်နေသော ဗို့အားကို တိုင်းတာပြီး လျှပ်စီးကြောင်းကိုတွက်ချက်ကာ ဒီဂျစ်တယ်ပြခွက် (digital display) ဖြင့် ပြပေးသည်။ Shunt သည် resistance အလွန်နဲသောကြောင့် လျှပ်စစ်ပင်ရင်း (voltage source) နှင့် အမ်မီတာကို ပြိုင်ဆက် ဆက်ပါက တိုတောင်းသောလျှပ်စစ်စီးဆင်းမှု ကိုဖြစ်စေသည်။ ဒဏ်ခံကြိုးတပ်ဆင်ထားပါက ၎င်းဒဏ်ခံကြိုး ပျက်မည်။ ထိုမျှမက ဝါယာများနှင့် ပစ္စည်းများကိုပါ ပျက်စီးစေနိုင်သည်။ ရွှေ့ပြောင်းလျှပ်စစ်ဆားကစ် များတွင် [ထရန်စဖော်မား] က လျှပ်ကူးပစ္စည်း ပါတ်လည်ရှိ သံလိုက်စက်ကွင်းကို အားနည်းသော လျှပ်စီးကြောင်း အဖြစ်ပြောင်းလိုက်သည်။ ပုံမှန်အားဖြင့် ၁ မှ ၅ အမ်ပီယာ မျှသာရှိပြီး အမ်မီတာဖြင့် အလွယ်တကူ တိုင်းတာနိုင်သည်။ အလားတူပင် သံလိုက်စက်ကွင်း ကိုအသုံးပြု၍ တိုင်းတာသော အမ်မီတာများကိုလည်း Hall effect သုံး၍ တည်ဆောက်နိုင်သည်။ သယ်ဆောင်ရလွယ်ကူသော လက်ကိုင် clamp-on ammeter များသည် လုပ်ငန်းသုံး လျှပ်စစ်စက်ကြီးများကို ထိန်းသိန်းပြုပြင်ရာတွင် အသုံးများသော ပစ္စည်းတစ်ခုဖြစ်သည်။ ၎င်းကို တိုင်းတာလိုသော လျှပ်စီးကြောင်း စီးဆင်းနေသည့် ဝါယာကြိုးပေါ်တွင် ယာယီအားဖြင့် ညှပ်ထားကာ တိုင်းတာနိုင်သည်။ အမ်မီတာ၏ Schematic Symbol အမ်မီတာ၏ သင်္ကေတ (A) ကိုပုံတွင် ပြထားသည်။ See also လျှပ်စစ်နှင့်ဆိုင်သောတိုင်းတာမှု သယ်ဆောင်ရလွယ်ကူသော လျှပ်စီးနှင့်ဗို့အားတိုင်းလက်ကိုင် ကိရိယာငယ် အီလက်ထရွန်းနစ် စွယ်စုံတိုင်းကိရိယာငယ် ခုခံမှုတိုင်းကိရိယာ ဗို့အားတိုင်းကိရိယာ စွမ်းအင်တိုင်းကိရိယာ အီလက်ထရွန်းနစ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BA%E1%80%99%E1%80%AE%E1%80%90%E1%80%AC
စန်းယု (နိုင်ငံတော်သမ္မတ)
ဗိုလ်ချုပ်ကြီး ဦးစန်းယုသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ၏ သမ္မတအဖြစ် နိုဝင်ဘာလ ၉ ရက် ၁၉၈၁ မှ ဇူလိုင်လ ၂၇ ရက် ၁၉၈၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ငယ်ဘဝ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ (အငြိမ်းစား)၊ နိုင်ငံတော်သမ္မတ (အငြိမ်းစား)နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစန်းယု (အငြိမ်းစား)အား မတ်လ ၃ ရက် ၁၉၁၈ ခုနှစ်တွင် ပြည်ခရိုင်၊ သဲကုန်းမြို့၌ အဖ ဦးစံဖေ၊ အမိ ဒေါ်ရွှေလဲ့တို့မှ မွေးဖွားခဲ့သည်။ ဦးစန်းယုကို ဖွားမြင်ပြီးနောက် မိခင် ကွယ်လွန်သွားခဲ့သည်။ ဖခင်သည် ဘီ-အို-စီ ဌာနတွင် အမှုထမ်းဆောင်ခဲ့ပြီး နောက်အိမ်ထောင်ပြုခဲ့သည်။ ဦးစန်းယုသည် ဒေါ်ရွှေလဲ့၏မိခင်ဖြစ်သူ အဘွားနှင့်အတူ ငါးနှစ်အရွယ်အထိ နေထိုင်ပြီးနောက် ရွှေတောင်မြို့တွင် နေထိုင်သည့် ဖခင်ထံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ငယ်စဉ်က ရွှေတောင်မြို့နှင့် ပြည်မြို့ရှိ အမျိုးသားကျောင်းနှင့် အစိုးရကျောင်း များတွင်ပညာသင်ယူသည်။ ကျောင်းနေစဉ် သပိတ်မှောက်လုပ်ငန်းများ၌ တက်ကြွစွာပါဝင်လှုပ်ရှားခြင်းကြောင့် အခြားကျောင်းသားများနှင့်အတူ တစ်နေ့တာအဖမ်းခံရသည်။ ဆယ်တန်းကို ရွှေတောင်မြို့မှ အောင်မြင်ပြီး ၁၉၄၂ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ ဆေးကျောင်းတွင် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုနှင့် ကျောင်းသားသပိတ်၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ တပ်မတော်သို့ ဝင်ရောက်ခြင်း ဦစန်းယုသည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ-အိုင်-အေ)သို့ ပြည်မြို့မှ ဝင်ရောက်သည်။ ဂျပန်စစ်အရာရှိများ သင်ကြားပေးသည့် အခြေခံစစ်ပညာသင်တန်းများ တက်ရောက်ပြီးနောက် ဒုဗိုလ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဧရာဝတီမြစ်ကြောင်းမှ ဗန်းမော်အထိ စစ်ကြောင်းချီတက်ရာတွင် ပါဝင်ပြီး မန္တလေးတွင် တပ်များစုရုံးသည်။ တော်လှန်ရေး မတိုင်မီကပင် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ-ဒီ-အေ) တပ်ရင်း ၂ တွင် တပ်ရင်းမှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဖက်ဆစ်တော်လှန်ရေးတွင် ချေမှုန်းတိုက်ခိုက်ရေးနှင့် အနောက်တိုင်းစစ်ဌာနချုပ်၏ လုံခြုံရေးတာဝန်များ ထမ်းဆောင်သည်။ ပဲခူးရိုးမဘက် တိုင်းစစ်ဌာနချုပ်စစ်ဆင်ရေးတွင် ရှေးဦးချီတပ်ရင်းကို ဦးဆောင်ပါဝင် တိုက်ခိုက်သည်။ ဖက်ဆစ်တော်လှန်ရေးပြီးဆုံး၍ မျိုးချစ်ဗမာ့ တပ်မတော် ဖျက်သိမ်းသည်အထိ တာဝန်ထမ်းဆောင်သည်။ ဦးစန်းယုသည် ၁၉၄၆ ခုနှစ်တွင် အမှတ် ၃ ဗမာ့သေနတ်ကိုင်တပ်ရင်း၌ ဒုတိယဗိုလ်အဆင့်ဖြင့် တပ်စုမှူးအဖြစ် တပ်မတော်တာဝန်ကို စတင်ထမ်းဆောင်သည်။ Junior Officer Course (J. O. C) နှင့် UEOS Course No. 4 တက်ရောက်ပြီးနောက် ဖျာပုံခရိုင်တွင်မငြိမ်မသက်ဖြစ်၍ နှိမ်နင်းရေး တာဝန်ယူရသည်။ ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် ပါဝင်သည်။ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ မအူပင်၊ ညောင်တုန်းဒေသ တိုက်ပွဲ၊ ဝက်ကော် တိုက်ပွဲ၊ အင်းစိန် တိုက်ပွဲ၊ ပဲခူး၊ ဒိုက်ဦး စစ်မျက်နှာများမှ တစ်ဆင့် တောင်ကြီး စစ်မျက်နှာအထိ ပါဝင်တိုက်ခိုက်ခဲ့သည်။ ဦးစန်းယုသည် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် ဒုတိယတပ်ခွဲမှူး၊ တပ်ခွဲမှူးတာဝန်များကိုလည်းကောင်း၊ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်မှူးအဆင့်ဖြင့် ဒုတိယတပ်ရင်းမှူးတာဝန်ကို လည်းကောင်း အမှတ် ၃ ဗမာ့သေနတ်ကိုင် တပ်ရင်း၌ပင် ဆက်လက်ထမ်းဆောင်သည်။ ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဒုတိယဗိုလ်မှူးကြီး အဆင့်သို့တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး အမှတ် ၁ အရေးပေါ် ကယားသေနတ်ကိုင်တပ်ရင်း၌ တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ကလောတွင် အခြေစိုက်ပြီး ကလော၊ မိတ္ထီလာနှင့်လွိုင်ကော် ဒေသများကို တာဝန်ယူရသည်။ မကွေးသို့တပ်ရင်းပြောင်းပြီး တောင်တွင်းကြီးအား ရန်သူလက်မှ ပြန်လည် သိမ်းပိုက်ရာတွင် ပါဝင်သည်။ ၁၉၅ဝ ပြည့်နှစ်တွင် မင်္ဂလာဒုံ၌ စစ်ဦးစီးတက္ကသိုလ် သင်တန်းအမှတ်စဉ် ၃ တက်နေစဉ် စစ်ရုံးက ပြန်လည်ခေါ်ယူပြီး အမှတ် ၂ အရေးပေါ် ချင်းသေနတ်ကိုင် တပ်ရင်း၌ တပ်မှူးအဖြစ် တာဝန်ပေးအပ်သည်။ တပ်ရင်းမှူးတာဝန်အပြင် စစ်တွေမြို့နယ် တပ်မှူးတာဝန်ကိုလည်း ထမ်းဆောင်သည်။ ဦးစန်းယုသည် ၁၉၅၁ ခုနှစ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ယာယီလက်ထောက် စစ်ရေးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၅၂ ခုနှစ်၊ ဇွန်လတွင် အမှတ် ၂၁ ခြေလျင်တပ်ရင်း တပ်ရင်းမှူးတာဝန်ကို ပူးတွဲထမ်းဆောင်သည်။ ၁၉၅၂ ခုနှစ်၊ ဇူလိုင်လတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ လက်ထောက်စစ်ရေးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ရာထူးခန့်ချုပ်ရုံး စစ်ရာထူးခန့် အတွင်းဝန်အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ၁၉၅၆ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်းခံရသည်။ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလတွင် ဗိုလ်မှူးချုပ်အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။ ၁၉၆၁ ခုနှစ်၊ ဩဂုတ်လတွင် တိုင်းမှူးတာဝန်အပြင် တပ်မဟာ ၁ တပ်မဟာမှူး အဖြစ်လည်းကောင်း၊ အောက်တိုဘာလတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ နိုဝင်ဘာလတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် သည်။ တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် ဗကပများ၊ တန့်ယန်းနယ်မြေ ဆူပူသောင်းကျန်းမှုများ၊ ကချင်ပြည်နယ်လှုပ်ရှားမှုများနှင့် တရုတ်ဖြူလှုပ်ရှားမှုများကို တိုက်ခိုက်ချေမှုန်းသည်။ ဦးစန်းယုသည် ၁၉၆၃ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ်တိုးမြှင့် ခန့်အပ် ခြင်းခံရသည်။ ၁၉၇၂ ခုနှစ် ဧပြီ ၂၀ တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်သည်။ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ကာ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ နိုင်ငံရေးဘဝ ဦးစန်းယုသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တော်လှန်ရေးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဌာနတာဝန်ခံ (ဝန်ကြီး) အဖြစ်လည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် မူလတာဝန်များ အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဝန်ကြီး အဖြစ်လည်းကောင်း ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင်တော်လှန်ရေး ကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းရာ တော်လှန်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ဆက်လက်တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့ ဖွဲ့စည်းရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဝန်ကြီး အဖြစ် ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့တွင် မူလတာဝန်များအပြင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂ဝ ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ဦးစန်းယုသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၌ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလတွင် ပါတီစည်းရုံးရေး ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၆၄ ခုနှစ်၊ ဩဂုတ်လတွင် ပါတီစည်းရုံးရေး ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလတွင်ပါတီစည်းရုံး ရေး ဗဟိုကော်မတီကို တိုးချဲ့ဖွဲ့စည်းရာ အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလတွင် ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ ၁၉၇၁ ခုနှစ်၊ မတ်လတွင် ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းကော်မတီကို ပြန်လည်ဖွဲ့စည်းရာဒုတိ ယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းသောအဖွဲ့ဝင် ၉၇ ဦးပါဝင်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်သူများ၏ ဆန္ဒသဘောထားနှင့် အကြံပေးချက်များ ရယူရေး အဖွဲ့ခွဲ ၅ (ကချင်ပြည်နယ်)၊ အဖွဲ့ခွဲ ၁၂ (မန္တလေးတိုင်း)၊ အဖွဲ့ခွဲ ၁၅ (ရန်ကုန်တိုင်း) တို့တွင် အဖွဲ့ခွဲခေါင်းဆောင်အဖြစ်လည်းကောင်း ဆောင်ရွက်သည်။ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လတွင် တပ်မတော် ပါတီကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ် ခြင်းခံရသည်။ ဦးစန်းယုသည် ၁၉၇၁ ခုနှစ် ပထမအကြိမ်ပါတီ ညီလာခံ၊ ၁၉၇၃ ခုနှစ် ဒုတိယအကြိမ်ပါတီညီလာခံ၊ ၁၉၇၇ ခုနှစ် တတိယအကြိမ် ပါတီညီလာခံနှင့် ၁၉၇၇ ခုနှစ် အရေးပေါ် ပါတီညီလာခံတို့တွင် ပါတီဗဟို ကော်မတီဝင်နှင့် ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၈၁ ခုနှစ် စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခံ ရသည်။ ၁၉၈၅ ခုနှစ် ပဉ္စမ အကြိမ်ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် အရေးပေါ် ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ်မှ အနားယူသည်။ ဦးစန်းယုသည် ၁၉၇၄ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေး ချယ်တင်မြှောက်ပွဲ၊ ၁၉၇၈ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ် တင်မြှောက်ပွဲများတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးသက် ဆိုင်ရာပြည်သူ့လွှတ်တော် ပထမအစည်းအဝေးများက နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံရသည်။ ၁၉၈၁ ခုနှစ် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးက နိုင်ငံတော် ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်သည်။ ၁၉၈၅ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးက နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် ထပ်မံရွေးချယ် တင်မြှောက် သည်။ ၁၉၈၈ ခုနှစ် စတုတ္ထအကြိမ်ပြည်သူ့ လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော် သမ္မတအဖြစ်မှ အငြိမ်းစားယူသည်။ ဦးစန်းယုသည် ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးစီးသည့် စစ်မစ်ရှင် အဖွဲ့၏ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်၍ အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ၁၉၅၄-၅၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ Command and General Staff College Course တစ်နှစ်သင်တန်း တက်ရောက်သည်။ ၁၉၆ဝ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နှစ်ကြိမ်သွားရောက်၍ တရုတ်-မြန်မာ နယ်ခြားကိစ္စ ဆောင်ရွက်သည်။ ချစ်ကြည်ရေးခရီးအဖြစ် ၁၉၈၄ ခုနှစ် ဇွန်လတွင် ဂျပန်နိုင်ငံနှင့် အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လည်းကောင်း၊ ၁၉၈၆ ခု နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သို့လည်းကောင်း၊ ၁၉၈၇ ခု ဇူလိုင်လတွင် ဂျပန်နိုင်ငံနှင့် အောက်တိုဘာလတွင် ရူမေးနီယားနိုင်ငံ၊ ယူဂိုဆလားဗီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံများသို့ သွားရောက်သည်။ ဂုဏ်ပြုချီးကျူးခံရခြင်း ဦးစန်းယုသည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်း၊ နိုင်ငံတော်ကပေးအပ်သည့်တာဝန်များကို ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်က ချီးမြှင့်သော အရေးတော်ပုံတံဆိပ်၊ လွတ်လပ်ရေးစည်းရုံးမှုတံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ လွတ်လပ်ရေး တံဆိပ်၊ စတားတံဆိပ်၊ ဘားမားစတားတံဆိပ်၊ ကမ္ဘာစစ်တံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်ပရန်နှိမ် တံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ သီရိပျံချီဘွဲ့၊ သရေစည်သူဘွဲ့၊ လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်)နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်) တို့ကို ရရှိခဲ့သည်။ မိသားစုဘဝ ဦးစန်းယုသည် ၁၉၄၇ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့နေ ပညာမင်းကြီး၏ အပါးတော်မြဲ ဦးရှိန်ဝှက်နှင့် ဒေါ်သန်းရွှေတို့၏ သမီး၊ အင်းစိန်အစိုးရကျောင်း ကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့် လက်ထပ်ခဲ့သည်။ သမီး ၄ ဦး ထွန်းကား၍ သမီးများမှာ ဒေါ်လဲ့လဲ့ယု၊ ဒေါ်ခင်ဆွေယု၊ ဒေါ်အေးသန်းယု၊ ဒေါ်စောယုမွန် တို့ဖြစ်ကြသည်။ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံ့တာဝန်များကို ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သော နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ (အငြိမ်းစား)၊ နိုင်ငံတော်သမ္မတ (အငြိမ်း စား)နှင့် ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) ဦးစန်းယုသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းရှိန်နှင့် သမီး ၄ ဦး၊ မြေး ၆ ဦးကျန်ရစ်သည်။ ကိုးကား မြန်မာနိုင်ငံ၏ သမ္မတများ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံ ဝန်ကြီးများ လွတ်လပ်ရေးမော်ကွန်းဝင်များ တော်လှန်ရေးကောင်စီဝင်များ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%94%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%20%28%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%29
ဘိုက် (ကွန်ပျူတာ)
ကွန်ပျူတာသိုလှောင်စနစ်မှာ အသုံးပြုတဲ့ ယူနစ်ဟာ ကွန်ပျူတာ Binary စနစ်နဲ့ အနည်းငယ်ကွဲပြားပါတယ်။ Binary စနစ်မှာ Base 2 (21 22 23 … 2n) ကို အသုံးပြုပြီး သိုလှောင်စနစ်မှာတော့ Base 10 (101, 102, 103, ..., 10n) ကို အသုံးပြုပါတယ်။ Bit (b) Bit (ဘစ်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ်ရဲ့ အသေးငယ်ဆုံး Unit တစ်ခု ဖြစ်ပါတယ်။ Bit ရဲ့အရှည်ကောက်ကတော့ Binary Digit ဖြစ်ပါတယ်။ Bit ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ်အက္ခရာ b အသေး နဲ့လည်း ဖော်ပြလေ့ရှိပါတယ်။ 4 bit ဟာ 1 nibble နဲ့ ညီမျှပါတယ်။ Byte (B) Byte (ဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 8 bit နဲ့ ညီမျှပါတယ်။ ကွန်ပျူတာ စနစ်မှာ စာလုံးတစ်လုံး (1 Character) ဟာ 1 Byte ရှိပါတယ်။ Byte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ B အကြီး နဲ့ ဖော်ပြလေ့ရှိပါတယ်။ 1 Byte = 8 bit KiloByte (kB) Kilobyte (ကီလိုဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000 (1 x 103) Byte နဲ့ ညီမျှပါတယ်။ 1 Kilobyte ဟာ 1,000 bit နဲ့လည်း ညီမျှပါတယ်။ Kilobyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ kB နဲ့ ဖော်ပြလေ့ ရှိပါတယ်။ 1 KB = 1,024 B MegaByte (MB) Megabyte (မဂါဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000 B (1 x 106 B) နဲ့ ညီမျှပါတယ်။ 1 Megabyte ဟာ 1,000 KB နဲ့လည်း ညီမျှပါတယ်။ Megabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ MB နဲ့ ဖော်ပြလေ့ ရှိပါတယ်။ 1 MB = 1,024 kB 1 MB = 1,048,576 (1 x 106) B GigaByte (GB) Gigabyte (ဂစ်ဂါဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000 B (1 x 109 B) နဲ့ ညီမျှပါတယ်။ 1 Gigabyte ဟာ 1,000 MB နဲ့လည်း ညီမျှပါတယ်။ Gigabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ GB နဲ့ ဖော်ပြလေ့ ရှိပါတယ်။ 1 GB = 1,024 MB 1 GB = 1,073,741,824 (1 x 109) B TeraByte (TB) Terabyte (တယ်ရာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000 B (1 x 1012 B) နဲ့ ညီမျှပါတယ်။ 1 Terabyte ဟာ 1,000 GB နဲ့လည်း ညီမျှပါတယ်။ Terabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ TB နဲ့ ဖော်ပြလေ့ ရှိပါတယ်။ 1 TB = 1,024 GB 1 TB = 1,099,511,628,000 (1 x 1012) B PetaByte (PB) Petabyte (ပီတာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000,000 B (1 x 1015 B) နဲ့ ညီမျှပါတယ်။ 1 Petabyte ဟာ 1,000 TB နဲ့လည်း ညီမျှပါတယ်။ Petabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ PB နဲ့ ဖော်ပြလေ့ ရှိပါတယ်။ 1 PB = 1,024 TB 1 PB = 1,125,899,907,000,000 (1 x 1015) B Exabyte (EB) Exabyte (အိတ်ဆာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000,000,000 B (1 x 1018 B) နဲ့ ညီမျှပါတယ်။ 1 Exabyte ဟာ 1,000 PB နဲ့လည်း ညီမျှပါတယ်။ Exabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ EB နဲ့ ဖော်ပြလေ့ ရှိပါတယ်။ 1 EB = 1,024 PB 1 EB = 1,152,921,505,000,000,000 (1 x 1018) B Zettabyte (ZB) Zettabyte (ဇက်တာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000,000,000,000 B (1 x 1021 B) နဲ့ ညီမျှပါတယ်။ 1 Zettabyte ဟာ 1,000 EB နဲ့လည်း ညီမျှပါတယ်။ Zettabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ ZB နဲ့ ဖော်ပြလေ့ ရှိပါတယ်။ 1 ZB = 1,024 EB 1 ZB = 1,000,000,000,000,000,000,000(1 x 1021) B YottaByte (YB) Yottabyte (ယော့တာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000,000,000,000,000 B (1 x 1024 B) နဲ့ ညီမျှပါတယ်။ 1 Yottabyte ဟာ 1,000 EB နဲ့လည်း ညီမျှပါတယ်။ Yottabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ YB နဲ့ ဖော်ပြလေ့ ရှိပါတယ်။ 1 YB = 1,024 ZB 1 ZB = 1,000,000,000,000,000,000,000,000 (1 x 1024) B ကိုးကား သတင်းအချက်အလက် ယူနစ်များ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%20%28%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%29
Block operation
Text တစ်ခုပေါ်မှ ရွေးချယ်ထားသည့် နေရာပေါ်တွင် လုပ်ဆောင်နိုင်သော လုပ်ငန်းတွဲအစု ဖြစ်သည်။ အသုံးများသည့် block operation များထဲတွင် ဖြတ်ညှပ်ကပ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း လုပ်ငန်းများ ပါဝင်သည်။ Block တစ်ခု၏ စာလုံးပုံသဏ္ဌာန်ပြောင်းလဲခြင်း၊ block အတွက် Margin မျဉ်း အနေအထား ပြောင်းလဲခြင်းလုပ်ငန်းများပါဝင်သည်။
https://my.wikipedia.org/wiki/Block%20operation
Bomb (computer)
စနစ်တခု သို့မဟုတ် ပရိုဂရမ်တစ်ခု အလုပ်လုပ်နေရင်း လုပ်ငန်းဆက်လက်လုပ်ကိုင်မရတော့ ကြောင်း ဖော်ပြချက်တစ်ခုဖြစ်သည်။ Macintosh ကွန်ပျူတာများတွင် ဤဖော်ပြချက်ကို အသုံးပြုသည်။ ပီစီကွန်ပျူတာများတွင် Display ပုံဖော်မရ သို့မဟုတ် ခလုတ်ခုံ ရိုက်နှိပ်မရအောင် ဖြစ်လာသည့်အခါတွင် မိမိ၏ ကွန်ပျူတာစနစ် သို့မဟုတ် ပရိုဂရမ်၏ စွမ်းဆောင်ရည် ဆုံးရှုံးသွားမှန်း သိရမည်။
https://my.wikipedia.org/wiki/Bomb%20%28computer%29
Visual Component Library
VCL (Visual Component Library) သည် အမြင်ထည် (visual component) ကိုအခြေံသော Microsoft Windows application များ ပြုလုပ်ရန် C++ နှင် Delphi တို့အတွက် Borland မှ ထုတ်လုပ်သော framework ဖြစ်သည်။ ထို VCL framework ကို Object Pascal ဖြင်ရေးသားသည်။
https://my.wikipedia.org/wiki/Visual%20Component%20Library
ဘရစ်ချ် ပတ်လမ်း
(၁) လျှပ်စစ်စီးနိုင်သည့် path နှစ်ခုအကြား ဆားကစ်ပြားပေါ်တွင် ဆက်သွယ်ထားချက် တစ်ရပ်ဖြစ်သည်။ (၂) ဒိုင်အုတ် လေးခုပါဝင်သော လှိုင်းပြည့် rectifier (AC ကို DC ပြောင်းသည့် device) တစ်ခုဖြစ်သည်။ (၃) အပူချိန်လွန်ကဲ့မှုနှင့် အခြားအမှားပါ အခြေအနေမျိုးများကို အစားထိုးကာကွယ်ပေးရန် အချို့သော data acquisition transducer များတွင် အသုံးပြုသည့် ဓာတ်စီးပတ်လမ်းတစ်ခုဖြစ်သည်။ ဤစနစ်သည် ခုခံမှု ( လျှပ်ခံအား ) အတိအကျ တိုင်းတာရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်။ Wheatstone bridge ဟုခေါ်သည့် နည်းစနစ်တစ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည်။ Pressure သို့မဟုတ် Stress တိုင်းတာရာတွင် ဖြစ်ပေါ်လာသည့် ခုခံမှုအပြောင်းအလဲ အနည်းငယ်ကိုဖော်ပြရန်အတွက် bridge circuit ခေါ် ပေါင်းကူးလျှပ်စီးပတ်လမ်းတစ်ခု လိုအပ်သည်။ အီလက်ထရွန်းနစ် ပတ်လမ်းများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%9B%E1%80%85%E1%80%BA%E1%80%81%E1%80%BB%E1%80%BA%20%E1%80%95%E1%80%90%E1%80%BA%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
Bus master
ကွန်ပျူတာထဲရှိ bus ကို ထိန်းချုပ်သော device ဖြစ်သည်။ သာမန်ဆိုလျှင် ၎င်းသည် processor က လုပ်ဆောင်ရမည် ဖြစ်သည်။ သို့သော် စွမ်းရည်မြင့် ကွန်ပျူတာများတွင် video adapter သို့မဟုတ် disk controller တို့သည် main memory ဖြင့် data လျင်မြန်စွာ ပြောင်းလဲပေးရန် bus ကို ထိန်းချုပ်နိုင်ကြသည်။ အဓိက ဆိုလိုရင်းမှာ porcessor ကို အလုပ်မရှုပ်စေဘဲ main memory နှင့်ဆက်သွယ်၍ data ကို ပေးပို့လက်ခံခြင်း နည်းလမ်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာတွင် bus master graphic card တစ်ခုရှိပါက ၎င်းသည် သာမန် graphic card တစ်ခုထက် data ကို ပို၍လျင်မြန်စွာ ရေးဆွဲဖော်ပြစေနိုင်သည်။
https://my.wikipedia.org/wiki/Bus%20master
စီအိုင်အေ
စီအိုင်အေ သည် အမေရိကန်ပြည်ထောင်စု၏ ဗဟိုထောက်လှမ်းရေးအဖွဲ့ (Central Intelligence Agency) ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် အစိုးရများ၏ သတင်းအချက်အလက်များ စုဆောင်းထိန်းသိမ်းခြင်း ကိစ္စများ ဆောင်ရွက်သည်။ ထို့ပြင် အခြားနိုင်ငံများ၏ အရေးအခင်းများကို စွပ်ဖက်ခြင်း၊ အမေရိကန်၏ ဩဇာအာဏာကို ချဲ့ထွင်ခြင်း၊ လျှို့ဝှက်လုပ်ကြံခြင်း အစရှိသည့် စစ်ဆင်ရေးများကိုလည်း ကျယ်ပြန့်စွာဆောင်ရွက်သည်။ ကိုးကား အစိုးရ အေဂျင်စီများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AE%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%A1%E1%80%B1
ပြိုင်ဆက်နှင့် တန်းဆက် ပတ်လမ်းများ
လျှပ်စစ်ပတ်လမ်း (သို့) အီလက်ထရွန်းနစ်ပတ်လမ်းတစ်ခု၏ အစိတ်အပိုင်းများကို နည်းလမ်းမျိုးစုံဖြင့်ဆက်သွယ်နိုင်သည်။ အရိုးရှင်းဆုံးဆက်သွယ်နည်း၂ခုမှာ ပြိုင်ဆက် နှင့်တန်းဆက် ဖြစ်သည်။ တန်းဆက် ဆက်ထား​သောအပိုင်းများမှာ လမ်း​ကြောင်းတစ်ခုတည်းဖြစ်ပြီး တူညီ​သော လျှပ်စီး စီးဝင်သည်။ ပြိုင်ဆက် ဆက်ထား​သောအပိုင်းများမှာ လမ်း​ကြောင်းများစွာရှိပြီး တူညီ​သော ဗို့အားရှိသည်။ အစိတ်အပိုင်းများကို တန်းဆက် ဆက်ထားပါက တန်းဆက်လျှပ်စီးပတ်လမ်းဟု​ခေါ်ပြီး အပြိုင်ဆက်ထားလျှင် ပြိုင်ဆက်လျှပ်စီးပတ်လမ်းဟု​ခေါ်သည်။ တန်းဆက်လျှပ်စီးပတ်လမ်းတွင် အစိတ်အပိုင်းတစ်ခုစီကို ဖြတ်သွား​သောလျှပ်စီးမှာ တူညီသည်။ ပတ်လမ်းကိုဖြတ်​သော ဗို့အားမှာ အစိတ်အပိုင်းတစ်ခုစီ၏ ဗို့အားများ​ပေါင်းစပ်ခြင်းနှင့်တူညီသည်။ ပြိုင်ဆက်လျှပ်စီးပတ်လမ်းတွင် အစိတ်အပိုင်းတစ်ခုစီ၏ ဗို့အားများတူညီပြီးပတ်လမ်းကိုဖြတ်​သော လျှပ်စီးမှာအစိတ်အပိုင်းတစ်ခုစီကိုဖြတ်​သော လျှပ်စီးများ​ပေါင်းခြင်းနှင့်တူသည်။ မီးသီး၄လုံးကို ၆ဗို့ ဘက်ထရီဖြင့်​ပေးထား​သော ပတ်လမ်းတစ်ခုကိုမြင်ကြည့်ပါ။ အထက်ပါပုံမှာ ဝါယာကြိုးကို မီးသီး၁လုံးပြီး ​နောက်၁လုံး၊​နောက်၁လုံး၊​နောက်၁လုံး ဆက်တိုက်ဆက်ပြီး​နောက် ဘက်ထရီသို့ပြန်ဆက်ပါက ထိုပတ်လမ်းမှာတန်းဆက်ပတ်လမ်းဖြစ်သည်။ အကယ်၍ မီးသီးများကို ဘက်ထရီဖြင့် ဝါယာများခြား၍ ခြား၍ ခြား၍ ဆက်လိုက်ပါက ပြိုင်ဆက်ပတ်လမ်းပင်ဖြစ်သည်။ တန်းဆက်ပတ်လမ်းတွင် မီးသီးတစ်လုံးချင်းစီတွင် တူညီ​သောလျှပ်စီးတန်ဖိုးရှိပြီး ဗို့အားမှာ ၁.၅ဗို့ရှိသည်။ သို့​​သော် ၎င်းတို့ကို လင်းထိန်​အောင်ထွန်းရန် မလုံ​လောက်​ပေ။ အထက်ပါပုံအတိုင်းပြိုင်ဆက် ဆက်လိုက်လျှင် မီးသီးများကိုဖြတ်စီး​သော လျှပ်စီးများမှာလုံ​လောက်၍ မီးသီးများ​ကောင်းစွာလင်းမည်ဖြစ်သည်။ တန်းဆက်နည်းတွင် ပစ္စည်းမှန်သမျှ ​​ကောင်းမွန်​နေမှအလုပ်လုပ်မည်ဖြစ်သည်။ အကယ်၍ တန်းဆက်ပတ်လမ်းမှ အစိတ်အပိုင်းတစ်ခု ချို့ယွင်း​နေလျှင် အခြားအစိတ်အပိုင်းများလည်း အလုပ်မလုပ်​တော့​ပေ။ ပြိုင်ဆက်ပတ်လမ်းတွင် မီးသီး၁လုံးချင်းစီတွင် ကိုယ်ပိုင် ပတ်လမ်းရှိ၍ တစ်လုံးကျွမ်းလျှင်လည်း ကျန်မီးသီးများဆက်လက်လင်း​​နေ​ပေမည်။ တန်းဆက် ပတ်လမ်း တန်းဆက်ပတ်လမ်းတွင် လျှပ်စီးမှာ အားလုံးကိုတူညီ​သောတန်ဖိုးဖြင့် စီးဆင်းသည်။ ထို့​ကြောင့် အစိတ်အပိုင်းအားလုံး လျှပ်စီးတန်ဖိုးတူသည်။ တန်းဆက်ပတ်လမ်း၏ အဓိကအချက်မှာ ၎င်းတွင် လျှပ်စီးစီးရန် လမ်း​ကြောင်းတစ်ခုသာရှိသည်။ အကယ်၍အစိတ်အပိုင်းတစ်ခု ချို့ယွင်း​နေလျှင် အခြားအစိတ်အပိုင်းများလည်း အလုပ်မလုပ်​တော့​ပေ။ဥပမာ- သီတင်းကျွတ်၊ခရစ္စမတ် ပွဲ​တော်များတွင် အိမ်များကိုအလှဆင်​သော မီးကြိုးများရှိသည်။၎င်းတို့မှာ တန်းဆက်ဆက်ထားခြင်းဖြစ်သည်။၎င်းတို့ထဲမှ မီးသီးတစ်လုံးကျွမ်းသွားလျှင် ကြိုးတစ်​ခွေလုံး ပျက်စီးသွားသည်။ လျှပ်စီး တန်းဆက်ပတ်လမ်းတွင် လျှပ်စီးတန်ဖိုးမှာတူညီသည်။ လျှပ်ခံ တန်းဆက်ပတ်လမ်းတစ်ခုတွင် စုစု​ပေါင်းလျှပ်ခံတန်ဖိုးမှာ လျှပ်ခံတစ်ခုချင်းစီ၏ လျှပ်ခံတန်ဖိုးများ​ ​ပေါင်းလဒ်နှင့်တူသည်။ လျှပ်စီးခုခံမှု၏ဆန့်ကျင်ဘက်သည် လျှပ်ခံတန်ဖိုး၏အပြန်အလှန်ဖြစ်သည်။ . လျှပ်ခံ၂ခုသာပါ​သော ပတ်လမ်းအတွက် ပုံ​သေနည်းမှာ လျှပ်ညှို့ လျှပ်ညှို့မှာ လျှပ်ခံနှင့် ပုံ​သေနည်းအတူတူပင်ဖြစ်သည်။ သို့သော်လည်း အချို့အခြေအနေများတွင် ကပ်လျက်ရှိသော ကွိုင် များမှာ အချင်းချင်း သံလိုက်စက်ကွင်း အားဖြင့်သက်ရောက်ကြသည်။ အဲဒီလို အားပြုတဲ့ Inductance ကို M လို့သတ်မှတ်ပါမယ်။ ကွိုင်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ကွိုင်များတွင် M သည်ပို၍ ရှုပ်ထွေးလာသည်။ ဥပမာ ကွိုင် ၃ ခုကို တန်းဆက်ဆက်ထားသည် ဆိုပါစို့။ ထိုအခါ ၁ နှင့် ၂၊ ၁ နှင့် ၃၊ ၂ နှင့် ၃၊ ၂ နှင့် ၁၊ စသည်ဖြင့် အောက်ပါအတိုင်း M ၆ တွဲရသည်။ , , နှင့် , နှင့် ထို့အပြင် မူလကွိုင် တစ်ခုစီ၌ ရှိသော inductance ကိုလည်း ထည့်တွက်ရဦးမည်။ , နှင့် ထို့ကြောင့် စုစုပေါင်း Inductance ကို အောက်ပါပုံသေနည်းဖြင့် တွက်သည်။ လျှပ်သို လျှပ်သိုတန်ဖိုးစုစု​ပေါင်းသည် တစ်ခုချင်းစီ၏လျှပ်သိုတနိဖိုးများကို ​ပြောင်းပြန်လှန်​ပေါင်းခြင်းတန်ဖိုးဖြစ်သည်။ Memristors တန်းဆက် ဆက်ထားသော Memristor များ၏ စုစုပေါင်းmemristance ကို ရှာရန် အောက်ပါ formula ကို အသုံးပြုရမည်။ ခလုတ်များ (Switches) နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုတဲ့ ခလုတ်တွေကို တန်းဆက် အနေအထား ဆက်ရင် Logic AND အတိုင်း အလုပ်လုပ်ပါမယ်။ ဥပမာကို ပုံမှာကြည့်ပါ။ မီးသီးလင်းဖို့အတွက် ခလုတ်နှစ်ခုစလုံး ဖွင့်ထားဖို့လိုပါတယ်။ တစ်ခုဖွင့်ရုံနဲ့ circuit ပတ်လမ်းပြည့်မှာ မဟုတ်လို့ မီးလင်းမှာမဟုတ်ပါဘူး။ And logic နှင့် အလုပ်လုပ်တယ်ဆိုတာ ဒါကိုပြောတာပါ။ ပြိုင်ဆက်ပတ်လမ်း နှစ်ခု(သို့)နှစ်ခုထက်ပို​သော အစိတ်အပိုင်းများအပြိုင်ဆက်ထားလျှင်ပြိုင်ဆက်ပတ်လမ်းဖြစ်သည်။ လျှပ်စီး လျှပ်ခံ . လျှပ်ညှို့ လျှပ်သို သင်္ကေတ အပြိုင်လျှပ်ခံ၂ခု၏ လျှပ်ခံတန်ဖိုး၂ခုကို​ဖော်ပြရာတွင် မျဉ်း​စောင်း၂ခု  //ဖြင့်လည်း​ဖော်ပြသည်။  ထို့အတူ အခြားပုံစံများတွင်လည်းအတူတူဖြစ်သည်။ . ရည်ညွှန်းချက် ပြိုင်ဆက်လျှပ်စီးပတ်လမ်း=paraller circuit တန်းဆက်လျှပ်စီးပတ်လမ်း=series circuit လျှပ်စီး=current လျှပ်ခံ=resistor လျှပ်ခံတန်ဖိုး=resistance လျှပ်စီးခုခံမှု၏ဆန့်ကျင်ဘက်=electrical conductance လျှပ်ညှို့=inductor လျှပ်သို=capacitor လျှပ်သိုတန်ဖိုး=capacitance ပြိုင်ဆက် ပါတ်လမ်းများ အကယ်၍ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော လျှပ်စစ်အစိတ်အပိုင်း (components) များကို ပြိုင်ဆက် အနေအထား ဆက်ထားလျှင် ထို components များပေါ်သက်ရောက်နေသော ဗို့အား သည် အတူတူပင် ဖြစ်နေမည်။ ပမာဏသာမက၊ polarities များပါတူနေပေမည်။ ထို့ကြောင့် အစိတ်အပိုင်းများကို ပြိုင်ဆက် ဆက်ထားလျှင် ဗို့အားတူမည်။ စုစုပေါင်း လျပ်စီး (total current) မှာတော့ အစိတ်အပိုင်း တစ်ခုချင်းစီ တွင်ရှိသော လျှပ်စီးအား များပေါင်းခြင်းနှင့်တူသည်။ Kirchhoff's circuit laws အတိုင်းပင် ဖြစ်သည်။ လျှပ်ခံများ (Resistors) အုမ်း၏ နိယာမ ကို အသုံးပြု၍ လျပ်ခံ (resistor) များတွင် စီးနေသော လျှပ်စီးအားကို တိုင်းတာနိုင်သည်။ အောက်ပါ ပုံသေနည်းဖြင့် total current ကိုရှာနိုင်သည်။ . ပုံကိုကြည့်ပါ။ စုစုပေါင်း လျှပ်ခံတန်ဖိုး (resistance) ကိုသိရန် အောက်ပါပုံသေနည်းဖြင့် တွက်ပါ။ . တွင်ရှိနေသော လျှပ်စီးအားကိုသိရန် အောက်ပါအတိုင်း အုမ်း၏ နိယာမ ကို အသုံးပြုနိုင်သည်။ . resistance အချိုးကိုသုံး၍ ကျန် current များကို ဆက်ရှာနိုင်သည်။ . ယခင်က parallel ကို multiple ဟုသုံးသည်။ ဥပမာ၊ multiple connection for arc lamps ကွိုင်များ (Inductors) Inductor များကလည်း resistor များနှင့်ဆင်တူပါတယ်။ စုစုပေါင်း inductance ကိုလိုချင်ရင် ကွိုင်တစ်ခုချင်းစီမှာရှိတဲ့ Indutance တစ်ခုခြင်းစီကို အောက်ပါအတိုင်း ပေါင်းရမှာပါ။ . အဲဒါပေမဲ့ inductor တွေကို ပြိုင်ဆက်အနေအထား ချိတ်ဆက်တဲ့အခါ တစ်ခုနှင့်တစ်ခု ကပ်နေရင် သံလိုက်စက်ကွင်း တွေအပြန်အလှန် အားပြုပါတယ်။ အဲဒီလို အားပြုတဲ့ indutance ကို လို့သတ်မှတ်ပါတယ်။ အဲဒီအခါ စုစုပေါင်း Inductance ကို အောက်ပါ formula နဲ့ တွက်ရပါမယ်။ အကယ်၍ ရဲ့ လက္ခဏာကို သံလိုက်စက်ကွင်းတွေ အချင်းချင်း ဘယ်လို အားပြုနေသလဲ ဆိုတာပေါ်မှာ မူတည်ပြီး တပ်ပါတယ်။ အလွန်နီးကပ်တဲ့ ကွိုင်နှစ်ခုမှာဆိုရင် စုစုပေါင်း indutance ဟာ ကွိုင် တစ်ခုစီမှာရှိတဲ့ indutance များ ပေါင်းခြင်းနဲ့ အတော်လေး နီးစပ်ပါတယ်။ ကွိုင်တစ်ခုရဲ့ polarity ကပြောင်းပြန်ဖြစ်နေရင် M က အနှုတ်လက္ခဏာပါ။ ဒါဆို စုစုပေါင်း indutance က သုံည နီးပါးဖြစ်သွားပြီး အဲဒီ coil နှစ်ခုမှာ Indutance မရှိသလောက်ဖြစ်သွားပါတယ်။ တစ်ကယ်လို့ indutance မတူတဲ့ ကွိုင်နှစ်ခုကို နီးနီးကပ်ကပ် ချိတ်ဆက်ထားလို့ M နဲ့ L ဟာ တန်ဖိုးအတော်နီးစပ်သွားတယ်ဆိုပါစို့။ ဒါတဆိုရင် အဲဒီ ကွိုင်နှစ်ခုမှာ short circuit နီးနီး ဖြစ်နိုင်ပါတယ်။ current တန်ဖိုးမြင့်သွားပြီး circuit ကိုပြဿနာတက်စေပါမယ်။ inductor ၃ ခုထက်များတဲ့ circuit တွေမှာ ပိုလို့ရှုပ်ထွေးသွားပါမယ်။ ကွိုင် ၂ ခုအတွင်းသက်ရောက်တဲ့ M က နောက်ဆုံးတစ်ခုကို သက်ရောက်ဦးမယ်။ အဲသလို ထည့်သွင်းစဉ်းစားရပါမယ်။ ကွိုင် ၃ ခုဆိုရင် , and ဆိုတဲ့ M ၃ ခုရှိပါမယ်။ အောက်ပါ equation ကိုသုံးပါတယ်။ လျှပ်သိုများ (Capacitors) ပြိုင်ဆက် ချိတ်ဆက်ထားတဲ့ Capacitor များရဲ့ စုစုပေါင်း capacitance ကို တစ်ခုစီရဲ့ capacitance များပေါင်းခြင်းဖြင့် တွက်နိုင်ပါတယ်။ . ဒီလိုဆက်ထားရင် ပေးသင့်တဲ့ voltage ကတော့ voltage အနည်းဆုံးဖော်ပြထားတဲ့ capacitor ရဲ့ voltage အတိုင်းပေးရပါမယ်။ ဥပမာ 12V, 1.5V, 50V capacitor ၃ လုံး ပြိုင်ဆက်ချိတ်ထားရင် 1.5 V voltage supply ကိုသုံးသင့်ပါတယ်။ Memristors Memristor များကိုတော့ အောက်ပါ ပုံသေနည်းဖြင့်တွက်ပါတယ်။ ခလုတ်များ (Switches) နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုတဲ့ switch တွေကို ပြိုင်ဆက် အနေအထား ချိတ်ဆက်ထားမယ်ဆိုရင် logic OR အတိုင်းအလုပ်လုပ်ပါမယ်။ ဥပမာ ပုံမှာကြည့်ပါ။ မီးသီး လင်းစေဖို့အတွက် ခလုတ်ဖွင့်ရာမှာ ခလုတ် ၁ ဖြစ်စေ၊ ခလုတ် ၂ ဖြစ်စေ ဖွင့်ရုံနဲ့ မီးသီးလေး လင်းပါမယ်။ နှစ်ခုလုံးဖွင့်ရင်လည်း လင်းပါမယ်။ အဲ တစ်ခုမှမဖွင့်ရသေးရင်တော့ လင်းမှာမဟုတ်ပါဘူး။ Logic OR နဲ့ အလုပ်လုပ်တယ်ဆိုတာ ဒီလိုပြောတာပါ။ ကိုးကား and parallel circuits Series and Parallel Circuits အီလက်ထရွန်းနစ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%86%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%20%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%80%E1%80%BA%20%E1%80%95%E1%80%90%E1%80%BA%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ဂရိနတ်များ
ဂရိလူမျိုးတို့ ကိုးကွယ်သည့်နတ်များ နတ်ကိုးကွယ်မှုသည် သိပ္ပံပညာ မထွန်းကားမီ ကမ္ဘာဦး ခေတ်မှ စ၍ ဖြစ်ပေါ်လာသည်။ ကျူးပစ်၊ ဗီးနပ် စသည်တို့မှာ ကမ္ဘာ နှင့်အဝန်း လူသိများသည်။ ရောမ အမည်မှည့်ထားလင့်ကစား စင်စစ်မှာမူ ဂရိနတ်များ ဖြစ်သည်။ ထိုဂရိနတ်များကို ရောမတို့ လက်ခံကိုးကွယ်သည့် အကြောင်းကို သမိုင်းပုံပြင်တို့ဖြင့် စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။ လောကဓာတ်ပညာ မထွန်းကားသေးသော ရှေးခေတ်တွင် ဂရိသူဟောင်းများသည် အဘယ်ကြောင့် မိုးရွာသည်၊ အဘယ်ကြောင့် နေပူသည် စသည်တို့ကို အကြောင်းမပြနိုင်ခဲ့ကြပေ။ ထို့ကြောင့် နေပူခြင်း၊ မိုးရွာခြင်း စသည့် ကမ္ဘာ့နိယာမတရား တို့သည် လူသားတို့ထက် တန်ခိုးကြီးလှသော နတ်မင်းများ၏ ဖန်တီးမှုကြောင့်သာ ဖြစ်ပေါ်ရသည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့်လည်း မိမိတို့က ထိုရေ၊ မြေ၊ လေ စသည်တို့ကို အစိုးရသော နတ်မင်းများအား ပူဇော်ပသကြလျှင် မိမိတို့အား ကူညီ စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်၍ နတ်တို့ကို ပူဇော် ပသကြလေသည်။ ရှေးဂရိသူဟောင်းတို့သည် စိတ်ကူးဉာဏ် အလွန်ကွန့်မြူး တတ်ကြ၏။ ထို့ကြောင့် တန်ခိုးရှင် နတ်များရှိသည်ဟူသော အယူအဆအတိုင်း ထိုနတ်များ၏ သဘာဝတို့ကို စိတ်ကူးဖြင့် မှန်းဆကာ ပုံပြင်များပြု၍ သားစဉ်မြေးဆက် ပြောပြခဲ့ကြလေ သည်။ နှစ်ပရိစ္ဆေဒ ရှည်လျားလတ်သော် ထိုပုံပြင်များမှာ စိတ်ကူးဉာဏ် ကွန့်မြူးချက်များသာ ဖြစ်သည်ဟု မည်သူကမျှ သတိမရကြတော့ချေ။ တန်ခိုးရှင်နတ်များ အကယ်ပင် ရှိသည် ဟု ထင်မြင်ယုံကြည်လာကြသည်။ နှစ်ပရိစ္ဆေဒကာလမြင့် လာခဲ့ သော်ငြားလည်း ထိုပုံပြင်များမှာ တိမ်ကော၍ မသွားသည့်အပြင် ထုံးဟောင်း ပုံပြင်များကို အခြေခံသော ဂရိစာပေထွန်းကားမှုကို အထောက်အပံ့ ပြုခဲ့လေသည်။ ရောမလူမျိုးတို့ ထွန်းကားလာသောအခါ တန်ခိုးရှင်နတ်များ ရှိသည်ဟု ဆက်လက် ယုံကြည်ခဲ့ကြပြန်၍ ဂရိနတ်များကိုပင် ရောမအမည်များ တပ်ကာ ကိုးကွယ်ပူဇော်သမှု ပြုခဲ့ကြပြန်လေ သည်။ ဂရိထုံးဟောင်းပုံပြင်လာ တန်ခိုးကြီးနတ်များ၏ အကြောင်းကို ရောမအမည်နှင့်ယှဉ်၍ အကျဉ်းမျှ ဖော်ပြသွား ပါအံ့။ ကွင်းပိတ်အတွင်းမှ အမည်သည် ရောမအမည် ဖြစ်၏။ ဇုစ်နတ်မင်းကြီး (ဂျူပီတာ) ဇုစ်နတ်မင်းကြီးသည် နတ်အပေါင်းတို့၌ စွမ်းအားအကြီးဆုံး နတ်အပေါင်းတို့၏ ဘုရင်ဖြစ်သည်။ လက်တွင်း၌ မိုးကြိုးစက်ကို ကိုင်ထားသည်။ သူ့ဖခင်ကို လုပ်ကြံ၍ ထီးနန်းနှင့် အာဏာကို ရယူခဲ့သည်။ ဇုစ်နတ်မင်းကြီးသည် ကောင်းကင်နတ်၊ မိုးလေဝသကို စောင့်ရှောက်သောနတ် ဖြစ်ရုံသာမက ဥပဒေ၊ တိုင်းပြည်၊ လူမှုအဖွဲ့အစည်း၊ မြို့တော်၊ မိသားစု စသည်တို့ကိုပါ စောင့်ရှောက်သည်ဟု ဂရိများက ယုံကြည်ကြသည်။ ဂရိနိုင်ငံ၏ မြောက်ဘက်နယ်ခြားတွင် အလွန်မြင့်မား၍ ဆီးနှင်းမပြတ် ဖုံးလွှမ်းကာ လူသူနှင့် ကင်းဝေးလှသော အိုလမ်ပတ်စ်တောင်ကြီး ရှိလေသည်။ ထိုတောင်ကြီး၏တောင် ထွတ်တွင် နတ်တကာတို့၏ ဘုရင် ဇုစ်နတ်မင်းကြီး စံပျော်တော်မူ၏။ ခမည်းတော် ကရိုးနပ် (ဆက်တန်) နတ်မင်းကြီးမှာ သားတော်တစ်ပါးပါးက မိမိ၏ စည်းစိမ်ကို လုမည်ဟူ၍ အဟောတွက်ချက် ရှိခဲ့သဖြင့် သားတော်ဖွားတိုင်း အကောင်လိုက် ဝါးမျိုပစ်လေ့ရှိရာ ဇုစ်မှာ မယ်တော်ရီအာ နတ်သမီး၏ ပရိယာယ်ကြောင့်သာ ခမည်းတော်၏ ဘေးရန်မှ လွတ်ကင်းခဲ့ရ၏။ ဇုစ်သည် အရွယ်ရောက်လာလျှင် ခမည်းတော်အား သူ ဝါးမျိုထားသော နောင်တော်များ ကို အန်ထုတ်စေပြီးနောက် ဇုစ်က ခေါင်းဆောင်၍ ခမည်းတော်အား နန်းချကာ ရိုက်ရာကို ဆက်ခံလေသည်။ ထို့နောက်တွင် သူ့အား ကူညီခဲ့သော နောင်တော်များအားလည်း နယ်ပယ်များ ခွဲဝေပေး၏။ ဤသို့ဖြင့် ရန်အပေါင်းကို အောင်မြင်ပြီးသော် လောကတစ်ခုလုံးကို စိုးမိုးနိုင်ခဲ့၍ နတ်တကာ့ဘုရင် ဇုစ်နတ်ရှင်ဖြစ်လေသည်။ ဇုစ် ခေါ် ဂျူပီတာတွင် နတ်မိဖုရား၊ လူသား မိဖုရား များစွာရှိသဖြင့် သားသမီးလည်း များပြားလှသည်။ သူ၏ များစွာသော သားသမီးတို့တွင် ဒဏ္ဍာရီများ၌ ထင်ရှား သော နေနတ်သား အပိုလို၊ လနတ်သမီး အားတိမစ် (ဒိုင်ယာ နာ)၊ ဟားမီးစ် (မာကျူရီ)၊ အေးရီးစ် (မားစ်)၊ ဟီးဗီး စသည်တို့ အပြင် အတတ်အပညာ အမျိုးမျိုးကိုစောင့်သောနတ်သား၊ နတ်သမီးများလည်း ပါဝင်ပေသည်။ ဇုစ်ကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြရုံမက တန်ခိုးအမျိုးမျိုးရှိသည်ဟု ယုံကြည်ကြသည်။ လျှပ်စစ်မိုးကြိုးကိုလည်းကောင်း၊ ရာသီဥတုတို့ကိုလည်းကောင်း ဇုစ်က ပြုပြင်ဖန်တီးနိုင်၍ တိုင်းပြည်နိုင်ငံတို့၏ ကောင်းကျိုးများကိုလည်း စောင့်ရှောက်တတ်သည်ဟု အယူ ရှိကြသည်။ ထို့ကြောင့် ဇုစ်ကို အမြင့် ဆုံးတောင်ထိပ်များ၌ တည်ဆောက်အပ်သော ဗိမာန်ကြီးများ၌ ပူဇော်ပသခြင်းအမှုကို ပြုခဲ့ကြ၏။ တရားသူကြီးများ၊ အုပ်ချုပ် သူများနှင် စစ်ဘုရင်ကြီးများသည် တာဝန်ကို ဆောင်ရွက်ရာတွင် ဇုစ်ကို တိုင်တည်၍ သစ္စာဆိုလေ့ရှိကြသည်။ ဇုစ်နတ်မင်းကြီး၏ နတ်ကွန်းသည် Dodona အရပ်၌ ရှိသည်။ ထိုနတ်ကွန်း၌ မိမိ၏အနာဂတ်ကို ဝက်သစ်ချပင်များကို ဖြတ်၍ တိုက်ခတ်လာသော လေပြေများမှတစ်ဆင့် ဇုစ်နတ်မင်းကြီးက ပြောပြသည်ဟု ယုံကြည်ကြသည်။ ဝက်သစ်ချပင်သည်လည်း ဇုစ်နတ်မင်းကြီး၏ သင်္ကေတ တစ်ခုပင်ဖြစ်သည်။ အိုလံပီယာတောင် ပေါ်တွင်လည်း နတ်ကွန်းကြီးတစ်ခု ရှိသည်။ ထိုနတ်ကွန်းကြီးမှာ ကမ္ဘာ့အံ့ဘွယ်များ ထဲမှ တစ်ခုဖြစ်သည်။ သိန်းငှက်များသည်လည်း ဇုစ်နတ်မင်းကြီးအား ကိုးကွယ်သူများအတွက် အလေးအမြတ်ထားစရာဖြစ်သည်။ သိန်းငှက်သည် ဇုစ်နတ်မင်းကြီးထံသို့ အရောက်သွားပြီး မိမိတို့၏ အနာဂတ်အတွက် သတင်းစကားများကို ယူဆောင် လာမည်ဟု ယုံကြည်သည်။ ဇုစ် ဆိုသောအမည်မှာ သင်္ကတ ဘာသာမှဆင်းသက်လာပြီး ကောင်းကင်ဘုံ ဟုအဓိပ္ပာယ်ရှိမည် ဟုယူဆကြသည်။ ဟီရာ(ဂျူနို) ကရိုးနပ်နှင့် ရီအာတို့၏ သမီးဖြစ်၍ ဇုစ်နတ်မင်းကြီး၏ မိဖုရားတစ်ပါးဖြစ်၏။ အဆင်းသဏ္ဌာန် လှပတင့်တယ်၍ မာန် မာန ထောင်လွှားသော နတ်သမီး ဖြစ်၏။ နတ်မင်းကြီး၏ မိဖုရားကြီးဖြစ်သည့်အတိုင်းလည်း တန်ခိုးအာဏာ ကြီးမား၏။ စိတ်မာန်အလွန်ခက်ထန်သဖြင့် ဇုစ်နတ်မင်းကြီးနှင့် မကြာခဏ မသင့်မတင့်ဖြစ်ကြရသည်။ မြေငလျင်လှုပ်ခြင်း၊ တော်လဲမည်ခြင်း၊ ကြယ်တံခွန်လွှတ်ခြင်း စသည့် အခြင်းအရာများကို ဟီရာနတ်သမီးက ဖန်တီးသည်ဟု ဆိုကြ၏။ ဇုစ်နတ်မင်းကြီးနှင့် ဟီရာတို့၏ သားတော်များအနက် တစ်ပါးမှာ စစ်ကိုအစိုးရသော အေးရီးစ် (မားစ်)ဖြစ်၍ ကျန်တစ်ပါးမှာ မီးကို အစိုးရသော ဟီဖက်စတပ် (ဗာလကန်)ဖြစ်၏။ ဟီဖက်စတပ်ကို ပန်းပဲဆရာတို့ ကိုးကွယ်ဆည်းကပ်ကြ၏။ ဟီရာနတ်သမီးသည် မိန်းမများအား အထူးကူညီစောင့်မ ကြည့်ရှုသည်ဟု ယုံကြည်ကြသည်။ မိန်းမများ သားသမီးရလို လျှင် ဟီရာအား ပူဇော်ပသကြသည်။ ထို့ပြင် လက်ထပ်ပွဲကိုစောင့်ရှောက်သော နတ်သမီးဖြစ်သည်ဟုလည်း အသိအမှတ်ပြုကာ နှစ်စဉ် မတ်လ ၁ ရက်နေ့တိုင်း ထိုနတ်သမီးကို ပူဇော် ပသသောပွဲများ ကျင်းပလေ့ရှိ၏။ လဆန်းစတွင် ဟီရာ နတ်သမီးကို ရည်စူး၍ ပူဇော်ပသလေ့ရှိ၏။ ဂရိနှင့် ရောမနိုင်ငံများတွင် ဟီရာ (ဂျူနို)နတ်ကွန်းများ အများအပြား ရှိသည်။ ကျွန်ုပ်တို့ နေ့စဉ် ခေါ်ဝေါ်သုံးစွဲနေသော အင်္ဂလိပ်လ အမည်များအနက် ဇွန်လမှာ ဂျူနိုနတ်သမီးကိုစွဲ၍ သမုတ်ထားသောအမည် ဖြစ်သည်။ အေသီနာ(မီနားဗား) ဇုစ်နတ်မင်းကြီး၏ ဦးနှောက်တွင်းမှ ချပ်ဝတ်တန်ဆာ အစုံအလင်ဝတ်ဆင်ကာ လက်နက်စွဲကိုင်လျက် စစ်သံကြွေး၍ မွေးဖွားခဲ့သော သမီးတော်တစ်ပါး ဖြစ်၏။ စစ်ပွဲများတွင် ပါဝင် စောင့်ရှောက်ပေး၏။ သို့သော် လူ့ပြည်မှ မြို့တော်ကြီးများကို ချစ်မြတ်နိုးသူဖြစ်ပြီးလျှင် ထိုမြို့တော်ကြီးများကို ကာကွယ်ရန်သာ စစ်ပွဲများတွင် ပါဝင်စောင့်ရှောက်တတ်သည်။ ထိုနတ်သမီး ကို ဂုဏ်ပြုမှည့်ခေါ်ထားသော အေသင်မြို့တော်ကိုကား အထူး ကာကွယ် စောင့်ရှောက်ပေးလေသည်။ စစ်မက်လိုလားသလောက် ဉာဏ်ပညာ ထက်မြက်လှသော ပညာရှိ နတ်သမီးလည်း ဖြစ် သည်။ မိန်းကလေးများအား ဗိုင်းငင်၊ ရက်ကန်းစသည့် လက်မှုပညာများကို တတ်မြောက်စေရန်လည်းကောင်း၊ယောက်ျားများအား စာပေပညာ ဆည်းပူးကြစေရန်လည်းကောင်း အားပေးစောင့်ရှောက်သည်။ ဇုစ်နတ်မင်းကြီး၏ အမြတ်နိုးဆုံးသမီးတော်ဖြစ်၍ အပျိုစင် နတ်သမီးလည်း ဖြစ်ပေသည်။ စာပေများ၌ လေနတ်သမီး Athena သည် မိဘတစ်ဦးတည်းရှိသူ ဟုဖော်ပြသည်။ သူသည် ဇုနတ်မင်းကြီး၏ ဦးခေါင်းမှ ဖွားမြင်သည်ဟု ဆိုသည်။ သူ့ကို များသောအားဖြင့် Pallas Athena သို့မဟုတ် Parthenos ဟုခေါ်သည်။ အပျိုစင် နတ်ဘုရားမ ဟူ၍ဖြစ်သည်။ အေသင်မြို့၊ ပါသီနွန်ဘုရားကျောင်း တို့သည် လေနတ်သမီး Athena အတွက် ရည်စူး၍ ထိုအမည်များ မှည့်ခဲ့ခြင်းဖြစ်သည်။ ဂရီလူမျိုးများ ခရစ်ယာန် ဘာသာဝင်များ ဖြစ်ပြီးသည့် အချိန်တွင် ထိုပါသီနွန် ဘုရားကျောင်းမှာ မယ်တော်မာရီ၏ church ကျောင်းဖြစ်လာသည်။ Athena ကို အေသင်မြို့၏ မျိုးချစ်နတ်ဘုရားမ ဟုတင်စားသည်။ အကြောင်းမှာ အေသင်မြို့ကို သိမ်းပိုက်လိုသည့် ပိုဆိုက်ဒန် (Poseidon) ကို အနိုင်တိုက်နိုင်ခြင်း ကြောင့်ဖြစ်သည်။ ပိုဆိုက်ဒန်က အေသင်မြို့သားများကို ရေတွင်းတစ်တွင်းလက်ဆောင်ပေးသည်။ သို့သော် ပင်လယ်နှင့်ဆက်နေသောရေတွင်းဖြစ်နေသောကြောင့် အသုံးမဝင်ပေ။ ထို့နောက် Athena က ပထမဆုံးသော သံလွင်ပင်ကို လက်ဆောင်ပေးသည်။ သံလွင်ပင်သည် အလွန်အသုံးဝင်သည်။ ထို့ကြောင့် ပိုဆိုက်ဒန်ကို နိုင်ခဲ့သည် ဟုဆိုသည်။ စစ်ပွဲ၏နတ်သမီး၊ ဉာဏ်ပညာ၏နတ်သမီး၊ စက်မှု၊ စိုက်ပျိုးရေး၊ ရက်ကန်း စသည့် အနုပညာ၊ လက်မှုပညာ အပေါင်းတို့၏ နတ်သမီးဟု ဆိုကြသည်။ ဇီးကွက် မှာ သူ၏ သင်္ကေတဖြစ်သည်။ အပိုလို (ဝါ) ဖီးဗပ် (ဝါ) ဟီလီအော့ ရှေးဂရိတို့၏ တန်ခိုးကြီးနတ် ၁၂ ပါးအနက် လူအများ ဆုံး၏ ကိုးကွယ်ခြင်းခံရသော နတ်မင်းတစ်ပါးဖြစ်သည်။ နတ်မင်းကြီး၏ နတ်မိဖုရားတစ်ပါးဖြစ်သော လီတို၏ သားတော်ဖြစ်၍ အားတိမစ်နတ်သမီးနှင့် အမြွှာမွေးဖက် ဖြစ်၏။ အပိုလိုသည် လူသတ္တဝါတို့အပေါ် အကြင်နာတရား ကြီးမား လှ၍ နေ့စဉ်နေ့တိုင်း ကောင်းကင်ဝယ် နေစကြာယာဉ်ရထား ကို စီးနင်းမောင်းနှင်ကာ လူအပေါင်းအား အလင်းရောင်နှင့် အပူဓာတ်ကို ပေးလေသည်။ သူ့ကို အလင်းရောင်နတ်မင်းဟု ကိုးကွယ်ကြသည်။ ဂရိလူမျိုးတို့အဖို့ အပိုလိုမှာ လှပချောမွေ့ခြင်း၊ သစ္စာ ရှိခြင်း၊ စိတ်သဘောဖြူစင်ခြင်း၊ ဉာဏ်ထက်မြက်ခြင်း စသည့် အရည်အချင်းများ စုဝေးရာ ဖြစ်သည်။ သို့ဖြစ်၍ သူ့အား ဂီတ နှင့်ကဗျာ၊ ကျန်းမာမှု၊ အနာဂတ် ကြိုတင်ဟောပြောနိုင်မှုနှင့် လေးမြားအတတ်ဆိုင်ရာ နတ်မင်းဟု ခေါ်ဝေါ်ကြ၏။ ထို့ပြင် လယ်ယာ စိုက်ပျိုးမှုနှင့် ဆက်သွယ်နေသော နတ်မင်းဟုလည်း ယုံကြည်ကြလေသည်။ အပိုလိုမှာ ခန့်ညားလှပသည်တွင် စံပြဖြစ်သည်။ နေနတ်ဘုရား (apollo) သည် ရွှေရောင်ဆံပင် ကောက်ကောက်နှင့် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ သင်္ကေတများမှာ နေ၊ ကိုင်ထားသော ဗျပ်စောင်း၊ လေး နှင့် နေ့စဉ် ကောင်းကင်၌ သွားလာရာတွင် အသုံးပြုသော စစ်ရထား စသည်တို့ ဖြစ်သည်။ သူ့ကို delo ကျွန်းပေါ်၌ မွေးဖွားသည် ဟုဆိုသည်။ ဖခင်မှာ ဇုနတ်မင်းကြီးဖြစ်သည်။ မိခင်မှာ leto ဖြစ်သည်။ အမျိုးသမီး များစွာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော်လည်း အိမ်ထောင်မရှိပေ။ သို့သော် calliope နှင့် ကလေးတစ်ယောက်ထွန်းကားသည်။ အမည်မှာ orpheus ဖြစ်သည်။ Apollo ၏ နတ်ကွန်းမှာ Delphi တောင်ပေါ်တွင်ရှိသည်။ ပုရောဟိတ်အတက်၊ မန်းမှူတ်ခြင်းအတက်၊ ဂီတ၊ သီချင်း၊ ကဗျာ၊ လေးပစ်အတက် စသည်တို့နှင့်ပတ်သက်၍ ကိုးကွယ်ကြသည်။ လူငယ်များကို စောင့်ရှောက်သည် ဟုဆိုသည်။ အပိုလိုသည် delphi တောင်တန်း ပေါ်ရှိ python စပါးကြီးမြွေကြီး အားသူ၏ လေးနှင့်မြားကိုသုံးကာ နှိမ်နှင်းနိုင်ခဲ့သည်။ အပိုလို၏ မြားသည် ရောဂါအချို့ကို ပျောက်ကင်းစေနိုင်သည် ဟုဆိုသည်။ ဂရိပြည်တွင် ကပ်ရောဂါကျရောက်စဉ်က အပိုလို၏မြားများကို လူများသို့ပစ်လွှတ်ရန် တောင်ဆိုခဲ့သည်။ ထိုအခါ ရောဂါများပျောက်ကင်းခဲ့သည်။ ထို့ကြောင့် နာမကျန်း ဖြစ်သူများ apollo ကိုဆုတောင်းကြသည်။ ထို့ကြောင့် apollo ကိုအကြောင်းပြု၍ မြွေသည် ဆေးပညာ၏ သင်္ကေတ ဖြစ်လာသည်။ အားတိမစ်(ဒိုင်ယာနာ) လနတ်သမီးဖြစ်၍ အပိုလိုနှင့် အမြွှာမွေးဖက် နှမတော်ဖြစ် သည်။ နောင်တော်ကဲ့သို့ကား မထင်ရှားလှပေ။ အမဲလိုက်မှုကို နှစ်ခြိုက်သော်လည်း တောတိရစ္ဆာန်များကို ချစ်ခင်စောင့်ရှောက် တတ်သည်။ အနာရောဂါတို့ကို ပျောက်ကင်းအောင် စွမ်းဆောင် နိုင်သူဖြစ်၍ အထူးသဖြင့် မီးဖွားနေသော မိန်းမသားတို့အား စောင့်ရှောက်တတ်၏။ ယင်းအားတိမစ်နတ်သမီးသည် အပျိုစင် နတ်သမီးဖြစ်၏။ နောင်တော် အပိုလိုနတ်မင်းကဲ့သို့ပင် ကမ္ဘာသူ ကမ္ဘာသားတို့အား သနားကရုဏာ ကြီးမားသူ ဖြစ်သည်။ အေးရီးစ် (မားစ်) စစ်မက်နှင့်ဆိုင်သော နတ်ဖြစ်၍ သွေးထွက်သံယိုမှုကို လိုလားကာ ကြမ်းကြုတ် ရက်စက်သည့် စိတ်ဓာတ်ရှိသည်။ ထို နတ်မင်းကား ဇုစ်နတ်မင်းကြီးနှင့် ဟီရာမိဖုရားကြီးတို့၏ သားတော် ဖြစ်၏။ ရောမလူမျိုးတို့က မားစ်နတ် တစ်နည်း အေးရီးစ်နတ်အား ရောမမြို့တော်ကို တည်ထောင်သူ ရိုမျူလပ်၏ ခမည်းတော် ဖြစ်သည်ဟုယူဆသဖြင့် ဇုနတ်မင်း ကြီး(ဂျူပီတာ) မှလွဲလျှင် ဒုတိယနေရာထားကာ ကိုးကွယ်ကြလေသည်။ အက်ဖရိုဒိုက် ဤနတ်သမီးမှာ ပင်လယ်လှိုင်းတံပိုး၏ ရေမြှုပ်မှဖွား၍ ရေနန်းသူဇာ အဓိပ္ပာယ်ရှိသည့် အက်ဖရိုဒိုက်ဟူသောအမည်ကို ရသည်။ ဇုနတ်မင်းကြီး၏ အမြတ်နိုးဆုံး သမီးတစ်ပါး ဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် အလှအပဆိုင်ရာ နတ်သမီးတည်း။ ကြော့ရှင်းလှပသော ရုပ်ဆင်း ရူပကာကြောင့် လူနှင့်နတ်တို့ ယောက်ျားသားမှန်သမျှမှာ ထိုနတ်သမီးအား အလွန်စွဲလန်းကြသည်။ ပင်လယ်ထဲမှ ပေါက်ဖွားလာသူဖြစ်၍ ပင်လယ်သမုဒ္ဒရာနှင့် ဆိုင်ရာ ရေသတ္တဝါ အပေါင်းကို စောင့်ရှောက်သည်။ အဆင်းမာန်တက်ကာ မာနထောင်လွှားသဖြင့် ဇုစ်နတ်မင်းကြီးက မိဖုရားကြီး ဟီရာမှ မွေးဖွားသော ခြေမသန်သည့် သားတော် ဟီဖက်စတပ်နှင့် သူ့အား လက်ဆက်ပေးခဲ့၏။ ထိုနတ်သမီးသည် လက်ထပ်ထိမ်းမြားရေး၌ အကူအညီပေး၍ သားဖွားကိစ္စ၊ အိမ်ထောင်ရေးကိစ္စတို့၌ စောင်မကြည့်ရှု သူဟု အယူရှိကြ၏။ အချစ်နတ်သမီးဖြစ်သည့်အလျောက် ယောက်ျားတို့၏ စိတ်ကို စိုးပိုင်နိုင်သည်ဟုလည်း ဂရိလူမျိုးတို့ ယုံကြည်ကြလေသည်။ ဟီဖက်စတပ်(ဗာလကန်) မီးနတ်ဖြစ်သည့်ပြင် အိုလမ်ပတ်စ်နတ်ဘုံမှ ပန်းပဲနတ်လည်း ဖြစ်သည်။ ဇုစ်နတ်မင်းကြီးနှင့် မိဖုရားကြီး ဟီရာတို့၏ ရင်သွေးတော်ဖြစ်၍ ခြေမသန်ရှာပေ။ နတ်အပေါင်းတို့ စွဲကိုင်သည့် လက်နက်များ၊ လှပဆန်းကြယ်သည့် နတ်ဘုံနတ်နန်းများမှာ ထိုနတ်မင်း၏ ဖန်တီး လုပ်ကိုင်ပေးမှုများ ဖြစ်၏။ အက်ဖရိုဒိုက် နတ်သမီး၏ ကြင်ယာတော် ဖြစ်၏။ ပန်းပဲသမားများ ကို စောင့်ရှောက်သောနတ်လည်း ဖြစ်၏။ အေသီနာ နတ်သမီးမှာ ဇုနတ်မင်းကြီး၏ ဦးနှောက်တွင်းမှ ဟီဖက်စတပ် နတ်မင်း၏ ကျေးဇူးကြောင့်သာလျှင် ဖွားနိုင် ခဲ့သည်။ တစ်ခါသော် နတ်မင်းကြီးမှာ ခေါင်းခဲဝေဒနာ စွဲကပ်လေရာ မခံမရပ်နိုင်အောင် ဖြစ်လာသဖြင့် သားတော် ဟီဖက်စတပ်နတ်အား မိမိ၏ဦးခေါင်းကို တူနှင့် ရိုက်ခွဲစေရန် အမိန့်ပေး၏။ ဟီဖက်စတပ်မှာ ခမည်းတော်အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် ခေါင်းကို ရိုက်ခွဲရပေသည်။ ခမည်းတော်၏ ဦးနှောက်အတွင်းမှ အေသီနာ နတ်သမီးသည် ချပ်ဝတ်တန်ဆာ ဆင်၍ လက်နက် အစုံစွဲကိုင်ကာ တစ်ခဲနက်သောအသံကို မြည်ဟီးစေလျက် ပေါ်ထွက်လာခဲ့၏။ ပိုဆိုက်ဒွန်(နက်ပ်ကျွန်း) ဇုစ်နတ်မင်းကြီးသည် ခမည်းတော် ကရိုးနပ်မင်းကြီး၏ ရိုက်ရာကို သိမ်းပိုက်လိုက်ပြီးနောက်တွင် မိမိအား ကူညီခဲ့သူ နောင်တော်တို့အား နယ်ပယ်များကို ခွဲဝေပေးသည်။ ဤသို့ပေးရာတွင် နောင်တော်တစ်ပါး ဖြစ်သူ ပိုဆိုက်ဒွန်နတ်မင်းအား ပင်လယ်သမုဒ္ဒရာဟူသမျှကို စိုးပိုင်ခွင့်ပေး၍ ရေပြင်အောက်တွင် စံမြန်းရန် ခမ်းနားကြီးကျယ် တင့်တယ်လှပသော နတ်နန်း ဗိမာန်ကြီးတစ်ဆောင်ကိုလည်း ပေးအပ်၏။ ယင်းသို့ဖြင့် ပိုဆိုက်ဒွန်မှာ ရေပြင်အပေါင်းကို စိုးမိုးစောင့်ရှောက်ရသော နတ်မင်း ဖြစ်လာ၍ ရေကြောင်းခရီးသွားများသည် သူ့အား ကိုးကွယ်ပသ လေ့ရှိ၏။ ထိုနတ်မင်းသည် အသွား ၃ ခွရှိ လက်သုံးတော် ခက်ရင်းလှံတံကိုဝင့်လိုက်လျှင် ကျောက်ဆောင်များကို ပြိုကွဲစေနိုင်၏။ လှိုင်းတံပိုး ထစေနိုင်၏။ မြေငလျင် တုန်လှုပ်စေ နိုင်၏။ မုန်တိုင်းကျစေနိုင်၏။ ထိုမျှ တန်ခိုးရှိသော နတ်မင်း ပေတည်း။ မြင်းဟူသည့် သတ္တဝါကို ထိုနတ်မင်းက ပထမဆုံး ဖန်ဆင်းခဲ့၍ မြင်းများကိုလည်း စောင့်ရှောက်သည့်နတ် ဖြစ်၏။ ဟားမီးစ်(မာကျူရီ) ဇုစ်နတ်မင်းကြီးနှင့် တောင်စောင့်နတ်သမီး မေယာတို့မှ ဖွားမြင်သည်။ ထိုနတ်ကား စေတမန်နတ်သားဖြစ်သည်။ ထို့ကြောင့် ဟားမီးစ်နတ်၏ ရုပ်တုများတွင် ခေါင်း၊ ခြေထောက်တို့ကို အတောင်များတပ်ကာ ထုလုပ်လေ၏။ ထိုနတ်သားသည် သေသူ များ၏ ဝိညာဉ်များကို ငရဲနှင့် တန်သူကို ငရဲကိုလည်းကောင်း၊ နတ်ပြည်နှင့် တန်သူကို နတ်ပြည်သို့လည်းကောင်း ပို့ဆောင်ပေးတတ်သည်။ ထိုနတ်မင်းသည် ခရီးလမ်းပန်းများနှင့် ခရီးသည်များကို စောင့်ရှောက်တတ်သည်။ စကားအရာ၌လည်း ကျွမ်းကျင်လိမ္မာ ၍ စကားပြောမှုနှင့် အသက်မွေးသူတို့၏ ကိုးကွယ်ပသခြင်း ခံရသောနတ်လည်း ဖြစ်သည်။ ကျန်းမာရေး ကစားခုန်စားပွဲ များကို နှစ်သက်၍ အားပေးကူညီတတ်၏။ စည်းစိမ်ဥစ္စာတို့ကို ပေးစွမ်းနိုင်သည့် နတ်ဟူ၍လည်း ယုံကြည်ကြသည်။ အချို့ ပုံပြင်များတွင် ဟားမီးစ်နတ်သည် သူခိုးဓားပြတို့ကို ကာကွယ် စောင့်ရှောက်ပေးသူ ဟူ၍ ဆိုလေသည်။ ဟေးဒိစ် (ပလူတို) ဇုစ်နတ်မင်းကြီး၏ နောင်တော်တစ်ပါးဖြစ်၍ သုန်မှုန်သော မျက်နှာထားအမူအရာရှိ၏။ ခမည်းတော်အား နန်းချပြီးသည့် နောက်တွင် ဇုနတ်မင်းက ဟေးဒိစ်အား မြေအောက်ကမ္ဘာ တစ်ခွင်ကို စိုးမိုးအုပ်ချုပ်သော ငရဲမင်းအဖြစ် ခံယူစေသည်။ ထိုဟေးဒိစ်နတ်မင်းကြီး၏ ရုပ်သွင်သည် ဇုနတ်မင်းကြီးနှင့် တူသော်လည်း ပို၍ ဣန္ဒြေကြီးပြီးလျှင် ခက်ထန်သည်။ ဟေးဒိစ် နတ်မင်းသည် မြေဩဇာကောင်းအောင် ကူညီမှိုင်းမ ပေးနိုင်သဖြင့် လယ်သမားတို့က ကိုးကွယ်ပသကြသည်။ အခါတစ်ပါး၌ ရံရွေတော်ဖော်တစ်သင်းနှင့် ပန်းခူးထွက်ခဲ့သော ပါဆက်ဖိုနီ နတ်သမီး ကို ဟေးဒိစ်သည် မြင်း ၄ ကောင်ကသော ရထားထက်သို့ ရုတ်တရက် အတင်းပွေ့တင်ကာ မိမိစံရာ ငရဲပြည်သို့ ခေါ်ဆောင်ခဲ့ပြီးသော် မိဖုရား မြှောက်လေသည်။ ပါဆက်ဖိုနီ နတ်သမီးကား ဒီမီတာနတ်သမီး၏ သမီးတည်း။ ဒိုင်ယာနိုက်ဆပ်စ်(ဘက်ကပ်စ်) ဇုနတ်မင်းကြီးနှင့် လူသားမင်းသမီးတစ်ပါးတို့မှ မြင်သော သားတော်ဖြစ်၍ ဝိုင်အရက်ချိုနှင့် အသီးအနှံပင်ကလေးများကို စောင့်သော နတ်ဖြစ်သည်။ အစဉ်အမြဲ စိတ်လက်ကြည်သာ ရွှင်လန်းစွာနေတတ်၍ ငြိမ်းချမ်းသာယာမှုကို လိုလားသော နတ်သားဖြစ်၏။ ထိုနတ်သား ငယ်ရွယ်စဉ်ကပင် မယ်တော် မင်းသမီးမှာ ဇုနတ်မင်းကြီး၏ မိဖုရားဟီးရ၏ပရိယာယ်ကြောင့် မိုးကြိုးခ၍ ကွယ်လွန်ခဲ့ရာ ထိုသားတော်ကလေးကိုသာ ခမည်း တော်က သူ၏တန်ခိုးဖြင့် ကာကွယ်လိုက်သဖြင့် ချမ်းသာရာ ရခဲ့လေသည်။ ဒီမီးတာ(ဆီးရီး) ဇုနတ်မင်းကြီး၏ နှမတော်ဖြစ်၍ ဂရိနတ်တို့တွင် တန်ခိုးအကြီးဆုံး နတ်သမီးတစ်ပါးဖြစ်၏။ ထိုနတ်သမီးကြီးသည် ကမ္ဘာလောကဓာတ်ကြီး သာယာဝပြောစေရန် ကောက်ပဲသီးနှံနှင့် သစ်ပင်ပန်းပင်တို့ကို ဖန်တီး စောင့်ရှောက်ပေး၏။ ထို့ကြောင့် ထိုနတ်သမီးအား လယ်တော် နတ်သမီးဟူ၍လည်းကောင်း၊ မြေဆီဩဇာ နတ်သမီးဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။ ငြိမ်းချမ်းရေးမှာ စည်ပင် သာယာဝပြောရေးအပေါ်၌ တည်ပေရာ ဒီမီတာနတ်သမီးအား ဥစ္စာစီးပွားနှင့် ငြိမ်းချမ်းရေးကို ပေးသူဟူ၍ ယူဆကြ၏။ ဒီမီတာတွင် ပါဆက်ဖိုနီ အမည်ရှိ သမီးတော်ကလေး တစ်ပါး ရှိ၏။ လောကဓာတ်တစ်ခုလုံးတွင် စည်ပင်သာယာ ရေးကို ဆောင်ရွက်ရသဖြင့် ဒီမီတာမှာ အလွန်အလုပ်များလှ ပေရာ သမီးတော်ကလေးအား ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက် ထိန်းသိမ်းခြင်း မပြုနိုင်ရှာဘဲ အပျိုဖော်တစ်သင်းနှင့် သမီးတော် အား နေစေ၏။ တစ်နေ့သော် ပန်းခူးထွက်ခဲ့သည့် ပါဆက် ဖိုနီအား အပျိုဖော်များအလစ်တွင် မြေအောက်ဘုရင် ဟေးဒိစ်က ရထား နှင့်တင်၍ ငရဲပြည်သို့ ခိုးပြေးလေရာ ဒီမီတာလည်း သမီးတော် အတွက် ရတက်ပွေကာ လောကဓာတ်ကြီးကို သာယာအောင် မပြုစုနိုင်တော့ချေ။ ထို့ကြာင့် လောကအလုံးမှာ အဖူးအပွင့် အသီးတို့ကင်းကာ ဆိတ်သုဉ်းခြောက်သွေ့နေခဲ့၏။ ထို့နောက် သမီးတော်ကလေးအား စကြဝဠာတစ်ခုလုံး အထပ်ထပ်လိုက်ရှာသော် ငရဲပြည် ဟေးဒိစ်၏ မိဖုရားဖြစ်နေကြောင်းကို တွေ့ရသည်။ ဤတွင် သမီးတော်အား နတ်ပြည်သို့ ပြန်ခေါ်နိုင်ရန် ကြိုးစားရှာ၏။ သို့သော် တစ်နှစ်လျှင် ၆ လမျှသာ နတ် ပြည်သို့ ပြန်ခေါ်ရန် ဟေးဒိစ်က ခွင့်ပြုလေသည်။ ထို့ကြောင့် ဒီမီတာသည် သမီးတော်ကလေး နတ်ပြည်သို့ ပြန်လာသည့် ၆ လတွင်သာ လောကကြီးကို စိမ်းလန်းသာယာအောင်ပြု၍ သမီးတော်နှင့် ကင်းကွာနေရသည့် ၆ လတွင် သာယာစည်ပင်မှု ကို မပြုစုနိုင်သဖြင့် တစ်နှစ်ရာသီတွင် ၆ လမှာ ထိုင်းမှိုင်း မှုန်ပြာဝေနေခြင်း ဖြစ်သည်ဟု ဂရိတို့က အယူရှိကြ၏။ ပဲဆဲဖိုနီ(ပရိုဆဲပီနာ) ဒီမီတာနတ်သမီး၏ သမီးတော်ဖြစ်၍ မြေအောက်ဘုရင် ဟေးဒိစ်၏ မိဖုရားဖြစ်သည်။ မယ်တော် အလုပ်များနေခိုက် ရံရွေတော်အပျို ဖော်တစ်သင်းနှင့် ပန်းခူးထွက်ရာမှ တစ်ဦးတည်း အဖော်ကွဲနေခဲ့စဉ် ဟေးဒိစ် ပေါ်ပေါက်လာပြီးလျှင် ငရဲပြည်သို့ ရထားနှင့် တင်ဆောင်သွားကာ မိဖုရား မြှောက်ထား၏။ မယ်တော်မှာ သမီးတော်အတွက် ပရိဒေဝမီးတောက်လောင်ကာ လောကကြီး ကို သာယာတင့်တယ်အောင် မပြုနိုင်တော့ချေ။ ထိုကြောင့် ဇုစ်နတ်မင်းကြီးက ဟေးဒိစ်အား ပါဆက်ဖိုနီကို သူ့မယ်တော်ထံသို့ တစ်နှစ်တွင် ၆ လမျှ ပြန်စေခွင့်ပြုရန် အမိန့်ပေးသည်။ မယ်တော်သည် သမီးတော်ပြန်လာချိန်တွင် လောကအလုံးကို သာယာစိုပြည်အောင် ပြုတတ်သည်။ ပါဆက်ဖိုနီမယ်တော်ထံ ပြန်နေချိန်ဖြစ်သည့် နွေဦးရာသီမှာ စိမ်းလန်းစိုပြည်၍ အလွန်သာယာသည်။ ဟက်စရှာ(ဗက်စတာ) ဇုနတ်မင်းကြီး၏ နှမတော်တစ်ပါး ဖြစ်သည်။ အပျိုစင်နတ် သမီးဖြစ်၍ ဇုနတ်မင်းကြီး၏ နတ်နန်းတွင် အတူစံရ၏။ ထို နတ်သမီးကို အိုးအိမ်စောင့်သူ နတ်သမီးဟု ခေါ်ဝေါ်ကြ သည်။ ဟက်စရှာ၏ တာဝန်ဝတ္တရားမှာ အချမ်းပြေမီးလှုံသည့် မီးဖိုများ မည်သည့်အခါမျှ မီးမငြိမ်းစေရန် စောင့်ရှောက်ပေး ရခြင်း ဖြစ်၏။ ထိုမီးဖိုမီးငြိမ်းပါက အိုးအိမ်နှင့်မတူ၊ အိုးအိမ် မပီမသ ဖြစ်ရ၏။ ထိုနတ်သမီး၏ နတ်ကွန်းများတွင် သူ့အား ပူဇော်သည့် ဆီမီးသည် မည်သည့်အခါမျှ ငြိမ်းမသွားစေရချေ။ ဆီမီးမပြတ် ပူဇော်ပေးရသူများမှာ အပျိုစင်များသာ ဖြစ်ရ သည်။ အီးရော့(ကျူးပစ်) သတ္တဘာဂ ဖူးစာနတ်ဟု ခေါ်ကြသော ထိုနတ်ကလေးမှာ အချစ်နတ်သမီး ဗီးနပ်၏သားတော် ဖြစ်၍ လေးနှင့်မြားကို စွဲကိုင်ကာ မယ်တော်၏ နောက်တော်ပါးမှ ဖဝါးထက်ကြပ် လိုက်ပါနေတတ်သည်။ အီးရော့သည် သူ၏မြားကို စိတ်ကူး တည့်ရာသို့ လွှတ်တတ်သည်။ သူ့မြားချက်ထိသူမှာ သေလောက် သောဝေဒနာကို မခံစားရစေကာမူ ထိုမြားချက်ဒဏ်ရာ ကုသ၍ ပျောက်ခဲလှသည်။ လူနတ်မဟူ မြားချက်ထိသူတို့တွင် ချစ် မေတ္တာစိတ်များ ဝင်စားလာတတ်သည်။ မြားနတ်မောင် အီးရော့ သည် သူ့မြားကို စူးစူးစမ်းစမ်းပြုပြီးမှ ပစ်ခတ်ခြင်း မပြုဘဲ သူပစ်ချင်သလို ပစ်တတ်သဖြင့် အဆင်မပြေသော အချစ်ကိစ္စ များ ပေါ်ပေါက်ရသည်ဟုဆိုကြ၏။ ထို့ကြောင့် မြားနတ်မောင် ၌ မျက်စိမရှိသဖြင့် အချစ်၌လည်း မျက်စိမရှိဟု အချို့က ဆို စမှတ်ပြုကြ၏။ သူတစ်ပါးတို့အား ချစ်ဒုက္ခ အနည်းနှင့်အများ ပေးတတ်သူ အီးရော့မှာ သူကိုယ်တိုင် အချစ်ဒုက္ခကို ခံစားခဲ့ရ၏။ တစ်ခါ သော် မယ်တော် အချစ်နတ်သမီးက ဘုရင်တစ်ပါး၏ သမီးတော် ဆိုက်ကီးမင်းသမီးကလေးမှာ ချောမွေ့လှပသဖြင့် မနာလိုဖြစ်ကာ ထိုမင်းသမီး၏ အချစ်ကိစ္စတွင် မဖွယ်မရာ ဖြစ်အောင်ပြုချေဟု သူ့အားစေခိုင်းလိုက်၏။ သို့သော် သူ့ကိုယ်တိုင် မင်းသမီး ကလေးအား မေတ္တာသက်ဝင်ခဲ့၍ သူသည် မည်သူမည်ဝါဖြစ် သည်ကို သိအောင်မပြုရဟုပြောကာ ဇနီးပြုခဲ့၏။ ဆိုက်ကီး မင်းသမီးကလေးမှာ သူ့အားမနာလိုနေသော အစ်မတော်များ၏ စကားကို နားယောင်ကာ ညအချိန် အီးရော့အိပ်နေခိုက်တွင် သူမည်သူဖြစ်သည်ဟု စူးစမ်းလေသည်။ ထိုအခါ အီးရော့က မျက်မာန်တော်ရှကာ သူ့အား စွန့်ခွာထွက်သွားလေသည်။ ဆိုက်ကီးမင်းသမီးလေးမှာ ကြင်ယာတော်၏ အထင်မှားချက် ပြေပျောက်ပါရန် သာမန်လူသားတို့ စွမ်းဆောင်နိုင်ခဲသော အလုပ်များကို ဆောင်ရွက်ခဲ့ရှာ၏။ နောက်ဆုံးတွင်မှ အီးရော့မှာ ကြင်ယာတော်ကလေး၏ဖြစ်ပုံကို သနားကရုဏာစိတ်ဝင်လာ သောကြောင့် ချစ်သူနှစ်ဦးမှာ ပြန်လည် ပေါင်းဖက်မိကြ၏။ အီးအော့(ဩရိုရာ) အရုဏ်နတ်သမီးဖြစ်၏။ နံနက်အရုဏ်ကျင်း၍ လင်းလုနီး သည့်အချိန်တွင် တောက်ပသော နနွင်းရောင် ဝတ်စားတန်ဆာ တို့ကို ဆင်ယင်ကာ နှင်းဆီသွေးရှိသော လက်များကို ဆန့်တန်းလျက် ညဉ့်လွှာရုံကိုပင် တင်လေ့ ရှိသည် ဆိုလေ သည်။ သူ့၌ အလွန်နူးညံ့ သိမ်မွေ့သော စိတ်နေသဘောထားရှိ သော်လည်း သူ၏သားတော်များမှာ အလွန် ထိန်းသိမ်းရခက် သည်။ သားတော်များကား ဇက်ဖာခေါ် နောက်လေနတ်သား၊ ဗိုရီယတ်ခေါ် မြောက်လေနတ်သား၊ ဩစတာခေါ် တောင်လေ နတ်သားနှင့် ယူးရပ်ခေါ် အရှေ့လေနတ်သားတို့ ဖြစ်ကြသည်။ အီးအော့သည်လည်း အဆင်မပြေသော ချစ်ကိစ္စနှင့် ကြုံခဲ့ရ ၏။ အရုဏ်နတ်သမီးသည် တောစောင့်နတ်သမီး ပရော့ကရစ် ၏ ကြင်ယာ၊ ဆက်ဖလပ်အမည်ရှိ မုဆိုးကို ချစ်ခင်စွဲလမ်းမိ၍ ထိုမုဆိုးကလည်း အမူအရာ နူးညံ့သိမ်မွေ့သူ အီးအော့အား ခင်မင်နှစ်သက်မိ၏။ မုဆိုးတောလိုက်ပြီး၍ အပန်းဖြေသည့်အခါ အီးအော့သည် မုဆိုးအား ချစ်ခင်ယုယစွာ ပြုစုပြီး ချစ်တင်းဆို လေ့ရှိသည်။ ပရော့ကရစ်သည် မိမိ၏ကြင်ယာ၏ အပြုအမူ ကို သင်္ကာမကင်းရှိ၍ တစ်နေ့တွင် လိုက်၍ ချောင်းသော် မုဆိုး နှင့် အရုဏ်နတ်သမီးတို့၏အဖြစ်ကို မြင်တွေ့ရလေ၏။ ထိုအခါ စိတ်မချုပ်တည်းနိုင်၍ ပုန်းကွယ်နေရာမှ ထွက်ခွာခဲ့သည်။ ပရော့ ကရစ်ချုံပုတ်ထဲမှ ပြေးထွက်သံကို သမင်ထင်သော မုဆိုးသည် အမှတ်မဲ့ သူ၏လှံတံနှင့် ပစ်လိုက်လေရာ ပရော့ကရစ်အား ထိမှန်သဖြင့် အသက်ကုန်လေသည်။ ထိုအခါ မုဆိုးသည် မိမိသတ်မိသည်ကို နောင်တရကာ နောက်နောင် အသက်ရှည် သမျှ ကာလပတ်လုံး မည်သူ တစ်ယောက်အားမျှ ချစ်ခြင်း မေတ္တာပေးအပ်တော့မည် မဟုတ်ဘဲ မိမိကြင်ယာအပေါ် ထားရှိသောသစ္စာကို စောင့်စည်းပါတော့မည်ဟု သန္နိဋ္ဌာန် ချလိုက်၏။ ထို့ကြောင့် အရုဏ်နတ်သမီးမှာ မိမိချစ်သူ ဆက် ဖလပ်၏မေတ္တာကို နောက်ထပ် မခံယူရရှာတော့ဘဲ အသည်းကွဲ မတတ် ချစ်ဒုက္ခ ခံစားရရှာသည်။ အရုဏ်နတ်သမီးသည် အပိုလိုနတ်မင်း၏ အစေအပါး တစ်ဦးလည်း ဖြစ်၏။ ကမ္ဘာသူ ကမ္ဘာသားတို့အား အလင်း ဓာတ်ပေးရန် အပေါ်လို နတ်မင်းက နေစကြာရထားဖြင့် အသင့် ရှိသောအခါ အရုဏ်နတ်သမီးက ညဉ့်လွှာရုံတည်းဟူသော ကန့်လန့်ကာကို မ တင်ကာ နေစကြာ ရထားကို လွှတ်သူ ဖြစ်သည်။ ပန်(ဖောနပ်) သိုးကျောင်းသူ၊ ဆိတ်ကျောင်းသူများကို စောင့်ရှောက်သော နတ် ဖြစ်သည်။ ဟားမီး(မာကျူရီ)နတ်မင်းနှင့် သစ်ပင်စောင့် နတ်သမီး တစ်ပါးတို့၏ သားတော်ဖြစ်၏။ သို့သော် ရုပ်ရည်ရူပ ကာ မလှရှာချေ။ ထို့ပြင် ပလွေမှုတ် အလွန်တော်သော်လည်း မည်သည့် တောစောင့်နတ်သား နတ်သမီးကမှ သူ့ပလွေသံကို နားမဆင်လိုကြချေ။ သို့သော် သိုးကျောင်းသား၊ ဆိတ်ကျောင်း သားကလေးများကမူ သူ့ပလွေသံကို နှစ်ခြိုက်မြတ်နိုးကြ၍ သူတို့ ၏ ဆိတ်ကလေး၊ သိုးကလေးများ ပျောက်ဆုံးသည့်အခါ ပန်းနတ်ကိုသာ ကူညီမှိုင်းမရန် တိုင်တည်ပသကြ၏။ ကရိုးနပ်(ဆက်တန်) ဇုနတ်မင်းကြီး၏ ခမည်းတော်ဖြစ်၍ တိုင်တန်နတ်မျိုးနွယ် ဖြစ်သည်။ ကိုးကွယ်ယုံကြည်မှူ ဂရိတို့သည် နတ်များစွာကို ကိုးကွယ်ယုံကြည် ကြသည်။ ကောင်းကင်နတ် (Zeus)၊ နေနတ် (Apollo)၊ လေနတ် (Athena) စသည့် တန်ခိုးကြီးနတ်များကို ကိုးကွယ်ကြသည်။ တမလွန်ဘဝနှင့် ပတ်သက်၍လည်း ယုံကြည်ချက် ထားရှိသည်။ မိမိတို့ အသက်ရှင်စဉ်က ပြုလုပ်ခဲ့သော ကောင်းမွေ၊ ဆိုးမွေ အလျောက် နောင်တမလွန်တွင် ရောက်ရှိရမည်ဟု ယုံကြည်ကြသည်။ ကိုးကား www.in2greece.com www.wordsources.info www.pantheon.org ဂရိနတ်ဘုရားများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%9B%E1%80%AD%E1%80%94%E1%80%90%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
C sharp (programming language)
C# (C sharp ဟု အသံထွက်ရန်) သည် Microsoft မှ ပြုလုပ်သော .NET ကို ဦးတည်သည့် ECMA (ECMA-334) and ISO (ISO/IEC 23270) စံမှီ object-oriented programming language ဖြစ်သည်။ Delphi တီထွင်သူ Anders Hejlsberg ဦးဆောင်သော C# language သည် C++ ၏ object-oriented syntax ကို အခြေခံပြီး ရှင်းလင်းလွယ်ကူရေးအတွက် အခြား programming language များ (အထူးသဖြင့် Delphi နှင့် Java) ကိုလည်း တုယူထားသည်။ တည်ဆောက်ပုံ ရည်ရွယ်ချက် ECMA စံတွင် C# ၏ တည်ဆောက်ပုံ ရည်ရွယ်ချက် ကို အောက်ပါအတိုင်း ပြသည်။ C# သည် ရှင်းလင်းသော၊ ခေတ်မှီသော၊ ယေဘူယျသုံး၊ object-oriented programming language ဖြစ်သည်။ software ခိုင်မြဲမှု (robustness)၊ တာရှည်ခံခြင်း (durability) နှင့် ပရိုဂရမ်မာ ထုတ်လုပ်မှု မြင့်တင်စေရေးအတွက် strong type checking၊ array bounds checking၊ မဖြစ်သေးသော ကိန်းရှင် များ သိခြင်း၊ source code portability၊ အလိုလျောက် garbage collection ပြုလုပ်ခြင်းတို့ ပါရှိရန်လိုသည်။ language တွင် distributed environment တွင်သုံးနိုင်သော software components ထုတ်လုပ်နိုင်ရန်။ C နှင့် C++ သုံးသော ပရိုဂရမ်မာများ ပြောင်းလည်းသုံးစွဲနိုင်မှု အရေးကြီးသော အချက်ဖြစ်သည်။ internationalization ရနိုင်မှုသည် အရေးကြီးသည်။ C# သည် hosted နှင့် embedded system များတွင် အသုံးပြုနိုင်ရန် အရေးကြီးသည်။ C# သည် memory နှင့် processing power သုံးစွဲမှုကို လျှော့ချရန် ရည်ရွယ်သော် လည်း C သို့မဟုတ် assembly language တို့နှင့် ယှဉ်ရန် မလိုပေ။ သမိုင်း .NET စလုပ်စဉ်တွင် class library များကို Simple Managed C (SMC) ခေါ် language/compiler သုံး၍ရေးသားခဲ့သည်။ ၁၉၉၁တွင် Anders Hejlsberg သည် Cool ခေါ် programming language ကို တည်တွင်ခဲ့သည်။ ၂၀၀၀ တွင် Professional Developers Conference (PDC) ၌ ထို programming language ကို C# ဟု အမည်ပေးခဲ့သည်။ ထို class library များနှင့် ASP.NET များကို C# သို့ ပို့ခဲ့သည်။ C# ဒီဇိုင်နာ ဖြစ်သော Anders Hejlsberg သည် Microsoft တွင် ထိပ်တန်း architect ဖြစ်ပြီး Visual J++, Borland Delphi နှင့် Turbo Pascal တို့၏ ဒီဇိုင်နာ တွင်လည်း ပါဝင်ခဲ့သည်။ သူ၏ အင်တာဗျူးနှင့် စာတမ်းများတွင် C++, Java, Delphi, နှင့် Smalltalk တို့၏ အားနည်းချက်များကို ဆွေးနွေးထားပြီး Common Language Runtime (CLR) အခြေခံ ဖြစ်ပေါ်ပုံကို တင်ပြထားသည်။ ထိုမှတစ်ဆင့် C# ဒီဇိုင်းလုပ်ခဲ့ခြင်းဖြစ်သည်။ အခြားသူများကမူ C# တွင် ထို programming language အပြင် အခြား programming language များကိုလည်း တုယူထားကြောင်း ငြင်းဆိုချက်များရှိသည်။ အသွင်လက္ခဏာများ ဒီဇိုင်းအားဖြင့် C# သည် Common Language Infrastructure (CLI) ၏ အတွင်းသဘော သဘာဝကို ဖော်ပြသော programming language ဖြစ်သည်။ C# ၏ အတွင်း type များမှာ CLI framework ၏ အသီးသီး value-type များကို တည်ဆောက်ထားသည်။ သို့သော် C# language ဖော်ပြချက်တွင် compiler ၏ code generation လိုအပ်ချက်တွင် C# compiler သည် CLI နှင့် ကိုက်ညီရမည် ကိုလည်းကောင်း ၊ Common Intermediate Language (CIL) ကို ထုတ်လုပ်ရမည်ကိုလည်းကောင်း ဖော်ပြမထားပေ။ သီအိုရီအားဖြင့် C# သည် C++ နှင့် Fortran တို့ကဲ့သို့ machine code များ ထုတ်လုပ်နိုင်သော်လည်း လက်တွေ့တွင်မူ CIL ကိုသာ ရည်ရွယ်သည်။ C# သည် C နှင့် C++ တို့နှင့် ခြားနားသလောက် Java နှင့် တူသည်။ ၎င်းတို့မှာ - global ကိန်းရှင် သို့မဟုတ် ဖန်ရှင် ဟူ၍မရှိပေ။ အားလုံးသော method နှင့် member များကို class ထဲတွင် ကြေညာရမည်။ သို့သော် public class များ၏ static method/variable များ အဖြစ်နှင့်မူ global ဖန်ရှင်/ကိန်းရှင် အစားရနိုင်သည်။ C နှင့် C++ တို့နှင့် မတူပဲ local variable များကို enclosing blog အတွင်း shadow variable အဖြစ် လုပ်၍မရပေ။ Variable shadowing ကို C++ ရေးထုံးများတွင် ရောထွေးစေတတ်ကြောင်း ဖော်ပြသည်။ C# သည် တိကျသော boolean type bool ကို အသုံးပြုသည်။ while နှင် if တို့ကဲ့သို့ ရွေးချယ်ချက်လိုသော အကြောင်းများတွင် boolean type လိုအပ်သည်။ C++ တို့တွင် boolean type အစား ကိန်းဂဏန်းတို့ကိုလည်း အသုံးပြုနိုင်သည်။ ဥပမာ if(a) တွင် a သည် bool အဖြစ်ပြောင်းရန်သာလိုသောကြောင့် a သည် int သို့မဟုတ် pointer လည်း ဖြစ်နိုင်ပေသည်။ C# သည် int ဆိုသည်မှာ မှန်သည် မှားသည် ဟု အဓိပ္ပာယ်မရပေ။ ထို့ကြောင့် = အစား == သုံးသော if (a = b) ဆိုသော တွေ့နေကြ အမှားများ ကင်းလေသည်။ C# တွင် unsafe ဟုပြထားသော block အတွင်းမှလွဲ၍ memory address pointer များကို သုံးမရပေ။ unsafe ကုတ်ပါသော ပရိုဂရမ် များသည်လည်း run ရန် အထူး အခွင့်လိုသည်။ unsafe pointer များသည် value-type, array, string သို့မဟုတ် stack တွင် ထားသော မက်မိုရီ ပို point လုပ်ထားနိုင်သည်။ unsafe အဖြစ် လုပ်မထားသော C# ကုတ်သည် System.IntPtr သုံး၍ pointer များကို သုံးနိုင်သော်လည်း ၎င်းတို့ကို dereference ကား လုပ်၍မရပေ။ Managed memory များကို free လုပ်၍မရပေ။ အလိုလျရောက် garbage collected ဖြစ်မည်။ Garbage collection ကြောင့် memory leaks ဖြစ်နိုင်သည်။ C# သည် using ကိုသုံး၍ finalization တွင်သေချာရန် ကုတ်ထည့်နိုင်သည်။ C# တွင် interface များစွာကို implement လုပ်နိုင်သော လည်း multiple inheritance ကား မရပေ။ ၎င်းအချက်မှာ C# ကို ဒီဇိုင်လုပ်စဉ်ကပင် ဆုံးဖြတ်ခဲ့သော dependency hell ကို ကာကွယ်ရန်ဖြစ်ပြီး CLI အဘောတယားတွင် ရှင်းလင်းစေသည်။ C# သည် C++ ထက် typesafe ဖြစ်စေသည်။ မူလ ပါဝင်သော type conversion များတွင် အန္တရာယ် မရှိသော အပြောင်းများသာ ခွင့်ပြုသည်။ ဥပမာ integer တို့တွင် ပို၍ ကြီးမားသော type သို့ပြောင်းခြင်းမျိုး၊ derived type မှ base type သို့ ပြောင်းခြင်းမျိုးတို့ ဖြစ်သည်။ ၎င်းတို့ကို compile-time၊ JIT အတွင်း နှင် တစ်ခါတစ်ရံ runtime တွင် အတည်ဖြစ် (enforce) စေသည်။ boolean နှင် integer သော်လည်းကောင်း enumeration member နှင် integer သော်လည်းကောင်း မူလ အပြောင်း (implicit conversion) မရှိချေ။ Enumeration member များကို ၎င်းတို့၏ namespace တွင် သီးသန့် ထားရှိသည်။ Accessor များဖြစ်သည့် Property များသည် C++ member field access များကဲ့သို့ object အတွင်းပိုင်းကို ပြောင်းလဲစေနိုင်သည်။ C++ တွင် member တစ်ခုကို public အဖြစ်ကျေးညာခြင်းဖြင် ထို member ကို ရေးဖတ်ခွင့် ပေးနိုင်ပြီး ပို၍ အသေးစိတ် ထိန်းချူပ်ရန် အတွက်မူ accessor method များကိုသုံးလေသည်။ C# တွင် Property သည်ပင် member access ကို ထိန်းချူပ်နိုင်ပြီး စစ်ဆေးနိုင်သည်။ ရှာဖွေနိုင်သော reflection အားလုံးရှိသည်။ ယခု C# တွင် reserved words ၇၇ လုံး ရှိသည်။ Common Type system (CTS) C# တွင် unified type system ရှိသည်။ ၎င်းကို Common Type System (CTS) ဟုခေါ်သည်။ unified type system ဆိုသောကြောင့် type များအားလုံး integer စသည် အခြေခံ type များအပါအဝင် System.Objec class ၏ subclass များဖြစ်သည်။ ထို့ကြောင့် မည်သည်မဆို ToString() method ရှိသည်။ သို့သော် စွမ်းရည်ကောင်းစေဖို့အတွက် ၎င်း primitive types များကို object များကဲ့သို့ heap တွင် မထားပဲ stack တွင် ထားသည်။ Datatype အမျိုးအစားများ CTS တွင် datatypes ကို အောက်ပါအတိုင်း ကဏ္ဍ နှစ်ခု ကွဲသည် - Value Type Reference Type value type များကို ၎င်း၏ တန်ဖိုးကိုသာ stack ၏ မက်မိုရီ တွင် သိုလှောင်ထားပြီး reference type များသည် ၎င်းတန်ဖိုးထားရှိပါ မက်မိုရီ နေရာကိုသာ သိမ်းထားသည်။ Value type တွင် integers (short, long), floating-point numbers (float, double), decimal (a base 10 number), structures, enumerations, booleans and characters တို့ပါဝင်ပြီး Reference Type တွင် objects, strings, classes, interfaces and delegates တို့ ပါဝင်သည်။ User-defined datatypes C# သည် struct သုံး၍ user-defined value types များ လုပ်နိုင်သည်။ Programmer အတွက်မူ ၎င်းသည် class အပေါ့စားများ အဖြစ်သုံးနိုင်သည်။ သာမန် class များနှင့်မတူပဲ standard primitives များကဲ့သို့ ၎င်းတို့ကို heap မှာ မထားပဲ stack မှာ ထားသည်။ ၎င်းသည် object ၏ အစိတ်ပိုင်း သို့မဟုတ် array တွင်လည်းကောင်း အသုံးပြုနိုင်ပြီး သာမန် class object များကဲ့သို့ memory indirection မလိုအပ်ပေ။ struct သည် များစွာသော အားနည်းချက်များရှိသည်။ struct တွင် null တန်ဖိုး မရှိသောကြောင့် array တွင် initialize မလုပ်ပဲ သုံးနိုင်သည်။ ၎င်းတန်ဖိုးများကို သုံးည ဖြင့်ဖြေဩားမည်ဖြစ်သည် (၎င်းတန်ဖိုးများကို ပြောင်း၍လည်း ရသည်)။ ပရိုဂရမ်မာ အနေဖြင့် argument တစ်ခုနှင့် အထက် ပါ struct constructor များ ပြုလုပ်နိုင်သည်။ အကြောင်းမှာ struct သည် virtual method table မရှိခြင်းကြောင့်ဖြစ်ပြီး ၎င်းကြောင့်ပင် inheritance မရနိုင်ပေ။ သို့သော် interface ကိုတော့ implement လုပ်နိုင်သည်။ Boxing and unboxing Boxing ဆိုသည်မှာ value type တစ်ခု၏ value ကို ၎င်း၏ reference type အဖြစ်သို့ ပြောင်းခြင်းဖြစ်သည်။ Unboxing ဆိုသည်မှာ (အရင် box လုပ်ထားသော) reference type တစ်ခု၏ value ကို ၎င်း၏ value type အဖြစ်သို့ ပြောင်းခြင်းဖြစ်သည်။ ဥပမာ - int foo = 42; // Value type. object bar = foo; // foo is boxed to bar. int foo2 = (int)bar; // Unboxed back to value type. Features of C# 2.0 ကိုးကား ပရိုဂရမ်းမင်း ဘာသာစကား
https://my.wikipedia.org/wiki/C%20sharp%20%28programming%20language%29
စီအက်စ်အက်စ်
ဤဝီကီတွင် CSS သုံးနည်းကို Help:Cascading style sheets တွင်ကြည့်ပါ။ Cascading Style Sheets (CSS) သည် stylesheet language တစ်ခုဖြစ်ပြီး markup language များ၏ အမြင်ပုံစံ ဖော်ပြရာတွင်သုံးသည်။ အသုံးအများဆုံး တို့မှာ ဝက်ဘ် စာမျက်နှာ တို့တွင်သုံးသော HTML နှင် XHTML တို့ ဖြစ်ကြသော်လည်း CSS ကို SVG, XUL အပါအဝင် မည်သည့် XML စာကို ဖော်ပြရာတွင်လည်းသုံးနိုင်သည်။ CSS ကို ဖတ်ယူသူ၏ စာဖတ်ရေးကိရိယာမှ အရောင်၊ ဖောင့်၊ နေရာချပုံတို့ နှင် အခြားအရာများကို ပြောင်းနိုင်သည်။ CSS ၏ အဓိက တာဝန်မှာ HTML သို့ ၎င်းကဲ့သို့ markup language မှ အဓိပ္ပာယ် စာသား နှင် CSS ဖြင်ရေးသော အမြင်တို့ကို ခွဲခြားရန်ဖြစ်သည်။ ထိုခွဲခြားခြင်းသည် စာသားကို အမျိုးမျိုးသော နည်းတို့ဖြင် အဓိပ္ပာယ် မပြောင်းစေပဲ ရယူ ကြည့်ရှုနိုင်သည်။ ထို့အပြင် CSS သုံးခြင်းဖြင် အမြင်ပြင်ဆင်မှု ရှင်းလင်းပြီး ပုံဆောင်သော စာသား (structured content) ကိုရစေသည်။ CSS ကိုသုံးခြင်းဖြင့် စာသားကို မျိုးစုံသော နည်းတို့မှာ ကွန်ပျူတာ မြင်ကွင်း၊ ပုံနှိပ်၊ အသံ (အသံထွက်သော browser ဖြင့်) နှင် Braille ကို အခြေခံသော အတွေ့အထိတို့ ဖြစ်သည်။ CSS နည်းစဉ်ကို ဆင့်ကဲဆင့်ကဲ အကျိုးသက်ရောက်စေသည်။ ထို့ကြောင့် ဆင့်ကဲ (cascade) ဟုခေါ်ခြင်းဖြစ်သည်။ CSS (Cascading Style Sheet) CSS ဆိုတာက Markup Language တွင်ရေးသားထားသော Document တစ်ခု၏ သွင်ပြင်နှင့် ပုံစံ ကိုဖော်ပြခြင်းအတွက် အသုံးပြုသော Style Sheet ဘာသာစကား တမျိုးဖြစ်သည်။ CSS ကိုဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ Document Content နဲ့ Style ကို ခွဲခြားထားချင်လို့ပါတယ်။ HTML ကို content struture တည်ဆောက်ဖို့ အသုံပြုပြီး အဲ့ဒီ Content တွေကို ဘယ်လိုပုံစံ ဖော်ပြရမလဲဆိုတာကို CSS နဲ့ သတ်မှတ်ရတဲ့သဘောဖြစ်ပါတယ်။ CSS ကို အသုံးပြုကြတာကတော့ HTML နဲ့ XHTML တို့နဲ့ ရေးတဲ့ web page ရဲ့ style တွေ နဲ့ user interface တွေ ပြောင်းလဲစဉ် မှာအများစုအသုံးပြုတာတွေ့ရပါတယ်။ CSS Style Language ကိုတွီထွင်ဖို့ ဆွေးနွေးကြတော့ အဆိုပြုချက် Proposla (၉)မျိုးအထိ ရှိခဲ့ပါတယ်။ အဲ့ဲဒီ ထဲက (၂) မျိုးကို အခြေခံပြီး တီထွီဖို့ W3C ကဆုံးဖြတ်ခဲ့ပါတယ်။ Cascading HTML Style Sheet (CHSS) နဲ့ Stream-based Style Sheet Proposal(SSP) တို့ပဲဖြစ်ပါတယ်။ CHSS ကတော့ ယနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ CSS နဲ့ ပိုပြီးနီးစပ်ပါတယ်။ CSS ကို HTML နဲ့တင်မက ပါဘူး တခြား Markup Language တွေနဲ့လဲ တွဲဖက်အသုံးပြုနိုင်ပါတယ်။ (ဥပမာ အားဖြင့်ပြောရရင် XML(Plain Old XML), SVG(Scalable Vector Graphics) နှင့် XUL )။ ဒါကြောင့်မလို့ CHSS ကနေ H ကိုဖယ်လိုက်ပြီး CSS လို့အမည်တွင်စေခဲ့တာပါ။ HTML နဲ့ JavaScript တို့နဲ့တူတူ CSS ကို အများစု အသုံးပြုနေကြတဲ့အတွက် အသုံးပြုသူကို အမြင်အာရုံ ဆွဲဆောင်မှုရှိတဲ့ ဝက်ဘ်စာမျက်နှာများ၊ Web Application အတွက် User Interface တွေ၊ Mobile Application အတွက် user interface တွေဖန်တီးရန် အတွက် အဓိက အုတ်မြစ်ဖြစ်လာပါတယ်။ CSS ဟာတစ်ခြား Style Language တွေနဲ့မတူပဲ CSS ရဲ့ တစ်မူထူးခြားချက်ကတော့ Document တခုအတွက် တစ်ခုထက်ပိုတဲ့ Style Sheets တွေတွဲဖက်အသုံးပြုနိုင်ပြီး၊ Style Sheet တခုက အခြား Style Sheet တခုထဲက သတ်မှတ်ချက်တွေကို Inherit လုပ်ယူပြီး ဆက်လက်အသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ Cascade style sheet လို့ခေါ်တာဖြစ်ပါတယ်။ CSS ကိုဒီလိုအခင်းအကျင်းအဖြစ် element တွေကိုအရောင်နဲ့ဖောင့်အပါအဝင်စာရွက်စာတမ်းတင်ဆက်မှုမှစာရွက်စာတမ်းအကြောင်းအရာခွဲခြားပြီး enable လုပ်ဖို့အဓိကအားဖြင့်ဒီဇိုင်းပြုလုပ်ထားသည်။ ထိုသို့ခွဲခြားမှုဖြင့် အကြောင်းအရာကို တိုးတက်ကောင်းမွန်အောင် တင်ဆက်မှု ဝိသေသ လက္ခဏာများ၏ အသေးစိတ်များကို .css ဖိုင်ထဲမှာကသက်ဆိုင်ရာ CSS ကိုသတ်မှတ်ခြင်းအားဖြင့် format နဲ့မျှဝေခြင်း၊ structural content ပါဝင်သော အကြောင်းရာများ အတွက် ရှုပ်ထွေးမှု နှင့် အထပ်ထပ်ပြောဆိုခြင်းကို လျှော့ချနိုင်ရန် Multiple HTML စာမျက်နှာများကို enable လုပ်နိုင်ရန်။ ၁၉၉၆ ဒီဇင်ဘာလ မှာ CSS ရဲ့ ပထမဆုံး version ကို ကြေညာခဲ့ပါတယ်။ CSS မှာ version လို့တော့သုံးလေ့မရှိပါဘူး။ CSS Level လို့ပဲခေါ်ကြပါတယ်။ CSS Level 1 ဖြစ်ပါတယ်။ အခုနောက်ဆုံး HTML version 5 မှာ နဲ့ တွဲဖက်ပါဝင်လာတာကတော့ CSS Level 3 ဖြစ်ပါတယ်။ ယခုလက်ရှိ အများစု အသုံးပြုနေကြတာကတော့ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ မှာကြေညာခဲ့တဲ့ CSS 2 (Level 2 Revision 1) ဖြစ်ပါတယ်။ Syntax CSS ဟာ Programming Language တခုမဟုတ်သလို Markup Language လဲမဟုတ်ပါဘူး။ ကြေညာချက်တွေ စုစည်းထားတဲ့ Language တမျိုးပဲဖြစ်ပါတယ်။ CSS မှာဆိုရင်ဖြင့် ရိုးရှင်းတဲ့ syntax တွေနဲ့ အမျိုးမျိုးသော Style ရဲ့ ဂုဏ်သတ္တိများရဲ့ အမည်များကိုသတ်မှတ်ဖို့ရာအတွက် english keywords များကို အသုံးပြုကြပါတယ်။ Style sheet တခုမှာဆိုရင် စည်းမျည်း စည်းကမ်းတွေ ရဲ့ list မှာပါဝင်ပါတယ်။ rule တခုချင်းစီ (သို့) rule-set တွေမှာ selector တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော selector များနှင့် decelaration များကို ပိတ်ပင်မှုတွေပါဝင်ပါတယ်။ Selector CSS မှာ အရေးကြီးဆုံးက Selector ဖြစ်ပါတယ်။ Element ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ HTML Document တခုထဲက ကိုယ့် Style သတ်မှတ်လိုက်တဲ့ Element ကို Select လုပ်ရွေးချယ် နိုင်ခြင်းဟာ ပထမဆုံးလိုအပ်ချက်ဖြစ်ပါတယ်။ ဝက်ဘ် နည်းပညာ သင်​ေပးပါလာ mk:CSS селектори
https://my.wikipedia.org/wiki/%E1%80%85%E1%80%AE%E1%80%A1%E1%80%80%E1%80%BA%E1%80%85%E1%80%BA%E1%80%A1%E1%80%80%E1%80%BA%E1%80%85%E1%80%BA
စာလုံး သိမ်းဆည်းပုံ
စာလုံး သိမ်းဆည်းပုံ (character encoding) တွင် character set မှ စာလုံးများ အစဉ်အတိုင်း ဆက်စပ်ချက်ကို ဖော်ပြသော ကုဒ် (code) များပါဝင်သည်။ ထိုကုဒ်များကို ကွန်ပြူတာတွင် စာအဖြစ်သိမ်းဆည်းရလွယ်ရန်နှင့် အဝေးပြော တယ်လီဖုန်း ကွင်ယက်များတွင် သယ်ယူရလွယ်စေရန် သဘာဝ ကိန်း၊ octets သို့မဟုတ် လျှပ်စစ် အဖြတ် (electrical pulse) များ အဖြစ်သိမ်းဆည်းသည်။ ထင်ရှားသော ဥပမာများမှာ Latin alphabet ကို telegraph key အတို အရှည် များဖြင့်ပြသော Morse code နှင် စာ, ဂဏန်း နှင့် အခြား သင်္ကေတ များကို သိမ်းဆည်းသော ASCII တို့ဖြစ်ကြသည်။
https://my.wikipedia.org/wiki/%E1%80%85%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%20%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%86%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%AF%E1%80%B6
ကွန်ပျူတာ ဟတ်ဒ်ဝဲလ်
ကွန်ပြူတာ Hardware အချို့..... Monitor Keyboard Mouse CPU(Central Processing Unit) Printer HardDisk Motherboard RAM Graphic Card Drives (CD /DVD) Power Supply Floppy Disk စသည်ဖြင့်........ ကွန်ပျူတာ ကွန်ပျူတာ ဟတ်ဒ်ဝဲလ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%20%E1%80%9F%E1%80%90%E1%80%BA%E1%80%92%E1%80%BA%E1%80%9D%E1%80%B2%E1%80%9C%E1%80%BA
စီမံအုပ်ချုပ်မှု ဒီပလိုမာ
စီမံအုပ်ချုပ်မှု ဒီပလိုမာ(Diploma in Manamgement and Administration) ကို ရန်ကုန်စီးပွားရေး တက္ကသိုလ် ၊ စီမံခန့်ခွဲမှု ပညာဌာနမှ ဖွင့်လှစ် သင်ကြားသည်။ DMA program ကို ၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် Department of Commerce and Administration Studies မှစတင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ပရော်ဖက်ဆာ ဦးဝီလျှံပေါ (Professor William Paw) ဦးဆောင်ပြီး အခြား ပရော်ဖက်ဆာများ၏ ပူးပေါင်းမှု၊ University of Utah မှ exchange professor များ၊ ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည်။ စီမံအုပ်ချုပ်မှု ဒီပလိုမာကို စီးပွားရေးနှင့် စက်မှုလုပ်ငန်း လိုအပ်ချက် ကြီးထွားမှုအတွက် စွမ်းဆောင်ရည် ပြည့်ဝသော မန်နေဂျာများ၊ ကျွမ်းကျင်သော အုပ်ချုပ်သူများ ဖြည့်ဆည်းပေးရန်အတွက် စတင် ဒီဇိုင်းရေးဆွဲခဲ့သည်။ DMA program သည် ကောင်းစွာအောင်မြင်ခဲ့ပြီး ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာ သင်တန်းသားများကို ဆွဲဆောင်နိုင်ခဲ့သည်။ case ကိုတင်ပြပြီး သင်တန်းသားများ၏ အမြင့်ဆုံး စွမ်းဆောင်ရည်သို့ တိုးတက်စေမည့် အပြန်အလှန် ဆွေးနွေးသင်ကြားသည့် novel teaching methods ကိုအသုံးပြုသည်။ ပညာရေး
https://my.wikipedia.org/wiki/%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%20%E1%80%92%E1%80%AE%E1%80%95%E1%80%9C%E1%80%AD%E1%80%AF%E1%80%99%E1%80%AC
ဒက်ဆု မီရာ့ဂျ် ၂၀၀၀
Mirage 2000 သည် ပြင်သစ်နိုင်ငံ၏ Dassault Aviation မှ ထုတ်လုပ်သော ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း (၉) နိုင်ငံ၌ အသုံးပြုလျက် ရှိကာ အစီးပေါင်း (၆၀၀) ကျော် ထုတ်လုပ်ပြီးဖြစ်သည်။ အခြေခံ အချက်အလက်များ လေယာဉ်သား (၁) ဦး လေယာဉ်အလျား (၁၄.၃၆) မီတာ တောင်ပံအလျား (၉.၁၃) မီတာ လေယာဉ်အမြင့် (၅.၃) မီတာ အမြင့်ဆုံး အမြန်နှုန်း = အသံထက် (၂.၂) ဆ သုံးစွဲလျက်ရှိသော နိုင်ငံများ (ဒီဇင်ဘာ ၂၀၁၃ တွင် အနားပေးခဲ့သည်) ကိုးကား နည်းပညာ တိုက်လေယာဉ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%80%E1%80%BA%E1%80%86%E1%80%AF%20%E1%80%99%E1%80%AE%E1%80%9B%E1%80%AC%E1%80%B7%E1%80%82%E1%80%BB%E1%80%BA%20%E1%81%82%E1%81%80%E1%81%80%E1%81%80
ဗမာ့သူရဲကောင်း (သီချင်း)
ဗမာ့သူရဲကောင်း သီချင်းသည် သဟာယ ဆရာတင်ရေးသားခဲ့ပြီး အဆိုတော်မျိုးချစ်က သီဆိုခဲ့သော ၁၉၄၂ သီချင်းတစ်ပုဒ်ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုတော် ကိုမြကြီး က ပြန်လည်သီဆိုခဲ့သည်။ မူလရေးသားစဉ် သီချင်းအမည်မှာ ဗမာ့သူရဲကောင်း ဖြစ်သော်လည်း ပညာရေးဝန်ကြီးဌာန စတုတ္ထတန်း သင်ရိုးသစ် မြန်မာစာဖတ်စာတွင် "မြန်မာ့သူရဲကောင်း" အမည်ဖြင့် ဖော်ပြထားပြီး စာသားများတွင်လည်း ဗမာ အစား မြန်မာ ပြောင်းလဲဖော်ပြခဲ့သည်။ နောက်ခံ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ၌ စစ်ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ စွမ်းဆောင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် သဟာယဆရာတင်က ဗမာ့သူရဲကောင်း သီချင်းကို ရေးသားခဲ့ကာ အဆိုတော်မျိုးချစ်က သီဆိုခဲ့သည်။ စာသား ကိုးကား စတုတ္ထတန်း မြန်မာဖတ်စာ (သင်ရိုးသစ်) မြန်မာသီချင်းများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%B0%E1%80%9B%E1%80%B2%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%20%28%E1%80%9E%E1%80%AE%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%29
သုဝဏ္ဏဘူမိလေဆိပ်
သုဝဏ္ဏဘူမိလေဆိပ်(Suvarnabhumi Airport; ท่าอากาศยานสุวรรณภูมิ, ဒါ့အာကာၐယာန်သုဝဏ်ဏဘူမိ) သည် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်အရှေ့ဘက် ၂၅ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ဘန်ကောက်နှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ကူးသန်းသွားလာကြသည့် လေယာဉ်ခရီးသည်များအား အကျိုးဆောင်လျက်ရှိသည်။ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်(သစ်)ဟုလည်း လူသိများသည်။ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၂ ခု ရှိသည့်အနက် အဓိက လေဆိပ်ဖြစ်သည်။ အခြားအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည်။ သုဝဏ္ဏဘူမိ လေဆိပ်သည် မြေဧရိယာ ၁၉၈၀ ဟက်ကာ (၇၄၀၀ ဧက) ကျယ်ဝန်းသည်။ သုဝဏ္ဏဘူမိလေဆိပ်အား ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြည်တွင်းလေယာဉ် အချို့အတွက် ဖွင့်လှစ်ခဲ့ပြီး ၂၈ ရက်နေ့တွင် ပြည်တွင်းလေယာဉ်အများစုနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်များအတွက် ဖွင့်လှစ် လည်ပတ်ခဲ့သည်။ သုဝဏ္ဏဘူမိလေဆိပ်သည် အပြည်ပြည်ဆိုင်ရာထိုင်း လေကြောင်းလိုင်း၊ ဘန်ကောက် လေကြောင်းလိုင်း၊ အောရီရန့်ထိုင်း လေကြောင်းလိုင်း တို့၏ အခြေစိုက်လေဆိပ်ဖြစ်သည်။ သုဝဏ္ဏဘူမိ (ရွှေရောင်မြေ) ဟူသောနာမည်ကို ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဗလအတုလျတေဇကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရွှေနိုင်ငံဖြစ်သော ထိုင်းနိုင်ငံကို ရည်ညွှန်းခြင်းဖြစ်သည်။ သုဝဏ္ဏဘူမိ လေဆိပ်သည် ၁နှစ်လျှင် ခရီးသည် ၅၃ သန်း ဝန်းဆောင်မှုပေးနိုင်ကာ ကမ္ဘာပေါ်တွင် အခု (၂၀)မြောက် အလုပ်အများဆုံး လေဆိပ်ဖြစ်သည်။ လေဆိပ်ကုဒ် "BKK"ကို ဒွန်မောင်းလေဆိပ်မှ လွှဲပြောင်းရယူခဲ့သည်။ လေကြောင်းလိုင်းနှင့် ပျံသန်းရာမြို့များ ခရီးသည် ကိုးကား ထိုင်းနိုင်ငံရှိ လေဆိပ်များ အပြည်ပြည်ဆိုင်ရာ လေဆိပ်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AF%E1%80%9D%E1%80%8F%E1%80%B9%E1%80%8F%E1%80%98%E1%80%B0%E1%80%99%E1%80%AD%E1%80%9C%E1%80%B1%E1%80%86%E1%80%AD%E1%80%95%E1%80%BA
ဘန်ကောက်မြို့
ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဖြစ်သကဲ့သို့ မြို့တော်လည်းဖြစ်သည်။ ထိုင်းပင်လယ်ကွေ့ထဲသို့ စီးဝင်သော မဲနမ်မြစ်(ကျောက်ဖယားမြစ်) ၏ မြစ်ကမ်းပေါ်တွင် တည်ရှိ၍ ပင်လယ်ကွေ့မှ ၁၅ မိုင်ခန့် ကွာဝေးသည်။ မဲနမ်မြစ်သည် ထိုင်းနိုင်ငံ၏ ကုန်သွယ်စီးပွားရေးအတွက် ပင်မသွေးကြောသဖွယ် ဖြစ်ပေရာ နိုင်ငံ၏အလယ်ပိုင်းဒေသများနှင့် ထိုမြစ်ကြောင်းတလျှောက်မှ ရောက်လာကြသော ဆန်စပါး၊ ကျွန်းသစ်၊ ကြက်ပေါင်စေး၊ သစ်စေ့၊ ငြုပ်ကောင်းစသည့် နိုင်ငံ၏ ထွက်ကုန်များကို ဘန်ကောက်မြို့၏ တဖက်ကမ်းရှိ ပင်လယ်သင်္ဘောဆိပ်ကမ်းမှတဆင့် နိုင်ငံခြားသို့ ပို့ရသည်။ ပိုး၊ ခြည်ထည်၊ စက်ကိရိယာ၊ ကုန်မာပစ္စည်းစသော သွင်းကုန်များကိုလည်း ဘန်ကောက်မြို့မှတဆင့် နိုင်ငံအရပ်ရပ်သို့ ဖြန့်ဖြူးရသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်အတွက် ဘန်ကောက်မြို့မှတဆင့် ဆောင်ရွက်ပေးရလေသည်။ ဘန်ကောက်မြို့ကို အနောက်ဘက်မှ ဖြတ်သန်းစီးဆင်းသွားသော မဲနမ်မြစ်၏ တဖက်တချက်မှနေ၍ သွယ်တန်းဖောက်လုပ်ထားသော တူးမြောင်းများစွာတို့သည် မြို့ကိုဖြတ်သန်း စီးဆင်းလျက် ရှိကြရာ၊ ထိုတူးမြောင်းများကို မြို့တွင်း ကူးသန်းသွားလာရေးအတွက်လည်း အသုံးပြုကြသည်။ မြို့တွင်း၌ ယင်းသို့သော တူးမြောင်းများ ရှိကြသဖြင့်လည်း ဘန်ကောက်မြို့ကို “အရှေ့တိုင်း၏ ဗင်းနစ်မြို့” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ထိုတူးမြောင်းများထဲတွင် ဆင်းရဲသားများ နေထိုင်ကြသော လှေအိမ်များနှင့် ရေပေါ်ဆိုင်များလည်း ရှိကြသည်။ မြို့တော်နာမည်အပြည့်အစုံဖူကစ် အမည်တွင် ထိုင်းသာသာအရ "ကရုင်ဒေဝမဟာနဂိုရ် အမရရတနကောသိန္ဒြ မဟိန္ဒြာယုဓျာ မဟာတိလောကဘဝ နဝရတနရာဇဓာနီပူရီရမျ ဥတ္တမရာဇနိဝေသမဟာဌာန အမရဗိမာနဝတာရသ္ထိတ သက္ကတတ္တိယ ဝိၑ္ဏုကမ္မပြသိဒ္ဓိ" ဖြစ်သည်။ အများအားဖြင့် ကရုင်‌ဒေဝ (ဝါ) ကရုင်ထပ် ဟုခေါ်လေ့ရှိသည်။ ရာသီဥတု ဘန်ကောက်မြို့၏ ရာသီဥတုသည် အပူပိုင်းဇုန် ရာသီဥတုမျိုးဖြစ်၍ ပူပြင်းစိုစွတ် ထိုင်းမှိုင်းသည်။ မိုးရာသီသည် ဇူလိုင်လမှ အောက်တိုဘာလအထိ ဖြစ်၍ ဆောင်းရာသီသည် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်ပြီးလျှင် နွေရာသီသည် မတ်လမှ ဇွန်လအထိ ဖြစ်သည်။ ဆောင်းရာသီအခါ၌ပင် ချမ်းအေးလွန်းလှသည်ဟူ၍ မရှိပေ။ လူဦးရေနှင့် လူမျိုးများ ဘန်ကောက်မြို့သည် ၁၀ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေ( ၁၉၅၈ ခုနှစ် ခန့်မှန်းချက်အရ) ၁.၇ သန်းခန့် ရှိသည်။ ထိုင်းဘုရင်မင်းမြတ် စံမြန်းရာ နန်းတော်ကြီးရှိသော နန်းမြို့သည် စတုရန်း ၁ မိုင်ခန့် ကျယ်ဝန်း၍ မြို့ရိုးပတ်လည် ဝိုင်းရံထားသည်။ ဘန်ကောက်မြို့သည် မူလက ခံတပ်မြို့ဟောင်းနေရာဖြစ်၍ ၁၇၈၂ ခုတွင်မှ ထိုင်းနိုင်ငံ၏ မြို့တော်အဖြစ် ထားရှိပြီးလျှင် တိုးချဲ့ဆောက်လုပ် စည်ကားလာလေသည်။ ၁၇၉၂ ခုနှစ်မတိုင်မီက နန်းမြို့နေရာတွင် တရုတ်ကုန်သည်များ နေထိုင်ခဲ့သည်။ ပထမရာမဘုရင်မင်းမြတ်လက်ထက်တွင် ထိုနေရာ၌ နန်းတော်ဆောင်များ ဆောက်လုပ်ခဲ့ရာ နန်းတော် ၂ ဆောင်သာ ရှိတော့သည်။ နန်းမြို့အတွင်း မြောက်ဘက်၌ ယိုးဒယားမင်း အဆက်ဆက်တို့ ကိုးကွယ်သော ထင်ရှားကျော်ကြားသည့် မြသားဆင်းတုတော် တည်ရှိရာ မြဘုရားတန်ဆောင်း ရှိသည်။ မြဘုရား၏ တန်ဆောင်းနံရံတို့တွင် နိပါတ်တော်လာ ပန်းချီများနှင့် ရာမဇာတ်တော်လာ ပန်းချီခန်းများကို ယိုးဒယား အနုပညာဖြင့် ရှုမငြီးစရာ သရုပ်ဖော်ထားသည်။ ထိုနန်းမြို့တွင်း၌ပင် အမျိုးသားပြတိုက်၊ အမျိုးသားပိဋကတ်တိုက်၊ နန်းတွင်းသူ နန်းတွင်းသားတို့ နေထိုင်ရာအဆောက်အဦးများ ရှိလေသည်။ မြို့၏ဖွဲ့စည်းပုံ ဘန်ကောက်မြို့ပေါ်တွင် ဘုရားတန်ဆောင်းနှင့် ဘုန်းကြီးကျောင်းပေါင်း (၄၀၀) ကျော် ရှိပေရာ၊ ယင်းတို့မှ ပြောင်လက်သော စဉ့်အုတ်ကြွပ်မိုးများနှင့် သေးသွယ်ရှည်လျားပြီးလျှင် ဝင်းဝင်းလက်လက် ရှိနေသော စုလစ်မွန်းချွန်တို့ကို လေယာဉ်ပေါ်မှ မြင်ရလျှင် လှံကိုင်တပ်တတပ် ရပ်တည်နေသကဲ့သို့ ထင်ရသည်။ ယိုးဒယား ဗိသုကာလက်ရာတို့ဖြင့်ပြီးသော ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်းနှင့် နန်တော်အဆောက်အအုံများကား တမျိုးတဖုံ တင်တယ်လှပေကြသည်။ မြန်မာဘုရား၊ ကျောင်းတန်ဆောင်းတို့တွင် ခြင်္သေ့ရုပ်နှင့် မကင်းသကဲ့သို့ ဘန်ကောက်မြို့မှ ဘုရားကျောင်း တန်ဆောင်းတို့၌ ခန့်ညားသော ဘီလူးရုပ်ကြီးများကို တွေ့ရတတ်သည်။ နန်းမြို့ရိုး၏ အပြင်ဘက်တွင်ကား ခေတ်မီတိုက်တာ အဆောက်အအုံများ၊ လမ်းကျယ်ကြီးများ၊ ပန်းဥယျာဉ်များနှင့် ခန်းနားသိုက်မြိုက် သပ်ရပ်လှပေသည်။ မြို့၏ အစည်ကားဆုံးနေရာမှာ နယူးရုဒ်လမ်းမကြီး ဖြစ်သည်။ နယူးရုဒ်လမ်းမကြီးအပြင် ယောဝရတ် လမ်းမကြီးနှင့် တရုတ်လူမျိုးများ အများအပြားနေထိုင်ရာ တရုတ်ရပ်ကွက် ဖြစ်သော ဆမ်ပင်းရပ်ကွက်တို့သည် အရောင်းအဝယ် အစည်ကားဆုံးဖြစ်သည်။ နိုင်ငံခြားထွက်ပစ္စည်း၊ နိုင်ငံခြားပစ္စည်းမျိုးစုံကို ရရှိနိုင်သည်။ တရုတ်၊ အိန္ဒိယ၊ ဥရောပ၊ အမေရိကန် စသော နိုင်ငံခြားဆိုင်ကြီး ကန္နားကြီးများလည်း ရှိသည်။ ဘန်ကောက်မြို့၏ ခေတ်အမှီဆုံး အလှအပ အသပ်အရပ်ဆုံး လမ်းမကြီးမှာ ရာဇဒမ္မာန်ရိပ်သာဖြစ်၍ ပါရီမြို့မှ လမ်းမကြီး တစ်ခုသဖွယ် ပြုပြင်ဖန်တီးထားသည်။ ထိုလမ်းမကြီး၏ အဆုံးတဖက်တွင် မြဘုရားတန်ဆောင်းရှိ၍ အခြားတဖက်ဆုံးတွင် သမကုန်း နန်းတော်ကြီး ရှိသည်။ ထိုနန်းတော်ကြီးကို ချူလာလောင်ကွန်းဘုရင် စတင်ခဲ့၍ ဝဇီရာ ဝုဓ(ဆဌရာမ) မင်းမြတ်က ၁၉၁၇ ခုနှစ်တွင် အပြီးသတ်သည်။ ကျောက်ဖြူသားဖြင့် အီတာလျံနေဆွန်း ပုံစံအတိုင်း ဆောက်လုပ်ထား၍ ခန့်ညားလှပသည်။ ယခုအခါ ပါလီမန် လွှတ်တော်အဖြစ် ပြုလုပ်ထားသည်။ ရာဇဒမ္မာန် ရိပ်သာကို မျက်နှာပြုလျက်ရှိသော အဆောက်အအုံများမှာ အစိုးရရုံးကြီးများ၊ ပထမတန်းစား ဟိုတယ်များနှင့် ရုပ်ရှင်ရုံများသာ ဖြစ်လေသည်။ ခရိုင်များ ဘန်ကောက်မြို့တွင် ခရိုင်အပေါင်း ၅၀ ခု ပါဝင်သည်။ အားကစား ဘောလုံးနှင့် မွှေထိုင်းလက်ဝှေ့တို့မှာ ဘန်ကောက်မှာ လူကြိုက်အများဆုံး အားကစားများ ဖြစ်ကြသည်။ ဘန်ကောက်မြို့တွင် ထိုင်းလိဂ်တွင်ကစားလျက်ရှိသောမြောင်ထောင်ယူနိုက်တက်၊ ဘန်ကောက်ယူနိုက်တက်၊ ပေါ့ နှင့် ပုလိတယ်ရို အစရှိသော နာမည်ကြီး ဘောလုံးအသင်းများ အခြေစိုက်သည်။ ပိုက်ကျော်ခြင်း ကစားခြင်းကို မြို့အနှံ့ကွင်းပြင်များတွင် ကစားကြသည်ကို တွေ့ရလေ့ရှိသည်။ ဘုရင် ချူလာလောင်ကွန်း လက်ထက်တွင် အနောက်တိုင်းကစားနည်းများ ခေတ်စားလာခဲ့သည်။ ဂေါက်သီးကစားနည်း ကို လူကုံထံ အသိုင်းအဝိုင်းများက အဓိက ကစားကြပြီး ဂေါက်ကွင်းများကိုလည်း ဘန်ကောက်မြို့တွင် အများအပြားတွေ့ရသည်။ ၂၀ ရာစုအလယ်ပိုင်းတွင် မြင်းပြိုင်ပွဲများ ခေတ်စားခဲ့သည်။ အားကစားကွင်းများ အများအပြားရှိသောလည်း အမျိုးသား အားကစားကွင်း နဲ့ ဟွာမက် အားကစားကွန်းပလက်စ် တို့မှာ အဓိကဖြစ်သည်။ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၈ နှင့် ၁၉၉၈ အာရှအားကစားပွဲများကို လက်ခံကျင်းပခဲ့သည်။ ၁၉၅၉ ခုနှစ်မှ စတင်၍ အရှေ့တောင်အာရှ အားကစားပွဲတော် ကို အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံကျင်းပခဲ့သည်။ သယ်ယူပို့ဆောင်ရေး ဘန်ကောက်မြို့ရှိ မြစ်ချောင်းများကို ရှေးယခင်က အဓိကသယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ကားလမ်းများကို အသုံးပြုလာကြခြင်းကြောင့် တံတားများတည်ဆောက်လာခဲ့ကြသည်။ ချာရွမ်ခရမ်လမ်းရှိ တံတားသည် အနောက်တိုင်းနည်းပညာကို ပထမဆုံးအသုံးပြုပြီးတည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ၁၈၆၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထို့နောက် လမ်းကွန်ယက်ကို တဖြေးဖြေးချဲ့ထွင်လာခဲ့သည်။ အမြန်လမ်းများကြီးများမှ မြို့လည်ခေါင်မှ မြို့ပြင်သို့ ယာဉ်ကျောပိတ်ဆို့မှုကို ကျော်လွှားပြီး အလွယ်တကူရောက်ရှိနိုင်သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ၁၉၉၀ ပြည့်နှစ်များတွင် ယာဉ်ကျောပိတ်ဆို့မှုများ စတင်ခဲ့သည်။ ၁၈၉၃ခုနှစ်တွင် မြို့ပတ်ရထားလမ်းများ စတင်ခဲ့သော်လည်း ၁၈၉၄ ခုနှစ်မှ ၁၉၆၈ ခုနှစ်ထိ လမ်းအလယ်ခေါင်သွား ဓာတ်ရထားများကိုသာ အသုံးပြုခဲ့သည်။ ၁၉၉၉ ခုနှစ်မှသာ ခေတ်မှီ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် စတင်နိုင်ခဲ့သည်။ ကျောက်ဖယားမြစ်နှင့် ချောင်း ၂ ခုမှ စက်လှေများဖြင့်လည်းကောင်း၊ အငှားကားများ၊ မော်တော်ဆိုင်ကယ်များနှင့် တုတ်-တုတ်ဟုခေါ်သော သုံးဘီးဆိုင်ကယ်များမှာ အသုံးပြုသူများပြားသည်။ ဘန်ကောက်မြို့ကို အခြားသောမြို့များနှင့် အ‌ဝေးပြေးလမ်းများ၊ မီးရထားလမ်းများနှင့်သာမက လေကြောင်းများနှင့် သွားလာနိုင်သည်။ ဘန်ကောက်တွင် နိုင်ငံတကာလေဆိပ် ၂ ခု တည်ရှိသည်။ ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ခွန်လုံထုံ ဆိပ်ကမ်းမှာ အရေးပါသည်။ ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့သည် သယ်ယူပို့ဆောင်ရေးအတွက် လမ်းများတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများအတွက် စီမံခန့်ခွဲရန် တာဝန်ရှိသည်။ အချို့သော သယ်ယူပို့ဆောင်ရေးစနစ်များအတွက် စီမံခန့်ခွဲရန်အတွက် သီးခြားအဖွဲ့အစည်းများ ဖွဲ့စည်းထားရှိသည်။ ပြည်ထောင်စုအစိုးအရအဖွဲ့ကသာ ရန်ပုံငွေချထားခြင်းနှင့် မူဝါဒချမှတ်ခြင်းများ ပြုလုပ်သည်။ ကားလမ်းများ ကားလမ်းသည် ဘန်ကောက်မြို့၏ အသုံးအများဆုံး ဆက်သွယ်ရေးဖြစ်သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မြို့မှာ သမရိုးကျလေးထောင့်စပ် မြို့တည်ဆောက်ပုံမဟုတ်တော့ပေ။ အဓိကလမ်းမကြီး ၄၈ လမ်းက မြို့၏ မတူညီသော နေရာများကို ချိတ်ဆက်ပေးထားသည်။ ကျောက်ဖယားမြစ်ကို တံတားများထိုး၍ မြို့ ၂ ဖက်ကို ချိတ်ဆက်မှုများ ပြုလုပ်ထားသည်။ ကားလမ်းကျပ်မှုများကြောင့် အမြန်လမ်းများ တည်ဆောက်ထားပြီး မြို့လယ်ခေါင်နှင့် မြို့ပြင် သွားလာရာတွင် ကားကျပ်တည်းမှုပြဿနာကို ရှောင်ရှားနိုင်ရန် ပြုလုပ်ပေးထားသည်။ ၁၉၈၀ပြည့်နှစ်များတွင် ဘန်ကောက်မြို့ အလျှင်အမြန်တိုးတက်လာပြီး မော်တော်ကားပိုင်ဆိုင်မှု တိုးတက်လာကာ ၂၀၀၆ ခုနှစ်ထိ ယာဉ်ကျောပိတ်ဆို့မှု ပိုမိုများပြားခဲ့သည်။ ဘန်ကောက်မြို့တွင် ယာဉ်အစီးရေ ၄ သန်းနီးပါး ရှိသည်။ အဆိုပါ ယာဉ်ကျော်ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ မိုးပျံ အမြန်လမ်းများ တည်ဆောက်ခြင်း၊ အများပြည်သူသုံး ပို့ဆောင်ရေးစနစ် စတင်ခြင်းတို့ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ယာဉ်ကျောကျပ်တည်းမှု ပြဿနာသည် အခုတိုင် တည်ရှိနေဆဲဖြစ်သည်။ ယာဉ်ကျောကျပ်တည်းမှုကြောင့် ဘန်ကောက်မြို့၏ လေထုညစ်ညမ်းမှု မြင့်တက်ခဲ့သည်။ ၁၉၉၀ပြည့်နှစ်များတွင် စိုးရိမ်ရသောအခြေအနေထိ ရောက်ခဲ့သည်။ သို့သော် လောင်စာဆီအရည်အသွေး မြှင့်တင်ခြင်း၊ ကားမီးခိုးထုတ်လွှင့်မှု ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၀၀ခုနှစ်များတွင် လေထုညစ်ညမ်းမှုပြဿနာ အတော်အတန် ပြေလည်ခဲ့ရသည်။ ဘတ်စ်ကားများနှင့် အငှားကားများ အောင်နိုင်မှုအထိမ်းအမှတ်ကျောက်တိုင် (Victory Monument)သည် ဘန်ကောက်မြို့၏ အဓိကသယ်ယူပို့ဆောင်ရေး အခြေစိုက်ရာဖြစ်သည်။ အဆိုပါနေရာတွင် ဘတ်စ်ကားများ၊ အငှားကားများ အများအပြားကိုတွေ့မြင်နိုင်သည်။ ဘန်ကောက်မြို့တွင် တစ်မြို့လုံးကိုလွှမ်းခြုံနိုင်သော ဘတ်စ်ကားကွန်ယက်ရှိသည်။ ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BMTA) သည် ဘတ်စ်ကားဝန်ဆောင်မှုကို တစ်ဦးတည်းလုပ်ကိုင်သည်။ ဘတ်စ်ကားလမ်းကြောင်းပေါင်း ၄၇၀ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့ (BMA) သည် သီးသန့်ဘတ်စ်ကားလိုင်းကို စတင်ခဲ့သည်။ အဆိုပါလိုင်းသည် စီးပွားရေးအချက်အချာကျရာ စတွန် မှ မြို့အနောက်ဘက် ရာချာဖရက် အထိ ပြေးဆွဲသည်။ အငှားယာဉ်များကို ဘန်ကောက်မြို့၏ နေရာတိုင်းတွင် တွေ့ရသည်။ ၂၀၁၂ခုနှစ် ဩဂုတ်လထိ အငှားကား ၁သိန်းကျော်၊ အငှားမော်တော်ဆိုင်ကယ် ၆သောင်းနီးပါးနှင့် တုတ်-တုတ် (ခေါ်) သုံးဘီးဆိုင်ကယ် ၉ ထောင်နီးပါး ရှိသည်။ အငှားကားများကို မီတာဖြင့်လည်းကောင်း ညှိနှိုင်းဈေးဖြင့်လည်းကောင်း ငှားရမ်းနိုင်သည်။ သို့သော် လမ်းကြောင်းမသင့်လျှင် ကားဆရာမှ ငှားရန်ငြင်းဆန်မှုကြောင့် ရှိနိုင်သည်။ အငှားမော်တော်ဆိုင်ကယ်များကို ခရီးအကွာအ‌ဝေးအလိုက် ဆိုင်ကယ်သမားနှင့် ညှိနှိုင်းဈေးဖြင့် ငှားနိုင်သည်။ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများကြောင့် အငှားမော်တော်ဆိုင်ကယ်များကို ဖျက်သိမ်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်မှ အငှားမော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ခြင်းဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။ မီးရထားလမ်း ဘန်ကောက်မြို့သည် မီးရထားလမ်းဆုံမြို့လည်း ဖြစ်သည်။ ရေလမ်း လေကြောင်းလမ်း ဘန်ကောက်မြို့သည် အာရှတိုက်၏ လေကြောင်းဆက်သွယ်ရေးအများဆုံး တည်ရှိနေရာ မြို့လည်း ဖြစ်သည်။ ဘန်ကောက်မြို့တွင် လေဆိပ် ၂ ခုရှိသည်။ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ဖြစ်သည်။ ၂၀၀၆ခုနှစ် သုဝဏ္ဏဘူမိလေဆိပ် စတင်ဖွင့်လှစ်စဉ်က ဒွန်မောင်းလေဆိပ်ဟောင်းကို ပိတ်ခဲ့သော်လည်း လေဆိပ်ခရီးသည် များပြားမှုများကြောင့် ဒွန်မောင်းလေဆိပ်ကို ၂၀၀၇ခုနှစ်တွင် ပြည်တွင်းခရီးစဉ်များအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၂ အောက်တိုဘာလတွင် တန်ဖိုးနည်းလေကြောင်းလိုင်းများအတွက် နိုင်ငံတကာခရီးစဉ်များကို သုဝဏ္ဏဘူမိမှ ဒွန်မောင်းသို့ပြန်လည်ပြောင်းရွေ့ခဲ့သည်။ သုဝဏ္ဏဘူမိလေဆိပ်ကို ၂၀၁၉ ခုနှစ်တွင် ခရီးသည် သန်း၆၀ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ၂၀၂၁ခုနှစ်တွင် ခရီးသည် သန်း၉၀ ဝန်ဆောင်မှုပေးနိုင်ရန် တိုးချဲ့လျက်ရှိသည်။ ကိုးကား ထိုင်းနိုင်ငံ ထိုင်းနိုင်ငံရှိ မြို့များ အရှေ့တောင်အာရှရှိ မြို့များ အာရှတိုက်ရှိ မြို့တော်များ
https://my.wikipedia.org/wiki/%E1%80%98%E1%80%94%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မြို့ထောင့်စေတီ
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့၏ အရှေ့ မြောက်ဘက်တွင် တည်ရှိသည်။ အလောင်းမင်းတရား တည်ထားခဲ့သည်။ အလောင်းမင်းတရားသည် ဟံသာဝတီ(ပဲခူး)တွင် နေထိုင်စဉ် ရွှေမော်ဓောဘုရားအား ဖူးမြော်ခဲ့ပြီး ကြည်ညိုသဒ္ဓါပွားများကာ ရွှေဘိုသို့ ပြန်လည်အရောက်တွင် တည်ထားကိုးကွယ်ခဲ့သည်။ မူလက မော်ဓောမြင်သာစေတီတော်ဟု ဘွဲ့အမည်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မြို့ထောင့်စေတီဟုသာ အမည်တွင်ခဲ့သည်။ မြို့ထောင့်စေတီ သည် ရွှေဘိုမြို့၏ အရှေ့မြောက်ထောင့်အရပ်တွင် ရှိပြီး ရွှေဘိုသမိုင်းတွင် အရေးပါသည့် စေတီတစ်ဆူဖြစ်သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပကာ အထက်အညာဒေသတစ်လျှောက်အလွန်စည်ကားသည့် ဘုရားပွဲတော်ထဲပါသည်။ ဘုရားပွဲတော်၌  ခြင်းအလှခတ်ပြပွဲများ၊ လှေလှော်ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသည်။ ကိုးကား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%85%E1%80%B1%E1%80%90%E1%80%AE
မိဖုရား
မိဖုရားကြီး ၄ မျိုး ၎င်း တို့၏ သရုပ်အဓိပ္ပာယ်ကို အောက်ပါမဃဒေဝလင်္ကာသစ်စကားဖြင့်ထင်ရှားစေသည်။ 'ရွှေထီးပြောင်ပြောင်၊ နန်းဆောင်ဆောင်ထက်၊ မြောက် တောင်, အနောက်၊ အလယ်မြှောက်၍၊ လေးယောက် မိဖုယား၊ အကြီးထားမှ'။ အကျယ်ကို နန်းရမိဖုရားမျိုး ၄ ပါးမှာ ကြည့်ပါ။ မိဖုရား ၈ ပါး ရေတွက်ပုံ မြန်မာနိုင်ငံ၏ သမိုင်း မြန်မာဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%96%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8
အမျိုးသမီး
အမျိုးသမီး သို့မဟုတ် မိန်းမ တစ်ဦးဆိုသည်မှာ လူသား အမသတ္တဝါတစ်ဦး ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး၏ လိင်သက်သေခံတစ်ခု ဖြစ်သည်။ အရွယ်ရောက်ပြီး အမသတ္တဝါတစ်ဦးကို ရည်ညွှန်းပြီး ကလေး သို့မဟုတ် ဆယ်ကျော်သက်အရွယ်ကို ကောင်မလေး သို့မဟုတ် မိန်းကလေး ဟု သုံးသည်။ သို့သော်လည်း အမျိုးသမီး အသုံးအနှုန်းကို လူသားအမများအတွက် အသက်အရွယ်မရွေး သုံးစွဲတတ်ကြသည်။ (ဥပမာ "အမျိုးသမီး အခွင့်အရေး") အမျိုးသမီးများတွင် ပျိုဖော်ဝင်ချိန်မှ သွေးဆုံးချိန်အထိ မီးဖွားခြင်းကဲ့သို့သော သီးသန့်လိင်ဖြစ်တည်မှု ရှိသည်။ မြန်မာကျမ်းများရှိ ဖော်ပြချက်များ မိန်းမ လေးမျိုး လောကီ ဣတ္ထိသျှတ္တရကျမ်းတွင် ဖော်ပြထားသော မိန်းမလေးမျိုးမှာ- ပဒုမ္မနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ရနံ့ ကြာညိုကဲ့သို့မွှေး, ရသာချို၏။ သံသာမြည်ကြွေး, စက္ကဝက်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။ သင်္ခရနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ရနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊ စိတ္တရနီ မိန်းမမျိုး- ဝါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ရနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊ ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ရနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား။ ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ဝမ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏။ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊ မိန်းမတို့၏ အလှဂုဏ်အင်္ဂါ ၆ ပါး မဖြူ၊ မညို၊ မနိမ့်၊ မမြင့်၊ မပိန်၊ မဝ၊ ဤ ၆-ဋ္ဌာန ညီမျှစွာရှိခြင်း။ မိန်းမတို့ အား ၅ ပါး မာတုဂါမတို့ မာန်တက်ကြောင်း အား ၅ပါး ရူပဗလ-အဆင်းအသွင် လှခြင်း၊ ဘောဂဗလ-ပစ္စည်း ဥစ္စာ ပေါများခြင်း၊ ဉာတိဗလ-ဆွေမျိုးတောင့်ခြင်း၊ ပုတ္တဗလ-သားရတနာရှိခြင်း၊ သီလဗလ-ကိုယ်ကျင့်သီလရှိခြင်း။ မှတ်ချက်။ ။ ဉာတိဗလ အစား ‘လိမ်မာခြင်းနှင့် မပျင်းရိခြင်း ကို ထည့်၍လည်း သဠယတန၌ ဟောသေး၏။ မိန်းမတို့၏ ဆွဲငင်ဓာတ် ၈ ပါး ယောက်ျား တို့ကို စွဲမက်အောင် ပြုမူခြင်း မာယာငယ် ဂ-ပါး ဟူဖြစ်၏။ မာယာ ၄၀-မှ။ သိတံ- ချိုပြုံးသော မျက်နှာပေး၊ ဟာသ-ညှင်းညှင်း သာသာ ရယ်သံ၊ ဘယ- ကြောက်လန့်ထိတ်ဟန်ပြု၊ လဇ္ဇ-ရှက်ဟန် အသွင်ပြု၊ မန္ဓဝါစာ-မကြားတကြား ပြောသောစကားသံ၊ အဒေက္ခဏာ-မျက်နက်ထောင့်ကပ်၍ ကြည့်ခြင်းမျိုး၊ ရုဒ-ကျူကျူ ကြာကြာ ရှိုက်သံ၊ ငိုသံပေးခြင်း ဤသံကလဟ-စကားပြန်ရရန် မခံချင်စရာကို စိတ်မဆိုးအောင် ဆွပေး ပြောဆိုခြင်းမျိုး၊ မာယာ ၄၀-၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ မိန်းမ မာယာ (၄၀) မိန်းမတို့၏ အပြစ် ၇ ပါး အရပ်ရှည်လွန်းသော မိန်းမ၊ အရပ်ပုလွန်းသူ၊ အသားဖြူလွန်းသူ၊ အသားမည်းလွန်းသူ၊ ဝလွန်းသူ၊ ပိန်လွန်းသူ ဟူ၏ စကားများလွန်သူ မိန်းမတို့၏ အပြစ် ၇ ပါး (တနည်း) များသောအားဖြင့် မိန်းမတို့မှာ ဖြစ်တတ်ကြောင်းကို ဟိတောပဒေသကဆို၏၊၊ အသတ်-ဖောက်ပြန်မှားယွင်း, မိစ္ဆာစာရ အကျင့်မျိုးကို ပြုတတ်ခြင်း၊ သာလာသာ-မစူးစမ်းမဆင်ခြင်, အမှုကိစ္စကို အဆောတလျင်ပြုတတ်ခြင်း။ မာယာ-ကောက်ကျစ်မတည်၊ လိမ်လည်လှည့်ဖြားတတ်ခြင်း၊ မစ္ဆရိယ - ဝန်တိုမိစ္ဆာ များစွာဖြစ်တတ်ခြင်း၊ အတိလုဒ္ဒ-တဏှာရာဂ၊ လောဘရမ္မက် ထက်မြက်ဖိစီး လွန်အားကြီးခြင်း၊ နိဂ္ဂုဏတွံ-ခမ်းနားကြီးကျယ်သော ပြုလုပ်ဖွယ်တို့၌ ရေလည်စွာ မသိမလိမ်မာခြင်း၊ အသောစတွံ-အတွင်းပြင်ပ နှစ်ဌာနဝယ် မစင်ကြယ် မသန့်ရှင်းခြင်း။ မိန်းမတို့၏ အပြစ် ၉ ပါး (နောက်ထပ်တနည်း) အ သစိ-မစင်ကြယ်ခြင်း၊ ဒု ဂန္ဇ-မကောင်းသော အနံ့ရှိခြင်း၊ သဘီရူ-အအိပ်ကြီးခြင်း၊ သ ပဋိဘယ-ကြောက်လန့်တတ်ခြင်း၊ ကောဓန-အမျက်ထွက်လွယ်ခြင်း၊ ဥပနာဟ-ရန်ငြိုးဖွဲ့ တတ်ခြင်း၊ ဃောရဝိသ- ရာဂထူထပ်ခြင်း၊ ဒုဇိဝှ-လျှာနှစ်ခွရှိခြင်း၊ မိတ္တဒုဗ္ဘိ-မိတ်ပျက်လွယ်တတ်ခြင်း။ မိန်းမတို့၏ ပျက်စီးခြင်း အကြောင်း ၉ ပါး မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊ လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊ လူများစွာ စည်းဝေးသော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊ ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊ ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊ အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊ လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊ လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊ ဝတ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။ မိန်းမတို့ ဖောက်ပြန် ပျက်စီးခြင်း အကြောင်းတရား ၁၃ ပါး သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊ ပိတု မန္ဒိရ နိ၀သန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊ ယာတြောဿဝ အင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊ ပုရိသ သနိဓိဂေါဋ္ဌီ- ယောက်ျားတို့နှင့် ဝိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊ အ နိယမဝါသ- အိမ်တကာ လျှောက်လည်၍ နေခြင်း၊ ဝိဒေသဝါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊ သ ကုလဋ သံသဂ္ဂ- လော်လီ သောသွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊ နိဇာယ ဝုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊ ပတိ ဝုဒ္ဓက- လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊ ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊ ပဝါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊ ပါန- သေအရက်သောက်ခြင်း၊ သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်ရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။ စောင့်ရှောက်အုပ်ထိမ်းမှု ရှိသင့်သော မိန်းမ ၂၁-မျိုး စောင့်ရှောက်ထိန်းသိမ်းမှု အမြဲရှိနေအပ်သော မိန်းမမျိုး နှစ်ကျိပ်တစ်ပါး (နှစ်ဆယ့်တစ်မျိုး) ရှိ၏။ မှတ်ချက်။ ။ ဤနှစ်ကျိပ် တစ်ပါးသော မိန်းမများအနက် တစ်ဦးတစ်ယောက်သောမိန်းမကပင် မိမိ၏ကာမကို သဘောတူပေါင်းသင်းရန် ပေးသော်လည်း အုပ်ထိန်းသူတို့၏အခွင့်ကိုမရဘဲ ပေါင်းသင်းသောယောက်ျားအား ကြီးလေးသောအပြစ်ဒဏ်ကိုပေးရမည်ဟု မနုကျယ် ဓမ္မသတ် ဆဋ္ဌမတွဲ ပုဒ်မ ၂၈-တွင် ဆိုလေသည်။ အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာအပ် (မကျူးလွန်အပ်) သော မိန်းမ ၂၀-ဖြစ်သည်။ မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ပိတု ရက္ခိတ- အဘအုပ်ထိန်းသော မိန်းမ၊ မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊ ဘဂိနိ ရက္ခိတ- အစ်မကြီးအစ်မငယ်အုပ်ထိန်းသောမိန်းမ၊ ဉာတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊ ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊ ဓမ္မရက္ခိတ- သီတင်းသုံးဖော်စောင့်ရှောက်အုပ်ထိန်းသောမိန်းမ။ သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ 'လက်ထပ်ပြီးသူ' လင်အုပ်ထိန်းသောမိန်းမ၊ သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊ ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊ ဆန္ဒ ဝါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ဘောဂ ဝါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ပဋဝါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင်ပြု၍နေသောမိန်းမ၊ ဩဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊ ဩဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊ ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊ မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖော်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။ မှတ်ချက်။ ။ ၎င်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏။ မှတ်စုများ ကိုးကား သုတေသနသရုပ်ပြအဘိဓာန် ပါရာဇိကဏ်ပါဠိတော်အဋ္ဌကထာဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ မူလဋီကာ။ မနုကျယ်ဓမ္မသတ်။ လောကီ ဣတ္ထိသျှတ္တရကျမ်း မဟာဝဂ္ဂသံယုတ် ။ဋ္ဌ။ ၂၅၉။ ဟိတောပဒေသ ပဉ္စင်္ဂုတ္တ။ ပါ။ ၂၂၇-၂၂၈-နှင့် ။ဌ။ ၈၂။ သဠာယတန သံယုတ် ။ ပါ။ ၄၄၃-၄၄၆ ။ဋ္ဌ။ ၁၂၆။ လောကနီတိ လိင် အမများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8
မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း
မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း ရေးသူ- ဒဂုန်တာရာ တရံရောခါ ရာဇာသေနင်း၊ ရွှေစိတ်တော်နှင့် ခန့်မသင့်၍၊ ဘုရင့်အာဏာစက် လက်ဝဲသုန္ဒရ၊ မင်းခ ကဗျာဆရာ မဲဇာသို့ ပို့လိုက်သတည်း။ ငါ တစ်မူကား မည်သူကမျှ၊ အမိန့်မချ မိမိဆန္ဒဖြင့်၊ မြို့ပြမှ ခွာ မဲဇာသို့ သွားနေလိုက်သည်။ ခေတ်သစ်မဲဇာ ထိုနေရာကား၊ ကတ္တရာလမ်းမှ ဝေးကွားလှလျက်၊ လယ်ကွင်းတစ်ဘက် တစ်ဘက်မှာတော၊ တောင်တစ်ကြောနှင့် အပြောကျယ်စွာ၊ ကောင်းကင်ပြာနှင့် ဘယ်မှာကြည့်လေ၊ စိမ်းမြကြွေနှင့် ရေကန်အတွင်း၊ နေနှစ်စင်းတည်း ထွက်စပုလဲ၊ ဝင်ကရွှေဝါ နေစကြာ၊ လစကြာ၊ ရေကန်သာတွင် ဖန်လွှာ မှန်လွှာ၊ ရေကန်သာတွင် စကြာမှန်ပြောင်း လှည့်လည်လျက်။ ကြယ်၊ လ၊ နေနှင့် ရေမြေကောင်းကင်၊ သစ်ပင်တောတောင် အမှောင် အလင်း၊ နဂိုရင်းဖြင့် ဖုံးခြင်းမရှိ၊ ကွယ်ခြင်းမရှိ ပကတိအဖြစ်၊ ရိုးဖြောင့်လှစ်ပြ အစစ်အမှန်၊ အရိုးခံလျှင် သဘာဝ၏ ဟန်အတိုင်း။ တစ်နေရာတွင် ရှေ့မှာလယ်ကွင်း၊ ရေဆင်းချောင်းစပ် ကွေ့ပတ်ခွေရစ်၊ လှိုင်မြစ်သို့ထွက် လယ်ကွက် ကန်သင်းကြား၊ ဖြတ်သန်းသွားရာ ငါးများခုန်ထွက်၊ ဂဏန်းတက်ကြ ရေစအိုင်နား၊ ချဉ်ပေါင်ခါးပြင် လယ်ကန်စွန်းပင်၊ စားချင် ခူးသွား ဖထီးစကား၊ ကြားရလေပြန် သူ့ ဆီးခြံအပေါက်ဝ၊ တစ်ခေါ်လောက်ဝေး ရွှံ့စေးလမ်းမှ၊ လျှောက်ခဲ့ရသည် အေးချမ်းပေစွ။ မိုးသက်လေဆင် ရေပြင်လယ်ကွင်း၊ ရွှေရောင် ငွေရောင် မြရောင် စိန်ရောင်၊ တိမ်တောင် ရိပ်ထင် စိမ်းမျှင်စန၊ မြတုံးမျှောတင် နေ့တွင် ဖိတ်လက်၊ ညတွင် မှိုင်းမြ လမှုန်၊ ကြယ်မှုန်၊ စံပယ်စုံ ကန်စွန်းငုံ ဖြူငုံလူးလွန့် ရေတွင်ကူးခပ်၊ တဖျတ်ဖျတ်တည့် ရေစပ်လယ်ခင်း၊ ဖြူဖွေးကြွ။ ကောက်စိုက်ချိန်တွင် ရေပြင်ဖွေးဖွေး၊ မိုးရိပ်ပြေးလွှား နေ့စားလုပ်သား၊ ကောက်စိုက်သမများ လှုပ်လှုပ်ရွရွ၊ ထဘီတိုမ ဂဒူးဆောင်းကြ၊ ခမောက်ဆောင်းကြ ကားချပ်ခြယ်သ၊ ဘဝရသ လှပပေစွ။ နေ့အခါတွင်၊ ဟင်းလင်းပြင်မို့ လေထန်းပြင်းပြင်း၊ ရိုက်ခတ်ထုတ်ချင်း နှုတ်သီးကောက်စွ၊ မြေမွခြစ်ကာ အစာရှာကြ၊ အော်မြည်ကြနှင့် ဘဲတစ်မလည်း၊ ရေစချောင်းတိမ် မြည်ကျူးသံယှက်၊ ကြက်သံ ဘဲသံ ညယံတွင်ကား၊ ဖားအော်သံကား ပိုးမွှားပုစဉ်းသံ၊ ပရစ်သံတို့ တစ်ယံမဆိတ်၊ တောသံခိပ်မှာ သာယာပေစွ။ ဤမဲဇာကျွန်း စခန်းသာမော၊ ကျေးလက်တောတွင် ငါလျှင် မွေ့ပျော်၊ တစ်ကိုယ်တော်တည့် ရေးဖော် မရှိ၊ ဖတ်ဖော် မရှိ ဝေဖန်သူ မရှိ၊ တိုက်ခိုက်သူ မရှိ အမိန့် မရှိ၊ လျှောက်လွှာ မရှိ ငါ့ကို မသိ၊ ငါ့စာ မသိ အမုန်း မရှိ၊ စစ်ပွဲ မရှိ ပကတိထင်ဟပ်၊ စိမ်းရိုင်းလတ်ဆတ် လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။ ။ ၃ - ရ- ၈၆ (မိုးဝေ၊ ဩဂုတ်၊ ၁၉၈၆) ဒဂုန်တာရာ ဒဂုန်တာရာစာစု မြန်မာ ကဗျာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%99%E1%80%AD%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%20%E1%80%99%E1%80%B2%E1%80%87%E1%80%AC%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7%20%E1%80%95%E1%80%AD%E1%80%AF%E1%80%B7%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
မုတ်သုံ၊ ပန်းချီဆရာ
မုတ်သုံသည် မြန်မာပန်းချီဆရာ တစ်ဦး ဖြစ်သည်။ ပန်းချီဆရာ မုတ်သုံကို ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ၊(၂၄)ရက်တွင် ထီးလင်းမြို့နယ်၊ ကင်ပန်ရွာ၌ မွေးဖွားခဲ့သည်။ မိဘနှစ်ပါးအမည်မှာ မြေတိုင်းအင်စပက်တော် ဦးကျော်ဟိန်းနှင့် ဒေါ်နန်းကြွယ်တို့ ဖြစ်သည်။ မွေးချင်း မောင်နှမ ခြောက်ယောက်ရှိပြီး ငါးယောက်မြောက် ဖြစ်သည်။ ငယ်ဘဝ နှစ်နှစ်သားအရွယ်တွင် ပခုက္ကူမြို့ သို့ ပြောင်းရွေ့နေထိုင်ခဲ့ရသည်။ ပခုက္ကူ အ.ထ.က(၁)ကျောင်းတွင် ပညာသင်ကြားပြီး နဝမတန်းအထိ နေခဲ့သည်။ ၁၉၇၄-ခုမှ ၁၉၇၇-ခုနှစ်အထိ မန္တလေးပန်းချီနှင့် ပန်းပုကျောင်း တက်ခဲ့သည်။ သင်တန်းဆင်းပြီးနောက် ရန်ကုန်သို့ ပြောင်းလာကာ ပန်းချီနဲ့ပတ်သတ်၍ ဘဝတစ်လျှောက်လုံးအသက်မွေးခဲ့သူဖြစ်သည်။ ပန်းချီဆရာ မုတ်သုံသည် ရန်ကုန်မြို့၊ ဘောက်ထော်တွင် နေထိုင်သည်။ ကိုးကား မြန်မာ ပန်းချီဆရာများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ ၁၉၅၆ မွေးဖွားသူများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AF%E1%80%90%E1%80%BA%E1%80%9E%E1%80%AF%E1%80%B6%E1%81%8A%20%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AE%E1%80%86%E1%80%9B%E1%80%AC
မုဒုံမြို့
မုဒုံမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်း မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ကားလမ်းမပေါ်တွင်တည်ရှိသည်။ မုဒုံမြို့သည် မော်လမြိုင်မြို့တောင်ဘက် ၁၈ မိုင်အကွာ မော်လမြိုင်ကျိုက္ခမီ မော်တော်ကားလမ်းပေါ်၌ လည်းကောင်း၊ ၁၅ မိုင် အကွာ မော်လမြိုင်မြို့နှင့် ရေးမီးရထားလမ်းပေါ်၌လည်းကောင်းတည်ရှိရာ အဆက်အသွယ်ကောင်း၍ အသွားအလာ လွယ်ကူသဖြင့် ကူးသန်းရောင်းဝယ်ရေးတွင် စည်ကားသည်။ မော်တော်ကားလမ်းသည် မြို့၏ အရှေ့ဘက်၌ရှိ၍ မီးရထားလမ်းသည် မြို့၏ အနောက်ဘက်ဆုံးတွင်ရှိသည်။ အမည်ရင်းမြစ် မုဒုံမြို့သည် မွန်မြို့ဖြစ်သည်အားလျော်စွာ မွန်ဘာသာဖြင့် (မုဟ်ဍုင်) (မြန်မာအသံ - မုဒုံ) မုဟ် သည် အစွန်း၊ ဍုင် သည် မြို့ အစွန်းကျသောမြို့ဟု ဆိုလိုသည်။ လူမှုပထဝီဝင် မုဒုံမြို့ပေါ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၂,၅၁၄ ယောက်ခန့်ရှိ၍ မွန်၊ မြန်မာ၊ ကရင်၊ တရုတ်၊ဟိန္ဒူ၊မူစလင် များ နေထိုင်ကြသည်။ မွန်လူမျိုးတို့ အများဆုံးနေထိုင်သည်။ မြို့ပေါ်တွင် ရဲဌာန၊ စာပို့တိုက်၊ မြို့ပိုင်ရုံး၊ ငွေတိုက်၊အစိုရအထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ သစ်တောဌာနနှင့် ဆေးရုံတို့ရှိသည်။ မုဒုံမြို့နယ်တွင် ကော်ဖတ်ခြံများ အမြောက်အမြားရှိသည်။ မြို့နယ်အတွင်း ဆန် စပါးစိုက်ပျိုး လုပ်ကိုင်ကြသည်။ မြို့နေလူများသည် လယ်ယာလုပ်ခြင်း၊ ရက်ကန်းရက်ခြင်း တို့ဖြင့်အသက်မွေး မြူကြသည်။ ဆန်စပါး၊ကော်ဖတ်နှင့် ရက်ကန်းထည် များစွာထွက်သည်။ ထင်ရှားသောနေရာများ မုဒုံမြို့တွင် ကန်တော်ကြီး၊ ကန်ကြီးဘုရားနှင့် ဂျုံးဂျုံးကျတောရကျောင်းဟူ၍ ထင်ရှားသော ဌာနသုံးခုရှိသည်။ ကန်တော်ကြီး၊ သို့မဟုတ် ကန်ကြီးသည် ၃ မိုင်ပတ်လည် ကျယ်ဝန်း၍ နဂါးများ ကျက်စားပျော်မြူးရာဟု ထင်ရှားကျော်ကြားခဲ့သည်။ ဂေါတမမြတ်စွာဘုရား ၈ ဝါမြောက်တွင် နောက်ပါ ရဟန္တာများနှင့် ဤကန်တော်ကြီးဌာနသို့ ကြွလာ တော်မူဘူးသည်ဟုဆိုသည်။ ရသေ့ကြီးနှင့်တွေ့တော်မူရာ နောင်ရေးကိုမျှော်ရှုကာ ရသေ့ကြီးအား ဆံတော်တစ်ဆူ သနားတော်မူခဲ့လေသည်။ ထိုအကြောင်းကို သိကြားမင်းသိ၍ ရသေ့အား ဆံတော်ကို ဌာပနာ၍ စေတီတည်ရန် လျှောက်ထာသည်တွင် ကန်တော်ကြီးအနီး၌ သိကြားတစ်ရစ်၊ နဂါးတစ်ရစ်၊ လူတစ်ရစ်စေတီတည်ကြသည်။ ထိုဆံတော် ဓာတ်စေတီကို ရှေးအခါက နဂါးစေတီဟု ခေါ်ကြသည်။ နောင်မှ ကန်တော်ကြီးအနီး၌ တည်ထားသောကြောင့် ကန်ကြီးဘုရားဟု တွင်ပြန်သည်။ ကန်ကြီးသည် မုဒုံမြို့ မတည်မီ ရှေးအခါကတည်းကပင် သယံဇာတအားဖြင့် တည်ရှိသောအဓိကရ ကန်တော်ကြီး ဖြစ်သည်။ ဂျုံးဂျုံးကျတောရတွင် ရေအဟုန်ပြင်းစွာဖြင့် အမြင့်မှ အဆက်မပြတ် စီးဆင်းလျက်ရှိသောကြောင့် ဂျုံးဂျုံးကျစမ်းဟုခေါ်သောစမ်းရှိသည်။ ထိုစမ်းကို အမှီပြု၍ ဆောက်လုပ်ထားသော တောရကျောင်းကို ဂျုံးဂျုံးကျတောရကျောင်းဟုခေါ် သည်။ ထိုကျောင်းတွင် ဆရာတော်တစ်ပါး သီတင်းသုံးတော်မူခဲ့ ဘူးသည်။ ထိုဆရာတော်ဘုရားသည်။ သီလသိက္ခာနှင့် ပြည်စုံ၍ တရားထူးရရှိပြီးသောပုဂ္ဂိုလ်မြတ်ဟု ကျော်စောခဲ့သည်။ ပျံလွန်တော်မူရာတွင် ရုပ်ခန္ဓာ ရုတ်တရက် ပျောက်ကွယ် သွား၍ ရုံတော်မူသော သင်္ကန်းများမှာ ပုံမပျက် ပက်လက်ကျိန်းနေဘိသကဲ့သို့ ကျန်ရှိနေသေးသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။ မုဒုံမြို့သည်ဤဆရာတော်ဘုရားကြောင့်လည်းထင်ရှားကျော်စော၏။ မုဒုံမြို့သည် ရှေးက မွန်ဘုရင်များ ထီးနန်းစိုက်ရာ ဖြစ်ကြောင်းကို ကွမ်တုံအရပ်တွင် ယနေ့ထိရှိနေသေးသော မြို့ရိုးများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ မွန်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AF%E1%80%92%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မူပိုင်ခွင့်
မူပိုင်ခွင့်(copyright) သည် ဥပဒေ တစ်ခုဖြစ်ပြီး ၎င်းသည် ဂီတ၊ စာအုပ် စာပေ၊ အချက်အလက်၊ ရုပ်ပုံ များနှင့် အခြားအခြား သော ကိုယ်တိုင် ဖန်တီးရယူမှုများအား ကာကွယ်နိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းက မည်သူသည် ထိုအရာအား အမှန်တကယ် ဖန်တီးသည် ဟု မှန်ကန်စွာ ဆုံးဖြတ်ပေးသည်။ မူပိုင်ခွင့် ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ ဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ငွေကို လုပ်ယူပေးနိုင်ရန် လွယ်ကူစေသည်။ ထို့ပြင် ပိုင်ရှင်မှ ခွင့်ပြုချက်ရှိမှသာလျှင် ၎င်း၏ လက်ရာကို ကူးယူနိုင် သည် သို့မဟုတ် တုပပြုလုပ်နိုင်လေသည်။ လူတစ်ဦးသည် မူပိုင်ခွင့် ဥပဒေဖြင့် ကာကွယ်ထားသော လက်ရာတစ်ခုအား ပိုင်ရှင်မသိအောင် တုပပြုလုပ်လျှင် ၎င်းပုဂ္ဂိုလ်အား ပုံမှန်အားဖြင့် ဒဏ်တပ်ခြင်းကဲ့သို့သော ဥပဒေဖြင့် ဆုံးမနိုင်သည်။ အခြား အရေးကြီးသည့် ပြဿနာများတွင် လူပုဂ္ဂိုလ်သည် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသည့် လက်ရာအား ကူးယူပြုလျှင် ဖမ်းဆီးခြင်း ခံရ၍ ထောင်ဒဏ်ပင် ကျရောက်နိုင်သည်။ လက်ရာတစ်ခုအား မူလ ဖန်တီးသူသည် အလိုအလျှောက် မူပိုင်ခွင့်ရှိ၍ ၎င်းပုဂ္ဂိုလ်မှ အခြားသူအား မူပိုင်ခွင့် တရာဝင် ပေးခြင်း မရှိသ၍ ၎င်းသည်သာလျှင် မူပိုင်ရှင်အဖြစ် လက်ခံကြသည်မှာ နိုင်ငံအတော်များများတွင် ဖြစ်သည်။ နိုင်ငံအတော်များများတွင်မူ မူပိုင်ခွင့် အတွက် မှတ်ပုံတင်ပြုလုပ်ရန် မလိုအပ်ချေ။ အချို့နိုင်ငံများတွင် မူပိုင်ခွင့် မှတ်ပုံတင်ရန် နည်းနာများပင် မရှိချေ။ သို့သော် နိုင်ငံအတွင်း မှတ်ပုံတင်ရန်အတွက် အခြေအနေပေးသော်လည်း မှတ်ပုံတင်ခြင်း မရှိသည်မှာ လက်ရာတစ်ခု၏ မူပိုင်ခွင့်ကို မည်သူသည်သာ ပိုင်ဆိုင်သည် ဟူသည့် သက်သေပြရန်အတွက် ခက်ခဲစေနိုင်သည်။ ထို့ကြောင့် မည်သို့ပင် မှတ်ပုံတင်စေ၊ ၎င်းသည် အလွန်ကောင်းသော စိတ်ကူး တစ်ခုဖြစ်မည်။ အထူးသဖြင့် ပိုက်ဆံ ရနိုင်သောအလုပ်များအတွက်ကား ပို၍ပင် ဖြစ်သည်။ WIPO(ဝီပို) အဓိကအကျဆုံးသော မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့ကြီးသည် ကုလသမဂ္ဂလက်အောက်ခံ The World Intellectual Property Organization (WIPO) ဟုခေါ်သည့် အဖွဲ့ကြီးဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဌာနချုပ်ထားရှိထားပြီး ကမ္ဘာတစ်ဝန်းလုံးရှိ "ဉာဏပစ္စည်း" ကာကွယ်စောင့်ရှောက်ရေးကို နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြှင့်တင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၀ ရက်နေ့အထိ နိုင်ငံပေါင်း ၁၆၁ နိုင်ငံရှိသည်။ ဆောင်ပုဒ် ဝီပိုအဖွဲ့ကြီး၏ သဘောထားဆောင်ပုဒ်မှာ-လူသားတို့ ဉာဏ်ရည် အစွမ်းအစသည် အနုပညာလုပ်ငန်းအားလုံးနှင့် တီထွင်မှုအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ဤလုပ်ငန်းများသည် လူဖြစ်ရကျိုးနပ်စေသော ဘဝအတွက် အာမခံချက်ဖြစ်သည်။ အနုပညာလက်ရာများနှင့် တီထွင်မှုများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဝါယမ စိုက်ထုတ်၍ အာမခံချက်ပေးရန်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်သည်။ Intellectual Property ဟုခေါ်သည့် "ဉာဏပစ္စည်း"ဆိုရာတွင် နှစ်မျိုးနှစ်စား ပါဝင်သည်ဟု ဝီပိုက သတ်မှတ်ထားသည်။ ၎င်းတို့မှာ စက်မှုပစ္စည်းပိုင်းဆိုင်ရာ တီထွင်မှုများ၊ အမှတ်တံဆိပ်များ၊ စက်မှု ဒီဇိုင်းများ။ မူပိုင်ခွင့်ဆိုင်ရာ စာပေ၊ ဂီတ၊ အနုပညာ၊ ဓာတ်ပုံပညာနှင့် ရုပ်မြင်သံကြား လုပ်ငန်းများ ဖြစ်သည်။ ဝီပိုကို စတင်ဖွဲ့စည်းခဲ့သည်မှာ ၁၉၆၇ ခု ဇူလိုင် ၁၄ ရက် စတော့ဟုမ်းသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ချိန်ကဖြစ်သည်။ ၁၉၇၀ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည်။ အခြေခံသဘောတူညီချက်များ ဝီပို၏ အခြေခံမှာ ၁၈၈၃ ခုနှစ်၊ ပဲရစ် သဘောတူညီချက်ဖြစ်သည့် စက်မှုပစ္စည်း ကာကွယ်စောင့်ရှောက်ရေး သဘောတူညီချက်ဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တွင် ကျင်းပခဲ့သည့် ၁၈၈၆ ခု စာပေနှင့် အနုပညာလုပ်ငန်းများ ကာကွယ်စောင့်ရှောက်ရေး သဘောတူညီချက်တို့ဖြစ်သည်။ ၁၉၇၄ခုနှစ်ရောက်သောအခါ ဝီပိုသည် ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသည်။ ဝီပိုအဖွဲ့ထဲသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း ပါဝင်နိုင်သည်။၁၉၆၇ ခု စတော့ဟုမ်း သဘောတူညီချက်၊ ၁၉၇၁ ခုနှစ် ပဲရစ်သဘောတူညီချက်နှင့် ဘန်းသဘောတူညီချင်များကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးသည့် နိုင်ငံတိုင်းအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရသည်။ WIPO ၏ အဖွဲ့အစည်းထားရှိပုံ အမှုကိစ္စများ တင်သွင်းဖို့ရန်အတွက် အကြံပေးအဖွဲ့ကို (WIPO)က ဖွဲ့စည်းထားသည်။ ၎င်းအဖွဲ့က အငြင်းပွားသူ မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားသူ ကာယကံရှင်များကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ထံသို့ တင်ပြရန် နည်းလမ်းများကို ဆွေးနွေးအကြံပေးသည်။ ထို့ပြင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ဆုံးဖြတ်ချက်များကို လိုက်နာကြီးကြပ်ဆောင်ရွက်ဖို့အတွက် ကြီးကြပ်စီမံသူ ခန့်ထားဖို့ လိုအပ်ပါက ခန့်ထားနိုင်အောင် ပြင်ဆင်ထားသည်။ ၁၉၉၇ ခု၊ ဇန်နဝါရီ ၁ ရက်နေ့အထိ WIPO တွင် ညှိနှိုင်းဖျန်ဖြေသူ စုစုပေါင်း ၆၂၀ ရှိသည်။ နိုင်ငံပေါင်း ၆၁ နိုင်ငံက ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ WIPO ၏ ဆုံးဖြတ်ချက်ကို ရယူခြင်းအတွက် ရုံးစရိတ်ကို အငြင်းပွားသူများက ပေးဆပ်ရသည်။ ဘယ်ရွေ့ဘယ်မျှပေးရမည်ဆိုသည်မှာ အငြင်းပွားသည့် အမှုကိစ္စပေါ်တွင် မူတည်သည်။ ငွေပမာဏ ကြီးမားလျှင် ကြီးသလောက် ရုံးစရိတ်တတ်သွားမည်ဖြစ်သည်။ ထိုကိစ္စများ ဆောင်ရွက်ရန်အတွက် WIPO တွင် အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းထားသည်။ ပထမအဖွဲ့မှာ ဖျန်ဖြေရေးကောင်စီ(Arbitration Council))ဖြစ်ပြီး စီမံကိန်းနှင့် ပေါ်လစီရေးရာများကို အကြံပေးပါသည်။ အခြားအဖွဲ့မှာ ဖျန်ဖြေရေးအတိုင်ပင်ခံ ကော်မရှင်(Arbitration Consultative Commission)ဖြစ်သည်။ ထူးခြားသည့် ကိစ္စရပ်များတွင် အကြံပေးခြင်း၊ ထင်မြင်ချက်ပေးခြင်း ပြုလုပ်ကြသည်။ အဖွဲ့နှစ်ဖွဲ့စလုံးမှာ ဆိုင်ရာဘာသာရပ်နှင့်ပက်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်များ ပါဝင်ကြသည်။ ကောင်စီတွင် ၆ နိုင်ငံက ပုဂ္ဂိုလ် ၆ ဦးပါဝင်သည်။ မြန်မာနိုင်ငံနှင့် မူပိုင်ခွင့် မြန်မာနိုင်ငံသည် နိုင်ငံတကာမူပိုင်ခွင့် သဘောတူစာချုပ်များတွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ မြန်မာ့မူပိုင်ခွင့် ဥပဒေဆိုသည်မျာ လွန်ခဲ့သည့် နှစ်ပေါင်း ၉၉-နှစ်ကျော်ကတည်းက ရှိနှင့်နေပြီးဖြစ်သည်။ ၁၉၁၄ ခုနှစ် မူပိုင်ခွင့်အရေး အက်ဥပဒေဖြစ်သည်။ ၁၉၁၁ ခုနှစ် ဗြိတိန်နိုင်ငံ၌ ပြဋ္ဌာန်းခဲ့သည့် မူပိုင် အခွင့်အရေး အက်ဥပဒေကို အခြေခံ ရေးဆွဲထားသည့် ဥပဒေဖြစ်သည်။ ၎င်းဥပဒေပုဒ်မ ၁(၂) အရ မူပိုင်အခွင့်အရေးကို အဓိပ္ပာယ်ဖွင့်ဆိုထားသည်မှာ သုခုမ အနုပညာနှင့် စာပေဆိုင်ရာ ဖန်တီးထားသော လုပ်ငန်းတစ်ခုကို ထုတ်လုပ်မှု၊ အဆင့်ဆင့် ကူးယူမှု၊ ခင်းကျင်းကပြမှု၊ တဆင့် ဟောပြောမှုစသည့် အခွင့်အရေးဟူသမျှသည် အရင်းမူလ ဖန်တီးတီထွင်သူထံ၌သာ တည်ရှိစေရမည်ဟု ဆိုထားခဲ့သည်။ ၎င်းအခွင့်အရေးတို့ကို မူလတီထွင်ဖန်တီးသူသာလျှင် ပိုင်ဆိုင်ခွင့်ရှိသည်။ မြန်မာနိုင်ငံ မူပိုင်ခွင့် ဥပဒေအရ တီထင်ဖန်တီးမှုတစ်ခုကို တီထွင်ဖန်တီးသူ အသက်ထင်ရှားရှိနေစဉ်ကာလနှင့် ၎င်းကွယ်လွန်ပြီး နှစ်ပေါင်း ၅၀ အထိ တီထွင်ဖန်တီးသူ၏ အမွေဆက်ခံခွင့်ရှိသူတို့က ပိုင်ဆိုင်သည်ဟု သတ်မှတ်ထားခဲ့သည်။ တီထွင်မှု မူပိုင်ခွင့် စက်ကိရိယာမှစ၍ ဝတ္ထုပစ္စည်းအသစ်အဆန်း တစ်စုံတစ်ရာကို စတင်တီထွင်သူတို့သည်ပင်ပန်းခဲယဉ်းစွာ ကြံစည်စိတ်ကူးလုပ်ကိုင်ပြီးမှသာ အောင်မြင်မှုရရှိကြလေသည်။ သို့သော် ထိုပစ္စည်းကို လူအများ အသုံးပြုရန် ထုတ်ဝေ ရောင်းချသောအခါတစ်ဦးတစ်ယောက်သောသူက ထိုပစ္စည်း၏ ပြုလုပ်ပုံကို တွေ့မြင်ရသဖြင့် အတုယူကာ အလားတူပစ္စည်းကို အလွယ်တကူ လုပ်ယူရောင်းချလေ့ ရှိသည်။ သို့ဖြင့် ခဲယဉ်းစွာ တီထွင်ခဲ့ရသူ မူလပညာရှင်မှာ အကျိုးခံစားခွင့် ရှိသင့်သလောက် မရှိဘဲ ဖြစ်ရတတ်သည်။ ဤသို့သော မတရားအကျိုးခံစားမှုများ မဖြစ်စေခြင်းငှာ နိုင်ငံကြီးတိုင်းမှာပင် မူပိုင်ခွင့်မှတ်ပုံတင်ရုံးများ ဖွင့်၍ မှတ်ပုံတင်ထားကြခြင်းဖြင့် ကာကွယ်ပေးထားလေသည်။ မူပိုင်ခွင့် မှတ်ပုံတင်ရန် လျှောက်ထားသူတို့သည် မိမိတီထွင်သည့် ပစ္စည်း၏ အကြောင်းအရာ၊ အတိုင်းအထွာ၊ အသုံးဝင်ပုံမှစ၍ ပြည့်စုံစွာရေးသားဖော်ပြ၍ လျှောက်ထား ကြရ၏။ ထိုအခါ မှတ်ပုံတင်အရာရှိများက အသစ် တီထွင်သောပစ္စည်း ဟုတ်မဟုတ် လျှောက်ထားချက်နှင့် ညီ မညီ တိုင်းသူပြည်သားတို့အတွက် အကျိုးရှိ မရှိ စသည်တို့ကို စေ့စပ်သေချာစွာ စစ်ဆေးကြရသည်။ ထို့ပြင် လွန်ခဲ့သော အနှစ် ၅ဝ အတွင်းကစ၍ အလားတူပစ္စည်းမျိုးပေါ် ပေါက်ပြီး ရှိ မရှိမှသ၍ အသေအချာ စမ်းသပ်ရှာဖွေ ကြည့်ရှုစစ်ဆေး ကြရလေသည်။ အကယ်၍ ဥပဒေအချက်အလက်နှင့် မညီပါက မူပိုင်ခွင့် မှတ်ပုံတင်ရန် အခွင့်မပြုချေ။ ပုံစံအားဖြင့် အင်္ဂလန်နိုင်ငံ တစ်နိုင်ငံတည်း၌ပင် တစ်နှစ်လျှင် မူပိုင်ခွင့် မှတ်ပုံတင်ရန် လျှောက်လွှာပေါင်း ၃ဝ ဝဝဝ ခန့်ရှိသည့်အနက် ထက်ဝက်မျှသော လျှောက်လွှာတို့မှာ အထက်ပါစည်းကမ်းချက်များနှင့် မညီညွတ်သဖြင့် ပယ်ချခြင်းခံရလေသည်။ လျှောက်လွှာ၌ အရေးကြီးသော အချက်ကြီး ၂ ချက်ရှိရာ၊ ပထမအချက်မှာ ပင်ကိုဉာဏ်ဖြင့် တီထွင်ခြင်း ဟုတ်မဟုတ်ဖြစ်၍၊ ဒုတိယအ ချက်မှာ ရှိပြီးတီထွင်မှုများ အပေါ်တွင် အကယ်ပင် အသုံးဝင် အကျိုးရှိလောက်အောင် ထပ်လောင်းတီထွင်ခြင်း ရှိမရှိဟူသော အချက်ဖြစ်လေသည်။ ဥပဒေနှင့်ညီညွတ်ကြောင်း သိရှိကျေနပ်သောအခါ ကန့်သတ်ထားသော အခကြေးငွေ ပေးဆောင်စေပြီးလျှင် မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးလေသည်။ ဤမူပိုင်ခွင့် လက်မှတ်ကို ရရှိသူသည် တစ်ဦးတည်း လုပ်ကိုင်ရောင်းချခွင့်မူကို ၁၆ နှစ်ကျော်လွန် သောအခါတွင်မူကား အခြားသူများလည်း အလားတူလုပ်ကိုင်ရောင်းဝယ်ခွင့် ရရှိလေသည်။ သို့သော် တီထွင်သူ တစ်ဦးသည်ထို ၁၆ နှစ်အတွင်း အကျိုးခံစားခွင့် ရှိသင့်သလောက် အကျိုး မရှိကြောင်းဖြင့် လုံလောက်စွာ အကြောင်းပြ၍ လျှောက်ထားပါက နောက်ထပ်၇ နှစ် ဆက်လက်၍ မူပိုင်ခွင့်ကို ထုတ်ပေးနိုင်လေသည်။ မူပိုင်ခွင့်ရသူသည် မိမိ၏ အခွင့်အရေးကို အခြားသူ တစ်ဦးဦးသို့ တစ်ဆင့်ရောင်းချပိုင်ခွင့် ရှိလေသည်။ ဤသို့ အခွင့်ရသူက မူပိုင်ရှင်အား နှစ်ဦးနှစ်ဝ ကျေနပ်သော အဖိုးနှုန်းထား၊ အကောက်အစားကို ပေးရလေသည်။ ကိုးကား ဥပဒေ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B0%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%81%E1%80%BD%E1%80%84%E1%80%B7%E1%80%BA
ဆေးတက္ကသိုလ်(မကွေး)
မကွေးဆေးတက္ကသိုလ် () သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ မကွေးဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ် မေလတွင် မကွေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - မန္တလေး (အနောက်ဘက်လမ်း) လမ်းမကြီးဘေးတွင် မကွေးမြို့မှ ရေနံချောင်းဘက်သို့ အထွက်တွင် တည်ရှိသည်။ မကွေးမြို့မှ (၆) မိုင်ခန့် ကွာဝေးသည်။ စတင် တည်ထောင် သူမှာ ဒေါက်တာ သန်းမြင့် ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကောင်မရှင်တွင် အဖွဲ့အဝင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ဆေးတက္ကသိုလ် မကွေးကို အားတက်တရော တည်ထောင်သူအဖြစ် ဗိုလ်ချုပ်ခင်ညွန့် အား သိထားကြသည်။ သို့ရာတွင် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ဆရာဝန် ဦးရေ အလွန်နည်းသောကြောင့် ထိုစဉ်က ဗိုလ်ချုပ် သန်းရွှေ အမိန့်ချ စီမံခဲ့သည်ဟုလည်း သိရသည်။ ဆေးတက္ကသိုလ် မကွေး တည်ထောင်စဉ် တာဝန်ရှိသော ကျန်းမာရေး ဝန်ကြီးမှာ ဒေါက်တာ ကျော်မြင့် ဖြစ်သည်။​ သင်တန်းကာလမှာ ၅ နှစ်၊ အလုပ်သင် ၁ နှစ် စုစုပေါင်း ၆ နှစ်ကြာ တက်ရောက်ရသော ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၁၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များအတွက် တပြေးညီ သတ်မှတ်ထားသော ရမှတ်ရရှိသူများအား လက်ခံ သင်ကြားပေးသည်။ အမ်ဘီဘီအက်စ် ဘွဲ့၊ နှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်ဒီဂရီများအား တက်ရောက်ရယူနိုင်သည်။ ၂၀၁၁ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဆေးတက္ကသိုလ်မကွေး ၏ ဆယ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့သည်။ ဆေးတက္ကသိုလ်(မကွေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။ လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဌေးလှ ဖြစ်သည်။ ဒုတိယ ပါမောက္ခချုပ် (စီမံ)မှာ ဒေါက်တာအေးအေးဦး ဖြစ်ပြီး ဒုတိယပါမောက္ခချုပ်(သင်ကြား)မှာ ဒေါက်တာလှဝင်းမြင့် ဖြစ်သည်။ ထင်ရှားကျော်ကြားသူများ မျိုးမြင့်အောင် ( Open Society Foundation Myanmar , တပ်မတော် မှ ဖမ်းဝရမ်း ထုတ်ခံထား၍ ထွက် ပြေး)​ သင်ကြားပေးသော ဘာသာရပ်များ ပထမနှစ် အမ်ဘီဘီအက်စ် မြန်မာစာ (Myanmarsar) အင်္ဂလိပ်စာ (English) သင်္ချာ (Mathematics) ဓာတုဗေဒ (Chemistry) ရူပဗေဒ (Physics) သတ္တဗေဒ (Zoology) ရုက္ခဗေဒ (Botany) တိုင်းရင်းဆေး (Traditional Medicine) တို့အား သင်ကြားရသည်။ ဒုတိယနှစ် အမ်ဘီဘီအက်စ် ခန္ဓာဗေဒ (Human Anatomy) ဇီဝဓာတုဗေဒ (Biochemistry) ဇီဝကမ္မဗေဒ (Physiology) တတိယနှစ် အမ်ဘီဘီအက်စ် အထွေထွေရောဂါဗေဒ (General Pathology) အဏုဇီဝဗေဒ (Microbiology) ဆေးဝါးဗေဒ (Pharmacology) ဆေးပညာ လက်တွေ့ (Medicine) ခွဲစိတ်ကုပညာ လက်တွေ့ (Surgery) တို့အား သင်ကြားရသည်။ နောက်ဆုံးနှစ် အပိုင်း (က) အမ်ဘီဘီအက်စ် ရောဂါဗေဒ (Systemic Pathology) ကာကွယ်ရေးနှင့် လူမှူရေး ဆေးပညာ (Preventive and Social Medicine) ဥပဒေရေးရာ ဆေးပညာ (Forensic Medicine) ဥပဒေရေးရာဆေးပညာ လက်တွေ့ ကွင်းဆင်းလေ့လာရေး (Field Trip) ဆေးပညာ (Medicine) ခွဲစိတ်ကုပညာ (Surgery) သားဖွားနှင့်မီးယပ်ပညာ (Obstetric and Gynaecology) ကလေးကျန်းမာပညာ (Paediatrics) နောက်ဆုံးနှစ် အပိုင်း (ခ) အမ်ဘီဘီအက်စ် ဆေးပညာ (Medicine) ခွဲစိတ်ကုပညာ (Surgery) သားဖွားနှင့်မီးယပ်ပညာ (Obstetric and Gynaecology) ကလေးကျန်းမာပညာ (Paediatrics) အလုပ်သင် ဆရာဝန် နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးသော သင်တန်းသားများသည် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအဆင့် ဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်ခန့် လေ့ကျင့်သင်ကြားရသည်။ အလုပ်သင်ဆရာဝန်အဖြစ် သက်မှတ်ကာလပြည့်မီအောင် လေ့ကျင့်ပြီးစီးသော သင်တန်းသားများကိုသာလျှင် အမ်ဘီဘီအက်စ်ဘွဲ့ အား ချီးမြင့်သည်။ အောက်ပါမြို့များရှိ ဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် လျောက်ထားနိုင်သည်။ မကွေးမြို့ မုံရွာမြို့ မော်လမြိုင်မြို့ တောင်ကြီးမြို့ လားရှိုးမြို့ ကျိုင်းတုံမြို့ မြစ်ကြီးနားမြို့ ဘားအံမြို့ ထားဝယ်မြို့ မြိတ်မြို့ ပုသိမ်မြို့ မအူပင်မြို့ ပြည်မြို့ တောင်ငူမြို့ စစ်တွေမြို့ မိတ္ထီလာမြို့ ပခုက္ကူမြို့ နေပြည်တော် ဆက်စပ်ဖတ်ရှုရန် ဆေးတက္ကသိုလ်(၁) ရန်ကုန် ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆေးတက္ကသိုလ် (မန္တလေး) ဆေးတက္ကသိုလ် (တောင်ကြီး) ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ကိုးကား ပြင်ပလင့်ခ် University website List of Universities registered under WHO မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မကွေးမြို့
https://my.wikipedia.org/wiki/%E1%80%86%E1%80%B1%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%28%E1%80%99%E1%80%80%E1%80%BD%E1%80%B1%E1%80%B8%29
မုံရွာမြို့
မုံရွာမြို့သည် မန္တလေးမြို့၏အနောက်မြောက်ဘက် ၁၃၆ကီလိုမီတာအကွာ ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ မုံရွာမြို့၏ အကျယ်အဝန်းမှာ ကျယ်ဝန်းသည်။ မန္တလေးနှင့် ကလေးမြို့ ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် တည်နေသည်။ သမိုင်း ယခု မုံရွာတည်ရှိရာ ဗုဒ္ဓ မြတ်စွာဘုရားမပွင့်မီအခါက မုံပင်ကြီး ခေါ် အပင်ကြီး တစ်ခုအောက်တွင် ရသေ့ တစ်ပါး စံတော်မှုခဲ့သည်။ မြတ်စွာဘုရားပွင့်တော်မူမည်ကို ဗျာဒိတ်တော်ပေးခဲ့သောကြောင့် ထိုနေရာကို မုံပင် ဟုခေါ်ခဲ့ကြသည်မှစ၍ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ အခြားတစ်ခုအဆိုအရ မုံသည်မ တစ်ဦးအား ပနီစကု ဘုရင်က မိဘုရား အဖြစ် တင်မြှောက်ရာမှ ၎င်းရွာကို မုန့်သည်မရွာ ဟုခေါ်ခဲ့ကြရာမှ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ ရှေးဟောင်းပညာရှင်များ လေ့လာမှုအရ မုံရွာဒေသတွင် နှစ်တစ်သန်းလောက်မှ စ၍ လူများ နေထိုင်သည့် အထောက်အထားများ တွေ့ရှိခဲ့ကြသည်။ မုံရွာ အရှေ့ဘက်ရှိ ရွှေမြင်တင် တောင်ကုန်းတွင်း ရှေးဟောင်းလူရိုး နှင့် ဦးခေါင်းခွံများ ရှာဖွေတွေ့ရှိထားသည်။ မြေအိုး နှင့် အရိုးအိုးများကိုလည်း ကျောက္ကာရွာတွင် တွေ့ရှိခဲ့သည်။ ကွေ့ကြီးရပ်ကွက်ရှိ စုပင်ဖြူရွာတွင် ရှေးဟောင်း လူရိုးနှစ်ခုကို ကျောက်ပုစိန် လေးခု၊ ကျောက်ကွင်း လေးခု၊ မြေပုတီးများနှင့်အတူ တွေ့ရှိခဲ့သည်။ ၎င်းအချက်များက မုံရွာသည် လွန်ခဲ့သော နှစ်များစွာကပင် တည်ရှိခဲ့ကြောင်း ထင်ရှားစေသည်။ ရှေးမြန်မာမင်းလက်ထက်ကမူ ရွာကြီးမျှသာဖြစ်၍ အလုံမြို့သာလျှင် ထင်ရှားခဲ့ပေသည်။ ဗြိတိသျှတို့ လက်ထက် ခရစ် ၁၈၈၈ ခုနှစ်တွင် ချင်းတွင်းခရိုင်ကို နှစ်ပိုင်းခွဲလိုက်သည်တွင် မုံရွာမြို့ကို ချင်းတွင်းခရိုင်အောက်ပိုင်း၏ ရုံးစိုက်မြို့ အဖြစ် ရွေးချယ်ခဲ့သည်။ တည်နေရာ မုံရွာမြို့သည် အရှေ့လောင်ဂျီကျု ၉၅ဒီဂရီ ၁၃မိနစ် နှင့် မြောက်လတ္တီကျု ၂၂ဒီဂရီ ၁၁မိနစ် အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာအရပ်မှ ၅၀ မိုင်အကွာတွင် တည်ရှိသည်။ မုံရွာမြို့၏ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်အားဖြင့် ၂၆၆၀၀ မိုင်အားဖြင့် ကျယ်ဝန်းပါသည်။ စစ်ကိုင်းမြို့မှ အနောက်ဘက် ၆၅ မိုင် ကွာဝေးသည်၊ မုံရွာမြို့သည် မြေနိမ့်ပိုင်းတွင်တည်ရှိသဖြင့် မြစ်ရေတိုးလာသောအခါ အကာအကွယ်ဖြစ်စေရန် မြစ်ကမ်းတွင် တာတမံများ ဆောက်လုပ်ထားသည်။ မုံရွာမြို့တွင် ၁၉၅၆ ခုနှစ် တပေါင်းလက မီးအကြီးအကျယ်လောင်သွားသဖြင့် လက်ရှိမုံရွာမြို့ကို ပြန်လည်တည်ဆောက်သော မြို့သစ်ဟု ခေါ်ဆိုရပေမည်။ စီးပွားရေး ၁၉၆၀ ပြည့်နှစ်တွင် မုံရွာမြို့၌ သက်ကြီးတက္ကသိုလ်တစ်ခု ဖွင့်လှစ်သည်။ မုံရွာနယ်မှထွက်ကုန်များမှာ ချည်လုံချည်၊ စောင်များ၊ ကျောက္ကာအရပ်မှ ယွန်းထည်များ၊ ဆန်စပါး၊ဂျုံ၊နှမ်း၊ ပဲ၊ပြောင်း၊ဝါ နှင့်အပူပိုင်းဒေသထွက် သစ်သီးများဖြစ်၏။ မုံရွာမြို့တွင် ရက္ကန်းစက်၊ စောင်စက်၊ဆန်စက်၊ သစ်စက်၊ ဂျုံစက်၊ ဆီစက်၊ ဆပ်ပြာစက်စသော စက်များရှိသည်။ မြို့နှင့် နယ်မှထွက်သော ပစ္စည်းများကို မုံရွာမြို့မှ ထုတ်လုပ် ဖြန့်ဖြူးသည်။ မုံရွာ မှထွက်သော စောင်မှာ မြန်မာနိုင်ငံ အနှံ့ကျော်ကြားလှပေသည်။ မုံရွာမြို့က ထွက်ရှိသော ဝက်အူချောင်းသည် အလွန်နာမည်ကြီးလှပါသည်။ အချက်အလက်များ အိမ်ခြေ။ ၃၀၃၀၃ လူဦးရေ။ ၁၈၀ ၉၅၀ မုံရွာမြို့ရဲ့ လူဦးရေဖွံ့ဖြိုးတိုးတက်မှုကိုတော့ အောက်ပါအတိုင်း တွေ့ရသည်။ ၁၉၈၉ ခုနှစ် - ၁၀၆,၈၄၃ ( သန်းခေါင်စာရင်းအရ...) ၁၉၉၃ ခုနှစ် - ၁၃၈,၅၇၆ ( ခန့်မှန်းခြေအရ...) ၂၀၀၉ ခုနှစ် - ၂၀၂,၉၈၃ ( တွက်ချက်မှုအရ...) ၂၀၁၄ ခုနှစ် - ၂၀၇ ၄၈၉ ( သန်းခေါင်စာရင်းအရ...) ပွဲတော်များ မုံရွာနယ်တွင်ရှိသော ကျောင်းကန်ဘုရား စေတီပုထိုးတို့သည် မြန်မာနိုင်ငံတစ်ဝှန်းတွင် ထင်ရှားကျော်ကြားသောကြောင့် အနယ် နယ် အရပ်ရပ်မှ ဘုရားဖူးသွားရောက်ကြသူများမှာ မနည်းချေ။ ဆုတောင်းပြည့် ဘုရားကြီးပွဲ ၂၂၁ ခုမှစတင်၍ အသောက မှကျင်းပသော ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည့် ဘုရားကြီးပွဲ သည် မုံရွာတွင် အကြီးကျယ်ဆုံး ပွဲတော် ဖြစ်သည်။ သီတင်းကျွတ်လပြည့်ကျော် ငါးရက်နေ့မှ ရှစ်ရက်နေ့အထိဖြစ်သည်။ သို့သော် သီတင်းကျွတ်သည်မှပင် ပွဲများ စတင်သည်။ ဘုရားနှစ်ဆူဆက်သွယ်သော ဘုရားကြီးလမ်းတစ်လျှောက် ဈေးဆိုင်ခန်းများ နှင့် ကြည့်ချင်ပွဲများဖြင့် အထူးစည်ကား လှပေသည်။ မုံရွာနယ် တစ်ခုလုံး ဈေးဝယ်သော ဘုရားဈေးပွဲအဖြစ် ထင်ရှားသည်။ ဗောဓိတစ်ထောင်ဘုရားပွဲ နောက်ပွဲတော်တစ်ခုကတော့ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူ ဘုရားကြီး ပွဲတော် တန်ဆောင်မုန်းလ၌ ထင်ရှားစည်ကားသော ပွဲတော်ကြီး တစ်ခုဖြစ်သည်။ အမြို့မြို့ အနယ်နယ်မှ လာရောက် ဖူးမြော် ကြည့်ရှုကြသည်။ မုံရွာနယ်တွင်းရှိ မိုးညှင်းတောရ ဆရာတော်ဘုရားတည်သော သမ္ဗုဒ္ဓေစေတီကား ယခုအခါ ကျော်စောလှပေသည်။ ထို့ပြင် လယ်တီဆရာတော်ဘုရား၏ လယ်တီကျောင်းတိုက်သည်လည်း မုံရွာမြို့တွင် ရှိပေသည်။ ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ဖိုးဝင်းတောင်သည်လည်း မုံရွာနယ်တွင် ပါဝင်သည်။ မုံရွာအထက်နားရှိ အလုံ ဘိုးတော်ကြီးနတ်ပွဲမှာ အထူးပင်ထင်ရှားသည်။ မုံရွာမြို့တွင်းရှိ ထင်ရှားသောစေတီတော်များမှာကား ရွှေစည်းခုံနှင့် ဆုတောင်းပြည့် စေတီတော်များဖြစ်၏။ အလုံဘိုးတော်ကြီးနတ်ပွဲ အလုံဘိုးတော်ကြီး ရိုးရာနတ်ပွဲတော်ကို မုံရွာမြို့နယ်၊ အလုံမြို့(ရပ်ကွက်)တွင် နှစ်စဉ် တပေါင်းလပြည့်ကျော်(၇)ရက်မှ လကွယ်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာနိုင်ငံတဝန်းလုံးမှ လာရောက်ဆင်နွှဲကြသဖြင့် မုံရွာမြို့နယ်တွင် အလွန်စည်ကားသည့်ပွဲတော်ကြီး ဖြစ်သည်။ ကျောက္ကာ ရွှေဂူနီ ပွဲ တော် အထင်ကရနေရာများ ဗောဓိတစ်ထောင် မိုးညှင်းသမ္ဗုဒ္ဓေ ကျောက္ကာ ရွှေဂူနီ အလောင်းတော် ကဿပ ဖိုးဝင်းတောင်(ဖိုလ်ဝင်တောင်) တွင်းတောင် ဆက်သွယ်ရေး မုံရွာသည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိသောကြောင့် ရေလမ်းဆက်သွယ်မှု ကောင်းစွာရှိသည်။ သွားလမ်းလာလမ်း လွယ်ကူပေသောကြောင့် အရေးပါအရာရောက်သော မြို့တစ်မြို့ဖြစ်၏။ ချင်းတွင်းမြစ်ပေါ် ဥဒဟို သွားလာသော လှေသင်္ဘောများသည် မုံရွာမြို့တွင် ဆိုက်ကပ်မြဲဖြစ်၏။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့များသို့ သင်္ဘောများ မပြတ် မှန်မှန် ခုတ်မောင်းသည်။ မန္တလေးနှင့် မီးရထားလမ်း အဆက်အသွယ်ရှိသဖြင့် မန္တလေးမှတစ်ဆင့် အောက်မြို့အောက်ရွာများနှင့် ခရီးပေါက်ပေသည်။ တဖန် နယ်တွင်းရှိမြို့နယ်များနှင့် သာမကဘဲ အနီးပတ်ဝန်းကျင်ရှိ ခရိုင်များသို့လည်း မော်တော်ကားလမ်းများ ရှိသည်။ ထို့ပြင် မုံရွာမြို့သို့ လေကြောင်းခရီးပေါက်သည်။ ရထားများမှာ မုံရွာ - မန္တလေး စာပို့ရထား မုံရွာ - ပခုက္ကူ လူစီးရထား မုံရွာ - ခင်ဦး လူစီးရထား မုံရွာ - တည်းတိမ်ရံ ကားရထား မုံရွာ - ရန်ကုန် ကုန်ရထား ကျန်းမာရေး အစိုးရဆေးရုံများ မုံရွာ မိခင်နှင့်ကလေးဆေးရုံ မုံရွာ အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (မုံရွာပြည်သူ့ဆေးရုံကြီး) အားကစား မုံရွာ အားကစားကွင်း'သည် ဘက်စုံသုံး အားကစားကွင်း တစ်ခုဖြစ်ပြီး မုံရွာမြို့တွင် တည်ရှိသည်။ ဘောလုံးပွဲများအတွက် အများဆုံးအသုံးပြုလေ့ရှိပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် စစ်ကိုင်း ယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။ ပညာရေး မုံရွာမြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များမှာ မုံရွာတက္ကသိုလ် မုံရွာစီးပွားရေးတက္ကသိုလ် နည်းပညာတက္ကသိုလ်(မုံရွာ) ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မုံရွာပညာရေးကောလိပ် သူနာပြုသင်တန်းကျောင်း (မုံရွာ) ဓာတ်ပုံများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AF%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မျိုးသာထက်
ခရစ်နှစ် ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ မြန်မာ သက္ကရာဇ် ၁၃⁠၃၈ ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၃ ရက်၊ သောကြာနေ့ နံနက် ၆ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ အဘ ဦးမျိုးညွန့် (ကွယ်လွန်) အမိ ဒေါ်အေးမိချို တို့မှ ဖွားမြင်သော သားသမီး သုံးဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ၁ ၉⁠၉၉ ခုနှစ်၊ နိုဝင်ဘာလတွင် မန္တလေးသား လူငယ်တစ်စု ဦးစီး ဦးဆောင်၍ ရန်ကုန် အခြေစိုက် ထုတ်ဝေသော မြန်မာသစ် ဂျာနယ် (The New Myanmar Weekly) တွင် ဘာသာပြန် အယ်ဒီတာ အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုစဉ် မြန်မာသစ် ဂျာနယ်၏ အယ်ဒီတာချုပ်မှာ နေထွတ် ဖြစ်သည်၊ ဂျာနယ် အတွဲ (၁) အမှတ် (၁) ထွက်သည့် နေ့တွင် ဂျာနယ်၌ အလုပ် စဝင်သည်။ မြန်မာ သစ်တွင် ပထမပိုင်း အချိန်ပြည့်၊ နောက်ပိုင်း အချိန်ပိုင်း (လူကြီးများ၏ စီစဉ်မှုအရ) လုပ်ကိုင် ပြီးနောက် နှစ်⁠နှစ်နီးပါး အကြာတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ တော်ဝင် ဖနွမ်းပင် တက္ကသိုလ် (Royal University of Phnom Penh) တွင် အမေရိကန် သတင်းစာ ဆရာများ သင်ကြား ပေးသော လေးလကြာ အင်္ဂလိပ်စာ၊ အခြေခံနှင့် အဆင့်မြင့် သတင်းစာ ပညာ သင်တန်း များသို့ တက်ရောက် သင်ယူ ခဲ့သည်။ နောက် ပိုင်း ရန်ကုန် ပြန်လာပြီး အလွတ် ဘာသာပြန်၊ ပင်တိုင် ဆောင်းပါးရှင်၊ မဂ္ဂဇင်း တည်းဖြတ် စီစဉ်ပေးသူ စသည့် အလုပ်များကို လုပ်ကိုင် ပြီးနောက် ၂၀⁠၀၂ ခုနှစ် နှောင်းပိုင်းတွင် ရန်ကုန် အခြေစိုက် ထုတ်ဝေသော ဆဲဗင်းဒေး သတင်း ဂျာနယ် (7Day News) တွင် သူငယ်ချင်း အယ်ဒီတာ လှိုင်ဘွား၏ အကူအညီဖြင့် ပထမ "၇ ရက် စကားဝိုင်း ကဏ္ဍ" (ကိုယ်ပိုင် တီထွင်) စီစဉ်သူ နှင့် ပင်တိုင် ရေးသားသူ၊ နောက်ပိုင်း ထိုစဉ်က အယ်ဒီတာချုပ် ဖြစ်သူ ကိုကို (စက်မှု တက္ကသိုလ်) ၏ ဖိတ်ခေါ် ကမ်းလှမ်း မှုဖြင့် သတင်း အယ်ဒီတာ အဖြစ် စတင် တာဝန် ထမ်းဆောင်သည်၊ နောက်ပိုင်း အယ်ဒီတာချုပ်က သဘောကျ သဖြင့် ရာထူး တိုးပေး၍ တာဝန်ခံ အယ်ဒီတာ ဖြစ်လာ ခဲ့သည်။ တစ် နှစ်နှင့် သုံးလကြာ ဆဲဗင်းဒေး ဂျာနယ်တွင် လုပ်ကိုင်ပြီး နောက်တွင် အယ်ဒီတာချုပ် နှင့် အဆင်မပြေ သဖြင့် အလုပ် ထွက်သည်၊ အလွတ် ဘာသာပြန်၊ ဆောင်းပါးရှင် ခေတ္တ လုပ်ပြီးနောက် သုံးလ အကြာတွင် ထိုစဉ် အမ်အိုင်စီတီ ပါ့ခ် MICT Park ဟုခေါ်သော နည်းပညာ ရပ်ဝန်းထဲမှ အီးထရိတ် မြန်မာ e-TradeMyanmar ဟု ခေါ်တွင်သော စီးပွားရေး သတင်း အချက် အလက်များ ရောင်းချသည့် စီးပွားရေး ဆိုင်ရာ နည်းပညာ ကုမ္ပဏီ တွင် အွန်လိုင်း အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင်သည်။ ထိုစဉ်က အီးထရိတ် ကို ဦးဆောင်သူ များမှာ ဦးထွန်း⁠ထွန်းနိုင်၊ ဦးသူရအောင်၊ ဦးသက်လင်းဦးနှင့် ဦးငွေထွန်း တို့ (လူငယ်တစ်စု) ဖြစ်သည်။ ဆဲ ဗင်းဒေး ဂျာနယ်တွင် အယ်ဒီတာချုပ် အပြောင်းအလဲ ဖြစ်သွား ပြီးနောက် ၂၀⁠၀၅ ခုနှစ် နှစ်ဆန်း တွင် ဆဲဗင်းဒေးသို့ ပြန်လည် ရောက်ရှိလာပြီး၊ ဂျာနယ် ထုတ်ဝေသူ နှင့် ညှိနှိုင်း သဘောတူညီ ချက်အရ ရာထူးသစ် တီထွင်ပြီး ဒုတိယ အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင် ဆောင်ရွက် ခဲ့သည်။ ထိုစဉ်က အယ်ဒီတာချုပ်မှာ သောင်းစုငြိမ်း ဖြစ်သည်။ ဆဲဗင်းဒေးတွင် ၂၀⁠၀၉ ခုနှစ်၊ ဇွန်လကုန် အထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၂ ၀⁠၀၉ ခုနှစ်၊ ဇူလိုင်လမှ စတင်ပြီး ဘီ⁠ဘီစီမြန်မာပိုင်းအစီအစဉ် BBC Burmese Service တွင် အစီအစဉ်မှူး အဖြစ် စတင် တာဝန် ထမ်းဆောင်သည်။ ၁၀ နှစ် နီးပါးကြာ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဘာသာပြန်၊ အင်တာဗျူးသူ၊ သတင်း ဆောင်းပါး ရေးသူ၊ အတွေး အမြင် ဆောင်းပါး ရေးသူ၊ အယ်ဒီတာ စသည့် ပုံနှိပ်ဘက် ဆိုင်ရာ ဂျာနယ်လစ် အဖြစ် လုပ်ကိုင် ပြီးနောက် ရေဒီယို ဂျာနယ်လစ် ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဘီ⁠ဘီစီ မြန်မာပိုင်း အစီအစဉ် ဌာနမှူးမှာ ဒေါ်တင်ထားဆွေ ဖြစ်သည်။ ၂၀၁၃ မေတွင် လန်ဒန်ဘီဘီစီမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၂၀၁၄ မတ်လကုန်အထိ တနှစ်နီးပါး မည်သည့်သတင်းဌာနတွင်မှ အလုပ်မဝင်ဘဲ သတင်းစာပညာဆိုင်ရာ အတွေ့အကြုံနှင့် စာအုပ်များ ရေးသားခဲ့သည်။ ‘လန်ဒန်ဘီဘီစီရောက် မြန်မာသတင်းထောက်’ စာအုပ်မှာ ထင်ရှားပြီး၊ အခြားစာအုပ် သုံးအုပ်ကိုလည်း ယင်းတနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည်။ ၂၀၁၄ ဧပြီမှ ၂၀၁၆ ဇွန်လကုန်အထိ နှစ်နှစ်နှင့် သုံးလအကြာ DVB Debate မူဝါဒရေးရာ ရုပ်သံဒီဘိတ်များကို တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က အခြားတင်ဆက်သူများမှာ သန်းဝင်းထွဋ်နှင့် မျိုးမျိုးဖြစ်သည်။  ၂၀၁၆ ဩဂုတ်မှ စတင်ကာ မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသော Internews တွင် သတင်းစာပညာသင် သင်တန်းဆရာအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ကိုးကား မြန်မာ ဂျာနယ်လစ်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%91%E1%80%80%E1%80%BA
မျိုးကျော့မြိုင်
မျိုးကျော့မြိုင် သည် မြန်မာနိုင်ငံသား အဆိုတော်၊ အသံသွင်း ထုတ်လုပ်သူ၊ အသံ အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။ သူသည် မြန်မာပြည်ရဲ့ Hip Hop လောကကို စတင်ခဲ့သူဖြစ်ပြီး သီချင်းကောင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သူဖြစ်သည်။ သူသည် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များက အအောင်မြင်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၌ ဟစ်ဟော့ တေးဂီတနှင့်ပတ်သက်၍ အလွှမ်းမိုးဆုံး အနုပညာရှင်တစ်ယောက်အဖြစ် ယူဆထားသည်။ သူသည် အနည်းဆုံး အလ်ဘမ်ပေါင်း ၁၁ အထိ ထုတ်လုပ်ခဲ့သည်။ မျိုးကျော့မြိုင် သည် ကုန်းဘောင်ခေတ် မြန်မာဘုရင်  ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော ဒလမြို့စား  မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး)မှ ဆင်းသက်လာသူဖြစ်သည်။ အနုပညာလှုပ်ရှားမှု မျိုးကျော့မြိုင်သည် အနုပညာအလုပ်တွေကို ၁၉၈၆ ခုနှစ်နောက်ပိုင်းမှာကတည်းက လုပ်ကိုင်လာခဲ့သူဖြစ်သည်။ မြန်မာပြည်ရဲ့ Hip Hop လောကကို စတင်ခဲ့သူဖြစ်ပြီး သီချင်းကောင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် ပရိသတ်အကြိုက်ဆုံးနဲ့ စိတ်အဝင်စားဆုံးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲရဲ့ ဒိုင်တဦးအဖြစ်လည်း ပါဝင်ခဲ့သည်။ တေးစီးရီးများ မိုးတွေရွာနေချိန်ခဏ (၁၉၉၂) ကမ္ဘာကြီးအပြင်ဘက် (၁၉၉၃) Virus 3 [ Rap `N´ Roll ] (၁၉၉၄) Virus 3 (ဒုတိယစီးရီးနှင့်တတိယစီးရီးများမှကောင်းနိုးရာရာသီချင်းများကိုပြန်လည်ရွေးထုတ်ခြင်း) (၁၉၉၅) အပိုင်းအစ တစ် (၁၉၉၅) အပိုင်းအစ တစ် နှစ်ပိုင်းတစ်ပိုင်း (၁၉၉၆) ပေါင်းစပ်ခြင်း(ဆောင်းဦးလှိုင်၊ သီရိဂျေမောင်မောင် တို့နှင့် တွဲဖက်၍) (၁၉၉၆) မျိုးကျော့မြိုင်(၂)Virus (၁၉၉၇) အဟောင်းဆုံးတေးများ (၁၉၉၈) သက္ကရာဇ် ၂၀၀၀ Remix (၂၀၀၀) သတိရရင်ပြီးတာပဲ(ကဗျာဘွဲ့မှူး နှင့် တွဲဖက်၍) (၂၀၀၀) ကျွန်တော့်နာမည်မျိုးကျော့မြိုင် (၂၀၀၁) အကောင်းဆုံးတေးများ (၂၀၀၁) မျိုးကျော့မြိုင်.Com (၂၀၀၂) စားသုံးကြည့်(ဒိုးလုံး နှင့် တွဲဖက်၍) (၂၀၀၂) လူဖြစ်ရတဲ့ဒုက္ခ (၂၀၀၃) တကယ်မချစ်ဘဲနဲ့(ထွန်းအိန္ဒြာဗို နှင့် တွဲဖက်၍) (၂၀၁၀) ပစ္စုပ္ပန် (၂၀၁၃) တဘက်စွန်းဂီတ [ Mini Album ] (၂၀၁၄) Into The Acoustic (၂၀၁၇) A Night With Myo Kyawt Myaing (၂၀၁၈) လူငယ်တွေ Sorry ပါ (၂၀၁၉) ကိုးကား မြန်မာ အမျိုးသား အဆိုတော်များ မြန်မာ တေးရေးဆရာများ မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%B7%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
မျက်ဖြေလင်္ကာ
ရေပွက်ပမာ ခဏတာ သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း ။ ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းစံ ၊ မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ မင်းချမ်းသာကား ၊ သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊ ခဏတက်သည် ၊ ရေပွက်ပမာ ၊ တစ်သက်လျာတည်း ။ ကြင်နာသနား ၊ ငါ့အားမသတ် ၊ ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကြည် ၊ အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊ မချွတ်စသာ ၊ သတ္တဝါတည်း ။ ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊ သံသာစက်၌ ၊ ကြိုက်လတ်တွန်မူ ၊ တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊ သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊ အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊ သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ။ ရေးစပ်သူ။ ။ အနန္တသူရိယ အမတ်ကြီး ခေတ်။ ။ မြန်မာ - ၄၇၄ - ၅၃၅ ခန့် ကဗျာလင်္ကာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%96%E1%80%BC%E1%80%B1%E1%80%9C%E1%80%84%E1%80%BA%E1%80%B9%E1%80%80%E1%80%AC
မွန်ပြည်သစ်ပါတီ
မွန်ပြည်သစ်ပါတီ()၏ ဥက္ကဋ္ဌမှာ နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌမှာ နိုအောင်မင်း နှင့် အထွေထွေအတွင်းရေးမှူးမှာ နိုင်‌ဇေယျတွဲဖက်အထွေထွေအတွင်းရေးမှူးမှာ နိုင်ဝင်းလှ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံမှာ ဗဟိုအလုပ်မှုဆောင် နိုင်ဗညားလယ် နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ စစ်ဦးစီးချုပ် နိုင်ဗညားမဲ့စန်းတို့ ဖြစ်ကြသည်။ မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ မွန်ပြည်နယ် မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%90%E1%80%AE
မယား
လူ့သဘာဝအရ လူသားဖြစ်သော ကျား(အဖို)နှင့် မ(အမ) တို့ ချိန်ခါရွယ်ရောက်ပြီးနောက် အကြင်လင်မယားအဖြစ် အိုးအိမ်ထူထောင်နေထိုင်လေ့ရှိရာတွင် အမဖြစ်သော သတ္တဝါကို ရည်ညွှန်းသတ်မှတ်ခေါ်သော အမည်တမျိုးဖြစ်သည်။ မန်လည်ဆရာတော် အနက်ဖွင့်ဆိုချက် မန်လည်ဆရာတော် ဘုရားသည် 'မယားကို ဘယ်လိုဟာမျိုးပါလိမ့်'ဟူ၍ ဗျုပ္ပတ္တိရှုထောင့်မှ ကြည့်တော်မူပြီးမှ သူ မြင်ရသောအမြင်အတိုင်း မယားကို တည်ပုဒ်ပြု၍ အနက်ဖွင့်သွားပုံကို ပဒုမပြဇာတ်တွင် စာရွှင်ရွှင်နှင့်တွေ့ရသည်ကား... မယား-၁ လူတို့တွင် အကြင်လင်မယားအခွင့်သာရုံ၊ ချစ်ပါကုန်သည်၊ အာရုံ အသက်ထား၍။ ဤစကားတွင် မယားဆိုသည်မှာ... ယောက်ျားကျိကျိ၊ ယားချိချိနှင့်၊ ရှိသည့်ထိုအခါ၌ လွန်သာယာသည်၊ ခံသာမငြီးစေ။ လင်ယောက်ျားတို့ အယားပျောက်အောင်၊ ရွက်ဆောင်နေ့ည၊ တမမတည့်၊ ယားကဖျောက်တတ်လေ၍။ ထို့ကြောင့်ပေ၊ လူ့ပြေရှေးအဟို အိမ်သူသက်ထား၊ ကြင်ဖော်များကို၊ "မယား"ဟူ၍ဆို၏။ ဤကား ပဒုမပြဇာတ်လာ စကားဖြစ်၏။ အချုပ်အားဖြင့် "လင်ယောက်ျားကိုအယား ပျောက်အောင် ဖျောက်ပေးသူ"ဟုဆိုလိုသည်။ သာမန်အားဖြင့်ကြည့်သော် ယင်းဖွင့်ဆိုချက်မှာ ရိုင်းသည်ဟု ထင်ဖွယ်ရှိသော်လည်း စင်စစ်အားဖြင့် ယဉ်ကျေးသောဖွင့်ဆိုချက်(ဗျူပ္ပတ်ရှုထောင့်မှကြည့်လျှင် အဓိပ္ပာယ်ပီပြင်သော ဖွင့်ဆိုချက်)သာဖြစ်၏။ မြန်မာမှု၌ "ယား"ဟုစကားလုံးသည် မငြိမ်မသက် ဖြစ်ခြင်းအနက်၊ လှုပ်ရှားခြင်းအနက်၊ ကြရွခြင်းအနက် ဖြစ်၏။ ယောက်ျားသည် သားကျွေးမှု၊ မယားကျွေးမှုအတွက် အမြဲ ရုန်းကန် လှုပ်ရှားနေရသူ၊ နေ့တကုတ်ကုတ် ညတကုတ်ကုတ် နေပူမိုးရွာမရှောင် အလုပ်လုပ်နေရသော အလုပ်သမား ယားနေသူဖြစ်၏။ လှုပ်ရှားရဖန်များလျှင် အယားများ၏။ များများယား၏။ အလုပ်များ(အယားများ)လျှင် ပင်ပန်း၏။ နွမ်း၏။ မောဟိုက်၏။ ထိုအခါ လင်ယောက်ျားခများ ပင်ပန်းနွမ်းဟိုက်သည်ကို မယားခမျာက မကြည့်ရက်နိုင်သဖြင့် အမောအပန်းပြေပျောက်အောင် အယားပြေသွားအောင် ပြုစုယုယမှုအသွယ် သွယ်တို့ဖြင့် အယားဖြေပေးသည်။ လင်ယောက်ျား အမောပြေအောင်၊ အယားပျောက်အောင် ဖျောက်ပေးသော ဗျူပ္ပတ်ကိုရှု၍ မယားဆိုသည်မှာ ယောက်ျားကျိကျိ၊ ယားချိချိနှင့် ရှိသည့်ထိုအခါ၌ ဟူ၍ဆရာတော်ဆိုသတည်း။ ဆရာတော်သည် မယားကို အနက်နှစ်မျိုး ဖွင့်ဆိုထား၏။ လင်ကို အယားဖြေတတ် သူ၊ ကိုယ်တိုင်လည်း ယားနေသူ၊ ယင်းနှစ်မျိုးတွင် ဒုတိယအနက်ကို ပဒုမပြဇာတ်၌ ဖွင့်ဆို ပြန်သည်ကား... မယား-၂။ သူတို့ကလည်း အလိုကြီးမား ယောက်ျားပေါ်မှာ တကြောသာအောင်၊ သေပါလုလုယားရှင့်။ သည်ကြောင်းကျားကြောင့်၊ မယားခေါ်ကြဆို ယားလည်းယားတတ်။ ယားစေတတ်သည် ပညတ်များ ထိုထိုတည်း။ ဤစကားအရ ကောက်ချက်ချသော် သူတို့ကိုယ်၌ကလည်းယားသောကြောင့် မယား ဟုစာရွှင်ရွှင်နှင့်တင်ပြသွားခြင်းဖြစ်သည်။ သို့သော် မယားသည် ဘာကို ယားသနည်း။ ဘာတွေ ဘာတွေက ယားယားနေသ နည်း။ စဉ်းစားလျှင် အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ။ မိစ္ဆာကြဉ်ရှောင်ဟူသော မယား ဝတ်ငါးပါးကို ညွှန်ထား၍မရပေ။ အိမ်တွင်းမှုလုပ်ဟူသော စကားဖြင့် အလုပ်များကြောင်း ကိုဆိုသည်။ အလုပ်များခြင်းသည် မိန်းမတို့၏လှုပ်ရှားခြင်း၊ ယားခြင်းပင်တည်း။ အလုပ် များသောနေရာတွင် မိန်းမများက ယောက်ျားများထက် သာလေသည်။ အလုပ်များသော ကြောင့် အလုပ်မြန်မြန်ပြီးဖို့အတွက်လည်း ယောက်ျားထက် ဆန္ဒစောကြလေသည်။ အလို ကြီးကြသည်။ ဤသည်ကို ရည်၍သာ မန်လည်ဆရာတော်ဘုရားက... သူတို့ကလည်း အလိုကြီးမား ယောက်ျားပေါ်မှာ၊ တကြောသာအောင် သေပါလုလုယားရှင့်။ ဟုစပ်ဆိုသတည်း။ တလှုပ်ရှားရှား အလုပ်များခြင်းကို ယား သည်ဟု ဆိုသည်။ ထိုယားခြင်းမျိုးကား ယောက်ျားများထက် ပို၍ယားသည်။ ပို၍အလုပ် များသည် ကိုယ်တိုင်ယားနေသော အယားများကို မယားအောင်၊ အယားပြေအောင် ဖြေ ဖျောက်တတ်သောကြောင့် မယားခေါ်သည်ဟု ဒုတိယအနက် ဆက်၍ မန်လည်ဆရာ တော် ဖွင်သတည်း။ မယားအမျိုးအစား ရှေးအစဉ်အလာအရ ခွဲခြားပြဆိုသောမယားအမျိုးအစားကွဲပြားကို အောက်တွင်ဖော်ပြထားသည်။ ၁။ သူသတ်နှင့်တူသော မယား၊ လင်ယောက်ျား၏ အကြင်မယားသည် ဒေါသ ဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ အစီးအပွားကို အစဉ် စောင့်ရှောက်လေ့ မရှိဘဲ မိမိလင်မှ တခြားသော ယောက်ျား တို့၌ တပ်မက်မောလျက် မိမိလင်ကို (မရိုမသေ) မထီမဲ့မြင် အောက်မေ့၏၊ ဥစ္စာဖြင့် ဝယ်သူကို သတ်ရန် (အားထုတ်သကဲ့သို့) အားထုတ်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို သူသတ်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။ ၂။ ခိုးသူနှင့်တူသော မယား၊ လင်ယောက်ျား၏ အကြင်မယားသည် မိမိ၏ အရှင်သခင်ဖြစ်သူ လင်ယောက်ျား သည် အတတ်ပညာကို လည်းကောင်း၊ ကုန်သွယ်ခြင်းကို လည်းကောင်း၊ လယ်လုပ်ခြင်းကို လည်းကောင်း ဆောက်တည် (စီရင်)၍ ရအပ်သော ဥစ္စာအနက် အနည်းငယ်မျှသော ဥစ္စာကို သော်လည်း အပြင်သို့ ဆောင်ယူခြင်းငှါ အလိုရှိ၏၊ ဤသို့ သဘောရှိသော ထိုမယားကို ခိုးသူမ ဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။ ၃။ အရှင်နှင့်တူသော မယား၊ လင်ယောက်ျား၏ အကြင် မယားသည် အလုပ်အကိုင် လုပ်ရန် အလိုမရှိ၊ ပျင်းရိ၏၊ အစားကြီး၏၊ စိတ်လည်း ကြမ်းတမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်းတမ်း၏၊ ကြမ်းတမ်းသော စကားတို့ကိုလည်း ဆိုတတ်၏၊ လုံ့လဝီရိယ ရှိသော လင်ကို လည်း နှိပ်စက် လွှမ်းမိုး၍ ကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အရှင်သခင်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။ ၄။ အမိနှင့်တူသော မယား၊ လင်ယောက်ျား၏ အကြင်မယားသည် အခါခပ်သိမ်း အစီးအပွားကို အစဉ်စောင့် ရှောက်လေ့ရှိ၏၊ အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ကို အစဉ် စောင့်ရှောက်တတ်၏၊ ထို့ကြောင့် ထိုလင် ယောက်ျား ဆည်းပူးရှာဖွေအပ်သော ဥစ္စာကို စောင့်ရှောက်၏၊ဤသို့ သဘောရှိသော ထိုမယားကို အမိဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။ ၅။ နှမနှင့်တူသော မယား၊ လင်ယောက်ျား၏ အကြင်မယားသည် အစ်မကြီး နှမငယ်သည် မောင်၌ ရိုသေ သကဲ့သို့ ထို့အတူ မိမိလင်၌ ရိုသေ၏၊ အရှက်နှင့်ယှဉ်သော စိတ်ရှိ၏၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အစ်မ နှမဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။ ၆။ အဆွေခင်ပွန်းနှင့်တူသော မယား၊ လင် ယောက်ျား၏ အကြင်မယားသည် ဤလောက၌ အဆွေခင်ပွန်းသည် ကြာမြင့် မှ ရောက်လာသော အဆွေခင်ပွန်းကို မြင်၍ လွန်စွာ ဝမ်းမြောက် သကဲ့သို့ လင်ကို မြင်၍ လွန်စွာ ဝမ်းမြောက်၏၊ အမျိုးနှင့် ပြည့်စုံ၏၊ သီလရှိ၏၊ လင်၌ ရိုသေစွာ ကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အဆွေခင်ပွန်းဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။ ၇။ ကျွန်မနှင့်တူသော မယား၊ လင်ယောက်ျား၏ အကြင်မယားသည် (လင်ယောက်ျားက) တုတ်လှံတန်ကို ကိုင်၍ သတ်ပုတ် ခြင်းဖြင့် ခြိမ်းခြောက် အပ်သော်လည်း အမျက်ထွက်ခြင်း ထိတ်လန့်ခြင်း မရှိ၊ (ဒေါသဖြင့်) မပြစ်မှားသော စိတ်ရှိ၏၊ လင်ကို သည်းခံတတ်၏၊ အမျက်ထွက်ခြင်း မရှိ၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို ကျွန်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။ ရည်ညွှန်းကိုးကား ဘရိယာသုတ်၊ အဗျာကတဝဂ်၊ အင်္ဂုတ္ထိုရ်။ မြန်မာ့ ဓလေ့ထုံးစံ မြန်မာဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9A%E1%80%AC%E1%80%B8
မယ်လဒုက္ခသည်စခန်း
မယ်လ သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း ဖြစ်သည်။ ၁၉၈၄ ခုတွင် စတည်ပြီဂ တက်ပြည်နယ် ((ตาก)၊ သာ့စောင်ယန်းခရိုင် (ท่าสองยาง) ရှိ ဒေါနတောင်ရိုးတွင် တည်ရှိသည်။ ဒုက္ခသည် ၅၀၀၀၀ ခန့် နေသည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများအနက် အကြီးဆုံးဖြစ်သည်။ ၉၀ ရာခိုင်နှုန်းကျော်မှာ ကရင်တိုင်းရင်းသားများ ဖြစ်သည်။ စခန်းအား ထိုင်း-ဗမာနယ်စပ် အကျိုးတူအဖွဲ့ (Thai-Burma Border Consortium) က ထောက်ပံ့သည်။ ၁၉၈၄ ခုတွင် စရောက်သူများမှာ ကရင်နှင့် ကရင်နီ (ကယား) တိုင်းရင်းသားများ ဖြစ်သည်။ စစ်ဘေးရှောင်တိုင်းရင်းသားများနှင့် ကေအန်ယူမှ ကွဲထွက်လာသူအချို့တို့ ပေါင်းကာ ထိုင်းရွာတို့နှင့် မနီးမဝေးတွင် ရွာတည်ခြင်းဖြစ်သည်။ ကနဦး အရေအတွက်မှာ ၁၁၀၀ ခန့်သာ ဖြစ်သည်။ ၁၉၉၅ ခုအထိ ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်များကို အပြင်သွားကာ ကိုယ်တိုင်အလုပ်လုပ်ခွင့်၊ စားစရာရှာခွင့် ပြုထားသည်။ သို့သော် ဒီကေဘီအေများ၏ တိုက်ခိုက်မှု ရှိလာသောကြောင့် ထိုင်းထဲသို့ ပိုတိုးကာ ယခုစခန်းရှိရာသို့ ရွေ့လာကြသည်။ ၁၉၉၅ ခု၊ ဇန်နဝါရီလတွင် မာနယ်ပလော ကျပြီးနောက် ဒုက္ခသည်စခန်းများကို တိုက်ခိုက်မှု စိပ်လာရာ ထိုင်းအာဏာပိုင်တို့က စခန်းအဝင်အထွက်ကို ပိတ်ပြီး လုံခြုံရေး တိုးလိုက်သည်။ ၁၉၉၅ ခု၊ ဧပြီလတွင် အနားရှိ စခန်းငါးခုကို မယ်လသို့ ပေါင်းလိုက်ရာ လူဦးရေ ၆၉၆၉ ယောက် မှ ၁၃၁၉၅ ယောက် ဖြစ်လာသည်။ ကရင် ဒုက္ခသည်စခန်းများ စခန်း၏မြန်မာဘက် နယ်စပ်မျဉ်းမှာ သောင်ရင်းမြစ်ဖြစ်သည်။ စခန်းဒု-ဥက္ကဋ္ဌ မှာစောထွန်းထွန်း၊ မယ်လစခန်းဆေးရုံတာဝန်ခံမှာ စောနေဆဲ၊ ရပ်ကွက်မှူးများမှာ ကိုရွှေ တို့ဖြစ်ကြသည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9A%E1%80%BA%E1%80%9C%E1%80%92%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%9E%E1%80%8A%E1%80%BA%E1%80%85%E1%80%81%E1%80%94%E1%80%BA%E1%80%B8
မင်္ဂလာတရား ၃၈-ပါး
မင်္ဂလာတရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား သိကြားမင်းက မထင်မရှား နတ်သားအသွင်ကို ဆောင်ယူလျှက် သာဝတ္ထိပြည် ၊ ဇေတဝန် ကျောင်းတော်၌ အကာလညအခါတွင် တောင်းပန် လျှောက်ထားမှုကြောင့် လူ ၊ နတ် ၊ ဗြဟ္မာတို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။ မင်္ဂလာတရား ၃၈-ပါး ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။ (၁) အသေဝနာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊ (၂) ပဏ္ဍိတာနဉ္စ သေဝနာ- ဉာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊ (၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊ (၄) ပဋိရူပ ဒေသာဝါသ- သင့်လျော်ကောင်း မြတ်ရာ၌ နေရခြင်း၊ (၅) ပုဗ္ဗေစ ကတ ပုညတာ- မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊ (၆) အတ္တသမ္မာ ပဏီဓိ- ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊ (၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊ (၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှုအတတ်မျိုးစုံ တတ်ထားရခြင်း၊ (၉) ဝိနယ သုသိက္ခိတော- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကိုကောင်းစွာသင်ယူခြင်း၊ (၁၀) သုဘာသိတဝါစာ- အင်္ဂါလေးပါးရှိသော စကားကိုပြောဆိုတတ်ရခြင်း၊ (၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊ (၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊ (၁၃) အနာကုလ ကမ္မန္တ- ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ္မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက်ထိုက်သလို လုပ်ရခြင်း၊ (၁၄) ဒါန မင်္ဂလာ- ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊ (၁၅) ဓမ္မစရိယ- ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊ (၁၆) ဉာတကာနဉ္စသင်္ဂဟ- ဆွေမျိုးတို့ကိုတတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊ (၁၇) အနဝဇ္ဇကမ္မ- နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများ နှင့် အများကောင်းကျိုး စေတနာ့ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊ (၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ဝေးစွာရှောင်ကြဉ်ရခြင်း၊ (၁၉) ဝိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊ (၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊ (၂၁) အပ္ပမာဒ ဓမ္မ- ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ (၂၂) ဂါရဝ- ရိုသေထိုက်သူကို ရိုသေခြင်း၊ (၂၃) နိဝါတ- မာနမထားနှိမ့်ချရိုသေသော စိတ်များရှိခြင်း၊ (၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊ (၂၅) ကတညုတာ- ပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊ (၂၆) ကာလေန ဓမ္မဿဝန- သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊ (၂၇) ခန္တီမင်္ဂလာ- နေရာတိုင်း၌သည်းခံရခြင်း၊ (၂၈) သောဝစဿတာ - ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊ (၂၉) သမဏဒဿန - အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊ (၃၀) ကာလေန ဓမ္မသာကစ္ဆ- လျောက်ပတ်သောအခါ၌တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊ (၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းဩပ, မကောင်းဆိုမဖြစ်နိုင်စေရန် သတိနှင့် ဝီရိယ တရား အစဉ်ထားခြင်း၊ (၃၂) ဗြဟ္မစရိယ- မြတ်သော အကျင့်ရှိခြင်း၊ (၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊ (၃၄) နိဗ္ဗာနသစ္ဆိကိရိယ- အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်း၊ (၃၅) ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း၊ (၃၆) အသောက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊ (၃၇) ဝိရဇ- ရာဂစသော ကိလေသာမြူမရှိခြင်း၊ (၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။ ဤသို့ ပြအပ်ခဲ့ပြီးသော ၃၈ ပါး မင်္ဂလာတရားတို့ကို ပြုကျင့်အားထုတ်သောသူတို့သည် မည်သည့်အရပ်၌မဆို ရန်သူတို့ မအောင်နိုင်သဖြင့် အရာခပ်သိမ်း၌ ချမ်းသာကြရကုန်၏။ ထို မင်္ဂလာတရား ၃၈ပါးသည် နတ်လူဟူသမျှတို့၏ ကြီးပွားချမ်းသာကြောင်း အမြတ်ဆုံးသော မင်္ဂလာတရားများ ဖြစ်ကြပေသည်။ ဘုရားရှင်သည် မင်္ဂလာတရား (၃၈)ပါးကို ဟောကြားခဲ့သော သတင်းဂယက်သည် သံဃာပရိသတ် အလည်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ (၃၈)ဖြာသော မင်္ဂလာတရားတော်ကို ဟောကြားပေးတော် မူသော ဘုရားရှင်၏ ဉာဏ်တော်ကိုလည်း ရဟန်းတို့သည် အံ့ဩချီးမွမ်း မဆုံးရှိလေသည်။ ထိုအခါ ဘုရားရှင်သည် ရဟန်းတို့ထံ ကြွလာပြီး `ရဟန်းတို့ ယခုအခါ ငါဘုရားရှင်သည် သဗ္ဗညုတ ဉာဏ်တော်ရပြီး သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံ၍ (၃၈)ဖြာ မင်္ဂလာတရား ဟောကြားသည်မှာ အံ့ဩဖွယ် မဟုတ်ပေ။ ငါဘုရားသည် နုစဉ်ကပင် မင်္ဂလာပြဿနာကို ပြီးပြည့်အောင် ဆုံးဖြတ်ပေးနိုင်ခဲ့သည်´ဟူ၏။ `အရှင်ဘုရား- တပည့်တော်တို့သည် အတိတ်ဘဝက ဖုံးလွှမ်းထားသော ထိုအကြောင်းကို သိလိုကြသည်ဘုရား´ဟု ရဟန်းတို့က ခွင့်ပန်လေသည်။ `ချစ်သားတို့ ရှေးအတိတ်ဘဝက ငါဘုရားရှင်သည် မဟာရက္ခိတ ဟူသော အမည်ဖြင့် ရသေ့ဖြစ်ခဲ့ဘူးသည်။ ငါ့တွင် တပည့်ရသေ့ တစ်ဦးရှိသည်။ ထိုတပည့်ကား ယခု သာရိပုတ္တရာပင် ဖြစ်ပေသည်။ တစ်နေ့သောအခါ တပည့်သည် ငါ့ထံသို့ ချဉ်းကပ်၍ မင်္ဂလာပြဿနာကို လေ့လာသည်။ လောကတွင် မင်္ဂလာအမျိုးမျိုးတွေ ပေါ်ပေါက်နေပါသည်။ ကြီးပွားချမ်းသာကြောင်း မင်္ဂလာဟူသည် အဘယ်နည်း။ အဘယ်အရာမျိုးကို မင်္ဂလာ ခေါ်ပါသနည်း ဟုမေးမြန်းလျှောက်ထား၍ ငါဘုရားရှင်သည် မင်္ဂလာ ရှစ်မျိုးကို ခွဲခြား၍ ဟောကြားခဲ့သည်´ဟူ၏။ ဘုရားရှင်ဟောကြားတော်မူသော မင်္ဂလာ ရှစ်မျိုး (၁)သတ္တဝါ ခပ်သိမ်းတို့အား မေတ္တာဖြင့် ချဉ်းကပ်၍ အလုပ်အကျွေး ပြုရာ၏။ ဤသို့ပြုခြင်းသည် မင်္ဂလာ မည်ပါသည်။ (၂) မိမိကိုယ်ကို နှိမ့်ချ၊ မိမိကို ရင့်သီးစွာ ပြောဆိုတိုက်ခိုက်စေဦး သည်းခံ၊ ချိုသာသော စကားဖြင့် တုံ့ပြန် ပြောဆိုရာ၏။ ဤသို့ပြုခြင်းသည် မင်္ဂလာ မည်ပါသည်။ (၃)ပညာဂုဏ်ဖြင့်၎င်း၊ ဥစ္စာဂုဏ်ဖြင့်၎င်း၊ ဆွေဂုဏ်မျိုးဂုဏ်ဖြင့်၎င်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ မောက်မာဝင့်ထယ်စွာ မထေမဲ့မြင် မပြုရာ။ ဤသို့ပြုခြင်းသည် မင်္ဂလာ မည်ပါသည်။ (၄)မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းများနှင့် မည်သည့်အခါမျှ ငြင်းခုံခြင်း မပြုရာ၊ ထိုသူတို့အား တတ်နိုင်သလောက် ကူညီစောင့်ရှောက်၍ နှီးနှောတိုင်ပင်မှုကို ပြုရာ၏။ ဤသို့ပြုခြင်းသည် မင်္ဂလာ မည်ပါသည်။ (၅)အကြင်သူအား သက်တူရွယ်မျှ မယား၊ စိတ်တူသဘောတူ မယား၊ လင်အလိုကိုလိုက် လင်ကြိုက်ဆောင်သော မယား၊ သားသမီး ထွန်းကားသော မယား၊ မျိုးကောင်းဆွေသန့် မယား၊ အကျင့်ကောင်းသော မယား၊ အဆင်းနှင့် အချင်း ပြည့်စုံသော မယားရှိအံ့ ထိုသူအဖို့ မင်္ဂလာ မည်ပါသည်။ (၆)အလုပ်သမား၏ အရည်အချင်းကို သိတတ်သော မင်း၊ လုပ်ငန်းပိုင်ရှင် အကြီးအကဲတို့ထံ၌ ခစားရခြင်း၊ အလုပ်လုပ်ရခြင်းသည် မင်္ဂလာ မည်ပါသည်။ (၇)စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ထမင်း အဖျော်ယမကာ ပန်းနံ့သာ စသည်ကို မိမိစိတ်ကြိုက် လှူရခြင်းသည် မင်္ဂလာ မည်ပါသည်။ (၈)အကျင့်သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်မြတ်တို့၏ အဆုံးအမ ဩဝါဒကို ခံယူ၍ အရိယာဓမ္မကို ကျင့်ကြံခြင်း အားထုတ်ခြင်း ရရှိခြင်းသည် မင်္ဂလာ မည်ပါသည်။ `ရဟန်းတို့ နုစဉ်က ငါဟောခဲ့သော မင်္ဂလာတရားနှင့် ယခု ငါဘုရားဖြစ်မှ ဟောကြားသော မင်္ဂလာတရားတို့ကို နှိုင်းယှဉ် လေ့လာကြကုန်လော့၊ နုစဉ်က ဤမင်္ဂလာ(၈)ပါးကို ဟောကြားနိုင်သော ငါဘုရားရှင်သည် ယခု ဘုရားဖြစ်စဉ် အဘယ်ဆိုဖွယ်ရာ မရှိသော မင်္ဂလာတရားကို ဟောကြားနိုင်သည်သာတည်း´ ၃၈ ဖြာ မင်္ဂလာ ကဗျာများ ၁။ အသေဝနာစ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။ ပညာရှိကို အရှည်တွဲလို့။ မှီဝဲဆည်းကပ် နည်းယူစေ။ သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ။ ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေးသုံးချက်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၂။ ပတိရူပ ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။ ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ၊ ကောင်းမှုအထူး ရှိပါစေ။ မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ဆောက်တည်လေ။ ဥစ္စာကိုပေး နေထိုင်ရေး၊ မြော်တွေးသုံးချက်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၃။ ဗာဟုဿစ္စဉ္စ တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ။ အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြားနားလည်စေ။ မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၄။ မာတာပိတု မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။ ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။ အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။ စည်းစိမ်ကိုပေး ပြုစုရေး ၊ မြော်တွေးသုံးချက်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၅။ ဒါနဉ္စ သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။ ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။ ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။ သန့်စင်ပြစ်မျိုး လူထုကျိုး၊ သယ်ပိုးဆောင်ရွက်စေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၆။ အာရတီ ဝိရတီ မကောင်းမှုတွေ ဟူသမျှကို ၊ မတွေ့ခင်က ရှောင်ကြဉ်လေ။ တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။ အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။ လုပ်ကိုင်ပြောကြား သတိထား ၊ တရားမမေ့စေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၇။ ဂါရဝေါစ အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား ရိုသေလေ။ မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ။ လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။ ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး ၊ အထူးသိတတ်စေ။ ကောင်းကျိုးဆင့်ပွား မြတ်တရား ၊ နာကြားမပြတ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၈။ ခန္တီစ ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။ ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။ သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊ မကြာခဏ တွေ့ဆုံလေ။ သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၉။ တပေါစ လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။ မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။ လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။ ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း ၊ အလင်းပေါက်နိုင်စေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ၁၀။ ဖုဋ္ဌဿ ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။ ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။ လောကဓံကြုံ မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။ သောကကိုထိန်း ၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ လောကီမင်္ဂလာ ၁၂-ပါး ယေဘုယျအားဖြင့် လောကကောင်းကျိုး အတွက်သာ ဖြစ်သော မင်္ဂလာများ။ (၁) ပဋိသန္ဓေ အချိန် အခါ၊ လ၊ ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ဝိဇာတ မင်္ဂလာများ။ (၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။ (၃) ဖွားသည်မှနောက် ရ-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေ ဒန မင်္ဂလာ။ (၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သော နေ့ရက်၌ ပုခက် ဧယာဉ် တင်ခြင်း ဟူသောဒေါလာ ကရဏမင်္ဂလာ။ (၅) ဖွားသည်မှနောက် ရ၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တမင်္ဂလာ။ (၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ လ တို့ကို ပြသကြည့်ရှု စေခြင်း ဟူသော ရဝိန္ဒု ဒဿန မင်္ဂလာ။ (၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏမင်္ဂလာ။ (၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။ (၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သောအခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။ (၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သောအခါ နားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။ (၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ သာသနာတော် တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာ လည်း ဟူ၏။ (၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ် ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား ရခြင်း ဟူသော အာဝါဟ ဝိဝါဟမင်္ဂလာ။ ကျမ်းကိုး ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%20%E1%81%83%E1%81%88-%E1%80%95%E1%80%AB%E1%80%B8
မန်ကျည်းပွေး
မန်ကျည်းပွေး ၏ ရုက္ခဗေဒ အမည်မှာ Diospyros pendula ဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ ထိုင်းနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%BA%E1%80%80%E1%80%BB%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B1%E1%80%B8
မင်းဏီ
မင်းဏီ [၁၉၂၈ - ၁၉၈၅] ကသာခရိုင် ထီးချိုင့်မြို့၌ အဖ ဝန်ထောက်ကြီး ဦးထွန်းတင့်၊ အမိ ဒေါ်ခင်ထွေး တို့က ၁၉၂၈ ခုနှစ် မေလ ၁၁ ရက်နေ့ (မင်းဏီ၏ 'ညောင်းရွက်ကယ် ကြွေလေဟန်' ဝတ္ထုတွင် မူ "၁၉၃ဝ ပြည့်နှစ်" ဟု ဖော်ပြ ထားသည်) တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း ၉ ယောက်တွင် တတိယမြောက် သား ဖြစ်သည်။ ငယ်မည်မှာ မောင်ကိုကို၊ အမည်ရင်း ဦးကိုကိုကြီး ဖြစ်သည်။ မင်းကင်းမြို့ မူလတန်း ကျောင်းတွင် သူငယ်တန်း (၁၉၃၄ - ၃၅)၊ သံတွဲမြို့ အေဘီအမ် ချင်းကျောင်းတွင် ပထမတန်းနှင့် ဒုတိယတန်း (၁၉၃၅ - ၃၇)၊ စစ်တွေ ကွန်ဗင့်ကျောင်းတွင် တတိယတန်း (၁၉၃၇-၃၈)၊ စစ်တွေ အစိုးရ အထက်တန်း ကျောင်းတွင် စတုတ္ထတန်း (၁၉၃၈ - ၄ဝ)၊ မန္တလေး ဝက်စလီ ယောကျ်ား ကလေး ကျောင်းတွင် ပဉ္စမတန်းနှင့် ဆဋ္ဌဆတန်း (၁၉၄ဝ - ၄၂)၊ ပခုက္ကူ အစိုးရ မူလတန်းလွန် ကျောင်းတွင် သတ္တမတန်းနှင့် အဋ္ဌမတန်း (၁၉၄၆ - ၄၈)၊ မုံရွာ အထက်တန်း ကျောင်းတွင် ကျောင်းထွက် လက်မှတ်ရ စာမေးပွဲအောင် (၁၉၄၈ - ၄၉)၊ မန္တလေးမြို့ စိန့်ဖလိုမီနာ ကျောင်းတွင် တက္ကသိုလ် ဝင်တန်း ပညာ (၁၉၅ဝ - ၅၁) ဆည်းပူး ခဲ့သည်။ ၁၉၅၂ - ၅၄ တွင် ရန်ကုန် မြို့၌ လက်ထောက် ကျန်းမာရေးမှူး သင်တန်း တက်ခဲ့သည်။ ၁၉၅၃ တွင် တက္ကသိုလ်ဝင် စာမေးပွဲကို အလွတ် ဖြေဆို အောင်မြင် ခဲ့သည်။ အတွင်းဝန်များရုံး ဘဏ္ဍာရေးနှင့် အခွန်တော် ဌာနတွင် အောက်တန်း စာရေးနှင့် အကောက်ခွန် ဌာနတွင် အောက်တန်း စာရေး (၁၉၅ဝ - ၅၁)၊ လက်ထောက် ကျန်းမာရေးမှူး အဖြစ်နှင့် မော်လိုက် မြို့နယ် ယုဝရွာ (၁၉၅၄ - ၅၅)၊ အရာတော် မြို့နယ် ဝါးတန်းရွာ၊ မော်လိုက် မြို့နယ် ကင်းတပ်ရွာ၊ ဆားလင်းကြီး မြို့နယ် ဆားတုံရွာ၊ မုံရွာ မြို့နယ် အလုံရွာ၊ ပုလဲ မြို့နယ် လက်တောင်းကြီးရွာ၊ ဖောင်းပြင် မြို့နယ် တံငါရွာ တို့၌ ၁၉၅၅ - ၆၈ ထိ အမှု ထမ်းခဲ့သည်။ ၁၉၆၈ မှ စ၍ ရန်ကုန် အဆုတ် ရောဂါ ဆိုင်ရာ ဌာန ဘီစီဂျီ အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့သည်။ အငြိမ်းစား ယူပြီးနောက် စာပေနှင့် ရုပ်ရှင် လောကတွင် ကျင်လည် ခဲ့သည်။ "ပုရပိုက်" အနုပညာ လုပ်ငန်းတွင် ပါဝင် ဆောင်ရွက် ခဲ့သည်။ ၁၉၄၅ တွင် ပခုက္ကူ အောင်သာကန် ရပ်ကွက်တွင် လူငယ်များနှင့် ပူးပေါင်း၍ "ဉာဏဗိမာန်" စာကြည့်တိုက် ထောင်သည်။ လက်ရေး စာစောင် ထုတ်သည်။ ထိုစာစောင်တွင် ကလောင် အမည် 'မြနှစ်ဆွေ' ဖြင့် ဝတ္ထုတိုများ စတင် ရေးခဲ့သည်။ ၁၉၄၆ အထွေထွေ သပိတ် ကာလတွင် ပခုက္ကူ ခရိုင် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌနှင့် မုံရွာ အထက်တန်း ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ၊ ၁၉၄၈ တွင် မုံရွာ ခရိုင် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ၊ ၁၉၄၉ - ၅ဝ တွင် မန္တလေးခရိုင်လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ တွဲဖက် စည်းရုံးရေးမှူး တာဝန် တို့ကို ယူခဲ့သည်။ လူငယ် အစည်းအရုံးမှ ထုတ်ဝေသော လက်ရေး စာစောင် များတွင် ဝတ္ထုတိုများ ရေးသား ခဲ့၏။ လမ်းစဉ် ပါတီ ကာလတွင် ဗဟို နိုင်ငံရေး တက္ကသိုလ် တက်ရောက် ခဲ့၏။ မြို့နယ် တရားသူကြီး ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက် ခဲ့၏။ ရန်ကုန် မြို့တွင် ရှိနေစဉ် ကာလ များတွင် ဗန်းမော် တင်အောင် ဦးစီး ထုတ်ဝေသည့် လင်းယုန် ဂျာနယ်၊ လင်းယုန် သတင်းစာနှင့် စာပေ မဂ္ဂဇင်း တို့တွင် မပြတ်မလပ် ရေးသား ကူညီ လုပ်ဆောင် ခဲ့သည့် လင်းယုန် ရဲဘက် တဦး ဖြစ်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် တာရာ မဂ္ဂဇင်း၌ 'ဇော်ဝင်း' ကလောင် အမည် သုံး၍ "မမခင်" ဝတ္ထုတိုကို စတင် ရေးသား ခဲ့သည်။ 'ဇော်ဝင်း' ကလောင် အမည်တူ ရှိနေ သဖြင့်၊ ၁၉၅၁ တွင် တာရာ မဂ္ဂဇင်း ၌ပင် "မန္တလေးမှာ" အမည်ရှိ ဝတ္ထု တိုကို 'မင်းဏီ' ကလောင် အမည် စတင် သုံးစွဲ ရေးသား လာခဲ့သည်။ တာရာ မဂ္ဂဇင်းမှ စတင်၍ အခြားသော စာနယ်ဇင်း များတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာနှင့် ဘာသာပြန် တို့ကို ရေးသား ခဲ့သည်။ ရှုမဝ၊ မြဝတီ၊ သွေးသောက်၊ ဒဂုန်၊ သဘင်၊ သောင်းပြောင်းထွေလာ တို့တွင် အရေး များသည်။ အထူးသဖြင့် ရှုမဝ ရုပ်စုံ မဂ္ဂဇင်းတွင် "ထို" ဝတ္ထုတိုများ အများဆုံး ရေးခဲ့သည်။ "ထို" ဝတ္ထုတို များကြောင့် ပို၍ ထင်ရှား၊ အသိအမှတ် ပြုခဲ့ ကြသည်။ ကွယ်လွန် ပြီးနောက် "ထို ဝတ္ထုများကို" ၁၉၉၄ ခု ဇူလိုင်လတွင် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ၁၉၆၃ တွင် ညောင်းရွက်ကယ် ကြွေလေဟန် ဝတ္ထုကို မောင်သိန်းဆိုင်နှင့် တွဲဖက် ရေးသား ထုတ်ဝေ ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် "ဒေါက်တာ ဖေငယ်" ရုပ်ရှင် ဇာတ်ညွှန်းကို ရေးခဲ့သည်။ ရှုမဝ ရုပ်ရှင် "စေလိုရာစေ" ဇာတ်ကားမှ စတင်၍ ရုပ်ရှင် သရုပ်ဆောင်တစ်ဦး အဖြစ် စမ်းသပ် ပါဝင် ခဲ့သည်။ ကွယ်လွန်ချိန် အထိ ရုပ်ရှင် ဇာတ်ကား များတွင် ဇာတ်ပို့ သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင် သွားခဲ့သည်။ ၁၉၈၅ ခုနှစ် မတ် ၁၄ ရက်နေ့ နေ့လယ် ၂ း ၄ဝ နာရီတွင် ရန်ကုန် မြို့၌ ကွယ်လွန် ခဲ့သည်။ စာညွှန်း မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (နိုဝင်ဘာနှင့် ဒီဇင်ဘာ ၁၉၈၄)။ စာ ၁၁၄ နှင့် စာ ၄၇။ မင်းဏီနှင့် မောင်သိန်းနိုင်။ ညောင်းရွက်ကယ် ေွ့ွကလေဟန် (ပ ကြိမ်၊ ၁၉၆၃)။ စာ အချပ်ပို။ ရွှေဝယ်မင်းသစ္စာ။ ထိုနေ့၊ ရှုမဝ (ဇွန် ၁၉၈၅)။ စာ ၁၅၁ - ၁၅၄။ ၏ ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဧပြီ ၁၉၈၅)။ စာ ၂ဝ။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%8F%E1%80%AE
မင်းဆွေ
မင်းဆွေ (၁၉၁၀-၁၉၄၉ ?) သည် မြန်မာ စာရေးဆရာ၊ အယ်ဒီတာနှင့် ပြဇာတ်ဒါရိုက်တာ ဖြစ်သည်။ ရိုးရှင်းသော ဇာတ်အိမ်တွင် အပြန်အလှန်စကားပြောတို့ဖြင့် စိတ်ဝင်စားဖွယ် ရေးသားတတ်သဖြင့် လူကြိုက်များသည်။ ငယ်ဘဝ မော်လမြိုင်မြို့တွင် (၁၉၁၀)ပြည့်နှစ်၊ ဇွန်လ(၈)ရက်က မွေးဖွားသည်။ ဖခင်မှာ ပန်းပဲဆရာကြီးဖြစ်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါး ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ကြီးဒေါ်ထံတွင် ကြီးပြင်းခဲ့ရသည်။ အမည်ရင်း မောင်ချစ်လှိုင် (ခေါ်) မောင်မြင့်လှိုင်ဖြစ်၏။ စာပေခရီး ပီမိုးနင်း၏ "ပင်နန်းရံရွှေ ငယ်ကျွမ်းဆွေ" ကို ဖတ်မိရာမှ စာရေးဆရာဖြစ်ရန် ရည်စူးခဲ့၏။ (၁၉၃၅)ခုဝန်းကျင် ဒဂုန် မဂ္ဂဇင်းတွင် "ရွှေမြိုင်ညွန့်" ကလောင်အမည်ယူပြီး "တစ်သုံးလုံး" စုံထောက်ဝတ္ထုကို စတင်ရေးခဲ့သည်။ "ရန်သူ့မေတ္တာ" စုံထောက်ဝတ္ထု၊ အိုင်ဆေးယောက်ဖ၊ အိုင်လပ်(ဖ)ယူ၊ လူပါးဝတဲ့ကောင် စသည့် ဟာသနှင့် အခြားသော အချစ်ဝတ္ထုတို/ရှည်များကို ဆက်လက်ရေးသားခဲ့သည်။ (၁၉၃၅)ခု၊ ဧပြီ(၅)တွင် ရန်ကုန်သို့ပြောင်းခဲ့သည်။ ရန်ကုန် ရေကျော်ရပ်တွင် သူငယ်ချင်းများနှင့် အိမ်ငှား၍စုနေကြသည်။ အရင်းနှီးဆုံး စာပေမိတ်ဆွေများမှာ ရဲထွတ် (ဦးသော်)၊ ရဲသမိန် (မာဃကုန်စုံဆိုင်ရှင် ဦးဘကြိုင်)၊ မင်းအောင်တို့ ဖြစ်ကြသည်။ ရန်ကုန်ရောက်စမှာပင် "ခယ်မပျို" လုံးချင်းစာအုပ်ကို ဦးဘဆန်းအင်ဆန်း တိုးတက်ရေးဝတ္ထုတိုက်က ထုတ်ဝေလိုက်သည်မှ နာမည်ရလာပြီး၊ အခြားဝတ္ထုတိုက်များကလည်း အလုပ် အပ်နှံလာကြသည်။ ဗန္ဓုလသတင်းစာတွင် ဆရာကြီးပီမိုးနင်း အယ်ဒီတာချုပ် လုပ်စဉ် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူး၏။ တစ်ခါသော် ဆရာကြီးပီမိုးနင်းရေးသည့် သတင်းစာအခန်းဆက်ဝတ္ထုရှည်ကြီး တစ်ပုဒ်တွင် ဆရာကြီး ရုတ်တရက်မကျန်းမာခိုက် ဝင်ရောက် ရေးသားပေးခဲ့ဖူးသည်။ ဂျပန်ခေတ်တွင် ပဲခူး၊ ကျောက်တန်း၊ ကွမ်ပေါင်ရွာ တို့တွင် နေခဲ့သည်။ မော်လမြိုင် အစိုးရအထက်တန်းကျောင်း ရန်ပုံငွေပွဲတွင် ပြဇာတ်ဒါရိုက်တာလုပ်ခဲ့ရာမှ လူကြိုက်များပြီး မော်လမြိုင် ဝန်းကျင်သို့ လှည့်လည်ဖြေဖျော်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ ကျဆုံးပြီးစအချိန်ခန့်၌ သူရိယသတင်းစာတိုက်တွင် လခစားအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ မကြာမီနုတ်ထွက်လိုက်ပြီး ကိုယ်ပိုင် ကြယ်နီ စာအုပ်တိုက်ကို တည်ထောင်သည်။ သူဘုငါဘောက်၊ လူချင်း မတူ၊ ဓား (ဒုတိယအကြိမ်)နှင့် ကလဲ့စား တို့ကို ထုတ်ဝေ ခဲ့၏။ ပျောက်ဆုံးခြင်း ထိုကာလမှာပင် မကျန်းမမာဖြစ်လာသည်။ တစ်ပြိုင်နက်တည်း လိုလိုပင် အရင်းနှီးဆုံး စာရေးဆရာ ရဲထွတ် ကွယ်လွန်သွားခြင်း၊ အချစ်ဆုံးတူ ဦးအောင်မြင့် (ကျိုက္ခမီဆားဖိုပိုင်ရှင်) ရန်ကုန်မှမော်လမြိုင်သို့အပြန် ၁၄-၃-၄၉ တွင် လေယာဉ်ပျက်ကျ ကွယ်လွန်ခြင်း တို့ကြောင့် စိတ်နှလုံးအထူးထိခိုက် ကြေကွဲခဲ့ရသည်။ ထိုကာလ (၁၉၄၉)ခုနှစ်၊ ဇူလိုင်(၂၆)ရက်နေ့တွင် ဆေးကုသလာသည့် ဆရာအတွက် ဆေးလိပ်ဝယ်ရန် နေအိမ်မှ ထွက်ခွာသွားရာ ယနေ့အထိပြန်​မလာတော့ဘဲ ပျောက်ဆုံးခဲ့ရ တော့သည်။ ရေးသော စာများ 'ချစ်ရေးမညီ' ဝတ္ထုမှာမူ ရန်အောင် ရေးပြီး မင်းဆွေ ကလောင် အမည်နှင့် ထုတ်ကြောင်း အမှတ်အသား ရှိခဲ့သည်။ "သူ၏ ဝတ္ထုများမှာ ဘဝနှင့် အလွန် နီးစပ်သော အတွေးအခေါ် အလှည့်အပတ် ကလေးများ ပါဝင်၍ အရေးအသားလည်း ဆန်းဆန်းပြားပြား မဟုတ်ဘဲ ရိုးရိုးပြေပြေ ရေးတတ် သောကြောင့် ဖတ်၍ ကောင်း၏" ဟူ၍ လည်းကောင်း၊ မောင့်ပွင့်ကောင်း - သန်းသန်း (၁၉၃၆) ဝတ္ထုနှင့် စပ်လျဉ်း၍ "အဖြစ်အပျက် မှန်ကို ဇာတ်ဆောင် ယောက်ျားကလေး၊ မိန်းကလေး တို့၏ ဓာတ်ပုံများ နှင့်တကွ အဖြစ်အပျက်မှန် ဝတ္ထုကို စတင် ရေးသားသူ ....." ဟူ၍ လည်းကောင်း ဒဂုန် ရွှေမျှားက ကောက်ချက် ဆွဲခဲ့၏။ "မင်းဆွေ သည် စာဖတ် သူတို့အား တိုင်းပြည့် လိုအင်နှင့် အညီ တိုးတက်အောင် လှုံ့ဆော်ရာတွင် ထိရောက် အောင်မြင်သော စာရေးဆရာ" ဟူ၍လည်း မလိခက မှတ်ချက် ပေးပါသည်။ စာညွှန်း ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၄၄၂-၄၄၃။ မလိခ။ မြန်မာဝတ္ထု အညွှန်း (၃)။ စာ ၁၆၁-၁၆၂။ စံပြတင်ဦး။ မြန်မာ စာရေးဆရာ အဘိဓာန်။ စာ ၃ဝ၅ - ၃ဝရ။ ပြည့်စုံ။ ပျောက်ဆုံးနေသော စာရေးဆရာ၊ သွေးသောက် (မေ ၁၉၅၁)။ စာ ၃၇-၃၉နှင့် ၆၉။ မောင်သန်းနိုင်။ ဖေဖေမင်းဆွေ၊ သွေးသောက် (စက်တင်ဘာ ၁၉၅၄)။ စာ ၆၉-၇၃။ မောင်သန်းနိုင်။ ရဲထွတ်နှင့် မင်းဆွေ၊ သွေးသောက် (ဖေဖော်ဝါရီ ၁၉၅၇)။ စာ ၄၂-၄၄။ အောင်မော် (မင်းဆွေသား)။ မင်းဆွေ ဘယ်မှာလဲ၊ ရှုမဝ (မေ ၁၉၆ဝ)။ စာ ၈၃-၈၅။ ဒဂုန်ရွှေမျှား။ မင်းဆွေ၊ ငွေတာရီ (ဩဂုတ် ၁၉၆၇)။ စာ ၂၅-၃၁။ ရန်အောင်။ ရဲထွတ်နှင့် မင်းဆွေ အတု လုပ်ခဲ့စဉ်က၊ ငွေတာရီ (ဒီဇင်ဘာ ၁၉၆ဝ)။ စာ ၁၅၄-၁၅၈။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%BD%E1%80%B1
မင်းမော်ကွန်း
မင်းမော်ကွန်းသည် ၁၉၇၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းဦးဌေးလွင်နှင့် ဒေါ်ခင်နွယ်နွယ်ထွန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ နာမည်ရင်းမှာ ကျော်ကျော်ဌေးလွင် ဖြစ်သည်။ အနုပညာလောကထဲသို့ (၇)နှစ်သားအရွယ်က စတင်ရင်းနှီးခဲ့ပြီး ၁၉၉၆-ခုနှစ်တွင် အရိပ် ဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက် လာသည်။ ဂီတဘက်တွင် အဆိုတော် အဖြစ်နှင့်လည်း မြေပဲယိုအဖွဲ့နှင့် မှတ်တိုင်ထူနိုင်ခဲ့သည်။ အ.ထ.က(၁)ဒဂုံမြို့နယ် ၏ ကျောင်းသားဟောင်းဖြစ်သည်။ အရပ် ၅ပေ၆လက်မ ဖြစ်သည်။ အိမ်ထောင်ရှိသည်။ သားတစ်ယောက် မွေးသည်။ တတိယမြောက် ရင်သွေးကို မတ်လ ၂၉ ၂၀၁၅ တွင် မွေးဖွားခဲ့သည်။ ၂၀၀၁-ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆုကို (နှလုံးလှလူမိုက်)ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ကိုးကား မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ အမျိုးသား အဆိုတော်များ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%B8
မင်းယုဝေ
မင်းယုဝေ (၁၆ စက်တင်ဘာ ၁၉၂၈–၂၉ ဇူလိုင် ၂၀၂၁) သည် အမျိုးသာစာပေဆု၊ စာပေဗိမာန် စာပေဆုရ မြန်မာ စာရေးဆရာတစ်ဦး ဖြစ်သည်။ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် အဖ ကုန်သည်ကြီး ဦးထွန်းဆိုင်၊ အမိ ဒေါ်သင်တို့မှ ၁၉၂၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် အငယ်ဆုံး ဖြစ်၍ အမည်ရင်းမှာ ဦးဝင်းမောင် ဖြစ်သည်။ ပညာရေး ကန်ကြီးထောင့်မြို့ မင်းကုန်းကျောင်း (၁၉၃၄ ခုနှစ်)၊ ပုသိမ်မြို့ အမျိုးသား အထက်တန်း ေကျောင်း (၁၉၃၅)၊ နှင့် ဂျပန်စာသင်ကျောင်း (၁၉၄၁)၊ ကန်ကြီးထောင့် ခေတ်သစ်တန်းမြင့် ကျောင်း (၁၉၄၂) နှင့် ပုသိမ်မြို့ အမျိုးသား အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့ ပြီး ၁၉၄၆ ခုနှစ်တွင် ၁၀ တန်း အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၆ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ ပညာဆည်းပူးကာ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ကဗျာဆရာမ ငွေတာရီနှင့် အိမ်ထောင်ပြုပြီး သမီး ခင်ရီဝင်း အား ထွန်းကား ခဲ့သည်။ ၁၉၅၅ ခုနှစ်နှင့် ၁၉၅၆ ခုနှစ်များတွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ကောလိပ်တွင် တက်ရောက်ကာ အဘိဓာန် ပညာရပ်ကို သင်ယူခဲ့သည်။ ထမ်းဆောင်ခဲ့သည့်တာဝန်များ ဝန်ထမ်းဘဝတွင် ပြန်ကြားရေး ဝန်ကြီးဌာန အထက်တန်း ဘာသာပြန် အရာရှိ (၁၉၅၁)၊ အင်းစိန်ခရိုင် ပညာအုပ် (၁၉၅၂)၊ စာပေဗိမာန် စာအုပ်တိုက်တွင် စာပြု (၁၉၅၃) နှင့် ရန်ကုန် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် လက်ထောက်စာတည်း (၁၉၅၄) တာဝန်များ ထမ်းဆောင်ခဲ့သည်။ နိုင်ငံခြား ပညာသင်အဖြစ် လန်ဒန်မှ ပြန်လာပြီးနောက်တွင်လည်း ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနတွင်ပင် လက်ထောက်စာတည်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၈ ခုနှစ်အထိ ငွေတာရီ မဂ္ဂဇင်းတွင် တာဝန်ခံ စာတည်း အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၆၃-၆၄ ခုနှစ်များတွင် ရုပ်ရှင် ဆင်ဆာအဖွဲ့ဝင်လူကြီး၊ ထိုနောက် မြဝတီ ပုံနှိပ်တိုက်တွင် အယ်ဒီတာချုပ် (၁၉၆၈-၇၉)၊ စာပေဗိမာန် စာပေဆုနှင့် အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ကျောင်းသုံးစာအုပ် ကော်မတီ အဖွဲ့ဝင် (၁၉၆၈-၇၉) တာဝန်များလည်း ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ပုဂ္ဂလိက စာစောင်များဖြစ်သော မြစ်မခ စာပဒေသာ၊ မြစ်မခ အင်္ဂလိပ်စာဥယျာဉ်တို့တွင် ၁၉၈၀ မှ ၁၉၈၄ အထိ လည်းကောင်း၊ မြတ်မင်္ဂလာ စာစောင်တွင် ၁၉၈၅ ခုနှစ်မှ ကွယ်လွန်သည်အထိလည်းကောင်း၊ မင်္ဂလာမောင်မယ် စာစောင်တွင် ၁၉၈၉ ခုနှစ်မှ ကွယ်လွန်သည်အထိလည်းကောင်း အယ်ဒီတာချုပ်တာဝန်များ ထမ်းဆောင်ခဲ့သည်။ ခရီးစဉ် နိုင်ငံတော်၏ အစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (၁၉၆၅ ခုနှစ်)၊ အိန္ဒိယနိုင်ငံ (၁၉၇၃) နှင့် အမေရိကန်ပြည်ထောင်စု (၁၉၇၆) တို့သို့ လေ့လာရေးခရီးများ ထွက်ခဲ့သည်။ ရေးသားခဲ့သည့်ကဗျာဝတ္ထုတိုများ ၁၉၄၀ ပြည့်နှစ် ၆ တန်းကျောင်းသားအရွယ်မှစ၍ လက်ရေးစာစောင်များတွင် ကဗျာ၊ ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ တွင် ကဗျာ နှင့် ဆောင်းပါးများ စတင် ပုံနှိပ်ဖော်ပြခံရသည်။ ဆရာ မင်းယုဝေ ရေးသား ထုတ်ဝေခဲ့သော ထင်ရှားသည့် စာအုပ်အချို့မှာ ဘဝမာလာ ကဗျာများ (၁၉၄၉)၊ ငွေတာရီနှင့် တွဲဖက်၍ ရတနာကဗျာများ (၁၉၅၀)၊ အီစွတ်ပုံပြင်များ (၁၉၅၄)၊ ကမ္ဘာကျော် ဂရင်းညီနောင်ပုံပြင် ၁၀၀ (၁၉၈၄)၊ ဆရာ မင်းသုဝဏ်နှင့် တွဲဖက်၍ ကဗျာ ပရိယာယ် (၁၉၆၃)၊ အိမ်ပြန်ချိန် ကဗျာများ (၁၉၆၄)၊ ဆရာတိုက်စိုးနှင့် တွဲဖက်၍ မြန်မာစာမိတ်ဖွဲ့ (ပထမတွဲ ၁၉၆၅၊ ဒုတိယတွဲ ၁၉၆၆)၊ စာဆိုနှင့် သုတေသီ (၁၉၆၇)၊ တက္ကသိုလ် ဝင်းမွန်နှင့် တွဲဖက်၍ အာရှပုံပြင်များ (၁၉၆၇)၊ အိုမာခယမ် (၁၉၇၂)၊ ရာဇဂြိုဟ် (၁၉၇၅)၊ ကျဉ်းထဲကျပ်ထဲ (၁၉၇၅)၊ ရွှေကြက်ဖ ကလေးကဗျာများ (၁၉၇၆)၊ သူလိုလူများ (၁၉၇၉)၊ မင်္ဂလာရောင်ခြည် ဗုဒ္ဒဝင် ရုပ်ရှင် (၁၉၈၉)၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ပုံပြင်များ (၁၉၉၂)၊ ဇာတ်ကြီး ဆယ်ဘွဲ့ အနှစ်ချုပ် (၁၉၉၅) တို့ ဖြစ်ကြသည်။ ကလောင်အမည်ကွဲများ ဂါမဏိ စောနိုင်၊ မောင် ထွန်းမြတ်၊ မောင် နေဝင်းဝဏ် ပျံချီ ဖိုးကျား၊ ပုသိမ်- ဖိုးနီ (မဟာဝိဇ္ဇာ ) ဗိုလ်လုံး မင်း၊ တက္ကသိုလ်- မြစ်မခအယ်ဒီတာတစ်ဦး ရာကျော်၊ ဦး လေ့လာသူတစ်ဦး ဝေဠုသုမန (၂ ) ဝင်းမောင်ဆိုင် ဝင်းဝင်းမြတ် ဝင်းအံ့ သက်ဝေဦး အယ်ဒီတာတစ်ဦး အယ်ဒီတာအဖွဲ့ဝင်တစ်ဦး စာပေဆုများ ၁၉၄၄ ခုနှစ် ပုသိမ်ခရိုင် အာရှလူငယ် အစည်းအရုံး ညီလာခံ (ကျုံပျော်မြို့) အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် ဆောင်းပါး ပထမဆု၊ ၁၉၅၄ ခုနှစ်တွင် အီစွတ်ပုံပြင်များ စာအုပ်ဖြင့် စာပေဗိမာန် ဘာသာပြန်စာပေဆု နှင့် ၁၉၇၂ ခုနှစ်တွင် ရေခပ်ချိန် ကဗျာများ စာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာဆု)များ ဆွတ်ခူးရရှိခဲ့သည်။ ကွယ်လွန်ခြင်း မြန်မာစာပေလောကကို မီးရှုးတန်ဆောင်ပမာ များစွာထွန်းလင်းစေခဲ့သူ ဆရာကြီးမင်းယုဝေသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၊ ညနေ (၃)နာရီခန့်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ အသက်(၉၃)နှစ် ရှိပြီဖြစ်သည်။ အခြားကြည့်ရန် မင်းယုဝေ စာစုစာရင်း ရည်ညွှန်းကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ အမျိုးသား ကဗျာဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%E1%80%9D%E1%80%B1
မင်းသုဝဏ်
မင်းသုဝဏ် (၁၀ ဖေဖော်ဝါရီ ၁၉၀၉ – ၁၅ ဩဂုတ် ၂၀၀၄) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာတစ်ဦး ဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူများအနက် တစ်ဦး ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ ဦးထင်ကျော်၏ ဖခင်လည်း ဖြစ်သည်။ ငယ်ဘဝ မင်းသုဝဏ်ကို ဟံသာဝတီတိုင်း(ယခု ရန်ကုန်တိုင်း)၊ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့တွင် ကုန်သည်များဖြစ် ကြသော ဦးလွမ်းပင်နှင့်ဒေါ်မိတို့က ၁၉၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည်။ မွေးချင်း (၇) ယောက်တွင် ဒုတိယမြောက်ဖြစ် ပြီး မွန်-မြန်မာမျိုးရိုးဖြစ်သည်။ အမည်ရင်း ဦးဝန်ဖြစ်ပြီး ရက်ချုပ်အရ ငယ်မည်မှာ မောင်လှမောင် ဖြစ်သည်။ အရပ်ထဲတွင် မောင်လှမောင်အမည်ရှိသူများမှာ အများအားဖြင့် ဆိုးကြ၍ မောင်လှဝံ ဟု အမည်ပြောင်းသည်။ မန္တလေးပုဏ္ဏား ဆရာညွန့်က ဇာတာဖွဲ့ပေးသည်။ ဘုန်းကြီးကျောင်းတွင် ဆရာတော်က စိန်ဝံ ဟူ၍ လည်းကောင်း အရပ်ထဲမှ ဦးရွှေဒုံးဆိုသူက ခွေးဝံ၊ ဝက်ဝံ ဟူ၍လည်းကောင်း ချစ်စနိုးခေါ်ကြသည်။ မြို့အနီးတွင် ရွှေဘိုမှ ပြောင်းလာသူများနေထိုင်သည့် ရွှေဘိုတန်းရှိသည်။ ငယ်စဉ်က အစားကောင်း၊ အသားညိုပြီး ရွှေဘိုတန်းက မဲ⁠မဲဝဝ၊ ထောင်⁠ထောင်မောင်းမောင်း ငပန်ဆိုသူနှင့်တူသဖြင့် အချို့က ငပန် ဟူ၍လည်း ခေါ်ကြသည်။ နောင်တွင် မောင်ဝံဟုသာတွင်၍ မိမိစိတ်ကြိုက် ဝ, ကို န,ငယ် သတ်ပြီး မောင်ဝန် ဟု ပြင်သည်။ ပညာရေး ၁၉၁၆ ခုနှစ်ခန့် အသက် (၇) နှစ်ရွယ်၌ ကွမ်းခြံကုန်းမြို့ ကြားကျောင်းခေါ် ရွှေကျင်ကျောင်းတိုက် (ဆရာဦးဖိုးလှိုင်ကျောင်း)တွင် မြန်မာစာစတင် သင်ယူသည်။ ကျောင်းအုပ်မှာ ဆရာတော်ဦးဣန္ဒဝံသဖြစ်၍ ဆဋ္ဌမတန်းထိနေခဲ့သည်။ ၁၉၂၁ တွင် ကွမ်းခြံကုန်းအမျိုးသားကျောင်းဖွင့်၍ ထိုကျောင်းသို့ ပြောင်းတက်ပြီး အင်္ဂလိပ်နှင့် မြန်မာ ၂ ဘာသာသင်ယူခဲ့သည်။ ကဗျာရေးနည်းကို ထိုကျောင်းမှ ဆရာဦးအာကာသန်းထံမှသင်ယူသည်။ ဆဌမတန်းထိနေခဲ့သည်။ ၁၉၂၃ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ဆရာမှတ်ကြီးကျောင်း (ခေါ်) စိန်ဂျွန်းကျောင်းကိုဝင်၍ ပဉ္စမတန်းမှ စတက်သည်။ ၁၉၂၆ မတ်လတွင် အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ်စာမေးပွဲ (စတုတ္ထရ၍) အောင်သည်။ အဌမတန်းမှစ၍ ဆရာမှတ်ကြီးအိပ်ဆောင်တွင် ကျောင်းသားမှူးလုပ်ရသည်။ ဗုဒ္ဓဘာသာမိန်းကလေးကျောင်း(ညကျောင်း)၌ အပတ်စဉ် အလှည့်ကျစာသင်ပေးရသည်။ ဤနှစ်မှာပင် ဒဂုန်မဂ္ဂဇင်း၌ပထမဆုံးကဗျာဖော်ပြခံရသည်။ ၁၉၂၉ မတ်လတွင် ၁၀ တန်းကို ပထဝီဝင်ဂုဏ်ထူးဖြင့်အောင်သည်။ ဇွန်လတွင် ယူနီဗာစတီကောလိပ်သို့ရောက်ပြီး ပဲခူးဆောင်တွင်နေသည်။ ၁၉၃၀ ခုနှစ်၌ ဥပစာတန်းတွင် အထူးကျောင်းသားအဖြစ် အရွေးခံရ၍ တစ်နှစ်အတွင်း မတ်လမှာကျင်းပသော ဥပစာအထက်တန်းစာမေးပွဲဖြေဆိုရာ အောင်မြင်သည်။ မိုးရာသီထုတ် ကောလိပ်မဂ္ဂဇင်း (အမှတ်-၁)တွင် ကဗျာများစတင် ထည့်သွင်းခြင်းခံရသည်။ ၁၉၃၁ မတ်လတွင် ပထမနှစ် (ဝိဇ္ဇာ) မြန်မာစာဂုဏ်ထူး အစမ်းစာမေးပွဲအောင်သည်။ ထိုနှစ်တွင် မိဘများစီးပွားပျက် ၍ ကျောင်းထွက်ပြီး ကွမ်းခြံကုန်းမြို့အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဝင်လုပ်သည်။ ကလေးကဗျာများ စတင်ရေးသားခဲ့သည်။ တက္ကသိုလ်ဖွင့်သော် ပါမောက္ခ ဦးဖေမောင်တင် ခေါ်၍ အလုပ်မှထွက် တက္ကသိုလ်ပြန်တက်ခဲ့သည်။ ၁၉၃၃ မတ်လတွင် ဝိဇ္ဇာဂုဏ်ထူးတန်းကို (မြန်မာစာ-ပထမအဆင့်ဖြင့်) အောင်မြင်ခဲ့ပြီး ဇွန်လမှ ၁၉၃၅ မေထိ မြန်မာစာဌာန၊ အချိန်ပိုင်းနည်းပြလုပ်ခဲ့သည်။ ပဲခူးဆောင်တွင် ကျောင်းဆောင်နည်းပြလုပ်ပြီး မဟာဝိဇ္ဇာတန်းကို အချိန်ပိုင်း တက်ရောက်ခဲ့သည်။ ၁၉၃၅ မတ်လ-မဟာဝိဇ္ဇာ-မြန်မာစာဂုဏ်ထူး စာမေးပွဲကို (ဒုတိယအဆင့်)ဖြင့် အောင်မြင်ခဲ့ပြီး အချိန်ပြည့်နည်းပြခန့်အပ်ခြင်း ခံခဲ့ရသည်။ ပင်းယဆောင်ပြောင်းရွေ့ပြီးနောက် ကျောင်းဆောင်နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းတိုက်၊ မြန်မာစာအသင်း အတွင်းရေးမှူး၊ တက္ကသိုလ်ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး၊ ကောလိပ်မဂ္ဂဇင်းမြန်မာပိုင်း အယ်ဒီတာ၊ ဂန္ထလောက မဂ္ဂဇင်း အယ်ဒီတာများ အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ပညာသင်ဆုရ၍ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်သို့ သွားရောက်ပညာသင်ခဲ့သည်။ စိန့်ကက်သရင်း ကျောင်းတွင် သက္ကဋ၊ ပါဠိ၊ တိဗက်၊ အထွေထွေဘာသာဗေဒပညာရပ်များကို သင်ယူခဲ့သည်။ ၁၉၃၈ အောက်တိုဘာတွင် လန်ဒန်တက္ကသိုလ်၊ အရှေ့ တိုင်းနှင့် အာဖရိကဘာသာရပ်များလေ့လာရေးကျောင်း (School of Oriental and African studies) သို့ ပြောင်းရွေ့ပညာသင်ကြားခဲ့သည်။ ၁၉၃၉ အောက်တိုဘာတွင် အောက်စဖို့တက္ကသိုလ်မှ ဘီလစ် (B.Litt) ခေါ် စာပေဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး စက်တင်ဘာတွင် မြန်မာနိုင်ငံပြန်လည်ရောက်ရှိခဲ့သည်။ အောက်တိုဘာ ၁ တွင် လက်ထောက်ကထိကအဖြစ် လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ၁၉၄၀ တွင် မောင်ခွေးဖို့ ကလေးကဗျာများထွက်ရှိ၍ ၁၉၄၁ ၌သပြေညိုနှင့်အခြားကဗျာများ ထွက်ရှိသည်။ ၁၉၄၂ - ဒုတိယကမ္ဘာစစ်အတွင်း ပညာရေးဌာန၊ ဘာသာပြန်ဌာနခွဲတွင်အမှုထမ်းသည်။ ပညာ့တံခွန်အသင်းနှင့် အဘိဓာန်လုပ်ငန်းကို ဦးဆောင်သည်။ (ကွမ်းခြံကုန်းမြို့တွင် ဇန်နဝါရီ ၁၀ ရက်တွင်စတင်ပြုစုသည်။) ၁၉၄၅ ဧပြီ ၇ ရက်တွင် စစ်ဘေးအန္တရာယ်ကြောင့် အဘိဓာန်လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားရသည်။ ဗြိတိသျှများပြန်ရောက်ပြီးနောက် အုပ်ချုပ်ရေးကိုင်ရသည်။ ကွမ်းခြံကုန်းမြောက်ပိုင်းတွင် မြို့အုပ်လုပ်ခိုင်း၍ ၂ လမျှလုပ်ရသည်။ ဩဂုတ် ၆ တွင် ရန်ကုန် မဂိုလမ်း၌ အရေးပေါ်တက္ကသိုလ်သင်တန်းများဖွင့်၍ မြန်မာစာလက်ထောက်ကထိကအဖြစ် အလုပ်ဝင်သည်။ ၁၉၄၆ ဇွန် ၁ ရက်တွင် ကထိကအဖြစ် တိုးမြင့်ခန့်ထားခြင်းခံရ။ ၁၉၄၇ - အိန္ဒိယနိုင်ငံ၊ ဒေလီမြို့သစ်၌ကျင်းပသော အာရှတိုက် ဆက်ဆံရေးညီလာခံသို့၊ ဝတ်လုံတော်ရ ဦးကျော်မြင့်ခေါင်းဆောင်သောအဖွဲ့နှင့် တက်ရောက်။ ထိုနှစ် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းဖြစ်ပေါ်လာသော အခါ ဝေါဟာရ ကော်မတီတွင် ဝင်လုပ်ရ။ ၁၉၄၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ ဌာနမှူး။ အဘိဓာန်လုပ်ငန်းပြန်လုပ်။ အခြေခံ ဥပဒေမြန်မာစာမူကို လေ့လာအကြံပေးရ။ မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်အဖွဲ့တွင်ဝင်ရောက်။ သုတေသန အသင်းဂျာနယ်တွင် စာတည်းအဖြစ်ဆောင်ရွက်။ ဇော်ဂျီနှင့်တွဲ၍ စာပေလောက စာအုပ် ထွက်ရှိ။ ၁၉၅၀ - ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြင့်ခံရ။ ၁၉၅၂ - အမေရိကန်ပြည်၊ နယူးဟေဗင်မြို့၊ ယေးလ်တက္ကသိုလ်တွင် ၆ လခန့် ဘာသာဗေဒ ပညာဆည်းပူး။ ၁၉၅၃ ဇွန် ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်ထုတ်ဝေရေးဌာန စာတည်းမှူး။ ၁၉၅၅ - သိပ္ပံမောင်ဝ၊ ဇော်ဂျီတို့နှင့်တွဲ၍ သုံးပွင့်ဆိုင် ခေတ်စမ်းစာပေ ထွက်ရှိ။ ၁၉၅၇အောက်တိုဘာတွင် မြန်မာနိုင်ငံယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုဗီယက် ရုရှား၊ ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား၊ အရှေ့ဂျာမနီနိုင်ငံများသို့ လှည့်လည်ခဲ့။- တိပိဋကပါဠိမြန်မာ အဘိဓာန်လုပ်ငန်း၊ မွန်မြန်မာအဘိဓာန်လုပ်ငန်းများတွင် ဝင်ရောက်ကူညီ။ စာပေဗိမာန်စွယ်စုံကျမ်းအဖွဲ့၊ စာပေဆု ပေးရေးအဖွဲ့၊ သုခမိန်အဖွဲ့၊ ပန်တျာမူမှန်ပြုလုပ်ရေးကော်မတီ၊ ပိဋကတ်တော်မြန်မာပြန်ကော်မီတီ၊ ဥပဒေဘာသာ ပြန် ကော်မတီတို့တွင် ဝင်ရောက်ဆောင်ရွက်။ ၁၉၆၁မတ်လ ၁ ရက်မှ ၁၉၆၂ မေ ၁၂ ထိ၊ တက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခအဖြစ်အမှုထမ်း။ အောက်တိုဘာတွင် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်။ တက္ကသိုလ်စာအုပ်ထုတ်ဝေဖြန့်ချိရေးကော်မတီဥက္ကဋ္ဌ။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်။ ၁၉၆၂မေ ၁၃ ရက်တွင် ပါမောက္ခရာထူးစွန့်၊ ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနတွင် ပြန်လည်အမှုထမ်း။ သီရိပျံချီဘွဲ့ချီးမြင့်ခံရ။ ၁၉၆၃ - မင်းယုဝေနှင့်တွဲ၍ ကဗျာ့ပရိယာယ် စာအုပ်ထွက်။ ၁၉၆၄ - ၁၉၅၂ မှပြုစုခဲ့သည့် မြန်မာအဘိဓာန် ၅ ပိုင်းထွက်ရှိ။ ၁၉၆၅ - ပန်းနှင့်ပင်စည်၊ မြန်မာစာ မြန်မာမှု့၊ ခရီး သည် (ဇော်ဂျီနှင့်တွဲလျက်) စာအုပ်များထွက်။ ၁၉၆၆ - မြန်မာနိုင်ငံ စာမတတ်သူပပျောက်ရေးအတွက် သက်ကြီးစာသင်နည်း (၀၊ ထ၊ က၊ လ၊ သ-နည်း)ကို တီထွင်။ ၁၉၆၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ စာတည်းမှူးအဖြစ်မှ အငြိမ်းစားယူ၍ ပညာရေး ဌာန အထူးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်။ ပျဉ်းမငုတ်တို စာအုပ်ထွက်။ ၁၉၇၀ - မြန်မာနိုင်ငံသုတေသနအသင်း (နှစ်-၆၀ ပြည့် နှစ်) တွင် အသင်း၏ဥက္ကဋ္ဌအဖြစ်အရွေးခံရ။ ရေချမ်းစင် စာအုပ်ထွက်ရှိ။ ၁၉၇၁ မေ ၃၁ ရက်တွင် ပညာရေးအရာရှိအဖြစ်မှ အနားယူ။ ၁၉၇၄ - အင်းယားကန်သို့အိုကုတို့ ကဗျာစာအုပ် ထွက်ရှိသည်။ ၁၉၇၅ မှ ၁၉၇၉ ထိ ဂျပန်နိုင်ငံ၊ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်၌ ဧည့်သည်ပါမောက္ခအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ဖေဖော်ဝါရီလ - ဟိုက္ကူကဗျာ မြည်းစရာ စာအုပ် ထွက်ရှိသည်။ ၁၉၈၄ - လီယာမင်းကြီး စာအုပ်ထွက် (ယင်းနှစ်အတွက် ဘာသာပြန်ရသဆုရ) ၂၀⁠၀၂ - ကဗျာပေါင်းချုပ်၊ မင်းသုဝဏ်ဝတ္ထုတိုများစာအုပ်များထွက်ရှိ။ မင်းသုဝဏ်သည် မြန်မာနိုင်ငံ သုတေသနအသင်းအတွက် ဂါမဏိစန္ဒပျို့၊ တောင်ငူဆိုရတုအဖြေ၊ ဥမ္မာဒန္တီပျို့၊ သျှင်မဟာရဋ္ဌသာရ၏ ပကိဏ္ဏက စာစု(ဦးအုန်းရွှေနှင့်တွဲဖက်လျက်) တို့ကို တည်းဖြတ်ပေးခဲ့သည်။ ကလောင်ခွဲများ (၁) မေဃဝန်-ကွမ်းခြံကုန်းမြို့ (၂) စိန်ဂျွန်းပျော်-ကွမ်းခြံကုန်းမြို့ (၃) ကွမ်းခြံကုန်း တောင်စုအစွန်က မောင်သုဝဏ် (၄) ကွမ်းခြံကုန်း တောင်စုအလွန်က မောင်သုဝဏ် (၅) ခင်သိင်္ဂီ (ဟံသာဝတီ) (၆) စန်းသော်တာ (၇) မောင်ဝန် (၈) ကွမ်းခြံကုန်း-သုဝဏ်-၁၀ တန်း နိုင်ငံရေးနှင့် ဘဝနိဂုံး ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကမာရွတ်မြို့နယ်မှ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည်။ အနိုင်ရမဲ အရေအတွက် ၂၃,၃၄၅ (၇၆%) ဖြစ်သည်။ အခြေခံဥပဒေ ဖျက်သိမ်း သောကြောင့် အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် မရခဲ့ပါ။ စစ်အစိုးရ၏ ဖိအားပေးမှုများကြောင့် ရွေးကောက်ပွဲ အနိုင်ရပြီး ရှစ်နှစ်အကြာမှာ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ၂၀⁠၀၄-ခု၊ ဩဂုတ် ၁၅ ရက်၊ တနင်္ဂနွေနေ့နံနက် ၁၁:၃၀ နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ် သပြေညိုနေအိမ်၌ ကွယ်လွန်သည်။ ထင်ရှားသောစာအုပ်အချို့ မြန်မာစာ၊ မြန်မာမှု ပန်းနှင့်ပင်စည် ပျဉ်းမငုတ်တို ရေချမ်းစင် သဘာဝပြက္ခဒိန် အာကာတခွင် မြေပြင်တစ်ဝှမ်း စာပေလောက (+ဇော်ဂျီ) ခရီးသည် (+ဇော်ဂျီ) လီယာမင်းကြီး (ဘာသာပြန်) ဟိုက္ကူကဗျာမြည်းစရာ ငါးရာ့ငါးဆယ်ဇာတ်ပင်လယ် ကဗျာရေးချင်စာစပ်သင် မိုးပေါ်မှာကြယ်တစ်လုံး မောင်ခွေးဖို့ကဗျာများ အင်းလျားကန်သို့ အိုကူးတို့ ကဗျာပေါင်းချုပ် ဓမ္မပဒ နှလုံးလှပုံပြင်များ တက္ကသိုလ်မြန်မာအဘိဓာန် (၅-ပိုင်း) မြန်မာသတ်ညွှန်းကျမ်း ဝတ္ထုတိုများ နှစ် လုံးပေါက် နက္ခတ်ကြည့်နည်း ကိုးကား ပြင်ပလင့်ခ်များ www.minthuwun.com မြန်မာ ကဗျာဆရာများ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ တက္ကသိုလ် ပါမောက္ခများ မွန်လူမျိုးများ မြန်မာ အဘိဓာန်ပြုစုသူများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AF%E1%80%9D%E1%80%8F%E1%80%BA
မင်းရှင်
ရန်ကုန်မြို့တွင် အဖ အငြိမ်းစား မီးရထား သွားလာ ပို့ဆောင်ရေး ခရိုင်ဝန် ဦးတင့်၊ အမိ ဒေါ်ချော တို့က ၁၉၂၇ ခု ဧပြီ ၆ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း လေးယောက်တွင် အကြီးဆုံး သားဦး ဖြစ်သည်။ ငယ်မည် ကိုကို၊ အမည်ရင်း ဦးဝင်းမောင်၊ သို့ရာတွင် ကလောင် အမည် မင်းရှင်ကို တရားဝင် အမည်ရင်း အဖြစ် ပြောင်းလဲ ခံယူ ခဲ့သည်။ ငယ်ရွယ်စဉ် ဖခင် မီးရထား အရာရှိ အလုပ် ပြောင်းရာသို့ လိုက်ပါ ခဲ့ရသည် ဖြစ်ရာ သူငယ်တန်း ပညာကို မီးရထားလမ်း တလျှောက် မြို့အသီးသီးရှိ ကျောင်းပေါင်းစုံတွင် သင်ယူ ခဲ့သည်။ ၁၉၃၃ - ၃၆ ထိ ဒိုင်အိုစီဆင် မိန်းကလေး ကျောင်းတွင် ပထမတန်း အထိ ပညာ သင်ခဲ့သည်။ ၁၉၃၈ - ၄၂ တွင် ဆရာ ဖြစ်သင် ကောလိပ် ကျောင်းတွင် တတိယတန်းမှ ရှစ်တန်း အထိ ပညာ သင်ယူ ခဲ့သည်။ ၁၉၄၆ တွင် ဒေါ်သာထက် အလွတ် ပညာ သင်ကျောင်းမှ တက္ကသိုလ် ဝင်တန်း အောင်သည်။ ၁၉၄၆ - ၄၈ တွင် ရန်ကုန် တက္ကသိုလ်၌ ဥပစာ အထက်တန်း အထိ သင်ကြား ပြီးနောက် စာပေ လောက ထဲသို့ ခြေစုံပစ် ဝင်ရောက် ခဲ့သည်။ စစ်အတွင်း မိဘများနှင့် အတူ မြင်းခြံတွင် စစ်ပြေး ရောက်နေစဉ် ဘီအိုင်အေသို့ ဝင်ရန် ကြိုးစား ခဲ့သည်။ အသက်ငယ်၍ ဝင်ခွင့် မရချေ။ ဘီဒီအေခေတ် (၁၉၄၄) ၌ အလုံ လေယာဉ်ပစ် အမြောက်ကြီး တပ်တွင် တပ်သားကလေး အဖြစ် အမှုထမ်း ခဲ့သည်။ ဂျပန် တော်လှန်ရေးတွင် ဗမာ့ မျိုးချစ် တပ်မတော် တိုင်း(၁)၊ မင်းလှစည်သူ တပ်ရင်း၊ မင်းရှင်နောင် တပ်ခွဲသို့ ဝင်ရောက်ပြီး တော်လှန်ရေး ဆင်နွှဲ ခဲ့သည်။ စစ်ပြီး ခေတ်တွင် ကမာရွတ် တိုက်နယ် ပြည်သူ့ ရဲဘော် တပ်ဖွဲ့ ဖွဲ့စည်းရေးမှူးနှင့် ဖဆပလ အဖွဲ့ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ တက္ကသိုလ် ကျောင်းသား ဘဝ မှာပင် သစ်ဆန်း မဂ္ဂဇင်း အယ်ဒီတာနှင့် တာရာ မဂ္ဂဇင်း တွဲဖက် အယ်ဒီတာ (၁၉၄၆ - ၄၇)၊ ရှုမဝ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် (၁၉၄၇ - ၄၈)၊ တိုးတက်ရေး သတင်းစာ တွဲဖက် အယ်ဒီတာ (၁၉၄၉ - ၅ဝ)၊ မြန်မာနိုင်ငံ စာရေးဆရာ အဖွဲ့ အမှုဆောင်နှင့် စာပေ မဂ္ဂဇင်း အယ်ဒီတာ (၁၉၅၁ - ၅၂)၊ မြန်မာ့ အသံ မြန်မာပိုင်း အစီအစဉ် လက်ထောက် (ဇွန် ၁၉၅၁ - ဖေဖော်ဝါရီ ၁၉၅၃)၊ မြဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ် (၁၉၅၂)၊ ဖေဖော်ဝါရီ ၁၉၅၃ မှ ၁၉၅၈ အထိ ဗမာ့ တပ်မတော်တွင် ဗိုလ်ကြီး အဆင့်ဖြင့် ပြန်လည် အမှုထမ်းစဉ် မြဝတီ မဂ္ဂဇင်း အမှုဆောင် အရာရှိ (၁၉၅၄ - ၅၆) တာဝန် ယူခဲ့သည်။ ၁၉၅၈ တွင် တပ်မတော်မှ ထွက်၍ မြန်မာ အသံ မြန်မာပိုင်း အစီအစဉ် စာပြုမှူးနှင့် သောတရှင် မဂ္ဂဇင်း အမှုဆောင် အရာရှိ (၁၉၅၈ - ၆၄)၊ ရုပ်ရှင် ဆင်ဆာ အဖွဲ့ဝင် (၁၉၆၃ - ၆၉)၊ ၁ ဇွန် ၁၉၆၄ တွင် နိုင်ငံခြား ရုပ်ရှင် တင်သွင်းရေး အေဂျင်စီ၌ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ခဲ့ပြီး ၁၃ ဇွန် ၁၉၈၄ တွင် အငြိမ်းစား ယူခဲ့သည်။ ထို့နောက် လှိုင်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ စည်းရုံးရေးမှူး (၁၉၇၆ မှ စ၍)၊ လှိုင်မြို့နယ် စာပေ လုပ်သား အဖွဲ့ ဥက္ကဋ္ဌနှင့် ရုပ်မြင်သံကြား ကြီးကြပ်ရေး အဖွဲ့ဝင် (၁၉၈ဝ - ၈၄) စသည် တာဝန် ယူခဲ့သည်။ တော်လှန်ရေး ကာလ 'မင်းရှင်နောင် တပ်ခွဲ' ကို ဂုဏ်ပြုသော အားဖြင့် "မင်းရှင်" ကလောင် အမည် ယူ၍ ၁၉၄၆ ခုနှစ် အလင်းရောင် မဂ္ဂဇင်းတွင် "ရွက်ဝါ" အခန်းဆက် ဝတ္ထုရှည် ရေးကာ စာပေနယ်သို့ ဝင်ရောက် ခဲ့သည်။ ထင်ရှားသော စာအုပ်များမှာ ရွက်ဝါ (၁၉၄၆)၊ ချစ်ဝဲလယ် (၁၉၄၆)၊ ပွင့်ချပ်သုံးလွှာ (၁၉၄၇)၊ မေ့ဘူးကွယ့် သက်လှယ်ရယ် (၁၉၄၈)၊ မေတ္တာရေလှိုင်း (?)၊ ပြင်ဦးလွင်မှ လွမ်းရိပ်သာ (?)၊ ကမ္မောဇ သဇင် (?)၊ ချစ်မိုးညို (?)၊ မိုးနဲ့မြေ (?)၊ မိုးလုံးပတ်လည်(?)၊ ရေးမိသည့် အချစ်ဝတ္ထု (?) ဝတ္ထုရှည်များနှင့် လက်ဆောင်မွန် (၁၉၅၅)၊ လမ်းပေါ်မှာ (၁၉၆၂)၊ တခါတုန်းက တို့ရဲဘော် (၁၉၆၃) ဝတ္ထုတို ပေါင်းချုပ်များ ဖြစ်ကြသည်။ 'လမ်းပေါ်မှာ' ဖြင့် ၁၉၆၂ ခုနှစ် အနုပညာ စာပေ ဆိုင်ရာ ဝတ္ထုတို ပေါင်းချုပ်ဆု၊ 'တခါတုန်းက တို့ရဲဘော်' ဖြင့် ၁၉၆၃ ခုနှစ် အနုပညာ စာပေ ဆိုင်ရာ ဝတ္ထုတို ပေါင်းချုပ် ဒုတိယဆု တို့ကို ရရှိခဲ့သည်။ ထို့ပြင် မော်ကွန်းဝင် ဒုတိယဆင့် ကိုလည်း ရရှိ ခဲ့သည်။ ၁၉၈၆ ခု ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကွယ်လွန် ခဲ့သည်။ စာညွှန်း မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)၊ စာ ၁၈၄ - ၁၉၇။ မောင်ကျော်သာ။ တစေ့တစောင်း စာရေးဆရာ တို့၏ အကြောင်း။ စာ ၅၇ - ရဝ။ ဒဂုန်ရွှေမျှား။ မြန်မာ နိုင်ငံ စာပေ ဆုများ။ စာ ၁၁၁ - ၁၁၃။ ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစု စာရင်း။ စာ ၂ဝ၈ - ၂၁ဝ။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၂၄၆ - ၂၄၇။ မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (ဇန်နဝၝရီ ၁၉၈၅)။ စာ ၈၆။ မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
မင်းကွန်းခေါင်းလောင်းတော်ကြီး
မင်းကွန်းခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ စွန်းလွန်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ်၊ ကဆုန်လဆန်း ၁၅-ရက်နေ့တွင် ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ကြသည်။ ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်း မှာ (ရုရှ မြို့တော်) ကရင်မလင် နန်းတော် ရှိ ကမ္ဘာအကြီး ဆုံးခေါင်းလောင်းထက် အနည်းငယ် သေးပါသည်။ သို့သော် ရုရှ ခေါင်းလောင်းနှင့် မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက် ရှိလင့်ကစား မင်းကွန်း ခေါင်းလောင်း တော်မှာမူ ပြကတေ့ အကောင်း ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိသည်။ ကြေးချိန်အလေး က ၈၇ တန် အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ၊ စဉ့်ကူးဘုရင်၏ မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူ ခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်း လှူမဟာသစ္ဆဒ ခေါင်းလောင်း တော်ထက်တော့ ၂ ဆပို၍ လေးလံမူလေသည်။ အတိုင်းအတာ အဝအချင်း = ၁၆' ၈ ၁/၄" (၁၁)တောင်၊ (၄)သစ် လုံးပတ် = ၅၀' ၃/၄" (၃၃)တောင်၊ (၁)မိုက် အစောက် = ၂၀' ၃" (၁၃)တောင်၊ (၁)မိုက်၊ (၄)သစ် အလေးချိန် = ၉၀.၅၂ တန် ပိဿာချိန် = ၅၅၅၅၅ ပိဿာ မင်းဖြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ (အေဒီ-၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ်နေရာရွေ့၍ (၅)ပိဿာခန့် ပဲ့သွားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၆-ခုနှစ်၊ (အေဒီ-၁၉၀၄)တွင် ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တတ်ဆင်ပေးခဲ့သည်။ မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင်(၁၆)တိုင်နှင့် ဘုံပြာသာဒ်(၃)ဆင့် အမိုးတတ်ဆင်ထားသည်။ နှိုင်းယှဉ်စရာ ထိုခေါင်းလောင်း ၂ လုံးမှာ ယနေ့ဆို ရန်ကုန်မြို့ ရွှေတိဂုံစေတီ ကုန်းတော်၌ ရှိနေကြသည်။ မင်းကွန်း ခေါင်းလောင်းတော်ကြီးမှာ ခေါင်းလောင်းသွင်း အပ်ပညာရပ်၌ လက်ခပ် မလွဲ တစ်ခုတည်းသော လက်ရာဖြစ်သည့် အချက်ကို ဘိုးတော်ဘုရား ကိုယ်တိုင် သိတော်မူခဲ့ဟန်ရှိ၏။ ဤအကြောင်း ကြောင့်ထင့်၊ အနုပညာ လက်ရာပညာရှင် ကိုသူ့ထက်ကြီးသည့် ခေါင်းလောင်းတစ်လုံး ထပ်၍ သွန်းပြုလုပ်မည်ကိုစိုး၍ အဆုံးစီရင်ခဲ့သည်ဆိုသတတ်။ ခေါင်းလောင်း မဟာမှာ သူရပ်တည်ရာ တပိုးလို ၁၈၃၈ ခု ငလျင်ဒဏ်ကို ကြံ့ကြံ့ခံလျက် မပျက်မစီး ယနေ့တိုင်ပင် တွဲလွဲဆွဲ၍ တန်ဆောင်းသစ်တွင် ၀န့်ဝန့်ထယ်ထယ် ကျောက်တိုင် ၂ လုံးကြား အောက်ခြေ သံမဏိ ယက်မခံ သံမဏိတန်း အပေါ်ဝယ် စ္စမ္မယ်တော် မူလျက်ပင် ရှိသေးသည်။ ချိုမြသံသာ ထွက်ရှိလာဖို့ သာသာနှက်ရန် ဖိတ်မန္ဒက ပြုခံကြ ရသည်။ ယင်း မင်းကွန်း ခေါင်းလောင်း တော်ကား မင်းကွန်းဘုရား အား ရည်စူး၍ သွန်းလောင်း လှူဒါန်းတော် မူခဲ့ခြင်းဖြစ်သည်။ ကိုးကား စေတီ ပုထိုးများ မင်းကွန်း စစ်ကိုင်းတိုင်းဒေသကြီး ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
မက်ခီယာဗယ်လီ
နီကိုလို ဒီ ဘာနာဒို မက်ခီယာဗယ်လီ (Nicolo Di Bernardo Machiavelli)ကို ၁၄၆၉ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီ နိုင်ငံ၊ ဖလောရင့်မြို့၌ မွေးဖွား ခဲ့ပြီး ဖခင်မှာ ဝတ်လုံတော်ရ ရှေ့နေကြီး တစ်ဦး ဖြစ်သည်။ သူသည် လက်တင် စာပေ ကျမ်းဂန်များနှင့် အီတလီ ဂန္ထဝင် စာပေများကို အထူးပြု လေ့လာခဲ့ကာ ၁၄၉၈ ခုနှစ်တွင် ဖလောရင့် သမ္မတနိုင်ငံ အစိုးရအဖွဲ့၌ အမတ်ချုပ်အဖြစ် လည်းကောင်း၊ ဒုတိယ နန်းရေးဝန်အဖြစ် လည်းကောင်း၊ တာဝန် ထမ်းဆောင်ခဲ့သည်။ (ထိုအချိန်က အီတလီနိုင်ငံမှာ မြို့ပြနိုင်ငံပေါင်း များစွာ မစည်းလုံးဘဲ တသီးတခြားစီ ဖြစ်နေသော အချိန်ဖြစ်သည်။ အဓိကကျသည့် မြို့ပြနိုင်ငံတို့မှာ မီလန်၊ရောမ၊နေပယ်လ် နှင့် ဖလောရင့် တို့ဖြစ်သည်။) မင်းမှုထမ်း ထိုနောက်ပိုင်းတွင် မက်ခီယာဗယ်လီသည် အရေးပါသော အစိုးရ ရာထူးများစွာ ခန့်အပ်ခြင်း ခံခဲ့ရသည့် အနက် ၁၅၀၇ ခုနှစ်တွင် ပြည်သူ့စစ်လက်နက်ကိုင်တပ်များ ဖွဲ့စည်းရေး တာဝန်ခံ အဖြစ် ဆောင်ရွက် ခဲ့ရခြင်းမှာ ထူးခြားသည်။ သူ၏ အားတက်သရော တောင်းဆိုချက်အရ ပြည်သူ့ စစ်တပ်ဖွဲ့များ ဖွဲ့စည်းရေးကို တာဝန်ပေးခြင်း ဖြစ်သည်။ သို့သော် သူစုစည်းခဲ့သော ပြည်သူ့ စစ်တပ်ဖွဲ့ များမှာ ၁၅၁၂ ခုနှစ်တွင် ရန်သူ စပိန်တို့နှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် အရေး နိမ့်ခဲ့သောကြောင့် ထိုနှစ်မှာပင် ရာထူးမှ ပြုတ်ကျခဲ့ရသည်။ မကြာမီ အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်သည်ဟု ဆိုကာ ဖမ်းဆီး ညှင်းပန်း ခံရသည်။ နောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်လာခဲ့သည်။ နိုင်ငံရေး တာဝန်ကို ၁၄ နှစ်ကြာမျှ ထမ်းဆောင်ခဲ့စဉ် အတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် သံတမန်ရေး နယ်ပယ်များတွင် အတွေ့အကြုံများစွာ ရရှိခဲ့ပြီးလျှင် အဆိုပါ အတွေ့အကြုံများပေါ်တွင် အခြေပြု၍ အငြိမ်းစာ ဘဝတွင် ကျမ်းများစွာပြုစုခဲ့သည်။ ထိုကျမ်းများအနက် ရာဇနိတိကျမ်း(The Prince)သည်အထင်ရှားဆုံးဖြစ်သည်။ ရာဇောဝါဒကျမ်း (The Prince) “မင်းသား” ခေါ် The Prince ကျမ်းကို ၁၅၁၃ ခုနှစ်တွင် စတင် ရေးသားပြီး ၁၅၁၆ ခုနှစ်တွင် အပြီး သတ်ခဲ့ ကာ ထိုကျမ်းငယ်ကို ဖလော့ရင့်၏ အာဏာပိုင်ဖြစ်သူ လော်ရင်ဇိုဒေမက်ဒီစီ (Lorenzo De Medici) ထံ ရွှေနားတော်သွင်း ပေးပို့ခဲ့သည်။ မက်ခီယာဗယ်လီက မက်ဒီစီထံသို့ ပေးစာတွင် “အခွင့်အရေးကို မျှော်ကိုးသူတို့သည် မိမိပိုင်ဆိုင်သော အဖိုးတန် ပစ္စည်းများကို ဆက်သခြင်းဖြင့် အရှင်သခင်ထံမှ ဆုလာဘ်များ ရယူလေ့ ရှိကြသည်။ အကျွန်ုပ်သည်လည်း အရှင်ထံသို့ အကျွန်ုပ် တန်ဖိုးထားသော ဤကျမ်းငယ်ကို ဆက်သအပ်သည်” ဟု ကျိုးနွံစွာ ရေးသား ဖော်ပြခဲ့သည်။ “နိမ့်ကျသော အညတရ ကျေးတော်မျိုး ကျွန်တော်မျိုးတစ်ဦးက မင်းစိုးရာဇာများ အနေဖြင့် တိုင်းပြည်ကို မည်သို့မည်ပုံ အုပ်ချုပ်သင့်သည်ဟု တင်ပြ အစီရင်ခံဝံ့ သည်ဟူ၍ မမှတ်ယူပါလင့်။ ရှုမျှော်ခင်း ပန်းချီ ရေးဆွဲသူများသည် တောင်များ၊ ကုန်းမြင့်များကို သဘာဝကျကျ ရေးဆွဲလိုသောအခါ မြေပြန့်လွင်ပြင်သို့ ဆင်းသက်၍ ကြည့်ဘိသကဲ့သို့ တိုင်းသူပြည်သားများ၏ အနေအထားကို အပြည့်အဝ ဖွင့်ဆိုရန် အလို့ငှာ သာမန် တိုင်းသူပြည်သားတစ်ဦး၏ နေရာမှကြည့်ရပါလိမ့်မည်” ဟူ၍လည်း မက်ခီယာဗယ်လီက ရှင်းလင်း တင်လျှောက်ခဲ့သည်။ ထိုကျမ်းကို ဆက်သပြီးနောက် ဖလော့ရင့် မြို့ပြနိုင်ငံ၏ အာဏာပိုင်ဖြစ်သူ မက်ဒီစီ၏ အိမ်တော်သို့ ဖိတ်ကြားခြင်းခံခဲ့ ရသည်။ သူ့အား ပညာရှိသုခမိန် အရာထား၍ နေရာပေးခြင်း ဖြစ်သည်။ ထို့နောက် အရေးမကြီးလှသော ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းဆိုင်ရာ တာဝန်များပေး၍ မက်ခီယာဗယ်လီအား စမ်းသပ် အသုံးပြုပြန်သည်။ သူသည် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတာဝန်ဖြင့် ရောမမြို့သို့လည်း သွားရောက်ခဲ့ရ၍ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံကာ “ဖလော့ရင့်မြို့သမိုင်း” ပြုစုရန် ရဟန်းမင်းကြီးထံမှ ထောက်ပံ့ကြေး ရရှိခဲ့သည်။ မက်ခီယာ ဗယ်လီသည် ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက် ရဟန်းမင်းကြီးအား အကြံပေးခဲ့သော်လည်း ရဟန်းမင်းကြီးက လက်မခံသဖြင့် လက်လျှော့ ခဲ့ရသည်။ ဤတွင် နိုင်ငံရေးနယ်သို့ မက်ခီယာဗယ်လီ ပြန်ဝင်ရန် ကြိုးပမ်းခြင်းမှာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ရန် ကြံရွယ်ခြင်း ဖြစ်လိမ့်မည်ဟု မက်ဒီစီက သင်္ကာမကင်းဖြစ်ပြီး သူ့အား မည်သည့် တာဝန်မျှ မပေးတော့ဘဲ လျစ်လျူရှုထားလိုက်သည်။ ထိုနောက် မက်ခီယာဗယ်လီသည် နာမကျန်းဖြစ်လာကာ ဝမ်းဗိုက်အောင့်သော ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး ၁၅၂၇ ခုနှစ် ဇွန်လတွင် ကွယ်လွန်ခဲ့သည်။ သူ၏ မိသားစုမှာ ဆင်းရဲ ငြိုငြင်စွာ ကျန်ရစ်ခဲ့ ရသည်။ မိသားစုဘဝ မိသားစုရေးရာနှင့် ပက်သက်၍ကား မှတ်တမ်းမှတ်ရာ နည်းပါသည်။ သူသည် ၁၅၀၂ ခုနှစ်တွင် မာရီယက်တာ ကော်ဆီနီနှင့် လက်ထပ်ပြီး ကလေးခြောက်ယောက် ရရှိခဲ့သည်။ ဇနီးသည်က သူ့အပေါ် လွန်စွာ ချစ်ကြင်မြတ်နိုးမှု ရှိသည်။ ၁၅၀၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နေ့စွဲဖြင့် ဇနီးသည်က မက်ခီယာဗယ်လီထံ ပေးစာတွင် ခင်ပွန်းဖြစ်သူအား ချစ်စနိုး ကျီစယ်သော အရေးအသားများကို တွေ့ရသည်။ “ကျွန်မတို့ သားကလေးက ရှင်နဲ့ သိပ်တူတာပဲ။ အသားက နှင်းပွင့် ကလေးလို့ ဖြူလို့။ ခေါင်းမှာလည်း ဆံပင်တွေ သန်လိုက်တာ ကတ္တီပါနက်လို မည်းမှောင်နေတာပဲ။ ရှင့်လိုပဲပေါ့၊ သားကလေးဟာ ရှင်နဲ့တူတယ် ဆိုတော့ ချောတယ်လို့ ပြောရမှာပေါ့နော်” ဟု မာရီယက်တာက ရေးသားခဲ့သည်။ (စင်စစ်အားဖြင့်ကား မက်ခီယာဗယ်လီ သည်ဥပဓိရုပ်ကောင်းသူ မဟုတ်၊ အရပ်မနိမ့်မမြင့်၊ သေးသေးသွယ်သွယ်၊ မျက်လုံးတောက်တောက်၊ ဆံပင်နက်နက်၊ ဦးခေါင်းသေးသေး၊ နှာခေါင်း အနည်းငယ် ကောက်သည်။ နှုတ်ခမ်းကို အမြဲတမ်း တင်းတင်းစေ့ ထားလေးဟန် ရှိသည်။ စူးရှထက်မြက်သော သုတေသီ တစ်ဦး၊ အတွေးအခေါ်ရှင်တစ်ဦး၏ ပုံပန်းမျိုး ဖြစ်သော်လည်း သူတစ်ပါးတို့အား ဩဇာလွှမ်းမိုး သိမ်းသွင်းနိုင်သော အင်္ဂါရုပ်မျိုး မဟုတ်ချေ။) မက်ခီယာဗယ်လီသည် နိုင်ငံရေးရာများနှင့်သာ နစ်မြုပ်နေ၍ မိသားစုကို အလေးပေးခဲ့ဟန်မရှိ။ စီးပွားဥစ္စာ စုဆောင်းမှုလည်း မရှိခဲ့။ ထို့ကြောင့် မိသားစုမှာ ဆင်းဆင်းရဲရဲဖြင့်ကျန်ရစ်ခဲ့ကြသည်။ သူသည် မိသားစုအတွက် နောက်ဆုံး လိုက်လျောချက်တစ်ခုကိုမှုပြုသွားခဲ့သည်။ ဘာသာရေးရာများကို ပစ်ပယ်ထားသူ ဖြစ်လင့်ကစား သေခါနီးအချိန်တွင် ဘုန်းတော်ကြီး မက်တီယို ထံမှောက်၌ အပြစ်ဖြေသွားခြင်း ဖြစ်သည်။ မက်ခီယာဗယ်လီ ကွယ်လွန်ပြီးနောက် သားဖြစ်သူ ပီယေရိုက ပီဆာမြို့ရှိ သားချင်းတစ်ဦးထံ ရေးသော စာတွင် သူ၏ ဖခင်သည် ဘုန်းတော်ကြီး မက်တီယိုအား သူ၏ အပြစ်ဖြေချက်ကို ကြားနာရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ “ကြားနားခွင့် ပြုသည်”ဟု သုံးနှုန်းထားခြင်းကို ထောက်၍ သူသည် မိသားစုအား ငဲ့ညာ၍ သူ့ဆန္ဒမပါဘဲ ထုံးတမ်းစဉ်လာ တစ်ခုကို နောက်ဆုံး လိုက်လျောခြင်း ဖြစ်သည်ဟု ယူဆရသည်။ မက်ခီယာဗယ်လီ ရှင်သန်ခဲ့သော ခေတ်အခြေအနေ သူ အသက်ရှင်သန် လှုပ်ရှားခဲ့သော ခေတ်သည် အီတလီနိုင်ငံ စည်းလုံး ညီညွတ်မှုမရှိသေးဘဲ မြို့ပြနိုင်ငံများ အဖြစ် သူတစ်လူ ငါတမင်း အကွဲကွဲ အပြားပြား ဖြစ်နေသော ကာလ ဖြစ်သည်။ ထိုကာလသည် မြန်မာနိုင်ငံ၌ အင်းဝ (၁၃၆၄-၁၇၅၁) နှင့် ခေတ်ပြိုင် ဖြစ်သည်။ မိုးညှင်းစလုံ နှင့် ၎င်း၏သားဖြစ်သူ သိုဟန်ဘွားတို့ ဝင်ဖျက်သဖြင့် အင်းဝ ပျက်ခါနီး ကာလနှင့် တစ်ချိန်တည်းလောက် ဖြစ်သည်။ အီတလီနိုင်ငံ ဖလော့ရင့်မြို့၌ နိုင်ငံရေးပညာရှင် မက်ခီယာဗယ်လီ ပေါ်ပေါက်ချိန်သည် မြန်မာနိုင်ငံ အင်းဝခေတ်ဦး မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀၀) လက်ထက် နိုင်ငံရေးပညာရှင်ကြီး ဝန်ဇင်းမင်းရာဇာ ပေါ်ထွန်းချိန်နှင့် ယှဉ်လျှင် နှစ် ၁၀၀ ခန့် နောက်ကျသည်။ စာပေ ယဉ်ကျေးမှုကဏ္ဍတွင် အင်းဝခေတ်နှောင်း ဒုတိယ မင်းခေါင် (၁၄၈၀-၁၅၀၁) လက်ထက် ပေါ်ပေါက်ခဲ့သော ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသ စသောပုဂ္ဂိုလ်ထူးများသည် မက်ခီယာဗယ်လီနှင့် ခေတ်ပြိုင် ဖြစ်သည်။ မက်ခီယာဗယ်လီ၏နိုင်ငံရေး ပညာပေးကျမ်း “မင်းသား” သည် ၁၅၁၆ ခုနှစ်တွင် ပြုစုပြီးစီးခဲ့၍ ရှင်မဟာရဋ္ဌသာရ၏ “သံဝရ” ပျို့မှာ ၁၅၂၉ တွင် ပြုစု ပြီးစီးခဲ့သည်။ အီတလီနိုင်ငံ၌ မက်ခီယာဗယ်လီ ကြုံတွေ့ခဲ့ရသော နိုင်ငံရေး အခြေအနေသည် ခရစ်နှစ် ၁၅၂၆ တွင် အင်းဝ ပျက်သုဉ်းပြီးနောက် တိုင်းပြည်ကစဥ့်ကလျား ဖြစ်နေချိန်မျိုးနှင့် ဆင်တူသည်။ အင်းဝတွင် သိုဟန်ဘွား၊ ပြည်မြို့တွင် နရပတိ၊ ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ၊ တောင်ငူတွင် တပင်ရွှေထီးတို့ အသီးသီး တထီးတနန်း စိုးစံ နေကြချိန်ဖြစ်သည်။ မက်ခီယာဗယ်လီသည် သူ့နိုင်ငံအတွက် ရင်နာမိသည်။ ကြေကွဲမိသည်။ ထို့ကြောင့် သူ၏ ဇာတိဌာနေဖြစ်သော ဖလော့ရင့်မြို့နိုင်ငံကို အီတလီ၏ ဗဟိုချက်မ အင်အားကြီး ဒေသ ဖြစ်လာစေပြီး စည်းလုံးညီညွတ်သော သမ္မတနိုင်ငံတော်ကြီး ထူထောင်ချင်သည်။ သူ၏ မျိုးချစ်စိတ်သည် ဖလော့ရင့်ကို မူတည်သော မျိုးချစ်စိတ် ဖြစ်သည်။ ထို့ကြောင့် သူသည် ဖလော့ရင့်မြို့နိုင်ငံကို လတ်တလော အုပ်ချုပ်နေသော အကြီး အကဲအား မင်းသားကျမ်းကို ဆက်သ၍ သူဖြစ်စေချင်သော နိုင်ငံတော် တည်ဆောက်ရေး ပုံစံကို သညာပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျမ်းသည် (က) ရန်အောင်ကြောင်း လမ်းညွှန် (ခ) ရာဇပလ္လင် မြဲရေး လမ်းညွှန်များပင် ဖြစ်သည်။ မက်ခီယာဗယ်လီသည် ၁၆ ရာစု အစောပိုင်းကာလ အီတလီနိုင်ငံ၏ ပစ္စက္ခ အခြေအနေများပေါ် မူတည်၍ သူ၏ ကျမ်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။ ထိုကာလသည် အင်အားကြီးသော နိုင်ငံက အင်အားငယ်သော နိုင်ငံကို တရားလက်လွတ် ကျူးကျော်လွှမ်းမိုးလေ့ ရှိသည့် ကာလ ဖြစ်သည်။ ထို့ကြောင့် အင်အား တည်ဆောက်ရေးသည် နိုင်ငံတစ်ခုအတွက် မလွဲမသွေ လိုအပ်ချက် ဖြစ်နေသည်။ ဤတွင် မက်ခီယာဗယ်လီသည် “အရာရာကို အင်အားဖြင့် အောင်စရာ” ဟူသော လုပ်ထုံးကို ဖော်စပ်၍ သူ့အရှင်သခင်အား နည်းပေး လမ်းညွှန် ပြုခဲ့လေသည်။ မက်ခီယာဗယ်လီ အပေါ် အမြင်များ “အိမ်ပြန်ခြံဝင်၊ နွားပါလျှင် ပြီးတမ်း” (မြို့ကျောင်းဆရာဟောင်း ဦးစံထွား၏ လောကီထုပ္ပတ် လူတို့ဇာတ် တတိယစာအုပ် စာမျက်နှာ ၉၃-၉၅ မှစကားလုံး ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက္ခယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉- ၁၅၂၇) ကို အဓိပ္ပာယ် ဖွင့်ဆိုချက် ….အတွေးအမြင် စာစဉ် ၁၉၈၄ ခုနှစ်။) ဆရာမောင်ဝံသ၏ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ အဘိဓာန် (၁၉၈၂)တွင် အဓိပ္ပာယ်ဖွင့်ချက် ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက်ခီယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉-၁၅၂၇) ကို အစွဲပြု၍ မက်ခီယာဗယ်လီ၏ အယူအဆများကဲ့သို့ ခံယူကျင့်ကြံသူ နိုင်ငံရေးသမားများ အတွက် သုံးနှူန်းသော နာမဝိသေသန ဖြစ်သည်။ မက်ခီယာဗယ်လီသည် ၁၅၁၃ ခုနှစ်က ရေးသားစီရင်ခဲ့သော မင်းသားခေါ် (The Prince) ခေါ် ရာဇောဝါဒ လမ်းညွန်းကျမ်းတွင် စိုးမိုးအုပ်ချုပ်မင်းလုပ်မည့်သူများ အတွက်နိုင်ငံရေး တက်လမ်းရှာနည်း၊ နိုင်ငံရေးအာဏာ ခိုင်မြဲအောင်လုပ်နည်းနှင့် အတိုက်အခံများပေါ်တွင် အောင်မြင်နည်းများကို ဖော်ပြထားခဲ့သည်။ နိုင်ငံရေးအတွက် သင့်တော်သလို လုပ်ဆောင်ခြင်းသည် ကိုယ်ကျင့်တရား ကိုယ်ကျင့်သိက္ခာတို့ထက် ပို၍ အရေးကြီးသည်ဟု မက္ခယာဗေလီက ဆိုခဲ့သည်။ ကျင့်သုံးခဲ့သော နည်းလမ်း မှန်မမှန်ကို နောက်ဆုံးအကျိုးသက်ရောက်မှုက အတည်ပြုသည်။ (The ends justify the means) ဟူသည်မှာ မက်ခီယာဗေလီ၏ဩဝါဒပင် ဖြစ်သည်။ နိုင်ငံအာဏာကို ဘယ်နည်းနှင့် ရရ ရလျှင် ပြီးရော၊ တရားသည် ဟူသော အယူအဆ ဖြစ်သည်။ ထို့ကြောင့် မက်ခယာဗေလီ၏ မင်းသားကျမ်းမှ အခြေခံမူများကဲ့သို့ ကျင့်ကြံသူကို နိုင်ငံရေးသမားကို machiavellin politician ဟု သုံးနှူန်းရေးသားလေ့ရှိသည်။ မက်ခီယာဗေလီ ဝါဒ (machiavellism) ဟူ၍လည်း ရံဖန်ရံခါ သုံးနှူန်းကြသည်။ ဆရာမောင်ဝံသ၏ အမြင် ယနေ့ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကံဆိုးသူ မက်ခီယာဗယ်လီဘက်မှ တစ်စုံတစ်ယောက်က ရှေ့နေလိုက်၍ ခုခံမည်ဆိုပါလျှင် သူ၏ အမှုသည် ၁၆ ရာစု အစောပိုင်းကာလ ဖလော့ရင့်မြို့၏ နိုင်ငံရေး ပညာရှင်တစ်ဦးသာ ဖြစ်ကြောင်း၊ သူသည် သူ့မြို့(သူ့နိုင်ငံ)၏ အကျိုးစီးပွားအတွက်သာလျှင် စဉ်းစားဆင်ခြင်၍ နိုင်ငံရေး လမ်းညွှန်ကျမ်း ပြုစုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀ ရာစုအစောပိုင်း ကာလတွင် ကမ္ဘာ ပေါ်၌ ပေါ်ပေါက်ခဲ့သော ဝါဒဆိုး၊ စနစ်ဆိုးများနှင့် ယင်းတို့၏ အကျိုးဆက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က အသက်ရှင် နေထိုင်ခဲ့သော မက်ခီယာဗယ်လီနှင့် မသက်ဆိုင်ပါကြောင်း၊ အဏုမြူဗုံးကို ထုတ်လုပ် အသုံးချခြင်းနှင့် အဏုမြူကို စိတ်ဖြာနိုင်အောင် စေ့ဆော်ခဲ့သော စွမ်းအင်နိယာမအား ဖော်ထုတ်ခဲ့သူ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကို ဆက်စပ်၍ စွပ်စွဲချက်တင်မှု မပြုအပ်သကဲ့သို့ မက်ခီယာ ဗယ်လီကိုလည်း နိုင်ငံရေးစနစ်ဆိုးများ၏ မူလအစ လက်သည်းတရာခံ တစ်ဦးအဖြစ် ကမ္ပည်းမထိုးသင့်ပါကြောင်း။ ထိုကြောင့် မက်ခီယာဗယ်လီအား “မသမာစဉ်းလဲသော နိုင်ငံရေးပညာကို ထူထောင်ခဲ့သူ” အဖြစ် တံဆိပ် ကပ်ထာခြင်းမှ ပယ်ဖျက်ပေးသင့်ပါကြောင်း ဟူ၍ ထုချေ လျှောက်လဲလိမ့်မည် ဖြစ်သည်။ ၁၉၆၁ ခုနှစ်က အမေရိကန် ပင်ဂွင်းစာအုပ်တိုက်က အင်္ဂလိပ်လို ဘာသာပြန်ဆို သူတစ်ဦးဖြစ်သော ဂျော့ဘူးလ် က သူ၏ ကျမ်းဦးနိဒါန်းရှည်နှင့် မင်းသားကျမ်း ဘာသာပြန်ဆိုချက်ကို ထုတ်ဝေခဲ့တယ်။ သတင်းပညာ အဆင့်ထက် ကျော်လွန်သည်။ မင်းသားကျမ်းကို လေ့လာရာ၌ သတင်းစာပညာကို သုံးသပ် သကဲ့သို့ သုံသပ်လေ့လာခြင်း မပြုလျှင် နားလည်း သဘောပေါက် နိုင်မည် မဟုတ်ဟုပြော။ မက်ခီယာဗေလီ၏ “ရှင်သန်နေသော အတွေးအခေါ်များ” ဟူသော စာအုပ်ကို ပြုစုခဲ့သည့် ကောင့်ကာလိုစဖော်ဇာ ကမူ မက်ခီယာဗယ်လီသည် တစ်ခုတည်း သော အမှားကို ကျူးလွန်းခဲ့၏ ထိုအမှားကား အခြားမဟုတ်။ သူ့ခေတ်သူ့ကာ လ၏ အဇ္ဈတ္တသရုပ်ကို ဖွင့်ဆိုရာ၌ သိလွန်းအားကြီး၊ မှန်လွန်းအားကြီး နေခြင်း ပေတည်း ဟူ၍ သုံးသပ်သည်။ ရည်ညွှန်း ကံဆိုးသူ မက်ခီယာဗယ်လီ - ဆရာဦးစိုးသိမ်း စာရေးဆရာ မောင်ဝံသ၊ ဒုတိယအတွေး၊ ၁၉၈၄ ခုနှစ်ထုတ် အတွေးအမြင် စာစဉ် အမှတ်-၂။ အတွေးအခေါ်ပညာရှင်များ အီတလီ အမျိုးသား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BA%E1%80%81%E1%80%AE%E1%80%9A%E1%80%AC%E1%80%97%E1%80%9A%E1%80%BA%E1%80%9C%E1%80%AE
စဝ်စံထွန်း
မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း (၁၉၀၇ မေ၃၁ဖွား-၁၉၄၇ ဇူလိုင်လ ၂၀ ရက်ကွယ်လွန်) အား ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့တွင် အဖ စော်ဘွားကြီး စဝ်ခွန်ထီးနှင့် အမိ နန်းစိန်ဥတို့မှ ဖွားမြင်ခဲ့သည်။ မြန်မာမွေးသက္ကရာဇ်မှာ ၁၂၆၉-ခုနှစ် နယုန်လ ပြည့်ကျော် ၅-ရက်၊ သောကြာနေ့ဖြစ်သည်။ ပညာရေး ၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူသည်။ ၇ နှစ်သား အရွယ်မှစ၍ တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ ထိုကျောင်းမှ ၁၀-တန်းအောင်မြင်လေသည်။ ထို့နောက် မိတ္ထီလာမြို့ စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ ၆ လ အလုပ်သင် လုပ်ခဲ့ပြီး မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-လတက်ရောက်ခဲ့သည်။ ရဲအုပ်သင်တန်း ဆင်းပြီး ဗန်မော်မြို့တွင် အလုပ်သင် ရဲဝန်ထောက်အဖြစ် ခေတ္တ ဆောင်ရွက်သည်။ ထိုမှတဖန် တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံတွင် အလုပ်လုပ်သည်၊ မိသားစု နှင့် ကိုယ်ရေးကိုယ်တာ ၁၉၂၈ခုနှစ် ဇွန်လ ၂၀ ရက် (ဝါဆိုလဆန်း ၁၁-ရက်) နေ့တွင် အခမ်းအနားဖြင့်စော်ဘွား ရာထူးဆက်ခံရသည်မှ မိုင်းပွန်စော်ဘွားဟု အမည်တွင် လေတော့သည်။ ၁၉၃၂၊ နိုဝင်ဘာလ ၁၁ ရက် ( မြန်မာသက္ကရာဇ် ၁၂၉၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄-ရက်) နေ့တွင် မိုးမိတ်စော်ဘွားကြီး စဝ်ခင်မောင် မဟာဒေဝီ စောနန်းအိမ်တို့၏ သမီး စဝ်ခင်သောင်းနှင့် လက်ထပ် ထိမ်းမြားခဲ့သည်။ ယောက်ဖတော် စဝ်ခွန်ချိုမှာ လွတ်လပ်ရေး ရပြီး ရှမ်းပြည်နယ် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ မိုင်းပွန်စော်ဘွားသည် အခြားစော်ဘွားများကဲ့သို့ ဇနီးအများအပြား မထားရှိဘဲ ဇနီးတစ်ဦးသာ ရှိခဲ့သည်။ စဝ်ဆေဟုန်နှင့် စဝ်ကိုင်ဖဟူသော သား ၂ဦးနှင့် စဝ်သုနန္ဒာနှင့် စဝ်မြင့်ကြည် ဟူသော သမီးနှစ်ဦး ထွန်းကားခဲ့သည်။ မဟာဒေဝီမှာ ၁၉၄၅ တွင် ကွယ်လွန်ခဲ့သည်။ မိုင်းပွန်စော်ဘွားသည် ကျန်းမာရေးကိုအထူးလိုက်စားပြီး တင်းနစ်၊ ခရစ်ကက်၊ ဟော်ကီနှင့် ဘောလုံးကစားခဲ့သည်။ ဘောလုံးကစားရာတွင် ဂိုးစောင့်နှင့်လက်ဝဲဝင်းအဖြစ်နာမည်ကြီးခဲ့ လေသည်၊ အယူဝါဒရေးရာတွင်လည်း အလွန်ကိုင်းရှိုင်းပြီး အရက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားတတ်။ ပေါင်းသင်းဆက်ဆံရေးတွင်လည်း အလွန်ပြေပြစ်သူဖြစ်သည်။ ဂီတကို ချစ်မြတ်နိုး၍ လေ့လာလိုက်စားပြီး ပတ္တလား၊ လက်ဆွဲဘာဂျာ၊ ဘင်ဂျို၊ မယ်ဒလင် စသည်တို့ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင်လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူအုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ၊ တောင်းတန်းဒေသအခြေအနေတို့ကို ကွက်ကျော်မြင်ပြီး အင်္ဂလိပ်တို့၏ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ မိုင်းပွန်စော်ဘွားသည် လွတ်လပ်ရေးအတွက် လုံးပမ်းလျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရင်းနှီးပေါင်းဖက်မိကာ တောင်တန်း-မြန်မာညီညွတ်ရေးနှင့် ပူးပေါင်းမှုကိုခရစ်နှစ် ၁၉၄၆-ခုနှစ် နိုဝင်ဘာလမှစ၍ အစွမ်းကုန်ကြိုးစားတော့သည်။ နယ်ချဲ့တို့သည် တောင်တန်းနှင့်မြန်မာ မပူးပေါင်းမိရန်အစွမ်းကုန် ကြိုးစားသော်လည်း ခေါင်းဆောင်ကြီးများ ကြိုးပမ်းမှုကြောင့် ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် တောင်တန်း-မြန်မာ ပူးပေါင်းသည့် ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ၁၉၄၇-ခုနှစ် မတ်လ၂၆-ရက်နေ့မှစ၍ အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ဘဝနိဂုံး မိုင်းပွန်စော်ဘွားသည် တိုင်းပြည်အတွက်ကြိုးပမ်းနေစဉ် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး ဇူလိုင်လ ၂ဝ ရက် မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။ ထိုစဉ်က သူသည်အသက် ၄၁-နှစ်သာရှိသေးသည်၊ သူ့အလောင်းကို ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့သို့ ယူဆောင်သွားပြီးနောက် ၁၃၁၀-ပြည့်နှစ် ကဆုန်လဆန်း ၁-ရက်နေ့တွင် ရိုးရာအစဉ်အလာအခမ်းအနားဖြင့် ဖုတ်ကြည်းသင်္ဂြိုဟ်ပြီး အရိုးပြာတစ်ဝက်ကို ရန်ကုန်မြို့ အာဇာနည်ကုန်းသို့ပို့၍ တစ်ဝက်ကိုကား မိုင်းပွန်မြို့ တောင်ဘက်ကုန်းတွင် အာဇာနည်ဗိမာန်ပြာသာဒ် တည်ဆောက်ထားရှိလေသည်။ ကိုးကား ရှမ်းစော်ဘွားများ မြန်မာ့နိုင်ငံရေးသမားများ အာဇာနည်ကိုးဦး
https://my.wikipedia.org/wiki/%E1%80%85%E1%80%9D%E1%80%BA%E1%80%85%E1%80%B6%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8
မီတာ
မီတာ() သည် အလျား အတိုင်းအတာ တစ်ခုဖြစ်သည်။ နိုင်ငံတကာ စံဖြစ်သော International System of Units (SI) မတ်ထရစ်စနစ်၏ အခြေခံ တိုင်းတာမှုဖြစ်သည်။ သမိုင်းကြောင်း ပဒေသရာဇ်ခေတ် စက်ရုံတစ်ရုံ၏ ယန္တရားတစ်ခုတွင် အစိတ်အပိုင်းတို့သည် ထောင်နှင့်ချီ၍ ရှိနေတတ်၏။ ယင်းအစိတ်အပိုင်းများနှင့် စက်ယန္တရားဖြစ်အောင် တပ်ဆင်သည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့ကို စမ်းသပ်စစ်ဆေးသည့်အခါတွင်ဖြစ်စေ တိကျကိုက်ညီမှုရှိစေရန် တိုင်းတာကြရသည်။ ထိုသို့တိုင်းတာရာတွင် တိုင်းတာသည့်ကိရိယာများကို အသုံးပြုရသည်။ သို့မှသာ စက်၏တိကျမှုကို အာမခံနိုင်မည် ဖြစ်သည်။ တိုင်းတာသည့်ကိရိယာများသည် အတိုင်းအတာများမရှိဘဲနှင့် ဖြစ်လာနိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ အလျားတိုင်းယူနစ်မရှိလျှင် ဤလုပ်ငန်းသည်လည်း ဆက်လက်ထွန်းကားနေစရာအကြောင်းမရှိတော့ပေ။ စက်အစိတ်အပိုင်းတစ်ခု၏ အရွယ်အစားကို အလွန်တိကျမှန်ကန်အောင် တိုင်းတာရန်မှာ အင်မတန်မလွယ်သည့် အလုပ်ဖြစ်သည်။ အခြားမည်သည်ကိုမျှမဆိုထားနှင့်၊ စံနမူနာပေတံတစ်ချောင်းရရန်ကိုပင် နှစ်,ထောင်ချီကြာမြင့်လေသည်။ ရှေးခေတ်က နိုင်ငံတိုင်း၌ အလျားတိုင်းယူနစ်များ ကိုယ်စီရှိကြလေသည်။ ဥပမာ။ ။ မြန်မာတို့တွင် အငယ်ဆုံး ဆံခြည်မျှင် မှ အကြီးဆုံး ယူဇနာ အထိ ရှိသည်။ ထို့ပြင် မင်းဆက်တိုင်း၌လည်း အပြောင်းအလဲ ရှိကြသေးသည်။ အပြောင်းအလဲများသော ပေတံကြောင့် တိကျသည့်စက်ကိရိယာ ပြုလုပ်ရန် များစွာအခက်တွေ့ကြရ၏။ စက်မှုတော်လှန်ရေးခေတ်နောက်ပိုင်း ၁၈ ရာစုနှစ် စက်မှုတော်လှန်ရေးပြီးနောက် သိပ္ပံပညာအရပ်ရပ်သည် အလျင်အမြန် တိုးတက်လာသည်ဖြစ်ရာ သိပ္ပံပညာရှင်တို့သည် ရေရှည်မပြောင်းလဲနိုင်သည့်အပြင် နိုင်ငံတကာတွင်လည်း တညီတညွတ်တည်း အသုံးပြုနိုင်မည့် အလျားတိုင်းယူနစ်အတွက် စံတစ်ခုကို အပူတပြင်း ရှာဖွေကြပြန်သည်။ ထိုအချိန်ကသိပ္ပံပညာရှင်တို့သည် ကမ္ဘာလုံး၏အရွယ်အစားသည် ဘယ်သောအခါမျှ မပြောင်းလဲဟု ယူဆကြ၏။ ၁၇၉၀ ပြည့်နှစ်တွင် ပြင်သစ်သိပ္ပံလောကမှ ပညာရှင်တို့သည် ကမ္ဘာ၏ လောင်ဂျီတွတ်မျဉ်းကို တိုင်းတာကြသည်။ အီကွေတာမှ သိပ္ပံဌာနရှိရာ ပဲရစ်မြို့ ကို ဖြတ်လျက် မြောက်ဝင်ရိုးစွန်းအထိရှိသော လောင်ဂျီတွတ်မျဉ်း၏ သိန်းတစ်ရာပုံတစ်ပုံ (ဝါ) တစ်ကုဋေပုံတစ်ပုံ(၁/၁၀၀၀၀၀၀၀)ကို စံအဖြစ် သတ်မှတ်ကာ တစ်မီတာဟု ခေါ်သည်။ ၎င်းအလျားအတိုင်း ပလက်တီနမ်ဖြင့်ပြီးသော ပထမဆုံးမီတာတံကို ပြုလုပ်လိုက်ကြသည်။ ၁၈၈၉ နိုင်ငံတကာ အတိုင်းအတာအစည်းအဝေးပွဲကြီးက ပထမ စံမီတာတံအတိုင်း ပလက်တီနမ်-အီရီဒီယမ်()ဒြပ်ပေါင်းနှင့် ကန့်လန့်ဖြတ်မျက်နှာပြင် X ပုံသဏ္ဌာန်ရှိသော မီတာတံတစ်ခုကို ပြုလုပ်ကာ နိုင်ငံတကာအလျားတိုင်းစံအဖြစ် တရားဝင် သတ်မှတ်လိုက်သည်။ ၎င်းနိုင်ငံတကာ စံမီတာတံကို ပဲရစ်မြို့၊ နိုင်ငံတကာ အချင်အတွယ်နှင့်အတိုင်းအတာရုံး (ဘီအိုင်ပီအမ်)၌ အမြတ်တနိုး သိမ်းဆည်းထားသည်။ နိုင်ငံအသီးသီးက ပုံတူပြုလုပ်ထားသော မီတာတံများကို အချိန်မှန်မှန် ပဲရစ်သို့ ပို့ကာ စံမီတာတံနှင့် တိုင်းကြည့်ရန် သတ်မှတ်ထားသည်။ အလျား တစ်မီတာအတွက် ယခင်ကစံပြုသတ်မှတ်ခဲ့သည်မှာ ပြင်သစ်နိုင်ငံမြူးနစ်မြို့ရှိ ပြတိုက်တစ်ခုတွင်သိမ်းဆည်းထားသောဘရွန်နစ် သတ္တုချောင်းတစ်ခုအပေါ်ရေးမှတ်သော အမှတ်အသားနှစ်ခုအကြားအကွာအဝေးကို အပူချိန် (၆၈)ဒီဂရီ ဖာရင်ဟိုက်ရှိစဉ် တိုင်းတာရရှိသော အကွာအဝေးဟူ၍ဖြစ်သည်။ ယခုအခါတွင် ပိုမိုတိကျမှုရှိစေရန်အတွက် ခရမ်းလွန်ရောင်ခြည်၏ လှိုင်းအလျားတစ်ခုထက် အဆပေါင်းမည်မျှလျှင် တစ်မီတာရှိသည်ဟုပြင်ဆင်သိမှတ်ကြသည်။ ကိုးကား အလျား၏ ယူနစ်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AE%E1%80%90%E1%80%AC
မိုးဝေ
မိုးဝေ (၁၉၂၇-၁၉၆၇) သည် မြန်မာလူမျိုး စာရေးဆရာ ဖြစ်သည်။ ငယ်ဘဝ ကျုံမငေးမြို့နယ်၊ ကံဘဲ့ကျေးရွာ၌ မြို့အုပ် ဦးအုန်းမောင်၊ ဝမ်းဆွဲဆရာမ ဒေါ်မကြီးတို့က ၁၉၂ရခု၊ ဇူလိုင်လ(၁၈) ရက်နေ့တွင် မွေးဖွားခဲ့သည်။ သား(၂)ယောက်တွင် အကြီးဖြစ်ပြီး ငယ်နာမည် ကံကြီးမောင်၊ အမည်ရင်း ဦးခင်မောင်ကြီးဖြစ်သည်။ ပညာရေး ဒုတိယကမ္ဘာစစ်မဖြစ်မီက ရန်ကုန်ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းတွင် (၈)တန်း အထိ ပညာသင်ယူခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီး ရန်ကုန်တက္ကသိုလ်ဆက်တက်၍ ဥပစာတန်းထိနေခဲ့သည်။ စာပေလောက ၁၉၄၆ - အသက်(၁၉)နှစ်အရွယ်တွင် စာပေနယ်သို့ဝင်ခဲ့သည်။ "တင်မောင်ဆွေ"ဇာတ်ကောင်ကို ပထမဦးဆုံး မွေးဖွားသည်။ ဝတ္ထုတိုမှာ သွေးသောက်မဂ္ဂဇင်းပါ "မျက်ရည်တစ်စက်" ဝတ္ထုတိုဖြစ်သည်။ မိုးဝေအမည်ဖြင့် ပထမဆုံးလုံးချင်းဝတ္ထုမှာ "သိန်းလေးဆယ်" ဖြစ်သည်။ မိုးဝေ၊ ခင်မောင်ကြီး၊ ဗိုလ်သိန်းတန်၊ သက်မော်၊ နီလေးမောင်၊ ပါမောက္ခဦးသွင် ကလောင်အမည်များဖြင့်ဝတ္ထု၊ ဘာသာပြန်ပညာပေးကျမ်းစာအုပ်များ၊အားလုံးအမျိုးပေါင်း(၃၀၀)ကျော် ပြုစုခဲ့သည်။ မဂ္ဂဇင်းများတွင် ပုဒ်ရေ (၆၀၀) ကျော် ရေးသားခဲ့သည်။ ၁၉၅၁ ခုနှစ် မတ်လမှ စတင်ထုတ်ဝေသော "စုံထောက်မဂ္ဂဇင်း"တွင် စာတည်းချုပ်အဖြစ်တာဝန်ယူခဲ့သည်မှာ ကွယ်လွန်သည်ထိဖြစ်သည်။ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ စာပေလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည်။ မိုးဝေသည် "ခင်မောင်ကြီး" အမည်ဖြင့်လည်း ခေတ်ပြင်အဘိဓာန်နှင့် ဂျူဒိုလက်ဝှေ့စာအုပ်များရေးသားခဲ့သည်။ ဘဝနိဂုံး ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၄၀)သာ ရှိသေးသည်။ ဇနီး ဒေါ်ညွန့်နှင့် သမီး(၁)ယောက် ကျန်ရစ်သည်။ ထင်ရှားသောစာအုပ်အချို့ ခေါမဂန္ထဝင် ကပ္ပတိန်ဘလဒ် ခေတ်ပြင်အဘိဓာန် သစ်ဦးသဇင် ကိုယ်တိုင်ရေး ဝတ္ထု ဘာသာပြန် ဝတ္ထု ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ ၁၉၂၇ မွေးဖွားသူများ ၁၉၆၇ ကွယ်လွန်သူများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9D%E1%80%B1
မျိုးကြီး
မျိုးကြီး (၁၉၇၆-) သည် မြန်မာနိုင်ငံရှိ ထင်ရှားသော ရော့ခ် အဆိုတော်တစ်ဦးဖြစ်သည်။ အိုင်းရင်းခရော့စ်ဂီတ အဖွဲ့နှင့် နှစ်ပေါင်းများစွာ တွဲဖက်သီဆိုခဲ့သော အဆိုရှင်တစ်ဦးဖြစ်သည်။ ထွက်ရှိခဲ့သောတေးစီးရီးများ တကိုယ်တော် စီးရီးများ ကျောက်စာများ (၁၉၉၇) လေပြေ (၁၉၉၈) အခမ်းနားဆုံး (၂၀၀၀) အပြန်လမ်း (၂၀၀၂) ဆန့်ကျင်ဘက် (၂၀၀၃) နိစ္စဓူဝ (၂၀၀၆) Live in Yangon (၂၀၀၈) ယူလိုက် (၂၀၁၀) ပြောင်းလဲခြင်းများ (၂၀၁၅) သကြားဗူး (၂၀၁၇) အခြားသူများနှင့် တွဲဖက်၍ ရာစုသစ် (လေးဖြူ၊ အငဲ တို့နှင့် တွဲဖက်၍) LMN (လေးဖြူ၊ အငဲ တို့နှင့် တွဲဖက်၍) Iron Cross Band Unplugged Iron Cross Band Acoustic Iron Cross 20th Anniversary မိသားစုဘဝ ဇင်မာလွင် (ခ) လုံးလုံး နှင့် ၂၀၀၀ ပြည့်၊ မေလ ၂၀ ရက်တွင် လက်ထပ်သည်။ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၄ ရက်နေ့တွင် မျိုးကြီးနှင့် ဇနီးဖြစ်သူတို့သည် မြန်မာနိုင်ငံရှိ ထင်ရှားသူများထဲမှ ပထမဆုံး COVID-19 ရောဂါပိုးတွေ့ရှိရသူများ ဖြစ်လာခဲ့သည်။ ကိုးကား မြန်မာ အမျိုးသား အဆိုတော်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာခရစ်ယာန်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
မျိုးမြင့်ဆွေ
မျိုးမြင့်ဆွေ သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာတစ်ဦး ဖြစ်သည်။ ရွှေဘိုခရိုင် ရေဦးမြို့နယ် မန်ကျည်းတော ရွာတွင် အဖ ကျောင်းဆရာ ဦးအေးမောင်၊ အမိ ဒေါ်လေးငွေ တို့က ၁၉၃၃ ခု အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၈ ယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ ဦးမြသောင်း ဖြစ်သည်။ ၁၉၅၅ ခုနှစ်မှ စတင်၍ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ များကို မန္တလေးထုတ် ဗဟိုစည်၊ မန္တလေး သူရိယ၊ နဂါးနီ၊ မြတ်ရတနာ၊ ပန်တော်ဆက် စသည့် စာနယ်ဇင်း များနှင့် ရန်ကုန်ထုတ် မြဝတီ၊ သွေးသောက်၊ ငွေတာရီ၊ သင့်ဘဝ စသည့် စာနယ်ဇင်း များတွင် ရေးခဲ့သည်။ မိုးသောက်ယံ ကဗျာများ (၁၉၆၁)၊ အလင်းခေတ် ကဗျာများ (၁၉၆၅)၊ လူသားနှင့် ဝန်းကျင် ကဗျာများ (ချစ်ဒေါင်းနွယ် ၏ 'သမီးပေး ယာ' ဝတ္ထု ကဗျာနှင့် ပူးတွဲ၍ "၁၉၆၇ ခုနှစ် အမျိုးသား စာပေဆုရ ကဗျာများ" အမည်နှင့် ထုတ်သည်။) (၁၉၇၂)၊ ကလေးအဖော် ရွှေဇီးကွက် (၁၉၇၇)၊ လိမ္မာယဉ်ကျေး မေ့ရင်သွေး ကဗျာများ (၁၉၇၈)၊ မှန်ထဲက သစ္စာနှင့် အခြား ကဗျာများ (၁၉၉၅) တို့မှာ ထင်ရှားသည်။ ၁၉၅၉ ခုနှစ် မြတ်ရတနာ မဂ္ဂဇင်း စာပေ ပြိုင်ပွဲတွင် ရွှေမန်းတောင်တော် ကဗျာဖြင့် ပထမဆု၊ ၁၉၆၂ ခုနှစ် အထက် မြန်မာနိုင်ငံ စာရေး ဆရာများ အသင်း စာဆိုတော်နှင့် စာပေ ပြိုင်ပွဲတွင် နိုင်ငံတော်သစ် ဆီသို့ ကဗျာဖြင့် ဒုတိယဆု၊ ၁၉၆၄ ခုနှစ် ဓနသဟာယ စာစောင် ကဗျာ ပြိုင်ပွဲတွင် မောင်ကြီးတို့ရွာ ကဗျာဖြင့် ပထမဆု၊ ၁၉၆၇ ခုနှစ် အမျိုးသား စာပေဆုကို လူသားနှင့်ဝန်းကျင် ကဗျာများ စာမူဖြင့် ပထမဆု ဆွတ်ခူး ရရှိခဲ့သည်။ တေးသီချင်း များစွာ ကိုလည်း ရေးစပ် ခဲ့သည်။ ကျောက်ခဲ၊ သဇင်၊ ဂျိန်းဖောပွဲတော် စသည့် ရုပ်ရှင် တေးများ၊ မီးခိုးလိုလူ တိမ်လိုလူ၊ ထရံပေါက်က နေပြောက် ကလေး၊ မေတ္တာမိုး စသည့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား တေးသီချင်းများ၊ မန္တလေး မဟာမုနိ ဗုဒ္ဓဝင် ပြခန်း ကက်ဆက်ခွေ သီချင်းများမှာ ထင်ရှားသည်။ ပန်းချီ ပညာ ကိုလည်း လေ့လာ လိုက်စား ခဲ့ရာ ပန်းချီပုံရေး ပုံဆွဲကို အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၂ ခုတွင် ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်း နှစ် ၅၀ မြောက် အထိမ်းအမှတ် အဖြစ် ကျင်းပသော ၇၂ နိုင်ငံ ပါဝင်သည့် ကမ္ဘာ့ ပန်းချီ ပြိုင်ပွဲတွင် ဝေးမြေခြားမှ စကားလက်ဆောင်၊ တေးလက်ဆောင် ပန်းချီကားဖြင့် ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်း အရှေ့တိုင်း ဌာနခွဲ၏ ပထမ ဆုကို ရရှိ ခဲ့သည်။ ကွယ်လွန်ချိန် အထိ ဆောင်းပါး၊ ဝတ္ထုတိုပေါင်း ၁၅၀ ကျော်၊ ကဗျာပေါင်း ၅၀၀ ကျော်၊ သီချင်းပေါင်း ၂၅၀ ကျော်နှင့် ရေဆေး၊ ဆီဆေး၊ ခဲမှုန်း စသည့် ပန်းချီ ကားပေါင်း ၇၀၀ ကျော် ပြုစု ရေးဆွဲ ခဲ့သည်။ ပုံနှိပ် ထုတ်ဝေခြင်း မပြုရ သေးသည့် ကြုံရာလမ်း ကဗျာ စာအုပ် လက်ရေးမူ ကျန်ရှိ ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန် ခဲ့သည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ ကဗျာဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%86%E1%80%BD%E1%80%B1
မယိမ်တက်
မယိမ်တက် (ခေါ်) မအိမ်တက် ပွဲအခမ်းအနားသည် ရခိုင်တိုင်း သံတွဲမြို့နယ်တွင် ရှေးနှစ်ပေါင်း များစွာကပင် အစဉ်အလာ တည်ရှိခဲ့သော လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ရိုးရာယဉ်ကျေးမှု တစ်ရပ်ဖြစ်သည်။ ဝေါဟာရ အဓိပ္ပာယ် မယိမ်တက် စကား ဝေါဟာရ မှာ "မယားအိမ်တက်"၊ "မအိမ်တက်"ဟူသော စကား အသုံးအနှုန်းမှ ပြောင်းလဲခေါ်တွင်လာသည့် ဝေါဟာရ စကားအသုံးအနှုန်း တစ်ရပ်ဖြစ်သည်။ ၎င်းကို "မယားအိမ်တက်" ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲကြသေးသည်။ မူလစကား မယားအိမ်တက်ကို မယအိမ်တက်၊ မယိမ်တက် ဟူ၍ သံတွဲနယ်မှ ရခိုင်များမှ အသံထွက်လေ့ရှိကြသည်။ ထို့အတူ မယားအိမ်တက် ဟူသော စကားအသုံးအနှုန်းကိုလည်း "မယိမ်တက်"ဟူ၍ ခေါ်ဝေါ်သုံးစွဲခြင်းလည်း ရှိကြပေသည်။ မ´အိမ်တက်ဟူ၍ မ´စကားလုံးနှင့် ယိမ်စကားလုံးကို ခွဲ၍ ရွတ်ဆိုသည့် အသံထွက်မျိုး လုံးဝမဟုတ်ပါ။ မယိမ်တက်ဟူ၍သာ ခေါ်ဝေါ်သည်။ ထို့ကြောင့် မယိမ်တက်အခမ်းအနားသည် ထိမ်းမြားမင်္ဂလာပြုခြင်း ရိုးရာဓလေ့တွင် သတို့သား ​ယောက်ျားဖြစ်သူသည် မယားလောင်း (ဝါ) ဇနီးလောင်း သတို့သမီးအိမ်သို့ တက်ရောက်လက်ထပ်ရသည့် အခမ်းအနားပင် ဖြစ်သည်။ မယိမ်တက် အခမ်းအနားဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်းများ မယိမ်တက်အခမ်းအနားသည် ရခိုင်ရိုးရာ လက်ထပ်ထိမ်းမြားခြင်း ဓလေ့ထုံးတမ်း၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ကိုးကား ရခိုင်ရိုးရာဓလေ့ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9A%E1%80%AD%E1%80%99%E1%80%BA%E1%80%90%E1%80%80%E1%80%BA
ရွှေချက်သိုစေတီ
ရွှေချက်သိုစေတီ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာနန်းတော်၏ မြောက်ဘက်တွင် တည်ရှိသည်။ အလောင်းဘုရားမွေးဖွားခဲ့ရာ နေရာဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%81%E1%80%BB%E1%80%80%E1%80%BA%E1%80%9E%E1%80%AD%E1%80%AF%E1%80%85%E1%80%B1%E1%80%90%E1%80%AE
အောင်မြေ (ရွှေဘို)
ရွှေဘိုမြို့၏ တောင်ဘက် ရွှေဘို မန္တလေးကားလမ်း ဘေးတွင် တည်ရှိသည်။ အလောင်းဘုရား အထွဋ်အထိပ် မရောက်ခင်က ထိုနေရာတွင် ကျားကို သမင်ကလိုက်ခြင်း မြွေကို ဖားကမြိုခြင်း စသည့် နမိတ်များ ပေါ်ခဲ့သည်ဟု ဆိုစမတ် ပြုကြသည်။ ကိုလိုနီခေတ်တွင် သချိုင်းဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သာသနိကနယ်မြေဖြစ်သည်။ စာသင်တိုက်ပေါင်းမြောက်မြားစွာ ရှိသည်။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း လည်းတည်ရှိသည်။ ကျောင်းဝင်းအတွင်းတွင် သိကြားမင်းရုပ်တုတစ်ခုရှိ၏။ ထိုသိကြားမင်းရုပ်တု၏ ဘေးတွင် သဲများရှိသည်။ မြို့ခံအများစုသည် ထိုသိကြားမင်းရုပ်တုထား လက်ရစ်သုံးပတ် ပတ်ကာ ထိုသဲများကို(အောင်မြေသဲ) အဆောင်အဖြစ်အသုံးပြုလေ့ရှိသည်။ ကိုးကား စစ်ကိုင်းတိုင်းဒေသကြီး
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%20%28%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%98%E1%80%AD%E1%80%AF%29
မန္တလေးနည်းပညာတက္ကသိုလ်
မန္တလေးနည်းပညာတက္ကသိုလ် (MTU) သည် မန္တလေးစက်မှုတက္ကသိုလ် (MIT) အဖြစ် လူသိများခဲ့ပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၌ တည်ရှိသည်။ ၎င်းသည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များထဲမှ ထင်ရှားသော တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ်မှ အထက်မြန်မာပြည် ဘွဲ့ကြို၊ ဘွဲ့ရနှင့် ဘွဲ့လွန် ကျောင်းသားများအတွက် အင်ဂျင်နီယာ နည်းပညာရပ် အသီးသီးအား သင်ကြားမှုပုံစံ အမျိုးမျိုး ချမှတ် သင်ကြားနိုင်ရန် စီစဉ်ထားရှိသည်။ တက္ကသိုလ်မှ နှစ်စဉ်နှစ်တိုင်း သင်တန်းအပတ်စဉ် တစ်ခုစီအတွက် ကျောင်းသား ၃၀၀ ခန့် လက်ခံသင်ကြားပေးနေသည်။ မန္တလေးနည်းပညာတက္ကသိုလ်တွင် ဒေါက်တာဘွဲ့နှင့် ဘွဲ့လွန်သင်တန်းများအား လက်ခံသင်ကြားမှု နည်းပါးသောကြောင့် အဆိုပါဘွဲ့များ တက်ရောက်ရန် ဆန္ဒရှိသော ကျောင်းသားများမှာ ရန်ကုန်နည်းပညာတက္ကသိုလ် သို့တည်းမဟုတ် နိုင်ငံရပ်ခြားသို့ သွားရောက်၍ သင်ယူကြရသည်။ သမိုင်းကြောင်း နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုမှာ သိပ္ပံနှင့် အင်ဂျင်နီယာ နည်းပညာနယ်ပယ်၌ လုံးလုံးလျားလျား အခြေခံသည် ဆိုသည်အား သိရှိထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် နိုင်ငံအဆင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် သင်ကြားရေးဌာနများအား နိုင်ငံ၏အကျိုးအတွက် တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့ရာ မန္တလေးနည်းပညာတက္ကသိုလ်ကို အမှတ်(၁)စက်မှုဝန်ကြီးဌာန (ယခု စက်မှု ဝန်ကြီးဌာန)၊ စက်မှုသင်တန်းကျောင်းအမှတ်(၂)မှ ပညာရေးဝန်ကြီးဌာန၊ မန္တလေးစက်မှုတက္ကသိုလ်အဖြစ် ၁၉၉၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနမှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသို့ လက်ရှိဖွဲ့စည်းပုံအတိုင်း လွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင် (၁)ရက်နေ့တွင် မန္တလေးစက်မှုတက္ကသိုလ် (Mandalay Institute of Technology) အစား မန္တလေးနည်းပညာတက္ကသိုလ် (Mandalay Technological University) ဟုအမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့သည်။ သင်ရိုး မန္တလေးနည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့အတွက် ခြောက်နှစ်တာသက်တမ်း၊ မဟာအင်ဂျင်နီယာဘွဲ့အတွက် နှစ်နှစ်တာသက်တမ်း နှင့် ဒေါက်တာဘွဲ့အတွက် သုံးနှစ်တာသက်တမ်း စီစဉ်ထားရှိသည်။ ၁၉၉၇ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်ကြားတွင် ကျောင်းသားပေါင်း ၇၅၀၀ မှ သုံးပုံနှစ်ပုံမှာ အင်ဂျင်နီယာဘွဲ့ နှင့် ၇.၃ % မှာ မဟာအင်ဂျင်နီယာဘွဲ့များ အသီးသီးရရှိခဲ့ကြသည်။ အင်ဂျင်နီယာ ဘာသာရပ်များ အောက်ဖော်ပြပါ ဘာသာရပ်များအား ဒီပလိုမာဘွဲ့အတွက် တစ်နှစ်၊ မဟာဘွဲ့အတွက် နှစ်နှစ်နှင့် အသုံးချသိပ္ပံ ဘာသာရပ်အတွက် ဒေါက်တာဘွဲ့များပါ လက်ခံသင်ကြား ပေးနေသည်။ ဌာနများ မန္တလေးနည်းပညာတက္ကသိုလ်အား ပင်မဌာနကြီး ( ၄ ) ခုဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏အောက်၌ ကဏ္ဍလိုက် သီးခြားဌာနခွဲများ ခွဲဝေထားရှိသည်။ အင်ဂျင်နီယာဌာနများ (၁၅) ခု သင်ကြားရေးဌာနများ (၂) ခု သုတေသနဌာနများ (၅) ခု ထောက်ပံ့ရေးဌာနများ (၅) ခု အင်ဂျင်နီယာဌာနများ မန္တလေးနည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။ ဗိသုကာအင်ဂျင်နီယာဌာန လေကြောင်းအင်ဂျင်နီယာဌာန ဇီဝနည်းပညာအင်ဂျင်နီယာဌာန ဓာတုအင်ဂျင်နီယာဌာန မြို့ပြအင်ဂျင်နီယာဌာန လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန အီလက်ထရောနစ်အင်ဂျင်နီယာဌာန သတင်းအချက်အလက်နည်းပညာအင်ဂျင်နီယာဌာန စက်မှုအင်ဂျင်နီယာဌာန စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာဌာန သတ္ထုဗေဒအင်ဂျင်နီယာဌာန ဓာတ်သတ္ထုရှာဖွေရေးအင်ဂျင်နီယာဌာန ရေနံအင်ဂျင်နီယာဌာန ထိန်းချုပ်လေ့လာမှုအင်ဂျင်နီယာဌာန ချည်မျှင်နှင့်အထည်အလိပ်အင်ဂျင်နီယာဌာန သင်ကြားရေးဌာနများ မန္တလေးနည်းပညာတက္ကသိုလ်ရှိ သင်ကြားရေးဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။ အင်ဂျင်နီယာဓာတုဗေဒဌာန အင်ဂျင်နီယာအင်္ဂလိပ်စာဌာန အင်ဂျင်နီယာသင်္ချာဌာန အင်ဂျင်နီယာရူပဗေဒဌာန မြန်မာစာဌာန သုတေသနဌာနများ မန္တလေးနည်းပညာတက္ကသိုလ်ရှိ သုတေသနဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။ ဓာတုဗေဒသုတေသနစင်တာ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားသုတေသနစင်တာ ထောက်ပံ့ရေးဌာနများ မန္တလေးနည်းပညာတက္ကသိုလ်ရှိ ထောက်ပံ့ရေးဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။ အုပ်ချုပ်ရေးဌာန ငွေစာရင်းဌာန ဘဏ္ဍရေး ကျောင်းသားရေးရာ အလုပ်ရုံ ဘွဲ့ကြိုဒီပလိုမာ အောက်ဖော်ပြပါ ဘာသာရပ်များအား နည်းပညာဒီပလိုမာဘွဲ့အတွက် တစ်နှစ်တာ သင်တန်းအဖြစ် လက်ခံသင်ကြား ပေးနေသည်။ မြို့ပြ လျှပ်စစ်စွမ်းအား အီလက်ထရောနစ် စက်မှု ဆက်စပ်ကြည့်ရှုရန် ရန်ကုန်နည်းပညာတက္ကသိုလ် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပြည်နည်းပညာတက္ကသိုလ် ကိုးကားကျမ်း မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မန္တလေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
မက္ကင်းနစ်
မက္ကင်းနစ် (; ) သည် ဒြပ်ဝတ္တုကို အား သို့မဟုတ် အရွေ့ သက်ရောက်သောအခါ ၎င်း၏ အပြုအမူ နှင့် ၎င်းတို့၏ ပတ်ဝင်းကျင် တို့ကို အကျိုးသက်ရောက်မှု တို့နှင့်ဆိုင်သော ရူပဗေဒ၏ ဂိုဏ်းကွဲတစ်ခုဖြစ်သည်။ ခေတ်သစ် မော်ဒန် အစတွင် ဂယ်လီလီယို၊ ကပ်ပလာ၊ အထူးသဖြင့် နယူတန် တို့က မူလလက်ဟောင်း မက္ကင်းနစ် (classical mechanics) ခေါ် နည်းကို မျိုးစေ့ချပေးခဲ့သည်။ မူလလက်ဟောင်းနှင့် ကွန်တမ် အဓိကအားဖြင့် မက္ကင်းနစ် ကို မူလလက်ဟောင်း မက္ကင်းနစ် နှင့် ကွန်တမ် မက္ကင်းနစ် (quantum mechanic) ဟူ၍ ခွဲခြားထားသည်။ သမိုင်းတွင် မူလလက်ဟောင်း မက္ကင်းနစ် သည် ဦးစွာပေါ်လာပြီး ကွန်တမ် မက္ကင်းနစ် သည် အသစ်စက်စက် တည်ထွန်းမှု ဖြစ်သည်။ မူလလက်ဟောင်း မက္ကင်းနစ်သည် နယူတန် ရေးခဲ့သော Principia Mathematica တွင်ပါသော ရွေ့လျားမှု နိယာမများ (Laws of motion) ကို အခြေခံပြီး ကွန်တမ် မက္ကင်းနစ်သည် ၁၉၀၀ ထိ မပေါ်သေးပေ။ နှစ်ခုစလုံးသည် သဘာဝ ရုပ်ဝတ္တု သဘောတရား ကို တစ်နည်းတစ်ဖုံအား ဖြင့် အတူတကွ ပေါင်းစပ်ဖြေရှင်းလျက်ရှိသည်။ မူလလက်ဟောင်း မက္ကင်းနစ်ကို တိကျမှု တွင်အခြေခံသော ပုံစံ အသွင်ဖြင့် ရှုမြင်ခြင်းဖြစ်သည်။ ၎င်းတိကျမှုကို အရင်းခံသောကြောင့်ပင် သင်္ချာ သီအိုရီများ တွင်တွင် သုံးခြင်း ဖြစ်သကဲ့သို့ မှန်မမှန်ကို လက်တွေ့ လုပ်ဆောင်ရခြင်းပင်ဖြစ်သည်။ ကွန်တမ် မက္ကင်းနစ်သည် ပို၍ ကျယ်ပြန့်ပြီး မူလလက်ဟောင်း မက္ကင်းနစ် နည်းစဉ်များကို အသုံးချသလို အနေအထားအလိုက် ကန့်သတ်မှုများလည်းရှိပေသည်။ တန်ပြန်သက်ရောက်ခြင်း သဘော (correspondence principle) အရ အရာဝတ္တု နှစ်ခုတို့အကြား ဆန့်ကျင်ခြင်း ကွဲလွဲခြင်း မရှိသလို အခြေအနေ တစ်ခုကြောင့်ပင် တည်ရှိခြင်း ဖြစ်သည်။ ကွန်တမ် မက္ကင်းနစ်သည် မူလလက်ဟောင်း မက္ကင်းနစ် ကို အခြေခံ ကျကျ ကျော်လွန်ပြီး မော်လီကျူလာ သို့ အက်တမ် တို့ကို ရှင်းရာတွင် မရှိမဖြစ်လိုအပ်သည်။ သို့သော် မူလလက်ဟောင်း မက္ကင်းနစ် သည် အကြီးစား ဖြစ်ပျက်ခြင်းများကို ရှင်းလင်းရာတွင် လုံလောက်သကဲ့သို့ ကွန်တမ် မက္ကင်းနစ် ရှင်းလျှင်လည်း မဖြစ်နိုင်သောကြောင့် မူလလက်ဟောင်းကြီးမှာ ကောင်းကောင်းကြီး အသုံးဝင်လျက်ရှိသည်။ အိုင်စတိုနီရမ် နှင့် နယူတိုနီရမ် မူလလက်ဟောင်းနှင့် ကွမ်တမ် ကွာသကဲ့သို့ အိုင်စတိုင်း၏ အထူး သီအိုရီများ သည် နယူတန် နှင့် ဂလီလီယို တို့၏ မက္ကင်းနစ် ကိုချဲ့ထွင်စေပြီး ထိုနှစ်ပိုင်းကို အခြေခံကျကျ ပေါင်းထားပြန်သည်။ ထို့အပြင် အလင်းအလျင် ကို မကျော်နိုင်သော်လည်း အလင်း အလျင်နားကပ်သော အရာဝတ္တုများ အတွက် အိုင်းစတိုင်း၏ သီအိုရီများက ပို၍ အရေးပါသည်။ ကိုးကား မက္ကင်းနစ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%B9%E1%80%80%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA
မစန္ဒာ
မစန္ဒာ သည် မြန်မာ အမျိုးသမီး စာရေးဆရာ တစ်ဦးဖြစ်သည်။ ဦးထွန်းတင် စာရေးဆရာ မန်းတင် နှင့် ဒေါ်သန်းတင် တို့၏ စတုတ္ထမြောက် သမီး ဖြစ်ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မွေးဖွားသည်။ ငယ်နာမည် ချိုချိုတင် ဖြစ်သည်။ ငယ်စဉ်က ရန်ကုန်မြို့ မြို့မ အမျိုးသမီး အထက်တန်း ကျောင်းတက်ရောက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်သည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် စက်မှု တက္ကသိုလ်သို့ တက်ရောက် ပညာ သင်ကြားပြီး ၁၉၇၁ ခုနှစ်တွင် ဗိသုကာ ဘွဲ့ကို ရရှိ ခဲ့သည်။ ဖခင် ဖြစ်သူ၏ အားပေး ကူညီမှုဖြင့် ငယ်စဉ် ကတည်းကပင် ဝတ္ထုများ ရေးသားရန် ကြိုးစား အားထုတ် ခဲ့သည်။ ပထမဦးဆုံး ပုံနှိပ်စာမှာ ၁၉၆၅ ခုနှစ် အောက်တိုဘာ လထုတ် ငွေတာရီ မဂ္ဂဇင်းပါ "ကျွန်မ ဆရာမ" ဝတ္ထုတို ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ပထမဆုံး လုံးချင်း ဝတ္ထု အဖြစ် "ငယ်သူမို့ မသိပါ" ကို ရေးသား ထုတ်ဝေ ခဲ့သည်။ စာပေရေးသားခြင်း စာရေးသက် အနှစ် ၄ဝ နီးပါးခန့် အတွင်း မဂ္ဂဇင်း ဝတ္ထုတို၊ ဝတ္ထုရှည်ပေါင်း ၁ဝဝ ကျော်ခန့်နှင့် လုံးချင်း ဝတ္ထု ၁၃ အုပ်၊ ဝတ္ထုလတ် ၂ ပုဒ် တို့ကို ရေးသားခဲ့ပြီး ဖြစ်သည်။ မဂ္ဂဇင်း ဝတ္ထုများ ကိုလည်း စုစည်းပြီး မဂ္ဂဇင်း ဝတ္ထုတို (၁)၊ (၂)၊ (၃)၊ (၄) တို့ကို လည်းကောင်း၊ မဂ္ဂဇင်း ဝတ္ထုရှည် (၁)၊ (၂)၊ (၃) တို့ကို လည်းကောင်း ရေးသား ထုတ်ဝေ ခဲ့သည်။ ၁၉၉၄ ခုနှစ်က ရေးသားခဲ့သော "ဘဝ အိပ်မက် ပန်းအိပ်မက်" ဖြင့် အမျိုးသား စာပေ ဝတ္ထုရှည်ဆု၊ မဂ္ဂဇင်း ဝတ္ထုတိုများ (၃) ဖြင့် ၁၉၉၉ ခုနှစ် အတွက် အမျိုးသား စာပေ ဝတ္ထုတိုဆု ရရှိခဲ့သည်။ လုံးချင်း ဝတ္ထု ၁၃ အုပ် အနက် ၁ဝ အုပ်ကို ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့ပြီး ဖြစ်သည်။ ဘဝအိပ်မက် ပန်းအိပ်မက်ကို ထိုင်းဘာသာဖြင့် လည်းကောင်း ကွက်လပ်ကလေး ဖြည့်ပေးပါနှင့် ဂျိမ်းဂျိမ်းဂျုတ်ဂျုတ် ဂျိမ်းဂျုတ်ဂျုတ်တို့ကို ဂျပန်ဘာသာသို့ လည်းကောင်း ပြန်ဆို ထုတ်ဝေ ခဲ့သည်။ (A fro-Asian Writers Association) မှ ထုတ်ဝေသော (Lotus Journal) တွင် အသေဝနာစ ဗာလာနံကို လည်းကောင်း၊ (Michigan University) မှ ထုတ်ဝေသော (Virtual Lotus -Modern fition of Southeast Asia) တွင် ထီးဝတ္ထုကို လည်းကောင်း အင်္ဂလိပ်ဘာသာ ပြန်ဆို၍ ဖော်ပြခြင်း ခံရသည်။ အခြား မဂ္ဂဇင်း ဝတ္ထုတိုများ ကိုလည်း ရုရှား၊ ဂျာမနီဘာသာသို့ ပြန်ဆိုခြင်း ခံရသည်။ ၁၉၉၁ ခုနှစ်တွင် ရုရှား နိုင်ငံသို့ လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လည်းကောင်း စာရေးဆရာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် လေ့လာရေး သွားရောက်ခဲ့သည်။ ၂ဝဝ၂ ခုနှစ် ဇွန်လမှ စ၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဗဟို အမှုဆောင် ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ ယခုအခါ ခင်ပွန်းသည် ဦးစန်းမောင် (ဗိသုကာ)၊ သမီး အေးချမ်းငြိမ်း၊ သား မိုးငြိမ်းချမ်း တို့နှင့် အတူ (၁၇၃) ဂန္ဓမာလမ်း သုဝဏ္ကတွင် နေထိုင်လျက် ရှိသည်။ သူမ၏အဆို “ လူတစ်ယောက်ဟာ နိင်ငံကို မချစ်ရင် အမျိုးကိုလည်း အထင်မကြီးတော့ဘူး ၊ ကိုယ့်ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်သင့်တယ် ဆိုတာကိုလည်း သတိမရတော့ဘူး။ မျိုးဆက် ဆိုတာဟာ ပျက်ပြီဆိုရင် တဖြည်းဖြည်းနဲ့ တိမ်ကောပြီး ပျောက်သွားတက်တယ် ” ရေးသားခဲ့သော စာအုပ်များ ကွက်လပ်ကလေးဖြည့်ပေးပါ - ၁၉၇၄ ခုနှစ် ဂျီဟောသူ - ၁၉၇၃ ခုနှစ် ဂျိမ်းဂျိမ်းဂျုတ်ဂျုတ် ဂျိမ်းဂျုတ်ဂျုတ် - ၁၉၈၃ ခုနှစ် ငယ်သူမို့ မသိပါ - ၁၉၇၂ ခုနှစ် ငြိုးမာန်ဖွဲ့သူရယ် - ၁၉၇၃ ခုနှစ် စိမ်းရွက်သစ် တဝေဝေ - ၁၉၇၄ ခုနှစ် ဆဋ္ဌဂံ - ၂ဝဝ၂ ခုနှစ် နက်ဖြန်ခါ - ၁၉၇၄ ခုနှစ် နှင်းဆီ - ၁၉၇၆ ခုနှစ် ပုစ္ဆာ - ၁၉၇၆ ခုနှစ် ပန်းစကား - ၁၉၇၄ ခုနှစ် မဂ္ဂဇင်း ဝတ္ထုရှည်များ (၂) - ၁၉၈၉ ခုနှစ် မဂ္ဂဇင်း ဝတ္ထုရှည်များ (၃) - ၂ဝဝ၂ ခုနှစ် မစန္ဒာ၏ မဂ္ဂဇင်း ဝတ္ထုရှည်များ - ၁၉၉၆ ခုနှစ် မစပ်သော ငရုပ် - ၁၉၇၅ ခုနှစ် (မောင်သာရ ၏ ငရုပ်မှန်လျှင်စပ်ရမည် နှင့် တွဲဖက်ထုတ်ဝေသည်) ဘဝအိပ်မက်၊ ပန်းအိပ်မက် - ၁၉၉၄ ခုနှစ် ဝတ္ထုတိုများ (၁) - ၁၉၇၄ ခုနှစ် ဝတ္ထုတိုများ (၂) - ၁၉၈၅ ခုနှစ် ဝတ္ထုတိုများ (၃) - ၁၉၉၉ ခုနှစ် ဝတ္ထုတိုများ (၄) - ၂ဝဝ၁ ခုနှစ် အရိပ် (ပထမတွဲ) - ၁၉၇၈ ခုနှစ် အရိပ် (ဒုတိယတွဲ) - ၁၉၇၈ ခုနှစ် တိမ်ဖုံးပါလို့လမသာ- Up Streams and other Stories - ၂ဝဝဝ ပြည့်နှစ် အရိပ် ကိုးကား. မြန်မာ အမျိုးသမီး စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%85%E1%80%94%E1%80%B9%E1%80%92%E1%80%AC
မင်းရှင်နောင်
မင်းရှင်နောင် (၁၉၁၉ - ၁၉၆၉) မုံရွာ ခရိုင် ခိုးသန်း ရွာ၌ အဖ ဒိစတြိတ် ကောင်စီ လူကြီး ဟောင်းနှင့် ကုန်သည် ဦးပေါ၊ အမိ ဒေါ်စုညွန့် တို့က ၁၉၁၉ ခုနှစ် (မလိခ ကမူ ၁၉၂ဝ ပြည့်နှစ်ဟု ဖော်ပြ ထားသည်။) တွင် မွေးဖွားသည်။ အမည်ရင်း ဦးစိန်ဝင်း ဖြစ်၍၊ စာရေးဆရာ ဘဝင်း၏ ညီ ဖြစ်သည်။ ခိုးသန်းရွာ မူလတန်း ကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့၏။ ၁၃ နှစ်သား အရွယ် သာမဏေ ဘဝဖြင့် သဒ္ဒါ၊ သင်္ဂြိုဟ်၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာ ကျမ်းများကို လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးနှင့် မုံရွာ လယ်တီတိုက် လယ်တီ ဦးကောဝိဒ (ဒဂုန် မဂ္ဂဇင်း လက်ထောက် အယ်ဒီတာ ပုပ္ပား ဦးကျော်ရင်) တို့ ထံတွင် ဆည်းပူး ခဲ့သည်။ လယ်တီ ဦးကောဝိဒ ထံမှာပင် ပိဋကတ် စာပေနှင့် သက္ကတ ဘာသာ တို့ကို သင်ယူ တတ်မြောက် ခဲ့သည်။ သာမဏေ ဘွဲ့မှာ 'ရှင်ကုလိန်' ဖြစ်သည်။ ပါမောက္ခ မစ္စတာလု (စ်) ပုဂံ ကျောက်စာ များကို ဖတ်ရာတွင် ပါဠိ၊ သက္ကတ ဘာသာ များနှင့် စပ်၍ သာမဏေ ဘဝ ဖြင့်ပင် ကူညီ ဖတ်ပေး ခဲ့သည်။ ၁၉၄ဝ ပြည့်တွင် အမရပူရသို့ ပြောင်းရွှေ့ သီတင်း သုံးသည်။ အသက် ၂၃ နှစ် အရွယ် (၁၉၄၂) ဂျပန် ခေတ်တွင် ရဟန်း ဘဝကို စွန့်၍ မုံရွာတွင် အိမ်ထောင် ပြုသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းတွင် မုံရွာ မြောက်ပိုင်း အာရှ လူငယ် အသင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ စစ်ပြီး ခေတ်၌ မန္တလေး မြို့တွင် အပတ်စဉ် စာပေ ကလပ် စာစောင်ကို ဦးစီး ထုတ်ဝေ ခဲ့သည်။ ၁၉၄၇ ခန့်တွင် ဒဂုန် မဂ္ဂဇင်း လက်ထောက် အယ်ဒီတာ (အယ်ဒီတာ အဖွဲ့ဝင်) အဖြစ် ဆောင်ရွက်သည်။ ထို့နောက် ပြဇာတ် ဒါရိုက်တာ၊ ရုပ်ရှင် ဇာတ်ညွှန်းရေး ဆရာ၊ ရုပ်ရှင် ဒါရိုက်တာ လုပ်ကိုင် ခဲ့သည်။ ရုပ်ရှင် ကောင်စီ၏ ပထမဆုံး ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ရှင်သာမဏေ ဘဝ ကပင် စာပေ လောက၌ အခြေချ ခဲ့သည်။ ထင်ရှားသည့် စာအုပ် များမှာ အသက် ၁၇ နှစ် အရွယ်တွင် ရေးသား ခဲ့ပြီး၊ မန္တလေး လူထု စာအုပ် တိုက်က ထုတ်ဝေ ခဲ့သည့် စာဆိုတော် ကာလီဒါသ အတ္ထုပ္ပတ္တိ [၁၉၃၆ (ခန့်)၊ ၁၉၆၉] (မလိခ ကမူ ၁၉၄၁ ဟု ဖော်ပြ ထားသည်။)၊ ဘရတ ဝတ္ထုတော်ကြီး (၁၉၃၈)၊ အလကား ဘိုးဘိုးအောင် [၁၉၄ဝ (ခန့်)] တို့ပင် ဖြစ်သည်။ အိန္ဒိယ ပဒေသရာဇ် အသိုင်းအဝန်းတွင် ခေတ်စား ခဲ့သော 'မဟာဘာရတ' နှင့် 'ကာလီဒါသ' တို့၏ ဇာတ်လမ်းများ၊ အချက်အလက် များကို သက္ကတ ဘာသာမှ ယူ၍၊ မြန်မာ့ နန်းတွင်းဇာတ် 'မဏိကက်'၊ 'ဣန္ဒာဝံသ' ပုံစံ မြန်မာ စကားလုံး အယဉ်အနွဲ့ တို့ဖြင့် တန်ဆာ ဆင်ထားသည်။ အချစ်၊ ဝိညာဉ်ပြောင်း၊ ဝိညာဉ်လွဲ ပြွမ်းတီးကာ စကားပြေတွင် ကာရန်စွက် ရေးသား ထားသည်။ မည်သည့် မူရင်း စာအုပ်မှ ယူထားကြောင်းကို ဖော်ပြ မထားချေ။ မြန်မာ့ အလင်း သတင်းစာတွင် 'ငွေတာရီ' အမည်ရှိ အခန်းဆက် ဝတ္ထုရှည်ကြီး ရေးသားနည်းကို စတင် ခဲ့သူ အဖြစ်လည်း ထင်ရှားသည်။ 'ချစ်ရိပ်သာ' အမည်ရှိ ပထမဆုံး ကဗျာ ဝတ္ထုကို ဒဂုန် မဂ္ဂဇင်းတွင် ရေးသား ခဲ့သည်။ 'အချစ်နှင့် အမုန်း' ဒဂုန် မဂ္ဂဇင်း ဝတ္ထုရှည်မှာ ထင်ရှားသည်။ စိတ်ဓာတ် ဖောက်ပြန် ပြောင်းလဲမှုနှင့် ဆန်းကြယ်မှု တို့ကို အဓိကထား ရေးသား ထားသော ကြောင့်ပင် ဖြစ်သည်။ 'အချစ်ကြွေး'၊ 'သင် ဘယ်လဲ' စသည့် ပြဇာတ် များကို တင်ဆက် ခဲ့သည်။ ညောင်ရမ်း ညီနောင်၊ မင်းကုသ၊ ဗိမ္ဗိသာရ၊ ဝိဇယကုမ္မာ စသည့် ဇာတ်ကားများ အပါအဝင် ရုပ်ရှင် ဇာတ်ညွှန်း များစွာ ရေးသား ခဲ့သည်။ ၁၉၆၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၂ဝ မိနစ်တွင် အသည်း ကင်ဆာ ရောဂါဖြင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန် ခဲ့သည်။ ကွယ်လွန်သူ၏ ဆန္ဒ အရ ရုပ်ကလာပ်ကို ဆေး သုတေသန အတွက် အသုံး ပြုနိုင်ရန် ဆေး တက္ကသိုလ် (၁) သို့ လှူဒါန်း ခဲ့သည်။ ကွယ်လွန်ချိန်တွင် ရန်ကုန် ကျောက်ကုန်း မိုးကောင်းလမ်း နေအိမ်တွင် ဇနီး ဒေါ်တင်ရွှေနှင့် သာသမီး လေးဦး ကျန်ရစ် ခဲ့သည်။ စာညွှန်း ပါရဂူ။ မင်းရှင်နောင်၊ နွယ်နီ (ဇူလိုင် ၁၉၉၉)။ စာ ၈၈ - ၉ဝ။ မောင်ခေတ်ထွန်း။ မြန်မာ စာဆို များ၏ အတ္ထုပ္ပတ္တိ ရုပ်ပုံလွှာ [၃]၊ မင်းရှင်နောင် (၁၉၁၉ - ၁၉၆၉)၊ စတိုင်သစ် (စက်တင်ဘာ ၁၉၉၅)။ စာ ၁၃၂။ မလိခ။ မြန်မာ စာပေ အဘိဓာန် (၄)။ စာ ၂၉၁ နှင့် ၂၉၈ - ၂၉၉။ စာအုပ် လောက၊ ငွေတာရီ (ဇွန် ၁၉၆၉)။ စာ ၁၄၂။ မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (ဖေဖော်ဝါရီ ၁၉၈၅)။ စာ ၁ဝ၈။ မင်းရှင်နောင်။ အချစ်နှင့် အမုန်း၊ ဒဂုန် မဂ္ဂဇင်း (မေ ၁၉၄၈)။ စာ ၁ဝ - ၅၄။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
မင်းပြားမြို့
မင်းပြားမြို့သည် ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သော မင်းပြားမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ မင်းပြားမြို့သည် စစ်တွေမြို့၏ အရှေ့မြောက်ဘက် ၃၈ မိုင် အကွာတွင် လေးမြို့မြစ်ခွဲတစ်ခု၏ လက်ယာဘက်ကမ်းဘေးတွင် တည်ရှိသည်။ မင်းပြားမြို့နယ်သည် အနောက်ဘက်တွင် ပေါက်တောမြို့နယ်နှင့်လည်းကောင်း ၊ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် မြောက်ဦးမြို့နယ်နှင့်လည်းကောင်း ၊ အရှေ့မြောက်ဘက်တွင် ပလက်၀မြို့နယ် (ချင်းပြည်နယ်) ၊ ကန်ပက်လက်မြို့နယ်(ချင်းပြည်နယ်)တို့နှင့်လည်းကောင်း ၊ အရှေ့ဘက်တွင် စေတုတ္တရာမြို့နယ် (မကွေးတိုင်းဒေသကြီး)နှင့်လည်းကောင်း ၊ အရှေ့တောင်ဘက်တွင် အမ်းမြို့နယ်နှင့်လည်းကောင်း ၊ တောင်ဘက်တွင် မြေပုံမြို့နယ်တို့နှင့်လည်း‌ကောင်း နယ်နမိတ်ချင်းထိစပ်လျက်ရှိသည်။ မင်းပြားမြို့၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၆၉,၂၀၈ ယောက် ဖြစ်သည်။ မင်းပြားမြို့နယ်၏ အကျယ်အဝန်း မှာ ၁,၆၂၃ စတုရန်းမိုင်ဖြစ်၍ မြို့နယ်တွင် ကျေးရွာပေါင်း ၁၃၆ ရွာရှိသည်။ မင်းပြားနယ်သည် မြေဩဇာကောင်းမွန်ထက်သန်သော ကျောထောက်နောက်ခံနယ်ရှိသည်။ လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်သဖြင့် ဆန်စပါးထွက်သည်။ ကူးသန်းသွားလာရေးတွင် ရေလမ်းကို အားကိုးအားထားပြုရသည်။ စစ်တွေသို့ ရေကြောင်းဖြင့် သွားရသည်။ စစ်တွေ-ကျောက်ဖြူသွား သင်္ဘောများသည် မင်းပြားမြို့တွင် ဆိုက်ကပ်သည်။ မင်းပြားမြို့မှသည် မြောင်းဘွယ်မြို့၊ မြို့ဟောင်းမြို့၊ တိန်ညို၊ သရက်တပင်မြို့များကို ဖြတ်၍ ကျောက်တော်သို့ ပေါက်သော ကားလမ်းရှိသည်။ မင်းပြားမြို့၏နာမည် အဓိပ္ပာယ်မှာ မင်းက ဒီနေရာမှာ မြို့တည်ပါလို့ ပြခဲ့တဲ့အတွက်မင်းပြ လို့ခေါ်ထွင် ရာမှ မင်းပြား ဖြစ်သွားရခြင်း ဖြစ်သည်။ မင်းပြားမြို့သည် ဧရိယာအားဖြင့် မကျယ်ဝန်းသော်လည်း ဖွဲ့စည်းထားပုံမှာ အလွန် စည်းစနစ်ကျလှသည်။ မြို့၏အနေအထားသည် အရပ်လေးမျက်နှာ အလိုက်ဘဲ အရှေ့အရပ်ကို ရှေ့လှည့်ပြီးတော့ အရှေ့ အနောက် တောင် မြောက် တည်ရှိနေသည်။ မြို့သည် အရှေ့အနောက် ဧရိယာ ကျဉ်း၍ တောင်နှင့်မြောက်ကို အလျားရှည်ရှည် ရှိနေသည်။ မြို့၏အရှေ့ ဘက်တွင် မြို့မဈေးကြီးရှိသည်။ မြို့၏ အနောက်ဘက်ဆုံးတွင် ရိုးမတောင်စွယ်တန်းတစ်ခုမှာ တောင်နှင့်မြောက် သွယ်တန်းလျက်ရှိသည်။ ထိုတောင်တန်းသည် ဘုရားလောင်းကျီးမင်း ဘဝဖြစ်စဉ်က ကျင်လည်ခဲ့သောတောင်ဖြစ်သဖြင့် ကျီးတောင် ဟု ခေါ်တွင်ရာမှ ကျိန်းတောင် ဖြစ်သွားလေသည်။ ကျိန်းတောင်ပေါ်တွင် စေတီ၊ ပုထိုးတွေ၊ ဗုဒ္ဓဝင်ပြခန်းများနှင့် ကြည်ညိုဖွယ်ရှိပြီး နှစ်စဉ် ဘုရားပွဲ ကျင်းပလေ့ရှိသည်။ တောင်ခြေရင်းတွင် ဘုန်းကြီးကျောင်းများ စီတန်းပြီး ရှိနေသည်။ တောင်ခြေတွင် တစ်မြို့လုံး၏ အသက်သွေးကြော ပမာအရေးကြီးလှသော မင်းကန်လို့ ခေါ်သည့် သောက်ရေကန်ကြီး တည်ရှိသည်။ ပညာရေး မင်းပြားမြို့တွင် အခြေခံပညာရေး အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ တည်ရှိသည်။ မင်းပြားမြို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသန်တန်းကျောင်း ရှိသည်။ ကျန်းမာရေး မြို့နယ်ပြည်သူဆေးရုံ၊မင်းပြားမြို့ တိုင်းရင်းဆေးရုံ အားကစား မင်းပြားမြို့တွင် မင်းပြားဘောလုံးအားကစားကွင်း ရှိပြီး ဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။ ထူးခြားချက် မင်းပြားမြို့ရဲ့ ထူးခြားချက်တစ်ခုက မြို့ပေါ်ကို မြင်းမဝင်ရ၊ မြင်း မတက်ရဖြစ်သည်။ မြို့တော်ရှင်မ သဘောမကျဟု ဆိုသည်။ မြင်းတက်လျှင် မြင်းဝင်လျှင် မီးလောင်တတ်သည်ဟု အယူစွဲရှိကြသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရခိုင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်
မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ဘေးတွင် ကပ်လျှက်တည်ရှိသည်။ ၎င်းသည် မြန်မာ့တပ်မတော်(လေ)၏ ပထမဆုံးသော လေတပ်အခြေစိုက်စခန်း ဖြစ်သည်။ ဇွန်လ ၁၆ ရက်၊ ၁၉၅၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံ၏ အဓိကလေတပ်အခြေစိုက်စခန်းဖြစ်သည်။ ကိုးကား တပ်မတော်(လေ)၏ လေတပ်စခန်းဌာနချုပ်များ ရန်ကုန်တိုင်းဒေသကြီး
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AC%E1%80%92%E1%80%AF%E1%80%B6%20%E1%80%9C%E1%80%B1%E1%80%90%E1%80%95%E1%80%BA%E1%80%85%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA
ကွန်ပျူတာ ပရိုဂရမ်မာ
ပရိုဂရမ်မာ သို့ ကွန်ပျူတာ ပရိုဂရမ်မာ တို့သည် ပရိုဂရမ်းမင်း ဘာသာရပ်များကို အသုံးပြု၍ ကွန်ပျူတာ ပရိုဂရမ်များ (Computer software) ကို တီထွင်ဖန်တီးရေးသားသူဟု အဓိပ္ပာယ်ရသည်။ (source code များကို ရေးသွင်းသူသက်သက်လည်းဖြစ်နိုင်သည်)။ ကွန်ပျူတာ ပရိုဂရမ်မာ တို့သည် computer programming တစ်ခုခုအား ကျွမ်းကျင်သူ သို့မဟုတ် software ၏ source code များကို အထွေထွေရေးသားသော သူဖြစ်သည်။ (ပရိုဂရမ်မာ များသည် သူတို့၏ ကျွမ်းကျင်မှုအလိုက် (Java, Delphi, C++, Python, Ruby စသည့် ပရိုဂရမ်မင်း ဆော့ဖ်ဝဲများသုံးစွဲရေးသားလေ့ရှိသည်။) ပရိုဂရမ်မာ သည် software developer, software engineer, computer scientist, သို့ software analyst တို့မဟုတ်ပေ။ ထိုအလုပ်များသည် ပရိုဂရမ်ပြုလုပ်ခြင်း အသိအနည်းငယ်အပြင် အခြား software engineering အသိ များပိုမိုလိုအပ်ချက်ရှိသည်။ ထိုအကြောင်းများကြောင့် ထိုအလုပ်ပညာရှင်များက ပရိုဂရမ်မာ ဟုခေါ်လျှင် source code များကို ရေးသားသူအဖြစ် နှိမ့်ချ၍ ခေါ်သည်ဟု ယူဆကြသူလည်းရှိတတ်သည်။ အဆိုပါ developer, analysts, computer scientist, ပရိုဂရမ်မာ ဆိုသောအလုပ်သဘာဝများအပေါ် ပညာရှင် အချင်းချင်း ငြင်းဆိုကြလျက်ရှိသည်။ ကွန်ပျူတာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%20%E1%80%95%E1%80%9B%E1%80%AD%E1%80%AF%E1%80%82%E1%80%9B%E1%80%99%E1%80%BA%E1%80%99%E1%80%AC
မဒတတပ်ပေါင်းစု
NDF ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့် ဆက်လက်လှုပ်ရှားနေသည်။ မွန်ပြည်သစ်ပါတီသည် ယခင်က မဒတတပ်ပေါင်းစု NDF အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း စစ်အစိုးရနှင့်အပစ်ရပ်ပြီး နောက် ပိုင်းတွင် အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့ရသည်။ KIO ကချင်လွတ်မြောက်အဖွဲ့သည်လည်းထိုနည်းတူ နဝတ စစ်အစိုးရနှင့် အပစ်ရပ်ပြီးတွင် NDF မှ အလိုလို နုတ်ထွက်လိုက်သည်။ မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%92%E1%80%90%E1%80%90%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF
မဟာရာဇဝင်ကြီး
မဟာရာဇဝင်ကြီးကို ညောင်ရမ်းခေတ် ၊ သက္ကရာဇ် ၁၀၇၆-၁၀၉၅ အင်းဝဘုရင် တနင်္ဂနွေ မင်းတရားကြီး လက်ထက်တွင် ရေးသားစီရင်ခဲ့သည်။ ရေးသားသူမှာ ဦးကုလား ဖြစ်သည်။ မြန်မာစာပေ သမိုင်း တွင် အရေးပါသော ကျမ်းကြီးဖြစ်သည်။ “ဦးကုလား မဟာရာဇဝင်” ဟုလည်း ခေါ်သည်။ ညောင်ရမ်းခေတ်တွင် စကားပြေအရေးအသားများ ခေတ်စားနေသည်။ လူများသည် မြန်မာရာဇဝင် ကျမ်းများကို အရေးစိုက် သိမ်းဆည်းစုဆောင်း ထားကြသည်။ ရာဇဝင်သည် မင်းအဆက်ဆက်တို့၏ အကြောင်းများ ပြည့်စုံပေါ်လွင်အောင် ရေးသားထားသော ကျမ်းများ ဖြစ်သည်။ ရှေးရှေးက အုပ်စိုးခဲ့သော မင်းများအကြောင်းကို ကြည့်ရှုပြီးလျှင် အတုခိုးသင့်သည့် အကြောင်းများကို အတုခိုး၍၊ ဆင်ခြင်သင့်သည့် အကြောင်းအရာကို ဆင်ခြင်ရ၏။ ထို့ကြောင့် ရာဇဝင်ကျမ်းသည် ကြေးမုံပြင်နှင့် တူသည်။ ကြေးမုံပြင်တွင် မိမိ၏ ချို့ယွင်းနေသော အရာများကို ပြုပြင်နိုင် ကသဲ့သို့ ရာဇဝင်ကျမ်းတွင်လည်း ချို့ယွင်းနေသော အရာများကို ပြုပြင်နိုင်၍ အကျိုးများပေသည်။ ယနေ့ထက်တိုင် ဦးကုလား မဟာရာဇဝင်ကို ပထမတွဲ၊ ဒုတိယတွဲများ အနေဖြင့် တွေ့ရှိရဆဲ ဖြစ်သည်။ ကျမ်းကိုး မြန်မာနိုင်ငံ၏ သမိုင်း မြန်မာစာပေ မြန်မာရာဇဝင်ကျမ်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%9B%E1%80%AC%E1%80%87%E1%80%9D%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
မဟာဗြဟ္မာ
မဟာဗြဟ္မာ ဘုံ ပါရိသဇ္ဖာ၊ ပုရောဟိတာဗြဟ္မာတို့ထက် မြင့်မြတ်သော ဗြဟ္မာကြီးဖြစ်သည်။ စကြဝဠာတစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်ကို အစိုးရကြ၍ မြင့်မြတ်သာလွန်သော အဓိပတိဗြဟ္မာပင် ဖြစ်သည်။ ကမ္ဘာတည်စကတည်ရှိသော ဤမဟာဗြဟ္မာကြီးကိုပင် အခြားသော ဘာသာဝင်များက `ထာဝရဘုရား´ဟုခေါ်ကြသည်။ ကိုးကား ဗုဒ္ဓဘာသာ ၃၁-ဘုံ ဗြဟ္မာဘုံ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%97%E1%80%BC%E1%80%9F%E1%80%B9%E1%80%99%E1%80%AC
မဟာဆွေ
မဟာဆွေ (၁၉ဝဝ - ၁၉၅၃) ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်က “မဟာဆွေ (၁၉ဝဝ - ၁၉၅၃)” အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြပါသည်။ အမည်ရင်း - မောင်ဘရှိန် (ဦးဘဆွေ) မိဘအမည် - ဦးအောင်ငြိမ်း + ဒေါ်မြင့် မွေးသက္ကရာဇ် - ၁၉ဝဝ ပြည့်နှစ်၊ ဩဂုတ်လ ၂ ရက် မွေးဖွားရာ ဒေသ - စစ်ကိုင်းမြို့ ကလောင် အမည်ခွဲများ - ကြော့ဝက်လက်၊ မောင်ရွှေကြော့၏ အန္ဈေဝါသိက၊ မောင်ဝင်းကြော့၏ တပည့်၊ စောရသက်ပြင်း၊ မွန်းသော်တာ၊ နေသူရိန်။ ကိုယ်ရေးဖြစ်စဉ် ဆရာ မဟာဆွေသည် မွေးချင်း လေးယောက် အနက် တတိယသား ဖြစ်သည်။ ၁ဝ နှစ်သားတွင် ရှင်သာမဏေ ပြု၍ နှစ်နှစ်တိုင်တိုင် စစ်ကိုင်းရွှေတောင်ဦးကျောင်း၊ အောင်ဝန်ကျောင်းတို့အပြင် ဃောသိတာဝန် ဆရာတော် ကြီးထံတွင် သင်္ဂြိုဟ် ကိုးပိုင်းလုံးကို ပါဠိ အနက် အဓိပ္ပာယ်နှင့် တကွ သင်ယူခဲ့သည်။ ကိုရင်ဝတ်နှင့် လောကီ၊ လောကုတ္တရာ စာပေများ ဆည်းပူးခဲ့သည်။ ၁၉၁၂ - ကိုရင်ဘဝမှလူထွက်၍ စစ်ကိုင်းမင်းစံရပ်မှ တကောင်းရပ်သို့ပြောင်းခဲ့သည်။ ဖခင်ဆန္ဒအရ(၇)တန်းအောင်ပြီး (၂)နှစ်နီးပါးမျှ တကောင်းရပ်တွင် ကုန်သည်ပွဲစားလုပ်ခဲ့ရသည်။ ထို့နောက် စစ်ကိုင်းမြို့ ရွှေတောင်ဦး ကျောင်းတွင် အစိုးရ ရှစ်တန်းကျောင်း ဖွင့်လှစ်သဖြင့် ဆက်လက် ပညာ သင်ယူရာ ရှစ်တန်း မြန်မာစာ၌ သင်ကြား ရသော ဆန်း၊ အလင်္ကာနှင့် တကွ ပျို့၊ ကဗျာ လင်္ကာ များသည် မဟာဆွေအား စာရေးဆရာ အဖြစ် သန္ဓေ တည်စေခဲ့သည်။ ဂဏန်းနှင့် အက္ခရာသင်္ချာ ဂုဏ်ထူးဖြင့် အောင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တတိယ ရခဲ့သည်။ မြန်မာကျောင်း တက်ရသော မဟာဆွေသည် အင်္ဂလိပ်စာ တတ်လို လှသော်လည်း ဖခင်က စစ်ကိုင်းမြို့ အထက်တန်း ကျောင်းသို့ ပြောင်းမပေး သဖြင့် မီးရထား ကုန်ရုံ စာရေးကြီး ဦးဘအုန်းနှင့် ဦးဘမြိုင် ဆိုသူတို့ ထံမှ အင်္ဂလိပ်စာကို သင်ယူ ခဲ့ရသည်။ ၁၉၁၈ - ဆောင်းပါး ကဗျာများ စတင်ရေးသားခဲ့သည်။ နာမည်အတိအကျမယူသေးဘဲ ရွှေဘိုဘေကို၊ ဇေယျာတောင် က ဧရာမောင်၊ ကြော့-ဝက်လက် စသည်ဖြင့် ကလောင်အမျိုးမျိုးဖြင့် ရေးခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် မန္တလေး နော်မန် ဆရာဖြစ်သင်ကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ကြားပြီး ကိုးတန်း အောင်မြင်၍ (၉)တန်းတွင် တစ်ကျောင်းလုံးတွင် တတိယရခဲ့သည်။ အားကစားဘက်တွင် ကျောင်းဘောလုံးသင်းတွင်ပါဝင်ခဲ့သည်။ ကျောင်းနေစဉ် နိုင်ငံရေး စိတ်ဓာတ်အစပျိုးခဲ့သည်။ စကားရည်လုပွဲအသင်း နှင့် သုစရိတယုဝအသင်းကို အခြားကျောင်းသားများနှင့်အတူ တည်ထောင်ခဲ့သည်။ ၁၉၂၂ - ခုနှစ်တွင် ဆရာဖြစ် လက်မှတ်ရကာ စစ်ကိုင်းဒိစတြိတ် မြောင်မြို့ ရွှေပေါက်ပင်ရွာတွင် ကျောင်းဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၂၅ - ၃၁ ခုနှစ်များတွင် ရွှေဘိုခရိုင် ဝက်လက်မြို့နှင့် ကချင်ပြည်နယ် ဟိုပင်မြို့များတွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၃၂ - ဟိုပင်မြို့ ဦးဘသန်း၊ ဒေါ်တင်တင်တို့၏သမီး အနှင်း (ခေါ်) ဒေါ်လှကြည် (ခေါ်) ဒေါ်ကြည်ကြည် နှင့် အိမ်ထောင် ကျသည်။ ဖေဖော်ဝါရီ လတွင် အလုပ်မှထွက်ပြီး ကိုးလ အကြာတွင် ခင်ဦးမြို့၌ ကျောင်းဆရာ ဝင်လုပ်ပြန်သည်။ ရွှေဘို ဒိစတြိတ် ကျောင်းဆရာအသင်းကြီး၏ အတွင်းရေးမှူးချုပ် အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလမှ စ၍ မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ထွက်ခွာလာပြီး စာရေးဆရာအဖြစ် ကျင်လည်တော့သည်။ သူရိယသတင်းစာတွင် အာစရိယ-ဝက်လက် အမည်ဖြင့်လည်းကောင်း၊ အခြားအမည်များဖြင့်လည်းကောင်ူ ဆောင်းပါးများ ရေးသားခဲ့သည်။ စာပေရေးသားပြုစုခြင်း မဟာဆွေ ဟူသော အမည်ကို မခံယူမီ ၁၉၁၈ ခုနှစ် ခန့်ကပင် ဆောင်းပါး၊ ကဗျာများ ရေးသား ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် သူငယ်ချင်း မောင်ကြော့ကို အဖွဲပြု၍ ကြော့ဝက်လက် အမည်ဖြင် ကဗျာ ရေးခဲ့သည်။ ၁၉၂၆ ခုနှစ် ဝက်လက်မြို့၌ ကျောင်းဆရာ လုပ်စဉ် ဝတ္ထုများ စတင် ရေးသား ခဲ့သည်။ ကလောင်နာမည် ပုံသေ မဟုတ်ဘဲ မောင်ရွှေကြော့၏ အန္ဈေဝါသိက၊ မောင်ဝင်းကြော့၏ တပည့် စသည် အမည်များ သုံးခဲ့သည်။ ၁၉၂၅ ခုနှစ် ဇွန်လ (သို့) ဇူလိုင်လ သူရိယ မဂ္ဂဇင်းတွင် ပါသော ရွှေဖူးစာမြိုင် ဝတ္ထုတိုမှာ မဟာဆွေ၏ ပထမဆုံး ဝတ္ထုဖြစ်ပြီး ပထမဆု အဖြစ် ငွေ ၁၅ ကျပ် ရရှိခဲ့သည်။ အလားတူပင် ရုံးပြာတာကလေး၊ ဘုန်းကြီး လူထွက်နှင့် ဆရာမ ဝတ္ထုတို များသည်လည်း ပထမဆု အဖြစ် ငွေသား ချီးမြှင့် ခံရသည်။ မဟာဆွေ ကလောင် အမည်ကို ၁၉၂၉ ခုနှစ်၊ ဇူလိုင်လထုတ် သူရိယ မဂ္ဂဇင်းပါ မနန်းဝါ ဝတ္ထုမှ စတင် ခံယူခဲ့သည်။ ဖခင်၏ အမိမှာ လှေသင်း အတွင်းဝန် ဦးခြိမ့်၏ နှမ ဖြစ်၍ မိခင်၏ အဖမှာ တိုင်းတားမင်းကြီး၏ ညီအရင်း ဖြစ်ရာ မဟာဆွေ ဟူ၍ ကလောင်အမည် ခံယူခဲ့ခြင်း ဖြစ်သည်။ သူရိယ မဂ္ဂဇင်းတွင် စောရသက်ပြင်း၊ မဟာဆွေ အမည်ဖြင့် ဝတ္ထု တစ်ပုဒ်စီနှင့် တခါတရံ မွန်းသော်တာ အမည်ဖြင့် ဟာသ ဝတ္ထုများ ရေးသားသည်။ ကြီးပွားရေး မဂ္ဂဇင်းတွင် လစဉ် နေသူရိန် အမည်ဖြင့် ဆောင်းပါး တစ်ပုဒ်၊ မဟာဆွေ အမည်ဖြင့် ဝတ္ထု တစ်ပုဒ်စီ ရေးသား ခဲ့သည်။ အမ်အေ မောင်ကြီး ဦးစီးသည့် ရဲသတင်းစာတွင် ၂ နှစ်ကြာ အခမဲ့တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ မဟာဆွေသည် သူရိယရုပ်စုံတွင် ကြုံဖူးတယ်၊ ထောင်နန်းစံ ဝတ္ထု နှစ်ပုဒ်၊ သူရိယ နေ့စဉ်တွင် အကျိုးဆောင်ကြီး၊ တို့မေမေ၊ နှစ်ဆင့်မေတ္တာ၊ ကိုလူလိမ်၊ စနေဂြိုဟ်နှင့် ဆရာဝန်မို့ ဝတ္ထုရှည် ခြောက်ပုဒ် ရေးသား ခဲ့သည်။ စစ်ကြိုခေတ်တွင် ဝါဒဖြန့်ဖြူးရေး အရာရှိချုပ် အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့ပြီး ရတီမှန်၊ မယ်တို့ပြည်၊ မောင်တို့ပြည်နှင့် မဟာဆွေ၏ မဟာဆွေ စာအုပ်များ ရေးသား ခဲ့သည်။ မဟာဆွေသည် ခေတ်ကို မလိုက်ဘဲ မိမိကသာ ခေတ်ကြီးကို ဆွဲဆောင် ပြုပြင်ခဲ့သည်။ မိမိနိုင်ငံ ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် ဝတ္ထု၊ ဆောင်းပါးများဖြင့် လှုံ့ဆော် ခဲ့သည်။ တို့မေမေ၊ သူပုန်ကြီး၊ သူပုန့်အိမ် ဝတ္ထုများဖြင့် တော်လှန်ရေးကို အစပျိုး ပေးခဲ့သည်။ ရဟန်းတို့၏ ချို့ယွင်းချက်ကို ဈေးချိုသူ ဝတ္ထုနှင့်လည်းကောင်း၊ နတ် ဘိုးဘိုးအောင် ကိုးကွယ် ယုံကြည်မှု များကို ပျို့တောင်ပြုံး၊ ဒမစကြာ၊ စနေဂြိုဟ် ဝတ္ထုများဖြင့်လည်း ရဲဝံ့စွာ ပြုပြင် ပေးခဲ့သည်။ မဟာဆွေသည် အချစ် ဝတ္ထု များလည်း ရေးသား ခဲ့သည်။ မြန်မာပြည်တွင် အိမ်ထောင်မှု အတွင်းရေးများ အဖြစ် အချစ်ပြဿနာ စာအုပ်နှင့် အိမ်ထောင်သည်များ သိသင့်သည် တို့ကို ပြုစု ရေးသားခဲ့သည်။ မဟာဆွေသည် စာပေ အမျိုးမျိုး ပြုစု ရေးသားခဲ့ရာ ဝတ္ထုရှည် ၆ဝ ကျော်နှင့် ဝတ္ထုတို ၅ဝဝ ကျော် ရေးသားခဲ့သည်။ နိုင်ငံရေး ၁၉၃၄ - ဇန်နဝါရီလတွင် ခင်ဦးမြို့ မှ ကျောင်းဆရာအလုပ်နုတ်ထွက်ပြီး စစ်ကိုင်းသို့ပြန်လာခဲ့၍ လူငယ် အသင်းများဖွဲ့ပြီး နိုင်ငံရေးလုပ်ငန်းများ ပြင်းပြင်းထန်ထန်လုပ်ခဲ့သည်။ ၁၉၃၈ - ရဲသတင်းစာ ရပ်ခဲ့သည်။ ရန်ကုန်အရေးပိုင်က ထုတ်ပြန်ထားသော ပုဒ်မ(၁၄၄)နှင့် ပုလိပ်ပုဒ်မ(၄၀)ကို သတင်းစာဆရာများဖြစ်ကြသော မဟာဆွေ၊ မန္တလေးသူရိယ ဦးထွန်းရင်၊ ဂဠုန်ဦးစောနှင့် နိုင်ငံရေးသမား ဦးဘအုန်း၊ ဦး အိမ် စသူတို့ ခေါင်းဆောင်၍ အာဏာဖီဆန်ခဲ့ကြသည်။ ထိုနှစ်မှာပင် မဟာဆွေဦးဆောင်၍ အဖွဲ့ဝင်(၇)ယောက်ပါ လျှို့ဝှက် အသင်း ကိုတည်ထောင်၍ နိုင်ငံရေးလုပ်ငန်းများကို စွန့်စွန့်စားစား ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ - မဟာဆွေ သဘာပတိအဖြစ်ဆောင်ရွက်၍ ဒီးဒုတ်ဦးဘချို၊ သခင်စိုး၊ သိန်းဖေမြင့် တို့ပါဝင်သော ပထမဦးဆုံးသော မြန်မာနိုင်ငံ စာရေးဆရာအသင်း ကို ဘားမားရိုက်တာယူနီယံ အမည်ဖြင့် စတင်တည်ထောင်သည်။ ၁၉၄၀ - စစ်ကိုင်းတစ်တိုင်းလုံး၏ ဝါဒဖြန့်ချိရေးအရာရှိချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ - စာရေးဆရာအသင်း အမှုဆောင်ဖြစ်ခဲ့သည်။ ၁၉၄၈ - ၄၉ - စာရေးဆရာအသင်းအမှုဆောင်လူကြီး၊ ဒုတိယဥက္ကဋ္ဌ၊ ယာယီဥက္ကဋ္ဌ၊ ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ထိုနှစ်မှာပင် ဆင်ဆာလူကြီးအဖြစ်လည်းကောင်း အခြားအသင်းအဖွဲ့များတွင် လူကြီးအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ဘဝနိဂုံး မဟာဆွေသည် ၁၉၅၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဦးနှောက်ကြောပြတ် ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဇနီး ဒေါ်ကြည်ကြည်နှင့် သမီး ခင်ဆွေဦး၊ ခင်ဆွေအေးတို့ ကျန်ရစ်ခဲ့သည်။ သမီး တစ်ဦးမှာ နောင်တွင် ခင်ဆွေဦး အမည်ဖြင့် နာမည်ကျော် စာရေးဆရာမ တစ်ဦး ဖြစ်လာခဲ့သည်။ မဟာဆွေ ရေးသား ပြုစုခဲ့သော စာအုပ်များ ကလေးမဖြစ်ထွေ - ၁၉၄၆ ခုနှစ် ကာလပြောင်းပြန် ကိုလူလိမ် - ၁၉၆၉ ခုနှစ် ကိုးသန်းရှင် - ၁၉၄၅ ခုနှစ် ကြုံဖူးတယ် - ၁၉၇၁ ခုနှစ် ကြိုက်တာရွေးယူ - ၁၉၄၄ ခုနှစ် ချစ်ကလိန် - ၁၉၄၁ ခုနှစ် ချစ်ပုံမှား - ၁၉၅ဝ ပြည့်နှစ် ချစ်ပွေလီ - ၁၉၅၂ ခုနှစ် ချစ်မနိုင် - ၁၉၄၅ ခုနှစ် ချစ်ရမှာခက်တယ် - ၁၉၄၅ ခုနှစ် ချစ်ရေလယ် - ၁၉၄၆ ခုနှစ် ချစ်ရေးကြိုက်ရေး - ၁၉၄၆ ခုနှစ် ချစ်ရည်တူ - ၁၉၆ဝ ခုနှစ် ချစ်လောကီ - ၁၉၅၆ ခုနှစ် ချစ်သန့်စင် - ၁၉၆၃ ခုနှစ် ငံမိုးနှင့် ဤကလောင် ဝတ္ထုနှစ်ပုဒ် - ၁၉၆၂ ခုနှစ် စနေဂြိုဟ်နှင့် ကာလပြောင်းပြန် - ၁၉၆၂ ခုနှစ် စာရေးကြီးနှင့် တကယ့်မင်းသမီး - ၁၉၆၅ ခုနှစ် စာရေးကြီး မဟာဆွေ - ၂ဝဝဝ ပြည့်နှစ် စောရဗလ - ၁၉၆ဝ ပြည့်နှစ် စောရသက်ပြင်း ၁၉၄၈ ခုနှစ် စောရသက်ပြင်း (၂) - ၁၉၅၁ ခုနှစ် စစ်ထွက်သူ - ၁၃ဝဝ ပြည့်နှစ် စစ်မြေပြင်နှင့် ချစ်ရေစင် ဆရာဝန်မို့ - ၁၉၆ဝ ပြည့်နှစ် ဈေးချိုသူ - ၁၉၆ဝ ပြည့်နှစ် တောနဲ့တောင်စွယ် - ၁၉၆၆ ခုနှစ် တောင်နန်းစံ - ၁၉၆၈ ခုနှစ် ဒမစကြာ - ၁၉၄ဝ ပြည့်နှစ် ဒါတို့မြေ - ၁၉၄၄ ခုနှစ် တို့မေမေ - ၁၉၆၄ ခုနှစ် ဓားထက်သူ - ၁၉၄၄ ခုနှစ် နေသူရိန် (ပထမတွဲ) - ၁၃ဝဝ ပြည့်နှစ် နေသူရိန် မကြောက်တရား (ပထမတွဲ) - ၁၉၃ဝ ပြည့်နှစ် နှစ်ဆင့်မေတ္တာ - ၁၉၅၅ ခုနှစ် ပျို့တောင်ပြုံး - ၁၉၅၅ ခုနှစ် ပွင့်လင်းဂေဟာ - ဗြူဘိုမောင် - ၁၉၅၁ ခုနှစ် ဘီးလပ်သူ - ၁၉၆၅ ခုနှစ် ဘိုးဝဇီရ - ၁၉၆၇ ခုနှစ် မစိတ် - ၁၉၄၄ ခုနှစ် မဟာဆွေ၏ မဟာဆွေ - ၁၉၅၃ ခုနှစ် မောင်တို့ပြည်၊ မယ်တို့ပြည်နှင့် ကိုးသန်းရှင် - ၁၉၆၈ ခုနှစ် ရဲခေါင်ကြီး - ၁၉၃၁ ခုနှစ် ရွှေယောက်ဖ - ၁၉၄၈ ခုနှစ် လူမိုက်လောကီ - ၁၉၆၉ ခုနှစ် လေးပွင့်ဆိုင် (မဟာဆွေနှင့်အခြား) - ၁၉၄၄ ခုနှစ် ဝါဝါဝင်း - ၁၉၆၂ ခုနှစ် ဝေ့ရွှေယောက်ဖ - ၁၉၄၈ ခုနှစ် ဝတ္ထုညွန့် (ဇဝန၊ ရွှေဥဒေါင်း၊ မဟာဆွေ) - သူငယ်ချင်းကောင်း - ၁၉၇ဝ ပြည့်နှစ် သူပုန်ကြီး - ၁၉၆၅ ခုနှစ် သူပုန့်အိမ် - ၁၉၆၄ ခုနှစ် သုံးရွေ့လယ် - ၁၉၆၃ ခုနှစ် အကျိုးဆောင်ကြီး - ၁၉၆၁ ခုနှစ် အချစ် - ၁၉၆၃ ခုနှစ် အသံရှင် အသံရှင်နှင့် သားရေနားစားသူ - ၁၉၇၂ ခုနှစ် အိုဘဲ့ ….. ဖူးစာ - ၁၉၅၁ ခုနှစ် ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%86%E1%80%BD%E1%80%B1
မယ်လမင်း
မယ်လမင်း () ဆိုသည်မှာ ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။ ၎င်းတွင် နိုက်ထရိုဂျင်ဓာတ် ပမာဏ ၆၆% ပါဝင်သည်။ မယ်လမင်းမှာ မီးလောင်ကျွမ်းပါက နိုက်ထရိုဂျင်ဓာတ်ငွေ့များ ထွက်လာတတ်ပြီး စက်မှုလုပ်ငန်း အမျိုးမျိုးအတွက် အသုံးပြုသည့် ဓာတုပစ္စည်း ဖြစ်သည်။ မယ်လမင်းသည် cyanuric အက်စစ်နှင့် ပေါင်းမိပါက လူ့ကျန်းမာရေးအား ဥပဒ်ဖြစ်စေသည့် melamine cyanurate အဖြစ် ပြောင်းလဲသွားသည်။ တရုတ်ပြည်၏ နို့ထွက်ပစ္စည်းများတွင် ယင်းဓာတ်ဝတ္တုများကို တွေ့ရှိခဲ့ရသဖြင့် ပြဿနာများစွာ ဖြစ်ပေါ်ခဲ့သည်။ နို့မှုန့်တွင် ပရိုတင်းပါဝင်သကဲ့သို့ မယ်လမင်းတွင်လည်း နိုက်ထရိုဂျင် ပါဝင်သော ပရိုတင်းများပါဝင်သည်။ ၎င်းတို့ကို စားသုံးမိပါက အန္တရာယ်ဖြစ်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံသတ်မှတ်ချက်အရ မယ်လမင်းဓာတ်မှာ လူကြီးတစ်ဦးအတွက် (2.5mg/kg) နှင့် ကလေးတစ်ဦးအတွက် (1mg/kg) သာ ခံနိုင်ရည်ရှိကြောင်း ထုတ်ပြန်ထားသည်။ ၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ နို့မှုန့်များတွင် မယ်လမင်းပါဝင်သောကြောင့် ကလေးငယ်များစွာ အန္တရာယ်ဖြစ်ခဲ့ပြီး မယ်လမင်းပြဿနာအား တစ်ကမ္ဘာလုံးမှ အာရုံစိုက်ခဲ့ကြသည်။ အသုံးပြုပုံ မယ်လမင်းအား formaldehyde နှင့် ပေါင်းစပ်ဓာတ်ပြုကာ melamine resin ကိုလည်းကောင်း၊ အပူချိန်အလွန်ခံနိုင်သော ပလတ်စတစ်ကိုလည်းကောင်း၊ မယ်လမင်းအမြုပ်အား အသုံးပြုကာ polymeric သန့်စင်ပစ္စည်းကိုလည်းကောင်း ထုတ်လုပ်နိုင်သည်။ ထိုကုန်ကြမ်းများအား အသုံးပြုကာ ဖိုင်ဘာများ၊ ကော်များ၊ ပန်းကန်ခွက်ယောက်များ၊ အိမ်သုံးပစ္စည်းများ၊ မီးခံပစ္စည်းများ ထုတ်လုပ်သည်။ မယ်လမင်းတွင် ဖိုင်ဘာဓာတ်များလည်း ပါဝင်သဖြင့် ခံနိုင်ရည်အလွန်ကောင်းသော ကွန်ကရိ ပြုလုပ်ရာတွင် အသုံးပြုကြသည်။ နိုက်ထရိုဂျင်ပါဝင်မှု ကောင်းသောကြောင့် ဓာတ်မြေဩဇာများ ပြုလုပ်ရာတွင်လည်းသုံးသည်။ အန္တရာယ် မယ်လမင်းသည် လုပ်ငန်းများစွာတွင် အသုံးချနိုင်သော်လည်း အများအပြားစားသုံးမိပါက အလွန်အန္တရာယ် ရှိလေသည်။ မယ်လမင်းကြောင့် အဓိကထိခိုက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ကျောက်ကပ်ဖြစ်လေသည်။ မယ်လမင်း အစာလမ်းကြောင်း ထဲဝင်ရောက်ပါက ကျောက်ကပ်တွင်ကျောက်တည်ကာ ကျောက်ကပ်ပြွန်များ ပိတ်သွားတတ်သည်။ လူနာမှာအလွန်ပင် နာကျင်မှုကို ခံစားရပြီး ဆီးမသွားနိုင်တော့ပဲ ကျောက်ကပ်များ ယောင်ရမ်းလာသည်။ ကျောက်ကပ်ထဲမှ ကျောက်အား ထုတ်ယူနိုင်လျှင်ပင် ကျောက်ကပ်မှာတော့ နာသွားသည်။ သေဆုံးနိုင်သည်အထိပင် အန္တရာယ်ရှိလေသည်။ တရုတ်နိုင်ငံမှ ပြဿနာ တရုတ်နိုင်ငံမှ နို့မှုန့်များတွင် မယ်လမင်းပါဝင်သောကြောင့် ကလေးငယ်များ ဒုက္ခရောက်ခဲ့ကြပြီး ထိုပြဿနာသည် တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်ခဲ့လေသည်။ တရုတ်နိုင်ငံအခြေစိုက် နယူးဇီလန်နှင့် ဖက်စပ်ကုမ္ပဏီ sanlu (သမင်သုံးကောင်) အုပ်စုမှထုတ်သော နှို့မှုန့်များတွင် မယ်လမင်းပါဝင်ကြောင်း အိုလံပစ်ပြိုင်ပွဲမတိုင်မှီ ဩဂုတ်လကတည်းက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလတွင် တရုတ်ကလေးငယ် လေးယောက်သေဆုံးခဲ့ရပြီး ကလေး ၆၀၀၀ ကျော် ကျောက်ကပ်များ အနာဖြစ်ကာ ဆေးရုံတင်ကုသခဲ့ရသည်။ တရုတ်နိုင်ငံတစ်ဝန်းလုံးမှ နို့မှုန့်တံဆိပ် ၇၀ နီးပါးတွင် အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်း မယ်လမင်းဓာတ်များ ပါဝင်နေကြောင်း အစိုးရပိုင် CCTV ရုပ်မြင်သံကြားဌာနက သတင်းထုတ်ပြန်ခဲ့သည်။ နို့မှုန့်ထဲထည့်ရခြင်းအကြောင်း မယ်လမင်းအား နို့မှုန့်ထဲ ထည့်ရခြင်းအကြောင်းမှာ မယ်လမင်းအမှုန့်များကို ရောထည့်ခြင်းအားဖြင့် နို့မှုန့်ပမာဏကို လျော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။ မယ်လမင်းအမှုန့်များသည် အနံ့မရှိသောကြောင့် သာမန်ကြည့်ရှုခြင်းအားဖြင့် မသိရှိနိုင်ပေ။ မယ်လမင်းမှုန့်သည် နို့မှုန့်များထက် ဈေးသက်သာသဖြင့် စီးပွားရေးသမားများမှ တွက်ခြေကိုက်စေရန်အသုံးပြု ခြင်းလည်းဖြစ်သည်။ နှို့မှုန့်တွင် ပရိုတင်းဓာတ်ပါဝင်သကဲ့သို့ မယ်လမင်းတွင်လည်း နိုက်ထရိုဂျင်ပါဝင်သော ပရိုတင်း များပါဝင်သောကြောင့် ပရိုတင်းကြွယ်ဝစေရန် အသုံးပြုသည်ဟုလည်း ဆိုကြသည်။ မြန်မာနိုင်ငံ အခြေအနေ အိမ်နီးချင်း တရုတ်နိုင်ငံမှ နို့မှုန့်များအား မြန်မာနိုင်ငံအတွင်းသို့ အများအပြားတင်သွင်းသဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော နို့မှုန့်တံဆိပ်များနှင့် ပြည်တွင်းထုတ် နို့မှုန့်တံဆိပ်များအားလည်း အစိုးရမှစစ်ဆေးခဲ့သည်။ အောက်တိုဘာ ၁၀ ရက်နေ့တွင် တံဆိပ်ကိုးမျိုးအား မယ်လမင်းပါဝင်သောကြောင့် ရောင်းချတင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။ နာမည်ကြီး ဈေးဆိုင်ကြီးများကလည်း အဆိုပါတံဆိပ် နို့မှုန့်များအား ပြန်လည်အပ်နှံပါက ငွေပြန်အမ်းမည်ဟု ကြေညာခဲ့သည်။ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာနိုင်ငံ ဆေးဝါးစက်ရုံ ရန်ကုန်မှ အောက်တိုဘာ ၅ ရက် မှ ၁၆ ရက်အတွင်း ဈေးကွက်တွင် ရောင်းချနေသည့် နို့မှုန့် ၆၂ မျိုးကိုစမ်းသပ်စစ်ဆေးခဲ့ပြီး မယ်လမင်းမပါဝင်သည့် နို့မှုန့်အမျိုးအစား ၃၅ မျိုးအား စမ်းသပ်တွေ့ရှိထားကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ သို့သော် ထိုတွေ့ရှိချက်များအားလည်း အမြဲယုံကြည်စိတ်ချ၍ မဖြစ်ကြောင်း၊ တစ်လတစ်ကြိမ်ခန့် စစ်ဆေးသွားရန်လိုကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံကဲ့သို့ ဆေးရုံတက်ကုသရသည့် ကလေးငယ်မရှိကြောင်း အစိုးက သတင်းထုတ်ပြန်ခဲ့သည်။ အကိုးအကား ကျန်းမာရေး ဓာတုဗေဒ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9A%E1%80%BA%E1%80%9C%E1%80%99%E1%80%84%E1%80%BA%E1%80%B8
မကြန် (စာရေးဆရာမ)
ဒေါ် ကြန် (၁၉၁၈−၂၀၁၉) သည် မြန်မာလူမျိုး သမိုင်းပညာရှင်နှင့် စာရေးဆရာ ဖြစ်သည်။ ငယ်ဘဝနှင့် ပညာရေး အဖ-ဦးကျော်ထွန်းနှင့် အမိ-ဒေါ်ငွေနှစ်တို့မှ ၁၉၁၈-ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ မကြန်ဖြစ်သည်။ ၁၉၃၅-ခုနှစ်တွင် သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းကို (က)အဆင့်မှ အောင်မြင်ခဲ့သည်။ သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းတွင်ပင် အလယ်တန်းပြဆရာမအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ရခိုင်တိုင်းစာတိုက်ဌာန၊ သံတွဲစာတိုက်နှင့် စစ်တွေစာတိုက်တို့တွင် အထက်တန်းစာရေးအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၅၁-ခုနှစ်တွင် ပညာဆက်လက်သင်ယူရန်အတွက် စာတိုက်အမှုထမ်းအလုပ်မှထွက်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် S. Classခေါ် အထူးတန်းအခွင့်အရေး ရသဖြင့် (၃)နှစ်နှင့် ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြအဖြစ် ၂ နှစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၆-ခုနှစ်တွင် မြန်မာနိုင်ငံသမိုင်း ကော်မရှင် (နောင် သမိုင်းသုတေသနဦးစီးဌာန)တွင် ကျမ်းပြုအရာရှိအဖြစ် ခန့်ထားခြင်းခံရပြီး အမှုထမ်းရင်း သမိုင်းမဟာဝိဇ္ဇာတန်းကို တက်ရောက်ခဲ့သည်။ ၁၉၅၇-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ နိုင်ငံသမိုင်းသုတေသန ဦးစီးဌာနတွင် အကြီးတန်းသုတေသနမှူးအဖြစ် အမှုထမ်းစဉ် မြန်မာ့သမိုင်းအထောက်အထားများ ကူးယူစုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်နိုင်ငံသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၉-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းအထူးပြုနှင့် မဟာဝိဇ္ဇာဘွဲ့ရသည်။ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဆရာကြီးဦးကောင်း၏ အားပေးမှုဖြင့် လုပ်ဖော်ကိုင်ဖက် ဒေါက်တာရီရီနှင့် တွဲ၍ မြန်မာ့သမိုင်းသုတေသန လုပ်ငန်းများကို မမောမပန်း ဆောင်ရွက်ခဲ့သည်မှာ ၁၉၇၈-ခုနှစ် အကြီးတန်း သုတေသနမှူးရာထူးမှ အငြိမ်းစားယူသည့်တိုင် ဖြစ်သည်။ အငြိမ်းစားယူပြီး ၁၉၈၂-ခုနှစ်တွင် သမိုင်းကော်မရှင် (သမိုင်းသုတေသနဌာန)တွင် အကြံပေးပုဂ္ဂိုလ်အဖြစ် လေးနှစ်ခန့်ဆောင်ရွက်သည်။ ၁၉၈၆ မှ ၁၉၉၁-ခုနှစ်တိုင် အမှတ်(၁) စက်မှုဝန်ကြီးဋ္ဌာနတွင် မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း ပြုစုရေးအတွက် အကြံပေးပညာရှင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၁-ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ရာ ကွယ်လွန်သည့်တိုင် ဖြစ်သည်။ ဆရာမကြီးမကြန်သည် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင် မြန်မာ့စွယ်စုံရည်ညွှန်းကျမ်းအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး မြန်မာစာအဖွဲ့ဦးစီးဌာနတွင်လည်း အချိန်ပြည့် မြန်မာစာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တည်းဖြတ်သည့် ကျမ်းများ ၁၉၅၉ - မဟာဝိဇ္ဇာ-သမိုင်းဘွဲ့ရရှိ။ ၁၉၆၃ - အင်္ဂလန်သွားစာတမ်း(တည်းဖြတ်)။ ၁၉၆၈ - ရတနာသိင်္ခထွက်ရဲတင်းမော်ကွန်း(တည်းဖြတ်)။ လုပ်ဆောင်ခဲ့သော တာဝန်များ ၁၉၇၇ ခုနှစ်တွင် Cultural Award Scheme ဖြင့် ဩစတေးလျနိုင်ငံ မြို့ကြီးများသို့ သွားရောက်လေ့လာခဲ့သည်။ ထို့နောက် သက်ပြည့်အငြိမ်းစားယူပြီး သမိုင်းသုတေသနဦးစီးဌာနမှာပင် အကြံပေးပုဂ္ဂိုလ်အဖြစ် ၄ နှစ်ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက်တွင်လည်း အမှတ် ၁ စက်မှုဝန်ကြီးဌာနတွင် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ၆ အုပ်ကို အကြံပေးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်ရေးသားပြုစုသည်။ ဆရာမကြီးသည် နိုင်ငံသမိုင်း သုတေသနစာတမ်း ကြီးငယ်များ၊ သမိုင်းဆောင်းပါးများနှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသော ဆောင်းပါးများကို များစွာရေးသား ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၊ စာပေနှင့်လူမှုရေးသိပ္ပံဂျာနယ်၊ သမိုင်းတံခွန်၊ သမိုင်းသုတေသန စာစောင်၊ ပညာပဒေသာစာစောင်၊ ကလျာ၊ စစ်ပြန်၊ မြဝတီ၊ ငွေတာရီ၊ မိုးဝေ၊ နိုင်ငံ့ဂုဏ်ရည်၊ ဂန္ထဝင်မဂ္ဂဇင်း တို့တွင် ဆောင်းပါးများ၊ စာတမ်းများရေးသားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ရရှိခဲ့သော စာပေဆုများ ၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) စာအုပ်ထွက်ရှိပြီး ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(သုတဝိဇ္ဇာ)ဆုကို ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ပဒေသရာဇ် မြန်မာနိုင်ငံဇာတ်သိမ်း စာအုပ်ပြုစုထွက်ရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ စာအုပ်ထွက်ရှိပြီး ယင်းနှစ်အတွက် အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆုကို ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး(၁၈၈၆-၁၈၉၇) စာအုပ်ထွက်ရှိပြီး အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု ချီးမြှင့်ခံရခဲ့သည်။ ယင်းနှစ်မှာပင် ကုန်းဘောင်၏ နောက်ဆုံးအားမာန် စာအုပ်ထွက်ရှိခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၆ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန်ဆု (ပထမဆင့်)၊ ၂ဝဝ၇ ခုနှစ်တွင် ၂ဝဝ၆-ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ Selected Writing of Daw Kyan (Bilingual) စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ၂ဝဝ၃၊ ၂ဝဝ၅၊ ၂ဝဝ၇-ခုနှစ်များတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများ၌ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော ထူးချွန်အမျိုးသမီးဆုများ၊ ၂ဝဝ၉ ခုနှစ်တွင် ကုန်းဘောင်ခတ် အခွန်တော်ရေးရာစာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ၂၀၁၂-ခုနှစ်တွင် နိုင်ငံတော်သမ္မတကြီးထံမှ စည်သူဘွဲ့တံဆိပ်များကို ရရှိခဲ့သည်။ ရေးသားထုတ်ဝေပြီးစာအုပ်များ အင်္ဂလန်သွားစာတမ်း(တည်းဖြတ်) ရတနာသိင်္ခထွက်ရဲတင်းမော်ကွန်း(တည်းဖြတ်) မြန်မာနိုင်ငံ အခြေအနေ(၁၈၈၅-၈၆) ပဒေသရာဇ် မြန်မာနိုင်ငံ ဇာတ်သိမ်း ရွှေတိဂုံစေတီတော်ကြီး ကြေးအုပ်များစာတမ်း(ဒေါက်တာရီရီနှင့်တွဲဖက်ပြုစု) သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး (၁၈၈၆-၁၈၉၇) ကုန်းဘောင်၏နောက်ဆုံးအားမာန် အသက်(၁၀၀)ပြည့် မွေးနေ့ ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့တွင် ဆရာမကြီး အသက်တစ်ရာပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ စာပေဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်သည်။ ဆရာမကြီးအား ကြည်ညိုလေးစားသူများက ရာပြည့်သမိုင်း ဒေဝီဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေ ဂါရဝပြုခဲ့ကြသည်။ ကွယ်လွန်ခြင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၁၆) ရက်၊ စနေနေ့ ည (၈း၀၀) နာရီခန့်တွင် တိုက်-၅၊ အခန်း-၂၀၂၊ ရတနာမွန်လမ်း၊ ၄-ရပ်ကွက်၊ လှိုင်မြို့နယ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၁၀၂)နှစ် ရှိပြီ ဖြစ်သည်။ ကိုးကား မြန်မာ အမျိုးသမီး စာရေးဆရာများ မြန်မာစာအဖွဲ့ဝင်များ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ ရခိုင် တိုင်းရင်းသားများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BC%E1%80%94%E1%80%BA%20%28%E1%80%85%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC%E1%80%99%29