title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
မန္တလေးအကျဉ်းထောင်
မန္တလေးအကျဉ်းထောင်ကို အိုးဘိုအကျဉ်းထောင် ဟုလည်း ခေါ်သည်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မြောက်ပြင်၊ အိုးဘိုရပ်၊ တွင်တည်ရှိသည်။ ယခင်က မန္တလေးအကျဉ်းထောင်သည် နန်းတွင်း၏ အနောက်ဘက်နေရာတွင် တည်ရှိသည်။ မန္တလေး မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%A1%E1%80%80%E1%80%BB%E1%80%89%E1%80%BA%E1%80%B8%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
မနုဟာမင်း
မွန်ဘုရင် မနူဟာ (မကုတရာဇာ) သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား မျိုးနွယ်စု ခုနစ်ခုအနက် မွန်မျိုးနွယ်စုကြီးမှ ဆင်းသက် ပေါက်ဖွားလာသည့် သထုံမင်းဆက် (၂၅) ဆက်မြောက်ကို ဆက်ခံသော မင်းဖြစ်သည်။ မနူဟာ (မနုဟာ) ဟူသည် “မနုမည်သော မဟာသမ္မတမင်း” ဟု ဆိုသည်။ ထို့ပြင် မနူဟာကို သမိုင်းပညာရှင်၊ ကျောက်စာ ပညာရှင်တို့က“မကုဋရာဇာ” ဟုလည်း ဆိုကြသည်။ အဓိပ္ပာယ်မှာ “မင်းများ၏ မကိုဋ်သရဖူ” ဖြစ်သည်။ မနူဟာကို “သူရိယကုမ္မာ မင်းသား” ဟူ၍လည်း ခေါ်ကြသည်။ မနုဟာမင်း။ ။ မနုဟာမင်းသည် “သီရိတြိဘဝနာ ဒိတျာပဝရ ဓမ္မရာဇာ”ဘွဲ့ခံ သထုံမင်းဖြစ်၏။ ဆင်ဖြူသုံးဆယ့် နှစ်စီးအရှင် လည်းဖြစ်၏။ ဘုရားသခင်ရှိတော်မူစဉ်က သထုံပြည်ဝယ် မင်းပြုသော သီဟရာဇာမင်းမှ ဆင်းသက် ဆက်နွယ်သူဖြစ်၍ လေးကျိပ်ရှစ်ဆက်မြောက်သော မင်းဖြစ်သည်ဟု ဆိုသည်။ သထုံမင်းတို့သည် ဘုန်းတန်ခိုး အာဏာနှင့် ပြည့်စုံ၍ ဘုရားရှင် သာသနာတော်ကို အစဉ်ဆောင်ရွက်တော်မူကြသည်။ မနုဟာမင်းသည် ပုဂံပြည့်ရှင် အနော်ရထာမင်းစောနှင့် တစ်ခေတ်တည်း ပေါ်ပေါက်သည်။ အနော်ရထာ မင်းစောသည် ရှင်အရဟံက ဘုရားရှင် သာသနာတော်သုံးပါးတွင် ပရိယတ္တိ သာသနာတော်ရှိမှ ပဋိပတ္တိ သာသနာတော် ဖြစ်နိုင်သည်။ ပရိယတ္တိဟူသော ပိဋကတ်သုံးပုံသည် မရှိချေသေး။ ဘုရားရှင် သရီရဓာတ်တော် မွေတော် ပိဋကတ်ကျမ်းဂန်ရှိသော ပြည်ရွာ တိုင်းကားသို့လက်ဆောင် လက်နက်နှင့် တောင်းစေ၍ ရသည်ဖြစ်မှ သာသနာတော် အစဉ်ရှည်စွာ တည်ရာသည်။ သထုံပြည်၌ ပိဋကတ်သုံးပုံကို တစ်စုံခေါ်၍ အစုံ ၃ဝ ရှိသည်။ မွေတော် ဓာတ်တော်များရှိသည်ဟု မိန့်ကြားချက်အရ လက်ဆောင်ပဏ္ဏာများစွာ စီရင်၍ လိမ္မာသော မတ်တစ်ယောက် ကို သာယာချေငံသောစကားဖြင့် သထုံသို့စေ၍ တောင်းရလေ ၏။ သထုံမင်းသည် မကောင်းသော နှလုံးဖြင့် ကြီးစွာသော ပဋိဃာတ်စိတ် ရှိသည်ဖြစ်၍ မချေမငံသော စကားဖြင့် ဆိုလိုက်၏။ အနော်ရထာမင်းစောလည်း ထိုစကားကို ကြား သော်မူသောအခါ ပြင်းစွာအမျက်တော်ဖြစ်၏။ ထို့ကြောင့် နိုင်ငံတော်၌ရှိသော သူရဲသူခက် အပေါင်းတို့ကို စုရုံးတော်မူ၍ ရေကြောင်း၊ ကြည်းကြောင်းမှ အလုံးအရင်းဖြင့် သာသနာတော် နှစ် ၁၆ဝ၁ ခု ကောဇာသက္ကရာဇ် ၄၁၉ ခုနှစ်တွင် ကိုယ်တိုင် ချီတက် တိုက်ခိုက်၏။ ကြည်းကြောင်းတွင် ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး စစ်သူကြီး ၄ ယောက်တို့ရှေ့ဖျားချီစေ၏။ အနော်ရထာမင်းစောသည် နောက် တပ်မပြု၍ ချီတက်သည်။ သထုံမင်း မနုဟာလည်း အနော်ရထာမင်းစော ဤသို့အလုံးအရင်းဖြင့် ချီတက်လပြီဟူ၍ ကြားလေသော် အလွန်ကြောက်လန့်သဖြင့် မြို့တံခါးကို ပိတ်ပြီးလျှင် မြို့ကို ခိုင်လုံအောင်လုပ်၍ ခံနှင့်၏။ အနော်ရထာမင်းစောသည် ကာလရှည်ကြာစွာ ဝန်းရံလုပ်ကြံရသည်။ နောင်သော် သူရဲကောင်း ကုလားခြေလျင် ဗျတ္တ အစီအရင်ဖြင့် သထုံ ပြည်တွင်းသို့ရဲမက်တော်အပေါင်းတို့ဝင်နိုင်၍ မနုဟာမင်းနှင့် တကွ သားမယား အမှူးအမတ်တို့ကို ဖမ်း၍ အနော်ရထာ မင်းစောအား ဆက်လေ၏။ အနော်ရထာမင်းစောသည်လည်း သထုံပြည်တွင် မင်းအဆက်ဆက်တို့ကိုးကွယ်သော မွေတော် ဓာတ်တော်များ၊ အစုံ ၃ဝ သော ပိဋကတ်တို့ကို ၃၂ စီးသော ထိုမင်း၏ ဆင်ဖြူများပေါ်တွင် တင်၍ ဆောင်ယူတော်မူ၏။ ထိုမှ တစ်ပါးလည်း ကျမ်းတတ် ရဟန်းသံဃာတော်၊ ပညာသည်များ၊ သူရဲ သူခက် အလုံးအရင်းတို့နှင့် တကွ မင်းကိုပါ ဆောင်ယူတော်မူခဲ့သည်။ အနော်ရထာမင်းစောလည်း ပေါက္ကံရာမခေါ် ပုဂံပြည်သို့ ရောက်လျှင် ဆောင်ယူတော် မူခဲ့သော သူရဲသူခက် အစရှိသော ပညာသည် အပေါင်းတို့ကို အသီးအသီး အစုအကွက်ချ၍ နေစေ၏။ သရီရ ဓာတ်တော် အပေါင်းတို့ကိုလည်းကောင်းစွာ ဌာပနာ၍ ခေါင်းရင်းတော်၌ အမြဲထား၍ ကိုးကွယ်တော်မူ၏။ ပိဋကတ်တော်အစုံ ၃ဝ ကိုလည်း ရတနာအတိပြီးသော ပြာသာဒ်၌ထား၍ အရိယာ သံဃာတော်အား သင်ကြားပို့ချရ သည်။ မနုဟာမင်းကိုလည်း မြင်းကပါ အရပ်၌အလုပ်အကျွေး နှင့်တကွ နေစေ၏။ မနုဟာမင်း၏ အာနုဘော်သည်ကား စကားပြောသော် ခံတွင်းမှ စက်ပြောင်ပြောင် ထွက်သောဟူ၏။ အနော်ရထာမင်း စောလည်း မနုဟာမင်း အဖူးအမြင်လာ၍ ဦးချသောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်ထိတ် လန့်လန့်ရှိတော်မူချေ၏။ ရှည်လတ်သော် မနုဟာမင်း ဘုန်းတန်းခိုးအာနုဘော်ကို ညံ့စေ ခြင်းငှာ မနောလင်ပန်းနှင့် စားတော်ပြန်ပြီးသော် ဘုရားမှာ တင်စေ၍ ထိုစားတော်ဖြင့်မပြတ် မင်းကို ကျွေးတော်မူ၏။ မနုဟာမင်းလည်း မစုံမစမ်းမဆင်မခြင် စားတော်ခေါ်လေ၏။ ရှည်လတ်သော် မိမိခံတွင်းမှထွက်သော စက်ရောင်သည် ကွယ် ခဲ့၏။ ထိုစက်ရောင်ကွယ်ရာတွင်မှ ငါကြံငြားသော်လည်း မဖြစ်နိုင်ရာဟူ၍ နှလုံးချသောဟူ၏။ ယင်းသို့မှ သံဝေဂ ရရှိ၍ သံသရာဝယ် ကျင်လည်သရွေ့သူနိုင်သည်ကို မဖြစ်လိုဟူ၍ ကြီးစွာသော ဘုရားထက်ဝယ် တစ်ဆူ၊ ပရိနိဗ္ဗာန် ပြုတော် မူဟန် ပေါင်းလည်းတစ်ဆူ တည်တော်မူ၏။ ထိုဘုရားကို ယခုတိုင်အောင် မနုသာဟူ၍ တွင်၏။ သုဝဏ္ဏဘူမိ (သထုံ) သုဝဏ္ဏဘူမိ၏ အဓိပ္ပာယ်မှာ “ရွှေမြေ” ဖြစ်သည်။ ထို့နောက် သုဓမ္မကို ဗမာလို (သုဓုံ) အနက်ရ၍ (သုထုံ) ထို့မှတဆင့် (သထုံ) ဖြစ်လာသည်ဟု ဆိုကြသည်။ ပထမသုဝဏ္ဏဘူမိသည် ယက္ကန်းသည်မ ဝင်က တဝိုက်တွင် တည်ရှိခဲ့သည်။ သုဝဏ္ဏ မြို့တော် အနေအထားမှာ တောင်ပေါ် တဝက်၊တောင်အောက် မြေပြန့်တဝက် တည်ရှိခဲ့သည်။ (စူဠ) သီရိမာသောကမင်း လက်ထက်တွင် မြို့အရှေ့မြောက်ဘက်ရှိ တောင်ထိပ်၌ ရဟန္တာအရှင်တို့ အစီအရင်ဖြင့် မနုသီဟ ကျောက်ရုပ်တုကြီး တစ်ခုကို ထုလုပ် ထားရှိခဲ့သည်။ သုဝဏ္ဏ ဘူမိ (သထုံ) မင်းဆက်များ သူရိယ စန္ဒာ (သီဟရာဇာ) သီရိဓမ္မာသောက ဓမ္မပါလ သုဝဏ္ဏရာဇာ (ဓမ္မဓဇ) အင်္ကုရ ဥပဒေဝရာဇာ သီဝိရာဇာ (ရာဇာစောနီ) ဇောတကုမ္မာ ဥတ္တရ ကုမာရ ကာလဝဏ္ဏ မဟာသာလ ရာမက နရသူ မဟာဘန္ဒြာ အရဇ သီဂုတ္တု ဥရုနာဂ ယုဂန္ဓာရာဇာ သုနန္ဒာရာဇာ ဗြဟ္မဒတ္ထ ပဉ္စရာဇ အဓိကရာဇာ အပရောဝိရာဇာ သာဓုရာဇာ ဓမ္မပါလရာဇာ သုဒဿနရာဇာ ဒိဗ္ဗရာဇာ အသက္ကရာဇာ ဘုမ္မာရာဇာ ဗန္ဓရာဇာ မဟိံသရာဇာ ဓမ္မစက္ကရာဇာ သုဓမ္မတိရာဇာ ဗန္ဓရာဇာ နရသူဒိဗ္ဗမင်း ကေသရာဇာ မဏိရာဇာ တက္ကရာဇာ ကုသရာဇာ ရာဇဒိဗ္ဗရာဇာ သုလုရာဇာ စိတ္တရာဇာ ဒီဃရာဇာ ဥတ္တမရာဇာ သီရဓမ္မရာဇာ မဟာစိတ္တရာဇာ ဝန္ဓရာဇာ ဇေယျသုမနရာဇာ မဒ္ဒကရာဇာ အစိန္နာရာဇာ (ထိုမင်းလက်ထက် ဗျတ်ဝိ၊ ဗျတ္တ ပေါ်) ဥဒိန္နရာဇာ မနုဟာ နန္ဒသူရ ခေမလ ဇောဝဒေဝ အခြားကြည့်ရန်များ မနူဟာဘုရား ကိုးကား သထုံ မင်းဆက်များ မြန်မာနိုင်ငံ၏ သမိုင်း မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%AF%E1%80%9F%E1%80%AC%E1%80%99%E1%80%84%E1%80%BA%E1%80%B8
မန္တလေးမုန့်ရေပါး
မန္တလေးမုန့်ရေပါး မုန့်ရေပါး ဆန်နှင့်ပြုလုပ်သော မုန့်အမျိုးအစားဖြစ်သည်။ အထူးသဖြင့် အထက်အညာ ဒေသများ၏ ဘုရားပွဲဈေးတန်းများ ရောင်းကြသည်။ မုန့်ရေပါးကို တချို့က ချွေတာရေးမုန့် ဟုလည်းခေါ်သည်။ ပါဝင်သော ပစ္စည်းများ မနော်ဆန်မှုန့် - နို့ဆီဘူး (၄ဘူး) ပဲမှုန့်အစိမ်း - အကြမ်းပုဂံ (၁လုံး) ဆား - ဟင်းဆားဇွန်း (၂ဇွန်း) အချိုမှုန့် - ဟင်းဆားဇွန်း (၁ဇွန်း) ကော်မှုန့် - အကြမ်းပုဂံ (၁)လုံး ရေ - အသင့်အတင့် စားတော်ပဲ၊ ကြက်သွန်မိတ် ၊ နံနံပင် ၊ခရမ်းချဉ်သီး ၊ ငရုတ်သီး၊ အုန်းသီး ၊ မဆလာ၊ ကြက်ဥ အဆင့်ဆင့် ပြုလုပ်ပုံ ဒန်အိုး တစ်လုံးတွင် မနော်ဆန်မှုန့်၊ ပဲမှုန့်အစိမ်း၊ ဆား၊ အချိုမှုန့်၊ ကော်မှုန့်၊ ရေတို့ကို အချိုးကျ ရောစပ်ရသည်။ သမအောင်မွှေထားသော ဆန်မှုန့်ရေကို သံဒယ်အိုးပြားပေါ်တွင် ပြည့်အောင် မုန့်ရေတစ်ဇွန်းကို ပါးပါးလေးနှင့် ညီညာအောင် လောင်းထည့်ပါ။ စားတော်ပဲ၊ ကြက်သွန်မိတ်၊ နံနံပင် ကိုလည်းကောင်း မုန့်ရေထဲသို့ ထည့်ပါ။ ဆား၊ မဆလာ၊ အချိုမှုန့် သမအောင် ရောနယ်ထားသော ခရမ်းချဉ်သီး နှင့် ပါးပါးလှီးထားသော ငရုတ်သီးစိ်မ်းကို ထည့်ပါ။ ခြစ်ဖြင့်ခြစ်ထားသော အုန်းသီးအမျှင်များကို ထပ်ပေါင်း လောင်းထည့်ပါ။ ထို့နောက် ဆီများများဆမ်းပါ။ ကြက်ဥနှစ်သက်လျှင် ကြက်ဥကို ခေါက်ထည့်ပါ။ အချိန်အနည်းငယ်အကြာကျက်ခါနီးတွင် သံဂေါ်ပြားဖြင့် ဖြေးဖြေးချင်း မပဲ့အောင်ကော်ပါ။ မုန့်အတွင်းထည့်ထားသော ပစ္စည်းများမှာ မိမိအကြိုက် ပေါ်မူတည်၍ လိုသလိုပြုလုပ်နိုင်သည်။ အစားအစာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%AF%E1%80%94%E1%80%B7%E1%80%BA%E1%80%9B%E1%80%B1%E1%80%95%E1%80%AB%E1%80%B8
မှိုထမင်းသုပ်
ပါဝင်သော ပစ္စည်းများ ဆန် နို့ဆီဗူး (၄) လုံး ကောက်ရိုးမှိုအလုံး (၂၅) ကျပ်သား ကြက်သား ရင်အုပ်သား၊ ပေါင်သား (၇၅) ကျပ်သား ကြက်သွန်ဖြူ (၂၀) ကျပ်သား ကြက်သွန်နီ (၃၀) ကျပ်သား ချင်း ငရုတ်သီးအပုအပွတောင့် (၁၅) ကျပ်သား ပုဇွန်ခြောက် (၁၅) ကျပ်သား ငရုတ်သီးအစိမ်း သံပရာသီး ငံပြာရည် ဆီ နနွင်း ဆား သကြား အချိုမှုန့် နံနံပင်၊ ဂျူးမြစ်၊ ကြက်သွန်မြိတ် အစားအစာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BE%E1%80%AD%E1%80%AF%E1%80%91%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AF%E1%80%95%E1%80%BA
မှူးသမိန်
မှူးသမိန် (၁၉၂၂-၂၀၁၂) သည် လွတ်လပ်ရေး မော်ကွန်းဝင် အငြိမ်းစား ဗိုလ်မှူးကြီး နှင့် အငြိမ်းစား ဝန်ကြီး ဖြစ်သည့်အပြင်၊ စာရေးဆရာ တစ်ဦး လည်း ဖြစ်သည်။ အမည်ရင်းမှာ စောမြင့်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက်လည်းကောင်း၊ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခဲ့မှုများကြောင့်လည်းကောင်း သရေစည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) နှင့် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ချီးမြှင့်ခံရသူဖြစ်သည်။ မှူးသမိန်၊ ယိမ်းနွဲ့ပါး စသောကလောင်နာမည်ဖြင့် စာရေးသားခဲ့ပြီး အမျိုးသားစာပေဆု ၂ကြိမ်ရရှိခဲ့သည်။ ပမဟေသီမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ်လည်းဆောင်ရွက်ခဲ့သည်။ ငယ်စဉ်ဘဝ ၁၉၂၂ - ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် စစ်ကိုင်းမြို့ (ဗညားရပ်) ၌ အဖ-(မွန်အမတ်ကြီး ဗညားကျန်းတော၏ အဆက်အနွယ်) တိုက်သူကြီး ဦးသာဝင်း၊ အမိ ဒေါ်ဒေါ်မှီ တို့က ဖွားမြင်သည်။ အမည်ရင်းမှာ မောင်အောင်ကြည် ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်သောအခါ မောင်စောမြင့် အမည်သို့ ပြောင်းလဲ။ ငယ်စဉ်က စစ်ကိုင်းမြို့ ဆရာစိုးကျောင်း၊ ဘီဘီအမ်ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၁ - ၄၁ - စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ခဲ့။ လွတ်လပ်ရေးကြိုးပမ်းမှု နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု ၁၉၃၈ - ကျောင်းသားဘဝ-ရာပြည့်နှစ်အရေးတော်ပုံ၊ ကျောင်းသားအရေးတော်ပုံများတွင် ပါဝင်ခဲ့။ ၁၉၃၉ - ၄၀ - စစ်ကိုင်းကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ရန်ကုန်တက္ကသိုလ်သမဂ္ဂ၌ ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်အတိုင်း ကျောင်းသားသံမဏိတပ်ဗိုလ် အဖြစ် အရွေးချယ်ခံခဲ့။ စစ်ကိုင်းတွင် သံမဏိတပ် ကို ထူထောင်ခဲ့။ ၁၉၄၁ - စစ်ကြိုခေတ်-အင်္ဂလိပ် မြန်မာ(၁၀)တန်းအောင်ခဲ့ပြီး တက္ကသိုလ်ပညာ တစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကာ မီးရထားဌာန၊ စစ်ကိုင်းတံတား၌ ဂိတ်အခွန်ကောက်စာရေးအဖြစ် အလုပ်ဝင်။ စစ်ကိုင်း မြေအောက်တော်လှန်ရေးဝင်အဖြစ် ဆောင်ရွက်ခဲ့။ ဘီအိုင်အေသို့ ဝင်ရောက်ခြင်း ၁၉၄၂ - ၄၅ - မင်္ဂလာဒုံ၊ ဂျပန်စစ်ဖက်-ပထမအပတ် ဗိုလ်သင်တန်းတက်ခဲ့ပြီး၊ ဂျပန်ပြည် ပထမအပတ် စစ် ပညာတော်သင် အရွေးခံရသည်။ ၁၉၄၃ - ၄၅ - ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဧကရာဇ် ဘုရင်မင်းမြတ်၏ စစ်တက္ကသိုလ် အပတ်စဉ်(၅၇)သို့ တက်ရောက် အောင်မြင်ခဲ့ပြီး ဒု-ဗိုလ်ဖြစ်ခဲ့။ ၁၉၄၅ - ဒီဇင်ဘာ(၁၅) ရက်ကစ၍ ကန္နီစာချုပ် အရ ဗြိတိသျှတို့က အသစ်ပြန်ဖွဲ့သည့် တပ်မတော်တွင် ဒုတိယဗိုလ်အဖြစ် တာဝန်ထမ်း။ ၁၉၄၆ − ဗမာ့တပ်မတော်တွင် ဗိုလ်ကြီ:အဆင့်သို့ တိုးမြှင့်ခန့်အပ်ခံရ။ ၁၉၄၇ − စက်တင်ဘာ (၁) ရက်တွင် ဗိုလ်မှူး၊ ဒီဇင်ဘာ (၁) ရက်တွင် ဒုတပ်ရင်းမှူး၊ ဗိုလ်မှူးအဆင့်သို့ ထပ်မံတိုးမြှင့်ပေးခြင်း ခံရ။ လွတ်လပ်ရေး ရပြီးခေတ် ကြိုးပမ်းမှု(၁၉၄၈- ) ၁၉၄၉ − တပ်ရင်းမှူး ဒု−ဗိုလ်မှူးကြီးအဆင့်ကို ရရှိ။ ၁၉၅၁ − တပ်မဟာ (၂) တပ်မင်း ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းစဉ် တောင်ငူနယ်မြေအား သောင်းကျန်းမှု ငြိမ်းအေးအောင် ဆောင်ရွက်နိုင်ရုံသာမက ရန်သူ့လက်သို့ ကျရောက်နေသည့် ဗိုလ်မှူးကြီ: မောင်မောင် နှင့် အရာရှိ (၆) ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့။ ၁၉၅၁ − U.K နိုင်ငံ အထက်တန်းအရာရှိကျောင်းS.O.S သို့ တက်ရောက်ခဲ့။ ယူဂိုဆလပ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်။ ၁၉၅၂ − KNDO လက်နက်ကိုင်များထံမှ အဖမ်းဆီးခံ အရာရှိများအား ကယ်တင်နိုင်ခဲ့သဖြင့် စည်သူတံဆိပ် ချီးမြှင့်ခံရ။ ၁၉၅၂ − မေလ (၂၆) ရက်တွင် ဗိုလ်မှူးကြီးအဆင့်သို့ ခန့်အပ်ခံရ။ ၁၉၅၄ − တပ်မဟာ (၄) ကို ကွပ်ကဲကာ ဘုရင့်နောင် စစ်ဆင်ရေး၊ ယုဇန စစ်ဆင်ရေးတို့ဖြင့် တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ခဲ့။ ၁၉၅၄ − ၅၆ − နယ်မြေသတ်မှတ်နိုင်ရန် တရုတ်−မြန်မာ နယ်ခြားစစ်တံခွန် ချီတက်ခဲ့ရာ ယိမ်းနွဲ့ပါး စစ်တံခွန် အမည်ဖြင့် မိုင်တစ်ထောင်ကျော်အား အသေးစိတ်မှတ်တမ်းတင်နိုင်ခဲ့ပြီး အတွဲ (၂) တွဲဖြင့် နိုင်ငံတော်သို့ တင်ပြခဲ့။ ၁၉၅၅ − ဇန်နဝါရီ (၄) ရက်တွင် သီရိပျံချီ ဘွဲ့ ချီးမြင့်ခံရ။ တရုတ်နိုင်ငံသို့ စစ်နယ်နိမိတ်မစ်ရှင်လေ့လာရေးအဖွဲ့နှင့် လိုက်ပါခွင့်ရ။ ၁၉၅၇ - ကိုကျောက်လုံးသိတဲ့ ဒီမိုကရေစီတော်လှန်ရေး ဆောင်းပါးကို ဗိုလ်မှူးသမိန် အမည်ဖြင့် မြဝတီမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ (နိုဝင်ဘာလ ၁၉၅၂) တွင် ဖော်ပြခြင်းခံခဲ့ရာမှ စာပေနယ်သို့ ရောက်ရှိခဲ့။ ထိုအချိန်မှစ၍ မြဝတီ၊ ငွေတာရီ၊ သွေးသောက်၊ ပေဖူးလွှာ၊ စစ်ပြန် မဂ္ဂဇင်းများတွင် ဒေသန္တရ ခရီးသွားစာပေ၊ ယဉ်ကျေးမှုရေးရာ၊ တိုင်းရင်းသားနှင့်နယ်ခြားဒေသအကြောင်းများ၊ တပ်မတော်သားဘဝ အတွေ့အကြုံများကို ပုံမှန်ရေးသားခဲ့သည်။ စာနယ်ဇင်းများတွင် မှူးသမိန် အပြင် ယိမ်းနွဲ့ပါး ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ ရေးခဲ့။ လုံးချင်းစာအုပ်အချို့လည်း ထုတ်ဝေခဲ့သည်။ ၁၉၆၀ − ဝန်ကြီ:ချုပ်ရုံးသို့ ပြောင်းရွေ့ကာ နယ်ခြားအုပ်ချုပ်ရေး အရာရှိချုပ် တာဝန်အား ထမ်းဆောင်။ ၁၉၆၁ − တရုတ်−မြန်မာ နယ်ခြားကျောက်တိုင် စိုက်ထူနိုင်ရန် ဘဘ စစ်ဆင်ရေး ဦးစီးချုပ်အဖြစ် ဆောင်ရွက်ကာ နယ်နိမိတ်ကျောက်တိုင်ပေါင်း (၄၀၂) တိုင် စိုက်ထူနိုင်ခဲ့။ ၁၉၆၂ − ၈၄ − ဇန်နဝါရီ (၄) ရက်တွင် သရေစည်သူ ဘွဲ့ ချီးမြှင့်ခံရ။ တော်လှန်ရေးကောင်စီဝင်၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန ဝန်ကြီ:၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီ:ဌာန ဝန်ကြီး၊ လမ်းစဉ်ပါတီ၏ ပထမဆုံး အထွေထွေအတွင်းရေးမှူး၊ ဗဟိုနိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ကြီး စသည့်တာဝန်များ ထမ်းဆောင်။ ပြန်ကြားရေးဝန်ကြီးအဖြစ် လုပ်သားနေ့စဉ် အင်္ဂလိပ်မြန်မာ သတင်းစာနှစ်စောင်ကို တာဝန်ယူထုတ်ဝေခဲ့။ သတင်းစာခေါင်းကြီးအာဘော် ဆောင်းပါးနှင့် အရေးကြီးသည့် သတင်းများရေးခဲ့။ ရှေ့သို့ဂျာနယ်တွင်လည်း ဓာတ်ပုံဆောင်းပါးများ အပုဒ်(၅၀၀)ခန့်ရေးသားခဲ့။ ဟံသာဝတီသတင်းစာနှင့် ဗိုလ်တစ်ထောင်သတင်းစာ တို့တွင်လည်း ပင်တိုင်ဆောင်းပါးများရေးခဲ့။ ၁၉၆၃ − ဆိုဗီယက်နိုင်ငံ ပါတီအတွင်းရေးမှူး မစ္စတာ ခရူးရိုတ်၏ ဖိတ်ကြားချက်အရ ပါတီအတွင်းရေးမှူးအနေဖြင့် ချစ်ကြည်ရေးခရီး သွားရောက်။ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အကြီးအကဲနှင့်အတူ အဖွဲ့ဝင်အဖြစ် ချစ်ကြည်ရေးခရီး သွားရောက်။ ၁၉၆၉ − လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီ:ဌာန၏ အထူးအရာရှိအဖြစ် တာဝန်ထမ်းဆောင်။ ၁၉၇၀ - တော်လှန်ရေးခေတ်တောလား စာအုပ်ထွက်ခဲ့။ ၁၉၇၅ - ကျွန်တော့်အမြင် စာအုပ်ထွက်ခဲ့။ နိုင်ငံတော်က ချီးမြှင့်သော လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) ရရှိခဲ့။ နိုင်ငံခြားဘွဲ့အနေဖြင့် မာရှယ်တီးတိုး ချီးမြှင့်သော ယူဂိုဆလပ် တံခွန်ဘွဲ့ကိုလည်း ရရှိခဲ့။ ၁၉၈၄ - သက်ပြည့်အငြိမ်းစားယူ၍ မဟေသီမဂ္ဂဇင်းထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့။ ၁၉၈၆ − နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ချီးမြင့်ခံရ။ ၁၉၉၈ − ရွှေရတု လွတ်လပ်ရေးနေ့တွင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့ ချီးမြှင့်ခံရ။ ၂၀၀၂ − မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ကန်တော့ခံသက်ကြီးစာပေပညာရှင်အဖြစ် ဂုဏ်ပြုခြင်းခံရ။ ၂၀၀၄ − ပြည်တွင်း ပြည်ပ သာသနာပြုလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်ရာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ချီးမြှင့်ခံရ။ ၂၀၀၅ − ကမ္ဘာ့သာသနာပြုလုပ်ငန်း နာယက၊ မဟာစည်သာသနာ့ရိပ်သာရှိ ဗုဒ္ဓသာသနာ့နုဂ္ဂဟအဖွဲ့ချုပ်၏ အမှုဆောင်၊ မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီ:၏ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ စသောတာဝန်များ ထမ်းဆောင်။ ၂၀၀၆ - ဘုံဘဝ ကြုံတွေ့ရဇာတ်လမ်းများစာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် ၂၀၀၆-ခုနှစ်အတွက် အမျိုးသား စာပေဆု (နိုင်ငံရေးစာပေ) ရရှိခဲ့။ အမှတ်(၁၅) ဇီဇဝါလမ်း၊ ပါရမီရိပ်သာ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။ ၂၀၁၂ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်မြင့်၊ သမီး ဒေါက်တာယုဇနစောမြင့်(ကလေးအထူးကုဆရာဝန်ကြီး)၊ သား ဦးဇော်ဝင်းမြင့် (ကညန ညွှန်ချုပ်) - ပါမောက္ခဒေါ်ရင်ရင်ဇော်တို့ကျန်ရစ်သည်။ ကလောင်ခွဲများ ဗိုလ်မှူးစောမြင့် မိုးမြင့် မိုးမြင့်အောင် ယိမ်းနွဲ့ပါး အညာသားမောင်ပေသီး ဦးစောမြင့် ထင်ရှားသည့် စာအုပ်များ တော်လှန်ရေးခေတ်တောလား ကျွန်တော့်အမြင် ဘုံဘဝကြုံတွေ့ရဇာတ်လမ်းများ ခါကာဘိုခရီးသည် ကိုးကား ကျော်ခိုင်ဝင်း၊ မောင်။ ဆရာ ဗိုလ်မှူးသမိန် စာစုစာရင်း (၁၉၅၂−၇၄) ခုနှစ်။ ရန်ကုန်၊ ရန်ကုန်စာကြည့်တိုက်နှင့် သုတပညာဌာန။ ၂၀၀၅။ မြန်မာ အမျိုးသား စာရေးဆရာများ မွန်လူမျိုးများ လွတ်လပ်ရေးမော်ကွန်းဝင်များ မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံ ဝန်ကြီးများ အမျိုးသားစာပေဆုရှင်များ တော်လှန်ရေးကောင်စီဝင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%9E%E1%80%99%E1%80%AD%E1%80%94%E1%80%BA
မတူပီမြို့
မတူပီမြို့သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်ခရိုင်တွင် တည်ရှိပြီး၊ ချင်းပြည်နယ်၏ ဒုတိယ မြို့တော်အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က သတ်မှတ်ခြင်း ခံခဲ့ရသည်။ မတူပီမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ မတူ = မတူချင်းလူမျိုး၊ ပီ = ကြီးသည်ဟု အဓိပ္ပာယ်ရသည်။ မတူပီအနီးရှိရွာကလေးများကို မတူသဲဟု ခေါ်သည်။ သဲ = ငယ်သည်ဟု ဆိုလိုသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၉ ခုနှစ် တွင်မှ နယ်ပိုင်ရုံးစိုက်ရာမြို့ဖြစ်လာပေသည်။ မတူပီမြို့သည် မင်းတပ်မြို့၏ အနောက်ဘက် မိုင် ၇ဝ ခန့်ကွာ ဝေး၍ ပလက်ဝမြို့၏ အရှေ့ဘက် ၇၅ မိုင်ကွာလှမ်းသည်။ အရှေ့ပါကစ္စတန်ပြည်နယ်စပ်နှင့်သော်ကား မိုင် ၁ဝဝ မျှသာဝေးသည်။ မတူပီနယ်တွင် လူဦးရေ ၂၅ဝဝဝ ကျော်ရှိသည်။ မတူပီမြို့သည် ၂ မိုင်ပတ်လည် ကျယ်သည်။ ပထဝီဝင် မတူပီမြို့သည် အမြင့်ပေ ၄ဝဝဝ ရှိ၍ ကျယ်ပြန့်သော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ တောကြီးတောင်ကြီးများဝိုင်းရံလျက်ရှိသည်။ ထို့ပြင် လေးမြို့ချောင်းနှင့် ကောင်ဝါချောင်းများ ရစ်ဝိုင်းလျက်ရှိသည်။ တောတွင်းဝယ် တောငှက်သားရဲတိရစ္ဆာန်များ ပေါများသည့်အလျောက် ထိုဒေသရှိ မတူလူမျိုးသည် တောလည်ခြင်းကို နှစ်သက်ကြသည်။ နွေရာသီ၌ ခြောက်သွေ့ကြွေကျနေသည့် သစ်ရွက်များကို မီးရှို့၍ အစုလိုက် အပြုံလိုက် တောလိုက်ထွက်ကြသည်မှာ ဓလေ့ပင် ဖြစ်နေပေသည်။ တောကြီးများမှာ အလွန်နက်၍ ကျယ်ပြန့်သောကြောင့် စစ်မဖြစ်မီက တောတွင်း၌ တောဆင်ရိုင်းများ၊ ကြံ့များပင် ရှိသည်ဆို၏။ အချို့သူတို့သည် အားလပ်ချိန်မျာတွင် ချောင်းကမ်းဘေး၌ ပျော်ပွဲစား ထွက်ခြင်း၊ ငါးမျှားခြင်းတို့ကို လူစုလူဝေးနှင့် တစ်ပျော်တစ်ပါး ပြုလုပ်လေ့ရှိကြသည်။ ဤသို့တောတောင်ရေမြေ တင့်တယ်သည်တွင် တောင်ယာလယ်ကွက်များမှာလည်း ရှုမျှော်ခင်းတစ်ရပ် ဖြစ်၏။ လမ်းပန်းဆက်သွယ်ရေး မတူပီမြို့သည် ချောင်အကျအဆုံးမြို့ဖြစ်သည့်အလျောက် လမ်းပန်းဆက်သွယ်ရေးမှာ ကောင်းမွန်တိုးတက်ခြင်း မရှိသေးချေ။ မင်းတပ်နှင့် ပလက်ဝသို့ဆက်သွယ်သော ကားလမ်း တစ်ပိုင်းတစ်စမျှသာ ရှိသေးသည်။ ပခုက္ကူ-မတူပီကားလမ်းကိုသာအဓိကထားအသုံးပြုရသည်။ ကားလမ်းဖောက်လုပ်ပြီးစီးသောအခါမှ လမ်းပန်းအဆက်အသွယ် အဆင်ပြေနိုင်ဖွယ်ရှိသည်။ အခြားတစ်နေရာနှင့် တစ်နေရာသို့သွားနိုင်ရန် ၆ ပေလမ်းခေါ် လူသွားလမ်းများသာ ရှိသည်။ ရေကြောင်းနှင့် လေကြောင်းခရီး လုံးဝ မရှိသဖြင့် ထုတ်ကုန်သွင်းကုန်ဟူ၍ မရှိသလောက်ပင်။ အချို့လူကုံထံများမှအပ ကျန်နယ်သူ နယ်သားတို့သည် မိမိတို့လက်ဖြစ် အဝတ်အစားများကိုသာ ဝတ်ဆင်ကြသည်။ နယ်သူနယ်သားများမှာ များသောအားဖြင့် တောင်ယာစပါးကို စိုက်ပျိုးကြသည်။ အချို့လည်း ပခုက္ကူနယ်၊ မင်းတပ်နယ်နှင့် ဟားခါးနယ်များသို့ သွားရောက်၍ လမ်းအလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းကြသည်။ လူမှုပထဝီဝင် မတူပီနယ်သည် မည်မျှပင် ချောင်ကျစေကာမူ ဆန်စပါး လုံလောက်စွာ ရရှိသောကြောင့် ဝတ်စားနေထိုင်မှု ဖူလုံသည်ဟု ဆိုရပေမည်။ မတူပီနယ်တွင် ချင်းလူမျိုး ၃ မျိုးနေထိုင်ကြပေရာ ယင်းတို့မှာ မတူလူမျိုး၊ ဇိုးလူမျိုးနှင့် မေရန်လူမျိုးများ ဖြစ်ကြသည်။ ဇိုးလူမျိုးမှာ အများစုဖြစ်၍၊ မတူပီမြို့၌ ချင်းလူမျိုးသာ နေထိုင်ကြရာ များသောအားဖြင့် မိရိုးဖလာ နတ်ကိုးကွယ်သူများဖြစ်၍ ခရစ်ယာန် အယူဝါဒီ အနည်းငယ်မျှရှိသည်။ ဗုဒ္ဓအယူဝါဒီဟူ၍ ပြောပလောက်အောင် မရှိသေးပေ။ သို့သော် ယခုခါ မတူပီမြို့တွင် တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်း တစ်ကျောင်းရှိ၍ သာသနာပြု ဘုန်းတော်ကြီးတစ်ပါး သီတင်းသုံးလျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆက်တိုက် ဆိုသလိုပင် ယူဆုတ်ပွဲနှင့် အွေပီပွဲ ခေါ် ကောက်ရိတ်သိမ်းပွဲတော်များကို လည်းကောင်း၊ နတ်ကြီး တက်ပွဲကို လည်းကောင်း မြို့ပေါ်ရော နယ်တွင်ပါ ကျင်းပလေ့ရှိသည်။ နေဝင်ချိန်မှ မိုးလင်းသည့်တိုင် နွားနောက်သား၊ ဝက်သားများကို ချက်ပြုတ် စားကာ ခေါင်ရေကို သောက် လျက် ပျော်ရွှင်မြူးထူးကြ၏။ တစ်အိမ်နှင့် တစ်အိမ် ထင်းရှူးမီးများဖြင့် ကူးသန်းသွားလာကြ၏။ ညအချိန်တွင် တစ်ညလုံးလိုပင် မအိပ်ကြဘဲ မီးပုံကြီးများ ပြုလုပ်၍ လူငယ်လူရွယ် အမျိုးသမီး အမျိုးသားတို့သည် ကောက်သိမ်းခြင်းအကြောင်း ဖွဲ့နွဲ့သီကုံးထားသော သီချင်းများကို သံပြိုင်သီဆိုကြ၏။ မတူပီနယ်တွင် အင်္ဂလိပ်များ အုပ်စိုးစဉ်အခါက အစိုးရ စာသင်ကျောင်းဟူ၍ မရှိခဲ့ချေ။ ယခုအခါမူကားအထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနှင့် မူလတန်းကျောင်း ၃၃ ကျောင်းရှိသည်။ ထို့ပြင် ပြည်တော်သာ စီမံရေးအရ ချောင်းကူးတံတားများ ဆောက်လုပ်ပြီးစီးပြီ ဖြစ်၏။ တက္ကသိုလ်ပညာရေးအတွက်မူ မတူပီမြို့မှ (၁၈၀)မိုင်ခန့်ဝေးသော ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်၊ပခုက္ကူနည်းပညာတက္ကသိုလ်၊ပခုက္ကူကွန်ပြူတာတက္ကသိုလ်၊ပခုက္ကူပညာရေးဒီဂရီကောလိပ်နှင့်သူနာပြုနှင့်သားဖွားသိပ္ပံ(ပခုက္ကူ)တို့တွင် အဓိက တက်ရောက်သင်ယူကြသည်။ မတူပီမြို့တွင် ရှေးအထက်ကျော်ကာရီက လူနေအိမ်ခြေ ၁ဝဝဝ ကျော်ပင်ရှိသည်ဟု သိရသည်။ မတူ ဆိုသည်မှာ မတူလူမျိုးကို ဆိုလို၍ ပီ ဆိုသည်မှာ ကြီးသည်ဟု အဓိပ္ပာယ်ရရှိလေသည်။ မတူပီနှင့် ကပ်လျက် ရှိသည့် ရွာကလေးများကို မတူသဲဟု ခေါ်ကြသည်။ သဲ ဟူသော စကားသည် ငယ်သည် ဟု အဓိပ္ပာယ် ရသည်။ မတူပီဆိုသည်မှာ မတူပီလူမျိုး အကြီးအကဲများနေထိုင်ရာ ဒေသဟုပင် ဆိုလိုသလော၊ သို့တည်းမဟုတ် မတူပီနယ်၏ အကြီးဆုံးမြို့ရွာကြီးဟုပင် ဆိုသလောဟူ၍ကား အတိအကျ မသိရပေ။ စီးပွားရေး မတူပီမြို့နယ်သည် ကုန်လမ်းသာရှိပြီးလမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော မြို့နယ်ဖြစ်သောကြောင့် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်း နှင့် အ‌ခြားဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြသည်။ အဓိကထွက်ကုန်မှာ ဝဉ၊ဂမုန်းဖြစ်ပြီး ပြည်မ သို့သာ အများဆုံး တင်ပို့ရောင်းချပါသည်။ ကျန်းမာရေးကဏ္ဍ မတူပီမြို့နယ်၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်− (၁) မြို့နယ်ဆေးရုံ၊မတူပီမြို့ (၂) တိုက်နယ်ဆေးရုံ၊လုံငိုး ကျေးလက် ကျန်းမာရေးဌာန/ဌာနခွဲများ ကျေးလက် ကျန်းမာရေးဌာန (၁) ဆဘောင်းပီ (၂) လုံငိုး (၃) ရှာတလိုင်း (၄) တန်ကူ (၅) မားဒူ (၆) စန်တပ် (၇) ငလိုင် (၈) တိန်ဆီး ကျေးလက် ကျန်းမာရေးဌာနခွဲ − ၃၁ ဌာန ခွဲ ရှိသည်။ ထင်ရှားသည့်တောင်များ (၁) လုံတိန်းတောင်တန်း (၂)အောတရော့တောင်တန်း (၃)ကိုင်ဆီးတောင်တန်း (၄)ကောင်လောင်တောင်တန်း (၅)လုံပဲလ်တောင်တန်း တို့ ဖြစ်ပြီး လုံတိန်းတောင်တန်းသည်ပင်လယ်ရေမျက်နှာပြင်အထက်(၈၉၆၁)ပေမြင့်ပြီးမြို့နယ်၏အမြင့်ဆုံးတောင် ဖြစ်သည်။ ထင်ရှားသည့် မြစ်ချောင်းများ (၁)ဘွေနူးချောင်း (၂)လည်မျိုချောင်း ထင်ရှားသည့်ရေတံခွန် (၁) ဘုံတလာ ရေတံခွန် ရပ်ကွက်/ကျေးရွာ အုပ်စုအရေအတွက် (၁)ရပ်ကွက် (၄)ရပ်ကွက် (၂)ကျေးရွာ (၁၅၀)ရွာ (၃)အုပ်စု (၆၂)အုပ်စု အိမ်ခြေ၊အိမ်ထောင်စု၊လူဦးရေ ကျား/မ စာရင်း (၁)အိမ်ခြေ (၁၇၆၇) (၂)အိမ်ထောင်စု (၁၈၁၄) (၃)လူဦးရေ ကျား(၄၂၃၁) မ(၄၂၁၄) စုစုပေါင်း (၈၄၄၅) တိုင်းရင်းသား လူမျိုးစုအလိုက် လူဦးရေ မတူပီမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်သား တိုင်းရင်း သားလူမျိုးစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) ချင်း (၅၈၀၄၇)ဦး (ခ) ဗမာ (၁၂၈)ဦး (ဂ) ရခိုင် (၅)ဦး ဘာသာရေးကိုးကွယ်မှု နှင့် ဓလေ့ထုံးစံများ (က) ကိုးကွယ်သည့်ဘာသာ မတူပီမြို့နယ်အတွင်း နေထိုင်ကြသူများတွင် (၁) ဗုဒ္ဓဘာသာ (၇၆)ဦး (၂) ခရစ်ယာန် (၅၂၈၆၂)ဦး ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ချင်းပြည်နယ်ရှိ မြို့များ မင်းတပ်ခရိုင်
https://my.wikipedia.org/wiki/%E1%80%99%E1%80%90%E1%80%B0%E1%80%95%E1%80%AE%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မာန်အောင်မြို့
မာန်အောင်မြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး မာန်အောင်ကျွန်းပေါ်တွင် တည်ရှိသည်။ မာန်အောင်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မာန်အောင်မြို့သည် မာန်အောင်ကျွန်း၏ အရှေ့မြောက်ဘက် အစွန်းတွင် တည်ရှိသည်။ ကျောက်ဖြူမြို့မှ ရေကြောင်းဖြင့် ၈၇ မိုင် ကွာဝေးသည်။ မာန်အောင်မြို့တွင် မာန်အောင်လေဆိပ်ရှိသည်။ မြို့ပေါ်တွင် မြို့နယ်အရာရှိရုံး၊ ရဲဌာန၊ အစိုးရ အထက်တန်းကျောင်းနှင့် ဈေးရှိသည်။ မာန်အောင် ကျွန်းသည် ရခိုင် ကမ်းရိုးတန်း အလွန်၊ ဘင်္ဂလားအော်အတွင်းသို့ ရောက်နေသော အစွန်ဆုံး ကျွန်းဖြစ်သည်။ ရန်မာန်အပေါင်းကို အောင်မြင်သည့်အတွက် မန်အောင်(မာန်အောင်) ဟူ၍ ရှေးအခါကပင် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆို၏။ မာန်အောင်ကျွန်းသည် ပုံသဏ္ဌာန်အားဖြင့် တြိဂံပုံဖြစ်၏။ မာန်အောင် ရေလက်ကြားဖြင့် ရမ်းဗြဲကျွန်းနှင့် ပိုင်းခြားလျက်ရှိသည်။ မာန်အောင်မြို့သည် ရမ်းဗြဲကျွန်းနှင့် အနီးကပ်ဆုံးဖြစ်သော ချွန်ထွက်နေသည့် နေရာတွင် တည်ရှိသည်။ မာန်အောင်ကျွန်း၏ မြေမျက်နှာပြင်သည် လှိုင်းထလျက် ရှိသည်။ အချို့တောင်များသည် ပင်လယ်ပြင်အထက် ပေ ၁ဝဝဝခန့် မြင့်သည်။ သစ်ပင်လည်း ထူထပ်သည် ရွှံ့မီးတောင်များလည်းရှိသည်။ တောင်နီတောင်ခေါ် မြေနီတောင်တွင် အလွန်မွှေးသောမြက်နီပင်များ တစ်တောင်လုံးဖုံးလွှမ်းနေသဖြင့် ထူးခြားသည်။ မန်အောင်ကျွန်းတွင် ဆန်စပါးအပြင် ဆေးရွက်၊မြေပဲ၊ ကြံ၊ ပိုက်ဆံလျှော်၊ အုန်းပင်နှင့် ကွမ်းသီးပင်များလည်း စိုက်ပျိုးသည်။ မာန်အောင်၏ အထင်ရှားဆုံး ထွက်ကုန်မှာ မန်အောင်ဆေးဖြစ်သည်။ သမိုင်းအကျဉ်း မာန်အောက်မြို့သည် မြို့ဝန်ခေတ် အစပိုင်းတွင် သီးခြားမဟုတ်ဘဲ ရမ်းဗြဲမြို့ထဲတွင် ခတ္တမျှ ပါဝင်ခဲသည်။ ၁၈၈၂ ခုနှစ်တွင် မြို့ဖြစ်လားသည်။ ပထဝီဝင်နှင် ရာသီဥတု မာန်အောင်မြို့သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် မာန်အောင်ကျွန်း ပေါ်တွင် တည်ရှိသည်။ လတ္တီကျု (၁၈)ဒီဂရီ၊ (၅၁)မိနစ် လောင်ဂျီကျု (၉၃) ဒီဂရီ၊ (၄၄) မိနစ် ရှိသည်။ လမ်းပန်းဆက်သွယ်ရေး မာန်အောင်မြို့ကို ရေကြောင်းလမ်းနှင့် လေကြောင်းလမ်းမှ သွားနိုင်သည်။ မာန်အောင်လေဆိပ်သည် မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန်သို ပြည်တွင်းခရီးစဉ်ကို ပြေးဆွဲ‌ပေလျက် ရှိသည်။ လူနေထိုင်မှု မာန်အောက်မြို့‌သည် ရခိုင်လူမျိုးနှင့် ဗမာလူမျိုး အများစုနေထိုင်ကာ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ် ကြသည်။ စီးပွားရေး မာန်အောက်မြို့‌ နေလူထူသည့် စိုက်ပျိုးရေးလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ခရီသွားလုပ်ငန်၊ စားသောက်ဆိုင်လုပ်ငန် များကို လုပ်ကိုင်ကြသည်။ အစိုးရ ဝန်ထမ်များ လည်ရှိသည်။ ဘဏ်လုပ်ငန် အနေဖြစ် ကမ္ဘောဇဘဏ် ရှိသည်။ ပညာရေး မာန်အောင်မြို့တွင် အစိုးရ အထက်တန်ကျောင်း ၂ ကျောင်း အမက ကျောင်း တစ်ကျောင်း (ခန့်မှန်) သည့်ရှိရသည်။ ကျန်းမာရေး မြို့နယ် ပြည်သူဆေးရုံ၊ မာန်အောင် အားကစား မာန်အောက် အားကစားကွင်းနှင့် မာန်အောင် ဖူဆယ်ကစားကွင်း တိုရှိသည်။ အထင်ကရနေရာများ ဦးဥတ္တမပန်ခြံ ရန်အောင်မြင်စေတီတော်မြတ်ကြီး ဓာတ်တော်စေတီ၊ မာန်အောင်မြို့ မဟာထီးဘုရား မြို့မကျောင်းကြီး ထင်ရှားသော ပုဂ္ဂိုလ်များ သီဟထက်အောင် (ဘောလုံးသမား) နေတိုး (ရုပ်ရှင်သရုပ်ဆောင်) မင်းသွေး သားငယ် ပြင်ပလင့်များ Maplandia.com ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရခိုင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%94%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မာရ်နတ်
မာရ်နတ် မာရ်နတ်ဆိုသည်မှာ ဂေါတမ မြတ်စွာဘုရားအား ဘုရားအဖြစ်သို့ မရအောင် အမျိုးမျိုး အနှောက်အယှက် ပေးသော ပရနိမ္မိတဝသဝတ္တီ နတ်ပြည်မှ နတ်သားတစ်ဦး ဖြစ်သည်။ မာရ်နတ်ဟူသော ဝေါဟာရသည် `ဒေဝပုတ္တ မာရ´ဟူသော ပါဠိစကားနှင့် အဓိပ္ပာယ်အရ တူသည်။ ဒေဝပုတ္တ(နတ်သား) + မာရ် (သေအောင် သတ်တတ်တဲ့) = သေအောင် သတ်တတ်တဲ့ နတ်သားဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် `မာရ်နတ်´ဟူသောစကားနှင့် `ဒေဝပုတ္တ မာရ်´ဟူသောစကားသည် အတူတူပင် ဖြစ်ကြောင်း ထင်ရှားသည်။ မာရ်နတ်နေသော နေရာ မာရ်နတ်သည် ဝသဝတ္တီ နတ်မင်းကြီး အုပ်ချုပ်သော ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည် (ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသောဘုံ )ရှိ နတ်ဆိုးတစ်ပါး ဖြစ်သည်။ သူ့တွင် အရင်က ဗေဠုဝအမည်ရှိ နတ်စောင်း ရှိသည်။ နောင်တွင် ပဉ္စသီခနတ်သား လက်ထဲ ရောက်ရှိသွားသည်။ မာရ်နတ်မျိုးရိုး မာရ်နတ်မျိုးရိုးသည် မြတ်စွာဘုရား၏ လက်ဝဲတော်ရံ တန်ခိုးတော်အရာ ဧတဒင်္ဂ ရသည့် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီးနှင့် ဆွေမျိုးတော်စပ်သည်။ ဤကမ္ဘာတွင် ကကုသန်အမည်ရှိ ဘုရားတစ်ဆူ ပွင့်ခဲ့ဘူးသည်။ ထို ကကုသန်ဘုရား လက်ထက်၌ ဘုရားကို အနှောက်အယှက်ပေးသူ `ဒုဿီမာရ် နတ်´ရှိခဲ့သည်။ `ဒုဿီမာရ် နတ်´တွင် `ကာလီ´အမည်ရှိ နှမတစ်ယောက်ရှိသည်။ ထို ကာလီ က မာရ်နတ်ကို မွေးခဲ့သည်ဟု ဆိုသည်။ `ဒုဿီမာရ် နတ်´သည် အခြားသူမဟုတ် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး ပင်ဖြစ်သည်။ ထို့ကြောင့် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး၏ တူအရီး တော်စပ် ဘူးသည်။ သတ္တဝါ အမျိုးအစား မာရ်နတ်သည် “နတ်”ဟူသော သတ္တဝါ အမျိုးအစားမှ ဖြစ်သည်။ လူကဲ့သို့ အမိဝမ်းတွင်း ပဋိသန္ဓေ မနေခဲ့ရ၊ ၁၆-နှစ်သားအရွယ် တခါတည်း ဘွားကနဲ ဖြစ်လာရ၏။ ဥပပတ် ပဋိသန္ဓေ ဆိုတာမျိုးဖြစ်သည်။ မိခင် ကာလီနတ်သမီးက သားသန္ဓေ လွယ်ရသော ဒုက္ခ မရှိပေ။ မာရ်နတ်နိုင်ငံ “ပရနိမ္မိတဝသဝတ္တီ နတ်ပြည်”နိုင်ငံ၊ အဓိပ္ပာယ် အပြည့်အစုံမှာ သူတစ်ပါးက ဖန်တီးစီစဉ်ပေးသော အဝတ်အစား၊ အသုံးအဆောင်၊ နေရာဗိမ္မာန် ရတနာ မှန်သမျှတွေကို မိမိအလိုကျ သုံးနိုင်၊ စားနိုင်၊ နေနိုင်၊ ဆင်မြန်းနိုင်သော နေရာကြီး ဖြစ်ပေသည်။ မိမိကုသိုလ်ကြောင့် လိုသမျှကို သူများက အဆင်သင့် စီစဉ်ပေးရသည်။ ၀သဝတ္တိ နတ်ပြည်”နိုင်ငံကို ၀သဝတ္တိ နတ်မင်းကြီးက အုပ်ချုပ်သည်။ မာရ်နတ်အရည်အချင်း မာရ်နတ်၏စွမ်းရည် မာရ်နတ်အင်အား အနုပညာသမား မာရ်နတ် မာရ်နတ်ဝါဒ မာရ်နတ်၏ တိုက်ပွဲအဆင့်ဆင့် သို့သော် အချို့သော အနောက်တိုင်းမှ ဘာသာရေးနှင့် ဒဿနပညာရှင်များက `မာရ်´သည် အကောင်အထည် သဘောမျိုးမဟုတ်ပဲ စွဲလမ်းစိတ်ကို အခြေပြုကာ စွန့်လွှတ်လိုသည့်စိတ်အား အနှောက်အယှက်ပေးသည့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်သဘောဟုလည်း ဖွင့်ဆိုကြပေသည်။ သို့သော် မည်သို့ဆိုစေကာမူ မာရ်(သို့) မာရ်နတ် သည်မကောင်းမှုကို အားပေးသည့်သဘော၊ ကောင်းမှုကုသိုလ်ကို ဖျက်ဆီးလိုသည့် သဘောရှိပေသည်။ မူလပဏ္ဏာသ အဋ္ဌကထာ၌ မာရ်နတ်ဟူသည် ပရနိမ္မိတဝသဝတ္တိဘုံ၌ လူ့ပြည်တွင် နိုင်ငံအစွန်အဖျားကို ဓားမြတိုက်နေည့်မင်းသားကဲ့သို့ ဆိုးသွမ်း နေသော နတ်သားဖြစ်သည် ဟု ဆိုထားသည်။ ဂေါတမမြတ်စွာဘုရားလောင်း တောထွက်တော်မူသည်မှစ၍ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုသည်အထိ ကိုယ်တော်မြတ်အား မာရ်န်တ်သည် မိမိတန်ခိုးဖြင့် အမျိုမျိုသော အနှောင့်အရှက် အဖျက်အဆီးများကို စွမ်းအားရှိသမျှ ပြုသော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ ဘုရားလောင်း တောထွက်တော်မူစဉ်က ဘုရားဖြစ်မည့် အရေးကို တွေးမိတိုင်း ရန်သူပမာ စိတ်ထာသော မာရ်နတ်သည်ဘုရားလာင်း တောမထွက်ဖြစ်အောင် မြစ်တားခဲ့၏။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်ဖန် ဘုရားလောင်းသည် ဗောဓိပင်၏ အောက်အပြင် ရွှေပလ္လင်ထက်၌ မလျော့သော လုံ့လဝီရိယဖြင့် ဘုရားအဖြစ် ကို အရယူရန် ကြိုးစားတော်မူစဉ်က မာရ်နတ်သည် ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော ဂိရိမေခလာ ဆင်ပြောင်ကို စီးကာ နတ်စစ်သည် ပေါင်း မြောက်မြားစွာ ခြံရံလျက် လက်နက်အမျိုးစုံတို့ဖြင့် ဘုရားလောင်းကို တိုက်ခိုက်လာ၏။ ဘုရားဖြစ်မည့် ဆဲဆဲ ဖြစ်သော အလောင်းတော်အား ခစားဆည်းကပ်လျက်ရှိကြသော နတ်သိကြား အပေါင်းတို့သည် မာရ်နတ်၏ ရန်ကိုခံရန် မစွမ်းနိုင်တော့ဘဲ မိမိတို့ မျက်နှာမူရာ အရပ်သို့သာ ရှေးရှူ ပြေးကြကုန်၏။ သဟမ္ပတိဗြဟ္မာကြီးသည် ဗြဟ္မာ့ပြည်သို့ ပြေးလေ၏။ ဘုရားလောင်းကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဆည်းပူးခဲ့သော ဆယ်ချက်သော ပါရမီတော်ကို လက်နက်ပြုကာ မြင့်မြတ်သော နှလုံးရည်ဖြင့် တည်ငြိမ်စွာ နေလေသည်။ နောက်ဆုံး၌ မာရ်နတ်သည် စစ်ရှုံးကာထွက်ပြေးရလေသည်။ တစ်ဖန် မာရ်နတ်သည် မိမိ၏ သမီးတော်သုံးပါးဖြင့် မြတ်စွာဘုရားအား ဖျက်ဆီးပြန်သော်လည်း မအောင်မြင်ဘဲ အရှုံးပေးရပြန်သည်။ တစ်ဖန် ဗုဒ္ဓမြတ်စွာသည် တရားတော် ဒေသနာများကို ၄၅ ဝါ ပတ်လုံး ကောင်းစွာ ဟောကြားတော်မူပြီးသည့်နောက်တွင်မာရ်နတ်သည် မကောင်းသော နှလုံးသွင်းဖြင့် မြတ်စွာဘုရားအား ပရိနိဗ္ဗာန်ဝင်စံဖို့ သင့်ပြီဖြစ်ကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားသောကြောင့် ပရိနိဗ္ဗာန် ဝင်စံပေတော့အံ့ဟု ဝန်ခံတော်မူလိုက်လေသည်။ တစ်ဖန် သာသနာ့ ဒါယကာဖြစ်သော သီရိဓမ္မာသောကမင်းကြီး၏ ခုနစ်လ ခုနစ်ရက်တိုင်အောင် ပြုလုပ်သော စေတီပူဇော်ပွဲကြီး၌ လည်း မာရ်နတ်သည် အမျိုးမျိုးဖျက်ဆီးရာ ဥပဂုတ္တတိဿနာဂထေရ် (ရှင်ဥပဂုတ်) နှိမ်နင်းတော်မူမှ ပူဇော်ပွဲအောင်မြင်ခြင်းသို့ရောက်ခဲ့ရလေသည်။ ဤသို့လျှင် မာရ်နတ်သည် မြတ်စွာဘုရားနှင့် ဘုရား သာသနာတော်တွင် ရန်သူသဖွယ် ဖြစ်ခဲ့လေသည်။ ကိုးကား ၃၁-ဘုံ နတ်ဘုံ ခြောက်ဘုံ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%9B%E1%80%BA%E1%80%94%E1%80%90%E1%80%BA
မာရ်ငါးပါး
`မာရ်´ ဟူသော ပါဠိစကား၏ အနက်မှာ `သေခြင်း´ဟူ၍ ဖြစ်သည်။ ပါဠိဓာတ်ကျမ်းများက `မရ ၊ ပါဏစာဂေ ၊ မရဓာတ်သည် အသက်ကို စွန့်စေခြင်း အနက်၌ ဖြစ်၏။´ဟု ဆိုသည်။ ပါဠိအင်္ဂလိပ် အဘိဓာန်များက `မာရ´ကို Death သေခြင်း ဟု ဖွင့်ဆိုကြသည်။ `မာရ၊ မာရ´ဟူသည် သေခြင်းကို ဆိုလိုပေသည်။ `မာရဓမ္မ´ဟူသည် သေခြင်းတရား ပင်ဖြစ်သည်။ ဟူ၍ ဖွင့်ပြတော်မူထားသည်။ သို့ဖြစ်၍ သက်ရှိသတ္တဝါများ သေခြင်း၊ သေစေခြင်းကို `မာရ...မာရ်´ဟုခေါ်ကြောင်း လက်ရင်းကျကျ မှတ်သားရသည်။ သတ္တဝါများ သေရခြင်း၏ အကြောင်း၊ သေခြင်းမကင်းရသည့် အကြောင်းများကို ရှာကြည့်သော် ငါးမျိုး တွေ့ရသည်။ ဒေဝပုတ္တ မာရ် = မာရ်နတ် ကိလေသ မာရ် = ကိလေသာဆယ်ပါး အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု ခန္ဓ မာရ် = ခန္ဓငါးပါး မစ္စု မာရ် = သေခြင်းတရား တို့ဖြစ်သည်။ (၁) ဒေဝပုတ္တ မာရ် = မာရ်နတ် မာရ် (၅)ပါးမှာ တစ်ခုတည်းသော သက်ရှိ မာရ်ဖြစ်သည် ။ ကျန်သော မာရ်တို့မှာ သက်မဲ့ မာရ်များသာဖြစ်သည် ။ ဒေဝပုတ္တ မာရ် = ဒေဝပုတ္တ ( နတ်သား ) + မာရ် (သေအောင် သတ်တတ်တဲ့ ) = "သေအောင် သတ်တတ်သည့် နတ်သား" ဟု အဓိပ္ပာယ်ရသည် ။ နတ်ပြည် ၆-ထပ်၏ အပေါ်ဆုံးထပ် (ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ) မှ နတ်ဆိုးတစ်ဦး ဖြစ်သည် ။ ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည်၏ နတ်မင်းကြီးက ၀သဝတ္တီ နတ်မင်းကြီး ဖြစ်သည်။ ၃၁-ဘုံလုံးတွင် သူတန်ခိုးကြီးသည်။ ကာမဂုဏ်ဆိုသည် သတ္တဝါတွေ အတွက် မိမိကပဲ ဖန်ဆင်းပေးထားတာမျိုး အထင် ရောက်နေသူများ လည်းဖြစ်သည်။ ထို့ကြောင့် သတ္တဝါတွေ သံသရာမှာ ဘဝမျိုးစုံ ကျင်လည်ရင်း မိမိဖန်တီးပေးထားသည့် လောကီအာရုံ ကာမဂုဏ်တွေကို ခံစားနေကြခြင်းကို ကြိုက်နှစ်သက်သည် ။ ထို့ကြောင့် ကာမဂုဏ်ကို စွန့်ပယ်ရန် ရည်ရွယ်ကာ နည်းလမ်းမှန်မှန်ဖြင့် တရားဟောမည့် ဘုရားလောင်းများကို အနှောက်အယှက် ပေးလေ့ရှိသည် ။ ထို့အပြင် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စုံတစ်ယောက် သံသရာ ပြတ်ကြောင်း ကျင့်ကြံနေပြီဆိုလျှင် ကာမဂုဏ်မျိုးစုံနှင့် နှောက်ယှက် တတ်သည်။ မာရ်နတ် = "သတ်ဖြတ်သူ ၊ ညှဉ်းပန်းနှိပ်စက်သူ" ဟုလည်း ခေါ်နိုင်သည်။ (၂) ကိလေသမာရ် = ကိလေသာဆယ်ပါး ကိလေသာ ဟူသည် ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်သည့် တရားများပင် ဖြစ်သည်။ ထိုကိလေသာရှိနေသမျှ သံသရာတွင်းမှ မလွတ်ဘဲ တဝဲလည်လည် ကျင်လည်ပြီး သေပြီးရင်းသေ နေရဦးမည်ဖြစ်သဖြင့် ကိလေသာ ကိုလည်း သတ်တတ်သည့် မာရ် ဟုပင်ခေါ်သည်။ ကိလေသာ အကျဉ်း(၁၀)ပါး ရှိသည်။ လောဘ = လိုချင်တပ်မက်ခြင်း ဒေါသ = အမျက်ထွက်ခြင်း( စိတ်ထဲမှာ တနှံ့နှံ့ဖြင့် အသားထဲဆူးဝင်သလို မျက် နေခြင်း၊ စိတ်ထဲမှာပဲ တင်းပြီး မပေါက်ကွဲသေးတဲ့ အဆင့် ၊ physically(အပြင်ပန်းအားဖြင့်) ဘာမှ မလုပ်သေးသည်ကို "ကောဓ (အမျက်)" [lac:NyD; ကောဓ အပြင်ထွက်ပေါက်ကွဲခဲ့လျှင် "ဒေါသ" ဖြစ်သည်။ (ထို့ကြောင့် ကဏ္ဍဇာတ်တော်တွင် ကဏ္ဍရသေ့ကြီးက ကောဓမဖြစ်ရပါလို၏။ ဒေါသမဖြစ်ရပါလို၏ ဟုခွဲပြီး ဆုတောင်းအဓိဌာန်ပြုခဲ့ခြင်းဖြစ်သည်။) မောဟ = တွေဝေမိုက်မဲခြင်း( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးနေတတ်ပါတယ်။ အဝိဇ္ဇာ နဲ့ မောဟ ဘာကွာလဲ ဆိုတာမျိုး မေးရင် မသိတာ ဆိုတာ ပဲ ပြောနိုင်ကြတယ်။ ဆရာတော်ဘုရားများ ဟောတဲ့ အရှင်းဆုံးကတော့ သစ္စာ(၄)ပါး ကို မသိခြင်းဟူသည် "အဝိဇ္ဇာ"ဖြစ်သည်။ ဒိဌိနှင့် နွယ်ပါသည် ။ ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေဝေ ငေးငေးငိုင်ငိုင်ဖြင့် လုပ်နေခြင်း ၊ ကိုယ်လုပ်နေသည့် လုပ်ရပ်ကို ကုသိုလ် ၊ အကုသိုလ်ဟုခွဲခြား မသိခြင်းမှာ…"မောဟ"ဖြစ်သည်။ သစ္စာမသိခြင်းလောက်လည်း အဆင့်မမြင့်ပါ ။ သစ္စာမသိလျှင်သံသရာလည်မည်၊ မောဟများလျှင် အပယ်လားမည်။ အလှူ လှူသော်လည်း မည်ကဲ့သို့ လှူသင့်သည်ကို မသိ ၊ ဒီအလှူကဘာကုသိုလ်ရမည်ကိုလည်း မသိ ၊လှူတော့လှူနေခြင်းကို မောဟဖုံးလွှမ်းခြင်းဟု ဆိုသည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေသည်။ မည်သို့ လှူပါက ကုသိုလ်ရမှန်းကိုလည်း သိသည်။ ကုသိုလ်ရအောင်လှူပြီးသောအခါမှ ဒီကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဟုဆုတောင်းလိုက်သောအခါ အဝိဇ္ဇာပါ သွားပါပြီဖြစ်သည်။ ဒုက္ခသစ္စာကို မသိသောကြောင့် နောက်သမုဒယသစ္စာကို လိုချင်တာမျိုးဟု ဆိုရမည်ဖြစ်သည်။ နောက်ဥပမာ- လူတစ်ယောက် အတိတ်ကိုတွေးမိလျှင် ဒေါသဖြစ်မည်။ ထိုကြောင့် ဘာမှ ပြန်မရတောသည့် အတိတ်ကို မတွေးပါနှင့်။ အနာဂတ်ကိုတွေးရင် လောဘ ဖြစ်မည်။ အနာဂတ်ကမရောက်သေးသောကြောင့် ဖြစ်၊ပျက်သံသရာမှာ ကြိုတင်ပြီး လောဘစိတ်မထားပါနှင့်။ ပစ္စုပ္ပန်တွင် မောဟဖြင့် မနေနှင့်ဟု ဆရာတော်များဆုံးမလေ့ရှိပါတယ်။ သတိနဲ့ ကုသိုလ်၊အကုသိုလ်ခွဲခြားနိုင်သော ပညာရှိနေခြင်းသည် မောဟကင်းခြင်းပင်ဖြစ်သည်။ ပညာမြင့်လာခြင်းဖြင့် သစ္စာတရားများကို သိမြင်လာလျှင် အဝိဇ္ဇာပါ ကင်းလာပါမည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေပါဦးမည်။ ထိနမိဒ္ဓ ကဲ့သို့ ငိုက်နေခြင်းမျိုး တော့မဟုတ်သေးပါ။ မာန = ထောင်လွှားခြင်း(မာန ဆိုသည်မှာ မာန် ပင်ဖြစ်သည် ။ မာန်တက်နေသည် ။ မာနကြီးနေသည်) မာန်(မာန) (၃) မျိုး ရှိသည် ။ (၁)သေဌမာန် = "ငါသာမြတ်သည်" ဟု မာန်တက်ခြင်း (၂)သဒိသမာန် = "ငါနှင့် တန်းတူသည်"ဟု မာန်တက်ခြင်း (၃)ဟိနမာန် = "ငါကား နိမ့်၏ ၊ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ရန် မလို"ဟု မာန်တက်ခြင်း တို့ဖြစ်သည်။ မာန်တက်ရန် (၃) ချက် ။ (၁)ဇာတိမာန် = ဇာတ်ကို စွဲ၍ မာန်တက်ခြင်း (၂)ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း (၃)ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်သည်။ ဒိဌိ ( မိစ္ဆာ ဒိဌိ ) = အယူမှားခြင်း(အားလုံး ၆၂-ပါး ။ ဒါပေမယ့် ၃ ပါး ၊ နိယတ (၄) ပါး။ (၁၀)ပါး ၊ (၁၁)ပါး စသဖြင့် ဆရာတော်များက အလျဉ်းသင့်သလို ဟောပြောကြသည်။ မိစ္ဆာဒိဌိ ကိုအလုံးစုံမရှင်းတော့ဘဲ သမ္မာဒိဌိ (၅) ပါးကို ဟောပြောသည်လည်းရှိသည် ။) ဒိဌိ သည် ရှစ်ပါးသော တရားတို့ကို အမှီပြုပြီး ဖြစ်တတ်သည်။ ခန္ဓာ အဝိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ …ဟူ၍ (က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၎င်း ၊ (ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၎င်း ၊ (ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၎င်း ၊ (ဃ) မှတ်သားမှု နဲ့ ပတ်သက်၍ ၎င်း ၊ (င) အကြံအစည် နဲ့ ပတ်သက်၍ ၎င်း ၊ (စ) နှလုံးသွင်းမှု နဲ့ ပတ်သက်၍ ၎င်း ၊ (ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၎င်း ၊ (ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၎င်း ဒိဌိ ဖြစ်လာပါတယ်။ ဝိစိကိစ္ဆာ =တွေးတော ယုံမှားခြင်းသဘော ( သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘော ) ( ဝိစိကိစ္ဆာ သည်လည်း ရှစ်ပါးသော တရားတို့အပါ်တွင် အမှီပြုပြီး ဖြစ်တတ်သည်။ (က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဉာဏ်တော်များ နဲ့ ပတ်သက်၍ ၎င်း ၊ (ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၎င်း ၊ (ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၎င်း ၊ (ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၎င်း ၊ (င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း ၊ (စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း ၊ (ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၎င်း ၊ (ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၎င်း ဝိစိကိစ္ဆာ ဖြစ်လာသည်။ ဒိဌိ နဲ့ ဝိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပြီဖြစ်သည်။ ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း (မြွေ ဘဝမှ ဖြစ်လာသောသူများတွင် ထိနမိဒ္ဓ များသည်ဟု ဘုရားရှင်က ပုဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့ဖူးသည်။) ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း ။ အဟိရိက = မကောင်းမှုလုပ်ရခြင်းကို မရှက်ခြင်း ။ အနောတ္တပ္ပ = မကောင်းမှုလုပ်ခြင်းကို မကြောက်ခြင်း ။ ၎င်းတို့မှာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်သည်။ ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲလို့ရပါသေးသည်။ ကိလေသာ (၃)မျိုး (၁) ဝိတိက္ကမ ကိလေသာ - အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် ) (၂) ပရိယုဌာန ကိလေသာ - မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် ) (၃) အနုသယ ကိလေသာ - သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျူးလွန်တတ်သော ကိလေသာ ။ ( ဝိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်) ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးတို့တွင် ကိလေသမာရ် သည် အဓိက ရန်သူကြီးဖြစ်သည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပျက် အောင်နိုင်ပါမည်။ (၃) အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ တွေကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘဝရောက်မည်။ မည်သည့်ဘဝသို့ ရောက်စေကာမူ သေရ ဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမည့်ဘဝကိုရအောင် ပြုလုပ်ရာ ရောက်နေသော သတ်တတ်သော ၊ သေစေတတ်သော မာရ်ပင် ဖြစ်သည်။ သင်္ခါရ တရားကို (၃) မျိုး ခွဲနိုင်သည်။ (၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ (၂) အပုညာဘိ သင်္ခါရ = အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။ (၃) အာနဥ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (ဝါ) သတ္တဝါ၏ ကာယ၊ ဝါစာ၊ ဉာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။ ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာ ၊ကုသလံ - ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ - ကံသည် ၊ဝိပါကာနံ - အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ - နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ - ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ။ ….. စေတနာ - စေတနာသည် ၊ သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ - တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစေတနာကြောင့်ဖြစ်ကုန်သော ရူပါနံစ - စိတ္တဇရုပ်တို့အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ …ဟုဆိုသည်။ ထို့ဗကြာင့် ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ်ကာ၊ မကောင်းခြင်းကိုပြုသောကြောင့် မကောင်းတာဖြစ်တတ်သကဲ့သို့ ၊ ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာမဖြစ် ၊ မကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ် တတ်သည့် ဖြစ်စဉ်များလည်းရှိပေသည်။ အောက်ပါ ကံ ( ၄ ) ချက် ပေါ်မူတည်ပါသည်။ ကံ ၊ ကံ ၏အကျိုး ဖြစ်ထွန်းမှု ကို အတိုချုပ်ရရင်- ၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဌဓမ္မ ဝေဒနိယ ကံ ) ၂- နောင်ဘဝမှ အကျိုး ပေးသော ( ဥပ ပဇ္ဇဝေဒနိယ ကံ ) ၃- ချက်ချင်းလက်ငင်း ယခုဘဝရော ၊ နောင်ဘဝမှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘဝမှသည် ကံပိုင်ရှင် ထိုလူသား နိဗ္ဗာန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည်။ ( အပရာပရိယ ဝေဒနိယ ကံ ) ၄- ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ. ဖျက်ဆီးခြင်း ခံလိုက်ရသော ( အဟောသိကံ ) …တို့ဖြစ်သည်။ အဘိဓမ္မာနည်းအရ ဝီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်ဖြင့် ယှဉ်သော စေတနာကံ သည် ဒိဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ. ယှဉ်သော စေတနာကံ သည် ဥပ ပဇ္ဇ ဝေဒနိယ (ဒုတိယဘဝ) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည် ။ ထိုကံတို. မရင်.ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။ (က)မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘဝကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ ) (ခ) ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမည် ။ သို့သော် ငရဲကလွတ်သောအခါ ဝိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်။) အရေးကြီးသည်မှာ အကုသိုလ် လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ် ၊ သို့မှသာ အကျိုးပေးခွင့်မရ ဘဲ အဟောသိကံ ဖြစ်သွားကြမည်။ ကုသိုလ် လုပ်လျှင် တိုးပွားအောင် အားဆင့်ပေး ၊ သို့မှသာ ကောင်းကျိုးပေးခွင်.ရမည်။ ဒါပေမယ့် ပြုလုပ်တဲ့ ဒါန ၊သီလ ၊ ကံတွေ အပေါ်မှာ လိုချင်တပ်မက်သည့် တဏှာ မကပ်ငြိရပါ။(မိုးကုတ်ဆရာတော် ဘုရားကြီး အကြိမ်ကြိမ်ဟောလေ့ရှိသည်။။ နတ်သမီး ၅၀၀ နှင့် သုဗြဟမ နတ်သားဇာတ်၊မည်သည့် ဘဝရောက်ရောက် သေရဦးမည် ဆိုသည်ကို ထင်ရှားသော ဇာတ်တော်များကို နာယူကြည့်ခြင်းဖြင့် သိနိုင်သည်။) နောက် ဒါန ၊သီလ ၊ဘာဝနာ ပြုနေချိန်မှာ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဓမ္မစေတီ ဦးကောသလ၏ ဒသနသမ္ဗဒါ နည်းဖြင့် ရှင်းလင်းပြသသည့် ဒါန ၊ အမြတ်ဆုံးဒါန ၊ သဒ္ဒါမှသည် နိဗ္ဗာန်ဆီသို့ စသောတရားများကို မှတ်သားကြပါ ။ သို့မှာသာ အဘိသင်္ခါရ မာရ်အား အသိဖြင့် တားနိုင်မည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ် ကို အမြစ်ပျက် အောင်နိုင်မည်။ (၄)ခန္ဓမာရ် = ခန္ဓငါးပါး ခန္ဓမာရ် ဆိုရာ၌ ခန္ဓာကိုယ်ရှိနေသမျှ ထိုခန္ဓာကိုယ်သည် သေရမည်အမှန်ပင်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမည်၊ သို့ဖြစ်၍ ခန္ဓာကိုယ်သည်လည်း သေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် ခန္ဓမာရ် ၊ ခန္ဓာတည်းဟူသော သေမှုသေခင်း တစ်ရပ်ဟု ဆိုပေသည်။ (၅)မစ္စုမာန် = သေခြင်းတရား မစ္စုဟူသည်မှာ သေခြင်းဟု အဓိပ္ပာယ်ရသည်။ သေခြင်းအတွက် အကြောင်းပြချက် မျိုးစုံရှိသည်။ အခြားသော ဘာသာဝင် တွေကလည်း ဘာကြောင့်သေရသည်ကို အမျိုးမျိုး အကြောင်းပြကြသည်။ အခြားသော ဘာသာများ၏ သေခြင်းအပေါ် သုံးသပ်ချက်တွေကို မတင်ပြလိုပါ။ ဗုဒ္ဓဘာသာ အလိုတွင်မူ မွေးလို့ သေရသည်။ မသေလိုလျှင် နောက်တဖန် မွေးဖွားခြင်းမခံရစေရန် ယခုဘဝအား နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရမည် ဟုဆိုသည်။ မွေးဖွားလာလျှင် အကြောင်း (၄) ချက်ကြောင့် ပြန်သေကြရသည်။ ၎င်းတို့မှာ- (၁) အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း ) (၂) ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း ) (၃) ဥဘယက္ခယ = အသက်တမ်းနဲ့ ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း ) (၄)ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍သေခြင်း ( လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း ) …တို့ဖြစ်ပါတယ်။ မည်သို့ဆိုစေ သေခြင်းကို သတ္တဝါတို့ ကြောက်ကြသည်။ ကြောက်ရခြင်းမှာလည်း သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက် ကြောင့် ဖြစ်သည်။ (၁) မိမိ၏ချစ်သူ၊ ခင်သူ မိသားစု များနဲ့ အပြီးတိုင်ခွဲခွာရမည်ကို ကြောက်ခြင်း ၊ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလိုဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေးငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း ။ (၂) မိမိ၏ အမြတ်တနှိုး သုံးစွဲခဲ့သောသိမ်းဆည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊ (၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနာများကို တွေး၍ကြောက်ခြင်း၊ (၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း …. တို့ဖြစ်သည်။ သေခါနီးသတ္တဝါတွင် ဆိုးဝါးလွန်းသော ဝေဒနာများ ခံစားရလေ့ရှိသည် ဆို၏။ လူတစ်ယောက်၏ နောက်ဆုံးအချိန်တွင် သေဆုံးသွားအောင် နှိပ်စက်သော ဝေဒနာ တို့သည် လေ (၃) မျိုး ကြောင့် ဖြစ်လာရသည်ဆို၏။ ( မှတ်ချက် ။ ။ ပုံမှန် အချိန်တွင် လေ (၆) မျိုးရှိသည်။ အကျယ် အားဖြင့် လေမျိုး (၈၀) ဆိုတာလည်းရှိသေးတယ်) ထို သေစေသော လေ (၃) မျိုး မှာ- (၁) သတ္ထက ဝါဓ - ဓားငယ် နှင့်တူသောလေ ( ကိုယ်တွင်း၌ ဓားငယ်ဖြင့် မွှန်းနေသကဲ့သို့ နာကျင်စေသော လေ ) (၂)ခုက္တက ဝါဓ - သင်တုန်းဓားနှင့် တူသောလေ ( အူ ၊အသဲများကို ပိုင်းဖြတ်နေ သကဲ့သို့ နာကျင်စေသော လေ ) (၃) ဥပလ္လက ဝါဓ - နှလုံးသားကို ပင် အပြင်ထုတ်ပစ်နိုင်လောက်အောင် ပြင်းထန်စွာတွန်းကန်သော လေ ( ဝမ်းတွင်းမှ အူကလီစာများ ၊ ငယ်ချီးများပါ အပြင် ထွက်ကျလာအောင် နာကျင်စေသော လေ ) ဤလေများကို ကြံ့ကြံ့ခံနိုင်ရန် ဝေဒနာနုပဿနာ ကို လေ့ကျင်ကြရသည်။ သေခြင်းနှင့် ပတ်သက်လျှင် အကြောင်းအရာ အများကြီး ဖြစ်သည်။ သေချိန်တွင် ဖြစ်ပေါ်သည့်ကံနှင့် ဇောစိတ်များ ကို ဝိပဿနာ ဆိုင်ရာ ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ကြပြီးဖြစ်သည်။ တခြားဘာသာဝင်များအနေဖြင့် သေခြင်းကို အောင်နိုင်ရန် သေကြည့်ရမယ် …ပြီးလို့ ပြန်ရှင်လာမယ် ဆိုရင် သေခြင်းကိုအောင်နိုင် ပြီ လို့ ဆိုကြပါတယ် ။ ဗုဒ္ဓဘာသာ အလိုအရကတော့ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ ၊ နိရောဓဖြစ်နေတဲ့ အသစ်တဖန် မွေးဖွားခြင်း၊သေဆုံးခြင်း ကင်းရာ နိဗ္ဗာန် ကို အရဟတ္တဖိုလ် ဖြင့် ဆိုက်ရောက်ရခြင်းဟာ သေခြင်းမာရ်ကိုအောင်နိုင် ခြင်း ဖြစ်သည်။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%9B%E1%80%BA%E1%80%84%E1%80%AB%E1%80%B8%E1%80%95%E1%80%AB%E1%80%B8
မာမာအေး
မာမာအေး သည် မြန်မာအမျိုးသမီး အဆိုတော် တစ်ဦး ဖြစ်သည်။ မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ ဖွားမြင်သည်။ ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ ဖြစ်ပြီး အမည်ရင်း မအေးမြင့် ဖြစ်သည်။ အနုပညာဘဝ နှင့် အမည်မျိုးစုံ အသက် ၃ နှစ်ကျော်မှ စ၍ "ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့" တွင် သီချင်းဆို၊ ပြဇာတ် ကခဲ့သည်။ အသက် ၈ နှစ်တွင် စတင် အသံလွှင့်ခဲ့သည်။ သန်းသန်းမြင့် အမည်ဖြင့် "စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့"၊ မြင့်မြင့်အေး အမည် ဖြင့် "ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့"၊ "မြင့်သီရိ အပျော်ထမ်း တူရိယာ အဖွဲ့"၊ "ချိုတေးရှင် တူရိယာ အဖွဲ့"၊ မာမာအေး အမည်ဖြင့် "ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့"၊ "စစ်ရဲ ဂီတ တူရိယာ အဖွဲ့"၊ "ကေသီပန် တူရိယာ အဖွဲ့"၊ "ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့"၊ "စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့"၊ "မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့" တို့တွင် ပါဝင် ဖျော်ဖြေ ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းဖြင့် နိုင်ငံသိ အဆိုတော် ဖြစ်လာသည်။ ၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်များတွင် ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲ၌ အလယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက် ရရှိ၍ တံခွန်စိုက်ဆု အပ်နှင်းခြင်း ခံရသည်။ ထိုကာလများအတွင်း "လေးမာ" ကလောင်အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများလည်း ရေးခဲ့သည်။ ၁၉၆၁ မှစတင်၍ မြန်မာ့အသံ၌ အစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်သည်။ “မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကား၏ သရုပ်ဆောင်လည်း ဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းများ ၁၉၇၁ ခုနှစ်တွင် “တေးသံရှင်ဓာတ်ပြားထုတ်လုပ်ရေး” ကို တည်ထောင်ခဲ့သည်။ “သိုးကလေးမေမေ” လုံးချင်းဝတ္ထု ရေးသားခဲ့သည်။ ၁၉၇၆ တွင် “အေး အဆိုလေ့ကျင့်‌ရေးကျောင်း” တည်ထောင်ခဲ့သည်။ “မာမာအေး တေးဂီတလုပ်ငန်း”၊ စတူဒီယို - အေ အသံသွင်းခန်း စသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့သည်။ အသင်းအဖွဲ့တာဝန်များ မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်သည်။ ၁၈၈၉ ခုနှစ်တွင် အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး (၁)၊ ၁၉၉၅ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုရေး ကော်မတီအဖွဲ့ဝင်၊ စည်းဝါးသံကျ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များအတွင်း ပြုလုပ်သော ဆိုကရေးတီး ပြိုင်ပွဲများတွင် အဆိုအဖွဲ့ (မဟာဂီတ) အတွင်းရေးမှူး ဖြစ်သည်။ ၁၉၉၈ ခုနှစ်မှ စ၍ အမေရိကန် ပြည်ထောင်စုတွင် ခေတ္တ နေထိုင်လျက် ဂီတ မှတ်တမ်းများ ရေးသား ပြုစုရင်း၊ ဆေးပညာ သင်တန်းများ တက်ရောက် သင်ကြားရင်း အမေရိကန် ပြည်နယ် များနှင့် အင်္ဂလန်၊ဩစတြေးလျ၊ ဂျပန် နိုင်ငံများရောက် မြန်မာ့ ဂီတ ချစ်သူများကို သွားရောက် ဖျော်ဖြေ လည်ပတ်ရင်း လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ တဆင့် သောတရှင် ပြည်သူများ အတွက် "ပြောပြစရာ တွေလည်း တပုံကြီး ရှိသေးတယ်" ခေါင်းစဉ်ဖြင့် ရေးသား ပေးပို့ အသံလွှင့်လျက် ရှိသည်။ မိုးမခ Radio and Multimedia ၏ အကြံပေး ဖြစ်သည်။ ထုတ်လွှင့် ထွက်ရှိခဲ့သော ရေဒီယိုတေး ဓာတ်ပြား တေးစု နှင့် ရုပ်ရှင်တေးများ မြန်မာ အမျိုးသမီး အဆိုတော်များ မြန်မာ အမျိုးသမီး အဆိုတော်များ ကိုးကား
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%99%E1%80%AC%E1%80%A1%E1%80%B1%E1%80%B8
မိချမ်းဝေ
မိချမ်းဝေ ၁၉၅၃ - ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၌ အဖ-ဦးထွန်းခင်၊ အမိ-ဒေါ်သန်းစိန်တို့မှ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ဒေါ်ရီရီထွန်းဖြစ်သည်။ ငယ်စဉ်က-မွန်ပြည်နယ်၊ သထုံမြို့တွင် စတင်ပညာသင်ခဲ့သည်။ ၁၉၇၂ - မတ်လထုတ်-အိုးဝေဂျာနယ်၊ အမှတ်(၈၇)တွင်သခွတ်ပန်း(သထုံ) ကလောင်အမည်ဖြင့် ကျော်ဟိန်း အလိုရှိသည် ဆောင်းပါးကိုရေးသား၍ စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ (ထိုဆောင်းပါးသည် မိချမ်းဝေ-အဌမတန်းကျောင်းသူဘဝတွင် ပထမဆုံးရေးသားခဲ့ပြီး စာစောင်တွင် ဖော်ပြခံရသည့် ပထမဆုံး စာမူပင်ဖြစ်သည်။) ထို့နောက်တိုင်းရင်းမေ ဂျာနယ်တွင် ကဗျာများဆက်ရေးခဲ့သည်။ ၁၉၇၅ - သထုံမြို့၊ အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့။ ထိုနှစ်တွင်ပင် မွန်ပြည်နယ်ကိုယ်စားပြု၊ မွန်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးအဖြစ် (၂၉)ကြိမ်မြောက်၊ ပြည်ထောင်စုပွဲတော်-ကျိုက္ကစံ တွင် ပါဝင်ကပြခဲ့သည်။ ၁၉၇၆ - တနင်္သာရီတိုင်း မြိတ် အရှေ့မြို့နယ်၊ ကလင်ဘန်းကျေးရွာတွင် မူလတန်းပြဆရာမတာဝန်ကို စတင် ထမ်းဆောင်။ ၁၉၈၄ - မြိတ် မဂ္ဂဇင်းတွင် ကျွန်တော်ဖောင်သမား ဝတ္ထုတိုကို မိချမ်းဝေ ကလောင်အမည်ဖြင့် စတင်ရေး သားခဲ့။ ထို့နောက် ရုပ်ရှင်တေးကဗျာ၊ ကလျာ၊ မဟေသီ၊ မြန်မာ့ဓန၊ မြားနတ်မောင် စသည့်မဂ္ဂဇင်းဂျာနယ်များ တွင် စာပေများ ဆက်လက်ရေးသား။ ၁၉၈၇ - ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်း ဆရာအတတ်သင်ကျောင်းသို့ တက်ရောက်ခဲ့။ ထို့နောက် သထုံမြို့၊ ပေါ်တော်မူကျေးရွာ အ့မ့ကနှင့် မြိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မူလတန်းပြတာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ - ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အ့မ့က(၂၄)နှင့် အ့မ့က(၄)တို့တွင် ဆရာမအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့။ ယခုအခါ ကျန်းမာရေးအရ အမှုထမ်းဘဝမှအနားယူကာ စာပေရေးသားခြင်းဖြင့်သာ ဆက်လက်ရပ်တည်လျက်ရှိ။ ၂၀၀၀ - ပန်းအလင်္ကာ မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်။ ကမာရင်ကွဲနှင့် အခြားပင်လယ် ဝတ္ထုတိုများ စာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် ၂၀၀၀-ပြည့်နှစ်အတွက် အမျိုးသားစာပေ(ဝတ္ထုတိုပေါင်းချုပ်)ဆုရရှိ။)။ ၂၀၀၁ - ဆူးပန်းအိမ် (သန်းမြင့်အောင်နှင့်တွဲ)ဝတ္ထုထွက်။ အလွမ်းပင်ဆင့် ကျွမ်းရင်နင့် ပင်လယ်ဝတ္ထုရှည် ထွက်။ ၂၀၀၃ - လှိုင်းနှစ်ထပ်ပင်လယ်။ အနီးဆုံးဝတ်ရုံနဲ့ အလင်းညှို့ချက် ဝတ္ထုများထွက်။ ၂၀၀၄ - တိမ်စွန်လေနှင်(ဆုပြည့်နိုးနှင့်တွဲရေး)။ ငွေဇင်ယော်တွေလက်ယပ်ခေါ်နေတဲ့မြို့။ ပလီဇာချဲ့ လှိုင်းရဲ့သံစဉ် စသော စာအုပ်များထွက်။ ၂၀၀၅ - အရောင်လေးတွေက လှုပ်လီလှုပ်လဲ့(သန်းမြင့်အောင်နှင့်တွဲရေး) လိပ်ပြာကလေးရဲ့အကျႌ စသောဝတ္ထု များထွက်။ စာရေးဆရာများစုပေါင်းရေးသားသော လူထုအမေနှစ်(၉၀) စာအုပ်ကို စီစဉ်ထုတ်ဝေ။ ၂၀၀၆ - လှဆိုးဗျင်းရယ် ဆလုံနှင်းဆီ (အောင်ဝေးနှင့်တွဲရေး) ခရီးသွားစာအုပ်ထွက်။ ၂၀၀၇ - ကမ်းလှည့်ဆွတ်မီ'' လုံးချင်းဝတ္ထုရှည်ထွက်။ ယခုအခါ ဆရာမ-မိချမ်းဝေသည် အမှတ်(၁၀) အောင်ဘာလေလမ်း ကျောက်မြောင်း၊ တာမွေမြို့နယ်တွင် နေထိုင်၍ စာပေများ ရေးသားပြုစုလျက်ရှိ။ ထင်ရှားသောစာအုပ်အချို့ ၁။ ကမာရင်ကွဲနှင့်ဝတ္ထုတိုများ ၂။ လှိုင်းနှစ်ထပ်ပင်လယ် ၃။ အလွမ်းပင်ဆင့် ကျွမ်းရင်နင့် ၄။ အနီးဆုံးဝတ်ရုံနဲ့ အလင်းညှို့ချက်ဝတ္ထုတိုများ ၅။ ကမ်းလှည့်ဆွတ်မီ ကိုးကား မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသမီး စာရေးဆရာများ မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8%E1%80%9D%E1%80%B1
မိတ္ထီလာမြို့
မိတ္ထီလာမြို့သည် မြန်မာပြည်အလည်ပိုင်း တွင်တည်ရှိ၍ မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သောမြို့ဖြစ်ပြီး မိတ္ထီလာကန်၏နံဘေးတွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် မိတ္ထီလာမြို့အနီးမှ ဖြတ်သန်းဖောက်လုပ်ထားပြီး ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီး၊ ပုဂံ-တောင်ကြီးလမ်းနှင့် မိတ္ထီလာ-မြင်းခြံလမ်းတို့ ဆုံရာလမ်းဆုံလမ်းခွတွင်ဖြစ်သောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စည်ကားသော မြို့တစ်မြို့ဖြစ်သည်။ မိတ္ထီလာမြို့သည် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ သမိုင်း မိတ္ထီလာမြို့သည် ရှေးအခါက သျှိသျှားမြို့ဟု တွင်ခဲ့သည်။ ကန်တော်ကို အစွဲပြု၍ တွင်သော အမည်ဖြစ်ရကား ကန်တော်အမည် ပြောင်းသည်နှင့်အမျှ မြို့၏ အမည်လည်း ပြောင်းလဲခဲ့ပေသည်။ ယခု တွင်လျက်ရှိသော မိတ္ထီလာဟူသော အမည်ကား ပုဂံ အနော်ရထာမင်း၏ လက်ထက်တော်မှ စ၍ မထိလာ ဟူသော အမည်မှ ကာလ ရွေ့လျောသည့် အလျောက် ပြောင်းလဲလာသောအမည်ဖြစ်သည်ဟု ဆိုလေသည်။ မိတ္ထီလာကန်တော်သည် မြို့ကျက်သရေဆောင်ဖြစ်သကဲ့သို့၊ မြန်မာ့သမိုင်းနှင့်လည်း ဆက်စပ်နေသည်။ အနော်ရထာမင်းကြီးမှ စတင်ဆည်ဖို့ခဲ့ပြီး အလောင်းစည်သူမင်းပြုပြင်တည်ဆောက်ခဲ့သည်။ ကန်တော်အတွင်းရှိ အန္တကူ ရေလည်ဘုရားမှာလည်း ထင်ရှားသည်။ ကန်တော်ကမ်းပါးရှိ ဖောင်တော်ဦးစေတီတော်သည်လည်း ထင်ရှားသော စေတီတစ်ဆူဖြစ်သည်။ နှစ်စဉ် တော်သလင်းလတွင် စည်ကားသိုက်မြိုက်စွာ ဖောင်တော်ဦးစေတီတော်၏ ဘုရားပွဲတော်ကျင်းပလေ့ရှိသည်။ လှေပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသည်။ မိတ္ထီလာမြို့၏ သမိုင်းနောက်ခံသည် ဗမာလူမျိုးတို့၏မူရင်းဒေသဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းလွင်ပြင်ဒေသနှင့် ဆက်နွယ်လျက်ရှိသည်။ ပထမမြန်မာနိုင်ငံတော် စတင်ပေါ်ပေါက်လာသည့် ခရစ် (၁၁) ရာစုနှစ်မှစ၍ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှအင်ပါယာလက်အောက်ကျရောက်ခဲ့သည့် ခရစ် (၁၉) ရာစုနှစ်မတိုင်မီအထိ မိတ္ထီလာဒေသသည် ဗမာမင်းအဆက်ဆက်တို့၏ အာဏာစက်အောက်တွင် အစဉ်သဖြင့်တည်ရှိခဲ့လေသည်။ ၁၉၄၅ ခုနှစ်တွင် ဝီလီယံ စလင်း၏ လက်အောက်ခံ မဟာမိတ်တပ်များသည် ဖက်ဆစ်ဂျပန်တို့ကို မိတ္ထီလာစစ်မြေပြင်တွင် တိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လတ်ရေးရရှိပြီး မကြာမီမှာပင် ကရင်လက်နက်ကိုင်များလက်အောက်သို့ တဒင်္ဂကျရောက်ခဲ့သေးသည်။ ပထဝီဝင် အနေအထား မင်းဝံကုန်းတန်းထက်တွင် အမြင့်ပေ ၈ဝဝ ၌တည်ရှိသည်။ ရန်ကုန်မြို့မှ မော်တော်ကားလမ်းအတိုင်း ၃၃၈ မိုင်ဝေး၍၊ မန္တလေးမြို့မှ ၉၅ မိုင် ဝေးသည်။ သာစည်မြို့မှ မီးရထားလမ်းအတိုင်း ၁၄ မိုင် ကွာဝေးသည်။ ရန်ကုန် - မန္တလေး မော်တော်ကားလမ်း၊ ရှမ်းပြည်နယ် - ရေနံချောင်း မော်တော်ကားလမ်း၊ မြင်းခြံမှ မော်တော်ကားလမ်းတို့ ဆုံရာဖြစ်သည့်ပြင် သာစည် - မြင်းခြံ မီးရထားလမ်းပေါ်တွင် တည်ရှိပေရာ၊ လမ်းဆုံလမ်းခွတွင်ဖြစ်သောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စည်ကားသော မြို့တစ်မြို့ဖြစ်၏။ မြို့ပြလူဦးရေ မိတ္ထီလာမြို့မတွင် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက် အိမ်ခြေပေါင်း ၃,၇၃ဝ ရှိပြီးလျှင် လူပေါင်း ၂၅,၈၉၁(၁၉၆၃)ယောက်နေထိုင်လျက်ရှိလေသည်။ မိတ္ထီလာမြို့တွင် ခရိုင်အုပ်ချုပ်ရေးရုံးများ၊ လယ်ယာစိုက်ပျိုးရေး၊ ကြေးတိုင်နှင့် မြေစာရင်း၊ အမြတ်တော်ခွန်၊ ယစ်မျိုး၊ သစ်တော၊ သမဝါယမ၊ ရဲ၊ လမ်းလုပ်ငန်းနှင့် ဆည်မြောင်းဌာနစသည်တို့နှင့် ခရိုင်စက်ရှင်နှင့် တရားမရာဇဝတ်တရားသူကြီးစသည်တို့ ရုံးစိုက်ပေရာ၊ အစိုးရရုံးများသည် မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ မိတ္ထီလာတွင် တပ်မတော်လေယာဉ်ကွင်းရှိ၍ တပ်မတော်တပ်ပေါင်းစုများ၊ တပ်မတော်ဌာနချုပ် ရုံးများလည်းတည်ရှိသည်။ မိတ္ထီလာမြို့တွင် ထင်ရှားသော မိတ္ထီလာကန်သည် မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ စီးပွားရေး မိတ္ထီလာမြို့သည် ပတ်ဝန်းကျင် ခရိုင်များ၊ မြို့များသို့ပေါက်ရောက်သော ခရီးလမ်းဆုံလမ်းခွတွင် ရှိသောကြောင့်လည်း စီးပွားရေးတွင် ကောင်းမွန် ဖွံ့ဖြိုးကာ လူသိများသည်။ မိတ္ထီလာ ချည်မျှင်နှင့်အထည်စက်ရုံ (ယခုတပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ) တို့လည်းရှိသည်။ ယဉ်ကျေးမှု ရဟန်းတော်များ စာသင်တိုက်များအပြင် ထင်ရှားသော ဘုရားစေတီများ ရှိသည်။ ယင်းတို့ကား ပုဂံပြည် အနော်ရထာမင်းစော တည်ထားကိုးကွယ်ခဲ့သည့် ရှင်ပင်ဂူစေတီ၊ ရွှေဂူလှစေတီ၊ ရွှေဂူကြီးစေတီ၊ ရွှေစောလူးစေတီ၊ ရှင်ပင်ဇယစ်စေတီများ၊ ထို့ပြင် အလောင်းစည်သူမင်းတည်တော်မူခဲ့သော ရွှေမြင်တင် ၊ မြို့တွင်း ဆုတောင်းပြည့်၊ ဖောင်တော်ဦး၊ အတွင်းရွှေကျောင်း၊ အပြင်ရွှေကျောင်း၊ ရွှေမြင်မိ၊လောကထိပ်ပန်၊ ရွှေလက်လှစသည့် များစွာသော ဘုရားစေတီ အဆူဆူတို့ဖြစ်၏။ ရွှေမင်းဝံတောင်ထိပ်ထက်၌ တည်ရှိသော ရွှေမြင်တင်စေတီသည် ယခုအခါ ထင်ရှား၍ ကဆုန်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့များတွင် နှစ်စဉ် ပွဲတော်များကျင်းပသည်။ ယခုအခါဘုရားပရဝုဏ်အနီးတစ်ဝိုက်တွင် တပ်မတော်မှ အဆောက်အအုံများ တည်ဆောက်ပြီး စစ်တပ်ချထားသည်ဖြစ်သောကြောင့် ရွှေမြင်တင်စေတီကို မြေပြင်မှာ တည်ထားသကဲ့သို့ တွေ့မြင်ရပေသည်။ အထင်ကရများ မိတ္ထီလာကန် ဖောင်တော်ဦးဘုရားပွဲနှင့် လှေပြိုင်ပွဲ ဝန်ဇင်းမင်းရာဇာ ဦးရာဇတ် ထီလာစစ်သူ ကျန်းမာရေး မိတ္ထီလာမြို့တွင် အထွေထွေပြည်သူ့ဆေးရုံကြီးတစ်ခုနှင့် တပ်မတော်စစ်ဆေးရုံ (မိတ္ထီလာ)တို့ တည်ရှိကြသည်။ ကန်တော်ကို အမှီပြုရ၍ ရာသီဥတု ဆီလျော်သင့်မြတ်၏။ မြေမျက်နှာပြင် အနေအထားမှာလည်း ကောင်းမွန်၏။ ခြောက်သွေ့သော်လည်း လေကောင်းလေသန့်ရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည်။ အထူးသဖြင့် အဆုတ်နာရောဂါ၊ နှလုံးရောဂါ ဝေဒနာရှင်များအတွက် သင့်မြတ်သောကြောင့် ဆိုခဲ့သည့် ရောဂါများ စွဲကပ်နေသော ဝေဒနာရှင်တို့သည် မိတ္ထီလာမြို့သို့ သွားရောက်ကုသယင်း အနားယူကြပေသည်။ ပညာရေး အခြေခံပညာ မိတ္ထီလာမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း အမှတ်(၁)မှ အမှတ်(၆)အထိ တည်ရှိကြသည်။ အဆင့်မြင့်ပညာ မိတ္ထီလာမြို့တွင် မိတ္ထီလာတက္ကသိုလ် မိတ္ထီလာစီးပွားရေးတက္ကသိုလ်‎ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မိတ္ထီလာပညာရေးကောလိပ် သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ)‎ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)-တို့တည်ရှိကြသည်။ ==ကျေးရွာများ== ကင်ပွန်းခြုံ ကမ်းပါးတဲ ကန်တောင် ကန်သာ ကန်ကြီးကုန်း ကန်ခြား ကုန်းတန်း ကုန်းတန်းကျောင်း ကုန်းသာ(အလည်) ကွက်ငယ် ကုက္ကိုပင် ကုက္ကိုကုန်း ကုက္ကိုကျင်း(အလည်) ကုက္ကိုတော ကျောက်ပုံ ကျောက်ပုံကန် ကျောက်ဖူး ကျောက်အိုး ကျွယ်ကန် ကျီကုန်း(သီးပင်ကုန်း) ကျီးသာအိုင့် ကြိုးစု ကြာကန် ကြာကန်(တပျော်) ကြက်တက်ပင် ခင်လူး ချောက်ပင် ချောင်းနား ခံပင်အိုင့် ဂွေးကုန်း(မြောက်လည်) ဂွေးတောက်ကန် ဂွေးအိုင် ဆည်အောင်ကုန်း ဆပ်ပျာကျင်း ဆွာတော ညောင်ကိုင်း ညောင်ဇောက် ညောင်ကုန်း(ရေဝေ) ညောင်ပင်သာ ညောင်ပင်သာ (မုန်တိုင်) ညောင်ပင်သာ(ကျွယ်ကန်) ညောင်အိုင်(ကျွယ်ကန်) တောမ တဲကြီးကုန်း တက်ပိုး တမာပင် တပျော် တဲလှ တဲကြီးကုန်း တည်ပင်ကုန်း(အလည်) တယ်ပင်တဲ ထနောင်းအိုင်(ကျွယ်ကန်) ထနောင်းကျင်း ထနောင်ပင်တဲ ထန်းတော ထန်းချောင်းတော ထမုန်ကန် ထုံးအိုင်(အလည်) ထုံးအိုင် ထိန်ကန် ဒီးဒုတ်(ဆပ်ပျာကျင်း) ဒဟတ္တန်း ဒန်းကုန်း နတ်ကြီးကုန်း နွားစာငုတ် နဘဲကုန်း ပန်းတော်ဆက် ပျော်ကုန်း(အလည်) ပျော်ဘွယ်(အိုင့်ကြီးလည်) ပျော်ကုန်း ပေပင်ကုန်း ပန်းဒွေး ဖန်းခါးကုန်း ဖလန်ကျင်း ဘုံးအိုး မကျီးကုန်း မကျီးကုန်း(ကျွယ်ကန်) မကြီးချို မကျီးတန်း မကျီးပင်တဲ မကျည်းပင်ပု မယ်ဇလီကုန်း မောက်လောက် မုန်တိုင် မြာရဝေ မြင်းခြံရွာသစ် မြေခြား မြောက်လည် မိုးကောင်း ရက်တန်း ရွာသစ်(ဂွေးအိုင်) ရွာသစ်(ရေဝေ) ရွာသစ်(အုံတုံ) ရွာသစ် ရေချို ရေငံ ရေငံ(အလည်) ရေငံ(မြောက်လည်) ရေစင် ရေထွက် ရေဝေ ရုံးတောကြီး ရုံးတောလေး လက်ပံအိုင့်(အရှေ့) လက်ပံအိုင့်(အနောက်) လူးခင်းကြီး လဲတော ဝါးသုံးတော သပြေကန်(တောင်) သပြေကန်(မြောက်) သဖန်းပင်ရိုး သဘွတ်ကုန်း သရက်ခြံ သရက်ပင်(အနောက်) သရက်ပင်(အရှေ့) သာစည်(သီးပင်ကုန်း) သာစည်လေး သက်ငယ်ကျင်း သိမ်ကုန်း သီတပ်ကန် သီးကုန်း သီးပင်ခင် သီးပင်ကုန်း(အလည်) သံဘို သဲဖြူချောင်း သဲတော(တပျော်) အပျောက် အင်ပင်ဝ အင်ကြင်းကုန်း(အလည်) အင်းမ အုတ်ကျင်း အိုင့်ကြီးလည် အောင်ပန်း(သံဘို) အိုင်ရွာဟောင်း အိုင့် အုံတုံ အိုးအိုင်ကုန်း အ‌ေရှ့ဆည်ကုန်း‌ေကျးရွာ ဥယျာဉ်ရွာ၊ တောမအုပ်စု| ဥယျာဉ်(ချောင်းနား) ဥယျာဉ်(သံဘို) }} စေတီပုထိုးများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ မန္တလေးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%90%E1%80%B9%E1%80%91%E1%80%AE%E1%80%9C%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မိတ်လိုက်ခြင်း
ဇီဝဗေဒတွင် မိတ်လိုက်ခြင်း ဆိုသည်မှာ ဆန့်ကျင်ဖက် လိင် နှစ်စုံတို့သည် လိင်ဆက်ဆံခြင်း ဖြင့် မျိုးဆက်သစ် (offspring) ဖြစ်ပေါ်ခြင်းကို ဆိုသည်။ သတ္တဝါတို့တွင် မိတ်လိုက်ခြင်း နည်းများမှာ ကျပန်း မိတ်လိုက်ခြင်း (random mating)၊ မျိုးခွဲ မိတ်လိုက်ခြင်း (disassortative mating)၊ မျိုးတူ မိတ်လိုက်ခြင်း (Assortative mating) နှင့် ဘုံ မိတ်လိုက်ခြင်း (mating pool) ဟူ၍ ရှိသည်။ အချို ငှက်များတွင် မိတ်လိုက်ခြင်း အရာ၌ အသိုက်ဖွဲ့ခြင်း နှင့် သားမွေးခြင်း တို့ပါ ပါဝင်သည်။ လူတို့သည် အိမ်မွေးသတ္တဝါ တို့ကို သတ္တဝါ လင်ပေးစားခြင်း (animal husbandry) အတွက် လက်လုပ် သန္ဓေတည်ခြင်း (artificially inseminating) မှာ ခေတ်စားသည်။ လိင်ဆက်ဆံခြင်းသည် လိင်ဖြင့် မျိုးပွားသော သတ္တဝါ နှစ်ခုတို့၏ လိင်အင်္ဂါများကို ထိတွေ့ပြီး သုက်ဝင်ခြင်း (insemination) ဖြစ်ကာ နောက်ပိုင်းတွင် သန္ဓေအောင် (fertilization) သည်။ လိင် အပြုအမူ သတ္တဝါများ၏ မျိုးပွားခြင်း လိင်မှုဗေဒ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%90%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
မိုးကောင်းမြို့
မိုးကောင်းမြို့သည် မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်တွင် အကျုံးဝင်သော မိုးညှင်းခရိုင် တွင်တည်ရှိ၍ မိုးကောင်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မိုးကောင်းမြို့သည် ရှေးတစ်ခေတ်က ရှမ်းစော်ဘွားများ ကြီးစိုးတန်ခိုးထွားခဲ့စဉ် ရှမ်းမြို့တော် ဖြစ်ခဲ့သည်။ ဤသို့ ရှေးသမိုင်းဝင်ခဲ့သော မိုးကောင်းမြို့သည် ယခုအခါ နိုင်ငံတွင် မထင်ရှားတော့သော်လည်း တရုတ်လူမျိုးတို့ နှစ်သက်သော ကျောက်စိမ်းရတနာကို အများဆုံး ရောင်းဝယ်ရာ ဌာနဖြစ်သောကြောင့် မိုးကောင်းဆိုလျှင် ကျောက်စိမ်းထွက်ရာ အရပ်အဖြစ် လူသိများပေသည်။ ဒေသ သမိုင်းအကျဉ်း မိုးကောင်းမြို့ကို ဧရာဝတီမြစ်အတွင်းသို့ စီး ဆင်း ဝင်ရောက်ကြသောနန့်ကောင်းချောင်းနှင့်နန့်ရင်းချောင်းတို့ ပေါင်းဆုံရာဒေသတွင်တည်ထား ခဲ့ပြီး ရှမ်းအမျိုးအနွယ်တို့နေထိုင်ရာဒေသဖြစ်ခဲ့သည်။ ရှမ်းစော်ဘွားများ အဆက်ဆက် အုပ်ချုပ်လာပြီး ယခုမြို့ သည် စတုတ္ထအကြိမ် ပြောင်းရွှေ့ တည်ထားခဲ့သောမြို့ဖြစ်သည်။ မိုးကောင်းမြို့ ကိုစော်ဘွားများအဆက်ဆက်ဘာသာ သာသနာ-ဓလေ့ထုံးစံများနှင့်အညီ ထိန်းသိမ်းအုပ်ချုပ်ခဲ့ပြီး နှစ်ပေါင်း ကာလအတော်ကြာ ခဲ့ရာမှ မြန်မာဘုရင်မင်းများက နောက်ပိုင်းကာလတွင် စိုးမိုးအုပ်ချုပ်လာပြီး နေပြည်တော်မှ ခန့်အပ်သော ဝန်မင်းများပင် လာရောက်အုပ်ချုပ်ခဲ့ကြသည်။ မိုးကောင်းမြို့ကို ရှေးယခင် ကမိန်းကောင်းဟုခေါ်သည်။ ရှမ်းဘာသာစကားဖြစ်ပြီးအိုးစည်ဟု အဓိပ္ပာယ် ရသည်။ ကာလကြာသောအခါ မိုင်းကောင်းမှမိုးကောင်းဟု ခေါ်တွင် လာခြင်းဖြစ်သည်။ မိုးကောင်းမြို့ကို (၄)ကြိမ် (၄)နေရာပြောင်း၍ တည် များအရသိရှိရသည် ခဲ့ကြောင်း မှတ်တမ်းမျ ။ ပထမမိုးကောင်းတည်နေရာ မှာရှမ်းဘာသာစကားဖြင့်ပူကမ်းမြို့ဟုခေါ်သော ကာမိုင်းမြို့ဖြစ်သည်။ ဒုတိယမိုးကောင်း တည်နေရာမှာ ကာမိုင်းမြို့အနီး ဖက်လှော်နေရာဖြစ်သည်။ တတိယ မိုးကောင်းတည်နေရ ဝသည် မြို့ဟောင်းနေရာဖြစ်ပြီး စော်ဘွား ကံခွန်ကောင်းဆိုင်းက တည်ခဲ့ခြင်းဖြစ်သည်။ မြို့အမည်မှာ မိန်ကောင်းဆိုင်းဖြစ်၍ ကျောင်းကန်ပုထိုးများဖြင့် ထင်ရှားပြီး ဘာသာသာသနာ ရောင်ထွန်းပြောင်ခဲ့သည်။ မြို့ပန္နက်ကိုအရှေ့ -နောင်လမ်းအင်း၊ အနောက်နန့်ရင်းချောင်း၊ တောင်-နန့်ပုဏ္ဏားရေပေါက် ၊မြောက် -နန့်ကောင်း ချောင်း၊စော်ဘွားတောင်ကုန်း၊ မြို့နာမ်စေတီ၊ ညောင်ပင်ကျောင်းနေရာတို့၌တစ်ချိန်တည်း ပန္နက်ရိုက်ခဲ့သည်။ ကောဇာသက္ကရာဇ်(၁၁၅၃)ခုနှစ်တွင် မြို့တည်ခဲ့သဖြင့်မြို့တည်နှစ်ကို အလွယ်တ ကူသိရှိနိုင်ရန် အိမ်အောက်မြစိမ်းမိုးကောင်းကိန်း ဟု ဖွဲ့ဆိုခဲ့သည်။ မိုးကောင်းမြို့အား စတုတ္ထအကြိမ်မြို့ တည်သောသက္ကရာဇ် (၁၁၅၃)ခုနှစ် သည်ရာဇဝင်များနှင့်လေ့လာတိုက်ဆိုင်ကြည့်သော် သက္ကရာဇ်(၁၁၄၃)ခုနှစ်၌ ဘကြီးတော်ဘုရားနန် တက်သည့်နှစ်ကိုတွေ့ရသောကြောင့် ဘကြီးတော်ဘုရား၏ နန်းစံနှစ်(၁၀)နှစ်မြောက်တွင် စတုတ္တအကြိမ် မြို့တည် ခဲ့သော ဤမိုးကောင်းမြို့ ကို တည်ထောင်ခြင်းဖြစ်ကြောင်း သိရှိမှတ်သားရသည်။ မိုးကောင်းစော်ဘွားကြီး စဝ်မမောင်ဆိုင်သည် ဥဒည်ဂီရီဥတ္တရတိုင်း၉၉လုံးမိုင်း ဟူ သောအဆိုနှင့်အညီ ထမုံပေါ်မိုင်း(၉၉)အုပ်စုနှင့် ကျေးရွာပေါင်း(၂၄၀)ကိုအုပ်ချုပ်ခဲ့သည်။ မိုးကောင်းမြို့ကိုစော်ဘွား(၂၉)ဆက်မြို့ ဝန်(၅၅) ဆက်နှင့်အမတ်ချုပ်(၃)ဆက်တို့ကအုပ်ချုပ်ခဲ့သည်။ စော်ဘွားအုပ်ချုပ်မှုမရှိသည့်နောက်တွင် နေပြည်တော်မှခန့်အပ်သည့်မြို့ ဝန်များအနက် ဝန်းသိုစော်ဘွားဟောင်း မဟာရာဇာသိုဟုံမွှား ဦးရွှေသာသည် သက္ကရာဇ်(၁၂၄၆)တွင် မိုးကောင်းမြို့ဝန် ဖြစ်လာသည်။ သက္ကရာဇ် (၁၂၄၇)သီပေါမင်း နန်းကျပြီးနောက် မိုးကောင်းမြို့ ကို အမတ်ချုပ်ကြီး ဦးကုလားက ဆက်လက်အုပ်ချုပ်ခဲ့သည်။ သက္ကရာဇ်(၁၂၄၈)တွင် ဦးကုလား၏သား နေမျိုးသီရိကျော်ထင် ဦးဘိုးစော အရိုက်အရာဆက်ခံခဲ့သည်။ ဦးဘိုးစောသည်မိုးကောင်းမြို့၏ရိုးရာနောက်ဆုံး အမတ်ကြီးပင်ဖြစ်ခဲ့သည်။၁၂၄၈-၁၂၄၉ခု မင်းပြောင်းမင်းလွှဲဖြစ်ချိန်တွင်အမတ်ကြီးဦးဘိုးစောသည် လက်ရုံးဗိုလ်ကြီးများဖြစ်သောဗိုလ်ရွှေထီး၊ ဗို လ်ရွှေလယ်တို့နှင့်တိုင်ပင်၍ လူသူစုရုံးပြီးနယ်ချဲ့ အင်္ဂလိပ်တို့အား တွန်းလှန်ခဲ့သည်။ မြန်မာတစ် နိုင်ငံလုံး၏ အချုပ်အခြာအာဏာလက်လွှတ်ဆုံး ရှုံးပြီးနောက်နယ်ချဲ့အင်္ဂလိပ်တို့ အုပ်စိုးလာသော အခါ အရေးပိုင်၊နယ်ပိုင် ၊မြို့ပိုင်၊ခရိုင်အုပ်၊သူကြီး ၊ရွာခေါင်းစသည်တို့ဖြင့် အုပ်ချုပ်လာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မိုးကောင်းမြို့ နယ်သည် မြို့နယ်တစ်ခုအဖြစ်ရပ်တည်ခဲ့သည်။  မိုးကောင်းမြို့နယ်အားရပ်ကွက်(၁၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၆)အုပ်စု၊ ကျေးရွာပေါင်း(၇၃)ရွာဖြင့် ဖွဲ့စည်း ထားရှိ မှုကိုပြည်ထဲရေးဝန်ကြီးဌာန၏ (၃၀-၃-၂၀၁၅)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၃၅၂/၂၀၁ ၅ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့သည်။ တည်နေရာ မိုးကောင်းမြို့သည် မိုးကောင်းချောင်းငယ်၏ လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းသည် မိုးကောင်းမြို့ကို ဖြတ်သွားပေရာ မီးရထားလမ်းအားဖြင့် မန္တလေးမြို့မှ ၃ဝ၀ မိုင်ကွာဝေး၍ မြစ်ကြီးနားမြို့မှ ၄၅ မိုင် ကွာဝေးသည်။ မိုးကောင်းမြို့သည် မိုးကောင်းနယ်၏ ရုံးစိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံး၊ အထက်တန်းကျောင်း၊ ဈေး၊ တိုက်တာအဆောက်အအုံတို့ဖြင့် အတန်ပင် စည်ကားသောမြို့ဖြစ်သည်။ နေထိုင်သူများမှာ တရုတ်-မြန်မာ ကပြားနှင့် ရှမ်းအဆက်အနွယ်များဖြစ်ကြ၏။ အိမ်ခြေနှင့် လူဦးရေ မိုးကောင်းမြို့နယ်၏လူဦးရေမှာ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ၁၃၂၆၀၈ ယောက် ရှိသည်။ မြို့နေလူဦးရေမှာ ၂၅၀၁၂ ယောက်ရှိပြီး ကျေးလက်နေလူဦးရေမှာ ၁၀၇၅၉၆ ယောက် ရှိသည်။ အများစုမှာ ဗမာလူမျိုးများဖြစ်ကြပြီး ၄၇%ရှိကာ ရှမ်းလူမျိုးမှာ ၂၅.၅%၊ ကချင်လူမျိုးမှာ ၂၃% ရှိပြီး တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ ဂေါ်ရခါးနှင့် မြန်မာမွတ်စလင်များလည်း ရှိကြသည်။ မိုးကောင်းမြို့အား မြို့ပေါ်ရပ်ကွက် (၈)ခု၊ ကျေးရွာအုပ်စု (၃၈)စု (ကျေးရွာပေါင်း ၇၃ရွာ) တို့ဖြင့် ဖွဲ့စည်းထားပြီး မိုးကောင်းမြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂.၅၄ ရှိပြီး မြို့နယ်အကျယ်အဝန်းမှာ ၁၀၁၃ စတုရန်းမိုင်ရှိသည်။ စီးပွားရေး မိုးကောင်းမြို့သည် ကျောက်စိမ်းထွက်ရာ ဒေသတွင် ရှိသည့်အလျောက် မြို့တွင်းနေထိုင်သူများသည် ကျောက်စိမ်းတူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်ထည်များ ပြုလုပ်ခြင်း စသည်ဖြင့် ကျောက်စိမ်းလုပ်ငန်းကို ပြုလုပ်ကြသည်။ ကျောက်စိမ်းအပြင် ပယင်း ၂ မျိုးလည်းထွက်၏။ တောင်ယာလယ်လုပ်ခြင်းလည်းပြုလုပ်သည်။ ဆန်စပါး၊ မြေပဲ၊ ငါးခြောက် စသည်တို့လည်း ထွက်ရှိသည်။ မိုးကောင်းမြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုးမှု များပြားကာ မြို့နယ်အတွင်းတွင်လည်း ဆန်စက်ပေါင်း (၂၀၀) ကျော်လည်ပတ်လျက်ရှိသည်။ သွားလမ်းလာလမ်းမှာ အဓိကအားဖြင့် မီးရထားလမ်းကိုအသုံးပြုသည်။ ယခုအခါ လမ်းများလည်း ကောင်းမွန်လာပြီး မိုးကောင်းမြို့သည် ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် ကုန်စီစည်းဆင်းမှုနှင့် ခရီးသွားလာမှုများလည်း ၂၀၁၅နောက်ပိုင်း ကားလမ်းမှတဆင့် ပိုမိုများပြားလာသည်။ မိုးကောင်းမြို့သည် ဖားကန့်မြို့သို့ ကုန်စည်နှင့် ခရီးသည်များတဆင့်ပို့ဆောင်ပေးနေသည့် အချက်အချာကျမြို့လည်းဖြစ်သည်။ မြစ်ကြီးနားသို့ ကားလမ်းအားဖြင့် မိုင် ၄ဝ ခန့် သွားရသည်။ ၂၀၁၉ခုနှစ်အထိ မိုးကောင်းမြို့တွင် စီဘီဘဏ်၊ ဧရာဝတီဘဏ်၊ KBZ ဘဏ်၊ MAB ဘဏ်လေးခုလုံးဖွင့်လစ်ထားကာ မြို့တွင်းနှင့် ဖားကန့်မြို့မှ ကျောက်စိမ်းနှင့် စက်မှုကုန်သည်များ၏ ငွေလွှဲပြောင်းမှုများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ပညာရေး မိုးကောင်းမြို့ပေါ်တွင် အဓိကကျသော အခြေခံပညာအထက်တန်းကျောင်း ၃ကျောင်း ရှိပြီး ၎င်းတို့မှာ ဈေးကုန်းရပ်ရှိ အ.ထ.က(၁)၊ အထ.က(၂) နှင့် နောင်ကိုက်တော်ရပ်ရှိအ.ထ.က-နောင်ကိုက်တော်တို့ဖြစ်သည်။ မိုးကောင်းမြို့နယ်အတွင်း အထက်တန်းကျောင်း ၈ ကျောင်း၊ အထက်တန်းခွဲကျောင်း ၈ ကျောင်း၊ အလယ်တန်းကျောင်း ၃ကျောင်း၊ အလယ်တန်းခွဲကျောင်း ၉ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၁ ကျောင်း၊ မူလတန်းကျောင်း ၉၀ ရှိသည်။ ထို့ပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းလည်း ရှိသည်။ ကျန်းမာရေး မိုးကောင်းမြို့တွင် မြို့နယ်ပြည်သူ့ဆေးရုံတစ်ရုံနှင့် တိုက်နယ် ဆေးရုံ ၅ ရုံရှိသည်။ ၂၀သော ကျေးလက်ကျန်းမာရေးဌာနများမှာလည်း ၉သောင်းကျော်သော ကျေးလက်ပြည်သူများကို အခြေခံကျန်းမာရေးဝန်ဆောင်မှုများပေးလျက်ရှိသည်။ ၎င်းအပြင် အပြည်ပြည်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများဖြစ်သည့် MDM, AZG, MCCmalaria, MSF, SARA, Phoenix နှင့် အမြဲစိမ်းချစ်သူများအဖွဲ့ စသည့် INGO များသည်လည်း HIV, TB, Malaria နှင့် မူးယစ်ဖြတ်စသည့် ကျန်းမာရေးဝန်ဆောင်မှုများကို အခမဲ့ကူညီပေးလျက်ရှိသည်။ ဘာသာရေး မိုးကောင်းမြို့ရှိ တန်ခိုးကြီးဘုရားမှာ ရွှေသာလျှောင်းဘုရားဖြစ်၍ နှစ်စဉ် တပေါင်းလတွင် ဘုရားပွဲတော်ကျင်းပသည်။ မိုးကောင်းနယ်တွင် အခြားထင်ရှားသော ဘုရားများမှာ မြို့ဦးစေတီနှင့် မြို့နာမ်စေတီတို့ဖြစ်သည်။ မိုးကောင်းမြို့တွင် ဘုရား ၇ ဆူ၊ စေတီ ၅၂ဆူ၊ ဘုန်းကြီးကျောင်း ၈၆ ကျောင်းနှင့် သီလရှင်ကျောင်း ၁၂ကျောင်းရှိသည်။ ၎င်းအပြင် မြို့နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်း ၅၄ကျောင်း၊ အစ္စလာမ်ဘာသာရေးကျောင်း ၂ကျောင်း၊ ဟိန္ဒူဘုရားကျောင်း ၉ကျောင်းနှင့် တရုတ်ဘုရားကျောင်း ၂ကျောင်းလည်း ရှိသည်။ သမိုင်းကြောင်း ပထမဆုံး မိုးကောင်းစော်ဘွားမှာ စံလုံဖဖြစ်၍ သက္ကရာဇ် ၅၇၇ (ခရစ် ၁၂၁၅) ခုနှစ်ခန့်တွင်စော်ဘွားအဖြစ်ကို ခံယူသည်။ စံလုံဖသည် နမ့်ကောင်းချောင်း (ယခုမိုးကောင်းချောင်း)ကို ယခုမိုးကောင်းမြို့၏ အထက် မလှမ်းမကမ်းတွင် ကူးဖြတ်သောအခါ ချောင်း၏ အောက်ခင်းတွင် စည်းသဏ္ဌာန်ရှိသော နီလာတစ်ခုကို တွေ့သည်ဆို၏။ ထိုအချင်းအရာကို ကောင်းသောနိမိတ်ဟုယူဆပြီးလျှင် ယင်းနေရာအနီး၌ မြို့တော်ကိုတည်ရှိစေသည်။ ယင်းနီလာကို စော်ဘွားအဆက်ဆက် သိမ်းဆည်းထားခဲ့၏။ မြို့အမည်ကိုလည်း မိုင်းကောင်းဟုတွင်စေ၏။ မိုင်းသည် ရွာ၊ မြို့ဟုအဓိပ္ပာယ်ရပြီးလျှင် ကောင်းမှာ စည်ဟု အဓိပ္ပာယ်ရလေသည်။ ထို့အပြင် တရုတ်ဘုရင် ဥတည်ဘွားနှင့် ကိန္နရာဒေဝီ မိဖုရားတို့၏ မျက်မမြင် သမီးတော်မှာ ရှေးဘဝက ခင်ပွန်းဖြစ်ခဲ့သူ ကျားတစ်ကောင်နှင့် သင့်ရာမှ သား ၄ ယောက်ဖွားမြင်၏။ သားအကြီးဆုံးအား အဖိုးဖြစ်သူက မောင်းစည်တစ်လုံးပေးလိုက်ရာ ယခု မိုးကောင်းအရပ်သို့ ရောက်သောအခါ ထိုမောင်းမှာ အလိုအလျောက် မြည်သဖြင့် ထိုအရပ်တွင် မြို့တည်သည်ဟုလည်း ဆိုကြသေးသည်။ ကောင်းသည် မောင်း သို့မဟုတ် စည်ဟူ၍ အဓိပ္ပာယ်ရသည်။ မိုးကောင်းကို ရှမ်းစော်ဘွားများ အဆက်ဆက်အုပ်စိုးလာခဲ့ပြီးလျှင် အင်အားကောင်းသော စော်ဘွားများလက်ထက်တွင် မြန်မာပြည်မကို ထိပါးသည့်အခါ ထိပါး၏။ သက္ကရာဇ် ၉၁၇ (ခရစ် ၁၅၅၆) ခုနှစ်တွင် ဟံသာဝတီ ဆင်ဖြူများရှင်မင်းတရား(ဘုရင့်နောင်)သည် အညာသို့ ချီတက်တိုက်ခိုက်ရာ မိုးကောင်းကိုလည်း သိမ်းယူတော်မူသည်။ ရှမ်းပြည်တစ်လွှား မိစ္ဆာဒိဋ္ဌိအယူ ယူကြသည်ကို ဗုဒ္ဓအယူဝါဒ၌ တည်စေ၏။ ကျမ်းတတ် သံဃာတော်များအတွက် ကျောင်းများ ဆောက်လုပ်ပေးပြီးလျှင် သီတင်းသုံးရန် တောင်းပန်၍ ထားတော်မူ၏။ ပိဋကတ်သုံးပုံကိုလည်း ပို့ထား၏။ ထိုမှတစ်ပါး ပဲ၊ မူး၊ ကျပ်၊ ပိဿာ စသောအလေးချိန်တို့နှင့် ပြည်၊ ခွဲ၊ စိတ်၊ တင်းစသော အချင်အတွယ်တို့ကို နေပြည်တော်နှင့် တစ်ချက်တည်းထားတော်မူသည်။ နှစ်ပေါင်း ၂ဝ ကျော်လွန်သောအခါ စဝ်တစ်ဖဆိုသူ သည် မိုးကောင်းစော်ဘွားအဖြစ် ခံယူပြန်ကာ မြန်မာတို့က နောက်ဆုံးသိမ်းပိုက်သည့် အချိန်အထိ စဝ်တစ်ဖ၏ အဆက်အနွယ်များ အုပ်စိုးလျက်ရှိသည်။ မိုးကောင်းသည် ညောင်ရမ်းခေတ်နှောင်းပိုင်းတွင် တရုတ်တို့၏ ဩဇာခံ ဖြစ်ခဲ့သေးသည်။ သို့သော် သက္ကရာဇ် ၁၁၁၅ (ခရစ် ၁၇၅၃) ခုနှစ် အလောင်းမင်းတရား လက်ထက်တွင်အလောင်းမင်းတရားသည် ဗန်းမော်၊ မိုးညှင်းတို့နှင့်အတူ မိုးကောင်းကို အလိုပြည့်လေသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် မိုးကောင်းကို စော်ဘွားနယ်အဖြစ်မှဖျက်သိမ်းပြီး ဝန်စားသောမြို့အဖြစ်ဖွဲ့စည်းကာ မိုးကောင်းမြို့တွင် မြို့ဝန်ခန့်အပ်၍ အုပ်ချုပ်စေခဲ့သည်။ မိုးကောင်းသည် မြန်မာပြည်မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မြို့ဝန်ဦးမန်းသည် အုပ်ချုပ်ရေးတင်းကြပ်မှုကြောင့် ပုန်ကုန်မှုဖြစ်ပွားခဲ့သည်။ ပုန်ကန်မှုမငြိမ်းအေးသေးမီမှာပင် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သမ်းပိုက်ခဲ့သဖြင့် အမတ်ချုပ်ကြီး ဦးဖိုးစောခေါင်းဆောင်ကာ အင်္ဂလိပ်ကို ဆက်လက်တော်လှန်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ် ဇွန်လတွင် စစ်ကြီးမြို့သည် သုံးပတ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးယင်းနစ်စီမို ချန်ကေရှိတ်၏ အကူအညီဖြင့်နောက်ပိုင်းတွင် တရုတ်တပ်များက ဂျန်နစီမိုချန်ကေရှိတ်၏ အကူအညီဖြင့် မိုးကောင်းကို သိမ်းပိုက်ခဲ့သည်။ ဂျပန်အင်ပါယာသိမ်းပိုက်ရေးတပ်များမှ 3rd/6th Gurkha Rifles ၏ အဖွဲ့ဝင်နှစ်ဦးဖြစ်သော Captain Michael Allmand နှင့် Rifleman Tul Bahadur Pun တို့ကို တိုက်ခိုက်နေစဉ် ၎င်းတို့၏ အပြုအမူအတွက် Allmand ၏ အခြေအနေတွင် နောက်ပိုင်းတွင် Victoria Cross ကို အသီးသီး ချီးမြှင့်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားချိန်တွင်Calvert ၏ Chindit (ခြင်္သေ့) တပ်ဖွဲ့သည် ကြာသပတေးနေ့စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်သူ့လိုင်းနောက်တွင် သုံးလကြာနေခဲ့သည်။ မိုးကောင်းတွင် တပ်စွဲထားသော အင်္ဂလိပ်တပ်များသည် မိုးကောင်းတွင်ရေဝပ်ကာမှက်၊ ခြင်၊ ယင်ပေါများလှသဖြင့် ၁၈၈၈တွင် မြစ်ကြီးနားသို့ပြောင်းရွှေ့သွားခဲ့သည်။ မန္တလေး-မိုးကောင်းရထားလမ်းကို မြစ်ကြီးနားအထိ ဖောက်လုပ်ပြီးနောက် မြစ်ကြီးနားတွင် အရေးပိုင်ရုံးစိုက်ခဲ့ချိန်မှစပြီး မိုးကောင်းမြို့အရှိန်အဝါကျဆင်းခဲ့ရသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ကချင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
Cross platform
Cross-platform သို့မဟုတ် multi-platform သည် computer porgrams များသည် မည်သည့် operating systems တွင်မဆို မည်သည့် computer languages တွင်မဆို မည်သည့် programming languages တွင်မဆို သို့မဟုတ် multiple computer platfrom တွင် ကောင်းစွာ အလုပ်လုပ်နိုင်ခြင်းကို ဆိုလိုသည်။ ဥပမာ croo-platform application သည် Micrsoft Windows တွင် x86 architecture တွင်သာမက Linux x86 architecture နှင့် Mac OS X PowerPC based Apple ဒါမှမဟုတ် x86 Apple Macintosh system များတွင် အသုံးပြုနိုင်သည်။ Cross-platform application များသည် တစ်ခုထက်ပိုသော common platforms များတွင် run နိုင်ရမည်။
https://my.wikipedia.org/wiki/Cross%20platform
မိုးမိုး (အဆိုတော်)
မိုးမိုး သည် မြန်မာအမျိုးသား အဆိုတော် တစ်ဦးဖြစ်သည်။၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို တက်ရောက်ပြီးစီးသည်။ အင်္ဂလိပ် မေဂျာ ဖြင့် ကျောင်းပြီးထားသည်။၂၀၀၁-၂၀၀၂ မှာ မြေပဲယိုအဖွဲ့မှာ စတင်ဝင်ရောက်ခဲ့ကာ Strawberry တီးဝိုင်းတွင် ဝင်ရောက်တီးဖြစ်ခဲ့သည်။တစ်တီတူး Band ဖွဲ့စည်းဖြစ်ခဲ့ပြီး မအောင်မြင်ခဲ့ပေ။ ၂၀၀၅ ဇန်နဝါရီလ တွင် “ကြယ်” အမည်ရှိ တစ်ကိုယ်တော် စီးရီးထွက်ရှိခဲ့ပြီး “တနင်္ဂနွေမိုးရေစက်များ” ကို ၂၀၀၈ ဖေဖော်ဝါရီတွင် ထွက်ခဲ့သည်။ ထွက်ရှိခဲ့သောတေးစီးရီးများ တစ်ကိုယ်တော်တေးစီးရီး ကြယ် (၂၀၀၅) တနင်္ဂနွေမိုးရေစက်များ (၂၀၀၈) အတ္တကြီးနေသည် (၂၀၁၀) ကိုးကား မြန်မာ အမျိုးသား အဆိုတော်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%20%28%E1%80%A1%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%29
မိုးမိုး (အင်းလျား)
မိုးမိုး (အင်းလျား) သည် ဘဝသရုပ်ဖော်ဝတ္ထုများအား ရေးဖွဲ့ရာတွင် အထူးပြောင်မြောက်သော မြန်မာ စာရေးဆရာမတစ်ဦး ဖြစ်သည်။ ပျောက်သောလမ်းမှာ စမ်းတဝါး ဟူသော ဝတ္ထုမှာ သူ၏ အကောင်းဆုံးလက်ရာဟု စာပေသမားများက ရည်ညွှန်းတတ်ကြသည်။ အချစ်ဆိုသောအရာ၊ မှတစ်ပါး အခြားမရှိပြီ စသော ဝတ္ထုများမှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်း ခံရသည်။ ကိုယ်ရေးဖြစ်စဉ် စာရေးဆရာမ မိုးမိုး (အင်းလျား) ကို ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလတွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့မှ ပဲခူးတိုင်းဒေသကြီ:၊ ဒိုက်ဦးမြို့တွင် ဖွားမြင်သည်။ ၁၉၅၂ ခုနှစ်တွင် ဒိုက်ဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် စတင်ပညာသင်ကြားသည်။ သတ္တမတန်းကျောင်းသူဘဝတွင် ကဗျာများ စတင်ရေးသားသည်။ ကျောင်းစာကြည့်တိုက်နှင့် နံရံကပ်စာစောင်ကော်မတီများတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ အထက်တန်းကျောင်းသူဘဝတွင် ခရိုင်အလိုက် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ၁၉၆၅ ခုနှစ်တွင် ရန်ကုန်ရှိ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် သင်္ချာအဓိကဖြင့် တက်ရောက်သင်ကြားသည်။ နေထိုင်ရာ အဆောင်အမည်ကို အစွဲပြု၍ မိုးမိုး (အင်းလျား) ဟူသော အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင်ရေးသားသည်။ ၁၉၆၅ ခုနှစ်၊ မတ်လတွင် တိုင်းရင်းမေဂျာနယ်၌ 'ရွက်လှပန်းလေးကိုယ့်ဘဝ' ကဗျာဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်သည်။ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂၃) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၆၉ နိုဝင်ဘာလ ၆ ရက်တွင် မျိုးညွန့် (စာပေလောက) နှင့် လက်ထပ်သည်။ ၁၉၇၀ ခုနှစ်၊ မေလတွင် တိုင်းရင်းမေဂျာနယ်၌ ပြင်ဆင်ခြယ်သမျက်လုံးအလှ ဆောင်းပါးကို ရေးသားသည်။ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင် အိမ်နီးချင်း ဝတ္ထုကို ဖော်ပြခြင်း ခံခဲ့ရသည်။ ၁၉၇၂ မှ ၁၉၇၈ ခုနှစ်တွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီသုတေသနဌာနခွဲတွင် သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၄ ခုနှစ်၊ အောက်တိုဘာတွင် 'ပျောက်သောလမ်းမှာစမ်းတဝါး'အမည်ရှိ ပထမဆုံးလုံးချင်းဝတ္ထုကို ရေးသားသည်။ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ဆောင်းပါးများကို ကွယ်လွန်ချိန်အထိ အဆက်မပြတ် ရေးသားခဲ့ရာ ဝတ္ထုတိုနှင့် မဂ္ဂဇင်းဝတ္ထု ၁ဝ၁ ပုဒ်၊ လုံးချင်းဝတ္ထု ၂၄ ပုဒ်နှင့် ဆောင်းပါး ၅၅ ပုဒ်ခန့် ရှိသည်။ ပျောက်သောလမ်းမှာစမ်းတဝါး လုံးချင်း ဝတ္ထုရှည်ဖြင့် ၁၉၇၄ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုရှည်ဆုကိုလည်းကောင်း၊ မဂ္ဂဇင်းဝတ္ထုရှည်များဖြင့် ၁၉၈ဝ ပြည့်နှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို လည်းကောင်း၊ ဝတ္ထုတိုများ (၁) ဖြင့် ၁၉၈၂ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို လည်းကောင်း၊ ဝတ္ထုတိုများ (၂) ဖြင့် ၁၉၈၆ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကိုလည်းကောင်း အမျိုးသား စာပေဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည်။ 'ပျောက်သောလမ်းမှာစမ်းတဝ' ဝတ္ထုကို ရုရှား၊ ဂျပန်ဘာသာများသို့ လည်းကောင်း၊ 'ဘယ်သူလာကူပါ့မယ်' ဝတ္ထုကို ရုရှားဘာသာဖြင့် လည်းကောင်း၊ 'မှတပါးအခြားမရှိပြီး' ဝတ္ထုကို ဂျပန်ဘာသာဖြင့် လည်းကောင်း ပြန်ဆိုထုတ်ဝေခဲ့ပြီး ဝတ္ထုတိုအများအပြားကို အင်္ဂလိပ်၊ ဂျပန်ဘာသာများဖြင့် ပြန်ဆိုထုတ်ဝေခဲ့သည်။ ဘဝနိဂုံး မိုးမိုး (အင်းလျား) သည် ကွယ်လွန်ချိန်အထိ စံပယ်ဖြူမဂ္ဂဇင်းတွင် တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ စာပေတာဝန်ကို ထမ်းဆောင်ရင်း ၁၉၉ဝ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်း ဦးမျိုးညွန့် (စာပေလောက) နှင့် သားနှစ်ယောက်၊ သမီး တစ်ယောက်တို့ ကျန်ရစ်သည်။ မိုးမိုး (အင်းလျား) ရေးသား ပြုစုခဲ့သော စာအုပ်များ ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ - ၁၉၈၁ ခုနှစ် ဂျိုး - ၁၉၈ဝ ပြည့်နှစ် ငပလီဇာတ်လမ်း - ၁၉၇၆ ခုနှစ် ငြိမ်းကိုရှက်ပါ - ၁၉၈၁ ခုနှစ် ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား - ၁၉၈၁ ခုနှစ် ပန်းအရိုင်း တရာ - ၁၉၈၁ ခုနှစ် ပျောက်သောလမ်းမှာ စမ်းတဝါး - ၁၉၇၄ ခုနှစ် ပွင့်တချို့ ကြွေတချို့ - ၁၉၇၅ ခုနှစ် ဘယ်သူ လာကူပါ့မယ် - ၁၉၇၉ ခုနှစ် မိုးမိုး (အင်းလျား) ၏ မဂ္ဂဇင်း ဝတ္ထုရှည်များ - ၁၉၇၉ ခုနှစ် မိုးမိုး (အင်းလျား) ဝတ္ထုရှည်များ (၂) - ၁၉၈၇ ခုနှစ် မိုးမိုး (အင်းလျား) ၏ ဝတ္ထုတိုများ (၁) - ၁၉၈၁ ခုနှစ် မိုးမိုး (အင်းလျား) ၏ ဝတ္ထုတိုများ (၂) - ၁၉၈၆ ဇူလိုင် (၁၉၈၆ ခုနှစ်အမျိုးသားစာပေဆု)(ဝတ္တုတိုပေါင်းချုပ်) မှတပါး အခြားမရှိ - ၁၉၇၈ ခုနှစ် မှတဆင့် - (၁၉၇၈ နိုဝင်ဘာ၊ ၁၉၉၈ ဒီဇင်ဘာ) ရာဘင်ဒြာနတ်တဂိုး (ဘာသာပြန်သူ - မိုးမိုး (အင်းလျား) နှင့်အများ) - ၁၉၇၈ ခုနှစ် ရွက်လှပန်း - ၁၉၇၅ ခုနှစ် ရွှေတိဂုံကိုမြင်လျှင် - ၁၉၇၉ ခုနှစ် သမုဒ္ဒရာ ခုနစ်စင်း မြစ်မင်း တဆယ့်သုံးသွယ် - ၁၉၈ဝ ပြည့်နှစ် သဗ္ဗေသတ္တာ အဝေရာဟောန္ဈု - ၁၉၇၈ ခုနှစ် အချစ်ဆိုသော အရာ - ၁၉၇၆ ခုနှစ် အနောက်စွန်းမှ အရုဏ်ဦး (ဘာသာပြန်သူ - မိုးမိုး (အင်းလျား)) မသုဓမ္မစာရီ (၁၉၈၂ ဖေဖော်ဝါရီ၊ ၁၉၉၉ ဒီဇင်ဘာ) ဝေဒနာကြာနီပွင့်(၁၉၈၂ စက်တင်ဘာ) သုံးလွန်းတင်မှကြိုး (၁၉၈၂ ဒီဇင်ဘာ) နာမကျန်းသည် အိုနှင်းဆီ (၁၉၈၃ ဇွန်) မြန်မာပြည်မှာနေကြသည် (၁၉၈၃ ဩဂုတ်) မီးရောင်အောက်ကိုဝင်လျှင် (၁၉၈၅ ဇွန်) မေတ္တာကမ်းနား အချစ်သစ်ပင် ထိုနေ့ကမီးမလာပါနှင့် မိုးမိုး(အင်းလျား) ၏မဂ္ဂဇင်းဝတ္တုရှည်များ (၁၉၈၅ ဒီဇင်ဘာ) ခံတက်နုကလေးတွေ ညှိုးချိန်တန်တော့ (၁၉၇၈ ဧပြီ) ၁၉၈၀ပြည့် အမျိုးသားစာပေ(ဝတ္ထုတို)ဆုရ မဂ္ဂဇင်းဝတ္ထုရှည်များ ဆဌမအကြိမ် မိုးမိုး(အင်းလျား) အမှတ်တရ ဝတ္ထုတိုပြိုင်ပွဲ(၁၉၉၉)ဆုရ ဝတ္ထုတိုများ မြူမှောင်ဝေကင်း ကိုးကား မြန်မာ အမျိုးသမီး စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%20%28%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%AC%E1%80%B8%29
မိုးဟိန်း၊ စာရေးဆရာ
မိုးဟိန်း [၁၉၁၈ - ၁၉၉၄] သာယာဝတီ ခရိုင် နတ်တလင်း မြို့၌ အဖ ဆန်စပါး ကုန်သည် ပွဲစားကြီး ဦးရွှေ၊ အမိ ဒေါ်စိန်ပု ('ဒေါ်အုန်းရွှေ' ဟု မိုးဂျာနယ်တွင် ဖော်ပြသည်) တို့က ၁၉၁၈ ခု ဇွန်လ ၁၅ ရက် စနေနေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ခြောက်ယောက် အနက် အကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာ ဦးထွန်းရှိန် ဖြစ်သည်။ နတ်တလင်းမြို့ ဆရာတွဲ၏ မြန်မာစာ သင်ကျောင်း၊ နတ်တလင်းမြို့ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်း၊ ပေါင်းတည်မြို့ အစိုးရ အထက်တန်းကျောင်း စသည် တို့တွင် ဆယ်တန်း အောင်သည် အထိ ပညာ သင်ယူ ခဲ့သည်။ ထို့နောက် မိဘ လက်ငုတ် ဆန်စပါး လုပ်ငန်း တွင်းသို့ ဝင်ရောက် ခဲ့သည်။ ပေါင်းတည်မြို့ ကျောင်းသား ဘဝ ကပင် ကျောင်းသား သမဂ္ဂတွင် ဆောင်ရွက် ခဲ့ဖူးသည့် အရှိန်နှင့် နတ်တလင်းမြို့ ဒို့ဗမာ အစည်းအရုံးသို့ သခင် ထွန်းရှိန် အမည်ခံကာ အမျိုးသားရေးကို ထမ်းဆောင် ခဲ့သည်။ ဂျပန် ဝင်လာသော အခါ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ ဝင်ရောက် ဆောင်ရွက် သည်မှ မြူနီစီပယ်များ ပြန်လည် ဖွဲ့စည်းသော အခါ နတ်တလင်းမြို့ မြို့မ မြူနီစီပယ် ကောင်စီတွင် အနှစ် နှစ်ဆယ် ဆက်တိုက် မြူနီစီပယ် လူကြီး၊ မြူနီစီပယ် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ထိုမှသည် နတ်တလင်း ဘုရားကြီး နတ်လမ်း တန်ဆောင်း ဆောက်လုပ်ရေး ကော်မတီ အတွင်းရေးမှူး၊ သာသနာ့ ရိပ်သာ စတင် တည်ထောင်သူ များတွင် အဖွဲ့ဝင်၊ ဆေးရုံ ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ သမာဓိ မြို့ဝန်၊ ဆန်စက် ပိုင်ရှင်များ အသင်း အတွင်းရေးမှူး၊ ကျောင်းသား မိဘ အသင်း ဒုဥက္ကဋ္ဌ၊ နတ်တလင်း ရေ ရရှိရေး ဦးဆောင်သူ စသည်ဖြင့် မြို့ရွာ အရေး ကိစ္စ များတွင် ပါဝင် ဆောင်ရွက် ခဲ့သည်။ မြန်မာ နိုင်ငံ စာရေးဆရာ အသင်းကြီး၏ ရာသက်ပန် အသင်းသား တဦးလည်း ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက် ဖဆပလ အကွဲတွင် တည်မြဲ ဖဆပလ အမတ်ရှုံး ဖြစ်ခဲ့ ရာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ခဲ့သည်။ မြန်မာ နိုင်ငံ ဆန်ဆက် ပိုင်ရှင်များ အသင်းချုပ်တွင် အမြဲတမ်း အတွင်းရေးမှူး အဖြစ် လုပ်ကိုင် ခဲ့သည်။ ထို့နောက် ေွ့ွကထည် မြေထည် လုပ်ငန်းသို့ ပြောင်းရွှေ့ အမှု ထမ်းခဲ့ သည်မှာ ဌာနမှူး အဖြစ် အငြိမ်းစား ယူသည် အထိပင် ဖြစ်သည်။ ငယ်စဉ် နတ်တလင်း အလယ်တန်း ကျောင်းသား ဘဝ ကပင် စာဖတ် ဝါသနာ ကြီးခဲ့သည်။ စစ်မဖြစ်မီ စနေ နဂါးနီ ဂျာနယ်တွင် 'ရွှေလင်းမောင်' ကလာင် အမည်ဖြင့် စာတို ပေစများ စတင် ရေးခဲ့သည်။ စစ်ပြီးခေတ် နှစ်ကျပ်တန် ပဒေသာ မဂ္ဂဇင်း အမှတ် (၁) တွင် "ကိန်" အမည်ရှိ ဝတ္ထုတိုကို 'မိုးဟိန်း' ကလောင် အမည် သုံး၍ ရေးခဲ့သည်။ ဂျာနယ်ကျော် ဦးချစ်မောင်ကို လေးစားရင်းစွဲ ရှိခဲ့ ရာမှ ဂျာနယ်ကျော်၏ အင်္ဂလိပ် အမည် WEEKLY THUNDERER ကို အနက် ပြန်၍ 'မိုးဟိန်း' အမည် ယူခဲ့သည်။ ထို့နောက် သွေးသောက်၊ မြဝတီ၊ ရှုမဝ၊ စသည် တို့တွင် ဟာသ၊ သရော်စာ၊ ဘဝ သရုပ်ဖော်၊ စုံထောက်၊ သိပ္ပံ ဝတ္ထု တိုရှည် များစွာ ရေးခဲ့သည်။ ကလောင် အမည်ခွဲ တစ်ဒါဇင်ကျော် ရှိသည် ဟူ၏။ ကမ္ကာကျော် ကင်းစေး အစီရင်ခံစာကို အခြေပြု မှီငြမ်း၍ ချစ်နည်း တရာ (၁၉၅ဝ)၊ ရွှေပြည်တော်သစ် (၁၉၅ဝ)၊ ကလောင် အမည် မခံဘဲနှင့် စောရလက်ဝဲ [ဒုတိယတွဲ] (၁၉၅ဝ)၊ ဘာသာပြန် စာအုပ် ကျွန် [Bondmaid by Pearl S. Buck] (၁၉၅ဝ) တို့မှာ ထင်ရှားသည်။ နိုင်ငံ့ ဂုဏ်ရည် (ဒုတိယဆင့်) နှင့် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ချီးမြှင့် ခံခဲ့ ရသည်။ ဘဝနိဂုံး ၁၉၉၄ ခု ဇူလိုင် ရ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ စာညွှန်း မောင်ကျော်သာ။ တစေ့တစောင်း စာရေးဆရာ တို့၏အကြောင်း။ စာ ၁၆၂ - ၁၈၅။ ၁၉၉၄ ခု ဇူလိုင် ရ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်း နေအိမ်၌ ကွယ်လွန် ခဲ့သည်။ မောင်ကျော်သာ။ မိုးဟိန်း၊ မြဝတီ (စက်တင်ဘာ ၁၉၆၁)။ စာ ၂၃၁ - ၂၄ဝ။ ၁၉၉၄ ခု ဇူလိုင် ရ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်း နေအိမ်၌ ကွယ်လွန် ခဲ့သည်။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၅)။ စာ ၁၇၅။ ၁၉၉၄ ခု ဇူလိုင် ရ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်း နေအိမ်၌ ကွယ်လွန် ခဲ့သည်။ ဘဝနိဂုံး၊ မိုးဂျာနယ် (စက်တင်ဘာ ၁၉၉၄)။ စာ ၁၆ဝ။]၁၉၉၄ ခု ဇူလိုင် ရ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်း နေအိမ်၌ ကွယ်လွန် ခဲ့သည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ လွတ်လပ်ရေးမော်ကွန်းဝင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9F%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%81%8A%20%E1%80%85%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC
ဒေါ့ပလာ အကျိုးသက်ရောက်မှု
ခရစ်စတီယန် ဒေါ့ပလာ ကို ကိုယ်စားပြု၍ ခေါ်ဆိုသော Doppler effect ဆိုတာကတော့ လှိုင်းပြုရာ ဗဟိုက နားထောင်သူနဲ့ တဖြည်းဖြည်းဝေးသွားတဲ့အချိန်မှာပဲဖြစ်ဖြစ် နီးလာတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ တစ်နည်းအားဖြင့် နားထောင်သူက Sound source နဲ့ တဖြည်းဖြည်းဝေးသွားတဲ့အချိန်မှာပဲဖြစ်ဖြစ် နီးလာတဲ့အချိန် မှာပဲဖြစ်ဖြစ် ကြိမ်နှုန်း ထဲမှာ သိသိသာသာပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ခေါ်ပါတယ်။ Sound source လို့ပြောတာက ဥပမာအနေနဲ့ ပြောလိုက်တာပါ။ Wave တစ်ခုပါ။ ဒီနိယာမသဘောတရားကို ရှာဖွေတွေ့ရှိခဲ့တာကတော့ ဂျာမနီသိပ္ပံပညာရှင် Christian Doppler ဖြစ်ပါတယ်။ ဥပမာအနေနဲ့ လေ့လာမဲ့ အသံလှိုင်း တစ်ခုရဲ့ Frequency နဲ့ Wavelength ဟာ ကိန်းသေတွေဖြစ်နေကြတယ် ဆိုကြပါစို့။ အကယ်၍ အသံလှိုင်းကိုထုတ်မဲ့ Source ကလည်း ရွေ့လျားမနေဘူး၊ ဖမ်းမဲ့ Receiver ကလည်း ရွေ့လျားမနေဘူးဆိုရင် Receiver က ဖမ်းမိမယ့်ကြိမ်နှုန်းဟာလည်း ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အသံ Source ကနေ ထုတ်လိုက်တဲ့အတိုင်း တစ်မိနစ်မှာ လှိုင်းအရေအတွက်ဘယ်လောက်ဆို ဘယ်လောက် Receiver က ကွက်တိပြန်ဖမ်းမိလို့ပါ။ အကယ်၍ အသံ Source ကပဲဖြစ်ဖြစ် Receiver ကပဲဖြစ်ဖြစ် အခြားတစ်ခုရှိရာကိုရွေ့လျားလာမယ်ဆိုရင် Receiver က ခုန နှစ်ခုလုံးရွေ့လျားမနေတုန်းကမိတဲ့ ကြိမ်နှုန်းထက် ပိုများတဲ့ကြိမ်နှုန်းကို မိမှာပါ။ အသံနဲ့နီးရာကိုပဲ ကိုယ်ကသွားသွား အသံကပဲ ကိုယ်နဲ့နီးရာကိုပဲလာလာ ကြားနေရတဲ့အသံ ပိုကျယ်လာမယ်။ ဒီသဘောပါပဲ။ ပြောင်းပြန်အားဖြင့်ဝေးတဲ့ဘက်ကို တစ်ခုခုက သွားမယ်ဆိုရင် Receiver က ခုန နှစ်ခုလုံးရွေ့လျားမနေတုန်းကမိတဲ့ကြိမ်နှုန်းထက် နည်းတဲ့ကြိမ်နှုန်းကို မိမှာပါ။ ဒါလည်းရှင်းပါတယ်။ အသံနဲ့ဝေးရာကို ကိုယ်ကသွားသွား အသံကပဲကိုယ်နဲ့ဝေးရာကိုသွားသွား ကြားနေရတဲ့အသံ တိုးသွားမှာပါ။ ဒေါ့ပလာ အကျိုးသက်ရောက်မှုများ အသံ
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%B7%E1%80%95%E1%80%9C%E1%80%AC%20%E1%80%A1%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF
ဒိုချီ
ဒိုချီ (douche) ဒိုချီ (douche) သည် ခန္ဓာကိုယ် (မိန္းမကိုယ္) အတွင်းသို့ ရေများဆီးဆင်းပြီး ဆေးပညာ နှင့် သန့်ရှင်းရေး သုံး ကိရိယာ ဖြစ်သည်။ နည်းပညာ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AD%E1%80%AF%E1%80%81%E1%80%BB%E1%80%AE
မျိုးဝင်း
ပဲခူးတိုင်း ကဝမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ မျိုးဝင်း (၅၄) နှစ်သည် အသည်းကင်ဆာ ရောဂါဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။ ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးဝင်း (၅၄) နှစ်။ မဇ္ဈိမနဲ့ အဲန်အမ်ဂျီ၊ ၃ဝ၊ စက်တင်ဘာ၊ ၂ဝဝ၈ ဒေါက်တာ မျိုးဝင်းသည် ၁၉၈၂ ခုနှစ်က မန္တလေး ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ စစ်တပ်မှ အာဏာ သိမ်းခဲ့သည့်နောက်တွင် ကဝမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးချယ် ခံခဲ့ရသည်။ စစ်အစိုးရ အာဏာပိုင်များမှ ၁၉၉ဝ ခုနှစ်၊ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပါက အဆင့်မြင့် ရာထူး တိုးပေးခြင်း၊ နိုင်ငံရပ်ခြား ပညာတော်သင် စေလွှတ်မည်ဟု ခေါ်ယူ သိမ်းသွင်း ခဲ့သော်လည်း လက်မခံ ငြင်းပယ်ခဲ့သူ တဦးလည်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းစဉ် တက်ွ့ွကစွာ ပါဝင်ခဲ့သဖြင့် စစ်ထောက်လှမ်းရေးက ၃ နှစ်ခန့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်က ဒေါက်တာ မျိုးဝင်း ကိုယ်ပိုင် ဖွင့်လှစ်ထားသော ဆေးခန်းကို ပိတ်ရန် ဖိအားပေး ခံရခြင်း၊ နိုင်ငံရေး လုပ်ဆောင်ခွင့် မရအောင် နှောင့်ယှက်ခြင်း၊ ထောက်လှမ်းရေးများက နည်းမျိုးစုံ နောက်ယောင်ခံ လိုက်ကာ နှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့သည့် အတွက် ၂ဝဝ၄ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့သို့ ခိုလှုံရန် ရောက်ရှိလာခဲ့သည်။ ထို့နောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အတွင်းရေးမှူး အဖွဲ့၊ နိုင်ငံရေးအံတုမှု ကော်မတီတို့တွင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။ သူသည် လက်ရှိ မြန်မာ့ လွှတ်တော် အမတ်များ အဖွဲ့ (MPU) အဖွဲ့ဝင် တဦးဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟို (NLD- LA) တွင်လည်း မကွယ်လွန်မီ အထိ ဗဟိုကော်မတီ အဆင့်တွင် ပါဝင် လုပ်ဆောင်ခဲ့သူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ မျိုးဝင်း ကွယ်လွန်ချိန်တွင် ဇနီးနှင့် အတူ သားတဦး၊ သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။ * * * * * * * မြန်မာ့နိုင်ငံရေးသမားများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9D%E1%80%84%E1%80%BA%E1%80%B8
မျိုးသုဉ်းခြင်း
ဇီဝဗေဒတွင် မျိုးသုဉ်းခြင်း (extinction) သည် မျိုးစိတ်တစ်ခု တည်ရှိခြင်းမှ ပြတ်ဆဲသွားခြင်း ဖြစ်သည်။ ၎င်းမျိုးသုဉ်းခြင်း အချိန်ကို များသောအားဖြင့် နောက်ဆုံး ၎င်းမျိုးစိတ်အကောင် သေသော အခိုက်အဖြစ်ယူကြသည်။ သို့သော် ၎င်းမျိုးဆက်တည်ရေးမှာမှု ၎င်း နောက်ဆုံး ၎င်းမျိုးစိတ်အကောင် မသေမှီကပင် ဆက်လက်ပြန့်ပွားရန် မဖြစ်နိုင်သောကြောင့် မျိုးသုဉ်းခြင်း အခိုက်မှာ ထိုထက်ပင် စောနိုင်သည်။ မျိုးစိတ်တစ်ခု၏ သန်စွမ်းနိုင်မှု အချိန်မှာ အလွန်ပင် ကျယ်ပြန့်သဖြင့် တိုင်းတာရန် ခက်ခဲ့သောကြောင့် ပြီးမှသာ နောက်ပြန် တွက်ချက်ယူရတတ်သည်။ ထိုအခက်အခဲသည် Lazarus taxon ခေါ် မျိုးသုဉ်းပြီးမှ ပြန်လည် ပေါ်ပေါက်လာခြင်း တို့လည်းရှိသည်။ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်တွင် မျိုးပေါင်းခြင်း (speciation) နည်းစဉ်ဖြင့် မျိုးစိတ် အသစ်များဖြစ်ပေါ်လာပြီး သဘာဝ ပတ်ဝန်းကျင်၏ လစ်လပ်နေသော နေရာတွင်ဖြည့်ဆည်းပေးသည်။ ၎င်းမျိုးစိတ်သည် ထိုလစ်လပ်မှု ပျက်သုဉ်းလျှင် သို့မဟုတ် ပိုမိုစွမ်းအားရှိ မျိုးစိတ်ပေါ်ပေါက်လာလျှင် မျိုးသုဉ်းခြင်းဖြစ်သွားသည်။ ပျမ်းမျှအားဖြင့် မျိုးစိတ် တစ်ခု၏ သိရှိမှု သက်တမ်းမှာ နှစ် ၁၀ သန်း ရှိသည်။ သို့သော် အချို့သော မျိုးစိတ်တို့တွင် ထို့ထက်ပို၍ သက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်း (living fossils) အဖြစ်နှင့် နှစ်သန်း ရာပေါင်းများစွာ တည်ရှိနိုင်သည်။ မျိုးသုဉ်းခြင်းသည် သဘာဝ ဖြစ်စဉ် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှင်သန်ခဲ့ဖူးသမျှ ၉၉.၉ ရာနှုန်းသော မျိုးစိတ်တို့မှာ မျိုးသုဉ်းခဲ့ပြီး ဖြစ်လေသည်။ လူသားများ ကမ္ဘာအနှံ မပြန့်နှံမှီက မျိုးသုဉ်းခြင်းမှာ ဖြည်းဖြည်းမှန်မှန်သာဖြစ်ပြီး အမြောက်အမြား မျိုးသုဉ်းခြင်း (mass extinctions) မှာ ရှားသည်။ သာမန်မျိုးစိတ်တစ်ခုသည် ယင်းမျိုးစိတ် ပထမဆုံးပေါ်ပေါက်ပြီး နှစ်ပေါင်း ၁၀ မီလီယံကြာသော် မျိုးသုဉ်းပျောက်ကွယ်လေ့ရှိသည်။ လူသားများ စတင်ပေါ်ပေါက်ချိန်နှင့် အချိန်ကိုက်ဖြစ်သော လွင်ခဲ့သော နှစ်ပေါင်း ၁၀၀ ၀၀၀ ခန့် ကမှသာ Cretaceous ပြီးနောက် ၎င်း အမြောက်အမြား မျိုးသုဉ်းခြင်း အဆမတန် များပြားစွာ ဖြစ်ပေါ်လာသည်။ ဤသည်ကို Holocene extinction event ဟု ခေါပြီး ၎င်းကဲ့သို့ အခိုက်မျိုး ကမ္ဘာပေါ်တွင် ခြောက်ခါ ဖြစ်ခဲ့ဖူးသည်။ မျိုးသုဉ်းပျောက်ကွယ်သွားသော မျိုးစိတ်အများစုကို သိပ္ပံနည်းကျ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ အချို့သောသိပ္ပံပညာရှင်များက ၂၁၀၀ ခုနှစ်ရောက်လျင် လက်ရှိ အပင်နှင့် တိရစ္ဆာန်မျိုးစိတ် ထက်ဝက်ခန့် မျိုးသုဉ်းမည်ဟု ခန့်မှန်းကြသည်။ ကမ္ဘာပေါ်ရှိ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၂၅ ရာခိုင်နှုန်းသည် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ မျိုးသုဉ်းပျောက်ကွယ်ခြင်း၏ အဓိကအကြောင်းရင်းမှာ သစ်တောများ ခုတ်လှဲပြီး စိုက်ပျိုးရေးအတွက်အသုံးချသော လူသားတို့၏ လုပ်ဆောင်ချက်များကြောင့်ဖြစ်သည်။ ကိုးကား မျိုးသုဉ်းခြင်း ထိန်းသိမ်းစောင့်ရှောက်ရေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AF%E1%80%89%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
မွန်ပြည်သစ်ပါတီဥက္ကဋ္ဌမှာ နိုင်ဟံသာ၊ ဖြစ်ပြီး ဒုဥက္ကဋ္ဌမှာ နိုင်‌အောင်မင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူးမှာ နိုင်အောင်မင်းဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးမှာ န်ုင်ဇွဲယျဖြစ်သည်။ ဗဟိုအလုပ်မှုဆောင်များမှာ နိုင်သိုက်ထော နိုင်ဝင်းလှနှင့် နိုင်ဗညားလယ်တို့ ဖြစ်ကြသည်။ မွန်ပြည်သစ်ပါတီ ၏လက်နက်ကိုင်အဖွဲ့အစည်းမှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖြစ်ပြီး အကြီးအကဲ မှာဗိုလ်ချုပ်ကြီး လယီဂကောင်းဖြစ်သည်။ တော်လှန်ရေးသက်တမ်း အနှစ်(၆၀) ကျော်ရှိပြီး စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲဝင်ရေးနှင့် တပ်ဖွဲ့အသွင်ပြောင်းရေးအတွက် မွန်ပြည်သူတို့ထံမှ ဆန္ဒခံယူသွားမည်ဟု သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးအတွက် ပထမခြေလှမ်းအဖြစ် အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီနှင့် အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီကို ကမ်းလှမ်းခဲ့ကြောင်း မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ ထိပ်တန်းအရာရှိတဦးက ပြောသည်။ မွန်ပြည်သစ်ပါတီဘက်မှမူ ယင်းသို့ စစ်အစိုးရ ကိုယ်စားလှယ်၏ ကမ်းလှမ်းချက်ကို ၂၀၀၉ ခု ဇူလိုင်လကုန်ပိုင်းတွင် အကြောင်းပြန်မည်ဟုသာ ပြောကြားခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။ တပ်ဖွဲ့အသွင်းပြောင်းရေးအပေါ် ပါတီ၏ ဖြစ်ပေါ်လာနိုင်သည့် ရပ်တည်ချက်အသစ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားရန် ငြင်းဆိုခဲ့သည်။ ဇွန် (၇) ရက် နံနက်ပိုင်းက ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် တွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် မွန်ပြည်သစ်ပါတီနှင့် နအဖတို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး မတ်လဆန်းပိုင်း၌ ပထမအကြိမ် တွေ့ဆုံခဲ့သည်။ မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောမတူကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အစောပိုင်းက ကြေညာထားပြီး ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ လက်ခံ မခံကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ နအဖကိုယ်စားလှယ် အရှေ့တောင်ပိုင်း တိုင်းမှူးက မြန်မာနိုင်ငံတောင်ပိုင်းမှ အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များအား တွေ့ဆုံနေသကဲ့သို့ နအဖ၏ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပါဝင်သည့် တိုင်းမှူးအဖွဲ့တို့ကလည်း တရုတ်-မြန်မာနယ်စပ်တလျှောက်မှ အင်အားကြီး အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် တွေ့ဆုံခဲ့သည်။၂၀၁၈ ခုနှစ် ဖေဖော်ဝရီ ၁၃ ရက်နေ့တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ကိုးကား မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများ မွန်ပြည်နယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
မင်းကင်းမြို့
ချင်းတွင်းမြစ်၏ အောက်ဘက် မုံရွာမြို့ဟုခေါ်တွင်သည့် မြို့သလ္လာဝတီနှင့် ချင်းတွင်းမြစ်ဖျား ခန္တီးမြို့အကြား ရှေးနှစ်ပေါင်း ရှစ်ရာ၊ ကိုးရာ၊ တစ်ထောင်စသည် ဖြင့်နှစ်တမ်းကြာမြင့်သည့် ရှေးဟောင်းမြို့ကလေးများ၊ ရွာက လေးများကို ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်အဖြစ် သဘာဝမပျက် တွေ့နိုင်ပါသေးသည်။ မော်လိုက်မြို့၏အထက် ကင်းတပ်ရွာကလေးသည် လည်းကောင်း၊ ကလေးဝမြို့အထက်ဘက် မစိန်ရွာကလေးသည်လည်းကောင်း၊ မင်းကင်းမြို့သည် လည်းကောင်း၊ ရှေးမြို့ရိုး ကျုံးဘုရား၊ ကျောင်း၊ ကျောက်စာအမြောက်အမြား တွေ့နိုင်သည်။ ထိုအထဲတွင်မင်းကင်းမြို့ယွန်းကျောင်း၌တွေ့ရသောရှေးဟောင်းစည်တော်ကြီး၏အရှည်မှာ ယောက်ျားကြီး လက်တစ်ဖောင်စာကျော် ရှိနေသည်။ မင်းကင်းမြို့ ယွန်းကျောင်းမှ ရှေးဟောင်း စည်တော်ကြီးသည် နှစ်ပရိစ္ဆေဒ ကြာပြီ ဖြစ်သဖြင့် စည်တော်သားရေကြိုး၊ သားရေပြားများ ပိုးစား ပြတ်တောက်နေပြီး ပြန်လည် ပြုပြင်ရန်လည်း ခက်ခဲမှုရှိသဖြင့် ယွန်းကျောင်းအပြင်ဘက်တွင် ထောင်ထားသည်ကို တွေ့ရသည်။ ထူးခြားသည်က နှစ်ပေါင်းကြာပြီဖြစ်သော်လည်း သစ်သားစည်ကြီးမှာ ပိုးမစားဘဲ ရှိနေသည်ကိုတွေ့ရသည်။ မင်းကင်းမြို့သည် အထက်ချင်းတွင်း ကလေးခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ချင်းတွင်းမြစ် လက်ယာဘက်ကမ်းပေါ်တွင် မောက်ကတော် ချောင်း၊ ပထိုးလုံးချောင်းတို့ ချင်းတွင်းမြစ်တွင်းသို့ စီးဝင် ပေါင်းဆုံရာအရပ်နှင့် မနီးမဝေးတွင်တည်ရှိ၍ ယခင်က ခရိုင်ရုံး စိုက်မြို့ဖြစ်ခဲ့သော ကင်းတပ်မြို့ အောက်ဘက် မိုင် ၈ဝ အကွာ၊ ကလေးဝမြို့၏ အောက်ဘက် ၄၅ မိုင်အကွာတွင် တည်ရှိသည်။ မင်းကင်းမြို့တွင် မြို့နယ်အဆင့် ရုံးများ၊ အထက်တန်းကျောင်း (၂) ကျောင်းနှင့် ဆေးရုံလည်း ရှိသည်။ မင်းကင်းမြို့နယ်တွင် အဓိက အားဖြင့် လယ်ယာစိုက် ပျိုးလုပ်ကိုင်၍ အထူးသဖြင့် စပါးစိုက်ပျိုးသည်။ ချင်းတွင်းမြစ် သည် မြို့နယ်ကို ဖြတ်၍ စီးဆင်း သောကြောင့် သွားလမ်းလာလမ်း မခက်ခဲပေ။ ယခုအခါ မုံရွာမြို့ နှင့် ကလေးဝမြို့ တို့သို့ဆက်သွယ်ထားသော ကားလမ်းလည်း ရှိနေပြီဖြစ်သည်။ မင်းကင်းမြို့ရှိ ပတ္တမြားစေတီမှာ သီရိဓမ္မာသောကမင်း ကြီးတည်သော စေတီဖြစ်၍ မင်းကြီးတည်ခဲ့သော စေတီပေါင်း ၈၄,ဝဝဝ အနက် တစ်ဆူအပါအဝင် ဖြစ်သည်ဆို၏။ ၁၉၅၃ ခုနှစ်၌ ခန့်မှန်းသန်းခေါင်စာရင်းအရ မင်းကင်းမြို့တွင် လူဦးရေ ၁,၈၃၃ ယောက်ရှိသည်။ ရှေးဟောင်းကျေးရွာ တရွာအဖြစ်မှ မြို့အဖြစ် ပြောင်းလဲလာသော မင်းကင်းကို ရှေးက "မင်းခင်း"ဟု ရေးလေ့ရှိသည်။ ရွှေခြင်္သေ့မည်၊ မင်းကင်းတည် ဟူသော အမှတ်အသားအရ မင်းကင်းကို ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၃၄ (၁၉ ဖေဖော်ဝါရီ ၁၁၃၇)တွင် တည်သည်။ မြို့တည်ဇာတာတွင် ပြိဿစန်း၊ ကရကဋ်လဂ်နှင့် ၅ တေး၊ တူတွင် ခြင်္သေ့၊ မကာရ၊ မိန်တွင် စနေ၊ တနင်္ဂနွေတို့ ရှိကာ မင်းကင်းသည် မြန်မာမင်းတို့၏ ကင်းရံမြို့ ဖြစ်ကြောင်း ဆိုသည်။ ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားလက်ထက်တွင် မင်းခင်းဟုသာ ရေးသည်။ အောက်တွင်ရှု ကိုလိုနီခေတ်က နယ်ပိုင် ဦးဘိုးလှ အုပ်ချုပ်ပြီး မြို့သူကြီး၊ တိုက်သူကြီးများ ထားရှိသည်။ နောက်ပိုင်းတွင် မြို့ဝန် ရာထူး ‌ခန့်ရာ ပထမဆုံး မင်းကင်း မြို့ပိုင်မှာ ဦးဇေယျ ဖြစ်သည်။ မင်းကင်းသည် ဝံသာနုလှုပ်ရှားမှုများတွင် ပါဝင်ပြီး၊ ၁၉၂၃ က ဝံသာနု ‌ခေါင်းဆောင် ဦးသာဇံ၊ ဦးဖေ(ကျီကုန်းရပ်) တို့ကို ပုဒ်မ ၁၂၄(က) အရ ဖမ်းဆီးသည်။ ၁၉၃၃ တွင် မင်းကင်းမြို့လူငယ်များ တိုးတက်ရေးအသင်းကို ဦးစိုးရ၊ ဦးသစ်တို့က ဦးဆောင်ဖွဲ့စည်းသည်။ ၁၉၃၈ တို့ဗမာအစည်းအရုံး ဖွဲ့စည်းတည်ထောင်ရာတွင်လည်း သခင်ဗဟိန်း၊ သခင်ညို၊ သခင်စံလှ စသူတို့အပြင် သခင်မ ဒေါ်သိန်းခင်၊ သခင်မ ဒေါ်ရွှေအိ စသည့် အမျိုးသမီးများလည်း တက်ကြွစွာ ပါဝင်ပြီး၊ ၁၉၄၁ တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင် ထိပ်တင်ကိုယ်တော်ကြီးတို့ မင်းကင်းသို့ လာရောက်ကာ နိုင်ငံရေးတရား ဟောသည်။ ၎င်းနှစ်တွင် အမျိုးသားနေ့ လှည့်လည်ရာ၌ ကြွေးကြော်သံများ ရွတ်ဆို၍ သခင် ၇ ဦး ဖမ်းခံရသည်။ မင်းကင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၅၀ အမြင့်၌ တည်ပြီး၊ ၂၇ ဇူလိုင် ၁၉၇၂ တွင် စာအမှတ် ၁၀၃၊ ၁၆ စိတ် (၁)အရ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက မင်းကင်းကို မြို့အဖြစ် သတ်မှတ်သည်။ အထင်ကရပုဂ္ဂိုလ် မြန်မာစာပါမောက္ခ ဒေါ်ပို ကိုးကား မြန်မာနိုင်ငံရှိ မြို့များ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မင်းကျင့်တရား
မင်းကျင့်တရား ဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် ပြည်သူများအပေါ် ဆက်ဆံရေး ပေးတဲ့အကြံဉာဏ်ကို ခေါ်ပါသည်။ မင်းကျင့်တရား (၁၀)ပါးရှိပါသည်။မြန်မာသမိုင်း နိဒါန်း၊ သန်းထွန်း ပြည်သူများအား ကူညီထောက်ပံ့ခြင်း ငါးပါးသီလ ဆောက်တည်ခြင်း စွန့်လွှတ်အနစ်နာခံခြင်း ရိုးသားဖြောင့်မတ်ခြင်း အပြောအဆိုနူးညံ့ခြင်း တိုင်းပြည်ဘဏ္ဍာကို ခြိုးခြံခြင်း၊မဖြုန်တီးခြင်း အမျက်မထွက်ခြင်း ပြည်သူတို့ကို စိတ်အားဖြင့် ကိုယ်အားဖြင့် မညှဉ်းဆဲခြင်း သည်းခံခြင်း ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း မှန်နန်း ရာဇဝင် ၁၊ ၁၉၆၃၊ ပိုဒ် ၅၃၊ ၆၈ ပါမောက္ခချုပ်ဆရာတော်၏အပြန်အလှန်ဆက်ဆံရေးတရားတော်မှhttps://media.thitsarparamisociety.com/mp3/2021/DrNandamalabhivamsa/DrNandamala_2021.12.19.mp3 ကိုးကား ယဉ်ကျေးမှု ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%B7%E1%80%BA%E1%80%90%E1%80%9B%E1%80%AC%E1%80%B8
အကြွင်းမဲ့ အာဏာရှင် စနစ်
အကြွင်းမဲ့ အာဏာပိုင် အစိုးရစနစ် အနေဖြင့် အုပ်ချုပ်ရမည်ဆိုသောဝါဒဖြစ်သည်။ အုပ်ချုပ်သူ အစိုးရအနေဖြင့် ဆောင်ရွက်သမျှ ကိစ္စများသည် တရားဝင်သည်ဆိုသည့် အယူအဆဖြစ်ပြီး အစိုးရ၏ ဆောင်ရွက်ချက်များအား အကန့်အသတ်မရှိ ခွင့်ပြုထားခြင်းဖြစ်သည်။ အုပ်ချုပ်ခံရသူများအနေဖြင့် အုပ်ချုပ်ရေးအာဏာခွင်အတွင်း ကိုယ်စားလှယ် လုံးဝ စေလွှတ်ခွင့်မရှိ။ အုပ်ချုပ်ရေး ယန္တယားအတွင်း အုပ်ချုပ်ခံရသူများသည် လုံးဝဥဿုံ သက်ဆိုင်ပတ်သက်ခွင့် မရှိသော မူဝါဒဖြစ်သည်။ အကြွင်းမဲ့ အာဏာပိုင်စနစ်သည် (၁၇) ရာစုတွက် ထင်ရှားခဲ့သောနိုင်ငံရေးအယူအဆ တစ်ခု ဖြစ်သည်။ တွေးခေါ်ပညာရှင် ဘိုဒင်း (Bodin 1530-96) နှင့် ဟော့ဘ် (Hobbes) တို့သည် ထိုအယူအဆနှင့် ပတ်သက်၍ ထင်ရှားသူများဖြစ်သည်။ ရည်ညွှန်းကိုးကား နိုင်ငံရေးဝါဒ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%BC%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B2%E1%80%B7%20%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%20%E1%80%85%E1%80%94%E1%80%85%E1%80%BA
အမ်မီနမ်
Eminem သည် အမေရိကန် ရပ် အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး၊ သူ၏ ဂီတပုံစံကြောင့် နာမည်ကြီးသူတစ်ယောက်ဖြစ်သည်။ Eminem ၏ ဒုတိယမြောက် အယ်လဘမ် Marshall Mathers LP (2000) သည် ထုတ်ဝေသည့် ပထမလမှာပင် ကော်ပီသန်းပေါင်း ၅၀၀ ကျော် ရောင်းချခဲ့ရသည်။ မစ်ဆူရီပြည်နယ် စိန့်ဂျိုးဆက်မြို့တွင် သူ့အား မွေးဖွားခဲ့ပြီး ငယ်နာမည်ရင်းမှာ Marshall Bruce Mathers III ဖြစ်သည်။ Eminem သည် လူငယ်ဘဝတွင် လှောင်ပြောင်ခံရခြင်း နှင့် အခြားသရော်စော်ကားပြုခံရခြင်းများအား ရပ်စာသားများအဖြစ် ထည့်သွင်းသီဆိုခဲ့သည်။ ကိုးတန်းသုံးခါကျပြီးနောက် ၁၉၈၉ တွင် Eminem သည် ကျောင်းမှထွက်ကာ စားသောက်ဆိုင်များတွင် အချက်အပြုတ်လုပ်သူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုကဲ့သို့ ဝင်ရောက်လုပ်ကိုင်ရင်း အားလပ်သော အချိန်များတွင် ရပ်သီချင်းများစွာကို ရေးသားခဲ့သည်။ အောင်မြင်မူ့မရခင်က Eminem သည် မီရှီဂန်ပြည်နယ်၊ ဒတ်ထရွိုက်မြို့မှ အသားကင်ဆိုင်တွင် လုပ်အားခ တစ်နာရီ (၅.၅ ဒေါ်လာ) နှုန်းဖြင့် စားဖိုဆောင်တွင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ အန္တရာယ်များသည့် ပတ်ဝန်းကျင်တွင် ခက်ခဲစွာရှင်သန်ခဲ့ရသော Eminem သည် သူ၏ ရပ်ပါ နာမည်အား Slim Shady ဟုနာမည်ပေးကာ သူ၏ ဒေါသများအား သရော်သောပုံစံဆန်သည့် ရပ်စာသားများအဖြစ်ပြောင်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် လော့အန်ဂျလိမြို့တွင်ပြုလုပ်ခဲ့သည့် ရပ်အိုလံပစ်ပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆုရရှိခဲ့ပြီး တေးထုတ်လုပ်သူများက Eminem ကိုဂရုပြုမိလာကြသည်။ NWA ဝိုင်းတော်သားဟောင်း လူမည်း rapper နှင့် rap တေးထုတ်လုပ်သူ Dr.Dre မှ Eminem ကို သဘောကျသွားပြီး ၁၉၉၉ ခုနှစ်တွင် ပထမဆုံး အယ်လဘမ် Slim Shady LP (1999) အားထုတ်ဝေပေးခဲ့သည်။ ထိုအယ်လဘမ်မှ သီချင်းစာသားများသည် ကာရံများဆန်းသစ်ခြင်း၊ ကြမ်းတမ်းသော စကားလုံးများ အသုံးပြုခြင်း၊ကိုးရိုးကားယား ပုံရိပ်များနှင့် မိမိကိုယ်ကို သရော်သော ပုံစံများကြောင့် ဟစ်ဟော့ ဂီတ ပုံစံသစ်တစ်မျိုးအဖြစ် ကိုယ်ပိုင်ဟန်တစ်ခုကို Eminem သည်ဖန်တီးနိုင်ခဲ့သည်။ ထိုအယ်လ်ဘမ်သည် ချပ်ရေသုံးသန်းကျော် ရောင်းချခဲ့ရပြီး အကောင်းဆုံး rap album ဆုနှင့် အကောင်းဆုံး rap solo performance အဖြစ် My Name IS သီချင်းဖြင့် ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ Eminem သည်ဒုတိယ အယ်လဘမ် Marshall Mathers LP တွင်ပိုမိုအောင်မြင်လာသော်လည်း ထိုအယ်လဘမ်အတွင်းရှိ သီချင်းစာသားများသည် အမျိုးသမီးများနှင့် မိန်းမလျာ များအား ပုတ်ခတ်သည့် ပုံစံပေါက်နေသောကြောင့် အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူများနှင့် မိန်းမလျာ အခွင့်ရေး တိုက်ပွဲဝင်သူများ၏ ပြင်းထန်စွာ ဆန္ဒပြမူ့များနှင့် ကြုံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ Eminem သည် ၂၀၀၁ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် မိန်းမလျာတစ်ဦးဟု သူ့ကိုယ်သူ ဝန်ခံထားသော ပေါ့အဆိုတော် Elton John နှင့်အတူတူ Stan သီချင်းအား သီဆိုဖျော်ဖြေခဲ့သည်။ ထိုဂရမ်မီဆုပေးပွဲတွင် Eminem သည် ဂရမ်မီဆု သုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။ အောင်မြင်မှုများ Eminem ရဲ့ Billboard Hot 100 - Top Ten list Love The Way You Lie Not Afraid Lose Yourself Without Me Berzerk Cleanin' Out My Closet The Real Slim Shady Shake That Just Lose It Rap God When I'm Gone We Made You ရရှိခဲ့သောဆုများ American Music Awards - 8 win (23 Nomi;) Billboard Music Awards - 17 win (31 Nomi;) Brit Awards - 4 win (7 Nomi;) Grammy Awards - 15 win (43 Nomi;) MTV Europe Music Awards - 15 win (29 Nomi;) MTV Video Music Awards - 12 win (51 Nomi;) People's Choice Awards - 7 win (10 Nomi;) World Music Awards - 10 win (24 Nomi;) Academy Awards (Oscars) - 1 win (1 Nomi;) Guinness - 5 win Eminem ရဲ့ အဲလ်ဘမ်ရှစ်ခုအနက် Diamond Single နှစ်ခု, RIAA Diamond Album နှစ်ခု စုစုပေါင်း Diamond လေးဆုရထားပါတယ်။ Eminem သည် သူ့ဘဝဇာတ်ကြောင်းအား အခြေခံကာ 8mile ဆိုသော ရုပ်ရှင်ကားထဲတွင်လည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားမှ ဇာတ်ဝင်သီချင်း Lose Yourself မှာ တေးဂီတဆုများ ဆွတ်ခူးနိုင်ခဲ့သည်။ ၁၈-၁၂-၂၀၀၀ နေ့ထုတ် Time မဂ္ဂဇင်းတွင်လည်း ၂၀၀၀ ပြည့်နှစ်၏ အထူးခြားဆုံးပုဂ္ဂိုလ် (၁၀)ဦး စာရင်းတွင် Eminem အား နံပါတ်(၁) အဖြစ်ရွေးချယ်ဖော်ပြခဲ့သည်။ Eminem ၏အယ်လဘမ်များ Infinite (1996) The Slim Shady LP (1999) The Marshall Mathers LP (2000) The Eminem Show (2002) Encore (2004) Relapse (2009) Recovery (2010) The Marshall Mathers LP2 (2013) Revival Kamikaze (2018) Music To Be Murdered By (2020) အဲလ်ဘမ်သုံးသပ်ချက် ဆိုးဝါးသောပတ်ဝန်းကျင်တွင် ခက်ခဲစွာရှင်သန်ခဲ့ရသော Eminem သည် သူ၏နာမည်အား Slim Shady ဟုနာမည်ပေးကာ သူ၏ဒေါသများအား သရော်သောပုံစံဆန်သည့် 'ရပ်' စာသားများအဖြစ်ပြောင်းခဲ့သည်။  ၎င်း၏ ပထမဆုံးအဲလ်ဘမ် Infinite ကို ၁၉၉၆ နိုဝင်ဘာလမှာဖြန့်ချိခဲ့သော်လည်း အောင်မြင်မှုများစွာမရခဲ့ပေ။ NWA ဝိုင်းတော်သားဟောင်း လူမည်း rapper နှင့် rap တေးထုတ်လုပ်သူ Dr.Dre မှ Eminem ကို ၁၉၉၉ ခုနှစ်တွင် ဒုတိယမြောက် အယ်လဘမ် Slim Shady LP (1999) အားထုတ်ပေးခဲ့သည်။ ထိုအယ်လ်ဘမ်မှ သီချင်းစာသားများမှာ ကာရံများဆန်းသစ်ခြင်း၊ ကြမ်းတမ်းသော စကားလုံးများ အသုံးပြုခြင်း၊ ကိုးရိုးကားယား ပုံရိပ်များနှင့် မိမိကိုယ်ကို သရော်သော ပုံစံများကြောင့် Hip Hop ဂီတပုံစံသစ်တစ်မျိုးအဖြစ် ကိုယ်ပိုင်ဟန်တစ်ခုကို Eminem သည်ဖန်တီးနိုင်ခဲ့သည်။ ထိုအယ်လ်ဘမ်သည် ချပ်ရေသုံးသန်းကျော် ရောင်းချခဲ့ရပြီး အကောင်းဆုံး rap album ဆုနှင့် အကောင်းဆုံး rap solo performance အဖြစ် My Name IS သီချင်းဖြင့် ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ Eminem ၏ တတိယမြောက် အယ်လဘမ် Marshall Mathers LP (2000) သည် ထုတ်ဝေသည့် ပထမသုံးရက်၌ပင် ၂.၄ သန်း ကျော် ရောင်းချခဲ့ရသည်။ ထိုအဲလ်ဘမ်သည် အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀)တွင် အဆင့်(၁)ဖြင့်ရပ်တည်နိုင်ခဲ့၏။ "The Real Slim Shady", "Stan" တို့ကဲ့သို့သော သီချင်းများကိုလည်း လူကြိုက်များ၏။ Marshall Mathers LP တွင်ပိုမိုအောင်မြင်လာခဲ့သော်လည်း ဤအယ်လ်ဘမ်ထဲက သီချင်းစာသားများသည် အမျိုးသမီးများနှင့် လိင်တူများ ပုတ်ခတ်သည့် ပုံစံပေါက်နေသောကြောင့် Eminemအမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူများနှင့် လိင်တူအခွင့်ရေး တိုက်ပွဲဝင်သူများ၏ ပြင်းထန်စွာ ဆန္ဒပြမူ့များနှင့် ကြုံခဲ့ရသည်။ သို့ရာတွင် Eminem သည် ၂၀၀၁ ခုနှစ် ဂရမ်မီဆုပေးပွဲ၌ လိင်တူဟု ဝန်ခံထားသော အဆိုတော် အယ်လ်တန် ဂျွန်(Elton John)နှင့်အတူတူ Stan သီချင်းအား သီဆိုဖျော်ဖြေခဲ့သည်။ ထိုဂရမ်မီဆုပေးပွဲတွင် Eminem သည် ဂရမ်မီဆု သုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။  ၂၀၀၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် လေးခုမြောက် The Eminem Show အဲလ်ဘမ်ကိုဖြန့်ချိခဲ့ပြီး ထိုနှစ်၌ပင် (၇.၆) သန်းရောင်းရခဲ့ပါတယ်။ ဤအဲလ်ဘမ်ထဲက တတိယမြောက်အဲလ်ဘမ်ထွက်ရှိခဲ့ပြီးWithout Me, Superman, Sing for the Moment စသောသီချင်းများသည် လူကြိုက်များ ကျော်ကြားခဲ့၏။ အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀)တွင် အဆင့်(၁) ရခဲ့သည်။ ငါးခုမြောက် Encore အဲလ်ဘမ်ကိုတော့ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့၌ ထွက်ရှိခဲ့ပြီး Just Lose It, Like Toy Soldiers, Ass Like That စတဲ့သီချင်းမျာူ နာမည်ကြီးခဲ့သည်။ ပထမရက်သတ္တပတ် (၂)ခုအတွင်း အမေရိကန်ပြည်ထောင်စုတွင် (၁.၅) သန်းရောင်းရခဲ့ပါတယ်။ အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀) အဆင့်(၁) ရခဲ့သည်။ ၂၀၁၀ ဇွန်လ ၁၈ ရက်နေ့တွင် ခုနှစ်ခုမြောက် အယ်လ်ဘမ်ဖြစ်သော Recovery ထွက်ရှိခဲ့ပါတယ်။ ဒီအဲလ်ဘမ်ထဲက Not Afraid, Love the Way You Lie, No Love, Space Bound သီချင်းများသည် ပြည်ပတွင်သာမက ပြည်တွင်း၌လည်း နာမည်ကြီးခဲ့သည်။ အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀) အဆင့်(၁) ထပ်မံရခဲ့၏။ ၂၀၀၀ ခုနှစ်ကထွက်ခဲ့သော The Marshall Mathers LP ပြီးနောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့၌ The Marshall Mathers LP 2 ဆိုပြီး Eminem ရဲ့ ရှစ်ခုမြောက်အဲလ်ဘမ်ကို ဖြန့်ချိခဲ့ပါတယ်။ ဒီအဲလ်ဘမ်ထဲတွင် နာမည်ကြီသီချင်းတွေဖြစ်သော Berzerk, Survival, Rap God, The Monster စသောသီချင်းများ ပါဝင်သည်။ ဒီအဲလ်ဘမ်က အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀) အဆင့်(၁) ရခဲ့ပြန်သည်။ အကိုးအကား အမေရိကန် အမျိုးသား အဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BA%E1%80%99%E1%80%AE%E1%80%94%E1%80%99%E1%80%BA
မင်းလူ
ကိုယ်ရေး ဖြစ်စဉ် မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (နောင် အထက (၆)၊ ဗိုလ်တထောင်) ၌ ပညာသင်ကြားခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက (၁) သင်္ကန်းကျွန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ကျောင်းသားဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများရေးသားခဲ့သည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ဆောင်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ခေတ္တထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ""နေဝင်သွားတော့ လထွက်သည်"""ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သူမ နှင့် စာရေးဆရာမ ယုယဟူ၍ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများစတင်ရေးသားခဲ့သည်။ ၁၉၈၉ ခု၊ စက်တင်ဘာလ ၂၆ ရက်တွင် "ဘာတွေဖြစ်ကုန်ကြပြီလဲ" ဆိုသည့် ၁၉၈၈ နောက်ပိုင်း ခေတ်စနစ်ကို ရောင်ပြန်ဟပ်စေသည့် ကဗျာရှည်ကို ရေးသားခဲ့သည့်အတွက် တည်းဖြတ်သူ မျိုးမြင့်ညိမ်း၊ ထုတ်ဝေသူ ကိုစိန်လှိုင်တို့နှင့်အတူ ထောင်ဒဏ် (၇) နှစ် ကျခံခဲ့ရသည်။ ၁၉၉၁ မှ ၁၉၉၃ ထိ စာအုပ်များ ရေးသားထုတ်ဝေနိုင်ခြင်းမရှိခဲ့ချေ။ ၂၀၀၉ ခုနှစ်တွင် "မင်းကိုဉာဏ်"ကလောင်အမည်ခွဲဖြင့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတွင် "ဖတ်ကြည့်ပါ"(စာအုပ်အညွှန်း ကဏ္ဍ)ကို စတင်ရေးသားခဲ့သည်။ မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏နေအိမ်တွင် နေထိုင်၍ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင်ဇာတ်ညွှန်းများစွာ ရိုက်ကူးခြင်းခံခဲ့ရပြီး အများစုကို ကိုယ်တိုင်ဇာတ်ညွှန်း ရေးခဲ့သည်။ ဘဝနိဂုံး မင်းလူသည် အသက် ၅၉ နှစ် တွင် အဆုတ်ကင်ဆာရောဂါဖြင့် ၂ဝ၁၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ည ၁၁ နာရီခွဲ က ရန်ကုန် ဝိတိုရိယ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ရေးသား ပြုစုခဲ့သော စာအုပ်များ ပန်းကျောင်း (ပထမဆုံး လုံးချင်းဝတ္ထု) - ၁၉၇၇ ခုနှစ် အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာစာအုပ်)-၁၉၇၈ ခုနှစ် သာဓု အင် ဆန်း(စ်) (ဖခင် ဦးသာဓု၊ အစ်ကိုများဖြစ်သော မောင်ဝဏ္ဏ၊ သုမောင်တို့နှင့် တွဲဖက်၍ ထုတ်ခဲ့သောစာအုပ်) -၁၉၇၈ ခုနှစ် ချစ်သော ပန်းကလေးများ - ၁၉၇၉ ခုနှစ် ကဗျာစာအုပ်များကို သူငယ်ချင်းကဗျာဆရာများနှင့် တွဲဖက်၍ ထုတ်ခဲ့။- ၁၉၇၉ ခုနှစ် အမုန်းအလိုမရှိ - ၁၉၈၀ ခုနှစ် အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း - ၁၉၈၁ ခုနှစ် ငှက်ကလေး....-၁၉၈၁ ခုနှစ် နှစ်ကိုယ်ခွဲ -၁၉၈၂ ခုနှစ် သံယောဇဉ်အဖွဲ့ -၁၉၈၃ ခုနှစ် မိညီမ -၁၉၈၃ ခုနှစ် လွမ်းရအောင် -၁၉၈၄ ခုနှစ် ကျွန်တော် ကျွန်မတို့သည် - ၁၉၈၅ ခုနှစ် အချစ် အလွမ်း စွန့်စားခန်း - ၁၉၈၅ ခုနှစ် သူကလည်း သူ ကျွန်တော်ကလည်း ကျွန်တော် - ၁၉၈၆ ခုနှစ် မင်းမဆိုးပါဘူး - ၁၉၈၆ ခုနှစ် သူတို့ ပျော်ကြလေပြီ - ၁၉၈၆ ခုနှစ် ခုနစ်စဉ် အလွမ်း - ၁၉၈၆ ခုနှစ် ချစ်မှာလားကွယ် ကြိုက်မှာလားကွယ် မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ် - ၁၉၈၇ ခုနှစ် သုံးနားညီ - ၁၉၈၇ ခုနှစ် ရယ်စရာ မောစရာ - ၁၉၈၇ ခုနှစ် ရင်ထဲက ဆောင်းရာသီ- ၁၉၈၈ ခုနှစ် ရင်ခုန်သူများ - ၁၉၈၈ ခုနှစ် ဖော်ကွာဝေး - ၁၉၈၉ ခုနှစ် ဘာမှ မတတ်နိုင်ဘူး - ၁၉၉ဝ ပြည့်နှစ် သူငယ်ချင်း တစ်ယောက်အကြောင်း - ၁၉၉ဝ ပြည့်နှစ် အချစ်ရူးကြီး ရူးတော့သည် - ၁၉၉၄ ခုနှစ် သံမဏိ ဝတ်မှုန်နှင့် လတ်ဆတ်သော ဝတ္ထုများ (စုပေါင်း) - ၁၉၉၄ ခုနှစ် လမ်းဖြတ်ကူးသော ဝတ္ထုတိုများ - ၁၉၉၅ ခုနှစ် လွန်လေပြီးသော နှလုံးသား (မဂ္ဂဇင်း ဝတ္ထုရှည်များ)- ၁၉၉၅ ခုနှစ် အမုန်းခွန်အား ဝတ္ထုများ - ၁၉၉၆ ခုနှစ် အမုန်း အလိုမရှိ - ၁၉၉၆ ခုနှစ် သံယောဇဉ် အဖွဲ့ - ၁၉၉၆ ခုနှစ် ငိုအားနှင့် ရယ်အား - ၁၉၉၆ ခုနှစ် အချစ်သက်သက် ဝတ္ထုတိုများ - ၁၉၉၆ ခုနှစ် အတွေ့လေးရယ်မှ အိုအကြုံ - ၁၉၉၆ ခုနှစ် ချစ်မြားရှင် ချစ်စေသတည်း - ၁၉၉၆ ခုနှစ် ရင်မောခြင်းနှင့် ရယ်မောခြင်း- ၁၉၉၇ ခုနှစ် ဦးမင်းလူကောင်းမှု (ကဗျာစာအုပ်)- ၁၉၉၇ ခုနှစ် ပြောတိုင်းယုံတဲ့ ပုတ်သင်ညို - ၁၉၉၉ ခုနှစ် ယမကာလုလင် - ၁၉၉၉ ခုနှစ် ရယ်မောခြင်း လက်ရွေးစင် - ၁၉၉၉ ခုနှစ် ရွှေရောင်မမရဲ့ ပုံတူ (စုပေါင်းရေးသား) - ၁၉၉၉ ခုနှစ် ချစ်ဒုက္ခ ချစ်တယ်ကြိုက်တယ် ဆိုတာ ဘယ်လိုမျိုး ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောစမ်းပါ နှမတော်လေးရယ်နှင့် အခြားဝတ္ထုတိုများ(စာရေးဆရာများ) ၁၉၉၉-ခုနှစ် အခြားဝတ္ထုတိုများ - ၂ဝဝဝ ပြည့်နှစ် ရေတမာ - ၂ဝဝဝ ပြည့်နှစ် အမည်မဖော်လိုသူ အချစ် - ၂ဝဝဝ ပြည့်နှစ် မင်းမဆိုးပါဘူး - ၂ဝဝဝ ပြည့်နှစ် ဦးမင်းလူ ကောင်းမှု - ၂ဝဝဝ ပြည့်နှစ် စာပေကြော်ငြာ စတိတ်ရှိုး ပွဲတော်နှင့် အခြား ဝတ္ထုတိုများ - ၂ဝဝ၁ ခုနှစ် စာပေ လေလံပွဲ - ၂ဝဝ၁ ခုနှစ် အက်ဆေးချစ်သူ - ၂ဝဝ၁ ခုနှစ် မျောက်လက် - ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ကံ့ကော်နီ - ၂ဝဝ၂ ခုနှစ် သဘာ၀ကျကျ ဟာသရသ - ၂ဝဝ၂ ခုနှစ် ဂန္ထဝင်အိပ်မက် - ၂ဝဝ၂ ခုနှစ် ဝတ္ထုတို စ-ဆုံး - ၂ဝဝ၂ ခုနှစ် သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ - ၂ဝဝ၂ ခုနှစ် အသပြာလုလင် - ၂ဝဝ၃ ခုနှစ် ခေါင်းလောင်းထိုးသောဝတ္ထုတိုများ - ၂ဝဝ၃ ခုနှစ် အများနှင့်မသက်ဆိုင်သောသူ - ၂ဝဝ၃ ခုနှစ် အချစ်နှင့်ဘောလုံး - ၂ဝဝ၄ ခုနှစ် နှုတ်ခမ်း၏ထောင့်စွန်းများ - ၂ဝဝ၄ ခုနှစ် ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး - ၂ဝဝ၄ ခုနှစ် ဝတ္ထုဖြစ်စေသတည်း - ၂ဝဝ၅ ခုနှစ် အော်ဆွေး - ၂ဝဝ၅ ခုနှစ် လက်နဲ့ရေးတဲ့စာ - ၂ဝဝ၅ ခုနှစ် စာပေကယ်ရီကေးချား - ၂ဝဝ၆ ခုနှစ် အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ - ၂ဝဝ၆ ခုနှစ် ရယ်မောခြင်းအပိုင်းအစများ - ၂ဝဝ၇ ခုနှစ် အလွမ်းသစ် - ၂ဝဝ၇ ခုနှစ် နှလုံးသား ၃၈၀/၅၄ - ၂ဝဝ၇ ခုနှစ် ခိုးခိုးခစ်ခစ် - ၂ဝဝ၉ ခုနှစ် အောင်ဘာလေ - ၂ဝ၁၀ ခုနှစ် မျောက်လက် - ၂ဝ၁၁ ခုနှစ် ပြန်ခေါ်သက်သေ - ၂ဝ၁၁ ခုနှစ် မင်းလူဝတ္ထုတိုပေါင်းချုပ် (၁၉၇၆-၂၀၀၅) - ၂ဝ၁၂ ခုနှစ် နွေသစ်ရွက် မိုးထဲက နှင်းဆီ ရွှေနှလုံးသား အချစ်မြို့သားများ ရယ််မောခြင်း လက်ကျန် - မင်းလူ တကိုယ်တော် မဂ္ဂဇင်း - ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ(ဤစာအုပ်က ဆရာမင်းလူ ကွယ်လွန်ပြီးချိန်ကျမှ ထွက်ရှိလာသော စာအုပ် ဖြစ်သည်။)) (ဆရာမင်းလူ၏"မင်းလူဝတ္ထုတိုပေါင်းချုပ် (၁၉၇၆-၂၀၀၅)" စာအုပ်တွင် ပါဝင်သော "မင်းလူ၏ ဘ၀နှင့်စာပေမှတ်တမ်း"မှ တစ်ဆင့်ကူးယူ ဖော်ပြပါသည်) ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B0
မင်းကျော် (စာရေးဆရာ)
မင်းကျော် (ကျော်လှိုင်ဦး) သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ချောက်မြို့ရေနံမြေ ရပ်ကွက်၌ အဖ ကျောင်းဆရာ ဦးဘလှိုင်၊ အမိ ဒေါ်တင်ဦး တို့က ၁၉၃၃ ခုနှစ် မတ်လ ၆ ရက်တွင် မွေးသည်။ မွေးချင်းငါးယောက်တွင် အကြီးဆုံး ဖြစ်သည်။ အမည်ရင်း ကျော်ဆွေ၊ ငယ်မည် ခွေးညို ဖြစ်သည်။ ငယ်ဘဝ ချောက်မြို့ ဘီအိုစီ ရေအိုးစင်ကျောင်း (၁၉၃၈ - ၄၂)၊ မကွေးမြို့နယ် ရှားပင်လှ ကျေးရွာ ဘုန်းတော်ကြီး ဦးဝါသဝကျောင်း (၁၉၄၂ - ၄၅)၊ မကွေး အစိုးရ မူလတန်းလွန် ကျောင်း (၁၉၄၅ - ၄၆)၊ ချောက် အစိုးရ မူလတန်းလွန် ကျောင်း (၁၉၄၆ - ၅ဝ)တွင် ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ အထိ၊ ရန်ကုန် ဆရာအတတ်သင်သိပ္ပံ အလယ်တန်းဆရာဖြစ်သင်တန်း (၁၉၅၁ - ၅၃)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၅၂) အောင်၊ အလယ်တန်းဆရာဖြစ် လက်မှတ်ရ (၁၉၅၃)၊ စာပေဗိမာန် အဋ္ဌမပတ် စာကြည့်တိုက်သင်တန်း (၁၉၅၄)၊ ပြင်ပ ကျောင်းသား အဖြစ် ဥပစာ (က) တန်း (၁၉၅၆) အောင်၊ ဒေလီမြို့ အမျိုးသား မော်ကွန်းတိုက် မော်ကွန်းထိန်း သင်တန်း (၁၉၅၇) တက်၊ ဥပစာ (ခ) တန်းနှင့် ဝိဇ္ဇာ (က) တန်း (၁၉၅၈) အောင်၊ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (၁၉၆ဝ) ရခဲ့သည်။ ချောက်မြို့ အစိုးရမူလတန်းလွန်ကျောင်း၌ ကျောင်းစာရေး (၁၉၅ဝ - ၅၁)၊ ရန်ကုန်မြို့၌ စက်ဆန်း အလယ်တန်းကျောင်း၊ ထို့နောက် ကြည့်မြင်တိုင် ကွက်သစ် အလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ (၁၉၅၃ - ၅၅)၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင်တွင် အထက်တန်း ကျောက်စာကူး အမှုထမ်း (၁၉၅၅ - ၅၇)၊ သမိုင်းကော်မရှင် စာကြည့်တိုက်နှင့် မော်ကွန်းလက်ထောက် (၁၉၅၇ - ၅၉)၊ ဗြိတိသျှသံရုံး၌ ဘာသာပြန်သူ (၁၉၅၉) မြန်မာနိုင်ငံ သမိုင်းကော်မရှင် မော်ကွန်းအရာရှိ (၁၉၆ဝ - ၆၂)၊ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် (၁၉၆၂ - ၆၃)၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ အတွင်းရေးမှူး (၁၉၆၃)၊ အမျိုးသားစာပေ ညီညွတ်ရေးကော်မတီ အတွင်းရေးမှူး (၁၉၆၄)၊ ၁ ဖေဖော်ဝါရီ ၁၉၆၆ မှစ၍ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် စာတည်းအဖြစ် အမှုထမ်းခဲ့သည်။ စာပေလုပ်သား ဖြစ်မြောက်ရေး ကော်မတီဝင် (၁၉၆၆ - ရ၆)၊ စာပေလုပ်သားအဖွဲ့ အမှုဆောင် (၁၉၈၁)၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁၉၈၉ - ၉၁) တာဝန်များ ယူခဲ့သည်။ စာပေရေးသားခြင်း ၁၉၅ဝ ဇူလိုင်ထုတ် ပဒေသာ မဂ္ဂဇင်းတွင် 'ကြင်နာသူ' ဝတ္ထုတိုကို "မင်းကျော်" အမည်ဖြင့် ရေး၍ စာပေနယ်သို့ ဝင်ခဲ့သည်။ မင်းကျော် အမည်နှင့် လုံးချင်း ဝတ္ထု (၃၉)၊ မဂ္ဂဇင်း ဝတ္ထုရှည် ပေါင်းချုပ် (၃)၊ ဝတ္ထုတို ပေါင်းချုပ် (၆)၊ ဝတ္ထုဟန် ကိုယ်ရေး အတ္ထုပ္ပတ္တိ (၂)၊ အထွေထွေ (၁) ရေးခဲ့သည်။ တွယ်ရာမဲ့ (၁၉၅၇)၊ ငြိမ်းတယ် ချမ်းတယ်မိုး (၁၉၆၃)၊ အာဠာဝက (၁၉၆၄)၊ ပုဂံသား (၁၉၆၄)၊ လှိုင် (၁၉၆၄)၊ တစ္ဆေ (၁၉၆၅)၊ မောင်ကျော်ဇောဟု ခေါ်သည် (၁၉၆၆)၊ မောင်ကျော်ဇာ၏ စွန့်စားခန်းများ (၁၉၆၆)၊ ထီးလှိုင်ရှင် (၁၉၆၉)၊ ငါတို့ ခေတ်နှင့် အပြိုင် [ငါးတွဲ] (၁၉၆၇ - ရ၁)၊ မဟာ (၁၉၇၂)၊ ခွေးညို (၁၉၇၃)၊ အဖြူကို မည်သူ အနက် ဆိုးသနည်း (၁၉၇၆)၊ ပဲခူးသား (၁၉၇၇) တို့မှာ ထင်ရှားသည်။ နတ်နွယ်နှင့် တွဲဖက်၍ "မလိခ" အမည်ဖြင့် မြန်မာဝတ္ထု အညွှန်း (၆) တွဲ၊ မင်းကျော် တဦးတည်း "မလိခ" အမည်နှင့်ပင် မြန်မာ စာပေ အဘိဓာန် (၄) တွဲ၊ ပျို့အညွှန်း တို့ကို ပြုစုခဲ့၏။ ကျော်အောင်၊ ညွန့်ကြူး တို့နှင့် တွဲဖက်၍ "နွယ်သစ်" အမည်ဖြင့် ကမ္ဘာကျော် စာအုပ် ၁ဝဝ (၁၉၅၇) ကို ပြုစုခဲ့သည်။ "ကျော်ဆွေ" အမည်ရင်း ဖြင့်လည်း စာအုပ် အချို့ကို ရေးခဲ့၊ တည်းဖြတ် ခဲ့၏။ "ကျော်လှိုင်ဦး" အမည်နှင့် ဘာသာပြန် (၁၈) အုပ် ရေးခဲ့ရာ လူနှင့် လက်နက် (၁၉၆၅)၊ တော်လှန်သော ကဗျာဆရာ (၁၉၆၆)၊ အောက်ဆုံး အလွှာ (၁၉၆၆)၊ ဦးလေးတွမ် (၁၉၆၉)၊ ဒေါက်တာ ဂျက်ကီးနှင့် မစ္စတာ ဟိုက်၊ လေထန်ကုန်း၊ မဒမ်ဗိုဗာရီ၊ တထောင့်တည ပုံပြင်များ (၅) တွဲ တို့သည် ထင်ရှား၏။ အမျိုးသား စာပေ ဆုများကို ဦးလေးတွမ် (ဘာသာပြန် - ၁၉၆၉)၊ အဖြူကို မည်သူ အနက် ဆိုးသနည်း (ဝတ္ထုတို ပေါင်းချုပ် - ၁၉၇၆)၊ တထောင့်တည ပုံပြင်များ - ၁ (ဘာသာပြန်- ၁၉၈ဝ) တို့ဖြင့် ရရှိ ခဲ့သည်။ ဘဝနိဂုံး ၇ ဇူလိုင် ၁၉၉၁ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်ဝင်းနှင့် သား အံ့ဘွယ်ကျော် တို့ ကျန်ရစ်ခဲ့သည်။ ထင်ရှားသည့်စာအုပ်အချို့ မြန်မာဝတ္ထုအညွှန်း (၆)တွဲ (မလိခအမည်ဖြင့်) ပျို့အညွှန်း (မလိခ) မြန်မာစာပေအဘိဓာန် ၄တွဲ (မလိခ) ကမ္ဘာကျော်စာအုပ် - ၁၀၀ (ကျော်အောင်၊ ညွှန့်ကြူးတွဲ) နွယ်သစ် အမည်ဖြင့် တော်လှန်စာပေ (မောင်နေဝင်း၊ နတ်နွယ်-တွဲ) ပင်ကိုရေး ငါတို့ခေတ်နှင့်အပြိုင် (၅)တွဲ မဟာ တစ္ဆေ လှိုင် ပုဂံသား အာဠာဝက ဘယ်သူပြိုင်လို့ လှပါတော့နိုင် စသည်ဖြင့် လုံးချင်း(၄၀) ကျော် ရေးခဲ့ အဖြူကို မည်သူအနက်ဆိုးသနည်း (အမျိုးသားစာပေဆုရ) ရွှေညာမှာညိုတဲ့မိုး သည်သောင်ယံကမခွာရက်တယ် ကြာနီတပွင့် ဖြူတပွင့် ပဲခူးသား ခွေးညို လျှပ်တပြက် ဂျပန် ဘာသာပြန် (ကျော်လှိုင်ဦး အမည်ဖြင့်) ဦးလေးတွမ် (ဘာသာပြန်ဆုရ) မဒမ်ဘိုဗါရီ တစ်ထောင့်တစ်ည (ဘာသာပြန်ဆုရ) တော်လှန်သောကဗျာဆရာ အောင်ဆုံးအလွှာ တဂိုးကဗျာများ လေထန်ကုန်း ဒေါက်တာဂျက်ကီးနှင့် မစ္စတာဟိုက် စာညွှန်း ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၃၃၂ - ၃၃၃။ မလိခ။ မြန်မာဝတ္ထု အညွှန်း (၄)။ စာ ၁၄၆ - ၁၇၉။ မောင်ကျော်သာ။ တစေ့တစောင်း စာရေးဆရာ တို့၏ အကြောင်း။ စာ ၁၄၇ - ၁၆၂။ နတ်နွယ်။ မိမိနှင့် စာရေးဆရာများ။ စာ ၁၆ - ၄၇။ ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း။ စာ ၁၉၈-၂ဝ၁။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၂)။ စာ ၂၅၉ - ၂၆၁။ ရာပြည့် စာအုပ် ၁ဝဝ အညွှန်း (၁၉၉၉)။ စာ ၁၈ဝ။ မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (နိုဝင်ဘာ ၁၉၈၄)။ စာ ၁၁၃ - ၁၁၄။] ၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျဉ်း ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%20%28%E1%80%85%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC%29
အာထန်
Spider man ဆို၍ ရုပ်ရှင်အကြောင်း၊ ပင့်ကူလူသား ထိုင်ဝမ်ရောက်သွားသည့်အကြောင်း ပြောမည်မဟုတ်ပါ။ သုံးနှစ်သားအရွယ်မှာ မကျန်းမမာဖြစ်သဖြင့်အောက်ပိုင်းချည့်နဲ့သွားခဲ့ရပြီး မြေပြင်မှာ တွားသွားခဲ့ရသော လူတစ်ယောက်အကြောင်း အားကျအတုယူဖွယ်ပြောပြမည် ဖြစ်သည်။ ထိုင်ဝမ်ကျွန်း Nantou မြို့နယ်ရဲ့ ရွာလေးတစ်ရွာမှာ အာထန်ဟုခေါ်‌ေသာ လူတစ်ယောက်ရှိခဲ့၏။ ပိုလီယို ရောဂါကြောင့် အာထန်သည် သုံးနှစ်အရွယ်မှစ၍ မတ်တပ် မရပ်နိုင်ခဲ့တော့ဘဲ တွားသွားသတ္တဝါကဲ့သို့ မြေပြင်ကို ရင်နဲ့ကပ်လျှက် တွားသွားခဲ့ရသည်။ အာထန် (၇)နှစ်အရွယ်ရောက်မှ ဖခင်သည် သူ့လက်မှာ ဖိနပ်ကိုင်ခိုင်းပြီး လက်ဖြင့် လမ်းလျှောက်တတ်အောင် သင်ပေးခဲ့သည်။ ဖိနပ်ကို လက်မှာစီးလျှက် လက်ဖြင့် လမ်းလျှောက်ရသော အာထန်အား လမ်းသွားလမ်းလာများမှ ထူးဆန်းအံ့ဩသော အကြည့်ဖြင့် ကြည့်တတ်ကြသော်လည်း အာထန်သည် သိမ်ငယ်စိတ်မဖြစ်ရုံမျှမက မိမိအားကြည့်သော သူများအား ခေါင်းညိတ်ပြုံးပြတတ် ခဲ့သည်။ (၇)နှစ်အရွယ်ဟူသည် ကျောင်းတတ်ရမည့် အရွယ်ဖြစ်သော်လည်း မိခင်ဖြစ်သူမှ သားကို တစ်ခြားကလေး များ၏ ကဲ့ရဲ့လှောင်ပြောင် အနိုင်ကျင့် ခြင်း ခံရမည် စိုးရိမ်သဖြင့် အာထန်အား ကျောင်းမတက်စေခဲ့ပေ။ အာထန် (၉)နှစ်အရွယ်ရောက်ချိန်တွင် စေတနာကောင်းသော ကျောင်းအုပ်ဆရာကြီးမှ ၎င်းအတွက် သုံးဘီးလက်တွန်းလှည်း တစ်စီးဝယ်ပေးခဲ့၏။ ကျောင်းဆင်းကျောင်းတက်ချိန်တွင် လှည်းကိုတွန်းဖို့ ရန်အတွက်လည်း ကျောင်းသားအချို့ကို အကူအညီ တောင်းပေးခဲ့သည်။ သို့သော် မိုးများရွာ‌ေသာ‌ေန့များ၌မူ ရွာ၏မညီမညာ ရွှံ့လမ်းမှာ လှည်းဘီးတွေနစ်ဝင်ခဲ့ရလေ၏။ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် ကျောင်းသားများပြန်ကုန်ကြပြီ ဖြစ်သော်လည်း အာထန်မှာ ပါးပြင်ပေါ်၌ မျက်ရည်နှင့် မိုးရေအတူရောယှက် စီးဆင်းလျှက် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရမြဲ ဖြစ်သည်။ လောကကြီးက အာထန်ကို မျက်နှာသာပေးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ (၆)နှစ်လွန်ပြီးနောက် မူလတန်းအဆင့်ကို အာထန်အဆင့်တစ်နဲ့ အောင်မြင်ခဲ့၏။ ရွာ၌ အလယ်တန်းကျေင်း မရှိခြင်းသည် အာထန်အတွက် အခက်ခဲတစ်ခုဖြစ်စေခဲ့ပြန်သည်။ ကျောင်းဆက်တက်ရန်အတွက် ဖခင်ကို အာထန်မေးခဲ့သည်။ ဖခင်ကလည်း တောသူတောင်သား လူရိုးလူအ တစ်ယောက်ဖြစ်သည်နှင့်အညီ တစ်ခြားလူများထံမှ အကြံဉာဏ်တောင်းခဲ့သည်။ လူအများမှ “သူ့ကို ဖိနပ်တိုက်တဲ့ အလုပ်လုပ်ခိုင်းလိုက်ပါ” “တစ်ခြား အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုသင်ခိုင်းလိုက်ပါ” “သူက ဒုက္ခိတပဲ ကျောင်းဆက်နေလဲ အပိုပါပဲ။ ဘာပညာမှ သင်စရာမလိုဘူး။ ခွက်တစ်လုံးပေးပြီး ကားဂိတ်တွေမှာ တောင်းစားခိုင်းလိုက်” ဟူသော နှိမ့်ချစကားသာ အကြံဉာဏ် အဖြစ်ပေးခဲ့ကြလေသည်။ ထိုစကားများအား ကြာချိန်၌ အာထန်အလွန် ဝမ်းနည်းခဲ့ရပြီး လူမမြင်ရာ၌ ငိုခဲ့မိကြွေးခဲ့ရလေသည်။ ၎င်း၏စိတ် ၌မူ “ငါ ဒုက္ခိတမဟုတ်ဘူး။ ဒီလောကအတွက် ငါဟာ လူပိုတစ်ယောက်မဟုတ်ဘူး။ ငါ သူတောင်းစား မလုပ်ဘူး” ဟူ၍ ကြုံးဝါးခဲ့၏။ ကံကောင်းသည်ဟု ဆိုရမည့် အချက်မှာ မူလတန်းသာရှိခဲ့သည့် ၎င်းတို့ရွ၌ အလယ်တန်းကျောင်းဖွင့်ရန် အကြောင်းဖန်လာခဲ့သည်။ ဝမ်းသာလွန်း၍ အာထန်မျက်ရည်ကျမိခဲ့၏။ ၎င်း၏ဆုတောင်းသံ ဘုရားသခင်ကြားခဲ့ဟန်တူ၏။ ဘုရားသခင် သူ့ကို ပစ်မထားဘူးဆိုတာ သူယုံကြည်ခဲ့သည်။ အာထန်ပိုကြိုးစားခဲ့သည်။ (၃)နှစ်လွန်ပြီးနောက် အဆင့်တစ်နဲ့ပဲ အာထန် အလယ်တန်းအောင်ခဲ့၏။ (ကိုယ့်အားကိုယ်ကိုး၍ ဘဝကို စိန်ခေါ်ရဲသည့် လူကမှ မြင့်မြတ်သူ ဖြစ်သည်)။ “အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲလို့ ကျွန်တော်တွေးတယ်။ အခက်အခဲက ကိုယ့်ကို အလဲထိုးသွားမျိုး ကျွန်တော်မလိုချင်ဘူး” ထိုမှတစ်ဆင့် အာထန်၏ ပညာရေးတွေ အဆင့်ဆင့်တက်ခဲ့သည်။ ထိုင်ဝမ် Feng Chia University (逢甲大學) မှ Mechanical Engineering ကို အဆင့်တစ်နဲ့ အောင်မြင်ခဲ့ပြန်သည်။ ကျောင်းပြီး၍ အလုပ်ရှာသောအချိန်၌ အာထန်သည် ကုမ္ပဏီတော်တော်များများ၏ ငြင်းဆန်ခြင်းကို ခံခဲ့ရသည်။ တချို့ကုမ္ပဏီက သူတောင်းစားအထင်နှင့် သူ့ကို မောင်းထုတ်ခဲ့ကြသည်။ နောက်ဆုံး၌ ကုမ္ပဏီတစ်ခုမှ၎င်းကို “အစမ်းသုံး” ရန်သဘောတူခဲ့သည်။ အာထန်ကြိုးစားခဲ့၏။ လခကောင်းဖို့ မမျှော်ကိုးခဲ့‌ေပ။ အချိန်ပို လုပ်အားခ မယူခဲ့။ သာမန်လူကောင်းများထက် သူအဆပေါင်းများစွာ ကြိုးစားခဲ့သည်။ သူ၏ အလုပ်အပေါ် တန်ဖိုးထားမှု၊ လေးစားမှုတို့ကြောင့် သူဌေး၏ ချီးမြှောက်မှုကို ခံခဲ့ရသည်။ သာမန်ဝန်ထမ်းဘဝကမှ မန်နေဂျာဖြစ်လာသည်အထိ အာထန်ကြိုးစားနိုင်ခံ၏။ တစ်နေ့တွင် အရမ်းလှပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ အာထန်ဆုံမိခဲ့သည်။ မည်သည့်မိဘကမှ ကိုယ့်သားသမီးကို ကိုယ်လက်အင်္ဂါ မသန်စွမ်းသူနဲ့ ပေးစားချင်ကြမှာ မဟုတ်။ လက်ဖြင့် လမ်းလျှောက်သူ၏ ဘဝထဲသို့ ကိုယ့်သမီးနဲ့ ဘယ်လက်တွဲခိုင်းရဲပါမည်နည်း။ “ကျွန်တော့်မှာ ခြေထောက် မသန်စွမ်းတာကလွဲရင် ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ မှန်ကန်တဲ့ အကျင့်စရိုက်တွေ ရှိသေးတယ်။ ဝင်ငွေလခကလည်း တည်ငြိမ်တယ်။ အရေးအကြီးဆုံးက ဦးသမီးကို ကျွန်တော်သိပ်ချစ်လို့ပါပဲ” ယခုအချိန်တွင်မူ အာထန်၌ လှပသော သမီးလေး သုံးယောက်ရှိ‌ေနပြီး ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌ (速跑得機械公司董事長) ဖြစ်နေပြီ ဖြစ်သည်။ လွန်ခဲ့သော (၁၅)နှစ်တုန်း၌ အာထန်သည် ကားအရောင်းအဝယ် ကုမ္ပဏီတစ်ခုထဲသို့ “တွား” ပြီးဝင်ခဲ့ရ၏။ ဝန်ထမ်းအချို့မှ ၎င်းကို အလှူလာခံသူ၊ ငွေလာတောင်းသူထင်၍ မောင်းထုတ်ခြင်းခံခဲ့ရ၏။ “ကျွန်တော် ကားဝယ်မလို့” ဟူသော အာထန်၏ စကားကို မည်သူမျှ ဂရုမစိုက်ခြင်းမရှိခဲ့ကြပေ။ နောက်တစ်နေ့၌ ထိုကားကုမ္ပဏီသို့ပဲ အာထန် နောက်တစ်ကြိမ် “တွား” ဝင်ပြန်သည်။ ဘဏ်မှထုတ်လာသော ငွေတို့အား စားပွဲပေါ်တင်၍ ကားဝယ်မည်ပြောမှ ဝန်ထမ်းတို့မှာ ရေနွေးကမ်းသူ ကမ်း၊ ကော်ဖီပို့သူ ပို့ဖြင့် ပျာပျာသလဲ ကြိုဆိုခြင်းခံခဲ့ရလေသည်။ ငွေရှင်းပြီး၍ အာထန်မှ အသင့်ပါလာ‌ေသာ သေတ္တာအတွင်းမှ ကိရိယာတချို့ထုတ်လျှက် ဘရိတ်နှင့် လီဗာနေရာတွင် တပ်ဆင်ပြီး လက်နဲ့မောင်းနိုင်ရန် လုပ်ခဲ့သည်။ လွန်ခဲ့သော နှစ်(၂ဝ)ခန့်၌ ကျောင်းဆောင် (၇)ထပ်(၈)ထပ်တိုက်တွင် လောင်‌ေသာမီးကြောင့် ကျောင်းသား တော်တော်များများ အသက်ဆုံးရှုံးခဲ့ရခြင်းအား သတင်း၌ မြင်မိသောအခါ အာထန် အချိန် စိတ်ထိခိုက်ခဲ့ရသည်။ ၎င်းနောက် တစ်နေ့၌ ပင့်ကူတစ်ကောင် အမျှင်ကိုအသုံးပြုလျှက် စပျစ်ပင်ပေါ်မှ လျှောဆင်းလာသည်အား တွေ့သောအခါ အမြင့်ပေါ်မှ လျှောဆင်းနိုင်‌ေသာ စက်ကို သူထီထွင်ခဲ့သည်။ တိုက်အမြင့်၏ ပြတင်းပေါက်တစ်ခုမှာ ထိုစက်ကို တပ်၍ စမ်းသပ်ကြည့်‌ေသာအခါ မြေပြင်သို့ အန္တရာယ်ကင်းကင်း လျှောဆင်းလာနိုင်သည်ကို တွေ့လိုက်ရ၏။ ခွင့်ပြုမိန့်ယူ ထုတ်လုပ်၍ နိုင်ငံခြားအထိ ပြိုင်ပွဲဝင်ခဲ့ပြီး ထီထွင်ဆု ရွှေတံဆိပ်ကို သူရရှိခဲ့သည်။ တစ်‌ေန့တွင် ပါတီအကြီးအကဲတစ်ဦး ဟိုတယ်တစ်ခု၌ အစည်းအဝေးသွားတက်စဉ် ဓာတ်လှေကားထဲတွင် နှစ်နာရီကြာ ပိတ်မိနေခဲ့သည်။ အာထန်သိသောအခါ ဓာတ်လှေကားပျက်လျှင် သို့မဟုတ် ဓာတ်လှေကားထဲ ၌ပိတ်မိနေလျှင် အောက်ထပ်သို့ အလွယ်တကူဆင်းနိုင်‌ေသာ အန္တရာယ်ကင်း ဓာတ်လှေကားအား ထီထွင်ခဲ့ပြန်သည်။ ၎င်းထီထွင်မှုမှ အာထန်ကို “ရွှေဦးနှောက်” ဆုကို ရစေခဲ့ပြန်သည်။ အာထန် ထီထွင်ခဲ့သမျှ အသုံးအဆောင်များထဲမှ အာထန် အားအရဆုံးသည် ပစ္စည်းအဟောင်း၊ အပျက်တွေအား ပြန်လည်ပြုပြင် အသုံးပြုခြင်း ဖြစ်သည်။ ၎င်းကိုယ်တိုင်သည်လည်း မသန်မစွမ်း စွန့်ပစ်ပစ္စည်းကဲ့သို့ ဖြစ်ခဲ့ဖူး၍ မည်သည့် အရာကိုမဆို မပစ်ဘဲ သူ၏ရွှေဦးနှောက်နှင့် လက်နှစ်ဖက်အားအသုံးပြု၍ အဟောင်းမှအသစ်ရစေရန် ထီထွင်ခဲ့ခြင်းဖြစ်သည်။ အချိန် ရရှိခဲ့သော ဆုတွေမှာ “ထီထွင်ဆု ပထမ၊ ရွှေဦးနှောက်ဆု၊ International Geneva, Switzerlandက ထီထွင်ဆု ရွှေတံဆိပ်၊ ဂျာမဏီမှ လူသားအကျိုးပြုထီထွင်ဆု ရွှေတံဆိပ်၊ စသည်ဖြင့် ရရှိခဲ့သော ဆုတွေမှာ ရေး၍မကုန်နိုင်သလို အာထန်မှာ ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော မသန်စွမ်း ထီထွင်သူလည်း ဖြစ်ခဲ့သည်။ တစ်ချိန်တစ်ခါ၌ လူတွေ၏ကဲ့ရဲ့လှောင်ပြောင်ခံရသူ၊ လူတွေနှိမ်ခဲ့သူတစ်ဦးသည် သူ့ကိုယ်သူ မည်သည့်အခါမှ လွှတ်ချခြင်း မပြုခဲ့။ မသန်မစွမ်းသူ သူ့အတွက် ရှေ့ဆက်လှမ်းဖို့ ခြေလှမ်းမရှိ ဆိုခြင်းကို အာထန်သိခဲ့၏။ လူကောင်းတို့ထက် ဆတိုးမကြိုးစားလျှင် ၎င်းအတွက် မနက်ဖြန်ဆိုသည်မှာ ရှိလာနိုင်မည် မဟုတ်ဘူးဆိုသည်ကိုလည်း သိခဲ့၍“ဘယ်လောက်ပဲ ခက်ခဲပါစေ... အရှုံးမပေးဘူး” ဟူသောစိတ်ဖြင့် ကြိုးစားခဲ့သည်။ “ကံကြမ္မာဆိုသည် မွေးရာပါ မဟုတ်။ ကံကြမ္မာဆိုသည် မျိုးရိုးမလိုက်တတ်၊ ကံကြမ္မာအား လှည့်ပြောင်း၍ရနိုင်သည်၊ ကံကြမ္မာအား ထီထွင်၍ရသည်။ ကံကြမ္မာအား စိန်ခေါ်၍ရသည်၊ ဇွဲလုံ့လ၏နောက်၌ အောင်မြင်မှုဆိုတာ ရှိသည်” ဆိုခြင်းကို သူယုံကြည်ခဲ့၏။ မှီငြမ်း ... http://www.bcc.com.tw/about/sunlove7.asp ရေးသားသူ....... နိုင်းနိုင်းစနေ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%91%E1%80%94%E1%80%BA
မင်းအောင် (စာရေးဆရာ)
မင်းအောင် (၆ ဇူလိုင် ၁၉၁၆–၁၈ ဖေဖော်ဝါရီ ၁၉၉၆) သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အစောပိုင်းဘဝနှင့် ပညာရေး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ဆန်ဆွဲရွာတွင် အဖ လယ်သမားကြီး ဦးစံပွင့်၊ အမိ ဒေါ်ငွေမ တို့က ၁၉၁၆ ခု ဇူလိုင် ၆ ရက်နေ့ တွင် ဖွားမြင် ခဲ့သည်။ အမည်ရင်းမှာ သိန်းမောင် ဖြစ်၏။ ငယ်စဉ်က ရွာဘုန်းကြီးကျောင်းတွင် စာသင်ခဲ့သည်။ ၁၄ နှစ်သားတွင် ဆရာဘုန်းကြီးနှင့်အတူ ရန်ကုန်သို့ ရောက်လာခဲ့ရာမှ ရန်ကုန်တွင် သောင်တင်ခဲ့သည်။ တဆယ့်လေးငါးနှစ်သားတွင် ခေတ်ပညာ အင်္ဂလိပ်စာပေကို သင်ကြားလိုသော်လည်း ဆရာဘုန်းကြီးက ခွင့်မပြုသဖြင့် မသင်ယူခဲ့ရရှာပေ။ အသက် ၂၃ နှစ်တွင် သင်္ကန်းဆီးလျက် နေရင်း ဒေသသို့ ပြန်ခဲ့သည်။ လောကုတ္တရာစာပေများ သင်ယူလေ့လာခဲ့သည်။ အသက် ၂၆ နှစ်တွင် လူဝတ်လဲခဲ့သည်။ စာပေရေးသားခြင်း ၁၇ နှစ်သားအရွယ် ရန်ကုန်မြို့တွင် ရှိစဉ်ကပင် ဝတ္ထုရှည်များ စမ်းသပ်ရေးသားကာ စာနယ်ဇင်းတိုက်များသို့ ပို့ခဲ့သည်။ တပုဒ်တလေမျှပင် ရွေးချယ်ခြင်း မခံခဲ့ရပေ။ လူဝတ်လဲပြီးနောက် ဝတ္ထုတိုရှည်များကို အပတ်တကုတ် အားထုတ် ကြိုးပမ်းရေးသားခဲ့သည်။ မင်းဆွေနှင့် ရဲထွတ်တို့မှာ စာပေလက်ဦးဆရာများ ဖြစ်ခဲ့ကြသည်။ ၁၉၄၅ တွင် ဂျစ်သခင် လုံးချင်းဝတ္ထုကို စတင်ထုတ်ဝေခဲ့သည်။ ထို့နောက် တခေတ်ပြောင်းပြီ၊ ငွေလူ့ပြည်၊ သား၊ လက်ဝဲဗိုလ်၊ ကျားမ၊ နှစ်ကိုယ့်တကိုယ်၊ ချစ်မြင်းမိုရ်၊ ချစ်သွေးနှစ်ဆက်၊ ရူပါ စသည်ဖြင့် ဒိန်းဒိုင်း ဇာတ်ကြမ်းများကို ရေးခဲ့သည်။ ၁၉၄၈ တွင် ရဲထွတ်၏ တာဝန်ပေးချက်အရ မိုးအောက်မြေပြင်ကို ရေးခဲ့သည်။ ရဲထွတ်နှင့် ဗမာ့တက်လမ်း ပုံနှိပ်တိုက် ပိုင်ရှင် ဦးအောင်ရှိန်တို့ ပူးတွဲပိုင်သည့် ထူထောင်ရေး စာအုပ်တိုက်က ၁၉၄၈ ခု ဖေဖော်ဝါရီလတွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ဈေးကွက်တွင် မစွံခဲ့ချေ။ သို့ရာတွင် ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ချီးမြှင့် ခဲ့သည့် ၁၉၄၈ ခုနှစ် စာပေဗိမာန် ကာလပေါ် ဝတ္ထုဆုကို ရရှိလိုက်သည်နှင့် တပြိုင်နက် တစ်ဆယ့်ရှစ်ရက်အတွင်း သုံးကြိမ်တိုင်တိုင် ရိုက်နှိပ်ရသော စံချိန်ကိုရရှိ ခဲ့သည်။ တဖန် ရုပ်ရှင်အဖြစ် ကူးပြောင်းရာတွင် ကိုယ်တိုင်သရုပ်ဆောင်တဦးအဖြစ် ပါဝင်ခဲ့သည်။ ဤသို့ဖြင့် ရုပ်ရှင်လောကတွင် သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ စသည်ဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ စာပေလောကတွင်လည်း ရှုမဝ၊ သွေးသောက်၊ မြဝတီ၊ ငွေတာရီ၊ ဆန်းသစ်ဦး၊ ကလောင်စုံ၊ လင်းယုန်ဂျာနယ်၊ တိုင်းရင်းမေဂျာနယ်၊ ပြည်သူ့ဂျာနယ်၊ ပြည်တော်စိုး ဂျာနယ် အစရှိသော စာနယ်ဇင်းများတွင် ဝတ္ထုတိုရှည် ဆောင်းပါးများစွာ ရေးခဲ့သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်းတွင် အမှုဆောင်တဦး ဖြစ်ခဲ့သည်။ 'ဝနေ' ဟူသော ကလောင်အမည်ကိုလည်း သုံးခဲ့သည်။ ဥတုသုံးလီ (၁၉၅ဝ)၊ စာရေးဆရာ (၁၉၅၇)၊ ဘုံလယ်မြေ (၁၉၆၄)၊ အငုံ (၁၉၆၅) တို့မှာ ထင်ရှားသည်။ အငုံ ကို ပန်ချင်သူ ပျို့ချစ်ဦးရယ် အမည်ဖြင့် ရုပ်ရှင် ရိုက်ခဲ့သည်။ ကွယ်လွန်ခြင်း ၁၉၉၆ ခု ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန် ခဲ့သည်။ မှတ်စု ကိုးကား ၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော ၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေ ဆုများ၊ စာ ၃၁ - ၃၂။ မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၂)။ စာ ၁၇၇ - ၁၉ဝ။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၇)။ စာ ၂၅၈။ ကန်တော့ခံ သက်ကြီး စာပေ ပညာရှင် များ၏ အတ္ထုပ္ပတ္တိ (သက္ကရာဇ် ၁၃၅၇)။ စာ ၁ဝ၂ - ၁ဝ၃။ စာတည်း။ မင်းအောင်၊ ရှုမဝ (ဇူလိုင် ၁၉၄၉)။ စာ ၁ဝ။ ရွှေဥဒေါင်း။ မိုးအောက် မြေပြင်နှင့် ဆုငွေ ၁ဝဝဝိ၊ ရှုမဝ (စက်တင်ဘာ ၁၉၄၉)။ စာ ၁၂၄ - ၁၂၉။ မင်းအောင်။ မိုးအောက် မြေပြင်၏ အတိတ်မှ လှုပ်ရှား ခဲ့မှုများ၊ ငွေတာရီ (နိုဝင်ဘာ ၁၉၆၅)။ စာ ၁၈၉ - ၁၉၄ နှင့် ၂၄၁ - ၂၅ဝ။] မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ ရုပ်ရှင် ဒါရိုက်တာများ မြန်မာ အမျိုးသား သရုပ်ဆောင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%20%28%E1%80%85%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC%29
မင်းနွယ်
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ မင်းနွယ် [၁၉၁၁ - ၁၉၉ဝ] မင်းဘူး ခရိုင် လယ်ကိုင်း မြို့ဟောင်းတွင် အဖ ကြေးတိုင် စာရေးကြီး ဦးသင်၊ အမိ ဒေါ်အေး တို့က ၁၉၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ (၁၉ဝ၉ ခုနှစ် ဩဂုတ်လ ၃ဝ ရက် တနင်္လာနေ့ဟု မလိခက ဖော်ပြသည်) တွင် မွေးဖွား ခဲ့သည်။ ၁ဝ နှစ်သားတွင် မိခင် ကွယ်လွန် သွားခဲ့သည်။ မွေးချင်း နှစ်ယောက်တွင် အကြီးဆုံး၊ အမည်ရင်းမှာ ဦးသန်းမောင် ဖြစ်သည်။ စစ်တွေမြို့ မူလတန်းကျောင်း (၁၉၁၆ - ၁၇)၊ မြောင်းမြမြို့ မူလတန်းကျောင်း (၁၉၁၇ - ၁၈)၊ ထားဝယ်မြို့ မူလတန်းကျောင်း (၁၉၁၈ - ၁၉)၊ မြိတ်မြို့ မူလတန်းကျောင်း (၁၉၂ဝ)၊ ဖျာပုံမြို့ မူလတန်းကျောင်း (၁၉၂ဝ - ၂၂)၊ ရန်ကုန် အလယ်တန်းကျောင်း (၁၉၂၅ - ၂၈)၊ ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း (၁၉၃၃ - ၃၄)၊ လယ်ကိုင်းမြို့ အထက်တန်းကျောင်း (၁၉၃၄ - ၃၅) တို့၌ ပညာ သင်ခဲ့သည်။ ၁၉၃၅ တွင် မြန်မာ ကိုးတန်း အောင်သည်။ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၅၃) နှင့် ဥပစာတန်း စာမေးပွဲ (၁၉၅၆) တို့ကို အလွတ် ဖြေဆို အောင်မြင် ခဲ့သည်။ ၁၉၃၅ - ၃၇ တွင် မန္တလေး နော်မန် ကျောင်းမှ ဆရာဖြစ် အောင်သည်။ ဓနုဖြူ မြို့တွင် ကျောင်းဆရာ အဖြစ် စတင် အမှု ထမ်းခဲ့သည်။ ၁၉၃၇ - ၃၉ တွင် ရေနံချောင်းမြို့ ညောင်လှရပ် ဘီအိုစီကျောင်း၌ အလယ်တန်းပြဆရာ၊ ၁၉၃၉-၄၁ တွင် ချောက်မြို့ ဘီအိုစီ လွှစက် ကျောင်း၌ ဆရာ အဖြစ် အမှု ထမ်းခဲ့သည်။ ရေနံချောင်း ညောင်လှ ဘီအိုစီ ကျောင်းတွင် အမှုထမ်း နေစဉ် တပည့်များကို ကျောင်းစာ သာမက မျိုးချစ် စိတ်နှင့် စစ်ပညာ သင်ကြား ပေးမှုကြောင့် သက်ဆိုင်ရာ အာဏာပိုင် များနှင့် မပြေမလည် ဖြစ်ကာ အလုပ်မှ နုတ်ထွက် ခဲ့ဖူးသည်။ ၁၉၅၁ တွင် ရန်ကုန်၌ 'မင်းနွယ်' ပုံနှိပ်တိုက် တည်ထောင်၍ စာစောင် တခု ထုတ်ဝေ ခဲ့သည်။ ၁၉၅၂ တွင် မင်းဘူး၌ 'မင်းနွယ်' ပုံနှိပ်တိုက် ဖွင့်လှစ် ခဲ့ပြီး ၁၉၅၃ - ၆၆ တွင် လယ်ကိုင်း အလယ်တန်း ကျောင်းအုပ် အဖြစ် ပြန်လည် အမှု ထမ်းခဲ့ သည်မှာ ၁၉၆၆ ခု အငြိမ်းစား ယူချိန် အထိပင် ဖြစ်သည်။ အင်္ဂလိပ် တော်လှန်ရေးတွင် မြေအောက် တော်လှန်ရေး တာဝန် ယူခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ် အတွင်း၌ ပွင့်ဖြူ မြို့နယ် ပညာရေးမှူးနှင့် အာရှ လူငယ် အဖွဲ့ ဥက္ကဋ္ဌ၊ ၁၉၄၅ - ၄၆ တွင် ပွင့်ဖြူ မြို့နယ် ဖဆပလ အဖွဲ့ အမှုဆောင်နှင့် ၁၉၄၇ တွင် ပွင့်ဖြူ မြို့နယ် ဖဆပလ အဖွဲ့ အတွင်းရေးမှူး တာဝန် တို့ကို ယူခဲ့သည်။ ရန်ကုန် မြို့မ ကျောင်းတွင် ပညာ သင်ယူ နေစဉ် နိုင်ငံပေါင်းချုပ် အသင်းကြီးက ကျင်းပသော ဘာသာပြန် ပြိုင်ပွဲတွင် ပထမဆု ရခဲ့သည်။ ထိုစဉ်ကပင် 'မြို့မသန်း'၊ 'တောသားကြီး' ကလောင် အမည် များဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ မြို့မ ဝံသယုဝ ဂျာနယ် ၌လည်း 'တောသားကြီး' ကလောင် အမည် ဖြင့်ပင် ဝတ္ထု စရေးသည်။ နော်မန်ကျောင်း နောက်ဆုံး နှစ်တွင် ရန်ကုန်မြို့ ကြီးပွားရေး မဂ္ဂဇင်းက ပြုလုပ်သော "တာဝတိံသာသွား မှတ်တမ်း" ခေါင်းစဉ်နှင့် ဆောင်းပါး ပြိုင်ပွဲတွင် ပထမဆု ရခဲ့သည်။ နောက်တလ ကြီးပွားရေး မဂ္ဂဇင်း ဝတ္ထုတို ပြိုင်ပွဲ တွင်လည်း ပထမ ဆုပင် ရခဲ့ ပြန်သည်။ ထိုပြိုင်ပွဲ များမှ စ၍ 'မင်းနွယ်' ကလောင် အမည်ကို သုံးခဲ့သည်။ "ဘားမားဂျာနယ်" ဝတ္ထုတို ပြိုင်ပွဲ တွင်လည်း ဆက်တိုက် ဆုရခဲ့ ပြန်သည်။ ဤသို့ဖြင့် ၁၉၃၅ မှ ၁၉၇၆ အထိ စာပေ ဆောင်းပါး၊ ကျေးလက် ပညာပေး ဆောင်းပါး၊ ကျေးလက် ဝတ္ထုများ အပုဒ်ပေါင်း ၆ဝ ကျော် ရေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက အချစ်ဆန်း တမူးတန် ဝတ္ထု ရေးခဲ့၏။ စကားနှင့် စကား အခြေအတင် ပြောနည်း၊ အမှောင်တွင်းက အသူရကာယ်များ (ပြည့်တန်ဆာ လောက) (၁၉၅ဝ)၊ ဂုဏ်နှင့် ရင်အေး (၁၉၅၆) ဝတ္ထုများနှင့် ကောက်သင်း (၁၉၇၂)၊ ဘဝ ပဲ့တင်သံများ (၁၉၇၆)၊ ပြည်သစ် စိတ်သစ်တို့ အုတ်မြစ်နှင့် စာတို ပေစ မနေ့က (၁၉၈ဝ) စသည့် စာပေါင်းစု စာအုပ်များမှာ ထင်ရှားသည်။ ရှေးဟောင်း စာနယ်ဇင်း စုဆောင်းမှုတွင် ဝါသနာ ထုံသည်။ လွတ်လပ်ရေး မော်ကွန်းဝင် (တတိယဆင့်) ချီးမြှင့် ခံရသည်။ ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မင်းဘူး မြို့၌ ကွယ်လွန် ခဲ့သည်။ စာညွှန်း မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (ဒီဇင်ဘာ ၁၉၈၄)။ စာ ၄၈။ လူထု ဒေါ်အမာ။ လွမ်းသူ့စာ။ စာ ၃၆၉ - ၃၇၃။ ဘထွေး။ စာပြု စာစု ဦးမင်းနွယ်၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၉၁)။ စာ ရ၂-၇၄။ ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၉၁)။ စာ ၉ဝ။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၂)။ စာ ၂၆၁-၂၆၂။ ဘဝနိဂုံး၊ မိုးဂျာနယ် (ဖေဖော်ဝါရီ ၁၉၉၁)။ စာ ရ၇။ မြန်မာ အမျိုးသား စာရေးဆရာများ လွတ်လပ်ရေးမော်ကွန်းဝင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BD%E1%80%9A%E1%80%BA
မန်းတင်
မန်းတင် (၁၉၁၆ - ၁၉၉၇) ကိုယ်ရေး ဖြစ်စဉ် ၁၉၁၆ - ခု၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးမြို့၌ အဖကုန်သည် ဦးကံကြီး၊ အမိဒေါ်ဖွားကြီးတို့က မွေးဖွားသည်။ အမည်ရင်း ဦးထွန်းတင်ဖြစ်သည်။ ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းများတွင် စတင်ပညာသင်ခဲ့သည်။ ၁၉၂၇ - ၁၂-နှစ်သားအရွယ်တွင် မိဘများကွယ်လွန်သဖြင့် ဖခင်ဘက်မှ ဆွေမျိုးများ၏ ထောက်ပံ့စောင့်ရှောက်မှုဖြင့် အင်္ဂလိပ်၊ မြန်မာစာသင်ကျောင်းများတွင် ဆက်လက်ပညာသင်ခဲ့သည်။ ၁၉၃၅ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှ စာစတင်ရေးခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၁၀-တန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ဆက်တက်ခဲ့သည်။ (၁၉၃၈ - ၃၉) တက္ကသိုလ်ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ ၁၉၃၈ - ၃၉ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့၍ ခေတ္တကျောင်းထုတ်ခံရသည်။ ၁၉၄၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရပြီး ရန်ကုန်တက္ကသိုလ်တွင် အချိန်ပိုင်း နည်းပြဆရာ လုပ်နေစဉ် ဒုတိယကမ္ဘာစစ် ဖြစ်ပွား၍ မိသားစုနှင့်အတူ မြောင်းမြသို့တိမ်းရှောင်ခဲ့သည်။ မော်လမြိုင်မြို့နယ်ပိုင် ဦးဘသန်း၏ သမီးဖြစ်သူ ဒေါ်သန်းတင်နှင့် အိမ်ထောင်ကျသည်။ ၁၉၄၂ ခုနှစ် မြောင်းမြ မြို့ရှိ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ထုတ်ဝေသော မြစ်ဝကျွန်းပေါ် သတင်းစဉ်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ထို့နောက် ရန်ကုန်စစ်ရုံးချုပ်၌ စစ်သားစုဆောင်းရေးနှင့် သတင်းဖြန့်ချိရေး တာဝန်ကို ထမ်းဆောင် ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းသောအခါ အုပ်ချုပ်ရေးဘက်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် သာယာဝတီခရိုင်၌ အလုပ်သင် မြို့ပိုင် အဖြစ် အမှုထမ်းရင်း ဖက်ဆစ်တော်လှန်ရေး၌ မင်းလှမြို့နယ်မှ ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဗြိတိသျှ အုပ်ချုပ်ရေးတွင် သာရဝေါ၊ စစ်ကွင်း၊ သာယာဝတီ၊ လက်ပံတန်း နယ်တို့၌ မြို့ပိုင်အဖြစ် တာဝန်ထမ်းဆောင်စဉ် သာယာဝတီမှထုတ်ဝေသော မြန်မာ့တက်လမ်းသတင်းစာကို တာဝန်ယူပြီး တည်းဖြတ်ခဲ့သည်။ ဆရာမန်းတင်သည် အောက်ပါတာဝန်များကို ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရခါနီးတွင် ရခိုင်တိုင်းသို့ သက်သာချောင်ချိရေးအရာရှိအဖြစ် ခေတ္တသွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ ငြိမ်းချမ်းရေး ဝန်ထမ်းမှူး (၁၉၅ဝ)၊ သမဝါယမမဂ္ဂဇင်း အယ်ဒီတာ (၁၉၅၁)၊ မတ္တရာနယ်ပိုင် (၁၉၅၁ - ၅၂)၊ ကျောက်ဆည် မြို့မ ဝန်ထောက်နှင့် ငွေတိုက်အရာရှိ (၁၉၅၂)၊ ဒုတိယအတွင်းဝန် (လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဝန်ကြီး ဌာန) (၁၉၅၆ - ၅၈)၊ သာယာဝတီ ခရိုင်ဝန် (၁၉၅၈ - ၅၉)၊ ဒုတိယ အတွင်းဝန် (လယ်ယာနှင့် သစ်တော) (၁၉၆ဝ)၊ အမှုဆောင် အရာရှိချုပ် (မြေယာ ကျေးလက် ကြီးပွား တိုးတက်ရေး ကော်ပိုရေးရှင်း) (၁၉၆၁ - ၆၄)၊ အတွင်းဝန် (ပြန်ကြားရေး) (၁၉၆၄ - ၆၉)၊ ဧရာဝတီ တိုင်းမင်းကြီး (၁၉၆၉ - ရ၂)၊ ပြည်နယ် ဦးစီးမှူး (အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ ရှမ်းပြည်နယ်) (၁၉၇၂ - ရ၄)၊ ဦးဆောင်ညွှန်ကြားရေးမှူး (သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်း) (၁၉၇၄ - ရ၅)၊ ပါကစ္စတန်နှင့် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၁၉၇၅ - ရ၈)၊ ၁၉၇၈ ခုနှစ်တွင် သံအမတ်ကြီး ရာထူးမှ အငြိမ်းစား ယူခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် စာပေဗိမာန် အုပ်ချုပ်ရေး အဖွဲ့ဝင်၊ အမျိုးသား စာပေစိစစ်ရေး အဖွဲ့ဝင်၊ စွယ်စုံကျမ်း စိစစ်ရေး ဥက္ကဋ္ဌ၊ စာပေလုပ်သားဥက္ကဋ္ဌတို့ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် တာဝန်မှ အနားယူခဲ့သည်။ နိုင်ငံခြားခရီးများ အနေနှင့် (၁၉၅၂) တွင် ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်ပြည်၊ ၁၉၅၆ တွင် အိန္ဒိယနိုင်ငံ၊ ၁၉၅၈ တွင် အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ၁၉၆၄ တွင် ဂျပန်၊ ၁၉၆၆ တွင် အမေရိကန်နိုင်ငံများသို့ လေ့လာရေး သွားရောက်ခဲ့သည်။ ဘဝနိဂုံး ၁၉၉၇ ခုနှစ်၊ ဧပြီလ ၁၉ ရက် နံနက် ၉ နာရီ ၂၄ မိနစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ သမီးဖြစ်သူမှာ မစန္ဒာ ဖြစ်သည်။ ၁၉၄၅-မှ ၁၉၉၄ ခုနှစ်အထိ လုံးချင်းဝတ္ထု ၂၆ အုပ်ထုတ်ဝေခဲ့သည်။ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်။ ၀ဏ္ဏကျော်ထင်ဘွဲ့ နှင့် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ် ရရှိခဲ့သည်။ ကလောင်ခွဲများမှာ မောင်ပြုံးချို၊ ဖိုးလုံး၊ ပေါက်စ ဖြစ်သည်။ ရေးသား ပြုစုခဲ့သော စာအုပ်များ ထိုသုံးနှစ် - ၁၉၄၆ ခုနှစ် ပြုံးတမဲ့မဲ့ - ၁၉၄၇ ခုနှစ် အနိုင်မခံ - ၁၉၄၈ ခုနှစ် ဖရိုဆို (ဘာသာပြန်) - ၁၉၄၉ ခုနှစ် ဇင်းဒါး အကျဉ်းသား (ဘာသာပြန်)(ပ-တွဲ၊ ဒု-တွဲ၊ သီးခြားစီ) - ၁၉၅ဝ ပြည့်နှစ် ဇင်းဒါး အကျဉ်းသား (ဘာသာပြန်)(ပ-တွဲ၊ ဒု-တွဲ၊ စုပေါင်း) - ၁၉၆၆-ခုနှစ်၊ ၁၉၈၄-ခုနှစ် တောင်လေသွေးတော့ (ဘာသာပြန်) - ၁၉၅၂ ခုနှစ်၊ ၁၉၆၅-ခုနှစ် မော်စကိုမှ ရန်ကုန်သို့ (စာပေဗိမာန်ဆုရ) - ၁၉၅၆ ခုနှစ် ကိုဖိုးလုံး - ၁၉၅၆ ခုနှစ် လယ်ယာမြေ - ၁၉၅၇ ခုနှစ်၊ ၁၉၅၈-ခုနှစ် ကောက်သိမ်းချိန် (ဘာသာပြန်) - ၁၉၅၉ ခုနှစ် မြို့ပိုင် မောင်ပြုံးချို - ၁၉၆၃- ခုနှစ်၊ ၁၉၆၉-ခုနှစ် နယ်ပိုင်မောင်ပြုံးချို - ၁၉၆၃ ခုနှစ်၊ ၁၉၆၉-ခုနှစ် အမြင်သစ် (ဘာသာပြန်) - ၁၉၆၅ ခုနှစ် ဂျူးလိယက်ဆီဇာ (ဘာသာပြန်) (အမျိုးသား စာပေဆု) - ၁၉၆၆ ခုနှစ် ပထမအရွယ် - ၁၉၇ဝ ပြည့်နှစ် ဘဝဟူသည် တိုက်ပွဲ (ဘာသာပြန်) - ၁၉၇၄ ခုနှစ် မောင်ပြုံးချို၏ ဘဝအထွေထွေ - ၁၉၇၅ ခုနှစ် မောင်ပြုံးချို၏ ဆောင်းပါးအထွေထွေ - ၁၉၇၅ ခုနှစ် မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ - ၁၉၇၆ ခုနှစ် ဒုတိယအရွယ် - ၁၉၈၆ ခုနှစ်၊ ၁၉၉ဝ ပြည့်နှစ် ပြည်သူ့ကြားမှ ပြည်သူ့ဝန်ထမ်း တဦး (A People's Servant Among the People) (အင်္ဂလိပ် - မြန်မာ တွဲလျက်) - ၁၉၉၄ ခုနှစ် မီးလျှံနှင့် ရေသီတာ (ဘာသာပြန်) - ၁၉၇၆ ခုနှစ် မြ - ၁၉၅ဝ ပြည့်နှစ် သံကြီးတမန်ကြီး - ၁၉၈၅ ခုနှစ် သံအမတ်ကြီး (ဘာသာပြန် နှစ်တွဲ) - ၁၉၉ဝ ပြည့်နှစ် ကိုးကား မန္တလေး မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%84%E1%80%BA
မင်္ဂလဘုရား
မင်္ဂလဘုရား ဗုဒ္ဓဝင် ၁။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် လောက၌ အမိုက်မှောင်ကို ပယ် ဖျောက်၍ တရားတည်းဟူသော မီးရှူးတိုင်ကို ညှိထွန်းတော်မူ၏။ ၂။ ထိုမြတ်စွာဘုရားအား အခြားသော မြတ်စွာဘုရားတို့ထက် လွန်ကဲသော အတုမရှိသော အရောင်သည် ရှိလေ၏၊ ထိုမြတ်စွာဘုရား၏ အရောင်သည် လ နေ တို့၏ အရောင်ကို ပယ်ဖျောက်၍ တစ်သောင်းသော လောကဓာတ်၌ တင့်တယ်၏။ ၃။ ထိုမြတ်စွာဘုရားသည်လည်း အမြတ်ဆုံး သစ္စာလေးပါးတရားတို့ကို ပြတော်မူ ၏၊ ထိုထိုနတ် လူတို့သည် သစ္စာလေးပါးတည်းဟူသော အမြိုက်ရေကို သောက်ကြ ရ၍ ကြီးစွာသော အမိုက်မှောင်ကို ပယ်ဖျောက်ကြကုန်၏။ ၄။ ထိုမင်္ဂလမြတ်စွာဘုရားသည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်၍ ရှေးဦးစွာ တရားဟောပြရာ အခါ၌ ကုဋေတစ်သိန်းသော နတ် လူ ဗြဟ္မာတို့၏ သစ္စာလေးပါး တရားကို သိခြင်းသည် ဖြစ်လေ၏။ ၅။ မြတ်စွာဘုရားသည် သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ကို ဟောတော်မူ၏၊ ထိုအခါ ကုဋေတစ်ထောင်သော နတ်ဗြဟ္မာတို့၏ သစ္စာ လေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် ဖြစ်လေ၏။ ၆။ အကြင်အခါ သုနန္ဒစကြဝတေးမင်းသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၏၊ ထိုအခါ မြတ်စွာဘုရားသည် မြတ်သော တရားတည်းဟူသော စည်တော်ကြီးကို တီးခတ် တော်မူ၏။ ၇။ ထိုအခါ သုနန္ဒစကြဝတေးမင်း၏ နောက်လိုက် လူအပေါင်းတို့သည် ကုဋေ ကိုးဆယ်တို့ ဖြစ်ကုန်၏၊ ထိုနောက်လိုက်လူ အားလုံးတို့သည်လည်း အကြွင်းမဲ့ ဧဟိဘိက္ခုရဟန်းတို့ ဖြစ်ကုန်၏။ ၈။ မင်္ဂလမြတ်စွာဘုရားအား သုံးကြိမ်သော အစည်းအဝေးတို့သည် ဖြစ်ကုန်၏၊ ပထမ အစည်းအဝေးသည် ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ် လေ၏။ ၉။ ဒုတိယ အစည်းအဝေးသည် ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်လေ၏။ တတိယ အစည်းအဝေးသည် ကိလေသာ အညစ်အကြေး ကင်းသော ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏။ ၁၀။ ထိုမင်္ဂလဘုရား လက်ထက်တော်အခါ၌ ငါ (ဘုရားလောင်း)သည် ဗေဒင်ကို သရဇ္ဈာယ်တတ်သော ဗေဒင်ကို ဆောင်သော သုံးပါးသော ဗေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်သော သုရုစိ မည်သော ပုဏ္ဏား ဖြစ်ခဲ့၏။ ၁၁။ ငါသည် ထိုမင်္ဂလမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်ပြီးလျှင် မြတ်စွာဘုရား အမှူးရှိသော သံဃာတော်ကို နံ့သာပန်း ဖြင့် ပူဇော်ခဲ့၏၊ နံ့သာပန်းဖြင့် ပူဇော်ပြီးလျှင် နို့အဖျော်ဖြင့် (နို့ဃနာဆွမ်းဖြင့်) ရောင့်ရဲစေခဲ့၏။ ၁၂။ ခြေနှစ်ချောင်းရှိသူ နတ် လူတို့ထက် မြတ်သော ထိုမင်္ဂလမြတ်စွာဘုရားသည် လည်း ငါ့ကိုဗျာဒိတ်စကား မိန့်ကြားတော်မူ၏-ဤသုရုစိပုဏ္ဏားသည် ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာ၌ ဘုရား ဖြစ်လတ္တံ့။ ၁၃။ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုပ်ငန်းကို အားထုတ်၍။ ပ။ ဤ(ဂေါတမ) မြတ်စွာ ဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။ ၁၄။ ငါသည် ထိုမြတ်စွာဘုရား စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။ ၁၅။ ထိုအခါ ငါသည် နှစ်သက်ခြင်းကို ပွားစေလျက် မြတ်သော သမ္မာသမ္ဗောဓိ ဉာဏ်သို့ ရောက်ခြင်းငှါ ငါ့အိမ်ကို မြတ်စွာဘုရားအား လှူပြီးလျှင် ထိုမြတ်စွာ ဘုရား၏ အထံ၌ ရဟန်း ပြုခဲ့၏။ ၁၆။ ငါသည် သုတ္တန်ကို လည်းကောင်း၊ ဝိနည်းကို လည်းကောင်း အင်္ဂါကိုးပါးရှိ သော မြတ်စွာဘုရား အဆုံးအမတော် အားလုံးကို သင်ကြား၍ မြတ်စွာဘုရား သာသနာတော်ကို တင့်တယ်စေခဲ့၏။ ၁၇။ ငါသည် ထိုမြတ်စွာဘုရား သာသနာတော်၌ မမေ့မလျော့ဘဲ နေလျက် ဗြဟ္မ ဝိဟာရ ဘာဝနာကို ပွားများ၍ အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်ပြီးလျှင် ဗြဟ္မာ့ပြည်သို့ လားခဲ့၏။ ၁၈။ မင်္ဂလမြတ်စွာဘုရား၏ မြို့တော်သည် ဥတ္တရမည်၏၊ ခမည်းတော်သည် ဥတ္တရမင်း မည်၏၊ မယ်တော်သည် ဥတ္တရာမိဖုရား မည်၏။ ၁၉။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား ယသဝါ သုစိမာ သိရီမာအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။ ၂၀။ ကောင်းစွာ တန်ဆာဆင် အပ်ကုန်သော မောင်းမတို့သည် သုံးသောင်းရှိကုန် ၏၊ မိဖုရားသည် ယသဝတီ မည်၏၊ သားတော်သည် သီဝလ မည်၏။ ၂၁။ ဘုရားအလောင်းသည် နိမိတ်လေးပါးတို့ကို မြင်၍ မြင်းယာဉ်ဖြင့် တောထွက် တော်မူ၏၊ မယုတ်မလျော့သော ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။ ၂၂။ ကြီးသော လုံ့လ ရှိတော်မူသော မင်္ဂလမည်သော မြတ်စွာဘုရားသည် ဗြဟ္မာ မင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အမြတ်ဆုံး ကျက်သရေရှိသော သိရီ ၀ရုတ္တမ တော၌ ဓမ္မစကြာကို ဟော တော်မူ၏။ ၂၃။ သုဒေဝသည် လည်းကောင်း၊ ဓမ္မသေနသည် လည်းကောင်း မင်္ဂလမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ မင်္ဂလမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ပါလိတမည်၏။ ၂၄။ သီဝလာသည် လည်းကောင်း၊ အသောကာသည် လည်းကောင်း ထိုမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာ ဘုရား၏ ဗောဓိပင်ကို ကံ့ကော်ပင်ဟူ၍ ခေါ်ဆို အပ်၏။ ၂၅။ နန္ဒသည် လည်းကောင်း၊ ဝိသာခသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ အနုလာသည် လည်းကောင်း၊ သုတနာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂ ဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။ ၂၆။ မြတ်စွာဘုရားသည် ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ထိုမြတ်စွာဘုရားမှ အသိန်းမကကုန် သော ရောင်ခြည်တော်တို့သည် ထွက်ကြွ (ကွန့်မြူး)ကုန်၏။ ၂၇။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် တည်နေလျက် များစွာသော သတ္တဝါ အပေါင်းကို ကယ်တင်တော် မူ၏။ ၂၈။ သမုဒ္ဒရာ၌ လှိုင်းတံပိုးတို့ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်သကဲ့သို့ ထို့အတူ ပင် ထိုမြတ်စွာဘုရား၏ ထိုတပည့် သာဝကတို့ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်။ ၂၉။ လောက၏ ရှေ့သွား ဖြစ်တော်မူသော မင်္ဂလမြတ်စွာဘုရားသည် အကြင်မျှ လောက် တည်နေတော်မူ၏၊ ထိုမျှလောက် (မြတ်စွာဘုရား၏ သာသနာတော် တည်နေသရွေ့) ကာလပတ်လုံး (တပည့် သာဝကတို့သည်) ကိလေသာနှင့်တကွ သေခြင်းသည် မရှိချေ။ ၃၀။ များသော အခြံအရံ အကျော်အစောရှိသော ထိုမြတ်စွာဘုရားသည် တရား တည်းဟူသော ဆီမီးတိုင်ကို ညှိထွန်းတော်မူ၍ များစွာသော သတ္တဝါအပေါင်းကို ကယ်တင်ပြီးလျှင် ဆီမီးကဲ့သို့ ထွန်းတောက်ပ၍ ပရိနိဗ္ဗာန် စံတော်မူ၏။ ၃၁။ နတ်နှင့် တကွသော လောက၌ သင်္ခါရတရားတို့၏ အနိစ္စသဘောကို ပြ၍ တောက်လောင်ပြီး မီးပုံကြီးကဲ့သို့ လည်းကောင်း၊ ဝင်သွားသော နေမင်းကဲ့သို့ လည်းကောင်း ထွန်းလင်းပြီး၍ (ပရိနိဗ္ဗာန် စံတော်မူလေပြီ)။ ၃၂။ မင်္ဂလမြတ်စွာဘုရားသည် ၀ဿရ မည်သော ဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုတော် မူ၏၊ ထိုဥယျာဉ်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုးတော်)သည် ယူဇနာ သုံးဆယ် မြင့်တော်မူ၏။ ကျမ်းကိုး ဗုဒ္ဓဘာသာ ဘုရားများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8
မဂ္ဂသစ္စာ
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဟု မဂ္ဂင် (၈)ပါး ရှိ၏။ ဤမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား၌ လောကီမဂ္ဂင် (၈)ပါး, လောကုတ္တရာမဂ္ဂင် (၈)ပါးဟု နှစ်မျိုးနှစ်စား ရှိပေသည်။ ထိုတွင် လောကီမဂ္ဂင် (၈)ပါး သည်လည်း သမထပိုင်းမဂ္ဂင် (၈)ပါး, ဝိပဿနာပိုင်း မဂ္ဂင် (၈)ပါးဟု နှစ်မျိုးနှစ်စားပင် ရှိပေသည်။ နွားအပေါင်းကို ထိန်းကျောင်းနေသော နွားကျောင်းသားသည် မိမိထိန်းကျောင်းနေသော နွားတို့၏ သွားသင့်သောလမ်း, မသွားသင့်သောလမ်းကို ကွဲကွဲ ပြားပြား မသိခဲ့သော် နွားအပေါင်း၏ ကြီးပွားတိုးတက် မှုသည် မဖြစ်နိုင်သကဲ့သို့ အလားတူပင် ယောဂါဝစရ ရဟန်းတော်တစ်ပါးသည်လည်း ဤကား လောကီ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတည်း၊ ဤကား လောကုတ္တရာမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတည်းဟု ဖြူစင် မြင့်မြတ်သော မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိ၊ ထိုသို့ မသိခဲ့သော် လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား၌ နှလုံးသွင်း ရှုပွား၍ လောကုတ္တရာမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဖြစ်ပေါ်စေဖို့ရန် မစွမ်းနိုင်လေရာ။ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = လောကီမဂ္ဂင် (၈)ပါး ဤ လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကိုပင် မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ၌ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော သတိပဋ္ဌာနမဂ်ဟု ခေါ်ဝေါ်သုံးစွဲ ထားပေသည်။ လောကုတ္တရာမဂ္ဂင် (၈)ပါး ဖြစ်ပေါ်လာ ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟု ဆိုအပ်သော လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ရှေးဦးစွာ ပွားများအားထုတ်ရမည် ဖြစ်ပေသည်။ ယင်းလောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား ပိုင်းတွင် သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်မျိုး ရှိရာ သမထပိုင်း မဂ္ဂင် (၈)ပါးကို အကျဉ်းချုပ်ကာ ရှေးဦးစွာ တင်ပြအပ်ပါသည်။ သမထပိုင်း မဂ္ဂင် (၈) ပါး ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်သည်ဖြစ်အံ့၊ စတုတ္ထဈာန် သမာဓိသို့ ဆိုက်အောင်လည်း အားထုတ်နိုင်ခဲ့သည် ဖြစ်အံ့၊ ပထမဈာန်သမာဓိအခိုက်၌ မဂ္ဂင် (၈)ပါး၊ ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်အခိုက်တို့၌ သမ္မာသင်္ကပ္ပမဂ္ဂင်တစ်ခု လျော့နေသဖြင့် မဂ္ဂင် (၇)ပါးစီ ရှိနေမည် ဖြစ်ပေသည်၊ အကယ်၍ ကသိုဏ်းဈာန်တို့ကို အားထုတ်လျှင်လည်း ထို့အတူ မဂ္ဂင် (၈)ပါး, မဂ္ဂင် (၇)ပါး ရှိကြမည် ဖြစ်ပေသည်။ ဤတွင် အဖြူရောင် (= ဩဒါတ)ကသိုဏ်း ပထမဈာန်အခိုက် မဂ္ဂင် (၈)ပါး ကို တင်ပြပေအံ့။ အဖြူရောင်(= ဩဒါတ)ကသိုဏ်း ပဋိဘာဂနိမိတ် ကို အာရုံယူကာ ပထမဈာန်သမာဓိကို ထူထောင်ခဲ့သော် ယင်းပထမဈာန်အခိုက်၌ ပထမဈာန်နာမ်တရား (၃၄)လုံး ရှိနေ၏။ ယင်းတို့မှာ --- ၁။ အသိစိတ် = ပထမဈာန်စိတ် ၁ ၂။ အညသမာန်းစေတသိက် ၁၃ ၃။ သောဘဏသာဓာရဏစေတသိက် ၁၉ ၄။ ပညိန္ဒြေစေတသိက် ၁ အားလုံး ပေါင်းသော် ၃၄ ယင်း ပထမဈာန်နာမ်တရား (၃၄)လုံးတို့တွင် မဂ္ဂင်တရားကိုယ် (၈)ပါးလည်း ပါဝင်ပေသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။ ၁။ သမ္မာဒိဋ္ဌိ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံကို ထွင်းဖောက်သိမြင်ခြင်းသဘော (= ဈာန သမ္မာဒိဋ္ဌိတည်း။) ၂။ သမ္မာသင်္ကပ္ပ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကိုရှေ့ရှုတင်ပေးခြင်းသဘော။ ၃။ သမ္မာဝါယာမ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံကို ထိုးထွင်းသိအောင်, ယင်းအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားအား ထုတ်ခြင်းသဘော။ ၄။ သမ္မာသတိ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံကို အမှတ်ရနေခြင်းသဘော။ ၅။ သမ္မာသမာဓိ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော။ ၆။ ၇။ ၈။ ကြိုတင်ကာ ဆောက်တည် ကျင့်သုံး ထားအပ်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ မဂ္ဂင် (၃)ပါး။ အားလုံး ပေါင်းသော် - မဂ္ဂင် (၈)ပါး ဖြစ်၏၊ သမထပိုင်းတည်း။ ဝိပဿနာပိုင်း မဂ္ဂင် (၈) ပါး ၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဒုက္ခသစ္စာတရားတို့ကို ထိုးထွင်း သိမြင်ခိုက်၌လည်း မဂ္ဂင် (၈)ပါးပင် ရှိ၏၊ ၂။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော ဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာတရား တို့ကို ထွင်းဖောက် သိမြင်ရာအခါ၌လည်း မဂ္ဂင် (၈)ပါး ပင် ရှိ၏။ ၃။ ယင်း ဒုက္ခသစ္စာ+သမုဒယသစ္စာဟူသည့် သင်္ခါရ တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံး တန်တို့သို့ တင်ကာ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရာအခါ၌လည်း မဂ္ဂင် (၈)ပါးပင် ရှိ၏။ ဤတွင် ဝိပဿနာအခိုက် မဂ္ဂင် (၈)ပါးကို တင်ပြပေအံ့ --- ၁။ သမ္မာဒိဋ္ဌိ = ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားဟူသော သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာကို ထိုးထွင်းသိမြင်ခြင်းသဘော။ ၂။ သမ္မာသင်္ကပ္ပ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာ အာရုံပေါ်သို့ စိတ် ကို ရှေးရှုတင်ပေးခြင်းသဘော။ ၃။ သမ္မာဝါယာမ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော။ ၄။ သမ္မာသတိ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ ) အခြင်းအရာကို အမှတ်ရနေခြင်းသဘော။ ၅။ သမ္မာသမာဓိ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာ အာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော။ ၆။ ၇။ ၈။ ကြိုတင်ကာ ဆောက်တည်ကျင့်သုံးထား အပ်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာ အာဇီဝဟူသော သီလမဂ္ဂင် (၃)ပါး။ အားလုံးပေါင်းသော် ဝိပဿနာပိုင်း မဂ္ဂင် (၈)ပါး ဖြစ်၏။ ထို လောကီမဂ္ဂင် (၈)ပါး, လောကုတ္တရာမဂ္ဂင် (၈)ပါးတို့တွင် လောကိယမဂ္ဂင်ပိုင်း၌ မဂ္ဂင်အားလုံးတို့သည်ပင် ထိုက်သည့်အားလျော်စွာ အာရုံ (၆)မျိုးတို့တွင် အမှတ်မထား တစ်မျိုးမျိုးသော အာရုံကို အာရုံပြုကြ ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၁၃။) အာရုံ (၆) ပါး = ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ ဟု အာရုံ (၆)မျိုး ရှိ၏။ ယင်းတို့တွင် ဓမ္မာရုံမှာလည်း (၆)မျိုး ရှိ၏။ ယင်းတို့မှာ အောက်ပါ အတိုင်း ဖြစ်ကြ၏။ ဓမ္မာရုံ (၆) မျိုး ၁။ ပသာဒရုပ် = အကြည်ရုပ် ငါးမျိုး၊ ၂။ သုခုမရုပ် = သိမ်မွေ့နူးညံ့သောရုပ် (၁၆)မျိုး၊ ၃။ စိတ်အားလုံး၊ ၄။ စေတသိက်အားလုံး၊ ၅။ နိဗ္ဗာန်၊ ၆။ ပညတ် (ကသိုဏ်းပညတ်စသည့် ပညတ်အမျိုးမျိုး) ပေါင်းသော် ဓမ္မာရုံ (၆)မျိုးတည်း။ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဟူသည့် သီလမဂ္ဂင်တို့ကို ဖြူစင်အောင် ဖြည့်ကျင့်ရာ၌ သူ့ အသက် သူ့ပစ္စည်း သူ့သားမယား စသည့် ထိုထို သတ္တဝါပညတ်အာရုံကို ယေဘုယျအားဖြင့် အာရုံပြု ကာ ယင်းမဂ္ဂင်တို့ကို ပြုစုပျိုးထောင်ရ၏။ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟူသော ဗြဟ္မဝိဟာရဈာန် တို့ကို ပွားများအားထုတ်ရာ၌လည်း ထိုထို သတ္တဝါ ပညတ်အာရုံကို အာရုံပြုကာ ပြုစုပျိုးထောင်ရ၏။ ကသိုဏ်းဈာန်တို့ကို ပွားများအားထုတ်ရာ၌လည်း ထိုထို ပထဝီကသိုဏ်းပညတ်စသည့် ကသိုဏ်းပညတ် နိမိတ်တို့ကို အာရုံယူကာ ပြုစုပျိုးထောင်ရ၏။ ဝိပဿနာပိုင်းသို့ ရောက်သော အခါ၌ကား ထိုထို စိတ်+ စေတသိက်+ရုပ်ဟူသည့် အာရုံ (၆)ပါးတို့ကို ထိုက်သလို အာရုံယူကာ ဝိပဿနာအခိုက် မဂ္ဂင် (၈)ပါးတို့ကို ပွားများအားထုတ်ရပေသည်။ ထို့ကြောင့် လောကီ မဂ္ဂင်ပိုင်း၌ သီလမဂ္ဂင်နှင့် သမာဓိမဂ္ဂင် ပညာမဂ္ဂင် တို့သည် အာရုံမတူ ကွဲပြားကြသဖြင့် စိတ္တက္ခဏတစ်ခု အတွင်း ပြိုင်တူ မဖြစ်နိုင်ကြပေ။ သို့သော် လောကုတ္တရာမဂ္ဂင် (၈)ပါးတို့ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဟူသည့် တစ်ခုတည်းသော အာရုံကိုပင် အာရုံ ပြုကြပေသည်။ မဂ္ဂင် (၈)ပါးလုံး ပြိုင်တူ ဖြစ်နိုင်ကြသည်။ လောကုတ္တရာမဂ္ဂင် (၈) ပါး လောကုတ္တရာ အရိယမဂ်ဉာဏ် အခိုက်၌လည်း မဂ္ဂင် (၈)ပါး, အရိယဖိုလ်ဉာဏ် အခိုက်၌လည်း မဂ္ဂင် (၈)ပါး - ဤသို့လျှင် မဂ္ဂင်(၈)ပါးစီ အသီးအသီး ရှိ၏။ ဤတွင် အရိယမဂ်ဉာဏ် အခိုက် မဂ္ဂင် (၈)ပါးကို သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၁၁၃-၁၁၄။)၌ လာရှိသည့်အတိုင်း တင်ပြပေအံ့ --- ၁။ သမ္မာဒိဋ္ဌိ = လောကုတ္တရာ မဂ္ဂသစ္စာပိုင်း၌ အရိယသစ္စာ လေးပါးတို့ကို ထိုးထွင်း သိခြင်းငှာ ဖြစ်ပေါ်လာသော အရိယာပုဂ္ဂိုလ်၏ သန္တာန်ဝယ် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်လျှင် အာရုံရှိသော အဝိဇ္ဇာနုသယဓာတ်ကို အကြွင်းမဲ့ပယ်သတ်တတ်သော (= အရိယသစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထား သည့် မောဟအနုသယဓာတ်ကို အကြွင်းမဲ့ ပယ်သတ် တတ်သော) အရိယမဂ်ပညာစက္ခုသည် သမ္မာဒိဋ္ဌိ မည်၏။ ၂။ သမ္မာသင်္ကပ္ပ = ထိုအခြင်းအရာအားဖြင့် ပြည့်စုံသော သမ္မာဒိဋ္ဌိဉာဏ်အမြင်ရှိသော အရိယာ သူတော်ကောင်း၏ သန္တာန်ဝယ် ထိုသမ္မာဒိဋ္ဌိနှင့်အတူ ယှဉ်တွဲ ဖြစ်သော ကာမဝိတက် = ကာမတဏှာနှင့် ယှဉ်သော ကြံစည်စိတ်ကူးမှု, ဗျာပါဒဝိတက် = သတ္တဝါတိ့ုကို ဖျက်ဆီးလိုသည့် ဗျာပါဒ (= ဒေါသ)နှင့် ယှဉ်သော ကြံစည်စိတ်ကူးမှု, ဝိဟိံသဝိတက် = သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုသည့် ဝိဟိံသ (= ဒေါသ)နှင့် ယှဉ်သော ကြံစည်စိတ်ကူးမှုဟူသော သုံးမျိုးသော မိစ္ဆာသင်္ကပ္ပကို အကြွင်းမဲ့ ပယ်သတ်တတ်သော, စိတ်ကို ရောက်သင့် ရောက်ထိုက်သော နိဗ္ဗာန်အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်သော ဝိတက်သည် သမ္မာသင်္ကပ္ပ မည်၏။ ၃။ သမ္မာဝါစာ = ထိုအခြင်းအရာအားဖြင့် နိဗ္ဗာန်ကို မြင်သည်လည်းဖြစ်သော, နိဗ္ဗာန်အာရုံသို့ စိတ်ကို ရှေးရှုတင်ပေးသည်လည်းဖြစ်သော အရိယာသူတော်ကောင်း၏ သန္တာန်ဝယ် ထိုသမ္မာသင်္ကပ္ပမဂ္ဂင်နှင့် ယှဉ်ဖက် သမ္ပယုတ်တရားလည်း ဖြစ်သော, မုသား စကား ပြောကြားခြင်း, ကုန်းစကား ပြောကြားခြင်း, ကြမ်းတမ်းသည့်စကားကို ပြောကြားခြင်း, ပြိန်ဖျင်းသည့် စကားကိုပြောကြားခြင်းဟူသော လေးမျိုးသော ဝစီ ဒုစရိုက်ကို အကြွင်းမဲ့ ပယ်သတ်တတ်သော, မိစ္ဆာဝါစာ မှ (= လေးမျိုးသောဝစီဒုစရိုက်မှ) ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာ မည်၏။ ၄။ သမ္မာကမ္မန္တ = ထိုအခြင်းအရာအားဖြင့် ဝစီဒုစရိုက်မှ ရှောင်ကြဉ်သော အရိယာသူတော်ကောင်း၏ သန္တာန်ဝယ် ထို သမ္မာဝါစာဝိရတီနှင့် အတူယှဉ်ဖက် သမ္ပယုတ်ပင်ဖြစ်သော, သူ့အသက်ကို သတ်ခြင်း, သူ့ပစ္စည်းကို မတရားယူခြင်း, သူ့သားမယားကို ဖျက်ဆီး ခြင်းဟူသော မိစ္ဆာကမ္မန္တ (= မှားယွင်းသော ကာယကံမှု)ကို အကြွင်းမဲ့ ပယ်ဖြတ်တတ်သော, ယင်း သုံးမျိုး သော ကာယဒုစရိုက်မှ ရှောင်ကြဉ်ခြင်းသည် သမ္မာကမ္မန္တ မည်၏။ ၅။ သမ္မာအာဇီဝ = ထိုသမ္မာဝါစာ သမ္မာကမ္မန္တတို့၏ပင် ဖြူစင်ကြောင်းဖြစ်၍ဖြစ်သော, ထိုသမ္မာဝါစာ သမ္မာကမ္မန္တတို့နှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားပင် ဖြစ်သော, လူဒါယကာ ဒါယိကာမတို့ အထင်ကြီးအောင် အံ့ဖွယ်သရဲ ပြုလုပ်ပြခြင်း (= ကုဟန) စသည် ကို အကြွင်းမဲ့ ပယ်ဖြတ်တတ်သော, မှားယွင်းသော အသက်မွေးမှု (= မိစ္ဆာအာဇီဝ)မှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝ မည်၏။ [မှတ်ချက် - သမ္မာဝါစာ မဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝ မဖြစ်အောင် တားမြစ်နှောင့်ယှက်တတ်သော ကိလေသာ တရားဆိုးတို့ကို အရိယမဂ်တရားက ပယ်ရှားလိုက်သဖြင့် ထို အရိယာ သူတော်ကောင်း၏ သန္တာန်ဝယ် သမ္မာဝါစာသဘော, သမ္မာကမ္မန္တသဘော, သမ္မာအာဇီဝသဘောတို့သည် ရှေးရှုတည်နေကုန်၏ဟု ဆိုလိုသည်။] ၆။ သမ္မာဝါယာမ = သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာ အာဇီဝတည်းဟူသော ဤသီလဘုံ၌ ရပ်တည်နေသော အရိယာသူတော်ကောင်း၏ သန္တာန်ဝယ် ထိုသီလအား လျော်သော ထိုဝိရတီ သုံးမျိုးနှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားပင်ဖြစ်သော, ဘာဝနာမှု၌ ပျင်းရိခြင်း ကောသဇ္ဇတရားကို အကြွင်းမဲ့ ပယ်ဖြတ်တတ်သည် လည်းဖြစ်သော, မဖြစ်ပေါ်သေးသော အကုသိုလ် တရားတို့၏ မဖြစ်ခြင်း, ဖြစ်ပေါ်ပြီးသော အကုသိုလ် တရားတို့ကို ပယ်ခြင်း, မဖြစ်ပေါ်သေးသော ကုသိုလ် တရားတို့၏ ဖြစ်ပေါ်လာခြင်း, ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏ တည်တံ့ခြင်းကို ပြီးစေတတ်သည် လည်းဖြစ်သော, အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် အာရုံကို ထိုးထွင်းသိရန် ကြိုးစားအားထုတ်ကြောင်း ဝီရိယသည် သမ္မာဝါယာမ မည်၏။ ၇။ သမ္မာသတိ = ဤသို့ သမ္မာဝါယာမမဂ္ဂင်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်လျက်ရှိသော အရိယာ သူတော်ကောင်း၏သန္တာန်၌ ထိုသမ္မာဝါယာမ (= ဝီရိယ) နှင့် အတူယှဉ်ဖက်သမ္ပယုတ်တရားပင် ဖြစ်သော, မိစ္ဆာ သတိကို လှုပ်ခါတတ်သည်လည်း ဖြစ်သော, ကာယ ဝေဒနာ စိတ္တ ဓမ္မတည်းဟူသော အာရုံတို့၌ ကာယာနုပဿနာ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာတို့ကို ပြီးစေတတ်သည်လည်း ဖြစ်သော စိတ်၏ ကာယ ဝေဒနာ စိတ္တ ဓမ္မ အာရုံကို မပျောက် ပျက်ကြောင်း ဖြစ်သည့် နိဗ္ဗာန်အာရုံကို ကောင်းစွာ အမှတ်ရမှု သတိသည် သမ္မာသတိ မည်၏။ ၈။ သမ္မာသမာဓိ = ဤသို့ ကဲသာလွန်ဘိ တုမရှိသော လွန်မြတ်သောသတိဖြင့် ကောင်းစွာ စီမံအပ်သော စိတ်၏ အစောင့်အရှောက်ရှိသော အရိယာ သူတော်ကောင်း၏သန္တာန်ဝယ် ထိုသမ္မာသတိနှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားပင်ဖြစ်သော၊ မိစ္ဆာသမာဓိကို အကြွင်းမဲ့ ပယ်သတ်တတ်သော၊ နိဗ္ဗာန်ဟူသော တစ်ခု တည်းသောအာရုံပေါ်သို့ စိတ်ကျရောက်တည်ငြိမ် နေခြင်း (= စိတ္တေကဂ္ဂတာ)သည် သမ္မာသမာဓိ မည်၏။ အကြင်မဂ်တရားသည် လောကီဖြစ်သောမဂ် (= မဂ္ဂင်)နှင့်တကွ ဒုက္ခနိရောဓဂါမိနီပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ် ပဋိပဒါဟူ၍ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ ရောက်၏။ ဤမဂ် သည်ကား လောကုတ္တရာဖြစ်သော, ကိလေသာတို့မှ ဝေးကွာသော (= ဖြူစင်မြင့်မြတ်သော), အင်္ဂါ (၈)ပါး ရှိသော အရိယမဂ်တည်း။ လိုရင်းမှတ်သားရန် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်အာရုံကို ထွင်းဖောက် သိမြင်ခြင်း သဘောကား သမ္မာဒိဋ္ဌိ, ယင်းနိဗ္ဗာန်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်း သဘောကား သမ္မာသင်္ကပ္ပ, ယင်းနိဗ္ဗာန်အာရုံကို ထွင်း ဖောက်သိမြင်အောင် ကြိုးစားအားထုတ်ခြင်းသဘော ကား သမ္မာဝါယာမ, ယင်းနိဗ္ဗာန်အာရုံကို အမှတ်ရ နေခြင်းသဘောကား သမ္မာသတိ, ယင်း နိဗ္ဗာန်အာရုံ တစ်ခုတည်းပေါ်၌ စိတ်ကျရောက် တည်ငြိမ်နေခြင်း သဘောကား သမ္မာသမာဓိတို့ ဖြစ်ကြ၏။ တစ်ဖန် ယင်းအရိယမဂ်တရားက သမ္မာဝါစာ မဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝ မဖြစ်အောင် တားမြစ်နှောင့်ယှက်တတ်သည့် မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝဖြစ်ကြောင်း ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သဖြင့် မိစ္ဆာဝါစာမှ ရှောင်ကြဉ်မှု သမ္မာဝါစာသဘော, မိစ္ဆာကမ္မန္တမှ ရှောင်ကြဉ်မှု သမ္မာကမ္မန္တသဘော, မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်မှု သမ္မာအာဇီဝသဘောတို့သည် ရှေးရှု တည်နေကြ၏။ သို့အတွက် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူနေသည့် အရိယမဂ်အခိုက်၌ လောကုတ္တရာ အရိယမဂ္ဂင် (၈)ပါး စုံစုံညီညီပင် ဖြစ်လျက် ရှိပေသည်။ သို့သော် ဒုတိယဈာန် နာမ်တရားစသည့် အထက်ပိုင်း ဈာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့ပါမူ သမ္မာသင်္ကပ္ပမဂ္ဂင် တစ်ခု လျော့သဖြင့် မဂ္ဂင် (၇)ပါး စုံညီလျက် ရှိပေသည်။ လောကီမဂ္ဂင်တရားကိုယ် (၈)ပါးကား လောကီ မဂ္ဂသစ္စာတရား, လောကုတ္တရာမဂ္ဂင်တရားကိုယ် (၈)ပါး ကား လောကုတ္တရာမဂ္ဂသစ္စာတရားတို့ ဖြစ်ကြသည်။ လောကုတ္တရာမဂ္ဂင်တရားကိုယ် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိက အဝိဇ္ဇာကို, သမ္မာသင်္ကပ္ပက မိစ္ဆာသင်္ကပ္ပ ကို, သမ္မာဝါစာက မိစ္ဆာဝါစာကို, သမ္မာကမ္မန္တက မိစ္ဆာကမ္မန္တကို, သမ္မာအာဇီဝက မိစ္ဆာအာဇီဝကို, သမ္မာဝါယာမက ဥပ္ပန္န အကုသိုလ်အချို့ကို, သမ္မာသတိက မိစ္ဆာသတိကို, သမ္မာသမာဓိက မိစ္ဆာသမာဓိကို အကြွင်း မဲ့ ပယ်ရှားနိုင်ပေသည်။ ကိုးကား ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%82%E1%80%B9%E1%80%82%E1%80%9E%E1%80%85%E1%80%B9%E1%80%85%E1%80%AC
Eurocopter Tiger
Eurocopter Tiger သည် Eurocopter ကုမ္ပဏီမှ ထုတ်လုပ်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်သည်။ ဂျာမဏီတွင် Tiger ဟုခေါ်၍ ပြင်သစ်နှင့် စပိန်တို့တွင် Tigre ဟု ခေါ်ကြသည်။ အခြေခံ အချက်အလက်များ လေသူရဲ = ၂ ဦး ရဟတ်ယာဉ် အလျား = ၁၄.၀၈ မီတာ ရဟတ်ယာဉ်အမြင့် = ၃.၈၃ မီတာ အင်ဂျင် = Rolls-Royce/Turboméca/MTU MTR390 turboshafts အင်ဂျင် (၂) လုံး အမြန်ဆုံး ပျံသန်းနှုန်း = တနာရီလျှင် (၂၉၀) ကီလိုမီတာ တပ်ဆင်နိုင်သည့် လက်နက်များ စက်သေနတ် ၃၀ မီလီမီတာ GIAT 30 စက်အမြောက် တစ်လက် (သို့မဟုတ်) ၁၂.၇ မီလီမီတာ စက်အမြောက် တစ်လက် ဒုံးကျည်များ 70 mm SNEB (၁၉) လုံး (သို့မဟုတ်) 70 mm Hydra (၁၉) လုံး (သို့မဟုတ်) 68 mm SNEB (၂၂) လုံး နှင့် PARS 3 LR ဒုံးကျည် (၈) လုံး (သို့မဟုတ်) Rafael Spike-ER (၈) လုံး (သို့မဟုတ်) AGM-114 Hellfire တင့်ကားဖျက် (၈) လုံး နှင့် AIM-92 Stinger ဝေဟင် - ဝေဟင်ပစ် (၄) လုံး (သို့မဟုတ်) Mistral ဝေဟင် - ဝေဟင်ပစ် (၄) လုံး ဓာတ်ပုံများ ကိုးကား ယာဉ် ရဟတ်ယာဉ်
https://my.wikipedia.org/wiki/Eurocopter%20Tiger
မလွန်ဈေးဆန်လှူအသင်းကြီး
မလွန်ဈေးဆန်လှူအသင်းကြီးသည် သီပေါမင်းတရား ပါတော်မူသည့်နှစ် (၁၈၈၅)ခုနှစ်အလွန် (၁၁)နှစ်အကြာမှာ စတင်တည်ထောင်ခဲ့သည်။ မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၂၀)ကျော်ရှိပြီ ဖြစ်၍ ရှားရှားပါးပါး ပရဟိတအသင်းကြီး ဖြစ်သည်။ ထိုနှစ်တစ်ရာကျော် ခရီးအတွင်း လှုပ်ရှားမှုနှင့် တိုးတက်ရှင်သန်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ်(၁၂၅၈)-ခုမှ စတင် ဖွဲ့စည်းခဲ့သည်။ အသင်းကြီး၏ ဖွဲ့စည်းခွင့်အမှတ်မှာ (၁၂၅၃) ဖြစ်သည်။ တည်နေရာ မလွန်မြို့ကို အပိုင်စားရသော ဘိုးတော်ဘုရား၏ သားတော် သတိုးမင်းလှကျော်စွာ ဘွဲ့ခံ မလွန်မြို့စား မလွန်မင်းသားကြီး နေထိုင်သွားခဲ့ရာ မန္တလေးမြို့ရှိ မလွန်ဈေးရပ်မှာ အခြေတည်ပြီး ဘုရားဒါယကာကြီး ဦးကျောက်ခဲ အမှူးပြုသော မန္တလေးသူ မန္တလေးသား ရှေးမြန်မာကြီးများက အသင်းကို စတင်တည်ထောင်ခဲ့သည်။ အသင်းကြီး၏ တည်နေရာမှာ ၃၂-လမ်း၊ ၈၅-လမ်းနှင့် ၈၆-လမ်းကြား၊ မလွန်ရပ်၊ မန္တလေးမြို့ဖြစ်သည်။ အသင်းတံဆိပ်၏ အဓိပ္ပာယ် ယုန်ဖြူတံဆိပ်ကို အဝါရောင်၏ အလယ်ဗဟိုတွင် အနီရောင် ဝန်းရံလျက် စက်ဝိုင်းပုံသဏ္ဌာန် ခတ်နှိပ် ထားခြင်း ဖြစ်သည်။ အနီရောင် = ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ စွန့်စားခြင်း သဘောကို ဆိုလိုသည်။ အဝါရောင် = ဗုဒ္ဓသာသနာတော်၏ အရောင်၊ အလင်းသဘောကို ဆိုလိုသည်။ ယုန်ဖြူ = အသင်းကြီးသည် အလောင်းတော် ယုန်မင်း ထုံးနှလုံးမူ၍ သာသနာတော်အတွက် မည်မျှ ရဲရင့်ပြတ်သား စွန့်လွှတ်လှူဒါန်းသည့် စိတ်ဓာတ်ကို အထိမ်းအမှတ်ပြု ရည်ညွှန်းသော အားဖြင့် ယုန်ဖြူတံဆိပ် တပ်ခြင်းဖြစ်သည်။ ယုန်မင်း (ဘုရားအလောင်းတော်) ဘဝက အလှူခံ ပုဏ္ဏားကို ပေးလှူစရာ ပစ္စည်းမရှိသဖြင့် ရိပ်က္ခာအလှူပေးရာတွင် မိမိ၏ အသက်ခန္ဓာကိုယ်ပင် မငဲ့ကွက်ဘဲ သူ၏ ခန္ဓာကိုယ်ကို သုံးဆောင်ပါတော့ဟု မီးပုံအတွင်းခုံဆင်းကာ အသက်စွန့်လှူဒါန်းခဲ့သည်။ ထိုသို့ ကြီးမြတ်သည့် စိတ်ဓာတ်ကြောင့် ယုန်မင်းကို မီးမလောင်ခဲ့ပေ။ ထိုအဖြစ်အပျက်ကို ရှေးလူကြီးများက ဇီဝိတဒါနပါရမီဟု မော်ကွန်းထိုးကြသည်။ အသင်း၏ လုပ်ဆောင်မှု မလွန်ဈေး ဆန်လှူအသင်းကြီးသည် မြန်မာပြည်အတွင်း အနယ်နယ်အရပ်ရပ်မှ အလှူခံရရှိသော ဆွမ်းဆန်များကို နှစ်စဉ် တော်သလင်းလ၌ စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်နှင့် မန္တလေး လေးပြင်လေးရပ်မှာ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကို ပေးလှူသော အသင်းကြီး ဖြစ်သည်။ တိုးချဲ့လှူဒါန်းမှု အသင်းကြီးတည်ထောင်စဉ်က အလှူခံရရှိသော ဆွမ်းဆန်များကို စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်ရှိ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကိုသာ လှူဒါန်းခဲ့သည်။ မြန်မာသက္ကရာဇ်(၁၃၄၃)ခုတွင် မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဦးဝိစိတ္တသာရဘိဝံသနှင့် သဲကုန်းသီတဂူအရှင်ဉာဏိဿရ ဆရာတော်ကြီးများ၏ တိုက်တွန်းနှိုးဆော်မှုများကို အခြေခံပြီး မန္တလေးငါးမြို့နယ်ရှိ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကိုပါ ဆွမ်းဆန်တော် တိုးချဲ့လှူဒါန်းလာခဲ့သည်မှာ ယခုချိန်အထိ ဖြစ်သည်။ အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ စစ်ကိုင်းတောင်ရိုး ဇေတဝန်ဟံသာဂီရိဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ​ဇောတိကဓဇ ဘဒ္ဒန္တနန္ဒဝံသ။ စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မသီတဂူဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ​ဇောတိက ဘဒ္ဒန္တဉာဏိဿရ။ စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ။ ညောင်လေးပင်ဆရာတော်၊ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ ဘဒ္ဒန္တကောဝိဒ။ စစ်ကိုင်းတောင်ရိုး၊ ရတနာဓုဝံချောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိက။ စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ။ ဓမ္မကထိကဆရာတော်ကြီးများနှင့် နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ ဓမ္မကထိကဆရာတော်ကြီးများ စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မသီတဂူဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဉာဏိဿရ။ စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ။ စစ်ကိုင်းတောင်ရိုး ဇေယျမင်္ဂလာဆရာတော်၊ ဘဒ္ဒန္တကောမုဒိဝရ။ စစ်ကိုင်းတောင်ရိုး ရွှေကျောင်း (ရွှေပြည်ဟိန်းဆရာတော်)၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ၊ ဥဘတောဝိဘင်္ဂဓရ၊ နိကာယုဇ္ဇောတက ဝိနယဓရ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဘဒ္ဒန္တခေမာသိရီလင်္ကာရ။ စစ်ကိုင်းတောင်ရိုး မဟာသဒ္ဒါရုံဆရာတော်၊ ဘဒ္ဒန္တဝါယမသိရီ။ မင်းကွန်းတောင်ရိုး တိပိဋကနိကာယကျောင်းတိုက် (မြင်းမူဆရာတော်)၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကကောဝိဒ၊ ဘဒ္ဒန္တဝံသပါလာလင်္ကာရ။ နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ မန္တလေးမြို့ ၊ သစ်ဆိမ့်တိုက်၊ ငြိမ်းချမ်းရွှေပြည် (သီတဂူကြယ်တစ်ပွင့်ဆရာတော်)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညာနန္ဒ။ မန္တလေးမြို့ ၊ ညောင်ကန်တိုက် ၊ ဓမ္မမာမကဆရာတော် ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ ဘဒ္ဒန္တဣန္ဒက။ စစ်ကိုင်းတောင်ရိုး၊ အောင်မြေဘုံစံ ၊ ဘဒ္ဒန္တတေဇနိယ။ မင်းကွန်းတောင်ရိုး၊ ဖောင်တော်သီဆရာတော် ၊ ဘဒ္ဒန္တနန္ဒိမာဓိပတိ။ ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ စံရိပ်ငြိမ်ကျောင်းတိုက်ဆရာတော် ၊ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဇဝန (ပဲခူး)။ မိုးမိတ်ကုန်းမြေ၊ တိပိဋကနိကာယတိုက် (မြင်းမူဆရာတော်)၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကကောဝိဒ၊ ဘဒ္ဒန္တဝံသပါလာလင်္ကာရ။ စစ်ကိုင်းတောင်ရိုး ၊ မဟာသန္တာအေးဆရာတော် ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ၊ ဘဒ္ဒန္တထေရဝံသ။ မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ၊ စည်ရှင်ကျောင်း ၊ ဘဒ္ဒန္တဝဏ္ဍိတာလင်္ကာရာဘိဝံသ။ မန္တလေးမြို့ ၊ ဥသျှစ်ကုန်းတိုက် ၊ ရတနာလင်္ကာရဆရာတော် ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ၊ ဘဒ္ဒန္တတေဇာစာရ (ရှင်နေမင်း-ဥသျှစ်ကုန်း)။ စစ်ကိုင်းတောင်ရိုး ၊ ဝေဒဂူဆရာတော် ၊ သီတဂူဘဒ္ဒန္တဒေဝိန္ဒာလင်္ကာရာဘိဝံသ။ သန်လျင်မြို့ ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၊ ဒေါက်တာဘဒ္ဒန္တသီဟဉာဏာလင်္ကာရာဘိဝံသ။ စစ်ကိုင်းတောင်ရိုး ၊ မင်းရာဇာဆရာတော် ၊ ဘဒ္ဒန္တဇဝန။ မန္တလေးမြို့ ၊ သာယာရွှေဂူတိုက် ၊ သစ္စာရွှေပြည်ဆရာတော် ၊ ဘဒ္ဒန္တအာလောက။ မန္တလေးမြို့ ၊ ဘုံကျော်တိုက် ၊ ချမ်းမြေ့ဆရာတော် ၊ ဘဒ္ဒန္တကေသဝ။ ရွှေဘိုမြို့ ၊ မဏိရတနာပုံ ၊ ဘဒ္ဒန္တဝိစာရ။ မန္တလေးမြို့ ၊ အာသောကာရာမတိုက် ၊ ဓမ္မရောင်ခြည်ဆရာတော် ၊ ဘဒ္ဒန္တကုသလဗုဒ္ဓိ။ မန္တလေးမြို့ ၊ မြောက်ခရေပင်တိုက် ၊ ခရေပင်ဆရာတော် ၊ ဘဒ္ဒန္တတိပိဋက။ မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ၊ ဇမ္ဗူမော်ကျောင်းဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဓမ္မောသဓ။ စစ်ကိုင်းတောင်ရိုး ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ၊ ဒေါက်တာဘဒ္ဒန္တဣန္ဒာစရိယ။ စစ်ကိုင်းတောင်ရိုး ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၊ ဘဒ္ဒန္တကုသလ။ မင်းဝံတောင်ရိုး ၊ ပညာရိပ်မွန်ဆရာတော် ၊ ဘဒ္ဒန္တတိက္ခ။ ပုသိမ်ကြီးမြို့ ၊ သန္တာရုံကျောင်း ၊ ဘဒ္ဒန္တကုမုဒသိရီ။ မန္တလေးမြို့ ၊ တောင်စလင်းတိုက်သစ် ၊ ဘဒ္ဒန္တပညာသိရီ။ စစ်ကိုင်းတောင်ရိုး ၊ မြသုခတောင်ကြား ၊ ဘဒ္ဒန္တပညာသာမိ။ အသင်း၏ ဌာနခွဲများ အမှတ်(၃၃၄)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ အမှတ်(၈၃၂)၊ ဗိုလ်ချုပ်လမ်း၊ ဆံတော်ရပ်၊ ပြည်မြို့။ အသင်း၏ ဖွဲ့စည်းပုံ အသင်း၏ အစဉ်အလာ လုပ်ငန်းဆောင်တာများကို နာယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၂)ဦး၊ ငွေထိန်း၊ စာရင်းစစ်၊ အမှုဆောင်များ စုစုပေါင်း(၂၅)ဦးနှင့် စနစ်တကျ ဖွဲ့စည်းထားသည်။ ယခု အသင်းကြီး၏ ဥက္ကဋ္ဌကြီးမှာ ဦးစိန်ဝင်း ဖြစ်သည်။ တစ်ပြည်လုံးတွင် စေတနာ့ဝန်ထမ်း မလွန်ဆန်လှူ အသင်းထောက် (၄၀၀)ကျော်က ပရဟိတ စိတ်ရင်း အပြည့်နှင့် ပါဝင်လုပ်ဆောင်ပေးနေကြသည်။ ရေတစ်တန် ကုန်းတစ်တန် ရှေးဦးစွာ မြန်မာပြည်ရှိ နေရာဒေသအနှံ့ကို မလွန်ဓမ္မကထိက ဆရာတော်များက နယ်လှည့်တရားပွဲများ ဆင်ယင်ကျင်းပ ဟောကြားကြသည်။ လုပ်ငန်းပေါင်းစုံ၊ လူတန်းစားအလွှာစုံ၊ အနယ်နယ်အရပ်ရပ် အလှူရှင်များက လှူဒါန်းကြသော ဆွမ်းဆန်များကို စက်လှေ၊ မော်တော်၊ သင်္ဘော၊ ကားများ၊ ထော်လာဂျီများ၊ လှည်းများဖြင့် မလွန်ဆန်လှူ အသင်းထောက်များက အမျိုးမျိုးအဖုံဖုံ သယ်ယူကာ မန္တလေးအသင်းတိုက်သို့ ပို့ဆောင်ရလေသည်။ ထိုမှတဆင့် မန္တလေးအသင်းတိုက်က စနစ်တကျ မှတ်တမ်းပြုစုကာ ထားရသည်။ ပြီးလျှင် ဆွမ်းဆန်တော်များကို အလှူခံပုဂ္ဂိုလ်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးရသည်။ စစ်ကိုင်းဘက်သို့ ရေလမ်းမှ စီဘီတွဲ၊ မော်တော်၊ သင်္ဘောများဖြင့် ပို့ဆောင်ဖြန့်ဝေ လှူဒါန်းပါသည်။ ဖြန့်ဝေလှူဒါန်းမှုနှုန်း တောင်ရိုး(၃)ရပ်ရှိ ရဟန်းတော်တစ်ပါးလျှင် ဆွမ်းဆန် = ၃တင်း ၁စိတ်၊ သာမဏေတစ်ပါးလျှင် ဆွမ်းဆန် = ၂တင်းခွဲ ၁စိတ် သူတော်တစ်ပါးလျှင် ဆွမ်းဆန် = ၂တင်းခွဲ ၁စိတ် သီလရှင်တစ်ပါးလျှင် ဆွမ်းဆန် = ၂တင်း ၁စိတ် မန္တလေး(၇)မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သူတော်၊သီလရှင် တစ်ပါးလျှင် (၈)ပြည်ကျစီ ဖြန့်ဝေလှူဒါန်းပါသည်။ ကိုးကား မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများ မြန်မာနိုင်ငံရှိ ပရဟိတအသင်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9C%E1%80%BD%E1%80%94%E1%80%BA%E1%80%88%E1%80%B1%E1%80%B8%E1%80%86%E1%80%94%E1%80%BA%E1%80%9C%E1%80%BE%E1%80%B0%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
မွန်းဘုခဂါ့ခုရှော ပညာသင်ဆု
မွန်းဘုခဂါ့ခုရှော ပညာသင်ဆု (အတိုကောက်အားဖြင့် MEXT ပညာသင်ဆု; ယခင်အခေါ် မွန်းဘုရှော ပညာသင်ဆု) (, pronounced Monbukagakushō Shōgakukin; ) သည် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (MEXT) က နှစ်စဉ်ချီးမြှင့်သည့် ပညာသင်ဆုတစ်ခု ဖြစ်သည်။ ပညာသင်ဆု အမျိုးအစားများ ဂျပန်အစိုးရက ပေးအပ်သည့် MEXT ပညာသင်ဆုတွင် သုတေသနကျောင်းသားများအတွက် တစ်မျိုး၊ ဆရာများအတွက် တစ်မျိုး (teacher training)၊ ဘွဲ့ကြို တက္ကသိုလ်ကျောင်းသားများအတွက် တစ်မျိုး၊ ဂျပန်ဘာသာ အထူးပြုကျောင်းသားများအတွက် တစ်မျိုး၊ နည်းပညာကောလိပ် ကျောင်းသားများအတွက် တစ်မျိုး၊ သီးသန့်လေ့ကျင့်ရေး ကျောင်းသားများအတွက် တစ်မျိုး၊ YLP ကျောင်းသားများအတွက် တစ်မျိုး၊ စုစုပေါင်း အမျိုးအစား ခုနစ်မျိုးရှိသည်။ သုတေသနကျောင်းသား အသက် ၃၅နှစ်အောက် ရှိရမည်ဖြစ်ပြီး အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားသူ၊ သို့မဟုတ် ၁၆နှစ်တာ အတန်းပညာရေး ပြီးဆုံးသူ (သို့မဟုတ် ပြီးတော့မည့်သူ) ဖြစ်ရမည်။ သတ်မှတ်ထားသည့် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သူများအနေဖြင့် မဟာတန်းနှင့် ပါရဂူတန်းများ တက်ရောက်ခွင့်ရှိသည်။ သင်ကြားရေးလေ့ကျင့်မှု ကျောင်းသား အသက် ၃၅နှစ်အောက် ရှိရမည်ဖြစ်ပြီး ကောလိပ်တစ်ခုခု သို့မဟုတ် ဆရာအတတ်သင်ကောလိပ်များမှ အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားသူ ဖြစ်ရမည်။ အမိနိုင်ငံရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း သို့မဟုတ် ဆရာအတတ်သင်ကောလိပ်များ၌ အနည်းဆုံး ငါးနှစ်နှင့်အထက် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ရမည်။ (တက္ကသိုလ်၊ ကောလိပ်များ၌ တာဝန်ထမ်းဆောင်နေသော တက္ကသိုလ် ဆရာ၊ ဆရာမများ အကျုံးမဝင်ပါ။) ဘွဲ့ကြို တက္ကသိုလ်ကျောင်းသား အသက် ၁၇နှစ်ပြည့်ပြီး ၂၅နှစ်ထက်မကျော်သူ ဖြစ်ရမည်။ ၁၂နှစ်တာ အတန်းပညာရေး ပြီးဆုံးသူ သို့မဟုတ် အထက်တန်းကျောင်းပညာရေးနှင့် ညီမျှသော အတန်းကို တက်ရောက်ပြီးသူ (သို့မဟုတ် ပြီးတော့မည့်သူ) ဖြစ်ရမည်။ နှစ်စဉ်နှစ်တိုင်း သံရုံးထောက်ခံချက် (Embassy recommendation) ဖြင့် ကျောင်းသားအတော်များများ ​လျှောက်ထားကြသည်။ ရွေးချယ်ခံရသူသည် ဂျပန်နိုင်ငံရှိ နိုင်ငံပိုင်တက္ကသိုလ် ၈၇ကျောင်းအနက် တစ်ကျောင်းကျောင်းတွင် ဘွဲ့ကြိုတန်းများ မတက်ရောက်မီ၊ Natural Science ဘာသာရပ်များ လျှောက်ထားသူဖြစ်လျှင် အိုဆာကာတက္ကသိုလ် ဂျပန်ဘာသာစကားနှင့် ယဉ်ကျေးမှုဌာနတွင်လည်းကောင်း၊ Social Science and Humanity ဘာသာရပ်များ လျှောက်ထားသူဖြစ်လျှင် တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်တွင်လည်းကောင်း တစ်နှစ်တာ ဝင်ခွင့်ပြင်ဆင်မှုအတန်းကို တက်ရောက်ကြရမည်။ ဂျပန်ဘာသာ အထူးပြုကျောင်းသား အသက် ၁၈နှစ်မှ ၃၀အတွင်းရှိသူ ဖြစ်ရမည်။ ဂျပန်သို့ ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံပြင်ပရှိ တက္ကသိုလ်တစ်ခုခု၌ ဂျပန်ဘာသာစကား သို့မဟုတ် ဂျပန့်ယဉ်ကျေးမှုဘာသာရပ်ကို အဓိကဘာသာရပ်အဖြစ် ဘွဲ့ကြိုတန်းအတွက် အပ်နှံထားသူဖြစ်ရမည် ဖြစ်သကဲ့သို့ မိမိတိုင်းပြည်သို့ ပြန်ချိန်တွင်လည်း မိခင်ဌာနတွင် ပြန်လည်တက်ရောက်ရန် စာရင်းသွင်းထားသူ ဖြစ်ရမည်။ ဂျပန်ဘာသာစကား သို့မဟုတ် ဂျပန့်ယဉ်ကျေးမှုဘာသာရပ် မေဂျာမဟုတ်သူများအနေဖြင့် ၎င်းတို့ယူထားသည့် မေဂျာဘာသာရပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဂျပန်နိုင်ငံ၏ အင်ဂျင်နီယာပညာ၊ စီးပွားရေးပညာ၊ စိုက်ပျိုးရေးပညာ၊ ဗိသုကာပညာ၊ အနုပညာ စသည်တို့ကို ​ တက်ရောက်သင်ကြားလိုပါက JASSO (Japan Student Services Organization) သို့ ကာလတို Exchange Promotion program များအတွက် ဆက်သွယ်စုံစမ်းနိုင်သည်။ နည်းပညာကောလိပ် ကျောင်းသား အသက် ၁၇နှစ်ပြည့်ပြီး ၂၂နှစ်မကျော်သူနှင့် ၁၁တန်းပညာရေးပြီးဆုံးထားသူ (သို့မဟုတ် ပြီးတော့မည့်သူ) ဖြစ်ရမည်။ သီးသန့်လေ့ကျင့်ရေး ကျောင်းသား အသက် ၁၇နှစ်ပြည့်ပြီး ၂၂နှစ်မကျော်သူနှင့် ၁၂တန်းပညာရေးပြီးဆုံးထားသူ သို့မဟုတ် ဂျပန်နိုင်ငံ အထက်တန်းကျောင်းပညာရေးနှင့် ညီမျှသော အတန်းကို တက်ရောက်ပြီးသူ (သို့မဟုတ် ပြီးတော့မည့်သူ) ဖြစ်ရမည်။ Young Leaders' Program (YLP) ကျောင်းသား အာရှနှင့် အခြားသောနိုင်ငံများမှ လူငယ်ခေါင်းဆောင်များ လျှောက်ထားနိုင်သည်။ တက္ကသိုလ်၊ ကောလိပ် တစ်ခုခုမှ ဘွဲ့ရပြီး လူထုအခြေပြုလှုပ်ရှားမှု အနည်းဆုံး လုပ်သက် သုံးနှစ်မှ ငါးနှစ်အတွင်းရှိသူ စသဖြင့် ဖြစ်ရမည်။ ထောက်ခံချက် သံရုံးထောက်ခံချက် သက်ဆိုင်ရာ ဂျပန်သံရုံး (သို့မဟုတ် ဂျပန်ကောင်စစ်ဝန်ချုပ်ရုံး) က ကြီးမှူးစစ်ဆေးသည်။ လာမည့် ဘဏ္ဍာနှစ်၏ ဧပြီနှင့် အောက်တိုဘာ ပညာသင်ကာလတွင် လာရောက်ကြမည့် သုတေသနကျောင်းသားများ၊ ဘွဲ့ကြို တက္ကသိုလ်ကျောင်းသားများ၊ နည်းပညာကောလိပ် ကျောင်းသားများ၊ သီးသန့်လေ့ကျင့်ရေး ကျောင်းသားများအတွက် နှစ်စဉ် မတ်လမှ မေလအတွင်း ခေါ်ယူလေ့ရှိသည်။ ဇွန်လမှ ဩဂုတ်လအတွင်း စာရွက်စာတမ်းတင်ခြင်း၊ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများ စစ်ဆေးခြင်းတို့ ဆောင်ရွက်လေ့ရှိသည်။ သံရုံးသည် စက်တင်ဘာအစတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရွေးချယ်ခံရသူများကို ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ထောက်ခံပေးသည်။ ဂျပန်သို့ အောက်တိုဘာတွင် လာရောက်ကြမည့် သင်ကြားရေးလေ့ကျင့်မှု ကျောင်းသားများနှင့် ဂျပန်ဘာသာ အထူးပြုကျောင်းသားများအတွက် ဒီဇင်ဘာလနှင့် နောက်တစ်နှစ် ဖေဖော်ဝါရီလအတွင်း ခေါ်ယူပြီး၊ ဖေဖော်ဝါရီလလယ်နှင့် မတ်လတို့တွင် စစ်ဆေးလေ့ရှိသည်။ ​ဧပြီလကုန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရွေးချယ်ခံရသူများကို ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ထောက်ခံပေးသည်။ တက္ကသိုလ်ထောက်ခံချက် သုတေသန ကျောင်းသားများနှင့် တက္ကသိုလ်အချင်းချင်း ကျောင်းသားဖလှယ်ရေး သဘောတူညီချက်ဖြင့် လာရောက်ကြမည့် ဂျပန်ဘာသာ အထူးပြုကျောင်းသားများသည် နိုင်ငံပိုင်၊ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် တက္ကသိုလ်များကို တိုက်ရိုက် လျှောက်ထားနိုင်သည်။ တက္ကသိုလ်များက ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ဧပြီလလယ်တွင် ထောက်ခံပေးသည်။ ဂျပန်အစိုးရ ပညာသင်ဆုဖြင့် တက္ကသိုလ်များသို့ လာရောက်ကြမည့် သုတေသန ကျောင်းသားများနှင့် ဂျပန်ဘာသာ အထူးပြုကျောင်းသားများသည် တက္ကသိုလ် အစီအစဉ်ဖြင့် အောက်တိုဘာလတွင် ဂျပန်သို့ ရောက်ရှိကြသည်။ ကိုးကား ပြင်ပလင့်ခ်များ Ministry of Education, Culture, Sports, Science and Technology (MEXT) Japan The Monbusho (Monbukagakusho) Scholars Homepage Monbukagakusho Scholarships News MEXT Myanmar Scholars Association ဂျပန်နိုင်ငံ ဂျပန်နိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%98%E1%80%AF%E1%80%81%E1%80%82%E1%80%AB%E1%80%B7%E1%80%81%E1%80%AF%E1%80%9B%E1%80%BE%E1%80%B1%E1%80%AC%20%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%86%E1%80%AF
ရတု
ရတုဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ အခါရာသီ ဖြစ်သည်။ မြန်မာဘာသာ ပေါရာဏသက်သက် ရတု လည်းရှိသည်။ သဘင်၊ အခမ်းအနား၊ အခြေအနေ ဟူသော အနက်သုံးမျိုး ရသည်။ ဖွဲ့နွဲ့မှုတစ်ခုသည် အများနှင့် ဆက်စပ်လျှင် သဘင်၊ တစ်ဦးတစ်ယောက် အတွက်ကိုသာ စပ်ဆိုလျှင် အခမ်းအနား၊ ပကတိ ဖြစ်ထွန်းနေသော သဘာဝဓမ္မ အခြေအနေများကို ပြလျှင် အခြေအနေ ဟူ၍ အနက်ရသည်။ ရတုသည် လင်္ကာမှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည်။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊ ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိသည်။ ရတုတွင် တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ် ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။ အဖျားချများတွင်လည်း ခိုင်ညွန့်ခက်ဖြာ ၇-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ဝတ်ဆံ ၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တစ်ခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် သီးသန့်ထားလျက် ရှိသည်။ မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိသော ရတုမှာ သက္ကရာဇ်(၇၀၀)ကျော်လောက်က ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးသားသော ရတု ဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာရတု ဖြစ်သည်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်။ ရတုစပ်နည်း ရတုစပ်နည်းမှာ လင်္ကာစပ်နည်းကဲ့သို့ပင်ဖြစ်သည်။ ၄ - ၃ - ၂ နည်း၊ ၄ - ၃ - ၁ နည်း၊ ၄ - ၁ နည်း စသော စပ်နည်းတို့ဖြင့် ကာရန်ယူရသည်။ သို့ရာတွင် အပိုဒ်အရေအတွက်ကိုလိုက်၍ ရတုအမျိုးအစား သုံးမျိုးခွဲထားသည်။ (၁) ဧကပိုဒ် ရတု (၂) ပိုဒ်စုံ ရတု (၃) အဖြည့်ခံ ရတု ဟူ၍ဖြစ်သည်။ (၁) ဧကပိုဒ် ရတု တစ်ပိုဒ်တည်းသာ ရေးစပ်သော ရတုကို ဧကပိုဒ်ရတုဟုခေါ်သည်။ စပ်နည်းမှာ လင်္ကာစပ်နည်းအတိုင်းဖြစ်၍ ရတုချရာတွင် ခိုင်ညွန့်ခက်ဖြာ ချနည်းခေါ် ခုနစ်လုံးချနည်းကို အသုံးများသည်။ ကုန်းဘောင်ခေတ်ဦး စာဆို လက်ဝဲသုန္ဒရ အမတ်ကြီး၏ အဆိုင်ဆိုင်လျှင်အစချီ မဲဇာသစ်တောဘွဲ့ ဧကပိုဒ်ရတုကို ကြည့်ပါ။ အပိုဒ် တပိုဒ် တည်းဖြင့် မဲဇာသစ်တော၏ သဘောသရုပ်ကို ပေါ်လွင်အောင် ခြုံငုံဖွဲ့ဆိုထားသည်ကို တွေ့နိုင်သည်။ အဆိုင်ဆိုင်လျှင်၊ တောမြိုင်လည်လှည့်၊ ကမ်းလုံးပြည့်မျှ၊ ရှုကြည့်လေရာ၊ ကြောက်ဖွယ်သာတည့်၊ ပြာပြာလွလွ၊ မှိုင်းပျမှောင်မှောင်၊ တောနှင့်တောင်လည်း၊ တိမ်တောင်မိုးရှိ၊ ထွေးယှက်ငြိမျှ၊ လွမ်းမိစဖွယ်၊ကောင်းကင်လယ်၌၊ တောင်လယ်တောင်ထိပ်၊ မိုးညိုရိပ်နှင့် တိမ်လိပ်ဆော်ညွှန်း၊ စ၍ ထွန်းသည်၊ နေဝန်းပေါ် လွယ်ချင်ဘိသည်။ (၂) ပိုဒ်စုံ ရတု ရတုတွင် သုံးပိုဒ်လျှင် တစ်စုံဟု ခေါ်သည်ဖြစ်ရာ သုံးပိုဒ်ဖွဲ့ဆိုလျှင် ပိုဒ်စုံရတု ဟုခေါ်ဆိုကြသည်။ ထူးခြားသည်မှာ အပိုဒ်တိုင်း၌ အချီကာရန် ချင်း၊ အချကာရန်ချင်း ညီညွတ်ရခြင်းဖြစ်သည်။ ဤတွင် စာဆိုလက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်တောင်ခြေ အစချီ ပိုဒ်စုံရတုကိုပင် သာဓက ပြပါမည်။ အမတ်ကြီးသည် မဲဇာသစ်တော၏ သဘောသရုပ်နှင့် မိမိ၏ဘဝခံစားချက်တို့ကို ရတုသုံးပိုဒ်ဖြင့် ပေါ်လွင်အောင် ဖွဲ့ဆိုထားသည်ကို တွေ့မြင်နိုင်သည်။ ပထမပိုဒ်တွင် မဲဇာတောင်ခြေ အစချီသည်။ ဒုတိယပိုဒ်တွင် သဲသာသောင်ခြေ အစချီသည်။ တတိယပိုဒ်တွင် ပွဲခါညောင်ရေ အစ ချီသည်။ ရတုကို အဆုံးသတ်ရာတွင် အချကာရန်ချင်း တူညီရသည်ကို ကြည့်ပါဦး။ ပထမပိုဒ်တွင် ရွှေပြည်ဌာန ဝေးသောကြောင့် ဟု ချသည်။ ဒုတိယပိုဒ်တွင် လေပြည်လာက အေးသောကြောင့် ဟု ချသည်။ တတိယပိုဒ်တွင် နေခြည်ဖြာမှ နွေးသောကြောင့် ဟု ချသည်။ များသောအားဖြင့် ရတုတွင် အချီညီ အချညီခြင်းသည် အဓိက ဖြစ်သည်။ (၃) အဖြည့်ခံ ရတု အဖြည့်ခံ ရတုဆိုသည်မှာ စာဆိုတစ်ဦးက အချီညီ အချညီ ရတု နှစ်ပိုဒ်ကိုသာလျှင် ရေးဖွဲ့ထားသော ရတုမျိုးဖြစ်သည်။ နောက်နှောင်း ပညာရှိတို့ဖြည့်လိုလျှင် ဖြည့်ကြလော့ဟူ၍ တတိယပိုဒ်ကို အဖြည့်ခံရန် ကွက်လပ်ချန်ခဲ့ခြင်း ဖြစ်သည်။ စာဆိုအချင်းချင်း ဉာဏ်ကစားသော ရတု၊ စိန်ခေါ်သောရတု ဟု ဆိုနိုင်ပေသည်။ ရတုလောကတွင် နဝဒေး၊ နတ်ရှင်နောင်၊ လှော်ကားသုံးထောင်မှူး၊ ဇေယျရန္တမိတ်၊ ရှင်သံခို၊ စိန္တကျော်သူ၊ လက်ဝဲသုန္ဒရ စသောပုဂ္ဂိုလ်များ ထင်ရှားခဲ့သည်ဖြစ်ရာ ရှေးက ရတုအမျိုးမျိုးကို ရှာဖွေ လေ့ကျက်စေလိုသည်။ ရတုအမျိုးမျိုးအနက် ထူးခြားဆန်းသစ်သော ရတုတစ်ပုဒ်ကို ဖော်ပြလိုသည်။ ထိုရတုမှာ အခြားရတု များနှင့်မတူ၊ တစ်မူထူးခြားသည်။ ပိုးတောင့်တဲများ လမ်းသွားသောအခါ ကိုယ်ကာယသည် တွန်ချည် လိမ်ချည်၊ ပိန်ချည် ဖောင်းချည် တစ်လှည့်စီရှိတတ်သကဲ့သို့ လေးလုံး တစ်ပါဒ၊ ငါးလုံး တစ်ပါဒ တလှည့်စီစပ်ဆိုရသောရတု မျိုးဖြစ်သည်။ ထိုရတုမျိုးကို တောင့်တဲတွန့် ရတု ဟုခေါ်ကြသည်။ ရှင်မဟာရဋ္ဌသာသာရ၏ ဝဏ္ဏပဘာ ချီ တောင့်တဲတွန့် ရတုကို ပုံစံအဖြစ် လေ့လာကြည့်ပါ။ ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လျစ်တင့် စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ် မြမြိတ်စို့၊ ဆင်းရောင်ပျို့ကို၊ နတ်တို့ ဆင်ထိုက်တန်၊ ဆင်းစုံကြန်တည့်၊ အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊ လက်လက်မြရောင်ပြေး၊ ရွှေရည်ရေးသို့၊ ပျံ့မွှေးရွှေအင်္ကျီ၊ ရွှေထီးနှင့်၊ မျက်စီရွှေနားတောင်း၊ နွဲ့နွဲ့နောင်းမ၊ ရောင်မောင်းကွမ်းရည်သွား၊ သက်တင်လားသို့၊ လက်ဖျားဒန်းနီရောင်၊ လှတန်ဆောင်မူ၊ မျက်တောင် ကော့ညွတ်သေး၊ စုတ်ဖြင့်ရေးသို့၊ ကြိုင်အေးကတိုးရည်၊ ထုံမျိုးချည်၍၊ နတ်ပြည် မိုးသူဇာ၊ ပျံသက်လာသို့၊ ရှုသာတင့်စနိုး၊ လှခေါင်မိုး၍၊ ပြစ်မျိုးမှဲ့မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းကို ညခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့။ ဒေဝစ္ဆရာ၊ ပြင်လျာတင့်ဆင်းရောင်၊ ရွှေကြက်တောင်ဝယ်၊ လှခေါင်တင့်မျိုးလွတ်၊ ဆယ့်နှစ်ပတ် လျှင်၊ ရစ်ပတ်ခြူးမြှောင်စီ၊ ရွှေထီးနှင့်၊ အာနီသိန်းတန်မျိုး၊ ရွှေခါးကြိုးလည်း၊ စံမျိုးနေ့တိုင်းပင်၊ အဲဆမြင်၍၊ ကျွန်းတွင်ဇမ္ဗူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးကင်းဝေးစွာ၊ မိုးသူဇာသို့၊ ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်။ ရွှေရင်ဖုံးတုံ့ မဖုံးတုံ့။ ပဉ္စကလျာ၊ ညိုပြာတင့်ဆင်းရောင်၊ ရွှေကြက်တောင်ဝယ်၊ ဖြူရောင်ရထည်းဆွ၊ သွယ်ခွေချ၍၊ ထွန်းပကိုယ်ရောင်ဝင်း၊ ပြာနွဲ့ရှင်းမူ၊ ပျံ့ရွှင်းနံ့သာပျောင်း၊ မမွှေးတောင်းတည့်၊ တင့်ကြောင်းမွှေးစံပယ်၊ ရှုချင်ဖွယ်တိ၊ နိကာယ်ဆင်းရောင်မြေ့၊ ဆယ်နှစ်စေ့ကို၊ ကြံရွေ့သံရည်ထင်၊ မြင့်ကြတင်ခဲ့၊ ပြင်အင်နတ်နှင့် လျော၊ ပြာနွဲ့ချောလျှင်၊ တင့်မောလွန်ကျစ်လျစ်၊ စုလည်းသစ်နှင့်၊ ပြေပြစ်ဆင့်ဆုံဆည်း၊ မိညက်ကြည်းသည်၊ စုလည်းထုံးတုံ့၊ မထုံးတုံ့။(ရှင်မဟာရဋ္ဌသာရ) မြန်မာစာပေသမိုင်းတွင် ရတုအမျိုးမျိုး ထွန်းကားခဲ့သည်။ ရတုချီ နည်းများကို စာဆိုတို့ စိတ်ကူး ဉာဏ်အမျိုးမျိုး ကွန့်မြူးခဲ့ကြသည်။ ရတုချနည်းမှာလည်း အမျိုးမျိုးထွေပြားခဲ့ကြသည်။ ရတုချဖွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ်ကြိယာ ဟူ၍ပင် စိန္တကျော်သူဦးဩ က ကဝိလက္ခဏာ သတ်ပုံကျမ်းတွင် ဆိုခဲ့သည်မဟုတ်ပါလော။ ရတုသည် လင်္ကာ၏ အကိုင်းအခက်တစ်ခု ဖြစ်သည်။ လေးလုံးတစ်ပိုဒ်ဖွဲ့သော ကဗျာလင်္ကာ မျိုးအစားပင် ဖြစ်သည်။ ယခုခေတ် တိုင်မရိုးနိုင်ဘဲ မင်္ဂလာယူဆဲ အသက်ဝင်ဆဲကဗျာတစ်မျိုး ဖြစ်သည်။ ထိမ်းမြားမင်္ဂလာပွဲများ၊ ရှင်ပြုနားသ ဘိသိက်မင်္ဂလာပွဲများတွင် ရတုမပါ လျှင်မပြီးချေ။ ရတုဟူသော ဝေါဟာရနှင့် စပ်လျဉ်း၍ ပညာရှင်တို့အမျိုး မျိုး ကြံဆခဲ့ကြသည်။ ညောင်ရမ်းခေတ်မတိုင်မီက ရတုကို 'ရမန္တိ သတ္တာ ဧတ္ထ တေနာတိဝါရတု'ဟူ၍ ဝိဂြိုဟ်ပြုသူက ပြုကြသည်။ သတ္တာ၊ သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊ မွေ့လျော်ကြကုန်၏။ ထိုကြောင့် ဝါရတု၊ ရတုဟု ခေါ်၏ဟု ဆိုသည်။ အချှို့ကလည်း 'ရတိံ၊ ဇနေတီတိ၊ ရတု'၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏ဟု ဝိဂြိုဟ်ပြုခဲ့ကြ သေးသည်။ အချို့ကမူ ရတုဟူသော စကားသည် သက္ကတဘာသာရိတု ဟူသော စကားမှ လာသည်ဟု ဆိုကြသည်။ ရာသီဥတုဟူသော အဓိပ္ပာယ်ရသည်။ တစ်နှစ်တွင် နွေမိုးဆောင်း သုံးရာသီရှိသကဲ့သို့ ရတု၌လည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိသည်။ အကြောင်းအရာအားဖြင့် ရာသီဘွဲ့များကို အထူးဖွဲ့ဆိုခဲ့ကြသည် လည်း ဖြစ်သည်။ ရတုသည် ပေါရာဏ စကားဖြစ်၍ သဘင်၊ အခမ်းအနား၊ အခြေအနေဟူ၍ အဓိပ္ပာယ်ရသည်ဟု ယူဆသူကလည်း ယူဆကြသည်။ အများအကြောင်းကို ဖွဲ့ဆိုလျှင်၊ လူများစုနှင့်စပ်ဆိုင် လျှင် သဘင်၊ တစ်ဦးတစ်ယောက်အကြောင်း၊ပုဂ္ဂလိက မင်းခမ်း မင်းနားများကို ဖွဲ့ဆိုလျှင် အခမ်းအနား၊ သဘာဝတ္ထ ဩကာသလောက တောတောင် ရေ မြေ အခြေအနေကိုဖွဲ့ဆိုလျှင် အခြေအနေဟူသော အဓိပ္ပာယ်သုံးမျိုးထွက်ကြောင်းဖြင့် ကဗျာလင်္ကာ စပ်ဆိုထုံးများကို ထောက်၍ ကောက်ချက်ချမှတ်ကြကုန်ပြန်၏။ ရတုကို မြန်မာဝေါဟာရအဖြစ် စဉ်းစားကြသူများကမူ ရတုဟူသည် ရ နှင့် တုကို ပေါင်းထားခြင်း ဖြစ်၍ မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုသော ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြ သည်။ အချို့ကမူ ရနံ့သည် အနံ့ဟူသော စကားနှင့် အတူတူ ဖြစ်သကဲ့သို့ ရတုသည် အတုနှင့် အတူတူဖြစ်သည်။ အတုအပ အပြိုင်အဆိုင် စပ်ဆိုသော ကဗျာတစ်မျိုး ဖြစ်သည်ဟု ဆိုကြ သည်။ ဤသို့အားဖြင့် ရတုနှင့် စပ်လျဉ်း၍ ပညာရှင်တို့သည် အနက်လေးချက်ကို အမျိုးမျိုး ကြံဆကြည့်ခဲ့ကြသည်။ ရတုသည် ပျို့ မော်ကွန်း စသော ကဗျာတို့နှင့် မတူ၊ စည်းကမ်းကြီးသော ကဗျာတစ်မျိုး ဖြစ်သည်။ စာဆိုဉာဏ် မည်မျှပင် ထက်သန်သည်ဖြစ်စေ၊ ရတုကို သုံးပိုဒ်ထက် ပို၍ မဖွဲ့ကြချေ။ သုံးပိုဒ်ထက်ပိုသော ကဗျာများကို များသော အားဖြင့် ရတုဟု အသိအမှတ် မပြုကြချေ။ ရတုတွင် သုံးမျိုး သုံးစားရှိသည်။ (၁) ဧကပိုဒ်ရတု-တစ်ပိုဒ်တည်း ဖွဲ့ဆိုထားသော ရတု၊ (၂) အဖြည့်ခံရတု-နှစ်ပိုဒ်သာ ဖွဲ့ဆိုထားသော ရတု၊ မူလစာဆိုမှတစ်ပါး အခြားပညာရှိတစ်ဦးဦးက ဉာာဏ်မှီသမျှ ဖြည့်စွက်၍ ဖွဲ့နိုင်ရန် အဖြည့်ခံထားသော ရတုမျိုး ဖြစ်သည်။ (၃) ပိုဒ်စုံရတု-နွေ မိုး ဆောင်း ရာသီဥတု သုံးပါးရှိ သကဲ့သို့ သုံးပိုဒ်ပြည့်ပြည့်စုံစုံ ဖွဲ့ထားသောရတု၊ ပိုဒ်စုံရတုတွင် အချီအချ အသတ်ကာရန် ညီရသည်။ ပုံစံအားဖြင့် 'မဲဇာတောင် ခြေ'၊ 'ပွဲခါညောင်ရေ'၊ 'သဲသာသောင် မြေ'စသော အချီအညီ မျိုး၊'ရွှေပြည်ဌာန ဝေးသောကြောင့်'၊ 'လေပြည်လာက အေး သောကြောင့်၊ 'နေခြည်ဖြာမှ နွေးသောကြောင့်' စသော အချညီ မျိုးများပင် ဖြစ်သည်။ ရတုဖွဲ့ဆိုရာ၌ လေးလုံးတစ်ပိုဒ်၊ ၁ဝ၈ ပိုဒ်ထက်ပို၍ မဖွဲ့ ကြချေ။ ကာရန်ယူရာတွင် သပ်စေ့နှက် သုံးချက်ညီ၊ ဦးတိုက် စသော လင်္ကာစပ် ခြောက်မျိုးအတိုင်းပင် ဖွဲ့ဆိုလေ့ရှိကြသည်။ အချို့ပညာရှင်တို့က ရတုချီနည်း ချနည်း ၂၈ မျိုး ရှိသည် ဟု ဆို၍ အချို့က ၄၁ မျိုး ရှိသည်ဟု ဆိုသည်။ စကားလုံး အနည်းအများကိုလိုက်၍၎င်း၊ အသတ်ကို ခွဲ၍၎င်း အမျိုးအစား ခွဲကြသည်။ ခုနစ်လုံးနှင့် ချမူခိုင်ညွန့် ခက်ဖြာချနည်း၊ ကိုးလုံး နှင့် ချမှု မဏိဆံကျင်ချနည်း၊ ၁၁ လုံးချသော် အာသာဝတီ ဝတ်ဆံချနည်း၊ ၁၅ လုံးချသော် မဏိဦးပြည်းချနည်း၊ ၁၉ လုံး ချသော် ဇော်တစ်ခိုင်လုံး ချနည်း ၂၅ လုံးချသော် မပြတ် ကေသာ၊ သို့မဟုတ် မြဝတ်ကေသာချနည်း၊ ၃၅ လုံး ချသော် ဇမ္ဗူ့သပြေသီးမှည့် ချနည်း စသည်ဖြင့် ခေါ်၍ အသတ်မပါ သော အက္ခရာ၊ အသတ်ပါသော အက္ခရာ ရော၍ အက္ခရာအမျှ ချီချသော် ပေါက်ပြချနည်း၊ '၍'ဟူသော အက္ခရာမပါ၊ တစ်ပါး သော အသတ်ဖြင့်သာ ချီခြင်း ချခြင်းပြုသော် ငုံဖူးချနည်း၊ အသတ်ရောလျက် အချီအချ '၍'ဟူသော အက္ခရာပါသော် ပုလဲသွယ်၊ သို့မဟုတ် မုလေးသွယ် ချနည်း စသည်တို့ ရှိကြ သည်။ 'ရတုချဖွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ် ကိရိယာ' ဟူသော ကဝိလက္ခဏာ သတ်ပုံသံပေါက်ပါ စကားအတိုင်း ရတုအချ စကားလုံးပေါင်း ၆၄ မျိုးကိုလည်း တွေ့ရ၏။ ကဝိကဏ္ဌ ပါသ ကျမ်းတွင် အောက်ပါအတိုင်း ကြိယာ ခြောက်ဆယ် လင်္ကာပါရှိလေသည်။ မဉ္စူဘုန်းတော်၊ ပွင့်ချိန်မြော်သည်၊ ဗန်းမော် ခေါင်ထိ၊ တုမရှိသည့်၊ ကဝိကဝေ၊ စောမြုတေ၊ နှစ်ထွေ လင်္ကာ၊ ကျမ်း၌ လာသား၊ နည်းနာနယ၊ ဝိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့် ကဗျာ၊ ကြိယာတွင်၊ သမာ သေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညင်း၊ ကျွန်ုပ်ခင်းပိမ့်၊ (လျှင်) (လျှင်း) (မူကား)၊ (ဝယ်) (သား) (တမင့်)၊ (ချိမ့်) (ဖြင့်) (တွင်) (၏)၊ (ပိမ့်) (လှည့်) (မည်) (အံ့)၊ (လော) (တုံ) (မံ့) (တည့်)၊ (သော်) (ခံ့) (ဘူး) (သော)၊ (မူလော) (ရကား)၊ (မူ) (အား) (မှ) (က)၊ (လိမ့်စွ) (တံ့) (လည်း)၊ (တိ) (တည်း) (ချည်း) (ဟု)၊ (ခဲ့) (နည်း) (နှိုက်) (လျက်)၊ (ကြောင့်) (ထက်) (မို့) (လည်)၊ (စမ့်) (သည်) (စိမ့်) (နှင့်)၊ (တုံ့) (လိမ့်) (တည့်) (တော့)၊ (ကား) (လော့) (ရွေ့) (သို့)၊ (မျှ) (တို့) (ငှာ) (ရှင့်)၊ (တမုန့်) (နှင့်) (ကို)၊ ရှင့်ပင့်ဉာာဏ်တော် ထွန်းပေါ် ကျယ်ချဲ့-ယှဉ်ခဲ့တတ်တော်မူဘုရား။ ရှေးစာဆိုတို့သည် စိတ်ဝင်စားဖွယ် ရတုပုံစံ အမျိုးမျိုး ဖွဲ့ဆိုခဲ့ကြသည်။ အင်းဝခေတ်တွင် ရဟန်းတော်ရှင်မဟာရဋ္ဌသာရ သည် ရတုပုံ ပုံဆန်း ပုံသစ်ကို အထွင်နိုင်တော်မူဆုံးသော စာဆိုကြီး ဖြစ်သည်။ ပိုးတောင့်တဲကလေးများ လမ်းလျှောက်သည့်နှယ် ခြေလှမ်း ကြဲချည် စိပ်ချည် အက္ခရာလေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ် ဖွဲ့ဆိုသောရတုကို တောင့်တဲတွန့်ရတုဟု အမည်သခဲ့လေသည်။ ဆရာတော်သည်'ဝဏ္ဏပဘာ'ချီ တောင့်တဲတွန့်ရတု၌ 'ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား၊' စသည်ဖြင့် စပ်ဆိုထားလေသည်။ ကြာဝတ်ဆံတိုင် တစ်ခုတည်းမှ ပွင့်ချပ်များ ဖြာထွက် သော ပဒုမာကြာပန်းသဏ္ဌာန် ဖွဲ့ဆိုသည့် ပဒုမာကြာဆိုနည်း ရတုဟူ၍လည်း ထွင်ဆိုတော်မူခဲ့သေးလေသည်။ ဆရာတော်၏ အမြတ်ငါးဆူ ဧကပိုဒ်ရတု၌- ငါးဆူ ရွှေကြာ၊ နိမိတ်လာ၍၊ ငါးဖြာမြွာလျှက်၊ တစ်ပင် နက်တွင်၊ ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက စသည်ဖြင့် 'ငါး' ဟူသော စကားတစ်လုံးကို ကြာဝတ်ဆံတိုင်သဖွယ်ပြု၍ ပဒုမာကြာဆိုနည်း ရတုကို စပ်ဆိုခဲ့သည်။ ထို့ပြင် ပုလဲတစ်တန့် သန္တာတစ်တန့် ရတုဟူ၍လည်း အမည်မှည့်ကာ တီထွင်စပ်ဆို ခဲ့ပုံကို 'မြတ်မျိုး မြင့်မှန်၊ ကြင်ပေတန်၍၊ ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား.စသော ရတုတွင် ပုလဲလုံးသဖွယ် အက္ခရာ ညီညီတစ်တန်း၊ သန္တာကျောက်သဖွယ် အက္ခရာ မညီသော အပိုဒ်တစ်တန်းဆစ်၍ ဖွဲ့ထားကြောင်း တွေ့ရ ပေသည်။ အခြားစပ်ဆိုနည်း အဆန်းရတုများမှာ နဝဒေကြီး၏ 'သီဟတောနှင့် ကျိုက်ပေါမွေ' ချီ၍၊ 'တွင်မည် ကျိုက်ပေါ သီဟတော'ဟု ချသော ယန္တရားစကြာလည် ရတုများ။ 'ရွယ်ရန် ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီသား' ဟူသော အက္ခရာတစ်လုံး တည်းကို အပိုဒ်တိုင်းတွင် ရွဲသီသကဲ့သို့သုံးသော မုတ္တာရွဲသီရတု များ၊ နဝဘာအင်း ဆိုနည်း၊ တံခွန်စာဆိုနည်း၊ သန်လျှက်စာဆို နည်း၊ မြင်းမိုရ်ဆိုနည်း၊ သုံးလွန်းတင်ဆိုနည်း၊ ဥသျှောင်ဆိုနည်း စသည်ဖြင့် စပ်ဆိုကြသည်လည်း တွေ့ရသည်။ အကြောင်းအရာနှင့်စပ်လျဉ်း၍လည်း ရတုဖွဲ့ဆိုရာ၌ အမျိုးမျိုး ကွဲသည်။ မောင်ဘွဲ့၊ ရာသီဘွဲ့၊ ဘုန်းတော်ဘွဲ့၊ သစ္စာတိုင်၊ ဘုရားတိုင်၊ သိကြားတိုင်၊ နတ်တိုင်၊ ရုက္ခစိုးတိုင်၊ ရှင်ဥပဂုတ်တိုင်၊ ကျေးစေ၊ သာလိကာစေ၊ ခွေးစေ၊ တစ္ဆေစေ၊ စစ်ချီ၊ မိုးတောမိုးတိုင်၊ မိုးကြိမ်၊ မိုးငေါ့၊ အခံရတု၊ အလိုက်ရတု စသည်ဖြင့် များပြားလှသည်။ ရတုအရေးအသားသည် လင်္ကာများမှ မြစ်ဖျားခံသည်ဟု မှတ်ယူစကောင်းသည်။ ရတုစစ်စစ် အရေး အသားကိုမူ ပင်းယခေတ်တွင် စတင်တွေ့ရသည်ဟု ဆိုရပေမည်။ ပုဂံဆူးတွင်းပစ် ဆရာတော် ရှင်နာဂိတအား သက္ကတကျမ်းတတ် လောကနီတိဆရာ ပင်းယစတုရင်္ဂဗလအမတ်ကြီးက ပရမတ္ထအရာ အဘိဓမ္မာ နည်းများကို မေးလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက် အစချီသော ပိုဒ်စုံရတုကဗျာသည် ရတုနယ်တွင် ရတုပီပီသသ အဟောင်းဆုံးရတုကြီးတစ်ပိုဒ် ဖြစ်သည်။ အင်းဝခေတ်သို့ ရောက်သောအခါ ရတုအရေးအသားသည် ပိုမိုတိုးတက်လာ လေသည်။ မိုးဆမ်းပန်း အသွင် လန်းလန်းရွှင်ခဲ့သည်။ ရတုစာဆို အများအပြား ပေါ်ထွန်းခဲ့သည်။ အင်းဝဘုရင် ပထမမင်းခေါင်၊ စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရခိုင်သူ မိညို၊ အင်းဝသူ မိဖြူ၊ ရှင်ထွေးနာ သိန်စသူ တို့သည် အင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြသည်။ အင်းဝခေတ်တွင် အရှိန်ရလာသော ရတုအရေးအသားသည် တောင်ငူခေတ်တွင် တံခွန်စိုက်သည်ဟု ဆိုရပေမည်။ ပထမ နဝဒေးကြီးသည် ရတုပိုဒ်ရေပေါင်း ၃ဝဝ ကျော် ၄ဝဝ နီးပါးမျှ ဖွဲ့ဆိုခဲ့သည်။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ ခန့်အကြာတွင် တောင်ငူဘုရင် နတ်သျှင်နောင် ပေါ်ခဲ့ပြန်သည်။ နတ်သျှင်နောင် သည် ချစ်သူရာဇဓာတုကလျာအား အကြောင်းပြု၍ ရတုပိုဒ်ရေ ၆ဝ ကျော်ခန့် ဖွဲ့ဆိုခဲ့သည်။ စကားကျစ်လျစ် သိပ်သည်း၍ လှပပြောင်မြောက်သော အဖွဲ့တို့ဖြင့် မွမ်းမံထားသော ရတုများ ကြောင့် နတ်သျှင်နောင်အား ရတုဆိုခြင်း၌ သိမ်မွေ့၏။ ဂမ္ဘီရ ဉာဏ်နှင့် ပြည့်စုံ၏ဟု ဆိုကြခြင်း ဖြစ်သည်။ ( နတ်သျှင်နောင် ။) တောင်ငူခေတ်၏ အခြားထင်ရှားသော ရတုစာဆိုများ မှာ လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ကြသည်။ ( လှော်ကားသုံးထောင်မှူး ။ ဥက္ကာပျံ။ မင်းဇေယျရန္တမိတ်။ သံခိုရှင်း ။) ညောင်ရမ်း ခေတ်တွင်မူ တောင်ငူခေတ်၌လောက် ရတု တံခွန်မစိုက်သော်လည်း ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ စသော ရတုစာဆိုများ ရှိသေးရာ ရတုအရေးအသားသည် မပြတ်လပ်ခဲ့ချေ။ ညောင်ရမ်း ၁ဝ ဆက်မြောက် ဟံသာဝတီရောက် မင်းတရားကြီးသည် အင်းဝပျက်၍ ဟံသာဝတီတွင် နေရစဉ် နတ်ရွာစံခါနီး ၌ 'ပုဂ္ဂိုလ်ခြောက်မည်' အစချီသော သုံးချက်ညီ သံဝေဂပိုဒ် ရတုကို ရေးသားတော်မူခဲ့သည်။ ကုန်းဘောင်ခေတ်၌ ထင်ရှားသော ရတုစာဆိုများမှာ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဉ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုးသူတော်ဦးမင်း၊ ဦးယာ၊ ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန် မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စသည်တို့ ဖြစ်သည်။ ( လက်ဝဲသုန္ဒရ ။ ဦးထွန်းညို။ တွင်းသင်းတိုက်ဝန်မဟာစည်သူ။ဦးဩ။ ဦးတိုး။ နဝဒေး။ ဦးပုည။ ဦးကောင်း။) ရတုသမိုင်းတွင် အဟောင်းဆုံးရတု ဆရာသည် စတုရင်္ဂ ဗလ၊ အများဆုံးရတုဆရာသည် နဝဒေးကြီးဖြစ်၍ အကောင်း ဆုံး ရတုဆရာသည် နတ်သျှင်နောင် ဖြစ်သည်ဟု စာပေပညာ ရှင်များက ယူဆကြသည်။ ကျမ်းကိုး မြန်မာ ကဗျာအမျိုးအစားများ ကဗျာလင်္ကာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%90%E1%80%AF
ရတနာခင်
ရတနာခင်သည် မြန်မာသရုပ်ဆောင် တစ်ဦးဖြစ်သည်။ တီတီစီ ကျောင်းသူဟောင်းတစ်ဦး ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသား ကိုစိုးလှိုင်ဦးနှင့် အိမ်ထောင်ပြုခဲ့သည်။ ဇွဲဦးထက်ဟု အမည်ပေးထားသော သားလေးတစ်ဦးနှင့် နောက်ထပ်သားလေးတစ်ဦး မွေးဖွားခဲ့သည်။ ကိုးကား မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%81%E1%80%84%E1%80%BA
ClearType
ClearType သည် Microsoft ၏ subpixel rendering နည်းပညာ ဖြစ်ပြီး LCD flat panel ကဲ့သို့သော ကွန်ပြူတာ မြင်ကွင်း (display) အရည်အသွေး ပိုမို ကောင်းမွန်စေသည်။ ClearType သည် Microsoft ၏ trademark ဖြစ်ပြီး ၁၉၉၈ COMDEX ပွဲးတွင် စတင် ကြေညာသည်။ မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲလ်များ
https://my.wikipedia.org/wiki/ClearType
Fortran
Fortran (previously FORTRAN) သည် ဂဏန်းသင်္ချာ နှင် သိပ္ပံ တွက်ချက်ရေး အတွက် general-purpose, procedural, imperative programming language ဖြစ်သည်။ ကိုးကား ကွန်ပျူတာ ပရိုဂရမ်းမင်း ဘာသာစကား
https://my.wikipedia.org/wiki/Fortran
အက်ဖ်-၁၆
Lockheed Martin ၏ F - 16 ( Fighting Falcon) သည် ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်ပြီး အမေရိကန် လေတပ်အတွက် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ စတင်ဒီဇိုင်းရေးဆွဲစဉ်က အပေါ့စား တိုက်လေယာဉ်အဖြစ် ဒီဇိုင်း ရေးဆွဲခဲ့သော်လည်း နောက်ပိုင်းတွင် အောင်မြင်သော ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်လာခဲ့သည်။ ကိုးကား Aleshire, Peter. Eye of the Viper: The Making of an F-16 Pilot (Illustrated ed.). Old Saybrook, Connecticut: Globe Pequot, 2005. ISBN 1-59228-822-7. Aronstein, David C. and Albert C. Piccirillo. The Lightweight Fighter Program: A Successful Approach to Fighter Technology Transition. Reston, VA: AIAA, 1996. ISBN 978-1-56347-193-3. Coram, Robert. Boyd: The Fighter Pilot Who Changed the Art of War. New York: Little, Brown, and Co., 2002. ISBN 0-316-88146-5. Darling, Kev. F-16 Fighting Falcon (Combat Legend). London: Airlife, 2003. ISBN 1-84037-399-7. Frawley, Gerard. The International Directory of Military Aircraft. Manly NSW, Australia: Aerospace Publications Pty Ltd, 2002. ISBN 1-875671-55-2. Hampton, Dan. Viper Pilot: the autobiography of one of America's most decorated F-16 combat pilots. William Morrow, 2012. ISBN 9780062130358 Hoh, Roger H. and David G. Mitchell. "Flying Qualities of Relaxed Static Stability Aircraft – Volume I: Flying Qualities Airworthiness Assessment and Flight Testing of Augmented Aircraft." Federal Aviation Administration (DOT/FAA/CT-82/130-I), September 1983. Retrieved: 16 June 2008. Jenkins, Dennis R. F/A-18 Hornet: A Navy Success Story. New York: McGraw-Hill, 2000. ISBN 978-0-07134-696-2. Peacock, Lindsay. On Falcon Wings: The F-16 Story. RAF Fairford, United Kingdom: The Royal Air Force Benevolent Fund Enterprises, 1997. ISBN 1-899808-01-9. Richardson, Doug. General Dynamics F-16 Fighting Falcon. London: Salamander Books, 1990. ISBN 0-86101-534-7. Senior, Tim. The AirForces Monthly Book of the F-16 Fighting Falcon. Stamford, UK: Key Books Ltd, 2002. ISBN 0-946219-60-5. Spick, Mike, ed. Great Book of Modern Warplanes. St. Paul, MN: MBI, 2000. ISBN 0-7603-0893-4. ပြင်ပလင့်ခ်များ F-16 USAF fact sheet F-16 page on LockheedMartin.com F-16.net extensive and up-to-date Fighting Falcon resource F-16 profile on Aerospaceweb.org F-16 page on GlobalSecurity.org Maintenance Programs of Pakistani F-16s on PAFwallpapers.com Greek F-16 C/D Fighting Block 52 တိုက်လေယာဉ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%BA%E1%80%96%E1%80%BA-%E1%81%81%E1%81%86
ဖင်လန်နိုင်ငံ
ဖင်လန်နိုင်ငံသည်နောဒစ်နိုင်ငံ တစ်ခုဖြစ်ပြီး ဖင်နိုစကန်ဒီရမ်းနေရာတွင် တည်ရှိသည်။ဆူအိုမီ သည် နိုင်ငံသုံး ပထမ ဘာသာစကားဖြစ်ပြီး၊ ဒုတိယ ဘာသာစကားမှာ ဆွီဒင် ဖြစ်သည်။ ၎င်းသည် အနောက်ပိုင်းတွင် ဆွီဒင်နိုင်ငံနှင့်ကပ်လျက်ရှိပြီး၊ အရှေ့ဘက်တွင် ရုရှား၊ မြောက်ဘက်တွင် နော်ဝေ နှင့် အက်စ်တိုးနီးယား သည် တောင်ဘက်ပယ်လယ်အော် တွင် တည်ရှိသည်။ မြို့တော်မှာ ဟယ်လ်ဆင်ကီဖြစ်သည်။ နိုင်ငံတွင် လူဦးရေ ၅.၄ သန်းဝန်းကျင်ခန့် ရှိပြီး၊ နိုင်ငံ၏ တောင်ပိုင်းတွင် လူဦးရေများစွာ နေထိုင်ကြသည်။ ဥရောပ နိုင်ငံများအတွင်းတွင် အဋ္ဌမမြောက် အကြီးဆုံး နိုင်ငံတစ်ခုဖြစ်ပြီး၊ လူဦးရေ အကျဲဆုံး ဖြစ်သည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ မိခင်ဘာသာစကားသည် အင်္ဂလိပ်လူမျိုးများခေါ်လျှင် ဖင်းနစ်ရှ်(Finnish) ဟုခေါ်ပြီး၊ ဖင်လန်လူမျိုးများအခေါ် ဆူအိုမီ(Suomi) ဘာသာစကားဖြစ်သည်။ အခြား ဘာသာစကားများဖြစ်သော ဖင်နို-ဦးဂရစ် မျိုးနွယ် ဘာသာစကားသည် အက်စ်တိုးနီးယား ဘာသာစကားနှင့်လည်း နီးစပ်သည်။ ဖင်လန်ဘာသာစကားသည် ဥရောပနိုင်ငံများတွင် ရုံးသုံး ဘာသာစကားဖြစ်သည့် လေးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ အင်ဒို-ဥရောပ ဘာသာစကား မဟုတ်ပေ။ နိုင်ငံ၏ ရုံးသုံး ဒုတိယ ဘာသာစကားသည် ဆွီဒင် ဘာသာစကားဖြစ်ပြီး၊ နေထိုင်သူ ၅.၅ ရာခိုင်နှုန်းသာ အသုံးပြုကြသည်။ ဆွီဒင်နှင့် ဖင်လန် နယ်စပ်တွင်နေထိုင်ကြသူများ နှင့် အလန်ကျွန်း တွင်နေထိုင်ကြသူများ၏ မိခင်ဘာသာစကားမှာ ဆွီဒင်ဖြစ်ကြပြီး၊ အကျယ်တဝန်း အသုံးပြုကြသည်။ ပြည့်ဝသည့် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် ကျင့်သုံးပြီး၊ ဟယ်လ်စင်ကီ မြို့တော်တွင် တည်ရှိသည့် ပါလီမန်အမတ်များ နှင့် မြို့အုပ် ၄၁၅ခုဖြင့် အုပ်ချုပ်သည့် နိုင်ငံဖြစ်သည်။ လူဦးရေ တစ်သန်းသည် ဟယ်လ်စင်ကီမြို့တော်ကြီးတွင် နေထိုင်ကြပြီး (၎င်းသည် ဟယ်လ်စင်ကီ၊ အက်စ်ပို၊ ဗန်တာ နှင့် ကူးနီအိုင်နန် တို့ဖြင့် ပေါင်းစည်းဖွဲ့ထားသည်)၊ နိုင်ငံ၏ ထုတ်ကုန်များ၏ သုံးပုံသည် ထိုမြို့များမှ ဖြစ်သည်။ အခြား မြို့ကြီးများသည် တမ်ပယ်ရယ်၊ တူးရ်ကူ နှင့် အုံးလူ မြို့တို့ ဖြစ်ကြသည်။ သမိုင်းတလျှောက်တွင် ဆွီဒင် နိုင်ငံ၏ လက်အောက်တွင် ရှိခဲ့ပြီး၊ ၁၈၀၉ ခုနှစ်တွင် ရုရှား အင်ပါယာ ၏ ထိမ်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ရုရှားလက်အောက်မှ ၁၉၁၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ ထိုအချိန်တွင် ဆိုဗီယက် ယူနီယံသည်၊ ဂျာမဏီ နိုင်ငံ၏ နာဇီ နှင့် စစ်ဆင်နေပြီး၊ စစ်အေးကာလကြီးအတွင်းတွင် လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၉၅၅ ခုနှစ်တွင် အသင်းဝင်ခဲ့ပြီး၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်တွင် အသင်းဝင်ခဲ့သည်၊ ၎င်းသည် ယူရိုဇုန် ဟုခေါ်ဝေါ်သော ဥရောပမြေအဖြစ် အသိအမှတ်ပြုခံထားရသည့် နိုင်ငံဖြစ်သည်။ လှုမှုဖူလုံရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်တပ်မှ နိုင်ငံ့အာဏာ အလွဲသုံးစားလုပ်မှုများ အား လေ့လာစစ်ဆေး အတည်ပြုထားသည့် စာတမ်းများအရ ကမ္ဘာ့နိုင်ငံများတွင် နံပါတ် ၂ အတည်ငြိမ်ဆုံး နိုင်ငံအဖြစ် ခေါ်ဝေါ်ခံရသည်။ ဖင်လန် သည် နိုင်ငံတကာ နိုင်ငံများနှင့် ယှဉ်လျှင်၊ နည်းပညာ တီထွင်ထုတ်လုပ်နိုင်မှု၊ အများပြည်သူအတွက် ပညာရေးအစီအစဉ်များ၊ နိုင်ငံမှ ထုတ်ကုန်များ တိုးတက်လာမှု နှင့် လူ့အခွင့်အရေး လွတ်လပ်မှုများကို ကာကွယ်ပေးနိုင်ခြင်းများဖြင့် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် အမြဲတွေ့ရှိလေ့ ရှိသည်။ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်ခဲ့သော်လည်း၊ စက်မှုလက်မှု နိုင်ငံများအဖြစ်သို့ ၁၉၅၀ အလွန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ စီးပွားရေးတိုးတက်မှုများ တရှိန်ထိုးဖြစ်ပေါ်လာခဲ့ပြီး၊ အထူး သက်သာချောင်ချရေး နှင့် လူမှုရေးအဓိကထားသည့် နိုင်ငံတစ်ခုအသွင်ပြောင်းနိုင်ခဲ့ပြီး၊ ကမ္ဘာ့အရှေ့ နှင့် အနောက် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ အကြားတွင် အဆင်ပြေစွာရပ်တည်နိုင်ခဲ့သည်။ နိုင်ငံ၏ ဖန်တီးနိုင်မှုစွမ်းအားသည် ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်လျှင် အမြဲထိပ်ပိုင်းတွင် တွေ့ရှိရသည်။ ဖင်လန်သည် ကမ္ဘာ့အကောင်းဆုံး နိုင်ငံတစ်ခုအဖြစ် ၂၀၁၀ ခုနှစ်တွင် Newsweek စစ်တမ်းအရ၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး ပတ်ဝန်းကျင် အခြေအနေ နှင့် လူနေမှုအဆင့်အတန်း အရေအသွေးပေါ် မူတည်ကာ ဗိုလ်ဆွဲခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတွင် ဒုတိယ အတည်ငြိမ်ဆုံးနိုင်ငံအဖြစ်လည်း အမည်ရခဲ့ပြီး၊ ၂၀၀၉ လီဂတမ် ချမ်းသာကြွယ်ဝမှု အမှတ်ပေးစာရင်းတွင်လည်း ပထမရရှိခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖော်ရမ် မှ ဖင်လန်နိုင်ငံအား ကမ္ဘာ့စီးပွားရေးပြိုင်ဆိုင်မှု နိုင်ငံများတွင် အဆင့် ၇ နေရာပေးခဲ့သည်။ ပညာရေးတွင် ပညာဘွဲ့ရရှိသူဦးရေ အများဆုံးအဖြစ် အဆင့် ၃တွင် ရှိခဲ့ပြီး၊ OECD Factbook 2010 ၏ ကမ္ဘာ့နိုင်ငံများရှိ ဘွဲ့ရရှိသူများ၏ ပုံမှန်အသက်၊ နိုင်ငံရှိလူဦးရေရာခိုင်နှုန်းပေါ်မူတည်ကာ စစ်တမ်းကောက်ယူအမှတ်ပေးထားခြင်းဖြစ်သည်။ လက်ရှိတွင် ဖင်လန်နိုင်ငံအား ကမ္ဘာ့နိုင်ငံများတွင်ငြိမ်းချမ်းခြင်း၊ ပြိုင်ဆိုင်နိုင်မှု အားကောင်းခြင်း၊ နေထိုင်ရန် သင့်တော်ခြင်းများဖြင့် ထိပ်ဆုံးနိုင်ငံများတွင် တွေ့ရှိနိုင်သည်။ သမိုင်း ရင်းမြစ်ဗေဒ ဆူအိုမီ (Suomi) ဆိုသည့် အမည် ဘယ်ကဖြစ်ပေါ်လာသည်မှာ မသေခြာသော်လည်း၊ ရစ်မြစ်တူသည့် ဝေါဟာရတစ်ခုမှာ ပရို-ဘဲလ်တစ် စာလုံးဖြစ်သည့် ဇဲမဲ*zeme, သည် မြေဟု အဓိပ္ပာယ်ထွက်သည်။ ဖင်လန်ဘာသာ စကားနှင့် နီးစပ်သည့် (the Baltic-Finnic languages) အခေါ်အဝေါ်ကို Baltic languages Latvian နှင့် Lithuanian တို့တွင် တွေ့ရှိနိုင်သည်။ ၎င်းအပြင် အင်ဒို-ယူရိုပီရမ် စကားလုံးဖြစ်သည့် *gʰm-on"man"(cf. Gothic guma, Latin homo)တို့မှ ဆင်းသက်လာသည်ဟု ပြောနိုင်ပြီး၊ *ćoma အဖြစ် ငှားရမ်းထားခြင်းဖြစ်သည်။ ထိုစကားလုံးသည် Finland Proper နယ်မြေကိုသာ သက်ရောက်ခြင်းရှိပြီး၊ များမကြာမီ Gulf of Finland ၏ မြောက်ပိုင်းကန်းရိုးတန်း၊ မြောက်ပိုင်းမြေဖြစ်သည့် Ostrobothnia သည် ထိုအချိန်တွင် ၁၈ ရာစုအထိ မပါဝင်သေးခြေ။ အစောပိုင်း ယူစချက်များတွင်လည်း suomaa (fen land) သို့ suoniemi (fen cape) ဆင်းသက်လာခြင်းဖြစ်ပြီး၊ ဆားမယ် saameလူမျိုးများ (Sami, a non-Finnish people in Finland) နှင့် ဟာမယ် လူမျိုးများအကြားHäme (a Finnish people and a province) နှိုင်းယှဉ်ချက်များမှ ဖြစ်ပေါ်လာသည်ဟုဆိုသော်လည်း၊ ယခုအခါတွင် ၎င်းယူစချက်များ အကျုံးမဝင်တော့ဟုဆိုသည်။ ရှေးဦးသမိုင်း အနုဇီဝလေ့လာမှုများ၏ သက်သေအထောက်အထားများအရ၊ ဖင်လန်နိုင်ငံ၏ မြေအရင်းအမြစ်သည် လွန်ခဲ့သည့် ရေခဲကျောက်ခေတ် ဘီစီအီး ၈၅၀၀ ခန့်၊ နောက်ဆုံး ရေခဲကျောက်ခေတ် ရှိ ရေခဲများပျော်သွားချိန်မှ စတင်ခဲ့သည်ဟု ဆိုသည်။ ပထမဦးဆုံးနေထိုင်ခဲ့သူများ၏ ကျန်ရစ်ခဲ့သော artifacts ထူးခြားသော လက္ခဏာများကိုကြည့်လျင် အက်စ်တိုနီးယား၊ ရုရှား၊ နော်ဝေ နိုင်ငံများ နှင့် ဆက်နွယ်နေသည်။ အစောဆုံးနေထိုင်သွားသူများမှာ တောလိုက် မုဆိုး များ ဖြစ်ပြီး၊ ကျောက်ကို လက်နက်အဖြစ် အသုံးပြုခဲ့ကြသည်။ ဖင်လန်သို့ ၃၀၀၀-၂၅၀၀ ဘီစီအီး တွင်ရောက်ရှိလာသည့် Corded Ware ယဉ်ကျေးမှုသည် နိုင်ငံ၏ စိုက်ပျိုးရေး စတင်ပေါ်ပေါက်လာနိုင်ခြင်းဖြစ်သည်။ စိုက်ပျိုးရေးကို စတင်ခဲ့သော်လည်း၊ အမဲလိုက်ခြင်း နှင့် ငါးဖမ်းခြင်းတို့သည့် နိုင်ငံ၏ စီးပွားရေး ကို အရေးပါသော အထောက်အကူ ပြုမြဲဖြစ်သည်။ လက်တလော သမိုင်း ၂၀၀၂ ခုနှစ်တွင် ယူရိုငွေကြေး ကို စတင်အသုံးပြုခဲ့သည်။ အခြား နော်းဒစ် နိုင်ငံများ အရ ဖင်လန် စီးပွားရေးသည် ၁၉၈၀ခန့်မှ စတင်ကာ စီးပွားရေး လွတ်လပ်မှုစနစ် စတင်ကျင့်သုံးခဲ့သည်။ ဈေးကွက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု စည်းမျဉ်းစည်းကမ်းများကိုလည်း လျှော့ပေါ့စေရန် ပြင်ဆင်ရေးသားခဲ့သည်။ နိုင်ငံပိုင် ကုမ္ပဏီတချို့ကိုလည်း ပုကလိက ကုမ္ပဏီများအဖြစ် အသွင်ပြောင်းခဲ့ပြီး အကောက်အခွံလျှော့ပေါ့ ကောက်ယူမှုစနစ်များလည်း ကျင့်သုံးခဲ့သည်။ ဥရောပ သမဂ္ဂ သို့ ၁၉၉၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ၁၉၉၉ တွင် ယူရိုဇုန် နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ လူဦးရေသည် အသက်အိုမင်းသူများ များပြားလာပြီး မွေးဦးရေ အယောက် ၁၀၀၀ တွင် ၁၀.၄၂ ရာနှုန်းသာ ရှိပြီး၊ သေဆုံးသူရာနှုန်းမှာ ၁.၈ ရှိသည်။ ၁.၆သည် နိုင်ငံသားအားလုံး၏ ပျမ်းမျှအသက်ဖြစ်ပြီး၊ အသက်ရှည်သူများပြားသည့် နိုင်ငံထဲတွင်ပါဝင်သည်။ နိုင်ငံ၏ ရွေးကောက်ပွဲမဲပေးသူ ဦးရေထက်ဝက်သည် အသက်၅၀ ကျော်သည်။ အခြားဥရောပ နိုင်ငံများနည်းတူ၊ လူဝင်မှုကြီးကြပ်ရေး ပုံစံမပြောင်းဘဲ နိုင်ငံသို့ ပြောင့်ရွှေ့ အခြေချနေထိုင်သူများ တိုးတက်လာခြင်းမရှိပါက လူဦးရေ မညီညာမှုများ ဖြစ်လာနိုင်သော်လည်း၊ အခြား တိုးတက်ပြီးသော နိုင်ငံများနှင့် ယှဉ်ကြည့်ပါက ပို၍ ကောင်းမွန်သော စီးပွားရေးလည်ပတ်နိုင်မှုကို တွေ့ရှိနိုင်သည်။ ငွေကြေးဟောင်းဖြစ်သည့် မာက်ကာ Finnish markka ကို ယူရို euro နှင့် ၂၀၀၂ တွင် အစားထိုး အသုံးပြုခဲ့သည်။ ထိုနေ့ကို ကြိုဆိုသောအားဖြင့် ယူရိုငွေကြေးစေ့များကို ၁၉၉၉ တွင် စတင်ထုတ်ဝေမှုများရှိခဲ့သည်။ ထို့ကြောင့် ငွေကြေးစေ့များကို ကြည့်ပါက အခြား ဥရောပဇုန် နိုင်ငံများ နှင့်မတူဘဲ အဟောင်းဆုံး ခုနှစ်မှာ စတင်အသုံးပြုသည့် ၂၀၀၂ ခုနှစ်အစား၊ ၁၉၉၉ကို တွေ့ရှိနိုင်သည်။ ဒီဇိုင်းပုံစံ ၃မျိုးကို (ဒီဇိုင်း ၂ခုကို ၂ယူရို နှင့် ၁ယူရိုတို့အတွက် အသုံးပြုပြီး၊ ကျန်ဒီဇိုင်းကို ကြေးစေ့ အသေးစားများတွင် ၅၀၊ ၂၀၊၁၀၊၅ ဆန့် အထိ အသုံးပြုပြီး၊ ) ဖင်လန်ငွေ ယူရိုအတွက် ရွေးချယ်အသုံးပြုသည်။ ၂၀၀၇ ခုနှစ်တွင် ဥရောပဇုန် နိုင်ငံများနည်းတူ ငွေကြေးစေ့များတွင် ပုံမှန်ပါရှိသည့် မြေပုံဟောင်းအား မြေပုံအသစ် အစားထိုး စတင်အသုံးပြုနိုင်ရန်အတွက်၊ ဖင်လန် ငွေကြေးစေ့ မျက်နှာပြင်တစ်ခုလုံးကို မြေပုံအသစ်ဖြစ် ပြောင်းလည်း ပြင်ဆင်ခဲ့သည်။ ပထဝီအနေအထား Biodiversity ရာသီဥတု စိုထိုင်းပြီး အေးစိမ့်သည့် နေရာတွင် တည်ရှိပြီး၊ နွေရာသီတွင် နွေးထွေးပြီး ဆောင်းရာသီတွင် အေးခဲလောက်သည့် ရာသီဥတုဖြစ်သည်။ ဖင်လန်တောင်ဘက်ရှိ ရာသီဥတုသည် ကမ္ဘာ့မြောက်ပိုင်းတွင် တည်ရှိသည့် ရာသီများနှင့် တူသည်။ တောင်ပိုင်း ဆောင်းရာသီတွင် အအေးချိန်သည် (ပုံမှန်အားဖြင့် "0" စင်တီဂရိတ် အောက်တွင်ရှိသည်) ၄လကြာမြင့်ပြီး နှင်းများသည် ဒီဇင်ဘာမှစ၍ ဖုံးလွှမ်းနိုင်ပြီး၊ ဧပြီလစမ်း အထိဖြစ်သည်။ တောင်ဘက်ကမ်းစပ်များ၏ ဆောင်းရာသီဦးပိုင်းတွင် နှင်းများ မကြာခဏ ပြန်ပျော်လေ့ရှိပြီးမှ ပြန်လည်ဖုံးလွှမ်းခြင်းမျိုးရှိသည်။ တောင်ဘက်ပိုင်းရှိ အအေးဆုံးနေ့များတွင် -၂၀အောက်အထိဖြစ်နိုင်ပြီး၊ အပူဆုံးနေ့များမှာ ဇူလိုင် နှင့် ဩဂုတ်လများတွင်ဖြစ်နိုင်ပြီး၊ အပူချိန် ၃၀ အထိရှိနိုင်သည်။ ရာသီသည် အစေ့စိုက်ပျိုးနိုင်သည့် မြေမျိုးရှိပြီး တောင်ပိုင်းတွင် စိုက်ပျိုးကြပြီး၊ မြောက်ပိုင်းအစွန်တွင်မူ စိုက်ပျိုး၍ မရပေ။ နိုင်ငံမြေ၏ တစ်ပုံ သုံးပုံသည် မြောင်ဝင်ရိုးစွန်း အတွင်းတည်ရှိပြီး၊ ညထွက်နေအား မြောက်ပိုင်း လည်ရောက်သူများအတွက် ပို၍ ကြာရှည်စွာ မြင်နိုင်သည်။ ဖင်လန်၏ မြောက်ဖြားပိုင်း နွေရာသီတွင် ၇၃ ရက်တိုင်တိုင် နေမဝင်သည်ကို တွေ့ရမည်ဖြစ်ပြီး၊ ဆောင်းရာသီတွင် ၅၁ ရက်တိုင်အောင် နေမထွက်သည်ကို တွေ့ရှိနိုင်သည်။ ဖင်လန်တွင် ရာသီကာလ ဟူ၍ လေးမျိုးရှိပြီး နှစ်စဉ်တိုင်းတာချက်အများရ - ဆောင်းရာသီ- ၀ ဒီဂရီဆင်တီဂရိတ် အောက်တွင်ရှိသည်။ နွေကူးရာသီ- ၀ ဒီဂရီဆင်တီဂရိတ် မှ +၁၀ ဒီဂရီဆင်တီဂရိတ် သို့ တက်သွားနိုင်သည်။ နွေရာသီ- +၁၀ ဒီဂရီဆင်တီဂရိတ် အထက်တွင်ရှိသည်။ ဆောင်းကူးရာသီ- +၁၀ ဒီဂရီဆင်တီဂရိတ် မှ ၀ ဒီဂရီဆင်တီဂရိတ် သို့ ကျသွားသည်။ (နွေရာသီတွင် အပူဆုံးနေ့များမှာ +၃၀ ဒီဂရီဆင်တီဂရိတ် ဝန်းကျင်ဖြစ်နိုင်ပြီး၊ ဆောင်းတွင်းတွင် -၃၀ အထိလည်း အေးနိုင်သည်။) တိုင်းနှင့် ပြည်နယ်များ နိုင်ငံရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သမ္မတ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖင်လန်နိုင်ငံ၏ သမ္မတ သည် နိုင်ငံ၏အကြီးဆုံး အုပ်ချုပ်သူဖြစ်သည်။ ဖင်လန်သည် ပုံမှန်အားဖြင့် သမ္မတ တစ်ဝက် ပါလီမန်တစ်ဝက် စနစ်ဟု ဆိုသော်လည်း၊ သက္ကရာဇ် ၂၀၀ခုနှစ် ပြင်ဆင်ချက်၊ ၂၀၁၂ ထပ်မံ ပြင်ဆင်ချက်တို့ကြောင့် သမ္မတသည် နိုင်ငံ့ပွဲတော်များတွင် အရေးပါသူ နှင့် ဆုံးဖြတ်ချက်များတွင် အရေးမပါတော့သည့် နေရာတွင်ရောက်ရှိခဲ့သည်။ ပါလီမန် အစိုးရ ဝန်ကြီး ဥပဒေ သံတမန် ဆက်သွယ်ရေး လူမှုဖူလုံရေး အာမခံ ၁၉၈၀ နောက်ပိုင်းတွင် ဖင်လန်သည် ကမ္ဘာ့နိုင်ငံများထဲတွင် လူမှုဖူလုံရေး အာမခံ အများဆုံး ပြီးပြည့်စုံသည့် နိုင်ငံတွင်ပါဝင်ပြီး၊ ဖင်းများအားလုံး ပြည့်ပြည့်စုံစုံ သာမန်နေထိုင်ခွင့် အဆင့်အတန်းဖြစ်စေရန် အာမခံနိုင်သည့် လူမှုဖူလုံရေးစနစ်ဖြစ်သည်။ လူမှုဖူလုံရေးစနစ် ဖြတ်တောက်မှုများ ရှိလာသော်လည်း၊ ယနေ့တိုင် ကမ္ဘာတွင် စံချိန်တင်လောက်ရသည့် ပြီးပြည့်စုံသည့် စနစ်ရှိနေဆဲဖြစ်သည်။ [citation needed]ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီး နှစ် ၃၀နောက်ပိုင်းမှ ကြီးထွားလာသည့် ၎င်းစနစ်သည် နောဒစ်နိုင်ငံများ၏ ယုံကြည်ချက်တစ်ခုဖြစ်သည့် နိုင်ငံသည် လူမျိုးအဆင့်အတန်းမြင့်တင်ရေးကို လက်ဝါးကြီးအုပ်ခြင်းမျိုးမဟုတ်ဘဲ၊ တတောင့်တနေရာမှ ၎င်းတို့အတွက် ကိုယ်စား ဆောင်ရွက်ပေးရမည်ဟုဆိုသည့်အချက်ကို လက်ခံသည့် နိုင်ငံဖြစ်သည်။ လူမှုဖူလုံရေး သမိုင်းရှင်များက ဤယုံကြည်မှုသည် စစ်အင်အား စီးပွားရေး ဖင်လန်သည် စက်မှုအင်အားသုံး၍ ထုတ်လုပ်မှုများသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ နိုင်ငံရှိ လူတစ်ယောက်၏ ထုတ်ကုန် အင်အားကို ယှဉ်ကြည့်သော် အခြား ထုတ်ကုန်မြင့်မားသည့် နိုင်ငံကြီးများဖြစ်သည့်၊ ပြင်သစ်၊ ဂျာမဏီ၊ ဘယ်လ်ဂျီယံ နှင့် ယူကေ တို့နှင့် တူညီသည်။ ၆၆ရာနှုန်းရှိသည့် အကြီးမားဆုံး စီးပွားရေး လုပ်ငန်းသည် ဝန်ဆောင်မှုအပိုင်းတွင်ဖြစ်ပြီး၊ ကျန်ရှိသည့် ၃၁ရာနှုန်းသည် ထုတ်ကုန် နှင့် အချောကိုင်သည့် လုပ်ငန်းများဖြစ်သည်။ အဓိက ထုတ်လုပ်မှုမှာ ၂.၉ ရာနှုန်းဖြစ်ပြီး၊ နိုင်ငံခြားကုန်သွယ်မှုများကို ကြည့်ပါက ထုတ်လုပ်မှု အပိုင်းသည် အဓိက ဝင်ငွေဖြစ်သည်။ လျပ်စစ်ပိုင်းဆိုင်ရာ ထုတ်လုပ်မှုသည် ၂၂ရာနှုန်းရှိပြီး၊ စက်ပစ္စည်းများ၊ ယာဉ်ထုတ်လုပ်မှု နှင့် အခြားသော သံထုတ်လှုပ်မှု အင်ဂျင်နီယာပိုင်းတို့သည် ၂၁.၁ ရာနှုန်းရှိသည်။ သစ်တော လုပ်ငန်းမှာ ၁၃ရာနှုန်းရှိပြီး၊ ဓာတုဗေဒ ထုတ်လုပ်မှုတွင် ၁၁ရာနှုန်းရှိသည်။ ဖင်လန်တွင် သစ်တောနှင့် ဓာတ်ကျောက်များစွာရှိပြီး၊ ရေချိုပေါများသည့် နိုင်ငံဖြစ်သည်။ သစ်တော၊ စာရွက်ထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ(အတွက် နိုင်ငံတော်မှ အခွန်ငွေများထဲမှ ၃ သန်းနှစ်စဉ် အသုံးပြုသည်) သည် ကျေးလက်များတွင် နေထိုင်ကြသူများတွက် နိုင်ငံရေးအဆင့်အထိ ဆွေးနွေးကြရသည့် ကိစ္စတစ်ခုဖြစ်သည်။ နိုင်ငံတော်၏ ထုတ်ကုန် သုံးပုံ တစ်ပုံတွင် ဟယ်လ်စင်ကီ အကြီးပိုင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၂၀၀၄ အိုအီးစီဒီ ယှဉ်တမ်းတွင်၊ နည်းပညာမြင့်မားသည့် ထုတ်ကုန် ထုတ်လုပ်ကြရာတွင် ဖင်လန်သည် ဒုတိယအဖြစ်၊ အိုင်ယာလန်နောက်တွင် နေရာရရှိသည်။ အထူး-အတက်ပညာ ဝန်ဆောင်မှုပိုင်းတွင်းလည်း တိုးတက်မှုကျဆင်းခြင်း အနည်းဆုံး နှင့် နည်းပညာနည်းပါးသည့် ထုတ်လုပ်မှုများတွင် ဒုတိယအကြီးဆုံးအဖြစ် အိုင်ယာလန်အနောက်တွင် အဆင့်ရသည်။ အများအားဖြင့် လက်ရှိထုတ်လုပ်နိုင်မှုသည် ကောင်းသည့် အဆင့်တွင်ရှိပြီး၊ အခြား အီးယူ နိုင်ငံများထက် မြင့်မားသည့် နေရာတွင်ရှိသည်။ ဖင်လန်သည် ကမ္ဘာ့စီးပွားရေး တွင် ပါဝင်မှုမြင့်မားသည့် စီးပွားရေးပုံစံဖြစ်ပြီး၊ နိုင်ငံတကာ ကုန်သွယ်မှုသည် နိုင်ငံ ထုတ်ကုန်၏ သုံးပုံဖြစ်သည်။ စီးပွားရေးကို ခြုံပြရသော် ဥရောပ သမဂ္ဂ တွင် ၆၀ရာနှုန်းရှိပြီး၊ အကြီးမားဆုံး ကုန်သွယ်မှုသည် ဂျာမဏီ၊ ရုရှား၊ ယူကေ၊ အမေရိကန်၊ နယ်သာလန် နှင့် တရုတ်တို့ဖြစ်သည်။ ကုန်သွယ်ရေး ပရိယာယ်ဆိုင်ရာများကို ဥရောပ သမဂ္ဂမှ ကိုင်တွယ်ထားပြီး၊ စိုက်ပျိုးရေမှ လွဲ၍ လွတ်လပ်စွာ ကုန်သွယ်မှုအဖြစ်ပါဝင်သူဖြစ်သည်။ နော်ဒစ်နိုင်ငံများထဲမှ ယူရိုဇုန်များတွင် တစ်ဦးတည်း ပါဝင်သည့် နိုင်ငံဖြစ်သည်။ စွမ်းအင် လမ်းပန်း ဆက်သွယ်ရေး ဖင်လန်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးသည် ကမ္ဘာ့ချမ်းသာသော နိုင်ငံများ၏ လမ်းပန်းဆက်သွယ်ရေး နှင့် တူညီသည်။ လူဦးရေနည်းပါသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အထူး ပြုလုပ်ပေးထားသည်။ နိုင်ငံ၏ရာသီဥတု အအေးဓာတ်များလွန်းသောကြောင့် ကတ္တရာလမ်းများ အက်ကွဲကုန်သော်လည်း၊ ပြန်လည်ပြုပြင်ပေးကာ နိုင်ငံတကာ အဆင့်အတန်းကို အမီထားသည်။ ကျွန်းများတွင် နေထိုင်ကြသူများအတွက် အခမဲ့ ဖယ်ရီများ စီစဉ်ပေးခြင်း၊ အသက်ကြီးသူများ၊ ကျောင်းသားများ အတွက် ဈေးနှုန်း တစ်ဝက်လျော့ပေးခြင်း၊ ဘတ်စ်ကားများ ရထားများ အချိန်မှန်ခြင်းတို့သည့် ဖင်လန်၏ စံနမူနာဖြစ်သည်။ ကားလမ်း အထူးကောင်းမွန်သော လမ်းစနစ်ရှိပြီး အများအားဖြင့် ပြည်တွင်းသုံး ကုန်တင်ကားများ နှင့် လူသုံးကားများ အသုံးပြုကြသည်။ နှစ်စဉ် လမ်းပန်းကောင်းမွန်စေရန်အတွက် အသုံးပြုသည့် ငွေကြေးမှာ ၁ဘီလယံ ယူရိုအား၊ ကားခွန်များ နှင့် လောင်စာဆီခွံများဖြစ်သည့် ၁ ဘီလယံမှ ၁.၅ ဘီလယံ ရရှိသည့် ငွေများမှ အသုံးပြုသည်။ ရထားလမ်း နေထိုင်သူလူဦးရေ နည်းသော်လည်း၊ နိုင်ငံတော်မှ နှစ်စဉ် သန်း ၃၅၀ ယူရို အသုံးပြု၍ ရှည်လျားသည့် ရထားလမ်းကြီးကို ပြုပြင်ခြင်းများပြုလုပ်ပေးသည်။ ရထားလမ်းကို နိုင်ငံပိုင် VR Groupမှ ကိုင် တွယ်ပြီး၊ အသုံးပြုသည့် ၅ရာခိုင်နှုန်းသည် ခရီးသွားများ(၈၀ ရာခိုင်နှုန်းသည် မဟာ ဟယ်လ်စင်ကီး ကို ချိတ်ဆက်ထားသည့် ရထားအသုံးပြုသူများ)၊ ၂၅ ရာခိုင်နှုန်းသည် ကုန်များသယ်ဆောင်ရန်အသုံးပြုကြသည်။ ၂၀၁၀ ဒီဇင်ဘာ ၁၂ ရက်မှ စ၍ ကာရေးလီးယမ်း ရထား၊ ရုရှား ရထား နှင့် VR (Finnish Railways) တို့ လက်တွဲ လုပ်ဆောင်ကြသည့် Alstom Pendolinoသည် ရုရှားနိုင်ငံ၊ စိန့်ပီတာ့စ်ဘတ် မြို့Finlyandskyနှင့် ဟယ်လ်စင်ကီမြို့Central ကို ကူးသန်းသွားလာသည့် အမြန်ရထားဖြစ်သည်။ ၎င်း ဝန်ဆောင်မှုကို"Allegro" ဟု အမည်ပေးထားပြီး တစ်နာရီလျင် ၂၂၀ ကီလိုမီတာ ခုတ်မောင်းနိုင်သည့် မြန်နှုန်းမြင့် ရထားကြောင့် Helsinki မှ Saint Petersburg သို့ ၃နာရီခွဲအချိန်ဖြင့် ရောက်ရှိနိုင်ပြီဖြစ်သည်။. ရေလမ်း နိုင်ငံတွင် ရေကန်ကြီးများ ပေါများခြင်းကြောင့် ရေလမ်းဆက်သွယ်မှုသည် ဖင်းများအတွက် အပျော်စီး (သို့) ငါးမျှားခြင်း စသည်တို့အတွက် အသုံးပြုသည်။ နိုင်ငံ၏ အရှေ့ဘက် နှင့် တောင်ဘက်တွင် ပင်လယ်မှ အိမ်နီးခြင်းနိုင်ငံများသို့ သင်္ဘောဖြင့် သွားလာနိုင်သည်။ ဂျာမနီနိုင်ငံ၊ အက်စ်တိုးနီးယား နိုင်ငံ နှင့် ဆွီဒင်နိုင်ငံများသို့ ရေလမ်းခရီးမှ သွားရောက်နိုင်သည်။ တူ့ဟိုလ်မာ နှင့် ဟယ်လ်စင်ကီကြား သွားသည့် ကားတင် သင်္ဘောကြီးသည် ကမ္ဘာတွင် အကြီးမားဆုံးထဲမှ တစ်ခုဖြစ်သည်။ နာမည်ကြီးသော သင်္ဘောလိုင်းများမှာ ဆီးလ်ရာ၊ ဗိုင်ကင်းလိုင်း နှင့် အက်စ်တိုးနီးယားပိုင် တာလ္လင့်က် တို့ဖြစ်ကြသည်။ လေကြောင်း လူအများဆုံး ထွက်ခွာမှု အသုံးပြုသည့် နေရာမှာ ဟယ်လ်စင်ကီ-ဗန်တာ လေယာဉ်ကွင်းဖြစ်ပြီး ၂၀၀၈ခုနှစ်တွင် အသုံးပြုသူ ၁၃သန်းရှိသည်။အုံးလူ လေယာဉ်ကွင်း သည် နိုင်ငံ၏ လေယဉ်ကွင်းပေါင်း ၂၅ ခုအနက် ဒုတိယ အကြီးဆုံးဝန်ဆောင်မှုပေးသည့် နေရာဖြစ်သည်။ဟယ်လ်စင်ကီ-ဗန်တာတွင် အခြေချကြသည့် လေကြောင်းလိုင်းများမှာ ဖင်းန်အဲ, ဘလူး၁ နှင့် ဖင်းန်ကွန် လေကြောင်း တို့သည် နိုင်ငံတကာ နှင့် ပြည်တွင်းလိုင်းများကို ချိတ်ဆက်ပေးထားသည်။ ပြည်တွင်းသို့ သက်သာချောင်ချိသည့် လေကြောင်းလိုင်းများဖြစ်သည့် နော်ဝေဂျီယံ၊ ဘော့လ်တစ်အဲ နှင့် တမ်ပယ်ရယ်မြို့ အခြေစိုက်ရွိုင်ရန် အဲ တို့လည်းရှိသည်။ ဟယ်လ်စင်ကီသည် အနောက် ဥရောပ နှင့် အရှေ့လွန်ဒေသများသို့ ပို၍ နီးစပ်သည့် စက်ဝိုင်းအတွင်းတွင်ရှိသည်။ စီးပွားရေး လုပ်ငန်းများ ဖင်လန်သည် အလျင်အမြန် စက်မှုနိုင်ငံအဖြစ် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် တိုးတက်လာခဲ့ပြီး၊ လူတစ်ယောက်ထုတ်ကုန်သည် ယူကေ နှင့် ဂျပန် နိုင်ငံတို့ အညီ ၁၉၇၀ ခုနှစ်အစပိုင်းတွင် အမီလိုက်နိုင်ခဲ့သည်။ အထူးသဖြင့်၊ အတိုးတက်ဆုံး လုပ်ငန်းနှစ်ခုမှာ ပို့ကုန်များဖြစ်ပြီး၊ သံလုပ်ငန်းထွက် ပို့ကုန် နှင့် သစ်တော်လုပ်ငန်းထွက် ပို့ကုန်တို့ဖြစ်သည်။ သံထွက်လုပ်ငန်း သံလုပ်ငန်းထွက်ပို့ကုန်များတွင် သင်္ဘောဆောက်လုပ်ရေး၊ သံပစ္စည်း ဆောက်လုပ်ရေး၊ ကားထုတ်လုပ်ရေး နှင့် အင်ဂျင်နီယာ ထုတ်ကုန်များဖြစ်သည့် အင်ဂျင် နှင့် လျပ်စစ်ပစ္စည်းများ၊ သံထွက်ကုန်များဖြစ်သည့် စတီးလ်၊ ကြေး၊ နှင့် ခရိုမီယမ်တို့ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ပင်လယ်ပေါ်မှ အိုအေစစ် နှင့် ညှို့ဆောင်နေသော ပင်လယ်များ အမည်ရှိသည့် အပျော်စီးသင်္ဘောကြီးများကို ဖင်လန်နိုင်ငံတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သစ်တောထွက် လုပ်ငန်း နိုင်ငံရှိမြေ ၇၇ရာခိုင်နှုန်းသည် သစ်တော်ရှိပြီး(အများအားဖြင့် ခုတ်ပြီးပြန်စိုက်အပင်များ) ရှိသောကြောင့်၊ စာရွက်ချော နှင့် စာကြမ်း၊ သစ်လုံး ထွက်ကုန်များသည်။ စာကြမ်း နှင့် စာနု ထုတ်လုပ်မှုများတွင် (Ahlstrom, M-real, UPM) စသည့် ကုမ္ပဏီကြီးများ ရှိသည်။ ကျယ်ပြန့် လုပ်ငန်းများ နိုင်ငံ၏ စီးပွားရေး ကျယ်ပြန့်လာသည် နှင့် အမျှ၊ လုပ်ငန်းများသည်လည်း ကျယ်ပြန့်လာသည်။ လျှပ်စစ်ကုမ္ပဏီကြီးများဖြစ်သည့် နိုကီယာ၊ သဘာဝပတ်ဝန်းကျင် နှင့် စက်မှုထုတ်လုပ်ပိုင်းဆိုရာ ဗိုင်းဆာလာ၊ လောင်စာဆီ ဖြန့်ဖြူးသည့် နက်စ်တယ်အွိုင်း၊ ဓာတုဗေဒပစ္စည်များထုတ်လုပ်သည့် ကယ်မီရာ၊ အင်ဂျင်နီယာ နည်းပညာ ကူညီသည့် ပိုန်းဝူရူ နှင့် သတင်းအချက်အလက် နည်းပညာ တွင် ရိုဗီရို ဖျော်ဖြေရေး များကြောင့် နိုင်ငံ၏ စီးပွားရေးသည် နှစ်ပိုင်းခွဲ၍ မရတော့ပေ။ စီးပွားရေးလမ်းကြောင်းများလည်း ပြောင်းလည်းလာပြီး၊ ဝန်ဆောင်မှုပိုင်းတွင် တိုးတက်မှုများ ရှိကာ၊ ထုတ်လုပ်မှုပိုင်းတွင် လျော့နည်းလာသည်၊ စိုက်ပျိုးရေးအပိုင်းသည် ပြောမပလောက်သာရှိသည်။ သို့သော် အနောက်ပိုင်း ဥရောပတွင် ဖင်လန်ပို့ကုန်သည် အရေးပါသည့် အပိုင်းတွင် ရှိနေမြဲရှိပြီး၊ ကမ္ဘာ့စီးပွားရေး တိုးတက်ကျဆင်းမှုအပေါ် မူတည်နေသည်။ ပြည်သူပြည်သားများအတွက် ပေါလစီ ခရီးသွားလုပ်ငန်း ၂၀၀၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ဝင်ငွေမှာ €6.7 ကုဍေရှိပြီး၊ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။ တိုးတက်လာမှုမှာ နိုင်ငံ၏ ကမ္ဘာနှင့် ဆက်သွယ်မှုများလာခြင်း၊ ကြော်ငြာကောင်းခြင်း၊ နိုင်ငံတိုးတက်လာခြင်းများကြောင့် ဖြစ်သည်။ ခရီးသွားများအတွက် စိတ်ဝင်စားဖွယ် နေရာများရှိပြီး၊ ၂၀၀၅ ခုနှစ်တွင် ခရီးသွား ၄သန်း လာရောက်ခဲ့သည်။ ဖင်လန်ရှုခင်းများသည် ထင်းရှုးပင်များဖြင့် ဖုံးလွှမ်းနေပြီး၊ တောင်တန်းအနည်းငယ်နှင့် ရေကန်များ၊ မြစ်များ အိုင်များဖြင့် ပြည့်နှက်လျက်ရှိသည်။ ဖင်လန်နိုင်ငံ နာမည်ကြီးသည့် အရာများမှာ အမျိုးသားပန်းခြံ ၃၅ ခုသည် နိုင်ငံတောင်ပိုင်းမှ နိုင်ငံမြောက်ပိုင်းအထိ တွေ့ရှိနိုင်သည်။ လူများနေထိုင်သော နေရာများတွင် ရိုးရာဓလေ့ဆိုင်ရာ ပွဲများတော်များလည်းရှိသည်။ ခရီးသွားများအတွက် စီးပွားဖြစ် အပျော်စီးသဘောကြီးများ ရှိပြီး၊ ဘယ်လ်တစ် ဌာနေမှ ဟယ်လ်စင်ကီ၊ တူရ်ကူ နှင့် တာလင်၊ စတော့က်ဟုမ် နှင့် တရာဗယ်မြူဒ် သို့ ချိတ်ဆက်မှုများရှိသည်။ ခရစ္စမတ် အဖေ(ဆန်တာကလော့) သို့ စိန့်နီကိုလက်စ် သည် လပ်လန် တွင် နေထိုင်ပြီး၊ ၎င်း၏မိခင်နိုင်ငံအဖြစ် ဖင်လန်နိုင်ငံအား လူသိများကြသည်။ မြောက်ဝင်ရိုးစွန်း လွန်သွားပါက၊ ဆောင်းရာသီအလယ်တွင် ရသတ္တပါတ်၊ လများတိုင်အောင် နေမထွက်ခြင်းများရှိပြီး၊ နွေရာသီတွင် နေမဝင်ခြင်း၊သန်းခေါင်အချိန်တွင် နေမင်းကြီးအား တွေ့ရသည့် နေ့များဖြစ်သည်။ လပ်လန်သည် မြောက်ပိုင်းအရမ်းရောက်သောကြောင့် ဩရိုရာ အလင်းတန်းများကို တွေ့ရှိနိုင်ပြီး၊ ၎င်းကို ဆောင်းရာသီ၊ ဆောင်းကူးရာသီ နှင့် နွေကူးရာသီများတွင် တွေ့ရှိနိုင်သည်။ အိမ်ပြင်ပ လှုပ်ရှားမှုမျိုးဖြစ်သည့်၊ နော်းဒစ် စကိတ်စီးခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ ငါးများခြင်း၊ လှေလွှင့်ခြင်း၊ ကန်ထဲတွင် အပျော်စီးသဘော်စီးခြင်း၊ တောထဲတွင် လမ်းလျှောက်ခြင်း၊ ကန်ထဲတွင် လှေလှော်ခြင်း စသည့် လှုပ်ရှားမှုမျိုးစုံရှိသည်။ ဖင်လန်မြောက်ပိုင်းတွင် နွေရာသီတွင် ၇၃ ရက်တိုင်တိုင် နေမဝင်ခြင်းတို့ကြောင့်၊ တောတောင် သဘာဝ နှင့် တောကောင်များ ပေါများသည်။ ငှက်အမျိုးအစား လေ့လာခြင်းသည်လည်း နာမည်ကြီးသည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး၊ သားကောင်လိုက်ခြင်းလည်း နာမည်ကြီးသည်။ သမင်ကြီးမျိုး၊ ဒရယ်များ နှင့် တောယုံကြီးများ၊ တောဘဲများ အမဲလိုက်ခြင်းသည်လည်း ဖင်လန်နိုင်ငံ၏ အိမ်အပြင် လှုပ်ရှားမှု တစ်ခုအဖြစ် နာမည်ကြီးသည်။ ဆာဗိုလီန်နာမြို့ရှိ အိုလာခံတိုက်တွင် နှစ်စဉ် ဆာဗိုလီန်နာ အတီးအမှုတ်၊ အဆိုအက ပွဲတော်ရှိသည်။ ရိုးရာဓလေ့ ပညာရေး နှင့် သိပ္ပံ ပညာရေးသည် အခမဲ့ဖြစ်ပြီး၊ ပညာသင်ကြားနေသူအားလုံး မူကြိုမှ တက္ကသိုလ်အထိ စာသင်ကြားခ ငွေကြေးပေးဆောင်ရန်မလိုပေ။ မူကြိုမှစ၍ အထက်တန်းကျောင်းအထိ ကျောင်းများမှ ကျောင်းသူကျောင်းသားများ၏ နေ့လယ်စာအားစီစဉ်ပေးရပြီး၊ ပိုလီတက္ကသိုလ် နှင့် ဘွဲ့လွန်ကျောင်းများ မပါပေ။ ပညာရေးတွင် အသုံးပြုသည့် ငွေကြေးပမာဏမှာ တစ်ယောက်လျင် ၂၁၀၀ ယူရိုဖြစ်ပြီး၊ ပညာရေးအတွက် ငွေကြေးအများဆုံးအသုံးပြုသည့် နိုင်ငံများတွင် ထိပ်ဆုံးတွင် ပါဝင်သည်။ ကမ္ဘာတွင် ဆံပြနိုင်သည့် ပညာရေးစနစ်ရှိပြီး၊ ငွေကြေးချမ်းသာသည့် နိုင်ငံများဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စုမှ ဖင်လန်ပညာရေးစနစ်ကို အတုယူနိုင်ရန် ဖင်လန်ဆရာ၊ ဆရာမများအား ခေါ်ယူသင်ကြားစေသည်။ မူကြိုများကို မြို့နယ်များမှ စီစဉ်ကြီးကျပ်ကြသည်။ ကျောင်းများမှာ အစပိုင်းတွင် ပုဂ္ဂလိကများဖြစ်သော်လည်း၊ ယနေ့တွင် ၃ရာခိုင်နှုန်းရှိ ကျောင်းသားများသည် ပုဂ္ဂလိက ကျောင်းများတွင်သာ (အများအားဖြင့်- ဟယ်လ်စင်ကီမြို့တွင် ရှိသည့် ကျောင်းများ၊SYK) တက်ရောက်ကြသည်။ ပုဂ္ဂလိကကျောင်းများမှာ ဆွီဒင်နိုင်ငံ နှင့် အခြားတိုးတက်သော နိုင်ငံများဖြင့် ယှဉ်ကြည့်လျင် နည်းပါးသည်။ မတက်မနေရ ကျောင်းသည် အသက် ၇ နှစ်မှ စတင်သည်။ အခြေခံကျောင်းသည် ၆ နှစ်ကြာမြင့်ပြီး၊ အထက်တန်းကျောင်းသည် ၃ နှစ်ထက်ကြာမြင့်ပြီး၊ အများအားဖြင့် ကျောင်းများကို မြို့နယ်အုပ်ချုပ်ရေးဌာနများမှ ကြီးကျပ်ကြသည်။ ပြင်ရလွယ်သည့် ကျောင်းစာအုပ်များကို ပညာရေးဝန်ကြီးဌာန နှင့် ပညာရေးဌာနများမှ သက်မှတ်ကြသည်။ မတတ်မနေရ ကျောင်းသည် အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်းဖြစ်သည်။ အခြေခံအလယ်တန်းကျောင်းပြီးပါက၊ အောင်မြင်သူများသည် အလုပ်ခွင်ဝင်ရောက်နိုင်သလို၊ အခြားကျောင်းများ နှင့် အထက်တန်းကျောင်းများကို ဆက်လက်တက်ရောက်နိုင်သည်။ ကုန်သွယ်ရေးဆိုင်ရာကျောင်းများကို လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် စီစဉ်ပေးထားသည်။ အထက်တန်းစာမေးပွဲအောင်ပြီးပါက၊ ပိုလီတက္ကသိုလ်များကို ဆက်လက်တက်ရောက်နိုင်သလို၊ တက္ကသိုလ်များသို့ ဆက်လက်သင်ကြားမှုပြုလုပ်နိုင်သည်။ ဘွဲ့လွန်ကျောင်းများတွင်၊ အတက်ပညာအား အထူးသင်ကြားစေသည့် စက်မှုလက်မှုဆိုင်ရာ ပိုလီတက္ကသိုလ်ကျောင်းများ နှင့် သုတေသန ပြုလုပ်ရှာဖွေသည့် တက္ကသိုလ်ကြီးများ ဟူ၍ နှစ်မျိုးခွဲထားသည်။ ပညာရေးသည် အခမဲ့ဆိုသောကြောင့်၊ ငွေးကြေးပေးဆောင်စရာမလိုဘဲ၊ ကျောင်းသားထောက်ပံ့ကြေး အမည်အောက်တွင် နေထိုင်စားရိပ်များ၊ ချေးငွေများကို နိုင်ငံတော်မှ ထောက်ပံ့ပေးသည်။ ကျောင်းသားများ နေထိုင်မှုအဆင်ပြေစေရန်၊ ကျောင်းသားဆောင်များ နိုင်ငံတဝှမ်းတွင် ဆောက်လုပ်ပေးပြီး၊ ကျောင်းသားသမဂ္ဂများမှ ကြီးကျပ်အုပ်ချုပ်စေသည်။ ကျောင်းသားများ ဆက်သွယ်ရေးလွယ်လင့်တကူဖြစ်စေရန် ကျောင်းနေဆောင်များတွင် မြန်နှုန်းမြင့် အင်တာနက်များကို အခမဲ့ (သို့) ဈေးချိုစွာ တပ်ဆင်ထားသည်။ တက္ကသိုလ်ပေါင်း ၂၀ နှင့် ပိုလီတက္ကနစ်ပေါင်း ၃၀ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဟယ်လ်စင်ကီတက္ကသိုလ်သည် ကမ္ဘာ့တက္ကသိုလ်များတွင် အဆင့် ၇၅ ရရှိသည်။ ကမ္ဘာ့စီးပွားရေဖော်ရမ်(World Economic Forum)မှ ဖင်လန် ဘွဲ့လွန်ကျောင်းများအား ကမ္ဘာ့နံပါတ် ၂ နေရာတွင် အသိအမှတ်ပြုထားသည်။ နေထိုင်သူ ၃၃ရာခိုင်နှုန်းသည် ဘွဲ့လွန်သင်တန်းများ တက်ရောက်ထားသူများဖြစ်ကြပြီး၊ နော့ဒစ်နိုင်ငံများ၊ အိုအီးစီဒီ နိုင်ငံများနှင့် တူညီသော်လည်း၊ ကနေဒါသည် ၄၄ ရာခိုင်နှုန်း၊ အမေရိကန်သည် ၃၈ ရာခိုင်နှုန်း နှင့် ဂျပန်သည် ၃၇ရာခိုင်နှုန်းရှိကြသည်။ဘွဲ့လွန်ကျောင်းများတွင် နိုင်ငံခြားသား တက်ရောက်မှုမှာ ၃ ရာခိုင်နှုန်းသာရှိပြီး၊ အိုအီးစီဒီနိုင်ငံများနှင့် ယှဉ်လျင် အရမ်းနည်းသည်။ အထူးအစီအစဉ်ကျောင်းများတွင်မူ ၇.၃ ရာခိုင်နှုန်းသာရှိပြီး၊ အခြား အိုအီးစီဒီနိုင်ငံများတွင် ၁၆.၅ ရာနှုန်းရှိသည်။ ဘွဲ့လွန်ကျောင်းများတွင် ၃၀ရာခိုင်နှုန်းသည် သိပ္ပံရပ်ဆိုင်ရာ သင်ကြားလေ့လာနေသူများဖြစ်ကြပြီး၊ သစ်တော ပိုမိုကောင်းမွန်စေရေး၊ ပစ္စည်းအထည် သုတေသန၊ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး သိပ္ပံ၊ အာရုံကြော ဆက်သွယ်ပုံ, အပူချိန်နည်း ရူပဗေဒ၊ ဦးနှောက် သုတေသန၊ သဘာဝဇီဝ နည်းပညာ၊ မျိုးရိုးဗီဇ နည်းပညာ နှင့် ဆက်သွယ်ရေးတို့တွင် ဖင်လန် သုတေသီများသည် အရမ်းအရေးပါသူများဖြစ်ကြသည်။ အရွယ်ရောက် ပညာရေးသည် ဖင်လန်နိုင်ငံတွင် ရိုးရာဓလေ့ ဟုဆိုပလောက်သည့် သမိုင်းနောက်ခံရှိပြီး၊ ၁၉၈၀ ခုနှစ်မှစ၍ ဖင်းတစ်သန်းနီးပါးသည် နှစ်စဉ် ထိုပညာရေးများမှ ဆင်းသက်လာကြသူများဖြစ်သည်။ ၄၀ရာနှုန်းသည် အတက်ပညာတက်ကျွမ်းလို၍ ဆက်လက်သင်ယူကြခြင်းဖြစ်သည်။ အရွယ်ရောက်ပညာရေးကိုကြည့်လျင် မျိုးစုံရှိနိုင်သည်၊ အထက်တန်းညနေကျောင်း၊ နိုင်ငံသား နှင့် အလုပ်ခွင်ဆိုင်ရာကျောင်းများ၊ ပညာသင်ယူနိုင်သည့် နေရာများ၊ စက်မှုလက်မှုဆိုင်ရာ ကျောင်းများ နှင့် အသက်ကြီးသူများ တက်ရောက်နိုင်သည့် အထက်တန်းကျောင်းများဟူ၍ ရှိကြသည်။ ထိုကျောင်းများမှာ နိုင်ငံတော်မှ ချပေးသော ငွေကြေးများဖြင့် အစီအစဉ်များ ရေးသားကာ သင်ကြားပို့ချကြသည်။ အသက်ကြီးသူများ တက်ရောက်နိုင်သည့် အထက်တန်းကျောင်များမှာ နော်ဒစ်နိုင်ငံများတွင် ပုံမှန်ရှိလေ့ရှိပြီး၊ အသက်အရွယ်ပေါင်းစုံ လူကြီးများ မှ စီးပွားရေးဆိုင်ရာ မှ လက်မှုပညာရပ်အထိ ရက်သတ္တပါတ်ပေါင်းများစွာ သင်ယူလေ့ရှိကြသည်။ ဖင်လန်သည် သိပ္ပံပညာရပ် သုတေသနပြုလုပ်ရာတွင် နာမည်ကြီးနိုင်ငံတစ်ခုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အိုအီးစီဒီနိုင်ငံများတွင် သိပ္ပံသုတေသနစာတမ်းများ အများဆုံးထုတ်လုပ်နိုင်မှု အဆင့် ၄ တွင်နေရာရခဲ့သည်။. ၂၀၀၇ ခုနှစ်တွင် မူပိုင်သုတေသန ရှာဖွေတီထွင် တွေ့ရှိချက်ပေါင်း ၁၈၀၁ ခုကို မှတ်ပုံတင်ခဲ့သည်။ စာပေ ပန်းချီ လက်မှု အနုပညာ ရုပ်မြင်သံကြား ဖင်လန်မှ နာမည်ကြီး လူသိများထဲတွင်၊ ဖင်းလူမျိုးနှစ်ဦး နိုင်ငံတကာလည်ပါတ်ကာ ထူးဆန်းသည့် အရာများကို ရိုက်ကူးပြသသည့် Madventures(မြန်မာနိုင်ငံသို့လည်း သွားရောက် ရိုက်ကူးထားသည်)၊ ထို့နောက် အမေရိကန် တီဗွီရှိုးဖြစ်သည့် Jack Ass နှင့် ဆင်သည့် The Dudesons ဆိုသည်မှာ ငယ်သူငယ်ချင်းတစ်စု တစ်ယောက်နှင့် တစ်ယောက်နောက်ပြောင်၍ အနာတရ ရစေသည့် နေ့စဒူဝ ရှိုးပွဲဖြစ်သည်။ ဂီတ ရုပ်ရှင် မီဒီယာ နှင့် ဆက်သွယ်ရေး ဖင်လန်သည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်ခုဖြစ်ခြင်း၊ ပွင့်လင်းမှု၊ တန်းတူညီတူ ရှိမှုတို့ကြောင့် ဖင်လန်နိုင်ငံရှိ သတင်းစာများသည် ကမ္ဘာတွင် လွတ်လပ်ခွင့်အများဆုံးဖြစ်သည်။ ယနေ့တွင်သတင်းစာများ ၂၀၀ရှိပြီး,နာမည်ကြီးသည့် မဂ္ဂဇင်းပေါင်း ၃၂၀, အတတ်ပညာဆိုင်ရာ မဂ္ဂဇင်းပေါင်း ၂၁၀၀ နှင့် စီးပွားဖြစ် ရေဒီယို လိုင်းပေါင်း ၆၇ ခု, တစ်နိုင်ငံလုံးလွှင့်သည့် ဌာနတစ်ခု, နိုင်ငံပိုင် ၅ ခုသည် အများပြည်သူများအတွက် ရေဒီယိုလိုင်းများဖြစ်ပြီး၊ ဒီဂျီတယ် ရေဒီယို သုံးလိုင်းရှိသည်။ နှစ်စဉ် ရုပ်ရှင်ကား ၁၂ ခုခန့် , စာအုပ်ပေါင်း ၁၂ ၀၀၀ခန့် ထုတ်ဝေပြီး၊ သီချင်းခွေပေါင်း ၁၂ သန်းခန့်ရောင်းရလေ့ရှိသည်။ ဆာနိုမာ သတင်းကုမ္ပဏီ ပိုင်ဆိုင်မှုများမှာ ဟယ်လ်စင်ကီ ဆာနိုမတ် ဟယ်လ်စင်ကီ သတင်းစာ(၄၁၂ ၀၀၀စောင်ရေ နေ့စဉ်ထုတ်ဝေလျက်ရှိပြီး နိုင်ငံ၏ အကြီးမားဆုံး သတင်းစာပမာဏဖြစ်သည်), tabloid အီလ်တာ- ဆာနိုမတ်ညနေခင်းသတင်းစာ, ဈေးကွက်စီးပွားရေးပေါ်ဦးတည်ထားသည့် တာလုဉ်စ် ဆာနိုမတ်ဈေးကွက်စီးပွားရေး သတင်းစာနှင့် ရုပ်မြင်သံကြားလိုင်း ၄နယ်လိုနန်တို့ဖြစ်သည်။ အခြား သတင်းမီဒီယာ ထုတ်ဝေသူများတွင် အယ်လ်မာ မီဒီယာ မှ မဂ္ဂဇင်းပေါင်း ၃၀ကျော်တွင်၊ အာမူ လယ့်ဟ်တီနံနက်ခင်း စာစောင်, လူပြိန်းကြိုက်သတင်းစာဖြစ်သည့် အီလ်တာ လယ့်ဟ်တီညနေခင်း စာစောင် ဈေးကွက်စီးပွားရေးပေါ်ဦးတည်ထားသည့်ကောက်ပါ လယ့်ဟ်တီဈေးကွက် စာစောင် တို့ဖြစ်သည်၊ဖင်းများ, အခြား နော်ဒစ်နိုင်ငံသားများ နှင့် ဂျပန်လူမျိုးများတို့သည် သတင်းစာဖတ်၍ အချိန်ကုန်ကြသူများဖြစ်ကြသည်။ ဦးလယ် (YLE)၊ ဖင်လန် နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနဖြစ်ပြီး၊ ရုပ်မြင်သံကြားလိုင်း ၅ လိုင်း နှင့် ရေဒီယိုလိုင်းပေါင်း ၁၃ လိုင်းကို ရုံးသုံး ဘာသာဖြစ်သည့် ဆွီဒင်နှင့် ဖင်လန်ဘာသာ နှစ်မျိုးလုံးဖြင့် ထုတ်လွှင့်သည်။ ဦးလယ်သည် တီဗွီလက်ဝယ်ရှိကြသူများ မပေးမနေရ အခွန်ဆောင်ရသည့် ငွေကြေးများ နှင့် စီးပွားဖြစ် ထုတ်လွှင့်သူများဆောင်ကြရသည့် အခွန်ငွေများဖြင့် ထုတ်လွှင့်နေခြင်းဖြစ်သည်။ ရုပ်မြင်သံကြား နှင့် မီဒီယာ အခွန်မှာ အသုံးပြုသူဖြစ်လျှင် နှစ်စဉ် ၂၅၂.၂၅ယူရိုဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်မှစ၍ လိုက်လံကောက်ယူခြင်းမပြလုပ်ဘဲ၊ ပြည်သူများ အခွန်ငွေ ပေးဆောင်ရသည့် အခွန်ကြီးကျပ်ရေးဌာနမှ တိုက်ရိုက်ကောက်ယူမည်ဖြစ်သည်။ ရုပ်မြင်သံကြားလိုင်းအားလုံးသည် ဒီဂျီတယ်စနစ်ကို အသုံးပြုပြီး၊ ကြိုးဖြင့်လည်းကောင်း၊လေလိုင်းဖြင့်လည်းကောင်း ချိတ်ဆက်ထားကြသည်။ စီးပွားဖြစ် ချန်နယ်ဖြစ်သည့် အမ်တီဗွီ၃( MTV3)၊ ရေဒီယို နိုဗာ တို့ကို နော်ဒစ်ထုတ်လွှင့်ရေးကုမ္ပဏီဖြစ်သည့် (Bonnier and Proventus Industrier)မှ ပိုင်ဆိုင်ထားသည်။ Fox International Channels (FIC) သည် 20th Century Fox Studios တို့၏ ညီအမ ကုမ္ပဏီဖြစ်ပြီး၊ ကြည့်ရှုသူနည်းပါးသည့် ဆူအီမီတီဗီအား ဝယ်ယူကာ ၁၆ ရက် ၄ လ ၂၀၁၂ မှ စတင်ထုတ်လွှင့်ခဲ့သည်။ အခကြေးငွေ ပေးဆောင်ကာ ကြည့်ရှုရသည့် ကေဘယ်လိုင်း ဆီအန်အန်သည်လည်း၊ အခမဲ့ရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်နိုင်ရန် လျှောက်ထားရာတွင် အကြိမ်ကြိမ်ပယ်ချခံခဲ့ရသော်လည်း နောက်ဆုံးတွင် ထုတ်လွှင့်ခွင့်ရရှိခဲ့သည်။ လူဦးရေ ၈၈.၆ ရာနှုန်းသည် အင်တာနက်အသုံးပြုကြသည်. ၂၀၀၇ ခုနှစ်အကုန်တွင် ၁.၅၂ သန်းသည်ဘရုတ်ဘန်းအသုံးပြုသူ (သို့) လူအယောက် ၁ ၀၀၀ တွင် ၂၈၇ ယောက်ရှိမည်။ လူဦးရေတဝက်သည် အင်တာနက်တွင် ဈေးဝယ်ကြပြီး၊ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၄၂ရာခိုင်နှုန်းသည် အဆင့်မြင့် ဖုန်းများ အသုံးပြုခဲ့ကြသည်။ အိမ်ပြင်ပ နှင့် အလုပ်မှ လက်ကိုင်ကွန်ပျူတာသုံး၍ အင်တာနက်ချိတ်ဆက်ကြသူများမှာ ၂၆ရာခိုင်နှုန်းရှိသည်။ မြန်နှုန်းမြင့်အင်တာနက်များကို ဖင်လန်ကျောင်းများ၊ သက္ကသိုလ်များ နှင့် စာကြည့်တိုက်အားလုံးတို့တွင် ချိတ်ဆက်ထားသည်။ လူတိုင်းတွင် လက်ကိုင်ဖုန်းကိုယ်စီရှိကြသည်။ တစ်ယောက်နှင့် တစ်ယောက်ဆက်သွယ်ရန်သာဖြစ်ပြီး၊ ဖုန်းမှ ထွေထွေထူးထူးလုပ်ခြင်းမျိုးမရှိ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင်, ဖင်လန် လန်းပန်းဆက်သွယ်ရေး နှင့် ကြေးနန်းဌာနမှ ၂၀၁၀ ဇူလိုင်မှ စ၍ လူတိုင်းတွင် အနည်းဆုံး မြန်နှုန်း ၁ အမ်ဘီ/စက္ကန့် အင်တာနက် ဆက်သွယ်ခွင့်ရှိရမည်ဟု အာမခံခဲ့သည်။ အစားအသောက် ပိတ်ရက်များ အားကစား ဆက်လက် လေ့လာရန် အခြား ဖတ်ရှုရန် ရည်ညွှန်းချက်များ ဖင်လန်နိုင်ငံ ဥရောပတိုက်ရှိ နိုင်ငံများ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ နောဒစ် နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%84%E1%80%BA%E1%80%9C%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ရာမညတပ်ဖွဲ့
ရာမညတပ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ၆ လပိုင်း မှစပြီး ထိုင်းမြန်မာနယ်စပ်တွင် စတင်လှုပ်ရှားမှုပြုခဲ့သည် အဖွဲ့တစ် ဖွဲ့ဖြစ်သည်။ ရာမညတပ်၏ခေါင်းဆောင်မှာ ဗိုလ်ချုပ်ခင်မောင် ဖြစ်သည်။ နိုင်ခင်မောင်သည် မွန်ပြည်သစ်ပါတီ နယ်မြေ တပ်ရင်း (၃) ကျေးရွာမှ ပါတီ ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ လွန်ခဲ့သည့် (၅) လလောက်က ကျေးရွာ၏ ပြည့် သူစစ်ကနေ နူတ်ထွက်ကာ ရာမညတပ်ဖွဲ့ကို ဖွဲစည်းခဲ့သည်။ မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြန်မာအစိုး ရပိုင်နယ်မြေတွင် ၎င်းတို့၏ ဘဏ္ဍာအတွက် ပြည်သူများထံ ငွေကြေး တောင်းခံနေသည်ဟု သိရသည်။ ရာမညတပ်သည် ၎င်းတို့တပ်အင်းအားဖြည့်စည်းရန်နှင့် စစ်လက်နက် ပစ္စည်းဝယ်ယူရန်အတွက် ရေးမြို့နယ်မှ ကျေးရွာတိုင်းရှိ ကျေးရွာလူကြီးမှ တဆင့် ငွေးကြေးတောင်းခံခြင်းဖြစ်သည်။ သို့ပေမယ့် ရွာသားတို့၏ စေ တနာရှိသလောက်ပေးနိုင်သည်ဟု ရာမညတပ်မှ ဗိုလ်ချုပ်ခင်မောင်က ပြောသည်။ “ကျွန်တော်တို့အဖွဲ့က ရွားသားတွေမှာ ပိုက်ဆံတောင်းတာတော့ ဟုတ် တယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို အတင်းအကြပ်နည်းနဲ့ မတောင်း ဘူး၊ ရွားသားတွေ စေတနာရှိသလောက်ပါပဲ။ ကျွန်တော် တို့တပ်ဖွဲ့အတွက် လက်နက်ဝယ်ချင်လို့ တောင်းတာဖြစ်တယ်” ဟု နိုင်ခင်မောင်က ပြော သည်။ လွန်ခဲ့သည် ဇွန်လက ရာမညတပ်သည် တပ်ရင်း (၃) ကျေးရွာမှ ရွာလူကြီးဟောင်း (၂) ဦးကိုဖမ်းဆီးခဲ့ပြီး ငွေတောင်းခံခဲ့သည်။ ဇွန်လဆန်းပိုင်းတွင် ရာမညတပ်မှ တပ်ခွဲ နိုင်သန်းရွှေ ဦးဆောင်ပြီး ရေးမြို့ရှိ လမိုင်း၊ သောင်ဘုံ၊ သောင်ပြင် နှင့် ကော့ဒွတ် ကျေးရွာများတွင် ငွေ တောင်းခံစာ ပေးပို့ခဲ့သည်။ ၎င်းတို့၏ စာထဲတွင် ရာမညတပ်၏ ဘဏ္ဍာ ရေးလိုအပ်ချက်ကြောင့် ပြည်သူများထံတွင် ငွေတောင်းခံခြင်းဖြစ်သည်ဟု ရေးသားထားသည်။ သောင်ပြင်ကျေးရွာမှ ဘုန်းကြီးတစ်ပါး၏ မိန့်ကြားချက်အရ ရာမညတပ် ထံမှ ငွေတောင်းခံစာရပြီးနောက် ၎င်းတပ်ကို ငွေ သိန်း ၂၀၀ ပေးလိုက် ရကြောင်း မိန့်ကြားခဲ့သည်။ “ဘုန်းဘုန်းတို့ရွာမှာတော့ ရာမညတပ်ကို သိန်း ၂၀၀ ပေးလိုက်တယ်၊ တခြားရွာတွေကတော့ အိမ်ခြေ အရေအတွက်ပေါ်မှာလိုက်ပြီးတော့ သိန်း ၃၀၀ တောင်းထာတယ်” ဟု ဘုန်းဘုန်းက ဆက်ပြီးမိန့်ကြားသည်။ ရာမညတပ်တို့မှ ရေးမြို့နယ်ဘက်မှာ ငွေတောင်းခံသည်ကို မြန်မာစစ် တပ်တွေက သိရှိပြီးသည့်နောက် ထိုဒေသမှာ လုံခြုံရေး ပိုမိုချ ထားသည် ဟု သိရသည်။ မွန်ပြည်နယ် မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%99%E1%80%8A%E1%80%90%E1%80%95%E1%80%BA%E1%80%96%E1%80%BD%E1%80%B2%E1%80%B7
ဂျီသရီးရိုင်ဖယ်
ဂျာမဏီနိုင်ငံ Heckler & Kochကုမ္ပဏီနှင့် စပိန်နိုင်ငံပိုင် CETMEကုမ္ပဏီတို့ ၁၉၅၀ခုနှစ်များတွင် ပူပေါင်းတီထွင်သော မောင်းပြန်ရိုင်ဖယ် အမျိုးအစားဖြစ်ပြီး HK G3ဟု လူသိများသည်။ G3အသုံးပြုသည့်နိုင်ငံများ G3အား နေတိုးမဟာမိတ်နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ဂျာမဏီ၊ ဂရိ၊ အိုက်စ်လန်၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ နော်ဝေ၊ နယ်သာလန်၊ ပေါ်တူကီ၊ တူရကီ၊ ဗြိတိန်တို့တွင် အသုံးပြုသည်။ ထို့အပြင် နေတိုး အဖွဲ့ဝင် မဟုတ်သည့် အာဂျင်တီးနား၊ ဘာရိမ်း၊ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ အီရန်၊ လစ်ဗျား၊ မလေးရှား၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဆိုမားလီးယား၊ ထိုင်း၊ ဇင်ဘာဘွေ စသည့် နိုင်ငံပေါင်း ၄၀ကျော်ရှိ လက်နက်ကိုင်တပ်များတွင် လည်းအသုံးပြုသည်။ G3ထုတ်လုပ်သည့်နိုင်ငံများ G3ရိုင်ဖယ် အမျိုးအစားအမျိုးမျိုးအား တရားဝင်လိုင်စင်ဖြင့် အောက်ပါ နိုင်ငံများတွင် ထုတ်လုပ်ကြသည်။ G3မျိုးကွဲများ G3 G3A1 G3A2 G3A3 G3A3A1 G3A4 G3A4A1 G3KA4 G3KA4A1 G3A5 G3A6 G3A7 အသုံးပြုခဲ့သည့်စစ်ပွဲများ ပေါ်တူဂီကိုလိုနီ စစ်ပွဲ၊ ဇင်ဘာဘွေ လွတ်လပ်ရေး စစ်ပွဲ၊ ပေါ်တူဂီတော်လှန်ရေး စစ်ပွဲ၊ ကမ္ဘောဒီးယား ပြည်တွင်းစစ်၊ အီရန် အီရတ် စစ်ပွဲ၊ တူရကီ ပီကေကေ ပဋိပက္ခ၊ ဆီရာလီယွန်း ပြည်တွင်းစစ်၊ အီသီယိုးပီးယား ပြည်တွင်းစစ်၊ အာဖဂန် စစ်ပွဲ၊ ဒုတိယ ပင်လယ်ကွေ့ စစ်ပွဲ G3နှင့်မြန်မာ့တပ်မတော် ၁၉၈၈မတိုင်မီက မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးပစ္စည်း စက်ရုံများမှ ထုတ်လုပ်သော ၇.၆၂မမ G3ရိုင်ဖယ် များကို တွင်ကျယ်စွာ အသုံးပြုခဲ့သည်။ G3A2 အား က.ပ.စ BA63 ချေမှုန်းရေးရိုင်ဖယ် အဖြစ်လည်ကောင်း၊ G3K အား က.ပ.စ BA72 ချေမှုန်းရေးရိုင်ဖယ် အဖြစ်လည်းကောင်း၊ G4 ခေါ် က.ပ.စ BA64 အား အပေါ့စား စက်သေနတ်အဖြစ် လည်းကောင်း အမျိုးမျိုးပြောင်းလဲ ထုတ်လုပ်ခဲ့ကြသည့် အပြင် ယခုထက်တိုင် အချို့နေရာ များတွင် ဆက်လက် အသုံးပြုလျက် ရှိသည်။ ကိုးကား လက်နက် ရိုင်ဖယ်
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AE%E1%80%9E%E1%80%9B%E1%80%AE%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%96%E1%80%9A%E1%80%BA
မောင်မောင်တုတ်၊ ရနောင်
ရနောင်မောင်မောင်တုတ်သည် ကုန်းဘောင်ခေတ် သီပေါမင်း နန်းတက်စဉ် သီပေါမင်း၏ အရေးပေးသော သူငယ်ချင်းတစ်ဦးဖြစ်သည်။ သီပေါမင်းခေတ်တွင် နန်းတွင်းရေးသည် အလွန်ရှုပ်ထွေးခဲ့သည်။ ထိုနန်းတွင်း အရှုပ်အထွေးအကြားတွင် အရှင်သီပေါမင်း၏ အချစ်ရေးသည်လည်း အတွင်းတော်၌ မီးထတောက် ရလောက်အောင် ကြီးကျယ်ခဲ့လေသည်။ ဤအချစ်ရေးတွင် အရေးပါ အရာရောက်ခဲ့သူ တစ်ယောက်ကား "ရနောင်မောင်မောင်တုတ်"ပင် ဖြစ်သည်။ မျိုးရိုး မောင်မောင်တုတ်သည် မြန်မာသက္ကရာဇ် ၁၂၀၇-ခု (၁၈၄၅−ခု)တွင် ဖခင် ရေနံချောင်းမင်းကြီး(မြောက်ထားဝယ်ဗိုလ်) ဦးပိန်နှင့် မိခင် ရေနံချောင်းဝန်ကြီးကတော် သခင်ကြီးတို့မှ ဖွားမြင်သည်။ ငယ်မည်သည် “မောင်ညိုတုတ်”ဖြစ်သည်။ မောင်ညိုတုတ်အောက်တွင် ညီ ပင်းသာမင်းသား မောင်မောင်ပြောင်းနှင့် ညီမ ယင်းမာချောင်း ခင်ခင်လေးတို့ ဖြစ်သည်။ ယင်းမာချောင်း ခင်ခင်လေးသည် မောင်မောင်တုတ်၏ ဖခင် ဦးပိန်၏ ဒုတိယမယားမှ မွေးသော သမီးဖြစ်သောကြောင့် မောင်မောင်တုတ်နှင့် ဖအေတူမအေကွဲ မောင်နှမ တော်သည်။ ညီ မောင်မောင်ပြောင်းသည် လှေသင်းအတွင်းဝန်၊ နတ်မောက်မြို့စား၏ ညီမဖြစ်သူ ပင်းသာခင်ဖူးနှင့် လက်ထပ်ခဲ့သည်။ မောင်ညိုတုတ်မိခင်သည် စုဖုရားလတ်၏ နို့ထိန်းဖြစ်သည်။ မင်းတုန်းမင်းတရားသည် ပုဂံမင်းကို ပုန်ကန်၍ ရွှေဘိုသို့ ထွက်စဉ်အခါက မောင်ညိုတုတ်၏ ဖခင် ဦးပိန်သည် ကျေးကျွန်တော်ရင်း ဖြစ်သည့်အားလျော်စွာ နောက်တော်ကပါသည်ဟု ဆိုသည်။ လမ်းခရီးတွင် မောင်ညိုတုတ်၏ဖခင် ဦးပိန်မှာ ကျဆုံးခဲ့သည်။ မင်းတုန်းမင်းတရား အမရပူရသို့ ပြန်၍ ရွှေနန်းတော်သိမ်းတော်မူချိန်တွင် တိုင်တားမင်းကြီး ဦးဘိုး၏ မစပေးချက်အရ မောင်မောင်တုတ်သည် လက်သုံးတော်ကိုင်ကလေး ရာထူးတွင် ခစားရသည်ဟု ဆိုသည်။ ဦးပိန်ကျဆုံးပြီးနောက် ရေနံချောင်းမင်းကြီး အဖြစ် ဦးစို ဖြစ်လာသည်။ ရုပ်ရည် မောင်မောင်တုတ်၏ အရည်အသွေးနှင့် ဖျတ်လက်မှု၊ ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကင်းဝန်မင်း၊ ယောမင်းကြီးနှင့် တိုင်းတားမင်းတို့က သဘောကျသည်။ မောင်မောင်တုတ်သည် အလုံးအရပ်လည်း ကောင်းသည်။ အသားညိုသည်။ ကျောက်ပေါက်မာသက်သက် ရှိသည်။ ကျင်စွယ်လည်း ရေးရေးထားသည်။ မောင်တုတ်ဟု အများက ခေါ်၍ သူကမူ မောင်မောင်တုတ်ဟု ခေါ်မှပင် ကျေနပ်နှစ်သက်သည်။ မောင်မောင်တုတ်ကို အဝေးမှ ဖြစ်စေ၊ အနီးမှဖြစ်စေ၊ မြင်ရလျှင် မောင်မောင်တုတ်၏ ကျက်သရေရှိသော အင်္ဂါရုပ်ကို လူတိုင်းနှစ်ခြိုက်မည်ပင် ဖြစ်သည်။ မောင်မောင်တုတ်၏ မျက်နှာပေါက်မှာ ခန့်ညားထည်ဝါသော သဘောရှိသည်။ စူးရှသော မျက်လုံးရှိ၍ အသံဩဇာတို့နှင့် ပြည်စုံသည်။ စင်စစ် လူချောလူလှဖြစ်၍ မိန်းမများကိုက မောင်မောင်တုတ်ကို ကြိုက်ကြသည်ဟု သိရသည်။ မောင်မောင်တုတ်ကလည်း သူကိုယ်တိုင်မယားများသည်။ လင်ရှိမယားကိုပင် မရှောင်ဟု ဆိုကြသော်လည်း လင်ကြီးကျေနပ်မှ တစ်နည်းဆိုသော် လင်ကြီးကျေနပ်အောင် ပြုပြီးမှသာ မောင်မောင်တုတ်၏လက်ဝယ်ရောက်ရသည်ဟု အချို့မှီလိုက်သူများက ပြောကြသည်။ ဥပမာဆိုသော် တောင်တွင်းကြီးသူ သဘင်သည် မမလေးကို သူ၏လင်ကြီးကို ရွှေငါးပိဿာနှင့် မယားနှစ်ယောက်အပြင် မြို့သူကြီးရာထူးကို ပေးသဖြင့် လင်ကြီး ကျေကျေနပ်နပ် ထည့်ပေးလိုက်ကြောင်း၊ ဆင်ခိုးမလေးကိုယ်တိုင်ကလည်း မောင်မောင်တုတ်ကို ကို ချစ်ကြောင်းတို့ကို ဖွင့်ပြောကြောင်း သိရသည်။ မောင်မောင်တုတ်ကို တွေ့မြင်သိရှိဖူးသူများကမူ မောင်မောင်တုတ်သည် အလွန်ကျက်သရေရှိကြောင်း၊ သူကမပိုးရပဲ မိန်းမများကသာ သူ့ကိုပိုးနေကြောင်း၊ သူ့ကို အပျိုအအိုများက ငမ်းငမ်းတက် လိုချင်ကြကြောင်း သိရှိရသည်။ အရေးပေးမှု သီပေါမင်းနန်းတက်လာသည့်အခါ အရည်အသွေးကိုကြည့်၍ သီပေါမင်းတရား များစွာနှစ်သက်သောကြောင့် ရနောင်မြို့ကို အပိုင်စားစေ၍ လက်သုံးတော်ကြီးကိုင် မြောက်ထားဝယ်ဗိုလ်၊ ဝဲလှည့်ခေါင်း ခန့်တော်မူသည်။ သီပေါမင်းနန်းတက်၍ မင်းမှူးမတ်များအား ဘွဲ့မည်ရည်ပေးသောအခါ ရနောင်မောင်မောင်တုတ်အား "မဟာမင်းလှမင်းထင် စည်သူ" ရွှေဘွဲ့ချီးမြှင့်တော်မူသည်။ ရနောင်မောင်မောင်တုတ်သည် ရွှေနန်းတော်တွင်း၌ အချိန်မရွေး ကျောက်စည်ရွှေဓားကို လွယ်၍ ခစားရသည်။ ရွှေနန်းတွင်းအတွင်းတော်၌ လက်သုံးတော်ကြီး၊ လက်သုံးတော်ကလေးများသာလျှင် ရွှေဓားကိုင်၍ ခစားနိုင်သည်။ ရနောင်မောင်မောင်တုတ်၏ လက်အောက်တွင် လက်သုံးတော်ကြီးကိုင် (၁၂)ယောက်ရှိသေးသည်။ ၎င်းတို့သည် မြောက်ဘက်ထားဝယ်ဆောင်တွင် နေထိုင်၍ စောင့်ကြပ်ရသည်။ ထားဝယ်ဆောင်ဆိုသည်မှာ မှန်နန်းဆောင်နှင့် ကပ်လျက်ရှိသော အဆောင်ကို ဆိုလိုသည်။ ရနောင်မောင်မောင်တုတ်သည် အနားရွှေကြယ်ပွင့်ထိုး ကတ္တီပါစိမ်း ထိုင်မသိမ်း ဒူးအထိအရှည်ကို ဝတ်သည်။ ဘောင်ဘီအနားကွပ်အောက်ခံနှင့် အပေါ်က လွန်းပုဆိုးကို အောက်ပိုးကျိုက်ထားသည်။ ရွှေကျင်ခတ်ပဝါကိုလည်း ပေါင်းထားသည်။ သူ့အဝတ်အစားနှင့် သူ့ရုပ်ရည်မှာ မင်းသားရုပ်ပေါက်သည်။ အမှုထမ်းသားများ၏ ယာလက်ဖမိုးတွင် ခြင်္သေ့နီရုပ်ဆေးနီဖြင့် ထိုးမှတ်ထားသည်။ မောင်မောင်တုတ်သည် တိုင်တားမင်းကြီး၊ ကင်းဝန်မင်းကြီးတို့က အရေးပေးခြင်း ခံရသည်သာမက ဆင်ဖြူမရှင် မိဖုရားကြီးကိုယ်တိုင်က အရေးပေးခြင်း ခံရသဖြင့်လည်း ဩဇာကြီးသည်။ အတွင်းရေးကိစ္စများကို တိုင်ပင်သည့်အခါများ၌ မောင်မောင်တုတ် မပါလျှင်မပြီးသလောက် အရေးပေးခြင်း ခံရသည်။ မင်းတုန်းမင်း နာမကျန်းရှိတော်မူစဉ်အခါ မည်သူ့အား နန်းလျာထားမည်ဟု မှူးကြီးမတ်ရာများနှင့် ဆင်ဖြူမရှင်တို့ လျှို့ဝှက်စွာ တိုင်ပင်ကြစဉ်အခါကလည်း မောင်မောင်တုတ်သည် မိဖုရားတို့နှင့် အတူသည်။ ထို့နောက် သီပေါမင်သားသည် နန်းလျာအဖြစ် ရွေးကြပြီးသည့်နောက်တွင် ကြေးတိုက်အတွင်း အကျဉ်းချထားသော မင်းသားများအနက် သီပေါမင်းသားကို မောင်မောင်တုတ်သည် ပခုံးပေါ်တွင် ထမ်း၍ ထုတ်ယူလာသည်။ မင်းသားသည် ပဉ္စင်းဘဝမှ လူဘောင်ထွက်လာသည်မှာ ရက်မျှပင်မလည်သေးပေ။ ဘုမသိ ဘမသိ အဖမ်းခံလိုက်ရသည်တွင် ယခုအခါ မောင်မောင်တုတ်က ပခုံးပေါ်တင်၍ ထုတ်လာသည်ကို ကြေးတိုက်အပြင်ဘက်ရောက်မှ မေးမိသည်။ မောင်မောင်တုတ်က "အရှင်မင်းသား ဘုရင်ဖြစ်တော့မည် အမှန်ပါပင်၊ ဘုရင်ဖြစ်လာသည့်အခါ အရှင့်ကို အသက်ပေး၍ အမှုတော်ကို ထမ်းပါမည်။ အမှုတော်ထမ်းရာ၌ အမှားရှိချင်သော်လည်း ရှိပေမည်။ သို့သော် အရှင့်သား လက်နက်ဖြင့် ဒီတစ်သက်တွင် အသက်မသေစေရ ဟူသော ကတိကို ပေးတော်မူပါဘုရား" ဟူ၍ လျှောက်ထားသည်။ ရနောင် မောင်မောင်တုတ်အား သီပေါမင်းသားက "မောင်တုတ်တစ်သက်မှာ ငါ့လက်နက်နှင့် အသက်မသေစေရ" ဟူ၍ ကတိထားတော်မူဖူးသည်။ ပေါ့ပေါ့ဆဆ ထားသော ကတိမဟုတ်ပါပေ။ မောင်တုတ်အပေါ်ဘုရင်ကလည်း ကတိထားသည်နှင့် အမျှလည်း မောင်တုတ်က သီပေါဘုရင်ကလေးကို အသက်ပေး၍ ချစ်သည်။ သစ္စာရှိသည်။ သီပေါဘုရင်လေး၏ ရိုးသားစိတ်ကိုလည်း ကြည်ညိုမိသည်။ မောင်တုတ်သည် ဘုရင့်အတွက်ဆိုက အကယ်ပင် အသက်ပေးဝံ့သူလည်း ဖြစ်သည်။ သီပေါမင်းတရားသည် ထို့ကြောင့်ပင်လျှင် မောင်တုတ်အား ရနောင်မြို့ကို စားစေလျက် မင်းသား၏ အဆင့်အတန်းတွင် ထား၍ မင်းသား၏ အဆောင်အယောင်များနှင့်အတွက် မြှောက်စားတော်မူသည်။ ရနောင် မောင်မောင်တုတ်ကို တစ်နည်းအားဖြင့် ရနောင်မင်းသားဟု ခေါ်ရသည်။ အရှေ့ပွဲတက် အခမ်းအနားတွင်လည်း မောင်တုတ်သည် မင်းသားများ၏ နေရာတော်တွင် နေရသည်။ မင်း၏သားတော်၊ ညီတော်ပင် စစ်စစ်မဟုတ်သော်လည်း ဘုရင်မင်းမြတ် ချီးမြှင့်သူကောင်းပြုခြင်း ခံရသူဖြစ်၍ မင်းသားဟု ခေါ်ရသည်။ သီပေါမင်းတရား နန်းတက်ပြီးသည့်နောက်တွင် ရနောင်မောင်မောင်တုတ်သည် များစွာတန်ခိုးကြီးလာသည်။ နန်းတွင်းနန်းပြင်တွင် မောင်မောင်တုတ်၏ ဩဇာညောင်းကြသည်။ ထိုသို့အရေးပေးခြင်းခံရသည့်အထဲတွင် မိဖုရားခေါင်ကြီး စုဖရားလတ်နှင့်တကွ ဆင်ဖြူမရှင် မိဖုရားကြီးတို့ကပါ မောင်မောင်တုတ် မပါလျှင် မပြီးသလောက် အမှုကိစ္စတိုင်းတွင် မောင်တုတ်ကို တိုင်ပင်လေ့ရှိသဖြင့် တိုင်းပြည်ရှိ ဥပဒေများကိုပင် မောင်တုတ်က လက်တစ်လုံးခြား ကွေ့ရှောင်၍ မိမိထင်သလို ပြုတတ်လေသည်။ ဘုရင်မင်းမြတ်ပေးသနားတော်မူထားသော ဝင်းခြံကြီးအတွင်း အဆောင်ခန်းပေါင်းများစွာရှိသော အိမ်ကြီးတစ်လုံးတွင် မောင်မောင်တုတ်သည် မယားပေါင်း မြောက်မြားစွာနှင့် ကြီးစွာသော စည်းစိမ်ကို ခံစားနေလေသည်။ မယားများ တိုးတက်များပြားလာတိုင်း အိမ်ကြီးကို ချဲ့ထွင်၍ ဘေးပတ်ပတ်လည်တွင် အဆောင်ခန်းများက ထပ်မံတိုးချဲ့ဆောက်လုပ်ရသဖြင့် မောင်တုတ်၏အိမ်ကြီးမှာ အိမ်နှင့်ပင် မတူတော့ဘဲ အဝန်းအဝိုင်းကြီး ဖြစ်၍ မည်သည့်အဆောက်အဦးကြီး ဖြစ်သည်ကိုပင် ရုတ်တရက် မပြောနိုင်အောင် ရှိတော့သည်။ မောင်တုတ် နှင့် ဒိုင်းခင်ခင် မောင်တုတ်သည် သီပေါမင်းကလေးအား အလွန်ချစ်ခင်၍ အသက်ပေးကာ အမှုတော်ကို ထမ်းဆောင်ပါမည် ဆိုသည့်အတိုင်းလည်း သီပေါမင်းအလိုရှိပါက ဘာမဆို မရ၊ ရအောင် ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်။ ထို့ထက် သီပေါမင်းကို မှီ၍ မိမိ ဘုန်းတန်ခိုး တိုးတက်အောင်လည်း ကြံဆောင်လိုသည်။ သို့သော် သီပေါမင်း၏ ထီးနန်းကိုကား မမျှော်မှန်းခဲ့ချေ။ သီပေါမင်းကလေး၏ ရိုးသားသော အမူအကျင့် စိတ်နေသဘောထားကို မောင်တုတ်သည် များစွာ နှစ်ခြိုက်သည်။ မိဖုရားအခြံအရံတို့၏ အလယ်တွင် ဘုရင်မင်းမြတ်တို့၏ ခံစားအပ်သော စည်းစိမ်ဖြင့် မခံစားရဘဲ တစ်ဦးတည်း ပျင်းရိစွာ တစ်လင်တစ်မယားစနစ်ဖြင့် ငြီးငွေ့ဖွယ်ရာ ခံစားနေသော သီပေါမင်းသားကို သူကိုယ်ချင်းစာမိသည်။ ထို့ကြောင့်လည်း ဒိုင်းအတွင်းဝန်၏ သမီး ခင်ခင်လေး ခေါ်ဒိုင်းခင်ခင်နှင့် နီးစပ်အောင် မောင်တုတ်နှင့် သူငယ်ချင်း မောင်ဖေငယ်တို့က ကြံဆောင်ပေးသည်။ ဒိုင်းခင်ခင်သည် ဒိုင်းအတွင်းဝန် ဦးဘိုးကြီးနှင့် ဒိုင်းအတွင်းဝန် ကတော်တို့၏ သမီးမဟုတ်ပေ။ ဒိုင်းဝန်ကတော်၏ မောင်မှ ဖွားမြင်သည့် သမီးရင်းဖြစ်သောကြောင့် တူမတော်ဖြစ်သည်။ အစောင့်အရှောက် အခြံအရံများစွာ ထားသည့်ကြားထဲကပင် မောင်တုတ်သည် သီပေါမင်းကလေး၏ စိတ်ကို ဖျောင်းဖျဖို့ ကြံကြသည်။ ဤအချက်သည် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသလိုပင် မောင်တုတ်၏ ကံကြမ္မာကို ဖန်တီးလာသော အချက်ပင်ဖြစ်သည်။ မြို့ဝန်ရွှေလှံဗိုလ်ကလေး ဦးချုံ(ဒဂုန်ခင်ခင်လေး၏ စာဆိုတော် ဝတ္တု၌ ဦးချစ်ဟု ဆိုသည်)နှင့် မောင်တုတ်သည် မသင့်မတင့် ဖြစ်နေသည်မှာ ကြာလေပြီ။ ရွှေလှံဗိုလ်မင်း ဦးချုံသည်လည်း မောင်တုတ်ကဲ့သို့ပင် မယားများသူဖြစ်ပြီး သူ့မယား၊ ကိုယ့်မယား စည်းမစောင့်ကြဟု သိမှီသူများက မှတ်ချက်ချကြသည်။ အကြံတူ ရန်သူဟူသကဲ့သို့ပင် ဤအရေး၌ မောင်တုတ်နှင့် ရွှေလှံဗိုလ်တို့သည် တစ်ယောက်ကို တစ်ယောက် မနာလိုဝန်တိုဖြစ်သည်သာမက တစ်ခါတရံ မယားနှင့်ပက်သက်၍ လုဖော်လုဖက်လည်း ဖြစ်သည်ဟု ဆိုကြသည်။ မောင်တုတ် နှင့် ရွှေလှံဗိုလ် သူတို့၏ သူရသတ္တိချင်းမှာလည်း သူမသာ ငါမသာပင်ဖြစ်သည်။ သို့သော် ဘုရင်မှစ၍ တစ်နန်းတော်လုံးက အရေးပေးခြင်းခံရသူမှာ မောင်တုတ်သာ ဖြစ်သည့်အတွက် ရွှေလှံဗိုလ်က အလျှော့ပေးလိုက်ရသည့် ကိစ္စများလည်း ရှိသည်။ ဤအချက်များကြောင့်လည်း ရွှေလှံဗိုလ်သည် မောင်တုတ်၏အပေါ်တွင် များစွာ အခဲမကျေ ဖြစ်ခဲ့လေသည်။ များမကြာမီ ထောင်ထမှုတစ်ခုဖြစ်ပွားသည်။ ရန်လင်း၊ ရန်ကင်း၊ ဓားပြညီနောင်တို့ကို နေဝင်ဖြိုးဖျအချိန်တွင် အမှတ်မထင် ထောင်ထ၍ ဆူညံစွာ သေနတ်မီးပေါက်များ ပစ်ခတ်ပြီး ရန်လင်း၊ ရန်ကင်းတို့ ထောင်မှလွတ်ထွက်သွားကြသည်။ (ထောင်ထ၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် ၉၉ ဦး သေသည်။ ထောင်တစ်ဝိုက် သွေးချင်းချင်းနီသည်ဟု ဆိုသည်။) ရွှေလှံဗိုလ်သည် ဤအရေးကိစ္စတွင် များစွာကြိုးပမ်း၍ ဓားပြများကို ပြန်လည်မိအောင် ကြိုးစားသော်လည်း မရလိုက်ပေ။ ထို့ကြောင့် တစ်နေ့သောအခါတွင် ရနောင်မောင်မောင်တုတ်က ရွှေလှံဗိုလ်ထံ စာပေး၍ ခေါ်သည်ဟု ဆိုသည်။ ရန်လင်း၊ ရန်ကင်းတို့ကို သူဖမ်းဆီးမိထားပြီး ဖြစ်၍ မြို့ဝန်မင်းအိမ် ကြွခဲ့ပါ။ တိုင်ပင်လိုသည်ဟု ဆိုသည်။ ရွှေလှံဗိုလ်သည် အတော်အတန် စဉ်းစားပြီးမှ သွားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ မသွားလျှင်လည်း ကြောက်ရွှံ့ရာကျမည်။ သွားပြန်ကလည်း မောင်တုတ်က တစ်နည်းနည်းဖြင့် ရန်စမည်ကို သူသိသည်။ သို့သော် ယောက်ျားကောင်း၏ သတ္တိကို ပြလို၍ မောင်တုတ်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။ မောင်တုတ်၏အိမ်သို့ ရောက်သောအခါ မောင်တုတ်၏ ရဲဘော်ရဲဘက်များသည် လက်ပြန်ကြိုးတုတ်ထားသော ဓားပြဗိုလ်ရန်လင်းကို ဧည့်ခန်းဆောင်သို့ ထုတ်ယူလာသည်။ ရွှေလှံမြို့ဝန်သည် များစွာ အံ့အားသင့်နေခိုက် ရာဇဝတ်ကောင်ကို ကြမ်းပေါ်သို့ ပက်လက်ထား၍ ချုပ်ကိုင်ထားစေပြီး ဝမ်းဗိုက်ကိုခွဲကာ အူကိုထုတ်သည်။ ထို့နောက် 'ရေဆေးမနေနဲ့ ပြုတ်ပြီးယူခဲ့' ဟု အဆောင်ကိုင်ကို မှာလိုက်သည်။ ထိုအတောအတွင်း အခြားစကားတစ်လုံးစ နှစ်လုံးစကို ပြောရင်း လူအူသုပ်သည် မည်သည့်အရသာနှင့်မျှမတူကြောင်း ထို့ကြောင့် ယနေ့ည ရွှေလှံမြို့ဝန်မင်းအား လူအူသုပ်ဖြင့် ဧည့်ခံလို၍ ရာဇဝတ်ကောင်ကို ညနေကပင် ရှာထားရကြောင်း ပြောပြကာ သူတိုင်ကိုင် စားပြသည်။ ရွှေလှံမြို့ဝန်အားလည်း စားစေသည်။ ရွှေလှံမြို့ဝန်ကား မစားပေ။ အတန်ကြာ၍ စကားစမြည်ပြောပြီးမှ ရွှေလှံမြို့ဝန်သည် မောင်တုတ်အိမ်ပေါ်မှ ဆင်းသည်။ ဤကား မောင်တုတ်သည် ရွှေလှံမြို့ဝန်ကို ဦးကျိုးအောင်ချိုးသည့် ပရိယာယ်တစ်မျိုး ဟူ၍ပင် ဆိုရပေမည်။ လူအူအစစ် ဟုတ်မဟုတ်ကိုကား အမှန်မပြောနိုင်ပေ။ သို့သော် မိမိ၏ ရန်သူတစ်ယောက်ဖြစ်ပြီး မိမိအား အင်အားပြိုင်လိုသော လူတစ်ယောက်အား လှလှကြီး ဦးချိုးလိုက်သောကြောင့် ဤသို့ ပြုလေသလောမသိရပေ။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း ရွှေလှံမြို့ဝန်သည် မောင်တုတ်အပေါ် များစွာမှပင် မကျေနပ်လှချေ။ ဤသို့ အိမ်သို့ ခေါ်၍ စော်ကားလိုက်ခြင်း၊ မိမိသိမ်းပိုက်မည့် မယားကို အတင်းလုယူခြင်း စသော မောင်တုတ်၏ အပြုအမူများကို မိမိထက် တန်ခိုးကြီးနေသူဖြစ်၍သာ ခံလိုက်ရပေသည်။ စိတ်ထဲ၌ကား အခဲမကျေလှဘဲ တစ်နေ့အလှည့်ကြုံ လျှင် ငါ့အကြောင်းသိစေရမည် ဟူ၍သာ ကြုံးဝါးနေရလေတော့သည်။ မောင်တုတ် နှင့် တောင်သမန်စား ရနောင် မောင်မောင်တုတ်နှင့်အတူ နန်းတော်က မြှောက်စားခြင်းခံရသူမှာ ရွှေတိုက်စိုး၊ စီးတော်မြင်းဝန်၊ တောင်သမန်စား မောင်ဖေငယ်တို့ ဖြစ်သည်။ မောင်ဖေငယ်နှင့် မောင်တုတ်တို့မှာ ရောင်းရင်းဘက်ဖြစ်သည့်အတိုင်း တစ်ဦးနှင့်တစ်ဦး များစွာရင်းနှီးချစ်ခင်ကြသည်။ တိုင်ပင်ဖော် တိုင်ပင်ဖက်လည်းဖြစ်သည်။ တောင်သမန်စားသည် ကဗျာအဖွဲ့အနွဲ့၌လည်း ကျွမ်းကျင်သဖြင့် သီပေါဘုရင်ကလေး စာဆိုတော်လည်း ဖြစ်သည်။ ဘုရင့်နောင်အလား ရနောင်မောင်မောင်တုတ် တန်ခိုးကြီးလာချိန်တွင် မောင်ဖေငယ်သည်လည်း မောင်တုတ်ကိုပင် မှီခိုရတော့မလို ဖြစ်လာသည်။ ရနောင်၏ နောက်လိုက်များနှင့် ရနောင်ကို အားကိုးလိုသောသူများ၊ ရနောင်နှင့် ကျေးဇူးမကင်းသူများသည် ရနောင်ကို ပိုမိုအထင်ကြီးအောင် မြှောက်ပေးကြသည်။ ရနောင်မောင်မောင်တုတ်သည် သီပေါဘုရင်ထက် အသက် (၁၀)နှစ်ခန့်ကြီးသည်။ ထို့ကြောင့် ဘုရင်မင်းကလေးကလည်း အစစအရာရာတွင် ရနောင်မပါလျှင် မပြီးသကဲ့သို့ အတွင်းရေးများကိုပါ တိုင်ပင်လေ့ရှိသဖြင့် တောင်ငူခေတ်က တပင်ရွှေထီး၏ အထိန်းတော်သား ဘုရင့်နောင်နှင့်တူသည်ဟု ပြောကြသည်။ ဤကဲ့သို့ပင် ဘုရင့်နောင်၏အချိုးကို မောင်တုတ်က ချိုးနေသည်ဟု စွပ်စွဲသူများကလည်း စွပ်စွဲနေကြသည်။ တပင်ရွှေထီးအစ်မ ခင်ခင်ကြီးနှင့် ဘုရင့်နောင်တို့ လက်ဆက်ပြီးနောက် တပင်ရွှေထီး၏ ထီးနန်းကိုပင် ဘုရင့်နောင်က ဆက်ခံခဲ့သည့်အတိုင်း ယခုလည်း ရနောင်မောင်မောင်တုတ်သည် ဘုရင့်နောင်လုပ်ချင်သည်ဟု ဆိုကြသည်။ သီပေါဘုရင်ကလေးတွင် အစ်မတော် ပခန်းကြီးစုဘုရားနှင့် နှမတော် မိတ္ထီလာစုဘုရား တို့ရှိနေသည်။ ဘုရင်ကလေးသည် မောင်တုတ်နှင့် တိုင်ပင်ရာ၌ သင့်သည်မသင့်သည် အရေးမဟုတ်၏ မောင်တုတ်၏ ဆုံးဖြတ်ရာကိုသာ လုပ်လေ့ရှိသည်ဟုလည်း ဆိုကြသည်။ ထိုအခါ မောင်တုတ်သည် တောင်ငူခေတ်၏ တပင်ရွှေထီးရာဇဝင်ကို စုဆောင်းလေ့လာသည်။ မောင်တုတ်၏အိမ်တွင် ပွဲလမ်းသဘင်များခံရာ၌ တောင်ငူရာဇဝင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့၏ ဇာတ်လမ်းကိုပင် ကပြစေခဲ့သည်။ မောင်တုတ်ကို အားပေးအားမြှောက်ပြုနေသော တောင်သမန်စား မောင်ဖေငယ်ကလည်း အောက်ပါဘုရင့်နောင်၏ တေးထပ်ကို ရေးစပ်၍ မောင်တုတ်၏ဘဝ မြင်စေသည်။ 'ခ ပေါင်းရေစမ်းငဲ့ရယ်နှင့်၊ သန်းရွှေထု သခင်၊ နန်းကေတုပလ္လင်ဝယ်၊ တဘုရင်ရွှေထီး။ ပင်တိုင်နတ်လှမနော်၊ အမတော်နန်းလုံဆီမီး၊ ရဲထွဋ်ဟု တစ်ကိန်းပေါ်၊ တစိမ်းနော်မနီး၊ အထိန်းတော်ကြီးနှင့်၊ ဇနီးမြတ်လွန်သော်၊ ဖွားဘက်တော်လူကလေးရယ်လို့၊ ကောက်ယူမွေးနန်းထက်မှာပျော်။ လူရည်ဝစန်းလဂ်ပေါ်လျှင်၊ ကွမ်းဆက်တော်ဝင်ပြီးမှ တပင်ရွှေထီးအမပျို၊ ရလိုကြောခို၊ ဆင်ဖြူရှင့်စံထုံးဆိုလျှင်၊ ကံဘုန်းကိုသိဖူးဖျော့လေး' ညစဉ်ညတိုင်း ရနောင်မောင်တုတ်၏အိမ်မှ တခြိမ့်ခြိမ့်ခံနေသော အငြိမ့်သံပွဲများကို ဆူညံစွာ ကြားရသည်။ တောင်တွင်းကြီးမှဆင်ဖြင့် တင်ခိုးလာခဲ့သော အငြိမ့်မင်းသမီး၊ ရနောင်၏ မယားတစ်ယောက်ဖြစ်သူ ဆင်ခိုးမလေးကလည်း ဤတေးထပ်ဖြင့် ရနောင်အား အဆိုတော်ဆက်ရသည်မှာ အကြိမ်ပေါင်းများလှချေပြီ။ ရနောင်နှင့် မောင်ဖေငယ်တို့သည် ဘုရင်ကလေးထံသို့လည်း အမြဲခစားဝင်၍ ဘုရင်ကလေး၏ အကြိုက်ကို အမြဲဆောင်ကြဉ်းပေးခြင်းဖြင့် မျက်နှာရအောင်ပြုသည်။ ဒိုင်းခင်ခင်နှင့် ဘုရင်ကလေးတို့ တွေ့ဆိုင်နိုင်ဖို့အရေးကိုလည်း အထောက်တော်အထပ်ထပ် အစောင့်အရှောက် အယှက်ယှက်တို့၏ကြားမှ စွန့်စား၍ ပို့ဆောင်ပေးသည်။ သီပေါဘုရင်ကလေး၏ စိတ်ထဲတွင် လောကစည်းစိမ်ဟူသမျှကို အမျိုးသမီးချောလေးများ၏အကြောင်းကို အခွင့်ရပါက စီကာပတ်ကုံး တင်လျှောက်ကြသည်။ နန်းတော် 'ပန်းကြာဝတ်မှုံ' ပြဇာတ်ကိုပင် တင်ဆက်စေသည်။ အကျဉ်းကျခံရ သို့ဖြင့် မီးရှူးသန့်စင်တော်မူပြီး၍ မိဖုရားခေါင်ကြီး ကျန်းမာတော်မူလာပြီးနောက် ညအခါ တောင်ဥယျာဉ်အတွင်း၌ ဒိုင်းခင်ခင်နှင့် သီပေါဘုရင်တို့ ပွေ့ဖက်ချစ်ကြည်နေသည်ကို မိဖုရားကြီးကိုယ်တိုင် ပက်ပင်းတွေ့ရလေသည်။ မိဖုရားကြီးသည် ရနောင်မောင်မောင်တုတ်အား အခဲမကျေ ဖြစ်လာသည်။ ဤလက်ချက်သည် ရနောင်မောင်မောင်တုတ်၏ လက်ချက်ပင်ဖြစ်သည်ကိုလည်း သိနေသည်။ ထို့ကြောင့် ရနောင်မောင်မောင်တုတ်၏ အကြောင်းကို အမြဲစုံစမ်းစေသည်။ မကြာမီ နန်းတော်တံခါးလေးပြင်လေးရပ်တို့၌လည်း တိုင်းသူပြည်သားများအဖို့ မင်းတရားစည်းတားသကဲ့သို့ တိုင်းပြည်ဆိုးသွမ်းဟော့ရမ်း အကျင့်တန်သော မင်းမှူးမတ်တို့အကြောင်း လျှို့ဝှက်စာများ ပေးလိုပါက ပေးနိုင်ရအောင် ရွှေသေတ္တာကြီးများကို ချထားသည်။ ထိုသေတ္တာများအတွင်းမှ ရနောင်မောင်တုတ်သည် တိုင်းပြည်၌ ဟော့ရမ်းဆိုးသွမ်းနေရုံမက ထီးနန်းကိုပင် လုယူရန် ကြံရွယ်နေကြောင်း လျှို့ဝှက်စာများ ရလာသည်ဟု ဆိုသည်။ ထိုစာများအရ မိဖုရားခေါင်ကြီးနှင့် တိုင်းတားမင်းကြီး၊ ရွှေလှံဗိုလ်တို့ ပူးပေါင်း၍ ရနောင်မောင်မောင်တုတ်ကို ဖမ်းဆီး၍ ထောင်သွင်း အကျဉ်းချထားလိုက်သည်။ ရနောင်မောင်မောင်တုတ်နှင့်အတူ တစ်ပြိုင်နက်အဖြစ် အဖမ်းခံရသူများမှာ လက်သုံးတော်ငယ်ကိုင် မောင်မောင်လတ်၊ ငွေခွန်မှူး မောင်မောင်၊ ဘုန်းတော်တိုးဗိုလ်ပေါ်ညွန့်၊ နတ်ရှင့်လူတော် ဗိုလ်ဘိုးမောင်၊ နတ်ရှင့်ရဲတင်းဗိုလ်မှန်၊ နတ်ရှင်ဗိုလ်ညို၊ သံတော်ဆင့်မောင်စော၊ မြို့စာရေးကံကော်၊ ဗြဲတိုက်သံတော်ဆင့်မောင်တုတ်၊ ပန်းဘဲစာဘိုးအို စသော ရနောင်မောင်တုတ်၏ အပေါင်းအပါများဖြစ်သည်။ ရနောင်မောင်တုတ်နှင့် ပြိုင်ဘက်ဖြစ်သော ရွှေလှံမြို့ဝန်မင်း ဦးချုံသည် မောင်တုတ် ဤကဲ့သို့ဖြစ်ရသည်ကို ကျိတ်၍ ဝမ်းသာနေမိတော့သည်။ တစ်နေ့တွင် မောင်တုတ်သည် တစ်နည်းနည်းဖြင့် ငါ၏လက်ထဲရောက်ရမည်ဟု အခဲမကျေနိုင်သော ဦးချုံသည် လူအူသုပ်နှင့် လက်ဖက်ရည်သောက် ဖိတ်သည်ကိုလည်း အမြဲတစေ သတိရနေမိသည်။ သို့သော် သီပေါမင်းကိုယ်တိုင်က 'မောင်တုတ်တစ်သက် ငါ့လက်နက်နှင့် မသေစေရ'ဟူသော ကတိထားရုံတွင်သာမက မှူးမတ်ပေါင်းစုံညီသည့် ဘွဲ့မည်ရည် အဆောင်အယောင်ပေးသည့်နေ့က မိန့်တော်မူချက်ကိုလည်း ပြန်လည် သတိရနေမိသည်။ ထိုစဉ် သီပေါမင်းသည် ရနောင်မောင်တုတ်၏ အိမ်သို့ မင်းချင်းများကို လွှတ်၍ ပြစ်မှုအတွက် သက်သေအထောက်အထားများကို ရှာခိုင်းသည်။ ပစ္စည်းတစ်ခုတည်းနှင့်ပင် ရနောင်မောင်တုတ်ကို သေဒဏ်ပေးနိုင်လေသည်။ သူ၏ အိပ်ခန်းထဲ၌ ရွှေများ ဝင်းအောင်ခြယ်သထားသည့် ရွှေသလွန်တစ်ခုကို တွေ့ရသည်။ ယင်းရွှေသလွန်မှာ ရှင်ဘုရင်များသာ အသုံးပြုခွင့်ရှိသည့် ရွှေသလွန်ဖြစ်သည်။ ထို့နောက် မင်းတရားထံ သံတော်ဦးတင်လိုက်ကြသည်။ သူတို့ဆင်ထားသည့် အကွက်များကလည် ပိပိရိရိရှိလှသည်။ အလွယ်တကူ သီပေါဘုရင် ယုံကြည်သွားဟန်တူသည်။ သီပေါဘုရင် မိမိရဲ့နောင်တော်တမျှ ချစ်ခင်အားကိုးခဲ့သော ရနောင်မောင်မောင်တုတ်အား မည်သို့ အပြစ်ပေးရန် စဉ်းစားနေစဉ် မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ဤအရေး၌ မိမိအား အားသွန်ခွန်စိုက် ကူညီခဲ့သော တိုင်တားမင်းကြီး၏အလို ဖြည့်ဆည်းသည့်အနေဖြင့် ၎င်း၏တူတော်သူ ဗိုလ်မင်းကျော်ကို တောင်ထားဝယ်ဗိုလ် လက်သုံးတော်ကိုင် ရနောင်မောင်မောင်တုတ်အရာကျလျှင် ၎င်းနေရာ၌ ခန့်ထားရန် ကတိပေးခဲ့သည်။ လက်သုံးတော်ကိုင်အဖြစ်ကမူ မိဖုရားခေါင်ကြီး အထူးစိတ်ချတော်မူသော မင်းထင်ရာဇာဆိုသူအား ခန့်အပ်ရန် စီစဉ်ထားသည်။ သည်လို ကတိပေးထားသည်ဆိုကတည်းကပင် ရနောင်မောင်တုတ်ကို စုဖုရားလတ်နှင့် တိုင်တားမင်းကြီးတို့သည် နဂိုကပင် အပြတ်ရှင်းဖို့ စီစဉ်ထားဟန်တူသည်။ ဤသို့ ရနောင်မောင်မောင်တုတ် အဖမ်းခံရပြီးနောက် မကြာခင်မှာပင် ဗန်းမော်တွင် ရောက်နေပြီး အရာအချခံထားရသည့် တောင်သမန် မောင်ဖေငယ်ကို ဗန်းမော်၌ပင် အဆုံးစီရင်လိုက်ကြသည်။ ထိုစဉ် အခြေအနေအရပ်ရပ်ကို နားလည်ပြီးထား ရှိဟန်တူသည့် တိုင်တားမင်းကြီးက ရနောင်မောင်မောင်တုတ်၏ အခြေအနေကို မေးမြန်း၍ ရွှေလှံမြို့ဝန်မင်းအား သတိပေးစကား ပြောလိုက်သည်။ 'မောင်မင်း လုပ်ရမယ့်အလုပ်တွေ ဘာကြောင့် ဖင့်နှေးနေရသလဲ၊ ဟိုက ဘုရင်မင်းတရားကြီး စိတ်ပြေလို့ လွှတ်စေဆိုရင် မင်းသေမယ်သာပြင်ပေတော့' ဟု ပြောလိုက်ရာ ရွှေလှံဗိုလ်မြို့ဝန်သည် အထိတ်ထိတ်အလန့်လန့် ဖြစ်သွားသည်။ ထို့နောက် တိုင်တားမင်းကြီးကို နှုတ်ဆက်ပြီး လက်မရွံ့ထောင်ကြီးထဲသို့ဝင်၍ လူအလစ်တွင် သူကိုယ်တိုင် မောင်တုတ်၏ လည်ပင်းသို့ လှံဖြင့် ထိုးသတ်လိုက်သည်။ ပြီးမှ မောင်မောင်တုတ်သည် ချုပ်ခန်းထဲ၌ သူ့ကိုယ်သူ ကပ်ကြေးဖြင့် သတ်လေဟန် အကွက်ဆင်ထားခဲ့သည်။ ဤသို့ဖြင့် ရနောင်မောင်မောင်တုတ်သည် ဘဝနိဂုံးချုပ်ငြိမ်းသွားခဲ့ရလေသည်။ သို့သော် သူသည် ဆင်းရဲသော ပြည်သူပြည်သားများအပေါ်၌ မိမိတတ်နိုင်သမျှ ပေးခဲ့ကမ်းခဲ့ ကျွေးမွေးခဲ့သည်။ ထင်ထင်ရှားရှား ပြစရာဟူ၍ ဘုရားကျောင်းကန်များ မလှူနိုင်ခဲ့ချေ။ သူ့ညီဖြစ်သူ ပင်းသာမြို့စား မောင်မောင်ပြောင်းကမူ မဟာမုနိဘုရားကြီးတိုက် အာနန္ဒာဘုရား အရှေ့ဘက်တွင် ပင်းသာကျောင်းဟူသော ကျောင်းကြီးတစ်ကျောင်း လှူဒါန်းခဲ့သေးသည်။ ဘုရားစေတီများလည်း အများအပြားလှူဒါန်းခဲ့သည်။ ကျမ်းကိုးစာရင်း ကျမ်းကိုးစာရင်း မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း။ မောင်ဖေငယ် ရနောင်မောင်မောင်တုတ် ရန်ကုန်၊ တင်ဆွေစာပေတိုက်၊ ပ-ကြိမ်၊ ၁၉၇၅ ခု။ မြကေတု 'ရနောင်မောင်မောင်တုတ်' မြဝတီ မဂ္ဂဇင်း၊ စာ-၅၆၊၆၃။ တက္ကသိုလ်နန္ဒမိတ် 'ရနောင်မောင်မောင်တုတ်' မြဝတီ မဂ္ဂဇင်း၊ စာ-၉၇၊၁၀၂။ ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%AF%E1%80%90%E1%80%BA%E1%81%8A%20%E1%80%9B%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ရဲလေး
ရဲလေး (၁၉၈၄-) သည် မြန်မာလူမျိုး အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ငယ်ဘဝ ၁၉၈၄ ခု၊ ဇန်နဝါရီလ ၁၁ ရက်တွင် မွေးသည်။ အမည်ရင်း ရဲထွန်းမင်း ဖြစ်ပြီး မွေးချင်းညီအစ်ကို သုံးယောက်မှာ အလတ်ဖြစ်သည်။ သူသည် ဗိုလ်တထောင်(၆) မှ ၁၀-တန်းအောင်မြင်ခဲ့ပြီး ရုက္ခဗေဒဘာသာရပ်ဖြင့် ၂၀၀၄-ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။ အနုပညာလှုပ်‌ရှားမှု ရဲလေးသည် ညီဝမ်းကွဲဖြစ်သူ ဘိုလေးနှင့် တွဲဖက်၍ "Adaptor" အမည်ဖြင့် သီချင်းများ စတင်သီဆိုခဲ့သည်။ Adaptor ၏ ပထမဦးဆုံး စီးရီး ဘာလာရှုပ် ကို ၂၀၀၂ ခုနှစ်တွင် ထုတ်ခဲ့သည်။ ထို့နောက် အခြားသူများ၏ သီချင်းခွေများအတွက် Featuring ပါဝင်သီဆိုပေးခြင်းဖြင့် သူ့အား လူသိများ နာမည်ရလာခဲ့သည်။ သူ ပါဝင်သီဆိုခဲ့သော တေးအယ်လ်ဘမ်များမှာ ဘိုဘိုနှင့် လင်းပင်ဟိန်းတို့၏ တကယ့်အဖြစ်အပျက်၊ အဖွဲ့စုံ ပါဝင်သီဆိုသည့် ပေးဦးနော် ၊ ရူးအောင်ချစ်မိသူ အစရှိသော တေးစီးရီးများဖြစ်သည်။ သူသည် သရုပ်ဆောင်အဖြစ်လည်း ဗွီစီဒီများနှင့် ကြော်ငြာများတွင် ပါဝင်ခဲ့သည်။ သူ ဦးဆုံး သရုပ်ဆောင်သည့် ဗီစီဒီမှာ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးသည့် "သက်တံ့တွေပေါ်မှာ" ဟူသည့် သီချင်းဖြစ်သည်။ ၂၀၀၅ ခုနှစ်မှစ၍ သူ၏ အောင်မြင်မှုများ စတင်ခဲ့သည်။ သူ၏ အအောင်မြင်ဆုံးသီချင်းများမှာ သူကိုယ်တိုင်ရေးသည့် "ထိပ်ဆုံးမှာအမေ" ၊ Bambino နှင့် တွဲဖက်သီဆိုသည့် "ပြောမထွက်ခဲ့သူ" သီချင်းများ ဖြစ်သည်။ ပရိသတ်များ များပြားလာသည့်အချိန်မှာပင် ကျွန်တော်နှင့် သက်ဆိုင်သော ဟူသည့် သူ၏ ပထမဦးဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကို ၂၀၀၅ အောက်တိုဘာလ (၈)ရက်နေ့တွင် ထွက်ရှိနိုင်ခဲ့လေသည်။ ရဲလေးသည် ဂီတ၊ ရုပ်ရှင် နယ်ပယ်နှစ်ခုလုံးတွင် အောင်မြင်မှုရအောင် ကြိုးစားခဲ့သည်။ သူ၏ ပထမဦးဆုံးရုပ်ရှင်ကား နေတစ်ခြမ်း လတစ်ခြမ်း ကို ၂၀၀၅ ခုနှစ်အတွင်းတွင် ရိုက်ကူးခဲ့သည်။ အကြည်တော်၏ ဝတ္ထု၊ ဒါရိုက်တာဇော်ကိုကို၏ လက်ရာဖြစ်ပြီး သူနှင့်အတူ စိုင်းစိုင်းခမ်းလှိုင်၊ ချစ်သုဝေ နှင့် ပြည့်ဖူးခိုင်တို့ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ မိသားစု ဘဝ ၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကာလရှည်ချစ်သူ အေးမြနှင့် မဟာစည် သာသနာ့ရိပ်သာတွင် မင်္ဂလာဆွမ်း ကျွေးကာ လက်ထပ်သည်။ ၂၀၁၇ ခု အရောက်တွင် သဘောထားခြင်း မတိုက်ဆိုင်တော့ဘဲ ကွာရှင်းကြသည်။ တေးစီးရီးများ ရုပ်ရှင်ကားများ နေတစ်ခြမ်း လတစ်ခြမ်း ကိုးကား ပြင်ပ စာမျက်နှာများ ရဲလေး၏ အင်တာနက် စာမျက်နှာ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ အမျိုးသား အဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B2%E1%80%9C%E1%80%B1%E1%80%B8
ကိုထွေး
ရဲဘော် ကိုထွေးသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ငယ်ဘဝ မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ကိုးကား အာဇာနည်ကိုးဦး
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%AF%E1%80%91%E1%80%BD%E1%80%B1%E1%80%B8
ရဲထွန်းလင်း
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ ရဲထွန်းလင်း [၁၉၁ဝ(ခန့်) - ၁၉၆၂] ကသာ ခရိုင် မိုးထားမြို့တွင် အဖ ကုန်သည် ဦးရိုး၊ အမိ ဒေါ်သစ်ဖြူ တို့က ၁၉၁ဝ ပြည့်နှစ် (ခန့်)တွင် မွေးဖွား ခဲ့သည်။ ကျောင်းဆရာ၊ အာရှ လူငယ် တော်လှန်ရေး ခေါင်းဆောင်၊ ကာယဗလ နည်းပြ ဆရာ၊ မန္ဈလေး ရုပ်ရှင် လီမိတက် အစုရှင် ဒါရိုက်တာ လူကြီး၊ မန္ဈလေး ရုပ်ရှင် အောက်မြန်မာပြည် တိုက်ခွဲ တာဝန်ခံ စသည်ဖြင့် လုပ်တောင် တာဝန် ယူခဲ့သည်။ ကာယဗလနှင့် အားကစား ဘက်တွင် ဝါသနာပါ လိုက်စား ခဲ့သည်။ ကာယဗလ ဦးရှိန် ထံတွင် ဦးဇော်ဝိတ် နှင့်အတူ တပည့်ခံကာ လေ့ကျင့် လိုက်စား ခဲ့ရာမှ ကာယဗလ ဦးနေဝင်းဟု တွင်ခဲ့သည်။ ကာယဗလ ဘွဲ့ကို အလွန် နှစ်သက်သည်။ မန္ဈလေး ရုပ်ရှင် ပေါ်ပေါက် လာအောင် ကြိုးစား သူများ အနက် အရေးကြီးဆုံး အစိတ်အပိုင်းက ပါဝင် ခဲ့သည်။ အဆင့်အတန်း မြင့်သော ဇာတ်ကား များကို တီထွင်၍ ရုပ်ရှင် ဇာတ်ညွှန်းများ ရေးခဲ့သည်။ စာပေ ဝါသနာရှင် ဖြစ်သည်နှင့် အညီ ရဲထွန်းလင်း၊ ကာယဗလ ဦးနေဝင်း၊ ရေးသူ "?" တို့ဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးခဲ့သည်။ အထူးသဖြင့် သွေးသောက် မဂ္ဂဇင်းတွင် "ကာယဗလ ဦးနေဝင်း" အမည်ဖြင့် ဆောင်းပါးများ၊ ရေးသူ "?" ဟူသော အမည်ဝှက်ဖြင့် 'ဘုရင်နှင့် ကျေးတောသား' ၊ 'မေခလာ'၊ 'ကသီကရီ' ဝတ္ထုရှည် များနှင့် ဝတ္ထုတို များကို ရေးခဲ့သည်။ စစ်မဖြစ် မီက ရေးသား ထုတ်ဝေ ခဲ့သည့် သိန်းလေးဆယ်နှင့် အရေးတော်ပုံ တပ်သား ဝတ္ထုများ၊ လုလင် တက်လမ်း (၁၉၃၅?) နှင့် ထွက်ရပ်လမ်း (၁၉၄ဝ) ကျမ်းများမှာ အထူး ထင်ရှား ခဲ့သည်။ "အရေးတော်ပုံ တပ်သားမှာ အလွန်ကောင်းသော တော်လှန်ရေး ဝတ္ထု ဖြစ်သည်" ဟု သုခက ရေးခဲ့သည်။ "လူငယ်များကို စိတ်ဓာတ် ရင့်သန် တိုးတက် စေသော ဝတ္ထုများကို ရေးလေ့ ရှိသည့် တာဝန်သိ စာရေးဆရာ ....." ဟူ၍ စီးပွားရေး မြင့်ဦးက ဆိုခဲ့သည်။ 'အရေးတာ်ပုံ တပ်သား' ဝတ္ထုကြီးမှာ စာရေး ဆရာကြီး ရဲထွန်းလင်း မွေးထုတ် ပေးလိုက်သော အရေးတော်ပုံ တပ်သားကြီး မျိုးတင့် ..... ၏ မဟုတ်မခံ စိတ်ဓာတ်၊ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ မှန်ရာကို လုပ်ရဲသည့် စိတ်ဓာတ် တို့ကို ကျွန်တော် အားကျ ခဲ့သည် ...." ဟူ၍ မြသန်းတင့်က တင်ပြ ခဲ့သည်။ ကွယ်လွန်ချိန်တွင် ကျန်းမာအောင် အာဟာရ သုံးဆောင်နည်း စာအုပ်ကို ရေးသား နေဆဲပင် ဖြစ်သည်။ ၁၉၆၂ ခု ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၁၁ နာရီ ၂ဝ မိနစ်၊ အသက် ၅၁ နှစ် အရွယ်တွင် ရန်ကုန် ဆေးရုံကြီး၌ အဆုတ် ကင်ဆာ ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ စာညွှန်း ။ ။ သုခ။ စာရေးဆရာ ရဲထွန်းလင်း၊ ရှုမဝ (ဇန်နဝါရီ ၁၉၆၃)။ စာ - အချပ်ပို က - ခ။ စီးပွားရေး မြင့်ဦး။ ကြယ်တပွင့် ွေွ့ကလင့်ငယ်စော၊ သွေးသောက် (ဇန်နဝါရီ ၁၉၆၃)။ စာ ၁၄၈ - ၁၅ဝ။ မြသန်းတင့်။ က္ဆွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ (၃)၊ ရှုမဝ (ဇန်နဝါရီ ၁၉၇၃)။ စာ ၁ဝ၁ - ၁ဝ၉။ အယ်ဒီတာမှ ချစ်သော စာဖတ်သူသို့၊ ငွေတာရီ (ဇန်နဝါရီ ၁၉၆၃)။ စာ ၂၇၇။ တိုးတက်ရေး မဂ္ဂဇင်း (နိုဝင်ဘာ ၁၉၃၅)။ စာအုပ် ကြော်ငြာ။ မန္ဈလေးနှင့် စာပေခရီး (၁၉၉၈)။ စာ ၁၃၅။] မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B2%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%9C%E1%80%84%E1%80%BA%E1%80%B8
ရှန်ဂရီလာ
ရှန်ဂရီလာ သို့မဟုတ် ရှန်ဘဲလားသည်စိတ်ကူးယဉ် နယ်မြေတစ်ခု ဖြစ်ပြီး ၁၉၃၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဗြိတိသျှ စာရေးဆရာ ဂျိမ်းစ်ဟီလ်တန်(James Hilton) ၏ ဝတ္တုရှည် The Lost Horizon တွင် ဖော်ပြပါရှိခဲ့သည့် နေရာဒေသဖြစ်သည်။ ထိုဝတ္တုအား စာရေးဆရာကြီး မောင်ထွန်းသူက ရှန်ဂရီလာ ဟူသော နာမည်ဖြင့်ပင် မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့လေသည်။ ရှန်ဂရီလာ သည် နှစ်လိုဖွယ်ရှိသော တောင်ကြားနေရာ၊ ဘာသာရေး အရ အေးချမ်းသော ဒေသ၊ လားမားဗုဒ္ဓဘာသာ၏ သိမ်မွေ့သော အဆုံး အမအောက်တွင်တည်ရှိသော ခွန်းလွန်တောင် အနောက်ပိုင်းအဆုံးတွင် ရှိသည့်ဒေသ ဟု ပြောကြသည်။ ရှန်ဂရီလာ ရှိသော ဒေသ နှင့်ပတ်သတ်၍ သံတူကြောင်းကွဲ နေရာများစွာ ရှိသော်လည်း တူညီသည့် အချက်များမှာ ဟိမဝန္တာတောင်တန်း တစ်နေရာ တွင်ရှိခြင်း၊ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော ဒေသဖြစ်ခြင်း၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိခြင်း စသည်တို့ဖြစ်သည်။ The Lost Horizon ဝတ္တုပါ အကြောင်းအရာများအရ ရှန်ဂရီလာ ဒေသမှလူများသည် ဉာဏ်ပညာ အလွန်ကြီးမားကြပြီး၊ သာမန် လူ့သက်တမ်းထက် ပိုမိုရှည်လျားစွာ နေထိုင်နိုင်ကြသည်ဟု ဖော်ပြထားသည်။ ရှန်ဂရီလာ ဟူသော နာမည်သည် အေ့ရှတိုင်း၏ စိတ်ကူးယဉ် စွဲမက်ဖွယ်ဒေသကိုအမှတ်ရစရာ စကားလုံးဖြစ်လာသည်။ ရှန်ဂရီလာ၏ ပုံပြင်သည် တိဗက်ဗုဒ္ဓဘာသာ ရှေးဟောင်း မြို့တော် ရှန်ဘဲလား မှ ဆင်းသက်လာသည့် အယူအဆ တစ်ရပ်လည်းဖြစ်လေသည်။ ရှန်ဘဲလား ဟူသော နာမည်အား ဆရာ မင်းသိင်္ခရေးသည့် မဟာမြိုင်ခရီးသည် နှင့် စနေမောင်မောင် ဝတ္တု များတွင် တွေ့နိုင်သည်။ စကားလုံး ရင်းမြစ် ရှန်ဂရီလာဟူသော စကားစု Shangri-La သည် တိဗက် စကားလုံး Shang( Tsang - ၏ ခရိုင်ဒေသဖြစ်ပြီး Tashilhupon ၏ မြောက်ပိုင်းတွင် တည်ရှိသည်) gri သည် တောင် ဟုအဓိပ္ပာယ်ရပြီး La ဟူသည့် အဓိပ္ပာယ် pass နှင့်ပေါင်းလိုက်သောအခါ Shang Mountain Pass ဟု အင်္ဂလိပ်ဘာသာဖြင့် ခေဝေါ်နိုင်သည်ဟု အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မည်သို့ပင် ဖြစ်စေ ဖြစ်နိုင်သည့်အချက်တစ်ခုမှာ စာရေးဆရာ Hilton သည် ရှန်ဘဲလား ဟူသည့် နာမည်ကိုကြားဖူးနားဝရှိကာ တိဗက်တို့ က Shangri-la ဟု အဓိပ္ပာယ်ဖွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ဒဏ္ဍာရီ နှင့် ဆက်စပ်သော ဒေသများ ယန်ဇီမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာ ဒေသသည် တကယ်ကို ဒဏ္ဍာရီဆန်လောက်အောင် လှပလွန်းပါသည်။ ထိုဒေသသည် တရုတ်ပြည် ယူနန်စီရင်စု၏ တောင်ဘက်စူးစူး၌ ရှိ၍ တရုတ်ပြည်ကြီးအတွက် အံ့ဩဖွယ်ရာ နယ်မြေတစ်ခုလည်း ဖြစ်သည်။ ရှန်ဂရီလာ နာမည်ကို James Hilton၏(ပျောက်ဆုံးသွားသော မိုးကုတ်စက်ဝိုင်း) အမည်ရှိ စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ဒီနာမည်ကို ပေးရခြင်း အကြောင်းမှာလည်း စာရေးသူသည် ထိုစိတ်ကူးယဉ်ဆန်သော ဒေသကို ရောက်ရှိပြီး ထိုနာမည်ပေးရန် စိတ်ကူးမိကြောင်း ပြောကြားပါသည်။ James Hiltonသည် ယဉ်ကျေးမှုသီးခြား အနှစ်သာရကို ရှာဖွေနေသော ကမ္ဘာကျော် တိုးရစ်တစ်ဦးလည်း ဖြစ်သည်။ အိန္ဒိယ မြောက်ပိုင်း နှင့် တိဗက်ဒေသ ကြားရှိ ဗုဒ္ဓဘာသာထွန်းကားသော ဟိမဝန္တာ တောင်တန်းဒေသများသည် ယခုအခါ ကမ္ဘာလှည့် ခရီးသည်များအား အလွန်ဆွဲဆောင်နိုင်သော ဒေသလည်း ဖြစ်သည်။ ယခုခေတ် တရုတ်နိုင်ငံမှလည်း Zhongdian ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအား ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင် နိုင်ရန် ရှန်ဂရီလာဟု ၂၀၀၁ ခုနှစ်တွင် နာမည်ပေးခဲ့သည်။ တိဗက် ဒေသရှိ ဒဏ္ဍာရီဆန်သော ခွန်းလွန်တောင် အချို့ဒေသ များအားလည်း ရှန်ဂရီလာ တည်ရှိသည့် ဒေသဟု ဆိုကြသည်။ ရှန်ဂရီလာ တည်ရှိသည်ဟု နာမည်ကြီးထင်ရှားသည့် ဒေသတစ်ခုမှာ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ Hunza တောင်ကြားဒေသ ဖြစ်သည်ဟု ဆိုသည်။ တိဗက်နယ်စပ် နှင့်နီးသော ထိုနေရာဒေသအား The Lost Horizon မထုတ်ဝေမီ နှစ်အနည်းက Hilton သည် သွားရောက်လည်ပတ်ခဲ့သည်။ သိမဝန္တာ အနောက်ပိုင်းရှိ တောင်များဝန်းရံထားသည့် စိမ်းစိုလန်းဆန်းသော ထိုနယ်မြေဒေသသည် ဝတ္တုပါရှန်ဂရီလာ ဒေသနှင့်လည်း ပထဝီအနေအထားအရ နီးနီးစပ်စပ် တူညီမူ့ရှိလေသည်။ ထိုဒေသ အနီးရှိ Skardu တောင်ကြားဒေသမှ ရှန်ဂရီလာ အပန်းဖြေစခန်းသည်လည်း ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်သည့် နေရာဖြစ်သည်။ ရှန်ဂရီလာ၏ အထူးခြားဆုံး အစားအသောက်မှာ ဆတ်သားဟင်း ဖြစ်သည်။ အလွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့်နေရာတွင်မှ မရနိုင် ဟုလည်း သိရသည်။ သမိုင်း ဘာသာရေး
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%94%E1%80%BA%E1%80%82%E1%80%9B%E1%80%AE%E1%80%9C%E1%80%AC
ရှစ်ပါးသီလ
ရှစ်ပါးသီလဟူသည်မှာ အဋ္ဌင်္ဂဥပုသ်သီလပင် ဖြစ်ပါသည်။ ငါးပါးသီလကို ပြဆိုရာ၌ ပဉ္စဟူ၍သာ ပြဆိုသကဲ့သို့၎င်း၊ ဆယ်ပါးသီလကို ပြဆိုရာ၌ ဒသဟူ၍သာ ပြဆိုသကဲ့သို့၎င်း၊ ရှစ်ပါးသီလကို ပြဆိုရာ၌ကား အဋ္ဌဟူ၍သာ မဆိုပဲ (ဥပေါသထင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟူ၍ အဘယ့်ကြောင့် အထူး ထည့်သွင်းပြဆိုပါသနည်းဟု မေးဖွယ်ရှိ၏။ ဥပေါသထသဒ္ဒါက (၁) ရဟန်းတို့၏ ပါတိမောက် ရွတ်ဆိုခြင်း အနက်၊ (၂) ခေါ်ဝေါ်လွယ်ရန် မှည့်ထားသော အမည်ဟူသော အနက်၊ (၃) ကျင့်သုံးခြင်းဟူသော အနက်၊ (၄) ကျင့်သုံးအပ်သည့် သီလဟူသော အနက်၊ (၅) သီလကျင့်သုံးရာ နေ့ဟူသော အနက်- ဤအနက်ငါးပါးတို့၌ ဖြစ်ရှိရာ ပဌမအနက်မှာ ရဟန်းတော်များနှင့်သာ သက်ဆိုင်၍ ဒုတိယအနက်မှာ ဥပေါသထမင်းသား ဥပေါသထဆင်မင်း စသည်ဖြင့် ခေါ်ဝေါ်ရန်အမည်ကို ပြခြင်းမျှဖြစ်၍ ဤသီလအခဏ်းနှင့် မသက်ဆိုင်။ နောက်အနက်သုံးပါးသာ ဤသီလခဏ်းနှင့် သက်ဆိုင်၏။ သီလနှင့် ပြည့်စုံစေ၍ နေရာနေ့ ထို နောက်အနက် သုံးပါးတို့တွင် (ပါဠိလို) ဥပဝါသ= (မြန်မာလို) ကျင့်သုံးခြင်းဟူသော အနက်မှာ ပြည့်စုံစေ၍ နေခြင်းပင်ဖြစ်၏။ သိက္ခာပုဒ်တို့ကို ပြည့်စုံစေ၍ နေခြင်းဟု ဆိုလိုသည်။ ကျင့်သုံးအပ်သော သီလဟူသော စတုတ္ထအနက်မှာလည်း ပြည့်စုံစေ၍ နေအပ်သော သီလဟု ဆိုလိုသည်၊ သီလကျင့်သုံးရာနေ့ဟူသော ပဉ္စမအနက်မှာလည်း သီလနှင့်ပြည့်စုံစေ၍ နေရာနေ့ဟု ဆိုလိုသည်၊ ထိုနေ့ကိုပင် ဥပေါသထနေ့ (ဥပုသ်နေ့)ဟူ၍ ခေါ်သည်။ နေ့ အထူးသတ်မှတ်၍ ကျင့်သုံးကြ ငါးပါးသီလနှင့် ဆယ်ပါးသီလတို့မှာ ရှေးရှေး သူတော်ကောင်းတို့က နေ့အထူး သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့မရှိကြပဲ ဤရှစ်ပါးသီလကိုသာ နေ့အထူး သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့ ရှိကြသောကြောင့် ဤရှစ်ပါးသီလ၌သာ (ဥပေါသထေင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟူ၍ အထူးထည့်သွင်း ပြဆိုသည်ဟု မှဟ်ယူရာ၏။ လူတို့နှင့် သင့်တော်သော သီလ စဉ်းစားဖွယ်ရှိပြန်သည်မှာ.. ငါးပါးသီလမှာ သိက္ခာပုဒ် အရေအတွက်အားဖြင့် ရှစ်ပါးသီလကို မမှီပဲ နေ့စဉ်အမြဲ ကျင့်သုံးအပ်သော သီလဖြစ်၍ ရှေးသူတော်ကောင်းများက အထူးသတ်မှတ်မှု မပြုသော် သင့်တန်စေ၊ ဆယ်ပါးသီလမှာကား ရှစ်ပါးသီလထက် မြင့်သည်ဖြစ်၍ ရှေးသူတော်ကောင်းတို့ နေ့ထူး သတ်မှတ်သင့်ပါလျက် အဘယ့်ကြောင့် မသတ်မှတ်ကြပါသနည်းဟု စဉ်းစားဖွယ်ရှိပြန်၏။ သင့်လျော်သော အကြောင်းကို ရှာသော်ကား ရှစ်ပါးသီလသည် လူတို့နှင့် အထူးသင့်လျော်သော သီလဖြစ်၏။ =ဆယ်ပါးသီလနှင့် ကွာခြားချက် ဆယ်ပါးသီလမှာ လူတို့နှင့် အထူးသင့်လျော် သက်ဆိုင်သော သီလမဟုတ်ချေ။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဆယ်ပါးသီလသည် သာမဏေယောက်ျား သာမဏေမိန်းမတို့၏ သီလဖြစ်ကြောင်း ပြဆိုချက်နှင့် ခုဒ္ဒကပါဌအဋ္ဌကထာ၌.. ဆယ်ပါးသီလတွင် နောက်ဆုံးဖြစ်သော ဇာတရူပသိက္ခာပုဒ်သည် သာမဏေတို့၏ ထူးခြားသော သိက္ခာပုဒ်ဖြစ်ကြောင်း ဖွင့်ပြချက်တို့ကို ထောက်ဆသဖြင့် ဆယ်ပါးသီလသည် အထူးသဖြင့် သာမဏေတို့၏ သီလဖြစ်ကြောင်း ထင်ရှားလှပေ၏။ သို့ဖြစ်၍ ရှေးပညာရှိ သူတော်ကောင်းတို့သည် မိမိတို့နှင့် အထူး သက်ဆိုင်သော သီလနှစ်မျိုးတို့အနက် အထက်တန်းဖြစ်၍ နေ့ရက်အထူး သတ်မှတ်ကာ စောင့်သုံးအပ်သော ရှစ်ပါးသီလကိုသာ ဥပေါသထဟု ခေါ်ဆိုရ၍ ထိုရှစ်ပါးသီလကိုသာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ (ဥပေါသထင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟု အထူး မိန့်ဆိုတော်မူသည်။ သူတော်ကောင်းတို့သည် သီလမှု တခုတည်းဖြင့်သာ တင်းတိမ်အားရ၍ မနေကြပဲ ဒါနကောင်းမှုကိုလည်း ပြုလိုကြသဖြင့် ထိုဒါနမှုကို ကောင်းစွာပြုနိုင်ရန် ဇာတရူပ သိက္ခာပုဒ်ကို မစောင့်သုံးနိုင်ပဲ ရှိကြရလေသည်။ ဇာတရူပ သိက္ခာပုဒ်ကို စောင့်သုံးပါက လှူဘွယ်ဝတ္ထုကို ရှာမှီးခြင်း ဝယ်ယူခြင်း ကိစ္စများကို ပြည့်စုံအောင် မပြုနိုင်ပေ။ ထို့ကြောင့် ရှေးသူဟောင်းတို့သည် ရှစ်ပါးသီလကိုသာ နေ့ရက်အထူး သတ်မှတ်ကာ စောင့်သုံးကြကြောင်း ကောင်းစွာ မှတ်ယူရာ၏။ ရှစ်ပါးသီလ (ဝါ) အဋ္ဌင်္ဂသီလ (၁) ပါဏာတိပါတာ ဝေရမဏိ၊ (သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲရှောင်ကြဉ်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း) (၂) အဒိန္နာဒါနာ ဝေရမဏိ၊ (သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း) (၃) အဗြဟ္မစရိယာ ဝေရမဏိ၊ (မကောင်းသော မြင့်မြတ်မှုမရှိသော ကာမဂုဏ်သားတို့၏ အလေ့အထ အကျင့်များမပြုကျင့်ပဲ စောင့်ထိန်းခြင်း) (၄) မုသာဝါဒါဝေရမဏိ၊ (မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း) (၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊ (မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ သုံးစွဲခြင်းမပြုပဲရှောင်ကြဉ်ခြင်း) (၆) ဝိကာလဘောဇနာ ဝေရမဏိ၊ (အချိန်ကာလမဟုတ်သော အဟာရကိုမသုံးဆောင်ပဲ၊ နေ့လွဲ ညစာ မစားသုံးပဲရှောင်ကြဉ်စောင့်ထိန်းခြင်း) (၇) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓါရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ၊ (ဂီတ၌ပျော်ရွှင်နေခြင်း၊ ပန်းရနံ့များအပေါ်သာယာနေမိခြင်း၊ သီဆို ကခုန်ခြင်း စသောအမှုများတို့ကိုပြုမူချိုးဖေါက်မိခြင်းမရှိရန်စောင့်ထိန်းခြင်း) (၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (တန်ဘိုးကြီးလွန်းသောအသုံးအဆောင်များသုံးစွဲခြင်း၊ မြင့်လွန်းမြတ်လွန်းသော အိပ်ယာနေရာထိုင်ခင်းစသည်ဖြင့် သုံးစွဲခြင်း တစ်တောင်အတိုင်းအတာထက်မြင့်သော ကုတင်တွင် အိပ်စက်ခြင်းစသည်တို့ မပြုပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း) ဥပုသ်စောင့်ပုံ အစီအစဉ်ကို ဤ၌ ကြည့်ပါ။ အင်္ဂုတ္တရပါဠိတော် ၇၉။ ဋ္ဌ။ ၂၃၃-၌အကျယ်ရှုရန်။ ကိုးကား ဗုဒ္ဓဘာသာ ဝေါဟာရများ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%B8%E1%80%9E%E1%80%AE%E1%80%9C
ရန်အောင်မောင်မောင်
ရန်အောင်မောင်မောင်(၁၉၂၉-၁၉၉၄) ၁၉၂၉ - ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင်၊ ရမည်းသင်းခရိုင် ရန်အောင်မြို့၌ အဖ-ဦးမင်းကို၊ အမိ-ဒေါ်သိန်းတို့က ဖွားမြင်သည်။ မန္တလေးအမှတ်(၁)အစိုးရအထက်တန်းကျောင်းမှ (၁၀)တန်းအောင်သည်။ ရန်ကုန် တက္ကသိုလ်တွင် ဥပစာ-ဝိဇ္ဇာ(က)တန်း၌ ဆက်လက်ပညာသင်ကြားသည်။ ၁၉၅၀ - ပြည့်နှစ်တွင်ကျောင်းထွက်၍ မြန်မာနိုင်ငံအကျဉ်းဌာနတွင် ထောင်မှူးအဖြစ်ဝင်ရောက် အမှုထမ်းခဲ့ သည်။ ကျောင်းသားဘဝမှစ၍ ကျောင်းနံရံကပ်စာစောင်များ နှစ်ပတ်လည်စာစောင်များတွင် စာပေများရေးသားခဲ့ သည်။ ၁၉၅၁ - ဗမာ့ခေတ်သတင်းစာမှထုတ်သော ယု၀တီဂျာနယ်တွင် 'ရန်အောင်မိမိထွေး' အမည်ဖြင့် ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။ ၁၉၅၃ - ယု၀တီကလောင်ရှင်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၆ - နိုဝင်ဘာထုတ် 'နှစ်ပတ်လည်မြ၀တီမဂ္ဂဇင်း'တွင် 'ရန်အောင်မောင်မောင်'အမည်ဖြင့် 'မြစ်တွင်း ထောင်ထမှုကြီး' ဝတ္ထုကို စတင်ရေးသားခဲ့သည်။ အကျဉ်းဌာနဝန်ထမ်းစာပေလောကတွင် စာရေးကြသူများထဲ၌ ရှေးဦးကျသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဗန်းမော်မြို့၊ ခရိုင်အကျဉ်းစခန်းတွင် ထောင်မှူးကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၆၂ - 'မော'လုံးချင်းဝတ္ထု၊'အမှုတစ်ရာဝတ္ထုများ'စာအုပ်များထွက်ခဲ့။ 'ရန်အောင်မိမိထွေး' အမည်ဖြင့် ရေးသားခဲ့သော 'အချစ်ရူးလေး' အမည်ရှိဝတ္ထုကို မြန်မာ့အသံမှ ပေဖူးလွှာအမည်ဖြင့် ဇာတ်လမ်းပမာနားဆင် စရာအခန်းမှ ထုတ်လွှင့်ခဲ့သည်။ ထိုဝတ္ထုကိုပင်'အေဝမ်း'ရုပ်ရှင်ကုမ္ပဏီမှ 'မေတ္တာမွန်' အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ သည်။ ၁၉၆၄ - ဒေါ်အေးမြင့်အောင်နှင့်လက်ထပ်ခဲ့သည်။ 'ကြမ္မာရဟတ်တစ်ပတ်လည်' ဝတ္ထုထွက်။ (၎င်းဝတ္ထုကို စာရေးဆရာဒါရိုက်တာဦးသုခက သိကြားစေသက်သေညွှန်း အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။) အကျဉ်းထောင် လုပ်ငန်းတစ်ရပ်အဖြစ် ရဲဘက်များနှင့်လမ်းဖောက်သည့် လုပ်ငန်းများကိုသရုပ်ဖော်ထားသည့် အသည်းကွဲစခန်း လုံးချင်းထွက်(၎င်းဝတ္ထုကို ညွန့်မြန်မာရုပ်ရှင်မှ သည်လမ်းနှင့်သည်စခန်းအမည်ဖြင့် ရုပ်ရှင်ရိုက်သည်။) ၁၉၆၆ - ကြိုးစင်ပေါ်မှမှတ်စုများဝတ္ထုတိုပေါင်းချုပ်ထွက်။ (ယင်းနှစ်အတွက် အမျိုးသားစာပေဝတ္ထုတိုပေါင်း ချုပ်ဆု တတိယဆုရရှိ။) နရသိမ်စံအိမ်ထက်ဆီကစာအုပ်ထွက်။ မောင်မနမ်း၍နွမ်းသောပန်းဝတ္ထုထွက်။ ၁၉၆၇ - ဗန်းမော်မြို့ ခရိုင်အကျဉ်းစခန်းတွင် ထောင်မှူးကြီးအဖြစ်တာဝန်ထမ်း။ ၁၉၆၈ - မိနစ်(၂၀)မှအနှစ်(၂၀)စာအုပ်ထွက်။ ၁၉၇၀ - မောရရင်ခွင် မိုးသံလွင်စာအုပ်ထွက်။ ၁၉၇၁ - ထောင်ကြေးမုံစာအုပ်ထွက်။ ၁၉၇၂ - ဘဝမှောင်မှောင် ညမှောင်မှောင်စာအုပ်ထွက်။ ၁၉၇၃ - စောရအိုင်စိမ်း ဝတ္ထုထွက်။ (ထိုဝတ္ထုကို ဒါရိုက်တာဦးသုခက ချစ်စရာမို့ချစ်ပါသည် အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။) ရန်အောင်မောင်မောင်၏ဝတ္ထုများမှ ရုပ်ရှင်ကား(၆)ကားရိုက်ခဲ့သည်။ ၁၉၇၄ - ထောင်တံခါးကြီးဖွင့်ပါအုံးဝတ္ထုထွက်။ ၁၉၇၅ - ဒုတိယထောင်ပိုင်။ ၁၉၇၆ - ကြိုးစင်နှင့်ကြိုးသမားဝတ္ထုထွက်။ ၁၉၇၇ - တမာမချို၊ငါမငိုဝတ္ထုထွက်။ မပျံတတ်ဘူး ဝဲချင်တယ်ဝတ္ထုထွက်။ ၁၉၇၉ - ထောင်ပိုင်အဆင့်(၁)။ လလူမိုက်-အမှောင်ကြိုက်ဝတ္ထုထွက်။ ၁၉၈၁ - ပဲခူးတိုင်း တိုင်းကောင်စီဝင်။ ၁၉၈၈ - ထောင်ပိုင်အဆင့်(၂)။ ၁၉၈၉ - သက်ပြည့်ပင်စင်ယူ၊ စာပေများဆက်လက်ရေးသား။ ၁၉၉၁ - ထောင့်တစ်သက်အတွေ့အကြုံစာအုပ်ထွက်။ ၁၉၉၂ - မြစ်တွင်းထောင်ထမှုကြီးနှင့် ထောင်ဝတ္ထုများစာအုပ်ထွက်။ ၁၉၉၄ - ဧပြီ(၉)ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ နေအိမ်၌ကွယ်လွန်ခဲ့။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးမြင့်အောင်နှင့် သားသမီး(၉)ယောက်ကျန်ရစ်ခဲ့။ ထင်ရှားသောစာအုပ်အချို့ ထောင်တစ်သက်အတွေ့အကြုံ ကြမ္မာရဟတ်တစ်ပတ်လည် ကြိုးစင်ပေါ်မှမှတ်စုများ နရသိမ်စံအိမ်ထက်ဆီက မိနစ်(၂၀)မှ အနှစ်(၂၀) ထောင်ကြေးမုံ စောရအိုင်စိမ်း ထောင်တံခါးကြီးဖွင့်ပါအုံး ကြိုးစင်နှင့် ကြိုးသမား မြစ်တွင်းထောင်ထမှုကြီးနှင့် ထောင်အတွေ့အကြုံများ။ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ
ဒဂုံမြို့နယ် အ.ထ.က အ.ထ.က(၁)ဒဂုံ အ.ထ.က(၂)ဒဂုံ အ.ထ.က(၃)ဒဂုံ အ.လ.က အ.လ.က(၁)ဒဂုံ အ.မ.က အ.မ.က(၁)ဒဂုံ အ.မ.က(၂)ဒဂုံ လသာမြို့နယ် အ.ထ.က အ.ထ.က(၁)လသာ အ.ထ.က(၂)လသာ အ.လ.က အ.လ.က(၁)လသာ အ.မ.က အ.မ.က(၁)လသာ အ.မ.က(၂)လသာ အ.မ.က(၃)လသာ ကမာရွတ်မြို့နယ် အ.ထ.က အ.ထ.က(၁)ကမာရွတ် အ.ထ.က(၂)ကမာရွတ် အ.ထ.က(၃)ကမာရွတ် အ.ထ.က(၄)ကမာရွတ် အ.ထ.က(၅)ကမာရွတ် အ.ထ.က လေ့ကျင့်ရေး အ.လ.က အ.လ.က(၁)ကမာရွတ် အ.လ.က(၂)ကမာရွတ် အ.မ.က အ.မ.က(၁)ကမာရွတ် အ.မ.က(၂)ကမာရွတ် အ.မ.က(၄)ကမာရွတ် အ.မ.က(၆)ကမာရွတ် အ.မ.က(၇)ကမာရွတ် အ.မ.က(၈)ကမာရွတ် အ.မ.က(၉)ကမာရွတ် အ.မ.က(၁၀)ကမာရွတ် အ.မ.က(၁၁)ကမာရွတ် အ.မ.က(၁၄)ကမာရွတ် အ.မ.က(၁၅)ကမာရွတ် ဗိုလ်တထောင်မြို့နယ် အ.ထ.က အ.ထ.က(၁)ဗိုလ်တထောင် အ.ထ.က(၂)ဗိုလ်တထောင် အ.ထ.က(၃)ဗိုလ်တထောင် အ.ထ.က(၄)ဗိုလ်တထောင် အ.ထ.က(၅)ဗိုလ်တထောင် အ.ထ.က(၆)ဗိုလ်တထောင် အ.လ.က အ.လ.က(၁)ဗိုလ်တထောင် အ.မ.က အ.မ.က(၁)ဗိုလ်တထောင် ကျောက်တံတားမြို့နယ် အ.ထ.က အ.ထ.က ကျောက်တံတား အ.လ.က အ.လ.က ကျောက်တံတား အ.မ.က အ.မ.က(၁)ကျောက်တံတား အ.မ.က(၂)ကျောက်တံတား အ.မ.က(၄)ကျောက်တံတား အ.မ.က(၅)ကျောက်တံတား အ.မ.က(၆)ကျောက်တံတား ကြည့်မြင်တိုင်မြို့နယ် အ.ထ.က အ.ထ.က(၁)ကြည့်မြင်တိုင် အ.ထ.က(၂)ကြည့်မြင်တိုင် အ.ထ.က(၃)ကြည့်မြင်တိုင် အ.ထ.က(၄)ကြည့်မြင်တိုင် အ.ထ.က(၅)ကြည့်မြင်တိုင် အ.ထ.က(၆)ကြည့်မြင်တိုင် အ.လ.က အ.လ.က(၂)ကြည့်မြင်တိုင် အ.လ.က(၄)ကြည့်မြင်တိုင် အ.လ.က(ခွဲ)ဝါးရုံဆိပ် အ.မ.က အ.မ.က(၁)ကြည့်မြင်တိုင် အ.မ.က(၂)ကြည့်မြင်တိုင် အ.မ.က(၄)ကြည့်မြင်တိုင် အ.မ.က(၅)ကြည့်မြင်တိုင် အ.မ.က(၆)ကြည့်မြင်တိုင် အ.မ.က(၇)ကြည့်မြင်တိုင် အ.မ.က(၉)ကြည့်မြင်တိုင် အ.မ.က(၁၀)ကြည့်မြင်တိုင် အ.မ.က(၁၃)ကြည့်မြင်တိုင် အ.မ.က(၁၄)ကြည့်မြင်တိုင် အ.မ.က(၁၅)ကြည့်မြင်တိုင် အ.မ.က(၁၆)ကြည့်မြင်တိုင် အ.မ.က(၁၇)ကြည့်မြင်တိုင် အ.မ.က(၁၈)ကြည့်မြင်တိုင် တာမွေမြို့နယ် အ.ထ.က အ.ထ.က(၁)တာမွေ အ.ထ.က(၂)တာမွေ အ.ထ.က(၃)တာမွေ အ.ထ.က(၄)တာမွေ အ.ထ.က(၅)တာမွေ အ.ထ.က(၁၀)တာမွေ အ.လ.က အ.လ.က(၁)တာမွေ အ.လ.က(၂)တာမွေ အ.လ.က(၃)တာမွေ အ.လ.က(၁၁)တာမွေ အ.မ.က အ.မ.က(၂)တာမွေ အ.မ.က(၃)တာမွေ အ.မ.က(၄)တာမွေ အ.မ.က(၅)တာမွေ အ.မ.က(၆)တာမွေ အ.မ.က(၇)တာမွေ အ.မ.က(၈)တာမွေ အ.မ.က(၉)တာမွေ အ.မ.က(၁၀)တာမွေ အ.မ.က(၁၁)တာမွေ အ.မ.က(၁၂)တာမွေ ဗဟန်းမြို့နယ် အ.ထ.က အ.ထ.က(၁)ဗဟန်း အ.ထ.က(၂)ဗဟန်း အ.မ.က အ.မ.က(၃)ဗဟန်း အ.မ.က(၃)မူလွန်၊ဗဟန်း ပုဇွန်တောင်မြို့နယ် အ.ထ.က အ.ထ.က(၁)ပုဇွန်တောင် အ.ထ.က(၂)ပုဇွန်တောင် အ.ထ.က(၃)ပုဇွန်တောင် အ.ထ.က(၄)ပုဇွန်တောင် အ.လ.က .အ.လ.က(၁)ပုဇွန်တောင် .အ.လ.က(၂)ပုဇွန်တောင် .အ.လ.က(၃)ပုဇွန်တောင် အ.မ.က အ.မ.က(၃)ပုဇွန်တောင် အ.ထ.က(၁)စမ်းချောင်း အ.ထ.က(၂)စမ်းချောင်း အ.ထ.က(၃)စမ်းချောင်း အ.ထ.က(၁)ပန်းပဲတန်း အ.ထ.က(၂)ပန်းပဲတန်း အ.ထ.က(၁)မရမ်းကုန်း အ.ထ.က(၂)မရမ်းကုန်း အ.ထ.က(၁)တောင်ဥက္ကလာပ အ.ထ.က(၂)တောင်ဥက္ကလာပ အ.ထ.က(၁)မြောက်ဥက္ကလာပ အ.ထ.က(၂)မြောက်ဥက္ကလာပ အ.ထ.က(၃)မြောက်ဥက္ကလာပ အ.ထ.က(၄)မြောက်ဥက္ကလာပ အ.ထ.က(၅)မြောက်ဥက္ကလာပ အ.ထ.က(၁)လမ်းမတော် အ.ထ.က(၂)လမ်းမတော် အ.ထ.က(၁)သင်္ကန်းကျွန်း အ.ထ.က(၂)သင်္ကန်းကျွန်း အ.ထ.က(၁)အလုံ အ.ထ.က(၂)အလုံ အ.ထ.က(၄)အလုံ အ.ထ.က(၁)အင်းစိန် အ.ထ.က(၂)အင်းစိန် ကော့မှူးမြို့နယ် အ.ထ.က ကော့မှူး အ.ထ.က ဝါးဘလောက်သောက် ဓာတ်ပုံများ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD%20%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (University of Computer Studies, Yangon− (UCSY))သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်အနီး အမှတ်(၄)လမ်းမကြီးဘေးတွင် တည်ရှိသည်။ ရည်ရွယ်ချက် ကွန်ပျူတာတက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များဖြစ်မြောက်လာစေရန် စီမံဆောင်ရွက်လျက်ရှိသည်။ စီမံချက်ပြီးဆုံးသည့်အခါတွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များအဖြစ် ကွန်ပျူတာပညာရှင်များမွေးထုတ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ (က) ကွန်ပျူတာတက္ကသိုလ်မှ သင်ကြားပို့ချနေသော ကွန်ပျူတာပညာရပ်များ၏ အရည်အသွေးမြင့်တင်ရန် (ခ) ကွန်ပျူတာတက္ကသိုလ်၏ သင်ရိုးနှင့် သင်ကြားနည်းများကို ခေတ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာသုံးသပ် အကောင်အထည်ဖော်ရန် (ဂ) လူ့အရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် ထိရောက်သော IT နည်းပညာအသုံးပြုလားစေရေးအတွက် သုတေသနများပြုလုပ်ရန် (ဃ) ထူးချွန်စေသော IT ပညာရှင်များပြုစုပျိုးထောင်နိုင်စေရေးအတွက် IT ဌာနများ၏ အရည်အသွေး မြှင့်တင်ရန် (င) လူ့အရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် အသက်မွေးဝမ်းကျောင်းအဆင့် IT နည်းပညာလေ့လာရေးလုပ်ငန်းများဆောင်ရွက်ရန် နောက်ခံသမိုင်းကြောင်း ၁၉၇၁ ခုနှစ်တွင် ပါရမီလမ်း၊ လှိုင်မြို့နယ်၌ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အား တက္ကသိုလ်များကွန်ပျူတာဌာန(UCC) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ် သင်္ချာဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိခဲ့သည်။ တက္ကသိုလ်များကွန်ပျူတာဌာနအဆင့်မှ တက္ကသိုလ်အဆင့်သို့ ၁၉၈၇ ခုနှစ် မတ်လ (၂၉)ရက်တွင် တိုးမြှင့်ခဲ့ပြီး၊ မြန်မာအမည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဟုလည်းကောင်း၊ အင်္ဂလိပ်အမည် “Institute of Computer Science & Technology (ICST)” ဟု လည်းကောင်း ခေါ်တွင်ခဲ့သည်။ ၁၉၉၈ခုနှစ်၊ ဇွန်လ (၁)ရက်တွင် “University of Computer Studies, Yangon (UCSY)” အမည်သို့ ထပ်မံပြောင်းလဲခဲ့သည်။ ၁၉၉၇ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အား ပညာရေးဝန်ကြီးဌာနအောက်မှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့သည်။ ကျောင်းသားဦးရေ တိုးတက်လာသဖြင့် ၂၀၀၀ ပြည့်နှစ်တွင် လှိုင်မြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အပြင် ရွှေပြည်သာမြို့နယ်တွင် ကျောင်းသစ်တစ်ကျောင်း တိုးချဲ့တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို စတင်ဖွင့်လှစ် ခဲ့သည်။ ပေးအပ်သောဘွဲ့များ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို ၁၉၈၆ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သော်လည်း မဟာဘွဲ့များကိုမူ ၁၉၇၃ ခုနှစ်ကတည်းက အပ်နှင်းခဲ့သည်။ ပါရဂူဘွဲ့သင်တန်းကို ၂၀၀၁ ခုနှစ်၊ မေလ (၁)ရက်နေ့တွင်စတင်ခဲ့သည်။ ဤတက္ကသိုလ်မှ အပ်နှင်းသော ပထမဘွဲ့များမှာ B.C.Sc (Knowledge Engineering) B.C.Sc (Software Engineering) B.C.Sc (Cyber Security and Forensics) B.C.Sc (Business Information Systems) B.C.Tech (Embedded Systems) B.C.Tech (Computer Communication and Networks) ဤတက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ များမှာ Ph.D (IT) M.C.Sc (Knowledge Engineering) M.C.Sc (Software Engineering) M.C.Sc (Cyber Security and Forensics) M.C.Sc (Business Information Systems) M.C.Tech (Embedded Systems) M.C.Tech (Computer Communication and Networks) D.C.Sc (ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသိပ္ပံဘွဲ့) D.C.A (ဘွဲ့လွန်ကွန်ပျူတာအသုံးချဒီပလိုမာသိပ္ပံဘွဲ့) ဤတက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့ကြိုဒီပလိုမာများမှာ Dip.C.S (ကွန်ပျူတာဒီပလိုမာဘွဲ့) Dip.C.M (ကွန်ပျူတာအသုံးချမှုဒီပလိုမာဘွဲ့) A.Dip.C.S (အဆင့်မြင့်ကွန်ပျူတာဒီပလိုမာဘွဲ့) A.Dip.C.M (အဆင့်မြင့်ကွန်ပျူတာအသုံးချမှုဒီပလိုမာဘွဲ့) အားလုံးသောပညာရပ်များအတွက် ပညာသင်နှစ် တစ်နှစ်စီကို ကာလ (၂)ခု ပိုင်းခြားထားသည်။ သင်တန်းကာလတစ်ပိုင်းစီတွင် သင်ကြားရေးနှင့် လက်တွေ့လုပ်ဆောင်မှုအတွက် (၁၈)ပတ်စီ ပိုင်းခြားထားသည်။ သင်တန်းကာလတစ်ပိုင်းစီအဆုံးတွင် စာမေးပွဲများကို ကျင်းပပါသည်။ အကဲဖြတ်မှု တစိတ်တပိုင်းအနေဖြင့် ကျောင်းခေါ်ချိန်၊ နည်းပြတန်းများနှင့် လက်တွေ့လုပ်ဆောင်မှု၊ အတန်းတွင်းတာဝန်များကိုပါ ထည့်သွင်းစဉ်းစားပါသည်။ ပါမောက္ခချုပ်များ ပါဝင်ဖွဲ့စည်းမှု ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်ကို ပါမောက္ခချုပ်မှ ဦးဆောင်ကွပ်ကဲပြီး စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဟူ၍ ဖွဲ့စည်းထားသည်။ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ဘာသာရပ်အလိုက် စီမံခန့်ခြွမှုဆိုင်ရာ ဌာနမှူးများသည် အဖွဲ့ဝင်များဖြစ်သည်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် သင်ကြားရေးဌာန (၄)ခုရှိသည်။ ၎င်းတို့မှာ ပရိုဂရမ်နည်းပညာဌာန (Department of Software Technology) စက်နည်းပညာဌာန (Department of Hardware Technology) သုတသိပ္ပံဌာန (Department of Information Science) တွက်ချက်ရေးသင်္ချာဌာန (Department of Computational Mathematics) တို့ဖြစ်သည်။ ထို့အပြင် အထောက်အကူပြု သင်ကြားရေးဌာန (၃)ခုဖြင့်လည်း ပံ့ပိုးပေးလျက်ရှိသည်။ ၎င်းတို့မှာ မြန်မာစာဌာန အင်္ဂလိပ်စာဌာန ရူပဗေဒဌာန တို့ဖြစ်သည်။ အောက်ပါဌာနများသည် ကွန်ပျူတာအသုံးချမှုသုတေသနတို့နှင့် ဆက်စပ်လျက်ရှိသည်။ အသုံးချဌာန (Department of Application)− သိပ္ပံနယ်ပယ်ဆိုင်ရာတွင် ကွန်ပျူတာအသုံးချမှုနှင့်ပတ်သက်၍ဆောင်ရွက်သည်။ ထို့အပြင် စီးပွားရေးနယ်ပယ်တွင် ကွန်ပျူတာအသုံးချမှုနှင့် ပတ်သက်၍ဆောင်ရွက်သည်။ သုတေသနနှင့် တီထွင်ဖွံ့ဖြိုးရေးဌာန (Department of Research and Development) − ကွန်ပျူတာသိပ္ပံဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံသုတေသနလုပ်ငန်းများကို ဆောင်ရွက်သည်။ စာကြည့်တိုက်ပိုင်းဆိုင်ရာများ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်စာကြည့်တိုက်တွင် စာအုပ်ပေါင်းတစ်သောင်းကျော်ထားရှိသည်။ နိုင်ငံတကာမှ ထုတ်ဝေသော စာနယ်ဇင်းများလည်းရှိသည်။ ကွန်ပျူတာတက္ကသိုလ်များတွင် ခေတ်မီစာအုပ်စာတမ်းများ ပြည့်စုံသောစာကြည့်တိုက်များ ထားရှိပေးနိုင်ရန် စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိသည်။ စီမံချက်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာဂျာနယ်များ၊ စာအုပ်များအား အချိန်နှင့် တစ်ပြေးညီ ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့အပြင် ပါရဂူဘွဲ့သင်တန်းသားများနှင့် မဟာဘွဲ့သင်တန်းသားများအတွက် ဘာသာရပ်ဆိုင်ရာမှီငြမ်းပြုစုရန် အချက်အလက်များကို အင်တာနက်မှရှာဖွေပေးခြင်းများပြုလုပ်ပေးလျက်ရှိ သည်။ ထိုကဲ့သို့ ဘာသာရပ်ဆိုင်ရာအချက်အလက်များကို အင်တာနက်မှပိုမိုရှာဖွေပေးနိုင်ရန် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် အင်တာနက်တပ်ဆင်ထားရှိ ဆောင်ရွက်လျက်ရှိသည်။ ဘာသာရပ်ဆိုင်ရာမှီငြမ်းပြုအချက်အလက်များကို ခေတ်မီနည်းစနစ်များဖြင့် ထားရှိခြင်းဖြစ်သော Digital Library ထူထောင်ခြင်းလုပ်ငန်းကိုလည်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ စီမံဆောင်ရွက်လျက်ရှိသည်။ Digital Library နှင့် အင်တာနက်တို့ကို အသုံးပြုခြင်းအားဖြင့် သုတေသနလုပ်ငန်းများအတွက် လိုအပ်သော မှီငြမ်းအချက်အလက်များကို လွယ်လင့်တကူ ရှာဖွေ အသုံးပြုနိုင်မည်ဖြစ်သည်။ ကွန်ပျူတာဆိုင်ရာများ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် ပညာရေးလိုအပ်ချက်များနှင့် သုတေသနလုပ်ငန်းများအတွက် ကွန်ပျူတာပိုင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန် ကွန်ပျူတာများစွာကိုထားရှိ သည်။ IBMကွန်ပျူတာများနှင့် Alpha server (Digital) နှင့် IBM မီနီကွန်ပျူတာ AS/400 တို့ကဲ့သို့သော အဆင့်မြင့် ကွန်ပျူတာကွန်ယက် (၂)ခုလည်းရှိသည်။ ထို့အပြင် Fibre Optic လိုင်းနှင့် အင်တာနက်အသုံးပြုခွင့်ရရှိနေပြီဖြစ်သည်။ ကိုးကားကျမ်း ရန်ကုန်မြို့ ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့်ကောလိပ်များ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မြန်မာနိုင်ငံရှိ ကွန်ပျူတာတက္ကသိုလ်များ မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
ရက်ကန်းစင်တောင်ဆရာတော်
ရက်ကန်းစင်တောင် ဆရာတော်(ဦးဩဘာသ) ရက်ကန်းစင်တောင် ဆရာတော် အလောင်းအလျာကို မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မြေပုံကံရွာဇာတိ ခမည်းတော် ဦးရာကျော်+မယ်တော် ဒေါ်ငွေတို့က ကောဇာသက္ကရာဇ် ၁၁၉၉-ခုနှစ် (ငှက်စားရွာ ဒေါ်လှဝိုင်း ပြောပြချက်အရ)၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်နာမည် မောင်ကွန်း ဖြစ်သည်။ ဒုတိယသမီးမှာ မလှဝင်းဖြစ်ပြီး ရေနံသာရွာတွင် နေထိုင်ကာ ကွယ်လွန်သွားခဲ့သည်။ ငယ်ဘဝ ကျောင်းနေအရွယ်သို့ ရောက်သောအခါ ရှမ်းမြောက်ရိုးဆရာတော်ဘုရား ထံအပ်နှံလျက် ပညာသင်ကြားစေရာ သင်ရိုးစာပေတို့ကို အရွယ်နှင့်မလိုက်အောင် ကြားမြင်ကာမျှဖြင့် တတ်မြောက်ခဲ့သည်။ ရှမ်းမြောက်ရိုးဆရာတော်သည် သင်ကြားဆုံးမရာ အများကျောင်းသားတို့ထက် ပညာလွန်ကဲမှု၊ ဆရာသမား၏ ဝတ္တရားတို့ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းတို့ကြောင့် မောင်ကွန်းကို အထူးဂရုပြု သင်ကြားပြသကြောင်း သိရသည်။ ကျောင်းသားဘဝမှ သာမဏေဘောင်သို့ တက်ရောက်ပြီး လောကီဗေဒင်၊ ဆေးကျမ်းနှင့် အခြားလောကီပညာရပ်တို့ကို သင်ကြားလေသည်။ ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%80%E1%80%BA%E1%80%80%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%84%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ (ရခိုင်အရေးအသားများဖြစ်၍ မြန်မာလို စီလျော်အောင် ပြင်ပေးစေခြင်သည်။) ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟူ၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ကျင်အဓိပ္ပာယ် "ကျင်" ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရေးဖွဲ့ကြတတ်သည်ကို တွေ့ရသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူ ရေးဖွဲ့ထားသည်။ ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။ လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်းကောင်း မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိ်ုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါးများကိုရွီးသားခရာ- “ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်းဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြီသို့ကျအောင် ကစပ်ရသော နည်းအတတ်ပညာ” ဟူ၍ ယှင်းပြထားသည်။ တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်) (၁၉၇၆) စာအုပ်၌ကား “ကျင်ဟူသည်မှာ ကျားလျှင်မှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ကျားသည် သားကောင်ကိုဖမ်းသည့်အခါ လျင်မြန်သည့်အဟုန်ဖြင့် ဖမ်းအောင်းရသကဲ့သို့ ဖြတ်လတ်လျင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာသည်” ဟုဆိုထားသည်။ သဇင်နွယ် (မန္တလေးတက်ကသိုလ်) ၏ လက်နှှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနှင့် ပညာကိုအသုံးချကိုင်ရသည့် အားကစပ်နည်းဖြစ်သည့် “ကျားအင်” လို့ခေါ်ရာမှ “ကျင်” ဖြစ်လာကြောင်းဆိုထားပြန်သည်။ ရမ္မာဝတီပညာစာရနှင့် လှအောင်ရွှေရို့ရွီးသားသည့် “ရမ္မာဝတီတေးကဗျာများစာအုပ်” (၁၉၉၀) တွင်းလည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွိရပြီး ထိုကဗျာများထဲတွင် ကျင်ဝေါဟာရနှင့်ပတ်သက်၍ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စသည်ဖြင့် အမျိုးမျိုးအသံထွက်ကာ ဖွဲ့ဆိုရွီးသားထားသည်ကို တွိရသည်။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် - “ရွာဘုံကေရာ သောင်းလဲ၊ များဘုံဆင်ကေ၊ ရွာတွင်လူများ၊ ကျအင်တိုက်တေ ထိုပွဲလယ်မှာ၊ မျှောကာကြည့်ကေ၊ ဝမ်းနည်းနည်းနှင့်” ဟူ၍ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားသည်ကို တွိရသည်။ မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနှင့် ပတ်သက်၍ “ထမရာဖွဲ့” ၌ - “ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်သောင်းသဲ၊ ကတူပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကျင်ခြင်းသင်၍၊ ကာကောင်းခြင်းနှင့်၊ သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး။ ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး။ စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူ၍ တွိရသည်။ မဇ္ဈိမဒေသအရေးတော်ပုံကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း - “ရခိုင်သားရို့သည် ဗဒုံမင်း၏ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရသည်။ ၎င်းရို့မှာ အမရပူရနီပြည်တော်တွင်ကျင်းပသော ပွဲလမ်းသဘင်များတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင်စသော ဖြေဖျော်မှုများ လားရောက်ဆောင်ရွက်ရ၏။” ရခိုင်ရာဇဝင်သစ်ကျမ်း (ဒုတွဲ)(စာ ၂၉၆) (ရခိုင်သားကြီးစာပီထုတ်) တွင်လည်း - “ဒါးပိုင်ကြီးကျော်ပုံလည်း လေးတောင်စားလျှောက်ထားသည်ကိုသိလီလျှင် လျှောက်ထားရာသလောဟု အချက်ဝင်၍ လက်ဝှေ့ကျေးယင်ပွဲဆင်၍ သဘင်ပြုကြရာတွင် အကျူးအလွန်ပြုသည်ဟု လေးတောင်စားခေါ်မဲလွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံသည် သတ်လီ၏။” ဟူ၍လည်းတွိရသည်။ ကျင်နှင့်ပတ်သက်၍ စကားပုံ၊ ဥပမာတချို့လည်းဟိသည်။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန်အို ကြက်နှင်မရ” “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စသည်ဖြင့်ဖြစ်သည်။ မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား - ကျင် (ကြိ) ။ မြီကြီးနှင့်ရောနီသော ရွှေမှုန့်၊ ငွေမှုန့်များကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူသည်။ ကျင် (ကြိ) ။ တတ်မြောက်လိမ်မာသည်။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်သည်၊ ထွတ်တင်မော်ကွန်းထား၏တည်း” ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနှင့်တဦး၊ အနိုင်အယှုံးလုံးသတ်သည်။ တောင်ကျော်ကိုင်သည်၊ နပန်းလုံးသည် - ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ ကျင်ဝေါဟာရအဓိပ္ပာယ်ကို နိဂုံးကောက်ချက်ချပါက ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟူ၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ကျင်သမိုင်းကြောင်း ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ဝါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။ ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူ၍ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။ ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် - “ရှိရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသီသတ်ခသော ကျင်သမားဟုဟိသည်။ ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခသည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခသည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခသည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။” ဟူ၍ သုံးသပ်ပြထားသည်။ ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃ လုံးလှီလှော်သံ” ကိုစပ်ဆိုခသည်။ ယင်းလှီလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားသည်။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ - “ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။” ဟူ၍ ရွီးထားသည်။ ၎င်းလှီလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခသည်။ “ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃) “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်သည်။ မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားဟိပြီးဖြစ်သည်။ အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” ၌ တွိရသည်။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ကနိထိ တွိမြင်နိုင်သည်။ ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစပ်နည်းအတတ်ပညာသည် ရှိခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျပြောနိုင်သည်။ ရှိရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်သည်။ တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများသည် ရခိုင်ရို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်သည်။ ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ - “ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်” ဟူ၍ စပ်ဆိုထားသည်။ ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရွီးသားထားသည်။ ယခုထိကျင်သန်များအား “ပန်းဆု”ဟူ၍ူ ချီးမြှင့်သည်ကို တချို့နီရာများ၌ တွိရသိမ့်သည်။ ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခကတ်သည်ဟုဆိုသည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်သည်။ ကျင်တခေတ်ဆန်းသစ်လာသော ကနိကာလ၌ ကားကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုများကျည်း ချီးမြှင့်ကျင်းပလာလတ်သည်။ ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံနှင့် အကျိုးသက်ရောက်ပုံ (က) နက်နဲပုံ၊ စနစ်ကျပုံ (၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။ (၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။ (၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမဟိ။ (၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။ (၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။ (၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန်သည်လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ပဲ အခံကျင်သန်၏ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။ (၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။ (၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။ (ခ) ကျင်ပညာ၏အကျိုးသက်ရောက်ပုံ ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။ ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည်ု့စိတ်ကို ရဟိစီသည်။ တက်ကြွမှုအားမာန်ကို ရစီသည်။ ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။ ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။ မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။ ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီသည်။ ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။ လူ့ဘောင်ဝန်းကျင်နှင့် ေပေါင်သင်းဆက်ဆံရေးကိုတိုးတက်စီသည်။ အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစီသည်။ သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဖြစ်သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိ်မ်းရမည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။ ကျင်သန်များနှင့် ကျင်အတန်းအစားခွဲခြားပုံ (က) ကျင်သန်အတန်းအစားခွဲခြားပုံ (၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကိုပေါင်းရုံး၍ ကျင်သန်ဟုခေါ်သည်။ (၂) ကျင်သန်ချေ။ ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုသော သူလူငယ်များ၊ ငွေမောင်းတန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်များကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်သည်။ (၃) ကျင်သန်ကြီး။ ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲများစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန်ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီးဟု ခေါ်သည်။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရကျင်သန်ကြီးများကို ခေါ်သည်။ (၄) ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုသည်မှာ ကျင်လောက၏ အထွတ်အထိတ်ဂုဏ်ပုဒ်ပင်ဖြစ်သည်။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်မြားစွာရဟိထားပြီး၊ ပရိသတ်ကြိုက်နှစ်သက်သော ကျင်သန်ကြီး၊ အင်အားနှင့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစားချီးကျူးထိုက်သော ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ်သည်။ အဆင့်မြင့်ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်များဖြစ်သည်။ (ခ) ကျင်အတန်းအစားခွဲခြားပုံ (၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပသည်။ ရွှေမောင်းတန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်သည်။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်သည်။ ငွေမောင်းတန်း၌ ပွဲမြောက်မြားစွာကိုင်ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်းပြည့်စုံသူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်၍တိုက်တတ်သည်။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း၌ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင်ကိုင်နိုင်ခွင့်ဟိသည်။ (၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ ကနိ ရခိုင်ပြည်၏ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နှင့်အညီတိုးတက်အောင် တီထွင်ကြံဆကျင်းပလာပြီးဖြစ်သည်။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင်အတန်းအစားများကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာသည်။ သက်ကြီးတန်း (ကျင်အိုတန်း) အကြီးတန်း (ပထမတန်း) အလတ်တန်း (ဒုတိယတန်း) အငယ်တန်း (တတိယတန်း) တန်းသစ် မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်များ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်များ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီများအကြိုက် ကျန်သန်များကိုလည်း (မောင်းမရပဲ ယှုံးလားရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူ၍လည်း စီစဉ်ကျင်းပပီးတတ်သည်။ ကျင်ကိုင်ပုံ အခြေခံသဘော မိတ်ဆက် (က) ကျင်ကိုင်ပုံ ယျေဘုယသဘော ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းဆိုသည်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရမည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်သည်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွီးချယ်ပီးရသည်။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရသည်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး ကျင်ခံပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်သည်။ ဖမ်းလှည့်ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်ခံပီးရသည်။ အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးခံရသည်။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်သည်။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်သည်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိသည်။ ပြန်လည်ပစ်ချခွင့်ဟိသည်။ (ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌ ကျင်တိုက်ရသည်။ “ကျင်တည်း” များကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပီးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပီးရသည်။ ကျင်သန်နှစ်ဦးစလုံးရောက်ဟိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရသည်။ တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပီးရသည်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရွီအတွက်အပေါ်မူတည်၍ ကျင်တည်းများကို တတည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်သည်။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်သည်။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူ၍ သီးသန့်ထားပီးသည်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပီးရသည်။ ကျင်တတည်း၏အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်များ၏အဆုံးအဖြတ်ဖြင ့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင်တင်ပြနိုင်သည်။ ကျင်ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်သည်။ (ဂ) ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့် ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်၍ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ်ထပ်ဖမ်းရသည်။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်၍ အခံသားမြီပေါ်မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်သည်။ နှစ်ခေါက်ရာ ခြီတင်ပစ်ခွင့်ဟိပြီး အခံသားက ပြန်ဖမ်းရမည်ဖြစ်သည်။ ကျင်တည်းတတည်း၏အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင်ဖော်ပြထားသည်။ ဥပမာ။ စဉ်....... မောင်ဖြူ........... မောင်နီ............ ကျသူ................... အနိုင်ရသူ (က) …….....အဖမ်း ...............အခံ ................မောင်နီကျ............. မောင်ဖြူနိုင် ..........အခံ ..................အဖမ်း .............မောင်နီကျ.............. (ခ) .….... အဖမ်း ..............အခံ ...............မောင်ဖြူကျ............. မောင်နီနိုင် ..........အခံ .................အဖမ်း .............မောင်ဖြူကျ (ဂ) .…....အဖမ်း ..............အခံ................ မောင်နီကျ................. မောင်ဖြူနိုင် ........အခံ................ အဖမ်း................ မောင်နီဖမ်းမရ (ဃ) ……....အဖမ်း ............အခံ ..................မောင်နီကျ ..........အခံ ...............အဖမ်း ................မောင်ဖြူကျ ..........အဖမ်း ............အခံ ...................မောင်ဖြူကျ .........အခံ ................အဖမ်း ................မောင်နီကျ .........အဖမ်း .............အခံ ...................မောင်ဖြူဖမ်းမရ ..........အခံ ...............အဖမ်း .................မောင်နီဖမ်းမရ အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်၍ “အသစ်တဖန် မျောက်ပန်းလှန်ပီး၍ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရသည်။ ကျသူကို အယှုံးပီးရသည်။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်၍ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ်နိုင်သည်။ ကျင်ပွဲကျင်းပရေးကော်မတီများ ကျင်ပွဲကျင်းပရေးကော်မတီအသီးသီးသည် မိမိရို့၏လုပ်ငန်းတာဝန်ဝတ္တရားများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနီ၍ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရသည်။ ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီများမှာ -- ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ကျင်ဒိုင်အဖွဲ့ ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့) ပြန်ကြားရေးအဖွဲ့ ကျင်ဇေပြား ရောင်းချရေးအဖွဲ့ ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရေးအဖွဲ့ ကြိုဆိုနီရာချထားရေးအဖွဲ့ ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရေးအဖွဲ့ ကျင်ပွဲအခမ်းအနားပျင်ဆင်ရေးအဖွဲ့ ကျင်သန်များဆုခံစဉ် လိုက်ပါကူညီရေးအဖွဲ့ လျှပ်စစ်မီးတပ်ဆင်ရေးအဖွဲ့ စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့…. စသည်ဖြင့်ဖြစ်သည်။ (ခ) ကျင်ဒိုင်အဖွဲ့၏တာဝန်နှင့် ကျင့်ဝတ္တရားများ ၁။ တာဝန်များ ကျင်ဒိုင်များသည် မိမိနှင့်သက်ဆိုင်ရာကျင်တည်းများကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။ အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်များကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ်ထည်အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်များကို ချက်ချင်းလှီးဖြတ် စေရမည်။ ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။ ကျင်သန်နှစ်ဦးကို ဒေါသမပါဘဲ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနှင့်အညီ ကျင်ကိုင်စေရမည်။ ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစဉ်ဆုံးဖြတ်ပေးရမည်။ ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးသည် မိမိတို့ နှင့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြေမပြတ် စိစပ်သေချာစောင့်ကြည့်နိုင်ရမည်။ ထိုင်မနေရ။ တနေရာတည်း၌ ရပ်မနေရ။ ကျင်းတည်းနှင့်အတူ လိုက်ပါလှုပ်လျှားနေရသည်။ ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပေးရမည်၊ တွန်းပစ်ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်သည်။ ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနေရာ၌သာ ကျင်ကိုင်နိုင်စေရန်နှင့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စေရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။ ကျင်တလင်းသည် စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦး လဲကျလာပါက အရှုံး၊ အနိုင်၊ မပေးပဲ ပြန်ကိုင်စေရမည်။ ကျင်သန်တဦးဦး ကျင်ကိုင်၍ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပေးသင့်က ပေးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပေးရ။ ကျင်သန်တဦးဦး ကျင်ကိုင်နေစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့်သည်ထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။ ကျင်ဒိုင်သည် ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြပေးရမည်။ ကျင်တွဲများကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမများစေရ။ ကျင်ကွင်း၌ ကျင်တည်းမပြတ်စေရန်လည်း ဂရုစိုက်ရမည်။ ကျင်သန်များ ကျင်ကွင်းပြလိုက စီစဉ်ပေးရမည်။ ကျင်သန်များသည် ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ရှိနေရမည်။ ၂။ ကျင်ဝတ္တရားများ ကျင်ဒိုင်များသည် ကျင်တည်းတတည်း၏အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ်ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။ ကျင်သန်များ ကျင်ကိုင်နီစဉ်ဖြစ်စီ။ အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံပီးခြင်း လုံးဝမလုပ်သင့်။ ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းများ လုံးဝမလုပ်သင့်။ အဖမ်းကျင်သန်က အခံကျင်သန်၏ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်းတားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။ ကျင်ဒိုင်များသည် ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင်သိထားရမည်။ ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။ ကျင်စည်းကမ်းများကို ပြည့်ပြည့်စုံစုံသိထားရမည်။ ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။ ကျင်သန်များနှင့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။ လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။ ကျင်ဒိုင်များ ဆီးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း လုံးဝယှောင်ကြည်ရမည်။ ကျင်ဒိုင်များ သက်လုံကောင်စီရန် လေ့ကျင့်ခန်းများလုပ်သင့်သည်။ ကျင်သန်းများအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။ ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူများနှင့်ဖြစ်စီ စကားပြောမနီသင့်။ ကျင်ဒိုင်ဝတ်စုံစနစ်တကျ၍ ဝတ်ဆင်ကြီးကြပ်သင့်သည်။ ကျင်ပွဲကျင်းပခြင်း ကျင်ပွဲကို ကွင်းအဖွင့်ရတုဆို၍ မင်္ဂလာစည်တော်များတီးခတ်ကာဖွင့်လှစ်သည်။ ကျင်းကွင်းကို နံ့သာရည်များပက်ဖြန်းရသည်။ ကျင်တည်း (ကျင်တွဲ) များကို စမတင်မှီ မင်္ဂလာကျင်တည်းများကို စ၍တိုက်လေ့ဟိသည်။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရသည်။ ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်များ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြရသည်။ ကျင်ကိုင်၍ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ်သည်။ နှစ်တည်းနိုင်ပါက လေးခေါက်နိုင်။ သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင်စသည်ဖြင့် မောင်းလုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရသည်။ ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရသည်။ ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရသည်။ ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရေးကျင်ကိုင်ရသည်။ ကျင်သန်များကျင်နိုင်သည့်အခါ ကျင်ကွင်းပြရသည်။ ကျင်သန်များ နောက်ဆုံးဗိုလ်ဆွဲမောင်းရသည့်အခါလည်း ကွင်းထဲပတ်၍ ကျင်ကွင်းပြ၍ ကျင်ပွဲကြည့်ပရိသတ်များသည် ကျင်ဇေပြားများဝယ်ယူပြီး ကျင်သန်များဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရသည်။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်သည်။ ကျင်သန်များက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားများကို ကျင်ဇေပြားဖိုး ဆုငွေပြန်ပီးချေရေးအဖွဲ့ထံ၌ ဇေပြားနှင့်ငွေ ဖလှှယ်ယူရသည်။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်များထံမှတင်ပြလာသည့် ကျင်သန်များနှင့်ပတ်သက်သည့် တင်ပြချက်များကို ဆုံးဖြတ်ပီးရသည်။ ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်များကို စတင်တိုက်ရပြီး ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်များကို ပွဲတော်နောက်ဆုံးရက်များ၌ရာ တိုက်လေ့ဟိသည်။ ကျင်တည်းများကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲများ၌ ကျင်သန်ဦးရေနည်းသော ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးများကို ပရိသတ်က အားရပါးရကြည့်ရှုနိုင်စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပသည်လည်းဟိသည်။ ကျင်ကွင်းနည်းများ ကျင်သန်များသည် ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားသော ရွှေ၊ ငွေ ဆုတံဆိပ်များကို လိုင်တွင်ဆွဲ၍ ကျင်ကွင်းပြရသည်။ ရှိဦးစွာ မိမိ၏ကျင်ကွင်းနည်းပြဆရာများကို ကန်တော့ရသည်။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရသည်။ နောက်ပရိသတ်ဘက်သို့လှည့်၍ ဂါရဝပြုရသည်။ ပြီးမှ ကွင်းတပတ မြန်မာနိုင်ငံရှိ ပွဲတော်များ ရခိုင်ရိုးရာဓလေ့ မြန်မာ့ ဓလေ့ထုံးစံ ရခိုင်ပြည်နယ်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%20%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2
ရတနာပုံ (သရုပ်ဆောင်)
ရတနာပုံ သည် မြန်မာ အမျိုးသမီး သရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦး ဖြစ်သည်။ အနုပညာလောကထဲသို့ ၂၀၀၀−ပြည့်နှစ်တွင် စတင် ဝင်ရောက်ခဲ့သည်။ ပညာရေးမှာ ဥပဒေဘွဲ့ ရရှိထားသူဖြစ်သည်။ မော်ဒယ်လ်လောကမှ ကူးလာသူဖြစ်ပြီး မျက်နှာဖုံးရှင်များအဖြစ် မကြာခဏ ရွေးချယ်ခံရသူ ဖြစ်သည်။ တစ္ဆေလိုက်သူများ ဇာတ်ကားတွင် ပရိသတ် ပိုစိတ်ကြိုက်တွေ့စေခဲ့သည်။ ထူးခြားဇာတ်လမ်းများကို သရုပ်ဆောင်ရန် ပိုစိတ်ဝင်စားပြီး ဒါရိုက်တာ မောင်မျိုးမင်း တင်တဲ့ မင်းသမီးဟု ပြောကြသည်။ ကိုးကား မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%20%28%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%29
စဝ်သုစန္ဒီ
စဝ်သုစန္ဒီ (; ၂၃ ဖေဖော်ဝါရီ ၁၉၃၂ – ၅ ဖေဖော်ဝါရီ ၂၀၂၃) သည် ဩစတြီးယားလူမျိုးတစ်ဦးဖြစ်ပြီး ရှမ်းပြည်၊ သီပေါနယ်၏ နောက်ဆုံးစော်ဘွားဖြစ်သူ စဝ်ကြာဆိုင်၏ ဇနီး မဟာဒေဝီဖြစ်သည်။ အငြိမ်းစား အထက်တန်း ဆရာမတစ်ဦးဖြစ်ပြီး Burma lifeline အမည်ရှိ လူမှုရေးအဖွဲ့အစည်း တည်ထောင်သူဖြစ်သည်။ ငယ်ဘဝ ၁၉၃၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ဩစတြီးယားနိုင်ငံ၊ Kärntenဒေသတွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ Inge Eberhard ဖြစ်သည်။ ဩစတြီးယားနိုင်ငံသူ ကာသိုလစ်ဘာသာဝင်ဖြစ်ပြီး ယခုအခါ ဗုဒ္ဓသာသာကိုးကွယ်လျက်ရှိသည်။ ၆နှစ်သမီး အရွယ်တွင် နာဇီကျူးကျော်မှုကို ကြုံတွေ့ခဲ့ရပြီး၊ သူမ၏ အမေကိုယ်တိုင် နာဇီများ၏ ဖမ်းဆီးမှုကို သုံးကြိမ်ခံခဲ့ရဖူးသည်။ ပညာတော်သင်ကျောင်းသူ ဒုတိယကမ္ဘာစစ်အပြီး ဩစတြီးယားနိုင်ငံမှာ များစွာ ခက်ခဲဆင်းရဲ လာသောကြောင့် အမေရိကန်တွင် ပညာဆက်လက် သင်ယူရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၁ခုနှစ်တွင် Fulbright Scholarship ပညာသင်ဆုရရှိသူ ပထမဆုံးသော ဩစတြီးယားလူမျိုး ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံ ကော်လိုရာဒို၊ အမျိုးသမီး ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။ နိုင်ငံခြားသူမဟာဒေဝီ ကော်လိုရာဒိုတွင် ပညာဆည်းပူးနေစဉ် Colorado school of Mining မှ မိုင်းတွင်းအင်ဂျင်နီယာ ကျောင်းသား သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ဖူးစာဆုံခဲ့ကြသည်။ ၁၉၅၃-ခုနှစ်တွင် ကော်လိုရာဒိုရှိ သူငယ်ချင်းတစ်ဦးအိမ်တွင်ပင် လက်ထပ်ခဲ့ကြသည်။ စဝ်ကြာဆိုင် ဘွဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာ ခဲ့ကြရာ ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်စဉ် လာရောက်ကြိုဆိုသူများကို မြင်တွေ့မှသာ ခင်ပွန်းဖြစ်သူက သီပေါစော်ဘွားဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ သီပေါသို့ ရောက်ရှိပြီး လအတန်ကြာတွင် တရားဝင်ရိုးရာ လက်ထပ်အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဗေဒင်နက္ခတ်အရ မဟာဒေဝီ စဝ်သုစန္ဒီဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။ စဝ်သုစန္ဒီသည် အချိန်အနည်းငယ်အတွင်း ဗမာ၊ ရှမ်း ဘာသာစကားများကို သင်ယူ တတ်မြောက်လာခဲ့ပြီး မိမိကိုယ်ကို ရှမ်းလူမျိုး တစ်ဦးအဖြစ် စတင်ခံယူလာခဲ့သည်သာကမ၊ သီပေါဒေသခံများကလည်း သူမအား ရှမ်းလူမျိုး မဟာဒေဝီ တစ်ဦးအဖြစ် လက်ခံလာကြသည်။ ထို့အပြင် စဝ်သုဒေဝီသည် ခင်ပွန်းဖြစ်သူနှင့် တွဲဖက်ကာ သီပေါဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး သားဖွားဆေးခန်းနှင့် ဗမာ၊ အင်္ဂလိပ်၊ ရှမ်း ဘာသာသုံးမျိုးဖြင့် သင်ကြားသော စာသင်ကျောင်း ကိုတည်ထောင်ရင်း ကိုယ်တိုင် လုပ်အားပေးခဲ့သည်။ မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ တပ်မတော် အာဏာသိမ်းချိန်တွင် သီပေါပြည်နယ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင် နေသော စဝ်ကြာဆိုင် ဖမ်းဆီးခံရပြီး၊ ထောင်တွင်းတွင် အခြားသော ရှမ်းခေါင်းဆောင်များနှင့်အတူ ကွပ်မျက်ခံခဲ့ရသည်။ ထို့အပြင် စဝ်သုစန္ဒီအား အမေရိကန် ထောက်လှမ်းရေးအဖြစ် စွပ်စွဲကာ သမီးနှစ်ဦးနှင့်အတူ အကျယ်ချုပ် ၂နှစ်ခန့်ချထားခဲ့သည်။ နောက်ဆုံးတွင် ဩစတြီးယားနိုင်ငံသို့ ပြန်လိုက ပြန်နိုင်ခွင့် ရရှိခဲ့သော်လည်း ဩစတြီးယား နိုင်ငံသား မဟုတ်သော သမီးနှစ်ဦးကြောင့် များစွာအခက်ကြုံခဲ့ရပြန်သည်။ သို့သော် ဩစတြီးယားသံအမတ်ကြီး၏ အကူအညီဖြင့် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ဒုတိယဘဝ ၁၉၆၄-ခုတွင် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက် ခဲ့ပြီးနောက် မိဘများနှင့်အတူ ဩစတြီးယား နိုင်ငံတွင် ၂-နှစ်ကြာ နေထိုင်ခဲ့ပြီး၊ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်သို့ ဘဝသစ် စတင်ရန် ပြောင်းရွှေ့လာခဲ့သည်။ ကျောင်းဆရာ အသိအမှတ်ပြု လက်မှတ် ရယူနိုင်ခဲ့ပြီးနောက် Boulder junior အထက်တန်းကျောင်း နှင့် Fairview အထက်တန်း ကျောင်းများတွင် ဂျာမန်ဘာသာသင် ဆရာမအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ ၁၉၆၈-ခုနှစ်တွင် Boulder မြို့သား Tad Sargent နှင့် ဒုတိယအိမ်ထောင် ထူထောင်ခဲ့ပြီး အသက်၆၅-နှစ်အရွယ်၊ ၁၉၉၃-ခုတွင် အငြိမ်းစား ယူခဲ့သည်။ လူမှုရေးလုပ်ငန်းများနှင့်ဆုတံဆိပ် ၁၉၉၅တွင် မြန်မာပြည်မှ ဒုက္ခသည်များအားကူညီရန် Burma Lifeline အဖွဲ့ကို ဒုတိယခင်ပွန်းဖြစ်သူ Tadနှင့်အတူ ဖွဲ့စည်းထူထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ရှမ်းပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအား စတင်ကူညီခဲ့သည်။ မြန်မာပြည်မှ တိုင်းရင်းသား ဒုက္ခသည်များနှင့် နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီ ထောက်ပံ့ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ကုလသမဂ္ဂမှ ပေးအပ်သည့် United Nations Association International Human Rights ဆုကိုရရှိခဲ့သည်။ ၂၀၀၈ခုနှစ်မှ အစပြု၍ ရှမ်းပြည်နယ် တိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိသော လူငယ်များအတွက် စဝ်သုစန္ဒီဆု၊ ဒေါ်လာ(၃၀၀၀)စတင် ချီးမြှင့်ခဲ့သည်။ သုစန္ဒီဆုအား ၁၉၉၈ မှ စတင်ချီးမြှင့်လာခဲ့ရာ ယခုအခါ ၄ကြိမ် မြောက် ရှိပြီဖြစ်သည်။ ရေးသားခဲ့သောစာအုပ်နှင့်အခြားမီဒီယာများ သူမ၏ မဟာဒေဝီဘဝ နေ့ရက်များကို Twilight over Burma: My Life as a Shan Princess (မှုန်ရီဆိုင်း တိုင်းမြန်မာ) အမည်ဖြင့် ၁၉၉၄-ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့ပြီး၊ ရရှိသမျှအမြတ်ငွေများကို မြန်မာပြည် နယ်စပ်ဒုက္ခသည်များထံ လှူဒါန်းခဲ့သည်။ ၂၀၀၀- ပြည့်နှစ်တွင် The Last Mahadevi အမည်ရှိ မှတ်တမ်းရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည်။ ပြင်ပလင့်ခ်များ http://www.burmalifeline.org/ ကိုးကား Freedom hero: Inge Sargent by Jennifer black Princess with purpose: Local teacher reveals her royal past by Janna Grabber Twilight over Burma: My life as a Shan princess. Sargent, Inge.1994. ISBN 0-8248-1628-5 မြန်မာ အမျိုးသမီး စာရေးဆရာများ မြန်မာ စာရေးဆရာများ ၁၉၃၂ မွေးဖွားသူများ ၂၀၂၃ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%9D%E1%80%BA%E1%80%9E%E1%80%AF%E1%80%85%E1%80%94%E1%80%B9%E1%80%92%E1%80%AE
ရာဇဝတ်မှု
ရာဇဝတ်မှုဆိုသည်မှာ နိုင်ငံတစ်ခုခုတွင် ပြဋ္ဌာန်းထားသော တရားဥပဒေနှင့် ဆန့်ကျင်သော အမူကို ကျူးလွန်ခြင်းဖြစ်၍၊ ထိုကဲ့သို့ ကျူးလွန်သူသည် တရားဥပဒေအရ အပြစ်ဒဏ်စီရင် ခြင်းကို ခံရသည်။ အိမ်ကို ဖောက်ထွင်း၍ ပစ္စည်းခိုးယူခြင်း၊ တစ်စုံတစ်ယောက်ထံမှ ပစ္စည်းကို လုယူခြင်း၊ လက်မှတ်လိမ် ဖြင့် ငွေထုတ်ယူခြင်း၊ သူတစ်ပါးပိုင် ငွေကို အလွဲသုံးစား ပြုခြင်း၊ လူကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ ညှဉ်းဆဲခြင်း အစ ရှိသော ကျူးလွန်မှုတို့သည် ရာဇဝတ်မှုများ ဖြစ်ကြသည်။ လူသတ်မှု၊ နိုင်ငံကို သစ္စာဖောက်မှု စသည်တို့သည် အလွန်ကြီး လေးသော ရာဇဝတ်မှုများ ဖြစ်ကြသည်။ ထိုကဲ့သို့ ကြီးလေး သော ရာဇဝတ်မှုမျိုးကို သေဒဏ်စီရင်နိုင်သည်။ သို့ရာတွင် နိုင်ငံတစ်ခု၌ ရာဇဝတ်မှုဟူ၍ ယူဆသော အမှုတစ်စုံတစ်ခုသည် အခြား နိုင်ငံတစ်ခုတွင် ရာဇဝတ်မှု ဖြစ်ကောင်းမှ ဖြစ်မည်။ ထိုနည်းတူ နိုင်ငံတစ်ခုတွင် ထောင်ဒဏ် အပြစ်ပေးနိုင်သော ရာဇဝတ်မှုဟူ၍ ယူဆသော အမှုတစ်စုံတစ်ခုသည် အခြားနိုင်ငံ တစ်ခုတွင် သေဒဏ်အထိ အပြစ်ပေးနိုင်သော ပြစ်မှု ဖြစ်နိုင် လေသည်။ တစ်နည်းအားဖြင့်ဆိုရသော် တစ်စုံတစ်ယောက်သောသူ သည် အကျိုးတူ လူစုအတွက် အန္တရာယ်ဖြစ်စေမည့် ကျူးလွန်မှု သည် ရာဇဝတ်မှုပင် ဖြစ်သည်။ လူအချင်းချင်းနှင့်သာဆိုင်သော အမှုကိုမူ တရားမမှုဟု ခေါ်သည်။ ပမာအားဖြင့် ကြွေးမြီကိစ္စ၊ အမွေကိစ္စတို့သည် တရားမမှုများဖြစ်၍ တရားရုံးအနေဖြင့် နှစ်ဦးနှစ်ဘက်ကြားတွင် တရားဥပဒေအရ ဖြေရှင်းပေးခြင်း ဖြစ်လေသည်။ အလွန် ရှေးကျသော ခေတ်က ရာဇဝတ်မှုအားလုံးတို့သည် သက်ဆိုင်သူအချင်းချင်းနှင့်သာဆိုင်သော ကိစ္စဟူ၍ ယူဆခဲ့ကြ သည်။ ထိုယူဆချက်အရ လူသတ်မှုကိုပင်လျှင် လူသတ်သမား နှင့် အသတ်ခံရသူဘက်မှ ဆွေမျိုးသားချင်းတို့၏ သီးသန့်ကိစ္စ တစ်ရပ်ဟု အမှတ်ပြုခဲ့သည်။ အသတ်ခံရသူဘက်မှ ဆွေမျိုး သားချင်းတို့သည် မိမိတို့ သဘောအလျောက် လက်စားချေ လိုက လက်စားချေနိုင်သည်။ လျော်ကြေးလက်ခံ၍ ကျေအေး လိုကလည်း ကျေအေးနိုင်သည်။ ထို့နောက် ရာဇဝတ်မှု ဆို သည်မှာ လူ့လောကကို ထိခိုက်စေသော ပြစ်မှုဟူ၍ ယူဆလာ ကြသဖြင့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းခဲ့ကြလေ သည်။ သို့သော်လည်း ရာဇဝတ်မှု ဥပဒေကို ကျူးလွန်သူအား အပြစ်ဒဏ်ပေးရာ၌ လက်စားချေသည်သဘော ပါလျက်ပင် ရှိသေးသည်။ ထို့နောက်တွင်ကား အခြားသူတို့သည် ထိုပြစ်မှု မျိုးကို မကျူးလွန်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရာဇဝတ်မှု ကျူးလွန် သူတို့အား ထိုက်သင့်သော အပြစ်ဒဏ်ကို စီရင်ခဲ့ကြ လေသည်။ ယခုအခါ၌မူကား ရာဇဝတ်မှု ကျူးလွန်သူကို အပြစ်ဒဏ် ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြောင်းလဲလာပြီ ဖြစ်သည်။ ထိုကြောင့် ယခုအခါ ရာဇဝတ်မှု ကျူးလွန်သူတစ်ယောက်ကို အပြစ်ဒဏ် စီရင်ရာ၌ ထိုသူသည် နောင်တွင် ထိုပြစ်မှုမျိုးကို မကျူးလွန်စေရန် ပြုပြင်ပေးသည့်ရည်ရွယ်ချက် ထားရှိလာကြ လေသည်။ သို့ဖြစ်၍ ရာဇဝတ်မှုများကို လေ့လာသူတို့က ရာဇဝတ်မှု ကျူးလွန်သူတို့သည် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သော ပြစ်မှုကို ကျူးလွန်ရကြောင်းကို›င်း၊ နောက် ထပ်ပြစ်မှု မကျူးလွန်စေရန် ထိုသူအား ပြုပြင်ပေးနိုင်မည့် နည်း လမ်းကို›င်း စူးစမ်းရှာဖွေကြလေသည်။ ဤသို့အားဖြင့် ရာဇဝတ်မှု ကျူးလွန်သူတစ်ဦးအား လူကောင်းတစ်ယောက် ဖြစ်လာအောင် ယိုင်းပင်းကူညီကြရလေသည်။ ဆင်းရဲခြင်း၊ နေထိုင်ရာရပ်ကွက် မကောင်းခြင်း၊ ပညာချို့ငဲ့ခြင်းတို့သည် ရာဇဝတ်မှုကို ကျူးလွန်စေသည့် အခြေခံအကြောင်းများပင် ဖြစ် ကြလေသည်။ ရာဇဝတ်မှုကို အကြီး၊ အသေးဟူ၍ ယူဆပုံနှင့် ထို ရာဇဝတ်မှုအတွက် သေဒဏ်ပေးပုံတို့မှာ ခေတ်ကို၎င်း၊ ဒေါသ ကို၎င်း လိုက်၍ ကွဲပြားခြားနားသည်။ ရှေးအခါက ခိုးမှု အတွက် သေဒဏ်ကိုပင် စီရင်လေ့ရှိခဲ့ကြသည်။ ယခုအခါ ၌မူကား တရားရုံးတော်က ရာဇဝတ်ပြစ်မှု တစ်ခုခုအတွက် အပြစ်ဒဏ်စီရင်ရာ၌ အမှုသွား အမှုလာကို၎င်း၊ ပြစ်မှုကျူးလွန် သူ၏ အခြေအနေ စသည်တို့ကို၎င်း ထည့်သွင်း စဉ်းစားကြ လေသည်။ ထို့ကြောင့် မိမိကိုယ်ကို ကာကွယ်ရာတွင် မတော် တဆ လက်လွန်၍ တစ်ဖက်သား သေဆုံးရကြောင်းကို အခိုင် အလုံ တင်ပြနိုင်ပါက လူသတ်မှုမဖြစ်ဘဲ၊ လူသေမှု ဖြစ်လေ သည်။ စိတ်မနှံ့သူ၊ သို့မဟုတ် အရက်မူးနေသူတို့ ရာဇဝတ်မှု တစ်စုံတစ်ခုကို ကျူးလွန်ခဲ့လျှင် တရားရုံးတော်က စီရင်ရာ၌ စိတ်မနှံ့ခြင်း၊ အရက်မူးနေခြင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ရလေသည်။ လူသတ်မှု၊ နိုင်ငံကို သစ္စာဖောက်မှုတို့သည် အလွန်ကြီး လေးသော ရာဇဝတ်မှုများ ဖြစ်သောကြောင့် များသောအားဖြင့် သေဒဏ် စီရင်ကြသည်။ အခြားရာဇဝတ်မှုများအတွက် ထောင် ဒဏ်၊ ငွေဒဏ်၊ ကြိမ်ဒဏ် စသည်တို့ကို ပြဋ္ဌာန်းထားသော တရားဥပဒေအရ စီရင်ဆုံးဖြတ်ကြလေသည်။ ကိုးကား ဥပဒေ ရာဇဝတ်မှု
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%87%E1%80%9D%E1%80%90%E1%80%BA%E1%80%99%E1%80%BE%E1%80%AF
ဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)
Java(ဂျာဗား)အား အကျဉ်းချုပ်အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုလျှင် Object Orientedကို အခြေခံသော ပရိုဂရမ်မင်း ဘာသာရပ်တစ်ခုဖြစ်ပြီး၊ Java ဘာသာရပ်ဖြင့် ရေးသားထားသော ပရိုဂရမ်များကို အလုပ်လုပ်စေနိုင်သည့် ပတ်ဝန်းကျင် ကိုလည်း Java ဟုခေါ်ဆိုလေ့ရှိသည်။ ဤရှင်းလင်းချက်တွင် ပရိုဂရမ်မင်း ဘာသာရပ် တစ်ခုဖြစ်သော Java မှအစပြု၍ ၎င်းနှင့်ပတ်သက်သော နည်းပညာရပ်များ၊ ဒီဇိုင်းရေးသားပုံ၊ ခံယူချက်ဝါဒများနှင့် Java ပရိုဂရမ်များကို အလုပ်လုပ်စေသော Java ပလက်ဖောင်း စသည့် ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး ဖော်ပြသွားမည်ဖြစ်သည်။ အကျဉ်းချုပ် Java သည် ရှိပြီးသား ပရိုဂရမ်မင်း ဘာသာရပ်များ၏ ကောင်းကွက်များကို လက်ခံရယူပြီး၊ အားနည်းချက်များကို ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် ဖြစ်တည်လာခဲ့သော ပရိုဂရမ်မင်းဘာသာရပ် တစ်မျိုးဖြစ်သည်။ Java ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်၏။ Java ကို အသုံးပြုခြင်းအားဖြင့်ပလက်ဖောင်းပေါ်တွင် အမှီပြုခြင်းမရှိသောအသုံးချဆော့ဖ်ဝဲများကို ရေးသားခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်နိုင်၏။ Java ဖြင့် ရေးသားထားသောဆော့ဖ်ဝဲများသည် အသုံးချ ပတ်ဝန်းကျင်တစ်ခု ဖြစ်သော (JVM) အပေါ်တွင် အလုပ်လုပ်နိုင်သည်။ Object Oriented၏ အတွေးအမြင်အပေါ်တွင် အခြေခံ၍ ဒီဇိုင်းရေးသားထားသော ပရိုဂရမ်မင်းဘာသာရပ် တစ်ခုဖြစ်သောကြောင့်၊ ဆော့ဖ်ဝဲများ၏ ရေးသားခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ၏ ခက်ခဲမှုများကို နည်းပါးစေသည်။ Smalltalk နှင့် Objective-Cကဲ့သို့ ရှင်းလင်း၍ လွယ်ကူသောရုပ်ဝတ္တု(Object) မော်ဒယ်ကို အသုံးပြုထားသည်။ စာကြောင်းများ၏ဖွဲ့စည်းပုံမှာ C နှင့် C++ မှ အတော်များများကို ပြန်လည် အသုံးပြုထား၏။ လက်ရှိ Java ၏ နည်းပညာများသည် ကွန်ပျူတာနည်းပညာ၏ အခြေခံအဆင့်များမှ အစပြု၍၊ အဆင့်မြင့်နေရာများအထိ ကျယ်ပြန့်စွာ အသုံးပြု နေသည်ကို တွေ့ရ၏။ လျှပ်စစ်ပစ္စည်းသုံး အသေးစားစစ္စတမ်များနှင့် လက်ဆောင် ကိရိယာများ(လက်ဆောင်ဖုန်း・PHSနှင့်PDA・Smart Phone)အစရှိသော စစ္စတမ်များမှအစ၊ လုပ်ငန်းကြီးများ၏အိုင်တီစစ္စတမ်များကို ပံ့ပိုးပေးနေသော ဆာဗာများနှင့် စူပါ ကွန်ပျူတာများ အထိ အလွန်ကျယ်ပြန့်သော နေရာများတွင် Java ကို အသုံးပြုထားကြသည်။ ရှင်းလင်းချက် ပရိုဂရမ်မင်းဘာသာရပ် Java နှင့် Java ပလက်ဖောင်းအား 1990ခုနှစ်အစပိုင်းတွင် Sun Microsystems တွင် James Gosling အမှူးပြုသော ပညာရှင်များက တီထွင်ရေးသားခဲ့ကြသည်။ လက်ရှိတွင် Java နည်းပညာ၏ အခြေခံပြုခြင်းလုပ်ငန်းများသည် Java Community Process (JCP) ဟုအမည်ရသော အဆင့်များဖြင့် ပြုပြင်ရေးသားနေကြ၏။ Java နှင့် ပတ်သက်သော အမည်နှင့် အဓိပ္ပာယ်မှာ အသုံးပြုပုံ အပေါ်တွင်မှုတည်ပြီး အမျိုးမျိုး ကွဲပြားခြားနား၏။ Sun Microsystemsသည်၊ Java နည်းပညာ(Java နည်းပညာ、Java technology)ဟု ခေါ်ဆိုအသုံးပြုပြီး၊ တဘက်တွင် Java ၏ အမျိုးမျိုးသော နည်းပညာများ၏ အမည်အဖြစ်လည်း Java ဟုခေါ်ဆိုအသုံးပြုလေ့ရှိ၏။ ပရိုဂရမ်မာ အများစုသည်၊ ပရိုဂရမ်မင်းဘာသာရပ် ဟူသော အဓိပ္ပာယ် အဖြစ် Java ကို အသုံးပြုလေ့ရှိ၏။ Java ၏ ပတ်ဝင်းကျင်သည်၊ Java ပလက်ဖောင်း (Java Runtime Environment; JRE) ဟု ခေါ်ဆိုလေ့ရှိ၏။ Java ၏ အခြေခံ ရေးသားနိုင်သော ပတ်ဝင်းကျင်ကိုJava Development Kit (Java Development Kit; JDK) ဟု ခေါ်ဆို၏။ Java သည် ကလပ်စ်ကို အခြေခံသော Object Oriented ပရိုဂရမ်မင်းဘာသာရပ် တစ်ခု ဖြစ်၏။ Java ၏ ပရိုဂရမ်သည်၊ ကလပ်စ်များဖြင့် ဖွဲ့စည်းထားပြီး၊ ပရိုဂရမ်ကို အလုပ်လုပ်စေသောအခါ၊ ထို ကလပ်စ်များကို အခြေခံပြီး ပြုလုပ်ထားသော ရုပ်ဝတ္တု(Object) များက အပြန်အလှန်ဆက်သွယ်ခြင်း အားဖြင့် အလုပ်လုပ်စေသည်။ Java သည် အမွေဆက်ခံခြင်း သဘောတရားကို အသုံးပြုနိုင်ပြီး ကလပ်စ် တစ်ခုမှ အခြားသော ကလပ်စ် ၏ အချက်အလက်နှင့် လုပ်ဆောင်ချက်များကို အမွေဆက်ခံခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်၏။ အမွေဆက်ခံရာတွင် တစ်ခုတည်းမှသာ အမွေဆက်ခံနိုင်မည် ဖြစ်၏။ သို့ရာတွင် ကလပ်စ်(Object)တစ်ခုမှ၊ တစ်ခုထက်မကသောအင်တာဖေစ်(Interface)များကို ပံ့ပိုးပေးနိုင်သည်။ Java တွင်အသုံးပြုသော အချက်အလက်/Object ပုံစံ(Data Type)သည် ခိုင်မာသောStrong Type ပုံစံကို အသုံးပြုထား၏။ ဤကဲ့သို့ Java ၏ကွန်ပိုင်းလာ နှင့် အသုံးချ ပတ်ဝင်းကျင်သည်၊ အချက်အလက်ပုံစံများ၏ စစ်မှန်ချက်ကို စစ်ဆေးခြင်းအားဖြင့်၊ ပရိုဂရမ်က မှန်ကန်စွာအလုပ်လုပ်နိုင်ခြင်းနှင့် လုံခြုံစွာ အလုပ်လုပ်နိုင်ခြင်းတို့ အပေါ်တွင် အာမခံပေးနိုင်သည်။ Java သည် ခြွင်းချက်လုပ်ဆောင်ချက်စနစ်ကို ပြင်ဆင်ထားပြီး ပရိုဂရမ် အလုပ်လုပ်နေစဉ် ဖြစ်ပွားတက်သော မျှော်လင့်မထားတတ်သော အမှားများကို၊ လုံခြုံစိတ်ချသောနည်းလမ်းဖြင့် လုပ်ဆောင်စေနိုင်ပြီး၊ ပရိုဂရမ်တစ်ခုကိုလည်း ရှင်းလင်းစွာ ရေးသားနိုင်သည်။ Java မှာတော့ သန့်ရှင်းသော မန်မိုရီမော်ဒယ်ကို အသုံးပြုထားသောကြောင့်၊ ပရိုဂရမ်မာက မန်မိုရီထိမ်းသိမ်းမှု့ အပေါ်တွင် သက်သာစေပေသည်။ Java Object များသည် မန်မိုရီအတွင်းရှိHeap Memory နေရာကို အသုံးပြုကြ၏။ မန်မိုရီထိမ်းသိမ်းခြင်းသည်Java ဒြပ်မဲ့စက်(JVM)တွင် ပူးတွဲပါဝင်သော အမှိုက်သိမ်းစနစ်ဖြင့် ထိန်းသိမ်းထားနိုင်၏။ C++ မှာတော့ Heap Memory အပေါ်တွင် နေရာချထားသော Object များကို အသုံးမလိုသည့်အခါ ဖျက်စီးပစ်ရန် ပရိုဂရမ်မာက တာဝန်ယူ၍ လုပ်ဆောင်ရန် လိုအပ်ခဲ့ပေသည်။ ဤအချက်သည် C++ ပရိုဂရမ်မာအတွက် ဝန်ထုပ်တစ်ခုအနေနဲ့ ဖြစ်ခဲ့ပြီး၊ ရှုပ်ထွေးပြီး မှားယွင်းလွယ်တတ်ပေသည်။ Java မှာတော့ အမှိုက်သိမ်းစနစ် ကို ပိုင်ဆိုင်သောကြောင့် မန်မိုရီကို ထိနိးသိမ်းရန်ဝန်ထုပ် မရှိပါသဖြင့် ပရိုဂရမ်မာအတွက် လွန်စွာမှအဆင်ပြေစေခဲ့သည်။ Java၏ ရေးသားပုံသည်၊ Cနှင့်C++ မှ အတော်များများကို အတုယူခဲ့၏။ တဖန် C/C++ တွင် အသုံးပြုသော အခြေခံနေရာများကို ထိန်းသိမ်းအသုံးပြုနိုင်သောPointerကို အသုံးမပြုပါဟုဆိုသော်လည်း၊ လက်တွေ့မှာတော့ C/C++ ၏ Pointer Model နှင့်မတူသော၊ Pointer Model ကို Java တွင်လည်း အသုံးပြုထားသည်။ ဥပမာအားဖြင့် Class Instance နှင့် Array များတွင် Pointer ကို အသုံးပြုထားသည်။ "ClassName a = new ClassName();"နှင့် "ClassName b;"ပြန်လည် သတ်မှတ်ပြီး "b = a" အစားထိုးခြင်းအားဖြင့် b သည် a ၏ ပိုင်ဆိုင်မှု့များ ကို အသုံးချနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ a,b တွင် လိပ်စာများကို သတ်မှတ်ထားခြင်း ဖြစ်၏။ ဖော်ပြပါအတိုင်း Instance ၏ အမည်တွင် ဗားရှင်း1.2 နှင့် မတိုင်မှီက Object Handle(pointer ၏ pointer)၊ ဗားရှင်း1.3 ၏ နောက်ပိုင်းတွင် pointer ကို အသုံးပြုထားသည်။ ထို့ကြောင့် Java သည် ယနေ့တိုင် Pointer နှင့် ဖြတ်ချင်သော်လည်း မပြတ်နိုင်သော အနေအထား တစ်ခုဖြစ်နေရသည်။ Java သည်ပလက်ဖောင်းအပေါ်တွင် မှီခိုခြင်း မရှိစေရ ဟူသည်ကို ဦးတည်ချက်ထားပြီး၊ ဗားရှင်း တစ်ခုနှင့်တစ်ခု ကြားတွင်လည်း အပြန်အလှန်အသုံးချနိုင်မှု့အပေါ် သတိပြု၍ တီထွင်ဖန်တီးမှု့များ ပြုလုပ်လျက် ရှိ၏။ Java နည်းပညာကို အသုံးပြုခြင်းအားဖြင့်၊ ပလက်ဖေါင်းအပေါ်တွင် မှီခိုခြင်းမရှိသော အပလီကေးရှင်း ဆော့ဖ်ဝဲ ကို ရေးသား၊ အသုံးပြုနိုင်မည် ဖြစ်သည်။ ယနေ့ပရိုဂရမ်မင်းဘာသာရပ်အတော်များများသိ ပလက်ဖေါင်း (CPU) အပေါ်တွင် မှီခိုခြင်းရှိသော သဘာဝကုဒ်များ အဖြစ်ကွန်ပိုင်းလုပ်ခြင်းကို ပုံစံဖြင့် ဒီဇိုင်းရေးသားထားကြ၏။ သို့ရာတွင် Java သည် အထက်ပါ ဘာသာရပ်များနှင့် မတူပဲ ကြားခံဘာသာ(Byte Code)အဖြစ် ကွန်ပိုင်းလုပ်ပြီး၊Java VMတွင် အလုပ်လုပ်နိုင်စေရန် ဒီဇိုင်းရေးသားထား၏။ အတော်များများသည် Just In Time ကွန်ပိုင်းပုံစံ ကို အသုံးပြုထားကြသည်။ ပလက်ဖေါင်းအပေါ်တွင် မမှီခိုခြင်းနှင့် ဗားရှင်းကြားတွင် အပြန်အလှန်အသုံးပြုနိုင်ခြင်း တို့သည်၊ လက်ရှိအနေအထားအရ အပြည့်အဝ အကောင်ထည်ဖော်နိုင်ခြင်း မရှိသေးပဲ ပြဿနာများလည်း အနည်းငယ်ရှိနေပါသေးသည်။ Java တွင်Thread ကို ဘာသာရပ်၏ အခြေခံအသုံးပြုပုံအနေဖြင့် သတ်မှတ်ထားပြီး၊ Multi Thread ဖြင့်Parallel Computing ကို အခြားသော ကွန်ပျူတာဘာသာရပ်များနှင့် စာလျှင် လွန်စွာလွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ Parallel Computingသည်၊ လုပ်ဆောင်ချက်များကို တစ်ကြိမ်တည်းတွင် လုပ်ဆောင်နိုင်သည့် ပုံစံဖြစ်၏။ တဖန်Thread သည်၊Process ထက် ပေါ့ပါးသေးငယ်၏။ Java သည် ပြည့်စုံသော လိုင်ဘရီ များကို အသုံးပြု၍၊ကွန်ပျူတာ ကွန်ယက်ကို အသုံးပြုနိုင်သော ဆော့ဖ်ဝဲကို၊ အချိုးကျကျ ဖန်တီး နိုင်မည်ဖြစ်သည်။ Java သည် ဦးဆုံးဗားရှင်းကတည်းက၊ TCP/IP၏ Library ကို ပြင်ဆင်ထားခဲ့၏။ Distributed Object ပတ်ဝင်းကျင်အတွက်လည်း (Java RMI, CORBA) အပေါ်တွင် အခြေခံသော ဆော့ဖ်ဝဲများကိုလည်း အချိန်အတော်စောစောကတည်းက ဖန်တီးရေးသားနိုင်ခဲ့၏။ ယနေ့အခါတွင် အမျိုးမျိုးသောNetwork Protocol များ၏ အဆင့်မြင့် လိုင်ဘရီများကို ပြင်ဆင်ထားပြီးဖြစ်၏။ ပြီးပြည့်စုံသော Network ဖန်ရှင်များနှင့် အောက်ဖော်ပြပါ XML ကို တွဲဖက် အသုံးပြုခြင်းအားဖြင့်၊ အဆင့်မြင့် System များကို တည်ဆောက်နိုင်သော ပရိုဂရမ်မင်းဘာသာရပ် တစ်ခုဖြစ်၏။ XML ကို အသုံးပြုနိုင်သော function များကိုလည်း အချိန်စောစောကတည်းက ပြင်ဆင်ခဲ့၏။ XML သည် ယနေ့နယ်ပယ်အတော်များများတွင် အသုံးပြုနိုင်သော အချိုးကျ စာရေးစနစ် နည်းပညာတစ်ခုဖြစ်၏။ ယနေ့ အချိန်အခါတွင် XML Processor နှင့်XSLT Processor များသည် Java အခြေခံ Library တွင် ထည့်သွင်းထားပြီး ဖြစ်၏။ Java သည်လုံခြုံရေး ကို အဓိကထားပြီး ဒီဇိုင်းရေးထားသောSand Box မော်ဒယ်တွင် အခြေခံသော လုံခြုံရေးစနစ်ကို ပြင်ဆင်ထား၏။ လုံခြုံရေးစနစ်ကို မှန်ကန်စွာအသုံးပြုထားသော Java အသုံးချ ပတ်ဝင်းကျင်ကို အသုံးပြုခြင်းအားဖြင့်၊ အဝေးတစ်နေရာတွင် ရှိသော Java အသုံးချကုဒ်များကို လုံခြုံစွာအသုံးပြုနိုင်မည် ဖြစ်သည်။(Java Applet) တဖန်Namespace စနစ်ကို အသုံးပြုထားသော ဘာသာရပ်တစ်ခုဖြစ်ပြီး၊ Library နှင့် အပလီကေးရှင်း တွင်ပါဝင်သော Java များ(ကလပ်စ် နှင့် အင်တာဖေ့စ်)သည်၊ Package (Java) ဟု ခေါ်သော အဆင့်ဆင့်ခွဲခြား ထိန်းသိမ်းမှု့စနစ်ဖြစ် ခွဲခြားအသုံးပြုနိုင်မည်ဖြစ်သည်။ ယနေ့ခေတ်တွင် Java နှင့် ပတ်သက်ပြီး ဝေဖန်ချက်များလည်း မနည်းပေ။ အချို့သော ဝေဖန် ရှုတ်ချမှု့များနှင့်ပတ်သက်ပြီး၊ Sun နှင့် JCP တွင်ပါဝင်ခဲ့သော အဖွဲ့ဝင်များ၏ အားထုတ်မှု့များကြောင့်၊ Java ၏ ပြုပြင်ပြောင်းလည်းမှု့များကို ပြုလုပ်လျက် ရှိသည်။ တပြိုင်နက်တည်းမှာပင် ဆော့ဖ်ဝဲ ရေးသားသူအတော်များများက Java နှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သော ထူးချွန်သော ပရိုဂရမ်မင်းဘာသာရပ်တစ်ခု အဖြစ် အသိအမှတ်ပြုထားကြသည်။ JavaScript (ECMAScript) သည် Java နှင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိသော်လည်း၊ Java နှင့်ဆင်တူသော အမည်နှင့် ရေးသားပုံကို အသုံးပြုထားသည်။ ရေးသားပုံမှာ ဦးဆုံး J စာလုံးတစ်လုံးတည်းသာ စာလုံးကြီး [Java] သည် အမှန်ဖြစ်၏။ [JAVA] သည်မှန်ကန်သော ဖော်ပြပုံမဟုတ်။ သမိုင်း ဤနေရာတွင် အောက်ပါ အစီအစဉ်အတိုင်း Java ၏ သမိုင်းကြောင်းနှင့် လက်ရှိကို ဖော်ပြသွားပါမည်။ စတင်ခဲ့ပုံနှင့်အင်တာနက်နယ်ပယ်ဆီသို့ဖြင့်၊ ယနေ့ Java ၏ ပထမဆုံး တရားဝင် ဗားရှင်း ထွက်ပေါ်လာခဲ့ချိန်အထိ သမိုင်းကြောင်းကို ဖော်ပြသွားမည်။ လတ်တလော လှုပ်ရှားမှု့များဖြင့် တရားဝင် ထွက်ပေါ်လာခဲ့သည့်အချိန်မှစ၍ ယနေ့အထိလှုပ်ရှားမှု့များကို ရှာဖွေဖော်ပြသွားမည် ဖြစ်သည်။ ဗားရှင်းများ ဖြင့် ပထမဦးဆုံး ဗားရှင်းမှစ၍ ထွက်ပေါ်လာသည့် Java (JDK、Java SE) ဗားရှင်းများအကြောင်းကို ဖော်ပြသွားပါမည်။ စတင်ခဲ့ပုံ Javaပလက်ဖေါင်း နှင့် ပရိုဂရမ်မင်းဘာသာရပ် Javaသည်၊ 1990ခုနှစ် 12လပိုင်းတွင် Sun Microsystems မှ ကိုယ်ပိုင်ပရိုဂျက်တစ်ခုအဖြစ် စတင်ခဲ့သည်။ ထိုပရိုဂျက်သည် C++/C၏ အစားထိုး ပရိုဂရမ်မင်းဘာသာရပ် တစ်ခုအနေဖြင့် တီထွင်ရေးသားခဲ့ကြ၏။ ထိုဘာသာရပ်သည်၊ ပရိုဂျက်အတွင်း၌ Green Operating System (Green OS) နှင့်အတူ၊ Green OS ၏ အခြေခံဘာသာရပ်အနေဖြင့် တီထွင်ခဲ့ခြင်းဖြစ်၏။ ထိုဘာသာရပ်အား 1992 ခုနှစ် လောက်တွင် ပရိုဂျက်အတွင်း၌ Oak ဟု အမည်တွင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် Java ဟု ပြောင်းလည်း ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်၏။ ပြောင်းလည်းခေါ်ဝေါ်ခဲ့ကြခြင်း အကြောင်းအရင်းမှာ Oak သည် အခြားသော ကုမ္ပဏီတစ်ခုမှ စီးပွားဖြစ်အမည် တစ်ခုအနေဖြင့် တရားဝင် အသုံးပြုလျက် ရှိသောကြောင့် ဖြစ်၏။ 1990 ခုနှစ် ပိုင်းတွင် Sun ၏ ပညာရှင် တစ်ယောက်ဖြစ်သော Patrick Naughton သည်၊ ကုမ္ပဏီပိုင် ပရိုဂရမ်မင်းဘာသာရပ် C++ နှင့် C တို့၏ API နှင့် ပရိုဂရမ်မင်း အထောက်အကူပြု ကရိယာ အားမလို အားမရဖြစ်နေခဲ့၏။ ထိုအချိန်တွင် အိုင်တီနည်းပညာလောက၌၊ NeXTမှ တီထွင်လိုက်သော နည်းပညာအား အားလုံး၏အာရုံစိုက်မှု့ကို ရရှိခဲ့သည်ကို အစပြု၍၊ Naughton သည် Sun ၏နည်းပညာအသစ်များကို ဖန်တီးရန် အကြောင်းဖန်လာခဲ့၏။ NeXT မှ တီထွင်ခဲ့သော NeXTWorkstation နှင့် NEXTSTEPOSတွင်၊ အခြေခံ ပရိုဂရမ်မင်းဘာသာရပ် အနေဖြင့်Object Oriented ပရိုဂရမ်မင်း ဘာသာရပ် Objective-C ကို အသုံးပြုထားခဲ့၏။ ဤကဲ့သို့သော အကြောင်းကြောင်းဖြင့် နောက်လိုက်ပရိုဂျက်တစ်ခု အနေဖြင့် စတင်ခဲ့၏။ ဤကဲ့သို့စတင်ခဲ့သော နောက်လိုက်ပရိုဂျက်သည်၊ စတင်သည်ဆိုသည်နှင့် James Gosling နှင့် Mike Sheridan တို့သည် ပါဝင်ခဲ့ကြပြီး၊ ပရိုဂျက်၏အမည်ကိုလည်း [အစိမ်းရောင်ပရိုဂျက်] ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြ၏။ ဤအစိမ်းရောင်ပရိုဂျက်တွင် အခြားသော နည်းပညာရှင်များလည်း ပါဝင်ခဲ့ကြပြီး၊ အမေရိကပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် ရှိ သေးငယ်သော ရုံးခန်းလေးတစ်ခုမှ စတင်ခဲ့ကြသည်။ အစိမ်းရောင်ပရိုဂျက်၏ ရည်ရွယ်ချက်မှာ၊ နောင်တစ်ခေတ်၏ အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက် ပရိုဂရမ်မင်းနည်းပညာ အသစ်တစ်ခုကို တီထွင်ရန် ဖြစ်၏။ Sun သည် ထိုစဉ်ကတည်းက ဤနယ်ပယ်တွင် အဓိကကျသော ဈေးကွက်တစ်ခု ဖြစ်ပေါ်လာမည့်အကြောင်း ကြိုတင်မှန်းဆခဲ့ ကြခြင်းဖြစ်၏။ အစိမ်းရောင်ပရိုဂျက်သည် စတင်ခါစတွင် ပရိုဂရမ်မင်းဘာသာရပ်အနေဖြင့် Object Oriented ပရိုဂရမ်မင်း ဘာသာရပ်တစ်ခုဖြစ်သော C++ ကို အသုံးပြုရန် စဉ်းစားခဲ့ကြသော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် C++ အားလက်လျှော့ခဲ့ကြ၏။ သူတို့၏ ရည်ရွယ်ချက်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ နည်းပညာကို တီထွင်ရန်ဖြစ်၏။ ထည့်သွင်းစနစ် (Embedded System) များတွင် အသုံးပြုနိုင်သော အလွန်နည်းပါးသည်ဟုဆိုသော ကန့်သတ်ချက်များရှိခဲ့ကြ၏။ သူတို့သည် C++ အား စက်ပစ္စည်း၏ လျှပ်စစ်အရင်းအမြစ်ကို သုံးလွန်းသည်ဟု သတ်မှတ်ခဲ့ကြ၏။ တဖန် C++ သည် ခက်ခဲသော ဘာသာရပ် တစ်ခု ဖြစ်သောကြောင့်၊ C++ ကို အသုံးပြုသော ပရိုဂရမ်မာများသည် ဘယ်လောက်ပင် ဂရုစိုက်သော်လည်း တစ်ကြိမ်ကြိမ်တွင် အမှားများကို ကျူးလွန်မိမြဲ ဖြစ်၏။ C++ တွင် အမှိုက်သိမ်းစနစ်မရှိခဲ့ပေ။ အမှိုက်သိမ်းစနစ် မရှိခြင်းဆိုသည်မှာ၊ ပရိုဂရမ်မာကိုယ်တိုင်က မန်မိုရီကို ထိမ်းသိမ်းရမည် ဆိုသည်ကို ဆိုလိုသည်။ ပရိုဂရမ်မာကိုယ်တိုင်က မန်မိုရီကို ထိမ်းသိမ်းခြင်းသည် လွန်စွာ စွန့်စားရသောအလုပ်တစ်ခုဖြစ်ပြီး၊ မှားယွင်းလွယ်သော လုပ်ရပ်တစ်ခုလည်း ဖြစ်၏။ အစိမ်းရောင်ပရိုဂျက်၏ အဖွဲ့ဝင်များသည်၊ အဓိကလုပ်ဆောင်ချက်အချို့တွင် C++ ၏ အပြောင်းအရွှေ့ မလွယ်ကူခြင်းကို ပြဿနာတစ်ခုအဖြစ် ကြည့်မြင်ခဲ့ကြ၏။ ထို အဓိက လုပ်ဆောင်ချက်များမှာ လုံခြုံရေးစနစ်၊ နေရာခြားကွန်ပျူတာစနစ်(Distributed Computing) နှင့်၊ စလက်များ(Multi Thread)ဖြစ်ကြ၏။ ထိုလုပ်ဆောင်ချက်များသည် ပလတ်ဖောင်းအပေါ်တွင် မှီခိုခြင်းမရှိပဲ အသုံးချနိုင်ရန် လိုအပ်ပေသည်။ အထက်ပါအကြောင်းများကြောင့် သူတို့သည်၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုးတွင် လွယ်ကူစွာပြောင်းရွှေ့နိုင်သော ပလတ်ဖေါင်း၏ လိုအပ်ချက်ကို သိမြင်ခဲ့ကြ၏။ တဘက်တွင် Sun ၏ နည်းပညာရှင် တစ်ယောက်ဖြစ်သောBill Joy သည်၊ Xerox Corporation ၏ Palo Alto Research Center တွင် Altoဟု အမည်ရသော Workstation စမ်းသပ်စက် အတွက် တီထွင်ခဲ့သော ပရိုဂရမ်မင်း ဘာသာရပ် Mesa ဖြင့် C ဘာသာရပ်၏ ကောင်းသောနေရာများကို လက်ခံရယူပြီး ပရိုဂရမ်မင်းဘာသာရပ် အသစ်တစ်ခုကို ပုံဖော်နေခဲ့၏။ Joy သည် Further ဟု အမည်ရသော စာတမ်းတစ်စောင်ကို ရေးသားခဲ့ပြီး၊ C++ ကိုအခြေခံသော Object Oriented ပတ်ဝင်းကျင်ကို တီထွင်ရန် အားထုတ်နေခဲ့၏။ ဦးစွာ James Arthur Gosling သည် C++ ကို ပြုပြင်ပြောင်းလဲပြီးအသုံးပြုရန် စမ်းသပ်ခဲ့၏။ Gosling သည် ဤ ပြုပြင်ထားသော C++အား "C++ ++ --" ဟု အမည်ပေးခဲ့၏။ သို့ရာတွင် Gosling သည် ချက်ချင်းဆိုသလို C++ အားပြုပြင်ပြောင်းလည်းခြင်းကို ရပ်တန့်ခဲ့ပြီး၊ ပရိုဂရမ်မင်းဘာသာရပ် အသစ်တစ်ခုကို တီထွင်ရန် စတင်ခဲ့၏။ Gosling သည် ထို ပရိုဂရမ်မင်းဘာသာရပ် အသစ်အား Oak ဟုခေါ်ဆိုခဲ့၏။ ထိုအမည်ကို ရယူခဲ့ခြင်းမှာ James Arthur Gosling ၏ ရုံးခန်းအနီးအနားတွင် ဝက်သစ်ချပင်များ ပေါက်ရောက်နေသောကြောင့် ဖြစ်သည် ဟုဆိုသည်။ အစိမ်းရောင်ပရိုဂျက် အဖွဲ့ဝင်များသည် အချိန်ပိုကို လုပ်ရသည့်အထိ ကြိုးစား၍၊1992ခုနှစ်နွေရာသီ အရောက်တွင် အသစ်ရေးသားထားသောပလတ်ဖေါင်းအား၊ Green OS၊ Oak ဘာသာရပ်၊ Library၊ စက်ပစ္စည်းများနှင့် တွဲဖက်ပြီး အစမ်းပြသနိုင်ခဲ့ကြ၏။ ၁၉၉၂ခု၊ ၉လ၊ ၃ရက် ပထမဆုံး ပြပွဲတွင် Star7 ဟုအမည်ရသောPDA ကို တီထွင်ရာတွင် အားစိုက်ခဲ့ကြ၏။ Star7 ၏ အမည်မှာ ခလုပ်*7 ကို နှိပ်ခြင်းအားဖြင့် ဖုန်းအဖြစ်အသုံးပြုနိုင်သောကြောင့် ဖြစ်၏။ ထို Star7 သည် ထိုခေတ်က လွန်စွာဆန်းသစ်သော GUI ကို ပြင်ဆင်ထားပြီး၊ "Duke" ဟု အမည်ရသော လက်ထောက်ကလေးက အသုံးပြုသူကို အကူအညီပေးပါသည်။ ထိုနှစ် ၁၁လပိုင်းတွင်၊ Sun သည် အစိမ်းရောင်ပရိုဂျက်ကို ခွဲထုတ်ခဲ့ပြီး လက်အောက်ခံ ကုမ္ပဏီ FirstPerson, Inc စတင်ခဲ့၏။ FirstPerson အဖွဲ့ဝင်များသည်၊ အဆင့်မြင့် အပြန်အလှန်အသုံးပြု ကရိယာများ အပေါ်တွင် စိတ်ဝင်စားမှု့ကို ပြသခဲ့၏။ ထိုအချိန်တွင် ime Warner Inc.သည် ကေဘယ် တီဗွီသုံးSet Top Box၏ RFP (Request For Proposal) ကို ထုတ်ပြန်ခဲ့၏။ ထိုအခါ FirstPerson သည် မိမိတို့၏ ရည်ရွယ်ချက်ကို ပြောင်းလည်းခဲ့ပြီး ime Warner Inc.၏ RFP ကို လက်ခံပြီး အကြံပြုချက်များ ကို တင်သွင်းခဲ့ကြ၏။ သို့ရာတွင်FirstPerson သည် အပြိုင်အဆိုင် ၌Silicon Graphics, Inc. (SGI)ကို ရှုံးနိမ့်ခဲ့၏။ ထို့နောက်တွင်3DO၏Set Top Box လုပ်ငန်းရှိခဲ့သော်လည်း၊ စာချုပ်ချုပ်နိုင်သည့်အဆင့်ကို မရောက်ခဲ့ပေ။ FirstPersonသည်တီဗွီနယ်ပယ်တွင် အမြတ်ကို မပြသနိုင်ခဲ့ပါသဖြင့်၊ Sun သည် FirstPerson ကို ဖျက်သိမ်းခဲ့ပြီး အဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူခဲ့၏။ အင်တာနက်နယ်ပယ်ဆီသို့ ၁၉၉၄ခု ၆လ မှ ၇လပိုင်းအထိ John Gage၊ James Gosling၊Bill Joy၊Patrick Naughton ၊Wayne Rosin၊ Eric Emerson Schmidtတို့ကြားတွင်၊ ၃ရက်တိုင်တိုင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး၊ Web လောက ဘက်ကို ဦးတည်ချက်ပြောင်းရန် ချမှတ်ခဲ့ကြ၏။ သူတို့သည် ခေတ်ရှေ့ပြေးသော Web Browserတစ်ခုဖြစ်သည့် NCSA Mosaic ကို တွေ့မြင်ပြီး Web ကို အစပြုသည့် အင်တာနက် ၏ နယ်မြေသည် ကေဘယ်တီဗွီထက် မနိမ့်ကျသော အပြန်အလှန် အသုံးပြုနိုင်သော အဆင့်မြင် ကြားခံနယ်တစ်ခုဖြစ်လာနိုင်ကြောင်းကို လက်ခံခဲ့ကြ၏။ Oak ကို အသုံးပြု၍ Prototype အနေနှင့် Naughton သည် WebRunner ဟုအမည်ရသည့် ဘရောက်ဇာ အသေးစားလေးတစ်ခုကို တီထွင်ခဲ့၏။ ထို ဘရောက်ဇာ၏ အမည်သည် နောက်ပိုင်းတွင် HotJava ဟု ပြောင်းလဲခဲ့၏။ Web စာမျက်နှာ တွင် Java အပလက် ဟု အမည်ရသော Java ပရိုဂရမ် အသေးစားများကို ထည့်သွင်းပြီး၊ HotJava ဖြင့် စာမျက်နှာကို ဖွင့်ကြည့်သောအခါ HotJava အပေါ်တွင် ကာတွန်းကားများနှင့် မောက်စ်၏ လှုပ်ရှားမှု့ အားပြန်လည်ပြီး တုံ့ပြန်နိုင်သည့် ပရိုဂရမ်များကို အသုံးချလာနိုင်ခဲ့ကြ၏။ ထိုနှစ်ထဲမှာပင် Oak ၏ အမည်အား Java ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြ၏။ အကြောင်းမှာ အမည် မှတ်ပုံတင်ရန် လေ့လာကြည့်သောအခါ "Oak" သည် ဗွီဒီယို ကတ်ထုတ်လုပ်ရေး ကုမ္ပဏီ (Oak Technology) က လက်ရှိ အသုံးပြုနေသောကြောင့်ဖြစ်၏။ Java ဟူသော အမည်မှာ ထိုစဉ်က အဖွဲ့ဝင်များ အသွားများခဲ့သော ကော်ဖီဆိုင်တစ်ဆိုင်၏ အမည်ဟုလည်း အပြောများကြ၏။ အချို့မှာမူ အခြား စကားလုံးတစ်ခု၏ အတိုကောက်အမည်ဟုလည်း ပြောကြ၏။ စကားလုံးအစများ ကိုယူထားခြင်းမဟုတ်ဟူသော အဆိုကို လက်ခံသူများကြ၏။ အနီးအနားရှိ ကော်ဖီဆိုင်တွင် ရောင်းသောကော်ဖီစေ့၏ အမျိုးအစားကို အသုံးပြုထားသည်ဟု စဉ်းစားသူကများ၏။ အဘယ့်ကြောင့်ဆိုသော် Java ကလပ်စ်ဖိုင်၏ ဘိုက်ကုဒ်)၏ အစစာလုံး လေးလုံးသည် အမြဲတမ်း 0xCAFEBABE ဟု ရေးသားထားသောကြောင့်ဖြစ်၏။ တဖန် အမေရိကန် အင်္ဂလိပ်ဘာသာရပ်တွင် coffee ဟုလည်း အဓိပ္ပာယ်ရသည်။ သို့ရာတွင် James Gosling, Arthur Van Hoff, and Andy Bechtolsheim တို့၏ အစစာလုံးကို အသုံးပြုထားသည်ဟု ပြောကြသည်လည်းရှိ၏။ တဖန် Just Another Vague Acronym ၏ အစစာလုံးဟု ပြောဆိုသည်လည်းရှိ၏။ ၁၉၉၄ခု ၁၀လပိုင်းတွင် HotJava နှင့်Java ပလတ်ဖေါင်း သည် Sun Microsystem ၏ အရေးပါဝန်ထမ်းများ၏ရှေ့တွင် စမ်းသပ်ပြသနိုင်ခဲ့၏။ ထိုမှတဆင့် ၁၉၉၄ခုနှစ် အတွင်းမှာပင် Java 1.0a (Alpha Version)ကို ဒေါင်းလုဒ်လုပ်နိုင်ခဲ့၏။ Java နှင့် HotJava ၏ ပထမဦးဆုံး တရားဝင်ထုတ်ပြန်ခဲ့ကြသည်မှာ ၁၉၉၅ခု ၅လပိုင်း ၂၃ရက်နေ့တွင် ကျင်းပခဲ့သော SunWorld တွေ့ဆုံပွဲတွင် ဖြစ်၏။ Sun သည် Java ဖြင့်ရေးသားထားသော Web ဘရောင်ဇာ HotJava ကိုအသုံးပြု၍ Java နှင့်Java အပလက် နည်းပညာဖြင့်ဝက်စာမျက်နှာအပေါ်တွင် ကာတွန်းလှုပ်ရှားမှု့ များ၊ မောက်စ်၏ လှုပ်ရှားမှု့အားတုံ့ပြန်နိုင်မှု့များအား ပြသခဲ့၏။ ထိုတွေ့ဆုံပွဲတွင် ထုတ်ပြန်ကျော်ညာခဲ့သည်မှာ Sun ၏နည်းပညာ ဌာနမှူးတစ်ဦးဖြစ်သော John Gage ပင် ဖြစ်၏။ ထို တွေ့ဆုံပွဲမှာပင် John Gage ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Netscape Communications ၏ ဒုတိယ ဥက္ကဋ္ဌ Marc Andreessen ၏ ထုတ်ပြန်ချက်က တက်ရောက်လာသူများအား အံ့အားသင့်စေခဲ့၏။ တဖန် Netscape ကုမ္ပဏီမှ ၎င်း၏ဘရောင်ဇာဖြစ်သော Netscape Navigator တွင် Java အား ထည့်သွင်းရန် စီစဉ်နေကြောင်းကို ထုတ်ပြန်ခဲ့၏။ ဤထုတ်ပြန်ချက်ကြောင့် Java နည်းပညာသည် အိုင်တီနည်းပညာလောတွင် အသိများစေခဲ့သည်။ လတ်တလော လှုပ်ရှားမှု့များ Java ၏ တရားဝင် ထုတ်ပြန်ပြီးချိန်မှ ယနေ့အချိန်အထိ ပြောင်းလည်းလာခဲ့ပုံကို အဘက်ဘက်မှ သုံးသပ်သွားပါမည်။ Web(Client ဘက်မှအမြင်) Web ဘရောင်ဇာဖြင့် Java အပလက်ကို အသုံးပြုသည့်နည်းပညာမှာ အတော်ကျယ်ကျယ်ပြန့်ပြန့်ကို အသုံးပြုလာခဲ့ကြ၏။ ဘရောက်ဇာ(World Wide Web၏Clientဘက်ခြမ်း)သည်Web စာမျက်နှာ အတွင်း Animation များကို ဖော်ပြရာတွင်လည်းကောင်း၊ Mouse Event အပေါ်တွင် Interactive လှုပ်ရှားမှု့များကို တုံ့ပြန်ရာတွင်လည်းကောင်း Java ကို အသုံးပြုခဲ့ကြ၏။ သို့ရာတွင် ယခုနောက်ပိုင်းတွင် အင်အားကြီးသော အပြိုင်အဆိုင် များလည်း ထွက်ပေါ်လာခဲ့၏။ ယနေ့ နှစ်များတွင် Yahoo! Games နှင့် ဗွီဒီယိုပြစက် အစရှိသည့် အပလီကေးရှင်းများတွင် Java အပလက်ကို အသုံးပြုများသည်ကို တွေ့ရ၏။ ယခင် အချိန်များတွင် Java အပလက်ကို အသုံးပြုထားသည့် ဆိုဒ်များကို ကြည့်လိုသည့်အခါ စက္ကန့်အတန်ကြာ ကြာမြင့်သည့် ဘရောက်ဇာများလည်းရှိတတ်၏။ Java နှင့် Java အပလက် ၏ နည်းပညာတိုးတက်လာမှု့ကြောင့် ပတ်ဝင်းကျင်ကြောင့်ကြာမြင့်မှု့များ၊ စာမျက်နှာကို ဖော်ပြရာတွင် ကြံ့ကြာမှု့ အစရှိသည့် အခက်အခဲများလည်း ဖြေရှင်းလာနိုင်ခဲ့၏။ လွယ်ကူသော Animation များကို အသုံးပြုရာတွင် Java အပလက်ထက်စာလျှင် GIF89a နှင့် Adobe Flash ကို အသုံးပြုကြသည်က များ၏။ ယနေ့ခေတ် Web Client နယ်ပယ်တွင် Ajax သည်လည်း ခေတ်စားလာခဲ့၏။ Web(ဆာဗာ ဘက်မှအမြင်) ယနေ့ခေတ် World Wide Web၏ဆာဗာ ဘက်ပိုင်းတွင် Java နည်းပညာ(Java EE) အား အတော်များများ အသုံးပြုနေကြသည်ကို တွေ့ရ၏။ ဝက်ဘ်ဆိုက် အတော်များများသည်၊ Java ဆာဗလက် (Java Servlet) နှင့် JSP(JavaServer Pages)အစရှိသည့် Java EE နည်းပညာများကို အသုံးပြု၍ ဝက်စာမျက်နှာများကို အလိုအလျှောက်ထုတ်လုပ်ပေးနိုင်သော ဆိုက်များကို တည်ဆောက်လာကြသည်ကို တွေ့ရ၏။ Java ဆာဗလက် သည် သက္ကရစ် ၂၀၀၀ခုနှစ်နောက်ပိုင်းတွင် အကျယ်တဝင့် အသုံးပြုလာကြပြီး ယနေ့အချိန်အခါတွင်ဝက်ဘ်အပလီကေးရှင်းအတော်များများသည် ဆာဗလက်များအပေါ်တွင် တည်ဆောက်ထားကြသည်ကို တွေ့ရပါ၏။ Sun Microsystems မှရေသားခဲ့သော Java ဆာဗလက်၏ အလုပ်လုပ်ဆောင်ပုံကို အကျဉ်းချုံးဖော်ပြပါမည်။ Java အားအသုံးချနိုင်သည့် ပတ်ဝင်းကျင်ပရိုဆက်(ဆာဗလက်ပတ်ဝင်းကျင်)အား အလုပ်လုပ်နေစေပြီး ဝက်ဘ်ဆာဗာအနေဖြင့် အလုပ်လုပ်နေစေ၏။ ဝက်ဘ်ဆာဗာသည်ဝက်ဘ်ဘရောင်ဇာမှ ဆက်သွယ်တောင်းဆိုမှု့(Request)ကို လက်ခံရရှိသည်။ ဝက်ဘ်ဆာဗာသည် လက်ခံရရှိလာသော တောင်းဆိုမှု့ကို ဆာဗလက်ပတ်ဝင်းကျင်ဆီသို့ လက်ဆင့်ကမ်းပေးပို့ပါသည်။ ဆာဗလက်ပတ်ဝင်းကျင် အပေါ်တွင်အလုပ်လုပ်နေသော Java ပရိုဂရမ်(Java ဆာဗလက်)သည်၊ လက်ခံရရှိသည့် တောင်းဆိုမှု့အပေါ်တွင် မှုတည်ပြီးဝက်ဘ်စာမျက်နှာများကို အလိုအလျောက် ရေးသားပေးပါသည်။ ဆာဗလက်ပတ်ဝန်းကျင်သည်၊ ဆာဗလက်မှရေးသားပေးသော ဝက်ဘ်စာမျက်နှာများကို ဝက်ဘ်စာမျက်နှာများဆီသို့ ပြန်လည်ပေးပို့ပါသည်။ ဝက်ဘ်ဆာဗာသည်၊ ဆာဗလက်ပတ်ဝင်းကျင်မှ လက်ခံရရှိသော ဝက်ဘ်စာမျက်နှာကို ဝက်ဘ်ဘရောင်ဇာဆီသို့ ပြန်လည်ပေးပို့ပါသည်။ Sun က Java ဆာဗလက် နည်းပညာကို တီထွင်ခဲ့ကြသည့် ၁၉၉၀ခုနှစ်ပိုင်းများတွင်၊ ဝက်ဘ်အပလီကေးရှင်းများကို ရေးသားကြရာတွင် အောက်ပါအခက်အခဲများကို ကြုံတွေ့ရလေ့ရှိခဲ့၏။ ဝက်ဘ်အပလီကေးရှင်း(Dynamic Web Page)များကို ရေးသားရာတွင်CGIသို့မဟုတ်၊Microsoft၏IISမှ ထုတ်ပြန်ထားသောActive Server Pages (ASP) ကို အသုံးပြုနေကြသည်က များ၏။ CGI သည် ၎င်း၏ထူးခြားချက်မှ အိုဗာဟတ်ဒ်အဖြစ်များ၍၊ စာမျက်နှာကို လျှင်လျင်မြန်မြန်ဖော်ပြနိုင်ရန် ရေးသားရန်အလွန်ခက်ခဲလှ၏။ ASP သည်ဆာဗာသည် အလွန်တန်ဖိုးကြီးမားသော Microsoft Windows NT Server ဖြစ်ရန် လိုအပ်သည်။ Java ဆာဗလက်သည် အထက်ပါပြဿနာများကို ဖြေရှင်းနိူင်ရန် ရည်ရွယ်ပြီး ရေးသားခဲ့သော နည်းပညာဖြစ်သည်။ Desktop ဘက်ကို ပြောင်းလည်းလာပုံ Desktop ပတ်ဝင်းကျင်နှင့်ပတ်သက်ပြီးကိုယ်ပိုင်ရပ်တည်နိုင်သော Java (Java SE) ၏အပလီကေးရှင်းဆော့ဖ်ဝဲ(Javaအပလီကေးရှင်း)သည်၊ ယခင်က အသုံးနည်းပါးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် Java ကိုအသုံးပြုသော ဆော့ဖ်ဝဲများကို တွေ့လာခဲ့ရသည်။ ဤကဲ့သို့ အသုံးများလာရခြင်း အကြောင်းအရင်းကို အောက်ပါအချက်များကြောင့်ဟု စဉ်းစားနိုင်သည်။ ကွန်ပျူတာ၏ လုပ်ဆောင်နိုင်စွမ်း စွမ်းရည်သည် မြင့်မားလာမှု့ကြောင့်ဖြစ်၏။ Java ၏ဒြပ်မဲ့စက်(Java ဒြပ်မဲ့စက်၊ Java VM)နှင့်Javaကွန်ပိုင်းလာသည် များစွာ တိုးတက်ပြောင်းလည်း လာခဲ့သောကြောင့် ဖြစ်၏။ သုံးရလွယ်ကူသော Java ၏Desktop အပလီကေးရှင်းများကို လွယ်ကူစွာ ရေးသားနိုင်သော အဆင့်မြင့် IDEများကို၊Open Sourceနှင့် စီးပွားဖြစ် လုပ်ငန်းသုံးများဘက်မှ ထုတ်ပြန်လာနိုင်ခဲ့သောကြောင့် ဖြစ်၏။ အသုံးများသော Java ဆော့ဖ်ဝဲများမှာNetBeansနှင့်Eclipse SDK၏ပေါင်းစုရေးသားပတ်ဝင်းကျင်နှင့်၊ LimeWireနင့်Azureusကဲ့သို့သောဖိုင်ပူးတွဲအသုံးချ ဆော့ဖ်ဝဲများ အစရှိသော ဆော့ဖ်ဝဲများပဲဖြစ်ကြ၏။ တဖန် သင်္ချာဆော့ဖ်ဝဲတစ်ခုဖြစ်သော MATLAB မှာလည်းUser Interface၏ ပံ့ပိုးမှု့နှင့် အတွက်အချက်ပိုင်းနေရာ အချို့တွင် Java ကို အသုံးပြုထားသည်။ Java Swingနှင့်SWT၏ဝစ်ဂျက်တူးကစ်ကို အသုံးပြုထားသော အပလီကေးရှင်းများကို နောက်ပိုင်းနေ့ရက်များတွင် တွေ့လာခဲ့ရသည်။ ဤကဲ့သို့ ယနေ့ခေတ်များတွင် Desktop Java အပလီကေးရှင်းများကို အသုံးပြုလာသည်ကို တွေ့ရပါသော်လည်း၊ အောက်ပါအခက်အခဲများကြောင့် သုံးသင့်သလောက် အသုံးမများသည်ကို တွေ့နေရ၏ ။ Java အပလီကေရှင်းများသည်၊ Java ပတ်ဝင်းကျင်၏ အိုဗာဟက်ဒ်ကြောင့် သဘာဝအပလီကေးရှင်းများနှင့် နှိုင်းယှဉ်လျှင် မံမိုရီ အသုံးများကြသည်က များ၏။ GUI သည် အသုံးပြုမည့်ပလတ်ဖေါင်း ကိုယ်ပိုင်ထူးခြားမှု့ရှိသည့် Human Interface Guideline (HIG) ကို ထည့်သွင်း စဉ်းစားထားခြင်းမရှိပေ။ HIG ကို လိုက်နာပြီးအပလီကေးရှင်းများကို ရေးသားပါက၊ အသုံးပြုသူသည် အသုံးပြုမည့် အပလီကေးရှင်းကို နားလည်ရလွယ်ကူ တတ်သည်။ တဖန် မှုလအတိုင်းအသုံးပြုမည် ဆိုပါက စာလုံးဒီဇိုင်းများကို ချောမွေ့စေသည့် နည်းပညာ (Font Smoothing) ကို အသုံးပြု၍မရနိုင်ပေ။ ထို့ကြောင့် User Interface ၏ စာလုံးများကို ဖော်ပြရာတွင် လှပခြင်းမရှိပဲ အရည်အသွေးမှာ မြင့်မားခြင်းမရှိနိုင်ပေ။ Java Development Kit (JDK)အဖြစ် အခမဲ့ပံ့ပိုးပေးနေသော အခြေခံJavaပလတ်ဖေါင်းသည် အသုံးလွယ်သော Desktop အပလီကေးရှင်းများကို ရေးသားရန်မှာ အားနည်းနေပါသေး၏။ ယခုနောက်ပိုင်းတွင် အထက်ဖော်ပြပါအတိုင်း၊ အသုံးလွယ်ကူသည့် Java Desktop အပလီကေးရှင်းများကို လွယ်ကူစွာရေးသားနိုင်သည့် အထောက်ကူပြုကရိယာများအားOpen Source/စီးပွားဖြစ် အနေဖြင့်၎င်း ပံ့ပိုးပေးနေကြ၏။ Javaပလက်ဖေါင်း (JRE) သည် ယနေ့တိုင် အဓိက ဗားရှင်းမြှင့်တင်မှု့များကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပြီး၊ ဗားရှင်းအမျိုးမျိုးရှိကြ၏။ အသုံးပြုသူသည် Java အပလီကေးရှင်းတစ်ခုကို စတင်အသုံးပြုရာတွင် လိုအပ်သလို ထိုအပလီကေးရှင်းကို အလုပ်လုပ်စေနိုင်သည့် ဗားရှင်းသို့မဟုတ် ထိုထက်နောက်ကျသော ဗားရှင်းကို အင်စတောလုပ်ထားရန် လိုအပ်သည်။ Java ပလက်ဖေါင်းသည် 7MB အကျော်ရှိပြီး၊ ဒေါင်းလုဒ်လုပ်ပြီး အင်စတောလုပ်ရန်မှာ အတော်လေးကို အလုပ်များစေသည်။ ယခုနောက်ပိုင်းတွင် Java Web Start ၏ ထွက်ပေါ်လာခြင်းကြောင့် အော်တို ဒေါင်းလုဒ်နှင့် အင်စတော ကို လုပ်ဆောင်လာနိုင်ခဲ့သည်။ ဝက်ဘ်ဘရောင်ဇာမှ Java အပလီကေရှင်းကို ရှာဖွေတွေ့ရှိပါက ကလစ်တစ်ခါနှိပ်ရုံဖြင့် JRE ကို အလိုအလျှောက် ဒေါင်းလုဒ်လုပ်ပြီး၊ အင်စတောလုပ်ခြင်း၊ Update လုပ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပေးနိုင်ပြီး၊ Java Web Start ကို အခြေခံသောSwing အပလီကေးရှင်းများကို အလုပ်လုပ်စေနိုင်သည်။ အချို့သောဆော့ဖ်ဝဲရေးသားသူများသည် အိုင်တီနည်းပညာတွင်ဝက်ဘ်ကို အခြေခံသော မော်ဒယ်သည် ခေတ်စားနေပြီး၊ Stand Aloneအပလီကေးရှင်းများသည် ခေတ်နောက်ကျလျက် ရှိပြီး၊ ပရိုဂရမ်မင်းနည်းပညာ အသစ်များသည် ထူးချွံသောဝက်ဘ်အပလီကေးရှင်းကို ရေးသားနိုင်ခြင်းဖြင့် ပြည့်စုံနေသည်ဟု ထင်မြင်နေကြ၏။ ဤအမြင်နှင့်ပတ်သက်၍ ဆော့ဖ်ဝဲနည်းပညာရှင်များကြားတွင် ထောက်ခံသူများရော ကန့်ကွက်သူများပါ အမျိုးမျိုးရှိကြပါ၏။ လက်ရှိအချိန်တွင်Rich Clientနှင့်Web 2.0တို့၏ ထွက်ပေါ်လာမှု့ကြောင့် ပုံစံအသစ်များကို ဖြစ်ပေါ်စေခဲ့သည်။ ဝက်ဘ်ကို အခြေပြုသော ဝက်ဘ်အပလီကေးရှင်းနှင့်Stand Aloneအပလီကေးရှင်းများ၏ ပူးတွဲမှု့များပင်ဖြစ်၏။ ဝက်ဘ်အပလီကေးရှင်းအား Ajaxနှင့် Java Web Start၊Adobe Flash အစရှိသည့် ပူးတွဲရေးသားမှု့များကြောင့်၊ Web2.0 ခေတ်နှင့် လိုက်ညီသော လှပသေသပ်သည့် အပလီကေးရှင်းများကို ရေးသားလာနိုင်ခဲ့ကြသည်။ အိမ်သုံး ကွန်ပျူတာနှင့် ပတ်သက်၍ ယနေ့ခေတ် အိမ်သုံးကွန်ပျူတာ (PC) အတော်များများသည် အသုံးပြုသူက ဝက်ဘ်နှင့်Desktop ပတ်ဝင်းကျင်အပေါ်တွင် Javaအပလီကေးရှင်း များကို အခက်အခဲမရှိ အလုပ်လုပ်စေနိုင်သည် ။ PCထုတ်လုပ်သူ အတော်များများသည် ထုတ်လုပ်ရောင်းချသည့် Windows PC တွင်Javaပလက်ဖေါင်း (JRE) ကို ထည့်သွင်းပေးလျက် ရှိ၏။ ပန်းသီးတံဆိပ်၏ Mac OS X နှင့် Linux အတော်များများတွင်လည်း Java ပလက်ဖေါင်းကို ထည့်သွင်းပေးလျက် ရှိ၏။ ထို့ကြောင့် ၂၀၀၁ခုနှစ်နောက်ပိုင်း Microsoftမှ Java ပလက်ဖေါင်းကို Windows တွင် ထည့်သွင်းခြင်းမပြုတော့ဟု ထုတ်ပြန်ချက်သည် Java အပလီကေးရှင်းများ အပေါ် အကျိုးသက်ရောက်မှု့မှာ ထင်သလောက်ကြီးမားခြင်းမရှိပေ။ ၂၀၀၁ခုနှစ် နောက်ပိုင်းတွင် မိုက်ကရိုဆော့ဖ်မှ Java ပလက်ဖေါင်းကို Windows တွင် ထည့်သွင်းခြင်းမပြုတော့ဟု ထုတ်ပြန်ခဲ့ခြင်းသည်၊ ဆန်းမိုက်ကရိုစစ္စတမ်မှ မိုက်ကရိုဆော့ဖ်အား အဆင့်နိပ်သော Java ပလက်ဖေါင်းအား ထည့်သွင်းနေမှု့ကြောင်း တရားစွဲဆိုခဲ့သောကြောင့်ဖြစ်၏။ မိုက်ကရိုဆော့ဖ်မှ ယနေ့တိုင် Windows တွင် ထည့်သွင်းခဲ့သော Java ပလက်ဖေါင်းတွင် အသုံးပြုရန် ရေးသားသားသော Java ပရိုဂရမ်တစ်ခုသည် အခြားသော ပလက်ဖေါင်းအပေါ်ရှိ Java ပလက်ဖေါင်းအပေါ်တွင် အလုပ်နိုင်မည်ဟု အာမခံနိုင်မည် မဟုတ်ပေ။ သို့ရာတွင် ယနေ့ခေတ်များတွင် Java အပလီကေးရှင်းများ ကိုယ်တိုင်က Java ပလက်ဖေါင်းများကို ပူးတွဲဖြန့်ဝေလာကြသည်ကို တွေ့ရ၏။ ထိုသို့ဖြန့်ဝေလာကြခြင်းမှာ Java အပလီကေးရှင်းများကို ရေးသားသူနည်းပညာရှင်များ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်၏။ Java အပလီကေးရှင်းများကို ရည်ရွယ်ထားသလို အသုံးပြုနိုင်စေရန်အတွက် Java ပလက်ဖေါင်း၏ခြားနားမှု့ကြောင့် ဖြစ်ပေါ်စေတတ်သော ပြဿနာများကို ရှောင်ရှားနိုင်စေဖို့အတွက် ကွန်ပျူတာအပေါ်တွင်ရှိသော Java ပလက်ဖေါင်းအား အသုံးပြုရန် မသင့်ဟု ဆုံးဖြတ်ခဲ့ကြသောကြောင့် ဖြစ်၏။ လက်ရှိအချိန်တွင်Javaအပလက်သည် ကိုယ်တိုင်အလုပ်လုပ်နိုင်သော ပလတ်ဖေါင်းကို ခွဲခြားသိရှိ လာနိုင်ခဲ့သည်။ တဖန်၊ ဗားရှင်းများအကြား၌ အပြန်အလှန်အသုံးပြုနိုင်မှု့ သည်လည်း ပရိုဂရမ်မင်းဘာသာရပ်များ အကြားတွင် အဆင့်မြင့် အနေအထားတွင် တည်ရှိသည်။ Java SE 1.3 နောက်ပိုင်းတွင် ဗားရှင်းမတူညီမှု့ကြောင့် ဖြစ်ပေါ်တက်သော ပြဿနာများမှာ အလွန်နည်းပါးလာခဲ့သည်။ ထို့အပြင် Java Web Start နည်းပညာသည် အင်စတောလုပ်ထားသော Java ဗားရှင်းကို စမ်းစစ်ပြီး လိုအပ်ပါက အလိုအလျှောက် အပ်ဒိတ်လုပ်ပြီး၊ Java Web Start သုံး အပလီကေးရှင်းများကိုပါ အပ်ဒိတ်လုပ်လာနိုင်သည်။ ထို့အတွက် Java ပလက်ဖေါင်း ဗားရှင်းအဟောင်းများကို အသုံးပြုနေသော စက်များပင်ဖြစ်လင့်ငြား အလိုအလျှောက် အပ်ဒိတ်လုပ်နိုင်ခြင်းကြောင့် ဘားရှင်းပြဿနာသည် ခက်ခဲသော ပြဿနာတစ်ခုမဟုတ်တော့ပါ။ နှစ်မြှုပ်စစ္စတမ် အပိုင်းဆိုင်ရာ နှစ်မြှုပ်စစ္စတမ်သုံး Java (Java ME) သည် တွင်ကျယ်စွာအသုံးပြုနေသော ပတ်ဝင်းကျင်တစ်မျိုးဖြစ်၏။ မိုဘိုင်းကရိယာ(မိုဘိုင်းဖုန်း・PHSやPDA・စမတ်ဖုန်းအစရှိသည့်)များတွင် Java ပလက်ဖေါင်းများကို အသုံးပြုကြသည်က များ၏။ Java ပလက်ဖေါင်းအား အထက်ပါ မိုဘိုင်းကရိယာများတွင် တွင်ကျယ်စွာအသုံးပြုနေကြ၏။ တဖက်တွင် Symbian နှင့် BREW သည်လည်း မိုဘိုင်းဖုန်းအား အဓိကထားပြီး Java နှင့် အပြိုင်ဖြစ်လာခဲ့သည်။ Java ME သည် BREW နှင့်မတူညီပဲ၊ ဖန်တီးသူမှ လိုင်စဉ်ခ ပေးဆောင်ရန်မလိုပဲ ပရိုဂရမ်များကို ဖန်တီးရေးသားနိုင်၏။ တဖန် Java ME အား Symbian ထက်စာလျှင် ကျယ်ပြန့်စွာ အသုံးပြုနေသည်ကို တွေ့ရသည်။ ထိုအချက်ကြောင့် Java ME သည် Symbian ထက်ကျယ်ပြန့်စွာ အသုံးပြုလာကြသည်မှာ မိုဘိုင်းကရိယာများအတော်များများအပေါ်တွင် သက်သာစွာ အလုပ် လုပ်ဆောင်နိုင်စေသောကြောင့် ဖြစ်၏။ အထက်ပါအကြောင်းများကြောင့် တတိယပါတီများမှတဆင့် Opera mini ကဲ့သို့သော အခမဲ့ Java ဆော့ဖ်ဝဲများကို ရေးသားလာနိုင်ခြင်းဖြစ်၏။ ဗားရှင်းများ Java သည် JDK(Java Development Kit)1.0 ကို ထုတ်ပြန်ပြီးသည့် နောက်ပိုင်း၊ အကြိမ်ကြိမ် အဓိကပြောင်းလည်းမှု့များကို ထည့်သွင်းလာခဲ့ကြ၏။ ဗားရှင်းများကို မြှင့်တင်ရင်း များစွာသောကလပ်စ်နှင့် Packageများသည် အခြေခံ အသုံးချ ကလပ်စ် အစုအဝေး ထဲကို ပါဝင်လာခဲ့ကြ၏။ပရိုဂရမ်မင်းဘာသာရပ်Java နှင့်Javaပလက်ဖေါင်းသည် ဗားရှင်းများကြားတွင် အပြန်အလှန်အသုံးပြုနိုင်ရန် သတိပြု၍ ဖြည့်စွက်ပြုပြင်မှု့များကို ပြုလုပ်လာခဲ့ကြ၏။ J2SE 1.4 မှစ၍ Java ၏ ရေးသားခြင်းများသည် JCP (Java Community Process) ဟုခေါ်သော စနစ်ချမှတ်ရေး အစီအစဉ်များဖြင့် ရေးသားလာခဲ့ကြ၏။ JCP တွင် JSRs (Java Specification Requests) ဟုခေါ်သော တောင်းဆိုချက်စာစောင်များမှ Java နှင့်ပတ်သက်သော ဖြည့်စွက်ဖန်ရှင်များ Java ပလက်ဖေါင်းနှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲမှု့များကို အကြံပြုခြင်း၊ သတ်မှတ်ခြင်းများကို ပြုလုပ်နေကြ၏။ တဖန် J2SE1.3 နောက်ပိုင်းတွင် ရေးသားသည့် ကုဒ်အမည်အနေဖြင့်၊ အဓိကဗားရှင်းများအား သွေးနွေးသတ္တဝါများ၏ အမည်ကို၎င်း၊ အသေးစိတ် ပြောင်းလည်းမှု့များကို အင်းဆက်များ၏ အမည်ကို ၎င်း အသုံးပြုလာသည်ကို တွေ့ရ၏။ ဘာသာရပ်၏ ထင်ရှားချက်များမှာ JLS(Java Language Specification; Java ထင်ရှားချက်များ)ဖြင့် သတ်မှတ်ထားသည်။ JLS သည် JSR 901 ၏ လက်အောက်တွင် ထိမ်းသိမ်းထားသည်။ ဗားရှင်းများကို မြှင့်တင်ပြောင်းလည်းခြင်းအားဖြင့်၊ ဘာသာရပ်၏ ထင်ရှားချက်များကို ပြောင်းလဲရုံသာမက၊ အခြေခံ အသုံးချ ကလပ်စ် အစုအဝေးတွင်လည်း အသစ်ဖြည့်စွက်မှု့များကို ပြုလုပ်ခဲ့ကြ၏။ JDK 1.0 တွင် အခြေခံအသုံးချ ကလပ်စ် အစုအဝေးသည် ပျမ်းမျှ အားဖြင့် ကလပ်စ်/အင်တာဖေစ်ပေါင်း 200 ခန့်သာ ရှိခဲ့သော်လည်း၊ Java SE 6 အရောက်တွင် စုစုပေါင်း 4000 ကျော်အထိ တိုးပွားလာခဲ့၏။Swing နှင့် Java 2D ကဲ့သို့ API အသစ် များကိုလည်း ထည့်သွင်းလာခဲ့ကြ၏။ တဖက်တွင် နဂို JDK 1.0 လက်ထက်တွင် အသုံးပြုခဲ့သော ကလပ်စ်များ၏မက်သတ် အတော်များများသည်လည်း၊ J2SE 5.0 အရောက်တွင် အသုံးပြုရန် အားမပေးတော့ခြင်းများ ရှိလာခဲ့ကြသည်။ JDK 1.0 (1996/1/23) ကနဦး ဗားရှင်းဖြစ်သည် ဤဗားရှင်းသည် နိုင်ငံတကာပြောင်းလည်းမှု့များ မပြုလုပ်ရသေးပါသဖြင့် အခြားသောဘာသာစကားများ ဖြင့် အသုံးမပြုနိုင်သေးပါ။ JDK 1.1 (1997/2/19) အဓိကလုပ်ဆောင်ချက် အတော်များများကို ဖြည့်စွက်လာခဲ့၏။ လိုကယ်လိုက်ဇေရှင်းကို ထည့်သွင်းလာခြင်း AWT Event Model ၏ ပြန်လည်မွန်းမံတည်ဆောက်ခြင်း ဘာသာရပ် ထင်ရှားချက်များတွင် အတွင်းပိုင်း ကလပ်စ်ကို ဖြည့်စွက်လာခဲ့၏ JavaBeans ဆော့ဖ်ဝဲကွန်ပိုးနန့်နည်းပညာ JDBC ဒေတာဘေစ်ဆက်သွယ်ရေးAPI Java RMI အနေရာခြား Object နည်းပညာ J2SE 1.2 (1998/12/8) ကုဒ်အမည်မှာ Playground ဖြစ်၏။ ဤ ဗားရှင်းမှစ၍ အမည်ကို Java 2 ဟု ပြောင်းလည်းခေါ်ဆိုပြီး၊ J2SE 5.0 အထိ ဤအမည်ကို အသုံးပြုလာခဲ့၏။ တဖန် အဲဒီးရှင်းကိုလည်း JDK မှ "J2SE"(Java 2 Platform, Standard Edition)ဟု ပြောင်းလည်းခေါ်ဆိုခဲ့၏။ ထိုအမည်ကြောင့် J2SE သည်J2EE(Java 2 Platform, Enterprise Edition)နှင့် J2ME(Java 2 Platform, Micro Edition)၏ အခြေခံ အယ်ဒီးရှင်းဖြစ်ကြောင်းကို သိသာစေခဲ့၏။ strictfp keyword : IEEE 754 တွင် အခြေခံသော တိကျသည့်ဒသမကိန်းများ၏ အတွက်အချက်ကို ဖြည့်စွက်လာခဲ့၏ Reflection : ကလပ်စ်အမည်နှင့်၊ ကလပ်စ်တွင်ပါဝင်သောမက်သတ်အမည်ဖြင့် လိုအပ်သလို သတ်မှတ်ခေါ်ယူလာနိုင်ခဲ့၏ Swing GUI Toolkitကို အခြေခံ API အဖြစ် ဖြည့်စွက်လာခဲ့၏ Sun ၏Javaဒြပ်မဲ့စက်တွင်JIT ကွန်ပိုင်းလာကို ဖြည့်စွက်လာခဲ့၏ Java Plug-in :အမျိုးမျိုးသောဝဘ်ဘရောင်ဇာတွင် Java အသုံးချ ပတ်ဝန်းကျင်ကို ထည့်သွင်းခဲ့ပြီး၊ Java ပရိုဂရမ် များကို အသုံးချလာနိုင်ခဲ့၏ Java IDL ဟုခေါ်သော IDLကို အသုံးချဖြည့်စွက်ခဲ့ပြီးCORBA နေရာခြား Object ပတ်ဝင်းကျင်နှင့် အပြန်အလှန် ဆက်သွယ် အသုံးပြုလာနိုင်ခဲ့၏ Collection Framework ကို ဖြည့်စွက်ခဲ့၏ J2SE 1.3 (2000/5/8) ကုဒ်အမည်သည် Kestrel ဖြစ်၏။ HotSpot Java ဒြပ်မဲ့စက်ကို ဖြည့်စွက်ခဲ့ပြီး၊ JIT ကွန်ပိုင်းလာအပြင် လိုအပ်သလို ပြန်လည်ကွန်ပိုင်းလုပ်နိုင်သော နည်းပညာ၊နောင်တခေတ်၏ အမှိုက်သိမ်းစနစ် ကို ပံ့ပိုးထားသော လျင်မြန်သော Java ဒြပ်မဲ့စက် ကို အသုံးပြုလာနိုင်ခဲ့၏။ Java RMI အား CORBA ကို အခြေခံ၍ ပြုပြင်လာခဲ့၏။ JavaSound : အသံအချက်အလက်များကို အသုံးပြုနိုင်သော API Java Naming and Directory Interface (JNDI) အား တရားဝင် အသုံးချ ကလပ်စ်အစုအဝေးအတွင်း ဖြည့်စွက်လာခဲ့၏။ Java ပရိုဂရမ်ကိုDebug လုပ်နိုင်ရန် ကူညီပေးသော ဖန်ရှင်များ၊ Java Platform Debugger Architecture(JPDA)ကို ဖြည့်စွက်ခဲ့၏။ J2SE 1.4 (2002/2/6) ကုဒ်အမည်သည် Merlin ဖြစ်၏။ ထိုဗားရှင်းသည် JCP(Java Community Process)၏ အောက်တွင် ရေးသားခဲ့သော ဦးဆုံးသောJavaပလက်ဖေါင်းဖြစ်၏။JSR 59 assert Keyword : အတိုင်းအတာတစ်ခု အထိDesign By Contract ကို အခြေခံသော ပရိုဂရမ်များကို ရေးသားလာနိုင်ခဲ့၏။JSR 41 Perlကဲ့သို့သောregular expression ၏ အသုံးချပရိုဂရမ် အစုအဝေးကို ဖြည့်စွက်ခြင်းအားဖြင့်၊ စာလုံးဆက်အချက်အလက်များနှင့်(စာလုံး)၏ အဆင့်မြင့် လုပ်ဆောင်ချက်များကို ပံ့ပုံပေးလာနိုင်၏။ ဆက်တိုက်Exceptionလုပ်ဆောင်ချက်များကြောင့်၊ Exception တစ်ခု၏ အကြောင်းအရင်းဖြစ်သော Exception ကို မှတ်သားဖော်ပြပေးလာနိုင်ခဲ့၏။ NIO (New I/O) JSR 51 ဖြင့် သတ်မှတ်ခဲ့၏။ Logging API JSR 47 ဖြင့် သတ်မှတ်ခဲ့၏။ Image I/O API : JPEG နှင့် PNG ကဲ့သို့သောပုံရိပ်များကို အသုံးပြုနိုင်သော API JAXP JSR 5နှင့် JSR 63ဖြင့် သတ်မှတ်ခဲ့၏။ လုံးခြုံရေးစနစ်နှင့် စကားဝှက်စနစ်ကိုလည်း တရားဝင် အသုံးချပရိုဂရမ်အစုအဝေးတွင် ဖြည့်စွက်ခဲ့၏။ JCE(Java Cryptography Extension) JSSE(Java Secure Socket Extension) JAAS(Java Authentication and Authorization Service) Java Web Start နည်းပညာ။JSR 56 ဖြင့် သတ်မှတ်ခဲ့၏။ J2SE 5.0 (2004/9/30) ကုဒ်အမည်မှာ Tiger ဖြစ်၏။JSR 176 ၏ အောက်တွင် ရေးသားလာခဲ့ခြင်းဖြစ်သည်။ J2SE 5.0 တွင် ဘာသာရပ်၏ အသုံးပြုပုံမှာ အတော်များများ ပြောင်းလည်းခဲ့ပြီး၊ အသုံးပြုပုံအသစ် အတော်များများကိုလည်း ဖြည့်စွက်ခဲ့လေသည်။ မှုရင်းဗားရှင်း၏ အမည်မှာ J2SE 1.5 ဖြစ်ခဲ့သော်လည်း အတွင်းပိုင်းတွင်သာ အသုံးပြုခဲ့ကြ၏။ Generic Type : ကွန်ပိုင်းလုပ်ချိန်တွင်Collection Object အပေါ်တွင် အသုံးပြုသော Object ကို လုံခြုံစွာ ခေါ်ယူ အသုံးပြုလာနိုင်သည်။ အတော်များများပုံစံပြောင်းခြင်းကို ပြုလုပ်ရန် မလိုအပ်တော့ပေ။ JSR 14 ဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်၏။ Auto Boxing/Unboxing : int ပုံစံကဲ့သို့ ကနဦးပုံစံ(primitive type)နှင့် ကလပ်စ် ကဲ့သို့primitive wrapper class များအကြားတွင် အလိုအလျှောက် ပုံစံပြောင်းလာနိုင်ခဲ့၏။ JSR 201 ဖြင့် သတ်မှတ်ခဲ့၏။ enumerated type : enum ကြောင့်၊ Java တွင် စိတ်ချရသော enumerated type ကို အသုံးပြုနိုင်သော ဒီဇိုင်းပုံစံ(ဆော့ဖ်ဝဲနည်းပညာ) ဖြစ်သည့် Type Safe Enum Design Pattern ကို ဘာသာရပ် အဆင့်မှ ပံ့ပိုးလာခဲ့ပြီး၊ Enumerated Type အား စိတ်ချစွာ အသုံးပြုလာနိုင်ခဲ့၏။ ယခင်ကဆိုလျှင် စိတ်ချရသော ပုံစံမဟုတ်သည့် ကိန်းဂဏာန်း များကို ကိန်းသေများအဖြစ် သတ်မှတ်အသုံးပြုမလား ဒါမှမဟုတ်၊ ပရိုဂရမ်မာက ကိုယ်တိုင် Type Safe Enum Pattern ကို ရေးသားမလားသာရှိခဲ့၏။ enum အားJSR 201ဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်၏။ ပါရာမီတာအရှင်: မက်သတ်၏နောက်ဆုံးပါရာမီတာအား ပုံစံအမည်၏ နောက်တွင် ဆက်၍ အစက် ၃စက် ကို ရေးသားခြင်းအားဖြင့်၊ ပါရာမီတာ အရှင် အနေဖြင့် အသုံးပြုနိုင်မည် ဖြစ်၏။ (နမှုနာ: void drawText(String... lines))။ မက်သတ်ကို ခေါ်ယူရာတွင် နောက်ဆုံးပါရာမီတာအား ၎င်း၏ပုံစံတူ ပါရာမီတာများ နှစ်သက်သလောက် ပေးကမ်းနိုင်သည်။ မက်သတ်၏ အတွင်းပိုင်းတွင် နောက်ဆုံး ပါရာမီတာအားကိန်းစဉ်တန်း အဖြစ် လက်ခံရယူနိုင်သည်။ Metadata : မှတ်ချက်(Anotation)ဟု အမည်တွင်ပြီး၊ ကလပ်စ်နှင့် မက်သတ်များတွင် "@" ဖြင့် ဖြည့်စွက်ရေးသားထားသော အချက်အလက်များကို ရေးသားနိုင်မည် ဖြစ်သည်။ Metadata ကို အသုံးပြုသော Tool များကိုအသုံးပြုပါက သတ်မှတ်ထားသော ကုဒ်များကို အလိုအလျှောက် ရေးသားနိုင်မည် ဖြစ်၏။ JSR 175ဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်၏။ for ဝါကျအသစ်(for-each): for ဝါကျများတွင် ဖွဲ့စည်းပုံအသစ်ကို ရေးသားလာခဲ့၏။ ကိန်းဆက်နှင့်ကော်လက်ရှင် Object(နှင့်အစရှိသည့်)၏Object များကို ထပ်ကာတလည်းလည်း အလုပ်လုပ်ဆောင်စေရာတွင် အသုံးပြုနိုင်သော ရေးသားပုံအသစ်ဖြစ်ပြီး၊ ကုဒ်များကို ရှင်းလင်း လွယ်ကူစွာ ရေးသားနိုင် သောကြောင့် မလိုအပ်သော အမှားများကို နည်းပါးစေနိုင်သည်။ ဤရေးသားပုံကို အသုံးပြုသောအခါ ကော်လက်ရှင်သည် ကိန်းဆက် သို့မဟုတ်၊ အင်တာဖေးစ် ကို ပံ့ပိုးထားသော ကော်လက်ရှင် Object ဖြစ်ရန် လိုအပ်သည်။ for ဝါကျ အသစ်သည်JSR 201ဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်၏။ Java SE 6 (2006/12/11) ကုဒ်အမည် သည် Mustang ဖြစ်၏။ JSR 270 ၏အောက်တွင် ရေးသားခဲ့ခြင်းဖြစ်၏။ Java SE 6 နှင့် ပတ်သက်ပြီး Sun သည် အမည်ပေးစနစ်ကို ပြောင်းလည်းခဲ့ပြီး "J2SE" မှ Java SE ဟု ပြောင်းလည်းခေါ်ဆိုခဲ့ပြီး၊ ဗားရှင်းလည်း ".0" ကို ဖျက်ပြစ်လိုက်ပါတယ်။ 。 Scripting for the Java Platform AWT၊ Swing ၏ လုပ်ဆောင်ချက်၏ အမြန်နှုန်းကို တိုးတက်စေခဲ့၏။ WindowsTask Tray အား ပံ့ပိုးမှု့ပေးလာခဲ့၏။ Windows Aero (Windows Vista) ၏Look And Feel Text ၏Unicode Normalization (java.text.Normalizer) JDBC 4.0 JAXP (Java API for XML Processing) 1.4 Web Services Java SE 7 (2011/7/28) ကုဒ်အမည်မှာ Dolphin ဖြစ်၏။ Java SE 7 တွင် အသစ်ပါဝင်ခဲ့သော အဓိက နည်းပညာများမှာ အောက်ပါအတိုင်းဖြစ်၏။ Dynamic Type Script Language များအတွက် invokedynamic ကို ဖြည့်စွက်ခြင်း (JSR 292) NIO.2 (JSR 203), Stream Control Transmission Protocol, Sockets Direct Protocol JDBC 4.1 Fork & Join Framework (JSR 166y) JAXP, JAXB, JAX-WS တို့၏ ပြုပြင်ပြောင်းလဲမှုများ ClassLoader ကို ပြင်ဆင်ရေးသားချင်း Project Coin ၏ တစိတ်တပိုင်း Java SE 8 ၂၀၁၁ခု ၈ လပိုင်း လက်ရှိ အခြေအနေတွင် အောက်ပါပြောင်းလည်းချက်များကို Java SE 8 တွင် ပါဝင်ရန် စီစဉ်ထားသည်။ JSR 337 ဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာ အသုံးပြုပုံတို့ကို သက်မှတ်ပြီး၊ ၂၀၁၂ခု ၁၀လပိုင်း လောက်တွင် သတ်မှတ်နိုင်ရန် ရည်ရွယ်ထားသည်။ ၂၀၁၂ခုနှစ် အကုန်ပိုင်းလောက်တွင် ထုတ်ပြန်ရန် ရည်ရွယ်ထားသည်။ Closure ကို ထည့်သွင်း အသုံးပြုမည် (Project Lambda, JSR 335) ဘာသာရပ် အဆင့်မှ Module ဖြစ်မြောက်ရေးကို ပံ့ပိုးမည် (Project Jigsaw, JSR 294) Type Anotation (JSR 308) Swing Application Framework (JSR 296) ထူးခြားချက်များ အခြေခံ အယူအဆ Java အား တီထွင်ခဲ့ကြရာတွင် အခြေခံ အယူအဆ ၅ချက် ရှိခဲ့၏။ Object Oriented သဘောတရား၏ အယူအဆကို ကျင့်သုံးရန် မတူညီသောOperating Systemများအပေါ်တွင်၊ တစ်ခုတည်းသောပရိုဂရမ်ဖြင့် အလုပ်လုပ်နိုင်စေရန် ကွန်ပျူတာကွန်ယက်ကို အသုံးပြုနိုင်သည့် ဖန်ရှင်များကို အခြေခံအနေဖြင့် ပြင်ဆင်ထားနိုင်ရန် အဝေးရောက် ကွန်ပျူတာအပေါ်ရှိ အသုံးချကုဒ်များကို လုံခြုံစွာ အသုံးချနိုင်ရန် ဒီဇိုင်းရေးသားနိုင်ရန် ရေးသားမှု့ကို လွယ်ကူစေရန်အတွက်၊ ရှိပြီးသား C++ များကဲ့သို့Object Oriented ပရိုဂရမ်မင်း ဘာသာရပ်များမှ ကောင်းသောအချက်များကို လက်ခံရယူရန် ကွန်ယက်နည်းပညာနှင့် အဝေးရောက်ကွန်ပျူတာအသုံးချနည်းပညာများကို အသုံးပြုရာတွင် အခြေအနေအပေါ်တွင်မှုတည်၍၊ Javaပရိုဂရမ်မာများသည်၊CORBA နှင့် Internet Communications Engine၊ OSGi များကဲ့သို့ နည်းပညာများကိုလည်း အသုံးပြုကြသည်။ Object Oriented Programming (Object-Based Programming) Java သည်ကလပ်စ်ကို အခြေခံသော Object Oriented ပရိုဂရမ်မင်း ဘာသာရပ် တစ်ခု ဖြစ်၏။ Java ပရိုဂရမ်သည် ကလပ်စ်များဖြင့် ဖွဲ့စည်းထားပြီး၊ ထိုကလပ်စ်များကို ပုံစံသွင်းထားသော Object များက အချင်းချင်း ဆက်သွယ်လုပ်ဆောင်ခြင်းအားဖြင့် Java ပရိုဂရမ်များကို အလုပ်လုပ်စေသည်။ Java ကလပ်စ်များသည် အမွေဆက်ခံရာတွင် တစ်ခုသော ကလပ်စ်မှသာ အမွေဆက်ခံနိုင်ပြီး၊ အင်တာဖေစ်ကို တစ်ခုမက ပံ့ပိုးပေးထားနိုင်သည်။ အမွေဆက်ခံခြင်း(Inheritance)ဆိုသည်မှာ ကလပ်စ်တစ်ခုကို တည်ဆောက်ရာတွင် အခြားကလပ်စ်တစ်ခုအား စူပါကလပ်စ်အနေဖြင့် သတ်မှတ်ထားပါက၊ စူပါကလပ်စ်က ပိုင်ဆိုင်သော အချက်အလက်များနှင့်၊ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ခြင်းကို ဆိုလိုသည်။ Java ဘာသာရပ်တွင် ကလပ်စ်တစ်ခုသည် စူပါကလပ်စ်တစ်ခုတည်းကိုသာ သက်မှတ်နိုင်သော်လည်း၊ အင်တာဖေစ်များကို တစ်ခုထက်မက ပံ့ပိုးပေးနိုင်သောကြောင့်၊ ကလပ်စ်တစ်ခုမှ အမျိုးမျိုးသော တာဝန်ကို ထမ်းဆောင်စေနိုင်ခြင်းဖြစ်၏။ Java တွင် အသုံးပြုသော အချက်အလက်များ၏ ပုံစံသည်၊ ပြင်းထန်သော ငြိမ်သက်ပုံစံ(Strong Static Type)ကို အသုံးပြုထားသည်။ ငြိမ်သက်သော အချက်အလက်ပုံစံကို အသုံးပြုထားခြင်းအားဖြင့် Java ကွန်ပိုင်လာနှင့် အသုံးပြု ပတ်ဝင်းကျင်(ပလက်ဖေါင်း)သည်၊ ပုံစံအချင်းချင်း၏ ဆက်စပ်မှု့မှန်ကန်ခြင်းကို စမ်းစစ်ခြင်းအားဖြင့်၊ ပရိုဂရမ်၏ မှန်ကန်စွာအလုပ်လုပ်နိုင်ခြင်းနှင့်၊ လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်မှု့ကို အာမခံပေးနိုင်ခြင်းဖြစ်၏။ Java ၏ ဒေတာပုံစံသည်၊ ကိုးကားပုံစံ(reference type)နှင့် ကနဦးပုံစံ(primitive type)ဟု နှစ်မျိုးခွဲခြားနိုင်၏။ Java ၏ Object များသည် ကိုးကားပုံစံများဖြစ်ကြ၏။ Java တွင် အသုံးပြုနေသော အချက်အလက်များ၏ အခြေခံပုံစံသည်၊ ရိုးရှင်းသော အချက်အလက်(int, boolean, char ...) ပုံစံများဖြစ်ကြ၏။ Java ၏ စနစ်ကျလိုင်ဘရီသည်၊ အခြေခံပုံစံအချက်အလက်များကို Object အဖြစ် အသုံးပြုနိုင်စေရန် အတွက် အခြေခံအချက်အလက်များကို ခြုံငုံထားသော Wrapper Class များကို ပြင်ဆင်ထား၏။ Java(J2SE 5.0)အရောက်တွင် အချက်အလက်ပုံစံများ၏ ပြုပြင်ပြောင်းလည်းမှု့များကို ပြုလုပ်ထားသည်။ Java ၏ ကွန်ပိုင်လာသည် ကနဦးပုံစံအချက်အလက်များနှင့် သူ၏ Wrapper Class အကြားတွင် အလိုအအလျှောက် ပုံစံပြောင်းပေးနိုင်သည် (Auto Boxing)။ ဤနည်းအားဖြင့် ကိုးကားပုံစံနှင့် ကနဦးပုံစံ ဟူ၍ အချက်အလက်ပုံစံ ၂မျိုး တည်ရှိခြင်းကြောင့် ဖြစ်ပေါ်စေသော Java ၏ ရှုပ်ထွေးမှု့များကို သက်သာစေနိုင်သည်။ Genericsကို အသုံးပြုလာနိုင်၏။ ပရိုဂရမ်ထဲတွင် ပုံစံပြောင်းခြင်း အလုပ်ကို သက်သာစေပြီး၊ မလိုအပ်သော အမှားများကိုလည်း နည်းပါးစေနိုင်၏။ Generics သည် ယခင်ကတည်းကC++ ကဲ့သို့သော ပရိုဂရမ်မင်းဘာသာရပ်များတွင် အသုံးပြုနေခဲ့သော နည်းပညာတစ်ခုဖြစ်၏။ Java ၏ ထူးခြားချက်တစ်ခုဖြစ်သော Object Orientedသည်၊ ပရိုဂရမ်မင်းနှင့် ပရိုဂရမ်မင်းဘာသာရပ်ဖွဲ့စည်းပုံ များ၏ နည်းစနစ်တစ်မျိုးဖြစ်၏။ Java သည် Object Orientedပရိုဂရမ်မင်း ဘာသာရပ် တစ်မျိုးဖြစ်၏။ Object Oriented ဘာသာရပ်၏ အတွေးအခေါ်နှင့် ပတ်သက်ပြီး၊ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်း များစွာရှိကြ၏။ အများအားဖြင့် Object Orientedသဘောတရား၏ ထင်ရှားချက်ကိုသတ်မှတ်ရာတွင် ဆော့ဖ်ဝဲတွင် အသုံးပြုသော အမျိုးမျိုးသော အချက်အလက်များနှင့်ပတ်သက်၍၊ အချက်အလက်နှင့် ထိုအချက်အလက်များနှင့်ပတ်သက်သော လုပ်ဆောင်ချက်များကို တနေရာတည်းတွင် ပူးတွဲထားပြီး၊ ဆော့ဖ်ဝဲကို ဒီဇိုင်းရေးသားခြင်းပင်ဖြစ်၏။ ဤကဲ့သို့ အချက်အလက်နှင့် ကုဒ်တို့ကို ပူးတွဲထားသည်ကို၊ Objectဟုခေါ်ဆိုသည်။ Object ဆိုသည်မှာ၊ အနေအထားကို ဖော်ပြသော အချက်အလက်များနှင့်၊ လုပ်ဆောင်မှု့များကိုပြုလုပ်နိုင်သော ကုဒ်တို့က တနေရာတည်းမှာ စုစည်းထားသော အစုအဝေးတစ်ခုဟု သတ်မှတ်နိုင်ပေသည်။ Java တွင် Object တစ်ခု၏ဖွဲ့စည်းပုံကိုဖော်ပြသော မြေပုံကြမ်း(Blue Print) တစ်ခုဖြစ်သော ကလပ်စ်တွင် လုပ်ဆောင်ချက်များကို မက်သတ်ဟုခေါ်ဆိုပြီး၊ အချက်အလက်များကို Fields (Instance Variable) ဟုခေါ်ဆိုသည်။ Object Oriented မတိုင်မှီတွင် အသုံးပြုခဲ့သော နည်းပညာများတွင် အချက်အလက်နှင့် လုပ်ဆောင်ချက်များသည် တစ်နေရာစီတွင် တည်ရှိခဲ့ကြ၏။ အချက်အလက်ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလည်းလိုပါက၊ ထိုအချက်အလက်ကို အသုံးပြုနေသော အခြားတနေရာတွင်ရှိသည့် လုပ်ဆောင်ချက်များကိုလည်း ပြုပြင်ပြောင်းလည်းရန်လိုအပ်သည်။ တဖန် လုပ်ဆောင်ချက်ကို ပြောင်းလည်းပါက၊ အချက်အလက်ဖွဲ့စည်းပုံကိုလည်း ပြောင်းလည်းရန်လိုအပ်ခဲ့၏။ Object Oriented အတွေးအမြင်ကို အခြေပြုပြီး၊ ယနေ့တိုင် တနေရာစီတွင် တည်ရှိခဲ့သော အချက်အလက်နှင့် လုပ်ဆောင်ချက်များအား၊ Object အနေဖြင့် တစ်နေရာတည်းတွင် စဉ်းစားလာနိုင်ခြင်းသည်၊ ဆော့ဖ်ဝဲစစ္စတမ်များ၏ ဖွဲ့စည်းပုံကို ဒီဇိုင်းရေးသားရာတွင် လွန်စွာမှအစဉ်ပြေသော အခြေခံတစ်ခုဖြစ်လာခဲ့၏။ Object Oriented ကို အသုံးပြုခြင်းအားဖြင့် ပမာဏကြီးမားသော စစ္စတမ်များကို ရေးသားရာတွင် ဖြစ်ပေါ်လေ့ရှိသော အခက်အခဲများကို လျှော့ပါးစေခြင်း၊ ဆော့ဖ်ဝဲ၏ အရည်အသွေးကို မြင့်မားစေခြင်းနှင့် မအောင်မြင်သော ပရိုဂျက်များကို နည်းပါးစေခြင်း အစရှိသော အကျိုးများကို ရရှိစေနိုင်သည်။ Object Oriented ၏ အခြားသော ရည်မှန်းချက် တစ်ခုမှာ နေရာ အမျိုးမျိုးတွင် အသုံးပြုနိုင်သော Object များကို ရေးသားခြင်းအားဖြင့်၊ ပရိုဂျက်များအကြားတွင် ဆော့ဖ်ဝဲများကို ပြန်လည်အသုံးပြုနိုင်ခြင်း ပင်ဖြစ်၏။ ဥပမာအားဖြင့်၊ User Object တစ်ခုသည်၊ အခြားသော ပရိုဂျက်တစ်ခုတွင်လည်း တူညီစွာအသုံးပြုနိုင်မည် ဖြစ်၏။ ကြီးမားသော အဖွဲ့အစည်းကြီးများတွင်၊ ပရိုဂျက်အမျိုးမျိုးတည်ရှိကြပြီး ထိုပရိုဂျက်များတွင် အခြေခံ အလွှာတစ်ခုကို တူညီစွာအသုံးပြုရန်လိုအပ်ပါက ပြန်လည်အသုံးပြုနိုင်သော ဆော့ဖ်ဝဲများသည် လွန်စွာမှအရေးကြီးလာသည်။ ဤကဲ့သို့ နေရာအမျိုးမျိုးတွင် အသုံးပြုနိုင်သော အခြေခံ ဆော့ဖ်ဝဲများကို ပြင်ဆင်ထားခြင်းအားဖြင့်၊ ဆော့ဖ်ဝဲများကို ရေးသားရာတွင် ရေးသားရန်လိုအပ်သော အချိန်ကို လျှော့ပါးစေသည်။ ပလက်ဖေါင်းအပေါ်တွင် မှီခိုမှု့ မရှိခြင်း Java ထူးခြားချက်နောက်တစ်ခုမှာ ပလက်ဖေါင်းတွင် မှီခိုမှု့မရှိခြင်း ဖြစ်ပြီး၊ Java ပရိုဂရမ်များသည် အမျိုးမျိုးသော ဟဒ်ဝဲနှင့်Operating Systemများအပေါ်တွင် အမြဲတမ်း တူညီစွာ လုပ်ဆောင်မှု့ကို ပြနိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။ Java ပရိုဂရမ်ကို တစ်ကြိမ်ရေးသားပြီးပါက၊ ထိုပရိုဂရမ်ဖြင့် အမျိုးမျိုးသော ပလက်ဖေါင်းအပေါ်တွင် အလုပ်လုပ်စေ နိုင်သည်။ ယခုနောက်ပိုင်းနှစ်များတွင် Java အသုံးပြုပတ်ဝင်းကျင်တွင် ပါဝင်သော Java ဒြပ်မဲ့စက် သည် အမြန်အလုပ်လုပ်စေနိုင်သည့် နည်းပညာကို ထည့်သွင်းလာနိုင်ခဲ့ပြီး၊ ပလက်ဖေါင်းကို မှီခိုသော သဘာဝပရိုဂရမ်မင်းဘာသာရပ် များကဲ့သို့ပင် လျင်မြန်စွာ အလုပ်လုပ်နိုင်လာခဲ့၏။ Java သည် ပလက်ဖေါင်းအပေါ်တွင် မှီခိုမှု့မရှိသည်မှာ အောက်ပါအကြောင်းများကြောင့် ဖြစ်၏။ Java ကွန်ပိုင်လာအတော်များများသည်၊ Java ၏ ပင်ရင်းကုဒ်များကို ကြားခံဘာသာအနေဖြင့် ကွန်ပိုင်းလုပ်ပေးပါသည်။ ထို Java ကြားခံဘာသာစကား ကုဒ်များကို Java ဘိုက်ကုဒ်ဟုခေါ်ဆိုသည်။ ဘိုက်ကုဒ်များသည်Java ဒြပ်မဲ့စက်တွင်အလုပ်လုပ်နိုင်သောစက်ဘာသာအမိန့်ပေး စာကြောင်းများ ဖြင့် ဖွဲ့စည်းသားပါသည်။ Java ပရိုဂရမ်ကို အလုပ်လုပ်စေရာတွင်၊ အထက်ပါ ဘိုက်ကုဒ်အား Java ဒြပ်မဲ့စက်အပေါ်တွင် အလုပ်လုပ်စေခြင်းဖြစ်၏။ Java ဒြပ်မဲ့စက်သည် အလုပ်လုပ်မည့် ဟဒ်ဝဲ၏ သဘာဝ ဆော့ဖ်ဝဲတစ်မျိုးဖြစ်ပြီး ဘိုက်ကုဒ်ဖြင့် ရေးသားထားသည်များကို နားလည်ရင်း အလုပ်လုပ်စေနိုင်ခြင်း ဖြစ်သည်။ Java ပတ်ဝင်းကျင်တွင်၊ Java ဒြပ်မဲ့စက် အပြင် အခြားသော အခြေခံလိုင်ဘရီကိုလည်း ပြင်ဆင်ထား၏။ ထိုအခြေခံ လိုင်ဘရီကို အသုံးပြုခြင်းအားဖြင့် Java ပရိုဂရမ်များမှ ဂရပ်ဖစ်၊ Thread နှင့် Network အစရှိသည့် ဟဒ်ဝဲ၏ လုပ်ဆောင်ချက်များကို နည်းလမ်း တစ်ခုတည်းဖြင့် ရေးသားအသုံးပြု နိုင်သည်။ ပလက်ဖေါင်းအပေါ်တွင်မှုတည်၍ ပြောင်းလည်းရေးသားရန် မလိုအပ်ပေ။ Java ဘိုက်ကုဒ်များကို အလုပ်လုပ်စေရာတွင် Java ဒြပ်မဲ့စက်သည်၊ ဟဒ်ဝဲ၏ သဘာဝ စက်ဘာသာကုဒ်များအဖြစ်ပြောင်းလည်းပြီး အလုပ်လုပ်စေသည်။ ဘိုက်ကုဒ်များဟ စက်ဘာသာကို ပြောင်းလည်းရာ၌ Java ဒြပ်မဲ့စက်သည် အင်တာပရက်တာကို၎င်း၊ Just In Time ကွန်ပိုင်းလာကို၎င်း သင့်တော်သလို အသုံးချပါသည်။ တဖန်GNU၏GNU Compiler for Java (GCJ) ကဲ့သို့ Java ပင်ရင်းကုဒ်များမှ တိုက်ရိုက် စက်ဘာသာအဖြစ် ပြောင်းလည်း ပေးနိုင်သော ကွန်ပိုင်လာများလည်း ရှိကြ၏။ သို့ရာတွင် ဤနည်းဖြင့် ကွန်ပိုင်းလုပ်ထားသော ပရိုဂရမ်များသည် ကွန်ပိုင်းလုပ်စဉ်က အသုံးပြုထားသော ပလက်ဖေါင်းများအပေါ်၌သာ အလုပ်လုပ်နိုင်သည်။ ယခုနောက်ပိုင်းနှစ်များတွင် Ruby(JRuby)နှင့် Groovy၊Jabaco၊Python(Jython) အစရှိသည့် ဘာသာစကားဖြင့် ရေးသားထားသော ပရိုဂရမ်များကို ဘိုက်ကုဒ်အဖြစ် ကွန်ပိုင်းလုပ်ခြင်းအားဖြင့် Java ဒြပ်မဲ့စက် အပေါ်တွင် အလုပ်လုပ်စေသည့် နည်းလမ်းများကိုလည်း တွေလာရသည်။ အမှိုက်သိမ်းစနစ် Java သည် အမှိုက်သိမ်းစနစ်(Garbage Collection)ဟုခေါ်သော အလိုအလျှောက် မံမိုရီထိမ်းသိမ်းရေးစနစ်ကို ပြင်ဆင်ထားပြီး၊ ထိုစနစ်ကို အသုံးမပြုသော အခြားသော ဘာသာရပ်များ နှင့်နှိုင်းယှဉ်လျှင် ပရိုဂရမ်ရေးသားရာတွင် လွယ်ကူမြန်ဆန်ပြီး၊ စိတ်ချစွာအလုပ်လုပ်စေနိုင်၏။ နောက်ပိုင်းနှစ်များတွင် Java ၌ သက်တမ်းအလိုက် အမှိုက်သိမ်းစနစ် (Generational Garbage Collection) ဟုအမည်ရသော ပိုမို၍ အကျိုးရှိစွာအသုံးချနိုင်သော နည်းပညာအသစ်ကို ထည့်သွင်းအသုံးပြုလာခဲ့၏။ အမှိုက်သိမ်းစနစ်ကို အသုံးမပြုထားသော C++ နှင့် အခြားသော ဘာသာရပ်များကို အသုံးပြုရာတွင်၊ ပရိုဂရမ်မာမှ မံမိုရီကို တိုက်ရိုက် ထိမ်းသိမ်းရန်လိုအပ်ခဲ့၏။ OOP ကို အသုံးပြုသော ပရိုဂရမ်မာသည် ပုံမှန်အားဖြင့်၊ Java ကဲ့သို့ Heap မံမိုရီအတွင်းတွင် Object ကို နေရာချ၍ အသုံးပြုလေ့ရှိ၏။ ထိုမှတဆင့် Object ကို အသုံးမလိုတော့သောအခါ မဖြစ်မနေ ထို Object ကို ဖျက်စီးခြင်းအားဖြင့် Object က အသုံးပြုနေသော မံမိုရီကို ပြန်ပြီး လက်လွှတ်ပေးရန် လိုအပ်သည်။ မံမိုရီထိမ်းသိမ်းရေးတွင် အားနည်းသော ပရိုဂရမ်သည် မံမိုရီယိုစီးမှု့ကို ဖြစ်ပွားစေနိုင်၏။ မံမိုရီယိုစီးမှု့ဆိုသည်မှာ မသင့်တော်သော အမိန့်ပေးမှု့များကြောင့် အသုံးမလိုသော Object များမှ မံမိုရီကို ဆက်လက် နေရာယူထားပြီး၊ စုစည်းမိလာသောအခါ ပရိုဂရမ်မှ အသုံးပြုနိုင်သော မံမိုရီက တဖြည်းဖြည်းနည်းပါးလာခြင်းကို ဆိုလို၏။ ထို့အပြင် မံမိုရီကို လက်လွှတ်ချိန်တွင် အကြိမ်ကြိမ် Object ကို ဖျက်မိပါသဖြင့် ပရိုဂရမ်ကို မှားယွင်းစေပြီး ရုတ်တရက် အမှားဖြင့် ပြီးဆုံးသည့်အခါများလည်း ရှိတတ်၏။ အမှိုက်သိမ်းစနစ်ကိုအသုံးပြုခြင်း အားဖြင့် မလိုအပ်သော အမှားများကို ကြိုတင်ကာကွယ်နိုင်၏။ ပရိုဂရမ်မာသည် နှစ်သက်သည့်အချိန်တွင် Object ကို ခေါ်ယူ အသုံးပြုနိုင်ပြီး၊ Java ပတ်ဝင်းကျင်မှ ထို Object ၏ ဘဝစက်ဝိုင်း(Life Cycle)ကို ထိမ်းသိမ်းပေးနိုင်သည်။ Object တစ်ခုသည် အခြားသော Object ကို ကိုးကားနိုင်ပြီး၊ ကိုးကားထားသည့် Object ၏ မက်သတ်များကို ခေါ်ယူအသုံးပြုနိုင်၏။ အခြားသော Object တစ်ခုကို ကိုးကားခြင်းဆိုသည်မှာ Heap မံမိုရီ အပေါ်တွင်ရှိသော Object ၏ လိပ်စာကိုရည်ညွှန်းခြင်းကို ဆိုလို၏။ Object တစ်ခုအား ဘယ်နေရာကမှ ကိုးကားခြင်း မပြုတော့ပါက၊ Java ၏အမှိုက်သိမ်းစနစ်သည် အသုံးပြုရန်မလိုသော Object ကို အလိုအလျှောက် ဖျက်စီးပေးခြင်းအားဖြင့် အလိုအပ်ပဲနေရာယူထားသော မံမိုရီများကို ပြန်လည် လွှတ်ထုတ်ပေးနိုင်၏။ ဤသို့ ပြုလုပ်ပေးခြင်းအားဖြင့် မလိုအပ်ပဲ နေရာယူထားသော မံမိုရီများက တဖြည်းဖြည့် စုစည်းပြီး ဖြစ်ပေါ်တက်သော မံမိုရီယိုယွင်းမှု့မှ ကာကွယ်ပေးနိုင်သည်။ ကွန်ယက်နည်းပညာ Java ၏ ပြည့်စုံသော လိုင်ဘရီကို အသုံးပြုခြင်းအားဖြင့်၊ ကွန်ပျူတာကွန်ယက်ကို အသုံးပြုသည့် ဆော့ဖ်ဝဲများကို လွယ်ကူစွာရေးသားနိုင်၏။ Java ၏ ကနဦးဗားရှင်းများမှစ၍၊ TCP/IP(IPv4) ကို အသုံးပြုနိုင်သော လိုင်ဘရီကို ပြင်ဆင်ထားပြီး၊ Network တွင် ဆော့ကက်ကို အသုံးပြုပြီး ဆက်သွယ်နိုင်သည့် ဆော့ဖ်ဝဲများကို လွယ်ကူစွာရေးသားနိုင်ခဲ့၏။ Java RMI ဒါမှမဟုတ် CORBA ၏ အဝေးရောက် Object (Remote Object)နည်းပညာကိုလည်း အခြေခံမှစ၍ အသုံးပြုနိုင်ခဲ့၏။ နောက်ပိုင်းနှစ်များတွင် အခြေခံ လိုင်ဘရီနှင့် မွန်းမံလိုင်ဘရီများကို အသုံးပြုခြင်းအားဖြင့် အမျိုးမျိုးသော ကွန်ယက် ပရိုတိုကောများကို အဆင့်မြင့်စွာ အသုံးပြုလာနိုင်ခဲ့၏။ FTP HTTP SMTP/POP/IMAP,NNTP SSH, TLS/SSL SMB လက်ရှိတွင် IPv6 ကို လည်းအသုံးပြုလာနိုင်ခဲ့၏။ လုံခြုံရေး Java သည် ကနဦးဗားရှင်းများမှစ၍ အခြားကွန်ပျူတာတစ်ခုအပေါ်ရှိ အလုပ်လုပ်နိုင်သောကုဒ်(Java အပလတ်)ကို စိတ်ချစွာအသုံးချနိုင်ရန် ဒီဇိုင်းရေးသားခဲ့သည်။ Java ဒြပ်မဲ့စက်၏ ဘိုက်ကုဒ်စစ်ဆေးရေးစနစ်ဖြင့်၊ Java အလုပ်လုပ်နိုင်သောကုဒ်များဖြစ်သည့် ဘိုက်ကုဒ်များ၏ ရေးသားပုံကို စစ်ဆေးနိုင်၏။ Java ပတ်ဝင်းကျင်၏ ကလပ်စ်လုဒ်ဒါစနစ်ဖြင့်၊ ကလပ်စ်များကို ခေါ်ယူရာတွင် ထိုကလပ်စ်၏ သတင်းအချက်အလက်များကို စမ်းစစ်၍ စိတ်ချမှု့ကို စစ်ဆေးနိုင်၏။ Java ပတ်ဝင်းကျင်၏လုံခြုံရေးမန်နေဂျာစနစ်ဖြင့်၊ Java အပလတ်သည် အသုံးပြုသူက ခွင့်ပြုထားသော နေရာများအပြင် အခြားသောပိုင်ဆိုင်မှု့များကို ခိုးဝှက်ဆက်သွယ်ခြင်းကို တားမြစ်ထားသည်။ Java ပတ်ဝင်းကျင်၏ မှုလသတ်မှတ်ချက်ဖြင့်၊ အဝေးရောက်ကွန်ပျူတာ တစ်ခုအပေါ်ရှိ အလုပ်လုပ်နိုင်သောကုဒ်များမှ၊ လိုကယ်ဖိုင်စစ္စတမ်ဆီသို့ ဆက်သွယ်ခြင်းနှင့်၊ လုဒ်လုပ်ခဲ့သော ဆာဗာအပြင် အခြားသောနေရာများနှင့် ဆက်သွယ်ခြင်းကို တားမြစ်ထားသည်။ ရေးသားရန် အထောက်အကူပစ္စည်းကရိယာများ Java အပလီကေးရှင်းများကို ရေးသားရန်လိုအပ်သော အဓိက အထောက်အကူပြု ဆော့ဖ်ဝဲ ကရိယာများကို ဖော်ပြသွားပါမည်။ ဖော်ပြပါ ဆော့ဖ်ဝဲများအပြင် အခြားသော တူးများလည်းရှိပါဦးမိ။ Java Development Kit(Java Development Kit、JDK) - Java အပလီကေးရှင်းတစ်ခုကို ရေးသားရန်လိုအပ်သောအခြေခံပတ်ဝင်းကျင်။ စုပေါင်းပတ်ဝင်းကျင်(IDE) - အပလီကေးရှင်းများကို ရေးသားရန်လိုအပ်သော ဖန်ရှင်များကို စုစည်းထားသော ပလက်ဖေါင်းဖြစ်၏။ Apache Ant - Java အပလီကေးရှင်းများကို တည်ဆောက်နိုင်သည့် အထောက်အကူပြု ကရိယာ။ Apache Software Foundation ၏ ပရိုဂျက်ဖြင့် ရေးသားခဲ့သော ဆော့ဖ်ဝဲ တစ်ခုဖြစ်၏။ ကွန်ပိုင်းလုပ်ခြင်း၊ ဗားရှင်းများကို ထိမ်းသိမ်းခြင်း နှင့် ပတ်သက်ပြီး၊ jar、javadoc များကို ဆောက်တည်ခြင်း၊ ဖိုင်များကို ကော်ပီကူခြင်း၊ နေရာရွှေ့ခြင်း၊ ဖျက်စီးပစ်ခြင်း၊ ပြောင်းလည်းခြင်း အစရှိသည့် လုပ်ငန်းများကို အလိုအလျှောက် ဆောင်ရွက်ပေးနိုင်သည်။ make နှင့် သဏ္ဌာန်တူသော ကရိယာတစ်မျိုးဖြစ်ပြီး၊ XML ဖြင့် တည်ဆောက်မည့် ဖွဲ့စည်းပုံကို ဖော်ပြထားသည်။ Java အပြင် ဘာသာရပ်များတွင်လည်း အသုံးပြုနိုင်သည်။ Apache Maven - Java အပလီကေးရှင်း ပရိုဂျက်ထိမ်းသိမ်းရေး ကရိယာ တစ်ခုဖြစ်ပြီး Apache ဆော့ဖ်ဝဲ အစည်းအရုံးမှ တီထွင်ရေးသားထားခြင်းဖြစ်၏။ JUnit - Java အပလီကေးရှင်း၏ တစ်စိတ်တပိုင်း စမ်းသပ်မှု့များကို ပြုလုပ်နိုင်သော Unit Test Framework ဖြစ်၏။ Unit Test များကို အလိုအလျှောက် စမ်းသပ်ပေးနိုင်ရန် အထောက်အကူပြုပါသည်။ xUnit ၏ အမျိုးအစားတစ်ခုဖြစ်၏။ Test Driven Developmentကို အထောက်အကူပြုပါသည်။ စုပေါင်းပတ်ဝန်းကျင် (IDE)များ Sun Java Studio Enterprise(2005/11/9 တွင် Open Source အဖြစ်ပြောင်းလဲ)။ Sun Java Studio Creator(2005/11/9 တွင် Open Source အဖြစ်ပြောင်းလဲ)။ Windows၊Linux၊Solaris၊Mac OS။NetBeansတွင် ဆန်း မိုက်ခရို စစ်စတမ်မှ အချို့သော ဖန်ရှင်များကို ဖြည့်စွက်ထားသည့် ပတ်ဝန်းကျင်ဖြစ်၏။ Sun Java Studio Enterprise Sun Java Studio Creator NetBeans - Sun Java Studio Enterprise ၏Open Sourceထုတ် ဟုလည်းဆိုနိုင်၏။ Windows၊ Linux၊ Solaris နှင့် Mac OS တို့တွင် အသုံးပြုနိုင်သည်။ NetBeans.org NetBeans.jp WebSphere Studio - IBM。Eclipse SDK ၏ အဆင့်မြင့် ပုံစံဟုလည်း ဆိုနိုင်၏။ WebSphere Application Server နှင့် ပူးတွဲထားသည်။ Windows၊ Linux၊ Solaris နှင့် Mac OS တို့တွင် အသီးသီး အသုံးပြုနိုင်သည်။ WebSphere အထောက်အကူပြုကရိယာ Eclipse SDK - Eclipse အဖွဲ့အစည်း။ ယခင် IBM ၏လက်အောက်တွင် တည်ရှိခဲ့၏။ Web Sphere Studio ၏ Open Source ဟုလည်း သတ်မှတ်နိုင်၏။Windows၊ Linux၊ Solaris နှင့် Mac OS တို့တွင် အသီးသီး အသုံးပြုနိုင်သည်။ eclipse.org Borland JBuilder - Borland။ Foundation ထုတ်မှာ အခမဲ့ရရှိနင်ပါသည်။ Windows၊ Linux၊ Solaris၊ Mac OS တို့တွင် အသီးသီး အသုံးပြုနိုင်သည်။ JBuilder JDeveloper - အိုရကယ်။ Oracle Application Server နှင့် ပူးတွဲထား၏။ Windows၊ Linux၊ Solaris။ 2005/6/28 မှစ၍ အခမဲ့ ရယူနိုင်သည်။ JDeveloper Xcode - ပန်းသီး။Mac OS X တွင်ပါဝင်သော Development ပတ်ဝန်းကျင်ဖြစ်၏။ Visual J++ - မိုက်ကရိုဆော့ဖ်။ Windows တွင်သာအသုံးပြုနိုင်၏။ မိုက်ကရိုဆော့ဖ်၏ မူပိုင်ပြောင်းလည်းမှုများကို ပြုလုပ်ထားပါသဖြင့် ဆန်း၏ Java နှင့် တူညီမှု့များမှာအလွန်နည်းပါသည်။ Java နည်းပညာ၏ အခြေခံစနှစ်ချမှတ်မှု့များ အသေးစိတ်အား Java Community Process(JCP) တွင် လေ့လာနိုင်သည် လက်ရှိ Javaပလက်ဖေါင်း၏ အနာဂတ်ဗားရှင်းနှင့် ဖန်ရှင်များကို၊ JCP(Java Community Process)၏စနစ်ချမှတ်ရေး နည်းလမ်းများဖြင့် ပြုပြင်ရေးသားနေကြ၏။ JCP ၏ အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် Javaနည်းပညာ၊ အနာဂတ်ဗားရှင်းနှင့် ဖန်ရှင်များကိုသတ်မှတ်ရာတွင် ပါဝင်နိုင်သည်။ JCP တွင်IBM၊ Borland၊ BEA Systems၊ Fujitu၊ Apache Software Foundation၊ HP အစရှိသော နယ်ပယ်အသီးသီးမှ ပါဝင်လျက် ရှိ၏။ JCP သည် Javaပလက်ဖေါင်းတွင် ထည့်သွင်းမည့် အသုံးပြုပုံနှင့် နည်းပညာများအား JSRs(Java Specification Requests) ဟုအမည်ရသော စာတမ်းများဖြင့် သတ်မှတ်လျက် ရှိ၏။ ပရိုဂရမ်မင်းဘာသာရပ် Java နှင့် Java Core API နှင့် ပတ်သက်သော JSRs အချို့ကို စုစည်းထားပါမည်။ JSR 14 Add Generic Types To The Java Programming Language(J2SE 5.0) JSR 41 A Simple Assertion Facility(J2SE 1.4) JSR 47 Logging API Specification(J2SE 1.4) JSR 51 New I/O APIs for the Java Platform(J2SE 1.4) JSR 59 J2SE Merlin Release Contents(J2SE 1.4) JSR 121 Application Isolation API JSR 133 Java Memory Model and Thread Specification Revision(J2SE 5.0) JSR 166 Concurrency Utilities(J2SE 5.0) JSR 175 A Metadata Facility for the Java Programming Language(J2SE 5.0) JSR 176 J2SE 5.0(Tiger)Release Contents(J2SE 5.0) JSR 201 Extending the Java Programming Language with Enumerations, Autoboxing, Enhanced for loops and Static Import(J2SE 5.0) JSR 203 More New I/O APIs for the Java Platform("NIO.2")(Java SE 7) JSR 204 Unicode Supplementary Character Support(J2SE 5.0) - Unicode 3.1 Support JSR 244 Java EE 5 Specification(Java EE 5) JSR 270 Java SE 6("Mustang")Release Contents(Java SE 6) JSR 275 Physical Units/Quantities Support(Java SE) JSR 901 Java Language Specification''(J2SE 5.0) ကိုးကား ပရိုဂရမ်းမင်း ဘာသာစကား Object Oriented
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AC%E1%80%97%E1%80%AC%E1%80%B8%20%28%E1%80%95%E1%80%9B%E1%80%AD%E1%80%AF%E1%80%82%E1%80%9B%E1%80%99%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%85%E1%80%80%E1%80%AC%E1%80%B8%29
ရာဇဓာတုကလျာ
မြန်မာ့သမိုင်းတွင် အလွန်လှပသည် ဟုထင်ရှားသည့် ပင်တိုင်စံမင်းသမီးတစ်ပါးဖြစ်သည်။ ဟံသာ၀တီဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီးနှင့် ရာဇဒေဝီဘွဲ့ခံ ရှင်ထွေးလှ တို့မှ ၉၂၁ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊တနင်္ဂနွေ နေ့ (12 November 1559) တွင်ဖွားမြင်သည်။ ထိုနေ့သည် မဟာစေတီ၏ ဌာပနာအဖြစ် ဓာတ်တော်များကို ပူဇော်ပင့်ယူသည့်နေ့ဖြစ်သည့်အတွက် ဘုရင့်နောင်မင်းတရားကြီးက ရာဇဓာတုကလျာ ဟုအမည်ပေးခဲ့သည်။ ၉၄၈ ခုနှစ် တွင် နန္ဒဘုရင် ယိုးဒယားသို့စစ်ချီသွားစဉ် သားတော် မဟာဥပရာဇ်က အတင်းအကျပ်သိမ်းပိုက်ကာ အိမ်ရှေ့မိဖုရားမြှောက်ခဲ့သည်။ နန္ဒဘုရင် ဟံသာဝတီပြန်ရောက်လျှင် အဒေါ် နှင့် တူဖြစ်ပြီး မောင်နှမဝမ်းကွဲတော်သည့် နှမတော်အဖြစ် ချစ်ခင်လှသည့်အတွက် မဟာဥပရာဇ်အား ပြင်းထန်စွာ ဆူပူသေးသည်ဟုသိရသည်။ ၉၅၄ ယိုးဒယားတိုက်ပွဲတွင် မဟာဥပရာဇ်ကျဆုံးရာ မုဆိုးမ ဖြစ်ရလေသည်။ သို့သော် အသက် ၄၀ ကျော်အရွယ်ရောက်လျှင် တူဝမ်းကွဲတော်စပ်သည့်တောင်ငူအိမ်ရှေ့စံ နတ်သျှင်နောင် ကနှစ်သက်မြတ်နိုးပြန်သဖြင့် ၉၆၄ ခုနှစ် နှောင်းတန်ခူး ၁၀ရက်၊ သောကြာနေ့ (21 March 1603) တွင် အိမ်ရှေ့မိဖုရားဖြစ်လာပြန်သည်။ သို့သော် အိမ်ရှေ့မိဖုရားအဖြစ်ရောက်ပြီး ၇ လမျှအကြာ (November 1603) တောင်ငူတွင် ကွယ်လွန်လေသည်။ ကိုးကား မြန်မာ အမျိုးသမီး စာဆိုတော်များ တောင်ငူခေတ်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%87%E1%80%93%E1%80%AC%E1%80%90%E1%80%AF%E1%80%80%E1%80%9C%E1%80%BB%E1%80%AC
ရာဇကုမာရ်
ရာဇကုမာရ် (ပါဠိ: ရာဇကုမာရ) သည်မြန်မာ့သမိုင်းတွင်ထင်ရှားသည့်မင်းသားဖြစ်သည်။ ကျန်စစ်သားမင်း အနာသည်းပြီး သေလွန်ချိန်နီးချိန်တွင် ရာဇကုမာရ်သည်သူ၏ ပိုင်ဆိုင်မှုများကိုလှူဒါန်းပြီး ဆင်းတုတော်များအဖြစ်သွန်းလုပ်ကာ ကျန်စစ်သားမင်းအတွက် ပူဇော်ပေးခဲ့သည်။ အစဉ်အလာတွင် ရှင်ဘုရင်၏သားသည် အိမ်ရှေ့စံထီးညွန့်နန်းလျာဖြစ်လေ့ရှိသော်လည်း ကျန်စစ်မင်း၏ မွန်မြန်မာ ပိုမိုစည်းလုံးညီညွတ်ခိုင်မြဲစေလိုသည့် ဆောင်ရွက်ချက်အဖြစ်လူသိများသော မြေးတော်အား အိမ်ရှေ့အရာ အပ်နှင်းမှုအပေါ် စိတ်မကွက်သော ရာဇကုမာရ်၏ သဘောထားကြီးမြင့်မှုကို အသိအမှတ်ပြုလေးစားကြသည်။ သို့သော် ထိုအချက်ထက် သမိုင်းတန်ဘိုးဝင်နေသည့်အချက်မှာ ယင်းက ကျန်စစ်သားမင်းအတွက်ပြုလုပ်သောအလှု အကြောင်းရေးထိုးပေးခဲ့သည့် မြစေတီကျောက်စာ (ခေါ်) ရာဇကုမာရ်ကျောက်စာကြောင့်ဖြစ်သည်။ (ယင်းကျောက်စာသည် မြန်မာစာပေအက္ခရာများသမိုင်းတွင် အစောဆုံးရေးထိုးမှတ်တမ်းတင်မှုဟု ယနေ့ထက်တိုင်လက္ခံထားကြရသောတွေ့ရှိမှုဖြစ်သည်) တွေ့ရှိရသမျှ သမိုင်းအထောက်အထားများအရ ဗမာလူမျိုးတို့အတွက် ပထမဆုံးသမိုင်းဝင် စာပေကို ကျောက်ထက်အက္ခရာအဖြစ် စတင်ရေးထိုးခဲ့သည်ကြောင့်ဖြစ်သည်။ ငြင်းခုံမှုများ ရာဇကုမာရ်၏ ဘဝဆိုင်ရာအချက်များနှင့်ပတ်သတ်၍ ကျန်စစ်သား၏ သားအရင်းဟုတ်၊ မဟုတ် ဟူ၍အမြင်နှစ်မျိုး ကွဲလျက် ရှိသည်။ အချို့က ကျန်စစ်သားသည်အနော်ရထာ မင်းကြီး၏ အမျက်ကြောင့် နန်းတွင်းမှ တိမ်းရှောင်ရချိန်အတွင်း မထီးအမည်ရ ရဟန်း၏ တူမဖြစ်သူ သမ္ဘူလနှင့် ငြိစွန်းကာ ကိုယ်ဝန်ရရှိသည်။ အနော်ရထာမင်း လွန်၍ စောလူးမင်း နန်းတက်ရာ ကျန်စစ်သားအား နန်းတွင်း၌အမှုထမ်းရန် ပြန်လည်ခေါ်ယူသဖြင့် ကိုယ်ဝန်နှင့် သမ္ဘူလ ကို လက်စွပ်တစ်ကွင်းပေးအပ်ပြီး သားမွေးလျှင် နန်းတော်သို့ ဤလက်စွပ်ဖြင့်လိုက်လာရန်၊သမီးမွေးလျှင် လက်စွပ်ကိုရောင်း၍ ဘဝဝမ်းကြောင်းရန် မှာကြားသည်။ နောင်တွင် ကျန်စစ်သား မင်းဖြစ်သော် သမ္ဘူလက သားတစ်ယောက်ကို လက်ဆွဲခေါ်လာပြီး လက်စွပ်ပြကာ ကျန်စစ်သား၏ သားဖြစ်ကြောင်းဆိုသည်။ ကျန်စစ်သားကလည်း ၎င်းအား ဓညဝတီ နှင့် တောင်စဉ် ၇ ခရိုင်ကိုစားစေသည်။ ထို့ကြောင့် ရာဇကုမာရ်သည် ကျန်စစ်သား၏ သားဖြစ်သည်မှာ ခိုင်မာမှုရှိသည်ဟုဆိုကြသည်။ အချို့ကမူ ရာဇကုမာရ် သည် ကျန်စစ်သား၏ သားမဟုတ်၊ဆွေမျိုးမကင်းသည့် လက်အောက်ငယ်သားဖြစ်သည်ဟုဆိုကြသည်။ အကြောင်းပြချက်မှာ ကျန်စစ်သားရေးထိုးသည့် မည်သည့်ကျောက်စာတွင်မှ ထိုအကြောင်းအရာတို့ကို မတွေ့ရဖူးသောကြောင့်ဟုဆိုသည်။ ကျောက်စာမှတ်တမ်းမခိုင်လုံမှုမျှဆိုလျှင် ငြင်းရန်အကြောင်းမလုံလောက်သေး အခြားအကြောင်းပြချက်လိုအပ်သည်ဟု အေရာ ကဆိုသည်။ ပုဂံခေတ်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%87%E1%80%80%E1%80%AF%E1%80%99%E1%80%AC%E1%80%9B%E1%80%BA
အိုင်းရင်းခရော့စ်
အိုင်းရင်းခရော့စ် (; အတိုကောက် အိုင်စီ) သည် မြန်မာနိုင်ငံရှိ တီးဝိုင်းအဖွဲ့ ဖြစ်ပြီး လိဒ်ဂစ်တာသမား စောဘွဲ့မှူးမှ စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ အဖွဲ့ဝင်များမှာ ချစ်စမ်းမောင် (လိဒ်ဂစ်တာ)၊ ခင်မောင်သန့် (ဘေ့စ်ဂစ်တာ)၊ ဗညားနိုင် (ကီးဘုတ်) နှင့် ခရမ်း (ဒရမ်) တို့ဖြစ်ကြသည်။ တီးဝိုင်းအဖွဲ့သည် အဆိုတော်များ၏ အခွေများအတွက် တီးခတ်ပေးခဲ့ပြီး ပင်တိုင်အဆိုတော်များမှာ လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း၊ မျိုးကြီး တို့ဖြစ်သည်။ အမည် အဖွဲ့၏အမည်ကို မူလတွင် 'Holy Cross' ဟုပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပရိသတ်ကို ပိုမိုစွဲဆောင်နိုင်စေရန် 'Iron Cross' ဟုပြောင်းလဲခဲ့ကြသည်။ အမှတ်တံဆိပ်နှင့် အိုင်စီ တီးဝိုင်း၏ အမှတ်သင်္ကေတဖြစ်သည့် သိမ်းငှက်ပုံနှင့် ကြက်ခြေအမှတ်အသားသည် နာဇီဝါဒကို ရည်ညွှန်းသည့် အဓိပ္ပာယ်သက်ရောက်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အိုင်စီအဖွဲ့ကို စေ့စေ့စပ်စပ် အကဲခပ်စောင့်ကြည့်ခဲ့ကြသည်။ သို့သော် တီးဝိုင်းမှ လိဒ်ဂစ်တာ တီးခတ်သူ ချစ်စမ်းမောင်က ထိုအမှတ်တံဆိပ်သည် (နိုင်ငံတကာ၌) လူမှုရေးအရ ပိတ်ပင်ထားမှုတစ်ခု (သို့) စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခု ဖြစ်ကြောင်း ၎င်းတို့မသိရှိခဲ့ပါဟု ဆိုသည်။ လှုပ်ရှားဆောင်ရွက်မှုများ အစောပိုင်းကာလ (၂၀၀၈) မှ ယနေ့အထိ အိုင်စီသည် မြန်မာပြည်တွင်းသာမက နိုင်ငံတကာခရီးစဉ်များ ထွက်၍လည်း ဖျော်ဖြေခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်၊ ဝါရှင်တန် ဒီ စီ၊ ဆန်ဖရန်စ္စကို၊ လော့စ် အန်ဂျလိစ် စသောမြို့များနှင့် ဥရောပတိုက်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူနိုင်ငံများသို့ သွားရောက်ကာ ရန်ပုံငွေပွဲများကဲ့သို့သော ပွဲများတွင်လည်း ဖျော်ဖြေကြသည်။ အမှတ်ရဆုံးပွဲအဖြစ် ၂၀၀၈ ဂျပန်နိုင်ငံတွင် အခြား အာစီယံဒေသမှ တီးဝိုင်းများနှင့် အတူ တီးခတ်ဖျော်ဖြေခဲ့သည်။ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းအပြီး တင်ဆက်သော ရန်ပုံငွေပွဲတွင် ပရိသတ် ငါးသောင်းခန့်လာရောက်ကြကာ ရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာတစ်သိန်း ရှာဖွေပေးနိုင်ခဲ့သည်။ ၂၀၁၀၌ တီးဝိုင်း၏ အနှစ်(၂၀)မြောက် နှစ်ပတ်လည်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။ ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ပညာရေးရန်ပုံငွေပွဲ အတွက် တင်ဆက်ရာ ပရိသတ် တစ်သောင်းခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။ တီးဝိုင်းအဖွဲ့ဝင်များ လက်ရှိ အဖွဲ့ဝင်များ လိဒ်ဂစ်တာ — ချစ်စမ်းမောင် (၁၉၈၉–လက်ရှိ) ဘေ့စ်ဂစ်တာ — ခင်မောင်သန့် (၁၉၉၁–လက်ရှိ) ကီးဘုတ် — ဗညားနိုင် (၁၉၉၁–လက်ရှိ) ဒရမ် — ခရမ်း (၁၉၉၁–လက်ရှိ) ပင်တိုင်နှင့် နောက်ခံအဆိုတော်၊ စည်းချက်တူရိယာ - လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း မန်နေဂျာ — ဒေါက်တာကိုကိုလွင် ယခင် အဖွဲ့ဝင်များ စောဘွဲ့မှူး — လိဒ်ဂစ်တာ (၁၉၈၉–၁၉၉၄) ကိုးကား မြန်မာ ဂီတအဖွဲ့များ မြန်မာ တီးဝိုင်းအဖွဲ့များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%9B%E1%80%B1%E1%80%AC%E1%80%B7%E1%80%85%E1%80%BA
Calligra
Calligra Suite (KOffice) ဆိုသည်မှာ office suite တစ်ခုဖြစ်ပြီး KDE အတွက်ဖြစ်သည်။ Component အားလုံးသည် Free Software/Open source license ဖြစ်သည်။ KOffice ကို ၂၀၁၀ တွင် Calligra Suite အဖြစ် အမည်ပြောင်းလဲ ခဲ့သည်။ KOffice application ကို OpenDocument အသွင်အပြင်ဖြင့် အသုံးပြုထားပြီး လိုအပ်သော file format များကို KDE မှ ထုတ်ကာ KOffice homepage တွင် ရရှိနိုင်သည်။ ရည်ညွှန်းချက်များ ဆော့ဖ်ဝဲလ်ကွန်ပျူတာ
https://my.wikipedia.org/wiki/Calligra
ရိုင်ဖယ်
ရိုင်ဖယ်ဆိုသည်မှာ သေနတ်အမျိုးအစားတစ်မျိုးဖြစ်ပြီး သေနတ်ဒင်နှင့် ပြောင်းရှည်တို့ပါဝင်ကာ ပခုံးတွင်ထောက် ၍ပစ်ခတ်ရသည်။ ပြောင်းအတွင်းပါရှိသည့် ပြောင်းရစ်ကို အစွဲပြုကာ ရိုင်ဖယ်ဟု ခေါ်ခြင်းဖြစ်သည်။ ရိုင်ဖယ်သေနတ်အား ဝေးကွာသည့်ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်ရန် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ အရပ်ဖက်တွင် ရိုင်ဖယ်အား သေနတ်ဟူ၍ လည်ကောင်း၊ ဒင်ပါရှိသော သေနတ်များကို ရိုင်ဖယ်ဟူ၍လည်ကောင်း မှားယွင်းစွာ ခေါ်ဝေါ်လေ့ရှိကြသည်။ ရိုင်ဖယ်သေနတ်များအား စစ်ဖက်၊ အမဲလိုက်ခြင်းနှင့် သေနတ်ပစ်အားကစားများ တွင်အသုံးပြုကြသည်။ အခြေခံအလုပ်လုပ်ပုံ ကျည်ခွံအိမ်နောက်ဖက်အား မောင်းတံရိုက်မိသောအခါ ယမ်းပေါက်ကွဲပြီး ပြောင်းတွင်းသို့ ကျည်ဖူး ရောက်သွားသည်။ ပြောင်းအတွင်းပိုင်း၌ ဝက်အူရစ်သဖွယ် လမ်းကြောင်းဖော်ထားသည့် ပြောင်းရစ်ကြောင့် ယမ်းအားဖြင့် တိုးထွက်လာသောကျည်ဖူးအား ဆွဲမွှေ့ကာ ချိန်ထားရာနေရာသို့ ပစ်ပေးသည်။ ထို့သို့လည်ပတ်သွားသော ကျည်ဖူးသည် Angular Momentum ခေါ် ရူပဗေဒနိယာမအား လိုက်နာခြင်းဖြင့် အရှိန်ကျနှုန်းအား ထိန်းသိမ်းနိုင်သည့်အပြင် ပစ်မှတ်အား ပိုမိုတိကျစွာ ရောက်ရှိနိုင်သည်။ ရှေးအခါက သေနတ်ကျည်ဆန်များအတွက် ယမ်းမှုန့်နက် နှင့်ကော်ဒိုက်ယမ်း တို့ကို အသုံးပြုကြ သော်လည်း နောက်ပိုင်းတွင် ပိုမိုပေါက်ကွဲအား ပြင်းထန်သည့် နိုက်ထရိုဆဲလူးလို့ဒြပ်ပေါင်းအား အသုံးပြုလာကြသည်။ ပေါ်ပေါက်လာပုံသမိုင်း ရိုင်ဖယ် ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ တိကျသောသမိုင်း အထောက်အထားများစွာ မကျန်ခဲ့ပေ။ သို့သော် (၁၅) ရာစုခန့် ဥရောပတွင် တွင်ကျယ်စွာ အသုံးပြု နေသည့် Musketခေါ် ယမ်းထိုးသေနတ်များ၏ ချို့ယွင်းချက်များအား ပိုမိုကောင်းမွန်အောင် ဖန်တီးရာမှ ရိုင်ဖယ်လင်း ခေါ် သေနတ်ပြောင်းအတွင်း အရစ်ဖော်ခြင်း ခေတ်စားလာခဲ့ သည်။ နပိုလီယံစစ်ပွဲအတွင်းတွင် ဗြိတိသျှစစ်တပ်မှ Baker ရိုင်ဖယ်အမည်ရှိ ရိုင်ဖယ် တစ်မျိုးအား စမ်းသပ်နေခဲ့ပြီးနောက် စပိန်နှင့်ပေါ်တူဂီ စစ်ပွဲများတွင် စတင် အသုံးပြုကြည့်ခဲ့သည်။ ထိုရိုင်ဖယ်များသည် Musketသေနတ်များ ထက် ပိုမိုကွာဝေးအောင် ပစ်နိုင်သည့်အပြင် ပိုမို၍လည်း တိကျမှု ရှိသောကြောင့် အောင်မြင်မှု ရရှိခဲ့သည်။ ၁၉ရာစုအရောက်တွင် ဆလင်ဒါပုံ ပြောင်းများအသုံးပြုလာကြပြီး ကျည်ဆန်ပုံသဏ္ဍန်ပါ ပြောင်းလဲလာခဲ့ကြသည်။ ၁၉ရာစုနှောင်းပိုင်းတွင် ဂျာမန်လက်နက်ထုတ်လုပ်သူ Paul Mauser၏ Mauser ရိုင်ဖယ် စတင်ပေါ်ထွက်လာခဲ့ပြီး ကျည်ဆန်ငါးတောင့်ဝင် ကျည်ကတ်အား အသုံးပြုခဲ့သည်။ ထို့နောက် ဗြိတိသျှတပ်မှ ကျည်ဆန်ဆယ်တောင့်ဝင် Lee-Enfield ရိုင်ဖယ်များ အသုံးပြုလာကြပြီး ၁၉၀၃ ခုနှစ်တွင် အမေရိကန်လုပ် Springfield ရိုင်ဖယ်များ အသီးသီးပေါ်ထွက်လာခဲ့ကြသည်။ ပထမ ကမ္ဘာစစ်သည် ရိုင်ဖယ်၊ စက်သေနတ်နှင့် အမြောက်များ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည့် ပထမဆုံး စစ်ပွဲဖြစ်သည့်အပြင် ထိုလက်နက်များ၏ အဖျက်စွမ်းအားနှင့် အရေးပါပုံကြောင့် မရှိမဖြစ်လိုအပ်သည့် စစ်လက်နက်ပစ္စည်းများ ဖြစ်လာကြသည်။ ပထမကမ္ဘာစစ် အတွေ့အကြုံအရ သာမန်ရိုင်ဖယ်များသည် မီတာ၃၀၀ အောက်လျော့သော အနီးကပ်တိုက်ပွဲများတွင် အသုံးပြုရခက်ခဲကြောင်း သိရှိလာပြီးနောက် ပိုမိုပေါ့ပါးသလို ဘက်စုံအသုံးပြုနိုင်သော ရိုင်ဖယ်များပါ တီထွင်လာခဲ့ ကြသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းနှင့် စစ်ပြီးနောက်ပိုင်းတွင် ရိုင်ဖယ်များ၏ စွမ်းရည်မှာ အံ့မခန်း ကြောက်စရာကောင်းခဲ့သည်။ ရိုင်ဖယ်အမျိုးမျိုး British military rifles Handgun Shotgun Antique guns Shooting range Gun safety Shooting sports Shooting at the Summer Olympics Rifle grenade List of rifle cartridges Rifling Service rifle Shooting List of assault rifles List of battle rifles List of sniper rifles List of service rifles of national armies Advanced Combat Rifle Objective Individual Combat Weapon program အမျိုးအစား လေသေနတ် (Air Gun) Spencer rifle ဆီမီးမောင်းပြန်ရိုင်ဖယ် (Semi-automatic Rifle) မောင်းပြန်ရိုင်ဖယ် (Automatic Rifle) ချေမှုန်းရေးရိုင်ဖယ် (Assault Rifle) Anti-materiel rifle Anti-tank rifle Battle rifle (list) သာမန်ရိုယ်ဖယ် (သို့) မောင်းတင် တချက်ခြင်းပစ်ရသည့် ရိုင်ဖယ် (Bolt-action Rifle) ကာဘိုင် (Carbine) Double rifle Lever-action Lloyd rifle Long rifle Musket Naval rifle Repeating rifle Recoilless rifle Scout rifle စနိုက်ပါ ရိုင်ဖယ် (Sniper Rifle) ရိုင်ဖယ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%96%E1%80%9A%E1%80%BA
ရီကင်
ရီကင် (理研, RIKEN) သည် ဂျပန်တွင် အကြီးစား သဘာဝ သိပ္ပံ သုသေသန အဖွဲအစည်းဖြစ်သည်။ ၁၉၁၇ ခု တွင် စတင်တည်ထောင်ခဲ့ပြီး ယခုတွင် ဂျပန်နိုင်ငံ နေရာ ခုနှစ်ခုတွင် ပညာရှင် ၃၀၀၀ ခန့်ရှိသည်။ ထိုခုနှစ်ခုတွင် တိုကျို တစ်ဖက်ရှိ ဝါကို သည် ပင်မ ဖြစ်သည်။ အချုပ်အချာ ကိုပိုင်ဖြစ်သော အဖွဲ့အစည်းဖြစ်ပြီး စာဝင် အမည်မှာ Rikagaku Kenkyusho (理化学研究所) ဖြစ်သည်။ ဂျပန်နိုင်ငံရှိ သုသေသနလုပ်ငန်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AE%E1%80%80%E1%80%84%E1%80%BA
ရသေ့တောင်မြို့
ရသေ့တောင်မြို့သည့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် စစ်တွေခရိုင်တွင် တည်ရှိသော မြို့ဖြစ်ပြီး မြောက် လတ္တီကျုဒ် ၂၀.၄၈၃၃၃၃၃ ဒီဂရီ နှင့် အရှေ့ လောင်ဂျီတွဒ် ၉၂.၇၅ ဒီဂရီ တွင် တည်ရှိသည်။ ရသေ့တောင်မြို့သည် စစ်တွေခရိုင် အတွင်းတွင် ပါဝင်သည်။ စစ်တွေမြို့မှ အနောက် မြောက်ယွန်းယွန်း ၃၇ မိုင်ကွာ တွင် ရှိ၍ ရသေ့တောင်မြို့နယ် ရုံးစိုက်မြို့ ဖြစ်၏။ ရသေ့တောင်မြို့နယ်တွင် သူကြီးပိုင် နယ်ပေါင်း ၇၄ နယ် ပါဝင်၍၊ ၇၃၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ ၁၉၆၁ ခုနှစ် မေလ ၃ဝ ရက် နေ့တွင် စတင်၍ မေယုနယ်ခြားခရိုင်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့ရာ၊ ရသေ့တောင်မြို့နယ် အနောက်မြောက်ပိုင်းကိုလည်း မေယုနယ်ခြားခရိုင်အတွင်း သွတ်သွင်းခဲ့သည်။ ရသေ့တောင်မြို့သည် မယူမြစ်ဝ မှအထက် ၁၈ မိုင်ကွာ လက်ဝဲဘက်ကမ်း၌ တည်ရှိ၍ စစ်တွေမြို့မှ ရေလမ်းခရီး အဆက်အသွယ်ကောင်းမွန်သည်။ မြို့၏ ကျောထောက်နောက်ခံနယ်ဖြစ်သော မယူမြစ်ကမ်း တစ်ဖက်တစ်ချက်တွင် ဆန်စပါး စိုက်ပျိုး လုပ်ကိုင်ကြသည်။ လူဦးရေ ၇၅၁၁ ယောက် (၂၀၁၄) ရှိသည်။ ကျန်းမာရေး မြို့နယ်ပြည်သူဆေးရုံ၊ရသေ့တောင်မြို့ မြို့နယ်တွင်းရှိ ကျေးရွာများ ကြိမ်သာ ကျေးရွာ ကညင်ချောင်း ကျေးရွာ (၅.၁ ကီလိုမီတာ) ကုန်တန်း ကျေးရွာ (၇.၂ ကီလိုမီတာ) ကူတောင် ကျေးရွာ (၈.၂ ကီလိုမီတာ) ကျောက်ချောင်း ကျေးရွာ (၄.၁ ကီလိုမီတာ) ခနောင်းကြီး ကျေးရွာ (၃.၇ ကီလိုမီတာ) ခွဆုံ ကျေးရွာ (၈.၉ ကီလိုမီတာ) ခွေးတောက်ချောင်း ကျေးရွာ (၃.၉ ကီလိုမီတာ) ငတောက်တူကြီး ကျေးရွာ (၃.၉ ကီလိုမီတာ) စပါးထား ကျေးရွာ (၆.၆ ကီလိုမီတာ) ဒုံးပြင် ကျေးရွာ (၃.၉ ကီလိုမီတာ) ပေါင်းဇား ကျေးရွာ (၇.၆ ကီလိုမီတာ) ပြင်ခေါင် ကျေးရွာ (၃.၉ ကီလိုမီတာ) ပေါက်တောကြီး ကျေးရွာ (၅.၅ ကီလိုမီတာ) ဘာထလေ ကျေးရွာ (၇.၉ ကီလိုမီတာ) မိညိုထောင့် ကျေးရွာ (၇.၂ ကီလိုမီတာ) မြင်းဖူး ကျေးရွာ (၇.၉ ကီလိုမီတာ) သောင်းဒရား ကျေးရွာ (၇.၄ ကီလိုမီတာ) အနောက်နန်းရာကုန်း ကျေးရွာ (၁၀.၂ ကီလိုမီတာ) အောင်ဆိပ် ကျေးရွာ (၉.၁ ကီလိုမီတာ) မှတ်ချက်။။ အကွာအဝေးများမှာ မြေပုံပေါ်တွင် အနီးဆုံး ထောင့်ဖြတ်အတိုင်း တိုင်းတာထားခြင်း ဖြစ်သည်။ စိတ်ဝင်စားဖွယ်နေရာများ ဇီးကိုင်းဂူ ကူတောင်ဂူ ပါဒခြေတော်ရာ(ရသေ့တောင်) ပြင်ပလင့်များ East Satellite map of rathedaung at Maplandia.com ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရခိုင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9E%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ရှင်ပြုခြင်း
ရှင်ပြုခြင်းသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောက်ျားလေးကို အချိန်အခါ အရွယ်ရောက်လာလျှင် သင်္ကန်း ဝတ်ပေးခြင်းဖြစ်သည်။ ရှင်ပြုပွဲသမိုင်းအစ ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွရောက် သီတင်းသုံးတော်မူသည်။ တစ်ရက်တွင် ယသော်ဓရာမိဘုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာ ရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်သည့်အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရား ခွင့်ပြုတော်မူတယ်" ဟု မိန့်တော်မူပါသည်။ ရှင်ပြုနိုင်သည့်အရွယ် အသက် တစ်ဆယ့်ငါးနှစ် ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ဝိနည်းမဟာဝါ ပါဠိတော်တွင် ပါရှိသည်။ သို့ရာတွင် မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကို သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့ လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ် မပြည့်သေးသော်လည်း မိမိရှေ့တွင် ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေစဉ်ကာလတွင် အမျိုးသားတစ်ဦး၏ အိမ်တွင် ရောဂါနှိပ်စက်ဖျက်ဆီးလေ၏၊ ထိုအခါ သားငယ်နှင့် ဖခင်တို့သည် သာသနာ့ဘောင်သို့ ဝင်ကာ ရဟန်းခံ၊ ရှင်ပြုကြသညဆွမ်းခံသွားလာရာတွင် သားဖြစ်သူကိုရင်က ဆွမ်းလောင်းပြီးသောအခါ "ဖခင် ကျွန်ုပ်အားလည်း ပေးပါဦး" ဟုတောင်းလေ့ရှိသည်။ ထိုအခါ ဘိက္ခုနီမနှင့် ရသော ကလေးဖြစ်ဟန်ရှိသည်ဟု လူတို့က ကဲ့ရဲ့ကြလေသည်။ ထို့ကြောင့် န ဘိက္ခဝေ ဦနပန္နရသ ဝဿော ဒါရကော ပဗ္ဗာဇေတဗ္ဗော တစ်ဆယ့်ငါးနှစ်ပြည့်မှ ရှင်ပြုပေးရမည်ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့သည်။ အခါးတစ်ပါးတွင် အရှင်အာနန္ဒာ၏ အလုပ်အကျွေးဒါယကာတစ်ဦး တစ်အိမ်ပျက်စီးရာ သားနှစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။ ရှေးအလေ့အားဖြင့် ရဟန်းတွေ့သော အခါ ပြေးလာကြသည်။ ထိုအခါ ရဟန်းတို့က မောင်းမဲသောကြောင့် ကလေးနှစ်ဦးသည် ငိုယိုလေသည်။ ရှင်အာနန္ဒာတွေ့လျှင် ကလေးနှစ်ဦးအား ရှင်ပြုပေးချင်သော်လည်း တစ်ဆယ့်ငါးနှစ်မပြည့်ဘဲ ဖြစ်နေလေသည်။ မြတ်စွာဘုရားထံ လျှောက်ထားတောင်းပန်သောအခါ "ချစ်သား အာနန္ဒာ − ထိုသူငယ်ကလေးတို့သည် မိမိစားသောခွက်၌ ကျီးလာနှိုက်ပါက ပျံသွားအောင် မောင်းနိုင်ပါလော" ဟု မိန့်တော်မူ၏။ ထိုအခါ အာနန္ဒာက "မောင်းနိုင်သည် ဘုရား" ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက အနုဇာနာမိ ဘိက္ခဝေ ဦနပန္နရသဝဿံ ဒါရကံ ကာကု ဍေပကံ ပဗ္ဗာဇေတုံ ဟု တစ်ဆယ့်ငါးနှစ် မပြည့်သေးသော်ငြားလည်း ကျီးမောင်းနိုင်သော သူငယ်တို့ကို ရှင်သာမဏေ ပြုပေးရန် ခွင့်ပြုတော်မူခဲ့သည်။ ထိုသို့ ခွင့်ပြုတော်မူခဲ့သည့် အချိန်မှစကာ ခုနှစ်နှစ်သား ရဟန္တာများဖြစ်သော ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်သောပါက အစရှိသည့် သာမဏေများ၊ အပဒါန် ပါဠိတော်လာ ငါးနှစ်သား ရဟန္တာများ ပေါ်ထွက်လာခဲ့သည်။ ရည်ရွယ်ချက် ၁။ အလုံးစုံသောသံသရာ ဝဋ်ဆင်းရဲတွင်းမှ လွတ်မြောက်လိုခြင်း။ ၂။ သာသနာ့အမွေခံ သာသနာ့ဒါယကာဖြစ်လိုခြင်း။ ၃။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသောပစ္စည်းလေးပါး ဒါယကာဖြစ်လိုခြင်း။ ၄။ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုခြင်း။ အဓိကလုပ်ငန်းကြီး (၃) ရပ် ၁။ ဆံရိတ်ခြင်း (ဝါ) ဆံချခြင်း ၂။ သင်္ကန်းဆီးခြင်း ၃။ သရဏဂုံဆောက်တည်ခြင်း ဆံရိတ်ခြင်း (ဝါ) ဆံချခြင်း မောင်ရှင်လောင်း ဦးခေါင်းမှ ဆံပင်ကိုရိတ်သည့်အခါ အိမ်မှာကတည်းက ရိတ်လို့ ရသည်။ သို့ရာတွင် ကျောင်းတွင်ရိတ်ပါက ကျောင်းတိုက်တွင်းရှိ သံဃာတော်များကို ဆံရိတ်မည့်အကြောင်း ခွင့်ပန်ကြားပြီးမှ ရိတ်ရမည်ဟု ရွှေပန်းတိမ်သည်သားအား အကြောင်းပြု၍ ဘုရားရှင်မှ ဝိနည်းနှင့် ပညတ်တော်မူခဲ့သည်။ သင်္ကန်းဆီးခြင်း သင်္ကန်းဆီးခြင်း၊ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ခြင်း ဟုလုပ်ငန်းသုံးခု ရှိသည်။ ပါဠိနှင့်စိမ်းနေလျှင် မြန်မာဘာသာနှင့် ရွတ်ဆိုခြင်း၊ အာရုံပြုခြင်းတို့ဖြင့် လျှောက်ထားနိုင်သည်။ ရှင်လောင်းမှ ဥပဇ္ဈယ် ဆရာဘုန်းကြီးရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး မိမိဝတ်မည့်သင်္ကန်းကို လက်အုပ်ချီပြီး သင်္ကန်းကပ်ရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်အား သနားစောင့်ရှောက် ချီးမြှင့်သောအားဖြင့် ရှင်သာမဏေ ပြုလုပ်ပေးတော်မူပါ ဘုရား" ဟုဆိုပြီး သင်္ကန်းကို ဆရာလက်အပ်ရသည်။ သင်္ကန်းတောင်းရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ အရှင်ဘုရား၏ လက်၌ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှင့်သောအားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါဘုရား" ဟုဆိုရပါမည်။ သင်္ကန်းဝတ်ရာတွင် ဆရာဘုန်းတော်ကြီး ကိုယ်တိုင်ကဖြစ်စေ၊ ဘုန်းတော်ကြီးမှ စေခိုင်းခံရသူကဖြစ်စေ မောင်ရှင်လောင်းအား သင်္ကန်းဝတ်ပေးနိုင်သည်။ မောင်ရှင်လောင်းကိုယ်တိုင်လည်း ဝတ်လို့ရသည်။ သရဏဂုံဆောက်တည်ခြင်း သရဏဂုံဆောက်တည်ခြင်းသည် ရှင်ပြုမင်္ဂလာတစ်ခုလုံး၏ ပဓာနအကျဆုံးဖြစ်သည်။ သရဏဂုံသည် ဗုဒ္ဓသာသနာတော်၏ ပန္နက်လည်းဖြစ်သည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ဟုဆိုအပ်သော သရဏဂုံ (၃) ပါးကို ဆရာဘုန်းကြီးနှင့် တပည့်မောင်ရှင်လောင်းတို့သည် ဌာန်ကရိုဏ်းကျကျ ပီပီသသဖြင့် ရွတ်ဆိုပြီး ဆုံးသွားလျှင် ရှင်သာမဏေစစ်စစ် ဖြစ်သွားသည်။ ရှင်ပြုမင်္ဂလာ ဆင်နွှဲသည့်အခါတွင် (၁) ရှင်သာမဏေစစ်စစ်ဖြစ်ရန် ၊ (၂) ရှင်သာမဏေ စစ်စစ်ဖြစ်ပြီးလျှင်လည်း ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ-၇၅ပါး၊ ခန္ဓကဝတ် (၁၄) ပါးစသော ရှင်ကျင့်ဝတ်ကို သိရှိလိုက်နာရွတ်ဆိုနိုင်ရန် မောင်ရှင်လောင်းအား ဘုန်းတော်ကြီးကျောင်းသို့ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်ပို့ကာ သင်ကြားသင့်ပါသည်။ မိဘများမှ အမွန်အမြတ်ထားပြီး ရှင်ပြုပေးခြင်းကို အနှစ်သာရရှိသည့် သာသနာပြုရှင်ပြုဖြစ်ရန် ရှင်သာမဏေတိုင်းမှ ရှင်ကျင့်ဝတ်များကို လိုက်နာရပါမည်။ ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အစဉ်အလာ ဓလေ့တစ်ခုမှာ သားရှင်ပြုရာတွင် အိတ်သွန်ဖာမှောက် အောတိုက်၍ လှူဒါန်းခြင်း ဖြစ်သည်။ မိမိတို့၏ ငွေအင်အားထက် ကျော်လွန်၍ သားငယ်ကို မင်းမြောက်တန်ဆာ ဆင်မြန်းပေးကာ အဘိသိက်သွန်း၍ မြင်းဖြင့်လှည့်ခြင်း၊ မြို့များ၌ မော်တော်ကားဖြင့်လှည့်လည်ခြင်း၊ လူအမြောက်အမြား ဖိတ်ကြားပြီး ကျွေးမွေးခြင်း၊ မဏ္ဍပ် ဆောက်၍ ဆိုင်းဝိုင်း၊ အဆိုတော် တို့ဖြင့် ဧည့်ခံခြင်း၊ အသံချဲ့စက် ငှားရမ်း၍ တစ်ရပ်ကွက်လုံး ဆူညံသွားအောင် သီချင်းများဖွင့်ခြင်း၊ ပဓာနအလှူထက် ပကာသနအမှုတို့ဖြင့် ငွေသုံးဖြုန်းခြင်း စသည်တို့ကို ကောင်းသည် လိုအပ်သည်ထင်၍ သူ့ထက်ငါ မသာရင်တောင် မနိမ့်ကျအောင် လုပ်မည်ဟု အားခဲကာ လုပ်ဆောင်နေကြ၏။ အချို့လယ်သမားတို့က လှည်းကိုရောင်း၊ နွားကိုရောင်း၊ လယ်ကို ပေါင်နှံကာ ရှင်ပြုအလှူကို ပြုလုပ်ကြသဖြင့် လယ်လုပ် ကိရိယာများလည်းသုဉ်း၊ လယ်ပေါင်လည်းဆုံးရှုံး၍ ကြွေးတင်ကျွန်ဖြစ်ရသည့် အခြေသို့ ဆိုက်ရောက်ကြရသည်။ လွတ်လပ်ရေး မရမီက ချစ်တီးကုလား သူဌေးတို့ထံ သမီးပါအပ်နှံ၍ ကျွန်အဖြစ်ခံခဲ့ကြရသည်ကို ဆင်ခြင်အောက်မေ့ သင့်ကြသည်။ သားရှင်ပြုခြင်းနှင့် လှူဒါန်းခြင်းတို့သည် သီးခြားကိစ္စနှစ်ရပ် ဖြစ်သည်ကို သဘောပေါက်ထားသင့်ပါသည်။ ၁။ ရှင်ပြုခြင်းသည် မိမိသားငယ်အား သာသနာ့အမွေကို ခံယူစေပြီး ရှင်သာမဏေတို့၏ သီလနှင့် ကျင့်ဝတ်ကို စောင့်ထိန်းစေခြင်းဖြင့် သီလသာသနာကို ထူထောင်ခြင်းဖြစ်သည်။ ၂။ လှူဒါန်းခြင်းသည် ပစ္စုပ္ပန်တမလွန် ကောင်းကျိုးချမ်းသာကို ရည်မှန်း၍ ဒါနသာသနာကို ထူထောင်ခြင်းဖြစ်သည်။ “ရှင်ပြုခြင်းက ပဓာန၊ လှူဒါန်းခြင်းက သာမည” ရှင်ပြုခြင်းသည် ဒါနပြုခြင်းထက် အဆများစွာပို၍ သာလွန်မြင့်မြတ်သည်။ ရှင်သာမဏေအဖြစ်သို့ တင်မြှောက်ရာတွင် သရဏဂုံကို ပီပီသသ မရွတ်ဆိုတတ်လျှင် ရှင်မဖြစ်ပါ၊ ရှင်ဝတ်ပြီးနောက် ရှင်ကျင့်ဝတ်များ နှင့်အညီ လေးလေးစားစား မနေထိုင်လျှင်လည်း အကျိုးကျေးဇူးမကြီးပါ။ ရှင်ပြုခြင်းကိစ္စ အောင်မြင်ပေါက် မြောက်ရန်အတွက်- (၁) ဥပဇ္ဈာယ်ဆရာကောင်းထံ ချဉ်းကပ်၍ ဩဝါဒခံယူခြင်း၊ (၂) သင်္ကန်းတောင်း၊ လိင်ဒဏ်၊ သေခိယ၊ ပစ္စေဝက္ခဏာ၊ ခန္ဓကဝတ် တို့ကို သင်ယူပြီး သရဏဂုံ ပီပီသသ ရွတ်ဆိုတတ်အောင် လေ့ကျင့်ထားခြင်း၊ (၃) သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ တို့ကို ဓမ္မကံနှင့် လျော်ညီအောင် ဝယ်ခြမ်း စီမံထားခြင်း တို့ကို ကြိုတင်ဆောင်ရွက်ထားသင့်သည်။ သင်္ကန်းပရိက္ခရာ ဝယ်ခြမ်းခြင်းသည် မွန်မြတ်သည့် ဒါနကောင်းမှု ဖြစ်သည်။ ရှင်ပြုရာတွင် ဤဒါနကောင်းမှုသာလျှင် ပဓာနလိုအပ်သည်။ သင်္ကန်းပရိက္ခရာသစ်အတွက် ငွေကြေးမတတ်နိုင်လျှင်လည်း ဘုန်းကြီးကျောင်းသို့ ငွေတတ်နိုင်သမျှ လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ထံမှ သင်္ကန်းပရိက္ခရာအဟောင်းများကို ရယူနိုင်သည်။ မြတ်စွာဘုရားသည် မိမိ၏ တစ်ဦးတည်းသော ရင်သွေးဖြစ်သည့် ရာဟုလာကို ရှင်သာမဏေပြုစေရာတွင် မည်သည့်အလှူအတန်း ပကာသနကိုမျှ မပြုလုပ်ချေ။ အရှင်သာရိပုတ္တရာက ရာဟုလာ၏ ဦးခေါင်းကို ရိတ်၍ သာမေဏဝတ်ပေးခြင်းဖြင့် ရှင်ပြုခြင်းကိစ္စ ပြီးစီးသွားပေတော့သည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက “အနာဂတ် သာသနာရေး” စာအုပ်တွင် “သားရှင်ပြု အလှူမင်္ဂလာပြုပြင်ရေး” အကြောင်းကို ဤသို့ ရေးသားထား၏- “သားရှင်ပြုကိစ္စ၌ ဂုဏ်သရေရှိ လူကြီးလူကောင်းတို့ကို ဖိတ်၍ ကျွေးမွေးလေ့ရှိကြ၏။ ထိုလူကြီးလူကောင်းတို့သည် ထိုကဲ့သို့ အစားအစာကို စားနေကျဖြစ်၏။ အလှူရှင်က ဖိတ်လို့သာ အားနာ၍ (မသွားကောင်းသဖြင့်) သွားရသည်။ မိမိအိမ်မှာ (ရုံးမှာ) အလုပ်ကိစ္စတန်းလန်းနှင့် မအားလပ်ကြ။ ကျွေးမွေးရာ၌ ကုန်သော ငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း အားနာပါးနာနှင့် မလွှဲသာလို့ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါမည်နည်း။ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော (ပကာသနအကုသိုလ် လောဘစိတ် ကလေး) ပါလိုက်ချေသေး၏။ “ဘုန်းကြီးပင့်ရာမှာလည်း ပင့်ရိုးပင့်စဉ်မပါလျှင် မကောင်းသော ဘုန်းကြီးပေါင်း များစွာကိုပင့်ရပြန်၏။ ထိုဘုန်းကြီးများသည် ပရိယတ် ပဋိပတ် အလုပ်ပျက်ကြရ၏။ နောက်ပါကျောင်းသားတို့လည်း စာသင် ပျက်ကြရ၏။ သို့ဖြစ်၍ ရာပေါင်းထောင်သောင်းများစွာ အကုန်အကျခံ၍ ပြုကြရသော သားရှင်ပြု သမီးနားသ အလှူဒါနကြီးသည် အဘယ်နည်းဖြင့် သာသနာကို အားပေးရာ ရောက်တော့မည်နည်း။ “အလှူဒါယကာတစ်ယောက်သည် ကူငွေများကို မျှော်လင့်ပြီး အလှူကြီးကို ခမ်းခမ်းနားနား မွမ်းမံပြင်ဆင်၍ထား၏။ ကုန်ငွေနှင့် အကူရသောငွေမှာ မျှော်လင့်ချက်အတိုငိ်း ဖြစ်မလာသောအခါ တရားကိုပင် ဖြောင့်ဖြောင့်မနာနိုင်အောင် ဖြစ်သွား၏ ။ “ပရိတ်ရွတ်တာကိုလည်း စိတ်မဝင်စားနိုင်၊ ဟောပြောသောတရား ကိုလည်း အာရုံမပြုနိုင်တော့ဘဲ စိတ်တွေ ကယောင်ချောက်ချားဖြစ်နေတော့၏။ တရားဆုံးလို့ ဆုံးမှန်းမသိ၊ ဘေးလူတွေက အမျှဝေလိုက် အမျှဝေလိုက်လို့ ပြောသည့်အခါ သတိရပြီး ကပျာကယာ “သောက်ကျိုးနည်းပါပြီးဗျို့” လို့ နှုတ်က ထွက်သွားရှာသတဲ့။” အမတ်ကြီးဦးပေါ်ဦးကလည်း “ယမမင်းထံ အစစ်ခံ သံပေါက်” ထဲတွင် သားရှင်ပြုအလှူနှင့်ပတ်သက်၍ ဤသို့ကောက်ချက်ချပြထား၏- ၁။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခံတယ်။ ၂။ ကွမ်း၊ ဆေး၊ လက်ဖက်၊ ဆီစက်စက်၊ ဝတ်နှင့် ကြက်သား ကျွေးခဲ့တယ်။ ၃။ သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်။ ၄။ ကျွန်တော်အလှူ၊ ကြွေးတွေပူ၊ ငွေကူရဘိ မျှော်မိတယ်။ ၅။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ၆။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်လှူတယ်။ ပဓာနဖြစ်သည့် ပရိက္ခရာတွင် ငွေချိုထား၍ ပကာသနဖြစ်သည့် ဝတ်သားကြက်သားတွင် ငွေစရံကြိုပေး၍ မှာကြသည်။ အသားပေါ်သူ တို့ကလည်း အလှူရက်ရောက်မှ ဝက်ကြက်တို့ကို လောလောလတ်လတ် သတ်ဖြတ်ပြီး အသားကို လာပို့သည်။ ကုသိုလ်က တစ်ပဲ ငရဲက တစ်ပိဿာဟု ဆိုရမည့် မိဿက အလှူမျိုးဖြစ်သည်။ အလှူရက်ပြီးသောအခါ၌လည်း ကြွေးတင်ကျန်ရစ်သဖြင့် စိတ်ညစ်ဆင်းရဲကာ ပရစေတနာ ပျက်ရတော့သည်။ သို့အတွက် ပုဗ္ဗ၊ မုဉ္စ၊ ပရဟူသော စေတနာသုံးတန် အင်္ဂါ မစုံလင်သည့်အတွက် အလှူ အကျိုးမှာ မဖွံ့ဖြိုး မကြီးကျယ်တော့ချေ။ လက်ငင်းဘဝ၌ပင် ကြွေးတင်ကျွန် ဖြစ်ခံရ၍ အရှုံးကြီးဆုံးရှုံးရပါတော့သည်။ “ပျက်အစဉ် ပြင်ခဏ” ဟူသည်နှင့်အညီ မှားယွင်းသည့် အစဉ်အလာကို ဖယ်ရှား၍ အကျိုးများမည့် အစဉ် အလာသစ်ကို ထူထောင်သင့်ကြပါသတည်း။ ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး ၁-၂။ သင်းပိုင် (ခါးဝတ်) ကို ချက်ဖော်ပြီးမဝတ်ရ၊ ချက်ဖုံးစေရမည်။ သင်းပိုင်၏ အောက်အနားသည် ဒူးဆစ်အောက် လက်ရှစ်သစ်ကျစေ၍ ရှေ့နောက်နိမ့်မြင့် ညီညာဝန်းဝိုင်းနေစေရမည်။ ဧကသီ (အပေါ်ရုံ) ၏ အောက် အနားသည် ဒူးဆစ်အောက် လက်လေးသစ်ကျစေ၍ ရှေ့နောက်နိမ့်မြင့် ညီညာဝန်းဝိုင်း နေစေရမည်။ ခြွင်းချက်။ ။ ညီညာစွာ ဝတ်ရုံပါလျက် မညီမညာ ဖြစ်သွားလျှင် လည်းကောင်း၊ မညီမညာဖြစ်နေသည်ကို အမှတ်တမဲ့ သတိမထားမိလျှင်လည်းကောင်း၊ ခြေသလုံးတွင် အနာရှိ၍ တိုတိုဝတ်ခြင်း၊ ရှည်ရှည်ဝတ်ခြင်း ပြုလျှင်သော် လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် ပြေးလွှားရလျှင်သော် လည်းကောင်း၊ စိတ်မနှံ့ခြင်းကြောင့် လည်းကောင်း မညီမညာ တို ရှည် ဝတ်ရုံခြင်းကြောင့် အာပတ်မသင့်ချေ။ ၃-၄။ မြို့ရွာအတွင်း၌ သွားလာနေထိုင်သည့်အခါ၊ ဆွမ်းခံ၊ ဆွမ်းစား၊ တရားဟောသည့်အခါတို့၌ လည်ပင်း နှင့် လက်ကောက်ဝတ်တို့ကို လုံခြုံစွာဖုံး၍ သင်္ကန်းရုံထား ရမည်။ ခြွင်းချက်။ ။ မြို့ရွာအတွင်း ခေတ္တတည်းခို နေထိုင်သည့်အခါ သင်္ကန်းမရုံဘဲ နေခွင့်ရှိသည်။ ၅-၆။ မြို့ရွာအတွင်း သွားလာရာ၌ ဣန္ဒြေမရ လက်ကိုလှုပ်ရမ်း၍သွားခြင်း၊ နေထိုင်ရာ၌ လက်ခြေတို့ကို လှုပ်ရမ်းခြင်းမပြုရ။ ဣန္ဒြေရရ သွားလာနေထိုင်ရမည်။ ၇-၈။ မြို့ရွာအတွင်း၌ ရှေ့သို့ လေးတောင်ခန့် ကြည့်လျက် မျက်လွှာချ၍ သွားလာနေထိုင်မှုပြုရမည်။ သို့သော် ယာဉ်၊ ရထား၊ နွား၊ မြင်း စသော ဘေးရန်ရှိ မရှိကိုကား တစေ့ တစောင်း ကြည့်နိုင်သည်။ ၉-၁၀။ ဧကသီ သို့မဟုတ် သင်းပိုင်ကို မလျက်၊ မြှောက်ပင့်လျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။ ၁၁-၁၂။ အသံကြယ်စွာ ရယ်မောလျက် မြို့ရွာတွင်း၌ သွားလာ နေထိုင်ခြင်းမပြုရ။ ၁၃-၁၄။ မြို့ရွာတွင်းသွားလာစဉ် စကားကို တိုးတိုး ပြောရမည်။ တိုးတိုးအသံဆိုသည်မှာ ရဟန်းတော်သုံးပါး ခြောက်တောင်စီခွာ၍ တန်းစီထိုင်နေသောအခါ တစ်ဖက် စွန်းမှ ပုဂ္ဂိုလ်က အလယ်ပုဂ္ဂိုလ်အား လှမ်း၍စကားပြော ရာ၌ အလယ်ပုဂ္ဂိုလ်သာ စကားလုံးကို ကွဲကွဲပြားပြား ကြားရ၍ အခြားတစ်ဖက်စွန်းပုဂ္ဂိုလ်က ကွဲကွဲပြားပြား မကြားရလျှင် တိုးသောအသံဖြစ်၏။ ဆယ့်နှစ်တောင်ကွာ တစ်ဖက်စွန်းရှိ ပုဂ္ဂိုလ်ပါ ကွဲကွဲပြားပြားကြားရလျှင် ကျယ်သောအသံဖြစ်သည်။ ၁၅-၂၀။ မြို့ရွာအတွင်း၌ ကိုယ်ကို လှုပ်ရမ်း၍ လည်းကောင်း၊ လက်ရုံးလက်မောင်းကို လှုပ်ရမ်း၍ လည်းကောင်း၊ ဦးခေါင်းကို လှုပ်ရမ်း၍လည်းကောင်း မသွားလာရ မနေထိုင်ရ။ ကိုယ်အထက်ပိုင်းသည် ကျောက်ဆင်းတုကဲ့သို့ မလှုပ်မရှက် ငြိမ်သက်စွာ ရှိရမည်။ ၂၁-၂၂။ ခါးထောက်လျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။ ၂၃-၂၄။ ဦးခေါင်းခြုံလျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။ ၂၅။ ဖနောင့်ကိုမြှောက် ခြေဖျားထောက်လျက် လည်း ကောင်း၊ ခြေဖျားကိုမြှောက် နောင့်ထောက်လျက် လည်း ကောင်း မြို့ရွာတွင်းသို့ မသွားရ။ ၂၆။ မြို့ရွာတွင်း၌ ထိုင်သည့်အခါ ဒူးနှစ်လုံးထောင်လျက် ပုဆိုးကွင်းသိုင်း၍လည်းကောင်း၊ လက်နှစ်ဖက်ဖြင့် ဒူး နှစ်လုံးကို သိုင်းဖက်၍လည်းကောင်း မထိုင်ရ။ (ဤ ၂၆-ပါးမှာ [သမဏသာရုပ္ပ] ကြည်ညိုဖွယ်ဖြစ်အောင် သွားလာနေထိုင်နည်းကိုပြသည်။) ၂၇။ ဆွမ်းခံရာ၌ သပိတ်ကို လက်နှစ်ဖက်ဖြင့် ပိုက်ထားပြီး လေးလေးစားစား လိုလိုချင်ချင် ခံယူရမည်။ မလိုချင်သလို သွန်ပစ်တော့မည့် အမူအရာဖြင့် ဆွမ်း မခံရ။ ၂၈။ သပိတ်၌စိတ်စိုက်လျက် ဆွမ်းခံရမည်။ ၂၉။ ဆွမ်းကိုနည်းနည်းခံယူပြီး ဟင်းကို ဆွမ်းထက် နှစ်ဆသုံးဆ ခံယူခြင်း မပြုရ။ ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရမည်။ ၃၀။ သပိတ်အတွင်း နှုတ်ခမ်းအရစ်နှင့် ညီမျှရုံသာ ဆွမ်းကိုခံယူရမည်။ ၃၁။ ဆွမ်းစားသည့်အခါ မစားချင့်စားချင် အမူအရာ မရှိရ၊ လေးလေးစားစား ဆွမ်းကိုစားရမည်။ ၃၂။ ဆွမ်းစားနေစဉ် တောင်တောင်မြောက်မြောက် မကြည့်ရ၊ မိမိသပိတ်၌သာ စိတ်အာရုံစိုက်ထား၍ စားရမည်။ ၃၃။ ဆွမ်းစားရာ၌ ဆွမ်းနှင့်ဟင်းကို တစ်ပိုင်းခြင်း အစဉ်အတိုင်း ယူ၍စားရမည်။ တစ်ဖက်စွန်းကိုယူပြီး အခြားတစ်ဖက်စွန်းကို မယူရ၊ အလယ်မှထွင်းဖေါက် မယူရ။ ၃၄။ မပြစ်မကျဲ လက်ဖြင့်ကော်ယူ၍ ရလောက်သော ပဲဟင်းကို ဆွမ်း၏ လေးပုံတစ်ပုံလောက်သာ ထည့်၍ စားရမည်။ ဆွမ်းနည်းနည်း ဟင်းများများစားခြင်း မပြုရ။ ၃၅။ ဆွမ်းကို အလယ်ဗဟိုတွင် မို့မောက်အောင်စုပုံပြီး၊ ဆွမ်းဦးထိပ်မှ ယူမစားရ။ ဘေးမှအစဉ်အတိုင်း ယူ၍စား ရမည်၊ သို့ရာတွင် ဆွမ်းစားပြီးခါနီး သပိတ်ထဲ၌ အနည်းငယ် ကျန်နေသည်ကို သိမ်းကျုံးစုဆောင်းလိုက် သောအခါ အစုအပုံ မိုမိုမောက်မောက်ဖြစ်နေတတ်သေး ၏၊ ထိုအစုအပုံကို နှိုက်ယူစားရာ၌ကား အာပတ်မသင့်။ ၃၆။ ဆွမ်းဟင်းထပ်ပြီးရလို၍ ဟင်းကို ဆွမ်းဖြင့်ဖုံးအုပ် ထားခြင်း မပြုရ။ ၃၇။ ဆွမ်းဟင်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း ဖျားနာသူ (ဂိလာန)မဟုတ်လျှင် မိမိအတွက်တောင်း၍ မစားရ။ ဆွေမျိုးတော်သူ ဖိတ်မန်ထားသူတို့အထံ၌ တောင်းကောင်း၏။ ၃၈။ ကဲ့ရဲ့လိုသောစိတ်ဖြင့် သူတစ်ပါး သပိတ်ကိုမကြည့်ရ။ ဆွမ်းနည်းလျှင်ပေးမည်။ ဆွမ်းများလျှင်တောင်းမည် ဟူသော စိတ်ဖြင့် ကြည့်ကောင်း၏။ ၃၉။ ဆွမ်းလုတ်ကို ဒေါင်းဥပမာဏလောက် မကြီးစေရ။ ၄၀။ ဆွမ်းလုတ်ကို ရှည်လျှားမနေစေဘဲ ထက်ဝန်းကျင် ဝန်းဝိုင်းအောင်ပြု၍ စားရမည်။ ၄၁။ ခံတွင်းပေါက်သို့ ဆွမ်းလုတ်မရောက်သေးမီ ခံတွင်း ပေါက်ကို ကြိုတင်၍ ဖွင့်မထားရ။ ၄၂။ ဆွမ်းစားစဉ် လက်ချောင်းများကို ခံတွင်းထဲသို့ မသွင်းရ။ ၄၃။ စကားမပီသလောက်အောင် ခံတွင်းထဲ၌ ဆွမ်းလုတ် ရှိနေစဉ် စကားမပြောရ။ ၄၄။ ဆွမ်းလုတ်ဆွမ်းခဲကို ပါးစပ်ထဲသို့ ပစ်ပေါက်မသွင်းရ။ ၄၅။ ဆွမ်းလုတ်ကို တစ်ဝက်ကိုက်ဖြတ်မစားရ။ ဆွမ်း လုတ်ကြီးနေလျှင် လက်ဖြင့်ခွဲ၍ စားရမည်။ မုန့်ပဲ စသောခဲဖွယ်ကို ကိုက်ဖြတ်စားနိုင်သည်။ ၄၆။ ဆွမ်းလုတ်ကို ပါးစောင်မှာထား၍ ပါးကိုဖောင်းစေ ပြီး မစားရ။ ၄၇။ လက်ကို ခါ၍ ခါ၍ ဆွမ်းမစားရ။ လက်၌ ဆွမ်း ဟင်းများကပ်နေလျှင် လက်ချောင်းဖြင့်သာ ခြစ်၍ ဖယ်၍ ချရမည်။ ၄၈။ ဆွမ်းလုတ်ကို ခံတွင်းထဲသို့ သွင်းပြီးနောက် လက်ထဲ၌ ဆွမ်းလုံးများကျန်နေသည်ကို အသာအယာ လက်ဖြင့် ပြန်သယ်ဆောင်လာပြီး ပန်းကန်ထဲ သပိတ်ထဲ ချရမည်။ ၄၉။ ဆွမ်းစားလျှင် လျှာကိုခံတွင်းအပြင်သို့ ထုတ်ပြီး မစားရ။ ၅၀။ ဆွမ်းစားသည့်အခါ ပါးစပ်မှ အသံမည်အောင် မစားရ။ ၅၁။ ဟင်းရည်ပူပူ အရည်သောက်သည့်အခါ ရှုးရှုးရှဲရှဲ အသံမမည်အောင် သောက်ရမည်။ ၅၂။ ဆွမ်းစားသည့်အခါ လက်ချောင်းများကို လျက်ခြင်း စုပ်ခြင်း လက်ဝါးကို လျက်ခြင်းမပြုရ။ ယာဂုပြစ်ပြစ်၊ တင်လဲ၊ ပျားရည်စသည်တို့ကို လက်ချောင်းဖြင့်ကော်ယူ ပြီး စားရာ၌ လက်ချောင်းကို သွင်းပြီးစုပ်ယူနိုင်သည်။ ၅၃။ သပိတ် ပန်းကန်စသည်ကို ခြစ်ခြုတ်၍မစားရ။ အသံမမည်အောင် လက်ဖြင့်သိမ်းယူ၍ စားရမည်။ ၅၄။ ဆွမ်းစားစဉ် နှုတ်ခမ်းကို လျှာဖြင့်မလျက်ရ၊ တစ်စုံတစ်ခုကပ်နေပါက နှုတ်ခမ်းအချင်းချင်းဖိပြီး ပါးစပ်အတွင်းသွင်းရမည်။ ၅၅။ ဆွမ်းဟင်းပေကျံသောလက်ဖြင့် မိမိပိုင် သောက်ရေ ခွက်ကိုပင်ဖြစ်စေ မကိုင်ရ၊ ကိုင်ပြီးလျှင် ဆေးကြောမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကိုင်လျှင် ကိုင်ကောင်း၏။ ၅၆။ ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာတွင်း၌ မသွန်ရ။ မြို့ရွာအပြင်အပ၌ သွန်ကောင်း၏။ ဆွမ်းလုံး ကို တစ်နေရာတွင်စု၍ ရေချည်းသက်သက်ဖြစ်စေ၊ ဆွမ်းလုံးပျက်အောင်ချေ၍ဖြစ်စေ သွန်ကောင်း၏။ ၅၇။ လက်၌ထီးရှိသော မနာမဖျားသူအား တရားမဟောရ။ ၅၈။ တုတ် လှံ လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။ ၅၉။ ဓား သံလျက် လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။ ၆၀။ လေး မြှား လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။ ၆၁။ ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရား မဟောရ။ ၆၂။ ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရား မဟောရ။ ၆၃။ ကျန်းမာပါလျက် ယာဉ်ပေါ်၌နေသူအား တရား မဟောရ။ ၆၄။ ကျန်းမာပါလျက် အိပ်ယာထဲနေသူအား တရား မဟောရ။ ၆၅။ ဒူးနှစ်ဖက်ကိုထောင်လျက် အဝတ်ဖြင့်သိုင်းထားသူ၊ လက်ဖြင့်သိုင်းဖက်ထိုင်နေသူအား တရားမဟောရ။ ၆၆။ ကျန်းမာပါလျက် ခေါင်းပေါင်း ပေါင်းထားသူအား တရားမဟောရ။ ၆၇။ ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရား မဟောရ။ ၆၈။ တရားဟောသူသည် အခင်းမပါ ဗလာမြေပေါ်မှာ ထိုင်ပြီး၊ မနာမဖျားဘဲ အဝတ်ခင်းပေါ် ထိုင်သူအား တရားမဟောရ။ ၆၉။ မနာမဖျားဘဲ မြင့်ရာ၌နေသူအား မိမိကနိမ့်ရာ၌ နေ၍ တရားမဟောရ။ ၇၀။ မနာမဖျားဘဲ ထိုင်နေသူအား မတ်တတ်ရပ်နေသူက တရားမဟောရ။ ၇၁။ မနာမဖျားဘဲ ရှေ့ကသွားနေသူအား နောက်ကနေ၍ တရားမဟောရ။ ၇၂။ မနာမဖျားဘဲ လမ်းပေါ်၌သွားနေသူအား လမ်းဘေး မှ လိုက်၍ တရားမဟောရ။ ၇၃။ မနာမဖျားဘဲ မတ်တတ်ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ရ။ ၇၄။ မနာမဖျားဘဲ စိမ်းစိုရာမြက်သစ်ပင်၌ ကျင်ကြီး ကျင်ငယ် တံထွေး မစွန့်ရ။ ၇၅။ မနာမဖျားဘဲ (သောက်ရေ သုံးရေ-မြစ် ကန် ချောင်း) ရေ၌ ကျင်ကြီးကျင်ငယ် မစွန့်ရ။ ဤသိက္ခာပုဒ် ၇၅-ပါးကို မရိုသေ မလေးစား ဂရုမစိုက်သည့်သဘောဖြင့် လိုက်နာကျင့်သုံးမှုမပြုပါက ရဟန်းများမှာ ဒုက္ကဋ်အာပတ်သင့်သည်။ ရှင်သာမဏေများမှာ သဲဒဏ် ရေဒဏ်ထိုက်သည်။ (မကျန်းမာလျှင်၊ မသိနားမလည်သေးလျှင်၊ အပြစ်မရှိ။) နားလည်အောင် သိအောင် သင်ကြားလေ့ကျင့်ရမည်။ ဤသိက္ခာပုဒ်တော်အားလုံး ဆဗ္ဗဂ္ဂီရဟန်းများအား အကြောင်းပြု၍ ပညတ်တော်မူသည်။ ရှင်မပြုကောင်းသောသူ ၁၁ ယောက် ၁။ ပဏ္ဍုက် − ဘာဝရုပ် ချို့သော ပဏ္ဍုက်။ ၂။ ထေယျ သံဝါသက − အသွင်၊ အပေါင်းအဖော် ခိုးသောသူ။ ၃။ တိတ္ထိယ ပက္ကန္တက − တိတ္ထိအယူသို့ ပြောင်းသွားသော ရဟန်း၊ သာမဏေ။ ၄။ တိရစ္ဆာန − တိရစ္ဆာန်။ ၅။ မာတုဃာတက − အမိသတ်သောသူ။ ၆။ ပိတုဃာတက − အဘ သတ်သောသူ။ ၇။ အရဟန္တ ဃာတက − ရဟန္တာ သတ်သောသူ။ ၈။ လောဟိတုပ္ပာ − ဘုရားသွေးစိမ်းတည်အောင် ပြုသောသူ။ ၉။ သံဃဘေဒက − သံဃာသင်းခွဲသောသူ။ ၁၀။ ဘိက္ခုနိဒူသက − ဘိက္ခုနီမကို ဖျက်ဆီးသောသူ။ ၁၁။ ဥဘတော ဗျဉ္ဇနက − နိမိတ်နှစ်ခုရှိသော ဥဘတောဗျည်း။ အထက်ပါ တစ်ဆယ့်တစ်ယောက်တို့တွင် အသက်နှစ်ဆယ် မပြည့်သောသူ၊ ပါရာဇိက ကျသောသူတို့ကို ထည့်လျှင် ရဟန်းမခံကောင်းသူ တစ်ဆယ့်သုံးယောက် ဖြစ်သည်။ မြန်မာနိုင်ငံ နှင့် ရှင်ပြုခြင်း မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ စတင် ရောက်ရှိချိန်တွင် ရှင်ပြုခြင်း ဓလေ့ စတင်ခဲ့လိမ့်မည် ဟု မှန်းဆရသည်။ မြန်မာ့ ဓလေ့ ရှင်ပြုပွဲ သို့မဟုတ် ရှင်ပြုနားသမင်္ဂလာ မြန်မာနိုင်ငံ တွင် ရှင်ပြုပွဲများကို ပွင့်လင်းရာသီ၊ အထူးသဖြင့် ကျောင်း ရက်ရှည် ပိတ်သည့် နွေရာသီများ တွင် ကျင်းပ ပြုလုပ်ကြလေ့ ရှိပါသည်။ အလှူ့ရှင် တို့သည် မိမိတတို့၏ သား ယောက်ျားလေးများကို ရှင်သာမဏေ ပြုပေးခြင်း၊ သမီးများကို နား ပေါက် ဖောက်ပေးသည့် နားထွင်း မင်္ဂလာ ကျင်းပ ပေးခြင်း စသည်ဖြင့် ပြုလုပ်ပေးကြသော ဓလေ့ ဖြစ်ပါသည်။ အလှူကြီး အလှူလေး၊ အစိမ်းလှူ အကျက်လှူ ဘုရားရှင် လက်ထက်ပုံစံ အဓိက လိုရင်းဖြစ်သော ဆံချ သင်္ကန်းဝတ် သာမဏေ ပြု ပေးရုံမျှသာ ဖြစ်သော ရှင်ပြုအလှူပွဲမျိုးကို အလှူလေး သို့မဟုတ် အစိမ်းလှူ ခြင်းဟု ခေါ် ကြ၍ ငွေကြေးချမ်းသာ တတ်စွမ်းနိုင်သူတို့က ချဲ့ထွင် အကျယ်ချဲ့ ပြုလုပ်သည့် ပုံစံ မျိုးကို အလှူကြီး သို့မဟုတ် အကျက်လှူ ဟု ခေါ် ကြသည်။ အလှူကြီး များတွင် ဝါး၊ စက္ကူ၊ ရွှေ ငွေ ဆေးရောင်စုံ ခြယ်သထားသည့် ကနုတ်ပန်း၊ စုလစ်၊ မွန်းချွန်၊ ပြသာဒ်၊ ဘုံဆင့် များဖြင့် တန်ဆာဆင်ထား‌ော အလှူ မဏ္ဍပ် ထိုးခြင်း၊ မြန်မာဆိုင်းဝိုင်းကြီးများ၊ အငြိမ့်ပွဲဇာတ်ပွဲ ခြင်းပွဲများဖြင့် ပရိတ်သတ်ကို ဧည့်ခံခြင်း၊ အလှူလှည့်ခြင်း၊ ဘိသိတ်ခံခြင်း စသည့် ဘာသာ‌ေး မဟုတ်သော ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာ အခမ်းအနားများ ကို တတ်နိုင်လျင် တတ်နိုင်သလို ထည့်သွင်း ကျင်းပကြသည်။ အစိမ်းလှူ များကို တရက်တည်း အပြီး လုပ်ကြသည်။ အကျက်လှူများကို အလှူဝင် နေ့၊ အလှူကြီးနေ့ ဟု နှစ်ရက်ခွဲ ကျင်းပကြသည်။ အလှူဝင် နေ့တွင် အစား အသောက် ဖြင့် ဧည့်ခံခြင်း၊ ရပ်ဝေးမှ လာသော ဧည့်သည်များကို ဧည့်ခံကြိုဆို နေရာချထားခြင်း၊ ညပိုင်း ဆိုင်း အငြိမ့် တို့နှင့် ဧည့်ခံဖျော် ဖြေခြင်းများ ပြုလုပ်ကြသည်။ အလှူကြီးနေ့ မနက်ပိုင်းတွင် နံနက်ပိုင်း အလှူလှည့်ခြင်း၊ ‌ နေ့လည် ဘိသိတ်ခံခြင်း၊ ညနေ ဆံချ သာမဏေပြုခြင်း နှင့် တရားနာခြင်း တို့ ဆောင်ရွက်လေ့ရှိကြသည်။ အလှူမဏ္ဍပ် အလှူမဏ္ဍပ် အလှူမဏ္ဍပ် များ ထိုးခြင်း အဓိက ရည်ရွယ်ချက်မှာ အလှူ လာ ဧည့် ပရိတ်သတ် တို့ နားနေရန်ပင် ဖြစ်သည်။ အလှူမဏ္ဍပ် ထဲတွင် ပရိတ်သတ်ကို ‌အစား အသောက် ကျွေးမွေး ဧည့်ခံခြင်း၊ ဆိုင်း အငြိမ့် တို့ဖြင့် ဧည့်ခံ ဖျော်ဖြေခြင်း၊ အလှူမဏ္ဍပ် များ ကို အခြေခံအားဖြင့် ဝါးလုံး တိုင်များ၊ တန်းများ ဖြင့် ထိုးကြပြီး မိုးကာဖြင့် မိုးထားကြသည်။ အလှတန်ဆာ ဆင်ထားသည့် မဏ္ဍပ် များ အတွက် စီးပွားဖြစ် ငှားရမ်းသည့် မဏ္ဍပ်များကို အသုံးများကြသည်။ ဘိသိတ်သွန်းခြင်း၊ဘတရားနာခြင်း၊ အလှူလှည့် စတင် ထွက်ခွာရာ နှင့် ဆိုက်ရောက် ရာ နေရာအဖြစ် သုံးခြင်း စသည်တို့ ဆောင်ရွက်ကြသည်။ အလှူလည့် အလှူလှည့်သည့် ဓလေ့ မည်သည့် အချိန်က စသည်ဟူ၍ မှတ်တမ်း မတွေ့ရပေ။ နေရာ ဒေသ အလိုက် အလှူလှည့်ပုံများ ကွာခြားကြသည် ။ အလှူလှည့် ဝတ်စားဆင်ရင်မှု အလှူလှည့် အများစုတွင် ရှင်လောင်း ကို ရှင်လောင်းဝတ်စုံ၊ နားထွင်းများကိုလည်း နားထွင်းဝတ်စုံ ဝတ်ဆင်ပေးကြသည်။ ရှင်လောင်းများကို အမျိုးသားကြီးများက ပခုံး‌ေါ် တင် ထမ်းပိုးကြသည်။ အချို့ ‌ဒေသများတွင် ရှင်လောင်းကို ကကြိုး ဆင်ရင်ထားသော မြင်း သို့မဟုတ် ဆင် များ စီးနင်း စေသည်။ သီးသန့် အမျိုးသား တဦးစီက ရွှေထီး တစ်လက်စီကို ရှင်လောင်း တစ်ပါးစီ အား မိုးပေးကြသည်။ နားထွင်းများ ကိုမူ တန်ဆာဆင်ထားသော လှည်းယာဉ် များ စီးနင်း‌စေသည်။ အလှူ့ရှင်များက ရိုးရာဝတ်စုံများ ဆင်မြန်းကာ ပဋိက္ခရာရှစ်ပါး ကိုင်ဆောင်ကြသည်။ ရပ်ရွာ အမျိုးသမီးတို့က အလှဆုံး ရိုးရာဝတ်စုံများ ဆင်မြန်းပြင်ဆင်ပြီး ကွမ်းထောင်၊ ပန်းထောင်၊ လှူဖွယ်ဝတ္ထု၊ ကန်တော့ပွဲ စသည်တို့ကို ကိုင်ဆောင်ကြသည်။ ကွမ်းတောင် ကိုင်ရန် အချော အလှဆုံး အိမ်ထောင်မရှိသူ အမျိုးသမီးကို ရွေးချယ်လေ့ ရှိသည်။ ရပ်ရွာ ကာလသားတို့က အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ သျှိုးလိုက်ရတုဝိုင်း များဖြင့် လိုက်ပါကြသည်။ အချို့အလှူများတွင် တတ်နိုင်သလို ဆင်အက နှင့် အခြားသော အကများ၊ ကို လည်း အလှူလှည့်ရာတွင် ထည့်သွင်းကြသည်။ ဝင်းခင်းခြင်း ဓလေ့ မှာ ရှေးခေတ် ဘုရင်များ ထွက်တော်မူ အခန်းအနားများ ပုံစံကို တုပ ကျင်းပကြခြင်းဖြစ် ရာဇာဝင်း ဟု ခေါ် သည်။ အချို့ နတ် သကြား များ ပါသည့် ‌ဒေဝါဝင်း ကိုပါထည့်သွင်းကြသည်။ ။ ။ ရုပ်ပုံများ ဆက်လက်ဖတ်ရှုရန် ဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များ ကိုးကား ဗုဒ္ဓဘာသာ ယဉ်ကျေးမှု မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
ရှမ်းပြည်တပ်မတော်-တောင်ပိုင်း
သျှမ်းများဘာ့ကြောင့် လက်နက်ကိုင် တော်လှန်ရသနည်း ဗမာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့ ကျူးကျော်စစ်သုံးကြိမ် ဆင်နွဲခဲ့ရာမှာ ၁၈၈၅ တတိယအင်္ဂလိပ်-ဗမာ နောက်ဆုံး စစ်ပွဲကျ တော့ သေနတ်တချတ်မှမဖေါက်ရဘဲ မန္တလေးနန်းတော် ကိုသိမ်းပိုက်နိုင်ပြီး သီပေါဘုရင်ကို ရတနာဂီရိအထိ ပို့ဆောင် လိုက်ပါတယ်။ ဗမာတနိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်လို့ ဗမာ့သမိုင်းမှာ ဆိုထားပါတယ်။ သျှမ်းပြည်ကိုတော့ တိုက်ရိုက် ကိုလိုနီအဆင့်မထားဘဲ ပဒေသရာဇ်ရှမ်းစော်ဘွားများအုပ်ချုပ်တဲ့ အစောင့်ရှောက်ခံ နယ်မြေအဆင့်မှာဘဲ ဗြိတိသျှတို့ထားခဲ့ပါတယ်။ ဗမာပြည်တခုလုံး ကိုလိုနီလက်အောက်ကျရောက်စဉ်ကနေ လွတ် လပ်ရေးရချိန်အထိ သျှမ်းပြည် စော်ဘွားတွေ အာဏာမဆုံးရှုံးရဘဲ အင်္ဂလိပ်အစိုးရနဲ့အတူ ဒွန်တွဲအုပ်ချုပ်ခဲ့ပါတယ်။ သျှမ်း၊ကချင်၊ချင်း တောင်တန်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ကြိးပမ်းမှုကြောင့် တပြိုင်နက် အတူတကွ လွတ်လပ်ရေးယူကြဖို့ ပင်လုံ စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ ၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်အပါအဝင် မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း နဲ့ အခြားအာဇာနည် ၈ ဦး ကျဆုံးသွားခဲ့ ပေမယ့် သူတို့ရဲ့ မရပ်မနားကြိုးပမ်းထားတဲ့ကျေးဇူးတရားတွေကြောင့် ၁၉၄၈ ဇန္နဝါရီလ ၄ ရက် မှာ မျှတတန်းတူ လွတ်လပ်တဲ့ ပြည်ထောင်စုကြီး ထူထောင်ကြဖို့လွတ်လပ်ရေးရယူခဲ့ကြပါတယ်။ လွတ်လပ်ရေးခေတ်မတိုင်ခင် ရှမ်းပြည်ကို ရှမ်းစော်ဘွားတွေ ဘယ်လိုအုပ်ချုပ်လာခဲ့တယ်ဆိုတာကို ရှမ်းပြည်ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေး ကော်မရှင် ဥက္ကဋ္ဌ စဝ်ခင်းဆိုင်က အခုလိုပြောပြပါတယ်။ သျှမ်းပြည်အမျိုးသားတော်လှန်ရေးဖခင် စဝ်နွဲ့စောယန္တ “၁၈၈၅ မန္တလေး ရတနာပုံကို အင်္ဂလိပ်တွေ သိမ်းပိုက်ပြီး သီပေါဘုရင်ကို ရတနာဂီရိပို့ဆောင်လိုက်တယ်၊ ဗမာတပြည်လုံး လဲ ကိုလိုနီလက်အောက်သွတ်သွင်းခဲ့တယ်။ ရှမ်းပြည်ကျတော့ ၁၈၈၇ ကျမှ အင်္ဂလိပ်တွေတက်လာတယ်။ စစ်အင်အားနဲ့ တိုက်ခိုက်ရတာ အစပိုင်းမှာအနည်းအကျဉ်းဘဲ။ စော်ဘွားတွေနဲ့တွေ့ဆုံဆွေးနွေးပြီး သျှမ်းပြည်ကို သွယ်ဝိုက်အုပ်ချုပ်ဖို့ အစောင့်ရှောက်ခံ တိုင်းပြည်အဖြစ်ထားတယ်။ လွတ်လပ်ရေးရတဲ့အထိ စော်ဘွား ၃၃ နယ် က ကိုယ့်နယ်နဲ့ကိုယ်လွတ် လွတ်လပ်လပ် အုပ်ချုပ်လာခဲ့ကြတာဘဲ။” သျှမ်းပြည်သားများ ဘာ့ကြောင့် ဗမာပြည်နဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးယူခဲ့သလဲ ဆိုတာကို စဝ်ခင်းဆိုင်က အခုလို ပြောပြပါတယ်။ “လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတို့ကြိုးပမ်းနေချိန်မှာ စော်ဘွားတွေကလဲ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့ နည်းလမ်းရှာခဲ့ကြတာပဲ၊ ၁၉၂၂ မှာ ထူထောင်ခဲ့တဲ့ ပြည်ထောင်စု သျှမ်းပြည်များ (Federated Shan States) ကောင်စီမှာ အင်္ဂလိပ်ဘုရင်ခံက ထိပ်ဆုံးအကြီးအကဲဖြစ်နေတာနဲ့ စော်ဘွားသားတော်သမီးတော်တွေ အဆင့်မြင့် အင်္ဂလိပ် ကျောင်းတက်တာလောက်ကိုဘဲကြည့်ပြီး ဗမာနဲ့ပူးပေါင်းဖို့ သျှမ်းခေါင်းဆောင်တွေကို စည်းရုံးရခက်ခဲလိမ့်မယ် လို့ ဗမာခေါင်းဆောင်တွေ စိတ်ပူခဲ့ကြပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၇ ရက် ၁၉၄၇ မှာ အင်္ဂလိပ်ကိုဆန့်ကျင် ပြီးအင်္ဂလိပ် ဘုရင်ခံတွေ အရာရှိတွေ မပါဝင်တော့ဘဲ စော်ဘွားကိုယ်စားလှယ် ၇ ပါး၊ ပြည်သူ့ကိုယ်စားလှယ် ၇ ယောက်စီ ပါဝင်တဲ့ သျှမ်းပြည်ကောင်စီကိုဖွဲ့စည်းလိုက်တယ်။ မြန်မာ့အသံက အဲဒီသတင်းကို ညနေပိုင်းမှာလွှင့်တော့ ဗိုလ်ချုပ်အောင်ဆန်း တော်တော်ပျော်သွားတယ်ပြောတယ်။ နောက်နေ့ မနက် ရှမ်းပြည်ကို ချက်ချင်းတက်ပြီး ညှိနှိုင်း ဆွေးနွေးသဘောတူ ကြတာနဲ့ ၁၂ ရက်နေ့မှာ ထင်ရှားတဲ့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်၊ အဲဒါပြည်ထောင်စုရဲ့မူလရေသောက် မြစ်ပေါ့” ရှမ်းပြည်ခေါင်းဆောင်များ ဗမာနဲ့ ပူးပေါင်းလာအောင် ဗိုလ်ချုပ် ဘယ်လိုချည်းကပ်ဆွဲဆောင် ခဲ့ပါသလဲ။ အဲဒီခေတ်အခြေ အနေက ဘယ်လိုလဲဆိုတာကိုလဲ စ၀်ခင်းဆိုင်က အခုလိုဆက်ပြောပါတယ်။ “အဲဒီတုန်းက ဗိုလ်ချုပ်ဟာ - ကျနော်တို့ ဗမာပြည်တော့ တနှစ်အတွင်းလွတ်လပ်ရေးရတော့မယ်။ ခင်ဗျားတို့ဘာ သာခင်ဗျားတို့ ကြိုးစားမယ်ဆိုရင် ရှမ်းပြည်လွတ်လပ်ရေးက နောက် ၂ နှစ်လား၊ အနှစ် ၂၀၊ အနှစ် ၂၀၀ လား ကြာ ချင်ကြာမယ်၊ ရမယ်မရဘူးဆိုတာ ကျနော်မပြောတတ်ဘူး၊ ကျနော်တို့နဲ့ပူးပေါင်းရင်တော့ နောက်နှစ် ရကိုရစေရမယ်။ ကျနော်တို့အပေါ် ခင်ဗျားတို့ သိပ်မယုံချင်ဘူးဆိုတာလဲ ကျနော်သိတယ်၊ ခင်ဗျားတို့နဲ့ကျုပ်တို့အကြား ယုံကြည် နိုင်တဲ့ သဘောတူညီချက် အထောက်အထား စာချုပ်စာတမ်းလုပ်မယ်။ သဘောတူညီချက်ဖေါက်ဖျက်တဲ့ ဘက်/ ပုဂ္ဂိုလ် ကို အရေးယူနိုင်အောင်လဲပြင်ဆင်ထားမယ် - လို့ပြောတယ်။ အဲဒီအချက်တွေကို သျှမ်းစော်ဘွားတွေ /သျှမ်း၊ ချင်း၊ ကချင် လူထုခေါင်းဆောင်တွေ သဘောကျလို့ ပင်လုံစာချုပ်ဆိုတာ ဖြစ်ပေါ်လာတာဘဲ။” ပင်လုံစာချုပ်မှာ ဘယ်လိုအဓိက အချက်အလက်တွေပါသလဲမေးတော့ ---- “၁။ ရှမ်းပြည်၊ ကရင်နီပြည်၊ ကချင်ပြည်၊ ချင်းပြည် တို့ မိမိတို့ဆန္ဒအရကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အပြည့်အဝ အုပ်ချုပ် ရေးရှိရမယ်။ ၂။ ဒီမိုကရေစီစနစ်အတိုင်းကျင့်သုံးမယ်။ ၃။ ၁၀ နှစ်ပြည့်လို့ကိုယ်ပိုင်အုပ်ချုပ်ရေး တန်းတူညီမျှရေးတွေ အပေါ်မကျေနပ်လို့ ခွဲထွက်ချင်တယ်ဆိုရင်လဲ ခွဲထွက်ပိုင်ခွင့် ရှိတယ်ပြောလို့ လိုက်လျောသဘောတူခဲ့တာဘဲ။ (ဒီအ ချက်ကို ပင်လုံသဘောတူညီချက်ထဲမှာ မထည့်ဖို့ အစပိုင်းမှာ ပြောဆိုကြပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက အခြေခံ ဥပဒေထဲမှာ ထည့်မှပိုအာမခံချက်ရှိမှာပေါ့လို့ပြောတော့ ဘဏ္ဍာရေးလွတ်လပ်စွာစီမံခွင့်ဖြစ်သွားတယ်) အဲဒီအချက် တွေအတိုင်း အကောင်အထည်ဖော် နိုင်ခဲ့ရင်တိုင်းပြည်က တမျိုးဖြစ်ရင်ဖြစ်နိုင်တယ်” တိုင်းရင်းသားခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေ (၁၉/၇/၁၉၄၇ မှာ)လုပ်ကြံခံရပြီး ၁၉၄၇ အခြေခံဥပဒေ ရေးဆွဲပြီးမှ ၁၉၄၈ နှစ်ဦးမှာ လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးရခါစမှာ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ဆန္ဒအတော်အတင့်ပြည့်၀ ကြရပေမယ့်- ၁၉၅၀ နောက်ပိုင်း အခြေအနေကိုလဲ သူကအခုလိုဆက်ပြောပါတယ်။ “၁၉၅၀ တရုတ်ဖြူတွေ ရှမ်းပြည်ထဲအလုံးအရင်း နယ်ကျွံဝင်လာတယ်။ ဗမာစစ်တပ်က ကူတိုက်မယ်ဆိုပြီး သျှမ်းပြည် ကို တက်လာတယ်။ မာရှယ်လောစစ်ဥပဒေထုတ်ပြန်တယ်။ အဲဒီအချိန်ကစပြီး သျှမ်းပြည်တိုင်းရင်းသားတွေ စစ်ဖိနပ် အောက်ရောက်တော့တာဘဲ၊ ဗမာတပ်တွေလဲ လုံး၀ပြန်မနှုတ်တော့ဘူး။ သျှမ်းပြည်မျိုးချစ်တစုက တော်လှန်ဖို့ ကြိုးစား ခဲ့ကြပေမဲ့ ပညာတတ်စော်ဘွားတွေ - ခင်ဗျားတို့ အကြမ်းမဖက်ပါနဲ့၊ လွတ်တော်ရှိတယ်။ တရားဥပဒေရှိတယ်၊ နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းလို့ရပါတယ်- လို့ပြောတယ်။ လွတ်လပ်ရေးရပြီး ၁၀ နှစ် ၁၉၅၈ မှာ အဘက်ဘက်နစ်နာ ချက်တွေအပေါ် မခံမရပ်နိုင်ကြတော့လို့ စ၀်နွဲ့စောယန္တ ခေါင်းဆောင်တဲ့ လူအင်အား ၃၁ ယောက်ဟာ သွေးသစ္စာ ရည်သောက်ပြီး နယ်ချဲ့ ဗမာတပ်ကို တွန်းလှန်ဖို့ သျှမ်းပြည်အရှေ့တောင်ပိုင်း သံလွင်အရှေ့ ဖက်ကမ်း တောတွင်း တနေရာမှာစတင်ခဲ့ တာဘဲ။ အဲအချိန်ကစပြီး လက်နက်ကိုင်တော်လှန်ရေးပေါ် လာခဲ့တာအခု ချိန်ထိပေါ့။ “တောင်တန်းသား တိုင်းရင်းသားခေါင်းဆောင်တွေကြောင့် ပြည်ထောင်စုကြီးပေါ်ပေါက်လာတာဖြစ်တော့တိုင်းရင်းသား အရေးကိုပစ်ပယ်ရင် မျှတတန်းတူလွတ်လပ် စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်လို့မရပါဘူး” လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။ “တောင်တန်းနဲ့ မြေပြန့် တန်းတူညီမျှရေးအပေါ် အခြေခံပြီးပင်လုံမှာ စည်းလုံးလက်တွဲ ခဲ့ကြလို့ လွတ်လပ်ရေးရ ယူနိုင် ခဲ့ကြတာ ဖြစ်တယ်။ အဲဒါကြောင့် တရားမျှတမှု၊ လွတ်လပ်မှုမရှိဘဲ တန်းတူညီမျှမှု အခွင့်အရေးဆုံးရှုံးနေသမျှကာလပတ် လုံး ဘယ်နေရာ ဘယ်ဘဝ ဘဲရောက်ရောက် အသက်ပျောက်တဲ့အထိ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ရေး ကိုဆက် လက်ဆင်နွဲသွားရမှာပါဘဲ ” လို့သျှမ်းခေါင်းဆောင်တွေပြောဆိုနေကြဆဲဖြစ်တယ်။ စောနွဲ့စောယန္တ ဦးဆောင်သည့် သွေးသစ္စာရည်သောက်အဖွဲ့ မိမိအမျိုးသားရေးရပိုင်ခွင့်အတွက် လက်နက်ကိုင်တိုက်ပွဲဟာ မရှိမဖြစ် လိုအပ်ဆဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ဗိုလ်သန်းရွှေ အာဏာရှင် စစ်အုပ်စုဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဘူးခံ ငြင်းဆန် ခေါင်းခါနေဆဲဖြစ်လို့ပါဘဲ။ ၁၉၆၂ ဗိုလ်နေဝင်း စစ်အုပ်စု အာဏာသိမ်းခြင်းဟာလည်း ပြည်ထောင်စု တည်တံ့ခိုင်မြဲအောင် လုပ်တာထက် ဖယိုဖရဲ ကွဲပြဲစေတဲ့ လုပ်ရပ်ဖြစ်လို့ - တိုင်းရင်းသားတွေ ပိုပြီးနစ်နာ ဆုံးရှုံးခဲ့ရတယ်။ ဥပဒေကြောင်း အရ ပြောရင် ၁၉၆၂ အာဏာသိမ်းလိုက် ကတည်းက ပြည်ထောင်စု ဆိုတာမရှိတော့ဘူး။ ပင်လုံစာချုပ်ကို ရော ၁၉၄၇ ဖွဲ့စည်းပုံကိုပါ ဗိုလ်နေဝင်းတို့ စုတ်ဖြဲ ဖျက်သိမ်းလိုက်လို့ဖြစ်တယ်။ “ခွဲထွက်ခွင့်ပေးရမယ်၊ မခွဲချင်အောင်လုပ်ပြရမှာက ကျုပ်တို့ဗမာတွေရဲ့ တာဝန်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားဟာ ဗိုလ်ချုပ ်ဘယ်လောက်သဘောထားကြီး အမြင်ကျယ်တယ်၊ ဘယ်လောက်ရှေ့ရေးပိုမြင်တယ်ဆိုတာချင့်ချိန် တွက်ဆနိုင်ပါတယ်။ မခွဲထွက်ချင်အောင်လုပ်ပြရမယ့်ဗိုလ်ချုပ်လမ်းစဉ်က - မျှတ - လွတ်လပ် - စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ယူဆရင် မမှားဘူး၊ ခွဲမထွက်ချင်အောင် လက်နက်အင်အားအဓိကထား စတမ်း အကြမ်းဖက် စစ်အာဏာရှင်စနစ် နဲ့ ချုပ်ခြယ် ခြိမ်းခြောက် နှိပ်ကွပ်ခြင်းဟာ ဗိုလ်ချုပ်လမ်းစဉ်နဲ့လုံး၀ သွေဖည်ဆန့်ကျင်ပါတယ်။ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်း ၇ ပြည်ထောင်က အမျိုးသားလက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက် တာဟာ ပင်လုံ သဘောတူညီချက် ကို ပစ်ပယ်ကြောခိုင်းလို့ ဗိုလ်ချုပ်လမ်းညွှန်ချက်တွေကို ဆန့်ကျင်လို့ဘဲဖြစ်ပါတယ်။ ရည်ညွှန်းကိုးကား သျှမ်းသံတော်ဆင့် ရှမ်းပြည်နယ် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ရန်ရန်ချမ်း
ရန်ရန်ချမ်းသည် ဟစ်ဟော့ ဂီတ ပုံစံသစ်ခေတ်တစ်ခေတ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ ရန်ရန်ချမ်း၊အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ Rဇာနည်၊ ဇေယျာသော်တို့ ပါဝင်သည့် အက်ဆစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။ ရန်ရန်ချန်းကို စစ်အာဏာပိုင်များက ၂၀၀၈-ခုနှစ်၊ ဧပြီလ ၁၇ ရက် သင်္ကြန်အတက်နေ့၌ မုံရွာမြို့တွင် ဖမ်းဆီးခဲ့သည်။ ၂၀၀၉-ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြန်လည်လွတ်လာသည်။ ကိုးကား မြန်မာ အမျိုးသား အဆိုတော်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%9B%E1%80%94%E1%80%BA%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8
ရန်ကုန်တိုင်းစစ်ဌာနချုပ်
ရန်ကုန်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရကတ) သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ (ပြည်လမ်း၊ ရှစ်မိုင်လမ်းဆုံအနီး)တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။ အဓိက တာဝန်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဇော်ဟိန်း ဖြစ်သည်။ သမိုင်း ဖွဲ့စည်းပုံ ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။ အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။ ခလရ / ခမရ - (၄)ရင်း အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။ ခလရ/ ခမရ - (၃)ရင်း အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။ ခလရ/ ခမရ - (၃)ရင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေလျင်တပ်မဟာဌာနချုပ်များ အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် အမှတ်(၄)ခြေလျင်တပ်မဟာဌာနချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။ ဗိုလ်မှူးကြီး လှဘုန်း ဗိုလ်မှူးကြီး သူရကျော်ထင်(နောင်-ဗိုလ်ချုပ်ကြီး၊ကာကွယ်ရေးဦးစီးချုပ်) ဗိုလ်မှူးချုပ် ခင်အုန်း ဗိုလ်မှူးချုပ် အေးကို(နောင်-ဒုတိယဗိုလ်ချုပ်ကြီး၊ယာယီသမ္မတ) ဗိုလ်မှူးချုပ် တင်စိန် ဗိုလ်မှူးချုပ် မျိုးအောင် ဗိုလ်မှူးချုပ် ဖေမြိုင် ဗိုလ်ချုပ် မျိုးညွန့် (နောင်- ဒုတိယဗိုလ်ချုပ်ကြီး) ဗိုလ်ချုပ် ခင်မောင်သန်း(နောင်-ဒုတိယဗိုလ်ချုပ်ကြီး၊ကစထမှူး) ဗိုလ်ချုပ် မြင့်ဆွေ (နောင်- ဒုတိယဗိုလ်ချုပ်ကြီး၊ ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ) ဗိုလ်ချုပ် လှဌေးဝင်း (နောင်- ဗိုလ်ချုပ်ကြီး၊ ညှိုနှိုင်းကွပ်ကဲရေးမှူးဟောင်း) ဗိုလ်ချုပ် ဝင်းမြင့်(နောင်-ဒုတိယဗိုလ်ချုပ်ကြီး) ဗိုလ်ချုပ် ထွန်းသန်း ဗိုလ်ချုပ် ဆန်းဦး (နောင်- ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်ဟောင်း) ဗိုလ်ချုပ် ထွန်းထွန်းနောင် (ယခင် ကစထ ၁ မှူး၊ ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ နယ်စပ်ရေးရာလုံခြုံရေး ပြည်ထောင်စုဝန်ကြီး) ဗိုလ်ချုပ် မျိုးဇော်သိန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်ဟောင်း) ဗိုလ်ချုပ် သက်ပုံ (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၅ မှူး) ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၄ မှူး) ဗိုလ်ချုပ် ဇော်ဟိန်း (ယခင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး) ကိုးကား နောက်ထပ်ကြည့်ရန် တိုင်းစစ်ဌာနချုပ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%85%E1%80%BA%E1%80%8C%E1%80%AC%E1%80%94%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA
ရမ်းဗြဲမြို့
ရမ်းဗြဲမြို့ သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ကမ်းအနီးတွင် တည်ရှိသည်။ ရခိုင်တိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသောအခါတွင် ရမ်းဗြဲမြို့သည် ရမ်းဗြဲခရိုင်၏ မြို့တော်ဖြစ်ခဲ့၏။ ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲနှင့် အမ်းခရိုင်ကို ပေါင်း၍ ကျောက်ဖြူခရိုင် ဟု ဖွဲ့စည်းသောအခါ ခရိုင်ဌာနချုပ်ရုံးကို ကျောက်ဖြူမြို့ သို့ ရွေ့လိုက်သဖြင့် ရမ်းဗြဲမြို့သည် မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်သာ ကျန်ရစ်တော့သည်။ ထိုအခါ၌ လူဦးရေ ၃၈၉၂ ယောက်သာ ရှိတော့သည်။ ရမ်းဗြဲမြို့သည် ကျောက်ဖြူမြို့မှ မိုင် ၅ဝ ခန့်ဝေး၍ ရေကြောင်းမှ သွားလာနိုင်သည်။ ရမ်းဗြဲမြို့နယ်မှ ဆန်၊ မဲနယ်၊ သကြား၊ ထုံးနှင့် ရေနံထွက်သည်။ 'အင်း၊ ဗန်း၊ မျက်၊ ညောင်၊ ကိုရံတောင်၊ တောင်ရံငါးလုံး၊ ပိတ်ဖုံးကွယ်ကာ၊ မြို့ရမ္မာ' ဟူသော စာဆိုနှင့်အညီ ရမ္မာဝတီ ခေါ်သော ရမ်းဗြဲမြို့ကို အင်းတောင်၊ ဗဟန်းတောင်၊ ရေမျက်တောင်၊ ညောင်တောင်နှင့် ကိုရံတောင်တို့က ပြင်ပမှ မမြင်ရအောင် ပတ်ပတ်လည်၌ ဝိုင်းရံထားသည်။ ပညာရေး ရမ်းဗြဲမြို့တွင် အခြေခံပညာ အထက်တန်ကျောင်း ၂ ကျောင်း(ခန့်မှန်း) ရှိပြီး။ အလယ်တန်း၊ မူလတန်းကျောင်းများ လည်းတည်ရှိသည်။ ကျန်းမာရေး မြို့နယ်ပြည်သူဆေးရုံ၊ရမ်းဗြဲ အားကစား ရမ်းဗြဲမြို့တွင် ရမ္မာဝတီအားကစားကွင်း ရှိပြီး နှစ်စဉ် အားကစားပြိုင်ပွဲများ ကျင်းပ‌လေ့ရှိသည်။ အထင်ကရနေရာများ ရခိုင်ဘုရင် မဟာသမ္မတရာဇာ မိဖုရားမြတ်သန္တာအုတ်ဂူ ကိုယ်ရံတောင်စေတီ ကိုးကား ပြင်ပလင့်များ [ http://www.maplandia.com/burma/arakan-rakhine/ramree/ramree/ 19° 5' 0" North, 93° 52' 0" East Satellite map at Maplandia.com] မြန်မာနိုင်ငံရှိ မြို့များ ရခိုင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%99%E1%80%BA%E1%80%B8%E1%80%97%E1%80%BC%E1%80%B2%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ရခိုင်သမက်တက်
ရခိုင်အပျိုလူပျိုတို့ အရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထပ်မင်္ဂလာဆောင်ခြင်းများ ရှိသကဲ့သို့ အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွေးချယ်ပြီးသည်များသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ရှိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွေးချယ်ပေးသောဓ‌လေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျက်ရှိသည်။ ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် ဗမာလူမျိုးနှင့်မတူ တမူထူးခြားသော ဓလေ့ထုံးစံများဖြစ်သည်။ ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ ဗမာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးရှင် (သတို့သမီး) နှင့် သမက်ရှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်သွားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသော ရခိုင်မြို့နယ် ဒေသများတွင် အနည်းငယ်ကွဲလွဲချက်ရှိသည်။ သမီးတောင်းခြင်း ပထမယောက်ျား‌လေးဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားရပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စိစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွေးချယ်ပြီး စေ့စပ်ကြောင်းလမ်း ပြုလုပ်သည်။ စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း) စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို သမီးရှင်အိမ်တွင် ပြုလုပ်သည်။ ပထမဦးစွာ သမီးသျှင်ထိုင်ရန်နေရာ၏ လက်ဝဲလက်ယာဘက်တွင် အမျိုးသမီး(အိမ်ထောင်သည်နှစ်ဦး) ထိုင်ရသည်။ ဆွေမျိုးများနှင့်ဖိတ်ကြားထားသောဧည့်သည်များက ယင်းတို့၏ ရှေ့တွင် နေရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရ‌သေးပေ။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွေမျိုးပရိသတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပေးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရေအတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနေရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စေ့စပ်ကြောင်းလမ်းခြင်း၊ ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) သမီးသျှင်ဘက်မှ အမိက ဆင်မြန်းပေးရသည်။ ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။ မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေညာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။ လက်ထပ်မင်္ဂလာပွဲ လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍ ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။ ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ- မင်္ဂလာမြှောက်ခြင်း မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။ သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။ ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။ ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။ အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။ အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။ သမီးစောင့်ခြင်း သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။ သမက်တက်ခြင်း သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြီးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။ အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၎င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။ သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။ ဥပမာ- နှင်းပန်း အီးချမ်းစီရန် နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန် သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန် အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန် စံကားပန်း စံစားရစီရန် ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အဝင်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအဝင် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။ လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပာယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။ မိဘကန်တော့ခြင်း သတို့သမီးရှေ့တွင် သတို့သားဖခင်၊ သတို့သားရှေ့တွင် သတို့သမီးဖခင်တို့က နေရာယူရသည်။ သတို့သားသတို့သမီးတို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပေးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။ လက်ဆုံစားခြင်း မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။ လက်ဖွဲ့ခြင်း ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို် သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။ သျှောင်ချသျှောင်တင် သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပေးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။ အိမ်ပြန်လည်ခြင်း သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။ ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ဝါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။ ကိုးကား ရခိုင်ရိုးရာဓလေ့ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9E%E1%80%99%E1%80%80%E1%80%BA%E1%80%90%E1%80%80%E1%80%BA
ရုပ်ရှင်
ရုပ်ရှင်ဟူသည် `သတ္တဝါ၊ ရှုခင်း စသည်တို့၏ လှုပ်ရှားပုံများကို မီးရောင်အားဖြင့် ပိတ်ကားနံရံ စသည်ပေါ်၌ အရိပ်ပုံများ တဆက်တည်း ပေါ်ထင်အောင် ပြသခြင်း၊ ယင်းလုပ်ငန်း အတတ်ပညာ၊ (ဓာတ်ရှင်၊ အရိပ်ပြပွဲ၊ ဘိုင်စကုပ် ဟူ၍လည်း ခေါ်သည်။)´ဟု မြန်မာအဘိဓာန် တွင် ဖော်ပြထားပြီး မြန်မာစွယ်စုံကျမ်း တွင်မူ ရုပ်ရှင် ဟူသည်မှာ `လှုပ်ရှားနေသော လူသတ္တဝါ၊ ဝတ္တု၊ သဘာဝတို့ကို အစဉ်လိုက် ဓာတ်ပုံကူးယူပြီးနောက် ထိုဓာတ်ပုံ ဖလင်ကော်ပြားကို အလင်းဖြတ်သန်းသွားစေ၍ ဓာတ်ပုံ၏ အရိပ်များကို ပိတ်ကားပေါ်သို့ ကျရောက်စေခြင်းပင် ဖြစ်သည်´ဟု ဖော်ပြထားသည်။ အမှန်အားဖြင့် ရုပ်ရှင်သည် အရုပ်များ လှုပ်ရှားနေသည်ဟု ကြည့်ရှုသူ ပရိသတ် ထင်မှတ်အောင် ပြုလုပ်ထားသည်မှ အပ ရုပ်သေဓာတ်ပုံ ရိုက်ခြင်းနှင့် ရာခိုင်နှုန်းပြည့် နီးနီးတူသည်။ ပုံတူရိပ်များကို အဆက်မပြတ် လှုပ်ရှား၍နေအောင် စီမံပေးမှုက ရုပ်ရှင်ဖြစ်လာအောင် ဖန်တီးပေးခြင်း ဖြစ်သည်။ အမှန်မှာ မည်သည့်ရုပ်ပုံမျှ လှုပ်ရှားနေခြင်း မရှိချေ။ လှုပ်ရှားနေသကဲ့သို့ ထင်မှတ်စေရန် ပုံတူရိပ် အသေများကို ပြစက်တွင် တစ်ခုပြီး တစ်ခု အစဉ်ဆွဲချကာ ဆလိုက်ဖြင့် ထိုးပြခြင်းပင် ဖြစ်သည်။ တစ်နာရီလျှင် ငြိမ်သက်နေသော ရုပ်ပုံပေါင်း ၈၆၄၀၀ မျှကို တစ်ခုပြီးတစ်ခု အဆက်မပြတ် မြင်နေရခြင်း ဖြစ်သည်။ ရုပ်ရှင်ဖလင် ရုပ်ရှင်ရိုက်ကူးရာ၌ ပေ(၁၀၀) မှ ပေ(၁၀၀၀)အထိရှည်သော ဖလင်ကော်ပြားများကို အသုံးပြုကြသည်။ သတင်းကား၊ မော်ကွန်းတင်ကားနှင့် ပညာပေးကားများ ရိုက်ကူးရာ၌ များသောအားဖြင့် ကင်မရာအသေးနှင့် ပေ(၁၀၀)ပေ(၂၀၀)ပေ(၄၀၀) အသီးသီးရှည်သော ဖလင်ကို အသုံးပြုရိုက်ကူးတတ်ကြပြီးလျှင် ဇာတ်ထုပ်ကိုမူ ပေ(၄၀၀)နှင့် ပေ(၁၀၀၀)အထိရှည်သော ဖလင်ကို အသုံးပြု၍ ကင်မရာအကြီးနှင့် ရိုက်ကူးကြသည်။ ဖလင်ကော်ပြားသည် အသံထွက်ရုပ်ရှင်အတွက် ပေ(၁၀၀၀) ဖလင်လိပ်သည် အသင့်လျော်ဆုံးဖြစ်သည်။ များသောအားဖြင့် အကျယ် ၁၃/၈ လက်မ(၃၅-မီလီမီတာ)ရှိသည်။ အသံတိတ်ရုပ်ရှင် ရိုက်သောအခါ အကျယ် ၁လက်မ၊ အမြင့် ၃/၄လက်မအထိ ပုံတူရိုက်ယူနိုင်သည်။ အသံထွက်ရုပ်ရှင်ရိုက်ကူးသော အခါ ဖလင်၏ အနားတလျှောက်၌ အသံအတွက် နေရာထားရသဖြင့် ဖလင်၏ အကျယ် ဆယ်ပုံတစ်ပုံကို လျော့၍ ပုံတူရိုက်ယူရသည်။ ဖလင်ကော်ပြား အနားနှစ်ဖက်တွင် လေးထောင့် အပေါက်ကလေးများ ပါရှိသည်။ အပေါက်ကလေး လေးပေါက် တစ်နေရာသည် ရိုက်ကွက်တစ်ကွက်စာ ဖြစ်၍ တစ်ပေလျှင် ရိုက်ကွက်(သို့) ပုံ(၁၆) ပုံ ရိုက်နိုင်သည်။ ရုပ်ရှင်ရိုက်စက် ရုပ်ရှင် ရုပ်ရှင်ဟူသည်မှာ လှုပ်ရှားနေသော လူသတ္တဝါ ဝတ္ထု သဘာဝတို့ကို အစဉ်လိုက် ဓာတ်ပုံရိုက်ကူး ယူပြီးနောက် ထို ဓာတ်ပုံ ဖလင်ကော်ပြားကို အလင်းဖြတ်သန်းသွားစေ၍ ဓာတ်ပုံ၏အရိပ်များကို ပိတ်ကားပေါ်သို့ ကျရောက်စေခြင်းပင် ဖြစ်၏။ အမှန်အားဖြင့် ရုပ်ရှင်သည် အရုပ်များ လှုပ်ရှားနေသည်ဟု ကြည့်ရှုသူ ပရိသတ် ထင်မှတ်အောင် ပြုလုပ်ထားသည်မှအပ ရုပ်သေ ဓာတ်ပုံရိုက်ခြင်းနှင့် ရာခိုင်နှုန်းပြည့်နီးနီး တူသည်။ ပုံတူရိပ်များကို အဆက်မပြတ် လှုပ်ရှား၍နေအောင် စီမံပေးမှုက ရုပ်ရှင်ဖြစ်လာအောင် ဖန်တီးပေးခြင်း ဖြစ်သည်။ အမှန်မှာ မည်သည့်ရုပ်ပုံမျှ လှုပ်ရှားနေခြင်း မရှိချေ။ လှုပ်ရှားနေသကဲ့သို့ ထင်မှတ်စေရန် ပုံတူရိပ်အသေများကို ပြစက်တွင် တစ်ခုပြီးတစ်ခုအစဉ်ဆွဲချကာ ဆလိုက်ဖြင့် ထိုးပြခြင်းပင် ဖြစ်သည်။ တစ်နာရီလျှင် ငြိမ်သက်နေသော ရုပ်ပုံပေါင်း ၈၆၄ဝဝ မျှကို တစ်ခုပြီးတစ်ခု အဆက်မပြတ် မြင်နေရခြင်း ဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးရာ၌ ပေ ၁ဝဝ မှ ၁ဝဝဝ အထိ ရှည် သော ဖလင်ကော်ပြားများကို အသုံးပြုကြသည်။ သတင်းကား၊ မော်ကွန်းတင်ကားနှင့် ပညာပေးကားများ ရိုက်ကူးရာ၌ များသောအားဖြင့် ကင်မရာအသေးနှင့် ပေတစ်ရာ၊ နှစ်ရာ၊ လေးရာ အသီးသီးရှည်သော ဖလင်ကို အသုံးပြုရိုက်ကူးတတ် ကြပြီးလျှင် ဇာတ်ထုတ်ကိုမူ ပေ ၄ဝဝ နှင့် ၁ဝဝဝ အထိ ရှည်သော ဖလင်ကို အသုံးပြု၍ ကင်မရာအကြီးဖြင့် ရိုက်ကူးကြသည်။ ဖလင်ကော်ပြားသည် အသံထွက် ရုပ်ရှင်အတွက် ပေ ၁ဝဝဝ ဖလင်လိပ်သည် အသင့်လျော်ဆုံး ဖြစ်သည်။ များသော အားဖြင့် အကျယ် ၁ ၃/၈ လက်မ (၃၅ မီလီမီတာ)ရှိသည်။ အသံတိတ်ရုပ်ရှင် ရိုက်ကူးသောအခါ ဖလင်၏ အနား တလျှောက်၌ အသံအတွက် နေရာထားရသဖြင့် ဖလင်၏ အကျယ် ဆယ်ပုံ တစ်ပုံကို လျှော့၍ ပုံတူရိုက်ယူရသည်။ ဖလင်ကော်ပြား အနားနှစ်ဖက်တွင် လေးထောင့်အပေါက်ကလေး များ ပါရှိသည်။ အပေါက်ကလေး လေးပေါက်စာ နေရာသည် ရိုက်ကွက် တစ်ကွက်စာ ဖြစ်၍ တစ်ပေလျှင် ရိုက်ကွက်၊ သို့မဟုတ် ပုံ ၁၆ ပုံ ရိုက်နိုင်သည်။ ရုပ်ရှင်ပြသည့်အခါ တစ်စက္ကန့်လျှင် ၂၄ ပုံ ပြသဖြင့် တစ်ပေခွဲကုန်သည်။ ရုပ်ရှင်ရိုက်စက်က တစ်စက္ကန့်လျှင် ၂၄ ကွက်နှုန်းနှင့် ရိုက်လျှင် ပြစက်ကလည်း ၂၄ ကွက်နှုန်းနှင့် ပြမှု လှုပ်ရှားမှု မှန်မည်။ အကယ်၍ အနှေးသွားနေသော ယာဉ်ကို အမြန်သွား ယာဉ်အဖြစ်ဖြင့် မြင်စေလိုလျှင် မူမှန် ၂၄ ကွက်ထက် လျှော့၍ ရိုက်ပြီးလျှင် မူမှန် ၂၄ ကွက်နှင့် ပြလျှင် ရုပ်ရှင်ကြည့်သူတို့ မျက်စိထဲတွင် မူမှန်ထက် နှေးသွားသည်ကို တွေ့ရပေလိမ့်မည်။ မြန်လို နှေးလိုသည်ကို ရုပ်ရှင်ရိုက်သူ၏ စိတ်ကြိုက် တွက်ချက် ရိုက်ကူးနိုင်သည်။ ဦးစွာ၌ ရုပ်ရှင်ရိုက်ရန် ဆဲလျူလွိုက် ဖလင်ကို အသုံးပြုခဲ့ ကြသည်။ ထိုဖလင်ကို နိုက်တြိတ်ဆေး အခံပြု၍ သုံးသည်။ နိုက်တြိတ်ဖလင်သည် မီးလောင်တတ်သဖြင့် ယခုခေတ်တွင် အက်ဆီတိတ်ဖလင်ကို အသုံးပြုကြသည်။ ရုပ်ရှင်ရိုက်ကူးသော ပထမကော်ပြားကို နက်ဂတစ်ဟု ခေါ်သည်။ ထိုနက်ဂတစ်မှ ပေါ့စတစ်သို့ မကူးယူမီ နက်ဂတစ်ကို သေသတ်ကျနအောင် ပြုပြင်ပေးရသည်။ ရုပ်ရှင်ဖလင်မှ ပေါ့စတစ် ကူးယူရာတွင် ရိုးရိုးဓာတ်ပုံရိုက်၍ ပုံတူ ရိုက်ကူးသကဲ့သို့ ဖလင်ကို ဆေးရည် စိမ်ခြင်း၊ ဆေးကြောခြင်း စသည်တို့ ပြုလုပ်ပေးရသည်။ ( ဓာတ်ပုံ ပညာ။) အသံထွက်ရုပ်ရှင် ရိုက်ကူးထားသော ဖလင် ကော်ပြားကိုမူ ပေါ့စတစ်တွင် ပုံတူရိပ်ကို ပထမကူးယူပြီးမှ အသံပိုင်းကို ထပ်၍ ကူးယူရသည်။ ယခုအခါတွင်မူ အသံရော ပုံကိုပါ တပြိုင်တည်း ကူး၍ ရနေပေပြီ။ ရုပ်ရှင်ကားတွင် ထူးဆန်း အံ့ဩဖွယ်ကောင်းသောအခြင်း အရာများ ပေါ်ပေါက်လာအောင် ကင်မရာက ဖန်တီးပေးနိုင် သည်။ ရုပ်ရှင်ပိတ်ကားပေါ်တွင် မော်တော်ကားနှင့် မော်တော် ဆိုင်ကယ်တို့ ယှဉ်ပြိုင်၍ မောင်းနှင်နေခြင်းသည် တခါတရံ အကယ်ဖြစ်သောပုံ မဟုတ်ချေ။ ပုံစံမော်တော်ကားနှင့် ပုံစံ မော်တော်ဆိုင်ကယ်ကို ယှဉ်ထားပြီးလျှင် နောက်ခံကားကို ရွေ့ရှားအောင် ပြုပြီး ရိုက်ကူးထားခြင်း ဖြစ်နိုင်သည်။ ရေစည် တွင် လှုပ်ရှားနေသော ပုံစံ ပင်လယ်ကူးသင်္ဘောကလေးကို အနီးမှ ဓာတ်ပုံရိုက်ကူးထားပေးခြင်းဖြင့် ရုပ်ရှင်ပိတ်ကားပေါ် တွင် ပင်လယ်ကူးသင်္ဘောကြီး သွားနေပုံ တွေ့မြင်ရလေသည်။ သို့ရာတွင် ပုံစံ ဆောက်လုပ်ရာ၌ စကေးကိုက် သဘာဝကျဖို့ အရေးအကြီးဆုံး ဖြစ်လေသည်။ ရုပ်ရှင်ပြရာ၌ ရုပ်ရှင်ဖလင်များကို ရုပ်ရှင်ပြစက်များ၌ ထည့်၍ ပြကြရသည်။ ရုပ်ရှင်ပြစက်ကို မီးမလောင်နိုင်သော ပြခန်းတွင် ထားပြီးလျှင် ရုပ်ရှင်ပိတ်ကားဘက် မျက်နှာမူနေ သော နံရံ၌ ဖောက်ထားသည့် အပေါက်မှ အလင်းရောင်ထိုး ပေး၍ ပုံတူရိပ်များကို ပိတ်ကားပေါ်သို့ ကျရောက်စေရသည်။ ရုပ်ရှင်ရုံတိုင်းတွင် ပြစက်နှစ်ခုမှ သုံးခုအထိ ရှိကြသည်။ ပြစက်တစ်ခုနှင့် ပြနေစဉ် ကျန်ပြစက်ကို ဖလင်ထည့်၍ အသင့် ပြင်ထားရသည်။ ပထမပြစက်၌ ပြနေသော ဖလင်လိပ်၏ အဆုံးနားနေရာ တွင် အဝိုင်း၊ သို့မဟုတ် လေးထောင့် အစရှိသည့် အမှတ်ကို ပြုလုပ်ထားသည်။ ယင်းအမှတ်လေးမျိုး ပထမပြစက်တွင် ပြနေသော ဖလင်ကုန်ခါနီး ပထမအကြိမ် ပေါ်လာသည်နှင့် ဒုတိယပြစက်ကို စ၍ မောင်းရသည်။ သို့ရာတွင် ယင်းဒုတိယ ပြစက်၏ ရှေ့တွင် အလိုအလျောက် ပွင့်နိုင်ပိတ်နိုင်သော ရှပ်တာက ပိတ်ထားသဖြင့် ဒုတိယပြစက်မှ ပုံတူရိပ်များ ပိတ်ကားပေါ်သို့သွား၍ မထင်ချေ။ ပထမပြစက်တွင် ယင်း အမှတ်အသားကလေးမျိုး ဒုတိယအကြိမ် ပေါ်လာလျှင် ဒုတိယ ပြစက်မှ စတင်ပြသသည်နှင့် တစ်ပြိုင်နက် ပထမပြစက်ရှေ့မှ ရှပ်တာခေါ် တံခါးလေးသည် အလိုအလျောက် ပိတ်ထားရာ ပိတ်ကားပေါ်၌ ပထမပြစက်မှ လက်ကျန်မလိုလား အပ်သော အရုပ်ထင်ခြင်းများ မဖြစ်တော့ချေ။ ရုပ်ရှင်ပြရန်အတွက် အသုံးပြုသော အလင်းသည် အလွန် အားကြီး၍ ကြည်လင်တောက်ပရသည်။ အသံထွက် ရုပ်ရှင်ပြသ ရာတွင် အသံထွက်စက်ကို ပြစက်နှင့်တွဲ၍ ထားရသည်။ အသံ ထွက်စက်မှ အလင်းသည် ဖလင်တွင်ရှိသော အသံပိုင်းကို ဖြတ် သန်း၍ ဖိုတို အီလက်ထရစ်ဆဲသို့ ရောက်ကာ ထိုဆဲတွင် လျှပ် စစ်ဓာတ်စီးကို ဖြစ်ပေါ်စေသည်။ ထိုလျှပ်စစ်စီးက အသံချဲ့စက် တွင် အသံကို ထွက်ပေါ်လာစေသည်။ အသံထွက်ရုပ်ရှင် ဖလင် ၏ အနားတစ်လျှောက်၌ အသံက သွင်းယူထားသော အမှတ် ကလေးများ ရှိသည်။ ယင်းအမှတ်ကလေးများသည် အသံကို လိုက်၍ ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ကြသည်။ ဖလင်မှ ရုပ်ပုံ ရွှေ့ ရှားသကဲ့သို့ ရွေ့ရှားကာ ပြစက်ရှိ မီးပွင့်ကလေးတစ်ခု ရှေ့သို့ ဖြတ်၍ သွားကြသည်။ ထိုမီးရောင်ရှေ့သို့ အမှတ်အသားအမျိုး မျိုး ရောက်ရှိလာတိုင်း ထိုအရိပ်မှ အမှတ်နှင့် လျော်ညီသော အသံမျိုးစုံ ထွက်လာလေသည်။ အထူးသိရှိရန်အချက်မှာ ဖလင် ကော်ပြားပေါ်တွင် ဆိုင်ရာအရုပ်နှင့် အသံသည် တစ်ပြိုင်တည်း အကွက်ညီ ပါနေသည် မဟုတ်ခြင်းပင် ဖြစ်သည်။ ၃၅ မီလီ မီတာဖလင်ဖြစ်မူ အရုပ်နှင့်အသံကို အကွက် ၂ဝ နီးနီး ခွာထား ရ၍ ၁၆ မီလီမီတာ ဖြစ်မူ ၂၆ ကွက် ခွာထားရသည်။ အသံကို အရုပ်ရှေ့က ကြိုထားရသည်။ အရုပ်ကွက်များ တစ်ခုနှစ်တစ်ခု အကြားတွင် ခြားထားသော ပလာကွက်များရှိ၍ ယင်းတို့ ပိတ်ကားပေါ်၌ မပေါ်စေရန် ပြစက်တွင် ရှပ်တာခေါ် ဖွင့်ပိတ်ကိရိယာက ဖွင့်ပေး ပိတ်ပေးရသည်။ အသံကွက်တွင် ယင်းတို့ ဖွင့်ပိတ်လုပ်ပေးပါက အသံသည် ဆောင့်၍ ဆောင့်၍ ထွက်လာတတ်သဖြင့် အသံပိုင်းကိုမူ အတားအဆီးမရှိ သွားစေ ရသည်။ အရုပ်ပိုင်းကို ပြစက်က ဖွင့်ချည် ပိတ်ချည် ပြသွား သော်လည်း အသံပိုင်းကို တောက်လျှောက်ပြသွားရသည်။ ထိုကြောင့် အသံကို အရုပ်နှင့် တွဲ၍ ကူးယူရာ၌ သက်ဆိုင်ရာ အရုပ်နှင့် သက်ဆိုင်ရာအသံကို ယှဉ်၍ ကူးယူလျှင် လှုပ်ရှားပုံ နှင့် အသံထွက် အံမကိုက်ဘဲ နေသည်ကို တွေ့ရသဖြင့် ယင်း သို့ ခွာ၍ကူးရခြင်း ဖြစ်သည်။ ရုပ်ရှင်ပြသည့်အခါ အသံတိတ်ခေတ်က တစ်စက္ကန့်လျှင် ၁၆ ပုံနှုန်းဖြင့် ရိုက်၍ ယင်းနှုန်းဖြင့်ပင် ပိတ်ကားပေါ်သို့ ထိုး၍ ပြသခဲ့သော်လည်း စပ်ကူးမတ်ကူးတွင်ပင် ကြည့်ရှုသူတို့ မျက်စိ ထဲတွင် ပြတ်မသွားဘဲ တစ်ဆက်တည်းဖြစ်နေသည်ဟု ထင်ကြ ခြင်းမှာ အရာဝတ္ထုတစ်ခုသည် မျက်စိရှေ့မှ ပျောက်သွားပြီး နောက် အချိန်အနည်းငယ် ကြာသည့်တိုင်အောင် ထိုပုံသဏ္ဌာန် သည် မျက်စိထဲ၌ စွဲမြဲကျန်ခဲ့သောကြောင့် ဖြစ်သည်။ အရုပ်ပုံသဏ္ဌာန်သည် ရှေ့မှောက်မှ ကွယ်ပျောက်သွားပြီးနောက် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှ မျက်စိအာရုံထဲတွင် စွဲ၍ နေရစ်ကြောင်းကို ၁၈၂၄ ခုနှစ်တွင် ပီတာမင်ရော့ဂျက်ဆိုသူက လေ့လာပြီးနောက် မှန်ကန်ကြောင်း တင်ပြခဲ့ဖူးသည်။ ရုပ်ရှင်သည် ၁၉ ရာစုနှစ်ဝက်ခန့်က စတင်ပေါ်ပေါက်လာ သော ပညာတစ်ရပ် ဖြစ်သည်။ ကျွန်ုပ်တို့ ယနေ့ ကြည့်ရှုလျက် ရှိသည့် ရုပ်ရှင်ကားများ ဖြစ်ပေါ်လာရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်မှ စ၍ ပညာရှင်အသီးသီးတို့သည် အခက်အခဲ အမျိုးမျိုးကြားမှ အစဉ်တစိုက် ကြိုးစားတီထွင်လာ ခဲ့လေသည်။ ဦးစွာ၌ ရုပ်ရှင်ကို အပေါစားစိတ် ဖျော်ဖြေမှုတစ်ခု အဖြစ် သဘောထားခဲ့ကြသော်လည်း ရုပ်ရှင်သည် ခေတ်ကို မည်မျှ လွမ်းမိုးနိုင်သော ပညာတစ်ရပ်ဖြစ်ကြောင်းကို ယခု အခါ လူတို့ သိရှိခဲ့ကြပေပြီ။ 'အစ်ဟက်ပင်းဝမ်း နိုက်' အမည် ရှိ ရုပ်ရှင်ကားတွင် ရုပ်ရှင်မင်းသား ကလပ်ဂေဗယ်သည် ရှပ်အင်္ကျီကို ချွတ်လိုက်သောအခါ အတွင်းက စွပ်ကျယ်မပါသည် ကို တွေ့ရှိကြရသည်နှင့် အတွင်းခံစွပ်ကျယ်များ သိသိသာသာ အရောင်းကျသွား ခဲ့ဖူးလေသည်။ ရုပ်ရှင်သည် အနုပညာရပ်များအနက် အသက်ငယ်ဆုံး သော ပညာရပ်ဖြစ်လင့်ကစား ယခုအခါ အကြီးအကျယ်ဆုံး သော လုပ်ငန်းတစ်ရပ် ဖြစ်နေလေပြီ။ ၁၈၆ဝ ပြည့်နှစ်တွင် ဇိုးထရုပ်၊ ၁၈၇၇ ခုနှစ်တွင် ပရက် ဇီနိုစကုပ် စသောအရုပ်များ လှုပ်ရှားပုံ ကြည့်၍ရသည့် စက်များ ကို အဆင့်ဆင့် တီထွင်ခဲ့ကြသည်။ ၁၈၆၁ ခုနှစ်တွင် ဖိလဒဲ ဖီးယားမြို့မှ ကိုးလမင်းဆဲလား ဆိုသူသည် ကီနီမာတိုဂရပ်ခေါ် စက်တစ်မျိုးကို ထွင်ခဲ့ပြန်သည်။ ဂရိစကား လှုပ်ရှားသည်။ ရွေ့ ရှားသည်ဟူသော အဓိပ္ပာယ်ရသည့် စကားလုံးကို သုံးထားခြင်း ဖြစ်၍ ယခု ကျွန်ုပ်တို့ခေတ်ရုပ်ရှင်ကို ခေါ်ဝေါ်သော စီနီမာဟူ သည့် စကားနှင့် အနီးစပ်ဆုံး ဖြစ်သည်။ စက်ပြုလုပ်ထားပုံသဘောမှာ အနေအထား အနည်းငယ်စီကွာသော ဓာတ်ပုံများကို ဘီးတဘီး၏ မျက်နှာစာတွင် တပ်ဆင်၍ ဘီးကို လှည့်သော နည်းဖြင့် လှုပ်ရှားနေသောပုံကို ပြသခဲ့ခြင်း ဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းသည် ဓာတ်ပုံပညာကို အမှီပြု၍ ပိုမို တိုးတက်လာခဲ့သည်။ ၁၈၃ဝ ပြည့်နှစ်တွင် ဓာတ်ပုံပညာ တီထွင်နိုင်ခဲ့သည်မှစ၍ ဓာတ်ပုံများကို လှုပ်ရှားအောင် (ဝါ) အရုပ်များ ရှင်နေအောင် လုပ်နိုင်သည့် နည်းကို အမျိုးမျိုး စမ်းသပ်လုပ်ခဲ့ကြသည်။ ၁၈၇၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်ဘုရင်ခံ လယ်လန် စတန်းဖို့နှင့် ပုဂ္ဂိုလ်အချို့သည် မြင်းပြေးသည့်အခါ ခြေလေး ချောင်းစလုံး မြေမှလွတ်သည့်အချိန် ရှိမရှိ အငြင်းပွားခဲ့ကြ သည်။ ယင်းအငြင်းပွားမှုကို အက်ဒွိယက် ဗိုင်းဗရစ်သည် ဂျွန်ဒီအိုင်ဇက်ဆိုသူ အင်ဂျင်နီယာကလေးတစ်ဦး၏ အကူအညီ ဖြင့် မြင်းပြေးမည့် လမ်းတစ်လျှောက်ကို ကင်မရာ ၂၄ လုံး တန်း၍ ချိန်ထားပြီးလျှင် ကင်မရာရှပ်တာ တစ်ခုစီမှ မြင်းပြေး သည့်လမ်းကို ဖြတ်၍ တစ်ဖက်ရှိ ဝင်းထရံသို့ ကြိုးများကို တိုး၍ သွားရသဖြင့် ဓာတ်ပုံရိုက်ပြီးသား ဖြစ်သွားလေသည်။ ကင်မရာ ၂၄ လုံးမှ ဓာတ်ပုံ ၂၄ ပုံ အစဉ်လိုက် ရိုက်ပြီး ဖြစ်ခဲ့ရာ အချို့ပုံ၌ မြင်းသည် မြေကြီးမှ ခြေလေးချောင်း စလုံး လွတ်သွားသည်ကို တွေ့ရလေသည်။ ယင်းသို့ဖြင့် မိုင်းဗရစ်၏ စမ်းသပ်မှုသည် ကျော်ကြားလာလေသည်။ ၁၈၈၉ ခုနှစ်တွင် သောမတ်အက်ဒီဆင်သည် ကီနီတို ဂရပ်နှင့် ကီနီမာစကုပ်ခေါ် စက်နှစ်ခုကို တီထွင်ပြု လုပ်လေ သည်။ ကီနီဂရပ်သည် ဓာတ်ပုံရိုက်သော စက်တစ်မျိုးဖြစ်၍ ကီနီမာစကုပ်သည် ယင်းသို့ ရိုက်ထားသော ပုံများကို ကြည့်ရှု ရသည့်စက် ဖြစ်သည်။ ထိုစက်တွင် မှန်ဘီလူးတပ်ထားသည့် အပေါက်ငယ် ပါရှိပြီးလျှင် ရုပ်ရှင်ကားများကို မြင်နိုင်လေ သည်။ ယင်းအချိန်တွင် ဖလင်လိပ်များလည်း ပေါ်ပေါက်နေ ခဲ့ရာ ရုပ်ရှင်ကားရိုက်ရန် အဆင်သင့်ပင် ဖြစ်ခဲ့သည်။ ရုပ်ရှင်နှင့်စပ်လျဉ်းသော ကိရိယာတန်ဆာပလာများကို နိုင်ငံအသီးသီးမှ တီထွင်လုပ်ကိုင်ခဲ့ကြသည်။ အင်္ဂလန်ပြည်မှ ရောဗတ်ပေါ၊ ပြင်သစ်နိုင်ငံမှ ပါသီနှင့် လူမျဲ ညီနောင်တို့သည် အပါအဝင် ဖြစ်သည်။ လူမျဲ ညီနောင်တို့သည် ၁၈၉၆ ခုနှစ် တွင် ရုပ်ရှင်ပြစက်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ ထိုရုပ်ရှင်ပြ စက်ဖြင့် ပုံတူရိပ်၏ အရွယ်ကို အဆပေါင်း သုံးသောင်း ငါး ထောင်ခန့် ပို၍ ကြီးမားအောင် ချဲ့ယူနိုင်သည်။ ရုပ်ရှင်ရိုက် ရာ၌လည်း တစ်စက္ကန့်လျှင် ဖလင်ကော်ပြား တစ်ပေအရှည် အပေါ်တွင် ပုံပေါင်း ၁၆ ပုံ ရိုက်နိုင်သည်။ လူမျဲ ညီနောင် အလျင် ၁၈၉၄ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စု ဝါရှင် တန်မြို့တော်မှ ငွေတိုက်ဌာနစာရေး စီဖရန်းဆစ်ဂျင်းတင်း ဆို သူသည် ပထမဆုံးသော ရုပ်ရှင်ပြစက်တစ်ခုကို တီထွင်လုပ်ကိုင် ခဲ့ရာ မျက်မှောက်ခေတ် ရုပ်ရှင်ပြစက်များသည် ယင်းစက်ကို အခြေခံ၍ တိုးတက်လာလေသည်။ ၁၈၉၆ ခုနှစ်တွင် သောမတ် အက်ဒီဆင်ကလည်း ဗီတာစကုပ်ခေါ် ရုပ်ရှင်ပြစက်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ ထိုစဉ်က ပြသသော ဖလင်များသည် ယခုခေတ် ဖလင် များကဲ့သို့ ရှည်လျားခြင်း မရှိ၊ ရုပ်ရှင်ကိုလည်း သီးခြားပြသ ခြင်း မရှိပဲ ကပွဲများတွင် သတင်းရုပ်ရှင်ကားများကို အခန်း တစ်ခန်း အစီအစဉ်တစ်ရပ်အနေနှင့်သာ ကြားချပ်ပြသကြခြင်း ဖြစ်သည်။ ရုပ်ရှင်လောကတွင် ကောဗက်ဖစ်ဇီမွန်တို့၏ လက်ဝှေ့ ပွဲသတင်းကားသည် ပထမဦးဆုံးသော ရုပ်ရှင်ကား ဖြစ်သည်။ ထိုရုပ်ရှင်ကားကို ၁၈၉၇ ခုနှစ်တွင် စတင်ပြခဲ့သည်။ အသံတိတ်ရုပ်ရှင် ရုပ်ရှင်ကားများကို ရိုက်ကူးပြသစက ရှုမြှော်ခင်းများ၊ ကလေးများ ကစားနေကြပုံများ၊ ကမ်းစပ်ကို လှိုင်းရိုက်ခတ်ပုံ များ စသည်ဖြင့် သာမန်လှုပ်ရှားဟန်ကိုသာ ရိုက်ကူးလေ့ ရှိ သော်လည်း တဖြည်းဖြည်း ဇာတ်လမ်း ဇာတ်ကွက်နှင့် ရုပ်ရှင် များကို တီထွင်ရိုက်ကူးခဲ့ကြသည်။ ပထမဆုံး ဇာတ်လမ်းနှင့် ရိုက်ကူးသော ရုပ်ရှင်ကားမှာ အမေရိကန်မီးသတ်သမားဘဝ အမည်ရှိသော ကားဖြစ်သည်။ ပြင်သစ်နိုင်ငံမှ ဂျော့မဲလီဆိုသူသည် ၁၉ဝ၂ ခုနှစ်ခန့်က လဗိမာန်သို ခရီးတစ်ခေါက်၊ နာတားလူးပွဲအိပ်မက်၊ ဆင်းဒရဲလားစသော ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးခဲ့ သည်။ ၁၉ဝ၃ ခုနှစ်တွင် အက်ဒွင်အက်(စ)ပေါ်တာ ဆိုသူသည် မီးရထား ဓားပြမှုကြီးခေါ် ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည်။ ယင်းသည် ယခုခေတ် အမေရိကန် နွားကျောင်းသားဇာတ်လမ်း များတွင် တွေ့မြင်ရသော လှုပ်ရှားမှုမျိုးကို ပထမဆုံး မြင်တွေ့ ရသော ရုပ်ရှင်ကား ဖြစ်သည်။ ယခင့် ယခင်က အမေရိကန် ဇာတ်ကားများကို အဝေးမှသာ ရိုက်ကူးလေ့ရှိသောကြောင့် ဇာတ်လိုက်မင်းသား မင်းသမီး မည်သူမည်ဝါမျှ မသိနိုင်ချေ။ မီးရထားဓားပြမှု ကြီး ဇာတ်ကားမှ အစပြု၍ အနီးကပ် ရိုက်ကူးကာ ဇာတ်လိုက်အမည်များကိုလည်း ထုတ်ဖော်ကျေညာ သည်။ ထိုဇာတ်ကားမှစ၍ ဇာတ်လိုက်စံနစ် ပေါ်ပေါက်ခဲ့သည်။ ဇာတ်လိုက်များကို သဘောကျကြသဖြင့် ဇာတ်ကားကို လူကြည့်များခြင်းကြောင့် ဇာတ်လိုက်များ အရေးပါလာလေ သည်။ ရုပ်ရှင်ခေတ်ဦးတွင် ရုပ်ရှင်မင်းသမီး မေရီကဖို့အား ရုပ်ရှင်ဝါသနာအိုးများသည် အမည်မသိကြသေးသဖြင့် ရွှေဝါ ဆံခွေနှင့် မိန်းကလေးဟူ၍သာ အမှတ်ထားကြသည်။ ၁၉၁၂ ခုနှစ်တွင် ရိုက်ကူးသော သ နယူးယော့ယက်ဇာတ်ကားတွင် မှ သူ့အမည်ကို ထုတ်ဖော်ကျေညာရလေသည်။ ရုပ်ရှင်ပေါ်စက ရုပ်ရှင်ပြသူများသည် ရုပ်ရှင်ရုံကို ဖြစ် သလို ဆောက်ထားသော ရွက်ထည်တဲများ၊ စတို ခန်းလွတ်များ ၌သာ ပြသခဲ့ကြ၏။ ရုပ်ရှင်ကားများသည် ဇာတ်လမ်းပါလာ သဖြင့် ဇာတ်ကားရှည်လာသည့်အလျောက် ရုပ်ရှင်ပြရန် ရုံ သက်သက် ဆောက်၍ ပြသနိုင်ရန် ကြိုးစားကြသည်။ ပထမ ဆုံး ရုပ်ရှင်ရုံကို အမေရိကန် ်ပြည်ထောင်စု ပင်ဆီလဗေးနီးယား ပြည်နယ် ပစ္စဗတ်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ရုံကို ကျကျနန ဖွင့် လှစ်၍ ဝင်ကြေးငါးဆင့်နှင့် ဝင်ခွင့်ပေးသည်။ ထိုကြောင့် ငါး ဆင့်ရုပ်ရှင်ရုံဟု တွင်သည်။ သုံးနှစ်ခန့် ကြာသောအခါ ငါးဆင့် ရုပ်ရှင်ရုံတစ်သောင်းကျော် ရှိလေပြီ။ လန်ဒန်မြို့၌လည်း ပစ္စဗတ် မြို့နှင့် တစ်နှစ်တည်းလိုလိုပင် ရုပ်ရှင်ရုံပေါ်ပေါက်ခဲ့သည်။ ၁၉၁၄ ခုနှစ်ခန့်တွင် ဗြိတိန်တစ်နိုင်ငံလုံးရှိ မြို့ကြီးများ၌ ရုပ်ရှင်ရုံ တစ်ရုံစီ ရှိပြီး ဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းဖြင့် စီးပွားဖြစ်နိုင်သည်ကို သိမြင်လာကြ သောအခါ အဒေါ့ဇူးကော၊ ကားလိမ္မလီ၊ ဝီလျံဖော့၊ ဆယ်လ ဇနစ်၊ ဝါးနား ညီနောင်တို့သည် ရုပ်ရှင်လုပ်ငန်းကို အရင်းအနှီး နှင့် လုပ်ကိုင်လာကြသည်။ ရုပ်ရှင်ရိုက်ရန် စတူဒီယိုရုံကြီးများ တည်ဆောက်၍ အကျအန ရိုက်ကူးလာကြသည်။ ၁၉ဝ၈ ခုနှစ် ခန့်တွင် တစ်နှစ်လျှင် ရုပ်ရှင်ကားပေါင်း ရာနှင့်ချီ၍ ရိုက်ကူး ပြသနိုင်သည့်အခြေသို့ ရောက်လာသည်။ ၁၉၁ဝ ပြည့်နှစ်တွင် အမေရိကန်ရုပ်ရှင်လုပ်ငန်းသမားများသည် ကာလီဖိုးနီးယား ပြည်နယ်၏ ရာသီဥတုနှင့် ဒေသအခြေအနေကို ရုပ်ရှင်လုပ်ငန်း အတွက် အလွန်ကြိုက်နှစ်သက်ကြသဖြင့် ယင်းဒေသတွင် အခြေစိုက် လုပ်ကိုင်ခဲ့ကြရာ လော့စိန်ဂျလီးမြို့အနီး ဟောလီဝု ရုပ်ရှင်မြို့တော်ဟူ၍ ယခုအခါ ကျော်ကြားလျက် ရှိလေသည်။ ထိုသို့ ရုပ်ရှင်လုပ်ငန်း တိုးတက်လာသည့်အချိန်အထိပင် သဘင်သည်များသည် ရုပ်ရှင်အလုပ်ကို အတန်းအစား နိမ့်သည် ဟု ယူဆနေကြသည့်အလျောက် ရုပ်ရှင်နယ်ထဲသို့ ဝင်ရောက် လုပ်ကိုင်ခြင်း မပြုကြချေ။ ၁၉၁၂ ခုနှစ်တွင် ပြင်သစ်လူမျိုး အဒေါ့ဇူးကောသည် ထိုခေတ်က အလွန်ကျော်ကြားလှသော ဇာတ်မင်းသမီးကြီးဆရာဗန်းဟတ်ကို 'အယ်လစ်ဇဗတ်ဘုရင်မ ဇာတ်ကားတွင် ခေါင်းဆောင်ပါဝင်စေသည်။ ထိုဇာတ်ကားကို ဥရောပနိုင်များ၌သာမက အမေရိကန် ပြည်ထောင်စုသို့ပင် တင်ပို့ ပြသရာ လူကြိုက်အလွန်များသည်။ ဇာတ်လမ်း ဇာတ်ကွက်နှင့် ပေရှည်သော ဇာတ်ကားသာ မက ကြီးကျယ်ခမ်းနားသော ဇာတ်ကားများကိုလည်း ရိုက်ကူး လာကြသည်။ ၁၉၂၁ ခုနှစ်တွင် ပေရှစ်ထောင်ကျော် ရှည်လျား သော 'ကိုဗားဒစ်ဇာတ်ကားကြီးကို အီတလီနိုင်ငံမှ ရိုက်ကူး သည်။ ယင်းဇာတ်ကားသည် ကြီးကျယ်ခမ်းနားမှုတွင် ရှေ့ဆောင် ဟု ဆိုလောက်သည်။ ၁၉၁၃ ခုနှစ်တွင် ကိုဗားဒစ်ကို အမေရိကန်ပြည်ထောင်စု၌ ပြသပြီးနောက် အမေရိကန်ရုပ်ရှင်ကုမ္ပဏီကြီးများသည် ကြီး ကျယ် ခမ်းနားသောကားများကို ရိုက်ကူးလာကြသည်။ ၁၉၁၅ ခုနှစ်တွင် အမေရိကန်ရုပ်ရှင် ဒါရိုက်တာ ဒီဒဗျူဂရစ်ဖစ်သည် ငွေကို ရေလိုသုံးကာ အလွန်ကြီးကျယ်ခမ်းနားလှသော သဗတ် အောအေနေး ရှင်းဇာတ်ကားကို ရိုက်ကူးသည်။ ငွေကုန် သလောက် ဝင်ငွေရသော ဇာတ်ကားဖြစ်သည်။ ဇာတ်လမ်း ဇာတ်ကွက် သရုပ်ဖော်ရာ၌ ကင်မရာလှည့်စား ရိုက်ကူးမှု အမျိုး မျိုးကို သုံးထားသည်။ ဇာတ်လိုက်များ၏ ဟန်အမှုအရာသည် လည်း ယခင်ကကဲ့သို့ ဇာတ်ဟန်မပါဘဲ သဘာဝကျ အမူအရာ မျိုးသို့ တိုးတက်လာ ကြသည်။ ကြီးကျယ်ခမ်းနားသော ရုပ်ရှင်ကားများကို ရုပ်ရှင်ကြည့် ပရိသတ်က စိတ်ဝင်စားနေစဉ် ကာလီဖိုးနီးယားပြည်နယ်မှ မင်ဆင်းနက်သည် ဟာသရုပ်ရှင်ကားရှည်များကို ရိုက်ကူး၍ ပြသည်။ ယခင်က ဟာသဇာတ်ကားများကို ဇာတ်လမ်းတိုများ သာ ရိုက်ကူးခဲ့ရာမှ ဂရစ်ဖစ်၏ ကြီးကျယ်ခမ်းနားသော ဇာတ်ကားကြီးများ၏ စံချိန်ချိုးနိုင်ရန် ချာလီချက်ပလင်နှင့် မာရီဒရက်ဆလာတို့ ပါဝင်သော တီလီ၏ချစ်ကိစ္စ ဟာသ ဇာတ်ကားရှည်ကို ရိုက်ကူးသည်။ ဂရစ်ဖစ်၏ ဇာတ်ကားများ နည်းတူ ဟာသဇာတ်ကားရှည်များသည်လည်း ခေတ်စားလာ သည်။ ၁၉၁၄ ခုနှစ်မှ စတင်၍ ရုပ်ရှင်နယ်ထဲသို့ ဝင်ခဲ့သူ ချာလီချက်ပလင်သည် ၁၉၁၆ ခုနှစ်ခန့်တွင် ရုပ်ရှင်ပရိသတ်၏ အချစ်တော် မေရီပစ်ကဖိုနှင့် တန်းတူ ကျော်ကြားလာသည်။ တစ်ကမ္ဘာလုံး သူ့ကိုမသိသူ မရှိသလောက် ဖြစ်လာလေသည်။ ( ချက်ပလင် ချာလီ။) ပထမကမ္ဘာစစ်အတွင်းက ရုပ်ရှင်သည် အလွန်အရေးပါ အရာရောက်ခဲ့သည်။ ရန်သူများအပေါ် အမုန်းစိတ်၊ ခံတိုက် လိုစိတ် ပွားအောင်၎င်း၊ မိမိလူမျိုးနှင့် နိုင်ငံအပေါ် ချစ်စိတ်ပွား အောင်၎င်း ရုပ်ရှင်ဖြင့် စိတ်ကိုနှိုးဆွပေးသည်။ ပထမကမ္ဘာစစ် အတွင်းက အမေရိကန်ရုပ်ရှင်လုပ်ငန်း အလွန်တိုးတက်နေ သလောက် ဥရောပတိုက် ရုပ်ရှင်လုပ်ငန်းအခြေအနေ နိမ့်ဆင်း သွားသည်။ စစ်ပြီးခေတ်တွင် အခြားဥရောပနိုင်ငံများမှ ရုပ်ရှင် လုပ်ငန်းများသည် ဘဏ္ဍာချို့တဲ့မှုကြောင့် နာလန်ထူ နှေးခဲ့သော် လည်း ဂျာမန်ရုပ်ရှင်လုပ်ငန်းမှာမူ အစိုးရ၏ အကူအညီကြောင့် အမေရိကန်ရုပ်ရှင်များ၏ လွှမ်းမိုးလာမှုကို တွန်းလှန်နိုင်ခဲ့ လေသည်။ အမေရိကန်ရုပ်ရှင်သမားများသည် အထက်တန်းလွှာမှ ဖြစ်ရပ်များ၊ သမ္မာကျမ်းထွက် ခမ်းနားကြီးကျယ်သော ဇာတ် ကားများ၊ အမေရိကန် အနောက်ပိုင်းဒေသအကြောင်းကို အခြေ ပြုထားသော ဇာတ်ကားများကို ငွေကုန်ခံ၍ ကျကျနန ရိုက်ကူး ပြသရာ အမေရိကန်မှသာမက ဥရောပအကဲဖြတ်များကပင် ချီးကျူးကြရသည်။ ဂျာမန်တို့သည် ရာဇဝင်သမိုင်းဇာတ်ကား၊ စိတ္တဗေဒဇာတ်ကားတို့ဖြင့် စစ်ပြီးခေတ် ရုပ်ရှင်လုပ်ငန်းကို နာလန်ထူအောင် ဆောင်ရွက်ကြသည်။ အမေရိကန်ရုပ်ရှင ်ကားများကို ယှဉ်ပြိုင်၍ အနိုင်လိုက်နိုင် သော ထိုခေတ်က ဂျာမန်ရုပ်ရှင်ကားများမှာ ကမ္ဘာ့ရုပ်ရှင်သမိုင်း တွင် မော်ကွန်းတင်လောက်သည့် သကဲဗီနက်အော့ ဒေါက်တာ ကဲလီဂါရီ (၁၉၂ဝ)၊ ဝါနင်းရှဲဒိုး (၁၉၂၂)၊ ဝက်စဝပ်(၁၉၂၄)၊ ပရာဟမြို့မှ ကျောင်းတော်သား(၁၉၂၅-၂၆)တို့ ဖြစ်ကြသည်။ ဂျာမန်တို့သည် စိတ္တဗေဒဆန်သော ဇာတ်ကားများ အပြင် ဗိသုကာပညာရပ်ကိုအသားပေးရိုက်ကူးသောကံကြမ္မာ(၁၉၂၁)၊ သ နီးဗလွန်း (၁၉၂၃-၂၄)နှင့် မက်တြိုပိုလစ်(၁၉၂၆)ဇာတ်ကားကြီးများကိုလည်း ရိုက်ကူးသည်။ ယင်းရှင်ရှင် ကားများသည် ရိုက်ကူးပုံ စံနစ်ဆန်းသစ်သော ဇာတ်ကားများ ဖြစ်ကြသည်။ ဝေးရာမှ တဖြည်းဖြည်း နီးလာအောင် ကင်မရာ ကို ရွေ့ရှား၍ ရိုက်ကူးခြင်းသည် ဇာတ်လမ်း ဇာတ်ကွက် ပို၍ လေးနက်စေသည်ဟု ဂျာမန်ဒါရိုက်တာကြီးတို့က ယူဆသည့် အလျောက် ယင်းနည်းကို အလွန် အသုံးပြုလေ့ ရှိကြသည်။ ဥရောပတွင် ရုပ်ရှင်လုပ်ငန်း၌ ဂျာမန်တို့နှင့် မနီးရိုးစွဲ လိုက်နိုင်သောနိုင်ငံမှာ ပြင်သစ်နိုင်ငံ ဖြစ်သည်။ ၁၉၂ဝ ပြည့် နှစ်ကျော်နှစ်များ၌ အဆင့်အတန်းကောင်းသော ပြင်သစ်ဇာတ် ကားများမှာ ဂျက်ကျူ (၁၉၁၉)၊ လားရူး (၁၉၂ဝ)၊ နပို လီယန် (၁၉၂၇)နှင့် အီတာလျံ မြက်ဦးထုပ် (၁၉၂၈)တို့ ဖြစ်ကြသည်။ အားဗယ်ဂန့်၊ ဇက်ဖေဒါ၊ ကဗယ်ကန်တီ၊ ဂျီအင်း ရနွား၊ ဒျူဗီဗီယေးနှင့် ရနေးကလဲတို့သည် ကျော်ကြားသော ပြင်သစ်ဒါရိုက်တာကြီးများ ဖြစ်ကြသည်။ ဆွီဒင်၊ ဗြိတိန်စသော နိုင်ငံများမှလည်း အန်တိုနီအက်ဒကွစ်၊ ဗစ်တာဆီးစထရွမ်၊ မောရစ္စစတီးလာ၊ စီစီဟက်ပဝပ်၊ အဲလဖရက် ဟစ်ချကော့ စသော ဒါရိုက်တာ အကျော်အမော်ကြီးများ ထွန်းကားခဲ့သည်။ ကမ္ဘာအရပ်ရပ်တွင် အမေရိကန် ရုပ်ရှင်ကားများ အလွန် ခေတ်စား လူကြိုက်များလာသည်ကို ကာကွယ်ရန် ဥရောပနိုင်ငံ များသည် ဆွေးနွေးကြပြီးနောက် အမေရိကန်ရုပ်ရှင်ကားများ အရေအတွက် ကန့်သတ်သွင်းရန် ဆုံးဖြတ်ကြသည်။ ထိုအခါ အမေရိကန်ရုပ်ရှင်ကုမ္ပဏီများသည် မိမိတို့ ရုပ်ရှင်ကားများကို နိုင်ငံခြားသားများ လိုလိုလားလား ရှိလာစေရန် ဥရောပတိုက်မှ ရုပ်ရှင်ပညာသည်များကို ငွေကြေးကောင်းကောင်း အခွင့်အရေး ကောင်းကောင်းပေးကာ ခေါ်ယူသည်။ ဆွီဒင်မှ ဒါရိုက်တာ ဆီးစထရွမ်းနှင့် စတီးလားဂျာမနီမှ အန့်စလျူဗစ်ရှ၊ မာနောင်း၊ အေမီးဂျန်းနင်း၊ ပိုလာ နီဂရီ စသည့် ဇာတ်လိုက်ကြီးများ အမေရိကန်နိုင်ငံသို့ ရောက်လာသည်။ ဆိုဗီယက်ရုရှနိုင်ငံတွင် ၁၉၁၈ ခုနှစ် တော်လှန်ရေး အတွင်းက ရုပ်ရှင်သည် ဝါဒဖြန့်ရန် အကောင်းဆုံး ဖြစ်သည် ကို သိရှိသည့်အလျောက် ရုပ်ရှင်လုပ်ငန်းကို ပြည်သူပိုင်လုပ်ကာ ဝါဒဖြန့်လုပ်ငန်း လုပ်ကိုင်သည်။ သို့ရာတွင် ဒါရိုက်တာကြီး အိုင်အင်စတိုင်း၏ ပိုတင်မကင် စစ်သင်္ဘောကြီး (၁၉၂၅)၊ တော်လှန်ရေးသရုပ်ဖော်အောက်တိုဘာလ၊ သို့မဟုတ် ကမ္ဘာကို တုန်လှုပ်စေသော ဆယ်ရယ် (၁၉၂၇-၂၈)နှင့် သဂျင်နရယ်လိုင်း (၁၉၂၉)ဇာတ်ကားတို့သည်၎င်း၊ ဒါရိုက် တာ ပူဒေါ့ကင်၏အမေ(၁၉၂၆)၊ စိန်ပီတာစဗတ် မြို့တော် ၏ ဇာတ်သိမ်း(၁၉၂၇)၊ အာရှတစ်ခွင်မှ မုန်တိုင်း (၁၉၂၈) ဇာတ်ကားတို့သည်၎င်း၊ ဒါရိုက်တာကြီးတျူရင်၏တပ်ကဆစ်' (၁၉၂၈)ဇာတ်ကားသည်၎င်း၊ ဒါရိုက်တာကြီး ဒေါ့ဂျင်တို့၏လက်နက်တိုက် (၁၉၂၉) ဇာတ်ကားသည်၎င်း အလွန်အဆင့် ့် အတန်းမြင့်သော ဇာတ်ကားများ ဖြစ်ကြသည်။ ပထမကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးခေတ်တွင် ရုပ်ရှင်သည် အနောက်နိုင်ငံများ၌သာမက အရှေ့နိုင်ငံများသို့လည်း ရောက် လာသည်။ ၁၉၂၁-၂၃ ခုနှစ်များတွင် အိန္ဒိယနိုင်ငံ၌ ရုပ်ရှင် လုပ်ငန်း အခြေစိုက်စ ပြုပြီးဖြစ်သော်လည်း အိန္ဒိယနိုင်ငံ၏ ဇာတ်စံနစ်ကြောင့် ရုပ်ရှင်မင်းသား မင်းသမီး ရရှိနိုင်ရန် ခက်ခဲ မှုသည် လုပ်ငန်းတိုးတက်ရေးအတွက် အတားအဆီး တစ်ခု သဖွယ် ဖြစ်ခဲ့သည်။ ထိုကြောင့် ၁၉၂ဝ ပြည့်နှစ်တွင်မှ စတင် ပျိုးထောင်ခဲ့ရသော မြန်မာရုပ်ရှင်လောကမှ ပညာသည်များ ထက် နိမ့်ကျနေသေးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗိလတ်သွား မြန်မာကိုယ်စားလှယ်ကြီး ဦးထွန်းရှိန်၏ ဈာပနအခမ်းအနားသတင်းကားကို လန်ဒန်အတ် ဦးအုန်းမောင်က ပထမဆုံး စမ်းသပ်ရိုက်ကူး၍ ၁၉၂ဝ ပြည့်နှစ် တွင် ရန်ကုန်မြို့ စီနီမာဒီပဲရစ်ရုံတွင် အမေရိကန်ဇာတ်ကား တစ်ကားနှင့်ပူးတွဲပြသရာ ပရိသတ်များ ကြိတ်ကြိတ်တိုး ကြည့် ရှုကြသည်။ ( မြန်မာရုပ်ရှင်။) ဦးအုန်းမောင်၏ လက် စွမ်းကို တွေ့မြင်ကြသဖြင့် ဝါသနာပါသူတစ်စုသည် ဘားမား ဖလင်းအမည်ဖြင့် ပထမဆုံးရုပ်ရှင် ကုမ္ပဏီတစ်ခု တည်ထောင် သည်။ ယင်းကုမ္ပဏီက ပထမဆုံး ဇာတ်လမ်းနှင့် ဇာတ်ကား ဖြစ်သော အပိုင်းဆယ်ပိုင်း ရှည်သည့် မေတ္တာနှင့်သူရာဇာတ် ကားကို ရိုက်ကူးပြသသည်။ ဇာတ်လိုက်အဖြစ် ကိုညီပုနှင့် မရီ တို့ ပါဝင်၍ ဇာတ်ဆောင်သူများ၏ အမူအရာကို ဦးတုတ်ကြီး က သင်ပြပေးသည်။ ၁၉၂ဝ ပြည့်နှစ်မှ ၁၉၂၉ ခုနှစ်အတွင်း လန်ဒန်အတ်၊ မြန်မာအဆွေ (ဘားမားဖလင်းကို ဝယ်၍ အမည်ပြောင်းလိုက် သည်။) ဗြိတိသျှဘားမား စသော မြန်မာရုပ်ရှင်ကုမ္ပဏီပေါင်း လေးဆယ်ကျော် ပေါ်ပေါက်ခဲ့သည်။ အပိုင်းရှည် ဇာတ်ကားကြီး များကိုလည်း ရိုက်ကူးလာကြသည်။ လန်ဒန်အတ်မှ ရတနာပုံ (၁၉၂၃)နှင့် မြန်မာအဆွေမှ မှိုင်းဝေဝေ (၁၉၂၅)ဇာတ်ကားများ သည် အပိုင်းအရှည်ဆုံး၊ လူအကြိုက်အများဆုံး ဖြစ်သည်။ ဇာတ်ကားတစ်ကားကို သုံးလေးရက်ခွဲ၍ ပြရသည်။ ထိုးခန်းကြိတ်ခန်းများသော စတန့်ခေါ် အကြမ်းဇာတ်ကား မျိုးကို ဗြိတိသျှဘားမား၏ ရွှေသဇင်ဇာတ်ကားမှ စတင်ခဲ့သည်။ ထိုအချိန်က ခမ်းခမ်းနားနား ရိုက်ကူးရာ၌ မြန်မာအဆွေကုမ္ပဏီ သည် ထိပ်တန်းမှ ဖြစ်သည်။ ၁၉၂၈ ခုနှစ်တွင် ရိုက်ကူးသော ကြင်စဦးနှင့် ၁၉၂၉ ခုနှစ်တွင် ရိုက်ကူးသော ဝေလွင်လွင ဇာတ်ကားများကို ရိုက်ကူးသူ ကာတွန်းရွှေကလေး အမည်ခံ ဦးဘကလေးသည် သူ၏ ရုပ်ရှင်ကားများကို လူ့ဘဝဖြစ်စဉ် နှင့် နီးကပ်စေရုံမက သဘာဝကျ၍ အဆင့်အတန်းမြင့်အောင် ဆောင်ရွက်ခဲ့လေသည်။ ( ဘကလေး၊ ဦးရွှေတလေး) ပထမကမ္ဘာစစ်ပြီးခေတ်တွင် ကမ္ဘာ့ရုပ်ရှင်ကားများကို အမျိုးအစားအလိုက် အမျိုးပေါင်းများစွာ ခွဲခြားနိုင်သည်။ပညတ်ဆော်ဆယ်ပါးတို့ကဲ့သို့သော ခမ်းနားကြီးကျယ်သည့် ရုပ်ရှင်ကားမျိုး၊ ဝှင်းနိုက်ဟု ဝပ်စအင်ဖလားဝါးတို့ကဲ့သို့ ရာဇဝင်အချစ်ဇာတ်ကားများ၊ ခေတ်ကြေးမုံဟု ခေါ်ထိုက်သော ထိုခေတ်လူတို့၏ အနေအထိုင် အခြေအနေကို ဖော်ပြသောရွှေတူးသမား၊ ဂျင်းတဲလမင်းပရီဗားဗလွန်းဇာတ်ကားများ စသည်ဖြင့် ဖြစ်သည်။ အသံထွက်ရုပ်ရှင် ရုပ်ရှင်ပေါ်စမှ စ၍ ၁၉၂၇ ခုနှစ်အထိ ရုပ်ရှင်များတွင် ပုံတူရိပ်မှ အသံများ ပေါ်ထွက်လာခြင်း မရှိခဲ့ သေးပေ။ အရုပ် ပါးစပ်မှ စကားပြော လှုပ်ရှားနေသော်လည်း အသံမကြားရချေ။ ဇာတ်ကောင်ဟု စကားပြောသည့်အခါ ပြောသည့်စကားကို စာတမ်းထိုးပေးလေသည်။ တီးဝိုင်းဖြင့် တီးလုံးများကိုလည်း လိုက်၍ တီးပေးရလေသည်။ လသာသောည၊ ပင်လယ်ကမ်း ခြေဒေသ စသော ရုပ်ရှင်အခန်းများကို ပြသနေလျှင် ညက်ညော ချိုသာသော တီးလုံးကို တီးပေးလေ့ရှိသည်။ တိုက်ပွဲ ခိုက်ပွဲ များ၊ သို့မဟုတ် မုန်တိုင်းကျနေသော အခန်းကို ပြနေလျှင် ပတ်ကြမ်းတိုက် တီးပေးသည်။ ဝါးနားဘရားသားရုပ်ရှင ်ကုမ္ပဏီ မှ ဒွန်းဝှန်းဇာတ်ကားတွင် သီချင်းဆိုခန်း၌ အသံထွက် ဓာတ်ပြား ဖွင့်ပေးရာ လူကြိုက်များလာကြောင်းကို သိလာ သောအခါ လူ၏ ပုံတူရိပ်ထွက်သည်နှင့် အသံနှင့် တစ်ထပ် တည်းကျအောင် ထွက်ရန် တိုးတက်တီထွင်လာကြသည်။ ၁၉၂၇ ခုနှစ် အောက်တိုဘာလ ခြောက်ရက်နေ့၌ ပထမဆုံး အသံထွက် ရုပ်ရှင်ကားဖြစ်သော သဂျတ်ဆင်းဂါးဇာတ်ကား ပေါ်ထွက်လာသည်။ အသံထွက်ရုပ်ရှင် ရိုက်ကူးရာ၌ ရုပ်ရှင်တွင် ပါဝင်သူများ ၏ အသံများကို မိုက္ကရိုဖုန်းဖြင့် ဖမ်းယူရသည်။ မိုက္ကရိုဖုန်း သည် အသံမျိုးစုံကို ဖမ်းယူသဖြင့် ရုပ်ရှင်ရိုက်ကူးရာ၌ ဇာတ် လမ်းတွင် ပါဝင်သူ၏ အသံတစ်ခုတည်းကိုသာ ဖမ်းယူနိုင်ရန် မှာ အရေးကြီးပေသည်။ ထို့အတွက် အသံထွက်ရုပ်ရှင် ရိုက်ကူး သော ဌာနများကို လူနေအိမ်ခြေနှင့်ဝေးကွာသည့် နေရာများတွင် တည်ဆောက်ထားကြခြင်း ဖြစ်သည်။ အသံဖမ်းယူသည့် အခန်း တွင်းသို့ ပြင်ပအသံများ မရောက်ရန်ကိုလည်း ကာကွယ်ထားရ ပေသည်။ ရှေးခေတ်အသံထွက်ရုပ်ရှင် ရိုက်ကူးရာတွင် အသံကို ဓာတ်ပြားများဖြင့် ဖမ်းယူလေ့ရှိကြသည်။ ဓာတ်ပြားလည်ပုံကို အရုပ်နှင့် အံကိုက်ကျအောင် အနှေးအမြန် ညိ|ပေးကြရလေ သည်။ ကင်မရာနှင့် အသံဖမ်းစက်တို့သည် တစ်ချိန်တည်း၌ ဇာတ်လိုက်ကို ဓာတ်ပုံလည်းရိုက်၊ အသံကိုလည်း ဖမ်းယူရ ပေသည်။ သို့မဟုတ်လျှင် သူ၏ ပါးစပ်လှုပ်မှုနှင့် စကားလုံး များ ပေါ်ပေါက်လာမှုသည် ကိုက်ညီကြမည် မဟုတ်ပေ။ ထိုကြောင့် ကင်မရာနှင့် ဖိုနိုဂရပ်တို့ကို ထိန်းသောစက်တို့သည် အသွားနှုန်း တစ်မျိုးတည်းဖြင့် လည်ပတ်ကြရပေသည်။ အသံ ဖြစ်ပေါ်လာအောင် ဖိုနိုဂရပ်ဓာတ်ပြားဖြင့် ဖမ်းယူ နည်းကို အသုံးမပြုဘဲ အခြားနည်းတစ်ခုကို အသုံးပြုနိုင်ပေ သည်။ ထိုနည်းမှာ အသံကို အလင်းအဖြစ်သို့ ပြောင်းပြီးနောက် ထိုအလင်းကို ဖလင်ကော်ပြားပေါ်တွင် ဓာတ်ပုံရိုက်ယူခြင်း ဖြစ် သည်။ မိုက္ကရိုဖုန်းမှ လျှပ်စစ်ဓာတ်စီးကို တောက်ပနေသော မီးအိမ်ထဲသို့ ဖြတ်၍ စီးသွားစေသည်။ အသံကျယ်က မီးရောင် လင်းလာ၍ အသံတိုးက မီးရောင်မှိန်သွားသည်။ မီးရောင်မှိန်ပုံ၊ လင်းပုံကို ရုပ်ရှင်ရိုက်ကူးသော ဖလင်ကော်ပြား၏ ကျဉ်းမြောင်း သည့် နံဘေးတွင် ဓာတ်ပုံရိုက်ယူသည်။ ထိုကြောင့် ရုပ်ရှင်ပြ လိုက်သောအခါတွင် ပုံတူရုပ်နှင့်အတူ အသံပါ တစ်ပါတည်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုသို့ အသံပေါ်လာခြင်းမှာ ပုံတူရိပ်ကို ထိုးသောအလင်း သည် မူလက မီးအိမ်မှ အလင်းလောက်ပင် တောက်သည်။ ထိုအလင်းရောင်သည် ဖိုတိုအီလက်ထရစ်ဓာတ်အိုးတို့ ကျရောက် ကာ လျှပ်စစ်ဓာတ်စီးကို ဖြစ်ပေါ်စေသည်။ ထိုလျှပ်စစ်ဓာတ်စီး က ပိတ်ကားနောက်ဘက်ရှိ အသံချဲ့စက်၌ အသံကို ဖြစ်ပေါ် စေခြင်းကြောင့် ဖြစ်သည်။ ယခုအခါ အထက်ပါ နည်းနှစ်နည်း ကို အသုံးနည်းလေသည်။ ကင်မရာနှင့် ရုပ်ရှင်ရိုက်သည်နှင့် တစ်ပြိုင်တည်းပင် အသံကို တိတ်ကြိုးခွေဖြင့် ဖမ်းယူကာ ဖမ်း ယူထားသောအသံကိ ု စိတ်တိုင်းကျ ဖြစ်မဖြစ် ချက်ချင်းဖွင့်၍ စမ်းသပ်နားထောင်ပြီး၊ စိတ်တိုင်းမကျက ချက်ချင်း ပြန်လည် အသံသွင်းနိုင်သည်။ အသံကို စိတ်တိုင်းကျပါက အသံနက် ဂတစ်အဖြစ်သို့ ပြန်လည်၍ ကူးယူရသည်။ အသံထွက်ရုပ်ရှင်ကားများ ပေါ်ပေါက်လာခြင်းကြောင့် ရုပ်ရှင်လုပ်ငန်းတွင် ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။ အသံ တိတ်ကားများမှ အချို့ဇာတ်လိုက်များသည် အသံထွက်ကားများ တွင် မပါဝင်နိုင်တော့ချေ။ ဇာတ်ကောင်များ၏ အပြောအဆို၊ လေယူလေသိမ်းနှင့် အသံတို့မှာ အသံထွက်တာများ၌ အရေး ကြီးလာသည့် အလျောက် အသံကောင်း အဆိုကောင်း ဇာတ် လိုက်သစ်များ ပေါ်ထွက်လာသည်။ အဆိုအက ဂီတသံစုံကျူး ဇာတ်ကားများလည်း ခေတ်စားလာသည်။ ၁၉၃၂ ခုနှစ်တွင် ပထမဆုံးသော မြန်မာအသံထွက်ဇာတ် ကားကို ရိုက်ကူးပြသ နိုင်ခဲ့သည်။ သို့ရာတွင် အိန္ဒိယလူမျိုးပိုင် အင်းပီးရီးယယ်ကုမ္ပဏီမှ ဘုံဘိုင်မြို့တွင် သွားရောက်ရိုက်ကူး သော ရုပ်ရှင်ကား ဖြစ်သည်။ ယင်းမှာ ငွေပေးလို့မရ ဇာတ်ကား ဖြစ်သည်။ အသံများ ကောင်းစွာ မပီသလှချေ။ ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီမှ ရန်ကုန်မြို့၌ပင် ရိုက်ကူးသော ပဋိက္ခရားနှင့် ရွှေအိမ်သည် အသံထွက်အပိုင်းတို ဇာတ်ကားမှာမူ အသံပီသ၍ အောင်မြင်သည်ဟု ဆိုရပေမည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက အဆင့်အတန်းမြင့်၍ လူကြိုက်များသော မြန်မာ အသံထွက် ရုပ်ရှင်ကားများမှာ ဣဋာရုံ၊ အပျိုစင်၊ ဣတ္တိယ၊ ပန်းစေတီ၊ အချစ်ဆုံး၊ လေးလရာသီ ဂျပန်ပြည်၊ ဂျပန့်ရင်သွေး၊ ချစ်စနိုး၊ မြှားနတ်မောင်၊ ချစ်အမျှ၊ ချစ်ရေစင်၊ ဗိုလ်အောင်ဒင် စသည်တို့ ဖြစ်ကြသည်။ ဗိုလ်အောင်ဒင်ဇာတ်ကားသည် စစ်ကြို ခေတ်နှင့် စစ်ပြီးခေတ်များတွင် အကြိမ်ကြိမ် အဖန်ဖန် ပြရ၍ ပြတိုင်း လူကြိုက်များပြီးလျှင် ဝင်ငွေကောင်းသော ဇာတ်ကား ဖြစ်သည်။ ကာတွန်းရုပ်ရှင် ရုပ်ရှင်လောကတွင် ရုပ်ရှင်စနစ်သက်သက်ဖြင့် အခြား တိုးတက်မှုတစ်ရပ်မှာ ဝေါလဘာဒ်ဇနီ၏ ကာတွန်းရုပ်ရှင် ပေါ် ပေါက်လာခြင်း ဖြစ်သည်။ (ဒစ်ဇနီဝေါလတာအီ--လည်းရှု။) ဒစ်ဇနီ၏ ကာတွန်းရုပ်ရှင်များကို ကမ္ဘာအရပ်ရပ်ကို လူကြိုက် များလာခဲ့ရာ ကာတွန်းရုပ်ရှင်ဇာတ်ကား အတော်များများ ပေါ် ထွက်လာလေသည်။ ကာတွန်းရုပ်ရှင် ရိုက်ကူးရာ၌ အရုပ်ငယ်ပုံ ပေါင်း မြောက်မြားစွာ ရေးဆွဲရသည်။ အရုပ်များကို အသံထွက် ရုပ်ရှင်အဖြစ် ရိုက်ကူးသော အခါ၌ ပန်းချီဆရာသည် စကားပြော သံ၊ သီချင်းဆိုသံနှင့် အရုပ်၏လှုပ်ရှားပုံများကို ကိုက်ညီအောင် ရေးဆွဲပေးရသည်။ မြန်မာရုပ်ရှင်လောက၌ ကာတွန်းရုပ်ရှင်ကားများလည်း ပေါ်ထွက်ခဲ့သည်။ စာရေးဆရာဇဝနနှင့် ကာတွန်း ဦးဟိန်စွန်း တို့သည် လာမယ် လာမယ် မကြည်ရဲ့ သီချင်းကို ကာတွန်း ရုပ်ရှင် ရိုက်ကူးခဲ့သည်။ ကာတွန်း ဦးဘဂျမ်းနှင့် ဦးဟိန်စွန်း တို့၏ ကြက်တောင်ကွဇာတ်ကားမှာမူ ဇာတ်လမ်းပါရှိသဖြင့် ပထမဆုံး မြန်မာကာတွန်း ရုပ်ရှင်ဇာတ်ကား ဟု ခေါ်ဆိုရပေ သည်။ ရောင်စုံရုပ်ရှင် အဖြူအမည်းရောင်နှင့်သာ ရိုက်သော ရုပ်ရှင်ကားများအဖြစ်မှ တစ်ဆင့်တက်၍ ရောင်စံ ရုပ်ရှင်ကားများ ရိုက်ကူးရန် ပညာရှင် များ ကြိုးစားလာခဲ့ရာ ၁၉၃ဝ ပြည့်နှစ် အစပိုင်းလောက်တွင် အကောင်အထည် ပေါ်လာခဲ့သည်။ ပထမဆုံးသော အစအဆုံး ရောင်စုံ ရုပ်ရှင်ကားမှာ တိုးအော့သဆီးဇာတ်ကား ဖြစ်သည်။ အဖြူအမဲချည်းသာ ကြည်ရှုနေရရာမှ ပကတိပြင်ပမှ အရောင် အတိုင်း ပိတ်ကားပေါ်တွင် မြင်ရသောအခါ ရုပ်ရှင်ကြည့် ပရိသတ်၏ မျက်စိပသာဒကို စွဲလမ်းစေသည်။ ယခုအခါ၌မူ နိုင်ငံခြားရုပ်ရှင်ကုမ္ပဏီကြီးများသည် ရောင်စုံ ရုပ်ရှင်ကားများ လိုလိုချည်း ရိုက်ကူးထုတ်လုပ်နေကြသည်။ မြန်မာနိုင်ငံ၌ ၁၆ မီလီမီတာ ဆေးရောင်စုံဇာတ်ကားကို ရန်ကုန်ရုပ်ရှင်ကုမ္ပဏီက ပထမဆုံးရိုက်ကူး ပြသခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဒါရိုက်တာရွှေဘော် ရိုက်ကူးသည့် ချစ်သွေးညီ ရုပ်ရှင်ကား ဖြစ်သည်။ မှတ်တမ်းတင် ရုပ်ရှင်ကားများ အမေရိကန် လူမိုက်လောကဇာတ်ကားများ၊ ဟာသ ဇာတ်ကားများ ရိုက်ကူးရာ၌ ကမ္ဘာ့စံပြ ဖြစ်ခဲ့သော ဟောလီဝု သည် ရုပ်ရှင် ပရိသတ်၏ အဆင့်အတန်းမြင့်လာမှုကြောင့် နောက်ပိုင်း၌ ဣန္ဒြေရရနှင့် လူ့အရေး၊ လူ့ကိစ္စကို တင်ပြသော ဇာတ်ကား များကို ရိုက်ကူးခဲ့သည်။ လူ့လောကကို အကျိုးပြုခဲ့ သော ပါးစတား၊ ဇိုလာ၊ ဟွားရေး စသော ပုဂ္ဂိုလ်ကျော်ကြီး များ၏ အတ္ထုပ္ပတ္တိဇာတ်ကားများ၊ ကမ္ဘာကျော်ဝတ္ထုကြီးများ ကိုလည်း ရိုက်ကူးသည်။ ထို့ပြင် လုပ်ငန်းတစ်ခုခုဆိုင်ရာ လူတစ်စုနှင့် လုပ်ငန်းများကိုလည်း ရိုက်ကူးသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မှတ်တမ်းတင်ကားများသည် ဝါဒဖြန့်ရေး အတွက် အလွန်အရေးပါခဲ့သည်။ ဒုတိယကမ္ဘာစစ် နီးကပ်လာ ချိန်နှင့် စစ်အတွင်း၌ ဟော လီဝုဒ်နှင့် ဥရောပရုပ်ရှင်များတွင် စစ်နှင့်ဆိုင်သော ဝါဒဖြန့် သဘောတရားများ ပါလာသည်။ ဟောလီဝုမှ ဖရင့်ကက်ပရာ၏ ကျွန်ုပ်တို့ ဘာကြောင့် တိုက်ရသလဲ၊ ဂျွန်ဟပ်စတန်၏ ဆန်ပီကြိုက်တိုက်ပွဲနှင့် အလင်းဆောင်ပါလော့၊ အက်ဒွပ် စတိုင်ခင်နှင့် လွီဒါရော့ခမွန်တို့၏ ရဲဘော်မ ဇာတ်ကားများ သည် စစ်တပ်များအတွက် ဝါဒဖြန့် မှတ်တမ်းတင်ကားများ ဖြစ်ကြသည်။ စစ်အတွင်း ရုပ်ရှင် စစ်မက်ရေးကြောင့် ဥရောပ ရုပ်ရှင်လုပ်ငန်းကို ထိခိုက် ခဲ့သော်လည်း ဟောလီ ဝုရုပ်ရှင်လုပ်ငန်းသည်များစွာ ထိခိုက် သည်ဟု မဆိုသာချေ။ ဇာတ်ကားရော ဒါရိုက်တာပါ အကယ် ဒမီဆုရရှိသော ကာဆာဗလန်ကာ (၁၉၄၃) ဇာတ်ကား၊ ဇာတ်လိုက် မင်းသား ကလစ်ဖတန်ဝက်၏ ပွဲဦးထွက်လော်ရာ စုံထောက်ဇာတ်ကား၊ ၁၉၄၅ ခုနှစ်တွင် ဝင်ငွေအကောင်းဆုံး ဖြစ်သော လိဖဟာတူဟဲဗင်းဇာတ်ကားတို့သည် စစ်အတွင်း ထင်ရှားသည့် ဟောလီဝုရုပ်ရှင်ကားများ ဖြစ်ကြသည်။ ဗြိတိန်နိုင်ငံ၌မူ စစ်ဦးခေတ်လောက်က စတူဒီယိုအချို့ ပိတ်လိုက်ရသည်။ အချို့ကို စစ်ဘက်မှ သိမ်းသည်။ ရုပ်ရှင် ပညာအချို့ စစ်ထဲလိုက်ကြသည်။ ရုပ်ရှင်သည် လူထုစိတ်ဓာတ် ပျက်ပြားမှုကို မဖြစ်စေရန် ဝါဒဖြန့်နိုင်သော လက်နက်ကောင်း တစ်ခု ဖြစ်သည့်အလျောက် အစိုးရပြန် ကြားရေးဌာနနှင့် ရုပ်ရှင် ကုမ္ပဏီများက ရုပ်ရှင်လုပ်ငန်းကို ပြန်လည် ထူထောင်ကြသည်။ ဂျေအာသာရင့်အော်ဂနိုက် ဇေးရှင်းအဖွဲ့ကြီး ထွက်ပေါ်ရေး၊ နိုင်ငံ ရပ်ခြား၌ ဗြိတိသျှ ကားကောင်းများ တွင်ကျယ်စွာ ဖြန့်ချိရေး အတွက် သန်းနှင့်ချီ၍ အရှုံးခံကာ အားပေးရာ ဗြိတိသျှရုပ်ရှင် လုပ်ငန်း တိုးတက်လာပြီးလျှင် အဆင့်အတန်းမြင့်သော ဇာတ် ကားများ ပေါ်ထွက်ခဲ့သည်။ နိုဝယ်ကောင်းဝပ်၏ ကျွန်ုပ်တို့ အမူတော်ထမ်းရာဇာတ်ကား၊ ကာရိုရိ၏ သဝေး အဟက် ဇာတ်ကား အန်တိုနီအက်စကွစ်၏ သ ဝေး တူ သ စတား ဇာတ်ကားများသည် ဗြိတိန် လူထုအား စစ်သွေးကို နှိုးဆွပေး သော ဇာတ်ကားများ ဖြစ်ကြသည်။ ထူးခြား သစ်ဆန်းသည့် ဇာတ်လမ်းဇာတ် ကွက်များဖြင့် ရိုက်ကူး၍ စစ်နှင့်မသက်ဆိုင်သော ဇာတ် ကားကောင်းများလည်း ပေါ်ထွက်ခဲ့သည်။ သေရေးရှင်ရေး၊ တွေ့ရဆုံရ ထိုခဏ၊ သဂရိတ်ပရောဂရက်၊အော့ဒမင်းအောက်၊သန်းဒါးရော့ ဇာတ်ကားများသည် အဆင့်အတန်းမြင့်လှသော ယင်းဇာတ်ကား မျိုး ဖြစ်သည်။ ရှိတ်စပီးယား၏ ပြဇာတ်များကိုလည်း ထိုခေတ်တွင် ထိထိမိမိနှင့် ရိုက်ကူးခဲ့သည်။ ပဉ္စမဟင်နရီ ဘုရင်နှင့် ဟင်းမလက်ဇာတ်ကားများသည် ဗြိတိသျှရုပ်ရှင် သမိုင်းတွင် မော်ကွန်းထိုးရလောက်အောင် ကောင်းမွန်သော ဆာလော့ရင့် အော်လီဗီယာ၏ လက်ရာဇာတ်ကားများ ဖြစ်ကြသည်။ စစ်အတွင်းက စစ်ရေးကြောင့်၎င်း၊ ဖလင်လိပ်နှင့် ရုပ်ရှင် ကိရိယာရှားပါးမှုကြောင့်၎င်း၊ မြန်မာနိုင်ငံ၌ ရုပ်ရှင်ရိုက်ကူးခြင်း လုံးမဝပြုနိုင်ခဲ့ချေ။ အရှေ့တောင် အာရှတိုက် စစ်ဆင်ရေးအတွက် အခြေခံ ဖြစ်နေသော အိန္ဒိယနိုင်ငံ၌မူ မဟာမိတ်တပ်ပေါင်းစုနှင့် အိန္ဒိယ ရုပ်ရှင်ကုမ္ပဏီများသည် ဝါဒဖြန့်ကားပေါင်း မြောက်မြားစွာ ကို ရိုက်ကူးခဲ့သည်။ အိန္ဒိယရုပ်ရှင်လုပ်ငန်းသည် စစ်အတွင်းမှ စ၍ အရှိန်ရလာခဲ့ရာ စစ်အပြီးတွင် ဟောလီဝုနီးပါးမျှ တစ်ရှိန်ထိုး တိုးတက်လာလေသည်။ ၁၉၄၇ ခုနှစ်တွင် ရုပ်ရှင်ကားပေါင်း ၂၈၃ ကား ရိုက်ကူးနိုင်ခဲ့၍ စံချိန်တစ်ရပ် ဖြစ်ခဲ့လေသည်။ အိန္ဒိယရုပ်ရှင်သည် ကမ္ဘာကျော် ဖြစ်လာသည်။ သကုဏ္ဍလ (၁၉၄၇) ဇာတ်ကားသည် ကမ္ဘာ၌ အကောင်းဆုံး ရုပ်ရှင်ကား တစ်ကား ဖြစ်သည်။ အိန္ဒိယရုပ်ရှင်သမိုင်းတွင် စံတင်ထိုက်၍ ဝင်ငွေအကောင်းဆုံး ဇာတ်ကားမှာ ချန္ဒရာလက္ခဖြစ်သည်။ အိန္ဒိယရုပ်ရှင်နယ်တွင် နာမည်ကျော် ဇာတ်လိုက်များစွာ ပေါ် ထွက်ခဲ့ရာ ရှန်ထရမ်၊ ဂျေရှရီး၊ ရာဇကုမာရီ၊ မိုတီလား၊ ရတ်ချ ကပူး၊ ပရင်းနတ်၊ ဒီလစ်ကူးမား၊ နာဂစ်၊ ဆူရေးယား၊ နင်မီ၊ မဒဗာလာ၊ တြိလောကပူး၊ နီရွတ်ပါရွိုင်းတို့မှာ လူကြိုက်များသူ များ ဖြစ်ကြသည်။ အိန္ဒိယရုပ်ရှင် ကုမ္ပဏီများသည် ထုံးဟောင်း ပုံပြင်များကို အခြေပြုသော ရုပ်ရှင်ကားများကို အများအပြား ရိုက်ကူးလေ့ ရှိကြသည်။ ရုပ်မြင်သံကြားစက်များ ခေတ်စားလာသောအခါ ရုပ်ရှင် လုပ်ငန်းများကို ထိခိုက်လာသည်။ ရုပ်ရှင်ကုမ္ပဏီကြီးများ သည် မိမိတို့၏ ဇာတ်လိုက်များကို ရုပ်မြင်သံကြားလွှင့်ခြင်း ၌ မပါ စေရန် ဟန့်တားကြသည်။ ဥရောပနိုင်ငံများသည် မိမိတို့နိုင်ငံ အတွက် မိမိတို့ လုံလောက်အောင် ရုပ်ရှင်ကား များ ရိုက်ကူး ခြင်း၊ အဆင့်အတန်း တိုးတက်သောကားများ ရိုက်ကူးခြင်း၊ အမေရိကန်ရုပ်ရှင်ကားများကို အကန့်အသတ် နှင့် တင်သွင်းခြင်း တို့ကြောင့် ဟောလီဝုရုပ်ရှင်လုပ်ငန်းတွင် အနှောင့်အယှက်များ ဖြစ်လာသည်။ အော်လီဗီယာလောရင့်၏ ဇာတ်ကားများ မျှော် တလင့်လင့်၊တွေ့ရဆုံရ ထိုခဏ၊ဖိနပ်နီနီ၊ တတိယလူ ကဲ့သို့သော ဗြိတိသျှရုပ်ရှင်ကားများ၊ ဖိနပ်တိုက်သမား၊ စက်ဘီးသူခိုး၊ ရောမ၊ ကာကွယ်မဲ့မြို့တော်၊ ပေဆန် တို့ကဲ့သို့သော အီတလီရုပ်ရှင်ကားများ ကမ္ဘာ့ရုပ်ရှင်ပရိသတ် အကြိုက် ဥရောပကားများ ဖြစ်ကြသည်။ ထိုကြောင့် ဟောလီဝုသည် နည်းသစ်တစ်မျိုး ထွင်ရသည်။ ယခင်က မပြုကောင်းဟု ရှောင်ကြဉ်ခဲ့သော ဇာတ်ကားမျိုးကို ရိုက်ကူးခဲ့သည်။ ယင်းသို့ ဖြင့် ကရော့စ ဖိုင်းယား၊ ဂျင်းတဲလမင်း အဂရီမင့် ဇာတ် ကားများ ပေါ်ထွက်ခဲ့လေသည်။ ၁၉၅ဝ ပြည့်နှစ်တွင် ဟောလီဝုသည် မရိုးနိုင်သော ကောင်းဗွိုင်ဇာတ်ကားများကို ရိုက်ကူးပြန်သည်။ ဂီတ အသား ပေးသော ဇာတ်လမ်း၊ ဟာသဇာတ်လမ်း စသည်ဖြင့် အမျိုးမျိုး ခွဲခြားရိုက်ကူးသည်။ ဟောလီဝုသည် ရှေးကကဲ့သို့ ဥရောပ တိုက်တွင် မတွင်ကျယ်နိုင် သောအခါ အမေရိကန်ကားများက ထိုနေရာတွင် အစားဝင်ရန် ကြိုးစားလေသည်။ သို့ရာတွင် အိန္ဒိယ၊ အီဂျစ်၊ ဗရာဇီး၊ အာဂျင်တီးနား စသော နိုင်ငံများက လည်း ရုပ်ရှင်လုပ်ငန်း ပိုမိုချဲ့ထွင်ကာ ပိုမိုရိုက်ထုတ်နေသော ကြောင့် ဟောလီဝု အတွက် မှန်းခြေမကိုက်ချေ။ ဒုတိယကမ္ဘာစစ်အပြီး ရုပ်ရှင် လုပ်ငန်းအတွက် အမြတ်ရ လိုက်သော နိုင်ငံမှာ ချက်ကို စလိုဗားကီးယား နိုင်ငံဖြစ်သည်။ ဂျာမနီသည် ဥရောပတိုက် ၌ အကောင်းဆုံးသော ရုပ်ရှင်ပစ္စည်း ကိရိယာတို့ကို ပြုလုပ်နိုင်သည်။ ချက်ကိုစလိုဗားကီးယားနိုင်ငံကို ဂျာမန်တို့ စစ်အတွင်းက သိမ်းပိုက်ထားစဉ်က ပရာဟမြို့ တော်အနီး ဗရန်ဒေါ့တွင် နာဇီဝါဒဖြန့် ရုပ်ရှင်ကားများ ရိုက်ကူးရန် အကောင်းဆုံးစတူဒီယိုကြီးကို ဆောက်လုပ် ထားခဲ့သဖြင့် အမွေရလိုက်သည်။ ချက်ရုပ်ရှင်ကားများ သည် များသောအား ဖြင့် မှတ်တမ်းတင်ကားများ ဖြစ်သဖြင့် အဆင့်အတန်း ကောင်း မွန်သည်။ ကွန်မျိုနစ်အုပ်စုနိုင်ငံများတွင် ဆိုဗီယက်ရုပ်ရှင် ကားများကဲ့သို့ ခေတ်စားလေသည်။ မြန်မာရုပ်ရှင် လုပ်ငန်းတွင်မူ စစ်ပြီးခေတ်၌ စစ်ကျန်ဖလင် များဖြင့် အသံတိတ်ရုပ်ရှင်ကားများ ပြန်လည် စတင်ရိုက်ကူး လာကြသည်။ နောက်မှ တဖြည်းဖြည်း အသံထွက်ကား များ ရိုက်ကူးခဲ့သော်လည်း ပစ္စည်းကိရိယာ မပြည်စုံမှု ကြောင့် အသံ ပီသခြင်း၊ အရုပ်များ ကြည်လင်ပြတ်သား ခြင်း မရှိလှချေ။ ၁၉၅၁ ခုနှစ်တွင် ရုပ်ပြဗဟုသုတ ပြန့်ပွား ရေးအဖွဲ့တစ်ခု ဖွဲ့စည်းကာ အစိုးရက မှတ်တမ်းတင်ကားများ၊ ပညာပေး ကားများ ရိုက်ကူးပြသရန် ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ၁၉၅၅ ခုနှစ်တွင် ယင်းအဖွဲ့ကို ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေး အဖွဲ့အဖြစ် အမည်ပြောင်းကာ ပြင်ပရုပ်ရှင် လုပ်ငန်းများကို လက်ခံရိုက်ကူးပေးခြင်း၊ ဖလင်ဆေးပေးခြင်း၊ ကူးပေးခြင်း၊ အသံသွင်းပေးခြင်း စသည်တို့ဖြင့် ရုပ်ရှင်ပညာ အဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်လျက် ရှိသည်။ ဆယ်နှစ်ခန့်ကြာမှ မြန်မာ့ရုပ်ရှင် အဆင့်အတန်း တိုးတက်လာလေသည်။ ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် ကမ္ဘာ့အရပ်ရပ် ရုပ်ရှင် လုပ်ငန်း၊ အထူးသဖြင့် အမေရိကန် ရုပ်ရှင်လုပ်ငန်း တိုးတက် လာသည်။ အသံထွက်ရုပ်ရှင်၊ ရောင်စုံရုပ်ရှင်တို့ထက် ဆန်းကြယ် တိုးတက်သော ယခင်ရှုကွင်းထက် ပိုမိုကျယ်ပြန့်သည့် စီနီမာ စကုပ် မြင်ကွင်းကျယ်ရုပ်ရှင်များ၊ သုံးဖက်မြင် သရီးဒီရုပ်ရှင်များ၊ ရုပ်ရှင်ကြည့် ပရိသတ်ပါ ရုပ်ရှင်ကားထဲ၌ ပါနေသကဲ့သို့ ခံစားနေသော စီနီရာမာရုပ်ရှင်ကားများ ပေါ်ထွက်လာသည်။ ရုပ်ရှင်လောကတွင် အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်သည့် စီနီရာမာရုပ်ရှင်ကို ၁၉၅၂ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့တွင် အောင်မြင်စွာ ပြသနိုင်ခဲ့သည်။ အသံတိတ်ရုပ်ရှင်မှ အသံထွက်ရုပ်ရှင်အဖြစ် ထုတ်လုပ်နိုင်သည့် ၁၉၂၇ ခုနှစ် အောင်မြင်မှုပြီးနောက် ဤအောင်မြင်မှုသည် အရေးအကြီးဆုံး ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ ဗရွတ်ကလင်မြို့သား ဖရက် ဝေါလာဆိုသူ ဓာတ်ပုံပညာရှင်တစ်ဦးသည် ၁၉၃၇ ခုနှစ်ခန့် ကပင် မြင်ကွင်းကျယ် ရုပ်ရှင်သဘော ကို စုံစမ်းလေ့လာခဲ့ ဖူးသည်။ နောက်ဆုံးတွင် သူသည် အတွင်းဘက်သို့ လှိုက်ဝင် ပြီး သာမန်ထက် အလျားရှည် သော ပိတ်ကားပေါ်တွင် အရုပ် ထင်ရန် ကြိုးပမ်းလေသည်။ အမြင့် ၂၆ ပေ၊ အလျား ၇၅ ပေ၊ အခုံး ၁၄၆ ဒီဂရီ (လူ့မျက်စိအစုံနှင့် တသားတည်း နီးနီး)ရှိ သော ပိတ်ကား ကြီးပေါ်တွင် ပြသရသည်။ စီနီရာမာရုပ်ရှင်ရိုက်သည့်အခါ၌ လည်း ကင်မရာတွင် ၂၇ မီလီမီတာ မှန်ဘီလူးသုံးခုကို ၁၄၆ ဒီဂရီ ဂွင်ဝင်အောင် ချိန်၍ တစ်ပြိုင်တည်း တပ်ထားပြီးလျှင် ဖလင်သုံးလိပ်ဖြင့် တစ်ပြိုင် တည်း ရိုက်ခြင်းဖြစ်သည်။ ယင်းသို့ဖြင့် ပိတ်ကားကျယ်ကြီး ပေါ်တွင် အရုပ်အကွက် သုံးကွက်ထင်နေသော်လည်း ယင်းသုံး ကွက်စလုံးသည် တစ်ဆက်တည်းနှင့် ပိတ်ကားအပြည့် တည်ရှိ လေရာ ကြည့်ရသူတို့အဖို့ အရုပ်ကားတစ်ချပ်တည်းအသွင် မြင်ရသည်။ ပြသရာ၌ ပိတ်ကားဘေးကပ်လျက်တွင် အသံထိန်း အင်ဂျီနီယာတစ်ဦး၊ ပိတ်ကားရှေ့တည့်တည့်တွင် အရုပ်ထိန်း အင်ဂျင်နီယာတစ်ဦး ရှိရသည်။ ပြစက်သုံးခုတွင် လည်း ပြစက် သမား တစ်ဦးစီ ရှိကြသေးသည်။ ယင်းစက် များမှ တစ်ပြိုင် တည်း ပြသည့်အခါ လက်ဝဲဘက်အစွန်ဆုံး ပြစက်မှ ပိတ်ကား ၏ လက်ယာဘက် အစွန်ကို ပြ၍ အလယ်ပြစက်မှ ပိတ်ကား အလယ်တည်တည့်ကို ပြပြီးလျှင် လက်ယာဘက်အစွန်ဆုံး ပြစက်မှ ပိတ်ကား၏ လက်ဝဲဘက်ကို ထိုးပြသည်။ ယင်းသောအခါ ရုပ်ရှင်ကြည့်နေသူသည် ရုပ်ရှင်၌ ပါဝင် နေသူများနှင့်အတူ မိုးပေါ်ပျံသည့်အခါ ပါဝင် ပျံသန်းရသကဲ့သို့ ဖြစ်လာသည်။ နက်ရှိုင်းသောချောက်ထဲသို့ တစ်ရှိန်ထိုး ကျ သည့်အခါ ပါဝင်ကျသွားသကဲ့သို့ ဖြစ်လာသည်။ ခံစားချက် အပြည့်အဝနှင့် ရုပ်ရှင်ကြည့်ကြရလေသည်။ ပထမ ဆုံးသော စီနီရာမာရုပ်ရှင်မှာ မိုက်ကယ်တော့၊ လိုဝယ် တောမတ်နှင့် မိတ်ဆွေတစု စုပေါင်း ထုတ်လုပ်သော သစ်အစ်စီနီမာရာ ရုပ်ရှင်ကား ဖြစ်သည်။ ပထမဆုံး သော စီနီမာရာ ရုပ်ရှင်ရုံသစ်ကြီးကို ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် တည်ဆောက်ခဲ့သည်။ စီနီရာမာရုပ်ရှင်သည် ကင်မရာသုံးလုံးနှင့် မြင်ကွင်းကျယ် ရိုက်ရသည်။ ကင်မရာ တစ်လုံးတည်းနှင့် မြင်ကွင်းကျယ် ရိုက် နိုင်ရေးကို မိုက်ကယ်တော့ စိတ်ကူးကြံဆ တီထွင်ရိုက်ကူးရာ ၁၉၅၅ ခုနှစ် အောက်တို ဘာလတွင် နယူးယော့မြို့ ရီဗောလီ ရုပ်ရှင်ရုံတွင် ပြသသော အိုကလာဟိုးမားရုပ်ရှင်ကားသည် ပထမဆုံးသော အောင်မြင်မှု ဖြစ်သည်။ ဒုတိယအောင်မြင်စွာ ရိုက်ကူးလိုက်သောကားမှာ ၁၉၅၆ ခုနှစ်တွင် မိုက်ကယ်တော့ ပင် ရိုက်ကူးခဲ့သော ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်''ကား ဖြစ်သည်။ ယင်းရုပ်ရှင်ကားမျိုးကို တော့-အေအိုဖလင်ဟု ခေါ်သည်။ တော့-အေအိုဖလင်သည် ၆၅ မီလီမီတာ ဖလင် ဖြစ်၍ ဖလင်အလျားသည် အနံ၏ နှစ်ဆဖြစ်သည်။ တစ်စက္ကန့်လျှင် ပုံပေါင်း ၃ဝ ပိတ်ကားပေါ်၌ ထင်သည်။ ရုပ်ရှင်သည် လူတန်းစားအမျိုးမျိုးကို အကျိုးပြုသော လုပ်ငန်းတစ်ရပ် ဖြစ်သည်။ ဓနရှင်၏အကျိုးကို သည်ပိုးဆောင်ရွက် သလောက် ပစ္စည်းမဲ့ လူတန်းစားဘဝကို သရုပ် ဖော်သည်။ ဆိုရှယ်လစ်ဝါဒအကြောင်းကိုလည်း ပြောသည်။ ကွန်မျူနစ်ဝါဒ အကြောင်းကိုလည်း ပြောသည်။ တိုးတက်မှုကို ချီးကျူး သလောက် အဆင်မပြေမှုကို ပြက်ရယ်ပြုသည်။ ရုပ်ရှင်သည် ဖျော်ဖြေမှုကိုလည်း ပေးသည်။ ပညာကို လည်း ပေးသည်။ တရားကိုလည်း ဟောသည်။ နိုင်ငံရေးဝါဒ ကိုလည်း ဖြန့်သည်။ ကုန်ပစ္စည်းကိုလည်း ကြော်ငြာလေ သည်။ ပညာသင်ကြားရာ၌ ရုပ်ရှင်ကို တွဲဖက်သုံးခြင်းဖြင့် များစွာ အကူအညီရကြောင်း တွေ့ရှိရလေသည်။ သမိုင်းဖြစ်ရပ်များကို ရုပ်ရှင်ထဲတွင် မျက်ဝါးထင်ထင် ရှုမြင်ရခြင်းဖြင့် ပို၍ မှတ်မိ လွယ်စေသည်။ နိုင်ငံခြား သားတို့၏ နေထိုင်ပုံ၊ ပြုမူပုံတို့ကို သိနိုင်ကြသည်။ စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်ကိုလည်း ရုပ်ရှင်ရိုက်၍ ဗဟုသုတ ပေးနိုင်လေသည်။ အလွန်လျင်မြန်စွာ လည်ပတ်နေသည့် စက်ကိရိယာကို သာမန်မျက်စိဖြင့် မြင်ရ ပုံမျိုး ရိုက်ကူးပြသလျှင် စက်လည်ပတ်နေပုံကို ကောင်းစွာ လေ့လာနိုင်လေသည်။ ပန်းများ တဖြည်းဖြည်း ပွင့်လာပုံ၊ အစေ့မှ အညေ|ာက်ထွက်လာပုံ၊ အပင်ပေါက် လာပုံစသော ရုက္ခဗေဒဆိုင်ရာ ဗဟုသုတများ၊ ရေခဲများ ဖုံးလွှမ်းနေသည့် မြင့်မားသော တောင်ထိပ်များသို့ ခက်ခဲစွာ တက်နေကြပုံ၊ သဲကန္တာရထဲ၌ ကုလားအုပ်များနှင့် ခရီးသွား လာကြပုံ စသော ဒေသန္တရဆိုင်ရာ ဗဟုသုတများ၊ သိပ္ပံပညာ လက်တွေ့စမ်းသပ် ခြင်းများ၊ ဆေးပညာခွဲစိတ်မှုများကိုလည်း ရုပ်ရှင်ဖြင့် ရှင်းလင်း စွာ ပညာပေးနိုင်လေသည်။ တိုးတက် လျက်ရှိသော နိုင်ငံများရှိ ကျောင်းများတွင် ယခု အခါ ကျောင်းသားများကို ပညာသင်ကြားပေးရာ၌ သင်ရိုး သင်စဉ် နည်းလမ်းများဖြင့်သာ မဟုတ်ပဲ၊ ဗဟုသုတ အဖုံဖုံကို ကျောင်းသားများ ရရှိကာ အကျိုးဖြစ်ထွန်း သည်ထက် ဖြစ်ထွန်း အောင် ရုပ်ရှင်ပြ၍ သင်ကြားသည့် ခေတ်မီသင်ကြားနည်းများ ဖြင့်လည်း သင်ကြားပေးနေလေပြီ။ အဖြစ်အပျက် အကြောင်း အရာမှန်၏ တကယ့်သဏ္ဌာန်ကို ကျောင်းသားများ မျက်ဝါး ထင်ထင် တွေ့မြင်ရသောကြောင့် ဦးခေါင်းထဲ၌ စွဲစွဲမြဲမြဲ မှတ်မိနိုင်ပေသည်။ ထိုကြောင့် အချို့နိုင်ငံများရှိ ဆရာအတတ် သင် တက္ကသိုလ်ကျောင်း များ၏ ဆရာဖြစ် သင်တန်းများ၌ ရုပ်ရှင်ကားဖြင့် ပညာသင်ကြားနည်းကို ဆရာလောင်းများအား အထူး တလည် သင်ကြားပေးထားလေသည်။ ဗြိတိန်နိုင်ငံတွင် ရုပ်ရှင်ပြ၍ ပညာသင်ကြားရေးအတွက် ကျောင်းဆရာများ သည် သင်နည်းများကို သတ်မှတ်ရေးဆွဲထား ခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှပညာရေး ဘုတ်အဖွဲ့က ကျောင်းများတွင် ရုပ်ရှင်ရုံများထားရှိရန်ကို ထောက်ခံ အတည် ပြုခဲ့သည်။ ဆိုဗီယက်ရုရှနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ရှိ ကျောင်းများတွင် ရုပ်ရှင်နှင့် တွဲဖက်၍ ပညာသင်ကြားခြင်းသည် အတော် ခေတ် စားနေလေပြီ။ အချို့နိုင်ငံများတွင် စာကြည့်တိုက်များကဲ့သို့ ရုပ်ရှင်ကားများထားရာ ဌာနများကို ငွေအကုန်အကျခံကာ ဖွင့်ထားကြသည်။ ယင်းဌာနများမှ ပညာရေးဆိုင်ရာ ရုပ်ရှင်ကားများကို ကျောင်းများကငှားယူ၍ ကျောင်းသားများအား ပြသကြသည်။ ယင်းသို့ဖြင့် ရုပ်ရှင်သည် ကမ္ဘာပေါ်တွင် အရေးပါသော အနုပညာတစ်ရပ် အဖြစ် ရပ်တည်ခဲ့လေသည်။ ကိုးကား အနုပညာ ရုပ်ရှင်ပညာ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
ရဲထွတ်
ရဲထွတ် သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်သည်။ ဘဝအကျဉ်း ဧရာဝတီတိုင်း ပန်းတနော် မြို့တွင် အဖ ဆန်စပါး ကုန်သည် ဦးလှ၊ အမိ ဒေါ်သန့် တို့က ရ ဖေဖော်ဝါရီ ၁၉၁၃ ခုနှစ်တွင် မွေးဖွားသည်။ မွေးချင်း ရှစ်ယောက် အနက် ပဉ္စမမြောက် သား ဖြစ်သည်။ အမည်ရင် ဦးသော် ဖြစ်သည်။ ငယ်စဉ်ကပင် ဖခင် ကွယ်လွန် ခဲ့သောကြောင့် မိခင် အုပ်ထိန်းမှုနှင့် ကြီးပြင်း ခဲ့ရသည်။ ပန်းတနော် အမျိုးသား ကျောင်းတွင် အင်္ဂလိပ် - မြန်မာ ဆယ်တန်း အောင်သည် အထိ ပညာ သင်ယူ ခဲ့သည်။ ကျောင်းနေစဉ်က လွန်စွာ စာတော်သည်။ စာဖတ် ဝါသနာ ကြီးသည်။ စာစီစာကုံး ရေးသားခြင်း၌ အတန်းကြီး သူများ ထက်ပင် ပို၍ ထူးချွန်သည်။ ကျောင်းမှ ထွက်သော အခါ အစိုးရ လခစား မလုပ်ဘဲ ဝတ္ထု ရေးခြင်းဖြင့် ကိုယ့်ဝမ်း ကိုယ်ကျောင်းသည်။ ၁၉၃၁ ခုနှစ် မှစ၍ ဒဂုန် မဂ္ဂဇင်းတွင် ဝတ္ထုတိုများ စတင် ရေးခဲ့သည်။ ဒဂုန် နတ်ရှင်၏ အကြံ ပေးချက် အရ "ဒဂုန် ရဲထွတ်" ဟူသော ကလောင် အမည် ယူသည်။ နောင်တွင် "ရဲထွတ်" ဟူသော အမည် ပြောင်း၏။ အသက် ၂၃ နှစ်ခန့်တွင် "မပု" နှင့် အိမ်ထောင် ပြုသည်။ မြင်းလောင်း ဝါသနာ ပါသည်။ စစ်မဖြစ်မီက ရုပ်ရှင်နယ် ထဲသို့ မထင်မရှား ဝင်ရောက် ခဲ့ဖူးသည်။ စာဆိုတော်နေ့ စာရေး ဆရာ စာစောင် (၁၉၄၇) ကို တာဝန်ခံ ထုတ်ဝေ ခဲ့သည်။ ထူထောင်ရေး စာအုပ် ဖြန့်ချိရေး ဌာန အမည်ဖြင့် သူ့ စာအုပ် များကို ကိုယ်တိုင် ထုတ်ဝေ ခဲ့သည်။ ချစ်ဗိမာန်၊ ချစ်နိဗ္ဗာန်၊ ဝေလီဝေလင်း၊ ချစ်ရိပ်မြုံ (ဂျပန်ခေတ်)၊ ချစ်ဆန်းကြယ်၊ အချစ်ဦးည စသည့် စွဲငြိဖွယ်သော အချစ် ဝတ္ထုများ ရေးသား ခြင်းဖြင့် ထင်ရှားသော စာရေးဆရာ တယောက် ဖြစ်သည်။ သွေးသောက်ပတ္တမြား၊ ကဝေကျိန်စာ၊ နတ်ရဲကြီး စသည့် စုန်း ကဝေ တစ္ဆေဝတ္ထု များကိုလည်း ရေးခဲ့သည်။ စစ်မဖြစ်မီက ထုတ်ခဲ့သည့် ဤဒေသနှင့် ချစ်လောက နှစ်အုပ် ပေါင်းထုတ်သော တို့မျိုးစေ့ (Phroso by Anthony Hope ကို မှီး) ကဲ့သို့ အချစ်နှင့် စွန့်စားခန်း ဝတ္ထုကောင်း ကိုလည်း ဖန်တီး ခဲ့၏။ ရွှေပေးလို့ မရ (၁၉၄၇) ကဲ့သို့သော အချစ်နှင့် ဘဝ သရုပ်ဖော် ဝတ္ထုမျိုး ကိုလည်း ထုတ်ဝေ ခဲ့သည်။ စာအုပ် အဖြစ် မရောက် ခဲ့သော သူရိယ နေ့စဉ် သတင်းစာပါ အမြိုက် တရား (Les Miserable by Victor Hugo ကို မှီး) သည် အတွေးအခေါ်နှင့် ဘာသာရေး အမြင် တို့၌ ချီးကျူးဖွယ် လက်ရာ ဖြစ်ကြောင်း မှတ်တမ်း ပြုကြသည်။ ၁၉၃၉ ဝန်းကျင်တွင် ထွက်ခဲ့သည့် ကာမဂုဏ် ဝတ္ထုကိုမူ ညစ်ညမ်း စာပေ အဖြစ် အစိုးရက အရေးယူခြင်း ခံခဲ့ရသည်။ ရဲထွတ်၊ ရန်အောင်၊ သင်္ခါတို့ သုံးဦး ပေါင်းရေးသည့် ဤသုံးဦး စာအုပ်မှာ ထင်ရှား အောင်မြင် ခဲ့သည်။ အထူးခြားဆုံး ဝတ္ထုမှာ ခေတ်နှင့် လူ့အဖွဲ့အစည်း အခြေအနေကို ဖော်ပြသည့် လခစား (၁၉၃၆ ခန့်) ပင် ဖြစ်သည်။ ချစ်လမ်းခရီး ကျမ်းတစောင် ကိုလည်း ပြုစု ခဲ့သေးသည်။ နှစ်ပဲတန်၊ လေးပဲတန် ဝတ္ထုခေတ်မှ စ၍ အချစ်၊ စွန့်စားခန်း၊ ဘဝ သရုပ်ဖော်၊ တရားသံဝေဂ၊ သိုက်သမိုင်း စသည့် လုံးချင်း ဝတ္ထု များစွာ ရေးသား ခဲ့သည်။ သွေးသောက်၊ ရှုမဝ၊ စာပဒေသာ၊ စာရေးဆရာ၊ စာမျိုးစုံ၊ အောင်ဂျာနယ် စာစောင် မဂ္ဂဇင်းများတွင် အချစ်ကို တင်စားသည့် ဝတ္ထုတိုများ ရေးခဲ့သည်။ ဇာတ်ညွှန်းရေး ဆရာ အဖြစ် ရွှေမြင်းမိုရ် ရုပ်ရှင် ကုမ္ပဏီ အတွက် 'ခွန်ချိုခွန်သာ'၊ 'တောပုန်းတောင်' စသည် တို့ကို ရေးခဲ့သည်။ မင်းဆွေ၊ ရဲထွတ်နှင့် စာရေးဆရာ ရဲသမိန် (မာဃ ကုန်စုံဆိုင်ရှင် ဦးဘကြိုင်) တို့ သုံးဦးမှာ အလွန် တွဲသည့် သုံးယောက်တွဲ ဖြစ်သည်။ 'ချစ်ဆန်းကြယ်' (၁၉၄၉) ကို ရန်အောင်နှင့် ပူးတွဲ ရေးသည်ဟု ဆိုသည်။ ၃၁ ဒီဇင်ဘာ ၁၉၄၈ ခုနှစ်တွင် ကွယ်လွန်သည်။ (မောင်သန်းနိုင် ကမူ ၁ ဇန်နဝါရီ ၁၉၄၉ ခုနှစ် နံနက် ၂ နာရီတွင် ကွယ်လွန်သည်ဟု ဖော်ပြသည်။) "ရဲထွတ်သည် အချစ် ဝတ္ထုရေး ဆရာ ဖြစ်အောင် ကြိုးစားသည်ဟု ထင်ပါသည်။ ..... စာပေ အရေးအသားနှင့် ပတ်သက်၍ကား သူသည် ..... ခေတ်စမ်း စာပေကို လက်ခံကြောင်း တွေ့ရှိ ရသည်" ဟု ဒဂုန် တာရာက ရေးခဲ့သည်။ "ရဲထွတ်၏ ဝတ္ထုများ စာသား ညက်၏။ နု၏။ ဇာတ်ကွက် ဇာတ်လမ်း တို့မှာလည်း ကြေကွဲဖွယ်ရာ၊ ရင်ဆို့ဖွယ်ရာ များသာ ဖြစ်၏" ဟု သန်းဆွေက မှတ်ချက် ချခဲ့သည်။ စာညွှန်း မလိခ။ မြန်မာ့ ဝတ္ထု အညွှန်း (၃)။ စာ ၈၂ - ၈၇။ ဒဂုန်တာရာ။ ရုပ်ပုံလွှာ (၁၉၅၅)။ စာ ၂၄၉ - ၂၆၇။ သန်းဆွေ။ ဆရာ ရဲထွတ်၊ ပဒေသာ (ဖေဖော်ဝါရီ ၁၉၄၉)။ စာ ၃၇ - ၄ဝ နှင့် ရ၉။ ရန်အောင်။ ရဲထွတ်။ ရှုမဝ (ဖေဖော်ဝါရီ ၁၉၄၉)။ စာ ၂၅ - ၂၈။ သင်္ခါ။ ထူးလည်းထူး - ရူးလည်းရူးတဲ့ ဤသုံးဦး၊ မြဝတီ (မတ် ၁၉၅၄)။ စာ ၁၂၉ - ၁၃၄။ မောင်သန်းနိုင်။ ဆရာ ရဲထွတ်၊ သွေးသောက် (ဇန်နဝါရီ ၁၉၅၇)။ စာ ၁ဝ၅ - ၁ဝ၈။ မောင်သန်းနိုင်။ ရဲထွတ်နှင့် မင်းဆွေ၊ သွေးသောက် (ဖေဖော်ဝါရီ ၁၉၅၇)။ စာ ၄၁ - ၄၄။ ရဲထွတ်။ ချစ်တဲ့ စိတ်ဟာ၊ ရှုမဝ (ဩဂုတ် ၁၉၈၉)။ စာ ၈၅ ။ ပြည့်စုံ။ ရဲထွတ်၊ သွေးသောက် (ဖေဖော်ဝါရီ ၁၉၄၉)။ စာ ၄ - ၆ နှင့် ၁၈၆။ ရန်အောင်။ ရဲထွတ်နှင့် မင်းဆွေ အတု လုပ်ခဲ့စဉ်က၊ ငွေတာရီ (ဒီဇင်ဘာ ၁၉၆၁)။ စာ ၁၅၄ - ၁၅၈။ ] ကိုးကား ၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B2%E1%80%91%E1%80%BD%E1%80%90%E1%80%BA
ရုံး
အောက်ပါတို့မှ လိုအပ်သည်များကို ရွေးချယ်လေ့လာနိုင်ပါသည်။ အစိုးရရုံး တရားရုံး ရုံးပင် လက်ရုံး
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8
ရှမ်းပြည်တပ်မတော်-တောင်ပိုင်း SSA-S၊ခွဲထွက်အဖွဲ့
၇၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင်ဦးဆောင်ပြီး ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S)မှခွဲထွက်ပြီး ၂၀၀၆ ခုနှစ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် မြန်မာအစိုးရထံ လက်နက်ချခဲ့သည်။ ၂၀၀၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ရ၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီးမိန်းစင်သည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့အပြီး ဗိုလ်မှူးအဆင့်ရှိသူ ခေါင်းဆောင် ၂ ဦးက ဆက်လက်ဦးဆောင်ကာ ရှမ်းပြည်တောင်ပိုင်း လဲခြားနှင့် မိုင်းကိုင်မြို့နယ်တွင် အခြေချ လှုပ်ရှားနေသည်။ ရှမ်းပြည်နယ် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%20SSA-S%E1%81%8A%E1%80%81%E1%80%BD%E1%80%B2%E1%80%91%E1%80%BD%E1%80%80%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7
ရင်ခတ်
ရင်ခတ် (Yeng-khat) ၏ ရုက္ခဗေဒ အမည်မှာ Gardenia coronaria ဖြစ်သည်။ တိပိဋိက ပါဠိ-မြန်မာ အဘိဓာန်အရ ရင်ကပ်ပင်၊ ပါဠိလို အစ္ဆိဝ(acchiva) ဟု အမည်ရကာ ပုလ္လိင် ဖြစ်သည်။ ပိတောက်၊ ငုဝါ၊ ကံ့ကော်တို့နှင့် အပြိုင် ပွင့်သော ပန်း ဖြစ်သည်။ ကိုးကား သစ်ပင်များ မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%84%E1%80%BA%E1%80%81%E1%80%90%E1%80%BA
ယိုးဒယားကြက်ဥလိပ်
ယိုးဒယားကြက်ဥလိပ် ပါဝင်သော ပစ္စည်းများ အသားစင်းကော (ကြက်သား၊ အမဲသား၊ ဝက်သား....) - (၃၅ဝ) ဂရမ် ပုစွန်မှုန့် - (၁၅ဝ) ဂရမ် မြေပဲဆီ - (၉ဝ) မီလီမီတာခန့် ပါးပါးလှီးထားတဲ့ကြက်သွန်နီ - (၁) ဥခန့် ထောင်းထားတဲ့ကြက်သွန်ဖြူ - (၂) ဥခန့် မြေပဲလှော် - (၇ဝ) ဂရမ် ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း(၁) ဇွန်း ငံပြာရည် - ထမင်းစားဇွန်း(၃) ဇွန်း သကြား - ကြက်ဥ (၆)လုံး - ငရုတ်သီး (၁) တောင့် - အနည်းငယ် နံနံမြစ် - အနည်းငယ် နံနံရွက် - အနည်းငယ် အဆင့်ဆင့် ချက်ပြုတ်ပုံ နှစ်သက်ရာအသားကို နုတ်နုတ်စင်းပြီး ပုစွန်မှုန့်နှင့် သမအောင်နယ်ပါ။ မြေပဲဆီ ၉ဝမီလီမီတာ၏ သုံးပုံနှစ်ပုံကို ပူအောင်တည်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီသတ်ပါ။ ပုစွန်စင်းကော အသားနယ်ကို မစိုမခြောက် ကြော်လိုက်ပါ။ ပြီးနောက် မြေပဲလှော်၊ ငရုတ်ကောင်းမှုန့် ငံပြာရည်၊ သကြား၊ နံနံမြစ်တို့ထည့်ပြီး သုံးမိနစ်ခန့် ကြော်ပါ။ ကျန်နေသော ဆီသုံးပုံတစ်ပုံကို အကြော်ဒယ်အိုးပြားတွင် ထည့်ပြီး ပူအောင်တည်ပါ။ ကြက်ဥကိုခလောက်၍မွှေပြီး အဝိုင်းပုံ ခပ်ပါးပါးလေးရအောင် ချိန်ဆပြီး ကြော်ပါ။ ရရှိလာတဲ့ ကြက်ဥကြော်များကို အအေးခံပါ။ အသားကြော် ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို ကြက်ဥကြော်ပေါ် တင်၍ ငရုတ်သီး၊ နံနံရွက် အနည်းငယ်စီထည့်ပါ။ ကြက်ဥကြော်ကို ဖြည်းဖြည်း ချင်းလိပ်ပြီး လုံအောင်ပိတ်ပါ။ ထို့နောက် ကြက်ဥလိပ်ကို အနေတော်အတုံးလေးများ လှီးပါ။ ဒါဆိုရင် မြင်ရုံနဲ့ စားချင်စိတ် တဖွားဖွား ပေါ်လာနိုင်တဲ့ ထိုင်းကြက်ဥလိပ်ကို ရသည်။ နှစ်သက်ရာ ဆော့အချဉ်နှင့် တွဲဖက် စားသုံးနိုင်သည်။ References အစားအစာ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%AD%E1%80%AF%E1%80%B8%E1%80%92%E1%80%9A%E1%80%AC%E1%80%B8%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%A5%E1%80%9C%E1%80%AD%E1%80%95%E1%80%BA
နိုကီယာမြို့
နိုကီယာမြို့ () သည် ဖင်လန်နိုင်ငံ၏ မြို့တစ်မြို့ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်အရ နိုကီယာမြို့၏ လူဦးရေမှာ ၃၃,၁၁၈ ဖြစ်သည်။ ကိုးကား ဖင်လန်နိုင်ငံရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%80%E1%80%AE%E1%80%9A%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ယင်းနက်လူမျိုး
ယင်းနက် ခေါ် ရိန်-( ရှမ်းပြည်နယ် ) မြန်မာနိုင်ငံလူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%80%E1%80%BA%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
ယင်းမာပင်မြို့
ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁° ၅၉' နှင့် ၂၂°၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃° ၃၆' နှင့် ၉၅° ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြသည်။ အကျယ်အဝန်း ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘုယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူး ပါသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှော မြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမိုင် ရှိရာ ယင်းမာပင်မြို့နယ် မှာ စုစုပေါင်း အကျယ်အဝန်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်ဝန်း ပါသည်။ မြို့နယ်သမိုင်း ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအဝင် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က `ဗန့်ဂျီနယ်´ ဟုလည်း ပြောကြသည်။) ဟု ခေါ်ဝေါ် သတ်မှတ် ခဲ့သည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမား ချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသော ကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရသည်။ မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ် ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်တွင်မှ တရားဝင် သတ်မှတ် ခဲ့သည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စု အဖြစ်သာ တည်ရှိ ခဲ့သည်။ မြေအနေအထား ယင်းမာပင် မြို့နယ် အတွင်း၌ တောင်တန်း နှင့် ဆင်ခြေလျှော ဒေသမှာ မြေပြန့်လွင်ပြင် ဧရိယာ ထက် ပိုမိုကျယ်ဝန်းသည် မှန်သော် လည်း ဤမြို့နယ်တွင် အလွန် မြင့်မားသော တောင်ကုန်း တောင် တန်းကြီးများ မရှိပါ။ မြို့နယ် အတွင်း ဖြတ်သန်း စီးဆင်းသည့် တောင်ကျ ချောင်း(ယမားချောင်း)မှာ အနောက်မှ အရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင် ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်ပါသည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့် ကျေးရွာ အနီးတွင် ပေါင်းဆုံပါသည်။ ၎င်းချောင်းများသည် ရေစီး အလွန် လျင်မြန်သည်။ သို့ဖြစ်၍ ၎င်းချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရွှေလှန်၊ ပန်းမထုံး၊ ရေအောင့် စသည့်ကျေးရွာများသည် ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရသည်။ လမ်းပန်းဆက်သွယ်ရေး မုံရွာ - ပုလဲ - ဂန့်ဂေါလမ်း၊ ၁၂-ပေ အကျယ် ကတ္တရာခင်း ကားလမ်းသည် ယင်းမာပင်မြို့နယ်ကို ဖြတ်သန်းလျက် ရှိသည်။ မိုင်တိုင် အမှတ် ၉/၀ မိုင်မှ ၂၃/၄ မိုင်သည် ယင်းမာပင်မြို့နယ် အပိုင်း ဖြစ်၍ (၁၄) မိုင် (၄) ဖာလုံ ရှည်လျား ပါသည်။ ဤ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမှာ ရာသီမရွေး ဆက်သွယ် သွားလာနိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ ထို့ပြင် ပွင့်လင်းရာသီ၌ မြို့နယ် အတွင်းရှိ ကပိုင်၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စသည့် ကျေးရွာများမှ ယင်းမာပင်မြို့ကို ဖြတ်သန်း၍ မုံရွာမြို့သို့ ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင် ပေးခြင်း၊ ကနီ-ယင်းမာပင်-မုံရွာ ကားလမ်းဖြင့် သွားလာနိုင်ခြင်း တို့ဖြင့် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေ ချောမွေ့လျက် ရှိသည်။ ယင်းမာပင်မြို့မှ မုံရွာမြို့သို့လည်း ကားကြီးကားငယ် များဖြင့် အချိန်မရွေး သွား လာနိုင် သကဲ့သို့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုလျက် ယင်းမာပင် မြို့နယ်မှ ခရီးသည်နှင့် ကုန်စည် များကို အချိန်အခါမရွေး သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ်သည်။ မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းသည် ယင်းမာပင်မြို့နယ်အပိုင်း၌ (၁၀)မိုင် (၃)ဖာလုံ ခန့်ရှည်လျားသည်။၎င်းအပြင် မုံရွာ-ပုသိမ် လမ်းကိုဖောက်လုပ်လျက်ရှိပြီး ယင်းလမ်းပေါ်တွင် မြောက်ယမားချောင်းတံတား ကိုလည်းပြုပြင်ပြီးစီးပြီဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ထက်ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကိုလည်း အိန္ဒိယနိုင်ငံရဲ့အကူအညီဖြင့် ပြုပြင်သွားမည်ဖြစ်ပြီ မြေသားတိုင်းတာမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ရာသီဥတု ယင်းမာပင်မြို့နယ်သည် မြန်မာ နိုင်ငံအလယ်ပိုင်း ပူပြင်းခြောက် သွေ့သည့်အပိုင်းတွင် ပါရှိသည်။ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် (၃၀)လက်မ နှင့် (၄၀)လက်မ အကြားသာ ရွားသွန်း လေ့ ရှိသည်။ မိုးရေချိန် အနည်းဆုံး လမှာ ဧပြီလဖြစ်၍ အများဆုံးလမှာ အောက်တိုဘာလ ဖြစ်သည်။ ပူပြင်း ခြောက်သွေ့သည့် ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်လေ့ ရှိသည်။ အပူချိန် အနေဖြင့် အနိမ့်ဆုံး (၄၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်၍ အမြင့်ဆုံး အပူချိန်မှာ (၁၁၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ အအေးဆုံးလ မှာ ဇန်နဝါရီလ ဖြစ်၍ အပူဆုံးလမှာ ဧပြီလ ဖြစ်သည်။ ပေါက်ရောက်သော အပင်များ ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်း ဒေသတွင်သာ ပေါက် ရောက် နိုင်သည့် သန်း၊ ဒဟတ်၊ ထနောင်း၊ ရှား၊ ဇီးဖြူ၊ တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက် ပါသည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့် ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှင်ဝါး၊ တင်းဝါး၊ သနပ်ခါး စသည်တို့ ပေါက်ရောက်ကြသည်။ ဆေးဘက်ဝင် အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊ နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုးခါ(မင်းကိုးဒါး) စသော ဆေးဘက်ဝင် အပင်များ ပေါက် ရောက် ပါသည်။ စိုက်ပျိုးရေး ယင်းမာပင်မြို့နယ်တွင် စီမံကိန်း သီးနှံများ စိုက်ပျိုးထုန်လုပ်လျက် ရှိရာ မိုးရာသီ၌ မိုးကြိုစပါး စိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေပဲ၊ ဝါကလေး၊ ပဲစိမ်းငုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ပြီး မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်းရာသီတွင် ထောပန်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်သည်။ ယင်းမာပင်မြို့နယ်၏ စိုက်ပျိုးလုပ်ကိုင်နို်င်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧက ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်သည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးပျိုး မရသည့် မြေ စုစုပေါင်းမှာ (၄၀၉၈၂) ဧက ရှိသည်။ ပညာရေး ယခင်က မူကြိုကျောင်း (၁)ကျောင်း၊ အ.မ.က(၁) မူလ တန်းကျောင်း (၁)ကျောင်း နဲ့ အ.ထ.က(ယင်းမာပင်) အထက်တန်း ကျောင်း (၁)ကျောင်းပဲ ရှိရာ ၁၉၉၂ ခုနှစ် လောက်ကစ၍ (ခ)ရပ်ကွက် ယခင် စာတိုက်ဟောင်းနေရာတွင် အ.မ.က(၂) ထပ်မံဖွင့်လှစ်ခဲ့သည်။ (က)ရပ်ကွက် (ကုလားတန်း ဟုခေါ်) ဖက်က ကလေးတွေ အများဆုံး တက်ကြသည်။ ငွေကြေးနွမ်းပါးတဲ့ ကလေးတွေနဲ့ စာသင်သံဃာတော် တွေ အတွက် ရည်ရွယ်၍ ၁၉၉၇ ခုနှစ် လောက်တွင် ဘုန်းတော်ကြီး စာသင်ကျောင်း (ဘ.က) ကို "ဇောတိက ကျောင်းတိုက်" ထဲမှာ ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါကျောင်းတွင် လေးတန်း အထိ တက်ရောက် ပညာသင်ကြားနိုင်သည်။ ထိုကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မူကြိုကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၁) ကျောင်း၊ မူလတန်း ကျောင်း (၂)ကျောင်း [အ.မ.က(၁) နှင့် အ.မ.က(၂)] နဲ့ အထက်တန်း ကျောင်း (၁)ကျောင်း ရှိလာသည်။ နောက်ပိုင်းတွင် မူလတန်းကျောင်း (၂) ကျောင်း ဖြစ်သော အ.မ.က(၁) နဲ့ အ.မ.က(၂) များကို မူလတန်းလွန်ကျောင်း တွေအဖြစ် တိုးမြှင့် ဖွင့်လှစ် နိုင်ခဲ့သည်။ မြို့နယ်အတွင်းရှိ ရွာများအတွင်းမှ ရွာသာရွာမှာ အလယ်တန်းကျောင်း တစ်ကျောင်း တည်ရှိသည်။ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို ၂၀၀၅ ခုနှစ်တွင် ယခင် စက်မှုလယ်ယာရုံးဝင်း၏ မြောက်ဘက် ဆန်ဂိုဒေါင်ဟောင်းများရှိရာတွင် ဖွင့်လှစ်ထားရှိသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မှ နယ်စပ်ဒေသမှ အမျိုးသမီးငယ်များအား အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းများ သင်ကြား လေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဘာသာရေး ယခင်က မြို့တွင်းတွင် ဇောတိကကျောင်း၊ ရေဝန်းကျောင်း၊ မာန်ဘရာ ကျောင်း၊ သီးပင်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၄) ကျောင်းသာ တည်ရှိခဲ့သည်။ နောက်ပိုင်းတွင် မိုးကုတ်ဝိပဿနာကျောင်းတိုက် ကို သံတံတားကြီး အနောက်ဘက်မှ အရှေ့တိုးချဲ့ဘက်သို့ ရွေ့ပြောင်းတည်ဆောက်ခဲ့သည်။ ဦးစံပေါကျောင်းဟူ၍ ကျောင်းတစ်ကျောင်းလည်း ရှိပြီး ယခုအခါ တောရကျောင်းဟု အမည်ပြောင်းကာ မယ်သီလရင်ကျောင်းတစ်ခုကို ပါ ထိုကျောင်းအနီးနားတွင် တည်ဆောက်ခဲ့သည်။ မြို့အဝင် ပေါက်ပင်ကူး တံတားအရှေ့ဘက်အနီးနားတွင် ရွှေပေါက်ပင် တောရကျောင်းတိုက်ကို ယခင် ဇောတိကကျောင်းတိုက် ကျောင်းတိုင်ဆရာတော် ဦးဌေးယျက တည်ထောင်ခဲ့သည်။ ထို ရွှေပေါက်ပင် တောရကျောင်းတိုက်၏ မျက်နှာချင်းဆိုင် လမ်းတစ်ဖက် ပေါက်ပင်ကူးမြို့ဦးစေတီနှင့် ကပ်လျက်တွင် မယ်သီလရင်ကျောင်းတိုက်တစ်ခု တည်ရှိနေသည်။ ထို့ပြင် မြို့ပေါ်ကျေးရွာ နဲ့ ပြောင်းပြာကျေးရွာ ကြားတွင် နောက်ထပ် မယ်သီလရင် ကျောင်းတိုက် တစ်ခု ရှိသေးရာ မြို့နယ်တွင်း၌ မယ်သီလရင် ကျောင်းတိုက် (၃)တိုက် ရှိသွားပြီ ဖြစ်သည်။ အခြားဘာသာဝင်များ အနေနဲ့ က-ရပ်ကွက်(ကုလားတန်း) ဘက်မှာ တော့ အစ္စလမ်ဘာသာ ဘုရားဝတ်ပြုကျောင်း (ဗလီ) တစ်ခု ရှိသည်။ ဂ-ရပ်ကွက်(တိုးချဲ့) ဖက်မှာလည်း သာသနာ ပြုနေတဲ့ ခရစ်ယာန် သာသနာပြုအဖွဲ့ တစ်ဖွဲ့ ရှိသည်။ ယုံကြည်မှု တိုးတက်လာသော ယဉ်ကျေးမှုနှင့်အတူ ယခင်က ယုံကြည်လာခဲ့သော အယူအစွဲများလည်း ပျောက်ကင်းသလောက်ရှိပြီဖြစ်သည်။ အယူအစွဲများသည် အရိုးစွဲယုံကြည်မှုမဟုတ်လျှင် ပျောက်ကင်းမသွားသင့်သော ဒေသခံတို့၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ ယခင်က မြို့ပေါ်တွင် တိုက်အိမ်မဆောက်ရ၊ မဆောက်သင့်ဟု လည်းကောင်း၊ အမေရေယာဉ်၏ နယ်ဖြစ်သောကြောင့် "လှေ" ကို လှေဟုမခေါ်ဆိုပဲ "ခေါင်း" ဟူ၍လည်းကောင်း ပြောဆို ယုံကြည်ခဲ့ကြသည်။ ဒေသတွင်း နယ်သူနယ်သားများသည် နှစ်စဉ် ကျင်းပမြဲဖြစ်သော အမေရေယာဉ်နတ်နန်းသို့ လာရောက်၍ ရေစင် ဆက်ခြင်း ဓလေ့တို့ ရှိကြသည်။ အမေရေယာဉ်ကို များသောအားဖြင့် ယင်းမာပင်မြို့၏ အနောက်ဘက်ကျသော မြို့နယ်များက အဓိကကိုးကွယ်ကြသည်။ အဆိုပါရွာများတွင် ပွဲကျင်းပချိန်တွင် အမေကြီးပွဲနှင့်အပြိုင်လူစုဝေးခြင်းကို ရှောင်ရှားရမည်ဟု ယုံကြည်ကြသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များ ပြင်ပလင့် www.yinmarbin.org
https://my.wikipedia.org/wiki/%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%95%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ယမနေ
ယမနေပင်ကို ရုက္ခဗေဒ အလိုအရ ဂမီလီနာ အာဗိုရိယဟု ခေါ်သည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်နှင့် မလေးရှားနိုင်ငံများတွင် ယမနေပင်များ ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် စိုစွတ်သော သစ်တောများ၌ မြေပြင်မှ ပေပေါင်း ၃၅ဝဝ အထိတွင် ယမနေပင်တို့သည် ဝါးပင်များနှင့် ရောနှော၍ ပေါက်ကြသည်။ ယမနေပင်သည် ပေ ၆ဝ ထိ မြင့်နိုင်၍ ယင်း တွင် အရိပ်ကောင်းကို ဖြစ်စေနိုင်သည့်အဘက်ဘက်သို့ ဖြာထွက်နေကြသော အကိုင်းများနှင့် အရွက်များရှိသည့် ထိပ်ပိုင်းရှိသည်။ အခေါက်တွင် ညိုမွဲမွဲအရောင်ရှိ၍ အခေါက်ဟောင်း ကွာသွားသည့် နေရာတွင် အညိုရောင် ပျော့ပျော့အကွက်များ ရှိသည်ကို မြင်နိုင်ပေသည်။ အရွက်များသည် နှလုံးပုံ(ညောင် ရွက်ပုံ)ရှိကြသော်လည်း ချွန်သည်။ အရှည်မှာ ငါးလက်မဖြစ်၍ ရိုးတံရှည်များ ရှိသည်။ အပွင့်များသည် တောက်ပသည့် အဝါ ရောင်ဖြစ်ကြသော်လည်း အညိုရောင်သန်းနေကြသည်။ အသီးများသည် အသားများ၍ ကြက်ဥပုံ ခွံမာသီး ဖြစ်သည်။ တစ်လက်ခန့်ရှည်၍ ချောမွတ်သည်။ မှည့်သောအခါ အဝါရောင်ဖြစ်လာသည်။ ယမနေပင်သည် လှပသော်လည်း နွေအခါ၌ နှစ်လခန့် အရွက်များ ပြတ်နေတတ်သည်။ ထိုအချိန်၌ အပွင့်များ ပွင့်လာတတ်သည်။ ယမနေပင်သည် အကြီးမြန်သော အပင် မျိုးဖြစ်၍ ယင်းကို မျိုးစေ့မှ ဖြစ်စေ၊ အကိုင်းဖြတ်၍ဖြစ်စေ စိုက်ယူနိုင်သည်။ မိုးမစမီ အသီးများမှည့်ကြသည်။ မျိုးစေ့များမှ အညှောက်များသည် လွယ်လင့်တကူနှင့် ထွက်မလာကြချေ။ ကျွန်းပင်ကို စိုက်ပျိုးသကဲ့သို့ စိုက်ပျိုးယူသင့်သည်။ နောက်တစ်မိုးတွင် အပင်ကလေးများကို စိုက်နိုင်ပေသည်။ ဇူလိုင်လနှင့် ဩဂုတ်လများတွင် အကိုင်းများကို ဖြတ်၍စိုက်လျှင် တစ်ပင်နှင့် တစ်ပင်ကို ပေ ၄ဝ ခွာ၍ စိုက်သင့်ပေသည်။ ယမနေသားသည် ဖြူယော်ယော်အရောင်ရှိ၍ ပေါ့ပါး ပျော့ပျောင်းသည်။ အသားသေအောင် ပြုလုပ်ရန် လွယ်ကူ၍ အရောင်တင်ခံသော အသားလည်းဖြစ်သည်။ ထိုကြောင့် ယမနေသားသည် အိမ်အသုံးအဆောင်ပစ္စည်းများ၊ သေတ္တာများနှင့် ကြမ်းခင်းများအတွက် ကောင်းမွန်သည်။ ပန်းပု ထုရန်နှင့် မှန်ကူကွက်များဖော်ရန်လည်း အသုံးပြုနိုင်သည်၊ ယမနေသားကို လောင်းလုပ်ရာတွင် လှေစပ်ရာတွင်လည်း အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် သစ်သားအမျိုးမျိုးရှိသည့်အနက် စက္ကူပြုလုပ်ရန် ကောင်းမွန်သော သစ်သားမျိုးတွင် ယမနေသားလည်း ပါဝင်သည်။ နှောသားနှင့် ယမနေသားတို့သည် မြန်မာနိုင်ငံတွင် ပုံနှိပ်ဗလောက်တုံးများ ပြုလုပ်ရန်လည်း အသုံးပြုကြသည်။ ယမနေရွက်ကို ညှစ်၍ရသော အရည်ဖြင့် ယဉ်းနေသော အနာများကို ကုသနိုင်သည်။ ယမနေမြစ်ကိုလည်း အစာအိမ် အားတိုးဆေးအဖြစ် အသုံးချနိုင်ပေသည်။ တနင်္သာရီတိုင်း၌ ပေါက်သော ယမနေ အနီပင်၊ ယမနေ အဖြူပင်နှင့် တောင်ယမနေပင်တို့သည် အပင်ငယ်များ ဖြစ်ကြသည်။ ကိုးကား သစ်ပင်များ မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%99%E1%80%94%E1%80%B1
ယူနီကုဒ်
ကွန်ပျူတာတွင် ယူနီကုဒ်သည် ကမ္ဘာပေါ်ရှိ စာရေးစနစ် (writting system) အားလုံးနီးပါး ပါရှိပြီး ကွန်ပျူတာများနှင့် လိုက်ရောညီထွေ ရှိစေရေးအတွက် သက်မှတ်ထားသော စက်မှုစံ (industry standard) တစ်ခုဖြစ်သည်။ Universal Character Set စံနှင့်အတူ ယူနီကုဒ်စံသည် အက္ခရာပေါင်း ၁၀၀ ၀၀၀ ကျော်ပါသော စာအုပ် ထုတ်ဝေခဲ့သည်။ ထိုစံစာအုပ်တွင် ကိုးကားရန် ဇယားများ၊ encoding နည်းစဉ်များ၊ character encoding စံများ၊ အက္ခရာ၏ သဘောသဘာဝများ (ဥပမာ စာလုံးကြီး၊ စာလုံးသေး)၊ အထောက်အကူပြု computer file များ၊ အခြား သက်ဆိုင်ရာများ (အက္ခရာသဘော၊ normalization ဥပဒေ၊ ခွဲခြင်း၊ ပေါင်းခြင်း၊ rendering နှင် နှစ်ဖက်သွား စာများ၏ အစဉ်၊ ဘယ်ညာ သဘောများ၊ စသည့်) ပါရှိသည်။ အမြတ်မယူ အသင်းအဖွဲ့ ဖြစ်သော Unicode Consortium သည် ယူနီကုဒ် ရှင်သန်တိုးတက်ရေးအတွက် ကြိုးစားမှုတွင် ရှိပြီး character encoding အားလုံးကို ယူနီကုဒ် ဖြင့်အစားထိုးသွားရန် ရည်ရွယ်သည်။ ယူနီကုဒ် ၏ Unicode Transformation Format (UTF) scheme များတွင် ရှိပြီး encoding နည်းများသည် ဘာသာစုံ (multilingual) အတွက် လိုအပ်လျက်ရှိသည်။ ဘာသာစုံ ပါဝင်သော ယူနီကုဒ် ၏ အောင်မြင်မှုကြောင့် computer software ကို internationalization and localization လုပ်ရာတွင် များစွာ အသုံးချလျက်ရှိသည်။ ယူနီကုဒ်စံစနစ်ကို ယခု ပေါ်ပေါက်နေသော XML၊ Java programming language၊ Microsoft .NET Framework နှင့် ခေတ်ပေါ် Operating System များတွင် အသုံးချလျက်ရှိသည်။ ယူနီကုဒ်စံစနစ်ကို အသုံးပြုရာတွင် character encoding မျိုးစုံ အသုံးပြုနိုင်သည်။ အသုံးအများဆုံးမှာ UTF-8 (1 byte ကို ASCII အက္ခရာ အတွက် နှင့် ၄ byte အထိ ကျန် နေများကို အခြား အက္ခရာ အတွက်)၊ မသုံးတော့သော UCS-2 (2 bytes ကို အက္ခရာ အားလုံးအတွက် သို့သော် ယူနီကုဒ် အက္ခရာ အားလုံးမပါ) နှင့် UTF-16 (၄ bytes သုံးပြီး UCS-2 ကို ထက်ဆင့်၍ ကျန်ရှိနေသေးသော ယူနီကုဒ် အက္ခရာ များကို ထည့်သွင်း) ဖြစ်ကြသည်။ အစဦး နှင့် တိုးတက်ပြောင်းလဲခြင်း ယူနီကုဒ်သည် ရှေးရိုး သုံးလာခဲ့ကြသော စာလုံး သိမ်းဆည်းပုံ (character encoding) များ၊ ISO 8859 စံ များ ကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်လိုသည်။ ISO 8859 စံ သည် နိုင်ငံပေါင်းများစွာ၏ အသုံးအနှုန်းများ ကို သတ်မှတ်နိုင်ခဲ့သော်လည်း တစ်ခုနှင့်တစ်ခု ပြောင်းလဲ၍ (incompatible) သုံးနှုန်းမရပေ။ များစွာသော ရှေးရိုးရာ စာလုံး သိမ်းဆည်းပုံ၏ တွေ့နေကျ ပြဿနာမှာ ဘာသာနှစ်မျိုး ရရန် ပြုလုပ်ခြင်း (များသောအားဖြင့် Roman characters နှင် ဒေသစာ) တွင် ဘာသာမျိုးစုံ အတွက်မပါပေ။ ယူနီကုဒ်သည် သဘောအားဖြင့် စာလုံးပုံ (glyph) များကို ထက် အခြေခံ စာလုံး (character) များ — graphemes and grapheme-like units — ကို သိမ်းဆည်းထားသည်။ တရုတ်စာတွင် အခြေခံ စာလုံး နှင် စာလုံးပုံ တို့ကိုခွဲခြားရန် ခက်ခဲသည်။ စာစီ၊ စာရိုက်ခြင်း (text processing) တွင် ယူနီကုဒ်သည် စာလုံးတိုင်းအတွက် အတုမရှိသော စာခွက် (code point) — စာလုံးပုံ အစား နံပါတ်တစ်ခု — ရှိရေး တာဝန်ယူသည်။ တစ်နည်းအားဖြင့် ယူနီကုဒ်သည် စာလုံးများကို မူရင်းသဘာဝ (an abstract way) ကိုကိုယ်စားပြုပြီး ပုံဖော်ရန် အတွက်ကိုမူ (အရွယ်၊ ပုံ၊ ဖောင့် (သို့) သဏ္ဌာန်) software (web browser, word processor) ၏တာဝန်အဖြစ် ချန်ထားခဲ့သည်။ ထိုမျှရှင်းလင်းသော ကြိုးစားမှုပင် ရှုပ်ထွေးရသော အကြောင်းမှာ ယူနီကုဒ် ဒီဇိုင်းပြုသူများ ယူနီကုဒ် ကျယ်ပြန့်စွာ အသုံးပြုရေး ကြိုးပမ်းမှုတွင် သဘောတူညီမှု မရနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ယူနီကုဒ်၏ ပထမ ၂၅၆ လုံးမှာ ISO 8859-1 နှင့် တူသောကြောင့် ရှိပြီး အနောက်နိုင်ငံမှ စာများအတွက် အခက်အခဲ မရှိပေ။ များစွာသော အတူတူ စာလုံးများကို မတူသော စာခွက်များတွင် သတ်မှတ်ခြင်းမှာ ရှိပြီး စာလုံး သိမ်းဆည်းပုံ နှင့် အဆင်ပြေစေရန် ဖြစ်သည်။ ထို့ကြောင့် ရှိပြီးစာ များမှ ယူနီကုဒ်ကို ပြောင်းရာတွင် မှားယွင်းမှု မရှိနိုင်ပေ။ သမိုင်း ယူနီကုဒ် သမိုင်းကို ၁၉၈၇ ခု Xerox မှ Joe Becker နှင့် Apple မှ Lee Collins and Mark Davis တို့က အပြည်ပြည်ဆိုင်ရာ စာလုံး စနစ် ဖြစ်နိုင်ခြေကို စတင် စူးစမ်းခဲ့သည်။ ထိုနှစ် ဩဂုတ်လတွင် Joe Becker သည် "international/multilingual text character encoding system, tentatively called Unicode." စာတမ်းကို ထုတ်ဝေခဲ့သည်။ Unicode 88 ခေါင်းစဉ်ရှိသော ထိုစာတန်း၏ ၁၆ ဘစ် (bit) အခြေပြု စာလုံး မိုဒယ်တွင် Unicode is intended to address the need for a workable, reliable world text encoding. Unicode could be roughly described as "wide-body ASCII" that has been stretched to 16 bits to encompass the characters of all the world's living languages. In a properly engineered design, 16 bits per character are more than sufficient for this purpose. ဟုဖော်ပြခဲ့သည်။ မူလ ၁၆ ဘစ် (bit) အခြေပြု စာလုံး မိုဒယ်သည် ယခု သုံးစွဲနေသော စာရေးစနစ် များကိုသာ စဉ်းစားခဲ့သည်။ သို့သော် ယခုသုံးနေသော စာလုံးများမှာ Unicode gives higher priority to ensuring utility for the future than to preserving past antiquities. Unicode aims in the first instance at the characters published in modern text (e.g. in the union of all newspapers and magazines printed in the world in 1988), whose number is undoubtedly far below 214 = 16,384. Beyond those modern-use characters, all others may be defined to be obsolete or rare; these are better candidates for private-use registration than for congesting the public list of generally-useful Unicodes. ဟု သုံးသပ်ခဲ့သည်။ ဆိုလိုသည်မှာ ရှေးစာနှင့် အသုံးများသော စာလုံးများပါ ယူနီကုဒ်တွင် ပါဝင်ရန်လိုအပ်သည်။ စာဘာသာ ပါဝင်မှု ယူနီကုဒ်သည် ယခုခေတ် ကမ္ဘာပေါ်ရှိ စာရေးမှုစနစ် အားလုံး၏ စာဘာသာ (script) အားလုံး ပါဝင်သည်။ alphabets, abugidas and syllabaries ပါဝင်သော စာဘာသာ ၇၅ မျိုး ကို လက်ရှိ ယူနီကုဒ်တွင်ပါဝင်သောလည်း အချို့သော စာဘာသာများ၊ ရှေးစာဘာသာများ နှင် ပညာသည် စာဘာသာများ ကို ဆက်လက် သက်မှတ်ရန် ကျန်ရှိသေးသည်။ ပညာသည် စာဘာသာများ ဖြစ်သည့် သင်္ကေတများ အထူးသဖြင် သင်္ချာနှင့် ဂီတ များ ကျန်ရှိသည်။ Michael Everson, Rick McGowan, and Ken Whistler တို့ပါဝင်သော ယူနီကုဒ် လမ်းစဉ် ကော်မတီ (The Unicode Roadmap Committee) သည် စာဘာသာ၊ စာရင်း နှင့် စာခွက် နေရာချထားမှု များကို ယူနီကုဒ် အဖွဲ့ (Unicode Consortium) ဝက်ဘ်စာမျက်နှာမှ ယူနီကုဒ် လမ်းစဉ် အဖြစ် တင်ပို့သည်။ အချို စာဘာသာများမှာ လမ်းစဉ်တွင် ရှိပြီး အဆိုတင်သွင်းဆဲ နှင့် အတည်ပြုရေး ပြုလုပ်ဆဲ ဖြစ်ကြသည်။ ယူနီကုဒ် ၅.၁ တွင် ရည်ရွယ်ထားသော စာဘာသာများမှာ Avestan, Egyptian Hieroglyphics, Tai Tham, Tai Viet, Imperial Aramaic, Inscriptional Pahlavi, Inscriptional Parthian, Javanese, Kaithi, Lisu, Meetei Mayek, Nü Shu, Old South Arabian, Old Turkic, Samaritan နှင် Tangut ဖြစ်ကြသည်။ အခြား စာဘာသာများမှာ Yi, ရှေး Uyghur and Oracle Bone Script တို့ ဖြစ်ကြသည်။ အသုံးနည်းသောကြောင့် ယူနီကုဒ်တွင်ပါဝင်ရန် မကိုက်ညီသော ခေတ်ပေါ် စာဘာသာများကို ConScript Unicode Registry တွင် Private Use Area များနှင်အတူ လျာထားသည်။ စံပြုခြင်း ကယ်လီဖိုနီယား အခြေပြု Unicode Consortium သည် ယူနီကုဒ် စံပြုသည်။ ပါဝင်သူများမှာ ပါဝင်မှု အဆင့်ဆင့် ရှိပြီး မည်သည့် ကုမ္ပဏီ မည်သူမဆို ပါဝင်ကြေး ပေးနိုင်သ၍ ယူနီကုဒ် အဖွဲ့အစည်း ကို ပါဝင်နိုင်သည်။ တင်းပြည့် ပါဝင်သူများသည် အဓိက ကွန်ပျူတာ software နှင့် hardware ထုတ်လုပ်သူများ ဖြစ်သည် Adobe Systems, Apple, Google, HP, IBM, Microsoft, Sun Microsystems နှင့် Yahoo တို့ ဖြစ်ကြသည်။ ထိုအဖွဲ့အစည်းကြီးသည် ယူနီကုဒ် စံ (ISBN 0-321-18578-1) ကို ၁၉၉၁ တွင် ထုတ်ခဲ့ပြီး ဆက်လက် တိုးတက် ထုတ်လုပ်ခဲ့သည်။ နောက်ဆုံး စံမှာ ယူနီကုဒ် စံ ၅ (ISBN 0-321-48091-0) ဖြစ်ပြီး ၂၀၀၇ တွင် ထုတ်ဝေခဲ့သည်။ နောက်ဆုံး ပြင်ဆင်ချက် ယူနီကုဒ် စံ ၅.၁ အား ၂၀၀၈ ဧပြီ ၄ တွင် ထုတ်ဝေခဲ့သည်ကို ဝက်ဘ်ဆိုက်တွင် ရယူနိုင်သည်။ အောက်ဖော်ပြပါ များမှာ အဓိကနှင့် သာမည ယူနီကုဒ် စံ တို့ဖြစ်ကြသည်။ မြန်မာစာတွင် ယူနီကုဒ် စံ ၄.၀ တွင် စံမှားခဲ့သော၊ ယူနီကုဒ် စံ ၄.၁ တွင် အသုံးမတွင်သော Myanmar2၊ ယူနီကုဒ် စံ ၅.၁ တွင် အားနည်းချက်များကို ပြုပြင်ထားသော Myanmar3 ထွက်ရှိသည်။ နေရာဆက်ပုံ (mapping) နှင့် သိမ်းဆည်းပုံ (encoding) များစွာသော ယူနီကုဒ် သွင်းရေးအတွက် နည်းစဉ်များကို သက်မှတ်ရာမှာ မည်သည့် နည်းစဉ်ကို အသုံးပြုမည်ကို ဆုံးဖြတ်တာတွင် စာခွက် အသုံးပြုမှုနည်းခြင်း၊ source code ကိုက်ညီခြင်း နှင့် ရှိပြီး စနစ်များနှင် ကိုက်ညီခြင်း တို့အပေါ် မူတည်သည်။ Unicode Transformation Format (ယူနီကုဒ် အပြောင်းနည်းစဉ်) နှင့် Universal Character Set (စာလုံး စကြဝဠာ နည်းစဉ်) ယူနီကုဒ်၏ နေရာဆက်ပုံ နည်းနှစ်ခုမှာ Unicode Transformation Format (UTF) သိမ်းဆည်းပုံ နှင့် Universal Character Set (UCS) သိမ်းဆည်းပုံ တို့ ဖြစ်သည်။ သိမ်းဆည်းမှု နေရာဆက်ပုံ (encoding maps) တွင် ယူနီကုဒ် စာခွက် မှ အစဉ်လိုက် တစ်ခုသော ပမာဏ အထိ ကို စာခွက်တန်ဖိုး (code value) ဟု သက်မှတ်သည်။ သိမ်းဆည်းပုံ အမည်တွင် နံပါတ်သည် UTF သိမ်းဆည်းပုံ တွင် စာခွက်တန်ဖိုး တစ်ခု၏ ဘစ် (bit) ပမာဏ ပါဝင်မှု ကို ဖော်ပြပြီး UCS သိမ်းဆည်းပုံ တွင် စာခွက်တန်ဖိုး တစ်ခု၏ ဗိုက် (byte) ပမာန ပါဝင်မှု ကို ဖော်ပြသည်။ UTF သိမ်းဆည်းပုံများမှာ - UTF-1 — အသုံးမပြုတော့သော UTF-8 အရင်, maximizes compatibility with ISO 2022, no longer part of The Unicode Standard UTF-7 — လူသုံးများသော 7-bit သိမ်းဆည်းပုံ UTF-8 — 8-bit သုံး၍ ပမာနခွဲပေါင်းစုံ သိမ်းဆည်းပုံ ဖြင့် ASCII နှင် ကိုက်ညီသော၊ မြန်မာ ယူနီကုဒ် သုံးသော UTF-EBCDIC — 8-bit သုံး၍ ပမာနခွဲပေါင်းစုံ သိမ်းဆည်းပုံ ဖြင့် EBCDIC နှင့် ကိုက်ညီသော EBCDIC (ယူနီကုဒ်စံ မဟုတ်) UTF-16 — 16-bit သုံး၍ ပမာဏခွဲပေါင်းစုံ သိမ်းဆည်းပုံ UTF-32 — 16-bit သုံး၍ ပမာဏတူ သိမ်းဆည်းပုံ UTF-8 သည် စာခွက် တစ်ခုကို ၁ မှ ၄ ဗိုက် အထိ ယူနိုင် သောကြောင့် ASCII နှင့် ကိုက်ညီမှုရှိပြီး ကျစ်လျစ် သဖြင် သုံးစွဲသူ့စံ (de facto standard) ဖြစ်လျက် ရှိသည်။ ယခုခေတ် Linux distribution များတွင် ထို သိမ်းဆည်းပုံ စနစ် ဖြင့်လာသည်က များသည်။ အဆင်သင့် (ready-made) နှင့် ပေါင်းစပ် စာလုံး ယူနီကုဒ်တွင် စာလုံး ပုံပြောင်းရန် နည်းစနစ်ပါရှိသဖြင် စာလုံးပုံ များစွာကို ပါသည်ထက် များတိုးချဲ့၍ ဖော်ပြနိုင်သည်။ ထိုနည်းစဉ် အသုံးပြုမှုကို စာလုံးကို သင်္ကေတဖြင့် ပေါင်းခြင်း (combining diacritical marks) ဟုခေါ်သည်။ ထိုစာလုံးတို့ကို မူရင်း စာလုံး နောက်တွင် သင်္ကေတဖြင့် လိုက်သည် (ဥပမာ မြန်မာ ယူနီကုဒ် တွင် စာလုံးဆင့်များ)။ ယူနီကုဒ်တွင် အသုံးများလျှင် ပေါင်းစပ်ပြီးစာလုံးများ လည်းပါရှိသည်။ ထိုကြောင့် ရှိပြီး စနစ် များ နှင့် ပြောင်းလဲ သုံးစွဲရန် အဆင်ပြေစေသည်။ ဥပမာအားဖြင် é ကို ယူနီကုဒ် U+0065 (လက်တင်စာလုံး အသေး e) နှင် နောက်တွဲ U+0301 (ဆောင့်သံ) ပေါင်း၍ လည်းကောင်း တစ်လုံးတည်း U+00E9 သုံး၍ လည်းကောင်း ဖော်ပြနိုင်သည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် အသုံးပြုသူသည် မျိုးစုံ ရေးနိုင်သည်။ ထိုအကြောင်းကို ပေါင်းရန် ယူနီကုဒ်တွင် မူရင်း တူညီမှု (canonical equivalence) နည်းစဉ် ရှိသည်။ ပူးတွဲခြင်းများ (ligatures) စာဘာသာ များစွာတို့တွင် တချို့သော စာလုံးများ ပေါင်းပြရန် အထူး စာပုံဖော်စနစ် လမ်းစဉ် (orthographic rule) ရှိသည်။ ထိုစာပုံဖော်စနစ် လမ်းစဉ် သည် အဆင့်မြင့် စာဘာသာ-ပုံဖော်စနစ် (special script-shaping) နည်းပညာ လိုအပ်အောင် အလွန်ပင် ရှုပ်ထွေးနိုင်သည်။ အဆင့်မြင့် စာဘာသာ-ပုံဖော်စနစ် များမှာ ၁၉၈၀ ခုက DecoType ပြုလုပ်သော အာရပ်ဘာသာ အတွက် Arabic Calligraphic Engine (ACE) စနစ်၊ Adobe နှင့် Microsoft တို့ ပြုလုပ်သော OpenType စနစ်၊ SIL International မှ Graphite စနစ် Apple မှ AAT စနစ် တို့ ဖြစ်ကြသည်။ မြန်မာ ဖောင့်များ ဖြစ်သော ပိတောက်ဖောင့် သည် Graphite စနစ်အား လည်းကောင်း၊ ပုရပိုက်ဖောင့် myanmar3 နှင့် ဇော်ဂျီဖောင့် OpenType စနစ်အား လည်းကောင်း သုံးသည်။ ဖောင့်ထဲတွင် operating system အား စာလုံးစဉ်များကို မည်သို့ ပုံဖော်ရမည်ကို ညွှန်ကြားချက်များ ပါရှိသည်။ ထို့အတွက် ရှင်းလင်းသော အဖြေမှာ နေရာမယူသော ပေါင်းစပ် သင်္ကေတ ကို ဘယ်ဖက် သို့မဟုတ် ညာဘက်သို့ ထား၍ ပြသရန် ဖြစ်သည်။ ပေါင်းစပ် သင်္ကေတ ကို ထိုသို့ထားခြင်းဖြင့် ရှေ့မှလာသော စာလုံးကို ပြသစေသော်လည်း မူရင်း စာလုံး၏ အကွာအဝေး နှင့် အမြင့်ကို မပြောင်းလဲနိုင်ပေ။ ထိုနည်းသည် အမှန် အထက်ဆင့်ခြင်းကို မရရှိနိုင်သော်လည်း တော်တော်လေး တုပနိုင်သည်။ မြန်မာ ယူနီကုဒ် သည်လည်း ထို အထက်ဆင့်ခြင်းနည်းကို အသုံးပြုထားသည်။ များသောအားဖြင့် ထိုနည်းစဉ်သည် အကွာအဝေး မပြောင်းသော ဖောင့် (monospaced font) များသာ ကောင်းစွာသုံးနိုင်ပြီး ခက်ခဲသောနည်းများ မရသည့်အခါ နောက်ဆုံးအဆင့် သုံးရန်ဖြစ်သည်။ ယူနီကုဒ် အသုံးပြုပုံ ကွန်ပျူတာ လည်ပတ်ရေးစနစ် ယူနီကုဒ်သည် အတွင်းပိုင်း လုပ်ဆောင်မှုများ နှင့် သိုလှောင်မှု (storage) အရေးပါလာသည်။ UCS-2 စနစ် သုံးသူများသည် UTF-16 စနစ် ပြောင်းသုံးကြသည်။ လူသိအများဆုံးသော Windows NT (နောက်များတွင် Windows 2000, Windows XP and Windows Vista ဖြစ်လာသည်) စနစ်တွင် ယူနီကုဒ် စာလုံး သိမ်းဆည်းမှုကို အပြည့်သုံးထားသည်။ Java နှင် .NET bytecode စနစ်၊ Mac OS X နှင် KDE တို့လည်း ယူနီကုဒ် ကို ထဲထဲဝင်ဝင် သုံးထားသည်။ UTF-8 စနစ်သည် Unix-like operating system များ အတွက် အဓိက သိုလှောင်မှု စနစ်ဖြစ်သည်။ အကြောင်းတစ်ခုမှာ extended ASCII ကို အလွယ်တကူ အစားထိုးနိုင်သော ကြောင့်ဖြစ်သည်။ ယူနီကုဒ်ကို ဘာသာစုံ စာလုံးဖော်စက် (text-rendering engine) များဖြင့် ပုံဖော်ရာတွင် Microsoft Windows တွင် Uniscribe သုံး၍လည်းကောင်း၊ Mac OS X တွင် ATSUI သုံး၍လည်းကောင်း၊ GTK+ (GNOME desktop) ကို Pango သုံး၍လည်းကောင်း ပုံဖော်ကြသည်။ စာရိုက်နည်း ကီးဘုတ် လက်ကွက် စာလုံးအားလုံး မပါနိုင်သောကြောင့် စက်မောင်းစနစ် (operating system) တို့တွင် အခြားနည်းဖြင့် ရိုက်သွင်းရန် လိုအပ်သည်။ စက်စနစ် များစွာ တို့သည် တိုက်ရိုက် ယူနီကုဒ် စာရိုက်နည်း ဖြင့် မည်သည့် ယူနီကုဒ် စာလုံးကိုမဆို ရိုက်နိုင်သည်။ ISO 14755 သည် ယူနီကုဒ် စာလုံးများ မည်သို့ ရိုက်သွင်းရမည်ကို စာရိုက်နည်း စနစ်စဉ်များနှင့် သက်မှတ်သည်။ ထိုတွင် အစ အဆုံး နှင့် အလယ်တွင် စာခွက်၏ hex တန်ဖိုး ထား၍ အခြေ ရိုက်သွင်းခြင်း သည် နည်းတစ်ခုဖြစ်သည်။ နောက်နည်းတစ်ခုမှာ မြင်ကွင်းတွင် ဇယားပုံဖော်၍ သွင်းခြင်းဖြစ်သည်။ ပြဿနာများ ဒဿနနှင့် ပြည့်စုံမှု ဝေဖန်ချက် ဟန်ပေါင်းခြင်း (Han unification) (အရှေ့ အာရှ ဘာသာ သုံးခု အနက် မည်သည့် စနစ်ကို ရွေးချယ်ခြင်း) မှာ ယူနီကုဒ်၏ အဓိက ပြောဆိုရာ ဝေဖန်ချက် ဖြစ်သည်။ ထိုဒေသ သုံးခုလုံးတွင် ယူနီကုဒ် လမ်းစဉ် အကြံပြု Ideographic Rapporteur Group အဖြစ် ရပ်တည်သော ပညာရှင် အမြောက်အမြားရှိသောလဲ ပြဿနာ မဆုံးနိုင်ပေ။ ယူနီကုဒ်သည် ရှေး နှင့် ပုံပြောင်း ခန်းဂျီးစာ မပါဝင်မှုအတွက် ရှုံ့ချကြသည်။ ဝေဖန်ချက်မှာ ဂျပန်၏ ရုံးသုံး ပညာရေးသုံး ဖြစ်သော်လည်း ရှေးဂျပန်စာ နှင့် အသုံးနည်း ဂျပန် နာမည် များကို ပြုလုပ်ဖော်ပြရန် ခက်ခဲသည်။ ထို့အပြင် ထိုစာလုံးများမှာ အရင်စနစ်များတွင်လည်း ပါရှိပြီးဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား စာလုံးပုံစံ မတူခြင်းကြောင့် ဟန်ပေါင်းခြင်း ကို သဘောမတူဖြစ်ပြီး အခြား နည်းခွဲ သိမ်းဆည်းပုံ အသစ်ပြုလုပ်ရန် မျိုးစုံ ကြိုးစားခဲ့ကြပြီး ဖြစ်သည်။ ထိုအထဲတွင် TRON နှင့် UTF-2000 တို့ဖြစ်သည်။ အရင် ယူနီကုဒ်တွင် အသုံးများသော ဟန်စာလုံး ၂၁ ၀၀၀ ခန့်သာပါရှိသော်လည်း ယခု ယူနီကုဒ်တွင် ဟန်စာလုံး ၇၀ ၀၀၀ ထက်မကပါပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား နှင့် ဗွီရပ်န် စာလုံးများ ဆက်လက် ထည့်သွင်းလျက်ရှိသည်။ ပေါင်းစပ် စာလုံးများ စာလုံးဆင့်များ ဖော်ပြရာတွင် ပေါင်းစပ် သင်္ကေတပြ၍ စာလုံးများပေါင်းခြင်း သို့မဟုတ် တစ်လုံးတည်း လည်း ဖော်ပြနိုင်သည်။ ဥပမာ သံရှည် သင်္ကေတ နင့် သံဆောင့် သင်္ကေတ တို့ပေါင်းထားသော ḗ ကို သံရှည် သင်္ကေတ၊ သံဆောင့် သင်္ကေတ၊ e သင်္ကေတ ဖြင့်လည်းကောင်း ဖော်ပြနိုင်သောလည်း လက်တွေ့တွင် ပုံ မတူပေ။ ထိုပြဿနာများကို ပြေလည်ရန် အသင့်ပေါင်းပြီး စာလုံးပုံ သုံး၍ရနိုင်သည်။ သို့သော် အသင့်ပေါင်းပြီး စာလုံးပုံ မရှိသော မြန်မာ ယူနီကုဒ် စာလုံးဆင့်များ ကိုမူ Graphite၊ OpenType သို့မဟုတ် AAT ကဲ့သို့ အဆင့်မြင့် စာလုံးပုံဖော်နည်းများ အသုံးပြုရန်လို့အပ်သည်။ ကိုးကား နည်းပညာ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%92%E1%80%BA
ယင်းတိုက်
ယင်းတိုက် (Yindaik) ၏ ရုက္ခဗေဒ အမည်မှာ Dalbergia cultrata ဖြစ်သည်။ အသုံးဝင်ပုံ ယင်းတိုက်သစ် အနှစ်သားသည် မာ၍ အစင်းကြောင်းများ ထင်လျက် လှပသဖြင့် ပန်းပုထုရန် အလွန် အသုံးဝင်သည်။ အသား၏အရောင်မှာ အညို၊ သို့မဟုတ် အနက် ဖြစ်သည်။ အနောက်နိုင်ငံများမှ အက်ဗနီခေါ် သစ်သားနက်နှင့် ယင်းတိုက်သားတို့သည် ဆင်တူကြသည်။ ယင်းတိုက်သားကို မြေအောက်၌ အတန်ကြာ မြှုပ်ထားလျှင် အက်ဗနီသစ်နှင့်မခြား မည်းနက်လာ နိုင်သည်။ လက်ကိုင်တုတ်များ၊ လက်ကိုင်ရိုးများနှင့် အိမ်အသုံး အဆောင်များကို ယင်းတိုက်သားနှင့် ပြုလုပ်ကြသည်။ နှဲတံ၊ ပြွေတံ စသည်တို့ကို ပြုလုပ်ရာတွင်လည်း ယင်းတိုက်သားကို အသုံးပြုကြသည်။ ထူးခြားစွာ လှပသော ဝက်မှင်ဘီးခုံများ ပြုလုပ်ရာတွင်လည်း ယင်းတိုက်သားကို အသုံးချနိုင်သည်။ ယင်းတိုက်ပင်သည် အမြင့် ပေ ၆ဝ အထိနှင့် ပင်စည်လုံးပတ် ငါးပေမျှ ရှိသဖြင့် အရွယ်အလတ်စားမျိုး သစ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ မြေပြန့်သစ်တောများနှင့် တောင်နိမ့်ပိုင်း သစ်တောများ၌ ယင်းတိုက်ပင်များ ပေါက်ရောက်သည်။ ယင်းတိုက်ပင်၏ ပင်စည်တွင် များသောအားဖြင့် ထွင်းကြောင်းများထင်လျက် ရှိသဖြင့် ပျဉ်ကြီးကြီးများ ခွဲဖြတ်ရန် မဖြစ်နိုင်ချေ။ ကိုးကား အပင်များ သစ်ပင်များ မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA
ယင်းမာ
ယင်းမာ (Yinma) ၏ ရုက္ခဗေဒ အမည်မှာ Chukrasia tabularis ဖြစ်သည်။ ကိုးကား သစ်ပင်များ မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AC
ယင်းမာပင်မြို့နယ်
ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁ံ ၅၉' နှင့် ၂၂ ံ ၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ ံ၃၆' နှင့် ၉၅ ံ ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက် တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြသည်။ အကျယ်အဝန်း ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘူယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူးသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှော မြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမို်င် ရှိရာ ယင်းမာပင်မြို့နယ် မှာ စုစုပေါင်း အကျယ်အဝန်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်ဝန်းသည်။ မြို့နယ်သမိုင်း ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအဝင် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က"ဗန့်ဂျီနယ်" ဟုလည်း ပြောကြသည်။)ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမားချောင်းနှင့် မြောက်ယမားချောင်းအကြားတွင် တည်ရှိသောကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရသည်။ မြို့နယ်အဖြစ် ၁၉၀၁-ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ်ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂-ခုနှစ်တွင်မှ တရားဝင် သတ်မှတ်ခဲ့သည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စုအဖြစ်သာ တည်ရှိခဲ့သည်။ မြေအနေအထား ယင်းမာပင်မြို့နယ်အတွင်း၌ တောင်တန်းနှင့် ဆင်ခြေလျှော ဒေသမှာ မြေပြန့်လွင်ပြင် ဧရိယာထက် ပိုမိုကျယ်ဝန်းသည် မှန်သော်လည်း ဤမြို့နယ်တွင် အလွန် မြင့်မားသော တောင်ကုန်းတောင်တန်းကြီးများ မရှိပေ။ မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် တောင်ကျချောင်း(ယမားချောင်း)မှာ အနောက်မှ အရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင်ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့စီးဝင်သည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့် ကျေးရွာအနီးတွင် ပေါင်းဆုံသည်။ ၎င်းချောင်းများသည် ရေစီးအလွန် လျင်မြန်သည်။ သို့ဖြစ်၍ ၎င်းချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရွှေလှန်၊ ပန်းမထုံး၊ ရေအောင့် စသည့်ကျေးရွာများသည် ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရသည်။ လမ်းပန်းဆက်သွယ်ရေး မုံရွာ - ပုလဲ - ဂန့်ဂေါလမ်း၊ ၁၂-ပေ အကျယ် ကတ္တရာခင်း ကားလမ်းသည် ယင်းမာပင်မြို့နယ်ကို ဖြတ်သန်းလျက် ရှိသည်။ မိုင်တိုင် အမှတ် ၉/၀ မိုင်မှ ၂၃/၄ မိုင်သည် ယင်းမာပင်မြို့နယ် အပိုင်း ဖြစ်၍ (၁၄) မိုင် (၄) ဖာလုံ ရှည်လျားသည်။ ဤ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမှာ ရာသီမရွေး ဆက်သွယ် သွားလာနိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ ထိုပြင် ပွင့်လင်းရာသီ၌ မြို့နယ် အတွင်းရှိ ကပိုင်၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စသည့် ကျေးရွာများမှ ယင်းမာပင်မြို့ကို ဖြတ်သန်း၍ မုံရွာမြို့သို့ ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင် ပေးခြင်း၊ ကနီ-ယင်းမာပင်-မုံရွာ ကားလမ်းဖြင့် သွားလာနိုင်ခြင်း တို့ဖြင့် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေ ချောမွေ့လျက် ရှိသည်။ ယင်းမာပင်မြို့မှ မုံရွာမြို့သို့လည်း ကားကြီးကားငယ် များဖြင့် အချိန်မရွေး သွား လာနိုင် သကဲ့သို့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော ကလေးဝ-ယာကြီး-မင်းဒေါင့်-မုံရွာ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုလျက် ယင်းမာပင် မြို့နယ်မှ ခရီးသည်နှင့် ကုန်စည် များကို အချိန်အခါမရွေး သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ်သည်။ ရာသီဥတု ယင်းမာပင်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သည့်အပိုင်းတွင် ပါရှိသည်။ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် ၃၀"နှင့် ၄၀" အကြားသာ ရွာသွန်းလေ့ရှိသည်။ မိုးရေချိန် အနည်းဆုံးလမှာ ဧပြီလဖြစ်၍ အများဆုံးလမှာ အောက်တိုဘာလဖြစ်သည်။ ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်လေ့ရှိသည်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး(၄၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်၍ အမြင့်ဆုံးအပူချိန်မှာ (၁၁၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ အအေးဆုံးလမှာ ဇန်နဝါရီလဖြစ်၍ အပူဆုံးလမှာ ဧပြီလဖြစ်သည်။ ပေါက်ရောက်သော အပင်များ ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်း ဒေသတွင်သာ ပေါက် ရောက် နိုင်သည့် သန်း၊ ဒဟတ်၊ ထနောင်း၊ ရှား၊ ဇီးဖြူ၊ တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက်သည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့် ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှင်ဝါး၊ တင်းဝါး၊ သနပ်ခါး စသည်တို့ ပေါက်ရောက်ကြသည်။ ဆေးဘက်ဝင် အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊ နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုးခါ(မင်းကိုးဒါး) စသော ဆေးဘက်ဝင် အပင်များ ပေါက်ရောက်သည်။ ယင်းမာပင်မြို့နယ် ကျောက်မှော်ရွာမှထွက်သော သနပ်ခါးသည် အညာဒေသတွင် နာမည်သည်။ စိုက်ပျိုးရေး ယင်းမာပင်မြို့နယ်တွင် စီမံကိန်းသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက် ရှိရာ မိုးရာသီ၌ မိုးကြိုစပါး စိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေပဲ၊ ဝါကလေး၊ ပဲစိမ်းငုံ သီးနှံများ အဓိကထား၍ စိုက်ပျိုးပြီး မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်းရာသီတွင် ထောပတ်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်သည်။ ယင်းမာပင်မြို့နယ်၏ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧက ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်သည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးပျိုး မရသည့် မြေ စုစုပေါင်းမှာ (၄၀၉၈၂) ဧက ရှိသည်။ ကိုးကား စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များ မုံရွာခရိုင်
https://my.wikipedia.org/wiki/%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%95%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ယာမာဘုံ
ဆင်းရဲဒုက္ခမှ ကင်းကြသော နတ်ချမ်းသာများ နေရာဘုံဖြစ်သည်။ တာဝတိံသာ၌ သိကြားမင်းရှိသကဲ့သို့ ယာမာဘုံတွင်လည်း သုယာမနတ်မင်း အုပ်ချုပ်သည်။ ယင်းနတ်မင်းသည် သိကြားမင်းရာထူးကိုလည်းရသည်။ ယာမာနတ်သက်သည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၂၀၀၀)ရှိသည်။ လူတို့၏အရေအတွက်အားဖြင့် (၁၄)ကုဋေ(၄)သန်းရှိသည်။ လူတို့၏ နှစ်(၂၀၀)သည် ယာမာနတ်ပြည်၌ (၁)ရက် ဖြစ်သည်။ ကျမ်းကိုး ၃၁-ဘုံ နတ်ဘုံ ခြောက်ဘုံ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%AC%E1%80%99%E1%80%AC%E1%80%98%E1%80%AF%E1%80%B6
ဦးဘွန်းတု
ဦးဘွန်းတု () () သည် လင်းနပ်စ် အခြေခံ ဒီဘီယန်း မှ ခွဲထွက်လာသော ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် တစ်ခုဖြစ်သည်။ ဦးဘွန်းတုသည် သာမန် ကွန်ပျူတာသုံးစွဲသူများအတွက် လွယ်ကူစွာ သွင်းယူ၍ အသုံးပြုနိုင်စေရန်နှင့် ခေတ်မီပြီး တည်ငြိမ်သော စီမံစနစ် တစ်ခုကို ပေးအပ်ရန်ဖြစ်သည်။ ဂရပ်ဖစ်အသားပေးသည့် Gnome desktop environment ကို အသုံးပြုသည်။ စတင်သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစွာ အသုံးပြုစေနိုင်ရန်လည်း ရည်ရွယ်စီမံထားပြီး၊ Ubuntu ဟူသည့် အဓိပ္ပာယ်မှာ အာဖရိကန်ဘာသာဖြစ်၍ "တဦးနှင့် တဦး စာနာထောက်ထားခြင်း" ဟု အဓိပ္ပာယ်ရသည်။ အခြေခံ လူ့အဖွဲ့အစည်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ကွန်ပျူတာ စီမံစနစ် တစ်ခုဖြစ်သည်။ ၎င်းကို လက်ဆွဲကွန်ပျူတာမှအစ၊ စားပွဲတင်ကွန်ပျူတာနှင့် ဆာဗာကွန်ပျူတာအဆုံး အသုံးပြုနိုင်သည်။ ဦးဘွန်းတု နှင့်အတူ ၎င်းအမျိုးအစားများ ဖြစ်ကြသည့် ကုဘွန်းတု၊ ဆုဘွန်းတု၊ နှင့် အက်ကျူဘွန်းတု ဟူ၍ ရှိသေးသည်။ မူကွဲများ ကုဘွန်းတု(Kubuntu) စနစ်တွင် KDE environment အား အသုံးပြုထားသည်ကို တွေ့ရသည်။၊ K Desktop ဟု အများက ခေါ်ဆိုကြသည်။ ၎င်းစနစ်မှာ အနည်းငယ် အဆင့်မြင့်သည့်အတွက် လင်းနစ်သုံးစွဲပုံ ကျေညက်ပြီးသော သုံးစွဲသူများအတွက် သင့်တော်သည်။ အုဘွန်းတုကဲ့သို Configuration Options များ သည် မလွယ်ကူသည့်အတွက် အဆင့်မြင့်သည် ဟု သတ်မှတ်နိုင်သည်။ ၎င်းတွင်လည်း konqueror ကဲ့သို့ web browser နှင့် File Manager ၊ Kopete ကဲ့သို့သော Instant Messenger ၊ K3B ကဲ့သို့ စီဒီ ရေး/ဖတ်စက်များအား အဆင့်သင့် ထည့်သွင်းပေးထားသည်။ ဆုဘွန်းတု(Xubuntu) ဆိုသည်မှာ Gnome နှင့် KDE များထက် ပေါ့ပါးသော Xfce Environment ကို သုံးသည်။ ဆုဘွန်းတုသည် ဦးဘွန်းတု၊ ကုဘွန်းတု များကဲ့သို့ အသွင်အပြင်ပိုင်းကို ဦးစားမပေးချေ။ ၎င်းသည် မှတ်ဉာ‎ဏ် ၁၂၉ နှင့် ၂၅၆ မီဂါဘိုက်အခြေအနေတွင်ပင် ပေါ့ပါးစွာ သုံးနိုင်သော စွမ်းရည်ရှိသည်။ သို့သော် ကုဘွန်းတု၊ ဦးဘွန်းတု ထက်မလျော့သော point & click configuration options များဖြင့် ပြုလုပ်ထားသည်ကို တွေ့ရသည်။ အက်ကျူဘွန်းတု(Edubuntu) သည် ပညာရေးဝန်ဆောင်မှု အတွက်သာ သီးသန့်ထုတ်လုပ်ထားသည်။ ၎င်းကို Gnome ၌ ထည့်သွင်းသော်လည်း ဦးဘွန်းတု ကဲ့သို့ Default Applications မဟုတ်ပေ။ ပညာရေး ကဏ္ဍတွင် အသုံးပြုသည့် သီးသန့် apps များဖြင့် တန်ဆာဆင်ထားသည့်အပြင် GPaint, Atomix နှင့် Xaos တွင် ပါရှိသော apps များလည်း ပါဝင်သည်။ အထက်ဖော်ပြပါအတိုင်း Ubuntu မျိုးကွဲများတွင်ပင် သုံးစွဲသူအလိုက် ၄ မျိုး ထပ်မံခွဲခြားနိုင်သည်။ အကယ်၍ သင်သည် program၊ publications web များ ရေးသားသူတစ်ဦးဖြစ်ပါက အနည်းငယ်မျှ အဆင့်မြင့်သည် Kubuntu သုံးစွဲနိုင်သကဲ့သို့ ၊ Gnome ‎ဂရပ်ဖစ်ပုံစံများအား ကြိုက်နှစ်သက်လျှင် Ubuntu ကို အသုံးပြုနိုင်သည်။ ။ မိမိအနေဖြင့် Kubuntu-Deskop ကို Ubuntu ပေါ်၌ သုံးစွဲလိုလျှင်လည်း ရနိုင်သည်။ Gnome နှင့် KDE native applications ကိုလည်း Xfce တွင် သုံးနိုင်သည်။ လိုက်လျောညီထွေမှု အပြည့်ရှိသည် ဆိုလျှင် မမှားချေ။ အဘယ်ကြောင့်ဆိုသော ထို Ubuntu, Kubuntu, Xubuntu နှင့် Edubuntu များ၏ applications များသည် ၎င်းတို့အချင်းချင်း တာဝန်ခွဲဝေ‌ အသုံးပြုနိုင်သော အလေ့အထကြောင့်ပင် ဖြစ်သည်။ ဖြန့်ချိပြီးအမျိုးအစားများ ဦးဘွန်းတု သည် လူကြိုက်များသော အမျိုးအစားတစ်ခုဖြစ်ပြီး ၂၀ ရက်နေ့ အောက်တိုဘာလ ၂၀၀၄ ခုနှစ်တွင် ပထမဆုံအကြိမ် စတင်၍ လူအများထံ သို့ ဖြန့်ချိခဲ့သည်။ အုဘွန်းတု ကို အာဖရိကန်ဘာသာစကားဖြင့် "တစ်ဦးနှင့် တစ်ဦး စာနာထောက်ထားခြင်း" ဟု အဓိပ္ပာယ်ရပြီး အခြေခံ လူ့အဖွဲ့အစည်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော Operating System တစ်ခုဟု ဆိုနိုင်သည်။ Laptop, Desktop များသာမက Server ကွန်ပျူတာများအတွက်ပါ အသုံးပြုနိုင်သည်။ ဦးဘွန်းတု သည် ဂရပ်ဖစ်များအား အသားပေးသော Gnome Desktop eEnvironment ကိုသုံးပြီး စတင်သုံးစွဲသူများအတွက် အထူးသင့်လျော်သော အမျိုးအစားတစ်ခု ဖြစ်သည်။ Ubuntu သည် Debian အမည်ရှိ Linux Distro တစ်ခု၏ code project မှတစ်ဆင့် ဆင်းသက်လာသည်။ Ubuntu ၏ မူလရည်မှန်းချက်မှာ လွယ်လွယ်ကူကူ လွတ်လွတ်လပ်လပ်သုံးစွဲနိင်သော (အခမဲ့ ဟူသော အဓိပ္ပာယ်ထက် လွတ်လပ်မှုကို ပိုမိုရည်ညွန်းသည်) Linux Distro တစ်ခုဖြစ်သည်။ Ubuntu ၏ဆောင်ပုဒ်မှာ "လူသားများအတွက် Linux" ( Linux for human being ) ဟူ၍ ဖြစ်သည်။ Ubuntu Distro များကို ခြောက်လတစ်ကြိမ် ထုတ်လုပ်လျက်ရှိပြီး လေးကြိမ် (၂၄ လကြာတိုင်း) တစ်ခါ LTS (Long Term Support ) အနေဖြင့် ထုတ်လုပ်သည်။ LTS distro များသည် Desktop version များအတွက် သုံးနှစ် အထိ အခက်အခဲများကို တရားဝင်ကူညီဖြေရှင်းပေးပြီး Server Version များတွင်မူ ငါးနှစ်အထိ ပံပိုးသည်။ 11.04 (Natty Narwhal) မှအစပြု၍ မူရင်း GNOME Desktop Environment အစား QT ကိုအသုံးပြုထားသည်။ ရည်ရွယ်ချက်မှာ ရွေ့လျားအသုံးပြုနိုင်သော စက်ပစ္စည်းများအပေါ်တွင် ပံပိုးရန်ရည်ရွယ်ထားသည်။ Ubuntu သည် မူရင်း Debian မှမွေးဖွားလာသောကြောင့် Software အများစုသည်လည်း Debian မှအသုံးပြုသော Software များပင်ဖြစ်သည်။ ထိုကြောင့် Ubuntu တွင် Debian တွင်အသုံးပြုသော .deb package များကို အသုံးပြုနိုင်သည်။ .deb package ဆိုသည်မှာ debian binary ကိုဆိုလိုခြင်းဖြစ်ပြီး ဝင်းဒိုးစ် ကွန်ပျူတာ စက်လည်ပတ်ရေးစနစ် မှ .exe နှင့်အလားတူသည်ဟု ဆိုနိုင်သည်။ Ubuntu ကို ၂၀၀၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် Canonical ကုမ္ပဏီလိမိတက်မှ စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်သူမှာ မက် ရှယ်တယ်ဝပ် ဖြစ်သည်။ Ubuntu စတင်တည်ထောင်ချိန်တွင် အမေရိကန်ဒေါ်လာ ၁၀သန်းဖြင့် စတင်ခဲ့သည်။ အဆိုပါအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ထပ်မံထွက်ရှိလာသော Ubuntu ၏ version အားလုံးကို ကူညီပံပိုးရန်ဖြစ်သည်။ မက် ရှယ်တယ်ဝပ် မှာလည်း အာဖရိက လူမျိုး အာကာသယာဉ်မှူးဟောင်းတစ်ဦးပင်ဖြစ်သည်။ ၂၀၀၉ ခုနှစ် မတ်လ ၁၂ ရက်တွင်မူ Ubuntu သည် Amazon EC2 ကဲ့သို့သော Cloud Computing နည်းပညာကို စတင်ပံပိုးမည်ဟု ကြေညာခဲ့သည်။ ၂၀၀၄ ခုနှစ်မှစ၍ ယနေ့ထိ ထွက်ရှိခဲ့ပြီးသော ဦးဘွန်းတုများမှာ အောက်ပါအတိုင်းဖြစ်သည်။ စက်အတွင်းသို့ ထည့်သွင်းခြင်း Ubuntu ကို Install လုပ်ရာတွင်ယေဘူယျအားဖြင့်နည်းလမ်းနှစ်မျိုးရှိသည်။ သာမန် အခြားသော Operating System များ Install လုပ်သကဲ့သို့ Partition ပိုင်း၍ Install လုပ်ခြင်းနှင့် Wubi (Window Ubuntu Binary Installer ) ကိုအသုံးပြု၍ Install လုပ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ wubi ကိုအသုံးပြုခြင်းဖြင့် Partition ပိုင်းစရာမလိုသည့်အပြင် Install ပြုလုပ်ချိန်မှာ ၁၅မိနစ်ခန့်သာကြာဖြင့်သဖြင့် အထူးလူကြိုက်များကျော်ကြားသော နည်းလမ်းတစ်ခုဖြစ်သည်။ ပြည်တွင်းအထောက်အပံ့ Ubuntu LoCo Team ဟု ခေါ်ဆိုသည့် ပြည်တွင်း အထောက်အကူပြု Local Community များသည် Ubuntu ၏ ထူးခြား အာသာချက်များအဖြစ် တည်ရှိနေသည်။ ပြည်တွင်းတွင် မိခင်ဘာသာစကားဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း အကူအညီရယူနိုင်ခြင်း မှအစ မိခင်ဘာသာစကားဖြင့် အသုံးပြုနည်း လမ်းညွှန်များ ညွှန်ကြားချက်များကိုလဲ ထောက်ပံ့လေ့ရှိကြသည်။ LoCo Team များကို နေရာ ဒေသအလိုက် ဖွဲ့စည်းလေ့ ရှိပြီး ထိုအဖွဲ့နှင့် ဆက်စပ်၍ ကွန်ပျူတာသုံးစနစ်ကို ဘာသာပြန်ဆိုသည့် အဖွဲ့အစည်း၊ အသုံးပြုနည်း လမ်းညွှန်ချက်ကို ဘာသာပြန်ဆိုသည့် အဖွဲ့အစည်း၊ သင်ကြားရေး အဖွဲ့အစည်း၊ တိုးတက်စေရေး အကြံပြုကြသူများ၊ ဆော့ဝဲ ရေးသားကြသူများ၊ အနုပညာပညာဆိုင်ရာ အတတ်ပညာဆိုင်ရာ အဖွဲ့အစည်းငယ်များဖြင့် ဖွဲ့စည်းလေ့ရှိသည်။ မူရင်း LoCo Team စာရင်းတွင် LoCo Team List ကို ကြည့်ရှုနိုင်သည်။ အာရှ၏ Team ပေါင်း ၆၀ ကျော်တွင် Myanmar Team နှင့် Korea Team သည် တရားဝင်အသိအမှတ်ပြုခံထားရသည်။ Ubuntu Myanmar LoCo Team သည် 100% ပြည့် ထောက်ခံချက်ရရှိပြီး ၁၀ နှစ် ဆက်တိုက် တက်ကြွလှုပ်ရှားမှု ရှိသော အသင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ထားကြသည်။ ၂၀၀၉ ခုနှစ်မှ စတင်၍ လက်ရှိအချိန်ထိ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၂၃ မြို့ နေရာပေါင်း ၅၇ နေရာတွင် ပွဲပေါင်း ၁၃၇ ပွဲ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ အနာဂတ် ဦးဘွန်းတု၏ ထူးခြားသော အချက်မှာ အခမဲ့ခြင်း ဖြစ်သည်။ ဦးဘွန်းတုအား ဦးဆောင်သူများက ၎င်းတို့၏ ဝက်ဆိုဒ်တွင် ဦးဘွန်းတုသည် အမြဲတမ်း အခမဲ့ဖြစ်သည်ဟု ဖော်ပြထားလေသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အိုင်တီလောကအတွက် ငွေကုန်ကြေးကျ သက်သာစေမည့် အစီအစဉ်ပင်ဖြစ်သည်။ Installations CD/DVD များအားလည်း အခမဲ့ မှာယူရရှိနိုင်သည်။ သို့သော် ၂၀၁၀ခုနှစ် နှောင်းပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် Shipit အစီအစဉ်ကို ရပ်ဆိုင်းထားသည်။ Ubuntu Loco Team များမှတစ်ဆင့်သာ မှာယူရရှိနိုင်သည်။ လင်းနစ်ခ် သုံးခြင်းဖြင့် ကွန်ပျူတာကို လုံလုံခြုံခြုံ သုံးနိုင်သည့်အပြင် ၎င်းတွင်ရှိသည့် အစိတ်အပိုင်းတိုင်းကိုလည်း ပြုပြင်နိုင်ခွင့် ရှိသည်။ ကိုးကား ဆက်စပ်ဖတ်ရှုရန် Kali Linux ပြင်ပလင့်ခ်များ Ubuntu Kubuntu Xubuntu Edubuntu Ubuntu Forum ubuntu-mm.net Flickr - Ubuntu-MM ဦးဘွန်းတု ၂၀၀၄ ဆော့ဖ်ဝဲလ်
https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%98%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%AF
ယမိုက်
ယမက ခေါ် ယမိုက်ကျမ်း သည် အဘိဓမ္မာ ၇ ကျမ်း တွင် တစ်ကျမ်း အပါအဝင် ဖြစ်သည်။ အဘိဓမ္မာဝေါဟာရတို့၏ အဓိပ္ပာယ် သတ်မှတ်ချက်ကို ပို၍ သေချာတိကျစေရန်၊ အစုံ, အစုံအားဖြင့် အမေးအဖြေပြု၍ ဟောကြားထားသည်။ ဥပမာအားဖြင့် “ကုသလဓမ္မအားလုံးတို့သည် ကုသလမူလဖြစ်သလော၊ သို့တည်းမဟုတ် ကုသလမူလအားလုံးတို့သည် ကုသလဓမ္မဖြစ်သလော” စသဖြင့် အစုံပြု၍ မေးဖြေထားသည်။ မူလ, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယဟူ၍ ယမိုက် ၁၀-ကျမ်းရှိသည်။ အဘိဓမ္မာပိဋကတ်
https://my.wikipedia.org/wiki/%E1%80%9A%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%BA
လားဟူလူမျိုး
လားဟူလူမျိုးများသည် တိဘက်မြန်မာ "လိုလို" ဟူသော လူမျိုးမှ ဆင်းသက်လာသည်။ ခရစ်တော် မပေါ်မှီ ဘီစီ ၆၀၀ ခန့်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေ များပြားလာသည်နှင့် အမျှ ရေကြည်ရာ မျက်နုရာသို့ ပြောင်းရွှေ့လာရာ မဲခေါင်မြစ်၊ သံလွင်မြစ် ကြောင်းအတိုင်း စုန်ဆင်းလာရာ တရုတ်ပြည် တောင်ပိုင်း ရှမ်းပြည်နယ်၊ ယိုးဒယားနိုင်ငံ၊ လာအိုနိုင်ငံ နယ်စပ်ဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ တရုတ်နိုင်ငံ လန်ချန်း လားဟူပြည်နယ်တွင် ၅ သိန်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ၂ သိန်း၊ ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် ၁ သိန်း စုစုပေါင်း ၈ သိန်းခန့် ရှိသည်။ လားဟူအနွယ်ဝင် လားဟူ န နှင့် လားဟူ ရှိ ၂ မျိုးရှိသည်။ အမျိုးကွဲပေါင်း ၂၀ ကျော် ရှိပြီး ကျိုင်းတုံမြို့တွင် ၁၂ မျိုး နေထိုင်သည်ဟု သိရသည်။ လားဟူ အမျိုးသားများသည် ပိတ်အနက်ဖြင့် ချုပ်ထားသော ဘောင်းဘီ၊ အင်္ကျီနှင့် ခေါင်းပေါင်းရှည်ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ရှေးယခင်က အင်္ကျီအရှည်နှင့် ခေါင်းပေါင်းအရှည် ဝတ်ဆင်ကြောင်း သိရသည်။ ယခုအခါ အင်္ကျီခါးတို၊ လုံချည်၊ ထမီများပြောင်းလဲ ဝတ်ဆင်လာသည်။ ရိုးရာဝတ်စုံများကို မင်္ဂလာဆောင်ပွဲ၊ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူးပွဲစသော အခါကြီးရက်ကြီးများတွင် ဝတ်ဆင်ကြသည်။ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက်ကောက်၊ ငွေနားတောင်း၊ ငွေလည်ဆွဲပြားတို့ ဖြစ်ပြီး အမျိုးသားများမှာ လွယ်အိတ်၊ ဓား၊ ဆေးတံ၊ တူမီးသေနတ်တို့ကို အမြဲ ကိုင်ဆောင်လေ့ရှိသည်။ လားဟူ လူမျိုးများသည် နတ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာတို့ကို ကိုးကွယ်ကြသည်။ လားဟူ လူမျိုးတို့၏ အနှစ်သက်ဆုံး အလုပ်မှာ "အမဲလိုက်ခြင်း" ဖြစ်သည်။ လားဟူလူမျိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာကော်မှစ၍ ကျိုင်းတုံနယ် အရှေ့ဖျားတိုင်အောင်ခရီးလမ်းတစ်လျှောက် ကျေးရွာများတွင် နေထိုင်ကြ၍ လိုလို အုပ်စုခွဲတွင် ပါဝင်ကြသည်။ လားဟူလူမျိုးစုတို့တွင် လားဟူနနှင့် လားဟူရှီ ဟူ၍ နှစ်မျိုးရှိပြီးလျှင် ရှမ်းများ ကမူ ယင်းတို့ကို မူဆိုးဟုခေါ်ကြသည်။ ဤသို့ခေါ်ခြင်းကို လားဟူတို့ကမနှစ်သက်ကြဘဲ ယင်းတို့အချင်းချင်းသည် တစ်ဦးကိုတစ်ဦး လားဟူဟုသာခေါ် ကြသည်။ ရှေးအခါက လားဟူတို့သည် သံလွင်မြစ် မြောက်ဖျား အရပ်ဒေသတွင် နေထိုင်ခဲ့ကြ၍ ယခုအခါ မိုင်းဆတ်၊ မိုင်းပန်နှင့် ကျိုင်းတုံ အနီးတစ်ဝိုက် ကျေးရွများသို့ ပြောင်းရွေ့ရောက်ရှိလာ ကြသည်။ လားဟူများသည် နတ်ကို လုံးလုံးလျားလျား ကိုးကွယ်သည်ဟူ၍ မရှိခဲ့ချေ။ နောင်ပွင့်မည့်ဘုရားကို မျှော်နေကြသူများဖြစ်သည် ဟုပြောဆိုကြ သည်။ အိမ်ဦးခန်းတွင် ဘုရားစင်ကို နတ်စင်ကဲ့သို့ ထားရှိကြသည်။ ယင်း တို့လူဦးရေ ၁ဝ ပုံ ၉ ပုံမှာ ဗုဒ္ဓဝါဒီများဖြစ်သော်လည်း ရုပ်ပွားတော်များကိုထားပြီး ထင်ထင်ရှားရှား ကိုးကွယ်ခြင်းမရှိကြချေ။ အချို့မှာ ခရစ်ယာန် ဝါဒီများဖြစ်ကြသည်။ လားဟူများသည် လယ်ယာလုပ်ခြင်းထက် တောင်ယာခုတ် အလုပ်မျိုးကိုသာ အားထား၍ လုပ်ကိုင်ကြသည်။ တောင်ယာပဲခင်းမှ ပေါ်ဦး ပေါ်ဖျားဖြစ်သည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် စပါး၊ ပဲ၊ ပြောင်းများကို ရှေးဦးစွာ မိမိတို့ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက်လှူဒါန်းပူဇော်ပြီးမှ စားသုံးကြသည်။ လားဟူများသည်လူတိုင်းလိုလို ဦးခေါင်းထိပ်တွင် ကျစ်ဆံမြီးထားကြရသည်။ ထိပ်လယ်တွင်ရှိသော ဗွေနေရာ၌ ဆံပင်ကိုရိတ်လိုက်လျှင်ဖျားနာပြီးသေတတ်သည်ဟုအယူရှိကြသည်။ လားဟူနသည် ယောက်ျား၊ မိန်းမ နှစ်ဦးစလုံးပင် ရင်ဖုံးအင်္ကျီများ ဝတ်ကြသည်။ ရင်ကွဲအင်္ကျီမှာ ယခုခေတ်တွင်မှ ဝတ်သောအင်္ကျီဖြစ်သည်။ ယင်းတို့ အဝတ်တွင် အိမ်ထောင်ကျပြီးသူများအတွက် ရွှေချည်ထိုးရာ၌ အပြာနှင့်အစိမ်းရောင်ကိုသာထိုးရသည်။ လူပျို အပျိုများအတွက် အနီ၊ အဖြူ၊ အဝါရောင်များထည့်ရသည်။ လားဟူ မိန်းမသည် အဝတ်ရှည်ဝတ်ရသည်။ ဤကဲ့သို့ ဝတ်ဆင် ခြင်းမှာ လင်သားအားလည်းကောင်း၊ လူကြီးမိဘနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများအားလည်းကောင်း ရိုသေသမှုပြုသည်ဟု သဘောထားကြသည်။ လားဟူရှီများမှာ အင်္ကျီတိုဝတ်ဆင်သူများ ဖြစ်ကြသော်လည်း ယင်းလူမျိုးမှ ဆင်းသက်လာခဲ့ သောလူမျိုးများ မှာ အင်္ကျီရှည်ဝတ်ဆင်သူက များပြားလေသည်။ ကောက်သစ်စားပွဲ ကောက်သစ်စားပွဲသည် လားဟူအမျိုးသားတို့အတွက် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ လားဟူလူမျိုးမှာ အရေးကြီးသော ပွဲလမ်းနှစ်ခုရှိသည်။ နှစ်သစ်ကူး ပွဲ (ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ကျင်းပသည်။) ကောက်သစ်စားပွဲ (စက်တင်ဘာအကုန် အောက်တိုဘာအချိန်တွင် ကျင်းပလေ့ရှိသည်။) ကောက်နှံများ ရင့်မှည့်လာသောအချိန်မှာ ရပ်ရွာလူကြီးများက ကောက်သစ်စားပွဲ ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြရ၏။ လားဟူလူမျိုးတို့၏ ပြက္ခဒိန်ရက် သတ်မှတ်မှုသည် တရုတ်လူမျိုးများနှင့် ဆင်တူသည်။ တစ်ပတ်တွင် နေ့ရက် ၁၂ ရက်ရှိပြီး ရက်များကို ခွေး၊ နွား၊ မြွေ စသည့် တိရစ္ဆာန်အမည်များဖြင့် သတ်မှတ်ထားသည်။ ထိုရက်များထဲမှ ယုန်ရက်၊ ကျားရက်နှင့် နဂါးရက်များမှာ နေ့ထူးနေ့မြတ်များ ဖြစ်သောကြောင့် ရွေးချယ်ကြခြင်း ဖြစ်သည်။ ထိုသို့ ရက်သတ်မှတ်ပြီးလျှင် ရပ်ရွာရှိ လမ်းများကို သေချာပြင်ဆင်ပြီး တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြရသည်။ ရွာသူရွာသားများက ကောက်သစ်စားပွဲအတွက် စပါးကို သေချာရိတ်သိမ်းပြီး ဆန်အဖြစ် ထောင်းကြရသည်။ ကောက်သစ်နှင့်အတူ တောင်ယာတွင် စိုက်ထားသော ပြောင်းဖူး၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်များနှင့် ဟင်းခပ် အမွေးအကြိုင်များကိုပါ ဆွတ်ခူး ယူလာကြရသည်။ ကောက်သစ်စားပွဲနေ့ မနက်တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူက တောင်ယာထွက် ကောက်သစ်နှင့် သီးနှံများနှင့် ဘုရားသခင်ကို ဆက်ကပ်ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး ဝတ်ပြု ဆုတောင်းကြသည်။ နတ်ကိုးကွယ်သူများမှာ သူတို့၏ ဘာသာရေးခေါင်းဆောင် ရှိပြီး ယောက်ျားအား သိုဗို ဟုခေါ်ပြီး အမျိုးသမီးကို သာလာမာ ဟုခေါ်သည်။ ထွက်လာသော ဦးဦးဖျားဖျား ဆန်ဖြစ်ဖြစ်၊ တစ်ခြား အသီးအနှံဖြစ်ဖြစ် ဘုရားကျောင်းကဲ့သို့ သီးသန့်ပူဇော်သည့် နေရာ၌ သွားရောက် ပူဇော်ကြသည်။ ထိုကဲ့သို့ ပူဇော်ပြီးနောက် ကောက်သစ်စားပွဲကို ကျင်းပလေ့ရှိသည်။ ကောက်သစ်စားပွဲကို အများအားဖြင့် စုပေါင်းကျင်းပကြသည်။ ရွာအလိုက် ကျင်းပကြသည်လည်း ရှိသည်။ လားဟူများမှာ အချင်းချင်း နီးနီးနားနား နေထိုင်ကြသည်က များသည်။ ဟိုဖက်ရွာ၌ ကောက်သစ်စားပွဲရှိလျှင် ဒီဖက်ရွာမှလည်းသွားကြသည်။ အလည့်ကျ ခေါ်ဖိတ်ပြီး ဆင်နွှဲကြသဖြင့် ပွဲကြီးမှာ စည်ကား၍နေပေသည်။ ချက်ပြုတ်သည့် နေရာမှာမူ ဒေသအလိုက် ကွဲပြားမှုလေးများ ရှိကြသည်။ တချို့က တစ်ရွာလုံး စုပေါင်းချက်ပြုတ်ကြသလို တချို့ကတော့ မိမိတို့ နေအိမ်တွင် ချက်ပြုတ်ပြီး ရွာလည်တစ်နေရာ၌ စုပေါင်းစားသောက်ကြသည်။ ဖိတ်ကြားထားသော ဧည့်သည်များအတွက် ရွာတွင် စုပေါင်းပြီး ချက်ထားတတ်သည်။ ချက်ပြုတ်ထားသည့် အစားအသောက်များ အားလုံး တစ်နေရာတွင် စုပေါင်းထားပြီး ဧည့်သည်များရော ရွာသူရွာသားများပါ အတူတူ လက်ဆုံစားကြသည်။ လားဟူရိုးရာအရ ကောက်သစ်စားပွဲ ပြင်ဆင်ရာ၌ ထမင်းနှင့်ဟင်းကို လားဟူဘာသာဖြင့် အာဖရှခေါ် သစ်ရွက်ရှည် တစ်မျိုးဖြင့် ထုတ်ပြီး ပေါင်းရသည်။ ထိုသို့ ပေါင်းရာမှာလည်း အရွယ်တူ သစ်ရွက်နှစ်ရွက်ကို ကြက်ခြေခတ်ထုတ်ပြီး နှီးနှင့်ချည်ကာ ပေါင်းရသည်။ ဧည့်သည်များအား ထိုထမင်းပေါင်း ဟင်းပေါင်းများနှင့် ဧည့်ခံရသည်။ ကောက်သစ်စားပွဲမှာ ရိုးရာအရဆိုလျှင် ပန်းကန်ခွက်ယောက်များ လုံးဝမသုံးရပါ။ ကောက်သစ်စားပွဲမှာ မလုပ်မဖြစ်သည့် ရိုးရာတစ်ခုပါသည်။ မပါမဖြစ်သည့် ရိုးရာတစ်ခုက ဟွန်တောင်ထီးဟု ခေါ်သော ရိုးရာဟင်းဖြစ်သည်။ ထိုဟင်းသည် အသားကို ဟာကြား ဟုခေါ်သော ဆီးဖြူခေါက်၊ ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မြိတ်စသည့် ဟင်းခတ် အမွေးအကြိုင်များနှင့် ရော၍ တောက်တောက်စင်း ဖက်နှင့်ထုတ်ပြီး ပေါင်းထားသော ဟင်းတစ်မျိုးဖြစ်သည်။ ထိုရိုးရာဟင်းအတွက် တချို့က ကောက်သစ်စားပွဲ မတိုင်မီ အမဲလိုက်ကြပြီး ရလာသော အသားများနှင့် ချက်ပြုတ်တတ်ကြပေသည်။ စားသောက်ပွဲ ပြီးသောအခါ ဗုံ၊ မောင်း၊ ဗူးပုလွေ စသည့် ရိုးရာတူရိယာများကို တီးမှုတ်ပြီး ကပွဲ ကျင်းပကြသည်။ အယူအဆ (လားဟူ အမျိုးသားများ) ရွာထိပ်သစ်ပင်များကို မခုတ်ရ။ ရွာထိပ်နတ်စင်နှင့် ရွာအနီးအနားရှိ သစ်တောကို မီးရှို့ခြင်း၊ ထင်းခုတ်ခြင်း မပြုရ။ ခုတ်လျှင် သေတတ်သည်၊ ကျားကိုက်တတ်သည်ဟု အယူရှိကြသည်။ (လားဟူ အမျိုးသားများ) ရွာတွင် သူတပါးသားမယားအား ပြစ်မှား ကျူးလွန်သူရှိပါက ကျွဲကို ကျားဆွဲတတ်သည်။ ကိုးကား မြန်မာနိုင်ငံလူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AC%E1%80%B8%E1%80%9F%E1%80%B0%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
လိင်ဖြင့်မျိုးပွားခြင်း
လိင်ဖြင့် မျိုးပွားခြင်း သည် မိဘ နှစ်ပါး တို့၏ ဂျီးများ (genes) ကို ပေါင်းစပ်၍ ကွဲပြားသော မျိုးဆက်သစ်များ ဖြစ်ပေါ်သော နည်းဖြစ်သည်။ ဂျီး မျိုးဆက်များ ပျံနှံ့ခြင်းကို ခရိုမိုဇုန်း (chromosome) ရှိ dixoyribonucleic acid (ဒီအန်အေ) များ ပေါင်းစပ်ခြင်းဖြင့် ဆောင်ညှင်းပြီး မျိုးဆက်သစ်တွင် ခရိုမိုဇုန်း နှစ်မျိုး သယ်ဆောင် ပါဝင်သည်။ ခရိုမိုဇုန်း နှစ်ခု ပါဝင်သော အခြေကို diploid ဟုခေါ်ပြီး ခရိုမိုဇုန်း တစ်ခုသာ ပါဝင်သော အခြေကို haploid ဟုခေါ်သည်။ diploid သက်ရှိရုပ်စု သည်လည်း မိရိုးစစ် (meiosis) နည်းဖြင့် ခရိုမိုဇုန်း တစ်ခုကို ကျပန်းခွထုတ်ခြင်းဖြင့် haploid ဆဲလ် (ဂမိတ်) အဖြစ် ပြောင်းနိုင်သည်။ မိရိုးစစ် နည်းစဉ်တွင် တူညီသော ခရိုမိုဇုန်း များအားရော၍ အသစ်ဖြစ်ပေါ်ပြီး ခရိုမိုဇုန်း ပေါင်းစပ်ခြင်း (chromosome crossover) အဆင့် တစ်ခုလည်းပါသည်။ ခရိုမိုဇုန်း ပေါင်းစပ်ခြင်း နှင့် သန္ဓေအောင်ခြင်း (fertilization) သည် မျိုးဆက်သစ်တွင် မိဘ နှင့် ခြားနားသော ဂျီး မျိုး ကို ရှိစေသည်။ သတ္တဝါ လိင်ဖြင့် မျိုးပွားသော သတ္တဝါ တို့တွင် ၎င်းတို့၏ ဘဝကို haploid အခြေဖြင့်သာ ဖြတ်သန်းပြီး haploid အခြေတွင် ဆဲလ်တစ်ခုသာ ရှိသည်။ သတ္တဝါတို့၏ ဂမိတ် တွင် အထီး နှင့် အမ — သုတ်ကောင် နှင့် မျိုးဥ ဟူ၍ရှိသည်။ ၎င်းဂမိတ် တို့ မိတ်လိုက်ခြင်း ဖြင့် သန္ဓေလောင်း ဖြစ်ပေါ်ပြီး မျိုးဆက်သစ် ရစေသည်။ ဂွေးဥမှ ထုတ်သော အဖိုဂမိတ် သုတ်ကောင် သည် သေးငယ်သော ဆဲလ်ဖြစ်ပြီး flagellum ခေါ် အမြီးပါပြီး ယက်၍ သွားနိုင်သည်။ သုတ်ကောင် သည် အလွန် ချုံ့ထားသော ဆဲလ်ဖြစ်ပြီး သန္ဓေလောင်း ဖြစ်ပေါ်ရန် လိုအပ်သော ဆဲလ်နှင့်ဆိုင်ရာ ပစ္စည်းများ မပါချေ။ သုတ်ကောင်သည် လှုပ်ရှားရန်၊ အမ မျိုးဥ ရှာရန် နှင့် မျိုးဥ တွင်းဝင်ရောက်ရန်သာ အားကြသည်။ သားအိမ်မှ ထုတ်သော အမဂမိတ် မျိုးဥ သည် မသွားနိုင်သော အကြီးစား ဆဲလ်ဖြစ်ပြီး အာဟာရ နှင့် သန္ဓေလောင်း ဖြစ်ပေါ်ရန် လိုအပ်သော ဆဲလ်နှင့်ဆိုင်ရာ ပစ္စည်းများ ပါဝင်သည်။ မျိုးဥဆဲလ်များသည် သန္ဓေလောင်း ဖြစ်ပေါ်ရန် အထောက်အပံ့ပြု အခြားဆဲလ်များပါ ဝိုင်းရံ တတ်ပြီး ဥ အဖြစ် တည်ရှိသည်။ နို့တိုက် သတ္တဝါ များတွင် သန္ဓေလောင်းများ အမ၏ သားအိမ်တွင်းမှာပင် ကြီးထွားပြီး မိခင်ထံမှ အာဟာရ ကို တိုက်ရိုက် ရယူသည်။ ကိုးကား မျိုးပွားခြင်း
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%84%E1%80%BA%E1%80%96%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%95%E1%80%BD%E1%80%AC%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
လိင်စိတ်ဆွခြင်း
လူ့လိင်စိတ် အပြုအမူ တွင်၊ လိင်စိတ်ဆွခြင်း (foreplay) သည် နှစ်ယောက် သို့မဟုတ် ထို့ထက်ပိုသော သူတို့တွင် လိင်စိတ် နိုးထရန် အတွက် ကနဦး စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အပြုအမူတို့ပင်ဖြစ်သည်။ လိင်စိတ်ဆွခြင်းတွင် နမ်းခြင်း၊ ထိခြင်း၊ ဖက်ခြင်း၊ ပြောဆိုခြင်း နှင့် ကြည်စယ်ခြင်း (ကြည်စယ်ခြင်းတွင် ကျေနပ်စေမှုများအပြင် ဆွသော ငြင်းဆိုမှုများ) စသော အမျိုးမျိုးသော အပြုအမူတို့ပါဝင်သည်။ လက်ဖြင့်ဖြစ်စေ ပါးစပ်ဖြင့် ဖြစ်စေ erogenous zones များကို ဆွပါက လိင်စိတ်ဆွခြင်း ဟုခေါ်သည်။ အများဆုံး လိင်စိတ်ဆွခြင်းများမှာ ယောက်ျားလိင်တံစုပ်ခြင်း (fellatio) နှင့် မိန်းမအင်္ဂါစုပ်ခြင်း (cunnilingus) တို့ပင်ဖြစ်သည်။ လိင် အပြုအမူ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%84%E1%80%BA%E1%80%85%E1%80%AD%E1%80%90%E1%80%BA%E1%80%86%E1%80%BD%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
လီဆူလူမျိုး
လီဆူလူမျိုး (; , Lìsù zú; ; လီဆူ: သို့မဟုတ် ) သည် တိဗက်-ဗမာနွယ် လူမျိုးစု ဖြစ်ပြီး မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ အရူနာချာပရာဒစ်ပြည်နယ်တို့ရှိ တောင်တန်းထူထပ်သော ဒေသများတွင် နေထိုင်ကြသည်။ သမိုင်းကြောင်း နေရာဟောင်းသည် ထွန်ယက်စိုက်ပျိုးရန် မကောင်းသည့် အပြင်အတွင်းပိုင်းမှ တရုတ်တို့ကလည်း ထိုးဖောက်ဝင်ရောက်လာကြသည့် အတွက် ထမ်လူမျိုးတို့ထက် မြန်မာနိုင်ငံတွင်းသို့ အနည်းငယ် နောက်ကျမှ ဝင်ရောက်လာသော လူများကား လီဆူလူမျိုးများပင်ဖြစ်သည်။ လီဆူလူမျိုးများကို အချို့ဒေသများတွင် ယောယင်ဟု ခေါ်၍ အချို့ဒေသများတွင် လီရှောဟု ခေါ်ဆိုကြသည်။ ယောယင် ဟူသောနာမည်သည် တရုတ်လူမျိုးက ဂျိန်းဖော့ လူမျိုးကို ခေါ်ဆိုခဲ့သော နာမည်ဖြစ်သည်။ ထိုနာမည်မှာ ဂျိန်းဖော့လူမျိုးတွေကို ခေါ်ခဲ့သောနာမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဂျိန်းဖော့လူမျိုးတွေက လီဆူလူမျိုးကို ထိုနာမည်ခေါ်ခဲ့သည်။ တရုတ်တို့က လီဆူလူမျိုးကို ယော်ယင် မခေါ်ခဲ့ပါ။ လီရှော ဆိုသော အခေါ်မှာလဲ အချို့ဒေသတွင်မှတ်ပုံတင်လုပ်ရ ခက်ခဲသောကြောင့် လီဆူလူမျိုးမှ လီရှောလို့ မ (မ)ခေါ်ပေးပါရန် တောင်းဆိုသဖြင့် ယခုအခါ လီဆူဟုပြောင်းလဲခေါ်ဆိုကြသည်။ လီဆူတို့သည် ၁၁ ရာစု နောက်ပိုင်းမှ ဝင်ရောက်လာကြခြင်းဖြစ်သည်။ သံလွင်မြစ်ကြောင်း အတိုင်း ဆင်းသက်လာကြပြီးလျှင် အာကျန်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြသည်။ လီဆူတို့ သည် တခြား ကချင်မျိုးနွယ်စုများနည်းတူ ရှေးယခင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ဒေသတွင် အခြေစိုက်နေထိုင်ခဲ့သည်။ လီဆူတို့သည် ပူတာအိုဘက်သို့ တစ်စတစ်စ ထိုးဖောက်ဝင်ရောက်လာခဲ့ကြလေသည်။ အချို့တို့သည် သံလွင်မြစ်ကြောင်းအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ တစ်စတစ်စပျံ့နှံ့သွားခဲ့ကြသည်။ နေထိုင်ရာဒေသ မြောက်ဖျားဒေသရှိ လီဆူတို့သည် ပူတာအို၊ လောခေါင်နှင့် စိန်လုံတောင်တန်း၊ တရုတ်နိုင်ငံ ယူနန်နယ်စပ် ဧရာဝတီနှင့် သံလွင်မြစ် ဖျားကောင်းလူတိုက်နယ် စသည့်အရပ်များတွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ လီဆူလူမျိုးတို့သည် မိမိတို့လူမျိုးများ၏ မူလနေထိုင်ရာ ဒေသ ကြီးမားကျယ်ပြန့်သော (မြစ်ကြီး) တစ်ခု၏ အဖျားပိုင်းမှ ဖြစ်သည်၊ မြင့်မားသော အထက်ပိုင်း အရပ်ဒေသဆီမှ ဆင်းသက်လာ ကြသော လူမျိုးများဖြစ်သည်ဟု လက်ခံယုံကြည်ထားကြပေသည်။ တစ်နေရာတည်းတွင် အတည်တကျ နေထိုင်တတ်ခြင်း မရှိသဖြင့် လီဆူတို့ကို မြန်မာနိုင်ငံ၏ ဂျစ်ပစီလူမျိုးများဟု တင်စား ခေါ်ဆိုနိုင်ကြပေသည်။ လီဆူလူမျိုးများကို အများအပြား တွေ့မြင်နိုင်ကြသည့် နေရာတချို့ကား ၎င်းတို့ အခြေချနေထိုင်သည့် ပူတာအိုနယ် အချိန်းခမြစ်ဝှမ်းဒေသပင် ဖြစ်သည်။ လူမျိုးစုများ လီဆူလူမျိုးသည် တိဗက်မြန်မာအနွယ်ဝင် လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ လီဆူလူမျိုးတို့တွင် အဓိကအားဖြင့် အနွယ်(၃)မျိုးရှိသည်ယင်းတို့မှာ လီဆူမည်း၊ လီဆူဖြူနှင့် ပန်းလီဆူ ဟူ၍ပင်ဖြစ်သည်။ လီဆူအနွယ်တို့သည် ၎င်းတို့၏ မူလနေရင်းဌာနေဖြစ်သော သံလွင်မြစ်ဝှမ်း အထက်ပိုင်းဒေသ၌ နေထိုင်လျက် ရှိနေကြပြီး၊ တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှု လွှမ်းမိုးနေခြင်းကို ခံနေရပေသည်။ လီဆူအနွယ် သုံးမျိုးတွင် ဆွေမျိုးပေါင်း (၁၄) စုခန့်ရှိသည်။ ယင်းတို့မှာ ဂျာခေါ်ဆွေမျိုးနှင့် ဖာ့ခေါ်ယောက်ျားမျိုးဟု အဓိပ္ပာယ်ရသော ဆွေမျိုးစုများ ဖြစ်ကြလေသည်။ ထိမ်းမြားခြင်း အလေ့အထနှင့် ဆင်ယင်ထုံးဖွဲ့ပုံ လီဆူတို့သည် မိမိတို့နှင့် ဆွေမျိုးအုပ်စုချင်း တူသောလူမျိုးများနှင့် လက်ထပ်ယူခြင်းမျိုး ပြုလုပ်လေ့ မရှိကြချေ။ ဆွေမျိုးအုပ်စုချင်း မတူသော လီဆူအမျိုးများနှင့်သာ လက်ထပ်ယူလေ့ ရှိကြသဖြင့် အရပ်အမောင်း ကောင်းခြင်း၊ ကိုယ်ကာယ ထွားကျိုင်းခြင်း၊ ကျန်းမာရေးကောင်းခြင်း တို့နှင့်ပြည့်စုံကြလေသည်။ ထို့ပြင် လီဆူတို့သည် အမြင့်ပေ (၄၀၀၀) နှင့် (၅၀၀၀) အောက်သို့ဆင်း၍နေထိုင် လေ့မရှိကြပေ။ အထက်မှ ဆင်းသက်လာကြသူများပီပီ လီဆူတို့သည် အေးသော မြင့်သော နေရာများတွင်သာ နေထိုင်ကြသူများ ဖြစ်ကြသည်။ ပူတာအိုမှ လီဆူ အမျိုးသမီးတို့သည် အခြားတောင်တန်းဒေသလို လီဆူမျိုးများ ဖြစ်ကြသော အီကောယောယင်၊ လီရှောအာကို၊ လာဟူစသည့် လူမျိုးများတို့နှင့် ဝတ်စားဆင်ယင်မှု မတူညီကြဘဲ တမူထူးခြားလျက် ရှိပေသည်။ လဂျစ်ခေါ် ဂုံလျှော်ပင်မှ ခြည်ထုတ်လုပ်ကာ အမျိုးသမီးတို့သည် အပေါ်ဝတ်အင်္ကျီနှင့် အာက်ပိုင်း ဂါဝန်ရှည် ဖားဖားကြီးများကို ရက်ပေါင်း (30) အတွင်း အပြီးရက်လုပ်ကာ ဝတ်ဆင်လေ့ရှိကြသည်။ လဂျစ်ဂုံလျှော်ဖြင့် ရက်လုပ်ထားသော အမျိုးသမီး အပေါ်ဝတ်များမှာ သေးမျှင်သော အနက်စင်းကလေးများ ဖောက်ထားလျှက် လက်ရှည်ရင်စေ့ ချုပ်ပြီးလျှင် အင်္ကျီလက်၏ အဖျားတွင် (၄) လက်မခန့် အပြားရှိ အနက်ရောင် ပိတ်စဖြင့် အနားကွပ်ထားကြသည်။ ယင်အင်္ကျီ လက်ရှည်ပေါ်မှ တဖန်အနက်ရောင်ရင်စေ့ အပေါ်ဝတ်အင်္ကျီ လက်ပြတ်ကို ရင်ဖွင့်၍ထပ်၍ လိုက်ထားပြီးလျှင် အတွန့်များများနှင့် စကတ်ချုပ်နည်း အတိုင်းချုပ်လုပ်ကာ ခါးကြိုးသွင်း၍ အလျော့အတင်းထားကာ ဝတ်ဆင်ကြသည်။ ယင်းဂါဝန်ရှည်ကြီးများကိုလည်း အင်္ကျီလက်ရှည်နည်းတူ သေးမျှင်သော အနက်ရောင် မတ်တပ်စင်းလေးများအောက်၌ ထားကြသည်။ နားနှစ်ဘက်တွင် ဝတ်ဆင်ထားသော နားကွင်းသည် ပစောက်သဏ္ဌာန်ဖြစ်ပြီးလျှင် (၄) လက်မခန့် အကျယ်ရှိ သံကွင်းကလေးများ ဖြစ်သည်။ ပန်ဆင်သောအခါ ဟနေသောနားကွင်းအဖျားကို နားပေါက်၌ ထိုးသွင်း၍ ဇောက်ထိုး ချထားလိုက်ကာ ကြိုးဖြင့် သူတို့၏ လှပဆန်းကြယ်သော ကြေးခေါင်းလောင်း ငယ်တပ် ပုတီးစေ့ ဦးထုပ်လေးနှင့် ချိတ်တွယ်၍ ထားကြသည်။ အမျိုးသမီးများနည်းတူ အမျိုးသားများသည်လည်း လဂျစ် ဂုံလျှော်မျှင်ဖြင့်ရက်လုပ်ထားသော အနက်ရောင် သို့မဟုတ် အဖြူရောင်ဒူးပေါ်ဝဲနှင့် အပေါ်ဝတ်အင်္ကျီ ရင်စေ့လက်ရှည် အနက်ရောင်ကို ဝတ်ဆင်ကြသည် ခေါင်းပေါ်တွင် အနက်ရောင် (20) ရှည်လျားသည့် အဝတ်ဖြင့်တစ်ရစ်ပြီးတစ်ရစ် ပတ်ပေါင်း ၍ ထားကြသည်။ အချို့ တောပစ် တောင်သူအမျိုးသားတို့ကမူ သူတို့ပစ်ခတ်ရရှိထားသော သားကောင်တို့၏ အရည်ခွံဖြင့် ဦးထုပ်ချုပ်လုပ်ကာ ဝတ်ဆင်လေ့ရှိသည် လီဆူအမျိုးသား ဦးထုပ်ချုပ်ရန် အမြတ်နိုးဆုံး သားကောင်၏ အရေခွံမှာ ဖြူးသို့ ကတိုးကောင်၏ အရေခွံပင်ဖြစ်သည်။ လီဆူအမျိုးသားဝတ်စုံတွင် မပါလျှင် မပြီးသော အရာကား သစ်သား အပြားကြီး နှစ်ချပ်ကို ထည့်ရန် ကပ်ရန် ကြီးကြီးမားမား ခန့်ခန့်ထယ်ထယ် ပြုလုပ်ထားသော ဓားလွယ် အိတ်ပင်ဖြစ်သည်။ ဓားလွယ်အိတ်ကို ဓားသွင်း၍ သူတို့၏ ရင်ပတ် တည့်တည့်နေရာတွင် ထားကာ လှလှပပကြီး လွယ်ထားလေ့ရှိသူများ ဖြစ်ကြသည်။ လီဆူလူမျိုးသည် တိဗက် - မြန်မာအစု၊ လိုလိုမူဆိုးအုပ်စုခွဲတွင် ပါဝင်သော လူမျိုးဖြစ်၏။ လီဆူတို့ကို ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ် နှစ်နယ်စလုံးတွင် တွေ့ရသည်။ ရှမ်းနှင့်မြန်မာများက လီရှောဟု ခေါ်ဆိုကြပြီးလျှင် အချို့လူမျိုးစုများက လီဆိုးဟုခေါ်သည်။ ပူတာအိုနယ်မြေတွင် လီဆူတို့ကို ယောရင်ဟုခေါ်ကြ သည်။ ရှမ်းပြည်နယ်ရှိလီဆူတို့ကိုလီဆောဟုလည်းခေါ်သေးသည်။ ပူတာအိုနယ်မြေရှိ လီဆူတို့ကား မြောက်ဖျားအကျဆုံးလူမျိုးစုများ ဖြစ်ကြသည်။ မြောက်ဘက်နယ်စပ်ဒေသတွင်သာမကတိဗက်နယ် မြေ အတွင်းတိုင်အောင် ပျံ့နှံ့နေထိုင်ကြ ကြောင်းသိရသည်။ ပူတာအိုမှ လီဆူတို့သည် မလိခမြစ်ဖျားနှင့် အရှေ့ဘက် ကမ်းမိုင် ၂ဝ ပတ်လည်အတွင်းရှိ ကျေးရွာများတွင် အများအပြား နေထိုင် လေ့ရှိကြပြီးလျှင် ဆင်ယင်ထုံးဖွဲ့ပုံတွင် အခြားဒေသရှိလီဆူများနှင့် မတူတစ်မူထူးခြားလျက်ရှိသည်ကို တွေ့ရပေသည်။ ဒေသအလိုက် လီဆူလေးမျိုးရှိသည့်အနက် ပူတာအိုနယ်မှ လီဆူတစ်မျိုးတည်းသာ ဂါဝန်များဝတ်ကြသည်။ လီဆူအချို့တို့သည် လောခေါင်နှင့် စိန်းလုံတောင်တန်းတွင်လည်းနေထိုင်ကြပေသည်။ ပူတာအိုနယ်မြေရှိ လီဆူများအပြင် ကျိုင်းတုံလီဆူ၊ ဗန်းမော် လီဆူနှင့် လွိုင်လင်လီဆူဟူ၍ ဒေသအလိုက်လီဆူသုံးမျိုး ရှိပေသေးသည်။ ကျိုင်းတုံလီဆူတို့သည် သံလွင်မြစ်ကြောင်း အလိုက် စုန်ဆင်းလာသူများဖြစ် ကြ၍ လွိုင်လင်လီဆူတို့မှာ ကျိုင်းတုံမှတစ်ဆင့် လွိုင်လင် မိုးနဲနယ်ဘက်သို့ ပြန့်ပွားရောက ်ရှိလာသူများ ဖြစ်ပုံရသည်။ ဗန်းမော်လီဆူတို့မှာ မြောက်ဖျား ဒေသ ပူတာအိုနယ်မြေမှ ကူပြောင်းရောက်ရှိလာသည့် လီဆူတို့၏ အဆက် အနွယ်များပင် ဖြစ်ကြပေသည်။ ရှမ်းပြည်နယ်ရှိ လီဆူလူမျိုးတို့တွင် ခိုလိုလီဆူနှင့် လီဖာလီဆူ ဟူ၍လည်း နှစ်မျိုးရှိပြီးလျှင် တစ်ရပ်တစ်ဒေသတည်းစုရုံးနေထိုင် ်ခြင်းမရှိ၊ အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်လေ့ရှိသည်။ တောင်ပေါ်ဒေသ အေး သောအရပ်များကို ပိုမိုနှစ်သက်သည်။ ရှမ်းပြည်တောင်ပိုင်းတွင် လွိုင်လင် ခရိုင် တောင်ပေါ်ဒေသများ တွင်လည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့်လားရှိုးခရိုင် တောင်ပေါ်ဒေသများတွင်လည်းကောင်း၊ ရှမ်း ပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင်၊ ကျိုင်းတုံနယ်တောင်ပေါ်ဒေသများတွင်လည်းကောင်း နေထိုင်ကြသည်။ ရှမ်းပြည်နယ်တွင် လီဆူ လူဦးရေ ၂ဝဝဝဝခန့် ရှိမည်ဟုခန့်မှန်းရ၏။ လီဆူတို့နေထိုင်သော အိမ်များမှာ တဲတန်းလျားဆန်ဆန်ဆောက် ထား၍ အိမ်ခန်းနှစ်ခုရှိပြီးလျှင် အလယ်တွင် မီးဖိုကိုထားရှိသည်။ လီဆူ လူမျိုးတို့တွင် ဗုဒ္ဓအယူဝါဒီများ၊ခရစ်ယာန်အယူဝါဒီများနှင့် နတ်ကိုးကွယ် သူများ ပါဝင်၏။ ယင်းတို့တွင် သီးခြားစာပေမရှိချေ။ သို့သော် ခရစ်ယာန်အယူဝါဒီ လီဆူတို့တွင် လီဆူဘာသာအသံ ံထွက်အလိုက် အဂ‡လိပ်စာလုံး များဖြင့် ရေးသားသောစာရှိ၏။ ဗုဒ္ဓအယူဝါဒီ လီဆူအချို့မှာ ရှမ်းစာကိုလည်းကောင်း၊မြန်မာစာကို လည်းကောင်း အသင့်အတင့်တတ်ကြသည်။ လီဆူလူမျိုး အမျိုးသားများသည် ဘောင်းဘီအနက်ကို ဝတ်ဆင်၍ တိုက်ပုံအင်္ကျီခပ်ပွပွ ချုပ်လုပ်ထားပြီးလျှင် ငွေကြယ်သီး သို့မဟုတ် ကြွေကြယ်သီးများကို ရှေ့နောက်လှသလို ဆင်ယင်စီထားကာ ဝတ် ်ဆင်ကြသည်။ အမျိုးသမီးများမှာ အောက်ပိုင်းအဝတ်များသည် ထဘီလည်းမဟုတ်၊ ဂါဝန်လည်းမဟုတ်သည့် ပုံစံတစ်မျိုးချုပ်ကာ အထဲဝတ်စုံ အပြင် ်ဝတ်စုံဟူ၍ နှစ်မျိုးဝတ်ဆင်ကြ၏။ အပေါ်ပိုင်းဝတ်စုံအင်္ကျီမှာ လောင်းကွတ်ပုံဏ္ဌာန်ရင်ဖုံးအင်္ကျီပုံမျိုး ချုပ်လုပ်ပြီးလျှင် ယောက်ျား အင်္ကျီနည်းအတိုင်း ငွေကြယ် သီး သို့မဟုတ် ကြွေကြယ်သီးများဖြင့် စိတ်တိုင်းကျ လှသလိုဝတ်ဆင်ထား၏။ ခိုလိုလီဆူအမျိုးသမီးတိုင်း၏ ဝတ်ရုံအင်္ကျီနောက် ခါးစည်းတွင် အမြိတ်တစ်ချောင်းချထား၍ အရောင်မှာ အနီဖြစ်သည်။ လီဖာလီဆူများ၏ ခါးစည်းကြိုးတွင်မူ အမြိတ်နှစ်ချောင်း တွဲလွဲချထားသည်။ ယင်းတို့ကို တောင်ပိုင်နယ်၌ အများအပြားတွေ့ရသည်။ လီဆူတို့သည် များသောအားဖြင့် သစ်လုပ်ငန်း တောင်ယာလုပ် ငန်းနှင့် ဘဲ၊ကြက်၊ ဝက်မွေးမြူခြင်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ရှမ်းပြည်မြောက်ပိုင်း၌အစိုးရသစ်တောကြိုးဝိုင်းမရှိသောနေရာများတွင် လီဆူများသည် တောင်ပေါ်မှ သစ်များကို ခုတ်လှဲ၍ ပျဉ်များ၊ တိုင်များခွဲစိတ်ကာ နီးရာဈေးမြို့များသို့ ယူဆောင်ရောင်းချကြသဖြင့် ငွေဝင်လမ်း ကောင်းကြသည်။ သို့သော် ယခုအခါ မြို့ကြီးများရှိ သစ်စက်များမှထွက် သောသစ်များကိုသာအသုံးများလာသောကြောင့် ယင်းတို့၏ သစ်လုပ်ငန်းမှာအနည်းငယ်ဝင်ငွေလျော့သွားလေသည်။ တောင်ယာလုပ်ငန်းမှာ ယင်း တို့အဖို့ ဝင်ငွေအများဆုံးရသော လုပ်ငန်းပင်ဖြစ်သည်။ အကြီးဆုံး တောင်ယာလုပ်ငန်းမှာသစ်သော့ သီးခြံစိုက်ပျိုးခြင်း၊ မုန်ညင်း၊ အာလူး၊ မုန်လာဥ၊တောင်ဝှေးသီးနှင့် အခြားဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးခြင်းများဖြစ်သည်။ ယင်းတို့ကို ဈေးမြို့များသို့ ပို့ဆောင်ရောင်းချ၍ တစ်ဖန်စားရန် ဆန်အိတ်များ ဝယ်ယူသွားကြသည်။ ဘဲ၊ ကြက်၊ဝက်များကိုသာမက မြည်းနှင့် လားများကိုလည်း သယ်ယူပို့ဆောင်ရေးအတွက် မွေးမြူ ထားကြလေသည်။ လီဆူများသည် အလွန်ရိုးသားပြီးလျှင်အေးချမ်း သာယာစွာနေတတ်သော တောင်ပေါ်သားများဖြစ်ကြသည်။ ရည်ညွှန်းကိုးကား မြန်မာနိုင်ငံလူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AE%E1%80%86%E1%80%B0%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
လူဆိုး
လူဆိုး(ခ)လူမိုက် ဆိုးသွမ်းသောအကျင့်စရိုက်ရှိပြီးစရိုက်အတိုင်း အထိန်းအကွပ်အဆင်ခြင်မဲ့စွာ ကျင့်သုံးသူ။ ပါဠိလို ဗာလ (ဝါ) ဗာလနံ သူမိုက် ပညာရည်ချင်းသိမ်ဖျဉ်းသူများဖြစ်ပြီး အမှားအမှန်ခွဲခြားမသိသူများကို ဆိုသည်။ သူမိုက်များမှာ လူဆိုးဖြစ်လွယ်ဖြစ်တတ်ကြသည်။ လူဆိုးဆိုသည်မှာ မိမိ၏အကျိုးစီးပွား နှင့် ယှဉ်လာပါက မိမိအပေါ်တွင်ကျေးဇူးရှိခဲ့ဘူးသူကိုစာနာထောက်ထားမှု မရှိသူဖြစ်သည်။ လူဆိုး (ဘန်းစကား) ချစ်သူရည်းစားစသည်ချစ်ခင်သူအပေါ်ချစ်စနိုးဖြင့် ကျီစယ်ကလူ နောက်ပြောင် ပြောဆိုသော အချင်းချင်းတိုက်ရိုက်သုံးသောစကား။ လူဆိုး ဆိုးသွမ်း မိုက်မဲသူ။ လူမိုက် နှစ်မျိုး The fool who knows that he is a fool can for that reason be a wise man; but the fool who thinks that he is wise is, indeed, called a fool. Verse 63 လူမိုက်ဖြစ်စေကာမူ မိမိမိုက်ကြောင်း သိသူသည် ယင်းသို့အဖြစ်မှန်ကို သိခြင်းကြောင့် ပညာရှိနှင့်တူသူ ဖြစ်နိုင်၏။ လူမိုက်ဖြစ်လျက် မိမိကိုယ်မိမိ ပညာရှိ ထင်နေသူကိုမူ မိမိမိုက်ကြောင်း နားမလည်သောကြောင့် တကယ့် ပညာမဲ့ လူမိုက်ဟု ဆိုသင့်၏။ ဓမ္မပဒ (၆၃) ဂဏ္ဌိဘေဒက စောရ ဝတ္ထု မြန်မာဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%86%E1%80%AD%E1%80%AF%E1%80%B8
လူမှုရေးရာ ပညာ
မနုဿတ္တ ဘာဝေါ ဒုလ္လဘောဟူ၍ အလွန်တရာ ရခဲလှသော လူ၏အဖြစ်ကို ရရှိကြသည့်အခိုက် လူလောက၌ဖြစ်ပျက် ပေါ်ပေါက်လျက်ရှိသော အကြောင်းအရာများကို အကြောင်းအကျိုးဆက်စပ်ကာ သိရှိနားလည်ထားကြမှသာ လူ့ဘဝကို ရရှိကျိုးနပ်ပေမည်။ ဤသို့ လူ့ လောက၏အကြောင်းကို လေ့လာဆည်းပူးခြင်းအတတ်ကို လူမှုရေးရာပညာ ဟုခေါ်သည်။ အကျဉ်းချုပ်အားဖြင့် လူမှုရေးရာပညာသည် လူလောကအဖွဲ့ အစည်းနှင့် လူလောက အဆောက်အအုံကြီးများ၏ သဘာဝနှင့် တိုးတက်ဖွံ့ ဖြိုးလာပုံကိုလေ့လာသော သိပ္ပံပညာတစ်ရပ်ဖြစ်ပေသည်။ လူမှုရေးရာ ပညာ ဟူသော ဝေါဟာရကို ပထမဦးဆုံး တီထွင်သုံးစွဲလိုက်သူမှာ ပြင်သစ်လူမျိုး ဒဿနိက ဗေဒပညာရှင်တစ်ဦးဖြစ်သော ဩဂတ်ကွန့် ဖြစ်ပေသည်။ ဖရက် ဒရစ် လေပလေးဆိုသူကလည်း လူမှုရေးရာ ပညာအကြောင်းကို ရေးသားခဲ့ လေသည်။ သို့ရာတွင် လူမှုရေးပညာနှင့်စပ်လျဉ်း၍ အများဆုံး ရှင်းလင်းရေး သားခဲ့သူမှာကား ဟာဗတ်စပင်ဆာ ဆိုသူပုဂ္ဂိုလ်ကြီးဖြစ်လေသည်။ လူမှုရေးပညာကို ကျွန်ုပ်တို့ လေ့လာကြရာတွင် လူ့လောက အဆောက်အအုံကြီးသည် မည်သို့ဖြစ်ပေါ်လာသနည်း။ လူအများအစုလိုက်အဖွဲ့လိုက်နေထိုင်ကြခြင်းသည် မည်သည့်အခါကစ၍ ပေါ်ပေါက်ခဲ့သနည်း စသည်တို့ကို လေ့လာကြရပေသည်။ လူသည် ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်ဦးဖြစ်သည် ဟုဆိုသည့်အတိုင်း ရှေးပဝေဏီအခါကပင် လူများသည် အချင်းချင်းစုဝေးနေထိုင် ပေါင်းသင်းဆက်ဆံခဲ့ကြ၍ ဤသို့ နေထိုင်ခြင်းပင်လျှင် လူလောကအပြင်ဘက်တွင် တစ်ကိုယ်တည်းနေခြင်း ထက် ကြီးပွားတိုးတက်နိုင်ကြောင်းကို သိရှိခဲ့ကြလေသည်။ လူများ အစုလိုက် အအုပ်လိုက် နေထိုင်ခြင်း၏ မူလဘူတမှာ အိမ်ထောင်စနစ်ပင် ဖြစ်သည်။ အိမ်ထောင်တစ်ခုတွင် မိခင် ဖခင်နှင့် သား သမီးများ တစ်စုတစ်ဝေးတည်း နေထိုင်စားသောက်ကြသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများ တိုးတက်ပွားများ လာပြီးလျှင် အသင်းအဖွဲ့များ ပြုလုပ်နေထိုင်လာကြလေတော့သည်။ လူဦးရေ တိုးတက်လာသည်နှင့်အမျှ ပေါင်းသင်းဆက်ဆံရေးတွင်လည်း နီးစပ်ရင်းနှီးလာပြီးလျှင် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုသည်ထက် ပြုလာကြရလေတော့သည်။ လူမှုရေးရာပညာတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်သောင်းများစွာ ရှေးခေတ်လူများ၏ အိမ်ထေင်မှုစနစ် ပေါ်ပေါက်ခဲ့ပုံ၊ ကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာများ ပေါ်ပေါက်လာခဲ့ပုံ၊ တစ်စထက်တစ်စပိုမို ရှုပ်ထွေးလာ သော မျက်မှောက် လူ့လောကအဆောက်အအုံကြီးတွင် ဃရာဝါသ (အိမ် ထောင်ခြင်း) ကိစ္စများ၊ ပစ္စည်းဥစ္စာ ပိုင်ဆိင်ခြင်းများ၊ အုပ်ချုပ်ရေး၊ ပညာ သင်ကြားရေး၊ အယူဝါဒ၊ စည်းရုံးလုပ်ကိုင်ရေး အစရှိသော အသွယ်သွယ် အဝဝ မြားမြောင်လှသည့် အကြောင်းကိစ္စများနှင့် မြို့ကြီးများတွင် နေထိုင် ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အမှုအခင်းဖြစ်ပွားခြင်း၊ တိုင်းတစ်ပါးသားတို့ ဝင်ရောက်နေထိုင်ခြင်း၏ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခဖြစ်ခြင်းကြောင့်ပေါ်ပေါက်လာရသော ပြဿနာရပ်များ၏ အကြောင်းတို့လည်း လူမှုရေးရာ ပညာတွင် ပါဝင်လေသည်။ အဆိုပါ လူမှုရေးရာ စနစ်များသည် ထာဝစဉ်မပြောင်းလဲပဲ အမြဲ တည်ရှိနေသည် မဟုတ်သော်လည်း အသင့်အတင့် ခိုင်မြဲတည်တံ့လျက် ရှိနေပေသည်။ ဤစနစ်များမှာ ဒုက္ခအခက်အခဲကို ရှောင်နိုင်သမျှရှောင်၍ အေးချမ်းသာယာပျော်ရွှင်မှုတို့ကို ရရှိနိုင်စေရန် နှစ်ပေါင်းများစွာ အမျိုးမျိုး အဖုံဖုံရှာဖွေစမ်းသပ် ကြည့်ရှုခြင်းဖြင့်ရရှိသော စနစ်များပင်ဖြစ်သည်။ သို့ရာတွင် အသစ်အသစ် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ဆီ လျော်အောင် လူမှုစံနစ်များကိုလည်း ပြုပြင်ပြောင်းလဲကြရလေသည်။ ပမာအားဖြင့် မျက်မှောက်ခေတ်တွင် ထွန်းကားသော စက်မှုလက်မှု ပညာရပ်များနှင့် ကိုက်ညီအောင် လူမှုစနစ်နှင့် နေရေးထိုင်ရေးများကိုလည်း အကြီးအကျယ် ပြောင်းလဲပေးခဲ့ရလေသည်။ ပြောင်းလဲခြင်းမှာ ဓမ္မတာလူလောကကြီးသည် အစဉ်သဖြင့် ပြောင်းလဲလျက်ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခင်ကလည်း အစဉ်အမြဲပြောင်းလဲခဲ့၍ နောင်အခါ တွင်လည် အစဉ်အမြဲ ပြောင်းလဲနေမည်သာဖြစ်သည်။ လူမှုရေးရာပညာသည် ထိုပြောင်းလဲမှုများကို အထူးသတိပြုကာ လေ့လာလေသည်။ ပြောင်းလဲမှု တစ်ခုသည် လူလောကအား ကောင်းကျိုး ဆိုးကျိုးပေးနိုင်ပုံကို ဆင်ခြင်သုံး သပ်လေသည်။ ကောင်းကျိုးပေးသော ပြောင်းလဲမှုကို လူမှုစနစ် တိုးတက်မှု ဟုခေါ်၍ လူမှုရေးရာ ပညာရှင်များက ပြောင်းလဲမှုသဘောနှင့် ပြောင်းလဲမှု ဖြစ်ပေါ်စေသော အကြောင်းတရားများကို ရှာဖွေကြလေသည်။ ရှေးပဝေဏီခေတ်ကစ၍ ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ဆင်ခြင် တုံတရားကင်းမဲ့သော ရိုးရာအလိုက် ယုံကြည်မှုများရှိလေသည်။ ကျွန်ုပ်တို့ တွင်မျှမက ကမ္ဘာတစ်ဝှန်းလုံးရှိ နိုင်ငံခြားလူမျိုးများတွင်လည်း ဤကဲ့သို့ အလားတူ ယုံကြည်မှုများရှိသည်။ ထိုယုံကြည်မှုများမှာ အစွဲများဖြစ်လေ သည်။ လူမှုရေးရာပညာတွင် ထိုအစွဲများအကြောင်းကို ရှင်းလင်းဖော်ပြ ထားသည်ကို တွေ့ရှိရပေလိမ့်မည်။ ထို့အပြင် လူမှုရေးရာပညာကို လိုက်စား သူသည် လူများ၏ ထူးခြားသော အမူအကျင့်များ၊ ဓလေ့ထုံးစံများကို မည်မျှပင်သေးဖွဲသော အရာဖြစ်စေကာမူ လျစ်လျူရှု၍မထားချေ။ အဘယ်ကြောင့် ဆိုသော် ထိုအရာများသည် မည်မျှပင် သေးဖွဲစေကာမူ ပေါင်းသင်းဆက်ဆံ ခြင်း၊ တစ်ဦးကိုတစ်ဦး အတုခိုးခြင်း အစရှိသည့် လူမှုရေးရာကိစ္စများတွင် များစွာအရေးပါ အရာရောက်သောကြောင့် ဖြစ်လေသည်။ ကျွန်ုပ်တို့ နေ့စဉ် လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာများသည် လူမှုရေးရာ ပညာရပ်များတွင် အကျုံးဝင်နေသည်ဖြစ်ရာ ကျွန်ုပ်တို့အားလုံး သည် နေရင်းထိုင်ရင်း လူမှုရေးရာပညာကို လေ့လာလိုက်စားသည်နှင့် မခြားတော့ပေ။ ဤအချက်ကို သတိပြုမိသူ များစွာမရှိလှချေ။ သို့ရာတွင် မိမိတို့ပတ်ဝန်းကျင် အခြေအနေကို သတိပြု၍ ဆင်ခြင် သုံးသပ်ကာ စနစ် တကျ လေ့လာသူများ၏ ဦးရေမှာ တစ်နေ့တခြား များပြားလာပေပြီ။ ကျွန်ုပ်တို့သည် လူမှုရေးရာပညာကို လေ့လာလိုက်စားရာ၌ မိမိတို့နေထိုင်သော မြို့ရွာ၏သမိုင်း၊ မြို့ရွာတွင် မှီတင်းနေထိုင်ကြသော လူများ၏ အကြောင်းအရာ၊ ထိုသူများ မည်ကဲ့သို့ အသက်မွေးမှုအတွက် လုပ်ကိုင်နေ ထိုင်ကြပုံ၊ ထိုမြို့ ရွာတွင် ဘုရားဘယ်နှစ်ဆူ၊ ဘုန်းကြီးကျောင်း ဘယ်နှစ် ကျောင်းရှိသည် အစရှိသော အကြောင်းအရာများကို အားလပ်သည့်အချိန် များတွင် စုံစမ်းလေ့လာခြင်းဖြင့် အလွန်စိတ်ပါဝင်စားဖွယ်ကောင်းသော ဝါသနာတစ်ခုကို ရရှိနိုင်မည်ဖြစ်လေသည်။ လူမှုရေးရာပညာသည် ၁၉ ရာစုနှစ် အတွင်းကစ၍ စနစ်တစ်ကျ လေ့လာလိုက်စားလာသော ပညာတစ်ရပ်ဖြစ်ခဲ့သည်။ လူများသည် တစ်ဦး နှင့်တစ်ဦး ပိုမိုရင်းနှီးစွာ ဆက်ဆံပေါင်းသင်းလေလေ လူမှုရေးရာပညာသည် ပိုမို၍ အရေးပါအရာရောက်လာလေလေ ဖြစ်တော့သည်။ လူမှုရေးရာပညာ သည် လူတို့၏ ပေါင်းသင်းဆက်ဆံရေး၏ အကျိုးနှင့်အကြောင်းများကို လေ့လာ၍ ဥပဒေပြုပုဂ္ဂိုလ်များ လမ်းညွှန်သဖွယ် လိုက်နာရမည့် အဆုံး သတ် ယူဆချက်များကို ထုတ်ဖော်ပေးလေသည်။ လန်ဒန်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ် စသော အနောက်နိုင်ငံ တက္ကသိုလ်ကျောင်းကြီးများ တွင် လူမှုရေးရာပညာများကို သင်ကြားပို့ချလျက်ရှိရာ ရန်ကုန်တက္ကသိုလ် တွင်လည်း လူမှုရေးရာပညာကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပေး နေပေပြီ။ အစိုးရ အေဂျင်စီများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%99%E1%80%BE%E1%80%AF%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%20%E1%80%95%E1%80%8A%E1%80%AC
လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ
လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ ( Free Trade Area - FTA) သည် နိုင်ငံအလိုက် သွင်းကုန်များအပေါ်တွင် စည်းကြပ်သည့် အခွန်အကောက်များ ၊ ကိုတာများကို လျော့ချနိုင်ရန် နိုင်ငံများ စုပေါင်းလက်မှတ်ရေးထိုးထားသည့် သဘောတူညီမှုများ (လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် - Free Trade Agreement ) အရ သတ်မှတ်ထားသည့် ဧရိယာ အပိုင်းအခြား ဖြစ်သည်။ FTA တွင် အဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများနှင့် ရပိုင်ခွင့် မတူညီကြချေ။ FTA တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင် နိုင်ငံများအကြားတွင် ကုန်သွယ်မှုနှင့် ပက်သတ်သည့် အခွန်အကောက်များ ၊ ကန့်သတ်ချက်များ ၊ တားမြစ်ချက်များကို လုံးဝ လျှော့ချ၍ လွတ်လပ်စွာ ကုန်သွယ်မှု ပြုနိုင်ပြီး လုပ်သားအင်အား ခွဲဝေခြင်း ၊ ဇောက်ချ လုပ်ကိုင်ခြင်း နှင့် အခြား နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ရန် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ဝင်ငွေမြင့်မားလာရေးနှင့် နိုင်ငံသားအားလုံး လူနေမှုဘဝ မြင့်မားလာရေးအတွက် ရည်ရွယ်သည်။ အထူးစီးပွားရေးဇုန်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC%20%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%9E%E1%80%BD%E1%80%9A%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%20%E1%80%A7%E1%80%9B%E1%80%AD%E1%80%9A%E1%80%AC
လွိုင်ကော်အကျဉ်းထောင်
လွိုင်ကော်အကျဉ်းထောင် သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တည်ရှိသော အကျဉ်းထောင်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ ကယားပြည်နယ်
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%80%E1%80%BB%E1%80%89%E1%80%BA%E1%80%B8%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
လွင်မိုး
လွင်မိုး သည် မြန်မာနိုင်ငံမှထင်ရှားသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့၌ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် အဖ ဦးမြင့်လွင်နှင့် အမိ ဒေါ်လေးရှင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်မိုးလွင် ဖြစ်သည်။ အနုပညာလောကထဲ စတင်ဝင်ရောက်ချိန်တွင် နာမည် မောင်မိုးလွင်ကို ရှေ့နောက်ပြောင်းပြီး လွင်မိုးဟု မှည့်ခေါ်ခဲ့သည်။ ဒါရိုက်တာ မောင်သီ၏ညီတော်စပ်သည်.. ၁၉၈၉-၁၉၉၀ ခုနှစ်တွင် ဒါရိုက်တာ မောင်နီလွင်(သပြု)၏ ကြွေနေပြီ ဗီဒီယို ဇာတ်ကားဖြင့် အနုပညာလောကထဲသို့ စတင် ဝင်ရောက် လာခဲ့သူဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားကြီးကို ၁၉၉၀-၉၁- ခုနှစ်တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားနှင့် စတင်ခဲ့သည်။ ရင်ထဲက ဆောင်းရာသီ (၁၉၉၉)၊ ပန်းတပွင့် ဖန်ဆင်းခြင်း (၂၀၀၁) နှင့် တခါကဧရာဝတီညများ (၂၀၀၅) တို့ဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုများ ရရှိခဲ့သည်။ မြန်မာပြည်အနှံ့ သွားရောက်ကာ ဝါသနာအလျောက် ဓာတ်ပုံများ ရိုက်ယူခဲ့ပြီး တခြားသော ဓာတ်ပုံပညာရှင်များနှင့် ပူးပေါင်း၍ ဓာတ်ပုံပြပွဲများလည်း ပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်၊ နတ်မတောင် နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးကာ "လွင်မိုးခရီးသွားနေသည်" ခေါင်းစဉ်ဖြင့် MRTV4 တွင် ထုတ်လွှင့်ပြသခဲ့သည်။ ထို့နောက် မြိတ်ကျွန်းစုဒေသနှင့် ဧရာဝတီ လင်းပိုင်များ အကြောင်းကိုလည်း မှတ်တမ်း ရုပ်ရှင် များ ရိုက်ကူးခဲ့ပြီး မြိတ်ကျွန်းစုများအကြောင်းကိုလည်း ထုတ်လွှင့် ပြသခဲ့သည်။ မိသားစု ဘဝ သတင်းကြေညာသူ မေသူ နှင့်လက်ထပ်ကာ ယွန်းဝတီလွင်မိုး နှင့် ယွန်းနဒီလွင်မိုး အမည်ရှိ သမီးနှစ်ဦး ရရှိထားသည်။ ယွန်းဝတီလွင်မိုးသည် ဖခင်နည်းတူ ရုပ်ရှင်နယ်မြေသို့ ခြေချနေပြီဖြစ်သည်။ ဝါသနာ သရုပ်ဆောင်အပြင် ဓာတ်ပုံရိုက်ခြင်း၊ ကဗျာရေးခြင်း။ ဘိလိယက်ထိုးခြင်း၊ သီချင်းဆိုခြင်းနှင့် ဂေါက်သီးကစားခြင်းကို ဝါသနာပါပြီး အသက် (၁၀)အရွယ်မှ စတင် ဂေါက်ရိုက်ခဲ့သည်။ ပါဝင်ခဲ့သော ရုံတင်ဇာတ်ကားကြီးများ ကိုးကား မြန်မာ ရုပ်ရှင် ဒါရိုက်တာများ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%99%E1%80%AD%E1%80%AF%E1%80%B8