title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
လယ်တွင်းသား စောချစ်
၁၉၄၁ - ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာ၌ အဖ-လယ်သမား ကြီး ဦးချစ်စိန်၊ အမိ-ဒေါ်စောရှင်တို့က ဖွားမြင်သည်။ နာမည်အရင်းမှာ ဦးတင်လှိုင် ဖြစ်သည်။ ၁၉၄၆ - (၅)နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်သောအခါ၊ ထန်းတောရွာနှင့် (၂)မိုင်ခန့်သာကွာသည့် ဝန်းသို ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့။ မိခင်၏ဇာတိရွာဖြစ်သည့် ဝန်းသိုရွာမှာပင် အဘိုးဖြစ်သူ ကျောင်းအုပ်ဆရာကြီး ဦးဖိုးသာနှင့် အဘွား ဒေါ်သောင်တို့က မွေးစား၍ ပညာသင်ပေးခဲ့။ အဖေကြီး(အဖိုး)ဖြစ်သူမှာ မူလတန်းကျောင်းအုပ်ဆရာကြီးဖြစ်၍ အဖေကြီးကျောင်းမှာပင် မူလတန်းပညာသင်ယူခဲ့။ ၁၉၅၂ - ဝန်းသိုရွာမှာ အဖိုးကျောင်းမှာပြန်နေပြီး စဥ့်ကိုင်မြို့တွင် စတုတ္ထတန်းအောင်မြင်ခဲ့။ ၁၉၅၃ - ၅၇ - စဉ့်ကိုင်မြို့၊ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ယူခဲ့။ ၁၉၅၈ - ကျောက်ဆည်မြို့၊ ပြည်လုံးနိုင် အလွတ်ပညာသင် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်။ ထိုကျောင်းမှ အထက်တန်းကျောင်းထွက်လက်မှတ်ရ စာမေးပွဲအောင်မြင်ခဲ့။ ၁၉၅၉-၆၄ - ပြည်လုံးနိုင် ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်ခဲ့။ ၁၉၆၃ - မြန်မာ့အလင်းသတင်းစာ(သီတင်းကျွတ်လပြည့် အထူးထုတ်)တွင် နောင်တအမည်ရှိ ဝတ္ထုတိုဖော်ပြ ခြင်းခံရ။ (ပထမဆုံး ပုံနှိပ်ခံရသည့် ဝတ္ထုတိုဖြစ်သည်။) ၁၉၆၄ - ဆယ်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုအောင်မြင်။ ၁၉၆၅ - မန္တလေးတက္ကသိုလ် ဆက်တက်။ ၁၉၆၅ - ၁၉၆၈ - ထိုနှစ်များတွင် တက္ကသိုလ်လူရည်ချွန်ဆုရရှိ(၂-ကြိမ်)။ ၁၉၆၈ - မြန်မာစာအဓိကဖြင့်ဘွဲ့ရ။ ၁၉၆၉ - ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးရွာ၌ အလယ်တန်းပြဆရာ။ ၁၉၇၀ - မလိုင်မြို့နယ်၊ပါတီယူနစ်ကော်မတီ။ ၁၉၇၁ - မင်္ဂလာဒုံ၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်-လက်ထောက်ကထိက။ ထိုနှစ်မှာပင် အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်နှင့်လက်ထပ်။ (သား ကိုလင်းသန့်၊ သမီး ယမင်းလှိုင်တို့ ထွန်းကားခဲ့။) ၁၉၇၇ - တစ်လုံးနှစ်လုံး ပုလဲကုံးစာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်(ဒုတိယ)ဆုရရှိ။ ၁၉၇၈ - ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးစာမူဖြင့် စာပေဗိမာန် စာပဒေသာ(ပထမ)ဆုရရှိ။ ၁၉၈၀ - ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး စာအုပ်ဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိ။ (ထိုစာအုပ်ကို ၁၉၈၂၊ ၁၉၈၄၊ ၁၉၈၆၊ ၁၉၈၇၊ ၁၉၉၀၊ ၁၉၉၃၊ ၁၉၉၅၊ ၁၉၉၈၊ ၂၀၀၁-တို့တွင် ပြန်လည်ရိုက်နှိပ်ခဲ့။) ၁၉၈၁ - ထိုနှစ်မှစ၍ မင်္ဂလာဒုံမြို့နယ် စာပေအဖွဲ့ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့။ စာနယ်ဇင်းများတွင် ဝတ္ထု၊ ဆောင်းပါးများရေးသားရင်း လုံးချင်းဝတ္ထုများလည်း ရေးသားဖြစ်ခဲ့။ ၁၉၈၃ - နှစ်ကိုယ်တူသွားရာလမ်းဝယ်လုံးချင်း ဝတ္ထုထွက်။(၁၉၉၄-တွင် ဒုအကြိမ် ပြန်ရိုက်ခဲ့။) ၁၉၈၄ - မုန်းပင်မုန်းလည်း ချစ်ထုံးမပြေ ဝတ္ထုထွက်။ (ထိုဝတ္ထုကို ဗီဒီယိုရိုက်။) ၁၉၈၅ - ပြည်ထဲရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတွင် ဒု-လ/ထ ညွှန်ကြားရေးမှူး။ ရွှေမြင်းမိုရ် ပြိုမှာစိုးတယ်ဝတ္ထုထွက်။ (ထိုဝတ္ထုကို ဗီဒီယိုရိုက်ခဲ့။) (၁၉၉၅-တွင် ဒု-အကြိမ်ပြန်ရိုက်ခဲ့။) ပန်းလှေကားနဲ့တက်ပါ့ မယ်ဝတ္ထုထွက်။(၁၉၉၄-ဒုအကြိမ်)။ ၁၉၈၆ - အကျည်းတန်ပန်း လုံးချင်းဝတ္ထုထွက်။ မငိုတတ်သော မိန်းကလေး(ဝတ္ထုတိုပေါင်းချုပ်)ထွက်။ ၁၉၈၇ - ချစ်သူ့မာယာ အလင်္ကာဝတ္ထုထွက်။ ၁၉၈၈ - တစ်လုံးနှစ်လုံးပုလဲကုံး(စာပေဗေိမာန် ဒုတိယဆုရ)စာအုပ်ထွက်။ ၁၉၈၉ - ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိ။ (၁၉၉၀၊ ၉၁၊ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၉၊၂၀၀၁၊ ၂၀၀၂ ပြန်ရိုက်။) နှလုံးသားပဲ့တင်သံ(ဝတ္ထုတိုပေါင်းချုပ်)ထွက်။ ထိုနှစ်မှစ၍ မြန်မာနိုင်ငံ-စာပေ နှင့်စာနယ်ဇင်းအဖွဲ့တွင် ဗဟိုအမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်။ ၁၉၉၀ - ကျွန်တော်အမုန်းဆုံးကျွန်တော်ဝတ္ထုထွက်(ဗီဒီယိုရိုက်)(၁၉၉၆၊ ၂၀၀၄-တွင် ပြန်ရိုက်)။ ၁၉၉၁ - စာပေခရီးအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စင်္ကကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့။ မျက်လုံးမှာအလွမ်း၊ နှုတ်ခမ်းမှာမာနဝတ္ထုထွက်(၁၉၉၆-တွင်ပြန်ရိုက်။ ပန်းတွေမွှေးတဲ့ည-ပျားရည်ဆမ်းတဲ့လ ဝတ္ထုထွက်( ၁၉၉၆-ပြန်ရိုက်)။ ခေါင်းလောင်းသံချိုချို(ဝတ္ထုတိုပေါင်းချုပ်)ထွက်။ ၁၉၉၂ - ပြည်ထဲရေးဝန်ကြီးဌာန-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လ/ထ ညွှန်ကြားရေးမှူး။ ပန်းပေါက်ပွဲ ဝတ္ထုထွက်။ (ဗီဒီယိုရိုက်)။(၂၀၀၄-ပြန်ရိုက်)။ ပန်းဖြစ်သွားသောငါးဝတ္ထုထွက်(ရုပ်ရှင်ကားကြီးနှင့် ဗီဒီယိုရိုက်) (၂၀၀၃-ပြန်ထွက်)။ မြစ်တစ်စင်းနှင့် နှင်းတစ်စက်(ဝတ္ထုတိုပေါင်းချုပ်)ထွက်။ ၁၉၉၃ - လရောင်အောက်မှာ ချစ်တဲ့သူ၊ ပန်းသလားမေပျို(၂၀၀၅-ပြန်ထွက်)၊ ရွှေတံခါးကြီးဖွင့်ပါဦး(၂၀၀၃-ပြန် ထွက်)၊ပတ္တမြားပင်ဆင့်မြပင်မြင့် (၂၀၀၅-ပြန်ထွက်)၊ ချစ်သူ့ရင်ခွင်မှလှိုင်းအိကလေးများ(၂၀၀၃-ဒုအကြိမ်)။ ပျား ရည်မြစ်မှ အချစ်လှေ (ဝတ္ထုတိုပေါင်းချုပ်)၊ မိုးသက်လေ (ဝတ္ထုတိုပေါင်းချုပ်)၊ စကားပုံမှပေးသောအတွေးအမြင်(သုတ-ရသ) (၂၀၀၀-ဒုအကြိမ်) စသော စာအုပ်များထွက်။ ၁၉၉၄ - မေတ္တာကွန်သာယာ(ဗီဒီယိုရိုက်)၊ (၂၀၀၃-ဒု)။ ဒုတိယနေရာမှ ပထမလူ(ဗီဒီယိုရိုက်)။ မင်းနေရာမှာငါဆို ရင် (ဗီဒီယိုရိုက်)၊ ရွှေစင်ပန်းခက် စသောဝတ္ထုများထွက်။ ပန်းများပွင့်စေမွှေးစေသူ(သုတ၊ရသ)စာအုပ်ထွက်။ ၁၉၉၅ - ဒု-ညွှန်မှူးအဆင့်သို့ တိုးမြှင့်၍ ရန်ကုန်မြို့ အင်းစိန်ခရိုင် အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်။ ၁၉၉၅ - မောင်နွေဦးနှင့်မဖူးဝေ(၂၀၀၃-ဒု)၊ တစ်ခုလပ်ပေမယ့်ကွက်လပ်မရှိ (ဗီဒီယိုရိုက်)(၂၀၀၃-ဒု)၊ မာယာ သည်(၂၀၀၁-ဒု)၊ လေမှာနစ်သောငှက်၊ နှလုံးသားမလှသူမဖတ်ရ(၂၀၀၁-ဒု)(ရုပ်ရှင်၊ ဗီဒီယိုရိုက်)။ ဘဝပုံရိပ်(ဝတ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်။ ၁၉၉၆ - ကချင်ပြည်နယ်အုပ်ချုပ်ရေးမှူး။ ကာရာအိုကေပျားမလေး၊ ရင်ခွင်ဦး ရင်ခွင်ရိုင်း ရင်ခွင်လှိုင်း၊ ပျားရည်နွံအိုင်လေးထဲမှာ။ လုံးချင်းဝတ္ထုများနှင့် လုပ်ရတော့ညာလက် ရွှေဝတ်ရတော့ဘယ်လက်(ဝတ္ထုတိုပေါင်း ချုပ်)စာအုပ်များထွက်။ ၁၉၉၇ - ရွှေကောဇော ရောနှောလို့ထိုင်၊ သက်သေအမှုတည်ပါစေ ဝတ္ထုများနှင့် အချစ်အိမ်လေးတည်ဆောက် မယ် (သုတ၊ရသ)(၁၉၉၈၊ ၁၉၉၉၊ ၂၀၀၂-ဒု)စာအုပ်များထွက်။ ၁၉၉၈ - ထိုနှစ်မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်တွင် ညွှန်ကြားရေးမှူး။ မနောမြေမှ မလိပန်း၊ လုံးချင်းဝတ္ထုထွက်။ ၂၀၀၀ - နွေဦးလေ(ဝတ္ထုတိုပေါင်းချုပ်)ထွက်။ ၂၀၀၁ - ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူ၊စာပေများဆက်လက်ရေးသား။ ပန်းနုရောင်မီးတောက်များ၊ လွမ်း စေတီနှင့်စမ်းရေကြည်(ဗီဒီယိုရိုက်)၊ လိမ်ညာဘေးမှဝေးပါစေ(သုတ၊ရသ) စာအုပ်များထွက်။ ၂၀၀၂ - မယုံမရဲယုံမှရဲ၊ ချစ်သူနေခြည် စသောဝတ္ထုများနှင့် လူတွေ့စစ်ဆေးခြင်း(သုတ)၊ ဥပဓိရုပ်(သုတ)(ဆရာဝန်တင်ရွှေစာပေဆုရ) (၂၀၀၄ဒု-အကြိမ်)စာအုပ်များထွက်။ စာပေနှင့်စာနယ်ဇင်းဆိုင်ရာ အတတ်ပညာ နည်းပညာနှင့် သုတရသရေးသားမှု အရည်အချင်းမြင့်မားစေရန်နှင့် စာပေမျိုးဆက်သစ်များပေါ်ထွန်းလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး(စာတမ်း)ပြုစုဖတ်ကြား။ ၂၀၀၃ - ကျောက်မှော်တောမှ ဒဏ္ဍာရီနှင်းဆီ၊ လောကနတ်၏စည်းခတ်သံ(ဝတ္ထုတိုပေါင်းချုပ်)၊ ကောင်းစွာ ပြောဆိုနိုင်ပါစေ(သုတ)့စာအုပ်များထွက်။ အမျိုးသားရေးအားမာန်ဝတ္ထုများ(စာတမ်း)ပြုစုဖတ်ကြား။ ၂၀၀၄ - မနောမြေမနောအလှ(သုတ)၊ ပရိသတ်ရှေ့မှာစကားပြောနည်း(သုတ)၊ မွေးမြေကိုတဲ့ပြန်လေပြီ(သုတ၊ရသ)။ စာအုပ်များထွက်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် မြန်မာ့ရိုးရာအစဉ်အလာ''(စာတမ်း)ပြုစု ဖတ်ကြား။ ၂၀၀၅ - ရတနာစိမ်း၊ မေတ္တာရှင်နှင့်မာယာသည် ဝတ္ထုများနှင့် မုန်တိုင်းထဲမှမိုးစက်ပွင့်(ဝတ္ထုတိုပေါင်းချုပ်)၊ မိုးစွန်တမွတ် ကြယ်ကိုဆွတ်(လူငယ်ဝတ္ထုတိုများ)၊ လယ်တွင်းသားစောချစ်ဝတ္ထုတိုများ။ စာအုပ်များနှင့် ပန်းရည် ဘဏ်စာစီစာကုံးများ၊ စားဖွယ်ပေါတဲ့တို့တောရွာ(သုတ၊ ရသ)၊ စာပန်းပွင့်ကြွေအလွမ်းပြေ၊ အမေ့ထိုင်ခုံနှင့်ခံစားမှု(သုတ၊ရသ)၊ ဝယ်သူစိတ်ကြိုက် လူ့စိတ်ကြိုက်(သုတ၊ရသ)စာအုပ်များထွက်။ ခေါင်းစီးစာသားနှင့် မူပိုင်ခွင့်(စာတမ်း)ပြုစုဖတ်ကြား။ ၂၀၁၃ - စည်သူဘွဲ့ရ ၂၀၂၀- ဘဝဇာတ်ခုံပေါ်မှာ စာအုပ်ထုတ်ဝေ ဆရာလယ်တွင်းသားစောချစ်သည် မိသားစုနှင့်အတူ မင်္ဂလာဒုံမြို့နယ် ၂(ခ)ရပ်ကွက်၊ ခရေပင်လမ်း၊ အိမ်အမှတ်(၅၇-က)တွင် နေထိုင်လျက်ရှိသည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%9A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%20%E1%80%85%E1%80%B1%E1%80%AC%E1%80%81%E1%80%BB%E1%80%85%E1%80%BA
လင့်ဝတ္တရား
သိင်္ဂါလောဝါဒသုတ်တွင် လင်ကမယားအပေါ် ပြုကျင့်ရမည့် ဝတ်ငါးပါးကို ဗုဒ္ဓမြတ်စွာက ဖော်ပြဟောကြားခဲ့သည်။ (၁) မိမိမယားအပေါ် မထေမဲ့မြင် စိမ်းစိမ်းကားကား ဘာသိဘာသာ မကျင့်ကြံမနေထိုင်ခြင်း၊ (၂) မူး၊ ပဲ၊ ပိုင် ကစ၍ရသမျှဥစ္စာကို မယားအား အပ်နှင်းခြင်း၊ (၃) မိမိမယားမှတစ်ပါး အခြားမိန်မးသားများ၌ မိစ္ဆာတရား မမှားမလိုက်ရခြင်း၊ (၄) မိမိမယားနှင့်သင့်တော်သော ဝတ်တန်ဆာ၊ အစားအသောက် တို့ကို ကြည်ဖြူချစ်ခင်စွာ ဆင်ယင် ဝယ်ခြမ်း ပေးခြင်း၊ (၅) မိမိမယားအား ချစ်ခင်နှစ်သက်စုံမက်မြတ်နိုးစွာ ကြည်ဖြူ သဒ္ဓါခြင်း။ မြန်မာ့ ယဉ်ကျေးမှု ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%84%E1%80%B7%E1%80%BA%E1%80%9D%E1%80%90%E1%80%B9%E1%80%90%E1%80%9B%E1%80%AC%E1%80%B8
မောင်မောင်၊ လင်းယုန်
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ လင်းယုန် မောင်မောင် [၁၉၂၅ - ၂ဝဝ၂] မုံရွာ မြို့တွင် အဖ ဦးအောင်သိန်း၊ အမိ ဒေါ်လှကြည် တို့က ၁၉၂၅ ခု ဧပြီလ ရ ရက် အင်္ဂါနေ့တွင် မွေးဖွား ခဲ့သည်။ သားကြီး ဩရသ ဖြစ်၍ ငယ်နာမည် မောင်ရွှေ ဖြစ်သည်။ မုံရွာ ဆရာလှ မြန်မာ စာသင် ကျောင်းတွင် မူလတန်း၊ မိတ္ထီလာ အမျိုးသား ကျောင်း၊ ရွှေဘိုမြို့ ချမ်းသာကြီး အလွတ် ပညာသင် ကျောင်းနှင့် ရန်ကုန် စိန်ပေါလ်ကျောင်း တို့တွင် အလယ်တန်း၊ မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် တွင် အထက်တန်း (၁၉၄၅ - ၄၆) အောင်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာ ဆည်းပူး ခဲ့သည်။ ထိုစဉ်က ဖဆပလ အဖွဲ့ချုပ်မှ ဦးဆောင် ခဲ့သော အထွေထွေ သပိတ်ကြီးတွင် သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် တဦး အဖြစ် ပါဝင် ခဲ့သည်။ သို့ရာတွင် သပိတ်လှန်ရန် ဆုံးဖြတ်ချက်ကို မကျေနပ် သဖြင့် တက္ကသိုလ် ဥပစာ အထက်တန်းမှ အပြီးအပိုင် ကျောင်းထွက် ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇) တွင်ပါဝင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက မုံရွာ ခရိုင် တို့ဗမာ အစည်းအရုံးတွင် "သခင်ရွှေ" အဖြစ် လည်းကောင်း၊ ဂျပန်ခေတ် (၁၉၄၂ - ၄၅) တွင် မုံရွာ ခရိုင် အာရှ လူငယ် အစည်းအရုံး အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ ၁၉၄၇ - ၅၇ ခုနှစ်များ အတွင်းတွင် နိုင်ငံရေး သမား အဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၉ ခုနှစ် နန်းရင်းဝန် ဦးပု မုံရွာသို့ တိုင်းခန်း လှည့်လည် လာစဉ် သပိတ်တားသည့် အရေးကြောင့် ၁၄ နှစ်သား အရွယ်တွင် အဖမ်း ခံခဲ့ ရသည်။ သို့သော် ထိုအမှုကို ထောင်ဒဏ် စီရင်ချက် ချရာတွင် အသက် မပြည့် သဖြင့် ထောင်ကျ မခံရဘဲ လွတ်လာ ခဲ့သည်။ ၁၉၄၇ တွင် ပုဒ်မ (၅)ဖြင့် မုံရွာထောင်၊ မန္တလေး ထောင်များ၌ နေခဲ့ ရသည်။ ၁၉၄၉ တွင် တောခို ခဲ့ဖူးသည်။ ၁၉၅၈ တွင် ရန်ကုန် ထောင်မှ လွတ်မြောက် ခဲ့သည်။ ထို့နောက် နိုင်ငံရေး လောကမှ လုံးဝ အနားယူကာ စာပေလောကတွင်းသို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် စာရေး ဆရာ ဗန်းမော် တင်အောင် ဦးစီး ထုတ်ဝေသော "လင်းယုန် ဂျာနယ်" ၌ အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့ ရာမှ "လင်းယုန် မောင်မောင်" ဟူ၍ ကလောင် အမည် ရလာ ခဲ့သည်။ ၁၉၅၈ - ၅၉ တွင် သမက်၊ သတင်းစာ ဆရာမ စသည့် ဆိုဗီယက် ဝတ္ထုများ ဘာသာ ပြန်ခြင်းဖြင့် စာပေနယ်တွင် ခြေချ ခဲ့သည်။ လင်းယုန် သတင်းစာ (၁၉၅၉)၊ လမ်းစဉ် သတင်းစာ (၁၉၆ဝ)၊ ဗိုလ်တထောင် သတင်းစာ (၁၉၆၁)၊ မော်ကွန်း သတင်း မဂ္ဂဇင်း (၁၉၆၂)၊ ချင်းတွင်း ဂျာနယ် (၁၉၆၄)၊ ရှုထောင့် ဂျာနယ် (၁၉၆၈)၊ ရုပ်ရှင် သတင်းစဉ် (၁၉၇၉)၊ လုံမလေး မဂ္ဂဇင်း (၁၉၈၅) စသည် တို့တွင် အယ်ဒီတာ အဖြစ် ၁ဝ နှစ် ကျော်မျှ ဆောင်ရွက် ခဲ့သည်။ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာ နိုင်ငံ)၊ မြန်မာ နိုင်ငံ စာပေ ပြန့်ပွားရေး အသင်း (၁၉၆ဝ) နှင့် အမျိုးသား စာပေ ညီညွတ်ရေး အဖွဲ့ (၁၉၆၂) စသည့် အဖွဲ့အစည်း များတွင် ပါဝင် ဆောင်ရွက် ခဲ့သည်။ လုံးချင်း စာအုပ် ၅ဝ ကျော်ခန့် ရေးသား ခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ အိုက်ခ်မန်း၏ ငရဲခန်း (၁၉၆၅)၊ ဟစ်တလာ (၁၉၆၅)၊ ကပ်စထရို(၁၉၆၆)၊ သွေးစွန်းသော နေ့ရက်များ (၁၉၆၆)၊ ယနေ့ ကမ္ဘာ (၁၉၆၇)၊ ချေဂွေဗားရား (၁၉၆၇)၊ ဟိုချီမင်း (၁၉၇ဝ)၊ မှောက်မိုက်သော နေ့ရက်များ (၁၉၇၁)၊ လူသတ်ဆရာဝန်(မသိရ)၊အက်ဖ်ဘီအိုင် မှုခင်းများ (၁၉၇၁)၊ တောင်ကုန်း အမှတ် ၁၉၂ (၁၉၇၂)၊ ကြီးသုံးကြီး လုပ်ကြံရန် ဟစ်တလာ၏ အကြံ (၁၉၇၃)၊ အက်ဖ်ဘီအိုင် အတွင်းရေး (၁၉၈၁)၊ ဂျူလီယာ (၁၉၈၁)၊ ထောင်ပြေး စပိုင် (၁၉၈၅)၊ သေရွာပြန် စာရင်း (၁၉၉၉)၊ မေတ္တာရှင် စေတနာရှင် ကရုဏာရှင် သူတော်စင် မာသာထရီဆာ (၁၉၉၉) တို့ ဖြစ်ကြသည်။ ၂၅ မေ ၂ဝဝ၂ ခုနှစ်တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်သည်။ စာညွှန်း ။ ။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၂ဝဝ၃)။ စာ ၂၇၉ - ၂၈ဝ။ ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း။ စာ ၂၈၂ - ၂၈၅။ နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၇၂ - ၃၇၇။ ဝမ်းနည်း မှတ်တမ်း၊ မြားနတ်မောင် မင်္ဂလာ မဂ္ဂဇင်း (ဩဂုတ် ၂ဝဝ၂)။ စာ ၄၃။ စာရေးဆရာ လင်းယုန် မောင်မောင်၏ ဘဝ ဖြစ်စဉ် အတ္ထုပ္ပတ္တိ အကျဉ်း (ကိုယ်တိုင်ရေး)၊ ရဝ ပြည့် မွေးနေ့ (တောင်လေးလုံး ကျောင်းတိုက်၊ မန္ဈလေး) တွင် ပေးသည့် စာတမ်း။] မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%81%8A%20%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%E1%80%94%E1%80%BA
လက်ဖက်ရည်တော်
လက်ဖက်ရည်တော် ဆိုသည်မှာ ဘုရင်မင်းမြတ်က လက်ဖက်ရည် သုံးဆောင်တော်မူသည့်အခါ လက်ဖက်ရည်ကပ်ရသော အလုပ်ကို အမှုထမ်းရသောသူများ ဖြစ်သည်။ လက်ဖက်ရည်တော် ရာထူးသည် သာမညရာထူးမဟုတ်ပေ။ ဤရာထူးမျိုးကိုလည်း ဘုရင်မင်းမြတ်တို့က မည်သည့်တစ်စုံတစ်ယောက်အား လွယ်လွယ်နှင့် ပေးအပ်ခန့်ထားကြသည် မဟုတ်ပေ။ လွန်စွာ ကိုယ်သွေးကိုယ်သားကဲ့သို့ ယုံကြည်စိတ်ချရသော ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ကိုသာ ပေးအပ်ခန့်ထားခြင်း ပြုတတ်ကြသည်။ လက်ဘက်ရည်တော် ရာထူးသည် အမရပူရမြို့တည် ဘိုးတော်မင်းတရား လက်ထက်တော်အခါကစ၍ ခန့်ထားခြင်း ဖြစ်သည်။ ရံဖန်ရံခါ မင်းတရားကြီးသည် လက်ဘက်ရည် သုံးဆောင်တော်မူတတ်သဖြင့် အလိုရှိတော်မူသည့်အခါ ဆက်သရသည်။ လက်ဖက်ရည်တော် ဟူရာ၌ လက်ဖက်ရည်အကြမ်း၊ လက်ဖက်ရည်အချို၊ ရေနွေးတော်၊ ရေပူတော် ဟူ၍ အလိုရှိတော်မူသည့် အခါတွင် အဆင်သင့်ရှိရအောင် စီမံရသော အရာရှိဖြစ်သည်။ လက်ဖက်ရည်တော်၊ ကွမ်းရည်တော် တို့ဟူသည် များစွာအရေးကြီးကြောင်းမှာ ဘုရင်၏ အသက်သည် ယင်းပုဂ္ဂိုလ်တို့၏ လက်တွင်း၌ ရှိသည်ဟုဆိုက မှားမည်မဟုတ်ပေ။ ဤပုဂ္ဂိုလ်တို့သည် ဘုရင့်အပေါ်လုပ်ကြံလိုလျှင် အလွန်လွယ်ကူသည်။ အချိန်မရွေးလည်း ကြံစည်နိုင်သည်။ သို့သော်ဤရာထူးကို ဘုရင်လွန်စွာယုံကြည်ခြင်း ခံရသူတို့သာ ရကြသဖြင့် သာမညစွမ်းရည်ဖြင့် ဤရာထူးအနားသို့ပင် မကပ်နိုင်ကြပေ။ ထို့ကြောင့် လက်ဖက်ရည်တော်၊ ကွမ်းရည်တော်၊ ရေကြည်တော် တို့သည် များစွာဂုဏ်ယူအပ်သော ရာထူးမျိုး ဖြစ်သည်။ မင်းတုန်းမင်းလက်ထက်၌ စလေဦးပုညသည် လက်ဖက်ရည်တော်ရာထူး ခန့်အပ်ခံရသည်။ ဦးပုညသည် ထိုရာထူးအတွက် လစာငွေဒေါင်းဒင်္ဂါး ၄၀-ရသည်။ ထိုလစာငွေမှာ နန်းတော်တွင်း များစွာအရေးပါ အရာရောက်သော လက်စွဲတော်ကြီးများ၏ လစာနှင့် ညီမျှလေသည်။ ဖန်ချက်ဝန် ဦးရွှေအိုးသည်လည်း နန်းတွင်း၌ လက်ဖက်ရည်တော် အမှုထမ်းခဲ့ဘူးသည်။ လက်ဖက်ရည်တော်ဆောင် လက်ဖက်ရည်တော်ဆောင်ကို မှန်နန်းစနု၏ ဝဲဘက်(မြောက်ဘက်)တွင် ရှိသည်။ တနည်းအားဖြင့် မြောက်ထားဝယ်ဆောင်၏ အနောက်ဘက် ကပ်လျက်ရှိသည်။ မှန်နန်းတော်ကြီးမှ အတောင်၂၀-မျှသာ ကွာဝေးသည်။ လက်ဖက်ရည်တော်ဆောင်ကို ကွန်းလေးစင် နှစ်ဆင့်လည်ပေါ်နှင့် တောင်မြောက်အလျားထားပြီး ဆောက်လုပ်ထားသည်။ ဤလက်ဖက်ရည်တော်ဆောင်တွင် လက်ဖက်ရည်တော်သားများ နေထိုင်ကြရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တော်အခါက လက်ဖက်ရည်တော်တွင် သူကောင်းပြုထားသူပေါင်း ၄၄-ယောက်ရှိသည်။ အချို့အမှုထမ်းများမှာ အဝေးရောက်မင်း၏ သားများ၊ မြို့ဝန်များ၏ သားများ စသည်တို့ ဖြစ်ကြသည်။ လက်ဖက်ရည်တော်ဆောင်နှင့် ထားဝယ်ဆောင်တို့သည် ကပ်လျက် ရှိသည်။ တစ်ခါတစ်ရံ ထားဝယ်ဆောင် တစ်ခုလုံးကိုပင် လက်ဖက်ရည်တော်ဆောင်ဟူ၍လည်း သိမ်းကျုံး ခေါ်ဆိုတတ်ကြသည်။ ထားဝယ်ဆောင်ဟူသည်မှာ အမိုးနှစ်ထပ် လည်ပေါ်ဆောင်ဖြစ်သည်။ ဆင်ဖြူရှင်မင်းလက်ထက်၌ ထားဝယ်ကို ချီတက်တိုက်ခိုက် သိမ်းယူ၍ ထားဝယ်သားများကို နေရာချထားရာ အဆောင်ဖြစ်သည်။ နောင်တွင် ထားဝယ်သားများ မဟုတ်စေကာမူ ထိုအဆောင်တွင် မြန်မာအမှုထမ်းများကို ထားသည်။ ရွှေဘုံနိဒါန်းအဆိုအရ ထားဝယ်ဆောင်ဟူသည် နွေးသောအဆောင်ဟူ၍ အဓိပ္ပာယ်ရသည်။ မြန်မာ့နန်းတွင်း ယဉ်ကျေးမှု အသုံးအဆောင် အခေါ်အဝေါ်များသည် မွန်တို့ထံမှ ရသည်သာများသည်။ ထားဝယ် ဟူသောစကားမှာ မွန်ဘာသာအရ နွေးသည် ဟူ၍ အဓိပ္ပာယ်ရသည်။ နွေးသောအဆောင်ဖြစ်သည်ဟု ဆိုလိုသည်။ လက်ဖက်ရည်တော်ဆောင်နှင့် ထားဝယ်ဆောင်တို့မှာလည်း ကပ်လျက် ရှိသည်ကို သတိပြုရ၏။ လက်ဖက်ရည်တော်ဆောင်သည် အမြဲတစေ လက်ဖက်ရည်နွေးအိုးကို တည်ထားရသော အဆောင်ဖြစ်၍ အစဉ်အမြဲ နွေးနေရပေသည်။ ထို့ကြောင့် လက်ဖက်ရည်တော်ဆောင် သည်ပင်လျှင် ထားဝယ်ဆောင်ဟု ခေါ်မည်ဆိုပါက မှားမည်မဟုတ်ချေ။ တာဝန် လက်ဖက်ရည်တော်ဆောင်တွင် လက်ဖက်ရည်တော်သားများက နေ့ညမပြတ် ရေနွေးများကို တည်ထားရသည်။ ဘုရင်မင်းတရား အလိုတော်ရှိလျှင် ချက်ချင်းဆိုသလို ရေနွေးဆက်ကြရသည်။ ဘုရင်မင်းမြတ်သည် နေ့ညီလာခံ ပြီးသည့်အခါ မှန်နန်းဆောင်၏ တောင်ဘက်ရှိ ရွှေနန်းတော်ဆောင်သို့ ကူးပြောင်းစံနေတော်မူတတ်သည်။ ထိုအခါ လက်ဖက်ရည်တော်များ ဆက်သရသည်။ တခါတရံ အလယ်နန်းမတော် တည်ခင်းကျွေးမွေးသော လက်ဖက်ရည်တော်ကို သုံးဆောင်တော်မူသည်။ တခါတရံ ရေနွေး၊ ရေပူကို အလိုရှိသည့်အခါ လက်ဖက်ရည် တော်ဆောင်ကို မှာကြားရသည်။ ဘုရင်မင်းတရားကြီး နံနက်မျက်နှာသစ်တော်မူချိန် (နံနက်ခြောက်နာရီခွဲ) မှစ၍ လက်ဖက်ရည်တော်ဆောင်တွင် ရေနွေးကြိုထားရသည်။ မျက်နှာသစ်တော်မူချိန်တွင် ရေပူ ရေနွေးကို အလိုရှိတော်မူသည်။ သားတော်များသည် ခမည်းတော်မင်းတရားကြီး စက်တော်ရာမှ မနိုးမှီ ဗောင်းတော်ဆောင် တွင် လာရောက်စုရုံး စောင့်နေကြရသည်။ ဘုရင်မင်းတရားကြီး စက်တော်ရာမှ နိုးလျှင် ရေပူ ရေနွေးများကို ရွှေဖလားနှင့် ခပ်၍ မျက်နှာသစ်တော်ရေ ဆက်ရ၏။ ဤသို့အားဖြင့် ရေနွေးသည် အချိန်မရွေး လိုလျက်ရှိသည်။ နန်းတော်တွင် စားတော်ဟင်းများ၊ ထမင်းများချက်သည့် စားဖိုတော်ကားရှိသည်။ ယင်းစဖိုတွင် ဘုရင့်အတွက် ရေနွေးကို တည်ရသည်မဟုတ်ပေ။ ပွဲတော်အုပ်အတွက် ချက်ပြုတ်နေချိန်တွင် ဘုရင့်အတွက် သီးသန့်ရေနွေးများ တည်နိုင်မည်လည်း မဟုတ်ပေ။ ရေနွေးဟုပင် ဆိုသော်လည်း ဘုရင့်အတွက် ရေနွေးမှာ သာမည စားတော်ချက်များက ချက်ကြိုပေးရန် တာဝန်မယူနိုင်။ မယုံကြည်၊ စိတ်မချရသူများကိုလည်း မခိုင်းသင့် အဘယ်ကြောင့် ဆိုသော် ဘုရင့်အား အစားအသောက်ဖြင့် လုပ်ကြံနိုင်သည်။ ထိုကဲ့သို့ပင် ပုဂံခေတ်မင်းများ လက်ထက်အခါက လုပ်ကြံခံရသော ဘုရင်များရှိခဲ့သည်။ ထို့ကြောင့် ဘုရင်သည် မိမိအတွက် သောက်တော်ရေ၊ ကွမ်းတော်၊ လက်ဖက်ရည် စသည်တို့ကို များစွာသတိထားရသည်။ အလွန်စိတ်ချတော်မူမှသာ ထိုရာထူးမျိုးတွင် ထားသည်။ ဦးပုညနှင့် လက်ဖက်ရည်တော်ရာထူး မြန်မာသက္ကရာဇ် ၁၂၂၁-ခုနှစ်တွင် ရတနာပုံ ရွှေမြို့တော်ကို မင်းတုန်းမင်းတရားကြီး တည်ထောင်ဖန်ဆင်းပြီးနောက် ဦးပုညသည် `သုံးသိန်းသုံးသောင်း၊ လေးထောင်ထိပ်၊ နှစ်ကျိပ်ရှစ်ဆက် မဟာဝင်´ အစချီသော ဘုန်းတော်ဘွဲ့ ရှစ်ဆယ်ပေါ် တေးထပ်ကို ဆက်သွင်းသည်။ မင်းကြီးဦးပွားမှ တဆင့် ဆက်သွင်းရသည်ဟု ဆိုသည်။ ထိုအခါ မင်းတုန်းမင်းတရားကြီး အမေးရှိ၍ မင်းကြီးဦးပွားက လျှောက်ထားရသည်။ ဦးပွား လျှောက်ထား မစပေးချက်အရ ဦးပုညသည် ရွာစည်ရွာကို အသနားခံ၍ မင်းလှသင်္ခယာဘွဲ့နှင့် လက်ဖက်ရည်တော် ခန့်ထားခြင်း ခံရသည်။ ဦးပုညသည် စာဆိုတော်ကြီးလည်းဖြစ်၊ အခြားလက်ဘက်ရည်တော် အမှုထမ်းများထက် အသက်အရွယ်က ကြီးသည့်ပြင် မင်းတရားကြီး၏ ယုံကြည်လေးစားခြင်း ခံရ၍ ရွာစည်ရွာစား ဖြစ်သောကြောင့် အခြားအရည်တူ အမှုထမ်းများက လေးစားကြရသည်။ ဆရာကြီးဟုလည်း ခေါ်ဝေါ်ကြသည်။ အချို့လူပျိုလူရွယ်များကလည်း ဦးပုညအား ကပ်၍ အလိုရှိရာ စာများကို ရေးခိုင်းလေ့ရှိသည်။ ဦးပုညကို ဘုရင်သည် များစွာ စိတ်ချယုံကြည်တော်မူသည်။ ဦးပုည၏ ဖခင်ရှိစဉ် အခါကပင် ဝင်ထွက်ခစား နေသဖြင့် ပိုမိုယုံကြည်သည်။ ဦးပုညအား ထိုထက်ကြီးသော ရာထူးကို ပေးချင်သည်။ ပေးလည်းပေးမည်ဟု အမြဲစိတ်ကူး ထားသည်။ ဥပဓိရုပ်ချို့ငဲ့နေသည့် အတွက် ဘုရင်တွင် စဉ်းစားရခက်နေသည်။ ( ဥပဓိရုပ်ချို့ငဲ့ပုံမှာ - ဦးပုည၏ လင်္ကျာဘက်လက်သည် စုံလင်ပါသော်လည်း သိမ်၍ မသန်မစွမ်းရှိသည်။ ဘယ်လက်ဖြင့်စာရေးရသည်။ အလွန်လက်ရေးကောင်းသည်ဟု ဆိုသည်။ အပါးတော်တွင် ခစားသောအခါ လက်ဖျားကို အုပ်မိအောင် အင်္ကျီလက်ရှည် ဝတ်ရသည်။ )။ ထို့ကြောင့် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ဘုရင်မင်းတရားက ဦးပုညအား `ငါလည်း သက်တော်ရှည်အရာကို ပေးနိုင်တယ်။ မင်းကံရှိလျှင် ရလိမ့်မပေါ့´မိန်တော်မူသည်။ ဦးပုညသည် စာအရေးအသား အဖွဲ့အနွဲ့ အလွန်ကောင်းသည်ကို မင်းတရားကြီးကိုတိုင် သိသည်။ ထို့ကြောင့်လည်း ဘုရင့်အပါးလည်းမကျ မနီးမဝေးက ခစားစေလိုသည်။ အနီးမှ ခစားရန်မှာလည်း ဥပဓိရုပ်က ချွတ်ယွင်းလျက် ရှိသောကြောင့် မသင့်တော်ကြောင်းကို မင်းကြီးဦးပွားက သိသည်။ ဘုရင်ဆိုသည်မှာ အမင်္ဂလာရုပ်ကို မြင်ရတွေ့ရသည် မဟုတ်ပေ။ ဦးပုညသည် သူ၏ရုပ်ချို့ငဲ့သော ဘဝကို များစွာစိတ်နာဟန်တူသည်။ ထို့ကြောင့်သူသည် နန်းဆန်တဲ့မြိုင် တောလားကို ရေးစဉ်အခါက မင်္ဂလာရှိသော တိရစ္ဆာန်များကို စိတ်ကူးယဉ်ယဉ်နှင့် ရေးသားဖွဲ့နွဲ့ ခဲ့လေသည်။ သူသည် မင်္ဂလာရှိသော ရုပ်ရူပကာရှိပါလျှင် မည်မျှကြီးပွားတိုးတက်၍ ဘုရင်မင်းတရားကြီး၏ မြှောက်စားခြင်း ခံရမည်ကို တွေးတောကာ ဝမ်းနည်းခဲ့ဟန်တူသည်။ လက်ဖက်ရည်တော် ရာထူးထားရန် မင်းကြီးဦးပွားက လျှောက်ထားတောင်းပန် ရသည်မှာလည်း ဦးပုည၏ မိခင်နှင့် ဆွေမျိုးများမှာ လက်ဘက်ပွဲစားများ ဖြစ်ကြသည်။ ရှမ်းပြည်သို့လည်း အခါခါရောက်ဘူးသည်။ ရှမ်းပြည်တွင် ဆွေမျိုးညာတိများလည်း ရှိသည်။ မည်သည့်လက်ဘက်ကောင်းသည်၊ ညံ့သည်ကို ဦးပုညသိသည်။ ဘုရင့်လက်ဘက်ရည်တော်အတွက် မည်သည့်တောင်ထွက် လက်ဘက်သည် အကောင်းဆုံးဖြစ်သည်ကို ကောင်းစွာသိသည်။ ဦးပုည၏ လက်ဘက်မေတ္တာ စာတွင် လက်ဘက်အကြောင်းကို ကောင်းစွာရေးထားသည်။ ထို့ကြောင့် ဦးပုညသည် လက်ဘက်ရည်တော် အရာနှင့် ပနံရလျက် ရှိသည်။ သူ၏ ရွှေညောင်ပေး မေတ္တာစာ ကိုကြည့်လျှင်သော်လည်းကောင်း၊ ရှမ်း သထုံပေးမေတ္တာစာ ကိုကြည့်လျှင်သော်လည်းကောင်း သူသည် ရှမ်းပြည်တစ်ခွင်ကို ကောင်းစွာနှံစပ်သူ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ရတနာပုံဖိုးမှတ်စု မှ ရွှေကိုင်းသားရေးသော မန္တလေး ရတနာပုံဖိုးမှတ်စု စာအုပ်တွင် လက်ဖက်ရည်တော်ဆောင်သည် တည်နေရာများ၊ ပုံသဏ္ဌာန်များမှာ အတူတူပင်ဖြစ်သည်။ သို့သော် ..... ကိုးကား ကုန်းဘောင်ခေတ် မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%BA%E1%80%96%E1%80%80%E1%80%BA%E1%80%9B%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
တင့်တယ် (စာရေးဆရာ)
တင့်တယ် [၁၉၁၆ - ၁၉၈ဝ] ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ ကင်မွန်းခြံ (ကင်းပွန်းချုံ) လမ်း၌ အဖ ကုန်သည် ဦးဘစိန်၊ အမိ ဒေါ်တင်မေ တို့က ၁၉၁၆ ခုနှစ် ဇူလိုင် ၂၁ ရက် [၁၉၁၇ ခုနှစ် ဇွန်လ ၂၉ ရက် (၁၂၇၉ ခု ဝါဆိုလဆန်း ၁၁ ရက် သောကြာ) ဟု ရှုမဝတွင် ဖော်ပြသည်] နေ့တွင် မွေးဖွားသည်။ တစ်ဦးတည်းသော သား၊ ငယ်မည် မောင်သန်း၊ အမည်ရင်း ဦးဝင်းစိန် ဖြစ်သည်။ တင့်တယ်သည် ‌ရွှေ‌တောင်မြို့ အမျိုးသားအထက်တန်းကျောင်း၊ အစိုးရအထက်တန်း‌ကျောင်းနှင့် ပြည်မြို့ အစိုးရအထက်တန်း‌ကျောင်းတို့တွင် ပညာသင်ခဲ့ပြီး၊ ၁၉၃၄-ခုနှစ်တွင် ပြည်မြို့ အစိုးရအထက်တန်း‌ကျောင်းမှ ဆယ်တန်း‌အောင်မြင်ခဲ့သည်။ ထိုနှစ်မှပင် ရန်ကုန်တက္ကသိုလ်တွင် ဥပစာသိပ္ပံ သင်တန်း၌ ဆက်လက်ပညာသင်သည်။ ဥပစာသိပ္ပံတန်းကို အောင်မြင်ပြီး‌နောက် ဝိဇ္ဇာပညာရပ်ကို ဆက်လက်‌လေ့လာရာ ၁၉၃၉-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။ ထို့‌နောက် ၁၉၃၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ပန်းတ‌နော်မြို့ အမျိုးသားအထက်တန်း‌ကျောင်း၌ ‌ကျောင်းဆရာအဖြစ် အမှုထမ်းပြီး ၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဥပ‌ဒေသင်တန်းသို့ တက်‌ရောက်၍ ပညာ ဆက်လက်သင်ယူသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ကုန်သည်လုပ်ပြီး‌နောက် ပညာ‌ရေးဌာန လက်‌အောက်ရှိ စာ‌ပေနှင့် စာကြည့်တိုက်ဌာနတွင် စာပြုအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဆက်လက် ပညာသင်ရာ ဥပ‌ဒေဝိဇ္ဇာဘွဲ့ကို ရသည်။ ထိုကာလက အင်္ဂလိပ်စစ်အုပ်ချုပ်‌ရေးလက်‌အောက်ရှိ ပြည်သူ့ဆက်ဆံ‌ရေးဌာနတွင် ဆက်လက် အမှုထမ်းသည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၈-ခုနှစ်အထိ ပြန်ကြား‌ရေးဌာနတွင် ဘာသာပြန်အရာရှိအဖြစ် ဆက်လက် အမှုထမ်းသည်။ ၁၉၄၈-ခုနှစ်မှ ၁၉၅၂-ခုနှစ် အတွင်းတွင် အင်္ဂလန်နိုင်ငံ ဘီ⁠ဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်၌ ဘာသာပြန်နှင့်သတင်းလွှင့်ထုတ်သူအဖြစ် အမှုထမ်းခဲ့သည်။ တင့်တယ်သည် ၁၉၃၆-ခုနှစ် တက္ကသိုလ်‌ကျောင်းသားဘဝကပင် စာ‌ပေနယ်သို့ စတင်ဝင်‌ရောက်ခဲ့သည်။ တင့်တယ်၏ ပထမဆုံးလက်ရာမှာ ၁၉၃၆-ခုနှစ်က ရွှင်‌ပျော်‌ပျော် စာအုပ်တိုက်မှ ထုတ်‌ဝေ‌သော "'မရှက်လို့လား"' ဝတ္ထုဖြစ်သည်။ သို့‌သော် ထိုစဉ်က က‌လောင်နာမည် မပါပဲ ရွှင်‌ပျော်⁠‌ပျော်တိုက်ထုတ်စာအုပ်အဖြစ် ထုတ်‌ဝေခဲ့ရသည်။ ၁၉၃၇-ခုနှစ်တွင် ထုတ်‌ဝေသည့် "'တ‌နေဝင်"' အမည်ရှိ ဝတ္ထု၌ ‌အောင်‌ကျော်ဟူ‌သော က‌လောင် အမည်ကို ယူခဲ့သည်။ ၁၉၄၆-ခုနှစ် ဇူလိုင်လတွင် စာပ‌ဒေသာမဂ္ဂဇင်းကို ဦး‌ဆောင်ထုတ်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် ရှုမဝရုပ်စုံ မဂ္ဂဇင်းကို ရှုမဝဦး‌ကျော်နှင့် တွဲဖက်တာဝန်ယူထုတ်‌ဝေခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် ပ‌ဒေသာမဂ္ဂဇင်းထုတ်‌ဝေသူများတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီး ၁၉၅၅-ခုနှစ် ဩဂုတ်လမှစ၍ ပ‌ဒေသာမဂ္ဂဇင်းကို အ‌မေရိကန်ပြည်‌ထောင်စုထုတ် ရီးဒါးဒိုင်ဂျက် မဂ္ဂဇင်းပုံစံဖြင့် ဦးစီးထုတ်‌ဝေခဲ့သည်။ ၁၉၆၉-ခုနှစ်မှစ၍ စန္ဒာရုပ်စုံမဂ္ဂဇင်း စာတည်း တာဝန်ကို ကွယ်လွန်သည့်အချိန်အထိ ထမ်းရွက်သွားသည်။ တင့်တယ်သည် ၁၉၄၆-ခုနှစ်ထုတ် စာပ‌ဒေသာမဂ္ဂဇင်းတွင် တင့်တယ် က‌လောင်အမည်ကို စတင်သုံးစွဲခဲ့ပြီး ယင်းက‌လောင် အမည်ဖြင့် ၁၉၄၇ ခုနှစ်တွင် ‌ရွှေချစ် ‌ငွေချစ် ဝတ္ထုကို ပထမဆုံး လုံးချင်းဝတ္ထုအဖြစ် ထုတ်‌ဝေခဲ့သည်။ တင့်တယ်က‌လောင်အမည်ဖြင့် ထုတ်‌ဝေခဲ့‌သော ဝတ္ထုများအနက် ချစ်နိုင်ငံ (၁၉၄၇)၊ ‌ဖြေ‌လျော့‌ခွေ (၁၉၄၇)၊ ချစ်သက်လက်‌ဆောင် (၁၉၅၀)၊ ကမ္မဖလ (၁၉၅၁)၊ ထား(၁၉၅၇) စသည်တို့သည် ထင်ရှား‌သော ဝတ္ထုအချို့ ဖြစ်သည်။ တင့်တယ် က‌လောင်အမည်ဖြင့်ပင် ချစ်လင် (၁၉၄၇)၊ ပျိုတို့အချစ်‌တော် (၁၉၅၇)၊ အဏ္ဏဝါနှင့် အဖိုးအို (၁၉၆၄)၊ ချာလီနှင့် ယာယီ (၁၉၆၄)၊ လစန္ဒာနှင့် ခြူးပိုက်ဆံ (၁၉၆၄)၊ ‌ရောမကို အာခံသူ (၁၉၆၅)တို့ကိုလည်း ဘာသာပြန်ခဲ့သည်။ တင့်တယ်သည် အများအားဖြင့် အချစ်ဝတ္ထုများကို ‌ရေးခဲ့သည့်ပြင် ဘကြီးမွှန်းကို အဓိကဇာတ်‌ဆောင်ထား၍ အဆင့်နိမ့်လူလတ်တန်းစား ဘဝသရုပ်‌ဖော် ဝတ္ထုတိုများကိုလည်း ‌ရေးခဲ့သည်။ ဝတ္ထု‌ရေးနည်း အ‌ခြေပြ (၁၉၇၄)ကျမ်းတ‌စောင်ကိုလည်း ပြုစုခဲ့သည်။ တင့်တယ်ဟူ‌သော က‌လောင်အမည်အပြင် အမည်ရင်း ဦးဝင်းစိန် အမည်ဖြင့်လည်း ဒုတိယကမ္ဘာစစ် အတွင်းက စာ‌ပေနှင့် စာကြည့်တိုက်ဌာနတွင် အမှုထမ်းစဉ် အ‌ခြေပြကမ္ဘာ့သမိုင်း ဒုတိယတွဲကို ပြုစုခဲ့သည်။ အ‌ရှေ့ဖျားကမ္ဘာ့သမိုင်း စာအုပ်ကိုလည်း ပြုစုခဲ့သည်။ တင့်တယ်၏ အခြားထင်ရှား‌သော က‌လောင်အမည်ပွား တစ်ခုမှာ ‌အောင်မြင် ဖြစ်သည်။ ‌အောင်မြင် က‌လောင်အမည်ဖြင့် အေးစိမ့်ဟူ‌သော အဓိကဇာတ်‌ဆောင်တစ်‌ယောက်ကို ဖန်တီးကာ ဝတ္ထုတိုများ ‌ရေးခဲ့သည့်အပြင် အိုဘယ့်ကံ၊ သည်မိုးသည်‌မြေ စ‌သော ဝတ္ထုများကိုလည်း ဘာသာပြန်ခဲ့သည်။ တင့်တယ်သည် ‌ကျော်‌ဇော၊ စိန်တပွင့်၊ ထွန်းအံ့ဟူ‌သော က‌လောင်အမည်များဖြင့်လည်း ဝတ္ထုများနှင့် သုတစာအုပ်များကို ဘာသာပြန်ခဲ့သည်။ လှပဟူ‌သော က‌လောင်အမည်ကို သုံး၍ ပန်းချီအနုပညာ ဆိုင်ရာ ‌ဆောင်းပါးများကိုလည်း ‌ရေးခဲ့သည်။ ယဉ်မင်းလှ၊ ဦးထွဋ်‌ခေါင်၊ ဦးအသင်္ချေ၊ ဆရာဩဘာက‌လောင်အမည်များကို သုံး၍လည်း ‌ဆောင်းပါးများကို ‌ရေးခဲ့သည်။ တင့်တယ်သည် သူ၏သက်တမ်းတစ်‌လျှောက်တွင် စာမျိုးစုံ ‌ရေးနိုင်‌သော စာ‌ရေးဆရာတစ်‌ယောက်အဖြစ် ထင်ရှားသည်။ တင့်တယ်သည် စာ‌ပေ‌လောကတွင်သာမက ရုပ်ရှင်‌လောကတွင်လည်း ထင်ရှားသည်။ ၁၉၅၄ ခုနှစ်တွင် လာလုလု‌ငေး၊ ၁၉၅၇-ခုနှစ်တွင် ကျမအနုပညာသည်၊ ထား စသည်တို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးခဲ့သည့်ပြင် ‌ဖြေ‌လျော့‌ခွေ၊ အ‌ကျော်အ‌မော်၊ ဖိုးပြုံးချို ဇာတ်ကားတို့အတွက် ဇာတ်ညွှန်းများကိုလည်း ‌ရေးခဲ့သည်။ တင့်တယ်၏ တင့်တယ် အမည်ရှိ ကိုယ်‌ရေးအတ္ထုပ္ပတ္တိ တစ်‌စောင်ကိုလည်း ‌သွေး‌သောက်မဂ္ဂဇင်းတွင် ၁၉၆၅-ခုနှစ် အောက်တိုဘာလမှစ၍ ၁၉၇၁-ခုနှစ် ဧပြီလအထိ ‌ရေးသားခဲ့‌လေသည်။ ဘဝနိဂုံး ၁၉၈၀- ပြည့်နှစ်၊ ဇန်နဝါရီ (၄)ရက်နေ့ နေ့လယ် ၃း၄၆ နာရီတွင် ရန်ကုန် မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စိန်နှင့်အတူ သားသမီး (၆)ယောက်၊ မြေး (၁၀)ယောက် ကျန်ရစ်ခဲ့သည်။ ထင်ရှားသောစာအုပ်အချို့ ကမ္မဖလ ပန်းရောင် မြမန်းမေမျိုးမြတ် ရွှေချစ်ငွေချစ် ဖိုးပြုံးချို ဖြေလျော့ခွေ လာလုလုငေး ဖဲမွေ့ယာပေါ်ဝယ် ထား ဘာသာပြန် ရောမကိုအာခံသူ လေရဟတ်နီ ပျိုတို့အချစ်တော် (ဘာသာပြန်ဆုရ) လစန္ဒာနှင့်ခြူးပိုက်ဆံ အဏ္ဏဝါနှင့်အဖိုးအို အိုက်ဆင်ဟောင်ဝါ မိုဗီဒစ် လိုက်တော်မူသင့်ပါငဲ့ မာနနှင့် အာယာတ အိုဘယ့် ကံ (The Scarlet Letter) သမိုင်း ကမ္ဘာ့သမိုင်းအခြေပြ ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ ခေတ်သစ်သမိုင်းအခြေပြ ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ မေးခွန်းငါးဆယ် အဖြေလွယ် သိပ္ပံ၊ သုတ လျှပ်စစ်ရာဇဝင် မွေအဏ္ဏဝါ၏ လျှို့ဝှက်ချက်များ မြစ်တို့၏ သဘာဝသမိုင်း စာညွှန်း ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ရ၁ - ရ၂။ မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၂)။ စာ ၂၁ဝ - ၂၂၅။ မလိခ။ မြန်မာ စာပေ အဘိဓာန် (၃)။ စာ ၄၂ - ၄၄။ မောင်ကျော်သာ။ တစေ့တစောင်း စာရေးဆရာ တို့၏ အကြောင်း။ စာ ၅ - ၂၃။ ဒဂုန် တာရာ။ တင့်တယ် သို့မဟုတ် နှုတ်ခမ်းနီ ကလေး တို့၏ အသည်းစွဲ၊ ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ။ စာ ၂၁၄ - ၂၂၃။ ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း။ စာ ၉၇ - ၁ဝ၁။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၁)။ စာ ၁၆၅ - ၁၆၇။ ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၈ဝ)။ စာ ၁၇၃။ ၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ။ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%84%E1%80%B7%E1%80%BA%E1%80%90%E1%80%9A%E1%80%BA%20%28%E1%80%85%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC%29
တင်တင်မူ
တင်တင်မူ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့သော မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ တင်တင်မူကို ရုပ်ရှင်ချစ်ပရိသတ်တွေ သိကြလိမ့်မယ် ထင်ပါသည်။ ဒါပေမယ့် လူငယ်တွေကတော့ တော်တော်ဝေးသွားလို့ မသိနိုင်လောက်ဘူး။ မင်းသမီးကြီး တင်တင်မူဟာ စီးကရက်ကို လက်ကြားညှပ်လို့ စတိုင်ကျကျသောက်ပြီး အထက်တန်းလွှာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကြီးတစ်ယောက်ဖြစ်သည်။ တင်တင်မူသည် အနုပညာတွင် ဝါသနာထုံသကဲ့သို့ အားကစားဘက်တွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ မုဒုံဇာတိဖြစ်သူ တင်တင်မူသည် ၁၉၄၇ ခုနှစ်က ကာယဗလမောင်မယ်ရွေးပွဲ၌ မုဒုံမယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် အနုပညာ လောကသို့စတင်ခြေချခဲ့သည်။ ထိုစဉ်က တင်တင်မူ၏အမည်မှာ မုဒုံအမာတင်ဖြစ်ပြီး ၎င်း၏ ပထမဆုံးသော ဇာတ်ကားမှာ မင်းသားဇေယျနှင့်အတူ ပါဝင် သရုပ်ဆောင်ထားသည့် လင်နှင့်အပျို ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားမှ ဒါရိုက်တာ ဦးချန်ထွန်းက အမာတင်(ခ) မသက်တင်ကို တင်တင်မူဟု အမည် ပြောင်းပေးခဲ့ရာမှ ရုပ်ရှင်မင်းသမီး တင်တင်မူဖြစ်လာခဲ့သည်။ တင်တင်မူအမည်ဖြင့် ရွှေပေါ်မြတင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ချစ်ခြင်းငယ်ပြိုင် ဇာတ်ကားတွင် မင်းသားကျော်ဝင်းနှင့် တွဲဖက် သရုပ်ဆောင်ခဲ့ရာမှ ၎င်းတို့နှစ်ဦး မေတ္တာမျှကာ လက်ထပ်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် ရုပ်ရှင်မင်းသမီးတင်တင်မူသည် နေ့ဘက်တွင် ရုပ်ရှင် ရိုက်ကူးပြီး ညဘက်တွင် ပြဇာတ်ကခဲ့သည်။ တင်တင်မူ၏ ပထမဆုံးကပြခဲ့သည့် ပြဇာတ်မှာ ပင်မြင့်မာလာပြဇာတ်ဖြစ်ပြီး ၁၉၄၉-၁၉၅၅ ခုနှစ်များအတွင်း တင်တင်မူ၏ ထင်ရှားသောပြဇာတ်များမှာ ပင်မြင့်မာလာ၊ မုန်းချစ်သနား၊ ညိုပြာညက်ကယ်၊ ချစ်တော့ချစ်တယ်၊ ချစ်ပန်းသဇင်၊ ချစ်သမျှကို၊ လူကုံထံ၊ ငယ်ကျွမ်းဆွေ၊ ခိုင်းတော့သက်ဝေ၊ ချစ်ပန်းနှစ်ခိုင် စသည်တို့ဖြစ်သည်။ တင်တင်မူသည် ပြဇာတ် ၃၀ ကျော် ကပြသရုပ်ဆောင်ခဲ့ရာတွင် ဒဂုန် ဆရာတင်၏ ငယ်ကျွမ်းဆွေပြဇာတ်တွင် အသက်အဖြစ် ပါဝင်ကပြခဲ့ရာ အလွန် နာမည်ကြီးခဲ့ပြီး ယင်းပြဇာတ်ကို ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော် ရာတွင်လည်း တင်တင်မူပင် ပြန်လည်ပါဝင်သရုပ်ဆောင်ခဲ့သည်။ မင်းသမီးကြီး တင်တင်မူဟာ ၁၉၆၅ ခုနှစ်မှာ “သဲလွန်စ” ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုနဲ့ အကယ်ဒမီ ရရှိခဲ့သည်။ ဒါပေမဲ့ မာနကြီးလှတဲ့ တင်တင်မူဟာ ဇာတ်ပို့ဆုကို သူကိုယ်တိုင် သွားယူခဲ့ခြင်း မရှိပါဘူး။ ပြည်သူချစ်သော နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဝင်းဦးကိုလည်း တင်တင်မူက တင်ပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။ “နှစ်ယောက်ထဲနေချင်တယ်” ဇာတ်ကားမှာ တင်တင်မူနဲ့ တွဲဖက် သရုပ်ဆောင်အပြီးမှာ ဝင်းဦး တစ်ယောက် နာမည်ပိုကြီး လာခဲ့ပါတယ်။ တင်တင်မူရယ်လို့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့တလျှောက် မင်းသမီးကြီးဟာ ဇာတ်ကားပေါင်း မြောက်မြားစွာကို ရိုက်ကူးခဲ့တယ်။ ဇာတ်ကားပေါင်း များစွာမှာ ဇာတ်ကောင် စရိုက်ပေါင်း များစွာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူပါ။ ဇာတ်ကားပေါင်းများစွာ သရုပ်ဆောင်ခဲ့ရင်း မင်းသမီးကြီးဟာ အနုပညာနယ်ပယ်ထဲက သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်မင်းသား ကျော်ဝင်း နဲ့ လက်ထပ်ခဲ့ပါတယ်။ တင်တင်မူရဲ့ ခင်ပွန်းဖြစ်တဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်ဝင်း ဟာလည်း ၁၉၅၂ ခုနှစ်မှာ “မာလာရီ” ဇာတ်ကားနဲ့ အကယ်ဒမီရခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား ကိုကျော်ဝင်း အကယ်ဒမီရခဲ့စဉ် ၁၉၅၂ ခုနှစ်တုန်းကဆို အကယ်ဒမီရယ်လို့ မခေါ်ကြသေးပါဘူး။ အမျိုးသားပညာသည်ဆုလို့ ခေါ်ဝေါ်သတ်မှတ်ခဲ့စဉ်ကပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သမီး ဒေစီကျော်ဝင်းဟာလည်း သူတို့ရဲ့ အနုပညာအမွေကို ဆက်ခံခဲ့သူပါ။ သမီးဖြစ်သူ မင်းသမီးဒေစီကျော်ဝင်းဟာလည်း ပရိသတ်ချစ်ခြင်းကို ခံရတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒေစီကျော်ဝင်းဟာ ၁၉၇၁ ခုနှစ်မှာ “အားနွဲ့သူပါရှင်” ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပါတယ်။ အခုလို ခင်ပွန်း၊ ဇနီးနဲ့ သမီး မိသားစုသုံးယောက်စလုံး အကယ်ဒမီရခဲ့တဲ့ ဖြစ်စဉ်ဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ရှာမှရှားတဲ့ ဖြစ်စဉ်ပဲတစ်ခုပါပဲ။ မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%99%E1%80%B0
တပ်ရင်း (၉ဝ၆)
ဒီကေဘီအေ တပ်မဟာ၅ လက်အောက်ခံ တပ်ရင်း ၉၀၆ မှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ရွာ အခြေစိုက်ဖြစ်ပြီး တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး မန်းဉာဏ်မင်း ဖြစ်သည်။ ဒီကေဘီအေ
https://my.wikipedia.org/wiki/%E1%80%90%E1%80%95%E1%80%BA%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%20%28%E1%81%89%E1%80%9D%E1%81%86%29
အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်
အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၃၃))သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် တည်ရှိသော ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဝင်းကျော်သူ(စတသ-၃၉) ဖြစ်သည်။ သမိုင်း ဖွဲ့စည်းပုံ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည် - အမှတ်(၃၃၁)နည်းဗျူဟာအဖွဲ့ အမှတ်(၃၃၂)နည်းဗျူဟာအဖွဲ့ အမှတ်(၃၃၃)နည်းဗျူဟာအဖွဲ့ ခြေလျင်/ ခြေမြန်တပ်ရင်းများ ခမရ(၁၁)-ရွှေဘို ခမရ(၁၂)-ရွှေဘို ခမရ(၁၃)-စစ်ကိုင်း ခမရ(၁၁၁)-ဝန်းသို ခမရ(၁၁၆)-ပုသိမ်ကြီး ခမရ(၁၁၉)-ပုသိမ်ကြီး ခမရ(၁၂ဝ)-ဝန်းသို ခလရ(၄)-ပုသိမ်ကြီး ခလရ(၄၂)-ရွှေဘို ခလရ(၇၆)-မန္တလေး-အုန်းချော တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ကိုးကား 033
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%28%E1%81%83%E1%81%83%29%E1%80%81%E1%80%BC%E1%80%B1%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%8C%E1%80%AC%E1%80%94%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA
အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်
အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၄၄))သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် တည်ရှိသော ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဖြစ်သည်။ သမိုင်း ဖွဲ့စည်းပုံ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။ အမှတ်(၄၄၁)နည်းဗျူဟာအဖွဲ့ အမှတ်(၄၄၂)နည်းဗျူဟာအဖွဲ့ အမှတ်(၄၄၃)နည်းဗျူဟာအဖွဲ့ ခြေမြန်တပ်ရင်းများ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်တွင် လက်အောက်ခံတပ်ရင်းများ (၁၀)ရင်းရှိသည်။ တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုးကား နောက်ထပ်ကြည့်ရန် 044
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%28%E1%81%84%E1%81%84%29%E1%80%81%E1%80%BC%E1%80%B1%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%8C%E1%80%AC%E1%80%94%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA
အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်
အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၅၅))သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် တည်ရှိသော ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ကြည်း ၁၇၁၄၈၊ ဗိုလ်မှူးချုပ် အေးခိုင် ဖြစ်သည်။ သမိုင်း ဖွဲ့စည်းပုံ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။ အမှတ်(၅၅၁)နည်းဗျူဟာအဖွဲ့ အမှတ်(၅၅၂)နည်းဗျူဟာအဖွဲ့ အမှတ်(၅၅၃)နည်းဗျူဟာအဖွဲ့ ခြေမြန်တပ်ရင်းများ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။ တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ကိုးကား နောက်ထပ်ကြည့်ရန် 055
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%28%E1%81%85%E1%81%85%29%E1%80%81%E1%80%BC%E1%80%B1%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%8C%E1%80%AC%E1%80%94%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA
တပ်မတော် (ကြည်း)
တပ်မတော် (ကြည်း) သည် မြန်မာ့တပ်မတော်၏ မြေပြင်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အင်အားအကြီးမားဆုံး နှင့် အဓိကကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှ၌ ဗီယက်နမ်တပ်မတော် ပြီးလျှင် စစ်သည်အင်အား ဒုတိယအများဆုံးဖြစ်သည်။ ကြည်းတပ်တွင် စစ်သည်အင်အား (၄၉၂၀၀၀)ဦး ဝန်းကျင်ရှိသည်။ တပ်မတော်(ကြည်း)သည် ၁၉၄၈ ခုနှစ် မှစ၍ ရောင်စုံသောင်းကျန်းသူများ နှင့် ခက်ခဲသော တောတောင်များအကြား ကြာရှည်စွာ ပြည်တွင်းစစ်ဆင်ခဲ့ရပြီး အတွေ့အကြုံများ၍ ရင့်ကျက်သည်။ ထို့အပြင် ပြည်ပမှတရုတ်ဖြူ(ကူမင်တန်)တို့၏ကျူးကျော်မှုကိုလည်း အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သော တပ်မတော် ဖြစ်သည်။ တပ်မတော်(ကြည်း)ကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မှ ကွပ်ကဲအုပ်ချုပ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်သည်။ ၎င်း တပ်မတော်(ကြည်း)၏ အမြင့်ဆုံးရာထူးသည် အနောက်နိုင်ငံများမှ Field Marshal နှင့် တူညီသည်။ စစ်အသုံးစရိတ်သည် တစ်နှစ်လျှင် ၂.၀၇ ဘီလီယံ ဖြစ်သည်။ တိုင်းစစ်ဌာနချုပ်များ တိုင်းစစ်ဌာနချုပ် များမှာ အောက်ပါအတိုင်းဖြစ်သည် - ခြေမြန်တပ်မဌာနချုပ်များ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ ခြေမြန်တပ်မ ဌာနချုပ် များမှာ အောက်ပါအတိုင်းဖြစ်သည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ဆိုသည်မှာ တပ်မ အသွင်ပြောင်းယူထားသော တပ်ဖွဲ့ ဖြစ်သည်။ တပ်မများနှင့် စကခများသည် ကက(ကြည်း) - (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြစ်ပြီး စစ်ဆင်ရေးခွင် ပုံသေမရှိဘဲ ရန်သူအင်အားအပေါ် မူတည်ပြီး လိုအပ်သလို စစ်ကစားနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ လက်ရှိ၌ ဖွဲ့စည်းထားပြီးသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များမှာ အောက်ပါအတိုင်းဖြစ်သည် -“စကခ (၁၁) အား ဖွဲ့စည်းထားခြင်းမရှိဘဲ စကခ (၂၁) ကိုသာ ဖွဲ့စည်းထားသည်” ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဆိုသည်မှာ ရှေ့တန်း နယ်အစွန်အဖျားပြည်မ နှင့် အလှမ်းဝေးသောနေရာဒေသများတွင် တာဝန်ပေးအပ်ထားခြင်းကြောင့် စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာ၊ ရိက္ခာထုတ်ပေးမှုအာဏာ စသဖြင့် ရရှိထားသော ဌာနဖြစ်သည်။ ၎င်းသည် စစ်ဦးစီးပိုင်းဆိုင်ရာများကို တိုင်းမှူးထံ သို့တင်ပြရသည်။ ဒကစမှူးသည် တပ်မမှူးနှင့် စကခမှူးတို့ထက် အနည်းငယ်နိမ့်သော တပ်မတော်(ကြည်း)၏ စစ်ဖက်အဆင့်မြင့်ရာထူးဖြစ်သည်။ လက်ရှိဖွဲ့စည်းပြီးသော ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ အောက်ပါအတိုင်းဖြစ်သည် - ခြေလျင် / ခြေမြန် တပ်ရင်းများ ခြေလျင် / ခြေမြန်တပ်ရင်း တစ်ရင်း၏ ဖွဲ့စည်းပုံအင်အားမှာ အရာရှိ- (၃၁) ဦး၊ အခြားအဆင့်- (၈၂၆) ဦးဖြင့် စုစုပေါင်း (၈၅၇) ဦး ဖြစ်သည်။ သို့သော် မူလတပ်ရင်းများမှ ခွဲထုတ်၍ တပ်ရင်းများတိုးချဲ့ဖွင့်လှစ်ထားသောကြောင့် လက်ရှိတွင် တပ်ရင်းအများစုမှာ မူလ ဖွဲ့စည်းပုံပါ အင်အား၏ လေးပုံ တစ်ပုံ (အရာရှိ / အခြားအဆင့် ပေါင်း ဦးရေ ၂၀၀ ဝန်းကျင်)သာရှိသည်ဟု သိရသည်။ ခြေမြန်တပ်ရင်းများ (ခမရ) ခြေလျင်တပ်ရင်းများ (ခလရ) သင်တန်းကျောင်းများ တပ်မတော်(ကြည်း)၊ ဗိုလ်သင်တန်းကျောင်း (ဗထူး) တပ်မတော်(ကြည်း)၊ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း (ဗထူး) တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ရာထူးအဆင့် နှင့် အဆောင်အယောင်များ ပြန်တမ်းဝင် အရာရှိများ အခြားအဆင့်များ လက်ရှိ တပ်မတော်(ကြည်း)တွင် အသုံးပြုနေသော စစ်လက်နက်ပစ္စည်းအချို့ ဆက်လက်ဖတ်ရှုရန် တပ်မတော် (ရေ) တပ်မတော် (လေ) ကိုးကား
https://my.wikipedia.org/wiki/%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%20%28%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%B8%29
တပ်မတော် (လေ)
တပ်မတော် (လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်းပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာ့လေတပ်မှ လေယာဉ်များကို ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင်တွင် အသုံးပြုလာခဲ့သည်။ ကိုလိုနီခေတ် ၁၉၄၀ ဇွန်လတွင် ‌ဗြိတိသျှတို့က ‌ဗမာ့အပျော်တမ်းလေတပ်ယူနစ် (Burma Volunteer Air Unit) ကို ဖွဲ့စည်းပေးခဲ့ပြီး ၁၉၄၁ မတ်လခန့်တွင် ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force) ဟူ၍အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ဝင်ရောက်လာသည့် ၁၉၄၂ ၌ အင်္ဂလိပ်တို့တပ်ဆုတ်သွားသောအခါ အဆိုပါလေတပ်သည်လည်း ပါသွားခဲ့ရုံသာမက အခြားလေတပ်ယူနစ်အဖြစ်လည်း ပြောင်းလဲဖွဲ့စည်းခြင်းကိုခံခဲ့ရသည်။ ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံသို့ အင်္ဂလိပ်တို့ပြန်ရောက်ပြီးနောက် မြန်မာနိုင်ငံအတွက် လေတပ်ပြန်လည်ဖွဲ့စည်းပေးရေးများကို ဆောင်ရွက်ရာမှ ၁၉၄၇ ဒီဇင်ဘာတွင် "ဗမာ့လေတပ်မတော်" (Burma Air Force) အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပေါင်းစည်းရေးမူအရ တပ်မတော် (လေ) ဟု‌အမည်ပြောင်းလဲခဲ့သည်။ သမိုင်းကြောင်း လွတ်လပ်ရေးရပြီးစခေတ် (၁၉၄၈-၁၉၉၀) တပ်မတော်(လေ)ကို မြန်မာနိုင်ငံ ဗြိတိသျှတို့၏ လက်အောက်တွင် ရှိနေဆဲကာလ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် စစ်သည် ရာဂဏန်း အနည်းငယ်နှင့်အတူ Airspeed Oxfords အစင်း ၄၀၊ de Havilland Tiger Moths အစင်း ၁၆ စင်း၊ Austers ၄ စင်းနှင့် Supermarine Spitfire ၃စင်းတို့ ပါဝင်သည် လေတပ်ဖွဲ့သစ်အား လွှဲပြောင်း ရယူခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှစ၍ တပ်မတော် (လေ) ၏ အဓိကတာဝန်သည် ပြည်တွင်းပုန်ကန်မှု တန်ပြန်စစ်ဆင်ရေးများတွင် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ရေးနှင့် တပ်မတော် (ကြည်း) အား အနီးကပ်လေကြောင်း အထောက်အကူပေးရေးတို့ ဖြစ်သည်။ နိုင်ငံ၏ ပင်မလေတပ်အခြေစိုက်စခန်းဖြစ်သည့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၉၅၀ ဇွန်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမှတ် ၁ လေယာဉ်အုပ်၊ လက်နက်ကိရိယာများ ထိန်းသိမ်းရေး တပ်ဖွဲ့နှင့် ဗမာ့လေတပ်မတော် - ဗဟိုဌာနချုပ်နှင့် ပျံသန်းမှု သင်တန်းကျောင်းတို့ကို ဤအခြေစိုက်စခန်း၏ လက်အောက်တွင် ထားရှိသည်။ လအနည်းငယ် ကြာပြီးနောက် ၁၉၅၀ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Douglas Dakota ၉ စင်း ပါဝင်သည့် အမှတ် ၂ လေယာဉ်အုပ်ကို သယ်ယူပို့ဆောင်ရေး လေယဉ်အုပ်အဖြစ် ဖွဲ့စည်းခဲ့ပြန်သည်။ ၁၉၅၃ ခုနှစ်တွင် မင်္ဂလာဒုံ လေတပ် အခြေစိုက်စခန်း လက်အောက်တွင် အဆင့်မြင့် ပျံသန်းရေး တပ်ဖွဲ့ကို de Havilland Vampire T55s လေယာဉ်များဖြင့် ထပ်မံဖွဲ့စည်းလိုက်ကာ ၁၉၅၃ ခုနှစ် အကုန်ပိုင်းတွင် ဗမာ့လေတပ်၌ မင်္ဂလာဒုံ၊ မှော်ဘီနှင့် ြမန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာတို့တွင် အဓိက အခြေချ လေတပ်စခန်းကြီး သုံးခု ရှိလာခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မြန်မာလေတပ်သည် အစ္စရေးမှ Supermarine Spitfire အစင်း ၃၀ နှင့် ယူနိုက်တက်ကင်းဒမ်းမှ Supermarine Spitfire အစင်း ၂၀ တို့ကို ဝယ်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်မူ ယူနိုက်တက်ကင်းဒမ်းမှ Hunting Provost T-53 အစင်း ၄၀ နှင့် de Havilland Vampire Mark T55s ၈ စင်းတို့ကို ဝယ်ယူခဲ့ပြန်သည်။ ၁၉၅၅ ခုနှစ် နှောင်းပိုင်းတွင် ဗမာ့လေတပ်မတော်သည် မင်္ဂလာဒုံတွင် ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း တစ်ခု၊ အမှတ် ၅၀၁ လေယာဉ်အုပ်စု (မှော်ဘီလေတပ်စခန်း) နှင့် အမှတ် ၅၀၂ လေယာဉ်အုပ်စု (မင်္ဂလာဒုံ လေတပ်စခန်း) တို့ကို ထပ်မံ ဖွဲ့စည်းခဲ့သည်။ ၁၉၅၆ တွင် မြန်မာ့လေတပ်သည် အမေရိကန်နိုင်ငံ မှ Cessna 180 ၁၀ စင်း ကို ဝယ်ယူခဲ့ပြန်သည်။ ယင်းနှစ်တွင်ပင် Kawasaki Bell 47Gs ခြောက်စင်းဖြင့် ပထမဆုံး ရဟတ်ယာဉ် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နောက်တစ်နှစ်အကြာတွင် မြန်မာ့လေတပ်သည် ယူနိုက်တက်ကင်းဒမ်းမှ Hawker Sea Fury လေယာဉ် ၂၁ စင်းနှင့် ကနေဒါမှ de Havilland Canada DHC-3 Otters ကိုးစင်းကို ဝယ်ယူခဲ့သည်။ ၁၉၅၆ ခုနှစ် ဇွန်လ ၂၉ ရက်တွင် ဗိုလ်ဒေါ်လှသန်းက စက်မဲ့ဂလိုက်ဒါကို တစ်ဦးတည်း မောင်းနှင်ပြသခဲ့ခြင်းဖြင့် တပ်မတော် (လေ) ၏ အမျိုးသမီးများ သမိုင်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ Kawasaki Bell 47G ခုနစ်စင်းနှင့် Vertol H-21 Shawnees ၁၂ စင်းတို့ကို ထပ်မံ ဝယ်ယူခဲ့သည်။ ငါးနှစ်ကြာပြီးနောက်တွင် အမှတ် ၅၁ လေယာဉ်အုပ် (de Havilland Canada DHC-3 Otter နှင့် Cessna 180 လေယာဉ်များ) နှင့် အမှတ် ၅၃ လေယာဉ်အုပ် (Bell 47G၊ Kaman HH-43 Huskies နှင့် Aerospatiale Alouettes ရဟတ်ယာဉ်များ) တို့ကို မိတ္ထီလာတွင် ထပ်မံ ဖွဲ့စည်းခဲ့သည်။ ခေတ်မီအစီအစဉ် (၁၉၉၀ - လက်ရှိ) ၁၉၉၀ ကာလများ တပ်မတော် (လေ)အနေ နဲ့ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပညာမျိုးဆက်ကွာဟမှုများ ရှိနေရာမှ ၁၉၉၀ ပြည့် နှစ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ စတင်အသုံးပြုလာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် လက်နက်တပ်ဆင်ထားသည့် Soko G-4 Super Galeb လေယာဉ်များကို မြန်မာ့တပ်မတော်က ယူဂိုစလားဗီးယားနိုင်ငံမှ ဝယ်ယူခဲ့သည်။ ၁၉၉ဝ ကနေ ၂ဝဝဝ ပြည့်နှစ် ကြားထဲ F-7 အစင်း ၆ဝ ကျော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆီက အသုတ်လိုက် အသုတ်လိုက် စတင် ဝယ်ယူခဲ့သည်။ ၃ဝ မမ စက်သေနတ် နှစ်လက်နဲ့ အတူ ဝေဟင်ထဲမှာ ပစ်ခတ်တိုက်ခတ် နိုင်တဲ့ ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ F-7 တွေကို အဓိက အားဖြင့်တော့ ကြားဖြတ် တိုက်လေယာဉ် အဖြစ် အသုံးပြုခဲ့တာ ဖြစ်သည်။ ၂ဝဝဝ ကာလများ ၂၀၀၁ ခုနှစ်တွင်စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ စတင်အသုံးပြုလာနိုင်သည့် အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်လာခဲ့သည်။ ၂၀၀၁ ခုနှစ်မှစပြီး တိုက်ပွဲဝင်နိုင်သည့် လေယာဉ်များတိုးတက်စေရေး၊ စွမ်းအားမြင့် လေယာဉ်များဖြစ်စေရေး၊ အရည်အချင်း ပြည့်ဝသည့် လေသူရဲများ၊ အင်ဂျင်နီယာများ၊ မြေပြင်တပ်ဖွဲ့ဝင်များ မွေးထုတ်ပေး နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လာသည်။ အထူးသဖြင့် ရုရှား မှ Mi-24 နဲ့ Mi-17 ရဟတ်ယာဉ်တွေအပြင် MiG-29(အမ်အိုင်ဂျီ-၂၉) တိုက်လေယာဉ်၊ Pechora-2 လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အခြားကိရိယာတွေ ဝယ်ယူခဲ့သည်။ ၂ဝ၁ဝ ကာလများ ၁၉၉၀ ခုနှစ် မှစပြီး မြန်မာလေတပ်တွင် အများအားဖြင့် တရုတ်နှင့် ရုရှားတို့မှ တိုက်လေယာဉ်များကို အသုံးပြုသော်လည်း ၂ဝ၁၃ ခုနှစ်တွင် အီးယူ၏ ဒဏ်ခတ်မှု ရုပ်သိမ်းချိန်ကတည်းက စတင်ကာ ဥရောပလုပ် လေယာဉ်အုပ်စု ဝယ်ယူရရှိခဲ့သည်။ ဂျာမနီနိုင်ငံက Grob G120TP လေ့ကျင့်ရေး လေယာဉ် ၁၂ စင်းကို မြန်မာလေတပ်က ဝယ်ယူထားပြီး ၂ဝ၁၇ ခုနှစ်၊ ဧပြီလတွင် ဝယ်ယူရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လေ့ကျင့်ရေးဂျက်တိုက်လေယာဉ် K-8 W၊ သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်း ကင်းထောက်အတွက် အသုံးပြုသော ပြင်သစ်နိုင်ငံထုတ် ATR-42 နှင့် အမေရိကန်ထုတ် BEECH 1900 D လေယာဉ်များ တပ်တော်ဝင် အခမ်းအနားပြုလုပ်ခဲ့သည်။ K-8 W လေ့ကျင့်ရေးဂျက် တိုက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့်မြင့်ရှေ့တန်း ဂျက်တိုက်လေယာဉ်များ မောင်းနှင်မည့် လေသူရဲများကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေးအမောင်းသင် ဂျက်လေယာဉ်အမျိုးအစား ဖြစ်သည်။ K-8 W လေယာဉ်များကို တရုတ် CATIC ကုမ္ပဏီနှင့် မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင်၂၀၁၆ ခုနှစ်တွင် အဆင့်မြင့် လေ့ကျင့်ရေး လေယာဉ်အမျိုးအစားဖြစ်သည့် Yak-130 လေယာဉ် ၁၂ စီးကိုလည်း ရုရှားမှ မှာယူသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၀) ပြည့် နှစ်ပတ်လည်နေ့၌ Yak -130 အမျိုးအစား လေယာဉ် ၆ စီးအပြင် နယ်သာလန်နိုင်ငံထုတ် Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီး ကို တပ်တော်ဝင်အဖြစ် ကြေညာခဲ့သည်။၂၀၁၈ ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၁) ပြည့် နှစ်ပတ်လည်နေ့၌ တပ်မတော် (လေ) အတွက် JF-17 အမျိုးအစား တိုက်လေယာဉ်လေးစီး၊ ပြင်သစ်၏ အဲဘတ်စ်နှင့် အီတလီ၏ လီယိုနာဒိုကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်သည့် ATR 72-500s လေယာဉ်နှစ်စီးနှင့် Airbus Helicopters က ထုတ်လုပ်သည့် AS365 ရဟတ်ယာဉ်တစ်စီးကို အင်အားဖြည့်တင်းခဲ့သည်။ JF-17 တစ်စီးကို အကြမ်းဖျင်းဒေါ်လာ ၂၈ သန်း ဖြစ်သည်။ JF-17 တိုက်လေယာဉ် ၁၆ စီးအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၅၆ဝ တန်ဖိုးရှိ ပါကစ္စတန်နှင့် စာချုပ်တစ်ခုအရ မြန်မာက ဝယ်ယူရရှိခဲ့သည်။ JF-17 ကို Pakistan Aeronautical Complex (PAC) ပါကစ္စတန်နှင့် တရုတ်၏ Chendu Aircraft Corporation တို့က ဖက်စပ်ထုတ်လုပ်ထားသည်။ ၂၀၁၈ထိ တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို (၉)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ၂၀၁၈ ဒီဇင်ဘာတွင် အိန္ဒိယက မြန်မာနိုင်ငံသို့ Kiran အမျိုးအစား နှစ်ယောက်စီး အမောင်းသင်ဂျက်လေယာဉ် ခြောက်စီး ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ မြန်မာနဲ့ ရုရှားတို့သည် Su-30 (ဆူခွိုင်း ၃၀) ဂျက်တိုက်လေယာဉ် ၆ စီးအတွက် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါလေယာဉ်များသည် ရာသီမရွေး တိုက်ပွဲဝင်နိုင်သည့် အင်ဂျင်နှစ်လုံးတပ် Su-30 ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိမည်ဟု ခန့်မှန်းကြသည်။ Su-30 တိုက်လေယာဉ်များသည် အခြားစတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် သာလွန်မှုရှိသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်ပြီး လေယာဉ်ဆီ အပြည့်ဖြည့်ပြီး ပျံသန်းလျှင် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၈၆၀) အထိ ပျံသန်းနိုင်ခြင်းကြောင့် စစ်ဆင်နိုင်မှု အကွာအဝေး ကြီးမားသည်။ တပ်မတော်(လေ)အတွက် ဆူခွိုင်း Su-30 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ပြင်ဆင်ရာမှာ လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကိုယ်တိုင် ရုရှားနိုင်ငံ မော်စကိုမြို့ ကူဘင်ကာ လေယာဉ်ကွင်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်က စမ်းသပ်မောင်းနှင်ပျံသန်းမှု လုပ်ခဲ့သည်။ တပ်မတော် (လေ) တွင် အမျိုးသမီးအရာရှိအချို့ လေသူရဲလောင်းများအဖြစ် စတင်လေ့ကျင့်ဆောင်ရွက်နေသည်။ ၂၀၁၈ ခုနှစ်တွင် အဆိုပါအမျိုးသမီးအရာရှိ လေသူရဲလောင်း ၆ ဦးက တဦးချင်း မောင်းနှင်ပျံသန်းမှု(Solo)ကို အောင်မြင်စွာပျံသန်းနိုင်ခဲ့ပြီး ဖြစ်သည်။ ၂၀၁၉ ခုနှစ် ၇၂ နှစ်မြောက် တပ်မတော်(လေ)နေ့ တွင် JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၂ စင်း၊ Yak-130 အပေါ့စား တိုက်လေယာဉ် ၆ စင်းနှင့် MI-35 P တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်သည်။ တရုတ်- ပါကစ္စတန် ပူးတွဲထုတ်လုပ်သည့် JF-17 ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစား ပါဝင်ပြီး၊ ကြားဖြတ် တိုက်ခိုက်ရေးနှင့် အပေါ့စား ဗုံးကြဲလေယာဉ်များ အဖြစ်ပါ အသုံးပြုနိုင်ကြောင်း၊ အလားတူ ရုရှားလုပ် Yak – 130 မှာ အပေါ့စား တိုက်ခိုက် ရေးလေယာဉ် အဖြစ်သာမက လေ့ကျင့်ရေးတွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။ ၂ဝ၂ဝ ကာလများ ၂ဝ၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားတွင် Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစား တိုက်လေယာဉ်များ၊ FTC 2000 G ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေးလေယာဉ်များ၊ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်များ တပ်တော်ဝင်သည်။ ရာထူးအဆင့်များနှင့် အဆောင်အယောင် ပြန်တမ်းဝင် အရာရှိများ အခြားအဆင့်များ ဖွဲ့စည်းပုံ အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးယူနစ်များ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ကာကွယ်ရေး ဝန်ကြီးဌာန (နေပြည်တော်) လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မင်္ဂလာဒုံ/ မိတ္ထီလာ) မြေပြင်အတတ်သင်လေတပ်စခန်း (မိတ္ထီလာ) လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ) လေတပ်စခန်းဌာနချုပ်များ လေတပ်စခန်းဌာနချုပ်များ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်။ (ယခင် အမှတ် ၅၀၂ လေတပ်စခန်း) မှော်ဘီ လေတပ်စခန်းဌာနချုပ်။ (ယခင် အမှတ် ၅၀၁ လေတပ်စခန်း) မိတ္ထီလာ လေတပ်စခန်းဌာနချုပ်။ တောင်ငူ လေတပ်စခန်းဌာနချုပ်။ မြိတ် လေတပ်စခန်းဌာနချုပ်။ မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်။ (ယခင် အမှတ် ၅၀၃ လေတပ်စခန်း) မကွေး လေတပ်စခန်းဌာနချုပ်။ ပုသိမ် လေတပ်စခန်းဌာနချုပ်။ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်။ နမ့်စမ် လေတပ်စခန်းဌာနချုပ်။ လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း)၌ ပါဝင်သော်လည်း လုပ်ငန်းတာဝန်ပိုင်း၌ သဘောသဘာဝအရ တပ်မတော်(ရေ)၊ အထူးသဖြင့် တပ်မတော်(လေ)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။ လက်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃)ဦးရှိပြီး၊ ကြည်း/ ရေ/ လေ တပ်ဖွဲ့ အသီးသီးမှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးစီကို ခန့်အပ်ထားသည်။ အမှတ်(၁)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၂)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မြိတ် အမှတ်(၃)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - လွိုင်လင် အမှတ်(၄)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - သထုံ အမှတ်(၅)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မှော်ဘီ အမှတ်(၆)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၇)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ကျောက်ဆည် အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - နေပြည်တော် အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဆိပ်ဖြူမြို့ လက်ရှိအသုံးပြုနေသော စစ်လေယာဉ်များ ရေဒါများ မြန်မာလေတပ်တွင် သုံးဖက်မြင်စောင့်ကြည့်ရေး YLC-2 ရေဒါ၊ P-37 ကြိုတင်သတိပေးရေဒါစနစ်၊ JLP-40 ကာကွယ်ရေးရေဒါအပါအဝင် ရေဒါအများအပြားနှင့် ပေါင်းစပ်လေကြောင်းကာကွယ်ရေးရုံးနှင့်ချိတ်ဆက်ထားသည့် Galaxy EWR စနစ် တပ်ဆင်ထားသည်။ အမှတ်အသား မြန်မာ့ စစ်လေယာဉ် တံဆိပ်(ဗဟိုတွင် အဝါရောင် အကွက်နှင့် အပြာရောင် အနားသတ်မျဉ်းများ ပါသော အဖြူရောင် တြိဂံ)ကို များသောအားဖြင့် နေရာ ခြောက်မျိုးတွင် ရေးဆွဲထားသည်။ တပ်မတော် (လေ) ၏ အမှတ်စဉ် မှတ်သားမှု စနစ်သည် တပ်ဖွဲ့နှင့် လေယာဉ်တစ်စင်းချင်းစီ၏ ကိုယ်ပိုင်အမှတ်တို့ကို ခွဲခြားပေးသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိပါ။ ရှေးကျသော လေယာဉ် အများစုတွင် "UB" အက္ခရာနှင့်စပြီး ဗမာ ကိန်းဂဏန်းများပါသည့် အမှတ်စဉ်များကို တွေ့ရသည်။ တစ်ခါတစ်ရံ အမှတ်စဉ်များကို အဖြူရောင် အနားသတ်မျဉ်းများဖြင့် ရေးဆွဲတတ်သည်။ တိုက်ခိုက်ရေး လေယာဉ်များတွင်မူ ယေဘုယျအားဖြင့် အမှတ်စဉ် အနက်ရောင်များကို တွေ့နိုင်သည်။ မတော်တဆ နှင့် ထိခိုက်ပျက်စီးမှုများ ၂၀၁၆ တွင် Beechcraft 1900 လေယာဉ်တစ်စီး နှင့် Mi-2 ရဟတ်ယာဉ် ၁စီးပျက်ကျခဲ့သည်။ ၇ ဇွန် ၂၀၁၇ တွင် တပ်မတော်(လေ)မှ စန်းရှီ ဝိုင်-၈ လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ခရီးစဉ်၌ ပျက်ကျခဲ့သည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၅ အတွင်းကလည်း တပ်မတော်(လေ)မှ G-4 အမျိုးအစားလေယာဉ် တစ်စီးသည် ဧရာဝတီတိုင်းဒေသသကြီးအတွင်း ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူးသေဆုံးသွားသည်။ ၂၀၁၈ ဧပြီတွင် တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းနေသည့် အက်ဖ်-၇ လေယာဉ်တစ်စီး ပျက်ကျသွားခဲ့ရာ လေယာဉ်မှူးသေဆုံးသွားသည်။ ၂၀၁၈ အောက်တိုဘာလတွင် မကွေးလေတပ်စခန်းဌာနချုပ်မှ F-7 တိုက်လေယာဉ်နှစ်စီး ပျက်ကျသွားပြီး လေယာဉ်မှူးနှစ်ဦးနှင့် မြေပြင်ပေါ်မှ ကျောင်းသူတစ်ဦး သေဆုံးသွားသည်။ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၌ တပ်မတော်လေက လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်က မိုးမောက်မြို့အနီးတွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ မည်သည့်ရဟတ်ယာဉ်အမျိုးစားဖြစ်သည်ဆိုသည်နှင့် အသုံးပြုခဲ့သော ဝေဟင်ပစ်လက်နက်အမျိုးအစားတို့ကို တပ်မတော်လေနှင့် KIA တို့မှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်သို့ ဆင်းသက်ရာတွင် Beechcraft 1900 အမျိုးအစား လေယာဉ်ပျက်ကျခဲ့ရာ ပျဉ်းမနား ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝသာရ အပါအဝင် ၁၂ ဦးသေဆုံးခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် မကွေးလေတပ်စခန်းဌာနချုပ်တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လေယာဉ်အချို့ ထိခိုက်မှုများ ရှိခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့သည် ကြေညာခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာအနီးတွင် A-5 တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် H120 လေကျင့်ရေးရဟတ်ယာဉ်တစ်စီးသည် စက်ချို့ယွင်းမှုကြောင့် လယ်ဝေးမြို့နယ် လယ်ဒါကြီးရွာ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ၌ ပျက်ကျခဲ့ရာ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတစ်ဦး သေဆုံးခဲ့သည်။ အခြားလေ့လာရန် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ တပ်မတော် (ရေ) တပ်မတော် (ကြည်း) ကိုးကား
https://my.wikipedia.org/wiki/%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%20%28%E1%80%9C%E1%80%B1%29
တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)
တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဆိုသည်မှာ တပ်မတော်တွင် ခန့်အပ်သည့် ရာထူးတာဝန်များထဲမှ တစ်ခုဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရှိသည့် တပ်မတော် အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။ လက်ရှိ၌ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန် ထမ်းဆောင်နေသူမှာ “ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး” ဖြစ်သည်။ ‘ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်’ သည် ၂၀၁၇ ခုနှစ် မေလတွင် ‘ဒုတိယဗိုလ်ချုပ်ကြီး’ အဆင့်သို့ တိုးမြှင့်ခံရပြီး “တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)” ရာထူးနေရာသို့ ခန့်အပ်ခြင်းခံရ၍ ယခင်ထမ်းဆောင်သူ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ထံမှ ၎င်းရာထူး တာဝန်အားလွှဲပြောင်းရယူခဲ့သည်။ သူသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ၊ ဗိုလ်သင်တန်းအမှတ်စဉ် (ဗသက-၆၆)၏ စံပြထူးချွန်ဆုရရှိခဲ့သူဖြစ်ပြီး သူသည် ၂၀၁၀ ခုနှစ်တွင် တမခ(၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အထိ တွဲဖက်စစ်ထောက်ချုပ် ရာထူးများ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတ၏ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။ စစ်လက်ရုံး/ အကူ/ ဝန်ထမ်းတပ်ဖွဲ့ အရာရှိချုပ်များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%86%E1%80%B1%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%20%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%85%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%20%28%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%B8/%E1%80%9B%E1%80%B1/%E1%80%9C%E1%80%B1%29
ကေအန်ယူ တပ်မဟာ(၆)
တပ်ရင်း(၆)၏တပ်ရင်းမှူးမှာ ဒု ဗိုလ်မှူးကြီး တင်လှိုင် ခေါ် မန်းတင်လှိုင် ကရင်ပြည်နယ် ကရင်လူမျိုးစု မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%A1%E1%80%94%E1%80%BA%E1%80%9A%E1%80%B0%20%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%9F%E1%80%AC%28%E1%81%86%29
တစ်စီးရှင် သီဟသူ
တစ်စီးရှင် သီဟသူ (၁၂၆၅–၁၃၂၅) သည် ပင်းယမြို့တည် ဘုရင်တစ်ပါးဖြစ်သည်။ ပုဂံကို မွန်ဂိုတို့တိုက်ခိုက်ဖျက်ဆီးကာ အပြန်တွင် ကျော်စွာအား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ၊ ရာဇသင်္ကြံ နှင့် သီဟသူ တို့ မင်းညီနောင်သုံးဦးဖြစ်သည်။ ပုဂံမင်းကျော်စွာအား နန်းချကာ မိမိတို့ ဩဇာခံဖြစ်သည့် စောနစ်ကို နန်းတင်သည်။ ထိုနောက် မက္ခရာ၊ မြင်စိုင်း နှင့် ပင်လယ်တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် ပင်လယ်မင်း သီဟသူက နောင်တော်များကို လုပ်ကြံကာ ၁၃၁၃ ခုနှစ် တွင် ပင်းယနန်းတည်၍ မင်းပြုအုပ်ချုပ်သည်။ ဆင်ဖြူအသေတစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့ခံသဖြင့် သမိုင်းတွင် "တစ်စီးရှင်သီဟသူ" အဖြစ်လည်းကောင်း၊ ပင်းယမြို့တည်သီဟသူ အဖြစ်လည်းကောင်း ကျော်ကြားပေသည်။ ရံဖန်ရံခါ သီဟသူရ ဟူသောဘွဲ့ဖြင့်လည်း တွေ့ရတတ်သည်။ ပင်းယတွင် မြို့မတည်မီ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ပင်းယတည်ပြီးနောက် သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် အသင်္ခယာ စောယွန်းကို စစ်ကိုင်းမြို့တည်ပေးပြီး မင်းအဖြစ်အုပ်ချုပ်စေသည်။ သီဟသူလွန်လျှင် သားဖြစ်သူ ဥဇနာက ပင်းယနန်းကို ဆက်ခံသည်။ ဆင်ဖြူရှင် ခံခြင်း သက္ကရာဇ် ၆၇၆ ခုတွင် စမုန်မြစ်တွင် ဆင်ဖြူသေမျောလာရာ ငမွဲဥယျာဉ်၌ ဆယ်ထား၍ ပညာရှိတို့နှင့်တိုင်ပင်ကာ ညှပ်လုပ်၍ ရတနာကတင်ပြီး ဆင်ဖြူရှင် ခံသည်။ သို့ဖြင့် တစီးရှင် တွင်၏။ ကြင်ဘက်များ တောင်နန်းမိဘုရား ဘွားစော နရသီဟပတေ့၏ မိဘုရားငယ်တွင် မြင်သော မိစောဦးကို ဘွားစောအမည်နှင့် ကျော်စွာ မိဘုရားမြှောက်သည်။ ကျော်စွာ နန်းကျသည့်နောက် ထိုအမည်နှင့်ပင် မိဘုရားအရာ ဆက်ထားသည်။ မြင်သည့် သား ၃ ယောက်မှာ - ဥစ္စနာ (ဥဇနာဟု အတိုရေးလေ့ရှိ) (ကျော်စွာနှင့်ရကာ ပဋိသန္ဓေ ၃-လပါလာကာ မြင်သည့် မယားပါသား) ကျော်စွာ နော်ရထာ မြောက်နန်းမိဘုရား ရတနာပုံ လင်းယဉ်ရွာနေ သားတယောက်အမေ မုဆိုးမကို ပင်လယ်၌တွေ့စဉ် မိဘုရားမြှောက်သည်။ သမီး စောပုလဲကို မြင်မှ ရတနာပုံအမည်နှင့် မြောက်နန်းတင်သည်။ သားသမီး ၃ ယောက်မှာ - တရဖျား (မယားပါသား) အသင်္ခယာ (အမည်ရင်း စောယွမ်း) စောပုလဲ ကိုးကား မြန်မာ ဘုရင်များ ပင်းယ-စစ်ကိုင်းခေတ် ပထမရှမ်းခေတ် ပင်းယမင်းဆက် ၁၂၆၅ မွေးဖွားသူများ ၁၃၂၅ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%85%E1%80%BA%E1%80%85%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%20%E1%80%9E%E1%80%AE%E1%80%9F%E1%80%9E%E1%80%B0
တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုံများ
တရုတ်နိုင်ငံ အစိုးရသည် အထူးစီးပွားရေးဇုံအတွက် မူဝါဒများနှင့် ထောက်ပံ့မှု များစွာ ပါဝင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး စီမံခန့်ခွဲမှု စနစ်ကို များစွာ အထောက်အကူ ဖြစ်စေခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေး
https://my.wikipedia.org/wiki/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F%20%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%87%E1%80%AF%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ဝင်း၊ တက္ကသိုလ်
တက္ကသိုလ်ဝင်း (အေဒီ ၁၉၂၉) မန္တလေး တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့သူ စာရေး ဆရာ တက္ကသိုလ်ဝင်း (အေဒီ ၁၉၂၉) အကြောင်းကို ‘မန္တလေး ဒိုင်ယာရီ’ စာအုပ်ကနေ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ မန္တလေး မှ ထင်ရှားခဲ့သော စာရေးဆရာ တဦး။ အမည်ရင်း - ဦးဝင်းမောင်။ ၁၉၂၉ စက်တင်ဘာ ၁၅ တွင် အဖ ဦးလှဖေ၊ အမိ ဒေါ်မြသင်း တို့က မန္တလေးမြို့တွင် မွေးဖွားခဲ့။ ၁၉၃၈ - ၄၂ တွင် မန္တလေး စိန်ပီတာ ကျောင်းတွင် တတိယတန်း အထိ ပညာ သင်ကြားခဲ့ပြီး ၁၉၄၉ - ၅ဝ တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့။ ၁၉၅ဝ တွင် မန္တလေး တက္ကသိုလ် ရောက်ရှိခဲ့ပြီး ၁၉၅၂ မှ စ၍ မန္တလေး ကျောင်းသား လှုပ်ရှားမှုများ၌ ပါဝင်ခဲ့။ ကျောင်းသား ညီညွတ်ရေး တပ်ဦးနှင့် မန္တလေး တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင်၊ မန္တလေး ခရိုင် ကျောင်းသား သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ယူခဲ့။ ၁၉၅၃ - ၅၄ အောက်တိုဘာ ကျောင်းတလ တိုက်ပွဲ၌ ရာသက်ပန် ကျောင်းထုတ်ခံရ။ ၁၉၅၅ - ၅၆ တွင် အထက်ဗမာ (မြန်မာ) နိုင်ငံ ကလောင်သစ် လူငယ်များ အဖွဲ့ချုပ် အတွင်းရေးမှူး၊ မန္တလေး တက္ကသိုလ် ကလောင်ရှင်အသင်း အတွင်းရေးမှူး၊ ၁၉၅၆ - ၅၈ တွင် ဥက္ကဋ္ဌ။ ၁၉၅၆ - ၅၇ တွင် မန္တလေး တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း စာတည်း။ ၁၉၅၄ - ၆၅ တွင် အထက်ဗမာ (မြန်မာ) နိုင်ငံ စာရေး ဆရာအသင်း အမှုဆောင် တာဝန်များ ဆောင်ရွက်ခဲ့။ စာနယ်ဇင်းများ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများရေးခဲ့။ အမက (၁၆) တွင် ကျောင်းဆရာ လုပ်ခဲ့။ ၁၉၅၆ တွင် “ရှေ့သို့” စာအုပ် ထုတ်ဝေခဲ့။ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%81%8A%20%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
တက္ကသိုလ်ဘုန်းနိုင်
တက္ကသိုလ် ဘုန်းနိုင် (၁၉၃ဝ-၂ဝဝ၂) သည် မြန်မာနိုင်ငံသား တက္ကသိုလ် ပါမောက္ခ/ပါမောက္ခချုပ် တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ တေးရေးဆရာလည်း ဖြစ်ခဲ့သည်။ ငယ်စဉ်ဘဝ နှင့် ပညာရေး ရန်ကုန်တိုင်း သန်လျင်မြို့၌ အဖ ဦးထွန်းဖေ၊ အမိ ဒေါ်ကြင်မေ တို့က ၁၆ ဇန်နဝါရီ ၁၉၃ဝ ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်းငါးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ ငယ်မည် မောင်ဖေသိန်း၊ အမည်ရင်းမှာ ဦးခင်မောင်တင့် ဖြစ်သည်။ ပြည်ခရိုင် ပေါင်းတည်မြို့ မူလတန်းလွန်ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး မက်သဒစ်ကျောင်းများ (သန်လျင်၊ တွံတေး၊ သုံးခွ)၊ အစိုးရ အထက်တန်းကျောင်းများ (ပြည်၊ ပေါင်းတည်)၊ ဗုဒ္ဓဘာသာစာပေကို ကိုးတောင်တွဲကျောင်း (ထုံးဘို)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄၈)၊ ရန်ကုန် တက္ကသိုလ် (၁၉၄၈)၊ စိတ်ပညာ ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ (၁၉၅၅)၊ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန် မဟာ ဌာနမှ မဟာ ဝိဇ္ဇာဘွဲ့ (၁၉၅၉ - ၆၁) တို့ကို ဆည်းပူး အောင်မြင်ခဲ့သည်။ နိုင်ငံ့ဝန်ထမ်း ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဂုဏ်ထူးတန်း နောက်ဆုံးနှစ် ဓာတ်ခွဲခန်းတွင် လက်တွေ့လုပ်နေစဉ် မန္တလေးတက္ကသိုလ်ကောလိပ် ကျောင်းအုပ်ကြီး ဦးကိုလေးက မန္တလေးတက္ကသိုလ်သို့ လာရောက်၍ စိတ်ပညာ စတင်သင်ကြားပေးရန် မေတ္တာရပ်ခံခဲ့သည်။ မိမိ၏ ပညာပြန့်ပွားသည်ကို နှစ်သက်သည်က တစ်ကြောင်း၊ ဆရာကြီးဦးကိုလေးအား လေးစားသည်ကတစ်ကြောင်းကြောင့် လာပါမည်ဟု ကတိပေးခဲ့သည်။ မန္တလေး ယူနီဗာစီတီ ကောလိပ် စိတ်ပညာ ဌာနမှူး (၁၉၅၅)၊ တောင်ကြီးကောလိပ် ကျောင်းအုပ်ကြီး (၁၉၆၂ - ၇၂)၊ ပုသိမ် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၂ - ၇၇)၊ မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (၁၉၈၆ - ၈၈)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈အရေးအခင်း၌ စစ်မှန်သောဒီမိုကရေစီကို တောင်းဆိုရာတွင် ပါဝင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက အငြိမ်းစားပေးခြင်းခံခဲ့ရသည်။ မြန်မာပညာရေး လေ့လာရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၇၇) နှင့် တရုတ် (၁၉၈၃) သို့ လည်းကောင်း၊ မြန်မာပညာရေး အထူး လေ့လာရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၈၁) သို့ လည်းကောင်း၊ အာဆီယံ - ကိုရီးယား ယဉ်ကျေးမှု ခေါင်းဆောင် ဖလှယ်ရေး အစီအစဉ် တွေ့ဆုံ ပွဲများတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ၌ ကိုးရီးယား သမ္မတ နိုင်ငံသို့ သွားရောက် ခဲ့ပြီး စာတမ်းများ ပြုစု ဖတ်ကြား ခဲ့သည်။ စာပေရေးသားခြင်း စာပေနယ်သို့ ရှုမဝ မဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာဖြင့် ၁၉၄၉ ခုနှစ်တွင် စတင် ဝင်ရောက် ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထုရှည်အချို့မှာ၊ ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးည အိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေး မဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန် လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူ မရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့် လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည် လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅)စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်း ဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့် လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတို အများ ကိုလည်း ရေးသားခဲ့ရာ ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့် ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်း ခဲ့သည်။ စာပေ အနုပညာ ဆိုင်ရာ ကျမ်းများမှာ ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင် (၁၉၇၇)၊ ခမ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြသည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာ စာအုပ် များမှာ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြသည်။ နိုင်ငံခြား ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည့် စာအုပ်များမှာ ရုရှား ဘာသာဖြင့် 'သူ့ကျွန်မခံပြီ' (၁၉၇ဝ)၊ တရုတ် ဘာသာဖြင့် 'စွန့်ခွာရသည့် နွေညများ' (၁၉၈၈)၊ ဟင်ဒီ ဘာသာဖြင့် 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' (၁၉၉၄) တို့ ဖြစ်ကြသည်။ 'နှင်းငွေ့ တထောင့် မိုးတမှောင့်' ဖြင့် ၁၉၇၂ ခုနှစ်တွင် အမျိုးသား စာပေဆု ရရှိခဲ့သည်။ ကွယ်လွန် ၂ဝဝ၂ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် သန်လျင်၌ ကွယ်လွန် ခဲ့သည်။ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ တန်ခူးလေနှင့်လျောတော့သည် မျက်ရည်လောကများ၏ဟိုမှာဘက် တိမ်ညိုအလွင့်လအမြင့် ဝဿန်လေ ချိန်မှန်ကူး ကမ္ဘာကုန်ကျယ်သရွေ့ဝယ် ဤမြေမှသည် စိမ်းနေဦးမည့်ကျွန်တော့်မြေ နိုင်ငံခြားဘာသာသို့ ပြန်ဆိုခြင်းခံရသောစာအုပ်များ သူ့ကျွန်မခံပြီ (ရုရှားဘာသာ) မုန်းရစ်လေဦး (ဟင်ဒီဘာသာ) စွန့်ခွာရသည့်နွေညများ (တရုတ်ဘာသာ) မိုးညအိပ်မက်မြူ (ဂျပန်ပြည်၊ အိုဆာကာ တက္ကသိုလ်၊ မြန်မာစာဌာန၊ ပြဋ္ဌာန်းစာအုပ်) သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် (ဟင်ဒီဘာသာ) ရုပ်ရှင်ရိုက်ကူးခဲ့သော ဝတ္ထုများ သူ့ကျွန်မခံပြီ ညီမလေးရယ် စိုးရိမ်မိတယ် လွမ်း တန်ခူးလေနှင့်လျောတော့သည်(မွှေးလွန်းသောပန်း) ရေပင်လယ်နှင့် ငွေစင်ကြယ် မိုးညအိပ်မက်မြူ မုန်းရစ်လေဦး နွေကန္တာဦး သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင် တပြည်သူ မရွှေထား ရေးသားခဲ့သည့် ဇာတ်ညွှန်းများ ထားသခင် သစ္စာမိုးဦး သည်သောင်ယံက မခွာရက်တယ် မောင့်မူပိုင်ရှင် ဗွီဒီယိုရိုက်ကူးခဲ့သော ဝတ္ထုများ လွမ်း မိုးညအိပ်မက်မြူ သာ၍ဝေးရာဆီကိုပါ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင် တပြည်သူ မရွှေထား ရေးသားခဲ့သည့် သီချင်းများ ကမ္ဘာကုန်ကျယ်သရွေ့ဝယ် ကိုယ့်အလှဘဝငွေလမင်း နွေကန္တာဦး ပတ္တမြားပွင့်တို့သမိုင်းပြောကြသည် တက္ကသိုလ်နန်း ထားသခင် မေတ္တာစေကျွန် မေတ္တာသောင်နွေဦး သည်သောင်ယံကမခွာရက်တယ် မေတ္တာများနှင့်စိန်ပန်းနီနီ ရတနာရွှေမိုး လရောင်မချစ်သောပန်းနှင့်ပန်းကိုမချစ်သောလ စာပေသဘောတရား ဘုန်းနိုင်အတွေး၊ ဘုန်းနိုင်အမြင် (၁၉၇၇) ဝတ္ထုရှည်ဟူသည် (ဝတ္ထုရှည်စာတမ်းများ၊ စာပေဗိမာန်) ၁၉၈၁ ခပ်သိမ်းကလျာရှုဖွယ်သာတည်း (၂-တွဲ)၁၉၉၄ အမြင့်သို့ အာရုံညွှန့်တက်ခြင်း ၂၀၀၂ လီရာနာ ဂင်္ဂါ ဧရာဝတီ နှင့် ကဗျာ၏ သင်္ခါ ရ နှင့် နိယာမ (ရုပ်ရှင်တေးကဗျာ) အတွေးအမြင် စာတမ်းများ ပညာရဲ့ သဘော ပန်ဒိုရာအိုးပွင့်ပြီး ဟားပီးစ်တို့ ပျံသန်းချိန် အိုင်ကျူ မည်မျှပုံ၍ ယုံရမည်နည်း ၁၉၉၆ စာညွှန်း မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃၁၂ - ၃၁၄။ မလိခ။ မြန်မာဝတ္ထု အညွှန်း (၅)။ စာ ၂၇ - ၄၄။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၂ဝဝ၃)။ စာ ၁၅၁ - ၁၅၃။ မြန်မာနိုင်ငံ စာပေဆုများ (၁၉၇၁ - ရ၉)။ စာ ၂၄။ ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း(၂ဝဝ၃)။ စာ ၉၂ - ၉၆။ စာရေးဆရာများ။ လွမ်းတေးကို သူပင် သီရော့မည် (အမှတ်တရ တက္ကသိုလ် ဘုန်းနိုင်) (၂ဝဝ၃)။ ကံကော်ဝတ်ရည် စာပေ။ ပညာရဲ့သဘော ကံကော်ဝတ်ရည် စာပေ။ အိုင်ကျူ မည်မျှပုံ၍ ယုံရမည်နည်း ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စိတ်ပညာ ဘာသာရပ် ပညာရှင်များ မြန်မာ တက္ကသိုလ် ပါမောက္ခများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%98%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
တက္ကသိုလ်စိန်တင်
တက္ကသိုလ်စိန်တင် (ဩဂုတ် ၁၉၃၅–၁၃ အောက်တိုဘာ ၂၀၂၀) သည် အတ္ထုပ္ပတ္တိစာပေများစွာ ရေးသားခဲ့သော မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အစောပိုင်းဘဝနှင့် ပညာရေး တက္ကသိုလ်စိန်တင်ကို ဖြူးမြို့တွင် ၁၉၃၅ ခု၊ ဩဂုတ်လ ၂၇ ရက်၊ အင်္ဂါနေ့၌ အဖအငြိမ်းစားကျောင်းဆရာ ကြေးမုံသတင်းထောက် ဦးညွန့်၊ အမိ ကျောင်းဆရာမ ဒေါ်ခင်စုတို့မှ ဖွားမြင်သည့် မွေးချင်းငါးယောက် အနက် ဒုတိယမြောက်သား ဖြစ်သည်။ ငယ်မည်မှာ ဆတ်ထူးဖြစ်ပြီး အမည်ရင်းမှာ ဦးစိန်တင် ဖြစ်သည်။ မိဘများမှာ ကျောင်းဆရာ၊ ကျောင်းဆရာမများ အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုသည်။ ငယ်မည် မောင်စိန်တင်ဟု အမည်တွင်ရခြင်းမှာ ထိုစဉ်က ကွယ်လွန်သူ စာရေး ဆရာကြီး သိပ္ပံ မောင်ဝ၏ အမည်ရင်း ဦးစိန်တင်ကို စံနမူနာယူ၍ နောင်တွင် စာရေးဆရာ တစ်ဦး ဖြစ်လာ စေလိုသော ရည်ရွယ်ချက်ဖြင့် ၎င်း၏ မိဘများက မောင်စိန်တင် ဟူ၍ မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။ ငယ်စဉ် မိခင် ပေးဖတ်သော မဂ္ဂဇင်း၌ ပါရှိသည့် ဝတ္ထုတို တစ်ပုဒ်ကို ဖတ်ရှုရာမှ စိတ်ဝင်စားလာပြီး စာဖတ်ဝါသနာပါခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ဖြူးမြို့ ဆရာကြီး ဦးဖိုးထိုက်၏ ကျောင်း၌ သူငယ်တန်းမှ စတင်ပညာသင်သည်။ ၁၉၄၁ တွင် ညောင်ဦးမြို့ အစိုးရ အလယ်တန်းကျောင်း၌ တတိယတန်းအထိ ဆက်လက်ပညာသင်သည်။ ၁၉၄၆ တွင် ညောင်ဦး ဦးပဏ္ဍိတ၏ အခမဲ့အလွတ်ပညာသင်ကျောင်း ၌ တတိယတန်းမှ စ၍ ပြန်လည် သင်ကြားပြီး ထိုနှစ်မှာပင် မင်းဘူး အစိုးရအထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်သည်။ ၁၉၅၄ တွင် မင်းဘူး အစိုးရ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ ရန်ကုန် တက္ကသိုလ်၌ ဆက်လက်ပညာသင်ရာ ၁၉၆၄ တွင် ဝိဇ္ဇာဘွဲ့ရသည်။ ထို့နောက် စာရေးဆရာ ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း များ၌ ဝင်ရောက် ရေးသားနိုင်ရန် ကြိုးစားသည်။ စာရေးဆရာဘဝ အသက် ၁၁ နှစ်သား အရွယ်တွင် ၁၉၄၆ ခုနှစ် မတ်လထုတ် သတင်းစုံ ဂျာနယ်၌ မောင်စိန်တင်၏ ကြည်ညိုဖွယ်ကောင်းလို့ ခညောင်းတဲ့ ပူဇော် မန်းရွှေစက်တော် ခရီးသွား ဆောင်းပါး တစ်ပုဒ် ဖော်ပြပါရှိခဲ့ပြီး ပထမဦးဆုံး စာပေ လက်ရာလည်း ဖြစ်ခဲ့၏။ ၁၉၄၇ နွေဦးတွင် ရွှေစက်တော်ဘုရားသို့ မိဖုရားနှင့် လိုက်သွားခဲ့ရသည့် အတွေ့အကြုံကို 'ကြည်ညိုဖွယ် ကောင်းလို့ ခညောင်းတဲ့ ပူဇော်၊ မန်းရွှေစက်တော်' သည် ပထမဦးဆုံး ပုံနှိပ်စာမူ ဖြစ်သည်။ ၁၉၄၇ ထုတ် သတင်းစုံ ဂျာနယ်တွင် ပါဝင်သည်။ ကလောင်အမည်မှာ မောင် စိန်တင်၊တတိယတန်း၊အစိုးရအထက်တန်းကျောင်း၊မင်းဘူးမြို့ ဟူ၍ဖြစ်သည်။ တက္ကသိုလ် ရောက်သည့် အချိန်မှစ၍ 'တက္ကသိုလ်စိန်တင်' ကလောင်အမည်ကို အသုံးပြုခဲ့သည်။ တက္ကသိုလ် မောင်လှမှူး အမည်ဖြင့်လည်း ရေးခဲ့ဖူးသည်။ ရွှေတူဂျာနယ်၌ 'ဘုန်းကြီးကျောင်းသား သာဂိ' အမည်ကို သုံး၍ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၇၀ ပြည့်နှစ်ထုတ် 'ပညာရှင်တို့ ပျော်ရာမြေ' ဘာသာပြန် စာအုပ်တွင်မူ ကလောင်အမည် 'စိမ့်မောင်'ဟု အသုံးပြုခဲ့သည်။ ၁၉၅၀ တွင် မင်းဘူးမြို့ ဗမာ့ခေတ် သတင်းထောက်၊ ၁၉၅၄ တွင် တက္ကသိုလ်သတင်းထောက်၊ ထို့နောက် ကြေးမုံ၊ ဘွင်းဘွင်း၊ မြန်မာ့အလင်း၊ မဏ္ဍိုင်၊ ဗမာ့ခေတ် သတင်းစာတို့၏ မင်းဘူး သတင်းထောက် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၀ တွင် အိုးဝေသတင်းစာ တာဝန်ခံ အယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့သည်။ ယင်းနှစ် ဧပြီလ၌ပင် အဖ ဦးဘမှန်၊ အမိ ဒေါ်နန်းရွှေတို့၏ သမီး ဒေါ်တင်စိန် ( M.Ed ) ပညာရေး တက္ကသိုလ် အငြိမ်းစား ကထိကနှင့် လက်ထပ်ခဲ့သည်။ ဒေါ်တင်စိန်သည် 'စိမ့် (ပညာရေး)' ကလောင် အမည်ဖြင့် စာပေရေးသားနေသော စာရေးဆရာမ တစ်ဦး ဖြစ်သည်။ ၁၉၅၂ ခုနှစ် ၁၇ နှစ်သား အရွယ်တွင် ဗမာ့ခေတ် သတင်းစာ၏ မင်းဘူးမြို့နယ် သတင်းထောက် အဖြစ် ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး သတင်းများ ရေးသားခဲ့သည်။ မြန်မာ့အလင်း သတင်းစာ၊ ရန်ကုန် သတင်းစာနှင့် ဘွင်းဘွင်း သတင်းစာ တို့တွင်လည်း သတင်းများ ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် မင်းဘူးမြို့ အစိုးရ အထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ယူခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် အိုးဝေ သတင်းစာနှင့် ဗမာ့ခေတ် သတင်းစာတို့တွင် ကော်လံစား သတင်းထောက်အဖြစ် ဆောင်ရွက်ရင်း ထိုနှစ်တွင်ပင် အိုးဝေ သတင်းစာ၌ အယ်ဒီတာ အလုပ်ရခဲ့သည်။ မြစာပေတိုက်မှ ထုတ်ဝေသော နှင်းမှုန်ကြားမှ တပ်နီတော် ၁၉၆၆ ဘာသာပြန် ဝတ္ထုမှာ တက္ကသိုလ် စိန်တင်၏ ပထမဦးဆုံး လုံးချင်း စာအုပ် ဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် စာအုပ်သည် ဒုတိယမြောက် လုံးချင်း စာအုပ် ဖြစ်သည်။ တက္ကသိုလ်စိန်တင် အမည်ဖြင့် နှင်းမှုန်ကြားမှ တပ်နီတော်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်၊ ဟစ်တလာ၏ သစ္စာဧကရီ၊ ၁၉၄၅ မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေး သမိုင်း၊ ရဲဘော်သုံးကျိပ်မော်ကွန်း၊ ထန်း၊ ငွေဓားဗိုလ်၊ အန္တရာယ်တောင်ကြား ၊ နွေမင်းသား နှင့် ဆောင်းဧကရီ၊ ကံကော်မြိုင်တန်း လွမ်းပန်းဝေဝေ၊ နန်းကျ ဘုရင် သီပေါ၊ အကျဉ်းခံ သီပေါ၊ မင်းတုန်းမင်း၏ နောက်ဆုံးနေ့များ၊ မြန်မာနိုင်ငံရေး ဇာတ်ခုံမှ စောစံဖိုးသင်၊ ၁၉၇၃ အာရပ်အစ္စရေး သဲကန္တာရ စစ်ပွဲ၊ ဗိုလ်ကြီး အောင်ဆန်း သူရိယ တိုက်ချွန်း၊ ဧကရီ စုဘုရား၊ မုန်တိုင်း ဗိုလ်ရဲဒင်၊ အိုဘယ့် အနော်ရထာ၊ ပုဂံမှာ ကျန်စစ်သား၊ ဗိုလ်မှူး အောင်ဆန်း သူရိယ အေးချို၊ သိင်္ဂီဆောင် အခန်း အမှတ် (၃)၊ မိန်းမချောလေးများ မချစ်ရ၊ စတီရီယို မင်းသမီး၊ ကျွန်တော်တို့ အမေ၊ မြန်မာလွတ်လပ်ရေး တိုက်ပွဲနှင့် သခင်ဗစိန်၊ ပခုက္ကူ ဦးအုံးဖေ ( ဘဝခရီးနှင့် အောင်မြင်နည်း အတွေ့အကြုံများ ) ၊ ဆိုဗီယက် ယူနီယံ ပြိုကွဲခြင်း၊ မြန်မာ့တော်လှန်ရေး အာဇာနည် ပုဂံ ဗိုလ်ချို၊ ပုဂံ ရှာပုံတော်၊ ကရုဏာရှင် ဘွားဦးဇွန်း အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင်များ နှင့် အမျိုးသား လွတ်လပ်ရေး ကြိုးပမ်းမှုကြီး ( ၁၉၃၀ - ၄၈ ) စာအုပ် စသည်တို့ ဖြစ်သည်။ အတ္ထုပ္ပတ္တိ စာပေများကို ရေးသားရာတွင် ဝတ္ထုဟန်ဖြင့် ရေးဖွဲ့ တင်ပြလေ့ ရှိသဖြင့် စာဖတ်ပရိသတ်တို့ အဖို့ စွဲမက်ဖွယ် ဖြစ်ရသည်။ ပခုက္ကူ ဦးအုန်းဖေ ဘဝ ခရီးနှင့် အောင်မြင်နည်း အတွေ့အကြုံများ စာအုပ်ဖြင့် ၁၉၉၃ ခုနှစ်တွင် အမျိုးသား စာပေဆု (စာပဒေသာဆု) ဆွတ်ခူး ရရှိခဲ့သည်။ ဆရာ တက္ကသိုလ် စိန်တင်သည် ဝတ္ထုဟန် အတ္ထုပ္ပတ္တိ စာအုပ်များ ရေးသားခြင်းဖြင့် ထင်ရှား လာခဲ့သော စာရေးဆရာတစ်ဦး ဖြစ်သည်။ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးမှ ဖြစ်ရပ် မှတ်တမ်းများကို ဗုဒ္ဓဂယာ ဓမ္မ ခရီးစဉ် အမည်ဖြင့် စာမူ ရေးသား ပြုစုခဲ့သည်။ ကွယ်လွန်ခြင်း တက္ကသိုလ် စိန်တင်သည်ဇနီး ဒေါ်တင်စိန် (စိမ့်-ပညာရေး) နှင့် အတူ ဒဂုံမြို့သစ် မြောက်ပိုင်း၌ နေထိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ တက္ကသိုလ် စိန်တင် ရေးသား ခဲ့သော စာအုပ်များ ကိုးကား ပြင်ပလင့်ခ်များ ''တက္ကသိုလ်စိန်တင်စာအုပ်များgoodreads မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%90%E1%80%84%E1%80%BA
တက်တိုး
တက်တိုး [၁၉၁၃ - ၂ဝဝ၃] ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် အဖ မြူနီစီပယ်ဈေးခေါင်းကြီး ဦးမောင်လေး၊ အမိ ဒေါ်စိန်ညွန့်တို့က ၁၉၁၃-ခု၊ ဖေဖော်ဝါရီလ ၂ ရက် တနင်္ဂနွေနေ့တွင်မွေးဖွားခဲ့သည်။ မွေးချင်း၃ယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်မည် ညှပ်ကြီး၊ အမည်ရင်း ဦးအုန်းဖေဖြစ်သည်။ ငယ်စဉ်မှ (၇) နှစ်သားအထိ၊ မကွေးမဲထီးတိုက်ဦးဇောတိကဘုန်းကြီးကျောင်းနှင့် မကွေးလောကဓာတ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် ၈ နှစ်တွင် မကွေးမြို့ အင်္ဂလိပ်၊ မြန်မာ အစိုးရအလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၄ နှစ် ၈ တန်း၌ပညာသင်ကြားဆဲ ဂန္ထလောကမဂ္ဂဇင်း၏ မြန်မာပညာပြန့်ပွားရေးအသင်းမှ ပြုလုပ်သော ဘာသာပြန်ပြိုင်ပွဲတွင် "ကညာလော၊ကျားကြီးလော" ဝတ္ထုစာမူဖြင့် ဝတ္ထုတိုပထမဆုရခဲ့သည်။ (ဗစ်က တာ)ကလောင်အမည်ဖြင့် ရေးခဲ့သည်။ ပထမဆုံး ပုံနှိပ်စာမူဖြစ်သည်။ ၁၉၃၀ ခုနှစ်တွင် မကွေးမြို့ အင်္ဂလိပ်မြန်မာအထက်တန်းကျောင်းမှ ၁၀တန်းအောင်သည်။ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၌ Who's Who အမည်ရှိ အင်္ဂလိပ်ဆောင်းပါးရေးခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းအောင်သည်။ ဥပစာတန်းအောင်ပြီးနောက် ၁၉၃၈ ခုနှစ်ထိ မကွေးတိုင်း မင်းကြီးရုံး၌ စာရေးလုပ်ခဲ့သည်။ "ခေတ်ညွန့်စာစောင်" စာပေအဖွဲ့ကိုတည်ထောင်ခဲ့သည်။ "ဘားမားဂျာနယ်" တွင် ဆောင်းပါးများစတင်ရေးသားသည်။ ၁၉၃၈ - တိုးတက်ရေးသတင်းစာ၌ ဘာသာပြန်အယ်ဒီတာ။ တိုးတက်ရေးမဂ္ဂဇင်း၌လည်း ဆောင်းပါးများ ရေးသားခဲ့။ တိုးတက်ရေး၌ ၃ လခန့်လုပ်ပြီး (နိုဝင်္ဘာလ၌)ဂန္ထလောကမဂ္ဂဇင်းသို့အယ်ဒီတာအဖြစ် ပြောင်းရွှေ့ ဆောင်ရွက်ခဲ့။ ၁၉၃၉ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့။ ရန်ကုန်တက္ကသိုလ်၌ အင်္ဂလိပ်စာနည်းပြဆရာလုပ်။ ၁၉၄၀ - ရန်ကုန်စုံထောက်မင်းကြီးရုံး၌ စာတော်ပြန်။ ပထမဆုံးလုံးချင်းစာအုပ် မာတာဟာရီ (Mata Hari)သာသာပြန်ရေးသားခဲ့။ ဒီဇင်ဘာထိ ဂန္ထလောကမဂ္ဂဇင်း အယ်ဒီတာ။ လေနတ်မောင် စာအုပ်ထွက်ရှိ။ ၁၉၄၀-၄၁ - ပြန်ကြားရေးဌာန၊ မြန်မာနိုင်ငံဘာသာပြန် ဌာနခွဲစာတည်းမှူး။ ၁၉၄၁ - ဖေဖော်ဝါရီလတွင် ကဗျာဆရာမ နုယဉ်(ဒေါ် နုယဉ်)နှင့် လက်ထပ်ခဲ့။ ၁၉၄၂-၄၃ - ပညာမင်းကြီးရုံး၊ မြန်မာစာပေဌာန၌ စာတည်း။ ၁၉၄၃-၄၅ - 'ပညာစွယ်စုံကျမ်း' လက်ထောက် စာတည်းမှူး။ ဗမာ့ခေတ်သတင်းစာတွင် ပြင်သစ်တ္ထုရေး ဆရာကြီး ဂုစတပ်ဖလောဗဲယား ၏ မဒမ်ဗောဗာရီ ဝတ္ထုကို သုရောနန္ဒီ အမည်ဖြင့် မြန်မာပြန်ခဲ့။ ၁၉၄၅-၄၇ - ပြန်ကြားရေးဌာန၊ သုတေသနအရာရှိ။ ၁၉၄၆ - တိုင်းမ် မဂ္ဂဇင်း သတင်းထောက်။ ၁၉၄၇-၄၈ - အိုးဝေ သတင်းစာ အယ်ဒီတာ။ ၁၉၄၇-၄၉ - ဟံသာဝတီ သတင်းစာ ခေါင်းကြီးရေးအယ်ဒီတာ။ ၁၉၄၉-၅၀ - ပဒေသာမဂ္ဂဇင်းတည်ထောင်သူ၊ အတိုင်ပင်ခံအယ်ဒီတာ။ ၁၉၅၀ - မင်းမှုထမ်းလုံးချင်းဝတ္ထုထွက်။ စာပေဗိမာန်ဆု ရရှိခဲ့။ ဗစ်တာဟူးဂိုး၏ ခါးကုန်းကြီး ဝတ္ထု ဘာသာပြန်ထွက်။ ၁၉၅၁ - ဒေးကာနက်ဂျီ၏ သောကကင်းဝေး နေနိုင်ရေး ဘာသာပြန်စာအုပ်ထွက်။ ၁၉၅၀-၅၂ - မြန်မာပြည်သတင်းဌာန စာတည်းချုပ်။ အခါလည်သား စာအုပ်ထွက်။ ၁၉၅၂-၅၃ - ကွန်မင်တေတာ အင်္ဂလိပ်ဘာသာထုတ် စာစောင်ကို ဦးစီးထုတ်ဝေ။ နယူးဘားမားဝိကလီး တွင် အယ်ဒီတာအဖွဲ့ဝင်။ စာသင်သားဂျာနယ် ကိုထုတ်ဝေခဲ့။ ၁၉၅၃ - စီးပွားရေးသတင်းစာ ခေါင်းကြီးရေး အယ်ဒီတာ။ ၁၉၅၅ - တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓာန်ပြုစုထုတ်ဝေ။ ၁၉၅၇ - တက်တိုးနည်းပြသင်တန်း ဖွင့်လှစ်တည်ထောင်ခဲ့။ ၁၉၅၇-၅၈ - နုယဉ်ပုံနှိပ်တိုက်ကိုတည်ထောင်၍ ကျောင်းသုံးအင်္ဂလိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခဲ့။ အင်ဒိုနီး ရှား၊ သီဟိုဠ်၊ ဂျပန် ၃ နိုင်ငံအကြောင်းရေးသားသောစာအုပ် ၃အုပ်အား ချစ်ကြည်ရေးဘာသာရပ်အဖြစ် ယူနက် စကိုအဖွဲ့ကဆုချီးမြှင့်ခဲ့။ ၁၉၅၈-၆၂ - ပုံနှိပ်တိုက်လုပ်ငန်း၊ အလွတ်ပညာသင်လုပ်ငန်းများကို ဦးစီးလုပ်ကိုင်။ ၁၉၆၁ - ဘဝနှင့်စာပေ စာအုပ်ထွက်။ ၁၉၆၃ - မြန်မာ့သတင်းစဉ် (N.A.B) နိုင်ငံခြားသတင်းဌာန အယ်ဒီတာချုပ်။ ၁၉၈၀ ထိဆောင်ရွက်။ ၁၉၆၅ - အာဇာနည်စိတ်နှင့်အညွန့်တလူလူ စာအုပ်ထွက်။ ၁၉၆၉ - ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်။ ၁၉၆၉-၇၂ - ဂါးဒီးယန်းအင်္ဂလိပ်သတင်းစာ၌ နေ့စဉ် ခေါင်းကြီးရေးခဲ့။ ၁၉၇၂-၇၅ - အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်။ ရုပ်ရှင်အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့ဝင်။ စာပေလုပ် သားအစည်းအရုံး၊ စည်းရုံးရေးအဖွဲ့ဝင်။ (နောင် ဥက္ကဋ္ဌ၊ ဆရာမင်းသုဝဏ် ဂျပန်သို့ ဧည့်ပါမောက္ခအဖြစ်ထွက်ခွာ သွားသဖြင့် ဥက္ကဋ္ဌရာထူးကိုဆက်ခံခဲ့။) ၁၉၇၂ - သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး။ ၁၉၇၅ - ပညာရေးဝန်ကြီးဌာန၊ အထူးအရာရှိ။ ၁၉၇၀-၈၀ - တက္ကသိုလ်ဗဟိုကောင်စီဝင်။ တက္ကသိုလ်ပညာရေးအဖွဲ့များကောင်စီဝင်။ ၁၉၈၆-၉၅ - မဂ္ဂဇင်းများတွင် သုတ၊ ရသ (ပင်ကို၊ ဘာသာပြန်၊ ဆောင်းပါးများ-ပုဒ်ရေ ၁၀၀၀ခန့် ရေးသား ခဲ့။ ၁၉၉၅ - လောကနီတိ အင်္ဂလိပ်ဘာသာပြန်ထွက်။ ၁၉၉၇ - မိဘမေတ္တာလူမှုရေးအဖွဲ့၏ စာပေဂုဏ်ရည်ဆုရရှိ။ ပခုက္ကူဦးအုန်းဖေ-တစ်သက်တာစာပေဆုရရှိ။ ၂၀၀၃ - ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်) ရရှိ။ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ဂုဏ်ပြုတံဆိပ်ရရှိ။ ဘဝနိဂုံး ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ တနင်္ဂနွေနေ့နံနက် ၄းဝဝ နာရီခန့်တွင် ရန်ကုန်မြို့၌ကွယ်လွန်ခဲ့။ သားသမီး ၄ယောက်ကျန်ရစ်သည်။ ''တက်တိုးကလောင်အမည်ကွဲများ ၁၇ ခုတွေ့ရသည်။ စာပေဆိုင်ရာစာအုပ်များ ၁။ ဘဝနှင့်စာပေ (၁၉၆၁) ၂။ ----နှင့်စာပေ (၁၉၆၃) ၃။ ရွှေစင်နှင်းဆီနှင့် အခြားအက်ဆေးများ (၁၉၆၅) ၄။ နုယဉ်၏ကဗျာများ (တက်တိုးအင်္ဂလိပ်ဘာသာပြန်) (၁၉၇၂) ၅။ အလှပန်းတစ်ပွင့်နှင့်အခြားပုံပြင်ဝတ္ထုများ (နုယဉ်ရေး၊ တက်တိုး အင်္ဂလိပ်ပြန်) (၁၉၈၁) ၆။ ပညာပေး လက်ရွေးစင်မြန်မာပုံပြင်များ (အင်္ဂလိပ်ဘာသာပြန်ဆို) (၁၉၉၄) စိတ်ပညာနှင့်အတွေးအခေါ်စာအုပ်များ ၁။ အာဇာနည်စိတ် ၂။ အညွန့်တလူလူ (ကြီးပွားရေးအိပ်ဆောင်ကျမ်း) ၃။ အချစ်နှင့်စိတ်ပညာ (၁၉၆၃) ၄။ တက်တိုး၏အတွေးအမြင် (၁၉၉၂) စိတ်ပညာနှင့်အတွေးအခေါ်ဆိုင်ရာ (ဘာသာပြန်) ၁။ သောကကင်းဝေးနေနိုင်ရေး (၂) တွဲ၊ (၁၉၅၁) ၂။ သူတို့အတွေးအခေါ်မှတ်စုများ (၁၊ ၂၊ ၃) (၁၉၉၀-၉၁) ဗဟုသုတ ၁။ အင်ဒိုနီးရှား (၁၉၄၅) ၂။ ရုသျှမှတ်စု (၁၉၄၇) ၃။ အလင်းသို့ (လွတ်လပ်ရေးကြိုဆိုမှုစာတမ်း) ၁၉၄၈ ၄။ အနုမြူရုရှ (၁၉၄၉) ၅။ ဂျပန်ပြည် (၁၉၅၈)။ သီဟိုဠ် (၁၉၅၈) ၆။ ဌာနေကအမေရိကန်တွေ (၁၉၆၂) ၇။ ကျန်းမာချမ်းသာ ဘဝပညာ (၁၉၈၅) အတ္ထုပ္ပတ္တိဘာသာပြန် ၁။ မာတာဟာရီ (၁၉၄၀) ၂။ နပိုလီယံ (၁၉၄၀) ၃။ လေနတ်မောင် (၁၉၄၁) ၄။ အာဇာနည်မာရီ ၅။ ဆောင်တော်ကူး (၁၉၄၇) ၆။ စာဆိုမယ် (၁၉၄၇) ၇။ သမ္မတလင်ကွန်း (၁၉၄၈) ၈။ ကမ္ဘာ့ဆိုးပေကြီးများ (၁၉၆၄) ၉။ ကမ္ဘာ့စာဆိုကြီးများ (၁၉၆၅) ပင်ကိုရေးဝတ္ထုများ ၁။ ခေတ်နှင့်ကံ (၁၉၄၅) ၂။ မင်းမှုထမ်း (၁၉၅၀) ၃။ သံယောဇဉ်နှင့်အခြားဝတ္ထုတိုများ (၁၉၅၈) ၄။ ပင်ကိုရေးဝတ္ထုတိုများနှင့်ကိုယ်တိုင်ရှင်းပြချက် (၁၉၆၅) တက်တိုးသည် အင်္ဂလိပ်စာဆိုင်ရာစာအုပ်များ အများအပြား ရေးသားခဲ့သည်။ ခါးကုန်းကြီး၊ ငါးဦးကြမ္မာ၊ အခါလည်သား၊ ခုနစ်ဆောင်ပြိုင်အိမ်ကြီး၊ မေတ္တာမွန်၊ တောမီး၊ အိုင်ဗင်ဟို၊ ဆရာမဘဝ၊ ကမ္ဘာကျော်ဝတ္ထု တိုများနှင့်ရှင်းပြချက်။ ကမ္ဘာကျော် ဝတ္ထုရှည်ကြီးများ၊ ချစ်တေးကဗျာဝတ္ထုတိုများ၊ လံခြားသမား စသောဘာသာ ပြန်ဝတ္ထုများရေးသားခဲ့သည်။ စာညွှန်း ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၃၃ - ၃၅။ မလိခ။ မြန်မာဝတ္ထု အညွှန်း(၂)။ စာ ၁၉၁ - ၂ဝ၉။ မလိခ။ မြန်မာစာပေ အဘိဓာန် (၃)။ စာ ၂၁ - ၂၄။ နတ်နွယ်။ မိမိနှင့် စာရေးဆရာများ။ စာ ၃၁၂ - ၃၁၇။ ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစု စာရင်း။ စာ ရ၄ - ရ၈။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့။ ၁၃၆ဝ ပြည့်နှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အခမ်းအနား၊ ကန်တော့ခံ သက်ကြီး စာပေ ပညာရှင်များ၏ အတ္ထုပ္ပတ္တိ။ စာ ၉၇-၉၈။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၊ စာပေဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့် ခံရသူများ ချီးကျူး ဂုဏ်ပြုပွဲ၊ စာပေ ပညာရှင်များ အတ္ထုပ္ပတ္တိ (၁၇ မေ ၂ဝဝ၃)။ စာ ၁၉-၂ဝ။ ရာပြည့် စာအုပ် ၁ဝဝ အညွှန်း (၁၉၉၉)။ စာ ၉၄။ ဒေါ်စိုးညိမ်း။ တက်တိုး စာစု စာရင်း (စက်တင်ဘာ ၁၉၃ဝ မှ စက်တင်ဘာ ၂ဝဝ၂ ခုနှစ် အထိ)။ စာ ၂၂-၂၇။] မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%B8
ဝန္ဒာမိ
ရှိခိုးခြင်း(၂)မျိုး နမာမိ - ညွှတ်ခြင်း၊ ကိုင်းခြင်း၊ ရှိုင်းခြင်း တို့ဖြင့် ရှိခိုးခြင်း။ ညွှတ် - ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့ရဲ့ ဂုဏ်ကျေးဇူးကို ညွှတ်တာ၊ ဦးခေါင်းညွှတ်ပြီး အလေးအမြတ်ပြုကြောင်း ဖော်ပြတာ။ ကိုင်း - ခေါင်းရောကိုယ်ပါ ကိုင်းပြီး ဝပ်ချတာ။ ရှိုင်း - ကုန်းပြီး နောက်သုံးလမ်းလောက် လက်အုပ်ချီပြီးဆုတ်ခွာခြင်း။ (လမ်းမှာတွေ့ အချိန်မရလျှင်သုံး) ဝန္ဒာမိ - တည်ခြင်းငါးပါးဖြင့်ရှိခိုးခြင်း။ ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး (အေးအေးဆေးဆေး ပို၍အလေးအမြတ်ပြုသည့်သဘော) ဗုဒ္ဓဘာသာ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%9D%E1%80%94%E1%80%B9%E1%80%92%E1%80%AC%E1%80%99%E1%80%AD
ဝင်းငြိမ်း
အမည်ရင်း ဦးဝင်းငြိမ်းဖြစ်သည်။ အဘ ဦးကျားဘငြိမ်း နှင့် အမိ ဒေါ်ကြည်ကြည် တို့မှ ၁၉၄၆ ခု၊ မေ ၂၈ ရက်တွင် မွေးဖွား၏။ ဇာတိမှာ မန္တလေးမြို့ဖြစ်ပြီး မွေးချင်း ခုနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။ မန္တလေး သံတဲကျောင်းတွင် ပညာ စတင်သင်ကြားခဲ့သည်။ ထိုကျောင်းမှ ၁၉၄၆ တွင် အထက်တန်း အောင်ခဲ့သည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိပြီး ၁၉၆၇ ခုတွင် ဘီ၊စီအိုအယ်မ် (အေအေ) ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အာ၊ အေ၊ အာ၊ အိုင်၊ ဒီ၊ အယ်မ်၊ အေ ဒီပလိုမာ သင်တန်းများ တက်ရောက် အောင်မြင်ခဲ့သည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ရသုံး မှန်းခြေ ငွေစာရင်း ဦးစီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူး ရာထူးထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။ ၁၉၆ဝ တွင် စုံထောက်မဂ္ဂဇင်း၌ ဘာသာပြန်ဝတ္ထုတို စတင်ရေးသားခြင်းဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၁ ခုက စတင်ထုတ်ဝေသော ပေဖူးလွှာမဂ္ဂဇင်းတွင် စာဖတ်သူများနှင့် တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍကို တာဝန်ယူခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် အခြားကလောင်ခွဲများဖြင့် ပေါ့ပ်ကဏ္ဍများ ရေးသားခဲ့သည်။ ရုပ်ရှင်အမြုတေ၊ စန္ဒာ၊ ရင်ခွင်သစ်၊ အရိန္ဒမာ၊ ရုပ်ရှင်၊ ရွှေစည်းစိမ် မဂ္ဂဇင်းများတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ မှစတင်ပြီး ရွှေအမြု‌တေ ရုပ်စုံမဂ္ဂဇင်းကို စီစဉ်တည်းဖြတ်ထုတ်ဝေခဲ့သည်။ ရွှေအမြုတေ ဝတ္ထုတိုတစ်ခေတ်နှင့် မျိုးဆက်သစ်စာရေးဆရာများကို မွေးထုတ်ပေးသော ရွှေအသစ်ကဏ္ဍတို့သည် အထူးထင်ရှားသည်။ ၂၀၀၆ ခုနှစ်၊ မေလ၊ (၂၈) ရက်၊ အသက် (၆၀) နှစ်ပြည့် မွေးနေ့မှ စတင်ပြီး နှစ်တစ်နှစ်၏ ဇွန်လမှ နောက်နှစ် မေလအတွင်း ထုတ်ဝေခဲ့သော မြန်မာမဂ္ဂဇင်းများမှ စာမူများကို ဆုချီးမြှင့်သည့် "ရွှေအမြုတေ စာပေဆု" ကို တီထွင်ချီးမြှင့်ခဲ့သည်။ ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းအနုပညာဂျာနယ်၊ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတို့ကို စီစဉ်တည်းဖြတ်သူအဖြစ်ဆောင်ရွက်ခဲ့ပြီး ဘာသာပြန်စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ယခုအခါ ရွှေအမြုတေမဂ္ဂဇင်း ကို စီစဉ်တည်းဖြတ်ရင်း စာပေများ ဆက်လက် ရေးသားနေသည်။ အခြား ကလောင်ခွဲများမှာ ဇာနည်ငြိမ်း၊ မိုးကျော်ထွန်း၊ ဘို၊ ဝင်းကိုကို တို့ဖြစ်ကြသည်။ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ ကိုးကား မြန်မာ ဂျာနယ်လစ်များ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရှမ်းပြည်တောင်ပိုင်း UWSA အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း ရှမ်းပြည်မြောက်ပိုင်း UWSA ခေါင်းဆောင် ပေါက်ယိုချမ်း UWSA တပ်ဖွဲ့၏အဓိကခေါင်းဆောင်များ တပ်မှူးကြီး ပေါက်ယိုချမ်း ဒုတပ်မှူးကြီး / စစ်ဦးစီးချုပ် ကျောက်ကျုံးတန်း ဒုစစ်ဦးစီးချုပ် အိုက်ရုန်း ဒုစစ်ဦးစီးချုပ် လီလောက်အေး ဒုစစ်ဦးစီးချုပ် ပေါက်ဆမ်ရိုင်း ဒုစစ်ဦးစီးချုပ် ဝမ်ခဲ့ချန် ဒုစစ်ဦးစီးချုပ် လီကော့ဖင် UWSA စစ်ဌာနချုပ်အား ပန်ဆန်း(ပန်ခမ်း) တွင် အခြေပြုသည်။ စစ်ဌာနချုပ်တွင် ဗဟိုကင်းတပ်မဟာ၊ လက်နက်ကြီး တပ်ဖွဲ့၊ လေယာဉ်ပစ်ဒုံးကျည်တပ်ဖွဲ့၊ ဒုံးကျည်များတပ်ဆင်ထားသော ဒရုံးတပ်ဖွဲ့၊ သံချပ်ကာတပ်ဖွဲ့၊ လက်ဖြောင့်တပ်ဖွဲ့၊ အထူးတပ်ဖွဲ့(ကွန်မင်ဒို)များ ဖွဲ့စည်းထားရှိသည်။ UWSAတပ်ဖွဲ့များတွင် တပ်ဆင်ထားသော အခြေခံ ချေမှုန်းရေးရိုင်ဖယ်များမှာ ပုံစံသစ်များ ပြောင်းလည်းတပ်ဆင်ထားသည်။ အကူပစ်လက်နက်ကြီး တပ်ဖွဲ့တွင် ယခင်ကတပ်ဆင်ထားနိုင်ခဲ့သည့် ၈၂မမ၊ ၁၂၀ မမ မော်တာ၊ ၅၇မမ၊ ၇၅ မော်တာအပြင် ၁၀၅မမ၊ ၁၂၂ မမ ဟော်ဝစ်ဇာအမြောက်မြားပါ တပ်ဆင်ထားသည်ကို ခိုင်လုံသော သတင်းများအရ၎င်း၊ လက်တွေ့လေ့ကျင့်ပစ်ခတ်နေသည့် ဗီဒီယိုမှတ်တမ်းများအရ၎င်း သိရသည်။ လေယာဉ်ပစ်ဒုံးနှင့် ပတ်သက်၍ UWSA ထူထောင်သည့် အနှစ် ၃၀ ပြည့်ပွဲတွင် FN 6/FN 7 အမျိုးအစားဟု ယူဆရသော လေယာဉ်ပစ်ဒုံးကျည်များ ထုတ်ပြသွားသည် ကိုတွေ့ရသည်။ သို့ဖြစ်ရာ လေယာဉ်ပစ်ဒုံးကျည်များ ဝယ်ယူရရှိထားပြီး လေယာဉ် ပစ်ဒုံးကျည်တပ်ဖွဲ့အား လေ့ကျင့်ဖွဲ့စည်းထားရှိပြီဟု သုံးသပ်ရသည်။ ထို့ပြင် UWSA နှစ် ၃၀ ပြည့်ပွဲတွင် ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များ တပ်ဆင်ထားသည့် ဒရုံးလေယာဉ်ငယ်များ ထုတ်ပြသွားသည်ကို တွေ့ရပေရာ ဒရုံးတပ်ဖွဲ့လည်း ဖွဲ့စည်းထားရှိပြီးဟုသုံးသပ်ရသည်။ နယ်စပ်ဒေသသတင်းများအရနှစ် ၃၀ ပြည့်ပွဲတွင် ထုတ်ပြသည့် ဒရုံးများထက်ကြီးသည့် ဒရုံးလေယာဉ်များလည်း ဝယ်ယူထားရှိသည်ဟုဆိုသည်။ ပန်ဆန်းမြောက်ဘက်တွင် လေယာဉ်ကွင်းငယ်များ တည်ဆောက်ထားသည်ဟုဆိုသည်။ တရုတ် သို့မဟုတ် လာအိုမှထုတ်လုပ်သည်ဟု ယူဆရသည့် သံချပ်ကားများအား UWSA ၏ စစ်ရေးလှုပ်ရှားများတွင် တွေ့ရှိရသည်။ လက်ဖြောင့်တပ်သားသုံး မှန်ပြောင်းတပ်သေနတ်များအား တပ်ဆင်ထားသည်ကို တွေ့ရသည်။ ပန်ဆန်း စစ်ဌာနချုပ်မှ တိုက်ရိုက်အုပ်ချုပ်သည့် စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး ၂၀၁၉/၂၀ မှစ၍ ၃/၄ နှစ် ဗိုလ်သင်တန်းကျောင်းအား ပန်ဆန်းမြောက်ဘက်တွင် ဖွင့်လှစ်ခဲ့သည်။ ဗိုလ်သင်တန်းကျောင်းအား ဒုတပ်မှူးကြီး ကျောက်ကျုံးတန်းမှ တိုက်ရိုက်အုပ်ချုပ်သည်ဟု ဆိုသည်။ ထို့ပြင် UWSA အနေနှင့် လက်နက်ခဲယမ်း ထုတ်လုပ်သည် စက်ရုံများ ပိုင်ဆိုင်ထားသည်ဟု နယ်စပ်ဒေသရှိအကဲခတ်များက ဆိုသည်။ ကိုးကား မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများ ရှမ်းပြည်နယ်
https://my.wikipedia.org/wiki/%E1%80%9D%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%20%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%8A%E1%80%AE%E1%80%8A%E1%80%BD%E1%80%90%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%20%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ဝင်းဝင်းမြင့် (နန်းတော်ရှေ့)
စာရေးဆရာမ ဖြစ်သည်။ အမည်ရင်းမှာလည်း ဝင်းဝင်းမြင့် ဖြစ်သည်။ နေရပ်ဖြစ်သော မန္တလေး နန်းရှေ့ကို အစွဲပြု၍ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) ဟူသော ကလောင်အမည်ကို ယူခဲ့သည်။ အထက်တန်းပြ ဆရာမအဖြစ် မန္တလေး အ.ထ.က (၁၈) ၊ အ.ထ.က (၁၇) တို့တွင် ဆောင်ရွက်ခဲ့သည်။ ထို့နောက် အငြိမ်းစားယူခဲ့ပြီး မန္တလေး၊ နန်းရှေ့တွင် နေထိုင်လျက် စာရေးသားလျက် ရှိသည်။ မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသမီး စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%20%28%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%29
ဝင်းဖေ (ဒါရိုက်တာ)
ဦးဝင်းဖေသည် မြန်မာနိုင်ငံမှ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ တစ်ဦးဖြစ်သည်။ သူနှင့်ခေတ်ပြိုင် ပန်းချီဆရာ သူငယ်ချင်းများမှာ နိုင်ငံကျော် ပန်းချီဆရာများ ဖြစ်ကြသော ပေါ်ဦးသက်၊ ခင်မောင်ရင်တို့ ဖြစ်သည်။ ငယ်ဘဝ ဦးဝင်းဖေသည် ၁၉၃၆-ခုနှစ်၊ မန္တလေးမြို့၌ မွေးဖွားသည်။ ဖခင်မှာ ရွှေပြည်ဦးဘတင် ဖြစ်သည်။ မိသားစုထုံးတမ်းအရ ငယ်စဉ်ကတည်းက ဂီတနှင့် ပန်းချီ မသင်မဖြစ်သင်ကြားခဲ့ရသည်။ ၁၉၅၁-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ မန္တလေးတက္ကသိုလ် နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့ပြီး ဘွဲ့မရခဲ့ပါ။ ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာခေတ်ပေါ် ပန်းချီ စတင်လိုက်စားသူ (၆)ဦး အနက် တစ်ဦးဖြစ်ခဲ့သည်။ ပန်းချီပြပွဲ များစွာတွင် ပါဝင်ခဲ့သည်။ ၁၉၅၉-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ မန္တလေးအခြေစိုက်၊ လူထုသတင်းစာနှင့် စာပေတိုက်တွင် လက်သင်နိုင်ငံခြားရေး အယ်ဒီတာ၊ သရုပ်ဖော် ပန်းချီဆရာ၊ ကာတွန်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၆၂-ခုနှစ်မှ ၁၉၆၄-ခုနှစ်အထိ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်တွင် ကျောက်စိမ်း သွားတူးခဲ့သေးသည်။ ၁၉၆၄-ခုနှစ်မှ ၁၉၆၆-ခုနှစ်အထိ ရတနာ ကုန်သည် လုပ်ကိုင်သည်။ ၁၉၆၆-ခုနှစ်မှ ၁၉၇၃-ခုနှစ်အထိ မန္တလေးရှိ အနုပညာ ဦးစီးဌာန၊ ပန်တျာနှင့် အကကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ - ၁၉၉၄ ဝတ္ထုတို၊ ရုပ်ရှင်ဇာတ်လမ်းနှင့် ဇာတ်ညွှန်းများ ရေးသား၊ ရုပ်ရှင် ဒါရိုက်တာလုပ်၊ နောက်ပိုင်းတွင် ဗီဒီယို ထုတ်လုပ်ရေးပါ လုပ်ကိုင်သည်။ ၁၉၈၁ အကောင်းဆုံး ဒါရိုက်တာအဖြစ် အကယ်ဒမီဆု ရရှိခဲ့သည်။ အခြားသော အကယ်ဒမီဆုများကိုလည်း ၎င်းရိုက်ကူးသည့် ရုပ်ရှင်များမှ ဆွတ်ခူးခဲ့သည်။ ပန်းချီလည်း ဆွဲသည်။ ၁၉၉၄ - အမေရိကန်အစိုးရ၏ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ဖြင့် ယူစီအယ်လ်အေနှင့် ဟောလိဝုဒ်တွင် တစ်လတာ လေ့လာရေး ခရီးထွက်ခဲ့သည်။ နောက်ပိုင်းတွင် အိုင်အိုဝါတက္ကသိုလ်၊ နိုင်ငံတကာ စာရေးဆရာများ အစီအစဉ်သို့ တက်ရောက်ကာ ဂုဏ်ထူးဆောင်ပညာရှင်အဖြစ် ချီးမြှင့်ခြင်း ခံရသည်။ ၁၉၉၅ - ၁၉၉၆ အလွတ်တန်း စာရေးဆရာ၊ ပန်းချီဆရာအဖြစ် နယူးယောက်မြို့တွင် ရပ်တည်သည်။ ၁၉၉၇ - ၂ဝဝ၅ လွတ်လပ်သော အာရှအသံ ရေဒီယိုဌာနတွင် အကြီးတန်း အသံလွှင့်သူ၊ အကြီးတန်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရေဒီယို အစီအစဉ်များနှင့် ဆောင်းပါးများစွာ ရေးသား ထုတ်လွှင့်ခဲ့သည်။ ၂ဝဝ၅ မှ ယနေ့ အထိ - ရေဒီယိုဌာနမှ အနားယူ၊ အချိန်ပြည့် ပန်းချီဆရာ စာရေးဆရာအဖြစ် ရပ်တည်၊ Open Society Institute (OSI) - Burma Project ၏ မြန်မာ့ရုပ်သံမော်ကွန်း အစီအစဉ်များကို မိုးမခ စာနယ်ဇင်းအဖွဲ့နှင့်အတူ ဆောင်ရွက်လျက်ရှိသည်။ မိုးမခ၏ အကြံပေး အမှုဆောင်လူကြီးအဖြစ် ကူညီပေးသည်။ လောလောဆယ် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။ အနုပညာဖန်တီးမှုများ ထင်ရှားသည့် ရုပ်ရှင်လက်ရာများ နှင်းဆီနီအိပ်မက် မဟူရာ ပန်းသီတဲ့ကြိုး ပန်းစကား စာအုပ်များ ဝင်းဖေ၏ ဝတ္ထုတိုများ လွယ်အိတ် (ရေဒီယိုအသံလွှင့်ချက်များ) ဝင်းဖေ၏ ရုပ်ရှင်ဝတ္ထုနှင့် ဇာတ်ညွှန်းများ ဝင်းဖေ၏ ရေဆေးပန်းချီများ ကာတွန်း - လွန်ခဲ့သော ၅၅ နှစ်က ဝင်းဖေ၏ ကာတွန်းများ ရရှိခဲ့သော ဆုများ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ ရုပ်ရှင် ဒါရိုက်တာများ ၁၉၃၆ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%B1%20%28%E1%80%92%E1%80%AB%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%90%E1%80%AC%29
ဝင်းမင်းထွေး
ဝင်းမင်းထွေး ဟု လူသိများသော ကဗျာဆရာ ၊ တေးရေးဆရာ အမည်ရင်း ဝင်းမြင့် ကို အမရပူရမြို့နယ်၊ ရွှေကြက်ယက်ရွာ၌ ၁၉၅၃ ခုနှစ်တွင် ဦးခင်မောင်ထွေး၊ ဒေါ်လှတင် တို့မှ မွေးဖွားခဲ့သည်။ ၁၉၇၀ တွင် စစ်ကိုင်း အထက(၁)မှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရောက်ခဲ့ပြီး မှိုင်းရာပြည့် အ‌‌ရေးအခင်းတွင် ကျောင်းသားခေါင်းဆောင် အဖြစ် ပါဝင်ခဲ့သည်။ ထိုပါဝင်မှုကြောင့် ‌ကျောင်းထုတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် ၅နှစ်ကြာ ထောင်ကျခဲ့သည်။ ကဗျာဆရာဘဝ ၁၉၇၂ ခုနှစ်ခန့်တွင် တက္ကသိုလ်အသိုင်းအဝိုင်း၌ ကဗျာများစတင်ရေးသားခဲ့ပြီး စက်မှုသတင်းဂျာနယ်တွင် သူ၏ကဗျာစတင်ပါဝင်ခဲ့သည်။ ရှုမဝရုပ်စုံမဂ္ဂဇင်းတွင် ၁၉၇၄ ၌ ကဗျာစတင်ရေးခဲ့သည်။ ကဗျာပေါင်းများစွာ ရေးသားခဲ့သော်လည်း ပုံနှိပ်ဖြစ်သော ကဗျာများမှာ နည်းပါးသည်။ တေးရေးဆရာဘဝ ပလေးဘွိုင်းသန်းနိုင်အတွက် “ချစ်ရမ္မက်” သီချင်းစာသားကို ၁၉၈၂ တွင် စတင်ရေးပေးခဲ့သည်။ ၁၉၈၂ မှ ၂၀၀၆ ခုနှစ်အတွင်း သီချင်းစာသားပေါင်း ၃၀၀ ခန့်ရေးသားခဲ့ပြီး စကားလုံး ဝင်းမင်းထွေး ဟု ထင်ရှားသည်။ တစ်ကိုယ်တော်ရေးသားပေးခဲ့သော တေးစီးရီးအခွေများတွင် ချစ်ကောင်း ၏ ကိုယ်တိုင်ရေးပုံတူ ထူးအိမ်သင်၏ အရင်အတိုင်း တေးစီးရီး နှင့် ဇော်ဝင်းထွဋ်၏ ဂျစ်ပစီမိုးတိမ် တေးစီးရီးတို့မှာ အထူးအောင်မြင်ကျော်ကြားသည်။ အခြားအနုပညာလှုပ်ရှားမှုများ အဆိုတော် ၁၂ ယောက်ပါဝင်သော သီချင်းဗီဒီယို (MTV) ၂ခွေတွဲကို ၁၉၈၆ တွင် ရိုက်ကူးခဲ့သည်။ ၁၉၈၉ တွင် ဟန်သစ်မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့သည်။ အခြား ဗီဒီယိုဇာတ်ကားများနှင့် မှတ်တမ်းဗီဒီယိုများလည်း ရိုက်ကူးခဲ့သည်။ ရွှေအင်ကြင်း အမည်ရှိရုပ်ရှင်ကားကြီးကို ၁၉၉၅ တွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ၂၀၀၇ ဧပြီလတွင် မဂ္ဂဇင်းအချို့တွင် သူရေးသားခဲ့ဖူးသော စကားပြေ ၅ ပုဒ် နှင့် ကဗျာရှည် တစ်ပုဒ်တို့ကို စုစည်း၍ ကိုယ်တိုင်ရေး ပုံတူများ အမည်ဖြင့် စာအုပ်တစ်အုပ် ထုတ်ဝေခဲ့သည်။ လက်ရှိဘဝ ဇနီးဖြစ်သူ မိကော် နှင့် သားကြီး အာကာ ၊ သမီးများဖြစ်ကြသော ဘရဏီ၊ ရွှေရင်အေးတို့နှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ လက်ရာများ ကဗျာများ ရေးသားခဲ့သော သီချင်းများ မြန်မာ တေးရေးဆရာများ မြန်မာ အမျိုးသား ကဗျာဆရာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%91%E1%80%BD%E1%80%B1%E1%80%B8
အ.ထ.က(၆)ဗိုလ်တထောင်
အခြေခံ ပညာ အထက်တန်း ကျောင်း အမှတ် (၆) ဗိုလ်တထောင် (အ.ထ.က. (၆) ဗိုလ်တထောင်) ဆိုသည်မှာ ဗိုလ်တထောင်မြိုနယ် မြို့တော်ဟောင်း ရန်ကုန် (ရန်ကုန်တိုင်း) အတွင်းတွင်တည်ရှိသော အခြေခံပညာအထက်တန်း ကျောင်းဖြစ်သည်။ ယခင်အမည်ဟောင်းမှာ စိန်ပေါလ်ကျောင်း (St. Paul's English High School) ဖြစ်သည်။ အမျိုးသားကျောင်း ဖြစ် ပြီး အနောက်အရပ်တွင် ဗိုလ်အောင်ကျော်လမ်းနှင့် အရှေ့အရပ်တွင်သိမ်ဖြူလမ်းကြား၊ တောင်အရပ်တွင် အနော်ရထာလမ်းနှင့် မြောက်အရပ်တွင်ဗိုလ်ချူပ်အောင်ဆန်းလမ်းကြား တို့အတွင်းတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးဆာဘွဲ့ရသူ ဆာမောင်ခင်၊ မြန်မာ့ ပထမဆုံး ပါရဂူ ဥပဒေပညာရှင် ပါမောက္ခဒေါက်တာ ဘဟန်၊ နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်၊ ဆာဂျေအေမောင်ကြီး၊ မြန်မာ့ပထမဆုံး ကိုယ်ကာယအလှ ဖော်ထုတ်သူ ဒေါက်တာ ဝေါ်လတာ ချစ်ထွန်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဂျပန်ခေတ် စစ်ပညာတော်သင် ဗိုလ်တင်မောင် (စာရေးဆရာ မြတ်ထန်)၊ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၊ ဗြိတိသျှအစိုးရနှင့် မြန်မာ့လွတ်လပ်ရေး ဆွေး‌နွေးရာတွင် ပါဝင်ခဲ့သူ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ပထမဆုံးသော မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ ပညာမင်းကြီး စည်သူ ဦးကောင်း၊ လွတ်လပ်ရေးရပြီးခေတ် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်၊ နိုင်ငံတော် တရားသူကြီးချုပ်သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင်၊ စာရေးဆရာ သုမောင်၊ မောင်ဝဏ္ဏ၊ မင်းသိင်္ခ၊ မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှ၊ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ(ဆရ်ပန်)၊ ဓာတ်ပုံ ကျော်မိုးလွင်( RASU ).။ ဓာတ်ပုံ မိုးပိုင်စိုး ။ တေးရေး မောင်သစ်မင်း ။ အဆိုတော် ဘန်နီဖြိုး ။ ဒါရိုက်တာ မောင်မျိုးမင်း ( ရင်တွင်းဖြစ် ) ။ ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ အဆိုတော် ရဲလေး တို့သည် စိန်ပေါလ်ထွက်များ ဖြစ်ကြသည်။ ဗိုလ်တထောင် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ရန်ကုန်မြို့
https://my.wikipedia.org/wiki/%E1%80%A1.%E1%80%91.%E1%80%80%28%E1%81%86%29%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%90%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
အန္တာတိက
အန္တာတိကတိုက် (; ဗြိတိသျှအသံထွက် သို့မဟုတ် , အမေရိကန်အသံထွက် ) သည် ကမ္ဘာ့တောင်ဘက်ဆုံး တိုက်ကြီး ဖြစ်ပြီး တောင်ဝင်ရိုးစွန်း တည်ရှိရာ နေရာ ဖြစ်သည်။ ကမ္ဘာ့ တောင်ဘက်ခြမ်း အန္တာတိတ် ဒေသအတွင်းတွင် တည်ရှိပြီး အန္တာတိတ် စက်ဝိုင်း၏ တောင်ဘက်တွင် တည်ရှိပြီး တောင်ဘက် သမုဒ္ဒရာက ဝန်းရံထားသည်။ စတုရန်းမိုင်ပေါင်း ၅.၄ သန်း (စတုရန်း ကီလိုမီတာ ၁၄ သန်း) မျှ ကျယ်ဝန်းပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်တို့ပြီးလျှင် ပဉ္စမမြောက် အကြီးဆုံးတိုက် ဖြစ်ပြီး ဧရိယာ၏ ၉၈% သည် ပျမ်းမျှ (၁.၆) ကီလိုမီတာ အထူရှိသည့် ရေခဲများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အရွယ်အစားအားဖြင့် နှိုင်းယှဉ်ကြည့်ပါက အန္တာတိကတိုက်သည် ဩစတေးလျတိုက်၏ နှစ်ဆမျှ ကျယ်ဝန်းသည်။ အန္တာတိကတိုက်၏ ၉၈ ရာခိုင်နှုန်းသည် ရေခဲများ ဖုံးလွှမ်းနေပြီး ရေခဲထု၏ အထူမှာ ၁.၂ မိုင် (၁.၉ ကီလိုမီတာ) မျှ ရှိပြီး မြောက်ဘက်စွန်း အန္တာတိက ကျွန်းဆွယ်မှ အပ အခြားဒေသအားလုံးကို လွှမ်းခြုံထားသည်။ အန္တာတိကတိုက်သည် ကမ္ဘာပေါ်ရှိ တိုက်ကြီးများတွင် ပျမ်းမျှအားဖြင့် အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေတိုက်နှုန်းအများဆုံး တိုက်ကြီး ဖြစ်ပြီး တိုက်ကြီးများထဲတွင် ပျမ်းမျှအားဖြင့် အမြင့်ဆုံး ဖြစ်သည်။ အန္တာတိက ကမ်းရိုးတန်းတွင် နှစ်စဉ်မိုးရေချိန် ၈ လက်မ (၂၀၀ မီလီမီတာ) မျှသာ ရှိပြီး အတွင်းပိုင်းတွင် ပိုနည်းသွားသဖြင့် ကန္တာရ ဒေသဟု ယူဆနိုင်သည်။ အပူချိန်မှာ အနှုတ် ၈၉ ဒီဂရီ ဆဲလ်စီးယပ်စ် ( အနှုတ် ၁၂၉ ဒီဂရီ ဖာရင်ဟိုက်) အထိ ရှိသည်။ အမြဲတမ်း နေထိုင်သူ မရှိဘဲ တိုက်ကြီးပေါ်ရှိ သုတေသန စခန်းများတွင် နေထိုင်သူ ၁,၀၀၀ မှ ၅,၀၀၀ အထိ ရှိတတ်သည်။ အန္တာတိကတိုက်​အား မည်​သည်​နိုင်​ငံမှ မပိုင်​ဆိုင်​ရဟု သ​ဘောတူညီထားသည်​။ တိုက်ကြီးများထဲတွင် အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေအထန်ဆုံး၊ အမြင့်ဆုံးစသည့် ထူးခြားချက်များ ပိုင်ဆိုင်သည်။ ယင်းကဲ့သို့ အစွန်းရောက်သော ကိန်းဂဏန်းများကို ပိုင်ဆိုင်သော အန္တာတိကတိုက်၏ အခြားထူးခြားချက်နှစ်ခုမှာ မည်သည့်နိုင်ငံကမျှ ပိုင်ဆိုင်ခြင်း မရှိသော ဘုံပိုင်တိုက်ကြီး ဖြစ်ခြင်းနှင့် အတည်တကျနေထိုင်သူတစ်ယောက်မျှ မရှိခြင်း ဖြစ်သည်။ အတည်တကျနေထိုင်သူ မရှိသော်လည်း သိပ္ပံပညာရှင်တို့က လေ့လာရေးစခန်းများ ထူထောင်၍ အလှည့်ကျ နေထိုင်သုတေသနပြုနေကြရာ အန္တာတိကတိုက်ပေါ်ရှိ သိပ္ပံသုတေသနစခန်းပေါင်း (၈၀)ခန့်ရှိသည်။ ပညာရှင်ပေါင်း ၄၀၀၀-ခန့် အလည့်ကျ လာရောက် အလုပ်လုပ် နေသည်။ ၎င်းတို့ထဲတွင် အမေရိကန်ပြည်တွင် နေထိုင်သော မြန်မာအမျိုးသမီး တစ်ဦးပင် ပါခဲ့သည်ဟု သိရသည်။ လူများ အတည်တကျနေထိုင်သူ မရှိသော်လည်း ပင်ဂွင်းငှက်များ အများအပြား ကျက်စားနေထိုင်သည်။ ပင်ဂွင်းငှက်များသည် အတောင်ရှိသော်လည်း မပျံနိုင်သော တိရစ္ဆာန်ဖြစ်သည်။ ပင်ဂွင်းငှက်အုပ်ကြီးကို အန္တာတိကတိုက်၏ ကျွန်းတစ်ကျွန်းတွင် တွေ့ရသည်။ ကမ္ဘာရေခဲပြင်စုစုပေါင်း ဧရိယာ၏ ၈၅-ရာခိုင်နှုန်းသည် အန္တာတိက ဒေသတွင်ရှိ၍ ယင်းကို ရေခဲကန္တာရဟု တင်စားခေါ်ဝေါ်ကြသည်။ ကမ္ဘာပူနွေးလာမှုကြောင့် အန္တာတိကတိုက် ရေခဲပြင်သည် ကမ္ဘာ့မြောက်ခြမ်းရှိ ရေခဲပြင်လောက် အရည်ပျော်မှု မများသော်လည်း ပညာရှင်တို့၏ မူလက ယူဆထားသည်ထက် ပို၍ မြန်ဆန်စွာ အရည်ပျော်နေသည်။ အန္တာတိက ရေခဲပြင်များ၏ အောက်တွင် အရည်ပျော်နေသော ရေကန်များ၊ မြစ်များရှိကြောင်း မကြာသေးမီက ဂြိုဟ်တုတိုင်းတာချက်များအရ တွေ့ရှိရသည်။ အရည်ပျော်မှု လွန်ခဲ့သော ၁၉၉၆ခုနှစ်မှ စတင်ကာ ရေခဲများ ဆုံးရှုံးလာမှု့မှာ ၇၅% အထိ ရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ပိုမိုလျင်မြန်စွာ အရည်ပျော်လျက်ရှိကြောင်း၊ အန္တာတိက အစွန်ပိုင်းရှိ ရေခဲမြစ်များ အရည်ပျော်ခြင်းမှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်စဉ်(၀.၄) မီလီမီတာ မြင့်တက်လျက်ရှိကြောင်းနှင့် လာမည့် ၂၀၁၀ ခုနှစ်တွင် လက်ရှိရေမျက်နှာပြင်အမြင့်မှ (၈၀) စင်တီမီတာနှင့် နှစ်မီတာ အကြားတွင် မြင့်တက်လာဖွယ် ရှိနေပါကြောင်း ဗစ်တိုရီးယားတက္ကသိုလ် အန္တာတိကဒေသဆိုင်ရာ သုတေသနစင်တာမှ ပါမောက္ခ ပီတာဘားရတ်က နှစ်စဉ်ကျင်းပမြဲဖြစ်သော အန္တာတိကဒေသဆိုင်ရာ ကွန်ဖရင့်တွင် တင်ပြသွားခဲ့သည်။ ထို့ပြင် သုတေသနစင်တာမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ပါမောက္ခကင်မ်နက်ရှ် ဦးဆောင် သော အဖွဲ့သည် အန္တာတိကမှ ကျောက်လွှာများကို တူးဖောက်သုတေသနပြုလုပ်ခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်းသုံးသန်းမှ ငါးသန်းခန့်ကာလက ပင်လယ်ရေ၏ အပူချိန်သည် ရေများကို အရည် ပျော်စေနိုင်သည့် အပူချိန်တွင်ရှိနေခဲ့ကြောင်း၊ ထိုကာလများက လေထုထဲတွင် ပါဝင်သည့် CO2 ပမာဏသည် ယနေ့အန္တာတိက လေထုတွင် ရှိနေသည့် CO2 ပမာဏထက် အနည်းငယ်သာ ပိုနေခဲ့သည်ကို လေ့လာတွေ့ရှိ ရသည်ဆိုသည်။ လေထုတွင် အပူချိန် မြင့်တက်လာရန်အတွက် CO2 ပမာဏထက် အနည်းငယ်သာ ပိုနေခဲ့သည်ကို လေ့လာတွေ့ရှိ ရသည်ဆိုသည်။ လေထုတွင် အပူချိန်မြင့်တက်လာရန်အတွက် CO2 ပမာဏ မည်မျှပါဝင်နေရမည်ဆိုသည့် မေးခွန်းကိုမူ အဖြေ ရှာဆဲဟု သိရသည်။ အန္တာတိကအရှေ့ပိုင်းရှိ ရေခဲပြင်များနှင့် နှိုင်းယှဉ်ပါက အနောက်ပိုင်းရှိ ရေခဲပြင်များသည် ပင်လယ်ရေမျက်နှာပြင် ပိုနိမ့်သည့်အပိုင်းတွင် တည်ရှိနေပြီး အပူချိန်မှာလည်း ပိုမိုမြင့်မားသည့်အတွက် အရှေ့ပိုင်းရှိ ရေခဲပြင်ထက် ပိုမိုစောစီးစွာ အရည်ပျော် သွားလိမ့်မည်ဟု နက်ရှ်ကဆို သည်။ နယူးယောက် မြို့ကြီး၏ ပမာဏမျှ ရှိသည့် စတုရန်း မိုင်ပေါင်း (၂၇၀.၃) မျှရှိ ရေခဲပြင်ကြီး တစ်ခုသည် အန္တာတိက မြောက်ဘက်ခြမ်း ရေခဲလွှာကြီးမှ ပဲ့ထွက် သွားကြောင်း သိပ္ပံပညာရှင်များ က ပြောကြား လိုက်သည်။ ကမ္ဘာကြီး ပူနွေးလာမှုသည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပြီး မကြာသေးမီ နေ့များအတွင်း ရေခဲလွှာများ ပဲ့ထွက်ပြိုကျမှု သည် ဆက်တိုက် ဖြစ်ပေါ် နေကြောင်း ၎င်းက ဆိုသည်။ ယခု ရာစုအတွင်း အန္တာတိက တိုက်၏ အပူချိန် သည် (၃) ဒီဂရီ စင်တီဂရိတ်မျှထိ တိုးမြင့်လာမှုကြောင့် ပညာရှင်များ က ရေကြီး ရေလျှံမှုများ ပေါ်ပေါက် လာမည်ကို စိုးရိမ်လျက် ရှိနေကြသည်။ ရေခဲထုများ အရည်ပျော်ကျခြင်း တို့ကြောင့် ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်ကို မြင့်တက်လာစေ သလို ကမ္ဘာကြီး၏ ရာသီဥတု ကိုလည်း ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာ စေရန် သက်ရောက်မှု များရှိနေသည်။ လေ့လာရေး စခန်းများ အန္တာတိက၏ အတွင်းပိုင်းတွင် နိုင်ငံ ခြောက်နိုင်ငံမှ လေ့လာရေးစခန်းများ တည်ဆောက်ထားပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် တောင်ဝင်ရိုးစွန်းအန္တာတိကဒေသတွင် အမြင့်ဆုံးဖြစ်သော Dome A ၌ အန္တာတိကကုန်းပြင်၏ အတွင်းပိုင်းကို လေ့လာနိုင်ရန် စခန်းတစ်ခုကို နှစ်နှစ်အတွင်း တည်ဆောက်နေသည်။ Dome A သည် ကုန်းပြင်၏ အတွင်းပိုင်း ၁၂၀၀ ကီလိုမီတာတွင်ရှိ၍ သဘာ၀အလျှောက် အအေးဆုံးနေရာဖြစ်ပြီး အမြဲတမ်း အနုတ် ၉၀ ဒီဂရီ C ဝန်းကျင်တွင် ဖြစ်ပေါ်လျက် ရှိသည်။ ကိုးကား တိုက်ကြီးများ အန္တာတိက
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%B9%E1%80%90%E1%80%AC%E1%80%90%E1%80%AD%E1%80%80
အတွင်းအောင်ခြင်း
အတွင်းအဇ္ဈတ္တ၌ရှိသော ကိလေသာရန်သူများကို အောင်မြင်ပုံ ပြဆိုသောကြောင့် အတွင်းအောင်ခြင်းဟု ခေါ်သည်။ ဂါထာအားလုံး ရှစ်လုံးဖွဲ့ချည်း ဖြစ်သည်၊ အောင်ခြင်းတပုဒ်ဆုံးတိုင်း ( ဧတေန သစ္စဝဇ္ဖေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ) ဟူသော သစ္စာပြုစာပိုဒ်ဖြင့် အဆုံးသတ်ထားသည်၊ ဤသစ္စာစကားကြောင့် အတွင်းရန်ကို အောင်မြင်တော်မူသော ဘုရားနည်းတူ အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေဟု တောင့်တချက် ပြုထားသည်။ မြန်မာပြန်ဆိုခြင်း အတွင်းအောင်ခြင်း ဂါထာများနှင့် ပတ်သက်၍ ရေးသားသူ၏အမည်နှင့် ရေးသားသည့် ခေတ်ကာလကို အတိအကျ မသိရ၊ စာပေကျမ်းဂန် အထူးတတ်ကျွမ်းပြီး သဒ္ဓါတရား ထက်သန်ကောင်းမွန်သော ပညာရှင်တဦးက ရေးသားဖွဲ့ဆိုထားသည်ဟု မှန်းဆရသည်။ အင်းဝခေတ်တွင် အတွင်းအောင်ခြင်း ဂါထာများကို သင်ကြားနေပြီဖြစ်၍ ထိုခေတ်ထက် စောကောင်းစောတန်ရာသည်ဟု မှန်းဆနိုင်သည်။ အတွင်းအောင်ခြင်း ဂါထာများကို ဆယ်စောင်တွဲပါ ရှေးနိဿယအပြင် ညောင်တုန်းမြို့ ရွှေဟင်္သာတိုက် အလင်္ကာနိဿယ ကျမ်းပြု စံကျောင်းဆရာတော်ဘုရားကြီးက နိဿယအကျယ် ရေးသားထားသည်။ သာယာဝတီ ဦးညေယျကလည်း နိဿယအကျယ် ရေးသားခဲ့သည်။ အခြားပညာရှင်တို့၏ နိဿယများလည်း ရှိလိမ့်ဦးမည်ဟု ယူဆရသည်။ အတွင်းအောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန် ၁။ အဝိဇ္ဇာအဏ္ဍကောသမှိ၊ သတ္တေ တဏှာဇလမ္ဗုဇေ ။တမှာ ဌာနာ နိက္ခာမေသိ၊ ဒေသနာဉာဏ တေဇသာ ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ( မြတ်စွာဘုရားသည် ) အဝိဇ္ဇာဥခွံအတွင်း၌ ဖြစ်ကုန်သော သတ္တဝါများနှင့် တဏှာတံလျပ်၌ ဖြစ်ကုန်သော သတ္တဝါတို့ကို ဒေသနာဉာဏ်တန်ခိုးဖြင့် ထိုနေရာမှ ထွက်မြောက်စေတော်မူပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ မှတ်ချက်။ ။ တဏှာဇလာဗုဇေ-ဟုရှိခဲ့သော် တဏှာ-တည်းဟူသော သားအိမ်၌ ဖြစ်ကုန်သော-ဟု မြန်မာပြန်ပါ။ ၂။ မဟာမောဟန္ဓကာရေန၊ အဘိဘူတေ မဟာဇနေ ။ပညာစက္ခုံ လဘာပေသိ၊ ဉာဏာလောကေန သော ဇိနော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ( မြတ်စွာဘုရားသည် ) မောဟမှောင်ကြီး ဖိစီးနှိပ်စက်ခြင်း ခံနေရသော သတ္တဝါများကို ဉာဏ်တော်တည်းဟူသော အလင်းရောင်ဖြင့် ပညာမျက်လုံးကို ရစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၃။ ရာဂါဒိအဂ္ဂိဇာလေဟိ၊ ဍဎ္ဍကာယံ မဟာဇနံ ။နိဗ္ဗာပေသိ နရနာထော၊ အဋ္ဌမဂ္ဂင်္ဂဝါရိနာ ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဂစသော မီးလျှံတို့ဖြင့် ပူလောင်သော ကိုယ်ရှိသော သတ္တဝါများကို မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့် ငြိမ်းစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၄။ စတုရောဂေဟိ ဝုယှန္တေ၊ ဂမ္ဘီရေ သံသာရဏ္ဏဝေ ။ဥတ္တာရေသိ မဟာဝီရော၊ ဓမ္မနာဝါယ နာယကော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ကြီးမြတ်သော လုံ့လရှိတော်မူသော လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရားသည် အလွန် နက်စောက်သော သံသရာတည်းဟူသော သမုဒ္ဒရာ၌ ဩဃလေးပါးတည်းဟူသော ရေအလျဉ်တို့ဖြင့် နစ်မွန်းမျောပါးကုန်သော သတ္တဝါတို့ကို တရားတည်းဟူသော လှေဖြင့် ကယ်တင်တော်မူလေပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၅။ သံသာရစာရကံ လောကံ၊ နိစ္စံ ဒုက္ခေန ပီဠိတံ ။နိဗ္ဗာနပုရံ ပါပေသိ၊ ယာနတ္တယေန သော ဇိနော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ထိုမြတ်စွာဘုရားသည် သံသရာ၌ ကျင်လည်လှုပ်ရှားပြေးသွားနေရပြီး ဇာတိစသော ဆင်းရဲဒုက္ခဖြင့် အမြဲမပြတ် နှိပ်စက်ခြင်း ခံနေရသော လူအပေါင်းကို အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာယာဉ်သုံးပါးဖြင့် နိဗ္ဗာန်ပြည်မြတ်သို့ ရောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၆။ ကဋ္ဌမုခါဒိ သပ္ပေဟိ၊ ဍဋ္ဌကာယံ မဟာဇနံ ။နိဗ္ဗာပေသိ မဟာဓီရော၊ နာထော တိလောကဝေဇ္ဇကော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ကြီးမြတ်သော ပညာရှိတော်မူသော လူသုံးပါးတို့၏ ဆေးသမားသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကဋ္ဌမုခ-စသော မြွေလေးကောင်တို့၏ ကိုက်ခဲခြင်းကို ခံရသော ကိုယ်ရှိသော များစွာသော သတ္တဝါအပေါင်းကို (ဒေသနာအမြိုက်ဆေး တိုက်ကျွေးသောအားဖြင့်) ငြိမ်းစေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၇။ သံသာရ ဒုက္ခကန္တာရာ၊ ကိလေသစောရပီဠိတံ ။ခေမန္တဘူမိံ တာရေသိ၊ သတ္ထဝါဟော ဝိနာယကော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ယာဉ်မှူးသဖွယ်ဖြစ်တော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ကိလေသာခိုးသူတို့၏ နှိပ်စက်ခြင်းကို ခံနေရသော သတ္တဝါအပေါင်းကို သံသရာဆင်းရဲ ခရီးခဲဲမှ ဘေးမရှိရာ နိဗ္ဗာန်သို့ ပို့ဆောင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၈။ ပဥ္စတာလီသ ၀ဿာနိ၊ ဌတွာ လောကံ သဒေဝကံ ။ပိ၀ယိတွာ ဓမ္မရသံ၊ နိဗ္ဗုတော သော သသာဝကော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ဆိုခဲ့ပြီးသော ကျေးဇူးဂုဏ်အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါပတ်လုံး ဘုရားအဖြစ်၌ တည်တော်မူ၍ နတ်နှင့်တကွသော လူအပေါင်းကို တရားတည်းဟူသော အမြိုက်အရသာကို သောက်စေတော်မူပြီး၍ တပည့်သား သံဃာတော်အပေါင်းနှင့် အတူ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ အတွင်းအောင်ခြင်းရှစ်ပါး အနက် (၁) မာရဇိ၊ မြတ်စွာဘုရားသည်။ အဝိဇ္ဇာအဏ္ဍ ကောသမှိ၊ အဝိဇ္ဇာတည်း ဟူသော ဥခွံတွင်း၌။ တဏှာ ဇလမ္ဗုဇေ၊ တဏှာတည်းဟူသော ရေ၌ ဖွား၍ ငါးနှင့် တူကုန်သော။ သတ္တေ၊ သတ္တဝါတို့ကို။ ဒေသနာ ဉာဏ တေဇသာ၊ ဒေသနာဉာဏ်တည်းဟူသော တန်ခိုးဖြင့်။ တမှာဌာနာ၊ ထိုအဝိဇ္ဇာတည်ရာအရပ်မှ။ နိက္ခာမေသိ၊ ထွက်မြောက်စေတော်မူပြီ။ ဧတေန သစ္စ ဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ (၂) စက္ခုမာ၊ မြတ်စွာဘုရားသည်။ ဉာဏာလောကေန၊ ဉာဏ်တည်းဟူ သော အလင်းရောင်သည်။ မဟာမောဟန္ဓ ကာရေန၊ ကြီးစွာသော အမိုက် တိုက်တည်းဟူသော မောဟသည်။ အဘိ ဘူတေ၊ နှိပ်စက်အပ်ကုန်သော။ မဟာဇနေ၊ များစွာကုန်သောသတ္တဝါတို့ကို။ ပညာစက္ခုံ၊ ပညာတည်းဟူသော မျက်စိကို။ လဘာပေသိ၊ ရစေတော်မူပြီ။ ဧတေန သစ္စ ဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ (၃) နရနာထော၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာ ဘုရားသည်။ ရာဂါဒိ အဂ္ဂိ ဇာလေဟိ၊ ရာဂအစရှိသော မီးလျှံတို့ဖြင့်။ ဒဍ္ဎု ကာ ယံ၊ ပူလောင်သောကိုယ်ရှိသော။ မဟာဇနံ၊ များစွာသော သတ္တဝါကို။ အဋ္ဌမဂ္ဂင်္ဂ ဝါရိနာ၊ မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့်။ နိဗ္ဗာပေသိ၊ ငြိမ်းစေတော်မူပြီ။ ဧတေန သစ္စ ဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယ မင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ (၄) မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော်မူသော။ နာယကော၊ လူ သုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသခင်သည်။ ဂမ္ဘီရေ၊ နက်စွာသော။ သံသာရဏ္ဏဝေ၊ သံသရာတည်းဟူသောသမုဒ္ဒရာ ၌။ စတုရောဃေဟိ၊ လေးပါးသော ရေအယဉ်တို့ဖြင့်။ ဝုယှန္တေ၊ မျောကုန်သော သတ္တဝါတို့ကို။ ဓမ္မနာဝါယ၊ တရားတည်းဟူသောလှေဖြင့်။ ဥတ္တာရေသိ၊ ကယ် တင်တော်မူလေပြီ။ ဧတေနသစ္စဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသ တည်း။ (၅) သော ဇိနော၊ ထိုမြတ်စွာဘုရားသည်။ သံသာရစာရိကံ၊ သံသရာ၌ ကျင်လည်တတ်သော။ ဒုက္ခေန၊ ဇာတိအစရှိသော ဒုက္ခသည်။ နိစ္စံ၊ အမြဲ။ ပီဠိတံ၊ နှိပ်စက်အပ်သော။ လောကံ၊ လူအပေါင်းကို။ ယာနတ္တယေန၊ ယဉ်သုံးပါးတို့၏အ ပေါင်းဖြင့်။ နိဗ္ဗာနံ ပုရံ၊ နိဗ္ဗာန်ပြည်မြတ်သို့။ ပါပေသိ၊ ရောက်စေတော်မူပြီ။ ဧတေန သစ္စဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ (၆) မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော်မူထသော။ တိလောကဝေဇ္ဇ ကော၊ လူသုံးပါးတို့၏ ဆေးသမားသဖွယ်ဖြစ်တော်မူသော။ နာထော၊ မြတ်စွာ ဘုရားသည်။ ကဋ္ဌမုခါဒိ သပ္ပေဟိ၊ ကဋ္ဌမုခ အစရှိသော မြွေလေးစင်းတို့သည်။။ ဍဋ္ဌကာယံ၊ ကိုက်အပ်သော ကိုယ်ရှိသော။ မဟာဇနံ၊ များစွာသော သတ္တဝါကို။ တိကိစ္ဆသိ၊ ကုစားတော်မူပြီ။ ဧတေနသစ္စဝစေန၊ ဤသို့သောသစ္စာစကား ကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ် ပါစေသတည်း။ (၇) သတ္ထဝါဟော၊ ယာဉ်မှူးသဖွယ်ဖြစ်တော်မူသော။ ဝိနာယကော၊ သတ္တ ဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည်။ ကိလေသ စောရ ပီဠိတံ၊ ကိလေသာတည်းဟူသော ခိုးသူတို့သည် နှိပ်စက်အပ်သော သတ္တဝါအပေါင်းကို။ သံသာရ ဒုက္ခကန္တာရာ၊ သံသ ရာဆင်းရဲတည်းဟူသော ခရီးခဲမှ။ ခေမန္တ ဘူမိံ၊ ဘေးမရှိရာ နိဗ္ဗာန်သို့။ တာရေ သိ၊ ပို့ဆောင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ။ ဧတေနသစ္စဝစေန၊ ဤသို့ သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာ သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ (၈) သော၊ ထိုဆိုအပ်ခဲ့ပြီးသော ကျေးဇူးအပေါင်းတို့နှင်ပြည့်စုံတော်မူ ပြီးသော မြတ်စွာဘုရားသည်။ ပဉ္စ တာလီသ ဝဿာနိ၊ (၄၅) ဝါ တို့ပတ်လုံး။ လောကေ၊ လူ့ရွာ၌။ ဌတွာ၊ တည်တော်မူ၍။ သဒေဝကံ၊ နတ်နှင့်တကွသော လူအပေါင်းကို။ ဓမ္မရသံ၊ တရားတည်းဟူသော အမြိုက်အရသာကို။ ပါယေ တွာန၊ သောက်စေတော်မူပြီး၍။ သသာဝကော၊ တပည့်သား သံဃာတော်အ ပေါင်းနှင့်တကွ။ နိဗ္ဗုတော၊ နိဗ္ဗာန်ယူသိမ်းငြိမ်းတော်မူပြီ။ ဧတေနသစ္စဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂ လာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ အတွင်းအောင်ခြင်း ရှစ်ပါးပါဋ္ဌ် အနက်ပြီး၏။ အတွင်းအောင်ခြင်း ရှစ်ပါး ကဗျာ ၁။ အဝိဇ္ဇာ ဥတွင်း၊ သက်ဆင်းရောက်နေ ။ တဏှာတံလျှပ်၊ ကိန်းဝပ် ဝေနေ ။ ဒေသနာဉာဏ်မြတ်၊ ဟောလတ်ချွတ်ချွေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၂။ မောဟ မှောင်ကြီး၊ ပိတ်ဆီးကာနေ ။ ပညာမျက်စိ၊ ကန်းဘိသူတွေ ။ မျက်စကိုဖွင့်၊ ဉာဏ်ဖြင့်မြင်စေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၃။ ရာဂ စသား၊ မီးများလောင်နေ ။ ပူလောင်ကိုယ်ရှိ၊ များဘိဝေနေ ။ မဂ္ဂင်ရေအေး၊ တိုက်ကျွေးငြိမ်းစေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၄။ ပင်လယ်ရေလှိုင်း၊ နက်ရှိုင်းတူနေ ။ သံသရာဩဃ၊ မျောကြသူတွေ ။ တရားလှေထက်၊ တင်လျက်ဆောင်ပေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၅။ ဇာတိအစ၊ ဒုက္ခထွေထွေ ။ နှိပ်စက်ခံရ၊ များလှဝေနေ ။ သုံးပါးယဉ်ထက်၊ တင်လျက်ဆောင်ပေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၆။ ကဋ္ဌမုခ၊ စသည်လေးထွေ ။ မြွေဆိုးကိုက်ကြ၊ ခံရသူတွေ ။ ဒေသနာဆေး၊ တိုက်ကျွေးကာလေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၇။ ကိလေသာမျိုး၊ လူဆိုးရှုပ်ပွေ ။ သံသရာလမ်း၊ ဘေးဘျမ်းထူနေ ။ နိဗ္ဗာန်စခန်း၊ လွတ်လမ်းရှာဖွေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၈။ ဝါလေးဆယ့်ငါး၊ ဘုရားစိန္တေ ။ နတ်နှင့်လူများ၊ တရားဟောချွေ ။ အမြိုက်ဓမ္မ၊ သောက်ကြပြီးစေ ။ နိဗ္ဗူနန်း၊ စံမြန်းအတူပေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
အသောကမင်း
BCအစားAG- after gaw ta ma ဟုသုံးပါ အးး့ါပသောကမင်းကြီး == အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီးသည် ခရစ်တော် မပေါ်မီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်ချ် ဂျီ ဝဲလ် ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။ ဗုဒ္ဓသာသနာကို လူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘဝနှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထဝီအနေအထားအရ အသောကမင်းကြီး၏ နယ်ပယ်အကျယ်အဝန်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။ အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေးဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကြပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖောက်ပေးခြင်း၊ ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ ရေကန်များလည်း တူးဖော်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအားလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ဘီစီ ၂၂၆ တွင် အသောကမင်းကြီးကွယ်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖော်ပြကြသည်။ စာရေးဆရာကြီး အိပ်ချ် ဂျီ ဝဲလ် က သူရေးသားသော (The Outline of History) ဆိုသော စာအုပ်ထဲတွင် အသောကမင်းကြီးအား ဤကဲ့သို့ ချီးကျူးပြောဆိုထားသည်။ “သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသားများ၏ အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အသောက၏အမည်နာမသည် အလေးအမြတ်အပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယသည်ပင် သူ့အဆုံးအမ ဩဝါဒများကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မှု အစဉ်အလာကိုမူ ထိန်းထားလေသည်။ ကွန်စတင်တိုင်း၊ သျှာလမိန်း ဆိုသောနာမည်များကို ကြားဖူးနားဝ ရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရ ရှိနေကြသူများ၏ ဦးရေက ယနေ့ ပို၍ပင်များပြားနေသည်။” စစ်ဘုရင်ဘဝ အသောကမင်းကြီးအား မည်သည့်ခုနှစ်တွင်မွေးဖွားခဲ့သည်ဟူသော သမိုင်းအထောက်အထားမှာ ယခုထိအတိအကျမသိရသေးပေ။ ဘီစီ ၃၀၀ ခန့်ကဖြစ်မည်ဟူသော ခန့်မှန်းချက်များသာရှိသည်။ အသောကသည် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ပထမဆုံးသော အင်ပါယာကို တည်ထောက်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏အင်ပါယာတွင် မပါဝင်ပဲ ကျန်ရှိသောအိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းအား ဆက်လက်သိမ်းပိုက်ရန် အသောကသည် ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံငယ်လေးများအား တိုက်ခိုက်အောင်ပွဲခံလာပြီးနောက် နန်းသက်ရှစ်နှစ်မြောက်တွင် အိန္ဒိယအရှေ့ဘက်ကမ်းရှိ ကလိင်္ဂတိုင်း (ယခု အိုရစ်ဆာပြည်နယ်တွင်ရှိသည်) သို့ ဝင်ရောက်တိုက်ခိုက်လေသည်။ ကလိင်္ဂတိုင်းသားများက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့သောကြောင့် လူပေါင်းများစွာ သေကြေပျက်စီးကြရလေသည်။ သို့သော် ကလိင်္ဂတိုင်းသည်လည်း နောက်ဆုံးတွင် အသောကလက်သို့ ကျရောက်သွားခဲ့သည်။ ထိုစစ်ပွဲတွင် သွေးသံရဲရဲနှင့် အနိဋ္ဌာရုံများကို မြင်တွေ့ရသောအခါ အသောကမင်းသည် စိတ်အာရုံတုန်လှုပ်ချောက်ချားခဲ့ရသည်။ စစ်နှင့်ပတ်သက်သော လုပ်ငန်းများကိုလည်း စိတ်ကုန်သွားခဲ့သည်။ ထိုအချိန်မှစ၍ ကျူးကျော်စစ်မှန်သမျှကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိ အနည်းငယ်မျှသော နယ်မြေများသာ အသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ပဲရှိလေသည်။ အသောက၏ အင်ပါယာအားနှင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက အလွယ်တကူပင်အောင်မြင်နိုင်သော်လည်း စစ်ပွဲကို စွန့်လွှတ်ခဲ့သော အသောကမင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာများက တညီတညွတ်တည်း လက်ခံထားကြသည်။ သာသနာပြုမင်းဘဝ ကလိင်္ဂတိုင်းတွင် စစ်ကိုငြီးငွေ့သွားသော အသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင် စိတ်ကိုမြှုပ်နှံထားခဲ့သည်။ စစ်ဘုရင်ဘဝမှ သာသာနာပြုမင်းမြတ်အဖြစ်သို့ပြောင်းလဲသွားသော အသောကမင်းကြီးအား ဗုဒ္ဓမှလွဲလျင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာတစ်ယောက်ဖြစ်သော Michael H.Hart ကဆိုထားသည်။ သာသနာပြုများနှင့် တမန်တော်များအား အနောက်အာရှ၊ ဥရောပ နှင့် အာဖရိကဒေသများသို့ စေလွှတ်ခဲ့သည်။ အသောကမင်း၏ အယူအဆမှာ ဓမ္မဆိုသည်မှာ မန္တန်ရွတ်ဖတ်ပူဇော်ခြင်း၊ ဘာသာရေးဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများအတွက် ဥယျာဉ်များ၊ လမ်းများ၊ ရေတွင်းရေကန်များ၊ ဆေးရုံများ ပြုပြင်ဆောက်လုပ်ပေးခဲ့သည်။ အမျိုးသမီးများ ပညာသင်ကြားနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိ ဝေးကွာသောနိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသာနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ လူများအတွက်သာမက သတ္တဝါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်၍ယစ်ပူဇော်သော ဓလေ့ကို တားဆီးခဲ့သည်။ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ တည်ထောင်ပေးရုံသာမက၊ တိရစ္ဆာန် ဆေးကုသရေး ဌာနများပင် တည်ဆောက်ပေးခဲ့သည်။ အသောကမင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် တတိယသင်္ဂါယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသင်္ဂါယနာ တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တန်ဆောင်မုန်းတွင်း၌ပင် အသောကမင်းတရားကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။ သီဟိုဠ်သို့ သားတော်မဟိန္ဒ နှင့် သမီးတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂယာရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွားလာပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ ဗမာလူမျိုးများ ထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့(သက်ရောက်ပေသည်) ဟုဆိုနိုင်သည်။ အသောကမင်း(ဘီစီ ၃ဝ၄-၂၃၂) ကမ္ဘာ့သမိုင်း၌ ဘုန်းလက်ရုံးနှင့် ပြည့်စုံကြ၍ ကျယ်ဝန်းသော နိုင်ငံတော်ကြီးများကို တည်ထောင်ခဲ့ကြသော ဧကရာဇ်မင်းများအနက် အသောကမင်း တရားကြီး၏အမည်သည် အခြားသော ဧကရာဇ်မင်းများ၏ ကျော်ကြားထင်ရှားနည်းမျိုးဖြင့် မဟုတ်ဘဲ ကမ္ဘာတစ်လွှား၌ ထင်ပေါ် ကျော်ကြားခဲ့ပေသည်။ ယင်းသို့ တစ်မူထူးခြား၍ ထင်ရှားကျော်ကြားရခြင်းမှာ အသောကမင်းတရားသည် မေတ္တာ၊ ကရုဏာ၊ စေတနာတရားတို့ကို အရင်းခံထား၍ လူသတ္တဝါ အများ၏ လောကီ လောကုတ္တရာ နှစ်ဖြာချမ်းသာရေးကို ရှေးရှု လျက် မိမိ၏နိုင်ငံတော်ကို အခြားအခြားသော ဧကရာဇ်တို့ ကဲ့သို့ အာဏာစက်ဖြင့် မအုပ်စိုးမူ၍ ဓမ္မစက်ဖြင့်သာ အုပ်စိုးခဲ့ သောကြောင့် ဖြစ်သည်။ ထိုကြောင့် အသောကမင်းတရား၏ ဘွဲ့နာမံသည် ဥရောပအနောက် စွန်းမှသည် အာရှတိုက် အရှေ့ စွန်းသို့တိုင်အောင် ယခုခေတ်အထိ မမှေးမှိန်ပဲ အလေးအမြတ် ပြုခြင်းကို ခံယူရလျက်ပင် ရှိပေသည်။ ဘီစီ သုံးရာစုနှစ်ခန့်က ဂရိဧကရာဇ် အယ်လက်ဇန္ဒာ သ-ဂရိတ်၏ ဂရိတပ်များသည် အိန္ဒိယအနောက် မြောက်ပိုင်းမှ ဝင်ရောက်တိုက်ခိုက်လာ၍ အိန္ဒုမြစ်ဝှမ်းတစ်ခွင်၌ လွှမ်းမိုးကြီးစိုး လာကြသောအခါ ယင်းတို့အား ဂင်္ဂါမြစ်ဝှမ်းသို့ မရောက်စေရန် တွန်းလှန်တိုက်ခိုက်ခဲ့၍ နောင်အခါ ကျယ်ဝန်းကြီးမားသော မောရိယ နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ စန္ဒဂုတ္တမင်း တရားကြီး၏ မြေးတော်ဖြစ်သော သီရိဓမ္မာသောကမင်းဟု လည်း ခေါ်တွင်သော အသောကမင်းသည် ဗိန္ဓုသာရမင်းနှင့် ဓမ္မာမိဖုရားတို့၏ သားတော်တစ်ပါး ဖြစ်ပေသည်။ ဘီစီ ၃ဝ၄ ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟု ခန့်မှန်းကြသည်။ အသောကမင်း အရွယ်ရောက်လျှင် အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည် ကြီးကို စားရသည်။ ဥဇ္ဇေနီပြည်စား မင်းသား ဘဝ၌ပင် သာကီဝင်သူဌေးသမီးဖြစ်သော ဝေဋိသဒေဝီကို ယူခဲ့၍ နောင် အခါ ဗုဒ္ဓသာသနာပြု မထေရ်မြတ် တစ်ပါး ဖြစ်လာသော ရှင်မဟိန္ဒထေရ်လောင်းနှင့် သင်္ဃမိတ္တာထေရီလောင်း၊ သားတော် နှင့် သမီးတော်တို့ကို ရခဲ့သည်။ အခါတစ်ပါး ဗိန္ဓုသာရမင်းကြီး နာမကျန်း ဖြစ်တော်မူသည် ဟု ကြားသိရလျှင် အသောကမင်းသည် ဝေဋိသဒေဝီနှင့် သား တော်သမီးတော်တို့ကို ဥဇ္ဇေနီပြည်၌ပင်ထားခဲ့၍ ခမည်းတော် ရှိရာ ပါဋလိပုတ္တ နေပြည်တော်သို့ အလျင်အမြန် လာခဲ့၍ ခမည်းတော်အား လုပ်ကျွေးပြုစုသည်။ ခမည်းတော် ခန္ဓာငြိမ်း လျှင် နိုင်ငံအလုံးကို သိမ်းပိုက်လိုက်လေသည်။ ထိုအခါ တက္ကသိုလ်ပြည်၌ သူပုန်သူကန်ရန်ကို နှိမ်နင်းနေသည့် နောင် တော်သုမနမင်းသား ခေါင်းဆောင်သော အသောကမင်းသားနှင့် တစ်မိတည်းမဟုတ်သည့် ကိုးကျိပ် ကိုးယောက်သော ညီနောင် မင်းသားတို့သည် သမုဒ္ဒရာလှိုင်းထသကဲ့သို့ စစ်ကြီးချီလာ၍ ပါဋလိနေပြည်တော်ကို ဝန်းရံလုပ်ကြံကြသော်လည်း အရေးမလှ ကြပဲ သေကြေပျက်စီးကြရလေသည်။ အသောကမင်းသည် ထီးနန်းကို သိမ်းပိုက်ပြီး၍ လေးနှစ် ကြာမှသာလျှင် (ဘီစီ ၂၇ဝ ပြည့်ဟု ခန့်မှန်း ကြသည်။) ရာဇဘိသေကကို ခံယူတော်မူသည်။ စာပေအထောက်အထား များအရ ရာဇဘိသေကမခံယူမီ တက္ကသိုလ်ပြည်၏ သူပုန် သူကန်ရန်ကို နှိမ်နင်းခြင်းစသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်လျက် ရှိနေကြောင်း ယူဆရသည်။ ဘိုးတော်နှင့် ခမည်းတော်တို့နည်းတူ နိုင်ငံတော်ကို ချဲ့ထွင်ခဲ့ကြောင်းလည်း သိရသည်။ ရာဇဘိသေကခံယူသောအခါ ဒေဝါနံပီယဟူသောဘွဲ့ ကို လည်းကောင်း၊ ပီယဒဿီဟူသော ဘွဲ့ကိုလည်းကောင်း ခံယူသည်။ တစ်မိတည်းဖွား ညီတော်ဖြစ်သော တိဿကုမာရ အား အိမ်ရှေ့အရာ အပ်နှင်းသည်။ အဂ္ဂမဟောသီမိဖုရားကြီး ကား အသန္ဓီမိတ္တတည်း။ ဝေဋိသဒေဝီသည် သားတော် မဟိန္ဓ၊ သမီးတော် သိင်္ဃမိတ္တာတို့ကို ပါဋလိပုတ္တနေပြည်တော်သို့ ပို့စေ ၍ မိမိမူ ဝေဒိဿဂီရိမြို့၌ပင် နေလေသည်။ မင်းတရားကြီးသည် နိုင်ငံတော်အုပ်ချုပ်ရေးကို စည်းစနစ် ကျနစွာဖြင့် ဆောင်ရွက်သည်။ နိုင်ငံတော် အတွင်း၌ နယ်ပယ် အသီးသီးသို့ မင်းညီမင်းသားများနှင့် ယုံကြည်စိတ်ချရသော အမတ်ကြီးများကို စေလွှတ်ကာ အုပ်ချုပ်စေသည်။ ပြည်နယ် ကြီးများကို အုပ်ချုပ်ရသူများကို ရာဇူကဟုခေါ်၍ ခရိုင်ဝန် အဆင့်အတန်းရှိ သူများကို ပြာဒီသိကဟုခေါ်သည်။ နိုင်ငံတော် တစ်ခုလုံးကို ဌာနအသီးအသီးခွဲ၍ အုပ်ချုပ်စေရာ၊ ဌာနတာဝန်ခံ ကို မုခဟုလည်းခေါ်၍ မဟာမတ္တဟုလည်း ခေါ်သည်။ အုပ်ချုပ် ရေးအတွက် ခွဲခြားထားသော ဌာနများတွင် စက်မှုလက်မှု လုပ်ငန်းဌာန၊ အခွန်တော်စည်းကြပ်ရေးဌာနနှင့် စစ်တမ်း ကောက်ယူရေးဌာန၊ နိုင်ငံတွင်း နိုင်ငံပ ကူးသန်းရောင်းဝယ်ရေး ဌာန၊ တိုင်းရင်းထွက်ကုန်ပစ္စည်းများ စီမံခန့်ခွဲရေးဌာန၊ အမြတ် တော်ကြေးဌာနတို့လည်း ပါဝင်သည်။ စစ်ဘက်၌လည်း ယင်းသို့ပင် ဌာနများခွဲ၍ အုပ်ချုပ်ရာ ရေကြောင်း၊ စားနပ်ရိက္ခာ၊ ခြေကျင်တပ်၊ မြင်း တပ်၊ ရထား တပ်၊ ဆင်တပ်စသည့် ဌာနတို့ ဖြစ်သည်။ အခြားနိုင်ငံများနှင့် လည်း သံတမန် လဲလှယ်ဆက်သွယ်ကာ ချစ်ကြည်စွာ ဆက်ဆံ ခဲ့ရာ၊ ဂရိနိုင်ငံသည်လည်း အသောကမင်းကြီး၏ မောရိယ နိုင်ငံတော်နှင့် အဆက်အသွယ် ရှိခဲ့သည်။ အုပ်ချုပ်ရေးကို ဆောင်ရွက်ရာ၌ မင်းတရားကြီးသည် အချိန်မရွေး နေရာမရွေး ဆောင်ရွက်သည်။ နိုင်ငံငြိမ်းချမ်း သာယာမှုကို မင်းတရားကြီး သည် ကိုယ်ရေးထက်မကပင် အလေးပြုပေသည်။ အသောက မင်းတရားကြီး ရေးထိုးခဲ့သော ကျောက်စာတစ်ချပ်၌- တစ်လောကလုံး၏ ကောင်းကျိုးချမ်းသာအတွက် ဆောင်ရွက်ရန်တာဝန်ထက် ကြီးလေးသော တာဝန်ဟူသည် မရှိ။ ငါကြိုးပမ်းအားထုတ် လုပ်ကိုင်ဆောင်ရွက်သမျှတို့သည် လည်း ဝေနေယျသတ္တဝါတို့အား ဤ ပစ္စုပ္ပန်ဘဝ၌ ချမ်းသာ သုခ ဖြစ်စေရုံသာမက နောင်တမလွန်ဘဝပါ ကောင်းရာသုဂတိ သို့ ရောက်ကြစေခြင်းငှါ ငါ၌ ဆောင်ရွက်အပ်သည့် တာဝန် တည်းဟူသော ကြွေးမြီမှ လွတ်ကင်းစေရန် ဖြစ်သည် ဟူ၍ ပါရှိ လေသည်။ ဆိုခဲ့သည့်အတိုင်း မင်းတရားကြီးသည် ကျယ်ပြန့်သော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်သည်သာမက နိုင်ငံတော်ကြီး ကို စနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်နိုင်ခဲ့လေရာ မင်းတရားကြီး၏ အမိန့်ရာဇသံကို ပါဋလိပုတ္တ နေပြည်တော်မှ အိန္ဒုမြစ်ဝှမ်းသို့ တိုင်လည်းကောင်း၊ အာရေဗျပင်လယ်သို့တိုင်လည်းကောင်း မပျက်မကွက် ဦးထိပ်ရွက်ဆင်၍ နာခံကြရလေသည်။ အသောကမင်းတရားသည် ဖွားတော်မူသည်မှစ၍ မင်း အဖြစ်သို့ ရောက်သည်တိုင်အောင် မျိုးရိုးစဉ်လာ အတိုင်း ဗြဟ္မဏ အယူဝါဒီတစ်ဦးဖြစ်သည်။ ဘိုးတော်၊ ခမည်းတော်တို့ ပြုသကဲ့သို့ပင် အာဇီဝကတို့အား ကိုးကွယ်၍ နေ့စဉ် အာဇီဝက ခြောက်သောင်းတို့အား နန်းတော်၌ ဆွမ်းဝတ်ပြုသည်။ သို့သော် ဘိသိက်ခံ၍ လေးနှစ်မြောက်ပြီးနောက်တွင် နိဂြောဓသာမဏေ ငယ်ကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သော ဥပသကာတစ်ဦး ဖြစ်လာပြီးလျှင် သာမဏေငယ်၏ ဆရာတော် ဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့်တကွ များစွာသော ရဟန္တာအရှင်မြတ်တို့ကို ရိုသေစွာ ဆည်းကပ် ကိုးကွယ်သည်။ ရဟန်းသံဃာတို့ နေစိမ့်သောငှါ ပါဋလိပုတ္တ နေပြည်တော်၏ အရှေ့တောင်ဘက်၌ အသောကာရာမ ကျောင်း တော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ရာ အသောကမင်းတရားကြီး ၏ ပထမဆုံးသော ကုသိုလ်တော် အဆောက်အအုံကြီး ဖြစ်ပေ သည်။ ရာဇဘိသေက ခံယူပြီးနောက် ရှစ်နှစ်အကြာ (ဘီစီ ၂၆၂ ခုနှစ်)တွင် အသောကမင်းကြီးသည် အရှေ့ဘက် ပင်လယ်ကမ်း ခြေ၊ မဟာနဒီနှင့် ဂိုဒါဝရီမြစ်တို့စပ်ကြားရှိ ကလိင်္ဂတိုင်း(ဩရိဿ) တိုင်းကို သိမ်းသွင်းရန် ရေတပ်၊ ကြည်းတပ် အလုံးအရင်းနှင့် ချီတက်လုပ်ကြံရာ အလိုတော်ပြည့်သည်။ ထိုအချိန်တွင် အသောကမင်းကြီး၏ နိုင်ငံတော်သည် တောင်ဘက်စွန်း ပြည် နယ်ငယ်အချို့မှအပ အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး ပါဝင်ခဲ့ လေသည်။ ကလိင်္ဂစစ်ပွဲတွင် အသောကမင်းကြီး၏ ရာဇဝင်ကြောင်းကို လမ်းပြောင်းလိုက်သော စစ်ပွဲကြီးဟု ဆိုရပေမည်။ မင်းတရား ကြီးသည် ကလိင်္ဂကို အောင်နိုင်ရသော်လည်း ရွှင်လန်းအားရ ခြင်း မဖြစ်နိုင်တော့ချေ။ သွေးချောင်းစီးအောင် အပြင်းအထန် တိုက်ခဲ့ကြသဖြင့် ကလိင်္ဂတိုင်းရင်းသား သိန်းသောင်းမက သေ ကြေ ပျက်စီးကြရသည်။ ထောင်သောင်းချီ၍ အိုးအိမ်မဲ့ ဖြစ်ကြ ရသည်။ ယင်းတို့ကို ကိုယ်တော်တိုင် မျက်ဝါးထင်ထင် တွေ့ မြင်ရသောအခါ လက်နက်အားကိုးဖြင့် သူတစ်ပါးအား နှိပ်စက် သတ်ဖြတ်မိခြင်းကို ယူကျုံးမရ ဖြစ်မိသည်။ ရန်သူများကိုလည်း သနားစာနာမိသည်။ လူအချင်းချင်းအပေါ်ဝယ် မေတ္တာတရား၊ ကိုယ်ချင်းစာ တရားတို့ကိုသာ ပွားများမိလေသဖြင့် စစ်အတိုက် အခိုက်၌ များစွာငြီးငွေ့ စက်ဆုတ်သွားသည်။ နိုင်ငံသူ နိုင်ငံ သားတို့အား စိတ်ဝမ်းချမ်းမြေ့စွာဖြင့် နေထိုင်စေလိုသော စိတ် များ ဖြစ်ပေါ်လာသည်။ ထိုကြောင့် မိမိထက်အင်အားငယ်သော နိုင်ငံများကို လက်နက်အင်အား လူအင်အားဖြင့် ဖိနှိပ်တိုက်ခိုက် အနိုင်ယူသည်ထက် မေတ္တာတရားဖြင့် အနိုင်ယူတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ ကလိင်္ဂမှ နေပြည်တော်သို့ ပြန်ရောက်သောအခါ မေတ္တာ တရားနှင့် ကရုဏာတရားတို့ကို အရင်းခံထား၍ သူတစ်ပါးအား ညှင်းပန်းနှိပ်စက်မှုကို မလိုလား၊ အားမပေးသော ဗုဒ္ဓအယူဝါဒ ကို ပို၍ ကြည်ညိုလေးစားကာ ထက်ထက်သန်သန် ဆည်းကပ် ကိုးကွယ်ခြင်းကို ပြုပြီးလျှင် သာသနာတော်ကို များစွာ ချီးမြှောက်တော်မူလေသည်။ တရားတော်နှင့်လျော်ညီစွာ နေထိုင် ကျင့်ကြံနိုင်ရန် ကိုယ်တော်တိုင်လည်း ကိုယ်စိတ်နှစ်ပါးကို အထူး ပြုပြင်တော်မူသည်။ မိမိသာမက မိမိ၏ မိဖုရား၊ သားတော်သမီးတော်၊ ခြွေရံသင်းပင်း အသိုက်အဝန်းနှင့်တကွ မိမိ၏ နိုင်ငံသား အားလုံးတို့၏ ပစ္စုပ္ပန်နှင့် တမလွန်အကျိုး စီးပွားဖြစ်ထွန်းရေး၊ လူသားအချင်းချင်း၊ ပြည်ထောင်အချင်းချင်း ချစ်ကြည်ငြိမ်းချမ်းရေးအတွက် ကောင်းမြတ်သော တရားဓမ္မဖြင့် သာ အောင်မြင်ရာသည်ဟူသော ဓမ္မဝိဇယဝါဒကို လိုက်နာ ကျင့်သုံးစေလေသည်။ နိုင်ငံတော်အတွင်း၌ ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားလာ သူများ ပေါများလာအောင် အားထုတ်သည်။ နိုင်ငံတော်အတွင်း ၌ ရာထမ်းမှုထမ်းများကို သက်ဆိုင်ရာပြည်နယ်များ၌ ငါးနှစ် တစ်ကြိမ် လှည့်လည်၍ တရားဓမ္မများကို လူအများအား ဟောကြားပြသရန် ညွှန်ကြားသည်။ ဘုရားပွင့်တော်မူရာ ဗုဒ္ဓ ဂယာအစရှိသော ဘုရားရှင်နှင့် စပ်လျဉ်း၍ အထွတ်အမြတ် ထားသော အရပ်များသို့ အဖူးအမျှော် သွားရောက်ပြီးလျှင် ထိုနေရာ အရပ်များ၌ အထိမ်းအမှတ် အဆောက်အအုံများ စိုက်ထူတည်ဆောက်ခဲ့သည်။ မိမိဆောင်ရွက်သမျှ အကြောင်း အရာများနှင့် တရားဓမ္မ အဆုံးအမတို့ကို ကြာရှည်စွာ မပျောက် မပျက် တည်တံ့စိမ့်သောငှါ နိုင်ငံတော် အတွင်းရှိ နယ်ပယ် အသီးသီးတို့၌ ကျောက်တိုင်များ၊ ကျောက်ပြားများ၊ ကျောက်ဂူ လိုဏ်နံရံများတွင် ကမ္ဗည်း ကျောက်စာထွင်း၍ အနှံ့အပြား၌ မော်ကွန်းထားခဲ့သည်၊ နိုင်ငံတော်အတွင်း နေရာအနှံ့အပြား၌ မော်ကွန်း ကျောက်စာများဖြင့် မှတ်တမ်းတင်ထားခဲ့ရာ မိဂဒါဝုန်၊ လုမ္ဗိနီစသော ဗုဒ္ဓအယူဝါဒဆိုင်ရာ အထွတ်အမြတ် နေရာများ၌လည်းကောင်း၊ ပါဋလိပုတ္တနေပြည်တော်မှ မိုင်ပေါင်း ၁၀ဝဝဝ ကျော်ဝေးသော အိန္ဒိယ အနောက် မြောက်ဒေသ ပက်သျှဝါခရိုင်၌လည်းကောင်း၊ ဘုံဘိုင်ပြည်နယ်အတွင်း၌ လည်းကောင်း၊ ဩရိဿ(ကလိင်္ဂတိုင်း) ပြည်နယ်အတွင်း၌ လည်းကောင်း စသဖြင့် အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး နေရာ အနှံ့အပြား၌ တွေ့ရရာ စုစုပေါင်း ကျောက်တိုင် ၃ဝ ကျော်ခန့် စိုက်ထူခဲ့သည်ဟု ခန့်မှန်းကြသည်။ ကျောက်စာရေးထိုးရာ၌ အက္ခရာနှစ်မျိုး အသုံးပြုကြောင်း တွေ့ရသည်။ တစ်မျိုးမှာ လက်ယာမှလက်ဝဲဘက်သို့ ရေးရသော ခရောသျှဋ္ဌီအက္ခမျိုးဖြစ်၍ တစ်မျိုးမှာ ဗြာဟ္မီအက္ခမျိုးဖြစ်ရာ ဒေဝနာဂရီနှင့် ယခုအိန္ဒိယ အက္ခရာများ၏ မူလ အခြေခံအက္ခရာများ ဖြစ်ကြသည်။ မင်းတရားကြီးသည် အယူဝါဒရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အဆောက်အအုံများစွာတို့ကိုလည်း ဆောက်လုပ် ကုသိုလ်ပြုခဲ့ သည်။ လူမျိုးမရွေး၊ ဇာတ်မရွေး၊ မရှိဆင်းရဲသားတို့အား နေ့စဉ် ပေးကမ်းစွန့်ကြဲသည်။ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော် များကို ရှာဖွေစုဆောင်းပြီးလျှင် ဗုဒ္ဓဝါဒီအပေါင်းတို့ ဆည်းကပ် ကိုးကွယ်နိုင်စေရန် ထူပါရုံစေတီတော်များ တည်ဆောက်ခဲ့ သည်။ ယင်းတို့အနက် ဗိုပေါပြည်နယ်၊ ဆန်ချီ အရပ်ရှိ သဉ္စီ စေတီတော်ကြီးသည် အဓိကရထူပါရုံကြီးတစ်ဆူ ဖြစ်ပေသည်။ ဘုရားရှင် ဟောကြားတော်မူ ခဲ့သော ဓမ္မက္ခန္ဓာ ၈၄,ဝဝဝ ကို အထိမ်းအမှတ်ပြုသောအားဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံး နေရာ အနှံ့အပြား၌ စေတီတော် ပေါင်း ၈၄,ဝဝဝ၊ ရေတွင်း ရေကန် ပေါင်း ၈၄,ဝဝဝကို လှူဒါန်းခဲ့သည်၊ သာသနာ့အမွေကို ခံနိုင်ရန် သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကိုပင် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ အသောကရာမ ကျောင်းမှအပ အခြားသောအရပ်များ၌လည်း သံဃာများအတွက် ကျောင်းများ ဆောက်လုပ် လှူဒါန်းခဲ့၍ ပစ္စည်းလေးပါး အထောက်အပံ့လည်း ပေးခဲ့ပေသည်။ အသောကမင်းတရားကြီးသည် လူအပေါင်းအား ကိုယ်စိတ် နှစ်ပါး ဆင်းရဲအောင် နှိပ်စက်ညှဉ်းပန်းခြင်း မပြုပေ။ မင်း တရားကြီးသည် မိမိ၏ နိုင်ငံသားတို့အတွက်သာမဟုတ် ကျောသားရင်သား မခွဲခြားပဲ ကမ္ဘာ တစ်လောကလုံးရှိ လူ သတ္တဝါတို့၏ ကောင်းကျိုးချမ်းသာအတွက် လိုလားတော်မူသော စိတ်ထားရှိကြောင်းကို မလိဂ‡တိုင်းတွင် စိုက်ထူခဲ့သော ကျောက် စာတစ်ခု၌ - ငါသည် ငါ၏ သားတော် သမီးတော်တို့အတွက် ဤ မျက်မှောက်ဘဝ၌သာမက နောင်တမလွန်ဘဝ၏ ကောင်းကျိုး ကိုပါ လိုလားတော်မူသကဲ့သို့ လူခပ်သိမ်းတို့အတွက်လည်း လိုလားတော်မူသည်။ လက်အောက်ခံ လူမျိုးတို့၏စိတ်၌ မင်းတရားကြီးသည် ငါတို့၏ဖခင်သဖွယ် ဖြစ်ပါပေသည်။ ငါတို့ကို သူ့ကိုယ်အား သူချစ်သကဲ့သို့ ချစ်ပါပေသည်။ ငါတို့ ကား မင်းတရားကြီး၏ သားသမီးသဖွယ် ဖြစ်ပါ ပေသည်ဟူ၍ အောက်မေ့သဘောထားလာရန် ဆောင် ရွက်ရမည်ဟု အရာ ထမ်းအမှုထမ်းများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထား ချက်အရ သိရလေသည်။ လူသားတို့အတွက်သာမက တိရစ္ဆာန်များ အပေါ်၌လည်း ကြင်နာသနား ထောက်ထားညှာတာသည်။ ဗုဒ္ဓဝါဒီ အဖြစ် ကူးပြောင်းလာပြီးနောက်တွင် သားသတ်ရုံများ၌ အသတ်အဖြတ် လျော့နည်းနိုင်သမျှ လျော့နည်း စေသည်။ တိရစ္ဆာန်များအတွက် ရေတွင်းရေကန်များ တူးဖော်ပေးသည့်အပြင် တိရစ္ဆာန်များ အတွက် ဆေးရုံများလည်း ဆောက်လုပ်ပေးလေသည်။ မင်းတရားကြီးသည် နိုင်ငံသာယာမှု၊ ဝပြောစည်ပင်မှု၊ တိုးတက်မှု၌ အရပ်ရပ်တို့ကိုလည်း ဆောင်ရွက် တော်မူသည်။ မောရိယနိုင်ငံတော်အတွင်း ခရီးအသွားအလာ လွယ်ကူစေခြင်း ငှါ ဖြောင့်ဖြူးသော လမ်းကြီး လမ်းငယ် အသွယ်သွယ်တို့ကို ဖောက်လုပ်သည်။ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ခရီး သွားများ အရိပ်ရစေရန် သစ်ပင်များကို စိုက်စေသည်။ ခရီး သည်များ တစ်စခန်းမှတစ်စခန်းသို့ ခရီးအဆင့်ဆင့် သွားကြ ရာ၌ အပန်းဖြေ နားနေရန် စရပ်အဆောင်ဆောင်တို့ကို ဆောက်စေသည်။ လူနှင့် တိရစ္ဆာန်တို့အတွက် ဆေးဝါး လုံလုံလောက်လောက် ရရှိစေရန် နိုင်ငံတော်အနှံ့အပြား၌ ဆေးဝါးပင်များကိုလည်း စိုက်စေသည်။ နိုင်ငံတော် အတွင်း ကောက်ပဲသီးနှံ အထွက်ကောင်းစေရန် ဆည်မြောင်းများ ဖို့ ပေးသည်။ ပြုပြင်သင့်သည်ကို ပြုပြင် တူးဖောက်ပေးသည်။ သစ်သီးခြံကြီးများကို ပြုစုပျိုးထောင်ပေးသည်။ အသောကမင်းတရားသည် ဗုဒ္ဓသာသနာတော်ကို လွန်စွာ ချီးမြှင့်လင့်ကစား အခြားသော ဘာသာအယူဝါဒ များအား အပြစ်ဆိုခြင်း၊ ရှုတ်ချခြင်း၊ မပြုချေ။ ကိုယ်တော်တိုင်သာမက နိုင်ငံတော်အတွင်းရှိ လူခပ်သိမ်း တို့အား တစ်ဦး၏ အယူဝါဒ ကို တစ်ဦးက ရှုတ်ချခြင်း ပြစ်တင်ခြင်းမပြုရန်လည်း အမိန့် ထုတ်ထားခဲ့သည်။ ဗုဒ္ဓသာသနာအတွက် စေတီပုထိုးကျောင်း ကန်စရပ်တို့ကို ဆောက်လုပ်လှူဒါန်းသည့်နည်းတူ အာဇီဝက များအတွက် လည်းကောင်း၊ ဗြဟ္မဏဝါဒီများအတွက် လည်း ကောင်း၊ ဂျိန်းဝါဒီများအတွက်လည်းကောင်း အယူဝါဒရေးရာ အဆောက်အအုံများကို ထိုက်သင့်သလို ဆောက်လုပ် လှူဒါန်း လေသည်။ သို့သော် မင်းတရားကြီးသည် ဗုဒ္ဓသာသနာကို လွန်စွာ ချီးမြှင့်သဖြင့် သာသနာတော်တွင် အလွန်ပြန့်ပြောသော လာဘသက္ကာရဖြစ်သည်။ ထိုအခါ လာဘ်လာဘကို မျှော်ကိုး၍ တိတ္ထိ တက္ကတွန်းတို့သည် ရဟန်းခွင်သို့ ခိုဝင်လာကြရာ သာသနာတော်တွင် အညစ်အကြေး တင်လာသည်၊ ထိုကြောင့် မင်းတရားကြီးသည် အရှင် မောဂ္ဂလိပုတ္တတိဿမထေရ်၏ အဆုံးအမကိုယူ၍ သာသနာအတွင်းမှ ရဟန်းတုရဟန်းယောင် များကို ဖယ်ရှား ရှင်းလင်းပစ်ပြီးနောက် သာသနာတော် သန့်ရှင်းသွားစေရန် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကိုပင် အမှူးထား၍ တတိယ သင်္ဂါယနာတင်တော်မူလေသည်။ သာသနာတော် သန့်စင်သွားပြီးနောက် သာသနာတော်ကို အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲစေလိုသော ဆန္ဒသည် မင်းကြီး ၌ ပြင်းပြလှသည်။ ထိုကြောင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် မြတ်အား သာသနာတော်သည် နောင်အခါ အဘယ်အရပ်၌ တည်လတ္တံ့နည်းဟု မေးလျှောက်လျှင် အရှင်မထေရ်မြတ်က ပစ္စန္တရာဇ်တိုင်း၌ တည်လတ္တံ့ဟု ဖြေကြားချက်အရ ပစ္စန္တရာဇ် ကိုးဌာန (ကိုးတိုင်းကိုးဌာန)သို့ သာသနာပြု ရဟန္တာ ရှင်မြတ် တို့အား စေလွှတ်၍ ဗုဒ္ဓသာသနာ ပျံ့နှံ့ရေးကို ဆောင်ရွက်တော် မူလေသည်။ (ဗုဒ္ဓသာသနာဝင် -။) ထိုမျှသာမကသေး အသောကမင်းကြီး၏ နိုင်ငံတော်သည် ဂရိစသော အနောက်နိုင်ငံများနှင့်လည်း အဆက်အသွယ် ရှိသဖြင့် ဆီးရီးယား၊ အီဂျစ်၊ ဂရိစသော နိုင်ငံတို့သို့လည်း ဗုဒ္ဓသာသနာတော်၏ အရှိန်အဝါ ပျံ့နှံ့ ကျရောက်ခဲ့လေသည်။ အသောကမင်းတရားကြီးသည် နိုင်ငံတော် စည်ပင်ဝပြော သာယာရေး၊ ခပ်သိမ်းသော သတ္တဝါတို့၏ လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာရေးအတွက် အသက်ထက် ဆုံး ကြိုးပမ်းဆောင်ရွက်တော်မူ ခဲ့ပြီးလျှင် ဘီစီ ၂၃၂ ခုနှစ် ခန့်တွင် လွန်တော်မူသည်။ အသောကမင်းတရားကြီး၏ အကြောင်းနှင့် စပ်လျဉ်း၍ ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲက ကမ္ဘာ့ ရာဇဝင် အစောင်စောင်တို့တွင် ထင်ရှားကျော်ကြားကြ ကုန်သော မင်းဧကရာဇ်များစွာအနက် အသောကမင်းတရားကြီး တစ်ပါးတည်းသာလျှင် ကြယ်တာရာအလား ထွန်းလင်း တောက်ပခြင်းရှိ၍ ယင်း၍ ဘွဲ့တော်နာမံသည် (ရုရှ)ဗော်လဂါ မြစ်မှသည် ဂျပန်နိုင်ငံတိုင်အောင် ကမ္ဘာတစ်လွှား၌ ပြန့်မွှေး ကျော်ကြားလျက် အလေးအမြတ်ပြုခြင်းကို ခံရလေသည်ဟု ကမ္ဘာ့သမိုင်း အကျဉ်းချုပ်စာအုပ်ကြီး၌ ဖော်ပြချီးကျူးရေးသား ထား လေသည်။ အာသောက ကျောက်စာ မြန်မာ ဘာသာပြန် အရှင် အာဒိစ္စဝံသ ဆရာတော် (၁၈၈၃-၁၉၅၁) သည် အာသောကမင်းကြီး ၏ ဩဝါဒ အနုသာသနိ ကျောက်စာတော်များ ကို မူလ ပါဠိဘာသာ မှ မြန်မာဘာသာ သို့ ပြန်ဆိုတော် မူသည်။ ယင်း ကျောက်စာများ ကို အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည့် ဘာသာ အသီးသီး သို့ ပြန်ဆိုပြီး ဖြစ်သော် လည်း မြန်မာဘာသာ သို့ ပြန်ဆိုခြင်း မပြုရသေး သဖြင့် ပြန်ဆိုရခြင်း ဖြစ်ပေသည်။ ဆရာတော် သည် ပါဠိဘာသာ ကို သာမက သက္ကတ၊ အူရဒူ၊ ဗင်္ဂလိ၊ ဟိန္ဒီ၊ ဂုရု၊ မုခိ၊ အင်္ဂလိပ် နှင့် ဂျာမန် ဘာသာ တို့ကိုလည်း လေ့လာ ဆည်းပူးထား သဖြင့် အာသောက ကျောက်စာများကို ပါဠိဘာသာမှ ပြန်ဆို ရာတွင် အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည့် ဘာသာပြန်မူများ နှင့်လည်း ညှိနှိုင်း တိုက်ဆိုင်ခဲ့သည်။ ယင်း ဘာသာပြန် သည် ၁၉၃၁-၃၂ အတွက် ဝေလမင်းသားစာပေဆု ရရှိခဲ့သည်။ အကိုးအကား ဆရာပါရဂူဘာသာပြန်သည်၊ ကမ္ဘာ့အကြောင်းတစေ့တစောင်း၊မူရင်း Glimpses of world history by Jawaharlal Nehru The 100 A Ranking of the most influential persons in History by H.Hart ဗုဒ္ဓဘာသာ အိန္ဒိယ သမိုင်း ဗုဒ္ဓခေတ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9E%E1%80%B1%E1%80%AC%E1%80%80%E1%80%99%E1%80%84%E1%80%BA%E1%80%B8
အာဘဿရာ
တိမ်တိုက်မှ လျှပ်စီးများ ကွန့်မြူး၍နေသကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါများသည်လည်း စိတ်ကြည်လင်သည်နှင့်အမျှ ခန္ဓာကိုယ်မှ တလျှပ်လျှပ် ထွက်ပေါ်နေကြသော ဗြဟ္မာများဖြစ်သည်။ ကိုးကား ၃၁-ဘုံ ဗြဟ္မာဘုံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%98%E1%80%BF%E1%80%9B%E1%80%AC
အာဇာနည် ခေါင်းဆောင်ကြီးများ
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် မြန်မာ့နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး (၉) ဦးဖြစ်သည့် - ဗိုလ်ချုပ် အောင်ဆန်း သခင်မြ ဒီးဒုတ်ဦးဘချို ဦးရာဇတ် မန်းဘခိုင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဦးဘဝင်း ဦးအုန်းမောင် ရဲဘော် ကိုထွေး တို့ ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောက်မေ့ သတိရလျက် နှစ်စဉ် အာဇာနည်နေ့ အခမ်းအနား ကျင်းပလျက်ရှိသည်။ ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇) ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့တွင် ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာနိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထိုနောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅ - ၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်းဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်နေပြီ" ခေါင်းစဉ်ဖြင့် စာတစ်စောင်သည်လည်း ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်း တစ်ချက်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူးဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တက်မြောက်ခြင်းခံရသည်။ သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်ပါတီ)၏ ပြည်ပဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယနိုင်ငံ၊ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ ဩဂုတ်လအတွင်း မြန်မာ့ လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည်၌ သောင်တင်နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ‘ဗမာ့လွတ်လပ်ရေးစီမံကိန်း’ စာတမ်းတစ်ရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ မြန်မာပြည်အတွင်းမှ မျိုးချစ် လူငယ်များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစ်စုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယားနိုင်ငံ (ယခု ထိုင်းနိုင်ငံ)၊ ဘန်ကောက်မြို့တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားပြီး ဗရမ်းဗတာဖြစ်လာသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိဖြစ်လာသည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေးပေးသောအခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထားလာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ ဩဂုတ်လအတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) ကို ဖွဲ့စည်းတည်ထောင်ကာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန်တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက် ဖွဲ့စည်းတည်ထောင်ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များအတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိသျှ အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ပြန်ခေါ်ပြီး၊ ဘုရင်ခံအသစ်အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့အလိုကျ အစိုးရ ဖွဲ့စည်းရန် စကားကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေးညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက်ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ မြန်မာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ သခင်မြ (၁၈၉၇ - ၁၉၄၇) သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ ညီမ မမြငွေ တစ်ဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ကသိုလ်တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။ ၁၉၂၇ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ့်မင်းကိုယ်ချင်း အဖွဲ့’၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီ တောင်ပိုင်းမှ အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။ ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင် တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖဆပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ ဦးဘချို (၁၈၉၃ - ၁၉၄၇) ဒီးဒုတ်ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၃ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် မြို့မအမျိုးသားကျောင်း (သရက်တော) ၌ ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။တပတ် တကြိမ်ထုတ် မြန်မာ့ ရီဗျူးဂျာနယ်ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ဒီးဒုတ် ဂျာနယ် ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။ ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်ပြီးတူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ဂီတဝိသောဓနိ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။ ဦးရာဇတ် (၁၈၉၈ - ၁၉၄၇) ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။ အစ္စလာမ် ဘာသာ ကိုးကွယ်သည်။ ၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့သည်။၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ ထိုကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီးလည်းဖြစ်သည်။ မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇) မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်သလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (၁၉ဝ၇ - ၁၉၄၇) မိုင်းပွန်စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္တလေးပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇) နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည်မှာ မောင်စံတင်ဖြစ်သည်။၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇) ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ချ်ဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယ သားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲတပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုနှစ်တွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇) ရဲဘော် ကိုထွေးသည် မန္တလေးမြို့ တောင်ပြင်သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်းအထိ ပညာ သင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ကိုးကားချက် ရင်းမြစ်များ ၁၉၆ဝ ခုနှစ်ထုတ်၊ သမဂ္ဂ အိုးဝေ နှစ်ပတ်လည် စာစောင်။ မြန်မာ့နိုင်ငံရေးသမားများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%BA%20%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
သီတဂူဆရာတော်
သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ () သည် မြန်မာနိုင်ငံသား ရဟန်းတစ်ပါးဖြစ်၍ ဓမ္မကထိက၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံများ တည်ထောင်သူ၊ သာသနာရေးနှင့် လူမှုရေးရာ အကျိုးပြုဆောင်ရွက်သော ရဟန်းတစ်ပါး စသည်ဖြင့် လူသိများသည်။ လက်ရှိတွင် ရွှေကျင်နိကာယ၏ တွဲဖက်ရွှေကျင်သာသနာပိုင် ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည်။ သဲကုန်းဇာတိဖြစ်သောကြောင့် သဲကုန်းဆရာတော်၊ သပိတ်အိုင်တွင် တောရဆောက်တည်သောကြောင့် သပိတ်အိုင်ဆရာတော်၊ သဒ္ဓမ္မသီတဂူချောင် (စစ်ကိုင်း) ကို တည်ထောင်သောကြောင့် သီတဂူဆရာတော်ဟူ၍ လူသိများ ထင်ရှားသည်။ ပြည်တွင်းသာမကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်ကာ တရားဟောခြင်း၊ တရားပြခြင်း၊ စာပေသင်ကြားခြင်းများနှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာအစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စား တက်ရောက်မှုများ ပြုလုပ်ခဲ့သည်။ စာအုပ်စာပေများစွာကိုလည်း ရေးသားခဲ့သည်။ ငယ်ဘဝ ဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပေါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ တပ်ကျေးရွာတွင် ဖွားမြင်သည်။ ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘကြီးဘုန်းတော်ကြီးထံတွင် ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။ ၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ သို့သော် ဘွဲ့အခမ်းအနား မကျင်းပဖြစ်တော့သောကြောင့် အောင်မြင်ခဲ့သော်လည်း ဘွဲ့မရခဲ့ပေ။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။ တောရဆောက်တည်ခြင်း အနီးစခန်းဆရာတော်ထံတွင် ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာဖြင့် သင်ယူခဲ့ကာ ရန်ကုန်သို့ ကြွချီခဲ့သည်။ စာဝါပြီးချိန်တွင် တောရဆောက်တည်ချင်ခဲ့သည်။ မူလက ပြည်နိဗ္ဗိန္ဒတောရကို စိတ်ကူးခဲ့သော်လည်း လူသူများပြားသည့်အတွက် ရွေးချယ်ခြင်းမပြုခဲ့ပေ။ ဓမ္မဒူတဆရာတော်ကြီးဟု လူသိများသော အရှင်ပညာဇောတနှင့် သီတဂူဆရာတော်တို့သည် ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃတက္ကသိုလ်တွင် စာသင်ဖက်များဖြစ်ကြပြီး အရှင်ပညာဇောတသည် တောရစခန်းအချို့ကို ဝင်ရောက်၍ တရားအားထုတ်နေပြီး ကျန်းမာရေးကြောင့် ရွှေဥမင်တောရတွင် ခေတ္တနေစဉ် သီတဂူဆရာတော်နှင့် ဆုံမိကြပြီး ထိုနှစ်ပါးသည် သထုံခရိုင်ရှိ သပိတ်အိုင်သို့ ၁၉၇၁ ၌ သွားခဲ့ကြသည်။ သပိတ်အိုင်တောရကို လေ့လာသည့်သဘောဖြင့် နှစ်ရက်တာ တောရကျောင်းကလေး၌ သီတင်းသုံးခဲ့ပြီး အရှင်ပညာဇောတနှင့်အတူ ရန်ကုန်ပြန်ကြွ၍ သီတဂူဆရာတော်က ထိုမှ စစ်ကိုင်းသို့ ပြန်လည်သွားရောက်၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို အသေးစိတ် ပြန်လှန်လေ့လာသည်။ တစ်နှစ်ကြာသောအခါမှ သပိတ်အိုင်သို့ ပြန်လည်သွားနိုင်ခဲ့သည်။ တောရကျောင်းသို့ရောက်သောအခါ ဖားအောက်ဆရာတော် အရှင် အာစိဏ္ဏ၊ ဓမ္မဒူတဆရာတော် အရှင်ပညာဇောတနှင့် အရှင်ကေလာသတို့ ရှိနှင့်နေပြီးဖြစ်သည်။ ထိုမှာပင် တရားအားထုတ်ခဲ့၏။ ဖားအောက်ဆရာတော်သည် ထို၌ တောရခေတ္တဆောက်တည်၍ ရေးမြို့နယ်ရှိ အစင်တောရသို့ ပြောင်းခဲ့၏။ တစ်နှစ်ခန့်အကြာ အရှင်ပညာဇောတနှင့် အရှင်ကေလာသတို့လည်း အစင်တောရသို့ ပြောင်းရွှေ့ခဲ့ကြ၍ တစ်ပါးတည်းသာ ကျန်ခဲ့သည်။ ထိုသို့သီတင်းသုံးတောရဆောက်တည်နေစဉ် မုဒုံဘက်က တစ်ဦးက အရှင်ဉာဏိဿရအားပင့်သောကြောင့် တရားဟောခဲ့ရသည်။ ဝါကျွတ်ချိန်များတွင် ပုံမှန်ကြွရောက်၍ မွန်ပြည်နယ်ရှိ အချို့မြို့များကို တရားဟောကြွခဲ့သည်။ ထိုမှတဆင့် သဲကုန်းဆရာတော်အပြင် သပိတ်အိုင်ဆရာတော်ဟုလည်း လူသိများလာခဲ့သည်။(သပိတ်အိုင်ဆရာတော်ကြီးနှင့် မရောထွေးရန်) တရားဟောပြောခြင်း သပိတ်အိုင်တောရတွင် လေးနှစ်ကြာမြင့်သောအခါ အနီးစခန်းဆရာတော်ကြီး လေဖြတ်၍ စစ်ကိုင်းသို့ပြန်ကြွခဲ့သည်။ သပိတ်အိုင်သို့ ပြန်မကြွဖြစ်ပဲ ဆရာတော်ကြီးကို ပြုစု၍ ဆရာတော်ကြီးသက်သာလာသောအခါ တရားပွဲများ၌ အနီးစခန်းဆရာတော်က မိနစ်အနည်းငယ်ဟောပြီး အရှင်ဉာဏိဿရကို ဆက်လက်ဟောခိုင်းလေ့ရှိသည်။ ဤသို့ဖြင့် မန္တလေးမြို့ မလွန်ဆန်လှူအသင်းကြီး၏ ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်လာခဲ့သည်။ သာသနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများ ၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး ၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီး အစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။ ၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် သီတဂူ ရေအလှူတော်စီမံကိန်းကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝ ကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။ ၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ ပြည်ပမှ မျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။ ၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီ ပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။ မြို့နယ်/ ကျေးလက်ဆေးရုံများသို့ လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။ ၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီး ဒေသခံများနဲ့အတူ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန် နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်ပသာသနာပြုခရီး ၁၉၈၁ နှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့သည်။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ဝါကပ်ဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ဝါဆိုစဉ် တက္ကသိုလ်ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့သည်။ ပြည်ပတွင်လည်း ဒါနပြုခဲ့သည်။ သက္ကရာဇ်-၁၃၅၄ - ဝါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ယောက်တို့ဖြင့် ထေရဝါဒဓမ္မအသင်းကို တည်ထောင်ခဲ့သည်။ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့သည်။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့သည်။ ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့သည်။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ခရစ်နှစ်-၁၉၉၁ - ၎င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့သည်။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D ဘွဲ့များအပ်နှင်းနိုင်ခဲ့သည်။ ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထောင်စု၊ အော်စတင်မြို့၌ သီတဂူ ဗုဒ္ဓဝိဟာရကျောင်းတိုက် တည်ထောင်ခဲ့သည်။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မစာစောင်များထုတ်ဝေခဲ့ပြီး ဓမ္မသင်တန်း များလည်းပို့ချခဲ့သည်။ ၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေပို့ချခဲ့သည်။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခံရသည်။ သီတဂူဆရာတော်သည် ၂၀၁၅ ခုနှစ်တွင် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်အစည်းအဝေး၌ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဘက်ရွှေကျင်သာသနာပိုင် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။ ဘွဲ့တံဆိပ်နှင့် ဂုဏ်ပြမှုများ ၁၉၉၃ ခုနှစ်တွင် "မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်" ဘွဲ့ကို လည်းကောင်း ၊ ၁၉၉၅ ခုနှစ်တွင် "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်"ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် "အဂ္ဂမဟာပဏ္ဍိတဘွဲ့" ဘွဲ့ကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့(D.Litt) ကို လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်" ဘွဲ့ကို လည်းကောင်း ဆက်ကပ်ပူဇော်ခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သော သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး သီတဂူဆရာတော်အား သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခဲ့သည်။ ၂၀၂၀ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ကို ဆက် ကပ်ခဲ့သည်။ ၂၀၂၀ခု ဒီဇင်ဘာလတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)က အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်ခြင်းခံရသည်။ ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ချ်ဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့၍ ၂၀၀၈ ၌ အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ချ်ဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ ၂၀၀၉ တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ချ်ဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ Pali and Buddhist University မှ စာပေဆိုင်ရာ ဒေါက်တာဘွဲ့ဖြစ်သည့် Ph.D (D.Litt) ကို အပ်နှင်းခဲ့သည်။ အငြင်းပွားဖွယ် ကိစ္စများနှင့် ဝေဖန်ခံရမှုများ ရှင်ဉာဏိဿရသည် မကြာသေးမီက နှစ်များအတွင်း၌ ဗမာမျိုးချစ်အဖွဲ့ဖြစ်သော မဘသအဖွဲ့ဖြင့် ဆက်နွယ်မှုရှိခဲ့သည်။ သူသည် ရိုဟင်ဂျာမျိုးသုဉ်းသတ်ဖြတ်မှုတွင် ပါဝင်ဖွယ်ရှိသော စစ်တပ်အရာရှိများကို ၂၀၁၇ မေလအတွင်း ကရင်ပြည်နယ်မှာ တရားဟောပြောခဲ့ပါတယ်။ ၎င်း ဟောပြောမှုတွင် ရိုဟင်ဂျာလူမျိုးများအား လူသားအဆင့်ထက် နိမ့်ကျသူများအဖြစ် ရည်ညွှန်းပြောဆိုခြင်းအားဖြင့် စစ်တပ်မှာ ရိုဟင်ဂျာများအပေါ်ကျူးလွန်သော သူတပါးအသက်ကိုသတ်ဖြတ်သောအမှုသည် အပြစ်မကြီးလေးသယောင် ပြောဆိုခဲ့ပါသည်။ ထိုပြင် ၎င်းတရားပွဲ၌ပင် "ဒုဌာဂါမဏိမင်းလို၊ အဇာတသတ်မင်းလို တိုင်းပြည်အတွက်သာလျှင် စစ်တိုက်တာမဟုတ်ဘူး၊ ဘုရားသာသနာအတွက် စစ်တိုက်ရတယ်၊ ဒီလိုဖြစ်ရတယ်" ဟုထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၉ မေလ ၂၈ ရက်နေ့တွင်လည်း တရားပွဲတစ်ခုအပြီးတွင် "ဝီရသူဘယ်ရောက်သွားလဲ စောစောက လာတယ်ကွ၊ ငါ့ရဲဘော်(ပဲ)" ဟု ပြောဆိုခြင်းဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဦးဝီရသူအား မြှောက်စားမှု ပြုလုပ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်က ၂၇ ရက်နေ့ ပြင်ဦးလွင်မြို့တွင် "မြန်မာ့အမွေအနှစ်ကို မြန်မာက ထိန်းနိုင်ရင် မြန်မာက ဂုဏ်ယူဖို့ပဲ၊ မြန်မာ့အမွေအနှစ်ကို တခြားပေးပြီးတော့၊ ဟိုဘက်ကလူတွေ ထိန်းပေးတာကို ဂုဏ်ယူနေခြင်းဟာ ဘာဂုဏ်မှမရှိတဲ့ကိစ္စ" ဟု ဟောပြောခဲ့ပါသည်။ ထိုပြင် ပုဂံမြို့ဟောင်းအား ထိန်းသိမ်းစောက်ရှောက်ရန်အတွက် ယူနက်စကိုက ထောက်ပံ့ပေးသည်ကို မူစလင်နိုင်ငံတစ်ခုဖြစ်သည့် အဇာဘိုင်ဂျန်က ထောက်ပံ့ပေးသည်ဟု အချက်အလက် ပုံဖျက်ပြောဆိုခဲ့ပါသည်။ ရေးသားပြုစုခဲ့သည့် စာပေများ ပုဏ္ဏောဝါဒ သုတ္တန် (၁၉၉၇) ဒါရုက္ခန္ဓောပမာ သုတ္တန် (၂၀၀၁) ဝေဒနာနုပဿနာ သတိပဌာန်တရားတော် (၂၀၀၂) လမ်းရိုးဟောင်းတွင် ဆင့်ကာထွင် (ရွှေကျင်ဆရာတော်ကြီးဘဝဖြစ်စဉ်အကျဉ်း)(၂၀၀၂) စကားလေးခွန်းတရားတော် (ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃) လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော် တက္ကသိုလ်တရားတော် (၂၀၀၄) ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ (၂၀၀၄) မမေ့အပ်သောလေးနေရာ (သံဝေဇနိယသုတ္တန်တရားတော်) ဝေဒနာကိုသည်းခံခြင်း တရားတော် (မဟာပရိနိဗ္ဗာနတရားတော်) ကဿပဂုဏ်ရည် တရားတော် သံဃာ့ဂုဏ်ရည်တရားတော် ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် သာသနာပြု သူရဲကောင်းတရားတော် သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် ကုမုဒြာတွေပွင့်တဲ့ည တရားတော် ဘဝတန်ဖိုး တရားတော် (၂၀၀၄) သစ္စာနှင့်မေတ္တာတရားတော် (၂၀၀၄) ယုံအသင်း၏ယုံမင်းတရားတော် (သသပဏ္ဍိတဇာတ်)(၂၀၀၃) နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် မေတ္တာသုတ်တရားတော် ညီတော်အာနန္ဒာ ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း ၃ဝ ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ကိုးကား ဗုဒ္ဓဘာသာရဟန်းများ မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%90%E1%80%82%E1%80%B0%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
အာဇာနည်နေ့
အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသည့်နေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ကျင်းပခြင်းဖြစ်သည်။ ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင်ကန္နားများကိုပိတ်၍ နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားကြလေသည်။ အဖြစ်အပျက်များ ၁၉၄၇ ခုနှစ်၊ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန်ဖြစ်သည်။ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်စုံဝတ်ဆင်ထားသော လူတစ်စုသည် ဝန်ကြီးများရုံးအတွင်း ဝင်ရောက်၍ ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်အချို့အား ပစ်ခတ်လုပ်ကြံခဲ့ကြသည်။၎င်းနိုင်ငံတော်လုပ်ကြံမှုကြီးအား နယ်ချဲ့လက်ပါးစေ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့အား ခေါင်းဆောင် ကြိုးကိုင်ထားသူအဖြစ် ဂဠုန်ဦးစောအား စွပ်စွဲခဲ့ကြသည်။ ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။ တရားခံများက အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။ နောက်ဆုံး အယူခံလွှာကို ၁၉၄၈ ခု၊ ဧပြီလ (၂၇ ) ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန် (၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။ တရားလွှတ်တော်ချုပ်နှင့် အထူးခုံရုံးမှ အတိုက်အခံများ၏ အယူခံများအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။ အတိုက်အခံတို့၏ အယူခံအား ဒေါက်တာမောင်မောင်ရေးသားသည့် "နိုင်ငံတော်လုပ်ကြံမှု"တွင် ဖတ်ရှုနိုင်ပြီး "၁၉၄၈ခုနှစ် ဥပဒေမှတ်တမ်းများ"တွင်လည်း အထူးခုံရုံးနှင့် တရားလွှတ်တော်ချုပ်တို့၏ အယူခံကို ဖတ်ရှုနိုင်သည်။ လုပ်ကြံခံခဲ့ရသူများမှာ - ဦးအောင်ဆန်း (ဝန်ကြီးချုပ်) ဦးဘချို (ပြန်ကြားရေးဌာနဝန်ကြီး) မန်းဘခိုင် (အလုပ်သမားရေးရာဌာနဝန်ကြီး) ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး) သခင်မြ (ပြည်ထဲရေးဌာနဝန်ကြီး) ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး) မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး) ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့် ရဲဘော် ကိုထွေး (ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်) တို့ဖြစ်ကြသည်။ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ထိုစဉ်က ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ မြန်မာလူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်းသို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံးကိရိယာများအား အဖွဲ့အစည်းအသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲဆိုခြင်းခံရသည်။ ၎င်းစစ်သုံး လက်နက်ကိရိယာများအား ဦးစော၏အိမ်ဘေးရှိ ကန်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ချက်ချင်း ပြန်လည် သိမ်းဆည်း ရရှိခဲ့ကြသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပိတ်တော် မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။ ၎င်းနိုင်ငံတော်လုပ်ကြံမှုကြီး ပြီးနောက်၊ များမကြာမီအချိန်တွင် မြန်မာပြည် ဗြိတိသျှဘုရင်ခံချုပ် ဆာ ဟာ့ဘက် ရန့်စ်သည် ဦးနုခေါင်းဆောင်သည့်ကြားဖြတ်အစိုးရအဖွဲ့အား အာဏာလွှဲပြောင်းပေးခဲ့ပြီးချိန်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ တရားဝင်လွတ်လပ်ရေးနေ့ဖြစ်လာခဲ့သည့်ပြင် ဦးနုသည်လည်း မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့အား အာဇာနည်နေ့ဟု အမည်သမုတ်၍ ပြည်သူ့အားလပ်ရက်၊ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ) သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊ မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊ စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊ သုခ (ကားမောင်းသူ)။ သေဒဏ် အပြစ်ပေးခံရသူများ (အင်းစိန်ထောင် ကြိုးတိုက်တွင်) သက်နှင်း မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အဝိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ခေတ် သူနာပြုတတ္ကသိုလ် ) စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင် ရန်ကြီးအောင် ခေါ် လှထွန်း သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ပြောင်းရွှေ့ကျခံရသူများ သုခ ခင်မောင်ရင် မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ ဈာပန အခမ်းအနား ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်ချ်စကွဲယား (Fytche Square) (ယခု မဟာဗန္ဓုလ) ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ညပိုင်းတွင် သူကိုယ်တိုင်ရေးသားထားသော "အသက်ပေးချီတက်ကြကုန်အံ့" အမည်ရှိကြေညာချက်စာတမ်းကို လူသတ်ဝါဒရှုတ်ချပွဲ အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပန ကျင်းပရေးကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ် များကို ပြည်သူပြည်သား အပေါင်းတို့ နောက်ဆုံးဂါရဝ ပြုနိုင်ရေးအတွက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရုပ်ကလာပ်များကို ရန်ကုန်မြို့၊ ဂျူဗလီဟောခန်းမသို့ ယူဆောင်လာခဲ့ကြသည်။ ဂျူဗလီဟော ခန်းမဆောင်ကြီးများ၏ တိုင်လုံးများ၊ အထက်မျက်နှာကြက်နှင့် နံရံများတွင် ရွှေရောင်ယိုးဒယား ပန်းခက်များဖြင့် ဆင်ယင်သည်။ စင်မြင့်၏အထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေပုံ ပန်းချီကား၊ ဖဆပလ၏ အလံတော်အောက်တွင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံတို့၏ စည်းရုံးမှု ပန်းချီကားကြီးများကို ချိတ်ဆွဲထားသည်။ ထိုပန်းချီကားချပ်ကြီးများ ရှေ့တွင် ဖဆပလ အလံတော်ကြီးနှစ်ခုကို အလျားလိုက်ချထားသည်။ ဂျူဗလီဟော ခန်းမ၏ စင်မြင့်ရှေ့၌ ရှိသော အခန်းများအနက် ရှေ့ဆုံးမှ အခန်းသုံးခန်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို ဂါရဝပြုခံရန် စီစဉ်နေရာချထားသည်။ ကျန်သော အခန်းနှစ်ခန်းကို ပရိသတ်များ ဂါရဝပြုခန်းအဖြစ် သတ်မှတ်စီမံထားသည်။ စင်မြင့်၏ ရှေ့ဆုံးအလယ်တည့်တည့်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ကို ရွှေချထားသော မှန်ခေါင်းဖြင့်၊ ရွှေချထားသော သလွန်ထက်၌ တင်ထားပြီး ထီးဖြူနှစ်လက်မိုး ထားသည်။ နောက်ဖက်ခြေရင်းတွင် အာဇာနည်ခေါင်းဆောင်ကြီး ငါးဦးဖြစ်သော ဦးဘချို၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ် တို့၏ ရုပ်ကလာပ်များကို ပြင်ဆင်ထားရှိ၍ ထီးဖြူတစ်လက်စီ မိုးထားသည်။ စင်မြင့်၏ လက်ယာဘက်တွင် အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေး တို့၏ ရုပ်ကလာပ်ကို ထီးဖြူတစ်လက်စီ မိုးပေးထားသည်။ စင်မြင့်၏ လက်ဝဲဘက်တွင် မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို စော်ဘွားကြီး၏ အဆောင်အယောင်နှင့် အညီ သံလျင်းပေါ်၌ သလွန်တင်၍ ထီးဖြူများ မိုးထားသည်။ ဈာပန ကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်ကို ဂျူဗလီဟောခန်းမကြီးတွင် ၆ လ ထားရှိပြီး ပြည်သူလူထု အပေါင်း၏ ဂါရဝပြု ခံယူရန်စီစဉ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် နိုင်ငံတော် ဈာပန အဖြစ် အာဇာနည်ကုန်းသို့ ပို့ဆောင်ဂူသွင်းခဲ့သည်။ ဂုဏ်ပြုခြင်းများ အာဇာနည်နေ့ ဂုဏ်ပြုကဗျာ အောက်ဖော်ပြပါကဗျာအား မူလတန်းကျောင်းများ၏ ကျောင်းသင်ခန်းစာများတွင်လည်း ထည့်သွင်း သင်ကြားလျက်ရှိသည်။ အောင်ဆန်းဇာနည် ဖေဖော်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား၊ ဇာတိ နတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်၊ ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား မိခင်ဒေါ်စုသား၊ တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး။ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင်၊ ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။ ဆက်စပ်အကြောင်းအရာများ ဂဠုန်ဦးစော လွတ်လပ်ရေးနေ့ ကိုးကား ရည်ညွန်းစာ လှမြင့်၊ (ရန်ကုန်တက္ကသိုလ်)၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏နောက်ဆုံးခရီး၊ အတွဲ ၁၊ အမှတ် ၁၈၊ မြန်မာသံတော်ဆင့်၊ ၁၄-၂၀ ဇူလိုင်လ ၂၀၁၂ ပြင်ပလင့်များ ဗိုလ်ချုပ်ကို ဘယ်သူသတ် (Youtube မှတ်တမ်းရုပ်ရှင်)။ မြန်မာနိုင်ငံ၏ သမိုင်း မြန်မာနိုင်ငံရှိ အားလပ်ရက်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%BA%E1%80%94%E1%80%B1%E1%80%B7
အာရှအလံများ
အာရှတိုက် နိုင်ငံများ၏ အလံများဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အာရှ အလယ်ပိုင်း အရှေ့အာရှ အရှေ့တောင်အာရှ တောင်အာရှ အနောက်အာရှ တောင်အာရှ, အရှေ့အာရှ, အနောက်အာရှ, အာရှအလယ်ပိုင်း အလံများ အာရှတိုက်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%9C%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
အိုက်ကီဒို
အိုက်ကီဒို(合気道 aikidō) ဆိုသည်မှာ မော်ရီဟေး အူရ်ရှီးဘ (Morihei Ueshiba) မှ သူ၏ ကိုယ်ခံပညာလေ့လာမှု ၊ ဖီလော်ဆော်ဖီ ဆိုင်ရာ တွေးခေါ်မှု နှင့် ဘာသာရေးယုံကြည်မှု များကို ပေါင်းစပ်စုစည်း၍ တီထွင်ဖန်တီးခဲ့သော ဂျပန် ကိုယ်ခံပညာ တစ်ခုဖြစ်သည်။ အိုက်ကီဒို ကို အများအားဖြင့် စွမ်းအင်များဖြင့် စုစည်းထားသောနည်းလမ်း သို့မဟုတ် စိတ်အာရုံ ခံစားမှုများကို စည်းဝါးကိုက်ညီစွာ ပေါင်းစပ်ထားသော နည်းလမ်း ဟု ခေါ်ဆိုနိုင်သည်။ အူရ်ရှီးဘ ၏ ရည်ရွယ်ချက်မှာ လေ့ကျင့်သူများအနေဖြင့် မိမိအားတိုက်ခိုက်လာသူထံမှ ရရှိနိုင်သည့်နာကျင်မှုများကို ခုခံကာကွယ်ရန်အတွက် အသုံးပြုနိုင်သော အနုပညာရပ်တစ်ခုဖန်တီးရန် ဖြစ်ခဲ့သည်။ အိုက်ကီဒို၏လုပ်ဆောင်မှုမှာ တိုက်ခိုက်လာသူ၏ ရွေ့လျားမှု ၊ တိုက်ခိုက်မှုအား ၊ တိုက်ခိုက်ရာ လမ်းကြောင်းတို့ကို ဆန့်ကျင်ဘက်အဖြစ်ပြောင်းလဲပေးပြီး အဆုံးသတ်ပေးခြင်းပင်ဖြစ်သည်။ မိမိအနေဖြင့် အနည်းဆုံးသောခွန်အားကို အသုံးပြု၍ တိုက်ခိုက်လာသူ၏ အရှိန်၊ အဟုန်၊ ခွန်အားတို့ကို ဝင်ရောက်ခြင်း သို့မဟုတ် လှည့်ပတ်ခြင်းစသော လှုပ်ရှားမှုနည်းလမ်းများဖြင့် ခုခံကာကွယ်ခြင်းပင်ဖြစ်သည်။ အိုက်ကီဒို နည်းစံနစ်များသည် လွှင့်ပစ်ကိုင်ပေါက်ခြင်း ၊ အဆစ်များကို ချိုးလိမ်ခြင်းများဖြင့် အဆုံးသတ်လေ့ရှိသည်။ ထို့ကြောင့် အိုက်ကီဒို၏ နည်းစံနစ်များကို အမျိုးအစားခွဲကြည့်လျှင် ဖမ်းဆုပ်ချုပ်နှောင်ခြင်း ပြုလုပ်ရသော ကိုယ်ခံပညာများမှ ဆင်းသက်လာသည်ဟု ဆိုနိုင်ပေသည်။ အိုက်ကီဒိုသည် အဓိကအားဖြင့် ဒိုက်တို ရူ အိုက်ကီ ဂျူဂျစ်ဆူ(Daitō-ryū Aiki-jūjutsu) မှ ဆင်းသက်လာသည်ဟု ဆိုနိုင်သည် ၊ သိုသော် ၁၉၂၀ ခုနှစ်ပတ်ဝန်းကျင်နောက်ပိုင်းမှစ၍ အူရ်ရှီးဘ၏ အိုမိုတိုခရို ( Ōmoto-kyō ) ဘာသာအယူဝါဒနှင့် ဆက်စပ်ပြီး စတင်ပြောင်းလဲလာခဲ့သည်။ ကိုယ်ခံပညာ အားကစား
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%AE%E1%80%92%E1%80%AD%E1%80%AF
အိလျ အာရင်ဘတ်
အိလျ အာရင်ဘတ်(Ilya Ehrenberg) ၁၈၉၀-၁၉၆၇ စက်တင်ဘာလ (၁) ရက်နေ့ (၁၉၆၇) က နာမည်ကျော် ဆိုဗီယက်စာရေးဆရာ အိလျ အာရင်ဘတ် ကွယ်လွန်ကြောင်း ဆိုဗီယက်စာရေးဆရာသမဂ္ဂ ကျေညာချက်သတင်းကို 'စောင့်ကြပ်မှူး' အင်္ဂလိပ်သတင်းစာ၌ ဖတ်လိုက်ရသည်။ သတင်းမှာ မထင်မရှားနေရာမှ ဖော်ပြသဖြင့် လူများ သိပ်သိပုံမရကြ။ စာရေးဆရာများပင် မသိလိုက်ကြ။ တချို့ စာရေးဆရာ များမှာ ကျွန်တော်ပြောမှ အံ့ဩနေကြပေသည်။ အာရင်ဘတ် ကွယ်လွန်သော သတင်းနှင့် အတူပင် အရှေ့ဂျာမဏီ ငြိမ်းချမ်းရေး ကော်မတီမှ စက်တင်ဘာလ (၁) ရက်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆော်ဩချက် ကျေညာစာတမ်း ကို သွားဖတ်မိလိုက်သည်။ ကျွန်တော်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုနှင့် ဆက်စပ်ကာ အာရင်ဘတ်ကို သတိရလိုက်မိသည်။ သူ၏ 'နဝမလှိုင်း' အမည်ရှိ ဝတ္ထုမျက်နှာဖုံးမှ ချိုးဖြူအလံတလွင့်လွင့်ဖြင့် လူထုကြီး ချီတက်နေပုံ ကားချပ်ကို မြင်ယောင်လာသည်။ အာရင်ဘတ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးနှင့် ဆက်စပ်နေသူ အနုပညာရှင် တယောက် ဖြစ်ပေသည်။ ကျွန်တော် အာရင်ဘတ်နှင့် တွေ့ဆုံမိခြင်းပင်လျင် ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးနှင့် ဆက်စပ်လျက်ရှိပေသည်။ ၁၉၅၁ က တရုတ်ပြည် ငြိမ်းချမ်းရေးကော်မတီနှင့် အခြား ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ပြည်သူ့အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်ဖြင့် ဆရာကြီးသခင် ကိုယ်တော်မှိုင်း ခေါင်းဆောင်သော မိတ်ဆက်အဖွဲ့တွင် ပါဝင်ကာ တရုတ်ပြည်သို့ ရောက်ခဲ့ဘူး သည်။ ထိုအခါက ပီကင်းမြို့တွင် (၁၀) ရက်ခန့် ကြာခဲ့သည်။ တနေ့ ပီကင်း၌ နိုင်ငံတကာမှ ငြိမ်းချမ်းရေးကော်မတီဝင်များနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ပြဿနာများကို ဆွေးနွေးလျက်ရှိစဉ် ဆိုဗီယက်စာရေးဆရာတယောက်က မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့လိုသည်ဟု အကြောင်းကြားလာသည်။ ကျွန်တော်တို့သည် ဆွေးနွေပွဲပြီးလျင်ပင် တည်းခိုရာ ပီကင်းဟော်တယ်သို့ ပြန်ခဲ့ ကြသည်။ ဆိုဗီယက်စာရေးဆရာမှာ ကျွန်တော်တို့နှင့် တဟော်တယ်တည်း နေသူပင် ဖြစ်သည်။ (၂) မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်စာရေးဆရာများနှင့် တွေ့လိုသော ဆိုဗီယက်စာရေးဆရာ မှာ အခြားမဟုတ်။ အိလျအာရင်ဘတ် ဖြစ်နေလေသည်။ ကျွန်တော်နှစ်သက်သော 'ပဲရစ်မြို့ကျဆုံးခန်း' [မြသန်းတင့်က 'ပါရီကျဆုံခန်း' အမည်ဖြင့် ၁၉-- က ဘာသာပြန်စာအုပ် ထွက်ဖူးတယ်- မာယာ။] ဝတ္ထုရေးသူပင်။ အာရင်ဘတ်နှင့် အခန်းကပ် တည်းခိုနေသူ ချီလီပြည်မှ ကဗျာဆရာ ပါဘလိုနီရူဒါက မိတ်ဆက်ပေး၍ သိရသည်။ နီရူဒါက အင်္ဂလိပ်ဘာသာ တတ်သူဖြစ်၍ စကားပြန်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်သည်။ ကျွန်တော်တို့ ရောက်သွားသောအခါ အခန်းဝမှနေ၍ ကဗျာဆရာ နီရူဒါက ဆီးကြိုကာ 'အာရင်ဘတ်က မိတ်ဆွေများကို စောင့်နေပါတယ်-ကြွပါ' ဟု အင်္ဂလိပ်ဘာသာဖြင့် နှုတ်ဆက် ပြောဆိုသည်။ ကုလားထိုင်တွင် ထိုင်မိကြသောအခါ နီရူဒါက 'ပြင်သစ်စကားပြောပါသလား' ဟု မေးသည်။ 'အင်္ဂလိပ်စကားပြောပါတယ်' 'ဒါဖြင့် ကျွန်တော်က စကားပြန်အဖြစ် ဆောင်ရွက်ပါမယ်' ထို့နောက် နီရူဒါက အခန်းထဲရှိ အာရင်ဘတ်၊ သူ၏ဇနီး၊ နီရူဒါဇနီး စသည်တို့ဖြင့် မိတ်ဆက်ပေးသည်။ ကျွန်တော်ကလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ အမျိုးသမီး ပါလီမန် အမတ်၊ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လှ တို့နှင့် အသီးသီး မိတ်ဖွဲ့ပေးလိုက်သည်။ အာရင်ဘတ်မှာ အသက် (၆၀)ခန့် ရှိ၍ အသားကနီနီ၊ ဆံပင်မှာ ရှည်၍ ပျော့အိဖြူလွလွ၊ နှင်းဝတ်သရဖူ ဆောင်းထားသည်။ ကိုယ်နေကိုယ်ဟန်မှာ ခပ်ကိုင်းကိုင်း၊ မျက်လုံးမှာ တစုံတရာကို စူးစိုက်ငေးကြည့်နေသည့်အသွင်၊ စကားပြောသောအခါ လူကို တိုက်ရိုက် မကြည့်ဘဲ အရှေ့သို့ စူးစိုက်ကာ၊ ဝေးလံသောအရပ်ဒေသ တခုခုဆီသို့ မြှော်ငေးကြည့်နေသလို၊ ခပ်ကြောင်ကြောင်၊ ခပ်စင်းစင်း၊ သူသည် ဘယ်အရပ်သို့ စိုက်ငေးနေသလဲ။ အတိတ်သို့လား၊ အနာဂတ်သို့လား၊ လူအသိရခက်သော လျှို့ ဝှက်ချက်များဖြင့် မှိုင်းဝေရီနေ၏။ သူသည် မီးခိုးရောင် သက္ကလပ်အကျႌကို ဝတ်ထားသည်။ သူ၏ အမူအရာမှာ ခပ်မှုန်မှုန် ခပ်မှိုင်းမှိုင်း၊ ကျွန်တော်စိတ်ထဲတွင် လျှို့ ဝှက်ချက်များဖြင့် ပြွမ်းသော ကဗျာဆရာကြီးနှင့် ပိုတူနေသည်ဟု ခံစားနေမိသည်။ တကယ်ကလည်း သူသည် ငယ်စဉ်က ကဗျာဆရာ ဖြစ်သည်။ သူ၏ဝတ္ထုများထဲမှ ဇာတ်ကောင်များနှင့်လည်း မတူ။ သူ၏ နာမည်ကျော် 'မုန်တိုင်း' ဝတ္ထုထဲမှ ဆာဂီမှာ သွက်လက်လှုပ်ရှား၏။ တက်ကြွ၏။ သို့သော် စကားပြောသောအခါမူ စူးရှချွန်ထက်၍ မြှားကဲ့သို့ လေးကိုင်းမှ ခါထွက်လာ၏။ သူသည် ဝတ္ထုရေးဆရာကြီး တယောက်ဖြစ်သည်။ နီရူဒါမှာ ကဗျာဆရာဖြစ်သော်လည်း အာရင်ဘတ်လောက် ကဗျာဆရာနှင့်မတူ။ နီရူဒါမှာ အသက် (၄၅)နှစ်ခန့်ရှိ၍ အရပ်အမောင်းကောင်းကောင်း၊ ကိုယ်လုံးကိုယ်ထည် ကြီးမားတောင့်တင်းသည်။ မျက်နှာထားချိုသည်။ သူ့ဇနီးမှာလည်း သူကဲ့သို့ပင် မျက်နှာထား ချိုချို၊ ပြုံးမြမြ ဖော်ရွေသည်။ သူမသည် ဂါဝန်အစိမ်းရင့်ကြီး ဝတ်ထားသည်။ အာရင်ဘတ်၏ဇနီးမှာ ဂါဝန်အဝါဖျော့ဖျော့ဝတ်၍ လည်တွင် ပုလဲကုံးဆွဲထားသည်။ သူမသည် ပြင်သစ်စကားတတ်သည်။ အာရင်ဘတ်မှာ ဥရောပတခွင် ပြဲပြဲစင် လည်ဘူး၊ နေဘူး သည်။ ပြင်သစ်တွင်ကား နှစ်ပေါင်းများစွာ နေသည်။ သူ၏ 'ပဲရစ်မြို့ကျဆုံးခန်း' ဝတ္ထုမှာ စစ်မဖြစ်မီ ခေတ်ကာလ ပဲရစ်မြို့သရုပ်ပေါ်သည်ဟု ထင်ရှားပေသည်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဖက်ဆစ်များ ကြွထလာသောကာလ၌ ပြင်သစ်ပြည်တွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်များ ပေါင်းကာ 'ညီညွတ်ရေးတပ်ပေါင်းစု' ဖွဲ့ကြသည်။ ထို့နောက် ယင်းညီညွတ်ရေး ပြိုကွဲသွားကာ နာဇီတို့ ဝင်လာကြသည်။ နာဇီတို့လက် ကျသွားသော ပဲရစ်မြို့တော်ကြီးကို မြင်လာမိသည်။ အာရင်ဘတ်သည်ပင်လျင် ပဲရစ်မြို့ကျချိန်၌ သူသည် ပဲရစ်တွင် ရှိနေပေသည်။ 'လူတယောက်မျှ မရှိတော့။ ပဲရစ်မြို့ မဟုတ်တော့ပြီ။ ပွန်ပီ (ရောမခေတ်က ပျက်စီးသွား သော မြို့) ဖြစ်နေပေပြီ။ မိုးမဲကြီး ရွာသွန်းနေ၏။ ရေနံများ အားလုံး မီးရှို့ခဲ့ကြသည်။ လမ်းဒေါင့်၌ အမျိုးသမီးကလေးသည် ခြေကျိုးသော စစ်သားကို ဖက်ထား၏။ သူမ၏ ပါးပြင်မှ မျက်ရည်မဲများ ကျဆင်းလာသည်' စသည်ဖြင့် သူ့အတ္ထုပ္ပတိ 'စစ်ဖြစ်စ' ၌ ဖွဲ့နွဲ့ထားပေသည်။ အာရင်ဘတ်မှာ ယူကရိန်းပြည်သား ရေဝတီစပ် ဖြစ်ကြောင်း၊ သူ့အတ္ထုပ္ပတိစာအုပ်၌ ဖတ်ရသည်။ ငယ်စဉ်ဘဝက မော်စကို၌ ကြီးပြင်းခဲ့သည်။ သူသည် အထက်တန်းကျောင်းသို့ပင် မရောက်ပေ။ သန်းခေါင်စာရင်းကောက်သော အမျိုးသမီးလေးက 'ဆရာကြီးရဲ့ ပညာရေး' ဟု မေးပြီး ပုံစံစာရွက်၌ ဖြည့်မည်ပြုသောအခါ အာရင်ဘတ်က 'အလယ်တန်း၊ အလယ်တန်း တောင် မအောင်ပါဘူး' ဟုဖြေသည်။ ကောင်မလေးက မျက်နှာပျက်ကာ 'ကျမ လေးလေးနက်နက် မေးနေပါတယ်ရှင်' 'ကျုပ်ကလဲ လေးလေးနက်နက် ဖြေနေတာပါဘဲ' 'ကျမကို ရယ်စရာ မလုပ်ပါနဲ့၊ ကျမ ဆရာကြီးစာပေတွေ ဖတ်နေတာပါ။ သန်းခေါင် စာရင်းဟာ အရေးကြီးတဲ့ နိုင်ငံတော်အစိုးရ ကိစ္စရပ်ပါ၊ ဘာဖြစ်လို့ ကျမကို ကောင်းကောင်း မပြောချင်ရတာလဲရှင်' အမျိုးသမီးလေးသည် အစော်ကားခံရသည်ဟု ယူဆကာ ထွက်သွားသည်ဟု သူ၏စာအုပ်၌ ရေးသည်ကို ဖတ်ရဘူးသည်။ အာရင်ဘတ်သည် ကျောင်းပညာဘက်၌ အထက်တန်း မရောက်သော်လည်း ငယ်စဉ်ကတည်းက စာပေ၊ အနုပညာဗီဇလေးကား မျိုးစေ့ တည်လာခဲ့သူ ဖြစ်သည်။ အလယ်တန်းကျောင်းသားဘဝက 'ရောင်ခြည်သစ်' လက်ရေးမဂ္ဂဇင်း ၌ စာတည်းအဖြစ် ဆောင်ရွက်ခဲ့ပေသည်။ သူ၏ ကဗျာစာအုပ်မှာ အသက် ၁၉နှစ်အရွယ်က ပြင်သစ်ပြည်၌ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူ့ငွေဖြင့်သူ ပုံနှိပ်ခြင်းဖြစ်သည်။ ရုရှပြည်ရှိ ကဗျာဆရာ များထံသို့ စာတိုက်မှ ပို့သည်။ ဆိုင်၌ကား စာအုပ် ၁၆ အုပ်သာ ရောင်းရသည်။ စာအုပ်ထွက်ပြီး မကြာမီ သူ့သမီးဦးကလေး မွေးသည်။ သူ၏ အနုပညာ အသီးအပွင့်နှင့် လူ့ဘဝ၏ အသီးအပွင့်ကား ဆက်စပ်နှောင်ဖွဲ့လျက် ရှိပေသည်။ ကြီးလာသောအခါမူကား အာရင်ဘတ်သည် စကားပြေများသာ အရေးများလေသည်။ သူ အသက် ၃၀ အရွယ်က ထုတ်ဝေသော 'ဂျူလီယိုဂျူရင်းနိုတိုး' ဝတ္ထုကား ကျွန်တော် မဖတ်ဖူးပေ။ ယင်းဝတ္ထုကြောင့်ပင် အာရင်ဘတ်သည် ကျော်ကြားကာ စာရေးဆရာအဖြစ် အောင်မြင်လာခြင်း ဖြစ်ပေသည်။ (၃) အာရင်ဘတ်က ပန်းစိုက်အိုးကို စူးစိုက်ငေးကြည့်ကာ ဆေးပြင်းလိပ်ကို ဖွာလျက် 'နေ့လယ်စာ ကျွန်တော်တို့နဲ့အတူ သုံးဆောင်ပါ' ဟု ဆိုသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက 'မိတ်ဆွေဖြစ်ပေါ့ကွာ' ဟု ကျွန်တော့်ဘက်လှည့်ကာ ပြောလိုက်သည်။ အခန်းထဲ၌ပင် စားရန် နေ့လယ်စာများကို မှာလိုက်သည်။ အာရင်ဘတ်မှာ မြန်မာစာပေအကြောင်း မေးသည်။ သူသည် မြန်မာစာပေကို စိတ်ဝင်စားသည်။ ထိုအခါက ကျွန်တော်မှာ အသက် (၃၀) အရွယ် ရှိနေသည်။ သူက ခေတ်သစ်စာပေအကြောင်း ကျွန်တော့်အား မေးနေသည်။ ကျွန်တော်ကလည်း တတ်နိုင် သလောက် အကျဉ်းရုံးကာ ပြောပြရသည်။ 'ယခုခေတ်သစ် မြန်မာဝတ္ထုတွေက အဘယ်အကြောင်းအရာတွေကို အခြေခံရေးကြ သလဲ' ဟု သူက မေးသည်။ အရင်းရှင်လူ့ဘောင်အောက်ရှိ မြန်မာစာရေးဆရာများ ရင်ဆိုင်ရသော ပြဿနာများကို အမြွက်လောက် ရှင်းပြလိုက်သည်။ 'ခင်ဗျား ကဗျာတွေ ဝတ္ထုတွေ ရေးတော့ ဘယ်ဘာသာနဲ့ ရေးသလဲ၊ အင်္ဂလိပ်လို ရေးသလား' ဟု အာရင်ဘတ်က ကျွန်တော့်အား မေးသည်။ ကျွန်တော်က မြန်မာဘာသာဖြင့် ရေးကြောင်း ပြောပြရသည်။ နီရူဒါက သူ၏ဇနီးဘက်သို့ လှည့်ကာ 'မြန်မာတွေက အင်္ဂလိပ်စာ တတ်ကြတယ်' ဟု ဆိုပြီး တဖန် ကျွန်တော့်အား 'ခင်ဗျား ဘယ်မှာ ပညာသင်သလဲ၊ အင်္ဂလန်မှာလား' 'မဟုတ်ပါဘူး၊ မြန်မာပြည်ပါ' နီရူဒါက ဆက်လက်ကာ 'ကျွန်တော်က ရန်ကုန်မှာ တနှစ်ကျော်ကျော်လောက် နေဘူးတယ်၊ ဒါကြောင့် မြန်မာပြည်သားတွေနဲ့ စကားပြောရတာ ဝမ်းသာတယ်' သူ့ဇနီးသည်က သူ့ကို ကြည့်၍ ပြုံးနေသည်။ '၁၉၂၇ လောက်က ရန်ကုန်မှာ ချီလီကောင်စစ်ဝန်အဖြစ်နဲ့ နေဘူးတယ်' ဟု အတိတ်ကို သတိရဟန်ဖြင့် သူက ဖြေလိုက်သည်။ 'အဲဒီတုန်းက ဘယ်မှာနေသလဲ' နီရူဒါက တွေလျက် 'ကလားဘတ်စတီးမှာနေတယ်၊ အိမ်ကကြည့်လိုက်ယင် ရွှေရောင် ဝင်းနေတဲ့ ရွှေတိဂုံစေတီကြီးကို လှမ်းမြင်ရတယ်' အာရင်ဘတ်၏ဇနီးက မြန်မာအမျိုးသမီးများအကြောင်း မေးရင်း နီရူဒါက ဆံထုံးနှင့် သနပ်ခါးမှာ မြန်မာအမျိုးသမီးများ၏ ချစ်စဖွယ်အင်္ဂါရပ်များ ဖြစ်ကြောင်း ပြောပြနေသည်။ နီရူဒါ နေခဲ့သောခေတ်မှာ ဆံထုံးကြီး ခေတ်ဖြစ်သည်။ နီရူဒါနှင့် ကျွန်တော်တို့ စကားကောင်းနေကြခိုက်၊ နီရူဒါ၏ဇနီးက ခရင်းကို ကိုင်ရင်း စကားအမျှင်မပြတ်သော ကျွန်တော့်ဘက်လှည့်ကာ 'မြန်မာကဗျာဆရာ စားပါဦး၊ နီရူဒါနဲ့ချည့် စကားပြောမနေနဲ့လေ' ဟုပြောပြီး တဖန် နီရူဒါဘက်လှည့်လျက် 'နီရူဒါ- ဒီက မြန်မာမိတ်ဆွေ အစာ, စားပါစေဦးလားကွယ်' ဟု ပြောနေသည်။ သူမက ရင်းနှီးစွာပင် ပြောဆိုသည်။ 'မြန်မာပြည်မှာ တနှစ်ကြာပေမယ့် ဘယ်မှ မရောက်လှပါဘူး၊ ပဲခူးနဲ့ မော်လမြိုင်ဘဲ ရောက်ဘူးတယ်၊ မြန်မာပြည်ဟာ သာယာလှပတယ်၊ လူတွေက သဘောကောင်းတယ်၊ ရိုးသားတယ်၊ ဖော်ရွေတယ်၊ သင်္ကြန်ရေပက်တာ သိပ်ပျော်ရွှင်စရာကောင်းတယ်' ကျွန်တော်က ဖြတ်လျက် 'အဲဒီတုန်းက ကဗျာတွေ ရေးနေပြီလား' နီရူဒါ၏ ဇနီးက 'သူ့ကဗျာတွေဟာ သည်လောက်ကျော်ကြားခြင်း မရှိသေးပါဘူး၊ ကဗျာတွေကလဲ အချစ်ကဗျာတွေပါ ရှင်' ဟု ရယ်မော၍ ပြောနေ၏။ 'ရွှေရောင်လို လှပဝင်းတောက်တဲ့ ပိတောက်ပန်းကို သတိရတယ်' ဟု နီရူဒါက မြန်မာပြည်ကို တသလျက် ရှိသည်။ သူက 'ဘဒေါက်' ဟု ပိတောက်ပန်းကို ပြီပြီသသ ခေါ်သည်။ သူသည် အာရင်ဘတ်ဘက် လှည့်ကာ ပိတောက်ပန်း၏ အလှအပအကြောင်းကို ရှင်းပြနေသည်။ အာရင်ဘတ်က ကျွန်တော့်အား မှေးစင်းသော အကြည့်ဖြင့် ကြည့်ကာ 'ခင်ဗျားကော ပိတောက်ပန်းအကြောင်း ကဗျာရေးသလား' ကျွန်တော်က ပိတောက်ပန်းကဗျာ (၂) ပုဒ် ဖွဲ့ဘူးကြောင်း၊ မြန်မာကဗျာဆရာဆိုလျှင် ပိတောက်ပန်းဘွဲ့ မဖွဲ့နွဲ့သူ မရှိကြောင်း ပြောပြရသည်။ ကျွန်တော်က ၁၉၄၈ လောက်က ရေးသော 'ပဌမ ပိတောက်ကဗျာ' ကို အကျဉ်းရုံး ဘာသာပြန် ပြောပြရသည်။ ထို့နောက် ကဗျာအကြောင်း ရောက်သွားသည်။ နီရူဒါနှင့် ကျွန်တော်မှာ ကာရန်လွတ်လပ်ရေးနှင့် အကြောင်းအရာအကြောင်း ဆွေးနွေးမိကြသည်။ နီရူဒါ၏ ဇနီးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းဘက်လှည့်ကာ 'အခုလို အသက်အရွယ်ကြီးတဲ့ မြန်မာကဗျာဆရာကြီးနဲ့ တွေ့ရတာ သိပ်ဝမ်းသာပါတယ်၊ ကဗျာတပုဒ်လောက် ရွတ်ဆိုပြဖို့ ဆရာကြီးကို တောင်းပန်ပါတယ်' အကြိမ်ကြိမ် တောင်းပန်သော်လည်း ဆရာကြီးက ရွတ်ဆိုမပြချေ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကျွန်တော့်အားပြုံးကာ 'မဟုတ်တာကွာ၊ ဆရာမဆိုတတ်ပါဘူး၊ ကလေးကလား' ကျွန်တော်က ယနေ့ခေတ်၌ ကဗျာကို အသံအနေအထားဖြင့် ရွတ်ဆိုခြင်းအလေ့ မရှိကြောင်း၊ ဖတ်ရန်သာ ရေးကြကြောင်း ရှင်းပြသည်။ အာရင်ဘတ်က ဆရာကြီးအား ရုရှားပြည်မှ ကော့ဆက်အမျိုးသား အဖိုးကြီးနှင့် တူကြောင်း ပြောပြလေသည်။ ထို့နောက် အာရင်ဘတ်က ရုရှားမှလာသော ငါးဥကလေးများကို စားရန်ပြောသည်။ ကျွန်တော်တို့လည်း ငါးသေတ္တာန့ံရှိသော မဲမဲငါးဥအလုံးကလေးများကို ပေါင်မုံ့နှင့် စားလိုက်ကြသည်။ အနီရောင် ငါးဥများ ထပ်မှာပြန်သည်။ ဥရောပ၌ကား 'ကေဗားရ်' ခေါ် ငါးဥများမှာ အဖိုးတန်၍ ဆင်းရဲသားများ အရသာမခံတတ်ဟု အဆိုရှိသည်။ ယင်း ငါးဥများကို စားရင်း အာရင်ဘတ်က မြန်မာပြည် ငြိမ်းချမ်းရေးလှုပ်ရှားမှု အကြောင်းကို မေးမြန်းနေလေသည်။ အာရင်ဘတ်နှင့် နီရူဒါမှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှု၌ တောက်လျှောက် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာသူများ ဖြစ်ကြသည်။ အာရင်ဘတ်မှာ ကွယ်လွန်သည့်နေ့အထိ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်ပေသည်။ ကျွန်တော့်တွင် ကဗျာနှင့်ပတ်သက်၍ ခံစားချက်တခု ရှိသည်။ ယင်းခံစားချက်မျိုးပင် အာရင်ဘတ်လည်း ခံစားသည်ကို နောက် သူ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဖတ်ရသည်။ သူငယ်စဉ်က ကဗျာရေးသားလာခြင်းနှင့် ပတ်သက်၍ 'စကားပြေဖြင့် ဖော်ပြမရသည်များကို ကဗျာဖြင့် ဖော်ပြနိုင်သည်ကို နားလည်လာသည်' ဟု ရေးသည်ကို ဖတ်ရသည်။ ဤသဘောကို ကျွန်တော်သည် ၁၉၅၄ လောက်ကတည်းက ရေးသားလာခဲ့သည်။ တချို့သော အကြောင်းအရာများကို ကဗျာစာလုံးများဖြင့်သာလျင် ဖော်ပြချင်ပေသည်။ ကဗျာဖြင့် ရေးမှသာ ရင်ထဲမှ ဝေဒနာကို ဖော်ပြရာရောက်သည်ဟု ယုံကြည်နေသည်။ စကားပြေသည် စာပေ ပုံသဏ္ဌာန်ဖြစ်သည် မှန်သော်လည်း ကဗျာကား အစားထိုး၍ မရသော အာရုံခံစားမှု အနုပညာ ပုံသဏ္ဌာန် ဖြစ်ပေသည်။ ထိုအခါ အာရင်ဘတ်သည် ကဗျာအကြောင်းမပြော၊ နီရူဒါကသာ 'ကာရံနောက်လိုက် ရင် အဓိပ္ပာယ် အကြောင်းအရာမှာ လျော့မှာပေါ့၊ ကျွန်တော် ယခုရေးတာတွေမှာ ကာရံကို ဦးစားမပေးတော့ပါဘူး။ ငယ်ငယ်တုန်းကသာ ကာရံနောက်လိုက်ခဲ့တာပါ' ဟု ပြောသည်။ ကျွန်တော်ကလည်း ကျွန်တော်၏ ကဗျာဘဝ အတွေ့အကြုံကို ပြောပြလိုက်သည်။ ပြန်ခါနီး နှုတ်ဆက်ကြသောအခါ ကဗျာဆရာနီရူဒါက 'ပိတောက်ဝေနေတဲ့ မြန်မာပြည်ဟာ အင်မတန် သာယာလှပတယ်' ဟု ပြောနေ နေသည်။ အာရင်ဘတ်ကလည်း ဝင်ကာ 'ပိတောက်ပန်း ကဗျာတွေကို ကျွန်တော်ဖတ်ချင်တယ်' ဟု ညည်းသလိုက်လေသည်။ (၄) ၁၉၅၃-ခုက ချက်ကိုစလိုဗက်ကီးယားပြည် ပရားဟားသို့ သွားရင်း မော်စကိုဝင်ရာ၊ အာရင်ဘတ်နှင့် တွေ့ရန် ကြိုးစားသေးသည်။ ကျွန်တော်တို့က ဂျော်ဂျီယာ၊ ယူကရိန်းစသော ဆိုဗီယက် ပြည်ထောင်စုဝင် ပြည်များသို့ လှည့်လည်နေရာ၊ ကျွန်တော်တို့ မော်စကို ပြန်ရောက်ချိန်၌ အာရင်ဘတ်က ခရီးထွက်နေပြီး၊ ကျွန်တော်တို့ စတာလင်ဂရက် ရောက်နေစဉ် သူက မော်စကို ရှိနေသည်။ ယင်းသို့ အဆင်မသင့်သဖြင့် သူနှင့် တွေ့ဆုံခွင့် မရတော့ပေ။ သူက သူရေးသော 'မုန်တိုင်း' ဝတ္ထုကို မေတ္တာလက်ဆောင်အဖြစ် သူ့နာမည် ရေးထိုးပြီး ထားခဲ့သည်။ သူသည် ခေတ်အခြေအနေကို ထင်ဟပ်သော ဝတ္ထုကြီး (၃)ပုဒ် ရေးသည်။ ပဲရစ်မြို့ကျဆုံးခန်း၊ မုန်တိုင်း၊ နဝမလှိုင်း။ ပဲရစ်မြို့ကျဆုံးခန်းမှာ စစ်မဖြစ်ခင် ခေတ်အခြေအနေ၊ မုန်တိုင်းမှာ စစ်အတွင်းအခြေအနေ၊ နဝမလှိုင်းမှာ စစ်ပြီးအခြေအနေများကို သရုပ်ဆောင်ထား ပေသည်။ မုန်တိုင်း ဝတ္ထုကြီးမှာပင် တော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး လောက် ရှည်ပေသည်။ ဇာတ်ဆောင်တွေ အများကြီးဖြင့် ဖွဲ့ထားသော လူ့သရုပ်ဖော် ဝတ္ထုကြီးဖြစ်သည်။ ကျွန်တော်တို့မှာ ရုရှားစာပေဖတ်သည် ဆိုသော်လည်း ကုန်စင်နှ့ံစပ်အောင် ဖတ်နိုင်သည် မဟုတ်ပေ။ ကျောင်းသားဘဝက အများက ကောင်းသည်ဟု စံတင်အသိအမှတ် ပြုထားသော စာပေများကို ဖတ်ကြသည်။ ရုရှမှာ ဒေါတော့ယက်စကီး၊ တော်စတွိုင်း၊ ပွတ်ရှကင်၊ ချက်ကော့၊ ဂေါ်ကီ စသော ရှေးခေတ်စာရေးဆရာကြီးများ၏ ဝတ္ထုများကို ဖတ်သည်။ ကဗျာထဲကဆိုလျင် ပွတ်ရှကင်၊ ဘလောက် တို့လောက်သာ ဖတ်ဖူးသည်။ ဆိုဗီယက်ခေတ်ရောက်တော့ အာရင်ဘတ်၊ ရှိုလိုကော့၊ ဖာဒေယိ၊ ဖီဒင်၊ အော်စထရော့စကီး၊ စီမိုနော့၊ ကဗျာထဲက မာယာကော့စကီး၊ ယက်တူရှင်ကို၊ ပက်စတာနက် တို့လောက်သာ ဂရုပြုဖတ်သည်။ ရုရှစာပေ၌ ဖတ်စရာတွေ တပုံကြီး ရှိသည်။ စာရေးဆရာ တော်တွေလည်း အများကြီး။ တချို့ စာပေများကို နာမည်ဖြင့်တပ်၍ စာရေးဆရာကို မစွဲလန်းတော့။ ယင်းသို့ နည်းနည်းလောက်သာ ဖတ်မိသည်ထဲ၌ အာရင်ဘတ်မှာ ကျွန်တော် ကြိုက်သည့်အထဲ၌ ပါဝင်သည်။ ပက်စတာနက်ကိုကား 'ဒေါက်တာဇီဗားဂိုး' ဝတ္ထုတွင် တော်တော် နှစ်သက်မိသည်။ သူ့ကဗျာများကား အသိခက်လှသည်။ စတာလင်ဆန့်ကျင်ကျင်ရေးခေတ် (၁၉၅၆) ၌ အာရင်ဘတ်၏ 'နှင်းခဲပျော်ချိန်' ဝတ္ထုထွက်လာသည်။ ဥရောပ၌ နှင်းခဲပျော်ချိန်မှာ အဓိပ္ပာယ်ရှိသည်။ ဆောင်းတွင်း၌ ရေခဲပြီး ဆောင်းယွန်းသွားသောအခါ ရေခဲ ပျော်ကျလာလေသည်။ နှင်းခဲများ ကျဆင်းချိန်၌ တင်ရှိနေသော အမှိုက်သရိုက်များမှာ ရေအဖြစ် ပျော်ကျကာ စီးဆင်းသွားလေတော့သည်။ စတာလင်ခေတ် အပြီးကာလကို တင်စားထားသည်။ စတာလင်ခေတ်ကာလ၏ ချုပ်ချယ်ကျပ် တည်းမှုမှ လွတ်မြောက်လာခြင်းကို သရုပ်ဖော်ထားသည်။ အလုပ်ရုံတခု၌ လူများမှာ ငြီးငွေ့နေကြသည်။ လင်ရှိမိန်းမမှာ အခြားယောက်ျားတပါးနှင့် လွန်ကျူးနေ၏။ အလုပ်ရုံ အုပ်ချုပ်ရေးမှူးမှာ ကုန်ထုတ်လုပ်ရေး၌ အလုပ်များနေသဖြင့် ဇနီးသည်ကိုပင် ကြင်နာယုဖို့ အချိန်မပေးပေ။ နှင်းခဲပျော်ချိန်၏အဆက် 'နွေဦးပေါက်' ဝတ္ထု ထွက်လာသေးသည်။ ယင်းဝတ္ထုများကို ကျွန်တော် သိတ်မစွဲလန်းတော့ပေ။ လွန်ခဲ့သော (၁၀)နှစ် ကာလကား ကွန်မြူနစ်လောက၌ ဆန့်ကျင်ဘက်များဖြင့် ပြွမ်းတီး လှုပ်ရှားနေသော ခေတ်ဖြစ်သည်။ ယင်း ပဋိပက္ခရှုခင်းများမှာ နိုင်ငံခြား၌ ဖြစ်ပျက်နေသည် ဖြစ်ရာ၊ ကျွန်တော်တို့မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ဖော်ပြမှုတို့ကိုသာ 'မူရင်း' အနေဖြင့် သိခွင့်ရရှိကြ၏။ ပဋိပက္ခများကို လေ့လာရာ၌ သူတို့ ပင်ရင်းဘာသာ မတတ်သဖြင့် တပန်းရှုံးနေလေတော့သည်။ နိုင်ငံရေးတိုက်ပွဲများ ပြင်းထန်နေဆဲအခါ တဖက်စကားချည်း အားကိုး၍ အမှန်ရှာမရနိုင်ပေ။ မိမိ ပြည်တွင်း၌ပင် (၂)ဖက် အဖြစ်အပျက်၊ ဟောရပ်ပြောရပ် စကားရင်းများကို ဃဂဏန လေ့လာမှသာလျှင် တကယ့်ရှုခင်းကို ငုံမိမည် ဖြစ်ပေသည်။ ၁၉၆၁ က ဆွီဒင်ပြည် စတော့ဟုမ်း၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေး တက်ရောက်သည်။ အာရင်ဘတ်မှာ ဆိုဗီယက်ကိုယ်စားလှယ် အဖွဲ့ဝင် ဖြစ်သည်။ ယင်း အစည်းအဝေး၌ တရုပ်-ဆိုဗီယက် အငြင်းပွားမှု သက်ရောက်လျက်ရှိသည်။ ကျွန်တော်တို့မှာ နှစ်စဉ် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီမှ ကျင်းပမည့် ယဉ်ကျေးမှု နှစ်ပါတ်လည်၌ ဦးပုညကို ထည့်သွင်းရန် စိုင်းပြင်းလျက်ရှိသည်။ ကျွန်တော်သည် အာရင်ဘတ်ကို လိုက်ရှာသည်။ အစည်းအဝေးမှာ ဆက်တိုက် လုပ်နေ၍ မအားရ။ ဟော်တယ် တည်းသည်မှာလည်း တနေရာစီ ဖြစ်နေ၍ မဆုံမိကြ။ ည အစည်းအဝေးပြီးလျင် မြေအောက်ရထားဖြင့် ကမန်းကတမ်း ပြန်ရသည်။ တညနေ အစည်းအဝေးနားချိန်၌ အာရင်ဘတ်နှင့် သွားတွေ့သည်။ သူကလည်း အင်္ဂလိပ်စကားမတတ်။ ကျွန်တော်ကလည်း ပြင်သစ်စကား မတတ်၍ လက်ဆွဲနှုတ်ဆက်ပြီး စကားမပြောလိုက်ရ။ မော်စကို မှတဆင့် ရန်ကုန်သာ ပြန်ရောက်လာသည်။ သူနှင့် မတွေ့တော့။ မော်စကိုတွင်လည်း တွေ့ရန် မကြိုးစားမိ။ ၁၉၆၂ က ကရူးရှက်သည် ဆိုဗီယက် ခေတ်သစ်ပန်းချီကို ဝေဖန်သည်။ ခေတ်သစ်ပန်းချီကို မြင်းမြီးလှုပ်ရမ်းထားသော ဆေးစက်များဟု ဝေဖန်လိုက်သည်။ ထိုအချိန်လောက်ကပင် ကရူးရှက်က အာရင်ဘတ်အား အာရင်ဘတ်ဟာ အောက်တိုဘာ တော်လှန်ရေးတုန်းက ထိထိရောက်ရောက် ပါခဲ့တာမဟုတ်ဟု ပြောသည်ကို ဖတ်လိုက်ရ၏။ ၁၉၆၂ က အာရင်ဘတ်၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ စာအုပ်နှစ်တွဲ ဖတ်လိုက်ရသည်။ ပြည်သူနှင့် ဘဝ၊ တော်လှန်ရေး၏ ပဌမနှစ်များ ၁၉၁၈-၁၉၂၁၊ အားလုံး (၆)တွဲရေးရာ၊ ကျန် (၃)တွဲကို ယခုမှ ဖတ်ရသည်။ ယင်းကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှတ်တမ်းများကိုမူ နှစ်သက်မိသည်။ အာရင်ဘတ်မှာ သူနှင့် ခေတ်ပြိုင် ရုရှ စာရေးဆရာများ၊ အနုပညာရှင်များသာမက၊ ဥရောပ စာရေးဆရာ၊ အနုပညာရှင်များနှင့်လည်း သိကျွမ်းခင်မင်ရာ၊ သူ၏ မှတ်တမ်းမှာ ယနေ့ခေတ်ပြိုင် စာပေနှင့် အနုပညာရုပ်ပုံလွှာ ကားချပ်ကြီးပင် ဖြစ်သည်။ နှစ်ပေါင်း (၅၀)၏ ဥရောပ ယဉ်ကျေးမှု လှုပ်ရှားမှုကြီးကို ဖွဲ့ထားသော စာအုပ်ဖြစ်သည်။ အာရင်ဘတ်မှာ ဆိုဗီယက်အစိုးရ အာဘော် အစ်ဇဗက်ရှား သတင်းစာ သတင်းထောက်လည်းဖြစ်ရာ၊ ဥရောပတခွင်မှ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဘဝ မြင်ကွင်းများကို သူကြုံတွေ့ခံစားသည့်အတိုင်း ရေးထားလေသည်။ စပိန် ပြည်တွင်းစစ်တုန်းကလည်း သေနတ်သံများကြားထဲ ရောက်နေ၏။ ကမ္ဘာကျော် ပန်းချီဆရာ များဖြစ်သော ပီကာဆို၊ ဒီရူး၊ စသူတို့နှင့် လုံးထွေးနေခဲ့၏။ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စာရေးဆရာ စည်းရုံးရေးများတွင်လည်း သူပါနေ၏။ အာရင်ဘတ်သည် မှန်တံခါးအတွင်း အခန်းအောင်းနေသော စာရေးဆရာ သက်သက် မဟုတ်ပေ။ ၁၉၆၁- က စတော့ဟုန်းမြို့၏ မယ်လမင် ဟော်တယ်အနီး အပေါ်ထပ်အခန်းကလေး၌ အာရင်ဘတ်သည် လက်နှစ်ဖက်ကို လှုပ်ကာ လှုပ်ကာ စကားထပြောနေ၏။ ကမ္ဘာ့ငြိမ်းချမ်းရေး စည်းရုံးရေးရာ ကော်မရှင် အစည်းအဝေးဖြစ်သည်။ အာရင်ဘတ်က 'လက်နက်ဖျက်သိမ်းရေး ပဌမ' ဆိုသော အချက်ကို ထောက်ခံ ရှင်းလင်းနေ၏။ သူပြောပြီးလျှင် တရုတ်ကိုယ်စားလှယ် ထကာ အမျိုးသား လွတ်လပ်ရေးဘက်မှ ချေပ၏။ ကျွန်တော်တို့ကား လက်နက်ဖျက်သိမ်းရေးကို မပယ်၊ သို့သော် လက်နက်ဖျက် သိမ်းရေးလော၊ အမျိုးသားလွတ်လပ်ရေးလောဟု ဆုံးဖြတ်မည် ရှိသောအခါ အမျိုးသား လွတ်လပ်ရေးဘက်က ရပ်တည်ခဲ့ကြသည်။ လွတ်လပ်ခါစ နိုင်ငံကလေးများအဖို့ကား မိမိတို့၏ အမျိုးသားလွတ်လပ်ရေး၊ ခိုင်ခံ့ရေးသည် ပဌမ မဟုတ်ပေလော။ ကျွန်တော်တို့သည် တရုတ်ဆိုဗီယက် ကွဲလွဲချက်ကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ ရသည်။ ကျွန်တော်က ကပ်လျက်ထိုင်နေသူ ဗီယက်နမ်ကိုယ်စားလည် အဖွဲ့ဝင်အား လှမ်းကြည့်လိုက်သည်။ မြန်မာပြည်ရောက်ဖူးသော ဗီယက်နမ်သားက လက်ဝါးနှစ်ဖက်ဖြန့်ကာ ပခုံးကို တွန့်လိုက်၏။ သဘာပတိလုပ်သူ ကနေဒါမှ ခရစ်ယံရဟန်းမှာ စကားပြောဓာတ်ခွက်၌ ငေးနေ၏။ မုန်တိုင်းသစ်သည် ဝှေ့ယမ်းလျက်ရှိသည်။ အပြင်ဘက်တွင်ကား တဝေါဝေါ အော်မြည်ကာ နှင်းပွင့်များ ကျဆင်းလျက် ရှိသည်။ မှန်ပြတင်း၌ ရေခဲမြူလွများ တင်နေ၏။ အာရင်ဘတ်သည် မုန်တိုင်းသစ်အကြား၌ပင် နှလုံအခုန်ရပ်စဲ သွားခဲလေပြီ။ သူ့ရင်ခုန်သံကိုကား သူ၏စာအုပ်များ၌သာ ခံစားရပေတော့မည်။ ကျွန်တော်တို့မှာ မုန်တိုင်းသစ်၌ သစ်ရွက်ကြွေသံ၊ သစ်ပင်လဲကျသံ၊ မြစ်ရေဒလဟော စီးဆင်းသံများ ကြားနေရသေးသည်။ မုန်တိုင်းစဲပါတော့ဟု ဆုတောင်းကြမည်လော။ မုန်တိုင်းဟောင်းစဲလျင် မုန်တိုင်းသစ် လာပေဦးမည်။ လူ့ဘုံလောကကြီးပင်လျင် မုန်တိုင်းကြီး မဟုတ်ပေလော။ မြင်ရသော မုန်တိုင်းနှင့် မမြင်ရသော မုန်တိုင်းသာ ခြားနားသည် မဟုတ်ပေလော။ ကိုးကား ရုရှား အမျိုးသား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%9C%E1%80%BB%20%E1%80%A1%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%98%E1%80%90%E1%80%BA
လက်ထပ်ခြင်း
လက်ထပ်ခြင်း သည် လူမှုရေး၊ ဘာသာရေး၊ အယူစွဲမှု သို့မဟုတ် တရားဥပဒေ အတိုင်း လူပုဂ္ဂိုလ်များ အတူတကွ ပေါင်းသင်းနေထိုင်ရန် ပေါင်းစပ်ခြင်းဖြစ်သည်။ ၎င်းပေါင်းစပ်မှုကို ထိမ်းမြားခြင်း ဟုလည်းခေါ်ပြီး အစပိုင်းကို မင်္ဂလာဆောင်ပွဲ များဖြင့် အသိအမှတ်ပြုလေ့ရှိသည်။ လက်ထပ်ထားသူကို အိမ်ထောင်ကျပြီးသူ ဟု လူမှုရေး အဆင့်တစ်ရပ် တိုးမြှင့်သည်။ လက်ထပ်ခြင်းသည် ရိုးရာယဉ်ကျေးမှု အသီးသီး အပေါ်တွင် မူတည်၍ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားလေ့ ရှိသော်လည်း ပုံမှန်အားဖြင့် လူသားတို့ အကြား နီးစပ်စွာ ပေါင်းသင်းခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံခြင်း တစ်မျိုးပင် ဖြစ်သည်။ ထိုသို့ ပေါင်းစည်းခြင်းကို လက်ထပ်မင်္ဂလာပွဲ ကျင်းပခြင်းဖြင့် တရားဝင် ကြေညာလေ့ ရှိကြသည်။ ရိုးရာယဉ်ကျေးမှု အများစုတွင် လက်ထပ်ထိမ်းမြားခြင်း အတွက် လူနှစ်ဦးကိုသာလျှင် ခွင့်ပြုသော်လည်း အချို့သော ရိုးရာယဉ်ကျေးမှုများတွင် အိမ်ထောင်ဖက် အများအပြား ရှိခြင်းကို ခွင့်ပြုကြပြီး အချို့သော ရိုးရာ ယဉ်ကျေးမှုများတွင် လိင်တူခြင်း ပေါင်းသင်းခြင်းကို ခွင့်ပြုကြသည်။ ရှေးရိုးစွဲလွန်း သော (ကွန်ဆာဗေးတစ် ဖြစ်သော) ရိုးရာ ယဉ်ကျေးမှုများတွင် လက်ထပ်ခြင်းသည် လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံမှု မပြုခင် မဖြစ်မနေ လုပ်ဆောင်ရမည့် ဝတ္တရားတစ်ခုပင် ဖြစ်သည်။ လက်ထပ်ခြင်းသည် လူပုဂ္ဂိုလ် ဆက်ဆံမှု ပေါင်းစည်းခြင်းဖြစ်ပြီး အစိုးရ သို့ ဘာသာရေး မှ အသိအမှတ်ပြုကာ အများအားဖြင့် အနေနီးစပ်ပြီး လိင်ဆက်ဆံခြင်း ပြုနိုင်သည်။ လက်ထပ်ခြင်း ယဉ်ကျေးမှုသည် လက်ထပ်ခြင်း ဥပဒေအရ အစိုးရ အဖွဲ့အစည်းများမှ တရားဝင်ဖြစ်သည်။ ထိုသူတို့၏ ဘာသာရေးအရ သို့မဟုတ် ယေဘုယျအားဖြင့် လူမှုရေး အရ လက်ထပ်ခြင်းကို အစိုးရမှ အသိအမှတ်ပြုလျှင် ထိုသူတို့၏ လူမှုရေး အဆင့်အတန်း မှာ တိုးမြှင့်သွားသည်။ လူတို့သည် အကြောင်းကြောင်းများကြောင့် လက်ထပ်ကြသော်လည်း များသောအားဖြင့် တရားဝင်ရန်၊ လူမှုရေး ဂုဏ်၊ မိသားစု တည်ထောင်ခြင်းကြောင့် စီးပွားရေး တည်ငြမ်းမှု၊ သားမွေးခြင်း၊ တရားဝင် လိင်ဆက်ဆံလိုခြင်း၊ အချစ်ကို လူပုံအလည် ချပြလိုခြင်း နှင့် နိုင်ငံသား ရယူလိုခြင်း စသည့် အကြောင်းများကြောင့်ဖြစ်သည်။ လက်ထပ်ခြင်း သည် ပုံစံများ စွာ ရှိသည်။ ဥပမာ ယောက်ျား တစ်ယောက် နှင့် မိန်းမ တစ်ယောက်တို့ ပေါင်းစည်းသော လိင်ကွဲ တစ်လင်တစ်မယား လက်ထပ်ခြင်း၊ တစ်ယောက်သောသူက အိမ်ထောင်ဖက် တစ်ယောက် ထက်ပို၍ အိမ်ထောင်ပို (polygamy) လက်ထပ်ခြင်း နှင့် လိင်တူ လက်ထပ်ခြင်း တို့ဟူ၍ ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ တွင် အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။ ဟု ဆိုသည်။ အိမ်ထောင်ဖက် ရွေးချယ်ခြင်း အိမ်ထောင်ဖက် ရွေးချယ်ခြင်းတွင် အတွဲသည် ပိုးပမ်းမှု သို့မဟုတ် အတွဲ၏ မိဘများ သို့ တာဝန်ရှိသူများ က ပေးစားခြင်း တို့ ပါဝင်သည်။ လူတို့သည် အကြောင်းအမျိုးမျိုးဖြင့် လက်ထပ်ထိမ်းမြားလေ့ ရှိကြသည်။ ဥပဒေကြောင်းအရ၊ လူမှုရေးအရ၊ လိင်ပိုင်ဆိုင်းရာ လိုအပ်ချက်အရ၊ စိတ်ခံစားမှုအရ၊ စီးပွားရေးအရ၊ စိတ်ဝိဉာဉ်ဆိုင်ရာ လိုအပ်ချက်အရ၊ ဘာသာရေး အရ စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် လက်ထပ်လေ့ ရှိကြသည်။ ထို့အတွက်ကြောင့် လူကြီးမိဘများမှ စီစဉ်ပေးသော လက်ထပ်ထိမ်းမြားခြင်း၊ မိသားစု၏ လိုအပ်ချက်အရ လက်ထပ် ထိမ်းမြားခြင်း၊ ဥပဒေကြောင်းအရ မိသားစု အဖြစ် သတ်မှတ်ရန် လက်ထပ်ထိမ်းမြားခြင်း၊ ကလေးသူငယ်များကို ဥပဒေကြောင်းအရ အကာအကွယ်ပေးရန် လက်ထပ်ထိမ်းမြားခြင်း၊ တစ်ဦးနှင့်တစ်ဦး သစ္စာထားမှုကို လူသိရှင်ကြား ကြေညာရန် လက်ထပ်ထိမ်းမြားခြင်း စသည်ဖြင့် အမျိုးမျိုးသော အကြောင်းအချက်များ ပါဝင်နိုင်သည်။ လက်ထပ်ထိမ်းမြားခြင်းဖြင့် ပါဝင်ပတ်သက်နေသော သူများအား ဥပဒေအကြောင်းအရ ဖြစ်စေ လူ့ကျင့်ဝတ်အရ ဖြစ်စေ ဝတ္တရားများ ရှိလာစေသည်။ အချို့သော ရိုးရာ ယဉ်ကျေးမှုများတွင် ကွာရှင်းပြတ်စဲခြင်း အားဖြင့် လက်ထပ်ထိမ်းမြားခြင်းကို ပျက်ပြယ်စေနိုင်သည်။ ထုံးစံအားဖြင့် ပေးစားခြင်း ပင်လျှင် အတွဲကိုယ်၌က နောက်ဆုံး ဆုံးဖြတ်ကြသော်လည်း မိဘများသည် မိရိုးဖလာကြောင့်ဖြစ်စေ တစ်ခါတစ်ရံ အထူးအကြောင်း အချက် (ဥပမာ အတင်အသ ကောင်း၍) တို့ကြောင့်ဖြစ်စေ မိဘများက ဇွတ်ပေးစားတတ်ကြသည်။ တစ်ခါတစ်ရံ မိဘပေးစားခြင်းသည် အလွန် လူသက်သာသောကြောင့် မိဘစကား နားမထောင်ချင်စေကာမူ ပေးစားခြင်းကို လိုလိုလားလား လက်ခံကြသည်။ ဇွတ်ပေးစားခြင်း သည် အနည်းငယ်သော လူအဖွဲ့အစည်းများတွင်သာ တွေ့ရတတ်ပြီး ပေးစားခြင်း ကိုလက်ခံသောသူကပင် ဇွတ်ပေးစားခြင်း ကိုပြစ်တင် ဝေဖန်သည်။ လက်ထပ်ခြင်း အခမ်းအနား လက်ထပ်ခြင်းသည် အများအားဖြင့် မင်္ဂလာဆောင်ပွဲ သို့မဟုတ် လက်ထပ်ခြင်း အခမ်းအနား ဖြင့် အရေးတယူ ပြုကြသည်။ အခမ်းအနားကို ဘာသာရေး ဆရာများကဖြစ်စေ အစိုးရ အသိအမှတ်ပြု ပုဂ္ဂိုလ်ကဖြစ်စေ၊ ဒေသ အသိအမှတ်ပြု ပွဲဆရာ ကဖြစ်စေ ဘောင်ဝင်အောင် ကျင်းပသည်။ ဥရောပ နှင့် လက်တင် အမေရိက နိုင်ငံများတွင် မည်သည့် ဘာသာရေး ပွဲမဆို လူမှုရေးပွဲ နှင့် ခွဲခြား၍ ကျင်းပရမည်ဟု ဆိုသည်။ အချို့နိုင်ငံများတွင် - ဥပမာ ဘယ်လ်ဂျီယမ်၊ ဘူလ်ဂေးရီးယား၊ နယ်သာလန် နှင့် တူရကီ - တို့တွင် ဘာသာရေး ပွဲများကို လူမှုရေးပွဲ ကျင်ပပြီးမှသာ ကျင်းပခွင့်ရှိသည်။ မြန်မာ့ ဓလေ့ မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိသည်။ အာဝါဟ၊ ဝိဝါဟ အာဝါဟ၊ ဝိဝါဟ ဆိုသည်မှာ မင်္ဂလာအခမ်းအနား ကျင်းပရာ နေရာကို လိုက်ပြီး ခေါ်ဝေါ်တာဖြစ်သည်။ အာဝါဟ - ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း၊ ဝိဝါဟ - မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း လို့အဓိပ္ပာယ်ရသည်။ စုလျှားရစ်ပတ် စုလျှားရစ်ပတ် လက်ထပ်ထိမ်းမြားခြင်း ဆိုသော စကားလုံးမှာ စုလျှား ပုဝါနဲ့ရစ်ပတ် ထိမ်းမြားခြင်း၊ သတို့သမီးသတို့သား ညာလက်နှစ်ဖက်ကို ထပ်ပြီး လက်ထပ်ထိမ်းခြားခြင်းကို ပေါင်းစပ်ပြီးတော့ ခေါ်တာဖြစ်သည်။ ပန်းကုံးစွပ်ခြင်း၊ မင်္ဂလာလက်စွပ်လဲခြင်းများသည် မြန်မာမှု ထိမ်းမြားခြင်းပုံစံကို ခေတ်မှီအောင်ဖြည့်စွက်ထားသော သဘောရှိသည်။ ပန်းကုံးစွပ်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု ဆိုသည်ထက် အိန္ဒိယဆန်သော ယဉ်ကျေးမှုဟု သတ်မှတ်လိုက သတ်မှတ်နိုင်ပေသည်။ မင်္ဂလာလက်ထပ်စာချုပ် ခုခေတ်တွင် မင်္ဂလာဧည့်ခံပွဲ အခမ်းအနားမပြုလုပ်ခင် ကြိုတင်ပြီး နှစ်ဦးသဘောတူ မင်္ဂလာလက်ထပ်စာချုပ် ချုပ်ဆိုထားတတ်ကြသည်။ ထို့ကြောင့် ဥပဒေအရ တရားဝင် လင်ခန်းမယားခန်းမြောက်နေပေသည်။ မင်္ဂလာမောင်နှံလောင်း လက်မှတ်ထိုးထားတဲ့ စာချုပ်ကို မော်ကွန်းမှတ်တမ်း တင်ပေးထားတတ်ကြသည်။ မော်ကွန်းတင်နိုင်သော တရားရေးဆိုင်ရာ ပုဂ္ဂိုလ်များမှာ- ဒုတိယမြို့နယ်တရားသူကြီး နှင့်အထက်တရားသူကြီးများ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိနှင့်အထက် ဥပဒေအရာရှိကြီးများ၊ ရှေ့နေချုပ်ရုံး ဒုတိယ ဦးစီးမှူးနှင့် အထက်အရာရှိကြီးများ ဖြစ်သည်။ လက်ထပ်စာချုပ်ပါ လိုအပ်ချက်များ သတိုးသား၏ အသက် သတိုးသမီး၏ အသက် လွတ်လပ်သော သဘောတူညီချက် နှစ်ဦးစလုံးသည် စိတ်ပေါ့သွပ်သူများမဖြစ်စေရ။ သတိုးသမီးမှာ မပြတ်ဆဲသော တရားဝင်လင်ယောက်ျားမရှိစေရ။ ပေါင်းသင်းစပ်ယှက်မှု ရှိရန်မလို။ အသက် လက်ထပ်ထိမ်းမြားရာတွင် သတို့သား၏ အသက်ကို အတိအကျ ကန့်သတ်ထားတာ မရှိပါ။ ကျန်းမားရေးအရ အရွယ်ရောက်ပြည့်စုံလျှင် မိဘသဘောတူညီချက်မလိုပဲ မိမိ၏ဆုံးဖြတ်ပိုင်ခွင့်ဖြင့်လက်ထပ်ထိမ်းမြားခွင့် ရှိသည်။ သတို့သမီးအတွက်တွင်မူ ကန့်သတ်ချက်ရှိသည်။ အသက် ၁၅ နှစ်ထက် မငယ်ရပါ။ သတို့သမီး ၁၅ နှစ်နဲ့ ၂၀ နှစ်ကြားမှာ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရှိမှ၊ လက်ထပ်ထိမ်းမြားမှု အထမြောက်သည်။ မိဘကန့်ကွက်ရင် မရပါ။ တချို့က ၁၈ နှစ်ပြည့်ပြီးတာနှင့် မိဘခွင့်ပြုချက်မလိုတော့ဘူးလို့ ထင်ကြသည်၊ ဥပဒေကြောင်းအရ အသက် ၂၀ ပြည့်မှ မလိုအပ်ခြင်း ဖြစ်သည်။ (တစ်ခုလပ်တစ်လင်ကွာနှင့် မုဆိုးမများမှလွဲလျင် အသက် (၂၀) မပြည့်သေးသော မိန်းကလေးတစ်ယောက်ဖြစ်ပါမူ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် ရယူရပေမည်။ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို မရလျှင် ၏ထိမ်းမြား ခြင်းမမြောက်။ သို့သော် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို နောက်မှရရှိလျှင် ရရှိသည့်နေ့ရက်မှစ၍ ထိမ်းမြားခြင်းမြောက်သည်။) မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် ထိမ်းမြား လက်ထပ်ခြင်း တစ်မျိုးမျိုးပြုလုပ်ခြင်း၊ ဧည့်ခံအခမ်းအနားပြုလုပ်ခြင်းကို လူမှုရေးအရ ပြုလုပ်တယ်လို့ပဲ သဘောထားသည်။ လင်မယားအရာမြောက်ဖို့ တရားဝင်မလိုအပ်ပါ။ စာချုပ်ချုပ်ဆိုခြင်း၊ ထိမ်းမြားခြင်း အခမ်းအနား မပြုလုပ်ဘူးဆိုလျှင် တရားဝင်လင်မယားဖြစ်ကြောင်း သက်သေပြနိုင်ရမယ်လို့ ဆိုသည်။ တောနယ်များနှင့် ရှေးလူကြီးများအတွက် လက်ထပ်စာချုပ် လုပ်လေ့လုပ်ထမရှိပါ။ ခေတ်မီလူငယ်တွေအတွက် လက်ထပ်စာချုပ် ချုပ်ဆိုမှုသည် အလွယ်အကူဆုံးနှင့် အသေချာဆုံးဖြစ်သည်။ တရားဝင်လင်မယား ထင်ရှားစေရန် သက်သေခံချက်များ ယောက်ျားကဖြစ်စေ၊ မိန်းမကဖြစ်စေ ၂ဦးစလုံးက ဖြစ်စေ ၎င်းတို့သည် လင်မယားဟု ဖွင့်ဟပြောဆိုဖူးသလား။ ၎င်းတို့အတူနေသလား။ တစ်ဦးနှင့်တစ်ဦးသော်လည်းကောင်း၊ အခြားသူများနှင့်သော်လည်းကောင်း၊ သာမန်လင်မယားတို့ကဲ့သို့ ပြုမူဆက်ဆံသလား။ ၎င်းတို့သည် ဆွေမျိုးများ၊ မိတ်ဆွေများထံသို့ အတူတကွသွားလာ လည်ပတ်သလား။ ၎င်းတို့သည် ဇရပ်၊ ကျောင်းကန် ဘုရားများသို့ အတူတကွသွားလား၊ အလှူဒါန အတူပြုသလား။ ယောက်ျားအားလည်းကောင်း၊ မိန်းမအားလည်းကောင်း တစ်ဖက်မှဆွေမျိုးများက မည်ကဲ့သို့ ဆက်ဆံသနည်း။ မိန်းမနှင့် ၎င်း၏မိဘများ အဆင့်အတန်း အကျင့်စာရိတ္တ။ ၎င်းတို့၏ ဆက်ဆံပုံမှာ တရားဥပဒေနှင့် ဆန့်ကျင်ပြီး တိတ်တိတ်ပုန်း ဆက်ဆံသည်ဟု မိတ်ဆွေများ၊ ဆွေမျိုးများက ထင်မှတ်စရာ အကြောင်းရှိပါသလား။ ပစ္စည်းခန်းတွင် နှစ်ဦးပူးတွဲ ဆက်ဆံသလား။ တစ်ယောက်သေဆုံးပြီး အသုဘကိစ္စ၌ ကျန်တစ်ယောက်၏ အပြုအမူ (ဥပမာ၊ သတင်းစာများတွင် ကြေညာခြင်း၊ အသုဘကိစ္စ၌ အပြုအမူများ)။ အထက်ပါအချက်များနှင့် အခြားပတ်ဝန်းကျင် အခြေအနေများ (အားလုံး မလိုသော်လည်း) ကို ထောက်ထား၍၊ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် လင်မယားဖြစ်သည် မဖြစ်သည်ကို ဆိုသည့်ပြဿနာကို ဆုံးဖြတ်ရပေမည်။ ကိုးကား လက်ထပ်ခြင်း မိသားစု ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%BA%E1%80%91%E1%80%95%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
လက်နက်ကိုင် အဖွဲ့အစည်း
လက်နက်ကိုင် အဖွဲ့အစည်း (Paramilitary) လက်နက်ကိုင်အဖွဲ့အစည်း နိုင်ငံရေး
https://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%BA%E1%80%94%E1%80%80%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%20%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8
လွှတ်တော်အမတ်
လွှတ်တော်အမတ်ဆိုသည်မှာ နိုင်ငံတစ်ခု၏ ဥပဒေပြုရေးအာဏာကို ကျင့်သုံးရန်အတွက် ပြည်သူတို့က ရွေးကောက် တင်မြှောက် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်။ လွှတ်တော်နှစ်ရပ်ရှိလျှင် အများအခေါ် အထက်လွှတ်တော် အတွက် အထက်လွှတ်တော်အမတ်၊အောက်လွှတ်တော် အတွက် အောက်လွှတ်တော်အမတ် ဟူ၍ခွဲခြားခေါ်ဝေါ်ကြသည်။ အောက်လွှတ်တော်အတွက် လူဦးရေအချိုးအစားအလိုက် မဲဆန္ဒနယ်များ ခွဲကာမဲဆန္ဒနယ် တစ်နယ်အတွက် ကိုယ်စားလှယ် တစ်ယောက်နှုံးဖြင့် မဲပေးရွေးကောက်တင်မြှောက်ကြသည်။(ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် မြို့နယ်အလိုက်၊တစ်မြို့နယ်တွင် တစ်ယောက်) အထက်လွှတ်တော်အတွက် သက်ဆိုင်ရာ ပြည်နယ်၊နယ်မြေ(အချို့တိုင်းပြည်များတွင် ခရိုင်သဘောမျိုး)ဖြင့် တစ်နယ်ဆီအတွက် ကိုယ်စားလှယ်အရေအတွက် တူညီစွာ ရွေးကောက်တင်မြှောက်ကြသည်။(ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းအလိုက်၊ပြည်နယ်(သို့)တိုင်း တစ်ခုစီအတွက် ၁၂ ယောက်) လွှတ်တော်အမတ်ဖြစ်ရန် သတ်မှတ်ချက်များ လွှတ်တော်အမတ်ဖြစ်ရန် သတ်မှတ်ချက်များ မှာတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကြချေ။ အများအားဖြင့် နိုင်ငံသားအဖြစ် နိုင်ငံတွင်းတွင် နှစ်ကာလကြာရှည်နေထိုင်ဖူးသူများကို သာလက်ခံရန်သတ်မှတ်ကြသည်။ ထို့ြ့ပင် အသက်အရွယ် ကန့်သတ်ချက်ကိုလည်း နိုင်ငံအလိုက် သတ်မှတ်လေ့ရှိပြန်သည်။ တာဝန် လွှတ်တော်အမတ်များ၏တာဝန်မှာ သက်ဆိုင်ရာလွှတ်တော်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ‎ အရသတ်မှတ်ထားသည့် ဥပဒေပြုရေးကိစ္စများအ တွက်ပါဝင်ဆုံးဖြတ်မဲပေးခြင်း၊သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်း တို့ဖြစ်ကြသည်။ ထိုသို့ လွှတ်တော်ဆွေးနွေးပွဲများကျင်းပရာတွင် လွှတ်တော်သဘာပတိ၊လွှတ်တော်ဥက္ကဋ္ဌ အသီးသီးကို သက်ဆိုင်ရာ လွှတ်တော်အတွင်း ရွေးကောက်ခြင်းသည်လည်း လွှတ်တော်၏ လုပ်ငန်းများတွင်ပါဝင်သည်။ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်း လွှတ်တော်အမတ် တစ်ဦးကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်း(ပြန်လည်ခေါ်ယူခြင်း) ကို ၎င်းအားရွေးကောက်ခဲ့သည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်သူများကသာ ပြုလုပ်နိုင်သည်။ တစ်နည်းဆိုရလျှင် ပြည်သူတို့က မယုံကြည်တော့လျှင် လွှတ်တော်အမတ်အဖြစ်မှ ဆုံးရှုံးမည်ဖြစ်သည်။ ထိုသို့ပြန်လည်ရုပ်သိမ်းခြင်း(ပြန်လည်ခေါ်ယူခြင်း)ကို ပြုလုပ်ရန်အတွက် သတ်မှတ်ထားသည့် ပြည်သူတို့၏ လက်မှတ်ထိုးတောင်းဆိုသည့် အရေအတွက်ပြည့်မှီရန်လိုအပ်သည်။(သက်ဆိုင်ရာမဲဆန္ဒနယ်မှ ပြည်သူတို့၏ ၁၀%၊၂၀% အစရှိသဖြင့်။) လွှတ်တော်အမတ်၏သက်တမ်း နိုင်ငံအများစုတွင် လွှတ်တော်အမတ်များအတွက် သက်တမ်းမှာ တစ်ကြိမ်လျှင် ၄ နှစ်နှုံးသတ်မှတ်ကြပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝင်ရောက်အရွေးခံနိုင်သည်။ နိုင်ငံရေး
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%BE%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%99%E1%80%90%E1%80%BA
အမ်-၄ ကာဘိုင်
M4 ခေါ် Colt M4 Carbineသည် အမေရိကန် coltလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီမှ ထုတ်လုပ် သောကာဘိုင် အမျိုးအစား ဖြစ်ပြီး အမေရိကန် စစ်တပ်မှ ချေမှုန်းရေးရိုင်ဖယ် အဖြစ် အသုံးပြုသည်။ M-16ရိုင်ဖယ်များအား ကာဘိုင်အဖြစ် ပြန်ပြောင်း ထုတ်လုပ်ရာမှ အစပြုခဲ့ကာ ပိုသေး၊ပိုတိုသော M16A2ချေမှုန်းရေးရိုင်ဖယ် အသွင်ဖြစ်သည်။ M16A2၏ ၈ဝရာခိုင်နှုန်းသော အစိတ်အပိုင်းများကို M4တွင် ပြန်လည် အသုံးပြုထားသည်။ အသုံးဝင်ပုံနှင့်အသုံးပြုမှု အခြားသော ကာဘိုင်များ ကဲ့သို့ပင် M4သည် သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူသော ကြောင့် အနီးကပ် တိုက်ပွဲများတွင် များစွာ အသုံးဝင်သည့် အပြင် ခြေလျင်တပ်သားမဟုတ်သည့် အရာရှိများ၊ စာရေးများ၊ ယဉ်မောင်းများ ပါအသုံးပြုကြသည်။ ထို့အပြင် M-16 များ ကဲ့သို့ပင် ညကြည့်မှန်ပြောင်း၊ လေဆာပစ်မှတ်၊ လစ်ပစ်ဗုံးပစ် လောင်ချာ၊ Short Gun အပါအဝင် အစိတ်အပိုင်း များစွာ လိုသလို တပ်ဆင် အသုံးပြု နိုင်သည်။ အမေရိကန်နိုင်ငံတွင် United States Special Operations Command (USSOCOM)၊ အထူးတပ်ဖွဲ့ နှင့် Navy Sealsတို့ အဓိက အသုံးပြုလေ့ရှိသည်။ ထို့အပြင် ဩစတြေးလျ အထူးလေတပ် နှင့် မလေးရှား နိုင်ငံတို့မှလည်း ဝယ်ယူ အသုံးပြုလျက် ရှိသည်။ M4A1 M4A1မှာ M4၏မျိုးကွဲ တစ်မျိုးဖြစ်ပြီး အထူးစစ်ဆင်ရေး များတွင် အသုံးပြုရန် ရည်ရွယ် ထုတ်လုပ် ခြင်းဖြစ်သည်။ အမေရိကန်အထူး စစ်ဆင်ရေး တပ်ဖွဲ့များ အားလုံး နီးပါး အသုံးပြုပြီး အထူးသဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များတွင် အဓိက အသုံးပြုသည်။ M4A1၏ ပေါ့ပါးမှုနှင့် ပစ်ခတ်အား ကောင်းမွန်မှု တို့ကြောင့် မြို့ပြစစ်ဆင်ရေး များတွင် တစ်ပန်းသာ စေသည်။ သာမန်M4နှင့် M4A1 တို့နှစ်မျိုးလုံး တွင်ကျည်ဆန် ထွက်နှုန်းအား လိုအပ်သလို ပြောင်းရွှေ့နိုင်သည့် ခလုတ်ပါဝင်သည်။ သို့သော် M4တွင် တစ်တောင့်ခြင်းနှင့် သုံးတောင့်တစ်တွဲ သာပစ်ခတ် နိုင်ပြီး M4A1တွင် တစ်တောင့်ခြင်းရော အတောင့်ပေါင်းများစွာပါ ပစ်ခတ်နိုင်သည်။ လက်နက် ရိုင်ဖယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BA-%E1%81%84%20%E1%80%80%E1%80%AC%E1%80%98%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
အမ်အက်စ်-ဒေါ့စ်
MS-DOS ( (Microsoft Disk Operating System) သည် ကွန်ပျူတာ စက်လည်ပတ်ရေး စနစ်ဖြစ်ပြီး ၁၉၈ဝခုနှစ်များအတွင်း ထွက်ရှိခဲ့သော စားပွဲတင်ကွန်ပျူတာများပေါ်တွင် အများဆုံးအသုံးပြုခဲ့သည်။ ၎င်းသည် Intel 8086 မိုက်ခရိုပရိုဆက်ဆာ (Microprocessor) များကို အခြေခံသောစနစ်ဖြစ်ပြီး IBM PC နှင့် မျိုးတူ PC များတွင်အသုံးပြုရန်အတွက် Microsoft မှ ရောင်းချခဲ့သည်။ Microsoft သည် MS-DOS ကို ရောင်းချခြင်းဖြင့် ဝင်ငွေအမြောက်အမြား ရရှိခဲ့ပြီး သာမန် ကွန်ပျူတာပရိုဂရမ်ဘာသာစကား ထုတ်လုပ်သည့် company အဖြစ်မှ software အမျိုးမျိုးထုတ်လုပ်သော company အဖြစ် ကြီးထွားလာခဲ့သည်။ ကိုးကား ကွန်ပျူတာ စက်လည်ပတ်ရေးစနစ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BA%E1%80%A1%E1%80%80%E1%80%BA%E1%80%85%E1%80%BA-%E1%80%92%E1%80%B1%E1%80%AB%E1%80%B7%E1%80%85%E1%80%BA
မစ်(ဂ်)-၂၁
မစ် - ၂၁ တိုက်လေယာဉ် (နေတိုးအခေါ် - fishbed ) သည် ရုရှ၏ Mikoyan-Gurevich ကုမ္ပဏီမှ ထုတ်လုပ်သော နာမည်ကျော် အသံထက်မြန်သည့် တိုက်လေယာဉ် ဖြစ်သည်။ စတင် ထုတ်လုပ်ချိန်မှ ယခုအချိန်အထိ ရာစုနှစ်ဝက်ကျော်တွင် ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်၌ ပျံသန်း တာဝန်ထမ်းဆောင်လျက် ရှိကြသည်။ လေကြောင်းသမိုင်းတွင် အများဆုံး ထုတ်လုပ်ခဲ့ရသည့် အသံထက်မြန်သော တိုက်လေယာဉ် ဖြစ်သည်။ ၎င်း၏ အသံထက် (၂) ဆ ပျံသန်းနိုင်သော အမြန်နှုန်းသည် ခေတ်ပြိုင် တိုက်လေယာဉ်များထက် သာလွန်သော အချက်ပင် ဖြစ်သည်။ စီးရေပေါင်း (၁၀,၀၀၀) ကျော် ထုတ်လုပ်ပြီး ဖြစ်ကြောင်း ခန့်မှန်းကြသည်။ အချက်အလက်များ အထွေထွေ လေသူရဲ - (၁) ဦး လေယာဉ်အလျား - (၁၅.၇၆) မီတာ တောင်ပံအလျား - (၇.၁၅) မီတာ အမြင့် - (၄.၁၂) မီတာ တောင်ပံ ဧရိယာ - (၂၃) စတုရန်းမီတာ စွမ်းဆောင်နိုင်မှု အမြင့်ဆုံး အမြန်နှုန်း - တစ်နာရီလျှင် (၂၂၃၀) ကီလိုမီတာ ၊ အသံထက် (၂.၁) ဆ အဝေးဆုံး သွားနိုင်သည့် အကွာအဝေး - ၁၁၆၀ ကီလိုမီတာ သုံးစွဲသည့် နိုင်ငံများ ကိုးကား Anderton, David A. North American F-100 Super Sabre. Oxford, UK: Osprey Publishing Limited, 1987. ISBN 0-85045-662-2 . Boniface, Roger. Fighter Pilots of North Vietnam: An Account of their Combats 1965 to 1975. Gamlingay, Sandy, UK: Authors On Line, 2005. ISBN 978-0-7552-0203-4. Cooper, Tom. Arab MiG-19 and MiG-21 Units in Combat. Oxford, UK: Osprey Publishing, 2004. ISBN 978-1-84176-655-3. Cooper, Tom and Farzad Bishop. Iranian F-14 Tomcat Units in Combat. Oxford: Osprey Publishing, 2004. ISBN 978-1-78200-709-8. Davies, Steve. Red Eagles: America's Secret MiGs. Oxford, UK: Osprey Publishing Limited, 2012. ISBN 978-1-84603-970-6. Eden, Paul. The Encyclopedia of Modern Military Aircraft, London: Amber Books, 2004. ISBN 1-904687-84-9 Gordon, Yefim. Mikoyan-Gurevich MiG-15: The Soviet Union's Long-Lived Korean War Fighter. Hinckley, UK: Midland, 2001. ISBN 1-85780-105-9. Gordon, Yefim. Mikoyan MiG-21 (Famous Russian aircraft). Hinckley, UK: Midland, 2008. ISBN 978-1-85780-257-3. Gordon, Yefim and Keith Dexter.Mikoyan Mig-21 (Famous Russian Aircraft). London: Ian Allan Publishing, 2008. ISBN 978-1-85780-257-3. Herzog, Chaim. The War of Atonement. Boston: Little Brown and Company, 1975. ISBN 0-316-35900-9. Hobson, Chris. Vietnam Air Losses, United States Air Force, Navy and Marine Corps Fixed-Wing Aircraft Losses in Southeast Asia 1961-1973. Midland Publishing, England; 2001. ISBN 1-85780-115-6. Hoyle, Craig. "World Air Forces Directory". Flight International. Vol. 180, No. 5321, 13–19 December 2011, pp. 26–52. ISSN 0015-3710. Hoyle, Craig. "World Air Forces Directory". Flight International. Vol. 182, No. 5321, 11–17 December 2012, pp. 40–64. ISSN 0015-3710. Michel III, Marshall L. Clashes; Air Combat Over North Vietnam 1965–1972. Annapolis, Maryland, USA: Naval Institute Press, 2007, First edition 1997. ISBN 1-59114-519-8. Michel III, Marshall L. The 11 days of Christmas. New York: Encounter Books, 2002. ISBN 1-893554-27-9. Pollack, Kenneth M. Arabs at War: Military Effectiveness, 1948–1991 London: Bison Books, 2004. ISBN 0-8032-8783-6. Toperczer, Istvan. MiG-17 and MiG-19 Units of the Vietnam War. (Osprey Combat Aircraft, 25). Oxford, UK: 2001. ISBN 978-1-84176-162-6. Toperczer, István. MiG-21 Units of the Vietnam War (Osprey Combat Aircraft, 29). Oxford, UK: Osprey Pub, 2001. ISBN 1-84176-263-6. Wilson, Stewart. Combat Aircraft since 1945. Fyshwick, Australia: Aerospace Publications, 2000. ISBN 1-875671-50-1. ပြင်ပလင့်ခ်များ MiG-21.de MIG-21 Fishbed from Russian Military Analysis MiG-21 Fishbed from Global Security.org Warbird Alley: MiG-21 page – Information about privately owned MiG-21s စစ်ဘက်သုံး လေယာဉ်ပျံ တိုက်လေယာဉ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%85%E1%80%BA%28%E1%80%82%E1%80%BA%29-%E1%81%82%E1%81%81
မီကိုရမ် ဂူးရေဗစ်ချ် အမ်အိုင်ဂျီ-၂၅
ရုရှ၏ မစ် - ၂၅ တိုက်လေယာဉ် (နေတိုးအခေါ် - Foxbat) သည် ကြားဖျက်တိုက်ခိုက်ရေး ၊ ကင်းထောက် နှင့် ဗုံးကြဲ ရန်အတွက် အသုံးပြုနိုင်သော ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်သည်။ ၁၉၆၄ တွင် ပထမဆုံး ပျံသန်းမှုကို စတင်နိုင်ခဲ့ပြီး ၁၉၇၀ တွင် လေတပ်၌ စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ အသံထက် (၃.၂) ဆ ပျံသန်းနိုင်ခြင်း ၊ အဆင့်မီ ရေဒါ တပ်ဆင်ထားခြင်းနှင့် ဝေဟင် - ဝေဟင်ပစ် ဒုံးပျံ လေးလုံး တပ်ဆင်နိုင်ခြင်းတို့ကြောင့် အမေရိကန်တို့၏ F - 15 ကို ယှဉ်နိုင်မည့် လေယာဉ်အဖြစ် သုံးသပ်ကြသည်။ မစ် -၂၅ ၏ စွမ်းဆောင်ရည်များကို အနောက်အုပ်စုက ၁၉၇၆ အထိ မသိရှိကြပဲ ဆိုဗီယက် ပိုင်းလော့ Viktor Belenko က မစ် - ၂၅ တစ်စီးကို ခိုးယူပြီး ဂျပန်တွင် ဆင်းသက်ခဲ့မှသာ ၎င်း၏ စွမ်းရည်များကို အနောက်အုပ်စုက သိရှိခဲ့ကြသည်။ ယခင် ဆိုဗီယက် ပြည်ထောင်စု၏ အပေါင်းပါ နိုင်ငံများတွင် ယနေ့တိုင် အသုံးပြု နေကြဆဲ ဖြစ်သည်။ အစင်းရေ (၁၁၉၀) ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ အချက်အလက်များ အထွေထွေ အချက်အလက်များ လေသူရဲ - (၁) ဦး လေယာဉ်အရှည် - (၁၉.၇၅) မီတာ တောင်ပံ အလျား - (၁၄.၀၁) မီတာ လေယာဉ်အမြင့် - (၆.၁) မီတာ တောင်ပံအကျယ် - (၆၁.၄) စတုရန်းမီတာ အင်ဂျင် - Tumansky R-15B-300 afterburning turbojet အင်ဂျင် (၂) လုံး စွမ်းဆောင်ရည်များ အမြင့်ဆုံး အမြန်နှုန်း - အသံထက် (၃.၂) ဆ (တစ်နာရီလျင် ၃၄၉၀ ကီလိုမီတာ) အများဆုံး သွားနိုင်သော အကွာအဝေး - ၁၇၃၀ ကီလိုမီတာ အမြင့်ဆုံး တက်နိုင်သည့် အမြင့် - (၂၀၇၀၀) မီတာ [ ဒုံးကျည် လေးလုံး တပ်ဆင်လျက် ] တပ်ဆင်နိုင်သည့် လက်နက် ဝေဟင် - ဝေဟင်ပစ် ရေဒါလမ်းညွှန် AA-6 'Acrid' ဒုံးကျည် (၂) လုံး ဝေဟင် - ဝေဟင်ပစ် အနီအောက် ရောင်ချည်သုံး R-40T ဒုံးကျည် (၂) လုံး လေကြောင်းပြစနစ် RP-25 Smerch ရေဒါ A RV-UM or a RV-4 radar altimeter အသုံးပြုလျက် ရှိသောနိုင်ငံများ ကိုးကား Aloni, Shlomo. Israeli F-15 Eagle Units in Combat. Oxford: Osprey Publishing, 2006. ISBN 978-1-84603-047-5. Atkinson, Rick. Crusade: The Untold History of the Persian Gulf War. New York: Houghton Mifflin Company, 1993. ISBN 978-0-395-71083-8. Barron, John. MiG Pilot: The Final Escape of Lt. Belenko. New York: McGraw-Hill, 1980. ISBN 0-380-53868-7. Belyakov, R.A. and J. Marmain. MiG: Fifty Years of Secret Aircraft Design. Shrewsbury, UK: Airlife Publishing, 1994. ISBN 1-85310-488-4. Bhonsle, Brig. Rahul K. India: Security Scope 2006 The New Great Game". Delhi, India: Kalpaz Publications, 2006. ISBN 81-7835-512-4. Cooper, Tom and Farzad Bishop. Iranian F-14 Units in Combat. London: Osprey Publishing, 2004. ISBN 978-1-84176-787-1. Davies, Steve. Combat Legend, F-15 Eagle and Strike Eagle. London: Airlife Publishing, Ltd., 2002. ISBN 1-84037-377-6. Eden, Paul, ed. "Mikoyan MiG-25 'Foxbat'". "Mikoyan MiG-31 'Foxhound'". Encyclopedia of Modern Military Aircraft. London: Amber Books, 2004. ISBN 1-904687-84-9. Frawley, Gerald. "Mikoyan MiG-25." The International Directory of Military Aircraft, 2002/2003. Fyshwick, ACT, Australia: Aerospace Publications, 2002. ISBN 1-875671-55-2. Gordon, Yefim. MiG-25 'Foxbat' & MiG-31 'Foxhound': Russia's Defensive Front Line. Leicester, UK: Midland Publishing Ltd., 1997. ISBN 1-85780-064-8. Gordon, Yefim. Mikoyan MiG-25 Foxbat: Guardian of the Soviet Borders (Red Star Vol. 34). Hinckley, UK: Midland Publishing Ltd., 2008. ISBN 978-1-85780-259-7. Gordon, Yefim and Bill Gunston. Soviet X-Planes. Earl Shilton, Leicester, UK: Midland Publishing Ltd., 2000. ISBN 978-1-85780-099-9. Green, William and Gordon Swanborough. The Great Book of Fighters. St. Paul, Minnesota: Motorbooks International Publishing, 2001. ISBN 0-7603-1194-3. Gunston, Bill. An Illustrated Guide to Modern Fighters and Attack Aircraft. London: Salamander Books, 1980. ISBN 0-668-04964-2. Gunston, Bill and Mike Spick. "Mikoyan/Gurevich MiG-25." Modern Air Combat: The Aircraft, Tactics and Weapons Employed in Aerial Combat Today. New York: Crescent Books, 1983. ISBN 978-0-517-41265-7. Jenkins, Dennis R. McDonnell Douglas F-15 Eagle: Supreme Heavy-Weight Fighter. Hinckley, UK: Midland Publishing, 1998. ISBN 1-85780-081-8. Lake, Jon. "Variant Briefing: MiG-25 'Foxbat' and MiG-31 'Foxhound'". World Air Power Journal, Volume 34, Autumn/Fall 1998, pp. 98–123. London: Aerospace Publishing. ISBN 1-86184-019-5. ISSN 0959-7050. Nicolle, David and Tom Cooper. Arab MiG-19 and MiG-21 Units in Combat (Osprey Combat Aircraft 044). Oxford, UK: Osprey Publishing, 2004. ISBN 978-1-84176-655-3. Rich, Ben and Leo Janos. Skunk Works: A Personal Memoir of My Years of Lockheed. New York: Little, Brown & Company, 1994. ISBN 0-316-74300-3. Spick, Mike. The Great Book of Modern Warplanes. St. Paul, Minnesota: Motorbooks International Publishing, 2000. ISBN 0-7603-0893-4. Wilson, Stewart. Combat Aircraft since 1945. Fyshwick, Australia: Aerospace Publications, 2000. ISBN 1-875671-50-1. ပြင်ပလင့်ခ်များ MiG-25 page on Milavia.net MiG-25 page on GlobalSecurity.org MiG-25/31 at Greg Goebel's Air Vectors site MiG-25 Foxbat at Russian Military Analysis Foxhound vs Blackbird: How the MiGs reclaimed the skies MiG-25 vs. SR-71 Blackbird discussion Foxbat and Foxhound - Australian Aviation Recce Incursion - Famous incident of IAF MiG-25 intruding into Pakistan airspace Photo Russian MiG-25 in flight - 2007 Photo Russian MiG-25 in flight - 2011 MiG-25 Foxbat on hronotop2012.narod.ru တိုက်လေယာဉ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%AE%E1%80%80%E1%80%AD%E1%80%AF%E1%80%9B%E1%80%99%E1%80%BA%20%E1%80%82%E1%80%B0%E1%80%B8%E1%80%9B%E1%80%B1%E1%80%97%E1%80%85%E1%80%BA%E1%80%81%E1%80%BB%E1%80%BA%20%E1%80%A1%E1%80%99%E1%80%BA%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%82%E1%80%BB%E1%80%AE-%E1%81%82%E1%81%85
Mil Mi 24
ရုရှားတို့၏ Mi -24 နေတိုးအခေါ် Hind သည် စစ်သည်များ တင်ဆောင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ရုရှား လေတပ်၌ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး အခြားနိုင်ငံများသို့လည်း ရောင်းချခဲ့သည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ရုရှားလေတပ်၏ Mi-24 အစီး (၂၅၀) အား ပို၍ ခေတ်မှီသော Mi-28 များနှင့် အစားထိုး လဲလှယ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အခြေခံ အချက်အလက်များ လေယာဉ်သား (၂) ဦးမှ (၃) ဦး တင်ဆောင်နိုင်စွမ်း = စစ်သည် (၈) ဦး (သို့မဟုတ်) လူနာ (၄) ဦး လေယာဉ် အရှည် = ၁၇.၅ မီတာ (၅၇ ပေ ၄ လက္မ) ပန်ကာ အလျား = ၁၇.၃ မီတာ (၅၆ ပေ ၇ လက္မ) လေယာဉ် အမြင့် = ၆.၅ မီတာ (၂၁ ပေ ၃ လက္မ) အင်ဂျင် = Isotov TV3-117 တာဘိုင် အင်ဂျင် (၂) လုံး အမြန်ဆုံး သွားနှုန်း = တစ်နာရီလျှင် ၃၃၅ ကီလိုမီတာ ရဟတ်ယာဉ် ယာဉ်
https://my.wikipedia.org/wiki/Mil%20Mi%2024
MySQL
MySQL ဟာ multithreaded , Multi-user SQL Database management system (DBMS) တစ်ခုဖြစ်ပြီး MYSQL AB က ပြုလုပ်ခဲ့သည်။ သူ့အခြေခံ program ဟာ server ပေါ်မှာ run ပြီး multi-user များက database များစွာကို access လုပ်နိုင်သည်။ JBoss model သည် ထိုကဲ့သို့ပင်ဖြစ်ပြီး MYSQL ဟာ Swedish company တစ်ခုဖြစ်တဲ့ MYSQL AB အထောက်အပံ့နှင့် ရပ်တည်နေခြင်းဖြစ်ပြီး MYSQL AB သည် codebase တော်တော်များများ၏ copyright များကို ချုပ်ကိုင်ထားသည့် အဖွဲ့လည်းဖြစ်သည်။ MYSQL project သည် source code ရရှိနိုင်ပြီး GNU General Public License အောက်တွင်ထားရှိသည်။ သမိုင်း MySQL ကို ၁၉၉၅ ခုနှစ် မေလ (၂၃) ရက်မှာ ထုတ်ခဲ့ပါတယ်။ Windows Version ကိုတော့ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ (၈)ရက် နေ့မှာမှ Windows 95 နဲ့ Windows NT အတွက် ထွက်ခဲ့ပါတယ်။ June 2000 မှာ Version 3.23 : beta ထွက်ပြီးတော့၊ ၎င်းကို January 2001 မှာ အပြီးသတ်ထုတ်လုပ်ခဲ့ပါတယ်။ August 2002 မှာ Version 4.0 : beta ထွက်ပြီးတော့၊ ၎င်းကို March 2003 မှာ အပြီးသတ် ထုတ်လုပ်ခဲ့ပါတယ် (စုပေါင်း) June 2004 မှာ Version 4.1 : beta ထွက်ပြီးတော့၊ ၎င်းကို October 2004 မှာ အပြီးသတတ် ထုတ်လုပ်ခဲ့ပါတယ်။ March 2005 မှာ Version 5.0 : beta ထွက်ခဲ့ပြီးတော့၊ ၎င်းကို October 2005 မှာ အပြီးသတ် ထုတ်လုပ်ခဲ့ပါတယ်။ November 2005 ကတည်းက Version 5.1 ကို စမ်းသပ်နေဆဲဖြစ် ပါတယ်။ အသုံးပြုမှု MySQL က Web Applications အတွက် popular ဖြစ်ပါတယ်။ သူက PHP, Ruby on Rails တို့နဲ့ တွဲဖက်အသုံးပြုရာမှာ ပိုပြီး Popular ဖြစ်ပါတယ်။ Joomla!, WordPress နဲ့ Drupal တို့လိုသော Content Management Systems တွေအတွက်တော့ PHP နဲ့ MySQL ဟာ မရှိမဖြစ်ပါ။ အခု ကျွန်တော့်ရဲ့ www.7-kmk.com ကိုလည်း Joomla! သုံးထားတဲ့အတွက် PHP နဲ့ MySQL ပါပဲ။ တခြားတွဲဖတ်အသုံးပြုနိုင်သော Program တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ Delphi, C, C++, Java, Perl, PHP, PureBasic, Python, Ruby, Smalltalk,.NET. Documentation and Administration MySQL ကိုအသုံးပြုမှုနဲ့ သူ့ရဲ့ သတင်းတွေကို MySQL's company website ဖြစ်တဲ့ http://dev.mysql.com/doc/mysql/en/index.html မှာတွေ့နိုင်ပါတယ်။ အဲ့ဒီမှာ MySQL အကြောင်း စာအုပ်တွေလည်း အများအပြားရှိပါတယ်။ MySQL databases ကို adminstraion လုပ်ဖို့ရာမှာ command-line ကိုအသုံးပြုနိုင်ပါတယ်။ GUI အနေနဲ့လည်း administration လုပ်နိုင်ပြီး ၎င်း GUI tool ကို download လုပ်နိုင်ပါတယ်။ MySQL Administrator နဲ့ MySQL Query Browser တို့ဖြစ်ပါတယ်။ အဲ့ဒီ GUI tool နှစ်ခုစလုံးကို ပေါင်းစပ်ထားတဲ့ MySQL GUI Tools ကိုလည်း ရနေနိုင်ပါပြီ။ အပေါ်မှာ ဖော်ပြခဲ့တဲ့ tools တွေဟာ MySQL AB ကနေမှ develop လုပ်ခဲ့တာ ဖြစ်ပြီးတော့ နောက်ထပ်အနေနဲ့ tools တွေ အများအပြားရှိနေပါသေးတယ်။ popular ဖြစ်တာကတော့ PHP MyAdmin ပါ။ webbased interface နဲ့ administration လုပ်နိုင်တဲ့ free tools တစ်ခု ဖြစ်ပါတယ်။ Platforms MySQL ဟာ platforms အမျိုးမျိုးပေါ်မှာ အလုပ်လုပ်နိုင်ပါတယ်။ သူအလုပ်လုပ်နိုင်တဲ့ Platforms တွေကတော့ AIX, BSDI, FreeBSD, HP-UX, i5/OS, Linux, Mac OS X, NetBSD, Novell NetWare, OpenBSD, OS/2 Warp, QNX, SGI IRIX, Solaris, SunOS, SCO OpenServer, SCO UnixWare, Tru64, Windows 95, Windows 98, Window ME, Windows NT, Windows 2000, Windows XP and Windows Vista,Windows 7,Windows 8,Windows 8.1 တို့ဖြစ်ပါတယ်။ ကျမ်းကိုး ကွန်ပျူတာ ပရိုဂရမ်းမင်း
https://my.wikipedia.org/wiki/MySQL
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ်
စက်မောင်းစနစ် (operating system), OS, သည် ကွန်ပျူတာတွင် software အစိတ်အပိုင်း ဖြစ်ပြီး လုပ်ဆောင်မှု (activity) နှင့် ကွန်ပျူတာ ရင်းမြစ် (resource) များကို တာဝန်ခံရန် တာဝန်ရှိသည်။ စက်မောင်းစနစ် တွင် application များကို ထိန်းသိမ်းပြီး စက်ကို မောင်းနှင်သည်။ စက်မောင်းစနစ်သည် hardware များ၏ လုပ်ဆောင်မှု ကို ကိုင်တွယ်ရန် အိမ်ရှင် လုပ်ရသည့် သဘောဖြစ်သည်။ ထို့ကြောင့် application များသည် hardware များ၏ လုပ်ဆောင်ပုံ အသေးစိတ်ကို ကြိုတင် သိရှိရန် မလိုတော့ပေ။ ကွန်ပျူတာများအားလုံး လက်ကိုင် ကွန်ပျူတာ (handheld computer)၊ စားပွဲတင် ကွန်ပျူတာ၊ စူပါ ကွန်ပျူတာ များသာမက ဗွီဒီယို စက်များပင် စက်မောင်းစနစ် တစ်မျိုးမျိုး သုံးကြသည်။ ရှေးကျသော စက်များတွင် အသေပိတ် စက်မောင်းစနစ် (embedded operating system) ကိုသုံးသည်။ ကိုးကား ကွန်ပျူတာ စက်လည်ပတ်ရေးစနစ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%20%E1%80%85%E1%80%80%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%95%E1%80%90%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%20%E1%80%85%E1%80%94%E1%80%85%E1%80%BA
ပခုက္ကူမြို့
ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး၊ တိုင်းဒေသကြီး၏ အကြီးမားဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ ပခုက္ကူမြို့မှာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်၏။ ပခုက္ကူခရိုင် ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး ဧရာအနောက်မြို့တော် ဟုလည်း ထင်ရှားသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက်တွင် တည်ရှိပြီး၊ ၁၁၅ မိုင်ခန့် ကွာဝေးသည်။ မြန်မာနိုင်ငံ၌ အရှည်ဆုံးတံတားဖြစ်သော ဧရာဝတီတံတား (ပခုက္ကူ) တည်ရှိရာမြို့လည်း ဖြစ်သည်။ သမိုင်းကြောင်း ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် မကျရောက်မီ တံငါရွာကလေး တစ်ရွာသာ ဖြစ်ခဲ့သည်။ ယခုကဲ့သို့ မြစ်ကမ်းပေါ်၌လည်း မတည်ရှိခဲ့ပေ။ ၁၈၈၅-ခုနှစ်တွင် ပခုက္ကူရွာကလေးနှင့် ဧရာဝတီမြစ်ကြီး အကြားရှိ ကျယ်ပြန့်သော သဲသောင်ကြီး ပျောက်ကွယ်သွားသည်။ မြစ်ကြောင်းသည် ပခုက္ကူရွာ ကလေးအနီး စီးဆင်းသွားပြီး ဆိပ်ကမ်းဖြစ်လာသည်။ ပခုက္ကူရွာကလေးကို အစွဲပြု၍ ပခုက္ကူမြို့ ဖြစ်လာသည်။ ၁၈၈၇ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်တွင်ပခုက္ကူမြို့ကိုစတင်တည်ထောင်သည်။ ၁၈၈၈ခုနှစ်ဇူလိုင်လ (၂၁) ရက်တွင်ဗြိတိသျှအိန္ဒိယအစိုးရ၏အမိန့်ဒီဂရီ (၂၀၁) ကိုထုတ်ပြန်ကာ ပုဂံခရိုင်နှင့် ပုခန်းကြီးခရိုင်အားဖျက်သိမ်း၍ ပခုက္ကူခရိုင်ကိုတည်ထောင်စေခဲ့သည်။ ပခုက္ကူမြို့ကိုခရိုင်မြို့အဖြစ် သတ်မှတ်ခဲ့သည်။ ပုခန်းကြီးမြို့ကို ခရိုင်မြို့အဖြစ်မှ ပုခန်းကြီးဆပ်ဒီဝီဇံ (လက်ထောက်ခရိုင်မြို့) အဖြစ်သတ်မှတ်လိုက်သည်။ ပခုက္ကူခရိုင်လက်အောက်တွင်ပခုက္ကူခရိုင် ခွဲနှင့်ပုခန်းကြီးခရိုင်ခွဲဟူ၍ ခရိုင်ခွဲနှစ်ခုပါရှိသည်။ ပခုက္ကူခရိုင်ခွဲလက်အောက်၌ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တို့ပါဝင်ပြီး ပုခန်းကြီးခရိုင်ခွဲလက်အောက်၌ ပုခန်းကြီးမြို့နယ်နှင့် လင်းကတောမြို့နယ်တို့ ပါဝင်သည်။ ၁၈၉၆ခုနှစ်တွင် ပခုက္ကူဒေသ၊ ပုံတောင်ပုံညာတောင်တန်း၊ ချင်းတောင်တန်း၊ ကာရိုတောင်တန်း၊ လူရှိုင်းတောင်တန်း၊ နာဂတောင်တန်း၊ ကချာနှင့်ဂျိန်းတိယတောင်တန်း၊ အက္ကပတ်တောင်တန်း၊ မဏိပူရတောင်တန်းဒေသတို့ကို စုပေါင်း၍ ပခုက္ကူတောင်တန်းဒေသခရိုင်များပြည်နယ်အဖြစ် ဖွဲ့စည်း၍ ပခုက္ကူမြို့ကို ပြည်နယ်မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၀၁ခုနှစ်၊ သန်းခေါင်စာရင်းအရ ပခုက္ကူမြို့၏လူဦးရေ မှာ (၁၉,၄၅၆) ယောက်ဖြစ်သည်။ ၁၉၁၈ခုနှစ်တွင် အင်္ဂလိပ်အစိုးရ၏ ဝတ်စလီခရစ်ယာန်သာသနာပြုအထက်တန်းကျောင်း (ယခု-အလက-၃) နှင့်အပြိုင် ဗုဒ္ဓသာသနာ့ရက္ခိတအမျိုးသားအထက်တန်းကျောင်း (ယခု-အထက-၁) ကိုစတင်ဖွင့်လှစ်ခဲ့သည်။ ၁၂၈၁ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၅) ရက်နေ့တွင် မဟာဝိဇယာရာမပါဠိတက္ကသိုလ် (အရှေ့တိုက်ကြီး)ကို စတင်တည်ထောင်ခဲ့သည်။ ၁၉၃၀ခုနှစ်အစောပိုင်းလများတွင် ဗြိတိသျှအိန္ဒိယနိုင်ငံနှင့် တွဲရေးခွဲရေးဆွေးနွေးပွဲများကို လော့ဒ်ဒါလဟိုဇီလမ်း (ယခု-ဗိုလ်ချုပ်လမ်း) ပေါ်ရှိ ရွှေကူဘုရားဝင်းအတွင်း ကျင်းပခဲ့သည်။ ဆန္ဒခံယူပွဲကျင်းပရာတွင် အိန္ဒိယနှင့်တွဲရေးဘက်က ဆန္ဒမဲအများအပြားရရှိခဲ့သည်။ ပခုက္ကူမြူနီစပါယ်ရွေးကောက်ပွဲကို ၁၉၃၀ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်နေ့တွင်ကျင်းပခဲ့သည်။ ၁၉၃၁ခုနှစ်၊ မတ်လ၂၂ရက်နေ့တွင် ပခုက္ကူမြို့တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာလူပေါင်း (၃၀၀၀) ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ နောက်နေ့မနက်တွင်လည်း ဖလန်းမင်းလမ်း (ယခု-ကျောင်းတော်ရာလမ်း) တွင်မီးလောင်ကျွမ်းပြန်သည်။ ထို့ကြောင့်ပခုက္ကူမီးသတ်တပ်ဖွဲ့ကို ၁၉၃၁ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။၁၉၄၃ခုနှစ်တွင် ပခုက္ကူမြို့တွင်ကမ်းပါးပြိုကျမှုများအကြီးအကျယ်ဖြစ်ပွားခဲ့ရာ ရွှေချောင်းချောင်းအရှေ့ဘက်တွင် မဟာဝန်ရှင်တော်မင်းကြီးရုံးနှင့်နေအိမ်အပါအဝင် ရွှေမုဌောဘုရားတောင်ဘက်ရှိလမ်း(၄)လမ်းအနက်(၂)လမ်းမှာပြိုကျသွားပြီး ချောင်းအနောက်ဘက်ခြမ်းတွင်လည်း ပခုက္ကူမြို့ကမ်းနားလမ်းနှင့်သားထုပ်ဂူရွာဟောင်းရပ်ကွက်မှာဧရာဝတီမြစ်ကမ်းပါးပြိုရာတွင်ပါဝင်သွားခဲ့သည်။၁၉၄၇ခုနှစ် ဩဂုတ်လ (၁၅) ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ လွတ်လပ်ရေးရလာခြင်းနှင့်အတူ ဗြိတိသျှအိန္ဒိယ-ပါကစ္စတန်နယ်နိမိတ်မျဉ်းဖြစ်သော မက်မဟွန်းမျဉ်းအရ ပခုက္ကူတောင်တန်းဒေသပြည်နယ်ကို ဖျက်သိမ်း၍ ပခုက္ကူ တောင်တန်းဒေသပြည်နယ်၏ ၃ပုံ၂ပုံမှာ ဗြိတိသျှဗမာနိုင်ငံမှဆွဲထုတ်ကာ အိန္ဒိယဓနသဟာယနိုင်ငံတွင် ပြောင်းလဲပါဝင်လာခဲ့၍ မဏိပူရပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ တြိပူရပြည်နယ်၊ နာဂလန်းပြည်နယ်နှင့်မီဂါလာယာပြည်နယ်တို့ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးခေတ် - ပခုက္ကူတောင်တန်းဒေသကိုပခုက္ကူ၊ ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ ရေစကြို၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ကန်ပက်လက်၊ မင်းတပ် ဟူ၍မြို့နယ် (၁၀) ခုဖြင့် ဖဆပလအစိုးရကအသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်ဟူ၍ ခရိုင်နှစ်ခုနှင့် ပခုက္ကူစီရင်စု၊ ဆိပ်ဖြူစီရင်စု၊ ဂန့်ဂေါစီရင်စုနှင့် မင်းတပ်စီရင်စုဟူ၍စီရင်စု (၄) ခုရှိခဲ့သည်။ ထို့ကြောင့်ပင် ပခုက္ကူတောင်တန်းဒေသ၏မြို့တော်ဖြစ်သော ပခုက္ကူမြို့ကိုချင်းဝိသေသတိုင်း၏မြို့တော်အဖြစ်ထည့်သွင်းပေးရေး ချင်းတိုင်းရင်းသားပါလီမန်ကိုယ်စားလှယ်များက အစဉ်တစိုက်တောင်းဆိုခဲ့ကြသည်။ ၂၂.၃.၁၉၄၉တွင် မတူပီမြို့နယ်ကို ကန်ပက်လက်ခရိုင်တွင် ဖွဲ့စည်းလိုက်ရာ မြို့နယ်(၁၁)ခုဖြစ်လာခဲ့သည်။ ပခုက္ကူမြို့ကို ၁၉၄၉ နှစ်ကုန် တွင်ကွန်မြူနစ်များက သိမ်းပိုက်ခဲ့ပြီး ၁၉၅၅ ခုနှစ်အထိအစိုးရတပ်များမှလက်လွှတ်ပေးခဲ့ရသည်။၁၉၅၈ ခုနှစ်တွင်ကန်ပက်လက်ခရိုင်ကိုဖျက်သိမ်းပြီးမင်းတပ်ခရိုင်ကိုဖွဲ့စည်းခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ပခုက္ကူမြို့တွင်ကမ်းနားလမ်းပြန်လည်ဖော်ဆောင်ရေးအတွက်မြစ်ကမ်းတလျှောက်ရှိ နေအိမ်များကိုအစိုးရမှ မြို့မြောက်ဘက်အပိုင်းတွင်မြေနေရာအစားပေး၍နစ်နာကြေးပေးကာပြောင်းရွှေ့စေခဲ့သော်လည်း နှစ်အတော်ကြာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများမရှိသောကြောင့် ကမ်းနားတလျှောက်တွင်ပြန်လည်အခြေချနေထိုင်မှုများရှိလာခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်၁၉၇၄တွင် ပခုက္ကူတောင်တန်းဒေသကို ဖျက်သိမ်းပြီးပခုက္ကူခရိုင်ကို မကွေးတိုင်းအတွင်း ပေါင်းထည့်ခဲ့သည်။၂၀၀၃ ခုနှစ်အထိပခုက္ကူခရိုင်ကိုမြို့နယ် ၈ ခုဖြင့်ဖွဲ့စည်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်ဂန့်ဂေါခရိုင်ကိုမြို့နယ် ၃ မြို့နယ်ဖြင့်ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့်ယနေ့ပခုက္ကူခရိုင်ကိုမြို့နယ် ၅ ခုသာဖွဲ့စည်းထားသည်။ ထင်ရှားကျော်ကြားသော ဘုရားများ သီဟိုဠ်ရှင်ဘုရား သမိုင်းကြောင်းအရ အလောင်းစည်သူမင်းကို သီဟိုဠ်ဘုရင်(သီရိလင်္ကာနိုင်ငံ)က ဆက်သခဲ့သော ရုပ်ပွားတော်မြတ်ဖြစ်သည်။ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်ဘုရားကို မြို့ခံများက ဘုရားကြီးဟုလည်း ခေါ်ဆိုပြီး အထူးထင်ရှားသည်။ အမှတ် ၁၅ မြစ်ကိုင်း (ခေါ်) မြစ်မကိုင်းအရပ်တွင် တည်ရှိသည်။ နှစ်စဉ်နှစ်တိုင်း နယုန်လတွင် ဘုရားပွဲတော် ကျင်းပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှ (၁၂)ပွဲဈေးသည်များ၊ ဘုရားဖူးဧည့်သည်များဖြင့် ဘုရားပွဲတော်မှာ အလွန်စည်ကားလှပါသည်။ နာမည်ကျော် ဇာတ်အဖွဲ့များ၊ ဆပ်ကပ်အဖွဲ့များလည်း လာရောက် ဖြေဖျော်ကြသည်။ ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော် ဗိုလ်ချုပ်လမ်းမပေါ်တွင် တည်ရှိသည်။ ဘုရားဝန်းထဲတွင် ရုပ်ပွားတော်အနီးနားရှိ ရှေးဟောင်းအဖိုးတန် တံကဲတော်ကြီးကို စိတ်ဝင်စားဖွယ် တွေ့မြင်လေ့လာနိုင်သည်။ တံကဲတော်ဘုရား၏ နောက်ခံပလ္လင်တော်မှ သစ်ထွင်း ပန်းသားများအတွင်းတွင် ဇာတ်နိပါတ်အရုပ်များ တဆက်တည်း ထွင်းထုထားသော ပန်းပုလက်ရာမျိုး ဖြစ်သည်။ တံကဲတော်ကြီးကို ဆရာကံကြီးနှင့် သားဖြစ်သူမောင်တေတို့က ၁၂၆၉ ခုနှစ်မှာ လက်ခ ငွေဒင်္ဂါးပြား ၄၀၀၀ (ရွှေ ၂ ပိဿာတန်ဖိုးနှင့်ညီမျှ) ဖြင့် ၄ နှစ်ကျော်ထုလုပ်ခဲ့သည်။ ဖောင်တော်ဦးမြတ်စွာဘုရား ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ပေါင်လောင်ရှင်ရ ဖောင်တော်ဦးလမ်း နှင့် သီတာလမ်း လမ်းဆုံတွင် တည်ရှိသည်။ သမိုင်းကြောင်းအရ ဖောင်တော်ဦးစေတီတော်ကို နရပတိစည်သူမင်းက တည်ထားခဲ့သည်။ ဖခမည်းတော် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာတွင် သုံးခဲ့သော သင်္ကနက်သား ဖောင်တော်မှ ဦးတုံး စကားတိုင်ကိုဖြတ်ကာ ဘုရားထုလုပ် ပူဇော်ရာမှ ဖောင်တော်ဦးဘုရားအဖြစ် ဘွဲ့နာမတော် ရရှိခဲ့သည်။ မူလတည်ရှိရာနေရာမှာ ငါ့သရောက်ကျေးရွာမှ ဘုန်းကြီး နှစ်ပါးထံတွင် ဖြစ်သည်။ တိုင်းပြည်မငြိမ်သက်၍ ပခုက္ကူသို့ ပင့်ဆောင်ကာ ယခုနေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် တန်ဆောင်မုန်း လဆန်း ၈၊ ၉၊ ၁၀ ရက်များတွင် ဘုရားပွဲကျင်းပလေ့ရှိသည်။ ရွှေမုဋ္ဌောစေတီတော် ပခုက္ကူမြို့နယ်၊ ကျွဲတဲအုပ်စု၊ရွှေချောင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိသည်။ စေတီတော်ကြီး၏ဂန္ဓာကုဋီတိုက်အတွင်းဘက်တွင် ဘုရားဒါယိကာ အသောက မင်းကြီး၏ ရွှေမုဋ္ဌောစေတီတော်ကို ဖူးတွေ့နိုင်သည်။ သံဃာစာသင်တိုက်များ မြန်မာပြည်တွင် သံဃာထု ဒုတိယအများဆုံး သီတင်းသုံးရာ ပခုက္ကူတွင် မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်(အရှေ့တိုက်)၊ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ် (အလယ်တိုက်)၊ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) ဟူ၍ စာသင်တိုက်ကြီး ၃ တိုက်ရှိရာ ဗောဓိမဏ္ဍိုင်၊ မြတိုက်၊ မတ္တထောင် စသည့် စာသင်တိုက်ငယ်များ ရှိပြီး အခြား ကျောင်းတိုက်ငယ်များနှင့် ဆိုပါက သံဃာတော်ပေါင်း ၄ဝဝဝ ကျော်ရှိသည်။ တက္ကသိုလ်များ၊ အခြေခံပညာသင်ကျောင်းများ တက္ကသိုလ်၊ကောလိပ်များ ပခုက္ကူတက္ကသိုလ် ပခုက္ကူပညာရေးဒီဂရီကောလိပ် နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ) သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပခုက္ကူ) အစိုးရနည်းပညာ အထက်တန်းကျောင်း(ပခုက္ကူ) အစိုးရစက်မှုလက်မှုသိပ္ပံ(ပခုက္ကူ) အခြေခံပညာကျောင်းများ အခြေခံမူလတန်းကျောင်းများစွာ အလယ်တန်းကျောင်း ၃ ကျောင်း အထက်တန်းကျောင်း ၅ ကျောင်း လမ်းပန်းဆက်သွယ်ရေး ပခုက္ကူမြို့သို့ ခရီးသွားနိုင်ရန် လေကြောင်း ရေကြောင်း ကုန်းကြောင်းများဖြင့် သွားလာနိုင်သည်။ လက်ရှိတွင် လေကြောင်းမှာ အသုံးပြုမှု နည်းပါးသဖြင့် ယာယီပိတ်ထားပါသည်။ ရေကြောင်း ပခုက္ကူမြို့သည် ဧရာဝတီမြစ်​၏ အနောက်ဘက်ကမ်းတွင်တည်ရှိသောကြောင့် စက်လှေ၊သင်္ဘော များဖြင့် ခရီးသွားလာခြင်း၊ ကုန်စည်စီးဆင်းရေးများ လုပ်နိုင်သည်။ ပခုက္ကူဆိပ်ကမ်းသည်မြန်မာနိုင်ငံ၏တတိယမြောက်အရေးပါသောကုန်းတွင်းဆိပ်ကမ်းဖြစ်ပြီး အထက်မြန်မာနိုင်ငံ၏အကြီးဆုံးဆန်တင်ပို့ရောင်းချရာဆိပ်ကမ်းလည်းဖြစ်သည်။ ပခုက္ကူ သင်္ဘောဆိပ်သည် ဧရာဝတီတံတား (ပခုက္ကူ) အနီးတွင် တည်ရှိသည်။ NLD အစိုးရလက်ထက်တွင် မြန်မာပြည် ဧရာ၀တီမြစ် အတွင်း ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် စေရန် အလို့ငှါ အဆင့်မြင့်ဆိပ်ကမ်း တည်ဆောက်ဖို့ မြို့ ၄ မြို့ လျာထားရာ ပခုက္ကူမြို့ လည်း အပါအဝင် ဖြစ်ခဲ့ပါသည်။ စစ်တပ်မှ အာဏာသိမ်းသဖြင့် စီမံကိန်း ရပ်တန့်ထားပါသည်။ လေကြောင်း ပခုက္ကူလေဆိပ်အား ၂၀၀၅ ခုနစ်တွင် ဖွင့်လှစ်ခဲ့သည်။ လေယာဉ်ကွင်းရှိသော်လည်း ဖွင့်ပွဲလုပ်ပြီးနောက် အသုံးမပြုတော့ဘဲ ပစ်ထားခဲ့သောကြောင့် ပျက်စီးယိုယွင်းလျက်ရှိသည်။ ထို့ကြောင့် လေကြောင်းဖြင့် ခရီးသွားလိုပါက အနီးဆုံးလေဆိပ်ဖြစ်သော ညောင်ဦးလေဆိပ်ကို အသုံးပြုနိုင်သည်။ ကုန်းကြောင်း ကုန်းကြောင်းအား ကားဖြင့်သော်လည်းကောင်း ရထားဖြင့်သော်လည်းကောင်း သွားလာနိုင်သည်။ ပခုက္ကူမြို့ ကားကြီးကွင်းသည် ပခုက္ကူမြို့​၏ ပင်မသွေးကြော လမ်းမကြီးဖြစ်သော မြို့မလမ်းနှင့် မြို့ပတ်လမ်း ဆုံ ရှေ့ဘက် ၁ ဖာလုံခန့်အကွာတွင် တည်ရှိသည်။ NLD အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ပထမဆုံး အဆင့်မြင့်ကားကြီးကွင်း တည်ဆောက်ရန် မြေယာပြုပြင်မှုများ လုပ်နေစဉ် စစ်တပ်မှ အာဏာသိမ်းသဖြင့် စီမံကိန်း ရပ်တန့်ထားပါသည်။ ထို ကားကြီးကွင်းသစ်ဧ။် တည်နေရာမှာ ပခုက္ကူမြို့သစ်ရပ် ဘူတာကြီး အနီးတွင် ရှိပါသည်။ ပခုက္ကူဘူတာကြီးသည်လည်း မြို့သစ်ရပ် မန္တလေးသို့ သွားရာ ပင်မလမ်းကြောင်းဖြစ်သော ရေစကြိုလမ်းမဘေးဖက်ခြမ်းတွင် တည်ရှိသည်။ ပခုက္ကူဘူတာကြီးသည် မြန်မာနိုင်ငံ၏ မီးရထားတိုင်းရုံး(၁၀)ရုံးတွင် တစ်ခုအပါအဝင်ဖြစ်သော တိုင်းအမှတ်(၁၀)တိုင်းရုံး စိုက်ရာ တိုင်းအဆင့်ဘူတာကြီးဖြစ်သည်။ ပို့ဆောင်ရေး ပခုက္ကူစာတိုက်ကြီး တည်ရှိသောကြောင့် အစိုးရစာတိုက်မှ တစ်ဆင့် ပို့ဆောင်နိုင်သည်။ ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်များ ပခုက္ကူနယ်မှ အဓိက စိုက်ပျိုးရေး ထွက်ကုန်မှာ ဆေးရွက်ကြီး၊ ဗာဂျီးနီးယာ၊ ဝါ၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုး ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဖြစ်သည်။ စက်မှုလက်မှုထုတ်ကုန်များ ပခုက္ကူနယ်တွင် ယက္ကန်းလုပ်ငန်း ထွန်းကားပြီး၊ ပခုက္ကူစောင်(ဝါဒစောင်)၊ ချည်ပုဆိုး၊ တံဘက်များ၊ လွယ်အိတ်များ ယက်လုပ်သည်။ ပခုက္ကူ သားရေဖိနပ်၊ ကတီပါဖိနပ်တို့မှာလည်း အရည်အသွေး ကောင်းမွန်သည်။ အစိုးရပိုင် စီးကရက်စက်ရုံများ၊ စက်ယက္ကန်း စက်ရုံများလည်းရှိသည်။ ယခင်က ပခုက္ကူ စက်မှုဇုံမှ ပခုက္ကူဂျစ်များလည်း ထုတ်လုပ်သည်။ ယခုခေတ် ပခုက္ကူတွင် ချည်မျှင်နှင့် အထည်စက်ရုံ ၊ ရေနံချက်စက်ရုံ ၊ အထည်ချုပ်စက်ရုံ ၊ စစ်တပ်ပိုင် လက်နက်စက်ရုံ အစရှိသဖြင့် စက်ရုံအများအပြား လည်ပတ်လျက်ရှိပါသည်။ ထို့အပြင် မြန်မာတနိုင်ငံလုံး အသုံးပြုလျက်ရှိသော ငွေစက္ကူများကိုလည်း ပခုက္ကူမြို့နယ်အတွင်းရှိ ဝါဇီစက်ရုံမှ ထုတ်လုပ်ပေးလျက်ရှိပါသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ မကွေးတိုင်းဒေသကြီးရှိ မြို့များ ပခုက္ကူခရိုင်
https://my.wikipedia.org/wiki/%E1%80%95%E1%80%81%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ကွန်ပျူတာ ပရိုဂရမ်
ကွန်ပျူတာ ပရိုဂရမ် (computer program သို့ Software Program သို့ program) ဆိုသည်မှာ ကွန်ပျူတာအား မိမိ ခိုင်းစေလိုသည့် အလုပ်တစ်ခုကို လုပ်ဆောင်ရန် အတွက် ရေးသားထားသော ညွှန်ကြားချက် အစီအစဉ် စာရင်း ပင် ဖြစ်သည်။ ကွန်ပျူတာများ အလုပ်လုပ်နိုင်ရန် အတွက် ပရိုဂရမ်များ လိုအပ်ပြီး ပုံမှန်အားဖြင့် ပရိုဂရမ်မှ ညွှန်ကြားချက်များကို ဗဟို ပရိုဆက်ဆာ ထဲတွင် ပြုလုပ်လေ့ ရှိသည်။ ပရိုဂရမ်တွင် ကွန်ပျူတာမှ ညွှန်ကြားချက် အတိုင်း တိုက်ရိုက် နားလည် လုပ်ဆောင်နိုင်သော အိတ်ဇ်ကျူတေဘယ်လ် (executable ) ပုံသဏ္ဌာန် ရှိသကဲ့သို့ လူသားများမှ ဖတ်ရှုနားလည်နိုင်သော ရင်းမြစ်ကုဒ် ပုံသဏ္ဌာန် ဖြင့်လည်း ရှိနိုင်သည်။ ထိုသို့သောရင်းမြစ်ကုဒ် ပုံသဏ္ဌာန်မှာ ကွန်ပျူတာ နားလည်နိုင်သော အိတ်ဇ်ကျူတေဘယ်လ် ပုံသဏ္ဌာန်သို့ ပြောင်းလဲပစ်နိုင်သည်။ သို့သော်လည်း ရင်းမြစ်ကုဒ် ပုံသဏ္ဌာန် ရှိသဖြင့်သာ ပရိုဂရမ်မာ တို့ အနေနှင့် အယ်လ်ဂေါ်ရစ်သမ် (algorithms) များကို ပိုမိုလွယ်ကူစွာ တီထွင် ပြုပြင်မွမ်းမံ နိုင်ကြသည်။ ကွန်ပြူတာ source code များကို အသက်မွေးဝမ်းကျောင်းပြု ကွန်ပျူတာ ပရိုဂရမ်မာ များက ရေးသားလေ့ရှိသည်။ ရင်းမြစ်ကုဒ် ကို imperative programming သို့ declarative programming ဆောင်သော programming language တို့ဖြင့်ရေးသည်။ Source code ကို compiler များက executable file အဖြစ်ပြောင်းပေးသည်။ သို့မဟုတ်ပါကလည်း interpreter သို့ hardware တွင်ထည့်ထားသော interpreter ၏ အကူအညီဖြင့် central processing unit မှ execute လုပ်နိုင်သည်။ ကွန်ပျူတာ ပရိုဂရမ် (သို့) ပရိုဂရမ် သည် ကွန်ပျူတာတစ်လုံးတွင် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ရန်အတွက် အထူးရေးသားထားသော ညွှန်ကြားချက် အစီအစဉ်များဖြစ်သည်။ ကွန်ပျူတာ၏စီပီယူတွင် ပရိုဂရမ်၏ ညွှန်ကြားချက်များကို executionလုပ် ဆောင်ရန်အတွက်ကွန်ပျူတာ ပရိုဂရမ် လိုအပ်သည်။ ပရိုဂရမ်တွင် ကွန်ပျူတာမှညွှန်ကြားချက်များကို တိုက်ရိုက်ခေါ်ယူအသုံးပြုနိုင်သော လုပ်ငန်းများလုပ်ဆောင်နိုင်သည့် executable ဖွဲ့စည်းပုံ ပါရှိသည်။ ပရိုဂရမ်တွင်ပါရှိသော လူသားများဖတ်၍ နားလည်နိုင်သော ရင်းမြစ်ကုဒ် ဖွဲ့စည်းပုံသည် ၎င်း၏ အယ်လ်ဂေါ်ရစ်သမ် [] ကို ပရိုဂရမ်ရေးသားသူများမှ လေ့လာမှုနှင့် ဖွံ့ဖြိုးမှု တို့အတွက် စွမ်းဆောင်ပေးနိုင်သည်။ ကွန်ပြူတာပရိုဂရမ်များနှင့် ၎င်းနှင့်စပ်ဆက်လျက် ရှိသော ဒေတာ စုစည်းထားခြင်းကို ဆော့ဖ်ဝဲ ဟုညွှန်းဆိုကြသည်။ ကွန်ပြူတာ၏ ရင်းမြစ်ကုဒ် များကို ကွန်ပြူတာပရိုဂရမ်ရေးသားသူများ မှ ရေးသားကြသည်။ ရင်းမြစ်ကုဒ် များကို အလုပ်လုပ်ဆောင်စေသောဖိုင် များသို့ compiler ဖြင့်ပြောင်းပြီး စီပီယူမှ ခေါ်ယူ၍အလုပ်လုပ်ဆောင်သည်။ ကွန်ပြူတာပရိုဂရမ်များအား interpreter ၏အကူအညီဖြင့် (သို့) ဟာဒ်ဝဲ အတွင်းတွင် အပြီးတပ်ဆင်ထားခြင်းဖြင့် လုပ်ငန်းများလုပ်ဆောင်စေသည်။ ကွန်ပျူတာပရိုဂရမ်များကို စစ်စတမ် ဆော့ဖ်ဝဲ နှင့် အသုံးချ ဆော့ဖ်ဝဲ ဟူ၍ခွဲခြားထားသည်။ ကွန်ပျူတာတစ်လုံးတွင် ပရိုဂရမ်တစ်ခုထက်မက များပြားစွာ တစ်ချိန်တည်းတွင် အလုပ်လုပ်ဆောင်နေနိုင်သည်။၎င်းကို multitasking ခေါ်ဆိုကြသည်။ ပရိုဂရမ်းမင်း ပရိုဂရမ်များတွင်ပါရှိသော ရင်းမြစ်ကုဒ်များကို စမ်းသပ်စစ်ဆေးခြင်း၊ ခွဲခြမ်းစိပ်ဖြာခြင်း၊ ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း နှင့်အခြား ပရိုဂရမ်ရေးသူများမှ ရှိပြီးသားပရိုဂရမ်များတွင် ပူးပေါင်းပါဝင်စေခြင်းဖြင့် ပြင်ဆင်နိုင်ကြသည်။ ထိုသို့ လုပ်ဆောင်ကြခြင်းကို ဆော့ဖ်ဝဲ ဖွံ့ဖြိုးရေးဟုခေါ်ဆိုကြသည်။ အင်ဂျင်နီယာနည်းစနစ်များ ကဲ့သို့လုပ်ဆောင်ကြရသဖြင့် ဆော့ဖ်ဝဲ အင်ဂျင်နီယာရင်းဟူသောအသုံးမှာလည်း တွင်ကျယ်လာသည်။ Paradigms ကွန်ပြူတာ ပရိုဂရမ်များကိုimperative နှင့် declarative ဟူ၍ ပရိုဂရမ်းမင်းဘာသာစကား စီစဉ်နေရာချထားမှု မူအရ အဓိကခွဲခြားထားသည်။ imperative ပုံစံမူဖြင့် ရေးသားထားသော ပရိုဂရမ် များသည် ကြေညာခြင်း၊ဖော်ပြခြင်း၊ထုတ်ပြန်ခြင်းတို့ကို ယုတ္တိ ကို အသုံးပြုခြင်းအားဖြင့် သတ်မှတ်ကြသည်။ ကြေညာခြင်းတွင် variableအမည်ကို datatype သို့ ပြောင်း၍အတူတကွ ပူးပေါင်းထားသည်။ဥပမာ var x: interger ; ဖော်ပြခြင်းသည် တန်ဖိုးနှင့်လည်းသက်ဆိုင်သည်။ဥပမာ 2+2 သည် 4 ဖြစ်သည်။ ထုတ်ပြန်ခြင်းတွင် ဖော်ပြချက်များကို ပုံသေထိန်းမထားခြင်း (သို့) ပုံသေထိန်းမထားသော တန်ဖိုးများကို ပရိုဂရမ်၏ control flow တွင် ဖော်ပြသတ်မှတ်ခြင်းကို သတ်မှတ်ပေးသည်။ဥပမာ x :2+2; if x=4 then do_something() ; ။imperative ဘာသာစကားကို ဝေဖန်နိုင်သည့် အချက်မှာ ပုံသေမထားသောကိန်းများကို class တစ်ခုတွင် ထုတ်ပြန်ထားရာ non-local variables ကိုခေါ်ယူနိုင်ခြင်းဖြစ်သည်။ (compiling or interpreting)ဘာသာပြန်ခြင်း ကွန်ပြူတာ ပရိုဂရမ်းမင်း ဘာသာစကားဖြင့် ရင်းမြစ်ကုဒ်ဟုခေါ်သော ကွန်ပြူတာပရိုဂရမ်များသည် လူသားများဖတ်၍ရသော ပုံစံများဖြစ်သည်။ ရင်းမြစ်ကုဒ်များကို compiler အားအသုံးပြု၍ အလုပ်လုပ်၍ရစေသော executable image များအဖြစ်သို့ ပြောင်းပေးခြင်းဖြင့်သော်လည်းကောင်း၊ interpreter အားအသုံးပြု၍ တိုက်ရိုက်လုပ်ငန်းလုပ်ဆောင်စေခြင်းဖြင့်လည်းကောင်း လုပ်ငန်းများကိုလုပ်ဆောင်စေသည်။compiler (သို့) interpreter ဖြင့် လုပ်ငန်းလုပ်ဆောင်စေသော ပရိုဂရမ်များသည် batch process တွင် လူသားတို့၏ တုံပြန်မှုများမပါရှိဘဲ လုပ်ဆောင်ကြသည်။ သို့သော် interpreter ဖြင့် လုပ်ဆောင်သော ပရိုဂရမ်များသည် interactive session တွင် အသုံးပြုသူမှ commands များထည့်သွင်းရန်လိုအပ်လျှင် ခွင့်ပြုပေးသည်။ ထိုအခြေအနေတွင် ပရိုဂရမ်၏လုပ်ဆောင်ချက်သည် အစီအစဉ်တကျလုပ်ဆောင်နေသော ခွဲခြားထားသည့် ခိုင်းစေမှုများသာဖြစ်သည်။ လုပ်ဆောင်ချက်တစ်ခုစီသို့ ခိုင်းစေမှု (သို့) ညွှန်ကြားမှုပေးပို့ရန် ကွန်ပြူတာဘာသာစကားတစ်ခု အသုံးပြုခြင်းကို scripting language ဟုခေါ်ကြသည်။ interpreter သည် statement တစ် ကြောင်းခြင်းစီအား တိုက်ရိုက် decode ဒီကုတ် လုပ်ရသဖြင့် compiler နှင့်ယှဉ်လျှင် လုပ်ဆောင်မှုနှေးကွေးသည်။ ထို့ပြင်ပရိုဂရမ်များကို လုပ်ငန်းများလုပ်ဆောင်စေရန် ကွန်ပြူတာတွင် interpreter အမြဲရှိနေရန်လိုအပ်သည်။ ပရိုဂရမ်များကို လုပ်ငန်းများလုပ်ဆောင်စေရန် ကွန်ပြူတာတွင် interpreter အမြဲရှိနေရန်လိုအပ်သည်။compilier အားအသုံးပြု၍ အလုပ်လုပ်၍ရစေသော ပရိုဂရမ်များသည် လုပ်ငန်းများလုပ်ဆောင်စေရန် compilier အားမလိုအပ်ချေ။ Execution and Storage (လုပ်ဆောင်မှုနှင့်သိုလှောင်မှု) အထူးသဖြင့် ကွန်ပြူတာပရိုဂရမ်များကို အသုံးပြုသူမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ခေါ်ယူအသုံးပြုလုပ်ဆောင်စေမှုမစတင်မီအချိန်ထိ non-volatile memory တွင် သိမ်းဆည်းထားသည်။ အသုံးပြုသူမှ ပရိုဂရမ်တစ်ခုကို အသုံးပြုရန်တောင်းဆိုပါက operation system မှ အဆိုပါပရိုဂရမ်ကိုrandom access memory ပေါ်သို့ ခေါ်ယူပေးသည်။ ထို့နောက် စီပီယူမှ အဆိုပါပရိုဂရမ်ကို အဆုံးသပ်ရပ်တန့်မှု့ မတိုင်မီအထိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်စေသည်။ အဆုံးသပ်ရပ်တန့်မှု့သည် အသုံးပြုသူမှ ရပ်တန့်ခြင်း (သို့) ကွန်ပြူတာ၏ ဟာဒ်ဝဲ ၊ဆော့ဝဲ ပြဿနာအမှားများကြာင့် ဖြစ်နိုင်သည်။ Embedded programs(မြှပ်ထားသော ပရိုဂရမ်) အချို့ကွန်ပြူတာ ပရိုဂရမ်များကို အမာထည်ပစ္စည်း(ဟာဒ်ဝဲ)ထဲတွင် ပုံသေမြှပ်နှံထားသည်။ ကွန်ပြူတာစတင်လုပ်ဆောင်ရန် လိုအပ်သော အစောဆုံးကွန်ပြူတာပရိုဂရမ်ကိုread-only memory ထဲတွင် သိုလှောင်ထားသည်။ ကွန်ပြူတာစတင်လုပ်ဆောင်သည့်ဖြစ်စဉ်တွင် စစ်စတမ်(system)တစ်ခု၏လိုအပ်သော သက်ဆိုင်သည့် အစိတ်အပိုင်းများကို ပထမ processor registers မှ device controllers၊ device controllersမှတဆင့် memory contents များအထိ ရွေးချယ်လုပ်ဆောင်သည်။ လုပ်ဆောင်မှုပထမအဖြစ် အစောဆုံးကွန်ပြူတာပရိုဂရမ်သည် operating system ကိုခေါ်ယူ၍ ပရိုဂရမ်ကောင်တာ ကိုထည့်သွင်းကာ ပုံမှန်လုပ် ဆောင်မှုများကို လုပ်ဆောင်စေသည်။ လုပ်ဆောင်မှုများကို ထိန်းချုပ်ရန် ဟာဒ်ဝဲများထဲတွင် ဖင်းဝဲ [] များအားအသေမြုပ်နှံထည့်သွင်းထားကြသည်။ ဖင်းဝဲ(firmware)ကို ပြောင်းလဲရန်မလိုသော (သို့) ပြောင်းလဲပေးရန်အခြေအနေနည်းပါးသော ကွန်ပြူတာ ပရိုဂရမ်များနှင့် ပါဝါပိတ်လိုက်လျှင် ပရိုဂရမ်ပျောက်ပျက် မသွားစေရန်လိုအပ်သောနေရာများတွင် အသုံးပြုကြသည်။ ကွန်ပျူတာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%20%E1%80%95%E1%80%9B%E1%80%AD%E1%80%AF%E1%80%82%E1%80%9B%E1%80%99%E1%80%BA
Python (programming language)
Python သည် ယေဘုံယျသုံး high-level programming language ဖြစ်သည်။ Python ၏ တည်ဆောက်ပုံ သဘောတရားမှာ ပရိုဂရမ် ရေးသားသူ ၏ စွမ်းဆောင်ရည် နှင့် ဖတ်ရှူမှုလွယ်ကူရေး ကို အဓိက ထားသည်။ Python ၏ core syntax နှင့် semantics မှာ minimalist ဖြစ်ပြီး ကြီးမား၍ စုံလင်သော standard library ရှိသည်။ Python သည် whitespace ကို block delimiter အဖြစ်သုံးခြင်းမှာ နာမည်ကျော် programming language များအကြားတွင် ထူးခြားလျက်ရှိသည်။unittest ကိုအသုံးပြုပြီး Test case များပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်နိုင်ခြင်းကြောင့် ပရိုဂရမ်ဖြင့်ပင် မိမိတို့ ရေးသားထားသည်များကို စစ်ဆေးနိုင်သည်။ ကိုးကား ပရိုဂရမ်းမင်း ဘာသာစကား Myanmar
https://my.wikipedia.org/wiki/Python%20%28programming%20language%29
ရိန်း
ကိုရီးယားမင်းသား၊ အဆိုတော် ရိန်း သည် အာရှတိုက်ကိုကျော်ဖြတ်၍ ကမ္ဘာကိုလွှမ်းမည့် အနုပညာရှင်အဖြစ် သုံးသပ်ခြင်းခံရသူဖြစ်သည်။ သူ၏ အမည်ရင်းမှာ ဂျန်ဂျင်ဟွန်း ဖြစ်သည်။ မွေးနေ့မှာ ၁၉၈၂ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့ ဖြစ်သည်။ သူ၏ မူလ အနုပညာအမည်မှာ Bi ဖြစ်သည်။ Bi ဟူသည့် ကိုရီးယားအမည်သည် မိုးဟု အဓိပ္ပာယ်ရသည့်အတွက် နောက်ပိုင်းတွင် Rain ဟူသည့်အမည်ကို တွဲဖက်သုံးစွဲခဲ့သည်။ ရိန်းသည် Kyung Hee University ကျောင်းမှ ပို့စ်မော်ဒန်မြူးဇစ် ဘာသာဖြင့် ဘွဲ့ရခဲ့ပြီးဖြစ်သည်။ သူ၏ အနုပညာခရီးလမ်းအစသည် အခြားကိုရီးယား သရုပ်ဆောင် အဆိုတော်များထက် ကြမ်းတမ်းခဲ့လေသည်။ သူသည် အဆိုတော် ပတ်ဂျီယွန်း ၏ ဖျော်ဖြေပွဲများတွင် နောက်ခံ အကအဖွဲ့သားတစ်ယောက်အနေဖြင့် ပါဝင်ခဲ့သည်။ သူ၏ အနုပညာအစွမ်းအစကို ပတ်နှင့် သူ၏ အေဂျင်စီ JYP Entertainment တို့က ရိပ်စားမိခဲ့သဖြင့် ၂၀၀၂ ခုနှစ်တွင် ၎င်းတို့၏ ကူညီစောင်မမှုများဖြင့် Bad Guy အမည်ရှိ သူ၏ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ဖြန့်ချိနိုင်ခဲ့သည်။ ယင်းအယ်လ်ဘမ်ဖြင့်ပင် နာမည်ရခဲ့ပြီး ကိုရီးယားပြည်တွင်းက ချီးမြှင့်သော ဆုပေးပွဲများတွင် တက်သစ်စအဆိုရှင်ဆုကို အမြောက်အမြားပင် လက်ခံရရှိခဲ့သည်။ ထိုအယ်လ်ဘမ်ထဲမှ Bad Guy နှင့် Besides Saying Goodbye သီချင်းများသည် ပရိသတ်အကြိုက်ဆုံးသီချင်းများ ဖြစ်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် သူ၏ ပထမဦးဆုံး သရုပ်ဆောင်လုပ်သည့် ဇာတ်လမ်းတွဲအဖြစ် KBS ရုပ်သံကုမ္ပဏီမှ စီစဉ်ရိုက်ကူးသည့် Sang Doo, Let’s Go To School! ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်နေရာမှ ပါဝင်ခဲ့သည်။ တွဲဖက်သရုပ်ဆောင်သူများမှာ မင်းသမီး Gong Hyo-Jin နှင့် မင်းသား လီဒေါင်ဂန်တို့ ဖြစ်ကြသည်။ ထိုဇာတ်ကားဖြင့် ရိန်းသည် အကောင်းဆုံးမင်းသားသစ်ဆုနှင့် အလိုက်ဖက်ဆုံး စုံတွဲဆုများကို ရရှိခဲ့သည်။ ပရိသတ်အားပေးမှု ပိုမိုများပြားလာပြီးနောက် ရိန်းသည် ဒုတိယမြောက်အယ်လ်ဘမ် Rain#2 ကို ထုတ်ဝေခဲ့သည်။ ထိုအယ်လ်ဘမ်ထဲမှ Running Away from the Sun သီချင်းကို မိန်းကလေးပရိသတ်များ အသည်းစွဲကြိုက်နှစ်သက်ကြသည်။ ရိန်းကို အောင်မြင်သထက်အောင်မြင်ပြီး ပြည်ပနိုင်ငံတွေမှာပါ အောင်မြင်မှုရရှိစေခဲ့သည်ကတော့ Full House ဆိုသည့် ဇာတ်လမ်းတွဲဖြစ်သည်။ ထိုဇာတ်လမ်းတွဲကို ၂၀၀၄ ခုနှစ်၊ မေလမှ စက်တင်ဘာလအထိ ရိုက်ကူးခဲဲ့ပြီး ရိန်းနှင့်တွဲဖက်၍ မင်းသမီး ဆောင်းဟေဂို (Song Hye Gyo) (အွန်စော) ပါဝင်သရုပ်ဆောင်ခဲ့သည်။ စက်တင်ဘာလမှာပင် တတိယမြောက်အယ်လ်ဘမ်သစ်အတွက် ပရိုမိုးရှင်းလုပ်သည့် ဖျော်ဖြေပွဲများကို ကိုရီးယား၊ ဂျပန်နှင့် တရုတ်ပြည်တို့ထိ ခရီးဆန့် ကျင်းပခဲ့သည်။ သူ၏ တတိယမြောက် အယ်လ်ဘမ်သစ် It’s Raining ထွက်ရှိသည့်အချိန်နှင့် Full House ဇာတ်ကားပြသသည့်အချိန်မှာ တိုက်ဆိုင်နေသည့်အတွက် သူ၏အောင်မြင်မှုကို အရှိန်နှစ်ဆမြှင့်ပေးသလို ဖြစ်ခဲ့သည်။ ထို ၂၀၀၄ ခုနှစ်တွင် သူ၏ အောင်မြင်မှုများသည် အာရှကို လွှမ်းမိုးသွားလေသည်။ ၂၀၀၅ ခုနှစ် တစ်နှစ်လုံးမှာလည်း Full House ဇာတ်ကားအတွက် အရောင်းမြှင့်တင်ရေးပွဲများကို နိုင်ငံတကာလှည့် သွားလာခဲ့သလို အာရှတိုက်ရှိ မြို့ကြီးများတွင် သူ၏ ဖျော်ဖြေပွဲများကို ပြုလုပ်ခဲ့ရာမှာလည်း အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်နှောင်းပိုင်းမှာတော့ Cruel Love ဆိုသည့် ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားတွင် ရှေ့မှ သရုပ်ဆောင်ခဲ့သော ဇာတ်ကားနှစ်ကားနှင့်မတူ ခြားနားသည့် ဇာတ်ရုပ်ဖြင့် လက်ဝှေ့သမားသဏ္ဌာန် သရုပ်ဆောင်ခဲ့သည်။ သူနှင့်အတူ မင်းသမီး ရှင်မင်အ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ရိန်းသည် ၂၀၀၅ ခုနှစ်အတွက် အာရှတိုက်မှာ အကျော်ကြားဆုံး ကိုရီးယားအနုပညာရှင်များအကြောင်းကို တင်ဆက်သည့်နေရာတွင် အဆိုတော် BoA, မင်းသား ဘေယောင်ဂျွန်းတို့နှင့်အတူ ဖော်ပြခြင်းခံခဲ့ရသည်။ ယခု ရိန်းသည် hollywood ရုပ်ရှင်လောကတည်းကို ဝင်တိုးနေပါသည်။ speed racer ရုပ်ရှင်ကားကို နာမည်ကျော် Matrix ကားရဲ့ ဒါရိုက်တာဖြစ်သော ဝါချောင်းစကီး ညီအကို နှင့်ရိုက်ထားခြင်းဖြစ်သည်။ နောက်ထပ် Ninja Assassin ကားကိုလဲ ထပ်ရိုက်ခဲ့သည်။ ကိုးကား တောင်ကိုရီးယား အမျိုးသား အဆိုတော်များ တောင်ကိုရီးယား အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AD%E1%80%94%E1%80%BA%E1%80%B8
ရုရှားသဒ္ဒါ
ရုရှားသဒ္ဒါ တွင်: a highly synthetic morphology a syntax that, for the literary language, is the conscious fusion of three elements: a Church Slavonic inheritance; a Western European style; a polished vernacular foundation. The Russian language has preserved an Indo-European synthetic-inflexional structure, although considerable levelling has taken place. The spoken language has been influenced by the literary, but continues to preserve characteristic forms. The dialects show various non-standard grammatical features, some of which are archaisms or descendants of old forms since discarded by the literary language. NOTE: In the discussion below, various terms are used in the meaning they have in the standard Russian discussions of historical grammar. In particular, aorist, imperfect, etc. are considered verbal tenses rather than aspects, because ancient examples of them are attested for both perfective and imperfective verbs. နာမ် Nominal declension is subject to six cases (nominative, accusative, genitive, dative, prepositional, and instrumental), in two numbers (singular and plural), and obeying absolutely grammatical gender (masculine, feminine, and neuter). Up to ten additional cases are identified in linguistics textbooks, although all of them are either incomplete (do not apply to all nouns) or degenerate (appear identical to one of the six simple cases). The most well-recognized additional cases are locative (в лесу, в крови, в слезах), partitive (сапог, чулок, вольт), and several forms of vocative (господи, деда, батянь). The adjectives, pronouns, and the first two cardinal numbers further vary by gender. Old Russian also had a third number, the dual, but except for its use in the nominative and accusative cases with the numbers two, three and four, eg. (два стула , "two chairs", recategorized today as a genitive singular), it has been lost. There are no definite or indefinite articles in the Russian language. The sense of a noun is determined from the context in which it appears. That said, there are some means of expressing whether a noun is definite or indefinite. They are: The use of a direct object in the genitive instead of the accusative in negation signifies that the noun is indefinite, compare: "Я не вижу книги" ("I don't see a book" or "I don't see any book") and "Я не вижу книгу" ("I don't see the book"). The use of the numeral one sometimes signifies that the noun is indefinite, e.g.: "Почему ты так долго?" - "Да так, встретил одного друга, пришлось поговорить" ("Why did it take you so long?" - "You see, I met a friend and had to talk"). Word order may also be used for this purpose, compare "В комнату вбежал мальчик" ("A boy rushed into the room") and "Мальчик вбежал в комнату" ("The boy rushed into the room"). The category of animacy is relevant in Russian nominal and adjectival declension. Specifically, the accusative form in many paradigms has two possible forms depending on the animacy of the referent. For animate referents (people and animals), the accusative form is identical to the genitive form. For inanimate referents, the accusative form is identical to the nominative form. This principle is relevant for masculine singular nouns of the first declension (see below) and adjectives, and for all plural paradigms (with no gender distinction). In the tables below, this behavior is indicated by the abbreviation "N or G" in the row corresponding to the accusative case. In Russian there are three declension types, named simply first, second, and third declensions. The first declension (the second in Russian school grammars) is used for masculine and most neuter nouns. The second declension (the first in school grammars) is used for most feminine nouns. The third declension is used for feminine nouns ending in ь and for neuter nouns ending in мя. နာမ် (အထီး) များကို ပြောင်းလဲခြင်း (ပထမ အမျိုးအစား) Nouns ending in a consonant are marked in the following table with - (thus no ending). မှတ်စုများ။ sibilant များ (ж, ч, ш, or щ) သို့မဟုတ် velar (г, к, or х) consonant များ နောက်တွင် и လိုက်သည်။ sibilant များနောက်တွင် ей လိုက်သည် အသံပျော့ consonant များနောက်တွင် အသံမြင့်လိုသည့်အခါ ё ကိုရေး၍ အသံလျော့ချင်သည့်အခါ е ကို ရေးသည်။ neuter နာမ်များကို ပြောင်းလဲခြင်း (ပထမ အမျိုးအစား) sibilant နောက်တွင် အသံဖိလိုသည့်အခါ о ကိုရေး၍ အသံဖော့လိုသည့်အခါ е ကိုရေးသည်။ သံပျော့ consonant များနောက်တွင် အသံဖိလိုသည့်အခါ ё ကို သုံး၍ အသံဖော့လိုသည့်အခါ е ကိုရေးသည်။ For nouns ending in ие in the nominative singular, и is written. After a consonant use ь otherwise use й. Second declension - feminine nouns (primarily) After a sibilant or a velar (г, к, or х) consonant, и is written. After a sibilant, о is written when stressed; е when unstressed. After a soft consonant, ё is written when stressed; е when unstressed. Third declension Adjectives Russian adjectives agree with the nouns they modify in gender, number, and case. Declension After a sibilant or velar consonant, и, instead of ы, is written. When a masculine adjectives ends in -ой, the -ой is stressed Russian differentiates between hard-stem (as above) and soft-stem adjectives. Note the following: Masculine adjectives ending in the nominative in ий and neuters in ее are declined as follows: его, ему, им, and ем. Feminine adjectives in яя are declined ей and юю. Plural adjectives in ие are declined их, им, ими and их. Pronouns Personal pronouns Russian is subject to T-V distinction. The respectful form of the singular you is the same as the plural form, but beginning with a capital letter: Вы, Вас, Вам etc. Compare the distinction between du, sie and Sie in German. When a preposition is used directly before a 3rd-person pronoun, н- is prefixed: у него, с неё, etc. Because the prepositional case always occurs after a preposition, the third person prepositional always starts with an н-. Demonstrative pronouns этот "this" and тот "that" Possessive pronouns мой "my" and твой "your (sing.)" наш "our" and ваш "your (plur.)" The third person possessive pronouns его (masc./neut. sing.), её (fem. sing.) and их (plural) are invariant genitive forms. Interrogative pronouns кто "who" and что "what" чей "whose" Numbers အရေအတွက်ပြ ဂဏာန်းများ 0 ноль or нуль သုံည 1 один одна одно (раз is used when counting) တစ် 2 два (m., n.), две (f.) နှစ် 3 три သုံး 4 четыре လေး 5 пять ငါး 6 шесть ခြောက် 7 семь ခုနှစ် 8 восемь ရှစ် 9 девять ကိုး 10 десять တစ်ဆယ် အဆင့်ပြ ဂဏာန်းများ Nominative case, အထီး ပုံစံ 1st первый ပထမ 2nd второй ဒုတိယ 3rd третий တတိယ 4th четвëртый စတုတ္ထ 5th пятый ပဥ္စမ 6th шестой ဆဌမ 7th седьмой သတ္တမ 8th восьмой အဌမ 9th девятый နဝမ 10th десятый ဒဿမ ကြိယာ Grammatical conjugation is subject to three persons in two numbers and two simple tenses (present/future and past), with periphrastic forms for the future and subjunctive, as well as imperative forms and present/past participles, distinguished by adjectival and adverbial usage (see adjectival participle and adverbial participle). There are two voices, active and middle/passive, which is constructed by the addition of a reflexive suffix -ся/сь/- to the active form. An interesting feature is that the past tense is actually made to agree in gender with the subject, for it is the participle in an originally periphrastic perfect tense formed with the present of быть (like the perfect passive tense in Latin), "to be", which is now omitted except for rare archaic effect, usually in set phrases (откуда есть пошла русская земля , "whence is come the Russian land", the opening of the Primary Chronicle in modern spelling). Verbal inflection today is considerably simpler than in Old Russian. The ancient aorist, imperfect, and (periphrastic) pluperfect tenses have been lost, though the aorist sporadically occurs in secular literature as late as the second half of the eighteenth century, and survives as an odd form in direct narration (а он пойди да скажи , etc., exactly equivalent to the English colloquial "so he goes and says"), recategorized as a usage of the imperative. The loss of three of the former six tenses has been offset by the development, as in other Slavic languages, of verbal aspect. Most verbs come in pairs, one with imperfective or continuous connotation, the other with perfective or completed, usually formed with a (prepositional) prefix, but occasionally using a different root. E.g., спать (to sleep) is imperfective; поспать (to take a nap) is perfective. The present tense of the verb быть is today normally used only in the third-person singular form, which is often used for all the persons and numbers. As late as the nineteenth century, the full conjugation, which today is never used, was somewhat more natural: forms occur in the Synodal Bible, in Dostoevsky and in the bylinas (былины ) or oral folk-epics, which were transcribed at that time. The paradigm shows as well as anything else the Indo-European affinity of Russian: Present-future tense There are two forms used to conjugate the present tense of imperfective verbs and the future tense of perfective verbs. The first conjugation (I) is used in verb stems ending in a consonant, -у, or -о, or in -а when not preceded by a sibilant: -у/-ю, -ешь, -ет, -ем, -ете, -ут/-ют -у/-ут is used after a hard consonant, a vowel or ш, щ or ч; otherwise -ю/-ют is used. A mutating ultimate consonant may cause ending change. е becomes ё when stressed. The second conjugation (II) is used in verb stems ending in -и or -е, or in -а when preceded by a sibilant: -у/-ю, -ишь, -ит, -им, -ите, -ат/ят -у/-ат is used after a hard consonant, a vowel or ш, щ or ч; otherwise -ю/-ят is used. Similar to the conjugation I, a mutating ultimate consonant may change an ending.Example: попро-сить — попро-шу, попро-сят (to have solicited — [I, they] will have solicited). Past tense The Russian past tense is gender specific: –л for masculine singular subjects, –ла for feminine singular subjects, –ло for neuter singular subjects, and –ли for plural subjects. This gender specificity applies to all persons; thus, to say "I slept", a male speaker would say я спал, while a female speaker would say я спала. Examples First conjugation вернуть — to return [something] (stem: верн–) читать — to read (stem: чита–) Second conjugation говорить — to speak (stem: говор–) ပုံမှန် မဟုတ်သော ကြိယာများ The following verbs have a stem change. The stem part of the verb is in the parentheses. ပုံမှန် အဆုံးစကားလုံးများ ဖြစ်သည်။ брать (бер–) — to take беру, берёшь, берёт, берём ,берёте, берут вести (вед–) — to lead веду, ведёшь, ведёт, ведём, ведёте, ведут жить (жив–) — to live живу, живёшь, живёт, живём, живёте, живут звать (зов–) — to call зову, зовёшь, зовёт, зовём, зовёте, зовут давать (да–) — to give даю, даёшь, даёт, даём, даёте, дают идти (ид–) — to go иду, идёшь, идёт, идём, идёте, идут писать (пиш-) — to write (notice the с becomes a ш) пишу, пишешь, пишет, пишем, пишете, пишут The following verbs endings do not conform to the first or second conjugations. дать — to give дам, дашь, даст, дадим, дадите, дадут есть — to eat ем, ешь, ест, едим, едите, едят The following verbs are irregular in the first person. Notice the д becomes ж in the first person. This is a common irregularity on stems ending with д. ходить (ход–) — to walk хожу, ходишь, ходит, ходим, ходите, ходят ездить (езд–) — to travel езжу, ездишь, ездит, ездим, ездите, ездят видеть (вид–) — to see вижу, видишь, видит, видим, видите, видят Word formation Russian has on hand a set of prefixes, prepositional and adverbial in nature, as well as diminutive, augmentative, and frequentative suffixes and infixes. All of these can be stacked one upon the other, to produce multiple derivatives of a given word. Participles and other inflexional forms may also have a special connotation. For example: Russian has also proved friendly to agglutinative compounds. As an extreme case: Purists (as Dmitry Ushakov in the preface to his dictionary) frown on such words. But here is the name of a street in St. Petersburg: Some linguists have suggested that Russian agglutination stems from Church Slavonic. In the twentieth century, abbreviated components appeared in the compound: Syntax The basic word order, both in conversation and the written language, is Subject Verb Object in transitive clauses, and free word order in intransitive clauses. However, because the relations are marked by inflection, considerable latitude in word order is allowed even in transitive clauses, and all the permutations can be used. For example, the words in the phrase "я пошёл в магазин" (I went to the shop) can be arranged Я пошёл в магазин. Я в магазин пошёл. Пошёл я в магазин. Пошёл в магазин я. В магазин я пошёл. В магазин пошёл я. while maintaining grammatical correctness. The word order expresses the logical stress, and the degree of definiteness. Primary emphasis tends to be initial, with a slightly weaker emphasis at the end. Negation Like most other languages but unlike English, multiple negatives are compulsory in Russian, as in никто никогда никому ничего не прощает "No-one ever forgives anyone for anything" (literally, "no-one never to no-one nothing does not forgive"). Coordination The most common types of coordination expressed by compound sentences in Russian are conjoining (Соединительные отношения), oppositional (Противительные отношения), and separative (Разделительные отношения). Additionally, the Russian grammar considers comparative (сопоставительные), complemental (присоединительные), and clarifying (пояснительные). Other flavors of the meanings may also be distinguished. Conjoining coordinations are formed with the help of the conjunctions "и", "да", "ни...ни" (simultaneous negation), также, тоже (the latter two have complemental flavor). Most commonly the conjoining coordination expresses enumeration, simultaneity or immediate sequence. They may also have a cause-effect flavor. Oppositional coordinations are formed with the help of the oppositional conjunctions а, но, да, однако, зато, же, etc. They express the semantic relations of opposition, comparison, incompatibility, restriction, or compensation. Separative coordinations are formed with the help of the separative conjunctions или, либо, ли...ли, то...то, etc., and are used to express alternation or incompatibility of things expressed in the coordinated sentences. Complemental and clarifying coordination expresses additional, but not subordinated, information related to the first sentence. Comparative coordination is a semantical flavor of the oppositional one. Common coordinating conjunctions include: и "and", enumerative, complemental; а "and", comparative, tending to "but"; но "but", oppositional; ибо "for", clarifying. The distinction between и and а is important. И implies a following complemental state that does not oppose the antecedent. А implies a following state that acts in opposition to the antecedent, but more weakly than но "but". The distinction between и and а developed after the medieval period; originally, и and а were closer in meaning. The unpunctuated ending of the Song of Igor illustrates the potential confusion. The final five words in modern spelling, князьям слава а дружине аминь can be understood either as "Glory to the princes and to their host! Amen." or "Glory to the princes, and amen (R.I.P.) to their troops". Although majority opinion is definitely with the first interpretation, there is no full consensus. The psychological difference between the two is quite obvious. Subordination Complementizers (subordinating conjunctions, adverbs, or adverbial phrases) include: если if; потому что , так как because чтобы in order to после того, как after хотя although In general, there are fewer subordinate clauses than in English, because the participles (причастие ) and adverbial participles (деепричастие ) often take the place of a relative pronoun/verb combination. For example: Absolute construction Despite the inflexional nature of Russian there is no equivalent in the modern language to the English nominative absolute or the Latin ablative absolute construction. The old language had an absolute construction, with the noun put into the dative. Like so many other archaisms, it is retained in Church Slavonic. Among the last known examples in literary Russian occurs in Radishchev's Journey from Petersburg to Moscow (Путешествие из Петербурга в Москву ), 1790: Едущу мне из Едрова, Анюта из мысли моей не выходила. "As I was leaving Yedrovo village, I could not stop thinking about Aniuta." References See also List of Russian language topics Reduplication in Russian language External links Interactive On-line Reference Grammar of Russian Wikibooks Russian Gramota.ru - dictionaries Wiktionary has word entries in Cyrillic with meanings and grammatical analysis in English Russian Wiktionary gives word meanings and grammatical analysis in Russian Online Russian grammar Russian grammar overview with practice tests Over 400 links to Russian Grammar articles around the Net ဘာသာစကား စာပေ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AF%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%9E%E1%80%92%E1%80%B9%E1%80%92%E1%80%AB
Scalable Link Interface
Scalable Link Interface (SLI) သည် multi-GPU အတွက် Nvidia မှ ထုတ်လုပ်ထားသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ SLI သည် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော video card များကို ဆက်စပ်စေပြီး ရုပ်ထွက်အဖြစ် တစ်ခုတည်းသာ ထွက်စေရန်အတွက် ပြုလုပ်ထားသောနည်းပညာဖြစ်သည်။
https://my.wikipedia.org/wiki/Scalable%20Link%20Interface
ရှယ်ယာဝဲလ်
ပိုင်ဆိုင်သူ (သို့) ရေးသားသူမှ မူပိုင်ခွင့်ရှိထားပြီး ဖြစ်သော်လည်း ၎င်း၏ဆန္ဒအရ အခမဲ့သုံး နိုင်သော ဆော့ဖ်ဝဲများဖြစ်သည်။ သို့သော် အသုံးပြုသူမှ နှစ်သက်လျှင် တန်ဖိုးပေးချေရမည် ဖြစ်ပြီး တန်ဖိုးမများလှပါ။ ထိုသို့တန်ဖိုး ပေးချေမှသာ ပုံမှန်အတိုင်း ဆက်လက်သုံးစွဲ နိုင်သည့် ဆော့ဖ်ဝဲများဖြစ်သည်။ ကွန်ပျူတာ ဆော့ဖ်ဝဲလ်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%9A%E1%80%BA%E1%80%9A%E1%80%AC%E1%80%9D%E1%80%B2%E1%80%9C%E1%80%BA
.fi
.fi သည် နိုင်ငံတော်များနှင့် သက်ဆိုင်သည့် အဓိက ဒိုမိန်းများထဲမှာ တစ်ခုဖြစ်ပြီး၊ ဖင်လန်နိုင်ငံကို ကိုယ်စားပြုသည်။ ၎င်းကို ဖီကော်ရာ (Ficora) မှ ထိမ်းသိမ်းကိုင်တွယ်ခြင်းပြုသည်။ ဖီကော်ရာသည် ဖင်လန်နိုင်ငံ ဆက်သွယ်ရေးကို ကြည့်ရှုစစ်ဆေးရသည့် နိုင်ငံတော်ပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် တန်ပယ်ရယ်မြို့ရှိ Finnish Unix Users Group မှ နိုင်ငံပိုင် ဒိုမိန်းတစ်ခုရရှိရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ လျှောက်လွှာများ လက်ခံခဲ့ပြီးနောက် တန်ပယ်ရယ် နည်းပညာ တက္ကသိုလ် သို့ .fi ဒိုမိန်းအား အသုံးပြုခွင့် ချပေးခဲ့သည်။ ထို့နောက် ဒိုမိန်းသည် FICIX ၏ ထိန်းသိမ်းမှု အောက်တွင် ရှိခဲ့ပြီး၊ ယခုအခါ ဖီကော်ရာ လက်အောက်တွင်ဖြစ်သည်။ ဖီကော်ရာသည် .fi ဒိုမိန်အား ဂရုစိုက်၍ စည်းကမ်းချက် များစွာဖြင့် အသုံးပြုခွင့်ပေးသည်၊ ဒိုမိန်းလိပ်စာများကို ကုမ္ပဏီ နာမည်များ၊ သို့မဟုတ် ကုမ္ပဏီ အမှတ်အသားများ မှတ်ပုံတင်ထားမှသာလျင် အသုံးပြုခွင့်ပေးခဲ့သည်။ ထို့ကြောင်လည်း ကုမ္ပဏီအများစုသည် .fi ကိုသာ အသုံးပြုခဲ့ကြသည်။ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဒိုမိန်းပိုင်ဆိုင်ခွင့်ရရန် မူတချို့ကို ပြင်ဆင်ခဲ့သည်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင် စကန်ဒီနေဗီးယား စာလုံးများဖြစ်သည့် (ä, å, ö) တို့ကို .fi ဒိုမိန်းလိပ်စာတွင် အသုံးပြုခွင့်ပေးခဲ့သည်။ သို့သော် အဓိက ဒိုမိန်းလိပ်စာအဖြစ် အသုံးပြုရန် ဖီကော်ရာမှ အကြံမပြုခဲ့ပေ။ ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် လူပုဂ္ဂိုလ် အသီးသီးတို့အား .fi ဒိုမိန်းကို ဝယ်ခွင့်ပြုလိုက်သည်။ သို့သော် လွယ်ကူစွာ ဝယ်ယူ၍မရပေ၊ ကုမ္ပဏီများသည် ၎င်းတို့၏ ကုမ္ပဏီအမှတ်အသားများ၊ သို့မဟုတ် မှတ်ပုံတင်ထားသော ကုမ္ပဏီများမှသာလျင် .fi ဒိုမိန်းကို ပိုင်ဆိုင်ခွင့်ရှိသည်။ .ax သည် အာလန် ကျွန်းပိုင် ဒိုးမိန်းတစ်ခုဖြစ်သည်။ ပြင်ပ အဆက်အသွယ်လိပ်စာများ IANA .fi whois information FICORA.fi Ficora domains .fi top-level domain registration application Requirements for .fi domain registration ဖင်လန်နိုင်ငံ
https://my.wikipedia.org/wiki/.fi
ဝေါမြို့
ဝေါမြို့သည် အောက်မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၏ ပဲခူးခရိုင်ခွဲအတွင်းပါဝင်သည့် ဝေါမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန် မော်လမြိုင်သွား ကားလမ်းမပေါ်တွင် တည်ရှိပြီး ပဲခူးမှ မိုင် ၂ဝ ခန့်အကွာတွင်ရှိသည်။ ပဲခူးမြို့၏ အရှေ့မြောက်ယွန်းယွန်း ပဲခူး-စစ်တောင်းတူးမြောင်းပေါ်တွင် တည်ရှိသော မြို့ဖြစ်သည်။ ရန်ကုန်-မုတ္တမ(မော်လမြိုင်) မီးရထားလမ်းသည်လည်းကောင်း ဝေါမြို့ကိုဖြတ်သန်းသွားသည်။ ထိုမြို့သည် ရန်ကုန်မြို့မှ မီးရထားလမ်းအားဖြင့် ၅၄ မိုင်၊ မော်တော်ကားလမ်းအားဖြင့် ၇၁ မိုင် ကွာဝေး၍ ပဲခူးမြို့မှမူကား မီးရထားလမ်းအားဖြင့် ၂၂ မိုင်၊ မော်တော်ကားလမ်းအားဖြင့် ၁၇ မိုင် ကွာဝေးသည်။ ဝေါမြို့၏ အလားလေးရပ်မှာ အရှေ့ဘက်တွင် သပြေကန်ရွာ (စစ်တောင်းမြစ်၊ ကျောက်ညှပ်ကမ်းခြေ)၊ အနောက်ဘက်တွင် နောင်ပတ္တရာရွာ၊ တောင်ဘက်တွင်ညောင်သုံးခွ၊ မြောက်ဘက်တွင် သူရဲသမိန်ရွာတို့ဖြစ်သည်။ မူလအစက မွန်ဒေသဖြစ်ခဲ့သော်လည်း ယခုအခါ မွန်အဆက်အနွယ် မြန်မာလူမျိုးတို့အများစု နေထိုင်လျက်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၇၆,၀၂၄ ဦးဖြစ်သည်။ မြို့ပေါ်၌ မြို့နယ်ရုံးစိုက်အဆင့်အတန်းအလိုက် မြို့ပိုင်ရုံး၊ တရားမနှင့် ရာဇဝတ် တရားသူကြီးရုံးစသော အစိုးရအဆောက်အအုံ၊ ဈေး၊ ကျောင်း စသည်တို့ရှိလေသည်။ အမည်ရင်းမြစ် ဝေါ ဟူသောအမည်နှင့် စပ်လျဉ်း၍ မွန်ဘာသာ ဝေါဟာရ ကွာန် အစွေဝံ (မြန်မာအသံနှင့် အနီးစပ်ဆုံးဖော်ပြရသော် ကွာန်အကျဝေါ့)မှ ဆင်းသက်လာသည်ဟု ဆိုရာ(ကွာန်-ရွာ၊ အစွေဝံ-သက်ငယ်ကျင်း) သက်ငယ်ကျင်းရွာဟု အဓိပ္ပာယ်ရသည်။ တစ်နည်းအားဖြင့်ဆိုရသော် သက်ငယ်များ ပေါက်ရာအရပ်ဟူလို။ ကာလရှည်ကြာသော် ကွာန်ကိုဖြုတ်ထားခဲ့၍ မြန်မာအသံဖြင့် မပီမသခေါ်ဝေါ်ရာ၊ အကျဝေါ့မှ ဝေါဟူ၍ဖြစ်လာသည် ဆိုလေသည်။ သမိုင်းကြောင်း ဝေါမြို့၏ အနောက်မြောက်ဘက် တစ်မိုင်ကွာတွင် တည်ရှိသော ယခုခေတ်အခေါ် ကြုံတူဘုရားမှ တူးဖော်တွေ့ရှိရသည့် စဉ့်အိုး၊ စဉ့်ခွက်များ၊ ဆေးခြယ်နိပါတ်ရုပ်လုံးများသည် ဟံသာဝတီ ဒုတိယခေတ်(ဗညာဦး-ရာဇာဓိရာဇ်ခေတ်)၏ အသုံးအဆောင်ပစ္စည်းမျိုးဖြစ်သည်ကို ထောက်ဆ၍ ဝေါမြို့တည်ရာဌာနတွင် မြန်မာသက္ကရာဇ် ၇၃ဝ မှ ၉ဝဝ ပြည့်နှစ်အတွင်း အိမ်ခြေရွာခြေ စတင်ပေါ်ပေါက်ခဲ့သည်ဟုယူဆရသည်။ ကြုံတူ ဘုရားသမိုင်းအရ ရာမညမွန်တိုင်းတွင် အခါတစ်ပါး၌ စစ်မက်ရေးရာ မငြိမ်မသက်ရှိမှုကြောင့် မုတ္တမဖက်မှ သူဌေးနှစ်ဦးခေါင်းဆောင်သော မွန်တစ်စုတို့သည် မိမိတို့ဌာနေမှ တိမ်းရှောင်လာပြီးလျှင် ယခု ရွှေလင်းယုံဆီစက်နေရာ၌ စတင်ရွာတည်ခဲ့သည်ဟု ဆိုလေသည်။ နောင်အခါ ဗြိတိသျှတို့ခေတ်၌ ခရစ် ၁၈၇၃ ခုနှစ်တွင် ဘုံဘေဘားမားသစ်ကုမ္ပဏီသည် တောင်ငူနယ်မှ သစ်များကို ပေါင်းလောင်း (စစ်တောင်း)မြစ်မှထုတ်ယူရာ၊ လမ်းရှည်သဖြင့် မြစ်ကျိုး-တာဝ တူးမြောင်းကို ဖောက်လိုက်သည်။ ၁၉ဝ၇ ခုနှစ်၌ ပဲခူး-မော်လမြိုင် မီးရထားလမ်းကို ဖောက်လိုက်ပြန်သည်။ ယင်းအချက်များကြောင့် ဝေါရွာသည် လူနေအိမ်ခြေ တိုးတက်စည်ကားလာသည်။ ထို့ကြောင့် လူနေရပ်ကွက်များ တိုးချဲ့၍ မြို့တစ်မြို့အဖြစ်သို့ ရောက်ရှိလာခဲ့ကာ ပဲခူးခရိုင်၊ ပဲခူးခရိုင်ခွဲအတွင်း၌ ဝေါမြို့နယ်ဟူ၍ သတ်မှတ်ပိုင်းခြားပြီးလျှင် ဝေါမြို့ကို ရုံးစိုက်မြို့အဖြစ် ထားရှိခဲ့လေသည်။ လူမှုပထဝီဝင် ဝေါမြို့နယ်သည် ၁၉၃၁ ခုနှစ် သန်ခေါင်းစာရင်းအရ အကျယ်အဝန်း ၃၅၉ စတုရန်းမိုင်ရှိ၍ ကျေးရွာအုပ်စုပေါင်း ၄၈ ခုရှိသည်။ အကြမ်းဖျင်းအားဖြင့် ဝေါမြို့နယ်၏အရှေ့ဘက်၌ သထုံခရိုင်၊ အနောက်ဘက်၌ ပဲခူးမြို့နယ်၊ တောင်ဘက်၌ သနပ်ပင်မြို့နယ်၊ မြောက်ဘက်၌ ဒိုက်ဦးမြို့နယ်တို့ရှိသည်ဟု ဆိုရပေမည်။ ပဲခူးမှ ဘုရားကြီး ၁၁ မိုင်၊ ဘုရားကြီးမှ ဝေါ ၁၁ မိုင်ခန့် ကွာဝေးသည်။ မိုးကောင်းပြီးလျှင် မြေဩဇာထက်သန်ကောင်းမွန်သော ပဲခူးခရိုင်အတွင်း၌တည်ရှိသဖြင့် မြို့နယ်အတွင်းနေထိုင်ကြသူများ၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်ရာ ဆန်စပါးကို အများဆုံးစိုက်ပျိုးကြ၍ မြေပဲ(သီးထပ်) လည်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြို့နယ်အတွင်း အင်းများပေါများ၍ အင်းလုပ်ငန်းလည်း ကြီးကျယ်သည်။ စုစုပေါင်း အင်း ၆၄ အင်းရှိသည်အနက် မိုးအင်းကြီးသည် ဝေါမြို့နယ်အတွင်း အကြီးဆုံးအင်းကြီးဖြစ်သည်။ မြို့နယ်အတွင်း သယ်ယူပို့ဆောင်ရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကားလမ်းကိုအားထားကြရလေသည်။ ကြုံတူဘုရားသည် မြို့နယ်အတွင်း အထင်ရှားဆုံးသော စေတီတစ်ဆူဖြစ်သည်။ ဝေါမြို့တွင် ချမ်းမြသာစည်ရပ်ကွက်၊ အေးချမ်းသာယာရပ်ကွက်၊ သစ်စက်ရပ်ကွက်၊ ကန်တော်ရပ်ကွက်၊ အရှေ့ဘက်ကမ်းရပ်ကွက် ဟူ၍ ရပ်ကွက်ပေါင်း ၅ ခုရှိပြီး ရွာပေါင်း ၂၄ ရွာရှိသည်။ ၎င်းတို့မှာ - ရှမ်းစု ကြာလဟာ ကိုမိုးစု လေးအိမ်စု ထမင်းဆိုင်အဗျား အဗျား မြစ်ကျိုး ပဂိုင် သူရဲသမိန် စက်စု ဆင်ရွာ ရှမ်းရွာလေး ကျိုက်လှ ဧကရာဇ် ဘူတာအဗျား ညောင်ခါးရှည် ပန်းညို ဖိုးစပါယ် ဇီးဖြူကုန်း ဗိုလ်ကတော် ကျုံရဲ့ ဝင်းကဒတ် ဘုရားပျို ရှမ်းကိုင်း သပြေကန် ကမ်းကြီးဆိပ် နောင်ပတ်တရာ အထင်ကရပုဂ္ဂိုလ် သတင်းစာဆရာ စာ‌ရေးဆရာ မောင်ဝံသ (မြစ်ကျိုး) စာရေးဆရာ ဇင်မော် (နောင်ပတ္တရာ) မွေးမြူရေးနှင့် ရေလုပ်ငန်း ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်အေး (မြစ်ကျိုး) မြို့တော်ဝန်ဟောင်းသူရဦးတင်ဖေ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ပဲခူးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%B1%E1%80%AB%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
AH - 64 Apache
AH-64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်သည်။ ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။ အသုံးပြုလျက်ရှိသော နိုင်ငံများ အခြေခံ အချက်အလက်များ လေသူရဲ = ၂ ဦး ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ လက်နက် ၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀) Hydra 70 FFAR ဒုံးကျည်များ AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ ရဟတ်ယာဉ်
https://my.wikipedia.org/wiki/AH%20-%2064%20Apache
Access control list
(i) Microsoft Windows NT နှင့် Windows 2000 တို့တွင်ရှိသော ကွန်ယက်တွင်ပါဝင်သည့် အရင်းအမြစ်များကို အရာဝတ္ထု တစ်ခုက ဆက်သွယ်ပေးနိုင်သော စာရင်း။ (ii) သတင်းအချက်အလက် အကြောင်းအရာများ၏ သတ်မှတ်ထားသည့် အချက်များကို ဖွင့်ယူခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ အခြေအနေများအား ကန့်သတ်တားဆီးမှု ပြုလုပ်ရန် အစိတ်အပိုင်းဖြစ်သည်။ တနည်းအားဖြင့် များပြားလှစွာသော ကြိုတင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၏ အုပ်စုအတွင်း အသုံးပြုသူမှ သီးခြားသင်္ကေတလက္ခဏာများ၊ ၎င်းတို့၏ အသင်းဝင်အဖြစ် အသိအမှတ်ပြုထားချက်များအား အခြေခံကာ သတ်မှတ်ထိန်းချုပ်မှု အသွင်အပြင်ကို ခေါ်ဆိုခြင်း ဖြစ်သည်။
https://my.wikipedia.org/wiki/Access%20control%20list
အက်ဒမ် စမစ်
အက်ဒမ်စမစ်သည် စကော့လူမျိုး ဘောဂဗေဒ ပညာရှိ ကြီး တစ်ဦး ဖြစ်၏။ အကောက်တော်ဌာန၊ စာရင်းစစ်မင်းကြီး အက်ဒမ်စမတ်၏ သားဖြစ်၍ စကော့တလန်ပြည် ကပ်ကောဒီမြို့ တွင် ၁၇၂၃ ခုနှစ် ဇွန် ၅ ရက်နေ့၌ ဖွားမြင်သည်။ မိခင်ကြီး၏ ကျွေးမွေးစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာရသူဖြစ်သည်။ ပညာရေး ငယ်စဉ်က မွေးရာ ဇာတိမြို့ရှိ ကျောင်း၌ ပညာသင်ကြားခဲ့ပြီးနောက် အသက်တစ်ဆယ့်လေးနှစ်အရွယ်တွင် ဂလပ်စကိုတက္ကသိုလ်၌ ဖရန်စစ် ဟတ်ချင်စန်လက်အောက်တွင် ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ်တက်ရောက်ရန် ပညာသင်ဆုရရှိခဲ့ကာ ၁၇၆၄ ခုနှစ် အထိ ခြောက်နှစ်တိုင် ပညာသင်ခဲ့သည်။ ယထာဘူတပညာနှင့် နိုင်ငံရေးပညာများကို စိတ်ပါ ဝင်စားစွာ ဆည်းပူးခဲ့လေသည်။ ကျောင်းဆရာဘဝ အီဒင်ဘာရာတက္ကသိုလ်၌ ၁၇၅၁ ခုနှစ်အထိ ကထိကအဖြစ်၎င်း ၁၇၅၁ ခုနှစ်မှ ၁၇၆၃ ခုနှစ်အထိ ဂလပ်စကိုတက္ကသိုလ်တွင် လုပ်ကိုင်ခဲ့ရာ ပထမလော့ဂျစ်ဘာသာဌာနမှူး၊ နောက်တစ်နှစ်အကြောတွင် သူ့ဆရာ ဟတ်ချင်စန်နေရာတွင် ကိုယ်ကျင့်တရားဒဿန (တက္ကဗေဒ ) ဌာနမှူးအဖြစ်၎င်း လုပ်ကိုင်ခဲ့သည်။ ၁၇၅၉ ခုနှစ် တွင် စိတ်ဓာတ်နှင့်ဆိုင်ရာ စာအုပ်ကြီးတစ်အုပ်ကို ရေးသည်။ ၁၇၆၃ ခုနှစ်တွင် ပါမောက္ခအလုပ်မှ ထွက်ခဲ့သည်။ ၁၇၆၄ ခုနှစ်မှ ၁၇၆၆ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံတွင် ခရီးလှည့်လည်ရင်းမြို့စား ဘတ်ကလူ့ချ် (Duke Berccleuch)၏ စာပြကျူတာဖြစ်ခဲ့သည်။ ၁၇၆၆ ခုနှစ် အောက်တိုဘာလတွင် နေရင်း ဇာတိမြို့သို့ ပြန်လည်ရောက်ရှိ၏။ စာရေးသားမှု သူ၏အဓိက ဘောဂဗေဒဟာအုပ်ဖြစ်သော နိုင်ငံများ၏ ဥစ္စာဓနသဘာဝနှင့် အကြောင်းရင်းများ လေ့လာခြင်း (An Inquiry into the Nature and Causes of the Wealth of Nations) ကို ၁၇၇၆ ခုနှစ်၌ ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် ထိုကျမ်းကို နိုင်ငံများ၏ဓန (Wealth of Nations) ဟု အတိုကောက်သိကြသည်။ ထိုစာအုပ်ကြီး မှာ ဘောဂဗေဒဆိုင်ရာ စာအုပ်များထဲတွင် အကောင်းဆုံးသော စာအုပ်ဖြစ်သည်ဟု တန်ဖိုးဖြတ်ကြသည်။ ထိုစာအုပ်တွင် လွတ် လပ်စွာ ကုန်သွယ်မှုကို ထောက်ခံရေးသားထားလေသည်။ ထို့ပြင် ထိုစာအုပ်သည် ဘောဂဗေဒပညာရပ်အတွက် အလွန်ပင် အရေးပါ အရာရောက်လှ၏။ ဘောဂဗေဒကို သီးခြား သိပ္ပံ ပညာရပ် အနေဖြင့် ထားထိုက်ကြောင်းကိုလည်း အကြောင်း ပြထားလေ၏။ ကွယ်လွန်ခြင်း ထိုပညာရှိကြီးသည် ၁၇၉ဝ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက် နေ့တွင် ကွယ်လွန်သည်။ ကိုးကား စကော့ ဘောဂဗေဒပညာရှင်များ စကော့ ဒဿနပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%BA%E1%80%92%E1%80%99%E1%80%BA%20%E1%80%85%E1%80%99%E1%80%85%E1%80%BA
ကုန်းနေရေနေ သတ္တဝါ
Amphibian ဆိုသည်မှာ မြန်မာလို ကုန်းတစ်ပိုင်းရေတစ်ပိုင်း သို့ ကုန်းနေရေနေသတ္တဝါ ဟု အဓိပ္ပာယ်ရသည်။ သတ္တဝါလောကတွင် ကုန်းနေသတ္တဝါများသည် ရေနေသတ္တဝါများထက်ပိုပြီး အဆင့်မြင့်ကြသည်။ ဤကုန်းနေရေနေသတ္တဝါများ၏ အဆင့်မှာ ကုန်းသတ္တဝါနှင့် ရေသတ္တဝါများ၏ ကြားထဲတွင်ရှိသည်။ ထို့ကြောင့် ၎င်းတို့မှာ အဆင့်မြင့် ကုန်းနေသတ္တဝါများကဲ့သို့ ကုန်းပေါ်တွင် နေထိုင်နိုင်ကြသော်လည်း အချိန်ကြာမြင့်စွာ မနေနိုင်ကြ။ ရေထဲသို့ တစ်ခါတစ်ရံ ပြန်ဆင်းကြရသည်။ ကုန်းနေရေနေ အုပ်စုတွင် ပါဝင်သော သတ္တဝါများမှာ- ဖား၊ မိကျောင်း၊ လိပ်၊ ရေပုတ်သင်နှင့် အခြားအကောင်များပါဝင်သည်။ သဘာဝအလေ့အထ ကုန်းနေရေနေသတ္တဝါများမှာ သွေးအေးသတ္တဝါများ ဖြစ်ကြပြီး ကျောရိုးရှိများဖြစ်သည်။ ခြေလက် လေးချောင်းရှိသည်။ အသက်ရှူရာတွင် ပါးဟက်နှင့် အရေပြားတို့အပြင် အဆုတ်ကိုပါ အသုံးပြုကြသည်။ ဤသတ္တဝါများတွင် အကြေးခွံများ မရှိကြပေ။ ၎င်းတို့ကို ရေနှင့်အနီးတစ်ဝိုက် နေရာများနှင့် စိုစွတ်သော ပတ်ဝန်းကျင်များတွင် တွေ့ရှိနိုင်သည်။ အများစုမှာ အမြီးများရှိကြပြီး အရွယ်ရောက်ပြီး ဖားနှင့် ဖားပြုပ်များ၏ အမြီးများမှာ အမြီးငုတ်တိုများဖြစ်သည်။ စားသောက်ခြင်း အရွယ်ရောက်ပြီးသော သတ္တဝါအကြီးများမှာ အသားစား သတ္တဝါများ ဖြစ်ကြပြီး အများစုမှာ ကျောရိုးမဲ့ အကောင်များကို စားသုံးကြပြီး ကြီးမားသော ဖားများနှင့်ဖားပြုပ်များသည် ငှက်၊ ငါး၊ နို့တိုက်သတ္တဝါအချို့နှင့် အခြား ကုန်းနေရေနေ သတ္တဝါများကို စားသုံးကြသည်။ အရွယ်မရောက်သေးသော သားလောင်းကောင်များမှာမူ Herbivorous (အပင်စားသတ္တဝါများ) ဖြစ်သည်။ ရေညှိနှင့် အခြားသော ရေထဲရှိ အပင်များကို စားသုံးကြသည်။ မျိုးပွားနည်း ကုန်းနေရေနေ သတ္တဝါများသည် ဥဥခြင်းဖြင့် မျိုးပွားကြသည်။ ၎င်းတို့ ဥချလိုက်သော ဥများမှ သားလောင်းများ ပေါက်လာကြသည်။ ထိုသားလောင်းများမှ တစ်ဆင့် အရွယ်ရောက်ပြီး အကောင်များဖြစ်လာသည်။ ဥများကို အများအားဖြင့် ရေထဲတွင် ဥတတ်ကြသည်။ ကိုးကားချက် တိရစ္ဆာန်များ ကျောရိုးရှိသတ္တဝါများ တိရစ္ဆာန် မျိုးပေါင်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%B1%E1%80%9B%E1%80%B1%E1%80%94%E1%80%B1%20%E1%80%9E%E1%80%90%E1%80%B9%E1%80%90%E1%80%9D%E1%80%AB
အက်တမ် အမှတ်စဉ်
အက်တမ် အမှတ်စဉ် (Atomic number) ဆိုသည်မှာ အက်တမ်တွင် ပါဝင်သည့် ပရိုတွန် အရေအတွက် ဖြစ်သည်။ ထို အက်တမ် အမှတ်စဉ်သည် နျူကလိယ တစ်ခုတွင် ပါဝင်သော ပရိုတွန် (proton) ကိန်းဂဏန်း အရေအတွက်ကို ဖော်ပြရုံသာမက ယင်းအက်တမ်တွင် ပါဝင်သော အီလက်ထရွန် (electron) အရေအတွက်ကိုပါ ဖော်ပြသည်။ နျူကလီးယားရူပဗေဒ အက်တမ်များ ကိန်းများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%BA%E1%80%90%E1%80%99%E1%80%BA%20%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%85%E1%80%89%E1%80%BA
ဘစ်မပ် ဖောင့်
ရိုက်နှိပ်ထားသည့် character များကို ကိုင်တွယ်ဖြေရှင်းပေးသော နည်းလမ်းတစ်ရပ်ဖြစ်သည်။ Character တစ်ခုစီကို bit အစုအဝေး တစ်ရပ်အဖြစ် (dot များအဖြစ်) အသုံးချ ဆောင်ရွက်သည်။ Bit-mapped font တစ်ခုသည် character တစ်ခုစီကို အကြမ်းထည် outline တစ်ရပ်အဖြစ် အသုံးချ ဆောင်ရွက်သော scalable font (ချုံ့ချဲ့နိုင်သော font) များနှင့် ကွဲပြားခြားနားသည်။ Bit-mapped font များကို အသုံးချရာတွင် Program သည် အသုံးပြုသည့် character တစ်ခုစီအတွက် အစက်ငယ်များ၏ ပုံစံအနေအထား (dot pattern) တစ်ရပ် ရယူရန် လိုအပ်သည်။ ဥပမာ Program သည် Courier 10 point ထဲမှ character တစ်ခုကို ရိုက်ထုတ်ပေးရန် အခြား ပုံစံတစ်ရပ်ကို အသုံးပြုသည်။ ဤနည်းလမ်းသည် ကွန်ပျူတာ၏ မှတ်ဉာဏ်ထဲတွင် နေရာများစွာယူသကဲ့သို့ text ကို ဖော်ပြရာ/ရိုက်နှိပ်ရာတွင်လည်း အချိန်ပိုယူပါသည်။ Scalable font များကို အသုံးပြုရာတွင် Program သည် font ၏ outline အရွယ်အစားကို လိုသလို ညှိပေးနိုင်သောကြောင့် font တစ်ခုစီအတွက် သီးခြား outline တစ်မျိုး သုံးစရာမလိုပါ။ ကွန်ပျူတာ
https://my.wikipedia.org/wiki/%E1%80%98%E1%80%85%E1%80%BA%E1%80%99%E1%80%95%E1%80%BA%20%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA
Bit rate
ကွန်ပျူတာများသည် တယ်လီဖုန်းလိုင်းဖြင့် အဆက်အသွယ်ပြုရာတွင် အချက်အလက်များကို မတူညီသည့် အမြန်နှုန်းများဖြင့် လွှဲပြောင်းပေးကြသည်။ ယင်းအမြန်နှုန်းကို bits per second ဖြင့် တိုင်းတာ သုံးစွဲကြသည်ကများသည်။ Bit တစ်ခုသည် ကွန်ပျူတာက အဆင့်ဆင့်အသုံးချ ဆောင်ရွက်နိုင်သော သတင်းအချက်အလက်ထဲမှ အသေးငယ်ဆုံးယူနစ်ဖြစ်သည်။ Bit per second ကို Band rate ဖြင့် လွဲမှားမှတ်ယူတတ်ကြသည်။ Bps သည် တစ်စက္ကန့်တွင် လွှဲပြောင်းပေးသော သတင်းအချက်အလက်ကိုယ်စားပြု Bit အရေအတွက်ကို ရည်ညွှန်းသည်။ အမြန်နှုန်းမြင့်မြင့်ဖြင့် အချက်အလက် လွှဲပြောင်းပေးနေစဉ်ကာလအတွင်း modem တစ်ခုသည် လျှပ်စစ်သင်္ကေတ တစ်ခုအတွင်း အပြောင်းအလဲတစ်ခုစီအတွက် သတင်းအချက်အလက် ကိုယ်စားပြု Bit တစ်ခုမက ပို့လွှတ်ပေးနိုင်သည်။
https://my.wikipedia.org/wiki/Bit%20rate
ဘူလီယန်အက္ခရာသင်္ချာ
ဘူလီယန်အက္ခရာသင်္ချာ သည် အက္ခရာသင်္ချာကို အသုံးပြုပြီးရေးသားမည့် logical ဖွင့်ဆိုချက်များအား ခွင့်ပြုသည့် ဥပဒေ သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းဖွင့်ဆိုချက်များ၏ ရလဒ်များကို truth table တစ်ခုတွင် ဖော်ပြနိုင်သည်။ အင်္ဂလိပ်လူမျိုးသိပ္ပံပညာရှင် ဂျော့ဘူးလ် (၁၈၁၅-၆၄) ကိုအစွဲပြု၍ နာမည် ပေးထားခြင်း ဖြစ်သည်။ သင်္ချာ
https://my.wikipedia.org/wiki/%E1%80%98%E1%80%B0%E1%80%9C%E1%80%AE%E1%80%9A%E1%80%94%E1%80%BA%E1%80%A1%E1%80%80%E1%80%B9%E1%80%81%E1%80%9B%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%81%E1%80%BB%E1%80%AC
Bootstrap
Circuit တစ်ခု၊ Stage တစ်ခု သို့မဟုတ် operation တစ်ခုအား ယင်း၏ ကိုယ်ပိုင်လှုပ်ရှားမှုဖြင့် လိုချင်သည့် အခြေအနေတစ်ရပ်သို့ ကိုယ်တိုင်ရောက်ရှိစေရန် ဒီဇိုင်းထုတ်ထားသည့် နည်းစနစ်တစ်ခု ဖြစ်သည်။ “ to pool yourself up by your bootstraps ” ဆိုသည့် အင်္ဂလိပ်စကားမှ လာခြင်းဖြစ်သည်။ သင့်ဖိနပ်ကြိုးကို သင့်ဘာသာချည်ပါ (တနည်းအားဖြင့်) ကိုယ့်အားကိုယ်ကိုးပါ ဟု အဓိပ္ပာယ်ရသည်။ Machine routine instruction အနည်းငယ်ကို storage အတွင်းသို့ load လုပ်ပေးရသည်။ ထို့နောက် routine ၏ ကျန်သောလုပ်ငန်းများဆောင်ရွက်ရန် ယင်း instruction များကို အသုံးပြုသည်။ အမြဲတမ်းအားဖြင့် manual instruction အနည်းငယ်ထည့်သွင်းခြင်း သို့မဟုတ် အထူးခလုတ်တွဲများကို အသုံးပြုခြင်းဖြင့် ယင်းကိစ္စကို ဆောင်ရွက်နိုင်သည်။ (Boot ကိုလည်း ကြည့်ပါ) နည်းပညာ
https://my.wikipedia.org/wiki/Bootstrap
Bounding box
Document သို့မဟုတ် screen မျက်နှာပြင်တွင် ထည့်သွင်းထားရှိသော ရုပ်ပုံ image တို့၏ ပုံသဏ္ဌာန်နှင့် နေရာကို ရည်ညွှန်းဖော်ပြသော လေးထောင့်ကွက်ဖြစ်သည်။ Graphic Software များတွင် ရုပ်ပုံ image ထည့်သွင်းလိုသောနေရာကွက်လပ်ကို ရွေးချယ်ယူရန် အထူးစပါယ်ရှယ် tool ပါတတ်ကြသည်။ ၎င်းနေရာကွပ်လပ်ကို မှိတ်တုတ်မှိတ်တုတ် bounding box သို့မဟုတ် မျဉ်းအစက်အစက် ရှိသော bounding box ဖြင့် ဖော်ပြလေ့ရှိပြီး mouse ကိုသုံး၍ အရွယ်အစား ပြုပြင်နိုင်သည်။
https://my.wikipedia.org/wiki/Bounding%20box
ဘတ်စ် (ကွန်ပျူတာ)
ဝိုင်ယာအစုအဝေးတစ်ခုဖြစ်သည်။ ယင်းဝိုင်ယာအစုအဝေးမှတဆင့် အချက်အလက်များကို ကွန်ပြူတာ၏အစိတ်အပိုင်းတစ်ခုမှ တစ်ခုသို့ ထုတ်လွှင့်သည်။ Bus တစ်ခုကို ကွန်ပျူတာအတွင်း ချက်အလက်များ ခရီးသွားနေသည့် အမြန်လမ်းမတစ်ခုအဖြစ် စဉ်းစားနိုင်သည်။ Personal computer (PC) များအား ရည်ညွှန်းသုံးစွဲသည့်အခါ bus ဟူသော ဝိုင်ယာအစုအဝေးက ကွန်ပြူတာအားလုံးကို CPU နှင့် ပင်မမှတ်ဉာဏ်တို့နှင့် ဆက်သွယ်ပေးသည်။ CPU နှင့် ပင်မမှတ်ဉာဏ်တို့နှင့် ဆက်သွယ်ပေးသည်။ CPU နှင့် ပင်မမှတ်ဉာဏ်တို့ access လုပ်ရန် expansion slot များကို စွမ်းဆောင်ပေးသည့် expension bus တစ်ခုလည်း ရှိသေးသည်။ Bus အားလုံးတွင် အစိတ်အပိုင်း နှစ်ခုပါရှိသည်။ Adress bus တစ်ခုနှင့် Data bus တစ်ခုတို့ ဖြစ်ကြသည်။ Data bus သည် အချက်အလက်အစစ်အမှန်များကို လွှဲပြောင်းပေးသည်။ Address bus က အချက်အလက်များ မည်သည့်နေရာသို့ သွားသင့်သည်ဆိုသည့် သတင်းများ လွှဲပြောင်းပေးသည်။ Width ဟု သိထားကြသည့် bus တစ်ခု၏ အရွယ်အစားသည် အရေးကြီးသည်။ အကြောင်းမှာ တစ်ကြိမ်လျှင် အချက်အလက် မည်မျှထုတ်လွှင့်သည်ကို width က ဆုံးဖြတ်ပေးသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် 16 bit bus တစ်ခုသည် အချက်အလက် 16 bit ထုတ်လွှင့်ပေးနိုင်သည်။ 32 bit bus တစ်ခုသည် အချက်အလက် 32 bit ထုတ်လွှင့်ပေးနိုင်သည်။ Bus တိုင်းတွင် MHz ဖြင့် တိုင်းတာသည့် clock speed တစ်ခုရှိသည်။ မြန်ဆန်သည့် bus တစ်ခုသည် အချက်အလက်များကို မြန်ဆန်စွာ ထုတ်လွှင့်ခွင့်ပြုသည်။ ဤသို့ဖြင့် application များကို မြန်ဆန်စွာ run လုပ်စေသည်။ PC များပေါ်တွင် ISA bus အဟောင်းများကို PCI ကဲ့သို့ ပို၍မြန်ဆန်သည့် bus များဖြင့် အစားထိုးလျက်ရှိသည်။ ယနေ့ထုတ်လုပ်သည့် PC အများစုသည် မြန်ဆန်သည့် အချက်အလက်ပြောင်းနှုန်း လိုအပ်သည့် Video data ကဲ့သို့ အချက်အလက်များအတွက် local bus တစ်ခုပါရှိသည်။ Local bus သည် မြန်နှုန်းမြင့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး Processer သို့ တိုက်ရိုက်ဆက်သွယ်ပေးသည်။ Apple macintosh ကွန်ပြူတာများပေါ်တွင် bus အမျိုးအစားမျိုးစုံ အသုံးပြုထားသည်။ Mac အဟောင်းများသည် Nu Bus ဟု ခေါ်သည့် bus ကို အသုံးပြုပြီး Mac အသစ်များတွင် PCI ကို အသုံးပြုသည်။ ကွန်ပျူတာ ဟတ်ဒ်ဝဲလ်
https://my.wikipedia.org/wiki/%E1%80%98%E1%80%90%E1%80%BA%E1%80%85%E1%80%BA%20%28%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%29
C (ပရိုဂရမ်းမင်း ဘာသာစကား)
ကွန်ပြူတာအသုံးတွင် C သည် ယူးနစ်စ် စက်လည်ပတ်ရေး စနစ် တွင်သုံးရန် ဘဲလ် တယ်လီဖုန်း လက်ဘော်ထရီ မှ ၁၉၇၂ တွင် ဒင်းနစ် ရစ်ချီ တီထွင်သော ယေဘူယျသုံး block structured, procedural, imperative programming language ဖြစ်သည်။ C ကို စက်လည်ပတ်ရေး စနစ်များတွင်သုံးရန် တည်ဆောက်ခဲ့သော်လည်း အသုံးချ ဆော့ဖ်ဝဲလ် ပြုလုပ်ရန် တွင်လည်း သုံးသည်။ C ကို software platformများစွာ နှင် computer architecture တို့တွင် သုံးပြီး များစွာသော compiler ရှိသည်။ C သည် များစွာသော နာမည်ကျော် programming language ၏တည်ဆောက်ပုံကို လွှမ်းမိုးစေခဲ့သည်။၎င်းအနက် C ၏ extension အဖြစ် မှုလရည်ရွယ် ခဲ့သော C++ မှာ ထင်ရှားသည်။ ပရိုဂရမ်းမင်း ဘာသာစကား
https://my.wikipedia.org/wiki/C%20%28%E1%80%95%E1%80%9B%E1%80%AD%E1%80%AF%E1%80%82%E1%80%9B%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%20%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%85%E1%80%80%E1%80%AC%E1%80%B8%29
လှိုင်မြို့နယ်
လှိုင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၆) ရပ်ကွက် ဖြင့် ဖွဲ့စည်းထားသော ဆင်ခြေဖုံး ရပ်ကွက်ဖြစ်သည်။ လှိုင်မြို့နယ်သည် ရန်ကုန်တိုင်း အတွင်းရှိသည်။ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် သမိန်းချောင်း၊ အရှေ့ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် အင်းယားကန်၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် အနောက်ဘက်တွင် လှိုင်သာယာမြို့နယ်တို့ တည်ရှိသည်။ သမိုင်း လှိုင်ဟူသောဝေါဟာရသည် "ပီးလိုင်း" ဆိုသည်မွန်ဘာသာ စကားမှဆင်းသက်လာခြင်းဖြစ်သည်။ ပီးလိုင် သည်ရေများ ပန်းထွက်ခြင်း၊ စိမ့်ထွက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အတွင်း ပဲခူးရိုးမ တောင်စွယ်ပေါ်၌ မြစ်ဖျားခံ၍ စိမ့်ထွက်လာသည့်မြစ်ကို ပီးလိုင်မြစ်ဟု ဒေသခံတို့က ခေါ်ဝေါ်ခဲ့ကြသည်။ နောင်အတန်ကြာသော် လှိုင်မြစ်ဟူ၍ ပြောင်းလဲခေါ်ခဲ့ကြသည်။ လှိုင်မြစ်၏ မြစ်ဖျားပိုင်း အရှေ့ဘက်ကမ်းဘေးတွင် လှိုင်မြစ်ကိုအစွဲပြု၍ ခေါ်သော လှိုင်မြို့လေးတည် ရှိသည်။ ယင်းမြို့လေးကား ရှေးခေတ်အခါက မြို့ရိုး၊ ကျုံးနှင့်တကွ အခိုင်အမာ တည်ရှိခဲ့ဖူးသည်။ ဟံသာ၀တီမြို့ကောင်းစားစဉ် အခါက ဟံသာ၀တီ (၃၂) မြို့အဝင် ခံတပ်မြို့ တစ်မြို့လဲ ဖြစ်ဖူးသည်။ အင်း၀၊ ဟံသာ၀တီ နှစ်(၄၀)စစ်ပွဲအတွင်းက မြန်မာဘုရင်နှင့် မွန်ဘုရင်တို့၏ လက်အောက်ခံမြို့ အဖြစ်တည်ရှိဖူး၏။ ကုန်းဘောင်ခေတ်ဦးကာလသို့ ရာက်သောအခါ လှိုင်မြို့က မြန်မာဘုရင်လက်အောက်ခံဖြစ်လာသည်။ အလောင်းမင်းတရား သည် ဟံသာ၀တီ ဒေသကိုသိမ်းပိုက်ပြီးနောက် ၂၊မေ၊၁၇၅၅ တွင် ရန်ကုန်မြို့ကို တည်ထောင်လိုက်၏။ အလောင်းမင်းတရားက ရန်ကုန် ၌ မြို့ဝန်တစ်ဦးခန့်ထား လျက် ယခင်ဟံသာ၀တီ (၃၂)မြို့ပါ နယ်မြေဒေသ အားလုံးကို ကွပ်ကဲစေသည်။ သို့ဖြင့်လှိုင်မြို့ကလေးသည်လည်း ရန်ကုန်မြို့ဝန်၏လက်အောက်ခံမြို့တစ်မြို့ဖြစ်လာတော့သည်။ ရန်ကုန်မြို့ဝန်က လှိုင်မြို့ ၌မြို့သူကြီး တစ်ဦးထား ရှိသည်။ သို့သော် လှိုင်မြို့သည် ယခင်မွန်ဘုရင် များလက်ထက်ကလောက် စည်ကားခြင်း မရှိတော့ပေ။ သာယာ၀တီမင်း (၁၈၃၇-၄၆) လက်ထက်တွင် အနောက်နန်းမတော် မိဖုရား မမြလေးမှ ဖွားမြင်သော သမီး မဘွားကို လှိုင်မြို့စား အရာပေးအပ်ချီးမြင့်လိုက်သော အခါလှိုင်မြို့က သမိုင်းတွင်ထင်ရှားအရေးပါလာပြန်သည်။ နောင်တွင်ဘုရင့်သမီးတော် မဘွားသည်လည်း လှိုင်ထိပ်ခေါင်တင် မင်းသမီးအဖြစ် ထင်ရှားလာခဲ့သည်။ သို့သော်လည်း လှိုင်မြို့နယ် ကျော်ကြားမှုက ကြာရှည်သည် မဟုတ် ပါ။ အနောက်နန်းမတော် မမြလေး ရာဇဝတ် သင့်ချိန်တွင် သမီးတော် လှိုင်ထိပ်ခေါင်တင် ရရှိခဲ့သည့် လှိုင်မြို့ကို ပြန်လည်ရုတ် သိမ်းခံရသည်။ ပုဂံမင်းလက် ထက် တွင် သာယာ၀တီ မင်း၏သားတော်တစ်ပါး ဖြစ် သော မင်းသား မောင်ထောင်းအား လှိုင်မြို့ကို ပေးအပ်ပြန်၏။ မောင်ထောင်း သည် လည်းသက်ဆိုးရှည် သူ မဟုတ်ဘဲ ပုဂံမင်း ကို နန်းချသည့်တိုက်ပွဲတွင် ကျဆုံးသွားသည်။ အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲအပြီး ၁၈၃၅ ခုနှစ်မှစ၍ လှိုင်မြို့ အင်္ဂလိပ် လက်အောက် သို့ကျရောက်သွားခဲ့သည်။ ခရစ်နှစ် ၁၈၆၁ ခုနှစ်တွင်ခုနှစ်တွင် လှိုင်မြို့က ကျေးရွာ အဆင့်သို့ ရောက် ရှိနေပြီ ဖြစ်သည်။ ခုထက်တိုင် ရန်ကုန်တိုင်းတိုက် ကြီး မြို့နယ် အတွင်းမှ ရွာလေးတစ်ရွာအဖြစ်တွေ့နေရဆဲဖြစ်သည်။ သို့သော် ယခင်က စည်ပင်ခဲ့သော လှိုင်မြို့ကို အခြေပြုလျက် ပေါ်ပေါက်လာ သော ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ မူ တစ်နေ့တစ်ခြား တိုးတက် ထွန်းကားလျက်ရှိပေပြီ။ ရန်ကုန်မြို့တော်ဝင်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် ကုန်းဘောင်ခေတ်ကာ လက စစ်မှုရေးရာ များပေါ်ပေါက်လာသည့် အခါတိုင်းလက်အောက်ခံဟံသာ၀တီ (၃၂) မြို့အပါအဝင် မြို့များမှစစ် သည် များ ကိုခေါ်ယူ၍ စုဆောင်းရမြဲဖြစ် သည်။ အကြောင်းရှိ၍ ဆိုပါလျှင်သတ်မှတ်အရေအတွက် အတိုင်း ရန်ကုန်မြို့တော်သို့လာရောက်စုရုံးစစ်မှုထမ်းရ၏။ ဤနည်း အားဖြင့် လှိုင်မြို့ ဝန်းကျင်တွင်နေထိုင် သော သူ တို့ ရန်ကုန်သို့အရောက်အပေါက်ရှိခဲ့ကြသည်။ လှိုင်မြို့မှ လှိုင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခြင်းဖြင့် ရန်ကုန်သို့ရောက်ရှိနိုင် သည့်အလျောက် ကုန်ရောင်းဝယ်သူများ ကူးသန်းသွားလာမှုရှိခဲ့ပေလိမ့်မည်။ ထင်ရှားသော အဆောက်အဦးများ လှိုင်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။ မြန်မာနိုင်ငံရှိ မြို့များ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
လိင်
လိင်ဖြင့် မျိုးပွားသော သက်ရှိရုပ်စုတိုင်းတွင် ရုပ်စု တစ်ခု၏ လိင်သည် ဂမိတ် (gamete) ခေါ် အဖိုမှ ထုတ်သော သုတ်ကောင်၊ အမ မှ ထုတ်သော မျိုးဥ ဖြင့် သက်မှတ်နိုင်သည်။ များသောအားဖြင့် သက်ရှိရုပ်စုတိုင်းသည် အဖို နှင့် အမ ပြင်ပ ပုံပန်းသဏ္ဌာန်ကွာခြားသည်။ ၎င်းပုံပန်းသဏ္ဌာန်ကွာခြား ခြင်းသည် လိင်စိတ် အတွေ့အကြုံ ခြားနားခြင်းကြောင့် မတူညီသော မျိုးပွားမှုကို အားပေးသည်။ ဇီဝဗေဒတွင် လိင်ကိစ္စ သည် ဂျင်း (gene) အပြောင်းအလည်း ဖြစ်စေပြီး ရရှိလာသော မျိုးဆက်သစ် မှာ အထီး သို့ အမ အဖြစ် သီးသန့် ဖြစ်စေသည်။ လိင်ဖြင့်မျိုးပွားခြင်း (sexual reproduction) သည် မိဘ နှစ်ခုတို့၏ အထူးပြုထားသော ဆဲလ်တို့ ဖြင့်ပေါင်းဆက်၍ မျိုးဆက်သစ် ရရှိသည်။ အဖိုဂမိတ် နှင့် အမဂမိတ် တို့ သဏ္ဌာန် နှင့် လုပ်ဆောင်ပုံ တူညီနိုင်သော်လည်း အဖိုဂမိတ် သည် သေးသွယ်၊ သွက်လက် ပြီး ဂျင်း တို့ကို ဝေးလံစွာ ပေါက်ရောက်ရန် ရည်ရွယ်၍ အမဂမိတ်တို့သည် ကြီးပြီး၊ မရွေ့လျားနိုင်ကာ သန္ဓေသားငယ် အတွက် လိုအပ်သော အစာအဟာရ များ ပါရှိသည်။ လိင်
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%84%E1%80%BA
လူ့လောက
ပါဠိအယူအဆ ပါဠိဘာသာ အလိုအားဖြင့် သတ္တလောက တွင် ပါဝင်သော လူသတ္တဝါများနေထိုင်ရာအရပ်ကိုခေါ်ဆိုခြင်း ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%B7%E1%80%9C%E1%80%B1%E1%80%AC%E1%80%80
လူကောင်း
လူကောင်းဆိုသည်မှာ မိမိ၏အကျိုးစီးပွား နှင့် ယှဉ်လာပါက တစ်ပါးသူ၏အကျိုးစီးပွား ကိုအလေးထားအရေးပေးတတ်သူဖြစ်သည်။ ဆိတ်ကွယ်ရာအရပ်၌ပင်ဖြစ်စေကာမူ မကောင်းမှုပြုလုပ်ရန် ရှက်သောသူ၊ မကောင်းမှုပြုလုပ်ရန် ကြောက်သောသူသည်လူကောင်း ဖြစ်သည်။ မြန်မာဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
လူထုဒေါ်အမာအတွက် စာပေသမားများ၏ အမှတ်တရများ
လူထုဒေါ်အမာအတွက် စာပေသမားများ၏ အမှတ်တရများ မင်းသုဝဏ်၏ ကဗျာ (ဒုတိယကျောင်းသားသပိတ်ကာလ၊ အမေမာငယ်စဉ်ဘဝ ကျောင်းသူဘဝ ရေးပေးခဲ့သောစာ) `အမာသည် အပျော့မဟုတ် အဖြူသည် အမည်းမဟုတ် အဖြောင့်သည် အကောက်မဟုတ် အမာကို မပျော့စေနှင့် အဖြောင့်ကို မကောက်စေနှင့်´ (မင်းသုဝဏ်) ၉-၃ ၊ ၁၉၃၆ ဒဂုန်တာရာ "ဆုံးရှုံးဆုံးမှုတရပ်လို့ ပြောရမှာပေါ့။ ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ ဒေါ်အမာဟာ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်မှာ စတွေ့ဖူးတယ်။ ကျနော်တို့က (၁ဝ) တန်းပေါ့။ သူရဲ့ ခင်ပွန်းပေါ့ ဦးလှဆိုရင်ကျောင်းသားဘဝတည်းက ခင်တယ်။ သူလည်း ငြိမ်းချမ်ရေးကိစ္စတွေ ပါဝင်ဆောင်ရွက်ခဲ့တာပဲ။ သူနဲ့ ကိုအောင်ဆန်းနဲ့က မွေးနှစ် အတူတူပဲ။ ဒေါ်အမာနဲ့ ပတ်သက်လို့ ပြောရရင် ပြောစရာတွေက အများကြီးပေါ့။ ချက်ချင်း စီကာပတ်ကုံးပြောဖို့က တချို့အကြောင်းအရာ တွေက အချက်အလက်နဲ့ပြောမှ ပြည့်စုံမယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ ဒေါ်အမာနဲ့ တွေ့ရပါတယ်။ မကြာခဏ။ မန္တလေးရောက်ရင် တော့ ဝင်တယ်ပေါ့ဗျာ။ သူ့အိမ်မှာပဲ တည်းရတာပေါ့ဗျာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူးပေါ့ဗျာ။ တိုင်းပြည် တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူဆောင်ရွက်ခဲ့တာ။ ကျနော်သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်" မြသန်းတင့် အိုလာတာနဲ့အမျှ သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိ သေသွားဖို့ အရေးကြီးပါတယ်။ မြန်မာ့ယဉ်ကျေးမှု မြန်မာစာပေကို ထိန်းသိမ်းစောင့်ရှောက်ရင်း အိုရသေရတာဟာ ဂုဏ်ရှိပါတယ်။ မသေခင်မှာတော တတ်နိုင်မျှ လုပ်ကြရဦးမှာပါပဲ။ ကျနော်လည်း အဲဒီလို နေနိုင်အောင်ကြိုးစားနေပါတယ်။ မြသန်းတင့် (၁၂၊ စက်တင်ဘာ၊ ၉၅) ပါရဂူ|ဆရာပါရဂူ လူထုဒေါ်အမာ၏ စာများသည် မလွတ်တမ်း ဖတ်သင့် ဖတ်ထိုက်သော စာများဖြစ်သည်။ လူထုဒေါ်အမာသည် ယခင်က စာကို စာအရေးအသားမျိုးနှင့် ရေးသည် ။ ထို့နောက် စကားပြော အရေးအသားနှင့် ရေးသည်။ သို့ရာတွင် လူထုဒေါ်အမာ၏ စာများသည် စာဖတ်သူများ ဆွဲဆောင်ခေါ်ငင်သွားသည် ဖြစ်၍ စာ၏ ဆွဲဆောင်ရာသို့ ပါသွားသော စာဖတ်သူသည် စာကို စကားပြောနှင့် ရေးနေသလား၊ စာရေးသလို ရေးနေသလား ဟူသည့် အရေးအသား ကွဲပြား ခြားနားမှုဆီသို့ပင် အာရုံမရောက်တော့ပေ။ ပင်ကိုအလှရှိသော မိန်းမပျိုသည် သနပ်ခါးရေကျဲ လိမ်းလိမ်း နှုတ်ခမ်းနီဆိုးဆိုး လှမြဲ လှနေမည်။ လူထုဒေါ်အမာ၏ စာတွင် ပင်ကိုအလှ ရှိသည်။ ပါရဂူ (၁၂၊ စက်တင်ဘာ၊ ၉၅) ခင်နှင်းယု မအမာလို မြန်မာပီသတဲ့ အမျိုးသမီးတဦးက ကျမတို့ စာပေလောကရဲ့ ဓူဝံကြယ် ဖြစ်နေတာကိုက ကျက်သရေ မင်္ဂလာတပါးပါပဲ။ ဒီ ဓူဝံကြယ်ဟာ ငြိမ်းချမ်းရေးကို ရှေ့ဆောင် လမ်းပြနိုင်ပါစေ ။ ခင်နှင်းယု (၁၂၊ စက်တင်ဘာ၊ ၉၅) မောင်ထင် လူထုဒေါ်အမာ၏ စာပေများကို ကျနော်တို့ ငယ်စဉ်ကာလကပင်လျှင် ဖတ်ရှု့လာခဲ့ရာ ကျနော်စိတ်ထဲတွင် စွဲနေသော အချက်တခု ရှိသည်။ ထိုအချက်မှာ အခြားမဟုတ်။ ဒေါ်အမာ၏ အရေးအသားတို့သည် ကျနော်တို့ ချစ်သော အမိမြန်မာနိုင်ငံ၏ သမိုင်းကို ထုတ်ဖော် ရေးသားသော အဖိုးတန်အမှတ်အသားများ ဖြစ်သည်ဟု တွေ့ရှိရခြင်း ဖြစ်သည်။ သမိုင်းအမှတ်အသားဟု ပြောသောအခါ ရှေးဖြစ်၊ ရှေးဟောင်း အကြောင်းအရာများကို ပြောဆိုရခြင်း ဖြစ်သောကြောင့် ငြီးငွေ့ဖွယ်ဟု ယူဆသူများ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် ဒေါ်အမာသည် နေ့စဉ်အဖြစ်အပျက် အကြောင်းအရာတို့ကို အနုပညာမြောက်အောင် စီကုံး ရေးသားတတ်သော ပုဂ္ဂိုလ် ဖြစ်သောကြောင့် မြန်မာသမိုင်းအတွက် အလွန်အရေးပါ အရာရောက်ပုဂ္ဂိုလ် ဖြစ်သည်ကို နှောင်းလူတို့ ဂရုတစိုက် မှတ်သားထိုက်ပါသည်။ နောင်နှစ်ပေါင်း ၅ဝ ကြာသောအခါ မန္တလေးမြို့ ဘာဖြစ်ခဲ့သလဲဟု သိလိုသော လူငယ်သည် ဒေါ်အမာ၏ စာပေတို့ကို လိုက်လံရှာဖွေ၍ လေ့လာပေလိမ့်မည်။ မောင်ထင် (၅၊ စက်တင်ဘာ ၉၅) ချစ်ဦးညို အားမလို အားမရဖြစ်တဲ့ အခါမျိုးတွေ နောက်ကျိ ရှုပ်ထွေးခံစားရတဲ့ အခါမျိုးတွေ အပျင်းထူ-ဖင့်နွှဲ့သွားတဲ့ အခါမျိုးတွေ စိတ်ချဉ်ပေါက်-စိတ်ခံတွင်းပျက်တဲ့ အခါမျိုးတွေ --- အခါမျိုးတွေ—အခါမျိုးတွေမှာ ဒေါ်ဒေါ့်စာတွေကို ပြန်ဖတ်ပြီး ဒေါ်ဒေါ့်အားထုတ်မှုတွေဆီက ဓာတ်ကူးယူ ဒေါ်ဒေါ့်စေတနာထုထည်ကြီးကို စားသုံး ဒေါ်ဒေါ့်ခရီးရှည်ကြီးကို လှမ်းကြည့် ဒီလိုနဲ့ ချစ်ဦးညို အသက်ဆက်ခဲ့ပေါင်း များလှပါပြီ။ ဘုန်းကြီးလို့ သက်ရှည်တဲ့ ဒေါ်ဒေါ့်ကို ဦးချ ပူဇော်ပါတယ် ခင်ဗျား။ ။ ချစ်ဦးညို (၁၈၊ ၁၊ ၂ဝဝ၅) ကျော်ဝင်း၊ စာရေးဆရာ|ကျော်ဝင်း ကျနော့်မှာ မုံရွာတွင်မွေးပြီး၊ မန္တလေးတွင် ကျောင်းနေခဲ့သည့်တိုင် လူထုတိုက်သို့ အဝင်အထွက် မရှိလှပါ။ လူထုဦးလှ၊ လူထုဒေါ်အမာတို့နှင့်လည်း လူချင်း မရင်းနှီးပါ။ သို့နှင့်တိုင် သူတို့စာတွေနှင့်မူ ငယ်ငယ်ကတည်းက ရင်းနှီးနေသည်။ အထူးသဖြင့် ဒေါ်ဒေါ်၏ လှုပ်ရှားနေသော ကမ္ဘာ ဆောင်းပါးများကို ဖတ်ရင်း နိုင်ငံတကာကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ ဒေါ်ဒေါ့်ကို လူကိုယ်တိုင် စတင်မြင်ဖူးသည်မှာ ဓမ္မဗိမာန်ဟု မှတ်မိနေသည်။ ထိုစဉ်က ဒေါ်ဒေါ်၏ ရွှေမန်းတင်မောင်စာအုပ် ထွက်ခါစဟု ထင်သည်။ လူငယ်တယောက်၏ ဆွေးနွေးချက်ကို ဒေါ်ဒေါ်က ခုလို ပြန်ပြောသည်။ "ဒီနေရာမှာ ဒေါ်ဒေါ်နဲ့ တူမောင်နဲ့ လွတ်လပ်စွာ သဘောကွဲလွဲကြတာပေါ့" စသည်ဖြင့် ...။ ကျနော် စွဲသွားသည်။ ကျနော် ရေးသာစာကို ဒေါ်ဒေါ် ဖတ်ဖြစ်လိမ့်မည် မထင်ပါ။ ဖတ်ဖြစ်လျှင်လည်း ကြိုက်မည် မထင်။ ကိစ္စမရှိ။ ဒေါ်ဒေါ်သည် လွတ်လပ်စွာ သဘောကွဲလွဲခွင့်နှင့် ကျနော်ကို ခွင့်လွှတ်မည်ဟု ယုံထားသည်။ ဒေါ်ဒေါ်ရဲ့စာဖတ်ပရိသတ် ကျော်ဝင်း မောင်စွမ်းရည် “ကျနော်တို့ အမေလို နေလာတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ ကျနော်တို့ ဒီမိုကရေစီဘက်က ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တဲ့ ကလောင်သတင်းစာဆရာမကြီး စာရေးဆရာမကြီးတယောက် ဆုံးရှုံးသွားတယ်ဆိုတော့ ကျနော်တို့မှာ ရွှေတောင်ကြီးပြိုသလို တကယ့်ကို ဝမ်းပန်းတနည်း ဖြစ်မိပါတယ်” သန်းမြင့်အောင် အမေရဲ့ ပြင်ပ အသွင်သဏ္ဌာန်က အေးချမ်းသိမ်မွေ့ပြီး ဖော့ဖယောင်းလို ပျော့ပျောင်းနေပေမယ့် အမေ့ရဲ့ အတွင်းသရုပ်ကတော့ မြင့်မြတ်တဲ့ ယုံကြည်ရပ်တည်မှုမှာ သံမဏိလို မာကျောသူ ။ အဲဒီ ပျော့ပျောင်းကြံ့ခိုင်တဲ့ အမေဟာ ကျမတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေ တိုးပွားလာစေဖို့ ရှေ့ဆောင် လမ်းပြကြယ်ကြီး တပွင့်လည်း ဖြစ်တယ်။ "အမေ့ရှေးစကား" နဲ့ မျိုးဆက်သစ် မြန်မာမိန်းကလေးတွေကို မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ မျိုးစေ့ချပေးတဲ့ ဥယျာဉ်မှူးလည်း ဖြစ်တယ်။ တခါတခါ မမျှော်လင့်တဲ့ ပုံသေနည်းမဲ့ ပုစ္ဆာတွေနဲ့ ရင်ဆိုင်တဲ့အခါ ၊ အမေဟာ ကျမတို့အတွက် မဇ္ဈိမ ပဋိပဋာကျတဲ့ သင်ရိုးညွန်းတမ်း တခုလည်း ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ တနံတလျားက အမေကို ချစ်ကြတဲ့ စာသမားတွေအတွက်တော့ အမေဟာ စံပြခေါင်းဆောင် မိခင်တယောက် ဖြစ်တယ်။ "ခေါင်းဆောင်" ဆိုတာ ကိုယ့်ကိုယ်ကိုယ် တပ်လို့ရတဲ့ အမည်နာမ မဟုတ်။ အများရဲ့ ယုံကြည်လေးစားမှု၊ ချစ်မက်မြတ်နိုးမှုတို့မှ ပေါက်ဖွားလာသော နာမဝိသေသနတခုသာ ဖြစ်သည်။ သန်းမြင့်အောင် (၁၃၊ ၁၊ ဝ၅) ဦးဝင်းဖေ `ကျနော့်အနေနဲ့ မှတ်မှတ်ရရပြောရလို့ရှိရင် ကျနော် လူထုတိုက်မှာ သရုပ်ဖော် ပန်းချီ ဆရာအဖြစ်၊ ကာတွန်းဆရာအဖြစ် ဝင်တဲ့အချိန်မှာ ပထမဆုံး ကျနော်ကာတွန်းရေးရမယ့် လမ်းညွှန်ပေါ်လစီကို သူက ပြောပြတယ်။ အဲဒါဘာလဲဆိုတော့ မောင်ဝင်းဖေတဲ့၊ မင်း သတင်းစာကာတွန်းအနေနဲ့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြောင်လှောင်ပြီးရေးတော့မယ်ဆိုရင် အရေးခံရတဲ့ လူကိုယ်တိုင်က အော် ငါကလည်း ငါပဲကို၊ သူရေးမယ်ဆိုရင်လည်း ရေးပေမှာပဲလို့ လက်ခံနိုင်တဲ့အခြေအနေရှိအောင် မင်းရေးပါတဲ့။ အဲဒါ မင်းအတွက် ကာတွန်းလမ်းညွှန်ပေါ်လစီပဲဆိုပြီးတော့ အလွန်ကျယ်ပြန့်ပြီး သိမ်မွေ့တဲ့ လမ်းညွှန်ချက် ကို ပြောပါတယ်´ အော်ပီကျယ် ငယ်ငယ်ကတော့ စာရေးဆရာမကြီး လူထုဒေါ်အမာနဲ့ပဲ အဝေးက သိခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ ကာတွန်းဆရာအဖြစ် မန္တလေးကို ပြန်ခိုနားတော့ လူထုတိုက်ဟာ ကျနော်တို့ရဲ့စုစည်းရာ ဒေါ်ဒေါ်ဟာ ကျနော်ရဲ့ ရိုသေ အတုယူစရာ ပွင့်ပွင့်လင်းလင်း တိုင်ပင်စရာ ဖြစ်ခဲ့တယ်။ အမေစု (ရေနံမြေ ဒေါ်ခင်စု၊ ကွယ်လွန်)နဲ့ မနက်တိုင်း လမ်းလျှောက်ရင်း ကျုံးထောင့်မှာ ဆုံခဲ့တဲ့ ဒေါ်ဒေါ် အနုပညာ လောကသားတွေကို သားသမီးလို ကြင်နာတဲ့ ဒေါ်ဒေါ် အနုပညာ လောကသားတွေကို သားသမီးလို ကြင်နာတဲ့ ဒေါ်ဒေါ် အမြင်မတော်ရင် စေတနာနဲ့ ခေါ်ဆူတတ်တဲ့ ဒေါ်ဒေါ် မိသားစုအရေးကိုပါ ဂရုတစိုက် မေးတတ်တဲ့ ဒေါ်ဒေါ် မှတ်စရာ စကားတွေကို လိုရင်းရောက်အောင် ပြောတတ်တဲ့ ဒေါ်ဒေါ် ပြည့်ပြည့်စုံစုံ ပြုစုဖို့ စုဆောင်းထားတဲ့ ဦးဘဂျမ်းကာတွန်းတွေကို ဖတ်ခွင့်ပေးတဲ့ ဒေါ်ဒေါ် နိုင်ငံတကာ အတွေ့အကြုံရအောင် လမ်းခင်းပေးတဲ့ ဒေါ်ဒေါ် ရန်ကုန်ကို ပြောင်းတော့ ကွန်ပျူတာ လေ့လာခွင့်ရအောင် ဆက်သွယ်ပေးတဲ့ ဒေါ်ဒေါ် လူတွေဖတ်ဖို့ အသက်အရွယ်နဲ့မမျှ စာရေးတဲ့ ဒေါ်ဒေါ် အနုပညာသမားတွေကို မြေတောင်မြှောက်တဲ့ ဒေါ်ဒေါ်၊ ....... ဒေါ်ဒေါ်ဟာ အများပါ ။ အော်ပီကျယ် " အမေမာအတွက် အမှတ်တရစကားများ " ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း (တိုင်းရင်းသားလူမျိုးများ ကောင်စီ) "အခုလို လူထုဒေါ်အမာ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားရတဲ့အတွက် ကျနော်တို့ တိုင်းရင်းသား လူမျိုးများ အနေနဲ့ အများကြီး ဝမ်းနည်း ကြေကွဲရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်ထောင်စု ပြန်လည် တည်ထောင်ကတည်းက တနည်းပြောရရင် လွတ်လပ်ရေးရ ကတည်းကပဲ ကျနော်တို့ တိုင်းရင်းသား လူမျိုးများကြားနဲ့ မြန်မာလူမျိုးတွေ ကြားမှာ လူထု ဒေါ်အမာနဲ့ လူထုဦးလှတို့ရဲ့ ရေးသားချက် တွေဟာ အင်မတန်မှ အရေးကြီးခဲ့ပါတယ်။ ကျနော် မှတ်မှတ်ရရ ပြောရမယ်ဆိုရင် လူထုဦးလှ ရေးခဲ့တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ပုံပြင်များ စာအုပ်ဟာ တိုင်းရင်းသားများကြားမှာ နားလည်မှု အများကြီး ပေးခဲ့တယ်လို့ ကျနော် ထင်မိပါတယ်" "ပြီးတော့ လူထုသတင်းစာအရလည်း နိုင်ငံရေးအရ အင်မတန်မှ ကျော်ကြားခဲ့တဲ့ သတင်းစာ ဖြစ်တဲ့အပြင် ကျနော်တို့ ပြည်ထောင်စုထဲမှာ ရှိနေတဲ့ လူမျိုးများ ချစ်ကြည်ရေးကိုလည်း အများကြီး အားပေးခဲ့တယ်လို့ မြင်မိပါတယ်။ ပြီးတော့ လူထုဒေါ်အမာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေဟာ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကြားမှာလည်း အများကြီး အရေးကြီးခဲ့တယ်လို့ နားလည်ခဲ့တယ်။ ကျနော် တက္ကသိုလ် ကျောင်းသားဘဝ ကတည်းက သူနဲ့ စုံခဲ့ပါတယ်။ သူဆုံးသွားတဲ့အတွက် ကျနော်တို့ ပြည်ထောင်စုကြီးထဲမှာ ရှိနေတဲ့ မိခင်တယောက် ကျဆုံးသွားတယ်လို့ ခံစားမိပါတယ်" ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး ပညာပေးဌာန- မြန်မာနိုင်ငံ) "ဒေါ်အမာ ဆုံးရှုံးသွားတာဟာ စာပေ အနုပညာသမားတွေအတွက် သာမကဘဲ ကျနော်တို့ တိုင်းပြည်တခုမှာ ရှိတဲ့ လူတွေ အားလုံးအတွက် ဆုံးရှုံးမှု ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အမာဟာ နိုင်ငံရေးသမိုင်းတလျှောက် မှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တဲ့ အမျိုးသမီး စာနယ်ဇင်းသမား တယောက်ဖြစ်တယ်။ နောက်တခါ နောက်ဆုံးအချိန်အထိ နအဖရဲ့ မတရားမှုတွေကို ဖော်ထုတ်ပြီးတော့ နအဖ က သူ့ကို စာပေထုတ်ဝေခွင့်တွေ ပိတ်ပင်ခဲ့တာတောင်မှ အမှန်တရားဘက်ကို ရပ်တည်တဲ့ အမျိုးသမီးတယောက် ဖြစ်တယ်။ သူဆုံးရှုံးမှုဟာ စာပေ လောကတင်သာ မကဘဲနဲ့ အမျိုးသမီးခေါင်းဆောင်တွေ ရှားပါးနေတဲ့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံအတွင်းမှာ တကယ့်ကို ဆုံးရှုံးမှုကြီးတခု ဖြစ်ပါတယ်" ကဗျာဆရာ ငြိမ်းဝေ "ဒေါ်အမာ ကွယ်လွန်သွားတာဟာ အသက်အရွယ်အားဖြင့်တော့ ကြီးရင့်ပြီ ဖြစ်ပေမယ့် သူက ထူးခြားချက်က တခြားလူတွေလို မဟုတ်ဘူးလေ။ စာပေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ဖြစ်ဖြစ်၊ အသက်ဆုံးသွားတဲ့ အချိန်အထိ တကယ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ တည့်တည့်မတ်မတ် ပြည်သူလူထုဘက်က ရပ်တည်သွားနိုင်ခဲ့တာ ဆိုတော့ အံ့ဩဖို့ ကောင်းတယ်" နောက်တချက်က ကျနော်တို့ တိုင်းပြည်မှာ သာမန်သတင်းစာ ဆရာမကြီး မဟုတ်ဘူး။ သူဟာ တကယ့်ကို တွေးတတ်တဲ့ အမြင်ရှိတယ်။ ပြည်သူလူထု ရှေ့က ရပ်တည်တဲ့၊ အင်မတန်မှ အားကိုးရတဲ့ တိုက်ပွဲဝင် သတင်းစာ ဆရာမကြီး တယောက် ဆုံးရှုံးသွားပြီလို့ပဲ ကျနော် ယူဆတယ်။ အခုလို ချောင်းကူး မြောင်းကျော် ကာလမှာ အခုလို ဆရာမကြီး အမေ လူထုဒေါ်အမာ ဆုံးသွားတဲ့အတွက် ကျနော်တို့ ပြည်သူတွေအဖို့ တကယ့်ကို ကြေကွဲဖို့ ကောင်းပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှု တခုပါ" မိဆူးပွင့် (မြန်မာအမျိုးသမီးသမဂ္ဂ) "အမေလူထု ဒေါ်အမာဟာ စာပေလောကမှာ မိခင်ကြီးလို့ အားလုံးက ခံယူထားကြတာပေါ့နော်။ ဒါကြောင့် အမေရဲ့ မွေးနေ့ဆိုရင်လည်း အမြဲ ဂုဏ်ပြုခဲ့ကြတယ်။ တိုင်းပြည်အတွက်လည်း ပြောဆိုတာတွေ၊ ရေးသားချက်တွေ ရှိခဲ့တယ်။ သူ့သမိုင်း တလျှောက်လုံးမှာလည်း သူ့အချိန်တွေကို ကုန်ဆုံးခဲ့တာ ဖြစ်တယ်။ ကျမတို့ မြန်မာနိုင်ငံမှာ အမေလူထု ဒေါ်အမာလိုမျိုး နောက်ထပ် လူထုဘက်က ကြံ့ကြံ့ခံခဲ့တဲ့ စာပေပညာရှင်မျိုးတွေ ထပ်ပြီး ပေါ်လာဖို့ဆိုတာက ရှိရင်တောင်မှ စာပေအတွက်ရော၊ နောက်လာမယ့် မျိုးဆက်တွေအတွက်ရော အင်မတန် ဆုံးရှုံးမှု ဖြစ်တယ်။ ပြီးတော့ မိသားစုကို ကြည့်မယ်ဆိုရင်လည်း သူ့ခင်ပွန်းကအစ တော်လှန်ရေးမျိုးဆက်လို့ ပြောလို့ရတယ်။ မိသားစုရဲ့ မိခင်အနေနဲ့ရော၊ တိုင်းပြည်ရဲ့ မိခင်အနေနဲ့ရော အများကြီး ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်" ဦးဉာဏ်ဝင်း (NLD ပြောခွင့်ရ ပုဂ္ဂိုလ်) "ကျနော်တို့ကတော့ အထူးပဲ ဝမ်းနည်းပါတယ်။ ဘာလို့လည်း ဆိုတော့ အမေလူထု ဒေါ်အမာက အမြဲတမ်း ပြည်သူဘက်က ရပ်တည်တယ်။ နိုင်ငံရေးအရလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ အမြဲတမ်း Sympathy ထားတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတယောက် ဆုံးပါးသွားတာ ကတော့ ကျနော်တို့ အထူးပဲ ကြေကွဲ ဝမ်းနည်းပါတယ်" ဖေမြင့် "အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးမှုတခုပေါ့ဗျာ။ ဒေါ်အမာက အသက်လည်း ရှည်ပါတယ်။ ဆုံးရှုံးသွားတာ၊ ကွယ်လွန်သွားတာက ဝမ်းနည်းစရာပေါ့ဗျာ။ ရှည်လျားတဲ့ သက်တမ်းတလျှောက်မှာ ဗမာစာပေအတွက် အကျိုးပြုတဲ့စာတွေ၊ အသိအမြင် ကြွယ်ဝစေရေး စာတွေ အများကြီး ရေးခဲ့တယ်။ တိုင်းပြည် ကောင်းရာကောင်းကြောင်းအတွက် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှမှာလည်း ကိုယ်ကျိုးကို မငဲ့ဘဲ အမြဲတမ်း လုပ်ခဲ့တယ်။ အင်မတန်မှ ကျေးဇူးကြီးမားတဲ့ စာပေနယ်အတွက်ရော တိုင်းပြည်အတွက်ရော ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ အင်မတန်မှ ဝမ်းနည်းစရာ ဆုံးရှုံးမှုတခုလို့ ပြောချင်ပါတယ်" မင်းခိုက်စိုးစံ "ဒေါ်အမာ ကွယ်လွန်သွားတယ် ဆိုတဲ့ဟာက ကျနော်တို့မှာက မိသားစုတစုအနေနဲ့ ပြောရမယ်ဆိုလို့ ရှိရင် ကျနော်တို့ရဲ့ အိမ်ဦးခန်းမှာ ဂုဏ်ကျက်သရေရှိရှိ အလေးအနက်ထားရတဲ့ အဖွားတယောက် မိခင်ကြီးတယောက် ကွယ်လွန်သွားသလိုပါပဲ၊ စာပေလောက အတွက်ရော အားလုံးအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလို့ပဲ ပြောပါရစေ။ ကျနော်တော်တော်လည်း စိတ်မကောင်း ဖြစ်နေပါတယ်" မြန်မာစာပေ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%92%E1%80%B1%E1%80%AB%E1%80%BA%E1%80%A1%E1%80%99%E1%80%AC%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA%20%E1%80%85%E1%80%AC%E1%80%95%E1%80%B1%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%81%8F%20%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%90%E1%80%9B%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
လူမှုဆက်ဆံရေး
ဟိုတယ်စီမံခန့်ခွဲသူ ဒီစာပေသည် ဟိုတယ်စီမံခန့်ခွဲမှူ့ဆိုင်ရာများကို လက်တွေ့ အသုံးချရန် တင်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်သည့်အတွက် ဟိုတယ်စီမံခန့်ခွဲမှူဆိုင်ရာ ပညာရပ်နှင့်ပက်သက်၍လည်း ( ဟိုတယ်စီမံခန့်ခွဲမှူသင်ယူခြင်း နှင့် ဟိုတယ်လုပ်ငန်း) လေ့လာနိုင်ပေသည်။ ဟိုတယ်တခုရဲ့ နေ့စဥ်လုပ်ငန်းများကို စီမံခန့်ခွဲသူကို ဟိုတယ်စီမံခန့်ခွဲသူ (သို့) ဟိုတယ်လီယာဟု ခေါ်သည်။ ကြီးမားသောဟိုတယ်ကြီးများတွင်မူ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့ထားပြီး တစ်ဦးချင်းအလိုက် မိမိ အားသန်ရာလုပ်ငန်းပိုင်ဆိုင်ရာကို အထူးပြုလုပ်ကိုင်နိုင်သည်။ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များ စီမံခန့်ခွဲသူ အနေနဲ့ လုပ်ဆောင်ရမည့် တာဝန်းများ ဟိုတယ်ဝန်ဆောင်မှူများကို စုစည်းခြင်း နှင့် ညွှန်ကြားပေးခြင်း ကွန်ဆီးယပ် (မြို့လမ်းညွှန်၊ အိတ်သယ်) ဧည့်ကြို ဧည့်ကြိုဌာနကို ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာမှာ Front Office ဟု ခေါ်ကြသည်။ ဝါဟာရကို သုံးလိုက်သည့်အခါတိုင်း လူတိုင်းနားလည်ထားသည်မှာ Reception ဟုသာ နားလည်ကြသည်။ Receptionist ကိုသာ ပြေးမြင်ကြသည်။ တကယ်တော့ ဧည့်ကြိုဌာနမှာ အကူလုပ်သားလေးများ ဖြစ်ကြသည့် အထုပ်သယ် အလုပ်သမားများ၊ Bell boy ဝန်ထမ်းလေးများ၊ နေရာထိုင်ခင်း အခန်းစီစဉ်ပေးမည့် Receptionist များ၊ ဧည့်သည် နားခိုနေထိုင်ရမည့် အခန်းပေါက်၀ ရောက်သည့်တိုင်အောင် လိုက်ပါပို့ဆောင်ပေးမည့် ဝန်ထမ်းများ ပါဝင်ကြသည်။ ဧည့်ကြိုဌာနသည် နာမ်ပိုင်းဆိုင်ရာ စကားလုံးအရ ပြောရလျှင် ဟိုတယ်၏ မျက်နှာစာပင် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ဟိုတယ်အဆောက်အဦကြီး ခန့်ညားထည်ဝါခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ ဧည့်ကြိုဌာန၏ အစိတ်အပိုင်းသည် မိမိဟိုတယ်သို့ လာရောက်တည်းခိုသော ဧည့်သည်အား နွေးထွေးပျူငှာစွာ ကြိုဆိုတတ်သော အပြုအမူများကို ထုတ်ဖော်ကာ ဧည့်သည်အား ရာနှုန်းပြည့် ကျေနပ်မှုကို တဒင်္ဂအတွင်းမှာတွင် ပို့ဆောင်ပေးနိုင်သော ဌာနတစ်ခု ဖြစ်ပေသည်။ သို့ဖြစ်ပါသဖြင့် ဧည့်သည်အား ကြိုဆိုသည့် နေရာတွင် လုပ်ငန်းအရ၊ တာဝန်အရ လုပ်ဆောင်နေခြင်းထက် စိတ်ပါလက်ပါ မိမိ၏ သွေးသား ဆွေမျိုးရင်းချာတစ်ယောက်အား နေရာထိုင်ခင်း စီစဉ်ပေးရသကဲ့သို့ အားထုတ် ကြိုးစားနိုင်ပါလျှင် ဧည့်ကြိုဌာနသည် အပြုံးဝေဆာပြီး စကားလုံးချိုချိုများဖြင့် တန်ဆာဆင်ထားသော လှပသည့် ဟိုတယ် မျက်နှာစာကောင်း ဖြစ်လာပေလိမ့်မည်။ ကြိုတင်ဌာန အစားအသောက်ဧည့်ခံရေး သုံးငွေထိန်းချုပ်ခြင်း နှင့် ဘန်နာရေးဆိုင်ရာ အစီစဉ်ရေးဆွဲခြင်း ဈေးကွက်မြှင့်တင်ရေး ဈေးကွက် ကြော်ငြာ အမြတ်ရရှိရေး နှင့် သုံးငွေ အရင်းအမြစ် ဝီကီပီဒီယာမှ ပြန်ဆိုသည်။ လူမှုရေး အယူအဆများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%99%E1%80%BE%E1%80%AF%E1%80%86%E1%80%80%E1%80%BA%E1%80%86%E1%80%B6%E1%80%9B%E1%80%B1%E1%80%B8
လူမင်း
လူမင်းသည် ၁၉၇၀-ခုနှစ်၊ မေလ၊ ၅-ရက်နေ့တွင် အဖ ဦးသိန်းလှိုင်နှင့် အမိ ဒေါ်ရီရီလှိုင်တို့မှ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ မောင်မင်းမင်းလှိုင် ဖြစ်သည်။ ၁၉၉၅ခုနှစ်မှ စတင်ကာ အနုပညာလောကထဲသို့ ဝင်ရောက်လာကာ ၂၀၀၂-ခုနှစ်တွင် ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင် ဇာတ်ကားဖြင့် အကယ်ဒမီ ရခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျန်စစ်မင်း ရုပ်ရှင်ကိုရိုက်ကူးပြသကာ အကယ်ဒမီ ထပ်မံ ရရှိပြန်သည်။ လူမင်းသည် မြန်မာ့ အနုပညာလောကမှာ အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ ကျန်စစ်သား ဇာတ်ကားကို မလေးရှား၊ စင်္ကာပူ၊ ဩစတြေးလျနှင့် တရုတ်နိုင်ငံတိုတွင် ရုံတင်ပြသခဲ့သည်။ ၂၀၀၄-ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ခင်စံပယ်ဦး (ခင်စပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်)(သီဟတင်စိုး၊ စည်သူတင်စိုးတို့၏ ညီမ) နှင့် လက်ထပ်ခဲ့သည်။ ဧရာဝတီလူမင်းအမည်ရှိသော သမီးလေးတစ်ယောက် ထွန်းကားသည်။ ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ ကိုးကား မြန်မာ ရုပ်ရှင် ဒါရိုက်တာများ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%99%E1%80%84%E1%80%BA%E1%80%B8
လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်
လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (Free Trade Agreement) သည် တစ်နိုင်ငံထက်ပိုသော နိုင်ငံများအကြားတွင် ကုန်သွယ်မှုနှင့် ပက်သတ်သော အတားအဆီးများ ၊ အခွန်အကောက်များ ကို လုံးဝ လျှော့ချနိုင်ရန် ရည်ရွယ်၍ စာချုပ် ချုပ်ဆိုထားကြခြင်း ဖြစ်သည်။ Free Trade Agreement များ Andean Community (ဘိုလစ်ဗီးယား ၊ ကိ်ုလမ်ဘီယာ ၊ အီကွေဒေါ ၊ ပီရူးနှင့် ဗင်နီဇွဲလား နိုင်ငံတို့ ပါဝင်သော Free Trade Agreement) ASEAN Free Trade Area (AFTA) (ဘရူနိုင်း ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ ထိုင်း ၊ ကမ္ဘောဒီးယား လာအို ၊ မြန်မာ နှင့် ဗီယက်နမ်တို့ ပါဝင်သော Free Trade Agreement ) Central American Common Market (CACM) (ဂွာတီမာလာ ၊ ကော်စတာ ရီကာ ၊ အယ်ဆာဗေးဒိုး ၊ ဟွန်ဒူရပ် နှင့် နီကွာရာဂါ တို့ပါဝင်သော Free Trade Agreement) Dominican Republic-Central America Free Trade Agreement (DR-CAFTA) ( အမေရိကန် ၊ ကော်စတာရီကာ ၊ အယ်ဆာဗေးဒိုး ၊ ဂွာတီမာလာ ၊ ဟွန်ဒူရပ် ၊ နီကွာရာဂါနှင့် ဒိုမီနီကန် တို့ ပါဝင်သော Free Trade Agreement ) Central European Free Trade Agreement (CEFTA) ( ခရိုအေးရှား ၊ အယ်လ်ဘေးနီးယား ၊ ဘော့စ်နီးယား ၊ မက်စီးဒိုးနီးယား ၊ မော်ဒိုဗာ နှင့် ဆာဗီးယား နိုင်ငံတို့ ပါဝင်သော Free Trade Agreement ) European Free Trade Association (EFTA) ( အိုက်စ်လန် ၊ နော်ဝေ ၊ ဆွစ်ဇာလန် တို့ ပါဝင်သော Free Trade Agreement ) Greater Arab Free Trade Area (GAFTA) ( ဘာရိန်း ၊ အီဂျစ် ၊ အီရတ် ၊ ဂျော်ဒန် ၊ ကူဝိတ် ၊ လက်ဘနွန် ၊ လစ်ဗျား ၊ မော်ရိုကို ၊ အိုမင် ၊ ပါလက်စတိုင်း ၊ ကာတာ ၊ ဆော်ဒီအာရေဗျ ၊ ဆူဒန် ၊ ဆီးရီးယား ၊ တူနီးရှား ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ယီမင် တို့ပါဝင်သော Free Trade Agreement) North American Free Trade Agreement (NAFTA) ( အမေရိကန်နှင့် မက္ကဆီကိုတို့ ပါဝင်သော Free Trade Agreement) South Asia Free Trade Agreement (SAFTA) ( အိန္ဒိယ ၊ ပါကစ္စတန် ၊ နီပေါ ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် နှင့် မော်လဒိုက် နိုင်ငံများ ပါဝင်သော Free Trade Agreement) ဘောဂဗေဒ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%85%E1%80%BD%E1%80%AC%20%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%9E%E1%80%BD%E1%80%9A%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%20%E1%80%9E%E1%80%98%E1%80%B1%E1%80%AC%E1%80%90%E1%80%B0%E1%80%8A%E1%80%AE%E1%80%81%E1%80%BB%E1%80%80%E1%80%BA
အက်ဖ်-၂၂ ရက်ပ်တာ
လော့ခ်ဟိမာတင်/ဘိုးအင်း အက်ဖ်-၂၂ ရက်ပ်တာသည် လူတစ်ယောက်စီး အင်ဂျင် ၂လုံးတပ် ပဉ္စမမျိုးဆက် ထိန်းချုပ်နိုင်စွမ်းမြင့်မားသော (supermaneuverable) တိုက်လေယာဉ်ဖြစ်ပြီးကို ရေဒါမြင်ကွင်းမှ ဖမ်းမိရန် ခက်ခဲသော ရေဒါလှိုင်း ပုံရိပ်လျော့ နည်းပညာ (stealth technology) ကို အသုံးပြုထားသည်။ အဓိကအားဖြင့် လေကြောင်း စိုးမိုးရေး တိုက်လေယာဉ်ဖြစ်သော်လည်း ၎င်း၏ မြင့်မားသော စွမ်းဆောင်ရည်များကြောင့် မြေပြင်တိုက်ခိုက်ရေး ၊ အီလက်ထရောနစ် စစ်ဆင်ရေး နှင့် ရှာဖွေထောက်လှမ်းရေး တာဝန်များကိုလည်း ထမ်းဆောင်နိုင်သည်။ လော့ခ်ဟိမာတင် အေရိုနော့တစ်သည် အဓိက ကန်ထရိုက်တာဖြစ်ပြီး လေယာဉ်ဖရိမ် အစိတ်အပိုင်း အမြောက်အမြား၊ လက်နက် စနစ်များ နှင့် အက်ဖ်-၂၂ ကို အပြီးသတ် တပ်ဆင်ခြင်းတို့ အတွက် တာဝန်ယူဆောင်ရွက်သည်။ ထိုအစီအစဉ်တွင် ပါတနာ ဖြစ်သော ဘိုးအင်း ကာကွယ်ရေး၊ အာကာသနှင့် လုံခြုံရေးကမူ အတောင်ပံများ၊ ကိုယ်ထည်နောက်ပိုင်း၊ အေဗီရွန်းနစ် တပ်ဆင်မှု နှင့် ပိုင်းလော့နှင့် ပြုပြင်ထိန်းသိမ်းရေး သင်တန်းပေးခြင်းများကို တာဝန်ယူ ဆောင်ရွက်သည်။ ထိုလေယာဉ်ပျံကို အမေရိကန် လေတပ်တွင် တရားဝင် အသုံးမပြုမီ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ မတိုင်မီက F-22 နှင့် F/A-22 စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့ကြပြီး စတင်အသုံးပြုချိန်မှ စ၍ F-22A ဟု ခေါ်ဝေါ်ခဲ့ကြသည်။ တည်ဆောက်ရေးကာလ အချိန် အလွန်ကြာမြင့်ခဲ့ပြီး ကုန်ကျစရိတ် အများအပြား အသုံးပြုခဲ့ရသော်လည်း အမေရိကန် လေတပ် အနေနှင့် F-22 ကို အမေရိကန်တို့၏ အနာဂတ် အဓိက လေကြောင်းအင်အား အနေနှင့် မှတ်ယူခဲ့ကြသည်။ ထိုလေယာဉ်သည် သူတို့ သိရှိထားသမျှ သို့မဟုတ် တည်ဆောက်ဆဲ မည်သည့် တိုက်လေယာဉ်ပျံ ဟူသမျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိဟု အမေရိကန် လေတပ်က ကြေညာထားသည်။ လော့ခ်ဟိမာတင်ကမူ ရက်ပ်တာ၏ ရေဒါမြင်ကွင်းမှ ဖမ်းမိရန် ခက်ခဲသော ရေဒါလှိုင်း ပုံရိပ်လျော့ နည်းပညာ၊ အရှိန်၊ လွယ်ကူထိရောက်စွာ ထိန်းချုပ်နိုင်စွမ်း၊ တိကျမှု နှင့် ပတ်ဝန်းကျင် အခြေအနေကိုလိုက်၍ ပြောင်းလဲနိုင်မှု တို့ကို လေကြောင်းတိုက်ခိုက်နိုင်စွမ်း နှင့် မြေပြင်တိုက်ခိုက်နိုင်စွမ်း တို့နှင့် ပေါင်းစပ်လိုက်သည့် အခါတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံး တိုက်လေယာဉ်ဖြစ်စေခဲ့သည်ဟု ဆိုသည်။ ဩစတြေးလျ ကာကွယ်ရေး ဦးစီးချုပ် အန်းဂတ် ဟူစတန်က ၂၀၀၄ ခုနှစ်တွင် "F-22 သည် ယခုအထိ ဆောက်လုပ်ပြီးစီးသော တိုက်လေယာဉ်များတွင် အကောင်းဆုံးဖြစ်သည်။" ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ F -22 ၏ ထူးခြားချက်မှာ အခြား မည်သည့် တိုက်လေယာဉ်တွင်မှ မရှိသေးသည့် ပုံမှန်ပျံသန်းနှုန်းတွင်ပင် အသံထက် မြန်အောင် ပျံသန်းနိုင်ခြင်း ဖြစ်ပြီး After Burner ဟု ခေါ်သည့် ထပ်ဆင့် လောင်ကျွမ်းခြင်း အသုံးမပြုပဲနှင့် အသံထက်မြန်အောင် ပျံသန်းနိုင်ခြင်း ဖြစ်သည်။ name thant zin htwe According to the combination of the invention technology, allow the use of magnetic battery powered 79 filter. အခြေခံ အချက်အလက်များ လေသူရဲ = (၁) ဦး လေယာဉ်အလျား = ၁၈.၉ မီတာ တောင်ပံ အကျယ် = ၁၃.၅၆ မီတာ အမြင့် = ၅.၀၈ မီတာ တောင်ပံ ဧရိယာ = ၇၈.၀၄ စတုရန်းမီတာ အင်ဂျင် = Pratt & Whitney F119-PW-100 အင်ဂျင် (၂) လုံး အမြင့်ဆုံး ပျံသန်းနှုန်း = အသံထက် (၂.၂၃) ဆ ပုံမှန် ပျံသန်းနှုန်း = အသံထက် (၁.၈၂) ဆ တပ်ဆင်နိုင်သည့် လက်နက် စက်သေနတ် ၂၀ မမ စက်အမြောက် (၁) လက် ဝေဟင် - ဝေဟင်တိုက်ခိုက်ရေး အတွက် AIM - 120 AMRAAM (၆) လုံး AIM - 9 Sidewinder ( ၂ ) လုံး ဝေဟင် - မြေပြင် တိုက်ခိုက်ရေးအတွက် AIM - 120 AMRAAM ( ၂ ) လုံး AIM - 9 Sidewinder ( ၂ ) လုံး နှင့် ပေါင် (၄၀၀) ဗုံး (၂) လုံး (သို့မဟုတ်) ပေါင် (၂၅၀) ဗုံး (၈) လုံး ကိုးကား Aronstein, David C. and Michael J. Hirschberg. Advanced Tactical Fighter to F-22 Raptor: Origins of the 21st Century Air Dominance Fighter. Arlington, Virginia: AIAA (American Institute of Aeronautics & Astronomy), 1998. ISBN 978-1-56347-282-4. Crosby, Francis. Fighter Aircraft. London: Lorenz Books, 2002. ISBN 0-7548-0990-0. Holder, Bill and Mike Wallace. Lockheed-Martin F-22 Raptor: An Illustrated History (Schiffer Military/Aviation History). Atglen, Pennsylvania: Schiffer Publishing, Ltd, 1998. ISBN 978-0-76430-558-0. Jenkins, Dennis R. and Tony R. Landis. Experimental & Prototype U.S. Air Force Jet Fighters. North Branch, Minnesota: Specialty Press, 2008. ISBN 978-1-58007-111-6. Miller, Jay. Lockheed Martin F/A-22 Raptor, Stealth Fighter. Hinckley, UK: Midland Publishing, 2005. ISBN 1-85780-158-X. Miller, Jay. Lockheed Martin's Skunk Works: The Official History... (updated edition). Leicester, UK: Midland Publishing, 1995. ISBN 1-85780-037-0. Pace, Steve. F-22 Raptor: America's Next Lethal War Machine. New York: McGraw-Hill, 1999. ISBN 0 July 134271-0. Pace, Steve. X-Fighters: USAF Experimental and Prototype Fighters, XP-59 to YF-23. St. Paul, Minnesota: Motorbooks International, 1991. ISBN 0-87938-540-5. Polmar, Norman. The Naval Institute Guide to the Ships and Aircraft of the U.S. Fleet. Annapolis, Maryland: Naval Institute Press, 2005. ISBN 978-1-59114-685-8 Spick, Mike. The Illustrated Directory of Fighters. London: Salamander, 2002. ISBN 1-84065-384-1. Sweetman, Bill. "Fighter EW: The Next Generation". Journal of Electronic Defense, Volume 23, Issue 7, July 2000. ပြင်ပလင့်ခ်များ F-22 page on GlobalSecurity.org Unique Flight Demonstration video – 2007 Capital Airshow in Sacramento – with narrative by F-22 pilot Paul "Max" Moga စစ်ဘက်သုံး လေယာဉ်ပျံ တိုက်လေယာဉ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%BA%E1%80%96%E1%80%BA-%E1%81%82%E1%81%82%20%E1%80%9B%E1%80%80%E1%80%BA%E1%80%95%E1%80%BA%E1%80%90%E1%80%AC
လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး
လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးညွန်ကြားရေးမှူးမှာ ဗိုလ်ချုပ် နေမျိုးဦး ဖြစ်သည်။ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးအောက်တွင်ရှိသော တပ်များမှာ အောက်ပါအတိုင်းဖြစ်သည် - အမှတ်(၁)ပင်မအလုပ်ရုံ (လျှပ်/စက်) အမှတ်(၂)ပင်မအလုပ်ရုံ (လျှပ်/စက်) အမှတ်(၃)ပင်မအလုပ်ရုံ (လျှပ်/စက်) အမှတ်(၅)လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်း အမှတ်(၇)လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်း အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်း အမှတ်(၁)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၂)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၃)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၄)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၅)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၆)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၇)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၈)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၉)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၁၀)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၁၁)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၁၂)လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း အမှတ်(၁၅၁)အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) အမှတ်(၂၅၂)အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) အမှတ်(၃၅၃)အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) ကိုးကား တပ်မတော် (ကြည်း) စစ်လက်ရုံး/ အကူ/ ဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BB%E1%80%BE%E1%80%95%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%85%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%20%E1%80%A1%E1%80%84%E1%80%BA%E1%80%82%E1%80%BB%E1%80%84%E1%80%BA%E1%80%94%E1%80%AE%E1%80%9A%E1%80%AC%20%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8
လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး
လယ်တီ ဆရာတော် ဘုရားကြီး၏ တပည့်ရင်း ဖြစ်သူ လယ်တီ ပဏ္ဍိတ ဆရာ ဦးမောင်ကြီးမှာ အထက် မြန်မာပြည် မုံရွာမြို့ တောင်ဘက် ခုနစ်မိုင်ခန့် တွင် တည်ရှိသော မုံရွာမြို့နယ် ညောင်ဖြူပင်ရွာ ဇာတိ ဖြစ်သည်။ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်၊ တပို့တွဲလဆန်း ၉ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ အဖမှာ လယ်ပိုင်ရှင်ဦးရောက်ကလေး(အေဒီ၁၈၁၈-၁၈၉၁) ဖြစ်၍ အမိ ဒေါ်ထပ်(အေဒီ ၁၈၃၆-၁၈၈၇) မှာ မင်းတုန်းမင်း တရားကြီး၏အဆောင်ရအပျိုတော် စာတော်ဖတ်တစ်ပါး ဖြစ်သည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးကို ဖွားမြင် ခဲ့စဉ်က ဦးရောက်ကလေးမှာ အသက် ၆ဝ အရွယ်၊ မိခင် ဒေါ်ထပ်ကြီးမှာ ၄၂ နှစ် အရွယ် ဖြစ်၍ ထိုအမိ အဖ တို့၏ တစ်ဦးတည်းသော သား ဖြစ်သည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ ငယ်မည်မှာ ‘မောင်သန့်စင်’ ဖြစ်သည်။ ၁၂၄၇ မောင်သန့်စင် ၇ နှစ်သား အရွယ်တွင် ညောင်ဖြူပင်ရွာ မရမ်းပင်ကျောင်း ဘုန်းတော်ကြီး ဦးသီရိ ထံတော်၌ စာပေအပ်နှံ သင်ကြား စေ၍ ၉ နှစ်သား အရွယ်တွင် ရှင်သာမဏေ အဖြစ်သို့ ရောက်ခဲ့သည်။ ရှင် အမည်မှာကား ‘ရှင်ပဏ္ဍိစ္စ’ ဖြစ်သည်။ ရှင်ပြုပြီး၍ များမကြာ မြင့်မီပင် မိခင် ကွယ်လွန် သောကြောင့် လူဝတ်လဲကာ အသက်အရွယ် အားဖြင့် ၇ဝ ကျော်ပြီ ဖြစ်သော ဖခင်ကြီးနှင့် အတူ နေထိုင် ခဲ့လေသည်။ သို့ရာတွင် အချိန်ကို အလဟဿ မဖြုန်းတီးမူ၍ မရမ်းပင်ကျောင်း ဘုန်းတော်ကြီးထံ ၌ပင် သဒ္ဒါ၊ သဂြိုဟ် အစ ရှိသည် တို့ကို ဆက်လက် သင်အံ နေခဲ့သည်။ နောက် ၁၂၅၃ ခုနှစ် ၁၃ နှစ်သား အရွယ်သို့ ရောက်လတ်သော ဖခင် အနိစ္စ ရောက်ပြန် လေသောကြောင့် မောင်သန့်စင်မှာ မွေးချင်း ပေါက်ဖော် မရှိ၊ တစ်ယောက် ထီးတည်းသာ ကျန်ရစ် ခဲ့ရှာသည်။ ဤသို့လျှင် ‘လယ်တီပဏ္ဍိတ ဦးမောင်ကြီး’ ဟု ကျော်စော ထင်ရှားမည့် မောင်သန့်စင်သည် သာမဏေ ဝတ်လိုက်၊ လူထွက်လိုက်ဖြင့် ရှိနေခဲ့ရာမှ ၁၂၅၇ ခုနှစ် အသက် ၁၇ နှစ် ၁၈ နှစ် အရွယ်သို့ ရောက်သော အခါ စတုတ္ထ အကြိမ်မြောက် သာမဏေ ဝတ်ပြီးလျှင် သက္ကရာဇ် ၁၂၅၈ ခုနှစ်၊ တပေါင်းလ ဆန်း ၈ ရက်နေ့တွင် မုံရွာမြို့ လယ်တီ ဆရာတော် ဘုရားကြီး ထံတော်သို့ ရောက်ရှိ သွားလေသည်။ ထိုအခါ လယ်တီ ဆရာတော် ဘုရားကြီးက ‘ရှင်ပဏ္ဍိစ္စ’ အား ‘ရှင်ပဏ္ဍိတ’ ဟု ပြင်ဆင် မှည့်ခေါ်တော် မူ၍ ပိဋကတ် အခြေခံ ကျမ်းဂန် အရပ်ရပ်ကို နှံ့နှံ့စပ်စပ် သင်ကြား ပေးတော်မူ ပေသည်။ ဉာဏ်ပညာ အရာ၌ ထက်မြက် ထူးချွန် လွန်းလှ သဖြင့်လည်း လယ်တီ ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင်က မကြာခဏ ထုတ်ဖော် ချီးကျူး ရလေသည်။ အသက် ၂ဝ ပြည့်၍ သက္ကရာဇ် ၁၂၆ဝ ပြည့်နှစ်၊ တပေါင်း လပြည့်ကျော် ၈ ရက်နေ့တွင် ရဟန်း အဖြစ်သို့ရောက်ပြီးနောက် များမကြာ မီလည်း လယ်တီ တိုက်ကြီး၌ပင် စာချ ပုဂ္ဂိုလ် အဖြစ် တိုးတက် မြှောက်စားခြင်း ခံရသည်။ ငယ်ရွယ်စဉ် အခါ ကာလကပင် လောက နီတိချိုး ဓမ္မတိချိုး များကို ကြိုးကြား ကြိုးကြား ကြိုးစား လေ့လာခဲ့သူ ဖြစ်သည့် အလျောက် လယ်တီ ဆရာတော် ဘုရားကြီး၏ ကဗျာများကို လေ့လာခွင့် ရသော အခါ၌မူကား ဦးပဏ္ဍိတသည် ကဗျာ အရာ၌ လွန်စွာမှ ကျွမ်းကျင် တတ်မြောက်ခြင်း ဖြစ်သည့် အားလျော်စွာ ‘သဒ္ဒါ ပဏ္ဍိတ’ ဟု ကျော်စော လာဘိသည်။ ‘လယ်တီပဏ္ဍိတ’ ဟု တွင်ရခြင်း အကြောင်းမှာ ဦးပဏ္ဍိတသည် ရဟန်း ၃ ဝါ အရတွင် မန္တလေးမြို့ မဟာ ဝိသုဒ္ဓါရာမ ဆရာတော် ဘုရားကြီး အထံတော်၌ သက္ကတ ဘာသာကို သင်ကြား ဆည်းပူးသည်။ ထိုအခါ ဦးပဏ္ဍိတ၏ အရည်အချင်း ကျော်စော သတင်းကို သိနှင့်ပြီး ဖြစ်သည့် အလျောက် ဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးက ဦးပဏ္ဍိတအား လယ်တီ ကျောင်းတိုက်မှ လာသူ ဖြစ်သည်က တကြောင်း၊ လယ်တီ ဆရာတော် ဘုရားကြီး၏ တပည့်ရင်း ဖြစ်သည်က တကြောင်း၊ ဤ အကြောင်း နှစ်ရပ်ကြောင့် ‘ပဏ္ဍိတ’ ဟူသော ဘွဲ့ရင်းတွင် ‘လယ်တီ’ ကို ထပ်ဆင့် လိုက်ပြီးကာ ‘လယ်တီ ပဏ္ဍိတ’ ဟု တွင်ခဲ့ခြင်း ဖြစ်ပေသည်။ လယ်တီ ပဏ္ဍိတသည် ရဟန်း ၅ ဝါ အရတွင် ပါဠိ ပိဋကတ် ဆိုင်ရာ တို့၌ လည်းကောင်း၊ သင်္သကရိုက် ဆိုင်ရာ တို့၌ လည်းကောင်း ရှင် လူ ပရိသတ် အပေါင်းက အံ့ဩ ချီးမွမ်း ရလောက်အောင် စုံစုံလင်လင်ပင် သင်ကြား တတ်မြောက်ပြီး ဖြစ်သည့် အလျောက် ပစ္စယ မဉ္စရီ၊ ဝီထိမဉ္စရီ၊ ပရမတ္ထ သံခိပ်ဋီကာ၊ ပါဠိ အဘိဓာတ် စသော ကျမ်းများကို စတင် ရေးသား လေတော့သည်။ အသက် ၃ဝ အရွယ် ရဟန်း ၉ ဝါအရ သက္ကရာဇ် ၁၂၇ဝ ပြည့်နှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၈ ခုနှစ်) အတွင်း လယ်တီ ပဏ္ဍိတသည် လူထွက် လိုက်လေသည်။ သို့သော် ငယ်မည် ‘မောင်သန့်စင်’ ဟု မတွင်။ ‘မောင်ကြီး’ ဟူ၍သာ တွင်လေသည်။ နောက်များ မကြာမီပင်လည်း မောင်ကြီးသည် ပျဉ်းမနားမြို့ ဦးအောင်ဒွန်း - ဒေါ်ငြိမ်း တို့၏ သမီး မမကြီး ဆိုသူနှင့် အိမ်ထောင် ပြုခဲ့ရာ သားသမီး လေးယောက် ထွန်းကား ခဲ့လေသည်။ သားအကြီး မောင်တင်ဦး၊ သားအလတ် နှစ်ယောက်နှင့် အငယ်ဆုံး သမီးကလေး တယောက် ဖြစ်ပါ၏။ သားအလတ် နှစ်ယောက်မှာ ဒေါ်မမကြီး အလျင် ဆုံးပါး ကြသဖြင့် ဒေါ်မမကြီး ကွယ်လွန် ပြီးသည့်နောက် သုံးနှစ်ခန့် အကြာတွင် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည်နန်းတွင်းအနွယ်တော်တဦးဖြစ်သည့် ဒေါ်အေးနှင့် နောက်ထပ် အိမ်ထောင် ပြုသော အခါ သားအကြီး မောင်တင်ဦးနှင့် သမီး အထွေးဆုံး ကလေးသာ ကျန်ရစ် ခဲ့ပေသည်။ ဒေါ်အေး နှင့်လည်း မတင်ဦး ဆိုသူ သမီး တစ်ယောက် ထွန်းကား ပြန်သေးသည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် ပျဉ်းမနား မြို့တွင် ၃ နှစ်ခန့်၊ မန္တလေး မြို့တွင် တစ်နှစ်ခန့် နေပြီး မြန်မာ သက္ကရာဇ် ၁၂၇၃ ခုနှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၁၁ ခုနှစ်) တွင် မြန်မာ့အလင်း ဦးရွှေကြူးက ခေါ်လာ သဖြင့် မြန်မာ့ အလင်း မဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်ရသည်။ မြန်မာ့ အလင်း မဂ္ဂဇင်း အကြောင်းနှင့် ပတ်သက်၍လည်း အလျဉ်းသင့် သဖြင့် ဆိုရသော် “ထိုမဂ္ဂဇင်းမှာ ကမ္ဘာစစ် မဖြစ်မီက ထုတ်ဝေသော မဂ္ဂဇင်း ဖြစ်သောကြောင့် မြန်မာပြည်တွင် လက်ဦးဆုံး ထုတ်ဝေသော မဂ္ဂဇင်းဟု ဆိုရပေမည်။ ထိုမဂ္ဂဇင်း အလျင်က မြန်မာ မဂ္ဂဇင်း ထွက်ပေါ် ဖူးသည်ဟု မကြားရချေ။” မြန်မာ စာပေကို အမြဲတမ်း လိုက်စား စုဆောင်း နေသူ တစ်ဦး ဖြစ်သည့် ‘ငွေဥဒေါင်း’ အမည်ခံ စာပေဗိမာန် ဦးကြီးမောင်၏ အလိုအရသော် “၁၉၁၂ ခုနှစ်၊ (မြန်မာ သက္ကရာဇ် ၁၂၇၄ ခုနှစ်) ဇွန်လတွင် ဘားလမ်း၊ အမှတ် ၅၁၊ ‘ရွှေကြူး ကုမ္ပဏီ’ ပိုင်ရှင် ဦးရွှေကြူးက မြန်မာ့ အလင်း မဂ္ဂဇင်းကို စတင် ထုတ်ဝေ လေသည်။” အထက်တွင် ဆိုခဲ့ပြီးသည့် အတိုင်း လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် အသက် ၃ဝ အရွယ် ရဟန်း ဘောင်မှ ထွက်၍ ပျဉ်းမနားတွင် ၃ နှစ်ခန့်၊ မန္တလေးတွင် တနှစ်ခန့် နေပြီးမှ ဦးရွှေကြူး ခေါ်လာ၍ မြန်မာ့ အလင်း မဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်ရသည် ဆိုသော စကားနှင့် ဦးရွှေကြူးက မြန်မာ့ အလင်း မဂ္ဂဇင်းကို စတင် ထုတ်ဝေသည် ဆိုသော စကား နှစ်ရပ်ကို ဆက်စပ် ကြည့်ပြန်သော် သက္ကရာဇ်ချင်း ကိုက်ညီ၍ နေသည် ကိုလည်း တွေ့ရသည်။ သို့ဖြစ်ရာ သက္ကရာဇ် ၁၂၇၄ ခုနှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၁၂ ခုနှစ်) တွင် မြန်မာ မဂ္ဂဇင်း လောက၌ ပထမဦးဆုံး မဂ္ဂဇင်းဟု ဆိုအပ်သော မြန်မာ့ အလင်း မဂ္ဂဇင်းကို စတင် ထုတ်ဝေ၍၊ မြန်မာ မဂ္ဂဇင်း လောကတွင် ပထမဦးဆုံး အယ်ဒီတာ အဖြစ်ဖြင့်လည်း လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးက ဆောင်ရွက် ခဲ့ရကြောင်းနှင့် ဆိုနိုင်သည်။ မြန်မာ့ အလင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ်ဖြင့် ထမ်းရွက်စဉ် မြန်မာ စာပေနှင့် ပတ်သက်သမျှ တို့ကို လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးက တာဝန်ယူ ရေးသား ရပေသည်။ ထို့အပြင် ‘မောင်သောက အိပ်မက်ခန်း’ ကိုလည်း စတင် ရေးသား ပေသေးသည်။ လူကြိုက် အလွန်များသော ဟူ၏။ ထိုမှ တပါး သကုဏ္ဍလ ဝတ္ထုနှင့် ခင်မြင့်ကြီး ဝတ္ထု တို့ကိုပါ မြန်မာ့ အလင်း မဂ္ဂဇင်း၌ ဆက်လက် ရေးသား ထည့်သွင်းကြောင်း၊ ဤမျှသာမက အင်္ဂလိပ် ပြဇာတ်ရေး ဆရာကြီး ‘ရှိတ်စပီးယား’ ၏ စကားပြေပြန် ဝတ္ထုများ ကိုပင် ဦးရွှေကြူးက အင်္ဂလိပ် ဘာသာမှ မြန်မာ ဘာသာသို့ ပြန်ဆို ဖတ်ကြား ပြသည်ကို လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးက ဖွဲ့နွဲ့ ရေးသား ထည့်သွင်းကြောင်းဖြင့် သိရသည်။ ပထမ ကမ္ဘာစစ်ကြီး အတွင်း ‘မြန်မာ့ အလင်း မဂ္ဂဇင်း’ မှာ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးနှင့် ဦးရွှေကြူး တို့၏ ကြိုးပမ်းမှုကြောင့် လည်းကောင်း၊ စစ်ကြေးနန်း၊ စစ်သတင်း တို့ကြေင့် လည်းကောင်း အရောင်းရ တွင်ကျယ် လာကာ စောင်ရေများ တိုးတက် လာသည်မျှ မက လစဉ် ထုတ်မှ ၁၅ ရက် တကြိမ် ထုတ်ရသည် အထိ၊ ထိုမှ တဖန် ၁၅ ရက် တစ်ကြိမ် ထုတ်မှ နေ့စဉ် ထုတ်ပြန်ရကာ အမည် ကိုလည်း ‘မြန်မာ့အလင်းသတင်းစာ’ ဟု ပြောင်းရသည် အထိ လူကြိုက်များ၍ လာခဲ့သည်။ သို့ရာတွင် ထိုပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးခါနီး ဂျာမန်တို့ ဘက်သို့ အသားပေး ရေးသားခြင်း၊ ဂျာမန် စစ်အောင်နိုင်မှု တို့ကို အကြီးအကျယ် ထည့်သွင်းခြင်း တို့ကြောင့် ‘မြန်မာ့အလင်းသတင်းစာ’ ခေါ် ရှေးယခင် ‘မြန်မာ့အလင်းမဂ္ဂဇင်း’ သည် ဗြိတိသျှ အစိုးရ တို့၏ အငြိုအငြင်ကို အထူးခံရကာ နောက်ဆုံး၌ ဆက်လက် ထုတ်ဝေခြင်း မပြုရ တော့ဘဲ ပိတ်ထား ရသည့် အထိပင် ဖြစ်သွားသည်။ ထိုအခါ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် ‘ပညာ့အလင်းမဂ္ဂဇင်း’ သို့ ကူးပြောင်း ဝင်ရောက်ကာ ဆရာ ပီမိုးနင်းနှင့် အတူ လုပ်ကိုင် ပြန်လေသည်။ ပညာ့ အလင်း မဂ္ဂဇင်းတွင် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် သခင်မြင့်ကြီး၊ တင်တင်မြ စသော ဝတ္ထုကြီးများ ကိုလည်း ဆင်၍ ရေး၏။ မြန်မာ့ စာပေ သမိုင်းတွင် ရာဇဝင် ဝတ္ထုကြီးများ အနက် ပထမဆုံး ဖြစ်သော ‘နတ်ရှင်နောင် ရာဇဝင် ဝတ္ထု’ ကိုလည်း ထွင်၍ ရေး၏။ မြန်မာ့ အလင်း မဂ္ဂဇင်းတွင် ရေးလက်စ ဖြစ်သော ‘မောင်သောက အိပ်မက်ခန်း’ ကိုလည်း ‘နေတာရီ ဝတ္ထု’ ဟူသော အမည်ဖြင့် ဆက်၍ ရေး၏။ လူတို့ လိုက်နာ ကျင့်ဆောင်ရန် လမ်းညွှန် ဆောင်းပါးများ ဖြစ်သော ‘နိတိမဉ္စရီခန်း’ ကိုလည်း စ၍ ရေး၏။ ‘သန်းသန်းဝတ္ထု’ ကဲ့သို့သော ဝတ္ထုတို ကလေးများ ကိုလည်း အများအပြားပင် ဖွဲ့၍ ရေး၏။ ထိုဝတ္ထုများ အနက် ‘အလင်းနှင့် အမှောင်’ ဟူသော ဝတ္ထုတို ကလေးကို ရုပ်ရှင် လောကတွင် အစ အဦးဆုံးပင် ထင်ပေါ် ကျော်ကြား ခဲ့ပေသော ဦးအုန်းမောင်၏ လက်ထက်က ပညာ့ အလင်း မဂ္ဂဇင်း၏ အုပ်ချုပ်မှု မန်နေဂျာလည်း ဖြစ်၍ ရုပ်ရှင် ဒါရိုက်တာလည်း ဖြစ်ပေသော ‘ဒါရိုက်တာ တုတ်ကြီး’ က ‘ချစ်အာရုံ’ ဟူသော အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးကြောင်း နှင့်လည်း အမှတ်အသား ရှိပေသည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် ပညာ့ အလင်း မဂ္ဂဇင်း၌ စာပေ့ အကျိုးကို ထိုကဲ့သို့ သည်ပိုး ဆောင်ရွက် နေစဉ် အတွင်း တိုက်အုပ် ဦးတင်တွင် အမှု ဖြစ်လာ သောကြောင့် စိတ်ပျက် လက်ပျက်နှင့် အထက်အညာ မုံရွာသို့ ပြန်သွားသည်။ နောက် အင်္ဂလိပ် သက္ကရာဇ် ၁၉၂၃ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၂၈၅ ခုနှစ်တွင်) ‘ဒဂုန် မဂ္ဂဇင်း’ က ခေါ်ယူ သဖြင့် ထိုနှစ်မှ အစပြု၍ ဒဂုန် မဂ္ဂဇင်းကို အယ်ဒီတာ အဖြစ် အုပ်ချုပ် ဦးစီး ရလေသည်။ ဒဂုန် မဂ္ဂဇင်းတွင် ၉ နှစ် ကျော်ကျော် ၁ဝ နှစ် နီးပါးမျှ ဦးစီး အယ်ဒီတာ အဖြစ် လုပ်ကိုင် နေစဉ် အတွင်း ‘လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး’ ဟူသော အမည်ရင်းဖြင့် လည်းကောင်း၊ ‘မန္တလေး မောင်ခင်မောင်’ ၊ ‘ယုဝတီ ခင်တုတ်’ စသော အမည်ဝှက်များဖြင့် လည်းကောင်း ဝတ္ထု ဆောင်းပါး အများကို ရေးသား ခဲ့ပေသည်။ ထို့အပြင် ပါဠိ ဘာသာပြန်များ၊ ဗုဒ္ဓဘာသာ ကျမ်းစာများ၊ ရာဇဝင် ဝတ္ထုများ၊ ကဗျာများ ကိုလည်း မနား မနေပင် ရေးသား ခဲ့ပေ၏။ ရာဇဝင် ဝတ္ထုများနှင့် ရှစ်လုံးဖွဲ့ ကဗျာများကို စတင် ရေးသား ခဲ့သူမှာလည်း လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးဟု အများက အသိအမှတ် ပြုကြရ ကုန်သည်။ သို့နှင့် ပါဠိ၊ မြန်မာ နှစ်ဘာသာ တတ်ကျွမ်းသော ကျမ်းပြု ပုဂ္ဂိုလ်ကျော် မြန်မာ့ စာဆိုတော်ကြီး တဦး ဖြစ်သည့် အားလျော်စွာ ၁၉၃၂ တွင်ဂုဏ်ထူးဆောင်’ “မဟာဝိဇ္ဇာ” ဘွဲ့ထူးဖြင့် အင်္ဂလိပ် အစိုးရ၏ ချီးကျူး မြှောက်စားခြင်း ခံရပေသေးသည်။ ၁၉၃၉ ခုနှစ် မော်လမြိုင်ညီလာခံ တွင် သခင် ဘွဲ့ ခံယူပီး တို့ဗမာအစည်းအရုံး၏ နာယက တစ်ဦးအဖြစ်လည်းတင်မြှောက်ခြင်းခံရသည်။ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ရှေးရှု၍ ကျမ်းပြုရပေါင်း များလွန်း လာရကား အသက် ၅၅ နှစ်ခန့် အရွယ်တွင် အမူးရောဂါ စွဲကပ်လာရကာ နောက်ဆုံး၌ မတတ်သာ တော့သဖြင့် အင်္ဂလိပ် သက္ကရာဇ် ၁၉၃၃ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၂၉၄ ခုနှစ်၊ နတ်တော်လ) တွင် မုံရွာမြို့သို့ တဖန် ပြန်လည် ပြောင်းရွှေ့ နေထိုင် ရတော့သည်။ ဤသို့အားဖြင့် မုံရွာမြို့တွင်ပင် ဆက်လက် နေထိုင် ခဲ့ရာမှ အသက် ၆၁ နှစ် အရွယ်၊ သက္ကရာဇ် ၁၃ဝ၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၃၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်) သောကြာနေ့ နံနက် ၆ နာရီ အချိန်ဝယ် ဘဝ တပါးသို့ ပြောင်းသွား ကွယ်လွန် ရှာချေသည်။ ဤသည်ကို ရည်၍ ဆရာ ဦးမောင်ကြီး၏ တပည့်ရင်း ဖြစ်သူ လယ်တီ ဦးကောဝိဒက ရတုပိုဒ်စုံ ရေးသား ခဲ့ရာ၌ - “… ပညာမီးဆီ၊ တုမမှီသည်၊ (လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး)၊ ဂုဏ်ယူချီးလျက်၊ သီးခြား ရစ်ခွေ၊ ဘွဲ့အမ် အေတည့်။ ဆယ်ထွေမြှောက်လီ၊ တစ်ကိုမှီသား၊ သက်ဇီဝိတ၊ ချိန်ကာလတွင်၊ သုံးရာက ပေါ်၊ တစ် အကျော်ဝယ်၊ လေဆော်ပင့်ချေ၊ ကဆုန်နွေဟု၊ ဆန်းလေ လေးရက်၊ နာရီစက်ကား၊ နံနက်ပြည့်ညီ၊ ခြောက်နာရီဝယ်၊ ယာယီဖြောင့်တန်း၊ ဆုံးတိုင်ထန်းသည်၊ ၊ ဂဏန်းရေး၍ မချပြီ။ ။” ဟု အတိအကျပင် ဖော်ပြ ထားပေသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ ရုပ်ကလာပ် ကို ထိုလ ၁၀ရက်နေ့တွင်ပင် ကရဝိတ်ဖောင်ဖြင့် သယ်ဆောင်၍ ချင်းတွင်းမြစ်၏ သောင်ပြင်ပေါ်တွင် မီးသဂြိုဟ်တော်မူသည်။ လယ်တီ ပဏ္ဍိတ ရေးသား ပြုစုခဲ့သည့် ကျမ်းပေါင်းကား ၄ဝဝ နီးပါမျှ ရှိပေ၏။ အချို့အဝက်မျှကိုသာ ဖော်ပြရသည် ရှိသော်၊ ယမိုက် အဖြေကျမ်း၊ ပရမတ္ထ သံခိပ် ဋီကာကျမ်း၊ ပါဠိ အဘိဓာန်၊ ဝီထိမဉ္စရီ၊ ပစ္စယမဉ္စရီ၊ သဒ္ဒမဉ္စရီ စသော ပိဋကတ် ဆိုင်ရာ ကျမ်းဂန်များ၊ နီတိမာလာ၊ နီတိမဉ္စရီ၊ သူရဿတီနီတိ၊ စာဏကျနီတိ စသော နီတိကျမ်းများ၊ ဝေဿန္တရာဂီတိ၊ စာဏကျနီတိ စသော နီတိကျမ်းများ၊ ဝေဿန္တရာဂီတိ၊ ဘဂဝါဂီတိ စသော ဂီတိ (ပါဠိ ကဗျာ) ကျမ်းများ၊ သောတမာလာ၊ ဒေသနာ မဉ္စရီ သာဓုသုန္ဒရီ စသော တရား စာအုပ်များ၊ ခင်မြင့်ကြီး၊ တင်တင်မြ၊ သန်းသန်း၊ ရွှေပြည်ကြီး စသော ဝတ္ထုများ၊ နတ်ရှင်နောင် ဝတ္ထု၊ ဗညားနွဲ့ ဝတ္ထု၊ တပင်ရွှေထီး ဝတ္ထု စသော ရာဇဝင် ဝတ္ထုကြီးများ၊ ဓမ္မစကြာ အမေး အဖြေ၊ ပဋ္ဌာန်း အမေး အဖြေ၊ အနတ္တစက္ခု စသော စာအုပ်များ၊ ထေရာဘာသာပြန်၊ ထေရီဘာသာပြန် စသော ဘာသာပြန် စာအုပ်များ ဖြစ်သတည်း။ ။ ကျမ်းကိုး ) မြဝတီမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၂ လာ ဒဂုန်ဦးထွန်းမြင့်၏ 'လယ်တီပဏ္ဍိတ ဦးမောင်ကြီး' အတ္ထုပ္ပတ္တိ။ ) မြဝတီမဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ် ၈ လာ 'ရဝေ စိုးမင်း' ၏ 'တောခိုနေသော စာညွန့်များ' ဆောင်းပါး။ ) မြဝတီ မဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ် ၁ဝ လာ မောင်ကြည်ရှင်၏ 'တောခိုနေသော စာညွန့်များ' ဆောင်းပါး။ ) မြဝတီ မဂ္ဂဇင်း၊ အတွဲ ၂ ၊ အမှတ် ၂ နှင့် ၃ လာ 'ငွေဥဒေါင်း' ၏ 'မြန်မာ မဂ္ဂဇင်း သမိုင်း'။ ) သိပ္ပံမောင်ဝ၏ 'ခေတ်စမ်း ရာဇဝင်ရေးများ' လာ 'လယ်တီ ပဏ္ဍိတ ဆရာဦးမောင်ကြီး'၊ မျက်နှာ ၅၂ မှ ၆၉ အထိ။ ) ကြီးပွားရေး မဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၃ လာ 'မြန်မာ သတင်းစာ ဆရာများ အဖွဲ့' မှ ထုတ်ဝေသည့် 'ဝမ်းနည်းကြောင်း စာတမ်း'။ ) ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် ၁ဝ နှစ်မြောက် 'သမာဓိ သတင်းစာ'။ ။] ) လယ်တီပဏ္ဍိတဦးမောင်ကြီး နှင့် လယ်တီဘိုးဘိုးကြီး စာအုပ်'။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသား ပြုစုခဲ့သော စာအုပ်များ ကဗျာ့မဉ္ဇရီ - ၁၉၆၂ ခုနှစ် ကုန်းဘောင်ခေတ် သုတရတနာ ခေါ်ဆိုထိုက်သော ရှေးဟောင်း ကဗျာပေါင်းချုပ် - ၁၉၆၂ ခုနှစ် ခင်မြင့်ကြီး (ငါးတွဲ) - ၁၉၆၁ ခုနှစ် စာဏကျနီတိကျမ်း - ၁၂၉ဝ ပြည့်နှစ် စာဏကျ လမ်းညွှန်ဖတ်စာ တပင်ရွှေထီး ဝတ္ထုတော်ကြီး (၄ တွဲ) - ၁၉၅၈ ခုနှစ် တင်တင်မြ (၃ တွဲ) - ထေရာဘာသာပြန် - ၁၂၈၉ ခုနှစ် ထေရီဘာသာပြန် ထေရီဂါထာ (မြန်မာ) - ၁၂၆၉ ခုနှစ် ဒေသနာမဉ္စရီကျမ်း ယပ်လှဲတရားစာ - ၁၂၆၉ ခုနှစ် ဓမ္မကထိကစက္ခု ခေါ်ထိုက်သည့် ဒေသနာ မဉ္စရီကျမ်း - ဓမ္မစကြာ အမေးအဖြေ - ၁၉၆၈ ခုနှစ် ဓမ္မဝိနယပြန်တမ်း နီတိမာလာကျမ်း - ၁၉၂ဝ ပြည့်နှစ် နီတိမဉ္စရီကျမ်း - ၁၉၂ဝ ပြည့်နှစ် နတ်ရှင်နောင် - ပဋ္ဌာန်းအမေးအဖြေ - ၁၉၆၃ ခုနှစ် ပရမတ္ထသံခိပ်ကျမ်း - ၁၂၉၉ ခုနှစ် ပါဠိစကားသင်စာအုပ် ပါဠိအဘိဓာန်ချုပ် ပန်ထွာမင်းသမီး ဗညားနွဲ့ ဘဂဝါဂီတကျမ်း မဟာသတိပဋ္ဌာန်သုတ် အမေး အဖြေ မောင်သောက အိပ်မက်ဆန်း မန်လည် မဟာထေရုပ္ပတ္တိကထာ မှိုင်းဝေဝေ ယမိုက်အဖြေကျမ်း - ၁၉၅၄ ခုနှစ် ရွှေပြည်ကြီး ဝိမာနဝတ္ထု၊ (မြန်မာ) - ၁၂၉ဝ ပြည့်နှစ် ဝေဿန္တရာဂီတိကျမ်း ဝေဿန္တရာဟောစာ သကုဏ္ဍလ သာဓုသုန္ဒရီကျမ်း (၆တွဲ) သာဓုသုန္ဒရီ ယပ်လှဲတရားစာ ပေါင်းချုပ် (၁ဝ တွဲ) - ၁၉၇၆ ခုနှစ် သာသနာ့သမ္ပတ္တိဒီပနီ - ၁၉၅၃ ခုနှစ် သီရိဓမ္မအသျှင် မဟာဝိသုန္ဓရာမိက - ၁၂၆၉ ခုနှစ် သူရဿတီနီတိကျမ်း - ၁၂၈၆ ခုနှစ် သောတမာလာကျမ်း (၅ တွဲ) - သောတမာလာ ယပ်လှဲတရားစာ - ၁၂၈၆ ခုနှစ် သန်းသန်းဝတ္ထု (၄ တွဲ) - ၁၉၂၉ ခုနှစ် သမ္မာဒိဋ္ဌိဒီပနီ - ၁၉၃၂ ခုနှစ် အနတ္တလက္ခဏသုတ် အမေး အဖြေ ဥရောပ ဗုဒ္ဓဘာသာ အလင်းပြ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%9A%E1%80%BA%E1%80%90%E1%80%AE%20%E1%80%95%E1%80%8F%E1%80%B9%E1%80%8D%E1%80%AD%E1%80%90%20%E1%80%A6%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ စီမံကိန်း ဦးစီးဌာန စိုက်ပျိုးရေး ဦးစီးဌာန စိုက်ပျိုးရေး သုတေသန ဦးစီးဌာန စက်မှုလယ်ယာ ဦးစီးဌာန ဆည်မြောင်း ဦးစီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန စက်မှုသီးနှံဖွံ့ဖြိုးရေးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်သည်။ သမိုင်းကြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် လယ်ယာစိုက်ပျိုးရေးအပေါ်၌သာ အထက်ကျော်ကာရီမှစ၍ ယနေ့တိုင် အားကိုးအားထားပြုနေခဲ့ရသည့်အလျောက် နိုင်ငံ၏ အဓိကဖြစ်သော စိုက်ပျိုးရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိုးရဌာနတစ်ခုအနေဖြင့် ခွဲခြားသတ်မှတ်ထားခဲ့လေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးသည့်နောက်တွင် ဆန် စပါးတိုးချဲ့စိုက်ပျိုးရေးနှင့် အသီးအနှံမျိုးစုံ ပိုမိုထွက်ရှိရေး လုပ်ငန်းရပ်များတွင် လုပ်ကိုင်ရန် အရေးတကြီး လိုအပ်လာသည်ဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရေးဌာနကို ဌာနခွဲငါးခုထားရှိကာ ၁၉၅၄ ခုနှစ် တွင် ပြန်လည်ဖွဲ့စည်း လုပ်ကိုင်လာခဲ့သည်။ ယင်းဌာနခွဲငါးခုတို့မှာ အုပ်ချုပ်ရေးဌာနခွဲ၊ သုတေသနဌာနခွဲ၊ တိုးချဲ့လုပ်ကိုင်ရေးဌာနခွဲ၊ စက်ယန္တရားဌာနခွဲနှင့် ရောင်းဝယ်ရေးဌာနခွဲတို့ ဖြစ်ကြ၍ ဌာနခွဲတစ်ခုတွင် အကြီးအကဲ အုပ်ချုပ်သူတစ်ဦးစီ ထားရှိလေသည်။ အုပ်ချုပ်ရေးဌာနခွဲ။ ။ လယ်ယာစိုက်ပျိုးရေးဌာန၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စအဝဝတို့ကို အုပ်ချုပ်ရေးဌာခွဲမှ စီမံခန့်ခွဲ အုပ်ချုပ်သွားလေသည်။ စိုက်ပျိုးရေးဘက်ဆိုင်ရာ ကိစ္စအဝဝတို့ကိုကား သက်ဆိုင်ရာဌာနခွဲအသီးသီးတို့ကတာဝန်ယူဆောင်ရွက်သွားကြသည်။ သုတေသနဌာနခွဲ။ ။ စပါးမျိုးကောင်းမျိုးသန့်ရရှိရေးအတွက် သုတေသနလုပ်ငန်းကို စစ်တွေ၊ မှော်ဘီး၊မြောင်းမြ၊ မန္တလေး၊ မုဒုံတို့တွင် လုပ်ကိုင်လာခဲ့ရာ နောက်ထပ်တွေ့ရသော စပါးမျိုးသစ်များမှာ လက်ရှိအသက်တူ စပါးများထက် အထွက်ကောင်းမွန်ကြောင်းတွေ့ခဲ့ရသည်။ ထို့ပြင် မှော်ဘီဥယျာဉ်တွင် မြန်မာစပါးမျိုးများထက် ဆန်ရည်ဆန်သားကောင်းမွန်ပြီး အထွက်သာသည့် မြန်မာ - ဂျပန်စပ်များကို တွေ့ရှိသည်မှာ အားရဖွယ်ဖြစ်သည်။ မြန်မာစပါးမျိုးထဲမှ ရသေ့စပါးမျိုးကို သုတေသနလုပ်ရာတွင် ယင်းသည် ဂျပန် စပါးမျိုးများကဲ့သို့ မြေဩဇာကို ကောင်းစွာစားသုံးနိုင်သည့်ပြင် အကျိုးရှိစွာ စားသုံးနိုင်ကြောင်း တွေ့ရသည်။ ထို့အတူ ဝါ၊ မြေပဲ၊ ကြံ တို့ကိုလည်း သုတေသနပြုလုပ်ကြသည်။ ထိုလုပ်ငန်းများအပြင် နှမ်း၊ ပဲ၊ ပဲငပိ၊ ကုလားပဲ၊ ပြောင်းဖူး၊ ကြက်သွန်၊ ဂျုံ စသောသီးနှံတို့ မျိုးရွေးချယ်ခြင်းလုပ်ငန်း၊ ကောက်ပဲသီးနှံများအတွက် သင့်တော်မည့် မြေဩဇာမျိုးနှင့် အသုံးပြုနည်း၊ သီးထပ် သီးည|ပ်အလှည့်ကျ စိုက်ပျိုးနည်းများ၊ ကောက်ပဲသီးနှံများ၏ ရောဂါနှိမ်နင်းကာကွယ်ရေး၊ သီးနှံတို့၏ ဗီဇပင်ကိုသတ္တိ ပြောင်းလဲရေး၊ မြေ၊ မြေဩဇာ၊ ကောက်ပဲသီးနှံတို့ကို ဓာတ်ခွဲလေ့လာခြင်း၊ နိုင်ငံခြားသို့တင်ပို့သော ဆန်၊ အာလူး၊ ပဲနှင့် အခြားသီးနှံများအတွက် ရောဂါပိုးစစ်ဆေး၍ လက်မှတ်ထုတ်ပေးခြင်း၊ နိုင်ငံခြားမှ တင်သွင်းသော သီးနှံ၊ ကာဖီစေ့ပန်းပင်များတွင်ရောဂါပိုးများ ရှိ/မရှိ စစ်ဆေးခြင်းစသော သုတေသနလုပ်ငန်းအရပ်ရပ်တို့ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ တိုးချဲ့လုပ်ကိုင်ရေး ဌာနခွဲ။ ။ ဤဌာနခွဲလက်အောက်တွင် စိုက်ပျိုးတိုင်း ကိုးတိုင်းခွဲ၍ တစ်တိုင်းစီတစ်တိုင်းစီ၌ တိုင်းစိုက်ပျိုးရေးဝန် တစ်ဦးစီ လုံးဝ တာဝန်ယူကာ အုပ်ချုပ်စေခဲ့သည်။ သုတေသနမှ ထွက်ပေါ်လာသည့် လယ်ယာစိုက်ပျိုးမှု တိုးချဲ့လုပ်ကိုင်ရေးကို ခေတ်နှင့်တန်းတူလိုက်နိုင်အောင် စနစ်တကျဆောင်ရွက်လျက် ရှိလေသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စိုက်ပျိုးလုပ်ကိုင်နိုင်သော လယ်မြေဧရိယာမှာ ဧက ၁၂ သန်းရှိရာ စစ်ပြီးနောက် ဤဌာနမှ ထိုလယ်မြေ ဧရိယာအားလုံးကို မျိုးကောင်းမျိုးသန့် စပါးများဖြင့် ပြည့်ဝအောင် စိုက်ပျိုးနိုင်ရန် လုပ်ကိုင်လျက်ရှိ၏။ အထက်ပါ သီးနှံများအပြင် ဗာဂျီနီးယားစီးကရက်ဆေး စိုက်ပျိုးထုတ်လုပ်ရေး၊ အုန်းစီမံကိန်း၊ ငါးမွေးမြူရေး၊ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးစသည့် စီမံကိန်းများကို ဤဌာခွဲမှ မြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်သွားလေသည်။ စက်ယန္တရားဌာနခွဲ။ ။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးတိုင်းပြည်ဖြစ်သည်အားလျော်စွာ ကျွဲ၊ နွားများကိုသာလုံးဝ အမှီပြု၍ စေခိုင်းခဲ့ရသည်။ သို့သော် ကမ္ဘာစစ်ကြောင့် ကျွဲနွားနည်းပါးမှုပြဿနာကို ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်ပင် အချို့အသီးအနှံများကို စစ်မဖြစ်မီ ဧရိယာအထိ မစိုက်ပျိုးနိုင်ခဲ့ခြင်း၊ ပြည်တွင်း၌ မဖူလုံသော သီးနှံများ တိုးချဲ့စိုက်ပျိုးရာ၌ ဖင့်နွဲ့ ခက်ခဲလျက်ရှိခြင်း၊ တစ်ပြည်လုံးတွင် စိုက်ပျိုးနိုင်လျက် မစိုက်ပျိုးရသေးသော မြေရိုင်းဧက အများအပြား ကျန်ရှိနေသေးခြင်းများ ရှိနေပေသည်။ တစ်ဖန် စက်မှုလုပ်ငန်းများ တိုးချဲ့လာသည့်အတိုင်း တောင်သူလယ်သမားများသည် စက်မှုလုပ်ငန်းဘက်သို့ တဖြည်းဖြည်းကူးပြောင်းလျက် ရှိကြသည့်အလျောက် လယ်ယာလုပ်ငန်းများအတွက် လိုအပ်သော အလုပ်သမားများ တစ်စတစ်စမလုံမလောက် ဖြစ်လာလေသည်။ အထက်ပါပြဿနာကြီးနှစ်ရပ်ကို ပိုင်နိုင်စွာဖြေရှင်းနိုင်ရန် စိုက်ပျိုးရေးဌာနက စက်မှုလယ်ယာလုပ်ငန်းဖြစ်သည့် စက်ယန္တရားဌာနခွဲကို တီထွင်ဖွင့်လှစ်ခဲ့လေသည်၊ ထို့ကြောင့် ဤဌာနက ၁၉၄၈ ခုနှစ်မှစ၍ လယ်ထွန်စက် အနည်းငယ်ကိုဝယ်ယူပြီး စမ်းသပ်ခဲ့သည်။ အောင်မြင်သည့် အလျောက် ၁၉၅၃ ခုနှစ်တွင် နောက်ထပ် လယ်ထွန်စက် ၉၃ စီးနှင့် ထွန်ထယ်ကိရိယာများကို ဝယ်ယူခဲ့ရာ ၁၉၅၄ ခုနှစ်၌မူ စုစုပေါင်း စက် ၁၁၇ စီးဖြင့် လုပ်ကိုင်ခဲ့ရသည်။ ထိုကြောင့်လည်း ထို့နှစ်တွင် လယ်မြေဧကပေါင်း ၃၂ဝဝဝ အထိ စက်ဖြင့် ထွန်ယက်လုပ်ကိုင် ပေးနိုင်ခဲ့လေသည်။ နောက်ထပ် ထွန်စက်များနှင့် ထွန်ထယ်ကိရိယာများကို ဝယ်ပေးခဲ့ရာ ထွန်စက်အင်အားမှာ ၅၁၅၁ (၁၉၆၇) ဖြစ်လာသည်။ နောင်တွင် လယ်ယာလုပ်ငန်းကို စက်ဖြင့် တည်ဆောက်သွားနိုင်လိမ့်မည်ဟု ယူဆရသည်။ ရောင်းဝယ်ရေးဌာနခွဲ။ ။ ဤဌာနခွဲမှ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ကိုယ်စား မျိုးကောင်း မျိုးသန့်စပါးများ ရရှိနိုင်ရန် ဝယ်ယူရသည်။ ဤသို့ ဝယ်ယူရာ၌ မျိုးသန့်စပါးများကို ပထမတန်းအစား၊ ဒုတိယတန်းအစား ခွဲခြား၍ ဝယ်ယူရသည်။ ဤဌာနခွဲ၏ အခြားတာဝန်ဝတ္တရားများမှာ သီးနှံတစ်မျိုးစီ တစ်မျိုးစီအတွက် စိုက်ဧက၊ ပြည်တွင်းအတွက် ထွက်ကုန်ဝင်ကုန်စာရင်းအင်းများ အစရှိသည့် အခြေခံအကြောင်းအရာများကို စုဆောင်းပေးရခြင်း၊ ကောက်ပဲသီးနှံရောင်း ဝယ်ရေး စာစောင်ထုတ်ဝေခြင်း၊ အလေးတင်း တောင်းများ စံထားစနစ်ထား ရှိရေး၊ သီးနှံကုန်ပစ္စည်းအမျိုးအစား စံထားစနစ်အားဖြင့် ခွဲခြားသတ်မှတ်ခြင်းတို့ ဖြစ်လေသည်။ ကိုးကား မြန်မာနိုင်ငံ၏ ယခင် ဝန်ကြီးဌာနများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%9A%E1%80%BA%E1%80%9A%E1%80%AC%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%20%E1%80%86%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%20%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94
လင်းဝေမြိုင်
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ လင်းဝေမြိုင် [၁၉၄၉ - ၂ဝဝ၂] မြင်းခြံ ခရိုင် ကျောက်ပန်းတောင်း မြို့တွင် အဖ ဦးကြည်မောင်၊ အမိ ဒေါ်နု တို့က ၁၉၄၉ ခု ဩဂုတ် ၁၄ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ရှစ်ယောက်တွင် အကြီးဆုံး ဖြစ်၍ အမည်ရင်းမှာ ဦးမြင့်ဦး ဖြစ်သည်။ ၁၉၆၆ ခု ကျောက်ပန်းတောင်း အစိုးရ အထက်တန်း ကျောင်းတွင် ပညာ သင်နေဆဲ မှာပင် ပုဒ်မ (၅) ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ ၁၉၇၁ တွင် အကျဉ်းထောင်မှ ပြန်လွတ် ခဲ့သည်။ ၁၉၇၅ တွင် ဒသမတန်း စာမေးပွဲကို သမိုင်း၊ အင်္ဂလိပ်စာ ဂုဏ်ထူး များဖြင့် အောင်မြင် ခဲ့သည်။ ၁၉၇၉ တွင် ရန်ကုန် ပညာရေး တက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ၁၉၈၂ ခုနှစ် အထိ အင်္ဂလိပ်စာ အဓိကဖြင့် နည်းပြ ဆရာ၊ ထို့နောက် လုပ်သား ပြည်သူ့ နေ့စဉ် (အင်္ဂလိပ်) သတင်းစာတွင် စာပြင်၊ ရုပ်ရှင် တေးကဗျာ (၁၉၈၈ - ၁၉၉၂)၊ စံပယ်ဖြူ (၁၉၉၂ ဇူလိုင်မှ ဒီဇင်ဘာထိ)၊ ရွှေရုပ်စုံ မဂ္ဂဇင်း (၁၉၉၃ - ၁၉၉၅) တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၉၆ ခု ဇွန်လမှ စ၍ ကြော်ငြာနှင့် ဈေးဝယ် လမ်းညွှန် မဂ္ဂဇင်းတွင် အမှုဆောင် အယ်ဒီတာ၊ တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချုပ် အဖြစ် ကွယ်လွန်သည် အထိ တာဝန် ယူခဲ့သည်။ ၁၉၇၇ ခုနှစ် ပညာရေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် စာ စတင် ရေးခဲ့သည်။ ခေတ်ပြိုင် မဂ္ဂဇင်း များတွင် နိုင်ငံတကာ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ နိုင်ငံရေး၊ စီးပွားရေး၊ အင်တာဗျူး စသည့် ဆောင်းပါးပေါင်း (၆ဝဝ) ကျော်နှင့် ဘာသာပြန် ဝတ္ထုတို၊ ဝတ္ထုလတ်ပေါင်း (၂ဝဝ) ကျော်ခန့် ပြန်ဆို ရေးသား ခဲ့သည်။ ကုတ်အင်္ကျီ (၁၉၉၁ - ၁၉၉၉)၊ အလွမ်းတခြင်းနှင့် ပန်းနှင်းဆီ (၁၉၉၇)၊ တော (၁၉၉၈)၊ စစ် (၁၉၉၉)၊ အဖေနဲ့ တွေ့ချင် သတဲ့လားနှင့် နိုင်ငံတကာ ဝတ္ထုတိုများ (၁၉၉၉)၊ ဂန္ဓဝင် ဝတ္ထု - ဂန္ဓဝင် ရုပ်ရှင် (၂ဝဝ၂)၊ အိုင်းဆက်ဗာရှီဗစ်ဆင်းဂါး ဝတ္ထုတိုများ (၂ဝဝ၃) တို့မှာ ထင်ရှားသည်။ ဦးမြင့်ဦး (အင်္ဂလိပ်စာ နည်းပြဟောင်း) ကလောင် အမည်ဖြင့် အင်္ဂလိပ် ဘာသာ စာအုပ် ၁ဝ အုပ်၊ အင်္ဂလိပ် - မြန်မာ အဘိဓာန် ၂ အုပ် တို့ကို တည်းဖြတ် ခဲ့သည်။ ၂ဝဝ၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန် ခဲ့သည်။ စာညွှန်း။ ။ ဝမ်းနည်းမှတ်တမ်း၊ မင်္ဂလာ မဂ္ဂဇင်း (ဩဂုတ် ၂ဝဝ၂)။ စာ ၄၄။ လင်းဝေမြိုင်။ ကုတ်အင်္ကျီ (၂ ကြိမ်၊ ဖေဖော်ဝါရီ ၁၉၉၉)။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၂ဝဝ၃)။ စာ ၁၂၃ - ၁၂၄။] မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ ဂျာနယ်လစ်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%B1%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
သစ်လွင်၊ လင်းယုန်
လင်းယုန်သစ်လွင် (၁၉၁၇-၁၉၉၃) ၁၂၇၉ - ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၉)ရက်၊ ခရစ်နှစ်-၁၉၁၇-စက်တင်ဘာ(၉)တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၌ အဖ-ဦးဖိုးလူ၊ အမိ-ဒေါ်နှင်းဦးတို့က ဖွားမြင်သည်။ ညောင်တုန်းမြို့၊ အစိုးရအထက်တန်း ကျောင်းတွင်-အဌမတန်းအထိ ပညာသင်ကြားခဲ့သည်။ စစ်မဖြစ်မီက မော်လမြိုင်မြို့မှ ထုတ်ဝေသော ခေါင်း ဆောင်သတင်းစာတွင် နယ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့။ ၁၉၄၇ - ဟံသာဝတီနှင့် ဗမာ့ခေတ်-သတင်းစာတွင် နယ်သတင်းထောက်အဖြစ်ဆောင်ရွက်ခဲ့။ ၁၉၄၉ - ရန်ကုန်သို့ရောက်ရှိပြီးလင်းယုန်သတင်းစာတွင် အလုပ်သမားသတင်းထောက်လုပ်ရာမှ လင်းယုန် သစ်လွင် ကလောင်အမည်ယူခဲ့သည်။ ထို့နောက်လင်းယုန်ဂျာနယ်၊ ပြည်တော်သစ်ဂျာနယ်၊ လူထုဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့။ ရှုဒေါင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။ ၁၉၅၀ - ပြည့်နှစ်၊ စာရေးဆရာအသင်းနှစ်ပတ်လည်စာပေပြိုင်ပွဲတွင်တို့ကျေးရွာဝတ္ထုတိုဖြင့် ဝတ္ထုတိုဆုရရှိခဲ့။ ၁၉၅၇ - ၅၈ - ပြည်ထောင်စု မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။ ၁၉၆၂ - သီတာသောင်ခြေဦးလုံးချင်းဝတ္ထုဖြင့် အနုပညာစာပေ ဝတ္ထုရှည်ဆုရရှိ။ ၁၉၆၈ - ယိုးဒယား မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း စာအုပ်ဖြင့် အမျိုးသားစာပေ၊ စာပ ဒေသာဆုရရှိခဲ့။ ၁၉၇၁ - ဓမ္မဝိလာသ လုံးချင်းဝတ္ထုရှည်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရရှိခဲ့။ စာရေးဆရာကြီးလင်းယုန် သစ်လွင်သည် ၁၉၅၂-ခုနှစ်မှ ၁၉၈၆-ခုနှစ်အထိ-လုံးချင်းစာအုပ်(၇၀)ရေးသားခဲ့သည်။ ၁၉၉၃ - ဩဂုတ်လ(၂၁)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ထင်ရှားသောစာအုပ်အချို့ ဘုံကျွန် သေမင်းတမန်လမ်းပေါ်ဝယ် သောင်းဒီပါမြေ ဓမ္မရက္ခိတ သီတာသောင်ခြေဦး(စာပေဆုရ) ဓမ္မဝိလာသ(စာပေဆုရ) ယိုးဒယားမြန်မာမီးရထားလမ်းကိုယ်တွေ့ ချွေးတပ်မှတ်တမ်း(စာပေဆုရ) ဆားချက်မြေ ပင်လယ်တံငါ အသက်သွေးချွေးစတေး၍ ယမုံနာ(ဝတ္ထုတိုပေါင်းချုပ်) ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%85%E1%80%BA%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%81%8A%20%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%E1%80%94%E1%80%BA
လာချိဒ်လူမျိုး
လာချိဒ်လူမျိုး လာချိဒ်လူမျိုးသည် တိဗက်မြန်မာအစုဝင်ဖြစ်သည်။ မြန်မာအုပ်စုမှ မရူ၊ အဇီး အုပ်စုခွဲတွင် ပါဝင်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနား တစ်ဖက်ကမ်း ဓားလွယ်ခုတ်အရပ်ရှိ ဆဒုံးမှ လောခေါင်တောင်တန်းတစ်လျှောက် ကျေးလက်ဒေသများကား အဇီး၊ လာချိဒ်နှင့် မရူလူမျိုးတို၏ စုဝေးနေထိုင်ရာ အရပ်ဖြစ်သည်။ လာချိဒ်လူမျိုးစုတို့ သည် ဆဒုံး၊ အထက်ဖီမော်၊ ဂေါ်လမ်စသည့် နယ်များတိုင်အောင် ပျံနှံနေထိုင်ကြသည်။ အထူးသဖြင့် အင်မိုင်ခ မြစ်ဝှမ်း အောက်ပိုင်းတွင် အများဆုံး နေထိုင်ပုံရသည်။ အင်မိုင်ခ မြစ်ဝှမ်းသည် မရူ၊ လာချိဒ်နှင့် အဇီးတို့၏နေရင်းဒေသ ဖြစ်နေပေသေးသည်။ လရှီလူမျိုး မှ လာချိဒ်လူမျိုးသို့ လာချိဒ် တိုင်းရင်းသားများကို လရှီလူမျိုးဟု လူသိများကြသည်။ ယခင်က လာချိဒ်လူမျိုးကို ဂျိမ်းဖော့တို့က (လရှီ)၊ လော်ဝေါ်တို့က (လချစ်)၊ ဇိုင်ဝါးတို့က (လချီး)၊ လီဆူးတို့က (အာချဖာ့) ဟု ခေါ်ဆိုကြသည်။ ၁၉၇၀−ခု၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ ရန်ကုန်မြို့၌ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် ကချင်ပြည်နယ် ဒေသပါတီရေးရာမှူး ဦးဂျီဘော့မ်ဇုန်းနှင့် ကျောင်းဆရာကြီး ဦးမဒိန်ဇုန်းခေါယိန်းတို့မှ မိမိတို့မျိုးနွယ်ကို ယနေ့မှ စတင်၍ လာချိဒ်ဟု ခေါ်စေလိုကြောင်း တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံတော် အစိုးရက လာချိဒ်ဟု ခေါ်တွင် အသိအမှတ်ပြုလာခဲ့သည်။ သမိုင်းကြောင်း လာချိဒ်မျိုးနွယ်စုအချို့ မေခမြစ်အထက်ပိုင်း ချုံဒါမံဘယ်လန်(Cung Dan be Lang:)ဒေသတွင် နေထိုင်ချိန် ဘီစီ(၄)ရာစုခန့်၊ ခရစ်နှစ်(၁၅)ရာစု အစောပိုင်းတွင် ချူးဒါမ်ငယော်ဒေသမှ လာချိဒ်လူမျိုးများ ဆင်းသက်လာကြသည်။ ယခု မြစ်ကြီးနားအရှေ့မြောက်ဘက် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် မြောက်ဘက် ထော့လန်ဒေသအတွင်း တည်ရှိသည်။ လာချိဒ် တိုင်းရင်းသားများသည် နယ်ချဲ့တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်။ သီပေါမင်းလက်ထက် ၁၈၈၅−ခုနှစ် တတိယအင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်ကာလ နယ်ချဲ့အင်္ဂလိပ်များ အထက်မြန်မာနိုင်ငံတွင် ရောက်ရှိလာချိန်၊ မြန်မာပြည် အရှေ့မြောက်ဘက် လာချိဒ်မျိုးနွယ်စု အများဆုံးနေထိုင်သော မေခမြစ်တစ်လျှောက် ချန်းမော်ခုန်းဒေသသို့ တရုတ်ဇို့လိုကွမ်းနှင့် ဇိုဆိုင်းရိတို့၏ ကျူးကျော်ရန်ကိုလည်း တွန်းလှန်တိုက်ထုတ်ခဲ့သည်။ ၎င်းတို့ ၂ဦးကို ချန်းမော်ခုန်းဒေသ ပဒေါ့လွင်ပြင်တွင် အသေရရှိခဲ့သောနေ့မှ တရုတ်ကျူးကျော်ရန် ငြိမ်းခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး ဒုတယအကြိမ် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ရာ နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လာချိဒ် တိုင်းရင်းသား စော်ဘွားများအား ဆက်သွယ်စည်းရုံးလာခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုရာတွင်လည်း လာချိဒ်မျိုးနွယ်စုများ ပါဝင်ခဲ့သည်။ ပင်လုံစာချုပ်တွင် လာချိဒ်ကိုယ်စားလှယ်တော် အဖြစ်− မျိုးဆက်စဉ် (၅၇) ဇောင့်လဂွေကျန်းလုတ်(ဝဏ္ဏကျော်ထင်) မျိုးဆက်စဉ် (၆၇) ဇောင့်မတောင်တိန့်ခေါဆောင် (ဝဏ္ဏကျော်ထင်) မျိုးဆက်စဉ် (၆၈) ဆရာကြီး ဆောင်ချန်းဇုန်းတို့ ပါဝင်ခဲ့ကြသည်။ လာချိဒ်၊ အဇီးနှင့် မရူလူမျိုးတို့သည် တစ်မျိုးနှင့် တစ်မျိုး အလွန်တူကြသည့်အပြင် ဘာသာစကားမှာလည်း နီးနီးကပ်ကပ် တူကြသောကြောင့် တစ်မျိုးပြောသောစကားကို တစ်မျိုးက နားလည်ကြသည်။ လာချိဒ်စကားသည် မရူစကားမှပင် ဆင်းသက်လာသည် ဟု အချို့ပညာရှင်တို့က ဆိုကြသည်။ သို့ရာတွင် လာချိဒ်စကားမှာ ဗမာစကားနှင့် ပို၍နီးစပ်ကြောင်း တွေ့ရသည်။ ဝေါဟာရများ တူညီနေပုံ ဥပမာဆောင်ပုံ၊ စကားစပ်ဟပ်ပုံတို့ မှာ ဗမာစကားနှင့် တစ်ထပ်တည်းပင် ဖြစ်သည်၊ လာချိဒ်လူမျိုးတို့သည် မရူနှင့် အဇီးလူမျိုးတို့ထက် တရုတ်နယ်စပ်နှင့် နီးနီးကပ်ကပ် နေထိုင်ကြသည်။ လာချိဒ်၊ အဇီးနှင့် မရူလူမျိုးစုတို့သည် မျက်နှာပုံပန်းတွင် ဗမာနှင့် တူလေသည်။ ရှေးက မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ်ရိုး တစ်လျှောက် ဆင်းသက်လာကြသော တိဗက်-မြန်မာလူမျိုးစုတို့မှ ကျန်ရစ်ခဲ့သည့် လူမျိုးစုများ ဖြစ်ပေသည်။ နတ်ကိုးကွယ်သူများ ဖြစ်သော်လည်း တရုတ်တို့၏ အယူဝါဒ ကိုလည်း လိုက်နာကျင့်သုံးလျက် ရှိသည်။ မန်းရှန်း၊ ဟရဲ၊ လွတ်ဆင်၊ ယင်ဒမ်၊ ငေါ်လန်၊ ဆီချန်စသည်ဖြင့်လည်း အစုငယ်များ ကွဲပြားနေသည်။ ၁၉၃၁−ခုနှစ် သန်းခေါင်စာရင်း အရ လာချိဒ်လူမျိုး လူဦးရေမှာ ၂၂၁၃၆၂ ယောက်ခန့် ရှိလေသည်။ ကိုးကားချက် မြန်မာနိုင်ငံလူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AC%E1%80%81%E1%80%BB%E1%80%AD%E1%80%92%E1%80%BA%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
လက်ဝဲသုန္ဒရ
မဲဇာတောင်ခြေ-ချီ မဲဇာသစ်တောဖွဲ့ ရတုရေးသူ လက်ဝဲသုန္ဒရ အမတ်ကြီးမှာ ရွှေဘိုမြို့ တောင်ဘက် ခရီးလေးတိုင် အကွာ မန်ကျည်းတုံရွာတွင် ၁၀၈၅-ခုနှစ်၌ မွေးဖွားသူဖြစ်၍ ငယ်မည်မှာ မောင်မြတ်စံဖြစ်သည်။ မောင်မြတ်စံ ၇-နှစ်သား အရွယ်မှစ၍ ပညာသင်လျက် ၁၁-နှစ်သား အရွယ်တွင် ရှင်သာမဏေပြုပြီး ၁၄-နှစ်သား အရွယ်တွင်လူဝတ်လဲသည်။ သာမဏေဘဝဖြစ်စဉ်ကပင် မဟော်ပျို့ကို စပ်ဆိုနိုင်သည်။ ဟံသာဝတီရောက် မင်းတရားကြီးသည် စဉ့်ကိုင်ကို ကေတုမတီသမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင်ဘွဲ့နှင်းပြီး ကေတုမတီ ထီးပြိုင်နန်းပြိုင် အုပ်ချုပ်စေသောအခါ ဦးမြတ်စံသည် ကိုးသိန်းသခင် ထံတွင် စတင်ခစား အမှုထမ်းခွင့်ရသည်။ သက္ကရာဇ် ၁၁၁၉-ခုနှစ်သို့ရောက်သောအခါ အလောင်းမင်းတရားကြီးထံတွင် ခိုလှုံပြန်သည်။ ထိုအခါ သားတော်ကြီး ဥပရာဇာထံတွင် ဦးစွာထမ်းရွက်ခွင့် ရသည်။ နောက် ညီတော်အမြင့်မြို့စား အိမ်တော်တွင် အကြီးတော်အရာ ထမ်းရွက်နေထိုင်ခွင့်ရပြန်သည်။ ထိုအခိုက် လက်ဝဲသုန္ဒရဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရသည်။ ဒုတိယသားတော် ဆင်ဖြူရှင်မင်းတရားလက်ထက်မှာလည်း အမြင့်မင်းအကြီးတော် အဖြစ်ဖြင့်ပင် ထမ်းရွက်ရသည်။ အမြင့်မင်း၏ လူပျိုတော် မောင်အောင်တင်နှင့် အပျိုတော် မမိတ်တို့ အရေးအခင်းတွင် ငအောင်တင်ကို အကြီးတော်လက်ဝဲသုန္ဒရအား ဘုရင်ကတောင်းခံရာ မရ၍ မဲဇာသို့အပို့ခံရသည်။ မဲဇာတောင်ခြေ-ချီရတု ဆက်သွင်းသောအခါ မဲဇာမှ ပြန်လည်ခေါ်ယူ၍ အကြီးတော်အရာကို ပြန်လည်ပေးအပ်ခြင်းမပြုတော့ပဲ အမြင့်မင်းအိမ်မှာပင် ဘယရန္တမိတ်ဘွဲ့ဖြင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်။ သက္ကရာဇ် ၁၁၄၃-ခုနှစ် တပို့တွဲလအတွင်း ဘိုးတော်ပဒုံမင်းကြီး မင်းအဖြစ်သို့ရောက်တော်မူသောအခါတွင်မူ မြို့ဝန်ရာထူးဖြင့် ခန့်ထား၍ မဟာသီဟသူရဘွဲ့ဖြင့် ချီးမြှင့်ခြင်းကို ခံရသည့်ပြင် တရားသူကြီး အဖြစ်လည်း ထပ်လောင်းသူကောင်းပြုခြင်းကို ခံရလေသည်။ အမတ်ကြီးသည် ၁၁၆၁-ခုလောက်တွင် ကွယ်လွန်အနိစ္စရောက်လေသတည်း။ လက်ဝဲသုန္ဒရ (မြန်မာ ၁ဝ၈၉ ခုဖွား) မြန်မာစာပေသမိုင်းတွင် လက်ဝဲသုန္ဒရဟူသောဘွဲ့ဖြင့် ချီးမြှင့်ခံရသော ပညာရှိစာဆိုကြီးနှစ်ဦး ပေါ် ထွန်းခဲ့သည်။ တစ်ဦး၏အမည်ရင်းမှာ ဦးမြတ်စံဖြစ်၍ ကျန်တစ်ဦး၏ အမည်ရင်းမှာ ဦးမြတ်သာနေဖြစ်သည်။ နှစ်ဦးစလုံးသည် ကုန်းဘောင်ခေတ် တွင် ထင်ရှားသောစာဆိုအမတ်ကြီးများဖြစ်၍ အလောင်းမင်းတရားကြီးက ချီးမြှင့်သော လက်ဝဲသုန္ဒရဘွဲ့ကို ခံယူရသူများ ဖြစ်ကြသည်။ သို့ရာတွင် လက်ဝဲသုန္ဒရဟူသောဘွဲ့ဖြင့် ထင်ရှားသူမှာ ဦးမြတ်စံဖြစ်၍ ဦးမြတ်သာနေမှာ မူ လက်ဝဲနော်ရထာဟူသော အခြားဘွဲ့တစ်ခုဖြင့် ထင်ရှားခဲ့သည်။ ဦးမြတ်စံကို ရွှေဘိုမြို့တောင်ဘက် ၁၄ မိုင်ဝေးသော မန်ကျည်းတုံ ရွာတွင် မြင်းစီးမျိုးရိုးရာမှ သက္ကရာဇ် ၁ဝ၈၉ ခုနှစ်တွင် ဖွားမြင်သည်။ စာပေသင်ရန် အရွယ်ရောက်သော် မိဘများက မန်ကျည်းတုံရွာ ရွှေဘုံသာ ကျောင်းဆရာတော် ရှင်ဝရသမ္ဗောဓိထံ အပ်နှံစာပေသင်ကြားစေသည်။ အသက်ခုနစ်နှစ်အရွယ်တွင် သဒ္ဒါကျမ်းဂန်ကို တစ်ဖက်ကမ်းရောက်သည်။ အသက် ၁၁ နှစ်အရွယ်တွင် ထိုဆရာတော်ဘုရားထံ၌ပင် သာမဏေပြုပြီး နောက် ရတနာပူရ အင်းဝမြို့တွင် ထင်ရှားသော ဒုတိယ မှန်စီဆရာတော် ဘုရားကြီးနှင့် စစ်ကိုင်းမင်းဝံတောင်ရိုးရှိ ကယေမ္ဗာဇမထေရ်တို့ထံ ခိုလှုံ၍ ပိဋကတ်သုံးပုံကို အဋ္ဌကထာဋီကာနှင့်တကွ သင်ကြားလေသည်။ သုံးဝါ မြောက်တွင် ပိဋကတ်သုံးပုံကို တစ်ဖက်ကမ်းသို့ရောက်သည်။ ကဗျာ လင်္ကာ ရတု ဧချင်း မော်ကွန်းသီကုံး နှုန်းဖွဲ့မှုကို လေ့လာသင်ကြား၍ သာမဏေ ဘဝနှင့်ရှိစဉ် အသက် ၁၃ နှစ်နှင့် လေးလအရွယ်၌ မဟော်ပျို့ကို စပ်ဆိုသည်။ စာပေတတ်မြောက်၍ တစ်ဆယ့်လေးနှစ်သားအရွယ်ရောက်လတ်သော် လူဝတ်လဲကာ အင်းဝနန်းတော်တွင်း ဝင်ထွက်သွားလာနေသည်။ သို့ ရာတွင် ငယ်ရွယ်သူဖြစ်သဖြင့် မိဘများက စိတ်မချသောကြောင့် ဟံသာဝတီရောက် မင်းတရားကြီးထံတွင် အမှုတော်ကို မထမ်းရွက်ခဲ့ရချေ။ သက္ကရာဇ် ၁၁၁၁ ခုနှစ်တွင် ဟံသာဝတီရောက် မင်းတရားကြီးသည် မလွန်တပ်မှူး သတိုးမင်းခေါင်ကို စဉ့်ကိုင်တွင် အစောင့်အနေထားခဲ့ပြီးလျှင် အလုံးအရင်း နှင့် မွန်တပ်တို့ကိုတွန်းလှန်သည်။ သတိုးမင်းခေါင်လည်း စဉ့်ကိုင်တပ်ကို အခိုင်အမာပြု၍နေခိုက် မွန်တပ်တို့ပြန်သွားလျှင် ဟံသာဝတီရောက် မင်း တရားကြီးသည် စဉ့်ကိုင်ကို ကေတုမတီဟုသမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင်ဘွဲ့နှင်းသည်။ နန်းတော်၊ လွှတ်တော်၊ ရှေ့ရုံး၊ နောက်ရုံး များကိုလည်း ဆောက်စေပြီးလျှင် ထီးပြိုင် နန်းပြိုင် အုပ်ချုပ်စေသည်။ ထို အခါတွင်မှ မောင်မြတ်စံသည် ကိုးသိန်းသခင်ထံ၌ ခစားထမ်းရွက်ခွင့်ရတော့သည်။ ၁၁၁၃ ခုနှစ်တွင် မွန်-မြန်မာစစ်ဖြစ်၍ အင်းဝနေပြည်တော်ကြီး မွန်တို့လက်သို့ ကျရောက်သောအခါ မောင်မြတ်စံသည် မိဘရပ်ထံ ပြန် လည်နေသည်။ အလောင်းမင်းတရားကြီးသည် ကုန်းဘောင်ရွှေပြည်ကြီးကို သိမ်းမြန်း၍ ထီးနန်းစံတော်မူသောအခါမှ ဦးမြတ်စံသည် ရွှေမြို့တော်သို့ ရောက်လာ၍ ဥပရာဇာအိမ်ရှေ့မင်း (နောင်တော်ကြီးမင်း)ထံ၌ ခစားထမ်း ရွက်သည်။ အိမ်ရှေ့မင်း၏ လျှောက်ထားပေးချက်အရ အလောင်းမင်းတရား ကြီးက ဦးမြတ်စံအား သားတော် အမြင့်မြို့စားအိမ်တော်တွင် အကြီးတော်အရာ ခန့်အပ်တော်မူလေသည်။ အမြင့်မြို့စားထံတွင် ထမ်းရွက်ခစားဆဲမှာပင် ရွှေမြို့တော်သို့ ခေါ်တော်မူ၍ လက်ဝဲသုန္ဒရဟူသောဘွဲ့ထူးနှင့် မှူးမတ် အဖြစ်ဖြင့် ချီးကျူးမြှောက်စားကာ အဆောင်အယောင်ပါ ပေးအပ်ပြီးလျှင် မြောက်ဘက်ကိုးသင်းမြင်းမြေနှင့်တကွ ယင်းတော်ရွာကို ပေးသနားတော်မူ လေသည်။ အလောင်းမင်းတရားကြီး နတ်ရွာစံ၍ နောင်တော်ကြီးမင်း နန်းတက်သောအခါ အမှုတော်ကို ဆက်လက်ထမ်းရွက်မြဲ ထမ်းရွက်သည်။ ၁၁၂၅ ခုနှစ်တွင် အင်းဝရွှေပြည်ကို ပြန်လည်ဖန်ဆန်းကြငှန်း ဖွင့်တော်မူသော ဆင်ဖြူရှင်မင်းတရားလက်ထက် ၁၁၂၆ ခုနှစ်၊ နယုန်လပြည်ကျော် ၂ ရက်နေ့တွင် ဥကင်တော်ကြီး ဖွင့်တော်မူကာ ဆွေတော် မျိုးတော် မှူးတော် မတ်တော်တို့အား ဘွဲ့များချီးမြှင့်သည့်အခါ၌ ယင်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် အမြင့်မင်းသားသုသီရိ ဓမ္မရာဇာ အကြီးတော် လက်ဝဲ သုန္ဒရအမတ်အား ဘယရန္တမိတ်ဘွဲ့ ချီးမြှင့်ခဲ့ကောင်းဖြင့် ဆင်ဖြူရှင်ဘုရား တံဆိပ်နာမံတော်နှင့် မိဖရားသားတော် ညီတော် မှူးတော် မတ်တော် အမှုထမ်း အရာထမ်း ဘွဲ့စာရင်းပေမူ၌ ဖော်ပြထားလေသည်။ ၁၁၂၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်နေ့တွင် မှူးတော် မတ်တော် သူရဲသူခက် ကျွန်တော်မျိုးအပေါင်းကို ရွေးကောက်သီးသန့်တော်မူ၍ လေးဆယ်တော် ငါးဆယ်တော် အတွင်းသွေးသောက်အပြင် သွေးသောက်ဖွဲ့တော်မူရာတွင် လက်ဝဲသုန္ဒရအမတ်ကြီးသည် ဘယရန္တမိတ်ဘွဲ့ဖြင့်အရည်တူ လူပေါင်း ၃၉ ဦးပါဝင်သော အပြင်သွေးသောက်လတ်ကို ကြီးမှူးခဲ့ရသည်။ ဆင်ဖြူရှင် မင်းတရားလက်ထက် ညီတော် အမြင့်မြို့စား၏ အိမ်တော်တွင် အကြီးတော်အရာဖြင့် ခစားထမ်းရွက်ခိုက် အမြင့်မင်းသား၏ လူပျိုတော် မောင်ထင်ကျော် (အချို့အမှတ်အသားတွင် မောင်အောင်တင်ဟု ရှိသည်။) သည်အပျိုတော်မမိတ်နှင့် ချစ်ကြိုက်ကြ၍ နန်းတော်အနောက် တံခါး၏ အပြင်ဘက်တွင် ချိန်းချက်စကားပြောနေကြသည်ကို အနောက်ဝန် နှင့် စာရေးတို့သိရှိ၍ ဖမ်းကြလေရာ ငထင်ကျော် လက်လွတ်ပြေးသဖြင့် ငထင်ကျော်ကိုဖမ်းပေးရန် အမြင့်မင်းထံ တောင်းလေသည်။ အမြင့်မင်းလည်း မပေးအပ်ဘဲ နေလေသောကြောင့် မင်းသားအား အစစအရာရာ ဆုံးမသွန်သင်ရန် အပ်ထားပါလျက် အဆုံးအမ အသွန်အသင်မရှိ၍သာ ဖြစ်ရသည်ဟု အကြီးတော် လက်ဝဲသုန္ဒရအပေါ် အမျက်တော်ရှကာ နဖူး၌ စာတမ်းထိုးစေဟု မင်းတရားကြီးက အပြစ်ဒဏ်ခတ်သည်။ မျက်နှာတွင် စာတမ်းထိုးပါက တစ်သက်လုံးဖျက်မရအောင် မည်းတော့မည်ကိုစိုးရိမ်လှသဖြင့် မယားမရွဲက ချမ်းသာပေးသနားတော်မူပါရန်အကြောင်း မယ်တော်ဘုရားအဆောင်သို့ဝင်၍ တင်လျှောက်ရာတွင် စာတမ်းထိုးခြင်းမှ ချမ်းသာ ပေး၍ အညာ မဲဇာတောသို့အပို့ခံရသည်။ မဲဇာ၌နေရစဉ် ကုန်းဘောင် နေပြည်တော်ကို တသကြောင်း၊ သားမယားတို့ကို လွမ်းဆွတ်တသကြောင်း စပ်ဆိုသော မဲဇာတောင်ခြေ ချီ ပိုဒ်စုံရတုနှင့် ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတု များကိုရေးသားဆက်သွင်းသည်။ ရတုများကို နားဆင်တော်မူရသော မင်းတရားကြီးသည် အမတ်ကြီးအပေါ် လွန်စွာသနားတော်မူလာသဖြင့် နေပြည်တော်သို့ပြန်ခေါ်ရာ မဲဇာ၌ ၄၅ ရက်သာနေခဲ့ရသည်။ အချို့ကလည်း ၆၄ ရက်နေရသည်ဟုဆိုလေသည်။ အမတ်ကြီးအရေးအသားသည် နှလုံးသားမှ ပေါ်ထွက်လာသော စကားလုံးများဖြင့် သိပ်သည်းစွာ ရေးသားနိုင်သဖြင့် သက်ဆိုင်သူများအား မဆိုထားဘိ အနှစ် ၂ဝဝ ကွာခြားခဲ့ပြီးဖြစ်သော ကျွန်ုပ်တို့၏ စိတ်နှလုံးကိုပင် ထိခိုက်ဆွဲဆောင်နိုင်သော သတ္တိထူး ရှိလေသည်။ နေပြည်တော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဦးမြတ်စံအား အကြီးတော်အရာ ပြန်လည်ပေးတော်မမူတော့ဘဲ ထမ်းရွက်ရင်းအမြင့်မင်း အိမ်တော်ဝယ် ဘယရန္တမိတ်ဘွဲ့နှင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေ တော်မူသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင်ကလည်း အမျက်တော် ရှိရင်းစွဲဖြစ်သည့်အတိုင်း ခမည်းတော်၊ နောင်တော် မင်းတရားကြီးတို့ကဲ့သို့ မြှောက်စား ခြင်းမရှိတော့ချေ။ အမတ်ကြီးကိုယ်၌ကလည်း စိတ်ပျော်ရွှင်ချမ်းမြေ့ခြင်း မရှိ ရှာ့ချေ။ သို့ရာတွင် ၁၁၃၁ ခုနှစ်နှင့် ၁၁၃၉ ခုနှစ်အကြား အမတ်ကြီးသည် လက်ဝဲနန္ဒမိတ်ဟူသောဘွဲ့ထူးကို ရရှိခဲ့သေးသည်ဟု ယူဆရသည်။ မည်သည့် ခုနှစ်၌ မည်သည့်မင်းက ပေးသည်ဟုကား အတိအကျမသိရချေ။ ၁၁၃၁ ခုနှစ်တွင် ပြုစုပြီးသော နန္ဒီသေနပျို့၌ လက်ဝဲသုန္ဒရ၊ ဘယရန္တမိတ်၊ ပဏ္ဍိတ်ဟူသည် နှစ်မည်ဘွဲ့ခံ ဟု ဘွဲ့နှစ်ဘွဲ့ရကြောင်းပါ၍ ၁၁၃၉ ခုနှစ် တွင် ပြုစုပြီးသော ဝိနိစ္ဆယဓမ္မသတ်လင်္ကာနိဂုံး၌ လက်ဝဲသုန္ဒရ၊ ဘွဲ့ဦး ကလျှင်၊ ဘယရန္တမိတ်၊ ဝှန်ထိတ်ကြေညာ၊ မည်သာဆင့်ကဲ၊ လက်ဝဲ နန္ဒ မိတ်၊ မတ်ပဏ္ဍိတ်လျှင် ဟုပါရှိရာ ထိုအချိန်တွင် ဘွဲ့သုံးဘွဲ့ရပြီဖြစ်ကြောင်း သိသာသည်။ ဘိုးတော်ဘုရားနန်းတက်တော်မူသောသက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် သရေသင်္ခယာဘွဲ့ကိုရရှိသည်။ ထို့ နောက်တွင်လည်း ဆက်လက်၍ လက်ဝဲဘိနန်သူဘွဲ့ကို ရရှိသည်။ အမတ်ကြီးရေးသားသော သေနင်္ဂဗျူဟာနိဂုံး၌ - လက်ဝဲသုန္ဒရ၊ ဘွဲ့နောက်မှလျှင်၊ ဘယရန္တမိတ်၊ ကျော်ထိတ်လျှံဝေ၊ သရေသင်္ခယာ၊ မည်သာထူးကဲ၊ လက်ဝဲ ဘိနန်သူ၊ ရွှန်းရွှန်းလူမျှ ဟု စပ်ဆိုခဲ့လေသည်။ အမတ်ကြီးသည် ဘွဲ့ထူးငါးဘွဲ့ကို ရခဲ့သော်လည်း မြတ်နိုးတနာပြု သောဘွဲ့မှာ လက်ဝဲသုန္ဒရဘွဲ့ပင် ဖြစ်ဟန်တူသည်။ ယင်းဘွဲ့ဖြင့်ပင် လူသိ များ၍ထင်ရှားသည်။ ဘိုးတော်ဘုရားနန်းစံ၍ ၁၈ နှစ်အကြာ သက္ကရာဇ် ၁၁၆၁ ခုနှစ်တွင် သောဏပျို့ကိုရေးသားကြောင်းတွေ့ရရာ အမတ်ကြီးသည် အသက် ၇၂ နှစ်ရှိသည်တိုင် အသက်ရှင်လျက်ရှိသေးကြောင်း မှတ်သားအပ်ပေသည်။ အချို့ကလည်း အမတ်ကြီးသည် ဘကြီးတော်မင်းလက်ထက်တွင် တရားသူကြီးအဖြစ်ထမ်းရွက်၍ ရတနာပူရ အင်းဝပြည်တော်ကြီးလာ မော် ကွန်းနှင့် မဟာဝိဇယရံသီ ပုထိုးတော်ကြီး မော်ကွန်းတို့ကို သီကုံးရေးသား သည်ဟု အဆိုရှိသည်။ သို့ရာတွင် အထောက်အထား တိတိကျကျကား မတွေ့ရသေးချေ။ ဧရာဝတီဖြစ်အနောက်ဘက် မင်းကွန်းဘက်တွင် အနိစ္စ ရောက်ကြောင်းကိုသာ အခိုင်အလုံသိရှိရလေသည်။ အမတ်ကြီးသည် အလောင်းမင်းတရားလက်ထက် ငယ်စဉ်က ရည်ငံခဲ့သော မရွဲနှင့်အကြောင်းပါ၍ သားနှစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ သားကြီးမှ နောင်အခါ မဟာဓမ္မိကရာဇာဘွဲ့နှင့် တရား သူကြီးဖြစ်လာသော ဦးအေးဖြစ်၍ သားအလတ်မှာ ဦးရွှေသာ၊ သမီးအထွေး မှာ မလွန်းမယ်ဖြစ်သည်။ အမတ်ကြီးရေးသားပြုစုခဲ့သည်ဟု အထောက်အထားနှင့် တွေ့ရှိရ သော စာပေများမှာ (၁) မဟော်ပျို့ (၁၁ဝ၃ ခုနှစ်)၊ (၂) လင်္ကာသီရိကျမ်း (၁၁၁ဝ-၁၁၂ဝနှစ်အတွင်း)၊ (၃) ဓမ္မသတ်လင်္ကာ(၁၁၂၅-၁၁၃၁ ခုနှစ် အတွင်း)၊ (၄) နန္ဒီသေနပျို့(၁၁၃၁ ခုနှစ်)၊ (၅) ဝိနိစ္ဆယဓမ္မသတ်လင်္ကာ (၁၁၃၉ ခုနှစ်)၊ (၆) သေနင်္ဂဗျူဟာပျို့၊ (၇) အာဒါသမုခပျို့၊ (၈) သာဓိနပျို့ (၁၁၄၅ ခုနှစ်)၊ (၉) ဗျူဟာစက္ကိပျို့(၁၁၅၂ ခုနှစ်)၊ (၁ဝ) မန္ဓာတုစကြာမင်းပျို့(၁၁၅၇ ခုနှစ်)၊(၁၁) သောဏပျို့(၁၁၆၁ ခုနှစ်) တို့ အပြင် ရှစ်ဆယ်ပေါ် အဲရိုးများ၊ရတုများနှင့် လူးတားများဖြစ်ကြသည်။ အမတ်ကြီးရေးသားခဲ့သည့် စာပေများအနက် မဲဇာတောင်ခြေ ချီ ရတုသည် အထင်ရှားဆုံးဖြစ်၍ သာဓိနပျို့ သည် အကောင်ဆုံးဖြစ် သည်။ အမတ်ကြီးသည် ဓမ္မသတ်ကျမ်း၌ ကျွမ်းကျင်သည့်အလျောက် သာဓိနပျို့တွင် မနုရင်းဓမ္မသတ်ကြီးတစ်စောင်လုံးကို စာတစ်ပိုဒ်တည်းဖြင့် ဖွဲ့ဆိုထားလေသည်။ အမတ်ကြီးသည် ဓမ္မသတ်အရာ၌သာမဟုတ်၊ စစ်မှုရေး ရာ နည်းနာများ၌လည်း နှံ့စပ်သူဖြစ်သည့်အလျောက် ဗျူဟာစက္ကိပျို့၊ နန္ဒီ သေနပျို့၊ သေနင်္ဂဗျူဟာပျို့များတွင် အမတ်ကြီး၏ သေနင်္ဂပညာအစွမ်းကို တွေ့မြင်နိုင်ပေသည်။ ကျန်လက်ဝဲသုန္ဒရဘွဲ့ခံ မုံရွေးရွာဇာတိ ဦးမြတ်သာနေမှာမူ လက်ဝဲ သုန္ဒရဘွဲ့ထက် အခြားဘွဲ့တစ်ခုဖြစ်သော လက်ဝဲနော်ရထာဘွဲ့ဖြင့် ပိုမိုထင် ရှားသည်။ ဦးမြတ်သာနေသည် လက်ဝဲသုန္ဒရဘွဲ့ထက် လက်ဝဲနော်ရထာဘွဲ့ ကို ပိုမိုမြတ်နိုးတနာပြုခဲ့ဟန်တူသည်။ ကိုးကား မြန်မာ အမျိုးသား စာဆိုတော်များ ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%B2%E1%80%9E%E1%80%AF%E1%80%94%E1%80%B9%E1%80%92%E1%80%9B
ယူရိုတိုက်​လေယာဉ် တိုင်ဖွန်း
ယူရိုတိုက်​လေယာဉ် တိုင်ဖွန်း () သည် အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်သည်။ ဤတိုက်လေယာဉ်ကို ကွဲပြားသည့် ကုမ္ပဏီ (၃) ခု ဖြစ်သည့် Alenia Aeronautica ၊ BAE Systems နှင့် EADS တို့ အကျိုးတူ ပူးပေါင်း၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ လက်ရှိအနေဖြင့် ဗြိတိသျှ တော်ဝင် လေတပ် ၊ ဂျာမန်လေတပ် ၊ အီတလီ လေတပ် ၊ စပိန် ၊ ဩစတြီးယားနှင့် ဆော်ဒီအာရေဗျ လေတပ်တို့တွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည်။ ကိုးကား နည်းပညာ ယူရိုတိုက်လေယာဉ် တိုက်လေယာဉ်
https://my.wikipedia.org/wiki/%E1%80%9A%E1%80%B0%E1%80%9B%E1%80%AD%E1%80%AF%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E2%80%8B%E1%80%9C%E1%80%B1%E1%80%9A%E1%80%AC%E1%80%89%E1%80%BA%20%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%96%E1%80%BD%E1%80%94%E1%80%BA%E1%80%B8
လှိုင်ထိပ်ခေါင်တင်
ဘောလယ်သီချင်းကို ကြားရတိုင်း ဘောလယ်အဖွဲ့အနွဲ့ စတင်တီထွင်ခဲ့သည်ဟု ယူဆရသူ လှိုင်ထိပ်ခေါင်တင်အား သတိရအပ်ပေသည်။ လှိုင်ထိပ်ခေါင်တင်(မြန်မာ ၁၁၉၅-၁၂၃၇) နာဂဆဒ္ဒန်-ချီ မျက်ဖြေ ဘောလယ်ရေးသူ လှိုင်ထိပ်ခေါင်တင်မင်းသမီးမှာ သက္ကရာဇ် ၁၁၈၈-ခုနှစ်တွင် (ရွှေဘိုမင်း)သာယာဝတီမင်း အိမ်နိမ့်စံနေတော်မူခိုက် ဟင်္သာတမြို့သူ အနောက်နန်း မိဖုရားမမြလေးကို သိမ်းပိုက်ပြီးနောက် သက္ကရာဇ် ၁၁၉၅-ခုနှစ်တွင် သမီးတော်ကို ဖွားမြင်သည်။ ငယ်မည်မှာ မဖွားဖြစ်၏။ (မဖွားကြီးလည်းဟူ၏။) ၁၁၉၉ ခုနှစ်တွင် ခမည်းတော် ရွှေဘိုမင်းတရားကြီး အထွတ်အထိပ်သို့ရောက်သောအခါ မယ်တော်မမြလေးအား ဟင်္သာတမြို့ကို အပိုင်စားပေးတော်မူ၍ သမီးတော် ထိပ်ခေါင်တင်တင်အားလည်း သီရိသုမြတ်စွာ ရတနာဒေဝီဘွဲ့နှင့် လှိုင်မြို့ကို အပိုင်စားပေးသနားတော်မူသည်။ သို့ဖြင့် လှိုင်မင်းသမီးဟူ၍လည်းကောင်း၊ လှိုင်ထိပ်ခေါင်တင် ဟူ၍လည်းကောင်း ကျော်စောထင်ရှားလာသည်။ လှိုင်မင်းသမီးသည် အဆင်းအင်္ဂါနှင့် ပြည့်စုံသူဖြစ်၍ မြင်သူတိုင်း မင်းသမီးကို ချစ်ခင်မြတ်နိုး ကြကုန်၏။ ၁၂ဝ၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်နေ့ကစ၍ သျှောင်ထုံးနားထွင်း၊ တစ်ဘက်ဝတ်၊ ဒက်ဆင်မင်္ဂလာ ဆောင်တော်မူရာတွင် လှိုင်ထိပ်ခေါင်တင်မင်းသမီးကိုလည်း မိဖုရားခေါင်ကြီး၏ သမီးတော်များနှင့်အတူ မှန်နန်းတော် ဘမရာသန ပလ္လင်တော် ရှေ့တွင် ဆင်ယင်ကျင်းပစေသည်။ မယ်တော်မမြလေး ကွပ်မျက်ခံရသောအခါတွင် လှိုင်ထိပ်ခေါင်တင်မှာ အသက် ၁၂-နှစ်မျှသာရှိသေး၍ မင်းတုန်းမင်းသား၏ မိဖုရားက သနားတော်မူသည် အလျောက် ကောက်ယူကျွေးမွေးထားလေသည်။ သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး နန်းတက်တော် မူပြီးနောက် တနှစ်ခန့်အကြာ ၁၂၁၅ ခုနှစ်၌ ကနောင်မင်းသားနှင့် အသက် ၂၀ အရွယ်ရှိ လှိုင်ထိပ်ခေါင်တင်မင်းသမီးတို့အား စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား၍ ညီတော်အား အိမ်ရှေ့အရာပေးသဖြင့် လှိုင်ထိပ်ခေါင်တင် မှာလည်း အိမ်ရှေ့မင်း၏မိဖုရားဖြစ်လာတော့သည်။ ထန်းတစ်ပင် မင်းသားဟူသော သားတော်တစ်ပါး ထွန်းကားခဲ့၏။ ထိုမင်းသားသည် ၁၂၄ဝ ပြည့်နှစ် သီပေါမင်းလက်ထက် ထောင်မှာလွန်သည်။ ၁၂၂၈ ခုနှစ် မြင်းကွန်းမြင်းခုံတိုင် အရေးတော်ပုံတွင် မောင်တော် ကနောင်မင်းသား နတ်ရွာစံလေသည်။မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားများ ရေးသားခဲ့သော စာပေများ လှိုင်မင်းသမီးသည် ကဗျာ၊ လင်္ကာ၊ ပတ်ပျိုး၊ သီချင်းကြီး၊ သီချင်းခံ၊ ယိုးဒယား၊ ဘောလယ်၊ တေးထပ်တို့ကို စီကုံးရေးသားရာ၌ ထီး သုံးနန်းသုံး အနှုန်းအဖွဲ့ ယဉ်ကျေးလှသောကြောင့် မယ်တော်ဘုရားကဲ့သို့ပင် စာဆိုလောကတွင် ကျော်စောထင်ရှားလေသည်။ အထူးသဖြင့် ဘောလယ်နှင့် နန်းတွင်း ဇာတ်များရေးရာတွင် ကျော်စောလှ၏။ 'ဘောလယ်' ဟူသော အဖွဲ့အနွဲ့မှာ လှိုင်မင်းသမီးက စတင်တီထွင်ခဲ့သော သီချင်းဆန်းဟုပင် ဆို ကြလေသည်။ ထိုသီချင်းမျိုးကို စည်းဝါးလွတ်သော်လည်းကောင်း၊ တူရိယာ နှင့် တွဲဖက်၍သော်လည်းကောင်း သီဆိုနိုင်သည်။ မောင်တော် ကနောင်မင်းသားသည် ကိုယ်လုပ်တော် အများအပြား နှင့်သာ ပျော်ပါးနေတတ်၏။ ထိုအခါများတွင် လှိုင်မင်းသမီးသည် မောင်တော်အား မျှော်ခေါ်တမ်းတ၍ နေကြောင်းများကို ဘောလယ်များ ရေးစပ်၍ ဆက်သွင်းလေ့ရှိ၏။ မင်းသားသည် ဘောလယ်ကိုဖတ်ရသည့်အခါ လှိုင်မင်းသမီးအပေါ်၌ သနားကရုဏာ သက်ရောက်တော်မူပြီးလျှင် ပြန်လည် ယုယပိုက်ဖြားလေ၏။ ဤသည်ကိုထောက်၍ မင်းသမီး၏ အဖွဲ့အနွဲ့ စာသားတို့မှာ မည်မျှကောင်းမွန်သည်ကို သိနိုင်ပေသည်။ 'စိန်ခြူးကြာညောင်' ချီ ဘောလယ်ဖြင့် မောင်တော်မင်းသားအား မိမိဘက်သို့ စိတ်လည်လာအောင် ချော့မြှူနိုင်ပုံ၊ မောင်တော်က မျက်မာန်တော်ရှသည့်အခါ မိမိမှာ အပြစ်မရှိ ကြောင်း၊ တစ်ပါးသူတို့ ချောပစ်ဂုံးတိုက်ခြင်းများကို ယုံတော်မမူသင့် ကြောင်းများ 'နာဂဆဒ္ဒန်'၊ 'ပဏ္ဍုသေလာ' အစချီသော ဘောလယ်များဖြင့် ဖြောင်းဖျနိုင်ပုံတို့ကိုကြည့်လျှင် လှိုင်မင်းသမီးသည် စာဆိုမှုဖြင့် သူတစ်ပါး စိတ်ကို ဆွဲဆောင်နိုင်ကြောင်း ထင်ရှားစေသည်။ ယင်းသည့် ဘောလယ်များ အပြင် 'ပုလဲမြိတ်စုံ' ချီဘောလယ်၊ 'ထုံပန်းမာလာ' ချီဘောလယ်၊ 'ရှုလဲသာ ထွေ' ချီဘောလယ်၊ 'ပြဒုငယ်ချပ်ရံ' ချီဘောလယ်တို့ကိုလည်း စပ်ဆိုခဲ့သေး သည်။ လှိုင်ထပ်ခေါင်တင်သည် 'ပန်းသည်လယ်' ချီ ပတ်ပျိုး၊ 'ညဉ့်သုံး ယံခါ'ချီ ပတ်ပျိုးနှင့် 'ရေယမုန်'ချီ ပတ်ပျိုး စသည်တို့ကိုလည်း ဖွဲ့နွဲ့သီကုံး ခဲ့၏။ ထိုရေယမုန်ပတ်ပျိုးကို ဗိမ္ဗာလွှဲချင်းပတ်ပျိုးဟုလည်းခေါ်သည်။ ထို ပတ်ပျိုးမှာ မိမိ၏သားတော် မြပုခက်တင်မင်္ဂလာဆင်ယင် ကျင်းပသည့်အခါ အထိန်းတော် အချီတော်တို့ သီဆိုရွှေနားတော်သွင်းရန်အတွက် 'ရွှေဗျိုင်းညို'၊ 'ကြောင်ဖားရယ်မြီးတံတို'၊ 'ဟီးလေးပေါက်ပင် ကန်စွန်းပင်' ဟူသော အရပ် သုံး သားချော့သီချင်းသုံးပုဒ်ကို ထီးသုံးနန်းသုံးအဖြစ် ဖွဲ့နွဲ့စပ်ဆိုထားသော ပတ်ပျိုးတစ်ပုဒ်ဖြစ်လေသည်။ လှိုင်မင်းသမီးသည် ဝိဇယကာရီနှင့် ဣန္ဒာဝံသ နန်းတွင်းဇာတ် တော်ကြီး နှစ်စောင်ကိုလည်း ရေးသားခဲ့သေး၏။ အရေးအသားမှာ ထီးသံ နန်းသံပါ၍ အလွန်ယဉ်ကျေးသိမ်မွေ့လှပေသည်။ အဖွဲ့အနွဲ့ အလွန်စေ့စပ်လှ ၏။ မင်းသမီးရေးသွားအပ်သော ဘောလယ်နှင့် ပတ်ပျိုးမှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီဖြစ်သော်လည်း လူတို့၏နှုတ်ဖျားတွင် မရိုးနိုင်၊ လက် မလွတ်နိုင်အောင်ရှိသည်ကား အထူးဆိုဖွယ်ရာမရှိချေ။ ယင်းသို့လျှင် မယ် တော်၏ ခြေရာကိုနင်း၍ စာဆိုလောက်တွင် ကျော်စောခဲ့သော မင်းသမီး သည် ၁၂၃၇ ခုနှစ်၊ သက်တော် ၄၂ နှစ်တွင် ကံကုန်လေသည်။ ကိုးကား မြန်မာ အမျိုးသမီး စာဆိုတော်များ ကုန်းဘောင်ခေတ် မင်းသမီးများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%91%E1%80%AD%E1%80%95%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA
ဖရီးဝဲလ်
အခမဲ့ရယူနိုင်သော ဆော့ဖ်ဝဲများဖြစ်သည်။ ၎င်းတို့တွင် မူပိုင်ခွင့် (သို့) ပိုင်ဆိုင်သူ ရှိထားပြီး ဖြစ်သည်။ အသုံးပြုသူမှာ လွတ်လပ်စွာ သုံးနိုင်သော်လည်း ပြန်လည်ရောင်းချခွင့်မရှိပါ။ အများအားဖြင့် Shareware နဲ့ Freeware များသည် ၁၅ ရက် ၃၀ ရက် စသည့် အချိန်များကန့်သတ်ထားလေ့ရှိသည်။ အချိန်များ ကန့်သတ်ခြင်း မရှိပါကလည်း လုပ်ဆောင်ချက် အားလုံးကို မလုပ်နိုင်သော မပြည့်စုံသော ဆော့ဖ်ဝဲများဖြစ်၍ မှတ်ပုံတင်ခြင်း (သို့) တန်ဖိုးပေးချေမှသာ အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။ ကွန်ပျူတာ ဆော့ဖ်ဝဲလ်
https://my.wikipedia.org/wiki/%E1%80%96%E1%80%9B%E1%80%AE%E1%80%B8%E1%80%9D%E1%80%B2%E1%80%9C%E1%80%BA
လိမ္မော်သီး
လိမ္မော်သည် ရှောက်မျိုးနွယ်ဝင်ဖြစ်သည်။ လိမ္မော်သီးသည် ချိုသော ရှောက်နွယ်ဝင်မျိုးရင်းမှ သီးသော အသီး ဖြစ်သည်။ လိမ္မော်သီးကို Clementine, Mandarin, Tangerine နှင့် Satsuma အမျိုးများစွာရှိသည်။ ၎င်းတို့၏ မျိုးရင်းအမည်မှာ Rutaceae ဖြစ်သည်။ အသားမှာအရည်ရွှမ်းပြီး မှည့်သောအခါနီမြန်းသည့် အဝါရောင်ဖြစ်လာ သည်။ Mandarin အမျိုးသည် အလုံးသေးငယ်ပြီး အခွံပါးသောအမျိုးဖြစ်သည်။ လိမ္မော်သီးကို ၁၂ ဒီဂရီ စင်တီ ဂရိတ်၊ ၅၇ ဒီဂရီဖာရင်ဟိုက်တွင်သိုလှောင်ထား နိုင်ပြီး ရေခဲသေတ္တာတွင်ထည့်၍စားသုံးကပိုမိုကောင်းမွန်ပါသည်။ အရည်ညှစ်ထုတ်၍ သောက်သုံးက လည်း ကောင်းမွန်ပါသည်။ လိမ္မော်ပင်သည် အမြဲစိမ်းသော အပင်မျိုးဖြစ်သည်။ အပင်များသည် အများ အားဖြင့် ၈ မီတာမှ ၁၅ မီတာမြင့်ပါသည်။ Mandarin အပင်မျိုးသည် ၇.၅ မီတာမြင့်သည်။ Kumquat အပင်မျိုးသည် အပင်ပုမျိုးဖြစ်၍ ၄ မီတာမြင့်သည်။ သမိုင်းအကျဉ်း လိမ္မော်သီးကို လွန်ခဲ့သောနှစ်ပေါင်းထောင်ချီစဉ်ကစ၍ ယနေ့ထိစိုက်ပျိုးစားသုံးပါသည်။ တောင်တရုတ် နှင့် အင်ဒိုချိုင်းနားတို့မှာ မူလစိုက်ပျိုးသည့်ဒေသများဖြစ်သည်။ ၂၀ ရာစုနှစ်အစပိုင်းတွင် The Cleravman Pierre Clement သုတေသနအဖွဲ့မှ Mandarin နှင့် ရိုးရိုးလိမ္မော်ကို မျိုးစပ်သောအခါ အောင်မြင်ပြီးဖြစ်ပေါ်လာသော အသီးမျိုးသစ်မှာ အစေ့မပါဘဲ အခွံအလွယ်တကူခွာနိုင်သည့် မျိုးသစ်ဖြစ်သည်။ The Satsuma လိမ္မော်မျိုးသည် ဂျပန်နိုင်ငံမှ မျိုးစပ် အောင်မြင်သောအသီးမျိုးဖြစ်သည်။ လိမ္မော်သီးကို အခွံခွာ၍ စားသုံးနိုင်သလို အတွင်းမှ လိမ္မော်သီးအစိတ်များကို အရည်ညှစ်ပြီး ဖျော်ရည် လုပ်၍လည်းစားသုံးနိုင်သည်။ Mandarins အမျိုးလိမ္မော်သည် အခြားလိမ္မော်တို့ထက်ချိုသော အရသာ ရှိသည်။ ၎င်းကို မူလအတိုင်း အသီး ကိုစားသုံးသကဲ့သို့ အရည်ညှစ်ပြီးဖျော်သောက်နိုင်သည်။ ဖျော်ရည်မှာ စပျစ်ဖျော်ရည်ထက် ပို၍ချိုပါသည်။ Kumquats သည် အခွံပါစားနိုင်သော မျိုးဖြစ်သည်။ လိမ္မော်သီး၏မျိုးရင်းများ Clementines :အစေ့မပါသော Mandarin မျိုးဖြစ်သည်။ Kumquats :ရှောက်ပင်မျိုးနွယ်ဝင်ဖြစ်ပြီး အခွံပါစားနိုင်သည်။ Madarins :သေးငယ်ပြီးအခွံပါးသောအသီးဖြစ်ပြီး တရုတ်ပြည်ရှိ Mandar ဒေသမှ အစိုးရ အရာရှိများက ရှာဖွေဖော်ထုတ်ခဲ့သော အသီးဖြစ်၍ ဂုဏ်ပြုသော အားဖြင့် ယင်းအသီးကို Mandarin ဟု ခေါ်ခြင်းဖြစ်သည်။ Minneolas :tangerine နှင့် စပျစ်သီးတို့စပ်သောမျိုးဖြစ်ပြီး အရပ်အခေါ်အရ " The Little Nose"ဟု သိရသည်။ အခွံပါးသောအသီး Tangelo မျိုးနွယ်ဝင်ဖြစ်ပြီး ဈေးကွက်တွင် တွင်ကျယ်စွာရောင်း ချနေသည်။ Oranges :လိမ္မော်သီးမျိုးများစွာရှိသည့်အနက် Navel oranges, Valencia Orange နှင့် Blood Oranges သည် အများဆုံးစိုက်ပျိုးသောအမျိုးအစားဖြစ်သည်။ Tangelos : Tangerine နှင့် စပျစ်သီးနှင့် လိမ္မော်သီးတို့မျိုးစပ်ထားသော အသီးမျိုး ဖြစ်သည်။ Satsuma : ယင်းလိမ္မော်မျိုးသည် ဂျပန်နိုင်ငံမှ မျိုးစပ်အောင်မြင်သော အသီးဖြစ်သည်။ ယင်းအခွံသည် Clementine ထက် အနည်းငယ်အခွံပိုထူပြီး အစေ့မပါသော မျိုးဖြစ်သည်။ Tangerines : ယင်းမျိုးသည် လိမ္မော်နီရောင် Mandarin မျိုးဖြစ်ပြီး ချဉ်သော အရသာရှိပြီး အခွံကိုလက်ဖြင့် လွယ်ကူစွာနွှာ၍ စားနိုင်သည်။ Uglis : Tengelo ၏ထူးခြားသော မျိုးနွယ်ဖြစ်ပြီး အခွံခွာရလွယ်သော အမျိုးဖြစ်သည်။ ယင်းမျိုးကို tangerine နှင့် စပျစ်သီးစပ်၍ရသော လိမ္မော်သီးဖြစ်သည်။ ယင်းလိမ္မော်အခွံပေါ်တွင် တစ်ခါတစ်ရံ အညိုရောင်အစက်ကလေးများ ပါရှိသည်။ လိမ္မော်၏အခြားထူးခြားသောအရည်အသွေးများ လိမ္မော်အရည်ထဲတွင် ပါဝင်သော ကယ်လ်စီယမ်ဓာတ်သည် နို့တွင်ပါဝင်သော ကယ်လ်စီယမ်ဓာတ်ထက်ပို၍ ခန္ဓာကိုယ်မှစုတ်ယူရလွယ်ကူသည်။ ၈ အောင်စအလေးချိန်ရှိသော နို့တစ်ဖန်ခွက်တွင် ထုံးဓာတ် ၂၉၁ မီလီဂရမ်ပါပြီး ခန္ဓာကိုယ်မှ ၉၃ မီလီဂရမ် (၃၁%)သာစုတ်ယူနိုင်ပြီး လိမ္မော်ဖျော်ရည် ၈ အောင်စ ဖန်ခွက်တွင် ကယ်လ်စီယမ်ဓာတ်၃၅ဝမီလီဂရမ်ပါပြီး ခန္ဓာကိုယ်မှ ၁၃၀ မီလီဂရမ် (၃၇%)ကို ခန္ဓာကိုယ်မှ စုတ်ယူနိုင်သည့် အတွက် လိမ္မော်ရည်သည် ကျန်းမာရေးအတွက် ပို၍အထောက်အကူပြုသည်။ လိမ္မော်သီးတစ်လုံးတွင် ဗီတာမင် စီ ၅၀ မီလီဂရမ်ခန့်ပါဝင်သည်။ လိမ္မော်သီး၌ အက်ဆစ် ပါဝင်သဖြင့် အဆိပ် အတောက်လျော့စေသော အသီးဖြစ်သည်။ လိမ္မော်ခါးမျိုးလည်းရှိ၍ ယင်းအသီးကို အစိမ်းအတိုင်း စားသုံးရန်မသင့်သောကြောင့် နိုင်ငံခြားသားများနံနက်စာစားသုံးရန်တွင် ပါဝင်လေ့ရှိသည့် လိမ္မော်ယို ပြုလုပ်၍လည်း စားသုံးကြသည်။ ရှောက်နွယ်ဝင်ဖြစ်သော အသီးများကို ရင့်မှည့်သည့်အခါ အရောင်အဆင်းကောင်းအောင် လူတို့တီထွင်သော နည်းများဖြင့်ပြုလုပ်၍ မရပါ။ လိမ္မော်အရောင်သည် အေးသောရာသီဥတုအပေါ်တွင် မှီပြီးလျှင် အရောင်စိုပြေမှုကိုဖြစ်ပေါ်စေသည်။ အပူပိုင်းဒေသများတွင် လိမ္မော်ရောင်သည် အစိမ်းမှအဝါရောင်ပြောင်းသွားတတ်သည်။ ကိုးကား သစ်သီး
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%99%E1%80%B9%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8
မျိုးရိုးဗီဇ
Gene (မျိုးရိုးဗီဇ) သည် သက်ရှိ တို့၏ မျိုးရိုးလိုက်ရာ အခြေခံ အရာဖြစ်သည်။ မိုလီကျူလာ ဇီဝဗေဒ ပေါ်လာသောအခါ ခေတ်နောက်ကျသွားပြီဖြစ်သော မျိုးရိုးဗီဇပညာ ထင်သကဲ့သို့ မရှုပ်ထွေးလှပဲ အားလုံးသော သက်ရှိတို့မှာ ဒီအန်အေ ကသာ မျိုးဆက်သစ်တို့ကို ဗီဇ (trait) ပေးသည်။ လူအများခေါ်ခေါ်နေကြသော ဂျီး မှာ သိပ္ပံသမားတို့က အယ်လ်လီးလ် (allele) ဟု ခေါ်သည်။ မန်ဒယ် ၏ မျိုးဆက်ပြန့်ပွားခြင်း နှင့် ရှေးရိုး မျိုးရိုးဗီဇဗေဒ ချားလ်စ်ဒါဝင် သည် မျိုးဆက်ပြန့်ပွားခြင်း ကို ရှင်းပြရာတွင် အခြေခံ ယူနစ်ကို Gemmule ဟုခေါ်တွင်ခဲ့ပြီး ၎င်းသည် နောက်ပိုင်းတွင် ဆဲလ်ကွဲရာတွင် ပွားသော ခရိုမိုဆုန်း အဖြစ် ၁၈၄၈ ခုတွင် သိရှိခဲ့သည်။ Wilhelm Roux က ၁၈၈၃ ခုနှစ်တွင် ခရိုမိုဆုန်း ကို မျိုးဆက်ပြန့်ပွားစေရာ တစ်ခုအဖြစ် တင်ပြခဲ့သည်။ ယခုခတ်တွင် နားလည်ထားသော ဂျီး၏အဓိပ္ပာယ်မှာ ၁၉ ရာစုတွင် အော်ဂတ်စတင် ဖုန်းတော်ကြီး ဖြစ်သော ဂရီဂါ မန်ဒယ် က ပဲပင်များ မျိုးဆက်ပြန့်ပွားမှုကို လေ့လာရာမှ စနစ်တကျ ဖြစ်ပေါ်လာခဲ့သည်။ မန်ဒယ် ဖော်ပြသည်မှာ particulate inheritance ခေါ် မိဘမျိုးဆက် မှ မျိုးဆက်သစ်ဆီသို့ မျိုးရိုးဗီဇကူးရာတွင် မြင်သာသော တိကျသည့် အခြေခံ မျိုးရိုးဗီဇ ယူနစ်ဖြင့် ဖော်ပြနိူင်သော သီအိုရီ ဖြစ်သည်။ နောက်ပိုင်းတွင် ဒင်နစ်လူမျိုး ရုပ်ခဗေဒ ပညာရှင် Wilhelm Johannsen က ၎င်းအခြေခံ မျိုးရိုးဗီဇ ယူနစ် ကို ဂျီးဟု ခေါ်ခဲ့သည်။ မျိုးရိုးဗီဇများ ပုံတူမျိုးပွားခြင်း
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%97%E1%80%AE%E1%80%87
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် ဩဂုတ် လ ၁ရက်နေ့တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ သမိုင်းကြောင်း ၁၉၅၀ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ရက်နေ့တွင် သန်းခေါင်စာရင်းမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။၁၉၅၅ခုနှစ် စက်တင်ဘာ ၁ရက်နေ့တွင် ထိုရုံးကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနလက်အောက်တွင် စာရင်းအင်းနှင့် စီးပွားရေးဌာနနှင့် ပေါင်း၍ ဖွဲ့စည်းခဲ့သည်။၁၉၅၇ခုနှစ် ဇွန်လ ၁ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အမည်ဖြင့် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့တွင် သန်းခေါင်စာရင်းမင်းကြီးရုံးအား ထိုဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ကာ သန်းခေါင်စာရင်းဌာနဖြစ်လာသည်။ဆိုရှယ်လစ်ခေတ်တွင် အုပ်ချုပ်ရေးစနစ်သစ် စတင်ရာ ၁၉၇၂ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနတို့အား ပေါင်းစည်း၍ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနဟူ၍ ဖွဲ့စည်းခဲ့ရာ ၎င်းဝန်ကြီးဌာနလက်အောက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဟူ၍ ပါဝင်ခဲ့သည်။ ထိုဌာနလက်အောက်တွင် လူဝင်မှုနှင့် နိုင်ငံသားဌာနခွဲ၊ အမျိုးသားမှတ်ပုံတင်ဌာနခွဲ၊ သန်းခေါင်စာရင်း စစ်တမ်းနှင့် ကွန်ပျူတာဌာနခွဲ၊ ပြည်သူ့ဝန်ထမ်းမှတ်တမ်းဌာနခွဲနှင့် စီမံရေးရာဌာနခွဲများ ပါဝင်သည်။နဝတအစိုးရလက်ထက် ၁၉၉၂ခုနှစ် မတ်လ ၂၀ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန နှင့်သာသနာရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန ၂ခု ပြန်လည် ခွဲထုတ်ခဲ့ရာ လဝကဌာနသည် ပြည်ထဲရေးအောက် ပါဝင်ခဲ့သည်။ ၁၉၉၅ခုနှစ် ဇွန်လ ၁၅ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအား ခွဲထုတ်ပြီး ဝန်ကြီးဌာနအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ထိုဝန်ကြီးဌာနလက်အောက်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန တစ်ခုပါဝင်သည်။၁၉၉၈ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနလက်အောက်ရှိ သန်းခေါင် စာရင်းစစ်တမ်းနှင့် ကွန်ပျူတာဌာနခွဲကို ပြည်သူ့အင်အားဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ရာ ဦးစီးဌာန (၂)ခု ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနကိုပါ တိုးချဲ့ဖွဲ့စည်းရာ ဦးစီးဌာန (၃)ခု ဖြစ်လာခဲ့သည်။၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ ဦးသိန်းစိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ဦးစီးဌာနတစ်ခုအနေဖြင့် ထားရှိကာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ထားရှိရန် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။သို့ရာတွင် မပြောင်းဖြစ်ခဲ့ပေ။ ၂၀၁၆ခုနှစ် မတ်လတွင် အစိုးရအဖွဲ့အသစ် တက်လာရာ ဝန်ကြီးဌာနများ လျှော့ချရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပေါင်းစည်း ဖွဲ့စည်းခဲ့သည်။ ထိုဝန်ကြီးဌာနလက်အောက်တွင် လူဝင်မှုကြီးကြပ်ရေးမှ ဦးစီးဌာန (၃)ခုအပါအဝင် ဦးစီးဌာန (၆)ခု၊ အဖွဲ့ (၁)ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၆လပြည့်သည့်နေ့တွင် အိမ်စောင့်အစိုးရဟူ၍ ပြောင်း၍ ဖွဲ့စည်းရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဟူ၍ ပြန်လည် ခွဲထုတ်ဖွဲ့စည်းခဲ့သည်။ယင်းအပြင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန တစ်ခုကိုပါ အသစ်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးများ (၂၀၁၁ - ၂၀၂၁) ဦးခင်ရီ (၃၀ မတ် ၂၀၁၁ - ၁၂ ဩဂုတ် ၂၀၁၅) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (၁၄ ဩဂုတ် ၂၀၁၅ - ၃၀ မတ် ၂၀၁၆) ဦးသိန်းဆွေ (၃၀ မတ် ၂၀၁၆ - ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁) ဦးမြင့်ကြိုင် (၁ ဖေဖော်ဝါရီ ၂၀၂၁ - ၁ ဩဂုတ် ၂၀၂၁) ဦးခင်ရီ (၁ ဩဂုတ် ၂၀၂၁ - ၁၉ ဩဂုတ် ၂၀၂၂) ဦးမြင့်ကြိုင် (၁၉ ဩဂုတ် ၂၀၂၂ - လက်ရှိ) ဖွဲ့စည်းပုံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ လူဝင်မှုကြီးကြပ်‌‌​ရေးဦးစီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန ပြည်သူ့အင်အား ဦးစီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန တို့ ဖြစ်သည်။ ပြည်သူ့အင်အားဦးစီးဌာန ပြည်သူ့အင်အားဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးဝင်းဇော်အောင် ဖြစ်သည်။ အမျိုးသား မှတ်ပုံတင်ရေးနှင့်နိုင်ငံသား ဦးစီးဌာန အမျိုးသား မှတ်ပုံတင်ရေးနှင့်နိုင်ငံသားဦးစီးဌာန၏  ညွှန်ကြားရေးမှူးချုပ်မှာ  ဦးထိန်ဝင်း ဖြစ်သည်။ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏  ညွှန်ကြားရေးမှူးချုပ်မှာ ဦးမင်းဟိန်း ဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံ၏ ဝန်ကြီးဌာနများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%9D%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%80%E1%80%BC%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%20%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%A1%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%20%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီ၏ လက်ရှိ ဥက္ကဋ္ဌမှာ ဦးအောင်မိုးဇော်ဖြစ်ပြီး ဒု-ဥက္ကဋ္ဌမှာ ဒေါ်နိုးနိုးထက်စံနှင့် အထွေထွေအတွင်းရေးမှူးမှာ ဦးသီဟထွဋ်ခင် ဖြစ်သည်။ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီစုံညီအစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသီဟထွဋ်ခင် အပါအဝင် (၂၅) ဦးပါ ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။ တည်ထောင်ခြင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရဲဘော် မိုးသီးဇွန်က ဦးဆောင်၍ တော်လှန်သော ပါတီတရပ်အဖြစ် တရားဝင် ကြေညာရပ်တည်ခဲ့သည်။ ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ရဲဘော် မိုးသီးဇွန် (ဥက္ကဋ္ဌ) ရဲဘော် သက်ထွန်း (ဒုတိယ ဥက္ကဋ္ဌ) ရဲဘော် မိုးဟိန်း (အထွေထွေအတွင်းရေးမှူး) ရဲဘော် ရဲနိုင်အောင် (တွဲဖက်အတွင်းရေးမှူး) ရဲဘော် ဂျင်မီ (ခ) ကျော်မင်းယု (စည်းရုံးရေးကော်မတီ) ရဲဘော် ယဉ်ထွေး (စီမံ/စည်းကမ်း ကော်မတီ) ရဲဘော် ဝင်းမြင့်အောင် (သတင်းနှင့်ပြန်ကြားရေးကော်မတီ) ရဲဘော် တင်ထွန်းလှိုင် (ဘဏ္ဍာရေးကော်မတီ) လူ့ဘောင်သစ်ကျောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား များ၏ သားသမီးငယ်ရွယ်များ မူလတန်းပညာ သင်ကြားတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော မူလတန်းကျောင်းကလေးတစ်ကျောင်း ဖြစ်သည်။ ၂၀ဝ၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်း၏ စီမံအုပ်ချုပ်မှုကိစ္စအဝဝကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။ ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၁) ဦးရှိသည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားပေးလျက်ရှိသည်။ ဆရာ၊ ဆရာမ စုစုပေါင်း (၄)ယောက်ရှိသည်။ ကျောင်း၏ ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံပြင်ပသို့ ရောက်ရှိနေကြသော စေတနာရှင်များ ၏ လှူဒါန်းငွေများကို အဓိကထား၍ လည်ပတ်နေရခြင်းဖြစ်သည်။ ကိုးကား ပြင်ပ လင့်ခ်များ မြန်မာဘာသာဖြင့် အင်္ဂလိပ်ဘာသာဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%B7%E1%80%98%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9E%E1%80%85%E1%80%BA%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%9B%E1%80%80%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%90%E1%80%AE
ဂရက်ဖတီ
Graffiti Art ဆိုသည်မှာ Hip Hopနဲ့ ဆက်နွယ် ပတ်သက်နေသော လမ်းများပေါ်ရှိ နံရံများတွင် ရေးဆွဲထားသော ရုပ်ပုံ၊ စာသားများကို ခေါ်ဆိုသည်။ Street Art ဟူ၍လည်းခေါ်သည်။ ရုပ်ပုံများကို မှုတ်ဆေး(spray)ဗူးများကို အသုံးပြု၍ ရေးဆွဲကြသည်။ ရေးဆွဲသူများကို Graffiti artists(or) Street artists ဟုခေါ်ကြသည်။ ရေးဆွဲသူများ၏ အနုပညာ ထုတ်ဖော်ချက်များ၊ ရင်တွင်း ခံစားချက်များကို ရေးဆွဲထားကြပေသည်။ Graffiti Art သည် ၁၉၇၀-ခုနှစ် ကတည်းက ပေါ်ပေါက်နေပေသည်။ အမေရိကန် မြေအောက်လမ်းများ ပေါ်တွင် အများအပြားရေးဆွဲထားကြပေသည်။ ယခုအခါ အမေရိကန်တွင် သာမက ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ စပိန်၊ အစ္စရေး၊ ဂျပန်၊ အင်္ဂလန်နှင့် မြန်မာနိုင်ငံများအထိ ရေးဆွဲလာကြပေသည်။ အနုပညာ ပန်းချီ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%82%E1%80%9B%E1%80%80%E1%80%BA%E1%80%96%E1%80%90%E1%80%AE
ဟေမာနေဝင်း
ဟေမာနေဝင်း (Hayma Ne Win)သည် မြန်မာပြည်၏ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်များအနက်မှ တစ်ယောက်အပါအဝင် ဖြစ်သည်။ သူမ၏ ဖခင်သည် နိုင်ငံကျော် ရုပ်ရှင်မင်းသား ကောလိပ်ဂျင်နေဝင်း ဖြစ်သည်။ ဟေမာနေဝင်းသည် ငယ်စဉ်က အနုပညာဝါသနာပါသော်လည်း ဗီဇကို သိသိသာသာ မပြခဲ့ချေ။ အနုပညာရှင် ဖခင်ကြီးကလည်း သူမအား တိုက်တွန်းခြင်း၊ ဆွဲခေါ်ခြင်း မရှိခဲ့ချေ။ သို့သော် သူမသည် ငယ်စဉ်ကပင် သီချင်းများကို အကြားဖြင့် အလွတ်ရ၍ သီဆိုနေတတ်ခဲ့သည်။ ဖခင်ဆုံးပါးသည့်အချိန်တွင် ဖခင်၏ အပေါင်းအသင်းမိတ်ဆွေများက သူမအား တေးစီးရီးထုတ်ရန် ကမ်းလှမ်းခဲ့ကြသည်။ ထိုမှစတင်၍ သီချင်းများ စတင်အသံသွင်း သီဆိုဖြစ်ခဲ့သည်။ အသက်ငယ်ရွယ်သေးချိန် ဂီတလောကတည်းကို စတင်ဝင်ရောက်သည့်အခါတွင် L.P.J တေးဂီတအဖွဲ့မှ သိန်းတန်(မြန်မာပြည်)က သူမအား စတိတ်ရှိုးများ ခေါ်ဆိုခဲ့သည်။ ဟေမာနေဝင်းသည် မေဆွိ၏ “ဘင်ဘို” သီချင်းကို စင်ပေါ်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် ကိုင်ဇာရေးဖွဲ့ပေးသည့် “လိပ်ပြာ”သီချင်း၊ သုခမိန်လှိုင်ရေးဖွဲ့ပေးသည့် “အချစ်ဘယ်ကစ” သီချင်းများကို သီဆိုခဲ့သည်။ ပထမဦးဆုံး သူမ၏ တေးအယ်လ်ဘမ်မှာ “ချစ်လူဆိုး” ဟု အမည်ရသည်။ သူမကို ပရိသတ်များ သိသွားသည့် သီချင်းမှာ "မင်းကြောင့်" တေးအယ်လဘမ်ထဲမှ "ယုံလား” ဖြစ်သည်။ ထိုသီချင်းကို မြန်မာ့ရုပ်မြင်သံကြား တေးဂီတအစီအစဉ်တွင် ရိုက်ကူးထုတ်လွှင့်ရာမှ သီချင်းကိုရော အဆိုတော်ကိုပါ ပရိသတ်များက အားပေးနှစ်သက်ခဲ့ကြသည်။ ဟေမာနေဝင်းသည် အဆိုတော်သက်တမ်းတစ်လျှောက် တစ်ကိုယ်တော် အယ်လ်ဘမ်များ၊ စုံတွဲသီချင်းများ အရေအတွက်များပြားစွာ သီဆိုထုတ်ဝေခဲ့သည်။ မြန်မာသံစဉ် သီချင်းများလည်း သီဆိုခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် မင်းကြောင့်၊ ဂြိုဟ်တုသတင်း၊ ဟေမာနေဝင်းနှစ်ယောက် တေးအယ်လ်ဘမ်များကို ဆက်တိုက်ဆိုသလို ထုတ်ဝေခဲ့သည်။ ၁၉၈၈ တွင်ထွက်ရှိသော "ခွင့်လွှတ်နော်" အယ်လ်ဘမ်သည် သူမကို ထိပ်ဆုံးနေရာမှ အဆိုတော်တစ်ယောက်အဖြစ် ပို့ဆောင်ပေးခဲ့သည်။ ထိုအယ်လ်ဘမ်ပြီးနောက် "ပြန်လျော်ပေး"၊ "ချစ်ကောင်လေး" တေးအယ်လဘမ်များထွက်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော ဆွေမျိုးများထံ အလည်ခရီးသွားခဲ့သည်။ အမေရိကားတွင် သူမကို စတိတ်ရှိုးပွဲ စီစဉ်ပေးသည့်အတွက် နိုင်ငံခြားတွင် ပထမဦးဆုံး တစ်ဦးတည်းဖြင့် စတိတ်ရှိုးလုပ်သည့် မြန်မာအဆိုတော်တစ်ဦး ဖြစ်လေသည်။ အမေရိကားတွင်ရှိနေစဉ် “ပိုးဖလံ" အမည်ရှိ သီချင်းခွေတစ်ခွေ အသံသွင်း၍ မြန်မာပြည်တွင် ဖြန့်ချိခဲ့ပြီး၊ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန် ၁၉၉၁-၁၉၉၅ ခုနှစ်များအတွင်း "ပိုးဖလံ ၂"၊ "ချစ်ပြမယ်"၊ "အိမ်အပြန်"၊ "မှ..သို့..ချစ်သူ"၊ "ပိုးဖလံ ၃" စသည့် စတီဒီယိုတေးအယ်လဘမ်များကို ထုတ်ဝေခဲ့သလို၊ "ပြိုင်ပွဲကြီး"၊ "ဆောင်းကတ္တီပါ"၊ "အမုန်းခွန်အားပေးသနားပါ" စသည့် မြန်မာသံတေးအယ်လဘမ်များကိုလည်း ထုတ်ဝေခဲ့သည်။ ဟေမာနေဝင်းသည် ကြော်ငြာနောက်ခံသီချင်းများစွာကို သီဆိုပေးခဲ့ရာ၊ "ရွှေစင်" ရွှေဆိုင်ကြော်ငြာသီချင်းကို လူကြိုက်များခဲ့သည်။ မှန်ချိုသလိပ်ပျော်ဆေးကြော်ငြာနှင့် Lux ဆပ်ပြာမွှေးကြော်ငြာတို့တွင် သရုပ်ဆောင်ခဲ့ရာ၊ လူအများနှစ်ခြိုက်သဘောကျခဲ့ကြသည်။ ၂၀၀၅ ခုနှစ်တွင် သူမ၏ အကောင်းဆုံးတေးများအား ပြန်လည်အသက်သွင်းသည့် "ကြယ်တစ်ပွင့်မွေးဖွားခြင်း" Live Show တစ်ခုကို ဖျော်ဖြေတင်ဆက်၍ တေးအယ်လဘမ်ထုတ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် "ရန်ကုန်လိုက်မယ်" Live Show တေးစီးရီးကို သိန်းတန်(မြန်မာပြည်)နှင့်တွဲဖက်သီဆို ထုတ်ဝေခဲ့သည်။ မြန်မာ အမျိုးသမီး အဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%B1%E1%80%99%E1%80%AC%E1%80%94%E1%80%B1%E1%80%9D%E1%80%84%E1%80%BA%E1%80%B8
Parallel ATA စံနှုန်း
IDE ကို Integrated Drive Electronics လို့ခေါ်ပါတယ်။ IDE ကို Advanced Technology Attachment သို့မဟုတ် Advanced Technology Attachment Packet Interface လို့လည်း ခေါ်ကြပါတယ်။ IDE ဟာ SATA တွေရဲ့ ရှေ့ပြေး နည်းပညာ ဖြစ်ပါတယ်။ IDE ကို Hard Drive တွေ ROM တွေနဲ့ Computer data transfer ပြုလုပ် နိုင်ရန်အတွက် အသုံးပြု ကြပါတယ်။ IDE တွေရဲ့ Transfer rate မှာ 16MB, 33MB, 66MB, 100MB, 133MB ဖြစ်ကြပါတယ်။ IDE Cable တွေရဲ့ အရှည်ဟာ 18 inches (48 centimeters) သို့မဟုတ် 32 inches (91 centimeters) ရှည်ပါတယ်။ IDE Cable ကို Computer interface Drive တွေနဲ့ တွဲဖက် အသုံးပြုရလို့ အရွယ်အစား အတိအကျ သတ်မှတ်ထားရခြင်း ဖြစ်ပါတယ်။ ကွန်ပျူတာ
https://my.wikipedia.org/wiki/Parallel%20ATA%20%E1%80%85%E1%80%B6%E1%80%94%E1%80%BE%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
ဂျိမ်းဂျွိုက်စ်
ဂျိမ်း ဩဂတ်စတင်း အလွိုင်းစစ် ဂျွိုက်စ် (; ၂ ဖေဖော်ဝါရီ ၁၈၈၂ – ၁၃ ဇန်နဝါရီ ၁၉၄၁) သည် အိုင်ယာလန် ဝတ္ထုတို စာရေးဆရာနှင့် ကဗျာဆရာ တစ်ဦး ဖြစ်သည်။ သူသည် ၂၀ ရာစု၏ ဩဇာအလွှမ်းမိုးဆုံး စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ Ulysses (၁၉၂၂) သည် သူ၏ အကျော်ကြားဆုံးသော ဝတ္ထုရှည်ကြီးဖြစ်ခဲ့ပြီး Finnegans Wake (၁၉၃၉) သည် သူ၏ အမြင့်မားဆုံးသော စာပေလက်ရာတစ်ခု ဖြစ်သည်။ ဝတ္ထုတိုများအနေဖြင့် ဒပ်ဘလင်မြို့သားများ (၁၉၁၄) နှင့် ကိုယ်တိုင်ရေးအတ္ထုပတ္တိဖြစ်သော အနုပညာသမား လူငယ်တစ်ယောက်၏ ပုံတူ (၁၉၁၆) တို့သည် ထင်ရှားသော လက်ရာများ ဖြစ်သည်။ ဂျိမ်းဂျွိုက်စ် ကို ၁၈၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တွင် မွေးဖွားခဲ့သည်။ ဂျွိုက်စ်သည် အသက် ၅၈နှစ်အရွယ် ၁၉၄၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့မှာ ကွယ်လွန်ခဲ့သည်။ ဝတ္ထုရေးဆရာ၊ ကဗျာဆရာဖြစ်သော ဂျွိုက်စ်သည် မော်ဒန် (Mordernism) နှင့် ပုံရိပ် (Imagism) ဝါဒီတစ်ယောက် ဖြစ်သည်။ အိုင်းရစ် စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%82%E1%80%BB%E1%80%BD%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%85%E1%80%BA
ကျော်အောင် (စာရေးဆရာ)
စာရေးဆရာ ကျော်အောင် ကို ပခုက္ကူမြို့ ပေါင်းလောင်းရှင်ရပ် အဖ ဒိစတြိတ်ကောင်စီ အတွင်းရေးမှူး ဦးကြင်မောင်၊ အမိ ဒေါ်တင်မြင့်တို့က ၁၉၂၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက် တနင်္ဂနွေနေ့ (မူကွဲ - ၁၉၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈)တွင် မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိသည့်အနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ အောင်ကြည်၊ အမည်ရင်း ဦးကျော်အောင် ဖြစ်သည်။ ငယ်ဘဝ ငါးနှစ်အရွယ်မှ ရှစ်တန်းအောင်သည်အထိ ပခုက္ကူမြို့ ဝက်စလီယံ အထက်တန်းကျောင်းတွင် ပညာသင်ကြား ခဲ့သည်။ ရှစ်တန်းအောင်သည့်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဝိဇ္ဇာပညာရပ်သို့ ပြောင်းလဲသင်ကြားခဲ့သည်။ ၁၉၅၄ တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ နိုင်ငံရေး ဆောင်ရွက်မှုများနှင့် စာပေရေးရာ ၁၉၄၄ ခုတွင် ဗမာ့တပ်မတော်သို့ ဝင်သည်။ ပဉ္စမပတ် မင်္ဂလာဒုံဗိုလ်သင်တန်းတက်သည်။ ၁၉၄၅ ခု ဖက်ဆစ် တော်လှန်ရေးတွင် တိုင်း (၁) ၁ဝ၉ တပ်ရင်း (မင်းရှင်နောင်တပ်ရင်း)၌ ပါဝင် တိုက်ခိုက်ခဲ့သည်။ ဂျပန်တော်လှန်ရေးတွင် အင်းစိန်ခရိုင်ပြည်သူ့ရဲဘော်၏ အတွင်းရေးမှူး (၁၉၄၆)၊ ပခုက္ကူခရိုင် ပြည်သူ့ရဲဘော်အဖွဲ့ အတွင်းရေးမှူး (၁၉၄၆)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အမှုဆောင် (၁၉၄၇ - ၄၉)၊ စာပေသစ် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် (၁၉၅ဝ)၊ ဆေးသိပ္ပံ မဂ္ဂဇင်း (၁၉၅ဝ - ၅၁) မြန်မာစာတည်း၊ ဆေးကျောင်းသားများ သမဂ္ဂ အတွင်းရေးမှူး (၁၉၅၁ - ၅၂)၊ မြန်မာ - ဆိုဗီယက် ယဉ်ကျေးမှု အသင်း၏ အတွင်းရေးမှူး (၁၉၅၂ - ၅၃)၊ တက္ကသိုလ် ဘာသာပြန် ဌာန (၁၉၅၅ - ၅၆)၊ မြန်မာနိုင်ငံသမိုင်း ကော်မရှင် (၁၉၅၆ - ၅၇)၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန (၁၉၅၇ - ၈၇)တွင် လက်ထောက် စာတည်း၊ စာတည်း၊ စာတည်းမှူး စသည် ထမ်းဆောင် ခဲ့ပြီး၊ ၁၉၈၇ တွင် စာတည်းမှူး အဖြစ်မှ သက်ပြည့် ပင်စင် ယူခဲ့သည်။ ထို့နောက် မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူ ဦးအုံးဖေ စာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌ (၂၂ - ၆ - ၉၈ မှ ၁၃ - ၂ - ၂ဝဝဝ ထိ) ဆောင်ရွက် ခဲ့သည်။ ဂျပန်၊ ဟောင်ကောင် နှင့် ထိုင်းနိုင်ငံ များသို့ သွားရောက် ခဲ့သည်။ စာပေရေးသားခြင်း ၁၉၄၅ ခု နှောင်းပိုင်းတွင် သုံးဆယ်မြို့၌ ဓူဝံစာစောင် ထုတ်ဝေပြီး ကလောင်မွေးခဲ့သည်။ ၁၉၄၇ (မူကွဲ ၁၉၄၆) တွင် ပြည်သူ့ရဲဘော် ဂျာနယ်၌ စာစတင်ရေးသည်။ ပင်ကိုရေးဝတ္ထုများတွင် 'ကြွေကြွေကာနွမ်းလေပြီကွယ်' (၁၉၅၄)၊'အနီထဲက ကြယ်ဖြူပွင့် ' (၁၉၆၄)၊ 'လူ့သမိုင်း' (၁၉၆၅)၊ 'သမဂ္ဂအလံတော် အောက်ဝယ်' (၁၉၆၉)၊'နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း' (၁၉၆၉)၊ 'အရေးကြီးပြီ သွေးစည်းကြစို့' (၁၉၇၁)၊ 'အမှောင်ခေတ်က ချစ်သူများ' (၁၉၇၃)၊ 'အကောင်းမြင်သမား'၊ ' နှလုံးလှ ဆရာဝန်' (၁၉၆၅)၊ 'တောရိုင်းမြေ' (၁၉၆၅/၆၇)၊ 'ဆမ်းမားဆက်မွန်၏ ဝတ္ထုတိုများ'၊ 'ချက်ကော့၏ သတို့သမီးနှင့် အခြားဝတ္ထုတိုများ'၊ 'အိုဂျေရုဆလင်'၊ 'ကူလီ'(၁၉၅၄)၊ 'မက်ဝါဒလမ်းညွှန့်' (၁၉၆၄)၊ 'နေဝင်ဘုရင်များ ' (၁၉၉၈) တို့သည် လည်းကောင်း ထင်ရှားသည်။ ' တောရိုင်းမြေ 'စာအုပ်သည် (၁၉၆၇)အမျိုးသားစာပေဆု(ဘာသာပြန်)ကို လည်းကောင်း၊'အိုဂျေရုဆလင်' စာအုပ်သည် ၁၉၅၅ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ) ကိုလည်းကောင်း ရရှိခဲ့သည်။ ကျော်အောင်သည် ၁၉၈၆ ခုနှစ်တွင် နိုင်ငံတော်ကောင်စီမှ ပေးအပ်ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ဒုတိယအဆင့်) ကိုရရှိခဲ့သည်။ ထို့နောက် အမျိုးသားစာပေဆု လေးကြိမ်နှင့် ၁၉၉၉ အရှေ့တောင်အာရှ စာပေဆုရရှိခဲ့သော စာရေးဆရာကျော်အောင်သည် ၁၃-၂-၂၀ဝ၀ ပြည့်နှစ်၊ ညနေ (၄)နာရီ တွင် ကွယ်လွန်သည်။ ထင်ရှားသောစာအုပ်များ ပင်ကိုရေး ဝတ္ထုများတွင် အနီထဲက ကြယ်ဖြူပွင့် (၁၉၆၄)၊ သမဂ္ဂ အလံတော် အောက်ဝယ် (၁၉၆၉)နှင့် အရေးကြီးပြီ သွေးစည်းကြစို့ (၁၉၇၁) တို့သည် လည်းကောင်း၊ ဘာသာပြန် ဝတ္ထု များတွင် ကူလီ (၁၉၅၄) နှလုံးလှ ဆရာဝန် (၁၉၆၅) တောရိုင်းမြေ (၁၉၆၇) မြစ်ကမ်းပေါ်က စက်ရုံကလေး (၁၉၇၂) အမှောင်ခေတ်က ချစ်သူများ (၁၉၇၃) အကောင်းမြင်သမား (၁၉၇၆) သင်၏ သစ္စာမရှိသော (၁၉၇၇) ပြိုင်ချင် ဆိုင်ချင် နိုင်ချင် (၁၉၇၇) မြန်မာပြည် အတွေ့အကြုံများ (၁၉၈၄) မာကိုပိုလို (၁၉၉၂) အိုဂျေရုဆလင် (၁၉၉၅) နေဝင်ဘုရင်များ (၁၉၉၈) ဆမ်းမားဆက်မွန်၏ ဝတ္ထုတိုများ (၂၀၀၁) ပါရီရုပ်ပုံလွှာ (၂၀၀၄) သူရဲကောင်း တံဆိပ်နီ (၂၀၀၇) ဇလာတာ၏ နေ့စဉ်မှတ်တမ်း (၂၀၀၉) မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ (၂၀၁၁) တို့သည် လည်းကောင်း၊ ကျမ်းစာအုပ် များတွင် ကမ္ဘာ့ ဂန္ထဝင် တစ်ဆယ် (၁၉၇၄)နှင့် ကမ္ဘာကျော် စာအုပ် ၁ဝဝ [မင်းကျော်၊ ညွန့်ကြူးနှင့် တွဲ၍ 'နွယ်သစ်' ကလောင် အမည်ဖြင့်] (၁၉၇၅) တို့သည် လည်းကောင်း ထင်ရှားသည်။ ဆုတံဆိပ်ရရှိမှုများ တောရိုင်းမြေ [၁၉၆၇ အမျိုးသား စာပေဆု (ဘာသာပြန်)]၊ အရေးကြီးပြီ သွေးစည်းကြစို့ [၁၉၇၁ အမျိုးသား စာပေဆု (ဝတ္ထုရှည်)]၊ အိုဂျေရုဆလင် [၁၉၉၅ အမျိုးသား စာပေဆု (ဘာသာပြန်၊ သုတ)]၊ နေဝင်ဘုရင်များ [၁၉၉၈ အမျိုးသား စာပေဆု (ဘာသာပြန်၊ သုတ)] ရရှိ ခဲ့သည်။ ၁၉၈၆ တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယ အဆင့်၊ အရှေ့တောင်အာရှ စာပေဆု (S.E.A Writers Award) [၁၉၉၉] ချီးမြှင့် ခံရသည်။ ဘဝနိဂုံး ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ(၁၃)ရက်၊ ညနေ(၄)နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ စာညွှန်း မလိခ။ မြန်မာ စာပေ အဘိဓာန်(၁)။ စာ ၁၃၈ - ၁၄ဝ။ မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၅)။ စာ ၁၆၄ - ၁၈ဝ။ ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၂၇၂ - ၂၇၄။ နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၁၆၄ - ၁၆၇။ ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း။ စာ ၁ - ၄။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၂ဝဝဝ)။ စာ ၂၅၆။ ကိုဆောင်း။ သို့မဟုတ် ဘာသာပြန် ပါရဂူ၊ ကြေးမုံ သတင်းစာ (၁၄ - ၃ - ၂ဝဝ၁)။ စာ ၆။ ၁၉၉၈ ခုနှစ် အတွက် အမျိုးသား စာပေဆု၊ စာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ အစီရင် ခံစာနှင့် ဆုရသူများ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် (၈ - ၁၂ - ၉၉)။ စာ ၂၅ - ၂၆။] မြန်မာ အမျိုးသား စာရေးဆရာများ ၁၉၂၈ မွေးဖွားသူများ ၂၀၀၀ ကွယ်လွန်သူများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%20%28%E1%80%85%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC%29
လိဖ် အဲရစ်ဆင်
လိဖ်အဲရစ်ဆင်(၉၇၀-၁၀၂၀) သည် ပထမဦးဆုံး ဥရောပမှ မြောက်အမေရိကသို့ နယ်မြေသစ်ရှာဖွေသူ တစ်ဦးဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%96%E1%80%BA%20%E1%80%A1%E1%80%B2%E1%80%9B%E1%80%85%E1%80%BA%E1%80%86%E1%80%84%E1%80%BA
အရှင်ဇနကာဘိဝံသ
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ရွှေကျင်ဆရာတော် အရှင်ဇနကာဘိဝံသ (၁၂၆၁-၁၃၃၉)
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%87%E1%80%94%E1%80%80%E1%80%AC%E1%80%98%E1%80%AD%E1%80%9D%E1%80%B6%E1%80%9E
အက္ခရာ
အက္ခရာ ဆိုသည်မှာ အရေး နှင့် အဖတ် အသုံးပြုသည့် ဘာသာစကားတိုင်း၊ စာပေတိုင်းအတွက် အသုံးပြုသော ဗျဉ်း၊ သရ အစရှိသည့် အသံအနှိမ့်အမြင့်များကို ကိုယ်စားပြုဖော်ပြသည့် အရေးပုံစံ စံစာလုံးများကို ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်းတွင် အက္ခရာပုံစံများ မူပိုင်ထားရှိသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားအတော်များများသည် ထိုသဘောကို လိုက်နာကျင့်သုံးအကောင်အထည်ဖော်ပြီး ကြပြီဖြစ်သည် နှုတ်ဖြင့် ပြောသောစကားသံများကို မြင်သာသောအမှတ်အသားဖြင့် တစ်ဆင့်မှတ်တမ်းတင်ကာ “စာအရေးအသား”ကို တီထွင်ခဲ့ကြပြီးဖြစ်သည်။ ဘာသာစကား အတော်များများတွင် ကိုယ်ပိုင်စာ အရေးအသား စနစ်များရှိကြပြီးဖြစ်သည်။ စာအရေးအသားပေါ်ပေါက်လာသည့်အတွက် များစွာ အကျိုးရှိသည်ကား အမှန်ပင်ဖြစ်သည်။ စာအရေးအသားဖြင့် ထိန်းသိမ်းမှတ်တမ်းတင်နိုင်ခြင်းကြောင့် ဘာသာစကားဆိုသော စကားသံများသည် လေထဲမှာ ချက်ချင်းပျောက်မသွားတော့ဘဲ အချိန်ကြာကြာခံသည့် အခြေအနေသို့ ရောက်လာသည်။ နေရာဝေးဝေး ပျံ့နှံ့အောင် လုပ်နိုင်သော အခြေအနေသို့ ရောက်လာသည်။ စာအရေးအသား၏ ကျေးဇူးကြောင့် ရှေးလူတို့၏ ဆောင်ရွက်ချက်များကို နှောင်းလူတို့က ဆက်ခံပြီး ဆက်လက်တိုးတက်အောင် ဖန်တီးနိုင်လာကြသည်။ ဤသို့ဖြင့် လူ့ယဉ်ကျေးမှုသည် ပို၍ပို၍ ဖွံ့ဖြိုးလာရသည်။ “နှစ်ပေါင်း ရာထောင်မကသော အချိန်က ပုဂ္ဂိုလ်အမျိုးမျိုး၏ အဆိုအမိန့်များ ဆောင်ရွက်ချက်များကို ယနေ့တိုင် သိနိုင်ခြင်းမှာ စာအရေးအသား၏ ကျေးဇူးကြောင့်ဖြစ်သည်။ စာအရေးအသားသည် သိစရာမှတ်စရာ ဗဟုသုတ အမျိုးမျိုးကို သိုမှီးထိန်းသိမ်းပေးနိုင်သည်။ ထို့ကြောင့် မှတ်သားစရာများကို အားလုံးဦးခေါင်းထဲမှာ ထည့်ထားစရာမလိုတော့ပဲ စာဖြင့် မှတ်ထားနိုင်သည်။ ဤမျဆိုလျင် စာအရေးအသား၏ အရေးပါပုံမှာ ထင်ရှားလောက်ပါပြီ...” မြန်မာဘာသာစကားတွင်လည်း ကိုယ်ပိုင်စာအရေးအသား စနစ် အခိုင်အမာရှိနေပြီးဖြစ်သည်။ စာအရေးအသားစနစ်တွင် အသုံးပြုသော ကောက်ကောက်ကွေ့ကွေ့ အမှတ်သင်္ကေတများကို “အက္ခရာ”ဟုခေါ်သည်။ မြန်မာ အက္ခရာများ မြန်မာအက္ခရာသည် ခရစ်တော်မပေါ်မီ ဘီစီ ၅၀၀ ခန့်မှ အေဒီ ၃၀၀ ကျော်အထိ အိန္ဒိယဒေသတွင် ထွန်းကားခဲ့သည့် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံသည်ဟု လက်ခံကြသည်။ မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်ကဲ့သို့ပင် ဗျည်းအက္ခရာများ၊ ဗျည်းတွဲသင်္ကေတများ၊ သရအက္ခရာများ၊ သရသင်္ကေတများ၊ နိဂ္ဂဟိတ် (သေးသေးတင်)၊ ဝိသဇ္ဇနီ (ဝစ္စပေါက်) သင်္ကေတများဟူသော ပစ္စည်းအဆောက်အဦများဖြင့် တည်ဆောက်သည့် အရေးအသားစနစ်ဖြစ်သည်။ ဗြာဟ္မီအရေးအသားကို အသုံးပြုသည့် အခြားစကားများနှင့် မြန်မာစကားတို့၏ ခြားနားမှုများကြောင့် ဗျည်းအရေအတွက်၊ သရအရေအတွက်၊ သင်္ကေတအမျိုးအမည်နှင့် အရေအတွက် အနည်းငယ်ကွာခြားမှု ရှိစေကာမူ မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်နှင့် အခြေခံအားဖြင့် တူညီသည်။ ဗြာဟ္မီဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များ ခေတ်အဆက်ဆက် ပြောင်းလဲပုံကို ခြေရာခံကြည့်သည့်အခါတွင်လည်း မြန်မာဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များနှင့် ဆက်နွှယ်နေသည်ကို အထင်အရှား တွေ့နိုင်ပေသည်။ မြန်မာအက္ခရာများကို ပါဠိနှင့် သက္ကတဘာသာ ရေးသားရာတွင်လည်း အသုံးပြုသည်။ မြန်မာ အက္ခရာများသည် စက်ဝိုင်း ပုံသဏ္ဌာန်ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ရှေးအခါက ပေရွက်ပေါ်တွင် စာရေးရာ၌ မျဉ်းဖြောင့်များ ရေးသားရာတွင် ပေရွက်ကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ မွန် အက္ခရာများ အခဝ်မန် တလပညာမန်တအ် ကေတ်ဂိုအ်နင် အခဝ်မန် နူကု ပဒေသ အေန်ဒိအာ သကုတ်သလုင်ကျာ က္လာ ခရေတ်ဟဂိုအ် ကတိုဝ်ဒဟ်ဏိမ်ရ၊၊ လိက်တ္မအ်တိုင် စကာအခရ်မန်တုယ် ချူ က္လုင်လဝ် နူကု သတဝဟ် century ၄ ခရေတ်တေအ်ရ၊ အခဝ်မန်တအ် ဂိုအ်ဆိုဝ်ကေတ် ပဍဲရာၑ်မန်တရေမ် ဒွာရဝတိ၊ ဟရိဘုဉ်ၛ၊ သုဝဏ်ဏဘုမ်၊ ဟံင်သာဝတိ၊ ပိုင်ၜဳ ဨရာဝတိ၊ ပုကာမ်၊ ကျာက်ဇြာ၊ တအ်အလုမ်ဒေသအိုတ်ရ၊၊ နူကု အခဝ်မန် က္လာယ် ဗဒဟ်က္လုင် အခဝ်ဗမာ၊ သေမ်တာယ်ယာယ်၊ ပအိုဝ်၊ ကရေင်မန်(ပိုဝ်) ကရေင်ဗမာ (စကော)၊ နာနာတအ်အိုတ်ရ၊၊ အခဝ်မန်တမ်လာတေအ် မစကာမံင် ကပဍဲလိက်တ္မအ်နာနာတအ် ဂဟ် ကဝေန်ကဝံက်၊ ဂ္လိင်ဇာဝ် မံင်တုယ် လက်ကရာဝ်ဏအ် ချူတိုန် မအခဝ်မင်ဂ္လန်၊ နူဂဟ် သဂိုအ်ကေဟ်ချူ အခဝ်မင်ဂ္လန်လတူ သ္လရိုတ် သ္လတာ စာက်ထောင်လောယ်တုယ် ကေဟ်က္လုင်အခဝ်ခဍမ်ခဍမ်ရ၊၊ ရှမ်း အက္ခရာများ ရခိုင် အက္ခရာများ ကိုးကား ဘာသာစကား စာပေ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%B9%E1%80%81%E1%80%9B%E1%80%AC
တင့်ဆန်း
စာရေးဆရာတင့်ဆန်း (၁၉၁၇-၁၉၉၅)သည် ကပ္ပိယ စုံထောက်ကြီး ဦးဖြူသီးကို အသက်သွင်းခဲ့သူ ဖြစ်သည်။ စုံထောက်ဝတ္တု လျှို့ဝှက်သဲဖို ဇာတ်လမ်းများ ရေးသားခဲ့သည်။ စုံထောက်ဖျောက်ဆိပ် အသက်၉နှစ် ဝတ္တုကိုရေးခဲ့သည်။ ကိုယ်ရေးဖြစ်စဉ် တင့်ဆန်းကို ၁၂၇၉ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ (၁၆၊ ၈၊ ၁၉၁၇) တွင် ဦးဘိုးအောင်၊ ဒေါ်ဝါနုတို့က ဖောင်ကြီးရွာအနီး ဥယျာဉ်ချောင်းဘေးရှိ လယ်တဲတွင် ဖွားမြင်သည်။ ဖခင်ဘက်မှ လယ်သမား မျိုးရိုးဖြစ်ပြီး မိခင်ဘက်မှာ ကုန်သည်မျိုးရိုး ဖြစ်သည်။ တင့်ဆန်းသည် အတန်းကျောင်းတွင် တလကျော်ကျော်မျှသာ နေဖူးသည်။ ဘုန်းကြီးကျောင်းတွင်သာ ပညာ သင်ကြားခဲ့ရသည်။ ၁၆ နှစ် အရွယ်တွင် မိခင် ဆုံးသည်။ တင့်ဆန်းသည် ဖခင်နှင့် နှစ်ယောက်တည်း လယ်ထဲတွင် နေရသည်။ အိမ်ထောင်ထိန်းသိမ်းမှု တာဝန်ကို ထမ်းဆောင်ရသည်။ စစ်ပြီးသောအခါ တင့်ဆန်းတို့ မိသားစု လှည်းကူးသို့ ပြောင်းခဲ့သည်။ တင့်ဆန်းသည် စာကြည့်တိုက် လုပ်ငန်း၊ အာရှလူငယ် လုပ်ငန်းများတွင် တတ်နိုင်သမျှ ဝင်ရောက် လုပ်ဆောင်သည်။ သူ၏ ပထမဆုံး ပုံနှိပ်စာမှာ ဒီးဒုတ်ဂျာနယ်တွင် ဖော်ပြခံရသည့် "ရီပြာပြာ" ကဗျာ ဖြစ်သည်။ ကလောင် အမည်မှာ တင့်ဆန်း (လှည်းကူး) ဖြစ်သည်။ ထို့နောက် ဒီးဒုတ်ဂျာနယ်သို့ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးပို့ခဲ့သည်။ ထိုမှတဆင့် "လယ်ကူလီ" ဝတ္ထုကို စာပဒေသာသို့ ပို့သည်။ ရှုမဝသို့ လွှဲပြောင်းပေးခြင်း ခံရသည်။ အယ်ဒီတာ ဦးကြီးမောင် (ငွေဥဒေါင်း) ထံမှ ရွေးချယ်ထားကြောင်း ကလောင်အမည် တင့်ဆန်း (လှည်းကူး) မှ လှည်းကူးကို ဖြုတ်လိုက်ကြောင်း ပြန်စာရရှိသည်။ ထိုအချိန်မှစ၍ သူသည် တင့်ဆန်း ဖြစ်လာရသည်။ တင့်ဆန်းတို့ မိသားစုသည် လှည်းကူးတွင် စီးပွားရေး လုပ်ငန်းများ အဆင်မပြေသဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ တင့်ဆန်းသည် မြင်းလှည်း စပယ်ယာ၊ သံဖြူသမား၊ ဆံသဆရာ စသည်ဖြင့် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သော "ပုလဲငွေရည်ဦး" ကို စုံထောက် ဦးဆန်နီ၏ ခေတ်ပြင်စာပေမှ ထုတ်ဝေသည်။ စုံထောက်မဂ္ဂဇင်းတွင် တနေ့ နှစ်ကျပ်စား၊ အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ထို့ပြင် သိမ်းမဂ္ဂဇင်းတွင်လည်း အယ်ဒီတာအဖြစ် ခြောက်လခန့် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ တင့်ဆန်းသည် စုံထောက်မဂ္ဂဇင်းနှင့် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတို့တွင် အယူသည်းမှု ဆန့်ကျင်ရေး ကပ္ပိယ စုံထောက်ဝတ္ထုတိုများကို ရေးသားခဲ့သည်။ ပြားခြောက်ဆယ်တန်ခေတ် (၁၉၆၀-၆၁) တွင် ပြားခြောက်ဆယ်တန် ဝတ္ထု ဆယ်အုပ်ခန့် ထုတ်ဝေခဲ့သည်။ တပေါင်းဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့သည်။ တင့်ဆန်းသည် ၁၉၉၅ ခုနှစ်၊ မတ်လ ၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ရေးသား ပြုစုခဲ့သော စာအုပ်များ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%84%E1%80%B7%E1%80%BA%E1%80%86%E1%80%94%E1%80%BA%E1%80%B8