title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ကျီး
ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသော ငှက်များတွင် ကျီးသည် ရှောင်၍မလွတ်၊ နေရာတကာတွင် တွေ့မြင်ရသောငှက် ဖြစ်သည်။ သို့သော် ကျီး ကိုလုံးဝ မတွေ့ရသော ဒေသများလည်းရှိသည်။ ငှက်အပေါင်းတွင် ကျီးသည် လူ့လောကနှင့် အနီးကပ်ဆုံးဟု ဆိုရပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့လူအချင်းချင်း စကားပြောရာတွင်၊ 'ကျီးကိုဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ'၊ 'နတ်ကရာ ကျီးမော့'စသည်ဖြင့် ပြောဆို သုံးစွဲကြသည်။ ကျီးပါဝင်သော ပုံဝတ္ထုများတွင် အထင်ရှားဆုံးကား ဘုရားဟော တိကနိပါတ် ဥလူကဇာတ်၌ ပါရှိသော ကျီးနှင့် ခင်ပုပ်၏ ကမ္ဘာရန်အကြောင်းပင်တည်း။ ကမ္ဘာဦး၌ လူများ၊ ခြေလေးချောင်းတိရစ္ဆာန်များ၊ ငါးများသည် စည်းဝေးကြ၍၊ မဟာသမတ၊ ခြင်္သေ့၊ ငါးကြီး အာနန္ဒာတို့ကို အသီးသီး မိမိတို့ဆိုင်ရာဆိုင်ရာ မင်းမြှောက်ကြရာ၊ ငှက်များကလည်း အားကျမခံ မင်းမြှောက်ရန် စည်းဝေးကျင်းပကြသည်။ အစည်းအဝေးတွင် ငှက်များက ခင်ပုပ်ငှက်ကို မင်းမြှောက်ရန် သဘောတူညီကြ၏။ ထို့နောက် အားလုံး သဘောတူညီချက်ရရန် ကန့်ကွက်သူရှိမရှိ သုံးကြိမ်တိုင်တိုင် မေးလေရာ နောက်ဆုံးအကြိမ်တွင် ကျီးတစ်ကောင်က 'ခင်ပုပ်ငှက်သည် အမျက်မထွက်မီကပင် ကြောက်မက်ဖွယ် မျက်နှာရှိသည်။ အမျက်ထွက်သည့်အခါတွင်မူ ဆိုဖွယ်ရာရှိတော့မည်မဟုတ်' ဟု ကန့်ကွက်သဖြင့် ခင်ပုပ်ငှက် လည်း မင်းမဖြစ် တော့ဘဲ၊ ထိုအခါမှစ၍ ကျီးနှင့် ခင်ပုပ်ငှက်တို့သည် ကမ္ဘာရန် ဖြစ်လာကြသည်ဟု ဆိုလေသည်။ ကျီးသည် ပါဏဗေဒအရ ကော်ဗီဒီဟူသော မျိုးရင်းတွင် ပါဝင်၍ ထိုမျိုးရင်းတွင် ဗွက်ကုလား၊ တောကျီး၊ ကျီးအနှင့် သပိတ်လွယ်ရင်ကျား စသည့်ငှက်မျာလည်း ပါဝင်သည်။ ကျီးဟုဆိုရာတွင် ဤနေရာ၌ မြို့ကျီးဟုခေါ်ကြသော ကျီးမျိုးကို ဆိုလိုသည်။ ကျီးသည်အလျား ၁၈ လက်မခန့်ရှိ၍ အမွှေးအတောင်နက်သည်။ သို့ရာတွင် သဘာဝ၏ဆန်းကြယ်သော သဘောကြောင့် တစ်ခါတစ်ရံ ဩစတြေးလီးယားတိုက်ကဲ့သို့သော ဒေသ၌ ကျီးဖြူကို တွေ့ရတတ်သည်။ ကျီးသည် အခြားငှက်များကဲ့သို့ ထူးထူးထွေထွေ မမြည် တတ်ဘဲ၊ အားအားဟူ၍သာ အော်တတ်သည်။ နေ့လယ်နေ့ခင်း အိမ်အနီးအပါးတွင် ကျီးတစ်ကောင်တည်း သာယာစွာ မြည်လာလျှင် ကျီးသာသည်ဟု ဆိုကြသည်။ မြို့ကျီး၏ မြည်သံသည် တောကျီးသံကဲ့သို့ စူးရှမာကျောခြင်းမရှိချေ။ ကျီးမျိုးတွင် မြို့ကျီးနှင့် တောကျီးဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ မြို့ကျီးမှတစ်ပါး ကျန်ကျီးများကို တောကျီးဟု ခေါ် ကြသည်။ တောကျီးသည် မြို့ကျီးနှင့် ဆင်တူသော်လည်း ကိုယ်ထည်မှာ အနည်းငယ်ပို၍ ကြီးမားသည်။ နှုတ်သီးလည်း အနည်းငယ်ပို၍ တုတ်သည်။ အလျားမှာ လက်မ ၂ဝ မှ ၂၂ လက်မအထိ ရှည်သည်။ နှေးနှေးနှင့် ဖြောင့်ဖြောင့်ပျံတတ်ပြီး တောင်ပံကို မှန်မှန်ရိုက်တတ်သည်။ အတောင်များသည် မြို့ကျီး၏ အတောင်များထက် သိသိသာသာ ကြီးမားပြီး အနည်းငယ်ကျဲသည်။ အရောင်မှာမူ မြို့ကျီးနှင့်မခြား နက်ကျောလေသည်။ မြို့ကျီးကဲ့သို့ပင်၊ အား အားဟု အော်တတ်သော်လည်း တောကျီးကန်း၏အသံသည် တစ်ခါတစ်ရံ ခက်ထန်၍ တစ်ခါ တစ်ရံတွင် သာယာနာပျော်ဖွယ် ကောင်းသည်။ အလွန်ပူပြင်းသောနေ့လယ်အခါများတွင် အရိပ်ကောင်းသော သစ်ကိုင်းများတွင် နားကာ အာလုပ်သံကြီးနှင့် ပျင်းရိဘွယ် 'မ - -ဝါ၊ မ - -ဝါ'ဟု အော်တတ်သည်။ တောကျီးများသည် အဓိပ္ပာယ် တစ်မျိုးစီရှိသော အသံသုံးလေးဆယ်နှင့် အချင်းချင်း ဆက်သွယ်လေ့ ရှိကြသည်။ တောကျီးဟုဆိုရစေကာ ထိုငှက်များသည် တောထဲတွင်သာမနေဘဲ မြို့နီးချုံစပ်များသို့လည်း လာရောက်ကြသေးသည်။ တောကျီးတို့သည် အုပ်အသင်းဖွဲ့ကာ နေတတ်၍ နံနက်စောစော အသိုက်မှထလာပြီးလျှင် နေဝင်ဆည်းဆာတွင် အိပ်တန်းတက်ကြသည်။ တောကျီးသည် အခြားမျိုးတူငှက်များကဲ့သို့ မြေပြင်တွင် ကျက်စားသော တွေ့ရာစား ငှက်မျိုးဖြစ်သည်။ လူတို့စွန့်ပစ်သော စားကြွင်းစားကျန်များ၊ အမှိုက်သရိုက်များ၊ အစေ့မဲ့သီးများ၊ ကြွက်၊ ကြောင်စသော နို့တိုက် တိရစ္ဆာန်ကလေးများ၊ အသေကောင်ပုပ်များကို စားလေ့ရှိသည်။ အထူးသဖြင့် ငှက်ဥများနှင့် ပေါက်ခါစငှက် ကလေးများကို ဖျက်ဆီးစားသောက် တတ်သည်။ ထို့ကြောင့်တောကျီးကန်းကို ငှက်တို့၏ရန်သူ အမှတ် ၁ ဟု ခေါ်ထိုက်သည်။ ဆိုးသွမ်းသော အခြားအကျင့် တစ်ရပ်မှာ သေခါနီးတိရစ္ဆာန်၏ မျက်လုံးကို ဖောက်စားတတ်ခြင်း ဖြစ်သည်။ မိတ်လိုက်ချိန် ဖြစ်သော ဖေဖော်ဝါရီလတွင် ငှက်ဖို၏ အမူအရာမှာ အလွန်ထူးခြားသည်။ ထိုအချိန်တွင် ငှက်မ၏ ရှေ့တွင် ခြေကလေးမြှောက်ကာ၊ ခေါင်းကလေးငုံ့ကာ၊ အတောင်ဖြန့်ကာ၊ အမြီးကြွကာနှင့် ငှက်မကို မြူတတ်သည်။ တစ်ခါတစ်ရံတွင် ငှက်ဖိုသည် မိမိသဘောကျသောငှက်မထံသို့ အစာကိုချီ၍ လာတတ်သည်။ ငှက်မက ကြိုက်လျှင် လက်ခံ၏။ အဖိုနှင့်အမသည် ရာသက်ပန် တွဲဖက်နေထိုင်လေ့ရှိသည်။ မတ်လမှ မေလအထိသည် တောကျီးကလေးများ ပေါက်ချိန်ဖြစ်သည်။ တစ်မြုံလျှင် အများအားဖြင့် ၄ ဥ မှ ၅ ဥ အထိ ရှိ၍ တစ်ခါတစ်ရံ ၆ ဥ ရှိသည်။ ဥမှာ ရှည်မျောမျောဖြစ်ပြီး အခွံမှာ ချောမွတ်သည်။ တောကျီးကန်းကို မြန်မာနိုင်ငံ၌ ကွင်းပြင်များ၊ တောင်ခြေများနှင့် တောင်မြင့်များတွင် လှည့်လည် ကျက်စားလျက်ရှိသည်ကို အနှံ့အပြား တွေ့နိုင်သည်။ ကိုးကား ကျီးများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AE%E1%80%B8
ဘဲငန်း
ဘဲငန်း ကိုးကား ဘဲငန်း (ငှက်) ငှက်မျိုးစုများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%B2%E1%80%84%E1%80%94%E1%80%BA%E1%80%B8
ငန်းငှက်
ငန်းငှက် () သည် ဘဲငန်း နှင့် ဘဲ တို့နှင့်အတူ "ဘဲမျိုးရင်း (Anatidae)" ထဲတွင် ပါဝင်သော ငှက်မျိုးစုတစ်ခု ဖြစ်သည်။ ငန်း တို့ကို ၎င်းတို့နှင့် နီးစပ်သော ဘဲငန်းများနှင့်အတူ "Anserinae" မျိုးရင်းသေးတွင် အုပ်စုဖွဲ့ထားပြီး သူတို့သည် Cygnini မျိုးစုမှ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့အား သီးသန့် မျိုးရင်းသေး Cygninae အဖြစ်မှတ်ယူကြသည်။ ငန်းဖိုနှင့် ငန်းမ တို့သည် တစ်ဘဝတာလုံးအတွက် ပေါင်းဖက်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ ကွာရှင်းပြတ်စဲခြင်းများ ရှိတတ်သည်။ အထူးသဖြင့် ဥများ မအောင်မြင်သော အခါတွင်ဖြစ်သည်။ ငန်းတို့သည် ဥတစ်ခါအုလျှင် ဥ ၃ လုံးမှ ၈ လုံးအထိ အုတတ်ကြသည်။ ငန်းသည် ဝမ်းဘဲ၊ စက္ကဝက် စသည်တို့နှင့်အတူ 'အင်ဆာရီဖုမ်' မျိုးစဉ်တွင် ပါဝင်သည်။ ငန်း ၈ မျိုးခန့်ရှိသည်။ အားလုံးမှာ ငှက်ကြီးများဖြစ်ကြ၏။ ငန်းတို့တွင် တင့်တယ်ရှည်လျားသော လည်ပင်းရှိသည်။ များသောအားဖြင့် ငန်းတို့၏ အမွှေးအတောင်မှာ ဆွတ်ဆွတ်ဖြူ၍ နေသည်။ ဦးခေါင်းတွင် အနက်ရောင်လည်း ရှိ၏။ ဩစတြေလျတိုက်တွင် ငန်းအနက်များကို တွေ့ရ၏။ ကမ္ဘာပေါ်တွင် ဩစတြေးလျ တိုက် တစ်တိုက်ထဲတွင်သာ ထူးထူးခြားခြား ငန်းနက်များကို တွေ့ရသည်။ ထို့ကြောင့် ဩစတြေးလျတိုက် အနောက်ဘက်တွင် တံဆိပ်တော်ခေါင်းများ၌ ငန်းနက်ပုံကို ထည့်သွင်း ဖော်ပြထားကြလေသည်။ ငန်းတို့၏ အသံသည် ကျယ်လောင်၍ တံပိုးမှုတ်သံနှင့် ခပ်ဆင်ဆင်တူ၏။ ငန်းသည် တစ်ခါဥလျှင်ဥ ၆ လုံးခန့် အုလေ့ ရှိ၏။ အသိုက်မှာ ညစ်ပတ်ပေရေနေသော ကျူပင်၊ ရေ ညှိပင်စသည်တို့ဖြင့် ရှုပ်ထွေးလျက်ရှိသည်။ ငန်းမသည် ဥများ အုနေစဉ် ငန်းဖိုသည် ဥများကို ကာကွယ်စောင့်ရှောက်ပေးသည်။ ဥများအနားသို့ ချဉ်းကပ်လာလျှင် မည်သူ့ကိုမျှ မရှောင် ခုခံရန်ပြုတတ်သည်။ ငန်းသည် အများအားဖြင့် သစ်ဥသစ်ဖုကိုသာ စားတတ်၏။ သို့သော်လည်း တစ်ခါတစ်ရံ အခြားပိုးမွှားတိရစ္ဆာန်ငယ်ကလေးများနှင့် ပက်ကျိတို့ကိုလည်း စားတတ်သည်။ ဥရောပတိုက်တွင် တွေ့ရသောငန်းမျိုးမှာ 'ဆစ်ဂနပ် အိုလာ'ခေါ် ငန်းအ အမျိုးဖြစ်သည်။ ငန်းအ ဟု ခေါ်ခြင်းမှာ အသံမပြုတတ်သောကြောင့် ဖြစ်၏။ ရှိသမျှငန်းအပေါင်းတွင် ဤငန်းအအမျိုးမှာ လူအသိအများဆုံး ဖြစ်၏။ အရပ်မှာ ၅ ပေအထိ ရှည်၍ ကိုယ်အလေးချိန်မှာ ပေါင် ၃ဝ ခန့် ရှိသည်။ ကိုးကား ငန်းငှက်များ
https://my.wikipedia.org/wiki/%E1%80%84%E1%80%94%E1%80%BA%E1%80%B8%E1%80%84%E1%80%BE%E1%80%80%E1%80%BA
လင်းယုန်
လင်းယုန်သည် စွန်၊ လင်းတ၊ သိမ်းငှက်မျိုးတို့နှင့်အတူ ဖော်လကိုနီဖောမီး မျိုးစဉ်တွင် အက်ကဆစ်ပီထရီဒီး မျိုးရင်း၌ပါဝင်၍ ငှက်ရဲဖြစ်သည်။ ပါဏဗေဒအမည်မှာ စပိုင်လောနစ်ချီးလာဗာမေးနီးကပ် ဖြစ်သည်။ အလျား ၂၆ လက်မမှ ၂၈ လက်မထိရှိ၍ ငှက်မသည် ငှက်ဖိုထက် ထွားကျိုင်းသည်။ ပျံသန်းနေစဉ် အတောင်များသည် အလွန်ကျယ်ပြန့်၍ ဝိုင်းနေသကဲ့သို့ ထင်ရသည်။ အောက်မှနေကြည့်လျှင် အတောင်တစ်ခုစီ၏ နောက်ဘက်စွန်း တစ်လျှောက်လုံးတွင် အဖြူတန်းကြီးနှစ်ခုနှင့် အမြီးတွင် ကန့်လန့်ဖြတ်အဖြူတန်းတစ်ခု တွေ့ရခြင်းအားဖြင့် လင်းယုန်ဟု အလွယ်တကူ မှတ်မိနိုင်သည်။ လင်းယုန်သည် သစ်တောနှင့် သစ်ပင် ထူထပ်စွာပေါက်ရောက်သော ဒေသများတွင် နေထိုင်ကျက်စားသည်။ လင်းယုန်သည် များသောအားဖြင့် အလျား ခုနစ်ပေမှ ရှစ်ပေအထိရှည်သော မြွေများကို သတ်ဖြတ်စားသောက်သည်။ ပုတ်သင်၊ ကင်းလိပ်ချော စသော ဖွတ်၊ ပုတတ်မျိုး၊ ဖား၊ ပိုးမွှားနှင့် ငှက်များကိုလည်း ဖမ်းယူစားသောက်သည်။ ကောင်းကင်ထက်၌ မြင့်မားစွာ ဝဲပျံ၍ နေတတ်သည်။ လင်းယုန်သည် အလွန်ရဲရင့်ရာ အနီးသို့ လူရောက်လာသည်တိုင်အောင် မပြေးဘဲ ဝံ့ဝံ့စားစား ခံနေတတ်သည်။ လင်းယုန်သည် ဆူညံစွာနေတတ်၍ ပျံသန်းရင်းအသံမျိုးစုံဖြင့် အော်တတ်သည်။ မိတ်လိုက်ချိန်များတွင် ပို၍ဆူညံကြသည်။ လင်းယုန်သည် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း သားပေါက်သည်။ အသိုက်များကို စမ်းချောင်းများအနီးရှိ မြင့်မားသော သစ်ပင်ကြီးများ၌ သစ်ကိုင်းများဖြင့် ပြုလုပ်သည်။ အသိုက်မှာ ငှက်၏ အရွယ်နှင့်စာလျှင် သေးငယ်သည်။ ဥတစ်လုံးတည်းသာ ဥသည်။ လင်းယုန်များကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံ သစ်တောအားလုံးလောက်တွင် ပေပေါင်းမည်မျှမြင့်သည်ဖြစ်စေ အမြဲတမ်းနေထိုင်ကြသည်။ လင်းယုန်ငှက်သည် သဘာဝအားဖြင့် ရဲရင့်ခြင်းသတ္တိနှင့် ပြည့်စုံသောကြောင့် ရှေးပဝေဏီကပင် ယင်းငှက်ကို အမျိုးသား အထိမ်းအမှတ် အဖြစ်ဖြင့် အသိအမှတ်ပြုကြသည်။ အမေရိကန်ပြည်ထောင်စုတွင် လင်းယုန်ငှက်ကို အမျိုးသားအထိမ်းအမှတ်အဖြစ်ဖြင့် သတ်မှတ်ထားသည်။ ရှေးက ခေတ်ကောင်းခဲ့သော ရောမနိုင်ငံတော်ကြီးတွင်လည်း လင်းယုန်ငှက်ကို အမျိုးသားအထိမ်းအမှတ်အဖြစ်ဖြင့် အသုံးပြုခဲ့ကြလေသည်။ ကိုးကား တောင်အာရှတွင် တွေ့ရှိရသော ငှက်များ အရှေ့တောင်အာရှတွင် တွေ့ရှိရသော ငှက်များ မြန်မာနိုင်ငံတွင် တွေ့ရှိရသော ငှက်များ လင်းယုန်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%E1%80%94%E1%80%BA
ငှက်ကုလားအုတ်
ငှက်ကုလားအုတ် (Struthio camelus) သည် အာဖရိကတိုက်တွင်နေထိုင်သည့် ကြီးမားသည့် ငှက်ကြီးများ ဖြစ်သည်။ ငှက်ကုလားအုတ်တို့သည် အသက်ရှင်လျက် ရှိနေသေးသော ငှက်တို့ထဲတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ငှက်များထဲတွင် အကြီးဆုံးဥ ရှိသည်။ ငှက်ကုလားအုတ်များသည် မပျံသန်းနိုင်ကြပေ။ သို့သော်လည်း လျင်မြန်စွာ ပြေးနိုင်ကြသည်။ ငှက်ကုလားအုတ်တို့သည် Struthioniformes မျိုးစိတ်တွင် ပါဝင်သည်။ ငှက်ကုလားအုတ်ကို ပျံနည်းမေ့သောငှက်ဟု အမည်ပေးလျှင် မှားမည်မဟုတ်ချေ။ ငှက်ကုလားအုတ်တွင် ရှိသော တောင်ပံ တို့မှာ အလွန်သေးငယ်ကြသဖြင့် အခြားငှက်များကဲ့သို့ လေထဲ၌ မပျံသန်းနိုင်ချေ။ သို့ရာတွင် သမိုင်းမတင်မီ ခေတ်အခါက ထိုငှက်မျိုးတွင် သန်စွမ်းသော တောင်ပံများရှိသဖြင့် လေထဲတွင် အခြားငှက်များနည်းတူ ပျံသန်းနေကြမည်ဟု တွေးတောရပေသည်။ ငှက်ကုလားအုတ်သည် အကောင်ကြီး၍ အလွန်သန်မာသဖြင့် နှောင့်ယှက်မည့်ရန်သူ နည်းပါးသောကြောင့်လည်းကောင်း၊ အစာရေစာကို ခရီးဝေးသို့ သွားရောက်မရှာမဖွေရဘဲ လွယ်လင့်တကူ နှင့် ရနိုင်သောကြောင့်လည်းကောင်း၊ အတောင်ပံများကို အသုံးနည်းလာသည်။ သို့ဖြစ်၍ ယခုအခါ မပျံသန်းနိုင်တော့ဟု ယူဆရလေသည်။ ငှက်ကုလားအုတ်သည် ပျံသန်းနည်းကို မေ့ပြီဟုဆိုရ မည်ဖြစ်သော်လည်း အလွန်သန်မာ တောင့်တင်းသော ခြေများ ရှိသဖြင့် အပြေးမြန်သော အာရပ်မြင်းကိုပင်ကျော်အောင် ပြေးနိုင်လေသည်။ ကမ္ဘာပေါ်တွင် ယခုအခါ၌ တွေ့သော ငှက်တို့တွင် ငှက်ကုလားအုတ်သည် အကြီးဆုံးငှက်မျိုး ဖြစ်သည်။ အာဖရိကတိုက်နှင့် အာရေဗျနိုင်ငံတွင်ရှိသော သဲကန္တာရများသည် ငှက်ကုလားအုတ်တို့၏ မူလ ကျက်စားရာဒေသ ဖြစ်ပေသည်။ ထိုသဲကန္တာရများတွင် ငှက်ကုလားအုတ်များကို မြင်းကျားနှင့် အန္တိလုပ်ခေါ် တောဆိတ်အုပ်များထဲ၌ တစ်ခါတစ်ရံ ထူးဆန်းစွာ တွေ့ရတတ်သည်။ အများအားဖြင့် ငှက်ကုလားအုတ်များသည် အဖိုတစ်ကောင်နှင့် အမ ၅ ကောင်မှ ၆ ကောင်အထိ ပါဝင်သော အုပ်များဖွဲ့၍ နေလေ့ရှိကြသည်။ ငှက်ကုလားအုတ်တွင် တောင်ပံနှင့် အမြီးဟူ၍ မည်မည်ရရ မရှိချေ။ ကျောကုန်းကလည်း မို့မောက်နေသည့်အပြင် ရှည်လျား၍ ကောက်နေသော လည်တံသည်လည်း အထက်သို့ ထိုး ထွက်နေ၏။ ထို့အပြင် သန်မာသောခြေတံရှည်များကြီးများ ရှိသည်။ ထို့ကြောင့် ငှက်ကုလားအုတ်ကို တကိုယ်လုံးခြုံ၍ကြည့်လိုက်လျှင် ငှက်စင်စစ်ဖြစ်သည်ဟု မဆိုသာနိုင်အောင် အဆစ်အပိုင်းများ ပြေပြစ်ချောမောခြင်း မရှိချေ။ အရွယ်ရောက်သော ငှက်ကုလားအုတ်ဖို၏ အရပ်အမောင်းမှာ အရပ်ရှည်ရှည် လူတစ်ယောက် ထက်ပင် မြင့်မားသည်။ ငှက်ကုလားအုတ်သည် ခြေဖျားမှ ဦးစွန်းတိုင်အောင် ၇ ပေမှ ၈ ပေအထိ ရှိ၍ ကိုယ်အလေးချိန်မှာ ပေါင် ၁၅ဝ မှ ပေါင် ၃ဝဝ အထိ ရှိသည်။ ငှက်အဖို၏ ကိုယ်မှာ မည်းနက်သော အမွှေးအတောင်တို့ ဖုံးအုပ်နေသည်။ အလွန်သေးငယ်သော အတောင်ပံနှင့် အမြီးတို့မှာ ဆွတ်ဆွတ်ဖြူသည်။ တောင်ပံမွှေးနှင့်အမြီးတို့မှာ အလွန် လှပသဖြင့် လူတို့သည် ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲကြသည်။ ငှက်ကုလားအုတ်၏ ထူးခြားချက်တရပ်မှာ ခြေချောင်း ၂ ခုသာ ပါရှိခြင်း ဖြစ်သည်။ သို့ရာတွင် နေရင်းအရပ်ဖြစ်သော သဲကန္တာရပေါ်တွင် အလွန်မြန်စွာပြေးနိုင်သော ခြေဖဝါးများ ရှိသည်။ လမ်းလျှောက်နေသည့်အခါ ငှက်ကုလားအုတ်သည် လူများဟန်လုပ်၍ လှမ်းသကဲ့သို့ တစ်လှမ်းချင်း စိပ်စိပ်နှင့် မှန်မှန်လှမ်း၍ သွားတတ်သည်။ ပြေးရမည်ဆိုလျှင် တစ်နာရီလျှင် မိုင် ၃ဝ ကျော်နှုန်းဖြင့် ပြေးနိုင်စွမ်းရှိသည်။ ငှက်ကုလားအုတ်မတို့တွင် ညို မှိုင်းမှိုင်း အမွှေးအတောင်ရှိ၍ အဖိုတို့လောက် အရပ်မမြင့်ချေ။ အဖိုတို့ထက် အမများသည် စိတ်ကောင်းပို၍ ရှိလေသည်။ အဖိုတို့သည် အမများ ကိုယ့်ဖက်ပါအောင် မြူရာမှအစ အချင်းချင်း သတ်ပုတ်တတ်ကြသည်။ အမများသည် သဲကို ယက်ကော်ထုတ်ထားသော အသိုက် ကျင်းတစ်ခုထဲ၌ ၅ ကောင်ဖြစ်စေ၊ ၆ ကောင်ဖြစ်စေ ဝိုင်း၍ အုချကြသည်။ တစ်ခါတစ်ရံ အမတစ်ကောင်က နေ့အခါ၌ ဥများပေါ်တွင် ဝပ်လေ့ရှိ၏။ သို့သော် အများအားဖြင့် အမတို့သည် ဥများကို အုချပြီးနောက် အကောင်များ ပေါက်လာအောင် ဂရုတစိုက်နှင့် ဥများပေါ်တွင် ဝပ်နေလေ့ မရှိကြချေ။ သဲကန္တာရတွင်း ဖြစ်သည့်အလျောက် နေပူရှိန်ပြင်းပြလွန်း၍သာ ဥများမှ အကောင်ငယ်များ ပေါက်လာကြလေသည်။ အမအများပိုင် ဥကျင်းတစ်ကျင်းထဲတွင် ဥပေါင်း၂ဝ ကျော် ၃ဝ အထိ ရှိတတ်သော်လည်း ပေါက်ခါ စငှက်ကလေးတို့အား ဥများကိုခွဲ၍ ကျွေးမွေးလေ့ရှိသဖြင့် တမြုံတွင် အကောင်လေးပေါင်း ၂ဝ ထက်ပို၍ မရှိကြချေ။ ညတွင် အစာရှာထွက်လေ့ရှိသော ခွေးအကဲ့သို့ သားရဲတို့၏ ရန်ကို စိုးရိမ်ရသဖြင့် ငှက်ကုလားအုတ်အဖိုသည် ဥများပေါ်၌ တညလုံးဝပ်၍ စောင့်ရှောက်လေသည်။ ငှက်ကုလားအုတ်ဥသည် ကြက်ဥထက် ၁၈ ဆခန့် အရွယ်ရှိ၍ ဥတစ်လုံးတစ်လုံးလျှင် ၃ ပေါင်ခန့် လေးသည်။ ဥများမှာ စားကောင်းသော်လည်း မိနစ် ၄ဝ မျှကြာအောင် ပြုတ်မှ ကျက်သည်။ ငှက်ကုလားအုတ်အဖိုသည် ငှက်မနှင့် ငှက်ကလေးတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သည်။ သူတို့အား နှောင့်ယှက်လျှင် အလွန်သန်မာသော ခြေတို့ဖြင့် ရှေ့သို့ဖြစ်စေ၊ ဘေးသို့ဖြစ်စေ ကန်ကျောက်တတ်သည်။ လူပင်ဖြစ်စေ၊ မြင်းပင်ဖြစ်စေ ယင်းသို့ အကန်ခံရလျှင် သေတတ်သည်။ မိတ်လိုက်ချိန်၌ အဖိုသည် လည်တံကိုပွလာစေ၍ နှုတ်သီးကို ကျပ်တည်းစွာ ပိတ်လျက် နွားသိုးအော်သံကဲ့သို့ အော်တတ်သည်။ ငှက်ကုလားအုတ်များကို ခရစ် ၁၈၅ဝ ပြည့်နှစ်လောက်မှစ၍ လူတို့ မွေးမြူထားကြသည်။ ထိုစဉ်အခါက အာဖရိကတိုက် မြောက်ပိုင်းရှိ ပြင်သစ်ပိုင် အယ်လဂျီးယားနယ်နှင့် အအင်္ဂလိပ်ပိုင် တောင်ပိုင်းနယ်များတွင် ငှက်ကုလားအုတ်တို့ကို အမွှေးအတောင် များအတွက် မွေးမြူကြလေသည်။ ယခုအချိန်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဩစတြေလျတိုက်များ၌ ငှက်ကုလားအုတ် မွေးမြူသည့် လုပ်ငန်းထွန်းကားလျက်ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် ကာလီဖိုးနီးယား၊ အယ်ရီဇိုးနား၊ တက်ဆက် နှင့် ဖလောရီဒါပြည်များ၌ ထိုငှက်များကို မွေးမြူကြသည်။ ငှက်ကုလားအုတ်ကိုယ်မှ အကောင်းဆုံး၊ အလှဆုံးအမွှေးအတောင် တို့ကို တစ်နှစ်လျှင် နှစ်ကြိမ်ကျ ညှပ်လေ့ရှိသည်။ ယင်းတို့ အမွှေးအတောင် တို့ကို ညှပ်ယူပြီးနောက် မကြာမီအတွင်း အမွှေးသစ်များ ထွက်လာပြန်သည်။ ဥမှ ပေါက်ခါစငှက်ကလေးမှာ ကြက်မတန်းကလေး အရွယ်ရှိ၍ ၆ လအတွင်း အရွယ်ရောက်သည့် ငှက်ကြီးနီးပါးအထိရှိလာသည်။ ၆ လသားအရွယ် ငှက်များမှ အမွှေးအတောင်များ ညှပ်ယူ ရရှိနိုင်သော်လည်း ငှက်မတို့သည် အသက် ၄ နှစ်ခန့် ရှိမှ အရွယ်ရောက်ရှိလာသည်။ ငှက်ကုလားအုပ်အချို့သည် အနှစ် ၁ဝဝ အထိပင် အသက်ရှည်ကြသဖြင့် ငှက်ကုလားအုတ်သည် အလွန်သက်တမ်းရှည်သော ငှက်မျိုးဖြစ်သည်ဟု ဆိုရပေ မည်။ ငှက်ကုလားအုတ်ကဲ့သို့ မပျံတတ်သော အခြားငှက်မျိုး များမှာ တောင်အမေရိကတိုက်၌ တွေ့ရသော ရီးငှက်၊ အမေရိကန် ငှက်ကုလားအုတ်၊ ဩစတြေလျတိုက်၌ တွေ့ရသော အီးမျူးနှင့် ကက်ဆွေရီငှက်မျိုးတို့ ဖြစ်ကြသည်။ ငှက်ကုလားအုတ်၊ ရီးနှင့် အီးမျူးငှက်တို့မှာ လွင်ပြင်များတွင် ကျက်စား၍ ကက်ဆွေရီငှက်မှ သစ်တောများ၌ ကျက်စားလေသည်။ ကိုးကား ငှက်ကုလားအုတ်များ မပျံသန်းနိုင်သော ငှက်များ အာဖရိကတိုက်တွင် တွေ့ရှိရသော ငှက်များ မွေးမြူရေး
https://my.wikipedia.org/wiki/%E1%80%84%E1%80%BE%E1%80%80%E1%80%BA%E1%80%80%E1%80%AF%E1%80%9C%E1%80%AC%E1%80%B8%E1%80%A1%E1%80%AF%E1%80%90%E1%80%BA
မီးရထား
မီးရထားဆိုသည်မှာ ကုန်စည်များ သို့ ခရီးသည်များကို တစ်နေရာမှ အခြားတစ်နေရာသို့ သယ်ယူပို့ဆောင်ရန်အတွက် သွားလာမောင်းနှင်သော (အသေတပ်ဆင်ထားသည့်)သံလမ်းပေါ်တွင် ပြေးဆွဲသည့် ယာဉ်တွဲများပင်ဖြစ်သည်။ ပုံမှန်အားဖြင့် သံလမ်းမှာ ၂ ခုအပြိုင်ရှိသော်လည်း မိုနိုရေး (monorail) ခေါ် ၁ လမ်းတည်းသာရှိသော သံလမ်း နှင့် သံလိုက်ဖြင့် ထိန်းချုပ်မောင်းနှင်သည့် သံလိုက်ပင့်(maglev) ထိန်းချုပ်လမ်းများလည်း ဖြစ်နိုင်သည်။ ရထားကိုမောင်းနှင်ရာတွင် စက်ခေါင်းဖြင့် သီးခြားမောင်းနှင်ခြင်း ရှိသလို တွဲဆိုင်းအသီးသီးကမိမိဘာသာမောင်းနှင်ခြင်းလည်းရှိသည်။ ၁၉ရာစု အစောပိုင်းမှ ၂၀ ရာစုအလယ်ပိုင်းအထိ ရေနွေးငွေ့နှင့် မောင်းနှင်သော စက်ခေါင်းများကို အသုံးများကြသော်လည်း ခေတ်သစ်ရထားများသည် ဒီဇယ်စက်ခေါင်း သို့မဟုတ် ခေါင်မိုးပေါ်မှသွယ်တန်းထားသော လျှပ်စစ်ဓာတ်အား သို့ သီးခြားလမ်းတစ်ခုဖြင့် ဆက်သွယ်ပေးထားသော လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်ကြသည်။ ရထားကို မြင်းများ ၊ ကြိုးသို့မဟုတ် ဝိုင်ယာကြိုး၊ ကမ္ဘာ့ဆွဲအား နှင့် ဓာတ်ငွေ့တာဘိုင်တို့ကို သုံး၍လည်း မောင်းနှင်နိုင်သည်။ ရထားဆိုသော စကားမှာ ရှေးခေတ်ပြင်သစ်စကား trahiner မှ ဆင်းသက်လာပြီး ထိုစကား မှာ ဆွဲခြင်း ဟု အဓိပ္ပာယ်ရသော လက်တင်ဘာသာစကား trahere မှရယူထားခြင်းဖြစ်သည်။ ရထားအမျိုးအစားများ ရထားအမျိုးမျိုးတို့ကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးချရန်အတွက် ပုံစံ အမျိုးမျိုးထုတ်လေ့ရှိကြသည်။ ရထားတွင် စက်ခေါင်းတွဲ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရှိနိုင်ပြီး စက်ခေါင်းနှင့် ချိတ်ဆက်ထားသော ရထားတွဲ အမြောက်အမြား ပါဝင်နိုင်သည်။ ထို့အတူ တွဲအမြောက်အမြားကို ချိတ်ဆက်ထားပြီး ကိုယ်တိုင် မောင်းနှင်သော ရထားရှိနိုင်သကဲ့သို့ တွဲတစ်တွဲသာ ရှိပြီး ကိုယ်တိုင် မောင်းနှင်သော ကားရထား အမျိုးအစားလည်း ရှိသည်။ ရထားကို မြင်းများဖြင့် ဆွဲနိုင်သကဲ့သို့ ကြိုးများဖြင့်လည်းဆွဲနိုင်ပြီး တောင်ပေါ်မှနေ၍ ကမ္ဘာ့ဆွဲငင်အားကို သုံး၍ လှိမ့်ချသော ရထားမျိုး လည်းဖြစ်နိုင်သည်။ ရထားအမျိုးအစား အလိုက် အထူးပြုလုပ်ထားသော ရထားလမ်းများပေါ်တွင် မောင်နှင်သော ရထားအမျိုးမျိုး ရှိပြီး ထိုရထားလမ်း အမျိုးအစားများတွင် လေဖိအားသုံး သံလမ်း၊ မိုနိုရေး ခေါ် တစ်လမ်းတည်းသာ ရှိသောသံလမ်း၊ ကျည်ဆန်ရထားလမ်း၊ မက်ဂ်လက်ဗ် (maglev) ခေါ် သံလိုက်အားသုံး ရထားလမ်း၊ မြေအောက် ရာဘာဘီးလမ်း၊ တောင်ဆင်းရထားစုံတွဲလမ်း နှင့် ကော့ဂ်ရထားလမ်းတို့ ပါဝင်ကြသည်။ လူစီးရထားများတွင် စက်ခေါင်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်နိုင်ပြီး ခရီးသည်တင်တွဲများ မှာလည်း တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်နိုင်သည်။ အခြားတစ်နည်း ဆိုရလျှင် ရထားတစ်ခုလုံးတွင် တွဲများသာ ပါဝင်ြပီး ရထားတွဲအချို့အဝက် သို့ အားလုံးမှာ ရထားကို မောင်းနှင်ခြင်းဖြစ်နိုင်သည်။ ကမ္ဘာအနှံ့အပြား အထူးသဖြင့် ဂျပန်နှင့် ဥရောပတို့တွင် ကျည်ဆန်ရထားများကို လူစီးရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံတွင်လည်းကျည်ဆန်ရထားကိုတွင်ကျယ်စွာအသုံးပြုနိုင်လာပြီဖြစ်ပြီး တရုတ်ကျည်ဆန်ရထားများသည် ကမ္ဘာပေါ်တွင် လက်ရှိအမြန်ဆုံးဖြစ်သည်။ ကုန်ရထားများတွင် လူစီးတွဲများအစား အလုံပိတ်ကုန်တွဲနှင့် အမိုးပွင့်ကုန်တွဲများပါဝင်ကြသည်။ ပြင်ပမှကြည့်လျှင် ပါဆယ်ပို့သော ရထား သို့မဟုတ် စာပို့ရထားသည်သာလျှင် တွဲကို အလုံပိတ်ထားပြီး ခရီးသည်တင်တွဲ နှင့် ဆင်တူသည်။ ခရီးသည်တင်တွဲများ နှင့် ကုန်တွဲများကို ပေါင်းစပ်ထားသော ရထားများလည်းရှိသည်။ ရထားအကြိမ် အရေအတွက် နည်းသော နေရာများတွင် ထိုသို့သော ရထားများကို အသုံးပြုလေ့ရှိကြပြီး ခရီးသည်တင်ရထားနှင့် ကုန်ရထားကို သပ်သပ်စီ ဆွဲပါက ကုန်ကျစရိတ် အရ တွက်ခြေမကိုက်သောကြောင့်ဖြစ်သည်။ သို့သော် ရထားစီးခရီးသည် များကို ပို့ဆောင်ရန် လိုအပ်ချက် နှင့် ကုန်စည်တို့ ကို ပို့ဆောင်ရန် လိုအပ်ချက်မှာ မတူညီသောကြောင့် ဖြစ်နိုင်ပါက ထိုရထားမျိုးကို ပြေးဆွဲလေ့မရှိကြပေ။ သံလမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အထူးပြုလုပ်ထားသော ရထားများကိုလည်း သုံးလေ့ရှိကြပြီး ထိုရထားမျိုးကို အချို့နေရာများတွင် သံလမ်းပြင်ရထားဟု ခေါ်ကြသည်။ အင်္ဂလန်နိုင်ငံတွင် စက်ခေါင်း ၂ ခုဖြင့် ဆွဲသောရထားကို "double-headed" ဟု ခေါ်ဆိုလေ့ရှိကြသော်လည်း ကနေဒါနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတွင်မူ ရှည်လျားသော ကုန်ရထားများကို စက်ခေါင်းသုံးခု သို့မဟုတ် သုံးခုထက်ပို၍ တပ်ဆင်ပြေးဆွဲခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ စက်ခေါင်းကို ခေါင်းပိုင်း နှင့် အမြီးပိုင်းတွင် တပ်ဆင်သော ရထားကို 'top and tailed' ဟုခေါ်လေ့ရှိသည်။ ပုံမှန်အားဖြင့် ရထားကို နောက်ပြန်ကွေ့၍ မရနိုင်သောနေရာများတွင် ဤပုံစံမျိုးကို အသုံးပြုကြသည်။ ဒုတိယမြောက်တပ်ဆင်ထားသော စက်ခေါင်းသည် ခဏတာအားဖြင့် ရထားကို မတ်စောက်သောတောင်စောင်းများသို့ တက်ရောက်ရန် သို့မဟုတ် တောင်ဆင်းတွင် ကူညီ၍ ဘရိတ်အုပ်ပေးနိုင်ရန် အကူအညီပေးခြင်းကို အမေရိကန်နိုင်ငံတွင် 'helper service' ဟုခေါ်လေ့ရှိပြီး အင်္ဂလန်တွင် 'banking' ဟုခေါ်ကြသည်။ ယခုလတ်တလောတွင် အမေရိကန်ပြည်ထောင်စု၌ ရထားစက်ခေါင်း အပို တစ်ခု သို့မဟုတ် တစ်ခုမကသော စက်ခေါင်းများကို ရထား၏ အလယ် သို့မဟုတ် အဆုံးပိုင်းတွင် တပ်ဆင်ပြီး ရှေ့ဆုံးတွဲမှ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းကို "DP" သို့ "Distributed Power" ဟုခေါ်ဆိုသည်။ မောင်းနှင်သောအားများ အစကနဦး ရထားများမှာ ကြိုးဖြင့်ဆွဲခြင်း၊ ကမ္ဘာမြေ၏ ဆွဲငင်အားကို အသုံးပြု၍ မောင်းနှင်ခြင်း နှင့် မြင်းဖြင့်ဆွဲခြင်း စသည့် နည်းစနစ် တို့ဖြင့် မောင်းနှင်ကြသော်လည်း ၁၉ ရာစု အစပိုင်းမှ စ၍ ရေနွေးငွေ့သုံးစက်ခေါင်းများကို သုံးစွဲလာကြသည်။ ၁၉၂၀ ပြည့်နှစ်များမှ စ၍ လုပ်အားသုံးရန် နည်းပါးပြီး သန့်ရှင်းသော်လည်း ပိုမိုရှုပ်ထွေးကာ ဈေးကြီးသော ဒီဇယ်စက်ခေါင်းများနှင့် လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများဖြင့် ပြောင်းလဲ၍ သုံးစွဲလာကြသည်။ တပြိုင်နက်တည်းမှာပင် ဒီဇယ်သို့မဟုတ် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ ကိုယ်တိုင် မောင်းနှင်သော တွဲများ သည် ခရီးသည်တင်လုပ်ငန်းတွင် ပိုမို၍ အသုံးများလာကြသည်။ နိုင်ငံအများစုတွင် စက်ခေါင်းများကို ဒီဇယ်စက်ခေါင်းအဖြစ်ပြောင်းလဲခြင်းကို ၁၉၇၀ ပြည့်နှစ်များတွင် ပြီးစီးခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် နိုင်ငံအနည်းငယ်၌ ကျောက်မီးသွေး နှင့် အလုပ်သမားမှာ ဈေးပေါ၍ ရေနွေးငွေ့ စက်ခေါင်းကို သုံးစွဲနေဆဲဖြစ်သော်လည်း အသုံးပြုမှု ကို တဖြည်းဖြည်းချင်း ရပ်စဲလာကြပြီ ဖြစ်သည်။ သမိုင်းဝင်ရေနွေးငွေ့စက်ခေါင်းများကို နိုင်ငံအများစုတွင် အပန်းဖြေရန်အတွက် နှင့် စိတ်ဝင်စားသူများအတွက် ပြေးဆွဲနေဆဲဖြစ်သည်။ လျှပ်စစ်ဓာတ်အားဖြင့် ဆွဲငင်ခြင်းမှာ ရထားပြေးဆွဲသော မိုင်အလိုက်တွက်ချက်ကြည့်ပါက ဈေးနှုန်းသက်သာသော်လည်း အစပိုင်းရင်းနှီးမြှုပ်နှံမှုတွင် ပို၍ များသဖြင့် လူစီးများသော လိုင်းများအတွက်သာ တွက်ခြေကိုက်သည်။ မိုင်အလိုက် ရထားလမ်းဆောက်လုပ်ခြင်းမှာ ကုန်ကျစရိတ်အားြဖင့် နှိုင်းယှဉ်ကြည့်ပါက ပိုမိုများပြားသဖြင့် ခရီးဝေး လမ်းများတွင် လျှပ်စစ်သုံးရထားကို အကြိုက်နည်းကြသော်လည်း ခရီးဝေးသွား အမြန်လိုင်းများကို မူ လျှပ်စစ်ဓာတ်အားသုံး၍ ဆောက်လုပ်ကြသည်။ လျှပ်စစ်ရထားများသည် ဓာတ်အားကို အမိုးပေါ်ရှိ လျှပ်စစ်လိုင်းသို့မဟုတ် လျှပ်စစ်လွှတ်ထားသော တတိယလမ်းမှ ရရှိသည်။ ခရီးသည်တင်ရထားများ ခရီးသည်တင်ရထားဆိုသည်မှာ ခရီးသည်တင်တွဲများပါရှိသောရထားကို ဆိုလိုသည်။ ခရီးသည်တင်ရထားမှာ မိမိဘာသာမောင်းနှင်သော တွဲများဖြစ်နိုင်သကဲ့သို့ သံလမ်းပြေးကားလည်း ဖြစ်နိုင်သည်။ ထို့ပြင် ရထားစက်ခေါင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောစက်ခေါင်းနှင့် မောင်းနှင်ရန် စက်မပါရှိသော နောက်တွဲများ ပေါင်းစပ်ထားခြင်းလည်းဖြစ်နိုင်သည်။ ခရီးသည်တင်ရထားများသည် လူအတင်အချ ပြုလုပ်နိုင်သော ဘူတာရုံများ အကြားတွင် ပြေးဆွဲကြသည်။ ထင်ရှားကျော်ကြားသော ရထားခရီးစဉ်များကို နာမည်သီးသန့်ပေးလေ့ရှိကြပြီး အချို့မှာ စာပေ နှင့် ဝတ္ထုတို့တွင် ထင်ရှားသည်။ အိန္ဒိယနိုင်ငံမှာ ခရီးသည်ဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေအလွန်များသောကြောင့်ဖြစ်သည်။ လူဦးရေစာရင်းဇယားကို ကြည့်ပါက အိန္ဒိယမှာ လူဦးရေအများဆုံးနိုင်ငံများတွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံမျှသာဖြစ်သော်လည်း အခြားနိုင်ငံများနှင့် မတူပဲ ခရီးသည်ဦးရေအသိပ်သည်းဆုံးဖြစ်နေသည်။ အချို့သော ခရီးတို သို့မဟုတ် ခရီးဝေး ခရီးသည်တင်ရထားများမှာ နှစ်ထပ်တွဲများပါရှိပြီး ခရီးသည်အမြောက်အမြားကို တင်ဆောင်နိုင်ရန် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။ ခရီးသည်တင်ရထားများ၏ ပုံသဏ္ဌန်နှင့် လုံခြုံမှုစနစ်တို့မှာ အချိန်နှင့်အမျှ ပြောင်းလဲလာခဲ့သည်။ ခရီးဝေးသွားရထားများ ခရီးဝေးသွားရထားများသည် မြို့ကြီးများအကြား နှင့် နိုင်ငံတစ်ခု၏ ဒေသအနှံ့အပြားတွင်သွားလာကြပြီး တစ်ခါတစ်ရံတွင် နိုင်ငံများ အကြားဖြတ်ကျော်သွားလာကြသည်။ ထိုရထားများတွင် ခရီးသည်များ ခရီးစဉ်အတွင်းတွင် စားသောက်နိုင်ရန် စားသောက်ခန်းတွဲပါရှိတတ်သည်။ ညအိပ်သွားလာရသော ခရီးစဉ်များအတွက် အိပ်စင်တွဲများလည်း ပါရှိတတ်သည်။ မြန်နှုန်းမြင့်ရထားများ ဂျပန်နိုင်ငံတွင် တိုကျိုမြို့၏ မြို့ပြဒေသများအတွင်းနှင့် အိုဆာကာမြို့၏ မြို့ပြဒေသများအတွင်း (၅၀၀ ကီလိုမီတာခန့်အကွာအဝေး) တွင် ရှင်းကန်ဆင်(Shinkansen) ခေါ်ကျည်ဆန်ရထားသည် ထင်ရှားသည်။ သို့သော်လည်း ပိုဝေးသောခရီးစဉ်များ (ဥပမာ တိုကျို-ဟီရိုရှီးမား ခရီးစဉ်) အတွက်မူ လူအများစု က လေကြောင်းဖြင့် သွားလာခြင်းကို ပို၍ နှစ်သက်ကြသည်။ အင်္ဂလန်မှ အေပီတီ၊ အီတလီမှ ပန်ဒိုလီနို နှင့် စပိန်မှ တယ်လ်ဂို အစရှိသော အလွန်လျင်မြန်သော ရထားများသည် စောင်းသောပုံသဏ္ဌန် ပုံစံထုတ်ထားတတ်သည်။ ထိုသို့ စောင်းသောပုံသဏ္ဌန် ရှိသောစနစ်ကြောင့် ခရီးသည်တင်တွဲများသည် လမ်းကွေ့များအတွင်းသို့ အလိုအလျောက် အလိုက်သင့်တိမ်းစောင်းသွားပြီး ခရီးသည်များပေါ်တွင် သက်ရောက်သော ဘေးတစ်ဘက်တစ်ချက်မှ g-forces များကို လျော့ကျစေသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် လမ်းကွေ့များတွင် ပို၍မြန်သောအရှိန်ဖြင့် မောင်းနှင်နိုင်ပြီး ခရီးသည်များကို ပို၍ သက်တောင့်သက်သာရှိစေသည်။ သံလမ်းပေါ်တွင် ပြေးသောရထားများတွင် အမြန်ဆုံးမှာ ပြင်သစ်မှ တီဂျီဗွီ (TGV) ဖြစ်သည်။ ပြင်သစ်ဘာသာ Train à Grande Vitesse မှာ မြန်နှုန်းမြင့်ရထားဟု အဓိပ္ပာယ်ရသည်။ ၂၀၀၇ ခုနှစ် စမ်းသပ်မောင်းနှင်မှုတွင် အမြန်ဆုံးအရှိန် တစ်နာရီလျှင် ၃၅၆ မိုင်နှုန်း (၅၇၄.၈ ကီလိုမီတာနှုန်း) မောင်းနှင်နိုင်သော်လည်း ယခုလက်ရှိ ပြေးဆွဲနေသော ရထားမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ မှ ၃၂၀ နှုန်းအထိသာမောင်းနှင်သည်။ ဂျာမနီမှ အိုင်စီအီး ရထားသည် လည်း ကီလိုမီတာ ၃၀၀ မှ ၃၂၀ အထိသာမောင်းနှင်သည်။ မြို့ကြီးများသွားရထားများ မြို့ကြီးများအကြားဆက်သွယ်သော ရထားများကို အုပ်စု ၂ခုခွဲနိုင်သည်။ မြို့ကြီးများသွားရထားများ (inter-city trains) သည် ဘူတာရုံအသေးလေးများတွင် မရပ်နားပေ။ အခြားအုပ်စုမှာ ဒေသတွင်းသွားရထား (local trains or "stoppers") သို့မဟုတ် ဘူတာရုံတိုင်းတွင် ရပ်နားသော ရထားများဖြစ်သည်။ အလယ်အလတ်အနေဖြင့် အကန့်အသတ်ဖြင့်သာရပ်နားသော ရထားများ (limited-stop) လည်း ရှိသည်။ လမ်းခွဲရထားများ လမ်းခွဲရထားများ (Branch lines trains) ဆိုသည်မှာ ပုံမှန်အားဖြင့် ဒေသအတွင်းရှိ ဘူတာရုံနှင့် ဒေသတွင်းရှိ ရထားလမ်းများကို ဆက်သွယ်ပေးထားသောရထား များကိုခေါ်ပြီး ပုံမှန်အားဖြင့် ဘူတာရုံတိုင်း သို့မဟုတ် ဘူတာရုံ အတော်များများတွင် ရပ်နားလေ့ရှိသော ရထားများဖြစ်သည်။ မြို့ပတ်ရထားများ ခရီးတိုများအတွက် မြို့ကြီးအတော်များများတွင် မြို့ပတ်ရထားလမ်း ကွန်ယက်များရှိပြီး မြို့လယ်နှင့် ဆင်ခြေဖုံးဒေသများတွင် ပြေးဆွဲကြသည်။ အချို့သော တွဲများတွင် မတ်တပ်ရပ်ရန် နေရာက ထိုင်ရန် နေရာထက်ပိုများလေ့ရှိပြီး ကလေးတွန်းလှည်းများ၊ စက်ဘီးများ နှင့် ဘီးတပ်ကုလားထိုင်များကို တင်ဆောင်နိုင်ရန် ပြုလုပ်ထားခြင်းလည်း ဖြစ်သည်။ အချို့သောတိုင်းပြည်များတွင် နှစ်ထပ်ခရီးသည်တင်ရထားများရှိပြီး မြို့ပြနှင့်အနီးဝန်းကျင်ဒေသများကို ဆက်သွယ်ပေးထားသည်။ နှစ်ထပ် မြန်နှုန်းမြင့်ရထားနှင့် အိပ်စင်ရထားများသည် ဥရောပကုန်းမကြီးတွင် ပို၍ အသုံးများလာကြပြီဖြစ်သည်။ ခရီးသည်တင်ရထားများတွင် ပုံမှန်အားဖြင့် အများပြည်သူ အသုံးပြု နိုင်သော အရေးပေါ်ဘရိတ် သို့မဟုတ် ဆက်သွယ်ရေးကြိုးများပါရှိတတ်သည်။ မတော်တရော် အသုံးပြုသူများကို ကြီးမားသော ဒဏ်ကြေးများ ရိုက်လေ့ရှိသည်။ ကြီးမားသော မြို့ကြီးများတွင် မြေအောက် (underground)၊ ဆပ်ဘ်ဝေး (subway)၊ တျုဗ် (tube) စသည်ဖြင့် ခေါ်ဝေါ်ကြသော မက်ထရိုစနစ်များရှိသည်။ ရထားများကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်ပြီး ပုံမှန်အားဖြင့် တတိယ သံလမ်းမှ တဆင့်ဖြစ်သည်။ ရထားလမ်းမှာ အခြားပို့ဆောင်ရေးလမ်းများမှ သီးခြားတည်ဆောက်ထားပြီး အခြား ပို့ဆောင်ရေးလမ်းများနှင့် ဆုံတွေ့သော လမ်းဆုံများမရှိပေ။ ပုံမှန်အားဖြင့် ထိုရထားများသည် မြို့လယ်ခေါင်တွင် မြေအောက် လှိုဏ်ခေါင်းများမှ သွားလေ့ရှိပြီး မြို့လယ်ခေါင်၏အပြင်ဘက်တွင် တစ်ခါတစ်ရံ၌ မိုးပျံလမ်းများမှသွားလေ့ရှိသည်။ ထိုရထားများသည် ပိုမိုကြီးမားသော ခရီးဝေးသွားရထားများနှင့် ယှဉ်လျှင် အရှိန်နှုန်းမြင့်ခြင်း နှင့် လျော့ချခြင်းကို ပိုမိုလျင်မြန်စွာပြုလုပ်နိုင်သည်။ လမ်းများပေါ်တွင်သွားလာလေ့ရှိသော တွဲတစ်တွဲ သို့မဟုတ် နှစ်တွဲပါရှိသည့် သံလမ်းသွားယာဉ်များကို ရထားဟု ယူဆလေ့မရှိပဲ ထရမ် (tram)၊ ထရော်လီ (trolley)၊ သံလမ်းပေါ့ယာဉ် (light-rail vehicle) သို့ streetcar ဟုသာ ခေါ်လေ့ရှိသည်။ သို့သော်ကွဲပြားခြားနားမှု မှာ အမြဲတမ်း တိတိကျကျမရှိနိုင်ပေ။ အင်္ဂလန် အပါအဝင် အချို့ နိုင်ငံများတွင် မူ ထရမ် နှင့် ရထား၏ ကွဲပြားခြားနားမှု ကို ဥပဒေတွင် အတိအကျဖွင့်ဆိုထားသည်။ သံလမ်းပေါ့ ဟူသောအသုံးအနှုန်းမှာ တစ်ခါတစ်ရံ ခေတ်သစ်ထရမ်များကို ခေါ်ဝေါ်သုံးနှုန်းလေ့ရှိသော်လည်း ထရမ်နှင့် ရထား ကြားရှိယာဉ် ကိုလည်း ညွှန်းဆိုနိုင်သည်။ မက်ထရိုနှင့် တူညီသော်လည်း ထိုယာဉ်များတွင် အခြား ပို့ဆောင်ရေးလမ်းများနှင့် ဆုံတွေ့သော လမ်းဆုံများရှိနိုင်သည်။ ထိုလမ်းဆုံများကို အများအားဖြင့် ဂိတ်တံခါးများဖြင့် ကာကွယ်ထားလေ့ရှိသည်။ ထိုယာဉ်များကို ထရော်လီဟုလည်း ခေါ်နိုင်သည်။ မက်လက်ဗ် ရထားများနှင့် မိုနိုရေး ရထားများမှာ ရထားပို့ဆောင်ရေးနယ်ပယ်တွင် နည်းပညာအားဖြင့် အနည်းငယ်မျှသာ ပါဝင်ပတ်သက်သည်။ အများပြည်သူသုံးသော မြို့ပတ်ရထားများ၊ မက်ထရိုများ နှင့် သံလမ်းပေါ့များအတွက် ရက်ပစ်ထရန်စစ် (rapid transit) ဟူသော အသုံးအနှုန်းကို သုံးနှုံးလေ့ရှိကြသည်။ သို့သော် နယူးယောက်မြို့တော်တွင်မူ နယူးယောက်ဆပ်ဘ်ဝေး အတွင်းပြေးဆွဲသော ရထားများကို ရထား ဟုသာ သုံးနှုန်းလေ့ရှိသည်။ တိုကျိုမြို့ရှိ အချို့သော မြို့ပတ်ရထားများတွင် မနက်ခင်း ရုံးတက်ချိန်များ(မနက် ၁၀ နာရီအထိ) တွင် မတ်တပ်ရပ်နိုင်သော နေရာပိုရနိုင်ရန်အတွက် ခေါက်သိမ်းနိုင်သော ခုံတန်းများပါဝင်သည့် အထူးတွဲများ ပါရှိသည်။ E231 စီးရီးရထားများတွင် စုစုပေါင်း ၁၀ တွဲ သို့မဟုတ် ၁၁တွဲ ပါဝင်သော ရထား၌ ထိုသို့သော တွဲမျိုး ၂ တွဲ ပါရှိပြီး ထိုတွဲများကို ရော့ကု တိုဘိရာ ရှ (၆ ပေါက်တွဲ ဟူသောအဓိပ္ပာယ်) ဟူသော အမည်ဖြင့် တရားဝင် အခေါ်အဝေါ်ရှိသည်။ အခြားတွဲများတွင် တစ်ဖက်လျှင် တံခါး ၄ ပေါက်စီ ပါရှိသည်။ တိုကျိုမြို့၏ ယာမာနိုတဲလိုင်းရှိ ဘူတာရုံ ၂၉ခုတွင် တွင် ခန့်မှန်းခြေအားဖြင့် ခရီးသည် ၃.၅သန်းနေ့စဉ် စီးနင်းလေ့ရှိသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နယူးယောက်စီးတီး ဆပ်ဘ်ဝေးရှိ ရထားလိုင်း ၂၆ လိုင်းတွင် ဘူတာရုံ ၄၆၈ ခုရှိပြီး နေ့စဉ် ခရီးသည် ၄.၈ သန်း စီးနင်းလေ့ရှိသည်။ အမည်ပေးထားသော ရထားများ လေဆိပ်အတွင်းမှ ရထားများ လေဆိပ်အတွင်းမှ ရထားများမှာ လေဆိပ်အဆောက်အအုံများအကြား သွားလာသောရထားများဖြစ်ပြီး ခရီးသည်များကို တာမင်နယ်များအကြားပို့ဆောင်ပေးသည်။ ကုန်ရထားများ ကုန်စည်ရထားများမှာ ကုန်တွဲများကို အသုံးပြု၍ ကုန်စည်များ နှင့် ပစ္စည်းများ(cargo) ကို ပို့ဆောင်ဆက်သွယ်သောရထားများဖြစ်သည်။ ယေဘူယျအားဖြင့် ခရီးသည်တင်ဆောင်ခြင်းမရှိသော ရထားများကို ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ ကုန်စည်အများစုကို ရထားဖြင့် သယ်ယူပို့ဆောင်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ရထားလမ်းများကို ခရီးသည်ပို့ဆောင်ရန်ထက် ကုန်စည်တင်ပို့ရန်အတွက် ပိုမိုအသုံးပြုလေ့ရှိကြသည်။ အခြေအနေအားလုံးကောင်းမွန်ပါက ကုန်စည်များကို ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် လမ်းမမှသယ်ယူပိုဆောင်ခြင်းနှင့် ယှဉ်လျှင် အလွန်ပင်စီးပွားရေးတွက်ခြေကိုက်ရုံသာမက ထိရောက်သောစွမ်းအင်သုံးစွဲမှု ဖြစ်စေသည်။ ရထားဖြင့်တင်ပို့သောကုန်စည်သည် ကြီးမား၍ ခရီးဝေးသယ်ဆောင်ရသော ကုန်စည်များအတွက် တွက်ခြေအကိုက်ဆုံးဖြစ်ပြီး သေးငယ်၍ တိုတောင်းသော ခရီးအတွက် မသင့်တော်ပေ။ ကုန်ပစ္စည်းများကို မိုင် ၂၀ (၃၂ကီလိုမီတာ) မျှ စုပေါင်းသယ်ပို့ခြင်းသည် ကျသင့်ငွေအားဖြင့် တွက်ခြေကိုက်ပြီး အခြားတစ်နေရာသို့ တစ်ဆင့်ပို့ဆောင်ခြင်း အတွက်ကုန်ကျစရိတ်ကိုပင် ကာမိသည်။ ထိုသို့ အခြားတစ်နေရာသို့ တစ်ဆင့်ပို့ဆောင်ခြင်း အတွက်ကုန်ကျစရိတ်သည် ပို့ဆောင်မှု အတော်များများတွင် အရေးပါသော ကုန်ကျငွေဖြစ်ပြီး ခေတ်သစ်လုပ်ငန်းဆောင်တာများတွင် ထိုကုန်ကျငွေကို အနည်းဆုံးဖြစ်ရန် ရည်ရွယ်လုပ်ဆောင်ကြသည်။ ကိုးကား ရထား ရထားပို့ဆောင်ရေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%91%E1%80%AC%E1%80%B8
ဗေဒင်
မြန်မာ့ရိုးရာဗေဒင်ပညာ အခေါ်အဝေါ် ဗေဒင်ဟူသည်မှာ မာဂဓ(ပါဠိ)ဝေဒ (သင်္သကရိုဋ်ဘာသာ ဟိန္ဒူနဂရီဗေဒ)= သိခြင်း နှင့် အင်္ဂ-အင်္ဂါ = ဖြစ်ခြင်း တို့ ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့် ဝေဒင်္ဂမှ ဆင်းသက်လာသည်။ ဝေဒင်္ဂသဒ္ဒါသည် ဗေဒ၏ အင်္ဂါဖြစ်သော ကျမ်းကို ဆိုရာ၊ ယင်းတွင် သိက္ခာ၊ ကပ္ပ၊ ဗျာကရဏ၊ ဆန္ဒ၊ ဇောတိသတ္ထ၊ နိရုတ္တိကျမ်းများ ပါဝင်သည်။ ဝေဒင်္ဂမှ သင်္သကရိုဋ်ဘာသာသို့ ရွေ့လျော၍ ဗေဒင်္ဂ ဖြစ်လာသည်။ ဗေဒင်္ဂမှ မြန်မာဘာသာဖြင့် ဗေဒင်ဟူသော ဝေါဟာရ ဖြစ်လာသည်။ ဝေဒင်္ဂတွင် ပါဝင်သော ဇောတိသတ္တကား ဗေဒင်ပညာပင် ဖြစ်လေသည်။ ဝေဒ-ဗေဒသဒ္ဒါသည် သိခြင်းအနက်ကို ဆိုသောကြောင့် ဗေဒင်ပညာဖြင့် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် အကျိုးအပြစ်တို့ကို သိနိုင်သည်ဟု ရှေးအခါကပင် ယုံကြည်ရင်းစွဲ ရှိခဲ့သည်။ သာမ-ယဇု၊ဣရု ဟူ၍ ဗေဒ ၃ ပုံ ရှိသည်တွင် အထဗ္ဗနကို ထည့်သွင်းလျက် ဗေဒင် ၄ ပုံဟု ရေ:သား ပြောဆိုလေ့ ရှိကြရာ၊ အမှန်စင်စစ်အားဖြင့် ဗေဒ ၄ ပုံမှာ ဟိန္ဒူလူမျိုးတို့၏ စာပေများသာ ဖြစ်ကြလေသည်။ ဤဗေဒင်ပညာသည် အလွန်ရှေးကျသော ကယ်လဒီးယား၊ ဗက်ဗီလုံးနီးယား၊ အီဂျစ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများတွင် ထွန်းကားပေါ်ပေါက်လာခဲ့ရာ၊ အဘယ်မျှ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီဟု မည်သူမျှ အတတ်မပြောနိုင်ချေ။ မည်သည့်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သည်ဟူ၍လည်း အထောက်အထား မပြနိုင်ကြချေ။ အဆိုပါနိုင်ငံများတွင် ခေတ်ကာလ အလျောက် ပညာရှင်များသည် ကောင်းကင်ရှိ ဂြိုဟ်နက္ခတ်တာရာတို့ကို အခြေပြု၍ တီထွင်ပေါ်လာသော ပညာတရပ် ဖြစ်သည်ဟု ယူဆ ယုံကြည်ကြသည်။ ဗေဒင်ပညာသည် ရှေးဟောင်း အိန္ဒိယနိုင်ငံ၏ အာရိယန်လူမျိုးတို့မှ ပေါက်ဖွားဆင်းသက်လာသည်ဟု အဆိုရှိသည်။ ဘီစီ ၃၅၆ ခုနှစ် အယ်လက်ဇန္ဒာ-သ-ဂရိတ်လက်ထက်တွင် ကယ်လဒီးယန်း လူမျိုးတို့၏ ကြေညာချက်အရ မိမိတို့၏ ဗေဒင်ပညာသည် အတိတ် နှစ်ပေါင်း ၄၇၃,၀၄၀ ကပင်ရှိသည်ဟု သိရသည်။ မည်သို့ပင် ဖြစ်စေ၊ နှစ်ပရိစ္ဆေဒကို အတိအကျ မခန့်မှန်းသော အချိန်ကာလ ကပင် ဗေဒင်ပညာ စတင်ပေါ်ပေါက်ခဲ့ခြင်းကို မူကားမငြင်းသာချေ။ ဆေးပညာနှင့် အခြား လောကီပညာရပ်များကဲ့သို့ပင် ဗေဒင်ပညာသည်လည်း ရှေးမဆွကပင် ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဗေဒင်ပညာသည်လည်း အိန္ဒိယမှ ဆင်းသက်လာခဲ့သည်ကို သမိုင်းအရ သိရ သိနိုင်ပေသည်။ နိုင်ငံရပ်ခြား ဗေဒင်ပညာသမိုင်း အိန္ဒိယနိုင်ငံနှင့် ၎င်း၏ ဗေဒင်ပညာ ဘီစီ ၆၅၀ဝ မှစ၍ နက္ခတ္တဗေဒ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း အိန္ဒိယတွင် ခိုင်မာသော အထောက်အထားများ တွေ့ရသည်။ စစ်မှန်သည်ဟု ယူဆရသော ဘီစီ ၃၇၀ဝ ခန့်မှပြုစုခဲ့သည့် ကျမ်းများလည်း တွေ့ရသည်။ မူရင်းကျမ်းများမှာ ပျက်စီး၊ ပျောက်ဆုံးကုန်သော်လည်း နက္ခတ်ဗေဒင် ပညာရှင်များက အဆက်ဆက်ကူးယူ ထိန်းသိမ်းခဲ့ကြသည်။ ယင်းကျမ်းဂန်များကို အိန္ဒိယပြည်နယ်များရှိ စာကြည့်တိုက်များတွင် တွေ့နိုင်သည်။ ဘီစီ ၆၅၀ဝ မှစ၍ နက္ခတ္တကို အသေးစိတ် မှတ်သားပြုစုလာခဲ့ကြသည်။ ဝေဒ နက္ခတ္တပညာကို ရေးသားခဲ့သော အစောဆုံး ပညာရှင်မှာ ပီတ မဟာဖြစ်သည်။ သူသည် ပီတ မဟာ သိဒ္ဒန္တ (Pita Maha Siddhanta) ခေါ် ကျမ်းကို ပြုစုခဲ့ပြီး ယနေ့တိုင် ယင်းမူများကို တွေ့နိုင်သည်။ ပီတ မဟာသည် ထိုကျမ်းကို ဘီစီ ၃၀ဝ၀ ခန့်တွင် ရေးသားပြုစုခဲ့သည်။ နောင် အနှစ် ငါးရာ အကြာတွင် ဝါရှီသျှတြ (Vashishttha) ခေါ် နက္ခတ္တပညာရှင် ပေါ်ပေါက်လာပြီး နက္ခတ္တဗေဒ (Astronomy)၊ နက္ခတ်ဗေဒင် (Astorology)၊ ဒဿန (Pholosophy) ကျမ်းစာ အများအပြားရေးသားပြုစုခဲ့သည်။ သူ၏ အရေးအပါဆုံး ကျမ်းမှာ ဝါရှီသျှတြ သိဒ္ဒန္တ (Vashishttha Siddhanta) ဖြစ်သည်။ သူ၏ အခြားကျော်ကြားသော ကျမ်းများမှ ပဉ္စ သိဒ္ဒန္တကောသ၊ သူရိယ သိဒ္ဒန္တ၊ နိတျာနန္ဒ၊ ဘာရတဇာတက၊ အရိယဘာတ၊ မံသဂါရိ၊ ရန္နဝီရနှင့် လဂဟု ပရသျှာရတို့ ဖြစ်သည်။ အီး.အမ်.ပလန်ကက် (E.M.Plunkett) က သူ၏ “ရှေးဟောင်း မှတ်တမ်းနှင့် ပုဂ္ဂိုလ်ကျော်များ” စာအုပ်တွင် “ခရစ်နှစ်အစ ဂရိကျမ်းများကို အိန္ဒိယ နက္ခတ္တဗေဒက များစွာအထောက်အကူ ပြုခဲ့ဟန်ရှိသည်၊ ဖီလိုစထရေးတပ်စ် (Philostratus) ရေးသားခဲ့သော ဂရိဒဿနဆရာ၊ နက္ခတ္တဆရာ ‘အပိုလိုနီးယပ်၏ ဘဝ’ ကျမ်းတွင် အပိုလိုနီးယပ်စ်သည် နက္ခတ္တဗေဒနှင့် နက္ခတ်ဗေဒင်ကို အိန္ဒိယ သူတော်စင်များထံ၌ လေ့လာသင်ယူခဲ့သည်” ဟု ဖော်ပြထားသည်။ ကိုင်ရိုကဲ့သို့ပင် ကျော်ကြားသော ကောင့် လူးဝစ် ဟာမွန် (Count Louis Hamon) က သူ၏ “သင်နှင့် သင့်လက္ခဏာ” အမည်ရှိစာအုပ်တွင် “ရှေးလူတို့၏ ဉာဏ်ပညာကို အထင်သေးသူတို့သည် ရှေးအိန္ဒိမှ မြင့်မြတ်သော ပုဂ္ဂိုလ်များနှင့် ဒဿန ပညာရပ်များကို မမေ့နေကြ၍ဖြစ်သည်။ ယင်းတို့ကို ယနေ့ယဉ်ကျေးမှုများက မလှန်နိုင်သေးပေ၊ လက်ခံနေရသည်သာ။ ယင်းတို့ ထုတ်ခဲ့သော သီအိုရီများကို ယနေ့ နက္ခတ်ပညာရှင်များ အံ့ဩကြရသည်။ ခေတ်သစ်တွင် နောက်ဆုံးပေါ် ပစ္စည်းများသုံး၍ လေ့လာ ကြည့်သည့်တိုင် ရှေးပညာရှိတို့၏ တွေ့ရှိမှုကို မကျော်နိုင်သေး။ အိန္ဒိယရှေးပညာရှိတို့ မည်သို့ရှာဖွေ ကြံဆခဲ့သည်ဆိုသည်မှာ အထူးအဆန်းဖြစ်နေသေးသည်” ဟု ရေးခဲ့သည်။ တရုတ် အိန္ဒိယနိုင်ငံ၏ ဝေဒကျမ်းဂန်များမှတပါး ရှေးအကျဆုံးသော နက္ခတ်ဗေဒင် ပညာရပ်များကို တရုတ်နိုင်ငံတွင် တွေ့ရှိရသည်။ တရုတ်တို့သည် အိန္ဒိယမှ ဟိန္ဒူများကဲ့သို့ပင် ကျမ်းဂန်များကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ စေ့စပ်သေချာမှု ရှိသည်။ ချေလ်ဒီယာ (Chaldea) ချေလ်ဒီယာဆိုသည်မှာ ဘေဘီလုံတို့ ကြီးစိုးခဲ့သော ဒေသဖြစ်ပြီး ယခုခေတ် အီရတ် တောင်ပိုင်းဘက် ဒေသဖြစ်သည်။ ချေလ်ဒီယာမှ နှောင်းပိုင်း နက္ခတ်ဗေဒင် ပညာရှင်များက ဘီစီ ၃၀ဝ၀ က ပေါ်ခဲ့သော ပညာရှင် ဘီရိုဆပ် (Berosus) အကြောင်းကို ရေးသားမှတ်တမ်းတင်ခဲ့ကြသော်လည်း ဘီရိုဆပ်၏ ကျမ်းဂန်အစစ်အမှန်များကို တွေ့ရန်ခက်သည်။ သို့သော် ရှေးခေတ် ချေလ်ဒီယာသားများသည် နက္ခတ်ဗေဒင် ကို သုံးစွဲခဲ့ကြသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ဂရိနှင့် ရောမတို့၏ နက္ခတ်ဗေဒင်သည် ၎င်းတို့ထံမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။ ဘေဘီလုံ (Babylon) ဘေဘီလုံတို့ နက္ခတ်ဗေဒင်ကို အသုံးပြုခဲ့ကြောင်း ခြေရာခံ၍ ရသည်မှာ ဘီစီ ၂၅၀ဝ ခန့်က ဖြစ်သည်။ သို့သော် ဘေဘီလုံသားတို့ ရေးသားခဲ့သော ကျမ်းဂန်အထောက်အထားများကို မတွေ့ရှိရပေ။ အီဂျစ် အီဂျစ်တို့သည် နက္ခတ်ဗေဒင်ကို နားလည် အသုံးချခဲ့သည်မှာ ခရစ်တော် မပေါ်မီ နှစ်ထောင်ပေါင်းများစွာကပင် ဖြစ်ကြောင်း အထောက်အထားတွေ့ရသည်။ ရှေးအကျဆုံးသော အီဂျစ် နက္ခတ်ဗေဒင်ပညာရှင်များမှာ ဘီစီ ၈၀ဝ ခန့်က နီဆပ်ပဆို (Nicepsos) အုပ်စိုးစဉ်ကာလက ဘုန်းတော်ကြီး ပီတိုဆီရစ် (Petosiris) ဟု သိရသည်။ ပီတိုဆီရစ်သည် နက္ခတ်ဗေဒင်ကျမ်းဂန်များ ရေးမရေး မသိရပေ။ အထောက်အထားလည်း မတွေ့ရပေ။ ယနေ့တိုင် တွေ့ရှိနိုင်သော နက္ခတ်ဗေဒင်ကျမ်းများကို ရေးခဲ့သူ အစောဆုံး အီဂျစ် နက္ခတ္တပညာရှင်မှာ ကလော်ဒီယပ်စ် တိုလမီ (Claudius Ptolemy) ဖြစ်သည်။ ယနေ့ အနောက်နိုင်ငံ၏ ခေတ်သစ် နက္ခတ်ဗေဒင်သည် တိုလမီ၏ ကျမ်းများကို အခြေခံသည်။ တိုလမီကို အီဂျစ်နိုင်ငံ၊ ပယ်လူဆီယမ် (Pelusium) မြို့၌ မွေးဖွားပြီး အလက်ဇန်းဒရီးယား ကျောင်းတော်၌ ပညာသင်သည်။ ယနေ့ခေတ်အထိ တည်ရှိနေသော နည်းနာများထဲမှ အမှားများမှာ ယင်း၏ တက်ထရာ ဘိုင်လော့ (Tetrabilos) ကျမ်းကြောင့်ဖြစ်သည်။ ပါရှား (Persia) ရှေးအကျဆုံး ပါရှန် နက္ခတ်ဗေဒင်ပညာရှင်မှာ အယ်လ် ဟာကင်မ် (Al Hakim) ဖြစ်သည်။ ဒါရီယပ်စ် (Darius) ခေတ်တွင် ကျော်ကြားသော နက္ခတ္တပညာရှင်ဖြစ်သည်။ အယ်လ် ဟာကင်မ်သည် ကျမ်းများစွာ ရေးသားခဲ့ပြီး နှောင်းလူတို့ အများဆုံး ဖော်ပြကိုးကားသည့်ကျမ်းမှာ ဂျူဒီရှာ ဂီမာစပီယာ (Judicia Gimaspia) ဖြစ်သည်။ အယ်လ် ဟာကင်မ်၏ ကျမ်းအများစုမှာ ပျောက်ပျက်ကုန်သည်။ သို့သော် အံ့ဖွယ် ဟောကိန်းများကြောင့် အယ်လ် ဟာကင်မ်သည် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏ အထင်ရှားဆုံးဟောကိန်းမှာ ယေရှုမွေးဖွားမည့်အကြောင်း ဖြစ်သည်။ အာရေဗျ နက္ခတ်ဗေဒင်တွင် အာရပ်များသည် ထူးချွန်ထက်မြက်သူများဖြစ်ကြသည်။ အာရေဗျသည် နက္ခတ္တပညာရှင် အကျော်အမော်များ ထွက်ပေါ်ရာဒေသဖြစ်သည်။ သူတို့၏ ကျမ်းစာ၊ ပညာများသည် ဂရိနှင့် ရောမမှတဆင့် အနောက်နိုင်ငံများအထိ ရောက်သည်။ သို့သော် ယခုအခါ တစွန်းတစသာ တွေ့ရှိရသည်။ ထိုထိန်းသိမ်းထားသော တစွန်းတစများသည်ပင် အာရပ်တို့၏ နက္ခတ္တဗေဒ အဆင့်မြင့်ကြောင်း သက်သေအထောက်များ ဖြစ်ကြသည်။ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြသော လူမျိုးများဖြစ်၍ ကျမ်းဂန်အထောက်အထား မည်သည်ကို အသုံးပြု၍ ဟောသနည်း? ဗေဒင်ပညာဆိုရာ၌ မြေပြင်နှင့် အာကာသ ကောင်းကင်တွင် ဖြစ်ပေါ်လာသမျှသော တိနမိတ်နှင့်တကွ ဂြိုဟ်နက္ခတ်တာရာတို့၏ အထွန်း-အညှိုး-အငုပ်-အပေါ်၊ ကြယ်ကြွေခြင်း၊ နေကြတ်ခြင်းနှင့် လကြတ်ခြင်း၊ တိမ်တောက်ခြင်း၊ ဥက္ကာပျံခြင်း၊ ကြယ်တံခွန်ပေါ်ခြင်း၊ ဂြိုဟ်ပူးဂြိုဟ်မြင်ခြင်း မှစ၍ ဖြစ်ပေါ်လာသမျှသော တိတ်နိမိတ်များကို အခြေခံပြု၍ ဟောဆိုရသော ပညာတရပ် ဖြစ်သည်။ ဖွားသက္ကရာဇ်နှင့် အသက်ကို တည်လျက် ၇ခု၊ ၈ ခု၊ ၁၂ ခုစား၍ အကြွင်းဂဏန်းသင်္ချာအရ တီထွင်သော ဟောနည်းများမှ အစ အချိန်နာရီကို မူတည်၍ဟောသော ဟူးရားဗေဒင်၊ ကာလကြီး ဗေဒင်၊ ဂဏန်းဗေဒင်၊ မွေးဖွားချိန်အရ ကောင်းကင် ၁၂ ရာသီဂြိုဟ်၊ လဂ်၊ စန်းတို့ကို ကြည်၍ ဟောဆိုသော ဗေဒင်ဟူ၍ အမျိုးမျိုးရှိသည်။ သို့သော် မွေးဖွားချိန်တွင် တွက်ယူရရှိသည့် ကောင်းကင် ၁၂ ရာသီဂြိုဟ်ခွင်၏ အလားအလာကို စစ်ဆေးဟောပြော ဗေဒင်ပညာသည် သဘာဝ ယုတ္တိရှိပေသည်။ ဂြိုဟ်၊ နက္ခတ်တာရာများ နှင့် ၎င်းတို့၏ သက်ရောက်မှုများ ဂြိုဟ်နက္ခတ်ကြယ်တာရာတို့သည် သက်ရှိသက်မဲ့၊ ခပ်သိမ်းအပေါ်တွင် သက်ဆိုင်ရာ သဘာဝအစွမ်းသတ္တိ အရှိန်အဝါဖြင့် လွှမ်းမိုး ချုပ်ချယ်နိုင်သည်ဟု ရှေးပညာရှင်တို့ ယူဆခဲ့ကြသည်။ ဥပမာ-တနင်္ဂနွေဂြိုဟ်ဟု ခေါ်ဆိုသည့် အပူဓာတ်ကို ပေးဆောင်နိုင်သော နေမင်းကို အမှီပြု၍သာ သက်ရှိသက်မဲ့တို့သည် သန်စွမ်းကြီးထွားလာရသည်။ နေမရှိလျှင် သက်ရှိသက်မဲအားလုံး သေကျေပျက်ပြုန်း သွားကြလိမ့်မည်။ နေ၏ အလင်းဓာတ်ကြောင့် စိတ်ဓာတ်တက်ကြွကာ ရဲစွမ်းသတ္တိ ရှိရသည်။ အမှောင်ဓာတ်ကို သက်ရှိသက်မဲ့တို့သည် အစဉ်ထာဝရ မလိုလားကြချေ။ ဤသဘောကို ဆင်ခြင်လျှင် နေမင်းတည်းဟူသော တနင်္ဂနွေဂြိုဟ်သည် သက်ရှိသက်မဲ့တို့၏ အသက်သခင်ဖြစ်သည်နှင့် အညီ အဘယ်မျှ အင်အားပေးနိုင်သည်ကို ရိပ်စားမိသင့်သည်။ အသက်ဝိဉာဉ်၊ အဖ၊ မာန၊ အလုပ်အကိုင်၊ ရာထူး ဂုဏ်ထူးကို အစိုးရ၏။ ထို့အတူ တနင်္လာ (ခေါ်) လမင်းသည် ဂြိုဟ်အဖြစ်ဖြင့် သူ၏ သဘာဝကို ပေးစွမ်းနိုင်သည်။ သတ္တဝါတို့သည် အေးမြကြည်လင်လှသော လရောင်ကို မြင်ရသောအခါ စိတ်ပျော်ရွှင်လန်း ကြည်နူးလေ့ ရှိကြသည်။ အအေးဓာတ်၊ အမိ၊ စိတ်၊ ငွေရတနာ စသည်တို့ကို အစိုးရ၏။ ထိုအတူ အင်္ဂါဂြိုဟ်နီသည် မိမိ၏ သွေးနီရောင် သဘာဝအတိုင်း အစွမ်းသတ္တိ၊ အရည်အချင်း၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လ၊ စွန့်စားမှု၊ သတ်ဝံ့ဖြတ်ဝံ့သော စိတ်၊ ခိုက်ရန်ဒေါသစိတ်၊ ဘေးရန် ပဋိပက္ခမှု၊ စစ်မက်၊ ကျေးကျွန်၊ လင်ယောက်ျားကို အစိုးရသည်။ ဗုဒ္ဓဟူးဂြိုဟ်စိမ်းသည် အသိဉာဏ်၊ သားသမီး၊ အတတ်ပညာတို့ကို အစိုးရသည်။ ကြာသပတေးဂြိုဟ်ဝါသည် ပညာဉာဏ်၊ ငွေကြေးဥစ္စာဓန၊ အကျင့်စာရိတ္တ၊ ဘာသာ၊ အယူဝါဒ၊ မိတ်ဆွေ၊ ဆရာ စသည်တို့ကို ဖန်တီးပေးနိုင်သည်။ သောကြာဂြိုဟ်သည် သူ၏ ထွန်းတောက်သော အလင်းရောင်ဓာတ်အားဖြင့် ကာမရာဂ၊ အချစ်ရေး၊ ပျော်ရွှင်မြူးထူးခြင်း၊ မိန်းမ၊ မယား၊ ဂုဏ်ပကာသန၊ ထင်ပေါ်ကျောင်စောခြင်း အစရှိသည်တို့ကို စွမ်းဆောင်ပေးနိုင်သည်။ စနေဂြိုဟ်မွဲ ဂြိုဟ်ပြာကား ဆင်းရဲဒုက္ခ၊ အနှောင့်အယှက်၊ အချိန်နှောင့်နှေး ကြန့်ကြာခြင်း၊ ဆွေမျိုးသားချင်း၊ တွေဝေမိန်းမောခြင်း အစရှိသည်တို့ကို ဖြစ်စေတတ်သည်။ ရာဟုနှင့် ကိတ်အမှောင်ဂြိုဟ်တို့သည် ကောင်းကင်မှာ ဂြိုဟ်ကိုယ်ဒြဗ်နှင့် အထင်အရှား မရှိစေကာမူ နေကြတ် လကြတ်ကို ဖန်တီးပေးနိုင်သော အစွမ်းသတ္တိကြောင့် အမှောင်လောကနှင့်တကွ ထူးခြားဆန်းကြယ်သော အကျိုးအပြစ်၊ ခြေလေးချောင်းတိရစ္ဆာန် စသည်တို့ကို အစိုးရသည်။ ဤဂြိုဟ် ၉ လုံးအပြင် ထပ်မံ တွေ့ရှိရသော ယူရေးနပ်၊ နက်ပကျွန်း၊ ပလူတိုဂြိုဟ်တို့ကိုလည်း ယခုအခါ ထည့်သွင်းဟောပြောကြသည်။ အဿဝဏီနက္ခတ်အစ ရေဝတီနက္ခတ် အဆုံးနက္ခ ၂၇ လုံးသည်လည်း သူ့သဘာဝနှင့် သူ့သဘာဝနှင့် သူ ဖန်တီးပေးနိုင်ပေသည်။ ရှေးပညာရှင်တို့သည် ဤသဘာဝများကို နှစ်ပေါင်းများစွာ လက်တွေ့လေ့လာပြီးမှသာ ယူဆဟောဆိုကြခြင်း ဖြစ်သည်။ တွက်ရိုးသင်္ချာအရ အာကာသကောင်းကင်ကို စက်ဝိုင်းသဖွယ်ရှိသော ၁၂ ရာသီစက် တည်ဆောင်ချက် မိဿ-ပြိဿ-မေထုန် စသည်ဖြင့် အမည်ပေးထားသည်။ ထို့ပြင် ၁၂ ရာသီစက်ကို တနင်္ဂနွေဂြိုဟ် နေမင်းနှင့် တနင်္လာဂြိုဟ် လမင်းအတွက် ပိုင်အိမ် ၁၃စီ၊ အင်္ဂါအစ စနေအဆုံး ပဉ္စတားဂြိုဟ် ၅ လုံးအတွက် ပိုင်အိမ် ၂ အိမ်စီ သတ်မှတ်ထားသည်။ ယင်းသို့ ပိုင်အိမ်အဖြစ် ပေးထားပုံမှလည်း သဘာဝကျလျက် စိတ်ဝင်စားစရာ ကောင်းလှသည်။ ပိုင်အိမ်များအဖြစ် စ-သာ-ရွှေ-ကူး-အင်း-ဝ-သူ-ဆန်-ဖြူ-တ-တင်း-ပေး ဆောင်ပုဒ်အရ မိဿရာသီမှ စ၍ လက်ဝဲရစ်အစဉ်အတိုင်း ချယူနိုင်သည်။ ကောင်းကင်တွင် သူလမ်းကြောင်းနှင့်သူ မရပ်မတည် လှည့်လည် သွားလာနေကြသော ဂြိုဟ်တို့ကို အချိန်ကာလ အားလျော်စွာ နောက်ခံနက္ခတ် ၂၇ လုံးပိုင် ၁၂ ရာသီ စက်အရ ဘယ်နေ့တွင် ဘယ်ရာသီမှာ ရှိသည်ကို တွက်ယူနိုင်သည်။ ဂြိုဟ်အားလုံးသည် ၁၂ ရာသီစက်ထဲမှာ မည်သို့မည်ပုံ တည်ရှိသည်ကို သိရပြီးနောက်၊ မွေးဖွားသော အချိန်အရ လဂ် ရာသီ အံသာ လိတ္တာ တို့ကို တွက်ချက်ယူနိုင်သည်။ လဂ်၏ ၁ တန့်သည် တနုဘာဝ၊ လဂ်၏ ၂ တန့်သည် ကုတုမ္ပဘာဝ၊ ၃ တန့်သည် သဟဇဘာဝ စသည်ဖြင့် ၁၂တန့်သည် ဗျာယဘာသအထိ၊ ဘာဝ ၁၂ ပါးကု ခွဲ၍ သတ်မှတ်ရသည်။ မည်သည့်ဂြိုဟ်သည် မည်သည့်ဘာဝတွင် ရှိသည်ကို သိရသောအခါ ဗေဒင်ကျမ်းလာ နည်းစံနစ်များအတိုင်း ဂြိုဟ်ပူး ဂြိုဟ်မြင်၊ နက္ခတ်၊ နဝင်း၊ ယုဂ် စသည်တို့ အပေါ်တွင် အခြေပြုကာ အတိတ်၊ ပစ္စုပ္ပုန်နှင့် အနာဂတ် အကျိုးအပြစ်တို့ကို တွက်ယူ ဟောဆိုနိုင်သော စခန်းသို့ ရောက်လာပေသည်။ ဤဖွားဇာတာဂြိုဟ်ခွင်သည် ဇာတာရှင်၏ တသက်တာ အကျိုးအပြစ်တို့ကို ဟောကိန်း အမျိုးမျိုးအားဖြင့် ဟောသွားနိုင်ပေသည်။ ဂြိုဟ်ခွင် ဖွားဇာတာ ဂြိုဟ်ခွင်အရ မူလအခြေခံပါလာသော အကျိုးအပြစ်တို့ကို ကိန်းသေ ယူဆနိုင်သည်။ မင်း မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ ပညာရှိ ဖြစ်မည့် အခြေအနေ၊အိမ်ထောင်ရေး၊ ကျန်းမာရေး၊ဆင်းရဲဒုက္ခ၊ဘေးရန်၊ မိဘ၊ မွေးချင်း၊ သားသမီးအခြေအနေ စသည်တို့ကို ဘာဝ ၁၂ ပါအရ ဟောဆိုရပေသည်။ မွေးဖွားချိန်အရ ၁၂ ရာသီကောင်းကင်ကို ဓာတ်ပုံရိုက်သည့်သဖွယ် ရိုက်ပြထားသော ဂြိုဟ်ခွင်သည် ဖွားဇာတာဂြိုဟ်ခွင်ဟု အတည်ပြုရစေကာမူ ထိုထို ဂြိုဟ်တို့သည် ရပ်တည်မနေကြဘဲ သွားမြဲသွားနေသောကြောင့် ဂေါစရ ခေါ် ကောဇာဂြိုဟ်များအဖြစ်သို့ ပြောင်းလဲသွားကြပေသည်။ မည်သည့်ရာသီ မည်သည့်ဘာဝကို မည်သည့်ဂြိုဟ် စီးလျှင် မည်သို့ ဖြစ်မည်ကို ရှေ့သို့ ဆက်ပြီး အဟောထုတ်နိုင်သည်။ သို့မဟုတ် တနင်္လာဂြိုဟ်စီးယှဉ်သော စန်းစီးနက္ခတ်(စင်နက္ခတ်) အရ ဒသဟောကိန်းများနှင့် အနာဂတ် အဟောများကို ချိန်ဆ ဟောဆိုရပေသည်။ ဗေဒင်ဟောကိန်း အမျိုးမျိုး ရှိသည့်အနက် သာမန် အတိုနည်းအားဖြင့် တွက်ယူသော ကိန်းများကို သာမန်ပညာရှင်တို့ တတ်ကျွမ်းနားလည်ကြသလောက်၊ ဗေဒင် တွက်ရိုးသင်္ချာနှင့် အဟောပညာကို ပါရဂူရောက် တတ်မြောက်နားလည်ရန်မှာမူ အလွန်ခဲယဉ်းလှပေသည်။ ဗေဒင်ပညာကို ယုံကြည်ပြီးလျှင် စိတ်ဝင်စားသူများ ရှိကြသကဲ့သို့ မယုံကြည်၊ စိတ်မဝင်စားနိုင်သော လူများလည်း ရှိကြပေသည်။ မည်သို့ပင်ဖြစ်စေ ဗေဒင်ပညာကား ရှေးဟောင်း ပညာရပ် အပါအဝင် ဖြစ်ရုံမျှမက အခြေခံပညာ နည်းစနစ် ထုထည်လည်း ခိုင်ခံ့ကောင်းမွန်လှသည်။ ဂြိုဟ်သွား၊ ဂြိုဟ်လာကို ပိုင်ပိုင်နိုင်နိုင် တွက်ယူနိုင်ရန် သူရိယသိဒ္ဓန္တ၊ ဗြဟ္မာ့သိဒ္ဓန္တ၊ အရိယသိဒ္ဓန္တ၊ သိဒ္ဓန္တသီရောမဏိ အစရှိသော သိဒ္ဓန္တတွက်ရိုးကား ၁၈မျိုးကား ရှေးကပင် ရှိခဲ့သည်။ ထို့ပြင် ဂြဟလာ ၈၁ တွက်ရိုး၊ ဘာသုတိ၊ သရဝိဇ္ဇောဒယဇနမပတ္တိက၊ မြန်မာပြည်ဖြစ် မကာရန္တ၊ သံဒိဌတွက်ရိုးများလည်း ရှိကြသည်။ ခေတ်မှီ အနောက်နိုင်ငံ ဗေဒင်တွက်ရိုးသင်္ချာကျမ်းများလည်း အများအပြားပင် ရှိကြသည်။ ဗြို့ဟဇ္ဇတက၊ ဗြို့ဟဇ်သံဟိတ၊ အပ္ပဇာတက။ ထို့ပြင် ရာဇပတ္တဏ္ဍ၊ ဇာတကပါရိဇတ၊ သာရာဝလိ-ဇာတကဒေသမဂ္ဂ။ ပြဿနာမဂ္ဂ။ ဖလဒီပိကာ။ ဥတ္တရကာလ အမြိတ္တ၊ ဟောရရတနာ။ သဗ္ဗတ္တစိန္တာမဏိ၊ ဘာဝ ရတနာကရ၊ ဇာတကတတွာ၊ ဇောတိသတ္တသိင်္ဃဗောဓ၊ ဇာတကလင်္ကာရ ဇာတကစန္ဒရိယဗရရုဍိ၊ ဗရကောဌိ၊ သင်္ကေတနီတိ အစရှိသော ရှေးဟောင်း သင်္ကကရိုဋ်ဗေဒင်ကျမ်းများသာမက ခေတ်ပေါ် အနောက်နိုင်ငံ ဗေဒင်ကျမ်းများလည်း အများအပြားပင် ရှိကြသည်။ ကိုးကား အခြားအကြောင်းအရာများ နေ့နံအကြောင်း သိမှတ်စရာများ မဟာဘုတ် ဇာတာ ဂဏန်းဗေဒင် နေ့နံ လက်ခဏာဗေဒင် အိပ်မက်ဗေဒင် တရုတ် ၁၂ရာသီဖွား ဂရိ ၁၂ရာသီဖွား မုဆိုးရွှေအိုးရကိန်း စိတ်ကျမ်း ရုပ်ကျမ်း မှည့်ကျမ်း တားရော့ဗေဒင် နကခတ် ဝိဇာကျမ်း နိုင်ငံတကာသုံးဗေဒင်ပညာ ဖုန်းရွှေ တားရော့ မြန်မာ့ ဓလေ့ထုံးစံ ဗေဒင်
https://my.wikipedia.org/wiki/%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA
ကုလသမဂ္ဂ အထွေထွေညီလာခံ
ကုလသမဂ္ဂအဖွဲ့ကြီးကို ၁၉၄၅-ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က အဖွဲ့ဝင် (၅၁)နိုင်ငံမျှသာ ပါဝင်သော်လည်း ယခုအခါ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမျှရှိပြီဖြစ်သည်။ အဖွဲ့ကြီး၏ကြီးကျယ်မြင့်မားသော ရည်ရွယ်ချက်များမှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ကမ္ဘာသူ ကမ္ဘာသားများ ရိက္ခာဖူလုံရေး၊ ကျန်းမာမှု အဆင့်အတန်း မြင့်မားရေး၊ စာတတ်မြောက်ရေး စသည်တို့ဖြစ်သည်။ အဖွဲ့ဝင် ကုလသမဂ္ဂ၏အထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်သည်။ လက်ရှိအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃) နိုင်ငံ ရှိသည်။ ပင်မအဖွဲ့ကြီး ခြောက်ခု ထိုသို့ကျယ်ပြန့်ပြီး ထုထည်ကြီးမားလှသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ကုလသမဂ္ဂအဖွဲ့ကြီးတွင် အထွေထွေညီလာခံ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာတရားရုံးချုပ်၊ ထိန်းချုပ်စောင့်ရှောက်ရေးကောင်စီ၊ လုံခြုံရေးကောင်စီ၊ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ဟူသည့် ပင်မအဖွဲ့ကြီး ခြောက်ခုဖြင့်ဖွဲ့စည်းထားသည်။ ထိုပင်မအဖွဲ့ကြီး ခြောက်ဖွဲ့အနက် အထွေထွေညီလာခံမှာ အရေးပါဆုံးနှင့် အဓိကအကျဆုံးဖြစ်သည်။ အထွေထွေညီလာခံကတစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပသည်။ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ သို့မဟုတ် ဝန်ကြီးများ တက်ရောက်ကြသည်။ ဤသို့ဖြင့် အထွေထွေညီလာခံတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးပါဝင်ပြီး တန်းတူအခွင့်အရေးလည်းရှိသည်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသည် မဲတစ်မဲ ပေးခွင့်ရှိသည်။ အထွေထွေညီလာခံ၏ ပုံမှန်အစည်းအဝေးများကို နှစ်စဉ်စက်တင်ဘာလ တတိယပတ်အင်္ဂါနေ့မှစတင်ကာ ဒီဇင်ဘာလလယ်ထိကျင်းပသည်။ သို့သော် အထူးအစည်းအဝေးများကိုလည်း လိုအပ်ပါကကျင်းပသည်။ လုံခြုံရေးကောင်စီ တောင်းဆိုချက်နှင့်အဖွဲ့ဝင် နိုင်ငံအများစု၏တောင်းဆိုချက်များအရ အရေးပေါ်အစည်းအဝေးကို ၂၄ နာရီအတွင်း ကျင်းပနိုင်သည်။ အထွေထွေညီလာခံသည် ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏မူဘောင်အတွင်းအကျုံးဝင်သည့် အရေးအရာ မှန်သမျှကို ဆွေးနွေးပိုင်ခွင့်နှင့်အဆိုပြုပြီး ထောက်ခံပိုင် ခွင့်များရှိသည်။ အထွေထွေညီလာခံအနေဖြင့် မည်သည့်တိုင်းပြည် မည်သည့်အစိုးရကိုမျှ အရေးယူဆောင်ရွက်ပေးရန် ညွှန်ကြားပိုင်ခွင့်နှင့်အာဏာမရှိသော်လည်း အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်များသည်တစ်ကမ္ဘာလုံး၏အမြင်နှင့်ဆန္ဒသဘောထားကို ဖော်ဆောင်သောကြောင့် အရှိန်အဝါဩဇာကြီးမားလေးနက်သည်။ အထွေထွေညီလာခံတွင် လက်နက်ထိန်းသိမ်းရေး၊ ကန့်သတ်ရေး၊ ငြိမ်းချမ်းရေးကိစ္စရပ်များတွင်၎င်း၊ ကုလသမဂ္ဂအဖွဲ့၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းများ ကို ထိပါးလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍၎င်း၊ လုံခြုံရေးကောင်စီနှင့်အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အစီရင်ခံစာများကို၎င်း၊ လက်ခံသုံးသပ်ရန်၊ စဉ်းစားရန်၊ အကြံပေးရန်စသည့်အာဏာများ၊ လုပ်ပိုင်ခွင့်များရှိသည်။ အထူးသဖြင့် အထွေထွေညီလာခံကြီးသည် အပြည်ပြည်ဆိုင်ရာတရားရုံးအတွက် တရားသူကြီးများ ရွေးချယ်တင်မြှောက်ရေး၊ လုံခြုံရေးကောင်စီ၏ အကြံပြုချက်ဖြင့် အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်ရေး စသည့်လုပ်ငန်းများကိုလည်း ဖော်ဆောင်ရသည်။ အထူးအရေးပါသည့် လုပ်ပိုင်ခွင့်မှာ ငြိမ်းချမ်းရေးအတွက် လွန်စွာအရေးကြီးသည့် ပြဿနာကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များအနဖြေင့် တညီတညွတ်တည်း သဘောတူညီချက်မရပါကလည်း အထွေထွေညီလာခံက အရေးယူဆောင်ရွက်နိုင်ခွင့်ရှိခြင်းပင်ဖြစ်သည်။ (၆၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ စတင်ကျင်းပသည်။ (၆၅)ကြိမ်မြောက် အထွေထွေညီလာခံကြီး၏ သဘာပတိအဖြစ် ဆွစ်ဇာလန်နိုင်ငံ H.E.Mr. Joseph Deiss ကို တင်မြှောက်ကြသည်။ ညီလာခံကြီးတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံတို့သည် ကမ္ဘာ့နိုင်ငံရေးအခြေအနေများအပါအဝင် အရေးအရာများအပေါ် မိမိတို့နိုင်ငံ၏အမြင်များ၊ သဘောထားများအပြင် မိမိတို့နိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးကြသည်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကုသမဂ္ဂအထွေထွေညီလာခံအပြီး၌ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က မိန့်ခွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဦးဉာဏ်ဝင်းသည် စက်တင်ဘာလ ၂၈ရက်နေ့တွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့သည်။ အထွေထွေညီလာခံသို့ အီရန်သမ္မတ အာမက်ဒီနီဂျက်လည်းတက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်စဉ် အီရန်သမ္မတအာမက်ဒီနီဂျက်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် မစ္စတာဘန်ကီမွန်းက အီရန်သမ္မတကို အီရန်နိုင်ငံအနဖြေင့် နျူကလီးယားကိစ္စအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးမှုများတွင် အပြုသဘောပါဝင်ပတ်သက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အီရန်သမ္မတအာမက်ဒီနီဂျက်သည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးအယ်လင်(ခ) မြို့သို့ရောက်ရှိစဉ် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ နျူကလီးယားလက်နက်ကင်းမဲ့သည့် ကမ္ဘာဖြစ်ရေး အီရန်နိုင်ငံကအမြဲလိုလားသည်။ နျူကလီးယားဗုံး ထုတ်လုပ်ရန်ကြိုးပမ်းမည် မဟုတ်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီး၌ ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်များအခြေအနေ တိုးတက်မှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ရိက္ခါဖူလုံမှု အခြေအနေ၊ လက်နက်လျှော့ချရေး၊ ဖျက်သိမ်းရေး၊ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးစသည့်အကြောင်းအရာများ၊ ဘာသာရပ်များကိုဆွေးနွေးကြသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ဖွင့်လှစ်ရာတွင်အီရန်နှင့် အမေရိကန်နိုင်ငံတို့မှာ အာရုံစူးစိုက်မှု ခံရသောနိုင်ငံများ ဖြစ်ကြသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကိုအလေးပေးဆွေးနွေးသည်။ ယင်းသို့ဆွေးနွေးပြောကြားခြင်းကို အီရန်သမ္မတက အပြင်းအထန်စွပ်စွဲပြောဆိုရာတွင်(၉/၁၁) အရေးကိုအကြောင်းပြကာ အမေရိကန်တို့သည် အာဖဂန်နစ္စတန်နှင့်အီရတ်တို့ကိုဝင်ရောက်တိုက်ခိုက် ခြင်းဖြစ်ကြောင်းပါရှိသည်။ ယင်းသို့ဆွေးနွေးနေစဉ် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည်ညီလာခံမှ သပိတ်မှောက်ထွက်ခွာသွားသည်။ (၆၅) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီ လာခံကြီးက ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စတင် ကာ နှစ် နှစ်သက်တမ်းရှိမည့်လုံခြုံရေးကောင်စီအလှည့်ကျအဖွဲ့ဝင် ၅ နိုင်ငံကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၂ရက် နေ့တွင်ရွေးချယ်ခဲ့သည်။ ယင်းတို့မှာ ကိုလံ ဘီယာ၊ ဂျာမနီ၊ အိန္ဒိယ၊ ပေါ်တူဂီ၊ တောင်အာဖရိကနိုင်ငံများဖြစ်သည်။ လုပ်ငန်းများ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကြီး၏ ဘောင်အတွင်းကျရောက်သော မည်သည့် အကြောင်းကိစ္စကို မဆို ဆွေးနွေးခွင့်ရှိသည်။ အထွေထွေညီလာခံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ၁၀ ဦးနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ အဖွဲ့ဝင် ၅၄ ဦးကို ရွေးချယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ရသည်။ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း ခန့်အပ်ပေးသည်။ ကုလသမဂ္ဂအဖွဲ့၏ ရ-သုံးခန့်မှန်းခြေဘတ်ဂျက် ငွေစာရင်းကိုလည်း ဆွေးနွေးအတည်ပြုရသည်။ ပုံမှန်အစည်းအဝေး အဖွဲ့ကြီး၏ ပုံမှန် အစည်းအဝေးကို နှစ်စဉ် စက်တင်ဘာလ၏ တတိယပတ် အင်္ဂါနေ့တွင် စတင်သည်။ ကိုးကားချက် ကုလသမဂ္ဂ အထွေထွေညီလာခံ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%80%B9%E1%80%82%20%E1%80%A1%E1%80%91%E1%80%BD%E1%80%B1%E1%80%91%E1%80%BD%E1%80%B1%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
အခြေခံ တာဝန် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ဘောင်အတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရသည်။ တာဝန် အဖွဲ့ဝင်များသည် ကောင်စီ၏ ဆုံးဖြတ်ချက်များကို အရေးယူဆောင်ရွက်ရန် တာဝန်ရှိသည်။ နိုင်ငံတကာငြိမ်းချမ်ရေးအတွက် အန္တရာယ်ရှိသည့် အရေးကိစ္စ တစ်ခုခု ကောင်စီ၏ ရှေ့မှောက် ရောက်ရှိလာပါက ကောင်စီသည် ဦးစွာပထမ သက်ဆိုင်ရာတို့အား ငြိမ်းချမ်းသောနည်းဖြင့် သဘောတူညီမူရရန် တောင်းဆိုပြောကြားရသည်။ အကယ်၍ စစ်မက်ဖြစ်ပွားလာပါက ကောင်စီသည် အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းရသည်။ ပြဿနာဖြစ်နေသော နေရာများသို့ ငြိမ်းချမ်းမူထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ကောင်း စေလွှတ်ပေမည်။ အဖွဲ့ဝင် အဖွဲ့ဝင်များမှာ အမြဲတန်းအဖွဲ့ဝင်နှင့် အလှည့်ကျအဖွဲ့ဝင် ဟူ၍ ရှိသည်။ လုံခြုံရေးကောင်စီတွင် အမြဲတန်းအဖွဲ့ဝင် (၁၅)နိုင်ငံရှိသည့်အနက် တရုတ်၊ ပြင်သစ်၊ ရုရှား ဖက်ဒရေးရှင်း၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် "ဗီတို"အာဏာ ကိုင်တွယ်သုံးစွဲနိုင်သော အမြဲတန်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည်။ အခြားအဖွဲ့ဝင် ၁၀ နိုင်ငံကို ၂ နှစ် သက်တမ်းအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ရွေးချယ်ပေးသည်။ တနှစ်လျှင် ၅ နိုင်ငံကျစီ နှစ်စဉ်ရွေးချယ်ပေးသည်။ အစည်းအဝေး ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါက ကောင်စီ အစည်းအဝေးကို အချိန်မရွေးခေါ်ယူ ကျင်းပနိုင်သည်။ သာမန် လုပ်ရိုးလုပ်စဉ် ကိစ္စများနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ဆုံးဖြတ်ချက်ကို ဆန္ဒမဲကိုးမဲဖြင့် ချမှတ်သည်။ ကျမ်းကိုး နိုင်ငံတကာ လုံခြုံရေး ကုလသမဂ္ဂ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%80%B9%E1%80%82%20%E1%80%9C%E1%80%AF%E1%80%B6%E1%80%81%E1%80%BC%E1%80%AF%E1%80%B6%E1%80%9B%E1%80%B1%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE
သင်္ချာ
[[File:Euclid.jpg|right|thumb|220px|ဘီစီအီး ၃ ရာစုမှ ဂရိ သင်္ချာပညာရှင် ယူကလစ် (ကွန်ပါထောက်တံ ကိုင်ထားသူ) ကို ပန်းချီဆရာ ရာဖယ် (Raphael) က ၎င်း၏ အေသင်သားတို့ ကျောင်းတော် (The School of Athens) အမည်ရ နံရံဆေးရေး ပန်းချီကားကြီးတွင် စိတ်ကူးပုံဖော်ချက်]] "အသိပညာ၊ စူးစမ်းလေ့လာခြင်း" စသည်ဖြင့် အနက်ဖွင့်နိုင်သည့် ရှေးဂရိဝေါဟာရ máthēma'' ခေါ် μάθημα မှ ဆင်းသက်လာသည့် mathematics ဟု အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ "ရေတွက်ခြင်း" ဟု အနက်ဖွင့်နိုင်မည့် ရှေးပါဠိဝေါဟာရမှ ဆင်းသက်လာသည့် သင်္ချာ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ခေါ်ဆိုသည့် ဘာသာရပ်တွင် ကိန်းများ (numbers)၊ အရေအတွက် ပမာဏ (quantity)၊ ဟင်းလင်းပြင်ရပ်ဝန်း (space)၊ တည်ဆောက်ပုံသဏ္ဌာန် (structure)၊ ပြောင်းလဲခြင်း (change) စသည်တို့ကို လေ့လာသည်။ အရေအတွက် (ဂဏန်း) များ၊ ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များ၊ ၎င်းတို့ အချင်းချင်း ဆက်နွယ်နေမှုများ၊ ပေါင်းစပ်ခြင်းများနှင့် ၎င်းတို့၏ အနှစ်သာရများ စသည်တို့သာမက ထိုဂဏန်းများ သင်္ချာဆိုင်ရာ ရပ်ဝန်းများတွင် မည်သို့ တည်ရှိနေကြသည်၊ မည်သို့သော ပုံသဏ္ဌာန်ရှိသည်၊ ၎င်းတို့ကို မည်သို့ တိုင်းတာမည်၊ မည်သို့ ပုံစံပြောင်းလဲမည်၊ ယေဘုယျအားဖြင့် မည်သို့ သုံးသပ်မည် စသည်တို့ကို လေ့လာခြင်းဖြစ်သည်။ ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ တိုင်းတာခြင်း၊ တည်ရာပြ ဗက်တာတို့၏ ရွေ့လျားမှုကို စနစ်တကျ လေ့လာခြင်း၊ ပုံဖော်ရန် ခက်ခဲသော ပုံသဏ္ဌာန်တို့၏ ရွေ့လျားမှုများကို လေ့လာခြင်း စသည်တို့မှတဆင့် ၎င်းတို့နှင့် ဆက်စပ်နေသော အနှစ်သာရများကို ယုတ္တိကျကျ သုံးသပ်ရာမှ သင်္ချာပညာ တိုးတက်ပြောင်းလဲလာသည်။ သင်္ချာဘာသာသည် ပမာဏတို့ကို ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ ဇယားပြုစုဆောင်းခြင်း စသည်တို့အတွက် အသုံးပြုသည့် တွက်ချက်ကိရိယာ သက်သက်အဖြစ် စတင်ခဲ့သော်လည်း၊ ယခုအခါတွင် သင်္ချာဘာသာမှာ များစွာနက်ရှိုင်းလှပလာပြီး စိတ္တဇ နာမ်သဘာဝသက်သက် လေ့လာခြင်းမှသည် လက်တွေ့ ရုပ်လောက၌ အသုံးချခြင်းအထိ ကျယ်ပြောလာသည်။ မျက်မှောက်ခေတ် သင်္ချာပညာရှင်တို့သည် အထက်ဖော်ပြပါ အကြောင်းအရာများကို စူးစမ်းလေ့လာပြီး ထိုမှတဆင့် ယူဆချက်အသစ်များ၊ ယေဘုယျပြုချက်များ စသည်တို့ကို ထုတ်ဖော်နိုင်ရန် ကြိုးပမ်းကြသည်။ သင်္ချာအဆိုတစ်ခု မှန်/မမှန်ကို ယုတ္တိကျကျ ကျိုးကြောင်းဆက်စပ်၍ သက်သေပြခြင်းဖြင့် ဆုံးဖြတ်လေ့ရှိသည်။ ဆိုလိုသည်မှာ သင်္ချာအဆိုတစ်ခုအတွက် လက်တွေ့ သက်သေသက္ကာယ တောင်ပုံရာပုံ ရှိနေသော်လည်း၊ ပေးထားချက်များမှ ကျိုးကြောင်းဆက်စပ်၍ ယုတ္တိကျကျ သက်သေမပြနိုင်သရွေ့ ၎င်းအဆိုကို ပကတိအမှန်ဟု သင်္ချာဘာသာတွင် မယူဆချေ။ သင်္ချာဟူသည် အဘယ်နည်းဟူသော မေးခွန်းအတွက် အားလုံးသဘောတူ လက်ခံသည့် ကျစ်လျစ်တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသည့်အပြင် လက်တွေ့လုပ်ကိုင်နေသည့် သင်္ချာပညာရှင် အများစုသည် ဤမေးခွန်းကိုဖြေရန် စိတ်ဝင်စားလေ့မရှိပါ။ သို့သော် ပုဂ္ဂိုလ်ကျော်အချို့၏ သင်္ချာအပေါ် ရှုမြင်ပြောဆိုချက်များကို ကြားနာခြင်းဖြင့် သင်္ချာ၏ သဘောသဘာဝကို တစေ့တစောင်း သိနိုင်သည်။ စွယ်စုံရပညာရှင် ဂယ်လီလီယို (၁၅၆၄-၁၆၄၂) က "သဘာဝတရားကို ကျမ်းတစ်စောင်ဟု တင်စားလျှင် ၎င်းကျမ်းကို သင်္ချာဘာသာစကားဖြင့် ရေးသားထားသည်" ဟုလည်းကောင်း၊ သင်္ချာပညာရှင် ကားလ် ဖရီးဒရစ် ဂေါက် (၁၇၇၇-၁၈၅၅) က "သင်္ချာသည် သိပ္ပံပညာရပ်များ၏ ဘုရင်မ" ဟုလည်းကောင်း၊ သင်္ချာပညာရှင် ဘင်ဂျမင် ပီရာ့ (၁၈၀၉-၁၈၈၀) က သင်္ချာကို "မလွှဲမသွေဖြစ်ရမည့် ဧကန်မုချ အကျိုးရလဒ်များကို ကောက်ချက်ဆွဲသည့် သိပ္ပံဘာသာရပ်" ဟုလည်းကောင်း၊ ဆိုခဲ့သည်။ သင်္ချာကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းတွင် အခြေခံ သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခု အဖြစ်သင်ကြားပေးလေ့ရှိပြီး၊ သဘာဝသိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များ၊ ဆေးပညာနှင့် လူမှုသိပ္ပံ ပညာရပ်များ၊ အစရှိသည့် ဘာသာရပ်နယ်ပယ် အမြောက်အမြားတွင် မရှိမဖြစ်လိုအပ်သော လက်နက်ကိရိယာအဖြစ် ကမ္ဘာတဝှမ်း အသုံးပြုကြသည်။ သမိုင်းကြောင်း သင်္ချာကို အရေအတွက် ဂဏန်း၊ ပမာဏနှင့် ပုံသဏ္ဌာန် စသည်တို့၏ ယေဘုယျသဘောကို စတင်သိရှိခြင်းမှ စတင်သည်ဟု ဆိုနိုင်သည်။ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး ၁၇၇၄ ခုနစ်မှ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်း ( ၁၇၇၄ ) မြန်မာ့သိပ္ပံပညာဆိုင်ရာ ကျမ်းတွေ စာပေများသည် ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် (၁၇၈၂ - ၁၈၁၉) မှာ အခြေတကျ စပြီး ထွန်းကားလာတယ်လို့ ပညာရှင်အများက လက်ခံ ယုံကြည်ထားကြသည်။ အဘယ့်ကြောင့် ဆိုသော် ဗဒုံမင်းသည် အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင်ငံတို့မှနေ၍ ကျမ်းပေါင်း (၂၀၀) ကျော်ကို မြန်မာနိုင်ငံသို့ ယူဆောင်စေခဲ့သည်ဟုဆိုလေသည်။ ထိုသို့ ယူဆောင်လာသော ကျမ်းများအား မြန်မာပြန်ဆိုမှုများ ပြုလုပ်ခဲ့ကြလေသည်။ ထိုသို့ ပြန်ဆိုမှုများအား ယနေ့အချိန် လက်ဆုတ်လက်ကိုင် ပြနိုင်သေးလေသည်။ မြန်မာ့သင်္ချာ ပညာသမိုင်းကြောင်းနှင့် ပတ်သက်ပြီး ကျမ်းပြုသူ အစောဆုံး ခြေရာကောက်မိသည့် သင်္ချာကျမ်းကတော့ သင်္ချာပကာသက အမည်ရှိတဲ့ ကျမ်းဖြစ်သည်။ အဲဒီကျမ်းက ၁၄ ရာစု နှစ်ဦးပိုင်းကတည်းက ယိုးဒယားနိုင်ငံက တဆင့် မြန်မာနိုင်ငံကို ရောက်လာတဲ့ ကျမ်းဖြစ်သည်။ ၎င်းကျမ်း၏ မူလ စာကိုယ်ကို ပြုစုတဲ့သူမှာ ယိုးဒယားနိုင်ငံ ဇင်းမယ်မြို့၌ နေသော ရှင်ညာဏဝိလာသ ဖြစ်သည်။ ထိုကျမ်းကို အခြေခံပြီး ၁၅၂၀ မှာ မြစ်ငယ်တောင်ဘက် ပလိပ်ရွာ အရှေ့ရှိ မြို့သစ်မြို့နေ ရှင်သိရိမင်္ဂလက သင်္ချာပကာသကဋီကာကို ထပ်မံပြုစုပြီး တတိယ ညောင်ကန်ဆရာတော် ရှင်ကဝိန္ဒရဲ့ တပည့် ရှင် မုနိန္ဒသာရက တဖန် သင်္ချာပကာသက စာကိုယ်နိဿယကို ပြုစုခဲ့လေသည်။ အောက်ပါတို့မှာ ၁၇၇၄ ခုနှစ်၌ ရေးသားခဲ့သော ဂဏန်းသင်္ချာ ပညာဝဍ္ဎကျမ်း ၌ ပါရှိသည်တို့အား အခြေခံထားသည်။ ဤကျမ်းစသည် မြန်မာ့သိပ္ပံ ပညာသမိုင်းအတွက် အရေးပါတဲ့ အထောက်အထားတစ်ခု ဖြစ်သည့်အပြင် ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် လူပုံအလယ်၌ မျက်နှာမငယ်စေဘဲ ဂုဏ်ယူဝင့်ကြွားထိုက်တဲ့ ကျမ်းတစ်ဆူလည်း ဖြစ်သည်။ ထို့ကြောင့်ဤကျမ်းမှာ ပါသည့် အချက်အလက်တချို့ကို အကျဉ်းမျှလောက်အား ဗဟုသုတ ရရှိစေရန်အတွက် ပြန်လည်ဖော်ပြထားသည်။ ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းဟာ အပိုင်းလေးပိုင်း ခွဲခြားပြီး ဥပမာပေး နမူနာ ပုစ္ဆာပေါင်း ၁၇၅ ပုဒ်ကို တွက်နည်း အဖြေနဲ့တကွ စုံစုံလင်လင် ပြုစုထားတယ်။ ပထမပိုင်းမှာ သင်္ချာပညာရပ်အတွက် အဓိကဖြစ်တဲ့ `ရေတွက်ခြင်း ဂဏန်းသင်္ချာ´ ခေါင်းစဉ်နဲ့ အလေးချိန်၊ အကွာအဝေး၊ ထုထည်၊ အချိန်နာရီ တွေကို တိုင်းတာတဲ့ ယူနစ်ကိန်းသင်္ချာ အကြောင်းနဲ့ ခု ကနေ အသင်္ချေ (တစ်နောက်က သုည အလုံး ၁၄၀) တိုင်အောင် ရေတွက်ခေါ်ဝေါ်ပုံ နည်းစနစ်ကို ဖော်ပြထားတယ်။ ဒုတိယပိုင်းမှာ `ဂဏန်းဆယ်ပါး´ ခေါင်းစဉ်နဲ့ စပါးတွက်၊ ဆန်တွက်၊ ရွှေတွက်၊ ငွေတွက်၊ ဆီမီးတွက်၊ ရထားတွက်၊ သစ်ပင်တွက်၊ လှေတွက်၊ သားရေတွက်၊ မြေတွက် ဆိုပြီး လုပ်ငန်းအလိုက် တိုင်းထွာတွက်ချက်နည်းကို ဥပမာ ပုစ္ဆာပေါင်း ၉၈ ပုဒ်နဲ့ ဖော်ပြထားတယ်။ စပါးတွက်နည်းမှာ ကျီတွက်နည်း၊ သရိုင် (ပုတ်) တွက်နည်း၊ စပါးပုံတွက်နည်း၊ လှေဝင်စပါးတွက်နည်း၊ စပါးကို ငှက်စားတဲ့ ပုစ္ဆာ၊ စပါး နှစ်ထပ်တိုးပေး တွက်နည်း အစရှိတဲ့ နမူနာပုစ္ဆာ ၂၁ ပုဒ်နဲ့ ဖော်ပြထားတယ်။ ဆန်ဂဏန်းတွက်နည်းမှာ စပါးနှစ်တင်းကို ထောင်းရင် ဆန်တစ်တင်းရပြီး ဆန်တစ်တင်းမှာ အစေ့ပေါင်း ၇၆၈၀၀၀ ရှိကြောင်း ဖော်ပြထားတယ်။ ဆန်ဂဏန်းမှာ အဓိက အရေးကြီးတဲ့ အပိုင်းက သင်္ချာပေါင်းပွားကိန်း (Arithmetic Progression) သဘောကို အခြေခံတဲ့ နည်းတွေ ဖြစ်တယ်။ ရွှေဂဏန်းကို ပြောတဲ့အခါမှာ ရွှေမျိုးပေါင်း (၂၀) ရှိတယ်လို့ ဖော်ပြထားတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်အောင် လှော်ခတ်ပြီး အဆင့်လိုက် ရွှေလှော် (၁၂) မျိုးကိုလည်း ဖော်ပြထားတယ်။ အဲဒါတွေက နီဗလ၊ နာရဏီ၊ နာရဝေါ၊ နာလိကာ၊ နာလိမုတ္တာ၊ အ ဉ္စနီ၊ အ ဉ္စမုတ္တ၊ အဇာဝနိ၊ ဇာတရူပ၊ ဥတရနိတာ၊ သိင်္ဃနိတ် နဲ့ ဇမ္ဗူရဇ်တို့ ဖြစ်တယ်။ ရွှေကို သန့်စင်ဖို့ လုပ်တာ အင်မတန် အနုစိတ်ပြီး စနစ်ကျတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြရရင် အသန့်စင်ဆုံး ဇမ္ဗူရဇ်ရွှေ အဆင့်ရအောင် သိင်္ဃနိတ်ရွှေကို ထပ်မံသန့်စင်တဲ့နည်းလေး ဖော်ပြပေးလိုက်တယ်။ `သိင်္ဃနိတ်ရွှေ ၄ိ ၂ ံ ၂ ဆံ ၃ နှံ့ (နှမ်း) ၁ မုံညင်(း) ၆ သံခေါင် (သန်းခေါင်း) ၂ ကညစ်ချေကို ၃ိ ၃ူ ၁ဲ ၄ ံ ၂ ဆံ ၂ နံ ၁ မုံညင် ၃ သံခေါင် ၂ ကညစ်ချေ တင်အောင် လှေ (လှော်) မှ ဇမ္ဗူရဇ်ရွှေ ဖြစ်၏။´ ရေဂဏန်းကို ဖော်ပြတဲ့နေရာမှာ ထုထည်ရှာပုံတွေ၊ ရေကန်ကနေ ရေထုတ်တဲ့အခါ ကြာမယ့် အချိန်နာရီ တွက်ပုံတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ပြထားတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တင်ပြပေးလိုက်ပါတယ်။ ပုစ္ဆာ။ ဖလားတလုံ(း)သဉ် အဝန်(း) ခြောက်တောင် စောက် ၁င်္ (တောင်) ရေအပြည့်ရှိ၏။ ထိုရေကို မုံဉင်းစေ့ရှိ ဖောက်သော် ဘယ်မျှလောက်သောကာ(လ)မှ ရေကုံအံ့နဉ်။ အဖြေ။ ၃ လနှင့် ၂ ရက် ၉ နာရီ နှစ်ပါဒ် ၆၂ ဗီဇနာမှ ရေကုန်၏။ ဆီမီးဂဏန်း တွက်နည်းထဲမှာလည်း ထုထည်ရှာနည်းကို အခြေခံပြီး ဖယောင်းတုံးကြီးကနေ ဖယောင်းတိုင်တွေ ပြုလုပ်ရင် ရလာမယ့် ဖယောင်းတိုင် အရေအတွက်ကို ရှာတဲ့နည်းတွေ၊ ဖယောင်းတိုင်ကို မီးထွန်းရင် အချိန်ဘယ်လောက်ကြာမှ ကုန်မလဲလို့ တွက်တဲ့နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ဖော်ပြထားတယ်။ သစ်ပင်ဂဏန်းမှာတော့ သစ်ခွဲစိတ်ဖြတ်တောက်တာနဲ့ ဆိုင်တဲ့ သစ်တွက်နည်းတွေ၊ သစ်လုံးကို ပါးပါးလွှာထုတ်တဲ့ တွက်နည်းတွေ အပြင် သစ်ပင်ကို အဝေးကကြည့်ပြီး အမြင့်ရှာနည်းတွေ အပါအဝင် ပုစ္ဆာ ၇ ပုဒ်နဲ့ ဖော်ပြထားတယ်။ သစ်ပင်အမြင့်ရှာပုံက ဂျီဩမေတြီဘာသာရပ် (Geometry) ကို အခြေခံထားတယ်။ လှေဂဏန်းကို ပြရာမှာ သင်္ဘောနဲ့ ခရီးထွက်ရင် ကြာမြင့်ချိန်၊ ဆိုက်ရောက်ချိန် နေ့ရက်ကို တွက်တဲ့ ပုစ္ဆာတွေနဲ့ အက္ခရာသင်္ချာ (Algebra) သဘောပါတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှေနဲ့ တစ်ဖက်ကမ်းကို ကူးတဲ့ ပုစ္ဆာမျိုးတွေကို နမူနာပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ပြထားတယ်။ သားရေဂဏန်းမှာတော့ သားရေချပ်ကို လှီးဖြတ်ရာမှာ လေးထောင့်ပုံ၊ စက်ဝိုင်းပုံ စတဲ့ ပုံစံ အမျိုးမျိုးရဲ့ ဧရိယာနဲ့ အဝန်းတွက်နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ချက်ပြထားတယ်။ မြေဂဏန်းမှာ မြေကြီးကနေ အုတ်ထုတ်ရာမှာ ထွက်ရှိမယ့် အုတ်ချပ်ရေ ခန့်မှန်းပုံ၊ မြို့ရိုး တိုက်တာ အိုးအိမ် တည်ဆောက်ရာမှာ အုတ်လိုအပ်မှု လယ်ယာမြေကွက် ပုံစံအမျိုးမျိုး ပယ်ဖွဲ့နည်းတွေကို ဥပမာ ပုစ္ဆာပေါင်း ၃၀ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတယ်။ တတိယပိုင်းမှာ နည်းတဆယ့်ခြောက်ပါး ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်္ချာနည်းပေါင်း ၁၆ နည်းကို ပုစ္ဆာပေါင်း ၇၆ ပုဒ်နဲ့ ဖော်ပြထားတယ်။ အဲဒီနည်းတွေကို အကျဉ်းချုပ် အနေနဲ့ ဖော်ပြရရင် နှစ်ထပ်တိုးတွက်နည်း၊ အချိုးတွက်နည်း၊ မရေမရာညီမျှခြင်း (Indeterminate equation) တွက်နည်း၊ သင်္ချာပေါင်းပွားကိန်း (Arithmetic progression) တွက်နည်း၊ သင်္ချာဆပွားကိန်း (Geometric progression) တွက်နည်း၊ အက္ခရာသင်္ချာ ညီမျှခြင်း (Algebra equation) တွက်နည်း၊ ဆခွဲကိန်း တွက်နည်း၊ ဘုံသုဉ်းကိန်း တွက်နည်း တို့ ဖြစ်ပါတယ်။ ဒီကျမ်းရဲ့ နောက်ဆုံးအပိုင်း စတုတ္ထပိုင်းမှာတော့ ရှေ့ပိုင်းက နည်းတွေကို အခြေခံပြီး ပုစ္ဆာပေါင်း ၃၀ ကို ထပ်ပြီး တွက်ပြထားပါတယ်။ ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်းကို ခြုံငုံကြည့်ရင် ရှေးမြန်မာတွေရဲ့ လယ်ယာအိုးအိမ် စတဲ့ စားဝတ်နေရေး လူနေမှုစနစ်ကို လက်တွေ့ အထောက်အကူပြုတဲ့ သင်္ချာတွက်နည်းတွေကို ဖော်ပြထားကြောင်း တွေ့ရတယ်။ ဒါ့အပြင် စက်ဝိုင်းတွေရဲ့ ဧရိယာ၊ စက်လုံး၊ ထုလုံး၊ ထုချွန်တွေရဲ့ ထုထည်ရှာပုံ၊ ဂဲဩမေတြီရဲ့ အခြေခံတွေ၊ သင်္ချာပေါင်းပွားကိန်း၊ ဆပွားကိန်း၊ အချိုးဆက်တွေ၊ အက္ခရာသင်္ချာတွက်နည်းတွေကိုပါ ထည့်သွင်း ဖော်ပြထားတာကို ထောက်ရှုမယ်ဆိုရင် အဲဒီအချိန်က မြန်မာတွေရဲ့ သင်္ချာအဆင့် မြင်းမားကြောင်း တွေ့ရတယ်။ ဗဒုံမင်း လက်ထက် မတိုင်မီကတည်းက မြန်မာ့ သင်္ချာပညာဟာ ပီပီပြင်ပြင် အဆင့်မြင့်မြင့် ရှိနေပြီ ဆိုတာကို ဒီ ၁၇၇၄ ခုနစ်က သင်္ချာကျမ်းနဲ့ လက်ဆုတ်လက်ကိုင် ပြပြီး သက်သေထူလိုက်ပါတော့တယ်။ မြန်မာ့စွယ်စုံကျမ်း မှဖွင့်ဆိုချက် သင်္ချာသည်ဂဏန်း၊ အရေအတွက်တို့နှင့် စပ်လျဉ်းသည့် သိပ္ပံပညာရပ်တစ်ခုဖြစ် သည်။ လူတို့သည် အလွန်ရှေးကျသောခေတ်အခါကပင် အပေါင်း၊ အနုတ်၊ မြှောက်၊ အစားပါဝင် သောလွယ်ကူသည့် ပုစ္ဆာများကိုတွက်ခြင်း၊ မြေများကိုစံနစ်တကျ တိုင်းတာခြင်း၊ ကောင်းကင်တွင် နက္ခတ် တာရာတို့ကိုကြည့်၍ ပြက္ခဒိန်များ ပြုလုပ်ခြင်း စသည့်အလုပ်များကိုပြုလုပ်နိုင်ခဲ့လေသည်။ ထိုအချိန်မှ စ၍သင်္ချာပညာသည်လည်း ပေါ်ပေါက်လာခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်ဂဏန်းများနှင့်အရေအတွက်များကို လွယ်ကူစွာရေးသားဖော်ပြရန် သင့်တော်သောနည်းမရှိခဲ့သဖြင့် သင်္ချာပညာတိုးတက်မှုသည် အလွန်နှောင့်နှေးခဲ့လေသည်။ ဆယ်ရာစုနှစ်တွင်မှ ၁၊ ၂၊ ၃၊ ၄ စသည်တို့ကို အာရပ်အမှတ်အသားများနှင့်တကွ သုညကို (ဝ) ဟူသော အမှတ်အသားဖြင့် ရေးသားရန်သတ်မှတ်ခဲ့ကြသည်။ ထိုအချိန်မှ အစပြု၍ သင်္ချာ ပညာရပ်သည်လည်း အလွန်တိုးတက် ထွန်းကားလာခဲ့လေသည်။ ရှေးလူမျိုးများအနက် ဂရိတို့သည် သင်္ချာဘာသာကို အလွန်တိုးတက်အောင်ကြံဆောင်ခဲ့ကြလေရာ ဘီစီ ၆၀ဝ ပြည့်နှစ်တွင် မီလီတပ်မြို့သား ဒဿနိကဗေဒပညာရှင် သေးလိအမည်ရှိ ဂရိအမျိုးသားကြီးသည် ဂျီဩမေတြီနှင့် သက်ဆိုင်သည့်သီအိုရမ်များကို သာမညမှကြံနည်းဖြင့် သက်သေပြနိုင်ခဲ့သည့်အပြင်၊ အခြား ပုစ္ဆာအချက်အလက် များကိုလည်း ယုတ္တိဗေဒနှင့်သက်ဆိုင်သည့်သာမညမှကြံနည်းဖြင့် ဆင်ခြင်ယူ ဆနိုင်ကြောင်းကိုပြသနိုင်ခဲ့သည်။ ဤနည်းကို တွေ့ရှိခဲ့ရာမှအစပြု၍ ဂျီဩမေတြီပညာရပ်ပေါ်ပေါက် လာလေသည်။ ၁၅ရာစုနှစ်တွင် ပညာရှိတို့သည် အက္ခရာ သင်္ချာကိုတီထွင်ခဲ့ကြ၍ ၁၆ ရာစုတွင်အနာလစ် တစ်ကယ် ဂျီအိုမေတြီအခြေခံကိုပြုစုပျိုးထောင်ပေးခဲ့ကြသည်။ ဆယ့်ခုနစ်ရာစုနှစ်မှစ၍ သင်္ချာပညာကို သိပ္ပံပညာရပ် များတွင်တစ်စထက်တစ်စ တိုးတက်သုံးစွဲခဲ့ကြသည်။ ဤသို့တိုးတက်သုံးစွဲခဲ့ရာတွင် ခက်ခဲသောပြဿနာများကို တွေ့ရှိခဲ့သဖြင့် ကဲ့ကုလသင်္ချာပညာရပ်ကို ကြဆခဲ့ကြသည်။ ဤသို့ပေါ်ပေါက်ခဲ့ရသည့် သင်္ချာပညာရပ်များကို အမှီပြုလျက် စက်နှင့်သက်ဆိုင်သော ပညာရပ်များနှင့်ရူပဗေဒပညာရပ်များ သည်များစွာ တိုးတက်ခဲ့ကြသည်။ အင်ဂျင်နီယာအတတ် ပညာသည် သင်္ချာပညာဟူသော အုတ်မြစ်ပေါ်တွင် တည်ရှိသဖြင့် ထိုအတတ်ပညာသင်ကြားလိုသူ တို့သည်သင်္ချာကို ကောင်းစွာ တတ်မြောက်ကြရပေသည်။ ယခုခေတ်တွင် သင်္ချာပညာရပ်များမှာ အမျိုးအမည် အားဖြင့် အလွန်များပြားလာ၏။ ယင်းတို့ကို မူလတန်း သင်္ချာရပ်များနှင့် အထက်တန်းသင်္ချာရပ်များဟု နှစ်ပိုင်းပိုင်းခြားထား၏။ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီဩမေတြီနှင့်တြိဂိုနိုမေတြီတို့သည် မူလတန်းသင်္ချာတွင် အကျုံးဝင်ကြ၍ အနာလစ်တစ်ကယ်ဂျီဩမေတြီ၊ ကဲ့ကုလသင်္ချာ စသည်တို့မှာ အထက်တန်းသင်္ချာတွင်အကျုံးဝင်ကြသည်။ မှတ်စု အညွှန်း ကိုးကား သင်္ချာ ပင်မ အကြောင်းအရာ ဆောင်းပါးများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%81%E1%80%BB%E1%80%AC
လေဆင်နှာမောင်း
လေဆင်နှာမောင်းမှာ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်တိုက်ခတ်သော မုန်တိုင်းအမျိုးအစားဖြစ်သည်။ မြေပြင်ရှိ အဆောက်အအုံများကို လေထဲသို့ မြောက်တက်ကျွတ်ပါသားအောင် တိုက်ခတ်တတ်သော အင်အားပြင်းမုန်တိုင်း အမျိုးအစားဖြစ်သည်။ လေဆင်နှာမောင်း စတင်ဖြစ်ပေါ်ခြင်းကို လေ့လာကြည်လျှင် နေပူရှန်ကြောင့် မြေမျက်နှာပြင်အပူချိန်သည် ရုတ်တရက် မြင့်တက်လာပြီး စိုစွတ်သော လေထုမှာ ပူနွေးလာရာမှ လေထုစတင်၊ အထက်သို့မြင့်တက်လာသည်။ ယင်းလေထုမှာ ပူနွေးလာချိန်တွင် စိုစွတ်သော လေထုနှင် အပေါ်ရှိ အေးမြခြောက်သွေ့သည့် လေထုနှင့် ပေါင်းဆုံမိသည်။ မိုးအရွာတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပေါ်ပြီး ထစ်ချုန်းမိုးတိမ်တိုက်တစ်ခု ဖြစ်ပေါ်ကာ လေဆင်နှာမောင်းအဖြစ်သို့ ရောက်ရှိလာသည်။ ယင်းလေဆင်နှာမောင်းသည် လျင်မြန်စွာ အားကောင်းလာပြီ မိုးရွာခြင်း၊ လျှပ်စီးများလက်ခြင်းနှင့် မိုးခြိမ်းခြင်းများ ဖြစ်ပေါ်သည်။ ထောင်လိုက် ရွေ့လျားနေသောလေထုမှာ အလွန်လျင်မြန်စွာ ရွေ့လျားပြီ လေများမှာ လားရာအမျိုးမျိုးကြောင့် ပတ်ချာလည်နေသည်။ မြေပြင်နှင့် တိမ်တိုက်များအကြား ဖန်ကတော့ပုံ အနေအထားအတိုင်း ရွေ့လျား တိုက်ခတ်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ယင်းတိုက်ခတ်နေသော လေပွေ၊ လေဝဲသည် အရွယ်အစားနှင် ပုံသဏ္ဌာန်အမျိုးမျိုးသို့ ပြောင်းလဲနိုင်သည်။ အရွယ်အစားမှာ မီတာ ရာနှင်ချီ ကျယ်ပြန့်လာနိုင်သည်။ လေဆင်နှာမောင်းတစ်ခုသည် စက္ကန့်ပိုင်းမှ တစ်နာရီအထက်ကြာမြင့်စွာ တိုက်ခတ်နိုင်သည်။ ရွေ့လျားတိုက်ခတ်သည်လမ်းကြောင်းမှာလည်း နာရီပိုင်းအတွင်း မိုင်အများအပြားတိုက်ခတ်နိုင်သည်။ လေဆင်နှာမောင်းအတွင်းရှိ လေများသည် လျင်မြန်စွာ တိုက်ခတ်နေသဖြင့် တိုင်းတာရန် မလွယ်ကူပေ။ သို့သော် လေဆင်နှာမောင်းတစ်ခု၏တိုက်ခတ်နှုန်းကို ဖူဂျီတာစကေးဖြင့် ခန့်မှန်းတိုင်းတာကြသည်။ အက်ဖ်အို အက်ဖ်အို လေဆင်နှာမောင်း အမျိုးအစားသည် တစ်နာရီ ၇၅မိုင်နှုန်း တိုက်ခတ်ပြီး သာမန်ပျက်စီးမှုဖြစ်ပေါ်နိုင်သည့် လေမုန်တိုင်း အမျိုးအစား ဖြစ်သည်။ သစ်ကိုင်းများ ကျိုးကျခြင်းလောက်သာ ဖြစ်နိုင်သည်။ အက်ဖ်-၁ အက်ဖ်-၁ လေဆင်နှာမောင်း အမျိုးအစားသည်လည်း ပျက်စီးမှု နည်းပါးသည်။ တစ်နာရီ၇၃မိုင်မှ ၁၁၂မိုင် တိုက်ခတ်သည်။ သို့သော် မော်တော်ကားများ လွင့်ပါနိုင်သည်။ နေအိမ်များလည်း အုတ်မြစ်မှ ကျွတ်ပါသွားနိုင်သည်။ အက်ဖ်-၂ အက်ဖ်-၂ လေဆင်နှာမောင်းအမျိုးအစားသည် အားပြင်း လေဆင်နှာမောင်း အမျိုးအစားဖြစ်သည်။ တစ်နာရီ၁၁၃မိုင်မှ ၁၅၇မိုင်နှုန်း တိုက်ခတ်သည်။ နေအိမ်များ လွင့်ပါနိုင်ပြီး ကြီးမားသော သစပင်ကြ်းများ အမြစ်မှ ကျွတ်ထွက်ပါသွားနိုင်သည် မုန့်တိုင်းမျိုးဖြစ်သည်။ အက်ဖ်-၃ အက်ဖ်-၃ လေဆင်နှာမောင်း အမျိုးအစားသည် မီးရထားများ တိမ်းမှောက်နိုင်သည့် အားပြင်းလေမုန်တိုင်း အမျိုးအစားဖြစ်သည်။ တစ်နာရီလျှင် ၁၅၈ မိုင်မှ ၂ဝ၆မိုင်အထိ တိုက်ခတ်သည်။ သစ်ပင်ကြီးများ၊ ကုန်တင်ကားကြီးများ၊ နေအိမ်အုတ်တံတိုင်းများ လွင့်ပါလဲပြိုနိုင်သည့် မုန်တိုင်းအမျိုးအစားဖြစ်သည်။ အက်ဖ်-၄ အကဖ်-၄ လေဆင်နာမောင်း အမျိုးအစားသည်တစ်နာရီလျှင်၂ဝ၇မိုင် မှ မိုင် ၂၆ဝအထိ တိုက်ခတ်သည်။ ပျက်စီးမူများပြီး ပြင်းထန်သည် လေမုန်တိုင်း အမျိုးအစားဖြစ်သည်။ အခိုင်အမာဆောက်လုပ်ထားသော အဆောက် အအုံများ၊ ကြီးမားသောအရာဝတ၊များ လေထဲတွင် လွင့်ပါသွားနိုင်သည်။ အက်ဖ်-၅ အက်ဖ်-၅ လေဆင်နှာမောင်း အမျိုးအစားသည် တစ်နာရီလျှင်၂၆၁ မိုင်မှ ၃၁၈မိုင်အထိ တိုက်ခတ်သည်။ အလွန်ပြင်းထန်သည် လေမုန်တိုင်း အမျိုးအစားဖြစ်သည်။ မော်တော်ကားများ မီတာ၁ဝဝကျော်အထိ လွင့်သွား နိုင်သည်။ ကြီးမားသောအဆောက်အအုံများ တံမြက်စည်းဖြင့် လှဲချလိုက် သကဲ့သို့ လွင့်ပါသွားနိုင်သည့် မုန်တိုင်းအမျိုးအစားဖြစ်သည်။ အဆိုးရွားဆုံး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ရေထု၊ မြေထု အပူချိန်များ မြင့်တက်လာရာမှအစပြု၊မုန်တိုင်းကြီးများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းမုန်တိုင်းများကြောင့် နှစ်စဉ် လူ့အသက်ပေါင်းများစွာ သေကျေပျက်စီး နေရသကဲ့သို့ ဆုံးရှုံးမှုအားဖြင့်လည်း များပြားလျက်ရှိ၊အဆိုးရွားဆုံး သဘာဝဘေးအန္တာယ်များအနက်မှလေဆင်နှာမောင်းမုန်တိုင်းဖြစ်သည်။ ကိုးကား ရာသီဥတု
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B1%E1%80%86%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%AC%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
စတီဖင်ဟော့ကင်း
စတီဖင် ဝီလီယံ ဟော့ကင်း (; ၈ ဇန်နဝါရီ ၁၉၄၂ – ၁၄ မတ် ၂၀၁၈) သည် သီအိုရီ ရူပဗေဒပညာရှင်၊ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် ကွမ်တမ် မက္ကင်းနစ်နှင့်သက်ဆိုင်သော လုပ်ငန်းများစွာအား ထောက်ပံ့ပေးသူလည်း ဖြစ်သည်။ မော်တာတပ်ဆင်ထားသည့် ဘီးတပ်ကုလားထိုင်ကလေးသည် ကိန်းဘရစ်တက္ကသိုလ်တွင် အထင်ရှားဆုံး ယာဉ်ကလေးဖြစ်သည်။ ဘီးတပ်ကုလားထိုင်ကလေးက အထင်ရှားဆုံးနိုင်ငံသားကို တင်ဆောင်ပြီး၊ လူပြည့်ကျပ်နေသည့် ကင်းစ်ပရိတ်လမ်းအတိုင်း ပြေးလာချိန်တွင် အမှောင်ထုက အင်္ဂလန်နိုင်ငံ ကိန်းဘရစ်မြို့ပေါ်သို့ လွှမ်းခြုံခဲ့ပြီဖြစ်သည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် ပါလာသူမှာ၊ သူ၏ မျက်နှာမှ ကြွက်သားများနှင့် ဘယ်ဘက်လက်ပေါ်မှ လက်နှစ်ချောင်းကိုသာ လှုပ်ရှားနိုင်သည်။ အဝတ်အစားကို ကိုယ်တိုင်ဝတ်ဆင်၍ မရ။ ဘီးတပ်ကုလားထိုင်တွင် ချိတ်ဆက်ထားသည့် ကွန်ပျူတာခလုတ်ခုံ တစ်ခုကို ပင်ပန်းကြီးစွာ ရိုက်နှိပ်ပြီး အလုပ်လုပ်စေသည့် အသံဖော်စက်မှ တဆင့်သာလျှင် အခြားသူများနှင့် ပြောဆိုဆက်သွယ်၍ ရသည်။ ရောဂါဘယက သည်ပုဂ္ဂိုလ်အား သူ၏ ရုပ်ခန္ဓာတွင် အကျဉ်းကျနေအောင် ဖန်တီးထားသည်။ သို့သော်လည်း သူ၏ သတ္တိနှင့် သူ၏ ဟာသစကားများကိုတော့ အကောင်းပကတိ ချန်ထားရစ်သည်။ သူ၏ အသိဉာဏ်က လွတ်လပ်စွာ လှည့်လည် ကျက်စားနိုင်အောင် ဖန်တီးပေးသည်။ သူ၏ အသိဉာဏ်က တကယ်လည်း လွတ်လပ်စွာ လှည့်လည်ကျက်စားသည်။ အနတ္တမှ အနန္တသို့ လည်းကောင်း၊ အက်တမ်ထက်ငယ်သည့် ကမ္ဘာလောကမှနေ၍ စင်္ကြာဝဠာ၏ ဟိုမှာဘက်ကမ်းသို့ လည်းကောင်း လှည့်လည်ကျက်စားသည်။ ဘီးတပ်ကုလားထိုင်ထဲမှ ပုဂ္ဂိုလ်မှာ ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး ရူပဗေဒပညာရှင်တဦး ဖြစ်သည့် စတီဖင်ဟော့ကင်း ပင်ဖြစ်သည်။ ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ သူ၏ ဖခင်ကြီးက ဆေးပညာ ဆည်းပူးရန် တိုက်တွန်းသည်ကို ငြင်းဆန်ပြီး၊ စတီဖင်ဟော့ကင်းသည် သင်္ချာနှင့် သီအိုရီဆန်သည့် ရူပဗေဒပညာတို့ကို အာရုံစူးစိုက် လေ့လာသည်။ ပထမ အောက်စဖို့ဒ်၊ ထို့နောက် ကိန်းဘရစ် တက္ကသိုလ်တွင် ဖြစ်သည်။ သို့သော်လည်း အသက် ၂၁ နှစ် အရွယ်တွင် လူဂီးရစ်ရောဂါ ဟု သိထားကြသည့် ရောဂါလက္ခဏာများ သူ့တွင် ပြသလာသည်။ သည်ရောဂါမျိုးက လူကို မလွဲမသေ သွက်ချာပါဒ ဝေဒနာ ခံစားရစေပြီး၊ အလုပ်အများစုကို လုပ်ကိုင်၍ မရအောင် ဖန်တီးလိမ့်မည်။ သီအိုရီဆန်သည့် ရှုပဗေဒပညာရှင် တစ်ဦးအတွက် ကိရိယာ၊ တစ်ရပ်သာ လိုအပ်ခြင်းကတော့ ကံကောင်းသည်ဟု ဆိုရမည်။ စိတ်ဆိုသည့် ကိရိယာပင် ဖြစ်သည်။ ဟော့ကင်းသည် ယင်းကိရိယာကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချသည်။ ဘွဲ့ယူမည့် ကျောင်းသားဘဝတွင် ရှိနေသေးစဉ်၊ “ တွင်းနက်ကြီး ” များကို သူ စိတ်ဝင်စားလာခဲ့သည်။ တွင်းနက်ကြီးများဆိုသည်မှာ ကြယ်တာရာများ သေပွဲဝင်နေသည့် ကာလအတွင်း ဖန်တီးခြင်းခံရသည့် အလွန် ထူးဆန်းသည့်အရာများ ဖြစ်ကြသည်။ သူသည် သင်္ချာပညာရှင် ရောဂျာပင်းရို့စ်နှင့် အတူတွဲကာ တွင်းနက်ကြီးများ၏ အလယ်ဗဟိုတွင် တစ်ခုနှင့်တစ်ခု လွန်စွာကွဲပြားသည့် အရာများရှိနေကြောင်း သင်္ချာနည်းအရသက်သေပြရန် နည်းစနစ်သစ် တစ်ရပ်ကို တီထွင်ခဲ့သည်။ သူ ရည်ညွှန်းသည့် အရာများမှာ တွန်းလှန်၍ မရလောက်သည့် ဒြပ်ဆွဲအားများ ရှိနေသည့် အလွန့်အလွန် သိပ်သည်းပြီး အတိုင်းအတာ မရှိသည့် အရာများ ဖြစ်ကြသည်။ စင်္ကြာဝဠာတခုလုံးသည် တခုတည်းသော ထူးခြားသည့်အရာမှ ဖြန့်ကြက်ထွက်လာခြင်း ဖြစ်နိုင်ပုံကိုလည်း သူက ဆက်လက် တွက်ချက်ပြခဲ့သည်။ စကြဝဠာကို မွေးဖွားပေးသည့် မဟာပေါက်ကွဲမှုကြီးသည် တွင်းနက်ငယ်များကို ဖန်တီးပေးခဲ့ပုံရကြောင်း၊ တွင်းနက်ငယ် တစ်ခုစီသည် ပရိုတွန်၏ အရွယ်အစားသာ ရှိသော်လည်း၊ ဒြပ်ထုမှာမူ တောင်တစ်လုံးမျှ ကြီးမား နိုင်ကြောင်း နောက်ပိုင်းတွင် သူက အခိုင်အမာ ပြောကြားခဲ့သည်။ ထို့နောက်တွင် “ တွင်းနက်ကြီးများမှ နေ၍ မည်သည့်အရာမှ မလွတ်မြောက်နိုင်၊ အလင်းသည်ပင်လျှင် တွင်းနက်ကြီးများမှ မလွတ်မြောက်နိုင် ” ဟူသည့် တစ်ကမ္ဘာလုံး လက်သင့်ခံထားသည့် ယုံကြည်ချက်ကို ပယ်ဖျောက်သည့် အနေဖြင့် ဟော့ကင်းက တွင်းနက်ငယ်ကလေးများ (ပို၍ ကြီးသည်များလည်း ပါဝင်သည်) သည် ဖြာထွက်ရောင်ခြည်များ ထုတ်လွှင့်ကြသည်ဟု စောဒက တက်ခဲ့သည်။ တဖြည်းဖြည်းနှင့် နောက်ဆုံးတွင် ဟော့ကင်း၏အဆို မှန်ကန်သည်ဟု အခြားသိပ္ပံပညာရှင်များ ဝန်ခံခဲ့ကြရသည်။ တွင်းနက်ကြီးများမှ ရောင်ခြည်ထုတ်လွှင့်မှုများကိုလည်း ဟော့ကင်း ဖြာထွက်ရောင်ခြည် (Hawking Radiation) ဟု သိလာကြသည်။ ဟော့ကင်းသည် သူ၏ ဒုက္ခိတဘဝအပေါ် အာရုံနှစ်ထားခြင်း မရှိပါ။ သူ၏ အသံဖော်စက်မှ တဆင့် စကားလုံးနည်းနည်းဖြင့် ရှင်းလင်းအောင် ပြောကြားသည့် မှတ်ချက်များတွင် ဟာသများ နှောနေတတ်သည်။ သို့သော်လည်း သူသည် ခေါင်းလည်း မာတတ်သည်၊ ရိုင်းပျတတ်သည်၊ ဒေါသဖြစ် လွယ်တတ်သည်။ သူ၏ ဇနီး ဂျိန်းသာ မရှိပါက သူ၏ အလုပ်အကိုင် ဘယ်တော့မှ တစ်ရှိန်ထိုး အောင်မြင် မလာနိုင်ပါဟု ဟော့ကင်းက အလေးအနက် ပြောဆိုတတ်သည်။ လူဂီးရစ်ရောဂါ ရှိ မရှိ သူ ဆေးစစ်ခံပြီး၍ များမကြာမီ၊ ရောဂါဆိုးရွားပြီး တိုးတက်ကြီးထွားလာတတ်သည့် သဘောသဘာဝကို သတိထားမိသော ဂျိန်းက သူ့အားလက်ထပ်ခဲ့သည်။ သို့ဖြင့် ဟော့ကင်းမှာ မျှော်လင့်ချက်များ ရရှိလာပြီး၊ သူ၏ လေ့လာဆည်းပူးမှုများ ဆက်လက်ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်ကျပြီးစ စောစောပိုင်း ကာလတွင် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဟော့ကင်း၏ ခြေလက်အင်္ဂါများ ပို၍ပို၍ မလှုပ်နိုင် မရှားနိုင် ဖြစ်လာသည့်အခါ၊ ဂျိန်းက သူ၏ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းရန် ဝတ်ကြီးဝတ်ငယ် ပြုခဲ့သည်။ သူတို့၏ ၂၅ နှစ်တာ အိမ်ထောင်သက်ကို ၁၉၉၀ ပြည့်နှစ်တွင် ဟော့ကင်း ဆိုင်းမဆင့် ဗုံမဆင့် ဖြတ်တောက်လိုက်သည့် အခါတွင်တော့ သူ၏ မိတ်ဆွေအပေါင်းအသင်းများ တုန်လှုပ်သွားခဲ့ကြရသည်။ သူသည် ၁၉၉၅ ခုနှစ်တွင် ယခင်က သူ့အား ပြုစုခဲ့သည့် သူနာပြုဆရာမတဦးကို လက်ထပ်ခဲ့သည်။ သူ၏ ၁၉၉၈ အရောင်းအသွက်ဆုံးစာအုပ် ဖြစ်သည့် အချိန်၏သမိုင်း အကျဉ်း အမည်ရှိ စာအုပ်ဖြင့် ဟော့ကင်းသည် ကမ္ဘာတွင် လူသိအများဆုံး သိပ္ပံပညာရှင် ဖြစ်လာခဲ့ပုံ ရသည်။ မယုံနိုင်လောက်သည့် အရေးအသားမျိုးများ ပါရှိသည့် ရူပဗေဒပညာရပ်ဆိုင်ရာ စာအုပ်ထူကြီး တစ်အုပ်ကို အဘယ်ကြောင့် အပြေးအလွှားဝယ်ယူနေကြပါ သလဲဟု မေးစရာ ရှိသည်။ ဟာသနှော၍ ပြောတတ်သည့် ဟော့ကင်းကတော့ သည်လို ဖြေကြားခဲ့သည်။ "ဒုက္ခိတဖြစ်နေတဲ့ ပါရမီရှင်တစ်ဦးရဲ့ အတွေးအခေါ်ကို ဘယ်သူမှ လွန်ဆန်လို့ မရပါဘူးဗျာ" ကွယ်လွန်ပြီးနောက်၂၀၁၈တွင် "The brief answers to the big questions" စာအုပ်ကို ထု​တ်ဝေခဲ့သည်။​ ကွယ်လွန်ခြင်း ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဟော့ကင်းသည် ကိန်းဘရစ်ချ်ရှိ သူ၏ နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း မိသားစု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သူ၏ သားသမီးများက ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြသည်။ သေဆုံးရသည့်အကြောင်းရင်းကို မဖော်ပြခဲ့သော်လည်း ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်ဟုသာ ဖော်ပြခဲ့သည်။ ကိုးကား အင်္ဂလိပ် ရူပဗေဒပညာရှင်များ အင်္ဂလိပ် သိပ္ပံစာရေးဆရာများ စကြဝဠာဗေဒ ပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%90%E1%80%AE%E1%80%96%E1%80%84%E1%80%BA%E1%80%9F%E1%80%B1%E1%80%AC%E1%80%B7%E1%80%80%E1%80%84%E1%80%BA%E1%80%B8
အပြည်ပြည်ဆိုင်ရာ တရားရုံး
အပြည်ပြည်ဆိုင်ရာတရားရုံး () သည် ကုလသမဂ္ဂ၏ ပင်မတရားစီရင်ရေးအဖွဲ့အစည်း တစ်ခုဖြစ်၍ "ကမ္ဘာ့တရားရုံး" (World Court) ဟုလည်းခေါ်ဆိုသည်။ နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် တွင် တည်ရှိသည်။ နယူးယောက်၌ မရှိသော တခုတည်းသော ကုလသမဂ္ဂ အဆောက်အဦဖြစ်သည်။ အဓိကသုံးသော ဘာသာစကားမှာ အင်္ဂလိပ်နှင့် ပြင်သစ်စကားတို့ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံးကို ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့မှ ရွေးချယ်ပေးသော နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တရားသူကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ တရားသူကြီးများ၏ သက်တမ်းမှာ ၉ နှစ်ဖြစ်သည်။ ထပ်မံ ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ သုံးနှစ်လျင်တကြီမ် ၅ ဦးစီ ရွေးချယ်သည်။ တရား အမှုအခင်းတစ်ခု၌ ပါဝင်လိုခြင်း မရှိသော နိုင်ငံတစ်နိုင်ငံသည် အထူးချုပ်ဆိုထားသော စာချုပ်တစ်ရပ်ပါ ပြဋ္ဌာန်းချက်များ အရ ပါဝင်ရန်လိုအပ်မှုမရှိပါက မပါဝင်ဘဲ နေနိုင်သည်။ တရားရုံး၏ စီရင်ရင်မှုကို လက်ခံလျှင်မူ တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ တာဝန် အပြည်ပြည်ဆိုင်ရာ တရားဥပဒေနှင့်အညီ နိုင်ငံများကတင်သွင်းလာသော ဥပဒေရေးရာ အငြင်းပွားမှုများကို ဖြေရှင်းရန် ဥပဒေရေးရာ မေးခွန်းများနှင့် စပ်လျဉ်း၍ အကြံပြုထားသော ထင်မြင်ယူဆချက်များကို ပေးရန် တင်ပြလာသော တရားအမှုအခင်းများ၌ နိုင်ငံများက အမှုသည်များအဖြစ် ဆုံးဖြတ်ပေးခြင်း နောက်ခံသမိုင်း နိုင်ငံပေါင်းစုံအသင်း (League of Nations) က အပြည်ပြည်ဆိုင်ရာ အမြဲခန့် တရားရုံး (Permanent Court of International Justice) ဟူ၍ ၁၉၂၀ တွင် စပြီး ၁၉၂၂ တွင် ပထမဆုံးအမှု စကိုင်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံပေါင်းစုံအသင်းကို ကုလသမဂ္ဂနှင့် အစားထိုးသည့်အခါ အပြည်ပြည်ဆိုင်ရာ အမြဲခန့်တရားရုံးသည်လည်း အပြည်ပြည်ဆိုင်ရာတရားရုံးဟူ၍ ဖြစ်လာသည်။ တရားရုံး၏ အမိန့်အာဏာမှာ ယခင်အတိုင်း အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်တည်သည်။ ကိုးကား ကုလသမဂ္ဂ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%20%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8
ဗဒင်
ဗဒင် (၁၉၆၄–၂၂ ဒီဇင်ဘာ ၂၀၀၁) သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ "နေရာ" သီချင်းစီးရီး မှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံးအဖြစ် စံချိန် တင်ခဲ့သည်။ သို့သော် သီချင်း စီးရီး ၄ ခုသာ ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်။ ကိုယ်ရေးကိုယ်တာ ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ မအောင်မြင်မီအချိန်ကာလများ ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။ ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော် မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။ ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီး ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။ နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကတ်ဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။ နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကို သာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။ ထွက်ရှိခဲ့သော တေးစီးရီးများ ဗဒင်သည် နေရာ ၊ ဒီနေ့ ၊ မမေ့ပါဘူး နှင့် အရှိအတိုင်း တေးအယ်လ်လ်ဘမ် စုစုပေါင်း ၄ ချပ်သာ ထုတ်ဝေခဲ့ပြီး ကွယ်လွန်သွားခဲ့သည်။ ကိုးကား မြန်မာ အမျိုးသား အဆိုတော်များ မြန်မာ တေးရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%92%E1%80%84%E1%80%BA
ပေါက်ကျိုင်း
မောင်ပေါက်ကျိုင်း ဆိုသည်မှာ မြန်မာ့သမိုင်းရှိ သရေခေတ္တရာ၊ ဗိဿနိုးမြို့တို့နှင့် ဆက်စပ်နေသော ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်ပြီး ရှေးခေတ်မြန်မာတို့ အစဉ်အဆက်ပြောလာခဲ့ကြသော ပါးစပ်ရာဇဝင် တစ်ခုလည်းဖြစ်သည်။ တကောင်းပြည်ကြီးကို စိုးစံခဲ့ပြီး ဘွဲ့အမည်မှာ သတိုးမဟာရာဇာ ဟုမည့်ဆိုသည်ဟု ဆိုကြသည်။ မောင်ပေါက်ကျိုင်းနှင့် ပတ်သက်၍ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံ မရှိသဖြင့် ဒဏ္ဍာရီပုံပြင် အဖြစ်သာ မှတ်ယူနိုင်သည်။ ဒဏ္ဍာရီ ပညာသင်ကြားခြင်း မောင်ပေါက်ကျိုင်းသည် ဒိသာပါမောက္ခ ဆရာကြီးထံတွင် ပညာသင်ကြားနေသော တပည့်များတွင် အညံ့ဆုံးတပည့်ဖြစ်ပြီး မည်သည့်ပညာရပ်ကိုမှ ဖြစ်မြောက်အောင်သင်ကြား၍ မရပေ။ သို့သော် အလုပ်ကို အလွန်ကြိုးစားပမ်းစား လုပ်တတ်သူဖြစ်သဖြင့် ဆရာကြီး၏ အချစ်ဆုံးတပည့်တစ်ဦးလည်းဖြစ်သည်။ နှစ်စေ့၍ ဌာနေသို့ ပြန်ရန် အချိန်ကျသောအခါတွင် မောင်ပေါက်ကျိုင်းမှာ မာဂဓဘာသာစကားမှ လွဲ၍ မည်သည့် ပညာရပ်ကိုမှ တတ်မြောက်ခြင်းမရှိသည့်အတွက် ဆရာကြီးမှာ စိတ်မကောင်းဖြစ်မိသည်။ ထို့အတွက် သူ၏တပည့်အား အရေးကြီးသော စကားကြီးသုံးခွန်းကို သင်ကြားပေးပြီး နေရပ်သို့ပြန်စေခဲ့သည်။ စကားကြီးသုံးခွန်း မောင်ပေါက်ကျိုင်း သင်ကြားရရှိခဲ့သော စကားကြီး (၃) ခွန်းမှာ မေးပါများစကားရ သွားပါများခရီးရောက် မအိပ်မနေ အသက်ရှည် ဟူ၍ ဖြစ်သည်။ သွားပါများခရီးရောက် မောင်ပေါက်ကျိုင်းသည် ပညာသင်ကြားရာမှ ပြန်လာခဲ့ပြီးနောက် လမ်းတွင် "သွားပါများခရီးရောက်" ဆိုသော စကားအတိုင်း မိမိနေရပ်သို့ မပြန်ပဲ ခရီးနှင်ခဲ့သဖြင့် တိုင်းပြည်တစ်ပြည်သို့ ရောက်ရှိခဲ့သည်။ ထိုတိုင်းပြည်မှာ နန်းတက်လာသော ဘုရင်ဟူသမျှ ချက်ချင်းသေဆုံးလေ့ရှိသဖြင့် ဘုရင်လုပ်ဝံ့သူမရှိဘဲ မင်းလောင်းကို ရှာဖွေနေသော တိုင်းပြည်ဖြစ်သည်။ မောင်ပေါက်ကျိုင်းသည် တရစပ်ခရီးနှင်လာခဲ့သဖြင့် ထိုတိုင်းပြည်သို့ အရောက်တွင် မောပန်းကာ အိပ်ပျော်သွားခဲ့သည်။ ထိုအချိန်တွင် မင်းလောင်းရှာဖွေရန်လွှတ်လိုက်သော ဖုသ်သွင်းရထားမှာ မောင်ပေါက်ကျိုင်း အိပ်နေရာနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသဖြင့် မောင်ပေါက်ကျိုင်းကို မှူးမတ်တို့က ဘုရင်အဖြစ်လက်ခံရန် ပန်ကြားခဲ့သည်။ မောင်ပေါက်ကျိုင်းမှာ ထိုတိုင်းပြည်၏ အကြောင်းကို ရေရေရာရာ မသိသဖြင့် ဘုရင်အဖြစ်ကို ဝမ်းမြောက်ဝမ်းသာပင် လက်ခံခဲ့သည်။ မေးပါများစကားရ မောင်ပေါက်ကျိုင်းသည် ဘုရင်ဖြစ်လာပြီးနောက် စကားကြီးသုံးခွန်းထဲမှ မေးပါများစကားရ ဆိုသော စကားကို အမှတ်ရခဲ့သည်။ ထို့ကြောင့် ဘုရင်ဖြစ်ဖြစ်ချင်းပင် တိုင်းသူပြည်သားတို့နှင့် စကားစမြည်ပြောဆိုပြီး မင်းလောင်းရှာဖွေရသည့် အကြောင်းကို မေးမြန်းမိသည်။ ထိုအခါ ဤတိုင်းပြည်ရှိ ဘုရင်အားလုံး နန်းတက်ပြီးလျှင် နောက်တစ်နေ့၌ နတ်ရွာစံ ကံတော်ကုန် လေ့ရှိကြောင်း စုံစမ်းသိရှိခဲ့သည်။ မအိပ်မနေအသက်ရှည် ဘုရင်ဖြစ်လာသော မောင်ပေါက်ကျိုင်းသည် ညဖက်တွင် အလွန်ငိုက်မျဉ်းလာသော်လည်း မအိပ်ဘဲ မိဖုရားကိုသာ အိပ်စေကာ သူ၏ စက်ရာတွင် ငှက်ပျောတုံးတစ်တုံးကို ချထားသည်။ သူ၏ စိတ်ထဲ၌ မအိပ်မနေ အသက်ရှည် ဟူသော စကားကိုသာ အမှတ်ရနေသည်။ ညသန်းခေါင်သို့ ရောက်သောအခါမိဖုရား၏ ချစ်သူ နဂါးက အိပ်ခန်းအတွင်းသို့ ဝင်လာပြီး ငှက်ပျောတုံးကို မောင်ပေါက်ကျိုင်းအမှတ်နှင့် ပေါက်သတ်သည်။ ထိုအခါ သူ၏အစွယ်မှာ ငှက်ပျောတုံးတွင် ကပ်ငြိပြီး ခွာမရဖြစ်နေလေသည်။ မောင်ပေါက်ကျိုင်းက ထိုအချိန်ကို အခွင့်ကောင်းယူပြီး နဂါးကို ဓားနှင့်ပိုင်း၍ သတ်လိုက်လေသည်။ မိဖုရား၏ စကားထာ သူမ၏ ချစ်သူနဂါးကို မောင်ပေါက်ကျိုင်းက သတ်ပစ်သည့်အတွက် မိဖုရားမှာ မကျေနပ်ပဲ မောင်ပေါက်ကျိုင်းကို အလောင်းအစား တစ်ခုလုပ်ရန် စိန်ခေါ်သည်။ မောင်ပေါက်ကျိုင်းက လက်ခံသော အခါတွင် မိဖုရားက သူမ မေးသော စကားထာကို ဖြေနိုင်ပါက ဘုရင်အဖြစ်ဆက်လက်စိုးစံနိုင်ပြီး မဖြေနိုင်ပါက အသတ်ခံရမည်ဟု ဆိုသည်။ ထို့နောက်မိဖုရားက မောင်ပေါက်ကျိုင်းအား "ရာပေးလို့ဆုတ် ထောင်ပေးလို့ချုပ် ချစ်တဲ့သူအရိုးဆံထိုးလုပ်" ဟူသော စကားထာကိုဝှက်သည်။ မောင်ပေါက်ကျိုင်းသည် ထိုစကားထာကို ကြားပြီးသော အခါ အဖြေကို စဉ်းစားမရနိုင်သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ဥယျာဉ်တော်အတွင်းသို့ ထွက်လာခဲ့ပြီး မည်သို့လုပ်ရမည်ကို အကြံထုတ်နေခဲ့သည်။ ထိုအချိန်တွင် သစ်ပင်ပေါ်မှ ကျီးကန်း ၂ကောင် စကားပြောနေသည်ကို ကြားရသဖြင့် နားထောင်ကြည့်မိသည်။ ကျီးကန်းအထီးက ကျီးကန်းအမအား ယခုသစ်ပင်အောက်တွင် လာထိုင်နေသူမှာ ဘုရင်ဖြစ်ကြောင်း၊ အလွန်သနားစရာ ကောင်းကြောင်း ပြောသည်။ ကျီးကန်းမက မည်သည့်တွက် သနားစရာကောင်းကြောင်းမေးသော အခါ ဤတိုင်းပြည်ရှိ မိဖုရားက မောင်ပေါက်ကျိုင်းအား စကားထာဝှက်သည်ကို မဖြေနိုင်သဖြင့် အသတ်ခံရတော့မည်ဖြစ်ကြောင်း ပြောသည်။ ကျီးကန်းမက ကျီးကန်းဖိုအား စကားထာ၏ အကြောင်းကို မေးသောအခါ ကျီးကန်းဖိုက မိဖုရားကြီး၏ ချစ်သူမှာ နဂါးဖြစ်ပြီး သူမ၏ချစ်သူ နဂါးသေသွားသောအခါ အသပြာတစ်ရာပေး၍ အရေကိုဆုတ်သည်။ ထို့နောက် ထိုအရေခွံကို အသပြာတစ်ထောင်ပေး၍ အိပ်ရာချုပ်ပြီး နဂါး၏ အရိုးကိုမူ ဆံထိုးလုပ်၍ ပန်ဆင်ထားသည်ဟုဆိုသည်။ စကားထာ၏ အဖြေကိုသိရသည့် အတွက် မောင်ပေါက်ကျိုင်းသည် နန်းတော်သို့ ပြန်လာခဲ့ပြီး မိဖုရားအား စကားထာ၏ အဖြေကိုပေးလိုက်လေတော့သည်။ ထို့နောက်တွင် မောင်ပေါက်ကျိုင်းအတွက် ရန်ရှင်းသွားပြီ ဖြစ်သဖြင့် ဘုရင်အဖြစ်နှင့် ဆက်လက်စိုးစံလေတော့သည်။ မျက်မမြင်သားတော် ၂ပါး မောင်ပေါက်ကျိုင်း၏ မိဖုရားကြီးမှ နောင်အခါတွင် အမြွှာ သားတော် ၂ ပါးကို ဖွားမြင်သည်။ ထိုသားတော် ၂ ပါးစလုံးမှာ မျက်စိမမြင်ပဲ စူဠသမ္ဘဝ နှင့် မဟာသမ္ဘဝ ဟုတွင်သည်။ ဘုရင်သည် သားတော် ၂ပါးကို သမားတော်အမျိုးမျိုးနှင့် ကုသသော်လည်း အရွယ်ရောက်သည်အထိ မည်သို့မျှကုသ၍ မရပေ။ သားတော်နှစ်ပါးစလုံး မျက်စိမမြင်သည်ကို ရှက်တော်မူသဖြင့် တိတ်တဆိတ် သတ်ပြစ်ရန် မိဖုရားကြီးအား အမိန့်ပေးတော်မူသည်။ သို့သော် မိဖုရားကြီးသည် မိမိရင်နှစ်ဖြစ်သော သားတော်များကို မသတ်ရက်သဖြင့် မင်းကြီးမသိရအောင် တိတ်တဆိတ်ဝှက်ထားလေသည်။ နှစ်ပေါင်း အတော်ကြာမြင့်သောအခါ ထိုအကြောင်းကို မင်းကြီးသိလေသဖြင့် ဟယ်မိဖုရား သင်၏ သားတော်များကို ယခုပင် ဖျောက်ဖျက်ပြစ်လော့ ဟု မိန့်တော်မူသည်။ ထို့ကြောင့် ရှက်ခြင်းဖြစ်၍ သားတော် ၂ ပါး ကို ဖောင်ပေါ်တွင် တင်၍ ဧရာဝတီမြစ်အတွင်းသို့ မျှောစေသည်။ မယ်တော်ဖြစ်သူ မိဖုရားကြီးသည် သားတော်နှစ်ပါးကို မသတ်ဖြတ်လိုသဖြင့် ဖောင်ပေါ်တင်၍ စားနပ်ရိက္ခာ အပြည့်အစုံ ထည့်ပြီးလျှင် ဧရာဝတီမြစ်အတိုင်း မျှောချလိုက်လေသည်။ ဧရာဝတီမြစ်အတွင်းမျှောခြင်း စစ်ကိုင်း-စကု-ရွာလင်း မင်းသားတို့ စီးလာသော ဖောင်တော်သည် စစ်ပင်ကြီးကိုင်းကျနေသော နေရာသို့ရောက်လျှင် ဖောင်တော်တိုက်မိလေသည်။ ထိုအရပ်ကို ယခုအခါတွင် စစ်ကိုင်းမြို့ဟု ခေါ်ကြသည်။ စူဠသမ္ဘဝ နှင့် မဟာသမ္ဘဝ တို့မှာ အမြင်အာရုံမရှိသော်လည်း အကြားအာရုံတွင် အလွန်ထက်မြက်သည်။ ထိုအရပ်တွင် နေသော စန္ဒမုခိဘီလူးမသည် မင်းသားတို့၏ စားသောက်ဖွယ်များကို ဝင်ရောက်စားသောက်ရာမှ အစပြု၍ မင်းသားတို့နှင့် သိကျွမ်းပြီးလျှင် မျက်မမြင်ရောဂါကို ကုသပေးရန် ဝန်ခံကတိ ပြုလိုက်လေသည်။ ထိုကတိအတိုင်း ဖောင်ပေါ်တွင် အတူတကွ လိုက်ပါ၍ ကုသပေးရာ မကြာမီပင် မင်းသားညီနှောင်နှစ်ပါးစလုံး စက္ခုအလင်းကို ရရှိကြလေသည်။ မင်းသားတို့ကို စ ကုသောနေရာအား "စကု" စကုမြို့ ဟူ၍လည်းကောင်း၊ မင်းသားတို့ မျက်စိအလင်းရောင်ရသော နေရာအား "ရွာလင်း"ဟူ၍ လည်းကောင်း ယခုထက်တိုင် ခေါ်ဝေါ်ခဲ့ကြသည်။ မင်းသားတို့ မျက်စိစတင်အလင်းရသော နေရာကို 'စလင်း' စလင်းမြို့ဟုခေါ်သည်ဟု ခေါ်သည်ဟုလည်း ပြောစမှတ်ရှိသည်။ ဘေဒါရီက မင်းသားညီနောင်တို့အား ရှင်ရသေ့၏ ကျောင်းတော်သို့ ခေါ်ဆောင်သွားလေသည်။ သရေခေတ္တရာသို့ရောက်ရှိခြင်း မင်းသား ၂ ပါးသည် ဧရာဝတီမြစ်အတွင်းသို့ ဆက်လက်မျှောလာခဲ့ပြီးနောက် ယခုပြည်မြို့တည်ရှိရာ သရေခေတ္တရာ မြို့အနားသို့ ဆိုက်ရောက်သည်။ ထိုနေရာတွင် ရသေ့ကြီးတစ်ပါးသည် တောထွက်ရာမှ မဆင်မခြင် ကျင်ငယ်စွန့်မိသဖြင့် ထို ကျင်ငယ်ရေကို သမင်မမှ သောက်မိကာ ဗေဒါရီ ဆိုသော သမီးတစ်ဦး ဖွားမြင်သည်ဟု ဒဏ္ဍာရီတွင် ဆိုသည်။ ရသေ့ကြီးသည် ဗေဒါရီ အရွယ်ရောက်လာပြီးနောက် သူမအား နေ့စဉ်စောင့်ရှောက်နေရသည့်အတွက် တရားအားထုတ်နိုင်ခြင်းမရှိသဖြင့် အလိမ္မာသုံး၍ ဘူးသီးတစ်လုံးတွင် အပ်ပေါက်ထက် အနည်းငယ်မျှကြီးသော အပေါက်တစ်ခု ဖောက်ကာ ဗေဒါရီကို မြစ်အတွင်း၌ ရေခပ်စေသည်။ ထိုရေထည့်သည့် အပေါက်မှာ အလွန်သေးငယ်သည့်အတွက် ရေခပ်ရန် အလွန်ပင် ကြာမြင့်သည်။ ထို့ကြောင့် ရသေ့သည် ဗေဒါရီ မရှိသောအချိန်တွင် စိတ်ဖြောင့်လက်ဖြောင့် တရားအားထုတ်နိုင်သည်။ မင်းသားညီနောင်တို့သည် မျက်စိအလင်းကို ရရှိပြီးနောက် ဧရာဝတီမြစ်စဉ်အတိုင်း စုန်ဆင်းသွားခဲ့ရာ ကုဉ္စပြင်အရပ်သို့ ရောက်ရှိလေသည်။ ဖောင်တော်ကို ကမ်းသို့ကပ်၍ ကုန်းပေါ်သို့ တက်သွားကြလေ၏။ ထိုအရပ်တွင် မင်းသားတို့၏ ဦးရီးတော်စပ်သူ ရှင်ရသေ့၏ သမီး ဗေဒါရီသည် ရေခပ်လာခိုက် ကြုံကြိုက်သည်နှင့် မင်းသားတို့နှင့် တွေ့ရှိကြလေသည်။ သရေခေတ္တရာသို့ ဆိုက်ရောက်လာသောအခါ မင်းသား ၂ ပါးသည် ဗေဒါရီ နှင့် မြစ်ကမ်းတွင် စုံမိကြသည်။ ဗေဒါရီ ရေခပ်နေသည်ကို မြင်သောအခါ စူဠသမ္ဘဝက ဗူးသီးမှ အပေါက်ကို ဓားနှင့် ချဲ့ပေးသဖြင့် ရေကို အလွယ်တကူ ခပ်၍ ရသွားသည်။ ကျောင်းသို့ အလျင်အမြန်ပြန်ရောက်လာသောအခါတွင် ရသေ့က အကျိုးအကြောင်းမေး၍ မင်းသား ၂ ပါးနှင့် တွေ့ခဲ့ကြောင်း ပြောသောအခါတွင် ကျောင်းသင်္ခန်းသို့ ခေါ်လာစေသည်။ ရသေ့ကြီးက မင်းသားညီနောင်တို့၏ အမျိုးအနွယ်ကို မေးမြန်းစုံစမ်းရာ မင်းသားတို့ကလည်း မိမိတို့၏ အဖြစ်အပျက်ကို ပြန်လည် တင်လျှောက်သောကြောင့် မိမိ၏ တူတော်များဖြစ်ကြောင်းကို သိရလေသည်။ နောက်တွင် သရေခေတ္တရာတွင် မင်းဆက်ပြတ်သွားသောအခါ၌ စူဠသမ္ဘဝသည် သရေခေတ္တရာကို သိမ်းပိုက်အုပ်ချုပ်သည်ဟု အဆိုရှိကြသည်။ မဟာသမ္ဘဝမှာမူ စန္ဒမုခိ ဘီလူးမနှင့် ချစ်ကြိုးသွယ်မိပြီး ဗိဿနိုးမြို့ကို ထူထောင်ကာ နေထိုင်သည် ဟု ဆိုကြသည်။ မဟာသမ္ဘဝ နှင့် စန္ဒမုခိတို့မှ သမီးတော် ပန်ထွာဘုရင်မ ကို ဖွားမြင်သည်။ (မူကွဲ။ ။ ဦးရီးတော် ရသေ့ကြီးသည် တူတော်အကြီး မဟာသမ္ဘဝမင်းသားနှင့် သမီးတော် ဘေဒါရီတို့ကို စုံဘက်ပေးပြီးလျှင် ရသေ့မြို့ကို တည်ထောင်၍ မင်းပြုစေခဲ့သည်။ မဟာသမ္ဘဝမင်းနတ်ရွာစံလျှင် ညီတော် စူဠာသမ္ဘဝမင်းသားက မရီးတော် ဘေဒါရီကိုပင် မိဖုရားမြှောက်၍ ဆက်လက်စိုးစံတော်မူခဲ့သည်။) သမိုင်းဆိုင်ရာ အငြင်းပွားဖွယ်များ မောင်ပေါက်ကျိုင်းပုံပြင်ကို ဒဏ္ဍာရီတစ်ခုအဖြစ်နှင့်သာ လက်ခံရန်ရှိပြီး သမိုင်းတစ်ခုအဖြစ် လက်ခံရန် မဖြစ်နိုင်သော အကြောင်းအရာအချို့ရှိသည်။ သမိုင်းပညာရှင်တို့၏ တွေ့ရှိချက်အရ ဗိဿနိုးသည် သရေခေတ္တရာထက် ရာစုနှစ် ၂ ခုမျှစော၍ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် သမိုင်းကြောင်းအရ အငြင်းပွားဖွယ်ရာများရှိသည်။ ထိုမျှမက နဂါး နှင့် ဘီလူး စသည်တို့မှာ ဒဏ္ဍာရီလာ သတ္တဝါများသာဖြစ်သဖြင့် တကယ်ရှိကြောင်းလက်ခံနိုင်ရန်ခက်ခဲသည်။ ကျမ်းကိုးစာရင်း မြန်မာဒဏ္ဍာရီ မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
လမုန့်
လမုန့်သည် ဆောင်းဦးအလယ်ပွဲတွင်စားသော တရုတ်မုန့်ဖြစ်သည်။ ထုံးစံလမုန့်သည် အဝိုင်းသို့မဟုတ် လေးထောင့်ဖြစ်သည်။ မုန့်အထဲမှာ ကြာစေ့ကော်နှင့် ပါးသောအခွံရှိသည်။ ငန်သောဘဲဥအနှစ်လည်းပါနိုင်သည်။ အခြားအနောက်တိုင်းတွင်ရှိသော ကိတ်မုန့်နှင့်မုန့်များနှင့်ယှဉ်လျင် လမုန့်သည် လေးပြီးထူသည်။ လမုန့်ကို စိတ်ပြီးတရုတ်လက်ဖက်ရည်နှင့်စားသည်။ ရိုးရာ လမုန့်အများစုသည် နုပြီးပါးသောအခွံအထဲတွင် ချိုသောအဆာရှိသည်။ အချို့လမုန့်အလယ်တွင် လဘဲဥအနှစ်ပါနိုင်သည်။ ရံဖန်ရံခါတွင် လမုန့်ကို ပေါင်း၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း တည်ခင်းတတ်ကြသေး၏။ ရိုးရာလမုန့်များတွင် အပေါ်ယံ၌ မုန့်တိုက်၏ အမည်နှင့်အတူ "အသက်ရှည်ခြင်း" သို့မဟုတ် "သဟဇာတဖြစ်ခြင်း" စသည့် တရုတ်စကားလုံးများ ကို ပုံဖော်ထားကြပြီး အတွင်း၌ အဆာသွပ်ထားကြသည်။ ထပ်ဆောင်း၍ အလှဆင်ရန်အတွက် စကားလုံးများ၏ ပတ်လည်တွင် လမင်းပုံ၊ လပေါ်ရှိအမျိုးသမီး တစ်ဦး၏ပုံ၊ ပန်းပုံများ၊ နွယ်ခက်များ သို့မဟုတ် ယုန်တစ်ကောင်၏ပုံ စသည်တို့ကို ပုံဖော်ကြလေ့ရှိသည်။ လမုန့်များကို စားကောင်းသောက်ဖွယ်တစ်မျိုးအဖြစ် သတ်မှတ်ကြသည်။ ထုတ်လုပ်မှုကို လူအားဖြင့် လုပ်ကြပြီး အနည်းငယ်သော ပုဂ္ဂိုလ်များသာ အိမ်၌ ပြုလုပ်လေ့ရှိသည်။ လမုန့်အများစုကို အာရှပစ္စည်း အရောင်းဆိုင်များ နှင့် မုန့်ဖိုများ တွင် ဝယ်ယူနိုင်သည်။ လမုန့်များ၏ ဈေးနှုန်းမှာ (အမေရိကန် ဒေါ်လာဖြင့်) ၁၀ ဒေါ်လာမှ ဒေါ်လာ ၅၀ အတွင်း ရှိကြသည်။ အဆာများ သက်ဆိုင်ရာ ဒေသ၏ ယဉ်ကျေးမှုအပေါ်တွင် မူတည်၍ ရိုးရာလမုန့်များတွင် အဆာအမျိုးအစားပေါင်း များစွာကို တွေ့နိုင်ပေသည် - ကြာစေ့အဆာ (蓮蓉, lían róng): မူလလက်ဟောင်းအနေဖြင့်လည်းကောင်း၊ တန်ဖိုးအကြီးဆုံး လမုန့်အဆာအဖြစ်လည်းကောင်း အချို့ကမှတ်ယူထားကြသည့် ကြာဆေ့အနှစ်အဆာကို လမုန့်အမျိုးအစားအားလုံးတွင် တွေ့ရလေ့ရှိသည်။ ကြာဆေ့အနှစ်၏ ဈေးမြင့်မှုကြောင့် တစ်ခါတစ်ရံ ဗိုလ်စားပဲအနှစ်ကို အဆာအဖြစ် သုံးတတ်ကြ၏။ 'ပဲဂ် အဆာ' (豆沙, 'dòushā' ') - တရုတ်အချိုပွဲများတွင်တွေ့ရလေ့ရှိသောငါးများမှာငါးပိအတော်များများဖြစ်သည်။ bean red paste azuki bean မှပြုလုပ်သော [ကမ္ဘာအနှံ့တွင်အသုံးများဆုံးဖြစ်သော်လည်း bean paste ကို [Mung bean]] မှ [[Black bean paste] မှလည်းကောင်းဒေသတွင်းနှင့်မူရင်း ဦး စားပေးရွေးချယ်သည်။ | သမိုင်းတစ်လျှောက်လုံးလူသိများ | အနက်ရောင် bean ကို] ။ '[[ဆီးပိုး]' အဆာ '(棗泥,' 'zǎoní' ') - ဂျူဂျူ (အပင်များ) မှည့်သောအသီးမှည့်သောအချိုမှုန့်။ ငါးပိသည်အနီရောင်ဖြစ်ပြီးအနီရောင်အနည်းငယ်ရှိပြီးအရသာတွင်အနည်းငယ် smoky / နှင့်အရသာအနည်းငယ်ချဉ်သည်။ Paste ၏အရည်အသွေးပေါ် မူတည်၍ jujube paste သည်တစ်ခါတစ်ရံတွင် filler အနေဖြင့်အသုံးပြုသော bean paste နှင့်ရောထွေးနိုင်သည်။ 'ဆန်ငါးခု' အဆာ (五仁, wǔrén ) - အခွံမာသီးနှင့်မျိုးစေ့ ၅ မျိုးပါဝင်သည်။ ၎င်းသည်ကြမ်းတမ်းစွာခုတ်ယူပြီး [maltose]] ရည်နှင့်အတူတကွကိုင်ထားသည်။ အများအားဖြင့်အသုံးပြုသောအခွံမာသီးများနှင့်မျိုးစေ့များတွင် walnut s, pumpkin အစေ့များ [[ဖရဲသီး] မျိုးစေ့များ၊ [[မြေပဲ] s၊ နှမ်း သို့မဟုတ် almond s ။ ထို့အပြင်အရောအနှောသည်များသောအားဖြင့်သကြားလုံး ဆောင်းရာသီဖရဲသီး၊ jinhua ham သို့မဟုတ် [[ကျောက်သကြား] အပိုင်းအစများ] ကိုနောက်ထပ်အရသာအဖြစ်ပါ ၀ င်လေ့ရှိသည်။ 'ပာာဥဆာဘ' (芋泥, yu ní ) - တာရိုမှပြုလုပ်သောချိုမြိန်သောငါးပိ၊ အပူပိုင်းအာရှဒေသအများအပြားတွင်စိုက်ပျိုးသောဥ။ mooncake မှငါးပိအရောင်သည်ခရမ်းရောင်ဖြစ်ပြီးအများအားဖြင့် [Teochew] crusty mooncakes တွင်အသုံးပြုသည်။ အခွံများ ရိုးရာ mooncake သည် mooncake ထုတ်လုပ်သည့်ဒေသအပေါ် မူတည်၍ ကျယ်ကျယ်ပြန့်ပြန့်ကွဲပြားသည်။ ဒေသအတော်များများသည်ရိုးရာ mooncakes များကိုများပြားစွာဖြည့်ဆည်းပေးသော်လည်း၊ များသောအားဖြင့်၎င်းတို့၏ mooncake ကိုအပေါ်ယံလွှာသို့မဟုတ်အခြားတစ်ခုမှပြုလုပ်သည်။ သက်သတ်လွတ် mooncakes ဟင်းသီးဟင်းရွက်ဆီ ကိုသုံးပါလိမ့်မယ်သော်လည်း, များစွာသော mooncakes ပိုကောင်းတဲ့အရသာအတွက်သူတို့ရဲ့ချက်ပြုတ်နည်းများတွင် lard ကိုအသုံးပြုသည်။ တရုတ်အစားအစာတွင်သုံးသော mooncake အပေါ်ယံလွှာသုံးမျိုးရှိသည်။ 'Chewy' '- ဤအပေါ်ယံလွှာတွင်အနီရောင် - အညိုရောင်လေသံနှင့်တောက်ပသောရောင်ရှိသည်။ ၎င်းသည် Cantonese - ပုံစံပြု mooncakes တွင်အသုံးပြုသောအပေါ်ယံလွှာဖြစ်သည်။ ၎င်းသည် [မြောက်အမေရိက] နှင့်အနောက်နိုင်ငံများတွင်အများဆုံးတွေ့မြင်ရသည့်လွန်းမွန်းတည့်ဖြစ်သည်။ Chewy mooncake အပေါ်ယံလွှာကိုသကြားရည်၊ lye ရေ၊ ဂျုံနှင့်ဆီပေါင်းစပ်အသုံးပြုခြင်းဖြင့်ပြုလုပ်ထားသဖြင့်ဤအပေါ်ယံလွှာကိုအရသာရှိပြီးအရသာပြည့်ဝစွာနူးညံ့သောအရောင်ကိုပေးသည်။ အချိုမှုန့်ကို maltose ရည်ထည့်ခြင်းအားဖြင့်အရောအနှောတိုးနိုင်သည်။ မုန့်စိမ်းသည် ငါး သို့မဟုတ် ဝက် တွင်ပုံသဏ္ဌာန်ပြုရန်လည်းဖုတ်ခြင်းဖြစ်သည် (Cantonese - "Jue Zai Bang"; 豬仔餅; lit. "Piglet Biscuits") နှင့်လွင့်ကိတ်မုန့်ဆိုင်များတွင်ဝါးစားသည့်မုန့်အဖြစ်ရောင်းချသည် ။ ၎င်းတို့သည်မကြာခဏတစ် ဦး ချင်းစီပလပ်စတစ်ခြင်းတောင်းများထဲတွင်ထုပ်ပိုးခြင်းခံရပြီးငါးများဖမ်းမိခြင်းသို့မဟုတ်ရောင်းခြင်းခံရမည်ဟုဖော်ပြထားသည်။ 'မုတ်သုန်' - မုတ်သုန်ရာသီဥတုသည် Suzhou - စတိုင်လွန်းသောကိတ်မုန့်များကိုအများဆုံးဖော်ပြသည်။ မုန့်စိမ်းသည်ဆီ၌ stir-fried အဆီပြန်သောမုန့်ညက်နှင့်ဂျုံမှုန့်များအားအတူတကွလှိမ့်ခြင်းဖြင့်ပြုလုပ်သည်။ ဤအပေါ်ယံလွှာတွင် puff pastry နှင့်ဆင်တူသည်။ 'နူးညံ့သော' '- တရုတ် နှင့် တိုင်ဝမ် အချို့သောပြည်နယ်များမှမွန်းလွဲများသည်မုန်းတီးခြင်းသို့မဟုတ်ဝါးခြင်းထက်နူးညံ့သောသဘောဖြင့်ပြုလုပ်လေ့ရှိသည်။ ဤ mooncake အပေါ်ယံလွှာ၏ဖွဲ့စည်းပုံသည်အနောက် pie အပေါ်ယံလွှာသို့မဟုတ် [[tart] ခွံများတွင်အသုံးပြုသော shortcrust pastry နှင့်ဆင်တူသည်။ နူးညံ့သောအပေါ်ယံလွှာကိုအဓိကအားဖြင့်သကြား၊ ဆီ၊ ဂျုံနှင့်ရေတို့ပေါင်းစည်းထားခြင်းဖြစ်သည်။ ဤအပေါ်ယံလွှာသည်အခြားတရုတ်အစားအစာများဖြစ်သော egg tart တွင်လည်းအသုံးပြုလေ့ရှိသည်။
https://my.wikipedia.org/wiki/%E1%80%9C%E1%80%99%E1%80%AF%E1%80%94%E1%80%B7%E1%80%BA
ရဟတ်ယာဉ်
ရဟတ်ယာဉ်ဆိုသည်မှာ တစ်ခုသော သို့မဟုတ် တစ်ခုထက်ပိုသော ဒလက်များဖြင့် ပျံသန်းရန်နှင့် မောင်းနှင်ရန်ပြုလုပ်ထားသော လေကြောင်းသွားယာဉ်တစ်မျိုးဖြစ်သည်။ အမျိုးအစားခွဲရာတွင် ရဟတ်ယာဉ်ကို တောင်ပံအသေတပ်ဆင်ထားသော လေယာဉ်များမှ ခွဲခြားနိုင်ရန် ဒလက်ယာဉ် (rotorcraft) သို့မဟုတ် လည်ပတ်နေသောအတောင်ပံများရှိသည့် လေကြောင်းသွားယာဉ် (rotary-wing aircraft) ဟုခွဲခြားသတ်မှတ်လေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် ရဟတ်ယာဉ်သည် မတင် ပျံသန်းနိုင်သည့် ပင့်အားကို အလယ်အူတိုင်ရှိ လည်ပတ်နေသော Rotor ဟုခေါ်သည့် ပန်ကာများမှ ရရှိကြပြီး တည့်တည့် တက်နိုင်၊ ဆင်းနိုင်ကြသည်။ အခေါ်အဝေါ် အင်္ဂလိပ်ဘာသာ 'helicopter' ဟူသော စကားလုံးမှာ ပြင်သစ်ဘာသာ hélicoptère မှဆင်းသက်လာခြင်းဖြစ်ပြီး ၁၈၆၁ ခုနှစ်တွင် Gustave de Ponton d'Amecourt မှ စတင်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ ထိုစာလုံးမှာ ဂရိဘာသာ helix/helik- (ἕλικ-) လည်ပတ်နေသော pteron (πτερόν) = အတောင်ပံ ဟူသော စကားလုံးမှတဆင့် လာခြင်းဖြစ်သည်။ လေကြောင်းသွားယာဉ်များထဲ၌ ရဟတ်ယာဉ်၏ အဓိကအားသာချက်မှာ ယာဉ်ကိုရှေ့သို့တိုးရန်မလိုဘဲ အပေါ်သို့မတင်နိုင်စွမ်းရှိသည့် လေထဲတွင် လည်ပတ်နေသောဒလက်များပင်ဖြစ်သည်။ ထို့ကြောင့် ရဟတ်ယာဉ်သည် ပြေးလမ်းမလိုအပ်ဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည်။ ထိုအကြောင်းများကြောင့် ရဟတ်ယာဉ်ကို သာမန်အတောင်ပံတပ်လေယာဉ်ပျံများ အတက်အဆင်းမပြု နိုင်သည့် လူသူမရှိသော သို့မဟုတ် လူဦးရေအလွန်ထူထပ်သော နေရာများတွင် မကြာခဏဆိုသလိုအသုံးပြုလေ့ရှိသည်။ ဒလက်မှ မတင်အားသည် ရဟတ်ယာဉ်ကို တစ်နေရာထဲတွင် ရပ်တန့်ပျံသန်းရာတွင် အခြား ဒေါင်လိုက်အတက်အဆင်းပြု နိုင်သော(VTOL) လေကြောင်းသွားယာဉ်များထက် ပိုမို ထိရောက်ခြင်းဖြစ်စေနိုင်ပြီး အခြားအတောင်ပံတပ် လေကြောင်းသွားယာဉ်များ မလုပ်ဆောင်နိုင်သော လုပ်ငန်းဆောင်တာများကို ပြီးမြောက်စေနိုင်သည်။ ရဟတ်ယာဉ်များသည် သယ်ယူပို့ဆောင်ရေး ကဏ္ဍ ၊ ဆောက်လုပ်ရေး ကဏ္ဍ ၊ မီးသတ်ခြင်း ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စစ်ဘက်ကဏ္ဍတို့တွင် ကျယ်ပြန့်စွာ အသုံးပြုသော ယာဉ်များ ဖြစ်ကြသည်။ ၎င်းတိုကို လေကြောင်းသမိုင်း၏ ပထမရာစုဝက်မှာပင် စတင်တည်ဆောက်ခဲ့ကြပြီး အချို့မှာ အနည်းငယ်မျှသောပမာဏကို ထုတ်လုပ်ခဲ့ကြသည်။ သို့သော် ၁၉၄၂ ခုနှစ်တွင် မှ အီဂေါ စီကောစကီး (Igor Sikorsky) ပုံစံထုတ်သော ရဟတ်ယာဉ်မှာ အပြည့်အစုံထုတ်လုပ်မှု သို့ ရောက်ရှိခဲ့ပြီး ၁၃၁စီးမျှတည်ဆောက်ခဲ့သည်။ ယခင်က ပုံစံများတွင် အဓိကဒလက်တစ်ခုထက်ပို၍သုံးခဲ့ကြသော်လည်း ပင်မ ဒလက်တစ်ခု နှင့် အမြီးပိုင်းရှိ အားစုံတွဲကိုခုခံသော ဒလက်(antitorque tail rotor)ပါရှိသော ဤပုံစံကို တကမ္ဘာလုံးမှ ရဟတ်ယာဉ်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ သမိုင်းကြောင်း အေဒီ ၄၀၀ ခုနှစ်ခန့်မှစ၍ တရုတ်ကလေးငယ်ကလေးများသည် ဝါးဖြင့်ပြုလုပ်ထားသော ပျံသန်းနိုင်သည့် ကစားစရာများဖြင့် ဆော့ကစားခဲ့ကြသည်။ ထိုကစားစရာများမှာ ဥရောပသို့တိုင်အောင် ပျံနှံ့ရောက်ရှိခဲ့ပြီး ၁၄၆၃ ခုနှစ်တွင် ဥရောပမှ ပန်းချီကားတွင် ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရသည်။ ၄ရာစုနှစ် တရုတ်ပြည်တွင် ရေးသားခဲ့သော ပေါင်းဖူတောင်း (Pao Phu Tau သို့ Pao Phu Tzu သို့ Bao Pu Zi, 抱朴子) ဟူသော စာအုပ်တွင် လည်ပတ်နေသော တောင်ပံများပါသည် လေယာဉ်ပျံအကြောင်းကို ဖော်ပြခဲ့သည်။ ၁၇၅၄ တွင် ရုရှတို့က ပန်ကာဒလက်ကို အသုံးပြု၍ လေထဲသို့ ပျံတက်နိုင်သော ယာဉ်ပုံစံကို ရေးဆွဲခဲ့ကြသည်။ ၁၈၆ဝ မှ ၁၈၈ဝ ကာလအတွင်း ရဟတ်ယာဉ် ပုံစံ မျိုးစုံကို တီထွင် ခဲ့ကြသည်။ ၁၈၈ဝတွင် သောမတ် အက်ဒီဆင်က ရဟတ်ယာဉ် ပုံစံငယ် တစ်ခုကို တည်ဆောက်ခဲ့သည်။ ပထမအကြိမ်ပျံသန်းခြင်းနှင့် အစောပိုင်းတည်ဆောက်မှုများ ၁၉၀၆ တွင် ပြင်သစ် ညီနောင်နှစ်ဦးက ရဟတ်ယာဉ်ကို တီထွင်ရန် ကြံဆခဲ့ကြပြီး ၁၉၀၇ စက်တင်ဘာ (၂၉) တွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ရာ လေထဲတွင် တစ်မိနစ်ကြာခဲ့ပြီး အမြင့် (၂) ပေခန့် မြင့်အောင် ပျံသန်းနိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် အခြား ပြင်သစ် ပညာရှင်တစ်ဦးက ပေ (၂၀) အမြင့်သို့ ပျံသန်းနိုင်သော ရဟတ်ယာဉ်ကို တီထွင် နိုင်ခဲ့သည်.။ ၁၉၅၁ တွင် အမေရိကန် ရေတပ်က တာဘိုင်အင်ဂျင်သုံး ရဟတ်ယာဉ်ကို စမ်းသပ်နိုင်ခဲ့သည်။ (၁၉) ရာစု နှောင်းပိုင်း ရောက်လာသောအခါ ပိုမို၍ ပေါ့ပါး လျင်မြန်ပြီး စွမ်းဆောင်ရည် မြင့်မားသော ရဟတ်ယာဉ်များ တီထွင်နိုင်လာခဲ့ကြသည်။ လီယိုနာဒို ဒါဗင်စီ သည်လည်း လေထဲသို့ ဒေါင်လိုက်တက်ဆင်းပျံသန်းနိုင်ရန် လွန်သွားကဲ့သို့ပန်ကာဒလက်ပါဝင်သောပုံကို ရေးဆွဲစိတ်ကူးခဲ့ ဖူးသည်။ ရဟတ်ယာဉ်တီထွင်မှုဆိုင်ရာအကြံအစည်များကို မဖြစ်နိုင်ဟု သူ့ခေတ်အခါက လေကြောင်းဆိုင်ရာပညာရှင်များက ငြင်းဆိုနေသည့်ကြားထဲမှ ဆိုင်မော့ စကီး သည်အောင်မြင်မှုရအောင် တီထွင်နိုင်ခဲ့သည်။ စစ်သုံး ရဟတ်ယာဉ်များ ရဟတ်ယာဉ်များ၏ လေထဲတွင် ရပ်တန့်နိုင်ခြင်း ၊ ပြေးလမ်းမလိုခြင်း စသော အားသာချက်များကြောင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် စစ်ပွဲ၏ အဆုံးအဖြတ်ကို ပေးနိုင်သည်အထိ အသုံးဝင်လာခဲ့ကြသည်။ ထင်ရှားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များမှာ - AH 1 Cobra Mil Mi 24 AH - 64 Apache Eurocopter Tiger တို့ ဖြစ်ကြသည်။ ဟယ်လီကော့ပတား ကော်ဇောပျံအကြောင်းကို အာရေဗျပုံပြင်များကို ဖတ်ဖူးသူတိုင်းသိကြမည်။ ကော်ဇောပျံသည် ပုံပြင်များတွင်သာဖြစ်နိုင်သည်။ တကယ်လက်တွေ့တွင်ကား မဖြစ်နိုင်ပေ။ သို့သော် ဟယ်လီကော့ပတားခေါ် ရဟတ်ယာဉ်မှာ ကျွန်ုပ်တို့ ပုံပြင်များထဲမှ ကော်ဇောပျံစွမ်းဆောင်နိုင်သကဲ့သို့ စွမ်းဆောင်နိုင်သည့် လေယာဉ်တစ်မျိုးဖြစ်သည်။ လေထဲတွင် ရှေ့မတိုး၊ နောက်မဆုတ်၊ အပေါ်မတက်၊ အောက်မဆင်းဘဲ တည်ငြိမ်စွာရပ်နေနိုင်သည်။ လေယာဉ်ပြေးလမ်းမလိုဘဲ လေထဲထောင်တက်နိုင်သည်။ ထိုးဆင်းနိုင်သည်။ ဗလထဲတွင် ပတ်ချာလှည့်နေနိုင်သည်။ အင်္ဂလိပ်ဘာသာဖြင့် ဟယ်လီကော့ပတား ဟူသော ဝေါဟာရကို ရဟတ်ယာဉ်ဟု မြန်မာဘာသာ ပြန်ဆိုထား လေသည်။ ဟယ်လီကော့ပတားဟူသည်မှာ ဟယ်လစ်နှင့် ပတီရွန်ဟူသော ဂရိဝေါဟာရ နှစ်လုံးကိုအခြေခံ၍ ပေါ်လာခြင်းဖြစ်၏။ ဝက်အူနှင့်တူသောအတောင်ပံ ဟု အဓိပ္ပာယ်ရ၏။ ဟယ်လီကော့ပတားခေါ်ရဟတ်ယာဉ်၏ ပျံသန်းပုံ သဘောတရားမှာ သမားရိုးကျလေယာဉ်ပျံ၏ ပျံသန်းပုံ သဘောတရားနှင့်မတူပေ။ ( လေယာဉ်ပျံ။) သမားရိုးကျ လေယာဉ်ပျံများ လေထဲပျံတက် နိုင်ခြင်းမှာ အတောင်ပံကြောင့် ဖြစ်၏။ အတောင်ပံများ၏ထူးခြားမှု သဘောကြောင့်ဖြစ်၏။ ရဟတ်ယာဉ်မှာမူ ထိုသို့မဟုတ်ဘဲ ယင်း၏ပန်ကာဒလက်များ ကြောင့် လေထဲတက်နိုင်ခြင်းဖြစ် သည်။ ရဟတ်ယာဉ်တွင်အတောင်ပံမရှိချေ။ ရဟတ်ယာဉ်၏ ပန်ကာဒလက်သည် ရဟတ်ယာဉ်ကိုလေထဲတက်နိုင်အောင်သာ လုပ်ပေးသည်မဟုတ်သေး၊ သမားရိုးကျလေယာဉ်ပျံများ၏ ပန်ကာတာဝန်ကိုလည်း ထမ်းဆောင်၏။ ရဟတ်ယာဉ်ကို ဗယ်ညာ တိမ်းနိုင် ယိမ်းနိုင်အောင်လည်း ပြုလုပ်ပေး၏။ ဦးကိုမော့နိုင်စိုက်နိုင်အောင်လည်း ပြုလုပ်ပေး၏။ ရဟတ်ယာဉ်တစ်စီးတွင် ယင်း၏ပန်ကာဒလက်များသည် အရေးကြီးဆုံး လျှို့ဝှက်နက်နဲမှုအရှိဆုံးပင်ဟု အကြမ်းသဘော ဆိုနိုင်၏။ ရဟတ်ယာဉ်ပေါ်လာပုံ။ ။ ရဟတ်ယာဉ်ပျံသန်းပုံ သဘောတရားသည် စင်စစ်အသစ်အဆန်းမဟုတ်ပေ။ ကမ္ဘာကျော် အီတာလျံပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝခန့်ကပင် လေထဲပျံသန်းနိုင်မည့် ယာဉ်တစ်မျိုးဟုခေါင်းစည်းတပ်ပြီး ရဟတ်ယာဉ် တစ်စီ်း၏ပုံကို ပုံကြမ်းရေးဆွဲပြခဲ့ဖူးသည်။ ( လီယိုနာဒို ဒါဗင်ချီ။) တရုတ်နိုင်ငံတွင် ထိုထက်ပင်စော၍ပင် ရဟတ်ယာဉ်နှင့် သဘောတရားတူသော လေထဲပျံနိုင်သည့်ကလေးကစားစရာများ ပေါ်ပေါက်ခဲ့ဖူး လေသည်။ လောနွိုင်နှင့်ဗီယန်ဗီနူးအမည်ရှိ ပြင်သစ်သိပ္ပံပညာရှင် နှစ်ဦးသည် ၁ရ၈၄ ခုနှစ်ကပင်ရဟတ်ယာဉ်နှင့် သဘောတရားဆင်ဆင်တူသော လေထဲပျံနိုင်သည့် ယာဉ်တစ်မျိုး၏ ပုံစံကိုတည်ဆောက်ခဲ့ဖူး၏။ ဗြိတိသျှသိပ္ပံပညာရှင် ဆာဂျော့ကေလီသည် ထိုပုံစံများကို ထပ်ဆင့် တီထွင်မှုများပြုလုပ်ခြင်းဖြင့် ကျော်ကြားလာခဲ့၏။ ၁၈ရဝ ပြည့်နှစ်လွန်နှစ်များတွင် ပြင်သစ်သိပ္ပံပညာရှင် အယ်လဖွန်းစီ ပီးနော့သည် ရော်ဗာ ကွင်းများအသုံးပြု လည်ပတ်စေသော ပန်ကာဒလက်များတပ်ထားသည့် ရဟတ်ယာဉ်ပုံစံ အများအပြားကို စမ်းသပ်တည်ဆောက်ခဲ့သည်။ သူ၏ပုံစံရဟတ်ယာဉ်လေးအချို့သည် လေထဲသို့ပေ ၅ဝ ခန့် အမြင့်အထိ တက်သွားခဲ့ဖူးသည်ဟုဆို၏။ ထိုသိပ္ပံပညာရှင် နောက်တွင်လည်း သိပ္ပံပညာရှင်အများ အပြားပင် ရဟတ်ယာဉ်ကို တည်ဆောက်ရန် ကြိုးစားခဲ့ကြ၏။ သို့သော် မအောင်မြင်ဘဲ ပုံစံရဟတ် ယာဉ်လေးများကို တည်ဆောက်ပြီး အဆုံးသတ်သွားခဲ့ကြလေသည်။ ပထမဆုံးလူစီးနိုင်သည့် ရဟတ်ယာဉ်ကို ပေါကောနူးအမည်ရှိ ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးက တည်ဆောက်ခဲ့သည်။ ထိုရဟတ်ယာဉ်သည် လူနှစ်ယောက် စီးနိုင်၏။ ၁၉ဝရ ခုနှစ်နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ငါးပေအမြင့်အထိတက်ပြီး တစ်မိနစ်ကြာမျှ ပျံသန်းပြသ ခဲ့ဖူးသည်ဟုဆို၏။ ပထမကမ္ဘာစစ်ကြီးအတွင်းသို့ ရောက်လာသောအခါ၌ လည်း သိပ္ပံပညာရှင်အများအပြားပင် ရဟတ်ယာဉ်ကို တည်ဆောက်နိုင်ရန် အမျိုးမျိုးဆက်လက်ကြိုးပမ်းခဲ့ကြသည်။ လေထဲအနည်းငယ်စ တက်နိုင်သည့်အဆင့်ကိုမူ သိပ္ပံပညာရှင် အများအပြားပင်ကြံဆောင်နိုင်ခဲ့ကြ၏။ သို့သော်လေထဲတွင် သွားလာအသုံးပြုနိုင်သည့် ရဟတ်ယာဉ်အဆင့်ကိုမူ မည်သူမျှ ကြံစည်စိတ်ကူးခြင်းမပြုနိုင်ခဲ့ပေ။ ထိုကြောင့်လည်း ၁၉၃ဝ ပြည့်နှစ်လွန်များသို့ ဝင်ရောက်လာသောအခါ၌ သိပ္ပံပညာရှင် အများအပြားကပင် ရဟတ်ယာဉ်တည်ဆောက်မည့် သဘောတရားမှာ အလွန်ရှုပ်ထွေးလေးနက်သော သဘောတရားဖြစ်ပြီးလျှင် ကမ္ဘာပေါ်တွင် လက်တွေ့မပေါ်ပေါက်နိုင်ဟု ထင်မှတ်စပြုလာခဲ့လေသည်။ သို့သော် ၁၉၃ရ ခုနှစ်တွင် ဂျာမန်သိပ္ပံပညရှင် ဟိုင်းနရစ်ဖော့ ဆိုသူက ပန်ကာဒလက်နှစ်ခုတပ် ရဟတ်ယာဉ်ကို တည်ဆောက်ပြီးလျှင် ပေ ၈ဝဝဝ အမြင့်သို့ တစ်နာရီခန့် ပျံသန်းတက်ပြလိုက်သောအခါ၌ သိပ္ပံပညာရှင်များသည် ရဟတ်ယာဉ်တည်ဆောက်ရေးကို စိတ်ဝင်စားလာခဲ့ကြပြန်သည်။ သိပ္ပံပညာရှင် ဆီးကောစကီးဆိုသူသည် လူစီးနိုင်သည့် ပန်ကာဒလက်တစ်ခုတပ် ရဟတ်ယာဉ်ကို ကမ္ဘာပေါ်တွင် ပထမဦးဆုံးတီထွင်နိုင်ခဲ့၏။ ဆီကောစကီးသည် ရုရှလူမျိုး ဖြစ်၏။ ရုရှတော်လှန်ရေးကြီးပြီးသည့်နောက် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့စဉ် ၁၉၃၉ ခုနှစ်တွင် ထိုရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့ခြင်းဖြစ်လေသည်။ ရဟတ်ယာဉ်အသုံးပြုပုံ။ ။ ရဟတ်ယာဉ်သည် အတောင်ပံရှိသော ဂျက်လေယာဉ်ပျံများကဲ့သို့ အရှိန်အဟုန် ပြင်းစွာဖြင့် ပျံသန်းနိုင်စွမ်းမရှိပေ။ သို့သော် လူတို့အတွက် အသုံးကျမှုတွင်မူ အတောင်ပံတပ်လေယာဉ်ပျံများကဲ့သို့ပင် အစွမ်းထက်လှဘိ၏။ ရဟတ်ယာဉ်သည် လေယာဉ်ပြေးလမ်း မလိုဘဲ ဒေသမရွေး ပျံသန်းနိုင်သည့်အတွက် သမားရိုးကျ လေယာဉ်ပျံများ မဆင်းသက်နိုင်သောဒေသသို့ချော စာများပို့နိုင်သည်။ ခရီးသည်များပို့နိုင်သည်။ ကုန်ပစ္စည်းများ ပို့နိုင်သည်။ ကယ်ဆယ်ရေးလုပ်ငန်းတွင်မူ ရဟတ်ယာဉ်သည် ယနေ့မရှိမဖြစ်သောယာဉ်ဖြစ်နေ၏။ သင်္ဘောများ နစ်မြုပ်ခြင်း၊ လေယာဉ်ပျံများပျက်ကျခြင်း၊ ဘေးဒုက္ခပေါ်ချိန်တွင် ရဟတ်ယာဉ်သည် အသက်ရှင်ကျန်ရစ်သူများကို အချိန်မီကယ်ဆယ်ရန် အဓိကအားထားရသောယာဉ်ဖြစ်၏။ သစ်တောများမီးလောင်၍ မီးငြိမ်းသတ်ရသောလုပ်ငန်းများ၊ သီးနှံခင်းများပိုးကျ၍ ပိုးသတ်ဆေးဖျန်းသောလုပ်ငန်း များတွင်လည်း ရဟတ်ယာဉ်ကိုပင်အားထားအသုံးပြုနေရ၏။ စစ်အတွက်မူ ရဟတ်ယာဉ်သည် အမျိုးမျိုး အသုံးကျလျက်ရှိ၏။ ရဟတ်ယာဉ်ပေါ်စက စစ်မြေပြင်မှ လူနာသယ်ရန်အတွက်သာ အသုံးပြုသော်လည်း ယနေ့ကင်းထောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အရေးကြီး ပုဂ္ဂိုလ်များသယ်ဆောင်ခြင်း လုပ်ငန်းများမှအစ သမားရိုးကျ လေယာဉ်ပျံများ ရှာဖွေပစ်ခတ်ရန် ခက်ခဲသော ရန်သူ့စခန်းငယ်များကိုဗုံးကျဲခြင်း၊ စက်သေနတ်ဖြင့်ပစ်ခြင်း၊ ဒုံးပျံလက်နက်ဖြင့် ပစ်ခြင်း၊ လုပ်ငန်းများအထိ အလွန်ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိ၏။ အနာဂတ်တွင်လည်း ရဟတ်ယာဉ်၏အခန်းသည် ယခုထက်ပင် ကျယ်ပြန့်လာဦးမည်ဟု မြော်လင့်ထားကြလေသည်။ ရဟတ်ယာဉ်လုပ်ငန်း စတင်မွေးဖွားခြင်း တာဘိုင်ခေတ် ကိုးကား
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9F%E1%80%90%E1%80%BA%E1%80%9A%E1%80%AC%E1%80%89%E1%80%BA
ကား
ကား ထိုအချက်နှင့်ပတ်သက်၍ အငြင်းပွားကြသည်။ အချို့က ရိုမန်ကက်သလစ်မစ်ရှင်ဖြင့် တရုတ်ပြည်သို့သွားသော ဖာဒီနန် ဗာဘီရက်(Ferdinand Verbiest)က ပထမဆုံး ရေနွေးငွေ့ဖြင့် မောင်းနှင်သည့်ကားကို ၁၆၇၂ တွင် တရုတ်အင်ပိုင်ယာအတွက် ကစားစရာအဖြစ်တီထွင်ပေးခဲ့သည်ဟု ဆိုကြသည်။ ထိုယာဉ်မှာ အရွယ်အစားသေးငယ်ပြီး မောင်းနှင်သူ သို့မဟုတ် စီးနင်းသူကို မတင်ဆောင်နိုင်သော်လည်း ဖြစ်နိုင်ခြေအားဖြင့် ပထမဆုံး ရေနွေးငွေ့သုံး ယာဉ်ဖြစ်သည်။ ရစ်ချက်ထရီဗီသစ်မှ သူ၏ မီးခိုးထွက်နေသော မိစ္ဆာဟု အမည်ရသည့် ရေနွေးငွေ့အားဖြင့် မောင်းနှင်သည့် ပထမဆုံးယာဉ်ကို ၁၈၀၁ ခုနှစ်တွင် သရုပ်ပြခဲ့သည် ဆိုသည့် အချက်ကိုမူ မည်သူမျှ သံသယမရှိကြပေ။ သို့သော် ထိုယာဉ်မှာ လုံလောက်သော ရေနွေးငွေ့ဖိအားကို ကြာရှည်စွာ မထိန်းသိမ်းနိုင်သဖြင့် လက်တွေ့အသုံးပြုနိုင်ရန် အနည်းငယ်မျှသာ အသုံးဝင်သည်။ ရုရှားနိုင်ငံတွင်မူ ၁၇၈၀ခုနှစ်များတွင် အိုင်ဗင်ကူလီဗင်က ဖလိုင်းဝှီး၊ ဘရိတ်၊ ဂီယာဘောက်စ် နှင့် ဘယ်ရင် အစရှိသည့် ခေတ်သစ်နည်းပညာများပါဝင်သည့် လူ၏ခြေဖြင့်နင်းရသည့် သုံးဘီးယာဉ်ကို တီထွင်ခဲ့သည်။ သို့သော် ထိုယာဉ်ကို ဆက်လက်၍ တိုးတက်အောင် မလုပ်ဆောင်ခဲ့ပေ။ ဆွစ်ဇာလန်မှ တီထွင်သူ ဖရန်ဆွိုက် အိုင်ဆက်ဒီ ရီဗက်ဇ် (François Isaac de Rivaz) မှ ၁၈၀၆ ခုနှစ်တွင် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်အရောအနှောကို လောင်စာအဖြစ်အသုံးပြု၍ ပထမဆုံး အတွင်း၌ပေါက်ကွဲသော အင်ဂျင် (internal combustion engine) ကို ဒီဇိုင်းထုတ်ခဲ့ပြီး ထိုမှတဆင့် အခြေခံမျှသာဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်သော မော်တော်ယာဉ်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ ထိုဒီဇိုင်းမှာ အလွန်တရာ အောင်မြင်မှု မရခဲ့ပဲ ဆယ်မြူရယ် ဘရောင်း၊ ဆယ်မြူရယ်မိုရေး နှင့် ကြံ့ယာဉ် (hippomobile) ပြုလုပ်သော အီတီယန် လန်နွာ(Etienne Lenoir) တို့ ထုတ်လုပ်ခဲ့သော လှည်းနှင့်တွန်းလှည်းများကို အခြေခံ၍ ကိုးရိုးကားရား အတွင်း၌ပေါက်ကွဲသော အင်ဂျင် တပ်ဆင်ထားသော အခြားယာဉ်များမှာလည်း အလားတူပင်ဖြစ်သည်။ ၁၈၈၁ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်တီထွင်သူ ဂူစတေ့ဗ် ထရောင်ဗီ (Gustave Trouvé) မှ ပထမဆုံး လျှပ်စစ်ဓာတ်အားသုံး၍ အလုပ်လုပ်သော သုံးဘီးမော်တော်ကားကို သရုပ်ပြခဲ့သည်။ ပဲရစ်တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ပြပွဲတွင် ဖြစ်သည်။ လျှပ်စစ်ကား ဂိုတလီယပ် ဒိန်းမလား (Gottlieb Daimler)၊ ဝီလ်ဟမ်မေဘတ်ရှ် (Wilhelm Maybach) နှင့် ဆိရက်ဖရိုက် မားကတ်စ် (Siegfried Marcus) တို့အပါအဝင် အခြားဂျာမန်အင်ဂျင်နီယာများမှာ တစ်ချိန်တည်းမှာပင် ပြဿနာကို အဖြေရှာဆဲဖြစ်သော်လည်း ကားလ်ဘင့်ဇ် (Karl Benz)ကို ခေတ်သစ်မော်တော်ယာဉ်၏ တီထွင်သူအဖြစ် ယေဘူယျအားဖြင့် သဘောတူကြသည်။ ကိုးကား ယာဉ် ဘီးတပ်ယာဉ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%AC%E1%80%B8
ဆာမူရိုင်း
ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံ တွင် စက်မှုထွန်းကားသောခေတ်မတိုင်မီက စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲ့အစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူ"ဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည် ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲ ကိုကင်ရှူး (Kokinshu) တွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ(Japanese:武士 English: bushi )ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ ရာထူးအဆင့်အတန်းများနှင့် ဆက်စပ်သုံးစွဲလေ့ရှိကြသည်။ ) သမိုင်းကြောင်း ၆ရာစုနှစ်များအတွင်းက စစ်သူရဲများနှင့် ခြေလျင်စစ်သည်တော်များသည် ပထမဆုံး ဆာမူရိုင်း အဆင့်ခွဲခြားသတ်မှတ်မှု ကို စတင်ခဲ့သည်ဟု ယုံကြည်ရသည်။တန်တရုတ်(Tang China) နှင့် ဆေးလာ(Silla) တို့ဖြင့်တိုက်ခိုက်ခဲ့သောစစ်ပွဲများတွင် အပြင်းအထန် ဆုံးရှုံးခဲ့ပြီးနောက် ဂျပန်တို့သည် အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြသည်။ ထိုအထဲမှ အရေးကြီးဆုံးတစ်ခုမှာ နာကာနို အိုအဲ (Naka no Ōe) သို့မဟုတ် တန်ဂျိဘုရင်(Emperor Tenji) မှ အေဒီ ၆၄၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော တိုင်းကာပြုပြင်ရေး ပင်ဖြစ်သည်။ ဤအမိန့်တော်သည် တရုတ်တို့၏ ယဉ်ကျေးမှုထုံးစံများနှင့် အုပ်ချုပ်ရေးနည်းလမ်းများကို ဂျပန်အစိုးရနှင့် ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားများတွင် အစပျိုးပေးခဲ့သည်။ အေဒီ၇၀၂ တွင် ထုတ်ပြန်ခဲ့သော တိုင်းဟိုဥပဒေ၏ တစ်စိတ်တစ်ပိုင်း နှင့် နောက်ပိုင်းထုတ်ပြန်ခဲ့သော ယိုးရိုးဥပဒေ တို့ကြောင့် လူထုသည် လူဦးရေစာရင်းကို အမြဲတမ်းသတင်းပို့ရပြီး ထိုစာရင်းကို နိုင်ငံအတွက် စစ်မှုထမ်းရန်စာရင်း အဖြစ်အသုံးပြုသည်။ ဘုရင် မိုမု (Emperor Mommu)သည် လူဦးရေပျံနှံ့မှုကို သဘောပေါက်နားလည်လာသောအခါတွင် အရွယ်ရောက်ပြီး ယောက်ျားလေး ၃-၄ ယောက်တွင် တစ်ယောက်မျှ နိုင်ငံ့တပ်မတော်တွင် စစ်မှုထမ်းရန် ဥပဒေကို စတင်ထုတ်ပြန်သည်။ စစ်သားများသည် မိမိကိုင်ဆောင်မည့်လက်နက်ကို မိမိဘာသာ ရယူရန်လိုအပ်ပြီး ထိုအတွက် အခွန်အတုတ်များမှ ကင်းလွတ်ခွင့်ရသည်။ ထိုကြိုးပမ်းမှုသည် တော်ဝင်အစိုးရမှ တရုတ်တို့ကို အတုယူပြီး စနစ်တကျစုစည်းထားသော စစ်တပ်ပုံစံကို ဖွဲ့စည်းရန် ပထမဆုံးကြိုးပမ်းမှုဖြစ်သည်။ ထိုကြိုးပမ်းမှု ကို ဂန်ဒန်-ဆေး (English: gundan-sei Japanese: 軍団制) ဟု နောက်ပိုင်းခေတ် သမိုင်းပညာရှင်တို့က ခေါ်ဝေါ်ပြီး ခေတ္တခဏမျှသာ ကြာမြင့်သည်ဟု ယုံကြည်ယူဆကြသည်။ တိုင်းဟိုဥပဒေတွင် မင်းမှုထမ်းများကို အဆင့် ၁၂ ဆင့်ခွဲခြားသတ်မှတ်ထားပြီး အဆင့်တစ်ဆင့်စီတွင် နောက်ထပ် ၂ ဆင့် ထပ်မံခွဲခြားထားသည်။ ပထမဆုံးအဆင့်သည် ဘုရင်၏ အဆင့်အမြင့်ဆုံး အကြံပေးအရာရှိအဆင့်ဖြစ်သည်။ အဆင့် ၆ နှင့် အောက်ကို ဆာမူရိုင်း ဟုသတ်မှတ်ပြီး သူတို့သည် နိစ္စဓူဝ ကိစ္စများကို ထိတွေ့တာဝန်ယူရသည်။ ထို ဆာမူရိုင်းများမှာ အရပ်သား ဘုရင့်အမှုထမ်းများဖြစ်ကြသော်လည်း ထိုအမည်မှ ဆင်းသက်လာသည်ဟု ယုံကြည်ရသည်။ နောင်ရာစုနှစ်ပေါင်းများစွာအထိ စစ်သားများကို ဆာမူရိုင်းဟု ရည်ညွှန်းခေါ်ဆိုခြင်း မပြုခဲ့ပေ။ ဟဲအိအန်ခေတ် ဟုခေါ်သော ၈ရာစုနှောင်းပိုင်းနှင့် ၉ရာစုအစောပိုင်းတွင် ကမ်မူးဘုရင် (Emperor Kammu)သည် သူ၏အာဏာစက်ကို ဟွန်ရှူးမြောက်ပိုင်းသို့ ဖြန့်ကျက်စည်းရုံးရန်ကြိုးစားခဲ့သည်။ သို့သော် ပုန်ကန်သော အဲမိရှိပြည်သူတို့အား အနိုင်တိုက်ရန် သူစေလွှတ်ခဲ့သော စစ်တပ်မှာ စည်းကမ်း နှင့်စိတ်ဓာတ်ကင်းမဲ့သဖြင့် အောင်မြင်နိုင်ခြင်း မရှိခဲ့ပေ။ ကမ်မူးဘုရင် က ဆဲအိတိုင်းရှိုးဂန်း (Seiitaishogun) သို့မဟုတ် ရှိုးဂန်းဟူသော ဘွဲ့ကို စတင်ထုတ်ဖော်ခဲ့ပြီး အဲမိရှိတို့ကို အောင်နိုင်ရန်အတွက် အလွန်တိုက်ခိုက်အားကောင်းသော ဒေသခံဂိုဏ်းတို့အပေါ်တွင် စတင်မှီခိုအားထားလာခဲ့သည်။ မြင်းစီးတိုက်ခိုက်ခြင်းနှင့် လေးမြားအတတ်တွင် ကျွမ်းကျင်သော ဤလူမျိုးစုစစ်သည်တော်တို့သည် သူပုန်တို့ကို နှိမ်နှင်းရန်အတွက် ဘုရင်၏ စိတ်ကြိုက်လက်နက်ဖြစ်လာခဲ့သည်။ ဤစစ်သူရဲတို့သည် ထိုအချိန်က (၇ရာစုမှ ၉ရာစုအထိ) ပညာတတ်မြောက်ကောင်းတတ်မြောက်နိုင်သော်လည်း တော်ဝင်တရားရုံးအရာရှိတို့က သူတို့အား အရိုင်းအစိုင်းများထက် အနည်းငယ်သာသာသည် ဟု မှတ်ယူခဲ့ကြသည်။ နောက်ဆုံးတွင် ကမ်မူးဘုရင်သည် သူ၏စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး ထိုအချိန်မှစ၍ ဘုရင်၏အာဏာစက်သည် တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ ဘုရင်သည် အုပ်ချုပ်သူဖြစ်နေသေးသော်လည်း ကျိုတိုပတ်ဝန်းကျင်ရှိ အာဏာပြင်းသောဂိုဏ်းတို့က ဝန်ကြီးအဆင့်ကို မိမိဘာသာရယူကြသည်။ သူတို့၏ဆွေမျိုးများကို နယ်ဝန်များအဖြစ်ခန့်အပ်ကြသည်။ သူတို့၏ ကြွယ်ဝချမ်းသာမှု တိုးပွားလာစေရန်နှင့် သူတို့၏အကြွေးများ ပြန်လည်ပေးဆပ်ရန်အတွက် နယ်ဝန်တို့သည် အခွန်အတုတ်တို့ကို မတန်တဆကောက်ခံကြပြီး ထို့အတွက် လယ်သမားအများစု လယ်ယာမဲ့ဖြစ်ခဲ့ရသည်။ ဓားပြမှုများထူပြောလာသည့်အခါ ထိုဂိုဏ်းများ ကန်တိုလွင်ပြင်များရှိ နှယ်နှင်ဒဏ်ခံထားရသူများကို စတင်၍ အလုပ်ခန့်အပ်လာသည်။ ပြင်းထန်ကြမ်းတမ်းသော ကိုယ်ခံပညာသင်ကြားခဲ့မှုများကြောင့် ထိုသူတို့သည် အသုံးဝင်သော အစောင့်အရှောက်များဖြစ်လာသည်။ အခွန်ကောက်ခံသူတို့ကို အချို့က စောင့်ကြပ်လိုက်ပါပြီး သူတို့ပါရှိရုံမျှနှင့်ပင် သူခိုးများနှင့် ရာဇဝတ်သားများ၏ တိုက်ခိုက်မှုမှ ဟန့်တားပြီးဖြစ်သည်။ သူတို့မှာ ကြေးစားလက်နက်ကိုင် ဆာဘူရိုင်းတို့ဖြစ်ပြီး သူတို့၏ သီးခြားလက်နက်ကိုင်တပ်ဖွဲ့မှာ အလျှင်အမြန်ပင် ထင်ပေါ်လာခဲ့သည်။ ကာကွယ်ရေး သဘောတူညီချက်များနှင့် နိုင်ငံရေးအရပေါင်းစည်းမှုများကြောင့် သူတို့၏ နိုင်ငံရေးအာဏာသည် တစ်စထက်တစ်စတိုးပွားလာခဲ့ပြီး နောက်ဆုံးတွင် ပုံမှန်အုပ်ချုပ်ရေးထက်ပင် သာလွန်လာခဲ့သည်။ အချို့သော ဂိုဏ်းများသည် နန်းတော်မှခန့်အပ်ထားသော အရာရှိများကို သူတို့၏ မြေများကိုအုပ်ချုပ်ရန်နှင့် အခွန်အတုတ်ကောက်ယူရန်စေလွှတ်သောအခါတွင် ကာကွယ်ရန် မိမိဘာသာ လက်နက်ကိုင်ထားသော အဖွဲ့အစည်းများဖြစ်သည်။ ထိုဂိုဏ်းများသည် ပို၍ အင်အားကြီးမားသောဂိုဏ်းများ၏ရန်မှ ကာကွယ်ရန်အတွက် သူတို့အချင်းချင်း မဟာမိတ်ဖွဲ့ထားကြသည်။ ဟဲအိအန်(Heian) ခေတ်၏ အလယ်ပိုင်းသို့ရောက်သောအခါတွင် သူတို့သည် ဂျပန်သံချပ်ဝတ်စုံနှင့် လက်နက်များကို စတင်အသုံးပြုလာခဲ့ကြပြီး ဘူရှီဒို ခေါ် သူတို့၏ကျင့်ဝတ်များကို အစပြိုး အုတ်မြစ်ချလာခဲ့ကြလေသည်။ ဆာမူရိုင်းစစ်သူရဲတို့သည် မိမိတို့ဘာသာ "စစ်သူရဲလမ်းစဉ်" သို့မဟုတ် ဘူရှီဒိုကို လိုက်နာကျင့်သုံးသူများအဖြစ် ခံယူလေ့ရှိသည်။ ဂျပန်အဘိဓာန်တွင် ဘူရှီဒိုဟူသော စကားလုံးကို ရှိုဂတ်ကုကန် ကိုကုဂို ဒိုင်းဂျိတန် (Shogakukan Kokugo Daijiten) ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး "မူရိုမာချီ(Muromachi) သို့ ချူဆေးခေတ်(chusei) တွင် စစ်သူရဲများအကြား ပျံ့နှံ့နေသော သီးသန့် ယုံကြည်ယူဆချက်(ronri)" ဟု အဓိပ္ပာယ်ရသည်။ အစကနဦးထဲကပင် ဆာမူရိုင်းတို့သည် သခင်တစ်ယောက်ကို အသက်ပေး၍ သစ္စာရှိခြင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် စစ်သူရဲတစ်ယောက်၏ ဂုဏ်သိက္ခာရှိသော အပြုအမူနှင့် လမ်းစဉ်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် ကာတို ကိယိုမာဆာ(၁၅၆၂-၁၆၁၁) သည် ဆန်ဂေါ့ကုခေတ်မှ အာဏာအရှိဆုံး နှင့် အထင်ရှားဆုံး ပဒေသရာဇ်တစ်ယောက်ဖြစ်သည်။ သူသည် ဂျပန်၏ အဓိက ဂိုဏ်းများကို ကိုရီးယားကို ကျူးကျော်စဉ် (၁၅၉၂-၁၅၉၈) အတွင် အမိန့်ပေးစေခိုင်းခဲ့သည်။ လက်စွဲစာအုပ်ထဲတွင် သူက မည်သည့်အဆင့် ရှိသည့် ဆာမူရိုင်းမဆို စစ်သူရဲတို့၏ဘဝတွင် တစ်ခုတည်းသော တာဝန်မှာ ဓားတိုဓားရှည်များကို ဆွဲ၍ သေဆုံးရန်ဟု သူ၏နောက်လိုက်များကို ပြောခဲ့သည်။ သူက နောက်လိုက်များကို ဂန္ထဝင်စစ်ပညာများ အထူးသဖြင့် သစ္စာစောင့်သိမှုနှင့် သားကောင်းပီသမှုနှင့် ပတ်သက်သော အရာများကို အစွမ်းကုန်ကြိုးစားအားထုတ်၍ သင်ကြားရန် အမိန့်ပေးခဲ့သည်။ သူသည် "အကယ်၍ လူတစ်ယောက်သည် ဘူရှီဒိုလမ်းစဉ်ကို နေ့စဉ်စူးစမ်းမှုမရှိပါက သူအနေနှင့် ရဲဝံ့၍ ယောက်ျားပီသသော သေဆုံးခြင်းမျိုးဖြင့် သေဆုံးရန် ခဲယဉ်းသည်။ ထိုအတွက်ကြောင့် စစ်သူရဲတစ်ယောက်၏ အလုပ်ကို စိတ်အတွင်း၌ စွဲစွဲမြဲမြဲနှလုံးသွင်းထားရန် မရှိမဖြစ်လိုအပ်သည်။" ဆိုသောဆိုရိုးစကားနှင့် ပတ်သက်၍ လူသိများသည်။ နာဘဲရှိမ နာအိုရှီဂဲ (၁၅၃၈ -၁၆၁၈ အေဒီ) သည် အခြား ဆန်ဂေါ့ကု ပဒေသရာဇ်တစ်ယောက်ဖြစ်ြပီး ကာတို ကိယိုမာဆာ နှင့်တွဲဖက်၍ ကိုရီးယားတွင် တိုက်ခိုက်ခဲ့သူလည်းဖြစ်သည်။ သူက မည်သည့်ယောက်ျားမဆို မည်သည့်ရာထူးအဆင့်၌ ရှိသည်ဖြစ်စေ တာဝန်ထမ်းဆောင်စဉ်အတွင် တစ်ချိန်တစ်ခါမှ သက်စွန့်ဆံဖျားပြုမူဆောင်ရွက်ခြင်းမရှိခဲ့ဖူးလျှင် ရှက်စရာကောင်းသည်ဟု ရိုးရှင်းစွာဆိုသည်။ နာဘဲရှိမ၏စကားကို သူ၏သားနှင့် မြေးတို့သို့ လက်ဆင့်ကမ်းပေးခဲ့ပြီး နောက်ပိုင်းတွင် ဆုနဲတိုမို ယာမာမိုတို၏ ဟာဂါကူရဲ ဖြစ်လာခဲ့သည်။ သူသည် "ဘူရှီဒိုဆိုသည်မှာ အသက်အသေခံရန် ရူးသွပ်စွာ ယုံကြည်ခြင်းပင်ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်ကို လူငါးဆယ်နှင့် အထက်ကပင် မသတ်နိုင်" ဟူသော စကားအတွက် ထင်ရှားသည်။ တိုရီ မိုတိုတာဒါ (၁၅၃၉-၁၆၀၀) သည် မြေရှင်ပဒေသရာဇ်တစ်ယောက်ဖြစ်ပြီးတိုကုဂါဝါ လီယစု ၏ အမှုထမ်းတစ်ယောက်ြဖစ်သည်။ ဆဲကိဂါဟာရာ တိုက်ပွဲမတိုင်မီနေ့တွင် သူ၏ အရှင်သခင်ကမူ အရှေ့ဘက်သို့ထွက်ခွာသွားချိန်တွင် သေချာပေါက် ကျရှုံးမည်ဖြစ်သည့် ဖူရှိမိရဲတိုက်တွင် နေခဲ့ရန် မိမိသဘောဆန္ဒဖြင့် တောင်းဆိုသည်။ တိုရီ နှင့် တိုဂုဂါဝါတို့ နှစ်ဦးစလုံးကပင် ရဲတိုက်ကို ကာကွယ်ရန် မဖြစ်နိုင်ဆိုသည့် အချက်ကို သဘောတူကြသည်။ သူ၏အရှင်သခင်ပေါ်တွင် သစ္စာစောင့်သိမှု ကို ပြသည့်အနေဖြင့် တိုရီသည် နောက်တွင် ချန်နေခဲ့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူနှင့် သူ၏ခံစစ်တပ်များက အဆုံးသတ်ထိတိုက်ခိုက်မည်ဟု ကြွေးကြော်ခဲ့သည်။ ထုံးတမ်းစဉ်လာအနေဖြင့် တိုရီသည် အရှင်အဖမ်းမခံဟုလည်း ကြုံးဝါးသည်။ ထိုသို့ကြေကွဲစရာကောင်းသော နောက်ဆုံးခံစစ်တွင် ရဲတိုက်စောင့်တပ်သည် အလွန်တရာများပြားလှသော အီရှီဒါ မိဆုနာရီ၏ စစ်တပ်ကြီးကို ၁၀ ရက်ကြာသည့်တိုင် တောင့်ခံခဲ့သည်။ သူ၏သား တာဒါမာဆာ သို့ရေးခဲ့သော ထိခိုက်ကြေကွဲဖွယ်ကောင်းသောစာတွင် တိုရီက မည်သည့်အခြေအနေတွင်မဆို နောက်ဆုံး သေရမည်ကို မုချသိသည့် အခြေအနေ၌ပင် သေခြင်းတရားကိုရှောင်လွဲခြင်းသည် စစ်သူရဲ၏ ကျင့်ထုံးမဟုတ်ပဲ ရှက်စရာကောင်းသော အပြုအမူဖြစ်သည်။ မိမိ၏ အရှင်သခင် အတွက် အသက်ကိုစွန့်လွှန်ခြင်းသည် ဘယ်တော့မှ မပြောင်းလဲမည့် သဘောတရားပင်ဖြစ်သည်။ ငါသည် ဤနိုင်ငံရှိ အခြား စစ်သူရဲများ၏ ရှေ့မှချီ၍ အရှင်သခင်၏ အကျိုးအတွက် နှင့် ငါ့မိသားစု၏ ဂုဏ်သိက္ခာအတွက် ငါ၏ အသက်ကို စွန့်လွှတ်ခြင်းသည် နှစ်ပေါင်းများစွာကတည်းကပင်ရှိခဲ့သော ငါ၏ ပြင်းထန်သော ဆန္ဒပင်ဖြစ်သည်။ ဟုရေးခဲ့သည်။ သူတို့ နှစ်ဦးခွဲခွာသည့်အချိန်တွင် ဘယ်တော့မှ ပြန်မတွေ့ရတော့မည်ကို သိသည့်အတွက် သူတို့ နှစ်ဦးစလုံး ငိုကြသည်ဟု ဆိုသည်။ တိုရီမတိုင်မီက သူ၏အဖေနှင့် အဖိုးတို့သည် တိုကုဂါဝါအတွက် အမှုထမ်းခဲ့ကြပြီး သူ၏ အကိုအရင်းမှာလည်း စစ်ပွဲတွင် ကျဆုံးခဲ့သည်။ တိုရီ၏ အပြုအမူသည် ဂျပန်နိုင်ငံသမိုင်း၏ အလှည့်အပြောင်းပင်ဖြစ်သည်။ တိုကုဂါဝါသည် စစ်တပ်ကို အောင်မြင်စွာထူထောင်နိုင်ခဲ့ပြီး ဆဲကိဂါဟာရတွင် အောင်နိုင်ခဲ့သည်။ ဟာဂါကူရဲကို ဘာသာပြန်သည့် ဝီလီယမ်စကော့ ဝီလ်ဆင်သည် ဂိုဏ်းများအတွင်းမှ စစ်သူရဲတို့၏ သေဆုံးခြင်းကို အလေးအနက်ထားပုံနှင့် ပတ်သက်၍ ယာမာမိုတို၏ ဥပမာအပြင် အခြားဥပမာများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့သည်။ "သူ (တာကဲဒ ရှင်းဂန်း) သည် စည်းကမ်းတင်းကျပ်သူတစ်ယောက်ဖြစ်ပြီး ဟာဂါကူရဲတွင် ရန်ဖြစ်သူ ၂ယောက် ကို ကွပ်မျက်ခြင်း နှင့် ပတ်သတ်၍ စံပြပုံပြင်တစ်ပုဒ်ရှိခဲ့သည်။ သူတို့နှစ်ယောက်ကို ရန်ဖြစ်သဖြင့် ကွက်မျက်ခြင်းမဟုတ်ပဲ သေသည်အထိ မတိုက်ခိုက်သောကြောင့် ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။" ကျမ်းကိုးစာရင်း ဆာမူရိုင်း
https://my.wikipedia.org/wiki/%E1%80%86%E1%80%AC%E1%80%99%E1%80%B0%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း
စိုက်ပျိုးမွေးမြူရေး (Agribuniess) ဆိုသည်မှာ အပင်များကို စိုက်ပျိုးခြင်း နှင့် လူနှင့်ယဉ်ပါးသော တိရစ္ဆာန်များကို မွေးမြူခြင်းတို့ဖြင့် ကုန်စည်များကို ထုတ်လုပ်ခြင်းကို ဆိုလိုသည်။ စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော ဘာသာရပ်ကို စိုက်ပျိုးမွေးမြူရေး သိပ္ပံ (agricultural science) ဟုခေါ်သည်။ ဥယျာဉ်စိုက်ပျိုးခြင်းနှင့် သက်ဆိုင်သော ဘာသာရပ်ကို ဥယျာဉ်စိုက်ပညာရပ် (horticulture) ဟုခေါ်သည်။ စိုက်ပျိုးမွေးမြူရေးတွင် အထူးပြုနယ်ပယ်များစွာပါဝင်သည်။ သို့သော် စိုက်ပျိုးမြေများတွင် သီးနှံများကို စိုက်ပျိုးခြင်း နှင့် စားကျက်မြေများတွင် တိရစ္ဆာန်များကို မွေးမြူခြင်း တို့မှာ စိုက်ပျိုးမွေးမြူရေးပညာရပ်၏ အခြေခံအုတ်မြစ်များပင်ဖြစ်သည်။ စိုက်ပျိုးရေးတွင်အောက်ပါ ဘာသာရပ်များပါဝင်သည်။ လယ်ယာသီးနှံဘာသာ ဥယျာဉ်ခြံသီးနှံဘာသာ စိုက်ပျိုးရေးဓာတုဗေဒဘာသာ ရုက္ခဗေဒဘာသာ ကိမိလဗေဒ (ပိုးမွှားဘာသာရပ်) အပင်ရောဂါဘာသာ စိုက်ပျိုးစီးပွားဘာသာ မြန်မာပြည်တွင်း အသုံးများသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ဖော်ပြလိုက်ပါသည်။ တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် လူသားမျိုးနွယ်များ၏ အသား၊ နို့၊ ဥ စားသုံးနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး တိရစ္ဆာန်ရောဂါများ လူသို့ ကူးစက်မှုမဖြစ်စေရေး သင်ကြားလေ့လာ အသုံးပြုရသော ပညာရပ်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%B0%E1%80%9B%E1%80%B1%E1%80%B8%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%84%E1%80%94%E1%80%BA%E1%80%B8
ကြယ်တံခွန်
ကြယ်တံခွန်ဆိုရာ၌ (သင်္ကေတ: ) တစ်ခါတစ်ရံသာလျှင် မြင်ရသော မီးရှုးသဏ္ဌာန် အရောင်တန်းထွက်နေသည့်ကြယ်ကို ဆိုလိုသည်။ ကောင်းကင်တန်ဆာတို့တွင် ကြယ်တံခွန်များသည် အံ့ဩစရာ ကောင်းပေသည်။ ကြယ်တံခွန်တို့သည် ရုတ်တရက် ပေါ်လာတတ်၍၊ ရက်အနည်းငယ်သော်လည်းကောင်း ရက်ပေါင်းများစွာသော်လည်းကောင်း ကြာအောင် မြင်မြင်ထင်ထင် ရှိပြီးနောက်၊ နေမှဝေးရာသို့ ဆုတ်ခွာပျောက်ကွယ် သွားတတ်ကြသည်။ ရှေးအခါက ကြယ်တံခွန်နှင့် စပ်လျဉ်း၍ ယုံမှတ်မှုများစွာ ရှိခဲ့၏။ များသောအားဖြင့် ကြယ်တံခွန်ပေါ်လာလျှင် ကပ်ဘေးများ ဆိုက်ရောက်တတ်သည်ဟု ယုံကြည်ခဲ့ကြသည်။ မည်သို့မည်ပုံ ဖြစ်ပေါ်လာ ကြယ်တံခွန်သည် မည်သို့မည်ပုံ ဖြစ်ပေါ်လာ၍၊ မည်သည့်အရပ်သို့ ထွက်သွားသည်ကို ယခုတိုင် ရှင်းလင်းစွာ မသိကြရသေးချေ။ ကြယ်တံခွန်ကို မှုန်မှီမှုန်မွှား သဏ္ဌာန်က စတင်၍ မြင်ရတတ်သည်။ နေဆီသို့ ချဉ်းကပ်လာသောအခါတွင်မှ ဦးခေါင်း၊ ဦးခေါင်း၏ နျူးကလီးယပ်အပိုင်းနှင့် အမြီးတို့သည် ကွဲကွဲပြားပြား ပေါ်လွင်လာသည်။ ကြယ်တံခွန်၏ ဦးခေါင်းတွင် နျူးကလီးယပ်အပိုင်းမှာ ပိုမိုထွန်းလင်း၍၊ ထိုအပိုင်းကို ကိုမားခေါ် မှုန်မွှားမွှားလင်းနေသောအပိုင်းက အိမ်ဖွဲ့ကာ ဝိုင်းရံထားသည်။ ကြယ်တံခွန်၏ အမြီးသည် နေနှင့် နီးကပ်လာမှ ပေါ်လာတတ်သည်။ ထို့ပြင် အမြီးသည် ဦးခေါင်း နောက်၌လည်း အမြဲမနေချေ။ နေဆီသို့ ကြယ်တံခွန်ချဉ်းကပ်သွားချိန်တွင် ကြယ်တံခွန်နောက်၌ အမြီးသည် ကြယ်တံခွန်၏ ဦးခေါင်းရှေ့သို့ ရောက်သွားသည်။ အခြားတစ်နည်းပြောရသော် ကြယ်တံခွန်သည် နေဖက်သို့ အမြဲဦးခိုက်နေသည်ဟုဆိုလိုသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ နေ၏မျက်နှာပြင်တွင် လျှပ်စစ် 'ဓာတ်မ'ရှိ၍၊ ကြယ်တံခွန်၏ အမြီးတွင်လည်း လျှပ်စစ် 'ဓာတ်မ'ရှိသဖြင့် နေ၏'ဓာတ်မ'က ကြယ်တံခွန်အမြီး၏ 'ဓာတ်မ'ကို တွန်းခွာသောကြောင့် ဖြစ်တန်ရာသည်ဟု ဆိုသည်။ ကြယ်တံခွန်သည် နေရှိရာသို့ ပြန်လာသည်လည်း ရှိသည်။ နောက်ထပ်ပြန်မလာတော့ဘဲ တစ်ခါတည်း အစအနပျောက်သွားသည်လည်း ရှိသည်ဟု ယူဆခဲ့ကြသည်။ သို့ရာတွင် ယခုအခါ နက္ခတ်ဆရာအများကပင် ကြယ်တံခွန်ကို နေစကြဝဠာတွင်အပါအဝင်ဖြစ်သည် ဟူ၍လည်းကောင်း၊ ယင်းသည် နေနှင့်ဂြိုဟ်များဖြစ်ပေါ်ရာ နက်ဗျူလာကြီး၏ ပါးသောအစွန်းအနားမှ ပေါ်ပေါက်လာဟန်ရှိသည်ဟူ၍လည်းကောင်း ယုံကြည်ယူဆလာကြလေပြီ။ ကမ္ဘာမှမြင်ရသော ကြယ်တံခွန်တို့သည် ဂြိုဟ်များ ကဲ့သို့ပင် ကိုယ်ပိုင်လမ်းကြောင်းများဖြင့် နေကိုလှည့်ပတ်နေ ကြသည်။ သို့သော် ကြယ်တံခွန်၏ လမ်းကြောင်းကား ဂြိုဟ်တို့၏ ဘဲဥပုံလမ်းကြောင်းတို့ထက် များစွာပို၍ရှည်လျားသည်။ ယင်းသို့ လှည့်ပတ်နေကြယင်း ကြယ်တံခွန်သည် နေရှိရာသို့ ပြန်လည်ရောက်ရှိလာမည်ဟု ယူဆကြရာ၊ ဤသို့ ယူဆသည့်အတိုင်းလည်း နေရှိရာသို့ အချိန်မှန် ပြန်လည့်လာသော ကြယ်တံခွန်များကို တွေ့မြင်ရပေသည်။ ကြယ်တံခွန်များကို အချိန်ကြာ ကြယ်တံခွန်နှင့် အချိန်တို ကြယ်တံခွန်ဟူ၍ ၂ မျိုး ၂ စား ခွဲခြားထားသည်။ အချိန်ကြာ ကြယ်တံခွန်သည် အလွန်တောက်ပ၍ သာမန်မျက်စိနှင့် မြင်နိုင်သော အမြီးပါရှိသည်။ အချိန်တိုကြယ်တံခွန်မျိုးတွင် အမြှီးမပါ သလောက် ဖြစ်သည်ကို တွေ့ရ၏။ ဟယ်လီကြယ်တံခွန် ၁၆၈၂ ခုနှစ်တွင် နာမည်ကျော် အင်္ဂလိပ်လူမျိုး သင်္ချာနှင့် နက္ခတ်ဆရာကြီး အက်ဒမန်ဟယ်လီသည် အလွန်တောက်ပသော ကြယ်တံခွန်ကြီးတစ်လုံးကို ကြည့်ရှုစစ်ဆေးပြီးနောက်၊ ထိုကြယ်တံခွန်သည် နောက် ၇၆ နှစ်ကြာ၍၊ ၁၇၅၈ ခုနှစ်သို့ရောက်လျှင် ကမ္ဘာမှမြင်နိုင်အောင် ပြန်လာလိမ့်မည်ဟု ကြိုတင် အဟောထုတ်ခဲ့လေသည်။ ဤသို့ အဟောထုတ်ခဲ့သည့်အတိုင်း ထိုကြယ်တံခွန်သည် ၁၇၅၈ ခုနှစ်၌ ပြန်လည်ရောက်ရှိလာပေသည်။ ဟောကိန်းထုတ်ခဲ့သူ နက္ခက်ဆရာကြီး၏ အမည်ကို အစွဲပြု၍၊ ထိုကြယ်တံခွန်ကိုလည်း ဟယ်လီကြယ်တံခွန်ဟု ခေါ်ကြသည်။ ဟယ်လီကြယ်တံခွန်သည် ၇၆ နှစ်တွင် တစ်ကြိမ် ကမ္ဘာသို့ ချဉ်းကပ်လာ၍၊ နောက်ဆုံးအကြိမ် ပေါ်ခဲ့သောနှစ်မှာ ၁၉၁၀ ခုနှစ် ဖြစ်လေသည်။ အခြားထင်ပေါ်ကျော်ကြားသော ကြယ်တံခွန်များမှာ အင်ကီကြယ်တံခွန်၊ ဗီအဲလားကြယ်တံခွန်၊ ဒိုနားတီးကြယ်တံခွန်တို့ ဖြစ်ကြသည်။ အင်ကီကြယ်တံခွန်သည် ၃ နှစ်နှင့် ၆ လကြာတိုင်း ကမ္ဘာသို့ တစ်ကြိမ် ချဉ်းကပ်လာသည်။ ဗီအဲလားကြယ်တံခွန်သည် ၁၈၄၆ ခုနှစ်တွင် ၂ ခြမ်းကွဲသွားပြီးနောက်၊ အစိတ်စိတ်အမြွာမြွာ ထပ်မံ၍ ကွဲထွက်သွားပြန်သည်။ ဒိုနားတီးကြယ်တံခွန်မှာ ၁၉ ရာစုအတွင်း ပေါ်သော ကြယ်တံခွန်တို့အနက် အထွန်းလင်းဆုံး ကြယ်တံခွန် ဖြစ်၏။ ကြယ်တံခွန်သည် အရွယ်ပမာဏအားဖြင့် အလွန်အမင်း ကြီးမားကြပေသည်။ ကြယ်တံခွန်၏ ဦးခေါင်းမှာ မိုင်ပေါင်း ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိကျယ်ပြန့်၍၊ အမြီးမှာ မိုင်ပေါင်း အသိန်းအသန်းရှည်လျားသည်။ ကြယ်တံခွန်ဦးခေါင်း၏ နျူးကလီးယပ်အပိုင်းသည် မိုင် သုံး/လေးရာမှ မိုင် ခုနှစ်/ရှစ်ထောင်အထိ ကျယ်ပြန့်သည်။ ကြယ်တံခွန်တို့သည် အေးစက်နေသော အလင်းမဲ့ဒြဗ်ထုများဖြစ်၍၊ ယင်းတို့တွင် အစိုင်အခဲရော ဓာတ်ငွေ့များပါ ပါဝင်ကြသည်။ ကြယ်တံခွန်တို့သည် နေသို့ချဉ်းကပ်လာမှ အလင်းရောင် ထွက်လာသည်။ ထိုအလင်းရောင်သည် နေရောင်မှ ပြန်ဟပ်သော အလင်းရောင်ပြန်လော၊ သို့မဟုတ် နေပူရှိန်ကြောင့် ပူပြင်းတောက်လောင်ရာမှ ထွက်လာသော အလင်းရောင်လော ဆိုသည်ကိုမူ အတိအကျမသိရသေးပေ။ နေနှင့်ဝေးချိန်၌ ကြယ်တံခွန်တို့သည် နှေးကွေးစွာ ရွေ့လျားကြသော်လည်း နေသို့ ချဉ်းကပ်လာသောအခါ တစ်စက္ကန့်တွင် မိုင် ၃၀၀ (တစ်မိနစ်တွင် မိုင်ပေါင်း ၁၈၀၀)နှုန်း ပေါက်အောင်ပင် ကြောက်ခမန်းလိလိ လျင်မြန်လာတတ် ပေသည်။ ကြယ်တံခွန်နှင့် ကျွန်ုပ်တို့ကမ္ဘာ ဝင်တိုက်မိတတ်ပေသည်။ ကြယ်တံခွန်နှင့် ကျွန်ုပ်တို့ကမ္ဘာ ဝင်တိုက်မိသည့်အခါမျိုးနှင့် ကြုံကြိုက်ခဲ့ဘူးသော်လည်း၊ ကမ္ဘာ၌ မည်သို့မျှ ဘေးအန္တရာယ်မဖြစ်ခဲ့ပေ။ ဝင်တိုက်မိမှန်းကိုပင် မသိရချေ။ ကြယ်တံခွန်များ၏ အစိတ်အပိုင်း ၃ ပိုင်း ကြယ်တံခွန်တို့သည် နေအဖွဲ့အစည်းအတွင်းမှ သေးငယ်သော အရာဝတ္ထုများဖြစ်ပြီး နေကို လှည့်ပတ်လျက် ရှိသည်။ နေနှင့် နီးလာသည်နှင့်အမျှ နေရောင်ခြည်လေ (solar wind) ၏ သက်ရောက်မှု့ကြောင့် တောက်ပသော အမြီးထွက်ပေါ်လာသည်။ ကြယ်တံခွန်တစ်ခုအား အောက်ပါအတိုင်း အစိတ်အပိုင်း (၃)ခု ခွဲခြားသတ်မှတ်နိုင်သည် - ဝတ်ဆံပိုင်း (nucleus) ကိုမာ/ဦးခေါင်းပိုင်း (coma) အမြီးပိုင်း (tail) တို့ဖြစ်သည်။ ဝတ်ဆံပိုင်း (nucleus) ဝတ်ဆံပိုင်း (nucleus) သည် ရေခဲနှင့်ဖုန်မှုန့်များရောနှောနေခြင်းဖြစ်သည်။ အရွယ်အစားမှာ အချင်းမိုင်အနည်းငယ်မျှသာရှိတက်သည်။ အများအားဖြင့် ၁၀ကီလိုမီတာ (၆ မိုင်) ခန့်သာ ရှိတက်ပါသည်။ ဤအပိုင်းသည် အေးလွန်းသဖြင့် အဆိုင်အခဲဖြစ်နေသော အမာခံ ကျောက်တုံးကျောက်ခဲ အပိုင်းဖြစ်သည်။ အထူးသဖြင့် ရေခိုးရေငွေ့များ၊ မီသိန်း၊ မီသိုင်းစိုင်ယင်နိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ အမိုးနီးယား မြူမှုန်များ၊ ဖုန့်မှုန့်များ နှင့် အခြားဟိုက်ဒရိုကာဗွန်များ စုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကိုမာ/ဦးခေါင်းပိုင်း (coma) ကြယ်တံခွန်များသည် နေနှင့်နီးလာသည်နှင့်အမျှ ဝတ်ဆံအပိုင်း မှဓာတ်ငွေ့များက လေထုသဖွယ် ဖြစ်ပေါ်လာသည်။ ၎င်းအပိုင်းကို ကိုမာ (coma) ဟုခေါ်သည်။ ကိုမာအပိုင်းသည် ၈၀၀၀၀ ကီလိုမီတာ (မိုင် ၅၀၀၀၀) ခန့်လောက်ထိရှိတက်ပြီး ဝတ်ဆံပိုင်း(nucleus)ကို တိမ်တိုက်များသဖွယ် ဖုံးအုပ်ထားသည်။ ကိုမာအပိုင်းသည် နေနှင့်အနီးဆုံးအချိန်တွင် အကြီးဆုံးတွေ့မြင်ရပြီး နေနှင့်ဝေးလေ အချင်းငယ်သွားလေဖြစ်သည်။ နေနှင့် ပို၍ နီးကပ်လာသောအခါ နေ၏ဆွဲအားကြောင့် အရှိန်ပိုမြန်လာသည်။ နေရောင်ခြည်လေ (solar wind) သက်ရောက်မှု့ကြောင့် ဓာတ်ငွေ့နှင့် ဖုန်မှုန့်များသည် အမြီးအဖြစ် ပန်းထွက်လာသည်။ အမြီးပိုင်း (tail) ကြယ်တံခွန်များသည် နေနှင့်နီးလာသည်နှင့်အမျှ နေရောင်ခြည်လေ (solar wind) အားသက်ရောက်မှု့ကို ပိုမိုခံလာရပြီး ကိုမာမှ ဓာတ်ငွေ့များနှင့် ဖုန်မှုန့်များ သည် နောက်တွင်အမြီးသဏ္ဌာန် တန်း၍ထွက်ပေါ်လာသည်။ ကြယ်တံများ၏ အမြီးပိုင်းသည် နေနှင့်ဆန့်ကျင်ဘက် ကို အမြဲတစေတန်းလျက် ရှိကြသည်။ နေ၏ အနီးနားသို့ ရောက်လာသည်နှင့် အမျှ နေမှထုတ်လွှင့်သော ခရမ်းလွန်ရောင်ခြည်များနှင့် ကြယ်တံခွန်မှ ဓာတ်ငွေ့အမှုန်များ တိုက်ရိုက်ထိတွေ့ကြသဖြင့် ကြယ်တံခွန်တို့၏အရောင်သည် ပို၍တောက်ပလာသည်။ အမြီးသည်လည်း ပို၍ရှည်လျားလာသည်။ ကြယ်တံခွန်တစ်လုံးတွင် အမြီး ၂ ပါရှိသည်။ ဖုန်မှုန့် အမြီး နှင့် အိုင်ယွန်းအမြီး တို့ဖြစ်သည်။ ပြင်ပလင့်များ Comets Page at NASA's Solar System Exploration International Comet Quarterly How to Make a Model of a Comet audio slideshow – National High Magnetic Field Laboratory Catalogue of the Solar System Small Bodies Orbital Evolution Information about comets and asteroids ကိုးကား ကြယ်တံခွန်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%9A%E1%80%BA%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA
ကင်မရာ
ကင်မရာဆိုသည်မှာ ရုပ်ပုံများကို ရုပ်သေဓာတ်ပုံ အနေနှင့် ဖြစ်စေ ရုပ်ရှင်၊ ဗွီဒီယိုတို့ကဲ့သို့သော ပြောင်းလဲနေသော ရုပ်ပုံများအနေနှင့် ဖြစ်စေ ဖမ်းယူရိုက်ကူးသော ကိရိယာဖြစ်သည်။ ကင်မရာဆိုသော အင်္ဂလိပ်စကားလုံးမှာ လက်တင်ဘာသာ camera obscura မှဆင်းသက်လာပြီး မှောင်နေသောအခန်း ဟုအဓိပ္ပာယ်ရသည်။ ထိုသို့အမည်မှည့်ခေါ်ရခြင်းမှာ ရှေးခေတ်ကာလများက ဓာတ်ပုံရိုက်ကူးရာတွင် အခန်းတစ်ခုလုံးကို ပြင်ပ၌လက်ရှိဖြစ်ပေါ်နေသော ရုပ်ပုံများကို ဖမ်းယူရိုက်ကူးရန်အတွက် အသုံးချသောစနစ် ကြောင့်ဖြစ်သည်။ ခေတ်သစ်ကင်မရာများသည် ထိုစနစ်မှ တိုးတက်ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကင်မရာများသည် မြင်နိုင်သော ဖြာထွက်ရောင်ခြည် အပိုင်းအခြား (visible spectrum) မှ အလင်းရောင်ကို အသုံးပြု၍ ရိုက်ကူးနိုင်သကဲ့သို့ အခြားလျှပ်စစ်သံလိုက်ဖြာထွက်ရောင်ခြည် အပိုင်းအခြား(electromagnetic spectrum)များကို အသုံးပြု၍လည်း ရိုက်ကူးနိုင်သည်။ ကင်မရာတွင် အစွန်းတစ်ဖက်တွင် အလင်းရောင်ဝင်ရောက်နိုင်သည့် အဖွင့် (အပါချာ)တစ်ခု ပါဝင်သည့် အလုံပိတ်ထားသော အခေါင်းပေါက်တစ်ခု၊ အခြားတစ်ဖက်စွန်းတွင် အလင်းရောင်ကို ဖမ်းယူ၍ ရိုက်ကူးရန်နှင့် ကြည့်ရှုရန်အတွက် မျက်နှာပြင်တစ်ခုတို့ ယေဘူယျအားဖြင့် ပါဝင်သည်။ ကင်မရာအများစုတို့၌ ကင်မရာ၏အရှေ့ဘက် အဖွင့်ပိုင်းတွင် ဝင်ရောက်လာသော အလင်းတန်းများကို စုစည်းရန်နှင့် ရုပ်ပုံ၏ အားလုံး သို့မဟုတ် တစိတ်တဒေသကို တစ်နေရာတည်းသို့စုရုံး(focus) ရန် မှန်ဘီလူးတစ်ခုပါရှိသည်။ အပါချာ၏ အချင်းကို ကျဉ်းနိုင်ချဲ့နိုင်သော ဒိုင်ယာဖရမ်စနစ်ဖြင့် များသောအားဖြင့် ထိန်းချုပ်၍ရနိုင်သော်လည်း အချို့ ကင်မရာများတွင်မူ အသေတပ်ဆင်ထားသော အပါချာသာ ပါရှိသည်။ ဘိုးတော်ဘုရားနှင့် ကင်မရာ ကုန်းဘောင်မင်းဆက်၊ ဘိုးတော်ဘုရားလက်ထက် ၁၇၉၇ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဦးဆုံးသော ကင်မရာ တစ်လုံးရောက်ရှိလာခဲ့ဖူးသည်။ ထိုစဉ်က ကမ္ဘာပေါ်တွင် ဓာတ်ပုံပညာ ကို လေ့လာဆဲဖြစ်ပြီး ဓာတ်ပုံကင်မရာများ စမ်းသပ်နေဆဲကာလ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဓာတ်ပုံကင်မရာ ပေါ်ပေါက် ခဲ့သောနှစ်မှာ ၁၈၃၉ ခုနှစ်က ဖြစ်သည်။ ထိုကြောင့်မြန်မာနိုင်ငံသို့ ကင်မရာ ရောက်လာသော ခုနှစ်နှင့်နှိုင်းယှဉ်လျှင် အလှမ်းဝေးလှသေးသည်။ တနည်းဆိုသော် ကမ္ဘာပေါ်တွင် ကင်မရာဟူ၍ သိသိမှတ်မှတ် မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ သို့ ကင်မရာတစ်လုံး ရောက်ရှိလာခြင်းပင်ဖြစ်သည်။ ယင်းကင်မရာကို မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သူမှာ အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ် ကပ္ပတိန် ဟီရမ်ကော့ (Hiram Cox) ဆိုသူဖြစ်သည်။ ယင်းကင်မရာမှာ ကနဦး ရိုးရိုးကင်မရာဖြစ်သည့် ကင်မရာ အော့ဘ်စကူးရား (Camera Obscura) သေတ္တာကင်မရာ အမျိုးအစားပင်ဖြစ်သည်။ မစ္စတာကော့စ် သည် ယင်းကင်မရာဖြင့် နေကြက်ခြင်း ဓာတ်ပုံများ ရှုခင်းများ ရိုက်ယူရန် ယူဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် နန်းစံသော ဘိုးတော်ဘုရားထံတော်သို့ ယင်းကင်မရာကို ဆက်သလိုက်သောအခါ မင်းကြီးသည် လွန်စွာအံဩသဘောတွေ့သွား၍ မစ္စကော့စ် အားဆုတော်ငွေများ ချီးမြှင့် ခဲ့ကြောင်းလေ့လာ သိရှိရသည်။ ကိုးကား ဓာတ်ပုံပညာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%84%E1%80%BA%E1%80%99%E1%80%9B%E1%80%AC
နာရီ
နာရီဆိုသည်မှာ အချိန် သို့မဟုတ် ကာလကို ထိန်းသိမ်းညွှန်ပြသော ကိရိယာဖြစ်သည်။ အင်္ဂလိပ်ဘာသာ clock ဆိုသော စကားလုံးမှာ (ဒတ်ချ်ဘာသာ၊ မြောက်ပိုင်းပြင်သစ်ဘာသာ၊ အလယ်ခေတ် လက်တင် ဘာသာမှတစ်ဆင့်) Celtic စကားလုံး clagan နှင့် clocca မှတစ်ဆင့် ဆင်းသက်လာပြီး ခေါင်းလောင်းဟု အဓိပ္ပာယ်ရသည်။ အချိန်ကို လေ့လာတိုင်းတာသော ပညာရှင်များ (horologists) နှင့် အခြားအထူးပြုပညာရှင်များအတွက်မူ clock ဆိုသော စကားလုံးမှာ ခေါင်းလောင်းတီးခြင်းနှင့် မောင်းထုခြင်းစသော အသံပေးခြင်းနည်းအားဖြင့် အချိန်ကို ကြေညာပေးသော ရိုက်ခတ်သော နည်းစနစ်ဖြင့် ပြုလုပ်ထားသော အထူးကိရိယာအဖြစ် ဆက်လက်၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထိုသို့သောနည်းမပါပဲ ပြုလုပ်ထားသော အချိန်ကိုညွှန်ပြသည့် အသံတိတ်ကိရိယာကိုမူ ပုံမှန်အားဖြင့် အချိန်ပြကိရိယာ (timepiece) ဟု သိရှိကြသည်။ သို့သော် ယနေ့ခေတ်ကာလ အသုံးအနှုန်းတွင် ယေဘူယျအားဖြင့် clock ဆိုသော အသုံးအနှုန်းမှာ ခန္ဓာကိုယ်တွင် ဝတ်ဆင်သော လက်ပတ်နာရီ (watch) မှအပ အချိန်ကို ဖော်ပြတိုင်းတာသော မည့်သည့်ကိရိယာကိုမဆို ခေါ်ဆိုကြသည်။ သမိုင်းကြောင်း နာရီသည် လူတို့၏ ရှေးအကျဆုံးသော တီထွင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သဘာဝအလျောက် တိုင်းတာသတ်မှတ်မှုများဖြစ်သော နေ့၊ လ နှင့် နှစ်တို့ထက် ပို၍တိုတောင်းသော အချိန်ကာလအပိုင်းအခြားကို တသမတ်တည်း တိုင်းတာရန် လူတို့၏ လိုအပ်မှုအတွက် အထောက်အကူဖြစ်စေသည်။ ထိုသို့သော တိုင်းတာမှုများအတွက် ကိရိယာများလိုအပ်သည်။ လွန်ခဲ့သော ထောင်စုနှစ်များအတွင်းက ရုပ်ပိုင်းဆိုင်ရာ သဘောတရားအရ ကွဲပြားခြားနားသော နည်းစနစ်များရှိသော ကိရိယာများကို အသုံးပြုခဲ့ကြပြီး နောက်ဆုံးတွင် ယနေ့ခေတ်တွင် အသုံးပြုသော နာရီများဖြစ်လာခဲ့သည်။ နေနာရီနှင့် အခြားကိရိယာများ နေနာရီသည် နေ့တစ်နေ့၏ အချိန်ကာလကို နေမှ အရိပ်ကျရာ အရပ်မျက်နှာပေါ်မူတည်၍ တိုင်းတာပြီး ရှေးဟောင်းခေတ်များက ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။ ကောင်းမွန်စွာ ဒီဇိုင်းပြုလုပ်ထားသော နေနာရီသည် ဒေသတစ်ခုအတွင်းရှိ နေနှင့်ပတ်သတ်သော အချိန်ကို လက်ခံနိုင်လောက်သော တိကျမှုအထိ တိုင်းတာပေးနိုင်သည်။ ခေတ်သစ်အချိန်ကာလထိ တိုင်အောင်ပင်နေနာရီကို အသုံးပြု၍ နာရီတို့၏ ကောင်းမွန်မှု ကို တိုင်းတာနိုင်သည်။ သို့သော် နေနာရီတွင် နေ၏ အလင်းရောင်လိုအပ်ခြင်းနှင့် ညဖက်တွင် လုံးဝ အလုပ်မလုပ်ခြင်းစသည့် အကန့်အသတ်များရှိသည်။ ထို့အတွက်ကြောင့် အချိန်ကို တိုင်းတာရန် အတွက် အခြားနည်းလမ်းများကို အသုံးပြုရန် တွန်းအားပေးသည့် ပမာပင်ဖြစ်သည်။ ဖယောင်းတိုင်နာရီ နှင့် အမွှေးတိုင်များကို ခန့်မှန်းနိုင်သော အချိန်ကာလဖြင့် လောင်ကျွမ်းစေခြင်းအားဖြင့်လည်း ကုန်လွန်သွားသော အချိန်ကာလကို ခန့်မှန်းရန် အသုံးပြုကြသည်။ သဲနာရီတွင်မူ အလွန်အရွယ်အစားသေးငယ်သော သဲမှုန်များကို အပေါက်ငယ်ကလေး တစ်ခုအတွင်းမှ ပုံမှန်အရှိန်နှုန်းဖြင့် ကျဆင်းစေပြီး ထိုသို့ပြုလုပ်ခြင်းမှ မိမိစိတ်ကြိုက် ကြိုတင်သတ်မှတ်ထားသော အချိန်ကာလတစ်ခုကို ညွှန်ပြစေသည်။ ရေနာရီများ ရေနာရီများကို အင်္ဂလိပ်ဘာသာတွင် clepsydra ဟုလည်းခေါ်ပြီး နေနာရီများနှင့်အတူပင် ရှေးအကျဆုံးအချိန်ကို တိုင်းတာသော ကိရိယာများ ဖြစ်နိုင်သည်။ ထိုထက်ပို၍ ရှေးကျသော အချိန်တိုင်းတာသည့် ကိရိယာဆို၍ gnomon ဟုခေါ်သည့် နေနာရီတစ်မျိုးနှင့် ရက်ကို ရေတွက်သည့် တာလီ များသာရှိသည်။ ရေနာရီများသည် အလွန်ရှေးကျသည့်အတွက်ကြောင့် မည်သည့်နေရာတွင် မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည် ဆိုသည့်အချက်ကို မသိရှိကြပဲ သိရှိနိုင်ရန်လည်း မလွယ်ကူပေ။ ဟင်းချိုခွက်ပုံသဏ္ဌန် အပြင်ဘက်သို့စီးဆင်းသော ရေနာရီသည် အရိုးရှင်းဆုံးသော ရေနာရီပုံသဏ္ဌန်ပင် ဖြစ်ပြီး ဘေဘီလုံ နှင့် အီဂျစ်တို့တွင် ဘီစီ ၁၆ရာစုကပင် ရှိခဲ့သည်ဟု သိရှိရသည်။ အိန္ဒိယ နှင့် တရုတ် တို့အပါအဝင် အခြားဒေသများတွင်လည်း ရေနာရီကို အသုံးပြုခဲ့သော ရှေးကျသည့် အထောက်အထားများရှိသည်။ သို့သော် အစောဆုံး အသုံးပြုခဲ့သည့် အချိန်ကာလမှမူ မသေချာလှပေ။ အချို့သော စာရေးဆရာများကမူ ထိုဒေသများတွင် ရေနာရီသည် ဘီစီ ၄၀၀၀ ခန့်ကပင်ရှိခဲ့သည်ဟု ရေးသားကြသည်။ အစောပိုင်းနာရီများ ကိုးကား နာရီများ အချိန်တိုင်းတာရေး စနစ်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%9B%E1%80%AE
တံတား
တံတားဆိုသည်မှာ ချောက်၊ ချိုင့်ဝှမ်း၊ လမ်း၊ ရထားသံလမ်း၊ မြစ်၊ ရေထု သို့မဟုတ် အခြားရုပ်ဝတ္ထုအတားအဆီးများ၏ အစွန်းနှစ်ဖက်ကို ဆက်သွယ်ထားသော တည်ဆောက်မှုဖြစ်ပြီး အရံအတားများကို ကျော်ဖြတ်သွားနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ သမိုင်းကြောင်း ပထမဆုံးသော တံတားများမှာ သဘာဝအလျောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စမ်းချောင်းများပေါ်တွင် သစ်ပင်များလဲကျခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး လူတို့တည်ဆောက်ခဲ့သော တံတားများမှာ သစ်တုံးများ၊ သစ်သားပြားများနှင့် နောက်ဆုံးတွင် ကျောက်တုံးများဖြင့် အစွန်းနှစ်ခုကို ချိတ်ဆက်ထားပြီး ရိုးရှင်းသော ထောက်ကန်မှုနှင့် ကန့်လန့်ဖြတ်ယက်မ များကို အစီအစဉ်တကျ ချထားခြင်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်သည်။ အစောပိုင်းတည်ဆောက်ခဲ့သော တံတားအများစုမှာ လေးလံသော အလေးချိန်နှင့် ပြင်းထန်သောရေစီးအား၏ဒဏ်ကို မခံနိုင်ပေ။ ထိုသို့သော မပြည့်စုံမှုများကပင် ပိုမို၍ကောင်းမွန်သော တံတားများဖြစ်ပေါ်စေရေးအတွက် တွန်းအားပေးခဲ့သည်။ အိန္ဒိယမှ ရာမဇာတ်တော်ကြီးတွင် ရာမ၏စစ်တပ်မှ အိန္ဒိယ မှ လင်္ကာအထိ တံတားများဆောက်ခဲ့ကြောင်း ဒဏ္ဍာရီပမာ ရေးသားဖော်ပြထားသည်။ ကာဠုဒီသ ၏ အာသာသျှတ္တရတွင် တံတားများ နှင့် ဆည်များ တည်ဆောက်ခြင်းအကြောင်းဖော်ပြခဲ့သည်။ ဂျိမ်းစ်ပရင့်ဆက်က ဂယာနာ အနီးတွင် ရှိသော မောရိယတို့၏ တံတားကို ကွင်းဆင်း လေ့လာခဲ့ဖူးသည်။ ဝါးများကိုတွဲဆက်သုံးခြင်းနှင့် သံကြိုးများဖြင့် တည်ဆောက်ထားသော ပိုမိုခိုင်မာသော တံတားများကို အိန္ဒိယတွင် ၄ ရာစုခန့်မှ စတင်တွေ့မြင်နိုင်သည်။ စစ်ဘက်သုံးရန် နှင့် အရပ်ဖက်သုံးရန် အတွက် တံတားများကို အိန္ဒိယတွင် မူဂယ် အုပ်ချုပ်ရေးခေတ်၌ တည်ဆောက်ခဲ့သည်။ ရှေးဟောင်းခေတ်တွင် အကြီးကျယ်ဆုံး တံတား တည်ဆောက် နိုင်သူများမှာ ရောမလူမျိုးများ ဖြစ်သည်။ ရှေးခေတ်ရောမလူမျိုးတို့သည် ယခင် ပျက်စီးနိုင်သည့်ဒီဇိုင်းကို မွမ်းမံ၍ အခုံးပါသော တံတားများနှင့် ရေသွယ်သည့်မြောင်းများ တည်ဆောက်ခဲ့ကြသည်။ အချို့တံတားများကို ယနေ့ထက်တိုင်ပင်တွေ့နိုင်သည်။ ဥပမာအားဖြင့် စပိန်နိုင်ငံ တားဂတ်စ် (Tagus) မြစ်ပေါ်တွင် ဖြတ်၍ဆောက်လုပ်ထားသော အယ်လ်ကန်တာရာ (Alcántara) တံတားဖြစ်သည်။ အလွန်ရှေးကျသော ဒီဇိုင်းများတွင် ရေစီးသန်ပါက ရေစီးနှင့်အတူမျောပါသွားနိုင်သည်။ ရိုမန်တို့သည်လည်း သဘာ၀ကျောက်တုံးများတွင် ခံနိုင်အားကွာခြားမှုမရှိသော ဘိလပ်မြေကိုသုံးခဲ့ကြသည်။ ပိုဇိုလာနာ (pozzolana) ဟုခေါ်သော ဘိလပ်မြေတွင် ရေ၊ ထုံးကျောက်၊ သဲနှင့် မီးတောင်ကျောက်များပါဝင်သည်။ အုတ်နှင့် အင်္ဂတေသုံးသော တံတားများကိုမူ ရောမခေတ်နောက်ပိုင်းတွင်မှ တည်ဆောက်ခဲ့ကြသည်။ ဘိလပ်မြေ၏ နည်းပညာမှာ ပျောက်ကွယ်ခဲ့ပြီး နောက်မှ တဖန် ပြန်လည်အသုံးပြုခဲ့ကြသည်။ တရုတ်ပြည်တွင် ချင် မင်းဆက်မတိုင်မီ ပြည်ထောင်အချင်းချင်း စစ်ဖြစ်နေသော ကာလက သစ်သားတံတားများကို တည်ဆောက်ခဲ့ကြသော်လည်း ယနေ့တိုင် ကြွင်းကျန်ရစ်သော ရှေးအကျဆုံးသော တံတားမှာ အေဒီ ၅၉၅ ခုနှစ်မှ ၆၀၅ ခုနှစ်အတွင်း ဆွီမင်းဆက် လက်ထက်က တည်ဆောက်ခဲ့သော ကျောင်ကျို တံတား ဖြစ်သည်။ ထိုတံတားသည် စပန်ဒရယ်လ် အဖွင့် (open-spandrel) ပုံစံနှင့် အပိုင်းအခြား အလိုက် တည်ဆောက်ခဲ့သော တံတားများတွင် ရှေးအကျဆုံးသော တံတားအဖြစ် သမိုင်းတွင် ထင်ရှားသည်။ ဥရောပမှ အပိုင်းအခြား အလိုက် တည်ဆောက်ခဲ့သော တံတားမှာ အေဒီ ၂ရာစု ခန့်တွင် တည်ဆောက်ခဲ့သော အယ်လ်ကွန်နက်တာ တံတားအထိ ခန့်မှန်း နိုင်သည်။ ရောမခေတ် အေဒီ ၁၀၅ ခုနှစ်ခန့်တွင် တည်ဆောက်ခဲ့သော ထရာဂျန် တံတားမှာလည်း စပန်ဒရယ်အဖွင့် ပုံစံနှင့် အပိုင်းအခြားလိုက် သစ်သားဖြင့် တည်ဆောက်ထားသော တံတား ဖြစ်သည်။ ကြိုးတံတားမှာ ဆပ်စပင်းရှင်း တံတား၏ ရိုးစင်းသော ပုံစံ ဖြစ်ပြီး ဥရောပတို့ ကိုလိုနီမပြုခင် ၁၅၀၀-ခုနှစ်များတွင် တောင်အမေရိက အန်ဒပ်စ် တောင်တန်းများရှိ အင်ကာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတွင် အသုံးပြုခဲ့သည်။ ၁၈ ရာစုနှစ် အတွင်းတွင် ဟန်အူးလ်ရစ်၊ ဂျိုဟန် ဂရူဘန်မန် နှင့် အခြားသူတို့က သစ်သားတံတားများ ၏ ဒီဇိုင်းကို အတွေးသစ် အမြင်သစ်ဖြင့် ကြံစည်ဖော်ထုတ် ခဲ့ကြသည်။ တံတား ဆောက်လုပ်ခြင်း အင်ဂျင်နီယာ ဘာသာရပ်နှင့် ပတ်သက်သည့် ပထမဆုံး စာအုပ်ကို ဟူးဘတ် ဂေါ်တီယာက ၁၇၁၆ တွင် ရေးသားခဲ့သည်။ ၁၇၇၉ ခုနှစ် အင်္ဂလန် နိုင်ငံ ကိုးလ်ဘရွတ်ဒေးတွင် သံတံတား (The Iron Bridge) ကို စတင် တည်ဆောက်ခဲ့သည့် အချိန်မှ စ၍ တံတား နည်းပညာတွင် ကြီးကျယ်သော အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ ထိုတံတားတွင် ပထမဆုံး အနေနှင့် တံတားခုံးများကို သံဖြင့် ဆောက်လုပ်ခဲ့ပြီ: ဆီဗန်းမြစ်ကို ဖြတ်ကျော်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉ရာစု စက်မှုတော်လှန်ရေးနှင့်အတူ ကြီးမားသော တံတားများအတွက် သံကြွပ်များဖြင့် ဒိုင်းသဏ္ဌန် တည်ဆောက်သည့် စနစ်ကို တီထွင်ဖော်ထုတ်ခဲ့ကြသည်။ သို့သော် သံတွင် ကြီးမားသော ဝန်ကို ထမ်းနိုင်သည့် ဆန့်နိုင်အား (Tensile Strength) မရှိပေ။ ဆန့်နိုင်အား ပိုများသော စတီးလ်၏ နည်းပညာ တိုးတက်မှုနှင့်အတူ ပိုမို၍ ကြီးမားသော တံတားများကို တည်ဆောက်လာခဲ့ကြသည်။ အများစုမှာ ဂုစတေ့ဗ် အီဖဲလ်၏ အိုင်ဒီယာကို ယူ၍ တည်ဆောက်ကြခြင်း ဖြစ်သည်။ ၁၉၂၇ ခုနှစ်တွင် ဂဟေကို ပထမဆုံးစတင် အသုံးပြုသူ စတီဖန် ဘရိုင်လာက ကမ္ဘာ့ပထမဆုံး ဂဟေအသုံးပြုသည့် တံတားကို ပိုလန်နိုင်ငံ လိုဝစ်ဇ် (Łowicz) ဒေသအနီးရှိ စလဒ်ဝီယာ မော်ဇိုက်စ် (Słudwia Maurzyce) မြစ်ကို ဖြတ်၍ ၁၉၂၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အမေရိကန် ဂဟေ အဖွဲ့အစည်းမှ ပိုလန်နိုင်ငံရှိ တံတားကို သမိုင်းဝင် ဂဟေဆက် အဆောက်အအုံဆု ပေးအပ်ခဲ့သည်။ အမည်မှည့်ခေါ်ခြင်း(ZMA/Thae) အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်မှ bridge ဆိုသော အင်္ဂလိပ်စာလုံးသည် ရှေးခေတ်သုံး အင်္ဂလိပ်စာလုံး brycg မှ ဆင်းသက်လာသည်ဟု ရေးသားထားသည်။ တံတားအမျိုးအစားများ အဓိကအားဖြင့် တံတားများကို ယက်မတံတားများ၊ မောင်းကန်တံတားများ၊ တံတားခုံးများ၊ ကြိုးတံတားများ၊ ကြိုးဆိုင်းတံတားများနှင့် ဒိုင်းကန်တံတားများဟူ၍ အမျိုးအစား (၆)မျိုးခွဲခြားနိုင်သည်။ ယက်မတံတားများ ယက်မတံတားများမှာ အလျားလိုက် ယက်မများကို အဆုံးသတ် တစ်ဖက်တစ်ချက်စီတွင် ကမ်းပါးအစပ်များက ထောက်ကန်ပေးထားခြင်းဖြစ်သည်။ အစောဆုံး ယက်မတံတားများမှာ စမ်းချောင်းများပေါ်တွင် သစ်တုံးများကို ကန့်လန့်ဖြတ်လှဲချထားခြင်းနှင့် ၎င်းနှင့် အလားသဏ္ဌန်တူသည့် ဆောက်လုပ်မှုများ ဖြစ်သည်။ ယခုခေတ်တွင်မူ ယက်မတံတားများမှာ စတီးလ်ယက်မများနှင့် ဆောက်လုပ်ထားသော ကြီးမားသော တံတားများ ဖြစ်သည်။ ယက်မများပေါ်ရှိ ဝန်မှာ တံတား၏ တစ်ဖက်တစ်ချက်ရှိ ကမ်းပါးအစပ်များကို တိုက်ရိုက် သက်ရောက်စေသည်။ ယက်မတံတားများကို အများအားဖြင့် သစ် သို့မဟုတ် သံထည်ဖြင့် တည်ဆောက်လေ့ရှိကြသည်။ မောင်းကန်တံတားများ ကိုးကား တံတားများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8
မာတင် လူသာကင်း ဂျူနီယာ
မာတင်လူသာကင်း ဂျူနီယာ (Martin Luther King Jr) ( January 15,1929-April 4,1968) သည် အာဖရိကန်-အမေရိကန် သင်းအုပ်ဆရာ တစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေး လှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန် လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်းအား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။ ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မှောက်မူ့တွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံနှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကင်းသည် အယ်လဘားမားပြည်နယ် ဘာမင်ဟန်မြို့သို့ချီတက်ကာ I Have a Dream (ကျွန်တော် အိပ်မက်မက်တယ်) ဟူသော မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေး အမြင်များအား နိုးကြားစေခဲ့ကာ သူကိုယ်တိုင်သည်လည်း အမေရိကန် သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။ သူ၏ အကြမ်းမဖက်ရေး လှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။ သူသေမည့် ၁၉၆၈ ခုနှစ်ထဲတွင် သူ၏ ဆင်းရဲမွဲတေမှု လျော့ချခြင်းနှင့် ဗီယက်နမ် စစ်ပွဲအား ဆန့်ကျင်သည့် အချက်အား ဘာသာရေး ရှုထောင့် မှနေ၍ ပြန်လည်သုံးသပ်ခဲ့သည်။ ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက်လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။ ငယ်စဉ်ဘဝ မာတင်လူသာကင်းအား ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တွင် ၁၉၂၉၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင်မွေးဖွားခဲ့သည်။ သူ၏ မိဘများမှာ မာတင်လူသာကင်း စီနီယာနှင့် အယ်လဘာတာဝီလျံကင်းတို့ဖြစ်ကြသည်။ သူ၏ ဖခင်မှာ သားနှစ်ယောက်အား မိုက်ကယ်ကင်းနှင့် မိုက်ကယ်ကင်း ဂျူနီယာဟု အမည်ပေးခဲ့သော်လည်း ၁၉၃၄ ခုနှစ်တွင် ဂျာမနီသို့သွားရောက် လည်ပတ်ပြီးသည်တွင် ခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ပုဂ္ဂိုလ်ကြီးအားဂုဏ်ပြုသည့် အနေဖြင့် သားနှစ်ယောက်လုံးအား မာတင်ဟု နာမည်ပြောင်းခဲ့သည်။ မာတင်ဆိုသည့်နာမည်မှာ ထိုခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ဂျာမနီပရိုတက်စတင့် ဂိုဏ်းဝင် မာတင်လူသာ ၏ အမည်ဖြစ်သည်။ အတ္တလန်တာ မြို့တွင် ကြီးပြင်းခဲ့စဉ်ကာလအတွင်း မာတင်လူသာကင်းသည် ဘွတ်ကာတီဝါရှင်တန် အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ သူသည် ကိုးတန်း နှင့် ဆယ့်နှစ် တန်းအဆင့်များအား အဆင့်ကျော်အောင်မြင်နိုင်ခဲ့ပြီး ၁၅ နှစ်သားအရွယ်တွင် အတ္တလန်တာရှိ မိုးဟောက်စ် လူမည်းကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့သည်။ မိုးဟောက်စ် ကျောင်းမှ လူမှုရေးဒဿန (sociology) ဘာသာဖြင့် ဘွဲ့ရခဲ့ပြီးနောက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ချက်စတာမြို့ရှိ ခရိုဇာ သီအိုလိုဂျီကယ် ဆီမင်နရီ ကျောင်းတွင် ပညာဆက်သင်ခဲ့သည်။ ထိုကျောင်းမှ ဘာသာရေးဆိုင်ရာ ဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် ၁၉၅၅ ခုနှစ်တွင် ဘာသာရေးအတွေးအခေါ် ဖြင့် ဒေါက်တာဘွဲ့ကို ရယူခဲ့သည်။ ကင်းသည် ကော်ရက်(စ်)တာစကော့ဆိုသူအမျိုးသမီးနှင့် ၁၉၅၃ ဂျွန်၊ ၁၈ ရက်နေ့တွင်လက်ထပ်ခဲ့သည်။ ကင်းနှင့် စကော့တို့သည် သားသမီး လေးယောက်ထွန်းကားခဲ့သည်။ ၁၉၅၄ ခုနှစ် ကင်း အသက် ၂၅ နှစ်အရွယ်တွင် အယ်လဘားမား ပြည်နယ်၊ မောင့်ဂိုမာရီမြို့တွင် သင်းအုပ်ဆရာတော်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့လေသည်။ မောင့်ဂိုမာရီ ဘတ်စ်လိုင်းအား သပိတ်မှောက်မှု ၁၉၅၅ ခုနှစ် မတ်လတွင် အသက် ၁၅ နှစ်အရွယ်ကျောင်းသူလေး တစ်ယောက်သည် သူ၏ အနီးရှိ လူဖြူအမျိုးသား တစ်ယောက်အား ထိုင်ခုံပေးရန် ငြင်းဆန်ခဲ့သောကြောင့် ဥပဒေအရ အရေးယူခံခဲ့ရလေသည်။ ဘာမင်ဂမ် အာဖရိကန်-အမေရိကန် ကော်မတီဝင်ဖြစ်သော ကင်းက ထိုကိစ္စကို အရေးယူဖြေရှင်းချင်သော်လည်း၊ အက်ဂါနစ်ဆန်(Edgar Nixon) နှင့် ကလစ်ဖို့ဂျား Clifford Durr တို့က ပိုမိုကောင်းမွန်သော အချက်ကြုံမှဖြေရှင်းရန် တားမြစ်ခဲ့ကြသည်။ ၁၉၅၅ ဒီဇင်ဘာ ၁ ရက်နေ့တွင် လူမည်းအမျိုးသမီး တစ်ယောက်ဖြစ်သော ရိုဆာပတ်(Rosa Parks) သည် လူဖြူအမျိုးသားတစ်ယောက်အား ထိုင်ခုံပေးရန်ငြင်းဆန်မှုဖြင့် အဖမ်းခံခဲ့ရလေသည်။ ထိုကိစ္စအား လူမည်းများက မကျေနပ်သောကြောင့် ဘတ်စ်ကားလိုင်းအား သပိတ်မှောက်ခဲ့ရာ နစ်ဆန်က အဓိက အကြံဉာဏ်နှင့် အစီအစဉ်များ ချမှတ်၍ ကင်း ကဦးဆောင်ခဲ့သည်။ ရက်ပေါင်း ၃၈၅ ရက်မျှ သပိတ်မှောက် ခဲ့ပြီး လူမည်းများက တရားရုံးချုပ်အထိ လျှောက်လဲခဲ့ကြသည်။ ဆန္ဒပြကာလအတွင်း တင်းမာမူ့များဖြစ်လာခဲ့ပြီး ကင်း၏ အိမ်သည်လည်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ထိုလှုပ်ရှားမှုအတွင်းတွင် ကင်း သည်လည်း ဖမ်းဆီးခံခဲ့ရသည်။ နောက်ဆုံးတွင် မောင်ဂိုမာရီသည် ဘတ်စ်ကားလိုင်းသည် နီဂရိုး အစည်းအရုံးကို အလျှော့ပေးခဲ့ရပြီး အမေရိကန်တရားရုံးချုပ်ကလည်း မောင်ဂိုမာရီရှိ လူထုဘတ်စ်ကားများပေါ်တွင် လူဖြူ၊ လူမည်းခွဲခြားခြင်းကို ပယ်ဖျက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။ မောင်ဂိုမာရီ အရေးတော်ပုံတွင် အောင်ပွဲ စတင်ရရှိလိုက်သောကြောင့် ကင်း၏ဒဿနကို မှတ်ကျောက်တင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုနှစ်ကာလများအတွင်းတွင် ကင်း၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ထိုင်သပိတ်များ မှောက်ကြပြီး လူမည်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံ ကင်း၊ Ralph Abernathy နှင့် အခြား လူမှုအခွင့်အရေး လှုပ်ရှားသူများသည် ၁၉၅၇ ခုနှစ်တွင် တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံ(Southern Christian Leadership Conference,SCLC) ကို တည်ထောင်ခဲ့သည်။ ထိုအုပ်စုသည် လူမည်းဘုရားကျောင်း များ၏ သာသနာရေးအာဏာကို စုစည်းအသုံးပြုကာ မြို့ပြလူမှုအခွင့်အရေး လှုပ်ရှားဆန္ဒပြသူများအတွက် အကြမ်းမဖက်ရေး လမ်းစဉ်ကို အသုံးပြုရန် ဖန်တီးလှုံ့ဆော်ခဲ့ကြသည်။ ကင်းသည် သူသေဆုံးသည်အထိ SCLC အဖွဲ့အား ဦးဆောင်မှုပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သူ၏ စာအုပ်ဖြစ်သော Strive Toward Freedom အား Harlem ကုန်တိုက်စတိုးတွင် လက်မှတ်ရေးထိုးပေးခိုက် စိတ်မနှံ့သူ လူမည်း အမျိုးသမီးတစ်ဦးမှ ဓားဖြင့်ထိုးခဲ့ရာ နှလုံးနှင့် အနီးဆုံးနေရာကို ထိသွားခဲ့ဖူးသည်။ အလွန်ကံကောင်း သောကြောင့် ကင်းသည် သေဘေးမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ ဂန္ဒီ၏ အကြမ်းမဖက်ရေး လှုပ်ရှားမူ့များသည် ကင်းအပေါ်တွင် များစွာလွှမ်းမိုးခဲ့ပြီး၊ ထိုနည်းလမ်းများသည် အယ်လဘားမား ပြည်နယ်ရှိ လူ့အခွင့်အရေး လှုပ်ရှားမှုများအား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ SCLC မှ စုစည်းပေးသော ဆန္ဒပြသူများအား ကင်းသည် အကြမ်းမဖက်ရေးဝါဒများကို ဟောပြောပို့ချပေးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သူသည် The Measure of A Man ဆိုသည့်စာအုပ်ကို ရေးသားခဲ့ပြီး ထိုစာအုပ်အား What is Man ဟူသော စာအုပ်မှ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းစာအုပ် The Measure of A Man တွင်လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဆောက်အဦးများ၏ အခက်အခဲရုန်းကန်ရမှုများကို ခြယ်မှုန်းရေးသားခဲ့သည်။ ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို(FBI) မှလည်း ကင်းအား ၁၉၆၃ ခုနှစ်မှစတင်ကာ တယ်လီဖုန်းကြားဖြတ် နားထောင်ကာ စုံစမ်းခဲ့သည်။ ညွှန်ကြားရေးမှူးချုပ် ဂျေအဂ္ဂါဟူးဗားသည် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ကွန်မြူနစ်များက စိမ့်ဝင်ထိုးဖေါက်လာမည်ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် စုံစမ်းမှုများလုပ်ခဲ့သော်လည်း မည်သည့်အထောက်အထားမှ မရှိခဲ့သဖြင့် တယ်လီဖုန်းလိုင်းတစ်ခုမှ မတော်တဆဖမ်းယူခဲ့သော ကင်း၏ ပုဂ္ဂလိက အကြောင်းအား တိပ်ဖြင့်ဖမ်းကာ ကင်းအား ထင်ရှားသော ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် ဖိအားပေး ခြိမ်းခြောက်ခဲ့သည်။ ကင်းသည် လူမည်းများအား စုစည်းကာ ဦးဆောင်မှုပေးနိုင်ခဲ့ပြီး လူမည်းများမဲပေးခွင့်၊ လူဖြူလူမည်း တန်းတူအခွင့်အရေး ရရှိမှု၊ အလုပ်သမား အခွင့်အရေးနှင့် အခြားအခြေခံ လူ့အခွင့်အရေးများအား တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်များထဲမှ အများအပြားမှာ အောင်မြင်မှုများရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စု ဥပဒေများထဲတွင် ၁၉၆၄ လူမှုအခွင့်အရေး ဥပဒေနှင့် ၁၉၆၅ မဲပေးခွင့်ဥပဒေများအဖြစ် ထည့်သွင်းအသက်ဝင်စေခဲ့သည်။ ကင်းနှင့် SCLC တို့သည် အကြမ်းမဖက်ရေး ဆန္ဒပြမှု စည်းမျဉ်းများအား ချမှတ်နိုင်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုများလည်း ရရှိခဲ့သည်။ အောင်မြင်ရသော အကြောင်းရင်းများတွင် ဆန္ဒပြမှု နည်းလမ်းများနှင့် ဆန္ဒပြရမည့် နေရာများအား မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်သည်။ အာဏာပိုင်များမှ မကြာခဏဆိုသလိုပင် ပုံမှန်နှိပ်ကွပ်မှုများနှင့်လည်း ဆန္ဒပြသူများ ကြုံခဲ့ရသည်။ တစ်ခါတစ်ရံတွင် ထိုနှိမ်နင်းမှုများသည် အကြမ်းဖက်ပွဲများဆီသို့ ဦးတည်သွားတတ်လေသည်။ ဘာမင်ဟန် တိုက်ပွဲ ဘာမင်ဟမ် ဆန္ဒပြပွဲသည် အာဖရိကန်-အမေရိကန် များ၏ လူမှုအခွင့်အရေးများ ပိုမိုရရှိစေရန်အတွက် SCLC ၏ မဟာဗျူဟာ မြောက်သော စီစဉ်မှုတစ်ရပ်လည်းဖြစ်သည်။ ထိုဆန္ဒပြပွဲသည် နှစ်လမျှကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မှုရရှိခဲ့သည်။ ထိုစဉ်က အရေးအခင်းအား ပြည်သူ့လုံခြုံရေး ဌာန မင်းကြီး သီအိုဖီးလ်စ်(ဘူးလ်) ကွန်နာ က ကိုင်တွယ်ခဲ့သည်။ ဆန္ဒပြသူအများအပြားအားလည်း ထောင်သွင်း အကျဉ်းချခဲ့ကြသည်။ ထိုအထဲတွင် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များပင် ပါဝင်လေသည်။ ရဲများသည် ဆန္ဒပြသူများအား တုတ်ဖြင့်ရိုက်ခြင်း၊ သံချပ်ကာ ကားဖြင့် ဝင်တိုက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ထိုအဖြစ်အပျက်များအား မြင်တွေ့ရသော လူဖြူများပင်လျင် လူမှုအခွင့်အရေး လှုပ်ရှားမူ့အတွင်း ပါဝင်လာကြသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ အကျပ်အတည်း တစ်ရပ်အား မာတင်လူသာကင်းသည် ဖန်တီးနိုင်ခဲ့လေသည်။ ထိုအကျပ် အတည်းမှ တဆင့် လိုချင်သော ဆန္ဒများအား အကြမ်းမဖက်ရေး နည်းလမ်းကို အသုံးပြုကာ တောင်းယူခဲ့ကြသည်။ ဆန္ဒပြပွဲကြီး ပြီးဆုံးသွားပြီးနောက် ကွန်နာသည် အလုပ်ပြုတ်သွားပြီး ကင်းမှာ ပိုမိုနာမည်ကျော်ကြားလာလေသည်။ အကျိုးဆက်အားဖြင့် အများပြည်သူဆိုင်ရာနေရာ အများစုသည် လူမည်းများအတွက်လည်း အကျုံးဝင်လာလေသည်။ လုပ်ကြံခံရခြင်း ကင်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရသော လော်ရိန်း တည်းခိုခန်းအာ ယခုအခါ နိုင်ငံတော်လူမှုအခွင့်အရေး ပြတိုက်အဖြစ်ပြောင်း လဲထားသည်။ ၁၉၆၈ ခုနှစ်နွေဦးတွင် သာမန်အလုပ်သမား ပြဿနာလေးတစ်ခုအား ဖြေရှင်းရန် မင်းဖစ်မြို့သို့ ကင်းရောက်ရှိခဲ့သည်။ မင်းဖစ်မြို့တွင် တံမြက်လှည်း၊ မြောင်းဖော်၊ အညစ်အကြေး ဆေးကြောသန့်ရှင်းရသည့် အလုပ်သမား ၁၃၀၀ ခန့်ရှိသည်။ ထိုအလုပ်သမားအားလုံးမှာ လူမည်းများဖြစ်ကြပြီး လုပ်ခလစာ အလွန်နည်းပါးသည့် အတွက် လစာတိုးပေးရန် သပိတ်မှောက်ကြသည်။ ပထမဆုံး ဆန္ဒပြချီတက်ပွဲမှာပင် လူမည်းများက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ကင်းစိတ်ပျက်သွား ခဲ့သည်။ သူ၏ အကြမ်းမဖက်ရေး ဝါဒမှာ သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားသည်ဟု ခံစားမိကာ မင်းဖစ်မြို့မှ ကင်းလှည့် ပြန်ခဲ့သည်။ သို့သော် လုပ်ဖော်ကိုင်ဖက်များက ဝိုင်း၍ တိုက်တွန်းကြသည့်အတွက် နောက်ဆုံတွင် မင်းဖစ်သို့ ပြန်သွားရန် သဘောတူခဲ့သည်။ လူမည်းတစ်ယောက်ပိုင်ဆိုင်သည့် လော်ရိန်းအမည်ရှိတည်းခိုခန်းတွင် တည်းခိုခဲ့သည်။ ဧပြီလ ၄ ရက်နေ့ညနေတွင် သူတည်းခိုသည့် အခန်း နံပါတ် ၃၀၆ မှနေ၍ အပြင်ဘက်ထွက်လာကာ လေညင်းခံရန်အတွက် လသာဆောင်တွင် ထွက်ရပ်သည်။ ထိုအချိန်တွင် လမ်းတစ်ဖက် မျက်နှာခြင်းဆိုင်အိမ်အပေါ်ထပ်မှ နေ၍ လူသတ်သမားက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်လိုက်သည်။ ကျည်ဆန်သည် ကင်း၏ လည်ပင်းကိုဖေါက်ထွက်သွားသည်။ သေနတ်ပစ်ခံရပြီး တစ်နာရီအကြာ ည ရ နာရီ ၅ မိနစ်တွင် စိန့်ဂျိုးဆက် ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ၃၉ နှစ်သာ ရှိသေးသည်။ မာတင်လူသာကင်းအား လုပ်ကြံသတ်ဖြတ်သူမှာ လူဖြူကြီးစိုးရေး ဝါဒီ အစွန်းရောက်တစ်ဦး ဖြစ်သည့် ဂျိမ်းစ်အားလ်ရေး ဆိုသူ ဖြစ်သည်။ သူ့ကို ဖမ်းဆီးမိပြီးနောက် ထောင်ဒဏ် ၉၉ နှစ်ချမှတ်ခဲ့သည်။ အကိုးအကား လူမှုရေး လုပ်ငန်းဖြင့် ထင်ရှားသူများ‎ အမေရိကန်ပြည်ထောင်စု
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%90%E1%80%84%E1%80%BA%20%E1%80%9C%E1%80%B0%E1%80%9E%E1%80%AC%E1%80%80%E1%80%84%E1%80%BA%E1%80%B8%20%E1%80%82%E1%80%BB%E1%80%B0%E1%80%94%E1%80%AE%E1%80%9A%E1%80%AC
အဲလ်ဘတ် အိုင်းစတိုင်း
အဲလ်ဘတ် အိုင်းစတိုင်း ( ; ) ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဖွားမြင်ခဲ့သည်။ သူ၏ မိဘများသည် ယဟူဒီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း ဂျာမန် ဂန္ထဝင်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။ အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။ ခေတ်သစ်ရူပဗေဒ၏ ခက်မာ ၂ ခုဖြစ်သော (ကွမ်တမ်မက္ကင်းနစ်နှင့်အပြိုင်) ယေဘုယျနှိုင်းရသီအိုရီကို မွမ်းမံဆန်းသစ်ခဲ့သူလည်း ဖြစ်သည်။ ငယ်ဘဝ အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလှသည်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်သည်။ မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရသည်။ ဒါပေမယ့် သူသည် အသက် ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်သည်။ အသက် ၁၀ နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု မိဘများကို ပြောခဲ့ဖူးပါသည်။ အိုင်းစတိုင်းနှင့် သင်္ချာ အိုင်းစတိုင်းသည် ငယ်စဉ်ကတည်းက သင်္ချာနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်ခဲ့သည်။ ၁၂ နှစ်သားအရွယ်ကပင် အက္ခရာသင်္ချာနှင့် ယူကလစ် ဂျီဩမေတြီကို တစ်နွေအတွင်း မိမိဘာသာ သင်ယူတတ်မြောက်ခဲ့သည်။ ထို့အပြင် အိုင်းစတိုင်းသည် ပိုင်သာဂိုရ သီအိုရမ်၏ မူလသက်သေပြချက်အား ၎င်းကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သေးသည်။ ပထမကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်ကလည်း တင်းကျပ်ပြင်းထန်လွန်းနေလေသည်။ အိုင်းစတိုင်း၏ မိဘများလည်း စီးပွားရေး အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး သူတို့က အီတလီနိုင်ငံ မီလန်မြို့ကို ပြောင်းရွှေ့သွားကြသည်။ သို့သော် အိုင်းစတိုင်းသည် အထက်တန်းပညာ မပြီးဆုံးခင် ၁၅ နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံကနေ ထွက်ခွာပြီး မိဘများရှိရာ မီလန်ကို လိုက်သွားခဲ့လေသည်။ အိုင်းစတိုင်း၏ မိဘများသည် စီးပွားရေး အခြေအနေမကောင်းလှသော်လည်း သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင် ပညာဆက်သင်နိုင်အောင် ပို့ပေးခဲ့လေသည်။ ဇူးရစ်သိပ္ပံကျောင်းကို ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းသည် သင်္ချာဘာသာတွင် အမှတ်ကောင်းသော်လည်း နိုင်ငံခြားဘာသာ (ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ဘာသာရပ်များမှာ ကျရှုံးခဲ့လေသည်။ သို့သော် ကျောင်းအာဏာပိုင်များက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်သင်ယူဖို့ အကြံပေးခဲ့ကြသည်။ အိုင်းစတိုင်းသည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ်ကြာ တက်ရောက် ဆည်းပူးခဲ့လေသည်။ သူသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ ၁၉၀၀ ပြည့်နှစ် ဩဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း ဩစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch နဲ့ ချစ်ကြိုးသွယ်ခဲ့လေသည်။ လုပ်ငန်းခွင် ဝင်ခြင်း ကျောင်းပြီးသွားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင် အလုပ်ဝင်ခဲ့လေသည်။ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အိုင်းစတိုင်းနှင့် မီလီဗာတို့ လက်ထပ်ခဲ့လေသည်။ နှိုင်းရသီအိုရီ အိုင်းစတိုင်းသည် တတ်ထားသည့်ပညာရပ်များနှင့် လားလားမှမဆိုင်သော အလုပ်ကို လုပ်နေရသော်ငြား စိတ်ပျက်ခြင်းမရှိဘဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လေသည်။ သူသည် ဓာတ်ခွဲခန်းမရှိဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာရှင်ကြီးများ၏ စာအုပ်စာတမ်းများကို ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက်နှင့် နေခဲ့လေသည်။ ၁၉၀၅ ခုနှစ်တွင် သူ၏ နှိုင်းရသီအိုရီ (Relativity Theory) တစ်ခုကို တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမနီဖွား ယဟူဒီအနွယ်ဝင် တစ်ဦး ဖြစ်သည့်အတွက် မခန့်ချင်ခန့်ချင် ခန့်ခဲ့ကြခြင်း ဖြစ်သည်။ သူ၏ ကျော်ကြားလှသည့် သီအိုရီကို ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူတို့ရဲ့ သားဦး Hans Albert ကို မွေးဖွားပေးခဲ့သည်။ အိုင်းစတိုင်းသည် သူ၏ သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည်အထိ ခြောက်နှစ်ကြာ ကြိုးစားခဲ့လေသည်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ ထူးရှားနှိုင်းရသီအိုရီ (Special Relativity Theory) သည် သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေတော့သည်။ ၁၉၁၀ ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစုမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခဲ့ကြရသည်။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် ဩစတြီးယား ဟန်ဂေရီ အင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသည် ဇူးရစ်ထက် အစစအရာရာ သာသည့် အခြေအနေရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးသော မီလီဗာက အပြင်းအထန် ကန့်ကွက်ခဲ့လေသည်။ သို့သော် အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့လေသည်။ ထိုနေရာတွင် အဖိနှိပ်ခံဘဝကို နာကြည်းနေသော ချက်လူမျိုးများနှင့် ယဟူဒီလူမျိုးများ အများအပြား ရှိလေသည်။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ရှိနေစဉ်က စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ယဟူဒီခေတ်ပညာတတ်များ ဦးဆောင်ပြီး ဇီယွန်လှုပ်ရှားမှုများ လုပ်နေချိန် ဖြစ်လေသည်။ ထို့နောက် အိုင်းစတိုင်းသည် လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်သွားခဲ့လေသည်။ ထိုအချိန်မှစပြီး သူနှင့် မီလီဗာတို့လည်း လမ်းခွဲခဲ့ကြလေသည်။ ဂျာမနီတွင် အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမဝမ်းကွဲတော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပေးခဲ့သည်။ အယ်လ်ဆာသည် သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်သော်ငြား ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို လိုလေသေးမရှိအောင် ပြုစုလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းကတော့ သူ၏ နှိုင်းရသီအိုရီကိုပဲ ဆက်လက် တိုးချဲ့ဆန့်ထုတ်နေခဲ့သည်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲ အချိန်တွင်ပင် အိုင်းစတိုင်းသည် သူ၏ အထွေထွေနှိုင်းရသီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝေလိုက်လေသည်။ ၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းသည် မီလီဗာနှင့် တရားဝင် ကွာရှင်းပြီး အယ်လ်ဆာနှင့် လက်ထပ်လိုက်သည်။ ထို့နောက် ၁၉၂၃ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလေသည်။ ထိုဆုသည် သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့်အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။ သူသည် အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟက်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဏုမြူဗုံး (သို့) အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်သည်။ သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့်ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့လေသည်။ ထို့နောက် သူ၏ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခဲ့သည်။ ထိုသီအိုရီသည် ရှင်းလင်းလွယ်ကူမှု မရှိသည့်အတွက် လူအများ နားမလည်ခဲ့ချေ။ ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင် အိုင်းစတိုင်းသည် ပရင်စတန် ဆေးရုံကြီးပေါ်မှာ သေဆုံးသွားခဲ့လေသည်။ ကိုးကား ပြင်ပလင့်များ Einstein's Personal Correspondence: Religion, Politics, The Holocaust, and Philosophy Shapell Manuscript Foundation FBI file on Albert Einstein Einstein and his love of music, Physics World Albert Einstein on NobelPrize.org Albert Einstein, videos on History.com – free study course that explores the changing roles of physics and physicists during the 20th century Albert Einstein Archives Online (80,000+ Documents) (MSNBC, 19 March 2012) Einstein's declaration of intention for American citizenship on the World Digital Library Albert Einstein Collection at Brandeis University Digital Einstein at Princeton University အခြားကြည့်ရန် ယေဘုယျနှိုင်းရသီအိုရီ စတီဖင်ဟော့ကင်း နယူတန် ရူပဗေဒ ပညာရှင်များ စကြဝဠာဗေဒ ပညာရှင်များ ၁၈၇၉ မွေးဖွားသူများ ၁၉၅၅ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B2%E1%80%9C%E1%80%BA%E1%80%98%E1%80%90%E1%80%BA%20%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
Portal:အနုပညာ
ဂီတ :Category:ဂီတ :Category:မဟာဂီတ မြန်မာ မြန်မာ အဆိုတော်များ မြန်မာ ဂီတပညာရှင်များ မြန်မာ တေးရေးဆရာများ နိုင်ငံတကာ ဂီတ နိုင်ငံတကာ ဂီတပညာရှင်များ နိုင်ငံတကာ အဆိုတော်များ နိုင်ငံတကာ ဂီတအဖွဲ့များ စာပေ :Category:စာပေ မြန်မာစာပေ :Category:မြန်မာ အမျိုးသား စာရေးဆရာများ :Category:မြန်မာ အမျိုးသမီး စာရေးဆရာများ နိုင်ငံတကာ စာပေ :Category:စာရေးဆရာများ ပန်းချီ :Category:ပန်းချီ မြန်မာပန်းချီ :Category:မြန်မာပန်းချီများ နိုင်ငံတကာ ပန်းချီ :Category:နိုင်ငံတကာ ပန်းချီများ ရုပ်ရှင် ရုပ်ရှင် မြန်မာရုပ်ရှင် မြန်မာ ရုပ်ရှင်ဇာတ်ကားများ မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ ရုပ်ရှင် ဒါရိုက်တာများ နိုင်ငံတကာ ရုပ်ရှင် နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများ နိုင်ငံတကာ ရုပ်ရှင်သရုပ်ဆောင်များ နိုင်ငံတကာ ရုပ်ရှင်ဒါရိုက်တာများ ဝီကီပီးဒီးယား ကဏ္ဍများ
https://my.wikipedia.org/wiki/Portal%3A%E1%80%A1%E1%80%94%E1%80%AF%E1%80%95%E1%80%8A%E1%80%AC
Portal:လူမှုရေး
မနုဿတ္တ ဘာဝေါ ဒုလ္လဘောဟူ၍ အလွန်တရာ ရခဲလှသော လူ၏အဖြစ်ကို ရရှိကြသည့်အခိုက် လူလောက၌ဖြစ်ပျက် ပေါ်ပေါက်လျက်ရှိသော အကြောင်းအရာများကို အကြောင်းအကျိုးဆက်စပ်ကာ သိရှိနားလည်ထားကြမှသာ လူ့ဘဝကို ရရှိကျိုးနပ်ပေမည်။ ဤသို့ လူ့ လောက၏အကြောင်းကို လေ့လာဆည်းပူးခြင်းအတတ်ကို လူမှုရေးရာပညာ ဟုခေါ်သည်။ အကျဉ်းချုပ်အားဖြင့် လူမှုရေးရာပညာသည် လူလောကအဖွဲ့ အစည်းနှင့် လူလောက အဆောက်အအုံကြီးများ၏ သဘာဝနှင့် တိုးတက်ဖွံ့ ဖြိုးလာပုံကိုလေ့လာသော သိပ္ပံပညာတစ်ရပ်ဖြစ်ပေသည်။ လူမှုရေးရာ ပညာ ဟူသော ဝေါဟာရကို ပထမဦးဆုံး တီထွင်သုံးစွဲလိုက်သူမှာ ပြင်သစ်လူမျိုး ဒဿနိက ဗေဒပညာရှင်တစ်ဦးဖြစ်သော ဩဂတ်ကွန့် ဖြစ်ပေသည်။ ဖရက် ဒရစ် လေပလေးဆိုသူကလည်း လူမှုရေးရာ ပညာအကြောင်းကို ရေးသားခဲ့ လေသည်။ သို့ရာတွင် လူမှုရေးပညာနှင့်စပ်လျဉ်း၍ အများဆုံး ရှင်းလင်းရေး သားခဲ့သူမှာကား ဟာဗတ်စပင်ဆာ ဆိုသူပုဂ္ဂိုလ်ကြီးဖြစ်လေသည်။ လူမှုရေးပညာကို ကျွန်ုပ်တို့ လေ့လာကြရာတွင် လူ့လောက အဆောက်အအုံကြီးသည် မည်သို့ဖြစ်ပေါ်လာသနည်း။ လူအများအစုလိုက်အဖွဲ့လိုက်နေထိုင်ကြခြင်းသည် မည်သည့်အခါကစ၍ ပေါ်ပေါက်ခဲ့သနည်း စသည်တို့ကို လေ့လာကြရပေသည်။ လူသည် ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်ဦးဖြစ်သည် ဟုဆိုသည့်အတိုင်း ရှေးပဝေဏီအခါကပင် လူများသည် အချင်းချင်းစုဝေးနေထိုင် ပေါင်းသင်းဆက်ဆံခဲ့ကြ၍ ဤသို့ နေထိုင်ခြင်းပင်လျှင် လူလောကအပြင်ဘက်တွင် တစ်ကိုယ်တည်းနေခြင်း ထက် ကြီးပွားတိုးတက်နိုင်ကြောင်းကို သိရှိခဲ့ကြလေသည်။ လူများ အစုလိုက် အအုပ်လိုက် နေထိုင်ခြင်း၏ မူလဘူတမှာ အိမ်ထောင်စနစ်ပင် ဖြစ်သည်။ အိမ်ထောင်တစ်ခုတွင် မိခင် ဖခင်နှင့် သား သမီးများ တစ်စုတစ်ဝေးတည်း နေထိုင်စားသောက်ကြသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများ တိုးတက်ပွားများ လာပြီးလျှင် အသင်းအဖွဲ့များ ပြုလုပ်နေထိုင်လာကြလေတော့သည်။ လူဦးရေ တိုးတက်လာသည်နှင့်အမျှ ပေါင်းသင်းဆက်ဆံရေးတွင်လည်း နီးစပ်ရင်းနှီး လာပြီးလျှင် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုသည်ထက် ပြုလာကြရလေတော့သည်။ လူမှုရေးရာပညာတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်သောင်းများစွာ ရှေးခေတ်လူများ၏ အိမ်ထေင်မှုစနစ် ပေါ်ပေါက်ခဲ့ပုံ၊ ကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာများ ပေါ်ပေါက်လာခဲ့ပုံ၊ တစ်စထက်တစ်စပိုမို ရှုပ်ထွေးလာ သော မျက်မှောက် လူ့လောကအဆောက်အအုံကြီးတွင် ဃရာဝါသ (အိမ် ထောင်ခြင်း) ကိစ္စများ၊ ပစ္စည်းဥစ္စာ ပိုင်ဆိင်ခြင်းများ၊ အုပ်ချုပ်ရေး၊ ပညာ သင်ကြားရေး၊ အယူဝါဒ၊ စည်းရုံးလုပ်ကိုင်ရေး အစရှိသော အသွယ်သွယ် အဝဝ မြားမြောင်လှသည့် အကြောင်းကိစ္စများနှင့် မြို့ကြီးများတွင် နေထိုင် ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အမှုအခင်းဖြစ်ပွားခြင်း၊ တိုင်းတစ်ပါးသားတို့ ဝင်ရောက်နေထိုင်ခြင်း၏ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခဖြစ်ခြင်းကြောင့်ပေါ်ပေါက်လာရသော ပြဿနာရပ်များ၏ အကြောင်းတို့လည်း လူမှုရေးရာ ပညာတွင် ပါဝင်လေသည်။ အဆိုပါ လူမှုရေးရာ စနစ်များသည် ထာဝစဉ်မပြောင်းလဲပဲ အမြဲ တည်ရှိနေသည် မဟုတ်သော်လည်း အသင့်အတင့် ခိုင်မြဲတည်တံ့လျက် ရှိနေပေသည်။ ဤစနစ်များမှာ ဒုက္ခအခက်အခဲကို ရှောင်နိုင်သမျှရှောင်၍ အေးချမ်းသာယာပျော်ရွှင်မှုတို့ကို ရရှိနိုင်စေရန် နှစ်ပေါင်းများစွာ အမျိုးမျိုး အဖုံဖုံရှာဖွေစမ်းသပ် ကြည့်ရှုခြင်းဖြင့်ရရှိသော စနစ်များပင်ဖြစ်သည်။ သို့ရာတွင် အသစ်အသစ် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ဆီ လျော်အောင် လူမှုစံနစ်များကိုလည်း ပြုပြင်ပြေါင်းလဲကြရလေသည်။ ပမာ အားဖြင့် မျက်မှောက်ခေတ်တွင် ထွန်းကားသော စက်မှုလက်မှု ပညာရပ်များ နှင့် ကိုက်ညီအောင် လူမှုစနစ်နှင့် နေရေးထိုင်ရေးများကိုလည်း အကြီးအကျယ် ပြောင်းလဲပေးခဲ့ရလေသည်။ ပြောင်းလဲခြင်းမှာ ဓမ္မတာလူလောကကြီးသည် အစဉ်သဖြင့် ပြောင်းလဲလျက်ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခင်ကလည်း အစဉ်အမြဲပြောင်းလဲခဲ့၍ နောင်အခါ တွင်လည် အစဉ်အမြဲ ပြောင်းလဲနေမည်သာဖြစ်သည်။ လူမှုရေးရာပညာသည် ထိုပြောင်းလဲမှုများကို အထူးသတိပြုကာ လေ့လာလေသည်။ ပြောင်းလဲမှု တစ်ခုသည် လူလောကအား ကောင်းကျိုး ဆိုးကျိုးပေးနိုင်ပုံကို ဆင်ခြင်သုံး သပ်လေသည်။ ကောင်းကျိုးပေးသော ပြောင်းလဲမှုကို လူမှုစနစ် တိုးတက်မှု ဟုခေါ်၍ လူမှုရေးရာ ပညာရှင်များက ပြောင်းလဲမှုသဘောနှင့် ပြောင်းလဲမှု ဖြစ်ပေါ်စေသော အကြောင်းတရားများကို ရှာဖွေကြလေသည်။ ရှေးပဝေဏီခေတ်ကစ၍ ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ဆင်ခြင် တုံတရားကင်းမဲ့သော ရိုးရာအလိုက် ယုံကြည်မှုများရှိလေသည်။ ကျွန်ုပ်တို့ တွင်မျှမက ကမ္ဘာတစ်ဝှန်းလုံးရှိ နိုင်ငံခြားလူမျိုးများတွင်လည်း ဤကဲ့သို့ အလားတူ ယုံကြည်မှုများရှိသည်။ ထိုယုံကြည်မှုများမှာ အစွဲများဖြစ်လေ သည်။ လူမှုရေးရာပညာတွင် ထိုအစွဲများအကြောင်းကို ရှင်းလင်းဖော်ပြ ထားသည်ကို တွေ့ရှိရပေလိမ့်မည်။ ထို့အပြင် လူမှုရေးရာပညာကို လိုက်စား သူသည် လူများ၏ ထူးခြားသော အမူအကျင့်များ၊ ဓလေ့ထုံးစံများကို မည် မျှပင်သေးဖွဲသော အရာဖြစ်စေကာမူ လျစ်လျူရှု၍မထားချေ။ အဘယ်ကြောင့် ဆိုသော် ထိုအရာများသည် မည်မျှပင် သေးဖွဲစေကာမူ ပေါင်းသင်းဆက်ဆံ ခြင်း၊ တစ်ဦးကိုတစ်ဦး အတုခိုးခြင်း အစရှိသည့် လူမှုရေးရာကိစ္စများတွင် များစွာအရေးပါ အရာရောက်သောကြောင့် ဖြစ်လေသည်။ ကျွန်ုပ်တို့ နေ့စဉ် လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာများသည် လူမှုရေးရာ ပညာရပ်များတွင် အကျုံးဝင်နေသည်ဖြစ်ရာ ကျွန်ုပ်တို့အားလုံး သည် နေရင်းထိုင်ရင်း လူမှုရေးရာပညာကို လေ့လာလိုက်စားသည်နှင့် မခြားတော့ပေ။ ဤအချက်ကို သတိပြုမိသူ များစွာမရှိလှချေ။ သို့ရာတွင် မိမိတို့ပတ်ဝန်းကျင် အခြေအနေကို သတိပြု၍ ဆင်ခြင် သုံးသပ်ကာ စနစ် တကျ လေ့လာသူများ၏ ဦးရေမှာ တစ်နေ့တခြါး များပြါးလာပေပြီ။ ကျွန်ုပ်တို့သည် လူမှုရေးရာပညာကို လေ့လာလိုက်စားရာ၌ မိမိတို့နေထိုင်သော မြို့ရွာ၏သမိုင်း၊ မြို့ရွာတွင် မှီတင်းနေထိုင်ကြသော လူများ၏ အကြောင်းအရာ၊ ထိုသူများ မည်ကဲ့သို့ အသက်မွေးမှုအတွက် လုပ်ကိုင်နေ ထိုင်ကြပုံ၊ ထိုမြို့ ရွာတွင် ဘုရားဘယ်နှစ်ဆူ၊ ဘုန်းကြီးကျောင်း ဘယ်နှစ် ကျောင်းရှိသည် အစရှိသော အကြောင်းအရာများကို အားလပ်သည့်အချိန် များတွင် စုံစမ်းလေ့လာခြင်းဖြင့် အလွန်စိတ်ပါဝင်စားဖွယ်ကောင်းသော ဝါသနာတစ်ခုကို ရရှိနိုင်မည်ဖြစ်လေသည်။ လူမှုရေးရာပညာသည် ၁၉ ရာစုနှစ် အတွင်းကစ၍ စနစ်တစ်ကျ လေ့လာလိုက်စားလာသော ပညာတစ်ရပ်ဖြစ်ခဲ့သည်။ လူများသည် တစ်ဦး နှင့်တစ်ဦး ပိုမိုရင်းနှီးစွာ ဆက်ဆံပေါင်းသင်းလေလေ လူမှုရေးရာပညာသည် ပိုမို၍ အရေးပါအရာရောက်လာလေလေ ဖြစ်တော့သည်။ လူမှုရေးရာပညာ သည် လူတို့၏ ပေါင်းသင်းဆက်ဆံရေး၏ အကျိုးနှင့်အကြောင်းများကို လေ့လာ၍ ဥပဒေပြုပုဂ္ဂိုလ်များ လမ်းညွှန်သဖွယ် လိုက်နာရမည့် အဆုံး သတ် ယူဆချက်များကို ထုတ်ဖော်ပေးလေသည်။ လန်ဒန်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ် စသော အနောက်နိုင်ငံ တက္ကသိုလ်ကျောင်းကြီးများ တွင် လူမှုရေးရာပညာများကို သင်ကြားပို့ချလျက်ရှိရာ ရန်ကုန်တက္ကသိုလ် တွင်လည်း လူမှုရေးရာပညာကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပေး နေပေပြီ။ ကိုးကား မြန်မာ့စွယ်စုံကျမ်း လူမှုဗေဒ
https://my.wikipedia.org/wiki/Portal%3A%E1%80%9C%E1%80%B0%E1%80%99%E1%80%BE%E1%80%AF%E1%80%9B%E1%80%B1%E1%80%B8
Portal:ပထဝီဝင်
ဤဘာသာရပ်နှင့် ပတ်သက်၍ သက်ဆိုင်သော ခေါင်းစဉ်များကို ကြည့်လိုပါက အခြေခံ ပထဝီဆိုင်ရာ ခေါင်းစဉ်များ ကို ကြည့်ပါ။ ပထဝီဝင်
https://my.wikipedia.org/wiki/Portal%3A%E1%80%95%E1%80%91%E1%80%9D%E1%80%AE%E1%80%9D%E1%80%84%E1%80%BA
ခင်ညွန့် (ဗိုလ်ချုပ်ကြီး)
ဗိုလ်ချုပ်ကြီး ဦးခင်ညွန့် (၂၃ အောက်တိုဘာ ၁၉၃၉ မွေးဖွား) သည် မြန်မာ တပ်မတော်အရာရှိဟောင်းနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ်လည်းကောင်း၊ ၂၅ ဩဂုတ် ၂၀၀၃ မှ ၁၈ အောက်တိုဘာ ၂၀၀၄ အထိ မြန်မာနိုင်ငံ၏ နဝမမြောက် ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နေအိမ်အကျယ်ချုပ်ဖြင့် ၇ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ဦးခင်ညွန့်သည် မြန်မာတရုတ် တစ်ဦး ဖြစ်သည်။ ငယ်စဉ်ဘဝ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုတ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိ သဘောကျသွားသဖြင့် အနားသို့ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲ တပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၂၅ ကိုတက်ရောက်ကာ ရာထူးအလွန် အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိခဲ့ကြသည်။ နိုင်ငံရေး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ အမှတ် ၁ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အရေးအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။ နိုင်ငံခေါင်းဆောင်ကာလ ၁၉၈၈ အရေးအခင်းနောက် ၁၈-၀၉-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၎င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်။ ၎င်းနောက် ၁၉၉၁ တွင် ဗိုလ်ချုပ်အဆင့်၊ ၁၉၉၃ တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဖြစ်လာပြီး ၎င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို တိုးချဲ့လာခဲ့သည်။ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင် ပါဝင်ခဲ့သည်။ ၁၉၉၇ တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေး မှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ တပ်မတော်ထောက်လှမ်းရေး အကြီးအကဲ အပြင် (၂၅-၈-၂၀၀၃) ရက်နေ့မှ (၁၈-၉-၂၀၀၄) ရက်နေ့အထိ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့ပုံမှာ အောက်ပါအတိုင်းဖြစ်သည်- စစ်ဘက် နည်းဗျူဟာမှူး၊ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် (၁၉၈၃) တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး (၁၉၈၃-၂၀၀၁) စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးမှူး (၁၉၉၅-၂၀၀၁) တပ်မတော်ထောက်လှမ်းရေးမှူးချုပ်(၂၀၀၁-၂၀၀၄) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၏ စစ်ဘက်အကြံပေးအရာရှိ (၂၀၀၂-၂၀၀၄) အုပ်ချုပ်ရေးဘက် အတွင်းရေးမှူး(၁)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (၁၉၈၈-၁၉၉၇) အတွင်းရေးမှူး(၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇-၂၀၀၃) နိုင်ငံတော်ဝန်ကြီးချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ (နယကအဖွဲ့ဝင်) (၂၀၀၃-၂၀၀၄ အောက်တိုဘာ) ထူးခြားသောစွမ်းဆောင်ရည် ၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှ ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၉၀-ခုနှစ်ကျော် နှစ်များ နောက်ပိုင်းအထိ ခင်ညွန့်အား ဗိုလ်ချုပ်နေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။ ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးကြားတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့် အခြားအာဏာ သိမ်းခေါင်းဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ - လူထုမြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း၊ ဝါဒဖြန့်ချိမှုပုံစံများ ပါးနပ်သွက်လက်လျင်မြန် ထိရောက်ခြင်း၊ ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အဝမဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့် အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်းပေးခြင်း ဟုဆိုသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချ တတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အိမ်ထောင်ရေး ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေ နှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် Bagan Cybertech တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း တို့ကို ထွန်းကားခဲ့သည်။ ဒေါက်တာခင်ဝင်းရွှေရဲ့ အကိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တွင် ၂၀၁၀ ပြည့်အထိ ဗဟို အလုပ်အမှုဆောင်တာဝန်ထမ်း ဆောင်ခဲ့သူ ဒေါက်တာသန်းငြိမ်း ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံရန်ကြိုးစားခဲ့သည့် ဒီပဲယင်းအရေးအခင်းအပြီး ၂၀၀၃ ခု ဩဂုတ်လတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်း ခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့် ကို ကြေညာခဲ့သည်။ အာဆီယံ နိုင်ငံများနှင့် အနောက်နိုင်ငံများအကြား မြန်မာနိုင်ငံနှင့် ၎င်း၏ စစ်အစိုးရ ဝင်ဆံ့နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆို ခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်း၍ ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ်ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ်မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီးစန်းပွင့်၊ ဗိုလ်မှူးကြီးမြင့်အောင်ကျော်တို့ကို ဖမ်းဆီး အရေးယူခဲ့သည်။ ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ဗိုလ်မှူးကြီး ခင်အောင်အပါအဝင် ၎င်းထောက်လှမ်းရေးအရာရှိကြီး ၃၈ ဦးကို အကျင့်ပျက်ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော်အထိ ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။ ပြန်လွတ်လာခြင်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂၀၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွှတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်းနေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့် ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့ပြီး နိုင်ငံရေး မလုပ်တော့ကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့သည်။ ရေးသားခဲ့သော စာအုပ်များ အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် အောက်ပါစာအုပ်များ ရေးသားခဲ့သည် - နိုင်ငံ၏ အနောက်ဘက်တံခါးပေါက်က ပြဿနာ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ ဥပဒေ၏အထက်မှာ သစ်လုံးတွေ တောင်လိုပုံလို့ မြန်မာတကောင်း ပျူတကောင်း ကျွန်တော်ရယ် ထောက်လှမ်းရေးရယ် နဝတနှင့်နအဖရယ် မဟာမြိုင်တောရ ခရီးသွားမှတ်တမ်း မဟာမြိုင်တောကြီးအတွင်းက လေးကျွန်းရန်အောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲ အတွင်းရေးမှူး (၁) ဦးခင်ညွန့်အကြောင်းရေးထားသောစာအုပ်များ ဦးခင်ညွန့် (သို့) ရက်စက်မှုအပေါင်း သရဖူ ဆောင်းခဲ့သူ လက်ရှိအခြေအနေ ၂၀၂၁စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေဆုံခဲ့ရာတွင် အသက် ၈၂နှစ် ထောက်လှမ်းရေး အရာရှိဟောင်းကြီး ဦးခင်ညွန့်သည် အယ်ဇိုင်းမား ရောဂါခံစားနေရသည် ဟုလည်း သိရသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်သားများသည် ၎င်း၏ အိမ်သို့သွား၍ အကူအညီလိုပါက ပေးမည် ဟု ပြောရာ ဦးခင်ညွန့်သည် ၎င်း၏ ပင်စင်နှင့် အခြားသောအကျိုးခံစားခွင့်များကို တောင်းဆိုခဲ့ရာ စစ်ကောင်စီက ကရုဏာကြေး အများအပြားပေးခဲ့သည် ဟုလည်း သိရသည်။ ကိုးကား မြန်မာ စစ်အုပ်ချုပ်ရေးခေတ် အကြီးအကဲများ‎ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%84%E1%80%BA%E1%80%8A%E1%80%BD%E1%80%94%E1%80%B7%E1%80%BA%20%28%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
အယူသည်းခြင်း
အယူသည်းခြင်းဆိုသည်မှာ သဘာဝလွန်အဖြစ်အပျက်များကို ရိုးရာအစဉ်အလာအားဖြင့်သို့မဟုတ် မသိလိုက်မသိဖာသာ ယုံကြည်လက်ခံကျင့်သုံးခြင်းပင်ဖြစ်သည်။ အချို့သော ထုံးတမ်းစဉ်လာများမှာ အယူသည်းခြင်းများနှင့် ဆက်စပ်နေသော်လည်း အယူသည်းခြင်း မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အဖြစ်ပြုလုပ်နေခြင်းမျိုးလည်း ရှိသည်။ နိုင်ငံတကာမှ အယူသည်းခြင်းများ ၁၃ ဂဏန်းနှင့် ဆက်စပ်သော အယူသည်းခြင်း ခရစ်တော် သည် နောက်ဆုံးညစာစားပွဲတွင် တပည့်သာဝက ၁၃ ဦးနှင့် အတူ ညစာစားခဲ့သည်။ ထို့ကြောင့် ၁၃ ဂဏန်းကို ကံမကောင်းသော ဂဏန်းအဖြစ် လူအများစုက လက်ခံကြသည်။ ကမ္ဘာပေါ်ရှိ ဟိုတယ်အများစုတွင် ၁၃ ဂဏန်း သို့မဟုတ် ပေါင်းခြင်း ၁၃ ရသော အခန်းနံပါတ် ထားလေ့မရှိကြပေ။ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအဝင် အချို့ ဟိုတယ်များတွင် ၁၃ ထပ်ကို ပင် အင်္ဂလိပ်အက္ခရာဖြင့် ပြောင်းရေးလေ့ရှိသည်။ အသုဘအခမ်းအနားများမှ အယူသည်းခြင်း အသုဘ အခမ်းအနားများ၌ ပန်းခွေချခြင်းသည် အယူသည်းခြင်းမှ ဆင်းသက်လာသော ထုံးတမ်းအစဉ်အလာဖြစ်သည်။ အသုဘအခမ်းအနားများတွင် ပန်းခွေချခြင်းဖြင့် သေဆုံးသူ၏ ဝိဉာဉ်ကို လွတ်ထွက်မသွားအောင် ချုပ်တည်းနိုင်သည် ဟု ရှေးယခင်အချိန်များက ယူဆခဲ့ကြသည်။ နောင်တွင် ထိုအယူအဆသည် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။ စစ်ဘက်ဆိုင်ရာ အသုဘအခမ်းအနားများတွင် သေနတ်ပစ်ဖောက်ခြင်းသည် တစ်ချိန်က တစ္ဆေ သူရဲများကို ခြောက်လှန့်သည့်အနေနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် သေနတ်ဖောက်ခြင်းသည် သေသူကို ဂုဏ်ပြုသည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။ လှေကားအောက်မှဖြတ်လျှောက်ခြင်း အနောက်တိုင်းတွင် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု ယူဆကြသည်။ ထိုအယူအဆသည် ပြင်သစ်နိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးယခင်က ပြင်သစ်နိုင်ငံတွင် သေဒဏ်အချခံရသည့် သူသည် ခေါင်းဖြတ်စက်ပေါ်သို့အတက်တွင် လှေကားအောက်မှ ဖြတ်လျှောက်ရသည်။ ထို့အတွက်ကြောင့် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု အနောက်တိုင်းတွင် ယူဆကြသည်။ အခြားသော အယူသည်းခြင်းများ မွေးနေ့ကိတ်ပေါ်ရှိ ဖယောင်းတိုင်များကို တစ်ချက်တည်းမှုတ်နိုင်ပါက ဆုတောင်းပြည့်မည်ဟု ယူဆခြင်း။ လက်ထပ်လက်စွပ်ကို ချွတ်မိပါက ကံမကောင်းဟု ယူဆခြင်း။ မြန်မာတို့၏ အယူသည်းခြင်းများ လယ်တွင်းကိုးခရိုင်ဒေသ (ကျောက်ဆည် ပြင်ဦးလွင်တို့ပါဝင်သည်။) တွင် လူ ၉ ယောက် သို့မဟုတ် ၁၃ ယောက် ခရီးမသွားကောင်းဟု ယုံကြည်ကြခြင်း။ ခရီးသွားရာတွင် ရောက်မည့်အချိန်ကို မခန့်မှန်းကောင်း ဟု ယုံကြည်ကြခြင်း။ ညဘက်တွင် အိမ်ထဲ၌ ခြေသည်းလက်သည်း မညှပ်ကောင်းဟု ယုံကြည်ကြခြင်း။ ကိုးကား အယူသည်းမှုများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9A%E1%80%B0%E1%80%9E%E1%80%8A%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
ပန်းပု
ပန်းဆယ်မျိုးထဲမှ တခု ဖြစ်သော ပန်းပု (သို့) ပန်းပုပညာ ဆိုသည်မှာ သစ်သား၊ ကျောက်သား၊ ပလတ်စတစ် စသည့် ပစ္စည်းသားများကို ထုထွင်းပုံဖော်၍ တိုင်းကြောင်း-၃ခုလုံးစာ ပုံပေါ်သော သုခုမအနုပညာပစ္စည်းများ ဖန်တီးသည့် အတတ် ဖြစ်သည်။ ပုံမှန်အားဖြင့် ကျောက်တုံး (ကျောက်သား သို့မဟုတ် စကျင်ကျောက်)၊ သတ္တုနှင့် သစ်သားတို့ကို အသုံးပြုကြသည်။ အချို့သော ပန်းပုရုပ်တို့ကို ကျောက်သားမှ တိုက်ရိုက်ဖဲ့ထုတ်ခြင်းမှ ရရှိပြီး အချို့ကိုမူ တစ်စစီတပ်ဆင်ပြီး အပူပေးခြင်း၊ ဂဟေဆော်ခြင်း၊ ပုံစံခွက်တွင် ထည့်သွင်းခြင်း သို့မဟုတ် မိုဖြင့် ပုံဖော်ခြင်းတို့မှ တဆင့် ပြုလုပ်ကြသည်။ ပန်းပု ကိုဖန်တီးသောသူကို ပန်းပုဆရာဟုခေါ်သည်။ မြန်မာ့လက်မှုပညာ ပန်းဆယ်မျိုးထဲတွင်  ပန်းပုလုပ်ငန်းလည်းပါဝင်သည်။ သစ်သား၊ တိရစ္ဆာန်အရိုး၊အစွယ်၊ ရွှံ့စေး၊ ဖယောင်း စသည်တို့ဖြင့်  ရုပ်လုံးရုပ်ကြွပေါ်အောင် ထွင်းထုရသည့် ပညာရပ်အမျိုးအစားဖြစ်သည်။ ပန်းပုပညာတွင် အကြမ်းထည်ပစ္စည်းများကို ပုံသွင်းခြင်း ပုံစံပြောင်းလဲခြင်းပြု နိုင်သဖြင့် ပန်းပုပညာကို ပလတ်စတစ် အနုပညာဟုလည်း ခေါ်ကြသည်။ အများပြည်သူပိုင်သော နေရာတွင် များသောအားဖြင့် ရှိတတ်သည့် အနုပညာမှာ ပန်းပုပင်ဖြစ်သည်။ ပန်းပုရုပ်အများအပြားကို ပန်းခြံတွင်း၌ ခင်းကျင်းပြသထားခြင်းကို ပန်းပုဥယျာဉ်ဟု ခေါ်ကြသည်။ ပန်းပု ပညာရပ်နှစ်မျိုးရှိသည်။ အပေါင်းပညာ နှင့် အနှုတ်ပညာ ဖြစ်ပြီး ပေါင်းပညာသည်ကား  ရွှံ့၊  ဖယောင်းနှင့်ပြုလုပ်ကာ အနှုတ်ပညာကိုမူ သစ်သား၊ဆင်စွယ်၊ ကျောက်စိမ်း စသည်တို့ဖြင့် ဆောင်ရွက်သည်။ ကိုးကား အနုပညာ ပန်းဆယ်မျိုး ပန်းပု
https://my.wikipedia.org/wiki/%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%AF
ဖရန့်ဇ်ကပ်ဖ်ကာ
ဖရန့်ဇ်ကပ်ဖ်ကာ (Franz Kafka) (၁၈၈၃ ဇူလိုင်လ ၃ရက် - ၁၉၂၄ ဇွန်လ ၃ရက်)သည် ၂၀ရာစု၏ ထင်ရှားသော ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။ သူသည် ယခု ချက်သမ္မတနိုင်ငံ၏ နေရာဖြစ်သော ဩစတီးယား-ဟန်ဂေရီရှိ ပရက်ဂ်မြို့ရှိ အလယ်တန်းစား ဂျူးလူမျိုးမိသားစုတွင် မွေးဖွားသည်။ သူ၏စာများစုမှာ အပြည့်အစုံမဟုတ်ဘဲ သူသေဆုံးပြီးသော အချိန်ကာလမှသာ ထုတ်ဝေခဲ့သော်လည်း သူ၏ သီးခြားဖြစ်သော ရေးဟန်သည် အနောက်တိုင်းစာပေတွင် လွှမ်းမိုးမှု အပေးနိုင်ဆုံးဖြစ်သည်။ သူ၏ဝတ္ထုများဖြစ်သော အသွင်ပြောင်းလဲခြင်း (The Metamorphosis) (၁၉၁၅)၊ တရားခွင်(The Trial) (၁၉၂၅) နှင့် ရဲတိုက် (The Castle) (1926) တို့သည် အိပ်မက်ဆိုးနှင့်တူပြီး တသီးပုဂ္ဂလမဆန်သော ဗျူရိုကရက်တစ်ကမ္ဘာအတွင်းမှ စိတ်ဒုက္ခရောက်နေသော လူတစ်ဦးချင်းစီ၏ ခံစားမှုများကို ထုတ်ဖော်ထားသည်။ မိသားစု ကပ်ဖ်ကာသည် ဘိုဟီးမီးယား၏ မြို့တော်ဖြစ်သော ပရက်ဂ်မြို့ရှိ အလယ်တန်းစား ဂျူးမိသားစုတစ်ခုမှ မွေးဖွားသည်။ သူ၏အဖေ ဟာမန်းကပ်ဖ်ကာ (Hermann Kafka) (၁၈၅၂–၁၉၃၁) ကို ခန္ဓာကိုယ်ကြီးမားပြီး တစ်ကိုယ်ကောင်းဆန်၍ မောက်မာသော စီးပွားရေးသမားတစ်ယောက်အဖြစ် ဖော်ပြကြသည်။ ကဖ်ကာကိုယ်တိုင်ကမူ ခွန်အားရှိသော၊ကျန်းမာသော၊အစားအသောက်ကိုခုံမင်သော၊ အသံကျယ်သော၊ စကားပြောကောင်းသော၊ မိမိကိုယ်ကို ကျေနပ်မှုရှိသော၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လွှမ်းမိုးမှုအပြည့်ရှိသော၊ သည်းခံနိုင်သော၊ စဉ်းစားတတ်ပြီး လူအကြောင်းကို ကောင်းကောင်းသိသော ကဖ်ကာ အစစ်ဟုဖော်ပြခဲ့သည်။ ဟာမန်းသည် အခမ်းအနားများအတွက် သားသတ်သမားဖြစ်သော ဂျက်ကော့ ကပ်ဖ်ကာ (Jacob Kafka) ၏ စတုတ္ထမြောက်သားဖြစ်ပြီး ဘိုဟီးမီးယားတောင်ပိုင်း ပီဆက် (Písek) အနီးရှိ ချက်ဘာသာစကားပြောသော ဂျူးရွာတစ်ခုဖြစ်သည့် အိုဆက်(Osek) မှတဆင့် ပရဂ်သို့ ရွှေ့ပြောင်းလာခဲ့သည်။ နယ်လှည့်အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သူသည် ယောက်ျားမိန်းမတို့၏ အသစ်အဆန်း အသုံးအဆောင်ပစ္စည်းများကို ရောင်းသော ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့ပြီး အလုပ်သမား ၁၅ ဦးအထိခန့်ထားခဲ့သည်။ ဩစတြီးယား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%9B%E1%80%94%E1%80%B7%E1%80%BA%E1%80%87%E1%80%BA%E1%80%80%E1%80%95%E1%80%BA%E1%80%96%E1%80%BA%E1%80%80%E1%80%AC
ကြယ်
ကြယ်ဆိုသည်မှာ ပါဝင်ဖွဲ့စည်းသည့် အက်တမ်တို့ များပြားသဖြင့် ထိုဒြပ်များပြားမှုကြောင့် ဗဟိုပိုင်းသည် နျူကလီးယား ပေါင်းစည်းမှု (nuclear fusion) ဖြစ်သည်အထိ ပြင်းစွာ ဖိသိပ်ခံရလျက်ဖြင့် အလင်း နှင့် စွမ်းအင်များ အစဉ်ဖြာထွက်နေသည့် ဒြပ်သားအစုအဝေး ဖြစ်သည်။ ဖြာထွက်သော စွမ်းအင်များသည် လျှပ်စစ်သံလိုက်လှိုင်းအသွင်ဖြင့် ပျံ့နှံ့ထွက်ခွါသည်။ ကမ္ဘာနှင့် အနီးဆုံးကြယ်မှာ နေဖြစ်ပြီး ၎င်းသည် ကမ္ဘာမြေအတွက် စွမ်းအင်အများစု၏ အရင်းအမြစ်ဖြစ်သည်။ နေရောင်မမြင်ရသော ညကောင်းကင်တွင် အခြားကြယ်များကို သိသာစွာ တွေ့မြင်ရတတ်သည်။ သမိုင်းအစဉ်အဆက်တွင် ကောင်းကင်ထက်ရှိ ထင်ရှားသော ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာ အဖြစ် သတ်မှတ်ကြပြီး အတောက်ပဆုံးသော ကြယ်များမှာ စနစ်တကျ အမည်ပေးခြင်း ခံရသည်။ နက္ခတ်ဗေဒပညာရှင်များက ကြယ်များအတွက် အလွန် စေ့စပ်သော ကက်တလောက်များကို ပြုစုထားပြီး စံနှုန်းအဖြစ် သတ်မှတ်ထားသော နာမည်များကို ထိုကက်တလောက်များမှ လေ့လာတွေ့ရှိနိုင်သည်။ ကြယ်သည် ၎င်း၏သက်တမ်းတလျှောက်တွင် သူ၏ဗဟိုထုတွင်းမှ သာမိုနျူကလီးယား ပေါင်းစပ်မှုများဖြင့် စွမ်းအင်ကို လွှတ်ထုတ်လေ့ရှိပြီး ထိုစွမ်းအင်များသည် ကြယ်၏ အတွင်းပိုင်းကို ကန့်လန့်ဖြတ်ဖြတ်သွားကြပြီးနောက် ပြင်ပအာကာသအတွင်းသို့ ပျံနှံ့ထွက်ခွာသွားကြသည်။ ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်တို့ထက်လေးသော ဒြပ်စင်များအားလုံးလိုလိုသည် ကြယ်များအတွင်းရှိ ထိုသို့ပေါင်းစပ်ခြင်း အဖြစ်အပျက်များမှထွက်ပေါ်လာကြခြင်းဖြစ်သည်။ အာကာသသိပ္ပံပညာရှင်များသည် ကြယ်တို့၏ ဒြပ်ထု၊ သက်တမ်း၊ ဓာတုဗေဒဓာတ်များပေါင်းစပ်ခြင်း အချိုးအစားနှင့် အခြား ဂုဏ်သတ္တိများတို့ကို ကြယ်တို့၏ ဖြာထွက်ရောင်ခြည်များ၊ အလင်းရောင် ထွန်းလင်းတောက်ပမှုများနှင့် အာကာသအတွင်း ရွေ့လျားပုံတို့မှတဆင့် သိရှိနိုင်သည်။ ကြယ်တို့၏ စုစုပေါင်းဒြပ်ထုသည် ၎င်းတို့၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာခြင်း နှင့် အဆုံးသတ်မှေးမှိန်ပျောက်ကွယ် သွားခြင်းတို့အတွက် အဓိက အဆုံးအဖြတ်ပေးသည့် အရာဖြစ်သည်။ ကြယ်၏ အခြားစရိုက်သဘာဝများကိုမူ ကြယ်၏အချင်း၊ လည်ပတ်ပုံ၊ ရွေ့လျားပုံ နှင့် အပူချိန်တို့အပါအဝင် ၎င်း၏ ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲတိုးတက်လာခြင်း သမိုင်းကြောင်း မှ ဆုံးဖြတ်ပေးသည်။ ကြယ်များ၏ အပူချိန်နှင့် ၎င်း၏ အလင်းရောင်ထွန်းလင်းတောက်ပမှု တို့အား နှိုင်းယှဉ်ရေးဆွဲထားသော ပုံကို ဟတ်ဇပရင်း-ရပ်ဆဲလ်ပုံ (Hertzsprung-Russell diagram) သို့ H–R diagram ဟုခေါ်ဝေါ်ကြပြီး ထိုပုံမှတဆင့် ကြယ်၏ သက်တမ်းနှင့် ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲမှု တို့ကို တိုင်းတာနိုင်သည်။ ကြယ်များသည် အဓိကအားဖြင့် ဟိုက်ဒရိုဂျင်ပါဝင်ပြီး ဟီလီယမ်နှင့် အခြားလေးလံသော ဒြပ်စင်များ အနည်းငယ်မျှ ပါဝင်သော အရာဝတ္ထု အစုအဝေးတို့ သိပ်သည်းစွာ စုစည်းခြင်းမှ တဆင့် စတင်ဖြစ်ပေါ်လာကြသည်။ ကြယ်၏ အတွင်းပိုင်းတွင် လုံလောက်သော သိပ်သည်းမှု ရရှိသော အချိန်တွင် အချို့သော ဟိုက်ဒရိုဂျင်ဓာတ်တို့သည် နျူးကလီးယား ပေါင်းစပ်ခြင်း နည်းလမ်းအားဖြင့် ဟီလီယမ် အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ကျန်ရှိသော ကြယ်၏အတွင်းပိုင်းများသည် ဖြာထွက်ရောင်ခြည်နည်းလမ်းနှင့် အရည်အတွင်း မော်လီကျူးများ လှုပ်ခါခြင်း နည်းလမ်း နှစ်ခုတို့ ပေါင်းစပ်ခြင်းအားဖြင့် ဗဟိုထုမှ စွမ်းအင်ကို ပြင်ပသို့ လွှတ်ထုတ်ကြသည်။ ဗဟိုထုအတွင်းရှိ ဟိုက်ဒရိုဂျင်လောင်စာများ ကုန်ဆုံးသွားသောအခါတွင် နေ၏ဒြပ်ထုထက် ၁၀ ပုံ ၄ ပုံမျှရှိသောကြယ်များသည် ဧရာမ ကြယ်နီ အဖြစ် ပြောင်းလဲသွားကြသည်။ တခါတရံတွင် ပိုမို လေးလံသော ဒြပ်ထုများကို ဗဟိုထု၌ သို့မဟုတ် ဗဟိုထု၏ ပတ်ပတ်လည်ရှိ အခွံများ၌ ပျော်ဝင်ပေါင်းစပ်သွားစေသည်။ ထို့နောက်တွင် ကြယ်များသည် ပြိုကွဲပျက်စီးသော ပုံသဏ္ဌန်သို့ ရောက်ရှိကြပြီး ဒြပ်ထုများ၏ တစိတ်တပိုင်းကို ပတ်ဝန်းကျင်သို့ လွှတ်ထုတ်ကြသည်။ ထိုနေရာများတွင် ပိုမိုလေးလံသော ဒြပ်ထုများ၏ အဆ ပိုမိုပါဝင်သည့် မျိုးဆက်သစ်ကြယ်များကို ဖြစ်ပေါ်စေသည်။ ဒွိကြယ် နှင့် ကြယ်များစု စနစ်များတွင် ကြယ်နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော ကြယ်များ ပါဝင်ကြပြီး ၎င်းတို့ကို ဆွဲငင်အားဖြင့် အချင်းချင်း ထိန်းချုပ်ထားကြကာ ကြယ်တစ်ခုနှင့်တစ်ခု ပုံသဏ္ဌန်မပြောင်းသော ပတ်လမ်းအတွင်းတွင် ယေဘူယျအားဖြင့် လှည့်ပတ်နေကြသည်။ ထိုသို့ အချင်းချင်းလှည့်ပတ်နေသော ကြယ်နှစ်လုံးတွင် အလွန်နီးကပ်သော ပတ်လမ်းရှိပါက ၎င်းတို့၏ ဆွဲငင်အား အချင်းချင်း အပြန်အလှန် သက်ရောက်မှုသည် ၎င်းတို့၏ ဆင့်ကဲဖြစ်ပေါ်မှုတွင် သိသာစွာ အကျိုးသက်ရောက်မှု ရှိသည်။ ကြယ်များစုတို့သည် ကလပ်စတာ နှင့် ဂယ်လက်ဆီ တို့ကဲ့သို့သော ဆွဲငင်အားဖြင့် ထိန်းချုပ်ထားသော ပုံသဏ္ဌန်တို့၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဖြစ်ပေါ်နိုင်သည်။ လေ့လာခြင်း သမိုင်းကြောင်း သမိုင်းကြောင်းအား ပြန်လည်ကြည့်ရှုမည် ဆိုလျှင် ကြယ်တို့သည် ကမ္ဘာတဝှမ်းလုံးရှိ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတို့အတွက် အရေးပါသော ကဏ္ဍတွင် ပါဝင်ခဲ့သည်။ ကြယ်တို့သည် ဘာသာရေး ထုံးတမ်းစဉ်လာများ၏ အစိတ်အပိုင်းဖြစ်ခဲ့ရုံသာမက ကောင်းကင်ကို အသုံးပြု၍ လမ်းကြောင်းရှာ သွားလာခြင်းနှင့် အရပ်မျက်နှာရှာဖွေခြင်းတို့တွင်လည်း ပါဝင်ခဲ့သည်။ ရှေးခေတ် နက္ခတ္တ ပညာရှင်အများစုတို့က ကြယ်များသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သော စက်ဝန်းကြီးတစ်ခုတွင် အသေနေရာချထားပြီး မပြောင်းလဲနိုင်သော အရာများဟု ယုံကြည်ခဲ့ကြသည်။ ထုံးတမ်းစဉ်လာအရ နက္ခတ္တ ပညာရှင်တို့သည် ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာများ အဖြစ်သတ်မှတ်ခဲ့ကြပြီး ၎င်းတို့ကို အသုံးပြု၍ ဂြိုဟ်တို့၏ ရွေ့လျားပုံနှင့် နေကို ရည်ညွှန်း၍ ရောက်ရှိနေသော နေရာတို့ကို ခြေရာခံ စောင့်ကြည့်ခဲ့ကြသည်။ နောက်ခံတွင် ရှိသော ကြယ်များကို မူတည်၍ နေ၏ ရွေ့လျားပုံကို အသုံးပြု၍ ပြက္ခဒိန်များကို တီထွင်ခဲ့ကြပြီး ထိုပြက္ခဒိန်များကို စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးပြုခဲ့ကြသည်။ ယနေ့ကမ္ဘာ၏ နေရာအတော်များများတွင် အသုံးပြုနေကြသော ဂျော်ဂျီယန် ပြက္ခဒိန်မှာ နေအပေါ်တွင် မူတည်၍ ဖန်တီးထားသော ပြက္ခဒိန်ဖြစ်ပြီး ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တွင် လည်ပတ်မှု နှင့် ပတ်သက်သော ထောင့်ကို အနီးဆုံးကြယ်ဖြစ်သည့် နေအပေါ်တွင် မူတည်၍ တွက်ချက်ထားခြင်း ဖြစ်သည်။ ရှေးအကျဆုံးဖြစ်ပြီး နေ့စွဲရေးထိုးထားသော ကြယ်တို့၏ တည်ရှိရာကို ပြသောပုံကို ဘီစီ ၁၅၃၄ ခုနှစ် ရှေးခေတ်အီဂျစ် ကာလတွင် တွေ့ရသည်။ ဂရိလူမျိုး နက္ခတ္တ ဗေဒပညာရှင် အာရီစတေးလပ်စ် (Aristillus) သည် ပထမဆုံးသော ကြယ်ကတ်တလောက်ကို ဘီစီ ၃၀၀ ခုနှစ်ခန့်က တီမိုခေးရစ် (Timocharis) ၏ အကူအညီဖြင် စတင်ဖန်တီးခဲ့သည်။ တော်လမီ ၏ ကြယ်ကတ်တလောက် မှာမူ ဘီစီ ၂ရာစုခန့်က ဟစ်ပါးကပ် ၏ မှတ်တမ်းပေါ်တွင် မူတည်၍ ရေးဆွဲခဲ့သည်။ ဟစ်ပါးကပ်မှာ နိုဗာ ခေါ် ကြယ်ပေါက်ကွဲမှု ကို ပထမဆုံး ရှာဖွေတွေ့ရှိသူ အဖြစ် သိရှိကြသည်။ အစ္စလာမ် နက္ခတ္တဗေဒ ပညာရှင်တို့သည် ကြယ်များကို အာရပ်အမည်များ ပေးခဲ့ကြပြီး ထိုအမည်များကို ယနေ့တိုင် အသုံးပြုဆဲ ဖြစ်သည်။ သူတို့သည် ကြယ်တို့၏ တည်နေရာကို တွက်ချက်ပေးနိုင်သည့် အာကာသ လေ့လာရေးနှင့် သက်ဆိုင်သော ကိရိယာ အမြောက်အမြားကို တီထွင်ခဲ့ကြသည်။ ၁၁ ရာစုတွင် အဘူ ရေဟန် အယ်လ်ဘာရူနီက (Abū Rayhān al-Bīrūnī) နဂါးငွေ့တန်း ဂယ်လက်ဆီအား နက်ဗျူလာတို့၏ ဂုဏ်သတ္တိရှိပြီး မြောက်မြားလှသော အစိတ်အပိုင်းများ ပေါင်းစပ်ထားသည့် အရာအဖြစ် ပုံဖော်ခဲ့ပြီး ၁၀၁၉ ခုနှစ် လကြတ်သည့်အချိန်တွင် ကြယ်ပေါင်းများစွာတို့၏ လတ္တီကျုကို တွက်ချက်ဖော်ပြခဲ့သည်။ ကောင်းကင်သည် ပြောင်းလဲနိုင်ခြင်းမရှိဟု အမြင်အားဖြင့် ထင်ရသော်လည်း ကြယ်အသစ်တို့ ပေါ်ထွက် လာနိုင်ကြောင်းကို တရုတ်လူမျိုး နက္ခတ္တဗေဒ ပညာရှင်တို့ သတိပြုမိ ခဲ့ကြသည်။ တိုင်ချို ဘရာဟေ (Tycho Brahe) တို့ ကဲ့သို့သော အစောပိုင်း နက္ခတ္တဗေဒ ပညာရှင်တို့သည် ညဖက်ကောင်းကင်ပြင်တွင် နောက်အခါတွင် နိုဗေး ဟု ခေါ်ဆို သုံးစွဲကြသည့် ကြယ်အသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ကောင်းကင်ဆိုသည်မှာ မပြောင်းမလဲနိုင်သည့် အရာမဟုတ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ၁၅၈၄ ခုနှစ်တွင် ဂျော်ဒါးနိုး ဘရူနိုက ကြယ်များသည် နေနှင့် သဏ္ဌန်တူသော အရာများဖြစ်ကြပြီး ၎င်းတို့တွင် အခြားဂြိုဟ်များလည်း ရှိနိုင်ကြောင်း၊ ၎င်းတို့၏ ပတ်လမ်းကြောင်းတွင် ကမ္ဘာနှင့် တူသော ဂြိုဟ်များပင် ရှိနိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ထိုအယူအဆကို ရှေးခေတ် ဂရိတွေးခေါ်ရှင်များ ဖြစ်ကြသော ဒီမိုကရိတပ် နှင့် အက်ပီကျူးရပ်စ် တို့ကလည်း ဆွေးနွေးတင်ပြခဲ့ဖူးသည်။ နောက်ရာစုနှစ် တစ်ခုသို့ ကူးပြောင်းသော အချိန်တွင် ကြယ်များသည် ဝေးလံသော ဒေသမှ နေများဖြစ်သည်ဆိုသော အယူအဆသည် နက္ခတ္တဗေဒ ပညာရှင်အများစုတို့ သဘောတူလက်ခံသော အယူအဆ ဖြစ်လာခဲ့သည်။ ကျမ်းစာဆရာ ရစ်ချက် ဘန်တလေ က ထိုကြယ်များသည် အဘယ့်ကြောင့် နေအဖွဲ့အစည်းသို့ ပေါင်းစပ်ဆွဲငင်အား သက်ရောက်မှု မရှိရသနည်း ဆိုသောမေးခွန်းကို စတင်တင်ပြခဲ့ပြီး ကြယ်များသည် အရပ်မျက်နှာ အသီးသီး၌ ညီမျှစွာ ဖြန့်ကြက်တည်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု အိုင်ဆက်နယူတန်က ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်။ အီတလီလူမျိုး နက္ခတ္တဗေဒ ပညာရှင် ဂျီမီနီယာနို မွန်တာနာရီ (Geminiano Montanari) က အယ်လ်ဂေါလ် (Algol) ကြယ်၏ အလင်းရောင်ထွန်းလင်း တောက်ပမှုများ၏ အပြောင်းအလဲကို လေ့လာတွေ့ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ အက်မော ဟေလီ (Edmond Halley)က အနီးအနားရှိ တစ်နေရာတည်းတွင် တည်ရှိနေသည်ဟု ယူဆရသော ကြယ်စုံတွဲ၏ တိကျသေချာသော ရွေ့လျားမှု ကို တိုင်းတာနိုင်ခဲ့ပြီး ၎င်းတို့သည် ရှေးဟောင်း ဂရိခေတ် တော်လေမီ နှင့် ဟစ်ပါးကပ်တို့လက်ထက်က မှတ်သားထားခဲ့သော နေရာမှ ရွေ့ပြောင်းသွားကြောင်း ပြသနိုင်ခဲ့သည်။ ၁၈၃၈ ခုနှစ်တွင် ဖရိုင်းဒရစ် ဘပ်ဆဲလ် (Friedrich Bessel) က parallax နည်းလမ်းကို အသုံးပြု၍ ကြယ်သို့ အကွာအဝေး (61 Cygni နှင့် အလင်းနှစ် ၁၁.၄ နှစ် ဝေးကြောင်း) ကို ပထမဆုံး အကြိမ်အဖြစ် တိုင်းတာနိုင်ခဲ့သည်။ Parallax တိုင်းတာခြင်း နည်းလမ်းမှ ကောင်းကင်ယံ၌ ကြယ်တို့အကြား အလွန်တရာ ကွာဝေးကြောင်းကို ပြသနိုင်ခဲ့သည်။ ဝီလီယံ ဟာရှယ် (William Herschel) သည် ကောင်းကင်ယံတွင် ကြယ်တို့ပျံ့နှံ့တည်ရှိပုံကို ဆုံးဖြတ်ရန် ကြိုးစားသော ပထမဆုံး နက္ခတ္တဗေဒ ပညာရှင်ဖြစ်သည်။ ၁၇၈၀ နှစ်များအတွင်းတွင် သူသည် ဦးတည်ရာအရပ် ၆၀၀ ခန့်တွင် တိုင်းတာမှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး ထိုအရပ်များတွင် တွေ့ရှိရသော ကြယ်တို့ကို ရေတွက်ခဲ့သည်။ ထိုသို့ တိုင်းတာမှု ပြုလုပ်ပြီးနောက် ကြယ်တို့၏ အရေအတွက်သည် နဂါးငွေ့တန်း ဂလက်ဆီ၏ ဗဟိုထုရှိရာသို့ ဦးတည်၍ ကောင်းကင်၏ အရပ်မျက်နှာ တစ်ဖက်တည်းသို့ တဖြည်ဖြည်းချင်း တိုးပွားသွားကြောင်း ကောက်ချက်ချ ခဲ့သည်။ သူ၏ သားဖြစ်သူ ဂျွန်ဟာရှယ် (John Herschel) ကလည်း အလားတူ စမ်းသပ်ချက်ကို တောင်ကမ္ဘာခြမ်းတွင် ထပ်မံပြုလုပ်ခဲ့ပြီး တူညီသောအရပ်မျက်နှာသို့ပင် ကြယ်အရေအတွက် တိုးပွားသွားကြောင်း တွေ့ရှိခဲ့သည်။ ဝီလီယမ် ဟာရှယ်၏ အခြားသော ပြောင်မြောက်သည့် တွေ့ရှိချက်မှာ အချို့ကြယ်များသည် အခြားကြယ်တို့နှင့် မျဉ်းတစ်ဖြောင့်တည်း ကျရုံသာမက အဖော်အဖြစ် တည်ရှိပြီး ဒွိကြယ်စနစ်ကို ဖြစ်ပေါ်စေကြောင်း ရှာဖွေတွေ့ရှိချက် ဖြစ်သည်။ ကြယ်တို့၏ ဖြာထွက်ရောင်ခြည်နှင့် ပတ်သက်သော သိပ္ပံပညာကို အစပြုခဲ့သူမှာ ဂျိုးဆက်ဗွန် ဖရောင်ဟိုဖာ (Joseph von Fraunhofer) နှင့် အန်ဂျလို ဆက်ချီ (Angelo Secchi) တို့ ဖြစ်သည်။ စီးရီးယပ်ကြယ်၏ ဖြာထွက်ရောင်ခြည်ကို နေ၏ ဖြာထွက်ရောင်ခြည်ဖြင့် နှိုင်းယှဉ်ခြင်း အစရှိသည့် စမ်းသပ်ချက်တို့မှ သူတို့၏ အားမတူညီမှု နှင့် ဖြာထွက်ရောင်ခြည်ကို စုပ်ယူသော လမ်းကြောင်းအရေအတွက် ခြားနားမှု တို့ကို တွေ့ရှိခဲ့သည်။ ဖြာထွက်ရောင်ခြည်ကို စုပ်ယူသော လမ်းကြောင်း ဆိုသည်မှာ လေထုမှ အချို့သော လှိုင်းလျားတို့ကို စုပ်ယူမှုကြောင့် ဖြစ်ပေါ်လာသည့် ကြယ်တို့၏ ဖြာထွက်ရောင်ခြည် လမ်းကြောင်းများအတွင်းရှိ အလင်းရောင်မဲ့သော လှိုင်းများကို ဆိုလိုခြင်းဖြစ်သည်။ ၁၈၆၅ ခုနှစ်တွင် ဆက်ချီသည် ဖြာထွက်ရောင်ခြည်လမ်းကြောင်းများ၏ အမျိုးအစားပေါ် မူတည်၍ ကြယ်တို့ကို အမျိုးအစားခွဲခြားခဲ့သည်။ သို့သော် ခေတ်သစ် ကြယ်တို့၏ အမျိုးအစား ခွဲခြားခြင်းကိုမူ အန်နီ ဂျေ ကန်နွန် (Annie J. Cannon) က ၁၉၀၀ ပြည့်နှစ်များအတွင်း စတင် ဖော်ထုတ်ခဲ့သည်။ နှစ်လုံးတွဲကြယ်တို့ကို လေ့လာခြင်းသည် ၁၉ရာစုအတွင်း အရေးပါသော အရာတစ်ခု ဖြစ်လာသည်။ ၁၈၃၄ ခုနှစ်တွင် ဖရိုင်းဒရစ် ဘက်ဆယ် (Friedrich Bessel) သည် ဆီးရီးယပ်ကြယ်၏ ပုံမှန်ရွေ့လျားမှုအတွင်းတွင် အပြောင်းအလဲကို လေ့လာတွေ့ရှိခဲ့ပြီး မမြင်နိုင်သော အဖော်ကြယ် တစ်ခု ရှိကြောင်း ယူဆနိုင်ခဲ့သည်။ အက်ဒဝပ် ပစ်ကားရင်း (Edward Pickering) သည် မီဇာ (Mizar) ကြယ်၏ အချိန်မှန် ခွဲဖြာထွက်သော ဖြာထွက်ရောင်ခြည် လမ်းကြောင်းများကို ရက်ပေါင်း ၁၀၄ ရက်ကြာမျှ လေ့လာရာမှ ပထမဆုံးသောကြယ်စုံတွဲကို ၁၈၉၉ ခုနှစ်တွင် ဖြာထွက်ရောင်ခြည် နည်းလမ်းကို အသုံးပြု၍ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ ဒွိကြယ်စနစ်တို့၏ အသေးစိတ်လေ့လာခြင်း အကြောင်းများကို ဝီလီယံ စထရု (William Struve) နှင့် အက်စ် ဒဗလျူ ဘန်ဟမ် (S. W. Burnham) အစရှိသော နက္ခတ္တဗေဒပညာရှင်တို့က စုဆောင်းခဲ့ပြီး ပတ်လမ်းကြောင်း အတွင်း ရှိနေသော အရာဝတ္ထုများ အပေါ် မူတည်၍ ကြယ်တို့၏ ဒြပ်ထုကို အဆုံးအဖြတ် ပေးနိုင်စေခဲ့သည်။ ၁၈၂၇ ခုနှစ်တွင် ဖဲလစ် ဆေဗာရီ (Felix Savary) က တယ်လီစကုပ် လေ့လာရေးနည်းလမ်းကို အသုံးပြု၍ ဒွိကြယ်တို့၏ ပတ်လမ်းကြောင်းကို တိုင်းတာခြင်း ပြဿနာကို ပထမဆုံးအကြိမ် အဖြစ် ဖြေရှင်းနိုင်ခဲ့သည်။ ၂၀ ရာစုနှစ်အတွင်းတွင် ကြယ်များကို သိပ္ပံနည်းကျ လေ့လာခြင်းတွင် လျင်မြန်စွာ ဖြစ်ပေါ်တိုးတက်လာခဲ့သည်။ ဓာတ်ပုံများသည် အာကာသ လေ့လာရာတွင် တန်ဖိုးရှိသော ကိရိယာများ ဖြစ်လာသည်။ ကားလ် ရှဝါ့ဇ်ချိုင်းက ကြယ်တို့၏ အရောင် နှင့် ထိုအကြောင်းကြောင့်ဖြစ်သော အပူချိန်တို့ကို မျက်စိဖြင့် မြင်ရသော အတိုင်းအတာကို ဓာတ်ပုံတွင် မြင်ရသော အတိုင်းအတာ ပေါ်မူတည်၍ ဆုံးဖြတ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ photoelectric photometer ကိုတီထွင်နိုင်ခဲ့ခြင်းကြောင့် လှိုင်းအလျား အမျိုးမျိုးတို့၏ အပိုင်းအခြား အမျိုးမျိုးတို့တွင် အလွန်တိကျသော တိုင်းတာမှုကို ပြုနိုင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အဲလ်ဘတ် အေ မိုက်ကယ်ဆန်သည် ဟွတ်ကာ တယ်လီစကုပ် ပေါ်တွင် အင်တာဖယ်ရိုမီတာ (interferometer) ကို အသုံးပြု၍ ပထမဆုံးအနေဖြင့် ကြယ်၏ အချင်းကို တိုင်းတာနိုင်ခဲ့သည်။ ကြယ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံနှင့် ပတ်သက်သည့် အရေးပါသော အယူအဆများသည် နှစ်ဆယ်ရာစု အစပိုင်း ပထမဆုံး ဆယ်စုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ဟတ်ဇ်စပရန်း-ရပ်ဆဲလ် ပုံဆွဲနည်း (Hertzsprung-Russell diagram) ကို တီထွင်ဖော်ထုတ်ခဲ့ပြီးနောက် အာကာသရူပဗေဒနှင့် သက်ဆိုင်သော ကြယ်တို့၏ လေ့လာမှုမှာ ပိုမို တိုးတက်လာခဲ့သည်။ ကြယ်တို့၏ အတွင်းပိုင်းနှင့် ဆင့်ကဲဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းပြနိုင်သည့် အောင်မြင်သော သရုပ်ပြပုံစံများကိုလည်း တီထွင်ဖော်ထုတ် နိုင်ခဲ့သည်။ ကွမ်တမ် ရူပဗေဒ တိုးတက်လာမှုကြောင့် ကြယ်တို့၏ ဖြာထွက်ရောင်ခြည် အလင်းတန်းများ အကြောင်းကို အောင်မြင်စွာ ရှင်းလင်း ပြသနိုင်ခဲ့သည်။ ထိုအကြောင်းကြောင့် ကြယ်တို့၏ ပတ်ဝန်းကျင်ရှိ ဓာတ်များ ပါဝင်ဖွဲ့စည်းပုံကို အဆုံးအဖြတ် ပေးနိုင်ခဲ့သည်။ စူပါနိုဗာကြယ်များမှ လွဲ၍ အခြားသော ကြယ်တစ်လုံးချင်းစီကို ကျွန်ုပ်တို့ နေထိုင်ရာ ဇာတိ ဂယ်လက်ဆီ အစုအဝေးများထဲတွင် အဓိကအားဖြင့် လေ့လာကြသည်။ အထူးသဖြင့် နဂါးငွေ့တန်း ဂယ်လက်ဆီ၏ မြင်သာထင်ရှားသော အပိုင်းအတွင်း တွင် ဖြစ်သည်။ ကျွန်ုပ်တို့ ဂယ်လက်ဆီ၏ အသေးစိတ် ကြယ် ကတ်တလောက် ကိုကြည့်လျှင် ထိုအချက်မှာ သိသာထင်ရှားသည်။ သို့သော် အချို့ ကြယ်များကိုမူ ကမ္ဘာမှ အလင်းနှစ် သန်း ၁၀၀ မျှဝေးသော ဗာဂို ကြယ်အစုအဝေး Virgo Cluster၏ M100 ဂယ်လက်ဆီအထိပင် လေ့လာ တွေ့ရှိကြသည်။ ဇာတိ မဟာကြယ်အစုအဝေးကြီး အတွင်းတွင် ကြယ်အစုအဝေးများကို မြင်တွေ့နိုင်သည်။ လက်ရှိ တယ်လီစကုပ်များ အနေနှင့် ယေဘူယျအားဖြင့် ဇာတိ ကြယ်အစုအဝေးအတွင်းရှိ မှေးမှိန်နေသော ကြယ်တစ်လုံးချင်းစီကိုပင် လေ့လာနိုင်သည်။ အဝေးဆုံးလေ့လာတွေ့ရှိနိုင်သော ကြယ်မှာ အလင်းနှစ် သန်းပေါင်း ၁၀၀ မျှ အကွာအဝေးတွင် ရှိသည်။ (ဥပမာ Cepheids ကြယ်) သို့သော် ဇာတိ မဟာ ကြယ်အစုအဝေးကြီး၏ အပြင်ဘက်တွင်မူ ကြယ်တစ်လုံးချင်း သို့မဟုတ် ကြယ်အစုအဝေးများကို လေ့လာနိုင်စွမ်း မရှိပေ။ တစ်ခုတည်းသော ခြွင်းချက်မှာ ကြယ်အလုံးရေ သိန်းပေါင်းများစွာ ပါဝင်ပြီး အလင်းနှစ်သန်းပေါင်း တစ်ထောင် အကွာအဝေးတွင် ရှိသော ကြီးမားသော ကြယ်အစုအဝေးကြီး၏ မှေးမှိန်သော ရုပ်ပုံတစ်ခုသာ ဖြစ်ပြီး ယခင်က လေ့လာတွေ့ရှိဖူးသော အဝေးဆုံးကြယ်ထက် ဆယ်ဆမျှ ဝေးကွာသော အကွာအဝေးတွင် တည်ရှိသည်။ အမည်မှည့်ခေါ်ခြင်း ကြယ်အစုအဝေးများအား အမည့်မှည့်ခေါ်သည့် အလေ့အထသည် ဘေဘီလုံခေတ် ကတည်းက ရှိခဲ့သည်ဟု သိရသည်။ ရှေးခေတ် ကောင်းကင်လေ့လာသူများက ကြယ်များသည် ပုံသဏ္ဌာန်တစ်ခု အဖြစ်တည်ရှိနေသည်ဟု စိတ်ကူးကြည့်ကြပြီး ထိုကြယ်စုတို့ကို သဘာဝတွင် တည်ရှိနေသည့် အရာများ သို့ ဒဏ္ဍာရီပုံပြင်များနှင့် ဆက်စပ်တွေးတော ကြသည်။ ၁၂ ခုမျှသော ကြယ်အစုအဝေးတို့သည် မိုးကုပ်စက်ဝိုင်း တစ်လျှောက် တည်ရှိနေကြပြီး ထိုကြယ်စုတို့မှာ နက္ခတ်ဗေဒင် ပညာ၏ အခြေခံ အဖြစ် ရှိနေကြသည်။ အခြားသော ကြယ်များထဲမှာ ထင်ရှားသော ကြယ်များကိုလည်း အာရပ်ဘာသာ သို့မဟုတ် လက်တင်ဘာသာဖြစ် နာမည်ပေးထားကြသည်။ နေ အပါအဝင် အချို့သော တာရာများတွင် ၎င်းတို့နှင့် သက်ဆိုင်သော ကိုယ်ပိုင် ဒဏ္ဍာရီများ ရှိကြသည်။ ရှေးခေတ်ဂရိများအတွက်မူ ပလဲနက် သို့မဟုတ် လျှောက်သွားနေသူများဟု အဓိပ္ပာယ်ရသော ဂြိုဟ်များမှာ အရေးကြီးသော နတ်ဘုရားများကို ကိုယ်စားပြုနေကြသည်။ ထို့ကြောင့် ဂြိုဟ်များကို မာကျူရီဂြိုဟ်၊ ဗီးနပ်စ်ဂြိုဟ်၊ မားစ်ဂြိုဟ်၊ ဂျူပီတာဂြိုဟ် နှင့် စေတန်ဂြိုဟ် ဟု အမည်များ မှည့်ခေါ်ခဲ့ကြသည်။ ယူရေးနပ်စ် နှင့် နပ်ပကျွန်းတို့မှာလည်း ဂရိ နှင့် ရောမတို့၏ ဒဏ္ဍာရီလာ နတ်ဘုရားများ ဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့၏ အလင်းရောင် မှေးမှိန်မှုကြောင့် ရှေးခေတ် အခါက ရှိမှန်း မသိခဲ့ကြပေ။ ၎င်းတို့၏ နာမည်ကို နောက်ပိုင်းခေတ် နက္ခတ္တဗေဒပညာရှင်များက မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၆၀၀ မှ စ၍ တာရာတို့၏ အမည်များမှာ ကောင်းကင်ပြင်၏ သက်ဆိုင်ရာ အပိုင်းများအလိုက် အမည်များ မှည့်ခေါ်ခဲ့ကြသည်။ ဂျာမန် နက္ခတ္တဗေဒပညာရှင် ဂျိုဟန် ဘေယာက ကြယ်မြေပုံများကို အတွဲလိုက် ဖန်တီးခဲ့ပြီး တာရာ တစ်ခုချင်းစီတွင် ဂရိအက္ခရာများဖြင့် အမည်သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် ဂျွန်ဖလမ်စတိက သူ၏ စာအုပ်အတွင်းရှိ ကြယ်ကက်တလောက်များတွင် ကြယ်တို့၏ အီကွေတာမှ လက်ယာရစ် အတိုင်း တိုင်းတာသည့် ထောင့်အကွာအဝေးပေါ်မူတည်၍ နံပါတ်စဉ် ထားသော စနစ်ကို ထည့်သွင်းဖော်ပြခဲ့သည်။ ထို့ကြောင့် ထိုနံပါတ် စနစ်ကို ဖလမ်စတိ အမည်ပေးပုံ သို့မဟုတ် ဖလမ်စတိ နံပါတ်စနစ် ဟု ခေါ်ဆိုကြလေသည်။ ကောင်းကင်အတွင်းမှ အရာဝတ္ထုများကို အမည်ပေးရာတွင် နိုင်ငံတကာက အသိအမှတ်ပြုထားသော အဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒ သမဂ္ဂ (အိုင်အေယူ) ဖြစ်သည်။ အချို့သော ပုဂ္ဂလိက ကုမ္ပဏီများက ကြယ်တို့၏ အမည်များကို ရောင်းချလျက် ရှိပြီး ဗြိတိသျှ စာကြည့်တိုက်မှ စည်းမျဉ်းမရှိသော ကုန်သွယ်မှု အင်တာပရိုက်စ်များဟု ခေါ်ကြသည်။ သို့သော်လည်း အိုင်ဒေယူမှ ကုန်သွယ်ခြင်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ထိုနာမည်များမှ အိုင်အေယူမှ အသိအမှတ်ပြုခြင်း သုံးစွဲခြင်း မရှိပေ။ ၁၉၈၀ နှစ်များက ထိုသို့သော ကုမ္ပဏီတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြယ်မှတ်ပုံတင်ကုမ္ပဏီမှာ သူတို့ပေးသော အမည်များမှာ တရားဝင် ဖြစ်သည့်ပမာ လုပ်ကိုင်ကြသဖြင့် လိမ်လည် လုပ်ကိုင်ကြောင်း စွပ်စွဲခံရသည်။ ယခု မရှိတော့သော ကြယ်မှတ်ပုံတင်ခြင်း အလုပ်ကို ရိုက်စားလုပ်သည် သို့မဟုတ် ကလိမ်ကကျစ် လုပ်သည်ဟု ယခုအခါ ရည်ညွှန်းကြပြီး နယူးယောက်မြို့တော် စားသုံးသူရေးရာ ကိစ္စ ဌာနမှ ကြယ်မှတ်ပုံတင်ကုမ္ပဏီအား လိမ်လည်သော ကုန်သွယ်မှု ပြုလုပ်သူအဖြစ် ထုတ်ပြန်ခဲ့သည်။ အတိုင်းအထွာ ယူနစ်များ ကြယ်တစ်စင်းနှင့်တစ်စင်းသို့လည်းကောင်း ဂယ်လက်ဆီတို့၏ အကွာအဝေးအားလည်းကောင်း မဟာစကြဝဠာအား တိုင်းတာရာတွင် စံအဖြစ် အလင်းနှစ်ကို အသုံးပြုသည်။ ကိုးကားချက်များ ပြင်ပလင့်များ နက္ခတ္တဗေဒ အလင်း ပင်ရင်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%9A%E1%80%BA
ကိုကို
ကိုကို သည် အစ်ကိုကိုဖြစ်စေ၊ အစ်ကိုအရွယ်ကိုဖြစ်စေ ချစ်ခင်ရင်းနှီးစွာ လေးစားစွာခေါ်သော စကားလုံး ဖြစ်သည်။ ညီအစ်ကို၊ မောင်နှမအချင်းချင်း အကြီးဖြစ်သူကို ညီငယ်၊ နှမငယ်က ခေါ်သော အခေါ်အဝေါ် ဖြစ်သည်။ လူအမည် အဖြစ်လည်း သုံးသည်။ အထူးသဖြင့် အမွှာညီအစ်ကိုများတွင် ကိုကို နှင့် ညီညီ ဟု ခေါ်လေ့ရှိသည်။ အိမ်ထောင်သည်နှင့် ချစ်သူ ရည်းစားများတွင်လည်း အမျိုးသမီးငယ်များက ကိုယ့်ထက်ကြီးသော ချစ်သူ၊ ခင်ပွန်းသည်ကို နာမ်စားအဖြစ် ကိုကိုဟု ခေါ်ဝေါ်လေ့ ရှိကြသည်။ ဆက်လက်ဖတ်ရှုရန် မောင် ညီညီ ကိုးကား ပြင်ပလင့်ခ်များ မြန်မာဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%AF%E1%80%80%E1%80%AD%E1%80%AF
စမ်းသပ်ခြင်း
စမ်းသပ်ခြင်း (experiment) သည် ယူဆချက် တစ်ခုကို ဟုတ်မဟုတ် သိအောင် လုပ်ခြင်းပင် ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%85%E1%80%99%E1%80%BA%E1%80%B8%E1%80%9E%E1%80%95%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
ကုလသမဂ္ဂအဖွဲ့သုံး ရုံးသုံး ဘာသာစကားများ
ကုလမဂ္ဂအဖွဲ့သုံး ရုံးသုံး ဘာသာစကားများ ကမ္ဘာ့ကုလသမဂ္ဂတွင် သုံးစွဲသည့် ရုံးသုံး ဘာသာစကား (၆) ခုမှာ <LI>စပိန်၊ <LI>တရုတ်၊ <LI>ပြင်သစ်၊ <LI>ရုရှ၊ <LI>အင်္ဂလိပ်နှင့် <LI>အာရပ် တို့ ဖြစ်ကြသည်။ အထွေထွေ အတွင်းရေးမှူး သုံစွဲရန် ဘာသာစကားများမှာ ပြင်သစ်နှင့် အင်္ဂလိပ်တို့သာ ဖြစ်သည်။ <p> ကုလသမဂ္ဂ အဖွဲ့ကြီးကို စတင်ဖွဲ့စည်းချိန်က ရုံးသုံး ဘာသာစကား (၅) မျိုးကို သတ်မှတ်ထားသော်လည်း ၁၉၇၃ ခုနှစ်တွင် အာရပ်ဘာသာစကားကို ထည့်သွင်းခဲ့သည်။ ရုံးသုံး ဘာသာစကားများကို ထပ်မံ တိုးချဲ့သင့်သည် သို့မဟုတ် အင်္ဂလိပ် တစ်ခုတည်းကိုသာ အသုံးပြုသင့်သည်ဆိုသည့် အငြင်းပွားမှုကား ယခုအချိန်ထိ ရှိနေဆဲပင်။ <p>အင်္ဂလိပ် ဘာသာစကားနှင့် နှိုင်းယှဉ်ပါလျှင် စပိန်ဘာသာစကားမှာ အဆင့်အတန်းတူ မရရှိကြောင်း စပိန်စကားပြော နိုင်ငံများက ကန့်ကွက်ပြောကြားနေကြသည်။ အိန္ဒိယ နိုင်ငံသုံး ဟင်ဒီဘာသာစကားကိုလည်း သတ္တမမြောက် ဘာသာစကားအဖြစ် ထည့်သွင်းပေးပါရန် ဖိအားပေးခြင်း ခံနေရသည်။ <p> ယခုလက်ရှိ ဘန်ကီမွန်း အပါအဝင် အထွေထွေ အတွင်းရေးမှူးတိုင်း ပြောဆိုနိုင်ရန် အခက်တွေ့သောကြောင့် ပြင်သစ် ဘာသာစကား၏ အရေးပါမှုကို လျှော့ချပေးပါရန် တောင်းဆိုမှုများ ရှိနေသော်လည်း ပြင်သစ် ဘာသာစကားမှာ နိုင်ငံတကာတွင် သံတမန်သုံး ဘာသာစကားအဖြစ် ရှင်သန်နေဆဲပင်။ ကုလသမဂ္ဂတွင် ထုတ်ပြန်သည့် စာရွက်စာတမ်းများကို အင်္ဂလိပ်ဘာသာစကားဖြင့် အသုံးပြုပါလျှင် ဗြိတိသျှ အသုံးအနှုန်းကိုသာ အသုံးပြုသည်။ ကုလ သမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်းများသည် အောက်(စ်)ဖို့ သတ်ပုံဖြင့်သာ အတည်ပြုသည်။ <p> တရုတ် သမ္မတနိုင်ငံ (တိုင်ဝမ်တရုတ်) ကို ဆက်ခံသည့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ (ပြည်မတရုတ်) က ကုလသမဂ္ဂသုံး တရုတ်စကား မန်ဒရင် ဘာသာစကားကို ၁၉၇၁ ခုနှစ်တွင် အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့ကြီး စတင်ဖွဲ့စည်းသည့် ၁၉၄၅ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိတိုင် ရိုးရာ တရုတ်ဘာသာစကားကို အသုံးပြုသော်လည်း ၁၉၇၁ ခုနှစ် နောက်ပိုင်းတွင် ရိုးရှင်းသည့် တရုတ်စာကို အသုံးပြုသည်။ <P> ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများထဲတွင် အင်္ဂလိပ် ဘာသာစကားကို ရုံးသုံးအဖြစ် (၅၂) နိုင်ငံက အသုံးပြုကာ ပြင်သစ်က (၂၉) နိုင်ငံတွင် အသုံးပြုသည်။ အာရပ် ဘာသာစကားကို (၂၄) နိုင်ငံ၊ စပိန်ဘာသာဖြင့် နိုင်ငံပေါင်း (၂၀)၊ ရုရှ ဘာသာစကားဖြင့် (၄) နိုင်ငံနှင့် တရုတ်ဘာသာစကားဖြင့် (၂) နိုင်ငံတို့က အသုံးပြုကြသည်။ ဘာသာစကား
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%80%B9%E1%80%82%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%20%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%20%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%85%E1%80%80%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
အင်ဂျင်
အင်ဂျင် သို့မဟုတ် မော်တာ ဆိုသည်မှာ စွမ်းအင်ကို အသုံးပြုနိုင်သော ရွေ့လျားခြင်း တစ်မျိုးသို့ အသွင်ပြောင်းပေးသော စက်တစ်မျိုးပင် ဖြစ်သည်။ စွမ်းအင်သည် ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်နိုင်သော်လည်း အင်ဂျင်များတွင် အသုံးများသည့် စွမ်းအင်အမျိုးအစားများမှာ လျှပ်စစ်စွမ်းအင်၊ ဒီဇယ်ဆီ သို့ ဓာတ်ဆီ စသော ဓာတု စွမ်းအင်နှင့် အပူစွမ်းအင် တို့ ဖြစ်ကြသည်။ ဓာတုဗေဒဖြင့် အင်ဂျင်ကို မောင်းနှင်သည့် အခါတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို လောင်စာဆီ ဟု ခေါ်ကြသည်။ ပစ်စတင် အင်ဂျင်များ အစောပိုင်း အင်ဂျင်များသည် အင်ဂျင်၏ အပြင်ဘက်မှ အပူအားကို အသုံးပြု၍ အင်ဂျင်အတွင်း ရှိဓာတ်ငွေ့များကို ဖိအားများအောင် အပူပေးကြသည်။ ပုံမှန်အားဖြင့် ရေနွေးငွေ့ကို အသုံးပြုသော အခါတွင် တွေ့ရလေ့ ရှိပြီး ထိုသို့သော အင်ဂျင် အမျိုး အစားကို ရေနွေးငွေ့သုံး အင်ဂျင်ဟု ခေါ်ကြသည်၊ ရေနွေးငွေ့များကို အင်ဂျင်သို့ ပိုက်လိုင်းများဖြင့် ဆက်သွယ်ထားလေ့ ရှိကြပြီး ထိုမှ တဆင့် ရေနွေးငွေ့များကို အသုံးပြု၍ ပစ်စတင်များကို ရွေ့လျားစေခြင်းဖြင့် အရွေ့စွမ်းအင်ကို ထုတ်ယူကြသည်၊ မော်တော်ကား အများစုသည် လောင်စာဆီကို အထဲတွင် လောင်ကျွမ်းစေသော ဓာတုအင်ဂျင်များကို အသုံးပြုကြသည်။ ထိုသို့သော အင်ဂျင်မျိုးကို အတွင်းတွင် ပေါက်ကွဲသော အင်ဂျင်များဟု ခေါ်ကြသည်။ အတွင်းတွင် ပေါက်ကွဲသော အင်ဂျင်များကို အသုံးပြုသော လောင်စာဆီ၊ လည်ပတ်သော အချက်အရေအတွက်နှင့် တည်ဆောက်ပုံပေါ်တွင် မူတည်၍ အမျိုးမျိုး ခွဲခြားနိုင်သည်။ Heat Engine (အပူအင်ဂျင်) အင်ဂျင်တစ်လုံးသည် အပူစွမ်းအင်ကို စက်မှုစွမ်းအင်သို့ပြောင်းလျှင် ထိုအင်ဂျင် ကို Heat Engine (အပူအင်ဂျင်) ဟုခေါ်သည်။ အပူအင်ဂျင်ကို Internal Combustion Engine (အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင်) (I.C Engine) များနှင့် External Combustion Engine ( အပြင်မီးလောင်ပေါက်ကွဲသော အင်ဂျင်) များဟူ၍ခွဲခြားနိုင်သည်။ Internal Combustion Engine (အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင်) အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင်များကို Reciprocating Type (အပြန်အလှန်အလုပ်လုပ်သော အမျိုးအစား) နှင့် Rotary Type (ပတ်လည်လည်သည့်အမျိုးအစာ)ဟူ၍ ခွဲခြားထားသည်။ ဤအမျိုးအစား နှစ်မျိုးထဲမှ Reciprocating Type ကို မော်တော်ယဉ်များနှင့် စက်ပြု ကိရိယာများ ( Machinery Tools) တွင် အသုံးများသည်။ ၎င်းစက်များ၏ ရိုးရှင်းမှုနှင့် စရိတ်သက်သာမှုတို့ကြောင့် အသုံးများသည်။ ဤစက်များကို လှေများ၊ သင်္ဘောများ၊ မီးရထားများနှင့် လေယာဉ်များတွင်လည်း သုံးသည်။ Reciprocating Internal Combustion Engines (အပြန်အလှန်အလုပ်အလုပ်သည့် အတွင်းမီးလောင် ပေါက်ကွဲသော အင်ဂျင်) များကို ၎င်းတို့၏တည်ဆောက်ပုံနှင့် Operating Cycle (အလုပ်လုပ်သော ဆိုင်ကယ်) ပေါ်မူတည်လျှက် Two Stroke (နှစ်ချက်ခုတ်) နှင့် Four Stroke (လေးချက်ခုတ်) အင်ဂျင် ဟူ၍ ထပ်ဆင့်ခွဲထားသည်။ ဤနှစ်မျိုးကို ထပ်ဆင့်၍ Spark Ignition Engines (SI Engine) [စပါ့(ခ)မှ မီးကူးရှို့သော အင်ဂျင်များ] နှင့် Compression Ignition Engines (CI Engines) [ကွန်ပရက်ရှင်း (ဖိသိပ်ခြင်း) ဖြင့် မီးလောင်ပေါက်ကွဲသော အင်ဂျင်များ] ဟူ၍ သုံးသော လောင်စာဆီအပေါ် အခြေခံ၍ ခွဲပြန်သည်။ SI Engines (မီးပွား ပလပ်) စပေါ့(ခ)မှ မီးကူးရှို့သော အင်ဂျင်များတွင် ဓာတ်ဆီသုံးပြီး ကာဖြူရေတာနှင့် Spark [စပါ့(ခ)] ဖြင့် မီးကူးသည့် စနစ်ကို သုံးသည်။ CI Engines (ကွန်ပရက်ရှင်း(ဖိသပ်ခြင်း) ဖြင့် မီးလောင်ပေါက်ကွဲသော အင်ဂျင်များ တွင် ဒီဇယ်ကို သုံးပြီး Fuel Injection Pump (ဆီတွန်းပို့ပန့်) နှင့် Nozzles (နော်ဇယ်များ) ပါဝင်သည်။ ကိုးကား အင်ဂျင် အင်ဂျင် နည်းပညာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%82%E1%80%BB%E1%80%84%E1%80%BA
သမုဒ္ဒရာ
သမုဒ္ဒရာ (; Okeanos (Oceanus)) သည် ပင်လယ်ရေ၏ အဓိကကိုယ်ထည်ဖြစ်ပြီး ဟိုက်ဒရိုစဖီးယား (Hydro Sphere) (ခေါ်) ကမ္ဘာပေါ်တွင် ရှိနေသော ရေအားလုံးတို့၏ အဓိကအစိတ်အပိုင်းလည်းဖြစ်သည်။ ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်း (ခန့်မှန်းခြေအားဖြင့် စတုရန်းကီလိုမီတာ ၃၆၁ သန်း) ကို ပုံမှန်အားဖြင့် သမုဒ္ဒရာအချို့ နှင့် ပို၍ အရွယ်အစားငယ်သော ပင်လယ်တို့ဖြင့် ဖွဲ့စည်းထားသော သမုဒ္ဒရာထုက ဖုံးလွှမ်းထားသည်။ ထိုဒေသ၏ တစ်ဝက်ကျော်ခန့်သည် ပေပေါင်း ၉၈၀၀ (မီတာ ၃၀၀၀ ကျော်) နက်သည်။ သမုဒ္ဒရာဒေသ၏ ပျမ်းမျှ ဆားငံဓာတ်ပါဝင်နှုန်းသည် ၁၀၀၀ ပုံလျှင် ၃၅ ပုံခန့် သို့မဟုတ် ၃.၅ ရာခိုင်နှုန်းခန့်ရှိပြီး ပင်လယ်ရေအားလုံးနီးပါး၏ ဆားငံဓာတ်ပါဝင်မှုနှုန်းသည် ၁၀၀၀ ပုံလျှင် ၃၀ ပုံမှ ၃၈ ပုံ အထိရှိသည်။ ခြုံငုံသုံးသပ်ချက် ပုံမှန်အားဖြင့် ကွဲပြားခြားနားသော သမုဒ္ဒရာများ အနေဖြင့် ခွဲခြားသတ်မှတ်လေ့ရှိသော်လည်း ထိုသမုဒ္ဒရာရေများသည် အားလုံးဆက်စပ်လျက် ရှိပြီး အားလုံးကိုစုပေါင်း၍ ကမ္ဘာ့သမုဒ္ဒရာ သို့မဟုတ် ကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာ အနေနှင့် ရည်ညွှန်းလေ့ရှိကြသည်။ ထိုသို့ ရေထုအားလုံးဆက်စပ်နေပြီး အစိတ်အပိုင်း အသီးသီးတွင် အချင်းချင်းလွတ်လပ်စွာဖလှယ်နေကြခြင်း စသည့် တကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာအယူအဆ သည် သမုဒ္ဒရာဗေဒအတွက် အရေးကြီးသော အခြေခံအချက်အလက်တစ်ခုဖြစ်သည်။ အဓိက သမုဒ္ဒရာ အစိတ်အပိုင်းများ ခွဲခြားမှု ကို တိုက်ကြီးများ၊ ကျွန်းစုများ နှင့် အခြားအချက်အလက်များပေါ် မူတည်၍ ခွဲခြားသတ်မှတ်ကြသည်။ ထိုခွဲခြားမှုများကို အရွယ်အစားလိုက် ကြီးစဉ်ငယ်လိုက် ကြည့်မည်ဆိုပါက ပစိဖိတ်သမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ တောင်ပိုင်း သမုဒ္ဒရာ ( တစ်ခါတစ်ရံတွင် ထိုသမုဒ္ဒရာဒေသကို ပစိဖိတ်၊ အတ္တလန္တိတ် နှင့် အိန္ဒိယသမုဒ္ဒရာ တို့၏ တောင်ပိုင်းအဖြစ် သတ်မှတ်ကြသည်။) နှင့် [အာတိတ် သမုဒ္ဒရာ]] (တစ်ခါတစ်ရံတွင် အတ္တလန္တိတ် သမုဒ္ဒရာ၏ ပင်လယ်အဖြစ် သတ်မှတ်လေ့ရှိကြသည်။) စသည်ဖြင့်ဖြစ်သည်။ ပစိဖိတ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့ကို အီကွေတာပေါ်မူတည်၍ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ထပ်မံခွဲခြား သတ်မှတ်နိုင်သည်။ သမုဒ္ဒရာ၏ အစိတ်အပိုင်း အသေးစားများကို ပင်လယ်များ၊ ပင်လယ်ကွေ့များ၊ ပင်လယ်အော်များနှင့် အခြားအမည်များဖြင့် ခေါ်ဝေါ်ကြသည်။ ထို့ပြင် ကုန်းမြေပေါ်တွင် သမုဒ္ဒရာနှင့် ဆက်စပ်မနေသော အာရယ်ပင်လယ် နှင့် မဟာ ဆားငန်ရေကန်ကြီးစသည့် အခြားသော ဆားငန်ရေထုများလည်း ရှိတတ်သည်။ ထိုအရာများကို ပင်လယ်အဖြစ် ရည်ညွှန်းခေါ်ဆိုကြသော်လည်း တကယ်တမ်းမှာ ဆားငန်ရေကန်များသာ ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာသည်အကြီးဆုံးဖြစ်၍ အာတိတ်သမုဒ္ဒရာသည်အငယ်ဆုံးဖြစ်သည်။ သမုဒ္ဒရာများသည် ကမ္ဘာ့မျက်နှာပြင်၏ ၄ပုံ ၃ပုံကို ဖုံးလွှမ်းထားပြီး ဇီဝစက်ဝန်းပေါ်တွင် လွန်စွာမှပင် အကျိုးသက်ရောက်မှု ရှိသည်။ ကျွန်ုပ်တို့ ရရှိနေသော မိုးရွာသွန်းမှုမှာ ထိုသမုဒ္ဒရာများမှ ရေငွေ့ပျံခြင်းမှတဆင့် ဖြစ်ပြီး ၎င်းတို့၏ အပူရှိန်သည် ကျွန်ုပ်တို့၏ ရာသီဥတု နှင့် လေတိုက်ခတ်ပုံကို အဆုံးအဖြတ်ပေးသည်။ သမုဒ္ဒရာ အတွင်းမှ သက်ရှိများသည် ကမ္ဘာပေါ်တွင် သတ္တဝါတို့ စတင်မရွေ့လျားမီနှင့် အပင်တို့ စတင်အသက်မရှိမီ နှစ်ပေါင်း ၃ ဘီလီယံအကျော်မှ စတင်ဖြစ်ထွန်းခဲ့သည်။ ကမ္ဘာ့သမုဒ္ဒရာများ သမုဒ္ဒရာငါးစင်းတို့သည် တစ်စင်းနှင့်တစ်စင်း သီးသန့်ခွဲခြား၍ တည်ရှိနေကြသည်မဟုတ်ဘဲ တစ်စင်းနှင့်တစ်စင်း ဆက်စပ်လျက်ရှိကြသည်။ အချို့နေရာတွင် တိုက်ကြီးများခြားနေသည့်အခါ တစ်စင်းမှ တစ်စင်းသို့ အလွယ်တကူကူးသန်းသွားလာနိုင်စေရန် မြေအကျဉ်းဆုံးနေရာကို ဖြတ်၍တူးမြောင်းများ တူးထားကြလေသည်။ အတ္တလန္တိတ်သမုဒ္ဒရာမှ အိန္ဒိယသမုဒ္ဒရာသို့ အလွယ်တကူဖြတ်ကူးနိုင်ရန် ဆူးအက်တူးမြောင်းကိုလည်းကောင်း၊ အတ္တလန္တိတ်သမုဒ္ဒရာမှ ပစိဖိတ်သမုဒ္ဒရာသို့ အလွယ်တကူဖြတ်ကူးနိုင်ရန် ပနားမားတူးမြောင်းကိုလည်းကောင်း ဖောက်လုပ်ထားလေသည်။ ပစိဖိတ်သမုဒ္ဒရာ ပစိဖိတ်သမုဒ္ဒရာသည်အရှေ့ဘက်တွင်အမေရိကတိုက်နှစ်တိုက်၊ အနောက်ဘက်တွင် အာရှနှင့် ဩစတြေးလျတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်း သဏ္ဌာန်ရှိသည်။ စတုရန်းမိုင်ပေါင်း ၆၈၆၃၄ဝဝဝ ကျယ်၍ ပျမ်းမျှခြင်းအားဖြင့် ပေ ၁၄ဝ၅ဝနက်သည်။ ဖိလစ်ပိုင်ကျွန်းစုတွင်ပါဝင်သော မင်ဒါနာအိုကျွန်းအလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာတွင်ပေ ၃၅၄၁ဝခန့် နက်သည်။ အီကွေတာမျဉ်း၏ မြောက်ပိုင်းကို မြောက်ပစိဖိတ်သမုဒ္ဒရာဟုခေါ်၍ တောင်ပိုင်းကိုတောင် ပစိဖိတ်သမုဒ္ဒရာဟုခေါ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာ အတ္တလန္တိတ်သမုဒ္ဒရာသည် အနောက်ဘက်တွင် အမေရိကတိုက်နှစ်တိုက်၊ အရှေ့ဘက်တွင် ဥရောပတိုက်နှင့် အာဖရိကတိုက်တို့အကြား၌ အင်္ဂလိပ်အက္ခရာ အက်(စ)ပုံသဏ္ဌာန် ခပ်ကောက်ကောက်တည်ရှိသည်။ စတုရန်းမိုင်ပေါင်း ၄၁၃၂၂ဝဝဝ ကျယ်၍ပျမ်းမျှခြင်းအားဖြင့် ပေ၁၂၈၈ဝနက်သည်။ အနောက်အိန္ဒိယကျွန်းစုတွင် ပါဝင်သော ပွားတိုးရီးကိုးကျွန်းအလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ၂၇၉၆၅ ပေနက်သည်။ အီကွေတာမျဉ်းကြောင်း၏ မြောက်ပိုင်းကို မြောက်အတ္တလန္တိတ်သမုဒ္ဒရာဟု ခေါ်၍ တောင်ပိုင်းကို တောင်အတ္တလန္တိတ်သမုဒ္ဒရာဟု ခေါ်သည်။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာကို ဝန်းရံထားသောနိုင်ငံများသည် ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးသဖြင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွင် သင်္ဘောအသွားအလာအဖြတ်အသန်း များပြားစည်ကားသည်။ အိန္ဒိယသမုဒ္ဒရာ အိန္ဒိယသမုဒ္ဒရာသည် မြောက်ဘက်တွင် အာရှတိုက်၊ အရှေ့ဘက်တွင် ဩစတြေးလျတိုက်၊ အနောက်ဘက်တွင် အာဖရိကတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်းပုံသဏ္ဌာန်ရှိသည်။ စတုရန်းမိုင်ပေါင်း ၂၈၃၅ဝဝဝဝကျယ်၍ ပျမ်းမျှခြင်းအားဖြင့်ပေ ၁၃ဝဝဝနက်သည်။ ဂျားဗားကျွန်းတောင်ဘက် အလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ပေ ၂၄၄၄ဝနက်သည်။ အန္တာတိတ်သမုဒ္ဒရာ အန္တာတိတ်သမုဒ္ဒရာသည် တောင်ဝင်ရိုးစွန်းတစ်ဝိုက် အန္တာတိကတိုက်ကို ဝန်းရံတည်ရှိသည်။ ပထဝီပညာရှင်အများက အန္တာတိတ်သမုဒ္ဒရာကို သီးခြားသမုဒ္ဒရာတစ်ခုအနေနှင့် မယူဆဘဲ အတ္တလန္တိတ်၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့၏ တောင်ဘက်အဖျားပိုင်းအဖြစ် ထားရှိကြသည်။ ယင်းသမုဒ္ဒရာကြီးများနှင့် ပိုင်းခြားထားသော ကုန်းမြေဟူ၍မရှိချေ။ အန္တာတိတ်သမုဒ္ဒရာသည် စတုရန်းမိုင်ပေါင်း ၇၅ဝဝဝဝဝ လုံးကျယ်သည်။ ရေမြေသစ်များ စူးစမ်းရှာဖွေသူတို့တိုင်းတာခြင်း မပြုနိုင်သေးသဖြင့် အတိမ်အနက်ကိုအတိအကျ မသိရသေးချေ။ အာတိတ်သမုဒ္ဒရာ အာတိတ်သမုဒ္ဒရာသည် မြောက်ဝင်ရိုးစွန်းတစ်ဝိုက်တွင်တည်ရှိသောကြောင့် ကမ္ဘာလုံး၏ထိပ်တွင် ရှိနေသောသမုဒ္ဒရာဟု ယူဆကြသည်။ ယင်းသည် ပစိဖိတ်သမုဒ္ဒရာနှင့် ဗဲယားရင်းပင်လယ်ဖြင့် ခြားနေ၍ အတ္တလန္တိတ်သမုဒ္ဒရာ နှင့်မူ ဂရင်းလန်းကျွန်းနှင့် နော်ဝေးနိုင်ငံအကြား ရေပြင်နှင့် ခြားလျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၅၄၄ဝဝဝဝ ရှိ၍ ပျမ်းမျှခြင်း ၃၉၅၅ ပေနက်သည်။ မြောက်လတ္တီတွဒ် ၇၇၄၅ နှင့်အနောက်လောင်ဂျီတွဒ် ၁၇၅ နေရာတွင်အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ၁၈၄၅၆ပေ နက်သည်။ အာတိတ်သမုဒ္ဒရာရေပြင်သည် အမြဲပင် ရေခဲနေလေသည်။ သမုဒ္ဒရာ အောက်ခြေမျက်နှာပြင် သမုဒ္ဒရာတို့ အောက်ခြေမြေမျက်နှာပြင်သည် တစ်ပြေးညီညာ ရှိသည်မဟုတ်ဘဲ ခွက်ကြီးသဖွယ် တစ်ဖြည်းဖြည်း အလယ်သို့ နိမ့်ဆင်းသွားလေသည်။ သမုဒ္ဒရာ၏ အနက်ဆုံးသောနေရာတွင် ကမ္ဘာပေါ်၌ အမြင့်ဆုံးဖြစ်သော ဧဝရက် တောင်ထိပ်ကို ချလိုက်လျှင် ထိုတောင်ထိပ်သည်ရေအောက်သို့စုံးစုံး မြုပ်သွားပေလိမ့်မည်။ သမုဒ္ဒရာ၏အောက်ခြေမြေပြင်တို့သည် ကမ္ဘာမြေပြင်ကဲ့သို့ ချောင်းမြောင်းလျှိုရိုးတို့မရှိဘဲ များသောအားဖြင့် ညီညာပြေပြစ်လျက်ရှိကြသည်။ သို့ရာတွင်အချို့နေရာ၌ တောင်တန်းကြီးများနှင့် ချိုင့်ဝှမ်းကြီးများရှိလေသည်။ အချို့တောင်တန်းတို့၏ ထိပ်များသည် ရေအောက်တွင် နစ်မြုပ်မနေဘဲ ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်ကာ ကျွန်းများဖြစ်လျက် ရှိကြသည်။ အချို့ကျွန်းများသည် သာမန်တောင်တန်းတို့၏ တောင်ထိပ်များ မဟုတ်ဘဲ မီးတောင်၏ ထိပ်များဖြစ်ကြသည်။ ဓာတ်သတ္တုများပါဝင်မှု သမုဒ္ဒရာ၏ရေနက်ပိုင်းတွင် တဖြည်းဖြည်းအနည်ထိုင်၍ အောက်သို့ ကျဆင်းသွားသော အမှိုက်သရိုက်အမှုန်ကလေးများနှင့် ရေသတ္တဝါကလေးများ၏ အခွံကလေးများပါသော အလွန်နူးညံ့ညက်ညောသည့် ရွှံ့ညွန်ရှိသည်။ ကမ်းခြေဒေသများ၌ ကျောက်စရစ်နှင့်သဲများကို အများအပြား တွေ့ရှိရသည်။ ကမ်းခြေနှင့်ရေနက်ပိုင်းကြား၌မူ ထုံးစသည်တို့ပါရှိသော ရွှံ့ညွန်များနှင့် ယင်းတို့မှဖြစ်သော သဲ၊ ကျောက်၊ ကျောက်ဖြုန်းစသည်တို့ကို တွေ့ရသည်။ သမုဒ္ဒရာရေသည် ဆားအမြောက်အမြားပါသဖြင့် အလွန်ငန်သည်။ သမုဒ္ဒရာရေတစ်ပိဿာလျှင် ဆားငါးကျပ် သား၊ မက်ဂနီဆီယမ်၊ ကယ်လဆီယမ်ဗရိုမင်းစသည်တို့ အနည်းအကျဉ်းပါဝင်သည်။ ဤသို့ သမုဒ္ဒရာရေ၌ဆား များစွာပါဝင်ခြင်းမှာ ယင်းအတွင်းသို့ စီးဆင်းသောမြစ်များက ကုန်းမှဆားများကို ယူဆောင်လာခြင်း၊ ရေများသည် ရေခိုးရေငွေ့ဖြစ်သွားသောအခါ သမုဒ္ဒရာထဲ၌ ဆားများကြွင်းကျန်နေရစ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု အချို့ကယူဆကြ၏။ သို့သော် သမုဒ္ဒရာမှ ရရှိသောဆားများသည် မီးတောင်များမှ ထွက်လာသည့် ချော်ရည်သတ္တုရည်များတွင် ပါသောဆားများနှင့်လွန်စွာတူလှသဖြင့် သမုဒ္ဒရာရေသည် ကမ္ဘာဦးကစ၍ ငန်လာခဲ့သည်ဟု အချို့က ယုံကြည်ကြသည်။ သမုဒ္ဒရာရေဆားငန်ခြင်းသည် တစ်နေရာနှင့် တစ်နေရာမတူချေ။ နေအလွန်ပူသဖြင့် ရေခိုးရေငွေ့အဖြစ်သို့ ပြောင်းလဲခြင်းကများ၍ ရေချိုများကို ယူဆောင်လာသည့်မြစ်များမှ စီးဝင်ခြင်းနည်းသောနေရာ၌ ရေပိုငန်သည်။ ကမ္ဘာပေါ်တွင် သုံးစွဲနေကြသော အိမ်သုံးဆားများ အမြောက်အမြားကို ပင်လယ်သမုဒ္ဒရာရေမှ ချက်ယူကြသည်။ သမုဒ္ဒရာရေတွင် ရှိသောဆားအားလုံးကို ကျိုချက်၍ ပုံလိုက်ပါက ဆားပုံကြီး၏အကျယ်အဝန်းသည် မြန်မာနိုင်ငံ ထက်အဆ ၄ဝ ကျော်မျှကျယ်ဝန်းမည်ဟု ဆိုသည်။ သမုဒ္ဒရာရေတွင် အထက်ပါဓာတ်သတ္တုများသာမက ရွှေလည်းရရှိနိုင်သည်။ သမုဒ္ဒရာအတွင်းမှ ရွှေအားလုံးကို ထုတ်ယူနိုင်ပါက ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်းတစ်ဦးလျှင် ရွှေသုံးပိဿာခန့်စီ ရရှိလိမ့်မည်ဟု တွတ်ဆကြသည်။ ထို့ကြောင့်အချို့ ပညာရှင်တို့က သမုဒ္ဒရာတို့သည် ဓာတ်သတ္တု အရည်တို့ဖြင့် ပြည့်နှက်နေသော သတ္တုတွင်းကြီးဖြစ်သည် ဟုဆိုကြခြင်းဖြစ်သည်။ သမုဒ္ဒရာ ရေစီးကြောင်း အီကွေတာနားနီးသော သမုဒ္ဒရာရေသည် ဝင်ရိုးစွန်းများနှင့် နီးကပ်သော သမုဒ္ဒရာရေထက် နွေးလေသည်။ ယင်းသို့တစ်နေရာနှင့်တစ်နေရာ ရေ၏အပူအအေးမတူမှုကြောင့် တစ်ကြောင်း၊ တိုက်ခတ်နေသော လေတို့၏လမ်းကြောင်းများကြောင့် တစ်ကြောင်း၊ ကမ္ဘာကြီးသည်ဝင်ရိုးပေါ်၌ လည်နေသောကြောင့် တစ်ကြောင်း သမုဒ္ဒရာတွင်ရေစီးကြောင်းများ ဖြစ်ပေါ်လျှက် ရှိကြသည်။ ယင်းတို့သည်များသောအားဖြစ် အီကွေတာအနီးတစ်ဝိုက်တွင် အရှေ့မှအနောက်သို့ စီးလေ့ရှိကြပြီးလျှင် ကမ်းခြေနားသို့ ရောက်သောအခါ ဝင်ရိုးစွန်းများဘက်သို့ လည်၍စီးသွားလေ့ရှိကြသည်။ သမုဒ္ဒရာတို့၏ အနောက်ဘက် ကမ်းခြေများတွင် ရေနွေးစီးကြောင်းများကို တွေ့ရ၍ကပ်စီးသွားရာကုန်းမြေ၏ ရာသီဥတုကို ပြောင်းလဲစေတတ်သည်။ ပင်လယ်ရေတိမ်အပိုင်း၌ မြစ်များ ယူဆောင်လာသည့် သဲများရွှံများရှိ၏။ ထိုထက်နက်သော အပိုင်း၌ သစ်ပင်များ၊ သတ္တဝါများ၏ အခွံအကြေးများဖြင့် ဖြစ်လာသော ဖြူယောင်ယောင် ညိုသန်းသန်း နုံးနှစ်များရှိ၏။ ထိုအမှုန်များမှာ အလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ အပူချိန် အလွန်နက်သော အပိုင်းများ၌ကား ရွှံ့စေးနီများရှိ၏။ ထိုအောက်အနက်ဆုံးသော နေရာများ၌မူ ကျောက်သားအနှစ်များဖြင့် ပြီးလျက်နေသော မြေကိုတွေ့ရသဖြင့် ထိုမြေသည်ကား ကမ္ဘာဦးကစ၍ သမုဒ္ဒရာများနှင့်အတူ တည်ရှိလာဟန် လက္ခဏာရှိပေသည်။ နေရောင်သည် ရေမျက်နှာပြင်အောက်သို့ ပေပေါင်းအနည်းငယ်မျှသာ ရောက်ရှိနိုင်လေရာ ရေအနက်ပေ ၆ဝဝ အောက်၌ကား မြေပြင်တွင် ဖြစ်ပေါ်ပြောင်းလည်းနေသည့် ရာသီဥတုမျိုးကို မတွေ့ရတော့ချေ။ ထိုအပိုင်း၌ ရေသည် အစဉ်မပြတ်ရေခဲကဲ့သို့ အေးလျက်ရှိ၏။ သမုဒ္ဒရာရေ မျက်နှာပြင်တို့၌ များသောအားဖြင့် ရေ၏အပူချိန်သည် အမြင့်ဆုံး ၅၆ ဖာရင်ဟိုက်ခန့်ရှိ၏။ သမုဒ္ဒရာအားလုံး၏ ပျမ်းမျှခြင်းအပူချိန်မှာ ၃၉ ဖာရင်ဟိုက်ခန့်ရှိသည်။ ပေ ၃ဝဝဝ ခန့်နက်သောနေရာများ၌ ရေ၏အပူချိန်သည် ၂၂ ဖာရင်ဟိုက်ခန့်ရှိ၍ ပေ၄ဝဝဝ ခန့်ရောက်သောအခါ ၁၅ ဖာရင်ဟိုက်သာ အများဆုံးရှိပြီးလျှင် ပေ ၉ဝဝဝ အနက်တွင် ၇ ဖာရင်ဟိုက်ခန့်သာ ရှိတော့သည်။ နွေအခါ၌ သမုဒ္ဒရာ ရေပြင်သည် ကုန်းမြေပြင်ကဲ့သို့ လျင်မြန်စွာမပူတတ်ဘဲ ဆောင်းအခါ၌လည်း လျင်မြန်စွာမအေးတတ်ချေ။ သမုဒ္ဒရာရေ မျက်နှာပြင်၏ အပူအအေးသည်လည်းကောင်း၊ လှုပ်ရှားမှုသည်လည်းကောင်း၊ ထိုအောက်ဘက်ရှိ ရေနက်ပိုင်းကို ပြုပြင်ဖန်တီးနိုင်စွမ်း မရှိတော့ချေ။ ရေစီးကြောင်း၏ လှုပ်ရှားမှုများ မဆိုစလောက်သာရှိပြီးလျှင် ရေသည်ပကတိ ငြိမ် သက်လျက်ရှိ၏။ ရေဖိအား ရေ၏ဖိနှိပ်အားသည်ကား ရေ၏အနက်ကိုလိုက်ပြီးလျှင် တစ်ဖြည်းဖြည်းပိုမိုကြီးမားလာလေသည်။ တစ်မိုင်ခန့်နက်သောနေရာတွင် ရေ၏ဖိအားသည် တစ်စတုရန်းလက်မပေါ်၌ အလေးချိန်တစ်တန်မျှရှိ၏။ ခြောက်မိုင်နက်သောနေရာတွင် ရေ၏ဖိအားသည် တစ်စတုရန်းလက်မပေါ်၌ အလေးချိန်ခြောက်တန်မျှ ရှိလေသည်။ ယင်းသို့လျှင် ရေ၏ဖိအားသည် ရေ၏အနက်ကိုလိုက်၍ တိုးသွားလေသည်။ စူးစမ်းလေ့လာမှုများ ယခုအခါလူတို့သည် အလွန်နက်သော သမုဒ္ဒရာ အောက်ပိုင်းအကြောင်းကို နည်းအမျိုးမျိုးဖြင့်စုံစမ်း ပြီးဖြစ်၏။ အထူးပြုလုပ်ထားသောပိုက်များ၊ သံချိတ်များ၊ ပုလင်းများကို ရေအောက်မြေပြင်ရောက်အောင်ချ၍ ထိုမြေပြင်ပေါ်ရှိ သက်ရှိသက်မဲ့အရာဝတ္ထုများကို ဆယ်ယူကြ၏။ အထူးပြုလုပ်ထားသော ကရိယာများဖြင့် သမုဒ္ဒရာအောက်ရှိ ရေ၏အပူအအေးကို တိုင်းတာကြည့်ကြ၏။ ထိုသို့စုံစမ်းခဲ့သဖြင့် သမုဒ္ဒရာအောက်မြေပြင်ပေါ်၌ မရေတွက်နိုင်အောင်များပြားလှသော သတ္တဝါအမျိုးမျိုးရှိကြောင်းကို သိရှိရပေသည်။ သမုဒ္ဒရာ ဇီဝဗေဒ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ မှန်ဘီလူးဖြင့် ကြည့်မှသာမြင်နိုင်သည့် သတ္တဝါကလေးများမှ ပေ ၈ဝ မျှရှည်လျားကြီးမားသော ဝေလငါးကြီးများအထိ သမုဒ္ဒရာထဲတွင် သတ္တဝါအမျိုးမျိုးရှိသည်။ ခရု၊ ကနန်း၊ ပုစွန်တို့ကဲ့သို့သော အခွံရှိသတ္တဝါများ၊ လိပ်ကဲ့သို့သောတွားသွား သတ္တဝါများ၊ ဝေလငါး၊ ပင်လယ်ဖျံတို့ကဲ့သို့သော နို့တိုက်သတ္တဝါများ၊ ငါးစသည်တို့ကဲ့သို့သော ဥအုသည့် ကိုယ်ရေအေးသတ္တဝါများ ရှိကြသည်။ သမုဒ္ဒရာ၏ အလွန်နက်သောအပိုင်း၌ နေကြသောသတ္တဝါများသည် မျက်စိကောင်းကောင်းမမြင်ကြချေ။ အားလုံးလိုလိုပင် မီးစုန်းအလင်းရောင်ထွက်သော သတ္တဝါများ ဖြစ်ကြ၏။ ထိုသို့ အလင်းရောင်ထွက်ခြင်းမှာ အပူဓာတ်မပါဘဲနှင့် အလင်းရောင်ထွက်နေခြင်း ဖြစ်၏။ ဤရေသတ္တဝါများ စားသောအစာများမှာ ဒိုင်အက်တမ်နှင့် ပလင့်ကတမ်ခေါ် ပိုးမွှားကောင်ကလေးများ ဖြစ်ကြ၏။ ထိုပိုးကောင်ကလေးများမှာ အလွန်သေးငယ်လှသဖြင့် အားကောင်းသောမှန်ဘီလူးဖြင့် ကြည့်မှသာ မြင်နိုင်၏။ ယင်းတို့သည် အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်စွာတိုးပွားကြ၍ ရေသတ္တဝါများ၏ အသက်သခင်များဖြစ်ကြပေသည်။ သမုဒ္ဒရာတို့၏ရေတိမ်များ အထူးသဖြင့် ကမ်းခြေနှင့်မလှမ်းမကမ်းနေရာများ၌ အပင်တို့ ပေါက်ရောက်လျက်ရှိကြသည်။ အချို့အပင်များသည် မည်သည့်မြေကိုမျှ အမှီသဟဲမပြုပဲ ရေအလယ်တွင် ပေါက်လေ့ရှိကြသည်။ မည်သို့ပင်ပေါက်နေစေကာမူ အလင်းရောင်သည် ရေပြင်အတွင်းသို့ပေပေါင်း ၁၃၂ဝ ခန့်အထိလောက်သာ ထိုးဖောက်ဝင်နိုင်သဖြင့် အပင်တို့အဖို့ အလင်းရောင်ရမှ ရှင်နိုင်သည့်အလျောက် ထိုထက်နက်ရှိုင်းသောဒေသ၌ အပင်များမရှိနိုင်ဟု ယူဆကြသည်။ အပင်များမရှိကလည်း ယင်းတို့ကိုမှီတင်းနေထိုင်သော သတ္တဝါများ နေနိုင်မည်မဟုတ်ချေ။ သို့ရာတွင် တစ်ခါက မြေထဲပင်လယ် ကိုဖြတ်ကူးထားသော ကြေးနန်းကြိုးတစ်ချောင်းသည် ပင်လယ်ရေပြင် အောက်ပေ ၇ဝဝဝ အနက်လောက်၌ ရုတ်တရက် ပြတ်ကျသွားခဲ့ဖူး၏။ ထိုကြိုးစမှ အောက်သို့ မည်မျှနက်သည်အထိ ကျသွားသည်ကိုမသိရချေ။ သို့သော်ထိုကြိုးပြတ်ကို ဆယ်ယူသောအခါ ကြိုးအဖျား၌ အလွန်သေးငယ်သော ပိုးမွှားကောင်ကလေး အများအပြား ကပ်၍ ပါလာသည်ကို တွေ့ရသဖြင့် သမုဒ္ဒရာအောက် အလွန်နက်သောနေရာများ၌ ပိုးမွှားကလေးများရှိကြောင်းကို သိရှိကြရလေသည်။ သမုဒ္ဒရာသည် ကမ္ဘာ့ရိက္ခာဂိုဒေါင်ကြီးသဖွယ် ဖြစ်သည်။ လူတို့စားသောက်မှီဝဲရသော ငါး၊ ပုစွန်စသည်တို့ သည်ရေထဲတွင် မကုန်ခန်းနိုင်အောင် များလေသည်။ အတ္တလန္တိတ်သမုဒ္ဒရာ၏ အမေရိကန်ကမ်းခြေတစ်လျှောက်တွင် ကျက်စားပေါက်ပွားလေ့ရှိကြသော မင်ဟာဒင်ခေါ်ငါးတစ်မျိုးသည် စား၍မကောင်းသော်လည်း မြေဩဇာပြုလုပ်ရန်အတွက် အသုံးကျသည်။ ပန်းထိမ်သည်တို့အသုံးပြုသော စပန်းခေါ် ပင်လယ်ရေမြုပ်တစ်မျိုးကိုလည်း သမုဒ္ဒရာထဲမှပင် ရရှိသည်။ အလွန်အဖိုးထိုက်တန်လှသော ပုလဲရတနာအတွက် မုတ်ကောင်(ကမာကောင်)တို့ ကိုလည်း သမုဒ္ဒရာ ထဲ၌ပင်ဖမ်းယူရရှိနိုင်သည်။ ရှေးအခါက သမုဒ္ဒရာကြီးများသည် ရေမြေခြား၍ အလွန်ဝေးလံသော ဒေသကြီးများကို ကူးလူးဆက်ဆံရန် တံတိုင်းကြီးများသဖွယ်ဖြစ်ခဲ့သော်လည်း ရေကြောင်းခရီးသွားလာမှုအောင်မြင်လာသည်နှင့်အမျှ အသုံးဝင်သောခရီးလမ်းမကြီးများ ဖြစ်လာလေသည်။ ကမ္ဘာမြေပေါ်၌ ရွာသွန်းချသမျှ မိုးရေတို့သည် သမုဒ္ဒရာရေမှအရင်းတည်ခဲ့သည်။ ကမ္ဘာပေါ်တွင် တိုက်ခတ်သော လေတို့သည်သမုဒ္ဒရာမျက်နှာပြင်မှ ရေခိုးရေငွေ့များကို သယ်ဆောင်၍မိုးအဖြစ်ရွာချကြသည်။ အသုံးချမှုများ ပင်လယ်နီနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်စပ်ထားသည့်ရေလက်ကြားကျဉ်းကလေးကိုတာတမံတုတ်၍ ပင်လယ်နီတွင်းသို့ အိန္ဒိယသမုဒ္ဒရာထဲမှ စီးဝင်လာသော ရေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်စက်များကိုမောင်းနှင်စေမည်ဆိုလျှင် လျှပ်စစ်ဓာတ်အား မြင်းကောင်ရေငါးသန်းမျှ ရနိုင်မည်ဟု ဆွီဒင်နိုင်ငံသား သိပ္ပံပညာရှင်ပါမောက္ခတစ်ဦးက ခန့်မှန်းလေသည်။ ဗြိတိသျှသိပ္ပံပညာရှင်ကြီးဟောလဒိန်းကမူ ဒီရေအတက် အကျကိုစေခိုင်း၍လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကြံစည်ခဲ့ဖူး၏။ သိပ္ပံပညာရှင်တို့သည် များပြားလှသော သမုဒ္ဒရာရေထုမှ နည်းသုံးနည်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်အသုံးချရန် ကြံစည်လျက်ရှိကြသည်။ ယင်းတို့မှာ (၁)ရေလှိုင်းအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်ခြင်း၊ (၂) တက်လာသောဒီရေကို သိုလှောင်ပိတ်ဆို့ထားပြီးလျှင် ထိုရေတို့ကို အတိုင်းအဆနှင့် ပြန်လွှတ်၍ လျှပ်စစ်ဓာတ်အားထုတ်ခြင်း၊ (၃)ပင်လယ်မျက်နှာပြင်ရေနှင့် ပင်လယ်အောက်ရေတို့၏ အပူခြားနားခြင်းကို အသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်ခြင်း တို့ဖြစ်လေသည်။ ကိုးကား ပထဝီဝင်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%AF%E1%80%92%E1%80%B9%E1%80%92%E1%80%9B%E1%80%AC
ရှေးဟောင်းသုတေသနပညာ
ရှေးဟောင်းသုတေသနပညာ ဆိုသည်မှာ ရှေးဟောင်းခေတ်မှ လူသား တို့ကြွင်းကျန်ခဲ့သော ရုပ်ဝတ္ထုပစ္စည်းတို့နှင့် ပတ်ဝန်းကျင် အနေအထား အချက်အလက်များကို ပြန်လည်ရှာဖွေ၍ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ထိုခေတ်ထိုအခါက လူ့အဖွဲ့အစည်းကို လေ့လာသော ပညာရပ်ဖြစ်သည်။ ထို့သို့သော အချက်အလက်များတွင် လက်မှုပစ္စည်းများ၊ ဗိသုကာပညာရပ်များ၊ ဇီဝဆိုင်ရာ အချက်အလက်များ နှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေများ ပါဝင်သည်။ ရှေးဟောင်းသုတေသနပညာရပ်တွင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာတို့ ပါဝင်လေ့ ရှိသဖြင့် သိပ္ပံပညာဟု ခေါ်ဆိုနိုင်သကဲ့သို့ လူမှုရေးပညာဟုလည်း ခေါ်ဆိုနိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင် မနုဿဗေဒ ၏ ဘာသာရပ်ခွဲ တစ်ခု အဖြစ် မှတ်ယူလေ့ရှိပြီး ဥရောပတွင်မူ သီးသန့် ဘာသာရပ်တစ်ခုအဖြစ် မှတ်ယူကြသည်။ ရှေးဟောင်းသုတေသန ပညာတွင် လူသားတို့၏ ရာဇဝင်ကို အရှေ့အာဖရိကတွင် ပထမဆုံးသော ကျောက်လက်နက်များများ တီထွင်သုံးစွဲခဲ့ကြသည့် နှစ်ပေါင်း ၃.၄ သန်းမှ အစပြု၍ လတ်တလော ဆယ်စုနှစ်များ အထိ လေ့လာကြသည်။ ထိုပညာရပ်သည် သမိုင်းမတင်မီခေတ်က လူ့အဖွဲ့အစည်းများကို လေ့လာရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ထိုအချိန်က လူတို့၏ သမိုင်းကြောင်းကို ရေးသားမှတ်တမ်းတင်မှုများ မရှိသော်လည်း လူသားတို့ရာဇဝင်၏ ၉၉ ရာခိုင်နှုန်းသော အဖြစ်အပျက်တို့မှာ ထိုခေတ်အခါက ဖြစ်ပျက်ခဲ့လေသည်။ ရှေးဟောင်းသုတေသနပညာရပ်တွင် လူတို့၏ ဆင့်ကဲပြောင်းလဲမှုကို လေ့လာခြင်းမှ ယဉ်ကျေးမှု ဆင့်ကဲပြောင်းလဲလာခြင်း အထိ လေ့လာရန် အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိသည့်အပြင် ယဉ်ကျေးမှု သမိုင်းကြောင်းကို ပိုမိုနားလည်သိရှိနိုင်ရန် အတွက်လည်း ရည်ရွယ်လေ့ ရှိသည်။ ကိုးကား ရှေးဟောင်းသုတေသနပညာ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%B1%E1%80%B8%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AF%E1%80%90%E1%80%B1%E1%80%9E%E1%80%94%E1%80%95%E1%80%8A%E1%80%AC
ကျူရှင်
ကျူရှင်သည် အင်္ဂလိပ် ဘာသာစကား tuition မှ မွေးစားထားသည့် စကားလုံးဖြစ်သည်။ မူရင်း အဓိပ္ပာယ်မှာ အခကြေးငွေပေးရသည့် သင်တန်းတစ်မျိုးမျိုးကို ဆိုလိုသည်။ အမေရိကန်ပြည်ထောင်စုတွင် တက္ကသိုလ် တက်ရောက်ခွင့်တွင် tuition fee ကိုပါ ပေးဆောင်ရသည်။ မြန်မာစကားတွင်မူ ကျူရှင်ဆိုသည့် စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်လွန် နောက်ပိုင်းတွင် ဖြစ်သည်။ထိုစဉ်ကအထက်တန်းကျောင်းသားအချို့သာကျူ ရှင်ယူခဲ့ကြသော်လည်း၊တဖြည်းဖြည်းပျက်စီးလာသောမြန်မာနိုင်ငံပညာရေးစနစ်၏အားနည်းချက်ကြောင့်လည်းကောင်း၊ဝန်ထမ်းဖြစ်သောဆရာ၊ဆရာမတို့၏မလုံလောက်သောလစာဝင်ငွေနည်းပါးမှုကိုဖြေရှင်းရန်ကြိုးစားရာမှလည်းကောင်း၂ဝဝဝခုနှစ်နောက်ပိုင်းတွင်ကျောင်းမနေရသေးသောကလေးပေါက်စလေးများပင်ကျူ ရှင်ယူကြသည်အထိကျူ ရှင်မှာမြန်မာ့ပညာရေးလောကကိုလွှမ်းမိုးလာခဲ့လေသည်။ ပညာရေး
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B0%E1%80%9B%E1%80%BE%E1%80%84%E1%80%BA
Portal:သင်္ချာ
<div style="float:right; width:100%"> သိပ္ပံ
https://my.wikipedia.org/wiki/Portal%3A%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%81%E1%80%BB%E1%80%AC
သင်္ဘော
သင်္ဘောဟုဆိုရာ၌ ရေနက်တွင် သွားလာနိုင်သော ရေယာဉ်အကြီးစားများကို ဆိုလို၍ ရှေးကပေါ်ခဲ့သော ရွက်လှေကြီးများမှအစ ယခုခေတ်ပေါ်ရေနွေးစက်၊ သို့မဟုတ် မော်တော်စက်စသည်တို့ဖြင့်ခုတ်မောင်းသော ပင်လယ်ကူးသင်္ဘောကြီးများအထိ ပါဝင်သည်။ လူတို့၏အသုံးလိုမှု ကိစ္စကိုလိုက်၍ လည်းကောင်း၊ လူတို့၏ပညာဗဟုသုတ တိုးတက်လိုမှုကိုလိုက်၍လည်းကောင်း လူတို့၏အသုံးအဆောင်၊ ပရိဘောဂတို့သည် တမျိုးထက်တမျိုး တခေတ်ထက်တခေတ် သာလွန်ကောင်းမွန်လာမြဲဖြစ်သည့်အတိုင်း ရေနက်သွား ပင်လယ်ကူးသင်္ဘောများသည်လည်း ရှေးခေတ်မှစ၍ တဖြည်းဖြည်း ထူးခြားတိုးတက်လာသည်ကို တွေ့ရပေသည်။ သင်္ဘောကို လှေနှင့် ခွဲခြားရာတွင် အရွယ်အစားပေါ်မူတည်၍ ခွဲခြားကြသည်။ သင်္ဘောကို ကန်များ၊ ပင်လယ်များနှင့် မြစ်များတွင် တွေ့ရနိုင်ပြီး၊ လူများနှင့် ကုန်စည်များကို သယ်ဆောင်ရန်၊ ငါးဖမ်းရန်၊ အပန်းဖြေရန်၊ ပြည်သူတို့၏ အန္တရာယ်ကင်းရှင်းရေးနှင့် စစ်ဘက်သုံး တိုက်ခိုက်ရန်အတွက် စသည့်ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသည်။ သင်္ဘောများနှင့် လှေများသည် လူတို့၏တိုးတက်ပြောင်းလဲမှုနှင့် အတူဖြစ်ပေါ်လာခဲ့သည်။ အရေးပါသော စစ်ပွဲများနှင့် နေ့စဉ်ဘဝတို့တွင် သုံးစွဲမှု တို့ကြောင့် ၎င်းတို့သည် ခေတ်သစ် စစ်ရေးနှင့် စီးပွားရေးစနစ်တို့၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ငါးဖမ်းသမားတို့သည် ငါးဖမ်းလှေများကို အသုံးပြုကြသည်။ စစ်တပ်များသည် အလွန်ခေတ်မီသော ရေယာဉ်များကို သုံးစွဲ၍ ကမ်းပေါ်ရှိ စစ်အင်အားများကို ထောက်ပံ့ခြင်းနှင့် ပို့ဆောင်ခြင်းတို့ ပြုလုပ်ကြသည်။ ၃၅၀⁠၀၀ နီးပါများရှိသော ကုန်သွယ်သင်္ဘောများသည် ၂၀⁠၀၇−ခုနှစ်တွင် ကုန်စည်ဘီလီယံပေါင်းများစွာကို သယ်ယူပို့ဆောင်ပေးခဲ့သည်။ ထိုရေယာဉ်များသည် ကြီးကျယ်သော စွန့်စားရှာဖွေမှုများနှင့် သိပ္ပံနှင့်နည်းပညာတိုးတက်မှု တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။ ကျန်ဟီတို့ ကဲ့သို့သော ရေကြောင်းသွားလာသူတို့သည် သံလိုက်အိမ်မြှောင်နှင့် ယမ်းမှုန့်အစရှိသည့် တီထွင်မှု တို့ကို နေရာအနှံ့အပြား ပျံ့နှံ့စေခဲ့သည်။ တဖက်က ကြည့်လျှင် သင်္ဘောများကို ကိုလိုနီနယ်ချဲ့ခြင်း နှင့် ကျွန်ကုန်ကူးခြင်းတို့တွင် အသုံးပြုခဲ့ကြသည်။ အခြားတဖက်တွင်မူ ၎င်းတို့သည် သိပ္ပံဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာ နှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။ သောဟေယာဒယ်မှ သူ၏ သေးငယ်သော လှေငယ် ကွန်တီကီဖြင့် သရုပ်ပြခဲ့သည့်ပမာပင် ရိုးစင်းသော သစ်သားဖောင်ကလေးတစ်ခုဖြင့်ပင် ကြီးကျယ်ခမ်းနားသော အရာများစွာကို လုပ်ကိုင်နိုင်သည်။ ကျောက်ခေတ်အလယ်ပိုင်း၊ ကနူးလှေများမှ ယနေ့အသုံးပြုနေသော နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော များအထိသည် လူတို့၏သမိုင်းကို ပြောပြနေကြသည်။ အမည်မှည့်ခေါ်ပုံ သင်္ဘောများသည် ၎င်းတို့၏ အရွယ်အစားနှင့် မိမိဘာသာ အချိန်ကာလကြာမြင့်စွာ မောင်းနှင်နိုင်မှုအပေါ်တွင် မူတည်၍ လှေမှ ကွဲပြားသွားသည်။ အများလက်ခံထားသော သတ်မှတ်ချက်မှာ အကယ်၍ ရေယာဉ်တစ်စီးမှ အခြားတစ်စီးကို သယ်ဆောင်နိုင်ပါက ကြီးသောရေယာဉ်သည် သင်္ဘောဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့သော် ၃၅ပေ(၁⁠၁မီတာ) မျှရှည်လျားသော ရွက်လှေများသည်ပင် ဒင်ဂျီ(dinghies) ဟု ခေါ်သော လှေငယ်လေးများကို သယ်ဆောင်လေ့ရှိသဖြင့် ထိုသတ်မှတ်ချက်မှာ လုံးဝဥဿုံ မှန်ကန်သည်ဟု မဆိုနိုင်ပေ။ ရေယာဉ်အများအပြားကို လှေဟုပင် ရည်ညွန်းခေါ်ဝေါ်ကြသည်။ ရေငုပ်သင်္ဘောကို အင်္ဂလိပ်ဘာသာတွင် လှေဟူ၍ပင် ရည်ညွှန်းကြသည်။ အခြားလှေဟု ခေါ်ဝေါ်ကြသော ရေယာဉ်များမှာ ကန်ကြီးများအတွင်း သွားလာကြသော ကုန်တင်သင်္ဘောများ၊ မြစ်တွင်းသွား ရေယာဉ်များနှင့် လွန်းပျံရေယာဉ်များ တို့ဖြစ်ကြသည်။ ထိုရေယာဉ်များမှာ မိမိတို့ဘာသာ လှေများနှင့် အကြီးစားကုန်စည်များကို သယ်ဆောင်နိုင်ကြသော်လည်း ဤရေယာဉ်များမှာ ကုန်းတွင်းရေကြောင်းနှင့် အကန့်အသတ်ရှိသော ကမ်းရိုးတန်းဝန်းကျင်တွင်သာ သွားလာလှုပ်ရှားနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားကြသည်။ သမိုင်းကြောင်း သမိုင်းမတင်မီခေတ်နှင့် ရှေးခေတ် လှေများ၏ သမိုင်းသည် လူတို့၏စွန့်စားခန်းများနှင့် အပြိုင်ဖြစ်ပေါ်ခဲ့သည်။ လေ့လာသိရှိရသမျှတွင် ပထမဆုံးသော လှေမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀⁠၀၀⁠၀ ကျော် နီယိုလစ်သစ် ကာလမှပင် ဖြစ်သည်။ ထိုအစောပိုင်းလှေများမှာ ရေပေါ်တွင် သွားရုံမျှသာ အလုပ်လုပ်နိုင်ပြီး ထိုထက်ပို၍ ဘာမျှမလုပ်နိုင်ပေ။ ထိုလှေများကို အမဲလိုက်ရာနှင့် ငါးဖမ်းရာတွင် အသုံးပြုခဲ့ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်တို့ ရှာဖွေတွေ့ရှိခဲ့သော ရှေးအကျဆုံး သစ်ထွင်းကနူးလှေမှာ ထင်းရူးပင်၏ သစ်တုံးများကို ဖြတ်၍ ရိုးရှင်းသော ကျောက်လက်နက်များဖြင့် တည်ဆောက်ထားကြောင်း တွေ့ရှိခဲ့ရသည်။ သင်္ဘောအစ သင်္ဘောများကိုအီဂျစ်လူမျိုးတို့က စတင်၍ဆောက်လုပ်ခဲ့ကြသည်ဟု ဆိုသည်။ လွန်ခဲ့သောနှစ် ပေါင်း၆ဝဝဝခန့်က အီဂျစ်လူမျိုးတို့တွင် ခရီးသည် ၅ဝခန့် တင်ဆောင်နိုင်သော သင်္ဘောများ ရှိခဲ့ဖူးသည်။ သို့သော် ထိုသင်္ဘောများမှာ သစ်သားဖြင့် တည်ဆောက်ထားသော ရွက်သင်္ဘောများသာဖြစ်ကြ၏။ ၁၉ ရာစု အစလောက်တွင်မှ ခေတ်မီသင်္ဘောသစ်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။ ခေတ်မီသင်္ဘောများတွင် လေကို အားကိုးရသော ရွက်များအစား ရေနွေးငွေ့နှင့် ခုတ်မောင်းသောစက်များကို တပ်ဆင်လာကြသည်။ သစ်သားနှင့်ဆောက်လုပ်ခဲ့ရာမှသံဖြင့်၎င်း၊ ထိုနောက် သံထက် ပို၍ခိုင်ခန့်သောသံမဏိဖြင့်၎င်း ဆောက်လုပ်လာကြလေသည်။ ဘီစီ ၃၀⁠၀၀ ခန့်ကပင် ရှေးဟောင်းအီဂျစ်လူမျိုးတို့သည် သစ်သားပျဉ်ချပ်များမှ သင်္ဘော၏ ကိုယ်ထည်ဖြစ်အောင် ဆောက်သည့်နည်းကို သိရှိခဲ့ကြပြီးဖြစ်သည်။ ကျစ်ထားသော ကြိုးများကို သုံး၍ ပျဉ်ပြားများကို အတူတကွ စုစည်းချည်နှောင်ခဲ့ကြသည်။ ကျူပင်နှင့် မြက်ပင်များကို သစ်သားပြားများကြားတွင်ထည့်ခြင်းဖြင့် ဆက်ကြောင်းများမှ ရေလုံအောင် တားဆီးနိုင်ခဲ့သည်။ ဂရိလူမျိုး သမိုင်းရေးသူနှင့် မြေပုံဆွဲသူ အာဂါသာချီဒိစ် မှ ရှေးဟောင်းအီဂျစ်လူမျိုးတို့ကြား သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခြင်းကို မှတ်တမ်းတင်ခဲ့ပုံမှာ " ဘီစီ ၃၀ ရာစု နှင့် ၂၅ ရာစုကြား အီဂျစ် တိုင်းနိုင်ငံတော်ဟောင်း (Old Kingdom)၏ ချမ်းသာကြွယ်ဝသော အချိန်များတွင် မြစ်ကြောင်းလမ်းများမှာ စနစ်တကျရှိနေသည်။ အီဂျစ်သင်္ဘောများသည် ပင်လယ်နီအတွင်း သစ်စေးမွှေး နိုင်ငံ (myrrh-country) သို့တိုင်အောင် ရွက်လွင့်ခဲ့ကြသည်။" ဟူ၍ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒိန်းမတ် ရှိ ကွန်ဂန်လင်ဘီ (Kongens Lyngby) အနီးတွင် နေထိုင်သူများက အခန်းခွဲထားသော သင်္ဘောကိုယ်ထည်ကို တီထွင်ခဲ့ပြီး ထိုသို့ တည်ဆောက်မှု ကြောင့် လှေ၏ အရွယ်ပမာဏကို တဖြည်း⁠ဖြည်းချင်း တိုးချဲ့နိုင်သည်။ မကြာမီတွင် လှေများသည် ယနေ့ခေတ် အပျော်စီးလှေနှင့်တူသော မြစ်တွင်းသွား လှေများ(keel boats) အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ ပထမဆုံးသော ရေကြောင်းသွားလာသူများသည် တိရစ္ဆာန်တို့၏ အရေပြားများနှင့် ရက်လုပ်ထားသော အဝတ်စများကို ရွက်များအဖြစ်စတင် အသုံးပြုလာကြသည်။ လှေပေါ်တွင် မတ်⁠မတ်ထောင်ထားသော ရွက်တိုင်၏ ထိပ်တွင် ခိုင်မြဲစွာ တပ်ဆင်ခြင်းဖြင့် ဤရွက်များသည် အစောပိုင်းသင်္ဘောများကို အလွန်ဝေးကွာသော အကွာအဝေးအထိ သွားလာစေနိုင်ခဲ့သည်။ ဤသို့ သွားလာနိုင်ခဲ့ခြင်းကြောင့် လူတို့ကို ကျယ်ပြန့်စွာ စူးစမ်းရှာဖွေသွားလာစေနိုင်ခဲ့သည်။ ဥပမာအားဖြင့် အိုရှန်းနီးယားဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀⁠၀၀ ကျော်ကစ၍ အခြေချနေထိုင်နိုင်ခဲ့ခြင်း ကို ကြည့်နိုင်သည်။ ရှေးဟောင်းအီဂျစ်လူမျိုးတို့သည် အလွန်လွယ်ကူစွာ နှင့် ပြည့်စုံစွာ ရွက်သင်္ဘောများတည်ဆောက်နိုင်ခဲ့သည်။ သူတို့၏ သင်္ဘောတည်ဆောက်ခြင်း အတတ်ပညာမှ မှတ်သားလောက်ဖွယ် ကျွမ်းကျင်မှုမှာ ကူဖူးသင်္ဘောဖြစ်သည်။ ထို ၁၄၃ ပေ (၄၄ မီတာ) ရှည်သော သင်္ဘောကို ဘီစီ ၂၅၀၀ ခန့်က ဂိုင်ဇာမဟာပိရိမစ်ကြီး၏ အောက်ခြေတွင် ထည့်သွင်းမြှုပ်နှံခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မပျက်မယွင်းဘဲ ပြန်လည်တွေ့ရှိခဲ့သည်။ ဟီရိုဒိုးတပ်၏ အဆိုအရ အီဂျစ်လူမျိုးတို့သည် ဘီစီ ၆၀၀ ခန့်တွင် အာဖရိကကိုပတ်၍ ပထမဆုံး ရွက်လွှင့်ခဲ့သည် ဟု သိရသည်။ ဖိုနီးရှန်းလူမျိုး နှင့် ဂရိလူမျိုးတို့သည် ပင်လယ်တွင်း၌ ထရိုင်ရင်းမ် (triremes) ခေါ်သော ရွက်နှင့် လှော်ခတ်သူ နှစ်မျိုးစလုံးပါသည့် လှေများကို သုံး၍ ရေကြောင်းသွားလာခြင်းတွင် တဖြည်းဖြည်း ကျွမ်းကျင်လာကြပြီး မြေထဲပင်လယ်ဒေသတွင် သင်္ဘောသုံး၍ စူးစမ်းရှာဖွေခြင်း နှင့် ကိုလိုနီနယ်ချဲ့ခြင်း တို့ကို ပြုလုပ်လာကြသည်။ ဘီစီ ၃၄၀ ခန့်တွင် ဂရိ ရေကြောင်းသွားလာသူ မာဆာလီးယားမှ ပိုင်သီးယာစ်သည် ဂရိမှနေ၍ အနောက်ဥရောပ နှင့် ဂရိတ်ဗြိတိန်တို့သို့ စွန့်စားသွားရောက်ခဲ့သည်။ သံလိုက်အိမ်မြှောင်ကို အသုံးမပြုမီအချိန်က ကောင်းကင်ကိုကြည့်၍ သွားလာခြင်းသည်သာ ပင်လယ်ရေကြောင်းသွားလာရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တရုတ်ပြည်တွင် သံလိုက်အိမ်မြှောင်၏ အစောပိုင်း ပုံစံကို တီထွင်ပြုလုပ်ခဲ့ကြပြီး ၁၀၄၀ ခုနှစ် မှ ၁⁠၁၁၇ ခုနှစ်အတွင်း ရေကြောင်းသွားလာရေးတွင် အသုံးပြုခဲ့ကြသည်။ ရေကြောင်းသွားသူတို့သုံးသော ခြောက်သွေ့နေသော သေတ္တာထဲတွင် လည်ပတ်နေသော အပ်ထည့်ထားသည့် သံလိုက်အိမ်မြှောင် ကို ဥရောပတွင် ၁၃၀၀ ခုနှစ် မတိုင်မီတွင် တီထွင်ခဲ့ကြသည်။ ယဉ်ကျေးမှု ပြန်လည်ဆန်းသစ်လာသော ခေတ်တလျှောက် ယဉ်ကျေးမှု ပြန်လည်ဆန်းသစ်လာသောခေတ်တိုင်အောင်ပင် ရေကြောင်းသွားလာရေးနည်းပညာများမှာ အခြားအရာများနှင့် နှိုင်းယှဉ်လျှင် အခြေခံအဆင့်သာ ရှိသည်။ သို့သော် ထိုသို့ လစ်ဟာနေသော နည်းပညာသည် အချို့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများကို ပင်လယ်တွင် လွှမ်းမိုးမှုမှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ဥပမာအားဖြင့် ပြရလျှင် ရေကြောင်းဖြင့် ထွန်းကားသော ဂျီနိုဝါ နှင့် ဗင်းနစ် နိုင်ငံ နှင့် ဘိုင်ဇင်တိုင်း ရေတပ်တို့ဖြစ်သည်။ ဗိုက်ကင်းတို့သည် သူတို့၏ နား (knarrs) သင်္ဘောများကို အသုံးပြု၍ မြောက်အမေရိကသို့ သွားရောက်စူးစမ်းခဲ့ပြီး ဘောလတစ်ပင်လယ်တွင် ကုန်သွယ်ကြကာ အနောက်ဥရောပ၏ ကမ်းရိုးတန်းဒေသများတွင် လုယက်တိုက်ခိုက်ခဲ့ကြသည်။ ၁၄ ရာစု ကုန်ပိုင်း လောက်အထိ တည်ဆောက်ခဲ့ကြသော ကာရက် ကဲ့သို့သော သင်္ဘောများ၏ ဦးပိုင်းနှင့်ပဲ့ပိုင်းတို့တွင် တာဝါများ ထည့်သွင်းတည်ဆောက်လာခဲ့သည်။ ထိုတာဝါများသည် ရေယာဉ်၏ တည်ငြိမ်အောင် ထိန်းနိုင်စွမ်းကို လျော့ကျစေသည်။ ၁၅ ရာစုသို့ ရောက်သောအခါတွင် ကာရာဗယ် သင်္ဘောများကို ပိုမို အသုံးပြုလာခဲ့ကြသည်။ တာဝါများကို ခရစ်စတိုဖာ ကိုလံဘတ်၏ စန်တာမာရီယာ ကာရက် သင်္ဘောတွင် တွေ့ရသည့် ဦးပိုင်းကပ်စတယ် နှင့် ပဲ့ပိုင်းကပ်စတယ်များဖြင့် အစားထိုးခဲ့ကြသည်။ ထို့သို့ နေရာပိုမို ကျယ်ဝန်းလာမှုကြောင့် သင်္ဘော၏ ညာဘက်ပိုင်းကို ရှင်းလင်းနိုင်ပြီး ထိုအပိုင်းနှင့် သက်ဆိုင်သော လက်နက်ကိရိယာများတွင် အသစ်တီထွင်မှု ကို ဖြစ်ပေါ်စေခဲ့သည်။ သင်္ဘော ရှေးကရွက်သင်္ဘောများကို ကုန်များများတင် ဆောင်နိုင်ရေးအတွက်သာဂရုပြု၍ ဆောက်လုပ်ခဲ့ကြသဖြင့် အသွားနှေးကြသည်။ ထိုကြောင့်ခရီးဝေးမှ တင်ဆောင်လာသောကုန်စိမ်းများ မကြာခဏ ပင်ပုပ်သိုးသွားတတ်ကြ၏။ ထိုအတွက်အမြန်သွားလာနိုင်မည့် ရွက်သင်္ဘောများကိုတည်ဆောက်ရန်ကြံ စည်ရာမှကိုယ်လုံးသေး၍ အလျားရှည်ကာရွက်ပေါင်းများစွာတပ်ဆင်ပေးထားသော ရွက်သင်္ဘောများ ပေါ်လာကြပြန်သည်။ တစ်ဆဲ့ရှစ်ရာစုနှစ်ကုန်ခါနီး အချိန်သို့ ရောက်လာသောအခါ သင်္ဘောများကိုရွက်နှင့်လွှင့်မည့်အစား ရေနွေးငွေ့စက်ဖြင့်ခုတ်မောင်းနိုင်မည့်နည်းများကိုစမ်းသပ် လာကြလေသည်။ ထိုစမ်းသပ်ချက်များကား ရွက်သင်္ဘောခေတ်မှ မီးသင်္ဘောခေတ်သို့ ပြောင်းပေးမည့် ရှေ့ပြေး အရိပ်အယောင်ပင်ဖြစ်တော့၏။ ထိုသို့ စမ်းသပ်ခဲ့ရာမှ ၁၉ရာစုနှစ်သို့အဝင် ၁၈၁၉ခုနှစ်တွင် ရေနွေးငွေ့စက်ဖြင့်ခုတ်မောင်းသောသင်္ဘောတစ်စင်းသည် ပထမဦးစွာ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကျော်နိုင်ခဲ့လေသည်။ ထိုသင်္ဘောမှာ အမေရိကန်နိုင်ငံတွင် ဆောက်လုပ်သော ဆာဗန်းနားဖြစ်၍ အမေရိကန်နိုင်ငံဆာဗန်းနားမြို့မှ အင်္ဂလန်နိုင်ငံလစ်ဗားပူးမြို့ အရောက် ၂၅ ရက်ဖြင့်ခုတ်မောင်းခဲ့၏။ ရေနွေးငွေ့စက် တပ်ဆင်ထားသော်လည်း စက်ကိုရံဖန်ရံခါသာ ဖွင့်၍ ရွက်ကိုသာအသုံးများခဲ့ပေသည်။ သို့ရာတွင် ရေနွေးငွေ့စက်ကိုသုံးရာ၌ ထင်းမီးအဆမတန်ကုန်၍စရိတ် ကြီးလေးသဖြင့် ထင်းမီးအကုန်နည်းမည့်နည်းလမ်းများကို ရှာကြံတီထွင်ရန် အမျိုးမျိုး စိတ်ကူး ကြရပြန်လေသည်။ ဤသို့ကြံစည်ရာမှထင်းမီးအကုန်သက်သာစွာနှင့် ခုတ်မောင်းနိုင်မည့်ရေနွေးငွေ့စက်ကို တီထွင်နိုင်လာလေရာ ၁၈၃၈ခုနှစ်တွင် လန်ဒန်မြို့မှထွက်ခွာလာသော ဆားရီးယပ် အမည်ရှိသင်္ဘောတစ်စင်းသည် နယူးယော့မြို့သို့ ၁၇ ရက်နှင့် ခုတ်မောင်းလာသဖြင့် လူတိုင်းကပင်အံဩ၍မဆုံးဖြစ်ကြ ရလေသည်။ ထိုသင်္ဘောသည် တစ်လမ်းလုံးပင် ရေနွေးငွေ့စက်ဖြင့်သာခုတ်မောင်းခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ရေနွေး ငွေ့စက်ဖြင့်မောင်းနှင်သော သင်္ဘောများ တဖြည်းဖြည်းပေါ်ပေါက်များပြားလာရာ နှစ်ပေါင်းများစွာမကြာ မီပင်ကမ္ဘာအရပ်ရပ်ရှိ ပင်လယ်သမုဒ္ဒရာများ၌ ခေါက်တုံ့ ခေါက်ပြန် သွားလာခုတ်မောင်းနေကြသည့် သင်္ဘောအမျိုးမျိုးကို တွေ့မြင်လာကြရလေသည်။ ဆဲ့ရှစ်ရာစုနှစ်အကုန်လောက်တွင်ရွက်အစား ရေနွေးငွေ့စက်များကို သင်္ဘောများ၌တပ်ဆင်အသုံး ပြုရန်စမ်းသပ်ခဲ့ကြသည့်နည်းတူ၊ သင်္ဘောကိုယ်ထည်များကိုလည်း သစ်အစားသံနှင့်စမ်းသပ်ဆောက်လုပ်ခဲ့ကြ၏။ သို့ရာတွင် ၁၉ရာစုနှစ်အလယ်ပိုင်းသို့ရောက်မှ သစ်အစားသံကိုအသုံးများ လာကြ၍ ထိုရာစုနှစ်အကုန်လောက်တွင် သံအစားသံမဏိကိုအသုံးပြုလာကြသည်။ ဤသို့ ပြောင်းလဲအသုံးပြု လာခြင်းမှာအရွယ်ချင်းတူလျှင် သစ်သားနှင့်ဆောက်လုပ်ခြင်းထက် သံနှင့်ဆောက်လုပ်ခြင်းက လည်းကောင်း၊ သံ နှင့်ဆောက်လုပ်ခြင်းထက် သံမဏိနှင့်ဆောက်လုပ်ခြင်းကလည်းကောင်းပို၍ပေါ့ပြီးလျှင်ပို၍ လည်းခိုင်ခံ့သောကြောင့် ဖြစ်၏။ အရွယ်ချင်းတူလျှင် သံကိုယ်ထည်ကသစ်သားကိုယ်ထည်ထက် အလေးချိန်ရာခိုင်နှုန်း ၄ဝမျှ ပိုပေါ့၍သံမဏိကိုယ်ထည်ကသံကိုယ်ထည်ထက်အလေးချိန် ၁၅ ရာခိုင်နှုန်းခန့်ပို၍ပေါ့သည်။ တနည်းဆိုသော် အလေးချိန်ခြင်းတူလျှင် သစ်သားကိုယ်ထည်ထက် သံကိုယ်ထည်ကလည်းကောင်း၊ သံကိုယ်ထည်ထက် သံမဏိကိုယ်ထည်ကလည်းကောင်း ပို၍ကျယ်ဝန်းကြီးမားသဖြင့် ကုန်ချိန်ပို၍တင်နိုင်လေသည်။ ထိုအတွက် နောင်တွင်အလွန်ကြီး မားသောသင်္ဘောကြီးများကိုသံမဏိဖြင့်သာဆောက်လုပ်လာကြ တော့သည် ကိုတွေ့ ရလေသည်။ ရေနွေးငွေ့ဖြင့်မောင်းနှင်သောသင်္ဘောများပေါ်စက ဘေးခုတ်စက်ကဲ့သို့သော ရေယက်ဘီးကြီး များကိုသာတပ် ဆင်ခဲ့ကြ၍နောက်မှငမန်းစက်ဟုခေါ်ကြသော သင်္ဘောပဲ့ပိုင်းတွင် တပ်သည့် ဝက်အူရစ် ပန်ကာ (ဝက်အူကဲ့သို့လည်ယင်းနှင့်ရှေ့သို့တိုးသွားသောပန်ကာ) များပေါ်ပေါက်လာသည်။ ရေယက် ဘီးကြီးများ မှာရေပေါ်တွင် တဝက်ပေါ်နေ၍ အထူးသဖြင့် စစ်အတွင်း၌ရန်သူတို့က အလွယ်တကူပစ် ခတ်ဖျက်ဆီးနိုင်၏။ ငမန်းစက်ခေါ်ပန်ကာများမှာရေအောက်တွင်နစ်မြုပ်နေသည့် အတွက်ရန်သူ့ဘေးမှပို၍ဝေးလေသည်။ ငမန်းစက်ခေါ် ဝက်အူရစ်ပန်ကာဖြင့် ခုတ်မောင်းနိုင်သည့်နည်းကို ကာနယ် ဂျွန်စတီဗင်ဆိုသူအမေရိကန်လူမျိုးတစ်ဦးက ၁၉ ရာစုနှစ် အစလောက်တွင် ကြံစည်ခဲ့ဖူးသည်ဆို၏။ သို့ရာတွင် ထိုပန်ကာမျိုးတပ်ဆင်ထားသော ပထမပင်လယ်ကူး သင်္ဘောများကိုအင်္ဂလန်ပြည်၌ ၁၈၃၆ ခုနှစ်နှင့် ၁၈၃၉ ခုနှစ်အတွင်းတွင် အင်္ဂလိပ်လူမျိုးစမစ်ဆိုသူနှင့် ဆွိလူမျိုးကပ္ပတိန် ဂျွန်အားရစ်ဆန် ဆိုသူတို့က ရှေးဦးစွာဆောက်လုပ်ခဲ့ကြပေသည်။ ဝက်အူရစ်ပန်ကာများကို သင်္ဘောများ၌ အကျိုးရှိစွာတပ်ဆင်အသုံးပြုခဲ့ရာမှ နောင်သော်ပန်ကာ တစ်ခုပျက်ကအခြားတစ်ခုကျန်စေရန်ပန်ကာနှစ်ခု တပ်သင်္ဘောများပေါ်လာပြန်သည်။ ယခုခေတ်ရှိအချို့ပင် လယ်ကူးသင်္ဘောများမှာဆိုလျှင် ပန်ကာသုံးခုမှလေးခု အထိပင်တပ်ဆင်ထားကြ၏။ တဖန်ရေနွေးငွေ့စက်ရိုးရိုးမှာ တာဗိုင်ရေနွေးငွေ့ဖြင့် လည်သည့် ရဟတ်စက်များပေါ်ပေါက်ပြီ့း နောက် ၁၈၉၇ ခုနှစ်တွင်ရှေးဦးစွာ တာဗိုင်ရဟတ်စက်ဖြင့်ခုတ်မောင်းသော တာဗင်နီးယားခေါ် သင်္ဘောပေါ်ပေါက်လာခဲ့သည်။ တာဗိုင်စက်ဖြင့်ခုတ်မောင်းသောအခါ ရိုးရိုးရေနွေးငွေ့ စက်များထက်ပိုမို လျင်မြန်သည်ကိုတွေ့ရ၏။ ကွင်းမေရီအမည်ရှိသောကမ္ဘာကျော်ပင်လယ်ကူး သင်္ဘောကြီးတွင် တာဗိုင်စက်လေးခုတပ်ဆင်ထား၍ တစ်နာရီလျှင်ရေမိုင် ၃ဝ ကျော်နှုန်းဖြင့် အတ္တလန်န္တိတ် သမုဒ္ဒရာကို ကျော်ဖြတ်ခုတ်မောင်းနိုင်ခဲ့လေသည်။ ပင်လယ်ခရီးလွှင့်စဉ် သင်္ဘောများကို မြန်သည်ထက်မြန်အောင် ခုတ်မောင်းနိုင်ရန်လိုလားကြ သည်မှန်၏။ သို့သော်ရေနွေးငွေ့စက်နှင့်ဆိုလျှင် မြန်အောင်ခုတ်လေကျောက်မီးသွေး အကုန်အကျ များလေဖြစ်သဖြင့်သင်္ဘောအများပင်ခပ်မှန်မှန်သာခုတ်မောင်း ကြလေသည်။ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းသည် အမြန်ဆုံးခုတ်မောင်းလျှင် ၂၄နာရီအတွင်း ကျောက်မီးသွေး တန်ချိန် ၁ဝဝဝအထိပင် ကုန်နိုင်လေသည်။ ယခုခေတ်တွင် ကျောက်မီးသွေးအစား ရေနံဖြင့် မောင်းနှင်နိုင်သောဒီဇယ်အင်ဂျင်စက်တပ်ဆင်ထားသည့် သင်္ဘောများ ပေါ်ပေါက်လာပြန်သည်။ ထိုစက်မျိုးကို သုံးသောအခါ ရေနွေးငွေ့စက်များလောက် အလုပ်မများဘဲ စက်ထားရန်နေရာလည်းကျဉ်းသွားလေသည်။ သို့သော် သင်္ဘောတိုင်းတွင်ကား ဒီဇယ်မော်တော်စက်များကို တပ်ဆင်ခြင်းမရှိသေးချေ။ ယခုအခါ၌ ကူးသန်းသွားလာလျက်ရှိသော သင်္ဘောများကို (၁)ခရီးသည်သက်သက်တင် ဆောင်သောသင်္ဘောများ၊ (၂)ခရီးသည်နှင့်ကုန်များကို တင်ဆောင်သောသင်္ဘောများနှင့် (၃)ကုန်သက် သက်ကိုသာ တင်ဆောင်သောကုန်သင်္ဘောများဟူ၍သုံးမျိုးခွဲခြားနိုင်သည်။ ထိုသုံးမျိုးအနက်ခရီးသည် တင်ပင်လယ်ကူး သင်္ဘောများတွင်ကမ္ဘာ၌အကြီးဆုံး၊ အမြန်ဆုံးနှင့်အခမ်းနားဆုံး သင်္ဘောကြီးများပါဝင်လေသည်။ ပြင်သစ်နိုင်ငံမှ ပြင်သစ်(တန်ချိန် ၆၆၃၄၈)၊ ဗြိတိန်မှကွင်းအယ်လစ်ဗက် ၂ (တန်ချိန်၆၅၈၆၃)၊ အီတလီနိုင်ငံမှရက်ဖာအယ်လို(တန်ချိန် ၄၅၉၃၃)တို့မှာပထမ၊ ဒုတိယနှင့် တတိယအကြီးဆုံးဖြစ် ကြသည်။ ခရီးသည်တင် ပင်လယ်ကူးသင်္ဘောကြီးများကို အလွန်ခမ်းနားလှပစွာ ဆောက်လုပ်ထားကြ၍ အတွင်း၌လည်းခရီးသည်များ မပျင်းမရိစေရန် လိုလေသေးမရှိအောင် ပြုလုပ်ခင်းကျင်းထားသဖြင့် ထိုသင်္ဘော ကြီးများကို ရေပေါ်နန်းတော် ဟူ၍ပင်ခေါ်စမှတ်ပြုကြရသည်။ အချို့သင်္ဘောကြီး များတွင်အထပ်ပေါင်း ၁၂ထပ်မျှရှိ၍ အိပ်ခန်း၊စာကြည့်တိုက်၊ ဘုရားရှိခိုးခန်း၊ ကစားခုန်စားခန်း၊ ရေကူးကန်၊ ရုပ်ရှင်ခန်း၊ တူရိယာဂီတခန်း၊ ဆေးလိပ်သောက်ခန်း၊ ဧည့်ခန်း၊ သီးသန့်ခန်း၊ ပျော်ပွဲ စားခန်း၊ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ကလေးကစားခန်း၊ ဝိုင်ယာလက် ကြေးနန်းရုံး၊ ဓာတ်လှေကား စသည်ဖြင့်သူ့နေရာနှင့်သူ အမျိုးစုံအောင်ခွဲခြားစီစဉ်ထားရသောထိုသင်္ဘောမျိုးနှင့်ခရီးသွားရသူ သည် အဘယ်မှာလျှင်ပျင်းရိနိုင်ပါအံ့နည်း။ ထိုကြောင့်ပင် ငွေကြေးချမ်းသာလိုသူများသည် အားလပ်ချိန်များတွင် တခါတရံအဆိုပါရေပေါ်နန်းတော်ပေါ်၌ တမင်သက်သက်စီးနင်းလိုက်ပါကာ အချိန်ဖြုန်းကြသည်ကို အံ့ဩဖို့မရှိပေ။ ဤသို့လူစီးသင်္ဘောနှင့်ကုန်တင်သင်္ဘောများကိုအမျိုးမျိုး တီထွင်ကြံဆဆောက်လုပ်ခဲ့ရာမှ ၁၉၅၉ ခုနှစ်ဇူလိုင်လ ၂၁ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ် ကမ္မဒင်မြို့၌ပထမဆုံး အနုမြူစွမ်းအင်သုံး ကုန်သင်္ဘောဖြစ်သော အင်(န)အက်(စ)ဆဗန်းနားကို ရေချနိုင်ခဲ့လေသည်။ လူစီးသင်္ဘောနှင့်ကုန်တင်သင်္ဘောများအပြင် တံတား မဆောက်နိုင်သောမြစ်နှင့်ရေလက်ကြား များတွင် တဖက်မှ တဖက်သို့ကူးတို့ကူးပေးသော ကူးတို့သင်္ဘောများလည်းရှိ၏။ ထိုသင်္ဘောများအနက်မီးရထားတွဲများကို တင်ဆောင်ကာ မီးရထားခရီးကိုဆက်ပေးသော သင်္ဘောမျိုးမှာအထူးဆုံးဖြစ်ရာ အဆိုပါကူးတို့မျိုးကို ၁၉၃၆ခုနှစ်ကစ၍ အင်္ဂလိပ် ရေလက်ကြားကိုဖြတ်လျက်ဒိုဗာနှင့်ဒန်းကတ်အကြား ၌လမ်းဖွင့်တီထွင်ခဲ့လေသည်။ ၁၉၆၈ ခုနှစ် စာရင်းအရ ဂျပန်နိုင်ငံပိုင် လူစီးနှင့်ကုန်တင်သင်္ဘောအရေအတွက်မှာ ၆၈၇၇ ဖြစ်၍ တန်ချိန်စုစုပေါင်း ၁၉၅၈၆၉ဝ၂ ဖြင့်သင်္ဘောအရေအတွက်၌ ကမ္ဘာတွင်ပထမစွဲ၏။ ဆိုဗိီယက် ပြည်ထောင်စုတွင်သင်္ဘောပေါင်း ၄၂ဝ၆ရှိ၍တန်ချိန်စုစုပေါင်း ၁၂ဝ၆၁၈၃၃ ဖြင့်သင်္ဘောအရေ အတွက်၌ ဒုတိယလိုက်၏။ ဗြိတိန်နိုင်ငံတွင်သင်္ဘောပေါင်း ၄ဝ၂ဝရှိ၍ တန်ချိန်စုစုပေါင်း ၂၁ ၉၂ဝ၉၈ဝဖြင့် သင်္ဘောအရေအတွက်၌တတိယလိုက်လေသည်။ တန်ချိန် စုစုပေါင်းအရည်အတွက်အရမူ လိုက်ဗီးရီးယားနိုင်ငံကတန်ချိန် ၂၅၇၁၉၆၄၂ဖြင့် ပထမစွဲကာ၊ ဗြိတိန်နိုင်ငံကတန်ချိန် ၂၁၉၂ဝ၉၈ဝ ဖြင့်ဒုတိယစွဲပြီးလျှင်ဂျပန်နိုင်ငံကတန်ချိန် ၁၉၅၈၆၉ဝ၂ ဖြင့် တတိယလိုက်လေသည်။ သင်္ဘောကြီး များတည်ဆောက်ပုံ။ ။ သင်္ဘောတစ်စင်း ကိုမတည်ဆောက်မီ ပထမအရေးကြီး ဆုံးမှာ သင်္ဘောတစ်စင်းလုံးရှိဆိုင်ရာအစိတ်အပိုင်းအားလုံး၏ အတိုင်းအဆအချိုးအစားများကို အတိအကျ တွက်ချက် ရန်ဖြစ်သည်။ ထိုအတွက်တည်ဆောက်မည့်သင်္ဘော၏တန်ချိန်၊ မြန်ရှိန်နှင့်ထိုသင်္ဘောသွားလာဝင်ထွက်ရန်ကြံရွယ်ထားသည့် ဆိပ်ကမ်းများရှိရေအနက်စသည်တို့ကို သိထားရန်လိုပေသည်။ ထိုအချက်များကို ရသောအခါသင်္ဘောပုံစံရေးဆွဲသူသည် ရေထဲ၌နစ်မြုပ်မည့်သင်္ဘော၏ ရေစူးခေါ် ရေ အောက်သို့ နစ်မြုပ်မည့် စောက်အနက်ကိုတွက်ချက်ပြီးသော် သင်္ဘော၏ အလျား၊ ဗြက်နှင့်ဝမ်းစောက် တို့ကိုတဖန်တွက်ချက်ရပြန်သည်။ ထိုနောက်သင်္ဘောပုံစံကိုရေးဆွဲပြီး၍ တည်ဆောက်ရေးနှင့်အင်္ဂျင်နီ ယာဖက်ဆိုင်ရာပုံဆွဲဆရာများ လက်သို့လွှဲပေးလိုက်သောအခါ ပုံဆွဲဆရာများက အသေးစိတ်ပုံစံများကိုအတိအကျရေး ဆွဲကြရပြန်သည်။ ထိုပုံစံများကိုမူတည်ပြီးမှ သင်္ဘော တည်ဆောက်ရေးကိုစတင် ပြုလုပ်နိုင်လေသည်။ အကြီးစား ပင်လယ်ကူးသင်္ဘောတစ်စင်း တည်ဆောက်နေသည့် သင်္ဘောကျင်းသို့သွားကြည့်မည်ဆို ပါက သင်္ဘောကျင်းမှာ ရွာတစ်ရွာတမျှကျယ်ဝန်း၍ ထိုသင်္ဘောကျင်းထဲ၌ သူ့နေရာနှင့်သူခွဲခြားထားသော အလုပ်ရုံ အသီးသီးတွင်ထောင်ပေါင်းများစွာသောအလုပ်သမားများ သူ့တာဝန်နှင့်သူမနေမနားအလုပ်လုပ်နေကြပုံကို ကောင်းစွာတွေ့မြင်ရပေမည်။ အလုပ်သမားများသည်သံရည်ကျို၊ သံဖြတ်၊ သံဖောက်၊ သံဂဟေဆက်၊ သံစို့တေစသည့် သံဘက်ဆိုင်ရာအလုပ်သမားများ၊ သစ်ဘက် ဆိုင်ရာအလုပ်သမားများ၊ စက်ဘက်ဆိုင်ရာအလုပ်သမားများ၊ လျှပ်စစ်ဓာတ်ဘက်ဆိုင်ရာအလုပ်သမားများ၊ ပုံဆွဲဆရာများ၊ ဆေး သုတ်သမား၊ အလုပ်သမားစသည်ဖြင့် လုပ်သား အမျိုးမျိုးရှိ၍သူ့အစုနှင့်သူဆိုင်ရာအလုပ်ကိုလုပ်ကြရ၏။ တစ်နေရာတွင်အတုံး၊အချောင်း၊အချပ်လိုက် စုပုံထားသောသံနှင့်သံမဏိပုံများကိုလည်းကောင်း၊ တစ်နေရာတွင်အချောင်း လိုက်အချပ်လိုက်စုပုံထားသော သစ်ပုံပျဉ်ပုံများကိုလည်းကောင်းတွေ့ရမည်ဖြစ်၏။ မော်တော်ကား၊ လက်တွန်းလှည်ဖြင့်တကွ သံလမ်းပေါ်၌သွားလာနေကြသော ကုန်တင်မီးရထားတွဲများက ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ လိုသလိုရွှေ့ပြောင်းလျက်ဝန်တင်မောင်းကြီး များက ကုန်ပစ္စည်းအမျိုးမျိုးကို တင်လိုက်ချလိုက် ပြုလုပ်နေသည်ကိုလည်း တွေ့ရပေမည်။ သင်္ဘောကျင်းရှိနေရာအနှံ့အပြားမှ ထွက်လာသောထုသံ၊ တေသံ၊ စက်ခုတ်သံများမှာ နားကွဲလုမတတ် ဆူညံလျက်ရှိသည်ကို လည်းကြားရပေမည်။ ရှေးကသင်္ဘောများကိုအောက်ခြေမှအစ၊ တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်သွားလေ့ရှိကြ၏။ ယခုအခါ၌မူ သင်္ဘောကို အကယ်မဆောက်မီပုံစံနှင့်အညီ သင်္ဘောနမူနာ အငယ်စားတစ်စင်းကို ပထမ ပြုလုပ်စမ်းသပ်ပြီးမှ ဆောက်လုပ်လေ့ရှိသဖြင့် ယခင်ကထက်သေချာကောင်းမွန်သော သင်္ဘောများ ကိုဆောက်လုပ်နိုင်ကြပေသည်။ စမ်းသပ်ရာတွင် ရေကန်ထဲရှိရေကို စက်တစ်မျိုးဖြင့်ပင်လယ်လှိုင်းနှင့် အချိုးညီအောင်လှိုင်းထစေပြီလျှင် ပဲ့နှင့်ပန်ကာတို့၏ အကျိုးအပြစ်တို့ကိုအလွန်သိမ်မွေ့သော ကရိယာများဖြင့် သတ်မှတ်ထားလေသည်။ သင်္ဘောကိုသစ်နှင့် ဆောက်လုပ်သည်ဖြစ်စေ၊ သံနှင့်ဆောက်လုပ်သည်ဖြစ်စေ ပုံစံပါအချိုး အတိုင်းဦးမှပဲ့အထိ ရှည်သောဧရာကိုပထမချပေးရ၏။ ထိုနောက်နံရိုးသဏ္ဌာန်ရှိသော တကူအခြင်တိုင် များကိုစိုက်ပေးရ၍ ထိုအခြင်များပေါ်တွင် သင်္ဘောဝမ်းဖြစ်လာအောင်ပျဉ်အထူကြီးများ၊ သို့မဟုတ်သံ၊ သံမဏိပြားကြီးများကိုကပ်ရိုက်ပေးရသည်။ ထိုသို့ ကပ်ရိုက်ပေးရာတွင်သစ်ကိုသုံးသည်ဖြစ်စေ၊ သံကို သုံးသည်ဖြစ်စေ ရေမဝင်နိုင်မည့်နည်းများဖြင့် ပြုလုပ်ပေးရလေသည်။ ယခုခေတ်သင်္ဘောများ တွင်သင်္ဘောကို နှစ်ထပ်ဆောက်လုပ်ထားလေ့ရှိကြသည်။ ထိုအခါ သင်္ဘောဝမ်းတစ်ထပ်ပေါက်သွားသည့် တိုင်အောင် ဒုတိယအထပ်က ရေမဝင်နိုင်စေရန် ကာကွယ်ထားသဖြင့် သင်္ဘောမှာနစ်မြုပ်နိုင်ခြင်း မရှိပေ။ တစ်ဖန် ထိုသင်္ဘောဝမ်း နှစ်ထပ်သည် အခန်းများကိုအကန့်လိုက် ဆောက်လုပ်ထားလေ့ရှိပြန်ရာ သင်္ဘောတစ်နေရာတွင်ပေါက်ပြဲသွားပါက သက်ဆိုင်ရာ တစ်ခန်းတည်းကိုသာ ပြင်ဆင်ရန်လိုပေ၏။ အထူးသဖြင့် သင်္ဘော၏ဦးပိုင်းကို အတိုက်အခိုက်ခံနိုင်ရည်ရှိစေရန် အထူးတလည် ခိုင်ခံ့စွာ ဆောက် လုပ်ကြရလေသည်။ ကိုယ်ထည်နှင့်တကွအပြင်ဘက် ကိစ္စအားလုံး ပြီးစီးသောအခါ သင်္ဘောကိုဖြည်းညှင်းစွာ ရေသို့ချတော့၏။ သင်္ဘောကိုရေသို့ချရာတွင်များသောအားဖြင့် အခမ်းအနားနှင့် ပဲ့ပိုင်းမှစ၍ရေသို့ချလေ့ရှိ၏။ သင်္ဘောကိုရေသို့ချသည့် အခမ်းအနားမှာ ထိုသင်္ဘောအတွက်ပဏာမအောင်ပွဲပင်ဖြစ်၍ ထိုအချိန်တွင် သင်္ဘောကိုပိုင်ဆိုင်သူများရော၊ ဆောက်လုပ်သူများပါ ပျော်၍မဆုံးကြတော့ပေ။ ထိုနောက်သင်္ဘောကို ကျောက်ချထားပြီးသော် စက်များကို နေရာတကျတပ်ဆင်ပေးခြင်း၊ ကုန်းပတ်နှင့်တကွအထပ်များကို ဆောက်လုပ်ခြင်း၊ အခန်းများဖွဲ့ပေးခြင်း၊ ပရိဘောဂ တပ်ဆင်ပေးခြင်း၊ မွမ်းမံပြင်ဆင်ပေးခြင်းစသော အတွင်းဘက် ဆိုင်ရာ အလုပ်များကိုဆက်လက်၍ပြုလုပ်ရပြန်သည်။ ယခုခေတ် သင်္ဘောကြီးများတွင် ခရီးသည် တင်ဆောင်နိုင်မှုကိုသာမဟုတ်၊ ခရီးသည်တို့၏သာယာ ပျော်ရွှင်မှုကိုပါအဓိကထားလာကြသည့်အတိုင်း သင်္ဘောကုမ္ပဏီ ကြီးများသည် မိမိတို့၏သင်္ဘော များကိုခမ်းနား ပြည့်စုံသည့်နေရာ၌ သူ့ထက်ငါသာအောင် အပြိုင်အဆိုင်ဆောက်လုပ်ကြ၏။ ထိုကြောင့် လည်းခေတ်ပေါ် သင်္ဘောကြီးများမှာ ရေပေါ်နန်းတော်ဟုခေါ်ဆိုရလောက်အောင် ခမ်းနားလှသည်ကို တွေ့ရလေသည်။ အဆိုပါသင်္ဘောကြီးများမှာ ယခုပင်ဤမျှကြီးကျယ်ခန်းနားလျက် ရှိရာ၊ နောင်သော် မည်မျှဆန်းပြားလာဦးမည်ကိုကျွန်ုပ်တို့စောင့်ကြည့်ရပေဦးမည်။ သင်္ဘောမှတ်တမ်း သင်္ဘော၏ အသွားနှုန်း တိုင်းကရိယာကိုလော့ဟုခေါ်၍ သင်္ဘော ကက်ပတိန်၏မှတ်တမ်းစာအုပ်ကိုလည်း လော့ ဟုပင်ခေါ်ကြ သည်။ သင်္ဘောစီးဖူးသူများအနက် သင်္ဘောပဲ့ပိုင်း၌ သင်္ဘောသွားစဉ် မီတာဒိုင်ခွက်တစ်ခုမှရေထဲသို့ ကြိုး တစ်ချောင်းတန်းလန်းပစ်ထားသည်ကို အချို့တွေ့ဖူးကြပေမည်။ ထိုကရိယာမှာ လော့ ခေါ်သင်္ဘောအသွားနှုန်းတိုင်း ကရိယာပင်ဖြစ်၏။ ရှေးကျသောကရိယာမျိုးတွင် သစ်ပြားတစ်ခု၊ရစ်လုံတစ်လုံး၊ အရောင်စုံအဝတ်ထုံးများဖြင့် ညီညာစွာစိတ် ပိုင်းထားသောကြိုး တစ်ချောင်းနှင့်အချိန်ကိုမှတ်သည့်သဲနာရီတစ်လုံးပါဝင်သည်။ သစ်ပြားမှာလက်မဝက် ခန့်ထူ၍ အချင်းဝက် ငါးလက်မခြောက်လက်မခန့်ရှိသော စက်ဝိုင်း၏ လေးစိတ်တစိတ်ပုံသဏ္ဌာန်ရှိသည်။ သင်္ဘောသွားနေစဉ် ရေထဲသို့ပစ်ချထားခိုက် အခုံးဖက်ကရေထဲ၌နစ်၍ အချွန်ဘက်က ထောင်နေစေရန် အခုံးဘက်အနား တစ်လျှောက်တွင် ခဲတပ်ထားသည်။ သင်္ဘောသွားနေစဉ် သင်္ဘောသွားနှုန်းကို တိုင်းတာလို သောအခါထိုသစ်ပြားကိုပဲ့ပိုင်းမှနေ၍ လေတိုက်နေသည့်ဖက်သို့ လွှဲကာရေထဲသို့ ပစ်ချလိုက်ရသည်။ ထိုအခါသင်္ဘောသွားနေသည့်အတွက် ရစ်လုံးမှကြိုး သည်အလိုလိုပြေလိုက်သွားမည်။ ကန့်သတ်ထားသည့် အချိန်တွင်သစ်ပြားကိုဆယ်ယူ၍ကြိုးထုံးများကို ရေတွက်ခြင်းဖြင့်သင်္ဘော၏ အသွားနှုန်းကိုသိ နိုင်ပေသည်။ များသောအားဖြင့်ကြိုးတစ်ထုံးနှင့်တစ်ထုံးအကြားသည် ၄၇.၃၃ပေရှိပြီးလျှင်ရေထဲသို့ပစ်ချထား သည်အချိန်မှာ ၂၈ စက္ကန့်ဖြစ်သည်။ ကြိုးထုံးကိုအင်္ဂလိပ်လို 'နော့' ဟုခေါ်သဖြင့် သင်္ဘော၏အသွား နှုန်းကိုလည်း 'နော့' ဖြင့်ပင်ခေါ်ဆို တိုင်းတာလေ့ရှိကြလေသည်။ သို့သော်ထိုကရိယာမျိုးကို ယခု အခါအသုံးမပြုကြတော့ချေ။ ယခုအခါတွင်အသုံးပြုသော ကရိယာမျိုးကို တပ်ဖရေးလော့ ဟုခေါ်၍ထိုကရိယာတွင် သစ်ပြားအစား ရေထဲ၌ရေနှင့်တိုးမိသည့်အရှိန်ကြောင့် လည်ပြီးလိုက်ပါလာမည့် ရဟတ်တစ်ခုကိုတပ် ဆင်ထားသည်။ ထိုရဟတ်ကိုကြိုးနှင့် ဆက်ထား၍ ကြိုးကိုတစ်ဖန်သင်္ဘောကုန်းပတ်ပေါ်ရှိ အသွားနှုန်း ပြမီတာဒိုင်ခွက်တစ်ခုနှင့်ဆက်ထားပြန်သည်။ သင်္ဘောမြန်မြန်ခုတ်မောင်းလျှင် ရဟတ်အလည်မြန်၍ သင်္ဘော နှေးနှေးခုတ်လျှင်လည်းရဟတ်အလည်နည်းသည်။ ရဟတ် လည်သောအခါ ရဟတ်နှင့်ဆက် ထားသောကြိုးလည်း လည်ပြီးလျှင်ကြိုးလည်ပုံအနှေးအမြန်ကိုလိုက်၍ ဒိုင်ခွက်ကသင်္ဘော၏အသွားနှုန်း ကိုပြစေလေသည်။ သင်္ဘောတွင်ကက်ပတိန်၏မှတ်တမ်းစာအုပ်ကိုလည်း လော့ဗွတ်၊သို့မဟုတ်လော့ဟုပင်ခေါ်ကြောင်း အထက်တွင်ဖော်ပြခဲ့ပြီ။ ထိုစာအုပ်တွင် ကက်ပတိန်ကဖြစ်စေ၊ အလှည့်ကျတာဝန်ကျသူ တစ်ဦးဦးကဖြစ်စေ သင်္ဘောသွားနေစဉ်အတွင်းဖြစ်ပျက်သမျှအဖြစ်အပျက်များကို အသေးစိတ်မှတ်တမ်း တင်ထားရသည်။ သင်္ဘောပျက်ခြင်း၊ သင်္ဘောခြင်းတိုက်မိခြင်း၊ လေမုန်တိုင်းမိခြင်း၊ ကုန်ပစ္စည်း ပျက်စီးဆုံးပါးခြင်း၊ လူသူသေပျောက်ခြင်း၊ ရာဇဝတ်မှု ဖြစ်ပွားခြင်း စသောအမှုကိစ္စ အဖြစ်အပျက် မှန်သမျှကိုတိုတိုနှင့် လိုရင်းရောက်အောင် ထိုမှတ်တမ်းစာအုပ်၌ အသေးစိတ်ရေးမှတ်ထားရသည်။ သင်္ဘောတိုင်း၌ အဆိုပါစာအုပ်မျိုးထားရှိရန်ဥပဒေဖြင့်သတ်မှတ်ထားသည်။ တရားဝင်စာအုပ်ဖြစ်သည့်အတိုင်း ကက်ပတိန်တို့သည် ထိုမှတ်တမ်းစာအုပ်များကို အသက်နှင့်လဲ၍ကာကွယ်ထိမ်းသိမ်းကြ ရ၏။ သင်္ဘောတစ်စင်းလုံးနစ် မြုပ်သွားသည့်တိုင်အောင် ထိုစာအုပ်များကို ကက်ပတိန်တို့သည် မိမိတို့နှင့် တပါတည်းအရယူဆောင်ကြဉ်းလေ့ရှိကြပေသည်။ လေယာဉ်ပျံများတွင်လည်း အလားတူမှတ်တမ်းစာ အုပ်များထားရှိရလေသည်။ သင်္ဘောအမျိုးမျိုး ရွက်သင်္ဘော အပျော်စီးသင်္ဘော ကယ်ဆယ်ရေးသင်္ဘော ဓာတုဗေဒ ပစ္စည်းတင် သင်္ဘော ကုန်တင် သင်္ဘော ရေနံတင်သင်္ဘော ဦးဆောင် သင်္ဘော ဆွဲသသင်္ဘော ရေခဲခွဲသင်္ဘော သုတေသန သင်္ဘော တိုင်းတာရေး သင်္ဘော သောင်တူးသင်္ဘော စစ်သင်္ဘော ရေငုပ်သင်္ဘော လေယာဉ်တင်သင်္ဘော‎ ကားတင် သင်္ဘော တိရစ္ဆာန်တင် သင်္ဘော ကိုးကား
https://my.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%98%E1%80%B1%E1%80%AC
ကမ္ဘာ့စီးပွားပျက်ကပ်ကြီး
ကမ္ဘာ့စီးပွားပျက်ကပ်ကြီးမှာ တကမ္ဘာလုံး စီးပွားရေးကျဆင်းခဲ့သော အချိန်ဖြစ်ပြီး နေရာအများစုတွင် ၁၉၂၉ ခုနှစ်မှ စတင်ခဲ့ပြီး နေရာဒေသပေါ်မူတည်၍ ၁၉၃၀ နှစ်များ နှင့် ၁၉၄၀ နှစ်များတွင် ပြီးစီးခဲ့သည်။ ထိုအဖြစ်အပျက်မှာ ခေတ်သစ်သမိုင်းတွင် အကြီးအကျယ်ဆုံးနှင့် အရေးအပါဆုံး စီးပွားကျဆင်းမှုဖြစ်ပြီး ၂၁ရာစုတွင် ကမ္ဘာ၏ စီးပွားရေးမှာ ဘယ်ရွေ့ဘယ်မျှအထိ ကျဆင်းနိုင်သည် ကို သတ်မှတ်သော စံတစ်ခုဖြစ်သည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် အမေရိကန်နိုင်ငံ မှစတင်ခဲ့ပြီး သမိုင်းပညာရှင်တို့က အမည်းရောင်ကြာသပတေးနေ့ ဟု သိကြသော ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၂၉ရက် စတော့ဈေးကွက် ပြိုလဲသည့်နေ့ကို စတင်သည့်နေ့အဖြစ် အမြဲလိုလိုရည်ညွှန်းကြသည်။ အမေရိကန်နိုင်ငံ တွင် စီးပွားပျက်ကပ် ပြီးဆုံးသည့်အချိန်မှာ ၁၉၃၉ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သည့် ဒုတိယကမ္ဘာစစ်၏ စစ်စီးပွားရေးစတင်ချိန် တွင်ဖြစ်သည်။ ငွေကျုံ့ခြင်းသည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအပေါ်တွင် အလွန်တရာ ဆိုးရွားလှသော ဆိုးကျိုးများကို ဖြစ်စေသည်။ နိုင်ငံတကာကုန်သွယ်ရေးတွင် လွန်စွာမှပင်ထိခိုက်ပြီး လူတစ်ဦးချင်းဝင်ငွေ၊ အမြတ်ခွန်၊ ဈေးနှုန်းနှင့် အမြတ်အစွန်းတို့ အပေါ်တွင် လည်း အလွန်ထိခိုက်စေသည်။ ကမ္ဘာတဝှမ်းလုံးရှိ မြို့တော်များမှာ အလွန်ပင်ထိခိုက်ကြပြီး အကြီးစားလုပ်ငန်းများ အပေါ်တွင် မှီတင်းနေသော မြို့ပြများမှာ အဆိုးရွားဆုံးပင်ဖြစ်သည်။ နိုင်ငံအများအပြားတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို လုံးဝနီးပါးရပ်ထားရသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသတို့တွင်လည် သီးနှံဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းမျ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသဖြင့် အလွန်ထိခိုက်စေသည်။ ဇောက်ထိုးဆင်းလာသော ဝယ်လိုအားနှင့် အပြောင်းအလဲအဖြစ်လုပ်နိုင်သော အလုပ်အနည်းငယ်သာရှိသဖြင့် အခြေခံလူသုံးကုန်ပစ္စည်းထုတ်လုပ်ငန်းများ ဖြစ်သော လယ်စိုက်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်ငန်း ဧရိယာများမှာ အခံရဆုံးဖြစ်သည်။ ၁၉၂၉ ဝေါစထရိ ဈေးကွက်ပျက်ပြီး သိပ်မကြာမီအချိန်အထိ အကောင်းမြင်မှုများ ရှိနေကြသေးသည်။ ဂျွန် ဒီ ရော့ဖဲလားမှ "အခုလိုအချိန်တွင် လူတော်တော်များများ စိတ်ပျက်နေကြသည်။ ကျွန်တော့် အသက် ၉၃ နှစ်တွင် စီးပွားကျမှုများ ဖြစ်လိုက်ပျက်လိုက်ပင် ဖြစ်သည်။ ပြည့်စုံချမ်းသာမှုသည် အမြဲတမ်းပြန်လာတတ်ပြီး အခုလည်း ပြန်လာဦးမည် ဖြစ်သည်။ " ဟု ဆိုခဲ့သည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် နိုင်ငံပေါ်မူတည်၍ အချိန်ကာလကွဲပြားစွာ ပြီးဆုံးခဲ့သည်။ နောက်ပိုင်း သမိုင်းကြောင်းများအတွက် လူတို့ ဒုတိယကမ္ဘာစစ်တွင် နေထိုင်ပုံ ကို ဖတ်ရှုပါ။ နိုင်ငံအများစုမှာ သက်သာချောင်ချိရေးအတွက် အစီအစဉ်များကို စတင်ခဲ့ကြပြီး အများစုမှာ နိုင်ငံရေးအရ အလွန်တိုးတက်ပြောင်းလဲခဲ့ပြီး လက်ဝဲသို့ လက်ယာလမ်းစဉ်သို့ တွန်းပို့ခဲ့သည်။ အချို့သော နိုင်ငံများတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော နိုင်ငံသားများသည် မျိုးချစ် demagogues များအဖြစ် ပြောင်းလဲခဲ့ကြသည်။ အဆိုးဆုံးသူမှာ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကို စတင်ခဲ့သော အဒေါ့ဖ်ဟစ်တလာ ဖြစ်သည်။ ဆင့်ကဲဖြစ်ပေါ်မှုများ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် နေ့ချင်းညချင်း ဆိုသလို စီးပွားရေးပြိုလဲသွားခြင်းမျိုး မဟုတ်ပေ။ စတော့ဈေးကွက်သည် ၁၉၃၀ အစောပိုင်းတွင် ပြန်တက်လာခဲ့ပြီး ၁၉၂၉ ခုအစောပိုင်းနှင့်တူသော အခြေအနေသို့ ဧပြီလတွင် ပြန်ရောက်လာခဲ့သည်။ သို့သော်လည်း ၁၉၂၉ ခုနှစ် စက်တင်ဘာလ စတော့ဈေးကွက် အမြင့်ဆုံးအချိန်ထက် ၃၀ရာခိုင်နှုန်းမျှ လျော့နည်းနေခဲ့သေးသည်။ ၁၉၃၀ ခုနှစ် ပထမနှစ်ဝက်တွင် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများသည် လွန်ခဲ့သောနှစ် ထိုအချိန်က သုံးစွဲသည်ထက်ပင် ပို၍ သုံးစွဲခဲ့ကြသေးသည်။ သို့သော် လွန်ခဲ့သောနှစ်မှ စတော့ဈေးကွက်တွင် အလွန်ရှုံးထားသောသူ အများအပြားပါဝင်သော စားသုံးသူများသည် သူတို့၏ အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်းမျှ လျော့ချခဲ့ကြသည်။ ၁၉၃၀ ခုနှစ် မြောက်ပိုင်းနွေရာသီတွင် အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေး ၏ အချက်အချာ နယ်မြေသည် အကြီးအကျယ်မိုးခေါင်ခြင်းကြောင့် ဆိုးရွားစွာ ပျက်စီးစေခဲ့သည်။ ၁၉၃၀ အစောပိုင်းတွင် အကြွေးပေးမည့်သူ အများအပြားရှိပြီး အတိုးနှုန်းသက်သာစွာဖြင့် ရနိုင်သော်လည်း လူအများစုမှာ ချေးငှားခြင်းဖြင့် အကြွေးအသစ်ဖြစ်မည်ကို မလိုလားခဲ့ကြပေ။ ၁၉၃၀ ခုနှစ် မေလတွင် ကားရောင်းဝယ်မှုသည် ၁၉၂၈ ခုတွင် ရှိခဲ့သော ရောင်းအား၏ အောက်သို့ ကျဆင်းခဲ့သည်။ ယေဘူယျအားဖြင့် ဈေးနှုန်းများ စတင်ကျဆင်းခဲ့သော်လည်း လုပ်ခများမှာမူ ၁၉၃၀ ခုနှစ်တွင် ပုံမှန်အတိုင်းပင် ရှိနေခဲ့သေးသည်။ သို့သော် ၁၉၃၁ ခုနှစ်တွင် လုပ်ခများ စတင်ကျဆင်းခဲ့သည်။ စားသုံးကုန် ပစ္စည်းများ ဈေးကျလာသည့်အတွက် လယ်ယာဒေသများတွင် အခြေအနေအဆိုးဆုံးဖြစ်သည်။ အလုပ်လက်မဲ့များပြားလာပြီး အခြားအလုပ်အကိုင်ပြောင်းရန် အခွင့်အလမ်း အနည်းငယ်မျှသာရှိသော သတ္တုတူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်ခြင်းတို့မှာလည်း အလားတူပင်ဖြစ်သည်။ အမေရိကန်၏ စီးပွားရေးကျဆင်းမှုသည် အစောပိုင်းတွင် အခြားနိင်ငံများ၏ စီးပွားရေးကို ကျဆင်းစေသော အကြောင်းအချက်ဖြစ်သည်။ သို့သော် နိုင်ငံတစ်နိုင်ငံစီ၏ အတွင်းပိုင်း အားကောင်းမှု အားမကောင်းမှုပေါ်မူတည်၍ အခြေအနေမှာ ပိုကောင်းလာစေသည် သို့ ပိုဆိုးသွားစေလေသည်။ ၁၉၃၀ အမေရိကန်မှ ပြဋ္ဌာန်းသော စမု-ဟော်လေ(Smoot-Hawley) သွင်းကုန် ထုတ်ကုန် ဆိုင်ရာ အက်ဥပဒေ နှင့် အခြားနိုင်ငံများမှ တန်ပြန်ကျင့်သုံးသည့် သွင်းကုန်ထုတ်ကုန် ကန့်သတ်မှုများ အစရှိသည့် နိုင်ငံအသီးသီးမှ မိမိတို့ စီးပွားရေးကို ခိုင်မာစေရန် အလန့်တကြား ကြိုးပမ်းမှု အနေနှင့် ပြဋ္ဌာန်းသော ကိုယ်ကျိုးစီးပွားကာကွယ်ရေး ပေါ်လစီများက တကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြိုလဲခြင်းကို ပို၍ ဆိုးရွားသွားစေသည်။ ၁၉၃၀ ခုနှစ်နှောင်းပိုင်းမှ စ၍ တဖြည်းဖြည်း စီးပွားရေးကျဆင်းလာခဲ့ပြီး ၁၉၃၃ ခု မတ်လတွင် အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။ အကြောင်းရင်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BD%E1%80%AC%E1%80%B8%E1%80%95%E1%80%BB%E1%80%80%E1%80%BA%E1%80%80%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ရှေးဟောင်းအီဂျစ်
ရှေးခေတ် အီဂျစ်ဆိုသည်မှာ မြောက်အာဖရိကအရှေ့ပိုင်းမှ ရှေးဟောင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြစ်သည်။ ယနေ့ခေတ် အီဂျစ်နိုင်ငံတည်ရှိရာ နိုင်းမြစ်၏ အောက်ပိုင်းတစ်လျှောက်တွင် စုစည်းတည်ရှိ ခဲ့ကြသည်။ ထိုလူ့အဖွဲ့အစည်းသည် ဘီစီ ၃၁၅၀ ခန့် ပထမဆုံး ဖာရိုဘုရင်၏ လက်အောက်တွင် အပေါ်ပိုင်း အီဂျစ်နှင့် အောက်ပိုင်းအီဂျစ်တို့ နိုင်ငံရေးအရ ပေါင်းစည်းခဲ့ရာမှ စတင်ခဲ့သည်။ ထိုမှစ၍ နောက်ပိုင်း ထောင်စုနှစ် ၃ ခု အတွင်းတွင် တိုးတက်ပြောင်းလဲ လာခဲ့သည်။ ရှေးခေတ်အီဂျစ်၏ သမိုင်းတွင် တိုင်းနိုင်ငံများ (kingdoms) ဟု သိရှိကြသော ဆက်တိုက်ဖြစ်နေသည့် တည်ငြိမ်အေးချမ်းသည့် ကာလများနှင့် ကြားကာလများ (Intermediate Periods) ဟုသိရှိကြသော မတည်မငြိမ်ဖြစ်နေသော ကာလများ ပါဝင်သည်။ တိုင်းနိုင်ငံသစ် (New Kingdom) ဟု သိရှိကြသော နောက်ဆုံးတိုင်းနိုင်ငံ ပျက်သုဉ်းပြီးချိန်တွင် ရှေးဟောင်းအီဂျစ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် ပုံမှန် ဖြည်းဖြည်းချင်း ယုတ်လျော့လာသော ကာလသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်အတွင်း၌ အီဂျစ်ကို တိုင်းတပါးအင်အားစုများမှ အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ကြသည်။ အစောပိုင်း ရိုမန်အင်ပိုင်ယာမှ အီဂျစ်ကို အောင်နိုင်ခဲ့ပြီး ၎င်း၏ နယ်မြေဒေသအဖြစ် သတ်မှတ်လိုက်ချိန် ဘီစီ ၃၁ ခုနှစ်တွင် ဖာရိုဘုရင်တို့၏ အုပ်စိုးမှု သည် တရားဝင် ပြီးဆုံးခဲ့သည်။ နိုင်းမြစ်ဝှမ်းတောင်ကြား ဒေသ၏ ပတ်ဝန်းကျင် အခြေအနေကို လိုက်လျောညီထွေစွာ ကျင့်သုံးနိုင်ခဲ့ခြင်းကြောင့် ရှေးခေတ် အီဂျစ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် စည်ပင်ထွန်းကားလာခဲ့သည်။ မြေဩဇာ ကောင်းမွန်သည့် တောင်ကြားဒေသတွင် ဆည်မြောင်းများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းမှ အပိုအလျှံ သီးနှံများ ထွက်ရှိခဲ့သည်။ ထိုမှတဆင့် လူမှုရေး နှင့် ယဉ်ကျေးမှု ထွန်းကားရေးအတွက် အထောက်အကူပေးခဲ့သည်။ အပိုအလျှံအရင်းအမြစ်များကြောင့် အုပ်ချုပ်သူများမှ တောင်ကြားဒေသ နှင့် ပတ်ဝန်းကျင် သဲကန္တာရဒေသတို့တွင် သတ္တုရှာဖွေရေး၊ အစောပိုင်း သီးခြားစာပေ ရေးသားမှုစနစ် ထွန်းကားရေး၊ တည်ဆောက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ပရိုဂျက် အများအပြား ကို အကောင်အထည်ဖော်ရေး၊ ပတ်ဝန်းကျင် ဒေသများနှင့်ကုန်သွယ်ရေး နှင့် တိုင်းတပါးရန်သူများကို အနိုင်တိုက်နိုင်သော စစ်တပ်ဖော်ဆောင်ရေး အစရှိသည်တို့ကို ပံ့ပိုးပေးခဲ့ပြီး အီဂျစ်တို့တွင် လွှမ်းမိုးမှု အရှိန်အဝါ ရှိလာခဲ့သည်။ ထိုသို့သော လုပ်ရပ်များကို ဖာရိုဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ခန့်ထားသော အုပ်ချုပ်ရေး အရာရှိများ၊ ဘာသာရေးခေါင်းဆောင်များ၊ စာရေးတော်များ အစရှိသူတို့မှ တိုက်တွန်းခြင်း နှင့် အကောင်အထည်ဖော်ခြင်းတို့ ပြုကြသည်။ ချဲ့ကားထားသော ဘာသာရေး ယုံကြည်မှုများမှတဆင့် အီဂျစ်လူမျိုးတို့၏ ညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှု တို့ကို အသေအချာ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အခြေခံ လူမှုဘဝ မြေထဲပင်လယ်နှင့် ထိစပ်နေသည့် ဒေသအချို့မှ လွဲ၍ အီဂျစ်နိုင်ငံသည် အများအားဖြင့် မိုးနည်းပါးသဖြင့် ရှေးအီဂျစ်တို့အနေဖြင့် စိုက်ပျိုးရေးအတွက် နိုင်းမြစ် ကိုသာ မှီခိုကြရသည်။ တောင်မှ မြောက်သို့ ဖြတ်သန်းကား မြေထဲပင်လယ်အတွင်းသို့ စီးဆင်းသည့် နိုင်းမြစ်သည် ရေတံခွန်ခြောက်ခုရှိပေသည်။ အဆိုပါရေတံခွန်များအနက် ပထမဆုံးရေတံခွန်ရှိရာ ပင်လယ်ပြင်မှ မိုင် ၆၀၀ အကွာအဝေးအထိ လှေ၊ သင်္ဘောတို့ဖြင့် သွားလာနိုင်သည်။ အီဂျစ်နိုင်ငံ တောင်ပိုင်းရှိ အဘီဆီးနီးယားနိုင်ငံတွင် ပူအိုက်သည့် ရာသီတိုင်း မိုးရွာသွန်းသဖြင့်နိုင်းမြစ် ရေလျှံကာ မြစ်ကမ်းနှစ်ဖက်တွင် ရေလွှမ်းလေ့ရှိသည်။ မြစ်ရေပြန်ကျသွားလျှင် အဘီဆီးနီးယားကုန်းမြင့်မှ သယ်ဆောင်လာသည့် ရွံနက်များသည် နုံးမြေများအဖြစ်နှင့် ကျန်ရစ်ကာ စိုက်ပျိုးရေးအတွက် အထူးအကျိုးပြုပေသည်။ အဆိုပါ နုံးတင်မြေနု နယ်မြေ၏ အနောက်ဘက်အစွန်းသည် ဆာဟာရသဲကန္တာရကြီး၏ အစပြုရာနယ်နိမိတ်လည်း ဖြစ်တော့သည်။ ဆိုလိုသည်မှာ အီဂျစ်ပြည်၏ စိုက်ပျိုးရေးဖြစ်ထွန်းရာ၊ ယဉ်ကျေးမှု အခြေတည်ရာ ဒေသမှာ နိုင်းမြစ်ဝှမ်းတစ်လျှောက် ကမ်းနှစ်ဖက်ဖြစ်သည့် အရှေ့အနောက် ၁၀မိုင်၊ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁၂၀၀၀ ခန့်သာရှိကြောင်း တွေ့ရသည်။ နယ်ပယ်နိမိတ် အီဂျစ်နိုင်ငံသည် နယ်နိမိတ်အားဖြင့် အထက်အီဂျစ်နှင့် အောက်အီဂျစ် ဟူ၍ တောင်မြောက် နှစ်ပိုင်းခွဲခြားခဲ့ဖူးသည်။ အထက်အီဂျစ်မှာမြစ်ဝကျွန်းပေါ် အရပ်၏ တောင်ဘက်စွန်းမှ အထက်ပိုင်း ပထမရေတံခွန်ရှိရာအထိ အရှည်မိုင် ၅၀၀ ရှိသော တောင်ပိုင်းမြစ်ညှာပိုင်းဒေသဖြစ်ပြီး၊ အောက်အီဂျစ်မှာ မြောက်ဘက်မြစ်ဝကျွန်းပေါ်အရပ်ကို ဆိုလိုသည်။ ကိုးကွယ်ရာ နတ်ဘုရားများ ကွဲပြားခြားနားသည်ကြောင့်လည်းကောင်း၊ အရပ်ဒေသကွာခြားသည်ကြောင့်လည်းကောင်း ထိုသို့ ကွဲပြားခြားနားလာခဲ့ရာမှ ဘီစီ ၄၃၀၀ ခန့်တွင် အဆိုပါ နယ်နှစ်နယ်မှ အားကောင်းသည့် အုပ်စု နှစ်စု အသီးသီးပေါ်ထွန်းလာသည်။ ပထမအင်အားစုကြီးသည် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်အရပ်တွင် တန်ခိုးဩဇာထူထောင်နိုင်ကာ ၎င်းတို့ကိုးကွယ်သည့် မြွေဟောက်နတ်ကို အထွတ်အမြတ်ထားသည့် အနေဖြင့် မြောက်ပိုင်းရှင်ဘုရင်များ၏ သရဖူတွင် မြွေဟောက်ပုံနတ်ရုပ်ကို တပ်ဆင်ထားသည်။ ထို့အတူပြင် တောင်ပိုင်းမြစ်ညှာဒေသကို အုပ်စိုးသည့် တောင်ပိုင်းဘုရင်များသည်လည်း ၎င်းတို့ကိုးကွယ်သည့် နီခီဘတ် (ခေါ်) လင်းတနတ်သမီး၏ အထိမ်းအမှတ်အဖြစ် သရဖူတွင် လင်းတငှက်ရုပ်ကို တပ်ဆင်ကြသည်။ တောင်ပိုင်း သရဖူမှာ အဖြူရောင်ဖြစ်ပြီး မြောက်ပိုင်းသရဖူမှာ အနီရောင်ဖြစ်သည်။ ထိုတောင်မြောက် အီဂျစ်နိုင်ငံ နှစ်ခုသည် ပေါ်နှစ်ပေါင်းကြာရှည်စွာဖြင့် ထီးပြိုင်နန်းပြိုင်ပုံစံဖြင့် မင်းဆက် အတော်များများ စိုးစံသွားကြသော်လည်း တောင်ပိုင်းမင်းဆက်မှ အထောက်အထားများတွေ့ရသည် မရှိဘဲ မြောက်ပိုင်း မင်း၆ပါး၏ အမည်ကိုသာ ရှာဖွေဖော်ထုတ်နိုင်သည်။ ပထမပြည်ထောင်စုခေတ် (ဘီစီ ၄၃၀၀-၃၅၀၀) ပေါ်ပေါက်လာပုံ ထိုသို့ အထက်နှင့် အောက် အီဂျစ်နိုင်ငံနှစ်ခု၏ အားပြိုင်မှုတို့သည် ခန့်မှန်းအားဖြင့် ဘီစီ ၄၃၀၀ခန့်အရောက်တွင် စစ်ဖြစ်ပွားကာ အောက်အီဂျစ်(မြောက်ပိုင်း)က တောင်ပိုင်း အထက်အီဂျစ်ကို အနိုင်ရသဖြင့် ပထမအီဂျစ်ပြည်ထောင်စုကို တည်ထောင်နိုင်သည်။ အုပ်စိုးသည့် ရှင်ဘုရင်များအနေဖြင့်လည်း တောင်မြောက်ဒေသ နှစ်ခုလုံး၏ အကြီးအကဲဖြစ်ကြောင်း ထင်ရှားစေလိုသဖြင့် မြောက်ပိုင်းသရဖူအနီအတွင်း တောင်ပိုင်းသရဖူအဖြူကို နှစ်ထပ်ဝတ်ဆင်ကြသည်။ အဆိုပါ ပထမပြည်ထောင်စုသည် နှစ်ပေါင်း ရှစ်ရာခန့် တည်တံ့ကာ မြို့တော်အဖြစ် ဟယ်လီယိုပိုလစ် (နေမြို့တော်) တွင် နန်းစိုက်သည်။ ဘာသာကိုးကွယ်မှုအားဖြင့် တော်ဝင်မိသားစု၏ကိုးကွယ်မှုအား မှီတည်၍ နိုင်ငံတော်အဆင့် နတ်ဘုရားနှစ်ပါးအား ကိုးကွယ်ကြသည်။ ပထမ နတ်ဘုရားမှ ရေး( Re/နေနတ်ဘုရား ) ဖြစ်ပြီး အပူနှင့် အလင်းကို ပေးသည့် နေနတ်ဘုရားဟု ယုံကြည်သည်။ ဒုတိယ နတ်ဘုရားမှာ အိုဆီးရစ် (Osiris/နိုင်းမြစ်နတ်ဘုရား) ဖြစ်ကာ ရေနှင့် နုံးမြေတို့ကို ပေးသည်ဟု ယုံကြည်ထားကြသည်။ အဆိုပါနတ်ဘုရား နှစ်ပါးကို နိုင်ငံတွင်း အကြီးဆုံးနတ်ဘုရားများ အဖြစ် ဘုရင်နှင့် ပြည်သူပြည်သားများက ကိုးကွယ်ကြသည်။ အုပ်ချုပ်ရေး အုပ်ချုပ်ရေးအနေဖြင့် ဖာရိုး(Pharoah) ဘုရင်များသည် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ကြပြီး အလွန်ဩဇာကြီးကြသည်။ ဖာရိုးဘုရင်တို့သည်ရေး(နေနတ်ဘုရား)မှ တိုက်ရိုက်ဆင်းသက်လာသည့် သားတော်များဟု ယုံကြည်မှုဖြင့် ဘုရင်များသည့် အုပ်ချုပ်ရေးအရသာမက ဘာသာရေးအရပါ အကြီးအကဲဖြစ်လာတော့သည်။ ထိုသို့ ထီးနန်းအာဏာ ခိုင်မြဲရေးနှင့် မြင့်မြတ်သော အနွယ်သွေးကို ထိန်းသိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် သွေးနှောခြင်းကို ကာကွယ်ရန်အတွက် ဘုရင်တို့သည် အရပ်သူအရပ်သားများနှင့် လက်ဆက်ခြင်းမှ ရှောင်ရှားကာ ဆွေမျိုးအချင်းချင်း အရင်းအခြာများပါမကျန် သွေးနီး၊သွေးဝေး အမျိုးအဆွေအချင်းချင်းသာ လက်ထပ်ကြသည်။ အဆိုပါ ဖာရိုးမင်းများ နောက် ဒုတိယနေရာမှ ဘုန်းတန်ခိုးကြီးစိုးသူများမှာ မင်းညီမင်းသားများ၊ ထိုနောက်တွင်မှ ဘာသာရေးဆရာ(နတ်ဆရာ၊ ဝတ်ကျောင်းဘုန်းကြီး)များ၊ထိုနောက်တွင်မှ မင်းမှုထမ်းများ၊ ထိုနောက်တွင်မှ စာရေးစာချီများ၊ ထိုနောက်မှ ထူးချွန်သော လက်မှုပညာရှင်များ၊ ထိုနောက်မှ လယ်သမားများ စသဖြင့် အဆင့်ဆင့် အတန်းအစားခွဲခြားထားသည်။ ဖာရိုးတို့၏ နန်းတော်သည် အလွန်ခန်းနားကြသည်မှာ ပြောရန်မလိုပေ။ ထိုနည်းတူပင် နယ်စားများ၏ အိမ်ဂေဟာမှာလည်း အဖိုးတန်အိမ်ကြီးအိမ်ကောင်းများ၊ဥယျာဉ်ခြံမြေများဖြင့် ထည်ဝါကြသည်သာ ဖြစ်သည်။ စည်းစိမ်ကိုလည်း ရက်ရက်ရောရောခံစားကြသည်။ သို့သော် ပြည်သူတို့၏ လူနေမှုမှာမူ အုပ်စိုးသူလူတန်းစားနှင့် အထူးကွာခြားသည်ဟု ဆိုနိုင်သည်။ သာမန်ပြည်သူတို့မှာ အလွန်ပင်ဆင်းရဲကြရှာသည်။ တီထွင်ဆန်းသစ်မှုများ ပထမအီဂျစ်ပြည်ထောင်စုခေတ်တွင် ယဉ်ကျေးမှု အဆင့်အတန်းအားဖြင့်လည်း ရေချိန်မြင့်မားသည့် အတွက် တီထွင်မှုများပေါ်ထွန်းလာသည်။ လူ့ယဉ်ကျေးမှု သမိုင်းအရ ဤခေတ်သည် အစပြုခြင်းပင်ဖြစ်သည်ဟု ပညာရှင်အတော်များများက ထောက်ခံချက်ပေးကြသည်။ ထွန်ဖြင့် ထပ်ထိုးခြင်းနည်းကို အသုံးချကာ စိုက်ပျိုးလာကြသည်။ အကျိုးဆက်အားဖြင့် လယ်ယာမြေစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်သဖြင့် အစားအသောက်ကို ပေါပေါများများစာသုံးလာနိုင်သည်။ သို့ဖြင့် ငွေကြေးစနစ်မဟုတ်ဘဲ ကောက်ပဲသီးနှံဖြင့် အဟောင်းပေးအသစ်ယူခြင်း(မြှီစားခြင်း)၊ အခွန်ဆောင်ခြင်း တို့ကိုပြုလုပ်ကြသည်။ ဖာရိုးမင်း အဆက်ဆက်တို့သည် ဆည်မြောင်းဗဟိုဌာန ဟူ၍ဖွဲ့စည်းပေးကာ ဆည်မြောင်းများအုပ်ချုပ်ရေးကို ကိုယ်တိုင်တာဝန်ယူသည်။ စိုက်ပျိုးရေ အလဟဿမဖြစ်စေရေး၊ ဆည်မြောင်းများ အသစ်တူးဖော်ခြင်း စသည်ဖြင့် စိုက်ပျိုးရေးနှင့် ပက်သက်၍ ဆည်မြောင်းကိစ္စများကို ဆောင်ရွက်စေသည်။ ၎င်းမှာ ကမ္ဘာ့ရှေးအကျဆုံး အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားအဖြစ် သတ်မှတ်နိုင်သည်။ ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် ပြက္ခဒိန်သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။ ပြက္ခဒိန်တီထွင်မှုအပြင် အီဂျစ်တို့သည် ကမ္ဘာ့ရှေးအကျဆုံး စာပေအရေးအသားကိုလည်း တီထွင်သွားကြသေးသည်။ တွဲဖက်အနေဖြင့် စက္ကူကလောင်တံ နှင့် မှင် စသည်တို့ကိုလည်း တီထွင်ပြန်သည်။ ရှေးဦးလူသားများအနေဖြင့် မိမိတို့ရေးမှတ်လိုသည့် အကြောင်းအရာများကို အရုပ်များရေးဆွဲခြင်း အားဖြင့် မှတ်တမ်းတင်သည့် အလေ့အကျင့်မှသည် အီဂျစ်တို့၏ ပထမပြည်ထောင်စုခေတ် အရောက်တွင် ပထမဆုံးသော စာပေအဖြစ်ဖြင့် အီဂျစ် အရုပ်စာပေါ်ထွန်းလာသည်။ အဆိုပါ အီဂျစ်အရုပ်စာရေးသားနည်းကို ဟီအာရိုဂလစ် ရေးနည်း(Hieroglyphs/အရုပ်စာရေးနည်း) ဟုခေါ်သည်။ နောက်ဆက်တွဲအနေဖြင့် စက္ကူကိုလည်း တီထွင်နိုင်သည်။ နိုင်းမြစ်ထဲတွင် အလေ့ကျပေါက်သည့် ပပိုင်းရပ်စ်(Papyrus) ကျူပင်များကို ခွဲစိတ်ပြုပြင်ကာ စက္ကူအဖြစ် အသုံးပြုကြသည်။ ထိုအသုံးအနှုန်းမှ ဆင်းသက်ကာ ယနေ့ စက္ကူကို အင်္ဂလိပ်ဘာသာအားဖြင့် ပေပါ(Paper) ဟုခေါ်ကြခြင်းဖြစ်သည်။ ချက်ပြုတ်သည့် အိုးခွက်များမှ အိုးမဲအား သစ်စေး တစ်မျိုးဖြင့် ဖျော်စပ်ကာ မှင်ရည် အဖြစ်သုံးစွဲကြသည်။ ကျူရိုးအား ခပ်ချွန်ချွန်ဖြတ်တောက်ပြုပြင်ကာ ကလောင်တံ အဖြစ် သုံးစွဲကြသည်။ ဒုတိယပြည်ထောင်စုခေတ်(ဘီစီ ၃၄၀၀-၂၄၀၀) ပေါ်ပေါက်လာပုံ ပထမပြည်ထောင်စုသည် နှစ်ပေါင်း ၈၀၀ ကျော်ခန့်တည်တံ့လာပြီးနောင်တွင် ပြိုကွဲသွားသဖြင့် ရှေးကကဲ့သို့ပင် တောင်၊မြောက် နှစ်ပိုင်း ပြန်လည် ကွဲပြားသွားရပြန်သည်။ များမကြာမီတွင်ပင် အထက်အီဂျစ်(မြောက်ပိုင်း)မှ မင်းနစ်(Menes) အမည်ရှိ လူစွမ်းကောင်းတစ်ဦးပေါ်ထွန်းလာကာ တောင်၊မြောက် ဒေသနှစ်ခုလုံးကို ပြန်လည် သိမ်းပိုက်ကာ ဒုတိယပြည်ထောင်စုခေတ်ကို တည်ထောင်ပြန်သည်။ ပထမပြည်ထောင်စုသည် လယ်ယာစိုက်ပျိုးရေးစနစ်ပေါ်တွင် အခြေပြုကာ စည်ပင်ဖွံဖြိုးခြင်းကို ရရှိသကဲ့သို့ ဒုတိယပြည်ထောင်စုသည် ဆိုင်းနိုင်းကျွန်းဆွယ် ဒေသမှ ကြေးနီသတ္တုတွင်းတူးဖော်ရေး ကြောင့် သာယာဝပြောသည်။ ကြေးနီတွင်းများ အားလုံးကို ဖာရိုးဘုရင်က ပိုင်ဆိုင်ပြီး ခိုးတူးသူများကို ပြင်းထန်စွာ အပြစ်ပေးသည့် ကျောက်ထွင်းပုံများကို အနီးမပါးရှိ ကျောက်တောင်များတွင် အထောက်အထားများအဖြစ် တွေ့ရသည်။ ပိရမစ်များခေတ် ယနေ့ ဆီးရီးယားနိုင်ငံရှိရာ အရပ်သို့ ရေကြောင်းဆက်သွယ်ကာ ထိုအရပ်မှ သစ်များကို အသုံးပြု၍ အိမ်များ၊ ပရိဘောဂများကို ဆောက်လုပ်ခဲ့ကြသည်။ ဒုတိယပြည်ထောင်စုခေတ်ကို ပိရမစ်ခေတ်ဟုလည်း ခေါ်ကြသည်။ အကြောင်းမှာ ယနေ့တိုင် လူတို့အတွက် အံ့ဖွယ်တစ်ပါးဖြစ်နေသည့် ပိရမစ်များကို တည်ဆောက်ခဲ့သည့် ကာလလည်း ဖြစ်သောကြောင့်ဖြစ်ပေသည်။ အထင်ရှားဆုံးသော ပိရမစ်များကို ကိုင်ရိုမြို့အနီးရှိ ဂီဇဲ(Gizeh)အရပ်တွင် တွေ့ရပြီး ထိုဒေသမှာ ဒုတိယပြည်ထောင်စုခေတ်၏ မြို့တော်ဟောင်း မင်းဖစ်(Memphis) တည်ရှိခဲ့သည့် နေရာပင် ဖြစ်သည်။ ပိရမစ်များအပြင် အခြားသော ဘာသာရေးဆိုင်ရာ အဆောက်အဦးများစွာကိုလည်း တည်ဆောက်ခဲ့ကြသည်။ ပြည်ထောင်စု ပြိုကွဲခြင်း ပိရမစ်များကိုတည်ဆောက်ခဲ့သည့် နောက်ဆုံး ဖာရိုးမင်းဖြစ်သော ဒုတိယမြောက် ပက်ပီ (Pepi II) သည်အသက်အလွန်ရှည်သည်ဖြစ်၍ နန်းသက် ၉၄နှစ်ထိစိုးစံခဲ့သည်။ ဘုရင်အိုမင်းမစွမ်း ဖြစ်လာသောအခါ နယ်စားများက အာဏာကြီးစိုးလာပြီးနောက် ဘုရင် ကွယ်လွန်လျှင် နယ်အသီးသီးမှနေကာ မင်းပြုကြသည်။ ထိုခေတ်ကို နယ်စားပယ်စားခေတ် ဟုခေါ်သည်။ နယ်စားများက အချင်းချင်း ပြိုင်ဆိုင်ကြသလို၊ တောင်ပိုင်းမှ အာဖရိကန်အနွယ်များကလည်း ဝင်ရောက်တိုက်ခိုက်သဖြင့် တိုင်းပြည်တည်ငြိမ်ခြင်းမရှိတော့ပေ။ မကြာမီပင် တောင်ပိုင်းဒေသက ခွဲထွက်သဖြင့် ဒုတိယ အီဂျစ်ပြည်ထောင်စု ပြိုကွဲသွားရသည်။ နယ်စားများခေတ် (ဘီစီ ၂၄၀၀-၁၈၀၀) ပရမစ်များကို တည်ဆောက်သည့် မင်းဆက်ပျက်သုဉ်းသွားသည့် နောက်တွင် အီဂျစ်ပြည်သည် နှစ်ပေါင်း အတော်ကြာကြာ အရည်အချင်းပြည့်ဝပြီး တစ်နိုင်ငံလုံးကို ပြန်လည် တည်ထောင်စုစည်းနိုင်သည့် ခေါင်းဆောင်ကောင်းလည်း ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ ထိုကာလများအတွင်း နယ်စာများက ဖာရိုးဘွဲ့အသီးသီးခံယူကာ ကိုယ့်နယ်ကိုယ့်မင်း ပုံစံဖြင့် သီးခြားစီ အုပ်စိုးနေကြသည်။ အဆိုပါ နှစ်ပေါင်း ၆၀၀ကျော်ကြာ နယ်စားခေတ်မှာ အီဂျစ်တောင်ပိုင်းတွင် အခြေတည်ပြီး တောင်ပိုင်းမင်းများ၏ ရာဇဝင်တစ်ရပ်ပင်ဖြစ်တော့သည်။ နယ်စားခေတ်သည် ပိရမစ်များခေတ်ကဲ့သို့ အဆောက်အဦးကြီးများကို အားသွန်ခွန်စိုက် ဆောက်လုပ်ရန် ကြိုးပမ်းသည် မရှိတော့ပေ။ စာရိတ္တမဏ္ဍိုင် ကြံခိုင်လာစေရေးကိုသာ ပြုပြင်ရန် အားထုတ်တော့သည်။ နယ်စားများ၏ နန်းဆောင်များတွင် စာကြည့်တိုက်များပါရှိကြသည်။ ၎င်းတို့မှာ ကမ္ဘာ့ရှေးအကျဆုံး စာကြည့်တိုက်များလည်း ဖြစ်ကြသည်။ နယ်စားများခေတ်ကုန်ဆုံးခါနီးအချိန်တွင် အရှေ့မြောက်ပိုင်းမှ အာရှအနွယ် ဟစ်ဆော့လူရိုင်းများ၏ တိုက်ခိုက်ခြင်းကြောင့် နယ်စားများလက်နက်ချကြရသဖြင့် ဟစ်ဆောများက နှစ် ၂၀၀ခန့် အုပ်ချုပ်ကြသည်။ ဘီစီ ၁၆၀၀ခန့်ရောက်မှ အေးမို့စ်(Amos)အမည်ရှိ အီဂျစ်ခေါင်းဆောင် တစ်ဦးပေါ်ထွက်လာကာ ဟစ်ဆော့တို့အား တိုက်ခိုက်မောင်းထုတ်သဖြင့် အီဂျစ်တို့ ပြန်လည် လွတ်လပ်ကြသည်။ အင်ပါယာခေတ် (ဘီစီ၁၆၀၀-၁၂၀၀) ဤခေတ်သည် အီဂျစ်တို့၏ အထွတ်အထိပ်ခေတ်ဖြစ်သည်။ တောင်ဘက် နိုင်းမြစ်ဖျား နျူဘီးယားနယ်မှစကာ အရှေကမြောက်ဘက်ရှိ ယူဖရေးတီးမြစ် အထိ ကျယ်ပြန့်သည် နယ်မြေအား သိမ်းပိုက်အုပ်စိုးခဲ့သည်။ အင်ပါယာထူထောင်နိုင်ခြင်း အကျိုးဆက်အားဖြင့် မြင့်မားသည့် ယဉ်ကျေးမှုနှင့် ဘာသာရေး အပါအဝင် နယ်ပယ်စုံမှ အကျိုးကျေးဇူးများကို ခံစားရသည်။ စတင်ထူထောင်သူ အေးမို့စ်မှစကာ စစ်ရေးအားသာချက်ဖြင့် နယ်ပယ်များကို သိမ်းသွင်းခဲ့သည်မှာ အီဂျစ်ပြည်၏ နပိုလီယန် ဟုပင်တင်စားလောက်ရသည့် တတိယမြောက် တုမို့စ်လက်ထက်တိုင် ဖြစ်သည်။ ထိုမင်းဆက်သည် နှစ်ပေါင်း ၂၀၀ ကျော် အုပ်စိုးပြီးနောက်တွင် ဘာသာရေး ပြုပြင်ပြောင်းလဲရန် အာဏာဖြင့် အတင်းအကျပ်ခိုင်းစေသည့် အစ်ခနတွန် လက်ထက်မှစကာ ပဋိပက္ခများဖြစ်ပွားရပြီး ၎င်းအားဆက်ခံသည့် တူတပ်ခမွန် လုပ်ကြံခံရသဖြင့် မင်းဆက်လည် ပြတ်သည်။ ထိုနောက်တွင် အခြားမင်းဆက်များ ဆက်လက်အုပ်စိုးသော်လည်း အင်ပါယာတစ်စစ ယိမ်းယိုင်လာကာ ပထမမြောက် ဆီတီနှင့် ဒုတိယမြောက် ရမ်ဆီ တို့လက်ထက်များတွင်သာ အင်အားကောင်းကြပြီး နောက်ဆုံး ဘီစီ ၁၁ ရာစုအရောက်တွင် မြောက်ဘက် မြေထဲပင်လည်းမှ ဝင်ရောက်လာသည့် ရန်သူများအား တွန်းလှန်နိုင်ခြင်းမရှိသဖြင့် အီဂျစ်အင်ပါယာ ပျက်စီးသွားသည်။ ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု၌ ရှေးအကျဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အီဂျစ်နိုင်ငံ၏ ရှေးဟောင်းသမိုင်းသည် အဆန်းတကြယ် အံ့0x100သဘွယ်တို့နှင့် ပြည့်လျက်ရှိရာ အဆောက် အအုံ၊ ဝတ္ထုပစ္စည်း၊ စာပေအမှတ်အသားမှစ၍ သက်သေခံ အထောက်အထားများလည်း ရှိနေလေသည်။ အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ မြောက်ပိုင်းတွင် တည်ရှိ၍ ပင်လယ်နီ၏ အနောက်ဘက်ကမ်းအထိ ရောက်၏။ မြောက်ဘက်တွင် မြေထဲပင်လယ်နှင့် ဆက်စပ်လျက်ရှိရာ ၃၈၆၁၉၈ စတုရန်းမိုင်ကျယ် သော်လည်း ထွန်ယက်စိုက်ပျိုး နိုင်သည့်မြေမှာ စတုရန်းမိုင်ပေါင်း ၁၂ဝဝဝ ခန့်သာ ရှိ၏။ အီဂျစ်နိုင်ငံကို ဖြတ်သန်းစီးဆင်းလျက်ရှိသော နိုင်းမြစ်ကြီးသည် မိုင် ၄၁၄၅ ခန့်ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး မြစ်ကြီး တစ်သွယ်ဖြစ်လေသည်။ ဤမြစ်ကြီးကို ဆန်တက်သော် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ထောင်ခုနစ်ထောင်ခန့်က တည်ထားခဲ့သည့် သင်းချိုင်းဂူ ကြီးများနှင့် အထိမ်းအမှတ်အဆောက်အအုံကြီးများသည် ထိုနိုင်ငံ၏ ရှေးခေတ်သမိုင်းကို ကျွနု်ပ်တို့အား ပြန်ကြားပြောဆို နေဘိသကဲ့သို့ရှိ၏။ လူတို့၏ တိုးတက်မှုသမိုင်းကို ဤနေရာမှာ ထက်ပို၍ ကမ္ဘာတစ်ဝန်းလုံးရှိ အခြားမည်သည့်နေရာတွင်မျှ ပြည့်စုံစွာ တွေ့နိုင်မည် မဟုတ်ချေ။ ရွှံမံတဲကုပ်ကလေးများတွင် နေထိုင်ခဲ့ရာမှ ပိုမိုခိုင်ခန့်သော အဆောက်အအုံများကို ဆောက်လုပ်တတ်လာခြင်း၊ သတ္တုများကို တူးဖော်အသုံးပြုတတ်လာ ခြင်း၊ စာဖြင့် ရေးသားမှတ်တမ်းတင်လာခြင်း စသည်ဖြင့် နိုင်း မြစ်ဝှမ်းတွင် အဓိကအားဖြင့် ရှေးဦးယဉ်ကျေးမှု အစပျိုးခဲ့လေ သည်။ ထိုဒေသ၏ရာသီဥတု ခြောက်သွေ့ ခြင်း၊ မိုးပါးခြင်း သဲအတိရှိခြင်းတို့ကလည်း ရှေးဟောင်းယဉ်ကျေးမှု အကြွင်း အကျန်များကို တာရှည်ခံစေရန် ကူညီ ထိန်းသိမ်းပေးသကဲ့သို့ ရှိနေသောကြောင့် အခြားနိုင်ငံများထက် ဤနိုင်ငံတွင် ပိုမို တွေ့ရခြင်း ဖြစ်လေသည်။ သဲမြေ၏အောက် ကျောက်မြေလွှာတွင် ရှေးအခါက လူကောင်မြှုပ်ရာ တွင်ကြီးများနှင့် လူရိုးများကို တွေ့ရ၍ ထိုလူရိုးများမှာ လွန်ခဲ့သော ၆၆ဝဝဝ ခန့် ကျောက်ခေတ် နှောင်းမှ တောင်သူလယ်သမား များနှင့် အကြီးအကဲတို့၏ အရိုးများ ဖြစ်သည်ဟု ယူဆကြသည်။ ထိုအရိုးစုများ အနီးတွင် ကျောက်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများနှင့် မြေအိုး၊ မြေခွက်များကိုလည်း တွေ့ရလေရာ သတ္တုကို အသုံး မပြုတတ်သေးမိကပင် အစားအစာနှင့် သောက်ရေသုံးရေထည့် ရန် အိုးခွက်များကို ကျနစွာ လုပ်နိုင်ကြောင်း သိရလေသည်။ ဆေးရေးအရုပ်များကို ကြည့်ခြင်းအားဖြင့်လည်း အကြီးအကဲ လုပ်သူများသည် ရေသွယ်တူးမြောင်း တာတမံများကို ကြီးကြပ် အုပ်ချုပ်ပုံနှင့်တကွ ကောက်ပဲသီးနှံနှင့်လျှော်များကို အခွန်တော် အဖြစ် ခံယူပုံများကို သိရ၏။ ထိုမှတစ်ပါး ထိုခေတ်က အသုံး ပြု၍ ကြွင်းကျန်ရစ်ခဲ့သော အဝတ်ပိုင်းများ၊ ဂျုံစပါး၊ မုယော စပါးများ၊ လှေငယ် တက်စင်းပုံများ ရေးခြယ်ထားသည့် ပန်း စိုက်အိုးကြီးများကို မြင်ရသဖြင့် ထိုခေတ်က အခြေအနေကို ခန့်မှန်း နိုင်လေသည်။ အလွန်ရှေးကျသည်ဆိုသော ဂရိတို့ပင် အီဂျစ်နိုင်ငံနှင့်စာသော် ကလေးအရွယ်မျှသာရှိသေး၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်က အီဂျစ်နိုင်ငံကို အုပ်စိုးသွားသည့် ကလီယိုပါးထရား ဘုရင်မခေတ်မတိုင်မီကပင် နှစ်ပေါင်း ၂ဝဝဝ ခန့် ကျော်လွန်ခဲ့ပြီဟု သမိုင်းများတွင် ဖော်ပြထားသောကြောင့်တည်း။ လွန်ခဲ့သော နှစ်ပေါင်း အနည်းငယ်က ရှေးဟောင်းပစ္စည်း ကမ္ပည်းကျောက်စာများ တူးဖော်သူတို့၏ ကျေးဇူးကြောင့်သာ အီဂျစ်နိုင်ငံ၏သမိုင်းစဉ်များကို ကောင်းစွာသိရှိနိုင်ကြပြီးလျှင် ခရစ်မပေါ်မီ နှစ်ပေါင်း ၅ဝဝဝ ခန့်က အီဂျစ်ပြည်သား များသည် ထိုစဉ်က ရွှံမံထားသည့် တဲပုတ်များ၌နေထိုင်ကာ ကျောက်တုံးများ၊ အမဲရိုးများကို လက်နက်ကိရိယာများ ပြုလုပ်အသုံးပြုခဲ့ကြကြောင်း၊ သတ္တု၏အမျိုးမျိုးအသုံးဝင်ပုံကို တစ်စ တစ်စ သိလာကြကြောင်း၊ ထိုစဉ်ကပင် လူများသည် လယ်မြေများတွင် ရေကိုသွင်းယူ၍ စပါး၊ ဂျုံ စသည်တို့ကို စိုက်ပျိုးကြောင်း၊ အထည်ရက်ခြင်း၊ အိုးခွက်လုပ်ခြင်းစသည့် အလုပ်များကိုလည်းလုပ်ခဲ့ကြောင်း စသည်တို့သည် ဘွင်းဘွင်း ကြီး ပေါ်လာလေသည်။ ၁၇၉၉ ခုနှစ်၌ နပိုလီယန် စစ်သည်တော်များသည် အီဂျစ်နိုင်ငံ၌ ကတုတ် ကျင်းများကို တူးဖော်ရာတွင် အလျားသုံးပေ ကိုးလက်မ အနံ နှစ်ပေ လေးလက်မခွဲရှိ၍ ချော်နက်ကျောက် တုံးကြီးတစ်ခုကို တွေ့ကြရ၏။ နိုင်းမြစ်ဝတစ်ခုရှိ ရိုမ္ဘက်တာမြို့အနီးတွင် တွေ့ရ၍ ထိုကျောက်တုံးကို ရိုမ္ဘက်တာကျောက်တုံး ဟု အမည် ပေးထားလေသည်။ ( ရိုဇက်တာကျောက်စာ။) ကျောက်တုံးပေါ်ရှိ စာများမှာ ထိုစဉ်ကရုံးသုံးစာဖြစ်သည့် ဂရိဘာသာနှင့် အီဂျစ်ဘာသာများဖြင့် ရှေးအီဂျစ်ဘုရင်တစ်ပါး ၏ အမိန့်ပြန်တမ်းအကြောင်းကို ရေးသားထားသည်။ အီဂျစ် ဘာသာဖြင့် ရေးထိုးရာတွင် ဟိုင်ယာရို ဂလစ်ဖစ်ခေါ် ရုပ်ပုံ စာရေးနည်းဖြင့်လည်းကောင်း၊ ဒီမိုတစ်ခေါ် လူသိများသော ရှေးအီဂျစ်စာရေးနည်းဖြင့်လည်းကောင်း ရေးထားသည်ကို တွေ့ရလေသည်။ ဤသို့ဖြင့် ကျောက်စာပညာရှိများသည် ဂရိဘာသာပြန်ကို အီဂျစ်စာမူများနှင့် တိုက်ဆိုင်နှိုင်းရှည်ကာ ီဂျစ်ရုပ်ပုံစာများဖြင့် ရေးသားထားသည့်စာများကို ဖတ်လာနိုင်ကြပြီးလျှင် အီဂျစ် နိုင်ငံ၏ ရှေးဟောင်း သမိုင်းများကို အတော်စုံလင်စွာ လေ့လာလိုက်စားနိုင်ခဲ့ကြသည်။ နှောင်းခေတ်များတွင် အီဂျစ်လူမျိုးတို့ တည်ဆောက်ခဲ့သည့် သင်းချိုင်းဂူများကို ကြည့်ခြင်းဖြင့် သမိုင်းအစဉ်အဆက်နှင့်တကွ သူတို့၏ တိုးတက်လာပုံကို ကောင်းစွာ သိရလေသည်။ ထို အချိန်သို့ရောက်သောအခါ အီဂျစ်နိုင်ငံသားများသည် ပပိုင်းရပ် စာခွေများ ပြုလုပ်တတ်နေပြီဖြစ်ကြောင်း၊ ရုပ်ပုံစာမှ အက္ခရာ ဖြင့် ရေးသောစာသို့ တိုးတက်လာပြီဖြစ်ကြောင်း သိရ၏။ ထို့အပြင် အံ့0x100သဖွယ် အကောင်းဆုံးမှာ မပုပ်မသိုး မပျက် မစီးဘဲ ပကတိအတိုင်း တည်နေသည့် ရှေးဘုရင်များ၏ အလောင်းများကို တွေ့ရခြင်း ဖြစ်သည်။ ( ပ ပိုင်းရပ်ပင်။) ( မံမီရုပ်ကလာပ်-။) ကမ္ဘာ့သမိုင်းတွင် အဖြစ်အပျက်တစ်ရပ်နှင့် စပ်လျဉ်း၍ အစောဆုံးနှင့် အတိကျဆုံးပြောနိုင်သော ခုနှစ် သက္ကရာဇ်မှာ ဘီစီ ၄၂၄၁ ခုနှစ်ဖြစ်၍ ထိုနှစ်တွင် အီဂျစ်လူမျိုးတို့သည် ရက်ပေါင်း ၃ဝ စီရှိ၍ လပေါင်း ၁၂ လပါဝင်သည့် ပြက္ခဒိန်ကို တီထွင်ခဲ့ကြသည်။ ဘီစီ ၃၄ဝဝ ခန့်တွင် သီးနစ်မြို့၌ ဖွားရာဇာတိရှိသော မီးနီး ဘုရင်သည် ထိုစဉ်က အီဂျစ်အထက်ပိုင်းနှင့်အောက်ပိုင်း ဟူ၍ ကွဲပြားနေခဲ့သော နှစ်နိုင်ငံလုံးကို စုပေါင်း အုပ်ချုပ်ခဲ့၏။ သီးနစ်မြို့မှာ ကိုင်ရိုမြို့တောင်ဘက် မိုင် ၃၅ဝ ခန့်အကွာ တွင်ရှိ၍ မြို့ပတ်ဝန်းကျင်တွင် မြေအောက်ဂူကြီး အများအပြား ကို တွေ့ရ၏။ တစ်ခုသောဂူမှာ မီးနီးဘုရင်သင်းချိုင်းရာပင် ဖြစ်ဟန်ရှိ၍ ထိုဂူတွင်း၌ မှတ်တမ်းများ ရေးထိုးထားသည့် ကျောက်စီဆင်စွယ်များ၊ အက်ဗနီသစ်သားပြားများကို တွေ့ရ၏။ ထိုမှတ်တမ်းများ၌ ထိုခေတ်ကမင်းများ ကုသိုလ်ကောင်းမှုလုပ်ပုံ၊ စီမံအုပ်ချုပ်ပုံ၊ သဲကန္တာရအတွင်းမှ လူရိုင်းများနှင့် စစ်တိုက်ပုံ များ ပါရှိလေသည်။ ဂရိသမိုင်း ဆရာကြီး ဟီရော့ဒိုးတပ် အဆိုအရ ရှေးအီဂျစ် လူမျိုးများသည် အယူဝါဒဆိုင်ရာတွင် အလွန် ရိုသေကိုင်းရှိုင်း သူများ ဖြစ်သည့်အတိုင်း လူ၏ဝိညာဉ်သည် သေပြီးနောက် မပျောက်မပျက်ဘဲ တည်နေ၍ ဘဝတစ်ပါးတွင် အိုဆိုင်းရစ် နတ်မင်းကြီးထံ မိမိဘဝ ကောင်းမှုပြုလုပ်ခဲ့သည့် ကောင်းမှု မကောင်းမှုတို့ကို အစီရင်ခံရကြောင်း။ ထိုဝိညာဉ်သည် မိမိ၏ရုပ်အလောင်း ရှိရာသို့ပြန်လာ၍ မိမိအတွက်ထားသော စားဖွယ်သောက်ဖွယ်များကို စားသောက်ခြင်း၊ ကျမ်းစာများကို ဖတ်ခြင်း၊ အခြားအသုံးအဆောင်များကို ခံစားခြင်းစသော အမှုများကို ပြုလုပ်နိုင်ကြောင်း အယူရှိသည်ဟု ဆိုလေသည်။ သို့ဖြစ်၍လည်း ရှေးအီဂျစ်ပြည့်ရှင် ဖဲရိုးဘုရင်များသည် မိမိတို့သင်းချိုင်းရာအတွက် မြေထဲတွင် အုတ်ဖြင့် ပြီးသော ဂူကြီးများကို မသေမီကပင် ကြိုတင်တည်ဆောက်ထားလေ့ရှိကြ ၏။ ဘီစီ ၃ဝဝဝ ခန့်သို့ ရောက် လတ်သော် ပိရမစ်ဂူသင်္ချိုင်း ကြီးများကို တည်ဆောက် လာကြလေသည်။ ( ပိရမစ်-။) အီဂျစ်နိုင်ငံသမိုင်း၏ ဒုတိယအခန်းကို အောက်ပါအမှတ် အသားများဖြင့် သိရ၏။ ကိုင်ရိုမြို့တောင်ဘက် ၁၂ မိုင်ခန့် အကွာတွင် ရှေးမြို့တော်ကြီး ဖြစ်သော မင်းဖစ်မြို့ကြီးရှိရာ ခုနစ်ရာခုနှစ် အတွင်းက အာရပ်လူမျိုးများ၊ ဖျက်ဆီးပစ်လိုက် သောကြောင့် ယခုအခါ ဂရင်းနိုက် ကျောက်တုံးအချို့၊ ကျောက် ရုပ်တု အကျိုးအပဲ့ အချို့နှင့် အုတ်ကျိုးအုတ်ပဲ့အပုံများ အနည်း ငယ်သာ တွေ့ရလေတော့သည်။ ရှေးဘုရင်များ၏ အလောင်းများထားရာ ပိရမစ်ကြီးများကား ယခုတိုင် ကျောက်တောင်သဖွယ် မားမား မတ်မတ် တည်ရှိကြ သေး၏။ ထိုပိရမစ်များ အတွင်း၌ ဘုရင်၏ရုပ်ကလာပ်ထားသော သီးခြားအခန်းတစ်ခုစီ ရှိမြဲဖြစ်ပေသည်။ ဤအခန်းတွင် ဖဲရိုးခေါ် ရှေးဘုရင်တို့၏ ရုပ်ကလာပ်ကို အီဂျစ်လူမျိုးများ တတ်မြောက်သည့်နည်းဖြင့် နှစ်ပေါင်းများစွာ ခံလေအောင် ဆေးဆိမ်လျက် ကျောက်မျက်ရတနာများ၊ အဖိုးတန်အထည် ကောင်းများဖြင့် ရစ်ပတ်ခြယ်လယ်၍ထား၏။ ( မံမီရုပ်ကလာပ်-။) သို့သော် ကျောက်ခေါင်းများကို ရှေးနှစ်ပေါင်း များစွာကပင် လူမသမာတို့ ထွင်းဖောက်၍ အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခဲ့ကြပြီးဖြစ်သည်။ မင်းဖစ်မြို့ အနီးတွင် ရှေးအကျဆုံးဖြစ်သော အုတ်ဂူကြီး တစ်ခုရှိရာ ထိုဂူကြီးမှာ ဇိုဇာဘုရင်၏ သင်္ချိုင်းဂူဖြစ်၍ မူလ ထိပ်ပြား အုတ်ဂူကြီးတစ်ခုအပေါ်တွင် အုတ်ဂူငယ်များကို အဆင့်ဆင့် ထပ်ကာပုံကျအောင် တည်ထားသောဂူမျိုး ဖြစ်လေသည်။ အခြားအံ့ဘနန်း ပိရမစ်သင်းချိုင်းဂူတစ်ခုလည်း ရှိသေး၏။ ထိုဂူမှာ ဘေးတဘက်လျှင် ၇၅၅ ပေကျော် အလျားရှိ၍ ပေ ၅ဝဝ ခန့် မြင့်သည်။ ဂူကြီး၏ အောက်ခြေမှာ ၁၃ ဧကခန့် ရှိသည်။ ထိုပိရမစ်ဂူကြီးသည် ထုံးကျောက်တုံးပေါင်း ၂၃ဝဝဝဝဝ ဖြင့် တည်ဆောက်ထားသဖြင့် တစ်နေ့လျှင် လူကြမ်းတစ်ယောက် အလုပ်လုပ်နိုင်သည့် အင်အားဖြင့် ခန့်မှန်းသော်လူပေါင်း ၁ဝဝဝဝဝ နှင့် နှစ်ပေါင်း ၂ဝ မျှတည်ဆောက် ပြီးပေလိမ့်မည်။ ထိုဂူကြီးမှာ ကိုင်ရိုမြှို့နှင့် မျက်နှာချင်းဆိုင် ဂီးဇာသင်္ချိုင်း ရာတွင် ရှေးအခါက ခူးဖူးဘုရင် တည်ထားခဲ့သော် ဂရိတ်ပိရမစ်ပေတည်း။ လူ၏မျက်နှာနှင့်ခြင်္သေ့ကိုယ်ပုံသဏ္ဌာန် တည်ထားသည့် စဖင့်ကျောက်ရုပ်ကြီးများအကြောင်းကား ဤသို့ ဖြစ်၏။ ( စဖင့်ရုပ်များ-။) အထက်ပါ ခူးဖူးပိရမစ်ဂူကြီးနှင့် မနီးမဝေး၌ အတန် ငယ်သေးသော ခါဖရာဘုရင်၏ ပိရမစ်သင်္ချိုင်းဂူ တစ်ခုရှိရာ ထိုရှေ့၌ စဖင့်ရုပ်ကြီးတစ်ခု ရှိ၏။ ထိုစဖင့်ရုပ်ကြီး၏ ဦးခေါင်းမှာ ခါဖရာဘုရင်၏ ဦးခေါင်းပုံတူ ဖြစ်သည်ဟု အဆိုရှိသဖြင့် အခြားစဖင့် ရုပ်များ၏ ဦးခေါင်းများသည်လည်း အခြားဘုရင်များ၏ ဦးခေါင်း ပုံတူများဖြစ်ရမည်ဟု ခန့်မှန်းရ၏။ ထိုပိရမစ်များအနီးတွင် အမိုးပြားနှင့် ဆောက်လုပ်ထားသော ဂူငယ်ကလေးများ ရှိရာ၊ ယင်းသည့် ဂူငယ်ကလေးများမှာ မှူးမတ်သေနာပတိများ၏ သင်္ချိုင်းဂူများ ဖြစ်သည်။ ခါဖရာအမည်ရှိ ပိရမစ်ဂူကြီး အနီးတွင် ဘုရားရှိခိုးကျောင်း ကြီးတစ်ဆောင်ရှိ၍ ခန်းမကြီးမှာ အလွန် ကျယ်ဝန်းပြီးလျှင် လေးမြေ|ာက်ကျောက်တိုင်ကြီးများဖြင့် ဆောက်လုပ်ထား၏။ အမိုးပေါ်တွင် ဘုံသုံးဆင့်ရှိရာ အလယ်ဘုံသည် ဘေးနှစ်ဘက်ရှိ ဘုံများထက် မြင့်၏။ အလယ်အမိုးနှင့်အောက်အမိုး ဆက်သွယ် ထားသည့် နံရံပေါက်များမှ အလင်းရောင်ဝင်နိုင်၍ ဆောက် ထားပုံ လက်ရာများသာမက အင်ဂျင်နီယာအတတ်နှင့်တကွ ပုံစံ ထုတ်သည့်အတတ်ပညာများသည် အလွန် ချီးကျူးထိုက်ပေ၏။ မှူးမတ်သေနာပတိများ၏ သင်္ချိုင်းဂူများ၌လည်း ဝတ်ကျောင်းများရှိရာ ပေးကမ်းထောက်ပံ့ကြ၏။ ဘုန်းကြီးများကမူ သေသူ၏ ဝိညာဉ်အတွက် အစာကျွေးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ဂါထာမန္တရားရွတ်ဖတ်ခြင်းများကို အချိန်မှန် ပြုလုပ်ပေးလေသည်။ နှောင်းလူများလက်ထက်၌ ပပိုင်းရပ် စာခွေများပေါ်တွင် ဆုတောင်းစာများ၊ ဂါထာ မန္တရားများကို ရေး၍ လူသေနှင့် တစ်ပါတည်း မြှုပ်နှံခဲ့သည်ကို တွေ့ရသည်။ ပိရမစ်များ တည်ဆောက်ခဲ့သည့်ခေတ်က ပန်းချီ၊ ပန်းပု၊ ကျောက်ဆစ်စသည့် အနုသုခုမပညာရပ်များ တိုးတက်ထွန်းကား နေကြောင်း ထင်ရှား၏။ ပုံတူရုပ်တုလုပ်သူများက သစ်သားကို သော်လည်းကောင်း၊ ကျောက်ကိုသော် လည်းကောင်း၊ ပုံတူထု လုပ်နိုင်ပြီးလျှင် မျက်လုံးနေရာ၌ ကျောက်သလင်းများကို ထည့်ထားခြင်းဖြင့် သဘာဝကျအောင် ကြိုးစားခဲ့၏။ ဆေးရောင်စုံဖြင့်လည်း နဂိုအတိုင်းနှင့်တူအောင် ဆေးခြယ်ထား၏။ သို့သော် အဝေးကြည့် အချိုးအစားနှင့်တကွ အကြီးအငယ် အချိုးအစား များတွင် မှန်ကန်ခြင်း မရှိသေးချေ။ ဘုရားရှိခိုးကျောင်း နံရံနှင့် အမိုးများ၌ ထုလုပ်ရေးခြယ် ထားသော ရုပ်လုံးနှင့်ပန်းချီကားများမှာ မှူးမတ်မြေ ပိုင်ရှင်ကြီးများ အုပ်စိုးရာ ဒေသ၏ ပတ်ဝန်းကျင်ဘဝကို ဖော်ပြသည်။ ယင်းတို့၏ ကျွဲအုပ် နွားအုပ်များကို လည်းကောင်း၊ လယ်သမားတို့ ထွန်ယက်စိုက်ပျိုးနေပုံကိုလည်းကောင်း တွေ့ရသည်။ ထို့ပြင် လက်မှုပညာ သည်များသည် မိမိတို့ ဆိုင်ရာလုပ်ငန်း များ လုပ်ကိုင်နေပုံကိုလည်း ဖော်ပြထားသည်ကို တွေ့ရလေ သည်။ ပိရမစ်များကို စတင်တည်ဆောက်သည့် ဘုရင်များ လက်ထက်တွင် အီဂျစ်နိုင်ငံ၌ ယဉ်ကျေးမှုအနုပညာများ ထွန်းကားနေရုံမျှမက လက်မှုပညာများလည်း ထွန်းကားခဲ့ ကြောင်း သိရ၏။ ထို့ပြင် ဘုရင်များ ကိုယ်တိုင်လည်း ပစ္စည်း ဘဏ္ဍာ ရတနာရွှေငွေနှင့် ပြည့်စုံကြောင်း၊ တန်ခိုးအာဏာ 0x100သဇာတိက္ကမနှင့်ပြည့်စုံကြောင်း ထင်ရှား၏။ ထိုခေတ်က ကောက်ပဲသီးနှံကိုသော်လည်းကောင်း၊ သက်ရှိတိရစ္ဆာန်များကို သော်လည်းကောင်း အထည်အလိပ်၊ ဝိုင်အရက် ပျားရည်မှ စ၍ သက်မဲ့ဝတ္ထုပစ္စည်းများကိုသော်လည်းကောင်း အခွန်တော်အဖြစ် ပေးဆောင်ကြရ၏။ ဘုရင်များကိုယ်တိုင်ကပင် ဖီနီရှားနိုင်ငံနှင့် အာဖရိကတိုက် အရှေ့ဘက်ကမ်းရိုးတန်းသို့ သင်္ဘောများ စေလွှတ်ကုန်သွယ် စေခြင်း၊ ဆူဒန်နယ်သို့ မြည်းဝန်တင်များ လွှတ်ကာ ဆင်စွယ်၊ ငှက်ကုလားအုပ်မွေး၊ အမွှေးနံသာများကို လဲလှယ်ဝယ်ယူစေခြင်း စသည်တို့ကို ပြုလုပ်ခဲ့လေသည်။ ဤသို့ ယဉ်ကျေးမှုများ ထွန်းကားသည့်ခေတ် (ပိရမစ် ခေတ်)မှာ နှစ်ပေါင်း ၅ဝဝ ခန့် တည်နေခဲ့ပြီးနောက် ဘီစီ ၂၅ဝဝ ခန့်တွင် အီဂျစ်မှူးကြီးမတ်ကြီး များသည် ဆင်းရဲသား၊ လယ်သမားနှင့်အလုပ်သမားတို့ အပေါ်တွင် ကံကျွေးချစနစ်ဖြင့် လွှမ်းမိုးလာစ ပြုတော့၏။ ဤသို့ဖြင့် ဘုရင်များ အပေါ်၌ပင် တုပြိုင် ကျော်လွန် နိုင်ခဲ့ကြလေသည်။ ထိုမြေပိုင်ရှင် မှူးမတ်ကြီးများ၏ သင်္ချိုင်းဂူများကို နိုင်းမြစ်ဝမှ မိုင် ၂ဝဝ ခန့် မြစ်ညာ သို့ ဆန်တက်သောအခါ မြစ်ကမ်းဘေးတွင် တွေ့မြင် နိုင်လေသည်။ ထိုသင်္ချိုင်းဂူများတွင် ရှေးအကျဆုံးသော ပပိုင်းရပ်စာခွေ စာအုပ်များကို တွေ့ရ၏။ အချို့စာအုပ်များ၌ ပုံဝတ္ထုများ ပါရှိ၍ အာရှတိုက်အတွင်း စွန့်စားသွားရောက်ပုံများ သင်္ဘောပျက်ပုံများ ပါရှိကာ၊ အချို့စာအုပ် များ၌ မျက်လှည့်အတတ်များ ပါရှိသည့် ပြင် အချို့စာအုပ်များ၌ ဘုရင်များအား ချီးကျူးရေးသား ထားသည့် ကဗျာလင်္ကာများကိုလည်း တွေ့ရ၏။ ဂူတစ်ခုတွင် ဆေးကျမ်းတစ်ကျမ်းကိုလည်းကောင်း၊ အခြားဂူတစ်ခုတွင် မင်းသမီး တစ်ပါး၏ လက်ဝတ်ရတနာများကိုလည်းကောင်း တွေ့ရလေသည်။ ထိုခေတ်ဖဲရိုးဘုရင်များသည် ရေသွင်းစိုက်ပျိုးရန်အတွက် ဆည်မြောင်းများ တူးဖော်ခဲ့၍ ပင်လယ်နီ၏ မြောက်ဘက်အစွန်း မှသည် နိုင်းမြစ်၏အနီးဆုံးသော မြစ်လက်တက်သို့ အရောက် တူးမြောင်းတစ်ခု သွယ်တန်းဖောက်လုပ်ခဲ့၏။ ကံကျွေးချ စနစ်ခေတ်၏ အရှိန်အဝါသည် ဘီစီ ၂ဝဝဝ ခန့်မှ ၁၈ဝဝ ခန့်အတွင်း အမြင့်မားဆုံး ဖြစ်ခဲ့၏။ ထိုနောက် တွင် အီဂျစ်နိုင်ငံကို တိုင်းတစ်ပါးမှ မင်းများ ဝင်ရောက်အုပ်စိုး ခဲ့၏။ ထိုမင်းများကို သိုးထိန်း ဘုရင်များဟု အသိအမှတ်ပြုကြ ၏။ မြင်းများကိုအီဂျစ်နိုင်ငံသို့ ရှေးဦးစွာ ယူဆောင်လာသူများမှာ ထိုသိုးထိန်း ဘုရင်များပင် ဖြစ်လေသည်။ ကိုင်ရိုမြို့ အထက် မိုင်ပေါင်း ၄ဝဝ ခန့်ကွာသော နေရာ တွင် မြစ်သည် ကျယ်ပြန့်သွား၍ အနောက်ဘက်ကမ်း သီးဗီး လွင်ပြင်တွင် တတိယအေမင်ဟိုတက် ဘုရင်၏ရုပ်တုကြီးနှစ်ခု တည်ရှိ၏။ အီဂျစ်အင်ပိုင်ယာကြီး အထွန်းကားဆုံးအချိန်က ကျဉ်းမြောင်းသော နိုင်းမြစ်ဝှမ်း၌သာမဟုတ်ပဲ နိုင်းမြစ် စတုတ္ထ မြစ်ကျဉ်းမှသည် မက်ဆိုပိုတေးမီးယားရှိ ယူဖရေးတီးမြစ်သို့ တိုင်အောင် ကျယ်ပြန့်ခဲ့၏။ ဤသို့အားဖြင့် သီးဗီးလွင်ပြင် ဒေသတွင် ရှေးဟောင်း အဆောက်အအုံ အပျက်အစီးတို့ဖြင့် ပြည့်နှက်လျက် ရှိလေသည်။ လတ်ဇောမြို့၏ အရှေ့မြောက်ဘက်တွင် ကာနက်မြို့ရှိ၍ ထိုမြို့မှ ဘုရားရှိခိုးကျောင်းများ ရှိရာသို့သွားရာ လမ်းတစ်လျှောက် တစ်ဖက်တစ်ချက်တွင် သိုးခေါင်းနှင့် စဖင့်ရုပ်များ စီတန်းတည်ရှိနေသည်ကို တွေ့ရ၏။ ထိုမြို့တွင်ပင် တိုင်လုံးကြီး များဖြင့် စီတန်းစိုက်ထူထားသည့် အလွန်ကြီးကျယ် ခမ်းနား သော ခန်းဆောင်ကြီး တစ်ခု ရှိ၏။ အလယ်စင်္ကြံတိုင်ကြီးများ မှာ ၆၈ ပေမြင့်၍ လုံးပတ် ၃၃ ပေရှိသည်။ ထိုဘုရားရှိခိုး ကျောင်းကြီးများအနီး၌ ကျောက်တုံးတစ်တုံးပေါ်တွင် ရုပ်ကြွများကို ထွင်းထု၍ထားရာ ထိုကျောက်တုံးကြီးမှာ ပေ ၉ဝ ခန့်မြင့်၍ ထိုရုပ်ကြွများသည် အာရှတိုက်တွင် အီဂျစ်တို့ စစ်ခင်းခဲ့ပုံကို ဖော်ပြလေသည်။ ထိုဘုရားရှိခိုးကျောင်းများ၏ ပရဝုဏ်များအတွင်းတွင် ယခင်က ဘုန်းကြီးများ နေထိုင်ခဲ့ကြ၍ ယင်းတို့သည် တိုင်းသူပြည်သားများက လှူဒါန်းသောပစ္စည်းများဖြင့် ချမ်းသာလာပြီးလျှင် ရွှေငွေရတနာ လယ်ယာ ခြံမြေများကို ပိုင်ဆိုင်ကြ၏။ သူတို့သာ ပညာတတ် လူတန်းစားမျိုး ဖြစ် သည်။ တန်ခိုးဣဒ္ဓိပါဒ် အမျိုးမျိုးနှင့် ပြည့်စုံသည်ဟု ယူဆကြ ၏။ သို့ဖြင့်လည်း ဘုန်းကြီးများ တန်ခိုးအလွန်ကြီးလာ၍ 0x100သဇာတိက္ကမနှင့် ပြည့်စုံခဲ့ကြလေသည်။ သီးဗီးလွင်ပြင်ဒေသ၌ အီဂျစ်ဘုရင်နှင့် မိဖုရားသင်္ချိုင်းဂူ အချို့မှာ ယနေ့တိုင်အောင် မဖွင့်ရသေးဘဲ ရှိနေ၏။ ကျောက်ဂူ ကြီးများအတွင်းတွင် အိမ်ထောင်ပရိဘောဂများ ခြံရံကာ ကျောက်ခေါင်းဖြင့် ထည့်ထားသော ဆေးစီရင်ထားသည့် အလောင်းကြီးများ ရှိသည့်နေရာသို့ အခန်းအမျိုးမျိုး လမ်း အသွယ်သွယ်ဖြင့် ဝင်ကြရ၏။ ၁၉ဝ၅ ခုနှစ်က သဲများအတွင်း တူးဖော်ရာ၌ အီဂျစ်သမိုင်းတွင် ဘီစီ ၁၅ဝဝ ခန့်လောက်က အုပ်စိုး၍ ထင်ရှားခဲ့သော ဟက်ရှက်စွတ် အမည်ရှိ ဘုရင်မ၏ သင်္ချိုင်းဂူနှင့် ဝတ်ကျောင်းတို့ကို တွေ့ရလေသည်။ ဝတ်ကျောင်း၏ နံရံတွင်သူ၏အတ္ထုပ္ပတ္တိကို ရေးထား၍ သူ့လက်ထက် နိုင်ငံခြားသို့ စွန့်စားစေလွှတ်ပုံများ၊ ကျောက်တိုင်ကြီးများကို နိုင်းမြစ်တစ်လျှောက်မှ ရေတပ်မတော်၏ ဖောင်ကြီးများဖြင့် သယ်ဆောင်လာပုံများကို ဆေးရေးအရုပ်များဖြင့် ဖော်ပြထားလေသည်။ ကျောက်တိုင်ကြီးများမှာ ပေ ၁ဝဝ ခန့်ရှည်၍ ထိပ်ဝကား ရှစ်ပေခန့်မျှ ကျယ်၏။ ထိုထက် အံ့0x100သဖွယ်ကောင်းသော တွေ့ရှိခြင်းမှာ အောက်ပါ အတိုင်းဖြစ်၏။ ဘီစီ ၁၃၅ဝ ခန့်က အီဂျစ်နိုင်ငံကို တူတန်ခမန်ဆိုသူ ဘုရင်တစ်ပါး အုပ်စိုးဘူးရာ သူ၏အကြောင်းသည် နှစ်ပေါင်း ၃ဝဝဝ ကျော်ခန့်မျှ အမှတ်မထင်တိမ်မြှုပ်နေခဲ့ပြီးနောက် တူတန်ခမန်၏သင်းချိုင်းဂူနှင့် တကွသောအတွင်းမှ အဖိုးထိုက်တန်၍ ထူးဆန်းအံ့0x100သဖွယ်ကောင်းသော ပစ္စည်းများကို တွေ့ရပြီဟူသော သတင်းကို ကမ္ဘာက အံ့0x100သစွာ ကြားသိရ၏။ ထိုအချိန်မှာ ၁၉၂၂-၁၉၂၄ ခုနှစ်ဖြစ်၍ လော့ကာနာဗွန်နှင့် ဟောင်းဝပ်ကာတာတို့ ခေါင်းဆောင်သော ရှေးဟောင်းပစ္စည်း ရှာဖွေ တူးဖော်သော လူတစ်စုသည် ရှစ်နှစ်တိုင်တိုင် ဇွဲနှင့် ရှာဖွေပြီးနောက် ဤသို့ တူးဖော်တွေ့ရှိခြင်း ဖြစ်သည်။ သင်္ချိုင်းဂူ၏ အတွင်းဆုံးအခန်းတွင် တောက်ပစွာသော ရတနာကျောက်မျက်ရွဲအမျိုးမျိုးဖြင့် မွမ်းမံစီခြယ် ထားသော တူတန်ခမန် ဘုရင်၏ ဆေးစိမ်ထားသည့် ရုပ်အလောင်းကို တွေ့ရ၏။ အပြင်ခန်းများ၌ တွေ့ရ သည့်ပစ္စည်းများမှာ အလွန် ကောင်းသော လက်ရာဖြင့် ထုလုပ်ထားသော ရွှေ၊ ဆင်စွယ်နှင့် ရောင်စုံမှန်များ တပ်စီထားသည့် ရထားလေးစီး၊ သလွန်များ၊ ကုလားထိုင်များ၊ ထိုင်ခုံများ၊ ကျောက်မျက်ရတနာများ စီခြယ် ထားသည့် ရာဇပလ္လင်တစ်ခု၊ သေတ္တာအမျိုးမျိုးနှင့်ထိုအထဲတွင် နှစ်ပေါင်းများစွာ ခံလေအောင် ဆေးဖြင့် စီရင်ထားသည့် အစားအစာများနှင့် အခြားပစ္စည်းများ ဖြစ်လေသည်။ ဤသို့ တွေ့ခြင်းဖြင့် အီဂျစ်နိုင်ငံ ရှေးဟောင်း ခေတ်ယဉ်ကျေးမှုနှင့် အနုပညာရပ်များသည် မည်မျှလောက် အဆင့်အတန်း မြင့်ခဲ့သည်ကို သိသာနိုင်ပေသည်။ ၁၉ဝ၅ ခုနှစ်တွင် တွေ့ခဲ့သော သင်္ချိုင်းဂူရှင်ဟက်ရှက် စွတ်ဘုရင်မ မရှိသည့်နောက်၊ တတိယတော့ တမီးဆိုသူက ထီးနန်းကို ဆက်ခံ၍ နှစ်ပေါင်း ၅ဝ ကျော်ကျော် အုပ်စိုးခဲ့ ပြီးလျှင် အာရှတိုက် အနောက်ပိုင်း များကိုပင် တိုက်ခိုက် အောင်မြင်ခဲ့၏။ ထိုဘုရင်ကို ရှေးအီဂျစ်နပိုလီယန်ဟုလည်း အမည်မှည့်ထားလေသည်။ ထိုခေတ်က အီဂျစ်လူမျိုးများသည် ဘုရားအမျိုးမျိုးကို ကိုးကွယ်ကြရာ အက်ခနာတန်ဆိုသူ ဘုရင်တစ်ပါးသည် ဘုရားအများ ကိုးကွယ်ယုံကြည်မှုကို ဖျက်သိမ်း၍ ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်ကြရန် စီမံခဲ့ဘူး လေသည်။ ထိုအက်ခနာတန်ဘုရင်ကား တူတန်ခမန်ဘုရင်၏ ယောက္ခမဖြစ်၏။ အဆိုပါ အက်ခနာတန်ဘုရင်သည် အားလုံးသောဘုရင်များအနက် သိန်းငှက်၏ ဦးခေါင်းရှိသော ရားခေါ် နေဘုရားတစ်ဆူတည်းကိုသာ အားလုံး ကိုးကွယ်ရန် စီမံခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုအခါက နွား၊ မိကျောင်း၊ ကြောင်၊ အိမ်မြေ|ာင်စသည်တို့ကို ကိုးကွယ်ကြ၍၊ အမြတ်တနိုး ဆေးစိမ် ထားသော ထိုသတ္တဝါ အကောင်များကိုပင် အချို့နေရာ၌ တွေ့ရှိရလေသည်။ ထိုဘုရင်သည် သူ၏မြို့တော်ကို ကာနက်အရပ်မှ အမားနား အရပ်သို့ ရွှေ့ပြောင်းခဲ့၏။ အမားနားအရပ်၌ တယ်လ-အယ်လ -အမားနား စာချုပ်များကို တွေ့ရ၏။ ယင်းတို့မှာ ကျူနီဖောင်း စာပါသည့် မီးဖုတ်ရွှံ့ပြားများ ဖြစ်၍ အာရှတိုက်အနောက် ပိုင်းနေ ဘုရင်တစ်ပါးက ဆက်လိုက်ခြင်း ဖြစ်ပေမည်။ ( ကျူနီးဖောင်းစာ ။) ဤအချက်ကို ထောက်ခြင်းဖြင့် ဆီးရီး ယား မြောက်ပိုင်းကို အာရှမိုင်းနားရှိ ဟစ်တိုက်လူမျိုးတို့က တိုက်ခိုက်အောင်မြင်ကြောင်းနှင့် တောင်ပိုင်းကို သဲကန္တရ အတွင်းမှ ဟီဗြူးတို့က သိမ်းယူခဲ့ကြောင်း သိရလေသည်။ ဟစ်တိုက်လူမျိုး၌ သံဖြင့်ပြုလုပ်သော လက်နက်များရှိပြီးလျှင် အီဂျစ်လူမျိုးတို့တွင်မူ ကြေးညိုဖြင့် ပြုလုပ်သော လက်နက်များ ရှိသည်။ ပထမဆေတီးနှင့် သူ၏သား ဒုတိယရမ်မီဆီးဘုရင်တို့ အုပ်ချုပ်စဉ်က အီဂျစ်နိုင်ငံကြီးသည် တန်ခိုး အာဏာ အလွန် ကြီးခဲ့၏။ ရမ်မီဆီးဘုရင်သည် နှစ်ပေါင်း ၆ဝ ကျော်အုပ်စိုးခဲ့၍၊ အဆောက်အအုံပေါင်း များစွာကို တည်ဆောက်ခဲ့၏။ အာရှ တိုက်ဘက်သို့ပင် ချီတက်တိုက်ခိုက်ကာ နယ်ချဲ့ခဲ့လေသည်။ ထိုနောက် အီဂျစ်နိုင်ငံကြီးကား တဖြည်းဖြည်း ပျက်စီးခြင်း ရောက်ရတော့၏။ ဘီစီ ခုနစ်ရာစုနှစ်တွင် အဆီးရီးယန်းလူမျိုး တို့က နှိမ်နင်းခြင်းခံရ၍ ခြောက်ရာစုနှစ်တွင် ပါးရှင်းတို့က နှိမ်နင်းခြင်းခံရလေသည်။ ထိုနောက် ဘီစီ ၃၃၂ ခုနှစ်တွင် မက်ဆီဒိုးနီးယန်းဘုရင် အယ်လက်ဇန္ဒာက တစ်ခါတည်း သိမ်းပိုက်ခဲ့ရာ သူ၏ လက်ထက်တွင် ခေတ်သစ်ထူထောင် သကဲ့သို့ ဖြစ်လာခဲ့လေသည်။ ဘီစီ ၃၂၃ ခုနှစ်တွင် အယ်လက်ဇန္ဒာဘုရင် ကွယ်လွန်၍ သူ၏ စစ်ဗိုလ်ကြီးတစ်ဦးသည် ပထမတော်လမီ ဟူသော ဘွဲ့ဖြင့် ဘီစီ ၃ဝ၅ ခုနှစ်တွင် ထီးနန်းကို ဆက်ခံပြီးနောက် တော်လမီမင်းဆက်သည် နောက်ဆုံး ကလီယိုပါးထရားဘုရင်မ ကွယ်လွန်သည့်အချိန် (ဘီစီ ၃ဝ)တိုင်ရောက်မှ အဆုံးသတ် လေသည်။ ( တော်လမီ။) ( ကလီယိုပါးထရားဘုရင်မ-။) တော်လမီဘုရင်များသည် မိမိတို့၏ မြို့တော်ဖြစ်သော အယ်လက်ဇန္ဒြီးယား ဆိပ်ကမ်းမြို့မှနေ၍ အုပ်ချုပ် ခဲ့၏။ ယင်းတို့၏ သင်္ဘောတပ်များသည် အိန္ဒိယသမုဒ္ဒရာမှသည် ဟယ်လက်စပွန့်အထိ ဖြစ်သော ပင်လယ်ပြင်များကို ကြီးစိုးခဲ့သည်။ သူတို့သည် ပယ်လက်စတိုင်နှင့် အယ်လက်ဇန္ဒြီးယား မြို့တော်ကိုလည်း ပြန်လည် သိမ်းပိုက်ခဲ့၍ အယ်လက်ဇန္ဒြီးယား မြို့တော်ကိုလည်း ကမ္ဘာပေါ်တွင် စီးပွားရေးရာ၊ စာပေရေးရာနှင့် သိပ္ပံပညာ ရေးဆိုင်ရာ မြို့တော်အဖြစ်သို့ ရောက်အောင် စွမ်း ဆောင်ပေးခဲ့လေသည်။ ဦးစွာ၌ အက်လက်ဇန္ဒြီယားမြို့တွင် ခရစ်ယာန်များကို နှိပ်ကွပ်ခဲ့သော်လည်း နောင်သောအခါ အယ်လက်ဇန္ဒြီယားမြို့သည် ခရစ်ယာန် အယူဝါဒ ရေးရာတွင် ဦးဆောင်မှုပေးရာ ဌာနကြီးတစ်ခု ဖြစ်ခဲ့လေသည်။ သို့သော် ဘီစီ ၃ဝ ပြည့်နှစ်တွင် ကလီယိုပါးထရားဘုရင်မ မရှိသည့်နောက် အီဂျစ်နိုင်ငံသည် ရောမတို့ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့ရ၏။ ရောမတို့သည် အီဂျစ်နိုင်ငံမှ အခွန် အမျိုးမျိုးကို ထုခွဲ ကောက်ခံခဲ့၏။ ဤသို့ဖြင့် ရောမတို့လက် အောက်မှ တစ်ဖန်၊ ဗိုင်ဇင်းတိုင်ဘုရင်များ လက်အောက်တွင် နှစ်ပေါင်း ၃ဝဝ မျှ ည|ဉ်းပန်းနှိပ်စက် အုပ်စိုးခြင်း ခံခဲ့ရ၍ ခရစ်နှစ် ၆၄၁ ခုနှစ်တွင် ဆာရာဆင်တို့လက်အောက်သို့ ကျရောက်ပြီးလျှင် အရှေ့တိုင်းယဉ်ကျေးမှုများ လွှမ်းမိုးခဲ့ရာ နှစ်ပေါင်း ၁၂ဝဝ ခန့်မျှ ကြာမြင့်ခဲ့၏။ ထိုအချိန်မှစ၍ အီဂျစ် နိုင်ငံတွင်းသို့ အစ္စလာမ်အယူဝါဒ ဝင်ရောက်ခဲ့လေသည်။ ၁၅၁၇ ခုနှစ်တွင် တူရကီတို့သည် အီဂျစ်နိုင်ငံကို အော်တိုမန် အင်ပိုင်ယာထဲသို့ သိမ်းသွင်းလိုက်ရာ ၁၉၁၄ ခုနှစ်အထိ အနည်းဆုံး အမည်ခံ အားဖြင့် တူရကီနိုင်ငံ၏ လက်အောက်ခံ ဖြစ်ခဲ့ရလေသည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%B1%E1%80%B8%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%AE%E1%80%82%E1%80%BB%E1%80%85%E1%80%BA
ရေငုပ်သင်္ဘော
ရေငုပ်သင်္ဘောဆိုသည်မှာ ရေအောက်တွင် လွတ်လပ်စွာရွေ့လျားသွားလာနိုင်သော ရေယာဉ်တစ်မျိုးဖြစ်သည်။ သာမန်ရေအောက်သွားယာဉ်မှာ ရေအောက်တွင် အကန့်အသတ်ဖြင့်သာ အလုပ်လုပ်နိုင်သဖြင့် ရေငုပ်သင်္ဘောနှင့် ကွဲပြားခြားနားသည်။ ရေငုပ်သင်္ဘောဆိုသော အသုံးအနှုန်းမှာ အများအားဖြင့် လူအများအပြားတင်ဆောင်သော စက်တပ်ယာဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ သို့သော်လည်း သမိုင်းကြောင်း အားဖြင့် သို့မဟုတ် အရပ်သုံးစကားဖြင့်မူ ရေငုပ်သင်္ဘောဆိုသည်မှာ အလယ်အလတ်စား သို့မဟုတ် ထိုထက်သေးငယ်သော ရေယာဉ်များနှင့် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်သော ယာဉ်များနှင့် စက်ရုပ်များကိုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။ စမ်းသပ်မှု အနေဖြင့် ရေငုပ်သင်္ဘောများကို ရှေးယခင်ကတည်းက တည်ဆောက်ဖူးကြသော်လည်း ရေငုပ်သင်္ဘော ဒီဇိုင်းသည် ၁၉ ရာစုတွင် အရှိန်ရလာခဲ့သည် ရေတပ် အများစုမှ အသုံးပြုလာခဲ့ကြသည်။ ရေငုပ်သင်္ဘောကို ပထမအကြိမ် ကျယ်⁠ကျယ်ပြန့်ပြန့် သုံးလာကြသည်မှာ ပထမကမ္ဘာစစ် အတွင်းမှ စ၍ ဖြစ်ပြီး အခုအခါတွင် ရေတပ်အင်အားတောင့်တင်းသော နိုင်ငံအများအပြားတွင် အသုံးပြု နေကြသည်။ စစ်တပ်တွင် သုံးရသည့် ရည်ရွယ်ချက်မှာ ရန်သူ၏ ရေပေါ်တွင် ရှိနေသော သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောကို တိုက်ခိုက်ရန်၊ လေယာဉ်တင်သင်္ဘော‎ကို ကာကွယ်ရန်၊ ရန်သူအား ကြားဖြတ် ပိတ်ဆို့ခြင်း၊ နျူးကလီးယား တိုက်ခိုက်မှု ၏ တစိတ်တဒေသ အဖြစ် တိုက်ချင်းပစ် ဒုံးကျည် လွှတ်တင်ရန်၊ စုံစမ်းထောက်လှမ်းရန်၊ ကုန်းပေါ်သို့ လှမ်း၍ တိုက်ခိုက်ရန် နှင့် အထူးတပ်ဖွဲ့များကို လျှို့ဝှက် ပို့ဆောင်ရန် စသည်တို့အတွက် ဖြစ်သည်။ အရပ်သုံး အနေနှင့်မူ အဏ္ဏဝါ သိပ္ပံ၊ ကယ်ဆယ်ရေး၊ စူးစမ်း ရှာဖွေရေး နှင့် ကိရိယာများ စစ်ဆေး ပြင်ဆင်ရန် တို့အတွက် အသုံးပြုကြသည်။ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံ၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ရေအောက် ဆက်သွယ်ရေး လိုင်းများ ပြုပြင်ရန် စသည်တို့အတွက် အထူးပြုလုပ် သုံးစွဲလေ့ ရှိကြသည်။ ရေငုပ်သင်္ဘောများကို ခရီးသွားလုပ်ငန်းတွင် ရေအောက် ရှေးဟောင်း သုတေသန လုပ်ငန်း အတွက်လည်း အသုံးပြုလေ့ ရှိကြသည်။ ပထမဆုံး ရေငုပ်သင်္ဘောကို ၁၆၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။ ပထမဆုံး စစ်ဘက်သုံး ရေငုပ်သင်္ဘောကိုမူ ၁၇၇၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) တွင် ရေငုပ်သင်္ဘောကို ပထမဆုံး စစ်ဘက်၌ အသုံးပြုခဲ့သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်များအတွင်းတွင် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ရေငုပ်သင်္ဘော ရေငုပ်သင်္ဘောသည် ရေတပ်များတွင် အလွန်အရေးပါ အရာရောက်သော လက်နက်တစ်ခု ဖြစ်လျက်ရှိသော်လည်း ခေတ်မီရေငုပ်သင်္ဘော ပေါ်ပေါက်လာသည်မှာကား မကြာလှ သေးပေ။ အိုင်ယာလန် ပြည်ဖွား အမေရိကန်လူမျိုး ဂျွန်၊ ပီ၊ ဟော်လန်ဆိုသူသည် အမေရိကန်ရေတပ်အတွက် ရေငုပ်သင်္ဘော ကို ကြံစည် ဆောက်လုပ်ရာမှ ကိုးခုမြောက် ပုံစံဖြစ်သော ဟော်လန်အမှတ် ၉ တွင် ထမြောက်အောင်မြင်လေသည်။ ထိုရေငုပ်သင်္ဘောမှာ ပထမ သေချာစွာအောင်မြင်ခဲ့သော ရေငုပ် သင်္ဘောပင် ဖြစ်သည်။ ထိုရေငုပ်သင်္ဘောကို ပြီးမြောက်သော နှစ်ကား ၁၈၉၈ ခုနှစ် ဖြစ်၏။ ၁၉ဝဝ ပြည့်နှစ်၌ အမေရိကန် ရေတပ်က ထိုရေငုပ်သင်္ဘောကို ဝယ်ယူအသုံးပြုလေသည်။ အမှန်အားဖြင့် ခေတ်မီရေငုပ်သင်္ဘောကို ဖြစ်မြောက်အောင် ပြုလုပ်နိုင်ခဲ့သည်မှာ မကြာလှသေးသော်လည်း ရေငုပ်သင်္ဘောကို ၁၇ ရာစုနှစ်ကတည်းကပင် ကြံစည်စိတ်ကူးမိခဲ့ကြလေသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဒပ်ချလူမျိုး ကော်နဲလီယပ် ဗန်ဒရက်ဗဲ ဆိုသူသည် အင်္ဂလန်ပြည့်ရှင် ပထမဂျိမ်းဘုရင်အတွက် ရေငုပ် သင်္ဘောသုံးစင်း ဆောက်လုပ်ပေးခဲ့ဖူးလေသည်။ ထိုရေငုပ် သင်္ဘောတို့ကို သစ်သားနှင့် ဆောက်လုပ်၍ ကုန်းပတ်ကို ရေလုံ စေရန် အမဲဆီသုတ်လိမ်းသော သားရေနှင့် ဖုံးလွှမ်းထားသည်။ ယင်းတို့သည် ခတ်လှေများပင် ဖြစ်ကြသော်လည်း ရေအောက် ၁၂ ပေမျှ အနက်၌ သွားလာနိုင်ပြီးလျှင် နာရီပေါင်းမြောက်မြား စွာ ကြာအောင် ရေအောက်တွင် နေနိုင်ကြပေသည်။ ရေအောက် ၌ လှေသားများ ကြာရှည်စွာ အသက်ရှင်လျက် နေထိုင်နိုင်ရန် ဒရက်ဗဲသည် မည်သို့ ကြံစည်စီမံပေးခဲ့သည်ကိုကား ယခုတိုင် မသိနိုင်ချေ။ အမေရိကန်တော်လှန်ရေးစစ်ပွဲအတွင်း ယေးတက္ကသိုလ် ကျောင်းသား ဒေးဗစ်ဗွတ်ရှနဲဆိုသူသည် ခေတ်သစ် ရေငုပ် သင်္ဘော၏ အခြေခံဖြစ်သော ရေငုပ်သင်္ဘောတစ်စင်းကို ကြံစည်ဆောက်လုပ်ခဲ့သော်လည်း လက်တွေ့စမ်းသပ်ရာ၌ အထ မမြောက်ခဲ့ပေ။ ထိုနောက် အခြားအမေရိကန်တစ်ဦး ဖြစ်သော ရောဗတ်ဖူလတန်ဆိုသူသည် နပိုလီယန်အား ရေငုပ်သင်္ဘော တည်ဆောက်ရန် စီမံကိန်းတစ်ခုကို တင်ပြခဲ့လေသည်။ နပို လီယန်က ထိုစီမံကိန်းကို ပယ်ချခဲ့၏။ အကယ်၍သာ နပို လီယန်သည် ဖူလတန်၏ စီမံကိန်းကို မငြင်းခဲ့လျှင် ထရာဖဲ လဂါတိုက်ပွဲ အပြီးသတ်ပုံသည် တစ်မျိုးတစ်ဖုံ ပြောင်းလွှဲသွား နိုင်စရာ အကြောင်းရှိပေသည်။ ၁၈၉၈ ခုနှစ်၌ ဟော်လန်သည် ရေငုပ်သင်္ဘောကို ဖြစ် မြောက်အောင် ဆောက်လုပ်ခဲ့ပြီးနောက် အင်္ဂလန်ကဲ့သို့သော နိုင်ငံကြီးများကလည်း ရေငုပ်သင်္ဘောများကို မှာယူကြ၍ မိမိ တို့တိုင်းပြည်များ၌ ရေငုပ်သင်္ဘောများကို ဆန်းသစ်အောင် ကြံ စည်ပြုလုပ်ခဲ့သည်။ ထိုသို့ ရေငုပ်သင်္ဘောပုံစံများကို ကြံစည် ပြုလုပ်ခဲ့သူများထဲတွင် ဆိုင်မွန်လိတ်သည် အထင်ရှားဆုံးဖြစ်၍ ဟော်လန်နှင့် အပြိုင်အဆိုင် ဖြစ်ခဲ့လေသည်။ ဟော်လန်လုပ် ကိုင်ခဲ့သည့် ရေငုပ်သင်္ဘောများသည် အလျားပေ ၅ဝ မျှသာ ရှည်၍ တန်ချိန် ၂ဝဝ ခန့်သာလေးသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း ဂျပန်တို့၏ ရေငုပ်သင်္ဘောများတွင် တန်ချိန် လေး ထောင်ကျော်အထိ ရှိသော အကြီးစားများအပြင် နှစ်ယောက်စီး အငယ်စားကလေးများလည်း ပါဝင်လေသည်။ ရေငုပ်သင်္ဘောသည် အခြားသာမန်သင်္ဘောများနှင့် မတူ ရေပေါ်၌၎င်း၊ ရေအောက်၌၎င်း သွားလာရသောကြောင့် တစ်မျိုး တစ်ဖုံ ထူးခြားဆန်းပြားရ၏။ ရေအောက်၌ သွားလာခိုက်တွင် ဒီဇယ်အင်ဂျင်အတွက် လိုအပ်သောလေကို မရနိုင်သဖြင့် ထို စက်ကို ရပ်ထားပြီးလျှင် လျှပ်စစ်မော်တော်စက်ကို အသုံးပြုရ သည်။ ဓာတ်ဆီကို ရေငုပ်သင်္ဘော၏ဝမ်းတွင်း၌ ပေါက်ကွဲမည့် ဘေးကို စိုးရိမ်ရသဖြင့် အသုံးမပြုချေ။ ရေအောက်၌ မော်တော် စက်လည်ရန်အတွက် လျှပ်စစ်ဓာတ်ကို ဗက်ထရီအိုးများမှရနိုင်၍ ဗက်ထရီအိုးများကို ရေပြင်ပေါ်ရောက်သောအခါများတွင် ဒီဇယ် စက်နှင့် အားဖြည့်ပေးရသည်။ ထိုသို့ ဗက်ထရီအိုးများကို ရေပြင် ပေါ်၌သာ အားဖြည့်တင်းပေးနိုင်ခြင်းသည် ရေငုပ်သင်္ဘောအား ရေအောက်၌ ကာလရှည်ကြာစွာ ငုပ်၍ မနေနိုင်စေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပေသည်။ ရေငုပ်သင်္ဘော ပုံသဏ္ဌာန်မှာ ဆေးပြင်းလိပ်ပုံသဏ္ဌာန်နှင့် တူ၍ ရေအောက်၌နေစဉ် ပတ်ဝန်းကျင်မှ ရေထု၏ဖိအားကို ခံနိုင်ရည်ရှိစေရန် ခိုင်မာသောသတ္တုများဖြင့် တည်ဆောက်ရ သည်။ သင်္ဘောဝမ်းမှာ လုံးဝန်းသော သဏ္ဌာန်ရှိ၍ အချို့မှာ တစ်ထပ်သာဖြစ်သော်လည်း များသောအားဖြင့် နှစ်ထပ်ဖြစ်တတ် ကြသည်။ ထိုဝမ်းနှစ်ထပ်အကြား နေရာလပ်များတွင် အသုံး အဆောင်ပစ္စည်းများ သိုမှီးရာအခန်းငယ်များနှင့် တိုင်ကီခန်း အကန့်အကန့်များကို စီစဉ်ပြုလုပ်ထားသည်။ သင်္ဘောကို ရေအောက်သို့ နစ်မြှုပ်လိုသောအခါ တိုင်ကီခန်းများထဲသို့ အပြင်မှရေကို ဝင်ရောက်စေခြင်းဖြင့် သင်္ဘောအား လေးလံ စေကာ နစ်မြှုပ်စေသည်။ သင်္ဘောကို အထက်သို့ ပြန်ပေါ်စေ လိုသောအခါတွင် တိုင်ကီခန်းထဲမှ ရေကို ဖိနှိပ်ထားသော လေဖြင့် မှုတ်ထုတ်ပစ်ရသည်။ ရေငုပ်သင်္ဘောကို ပြုလုပ်ရာတွင် လွယ်ကူမည်ဟု ထင်ရ သော်လည်း လက်တွေ့ပြုလုပ်ရာ၌ကား အခက်အခဲများစွာ ရှိပေ သည်။ သင်္ဘောငုပ်သောအခါ၌ ငြိမ်သက်စွာ ငုပ်မသွားဘဲ ဂျွမ်း ထိုး မှောက်ခုန်ဖြစ်ကာ နစ်မြုပ်မသွားရအောင်၎င်း ထိန်းကြပ် ပေးရန် လိုအပ်ပေသည်။ ထိုကြောင့် သင်္ဘောကို တည်ငြိမ်နေ စေရန် သင့်လျော်သောနေရာများ၌ တိုင်ကီခန်းများကို ထားပေး ရသည်။ ထို့ပြင် သင်္ဘောကို ထိန်းပေးသည့် ဟိုက်ဒရိုပလိန်း ခေါ် မှန်ပြင်ညီတက်မများကိုလည်း တပ်ဆင်ပေးရသည်။ သင်္ဘောကို လိုအပ်သောအနက်အထိသာ နစ်မြုပ်သွားနိုင်အောင် လုံလောက်ရုံမျှသော အလေးချိန်ကို ဖြစ်စေရမည်။ ထိုအလေး ချိန် ဖြစ်စေရန်မှာ တိုင်ကီခန်းထဲသို့ ရေသွင်းရာ၍ ကန့်သတ်၍ သွင်းပေးရသည်။ ရေငုပ်သင်္ဘောသည် ရေအောက်သို့ လျင်မြန် စွာ ငုပ်နိုင်သဖြင့် ရန်သူသင်္ဘော မျက်မှောက်မှ ရုတ်တရက် ကွယ်ပျောက်သွားနိုင်ပေသည်။ ရေပြင်ပေါ်၌ ရေငုပ်သင်္ဘော အုပ်ချုပ်စီမံပုံမှာ အခြားရိုးရိုး သင်္ဘောများ အုပ်ချုပ်စီမံပုံနှင့် အလားတူပင် ဖြစ်သည်။ ရေ အောက်တွင်မူ ရေငုပ်သင်္ဘောအား အုပ်ချုပ်စီမံပေးမည့် ကိရိယာ အပိုများကို အသုံးပြုရပေသည်။ ရေငုပ်သင်္ဘော၌ သင်္ဘော၏ တည်နေပုံ အနေအထားကို ပြသော ကိရိယာနှင့် ရေအနက် မည်မျှတွင် ရောက်ရှိနေသည်ကို ပြသော ကိရိယာတို့ကို တပ်ဆင်ထားသည်။ ရေငုပ်သင်္ဘောရှိ ကိရိယာအားလုံးတွင် ပဲရစ္စကုပ်ခေါ် ပတ်လည်ကြည့် မှန်ပြောင်းသည် အရေးကြီးဆုံး ဖြစ်၏။ ပဲရစ္စကုပ်သည် သင်္ဘောရေအောက် မြုပ်နေစဉ်တွင် ရေပြင်အထက်သို့ သုံးလက်မျှသာ ရှည်ထွက်နေသဖြင့် အခြား နေရာမှ မြင်နိုင်ရန် ခဲယဉ်းသည်။ ရေအောက်တွင် ရေငုပ် သင်္ဘောရှိနေစဉ်အခါ၌ အုပ်ထိန်းခန်းအတွင်းရှိ ပယ်ရီစကုပ်ဖြင့် အရာရှိများသည် ရေပြင်ပေါ်၌ သွားလာနေသော သင်္ဘောများကို တွေ့မြင်နိုင်ပေသည်။ ထိုကြောင့် ရန်သူသင်္ဘော လေယာဉ်ပျံ တို့ကို မိမိကသာ တွေ့မြင့်နိုင်၍ မိမိအား ရန်သူသင်္ဘော လေယာဉ်ပျံတို့က မတွေ့မြင့်နိုင်ချေ။ ရေငုပ်သင်္ဘောကို စတင်ကြံစည်စဉ်က ဆိုင်မွန်လိတ်သည် ရေငုပ်သင်္ဘောအား ရေအောက်သို့ လျှိုးဝင် သွားနိုင်ခြင်းဖြင့် ရေခဲဝိုင်းနေသော ဆိပ်ကမ်းများသို့ ဝင်ရောက်ရန်သော်လည်းကောင်း၊ ပင်လယ်အောက်၌ ဆုံးရှုံးသွားရသော ပစ္စည်းများအား ရှာဖွေ ရန်သော်လည်းကောင်း အသုံးပြုနိုင်လိမ့်မည်ဟု ရည်ရွယ်ခဲ့၏။ သို့သော် ရေငုပ်သင်္ဘောသည် စစ်အတွက် အဖိုးမဖြတ်နိုင်လောက်အောင် အသုံးကျသဖြင့် စစ်ဘက်၌ အသုံးပြုရန်အတွက် ရေငုပ်သင်္ဘော ကို လက်နက်များ တပ်ဆင်ထားကြသည်။ ကုန်းပတ်ပေါ်က ပဲ့ထိန်းမျှော်စင်ရှေ့၌ လေးလက်မ အမြောက်တစ်ခုကို တပ်ဆင် ထား၍ တော်ပီဒိုများကို သင်္ဘောဝမ်းတွင်း၌ ဆောင်ယူသည်။ ဤလက်နက်နှစ်ခုကား ရေငုပ်သင်္ဘော၏အချက်အချာ လက် နက်များ ဖြစ်ကြသည်။ အမြောက်မှာ အသုံးပြုရာ၌ လွယ်ကူ သော်လည်း အခြားတိုက်သင်္ဘောများရှိ အမြောက်ကြီးများနှင့် စာလျှင် လွန်စွာသေးနုပ်လျက်ရှိသဖြင့် တော်ပီဒိုကိုသာ အဓိက အားထားရပေသည်။ တော်ပီဒိုမှာ များစွာ အဖိုးတန်သဖြင့် ထိမှန်မည်ဟု သေချာစွာ သိနိုင်တော့မှသာ ရန်သူသင်္ဘောကို ပစ်ခတ်ကြသည်။ ထိုကြောင့်ပင် ကိုက် ၃ဝဝ ထက်ဝေးသော သင်္ဘောအား တော်ပီဒိုနှင့် မပစ်ခတ်ရဟု ဂျာမန်ယူဘုတ်များကို အမိန့်ထုတ်ထားလေသည်။ ရေငုပ်သင်္ဘော၌ ကိရိယာတန်ဆာပလာများကို ရေပေါ် အတွက်တစ်မျိုး၊ ရေအောက်အတွက်တစ်မျိုး တပ်ဆင်ထားရှိရ သည့်အပြင် သင်္ဘောဝမ်းမှာလည်း ကျဉ်းမြောင်းစွာ တည် ဆောက်ရသည့်အလျောက် ပစ္စည်း ကိရိယာများကို နေရာတကျ သိုသိပ်စွာ စီစဉ်ထားရသည်။ သင်္ဘော၏ စတုရန်းလက်မတိုင်း သည် အသုံးဝင်သော အပိုင်းချည်းသာ ဖြစ်လေသည်။ ရေငုပ်သင်္ဘော၏ အမြောက်ကို ပထမတွင် ပင်လယ်ရေ နှင့် ထိ၍ ချေးမတက်စေရန် သင်္ဘောရေအောက် နစ်မြုပ်သော အခါများ၌ အတွင်းသို့ သွင်းထားရသည်။ နောက်မှ ဂျာမန်တို့ သည် အမြောက်ကို ချေးမတက်စေရန် အမဲဆီ သုတ်လိမ်းသည့် ပြင် အခြားသတ္တုအဖုံးနှင့် ဖုံးအုပ်ထားကြလေသည်။ တော်ပီဒို များကို တော်ပီဒို ပြွန်များမှနေ၍ ဖိနှိပ်ထားသောလေအားနှင့် ပစ်ထုတ်ရသည်။ ထိုသို့ ပစ်လွှတ်ရာ၌ ပဲရစ္စကုပ်မှန်ပြောင်းမှ နေ၍ ရန်သူသင်္ဘောများအား ချိန်ပြီး ပစ်ခတ်ရသည်။ ရှေးက ရေငုပ်သင်္ဘောများ၌ တော်ပီဒို ပြွန်နှစ်ခုသာ ပါဝင်သော်လည်း ယခုအခါ ပြွန်ပေါက် ၁ဝ ပေါက်အထိ ပါဝင်ကြသည်။ ရေငုပ်သင်္ဘောများသည် အစပထမတွင် အတော်ပင် နှေး ကွေးသော်လည်း ခေတ်မီသင်္ဘောများမှာမူ ရေအောက်၌ တစ်နာရီ ရေမိုင် ၁ဝ မိုင်နှုန်းမျှနှင့် ခုတ်မောင်းနိုင်ကြသည်။ ရေငုပ်သင်္ဘော၌ လုပ်ကိုင်ရသော ရေတပ်အမှုထမ်းများသည် ကောင်းမွန်စွာ လေ့ကျင့်ထားသူများ ဖြစ်ကြရသည်။ ထိုသူများ သည် အခြားရေတပ် အမှုထမ်းများထက် လစာငွေ ပိုမိုရရှိကြ လေသည်။ ရေငုပ်သင်္ဘော၏ ရေတပ်သားတိုင်းတွင် ဆာရောဗတ် ဒေးဗစ် တီထွင်ခဲ့သော အသက်ကယ်တန်ဆာ ပလာမျိုး ရှိရ သည်။ ထိုတန်ဆာပလာတွင် ပါးစပ်၌ တပ်ဆင်ထားရသော ပြွန်ငယ်တစ်ခုသည် ဖိနှိပ်ထားသော အောက်စီဂျင် သိုမှီးထား သည့် ဆလင်ဒါပုံသဏ္ဌာန် ဗူးငယ်တစ်ခုကို ထွက်သက်မှ ကာဗွန်ဒိုက်အောက်ဆိုက်ကို စုပ်ယူသည့် ကျည်တောင့်တစ်ခုနှင့် ဆက်သွယ်ထား၏။ ရေအောက်တွင် ဘေးဥပဒ် တစ်စုံတစ်ရာ ဖြစ်ပွားသောအခါ၌ ရေတပ်သားသည် ထိုတန်ဆာပလာဖြင့် သင်္ဘောမှ လွတ်မြောက်နိုင်ပေသည်။ ရေငုပ်သင်္ဘောများသည် ရေအောက်၌ ပုန်းကွယ်၍ ရန်သူ အား တိုက်ခိုက်ရန်အတွက် အသုံးဝင်သည့်အပြင် ရန်သူ့ခရီး လမ်း၌ ရေမြှုပ်ဗုံးများ လိုက်လံချထားရန်အတွက်လည်း အထူး အသုံးဝင်သည်။ ယခုအခါ ရေငုပ်သင်္ဘောများသည် ရေအောက် ၌ ရက်ပေါင်း ၇ဝ ကြာအထိ နေနိုင်ကြသည်ဖြစ်၍ ပင်လယ် ရေပြင်အထက်မှ လေသန့်ကို ပြွန်နှင့် သွင်းပေးရသည်။ ပြီးခဲ့ သော ကမ္ဘာစစ်ကြီးနှစ်ခုအတွင်းက ဂျာမန်ရေငုပ် သင်္ဘောများ သည် တန်ချိန် သန်းပေါင်းများစွာသော မဟာမိတ်သင်္ဘောများ ကို ဖျက်ဆီးနိုင်ခဲ့လေသည်။ ရေအောက်၌ ပေါက်ကွဲသော ဗုံး များနှင့် ရေငုပ်သင်္ဘောများအား လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင် သော ရေဒါတို့ ပေါ်ပေါက်လာသောအခါကျမှ ထိုသင်္ဘောများ က ပြုသောဘေးရန်မှာ နည်းပါးသွားလေသည်။ စစ်ပြီးခေတ်တွင် အမေရိကန်တို့က နော့တီးလပ်အမည် ဖြစ်၎င်း၊ ဗြိတိသျှတို့က ဒရက်နော့အမည်ဖြင့်၎င်း အနုမြူ အားဖြင့် ခုတ်မောင်းသော ရေငုပ်သင်္ဘောကို အောင်မြင်စွာ တီထွင်လာနိုင် ကြလေသည်။ ယင်းတို့တွင် အနုမြူဓာတ်အားကို တစ်ကြိမ်ထည့်ထားလျှင် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ရုံမက ရေအောက်၌လည်း ရက်ပေါင်းများစွာ နေနိုင်ရာ ယင်းတို့သည် အနာဂတ်ကာလ အနုမြူစစ်ပွဲများ၌ များစွာ အသုံးဝင်လိမ့်မည် ဟု ရေတပ်ဘက်ဆိုင်ရာ ပါရဂူကြီးအချို့က ယုံကြည်လျက် ရှိပေသည်။ ကြီးမားသောရေငုပ်သင်္ဘောများသည် ထုလုံးရှည်ပုံရှိပြီး အဖျားဖက်တွင်ခုံးသွားသည်။ သင်္ဘောအလယ်တွင် ခေါင်းတိုင်ကြီးတစ်ခုရှိပြီး ယင်းမှတစ်ဆင့်ဆက်သွယ်ရေးပစ္စည်းများ၊ ပယ်ရီစကုပ်စသည့် အာရုံခံကိရိယာများ တပ်ဆင်ထားသည်။ အမြီးပိုင်းတွင် ပန်ကာဒလက်သို့မဟုတ်ပန့်ဂျက်အင်ဂျင်နှင့်ပဲ့ထိန်းစနစ်နှင့်သင်္ဘောအားဟန်ချက်ညှိသည့် ရေစည်များတပ်ဆင်ထားသည်။ သေးငယ်ပြီး နက်ရှိုင်းစွာငုပ်နိုင်သောရေငုပ်သင်္ဘောကလေးများမှာမူ သမားရိုးကျရေငုပ်သင်္ဘောများနှင့်ပုံစံကွဲပြားသည်။ ရေငုပ်သင်္ဘောသည် အရွယ်အစားကွဲပြားမှုအကြီးမားဆုံးတွင်ပါဝင်သောယာဉ်ဖြစ်သည်။ သေးငယ်သောလူမဲ့ယာဉ်၊ နာရီအနည်းငယ်သာငုပ်နိုင်သော တစ်ယောက်စီး၊ နှစ်ယောက်စီးမှသည် ၆လအထိငုပ်နိုင်သော ရုရှားတို့၏ကမ္ဘာ့အကြီးဆုံးတိုင်ဖွန်းအမျိုးအစားရေငုပ်သင်္ဘောများအထိအမျိုးအစားစုံလင်လှသည်။ သမိုင်းကြောင်း အမေရိကန် ပြည်တွင်းစစ် ကွန်ဖယ်ဒရိတ် ရေငုပ်သင်္ဘောများသည် ပြည်ထောင်စုတပ်များပိတ်ဆို့ထားသော တောင်ပိုင်းဆိပ်ကမ်းများကို တိုက်ခိုက်ရန်ပုံစံထုတ်ခဲ့ကြသည်။ ၁၉ရာစုအကုန် ရုရှ-ဂျပန်စစ် ၂၀ရာစုအဝင်သည် ရေငုပ်သင်္ဘောများတိုးတက်လောသောကာလဖြစ်သည်။ နိုင်ငံအများအပြားလည်း ရေငုပ်သင်္ဘောများပိုင်ဆိုင်လာကြသည်။ Diesel electric တွန်းအားပေးနည်းစနစ်နှင့်ခေတ်မီပယ်ရီစကုပ်များတပ်ဆင်လာကြသည်။ ရေငုပ်သင်္ဘောနှင့်ပတ်သက်သော နည်းဗျူဟာများ၊ လက်နက်စမ်းသပ်မှုအများအပြားလည်းပြုလုပ်လာကြသည်။ ပထမကမ္ဘာစစ် ပထမကမ္ဘာစစ်ဖြစ်ပွားပွားခြင်းမှာပင် အီတလီရေတပ်သည် အီတလီ-တူရကီစစ်ပွဲ များတွင်လည်းကောင်း၊ ဂရိနိုင်ငံသည် ဘော်လကန်စစ်ပွဲများတွင်လည်းကောင်း ရေငုပ်သင်္ဘောများကိုအသုံးပြုခဲ့ကြသည်။ ပြင်သစ်တို့တည်ဆောက်သော , where notably the French-built ဂရိရေငုပ်သင်္ဘောဒယ်လ်ဖင် သည် ပထမဆုံးတော်ပီဒိုပစ်လွှတ်နိုင်သောရေငုပ်သင်္ဘောဖြစ်သည်။ စစ်အတွင်းတိုးတက်မှုများ စစ်ကာလအတွင်းရေငုပ်သင်္ဘောဒီဇိုင်းများဖွံဖြိုးတိုးတက်လာခဲ့သည်။ အထင်ရှားဆုံးမှာ လေယာဉ်တင်ရေငုပ်သင်္ဘောများဖြစ်သည်။ ယင်းတွင် လေယာဉ်တစ်စင်းသို့မဟုတ်နှစ်စင်းတင်ဆောင်နိုင်သောရေလုံအခန်းများပါရှိသည်။ ဒုတိယကမ္ဘာစစ် ဂျာမနီ ဒုတိယကမ္ဘာစစ်ကာလတွင် ဂျာမနီသည် အကြီးမားဆုံးသောရေငုပ်သင်္ဘောအုပ်စုကိုပိုင်ဆိုင်ခဲ့သည်။ ဗာဆိုင်းစာချုပ်အရ ရေတပ်တိုးချဲ့ခြင်းကိုကန့်သတ်ထားသည်ဖြစ်ရာ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးတွင်မှ ရေတပ်ကိုအလျင်အမြန်တိုးချဲ့နိုင်ခဲ့သည်။ ဂျပန် အမေရိကန်ပြည်ထောင်စု ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရပြီးနောက် အမေရိကန်ရေတပ်၏ရှေ့တန်းပစိဖိတ်ရေတပ်သည် အထိနာခဲ့သည်။ စစ်ကာလအတွင်း ဂျပန်တို့တွင်အကောင်းဆုံးသော တော်ပီဒိုများရှိခဲ့ပြီး အမေရိကန်တို့တွင် အညံ့ဆုံးတော်ပီဒိုများရှိခဲ့သည်။ ဗြိတိန် ဂျာမန်ရေတပ်သည် ရေငုပ်စဉ် ဒီဇယ်အစား ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အသုံးပြုနိုင်မည့်နည်းလမ်းကိုရှာဖွေခဲ့သော်လည်း နည်းပညာဆိုင်ရာအခက်အခဲများကြုံတွေ့ခဲ့ရသည်။ မဟာမိတ်တို့ကလည်း ရေငုပ်သင်္ဘောအိတ်ဇော်အားအာရုံခံနိုင်မည့် ဓာတုဗေဒအာရုံခံပစ္စည်းများအပါအဝင် ရေငုပ်သင်္ဘောများအားရှာဖွေနိုင်မည့်အာရုံခံပစ္စည်းများကိုစမ်းသပ်ခဲ့ကြသည်။ ဓာတ်ပုံများ ကိုးကား သင်္ဘောအမျိုးအစား
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%84%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%98%E1%80%B1%E1%80%AC
နှင်းလူ
နှင်းလူ သို့မဟုတ် ရေတီသည် လူဝံနှင့်တူပြီး ရှိသည်ဟု ယူဆရသော်လည်း သက်သေမပြနိုင်သေးသည့် သတ္တဝါဖြစ်ပြီး ဟိမဝန္တာဒေသဖြစ်သော နီပေါ နှင့် တိဘက်တို့တွင် ကျင်လည်ကျက်စားသည်ဟု ဆိုကြသည်။ ဒေသခံပြည်သူများက ရေတီ(Yeti) နှင့် မေတေး(Meh-Teh) ဆိုသည့် အမည်များဖြင့် သုံးစွဲခေါ်ဝေါ်လေ့ရှိကြပြီး သူတို့၏ သမိုင်းနှင့် ဒဏ္ဍာရီများနှင့် ဆက်စပ်နေသည်။ အထောက်အထား မရှိသောကြောင့် သိပ္ပံဆိုင်ရာ အသိုင်းအဝိုင်းမှ ပုံပြင်အဖြစ်သာ ယူဆကြသည်။ သို့သော် တိမ်မြုပ်နေသော သတ္တဝါများကို လေ့လာသည့်နယ်ပယ်တွင်မူ အထင်ရှားဆုံးသော သတ္တဝါတစ်ကောင် အဖြစ်ရှိနေဆဲ ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B0
ပန်ထွာဘုရင်မ
မြန်မာ ရာဇဝင်ပုံပြင်များတွင် ပန်ထွာဘုရင်မ သည် ဗိဿနိုးပြည်ကို အုပ်ချုပ်သော ဘုရင်မဖြစ်၍ အလွန်ချောမောလှပသည်ဟု သတင်းကြီးပြီး လင်ယောက်ျားမရှိပဲ တစ်ဦးတည်း တိုင်းပြည်ကို အုပ်ချုပ်သည်ဟု ဆိုကြသည်။ ဘဝဖြစ်စဉ် မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော စန္ဒမုခိဘီလူးမတွင် လက်ကိုကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဘက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုသည်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထား၍ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌ နေ့သည့် ဗိဿနိုးနတ်မင်းက ရှေးဘဝ၌ မောင်နှမတော်သဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်း၍ အမျိုးသမီးအား အပ်နှင်းလေသည်။ ဗိဿနိုးမှစည်တော်ကြီး ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိသည်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ပန်ထွာဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းရှိ ရေတံခါးကိုစောင့်ကြပ်သူများက ရေတံခါးကို ဖွင့်ချလိုက်သည်။ ထိုအခါ ရန်ပယ်ချောင်းအတွင်း ရေကြီးလာပြီး ရန်သူများ ဆုတ်ခွာသွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိပေ။ သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာဘုရင်မကို လက်ဆက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ ဒွတ္တဘောင်မင်းမှ သူလျှိုစေလွှတ်ခြင်း ဒွတ္တဘောင်မင်းသည် ထိုစည်တော်ကို ဖျက်ဆီးရန်အတွက် သူလျှိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ယောင်ဆောင်စေပြီး ဗိဿနိုးသို့စေလွှတ်သည်။ ထိုသူ၏ လှည့်စားမှုများကို ပန်ထွာဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားသည်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်း၍ သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင်ပေးမည်ဟု လှည့်ဖျားသည်။ နောက်တစ်ခါရန်သူများ လာတိုက်ချိန်တွင် ထိုစည်တော်ကြီးကို တီးခတ်ပါက နတ်ဒေဝါတို့လာရောက်၍ ကူညီတိုက်ခိုက်ပေးရန် စီရင်ပေးမည်ဟု ဆိုသည်။ ဘုရင်မက ယုံကြည်၍ ပြင်ဆင်ရန် အပ်နှံသောအခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်သွားလေသည်။ ဒွတ္တဘောင်မင်းမှသိမ်းပိုက်ခြင်း စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသောအချိန်တွင် ဒွတ္တဘောင်မင်းမှ သူ၏တပ်ကိုစေလွှတ်၍ တိုက်ခိုက်စေသည်။ ပန်ထွာဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်းသိသဖြင့် မည်သို့မျှမတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်၍ ပန်ထွာဘုရင်မနှင့် လက်ဆက်ခဲ့သည်။ ဒွတ္တဘောင်မင်းကြီးအား လုပ်ကြံခြင်း ဒွတ္တဘောင်မင်းကြီးသည် သိကြားမင်းပေးသော လှံစင်္ကြာနှင့် စဉ်ကြီးများကို ရရှိသော ဘုန်းကံရှင်မင်းတစ်ပါးဖြစ်၏။ နိုင်ငံတော် အရပ်ရပ်၌ တစ်နှစ်တစ်ကြိမ် အခွန်တော် ကောက်ခံတော်မူ၏။ အခွန်တော် မဆက်သသော လက်အောက်ခံမင်းများအား လှံစင်္ကြာတွင် စာဆွဲ၍ စေလွှတ်တောင်းခံ၏။ မင်းကြီး၏ ဘုန်းတန်ခိုးတော် ကြီးမားလှသောကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်ရ၏။ ထိုသို့ဘုန်းတန်ခိုး ထက်တော်မူသော မင်းကြီးသည် ပန်ထွာဘုရင်မအား သိမ်းပိုက်လက်ဆက်ခဲ့သော်လည်း ပန်ထွာဘုရင်မသည်ကား အညှိုးအတေးထားတော်မူလေ၏။ တစ်နေ့တွင် ပန်ထွာမိဘုရား ဆက်သလိုက်သော မျက်နှာသုတ်ပုဝါကို သုတ်မိကတည်းက မှဲ့ရှင်ကွယ်၍ ဘုန်းတန်ခိုးနိမ့်ခဲ့ရသည်။ ထိုသို့ ဘုန်းတန်ခိုးနိမ့်ခဲ့သောကြောင့် မိမိပိုင် နိုင်ငံတော်အရပ်ရပ်၌ ဖောင်တော်စီး၍ အခွန်တော် လှည့်လည်ကောက်ခံရာ ပုသိမ်မြစ်ဝအလွန် နေဂရေအငူစွန်းသို့ရောက်လျှင် ဖောင်တော်နစ်မြုပ်၍ နတ်ရွာစံလွန်တော်မူခဲ့သည်။ ထူးဆန်းဖွယ်ရာအချို့ ဗိဿနိုးမြို့ဟောင်းတွင် ပေပင်များသည် နှစ်ထောင်ချီသက်တမ်းရှိသော်လည်း မကြီးထွားလျက် အသီးလည်းမသီးဖြစ်နေသည်။ ပန်ထွာဘုရင်မကြီး၏ ‘ငါလာမှကြီး ငါလာမှသီး’ ဆိုသော ဆုတောင်းကြောင့် ထိုဘုရင်မ လူပြန်မဖြစ်မချင်း ပေပင်များ အသီးမသီးနိုင်၊ လူ့အရပ်အတိုင်းအထွာထက် မကြီးထွားနိုင် ဖြစ်နေသည်ဟု ဆိုသည်။ ဗိဿနိုးမြို့ဟောင်းရှိ ဥယျာဉ်တွင် မူလက အင်ကြင်းပင်မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး၏အမိန့်ဖြင့် အင်ကြင်းပွင့်များသည် ဥယျာဉ်တော်အတွင်း အလိုလျောက်ရောက်လာသောကြောင့် အင်ကြင်းဥယျာဉ်ဟု ခေါ်ဆိုကြသည်။ ယခုတိုင် မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုမသိသော အင်ကြင်းပွင့်များ မကြာခဏတွေ့ရှိလေ့ရှိသည်ဟု ဆိုကြသည်။ ပန်ထွာဘုရင်မတည်ခဲ့သော ရွှေရောင်တော်စေတီတွင် အင်ကြင်းပန်းများကို ဘုရားပန်းအဖြစ် လှူထားကြသည်ကို တွေ့မြင်နိုင်သည့်အပြင် ဘုရားရင်ပြင်တဝိုက်တွင်လည်း အင်ကြင်းပန်းများပြန့်ကြဲနေသည်ကို မြင်တွေ့နိုင်သည်။ ထိုဒေသတွင် အသားစားခြင်းနှင့် ဖရုသဝါစာ (မကြားဝံ့ မနာသာ ကြမ်းတမ်းသောစကားများ)၊ ပိသုဏဝါစာ (ကုန်းတိုက်စကားများ) ပြောဆိုခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု ဒေသခံပြည်သူများက ပြောဆိုလေ့ရှိသည်။ ပုံပြခန်း ကိုးကား မဟူရာမေတ္တာ - နိုင်ဝင်းဆွေ မြန်မာ့သမိုင်းပုံပြင် ပျူခေတ် မြန်မာနိုင်ငံ၏ သမိုင်း နတ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%94%E1%80%BA%E1%80%91%E1%80%BD%E1%80%AC%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%99
ဆိုကရေးတီး
ဘီစီ ၅၀ဝ ပြည့်နှစ်ခန့်က ဂရိ နိုင်ငံ အေသင် မြို့တော်၌ ဆိုကရေးတီး အမည်ရှိသော ပညာရှင် တစ်ဦး ပေါ်ပေါက်ခဲ့သည်။ ဆိုဖစ် ထိုခေတ်က အေသင်မြို့သားများသည် ပညာကို အထူးလိုလား ကြသဖြင့် အကြောင်းသင့်ရာသင့်ရာ စုဝေးတိုင်ပင်ဆွေးနွေးလေ့ ရှိကြသည်။ ထိုသို့စုဝေးကြသော လူတစ်စုကို “ ဆိုးဖစ် ” ဟုခေါ် ၏။ ဆိုးဖစ်တို့သည် စကား၏ပရိယာယ်၌ လိမ်မာ၍၊ ဆွေးနွေးရာတွင် အကျိုးသင့်အကြောင်းသင့် ငြင်းခုံသည်ထက် စကားနိုင်လု၍ ငြင်းခုံလေ့ရှိကြသည်။ ယုံမှားသံသယမှ ဆန်းစစ်ခြင်းသို့ သို့သော်လူတို့၏ စကားများမှာ ပရိယာယ်ကြွယ်ဝသလောက်အနှစ်သာရကင်းမဲ့လေသည်။ ဆိုကရေးတီးက ဤသို့ အပေါ်ယံရွှေမှုန်ကြဲသည့် ပညာမျိုးသည် လူတို့အားပညာအလင်းရောင် မပေးသည်သာမက၊ ယုံမှားသံသယ ဖြစ်စေပြီးလျှင်၊ ပို၍ရှုပ်ထွေးစေသည်ဟု ယူဆသဖြင့် ယင်းကို ရှောင်ကြဉ်လေသည်။ ဆိုကရေးတီး၏ဝါဒသည်ကား၊ မိမိ၏ ကိုယ်ကျင့်တရားကို လေ့လာစိစစ်ခြင်းဖြင့် အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်ပေသည်။ ဆိုကရေးတီး၏ဩဝါဒမှာ မိမိကိုယ်ကို မိမိသိအောင် ဆန်းစစ်ကြည့်ခြင်းပင်ဖြစ်၏။ ဆိုကရေးတီး၏အလို၌ ပညာရှိလျှင် သီလရှိသည်ဟူ၏။ ပညာရှိသူသည် အစစအရာရာ၌ ခြိုးခြံ၍၊ မဇ္ဈိမပဋိပဒါတည်းဟူသော အလယ်အလတ်လမ်းကို လိုက်သည်။ မယုတ်မလွန် ကျင့်ခြင်းပင်လျှင် စိတ်၏တည်ငြိမ်ချမ်းသာမှုကို ရနိုင်သည်ဟု ဆိုကရေးတီးသည် ယူဆခဲ့၏။ ထိုခေတ်အခါက လူတို့၏ ပြုမူကျင့်ကြံပုံတို့သည် မည်မျှ လမ်းလွဲနေသည်ကို ထုတ်ဖော်ပြသခဲ့သည်။ သူကိုယ်တိုင်လည်း မတရားမှုကို စိုးစဉ်းမျှမပြု၊ တရားသော အမှုအတွက်ကား အသက်ကိုပင် စွန့်လွှတ်ရန် ဝန်လေးသူမဟုတ်ချေ။ စင်စစ်လူတို့သည် ပင်ကိုကဆိုးသွမ်း သော မျိုးစေ့ရှိကြသည်မဟုတ်၊ မသိနားမလည်မှုပေါ်တွင် အခြေခံ၍ ဆိုးသွမ်းမှုဖြစ်ကြ၏။ ပညာဗဟုသုတပေါ်တွင် အခြေတည်သောအခါ ကိုယ်ကျင့်တရား ကောင်းမွန်လာကြသည်ဟု ဆိုကရေးတီးသည် ယုံကြည်၏။ ဆိုကရေးတီးသည် သူ၏အယူအဆများကို စာဖြင့်တစ်လုံးတစ်ပါဒမျှ မရေးသားခဲ့ချေ။ သူ၏တပည့်များဖြစ်ကြသော သမိုင်းဆရာကြီး ဇင်းနိုဖန်နှင့် ပညာရှိကြီး ပလေတိုတို့က မိမိတို့ဆရာ၏ ဩဝါဒကထာကို နောင်လာ နောင်သားတို့ လေ့လာနိုင်စေရန် မှတ်တမ်းတင်ခဲ့ခြင်းသာ ရှိ လေသည်၊ ထိုသူနှစ်ဦးကြောင့် ဆိုကရေးတီး၏ အယူအဆ အတွေးအခေါ်နှင့် ဩဝါဒတို့သည် ဂရိတို့၏ ယဉ်ကျေးမှုကို ထင်ရှားကျော်စောစေခဲ့သည်။ ငယ်ဘဝ ဆိုကရေးတီးသည် အေသင်မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်၌ မွေးဖွား၍၊ သူ၏ဖခင်မှာ ပန်းပုဆရာဖြစ်သည်။ ပန်းပု ပညာကို သင်ကြားလေ့လာစဉ်က ပညာကိုကောင်းစွာမသင်ခဲ့ရချေ။ ဖခင်၏ ပန်းပုပညာကို သင်ယူလျက်၊ ပန်းပုဆရာအဖြစ် လုပ်ကိုင်ပြီးနောက် ထိုအလုပ်ကို စွန့်လွှတ်၍ အမှန်တရားကို စဉ်းစားကြံဆခြင်းဖြင့် ပျော်ပိုက်နေလေသည်။ သူသည်နေရေး စားရေးအတွက် မပူပင်ချေ။ ရောင့်ရဲလွယ်သောစိတ်ဓာတ်ရှိ၏။ ကြံ့ခိုင်သောကိုယ်ခန္ဓာကြောင့် ခံနိုင်ရည်ရှိလေသည်။ အတန်ငယ် စားရုံအိပ်ရုံနှင့် နေနိုင်သော သတ္တိရှိရကား စီးပွားရှားဖွေခြင်းကို မပြုဘဲ အမှန်တရား ကိုသာ ရှာဖွေခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။ ဆိုကရေးတီးသည် အေသင်မြို့တော်ရှိ လမ်းမကြီးများ ပေါ်တွင် ကြမ်းတမ်းသော အဝတ်ကိုဝတ်ဆင်လျက် ဖိနပ်ကို အလျင်းမစီးဘဲ သွားလာတတ်သည်။ အရပ်မှာပု၍ လမ်းလျှောက်ပုံမှာ ဘဲသွားသကဲ့သို့ဖြစ်ရကား အကြည့်ရဆိုးလေသည်။ ဝတ်မှုစားမှုကို ဂရုမစိုက်ခြင်းကြောင့် အမြဲညစ်ပတ်ပေရေ နေလေသည်။ သွားလာယင်း သူသိလိုသမျှကို တွေးတောကြံဆ၍နေတတ်၏။ လမ်း၌တွေ့ရသော မည်သူကိုမဆို လှမ်း၍ မေးမြန်းတတ်သည်။ ထိုခေတ်အခါက အေသင်မြို့သားတို့သည်အလွန်အလှကြိုက်၍ ဂုဏ်မက်သူများ ဖြစ်ရကား၊ အရုပ်ဆိုး၍အဝတ်အစုတ် အပြတ်ကို ဝတ်သော ဆိုကရေးတီးအားရှောင်လွှဲသွားတတ်ကြသည်။ သို့ရာတွင် အချို့ကမူ သူ၏ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဟောပြောချက်များကို နားထောင်ကောင်းလှသဖြင့် ဝိုင်း၍နားထောင်ကြလေသည်။ လူတို့သည် ဆိုကရေးတီး၏ စကားများကို နာယူမှတ်သား ကြသည်။ အနှစ်သာရကင်းမဲ့သော အယူအဆများသည် ဆိုကရေးတီး၏ တိကျပြတ်သားသော အရိုးခံတရားနှင့် မယှဉ်နိုင်သဖြင့် ပျောက်ကွယ်ကြရသည်။ ရှေးကလူတို့၏ တွေးတော ယူဆချက်များကို ဆိုကရေးတီးသည် အမှန်သို့ရောက်အောင် ဟောပြောခဲ့သည်။ ဆိုကရေးတီး၏ ဩဝါဒကို မင်းမျိုးမင်းနွယ်တို့၏ သားသမီးများပင် ဆည်းကပ်နည်းယူကြရသည်။ ထိုအခါက စစ်သေနာပတိတစ်ဦးဖြစ်သူ အယ်လစီဗိုင်းအားဒီးသည် ဆိုကရေးတီးကို ကြည်ညိုသူဖြစ်ရာ သူ့ဆရာအကြောင်းကို ဆိုကရေးတီး၏ စိတ်မှာ အံ့ဩဖွယ်ကောင်းအောင် မွန်မြတ်လှ၍၊ သူ၏ဟောပြောချက်တို့သည် အာဏာစက်ကဲ့သို့ မနာခံဘဲ မနေနိုင်အောင် ဖြစ်တော့သည်ဟူ၍ မှတ်တမ်းတင်ခဲ့သည်။ ဆိုကရေးတီးသည် ပင်ပန်းညောင်းညာမှုကို ဂရုထားသူ မဟုတ်ချေ။ နံနက်စောစောကစ၍ တစ်နေရာတွင်ရပ်ကာ တစ်စုံ တစ်ခုကို စဉ်းစားနေလျှင် သူမည်မျှကြာမည်ကို စောင့်ကြည့်ကြသော လူများသာ ညောင်းညာနှုန်းရိပေသည်။ အိပ်လျက် စောင့်ကြရပေမည်။ သို့ရာတွင် ဆိုကရေးတီးကား ထိုနေရာမှ ရွေ့လျားလိမ့်မည် မဟုတ်ချေ။ ဆိုကရေးတီး၌ ဤကဲ့သို့ အမူအကျင့်ရှိ သော်လည်း သူသည် အပေါင်းအသင်းဝင်ဆံ့၍ မိတ်ဆွေများအိမ်၌ကျင်းပသော ထမင်းစားပွဲများတွင် ရယ်စရာပျက်လုံးများနှင့်လည်း သောတတ်သည်။ ပညာရှိပီပီ နက်နဲသော အယူအဆ ပြဿနာများကိုလည်း ဆွေးနွေးတတ်သည်။ ဆိုကရေးတီးသည် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့ကို လုံးဝမှုသူမဟုတ်ချေ။ ယင်းသို့ စိတ်အနှောင့်အယှက်ကို ခံနိုင်ရည်ရှိခြင်းမှာ သူ၏နှုတ်သီးကောင်း သဘောဆိုးသော ဇနီးပီး၏ အနှောင့်အယှက်ပေးမှုကို ကျင့်သားရပြီးဖြစ်သောကြောင့်ဟု ဆိုရပေမည်။ စစ်မှုထမ်းဘဝ ဆိုကရေးတီးသည် ကိုယ်ကျင့်တရားကိုသာ ဂရုစိုက်၍ ကြံဆသော ပညာရှိပုဂ္ဂိုလ်ကြီးမဟုတ်၊ လက်ရုံးရည်နှင့် ပြည့်စုံသော စစ်သည်တော်လည်း ဖြစ်ခဲ့ဖူး၏။ စစ်ပွဲပေါင်းများစွာ အောင်ပန်း ဆွတ်ခူးခဲ့ဖူးသူလည်း ဖြစ်၏။ သို့ရာတွင် စစ်တိုက်ခြင်းသည် သူ၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးဝါဒနှင့် ဖီလာဖြစ်နေသည်ဟု ယူဆလာသောအခါ အက်သင်းမြို့သားများက မည်မျှပင် တိုက်တွန်းသော်လည်း စစ်ကိုကြဉ်လိုက်လေသည်။ သူ၏ ကိုယ်ကျင့်တရား အယူအဆများသည် မတရားမှုများကို လက်သင့်မခံယူသဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရ၏ မုန်းထားငြိုငြင်ခြင်းကို ခံရလေသည်။ ရုံးတင်စစ်ဆေးခြင်းနှင့် သေဆုံးခြင်း ဤသို့ဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရနှင့်တကွ မာနခက်ထန်၍ ကိုယ်ကျင့်တရား မရှိသော လူထုနှင့် အရာရာတွင် ဆန့်ကျင်ဖက် ဖြစ်နေရကား၊ နောက်ဆုံး၌ သူ့အား အလွန်မုန်းထားသည့် ရန်သူသုံးဦး ခေါင်းဆောင်သော လူတစ်စုသည် ဆိုကရေးတီး၏ အယူအဆသည် လူငယ်တို့၏ ကိုယ်ကျင့်တရားကို ပျက်ပြားစေသည်သာမက လူတို့၏ လက်ရှိယုံကြည်ကိုးကွယ်မှုကို စော်ကားသည်ဟု တရားစွဲဆိုခဲ့သည်။ ဆိုကရေးတီး၏ တပည့်များက ရှေ့နေငှားရမ်း၍ တရားဆိုင်ရန် ပြောသော်လည်း ရှေ့နေမငှားဘဲ သူကိုယ်တိုင် သူ၏ အယူအဆများကို ရှင်းလင်းဖြေဆိုခဲ့သည်။ ထိုသို့ ရှင်းပြချက်ကို ဆိုကရေးတီး၏ လျှောက်လဲချက်များဟု ယခုတိုင်အောင် ထင်ရှားလျက်ရှိသည်။ ရုံးတော်က သူ့အား အပြစ်ရှိသည်ဟု တစ်ဖက်သတ် ဆုံးဖြတ်ပြီးလျှင် သေဒဏ်အပြစ်ပေးခဲ့သည်။ သို့ရာတွင် ဆိုကရေးတီးကား အနည်းငယ်မျှမတုန်လှုပ်ချေ။ စီရင်ချက်အတိုင်း လာ၍ပေးသော အဆိပ်ခွက်ကို သတ္တိရှိရှိနှင့် မော့ချလိုက်လေသည်။ ကိုးကား အတွေးအခေါ်ပညာရှင်များ ဂရိ ဒဿနပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%86%E1%80%AD%E1%80%AF%E1%80%80%E1%80%9B%E1%80%B1%E1%80%B8%E1%80%90%E1%80%AE%E1%80%B8
ပလေးတိုး
ပလေတို (Plato) (ဘီစီ ၄၂၇-၃၄၇) သည် အေသင် မြို့ပြ နိုင်ငံသား တစ်ဦး ဖြစ်ပြီး ကျော်ကြားသည့် အတွေးအခေါ် ပညာရှင် တစ်ဦး ဖြစ်သည်။ နိုင်ငံရေးဒဿန (Political Philosophy)၊ ကျင့်ဝတ် (Ethics)၊ တက္ကိတ (Metaphysics) တို့ကို စတင်ဟောပြောပို့ချသူလည်းဖြစ်သည်။ ထို့ကြောင့် သူ၏ဒဿနများကို သင်ကြားပို့ချနေသည်မှာ နှစ်ပေါင်း ၂၃၀၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။ ဘီစီ ၄၂၇ခန့်၊ အေသင်မြို့ ဆွေကြီးမျိုးကြီး အသိုင်းအဝန်းတွင် ပလေတိုအား ဖွားမြင်သည်။ လူငယ်ဘဝတွင် နာမည်ကြီး ဒဿနဆရာ ဆိုကရေးတီးစ် နှင့်ဆုံတွေ့ပြီး ဆရာတင်ခဲ့သည်။ ဆိုကရေးတီးစ် အသက် ၇၂ နှစ်တွင် မရေရာသော စွဲချက်ဖြစ်သည့်ဘုရားများကို မယုံကြည်သည့် အပြစ်၊ လူငယ်များကို လမ်းမှားပို့သည့် အပြစ်များဖြင့် အဆိပ်သောက်သေစေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး နောင်တစ်ချိန်တွင် ပလေတိုက"ငါတွေ့ဖူးသမျှ လူတွေထဲမှာ ဆရာဆိုကရေးတီးစ်ဟာ ပညာဉာဏ်အကြီးဆုံး၊ တရားအမျှဆုံးဖြစ်လို့သူ့ကို သုတ်သင်လိုက်တာဟာ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အမှားဖြစ်တယ်။"ဟု နာကျင်စွာဆိုခဲ့သည်။ ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ပလေတိုသည် နိုင်ငံရပ်ခြားသို့ ၁၂နှစ်တိုင် လှည့်လည်သင်ယူပြီး ဘီစီ ၃၈၇ မှအေသင်သို့ပြန်ရောက်လာသည်။ နောက် အကယ်ဒမီကျောင်းကိုတည်ထောင်ပြီး အသက်၈၀ (ဘီစီ ၃၄၇)ထိ၊ သက်ဆုံးတိုင် ပညာသင်ကြားပေးသွားခဲ့သည်။ အသက် ၆၀တွင် နာမည်ကျော်တပည့် အရစ္စတိုတယ်လာရောက် ပညာသင်ကြားသည်။ ပလေတိုသည် အဓိကအားဖြင့် နိုင်ငံရေးနှင့် ကျင့်ဝတ်ဆိုင်ရာကျမ်းများကို အရေးများသည်။ တက္ကိတနှင့် ဘာသာရေးဆိုင်ရာ များကိုလည်း ရေးလေ့ရှိသည်။ စုစုပေါင်း ကျမ်း၃၆ ကျမ်းပြုစုခဲ့ပြီး၊ နာမည်ကျော်မှာ သမ္မတနိုင်ငံ ဟူသောကျမ်းဖြစ်သည်။ ဆရာဆိုကရေးတီးစ်ကို သတ်သည့် တရားခံမှာ ဒီမိုကရေစီ စနစ်ဖြစ်သည်ဟု အယူအစွဲရှိသည်ကြောင့်လားမသိ၊ ပလေတိုက ရွေးကောက်တင်မြှောက်သည့် စနစ်ကိုပင် များစွာအားမပေးလှပေ။ ထူးခြားချက်မှာ ယောက်ျား၊ မိန်းမ တန်းတူအခွင့်အရေးပေးရန်တောင်းဆိုချက်ဖြစ်သည်။ ထိုခေတ်အခါက ထိုသို့တောင်းဆိုရဲသူမှာ သူတစ်ဦးသာရှိသည်ဟုဆိုနိုင်သည်။ ပညာရေးအနေဖြင့် ကလေးများငယ်စဉ်ကပင် သင်တန်းကျောင်းဖြင့် တာဝန်များကို သင်ကြားပေးပြီး အချိန်တန်၍ပညာစုံလျှင် စာမေးပွဲကျင်းပကာ ထူးချွန်သူများအား နိုင်ငံတာဝန်များကို ထမ်းဆောင်စေရမည် ဟူသောသဘောမျိုးကို အားပေးသည်။ ထိုထူးချွန်သူများအား ရွေးကောက်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးကာ အုပ်ချုပ်သူတစ်ဦးအား ရွှေးချယ်တာဝန်ထမ်းစေသည့် စနစ်မျိုးကို ပလေတိုက ပုံဖော်ရေးသားသည်။ သို့သော် နှစ်ပေါင်း ၂၃၀၀ ကျော်သည့်တိုင် ပလေတို၏ စိတ်ကူး သမ္မတနိုင်ငံ စနစ်မျိုးကို မည်သည့် တိုင်းပြည်ကမှ ဖော်ဆောင်ကျင့်သုံးခြင်းမရှိသည်ကို တွေ့ရသည်။ ရှေးခေတ်တွင် ပေါ်ပေါက်ခဲ့သမျှသော ယထာဘူတကဝိများအနက်၊ ဂရိလူမျိုး ပလေးတိုသည် အထင်ရှား အကျော်စောဆုံးသော ပညာရှင်ကြီးတဦးဖြစ်၏။ အဖအရစ္စတန် အမိပယ်ရစ်တီအွန်းတို့က ပလေးတိုကို ခရစ်မပေါ်မီ ၄၂၇ ခုနှစ်ခန့်က ဂရိနိုင်ငံ အေသင်မြို့တွင် ဖွားမြင်သည်။ အချို့ကလည်း အေဂျီးနားကျွန်းတွင် ဖွားမြင်သည်ဟု ဆိုကြသည်။ သူ၏ အမည်ရင်းမှာ အယ်ရစ္စတိုကလီး ဖြစ်သည်။ ပလေးတိုဟူသော အမည်မှာ ခင်မင်ရင်းနှီးသော မိတ်ဆွေများက ကျီစယ် ခေါ်ရာမှ တွင်ခြင်းဖြစ်သည်။ ယင်းအမည်ကို ဂရိဘာသာစကားဖြစ်၍ ကျယ်ပြန့်သော ပခုံးဟု အနက်ရသည်။ မိဖမျိုးရိုး သည်သူကောင်းမျိုးဖြစ်သည့်အပြင်၊ ဂရိသမိုင်းတွင် အလွန်ထင်ရှားသော နိုင်ငံပြုသုခမိန်တစ်ဦး ဖြစ်သည့် ဆိုလွန်၏ အဆက်အနွယ်ဖြစ်သည်။ ပလေးတိုသည် ဂရိတို့၏ သင်ရိုးသင်စဉ် ပညာရပ် အဖုံဖုံ တို့ကို လေ့လာသင်ကြားပြီးနောက်၊ အသက် ၂၀ အရွယ်တွင် ဂရိပညာရှင်ကြီး ဆိုကရေးတီး၏ တပည့်အဖြစ် ခံယူခဲ့ရာ၊ ဆိုကရေးတီး၏ တပည့်ရင်းကြီး ဖြစ်လာသည်။ ဘီစီ ၃၉၉ ခုနှစ်တွင် ဆိုကရေးတီး သေဒဏ်အပေးခံရသောအခါ ပလေးတိုသည် အလွန်စိတ်နာကြည်းလှသဖြင့် အေသင်မြို့တော်မှ ထွက်ခွာခဲ့ကာ စစ္စလီကျွန်း၊ အီတလီနိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် အာဖရိကတိုက် မြောက်ပိုင်းဒေသများ၌ ၁၂ နှစ် လုံးလုံးခရီးလှည့်လည်သွားလာလျက် ပညာဗဟုသုတ ရှာမှီးနေခဲ့လေသည်။ ယင်းသို့ လှည့်လည်သွားလာနေစဉ် ဆိုင်ရားကျူဘုရင် ဒိုင်အိုနိုးဆပ်၏ မလိုမုန်းထားခြင်းကို ခံရသဖြင့် ထိုဘုရင်၏ ငွေဝယ်ကျွန်အဖြစ် ရောင်းစားခြင်း ခံရရှာသည်။ သို့သော် ကံကောင်းထောက်မ၍ မိတ်ဆွေတစ်ဦးက ပလေးတို အား ကျွန်ဘဝမှ ကယ်တင်သဖြင့် ဘီစီ ၃၈၇ ခုနှစ်တွင် အက်သင်းမြို့တော်သို့ ပြန်လည်ရောက်ရှိသည်။ အက်သင်းမြို့တော်သို့ ပြန်ရောက်သောအခါ ပလေးတိုသည် အကယ်ဒမီဟုခေါ်သော ကျောင်းတစ်ကျောင်းကို မြို့မှ တစ်မိုင်ခန့်ကွာဝေးသော အရပ်တွင် စတင်တည်ထောင်ပြီးနောက်၊ သူ၏ တပည့်များဖြစ်သော အက်သင်း မြို့သားလူငယ်များအား မိမိလေ့လာမှတ်သားခဲ့သည့် ပညာဗဟုသုတများကို သင်ကြား ပို့ချ နေထိုင်ယင်း၊ အသက် ၈၀ အရွယ်တွင် အနိစ္စရောက်သွားလေသည်။ စင်စစ်အားဖြင့် ထိုအကယ်ဒမီ ကျောင်းတော်သည် ဂရိနိုင်ငံ၏ ပညာရှာမှီးရာ ဗဟိုဌာနတခုဖြစ်လာခဲ့သည်သာမက ဥရောပသမိုင်းတွင် ပထမဆုံးတည်ထောင်ခဲ့သော တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်လေသည်။ ပလေးတို၏ စာပေလက်ရာဟူ၍ တစ်စုံတစ်ခုမျှ ပျောက်ပျက်သွားခြင်း မရှိသော်လည်း၊ တွေ့ရှိသမျှ လက်ရာများသည် သူ၏လက်ရာ အစစ်ဟုတ် မဟုတ်ကိုကား သံသယဖြစ်နေကြသည်။ သူရေးသားထားသော စာပေများမှာ များသောအားဖြင့် စုံတွဲအပြန်အလှန် စကားပြောဆိုပုံမျိုးဖြစ်သည်။ ဆရာဖြစ်သူ ဆိုကရေးတီး နှင့်ယထာဘူတပညာဆိုင်ရာ အတွေးအခေါ်တို့ကို ဆွေးနွေးနေဟန် ရေးသားကာ၊ မိမိ၏ ယထာဘူတ ပညာဆိုင်ရာ သဘောတရားများကိုလည်း ဆိုကရေးတီး၏နှုတ်မှ မြွက်ကြားဟန်မျိုးဖြင့် ဖော်ပြခဲ့လေသည်။ စုံတွဲ အပြန်အလှန် စကားပြောဆိုပုံဖြင့် ရေးသားထားသော သူ၏ လက်ရာများအနက် “ ဆင်ပိုဆီယမ် ” (အချစ်အကြောင်း)၊ “ ဖေဒိုး ” (ပျက်စီးခြင်းမရှိသော ဝိညာဉ်)၊ “ ရီပတ်ဗလစ် ” (စံပြနိုင်ငံ)၊ “ သေးတီးတပ်” (ပညာဗဟုသုတ)၊ “ တီးမေးအပ် ” (ရုပ်လောက သဘာဝ) စသော စာအုပ်များမှာ အထင်ရှားဆုံးဖြစ်သည်။ “ ရီပတ်ဗလစ် ” တွင် ပလေးတိုသည် စံပြ (စိတ်တိုင်းကျ)နိုင်ငံဖြစ်ပေါ်လာစေရန် မည်သို့ ဆောင်ရွက်ရမည်ကို စကားအခြေအတင်ပြောဟန်ဖြင့် ရေးသားထားသည်။ နိုင်ငံတစ်နိုင်ငံ၏ရည်ရွယ်ချက် ပန်းတိုင်သည် တိုင်းသူပြည်သားတို့အား စိတ်ပျော်ရွှင်ချမ်းမြေ့ရေးအတွက် အကျင့်စာရိတ္တကြံ့ခိုင်၍ တည်ကြည် ဖြောင့်မတ်အောင် လေ့ကျင့်ပေးရန် ဖြစ်ရမည်ဟု ပလေးတိုက ယုံကြည့်လေသည်။ သူရည်မှန်းသော စံပြနိုင်ငံမျိုးသည် ဖောက်ပြန် လျက်ရှိသော ကမ္ဘာလောက ကြီးတွင် တည်ထောင်၍ မဖြစ်နိုင်ဟူသော အချက်ကိုမူ ပလေးတို သိသည်။ သို့သော်လည်း လူတို့က ရရှိအောင်ကြိုးပမ်းသင့်သည့် ရည်မှန်းချက်တစ်ရပ်အဖြစ် သတ်မှတ်ထားခဲ့၏။ စံပြနိုင်ငံတွင် လူတိုင်းသည် မိမိနှင့်အသင့်လျော်သော အလုပ်အကိုင်မျိုးကိုသာ ပြုလုပ်သင့်ကြောင်း၊ ယင်းနိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူပြည်သားများ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစား၊ စစ်ဘက်ဆိုင်ရာ လူတန်းစားနှင့် ကုန်စည်ထုတ် လုပ်သမား လူတန်းစားဟူ၍ သုံးမျိုးသုံးစားခွဲခြားထားသင့်ကြောင်း၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစားသည် ဉာဏ်အမြော်အမြင် ရှိသင့်၍၊ စစ်သားများသည် ရဲစွမ်းသတ္တိ ရှိသင့်ကာ၊ အလုပ်သမားများသည် စည်းကမ်းသေဝပ်မှု ရှိသင့်ကြောင်း စသည်ဖြင့် ပလေးတိုက ပြဆိုထားလေသည်။ ပလေးတို၏ ယထာဘူတ ပညာဆိုင်ရာ အယူအဆများသည် ဂရိယထာဘူတပညာရှင်ကြီးများ၏ အတွေး အခေါ်များ အနက် ဂရိအဆန်ဆုံးသော အတွေးအခေါ်များ ဖြစ်၏။ သို့သော် ပလေးတို ထုတ်ဖော်ရေးသားခဲ့သော အယူအဆများသည် ဖြစ်နိုင်သည်ထက် စိတ်ကူးကွန့်မြူးမှုတို့က များလေသည်။ စိတ်၌ ဖြစ်ပေါ်သော အယူအဆသည် မျက်စိဖြင့်တွေ့မြင်ရသော အရာဝတ္ထုထက် ပို၍ မှန်ကန်တည်မြဲသည်ဟု ပလေးတိုက ယုံကြည်သည်။ လူ၊ သစ်ပင်၊ ပန်းမန်ပင်တို့သည် သေကြေပျက်စီး ပြောင်းလဲသွားမည် ဖြစ်သော်လည်း၊ ယင်းသည့် သစ်ပင်၊ ပန်းမန်၊ လူတို့နှင့် စပ်လျဉ်းသည့် ယေဘုယျ သဘောထားသည်။ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိဟု ဆိုလေသည်။ ပလေးတို၏ကြံဆချက် တွေးခေါ်ချက်များကို နှစ်သက်သော အတွေးအခေါ်သမားများနှင့် စာပေပညာရှင်များ အတော်များများ ပေါ်ပေါက်ခဲ့သည်။ တပည့်တပန်းများလည်း အတော်ပေါ်ခဲ့ သည်။ ယင်းတို့အနက် အယ်ရစ္စတိုတယ်သည် ထင်ရှားလေသည်။ ကိုးကား အတွေးအခေါ်ပညာရှင်များ ဂရိ ဒဿနပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%9C%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8
နှလုံး
နှလုံး သည် ကျောရိုးရှိသတ္တဝါများတွင်ရှိသော ကြွက်သားများရှိသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး သွေးများကို သွေးကြောများတွင်းသို့ မောင်းနှင်ပေးရန်အတွက် ဆက်တိုက် အချိန်မှန်မှန် ကျုံ့ခြင်းပွခြင်း တို့ဖြင့် လုပ်ဆောင်ပေးရန် တာဝန်ယူထားသည်။ တီကောင်၊ မျှော့တို့ကဲ့သို့သော သတ္တဝါများ၊ ခရုကဲ့သို့သော သတ္တဝါများ နှင့် လူနှင့်တူသော သတ္တဝါတို့တွင်လည်း ဆင်တူသော ပုံသဏ္ဌန်ရှိသည်။ အင်္ဂလိပ်ဘာသာတွင် cardiac (ဥပမာ cardiology) ဆိုသော စကားလုံးသည် နှလုံးနှင့်သက်ဆိုင်သော ဟု အဓိပ္ပာယ်ရပြီး ဂရိဘာသာ καρδιά, kardia မှဆင်းသက်လာ၍ နှလုံးဟု အဓိပ္ပာယ်ရသည်။ ကျောရိုးရှိသတ္တဝါများ၏ နှလုံးတွင် သူ့အလိုအလျောက် အလုပ်လုပ်သော နှလုံးကြွက်သားများပါရှိပြီး ထိုကြွက်သားများကို ဤကိုယ်အင်္ဂါအစိတ်အပိုင်းတွင်သာ တွေ့ရသည်။ သာမန်လူသားတစ်ယောက်၏ နှလုံးသည် တစ်မိနစ်လျှင် ၇၂ကြိမ်ခုန်ပြီး လူ၏သက်တမ်း ၆၆ နှစ်နှင့်တွက်လျှင် အကြိမ်ရေ ၂.၅ ဘီလီယံတိုင်းခုန်သည်ဟု ခန့်မှန်းရသည်။ ခန္ဓာဗေဒ သွေးလည်ပတ်မှု စနစ် ခန္ဓာကိုယ်ဟာ ကားတစ်စီးဆိုရင် နှလုံးဟာ အင်ဂျင်နဲ့တူပါတယ်။ လူတစ်ယောက်အသက်ရှင်ဖို့အတွက်အဓိက မောင်းနှင်ပေးနေတာဟာ နှလုံးဖြစ်တဲ့အတွက်နှလုံးကျန်းမာရေးဟာ အရေးကြီးပါတယ်။ နှလုံးမှာ ကြွက်သားသုံးထပ်ရှိပြီး အခန်း ၄ ခန်းရှိပါတယ်။ လူတစ်ယောက်ရဲ့ ရင်ဘတ်အလယ်ပိုင်းနဲ့ အဆုတ်နဲ့ကြားမှာ တည်ရှိပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်ရှိပြီး တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ ကြားနဲ့ တနေ့ကို အကြိမ်ပေါင်း ၁၀၀၀၀ လောက်ခုန်ပါတယ်။ နှလုံးရဲ့အဓိကတာဝန်ကို နှလုံးကြွက်သားတွေက ထမ်းဆောင်ကြပါတယ်။ နှလုံးရဲ့ကြွက်သားတွေက Contraction လို့ခေါ်တဲ့ ညှစ်ထုတ်ခြင်းနဲ့ Relaxation လို့ခေါ်တဲ့ လျော့ချခြင်းတို့ကို စနစ်တကျပြုလုပ်ပေးမှသာ နှလုံးဟာကောင်းစွာအလုပ်လုပ်တာပါ။ ဒါမှပဲ နှလုံးကျန်းမာတယ်လို့ခေါ်နိုင်ပါတယ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%BE%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8
အဆုတ်
အဆုတ်သည် ခြေ၄ချောင်းရှိသတ္တဝါ အများစု၊ အချို့သော ငါးများ နှင့် ခရုများအစရှိသော လေကို ရှူရှိုက်သည့် သတ္တဝါများတွင် ရှိသည့် အသက်ရှူအင်္ဂါဖြစ်သည်။ အဆုတ်ရှိသော သတ္တဝါများတွင် ရှေးအကျဆုံးသော သတ္တဝါများမှာ ကျောရိုးရှိသတ္တဝါများထဲမှ lungfish နှင့် ကျောရိုးမဲ့သတ္တဝါများထဲမှ pulmonate snails တို့ဖြစ်သည်။ နို့တိုက်သတ္တဝါများနှင့် အခြားရှုပ်ထွေးသော ပုံသဏ္ဌန်ရှိသည့် သတ္တဝါတို့တွင် အဆုတ် ၂ ခုသည် ရင်ဘတ်ထဲ၌ နှလုံး ၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ အဆုတ်၏ အဓိကလုပ်ငန်းဆောင်တာမှာ လေထုထဲမှ အောက်ဆီဂျင်ကို သွေးစီးဆင်းမှုအတွင်းသို့ သယ်ဆောင်ရန်နှင့် သွေးစီးဆင်းမှုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို လေထုအထဲသို့ ထုတ်လွှတ်ရန် ဖြစ်သည်။ အဆုတ် ရင်ခေါင်းအတွင်း လက်ဝဲလက်ယာ တစ်ဘက် တစ်ချက်၌ လက်ဝဲအဆုတ်၊ လက်ယာအဆုတ်ဟူ၍ နှစ်ခုရှိရာ ထိုအဆုတ်နှစ်ခုကြား၌ နှလုံး၊ သွေးကြောကြီးများ၊ လေပြွန်နှင့် အစာပြွန်တို့ ရှိကြသည်။ အဆုတ်သည် ပင်လယ်ရေမြှပ်ကဲ့သို့ အခန်းကလေးပေါင်း မြောက်မြားစွာဖြင့် ပွလျက်ရှိသည်။ လည်ချောင်းမှ ဆင်းလာသော လေပြွန်သည် အဆုတ်နှစ်ခုကို ပေါင်းစပ်ထားသည်။ ထိုလေပြွန်သည် ရင်ခေါင်းအတွင်းသို့ ဝင်လာပြီးသည့်နောက် အဆုတ်များ၏ အလယ်နီးပါးလောက် ရောက်သောအခါ နှစ်ခုကွဲထွက်သွားပြီးလျှင် လက်ဝဲအဆုတ်နှင့် လက်ယာအဆုတ်ထဲသို့ အသီးအသီး ဝင်သွားကြသည်။ ထိုနောက် မရေမတွက်နိုင်အောင် များပြားလှသော ပြွန်ကလေး များအဖြစ်သို့ ဖြာထွက်သွားသည်။ အငယ်ဆုံး ပြွန်ကလေး များသည် ခွက်ကလေး များကဲ့သို့သော လေအိတ်ငယ်များ ဖြစ် သွားလေသည်။ လေအိတ်ငယ် တစ်ခုတစ်ခုတွင် သွေးမြှင်ကြော ခေါ် အလွန်သေးငယ်သော သွေးကြောများ ဖြာလျက်ရှိသည်။ လေအိတ်ငယ်များသည် စပျစ်သီးများကဲ့သို့ အဆုတ် အဆုတ်ဖြင့် စုလျက်ရှိရာမှ အခိုင်များအဖြစ်သို့ စုပေါင်း သွားလေသည်။ လက်ဝဲအဆုတ်တွင် နှစ်ခိုင်ရှိ၍ လက်ယာ အဆုတ်တွင် သုံးခိုင်ရှိသည်။ အဆုတ်ပြွန်နှင့်တကွ သွေးကြောများ၊ သွေးမြှင်ကြောများ၊ အဆုတ်နာဗ်ကြောများကို ရုန်းကန်သတ္တိရှိသော တစ်ရှူးတစ်ခု က စုပေါင်းဖုံးအုပ်ထားသည်။ အဆုတ်များသည် လေနှင့်ပြည့် နေသည့်အခါ ရော်ဘာအိတ်များကဲ့သို့ ဖောင်းလာနိုင်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အဆုတ်များသည် အရွယ်နှင့် စာလျှင် အလွန်ပေါ့သော အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြသည်။ ယောက်ျားအဆုတ်များသည် သုံးပေါင်ခန့်လေး၍ မိန်းမအဆုတ် များမှာ ၂၃/၄ ပေါင်ခန့်လေသည်။ ယောက်ျားအဆုတ်များသည် မိန်းမအဆုတ်များထက် ကြီးသည့်ပြင် ပို၍လည်း လေးသည်။ ၁၅ နှစ်မှ ၄ဝ အရွယ်ထိ လူများသည် တစ်မိနစ်လျှင် ၁၆ ကြိမ်မှ ၁၈ ကြိမ် တိုင်အောင် အသက်ရှူရ၏။ မိန်းမများ၏ အဆုတ်သည် ယောက်ျားများ၏ အဆုတ်ထက် ငယ်ခြင်းကြောင့် အသက်ရှူသည့်အခါ အဆုတ်တွင်း၌ လေကို ကြာရှည်စွာ လှောင်မထားနိုင်သဖြင့် ယောက်ျားများထက် အသက်ရှူမြန် သည်။ ကလေးသူငယ်တို့၏ အဆုတ်သည် မိန်းမအဆုတ်များ ထက်ပင် ငယ်ပြန်သဖြင့် အသက်ရှူသည့်အခါ လျင်မြန်စွာ ရှူ ကြရသည်။ အဆုတ်များသည် အသက်အရွယ်ကို လိုက်၍ အရောင် အမျိုးမျိုးရှိရာ ကလေး သူငယ်၏အဆုတ်သည် ပန်းရောင်ဖြစ်၍ လူကြီး၏အဆုတ်မှာ အညိုရောင်ဖြစ်ပြီးလျှင် အစက်အပြောက်များ ရှိသည်။ အဖိုးအိုများ အဆုတ်သည် ပို၍ပင် ညိုသေး၏။ အဆုတ်များသည် ကိုယ်ခန္ဓာဆဲများကို အောက်ဆီဂျင်ဓာတ် အမြဲပေးလျက်ရှိ၏။ သွေးသည် အာဟာရ ဓာတ်များကို သယ်ဆောင်၍ တစ်ကိုယ်လုံးသို့ လှည့်ပတ်လျက်ရှိရာတွင် အောက်ဆီဂျင်ဓာတ်ကိုထုတ်၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူထားသည်။ အောက်စီဂျင်ဓာတ်ထပ်၍ရရန် သွေးကို အလယ်ဗဟိုဌာန အချို့သို့ ပို့ပေးရပြန်လေသည်။ လူတစ်ယောက် အသက်ရှူတိုင်း အောက်ဆီဂျင်ပါသော လေကောင်းလေသန့် သည် အဆုတ်များထဲသို့ ဝင်၏။ အောက်စီဂျင်သည် လေအိတ် နှင့် ယင်းတို့၏ သွေးမြှင်ကြောများ၏ နံရံမှ စိမ့်ထွက်လာရာ သွေးများက စုပ်ယူထားကြ၏။ သွေးများမှတဆင့် အောက်စီဂျင် သည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ သွားလေသည်။ အညစ်အကြေး ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်သည်ကား အသက်ရှူ ထုတ်ရာ၌ ပြင်ပသို့ ထွက်သွားလေသည်။ အဆုတ်ထဲသို့ လေယူသွင်းခြင်းကို ဝင်လေဟုခေါ်၍ အပြင် သို့ ရှူထုတ်လိုက်ခြင်းကို ထွက်လေဟု ခေါ်သည်။ နှစ်ခုစလုံး ကို ပေါင်း၍ ထွက်လေ ဝင်လေဟုခေါ်သည်။ အဆုတ်၏ အပြင်မျက်နှာပြင်သည် အလွန်ပင် ကြီး၏။ လေအိတ်ငယ်များ ၏ နံရံကို ဖြန့်ထုတ်၍ နံဘေးချင်းယှဉ်ကာ စီထားနိုင်ခဲ့လျှင် ယင်း၏ အကျယ်အဝန်းဧရိယာမှာ စတုရန်းပေပေါင်း ၂၆ဝဝ ခန့်ရှိလိမ့်မည်။ သို့မဟုတ် တစ်ဧက၏ ၁၇ ပုံ၊ တစ်ပုံ ကျော် ကျော်ခန့် ရှိပေလိမ့်မည်။ တစ်နေ့လျှင် ခန္ဓာကိုယ်အတွင်းသို့ အောက်ဆီဂျင် ၂၅ အောင်စခန့် ဝင်လိမ့်မည်ဟု သိပ္ပံပညာရှင် တို့က ခန့်မှန်းကြသည်။ သို့သော် လူတစ်ယောက်နှင့်တစ် ယောက် စားသောအစာနှင့် ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်မှုအမျိုးပေါ်တွင် မူတည်၍ အောက်ဆီဂျင် ဝင်ပုံချင်း မတူကြချေ။ အနည်းအများ ကွာခြားကြ၏။ အဆုတ်များအတွက် အစိုးရိမ်ရဆုံးသော ရောဂါများကား အဆုတ်ရောင်နာနှင့် တျူဗာကယ် ပိုးစွဲနာတို့ ဖြစ်ကြသည်။ ထိုရောဂါနှစ်ခုစလုံးပင် ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်သည်။ ဤရောဂါမျိုးစွဲသော လူများကို လူနေအိမ်ခြေ ပြွတ်သိပ်၍ သန့်ရှင်းမှု မရှိသော နေရာများ၌ အများအပြား တွေ့ရသည်။ အဆုတ်ရောင်နာသည် အဆုတ်တွင်းရှိ လေဆဲများ ရောင်ခြင်း ပင် ဖြစ်သည်။ အဆုတ်ပြွန်များ ရောင်ခြင်းကို အဆုတ်ပြွန် ရောင်နာဟု ခေါ်သည်။ ရင်တွင်းမြှေးရောင်ခြင်းကို အဆုတ်မြှေး ရောင်ရောဂါဟုခေါ်သည်။ အဆုတ်တစ်ခုလုံးကို အပြင်ဘက်မှ ဖုံးအုပ်ထားသော ရုန်းကန်အမြှေးပါးပါးကို ရင်တွင်းအမြှေးဟု ခေါ်သည်။ မကောင်းသောလေသည် အဆုတ်နှင့်တကွ တစ်ကိုယ်လုံးကို ရောဂါအမျိုးမျိုး စွဲကပ်စေနိုင်ကြောင်း လူတိုင်းသိရှိလာသည့် အားလျော်စွာ ယခုအခါ လေကောင်းလေသန့်၏ တန်ဖိုးရှိပုံကို ကျောင်းများ၊ အိမ်များနှင့် လူထုအစည်းအဝေးခန်းမဆောင် များတွင် ပြောဟောလျက်ရှိကြသည်။ အဆုတ်သည် လို သလောက် ပွလာနိုင်ပြီးလျှင် ကျုံ့သွားနိုင်ကြောင်းကိုလည်း သိရှိနားလည်ရန် အရေးကြီးလှပေသည်။ ထိုကြောင့် အသက် ရှူရာတွင် နံရိုးနှင့် ဝမ်းဗိုက်လှုပ်ရှားမှုတို့ကို ချုပ်တည်းထားနိုင် သော အဝတ်ကြပ်ကြပ်များ မဝတ်ဆင်သင့်ပေ။ အရက်ကို မှန်မှန် အလွန်အကြူး သောက်တတ်သူများသည် အဆုတ်ရောင်နာ ဖြစ်တတ်သည်။ ဆေးလိပ် သောက်သောသူ များသည် မီးခိုးကို အဆုတ်ထဲသို့ ရှူသွင်းရာ ယင်းသို့ ရှူသွင်း ခြင်းအားဖြင့် လေသွားလမ်းများ၏ အတွင်းရံကို ယားယံရောင် စေ၍ အားနည်းစေနိုင်သည်။ ကိုးကား ခန္ဓာဗေဒ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%86%E1%80%AF%E1%80%90%E1%80%BA
ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံ(၊ တရားဝင်အမည်: )သည် အရှေ့အာရှတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိပြီး ဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် ရုရှားတို့၏ အရှေ့ဘက်တွင် ရှိပြီး မြောက်ဘက်ရှိ အိုဟွတ်ပင်လယ်မှတောင်ဘက် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တို့အထိ ဖြန့်ကျက်တည်ရှိသည်။ ဂျပန်၏ နာမည်ကို ဖော်ကျူးထားသော စာလုံးမှာ "နေပင်; နေမြစ်; နေ၏ အရင်းအမြစ်" ဟု အဓိပ္ပာယ်ရသည်။ ဂျပန်သည် ကျွန်းပေါင်း ၆၈၄၈ကျွန်း ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ အကြီးဆုံးကျွန်းများမှာ ဟွန်ရှူး(本州)၊ ဟော့ကိုင်းဒိုး(北海道)၊ ကျူရှူး (九州) နှင့် ရှီကိုကူး (四国) တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံ၏ မြေနေရာစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းမျှရှိသည်။ ဟွန်းရှူးကျွန်းပေါ်တွင် မြို့တော်တိုကျိုနှင့် အခြားအိုဆာကာ၊ကျိုတို ကဲ့သို့မြို့ကြီးများလည်းရှိသည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီးအများအပြားမှာ မီးတောင်များဖြစ်ကြပြီး မီးတောင်ပေါင်း၁၁၀ရှိသည်။ ထိုမီးတောင်များအနက် မီးတောင်၄၇ခုသည် မီးတောင်ရှင်များဖြစ်သည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် ဒဿမမြောက် လူဦးရေအများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၈ သန်းမျှရှိသည်။ တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံးမြို့ကြီးများထဲတွ င်ပါဝင်သည်။ မြို့တော်ဖြစ်သော တိုကျို့မြို့ကိုစီရင်စု(၃)ခုဖြင့်ဖွဲစည်းထားကာ ခန့်မှန်းလူဦးရေ သန်း ၃္၈.၁၄ နေထိုင်ကြသည်။ ရှေးဟောင်းသုတေသန လေ့လာချက်များအရ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း အချိန်ကာလကပင် ဂျပန်ကျွန်းများ ပေါ်တွင် လူများ နေထိုင်လျက် ရှိကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။ ဂျပန်ဟူသော အမည်နာမကို သမိုင်းမှတ်တမ်းအဖြစ် ပထမအေဒီရာစုနှစ်မှ တရုတ်သမိုင်းစာအုပ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိရပြီး အကျဉ်းချုံးသာ ဖော်ပြထားသည်။ အချိန်ကာလကြာမြင့်စွာ တသီးတသန့် နေခဲ့ပြီးနောက် ပြင်ပကမ္ဘာမှ လွှမ်းမိုးမှုများ ရောက်ရှိလာခြင်းသည် ဂျပန်သမိုင်း၏ သွင်ပြင်လက္ခဏာပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်သုံးစွဲသည့် အချိန်မှစ၍ ဂျပန်သည် ဘုရင်ရှိသော စည်းမျဉ်းခံဘုရင်စနစ်နှင့် ဒိုင်းယက်ခေါ် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အထက်နှင့် အောက်လွှတ်တော်တို့ တပေါင်းတစည်းတည်းအုပ်ချုပ်သည့်စနစ်ကို ထိန်းသိမ်းကျင့်သုံးလာခဲ့သည်။ ဂျပန်သည် အဓိက စီးပွားရေး အင်အားစုဖြစ်ပြီး nominal GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး) အရ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်ပြီး တတိယမြောက် အကြီးဆုံး ဝယ်အားရှိသည့် နိုင်ငံဖြစ်သည်။ ဂျပန်သည် ကုလသမဂ္ဂ၊ G8၊ G4၊ OECD နှင့် APEC တို့၏ အဖွဲ့ဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကာကွယ်ရေးသုံးငွေ ပဉ္စမမြောက် အများဆုံး နိုင်ငံဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး ကုန်စည်တင်ပို့သူဖြစ်ပြီး ဆဋ္ဌမမြောက် အကြီးဆုံး ကုန်စည် တင်သွင်းသူဖြစ်သည်။ ဂျပန်သည် လူနေမှု အဆင့်အတန်း မြင့်မားသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်။ လူထုဖွံဖြိုးမှုကိန်းညွှန်းနိုင်ငံများ စာရင်းတွင် အဆင့် ၈ ရှိသည်။ ကမ္ဘာပေါ်တွင် နည်းပညာ၊ စက်ပစ္စည်းနှင့် စက်ရုပ်ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ဦးစီးဦးဆောင်သည့် နေရာမှရှိသော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူ့သက်တမ်းအရှည်ဆုံးနှင့် ကလေးသူငယ်သေဆုံးမှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကီမီဂါယော့သည် ဂျပန်ပြည်၏ နိုင်ငံတော်သီချင်းဖြစ်သည်။ ဤသီချင်းသည် ဂျပန်အင်ပါယာ၏ နိုင်ငံတော်သီချင်း ဖြစ်သကဲ့သို့ ဂျပန်ဧကရာဇ်၏ ဘုန်းတော်ဘွဲ့တေးလည်းဖြစ်သည်။ အခေါ်အဝေါ် အင်္ဂလိပ်ဘာသာတွင် ဂျပန်နိုင်ငံဟု ခေါ်ဆိုသော်လည်း ဂျပန်ဘာသာ စကားတွင် ဂျပန်နိုင်ငံကို နိပွန် သို့မဟုတ် နိဟွန်း ဟုခေါ်ဆိုကြပြီး ထိုအမည် နှစ်ခုစလုံးကို ဂျပန် ခန်းဂျီး အက္ခရာဖြင့် ( 日本) ဟု ရေးသည်။ ဂျပန်တွင် နိပွန် ဆိုသော အမည်ကို ရုံးသုံးအတွက် အသုံးများကြပြီး ဂျပန်ယန်းငွေ၊ စာတိုက်တံဆိပ်ခေါင်း နှင့် နိုင်ငံတကာ အားကစားပွဲများတွင် သုံးနှုန်းလေ့ ရှိကြသည်။ နိဟွန်း ဆိုသော အခေါ်အဝေါ်ကိုမူ ယနေ့ခေတ် စကားပြောများတွင် သုံးကြသည်။ ဂျပန် လူမျိုးတို့ကို သူတို့ဘာသာ ဂျပန် ဘာသာစကားဖြင့် နိဟွန်းဂျင်း ဟု လည်းကောင်း၊ ဂျပန်ဘာသာကို နိဟွန်းဂေါ့ ဟု လည်းကောင်း ခေါ်ဆိုလေ့ ရှိပြီး အဓိပ္ပာယ်မှာ နေအမျိုးအနွယ်ဟူ၍ ဖြစ်ပြီး တစ်ခါတရံ နေထွက်ရာတိုင်းပြည် (Land of the Rising Sun) ဟု ဘာသာပြန်ဆိုတတ်ကြသည်။ ထိုအသုံးအနှုန်းမှာ တရုတ်ပြည်ရှိ ဂျပန်သံတမန်များမှ စတင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်လျှင် ဂျပန်က ပို၍ ရှေ့ဘက်သို့ ကျခြင်းကို ညွှန်းဆိုခြင်း ဖြစ်သည်။ သမိုင်းကြောင်း သမိုင်းမတင်မီခေတ် နှင့် ရှေးခေတ် သမိုင်းကြောင်း ဂျပန်ကျွန်းစုတွင် လူသားတို့ အခြေချနေထိုင်ခဲ့သည့် လက္ခဏာကို ကျောက်ခေတ်ဟောင်း ကာလ ဘီစီ ၃၀,၀၀၀ ခန့်က ပင်တွေ့ရှိရသည်။ ထို့နောက်တွင် ဂျိုမွန်ကာလ ဘီစီ ၁၄,၀၀၀ ခန့်မှ စ၍ ကျောက်ခေတ်လယ် နှင့် ကျောက်ခေတ်သစ် ကာလရှိ ယနေ့ခေတ် အအီနု လူမျိုးနှင့် ယာမာတိုလူမျိုး တို့၏ ဘိုးဘေးများ ဖြစ်ကြသော တစ်နေရာမှ တစ်နေရာသို့ အမြဲတစေ ရွှေ့ပြောင်းခြင်း မပြုတော့ဘဲ ကျောက်ဂူတွင်း နေထိုင်သော မုဆိုးနှင့် ပစ္စည်းရှာဖွေသူတို့၏ အကြွင်းအကျန်များ နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့၏ အကြွင်းအကျန်များကို တွေ့ရသည်။ ထိုကာလမှ ရွှံ့ဖြင့် ပြုလုပ်ပြီး အလှဆင်ထားသော ခွက်များသည် ကမ္ဘာပေါ်တွင် အစောဆုံးသော အိုးလုပ်ငန်းမှ လက်ရာများပင် ဖြစ်သည်။ ဘီစီ ၃၀၀ ခန့်တွင် ယာယိုအီ လူမျိုးတို့ ဂျပန်ကျွန်းများသို့ ရောက်ရှိလာကြပြီး ဂျိုမွန်လူမျိုးတို့နှင့် ရောနှောနေထိုင်ကြသည်။ ဘီစီ ၅၀၀ ခန့်တွင် စတင်သော ယာယိုအီ ကာလတွင် အလေ့အထအသစ်များ စတင်မိတ်ဆက်လာသည်ကို တွေ့ရသည်။ ၎င်းတို့မှာ စပါးစိုက်ပျိုးခြင်း၊ အိုးလုပ်ငန်း ပုံစံအသစ် နှင့် သတ္တုပညာ တို့ဖြစ်ပြီး ကိုရီးယား နှင့် တရုတ်မှ ရွှေ့ပြောင်းလာသောသူတို့ ယူဆောင်လာခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံနှင့် ပတ်သက်သည့် အစောဆုံး မှတ်တမ်းကို တရုတ်လူမျိုးတို့၏ "ဟန်မှတ်တမ်း" ဟုခေါ်သော တရုတ်သမိုင်းမှ တဆင့် တွေ့ရသည်။ တရုတ်တို့၏ "ပြည်ထောင် ၃ ခု မှတ်တမ်း" ဟု အမည်ရသော သမိုင်းစာအုပ်အရ အေဒီ ၃ရာစုတွင် ဂျပန်ကျွန်းစုပေါ်မှ အင်အားအကောင်းဆုံး တိုင်းပြည်ကို ယာမာတိုင်းကိုကု ဟု ခေါ်သည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာကို ဂျပန်နိုင်ငံနှင့် စတင် ရောက်ရှိလာသည်မှာ ကိုရီးယား ပတ်ချဲ တိုင်းပြည်မှ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်း ဗုဒ္ဓဘာသာ တိုးတက် ပြန့်ပွားလာမှုတွင် တရုတ်တို့၏ လွှမ်းမိုးမှု များစွာ ပါဝင်လေသည်။ အစောပိုင်းက လက်မခံမှုများရှိသော်လည်း နောက်ပိုင်းတွင် အုပ်ချုပ်သူ လူတန်းစားများက ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် လုပ်ဆောင်လာကြပြီး အာဆုကာ ခေတ် (၅၉၂-၇၁၀) သို့ ရောက်သော အခါတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ လာကြသည်။ ၈ ရာစုနှစ် နာရာခေတ် (၇၁၀-၇၈၄) သို့ ရောက်သောအခါတွင် ဟဲအိဂျို နန်းတော် (ယနေ့ခေတ် နာရာ နေရာ) နေရာကို ဗဟိုပြု၍ အင်အား အလွန်ကောင်းသော ဂျပန်တိုင်းပြည် ဖြစ်ပေါ်လာခဲ့သည်။ နာရာခေတ်မှစ၍ ဂျပန်စာပေ အစပျိုးလာခဲ့ပြီး ဗုဒ္ဓဘာသာပေါ် အခြေခံသော ဂျပန် အနုပညာ နှင့် ဗိသုကာပညာရပ်တို့ ဖြစ်ပေါ်တိုးတက်လာခဲ့သည်။ ၇၃၅-၇၃၇ ကြား ဖြစ်ပွားခဲ့သော ကျောက်ရောဂါ ကပ်ကြီးကြောင့် ဂျပန်နိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံခန့် သေဆုံးခဲ့သည်။ ၇၈၄ ခုနှစ်တွင် ကန်မူးမင်းက မြို့တော်ကို နာရာမှ နာဂါအိုကာကျိုး နေရာသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှ တဆင့် ယနေ့ခေတ် ကျိုတိုမြို့ နေရာ ဖြစ်သော ဟဲအိအန်ကျိုး သို့ ၇၉၄ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်မှစ၍ ဟဲအိအန် ခေတ် (၇၉၄-၁၁၈၅) စတင်ခဲ့ပြီး ထိုအချိန်မှစ၍ တသီးတခြားဖြစ်သော ဂျပန် ယဉ်ကျေးမှု ခိုင်မာစွာ ပေါ်ထွန်းလာခဲ့ကာ အနုပညာ၊ အိုးလုပ်ငန်း နှင့် ဘာသာစကားတို့ ဖြစ်ကြသည်။ လေဒီ မူရာဆာကီ၏ ဂန်းဂျိ ပုံပြင်များနှင့် ဂျပန်နိုင်ငံတော် သီချင်းဖြစ်သော ကိမိဂါရိုတို့ကို ထိုအချိန်က ရေးသားခဲ့ကြခြင်း ဖြစ်သည်။ ဟဲအိအန်ခေတ်အတွင်း ဗုဒ္ဓဘာသာ ပြန့်ပွားလာခဲ့ပြီး အဓိကအားဖြင့် ဂိုဏ်းနှစ်ခု ဖြစ်သော ဆိုင်ချိုး၏ တန်ဒိုင်းဂိုဏ်း နှင့် ကူးကိုင်း၏ ရှင်ဂုံဂိုဏ်းတို့ ဖြစ်ကြသည်။ မဟာယန ဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတစ်ခု ဖြစ်သော သန့်ရှင်းသောမြေ၏ ဗုဒ္ဓဝါဒ (ဂျိုဒိုရှူး ၊ ဂျိုဒိုရှင်ရှူး ) မှာ ၁၁ ရာစု၏ နောက်တစ်ဝက်တွင် အလွန် ထင်ရှားလာခဲ့သည်။ မြေရှင်ပဒေသရာဇ်ခေတ်ကာလ ဂျပန်တို့၏ မြေရှင်ပဒေသရာဇ် ခေတ်ကာလမှ ဆာမူရိုင်း ဟုခေါ်သော အုပ်ချုပ်သူ စစ်သူရဲများ ပေါ်ပေါက်လာခြင်းနှင့် ထင်ရှားလာခြင်းတို့ဖြင့် အစပျိုးခဲ့သည်။ ၁၁၈၅ ခုနှစ် ဂန်ပေးစစ်ပွဲအတွင်း တိုင်ရာ မျိုးနွယ်စုတို့ ရှုံးနိမ့်ခဲ့ပြီးနောက် ဟဲအိကဲပုံပြင်များအရ ဆာမူရိုင်း မိနာမိတို နော့ ယိုရီတိုမိုကို ရှိုးဂန်း အဖြစ် ခန့်အပ်ခဲ့ပြီး ကမာကူရာ တွင် အခြေစိုက် အုပ်ချုပ်ခဲ့သည်။ သူ သေဆုံးပြီးနောက် ဟိုဂျို မျိုးနွယ်စုသည် ရှိုးဂန်း များအတွက် အုပ်ချုပ်သူ ဖြစ်လာခဲ့သည်။ ကမာကူရာ ခေတ် (၁၁၈၅-၁၃၃၃) အတွင်းတွင် တရုတ်နိုင်ငံမှ ဇင်ဗုဒ္ဓဘာသာကို စတင်မိတ်ဆက်ခဲ့ပြီး ဆာမူရိုင်းအလွှာများ ကြားတွင် ရေပန်းစားလာခဲ့သည်။ ကမာကူရာ ရှိုးဂန်းတို့က ၁၂၇၄ နှင့် ၁၂၈၁ တွင် မွန်ဂို ကျူးကျော်သူတို့ကို တွန်းလှန်ခဲ့သော်လည်း နောက်ဆုံးတွင် ဂိုဒိုင်ဂိုမင်းမှ နောက်ဆုံးတွင် သူတို့အား ဖယ်ရှားပစ်ခဲ့သည်။ ဂိုဒိုင်ဂိုမင်းသည် ၁၃၃၆တွင် အာရှီကာဂါ တာကာအူဂျီ အား ရှုံးနိမ့်ခဲ့သည်။ အာရှိကာဂါ တာကာအူဂျီက မူရိုမာချီ ၊ ကျိုတိုတွင် ရှိုးဂန်းနိတ် ကို တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ မူရိုမာချီခေတ် (၁၃၃၆-၁၅၇၃) စတင်ခဲ့သည်။ အာရှီကာဂါ ရှိုးဂန်းနိတ် သည် အာရှိကာဂါ ယိုရှီမိဆု လက်ထက်တွင် ဂုဏ်ရောင် ထွန်းပြောင်ခဲ့ပြီး ဇင်ဗုဒ္ဓဘာသာကို အခြေခံသော ယဉ်ကျေးမှု တိုးတက်မြင့်မားခဲ့သည်။ ထိုမှတဆင့် ဟီဂါရှိယာမ ယဉ်ကျေးမှု တိုးတက်လာခဲ့ပြီး ၁၆ ရာစုတိုင်အောင် တိုးတက် မြင့်မားခဲ့သည်။ အခြားတစ်ဖက်တွင်မူ နောက် ဆက်ခံသော အာရှိကာဂါ ရှိုးဂန်းများသည် ဒိုင်မျိုဟုခေါ်သော မြေရှင်ပဒေရာဇ် စစ်ခေါင်းဆောင်များကို ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိဘဲ ၁၄၆၇ တွင် အိုးနင်စစ်ပွဲဟု ခေါ်သော ပြည်တွင်းစစ် စတင်ခဲ့ကာ ရာစုနှစ်တစ်ခုစာ ကြာသည့် ဆန်ဂိုးကုခေတ် ဟုခေါ်သည် ပြည်ထောင်စစ်ပွဲများ စတင်လာခဲ့သည်။ ၁၆ရာစု အတွင်းတွင် ပေါ်တူဂီမှ ကုန်သည်များနှင့် ခရစ်ယာန် သာသနာပြုများ ဂျပန်သို့ ရောက်ရှိလာခဲ့ပြီး ဂျပန်နှင့် အနောက်တိုင်းတို့အကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု တိုက်ရိုက်ဖလှယ်ခြင်း စတင်ခဲ့သည်။ အိုဒါ နိုဘူနာဂါသည် အခြား ဒိုင်မျိုများကို ဥရောပ နည်းပညာနှင့် လက်နက်များကို အသုံးပြု၍ အောင်နိုင်ခဲ့သည်။ ၁၅၅၂ ခုနှစ် သူ လုပ်ကြံခံရပြီးနောက် ဆက်ခံသူ တိုယိုတိုမီ ဟီဒဲယိုရှီက ၁၅၉၀တွင် နိုင်ငံကို ပေါင်းစည်းခဲ့သည်။ ဟီဒဲယိုရှီက ကိုရီးယားကို နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ခဲ့သည်။ ကိုရီးယားနှင့် မင်မင်းဆက်၏ တရုတ်တပ်များကို ရှုံးနိမ့်ပြီး ဟီဒဲယိုရှီ ကွယ်လွန်ပြီးနောက် ဂျပန်တပ်များ ကိုရီးယားမှ ၁၅၉၈ တွင် ဆုတ်ခွာလာခဲ့သည်။ ထိုခေတ်ကို အာဇူချီ-မိုမိုယာမာခေတ် (၁၅၇၃-၁၆၀၃) ဟု ခေါ်သည်။ တိုဂူဂါဝါ အိအဲယာဆု သည် ဟိဒဲယိုရှီ၏ သားအရွယ်မရောက်မီ ယာယီအုပ်ချုပ်သူအဖြစ် အမှုထမ်းခဲ့ပြီး သူ၏ နေရာကို အသုံးပြု၍ နိုင်ငံရေးနှင့် စစ်ရေး ထောက်ခံမှု ရရှိစေရန် ပြုလုပ်ခဲ့သည်။ စစ်ပွဲ ဖြစ်ပွားသော အခါတွင် သူသည် ၁၆၀၀ ခုနှစ်၌ ပြိုင်ဘက် မျိုးနွယ်စုတို့ကို ဆဲကိဂါဟာရ စစ်ပွဲတွင် အနိုင်ရခဲ့သည်။ အိအဲယာဆုသည် ၁၆၀၃ ခုနှစ်တွင် ရှိုးဂန်းအဖြစ် ခန့်အပ်ခဲ့ရပြီး အဲဒိုခေါ် ယနေ့ခေတ်တိုကျို နေရာတွင် တိုကုဂါဝါ ရှိုးဂန်းနိတ် ကို တည်ထောင်ခဲ့သည်။ တိုကုဂါဝါ ရှိုးဂန်းနိတ် သည် ဘူကဲ ရှိုဟတ်တို အပါအဝင် စည်းမျဉ်းများကို ချမှတ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိုင်မျိုများ ထိန်းချုပ်နိုင်ရန် အတွက် လိုက်နာရမည့် စည်းမျဉ်းအဖြစ် သတ်မှတ်ခဲ့သည်။ ၁၆၃၉ ခုနှစ်တွင် ဆာကိုကု ဟုခေါ်သော တံခါးပိတ် ဝါဒ ပေါ်လစီကို ရာစုနှစ် ၂ ခုခွဲမျှ ကြာအောင် ကျင့်သုံးခဲ့ပြီး အားပျော့သော နိုင်ငံရေးဆိုင်ရာ စည်းလုံးညီညွတ်မှု အချိန်ကာလ ဖြစ်သည့် အဲဒိုခေတ် (၁၆၀၃-၁၈၆၈) အဖြစ် တည်ရှိခဲ့သည်။ ရန်းဂါးကု ဟုခေါ်သော အနောက်တိုင်း သိပ္ပံပညာများကို နာဂါဆာကီရှိ ဒတ်ချ်တို့ စုဝေးရာ ဖြစ်သော ဒဲဂျီးမားမှ တဆင့် ဆက်လက်လေ့လာခဲ့သည်။ အဲဒိုခေတ်တွင် ကိုကုဂကု (အမျိုးသားရေး ဘာသာ) ဟုခေါ်သော ဂျပန်တို့မှ ဂျပန်နိုင်ငံ အကြောင်း လေ့လာသော ဘာသာရပ်လည်း တိုးတက် ထွန်းကားလာခဲ့သည်။ ခေတ်သစ်ကာလ ၁၈၅၄ ခုနှစ် မတ်လ ၃၁ ရက်တွင် အမေရိကန် ရေတပ်ဗိုလ်မှူးချုပ် မက်သယူးပယ်ရီသည် အမေရိကန်ရေတပ်မှ သင်္ဘောနက်ဟု ဂျပန်တို့ခေါ်သော အနောက်တိုင်း သင်္ဘောများဖြင့် ရောက်ရှိလာပြီး ကာနာဂါဝါ သဘောတူညီချက်ဖြင့် ဂျပန်တို့ကို ဖိအားပေး၍ ပြင်ပကမ္ဘာနှင့် ဆက်သွယ်စေခဲ့သည်။ ဘာကူမတ်ဆု ခေတ်အတွင်း နောက်ဆက်တွဲ အနောက်နိုင်ငံများနှင့် ချုပ်ဆိုသော အလားတူစာချုပ်များကြောင့် ဂျပန်နိုင်ငံတွင် စီးပွားရေး နှင့် နိုင်ငံရေး ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။ ရှိုးဂန်း နုတ်ထွက်ပြီးနောက် ဘိုရှင်းစစ်ပွဲ ဖြစ်ပွားပြီး ဘုရင်အောက်တွင် အားလုံး စုပေါင်းထိန်းချုပ်သောနိုင်ငံ (မေဂျီပြန်လည်တည်ထောင်ရေး) အဖြစ် စတင် တည်ထောင်ခဲ့သည်။ အနောက်တိုင်းမှ နိုင်ငံရေး၊ တရားစီရင်ရေး နှင့် စစ်ရေးအဖွဲ့အစည်းများ ပုံစံကို ယူပြီးနောက် ဂျပန်အစိုးရအဖွဲ့သည် ပရိုင်ဗီကောင်စီကို ဖွဲ့စည်းခဲ့ပြီး မေဂျီ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို စတင်မိတ်ဆက်ကာ ဂျပန်လွှတ်တော်ကို တည်ထောင်ခဲ့သည်။ မေဂျီ ပြန်လည်တည်ဆောက်ရေးမှ ဂျပန် အင်ပိုင်ယာကို စက်မှုလုပ်ငန်း ဖွံ့ဖြိုးသော ကမ္ဘာ့အင်အားကြီး နိုင်ငံ အဖြစ်သို့ ရောက်ရှိစေခဲ့ပြီး ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်အတွက် စစ်ရေးပဋိပက္ခများကို စတင် ဖန်တီးခဲ့သည်။ ပထမ တရုတ်-ဂျပန်စစ် (၁၈၉၄-၁၈၉၅) နှင့် ရုရှား-ဂျပန်စစ် (၁၉၀၄-၁၉၀၅) တို့ အပြီးတွင် ဂျပန်တို့သည် ထိုင်ဝမ်၊ ကိုရီးယား နှင့် ဆာခါလင်၏ တောင်ဘက် တစ်ဝက်ကို ရယူ ထိန်းချုပ်နိုင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ လူဦးရေမှာ ၁၈၇၃တွင် ၃၅ သန်းမှ ၁၉၃၅ တွင် သန်း ၇၀ သို့ တိုးတက်လာခဲ့သည်။ ၂၀ ရာစု အစောပိုင်းတွင် တိုင်းရှိုး ဒီမိုကရေစီခေတ်အနေဖြင့် ခဏတာ ရှိခဲ့သော်လည်း နယ်ချဲ့စနစ်နှင့် စစ်အင်အားတိုးချဲ့မှုတို့က လွှမ်းမိုးသွားခဲ့သည်။ ပထမကမ္ဘာစစ် တွင် ဂျပန်တို့သည် စစ်နိုင်သည့် မဟာမိတ်များဘက်မှ ရှိခဲ့ပြီး သူတို့၏ ဩဇာလွှမ်းမိုးမှုနှင့် နယ်မြေပိုင်ဆိုင်မှုကို ချဲ့ထွင်နိုင်ခဲ့သည်။ ဂျပန်တို့သည် နယ်ချဲ့ ပေါ်လစီကို ဆက်လက် ကျင့်သုံးခဲ့ပြီး ၁၉၃၁တွင် မန်ချူးရီးယားကို သိမ်းပိုက်ခဲ့သဖြင့် နိုင်ငံတကာမှ ကန့်ကွက် ရှုံ့ချခြင်းကို ခံခဲ့ရသည်။ နှစ်နှစ်အကြာတွင် ဂျပန်တို့ နိုင်ငံပေါင်းချုပ် အသင်းကြီး မှ နုတ်ထွက်ခဲ့သည်။ ၁၉၃၆တွင် ဂျပန်တို့သည် နာဇီဂျာမနီ နှင့် ကွန်မြူနစ် ဆန့်ကျင်ရေး ပဋိညာဉ် စာချုပ်ကို လက်မှတ် ထိုးခဲ့ပြီး ၁၉၄၀တွင် သုံးပွင့်ဆိုင် ပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ဝင်ရိုးတန်းအင်အားကြီး နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၄၁ တွင် ဂျပန်တို့က ဆိုဗီယက်-ဂျပန် စစ်မတိုက်ရေး ပဋိညာဉ်စာချုပ်ကို ညှိနှိုင်း ချုပ်ဆိုခဲ့သည်။ ဂျပန်အင်ပိုင်ယာသည် ၁၉၃၇တွင် တရုတ်နိုင်ငံ အခြားဒေသများကို ကျူးကျော်ခဲ့ပြီး ဒုတိယ တရုတ်-ဂျပန်စစ် (၁၉၃၇-၁၉၄၅) ကို ဆင်နွှဲခဲ့သည်။ ဂျပန် ဘုရင့် တပ်မတော်သည် နန်ကျင်းမြို့ကို အလျှင်အမြန် သိမ်းပိုက်ခဲ့ပြီး နန်ကင်း လူသတ်ပွဲကို ကျူးလွန်ခဲ့သည်။ ၁၉၄၀ တွင် ဂျပန်တို့ ပြင်သစ် အင်ဒိုချိုင်းနားကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက ဂျပန်တို့အား လောင်စာဆီ ရောင်းချမှု ပိတ်ပင်ကန့်သတ်ခဲ့သည်။ ၁၉၄၁ ဒီဇင်ဘာ ၇ ရက်တွင် ဂျပန်တို့က အမေရိကန် ရေတပ်စခန်း ဖြစ်သော ပုလဲဆိပ်ကမ်း ကို တိုက်ခိုက်ပြီး စစ်ကြေညာခဲ့ကာ အမေရိကန်တို့ကို ဒုတိယကမ္ဘာစစ် အတွင်းသို့ ဝင်ရောက် လာစေခဲ့သည်။ ဆိုဗီယက်တို့က မန်ချူးရီးယားကို ကျူးကျော်ဝင်ရောက်ပြီး ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့တို့တွင် အဏုမြူဗုံး ကြဲချခြင်း ခံရပြီးနောက် ဂျပန်တို့ ဩဂုတ်လ ၁၅ ရက်တွင် အကန့်အသတ်မရှိ လက်နက်ချခဲ့သည်။ စစ်ပွဲကြောင့် ဂျပန် နှင့် အရှေ့အာရှ တစ်ခုလုံးတွင် လူသန်းပေါင်းများစွာ သေဆုံးခဲ့ပြီး နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။ အမေရိကန် ဦးဆောင်သော မဟာမိတ်များက အာရှတဝှမ်းရှိ ကိုလိုနီများ နှင့် စစ်စခန်းများမှ ဂျပန် သန်းပေါင်းများစွာကို အိမ်ပြန်ပို့ခဲ့ရပြီး ဂျပန် အင်ပိုင်ယာကို ဖျက်သိမ်းကာ ၎င်းတို့ သိမ်းယူထားသော နယ်မြေများကို လွတ်လပ်ရေး ပြန်လည် ရရှိစေခဲ့သည်။ မဟာမိတ်များက အရှေ့ဖျားဒေသအတွက် အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးကို ၁၉၄၆ ခုနှစ် မေလ ၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဂျပန်ခေါင်းဆောင် အချို့ကို စစ်ရာဇဝတ်မှုများ အတွက် တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ဘက်တီးရီးယား သုတေသန ဌာန နှင့် ဘုရင့်မိသားစုတို့ကိုမူ တရားခွင်သို့ တက်ရောက်စေခဲ့သော်လည်း ရာဇဝတ်သားအဖြစ် တရားစွဲဆိုခြင်းမှ မဟာမိတ်တပ်များဆိုင်ရာ စစ်သေနာပတိချုပ်မှ ကင်းလွတ်ခွင့် ပေးခဲ့သည်။ ၁၉၄၇ တွင် ဂျပန်တို့က လစ်ဘရယ် ဒီမိုကရေစီဝါဒကို အလေးပေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို စတင်ကျင့်သုံးခဲ့သည်။ ၁၉၅၂ တွင် ဆန်ဖရန်စစ္စကို စာချုပ်ဖြင့် မဟာမိတ်တို့ ဂျပန်မှ ထွက်ခွာသွားခဲ့ကာ ၁၉၅၆ တွင် ဂျပန်တို့အား ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ ထို့နောက်တွင် ဂျပန်နိုင်ငံသည် အလျှင်အမြန် တိုးတက်လာခဲ့ပြီး ကမ္ဘာတွင် ဒုတိယမြောက် အကြီးဆုံး စီးပွားရေး ရှိသောနိုင်ငံ ဖြစ်လာခဲ့သည်မှာ ၂၀၁၀ ခုနှစ် တရုတ်တို့ ကျော်တက် မသွားခင်အချိန်အထိ ဖြစ်သည်။ ထိုတိုးတက်မှုမှာ ၁၉၉၀ ပြည့်နှစ်လည်များတွင် အဓိက စီးပွားရေး ကျဆင်းမှု ကြုံတွေ့ပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ၂၁ ရာစု အလယ်ပိုင်းတွင် အပေါင်းလက္ခဏာ ဆန်သော တိုးတက်မှုများဖြင့် စီးပွားရေး ပြန်လည် တိုးတက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်တွင် ဂျပန်တို့သည် သမိုင်းတွင် အပြင်းထန်ဆုံးသော ငလျင်နှင့် ကြုံတွေ့ခဲ့ရပြီး နျူကလီးယား စွမ်းအင်၏ သမိုင်းတလျှောက်တွင် အဆိုးရွားဆုံး ဖြစ်သော ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်။ အစိုးရနှင့် နိုင်ငံရေး ဂျပန်နိုင်ငံသည် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံ ဖြစ်ပြီး ဘုရင်၏ ဩဇာအာဏာမှာ အနည်းအကျဉ်းမျှသာ ရှိသည်။ ပွဲလမ်းသဘင်များအတွက် ဥသျှောင် ဖြစ်သော ဘုရင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက "နိုင်ငံတော်နှင့် ပြည်သူတို့၏ စည်းလုံးညီညွတ်မှု ၏ ပြယုဂ်" ဟု သတ်မှတ်ထားသည်။ ဩဇာအာဏာမှာ ဝန်ကြီးချုပ် နှင့် ဒိုင်းယက်ဟု ခေါ်သော လွှတ်တော်၏ ရွေးချယ်ခံ အမတ်များ တွင်သာ ရှိသည်။ အချုပ်အခြာ အာဏာမှာ ပြည်သူတို့ ထံတွင်သာ ရှိသည်။ ဂျပန်နိုင်ငံ၏ လက်ရှိဘုရင်မှာ နာရူဟီတိုဖြစ်သည် ဂျပန်နိုင်ငံ၏ ဥပဒေပြု အစိတ်အပိုင်းမှာ နေရှင်နယ် ဒိုင်းယက် ဟုခေါ်သော လွှတ်တော် နှစ်ရပ်ဖြစ်သည်။ လွှတ်တော်တွင် အမတ် နေရာ ၄၈၀ ပါသော အောက်လွှတ်တော် ပါဝင်ပြီး ၄ နှစ်တကြိမ် သို့မဟုတ် ဖျက်သိမ်းသည့် အခါတွင် ပေါ်ပြူလာ ဖြစ်သော မဲဖြင့် ရွေးချယ်ခန့်အပ် ကြသည်။ ဟောက်စ်အော့ဖ် ကောင်ဆယ်လာ ခေါ်သော အထက်လွှတ်တော်တွင် အမတ်နေရာ ၂၄၂ နေရာ ပါဝင်ပြီး ၆ နှစ်သက်တမ်း ရှိသည်။ အသက် ၂၀ ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် ရှိပြီး ရွေးချယ်ခံ နေရာများ အားလုံးအတွက် လျှို့ဝှက်မဲစနစ် ကို ကျင့်သုံးသည်။ လွှတ်တော်တွင် ဆိုရှယ်လစ်ဘရယ် ပါတီ ဖြစ်သော ဂျပန် ဒီမိုကရက်တစ် ပါတီ နှင့် ကွန်ဆာဗေးတစ် ဖြစ်သော လစ်ဘရယ် ဒီမိုကရက်တစ် ပါတီတို့ ကြီးစိုးနေကြသည်။ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီမှာ ၁၉၅၅ မှစ၍ မဲအရေအတွက် အသာရခဲ့ပြီဂ ၁၉၉၃ နှင့် ၁၉၉၄ ကြား ၁၁ လ နှင့် ၂၀၀၉ နှင့် ၂၀၁၂ ကြား ကာလများမှ လွဲ၍ ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ အောက်လွှတ်တော်တွင် ၂၉၄ နေရာနှင့် အထက်လွှတ်တော်တွင် ၈၃ နေရာ ရရှိထားသည်။ ဝန်ကြီးချုပ်မှာ ဂျပန်အစိုးရ၏ ခေါင်းဆောင် ဖြစ်ပြီး လွှတ်တော်များမှ အမတ်များထဲနေ၍ ရွေးချယ် သတ်မှတ်ပြီးနောက် ဘုရင်မှ ခန့်အပ်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ပိုင်ခွင့် နှင့် ထုတ်ပယ်နိုင်ခွင့် ရှိသည်။ ၂၀၁၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီး လစ်ဘရယ် ဒီမိုကရက်တစ် ပါတီမှ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ရှင်ဇို အာဘေးမှ ယိုရှီဟီကို နိုဒါ၏ နေရာတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ မှစ၍ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ်နေရာကို ဘုရင်က ခန့်အပ်ခြင်း ဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်မှ သတ်မှတ်ပေးသူ မည်သူကို မဆို ဘုရင်က ခန့်အပ်ပေးရမည်ဟု ဖော်ပြပါရှိသည်။ ဂျပန် ဥပဒေမှာ သမိုင်းကြောင်းအရ တရုတ်ဥပဒေ၏ ဩဇာလွှမ်းမိုးမှု ရှိသော်လည်း အဲဒိုခေတ် အတွင်းတွင် "ကူဂျီကာတာ အိုဆာဒါမဲဂါကီ" အစရှိသော သီးသန့် ဥပဒေများ ဖြစ်ပေါ်တိုးတက် လာခဲ့သည်။ သို့သော်လည်း ၁၉ ရာစု နှောင်းပိုင်းမှ စ၍ တရားစီရင်ရေး စနစ်မှာ ဥရောပမှ အရပ်ဘက် ဥပဒေများ ပေါ်တွင် များစွာ အခြေခံလာပြီး အထူးသဖြင့် ဂျာမနီ နိုင်ငံ ဥပဒေ ပေါ်တွင် အခြေခံသည်။ ဥပမာအားဖြင့် ၁၈၉၆ တွင် ဂျပန် အစိုးရမှ ဂျာမန် ဥပဒေကြမ်း တစ်ခုပေါ်တွင် မူတည်၍ အရပ်ဘက် ဥပဒေ တစ်ခုကို ပြဋ္ဌာန်းခဲ့ပြီး ဒုတိယကမ္ဘာစစ် အပြီး ပြင်ဆင် ပြီးချိန် အထိတိုင်အောင် သက်ရောက်မှု ရှိခဲ့သည်။ ဥပဒေပြု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေများကို ဘုရင်က တရားဝင် အသိအမှတ် ပြုပေးရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘုရင်သည် လွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေကို အတည်ပြုပေးရန် လိုအပ်ပြီး ထိုပြဋ္ဌာန်းချက်ကို ဆန့်ကျင်ရန် အခွင့်အာဏာ ပေးမထားပေ။ ဂျပန် တရားရုံးစနစ်ကို လေးပိုင်း ခွဲခြားထားပြီး တရားရုံးချုပ် နှင့် အောက်ရုံး ၃ ခု တို့ ဖြစ်သည်။ ဂျပန်နိုင်ငံ ပြဋ္ဌာန်း ဥပဒေ၏ အဓိက အပိုင်းကို ဥပဒေ သတ်မှတ်ချက်ဟု ခေါ်သည်။ နိုင်ငံခြား ဆက်ဆံရေး နှင့် စစ်ရေး ဂျပန်သည် ဂျီအိတ် (G8)၊ အေးပက် နှင့် အာဆီယံ ပေါင်း ၃ နိုင်ငံ တို့၏ အဖွဲ့ဝင် ဖြစ်ပြီး အရှေ့အာရှ ညီလာခံတွင် ပါဝင်သူ ဖြစ်သည်။ ဂျပန်သည် ဩစတြေးလျနိုင်ငံနှင့် လုံခြုံရေး ပဋိဉာဏ် စာချုပ်ကို ၂၀၀၇ ခုနှစ် မတ်လတွင် လက်မှတ် ရေးထိုးခဲ့ပြီး အိန္ဒိယနိုင်ငံ နှင့် ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် လက်မှတ် ရေးထိုးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အတွက် အမေရိကန် ပြည်ထောင်စု နှင့် ပြင်သစ်နိုင်ငံတို့ ပြီးလျှင် တတိယမြောက် အများဆုံး လှူဒါန်းသော နိုင်ငံ ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၉.၄၈ ဘီလီယံ လှူဒါန်းခဲ့သည်။ ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေး၊ စစ်ရေး အရ နီးစပ်မှု ရှိသည်။ ဂျပန်-အမေရိကန် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ဂျပန်နိုင်ငံခြားရေး ပေါ်လစီ၏ အရေးပါသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ၁၉၅၆ ခုနှစ်မှစ၍ ကမ္ဘာ့ကုလသမ္မဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ အဖြစ် တာဝန်ယူခဲ့သည်မှာ စုစုပေါင်း နှစ် ၂၀ မျှ ရှိပြီး လတ်တလော အနေနှင့် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တို့တွင် ဖြစ်သည်။ ဂျပန်သည် ဂျီဖိုး နိုင်ငံများထဲမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်ရန် ကြိုးစားနေသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ဂျပန်သည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွင် ပါဝင်ပတ်သက်လျှင် ရှိသည်။ ၎င်းတို့မှာ ရုရှားနိုင်ငံနှင့် တောင်ကူရေးကျွန်းများ အငြင်းပွားမှု၊ တောင်ကိုရီးယားနှင့် လျန်ကုတ် ကျောက်ဆောင် အငြင်းပွားမှု နှင့် တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့နှင့် ဆန်ကာကူးကျွန်း အငြင်းပွားမှု၊ တရုတ်နှင့် အိုကီနိုတိုရီရှီမာ ပတ်ဝန်းကျင် သီးသန့်စီးပွားရေးဇုန် ဆိုင်ရာ အငြင်းပွားမှုတို့ ဖြစ်သည်။ ထို့ပြင် ဂျပန်တို့သည် မြောက်ကိုရီးယားနိုင်ငံ နှင့် ဂျပန်နိုင်ငံသားတို့အား ပြန်ပေးဆွဲမှု နှင့် နျူးကလီးယားလက်နက် နှင့် ဒုံးကျည်များ ကိစ္စတို့ကြောင့် ပြဿနာ ဖြစ်ပွားလျက် ရှိသည်။ ဂျပန်သည် ကမ္ဘာပေါ်ရှိ နိုင်ငံများထဲမှ စစ်ရေး အသုံးစရိတ် အကြီးမားဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ အီရတ်စစ်ပွဲ အတွင်းက ဂျပန်နိုင်ငံမှ တိုက်ခိုက်ရေး မဟုတ်သော တပ်များကို စေလွှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။ ဂျပန်၏ ရေကြောင်းကာကွယ်ရေးတပ်မှာ ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေ နိုင်ငံများ စစ်ရေးလေ့ကျင့်မှုတွင် အမြဲပါဝင်လေ့ ရှိသည်။ ဂျပန်စစ်တပ် (ဂျပန်ကာကွယ်ရေးတပ်) အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ အရ စစ်ကြေညာခြင်းနှင့် နိုင်ငံတကာ အငြင်းပွားမှုများတွင် စစ်ရေးအရ ဖြေရှင်းခြင်းကို တားမြစ်ထားသည်။ ဂျပန် ကာကွယ်ရေးတပ်သည် ပုံမှန် စစ်တပ်တစ်ခု ဖြစ်သော်လည်း ဂျပန်နိုင်ငံ ပြင်ပတွင် သေနတ်တစ်ချက်မျှ မဖောက်သည့် စစ်တပ် ဖြစ်သည်။ ဂျပန်စစ်တပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက အုပ်ချုပ်ပြီး အခြေခံအားဖြင့် ဂျပန်မြေပြင်ကာကွယ်ရေးတပ်(JGSDF) ၊ ဂျပန်ရေကြောင်း ကာကွယ်ရေးတပ် (JMSDF) နှင့် ဂျပန် လေကြောင်းကာကွယ်ရေးတပ် (JASDF) တို့ ပါဝင်သည်။ ထိုတပ်များသည် လတ်တလောတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။ အီရတ်သို့ ဂျပန်တပ်များပို့လွှတ်ခြင်းမှာ ဒုတိယကမ္ဘာစစ် ပြီးသည့် အချိန်မှစ၍ ပထမဆုံး ဂျပန်စစ်တပ်အား နိုင်ငံခြားတွင် အသုံးပြုခြင်းပင် ဖြစ်သည်။ နိပွန်ကဲအီဒန်ရန် ဟု ခေါ်သော ဂျပန်စီးပွားရေး အသင်းမှ ဂျပန်နိုင်ငံ အနေနှင့် နိုင်ငံတကာ စစ်လေယာဉ်နှင့် ဒုံးကျည် ပူးပေါင်း တည်ဆောက်သည့် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်နိုင်ရန် အတွက် အစိုးရအား လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခြင်းမှ ရုပ်သိမ်းရန် တောင်းဆိုလျက် ရှိသည်။ ၂၀၁၄ ခုနှစ် မေလတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ ဂျပန် အနေနှင့် ဒုတိယကမ္ဘာစစ်ပြီးသည့် အချိန်မှ စ၍ ထိန်းသိမ်းထားသော ပါဝင်ပတ်သက်မှု မရှိခြင်းကို ရပ်တန့်၍ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တာဝန်ယူဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့သည်။ သူ၏ ပြောကြားချက်အရ ဂျပန်အနေနှင့် အိမ်နီးချင်း နိုင်ငံများအား ဂျပန်၏ ပံ့ပိုးမှုကို ပေး၍ အဓိက အခန်းကဏ္ဍမှ ပါဝင်လိုသည်ဟု ဆိုသည်။ အုပ်ချုပ်ရေး ဒေသများ ဂျပန်နိုင်ငံတွင် ပရီဖက်ချာပေါင်း ၄၇ ခုရှိပြီး ပရီဖက်ချာ တစ်ခုစီတွင် ရွေးချုပ်ထားသော အုပ်ချုပ်ရေးမှူး၊ ဥပဒေရေးရာ အဖွဲ့ နှင့် အုပ်ချုပ်ရေး အဖွဲ့တို့က ကြီးကြပ်သည်။ ပရီဖက်ချာများကို မြို့တော်များ၊ မြို့များ နှင့် ကျေးရွာများ အဖြစ် ဆက်လက် ခွဲခြမ်းစိတ်ဖြာထားသည်။ ဂျပန်နိုင်ငံသည် လက်ရှိတွင် မြို့တော်များ၊ မြို့များ နှင့် ကျေးရွာများကို ပြန်လည် ပေါင်းစပ် ဖွဲ့စည်းလျက် ရှိသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ပရီဖက်ချာများ၏ အုပ်ချုပ်ရေး ဒေသများ လျော့နည်းသွားပြီး အုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်ကို လျှော့ချနိုင်ရန် မျှော်လင့်ထားသည်။ ပထဝီဝင် ဂျပန်နိုင်ငံသည် အရှေ့အာရှ ပစိဖိတ်ကမ်းရိုးတန်း တလျှောက်တွင် ကျွန်းပေါင်း ၆,၈၅၂ ကျွန်း ရှိသည်။ ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်သော ကျွန်းများသည် မြောက်လတ္တီကျု ၂၄° မှ ၂၆° အတွင်း နှင့် အရှေ့ လောင်ဂျီကျု ၁၂၂° မှ ၁၄၆° အတွင်း တည်ရှိသည်။ အဓိကကျွန်းများမှာ မြောက်မှ တောင်သို့ ဟော့ကိုင်းဒိုးကျွန်း၊ ဟွန်ရှူးကျွန်း၊ ရှိကိုကူးကျွန်း နှင့် ကျူရှူးကျွန်း တို့ ဖြစ်ကြသည်။ အိုကီနာဝါ ပါဝင်သော ရူကျူးကျွန်းများမှာ ကျူရှူးကျွန်း၏ တောင်ဘက်တွင် ဆက်လျှက် တည်ရှိသည်။ ထိုကျွန်းများအားလုံးကို စုပေါင်း၍ ဂျပန်ကျွန်းစုများဟု ခေါ်ဆိုကြသည်။ ဂျပန်နိုင်ငံ၏ ၇၃ ရာခိုင်နှုန်းမှာ သစ်တောထူထပ်ပြီး တောင်ကုန်းများပြားသဖြင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် နှင့် လူနေထိုင်ရန် မသင့်လျော်ပေ။ ထို့အတွက်ကြောင့် လူနေထိုင်နိုင်သော အထူးသဖြင့် ကမ်းရိုးတန်း ဒေသများတွင် လူနေ အလွန်ထူထပ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် လူနေထိုင်မှု သိပ်သည်းမှု အများဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ ဂျပန်ကျွန်းများသည် ပစိဖိတ် မီးကွင်းဟု ခေါ်သော မီးတောင်ဇုန်ပေါ်တွင် တည်ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ လွန်ခဲ့သော နှစ်သန်းရာပေါင်းများစွာက ဆီလူရီယန် အလယ်ပိုင်းမှ ပလေစတိုဆင်း အထိ ပင်လယ်သမုဒ္ဒရာ ရွေ့လျားမှုများကြောင့် ဖြစ်သည်။ အကျိုးဆက်အားဖြင့် တောင်ဘက်တွင် ဖိလစ်ပိုင်ပင်လယ်ကျောက်လွှာထုမှ အာမူရီယန် ကျောက်လွှာထုနှင့် အိုကီနာဝါ ကျောက်လွှာထု အောက်သို့ ဝင်ရောက်သွားခဲ့ပြီး မြောက်ဘက်တွင် ပစိဖိတ် ကျောက်လွှာထု က အိုကောက်စ် ကျောက်လွှာထုအောက်သို့ ဝင်ရောက်သွားခဲ့သည်။ ဂျပန်သည် ရှေးယခင်က ယူရှေးရှန်း တိုက်ကြီး၏ အရှေ့ဘက် ကမ်းရိုးတန်းနှင့် တွဲဆက်နေခဲ့သည်။ ကျောက်လွှာထုများ ရွှေ့လျားပြီး အောက်သို့ ဝင်ရောက်ခြင်းကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၅ သန်းခန့်က ဂျပန်ကျွန်းစု နေရာကို အရှေ့သို့ ဆွဲထုတ်ခဲ့ပြီး ဂျပန်ပင်လယ်ကို ဖြစ်ပေါ်စေခဲ့သည်။ ဂျပန်နိုင်ငံတွင် မီးမငြိမ်းသေးသော မီးတောင်ပေါင်း ၁၀၈ ခု ရှိသည်။ ရာစုနှစ်အတွင်း အကြီးအကျယ် ပျက်စီးစေသော ငလျင်များနှင့် ဆူနာမီများ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ ရှိသည်။ ၁၉၂၃ တိုကျို ငလျင်ကြောင့် လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့သည်။ လတ်တလော ဖြစ်ပွားခဲ့သော အဓိက ငလျင်ကြီးများမှာ ၁၉၉၅တွင် ဖြစ်ပွားသော မဟာဟန်ရှင်းငလျင် နှင့် ရစ်ချ်တာစကေး ၉.၀ ရှိပြီး ၂၀၁၁ ခုနှစ် မတ်လ ၁၁ရက်တွင် ဖြစ်ပွားခဲ့သော တိုဟိုကူး ငလျင်တို့ ပြီး ထိုငလျင်ကြောင့် ကြီးမားသော ဆူနာမီ လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည် ပစိဖိတ် မီးကွင်း ပေါ်တွင် တည်ရှိသောကြောင့် ဂျပန်နိုင်ငံသည် ငလျင်လှုပ်ရန် နှင့် ဆူနာမီ ဖြစ်ပေါ်ရန် အခြေအနေများပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သဘာဝဘေးအန္တရာယ် အတွက် အမြင့်မားဆုံး အန္တရာယ် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ရာသီဥတု ဂျပန်နိုင်ငံ၏ ရာသီဥတုမှာ အများအားဖြင့် အပူအအေးမျှတသော်လည်း မြောက်မှတောင်သို့ များစွာ ကွဲပြားခြားနားသည်။ ဂျပန်နိုင်ငံ၏ ပထဝီဝင် အနေအထားအရ ရာသီဥတုဇုန် ၆ ခု ကွဲပြားနေသည်။ ၎င်းတို့မှာ ဟော့ကိုင်းဒိုး၊ ဂျပန်ပင်လယ်၊ အလယ်ပိုင်းကုန်းမြင့် ဒေသ၊ ဆဲတိုကုန်းတွင်းပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာ နှင့် ရူကျူးကျွန်းများ တို့ ဖြစ်ကြသည်။ မြောက်ဘက် အစွန်ဆုံး အပိုင်းဖြစ်သော ဟော့ကိုင်းဒိုးတွင် စိုစွတ်သော ကုန်းမြေ ရာသီဥတု ရှိပြီး ရှည်လျားပြီး အေးမြသော ဆောင်းရာသီများနှင့် အလွန်ပူနွေးသည်မှ အေးမြသော နွေရာသီများ ရှိသည်။ မိုးရေချိန် မများသော်လည်း ဆောင်းရာသီတွင် ဧရာမ နှင်းထုကြီးများ ဖြစ်ပေါ်လေ့ ရှိသည်။ ဟွန်ရှူးကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းတွင် ရှိသော ဂျပန်ပင်လယ်ဇုံတွင် အနောက်မြောက် ဆောင်းလေကြောင့် နှင်းများ အများအပြား ကျရောက်တတ်သည်။ နွေရာသီတွင်မူ ပစိဖိတ်ဒေသထက် ပို၍ အေးမြတတ်သော်လည်း တစ်ခါတစ်ရံတွင် ဖာန်းလေများကြောင့် အလွန်မြင့်မားသော အပူချိန် ဖြစ်ပေါ်လေ့ ရှိသည်။ အလယ်ပိုင်း ကုန်းမြင့်ဒေသတွင် ပုံမှန် စိုစွတ်သော ကုန်းမြေရာသီဥတု ရှိသော်လည်း နွေရာသီနှင့် ဆောင်းရာသီ၊ နေ့နှင့်ည တို့တွင် အပူချိန် ကွာခြားမှု မြင့်မားသည်။ မိုးရေချိန်နည်းသော်လည်း ဆောင်းရာသီတွင် အစဉ်သဖြင့် နှင်းကျလေ့ရှိသည်။ ချူးဂိုးကု နှင့် ရှီကိုးကုဒေသတို့မှ တောင်ကုန်းများသည် ဆဲတိုကုန်းတွင်းပင်လယ်ကို ရာသီလေများမှ ကာဆီးထားသဖြင့် တစ်နှစ်ပတ်လုံး မအေးလွန်းသော ရာသီဥတု ရှိသည်။ ပစိဖိတ် ကမ်းရိုးတန်းမှာမူ စိုစွတ်သော အပူလျော့ပိုင်း ရာသီဥတု ရှိပြီး အရှေ့တောင် ရာသီလေများကြောင့် တစ်ခါတရံ နှင်းကျတတ်သော မအေးလွန်းသည့် ဆောင်းရာသီနှင့် ပူပြင်းပြီး စိုစွတ်သော နွေရာသီများ ရှိသည်။ ရူကျူးကျွန်းများတွင် အပူလျော့ပိုင်း ရာသီဥတု ရှိပြီး နွေးထွေးသော ဆောင်းရာသီနှင့် ပူပြင်းသော နွေရာသီများ ရှိသည်။ မိုးရေချိန်မှာ အလွန်များပြီး အထူးသဖြင့် မိုးရာသီတွင် ဖြစ်သည်။ ယေဘူယျအားဖြင့် စိုစွတ်ပြီး အပူအအေးမျှတသော ရာသီဥတု များကြောင့် နွေဦးရာသီတွင် ချယ်ရီပန်းများ ပွင့်ဝေခြင်း၊ နွေရာသီ ပုစဉ်းရင်ကွဲတို့၏ အော်မြည်သံများ၊ ဆောင်းရာသီ သစ်ရွက်တို့၏ အရောင်အဆင်းစသည်တို့ကို ဂျပန်အနုပညာ နှင့် ဂျပန် စာပေတို့တွင် ဖော်ထုတ်ခြယ်မှုန်းလေ့ ရှိကြသည်။ ဂျပန်နိုင်ငံ၏ ပျမ်းမျှ ဆောင်းရာသီ အပူချိန်မှာ ၅.၁ °C (၄၁.၂ °F) ဖြစ်ပြီး ပျမ်းမျှ နွေရာသီအပူချိန်မှာ ၂၅.၂ °C (၇၇.၄ °F) ဖြစ်သည်။. ဂျပန်တွင် အမြင့်ဆုံးတိုင်းတာခဲ့သော အပူချိန်မှာ ၄၀.၉ °C (၁၀၅.၆ °F) ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် တိုင်းတာခဲ့ခြင်း ဖြစ်သည်။ မိုးရာသီမှာ အိုကီနာဝါတွင် မေလ အစောပိုင်းတွင် စတင်ပြီး တဖြည်းဖြည်း မြောက်ဘက်သို့ ရွေ့လျားသွားရာ ဟော့ကိုင်းဒိုးတွင် ဇူလိုင် နှောင်းပိုင်း မှ စတင်လေ့ရှိသည်။ ဟွန်ရှူးကျွန်း နေရာ အများစုတွင် မိုးရာသီသည် ဇွန်လ အလယ်ပိုင်း မတိုင်မီ စတင်လေ့ရှိပြီး ရက်သတ္တပတ် ၆ ပတ်မျှ ကြာမြင့်လေ့ ရှိသည်။ နွေရာသီ နှောင်းပိုင်း နှင့် ဆောင်းဦးရာသီ အစောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းများကြောင့် မကြာခဏ မိုးကြီးလေ့ ရှိသည်။ ဇီဝမျိုးကွဲများ ဂျပန်နိုင်ငံတွင် သစ်တော ဂေဟဒေသ ကိုးခု ရှိပြီး ထိုဒေသများမှ ကျွန်းများ၏ ရာသီဥတုနှင့် ပထဝီဝင်ကို ထင်ဟပ်ပြ နေကြသည်။ ထိုဒေသများတွင် ရူကျူး နှင့် ဘိုနင်ကျွန်းများရှိ အပူလျော့ပိုင်း စိုစွတ်သော ဆောင်းရွက်ကြွေ သစ်တောများမှ အအေးလျော့သော ဒေသများနှင့် ပင်မကျွန်းများရှိ သမမျှတသော ဆောင်းရွက်ကြွေနှင့် မျိုးစုံ သစ်တောများ၊ မြောက်ဘက်ကျွန်းများရှိ အအေးပိုင်းဒေသများမှ သမမျှတသော ထင်းရူးတောများ အထိ ရှိသည်။ ဂျပန်တွင် တောရိုင်းတိရစ္ဆာန် မျိုးပေါင်း ၉၀,၀၀၀ ကျော် ရှိပြီး ဝက်ဝံညို၊ ဂျပန်မျောက်၊ ဂျပန် ရက်ကွန်းခွေး နှင့် ဧရာမ ဂျပန်ရေပုတ်သင် တို့ ပါဝင်သည်။ ဒေသရင်း အပင်နှင့် တိရစ္ဆာန်တို့၏ အရေးပါသော ဒေသများကို ထိန်းသိမ်းရန် အမျိုးသား ဥယျာဉ် အများအပြား ရှိပြီး ရမ်ဆာ စိမ့်မြေဒေသ ၃၇ ခုလည်း ရှိသည်။ နေရာ ၄ခုမှာ သဘာဝ အတိုင်း အလွန်ထူးခြားသော တန်ဖိုးများ ရှိသဖြင့် ယူနက်စကို ကမ္ဘာ့အမွေခံစာရင်းတွင် ထည့်သွင်းထားခြင်း ခံရသည်။ သဘာဝပတ်ဝန်းကျင် ဒုတိယကမ္ဘာစစ် အပြီး အလျင်အမြန် စီးပွားရေး တိုးတက်လာသော အချိန်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပေါ်လစီများကို အစိုးရနှင့် ကုန်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းများမှ ဘေးဖယ်ထားခဲ့ကြသည်။ ထို့အတွက်ကြောင့် ၁၉၅၀ ခုနှစ်များ နှင့် ၁၉၆၀ ခုနှစ်များတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို အနှံ့အပြား ကြုံတွေ့ရသည်။ ထိုပြဿနာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု များပြားလာသဖြင့် ၁၉၇၀ တွင် အစိုးရမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအချို့ကို ထုတ်ပြန်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေနံအခက်အခဲကြောင့်လည်း သဘာဝ အရင်းအမြစ် မရှိသော ဂျပန်တို့အား စွမ်းအင်များကို ထိရောက်စွာ အသုံးပြုနိုင်ရန် တွန်းအားဖြစ်ခဲ့သည်။ လက်ရှိ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် မြို့ပြလေထု ညစ်ညမ်းမှု (မိုနို နိုက်ထရိုဂျင် အောက်ဆိုက်ဒ်၊လေထဲတွင်တွဲခိုနေသော အမှုန်အမွှားများ နှင့် အဆိပ်အတောက်များ) ၊ အညစ်အကြေး စွန့်ထုတ်မှု စီမံခန့်ခွဲရေး၊ ရေထု ညစ်ညမ်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ရာသီဥတု အပြောင်းအလဲ၊ ဓာတုပစ္စည်း စီမံခန့်ခွဲမှု နှင့် ထိန်းသိမ်းရေး အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတို့ ပါဝင်သည်။ ဂျပန်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာများကို တီထွင်ထုတ်လုပ်ရာတွင် ကမ္ဘာ့ရှေ့ဆောင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနာဂတ် ရည်မျှော် ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းကို တိုင်းတာသော ၂၀၁၄ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း ညွှန်းကိန်းတွင် အဆင့် ၂၆ သတ်မှတ်ခြင်း ခံရသည်။ ၁၉၉၇ ခုနှစ် ကျိုတိုပရိုတိုကောလ် ကို လက်မှတ်ရေးထိုးထားပြီး နှင့် ၎င်းအစည်းအဝေးကို လက်ခံကျင်းပသော အိမ်ရှင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ဂျပန်နိုင်ငံအနေနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ရာသီဥတု အပြောင်းအလဲကို ထိန်းချုပ်နိုင်မည့် အခြား လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် စာချုပ်ပါ စည်းကမ်းများအရ တာဝန်ရှိသည်။ စီးပွားရေး စီးပွားရေး သမိုင်းကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သက်သော ဖွဲ့စည်းပုံ အင်္ဂါရပ်များဖြစ်သည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန်းလမ်းနှင့် ရေလမ်း လမ်းကြောင်းကွန်ယက်များ နှင့် အိုဆာကာ ဆန်ကုန်သည်တို့၏ အနာဂတ်သို့ ကြိုတင်ရောင်းဝယ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းတို့ မှာ အဲဒိုခေတ်မှ စတင်ဖွံ့ဖြိုးလာခဲ့သည်။ မေဂျီခေတ် ၁၈၆၈ မှစ၍ ဂျပန်သည် စီးပွားရေး အရ ဖွံဖြိုးလာခဲ့ပြီး ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးလာခဲ့သည်။ ယနေ့ခေတ်၏ စီးပွားရေး လုပ်ငန်း အများစုမှာ ထိုအချိန်မှ စတင်ထည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဂျပန်အနေနှင့် အာရှ၏ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၀ ခုနှစ်များ မှ ၁၉၈၀ ခုနှစ်များ အတွင်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် စီးပွားရေး တိုးတက်မှုများကို ဂျပန်၏ စစ်ပြီးခေတ် စီးပွားရေး ထူးထွေဆန်းပြားခြင်းများဟု ခေါ်တွင်ခဲ့သည်။ စီးပွားရေး တိုးတက်မှုမှာ ၁၉၆၀ ခုနှစ်များမှ ၁၉၇၀ ခုနှစ်များအတွင်း ပျမ်းမျှအားဖြင့် ၇.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၁၉၈၀ ခုနှစ်များမှ ၁၉၉၀ခုနှစ်များ အစောပိုင်း အထိ ၃.၂ ရာခိုင်နှုန်းမျှ ရှိခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် ဖွံ့ဖြိုးမှု သိသိသာသာ လျော့ကျသွားခဲ့ပြီး ထိုအချိန်ကို ဂျပန်တို့က ဆုံးရှုံးမှု ဆယ်စုနှစ်ဟု ခေါ်ကြသည်။ အဓိကအားဖြင့် ဂျပန်တို့၏ ပိုင်ဆိုင်မှုများဆိုင်ရာ ပူဖောင်း အကျိုးသက်ရောက်မှု အပြီး သက်ရောက်မှုများနှင့် စတော့ခ်ဈေးကွက်နှင့် အိမ်ခြံမြေဈေးကွက်များမှ ဈေးကစားခြင်းကြောင့် ဖြစ်ပေါ်နေသည့် အပိုတန်ဖိုးများကို ညှစ်ထုတ်ယူရန် ကြိုးစားသည့် ပြည်တွင်း ပေါ်လစီများကြောင့် ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးမှုကို ပြန်လည် ရှင်သန်ရန် ကြိုးစားသည့် အစိုးရ၏ ကြိုးပမ်းမှုတွင် အောင်မြင်မှု အနည်းငယ်သာ ရရှိပြီး ၂၀၀၀ ခုနှစ်များအတွင်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့်လည်း ပိုမို၍ အဟန့်အတား ဖြစ်စေခဲ့သည်။ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေးမှာ ပြန်လည်အသက်ဝင်မည့် လက္ခဏာများ ပြသလာခဲ့ပြီး ထိုနှစ်၏ ဂျီဒီပီ တိုးတက်မှုနှုန်းမှဦ ၂.၈ ရာခိုင်နှုန်း ဖြစ်သဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ထိုအချိန်အတွင်း ဖွံ့ဖြိုးမှုနှုန်းထက် သာလွန်ခဲ့သည်။ ၂၀၁၂ ခုနှစ် စာရင်းအရ ဂျပန်သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပြီးလျှင် နိုင်ငံအဆင့် အမည်ခံ ဂျီဒီပီအားဖြင့် တတိယ စီးပွားရေး အကြီးမားဆုံး နိုင်ငံ ဖြစ်ပြီး ဝယ်ယူနိုင်စွမ်း ကွာခြားမှုနှုန်းကို ထည့်သွင်းတွက်ချက်လျှင် အမေရိကန်၊ တရုတ် နှင့် အိန္ဒိယတို့ ပြီးလျှင် စတုတ္ထမြောက် နိုင်ငံအဆင့် စီးပွားရေး အကြီးမားဆုံး နိုင်ငံ ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံ အစိုးရ၏ ကြွေးမြီမှာ နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်မှ ၂၀၀ ရာခိုင်နှုန်း ထက်ကျော်လွန်သဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးတွင် ဒုတိယမြောက် ကြွေးမြီ အများဆုံး နိုင်ငံ ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဩဂုတ်လ မူဒီ စံသတ်မှတ်ချက်တွင် နိုင်ငံအလိုက် ဘတ်ဂျက် လိုငွေပြမှုနှင့် ချေးငွေအပေါ်တွင် မူတည်၍ ဂျပန်၏ နှစ်ရှည်နိုင်ငံ ကြွေးမြီ စံသတ်မှတ်ချက်အား Aa3 မှ Aa2 သို့ တစ်ဆင့် လျှော့ချ ခဲ့သည်။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားကျဆင်းမှုနှင့် ၂၀၁၁ မတ်လ ငလျင်နှင့် ဆူနာမီတို့ကြောင့် ဖြစ်သော အစိုးရ၏ ကြွေးမြီနှင့် ဘတ်ဂျက် လိုငွေပြမှုတို့ကြောင့် ထိုသို့ စံသတ်မှတ်ချက် လျှော့ချ ခံခဲ့ရခြင်း ဖြစ်သည်။ ဝန်ဆောင်မှု ကဏ္ဍမှ စုစုပေါင်း ပြည်တွင်းဝင်ငွေ၏ ၄ပုံ ၃ပုံမျှကို ပံ့ပိုးပေးလျက် ရှိသည်။ တင်ပို့ကုန်များ ဂျပန်နိုင်ငံတွင် ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သက်၍ ကြီးမားသော လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဂျပန်နိုင်ငံတွင် အကြီးမားဆုံးနှင့် နည်းပညာအားဖြင့် အတိုးတက်ဆုံး ဖြစ်သော ကုန်ထုတ်လုပ်ငန်း အချို့ ဖြစ်သည့် မော်တော်ကား၊ အီလက်ထရွန်းနစ်၊ စက်ကိရိယာများ၊ စတီးလ်နှင့် သံမဟုတ်သော သတ္တုများ၊ သင်္ဘောများ၊ ဓာတုပစ္စည်းများ၊ အဝတ်အထည်များ၊ အစားအသောက် ကုန်ချောများ စသည်တို့ ထုတ်လုပ်လျက် ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအားဖြင့် ဂျပန်နိုင်ငံသည် မြေစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကို စိုက်ပျိုးထားပြီး တကမ္ဘာလုံးရှိ ငါး၏ ၁၅ ရာခိုင်နှုန်းကို ဂျပန်မှ ဖမ်းဆီးလျက် ရှိကာ တရုတ်နိုင်ငံပြီးလျှင် ဒုတိယ နေရာမှ လိုက်သည်။ ၂၀၁၀ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် အလုပ်လုပ်သူ ၆၅.၉ သန်းမျှ ရှိသည်။ ဂျပန်တွင် အလုပ်လက်မဲ့ ရာခိုင်နှုန်း နည်းပြီး ၄ ရာခိုင်နှုန်းမျှသာ ရှိသည်။ ၂၀၀၇ ခုနှစ်တွင် လူဦးရေ သန်း ၂၀ သို့ လူဦးရေ၏ ၁၇ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်၏ အောက်တွင် ရှိသည်။ ဂျပန်နိုင်ငံရှိ လူနေအိမ်များမှာ မြို့ပြနေရာများတွင် မြေ မလုံလောက်မှုနှင့် ကြုံတွေ့နေရသည်။ ဂျပန်နိုင်ငံ၏ တင်ပို့ကုန်မှာ ၂၀၀၅ ခုနှစ်တွင် လူတစ်ဦးချင်းအားဖြင့် အမေရိကန်ဒေါ်လာ ၄၂၁၀ မျှ ရှိသည်။ ဂျပန်၏ အဓိကတင်ပို့ကုန် ဈေးကွက်မှာ တရုတ်နိုင်ငံ (၁၈.၁ ရာခိုင်နှုန်း)၊ အမေရိကန် (၁၇.၈ ရာခိုင်နှုန်း)၊ တောင်ကိုရီးယား (၇.၇ ရာခိုင်နှုန်း)၊ ထိုင်း (၅.၅ ရာခိုင်နှုန်း) နှင့် ဟောင်ကောင် (၅.၁ ရာခိုင်နှုန်း) တို့ဖြစ်သည် အဓိက တင်ပို့ကုန်များမှာ မော်တော်ကား၊ အီလက်ထရွန်းနစ်၊ လျှပ်စစ်ဆိုင်ရာ ကိရိယာများနှင့် ဓာတုပစ္စည်းများတို့ ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ် ဂျပန်၏ အဓိက တင်ပို့ကုန်များမှာ တရုတ် (၂၁.၃ ရာခိုင်နှုန်း)၊ အမေရိကန် (၈.၈ ရာခိုင်နှုန်း)၊ ဩစတြေးလျ (၆.၄ ရာခိုင်နှုန်း)၊ ဆော်ဒီအာရေဗျ (၆.၂ ရာခိုင်နှုန်း)၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (၅.၀ ရာခိုင်နှုန်း)၊ တောင်ကိုရီးယား (၄.၆ ရာခိုင်နှုန်း) နှင့် ကာတာ (၄.၀ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။ တင်သွင်းကုန်များ ဂျပန်နိုင်ငံ၏ အဓိက တင်သွင်းကုန်များမှာ စက်ယန္တရားများ၊ ကျောက်ဖြစ်ရုပ်ကြွင်းမှ ရသော လောင်စာများ၊ အစားအသောက်များ (အထူးသဖြင့် အမဲသား)၊ ဓာတုပစ္စည်းများ၊ အဝတ်အထည်များ နှင့် ကုန်ထုတ်လုပ်ငန်းများ အတွက် ကုန်ကြမ်းများတို့ ဖြစ်သည်။ ဈေးကွက်ဝေစုအားဖြင့် ကြည့်လျှင် ပြည်တွင်း ဈေးကွက်သည် အိုအီးစီဒီ နိုင်ငံများတွင် ပြင်ပသို့ တံခါးဖွင့်မှု အနည်းဆုံး ဖြစ်သည်၎ ဂျူနီချီရို ကိုအိဇူမီ ၏ အစိုးရလက်ထက်တွင် ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ အလေးပေးသော ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခဲ့သည်။ ဂျပန်နိုင်ငံသည် ၂၀၁၄ ခုနှစ် ၌ စီးပွားရေးလုပ်ရန် လွယ်ကူသော တိုင်းပြည်များ ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၉နိုင်ငံအတွင်း အဆင့် ၂၇ သတ်မှတ်ခြင်း ခံရသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အခွန်ဝင်ငွေ အနည်းဆုံး နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံ၏ အရင်းရှင်စနစ်တွင် သိသာထူးခြားသော လက္ခဏာရပ်များ ရှိသည်။ ၎င်းတို့အနက် ကဲရက်ဆု ဟုခေါ်သော ကုမ္ပဏီ အစုအဖွဲ့များမှာ ဩဇာလွှမ်းမိုးမှု များခြင်း၊ တသက်တာလုံး အလုပ်ခန့်အပ်မှု ရှိခြင်း၊ အလုပ်တွင် အဆင့်ဆင့်တိုးတက်ရာတွင် လုပ်သက်ကို ဦးစားပေးခြင်းတို့မှာ ဂျပန် လုပ်ငန်း ပတ်ဝန်းကျင်တွင် ထင်ရှားသည်။ ဂျပန်ကုမ္ပဏီများတွင် တိုယိုတာ၏နည်းလမ်းကဲ့သို့သော စီမံခန့်ခွဲမှု နည်းလမ်းများမှာ ထင်ရှားပြီး ရှယ်ယာပိုင်ဆိုင်သူတို့၏လှုပ်ရှားပြောင်းလဲရေး လှုပ်ရှားမှုမှာ ရှားပါးသည်။ ဂျပန်နိုင်ငံရှိ အကြီးဆုံး ကုမ္ပဏီများထဲတွင် တိုယိုတာ၊နစ်တန်ဒိုး၊ အင်န်တီတီ ဒိုကိုမို၊ ကင်နွန်၊ ဟွန်ဒါ၊ တာကဲဒ ဆေးဝါး ကုမ္ပဏီ၊ ဆိုနီ၊ ပင်နာဆိုးနစ်၊ တိုရှီဘာ၊ ရှပ်၊ နစ်ပွန်စတီးလ်၊ နစ်ပွန်ရေနံ နှင့် ဆဲဗင်းန်အင်န် အိုင် ဦးပိုင် ကုမ္ပဏီတို့ ပါဝင်သည်။ ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ဘဏ်အချို့ ရှိပြီး နစ်ကီ ၂၂၅ နှင့် တိုပစ်အညွှန်းတို့ကြောင့် ထင်ရှားသော တိုကျိုစတော့ခ်အိတ်ချိန်းသည် ကမ္ဘာပေါ်တွင် ဈေးကွက် အရင်းအနှီးအားဖြင့် ဒုတိယ အကြီးဆုံး ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အနေနှင့် ဖော်ဘီ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီ ၂၀၀၀ စာရင်းတွင် ၃၂၆ ခု ပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၆.၃ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ယှေလကျောက် သဘာဝဓာတ်ငွေ့များကို တင်သွင်းမည်ဟု ကြေညာခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဂျပန်နိုင်ငံသည် သိပ္ပံသုတေသနတွင် ဦးဆောင်ဦးရွက် ပြုနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အထူးသဖြင့် နည်းပညာ၊ စက်ယန္တရားနှင့် ဇီဝဆေးပညာ သုတေသနတို့တွင် ဖြစ်သည်။ သုတေသနပညာရှင်ပေါင်း ၇၀၀,၀၀၀ ခန့်သည် အမေရိကန်ဒေါ်လာ ၁၃၀ ဘီလံယံ မျှ ရှိသော သုတေသနနှင့် ဖွံ့ဖြိုးရေး ဘတ်ဂျက်ကို ခွဲဝေသုံးစွဲ နေကြပြီး ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးမားဆုံး ဘတ်ဂျက်ဖြစ်သည်။ ဂျပန်သည် အခြေခံ သိပ္ပံ သုတေသနတွင် ကမ္ဘာ့ဦးဆောင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဆေးပညာတို့တွင် နိုဘယ်လ်ဆုရှင် ၁၆ဦး ၊ ဖီးဒ် တံဆိပ်ဆုရှင် ၃ ဦး ၊ ဂေါက်စ်ဆုရှင် တစ်ဦးတို့ ထွက်ပေါ်ခဲ့သည်။ ဂျပန်နိုင်ငံ၏ နည်းပညာဆိုင်ရာ ပါဝင်မှုများတွင် အထင်ရှားဆုံးမှာ အီလက်ထရွန်းနစ်၊ မော်တော်ယာဉ်၊ စက်ယန္တရား၊ ငလျင်အင်ဂျင်နီယာဘာသာ၊ စက်ရုံသုံး စက်ရုပ်၊ အော့ပတစ်၊ ဓာတုဗေဒ၊ ဆီမီးကွန်ဒပ်တာ နှင့် သတ္တု နယ်ပယ်တို့တွင် ဖြစ်သည်။ ဂျပန်နိုင်ငံသည် စက်ရုပ် ထုတ်လုပ်မှုနှင့် အသုံးပြုမှုတွင် ကမ္ဘာ့ရှေ့ဆောင်နိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်ရှိ စက်ရုပ်များထဲမှ တစ်ဝက် (၇၄၂,၅၀၀၀ မှ ၄၀၂,၂၀၀) ကို ပိုင်ဆိုင်သော နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံ၏ အာကာသဆိုင်ရာ အေဂျင်စီကို ဂျပန် လေကြောင်းနှင့် အာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီ (ဂျာဆာ) ဟုခေါ်ပြီး ၎င်းတို့မှာ အာကာသ၊ ဂြိုဟ်များ၊ လေကြောင်းသွာလာရေးတို့နှင့် ပတ်သက်သော သုတေသနလုပ်ငန်းများကို လုပ်ဆောင်ကြပြီး ဒုံးပျံ နှင့် ဂြိုဟ်တိုတို့ကို ထုတ်လုပ်ရာတွက် ရှေ့ဆောင်လမ်းပြ ဖြစ်သည်။ ဂျပန်နိုင်ငံသည် နိုင်ငံတကာ အာကာသ စခန်းတွင် ပါဝင်ဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဂျပန်တို့၏ စမ်းသပ်မှု အစိတ်အပိုင်း တစ်ခု ဖြစ်သော ကီဘိုကို ၂၀၀၈ ခုနှစ် အာကာသလွန်းပျံယဉ်၏ တပ်ဆင်ရေးအတွက် ပျံသန်းမှုတွင် နိုင်ငံတကာ အာကာသစခန်းသို့ ထည့်သွင်း တပ်ဆင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်များတွင် ဗီးနပ်စ်ဂြိုဟ်ကို လေ့လာမည့် အာကာဆူကီ အာကာသ စူးစမ်းရေး ယာဉ် လွှတ်တင်ရေး ၂၀၁၆ ခုနှစ်တွင် လွှတ်တင်မည့် မာကျူရီဂြိုဟ်၏ သံလိုက်စက်ကွင်းကို လေ့လာမည့် ဂြိုဟ်ပတ်ယာဉ် နှင့် ၂၀၃၀တွင် လကမ္ဘာပေါ်တွင် အခြေစိုက်စခန်း တည်ဆောက်ရန်တို့ ပါဝင်သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ဂျပန်နိုင်ငံသည် ဆယ်လင်း ဟုအတိုကောက်ခေါ်သော လကမ္ဘာဆိုင်ရာနှင့် အင်ဂျင်နီယာဆိုင်ရာ စူးစမ်းလေ့လာရေး ယာဉ်ကို H-IIA ရောကက်ဖြင့် တာနဲဂါရှီးမား အာကာသစခန်းမှ လွှတ်တင်ခဲ့သည်။ ဆယ်လင်းကို ဂျပန် ဝါးခုတ်သမားပုံပြင်ထဲမှ မင်းသမီးလေး၏ အမည် ကာဂုယာ ဟုလည်း ခေါ်ဝေါ်ကြသည်။ ကာဂုယာသည် အပိုလို အစီအစဉ်ပြီးလျှင် လကမ္ဘာအား စူးစမ်းလေ့လာသော မစ်ရှင်များတွင် အကြီးဆုံး ဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ လကမ္ဘာ၏ မူလအစ နှင့် ဆင့်ကဲ ပြောင်းလဲပုံတို့ကို လေ့လာရန်ဖြစ်သည်။ ထို ယာဉ်သည် လပတ်လမ်းကြောင်းအတွင်းသို့ အောက်တိုဘာ ၄ ရက်တွင် ဝင်ရောက်ခဲ့ပြီး ၆၂မိုင် (၁၀၀ကီလိုမီတာ) အမြင့်မှ ပျံသန်းနေခဲ့သည်။ ထိုစူးစမ်းလေ့လာရေးမှာ ဂျာဆာက ထိုယာဉ်ကို လမျက်နှာပြင်ပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ဖျက်ချခဲ့ခြင်းဖြင့် ၂၀၀၉ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ပြီးဆုံးခဲ့သည်။ အခြေခံ အဆောက်အအုံ ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ စွမ်းအင်များထဲမှ ၄၆.၁ ရာခိုင်နှုန်းကို လောင်စာဆီ၊ ၂၁.၃ ရာခိုင်နှုန်းကို ကျောက်မီးသွေး၊ ၂၁.၄ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ ၊ ၄.၀ ရာခိုင်နှုန်းကို နျူးကလီးယား စွမ်းအင်နှင့် ၃.၃ ရာခိုင်နှုန်းကို နျူးကလီးယားစွမ်းအင်မှ ထုတ်လုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား၏ ၉.၂ ရာခိုင်နှုန်းကို နျူးကလီးယားစွမ်းအင်မှ ထုတ်လုပ်ခဲ့ပြီး ယခင်နှစ် ၂၄.၉ ရာခိုင်နှုန်းမှ ကျဆင်းလာခြင်း ဖြစ်သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ကပ်ဘေး အပြီး အများပြည်သူ၏ ကန့်ကွက်မှုကြောင့် နိုင်ငံတဝှမ်းရှိ နျူးကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံအားလုံးကို ရပ်တန့်ခဲ့ရသည်။ သို့သော်လည်း အစိုးရ တာဝန်ရှိသူများက အများပြည်သူ၏ ဆန္ဒကို ပြောင်းလဲရန် ကြိုးစားလျက် ရှိကြပြီး ဂျပန်နိုင်ငံ၏ နျူးကလီးယား ဓာတ်ပေါင်းဖို အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ပြန်လည် အသုံးပြုနိုင်ရန် ကြိုးပမ်းလျက် ရှိကြသည်။ နိုင်ငံခြားမှ စွမ်းအင် တင်ပို့မှုကို ကြီးမားစွာ မှီခိုနေရသဖြင့် ဂျပန်နိုင်ငံသည် ရင်းမြစ်များကို မျိုးစုံအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး စွမ်းအင်သုံးစွဲမှုကို ထိရောက်မှု ရှိစေရန် လုပ်ဆောင်လျက် ရှိသည်။ ဂျပန်နိုင်ငံ၏ ကုန်းလမ်းအတွက် အသုံးပြုငွေမှာ အလွန်များသည်။ အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာ ၁.၂ သန်း ကီလိုမီတာမျှ ခင်းထားသည့် လမ်းများ ဖြစ်သည်။ အဓိကမြို့ကြီးများကို ကွန်ယက်တစ်ခုတည်းဖြစ်ပြီး အမြန်မောင်းနိုင်သော၊ ပိုင်းခြားထားသော၊ သုံးစွဲမှု ကန့်သတ်ထားသော လမ်းအသုံးပြုခ ကောက်ခံသော လမ်းများဖြင့် ဆက်သွယ်ထားပြီး လမ်းအသုံးပြုခ ကောက်ခံသော ကုမ္ပဏီများမှ တာဝန်ယူ လုပ်ဆောင်လျက် ရှိသည်။ ကားအသစ်နှင့် အဟောင်းများမှာ ဈေးမကြီးပေ။ ကားပိုင်ဆိုင်မှု အခွန် နှင့် လောင်စာဆီ လဲဗီးများဖြင့် စွမ်းအင် ထိရောက်စွာ အသုံးပြုနိုင်မှုကို မြှင့်တင်လျက် ရှိသည်။ သို့သော်လည်း ခရီးအားလုံး၏ ၅၀ ရာခိုင်နှုန်းတွင်သာ ကားကို အသုံးပြုသဖြင့် ဂျီအိတ် နိုင်ငံများတွင် မော်တော်ကား အသုံးပြုမှု အနည်းဆုံး ဖြစ်သည်။ ရထားကုမ္ပဏီ ဒါဇင်ပေါင်းများစွာတို့သည် ဒေသတွင်းနှင့် မြို့တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး ဈေးကွက်တွင် ပြိုင်ဆိုင်လျက် ရှိကြသည်။ အဓိက ကုမ္ပဏီများတွင်း ဆဲဗင်း ဂျေအာရ် အင်တာပရိုက်စ်၊ ကင်တက်ဆု ကော်ပိုရေးရှင်း၊ ဆဲဘု ရထားကုမ္ပဏီ နှင့် ကဲအိယို ကော်ပိုရေးရှင်းတို့ ပါဝင်သည်။ အဓိက မြို့ကြီးများကို ရှင်းကန်းဆင်ဟု ခေါ်သော ကျည်ဆန်ရထား ၂၅၀ ဖြင့် ဆက်သွယ်ထားပြီး ဂျပန်ရထားများမှာ လုံခြုံစိတ်ချရမှုနှင့် အချိန်မှန်မှု တို့အတွက် နာမည်ကြီးသည်။ တိုကျိုနှင့် အိုဆာကာ ကြားတွင် သံလိုက်ရထားဖြင့် ဆက်သွယ်ရန် အဆိုပြုချက်မှာ အတော် ခရီးရောက်နေပြီ ဖြစ်သည်။ ဂျပန်နိုင်ငံတွင် လေဆိပ်ပေါင်း ၁၇၃ ခု ရှိပြီး အကြီးဆုံး ပြည်တွင်းလေဆိပ်ဖြစ်သော ဟနဲဒါလေဆိပ်သည် အာရှတွင် ဒုတိယမြောက် လူသုံးအများဆုံး လေဆိပ်ဖြစ်သည်။ အကြီးဆုံးသော နိုင်ငံတကာ လေဆိပ်များမှာ နာရိတ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ချူးဘူး စင်န်တာအဲယား အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ဖြစ်ကြသည်။ နာဂိုယာ ဆိပ်ကမ်းမှာ ဂျပန်နိုင်ငံ၏ အကြီးမားဆုံး နှင့် အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်ပြီး နိုင်ငံကုန်သွယ်ရေး၏ ၁၀ ရာခိုင်နှုန်းမျှ ရှိသည်။ လူဦးရေ ပျံ့နှံ့နေထိုင်ပုံ ဂျပန်နိုင်ငံ၏ လူဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၁၂၇.၃သန်းမျှ ရှိပြီး ၈၀ ရာခိုင်နှုန်းသော လူဦးရေမှာ ဟွန်ရှူးကျွန်းပေါ်တွင် နေထိုင်ကြသည်။ ဂျပန်လူ့အဖွဲ့အစည်းမှာ ဘာသာစကားအားဖြင့် ဖြစ်စေ၊ ယဉ်ကျေးမှုအားဖြင့် ဖြစ်စေ တူညီကြပြီး ၈၅ ရာခိုင်နှုန်းမှာ ဂျပန်လူမျိုးများ ဖြစ်ကာ နိုင်ငံခြား အလုပ်သမား လူနည်းစု ရှိသည်။ ဇိုင်းနိချိကိုရီးယားလူမျိုး၊ ဇိုင်းနိချိ တရုတ်လူမျိုး၊ ဖိလစ်ပိုင်လူမျိုး၊ အများအားဖြင့် ဂျပန်နိုင်ငံတွင်း ဆင်းသက်လာကြသော ဘရာဇီးလူမျိုး နှင့် ပီရူးလူမျိုး တို့မှာ ဂျပန်နိုင်ငံအတွင်း လူနည်းစု လူမျိုးများ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် လက်တင်အမေရိကမှ မဟုတ်သော အနောက်တိုင်းသား ၁၃၄,၇၀၀ နှင့် လက်တင် အမေရိကမှ ၃၄၅,၅၀၀ မျှ ရှိသော နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ ရှိကြသည်။ လက်တင်အမေရိကသားထဲမှ ၂၇၄,၇၀၀ ဦးမှာ ဘရာဇီးလူမျိုးများ ဖြစ်ကြပြီး (ဂျပန်နိုင်ငံတွင်း အဆင့်ဆင့် ဆင်းသက်လာသူ သို့မဟုတ် ဂျပန်နိုင်ငံမှ ရွှေ့ပြောင်းရောက်ရှိသွားသူများနှင့် ၎င်းတို့၏ အိမ်ထောင်ဘက်များ) ဂျပန်နိုင်ငံအတွင်း အကြီးမားဆုံးသော အနောက်နိုင်ငံသား အစုအဝေးဖြစ်သည်။ ဌာနေလူမျိုးစုများထဲတွင် အများဆုံးမှာ ယာမာတိုလူမျိုးများ ဖြစ်ပြီး အဓိက လူနည်းစု လူမျိုးများတွင် ရှေးဦးနေ အအိနု လူမျိုးများ နှင့် ရူကျူးလူမျိုးများ အပြင် လူမှုရေး အရ လူနည်းစု ဖြစ်သော ဘူရာကူမင် လူစု များလည်း ရှိသည်။ ထို့အပြင် ဘိုးစဉ်ဘောင်ဆက်က သွေးနှောနေခဲ့သော လူများလည်း ဂျပန်လူမျိုး သို့ ယာမာတိုများထဲတွင် ရှိနေပြီး ဥပမာအားဖြင့် အိုဂါဆာဝါရာ ကျွန်းစုများမှ ဂျပန်များတွင် ၁၀ ရာခိုင်နှုန်းခန့်မှာ ဥရောပ၊ အမေရိကန်၊ မိုက်ခရိုနီးရှန်း နှင့် ပိုလီနီးရှင်း နောက်ခံများ ရှိနေပြီး အချို့မှာ မျိုးဆက် ခုနစ်ဆက်မျှ ရှိသည်။ လူအများစုက ဂျပန်တွင် လူမျိုးအားဖြင့် အားလုံးတူညီသည်ဟု ယုံကြည်ကြပြီး (၂၀၀၉တွင် ဂျပန်နိုင်ငံ၌ နေရင်းမဟုတ်သော နိုင်ငံခြားသား အလုပ်သမားမှာ လူဦးရေ၏ ၁.၇ ရာခိုင်နှုန်းမျှသာ ရှိသည်။) ဂျပန်နိုင်ငံသားများတွင် လူမျိုးစု နှင့် ဆိုင်သော စာရင်းဇယားမရှိသော်လည်း ပရော်ဖက်ဆာ ဇွန်လိုင်း ကဲ့သို့သော အနည်းဆုံး ခွဲခြမ်းစိတ်ဖြာမှု တစ်ခုအရ ဂျပန်တွင် လူမျိုးကွဲများစွာရှိသော လူ့အဖွဲ့အစည်းဟု ဆိုသည်။ သို့သော်လည်း ထိုယူဆချက်ကို ဂျပန် လူ့အဖွဲ့အစည်း၏ အလွှာပေါင်း များစွာမှ လက်ခံရန် ငြင်းဆန်ကြပြီး သူတို့ အနေနှင့် ဂျပန်နိုင်ငံသည် ယဉ်ကျေးမှု တစ်ခုတည်းရှိသော နိုင်ငံ ဆိုသည့် အယူအဆကိုသာ ဆက်လက်ထိန်းသိမ်း လိုကြသည်။ ထိုအယူအဆကို လူနည်းစု လူမျိုးစုများ ဖြစ်သော အအိနုနှင့် ရူကျူးလူမျိုးများကပင် ငြင်းဆန်ကြသည်။ ထိုသို့သော လူမျိုးတစ်မျိုးတည်းသာ ရှိသည်ဟူသော အယူအဆကြောင့် လူမျိုးကွဲပြားမှုကို အသိအမှတ်ပြုရန် ဂျပန်နိုင်ငံတွင် ပုံမှန်အားဖြင့် ငြင်းဆန်လေ့ ရှိကြသည်။ ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း တာရို အာဆိုက ဂျပန်သည် "လူမျိုးတစ်မျိုး၊ လူ့အဖွဲ့အစည်းတစ်ခု၊ ဘာသာစကားတစ်မျိုး၊ ယဉ်ကျေးမှု တစ်ခု" ဟု ဆိုခဲ့ဖူးသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူ့သက်တမ်းအားဖြင့် ဒုတိယမြောက် အရှည်ဆုံး နိုင်ငံ ဖြစ်ပြီး ၂၀၁၀-၂၀၁၅ အတွင်း မွေးဖွားသော လူများ၏ သက်တမ်းမှာ ၈၃.၅ နှစ် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်ပြီးခေတ် လူဦးရေ အများအပြား တိုးတက်မှု နှင့် နောက်ပိုင်း မွေးဖွားနှုန်းကျဆင်းမှုကြောင့် လူဦးရေမှာ အသက်ကြီးသူ များပြားလာသည်။ ၂၀၁၂ ခုနှစ်တွင် လူဦးရေ၏ ၂၄.၁ ရာခိုင်နှုန်းမှာ အသက်၆၅ နှစ်ကျော်ပြီ ဖြစ်ပြီး ထိုအချိုးမှာ ၂၀၅၀တွင် ၄၀ ရာခိုင်နှုန်းသို့ တိုးတက်လာလိမ့်မည် ဖြစ်သည်။ ထိုသို့ လူဦးရေ အချိုးအစား ပြောင်းလဲလာခြင်းသည် လူမှုရေး ဆိုင်ရာ ပြဿနာများစွာကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် အလုပ်လုပ်နိုင်သော လူဦးရေ ကျဆင်းနိုင်ခြင်း နှင့် ပင်စင် ကဲ့သို့သော လူမှုဖူလုံရေး စရိတ်များ များပြားလာခြင်းတို့ ဖြစ်သည်။ ဂျပန်လူငယ်များထဲတွင် လက်မထပ်လိုသူနှင့် မိသားစု မထူထောင်လိုသူ များပြားလာသည်။ ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လူဦးရေမှာ ငါးနှစ်မြောက် အဖြစ် ကျဆင်းခဲ့ပြီး ၁၂၆.၂၄ သန်းမှ ၂၀၄,၀၀၀ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကျဆင်းမှုမှာ ၁၉၄၇ ခုနှစ် နှိုင်းယှဉ်နိုင်သော စာရင်းဇယား စတင်ကောက်ယူသည့် အချိန်မှစ၍ ပထမအကြိမ် အများဆုံး ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် ငလျင်နှင့် ဆူနာမီကလည်း ထိုသို့ ကျဆင်းမှုကို ပိုမိုဆိုးရွားစေခဲ့ပြီး လူပေါင်း ၁၆,၀၀၀ နီးပါး သေဆုံးကာ ခန့်မှန်းခြေ လူ ၃,၀၀၀ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ လူဦးရေမှာ ၂၀၅၀တွင် ၉၅ သန်းသို့ ကျဆင်းမည်ဟု ခန့်မှန်းရသည်။ လူဦးရေ အချိုးအစား လေ့လာသူများနှင့် အစိုးရ စီမံကိန်း ရေးဆွဲသူများက ထိုပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းမည် ဆိုသည့် အချက်ကို အပြင်းအထန် ငြင်းခုံဆွေးနွေးလျက် ရှိကြသည်။ ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံခြင်းနှင့် ကလေးမွေးသူများကို အကျိုးအမြတ်ပေးခြင်းတို့ဖြင့် လူငယ်များ အနေဖြင့် အသက်ကြီးသူ အများအပြားကို ထောက်ပံ့လာနိုင်မည်ဟု ဆွေးနွေး အဖြေရှာခြင်းမျိုးလည်း ရှိသည်။ ဂျပန်နိုင်ငံသည် နိုင်ငံသား အသစ် ၁၅,၀၀၀ ကို နှစ်စဉ် ပုံမှန် လက်ခံလျက် ရှိသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အဆိုအရ ဂျပန်အနေနှင့် ၂၀၁၂ ခုနှစ်တွင် ဒုက္ခသည် ၁၈ ဦးကိုသာ ပြန်လည် အခြေချနိုင်ရန် လက်ခံခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံကမူ ဒုက္ခသည်ပေါင်း ၇၆,၀၀၀ ကို ထိုအချိန်တွင် လက်ခံခဲ့သည်။ ဂျပန်နိုင်ငံတွင် မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း အလွန်များပြားသည်။ ၂၀၀၉ ခုနှစ်တွင် မိမိကိုယ်ကို သတ်သေသူ ၃၀,၀၀၀ ကျော်သည်မှာ ၁၂ နှစ်ဆက်တိုက် ဖြစ်ခဲ့သည်။ မိမိကိုယ်ကို အဆုံးစီရင်မှုမှာ အသက် ၃၀ အောက် လူငယ်များအတွက် အဓိက သေဆုံးရသည့် အကြောင်းအရင်း ဖြစ်သည်။ ဘာသာရေး ဂျပန်နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပိုဒ် ၂၀ အရ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အဝ ရှိသည်။ ခန့်မှန်းချက်အရ ဂျပန်လူဦးရေ ၏ ၈၄ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာ သို့မဟုတ် ရှင်တိုဘာသာကို ကိုးကွယ်ကြသည်ပြီး ထိုဘာသာ နှစ်ခု စလုံးကို လက်ခံသူလည်း အများ အပြား ရှိသည်။ သို့သော်လည်း ထိုခန့်မှန်းချက်မှာ ဘုရားကျောင်းနှင့် ဆက်နွယ်နေသူကိုသာ ခန့်မှန်းခြင်း ဖြစ်ပြီး အမှန်တကယ် ယုံကြည်သက်ဝင်သူကို ခန့်မှန်းခြင်း မဟုတ်ပေ။ အခြားလေ့လာချက်တစ်ခု အရ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းက သာလျှင် ဘာသာတရား တစ်ခုခုကို ယုံကြည်ကိုးကွယ်သူများဟု မိမိတို့ဘာသာ ဆိုကြသည် ဟု ဆိုသည်။ အက်ဒ်ဝင် ရိုင်းရှာဝါ နှင့် မားရီးယပ်စ် ဂျန်ဆန်တို့၏ အဆိုအရ ဂျပန်လူမျိုး ၇၀ မှ ၈၀ ရာခိုင်နှုန်းမှာ စာရင်းဇယား ကောက်ယူသူများအား သူတို့သည် မည်သည့်ဘာသာကိုမှ ကိုးကွယ်သူများ မဟုတ်ဟု ပြောလေ့ရှိကြောင်း သိရသည်။ သို့သော်လည်း ဘာသာရေးတွင် ပါဝင်ပတ်သက်မှုမှာ မြင့်မားပြီး အထူးသဖြင့် ပွဲတော်များနှင့် နှင့် နှစ်သစ်ကူး ပထမဆုံး ဘုရားကျောင်းသို့ သွားခြင်း စသော အခါကြီးများတွင် ဖြစ်သည်။ တရုတ်နိုင်ငံမှာ တာအိုဘာသာ နှင့် ကွန်ဖြူးရှပ် ဘာသာတို့မှာလည်း ဂျပန်တို့၏ ယုံကြည်မှုနှင့် ထုံးတမ်းစဉ်လာများကို လွှမ်းမိုးမှု ရှိသည်။ ဂျပန်နိုင်ငံ ရှိ လမ်းများမှာ တာနာဘာတာ (ကြယ်ပွဲတော်)၊ အိုဘွန် (သင်္ချိုင်းကန်တော့ပွဲ) နှင့် ခရစ်စမတ်တို့တွင် အလှဆင်ထားလေ့ ရှိသည်။ ဂျပန်လူဦးရေ၏ ၁ ရာခိုင်နှုန်း အောက်မှာသာ ခရစ်ယာန် ဘာသာ ကိုးကွယ်ကြသည်။အစ္စလာမ်ဘာသာကိုကိုးကွယ်သူများလည်းရှိသည်။ျပန်နိုင်ငံရှိအစ္စလာမ်ဘာသာဝင်လူဦးရေ၏၉၀ရာခိုင်နှုန်းမှာပါကစ္စတန်၊အင်ဒိုနီရှားအစရှိသည့်မွတ်ဆလင်နိုင်ငံများမှလာရောက်အလုပ်လုပ်ကိုင်ကြသည့်ပြောင်းရွှေ့လုပ်သားများဖြစ်ပြီးကျန်၁၀ရာခိုင်နှုန်းမှာဂျပန်နိုင်ငံသားများဖြစ်သည်။အစ္စလာမ်ဘာသာအားကိုးကွယ်သူ၂၀၀၀၀၀ရှိသည်။အစ္စလာမ်ဘာသာကိုဂျပန်နိုင်ငံလူဦးရေ၏၀ဒဿမ၁ရာခိုင်နှုန်းကိုးကွယ်ကြသည် ထို့အပြင်ဟိန္ဒူဘာသာဝင်၊ ဆစ်ခ်ဘာသာဝင်နှင့် ဂျူးဘာသာဝင် အနည်းငယ်မျှလည်း ရှိသည်။ ဘာသာစကား ဂျပန်လူဦးရေ၏ ၉၉ ရာခိုင်နှုန်းမှာ ဂျပန်ဘာသာစကားကို ပထမ ဘာသာစကားအနေဖြင့် ပြောဆိုကြသည်။ ဂျပန်ဘာသာမှာ အဓိပ္ပာယ်ရှိသာ စာလုံးတစ်လုံးစီကို ပေါင်းစပ်ခြင်းဖြင့် စာလုံးတွဲ ဖြစ်ပေါ်သော ဘာသာစကားဖြစ်ပြီး ဂုဏ်ပြုခြင်း ချီးမြှောက်ခြင်းကို အလေးပေးကာ ဂျပန် လူ့အဖွဲ့အစည်း၏ ဝါစဉ် ခွဲခြားမှု သဘာဝကို ထင်ဟပ်ပြနေပြီး ကြိယာနှင့် အချို့သော စကားလုံးများမှာ နားထောင်သူနှင့် ပြောကြားသူတို့၏ အဆင့်ကို ညွှန်းဆိုလျက် ရှိသည်။ ဂျပန် စာ ရေးသားရာတွင် ခန်းဂျီး ဟု ခေါ်သော တရုတ်စကားလုံးများကို အသုံးပြုကြပြီး ရိုးရှင်းသော တရုတ်အက္ခရာများကို အခြေခံထားသော ခါန ဟုခေါ်သော အက္ခရာစဉ် နှစ်မျိုးရှိကာ လက်တင် အက္ခရာနှင့် အာရပ်ကိန်းဂဏန်းများကိုလည်း အသုံးပြုကြသည်။ ဂျပန်ဘာသာစကား အပြင် ရူကျူးဘာသာစကားများ ဖြစ်သော အာမာမိ၊ ကူနိဂါမိ၊ အိုကီနာဝန်၊ မိယာကို၊ ယဲယမာ၊ ယိုနဂူနိ အစရှိသော ဂျပိုနစ် မိသားစုဝင် ဖြစ်သော ဘာသာစကား ဖြစ်သော ဘာသာစကားများကိုလည်း ရူကျူးကျွန်းများတွင် ပြောဆိုကြသည်။ ကလေးငယ်များထဲမှ ထိုဘာသာစကားများကို သင်ယူသူ နည်းပါးသည်။ သို့သော်လည်း ယခု လတ်တလောနှစ်များတွင် ဒေသခံ အစိုးရများက ရိုးရာ ဘာသာစကားနှင့် ပတ်သက်၍ စိတ်ဝင်စားမှု တိုးပွားလာရန် လုပ်ဆောင်လျက် ရှိသည်။ အိုကီနာဝါ ဂျပန်ဘာသာစကားခွဲကိုလည်း ထိုနယ်မြေတွင် ပြဆိုကြသည်။ အအိနု ဘာသာစကားမှာ ဂျပန်ဘာသာစကားနှင့် မည်သည့် ဘာသာစကားနှင့်မျှ ဆက်စပ်ခြင်း မရှိဘဲ ပျောက်ကွယ်မည်ကို စိုးရိမ်ရသည့် အခြေအနေဖြစ်နေပြီး ဟော့ကိုင်းဒိုးတွင်သာ အသက်ကြီးသော ဌာနေ စကားပြောသူ အချို့ ကျန်ရှိသည်။ အစိုးရကျောင်းနှင့် ပုဂ္ဂလိက ကျောင်း အတော်များများတွင် ကျောင်းသားများ အနေနှင့် ဂျပန်ဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်ခုစလုံးကို သင်ယူရန် လိုအပ်သည်။ ပညာရေး ၁၈၇၂ ခုနှစ် မေဂျီ ပြုပြင်ပြောင်းလဲရေးခေတ်တွင် မူလတန်းကျောင်းများ၊ အထက်တန်းကျောင်းများ နှင့် တက္ကသိုလ်များကို စတင် ဖွင့်လှစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်မှစ၍ မူလတန်းနှင့် အလယ်တန်း ပညာရေးကို မသင်မနေရ ပညာရေး အဖြစ် သတ်မှတ်ခဲ့ပြီး အချိန်ကာလ အားဖြင့် အသက် ၆ နှစ် မှ ၁၅ နှစ် အထိ ၉ နှစ် ကြာမြင့်သည်။ ဂျပန် ပညာရေး၊ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ၏ အဆိုအရ အလယ်တန်း အောင်မြင်ပြီးသော ကလေးငယ် အတော်များများက အထက်တန်း ၃ နှစ်ကို ဆက်လက်သင်ယူကြသည်။ ၂၀၀၅ ခုနှစ်တွင် အထက်တန်း အောင်မြင်ပြီးသူ ၇၅.၉ ရာခိုင်နှုန်းသည် တက္ကသိုလ်၊ ဂျူနီယာ ကောလိပ်၊ ကုန်သွယ်ရေး သင်တန်းကျောင်းနှင့် အခြားသော အဆင့်မြင့်ပညာသင်ကျောင်းများသို့ ဆက်လက် တက်ရောက်ကြသည်။ ဂျပန်တွင် ထိပ်ဆုံးအဆင့် သတ်မှတ်ထားသော တက္ကသိုလ် နှစ်ခုမှာ တိုကျိုတက္ကသိုလ် နှင့် ကျိုတိုတက္ကသိုလ်တို့ ဖြစ်ကြသည်။ အိုအီးစီဒီမှ ကြီးမှူးကျင်းပသော နိုင်ငံတကာကျောင်းသားများ၏ အရည်အချင်းစစ် စာမေးပွဲတွင် ဂျပန်နိုင်ငံမှ ၁၅ နှစ်သား ကျောင်းသားတစ်ဦး၏ အသိပညာနှင့် အတတ်ပညာကို တကမ္ဘာလုံး ဆဋ္ဌမ အဆင့်အဖြစ် သတ်မှတ်ထားသည်။ ကျန်းမာရေး ဂျပန်နိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံအစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများက တာဝန်ယူပေးသည်။ တစ်ဦးချင်းအတွက် ကျန်းမာရေး ဝန်ဆောင်မှုနှင့် သက်ဆိုင်သော အဖိုးအခများကို အားလုံးနှင့် ဆိုင်သော ကျန်းမာရေး အာမခံစနစ်မှ ပေးဆောင်ပြီး အားလုံး တန်းတူညီမျှ အသုံးပြုနိုင်ကာ အစိုးရ ကော်မတီမှ အဖိုးအခများကို သတ်မှတ်ပေးသည်။ အလုပ်ရှင်မှ အာမခံ ထားမပေးသော လူများ အနေဖြင့် တစ်နိုင်ငံလုံးနှင့် ဆိုင်သော ကျန်းမာရေး အာမခံတွင် ပါဝင်နိုင်ပြီး ဒေသခံ အစိုးရများမှ စီမံခန့်ခွဲပေးသည်။ ၁၉၇၃ မှစ၍ အသက်ကြီးသော သူများအားလုံးကို အစိုးရမှ ထောက်ပံ့သော အာမခံဖြင့် အကာအကွယ် ပေးထားသည်။ လူနာများ အနေဖြင့် ဆရာဝန် သို့မဟုတ် ဆေးကုသမည့် နေရာကို မိမိစိတ်ကြိုက် ရွေးချယ်ခွင့် ရှိသည်။ ယဉ်ကျေးမှု ဂျပန်တို့၏ ယဉ်ကျေးမှုသည် ရှေးဦးအစ ယဉ်ကျေးမှုမှ အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာခဲ့ခြင်းဖြစ်သည်။ ခေတ်ပြိုင် ယဉ်ကျေးမှုတွင် အာရှ၊ ဥရောပ နှင့် မြောက်အမေရိကမှ လွှမ်းမိုးမှုများ ပေါင်းစပ်နေသည်ကို တွေ့ရသည်။ ဂျပန် ယဉ်ကျေးမှုများတွင် လက်မှုပညာများဖြစ်သော ကြွေထည်၊ အဝတ်အထည်၊ ယွန်းထည်၊ ဓား နှင့် အရုပ်များ၊ ဖျော်ဖြေမှုများ ဖြစ်သော ဘွန်းရာကု (ရုပ်သေး)၊ ကာဘုကီ(ကဇာတ်)၊ နို (ဂီတပဒေသာ)၊ အက နှင့် ရာကုဂို (ကွက်စိပ်)၊ အခြားယဉ်ကျေးမှုများ ဖြစ်သော လက်ဖက်ရည်ပွဲ(ရေနွေးကြမ်း)၊ အိကဲဘာနာ (ပန်းအလှဆင်ခြင်း)၊ ကိုယ်ခံပညာ၊ လက်ရေးလှပညာ၊ အိုရိဂါမီ (စက္ကူခေါက်ပညာ)၊ အွန်ဆန်(ရေပူစမ်းချိုးခြင်း)၊ ဂေးရှား(ကချေသည်) နှင့် ကစားပွဲများ ပါဝင်သည်။ ဂျပန်သည် ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှုများအပြင် ရုပ်ဝတ္ထုမဟုတ်သည့် ယဉ်ကျေးမှု လက္ခဏာများနှင့် အမျိုးသားရေး အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် စနစ်တစ်ခု ထားရှိသည်။ ယူနက်စကို ကမ္ဘာ့အမွေခံ နေရာများတွင် ဂျပန်နိုင်ငံမှ နေရာ ၁၆ခု ပါဝင်ပြီး ၁၂ ခုမှာ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော နေရာများ ဖြစ်သည်။ အနုပညာ အိဆဲ ဝတ်ပြုကျောင်းသည် ဂျပန် ဗိသုကာ ပညာ၏ ဥပမာ တစ်ခု အဖြစ် မှတ်ယူကြသည်။ အများအားဖြင့် သစ်သားကို အသုံးပြုထားသော ဂျပန်ရိုးရာအိမ်များနှင့် များပြားလှစွာသော ဘုရားကျောင်းများတွင် တာတာမီ ခေါ် မြက်ဖျာများနှင့် ဘေးသို့ ဆွဲဖွင့်ရသော တံခါးများ အသုံးပြုထားသည်ကို တွေ့နိုင်ပြီး ထိုတံခါးများမှာ အခန်းများ အချင်းချင်း ခွဲခြားရန်နှင့် အတွင်းနှင့် အပြင် ခွဲခြားရန် အသုံးပြုလေ့ ရှိကြသည်။ အများအားဖြင့် သစ်သား အသုံးပြုသော ဂျပန်ပန်းပုပညာ နှင့် ဂျပန်ပန်းချီတို့မှာ ဂျပန် အနုပညာများထဲတွင် ရှေးအကျဆုံး ဖြစ်ပြီး အစောဆုံး ရုပ်ပုံရေးဆွဲမှုမှာ ဘီစီ ၃၀၀ ခန့်ကပင် တွေ့နိုင်သည်။ ဂျပန်၏ ပန်းချီ သမိုင်းမှ ဌာနေဂျပန်တို့၏ အမြင် နှင့် ပြည်ပမှ ဝင်ရောက်လာသော အတွေးအမြင်များ ရောနှောမှုနှင့် အားပြိုင်မှုကို တွေ့ရသည်။ ဂျပန်နှင့် ဥရောပ အနုပညာတို့အကြား ဆက်နွယ်မှုမှာ ထင်ရှားသည်။ ဥပမာအားဖြင့် ၁၉ ရာစုတွင် တင်ပို့ခဲ့သော အူကီယို-အဲ ပန်းချီများမှာ ဂျပိုနစ်ဆင်ဟု သိကြပြီး အနောက်တိုင်းတွင် မော်ဒန်ပန်းချီများ ဖြစ်ပေါ်တိုးတက်မှုအတွက် ဩဇာလွှမ်းမိုးမှုရှိကာ အထူးသဖြင့် ပို့စ်အင်ပရက်စ်ရှင်နစ်ဆင် ပေါ်တွင် ဖြစ်သည်။ ထင်ရှားသော အူကီယို-အဲ ပန်းချီဆရာများတွင် ဟိုကုဆိုင်းနှင့် ဟိရိုရှိဂဲတို့ ပါဝင်သည်။ ရိုးရာ သစ်သားတုံးဖြင့် ပုံနှိပ်ခြင်းအား အနောက်တိုင်း အနုပညာနှင့် ရောနှောလိုက်သည့်အခါ ယခု ဂျပန်နိုင်ငံတွင်းနှင့် ပြင်ပ တွင် ကျော်ကြားသော မန်ဂါဟူသည့် ရုပ်ပြစာအုပ် ဖြစ်ပေါ်လာခဲ့သည်။ မန်ဂါ၏ ဩဇာလွှမ်းမိုးမှုဖြင့် ပေါ်ပေါက်လာသော တီဗွီနှင့် ရုပ်ရှင်များကို အန်နီမဲ ဟုခေါ်သည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်သော ဗွီဒီယိုဂိမ်းစက်များသည် ၁၉၈၀ ခုနှစ်များမှ စ၍ လူကြိုက်များခဲ့သည်။ ဂီတ ဂျပန်တို့၏ ဂီတမှာ ရွေးချယ်စရာ များပြားပြီး အမျိုးမျိုး အစားစား ကွဲပြားခြားနားသည်။ ရိုးရာတူရိယာများဖြစ်သော ကိုတို ဟုခေါ်သော ဂျပန်ဒုံမင်း စသည်တို့ကို ၉ ရာစု နှင့် ၁၀ ရာစုနှစ်များကပင် စတင် အသုံးပြုခဲ့သည်။ နို ဂီတပဒေသာများနှင့် အတူ ယှဉ်တွဲတင်ဆက်လေ့ ရှိသော စကားပြောဂီတများမှာ ၁၄ ရာစုကတည်းကပင် ရှိခဲ့ပြီး လူကြိုက်များ၍ ရှားမိဆန် ဟုခေါ်သော ဂစ်တာနှင့် အလားသဏ္ဍန်တူသည့် တူရိယာနှင့် တွဲဖက်လေ့ရှိသော ကျေးလက်ရိုးရာ ဂီတများမှာ ၁၆ ရာစုမှပင် အစပျိုးခဲ့သည်။ ၁၉ ရာစုတွင် စတင်မိတ်ဆက်ခဲ့သော အနောက်တိုင်း ဂန္ထဝင် ဂီတမှာ ယခုအခါတွင် ဂျပန် ယဉ်ကျေးမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဂျပန်နန်းတော်၏ တူရိယာဝိုင်း၏ ဂါဂါကု ဂီတ သည် အချို့သော ၂၀ရာစု အနောက်တိုင်း ဂန္ထဝင် တေးရေးများ၏ အချို့သော သီချင်းများတွင် လွှမ်းမိုးမှု ရှိသည်ကို တွေ့ရသည်။ ဂျပန်နိုင်ငံမှ ဂန္ထဝင် ဂီတဖန်တီးသူများတွင် နာမည်ကျော်ကြားသူများမှာ တိုရု တာကဲမိဆု နှင့် ရန်န်တာရိုး တာကီ တို့ ဖြစ်သည်။ စစ်ပြီးခေတ် ဂျပန်၏ လူကြိုက်များသော ဂီတများသည် အမေရိကန်နှင့် ဥရောပတို့၏ ဂီတရေစီးကြောင်းများမှ အကြီးအကျယ်လွှမ်းမိုးမှု ရှိပြီး ထိုမှတဆင့် ဂျေပေါ့ပ် ဂီတ သို့မဟုတ် ဂျပန်လူကြိုက်များဂီတ အမျိုးအစား ဖြစ်ပေါ်လာခဲ့သည်။ ကာရာအိုကေ သီဆိုခြင်းသည် ဂျပန်နိုင်ငံတွင် အနှံ့အပြား ကျင့်သုံးသော ယဉ်ကျေးမှု တစ်ခု ဖြစ်သည်။ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီ၏ ၁၉၉၃ စစ်တမ်းအရ ဂျပန်အများစုမှာ နှစ်တစ်နှစ်အတွင် ကာရာအိုကေ သီဆိုချိန်သည် အခြားယဉ်ကျေးမှု ဓလေ့များဖြစ်သော အိကဲဘာနာ ခေါ် ပန်းအလှဆင်ခြင်းနှင့် လက်ဖက်ရည်ပွဲ ကျင်းပခြင်းတို့ထက် ပို၍ များကြောင်း တွေ့ရသည်။ စာပေ ဂျပန်နိုင်ငံ၏ အစောဆုံး စာပေများတွင် ကိုဂျိကိ မော်ကွန်းနှင့် နိဟွန်းရှိုးကိ မော်ကွန်းတို့ ပါဝင်သည့်အပြင် မန်းယိုးရှုဟုခေါ်သော ကဗျာညွန့်ပေါင်း များပါဝင်သည်။ ထိုစာပေများကို ၈ ရာစုက ဖန်တီးခဲ့ခြင်း ဖြစ်ပြီး တရုတ်အက္ခရာများဖြင့် ရေးသားထားသည်။ ဟဲအိအန်ခေတ်တွင် ဟိရာဂန နှင့် ခတ်တာခန အက္ခရာများ တီထွင်ဖန်တီးလာခဲ့သည်။ သစ်ခုတ်သမားပုံပြင်သည် ဂျပန်နိုင်ငံ၏ အစောဆုံးပုံပြင်ဟု ဆိုနိုင်သည်။ ဟဲအိအန် နန်းတွင်းဘဝကို ဆဲအိ ရှိုးနာဂွန်၏ ခေါင်းအုံးစာအုပ်တွင် မှတ်တမ်းတင်ထားခဲ့ပြီး မူရာဆာကိ ရှိကိဘု၏ ဂန်းဂျိ ပုံပြင်များမှာ ကမ္ဘာ့ပထမဆုံး ဝတ္တုဟုပင် အမြဲလိုလို ရည်ညွှန်းလေ့ ရှိကြသည်။ အဲဒိုခေတ်တွင် ချိုးနင်း ဟုခေါ်သော မြို့နေလူထုက စာပေဖတ်ရှုသူနှင့် ဖန်တီးသူများ အဖြစ် ဆာမူရိုင်း အထက်တန်းလွှာတို့ အား ကျော်တက်သွားခဲ့သည်။ ဆိုင်းကကု၏ စာပေများ လူကြိုက်များလာခြင်းက စာဖတ်သူ လူတန်းစားနှင့် စာရေးဆရာ လူတန်းစား ပြောင်းလဲလာမှုကို ဖော်ပြနေခဲ့ပြီး ဘရှိုး က ကိုကင်းရှု ကဗျာ ယဉ်ကျေးမှုကို သူ၏ ဟိုက္ကူ ကဗျာများဖြင့် ပြန်လည်အသက်သွင်းခဲ့ကာ ခရီးသွား ကဗျာမှတ်တမ်း အိုကုနော့ ဟိုဆိုမိချီကို ဖန်တီးခဲ့သည်။ မေဂျီခေတ်တွင် ဂျပန်ရိုးရာ စာပေများ ယုတ်လျော့လာခဲ့ပြီး ဂျပန်စာပေများမှာ အနောက်တိုင်း လွှမ်းမိုးမှုများဖြင့် ဖြစ်ပေါ်လာခဲ့သည်။ နဆုမဲ ဆိုဆဲကိ နှင့် မိုရိ အိုဂါအိတို့မှာ ဂျပန်နိုင်ငံ၏ ပထမဆုံး ခေတ်သစ် ဝတ္ထုရေး ဆရာများ ဖြစ်ကြပြီး သူတို့နောက်တွင် ရူးနိုဆုကဲ အကုတာဂါဝါ၊ ဂျူးနိချိရို တာနိဇာကီ၊ ရူကီအို မီရှိမာတို့ ပေါ်ထွက်ခဲ့ကာ လတ်တလောတွင် ဟာရူကီ မူရာကာမီ တို့ ဖြစ်ကြသည်။ ဂျပန် စာရေးဆရာ ယာဆုနာရီ ကာဝါဘာတာ နှင့် ကင်ဇာဘူရို အိုအဲ တို့သည် စာပေဆိုင်ရာ နိုဘဲလ်ဆု တစ်ခုစီကို ရရှိခဲ့သည်။ အစားအသောက်များ ဂျပန်တို့၏ အစားအသောက်များမှာ နေ့စဉ်စားသုံးနေကြဖြစ်သော ထမင်း သို့မဟုတ် ခေါက်ဆွဲကို ဟင်းရည် နှင့် အိုကာဇု ဟုခေါ်သော ငါးဖြင့် ချက်ထားသော ဟင်းတစ်မျိုး၊ ဟင်းသီးဟင်းရွက်၊ တို့ဖူးနှင့် အလားသဏ္ဍန်တူသောအရာများဖြင့် အရသာရှိစေရန် တွဲဖက်စားသုံးလေ့ ရှိကြသည်။ မျက်မှောက်ခေတ် အစောပိုင်းတွင် ဂျပန်တွင် ယခင်က ကျယ်ကျယ်ပြန့်ပြန့် စားသုံးလေ့ မရှိကြသော အသားနီ ခေါ် အမဲသားကဲ့သို့သော အစားအစာများကို စတင် စားသုံးခဲ့ကြသည်။ ဂျပန်အစားအသောက်များသည် ရာသီအလိုက် အစားအစာများပေါ်တွင် အလေးပေးခြင်း၊ ပါဝင်သော ဟင်းခတ်များနှင့် ဟင်းပွဲပြင်ဆင်မှုတို့ကြောင့် ထင်ရှားသည်။ ဂျပန်အစားအသောက်များတွင် ဒေသအလိုက် အထူးပြု ချက်ပြုတ်မှုများ အမျိုးမျိုး အစားစား ရှိပြီး ရိုးရာချက်ပြုတ်နည်းများနှင့် ဒေသခံ ဟင်းခတ်များကို သုံးစွဲလေ့ ရှိကြသည်။ မီရှဲလင်း လမ်းညွှန်မှ ဂျပန်နိုင်ငံ အတွင်းရှိ စားသောက်ဆိုင်များကို ကြယ်ပွင့် အဆင့် သတ်မှတ်ချက်ပေးရာတွင် ဂျပန်စားသောက်ဆိုင်များ၏ ကြယ်ပွင့်ပေါင်းသည် အခြားတကမ္ဘာလုံးရှိ စားသောက်ဆိုင်များ အားလုံးပေါင်းခြင်းထက် ပိုများသည်ကို တွေ့ရသည်။ အားကစား ဆူမို နပန်း သတ်ခြင်း သည် ဂျပန်နိုင်ငံ၏ အမျိုးသား အားကစားနည်း ဖြစ်သည်။ ဂျပန် ကိုယ်ခံပညာများ ဖြစ်သော ဂျူဒို၊ ကရာတေး နှင့် ကန်ဒိုတို့ကို လူအများအပြား ကစားကြပြီး နိုင်ငံတဝှမ်းရှိ ပရိသတ် အများအပြား ကြည့်ရှုအားပေးကြသည်။ မေဂျီ ပြုပြင်ပြောင်းလဲရေးခေတ်အပြီးတွင် အနောက်တိုင်း အားကစားနည်းများကို ဂျပန်တွင် စတင်မိတ်ဆက်ခဲ့ပြီး ပညာရေးစနစ်အတွင်း ပျံ့နှံ့သွားခဲ့သည်။ ဂျပန်နိုင်ငံသည် ၁၉၆၄တွင် နွေရာသီ အိုလံပစ် အားကစားပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပ ခဲ့သည်။ ဂျပန်သည် ဆောင်းရာသီ အိုလံပစ်ကို နှစ်ကြိမ်တိုင် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဆပ်ပိုရို၊ ၁၉၉၈တွင် နာဂါနို တို့၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် တိုကျိုသည် နွေရာသီ အိုလံပစ် အားကစားပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အာရှမြို့တော်များတွင် အိုလံပစ် ကစားပွဲ နှစ်ကြိမ်တိုင် လက်ခံကျင်းပသော ပထမဆုံး မြို့တော် ဖြစ်လာပေလိမ့်မည်။ ဂျပန်နိုင်ငံသည် ရပ်ဂ်ဘီ ယူနီယံ ကစားနည်းတွင် အအောင်မြင်ဆုံးသော အာရှနိုင်ငံ ဖြစ်ပြီး အာရှ ငါးနိုင်ငံပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်တိုင် အနိုင်ရခဲ့ကာ အသစ်ဖွဲ့စည်းသော အိုင်အာရ်ဘီ ပစိဖိတ်နိုင်ငံများ ဖလားကို ၂၀၁၁ တွင် ရရှိခဲ့သည်။ ဂျပန်သည် ၂၀၁၉တွင် အိုင်အာရ်ဘီ ရပ်ဂ်ဘီ ကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။ ဘေ့စ်ဘောလ် ကစားနည်းသည် ယခုလက်ရှိတွင် ဂျပန်၌ အားပေးသူ အများဆုံး အားကစားနည်း ဖြစ်သည်။ ဂျပန်၏ ထိပ်တန်း ပရော်ဖက်ရှင်နယ် လိဂ် ဖြစ်သော နိပွန် ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောလ် ကို ၁၉၃၆ တွင် စတင် တည်ထောင်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဂျပန် ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်ကို တည်ထောင်ပြီးနောက်တွင် ဘောလုံး ကစားနည်းကို အားပေးသူ များပြားလာခဲ့သည်။ ဂျပန်သည် ၁၉၈၁ ခုနှစ်တွင် တိုက်ကြီးများ ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့ရာ နေရာဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ဖီဖာ ကမ္ဘာ့ဖလားကို တောင်ကိုရီးယားနိုင်ငံ နှင့် အတူ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။ ဂျပန်သည် အာရှတွင် အအောင်မြင်ဆုံး ဘောလုံးအသင်းများတွင် တစ်သင်း အပါအဝင် ဖြစ်ပြီး အာရှဖလားကို လေးကြိမ်တိုင် ဆွတ်ခူးရရှိခဲ့သည်။ ထို့အတူ မကြာသေးမီက ၂၀၁၁ ဖီဖာ ကမ္ဘာ့အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဂျပန်မှ ဖလားရရှိခဲ့သည်။ ဂေါက်သီးကစားခြင်းမှာလည်း ဂျပန်တွင် လူကြိုက်များသော ကစားနည်း ဖြစ်သည်။ ထို့အတူ ကားပြိုင်ပွဲများ ဖြစ်သော စူပါ ဂျီတီ နှင့် ဖော်မြူလာ နိပွန် တို့မှာလည်း လူကြိုက်များသည်။ ဂျပန်သည် အမေရိကန် အင်န်ဘီအေ ဘတ်စကက်ဘော လိဂ်တွင် ကစားသော ကစားသမား ယူတာ တာဘုဆဲကို မွေးထုတ်ပေးနိုင်ခဲ့သည်။ အစားအသောက် ကိုးကား အခြားဖတ်ရန် ထွက်နေအလံ မဟာဂျပန်စကြာဝတ္တိ နိုင်ငံ ဂျပန်နိုင်ငံ အာရှတိုက်ရှိ နိုင်ငံများ ကျွန်းနိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အရှေ့အာရှရှိ နိုင်ငံများ အရှေ့မြောက်အာရှရှိ နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%95%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
လော့စ်အိန်ဂျယ်လိစ်မြို့
လော့အိန်ဂျယ်လိစ် (IPA: /lɑˈsændʒələs/, စပိန်ဘာသာစကားဖြင့် IPA: /los ˈaŋxeles/ ) သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ် မြစ်ပေါ်တွင် တည်ရှိပြီး အမေရိကန် အနောက်ပိုင်းတွင် အကြီးဆုံးမြို့ ဖြစ်သည်။ အမြဲမကြာခဏ ဆိုသလိုပင် အတိုကောက် L.A ဟု ခေါ်ဆိုလေ့ရှိကြပြီး နတ်သမီးတို့၏မြို့တော် ဟုလည်း ခေါ်ဆိုလေ့ရှိသည်။ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃.၈ သန်းခန့်ရှိပြီး ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ၄၉၈.၃ စတုရန်းမိုင် (၁၂၉၀.၆ စတုရန်းကီလိုမီတာ) အကျယ်အဝန်းဖြင့် ဖြန့်ကျက်ထားသည်။ ထိုမျှသာမက လော့အိန်ဂျယ်လိစ် မြို့ပြဧရိယာတွင် နေထိုင်သူ စုစုပေါင်း ၁၂.၉ သန်းခန့်ရှိသည်။ ထိုသူများမှာ ကမ္ဘာအရပ်ရပ်မှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး ဘာသာစကား ၂၂၄ မျိုးကို ပြောဆိုကြသည်။ လော့စ်အိန်ဂျယ်လိစ်သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံးနှင့် ယဉ်ကျေးမှု အမျိုးအစား အစုံဆုံး ကောင်တီတစ်ခုဖြစ်သည့် လော့စ်အိန်ဂျယ်လိစ်ကောင်တီ၏ အုပ်ချုပ်ရေးမြို့ဖြစ်သည်။ လော့အိန်ဂျယ်လိစ်တွင် နေထိုင်သူများကို အိန်ဂျယ်လီနို (English: "Angelenos" IPA: /ændʒəˈlinoʊz/) ဟု ခေါ်ဝေါ်ကြသည်။ လော့စ်အိန်ဂျယ်လိစ်မြို့သည် ရာသီဥတုကောင်းမွန်သောကြောင့် ထင်ရှားသည်။ မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်သည်။ ထိုထက် လော့စ်အိန်ဂျယ်လိစ်မြို့သည် အမေရိကန်ရုပ်ရှင်လောက၏ အချက်အချာဒေသဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များ၌ ရုပ်ရှင်လုပ်ငန်းများ ထွန်းကားပေရာ အထူးထင်ရှားသည်မှာ ဟောလီဝုဒ် ရုပ်ရှင်မြို့တော်ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့သည် ၄၅၂ စတုရန်းမိုင်ခန့်ကျယ်ပြန့်၏။ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ အဆောက်အအုံများ ၏ ဗိသုကာလက်ရာတို့သည် ခေတ်အမျိုးမျိုး ဟန်အမျိုးမျိုးကို သရုပ်ဖော် လျက်ရှိသည်။ မြို့တော်ခန်းမကြီးသည် ၄၆၄ ပေမျှမြင့်၍ စာတိုက်မှာ ၁၈ ထပ်မျှမြင့်သည်။ ဗရင်ဂျီ ကသီဒရယ် ဘုရားရှိခိုးကျောင်း၏ နာရီစင်သည် ၁၉၅ ပေမြင့်သည်။ တက္ကသိုလ်ကျောင်း၊ ပြတိုက်များအပြင် ဘုရားရှိခိုး ကျောင်း ၆ဝဝ ကျော်ရှိသည်။ မြို့၏များသောအပိုင်းမှာ လူနေရပ်ကွက်ဖြစ်၍ အိမ်ပုံစံများသည် ရှေးစပိန်လက်ရာများမကင်းပေ။ လော့စ်အိန်ဂျယ်လိစ်မြို့ပေါ် တွင် ဥယျာဉ်နှင့်တောင်များစွာရှိသည်။ လော့စ်အိန်ဂျယ်လိစ်မြို့နှင် ကပ်လျက်ရှိသော ပါစာဒီနာ၊ ဗားဗင့်ဂလင်းဒေး၊ စန်တာမော်နီကာ၊ ဘာဗလီဟေးလ်နှင့် လောင်းဘိရှ် တို့ အားလုံးပါဝင်သည်ကို မဟာလော့စ်အိန်ဂျယ်လိစ်မြို့ ဟုခေါ်သည်။ ဘာဗလီဟေးလ်တစ်ဝိုက်တွင် ရုပ်ရှင်လောကမှ ပညာသည်များနေထိုင်ကြသည်။ မဟာ လော့စ်အိန်ဂျယ်လိစ်မြို့သည် အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ကမ်းခြေတွင် စက်မှုလက်မှုလုပ်ငန်း ထွန်းကားသောမြို့ကြီးဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ပြုလုပ်သောလုပ်ငန်းများမှာ လေယာဉ်ပျံ တည်ဆောက်ခြင်း၊ ရေနံချက်ခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်း၊ မော်တော်ကား တပ်ဆင်ခြင်း၊ အစားအသောက်စည်သွတ်ခြင်း၊ မော်တော်ကားတာယာပြုလုပ် ခြင်းစသည်တို့ဖြစ်၏။ လော့စိန်းဂျလီးမှထွက်သော ရေနံသည် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှထွက်သောရေနံ၏ သုံးပုံတစ်ပုံဖြစ်သည်။ စန်ဂျို့စ်ကွင် ချိုင့်ဝှမ်းမှ ပိုက်လုံးများဖြင့်သွယ်ယူလာသော ရေနံတို့ကို လော့စ်အိန်ဂျယ်လိစ်မြို့ တွင်ချက်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ တွင်ရှိသော စန်ပီဒရိုဆိပ်ကမ်းသည် ပစိ ဖိတ်ကမ်းခြေတွင် ဒုတိယလိုက်သောဆပ်ကမ်းဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ တွင် သုံးစွဲသောဓာတ်အားနှင့်ရေကို မိုင် ၂ဝဝ ခန့်ကွာဝေးသော ကော်လိုရာဒိုမြစ်ပေါ်ရှိ ရေကာတာများမှရရှိသည်။ လော့စိန်းဂျလီးမြို့၌ နေထိုင်သောလူဦးရေအနက် မက္ကဆီကန် လူမျိုး၊ ဂျပန်၊ တရုတ်နှင့် ဖီလီပီနိုလူမျိုးများစွာရှိ၍ ယင်းတို့အတွက် သီးခြားရပ်ကွက်များ ပင်ရှိသည်။ ကမ္ဘာတွင် မက္ကဆီကန်တို့၏ ပဉ္စမလိုက်သောမြို့ဟူ၍ ခေါ်နိုင် လောက်အောင်ပင် မက္ကဆီကန်လူမျိုးတို့ စုဝေးနေထိုင်ရာအရပ်ဖြစ်ပေသည်။ လော့စိန်းဂျလီးမြို့ကို စပိန်လူမျိုးတို့ကစတင်တွေ့ရှိ၍ ၁၇၈၁ ခုနှစ်တွင် လူနေအိမ်ခြေတည်ကာနေထိုင်ခဲ့သည်။ မက္ကဆီကိုပိုင် ကာလီဖိုးနီး ယား၏ မြို့တော်လည်း ဖြစ်သည့်အခါဖြစ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် အမေရိ ကန်ပြည်ထောင်စု၏ရေတပ်က သိမ်းပိုက်သည်။ ၁၈၅ဝ ပြည့်နှစ်တွင် မြို့ တည်စာချုပ်ကိုရရှိသည်။ လော့စ်အိန်ဂျယ်လိစ်ဟူသောအမည်မှာ စပိန်အမည်ဖြစ် သော အယ်ပွက်ဗလိုဒါနျူအက်စထရာ ဆီနော်ရာ လာရိန်နာဒါ လော့စ်အိန်ဂျယ်လိစ် ဒါပေါ်စီအွန်စူလာကို အတိုကောက်ခေါ်ဝေါ်သောအမည်ဖြစ်သည်။ အမည်၏အဓိပ္ပာယ်မှာ ပေါ်စီအွန်စူလာကောင်းကင်တမန်တို့၏အရှင် ကျွန်ုပ်တို့သခင်မ၏မြို့တော်ဟူ၍ ဖြစ်လေသည်။ ကိုးကား အမေရိကန်ပြည်ထောင်စုရှိ မြို့များ ဟောလီးဝုဒ်
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B1%E1%80%AC%E1%80%B7%E1%80%85%E1%80%BA%E1%80%A1%E1%80%AD%E1%80%94%E1%80%BA%E1%80%82%E1%80%BB%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
လန်ဒန်မြို့
လန်ဒန် မြို့ သည် အင်္ဂလန်နိုင်ငံ နှင့် ယူနိုက်တက် ကင်းဒမ်း (ယူကေ) ၏ မြို့တော်ဖြစ်သည်။ ယူနိုက်တက် ကင်းဒမ်း အတွင်း အကြီးဆုံး မက်ထရိုပိုလစ်တန် ဒေသ ဖြစ်ပြီး ဥရောပ သမဂ္ဂ အတွင်းတွင် အကြီးဆုံး မြို့ပြ ဒေသဖြစ်သည်။ လန်ဒန်သည် ကမ္ဘာ့အရေးကြီး မြို့ပြအဖြစ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာပြီဖြစ်သည်။ လန်ဒန်မြို့ကို ရောမခေတ်က တည်ထောင်ခဲ့ပြီး ထိုစဉ်အခါက လန်ဒီနီယမ် ဟု အမည်တွင်သည်။ လန်ဒန်မြို့၏ ဗဟိုအချက်အချာ တမိုင်ပတ်လည်ရှိ ရှေးဟောင်း လန်ဒန်မြို့သည် အလယ်ခေတ်က အသွင်အပြင်အတိုင်း ဆက်လက် တည်ရှိဆဲဖြစ်သည်။ သို့သော်လည်း ၁၉ ရာစုနှစ်နောက်ပိုင်းတွင် “လန်ဒန်မြို့”ဟု ဆိုရာ၌ ဤရှေးဟောင်း မြို့ရိုးအပါအဝင် ပတ်ပတ်လည် တိုးချဲ့ကျယ်ပျံ့လာသည့် မြို့ပြကြီး တရပ်လုံးကို ညွှန်းဆိုလာပြီ ဖြစ်သည်။ လန်ဒန်သည် ကမ္ဘာ့ဦးဆောင်ဦးရွက် မြို့ပြတစ်ခု ဖြစ်ပြီး အနုပညာ၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မီဒီယာ၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ၊ သုတေသန လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အားလုံးအတွက် ထင်ရှား ကျော်စောသည်။ . နယူးယောက်မြို့ နှင့်အပြိုင် ကမ္ဘာ့အကြီးဆုံး ငွေကြေးဌာန တစ်ခု ဖြစ်သည်။ ဥရောပတွင် မြို့တစ်ခုချင်း အနေနှင့် ဂျီဒီပီ အမြင့်ဆုံးလည်း ဖြစ်သည်။ ဥရောပရှိ အကြီးဆုံး ကုမ္ပဏီ အခု ၅၀၀ မှ အခု ၁၀၀ ကျော်တို့၏ ဌာနချုပ် ရှိရာ မြို့လည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အများဆုံး လာရောက် လည်ပတ်သည့် မြို့လည်း ဖြစ်သည်။ လန်ဒန် ဟိသ်ရိုး လေဆိပ် သည် ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အနေနှင့် ကြည့်လျှင် အလုပ်အများဆုံး လေဆိပ်တစ်ခု ဖြစ်သည်။ လန်ဒန်ရှိ တက္ကသိုလ် ၄၃ ခု ပေါင်း၍ ဥရောပတွင် အဆင့်မြင့် ပညာရေးအတွက် တစ်နေရာတည်း အများဆုံး တစုတစည်းတည်း ရှိနေရာ ဒေသ အဖြစ် ရှိသည်။ ၂၀၁၂ ခုနှစ်တွင် လန်ဒန်သည် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် ၃ကြိမ်မြောက် လက်ခံ ကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ လန်ဒန် တွင် အမျိုးမျိုးသော ယဉ်ကျေးမှုနှင့် အမျိုးမျိုးသော လူများ ရှိကြသည်။ မဟာ လန်ဒန် ဒေသ အတွင်း ဘာသာစကား ၃၀၀ ကျော်ကို ပြောဆိုလျက် ရှိကြသည်။ မဟာ လန်ဒန် အာဏာပိုင် အဖွဲ့၏ ခန့်မှန်းချက် အရ ၂၀၁၅ တွင် လူဦးရေ ၈.၆၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ဥရောဂ သမ္မဂ္ဂ အတွင်း လူဦးရေ အားဖြင့် အများဆုံး စည်ပင်သာယာ နယ်နိမိတ် ဖြစ်သည်။ ယူကေ တစ်ခုလုံး လူဦးရေ၏ ၁၂.၅ ရာခိုင်နှုန်းမျှ ဖြစ်သည်။ လန်ဒန်မြို့ပြ ဒေသသည် ပဲရစ်မြို့ ပြီးလျှင် ဥရောပ သမ္မဂ္ဂ အတွင်း ဒုတိယမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ၂၀၁၁ ခုနှစ် လူဦးရေ စာရင်းအရ ၉.၇ သန်းကျော် ဖြစ်သည်။ လန်ဒန် မက်ထရိုပိုလစ်တန်ဒေသသည် ဥရောပတွင် လူဦးရေ အများဆုံး မက်ထရိုပိုလစ်တန် ဒေသ တစ်ခု ဖြစ်ပြီး နေထိုင်သူ ၁၃,၈၇၉,၇၅၇ မျှ ရှိသည်။ မဟာလန်ဒန် အာဏာပိုင် အဖွဲ့ကမူ မြို့တော် ဒေသ အတွင်း (အင်္ဂလန် နိုင်ငံ အရှေ့တောင်ပိုင်း၏ ဒေသ အတော်များများ အပါအဝင် လူဦးရေ ၂၂.၇ သန်းမျှ ရှိသည်ဟု ဆိုသည်။ လန်ဒန် သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မြို့အဖြစ် ၁၈၃၁ ခုနှစ်မှ ၁၉၂၅ အထိ တည်ရှိခဲ့သည်။ လန်ဒန်တွင် ကမ္ဘာ့ အမွေခံ နေရာ ၄ ခုမျှ ပါဝင်သည်။ ၎င်းတို့မှာ လန်ဒန် မျှော်စင်၊ ကူး ဥယျာဉ်၊ ဝက်မင်စတာ နန်းတော်၊ ဝက်မင်စတာ ဘုန်းကြီးကျောင်း နှင့် စိန့်မာဂရက် ဘုရားကျောင်းတို့ ပါဝင်သော နေရာ၊ ဂရင်းဝစ်ချ်ရှိ သမိုင်းဝင် အခြေချ နေထိုင်ရာ နေရာတို့ ဖြစ်ကြသည်။ အခြား ထင်ရှားသော နေရာများမှာ ဘက်ကင်ဟမ် နန်းတော်၊ လန်ဒန်အိုင်း ခေါ် ချားရဟတ်ကြီး ၊ ပီကာဒေးလီ ဆားကစ်၊ စိန့်ပေါလ် ဘုရားကျောင်း၊ တာဝါ တံတား၊ ထရာဖဲလ်ဂါရင်ပြင် နှင့် ရှာ့ဒ် မိုးမျှော်တိုက်တို့ ဖြစ်ကြသည်။ လန်ဒန်တွင် ပြတိုက်များ၊ ပြခန်းများ၊ စာကြည့်တိုက်များ၊ အားကစားပွဲများ နှင့် အခြားသော ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း အများအပြား ရှိသည်။ ၎င်းတို့ ထဲတွင် ဗြိတိသျှ ပြတိုက်၊ အမျိုးသား အနုပညာပြခန်း၊ တိတ် မော်ဒန်၊ ဗြိတိသျှ စာကြည့်တိုက် နှင့် ၄၀ ဝက်စ်အင်န်း ပြဇာတ်ရုံများ ပါဝင်သည်။ လန်ဒန် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး မြေအောက် ရထားလမ်း ဖြစ်သည်။ သမိုင်းကြောင်း အမည်ကို လေ့လာခြင်း လန်ဒန်ဟူသော အမည်သည် မည်သို့ ဖြစ်ပေါ်လာသည်ဆိုသည်မှာ တိတိပပ မပြောနိုင်ပေ။ လန်ဒန်ဟူသော အမည်မှာ ရှေးအမည်ဖြစ်ပြီး ၂ရာစု တွင် စတင် တွေ့ရှိခဲ့ရသည်။ အေဒီ ၁၂၁ ခုနှစ်တွင် လန်ဒီနီယမ် ဟု မှတ်တမ်းတွေ့ရပြီး ထိုအမည်မှာ ရောမ-ဗြိတိသျှ အရင်းအမြစ် ဖြစ်သည်။ လန်ဒန် အမည်နှင့် ပတ်သက်၍ ပထမဆုံး ရှင်းလင်းရန် ကြိုးစားသူမှာ မန်းမောက်စ်မှ ဂျက်ဖရီ ဖြစ်ပြီး သူ၏ အဆိုအရ လွတ်ဘုရင် ၏ အမည်မှည့်ခေါ်မှုဟု သူက ဆိုသည်။ သို့သော် သူ၏ ရှင်းလင်းတင်ပြချက်ကို ယခုအခါ ပယ်ချခဲ့ကြပြီး ဖြစ်သည်။ ၁၈၉၈ မှ စ၍ လက်ခံ ခဲ့သော အယူအဆမှာ လန်ဒန်ဟူသော အမည်သည် ဆဲလ်တစ် အရင်းအမြစ် ဖြစ်ပြီး လန်ဒီနို ဟူသော လူ ပိုင်ဆိုင်သော နေရာဟု အဓိပ္ပာယ်ရသည် ဟူ၍ ဖြစ်သည်။ သို့သော် ထိုအယူအဆကိုလည်း ပယ်ချခဲ့ပြီး ဖြစ်သည်။ ၁၉၉၈ တွင် ရစ်ချတ်ကုတ် တင်ပြခဲ့သော အယူအဆအရ လန်ဒန် ဟူသော အမည်မှာ ဆဲလ်တစ်ခေတ်မတိုင်မီ ရှေးခေတ် ဥရောပ စကား *(p)lowonida မှ လာသည်ဟု ယူဆခဲ့ပြီး အလွန်ကျယ်၍ ခံတပ်ဆောက်ရန် မဖြစ်နိုင်သောနေရာဟု သိမ်းမြစ်ကို အစွဲပြု၍ ခေါ်ဝေါ်သည်ဟု သူက ဆိုသည်။ ၁၈၈၉ အထိ လန်ဒန် ဆိုသော အမည်မှာ လန်ဒန်မြို့တော်ကိုသာ ရည်ညွှန်းသော်လည်း ယခုအခါ လန်ဒန် ကောင်တီ နှင့် မဟာလန်ဒန် ဒေသတို့ကိုပါ ရည်ညွှန်း ခေါ်ဆိုကြသည်။ သမိုင်း မတင်မီခေတ် မကြာသေးမီက တွေ့ရှိခဲ့သော ရှာဖွေတွေ့ရှိမှု နှစ်ခု အရ လန်ဒန် သိမ်း ဒေသ အနီးတွင် အစောပိုင်း အခြေချ နေထိုင်မှုများ ရှိနိုင်သည်ဟု ညွှန်ပြနေသည်။ ၁၉၉၉ ခုနှစ်တွင် ဘောက်ဆော တံတား၏ မြောက်ဘက် ကမ်းခြေတွင် ကြေးခေတ် တံတား တစ်ခု၏ အကြွင်းအကျန်များကို တွေ့ရှိခဲ့ရသည်။ ထိုတံတားမှာ သိမ်းမြစ်ကို ဖြတ်ကူးသော တံတား သို့မဟုတ် ယခု မရှိတော့သော ကျွန်းတစ်ခုသို့ ဆက်သွယ်ထားသည်ဟု ထင်ရသည်။ ဒန်ဒရိုလိုဂျီ (သစ်ပင်များကို လေ့လာသော ပညာ) အရ သစ်များသည် ဘီစီ ၁၅၀၀ ခန့်မှ ဟု သိရသည်။ ၂၀၁၀ ခုနှစ်တွင် ဘောက်ဆောတံတား၏ တောင်ဘက် သိမ်းမြစ်၏ ကမ်းခြေတွင် ကြီးမားသော သစ်အဆောက်အဦး တစ်ခု၏ အခြေများကို တွေ့ရှိခဲ့ပြီး ဘီစီ ၄၅၀၀ ခန့်က ဟု သိရသည်။ မီဆိုလစ်သစ် အဆောက်အဦးများ၏ အသုံးပြုမည့် ရည်ရွယ်ချက်ကိုမူ မသိရပေ။ သို့သော်လည်း အဆောက်အဦး နှစ်ခုစလုံးသည် တောင်ဘက် ကမ်းခြေတွင် တည်ရှိပြီး အက်ဖရာမြစ်မှ သိမ်းမြစ်အတွင်းသို့ စီးဝင်သော နေရာတွင် ဖြစ်သည်။ ရောမခေတ် လန်ဒန် လန်ဒန်ဒေသတွင် ဆဲလ်တစ် ဘရစ်တန်တို့၏ အခြေချ နေထိုင်မှု သာဓကများကို ကြဲပြန့်လျှက် တွေ့ရှိရသော်လည်း ပထမဆုံး အကြီးမားဆုံး အခြေချ နေထိုင်မှုများကို တွေ့ရသည်မှာ အေဒီ ၄၃ ခုနှစ် ရောမတို့ ကျူးကျော်ဝင်ရောက်ပြီးနောက်တွင် ဖြစ်သည်။ သို့သော်လည်း ထိုသို့ အခြေချ နေထိုင်မှုများမှာ အေဒီ ၆၁ ခုနှစ် အထိသာ တည်ရှိခဲ့ပြီး ဘောဒစ်ကာ ဘုရင်မ ဦးဆောင်သော အိုက်စ်နီ လူမျိုးစုတို့ အလုံးအရင်းနှင့် ဝင်ရောက်ပြီး ပြာပုံဖြစ်အောင် မီးရှို့ ဖျက်ဆီး ပစ်ခဲ့ကြသည့် အချိန် အထိပင် ဖြစ်သည်။ ထို့နောက်တွင် ကြီးမားစွာ စီမံကိန်းချ ဆောင်ရွက်သော လန်ဒီနီယမ် မြို့တော် စည်ပင်ဝပြော လာခဲ့ပြီး ရောမ ခရိုင် ဘရစ်တန်နီယာ၏ မြို့တော် ကိုလ်ချက်စတာအား အေဒီ ၁၀၀ ခုနှစ်တွင် ကျော်လွန် သွားခဲ့သည်။ ၂ ရာစုနှစ် အတိုးတက်ဆုံး အချိန်တွင် ရောမလန်ဒန်၌ လူဦးရေ ၆၀,၀၀၀ မျှ ရှိခဲ့သည်။ အန်ဂလို ဆက်ဆွန် လန်ဒန် (ဗိုက်ကင်းခေတ်) ၅ ရာစု အစောပိုင်း ရောမတို့၏ အုပ်ချုပ်မှု ပျက်သုဉ်းပြီးနောက် လန်ဒန်သည် မြို့တော် အဖြစ် ဆက်လည် မတည်ရှိတော့ဘဲ တံတိုင်းကာရံထားသော လန်ဒီနီယမ် မြို့ကို စွန့်ပစ်ခဲ့ကြသည်။ သို့သော် ရောမ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းမှာ စိန့်မာတင် အင်သည်ဖီးလ် ဒေသတွင် အေဒီ ၄၅၀ ခန့်အထိ ဆက်လက်တည်ရှိခဲ့သည်။ အေဒီ ၅၀၀ ခန့်မှ စ၍ အန်ဂလို ဆက်ဆွန်တို့သည် လူဒန်ဝစ် ဟု ခေါ်သော မြို့ကို ထိုနေရာတွင်ပင် ဆက်လက်တည်ထောင်ခဲ့ပြီး ယခင် ရောမခေတ် မြို့တော်၏ အနောက်ဘက် ခပ်ကျကျတွင် ဖြစ်သည်။ အေဒီ ၆၈၀ ခန့်သို့ ရောက်သော အခါတွင် အဓိက ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည် အထိ ပြန်လည် တိုးတက်လာခဲ့သော်လည်း အကြီးအကျယ် ကုန်ထုတ်လုပ်မှု ပြုသည့် အထောက်အထား အနည်းငယ်သာ တွေ့ရသည်။ အေဒီ ၈၂၀ ခုနှစ်မှစ၍ ဗိုက်ကင်း တို့၏ ဆက်တိုက် ကျူးကျော်မှု များကြောင့် မြို့၏ စည်ကားမှု လျော့ကျ လာခဲ့သည်။ မှတ်တမ်းများ အရ ဗိုက်ကင်းများက လန်ဒန်ကို သုံးကြိမ် တိုက်ခိုက်ခဲ့ပြီး အေဒီ ၈၅၁ ခုနှစ်နှင့် ၈၈၆ ခုနှစ် တိုက်ခိုက်မှု နှစ်ခုတွင် အောင်မြင်ခဲ့ကာ အေဒီ ၉၉၄ တိုက်ခိုက်မှုတွင် ဗိုက်ကင်းတို့ ရှုံးနိမ့်ခဲ့သည်။ အလယ်ခေတ် ဟတ်စတင်းတိုက်ပွဲကို အောင်မြင်ပြီးနောက်တွင် နော်မန်ဒီမြို့စားကြီး ဝီလီယံအား အသစ်ဆောက်လုပ်ပြီးစီးသော ဝက်မင်စတာ ဘုန်းကြီးကျောင်းတွင် ၁၀၆၆ ခရစ္စမတ်နေ့တွင် အင်္ဂလန်ဘုရင်အဖြစ် ဘိသိက်သွန်း၍ နန်းတင်ခဲ့သည်။ ဝီလီယံသည် မြို့၏ အရှေ့တောင်ဘက်စွန်းတွင် အင်္ဂလန်ရှိ ကျောက်တုံးဖြင့် တည်ဆောက်ထားသော နော်မန်ပုံစံ ရဲတိုက်များထဲမှ ပထမဆုံးဖြစ်သော လန်ဒန်ရဲတိုက်ကြီးကို မြို့နေလူထု ကြောက်ရွံ့စေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည်။ ၁၀၉၇ တွင် ဒုတိယမြောက် ဝီလီယံဘုရင်သည် ဝက်မင်စတာ ခန်းမ ကို ဝက်မင်စတာ ဘုန်းကြီးကျောင်း အနီးတွင် တည်ဆောက်ခဲ့သည်။ ထိုခန်းမသည် ဝက်မင်စတာ နန်းတော်၏ အစ ဖြစ်သည်။ ၁၂ ရာစုတွင် နိုင်ငံအတွင်း လှည်လည်သွားလာနေ‌သော တော်ဝင်အင်္ဂလိပ်နန်းတော်ကို ခြံရံထားသော အစိုးရ အဖွဲ့အစည်းများသည် အရွယ်အစား ကြီးမားလာပြီး ခေတ်မီလာသဖြင့် တစ်နေရာတည်းတွင် အခြေချနေထိုင်မှု များလာသည်။ တော်ဝင်ရတနာ ဘဏ္ဍာ အများစုမှာ ဝင်ချင်စတာမှ လန်ဒန်တာဝါသို့ ရွှေ့ပြောင်းသိမ်းဆည်း ထားသော်လည်း လုပ်ငန်းဆောင်တာ အများစု အတွက် လုပ်ကိုင်သည့်နေရာမှာ ဝက်မင်စတာ ဖြစ်လာသည်။ ဝက်မင်စတာ မြို့တော်မှာ အစိုးရပိုင်းဆိုင်ရာ အနေနှင့် မြို့တော်ဖြစ်လာခဲ့သော်လည်း အနီးအနားရှိ လန်ဒန်မြို့တော်မှာ နိုင်ငံ၏ အကြီးဆုံးမြို့နှင့် အဓိက ကူးသန်းရောင်းဝယ်ရေးဌာနအဖြစ် ဆက်လက်တည်ရှိပြီး သီးခြားအုပ်ချုပ်ရေးဌာနဖြစ်သော လန်ဒန်ကော်ပိုရေးရှင်း၏ အုပ်ချုပ်မှုအောက်တွင် စည်ပင်ထွန်းကားလာခဲ့သည်။ ၁၁၀၀ ခုနှစ်တွင် လူဦးရေ ၁၈,၀၀၀ သာရှိသော်လည်း ၁၃၀၀ ခုနှစ်တွင် လူဦးရေ ၁၀၀,၀၀၀ အထိ ဖြစ်လာခဲ့သည်။ ၁၄ ရာစု အလယ်ပိုင်းတွင် ပလိပ်ရောဂါကပ်ဆိုးကြီးကြောင့် လန်ဒန်လူဦးရေ၏ ၃ ပုံ ၁ ပုံမျှ သေကြေပျက်စီးခဲ့ရသည်။ ၁၃၈၁ လယ်သမားများ ပုန်ကန်မှုတွင်လည်း လန်ဒန်သည် အဓိကနေရာ ဖြစ်ခဲ့သည်။ ၁၂၉၀ ခုနှစ် ပထမမြောက် အက်ဒဝပ်ဘုရင်က ဂျူးလူမျိုးများကို နှင်မထုတ်မီ အချိန်အထိ လန်ဒန်သည် အင်္ဂလန်ရှိ ဂျူးလူမျိုး အများစု နေထိုင်ရာ အဓိကနေရာ ဖြစ်ခဲ့သည်။ ၁၁၉၀တွင် ဂျူးလူမျိုးများ အပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ဘုရင်အသစ်၏ နန်းတက်ပွဲတွင် ဂျူးလူမျိုးများ သူတို့ဘာသာ လာရောက်ခဲ့ကြပြီးနောက် ဘုရင်က ဂျူးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည် ဆိုသော ကောဠာဟာလ ထွက်ပေါ်လာ၍ ဖြစ်သည်။ ၁၂၆၄ခု ဒုတိယမြောက် ဘာရွန်စစ်ပွဲ အတွင်းတွင် ဆိုင်မွနိဒီ မောင့်ဖောင့် သူပုန်များက အကြွေးစာရင်းများကို သိမ်းဆည်းရန် ကြိုးစားရင်း ဂျူးလူမျိုး ၅၀၀ ခန့်ကို သတ်ဖြတ်ခဲ့သည်။ ခေတ်သစ် အစောပိုင်း တူးဒေါခေတ်အတွင်းတွင် ပြုပြင်‌ပြောင်းလဲရေး လှုပ်ရှားမှုများကြောင့် ပရိုတက်စတင့် ဝါဒဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး လန်ဒန်ရှိ အိမ်ခြံမြေအများစုကို ဘုရားကျောင်းတော်မှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ခြင်းကြောင့် မြို့တော်အတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေး အရှိန်မြင့်လာခဲ့သည်။ ၁၄၇၅ တွင် ဟန်းဆေတစ်အဖွဲ့မှ အင်္ဂလန်၏ ပင်မ ကုန်သွယ်ရေး အခြေစိုက်စခန်းကို လန်ဒန်တွင် တည်ထောင်ခဲ့ပြီး စတားဟော့ဖ် အော့ဖ် စတီးလ်ယတ်ဒ် ဟု ခေါ်ဆိုခဲ့သည်။ ထိုအခြေစိုက် စခန်းသည် ၁၈၅၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး ဟန်းဆေတစ်မြို့တော်များ ဖြစ်သော လူးဘက်၊ ဘရီမန် နှင့် ဟမ်းဘတ်တို့မှ အရှေ့တောင်ပိုင်း ရထားကုမ္ပဏီအား ရောင်းချ လိုက်ချိန်အထိ ဖြစ်သည်။ ဆေးမဆိုးရသေးသော သိုးမွှေးအထည်များကို လန်ဒန်မှ အောက်ပိုင်းနိုင်ငံများ ဖြစ်သော နယ်သာလန်၊ ဘယ်လဂျီယမ် နှင့် လူဇင်ဘတ်နိုင်ငံ တို့သို့ တင်ပို့ ရောင်းချကြသည်။ သို့သော်လည်း အင်္ဂလိပ် ရေကြောင်းကုန်သွယ်ရေးသည် ဥရောပ အနောက်မြောက်ပိုင်းမှ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ။ မြေထဲပင်လယ်ဒေသနှင့် အီတလီသို့ ဆက်သွယ်သော ကုန်သွယ်ရေးလမ်းကြောင်းသည် ပုံမှန်အားဖြင့် အန့်ဝပ်ကို ဖြတ်ကျော်၍ အယ်လ်ပ်တောင်တန်း များပေါ်မှ ဖြတ်ကျော်သွားလေ့ ရှိသည်။ ဂျီဘရော်လ်တာ ရေလက်ကြားကို ဖြတ်ကျော်၍ အင်္ဂလန်သို့ အသွားအပြန် ပြုလုပ်ကြသော သင်္ဘောများမှာ အများအားဖြင့် အီတလီ နှင် ရာဂူဆန်နိုင်ငံမှသာ ဖြစ်သည်။ ၁၅၆၅တွင် နယ်သာလန်မှ အင်္ဂလန်သို့ သင်္ဘောလမ်းကြောင်းကို ပြန်ဖွင့်ပြီးနောက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အလွန်အမင်း များပြားလာခဲ့သည်။ လန်ဒန်တွင် တော်ဝင်အိတ်ချိန်းကို တည်ထောင်ခဲ့သည်။ ပို့ကုန်ဦးစားပေး စီးပွားရေးစနစ် ဖွံ့ဖြိုးလာခဲ့ပြီး လက်ဝါးကြီးအုပ်လုပ်ကိုင်သည့် ကုမ္ပဏီများဖြစ်သည့် အရှေ့အိန္ဒိယကုမ္ပဏီ ကဲ့သို့သော ကုမ္ပဏီများကို တည်ထောင်ကြပြီး ကမ္ဘာသစ်သို့ ကုန်သွယ်ရေး ချဲ့ထွင်ခဲ့ကြသည်။ လန်ဒန်သည် မြောက်ပင်လယ်၏ အဓိကဆိပ်ကမ်းမြို့ ဖြစ်လာခဲ့ပြီး အင်္ဂလန်နိုင်ငံအတွင်း နှင့် ပြည်ပမှ ရွှေ့ပြောင်းနေထိုင်သူများ ရောက်ရှိလာခဲ့သည်။ လူဦးရေသည် ၁၅၃၀တွင် ၅၀,၀၀၀ မျှရှိရာမှ ၁၆၀၅ခုနှစ်တွင် ၂၂၅,၀၀၀ အထိ တိုးပွားလာခဲ့သည်။ ၁၆ ရာစုအတွင်း ပြဇာတ်လောက တိုးတက်မှုနှင့် ပတ်သက်၍ အပြင်းအထန် ဆန့်ကျင်မှုများ ရှိနေစဉ် အချိန်က ဝီလီယံ ရှိတ်စပီးယားနှင့် ၎င်း၏ ခေတ်ပြိုင်များသည် လန်ဒန်တွင် နေထိုင်ခဲ့ ကြသည်။ တူဒေါခေတ် ကုန်ဆုံးသွားသည့် ၁၆၀၃ ခုနှစ် အထိတိုင်အောင်ပင် လန်ဒန်သည် သိပ်သည်းစွာ တည်ရှိသည်။ ၁၆၀၅ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ဝက်မင်စတာ၌ ပထမ ဂျိမ်းဘုရင်အား လုပ်ကြံရန် ကြံစည်သော သေနတ်ယမ်းလုပ်ကြံမှု ဖြစ်ပွားခဲ့သည်။ ၁၆၃၇တွင် ချားလ်(၁)၏ အစိုးရသည် လန်ဒန်ဒေသအတွင်း အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့သည်။ ထိုအစီအစဉ်အရ မြို့တော် ကော်ပိုရေးရှင်းအား မြို့တော်အနီးအနားရှိ တိုးချဲ့လာသောဒေသများကိုပါ ပါဝင်အောင် ထည့်သွင်း၍ နယ်နိမိတ်နှင့် အုပ်ချုပ်ရေးကို တိုးချဲ့ရန် ဖြစ်သည်။ ဘုရင်မှ လန်ဒန်၏ လွတ်လပ်မှုကို လျော့နည်းအောင် ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ ထိုတိုးချဲ့ဒေသများကို အုပ်ချုပ်ရန် စိတ်ဝင်စားမှု မရှိသောကြောင့် လည်းကောင်း၊ မြို့တော်အတွင်းရှိ အသင်းအဖွဲ့များမှ အာဏာကို ခွဲဝေခြင်း မပြုလိုသောကြောင့် လည်းကောင်း ကော်ပိုရေးရှင်းမှ ငြင်းဆန်ခဲ့သည်။ "မဟာငြင်းပယ်မှုကြီး"ဟု နောင်တွင်ခေါ်ဆိုခဲ့ကြသော အဆိုပါကိစ္စ လန်ဒန်မြို့၏ သီးသန့်ဖြစ်သော အုပ်ချုပ်ရေး အနေအထား ဖြစ်လာရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ အင်္ဂလိပ် ပြည်တွင်းစစ်တွင် လန်ဒန်မြို့သား အများစုတို့သည် လွှတ်တော်ဘက်မှ ရပ်တည်ခဲ့ကြသည်။၁၆၄၂ တွင် ဘုရင့်သစ္စာခံတို့၏ ကနဦးအောင်မြင်မှုသည် ဘရန့်ဖို့ဒ်နှင့် တန်း ဟမ်ဂရင်းစစ်ပွဲတို့တွင် ထိပ်ဆုံးသို့ ရောက်ရှိလာသောအခါ လန်ဒန်မြို့အား ဆက်သွယ်ရေးလိုင်းဟု ခေါ်သော ကာကွယ်ရေးတံတိုင်းဖြင့် ဝန်းရံထားခဲ့သည်။ ထိုကာကွယ်ရေး တံတိုင်းအား လူပေါင်း ၂၀,၀၀၀ ခန့်ဖြင့် တည်ဆောက်ခဲ့ပြီး ၂လမကြာဘဲ ပြီးစီးခဲ့သည်။ ခေတ်သစ် နှောင်းပိုင်း နှင့် ယနေ့ခေတ် အစိုးရ ပထဝီဝင် လူဦးရေ ပျံ့နှံ့နေထိုင်ပုံ စီးပွားရေး သယ်ယူပို့ဆောင်ရေး ပညာရေး ယဉ်ကျေးမှု ထင်ရှားသော ပုဂ္ဂိုလ်များ အပန်းဖြေရာ နေရာများ ကိုးကား ယူနိုက်တက်ကင်းဒမ်းရှိ မြို့များ လန်ဒန်မြို့ ဥရောပတိုက်ရှိ မြို့တော်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%94%E1%80%BA%E1%80%92%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ထွန်စက်
ထွန်စက် ဆိုသည်မှာ နောက်တွဲယာဉ်ကို ဆွဲယူရန်၊ စိုက်ပျိုးမွေးမြူရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် အသုံးပြုရန်အတွက် ကြီးမားသော ဆွဲယူအား (tractive effort) ကို နှေးကွေးသော အရှိန်များ၌ ပေးနိုင်ရန် ပုံစံထုတ်ထားသော ယာဉ်ဖြစ်သည်။ အများအားဖြင့် ထွန်စက်ဆိုသော အသုံးအနှုန်းသည် လယ်ယာမြေတွင် သုံးသော ယာဉ်တစ်မျိုးကို ရည်ညွှန်းခေါ်ဆိုကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော စက်ပစ္စည်းကိရိယာများကို နောက်မှဆွဲခြင်း သို့ ယာဉ်ပေါ်တွင် တပ်ဆင်ခြင်းဖြင့် အသုံးပြုကြသည်။ အကယ်၍ အတူတကွသုံးစွဲသော ကိရိယာမှာ စက်ပစ္စည်းတစ်မျိုးဖြစ်ပါက ထွန်စက်မှနေ၍ စွမ်းအင်ပေးနိုင်သည်။ အင်္ဂလိပ်စာလုံး tractor ကို နောက်တွဲပါကုန်ကားများ၏ စွမ်းအင်ပေးသော အစိတ်အပိုင်းအတွက်လည်း အသုံးပြုကြသည်။ အင်္ဂလိပ်စာလုံး tractor သည် လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး trahere (ဆွဲရန်) ဆိုသော စကားလုံး၏ နာမ်စားဖြစ်သည်။ ပထမဆုံးတွေ့ရှိရသည့် အသုံးအနှုန်းကို ၁၉၀၁ ခုနှစ်တွင် တွေ့ရှိရပြီး "ကုန်တင်တွဲများကို ဆွဲရန် နှင့် လယ်ထွန်ရန် အင်ဂျင် သို့မဟုတ် ယာဉ်" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အစောပိုင်းအသုံးနှုန်းမှာ ဆွဲအားရှိအင်ဂျင်ဖြစ်သည်။ ပထမဆုံးထွန်စက်မှာ ရေနွေးငွေ့သုံး ထွန်ယက်သည့် အင်ဂျင်ဖြစ်သည်။ ထိုအင်ဂျင်များကို လယ်ကွက်၏ တစ်ဖက်တစ်ချက်စီ၌ တပ်ဆင်ကြပြီး ထွန်သွားကို ထိုအင်ဂျင်နှစ်ခုကြား၌ ဝိုင်ယာကေဘယ်လ် ကို သုံး၍ အရှေ့အနောက်ရွေ့လျားစေသည်။ လုပ်ငန်းသုံးယာဉ်များ စိုက်ပျိုးမွေးမြူရေး စိုက်ပျိုးရေးသုံး ယာဉ်များ
https://my.wikipedia.org/wiki/%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%80%E1%80%BA
ဦ
ဦ သည် မြန်မာဘာသာ၌ အခြေခံသရ (၁၁) လုံး နှင့် သင်ရိုးသရ (၁၂) လုံး ထဲမှ သရတစ်ခုဖြစ်သည်။ ထို့အပြင် အသံပိုင်းဆိုင်ရာအရ "ဦ" သရသည် "အာ၊ ဤ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို" ကဲ့သို့ သံရှည်သရတစ်မျိုးဖြစ်သည်။ ဒီဃသရ ဟူ၍ ခေါ်ဆိုသည်။ "ဦ" သည် လုံးချင်းသရတစ်ခုဖြစ်၏။ ထို့ကြောင့် သရအက္ခရာ သုံးလုံးဖြစ်သော "ဥ၊ ဦ၊ ဦး" တို့သည် သီးသန့်စကားလုံးများဖြစ်ကြသည်။ "ဦ"သည် "ဥ" ကို လုံးကြီးတင် (ီ) ၍ ဖြစ်လာသည် မဟုတ်သကဲ့သို့ "ဦး"သည်လည်း "ဦ" ကို ဝစ္စပေါက် (း) ထည့်ထားခြင်းမဟုတ်ပါ။ သို့ဖြစ်၍ ဤသရအက္ခရာသုံးလုံးသည် အချင်းချင်း မှီခိုပြီးမှ တည်ဆောက်ထားသော စကားလုံးများ မဟုတ်ကြပေ ။ မှတ်စု ကိုးကား မြန်မာအက္ခရာ
https://my.wikipedia.org/wiki/%E1%80%A6
ဘကြည် (ပန်းချီ)
ငယ်စဉ်ဘဝ ပန်းချီဆရာကြီး ဦးဘကြည်ကို ၁၉၁၂ခု၊ ဇူလိုင်လ ၁၆ရက်နေ့တွင် ကျိုက်ထိုမြို့၌ မွေးဖွားသည်။ အဖ ဦးဘိုးအင်၊ အမိဒေါ်အေးမေဖြစ်သည်။ ငယ်စဉ်ကပင် ဝါသနာပါရာ ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် အိုင်အက်စီတန်း အောင်မြင်ခဲ့သည်။ ဆရာဖြစ်သင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဘိလပ်ပြန် ပန်းချီဆရာကြီး ဦးဘဉာဏ် (အာရ်၊စီ၊အေ၊လန်ဒန်) ထံတွင် ပန်းချီပညာဆည်းပူးခဲ့သည်။ နိုင်ငံခြားပညာတော်သင်သွားခြင်း ၁၉၄၉ ခုနှစ်တွင် ပြင်သစ်အစိုးရ ပညာသင်ဆုရကာ ပါရီအမျိုးသား အဆင့်မြင့်ပန်းချီသိပ္ပံတွင် တစ်နှစ်ပညာသင်ခွင့် ရသည်။ ထိုသို့ ပညာဆည်းပူးနေစဉ် ကမ္ဘာ့ပန်းချီပြပွဲကြီး "Le Sa Lon 49" တွင် ဝင်ရောက်ပြသနိုင်ပြီး လန်ဒန်၊ မွန်တီကာလိုမြို့များတွင် ကျင်းပသည့် ပန်းချီပြပွဲကြီးများတွင်လည်း ပါဝင်ပြသနိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်အစိုးရ ပညာသင်ဆုရ၍ ဖီလာဒဲလ်ဖီးရား ပန်းချီအကယ်ဒမီတွင် တစ်နှစ် ပညာဆည်းပူးခွင့်ရခဲ့သည်။ ထိုနှစ်မှာပင် ပင်စီလ်ဗေးနီးယား တက္ကသိုလ်တွင် ပန်းချီမဟာဝိဇ္ဇာတန်း တက်ခွင့်ရခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် လန်ဒန်တော်ဝင်ပန်းချီအသင်းကြီးမှ ရာသက်ပန်အဖွဲဝင်အဖြစ် "F.R.S.A." ဘွဲ့ချီးမြှင့်ခဲ့သည်။ ဆရာကြီး ဦးဘကြည်သည် မြန်မာပန်းချီလောက၏ ဖခင်ကြီးတစ်ဦးဖြစ်ပြီး မြန်မာရိုးရာပျော်ရွှင်မှုဆိုင်ရာ အကအခုန် သရုပ်ဖော်လက်ရာများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆယ့်နှစ်ရာသီပွဲလမ်းသဘင် သရုပ်ဖော်လက်ရာများ၊ ဇာတ်၊ နိပါတ်ဆိုင်ရာ ဗုဒ္ဓဝင်ပန်းချီကားများ၊ အောင်ခြင်းရှစ်ပါး သရုပ်ဖော်ပန်းချီကားများရေးဆွဲခဲ့သည်။ ခေတ်အမြင် ခေတ်အတေး ခေတ်အရေးဆိုင်ရာ ခေတ်သစ်ပန်းချီလက်ရာများကိုလည်း စိတ်ကူးကောင်းကောင်းဖြင့် ရေးဆွဲလေ့ရှိသည့် စွယ်စုံပန်းချီကျော်ကြီးဖြစ်သည်။ မြန်မာ့ပန်းချီနှင့် ဗုဒ္ဓဘာသာသရုပ်ဖော်ပုံများ ၁၉၅၂ မှစ၍ ရှေးရိုးမြန်မာပန်းချီရေးနည်းကို သုတေသနပြုကာ ဖော်ထုတ်ရေးဆွဲနိုင်ခဲ့သည်။ ထိုသို့ သုတေသနပြုရေးဆွဲနေဆဲ ပြင်သစ်နိုင်ငံတွင် ပန်းချီပညာဆည်းပူးပြီး ပြန်ရောက်လာသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီးမှ တာဝန်ပေးချက်အရ အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ရေးသားတော်မူသည့် ဗုဒ္ဓဝင်ကို ပုံတော်များ ရေးဆွဲသရုပ်ဖော်ခဲ့သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးမှာ ယခုအခါ စတုတ္ထအကြိမ်မြောက် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးကို သရုပ်ဖော်ရေးဆွဲရန် ဆရာတော်ကြီးများထံ ချဉ်းကပ်ခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း စသောကောင်းမှုကုသိုလ်ပြု၍ အထူး စိတ်ကူးစိတ်သန်းကောင်းများဖြင့် ရေးဆွဲခဲ့ရာ ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာတရားတော်များကို ထင်ရှားပေါ်လွင်အောင် သရုပ်ဖော်နိုင်ခဲ့သည်။ တာဝန်ထမ်းဆောင်ခဲ့သော ဌာနများ ၁၉၃၉ တွင် ဖွင့်လှစ်သော စစ်ကြိုခေတ် ပန်းချီပန်းပုကျောင်းတွင် နည်းပြဆရာ အဖြစ်လည်းကောင်၊ ၁၉၄၁ တွင် ဖွင့်လှစ်သည့် ပန်းချီအကယ်ဒမီတွင် ကထိက အဖြစ်လည်းကောင်း၊ ပညာရေးတက္ကသိုလ်တွင် ပန်းချီကထိက အဖြစ်လည်ကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ဆရာကြီး ဦးဘကြည်သည် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးများတွင် ဥက္ကဋ္ဌအဖြစ် ၁၀ ကြိမ်၊ စာပေလုပ်သား ဖြစ်မြောက်ရေး ကော်မတီဝင်၊ စွယ်စုံကျမ်း ပြုစုရေးအဖွဲ့ဝင်၊ ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ဝင်၊ ယဉ်ကျေးမှုဌာန ပန်းချီအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ ရိုးရာပန်းချီပညာရှင်များ အစည်းအရုံး(ဗဟို) နာယက အဖြစ်ဆောင်ရွက်ခဲ့သည်။ ထင်ရှားသော ပန်းချီလက်ရာများ ဆရာကြီး၏ထင်ရှားသော ပန်းချီလက်ရာများကို ရန်ကုန်ရှိ အမျိုးသားပြတိုက်၊ တာရှ်ကင့်ပြတိုက်၊ ပီးကင်းအမျိုးသားပြတိုက်၊ ဟော်လန်နိုင်ငံ အမ်စတာဒန်မြို့ရှိ ပန်းချီပြတိုက်၊ ဗုဒ္ဓဂယာတို့တွင် ချိတ်ဆွဲပြသထားကြသည်။ မင်္ဂလာဒုံလေဆိပ်တွင် စတုရန်းပေ ၃၀၀၀ ရှိ နံရံပန်းချီကားကြီးမှာ ဆရာ့အား ကမ္ဘာကျော်စေသည့် မြန်မာမှုသရုပ်ဖော် လက်ရာမွန် ပန်းချီကားကြီးဖြစ်သည်။ ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံစေတီတော်တို့တွင်လည်း သမိုင်းဝင် ဆီဆေးပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။ မိတ္ထီလာဝန်ဇင်းဟိုတယ်၊ ကမ်းနားလမ်းဟိုတယ်၊ ပညာရေးတက္ကသိုလ်တို့တွင် နံရံပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။ ထိုခေတ် ထိုအခါက ရွှေသွေးဂျာနယ်၊ တေဇရုပ်စုံ စသည့် အပတ်စဉ် နှင့် လစဉ်ထုတ် အစိုးရ စာစောင်များတွင် ပန်းချီဦးဘကြည်၏ လက်ရာနှင့် သရုပ်ဖော်တင်ဆက်ပုံများမှာ အထင်ကရ ဖြစ်ခဲ့သည်။ ၂၁ ရာစု မြန်မာနိုင်ငံရှိ အရွယ်ရောက် လူကြီးပိုင်း အများစုမှာ ပန်းချီဦးဘကြည် လက်ရာများ ဖြင့် ကြီးပြင်းခဲ့ရသူများ ဖြစ်သည်အထိ ဆရာကြီး၏ လွှမ်းမိုးမှုကြီးမားခဲ့ပါသည်။ ဘဝနိဂုံး ဆရာကြီးဦးဘကြည်သည် ၁၅ရက်၊ဧပြီလ၊၂၀၀၀ ခုနှစ်၊ ညနေ ၆နာရီ ၅၅မိနစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ဇနီး ဒေါ်တင်မေ (ပညာရေးတက္ကသိုလ် ငြိမ်း) နှင့် သား ၂ဦး၊ သမီး ၁ဦး၊ မြေး ၆ဦးတို့ ကျန်ရစ်ပါသည်။ ကိုးကား မြန်မာ ပန်းချီဆရာများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%20%28%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AE%29
နိုင်ငံတော်သီချင်း
နိုင်ငံတော်သီချင်း သည် နိုင်ငံတစ်ခုခုမှ တရားဝင် အမျိုးသားသီချင်းအဖြစ် သတ်မှတ်ထားသော သီချင်း ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး အလံတော်လွှင့်ထူချိန်တွင် စတင်သီဆိုရန် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ပြထမ်းခဲ့ပြီး ယနေ့တိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင် နိုင်ငံတော်သီချင်း အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်အခမ်းအနားများနှင့်အားကစားပွဲများ၏ အခမ်းအနားအစ တွင် ဆက်လက်သီဆိုနေဆဲဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏နိုင်ငံတော်သီချင်းများတွင် ဒုတိယအကောင်းဆုံး နိုင်ငံတော်သီချင်းအဖြစ်သတ်မှတ်ထားသည်။ နိုင်ငံတော်သီချင်းများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%AE%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8
ရာသီဥတု
ရာသီဥတု (Climate) တွင် ဒေသတစ်ခုအတွင်း ရှည်လျားသော အချိန်ကာလအတွင်း၌ ဖြစ်ပေါ်သော အပူချိန်များ၊ စိုထိုင်းဆများ၊ မိုးရေချိန်များ၊ လေထုတွင်းရှိ အမှုန်အမွှားတို့၏ အရေအတွက် နှင့် အခြားမိုလေဝသဆိုင်ရာ အချက်အလက်များပါဝင်သည်။ ရာသီ (weather) နှင့်ကွဲပြားသည့်အချက်မှာ ရာသီတွင် လက်ရှိအဖြစ်အပျက်များကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ နေရာတစ်ခု၏ ရာသီဥတုကို ၎င်း၏ လတ္တီကျု၊ မြေမျက်နှာသွင်ပြင်၊ အမြဲတမ်းဖုံးလွှမ်းနေသော ရေခဲ သို့မဟုတ် နှင်း စသည်တို့နှင့် အနီးအနားရှိ သမုဒ္ဒရာတို့နှင့် ၎င်းတို့၏ ရေစီးကြောင်းများနှင့် ဆက်စပ်နေသည်။ ရာသီဥတုကို အပူချိန် နှင့် မိုးရေချိန်စသည့် အချက်အလက်တို့ပေါ်တွင် မူတည်၍ သီးသန့်ရာသီဥတု အမျိုးအစားအဖြစ် ခွဲခြားသတ်မှတ်သည်။ Category:ရာသီဥတု
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A5%E1%80%90%E1%80%AF
လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)
လွတ်လပ်ရေးနေ့ ()သည် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စစ်မှန်သောလွတ်လပ်ရေးကိုရရှိခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍ အသိအမှတ်ပြုထားခဲ့သည်။ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။ မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁ဝဝ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆ဝကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ နှစ်စဉ်နှစ်တိုင်း သတိရ ကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြ၏။ ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့် လွတ်လပ်ရေး ကျောက်တိုင်၌ စုဝေးကြ၍ ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့ မလျော့ဆောင်ရွက်ရန် အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။ ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း တစ်ခမ်းတစ်နားဆင်ယင်ကျင်းပကြ၍ အစိုးရက လည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာထမ်းဆောင်သူတို့အား ဘွဲ့ထူး ဂုဏ်ထူး နှင့် ဆုလာဘ်များ ပေးအပ်ချီးမြှင့်လေသည်။ ရုပ်ပုံများ အခြားဖတ်ရန် မြန်မာ့လွတ်လပ်ရေးအက်ဥပဒေ လွတ်လပ်ရေးနေ့ ဆင်နွှဲပုံ မြန်မာနိုင်ငံ၏ သမိုင်း မြန်မာနိုင်ငံရှိ အားလပ်ရက်များ လွတ်လပ်ရေးနေ့များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%B1%E1%80%B7%20%28%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%29
ဂီတ
ဂီတဆိုသည်မှာ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များကို စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်သော အနုပညာတစ်ရပ်ဖြစ်သည်။ ဂီတဖန်တီးရေးသားခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ထူးခြားချက်နှင့် အဓိပ္ပာယ် သတ်မှတ်ချက်များမှာ ယဉ်ကျေးမှုအလိုက် လူ့အဖွဲ့အစည်းအလိုက် ကွဲပြားမှုများရှိသည်။ ဂီတသည် အသံအားကြားခံအဖြစ် အချိန်တစ်ခုအတွင်း အသုံးပြုသည့် အနုပညာပုံစံတစ်ရပ် ဖြစ်သည်။ ပန်းချီတွင် ကြားခံအား ကင်းဗတ်(စ)စ၊ နံရံ စသည့် medium များကို အသုံးပြုသကဲ့သို့ပင်ဖြစ်သည်။ ဂီတတွင် ယေဘူယျအားဖြင့် pitch ဆိုသော အသံအနိမ့်အမြင့်( ထိုအထဲတွင် သံစဉ်နှင့် ဟာမိုနီ တို့အကျုံးဝင်သည်) စည်းချက်( ၎င်းထဲတွင် tempo,meter နှင့် articulation တို့ပါဝင်သည်) dynamics နှင့် timbre နှင့် texture တို့၏ အသံအရည်အသွေးစသည့် အစိတ်အပိုင်းများပါဝင်သည်။ ဂီတဆိုသော အင်္ဂလိပ်စကားလုံး music သည်ဂရိဘာသာစကား μουσική (mousike)မှဆင်းသက်လာသည်။ ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ရှားသော ဝိသေသလက္ခဏာ များနှင့် ဂီတဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက် ကိုယ်တိုင်ပင် မတူညီသော ယဉ်ကျေးမူ့များနှင့် လူမူ့ရေးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနေလေသည်။ အဓိပ္ပာယ် ဖွင့်ဆိုချက် `ဂီတ´ဝေါဟာရသည် ပါဠိဘာသာမှ ဆင်းဆက်လာပြီး `သီချင်း၊ သီဆိုခြင်း´(Song, Singing) အဓိပ္ပာယ်ရသည်။ `တူရိယာတီးမှုတ်ခြင်း´ (Music) အဓိပ္ပာယ်နှင့် တစ်ခြားစီဖြစ်သည်။ ပါဠိဘာသာအရ `တူရိယာတီးမှုတ်ခြင်း´ကို ဝါဒိတ္တဝါဒန ဟူ၍ခေါ်ဝေါ်သည်။ မြန်မာ့ကျမ်းဂန်များအရ `ဂီတ´ဆိုသည်မှာ `ဒီဃသရေန ဂါယိတဗ္ဗနကိဂီတံ´ရှည်သောအသံဖြင့် ရွတ်အပ်သောကြောင့် ဂီတမည်သည်ဟူ၍လည်းကောင်း၊ `ပုဗ္ဗဘာဂဩကုဇ´ရှေ့အဖို့၌ ရင့်ရှုညည်းတွားခြင်းသည်ပင်လျှင် ဂီတဟူ၍လည်းကောင်း၊ သုံးမတြာကာလထက် လွန်အောင်ရွတ်ဖတ်ရသော အသံများကို `ပြူတသံ(ဝါ)ဂီတသံ´ ဟူ၍လည်းကောင်း ပြဆိုပေသည်။ ရှေးခေတ်ကျောက်စာများတွင် သီချင်းသီဆိုသူကို `သိခြင်းသည်´(သီချင်းသည်) ဟူ၍လည်းကောင်း၊ `ရခန်း´ဟူ၍လည်းကောင်း၊ `ရတင်သည်´ဟူ၍လည်းကောင်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် `ပန်ထျာဂီတ´၏ အနက်အဓိပ္ပာယ်မှာ တီးမှုတ်သီဆိုခြင်းပင် ဖြစ်သည်။ ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့သီချင်းဟု အဓိပ္ပာယ်ရသည်။ စည်း၊ ဝါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆိုရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည် ဟုဦးသော်ဇင် ၏ ကဗျာ့လမ်းညွှန် စာအုပ်ထဲတွင် ဆိုထားသည်။ ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းဟု အဓိပ္ပာယ်ရသည်။ ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံး မတြာထက် ကျော်လွန်ရှည်လျားပြီး စည်းဝါး အစရှိသော တူရိယာများနှင့် သီဆိုရလျှင် ဂီတဟု ခေါ်သည်။ ('မတြာ' ဆိုသည် အသံရှိန်ကို တိုင်းတာသော မြန်မာယူနစ် (Dimensional unit) ဖြစ်သည်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာသည်ဟု တိုင်းတာပါသည်။) မြန်မာဂီတ (သီချင်း) အမျိုးအစား မြန်မာ့ဂီတတွင် အကြမ်းအားဖြင့် သောတာလင်္ကာရသီချင်းနှင့် ဝစနာလင်္ကာရသီချင်း ဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။ သောတာလင်္ကာရသီချင်း သောတာလင်္ကာရသီချင်းကို စည်းဝါးများ၊ တူရိယာအတီးအမှုတ်များနှင့်အတူ သီဆိုရသည်။ သောတာလင်္ကာရ သီချင်းများမှာ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ဒိန်းသံ၊ တေးထပ်၊ ဘောလယ်၊ လေးထွေသံကပ်၊ မြင်းခင်း၊ နတ်ချင်း စသည့်သီချင်းများ၊ ရိုးရာသီချင်းများ(Folk-Songs)၊ ရှေးသံဆန်းသီချင်းများ၊ ခေတ်ဟောင်းသီချင်းများ၊ နှစ်၂၀-သီချင်းများ၊ ကာလပေါ်သီချင်းများ၊ စတီဒီယိုသီချင်းများပင် ဖြစ်သည်။ အဆိုပါသီချင်းများကို သောတာလင်္ကာရသီချင်း၏ အဓိပ္ပာယ်မှာ ဂီတအားဖြင့် နားသောတကို တန်ဆာဆင်ထားသည့် သီချင်းပင် ဖြစ်သည်။ အမျိုးအစားများမှာ- ကြိုးသီချင်း ဘွဲ့ သီချင်း သီချင်းခံ သီချင်း ပတ်ပျိုး သီချင်း ယိုးဒယား သီချင်း မွန်သီချင်း ဒိန်းသံ တေးထပ် ဘောလယ်အရိုး လေးထွေသံကပ် မြင်းခင်း နတ်ချင်း ရိုးရာသီချင်းများ(Folk-Songs)မှာ- အိုးစည်သံ သီချင်း ကရင်ဩသံ သီချင်း လှေတော်သံ သီချင်း မွန်သံ သီချင်း စည်တော်သံ သီချင်း ဗြော သီချင်း ဗုံကြီးသံ သီချင်း ဒိုးပတ်သံ သီချင်း ဝစနာလင်္ကာရသီချင်း ဝစနာလင်္ကာရသီချင်းသည် ဂီတထက် ကဗျာကို ပို၍ အလေးပေးကာ စပ်ဆိုသီကုံးထားသော သီချင်းမျိုးများဖြစ်သည်။ ထို့ကြောင့် ၎င်းသီချင်းစာသားများကို ရွတ်ဖတ်သီဆိုရာတွင် ခန့်ခန့်ညားညား၊ လေးလေးနက်နက်၊ ပီပီသသ ပြတ်သားကြည်လင်စွာ ရွတ်ဖတ်သီဆိုရပြီး အသံအဖြတ်အတောက် အဆွဲအငင် အရစ်အဝဲ လေယူလေသိမ်းများကို သောတာလင်္ကာရ သီချင်းများထက် ပို၍ နိုင်နင်းစွာ ရွတ်ဖတ်သီဆိုကြရသည်။ ဝစနာလင်္ကာရသီချင်းများမှာ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ခွန်းတောက်၊ လွမ်းချင်း၊ သဖြန်၊ ပုလဲပေါက် စသည်များနှင့် ထီးနန်းသုံး ကဗျာသီချင်းများဖြစ်သော ရတု၊ လူးတား၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ သာချင်း၊ အန်ချင်း၊ ဧချင်း၊ သံချို၊ လေးချိုးကြီး၊ ပျို့၊ လင်္ကာ၊ မော်ကွန်း၊ သမိုင်း တမ်းချင်း၊ မှာတမ်း စသည့် သီချင်းများပင် ဖြစ်သည်။ ဝစနာလင်္ကာရသီချင်း၏ အဓိပ္ပာယ်မှာ စကားကို တန်ဆာဆင်ထားသော သီချင်းပင် ဖြစ်သည်။ ရတု ရကန် အဲချင်း အန်ချင်း အိုင်ချင်း လူးတား ဧချင်း လေးချိုးကြီး သာချင်း ပျို့ ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ်တွင် မြန်မာဂီတ (သီချင်း) အမျိုးအစားများမှာ- ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊ ယိုးဒယား(ဂီတ)၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့(ဂီတ)၊ ဘောလယ်အရိုး၊ တေး- အရိုးအဆန်း၊ သဖြန်- အရိုးအဆန်း၊ ငိုချင်း - အရိုးအဆန်း၊ တုံးချင်း - အရိုးအဆန်း၊ ဟန်ချင်း - အရိုးအဆန်း၊ လှေချင်း - အရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စာ ဟူ၍ ၂၂ မျိုး ရှိသည်ဟု ဖော်ပြသည်။ ခေတ်ပေါ်ဂီတ စတီဒီယို ဂီတ ဟစ်ဟော့ ဂီတ ပန့်ခ် ဂီတ ရော့ခ် ဂီတ ပေါ့ပ် ဂီတ အကိုးအကား ဂီတ ပင်မ အကြောင်းအရာ ဆောင်းပါးများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%AE%E1%80%90
Itpec
ITPEC (Information Technology professional Examinatin Council) ရည်ရွယ်ချက် itpec ဆိုတာ IT နဲ့ပတ်သက်ပြီး International Skill Standard စာမေးပွဲ့တွေကို အဖွဲ့ဝင်နိုင်ငံများတွင် တပြေးညီ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် အဖွဲ့ဝင် (၇)နိုင်ငံ ပါဝင်သောအဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် ဂျပန်၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗွီယက်နမ် (http://www.itpec.org/)
https://my.wikipedia.org/wiki/Itpec
နန်ကျင်းမြို့
နန်ကျင်းမြို့ (Nan Jing 南京市; အတိုကောက်အားဖြင့် 寧) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းဆူးပြည်နယ် (江蘇省 Jiang Su) ရုံးစိုက်ရာမြို့ဖြစ်သည်။ တရုတ်ပြည်ရှိမြို့များ အနက် ယဉ်ကျေးမှုနှင့် ရှေးသမိုင်း ရာဇဝင်များဖြင့် နာမည်ကျော်ကြားသော မြို့ဖြစ်သည်။ နန်ကျင်းမြို့သည် ယန်စီမြစ် (長江) အောက်ပိုင်းရှိ မြစ်ကမ်းဘေးတွင် တည်ရှိပြီး လူဦးရေ ၅ သန်းကျော်ရှိသည့် တရုတ်ပြည် အရှေ့ပိုင်းဒေသ၏ ဒုတိယအကြီးဆုံး စီးပွားရေး အချက်အချာမြို့ ဖြစ်သည်။ နန်ကျင်းမြို့သည် တရုတ်ပြည်၏ ရှေးမြို့တော်ဟောင်းကြီး ၄ မြို့ စာရင်းဝင်ဖြစ်သည်။ တရုတ်သမိုင်းတွင် နန်ကျင်းမြို့သည် မင်းဆက်ပေါင်း ၆ ဆက်၏ မြို့တော်ဖြစ်သည့်အပြင် ၁၉၁၂ ခုနှစ်မှ ၁၉၄၉ ခုနှစ်အကြား တရုတ်သမ္မတနိုင်ငံ (中華民國; Republic of China) ၏ မြို့တော်ဖြစ်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့များ ရှေးဟောင်းမြို့များ ရှေးဟောင်းသုတေသန
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
စိုးမြင့် (ရွှေစကြာ)
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရွှေး ဆရာ ၁ဝဝ အတ်ထုပ်ပတ်တိ အကျုဉ်း' စာအုပ်မှ စာရွှေးတွေရဲ့ အတ်ထုပ်ပတ်တိ အကျဉ် တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ ရွှေစကြာ ဦးစိုးမြင့် [၁၉၁၂ - ၁၉၇၈] ဟင်္သာတ ခရိုင် ဒေါင့်ကြီး အရွှေ့ဘက် ငါးအိမ်တန်း ရွာတွင် မုံရွာ ဗညွန့်ကျီနွယ် ဖြစ်သူ ကိုင်းသူကြီး ဦးထွန်းဦး၊ ဒေါ်ပိုးမှုန် တို့က ၁၉၁၂ ခုနှစ်တွင် မွေးဖွားသည်။ [မွေးသက်ကရာဇ် အတိအကျကို မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၇၉) တွင် မြန်မာသက်ကရာဇ် ၁၂၇၄ ခု ဝါဆိုလဆုတ် ၇ ရက်ဟု ပြသည်။ ၁၂၇၄ ခုသည် ဝါထပ်နှစ် ဖြစ်သည်။ ထို့ကြောင့် ပထမဝါဆို လဆုတ် ၇ ရက်သည် ၅ ဇူလိုင် ၁၉၁၂ ဖြစ်ပြီး၊ ဒုတိယဝါဆို လဆုတ် ၇ ရက်သည် ၄ ဩဂုတ် ၁၉၁၂ ဖြစ်နေသည်။ အတိအကျ မဆိုသာချေ။] ပဉ်စမမြောက်သား ဖြစ်သည်။ ခြောက်နှစ်သားတွင် အစ်ကိုရင်း အရှင်ကဝိန်ဒ နှင့်အတူ မန်ဈလေးမြို့ မစိုးရိမ်တိုက်သို့ ရွှောက်ခဲ့သည်။ ကျောင်းသား ဘဝ၊ သာမဏေ ဘဝ၊ ရဟန်း ဘဝနှင့် မန်ဈလေးတွင် နှစ်ပေါင်း ၂ဝ ကြာ ပညာ သင်ခဲ့သည်။ ရဟန်း ဘွဲ့မှာ ဦးဝရုဏ ဖြစ်သည်။ သကျသီဟ စာမေးပွဲ အောင်မြင်သည်။ ပခုက်ကူ မဟာ ဝိသုတာ ရာမ၊ ရန်ကုန် ဘုရားဖြူ ကျောင်းတိုက်၊ မြင်းခြံနယ် ကန်မြဲ - စကြမ်း တို့၌လည်း ပညာ ဆည်းပူး ခဲ့သည်။ ပါဠိ စာကိုလည်း တနှစ် ကျော်မျှ လေ့လာ ခဲ့သည်။ မြန်မာစာကို ပုဂံဝန်ထောက် ဦးတင် ထံတွင် ဆည်းပူး ခဲ့သည်။ ရဟန်း ခုနစ်ဝါတွင် လူဝတ် လဲခဲ့သည်။ လူ အမည်မှာ ဦးစိုးမြင့် ဖြစ်သည်။ ဒေါင့်ကြီးရွာ မြေပိုင်ရှင် ဦးလွန်း - ဒေါ်ဖွား တို့၏ သမီး ခင်ခင်လှနှင့် အိမ်ထောင် ပြုသည်။ ထို့နောက် မြန်မာ နေ့စဉ် သတင်းစာတွင် လက်ထောက် အယ်ဒီတာ၊ ၁၉၃၈ ခုနှစ်တွင် အာဇာနည် သတင်းစာ တွဲဖက် အယ်ဒီတာ၊ လူပြန်တော် ပညာရှိ အသင်း တွဲဖက် တည်ထောင်သူ၊ ၁၉၄ဝ ပြည့်နှစ်တွင် စတင် ဖွဲ့စည်းသည့် အစိုးရ ပါဠိဘာသာ ပညာ‌ေရးအဖွဲ့၌ မစိုးရိမ်တိုက် ကိုယ်စားလှယ် ပါဠိ ပါရဂူ အဖြစ်ဖြင့် အဖွဲ့ဝင် လူကြီး၊ ၁၉၄၁ ခုနှစ်တွင် တွဲဖက် ဥက်ကြ ဖြစ်လာ ခဲ့သည်။ ဂျပန် ဝင်စတွင် ဗုဒ်ဓသာသနာ့ အစည်းအရုံး ကော်မတီဝင်၊ ၁၉၄၃ ခုတွင် သထုံ ခရိုင် ဝါဒဖြညွန့်ချိရွှေး အရာရှိ၊ ဂျပန် တော်လှန်ရွှေး၌ မုတ်တမ စက်အမြောက် တပ်ခွဲ နံပါတ် (၅) နှင့် ပူးပေါင်း တာဝန် ယူခဲ့သည်။ ၁၉၄၆ - ၄၈ တွင် အစိုးရ ပါဠိ ဘာသာ ပညာရွှေး အဖွဲ့တွင် အဖွဲ့ဝင်၊ ၁၉၄၇ ခုတွင် နဂါးနီ ဂျာနယ် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ မဟောသဓာ သတင်းစာ အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ တွင် "ခေတ်တရာ တက်ကသိုလ်" အလွတ် ပညာကျောင်း၌ မြန်မာစာနှင့် မြန်မာ ရာဇဝင် ဆရာ လုပ်ကိုင် ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်မှ ၁၉၆၃ ခုနှစ် အထိ သာသနာရွှေး ဌာနတွင် ဝင်ရွှောက် အမှုထမ်းသည်။ အောက်မြန်မာပြည် သာသနာရွှေး အရာရှိ (၁၉၅ဝ)၊ အစိုးရ ပါဠိ ဘာသာ ပညာရွှေး အဖွဲ့ တွဲဖက် အတွင်းရွှေးမှူး (၁၉၅၁ - ၅၂)၊ လက်ထောက် သာသနာ့ ၫှှန်ကြားရွှေးဝန် (၁၉၅၃ - ၅၄)၊ ထိုနှစ်တွင်ပင် ပါဠိ ပညာရွှေး အဖွဲ့တွင် သာသနာရွှေး ဝန်ကြီး ဌာန ကိုယ်စားလှယ်၊ ၁၉၅၄ ခုနှစ်တွင် ဆြ သဂငါ်ယနာ သမိုင်းရွှေး တာဝန်ခံ အရာရှိ အဖြစ် ဆောင်ရွက် ခဲ့သည်။ ထို့ပြင် ၁၉၅၁ ခုနှစ်မှ စ၍ မြန်မာ နိုင်ငံလုံး ဆိုင်ရာ လူပြန်တော် ပညာရှိ အသင်းချုပ်၏ ဥက်ကြ၊ ၁၉၅၅ ခုတွင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကဝိဘိသက်က ဆေးဆရာကြီးများ အဖွဲ့ချုပ်၏ နာယက အဖြစ်လည်း ဆောင်ရွက် ခဲ့သေး၏။ ၁၉၆၃ ခုနှစ်တွင် အစိုးရ အမှုထမ်း ဘဝမှ အငြိမ်းစား ယူခဲ့သည်။ ၁၉၃၂ ခု ဇွန်လမှ စ၍ သကျသီဟ စာပေးပွဲ အတွက် သင်ကြားနေရင်း "ရွှေစကြာ" ကလောင် အမည်ဖြင့် နားခံတော် ဝတ်ထုကို သူရိယ မဂ်ဂဇင်း၌ အခန်းဆက် ရွှေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် လုံးချင်း အဖြစ် ထုတ်ဝေ ခဲ့သည်။ ၁၉၃၇ - ၃၈ တွင် ဥပစာတန်း၌ လည်းကောင်း၊ ၁၉၄ဝ - ၄၁ တွင် တိုင်းရင်းဘာသာ နဝမတန်း၌ လည်းကောင်း ကျောင်းသုံး ပြြာန်း ခဲ့သည်။ ဒုတိယ ကမ်ဘာစစ် မဖြစ်မီက ပူတကေ၊ အထောက်တော်၊ သမားတော်၊ လေးညႇင်း ဝတ်လုံတော်ရ၊ ပီကင်းရွှောက်၊ သူရဲဝိဇ်ဇာ၊ စစ်ကိုင်း မင်းသား၊ စောဥမ်မာ၊ ကုန်းဘောင် ပြည်သစ် စသည် တို့ကို လည်းကောင်း၊ စစ်ပြီး ခေတ်တွင် ဝန်ကြီး သမီး၊ ဗိုလ်ချုပ်နှင့် ကုလားဖြူ၊ ဗိုလ်တေဇ၊ ဗိုလ်ချုပ် ဦးစ၊ ကုန်းဘောင် နန်းတွင်းရွှေး၊ ဓာတုကလျာ၊ မြဝတီ ဝန်ကြီး ဦးစ၊ အဝီစိပြန် စသည် တို့ကို လည်းကောင်း ရွှေးသား ခဲ့သည်။ ထို့ပြင် ခွဲထားကျော် ဂ႑ီ ကျမ်းကြီးနှင့် အဓောဝါမ ဒါဌာဓာတုဝိဘာဝနီ မည်သော လက်ဝဲ အောက်စွယ်တော် သမိုင်း တို့ကိုလည်း ပြုစု ခဲ့သည်။ ယင်းတို့အနက် နားခံတော် မှာ အထင်ရှားဆုံး ဖြစ်၏။ ၁၉၆၇ တွင် အောင်မဂငျ်လာ ရုပ်ရှင် ကုမ်ပဏီက 'ဇာတိမာန်' အမည်ဖြင့် ရုပ်ရှင် ရိုက်ကူး ခဲ့သည်။ နားခံတော်သည် "သမိုင်း နောက်ခံ ဝတ်ထုများတွင် အစောပိုင်း ကျသော ဝတ်ထုပုံစံ တခု အဖြစ် အလေးအစားပြု လေ့လာ သင့်သော ဝတ်ထု တပုဒ်လည်း ဖြစ်၏။ ..... အမျိုးသား နိုင်ငံရွှေးနှင့် နယ်ချဲ့ ဆညွန့်ကျင်ရွှေး အခန်းတွင် ဝတ်ထု၏ အစိတ်အပိုင်းကို ဖော်ပြရာ၌ ထည့်သွင်း ဖော်ပြရမည့် ဝတ်ထု တပုဒ်လည်း ဖြစ်လေသည်" ဟု မလိခက မှတ်ချက် ပေးသည်။ ရွှေစကြာနှင့် ပတ်သက်၍မူ "မြန်မာ စာပေ သမိုင်း၌ ရာဇဝင် ဝတ်ထု အရွှေးအသားတွင် တခေတ် ထူထင်သည့် ပုဂ်ဂိုလ်ဟု ဆိုနိုင်သည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ ရွှေးသား နည်းမျိုးမှ လမ်းခွဲ ထွက်ကာ ခေတ်မီ အသွင်နှင့် ရွှေးခဲ့သည်။ ရာဇဝင် ဇာတ်ကြောင်းကို အခြေခံပြီး မိမိ စိတ်ကူးနှင့် ရသ ပေါ်အောင် မွမ်းမံ ရွှေးသား ခဲ့သည်" ဟု ပါရဂူက ရွှေးခဲ့သည်။ ၁၉၇၈ ခု ဇူလိုင်လ ၇ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ရန်ကုန်မြို့ အလုပ်သမား ဆေးရုံကြီး၌ ကွယ်လွန်သည်။ စာညွှန်း မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၇၉)။ စာ ၁၂၇ - ၁၂၉။ မလိခ။ မြန်မာ့ဝတ်ထု အညွှန်း (၂)။ စာ ၄၆ - ၅၇။ ပါရဂူ။ ပရကထာ (၁၉၉၈)။ စာ ၁၄၅ - ၁၅၈။ မြဝတီ စာတည်း အဖွဲ့။ ရွှေစကြာ ဦးစိုးမြင့်၊ မြဝတီ (ဩဂုတ် ၁၉၅၅)။ စာ ၄ - ၆။ ဦးမြင့်ဆွေ။ ရွှေစကြာ ဦးစိုးမြင့်၊ ရှုမဝ (စက်တင်ဘာ ၁၉၇၈)။ စာ ၈၇ - ၉၃။ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%20%28%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%85%E1%80%80%E1%80%BC%E1%80%AC%29
တရုတ်လူမျိုး
တရုတ်လူမျိုးများသည် တရုတ်နှင့် မျိုးရိုးအရ၊ လူမျိုးအရ၊ နိုင်ငံသားအရ၊ သို့မဟုတ် အခြားသော နှီးနွယ်မှုများ ရှိသော လူမျိုးစုများဖြစ်သည်။ ဟန်တရုတ်လူမျိုးသည် တရုတ်တွင် အကြီးဆုံးသော လူမျိုးစုတစ်ခု ဖြစ်ပြီး တရုတ်ပြည်မကြီး စုစုပေါင်းလူဦးရေ၏ ၉၂% ခန့် ရှိသည်။ ဟန်တရုတ်လူမျိုးများသည် ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနှင့် စင်ကာပူတို့တွင် စုစုပေါင်း လူဦးရေ၏ ၉၅%၊ ၉၂%၊ ၈၉% နှင့် ၇၄% အသီးသီးရှိသည်။ တရုတ်လူမျိုးများသည် ကမ္ဘာ့လူဦးရေ၏ ၁၈% ခန့်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး လူမျိုးစုလည်း ဖြစ်သည်။ ဟန်တရုတ်လူမျိုးသည် တရုတ်နိုင်ငံတွင် အင်အားကြီး လူမျိုးစု ဖြစ်သည့်အတွက် တရုတ်နိုင်ငံပြင်ပတွင် ဟန်တရုတ်လူမျိုး နှင့် တရုတ်လူမျိုးဟူသော ဝေါဟာရတို့ကို ရောနှောအသုံးပြုလေ့ရှိသည်။ တရုတ်နိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု ၅၅ ခု ရှိပြီး ယင်းတို့ကို "တရုတ်လူမျိုး"ဟု သတ်မှတ်နိုင်သည်။ ဟောင်ကောင်နှင့် မကာအိုတို့သည် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း အဆိုပါဒေသနှစ်ခုလုံးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သည်။ ဟောင်ကောင်နှင့် မကာအိုတို့ကို "တရုတ်-ဗြိတိသျှ ပူးတွဲကြေညာချက်" နှင့် "တရုတ်-ပေါ်တူဂီ ပူးတွဲကြေညာချက်" ကဲ့သို့သော နိုင်ငံတကာစာချုပ်များအရ အသီးသီး အုပ်ချုပ်သည်။ အဆိုပါ ဒေသနှစ်ခုတွင် နေထိုင်သူများအနေဖြင့် အမျိုးမျိုးသော နိုင်ငံသားဖြစ်ခွင့် ရရှိနိုင်သည်။ တရုတ်သမ္မတနိုင်ငံဟု တရားဝင်အမည်တွင်သော ထိုင်ဝမ်နိုင်ငံသားများကိုလည်း ရံဖန်ရံခါတွင် "ထိုင်ဝမ်လူမျိုး"ဟု ခေါ်ဆိုလေ့ရှိသော်လည်း ယင်းတို့ကို "တရုတ်လူမျိုး"ဟုလည်း ရည်ညွှန်းနိုင်သည်။ ထိုင်ဝမ်၏ နယ်မြေပိုင်ဆိုင်မှုသည် အငြင်းပွားဖွယ်ရာများ ရှိနေသလို တရုတ်သမ္မတနိုင်ငံအားလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အကန့်အသတ်ဖြင့်သာ အသိအမှတ်ပြုကြသည်။ ထို့အပြင် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများဟု ခေါ်ဆိုသော အခြားနိုင်ငံများတွင် အခြေချနေထိုင်သော တရုတ်လူမျိုးလည်း ရှိသေးသည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
ရှမ်းလူမျိုး
ရှမ်းလူမျိုး (; , ) သည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်းလူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် မြန်မာနိုင်ငံရှိ လူမျိုးစုကြီးတစ်ခုဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြကာ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေထိုင်ကြသလို တရုတ်နိုင်ငံ (ဒိုင်လူမျိုး)၊ လာအိုနိုင်ငံ၊ အာသံပြည်နယ် နှင့် မေဃာလယ (အာဟုမ်လူမျိုး)၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသော ဒေသများတွင်လည်း နေထိုင်ကြသည်။ ရှမ်းလူမျိုး အရေအတွက်ကို ၄ သန်းမှ ၆ သန်းအထိ ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး မြန်မာတစ်နိုင်ငံလုံး လူဦးရေစုစုပေါင်း၏ ၁၀% ခန့် ဖြစ်သည်။ အမည်ရင်းမြစ် ရှမ်းတို့သည် မိမိကိုယ်ကို တိုင်း (တႆး) ဟု ရည်ညွှန်းကြပြီး ယင်းအား တရုတ်ဘာသာစကားတွင်လည်း အသုံးပြုသည်။(). ရှမ်း သည် မြန်မာဘာသာစကားမှ အခေါ်အဝေါ်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ ရှေးအမည် Siam မှ တဆင့်ဆင်းသက်လာသော သျှမ်း ဟူသည့် စာလုံးပေါင်းကို ယခင်က သုံးစွဲခဲ့သည်။ အဆိုပါဝေါဟာရအား တရုတ်ဘာသာစကားတွင်လည်း () အဖြစ် မွေးစားအသုံးပြုထားသည်။ ထိုင်းဘာသာစကားတွင် ရှမ်းတို့အား Tai Yai (ไทใหญ่, ) သို့မဟုတ် တိုင်းယွမ်ဘာသာစကားဖြင့် Ngiao () ဟု ခေါ်ကြသည်။ ရှမ်းကို ပအိုဝ်း: ဖြဝ်ꩻ, အနောက်ပိုးကရင်: ၥဲၫ့, နှင့် မွန် သေံဇၞော် (sem) ဟူ၍ ခေါ်ဆိုကြသည်။ 'ရှမ်း' ဟူသော ဝေါဟာရသည် မြန်မာနိုင်ငံတွင်းရှိ တိုင်း စကားပြောသူများအားလုံး၏ ယေဘုယျ အသုံးအနှုန်း ဖြစ်သည်။ ရှမ်းပြည်နယ်၏ မြို့တော်မှာ တောင်ကြီးမြို့ ဖြစ်ပြီး လူဦးရေ ၃၉၀,၀၀၀ ခန့်ရှိကာ မြန်မာနိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ ရှမ်းပြည်နယ်တွင်းရှိ အခြားထင်ရှားသော မြို့များမှာ သီပေါမြို့၊ လားရှိုးမြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့ ဖြစ်သည်။ နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ရှမ်းလူမျိုးတို့မှာ တိဘက်-တရုတ်မျိုးရင်း ဖြစ်သည်။ နန်ကျောက် (နန်ကျောင်းဟုလည်း အရေးအသားရှိ) အနွယ်ဝင် (ရှမ်း-တိုင်း)များ ဖြစ်သည်။ အေဒီ ၉ ရာစု အစဦးတွင် တရုတ်ထန်မင်းဆက်၏ တန်ခိုးထွားလာမှုအောက်တွင် နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါးသွားခဲ့ရသည်။ သို့သော် အလုံးစုံ ပျက်စီးသွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေနိုင်ခဲ့သေးသည်။ တရုတ်ပြည်ကို မွန်ဂို (တာတာ) တို့က ၁၁ ရာစုတွင် သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၎င်း ရှမ်း-တိုင် တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလဒ်အဖြစ် တောင်ဘက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ် ပေါ်ထွက်လာကြသည်။ ၁၃ ရာစုတွင် အလုံးအရင်းဖြင့် တောင်ဘက်တလွှားသို့ ဆင်းလာကြရာ အနောက်ဘက် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှသည် မြန်မာနိုင်ငံ မြောက်ဘက်နှင့် အလယ်ပိုင်းဒေသများ အပါဝင်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ မြောက်ဘက်ပိုင်း အထိကျယ်ပြန့်စွာ အခြေချကာနေထိုင်ကြသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော (မှုန်း) လူမျိုးများအဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများအဖြစ်လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။ သို့သော် ရှမ်းလူမျိုးများမှာလည်း ကချင်လူမျိုးများကဲ့သို့ပင် တောတောင် ထူထပ်သည့်ဒေသတွင် အခြေချခဲ့ကြသည့်အတွက် လူမျိုးစုငယ် အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာစကားတို့ပါ အနည်းငယ်စီ ကွဲပြားကြသည်။ ရှမ်းဝေါဟာရ ရှင်းလင်းချက် ရှမ်း ဟူသောအမည်သည် အခြားလူမျိုးတို့က ရှမ်းလူမျိုးတို့ကို ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ ရှမ်းလူမျိုးတို့ကမူ မိမိကိုယ်ကို တိုင်း(Tai) ဟု ခေါ်ကြသည်။ ရှမ်း(ခေါ်) တိုင်း၏ အဓိပ္ပာယ်နှင့် ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထားကြောင်း တွေ့ရသည်။ ရှေးမြန်မာကျောက်စာတို့တွင် သျမ် (သို့မဟုတ်) သျံ ဟု ရေးသားကြသည်။ ဤဝေါဟာရသည် အာသံ(အရှမ်း)၊ အဟုမ်၊ သယာမ်၊ စိအန်(သို့မဟုတ်) စိအန်လို ဟူသော ဝေါဟာရနှင့် ထပ်တူဖြစ်သည်။ ရှေးအကျဆုံးအမည်မှာ လောဝ် (သို့မဟုတ်) အိုက်လောဝ် ဖြစ်ဟန်တူသည်။ သျှမ်းဟူသော ဝေါဟာရကို ရှမ်းမြန်မာ ပါဠိပညာရှင်ကြီးများက "သာမိ ဣဿရိယတီတိ သာမိ။ ။" သာမိ- အရှင်သခင်အဖြစ်ဖြင့်၊ ဣဿရိယတိ- အစိုးရတတ်၏။ ဣတိတသ္မာ- ထို့ကြောင့်၊ သာမိ-သာမိမည်၏။ ဟု ဝိဂြိုဟ်ပြု ဖွင့်ဆိုထားသည်။ ဤသို့ ဖွင့်ဆိုခြင်းမှာ ရှမ်းလူမျိုးများသည် ခတ္တိယနွယ်စဉ် သာကီဝင်တို့မှ ဆင်းသက်လာသည်ဟု ယူဆခြင်းဖြစ်သည်။ ရှမ်းဟူသော ဝေါဟာရသည် ထို သာမ ဟူသော ပါဠိမှ သျာမ၊ ၎င်း သျာမ မှ တစ်ဆင့် သျာမ်> သျံ> သျှံး> သျှမ်း> ရှမ်း ဟု ရေးသားကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မြန်မာမှု၌ (သ)အက္ခရာတွင် (ျ)ယပင့် (ှ)ဟထိုး (ာ)ရေးချ (မ)အက္ခရာသတ်နှင့် သျှာမ်း ဟု အရေးအသား ပြုလာခဲ့ကြခြင်းများသည် သက္ကတအလိုဖြစ်၍ သဒ္ဒါမျိုး ဖြစ်၍ သာလွန်သင့်လျော် ကောင်းမြတ်သော ရေးထုံးရေးနည်း တစ်ရပ်ဖြစ်ကြောင်းကို သိမှတ်ရာ၏။ သုဝဏ္ဏသာမ ကို သုဝဏ္ဏသျှာမ်> သုဝဏ္ဏသျှံ ဟု ရေူထုံးပြုသကဲ့သို့ သာမ ကိုလည်း သျှာမ်> သျှမ်း> သျှံ ဟု ရေးသားလာခဲ့ကြသည်။ ရှေးဟောင်းမြန်မာကျောက်စာတို့တွင် အေဒီ ၁၁၂၀ ပြည့်နှစ်မှ စ၍ သျံ သျမ် ဟု တွေ့ရသည်။ ချမ်ကျောက်စာတို့တွင်မူ ရှမ်းအမည်ကို အေဒီ ၁၀၅၀ ပြည့်နှစ် မတိုင်မီက တွေ့ရသည်။ ရှမ်းလူမျိုးနှင့် ရှမ်းအခေါ်အဝေါ် ဝေါဟာရများကို ပုဂံကျောက်စာများတွင် မကြာ မကြာတွေ့ရသည်။ သျှာမ်း(ရှမ်း) လူမျိုးအကြောင်းကို (၁၁၂၀-အေဒီ)မှစ၍ အကြိမ် (၂၀)ထက်မနည်း ပုဂံကျောက်စာတွင် ဖော်ပြထားသည်။ သျှာမ်း ဟူသော အမည်ပညတ်နှင့် စပ်လျဉ်း၍ ရှမ်းပြည် မြန်မာပြည် အကြောင်းကို ရေးသားခဲ့သော ဆာဂျော့စကော့ စသည့် ပုဂ္ဂိုလ်များက သျှာမ်းဟူသော အခေါ်အဝေါ်ကို မြန်မာလူမျိုးနှင့် အခြားလူမျိုးများက အသုံးပြုခေါ်ဝေါ်ကြသည်။ မည်သည့်အတွက်ကြောင့် အသုံးပြုသည်ဟူ၍ ခိုင်လုံသော အထောက်အထား မရှိဟု ဆိုသည်။ သို့သော် မစ္စတာတီရိရန်ဒီလာကိုပီရီ (Mr.Terrien de lacouperie) ကမူ The Cradle of Shan Race စာအုပ်၌ - တရုတ်ပြည်တွင် Hia (ဟိရ)မင်းဆက်ကို ဖြိုဖျက်ခဲ့သော ကုန်သည်များ ဟူ၍ အဓိပ္ပာယ်ရှိသည့် Shang (ရှံ) လူမျိုးများမှ ရှမ်းလူမျိုးများနှင့် ဆက်သွယ်ကြကြောင်း၊ တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်ခဲ့သော အရင်းမူလ တစ်မျိုးတည်း ဖြစ်ခဲ့သည့် တိုင်းရင်းသား လူမျိုးစုတို့၏ ဝေါဟာရများတွင် Tchang (ဆန်) Saing (ဆိုင်) Shen(ရှင်) Sien(စီရင်) အစရှိသော အမည်များနှင့် များစွာ တူညီသော အမည်များ တွေ့ရှိရကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ ၎င်း၏ အဆိုကို ကျနစွာစိစစ်ကြည့်လျှင် သျှာမ်း ဟူသော အမည်နာမသည် ကုန်သည်များဟူ၍ အဓိပ္ပာယ်ရသည့် Shang (ရှံ)မှ ဆင်းသက်လာသော အမည်များအနက် နောက်ဆုံးခေါ်တွင် ကျန်ရစ်ခဲ့သော အမည်ဖြစ်သည်ဟု မှတ်ယူဖွယ်ရာ ရှိပေသည်။ ဘီစီ ၁၁၂၂-ခုနှစ်တွင် တရုတ် (Shang) ဟု အမည်ရလာသည်ဟုလည်း ဆိုသည်။ ၎င်းအပြင် မစ္စတာကော့ကရိန်း ရေးသားသော The Shans စာအုပ်တွင် ဝ နှင့် လွယ်လ တိုင်းရင်းသားများက ရှမ်းကို Shen(ရှံ) ဟု ခေါ်ကြောင်း၊ ကန်တုန်နီဘာသာအားဖြင့် Tsim(စင်မ်) ဟုခေါ်ကြောင်း ရေးသားထားသည်။ ။ ကချင်တိုင်းရင်းသားလည်း ရှမ်းကို Sam (ဆန်-မ်)ဟု ခေါ်သည်ကို တွေ့ရသည်။ မွန်လူမျိုးများက ရှမ်းကို Seam(ဆိန်-မ်)ဟု ခေါ်ကြသည်။ တနင်္သာရီဒေသတွင် နေထိုင်ကြသော မြန်မာမျိုးနွယ်စုများကလည်း ယိုးဒယား(ထိုင်း)ကို Shan( ရှမ်း)ဟုပင် ခေါ်ဝေါ်ကြသည်။ အနောက်နိုင်ငံသားများကလည်း ယခင်က ယိုးဒယား(ထိုင်း)ကို Siam(သယာမ်)ဟု ခေါ်သည်။ မြန်မာ့သမိုင်းနှင့် ရှမ်းခေတ်များ မြန်မာ့သမိုင်းတွင်လည်း ရှမ်းတို့အင်အားကြီးခဲ့ချိန်များ ရှိဖူးပါသည်။ ထင်ထင်ရှားရှား အင်အားများသည့် ခေတ်နှစ်ခေတ် ရှိပေသည်။ ပထမ အကြိမ်မှာ ပုဂံကို မွန်ဂိုတို့ဖျက်စီးအပြီးတွင် မင်းမဲ့အခြေအနေနှင့် ကြုံတွေ့နေရစဉ် ကာလနှင့် နောင်ဒုတိယပုဂံခေတ် ပြန်ထူထောင်သည်အထိ ဖြစ်သည်။ ထိုကာလက ရာဇသင်္ကြန်၊ အသင်္ခယာနှင့် သိင်္ဂသူ (တစ်စီးရှင်သီဟသူ) ရှမ်းညီအစ်ကို သုံးဦးတို့ ခေတ်ဖြစ်ပြီး မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းတို့တွင် ကြီးစိုးကြသည်။ ဒုတိယခေတ်မှာ အင်းဝခေတ်၏ နောက်ဆုံးကာလများတွင် ဖြစ်သည်။ အင်းဝရှိ မြန်မာမင်း ရွှေနန်းကျော့ရှင်နရပတိ (၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဘက်တစ်လွှားမှ ရှမ်းစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ (၈၈၈-၉၀၄) က သက္ကရာဇ် ၈၈၈၊ တန်ခူးလဆန်း ၁၂ ရက်တွင် အင်းဝကိုသိမ်းပြီး နရပတိကို သတ်ကာ ထီးနန်းအရိုက်အရာကို သားဖြစ်သူ သိုဟန်ဘွားမှ ဆက်ခံပြီး အလွန်ဆိုးသွမ်းရက်စက်ကာ မိစ္ဆာအယူရှိလေရာ ဗုဒ္ဓဘာသာ ရဟန်းတော်များကို နန်းတော်သို့ ပင့်ဖိတ်ဟန်ပြုကာ သတ်ဖြတ်လေသောကြောင့် မင်းကြီးရန်နောင်နှင့် မြန်မာမှူးမတ်တို့က လုပ်ကြံနန်းချခြင်းဖြင့် သေလွန်သည်။ ထို့နောက် မှူးမတ်တို့က မင်းကြီးရန်နောင်အား နန်းတင်ကြသော်လည်း ငြင်းပယ်ကာ အုန်းဘောင်စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် မိုးဗြဲနရပတိဆက်လက်စိုးစံရာ စစ်ကိုင်းမှ စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ အင်းဝကို သိမ်းပိုက်ခဲ့သည်။ ရှေးရှမ်းနယ်များ ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တိံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလား မွေ့လျော်ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း ၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။ (ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။) (၁) ကျိုင်းတုံနယ်၊ မိုးနဲနယ်၊ ညောင်ရွှေနယ်၊ ရပ်ဆောက်နယ်၊ လဲချားနယ်၊ မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စကားနယ်၊ နောင်မွယ်နယ်၊ (၁၀) မိုင်းနောက်၊ မိုင်းကိုင်း၊ ကျေးသီဗန်းစံ၊ လွယ်လုံ၊ သထုံ၊ ဗန်းရင်၊ ဟိုပုန်း၊ နန်းခုတ်၊ စကွယ်နယ်၊ မိုင်းရှူး၊ (၂၀) သမခမ်း၊ ပွေးလှ၊ ဘော်နယ်၊ ရွာဝံနယ်၊ ပင်မှီ၊ ကျုံးနယ်၊ ပင်းဒယ၊ (၂၇) ဤကား တောင်ပိုင်းရှမ်းပြည်၂၇-နယ်တည်း။ (၁) သီပေါနယ်၊ (၂) တောင်ပိုင်းနယ်၊ (၃) မိုင်းရယ်နယ်၊ (၄) မြောက်သန္နီနယ်၊ (၅) မိုးမိတ်နယ်၊ (၆) မိုးလင်းနယ်၊ ဤကား မြောက်ပိုင်းရှမ်းပြည် ၆-နယ်တည်း။ ပေါင်း ၃၃-နယ် ဖြစ်၏။ ယနေ့ ရှမ်းပြည်နယ် ပြည်နယ်မြို့တော် တောင်ကြီးမြို့ အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့် လူဦးရေ ၄.၇ သန်းခန့် ခရိုင် ၁၁ ခရိုင် မြို့နယ် ၅၄ မြို့နယ် အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့် လူဦးရေ ၄.၇ သန်းခန့် ခရိုင် ၁၁ ခရိုင် မြို့နယ် ၅၄ မြို့နယ် ရှမ်းပြည်နယ် လည်းရှု ရှမ်း ၉ ဆက်၊ ၉ စော်ဘွား သုတေသနသရုပ်ပြအဘိဓာန်တွင် ဖော်ပြချက်အရ ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတဆယ့်နှစ်ပနား၊ ရာတပါးနှင့်၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခ, ညောင်း၊ မှူးမတ်အပေါင်းစုံကြပြီလား ....... မင်းကြီးများ ဟူ သောဇာတ်သဘင် ဘုရင်၏စကားအရ---(၁) မိုးကောင်းစော်ဘွား၊ (၂) မိုးညှင်းစော်ဘွား၊ (၃) သောင်သွပ်စော်ဘွား၊ (၄) မိုးမိတ်စော်ဘွား၊ (၅) မိုးနဲစော်ဘွား၊ (၆) သိန္နီစော်ဘွား၊ (၇) မိုင်းပဲစော်ဘွား၊ (၈) ညောင်ရွှေစော်ဘွား၊ (၉) သီပေါစော်ဘွားတို့ ဟူ၏။ မှတ်ချက်။ ။ ရှမ်းပြည်အစ မိုင်းမော က- ဟူသော စကားအရမိုင်းမောမှတဆင့် စော်ဘွား ၉-ဆက် ဖြစ်ပေါ်လာသည် ဟူ၏။ ရှမ်းမျိုး ၃၀ ဇမ္ဗူတံဆိပ် ကျမ်းရင်းတွင် ဖော်ပြချက်အရ - လင်း၊ သက်၊ ချင်း၊ ခုံ၊ ရင်၊ ကတူး၊ မြန်၊ အကျော်၊ ဂင်၊ ရှမ်း(၁၀)။ ဇဝါ၊ မျက်နှာမည်း၊ ကသည်း၊ ရေမီးထွက်၊ ကရက်၊ လဝ၊ လော၊ ပန်းလောင်၊ တရက်၊ ရှမ်း(၁၀)။ စနု၊ ဘအူ၊ ကရင်၊ ကချင်၊ ဂနော၊ ယောန်၊ လဝိုက်၊ တရုပ်၊ ယိုးဒယား၊ အနဲ (၃၀)။ ရှမ်း (၃၄) မျိုး ရှမ်း၊ ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အခါ-အီကော)၊ ကိုးကန့်၊ ခန္တီရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ အင်းသား၊ အိုက်ဆွယ်၊ ပအိုဝ်း၊ တိုင်းလွယ်၊ တိုင်းလျမ်၊ ထိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း၊ ဝ ။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ တရုတ်၊ လာအိုနှင့်ထိုင်း နယ်စပ်များနှင့် ဆက်စပ်နေသော ဒေသများတွင် နေထိုင်သော ရှမ်းလူမျိုးများသည် ဗမာပြီးလျှင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၄ သန်းကျော် နေထိုင်ပြီး လူမျိုးစု ၃၅ စု ပါဝင်နေထိုင်ကြသည်။ ရှမ်းအမျိုးသားများသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွ ဘောင်းဘီရှည်နှင့် တွဲဖက်ဝတ်ဆင်ပြီး ခါးတွင် ပုဝါစ စည်းနှောင်လေ့ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံးလက်ရှည်အင်္ကျီကို ပတ်လည်စင်းပါသော ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ အင်းလေး၊ ပင်းတယဒေသများ အပါအဝင် အပန်းဖြေလေ့လာရန် ဒေသများစွာ ရှိသည်။ ဘာသာနှင့်စာပေ ဘာသာအယူဝါဒအရေးတွင် ရှေးအခါက နတ်ကိုးခြင်းများကို ယုံကြည်ခဲ့ကြသည်။ သခင်စော်ဘွားဖြစ်သူ သေလွန်လျှင် မိဖုရား၊ မောင်းမနှင့် ကျွန်လူ၊ တိရစ္ဆာန်များကိုပါ သတ်ဖြတ်ကာ အတူမြေမြုပ်သည့် အလေ့များပင် ရှိခဲ့သည်ဟုဆိုသည်။ သို့သော် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းကြီးမှ ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းပြီးနောက်တွင် အဆိုပါ အယူများကို ဆက်လက်ပြုလုပ်စေခြင်း မရှိတော့ပဲ ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်စေခဲ့သည်။ သို့ဖြင့် ယနေ့အချိန်အထိ ရှမ်းလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး၊ နတ်ကိုးကွယ်မှုကိုလည်း ဆက်လက်ကျင့်သုံးကာ အခြားဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိကြသည်။ စာပေ ယနေ့မျက်မှောက်ခေတ်တွင် အသုံးပြုနေသော ရှမ်းစာပေ၌ အက္ခရာပေါင်း ၁၉ လုံး ရှိသည်။ ထင်ရှားသော ရှမ်းလူမျိုးများ ပထမဆုံး မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက် အာဇာနည် ဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း လဲချား စော်ဘွားကြီး သရေစည်သူ စဝ်နွံ ဗိုလ်စောနောင်(ရဲဘော်သုံးကျိပ်) ဗိုလ်စောအောင်(ရဲဘော်သုံးကျိပ်) ဗိုလ်မိုးညို(ရဲဘော်သုံးကျိပ်) ဂန္ထဝင်ရုပ်ရှင်သရုပ်​ဆောင် ရှန်ဟဲမယ် မေရီမြင့် တေးပြုစာဆို ဒေါက်တာ စိုင်းခမ်းလိတ် တေးရေးဆရာ၊ အဆိုတော် စိုင်းထီးဆိုင် တေးရေးဆရာ၊ အဆိုတော် ဆိုင်မောဝ်၊ စိုင်းဆိုင်မောဝ် ရော့ခ် အဆိုတော် လေးဖြူ ရော့ခ် အဆိုတော် အငဲ အဆိုတော် စိုင်းအောင်ထီးခမ်း အဆိုတော် ဘိုဖြူ အဆိုတော် Nang Kham Noung ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် မြန်မာ့လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူး သန်းပိုင် အနုသုခုမအနုပညာ သျှမ်းအိုးစည် သျှမ်းခမောက် သျှမ်းသိုင်း သျှမ်းတိုးနယားအက သျှမ်းကိန္နရာ၊ကိန္နရီအက သျှမ်းဗုံတိုအက ကိုးကား တပင်ရွှေထီး၊ဘုရင့်နောင် ကေတုမတီတောင်ငူရာဇဝင်စဆုံး သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း ဇမ္ဗူတံဆိပ်ကျမ်း မြန်မာနိုင်ငံလူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
မြား
မြန်မာစာလုံးပေါင်း “မြား”တွင် ဟထိုး မပါသည်ကို သတိပြုရန် မြားသည် ထိပ်တွင်အချွန် ထား၍ ပြန်ကန်စေသော ကြိုးဖြင့် ဆွဲငင်အရှိန်ယူကာ ပစ်လွှတ်ရသည့် လက်နက်တစ်မျိုးဖြစ်သည်။ လေးနှင့် တွဲဖက်၍ အသုံးပြုရိုး ရှိသည်။ ထပ်အချွန်သည် မြားတံအသားကိုပင် အဖျားရှူးစေကာ ချွန်ထားစေခြင်း ဖြစ်နိုင်သကဲ့သို့ သတ္တု ကဲ့သို့သော အခြားပစ္စည်းသား ခပ်မာမာတို့ဖြင့် မြားခေါင်း ပြုလုပ်ထားခြင်းလည်း ဖြစ်နိုင်သည်။ မြားကို အသုံးပြုလာခဲ့သည်မှာ လွန်ခဲ့သော နှစ်တစ်သောင်းအကြာကဟုဆိုသည်။ လက်နက်
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%AC%E1%80%B8
Pneumonoultramicroscopicsilicovolcanoconiosis
Pneumonoultramicroscopicsilicovolcanoconiosis () သည် အင်္ဂလိပ်စာလုံးဖြစ်ပြီး Silica အမှုန့်ရှုမိလျှင်ဖြစ်တတ်သော အဆုတ်ရောဂါအမည် ဖြစ်သည်။။ အင်္ဂလိပ်ဘာသာတွင် အက္ခရာ အများဆုံး စကားလုံးအဖြစ် သတ်မှတ်ထားသည်။ အင်္ဂလိပ်ဝေါဟာရ
https://my.wikipedia.org/wiki/Pneumonoultramicroscopicsilicovolcanoconiosis
ထရုမ်းလူမျိုး
မြန်မာ့တိုင်းရင်းသား၊ ကချင်မျိုးနွယ်စုမှ ဖြစ်သည်။ နေထိုင် တရုမ်းလူမျိုးနွယ်စုများသည် ကချင်ပြည်နယ်၊ ခါကာဘိုရာဇိတောင်ခြေတွင်နေထိုင်ကြသည်။ ထရုံမြစ် မြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာသဖြင့် ထရုံလူမျိုးဟု အမည်တွင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်ကပင် ထိုဒေသမှ ဆင်းသက်ခဲ့ကြပြီး ကချင်ပြည်နယ်တွင် အခြေချ နေထိုင်ခဲ့ကြသည်။ ပုံသဏ္ဌာန် တရုမ်းလူမျိုးနွယ်စုများ၏ အရပ်သည် ၁၁၀ စင်တီမီတာသာရှိသည်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ အခြားမျိုးနွယ်စု များနှင့် လက်ထပ်ကြသောကြောင့် အရပ်အမောင်းများပိုရှည်လာကြသည်။ ယခုအခါ ထရုံမျိုးနွယ်(၃)ဦးတည်းသာ ကျန်ရှိတော့သည်။ ကချင်လူမျိုးစု မြန်မာနိုင်ငံလူမျိုးများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%9B%E1%80%AF%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
ဆလုံလူမျိုး
ဆလုံမျိုးနွယ်စုများသည် အစုအဖွဲ့အလိုက် နေထိုင်ကြသည်။ များသောအားဖြင့် ဘင်္ဂလားပင်လယ်အော်၏ ကမ်းစပ်ကျွန်းများ(မြိတ်ကျွန်းစု)ပတ်ဝန်းကျင် လှေများပေါ်မှာ နေထိုင်ကြသည်။ ပင်လယ်လှည့်သွား Sea Gypsies များဟုလည်း လူသိများပါသည်။ နောက်ခံ လူသားသမိုင်း ခရစ်နှစ်ဦးပိုင်းတွင် တောင်ကျွန်းသားလူမျိုး (Austronesian) များသည် တောင်အာရှနှင့်‌အရှေ့တောင်အာရှကုန်းတွင်းနေလူမျိုး (Austroasiatic) များဖြစ်သည့် မွန်များနှင့် နယ်ပယ်ရရှိရေးအတွက် စစ်ပွဲများဆင်နွဲရာ ရှုံးနှိမ့်သွားသဖြင့် တောင်ပိုင်းပင်လယ်ဒေသများသို့ပြန်လည် ဆုတ်ခွာကြရာ ကျွန်းစုများတွင် ကျန်ရစ်သည့် လူမျိုးဖြစ်သည်ဟု လူသားလေ့လာပညာရှင်များက သတ်မှတ်ကြသည်။ ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီးတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။ ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင် ဝါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။ ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။ (ပင်လယ်ကြမ်းပြင် ၁၆ လံ ထက် ပိုပြီး မည်သည့် ရေငုတ်သမား မှ မငုတ်နိုင်ကြပါ ရေဖိအား ဒဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ရေအရမ်းနက်လျင် နှာခေါင်း၊ နား၊ မျက်စိ စသည့်နေရာများမှ သွေးများ ယိုထွက်လာသည်ကို မည်သူမှမခံနိုင်ပါ။ တစ်နာရီကြာအောင် ရေငုတ်သော စလုံလူမျိုးလည် မရှိပါ အလွန့်အလွန် မိနစ် (၂ဝ) မျသာ အောက်စီဂျင်မပါဘဲ ငုတ်နိုင်ကြသည်။) တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ဝိုင်းဖွဲ့ကခုန်ကြသည်။ သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုစွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။ “ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူး ပါသည်။ ဆလုံ တိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ဝါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံ သာမက သူတို့ဘဝ၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင်သွားကြသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ဝါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ပြီး နေထိုင်ကြသည်။ ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်လယ်မျှော့)၊ ရေခူ၊ ငါး၊ ပုဇွန်၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြသည်။ သူတို့ ရိုးရာဓလေ့များ ထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း တို့လည်း ပါဝင်သည်။ ဆလုံရိုးရာပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ် ဘာလိုင်း ကျေးရွာအုပ်စု၊ လန်ပိကျွန်း၏ တစ်ဖက်ကမ်း “မကြုံဂလက်”ကျေးရွာတွင် (၂၀၀၄)ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဆလုံ တိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ (၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့် ပြုလုပ်သည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိုးသမီး အချင်းချင်းပင် ဖြစ်သည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။ ဆလုံတို့၏ ကျန်းမာရေး ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်သည်။ ဝတ်စားဆင်ယင်ခြင်း ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အဝတ်အစား ဝတ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အဝတ်အစား ဆင်ယင်လာကြသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်သည် ဆိုသော်လည်း၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်လာကြ ပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်သည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ဝတ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့်အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အဝတ်အစား၊ ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနား ဝတ်ဆင်လာကြပေပြီ။ အစားအသောက် ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်သည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်သည်။ ဆလုံတချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။ အလုပ်အကိုင် ဆလုံ တိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်း ဝိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု စီစီညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မျှ လှေဝန်းထဲသို့ မဝင်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြသည်။ ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ် မျှော့ငုပ်ခြင်း၊ ကနုကမာ ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပတ်သက်သော လုပ်ငန်း အဝဝကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်သည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်သည်။ ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ်ခန့်တွင် ရေနှင့် ပတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသော အခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့ဩသွားသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်သည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိူးယူ ဖမ်းဆီးကြသည်။ ဟိုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်း ပိုက်များဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြသည်။ သူတို့ဘဝမှာ ယခင်က ဖမ်းယူရရှိ ငါးများနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင် နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တဝင်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေ နေကြသော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘဝ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ထိမ်းမြားလက်ထပ်ခြင်း ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြသည်။ သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်သည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာသည်။ ဆလုံမင်္ဂလာပွဲကို များသော အားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆိုသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖော်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက် မြှောက်ကာ တိုင်တည်စေ ပါသည်။ ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်သည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေသည်။ ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွား ပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီခန့် ကြာမြင့်ပါသည်။ တစ္ဆေကြီးပွဲ တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်သည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာ မွန်ရာရောက်သူ ရှိသကဲ့သို့ တချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်နဝါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်သည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူသည်။ အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။ ဆလုံရိုးရာလှေကို လွန်းတင်ခြင်း ဆလုံ တိုင်းရင်းသားတို့သည် သူတို့၏ သစ်ထွင်းလှေနှင့် စက်တပ်လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ ရှိသည်။ ပင်လယ်သဲသောင်ပြင်ဝယ် လွန်းတင်ရန်ပြင်ဆင်ထားသည့် ရိုးရာလှေမှ ပေါက်ပြဲနေသည့် နေရာများကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပုန်းညက်များ ကွာကျလာ ပါသည်။ မီးတုတ်မှာ အုန်းလက်ဖြင့် မီးရှို့ထားခြင်းဖြစ်သည်။ ပေါက်ပြဲ ယိုစိမ့်ကျနေသည့် ပုန်းညက် အဟောင်း နေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးပါသည်။ သူတို့သည် လှေကို လွန်းတင်ရာတွင် စုပေါင်း လုပ်ဆောင်ကြသဖြင့် မည်မျှပင် ကြီးသည့်လှေ ဖြစ်စေကာမူ အများဆုံး လုပ်ရပါလျှင် ငါးရက်ခန့်သာ ကြာမြင့်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေနှင့်စာလျှင် သက်သာပါသည်။ လိုအပ်သော နေရတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံလူမျိုးများ ဗမာလူမျိုးစု
https://my.wikipedia.org/wiki/%E1%80%86%E1%80%9C%E1%80%AF%E1%80%B6%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
သိန်းဖေမြင့်
သိန်းဖေမြင့် (အမည်ရင်း သိန်းဖေ) ကို အထက်မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်တွင် မွေးဖွားခဲ့သည်။ စာပေစတင် ရေးသားသည့် အချိန်မှစ၍ ငယ်အမည် သိန်းဖေတွင် မိခင်၏အမည် ဒေါ်မြင့်မှ မြင့်ကိုယူကာ ကလောင်အမည်တွင် သိန်းဖေမြင့်ဟူ၍ ပေါင်းထည့်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ ဘီအေဘွဲ့ ရရှိခဲ့သည်။ သိန်းဖေမြင့်သည် ခင်ကြည်ကြည်နှင့် ၁၉၄၆ ခုနှစ်တွင် အိမ်ထောင်ကျကာ သားသမီး လေးယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၈ ခုနှစ် အသက် ၆၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သိန်းဖေမြင့် (သခင်သိန်းဖေ) ၁၀ ဇူလိုင် ၁၉၁၄ - ၁၅ ဇန်နဝါရီ ၁၉၇၈) သည် ဩဇာညောင်းသော မြန်မာ့နိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်းစာဆရာတစ်ဦးဖြစ်သည်။ ထင်ရှားလှသည့် မြောက်မြားစွာသော နိုင်ငံရေးနှင့် လူမှုရေးစာအုပ်များကို ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး ဩဇာလွှမ်းမိုးသော ဗိုလ်တထောင် သတင်းစာကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သိန်းဖေမြင့်သည် မာက်(စ်) ဝါဒ အသိပညာဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် စစ်ပြီးခေတ်နိုင်ငံရေးတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှု သက်တမ်း ၁၉၃၀ ခုနှစ် အလယ်ပိုင်းနှစ်များတွင် သိန်းဖေမြင့်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၂ - ၃၃ တွင် မန္တလေးဥပစာကောလိပ်၌ ပညာသင်ကြားရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်ကောင်း၍ ဥပစာတန်းကို တစ်နှစ်တည်း တက်ခွင့်ရခဲ့သည်။ ဥပစာတန်းတွင် ပညာသင်ကြားစဉ် အစိုးရက မန္တလေးကောလိပ်ကိုပိတ်ရန် စီစဉ်သည်ကို ကိုကျော်ငြိမ်း (နောင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း)၊ ကိုခင်မောင်လေး (နောင် ဝန်ကြီး ဗိုလ်ခင်မောင်လေး)၊ ကိုသီဟန်(နောင် ဝန်ကြီးဦးသီဟန်) တို့နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည်။ ဥပစာတန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ယူသည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၄ - ၃၅ တွင် ကိုကျော်ငြိမ်းနှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထိုနှစ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုဖိုးအေး (နောင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဝန် ဒေါက်တာဖိုးအေး) ဖြစ်သည်။ ဥက္ကဋ္ဌကို ဆန့်ကျင်ကာ တက္ကသိုလ်အာဏာပိုင်များကို အတိုက်အခံပြုခဲ့သည်။ တက္ကသိုလ်တွင် သခင်ဗစိန်နှင့် ပေါင်း၍ ဒိုင်အာခီအုပ်ချုပ်ရေး ကို ဆန့်ကျင်ခဲ့သည်။ သိန်းဖေမြင့်သည် ၁၉၃၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ထို့နောက်တွင် သူ့အား အမည်ရင်း သိန်းဖေ အဖြစ်လူသိများနေဆဲဖြစ်ပြီး ဩဇာလွှမ်းမိုးမှုရှိသော ဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ ထိုအသင်းကြီးတွင် သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်ရှုမောင် (နောင်တွင် ဦးနေဝင်း) ကဲ့သို့ မြန်မာ့နိုင်ငံရေးလွတ်လပ်ရေး ကြိုးပမ်းမှု တွင် အသင်းဝင်အဖြစ် ပါဝင်ခဲ့သည်။ သူ၏ နိုင်ငံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက “ထိန်းမရသိမ်းမရ သိန်းဖေ” ဟု ကင်ပွန်းတပ်ခဲ့သလို၊ ဦးနုကမူ “သိန်းဖေမြင့်သည် မြန်မာစာပေလောက တွင်သာမက ကမ္ဘာလောကတွင်ပါ ထိပ်ဆုံးသို့ရောက်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသည့် စာရေးဆရာတစ်ဦးဖြစ်သည်။ သို့သော် ၎င်းကို အကြိမ်ကြိမ်အဖန်ဖန် ငြင်းဆန်ပယ်ထုတ်ခဲ့သော နိုင်ငံရေးလောကကိုသာ အာသာငမ်းငမ်းတက် စွဲလန်းကာ၊ နိုင်ငံရေးလောကသို့ ဝင်နိုင်ရန် မလျော့တမ်း ကြိုးစားလျက်ရှိသူ” ဟူ၍ မှတ်ချက်ချခဲ့သည်။ စာရေးဆရာ ဒဂုံတာရာက "သူ၌ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိသည်။ သူသည် သူ၏ကိုယ်တိုင်ယုံကြည်ချက်ကို တင်ပြလေ့ရှိသည်။ သို့သော် ပါတီတရပ်လုံး လိုက်နာအောင် မစည်းရုံးနိုင်၊ မလှုံ့ဆော်နိုင်ခဲ့ပါ ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတရပ်လုံး ယုံကြည်ချက်နှင့် ညှိရေး ဖြစ်၏။ ပါတီက ယုံကြည်လာအောင် လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင် သော်လည်းကောင်း၊ လျော့နေလျှင် သော်လည်းကောင်း၊ တေးသံမထွက်လာပေ။ ကြိုးညီမှတီး၍ရကာ ဂီတသံထွက်လာပေမည်။ သူသည် သူ့ကြိုးကိုသူ ညှိသဖြင့် အခြားအသံများနှင့် ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင် တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့် သူသည် တသားတည်းနေမည်ဖြစ်သည်။ သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။" ဟူ၍ ရေးသားဝေဖန်ခဲ့သည်။ အကယ်၍ အငြင်းပွားဖွယ်ဖြစ်နိုင်သော်လည်း လူသိများသော စာရေးဆရာတစ်ဦးဖြစ်သည့် သခင်သိန်းဖေသည် မြန်မာနိုင်ငံတွင် လက်ဝဲလှုပ်ရှားမှု၏ ဦးဆောင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် လျင်မြန်စွာရောက်ရှိခဲ့သည်။ ၁၉၃၆ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော တက္ကသိုလ် ကျောင်းသားများ ဦးဆောင်သည့် ဗြိတိသျှ ကိုလိုနီအစိုးရ ကို သပိတ်မှောက် ဆန့်ကျင်ဆန္ဒပြ ပွဲများနှင့် ၁၉၃၈ ခုနှစ်က ဖြစ်ပွားခဲ့သော "၁၃၀၀ ပြည့်အရေးတော်ပုံ"တွင် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေး သော စာနယ်ဇင်းသမားအဖြစ် ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တွင် ဖက်ဆစ်ဂျပန်တို့ နှင့် မဟာမိတ်ပြုမည်ဆိုခြင်းကို ငြင်းဆန်သော မြန်မာ့လွတ်လပ်ရေးဦးဆောင်လှုပ်ရှားသူ လူနည်းစုဝင် တစ်ဦးဖြစ်သည်။ အခြား အောင်ဆန်းကဲ့သို့ ထင်ရှားသော ကျောင်းသားခေါင်းဆောင်အများစုနှင့် သဘောထားကွဲလွဲပြီး ဗြိတိသျှတို့ကို မနှစ်မြို့သော်လည်း မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်အင်ပါယာ မှ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါတွင် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။ ဂျပန်တို့၏ အုပ်ချုပ်မှုသည် ရက်စက်ကြမ်းကြုတ်ကြောင်းကို သိလာရသောအခါတွင် ဂျပန်တို့ နှင့် မဟာမိတ်ပြုမည်ကို ငြင်းဆန်ခဲ့သော သိန်းဖေမြင့်၏ အယူအဆများ မှန်ကန်ကြောင်း သိသာထင်ရှားလာခဲ့သည်။ ဂျပန်တို့နှင့်ထိုအချိန်ထိ မဟာမိတ်ဖွဲ့ထားသော ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့ကို တိုက်ထုတ်ရန်အတွက် မဟာမိတ်များထံမှ အကူအညီ ရယူရန် သိန်းဖေမြင့်ကို အိန္ဒိယနိုင်ငံသို့ သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ စစ်ပွဲကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာခေါင်းဆောင်အချို့နှင့် ဗြိတိသျှစစ်တပ် တပ်ဖွဲ့ ၁၃၆ ၊ အထူးစစ်ဆင်ရေးနှင့် ထောက်လှမ်းရေးယူနစ်တို့အကြားတွင် ဖက်ဆစ်ဆန့်ကျင်ရေးဝါဒဖြန့်ချိမှုလုပ်ငန်းများ၊ သတင်းအချက်အလက် စုဆောင်းရေးနှင့် ဆက်ဆံရေးလုပ်ငန်းဆောင်တာများကို အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။ စစ်ပြီးခေတ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၊ တရုတ်ဗမာ ချစ်ကြည်ရေးအသင်း ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ ဗမာပြည်စာရေးဆရာများအဖွဲ့အစည်းများ အပါအဝင် အသင်းအဖွဲ့များနှင့် ပါတီများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပွဲကာလအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်အောက်ရှိ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဋ္ဌာန၏ ပထမဆုံးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် ထောင်ချခံရပြီး ၁၉၄၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်တွင် သိန်းဖေမြင့်သည် နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေးသော စာနယ်ဇင်းသမားအဖြစ်သို့ ပြောင်းလဲခဲ့သည်။ စာရေးဆရာနှင့် သတင်းစာဆရာ အသက်မွေးမှု လုပ်ငန်း သိန်းဖေမြင့် ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် အတွင်း စာပေစတင်ရေးသားခဲ့သည်။ ၁၉၃၇တွင် ထုတ်ဝေသော သူ၏ လက်ရာဖြစ်သည့် တက်ဘုန်းကြီး မှာ အချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများ၏ လူမှုရေးဖောက်ပြန်မှုနှင့် အဂတိလိုက်စားမှုတို့၏ အရှက်ရဖွယ်ရာကောင်းပုံကို ပွင့်ပွင့်လင်း လင်း ဖော်ပြထားသောစာပေဖြစ်သည်။ သူ၏ မိတ်ဆွေဖြစ်သော တို့ဗမာ အစည်းအရုံးဝင် သခင်နု က ထိုစာအုပ်တွင် အမှာစာရေးသားခဲ့သည်။ ယင်း ကြိုတင်တုံ့ပြန်သည့် စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော ဗမာပြည် အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပညာတတ်လက်ဝဲဂိုဏ်းဝင် ကောလိပ်ကျောင်းသားတို့က ဗမာ လူထု၏ ရှေးထုံးတမ်းအစဉ်အလာနှင့် ပတ်သက်ပြီး ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှု ကြီး တစ်ရပ်အဖြစ် ဖြစ်စေခဲ့သည်။ ထိုစာအုပ်သည် ရဟန်းပျိုများအသင်း၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကိုလည်း ခံခဲ့ရပြီး စာရေးသူနှင့် ထုတ်ဝေသော စာအုပ်တိုက်ပါမကျန် ခြိမ်းခြောက် မှုများခံခဲ့ရသည်။ သို့သော်လည်း ခေတ်စမ်းစာပေ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဇော်ဂျီသည် အားပေးလက်ခံခဲ့သည်။ ထို့နောက် သိန်းဖေမြင့်အား တက်ဘုန်းကြီး သိန်းဖေ ဟူ၍ လူသိလာခဲ့သည်။ သူ၏ ထင်ရှားသော စာပေလက်ရာများမှာ- တက်ဘုန်းကြီး (ခေတ်သစ် ဘုန်းကြီး) တက်ခေတ် နတ်ဆိုး (ခေတ်သစ်အတွင်းမှ နတ်ဆိုး) သပိတ်မှောက် ကျောင်းသား သခင် ကိုယ်တော်မှိုင်း (သခင်ကိုယ်တော်မှိုင်း ၏ အတ္ထုပ္ပတ္တိ ) အရှေ့က နေဝန်းထွက်သည့်ပမာ -- မြန်မာစာပေဆုရ ချင်းပြည် သမိုင်း-- မြန်မာစာပေဆုရ What Happened in Burma (မြန်မာပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အ ပျက်များ) နှင့် Over the Ashes ( ပြာပုံပေါ်တွင်) တို့အပါအဝင် စာအုပ်များစွာကို သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏ လက်ရာများစွာမှာ ယနေ့ခေတ်တိုင်အောင် ပြန်လည်၍ ထုတ်ဝေနေရဆဲဖြစ်ပြီး ၎င်းတို့အနက်မှ စစ်အတွင်းခရီးသည် သည် အရောင်းရဆုံး စာအုပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤစာအုပ်ကို ဒေါက်တာ ရောဘတ် အိပ်(ခ်ျ) တေလာ မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သူသည် ယောက်ျား ဂုဏ်ရည် ရုပ်ရှင်ကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်တွင် အလုပ်လုပ်ခဲ့ပြီး ပြဇာတ်များစွာကို ရေးသားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သိန်းဖေမြင့်သည် ဗိုလ်တထောင် သတင်းစာကို တည် ထောင်ခဲ့သည်။ (သူသည် ၁၉၃၀ နှောင်းပိုင်းနှစ်များတွင် မြန်မာ့အလင်း သတင်းစာ၏ သတင်းထောက်ဟောင်း တစ်ဦးလည်းဖြစ်သည်။) ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၏ တစ်စိတ်တစ်ဒေသ အဖြစ် သူ၏ သတင်းစာကို ပြည်သူပိုင်သိမ်းခဲ့သော ၁၉၆၄ အထိ သူသည် လက်ဝဲဝါဒ လွှမ်းမိုးသော သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၇၅ ထိ ဗိုလ်တထောင် သတင်းစာ (ပွင့်ပွင့်လင်းလင်း ပြောပါရစေ) ကဏ္ဍ၏ပင်တိုင်ဆောင်းပါးရှင် အဖြစ်လုပ်ကိုင်ရင်း ထိုနှစ် မေလတွင် သမ္မတကြီး ဦးနေဝင်း၏ လစာကိစ္စကို (လမ်းစဉ် ပါတီခေတ်တွင် အကြံပေး အဖွဲ့ဝင်ဖြစ်ပါလျက်) ပွင့်ပွင့်လင်းလင်း ကဏ္ဍမှ ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီး ဦးလွင်က သူ့ကလောင်အားပိတ်၍ စာပေစိစစ်ရေးဌာန သည် ထုတ်ဝေမည့် စာမူများ အားလုံးကို ထုတ်တင် စနစ်မှ တင်ထုတ် စနစ်သို့ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ မှတ်စု A.ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံး ဝါဒဖြန့်ဌာန တွဲဖက် အတွင်းရေးမှူး B.နဂါးနီ စာအုပ်သင်း ပညာရေးအဖွဲ့ဝင် အမှုဆောင် C.၁၉၃၉ ဇန်နဝါရီ တွင် ထောင်နှစ်ပတ် ကျခဲ့ D.တက္ကသိုလ်ကျောင်းသားဘဝကပင် ဦးသိန်းဖေမြင့်သည် စာပေဝါသနာထုံ၍ စာရေးဆရာအဖြစ် ပထမဆုံး ပုံနှိပ်ခံရသည့် ဆောင်းပါးမှာ ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သူရိယ သတင်းစာပါ “မန္တလေး အင်တာမီဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ကြောင်း” ဆောင်းပါးဖြစ်သည်။ ကလောင်အမည်ကို ‘ဝနေငဖေ (ဘုတလင်)’ ဟူ၍ ယူခဲ့သည်။ E.ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ဝတ္ထုတိုမှာ ၁၉၃၃ ခုနှစ် စက်တင်ဘာလထုတ် ဒဂုန် မဂ္ဂဇင်းပါ ‘ခင်မျိုးချစ်’ ဝတ္ထုဖြစ်သည်။ ကလောင်အမည်ကိုလည်း ဝနေငဖေ (ဘုတလင်)ဟူ၍ပင် ပေးခဲ့သည်။ F.နဂါးနီ စာအုပ်တိုက် ဟူ၍ တိုးတက်သော စာပေများ၊ မာ့က်စ်ဝါဒဘာသာပြန်များ ဖြန့်ချိရန် လူငယ်တစု စတင်ကြံစည်စက ‘သိန်းဖေ’ ဟူသော နာမည်ရင်းဖြင့် ‘တက်ဘုန်းကြီး’ ဝတ္ထု ထွက်လာလေ၏။ ထိုအခါက ကိုသိန်းဖေမှာ ကာလကတ္တားတွင် အမ်အေတက်နေသည်ဟု သိရ၏။ G. သခင်သန်းထွန်း၊ သခင်စိုးနှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကို တည်ထောင်ခဲ့သည်။ ကိုးကား ပြင်ပလင့်ခ်များ People's Age People's Literature : Thein Pe Myint 1945〜49(Literacture) Thein Pe Myint မြန်မာ အမျိုးသား စာရေးဆရာများ တို့ဗမာ အစည်းအရုံးဝင်များ မြန်မာနိုင်ငံ ဝန်ကြီးများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%B1%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA
ဝါလ်ပိုလာ ရာဟုလာ
ဝါလ်ပိုလာရာဟုလာ မထေရ် () သည် သီရိလင်္ကာ ထေရဝါဒဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်၍ ရဟန်းစာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ၁၉၆၄ တွင် အမေရိကန်ပြည်ထောင်စု၊ အနောက်မြောက်တက္ကသိုလ် (Northwestern University) ၏ သမိုင်းနှင့် ဘာသာရေးဌာန၌ ပါမောက္ခတစ်ဦးဖြစ်လာသောကြောင့် အနောက်ကမ္ဘာတွင် ပါမောက္ခရာထူးကို ပထမဆုံးဆောင်ရွက်ခဲ့သော ရဟန်းတစ်ပါးဖြစ်သည်။ ထို့အပြင် ယခင် ဝိဒျောဒယ တက္ကသိုလ် (Vidyodaya) (ယခု : သိရိ ဇေယျဝါဒေဏပူရ) တွင် ဒုတိယ အဓိပတိရာထူးဖြင့်လည်း ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော စာအုပ်၊ စာပေများကို အင်္ဂလိပ်၊ ပြင်သစ်၊ သီဟိုဠ်ဘာသာများဖြင့် များစွာရေးသားခဲ့၏ ။ ထေရုပ္ပတ္တိအကျဉ်း သီဟိုဠ်နိုင်ငံတောင်ပိုင်း ဂေါ်လ်ခရိုင်အတွင်းရှိ ဝါလ်ပိုလာရွာတွင် ၁၉ဝ၇ ခု။ မေလ ၉ ရက်နေ့၌ ဖွားမြင်တော်မူခဲ့ပေသည်၊ ငယ်စဉ်က ရွာတွင်ရှိသော အစိုးရ(လူဝတ်ကြောင်) ကျောင်းတွင် ပညာသင်ခဲ့သော်လည်း မကြာမီ ထိုကျောင်းမှ ထွက်ခွါခဲ့ ပေသည်၊ သူငယ်ချင်းများနှင့်ဆော့ကစားသည်ကို ဆရာက ကြိမ်ဖြင့်ဆုံးမပဲ့ပြင်သည်၊ ရာဟုလာကလေးက ကြိမ်ဖြင့် ရိုက်နှက်မည်ကို လက်မခံနိုင်၊ နုတ်ဖြင့်သာ ဆုံးမသင့်သည်ဟု စောဒကတက်သည်၊ ထိုမှစ၍ အတန်းကျောင်း ခေါ် အစိုးရကျောင်းတွင် ပညာမသင်တော့ချေ၊ ရွာဦးရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးကျောင်းသား ဖြစ်လာ၍ ရိုးရာဗုဒ္ဓဘာသာစာပေ။ ပါဠိစာပေနှင့် သီဟိုဠ်ဘာသာစာပေ။ သမိုင်းတို့ကို ရိုးရာစနစ်အတိုင်း သင်ကြားခဲ့ပေသည်၊ ၁၃ နှစ်အရွယ်တွင် မိဘများက သင်္ကန်းဝတ်ပေး၍ ကိုရင်ကလေး ရာဟုလာ ဘဝဖြင့် ဘုန်းကြီးကျောင်းတွင် ဆက်လက် ပညာသင်ခဲ့သည်၊ အသက် ၂ဝ ပြည့်သောအခါ ရွာကျောင်းဘုန်းကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ တက်လှမ်းခဲ့သည်၊ ဗုဒ္ဓစာပေ။ ပါဠိစာပေနှင့် သီဟိုဠ်စာပေများတွင် သင်ရိုးပြီးမြောက်၍ ဘာသာရေးစာမေးပွဲများ အဆင့်ဆင့်အောင်မြင်ခဲ့ပြီးနောက် ထင်ရှားသော ကျောင်းတိုက်ကြီးများတွင် ဓမ္မာစရိယ စာချဆရာတော် တစ်ပါး ဖြစ်လာခဲ့ပေသည်၊ ထိုအချိန်မှစ၍ အရှင်ရာဟုလာမထေရ်ကို ဖွားမြင်ရာ ဇာတိကို အစွဲပြုခြင်းအားဖြင့် အရှင်ဝါလ်ပိုလာ ရာဟုလာ ဟု ခေါ်တွင်လာခဲ့ ကြပေသည်၊ အခြားရာဟုလာဘွဲ့ခံ ဆရာတော်တစ်ပါးနှင့် ကွဲပြားစေရန် ဇာတိအမည် တပ်၍ ဘွဲ့တော်ကို ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပေသည်၊ ဂုဏ်ပြုချီးမြှောက်ခံရမှု အရှင် ရာဟုလာသည် တိပိဋကဝဂ္ဂိဝါရစာယ (Trippitakavagisvaracarya) ဘွဲ့ကို သီရိ ကလျာပီ သမ္မာဂရိ သံဃာ-သဘာ အဖွဲ့က ၁၉၆၅တွင် ချီးမြင့်ခဲ့သည်။ သီရိ ဟူသော ဂုဏ်ပုဒ်ကို သိရိလင်္ကာနိုင်ငံမှ ရဟန်းနှစ်ပါး သုံးပါးသာ ရရှိဖူး၏ ။ ထို့အပြင် ဆရာတော်ကို မြန်မာနိုင်ငံက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ဖြင့် ပူဇော်ချီးမြှင့်ခဲ့သည်။ ရေးသားခဲ့သောစာပေများ What The Buddha Taught (1959, ) History of Buddhism in Ceylon: The Anuradhapura period, 3rd Century BC – 10th Century AD (1966) Humour in Pali Literature and Other Essays (1997, ) The Heritage of the Bhikkhu: A Short History of the Bhikkhu in Educational, Cultural, Social, and Political Life (1974, ) Heritage of Bhikkhu (1974, ) Zen and the Taming of the Bull: Towards the Definition of Buddhist Thought: Essays (1978, ) The Heritage of the Bhikkhu: The Buddhist Tradition of Service (2003, ) ကိုးကား ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AB%E1%80%9C%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%9C%E1%80%AC%20%E1%80%9B%E1%80%AC%E1%80%9F%E1%80%AF%E1%80%9C%E1%80%AC
ချစ်နိုင် (စိတ်ပညာ)
ချစ်နိုင် (စိတ်ပညာ) ( ဒီဇင်ဘာ ၁၉၄၈ မွေးဖွား) သည် အာဏာသိမ်းစစ်အစိုးရ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး ရာထူးများဖြင့် လုပ်ကိုင်ခဲ့သူဖြစ်သည်။ စာအုပ်ပေါင်းများစွာကို ရေးသားထုတ်ဝေခဲ့၍ စာရေးဆရာတစ်ဦးအဖြစ် ထင်ရှားခဲ့သော်လည်း၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီးတွင် စစ်ကောင်စီမှ ခန့်အပ်သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကို လက်ခံခဲ့သောကြောင့် စာရေးဆရာနှင့် စာဖတ်သူများ၏ ကန့်ကွက်ရှုတ်ချမှုကို ခံခဲ့ရသည်။ အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော ဆန္ဒပြပွဲများတွင် ချစ်နိုင်(စိတ်ပညာ)၏ စာအုပ်အများအပြားအား လူပုံအလယ်တွင် မီးရှို့ဖျက်စီးခဲ့ကြသည်။ စာဖတ်သူ လူထုက လက်မခံသဖြင့် စာအုပ်ထုတ်ဝေသူနှင့် ဖြန့်ချိသူများကလည်း ချစ်နိုင်(စိတ်ပညာ)၏ စာအုပ်များအား ဆက်လက်ထုတ်ဝေဖြန့်ချိခြင်း မပြုတော့ပေ။ ဘဝအကျဉ်း ငယ်ဘဝ မကွေးတိုင်း ချောက်မြို့နယ် ကြီးနီးကျေးရွာတွင်အဖ ဦးမာတင် အမိဒေါ်အေးသ တို့က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ တွင်မွေးဖွားခဲ့သည် အမည်ရင်းဦးချစ်နိုင်ဖြစ်သည်။ ကြေးနီရွာအလယ်တန်း ကျောင်းချောက်မြို့အမှတ် (၁၁) အထက်တန်းကျောင်းနှင့် မန္တလေး ဝိဇ္ဇာ၊သိပ္ပံ၊ တက္ကသိုလ် တို့တွင်ပညာသင်ယူခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် စိတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ အမှုထမ်းဘဝ ၁၉၇၁ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်အမှု့ထမ်းခဲ့သည်။ လားရှိုး၊မင်္ဂလာဒုံ၊ နောင်ချို၊ ဗထူးတပ်မြို့ နှင့် ကလောမြို့များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်းပြည်နယ် အတွင်း ၁၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့တော်ရှိ တပ်မတော်ဦးစီးတက္ကသိုလ်သို့ (၁)နှစ်ကြာ တက်ရောက်ခဲ့ဖူးသည်။ ဝန်ကြီးရာထူး ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်မှ နိုင်ငံတော်အာဏာများကို သိမ်းယူပြီးနောက် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ စာရေးဆရာတစ်ဦးပင်ဖြစ်သော်လည်း ဝန်ကြီးဖြစ်လာသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ လည်ပတ်လှုပ်ရှားနေသော သတင်းမီဒီယာများ၊ သတင်းထောက်များကို စတင်ဖြိုခွင်းခဲ့သည်။ ဒီဗီဘီ၊ မဇ္ဈိမ အပါအဝင် သတင်းမီဒီယာငါးခုကို ပိတ်ပင်ခဲ့၏ ။ ထို့အပြင် နိုင်ငံတော်ပိုင်၊ စစ်တပ်ပိုင်မီဒီယာများမှ သတင်းတုသတင်းမှားများကို ဖြန့်ချိခဲ့သည်။ ထို့အတွက်ကြောင့် ယူနက်စကိုတွင် တာဝန်ထမ်းဆောင်နေသော သမီးဖြစ်သူ နိုင်နိုင်အေးကို သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများက အလုပ်ထုတ်ရန်တောင်ဆိုခဲ့ကြရာ ယူနက်စကိုရုံးမှ သူမကို အလုပ်တာဝန်ယာယီရပ်နားပေးခဲ့ရသည်။ ဧပြီ ၁၉ ၌ ဥရောပသမဂ္ဂ (အီးယူ) က ချစ်နိုင် (စိတ်ပညာ) ကို မြန်မာနိုင်ငံရှိမီဒီယာများကို ဖြိုခွင်းမှု၊ သတင်းတု၊ သတင်းမှားများကို ဝါဒဖြန့်မှု စသည်တို့တွင် တိုက်ရိုက်တာဝန်ရှိခြင်းတို့ကြောင့် အရေးယူဒဏ်ခတ်ခဲ့သည်။ ၂၀၂၁ခုနှစ် အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းလိုက်ချိန်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂) ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။ ထင်ရှားသောစာအုပ်များ ၁၉၉၅ ခုနှစ် ဩဂုတ်လမှ ၁၉၉၇ ခုနှစ်နိုဝင် ဘာလ အထိ မြဝတီစာပေတိုက် တွင်အမှု့ဆောင်အရာရှိ စာတည်းမှူးချုပ်တာဝန် များကိုထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစ၍ စိတ်ပညာဆိုင်ရာ လူမှုရေး နှင့်လူငယ်အကြံပေးဆောင်းပါးများကို စာနယ်ဇင်းများတွင်ရေးသားခဲ့ရာ ယနေ့ထိဖြစ်သည်။ အာဏာသိမ်းမှု နောက်ပိုင်းတွင်၊ အစိုးရထုတ် သတင်းစာများ၌ အာဏာသိမ်းစစ်ကောင်စီဘက်မှ ဝါဒဖြန့်ဆောင်းပါးများ ရေးသားလျက်ရှိသည်။ ၁၉၉၆ ခုနှစ် လူငယ်ဆိုင်ရာအမျိုးသား စာပေဆုကို ချစ်လို့ပြောတာ မှတ်ပါ စာအုပ်အတွက် ချီးမြင့်ခံရသည်။ ရေးသားခဲ့သည့် စာအုပ်များအနက် ချစ်လို့ပြောတာမှတ်ပါ-တွဲ(1-2)၊ သားအတွက် ဓားတစ်လက်၊ လောကကိုအလှမြင်ပါ ၊ ပညာသည် တန်ခိုးဖန်ဆင်း၏ ၊လက်တစ်ကမ်းရှိတက်လမ်း အောင်မြင်မှုနှင့် စိတ်ခွန်အား ၊စက္ကန့် တိုင်းကိုစိန်စီထားတယ်။ စေတနာသည်ကံဖြစ်၏ အောင်မြင်ခြင်းရွှေစည်းမျဉ်း ၊ ခေါင်းဆောင်မှုအရည်အသွေး စာအုပ်များမှာထင်ရှားလှသည်။ စာပေနယ်ပယ် ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ ကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးသွားရောက်ခဲ့သည်။ စာပေတာဝန်အနေဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှု့ဆောင် ကော်မတီတာဝန်ကို ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တာဝန်များကို ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ ကိုးကား မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စိတ်ပညာ ဘာသာရပ် ပညာရှင်များ အမျိုးသားစာပေဆုရှင်များ မြန်မာနိုင်ငံ ဝန်ကြီးများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%20%28%E1%80%85%E1%80%AD%E1%80%90%E1%80%BA%E1%80%95%E1%80%8A%E1%80%AC%29
ဖီဒိုရာ လင်းနပ်စ်
Fedora ဆိုတာက Red Hat ကုမ္ပဏီက ထောက်ပံ့ပေးပြီး Fedora Project လို့ခေါ်တဲ့ အွန်လိုင်းအဖွဲ့တစ်ဖွဲ့က Linux kernel ပေါ်မှာ အခြေခံ တည်ဆောက်ထားတဲ့ ကွန်ပျူတာ operating system တစ်ခုပါ။ Fedora ရဲ့ အဓိကရည်ရွယ်ချက်က လွတ်လပ်ပြီး အခမဲ့ရနိုင်တဲ့ ဆော့ဖ်ဝဲတွေ ထုတ်လုပ်ဖို့သက်သက်မဟုတ်ဘဲ အဲဒီ အခမဲ့လွတ်လပ်ဆော့ဖ်ဝဲလောကမှာ ထိပ်တန်းက ဦးဆောင်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။ Linux kernel ကိုထွင်ခဲ့တဲ့ Linus Torvalds ကတော့ Fedora ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ PowerPC အမျိုးအစားတွေပေါ်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်စွမ်းရှိလို့ သူ့ရဲ့ကွန်ပျူတာတွေမှာ Fedora ကိုပဲ သုံးပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဖူးပါတယ်။ အခုထိလည်း Linus Torvalds ဟာ Fedora ကို သုံးနေဆဲပဲလို့ သိရပါတယ်။ သမိုင်းကြောင်း နာမည်ကျော် Red Hat ကုမ္ပဏီက သူ့ရဲ့ အခမဲ့ဖြန့်ချိတဲ့ Red Hat Linux (RHL) ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး အခကြေးငွေနဲ့ ရောင်းချတဲ့ Red Hat Enterprise Linxu (RHEL) ကို သူ့ရဲ့ တစ်ခုတည်းသော တရားဝင် Linux operating system အဖြစ်သတ်မှတ်လိုက်တဲ့ ၂၀ဝ၃ ခုနှစ်နှောင်းပိုင်းမှာ Fedora Project ကို ဖွဲ့စည်းခဲ့ပြီး Red Hat ရဲ့ ကျော်ထောက်နောက်ခံနဲ့ Fedora operating system ကို စပြီး ထုတ်လုပ်ခဲ့ပါတယ်။ Fedora ဆိုတဲ့နာမည်ကိုတော့ အရင်က Red Hat Linux အတွက် ဆော့ဖ်ဝဲတွေထုတ်လုပ်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ နာမည်ကိုယူထားတာဖြစ်ပြီး Red Hat ရဲ့ logo ပုံက အရိပ်လူသား ဆောင်းထားတဲ့ ဦးထုပ်ပျော့ကို အဆွဲပြုပြီး ခေါ်တွင်ခဲ့တာလည်း ဖြစ်ပါတယ်။ Fedora Linux ဟာ တစ်ဖြည်းဖြည်းနဲ့ Fedora Project ရဲ့ မူပိုင်ထုတ်ကုန် ဖြစ်လာခဲ့ပေမယ့် Fedora ဆိုတဲ့ ဦးထုပ်ပျော့လေးကတော့ Red Hat ရဲ့ ကုန်အမှတ်တံဆိပ်သာ ဖြစ်ခဲ့ပါတယ်။ ဖြန့်ချိပုံ Fedora Project ဟာ Fedora Linux ကို အောက်မှာပြထားတဲ့အတိုင်း ပုံစံအမျိုးမျိုးနဲ့ ဖြန့်ချိပါတယ်။ Fedora DVD - အဓိကကျတဲ့ Fedora package တွေ အားလုံး စုပေါင်းထည့်သွင်းထားတဲ့ DVD ဖြစ်ပါတယ်။ Live Images - Fedora ကို USB Flash Drive ပေါ်မှာဖြစ်ဖြစ်၊ ဒါမှမဟုတ် CD သိုမ့ဟုတ် DVD တစ်ချပ်ပေါ်ကနေ operating system တစ်ခုလုံး run လို့ရတဲ့ Live CD လုပ်ဖို့ သုံးလို့ရပါတယ်။ Minimal Images သို့မဟုတ် USB Image - အင်တာနက် HTTP ဒါမှမဟုတ် FTP ကနေတစ်ဆင့် ဒါမှမဟုတ် Microsoft Windows ရဲ့ NFS File System ပေါ်ကနေတစ်ဆင့် run လို့ရတဲ့ အမျိုးအစားပါ။ Rescue CD သို့မဟုတ် USB Image - ဒါကတော့ အင်တာနက်ကနေဖြစ်ဖြစ်၊ ဒါမှမဟုတ် ရှိပြီးသား system က stable မဖြစ်တော့လို့ ပြန်ပြင်ချင်ရင်ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ Fedora Project ဟာ Fedora spins လို့ခေါ်တဲ့ တစ်ခြား Fedora မျိုးကွဲတွေလဲ ထုတ်ပါသေးတယ်။ အဲဒါတွေကတော့ သီးခြား enduser တွေအတွက် လိုအပ်တဲ့ သီးခြား software တွေ ပေါင်းစပ်ပါဝင်တဲ့ software package အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အဲဒီ spin တွေကိုလည်း Fedora Live USB Creator ဒါမှမဟုတ် UNetbootin ကိုသုံးပြီး Live USB version အဖြစ် ပြောင်းနိုင်ပါတယ်။ ထုတ်လုပ်မှုသမိုင်းကြောင်း Fedora 7 မတိုင်ခင်အထိ Fedora ကို Fedora Core နဲ့ Fedora Extras ဆိုပြီး နှစ်မျိုးခွဲပြီး ထုတ်လုပ်ပါတယ်။ Fedora Core ကို Red Hat ကပဲ ထုတ်လုပ်ပြီး Fedora Extras ရဲ့ software တွေကိုတော့ ကမ္ဘာအနှံ့က programmer တွေပေါင်းပြီး Fedora Project က ထုတ်လုပ်ခဲ့ပါတယ်။ Fedora Core 1 ကနေ 6 အထိကို သုံးတဲ့ Linux kernel version၊ ထုတ်လုပ်ခဲ့တဲ့ ရက်စွဲနဲ့ သူတို့ရဲ့ Code Name တွေနဲ့ ယှဉ်ပြီးပြရမယ်ဆိုရင် Fedora 7 ကနေ နောက်ဆုံး version အထိကတော့ Fedora ဆိုတဲ့နာမည်ကိုပဲသုံးပြီး Red Hat ရဲ့အကူအညီနဲ့ Fedora Project ကပဲ အလုံးစုံထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ version တွေကို အောက်မှ ပြထားပါတယ်။ အဲဒီ version တွေမှာ Fedora 1 ကနေ 8 အထိဟာ version အဟောင်းတွေဖြစ်ပြီး Fedora Project က အဲဒီ version တွေအတွက် software တွေနဲ့ security update တွေ ဆက်လက်ထုတ်ပေးခြင်း မရှိတော့ပါဘူး။ Fedora 9 ကလည်း version အဟောင်းဖြစ်ပေမယ့် Fedora 11 ထွက်လာတဲ့အချိန်အထိ support လုပ်နေဦးမှာပါ။ Fedora 10 (Cambridge) ကတော့ မေလ ၂၆ ရက်နေ့ Fedora 11 (Leonidas) ထွက်မလာခင်အချိန်အထိတော့ latest version ပေါ့။ Fedora Project က ၆ လ တစ်ကြိမ် version အသစ်ထုတ်ပြီး နောက်ဆုံး version ၂ ခုကိုပဲ support လုပ်ပါတယ်။ ဒါကြောင့် Fedora သုံးသူတွေအနေနဲ့ အနည်းဆုံး ၁ နှစ်ကို တစ်ကြိမ်တော့ version upgrade လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခမဲ့ရတာဖြစ်တဲ့အတွက် အခက်အခဲတော့ သိပ်များလှမှာမဟုတ်ဘဲ အမြဲ update ဖြစ်နေတဲ့အတွက် လုံခြုံရေးရှုထောင့်ကကြည့်ရင် သဘောကျလောက်စရာပါပဲ။ ဆက်လက်လေ့လာနိုင်ရန် Fedora Project homepage International Fedora Project sites ကိုးကား
https://my.wikipedia.org/wiki/%E1%80%96%E1%80%AE%E1%80%92%E1%80%AD%E1%80%AF%E1%80%9B%E1%80%AC%20%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%95%E1%80%BA%E1%80%85%E1%80%BA
စိန့်ပီတာ ကောလိပ် ၊ အော့ကလန်
စိန်.ပီတာကောလိပ်၊ အောက်ကလန် (Auckland) သည်၊ နယူးဇီလန်နိုင်ငံ၊အောက်ကလန် (Auckland) မြို့လည်ရှိ၊ ယောက်ျားလေးများအတွက်၊ ကက်သလစ်အထက်တန်းကျောင်းဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင်အကြီးဆုံး ကက်သလစ်အထက်တန်းကျောင်းလည်းဖြစ်သည်။ ထိုကျောင်းကို ၁၉၃၉ ခုနှစ်က ခရစ်ယန်ညီအစ်ကိုများက တည်ထောင်ခဲ့သော်လည်း၊ ၂ဝဝ၈ ခုနှစ်မှစပြီး လုံးလုံးလျားလျား သာမန်ဝန်ထမ်းများဖြင့်သာဖွဲ့စည်းဆောင်ရွက်ပါသည်။ ကျောင်းတွင်အများဆုံးကျောင်းသား ၁၂ဝဝ ခန့် ရှိပြီး လူမျိုးပေါင်းစုံပါဝင်သည်။ ထိုကျောင်းက၊ အထက်တန်းကျောင်းသားများကို ပညာရပ်ဆိုင်ရာအားဖြင့်၊ အမျိုးသားပညာရေးအောင်လက်မှတ် စစ်ဆေးမှုစံနစ် (NCEA) နှင့်၊ ကင်းဘရစ်အပြည်ပြည်ဆိုင်ရာစာမေးပွဲ (CIE) နှစ်ခုလုံးအတွက် သင်ကြားပေးပါသည်။ အဆိုပါကျောင်းတွင် အပြည်ပြည်ဆိုင်ရာကျောင်းသား ၇ဝ ပတ်ဝန်းကျင်ခန့်စာသင်ကြားရန်စာရင်းသွင်းပါသည်။ စီးပွားရေးလုပ်ငန်းရှင်နှင့်လှေလှော်ရွက်တိုက်ဝါသနာရှင် ဆာမိုက်ကယ်လ်ဖေး (Sir Michael Fay) ၊ ကဗျာဆရာ စမ်မ်ဟန့်တ် (Sam Hunt) တို့မှာ နာမည်ကျော်ကြားလူသိများသော စိန့်ပီတာကောလိပ်ကျောင်းထွက်များ ဖြစ်သည်။ ကျောင်းအင်တာနက်စာမျက်နှာ၊ www.st-peters.school.nz ကျောင်းဆောင်ပုဒ်၊ ချစ်ခင်မေတ္တာထားရန်နှင့်အကျိုးဆောင်မှုပြုရန် ကျောင်းအမျိုးအစား၊ စုပေါင်းကက်သလစ်ကျောင်းသားအထက်တန်းကျောင်း (၇ တန်း မှ ၁၃ တန်းအထိ) လိပ်စာ၊ ၂၃ မောင်းတိန်း လမ်း (Mountain Road) အက်ပ်စွန်မf (Epsom)၊ အောက်ကလန် ၃ (Auckland 3) ၊ ဖုန်း +၆၄၉၅၂၄၈၁ဝ၈။ ဖက်စ် +၆၄၉၅၂၄၉၄၅၉ အီလက်ထရောနစ်လိပ်စာ admin@st-peters.school.nz ကျောင်းအုပ်၊ ကေ၊အက်၊ ဖေါင်ဟီ(K.F.Fouhy) နယူးဇီလန်နိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%B7%E1%80%BA%E1%80%95%E1%80%AE%E1%80%90%E1%80%AC%20%E1%80%80%E1%80%B1%E1%80%AC%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%20%E1%81%8A%20%E1%80%A1%E1%80%B1%E1%80%AC%E1%80%B7%E1%80%80%E1%80%9C%E1%80%94%E1%80%BA
ဂုဏ် ၃ ပါး
ဂုဏ် ၃ ပါး (အလင်္ကာနိဿယ) (၁) သတွဂုဏ်=ပညာဖြစ်စေခြင်း။ (၂) ရဇဂုဏ်=အလိုရမ္မက် ဖြစ်စေခြင်း။ (၃)တမဂုဏ်=မာန်မာန ဖြစ်စေခြင်း။ မှတ်ချက်=သုခမှတ်စု ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%20%E1%81%83%20%E1%80%95%E1%80%AB%E1%80%B8
နောင်တ ၁၀ မျိုး
နောင်တ ၁၀ မျိုး (၁) ငယ်စဉ်က ပညာမသင်ခဲ့မိခြင်း။ (၂) ဒုတိယ အရွယ်က ဥစ္စာမစုမိခြင်း။ (၃) သူတစ်ပါး၏ အချစ်ကို ဖျက်ဆီးခဲ့မိခြင်း။ (၄) သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း။ (၅) သူ့တပါးသားမယားကို ဖျက်ဆီးခဲ့မိခြင်း။ (၆) ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲမိခြင်း။ (၇) မွေးမိ မွေးဘတို့ကို မကွယ်လွန်မီက မပြုစုခဲ့ရခြင်း။ (၈) သူတော်ကောင်းတို့၏ ဆုံးမစကားကို မနာယူခဲ့မိခြင်း။ (၉) ပညာရှိထံ နည်းနာမခံခဲ့မိခြင်း။ (၁၀) ငယ်စဉ်က အကျင့်မကောင်းခဲ့ခြင်း။ မှတ်ချက်=သုခမှတ်စု ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%20%E1%81%81%E1%81%80%20%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
ဟာသစာပေ စာတမ်းများ
မာတိကာ ၁။ နိဒါန်း ၂။ ခေတ်အမျိုးမျိုးမှ မြန်မာ ဟာသစာပေ - ဦးညိုမြ (အိုးဝေ) ၃။ အနောက်တိုင်း ဟာသစာပေ - ခင်မျိုးချစ် ၄။ မြန်မာဟာသပြဇာတ်နှင့် ဟာသကဗျာ - ဦးဝင်းမောင်မင်းယုဝေ ၅။ ဟာသဆောင်းပါး - ဦးသိန်း (ဇဝန) ၆။ ဘာသာပြန် ဟာသစာပေ - ဦးသောင်း(အောင်ဗလ) ၇။ ကျွန်တော်၏ ဟာသဝတ္ထုရေးဆရာ ဘဝအတွေ့အကြုံများ - သော်တာဆွေ။ မြန်မာ စာအုပ်များ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AC%E1%80%9E%E1%80%85%E1%80%AC%E1%80%95%E1%80%B1%20%E1%80%85%E1%80%AC%E1%80%90%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ငြိမ်းအေးအိမ်
ငြိမ်းအေးအိမ်သည် မြန်မာ ပို့စ်မော်ဒန် စာရေးဆရာတစ်ဦးဖြစ်သည် ။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပါတီဝင်ဟောင်းတစ်ဦး ဖြစ်ခဲ့သည်။ ၁၉၈၉ နောက်ပိုင်း ငြီမ်းချမ်းရေးရပြီးနောက် မြို့ပေါ်သို့ပြန်ရောက်လာသည်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ N.D.A (Kachin) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ငြိမ်းအေး ဟုလည်းခေါ်သည်။ ၁၉၇၆ခု မှိုင်းရာပြည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ဖူးသည်။ စာပေလှုပ်ရှားမှု မြန်မာ့ပို့စ်မော်ဒန်စာပေခေတ်ဦးတွင် ထွက်ရှိခဲ့သော သရဖူမဂ္ဂဇင်း (ဟောင်း)၏ အယ်ဒီတာ၊ ထုတ်ဝေသူတစ်ဦးဖြစ်သည် ။ ၂၀ဝ၄ ခုနှစ်တွင် မြန်မာအီးဘုခ်အဖွဲ့မှ အင်တာနက်စာမျက်နှာများတွင် အခမဲ့အီးဘုခ်အဖြစ် ဖြန့်ဝေခဲ့သော သူ၏ မဟာဂျာနယ် တွင် အခန်းဆက်ဖော်ပြခဲ့ပြီး “အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်” ဝတ္ထုဖြင့် ပိုမိုလူသိများခဲ့သည် ။ ထုတ်ဝေခဲ့ပြီးသော စာအုပ်များ ပွဲတော်ည မုဆိုးများ (ဝတ္ထုတို စုစည်းမှု) ၁၉၉၆ သိမ်းထုပ်ထားတဲ့ လွင်ပြင်ကျယ် (ဝတ္ထုတို စုစည်းမှု) ၂၀ဝ၀ အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင် (လုံးချင်း) ၂၀ဝ၅ မတ်လ ဓာတ်ပုံတွေကပြတဲ့ အော်ပရာ (အက်ဆေး ၊ ဖိုတိုအက်ဆေး) ၂၀ဝ၇ ဇွန် အတွေးတိမ်တိုက် ၊ သက္ကရာဇ်မြင်း ၊ နေ့ဟောင်းမျှော်စင် (အက်ဆေး) ၂၀ဝ၇ ဒီဇင်ဘာ ဝါကျများကိုဖွင့်ကြည့်ပါ၊ 2008 အောက်တိုဘာ ကြယ်မှုန်တွေနဲ့လင်း (စိတ်ကူးချိုချို၊ ၂၀၀၈၊ အောက်တိုဘာ) အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (မန်းချောင်းစာပေ၊ ၂၀၁၂၊ အောက်တိုဘာ) ညှို့ငင်တောင် (စိတ်ကူးချိုချို၊ ၂၀၁၂ နိုဝင်ဘာ) အခြားစာရေးဆရာများနှင့် တွဲဖက်ထုတ်ဝေခဲ့သောစာအုပ်များ မြစ်တစ်စင်း ၊ ဝေးဝေးလရောင် ၊ စိမ်းလန်းသောမျှော်စင် ( ဝတ္ထုတို စုစည်းမှု ) ၁၉၉၇ ရာစုသစ်သို့ ပျံသန်းခြင်း ( ဝတ္ထုတို စုစည်းမှု ) ၁၉၉၈ ငါ့ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝတ္ထုနှင့် ဝတ္ထုများ ( ဝတ္ထုတို စုစည်းမှု ) ၂၀ဝ၀ ရည်ညွှန်းကိုးကား အတွေးတိမ်တိုက်၊ သက္ကရာဇ်မြင်း၊ နေ့ဟောင်းမျှော်စင် မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသား စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%B1%E1%80%B8%E1%80%A1%E1%80%AD%E1%80%99%E1%80%BA
စွန့်ဦးတီထွင်သူ
စီပွားရေးတစ်ရပ်ကို စတင် လှုပ်ရှားသွားစေသူအဖြစ် ဘောဂဗေဒ အစဦးပိုင်းကပင် သတိပြုမိဖော်ပြခြင်း ရှိခဲ့ပါသည် (R. Catillon, J. B. Say)၊ သို့သော် မကြာသေးမီက Mark Casson က ထောက်ပြရာတွင် ခေတ်သစ်ဘောဂဗေဒ သီအိုရီများအထိ ၎င်းတို့ ပေါင်းစပ်ပါဝင်နိုင်ခြင်း မရှိသေးဟုဆိုပါသည်။ သတင်းအချက်အလက် အပြည့်အစုံ အချိန်နှင့်အမျှရရှိနိုင်ပြီး ဝင်ရောက်လုပ်ကိုင်နိုင်ရန် လွတ်လပ်မှု အပြည့်အဝရှိသော ရေသေကျမ်းရိုးဆန်းသစ် ဘောဂဗေဒ၏ “ပြိုင်ဆိုင်မှု အပြည့်သီအိုရီ”တွင် စွန့်ဦးတီထွင်သူဟူ၍ မရှိနိုင်ပေ။ F. Knight ၏ နောက်ပိုင်းတွင် စွန့်ထွင်ဦးစီးနှင့် ၎င်းလုပ်ကိုင်သော ကုမ္ပဏီကို ခွဲခြား၍ မရဟုဆိုပါသည်။ အစဉ်ပြောင်းလဲနေသော ပြီးပြည့်စုံသည်ဟူ၍ မရှိသော လက်တွေ့လောကတွင် စွန့်ဦးလုပ်ကိုင်ရမှု၊ တီထွင်နေရမှု၊ ကြိုတင်မှန်းဆနေရမှုတို့ အမြဲရှိနေရမည်။ အမြတ်ဆိုသည်မှာ မသေချာ မရေရာမှုများ အန္တရာယ်စွန့်စားရမှုများမှ ပြန်ရချက်ဖြစ်သည်။ ထို့ကြောင့် စွန့်ထွင်ဦးစီးတစ်ယောက်၏ အမြတ်များစွာရရှိအောင် လုပ်ကိုင်နိုင်မှုသည် ၎င်းအားစတုတ္ထမြောက်ကုန်ထုတ်စွမ်းအားစု (လုပ်အား၊ မြေယာ၊ အရင်းအနှီး)အပြင်Fourth Factor ဟု လက်ခံလာစေပါသည်။ စီးပွားရေးပညာရှင်များက စွန့်ဦးတီထွင်များသည် စွန့်စားလုပ်ကိုင်မှုသာမက တီထွင်မှု၊ စီမံခန့်ခွဲမှု၊ ကာလရှည် အရင်းအနှီး စွန့်စားမှု Risk capital or venture capital များလည်း ပြုလုပ်ရသည်ဟု သတ်မှတ်ကြသည်။ ရည်ညွှန်းကိုးကား - (ဦးကြည်မြင့်၏ အားလုံးအတွက် စီးပွားရေးပညာ အဘိဓာန် မှ) နည်းပညာ
https://my.wikipedia.org/wiki/%E1%80%85%E1%80%BD%E1%80%94%E1%80%B7%E1%80%BA%E1%80%A6%E1%80%B8%E1%80%90%E1%80%AE%E1%80%91%E1%80%BD%E1%80%84%E1%80%BA%E1%80%9E%E1%80%B0
အနောက်တိုင်း ဟာသစာပေ
အနောက်တိုင်းတွင် ဟာသစာပေကို ကိုးမျိုး ခွဲခြားထားသည်။ ၁။ မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း (Bathos) ၂။ သရုပ်ပျက် ကယ်ရီကေးချား(Caricature) ၃။ ဥပမာမြောက် (Comic Simile) ၄။ ပကာသနကို ဖောက်ထွင်းပစ်ခြင်း (Debunking) ၅။ သဏ္ဌာန်လုပ် သရုပ်ဖော် (Impersonation) ၆။ အသံထွက် ဆင်တူ (Pun) ၇။ ဇဝနဉာဏ် (Witticism) ၈။ ခေတ်ပြောင် (Satire) ၉။ စကားထာ စကားဝှက် (Riddle) နောက်ဆက်တွဲ အခြားအမျိုးအစား အများအပြား ကျန်ရှိနေပါသည်။ လက်လှမ်းမှီသလောက် ဖော်ပြရလျှင် - ၁၀။ အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy) ၁၁။ ကျောင်းသားအလွဲဖြေ (Howlers or Boners) ၁၂။ ခနိုးခနဲ့ (Irony) ၁၃။ နှာခေါင်းသွေးထွက် (Practical Joke) ၁၄။ ကလေးချော့ (Nonsense and Nursery Tales) ၁၅။ စာဖျက် (Parody) မြန်မာ ဟာသစာပေနှင့် နှိုင်းယှဉ်ချက် ကြည့်ရန် အနောက်တိုင်း စာပေ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%20%E1%80%9F%E1%80%AC%E1%80%9E%E1%80%85%E1%80%AC%E1%80%95%E1%80%B1
မြန်မာ ဟာသစာပေ
လူတွင် အကြောပေါင်းတစ်ထောင် ရှိသည်။ မြန်မာတို့၏ အသုံးအနှုန်းတွင် ဂွမ်းဆီထိ ပီတိသောမနဿ ဖြစ်သည်ဟု ဆိုခြင်းမှာ ယင်းအကြောပေါင်း တစ်ထောင်လုံး စိမ့်သွားသည့် ခံစားမှုမျိုး ဖြစ်ပါမည်။ ပုဂံရာဇဝင်တွင် အနော်ရထာမင်းစောသည် ရှင်အရဟံ၏ တရားထူး တရားမြတ်ကို ကြားနာရ၍ အကြိမ်တရာ စစ်သောဆီတွင် အဖန်တရာဖတ်သော ဝါဂွမ်းကို ချဘိသကဲ့သို့ ဩက္ကမ သဒ္ဓါဖြင့် မတုန်မလှုပ်သော ပီတိ၌တည်၏ ဟု ဆိုသည်။ အနောက်တိုင်းအယူ လူတဦးတယောက် ပြုံးရယ်သည့်အခါ မျက်နှာတွင်ရှိသော အကြောပေါင်း ၁၅ခုမှာ ကျုံ့သွားပြီး အသက်ရှူဟန်လည်း အနည်းငယ်ပြောင်းလဲသွားသည်ဟု ယခုခေတ် အနောက်တိုင်းသိပ္ပံဆရာများက ဆိုသည်။ လူတဦး ပြုံးရယ်ဟန်ကို အသေးစိတ် လေ့လာကြည့်လျှင် - ပါးစပ်ဒေါင့်များ အနည်းငယ်နောက်ဆုတ်သွား၍ ပါးစပ်ပိုကျယ်လာခြင်း အထက်နှုတ်ခမ်း မြင့်တက်သွား၍ သွားများပေါ်ခြင်း နှာခေါင်းနှင့် နှုတ်ခမ်းကြားရှိ အသားများ ကွေးကောက်တွန့်လိန်ခြင်း မျက်စိများ အရောင်တောက်ပလာခြင်း အောက်မျက်ခမ်း အသားကလေးများ တွန့်လိန်ခြင်း များကို မြင်တွေ့ရမည်ဟု ဆိုသည်။ ယင်းငါးမျိုးသော မျက်နှာပြောင်းလဲပုံမှာ ရိုးရိုးဣန္ဒြေမပျက် ပြုံးရယ်ချိန်တွင် လေ့လာရှုမြင်ရပုံဖြစ်သည်။ ထို့ထက်ပိုမို ပြင်းထန်လှုပ်ရှားသည့် ရယ်မောခြင်း ဖြစ်ပွားလာပြီဆိုလျှင်မူ မျက်ရည်များ ထွက်လာတတ်၍ မျက်စိအရောင် တောက်ပမှု လျော့ပါးသွားတတ်ပေသည်။ အသံလည်း ထွက်လာသည်။ 'ဝါး'ကနဲ ပွဲကျသွားသည့် ရယ်မောနည်းမျိုးကိုမူ ပေါက်ကွဲမှုဟုဆိုရမည်။ သို့သော် ဟာသဆိုသည်မှာ မိန်းကလေးတဦး၏ ဣန္ဒြေမပျက် ပြုံးတုံ့မပြုံးတုံ့အဆင့်မှစပြီး 'ဝါး' ကနဲ ပွဲကျပြီး ခွက်ထိုးခွက်လန် ရယ်မောသည်အထိ အဆင့်အတန်း အမျိုးမျိုး ပြောင်းလဲသွားတတ်သည့် လက္ခဏာများ ရှိကြောင်း ကမ္ဘာကျော် လောကဓာတ်ဆရာကြီး ဒါဝင် (Charles Darwin) က ရေးသား ဖော်ပြခဲ့ဖူးသည်။ အရှေ့တိုင်းအဆို အရှေ့တိုင်းသားများကိုယ်တိုင် ဟာသရသကို အသေးစိတ် လေ့လာချက်များလည်း ရှိသည်။ ဟာသစာပေများ စုဆောင်းလေ့လာခဲ့သူ မြောင်းမြသခင်တင်၏ ကိုးကားဖော်ပြချက်တွင် အောက်ပါအတိုင်း ပါရှိသည်။ ဟာသရသသည် ရယ်မောခြင်း၊ ပြုံးရွှင်ခြင်းပင် ဖြစ်၏။ (ဝါ) ကြည်နူးစရာ၊ ပီတိဖြစ်စရာတည်းဟူသော ပျော်မွေ့နှစ်သက်သည့် စေတသိက် အဆင့်သို့ ပို့ဆောင်ခြင်းဖြင့် တမုဟုတ်အတွင်း ဆိုက်ရောက်စေ၏။ ရယ်မောခြင်းခြောက်မျိုးရှိရာ - မျက်စိပွင့်ရုံ ပြုံးရယ်ခြင်း သွား စဉ်းငယ် ပေါ်ရုံမျှ ရယ်ခြင်း ညှင်းညှင်းချိုချို အသံထွက်ရုံရယ်ခြင်း ပခုံးနှင့်ဦးခေါင်း လှုပ်ကြွ၍ ရယ်ခြင်း မျက်ရည်ထွက်အောင် ရယ်ခြင်း ကိုယ်ကိုလှုပ်ကာ ခုန်ပေါက်ရယ်မောခြင်း ယင်းရယ်မောခြင်း ခြောက်ပါးကို မြောင်းမြသခင်တင်က ဘယ်ကျမ်းက ကောက်နုတ်ထားကြောင်း မဖော်ပြပါ။ သို့သော် အာရှပညာရှိကြီးများ၏ သုံးသပ်ချက်မှာ အနောက်သိပ္ပံရှင်ကြီးများထက်ပင် အသေးစိတ်ကျနေသည်။ ထို့ပြင် အလင်္ကာကျမ်းများတွင် ရသကိုးမျိုးဆိုသည် ရှိသည်။ စာပေရေးသားသီကုံးဖွဲ့နွဲ့ရာတွင် သဒ္ဒါလင်္ကာရပိုင်း ဆိုသည့် အသံဖြင့် တန်ဆာဆင်ခြင်းနှင့် အတ္ထာလင်္ကာရပိုင်း ဆိုသည့် အနက်အဓိပ္ပာယ်နှင့် တန်ဆာဆင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ အတ္ထာလင်္ကာရပိုင်းတွင် အကျုံးဝင်သည့် ရသကိုးမျိုးတွင် ဟာသရသလည်း ပါဝင်နေသည်။ အရှေ့တိုင်းသားများ ပြုစုသော အလင်္ကာကျမ်းတွင် ယင်းသို့ တွေ့ရပြီးသည့်နောက် အနောက်တိုင်းသား ကောစလား (Frank Coslar) ၏ လေ့လာချက်အရ ဆိုလျှင် သူတို့ဆီတွင် ဟာသရသကိုးမျိုး ခွဲခြားထားပုံ တွေ့ရသည်။ အနောက်တိုင်းဟာသ ကိုးမျိုး မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း (Bathos) သရုပ်ပျက် (Caricature) ဥပမာမြောက် (Comic Simile) ပကာသနကို ဖောက်ထွင်းပစ်ခြင်း (Debunking) သဏ္ဌာန်လုပ် သရုပ်ဖော် (Impersonation) အသံထွက် ဆင်တူ (Pun) ဇဝနဉာဏ် (Witticism) ခေတ်ပြောင် (Satire) စကားထာ စကားဝှက် (Riddle) နောက်ဆက်တွဲ ခြောက်မျိုး နာမည်ကျော် ဥရောပ စာရေးဆရာ ကောစလားက ယင်းသို့ ဟာသကိုးမျိုး ဖော်ပြထားသော်လည်း အမှန်မှာ အခြားအမျိုးအစား အများအပြား ကျန်ရှိနေပါသည်။ လက်လှမ်းမှီသလောက် ဖော်ပြရလျှင် - အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy) ကျောင်းသားအလွဲဖြေ (Howlers or Boners) ခနိုးခနဲ့ (Irony) နှာခေါင်းသွေးထွက် (Practical Joke) ကလေးချော့ (Nonsense and Nursery Tales) စာဖျက် (Parody) မြတ်စွာဘုရားက ဘယ်သူပြောတာကိုမှ မယုံကြည်ဘဲ ကိုယ့်အသိဉာဏ်နှင့် အခါခပ်သိမ်း ယှဉ်ကြည့်ရန် ကာလာမသုတ်တွင် ဟောတော်မူခဲ့၍ ကျွန်တော်လည်း ကောစလား ပြောသည့်အတိုင်း အတည်မပြုသေးဘဲ ကိုယ့်ဟာကိုယ် လိုက်ရှာခဲ့ရာ ယင်းစာပိုခြောက်မျိုး တွေ့ရသည်။ ထို့ကြောင့် ဟာသာရသမှာ သူပြောသလို ကိုးမျိုး မကတော့။ ၁၅မျိုး ရှိသွားလေပြီ။ က၊ွန်တော်တို့ မြန်မာပြည်တွင် ၁၅ မျိုးစလုံးရှိသည်။ ရှေးကတည်းကစပြီး ရှိခဲ့သည်။ ဟာသနှင့်ပတ်သက်၍ ဟံသာဝတီဦးဘရင်က သတ္တဝါမှန်သမျှတို့သည် ပျော်ရွှင်မှုတည်းဟူသော ဟာသရသကို ခံစားမှုရှိကြမှ စိတ်ဓာတ်ပွင့်လင်းခြင်း၊ပျော်ရွှင်ခြင်းသဘောသို့ ဆိုက်ရောက်နိုင်၏။ သို့မှသာ မိမိတို့၏ စီးပွားရေး ကြီးပွားရေးတို့ကို တက်လှမ်းကြစဉ် လုပ်နိုင်ကိုင်နိုင်ရှိကြ၏ဟု ရေးသားခဲ့ဘူးသည်။ မြန်မာလောကတွင် ကြားသိရသည့်ဟာသ ၁၅ မျိုး၏ နမူနာများကို ကောက်နုတ် ဖော်ပြလိုသည်။ ယင်းသို့ ဖော်ပြရာတွင် ခေတ်အမျိုးမျိုးပါဝင်နေ၍ သမိုင်းအနေနှင့်လည်း အတော်ရုပ်လုံး ပေါ်လာပါလိမ့်မယ်။ ၁။ မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း ပလ္လင်ပေါ်က မျောက်ကလေး ခုန်ဆင်းပြေးသလို ကျဆင်းသွားသည့် ဟာသရသကို ပထမဆုံး ဖော်ပြလိုသည်။ အင်္ဂလိပ်အားဖြင့် From the Sublime to Ridiculous ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် ဦးပုညက စိပ်ပုတီးနှင့် ရိပ်ကြီးခိုချင်ဟန် အောက်ပါ ဒွေးချိုးကို ရေးခဲ့သည်။ တောခိုချင် စိတ်ကယ်နှင့် သပိတ်ကိုလွယ် သားရေနွယ်ကွဲ့ရှာတုန်း။ ချောင်အနီးမှာလ မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် မင်းလိုက်ခဲ့အုံး။ တောထွက်မည့် ဆရာကြီးက ဟန်တွေ ပန်တွေသားရေနွယ်တွေ ဘာတွေ ရှာခိုင်းပြီးမှ တောထဲတွင် တစ္ဆေကြောက်၍ သူ့မိန်းမလည်း လိုက်ခဲ့ပါအုံးဟု ဆို၏။ ဗာရာဏသီပြည်၏ ဗကမင်းသည် ပဉ္စပါပီနှင့် အဆက်ဖြစ်နေသည်။ သူ့မြာဆီသို့ သွားလိုသောစိတ် ပြင်းထန်စဉ် နေကဝင်ခဲ၍ သူရိယနေမင်းကို ကျိတ်ပြီး စိတ်ဆိုးကျိန်ဆဲ နေပုံကိုလည်း စာရေးဆရာကြီး ဦးရွှေနီက အောက်ပါအတိုင်း ဖွဲ့နွဲ့ထားသည်။ သူလည်းနေ ငါလည်းနေ နေမင်းဆွေပါဘဲ၊ နေနတ်မျိုးချင်း နေရင်းဇာတိ၊ သာကီယဘုန်း နေကြတုန်း၊ နေတလုံးစီရသူပါ နေမိနေရာ၊ နေစကြာဟု နေအာဒိစ္စ၊ သူ့ပါဋ္ဌ်ကမှာ ဘာတာတာနှင့်၊ အာဒိစ္စငဲ့ အာခေါင်ကိုဖဲ့ချင်လှ၊ နငယ်အနေ၊ သဝေကလေး ခွေခွေလေးနှင့်၊ နေရေးမမြင် နှေးမလျှင်သည်၊ နေဝင်ခဲသောကြောင့် နေနဲအောင်နေ၊ နေတဲ့ နေကိုသာစိတ်ဆိုး၍၊ တတိုးတိုးမြည်မိရှာခဲ့။ ယင်းကဗျာတွင် သူရိယ နေနတ်မင်းနှင့် ဗာရာဏသီက နေမျိုးနွယ် လူမင်းတို့မှာ အာဒိစ္စဝံသ အချင်းချင်း ဖြစ်စေကာမူ သိက္ခာ မထိန်းနိုင်ဘဲ တဦး၏ အာခေါင်ကို တဦးက ဖဲ့ပစ်ချင်အောင် စိတ်ဆိုးပုံများ ပေါ်လွင်ပါသည်။ ၂။ သရုပ်ပျက် ကာတွန်းဆရာများက သူတို့မုန်းသည့်လူများကို သရုပ်ဖော်ရာတွင် အရုပ်ဆိုး အကျည်းတန်အောင် လုပ်ပစ်တတ်ကြ သကဲ့သို့ စာရေးဆရာများကလည်း အလားတူ စာလုံးဖြင့် ရုပ်ပျက်ဆင်းပျက် လုပ်တတ်ကြသည်။ ဇူစကာပုဏ္ဏား ဝင်္ကပါတောင်ကို အလှူခံထွက်စဉ် ဦးပုညက သူ့ကို အောက်ပါအတိုင်း မြင်ခဲ့သည်။ သီကရီ၊ ရွှေပိုးတီ အသာတွန့်သည့်နှယ်၊ မောင်လွန့်ကာလူး။ ခါးငယ်ကိုလိမ်၊ ဖင်ပိန်ကို အကုန်နှဲ့ပါလို့ အိပ်ပဲ့ အနိုင်ချီရတော့ဗွတ်ဖင်နီ ပျံသင်စလို၊ လမ်းတွင်လှဘူး။ လမ်းမတွင် မြိုင်ခွင်မှာ ခန္ဓာရွေ့ချည်ငဲ့၊ တာတော့မောင်ထွေး။ ရိက္ခာငယ်ကုန်၊ မသာပုံအတန်ပေါက်ချင်ပေါ့၊ သက်ပျောက်ရင် မောင်တကိုယ်မို့၊ လင်းတအို ဖင်ကိုနှိုက်မှာ စိုးလိုက်လှလေး။ ၃။ ဥပမာမြောက် ဟာသမြောက်သည့် ဥပမာနှိုင်းယှဉ်ချက်များကို အောက်ပါအတိုင်း စာဆိုတော် ဦးမင်း၏ သစ္စာတိုင်တေးထပ် တွင်ပါရှိသည်။ လယ်ပုဇွန် ခေါင်းထွက်တော့ ပြောင်းကွက်လို့ မသွေ ငေါင်းငှက်က ခြေနှစ်ထွေ ဒီရေက ချိုအုံး။ ပင်လက်ပံ ကသစ်ကျူမှာ အနှစ်ယူထားတော့ တနှုန်း။ ရုံးနက်တော့ မုန်းကွက်ဉာဏ်ကို ဘုန်းသက်ရန်မသုံး။ ရေမြွေမှာ ခြေတွေ့အုံးစေတော့ သွေမုန်းဘို့မယူ ရွှေပေပင် နှစ်ခါသီးခါမှ အခွါကြီး ခွါလိုက်တော်မူ။ ရေခဲတော့ ပွေနဲကူပေါင် သွေလွှဲသူ ဝင်္ဂမို့ တင်သမျှ မောင်သစ္စာ မြဲငဲ့သေချာ။ ဘဒ္ဒဤကမ္ဘာမှာ သံပရာ ချိုအုံးတော့လေး။ ၄။ ပကာသနကို ဖောက်ထွင်းပစ်ခြင်း လူ့လောကတွင် ဟန်ဆောင်မှု ပကာသနများ ရှိသည်။ ယင်းတို့မှာ အနှစ်မရှိသည့် အကာအဖြုန်းများသာ ဖြစ်သည်။ ယင်းတို့ကို မလိုလားအပ်မှန်း သိလျက်နှင့် မြှောက်ပင့်ပေးသူ (ဝါ) ဖော်လံဖားတတ်သူများ ရှိတတ်သည်။ ယင်းတို့ကို မြင်ပြင်းကတ်၍ အမှန်အတိုင်း ဖွင့်ချရေးသားချက်များလည်း ရှိတတ်သည်။ အောက်ပါ ထုတ်နုတ်ချက်မှာ ဘုရားလောင်း လုပ်ချင်သည့် ရှင်ဘုရင်ဘိုးတော်ဘုရားကို အမတ်ကြီး ဦးပေါ်ဦးက ပုံတိုပတ်စနှင့် စိတ်ပျက်အောင် မြှူဆွယ်ခန်းပင်။ တကြိမ်က ဘုရင်ဘိုးတော်ဘုရားသည် အမတ်ကြီး ဦးပေါ်ဦးသို့ မိန့်တော်မူသည်မှာ ဘုရင်။ ။ ပေါ်ဦးရေ၊ ငါက ဘိုးလောင်းတော် ဘေးလောင်းတော်များထက် ပိုမိုထူးကဲတယ်ကွ။ ဘာကြောင့်လဲ ဆိုတော့ ငါက ဘုရားဆု ပန်တာကိုး။ ဒါကြောင့် ငါဟာ ဘုရားလောင်းနှင့် တူရဲ့လား။ မင်းကတော့ ပညာရှိမို့ ငါဘုရားဆုပန်သူ ပြီသစွာ ပါရမီ တော်တော်ရင့်သန်နေပလားဆိုတာ အကဲခတ်စမ်းပါကွယ်။ ဦးပေါ်ဦး။ ။ မှန်ပါ၊ ပုဂ္ဂိုလ် တဦးတယောက်ဟာ ဘုရားဆုပန်ဝံ့ သည်ဆိုကာမျှနှင့် အင်မတန် ချီးကျူး ဂုဏ်ပြုထိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဆယ်ပါးကို အားထုတ် ဖြည့်ဆည်းရမည့် သူမို့ပါ။ ဒါကြောင့် ဘုရားဆုပန်သူများဟာ တောင်တွင်းကြီးက ခင်ကြီးပေါက်လို ဖြစ်မသွားရန် လိုအပ်ပါတယ်။ ဘုရင်။ ။ ခင်ကြီးပေါက်ကလဲ ငါလို ဘုရားဆုပန်သလားကွ။ ဘယ်လိုလဲ။ ဦးပေါ်ဦး။ ။ တောင်တွင်းကြီးမြို့မှာ ခင်ကြီးပေါက်ဆိုတဲ့ တောထွက်ရဟန်းကြီး ရှိခဲ့ပါတယ်။ သူ့ကို ဆွမ်းပင့်ကျွေးရင် သက်သတ်လွတ်မှ ဘုန်းပေးတယ်။ ဒါကြောင့် လူအများ အလွန်သဒ္ဓါ ကြည်ညိုပြီး ဘယ်တရား အားထုတ်ပြီး ဘယ်ဆုမျိုး ပန်သလဲလို့ မေးတတ်ကြတယ်။ နောက်ဆုံးမှာတော့ တောထွက်ရဟန်းကြီးက တကာတို့ ဘုန်းကြီးဟာ သဗ္ဗညုတဘုရား ဆုပန်တယ် လို့ မိန့်ကြားသတဲ့။ အဲဒီသတင်းပေါက်ကြားတော့ ခင်ကြီးပေါက်ကို လာရောက်ဖူးမြှော်လှူဒါန်းတဲ့ ပရိသတ်ဟာ စဲတယ်လို့ မရှိဘူး။ ပညာရှိကြီးတဦးက ခင်ကြီးပေါက်ဟာ ဘုရားလောင်း ဟုတ်မဟုတ် စမ်းသပ်ချင်စိတ် ပေါ်လာသတဲ့။ ဘုရင်။ ။ ဩော် ဘယ်လိုများ စမ်းသပ်သလဲ။ ဦးပေါ်ဦး ။ ။ စမ်းသပ်ပုံကတော့ အဲဒီပညာရှိကြီးက သူ့တပည့် နှစ်ယောက်ကို အရက်မူးအောင်တိုက်ပြီး ခင်ကြီးပေါက် ကျောင်းအနီးမှာ သံချပ်ထိုးခိုင်းတယ်။ ပထမလူ ။ ။ ရင့်မာတကျိပ် အနုငါးရာဗျ။ ဒုတိယလူ ။ ။ နောင်လာရှစ်သောင်း ဘုရားလောင်းဟေ့။ ပထမလူ ။ ။ ဘုရားလောင်းနောက် ဒို့နှစ်ယောက် လကွယ်။ ဒုတိယလူ ။ ။ ဒို့နှစ်ယောက်နောက်မှ ခင်ကြီးပေါက်ဟေ့။ သံပြိုင် ။ ။ ဟေး လား မောင်ရို့ ဝါး။ အဲဒီလို အကြိမ်ကြိမ် ကျောင်းရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် သံချပ်ထိုးတော့ တောထွက်ရဟန်းကြီးက ထွက်လာပြီး သေသေချာချာကြည့်သတဲ့။ သံချပ်ကို နားထောင်ပြီး ခင်ကြီးပေါက် ဆုံးဖြတ်ပုံကတော့… ဘုရင်။ ။ အေး အလောင်းတော်ကြီးက ဘယ်လို ဆုံးဖြတ်သလဲ။ ဦးပေါ်ဦး။ ။ အော် ငါ့အရင် ပွင့်မည့် နောင်တော်ကြီးများတောင် မူးကြရူးကြတုံး ရှိပါသေးကလား။ ငါက အခုလို ဆင်းရဲဒုက္ခခံပြီးကျင့်ဘို့ မလိုသေးပါဘူး ဆိုပြီး မကြာခင်မှာ ခင်ကြီးပေါက် လူထွက်သွားတယ်။ ဘရင်။ ။ ဟဲ ဟဲ ပေါ်ဦးက ငါ့ကို လှောင်နေပြန်ပါပြီ။ ၅။ သဏ္ဍန်လုပ် သရုပ်ဖော် မြန်မာဇာတ်သဘင်များတွင် သိကြားထွက်ခန်း၊ ရှင်ဘုရင် ထွက်ခန်း၊ ရသေ့ထွက်ခန်း၊ ဘီလူးထွက်ခန်းများကို အများမြင်ဘူး ကြပေမည်။ သဏ္ဌာန်လုပ်ရင် သရုပ်ပေါ်ရမယ် ဆိုသည့်စကားအတိုင်း စာဆိုနှင့် ဇာတ်ဆောင်သူနှစ်ဦးလုံး ကြိုးပမ်းကြရသည်။ သူတဦး၏ သဏ္ဌာန်ကို သရုပ်ဖော်ရာတွင် ဝန်ကြီး ပဒေသရာဇာ ရေးသည့် သိကြားမင်း ထွက်ခန်းမှာ ရိုးရိုးနှင့် ပြောင်မြောက်မြိုင်ဆိုင်သည့် စာပေတရပ်ပင် ဖြစ်သည်။ မေရုရာဇာ မေရုရယ်မှ ရာဇာလေ။ မှိုင်းညို့ညို့နှင့် ဒို့နေရာမှာ သီတာငယ်မှ တရစ်၊ လေးက၊ွန်း လယ်ခေါင် မြတန်ဆောင်မှာ တောင်တဆစ်နှင့် ကသစ်ကယ်မှ နီလွင်၊ ပင်လယ်ပန်းနှင့် နန်းကြီးရှင်ကို နှင်နှင်မမှတ်ကြပါနှင့်။ ပါဏာတိပါတ် မသတ်သူ့သက် ခိုးဝှက်မယူ တရားစောင့်လို့ ဖြောင့်သသူကို ငါမူဆုတောင်း မေတ္တာလောင်းလို့ တောင်းခဲ့မယ်။ မတော်မတရား လျှပ်စာစားလို့ စော်ကားတမူ ကျင့်သသူကို ပူအောင်ချောင်းသို့ ငါစောင်းမည်။ ရှစ်သောင်း လေးထောင် နှစ်ပြန်ဆင့်သည် မြင့်သည့်တောင်က နတ်ခေါင်ဒေဝါ ခရုသင်းနှင့် ငါဆင်းလာသည် သူဇာသက်နှင်း ကိုယ်ရောင်လင်းသည့် တောင်ကြီးမင်းကို မတင်းနှင့်နော် မြေးတဖော်တို့။ သင်္ကြန်ကျချိန်တွင် သိကြားမင်းသည် နွားများ၊ ကျွဲများ၊ ဝက်များကို အလှည့်ကျစီးပြီး လူ့ပြည်ကိုဆင်းရာတွင် ကတောကမျောဖြင့် ဟိုဟာမေ့ကျန်ရစ် ဒီဟာမေ့ရစ်မို့ သုဇိတာတို့ သုမာလာတို့က အဆူ ခံရပုံများမှာလည်း မြန်မာကာတွန်းဆရာများအတွက် အကွက်ကောင်းများပင် ဖြစ်သည်။ ယင်းသို့ အကွက်ကောင်း၊ ချက်ကောင်းများကို ဦးပုညတို့ခေတ်ကလည်း လက်မလွှတ်ခဲ့ကြပေ။ သိကြားပြောင်တေးထပ် နန်းမေရုပြာသာဒ် လမ်းဖြတ်တဲ့ ဣန္ဒာ ကမ်းသတ်လို့ နှိမ်ရှာတယ် အလိမ္မာ လွန်သား။ ထောက်လှမ်းချက် သုဓမ္မာဝယ် ခုအခါ လစ်ကြသလား။ ဘုရားက သိကြားကိုမှာတယ် ဋ္ဌကထာရှိသား သာသနာ ငါထားငဲ့ မမှားအောင် စေ့ဆော် မကောင်းသူ ကောင်းသူတို့ကို ကြောင်းယူလို့ ဆန်းစစ်ကာမျှော် ဝိမလ နန်းသစ်ပေါ်မှာ သန်းရှစ်ဖော် ရွေများနှင့် ဘုရားကို နှစ်ရစ်လိန် ညစ်တဲ့မာဃိန် ပစ်ရှာမည့် ဝရဇိန်ငယ် ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။ ၆။ အသံထွက် ဆင်တူ အသံထွက်ချင်းဆင်တူသည့် စကားလုံးများကို အမှီပြုပြီး ကလိခြင်းမှာလည်း ပေါများလှပါသည်။ တကြိမ်ကလည်း နာမည်ကျော် ဗန်းမော် ဆရာတော်က ထွဋ်ခေါင်ဆရာတော်ကြီး၏ သီလတရားကို မယ်သီလနှင့် ထင်မှားစရာ ဖြစ်အောင် ရေးခဲ့ဘူးသည်။ စိပ်ပုတီးနှင့် ရိပ်မှီးတဲ့ ထွဋ်ခေါင်။ ဦးရွှေညိုသီလချောရယ်နှင့် တောခိုသည့်ချောင်။ ခန္ဓာတောင် ရုပ်ဆောင်တဲ့ ရှင်ထွဋ်။ သီလဆို ဖြူဖြူဆွကို အားရအောင်ချွတ်။ ထွဋ်ခေါင်။ ။ ဘယ့်နှယ်လဲ ကိုဗန်းမော်၊ ကျုပ်ကို သီလရင်တွေ ဘာတွေနှင့် လှောင်သပေါ့လေ။ ဗန်းမော်။ ။ အရှင်ဘုရား၏ သီလတော် သမာဓိတော် စင်ကြယ်ချောမွေ့တဲ့သဘောကို ဂုဏ်တင်ပြီး ချီးမြှင့်တဲ့ ကဗျာသာ ဖြစ်ပါကြောင်း ဘုရား။ ထွဋ်ခေါင်။ ။ တော်ပါ ဗန်းမော်ရယ်။ ငါ့ကို နှစ်စွယ်သော အဓိပ္ပာယ်နှင့် နှိမ်တာမဟုတ်လား။ စာဆိုတဦးရေးသည့် ထန်းခေါက်ဖာဘွဲ့နှင့် ဤကဏ္ဍကို ဖုံးအုပ်ချင်ပါသည်။ ထန်းခေါက်ဖာဘွဲ့ ပြုံးစိစိအသွင် အပြောက်ဟန်လှလိုက်တာက သုံးမိလျှင် နောက်တဖန်တရပါလိမ့် မှောက်လှန်၍ ပြဝံ့ပါရဲ့ ရှုစမ်းပါ။ အောက်ခံအမရယ်က နုဆန်းစွာ။ ဆရာသုံးစေဘို့ ဖာဖုံးမှာ အနက်ကြောင်းတွေနဲ့ အရက်ကောင်းသနော် ရွှေမိန်ရွာက ရေစိမ်ကာ ကောင်းစွာထိုးလိုက်တာမို့ ငွေချိန်တာတောင် ၎င်းဖာမကျိုးပါဘု အဖိုးတန် ငွေနှစ်ကျပ်ကယ်နှင့် ကျေနပ်အောင် ပြုပြင်လို့ ရောင်းလိုက်ပါရဲ့ သောင်းထိုက်တဲ့ နဂရာမှာ ပေါင်းကြိုက်တဲ့ဖာ။ ထေရ်အရှင် ရဟန်းတော်မက်စေဘို့ အညီပင် ဆန်းသနော် အကွက်တွေနှင့် ထန်းလျှော်အရွက်ကိုတော့ သပ်နှီးဖြာ အရပ်ကြီးဖာနှင့် မတူပါတကား အကြောင်းရဲ့သာ ၎င်းဖာ အထင်မြင်တွေးတာက ဆောင်းအခါဝင်လျှင် နွေးမှာမို့ ကောင်းလောက်အောင် တဖုန်းသာမဏေကို ကပ်လိုက်ချင်လှ အသုံးမှာ နတ်အတွေ့ကဲ့သို့ ဖာအကျော်ဇမ္ဗူမှာ ရှားလောက်အောင် တလုံးတခါထပ်၍ မှာတော်မူပါဘုရား။ ၇။ ဇဝနဉာဏ် တယောက်ကပြောသည်ကို မိမိက ချက်ချင်းလက်ငင်း ပြန်ဖြေ ပြန်အုပ်ပြီး ပွဲကျအောင်ပြောနိုင်မှလည်း ဇဝနဉာဏ်ဟု ခေါ်ထိုက်ပါသည်။ သူခိုးပြေးမှ ထိုးကွင်းထ ဆိုသကဲ့သို့ သူများပြောသည်ကို အိမ်ပြန်ရောက်ပြီး တရေးနိုးမှ အကြံပေါ်သည့် အစွမ်းမျိုးကို မဆိုလိုပါ။ အောက်ပါ ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်များ အချီအချ ပြောကြပုံများမှာ မှတ်သားလောက်ပါသည်။ ညောင်ကန်ဆရာတော်နှင့်ရွှေတောင်ဆရာတော် ရွှေတောင်။ ။ ရတနာရွှေတောင်၊ ထွန်းလင်း ပြောင်၊ ရောင်ဝါ ဘာ့ကြောင့် ညှိုးအံ့နည်း။ ညောင်ကန်။ ။ ရွှေတောင်ထိပ်တက်၊ ညောင်မြစ်ရှက်၊ ကိုင်းခက် လွှမ်းအုပ်တော့မည်တည်း။ ရွှေတောင်။ ။ ရွှေတောင်ခေါ်လှစ်၊ ဇမ္ဗူရစ်၊ ညွံနစ်ရောင်ဝါ မညှိုးတည်း။ ညောင်ကန်။ ။ ညောင်ကန်ဟုခေါ်၊ ဉာဏ်ခေါင်ဇော်၊ ရွှေလှော် ပြာချတော့မည်တည်း။ ဦးမင်းနှင့် ဖိုးသူတော် နန်းမတော် မယ်နု ရှေ့တော်၌ လူဦးမင်းနှင့် ဖိုးသူတော်တို့ ဆုံကြရာဝယ် လူဦးမင်း။ ။ ပဲဖြူက ဆိမ့်လိုက်တာ၊ ရသာက လွန်ထူး။ ဖိုးသူတော်။ ။ ညအခါ၊ လသာသာ ကိုယ်တော်သုံးတယ်၊ လေပုန်းကမြူး။ ၈။ ခေတ်ပြောင် (Satire) ပတ်ဝန်းကျင် အခြေအနေ သို့မဟုတ် ခေတ်ကာလကို ပြောင်လှောင်သည့် စာပေမျိုးကို အချုပ်တန်းဆရာဖေ၏ ဆုတ်ခေတ်ကဗျာ၌ တွေ့ရသည်။ ပါတော်မူပြီးမကြာခင် မန္တလေးမြို့အခြေအနေကို စိတ်နာနာဖြင့် ဖော်ပြခဲ့ဟန်တူသည်။ မျက်နှာပေး မမာကြပါနှင့် ထာဝရပြုံးပါ ကာလကို နှလုံးနာသည် မုန်းစရာ ကရို့။ လေးပြင်က အုတ်ဆက်ကွာအောင် ဒုတ်စကြာ လွှတ်သည့်ခါမို့။ ဇာတ်တူချင်း ယခုအခါမှာ ကရုဏာ ကွာလို့ အမှုသာ ရှာဖို့ပ မြန်မာတို့စိတ်မှာ။ ဥပုသ်သည် ဓားပြရိုးပါလို့ တရာ့ကိုး ဖမ်းတဲ့အခါ။ ဂွတမျိုး မချမ်းသာတယ် လမ်းတကာ ဉာဏ်ကုတ်လို့ သံဒုတ်နှင့် ဇီဝိန်ချွေ တိုင်းပြည်သိပေ။ လိမ္မာမှ အသက်ရှည်မည် အခက်တွေ ပွေလွန်းလို့လေး။ ထိုအချိန်လောက်ကပင် မောင်းထောင်ဦးကျော်လှ ရေးသော သံချို၌ “ခေတ်မကောင်းဘူးဆိုပြီး ဟိုမျှော် ဒီမျှော် မလုပ်ကြနှင့်။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုသလို ဖြစ်နေမည်။ ဘုန်းကြီးကျောင်းမှာ ထိပ်ခေါက်ခံရသည့် မျောက်လို မဖြစ်ပါစေနှင့်ဟု အဓိပ္ပာယ်ပါသည့် သံချိုကို စပ်ခဲ့သည်။ ကပ်မသမာ ဓာတ်ပါပဟာမို့ ကာလတကြိမ်ပျက်စဉ်က တိမ်တက်ခါ နီညိုညိုမို့ အရင်လို ပျက်လိမ့်ဦးမယ်ထင့် ပြည်လုံးကို ပြောရှာကြ ကောလာဟလ ဝစနံ။ ယိုးဒယားငယ်နှင့် မျိုးခြားလူ ဘုရင်ဖြစ်လိမ့်မတဲ့ ပြင်သစ်မျှော်ကာ တမ်းသူနှင့် ဟော်နန်းစံ ဦးဒည်ဘွားငဲ့ပြင် ရုရှားတွေ လာပြီငယ်လို့ လူ့လောကာ ဝေါဟာရ ပြောရှာကြပြန်။ နွယ်မတူ ဘယ်လူမျိုးသော်မှ အုပ်စိုးကာ နိုင်ငံချဲ့စေတော့ ကံမဲ့သူ ပျက်ပြိုယွင်းလို့ ကံရှိသူ ဂုဏ်ထင်လင်းလိမ့် အရင်းဖြင့် ကံသာကံ ဓမ္မခန် သီကုံး။ ခေါင်းကျဉ်အောင် ကျောင်းတွင် မျောင်ကိုလ တချက်ပင် ရက်စဉ်ခေါက်သတဲ့ ထိုမျောက်ငယ် စိတ်နာသီးလို့ ခင်ကြီးကို သေဆုတောင်းခဲ့ပြန် နောက်ကျောင်းထိုင် ဦးပဉ္စင်းငယ်က မြင်ပြင်းကာ နားထင် အက်လုအောင် နှစ်ချက်ပင် ရက်စဉ် ခေါက်ပြန်သတဲ့ ထို့နောက် မောင်ရှင်လာခဲ့ရင် မြင်မသာ ခန္ဓာကြွေမည်ကြောင့် မာပါစေ မေတ္တာပို့သည့်နှယ် ဟိုမြို့နယ် ဂန္ဓာချုပ်ပါတဲ့ တရုတ်တွေ ခွေဆံကျစ်ငယ်နှင့်၏ ပြင်သစ်လူ ဘယ်ရုရှားသော်မှ သနားမည် တယ်မထင်နှင့် ဘိလပ်စံ ရှင်သခင်ငဲ့ပြင် မျောက်နာသွင် နောက်လာကို တယ်မတကြနှင့် နှစ်ချက်ခေါက်ဆရာ သက်သာလှပြီဟု အောက်မေ့ကြဦး။ ၉။ စကားထာ စကားဝှက် (Riddle) ပြောလိုသည့် အဓိပ္ပာယ်ကို ဝှက်၍ ရုတ်တရက်နားမလည်စေဘဲ တလွဲ အဓိပ္ပာယ်ကောက်စေရန် စပ်ဆိုထားသည့် စာသည် စကားထာ စကားဝှက် ဟာသ အမျိုးအစား၌ ပါဝင်သည်။ ဥပမာအားဖြင့် ကုန်းဘောင်မင်းတရားသည် ဘုရားပူဇော်ရန် ကြာဖူးကိုကိုင်လျက် ဖိုးသူတော်ဦးမင်းအား “မောင်မင်း ငါ ဘုရားကြည်ညိုတော်မူတဲ့ သဏ္ဍန်ကို မယဉ်မရိုင်းဘဲ တမုဟုတ်ချင်း စာဆိုရမည်”ဟု အမိန့်တော်မှတ်ရာ ဖိုးသူတော်ဦးမင်းက - ခါးတောင်မြီးဖြုတ်ပါလို့ ရုတ်ကနဲ အသာထိုင် သူ့ဥစ္စာ ကြာငုံကြီးကို ဦးမကာကိုင် ကိုင်သာကိုင် ဆိုင်လေလေကိုဖို့ သာလျောင်းသျှင် ရောင်တော်ဦးမှာ ဖူးရပြန်လို့ - ဟု စပ်ဆိုခဲ့လေသည်။ ၁၀။ အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy) ဘုရားအစရှိသည့် အနန္တော အနန္တငါးပါးကို ပျက်ရယ်ပြုရန် ကိစ္စမှာ မျက်လုံးပြုစရာ ငရဲကြီးစရာဟု အောက်မေ့ကြပေလိမ့်မည်။ သို့သော် မြန်မာပြည်တွင် ဘုန်းကြီးရူးနှင့် လှေလူး၊ ဘနဖူး သိုက်တူးဆိုသည့် စကားပုံမှာ ရိုးနေပြီမဟုတ်ပါလား။ အနောက်နိုင်ငံ ခရစ်ယန်လောကတွင်လည်း ဤသို့ပင် ဖြစ်၏။ တချိန်က သီဟိုဠ်ပြန် ဦးဉာဏဝံသက ဓနုဖြူမြို့ ကျိုက်ကလွန်ပွန်ဘုရားတွင်း၌ ရုပ်ပွားတော်ကို နှုတ်ခမ်းမွှေးတပ်ဆင်ပေးခဲ့သည်။ သူ့သဘောမှ ဘုရားဆိုလျှင် ပုရိသလက္ခဏာ ၃၂ ပါးနှင့် ညီညွတ်ရမည်မို့ နှုတ်ခမ်းမွှေးပါမှ တကယ်ကြည်ညိုဖွယ်ဖြစ်မည် ယူဆ၍ဖြစ်၏။ ယင်းသို့သော သာသနာရေးသတင်းကို မန်လည်ဆရာတော်ကြီးကြားသိ၍ အောက်ပါဒွေးချိုးကို ရေးစပ် ဝေဘန်တော်မူခဲ့သည်။ လုပ်ငန်းရယ်ပို နှုတ်ခမ်း သူကြည်ညိုတဲ့ သီဟိုဠ်ပြန်ဖုံး။ စဉ်ရှေးဟို ဖင်မွှေးကို ဘယ်လိုဆိုပ သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့ အပါဒါန် ရွှေစာတမ်းကို ကျမ်းပြန်ပါဦး။ ကိုကံအေးဆိုသည့် တကာတစ်ယောက်မှာ ရုပ်ပွားတော် တဆူကို ရွှေမချနိုင်မီ သစ်စေးသုတ်အပြီးတွင် ဘိုင်ကျ၍ ယင်းဘုရားကို တွံတေးအပေါင်ဆိုင်၌ ငွေကိုးကျပ်နှင့် ပေါင်ခဲ့သည်။ အပေါင်ဆိုင်ထဲတွင် သီတင်းသုံးနေရသည့် ရုပ်ပွားတော်က ညဉ်းတွားမိပုံမှာ ရှက်စဖွယ်၊ အနက်ထည် အညာမပြန်နိုင်လို့ ကြံကြပါဦး။ ကြံရေးရယ် မသာ၊ ကံအေးဒါယကာကြောင့် တွံတေးမှာ ဝါတော်ကပ်ရတယ် ကိုးကျပ်နှင့်ဆုံး။ ထို့အတူ ဦးပုည၏ ဒေါနဆီ မေတ္တာစာမှာပါသည့် ရုပ်ပွားတော်မှာလည်း မသက်သာရှာပါ။ ဒေါနဆီဘဝမှ၊ စုတိမနေ၊ သေလွန်းပြီးလျှင်၊ အထောက်မတန်၊ ရေနံဘဝတွင်၊ ပဋိသန္ဓေ စွဲနေဖွားမြင်လာသည်ကို ဆရာလည်း မသိ၊ သတိလည်းမထား၊ ဘုရားတဆူ၌၊ ကြည်ဖြူစေတနာ၊ သဒ္ဓါစိတ်ပြေး၍၊ ဆီမွှေးပူဇော်မည်အကြံနှင့်၊ ရောင်လျှံတော် မဏိဦးက၊ ဖန်ဘူးစောင်း၍ လောင်းလိုက်ရာ၊ ရုပ်ရှင်တော် မြတ်စွာသည်၊ နံရှာတော်မူလွန်း၍၊ ရွှေခွန်းတော် မတုံ့၊ အနိုင်သာငုံ့ပြီးလျှင်၊ ရှုံ့၍ ခံတော်မူရချေသည်။ ၁၁။ ကျောင်းသားအလွဲဖြေ (Howlers or Boners) စာသင်ကျောင်းများ၌ မေးခွန်းထုတ်ရာတွင် ကျောင်းသားသူငယ်များ အလွဲလွဲအမှားမှား ဖြေပုံမှာလည်း ဟာသကွက် ရာဇဝင်အူချာပေါက်များ ထွက်ပေါ်လာတတ်သည်။ သပွတ်အူရာဇဝင် ရာဇဝင် တခဏ်းထုတ်ပေါ့ ရှမ်းတရုတ်မိုင်းသာ မန်းစမုတ် ဝိုင်းလာသည် ဆိုင်းမပါ ဘေထိ။ မင်းကျန်ရစ် ရေသောက်အလာတွင် မြွေပေါက်တာ တိုင်းကအသိ။ ရှင်ဘို့မယ် ပြည်အာလန်မှာ ရွှေစာရံတည်ဘိ။ နော်ရထာ လော်မာမိတာကြောင့် ဒေါ်သာအိသေရှာ။ ကုလားတေံ အရှုပ်ထွေး တရုတ်ပြေးတွင်တဲ့ ကျော်စွာ။ ရှင်စောဟု အာသင်္ခါတောင် ကြာပင်မှာ သန္ဓေပြုတာကြောင့် ဝေဠုလို့အမည်သော် —– ဦးဝိုင်းလို့ အညွှန်းခေါ်သည် ကွမ်းဆော်ကို ကျွဲခတ်လို့လေး။ ၁၂။ ခနိုးခနဲ့ (Irony) လူအချင်းချင်း ခနိုးခနဲ့ ပြောင်လှောင်ပြောဆိုခြင်းကို အင်္ဂလိပ်ဘာသာဖြင့် (Irony) ဟု ခေါ်သည်။ ယင်းသို့ အဖွဲ့အနွဲ့မျိုးမှာလည်း မြန်မာစာပေတွင် မရှားပါပေ။ ဆယ်အိမ်ခေါင်းမင်း၏ စည်းစိမ်ကို ဦးကြီးက ဖွဲ့ဆိုပုံ၌ - စည်းစိမ်ငယ်ကြီးပါဘိ ရုတ်သီးတောင့်ကိုင် နှစ်ယောက်ကယ်ထိုင် ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့် ပွတ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့် ကြွက်နဖား ပုန်းရည်ကျိုသည် အလိုဗျာ စားပုံတင့်ပါဘိ ခေါင်းမင့်ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။ စားသောက်ဖွယ်ရာ ပြီးသောခါဝယ် ရသာချမ်းငြိမ် အခြင်မြေသက် ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင် စည်းစိမ်ကြီးငင် ခြေလိမ်တင်လို့ ခုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း မှိန်းတဲ့ချည်နှင့် မကြည်သမ်းဝေ ထယ်မင်းပုံနေလိုက်တယ် နွားရေပြန့်အပေါ်မှာ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ သူအိပ်တယ်လေး။ ကုန်းဘောင်ခေတ်တွင် သူ့အကြောင်း ကိုယ့်အကြောင်း စာဖွဲ့သည့်အလေ့ ထွန်းကားခဲ့သည်။ အညာသား မောင်ဖိုးတူဆိုသူက စာရေးဆရာကြီးကို ကပ်ယပ်ပြီး သူ့အတွက် ရေးပေးပါဦးဆို၍ အောက်ပါ ကဗျာတိုကလေး ပေါ်ထွက်လာခဲ့သည်။ လောင်းမင်းတရားရဲ့တူ ဆင်ဖြူရှင့်ရင်သွေး မောင်ဖိုးတူ လူယဉ်ကျေး ဂေါတမမြေး။ ၁၃။ နှာခေါင်းသွေးထွက် (Practical Joke) ပြောင်ခြင်းနောင်ခြင်းဆိုသည်မှာ ဟာသဖြစ်၍ အများပျော်ရွှင်နှစ်သက်ကြသည်။ အင်္ဂလိပ်လို Joke ဟုခေါ်ပါသည်။ ပျော်စေပျက်စေ ကလက်စေဆိုသည့်အတိုင်းပင်။ သို့သော် “အပြက် အပြက်နှင့် နှာခေါင်းသွေးထွက်”ဆိုသည့် စကားပုံကိုကြည့်လျက် အပျက်တွင် လွန်ကျူးပြီး ကိုယ်ထိလက်ရောက် ဖြစ်သွားပုံများ ရှိတတ်သည်။ ယင်းကို အင်္ဂလိပ်လို Practical Joke ဟု ခေါ်ပါသည်။ ကျွန်တော်တို့ မြန်မာဟာသသမိုင်းတွင် ယင်းသို့ ကိုယ်ထိလက်ရောက် ပြတ်ရယ်ပြုတတ်ပုံ သာဓကများလည်း ပေါပါသည်။ အမတ်ကြီးဦးပေါ်ဦးမှာ တချိန်က ဂျောက်တွန်းခံရဘူးသည်။ ဘိုးတော်ဘုရင်သည် အမတ်ဦးပေါ်ဦးကို အခြားမှူးမတ်များထက် ခင်မင်သည်။ ဘိုး တော်က ဦးပေါ်ဦးကို အခွင့်အရေးပေးပုံ သူငယ်ချင်းတမျှဆက်ဆံပုံတို့ကို အချို့မှူးမတ်များ က မနာလိုသဖြင့် ဘုရင်နှင့် ဦးပေါ်ဦးတို့ အထင်အမြင်လွဲမှားအောင် တီးတိုးဖန်တီးကြ သည်။ ဦးပေါ်ဦးက ဘိုးတော်ကို “ပေါကြောင်ကြောင်နိုသည်ဟုဆိုကာ တခြားမင်းသားတ ပါးကို နန်းတင်ရန် ဘိုးတော်ကို ဖြစ်သည့်နည်းနှင့် ဖြုတ်ချရန် ကြံစည်နေသည်”ဆိုသော သတင်းများကို ရွှေနားတော်ပေါက်အောင် ဝါဒဖြန့်ကြ၏။ အစတွင် သတင်းများကို ယုံကြည် မှုမရှိသော်လည်း မိဖုရားများက စိုးရိမ်သည်အထိ ဖြစ်လာကြ၏။ ထို့ကြောင့် ဘုရင်က ဥပါယ်တံမျဉ်ဖြင့် စုံစမ်းလို၍ တနေ့သ၌ ဦးပေါ်ဦးအား အနီးသို့ခေါ်၍ တိုင်ပင်သည်မှာ ဘုရင် ။ ။ ပေါ်ဦးရေ၊ ငါတော့ ရှင်ဘုရင်လုပ်ရတာ တော်တော်ကြီး ငြီးငွေ့နေပြီ။ ဒါကြောင့် တောထွက်ဘို့ စိတ်ကူးမိတယ်။ မင်း ဘယ်လိုသဘောရလဲ။ ဦးပေါ်ဦး ။ ။ (ရိုးရိုးထင်မှတ်ကာ) မှန်ပါ။ အလွန်တရာ သင့်မြတ်ကြောင်းပါ။ ဘိုးတော်ဘုရင် မျက်နှာပျက်ကာ အတွင်းဆောင်သို့ ဝင်သွားသည်။ ဦးပေါ်ဦးက မိမိ အမှတ်မဲ့ပြောလိုက်သောစကားများ မှားသွားကြောင်း စဉ်းစားမိ၏။ ရှင်ဘုရင် မျက်နှာတော်ညိုသည်အထိ အထင်လွဲခံရသူမှာ အသက်ပင် အန္တရာယ်ရှိစေနိုင် ကြောင်း သိပြီးဖြစ်၏။ အိမ်သို့ရောက်သောအခါ ဖိုးသူတော်ဝတ်သော အကျီနှင့် လုံချည် ပိတ်ဖြူကို အမြန်ချုပ်လုပ်စေသည်။ တပည့်ကိုလည်း သင်ဒုန်းဓားအယူခိုင်း၍ သူ့ခေါင်းကို ပြောင်နေအောင် အရိတ်ခိုင်းပြန်သည်။ ဦးပေါ်ဦးသည် ဖိုးသူတော်အသွင်ဝတ်ဆင်လျက် နန်းတော်သို့ အမြန်ပြန်သွားလေ သည်။ ဘိုးတော်ဘုရင်၏ အိပ်ဆောင်တော်တံခါးဝတွင် ရပ်တန့်စောင့်ဆိုင်းနေရာ မကြာမီ ပင် ဘိုးတော် ထွက်တော်မူလာသည်။ ဘိုးတော်က ဦးပေါ်ဦးကို မမှတ်မိ။ ဘုရင် ။ ။ ဟဲ့ ဘယ်သူလဲ။ ဦးပေါ်ဦး ။ ။ ပေါ်ဦးပါ ဘုရား။ ဘုရင် ။ ။ ပေါ်ဦးလား။ ဟင် မင်း ဘယ်လိုဖြစ်တာလဲ။ ပေါ်ဦး ။ ။ မှန်လှပါ။ အရှင်က တောထွက်မည်လို့ မိန့်ကြားလိုက်တဲ့အတွက် ရေပူရေချမ်း ကမ်းလှမ်းသူအဖြစ် နောက်တော်ပါးက လိုက်ပါရန် အခုလို ဖိုးသူတော်ဝတ်ပြီး လာခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရင် ။ ။ ဖြစ်မှ ဖြစ်ရပလေ ပေါ်ဦးရယ်။ ဒါလောက် မြန်မြန်ဆန်ဆန် ဘယ်မှာ တော ထွက်နိုင်အုံးမလဲကွ။ ကဲ ကဲ မင်း အပေါ် ငါ အထင်လွဲမိတာ မှားပါတယ်။ အဆောင်တော် တွင်းဝင်ပြီး မင်း ဖိုးသူတော်အဝတ်ကို ချွတ်ပြီး လဲပါအုံး။ တကတဲမှဘဲ။ မြန်မာနိုင်ငံတွင် ပထမသတင်းစာဆရာကြီးဖြစ်သည့် ဖိုးဝဇီရက ယဉ်ယဉ်ကျေး ကျေးနှင့် ရတနာပုံသတင်းစာ၌ “တောသားက တောသူကို မတရားလှည့်ဖြားသတင်း”ကို အိုင်ချင်းလိုလို ရေးစပ်ဖော်ပြခဲ့ဘူးပါသည်။ ငါ ငယ်ငယ်ခိုက်ကယ်က မိုက်မိတယ် စောကြွယ်ရယ် ဒွေးဗိန်ရဲ့တူ ငသာမြတ်ကယ်နဲ့ သနပ်ကန် တောင်ယာထဲမှာ ကျွဲကျောင်းရတယ်၊ အိုလေး အဝေး (တကြော့တမော့။ အကျွန် ကန်တော့ပါရဲ့ အပေါ့လေးများ သည်တွင်သွားရင်ဖြင့် တောဖျားကနတ်၊ ဘမ်းစားတတ်သည်)ဟု ငသာမြတ် သူကပြောသောအခါ တောထဲမှာ စောကြွယ်ရယ် တကယ် ငါယုံမိသေး။ (တကြော့တမော့၊ အကျွန် ကန်တော့ပါရဲ့ အပေါ့ပေါက်ရန်၊ အိမ်ကိုပြန်လျှင် နင့်ထံတွင်တဲ့၊ ငါဟာကို ဆိတ်စာထည့်လိုက်ပါရစေ)တဲ့ တကယ်အေရယ် ငသာမြတ် နှစ်ခါတွယ်လို့ သက်နှစ်ဆယ် အရွယ်ရှိခါမှ ငါသိတယ်လေး။ ၁၄။ ကလေးချော့ (Nonsense and Nursery Tales) ကလေးချော့သီချင်းများတွင် အမြဲလိုလိုပင် ဟာသရသ ပါရှိတတ်၏။ ကြီးတော်ရဲ့နွား ရီးလေးတဲ့ရို ချိုပေါက်တဲ့နွား ဒို့လယ် ဝင်လို့စား ကြီးတော်ရဲ့ နွား။ ကြာအေးကြာအေး မကြာအေးကို သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ တွဲလွဲ နေပါအုံး မိုး တောင်ကချုန်း မုံ့လုံး မုံ့လုံး စက္ကူကပ်ပါလို့ ကြာကလပ်မှာတဲ့ ဆွမ်းတော်တင် ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး ကြာအေး ၁၅။ စာဖျက် (Parody) စာပေတွင်လည်း အဖျက်သမားများ ရှိ၏။ ဥပမာ ဦးလန်းဆိုသည့် ကလောင်ရှင်ကြီး မှာ “ရကန်ဖျက်ဦးလန်း”ဟု တွင်ခဲ့သည်။ သူသည် ရာမရကန်ရေးသည့် ဦးတိုးနှင့် သင့်မြတ်ခဲ့ဟန် မတူပါ။ ထို့ကြောင့် ရာမရကန်ကို ဦးလန်းက ကန့်လန့်ဆန့်ကျင် ချေဖျက် ရေးသားပုံမှာ ကေသာသီရိအသေ ဝေသန္တရာတောထက် ငှက်ကြီးတော်ကနု သုဓနု အရိန္ဒမကုမ္မာ အမရမင်းနန္ဒာ ငမိုးရိပ်ကျောင်းနှင့် ဇောင်းကလောကန်ရိုးမှာ ငါ ခိုးမဲ့အလာ မယ်ဝဏ္ဏဟံသာမှာ မြင်းဝေလာတကောင်နှင့် မှော်ရုံတောအဝင် သမင်ကိုဖမ်း။ ။ လက်ဝဲသုန္ဒရအမတ်ကြီးရေးသည့် မဲဇာတောင်ချေရတုအလိုက် ကျွဲနာပေါင်ရှည်ဟု စပ်ဆိုသည့် လူမျိုးကလည်း ရှိသေးသည်။ ဟာသစာပေသမိုင်းတွင် တဦးနှင့် တဦး အမြဲ သိက္ခာဖျက်နေတတ်ကြသူများမှာ ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့ပင်။ လူဦးမင်းထံ လုံမတဦးက ချဉ်းကပ်ပြီး အင်းဝမြို့ကို သွားသည့် သူ့ရည်းစားထံ စာ တပုဒ်ရေးပေးရန် ပန်ကြားသည်။ ထို့ကြောင့် ဦးမင်းက “ရွှေဝသွား”အမည်ရှိ ကဗျာညွန့်က လေး ရေးပေးသည်။ ရွှေဝသွား ပါးလိုက်ဘို့လေ လွမ်းသူ့စာခွေ။ အထွေထွေ ဖြေတယ်လို့မအေး ချစ်လို့သာ ကုံးရတော့ စာလုံး ဘယ်မလှပြီဘု မိန်းမလက်ရေး။ ထိုစာညွန့်ကို ဖိုးသူတော်ဦးမင်းက မြင်တွေ့၍ ချက်ချင်းပင် အောက်ပါအတိုင်း အညွန့်ချိုးလိုက်ပါသည်။ ရွှေဝသွား စားလိုက်ပါတဲ့ မုန့်တီတွေ ဝမ်းကျလို့နေ။ တခွေခွေ နေတယ်လို့မအေး ညှစ်လို့သာကုန်းရတော့ အတုံး ဘယ်မလှပြီဘု ဝမ်းကျလို့လေး။ ဟာသ သဘောတရား ဟာသနှင့်ပတ်သက်၍ စဉ်းစားစရာအချက်အချို့ ရှိနေပါသည်။ လူ့လောကတွင် ရယ်ခြင်းနှင့် ငိုခြင်းဟူ၍ လူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှစ်မျိုးရှိရာတွင် ရယ်ခြင်းမှာ ကောငေ်းသာအမူအရာ၊ ငိုခြင်းမှာ မကောင်းသောအမူအရာဟု အကြမ်းအား ဖြင့် ခွဲခြားမှုများ ရှိနေပါသည်။ ဤတွင်ကောင်းသော အမူအရာကို ရှုတ်ချ၍ မကောင်းသောအမူအရာကို အလေးပြုသော အလေ့အထများလည်း ပေါ်ပေါက်နေပါသည်။ ဟာသဟူသော ရယ်ရွှင်ပျော်ရွှင်မှုကို ဖန်တီးသူကို လူပြက်ဟူ၍လည်းကောင်း၊ လူပေါဟူ၍လည်းကောင်း ယူဆတတ်ကြသည်။ ရယ်မောသူလည်း အပြစ်မလွတ်ပါ။ ဣန္ဒြေသိက္ခာရှိသူသည် ရယ် မောရာ၌ အတိုင်းအထွာရှိသည်။ သဘာဝကျကျ ဟက်ဟက်ပက်ပက် ရယ်မော်တတ်သူ များကိုကား သိက္ခာမဲ့သည်ဟု လူပြတ်များလိုပင် ရှုတ်ချပြစ်တင်ခြင်း ပြုလေ့ရှိသည်။ သူတဦး ငိုယိုနေသည်ကို တွေ့ရှိပါက သနားကြင်နာသော စိတ်ဓာတ်ပေါ်ပေါက် ကာ ချော့မော့တတ်ကြသည်။ သို့သော် သူတဦးရယ်မောနေသည်ကို တွေ့ “ထိုသူ ရူးနေ ပြီလော”ဟုပင် မှတ်ထင်တတ်ကြသည်။ ဤကား ဟာသနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ကြုံတွေ့ရသော ဝိရောဓိတမျိုးပင် ဖြစ်နေပါသည်။ ကျွန်တော်တို့ အနေဖြင့်ကား ရယ်မောခြင်းနှင့် ငိုခြင်းကို ဆန့်ကျင်ဖက်ဟု သဘော မထားဘဲ ထိုအမူအရာနှစ်ခုစလုံးသည်ပင် လူ၏ သဘာဝကျမှု၊ လူ၏ ကျန်းမာမှုကို အ ထောက်အကူပြုသည်ဟု ယူဆချင်ပါသည်။ အင်္ဂလိပ်ကဗျာဆရာကြီး ရှယ်လီ၏ ကဗျာတခုတွင် We look before and after And pine for what is not; Our sincerest laughter With some pain is fraught; Our sweetest songs are those That tell of saddest thoughts. သူ၏ဆိုလိုရင်းမှာ “ရယ်မောရာ၌လည်း “ငိုအားထက် ရယ်အားသန်”ဆိုသလို နာကျင်မှုများ ပါရှိတတ်သည်။ ထို့အတူ သာယာနာပျော်ဘွယ်အကောင်းဆုံး သီချင်းများ မှာလည်း အလွမ်းတေးများသာ ဖြစ်သည်”ဟူ၍ ဖြစ်၏။ ဆရာကြီး ဦးပုည၏ ကဗျာတခုတွင်လည်း မချိုလို့ပေါ်တဲ့သွား ရယ်သာလး မေးကြပြန်တယ် ဟု ပါရှိရာ အထက်ပါ ရှယ်လီ၏ အတွေ့အကြုံကို ထောက်ခံသကဲ့သို့ ရှိနေပါ သည်။ ထို့ကြောင့် ရယ်ခြင်းနှင့် ငိုခြင်းကို ဆန့်ကျင်ဖက်ဟု မယူဆသင့်ဘဲ အချင်းချင်း ဆက်စပ်ရောနှောလျက် တခုကို တခု အကျိုးပြုတတ်သောသဘောရှိသည်ဟု မှတ်ယူသင့် ပါသည်။ အနောက်အယူအဆတွင် အဇ္ဈတ္တခေါ် ကိုင်တွယ်၍ မရသော မိမိ၏ အတွင်းသ ဘောစိတ်ဓာတ်များနှင့် ကိုင်တွယ်၍ရသော ဗဟိဒ္ဓရုပ်ပစ္စည်းများဟူ၍ ရှိသည်။ ထိုစိတ် ဓာတ်များနှင့် ထိုပစ္စည်းများသည် အဆက်အစပ်မရှိဟု ထင်မှတ်ရသော်လည်း စင်စစ် ဆက်စပ်လျက် ရှိသည်။ ငိုခြင်းနှင့် ရယ်ခြင်းသည်လည်း ဆန့်ကျင်ဖက်ဟု ထင်ရစေကာမူ ဆက်စပ်၍ နေပါ သည်။ ဥပမာအားဖြင့် ပဋာစာရီ အတ္ထုပ္ပတ္တိကို လေ့လာလျှင် ရယ်ခြင်းနှင့် ငိုခြင်းတို့ ပေါင်း စပ်ရာမှ ကောင်းမြတ်သော ထေရီမကြီးအဖြစ်သို့ ရောက်ရှိသွား၏။ ကိုဒါသနှင့် သမီးရည်း စားဘဝသည် ပျော်ပါးချိန်ဖြစ်၏။ လင်သေ၍ သားဆုံးပြီးနောက် ပဋာစာရီအဘို့ အပူခန်း ဖြစ်၏။ မြတ်စွာဘုရား၏ အဆုံးအမကို ခံယူပြီးနောက် တရားရသောအခါ ကောင်းရာ သုဂ တိသို့ ရောက်ရှိသွား၏။ ထို့ကြောင့် ရယ်ခြင်းသည် မကောင်း၊ ငိုခြင်းသည် ကောင်းသည် စသောခွဲခြားမှုများ တထစ်ချမှတ်ယူခြင်းမပြုဘဲ ၎င်းတို့၏ အညမညသဘောတရားကိုလည်း သတိပြုသင့်ကြ ပေသည်။ ကိုးကား မြန်မာစာပေ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%20%E1%80%9F%E1%80%AC%E1%80%9E%E1%80%85%E1%80%AC%E1%80%95%E1%80%B1
အရက်
ဘိန်းမှာ ခရစ်နှစ် ၁၈၀ဝ မတိုင်မီက ပေါ်ပေါက်လာခဲ့သော်လည်း၊ အရက်မှာ ခုနှစ်ရေတွက်၍ မရလောက်အောင် အလွန်ရှေးကျသည့် ကာလကတည်းက ပေါ်ပေါက်လာခဲ့သည်။ အရက်သည် ဓာတုဗေဒအခေါ်အဝေါ်အားဖြင့် အီသိုင်းအယ်လ်ကိုဟော (Ethyl Alcohol) သို့မဟုတ် အက်သနော(Ethanol) ဖြစ်ပြီး ယစ်မျိုးဥပဒေအရ အရက်စစ် အီသိုင်းအယ်လ်ကိုဟော အလေးချိန်နှင့် ထုထည်အချိုး (၂ mg%)နှုန်းထက် ပိုမိုပါဝင်သော အရည်ကို အရက်ဟု သတ်မှတ်ထားသည်။ အရက်ကို အကြမ်းအားဖြင့် ဘီယာအုပ်စု(Beer)၊ ဝိုင်အုပ်စု(Wine)နှင့် အပြင်းစားအရက်အုပ်စု(Spirit or Strong)ဟူ၍ ခေါ်ဆိုသည်။ ဘီယာအုပ်စုတွင် များသောအာဖြင့် အရက်စစ်စစ် (Pure Alcohol) အလေးချိန်နှင့် ထုထည်အချိုး ၃ mg% မှနေ၍ ၁၀ mg% အထိပါဝင်ပြီး ဝိုင်အုပ်စုတွင် ၉ mg% မှနေ၍ ၁၅ mg% အထိ၊ အပြင်းစားအရက်အုပ်စုများတွင် ၃၀ mg% နှင့်အထက် အသီးသီး ပါရှိကြသည်။ ဝိုင်အုပ်စုမှ ထုတ်လုပ်သည့် အသီးအနှံအပေါ်မူတည်ပြီး စပျစ်ဝိုင်၊ ပန်းသီးဝိုင်၊ နာနတ်ဝိုင် စသဖြင့် ခေါ်ဝေါ်ကြသည်။ အပြင်းစာအရက်များတွင် ဝီစကီ၊ ဘရန်ဒီ၊ ဂျင်၊ ရမ် စသည်တို့ ပါဝင်ကြသည်။ ထန်းရည်၊ ဓနိရည်များပင်လျှင် အယ်လ်ကိုဟော ၂ mg% အထက်ပါဝင်ပါက အရက်ဟု သတ်မှတ်နိုင်သည်။ ဘီယာသည် အရက်ပင် ဖြစ်သည်။| ပိဋကတ်ထဲမှ အရက်ဇာတ်လမ်း မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့် ဝိသာခါအမှူးရှိသော နောက်လိုက်မိန်းမ ငါးရာတို့သည် ဥယျာဉ်သို့ သွားကာ တစ်နေ့လုံး အရက်သေစာ သောက်စားမူးယစ်ပြီးသော် ညနေချမ်း၌ ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင် အရှက်ကင်းမဲ့စွာ သီချင်းဆိုကြ၊ ရယ်ကြ၊ ကခုန်မြူးထူးကြ၏။ အချို့ အဝတ်ဗလာဖြင့် တုံးလုံးပက်လက်အိပ်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ညိုသောရောင်ခြည်ကို လွှတ်လျက်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလေ၏။ ညိုသောရောင်ခြည်တော်ကြောင့် မှောင်အတိကျသွားသဖြင့် မိန်းမတို့ ကြောက်လန့်ခြင်းပြင်းစွာဖြင့် ငိုကြွေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာ ပလ္လင်တော်၌ သီတင်းသုံးတော်မူကာ “သင်တို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက် အလင်းကို အဘယ်ကြောင့် မရှာကြသနည်း” ဟု တရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ ထိုအခါ ဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည် အဘယ်အခါက စဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည် ပထမဆုံး အရက်ပေါ်လာခြင်းအကြောင်းကို ဟောတော်မူ၏။ ပိဋကတ်ကျမ်းတော်လာ အရက်၏ အစ ရှေးသရောအခါ ဗာရာဏသီပြည်၌ သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်က ကာသိတိုင်းသား(သူရာ)အမည်ရှိသောမုဆိုး တစ်ယောက်သည် ဟိမဝန္တာတော၌ အမဲပစ်ရန် အသွား တောင်ခြေ၌ အကိုင်းသုံးခွရှိသော သစ်ပင်ကြီးတစ်ပင်၏ အကိုင်းခွဆုံနား၌ ငှက်တို့သည်အရက်ကို သောက်ပြီးမြူးတူးပျော်ပါးကာ ဟစ်အော်ကြွေးကြော်ကြ၏။ ထို့နောက် အောက်သို့ပြုတ်ကျလျက် အသေကဲ့သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင် တဖန်ပြန်တက်ပြီး ထိုအရည်ကိုသောက်ကြ ကုန်၏။ ဤသို့အတန်တန် မြူးတူးကြသည်ကိုမြင်သဖြင့် မုဆိုးကတက်၍ ကြည့်ရာသစ်ခွတွင်မိုးတွင်းရေကျ၍ အနီးအပါးမှ ဇီးဖြူ၊သျှိသျှား၊ဖန်ခါးသီးတို့ကိုလည်းကောင်း၊ သလေးစပါးတို့ကိုလည်းကောင်း၊ ငှက်တို့ယူဆောင်ကာ ထိုသစ်ခွ၌စား၍ စားကြွင်းများ သစ်ခွတွင်းသို့ကျသဖြင့် နွေအခါ၌ ဆူးပေါက်၍ အရက်ဖြစ်နေသည်ကိုမြင်သဖြင့် သောက်ကြည့် လေ၏။ ထို့နောက် မူးယစ်လာကာ သစ်ပင်အောက်၌ မူးသဖြင့် အိပ်ပျော်နေကြသော ငှက်တို့ကိုသတ်၍ မီးကင်ကာစား၏။ သေရည်ကိုလည်း အဖန်ဖန်သောက်၏။ ဤသို့အားဖြင့် မူးယစ်ကာ အိပ်၏။ ထို့နောက်အနီးရှိ ဂရုဏရသေ့ထံ သေရည်နှင့်အမဲကင်တို့ကိုယူသွားကာ နှစ်ဦးသား သောက်စားမူးယစ်ကြလေ၏။ ယင်းနောက် ထိုအရည်ကို ဝါးကျည်တောက်တို့ဖြင့်ထမ်း၍ ပစ္စန္တရာဇ်မင်းအား ဆက်သရာ တစ်မြို့လုံးအရက် သောက်သဖြင့်ပျက်လေ၏။ တော၌အရက်ကုန်သဖြင့် အိုးကြီးအိုးငယ်တို့ဖြင့် ချက်ကြလေ၏။ ထိုအခါမှစ၍ အရက်ချက်ခြင်း၊ အရက်သောက်ခြင်း ပေါ်ပေါက်လာလေသည်။ ထိုသေရည်ကိုလည်း သူရာဟူ၍လည်းကောင်း၊ ဂရုဏဟူ၍လည်းကောင်း ခေါ်လေ၏။ မင်းလည်း သေအိုးအနီး၌ ကြွက်များ မသောက်စေရန်ကြောင်တို့ကို ချည်ထားကာ ကြီးစွာသော မဏ္ဍပ်ကိုပြု၍ သေသောက်သဘင် ကျင်းပအံ့ဟု တစ်မြို့လုံး စည်မောင်းလည်စေ၏။ ကြောင်တို့လည်း သေအိုးမှ အမြှုပ်တို့ဝေကျသည်ကို သောက်သဖြင့် အသေကဲ့သို့အိပ်လေ၏။ ကြွက်တို့လာ၍ကြောင်တို့၏ နားရွက်အမြီးတို့ကို စားကြလေ၏။ အမတ်တို့မြင်လျှင် သေရည်မဟုတ်၊ အဆိပ်ဟုလျှောက်သဖြင့် သူရာမုဆိုးနှင့် ဂရုဏရသေ့တို့အား သတ်လေ၏။ ထို့နောက် ကြောင်တို့အမူးပြယ်မှ အရက်ဖြစ်ကြောင်းသိ သဖြင့် သောက်ရန်ပြင်ကြလေ၏။ သိကြားမင်းလည်း လောကကြီး ပျက်စီးတော့မည်ကို မြင်သဖြင့် လာရောက်ဆုံးမကာ အရက်အိုးတို့ကို ရိုက်ခွဲစေ၏။ “လောကကြီးအား ပျက်စီးစေသော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြလော့”ဟု ဆုံးမကာနတ်ပြည်သို့ ပြန်လေ၏။ သေအရက်ကို မင်းနှင့်တကွ တစ်ပြည်လုံးရှောင်ကြဉ်သဖြင့် ချမ်းသာရာကိုရကြလေ၏။ ပိဋကတ်ကျမ်းတော်လာ အရက်မျိုး ၅-ပါး လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယခေါ်အရက်မျိုးငါးပါး။ ပုပ္ဖာသဝ- သစ်ပွင့်ရည်မှဖြစ်သောအရက်၊ ဖလာသဝ-သစ်သီးရည်မှဖြစ်သောအရက်၊ မဓွာသဝ-မုဒရက်ရည်မှ ဖြစ်သောအရက်၊ ဂုဠာသဝ-ကြံရည်မှဖြစ်သောအရက်၊ သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ဝတ္ထုပေါင်းတို့စုပေါင်း၍ ဖြစ်သောအရက်။ အရက်သောက်ခြင်းအပြစ် ၆-ပါး "စကားပြောကောင်းခြင်း၊ပျော်ရွှင်ခြင်း၊ ဦးနှောက်အလုပ်ကောင်းကောင်းလုပ်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ အရာရာသာယာလှပစွာမြင်ခြင်း၊ ပညာ များ ဤ ၆-ပါးကား၊ သောက်စားသေစာအပြစ်တည်း။” အရက်ကြောင့် ဖြစ်စေတတ်သော ရောဂါများ အရက်သောက်သုံး၍ ကျန်းမာရေးမှု ဖြစ်စေရာမှာ အရက်ကို တစ်ထိုင်တည်း အလွန်အကျွန်သောက်ပြီး မူးယစ်ခြင်း၊ ကြာရှည်အရက်သောက်ရာမှ အရက်စွဲခြင်း အရက်ကြာရှည်သောက်ရာမှ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ ရရှိခြင်း အရက်စွဲသူ အရက်မသောက်ရသည့်အခါ အရက်နာကျခြင်း ဟူ၍ လေးမျိုး ခွဲခြားနိုင်သည်။ ထို့ပြင် အရက်မစွဲသော်လည်း အရက်သောက်ပြီး ဘေးအန္တရာယ် ဆိုးကျိုးများ ရရှိတတ်သည်။ အရက်သည် ခန္ဓာကိုယ်၏ အင်္ဂါစနစ်များ အားလုံးလိုလိုကို ထိခိုင်စေသည်။ ဦးနှောက်နှင့် အာရုံကြောစနစ်မှ စ၍ဆိုလျှင် ဦးနှောက် အာရုံကြောပိုင်းကို ဖိနှိပ် လွှမ်းမိုးနိုင်သော သတ္တိရှိ၏။ အရက်သောက်ပြီးလျှင် သွေးထဲ၌ ပါလာသော အရက်ရာခိုင်နှုန်း ပမာဏပေါ် မူတည်ပြီး ရီတီတီ ဖြစ်လာမည်။ မူးလာမည်။ လမ်းလျှောက်လျှင် ဒယီးဒယိုင်ဖြစ်လာမည်။ ထို့ကြောင့် အသိအာရုံ လွဲမှားလာမည်။ စကားပြောလျှင် အာလေးလျှာလေး ဖြစ်မည်။ အရှက်အကြောက်နည်းလာမည်။ ပိုမို သောက်သုံးမိပါက စိတ်တိုလာမည်။ လုပ်ကိုင်မှု လွဲမှားလာမည်။ ကြမ်းတမ်းရမ်းကားလာကာ ထိုထက်ပိုမိုသောက်သုံးပါက မူး၍ အိပ်ပျော်သွားမည် ဖြစ်သည်။ ပမာဏများလွန်း၍ အရက်မူးလွန်လျှင် အသက်အန္တရာယ် ထိခိုက်နိုင်သည်။ အရက်အလွန်အကျွံသောက်လာလျှင် ဗီတာမင်ဓာတ်များ( အထူးသဖြင့် ဘီအုပ်စု ) ချို့တဲ့ပြီး အာရုံကြောင်များ ထုံကြည်ရောဂါ(Polyneuritis)၊ (Wernickle's Encephalopathy) ဟုခေါ်သည့် ဦးနှောက်ချို့ယွင်းမှု ဖြစ်နိုင်ပြီး ပိုဆိုးလျှင် (Korsakoff Psychosis) ဟုခေါ်သည့် စိတ်ရောဂါ ရသည်အထိ ဖြစ်ပွားနိုင်သည်။ \ အစာအိမ်နာနှင့် caffeine ဓာတ် အရက်သေစာကို အလွန်အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေသည်။ Caffeine ဓာတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓာတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြဿနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။ အသည်းရောဂါ အရက်သည် အသည်းကိုလည်း အဓိက ဒုက္ခပေးသည်။ အသည်းသည် ခန္ဓာကိုယ်တွင်း ဝင်လာသမျှ အဆိပ်အတောက်မှန်သမျှကို အဆိတ်မဖြစ်ဖို့ ခြေဖျက်ပေးရသော ခံတပ်တစ်ခုဖြစ်သည်။ ဝင်လာသော အရက်များကို အသည်းက ချက်ပေးရဖန်များသည့်အခါ အသည်းရောင်ခြင်း(Hepatitis)၊ အသည်းအဆီဖုံးခြင်း(Fatty Liver)၊ အသည်းကြွပ်ခြင်း(Liver irrhosis) တို့ဖြစ်နိုင်သည်။ အသည်းကြွပ်ရောဂါ ဖြစ်ရာမှ အသည်ကင်ဆာအထိ လည်း ဖြစ်ပွားနိုင်သည်။ ထို့ပြင် သရက်ရွက်ကြီးခြင်း(Splenomegaly)၊ အစာရေမျိုသွေးကြောများပွပြီး ပေါက်တတ်ခြင်း (Oeso-phyaryngeal Varices & Rupture)၊ ဖျဉ်းစွဲခြင်း(Ascites)၊အစာအိမ်နှင့် အူလမ်းကြောင်းမှာ နှုတ်ခမ်းကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုရောင်ရမ်းခြင်း(Oeso-phagitis)၊ ပန်ကရိယရောင်ခြင်း(Panceratitis)၊ အစာအိမ်ရောင်ရမ်းခြင်း (Gastritis)၊ သွေးကြောပေါက်၍ သွေးအန်ခြင်း(Haematamesis)နှင့် အူမကြီးကင်ဆာ(Ca colon)တို့လည်း ဖြစ်တတ်သည်။ အူမှလည်း အစာစုပ်အားနည်းသည့် ရောဂါ(Mal-absorption Syndrome) ရနိုင်သည်။ အရက်အသောက်လွန်ပြီး စားသောက်မှုကို ဂရုမစိုက်လျှင် ဗီတာမင်ချို့တဲခြင်း (Vitamin Deficiency)၊ သွေးတွင် အချိုဓာတ်နည်း၍ ခေါင်းမူးခြင်း(Hypoglycemia)၊ သွေးအားနည်းခြင်း(Anemia) စသည့် ရောဂါများ ဖြစ်နိုင်သည်။ ထို့ပြင် ကြွက်သားချည်းနဲ့သော ရောဂါများနှင့်အတူ လိင်မှုဆိုင်ရာအားနည်းခြင်း (Impotency) ဖြစ်နိုင်သည်။ အရက်ကြောင့် နှလုံးရောင်ခြင်း(Alcoholic Carditis)၊ နှလုံးရောဂါဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ချည့်ခြင်းနှင့် အတက်ရောဂါ(Epilepsy) လည်း ရနိုင်သည်။ အခြား စိတ်ရောဂါများ အရက်စွဲနေပါက မသောက်ဖြစ်သည့်အခါ အရက်နာကျသည့် လက္ခဏာများဖြစ်နိုင်သည်။ စနစ်တကျမဖြတ်လျှင် အရက်ငန်းဖမ်းခြင်း(Delirium Tremens) ဖြစ်နိုင်သည်။ အသောက်များသူ၊ အသက်ကြီးသူများနှင့် အခြားရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိ၍ အထူးဂရုစိုက်သင့်သည်။ အရက်ကြာရှည်သောက်လျှင် စိုးရိမ်လွန်ခြင်း(Anxiety)၊ အကြောက်လွန်ခြင်း(Phobia)၊ ပတ်ဝန်းကျင်ပေါ်တွင် လွဲမှားသော အယူအဆနှင့် ယုံကြည်ချက်အစွဲများ ဖြစ်ပေါ်ခြင်း(Alcoholic Delusion)၊အထူးသဖြင့် ဇနီးမယာပေါ်တွင် မဟုတ်မမှန်ဘဲ အခြားသူတစ်ယောက်ယောက်နှင့် သမုတ်ခြင်း(Morbid Jealousy)၊ စိတ်ကြွရောဂါဖြစ်ခြင်း(Hypomania/ mania)၊ စိတ်ကျရောဂါဖြစ်ခြင်း(Depression)၊ စိတ်ကျရောဂါပြင်းထန်ပါက မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင်လုပ်ခြင်း၊ အဆုံးစီရင်ခြင်း(Suicide)နှင့် အရက်စိတ္တဇဖြစ်ခြင်း(Alcoholic Psychosis) တို့ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် မှတ်ဉာဏ်ချို့ယွင်းပြီး မိသားစုအသိုင်းအဝိုင်း နေရာဒေသတို့ကို မမှတ်မိ မသိရှိတော့သဖြင့် သူငယ်ပြန်သလို အရက်ကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်း(Alcoholic Dementia) ရောဂါလည်း ရနိုင်သည်။ အရက်နှင့် အမျိုးသမီး အမျိုးသမီးတွေမှာ အမျိုးသားများထက်စာရင် ရေဓာတ်ထက် အဆီဓာတ်များသည့်အတွက် အရက်ပြင်းအားတူ၊ ပမာဏတူသောက်လျှင် အမျိုးသားတွေထက် အမူးပိုလွယ်ပါသည်။ အသည်းလည်း ပိုထိခိုက်လွယ်သည်။ အရက်စွဲသူ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိလာမည်ဆိုလျှင် ကလေးငယ်မှာ (Fetal Alcohol Syndrome) ရောဂါပါလာနိုင်သည်။ ၎င်းတို့မှာ ကလေးသေးသေးမွေးခြင်း၊ တစ်နည်းအားဖြင့် ပေါင်မပြည့်ခြင်း၊ ကြီးထွားမှုနှေးခြင်း၊ မျက်နှာနှင့် ခေါင်းတွင် မွေးရာပါချို့ယွင်းမှုများဖြစ်ခြင်း၊ ဉာဏ်ရည်မမီခြင်း၊ ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာ ဖောက်ပြန်မှုမျိုး ဖြစ်နိုင်သည်။ ထို့ကြောင် အရက်သည် သန္ဓေသားအပေါ်တွင် တိုက်ရိုက်ဆိုးကျိုး သက်ရောက်မှုရှိသည်ကို တွေ့ရသည်။ အရက်ဖြတ်ခြင်း အရက်အစိမ်းဖြတ်ခြင်းဆိုသည်မှာ အရက်ကို ဆေးမကူဘဲ၊ မသောက်တော့ဘဲ ဖြတ်ခြင်းကို ဆိုလိုသည်။ အရက်စွဲသူများတွင် အသက်အရွယ်ကြီးသူ၊ အရက်ပမာဏများများသောက်သူ၊ ရောဂါအခံရှိသူ၊ အားနည်းချည့်နဲ့သူများသည် ဆေးရုံဆေးခန်းများ၌ ကုသသင့်သည်။ အထူးသဖြင့် အတွင်းလူနာအနေဖြင့် တက်ရောက်ကုသမှု ခံယူသင့်ပါသည်။ အချို့ကလည်း အရက်ဖြတ်ပြီး ဆေးဝါတွေသောက်နေတဲ့ အချိန် အရက်ပြန်သောက်မိလျှင် သေတတ်သည်ဟုဆိုပြီး အကြောင်းပြ အရက်မဖြတ်လိုကြချေ။ ဤသည်မှာ မှားယွင်းသောအယူအဆဖြစ်သည်ဟု ဆရာဝန်များက ဆိုကြသည်။ ထို့ကြောက် အရက်စွဲခြင်းသည် ရောဂါပိုးတစ်မျိုးမျိုးကြောင် ဖြစ်တာမဟုတ်ဘဲ မိမိ၏အမူအကျင့်၊ စိတ်ခံစားမှုနှင့် ပတ်ဝန်းကျင် စေ့ဆော်မှုများကြောင့် ဖြစ်သည်။ ဆေးတစ်မျိုးတည်းကို အားကိုး၍ အရက်မပြတ်နိုင်ချေ။ ထို့ကြေင့် ဆရာဝန်ညွှန်ကြားသည့် ဆေးများကို မှန်မှန်သောက်ခြင်း၊ ဆရာဝန်နှင့် မကြာခဏထိတွေ့နေခြင်းသည် မိမိစိတ်ကို ထိန်းဖို့ တွန်းအားတစ်ခုဖြစ်သည်။ တိုက်သည့်ဆေးများမှာ အရက်ဖြတ်ထားစဉ်ကာလ အဦးပိုင်းမှာ ညအိပ်ရေးပျက်ခြင်း၊ စိတ်ဆက်ခြင်း၊ စိတ်တိုခြင်း၊ ဒေါသကြီးခြင်း စသည့်တို့အတွက် သက်သာရာရစေရန် စိတ်ငြိမ်ဆေးများပေးခြင်းဖြစ်၍ ဆေးမှန်မှန်သောက်သင့်သည်။ ထို့ပြင် Life Style ဟုခေါ်သည့် ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် လူမှုရေး နေထိုင်မှု ပုံသဏ္ဌာန်များကို ပြောင်းလဲဖို့ လိုအပ်ပေသည်။ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်သည့်နေရာတွင် အရက်ဖြတ်ဖို့ ကြိုးစားနေ့တဲ တစ်ချိန်တည်းမှာပဲ အရက်နှင့် နီးစပ်အောင်မနေခြင်း၊ အရက်ကို စွဲစွဲမြဲမြဲသောက်သူများနှင့် သွားလာပေါင်းသင်းမှု ဆင်ခြင်ခြင်း၊ ဖြစ်နိုင်ရန် ရှောင်ကြဉ်နေခြင်း၊ အရက်ပါသော ထမင်းစားပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ရှောင်ခြင်း၊ အားကစားတစ်ခုခုကို အချိန်မှန်မှန် လိုက်စားခြင်း၊ အားလပ်သည့်အချိန်တွင် မိမိဝါသနာပါရာ စာဖတ်ခြင်း၊ သီးချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများအပြင် ပန်းချီဆွဲခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ တံဆိပ်ခေါင်းစုခြင်း၊ လက်မှုပညာအလုပ်တစ်ခုခုကို လုပ်ခြင်း၊ နှစ်သက်ရာ အိမ်မွေးတိရစ္ဆာန်ငယ်များမွေးခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် အချိန်ကုန်စေသင့်ပါသည်။ ဘာသာရေးအနေဖြင့် သင့်တော်သင့်အချိန်တွင် အချိန်ပေး၍ တရားထိုင်ခြင်း၊ တရားစခန်းဝင်ခြင်းတို့သည်မှာ စိတ်အမူအကျင့်ကို ပြုပြင်ပြောင်းလဲရာတွင် ကောင်းသောနည်းလမ်းများဖြစ်သည်။ အရက်နှင့် ဥပဒေ အရက်နှင့် ပက်သက်သည့် ဥပဒေများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် အရက်နှင့် ပက်သက်သည့် ပြဋ္ဌာန်းထားသော ဥပဒေမှာ အရက်အမျိုးမျိုးကို ခွင့်ပြုချက်ဖြင့်သာ ချက်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်တွင်/ပြည်ပတင်ပို့ခြင်း၊ လက်လီ/လက်ကားဆိုင်ဖွင့်ခြင်း၊ ရောင်းဝယ်ခြင်း၊ အခွန်အကောက်ခံခြင်းတို့ကို့ ပြဋ္ဌာန်းထားသည်။ အရက်သောက်ထားသူတစ်ဦး ယာဉ်ရထားမောင်း၍ ယာဉ်မတော်တဆမှုဖြစ်ခဲ့လျှင် ယာဉ်တိုက်မှုအား သက်ဆိုင်ရာက ဥပဒေအရ အရေးယူမည်မှာ မလွဲပေ။ အကယ်၍ ယာဉ်မောင်းသူ၏ အာငွေ့ကို ပါးစပ်မှာ တိုင်းသည့်ကိရိယာလေးဖြင့် တိုင်းတာကြည့်ပြီး အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်နှုန်း) ထက်များလျှင် မူးမောင်းမှုနှင့် ထပ်မံအရေးယူခံရမည်ဖြစ်သည်။ ၎င်းအာငွေ့တိုင်စက်သည် အာငွေ့ကို ၎င်းစက်ဖြင့်တိုက်တာပါက သွေးထဲရှိ အရက်ပမာဏအချိန်(Level)ကို တိုက်ရိုက်ဖတ်ရှုနိုင်သည်။ သွေးထဲရှိ အရက်ပမာဏ အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်းနှုန်း)ထက် ကျော်လျှင် လူဟာမူးယစ်ပြီး အာရုံကြောများ လေလံထိုင်းမှိုင်းမည်။ ကြွက်သားလှုပ်ရှားမှုများ နှေးကွေးမည်။ ထို့ကြောင့် ယာဉ်ကို ကိုင်တွယ်ရာတွင် ချိန်ဆမှု၊ တုံ့ပြန်မှု၊ မှန်ဆချက်များ နှေးကွေးလွဲမှားပြီး ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်းနှုန်း)ထားခြင်းဖြစ်သည်။ အခြားနိုင်ငံများတွင်မူ ၆၀၊ ၇၀၊ ၈၀ မီလီဂရမ်ရာခိုင်​နှုန်း စသည်ဖြင့် ထားရှိသည်ကို တွေ့ရသည်။ အရက် ကာကွယ်ရေးနှင့် ပြည်သူလူထု အရက်သောက်ခြင်းကို လူမှုရေးအနေဖြင့် အနည်းနှင့်အများဆိုသလို တွေ့မြင်ကြရသည်။ သို့သော် ကျန်းမာရေးကိုထိခိုက်စေသည် ဆိုသည့်အချက်ကိုကား ငြင်း၍မရချေ။ အရက်သောက်ခြင်းအကျင့်သည် ကျန်းမာရေးရှုထောင့်ကပြည့်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အထူးသဖြင့် ငယ်ရွယ်သူ ကျောင်းသား၊ ကျောင်းသူများကို ဦးတည်ပစ်မှတ်ထားပြီး အရက်ကာကွယ်ရေးပညာပေးရေးများ ပြုလုပ်ကြရမည်ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို အရက်စွဲသူများကို အစိုးရကျန်းမာရေးဆေးပေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသပေးလျက် ရှိကြသည်။ အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုဖြစ်လျှင်လည်း စိတ်ကျန်းမာရေး ဆေးရုံများနှင့် စိတ်ကျန်းမာရေး ဆေးကုဌာနများ၌ ဆေးကုသပေးလျက် ရှိသည်။ အရက်သောက်တတ်ပြီး အကျင့်ဖြစ်နေသူများကိုလည်း အရက်ကြောင့်ဖြစ်သည့် ဘေးဒုက္ခဆိုးကျိုးအမျိုးမျိုးကို ပညာပေး သိမ်းသွင်းစည်းရုံးဖို့ရန် လိုအပ်သည်။ အရက်သောက်ခြင်းကြောင့် ရောဂါတွေ ဖြစ်နိုင်သလို အရက်မသောက်ခြင်းဖြင့် ရောဂါအများအပြားနှင့် အခြားဒုက္ခကို ကာကွယ်ရာ ရောက်ပါသည်။ အရက်ကို စွဲလမ်းစွာ အကျင့်ပါနေသူများအနေနှင့်လည်း ဆေးရုံဆေးခန်းများမှာ စနစ်တကျ ကုသပြီး မိမိရဲ့ အမူအကျင့်ကို တဖြည်းဖြည်းပြုပြင်ဖို့ရန် ကြိုးစားသင့်ပေသည်။ ထို့ကြောင့် လူတစ်ဦး အရက်ပြတ်ရန် ပြည်သူလူထုအနေဖြင့် အရက်အန္တရာယ်ဆိုးကျိုးတွေ ခံစားမှုလျော့နည်းဖို့ရန် ဘက်ပေါင်းစုံမှပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်သည်။ တနည်းအားဖြင့် အရက်သောက်သုံးမှု ထိန်းချုပ်​ရေးဆိုင်ရာ စည်းကမ်းများ၊ စနစ်တကျ ဆောင်ရွက်ခြင်းများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပြည့်စုံခြင်းများ၊ ကျန်းမာမှုနှင့် လျော်ညီသော နေထိုင်စားသောက်မှု သဏ္ဌာန်များကို နားလည်ကျင့်သုံးကြလျှင် အရက်ကြောင့် ဖြစ်သည့် ဆိုးကျိုးဘေးအန္တရာယ် နည်းပါးကင်းဝေးပြီး သက်ရှည်အနာမဲ့ကြောင်းဆိုသည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်တွေ ပြီးပြည်စုံပေလိမ့်မည်။ အရက်ချက်လုပ်ပုံ အရက်ချက်လုပ်ကြရာ၌ ပစ္စည်း အမျိုးမျိုးကို အသုံးပြုကြသော်လည်း များသောအားဖြင့် ချက်လုပ်နည်းမှာ အတူတူပင် ဖြစ်သည်။ အရက်ဟုဆိုရာ၌ ပေါင်းခံသော နည်းဖြင့်ချက်ယူရရှိ၍ သတ်မှတ်ထားသော ပမာဏာထက် အယ်လကိုဟော ပိုမိုပါရှိသော မူးယစ်စေတစေသည့် အရည်အားလုံးကို ဆိုလိုပေသည်။ ထို ကြောင့် ဗရန်ဒီ၊ ရမ်၊ ဝီစကီနှင့် စက်မှုလက်မှုသုံး အယ်လကိုဟောအားလုံးသည် အရက် များပင် ဖြစ်ကြသည်။ ဝီစကီကို ချက်လုပ်ကြရာတွင် မုယောစပါးကိုဖြစ်စေ၊ ရိုင်း စပါးကိုဖြစ်စေ၊ အုတ်ခေါ် မြင်းစားဂျုံကိုဖြစ်စေ၊ သို့မဟုတ် ထို ဂျုံသုံးမျိုးစလုံးကို ရောစပ်၍ဖြစ်စေ အသုံးပြုလေ့ရှိကြသည်။ ထိုဂျုံတစ်မျိုးမျိုးကို အညှောက် ပေါက်လာစေရန် ရေတွင် စိမ်ပြီးနောက် ရက်သတ္တသုံးပတ်မျှ ကြာသည့်တိုင်အောင် ကြမ်း ပေါ်တွင် ဖြန့်ထားရ လေသည်။ ထိုနောက် စည်ကြီးတစ်ခုထဲသို့ ထည့်ပြီးလျှင် ရေပူပူဖြင့် ချေပေးရ၏။ ချေပြီးသောအခါ အအေးခံ၍ တဆေးနှင့် ကဇော်ဖောက်ရသည်။ ထိုအခါ အယ်လကိုဟောအရက်ကို ရရှိ၍ ထိုအယ်လကိုဟောကို ပေါင်းခံနည်းဖြင့် ခွဲထုတ်လိုက်သောအခါတွင် ဝီစကီကို ရလေသည်။ ရမ်ချက်ရာတွင် ကြံရည်ကို ကဇော်ဖောက်၍ ချက်ယူရသည်။ ဗရန်ဒီချက်ရာတွင် ကဇော်ဖောက်ရန်အတွက် စပျစ်ရည်ကို အသုံးပြုကြသညင်။ ရောင်းတမ်း အရက်များကို ချက်လုပ်ရာ၌ကား မုန်လာဥနီ၊ သို့မဟုတ် အားလူး၊ သို့မဟုတ် သစ်သားများကို အသုံးပြုကြသည်။ အထက်ဖော်ပြပါ အရက်များကို ချက်ကြရာတွင် ဆိုင်ရာ အစိုးရပိုင်းရှိ ယစ်မျိုးဌာနများမှ အထူးကြပ်မတ် အရေးယူကာ စစ်ဆေးပြီးလျှင် အကောက်အခွန်များကို ကောက်ယူလေ့ ရှိကြလေသည်။ အရက်ဖြူ အရက်ဖြူသည် မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အရက်တစ်မျိုးလည်း ဖြစ်သည်။ မြန်မာ့ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း (Burma Eateries and Distilleries Corporation) မှ ထုတ်လုပ် ရောင်းချသော အရက်တစ်မျိုး ဖြစ်သဖြင့် အင်္ဂလိပ် နာမည်၏ အတိုကောက် ဘီအီးဒီစီ သို့မဟုတ် ဘီအီးဟုပင် လူသိများသည်။ အဖြူ (သို့) ထွေးညို ဟုလည်း ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။ စီးပွားရေး လုပ်ငန်းများကို နိုင်ငံတော်မှ ထိန်းချုပ်ထားသည့် အချိန်က အရက်ဖြူကို အစိုးရ စက်ရုံမှပင် ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးရှိ အရက်ဖြူဆိုင်များသို့ ဖြန့်ဖြူး ရောင်းချပေးသည်။ အခြေခံ လူတန်းစားများ အများဆုံး သောက်သုံးလေ့ ရှိသဖြင့် အရက်ဖြူဆိုင်ကို ဘုံဆိုင်ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။ အရက်ဖြူကို အဆီအဖြစ် ထုတ်လုပ်လေ့ ရှိပြီး အရက်ဖြူ အဆီ တစ်ပုလင်းကို ရေ ၆ ပုလင်းဖြင့် ရောစပ်ပါက သောက်သုံးနိုင်သော အရက်ဖြူကို ရရှိသည်။ ကိုးကား အဖျော်ယမကာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%80%E1%80%BA
အာမီဒီယို မိုဒီဂလီယာနီ
အာမီဒီယို မိုဒီဂလီယာနီ (Amedeo Modigliani 1884-1920) ၏ မွေးရပ်မြေမှာ လီဗိုနို (Livorno) ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ပါရီ (Paris) သို့ရောက်၍ ပီကာဆို (Picasso) ကဲ့သို့သော ပန်းချီဆရာများနှင့်တွေ့သည်။ ပန်းချီဆရာအဖြစ် အပြင်းအထန်ကြိုးစားရင်း ရောဂါကြောင့် မိဘအိမ် ခဏပြန်ရသည်။ အမှန်တော့ ခဏပဲ ပြန်မည် ဟူသော အစီအစဉ်မရှိ ။ ပါရီတွင် ဆိုးခဲ့ ပေခဲ့သော အကျိုးဆက်လည်း ဖြစ်သည်။ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသောအခါ မွေးရပ် ဇာတိသည် သူနှင့်အံမကျ၊ သာမန် ပန်းချီဆရာ တစ်ယောက်၏ ဘဝတွင်မပျော်။ အောင်မြင်မှုနှင့် ဝါသနာအတွက် ပါရီသို့ နောက်တစ်ခေါက် ပြန်သွားမည်ဟု အသိပေးလိုက်သောအခါ အမေက လုံးဝမကျေနပ်။ ပါရီသို့ ပြန်ရသည့် အခြားအကြောင်း တစ်ရပ်လည်း ရှိသေးသည်။ အကိုလုပ်သူ အီမန်နူဝဲ (Emmanuel) မှာရှေ့နေတစ်ဦးဖြစ် ၍ အောင်မြင်နေသူ၊ မိဘအား ဂုဏ်တင့်စေသူ။ ဤအိမ်တွင်ဆက်နေလျှင် သူ့လောင်းရိပ်အောက်မှာ နေရမည်၊ သူ့မျက်နှာ ကြည့်ရမည်။ သေသည်အထိ ဤဘဝဖြင့် မနေလိုပေ။ ပါရီသို့ အပြန်လမ်း၌ အပေါင်းအသင်းများ အကြောင်း၊ အလုပ်အကြောင်းသာ စဉ်းစားရင်း အိပ်ပျော်သွားခဲ့သည်။ နိုးလာတော့ ပါရီဘူတာသို့ ရထားဝင်နေလေပြီ။ အငှားကား တစ်စီးတား၍ သူငယ်ချင်းများ စုဝေးရာ လိပ်ခုံး မောင်းခိုင်းသည်။ လမ်းတွင်မိတ်ဆွေဟောင်းကြီး ချယ်ကိုဗစ် ကိုတွေ့ ၍ ခေါ်လာခဲ့သည်။ စကားစမည်ပြောရင် မိုဒီက မေးသည်၊ “အခုတစ်လော ဘယ်သူတွေ သေသေးသလဲ ?” ၊ “သေတာကတော့ အနုပညာပဲ”။ ယခုအချိန် မိုဒီက “ဘယ်သူတွေ သေသေးသလဲ ?” ဟုမေးလာလျှင်တော့ အဖြေက အနုပညာ တစ်ခုတည်းတော့ မဟုတ်နိုင်တော့ပေ။ “မေတ္တာတရားလား” ၊ “ကိုယ်ကျင့်တရားလား” ၊ “လူသားဆန်သော နှလုံးသားတွေလား”၊ “ချစ်ခြင်းတရားတွေလား” အဖြေက တစ်ခုမကတော့ ရှိနိုင်သည်။ ဒီတစ်ခါ ပါရီအပြန်မှာတော့ မိုဒီအောင်မြင်ခဲ့သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်က ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း သူ့ကိုယ်သူ မသိရသေးခင် အသက် ၃၅နှစ် အရွယ် ၌ ကွယ်လွန်ခဲ့သည်။ ကျန်ခဲ့သည်က သူ၏ပြန်လည် အသက်သွင်းထားသော အနုပညာများပင် ဖြစ်သည်။ အီတလီ အမျိုးသား ပန်းပုဆရာများ အီတလီ အမျိုးသား ပန်းချီဆရာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AD%E1%80%AF%20%E1%80%99%E1%80%AD%E1%80%AF%E1%80%92%E1%80%AE%E1%80%82%E1%80%9C%E1%80%AE%E1%80%9A%E1%80%AC%E1%80%94%E1%80%AE
ဖျာပုံတိုက်သစ်ဆရာတော်
ဖွားမြင်တော်မူခြင်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရရှိတော်မူသော သုတေသနသရုပ်ပြအဘိဓာန်ကျမ်းပြုဆရာတော် ဘဒ္ဒန္တ ဩဘာသာဘိဝံသမထေရ်မြတ်သည် ဧရာဝတီတိုင်း၊ မအူပင်မြို့အနီး ခရီးခြောက်မိုင်ခန့်အကွာ ခနောင်ထော်ရွာတွင် မွန်မျိုးအဆက်အနွယ်ဖြစ်သူ ကုန်သွယ်လယ်လုပ်မျိုးရိုးမှ ဆင်းသက်လာသော ခမည်းတော် ဦးဖိုးသိန်းနှင့် သူကောင်းမျိုးရိုး၏ အဆက်အနွယ်ဝင်ဖြစ်သော မယ်တော် ဒေါ်ဒေါ်ညွန့်တို့မှ သက္ကရာဇ် ၁၂၆၈-ခုနှစ်၊ ဥတုဝသန္တဝါဆိုလပြည့်ကျော် (၁၁)ရက်တနင်္ဂနွေနေ့ နံနက် အရုဏ်တက်၌ မီးရှူးသန့်စင် ဖွားမြင်တော်မူသော သားရတနာ ဖြစ်သည်။ ခနောင်ထော်ရွာကြီးသည် ဧရာဝတီမြစ်ကို မြစ်ဖျားခံသော တိုးမြစ်၏ အရှေ့ဘက်ကမ်းခြေရှိ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် ကရင်လူမျိုးတို့ နေထိုင်ရာဒေသဖြစ်သည်။ သရက်၊ပိန္နဲ၊ ငှက်ပျော စသော စားသုံးဖွယ် အသီးအပင်တို့ဖြင့် တင့်တောင့်တင့်တယ် နေချင်စဖွယ်သော ဥယျာဉ်ခြံမြေတို့ဖြင့် စိမ်းလမ်းစိုပြေ၍ အေးမြချမ်းသာ စိတ်နှလုံး မွေ့လျော် သာယာလှပေသည်။ အစိုးရကျောင်းနှင့် ကျောင်းကန်ဘုရားတို့ဖြင့်လည်း သားနားခန့်ထည်သည့် ပတိရူပအရပ် ဖြစ်ပေသည်။ ခမည်းတော် မယ်တော်တို့သည် သားဦးရတနာ ဖွားမြင်စ၌ပင် သားဖြစ်သူကို အေးအတိတ်နှင့် အေးနိမိတ်ဆောင်ယူကာ မောင်အေးမောင် ဟုအမည်သညာ မှည့်ခဲ့ကြသည်။ ခမည်းတော် မယ်တော်တို့သည်လည်း မောင်အေးမောင် တစ်နှစ်သားလောက်အရောက်တွင် မရှေးမနှောင်းပင် ဘဝတပါးသို့ ပြောင်းကြလေသည်။ ပညာသင်စ ကလေးဘဝ ခမည်းတော် မယ်တော်တို့ ဘဝတပါးပြောင်းသွားခဲ့ကြပြီးနောက် မောင်အေးမောင်အား ဘကြီးတော်အရင်းဖြစ်သူ မလက်တိုရွာသူကြီး ဦးဖိုးခင်နှင့် နှမအရင်းဖြစ်သူ ဒေါ်ပုလေးတို့က တလှည့်စီ မွေးစားကြရန် သဘောတူကြလေသည်။ မိမိ လူမှန်းသိသောအခါ ကြီးတော် အရင်းဖြစ်သူ ဒေါ်ပုလေးကိုပင် အမေအရင်းဟုမှတ်ထင်နေသည်။ မောင်အေးမောင် လေးနှစ်သားလောက်ရောက်သောအခါ အိမ်မှာပင် ကကြီး ခကွေး သင်ပေးကြလေသည်။ ငါးနှစ်သားတွင် မြန်မာစာ ရေးဖတ်တတ်ပြီး ဘုရားရှိခိုး လင်္ကာအချို့နှင့် မင်္ဂလသုတ်ပါဠိအနက်ကို နှုတ်တက်ရပြီးဖြစ်သည်။ ဘကြီးတော်နှင့်ကြီးတော်တို့သည် မောင်အေးမောင် ၆-နှစ်အရွယ်တွင် မအူပင်မြို့နယ်လုံးဆိုင်ရာ ရွှေကျင်ဂိုဏ်းကြီး၏ ဦးစီးနာယက ဖြစ်တော်မူသော ကျေးဇူးတော်ရှင် ကျောင်းရွာဆရာတော်ကြီးထံ အပ်နှံကြလေသည်။ ၎င်းသည် ဆရာတော်ကြီး သင်ပြသည့် မင်္ဂလသုတ်, အပြင်အောင်ခြင်း, အတွင်းအောင်ခြင်း, နမက္ကာရ, လောကနီတိ, ပရိတ်ကြီး ၁၁- သုတ်တို့ကို ပါဠိအနက် ညက်ညက်ကြေစွာ တတ်မြောက်လေသည်။ မောင်အေးမောင် ၁၄-နှစ်သားအရွယ်တွင် ၅-တန်းအောင်ခဲ့သည်။ မောင်အေးမောင် အသက် ၁၀-နှစ်အရွယ်သို့ ရောက်သောအခါ ဘကြီးတော် သူကြီးမင်းက ကျောင်းရွာဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေအဖြစ်ဖြင့် ဗုဒ္ဓသာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ ကျေးဇူးရှင် ဥပဇ္ဈာယ် ဆရာတော်ကြီးက ဇာတ်ကြီးဆယ်ဘွဲ့ရေး မင်းဘူးဆရာတော် ဦးဩဘာသအား ပုံစံထား၍ ရှင်ဩဘာသဟု အမည်ပေးခဲ့သည်။ သို့သော် မိမိအား ရှင်သာမဏေဘဝနှင့် ၉-ရက်သာ ထားပြီး ငယ်သေးသည်ဟု အကြောင်းပြကာ လူထွက်စေလေသည်။ ဒုတိယအကြိမ် မောင်အေးမောင် ၁၄-နှစ်သား ၅-တန်းအောင်ပြီးချိန်၌ ဘကြီးတော် သူကြီးမင်း ဦးဖိုးခင်နှင့် မွေးစား မယ်တော်, ကြီးတော်အရင်းဖြစ်သူ ဒေါ်ပုလေးတို့ကပင် ရှင်ဒါယကာ၊ ဒါယိကာမ အဖြစ်ဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းခဲ့ကြပြန်ပါသည်။ ဒုတိယ အကြိမ် ရှင်ပြုပွဲကို အငြိမ့်ပွဲ ဆိုင်းဝိုင်းကြီးတို့ဖြင့် ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာ ဆင်နွှဲပြုလုပ်သည်။ မောင်အေးမောင်၏ မွေးစားအမေသည် ကြီးတော်အရင်းဖြစ်သူ ဒေါ်ပုလေး ဖြစ်သည်။ မွေးစားအဖေသည် ဦးဘိုးထွေးဖြစ်သည်။ ယင်းဦးဘိုးထွေးသည် ကြီးတော်နှင့်စပ်မှ ဘကြီးတော်သူ ဖြစ်သည်။ ဤသို့ဖြင့် မိမိအား ၁၂၈၂-ခုနှစ် နယုန်လဆန်း ၂-ရက် အင်္ဂါ ရက်ရာဇာနေ့၌ ကျောင်းရွာဆရာတော်ကြီးကပင် ဥပဇ္ဈာယ်ပြုကာ သာမဏေအဖြစ်ဖြင့် ချီးမြှင့်ပေးခဲ့သည်။ ရှင်ဩဘာသသည် အသက် ၁၇-အရွယ်တွင် ရန်ကုန်မြို့လုံးဆိုင်ရာ ရှင်သာမဏေ စာပြန်ပွဲကြီး၌ သာမဏေကျော်ဘွဲ့ ရရှိခဲ့သည်။ ၁၈-နှစ်အရွယ်၌ ပထမငယ်တန်းကို အောင်မြင်ခဲ့သည်။ ၁၉-နှစ်အရွယ်၌ ပထမလတ်တန်း အောင်မြင်ခဲ့သည်။ အထက်ပါစာမေးပွဲများ ကို သရက်တောကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူကျောင်းမှ လက်မှတ်ထိုးကာ ဖြေဆိုအောင်မြင်ခဲ့သည်။ ရဟန်းဘဝ မြင့်မြတ်လှ ဆရာတော်လောင်းလျာ သာမဏေ ရှင်ဩဘာသည် အသက် ၂၀-သို့ ရောက်သောအခါ မူလကျေးဇူးရှင် ကျောင်းရွာ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့၊ သိမ်ကြီးဈေး ကျိုက်ခေါက်သံလာ ရဟန္တာများ သမုတ်တော်မူခဲ့သော သိမ်တော်ကြီး၌ ၁၂၈၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀) ရက် တနင်္ဂနွေနေ့ နံနက် ၉-နာရီအချိန်မှာ ကာရက သံဃာတော် သုံးကျိပ် ခြောက်ပါးတို့နှင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ကြိုတင်လျှောက်ထားသော ပစ္စယာနုဂ္ဂဟ ခေါ် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများမှာ ဟိုက်စကူးကျောင်းဆရာကြီး ဦးလူကြီး နှင့် ဒေါ်ရင်တို့ဖြစ်ကြသည်။ စာပေခရီး တိုးချဲ့ခြင်း မိမိသည် ရဟန်းတဝါ ရပြီးသောအခါ ကျောင်းရွာဆရာတော်ဘုရားကြီးထံမှ ပါရာဇိကဏ်, ပါစိတ်, ဝိနည်း မဟာဝါတည်းဟူသော ဝိနည်း (၃) ကျမ်းကို အဋ္ဌကထာများနှင့်တကွ ဆိုဝါဖြင့် ပေါက်ရောက်ခဲ့သည်။ သို့သော် ကျေနပ်မှုမရှိသေးဘဲ ပန်းသတင်း လေညင်းဆောင် သကဲ့သို့ လူ့သတင်းလူချင်းဆောင်သောကြောင့် ကျမ်းကြီးသင်ယူ ပခုက္ကူ။ ပခုက္ကူရောက်၊ စာမြန်မြန်ပေါက်။ စာတတ်လိုငြား၊ ပခုက္ကူသွား။ ပခုက္ကူမခိုလှုံ၊ ကျမ်းမစုံ။ စသောသတင်းစကားမှာ စာသင်သားရဟန်းတော်များအချင်းချင်း သတင်းဆောင် သဖြင့် ပခုက္ကူ စာသင်သွားလိုသော စိတ်အစဉ်သည် မိမိအား လှုံ့ဆော်လျက်ရှိနေပါသည်။ ထိုစိတ်ဓာတ်၏ လှုံ့ဆော်မှုကြောင့်ပင် ၁၂၉၂-ခုနှစ် တွင် ပခုက္ကူမြို့၊ မဟာဝိသုတာရာမကျောင်းတိုက် သို့ စာသင်ထွက်လာခဲ့သည်။ ယင်းတိုက်၌ လေးနှစ်, လေးဝါတိုင်တိုင် အောက်ပြည်အောက်ရပ် ပြန်မကြွဘဲ ဆက်တိုက်နေခဲ့သည်။ ပိဋကသုံးပုံ ပါဠိတော်ကို အဋ္ဌကထာဋီကာတို့နှင့် တွဲဖက်သင်ယူရာ နှစ်ခေါက်လောက်ပင် ပေါက်ရောက်ခဲ့သည်။ မိမိ၏ စာချအကျော် ဆရာတော်များမှာ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အရှင်သုန္ဒရ, အရှင်ဂန္ဓမာနှင့် အရှင်နန္ဒိယထေရ်တို့ ဖြစ်ကြသည်။ တစ်ဖန် ပခုက္ကူ၌ ၄-နှစ်စေ့၍ မန္တလေးမြို့သို့ စာပေခရီးဆက်ခဲ့ပြန်သည်။ မန္တလေးမြို့ အနောက်ပြင် စကုတိုက်မှာနေပြီး လေးပြင်လေးရပ် နာမည်ကြီးလှသော စာချဆရာတော်များထံ ပါဠိ, အဋ္ဌကထာ, ဋီကာ အယူအဆ အတွေးအခေါ် အဆုံးအဖြတ်တို့ကို သင်ကြားမှတ်သားခဲ့သည်။ ဆရာတော်သည် ၁၃၂၁-ခု၊ တန်ဆောင်မုန်းလဆန်း ၈-ရက် စနေနေ့တွင် ဖျာပုံတိုက်သစ်ကို ပုဂ္ဂလိက ရေစက်ချပွဲပြုလုပ်ပြီး သုဂတိတမြောက်အောင် ခံယူပါသည်။ သာသနာရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ခြင်း ထိုစဉ်က ဖျာပုံမြို့သည် ခရိုင်ဝန် (အရေးပိုင်) ရုံးစိုက်ရာမြို့ကြီး ဖြစ်လေသည်။ သို့သော် ပထမပြန် စာဖြေဌာန မရှိပေ။ မိမိ၏တပည့်များ စာမေးပွဲဖြေဆိုသည့်အခါ ကျိုက်လတ်မြို့ သို့ သွားရောက် ဖြေရသည်။ ဆရာတော်သည် ၁၃၀၈-ခုနှစ်၌ ပညာရေးဝန်ကြီးထံ စာဖြေဌာန တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာ အောင်မြင်စွာ ရရှိခဲ့သည်။ ထိုစာဖြေဌာနမှ ၁၃၂၁-ခုနှစ်၌ ရှင်ကုသလသည် ပထမကျော် အောင်ပန်းကို ဆွတ်ခူးခဲ့သည်။ ဆရာတော်သည် ရန်ကုန်မြို့လုံးဆိုင်ရာ ရှင်သာမဏေ စာပြန်ပွဲကြီး၏ နာယကဆရာတော်အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ တိပိဋကဓရ ရွေးချယ်ရေး ပိဋကသုံးပုံစာပြန် ပွဲကြီးတွင် ကမကထ ဆောင်ရွက်ခဲ့သည်။ ဆဋ္ဌသံဂါယနာပွဲကြီးတွင် မူလဝိသောဓကမှ တဖန် ပဋိဝိသောဓက အဖွဲ့သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် အခြားသော ဆောင်ရွက်ချက်များမှာ- လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ကြီး၌ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ဆူးလေစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ကြီး၌လည်း ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ စေတိယင်္ဂဏပရိယတ္တိ စာမေးပွဲအသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ရန်ကုန်မြို့ ပဉ္စနိကာယ ဓမ္မသာကစ္ဆာ အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ရန်ကုန်မြို့ မင်္ဂလာဗျူဟာအဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ဝေနေယျသုခ ရေချမ်းစင်အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ရန်ကုန်မြို့၊ ယထာဓမ္မ သာသနာပြုအသင်းကြီး၏ နာယက ဆရာတော်ဖြစ်တော်မူခြင်း။ ရန်ကုန်မြို့၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်တော်မူခြင်း။ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်ဖြစ်တော်မူခြင်းတို့ ဖြစ်သည်။ ထိုမျှ များပြားလှသော သာသနာရေး တာဝန်များကြားမှ ကျောက်စာဝန်နှင့် ယဉ်ကျေးမှုဌာန အတွင်းဝန်ဟောင်း ဦးဖိုးလတ်၏ တိုက်တွန်းတောင်ပန်ချက်ဖြင့် သာသနာ ၂၅၀ဝပြည့် ဆဋ္ဌသံဂါယနာတင် သဘင်ကြီးအမှီ စာပေ ဝိဒူ ရဟန်း, ရှင်, လူတို့ အနှစ်သက်ဆုံးဖြစ်သော ဤမည်သော သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းကြီး တစောင်ကို ပြီးမြောက်အောင် ပြုစုနိုင်ခဲ့သည်။ တစ်ဖန်လည်း သမ္မာမဂ္ဂင်္ဂပဉှာ ကျမ်း, မြန်မာပါဠိ အဘိဓာန်ကျမ်း, မြန်မာမှ မြန်မာသို့ စံပြအဘိဓာန်ကျမ်း, ယောဂီလက်စွဲကျမ်းတို့ကိုလည်း ရေးသားခဲ့သည်။ ဘဝနိဂုံးပိုင်း ဆရာတော်သည် ဒကာဒကာမများလှူဒါန်းကြ၍ ရရှိလာသော နဝကမ္မများနှင့် ပစ္စည်းလေးပါးတို့ကို ပြန်လည်လှူဒါန်းခြင်း၊ ရေတွင်းရေကန်များ လှူဒါန်းပြုပြင်ခြင်း၊ စာကြည့်တိုက်များနှင့် လိုအပ်သူများသို့ စာအုပ်စာတမ်းများ လှူဒါန်းခြင်း၊ မိမိဇာတိရပ်ရွာဖြစ်သည့် ခနောင်ထော်ရွာ၊ ကျောင်းရွာတို့၌ ဘုရားကျောင်းကန်များ တည်ထားပြုပြင် လှူဒါန်းခြင်း စသည့်ပါရမီအမျိုးမျိုးကို ဖြည့်ဆည်းခဲ့သည်။ ဝိပဿနာတရားစခန်းကျောင်းတိုက်များ၊ စာသင်တိုက်ကြီးများသို့ အခါအားလျော်စွာ ကြွရောက်၍ လိုအပ်သည်များ စောင့်ရှောက်ကူညီ ပေးလေ့ရှိခဲ့သည်။ မင်္ဂလာဗျူဟာ ပိဋကတ် ၃-ပုံပဒေသာဆရာ ဖြစ်သင်တန်းကဲ့သို့ သာသနာပြုသင်တန်း အမျိုးမျိုးကိုလည်း ပို့ချသင်ကြားပေးခဲ့သည်။ မိမိကျောင်းတိုက်တွင် ဖျာပုံတိုက်သစ် ဝိပဿနာပြန်ပွားရေး အဖွဲ့၊ ဖွဲ့စည်းစေပြီး ကိုယ်တိုင် ဟောပြော ပြသကာ ယောဂီများအား တရားဘာဝနာများ လက်တွေ့ကျင့်ကြံ ပွားများစေခဲ့သည်။ မြန်မာ့အသံမှလည်း ဝိပဿနာတရားနှင့် တရားဒေသနာများ ဟောပြောပေးခဲ့ဘူးပါသည်။ သက်တော်ကြီးရင့်ချိန်မှာပင် ဖျာပုံမြို့၊ မြိတ်မြို့များသို့ ကြွရောက်၍ ကန်တော့ခြင်း၊ လှူဒါန်းခြင်း၊ ဟောပြောခြင်း၊ စသော ပြုဖွယ်ကိစ္စများကို မလစ်ဟင်းစေဘဲ ဆောင်ရွက်ခဲ့သည်။ အမြဲလိုလို ဂုဏ်တော်ပုတီးစိပ်ပြီး ပြုံးပြုံးရွှင်ရွှင် နေလေ့ရှိသည်။ ဗေဒင် လက္ခဏာ အကြားအမြင်စသည့် ပညာရပ်များ သိရှိတတ်ကျွမ်းသော်လည်း လူသိမခံဘဲ နေလေ့ရှိသည်။ မကျွတ်မလွတ်သူ ဘဝကူး မကောင်းသူများကို မိမိ၏ သီလ သမာဓိ ပညာ အစွမ်းများဖြင့် ကူညီလေ့ရှိသည်။ ကျောင်းနေသံဃာ တစ်ပါး, နှစ်ပါးသာထားပြီး၊ (မဆလ ဝန်ကြီး များနှင့် တိုက်ရိုက် မဆက်ဆံလို၍) ကျောင်းအတွက်လှူသော တယ်လီဖုံးကို ကျောင်းတွင်မထားခဲ့ပါ။ ၈၈-အရေးအခင်းကာလတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများကို ကူညီခဲ့ဘူးပြီး သတင်းအမှန် ရရှိ စိစစ်နိုင်ရေးအတွက် ဘီဘီစီ စသောသတင်းများကို နားထောင်တော်မူလေ့ရှိသည်။ ၁၃၅၂-ခုနှစ် လေဖြတ်ဝေဒနာ ခံစားရပြီး နောက်ပိုင်းတွင်၊ စကားပြောမိန့်ခြင်း မရှိတော့ဘဲ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်လျက် ဂုဏ်တော်ပုတီးကိုသာ စိပ်နေခဲ့သည်။ ၁၃၆၁- ခုနှစ် နတ်တော် လဆန်း ၁၀-ရက် သောကြာနေ့၊ သက်တော် ၉၃-နှစ်အရွယ်တွင် ပျံလွန်တော်မူခဲ့ပါသတည်း။ ကိုးကား ဗုဒ္ဓဘာသာရဟန်းများ မြန်မာ စာရေးဆရာများ မွန်လူမျိုးများ မြန်မာ အဘိဓာန်ပြုစုသူများ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ ရဟန်း စာဆိုတော်များ ၁၉၀၆ မွေးဖွားသူများ ၁၉၉၉ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%BB%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%9E%E1%80%85%E1%80%BA%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ချင်းမိုင်တက္ကသိုလ်
ချင်းမိုင်တက္ကသိုလ် (; - မဟာဝိဒျာလယ်ချေီယင်ဟ္မိုင်) သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင်ရှိသည်။ မြန်မာတို့က ချင်းမိုင်ကို ဇင်းမယ်အဖြစ်သိကြသည်။ ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလတွင် ထိုင်းဘုရင် ဘူမိဗလ် အဒုလျဒေ့ကျ်၏ တော်ဝင်ချာတာ (Royal Charter) ခွင့်ပြုချက်ဖြင့် စတင်တည်ထောင်သည်။ အတိုကောက်အားဖြင့် CMU, ဒေသအခေါ်အားဖြင့် အတိုကောက် “မောချော (; Mor Chor)” ဟု တွင်သော ချင်းမိုင်တက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများအခြေချနေထိုင်သော ထိုင်းနိုင်ငံမြောက်ပိုင်း၌ ပထမဆုံးသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်းဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ ပထမဆုံးသော ခရိုင်တက္ကသိုလ်လည်းဖြစ်သည်။ နောက်ခံသမိုင်း စတင်ဖွင့်လှစ်ခါစ၌ မူလအားဖြင့် မဟာဌာနကြီး သုံးခုရှိသည်။ သိပ္ပံ၊ လူမှုသိပ္ပံနှင့် လူမှုရေးဘာသာရပ်ဌာနတို့ဖြစ်သည်။ ယနေ့ခေတ်၏ လိုအပ်ချက်၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု (ဥပမာ - CDCE)၊ ကျောင်းသားများ၏ စိတ်ဝင်စားလျှောက်ထားမှု (ဥပမာ - နာနိုသိပ္ပံ) တို့အရ ဌာနများတို့ချဲ့သည်။ ယနေ့ခေတ် CMU တွင် ဌာနခွဲပေါင်း ၁၀၇ ခုပါဝင်သော မဟာဌာန ၁၇ ခု နှင့် Graduate School ရှိသည်။ လျှောက်ထားနိုင်သော ပရိုဂရမ်ပေါင်း ၂၅၃ ခုရှိသည်။ Certificate ပရိုဂရမ် ၂ ခု၊ ရိုးရိုးဘွဲ့တန်း ၈၇ ခု၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာ ၁၆၃ ခုရှိပြီး ကျောင်းသားကျောင်းသူပေါင်း ၂၅,ဝ၀ဝ ကျော်ရှိသည်။ ထို့ပြင် နိုင်ငံတာကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားသော ရိုးရိုးဘွဲ့တန်း ၂ ခုနှင့် မဟာနှင့် ပါရဂူတန်း ၁၈ ခုရှိသည်။ နိုင်ငံတကာတန်းများသည် လူမှုသိပ္ပံ၊ ကျန်းမာရေးသိပ္ပံနှင့် သိပ္ပံနှင့်နည်းပညာဌာနများ၌ ရှိသည်။ နိုင်ငံတကာ၊ ဌာနဆိုင်ရာနှင့် ဌာနခွဲဆိုင်ရာအားဖြင့် CMU သည် ၂၇ နိုင်ငံမှ တက္ကသိုလ်၊ အင်စတီကျု၊ နိုင်ငံတကာ အဖွဲ့များနှင့် ပူးတွဲဆောင်ရွက်မှု၊ နားလည်မှုစာချွန်ရေးထိုးထားမှု ၁၄၆ ခုရှိသည်။ ယင်းသဘောတူညီချက်၊ ပူးပေါင်းဆောင်ရွက်မှုများတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကျမ်းကြီးကြပ်မှု၊ ပရောဂျက်အတိုင်ပင်ခံ၊ ပူးတွဲသုတေသန၊ ဆရာနှင့် ကျောင်းသား အပြန်အလှန်ဆက်သွယ်လုပ်ကိုင်မှု၊ ပူးတွဲ ဆယ်မီနာကျင်းပခြင်းနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့ အကျုံးဝင်သည်။ မဟာဌာနများ စိုက်ပျိုးရေးဌာန လယ်ယာ-စက်မှုဌာန ဗိသုကာဌာန ဆေးသိပ္ပံဘက်ဆိုင်ရာဌာန စီပွားရေးစီမံခန့်ခွဲမှုဌာန သွားဘက်ဆိုင်ရာဌာန စီပွားရေးဌာန ပညာရေးဌာန အင်ဂျင်နီယာဌာန ရသပန်းချီဌာန လူမှုဘာသာရပ်ဌာန ဥပဒေဌာန ဆေးပညာဌာန သူနာပြုဌာန ဆေးဝါးဌာန သိပ္ပံဌာန လူမှုသိပ္ပံဌာန တိမွေးကုဌာန လူထုဆက်သွယ်ရေးဌာန လုပ်သားကောလိပ် တက္ကသိုလ်ပရဝုဏ်များ ထင်ရှားသော ကျောင်းသားဟောင်းများ ဘန်ကောက်မြို့တော်ဝန် အပီရတ် ကိုစာယိုထင် ထိုင်းပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် ကိုးကား ပြင်ပလင့်ခ်များ ထိုင်းနိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
အပြင် ၃၇ မင်း
ယခုအခါမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်အရ သုံးဆယ့်ခုနစ်မင်း နတ်ဟူ၍ အထင်အရှားရှိနေရာ၊ အချို့ကနှစ်သက်စွာလက်ခံကြ၍၊ ဗုဒ္ဓတရားတော်ကိုပြတ်သားစွာ လက်ခံကျင့်သုံးသူ အချို့တို့ကမူဝေဖန်ရှုတ်ချကြသည်။ သုံးဆယ့်ခုနစ်မင်းဆိုရာ၌ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းဟူ၍ရှိရာတွင် ယခုအခါ ယုံကြည်ကိုးကွယ်နေကြသော ၃၇ မင်းကား အပြင် ၃၇ မင်းပင်ဖြစ်သည်။ နတ်ကိုးကွယ်ခြင်းသည် ရှေးခေတ်ကတည်းက အစဉ်အလာရှိခဲ့ရာ အနော်ရထာမင်း မတိုင်မီအထိ နန်းစဉ်အသိအမှတ်ပြုခဲ့သော အရေအတွက်မှာ ၃၆ မင်းသာရှိခဲ့သည်။ ထိုနတ်တို့ အနက် မဟာဂိရိနတ်သည် ပထမဆုံးနတ်ဖြစ်သဖြင့် နတ်တို့၏အကြီးအကဲဖြစ်ခဲ့သည်။ သို့သော်လည်း အနော်ရထာမင်းလက်ထက်တွင် မဟာဂိရိနတ်ကို နတ်အကြီးအကဲနေရာတွင်မထားလို ရကား ဗုဒ္ဓဘာသာနတ်ဖြစ်သည့် သိကြားနတ်အား နတ်တို့၏အကြီးအကဲအဖြစ်ထား၍ နတ်တို့၏အရေအတွက်ကို ၃၇ သို့ပြောင်းလိုက်ပြီးလျှင် ယင်းတို့၏ရုပ်ပုံများကို ထုလုပ် ကာရွှေစည်းခုံဘုရား၏ တံတိုင်းအပြင်ဘက်၌ ထားရှိကိုးကွယ်လေသည်။ သို့ဖြင့် အပြင် ၃၇ မင်း နတ်ဟူ၍ ဖြစ်ပေါ်လာ လေသည်။ အနော်ရထာမင်း နတ်ရွာစံတော်မူပြီးသည့်နောက်၌ကား ၃၇ မင်း၏ အရေအတွက်ကို မည်သည့်မင်းမျှ မပြောင်းဝံ့ကြချေ။ သို့သော်အနော်ရထာမင်း လက်ထက်က ပြုလုပ်ခဲ့သော ၃၇ မင်း နတ်စာရင်းသည်ကာလကြာမြင့်လတ်သော် မူလစာရင်းအတိုင်းမရှိတော့ဘဲ အချို့နတ်ဟောင်းများ နေရာတွင် နတ်သစ်များဖြင့်အစားထိုးခဲ့ကြပြီးလျှင် အချို့ အမည်တူသည့်ရှေးနတ်များနှင့် နောက်နတ်သစ် များကိုလည်း ပေါင်းလိုက်ကြပြန်သည်။ သို့ဖြင့်အခါအား လျော်စွာမင်း အဆက်ဆက်တို့၏အမိန့်ဖြင့် ၃၇ မင်းနတ်စာရင်းကို သတ်မှတ်လာခဲ့ကြသည်။ အင်းဝ--ငါးထပ်ကြီးဒါယကာမင်း (ပင်းတလဲ) (မြန်မာ ၁ဝ၁ဝ-၁ဝ၂၃) လက်ထက်တွင် စာရင်းဟောင်းတို့ကို သုတ်သင်ပြင်ဆင်၍ အပြင်၃၇ မင်း စာရင်းသစ်တစ်ခု ရေးသည်ဟုမှတ်တမ်း ရှိသည်။ ထိုမှတ်တမ်းကိုမတွေ့ရသော်လည်း သက္ကရာဇ် ၁၁၆ဝ ပြည့်နှစ်တွင်နန်းတက်သော မာန်အောင်ဒါယကာစနေမင်း၊ နောက်တနင်္ဂနွေမင်း၊ နောက် ဟံသာဝတီ ရောက်မင်း ဤမင်းသုံးဆက်မီသောဝန်ကြီးပဒေသရာဇာသည် ၃၇မင်း နတ်ချင်းများကိုရေးခဲ့ရာဝန်ကြီး ပဒေသရာဇာ၏ ၃၇ မင်း နတ်သံစာရင်းမှာ ထိုသို့ပြင်သည်ဆိုသော စာရင်းအရ ရေးသားခြင်းဖြစ်မည်ဟု တွေးရန်ရှိ၏။ ဘိုးတော်လက်ထက် ၁၁၆၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ရက်နေ့တွင် ရှေးအစဉ် အဆက်က ပသခဲ့သော ၃ရမင်းနတ်တို့ကိုပွဲကနားပေးရာ၌ မည်သို့ ကခုန်သည့် အချက်အလက် တို့ကိုနတ်ထိန်း နတ်နေအတီးသမားတို့အား မေးစစ်မှတ်သားရမည်ဟု အိမ်ရှေ့ဘုရားအမိန့်တော်နှင့် ဦးစ (နောင်မြဝတီမင်းကြီးဦးစ) သည်ဆိုင်းဆရာဦးမြသာ၊ ဦးတရုတ်စသည်တို့ကို မေးစစ်ရသည်။ ထိုနောက် ဘကြီးတော်လက်ထက် ၁၁၈၂ခုနှစ်သီတင်းကျွတ်လဆန်း ၄ရက်နေ့တွင်ဒုတိယ အကြိမ်အားဖြင့် ၃၇ မင်းနတ်အကြောင်းကိုဦးစ စုံစမ်းရပြန်သည်။ ယင်စုံစမ်းချက်မှာ ယခင် ၁၁၆၇ ခုနှစ်ကစုံစမ်း ချက်တို့၏အဆက်ဖြစ်၏။ နတ်ထိန်းကြီး ကဝိဒေဝကျော်၊ ရာဇဝင်ဦးနုစသော ရာဇဝင်တတ်တို့နှင့် ညှိနှိုင်း၍ ၃၇မင်းနတ်စဉ်အမျိုးအမည် အတ္ထုပ္ပတ္တိ ဆင်ယင် ပသနည်း၊ တီးမှုတ်နည်း နှင့်နတ်သံများကို ရွှေနန်းတော်သို့ရေးမှတ်အစီရင်ခံရလေသည်။ ၃၇ မင်း နတ်စာရင်း အောက်ပါ အပြင် ၃၇ မင်းနတ်များမှာ မြဝတီမင်းကြီး၏ မှတ်စုစာရင်း ဖြစ်သည်။ မူကွဲများလည်း ရှိကြသည်။ သိကြားမင်း (သက္ကမင်း) မဟာဂီရိနတ် (မောင်တင့်တယ်) နှမတော် မမြတ်လှ (မောင်တင့်တယ်၏ နှမတော်) ရွှေနဘေနတ် (မင်းတုန်းမြို့သူ၊ မောင်တင့်တယ်၏ ဇနီး) သုံးပန်လှနတ် (မောင်တင့်တယ်၏ နှမ၊ မနှဲမိ (ခေါ်) မနှဲလေး၏ မိခင်) မနှဲလေး (ခေါ်) မနှဲမိ (သုံးပန်လှနတ်၏ သမီး) တောင်မကြီး ရှင်ညို မြောက်မင်း ရှင်ဖြူ ( ရွှေနပေ ၏ သား) ထီးဖြူဆောင်းနတ်( အနော်ရထာ၏ ခမည်းတော် ကွမ်းဆော်မင်း ) ထီးဖြူဆောင်း မယ်တော်နတ် (ကွမ်းဆော်မင်း၏ မယ်တော်) ပရိမ္မရှင်မင်းခေါင် (ကွမ်းဆော်မင်း၏ သား) ရွှေဖျင်းကြီး၊ တောင်ပြုံးမင်းကြီး (ဗျတ္တ၏ သား) ရွှေဖျင်းငယ်၊ တောင်ပြုံးမင်းလေး(ဗျတ္တ၏ သား) မန္တလေး ဘိုးတော် (ရွှေဖျင်းညီနောင်ကို ပြုစု မွေးမြူခဲ့သူ) ရှင်ကွ (မန္တလေး ဘိုးတော်၏ နှမ) ညောင်ချင်းအိုနတ် ( သထုံမနူဟာမင်း၏ အနွယ် )(ခြေတိုလက်တို ညောင်ချင်းအို) မင်းစည်သူ အလောင်းစည်သူမင်း (၄၇၃-၅၂၉) မင်းသား ဒန်းမောင်ရှင် (အလောင်းစည်သူမင်း ရဲ့ သားတော်၊ ဒန်းစီးယင်း ပြုတ်ကျ၍ သေသည်။) ကျော်စွာနတ် (ပခန်းမင်း (သို့) ကိုကြီးကျော် (သို့) မင်းကျော်စွာနတ်) အောင်စွာမကြီး ( ပုဂံ နရပတိမင်း၏ အမတ် ငအောင်စွာ ) ရွှေစစ်သင် မြင်းဖြူရှင်နတ် ( ပုဂံ စောမွန်နစ်မင်း၏သား) မယ်တော် ရွှေစကားနတ် (ပုဂံ စောမွန်နစ်မင်း၏မိဘုရား) ငါးစီးရှင်ကျော်စွာ(ပင်းယ သီဟသူ၏ သား ) မင်းတရားနတ်|တရဖျားမင်း( အင်းဝမင်းခေါင်၏ နောင်တော် ဆင်ဖြူရှင်တရဖျား) မောင်ပိုးတူနတ် အနောက်မိဖုရား ( အင်းဝမင်းခေါင်၏ အနောက်ဆောင်မိဘုရား) အောင်ပင်လယ် ဆင်ဖြူရှင်နတ် (သီဟသူမင်း) ရှင်ကုန်း (အောင်ပင်လယ် ဆင်ဖြူရှင်နတ် ၏ ကိုယ်လုပ်တော်) ရွှေနော်ရထာ ( အင်းဝ ဒုတိယမင်းခေါင်၏ မြေး) မင်းရဲအောင်တင် (သာလွန်မင်း) မောင်မင်းဖြူ ( အင်းဝခေတ်မှ ဘုရင့်သားတော် ) ရှင်တော်နတ် တပင်ရွှေထီးနတ် မြောက်ဘက်ရှင်မ ( တပင်ရွှေထီး၏ အထိန်းတော်) တောင်ငူရှင်မင်းခေါင် ( မြောက်ဘက်ရှင်မ နှင့် မင်းရဲသိင်္ခသူ တို့၏သား) သံတော်ခံ ယွန်းဘုရင် ( ဇင်းမယ်ဘုရင် ဗြသံ) ဤစာရင်းအရ အပြင် ၃၇ မင်းမှာအနော်ရထာမင်း လက်ထက်ကစာရင်းအတိုင်းမဟုတ် တော့ဘဲ ပုဂံခေတ် နောက်ပိုင်း၊ ပင်းယ၊ အင်းဝ၊ တောင်ငူခေတ်တို့ကျမှ ထပ်၍ပြောင်းလဲ ဖြည့်စွက်ခြင်းများဖြစ်သည်ကို တွေ့ရသည်။ ၁။ သိကြားနတ်မှစ၍ ၁၆၊ ညောင်ချင်းအိုနတ်အထိ ၁၆ ဦးမှာအနော်ရထာမင်း လက်ထက်နတ်များဖြစ်ကြသည်။ ၁၇၊မင်းစည်သူနတ်မှ၂၂၊ မယ်တော်ရွှေ စကား နတ်အထိခြောက်ဦးသည် အနော်ရထာနောက်ပုဂံခေတ်နတ်များဖြစ်ကြသည်။ ၂၃၊ငါးစီးရှင်နတ်သည် ပင်းယခေတ်ကနတ်ဖြစ်သည်။ ၂၄၊မင်းတရားနတ်မှ ၃၂၊ရှင်တော်နတ်အထိကိုးဦးမှာ အင်းဝခေတ်က နတ်များဖြစ်ကြသည်။ ၃၃၊တပင်ရွှေထီးနတ်မှ ၃ရ၊ ယွန်းဘုရင်းနတ် အထိငါးဦးမှာတောင်ငူ ခေတ်နတ်များ ဖြစ်ကြသည်။ ဝန်ကြီး ပဒေသရာဇာ ပြုစုထားသည့် စာရင်းနှင့် မတူပေ။ (၁၈)ယောက်ပဲ တူသည်။ (၁၉)ယောက်မှာ ကွဲပြားသည်။ ထိုမှတစ်ပါး ၁၂၁၈-ခုနှစ်၊ တပိုတွဲလဆန်း ၈ရက်တနင်္ဂနွေနေ့၊ မန္တလေးရတနာပုံ ပထမ မြို့တည်နန်းတည်အခါတော်၊ တောခုတ်အခါတော်မှစ၍ ပန္နက်စိုက်ထူအခါတော်၊ မြေသနစ်အခါ တော်၊ တိုင်ထူအခါတော်၊ အုတ်မြစ်စီခင်းအခါတော်၊ နန်းသိမ်း အခါတော်တို့၌တင်ကြားပသပူဇော်ရန် ဒီပဲယင်းဆရာတော်၊ စံကျောင်းဆရာတော်စသော တံဆိပ်တော်ရဆရာတော်ကြီး ရှစ်ပါးနှင့် သတိုး မင်းကြီးမဟာမင်းလှကျော်သူ၊ ပုခန်းမြို့စားဝန်ကြီး၊ သတိုးမင်းကြီးမဟာမင်းလှစည်သူ စသောလူ ပညာရှိပုဂ္ဂိုလ်ကြီး ၁၃-ဦးစီမံထားသော မန္တလေးရွှေမြို့တော်တည် စာတမ်းလာစာရင်းအရ အပြင် ၃၇ မင်းနတ်စာရင်းလည်းရှိသေး၏။ ထိုစာရင်းသည် အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သော စာရင်း နှင့်မတူ ချေ။ ထိုစာရင်းတွင်သိကြား၊ နှမတော်၊ ကျော်စွာ၊ တောင်ငူရှင်မင်းခေါင်တို့မပါဘဲ၊ ယင်းတို့ အစား တောင်ကြီးရှင်၊ မယ်တော်ရွှေအိမ်စည်။ ဘိုးမင်းကျော်၊ ကိုးကျောင်းဒကာတို့ပါလာသည်။ ကြွင်းသော ၃၃ပါးတို့ကား တူညီကြသည်။ သိကြားနတ် သိကြားနတ်သည် မိုးနှင့်မိုးကြိုးကိုအစိုးရသည်။ လူတို့ကိုကာကွယ်စောင့်ရှောက်၍ လူတို့၏ ဆင်းရဲချမ်းသာ၊ ကောင်းကျိုးဆိုးကျိုးကို စီမံစီရင်သူဖြစ်သည်ဟုဆိုသည်။ ရုပ်တုတွင် အောက်ခံဆင် ရုပ်၊ ဦးခေါင်းသုံးလုံးခံထားသည်။ ယင်းအပေါ်က ပဒုမာကြာပွင့်တွင် မတ်ရပ်ထလျက် လက်ယာလက် ကခရုသင်း၊ လက်ဝဲက သားမြီးယပ်ကိုင်းကာ သိကြားအဝတ်တန်ဆာအစုံနှင့်ရှိသည်။ မဟာဂီရိနတ် မဟာဂီရိနတ်သည် တကောင်းမြို့မှ ပန်းဘဲမောင်တင့်တယ်ဖြစ်သည်။ အင်အားအစွမ်းကြီးမား၍တကောင်းဘုရင်က စိုးရိမ်သဖြင့် ဖမ်းဆီးရာ ထွက်ပြေးရသည်။ ထိုအခါဘုရင်က မောင်တင့်တယ်၏နှမကိုမိဖုရားမြှောက်၍ မောင်တင့်တယ်ကို လှည့်ဖြားခေါ်ယူပြီးလျှင်ဖိုကျင်ထိုးသတ်ရာမှ နတ်ဖြစ်သည်။ နတ်ရုပ်မှာဆင်ဖြူခုံတွင်ဘီလူးဆင့်သည်။ ယင်းအပေါ်တွင် မတ်ရပ်ထလျက် မင်းသားတို့၏ အဆောင်အယောင် ဗောင်းနားတောင်းစလွယ်နှင့် ယာလက်ကယပ်၊ ဝဲလက်က ဓားကိုင်ထားသည်။ နှမတော် မမြတ်လှ နှမတော်နတ်သည် မောင်တင့်တယ်၏နှမဖြစ်သည်။ မောင်တင့်တယ်ကို ဖိုကျင်ထိုးသတ်ရာ၌ အစ်ကိုနှင့်အတူ မီးပုံတွင်ဆင်း၍ သေရာမှ နတ်ဖြစ်သည်။ နတ်ရုပ်မှာ ဆင်နက်မ အရုပ်ခုံတွင် ဘီလူးရုပ်ဆင့်သည်။ ယင်းအပေါ်တွင် မတ်ရပ်ထလျက် ယာလက်ရှိလက်မလက်ညှိုးက ကြစုသီးကိုင်၍ ရင်ကိုပိုက်နေဟန်၊ ဝဲလက်က ကိုယ်ကို မြှောင်လျက် ချထားဟန်ဖြစ်သည်။ ရွှေနဘေနတ် ရွှေနဘေနတ်သည် သရက်မြို့အနောက်ဘက်တွင်ရှိသော မင်းတုန်းမြို့သူဖြစ်သည်။ နဂါးနှင့် ညားပြီးနောက် လင်ပစ်သွားသဖြင့် စိတ္တဇနှင့်သေရာမှ နတ်ဖြစ်သည်ဟု ဆိုသည်။ အချို့ကရွှေနဘေသည် နဂါးမျိုးဖြစ်၍ မောင်တင့်တယ်နှင့်ပြေးလွှားနေရစဉ်တွင်ညားသည်။ ဥနှစ်လုံးမွေးဖွားပြီး သေသည်ဟုဆိုသည်။ တစ်မျိုးကား ရွှေနဘေသည် တောလုလင်တစ်ယောက်နှင့် ညားပြီးလျှင် လင်ပစ်သွား သဖြင့် စိတ္တဇနှင့်သေသည်ဟုဆိုသည်။ နတ်ရုပ်မှာ ကြာခုံပေါ်တွင် မတ်ရပ်ထလျက် ဦးခေါင်းတွင် နဂါးလည်ပေါ် စည်းပုံဆောင်း၊ဆူးနားတောင်းပန်ထားသည်။ ယာလက်က ရင်ကိုပိုက်၍ ဝဲလက်က ကိုယ်ကိုမြှောင်၍ချထားသည်။ သုံးပန်လှနတ် သုံးပန်လှနတ်မှာ မောင်တင့်တယ်၏ နှမအထွေး ပုပ္ပါးရွှေမျက်နှာခေါ်နှမတော်ကြီး၏ညီမ၊ တကောင်းမြို့သူဖြစ်သည်။ မောင်တင့်တယ်တို့ အမှုဖြစ်သည့်ကာလ သုံးပန်လှသည် ရခိုင်မြို့သို့ရောက်ရှိ၊ ရခိုင်မင်းက သမီးပြု၍ မွေးထားပြီးလျှင် ဥက္ကလာပမင်း သမိန်ထောသို့ဆက်၍ မိဖုရားဖြစ်သည်တွင် သမီးရှင်နဲမိကိုမြင်သည်။ ထိုနောက်တကောင်းမြို့ရှိ ဆွေမျိုးတို့ကို တွေ့လို၍ဥက္ကလာပမြို့က ဆန်တက်လာရာ အင်းဝမြို့အနောက် တပယ်ထောင့်ရစ်ရွာ သို့ရောက်လျှင် ရုတ်တရက်ဖျား၍ သေရာမှနတ်ဖြစ်သည်။ နှစ်နှစ်သမီးမျှရှိသော ရှင်နဲမိသည်လည်း မယ်တော်ကို လွမ်းဆွတ်သည်နှင့် ထောင့်ရစ်ရွာတွင်ပင်သေ၍ နတ်ဖြစ်သည်။ တစ်နည်းကား ဟံသာဝတီမြို့ ကန်စွမ်းနိမ့်ရွာသူဖြစ် သည်။ တနေ့သုံးကြိမ် သုံးပန်လှသည်ဖြစ်၍ ဒွတ္တပေါင်မင်းကြီး ကြားသဖြင့် မိဖုရားမြှောက်ရန် မင်းချင်းတစ်ယောက်အား လွှတ်၍ခေါ်စေ၏။ လမ်းတွင်မင်းချင်းနှင့်သုံးပန်လှတို့ ရည်ငံကြရာ နန်းတော် တံခါးဝသို့ရောက်ရာတွင် သုံးပန်လှအား ထားခဲ့ပြီးသော် မင်းချင်းတစ်ယောက်တည်းဝင်၍ သုံးပန်လှသည် အလွန်လှပသော်လည်း ကိုယ်လက်အလွန်ကြီးမားသော ကြောင့် မြို့တံခါးမဆံ့၍မသွင်းယူနိုင်ကြောင်းလိမ်လည် တင်လျှောက်လေ၏။ မင်းကြီးယုံကြည်သဖြင့် မြို့ပြင်တွင် နေစေ၏။ နောက်၌ မင်းကြီးကလည်းမသိမ်းပိုက်၊ မင်းချင်းကလည်း ပစ်ထားသောကြောင့် စိတ္တဇနှင့် သေရာ၌ နတ်ဖြစ်သည်ဟုဆိုသည်။ မသေမီသမီးတစ်ယောက် ဖွားမြင်၏။ ထိုသမီးကားရှင်နဲမိပင်တည်း။ နတ်ရုပ်မှာ ဆင်ရုပ်ခံ ဘီလူးခုံတွင် မတ်ရပ်ထလျက်၊ ဆံကျစ် မြိတ်ရစ်ထုံးကာ ယာလက်ကရင်ကိုမ၍ဝဲလက်က ကိုယ်မှာ မြှောင်ချထားသည်။ မနှဲလေး ရှင်နဲမိသည် အထက်ပါသုံးပန်လှ၏သမီး ဖြစ်သည်။ နတ်ရုပ်မှာကြာခံပလ္လင်ပေါ်တွင်မတ်ရပ်ထလျက် လက်ကောက်၊ ပုတီး၊ စည်းပုံနှင့်လက်နှစ်ဖက်ကိုလွှဲချကာ ကလေးရုပ်တု လုပ်ရသည်။ တောင်မကြီး ရှင်ညိုနှင့် မြောက်မင်း ရှင်ဖြူ တောင်မကြီးရှင်ညိုနတ်နှင့် မြောက်မြင်းရှင်ဖြူနတ်များသည် ရွှေနဘေ၏သားများဖြစ် သည်။ ဒွတ္တပေါင်မင်းကြီးထံတွင်ခစားနေရာ ယင်းတို့၏အစွမ်းသတ္တိကို မင်းကြီးသိရှိသဖြင့် မင်းကြီးစိုးရိမ်သောကြောင့် ညီနောင်နှစ်ယောက်ကို လက်ဝှေ့လက်ပန်းထိုးကြစေသည်။ နှစ်ယောက်စလုံးရင်ကွဲ၍သေရာမှ နတ်ဖြစ်ကြသည်ဟု ဆိုသည်။ တောင်မကြီး ရှင်ညိုနတ်ရုပ်မှာ ကြာခံခုံ၊ လက်ဝဲလက်ယာသုံးဖက်စီ၊ ပေါင်းလက်ခြောက်ဖက်ရှိ၏။ ဤထက် ဝဲယာနှစ်ဖက်က လက်အုပ်ချီ၍ရင်မှာကပ် ထားသည်။ ကျန်လက်ဝဲနှစ်ဖက်က တုတ်နှင့်သိုင်း၊ ယာလက်နှစ်ဖက်က ဓားနှင့်လှံကိုင်ထားသည်။ ဦးခေါင်းတွင်မောက်တိုဆောင်း၍ စစ်ဝတ်တန်ဆာအပြည့်အစုံနှင့်ရှိသည်။ မြောက်မင်းရှင်ဖြူနတ် ရုပ်လည်း ထိုအတူပင် လက်ခြောက်ဖက်နှင့်ရှိသည်။ ထီးဖြူဆောင်းနတ် ထီးဖြူဆောင်းနတ်သည် ပုဂံနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်မင်း(၃၂၆-၃၄၈)ဖြစ်သည်။ ကြည်းစိုးနှင့်စုက္ကတေးမင်းတို့က ပုန်ကန်လှည့်စား၍ ရဟန်းပြုစေသဖြင့် ရဟန်းအဖြစ်နှင့် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာပလ္လင်ခုံပြန့်ပေါ်တွင် တင်ပျဉ်ခွေလျက်၊ သင်္ကန်းဒူးကုဋ်တင်ဟန်နှင့်မိုးကြိုးသွားပုံ ဒေါက်ချာဆောင်းထားသည်။ ယာလက်ကသရဘတ် ကိုင်၍ (ယပ်ကိုင်၍) ဝဲလက်ကဒူးပေါ်ထောက်ထားသည်။ ထီးဖြူဆောင်းမယ်တော်နတ် ထီးဖြူဆောင်းမယ်တော်နတ်သည် ကွမ်းဆော်မင်း၏မယ်တော်ဖြစ်သည်။ နတ်ရုပ်မှာကြာခံခုံပေါ်တွင် ကျုံ့ကျုံ့ထိုင်၍၊ ယာလက်ကဝမ်းကိုပိုက်၍၊ ဝဲလက်ကပေါင်ပေါ်ထောက်ထားဟန် ဆံထုံး၊ ဆံမြိတ်၊ ဆံထိုးနှင့်ရှိသည်။ ပရိမ္မရှင်မင်းခေါင်နတ် ပရိမ္မရှင်မင်းခေါင်နတ်သည် ပဋိသန္ဓေကိုးလနှင့်ပါလာသော ကွမ်းဆော်မင်း၏မိဖုရားတစ်ဦးမှမွေးသည်ကျည်းစိုးမင်း ( ၃၄၈-၃၅၄) ဖြစ်သည်။ ကွမ်းဆော်မင်းသည် ကျည်းစိုးအား သားအရင်း ကဲ့သို့သဘောထားကာ ပရိမ္မရွာကို အပိုင်စား ပေးသနားတော်မူခဲ့သည်။ ထိုနောက်ကျည်းစိုးမင်းဖြစ် သောအခါ တစ်နေ့၌တောကစားထွက်ခဲ့၏။ တောတွင် သမင်ပစ်မည်ဟု လေးရွယ်နေစဉ် မုဆိုးတစ်ဦးက ထိုသမင်ကိုပင်ပစ်ရာ ကျည်းစိုးမင်းကို လေးမှန်၍အနိစ္စရောက်ရာမှ ပရိမ္မရှင်မင်းခေါင်နတ်ဟုတွင်သည်။ နတ်ရုပ်မှာအောက်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ၍ ဗောင်းသရဖူဆောင်းလျက်၊ ယာလက်ကဒူး လေးထမ်းဟန်၊ ဝဲလက်ကဝဲဒူးစွန်းကိုထောက်ထားဟန်ရှိသည်။ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်နတ် ရွှေဖျဉ်းကြီးနှင့် ရွှေဖျဉ်းငယ်နတ်တို့သည် ပုဂံအနော်ရထာမင်းလက်ထက်(၄ဝ၆-၄၃၉) သထုံမြို့မှ ကုလားဗျတ္တနှင့် ပုပ္ပါးပန်းစားဘီလူးမတို့၏ သားများဖြစ်သည်။ တောင်ပြုံးအရပ်တွင် အနော်ရထာမင်းဘုရားတည်ရာ၌ အုတ်နှစ်ချပ် လစ်လပ်သည်ဆို၍ ဘုရင်ကကွပ်မျက်ရာမှ နတ်ဖြစ်သည်ဟု ဆိုသည်။ ရွှေဖျဉ်းကြီးနတ်ရုပ်မှာ အောက်ခုံဇွန်းရိုး ပလ္လင်ပြန့်ပေါ်တွင် လက်ျာဒူးထောင်၍ လက်ဝဲဒူးလှဲပြီးလျှင် ယာလက်ကဓားထမ်းကာ ဝဲလက်က ပေါင်ကိုထောက်ကာထောက်ထားသည်။ ဗောင်းနားတောင်း လက်ကောက်တန်ဆာနှင့်ရှိသည်။ ရွှေဖျဉ်းငယ်အတွက်လည်း ပုံအနည်းငယ် ငယ်သည်မှတစ်ပါး ရွှေဖျဉ်းကြီး အတိုင်းထုလုပ်ရသည်။ မန္တလေး ဘိုးတော် မန္တလေးဘိုးတော်နတ်သည် ရွှေဖျဉ်းညီနောင်ကို ဘုရင့်အမိန့်အရ မွေးထားရသူပုဏ္ဏားသားဖြစ်သည်။ ညီနောက်နှစ်ယောက် ရာဇဝတ်သင့်ရာတွင်ရော၍ ကွပ်မျက်ခံရသည်။ ရွှေဖျဉ်းညီနောင်တို့ကအဘိုးဟု ခေါ်ရာမှ ဘိုးတော်ဟုတွင်သည်။ မန္တလေးအရပ်တွင် အသတ်ခံရ၍ မန္တလေးဘိုးတော် ဟုခေါ်သည်။ နတ်ရုပ်မှာ အောက်ခံပလ္လင်ခုံတွင် မတ်ရပ်ထားလျှက် ဗောင်းဆင်ပြီးလျှင် ဝဲဓားထမ်းသည်။ ယာလက်နှင့်လက်ညှိုး လက်ဖျစ်ပြဟန် ထုလုပ်ထားသည်။ ငါ့မှာ 'လက်တဆစ်မျှအပြစ်မရှိ' ဟုဆိုလိုသည်။ ရှင်ကွနတ် ရှင်ကွနတ်သည် မန္တလေးဘိုးတော်၏ နှမဖြစ်သည်။ ရွှေဖျဉ်းညီနောင်အရေးတွင် မန္တလေးဘိုးတော်နှင့်အတူရော၍အသက်ခံရကာ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ကြာခံခုံတွင် ဆံထုံးလုလင်ကြည့်၊ ဆံထိုး၊ ဆံကျင်အစုံနှင့် လက်နှစ်ဖက်ကိုတွဲလွဲချကာကွ၍ သွားဟန်ထုလုပ်ထားသည်။ ညောင်ချင်းအိုနတ် ညောင်ချင်းအိုနတ်သည် သထုံမနူဟာမင်းနှင့်အတူ သုံ့ပန်းအဖြစ်ပုဂံသို့ပါလာသော မွန်မင်းသားတစ်ပါးဖြစ်သည်။ ပုဂံနော်ရထာမင်းလက်ထက် ကုဋ္ဌနူနာနှင့်ပုဂံတွင် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာအောက်ခုံလေးထောင့်၊ မတ်ရပ်ထလျှက် လက်ခြေများမှာ လူနူအဟန် ယာလက်တောင်ဝှေးကိုင်၊ ဝဲလက်အထက်မြှောက်ထားဟန်၊ သျှောင်ထုံးနှင့် ထုလုပ်ရသည်။ မင်းစည်သူနတ် မင်းစည်သူနတ်သည် ပုဂံအလောင်းစည်သူမင်းကြီး (၄၅၄-၅၂၉)ဖြစ်သည်။ သားတော်ကုလားကျမင်းခေါ်နရသူမင်းကမျက်နှာတော်ကို အဝတ်ပုဆိုးဖြင့်အုပ်ဖိ၍သတ်ရာမှနတ်ဖြစ်သည် ဟုဆိုသည်။ နတ်ရုပ်မှာအောက်ခုံပလ္လင်၊ ယာဒူးထောက်ဝဲဒူးချ၊ ယာဒူးပေါ်တွင်ယာလက်ရုံးတင်၍ လက်ညှိုးထိုးဟန်၊ ဝဲလက်ကဒူးစွန်းကိုထောက်လျှက် ဗောင်းစလွယ်၊ နားတောင်း ရှေ့ဘယက်နောက်ဘယက်နှင့် ထုလုပ်ရသည်။ ဒန်းမောင်ရှင် မင်းသားဒန်းမောင်ရှင်နတ်သည် ပုဂံအလောင်းစည်သူမင်း၏ သားတော်ကြီးမင်းရှင်စော၏ သားဖြစ်သည်။ သာမဏေအဖြစ်ဖြင့် ဒန်းစီးရာတွင်ဒန်းပေါ်ကကျ၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်။ နတ်ရုပ်မှာပလ္လင်ခုံပြန့်တင်ပျဉ်ခွေ၊ ယာလက်ကစောင်းကိုပိုက်တီး၍ ဝဲလက်ကကြိုးကို ထောက်ဟန်၊ ဗောင်းစလွယ်နှင့်ထုလုပ်ရသည်။ ကျော်စွာနတ် မင်းကျော်စွာနတ် (၉၆-၁၁၆)နှင့်စပ်လျဉ်း၍ ကျော်စွာသုံးဦးရှိနေသည်။ ပုဂံသိန်းခွန်၏ သားဟူ၍လည်းကောင်း၊ ပုဂံအလောင်းစည်သူမင်း (၄ရ၄-၅၂၉) ၏ အမတ်တစ်ဦး ဟူ၍လည်းကောင်း၊ အင်းဝပထမင်းခေါင်၏ သားတော်မင်းရဲကျော်စွာဟူ၍ လည်းကောင်းဆိုသည်။ ပထမအဆို၌ အစ်ကိုစည်သူကသတ်၍ သေသည်ဟူ၍ လည်းကောင်း၊ ဒုတိယအဆို၌ ပုပ္ပါးသူအရက်သည် မဘို့မယ်နှင့်အကြောင်းပါသည်။ ကြက်၊အရက်၊ ပွဲများနှင့် သာပျော်ပါးနေ၍သေသည်ဟူ၍ လည်းကောင်း၊ တတိယအဆိုအရ မွန်တို့နှင့်တိုက်ရသော ဒလစစ်ပွဲတွင်ကျဆုံး သည်ဟူ၍လည်းကောင်းဆိုလေသည်။ နတ်ရုပ်မှာမြင်းစီးလျှက် ယာလက်ကကြီမ်ကိုင်၍ ဝဲလက်ကမြင်းဇက်ကို ကိုင်ထားသည်။ သျှောင်ထုံးနှင့်ထုလုပ်ရသည်။ အောင်စွာမကြီးနတ် အောင်စွာမကြီးနတ်သည် ပုဂံနရပတိစည်သူမင်း (၅၃၆-၅ရ၃) ၏အမတ်ငအောင်စွာဖြစ်သည်။ နရပတိစည်သူက နောင်တော်မင်းယဉ်နရသိင်္ခကိုသွား၍ လုပ်ကြံချေ။ အောင်မြင်လျှင်မရီးတော် တစ်ယောက်နှင့် ပေးစားမည်ဟု ဂတိပေးသည်။ အောင်မြင်သောအခါ၌ကား ဂတိအတိုင်းမပေးစား၍ ထွီဟုဆိုမိသည်နှင့် အကွပ်မျက်ခံရသည်တွင် နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာမြင်းစီးလျှက်၊ လက်ဝဲဇက်ကိုင်၊ လက်ယာဓားထမ်း၊ ခေါင်းထုပ်ဗောင်းနှင့်ရှိသည်။ ရွှေစစ်သင် မြင်းဖြူရှင်နတ် ရွှေစစ်သင်နတ်သည် ပုဂံစောမွန်နစ်မင်း (၆၈၇-၇၃ဝ) ၏သားတော်ဖြစ်သည်။ ခမည်းတော်က စစ်ချီစေရာတွင် ပေါ့လျော့စွာ ကြက်တိုက်ကစားနေသည်နှင့်ခမည်းတော်က ခြေထိပ်ခတ်ထားရာတွင် အနိစ္စရောက်သည်မှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ဇွန်းရိုးပလ္လင်ခံ၊ ယာဒူးထောင်၊ ဝဲဒူးလှဲ၊ ယာလက် ဓားထမ်း၊ ဝဲလက်ကဒူးပေါ်အုပ်၊ ခေါင်းစလွယ်၊ ရှေ့ဘယက်၊ နောက်ဘယက်နှင့်ထုလုပ်ရသည်။ ရွှေစကားနတ် မယ်တော်ရွှေစကားနတ်သည် ပုဂံစောမွန်နစ်၏မိဖုရား၊ ရွှေစစ်သင်၏မယ်တော်ဖြစ်သည်။ သားတော်ရွှေစစ်သင်သေဆုံးရာ၌ လွမ်းဆွတ်ကြေကွဲ၍ အနိစ္စရောက်ရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ် မှာကြာခံခုံ၊ ကျုံ့ကျုံ့ထိုင်၊ ဝဲလက်ပေါင်ကိုထောက်၊ ယာလက်ကရင်ကို ပိုက်ဟန်ထုလုပ်ရသည်။ ငါးစီးရှင်ကျော်စွာ ငါးစီးရှင်နတ်သည် ပင်းယသီဟသူမင်း၏သားတော်ဖြစ်သည်။ မင်းဖြစ်၍ ကိုးနှစ်အရှိတွင် ရုတ်တရက်ဖျား၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ ဤငါးစီးရှင်နတ်ကားယခင် ပုဂံခေတ် ငါးစီးရှင်နတ်၏နေရာတွင် အစားထိုးသောနတ်ဖြစ်သည်။ နတ်ရုပ်မှာ ဆင်ဖြူရုပ်ကိုယ်တစ်ခုလျှင် ဦးခေါင်းငါးလုံး၊ တစ်လုံးမှာပေါက်ဆင်မျိုး၊ တစ်လုံးမှာဟိုင်းဆင်မျိုး၊ တစ်လုံးမှာဟံဆင်မျိုး၊ တစ်လုံးမှာ တံဆင်မျိုး၊ တစ်လုံးမှာ တည်ဆင်မျိုးထုလုပ်၍ ဆင်ကျောက်ကုန်းပေါ်မှာ ကြာပွင့်၊ ကြာပေါ်တွင်မှန်စီရွှေ ချကတင်သည်။ ယင်းအပေါ်တွင် ဗောင်းသရဖူဆင်၍ နတ်ရုပ်တင်ထားသည်။ ကြာပွင့် အနားထီးဖြူ လေးစင်းစိုက်ထားသည်။ ဆင်ဖြူအနားတွင်ရွှေဖြူတာလေးလုံးတည်ထားသည်။ မင်းတရားနတ် မင်းတရားနတ်သည် မင်းကြီးစွာစော်ကဲ၏ သားတော်အကြီး၊ အင်းဝပထမမင်းခေါင်၏ နောင်တော်ဆင်ဖြူရှင်တရဖျားမင်း (ရ၆၂-ရ၆၃)ဖြစ်သည်။ မင်းဖြစ်၍ ငါးလမျှကြာသော အခါတောကစားရာတွင် ဇော်ဂျီနှင့်တွေ့၍ ဇော်ဂျီ၏တန်ခိုးဖြင့် နတ်သမီးနှင့် ပေါင်းဖော်ပြီးသည့်နောက်၌ စိတ်ဖောက်ပြန်နေသောဟူ၏။ ထိုစဉ်အထိန်းတော် ငနောက်ဆံလုပ်ကြံ၍ နန်းစံခုနစ်လမျှနှင့် နတ်ရွာစံရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာဇွန်းရိုးခံပလ္လင်၊ တင်ပျဉ်ခွေ၊ မင်းတန်ဆာအစုံ၊ ယာလက်ယပ်ကိုင်၊ ဝဲလက်ဒူးအုပ်ထားသည်။ မောင်ပိုးတူနတ် မောင်ပိုးတူသည် ပင်းယမြို့သား လက်ဖက်ကုန်သည်ဖြစ်သည်။ အင်းဝပထမမင်းခေါင် (၇၆၃ - ၇၈၃)လက်ထက်၊ ဝန်တင်နှင့်မိုးမိတ်၊ သီပေါတို့သို့ အရောင်းအဝယ်တက်၍ အပြန်တွင်လက်ဖက် ချလာရာ လမ်းတွင်ကျားခဲ၍ သေရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာကျားရုပ်ပေါ်တွင် စီး၍ယာလက်က ကြိမ်ကိုင်၊ ဝဲလက်ကပေါင်ကိုထောက်၊ သျှောင်ထုံးနှင့် ထုလုပ်ရသည်။ ကုန်သည်တို့၏ အစောင့်နတ်ဖြစ်သည်။ အနောက်မိဖုရားနတ် အနောက်မိဖုရားနတ်သည် အင်းဝပထမမင်းခေါင်၏ အနောက်ဆောင်မိဖုရားဖြစ်သည်။ အင်းဝမြို့အနောက် ဝါခင်းသို့ ကိုယ်လုပ် မောင်းမတို့နှင့် အပျော်အပါးသွားရာတွင် မင်းကျော်စွာနတ် မြင်းစီးလာသည်ကို တွေ့ရသဖြင့် မေ့မျောသွားပြီးလျှင် ကံကုန်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ကြာခုံ၊ ကျုံ့ကျုံ့ထိုင်၊ ဆံထုံး၊ ဆံမြိတ်ကွင်း၊ ဆံထိုး၊ ဆံကျင်နှင့် သားငယ်ပိုက်ပွေ့နို့တိုက်နေဟန် ထုရသည်။ အောင်ပင်လယ် ဆင်ဖြူရှင်နတ် အောင်ပင်လယ် ဆင်ဖြူရှင်နတ်သည် အင်းဝပထမမင်းခေါင်၏ သားတော်သီဟသူမင်း (၇၈၃-၇၈၇) ဖြစ်သည်။ ကုန်းဘောင်စော်ဘွား တိုက်လာရာတွင် အောင်ပင်လယ်၌မြားသင့်၍ ဆင်ဦးတွင်အနိစ္စ ရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာဆင်ဖြူရုပ်ပေါ်တွင် ပလ္လင်တင်၍ပလ္လင်ပေါ် တွင်တင်ပျဉ်ခွေ၊ လက်ယာယပ်ကိုင်၊ လက်ဝဲဒူးတင်၊ ဗောင်းနားတောင်းသရဖူအစုံ၊ ဆင်ရှေ့ဦးစီးက ချွန်းကိုင်၍ဝပ်တွားနေဟန်၊ နောက်ပဲ့စီးက ဓားထမ်းလျက်နေဟန်ထုလုပ်ရသည်။ ရှင်ကုန်းနတ် ရှင်ကုန်းနတ်သည် အောင်ပင်လယ် ဆင်ဖြူရှင်နတ်ဖြစ်သော အင်းဝသီဟသူမင်း၏ ကိုယ်လုပ်တော်ဖြစ်၏။ အောင်ပင်လယ်မှအပြန် အင်းဝရောက်လျှင် သေဆုံးရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာကြာခုံ၊ ဆံထုံးလုလင်ကြည့်၊ ဆံထိုးဆံကျင်အစုံနှင့် လက်နှစ်ဖက်ကိုတွဲလွဲချကာ ကုန်း၍သွား ဟန်ထုလုပ်ရသည်။ ရွှေနော်ရထာနတ် ရွှေနော်ရထာနတ်သည် အင်းဝဒုတိယမင်းခေါင်၏ မြေးဖြစ်သည်။ ဘထွေးတော်ရွှေနန်းကျော့ရှင် (၈၆၃-၈၈၈)လက်ထက် ရွှေနော်ရထာ၏ကျွန် ငသောကြာပုန်စားလေသောကြောင့် ရွှေနော်ရထာကိုရေမှာ ဖျောက်ဖျက်လိုက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာဇွန်းရိုးခံပလ္လင်၊ ယာဒူး ထောက်၊ ဝဲဒူးလှဲ၊ ယာလက်ကဗလီတံကိုင်၊ ဝဲလက်က ဗလီလုံးကိုင်ဟန် ထုလုပ်ရသည်။ မင်းရဲအောင်တင်နတ် မင်းရဲအောင်တင်နတ်သည် အင်းဝ အနောက်ဘက်လွန်မင်း၏ သားတော်သာလွန်မင်း (၆၉ဝ -၁ဝ၁ဝ)၏ သားမက်တော်ဖြစ်သည်။ ဘိန်းဘင်းအရက်ကြူး၍ သေရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ အောက်ခုံကြာခံ၊ တင်ပျဉ်ခွေ၊ သျှောင်နှင့်စောင်းပိုက်နေဟန် ထုလုပ်ရသည်။ မောင်မင်းဖြူနတ် မောင်မင်းဖြူနတ်သည် အင်းဝမင်းတစ်ပါး၏ သားတော်ဖြစ်သည်။ ဘိန်းဘင်းအရက်ကြူး၍သေရာမှ နတ်ဖြစ်သည်ဆိုသည်။ နတ်ရုပ်မှာကြာခုံ၊ တင်ပျဉ်ခွေ၊ ဗောင်းထုပ်ပေါင်း၍ ငြင်းမှုတ်နေဟန်ထုလုပ်ရသည်။ ရှင်တော်နတ် ရှင်တော်နတ်သည်လည်း အင်းဝမင်းတစ်ပါး၏ သားတော်ဖြစ်သည်။ ရှင်သာမဏေဘဝတွင် မြွေခဲ၍ သေရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာအောက်ခံလေးထောင့်၊ မတ်ရပ်၊ ဦးထုပ်ဆောင်း၊ သင်္ကန်းလေးဖက်တင်၊ ဝဲလက်ပုတီးကိုင်ဟန် ထုလုပ်ရသည်။ တပင်ရွှေထီးနတ် တပင်ရွှေထီးနတ်သည် တောင်ငူဘုရင်မင်းတရားရွှေထီး(၈၉၂-၉၁၂)ဖြစ်သည်။ စစ်တောင်းစား သမိန်စောထွတ်၏ ညီအလတ် လက်ဝဲဓားမှူးက ဓားဖြင့်လုပ်ကြံ၍ ခေါင်းပြတ်အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာလေးထောင့်ခုံပလ္လင်၊ တင်ပျဉ်ခွေ၊ ဗောင်းသရဖူ၊ လက်ယာလက်ကဓား၊ လက်ဝဲလက်ကဒူးအုပ်ဟန် ထုလုပ်ရသည်။ မြောက်ဘက်ရှင်မနတ် မြောက်ဘက်ရှင်မနတ်သည် တောင်ငူတပင်ရွှေထီး အထိမ်းတော်မင်းရဲသိင်္ခသူ၏နောက်ဇနီး၊ မြောက်ဘက်က တူးရွာသူဖြစ်၏။ မီးဖွားရန်မိဘရပ်ရွာသို့အပြန်တွင် စစ်ကိုင်းမြို့အနောက်တွင် သားဖွားသောကြောင့် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ သားမှာအသက်ရှင်သည်။ နတ်ရုပ် မှာ ကြာခုံ၊ ကျုံ့ကျုံ့ထိုင်၊ လက်ယာကရင်ကို ပိုက်ပွေ့ဟန်၊ လက်ဝဲကဒူးစွန်းကိုထောက်၊ ဆံထိုး၊ မြိတ် ကွင်းဆံထုံးနှင့် ထုလုပ်ရသည်။ တောင်ငူရှင်မင်းခေါင်နတ် တောင်ငူရှင်မင်းခေါင်နတ်သည် မြောက်ဘက်ရှင်မနှင့် မင်းရဲသိင်္ခသူတို့၏သားဖြစ်သည်။ ဗတာင်ငူတွင် မင်းခေါင်အမည်နှင့်မင်းပြုသည်။ ( ၉၁၄-၉၄၆) သွေးဝမ်းဆင်းသဖြင့်ကုသရန်နန်းတော်မှ အထွက်ကြက်သွန်ခင်းတစ်ခုကို အဖြတ်တွင် ကြက်သွန်နံ့ရသဖြင့်ရုတ်တရက် ကံကုန်တော် မူရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာဇွန်းရိုးခံပလ္လင်၊ တင်ပျဉ်ခွေဗောင်းနားတောင်းအစုံ၊ လက်ယာ ယပ်ကိုင်၊ လက်ဝဲဒူးအုပ်ဟန်ထုလုပ်ရသည်။ သံတော်ခံနတ် သံတော်ခံနတ်သည် တောင်ငူဘုရင်မင်းခေါင်၏ သံတော်ခံရဲဖျားဆိုသူဖြစ်သည်။ မြေတူး မြို့အနီးတောအရပ်သို့ ဘုရင်က ပန်းဆွတ်ပန်းခူးရန် စေလွှတ်ရာတွင် ငှက်သင့်၍သေရာမှနတ်ဖြစ် သည်ဟူ၏။ တစ်နည်းကားဘုရင်က ညဉ့်အခါ နန်းတော်အတွင်း မြတ်လေးပန်းခြုံမှ ပန်းဆွတ်စေသည်တွင် မြွေခဲ၍ သေသည်ဟုဆိုသည်။ နတ်ရုပ်မှာကြာခုံတွင်ထိုင်လျက် လက်ယာကယပ်၊ လက်ဝဲကဒူးမှာ အုပ်၍ ခေါင်းမှာမြစ်ညွှန့်ဗောင်းနားတောင်းနှင့် ထုလုပ်ရသည်။ ယွန်းဘုရင်နတ် ယွန်းဘုရင်နတ်သည် ဇင်းမယ်ဘုရင်ဗြသံဖြစ်သည်။ ၉၂၁ ခုနှစ်တွင်ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်သည် ဇင်းမယ်ကို လုပ်ကြံရာမှ ဖမ်းယူခဲ့၍ ခြီးမြှောက်ထားရာ သွေးဝမ်းရောဂါ ကပ်ရောက်၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ပလ္လင်ခံ၊ လက်ယာဒူးထောင်၊ လက် ဝဲဒူးလှဲ၊ ယာလက်က ကြံဆစ်သိုင်းတုတ်ကိုထမ်း၊ ဝဲလက်ကလက်ဝဲပေါင်ကိုထောက်၊ ခေါင်းမှာမြစ်ညွှန့် ဗောင်းနားတောင်းနှင့်ထုလုပ်ရသည်။ နတ်စာရင်းဝင် လူအတန်းအစားများ အဆိုပါ အပြင် ၃၇ မင်း နတ်စာရင်းတွင် ဘုရင် (သို့) မင်းများ - ၉ ပါး (ယွန်းဘုရင် အပါအဝင်) မိဖုရား - ၄ ပါး မင်းသား၊ မင်းနွယ် - ၈ ပါး (သထုံမနူဟာ မင်းနွယ်အပါအဝင်) အမတ်နှင့် မင်းအမှုထမ်း - ၁၁ ဦး ကုန်သည်နှင့် ဆင်းရဲသား - ၄ ယောက် ဟူ၍ စုစုပေါင်း ၃၆ ဦးပါဝင်ကာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၉ ဦး ပါဝင်သည်။ ၎င်းတို့၏ ကွယ်လွန်အနိစ္စရောက်ခဲ့ပုံကို မူတည်၍ ခွဲခြားကြည့်မည် ဆိုပါက ကျားကိုက်၊ မြွေခဲ၊ မီးတိုက်၊ ကွပ်မျက်၊ စိတ္တဇစသော အသေဆိုးဖြင့် သေဆုံးခဲ့ရသူ ၂၂ ဦး၊ အဖျားရောဂါဖြင့် သေဆုံးခဲ့သူ ၁၁ ဦး၊ ဘိန်းဘင်းအရက်ဖြင့် သေဆုံးခဲ့သူ ၂ ဦးနှင့် နူနာဖြင့် သေဆုံးခဲ့သူ ၁ ဦးဟူ၍ ရရှိသည်။ ကွယ်လွန်ခဲ့ချိန်တွင် ရဟန်းဝတ်ဖြင့် ရှိခဲ့သူ ၃ ဦးပါဝင်ပြီး သာမန်လူဝတ်ကြောင် ၃၃ ဦး ပါဝင်သည်။ ဤစာရင်းအရ ၃၇ မင်းနတ်များသည် မြန်မာနိုင်ငံအထက်ပိုင်း ပုဂံ၊ပင်းယ၊ အင်းဝနှင့် တောင်ငူခေတ်ကနတ်များသာ ဖြစ်ကြောင်း တွေ့ရသည်။ ရခိုင်ပြည်နှင့်မွန်ပြည်တို့ဘက်မှ နတ်များ လုံးလုံးမပါချေ။ ညောင်ချင်းအိုနတ်မှာ သထုံပြည်မနူဟာ အနွယ်မင်းတစ်ပါး ဖြစ်သော်လည်း ပုဂံတွင်အနိစ္စရောက်ရာမှ နတ်ဖြစ်သဖြင့် ပုဂံခေတ်နတ်ဖြစ်သည်။ ဇင်းမယ်ဘုရင်မှာလည်း မြန်မာပိုင်နက်တွင် အနိစ္စရောက်ရာမှ တောင်ငူခေတ်၌ဖြစ်သည်။ အောက်မြန်မာနိုင်ငံတွင် အထူးကျော်ကြား ယုံကြည်ကိုးကွယ်နေကြသော ရေငံပိုင် ဦးရှင်ကြီးနတ်သည် ၃၇ မင်းတွင်မပါချေ။ မပါသော်လည်း ဒေသအလိုက် ၃၇ မင်းနတ်တို့ထက်ပင် အရေးပေး ကိုးကွယ်ကြသည်။ ကိုးမြို့ရှင်နတ်၊ မြင်းဖြူရှင်နတ် စသည်တို့သည် ၃၇ မင်းနတ်စာရင်းတွင်မပါသော်လည်း ဒေသအလိုက် ကိုးကွယ်ကြသောနတ်များ ဖြစ်ကြသည်။ ကျောက်ဆည်နယ်တွင် ကိုးမြို့ရှင်ကို ကိုးကွယ်ပသကြ၏။ စင်စစ် ၃၇မင်း နတ်စာရင်းတွင်မပါသော နတ်အများအပြားပင် ရှိနေပေသေးသည်။ နတ်ချင်း ဤသုံးဆယ့်ခုနစ်မင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နတ်သံများလည်းရှိ၍ ၃၇ ချင်းဟူ၍လည်း ရှိသေးသည်။ နတ်သံပုံစံအဖြစ်အောက်တွင် မင်းကျော်စွာနတ်သံကို ဖော်ပြထားသည်။ ပုဆိုးငယ်ပန်းပေါင်းလေ၊ ရွှေညာဖျားနှင့်ပုပ္ပါးသူ၊ ငယ်ဖြူပြာလဲ့၊ ဘို့မယ်တဲ့မောင်၊ သောက်ခေါင်ငယ်မှမူးမော်၊ ကြက်နှင့်မီးကို၊ မငြီးပျော်သည်၊ မောင်ကျော်လူအား၊ ခေါင်းပေါင်းကြယ်နီ၊ ပန်းဘိုနီနှင့်၊ ကူနီနန်းက၊ ရွှေခန်းသာတဲ့၊ လေးပါးညီနောင်၊ သောက်လို့လာလျှင်၊ တွေ့ရာလဲသည်၊ လုပဲစီ၊ သင်္ဂီငယ်မှလျှံလန်း၊ ရွှေဂံဆန်းသည်၊ နန်းကြော့သခင်၊ အလောင်းစည်သူဇမ္ဗူမှန်ကင်း၊ စက်တော်ရင်းမှာ၊ မင်းကျော်စွာတဲ့၊ မတ်ညာတင်ကို၊ တိုင်းခွင်နယ်မှကျော်ကြား၊ ပျိုများပန်းညို၊ ကြည့်တိုင်းငယ်စိုသည်၊ လူပျိုမှိုင်းငယ်၊ သောက်တိုင်းထွာချည်၊ ပျိုများချစ်ဖွယ်၊ အရက်အိုးနှင့် ကြက်ဖိုးပါလျှင်၊ ပျော်ရာအိပ်လို့၊ စိတ်ကြိုက်ကယ်လည်သည်၊ ဘို့မယ်အိမ်ကဆဲသည်နှင့်။ မောင်ကျော်ဖောက်သည်၊ ပိတောက်ကြည်နှင့်၊ ဝါးကျည်တသီး၊ ခွေးမတိုးသည်၊ မိုးပါးနီးချည့်၊ မီးနှင့်ပျော်သည်၊ မောင်ကျော်အတင့်ရဲသည်နှင့်၊ ခပ်မှိုင်းမှိုင်းနှင့်၊ တွေ့တိုင်းမရှောင်၊ ဘို့မယ်မောင်မှာ၊ မျက်တောင်ရှက်လို့မှေးသည်နှင့်။ ခုန်တိုင်းငယ်ရှလို့၊ ဘုတ်လှစွန်ချီ၊ မောင်ကျော်ဆက်သည့်၊ ကြက်ဖနီငယ်၊ နာရီအောင်ချက်ကရွေးသည်နှင့်။ ကြက်လောင်းစရာ၊ ဘို့မယ်သိလျှင်၊ မိလျှင်ခက်မည်၊ ကြောက်၍ ဖွက်ရရှာသည်။ ခါးမှငွေထုတ်ကလေးသည်နှင့်၊ ကြက်တိုက်ငယ်ညောင်ပင်က ဝေးသည်နှင့်၊ ဘို့မယ်အိမ်မှာ၊ စိန်ပင်ပေါက်ကယ်တဲ့၊ သောက်ချည့်ခင်မ၊ လဲလျက်ကယ်မြင်လျှင်၊ ထူချင်ထူကြ၊ မထူနေပ၊ မြေမှထချည့်၊ ပျိုများသက်ဖျော်၊ ကူနီနန်းက၊ ရွှေနန်းပျော်ကို၊ တော်တော်မမှတ်ကြပါနှင့်၊ မောင်ကျော်လက်ရာ၊ ရွှေရင်အေးလို့၊ ထွေးထွေးနာလျှင်။ လေနာထွေး လို့မှားကြမယ်၊ ဗျာဆံကျနှင့်နှမအပျို၊ လေဆေးသောက်လို့မပျောက်လို၊ အနာပိုလို့ပွားကြမယ်၊ ရွှေရင်ဆာသည်၊ လေနာမျိုးကို၊ သောက်ကိုးတင်လျှင်စင်စင်ငြိမ်းအောင်၊ သိမ်းခဲ့မယ်လေး၊ ပျိုကာလနှမထွေးတို့။ ၃၇ ချင်းမှာ ၃၇ မင်းနတ်တို့ကိုပသသောနတ်ကပွဲတွင် ဆိုင်းများက တီးမှုတ်ကြသော ရှေးအရိုးအစဉ်ကို နောက်ဆရာများက မှတ်သားထားပြီးလျှင်ယင်းတို့ကို ၃၇ ချင်းဟုခေါ်သည်။ ယင်းသည့်၃၇ ချင်းတွင်- ''သိကြားနတ်၏တွင်ချင်းမှာ ဘုန်းတန်းတေဇာ၊ ဖြာဖြာအရောင်လင်းပါလို့၊ မင်းမင်းထိပ်ခေါင်ဘွေ။ (ပထမခံပြီးလျှင်- နောက်) ။ ကြိုင်သင်းနတ်မဉ္စူလေတည့်၊ကြူကြူလှိုင်၊မြမြိုင်သာ ပျံ့မွှေးငယ်မှာ- ထွေပင်ထွေဆန်းလှတောင်း။ ။ ကြိုင်ဧဧ-နတ်မဉ္စူငယ်လေ၊ ဇမ္ဗူပြန့်မြေချာ၊ ပြန့်လှိုင်ထုံလှ မွှေးတယ်လေး။ သပြေမြဒီပါ၊ မြတ်ခွင်မြတ်ညာ။ ။ ရာမင်းရှိပန်ခါ၊ တေဇာပြင်းပြင်းလေ။ မြတ်စွာ ရွှေဘုန်းနန်းနှင့်နှင့်လေး၊ ဖန်နန်းဆောင်၊ ဝေမှောင်လွင့်လွတ်ရှားလို့သိကြားနတ်ဘုံလို။ ။ ယင်းကိုခံပြီးမှနတ်သံပစ်သည်။ နတ်သံချ၍ပသသောအခါတီးချင်း။ သောင်းခန်းလုံးကေသာ၊ ဘုန်းတန်းကြီးကြောင်း၊ သောင်းခန်းလုံးကေသာ၊ ဘုန်းတန်းအနီး' တေဇာကျေညာကျော်သဲ၊ မို့မို့ဝေဆာ၊ အာကာဘုံထဲ။ ။ (အဖန်ဖန်တီးပြီးနောက်) ဖြိုးဖြိုးမြင့်ဝေမြိုင်၊ ယိမ်းယိမ်းပြောင်းပြောင်း၊ ရွှေပြည်လုံးငြိမ်းကြောင်း၊ ရုံးပေါင်းပွဲတော် သာကို၊ လာချည့်လေ၊ ရွှင်မြူးကျူးကြော်ခါ၊ သာပင်သာစွလေ၊ ရွှေဝန်းရံကာ၊ ထွန်းလျှံဖြာ၊ ရွှေ ကျွန်းမြန်ချာ၊ ပြင်ဖြာစည်လှလေး။ ။ (တစ်နည်းနတ်သံချလျှင်-တီးရမည်မှာ) တုဿီသာ-တုဿီသာ၊ တုဿီသာသာမော၊ နတ်ပင်နတ်တို့တော၊ သာမောတုဿီတာငယ်လေ၊ သာစွလေ။ သာမောတုဿီသာငယ်လေသာစွလေ-'ဟူ၍ဖြစ်သည်။ ဆက်စပ်ကြည့်ရှုရန် အတွင်း ၃၇ မင်း ကိုးကား နတ် မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%95%E1%80%BC%E1%80%84%E1%80%BA%20%E1%81%83%E1%81%87%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8
အတွင်း ၃၇ မင်း
အတွင်းမင်းနတ်များမှာ ပါထေယျဝဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ ပါရှိသော ၃၇-မင်းနတ်များ ဖြစ်သည်။ ဣန္ဒနတ် သောမနတ် ဝရုဏနတ် ဘာရဒွါဇနတ် ပဇာပတိနတ် စန္ဒနတ် ကာမသေဋ္ဌနတ် ကိန္နုဃဏ္ဍုနတ် နိဃဏ္ဍုနတ် ပနာဒယက္ခသေနာပတိနတ် ဩပမညယက္ခသေနာပတိနတ် ဒေဝသုတယက္ခသေနာပတိနတ် စိတ္တသေနယက္ခသေနာပတိနတ် နဠောရာဇယက္ခသေနာပတိနတ် ဇနေသဘယက္ခသေနာပတိနတ် သာတာဂိရိယက္ခသေနာပတိနတ် ဟေမဝတယက္ခသေနာပတိနတ် ပုဏ္ဏယက္ခသေနာပတိနတ် ကရတိယယက္ခသေနာပတိနတ် သီဝကယက္ခသေနာပတိနတ် ပုစလိန္ဒယက္ခသေနာပတိနတ် ဝေသာမိတ္တယက္ခသေနာပတိနတ် ယုဂန္ဓရယက္ခသေနာပတိနတ် ဂေါပါလယက္ခသေနာပတိနတ် သုပ္ပရောဓယက္ခသေနာပတိနတ် ဟိရိယက္ခသေနာပတိနတ် နေတ္တိယက္ခသေနာပတိနတ် မန္ဒိယယက္ခသေနာပတိနတ် ပဉ္စလစဏ္ဍယက္ခသေနာပတိနတ် အာဠာဝကယက္ခသေနာပတိနတ် ပဇ္ဇုန္နယက္ခသေနာပတိနတ် သုမနယက္ခသေနာပတိနတ် သုမုဒယက္ခသေနာပတိနတ် ဒဝိမုခယက္ခသေနာပတိနတ် မဏိယက္ခသေနာပတိနတ် မာဏိဓရယက္ခသေနာပတိနတ် သေရိသကယက္ခသေနာပတိနတ်။ အပြင် ၃၇ မင်း လည်းကြည့်။ နတ် မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%20%E1%81%83%E1%81%87%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8
အာဋာနာဋိယသုတ်
အာဋာနာဋိယသုတ် သည် ဒီဃနိကာယ်၏ (၃၂) ခုမြောက်သုတ်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်၌ ဟောကြားခဲ့သည်။ ဤသုတ်သည် ဘုရားမြတ်စွာကို မကြည်ညိုမမြတ်နိုးသော နတ်များ၊ ဂန္ဓဗ္ဗများ၊ ယက္ခများသည် ဘုရားမြတ်စွာ၏ ဥပါသကာနှင့် ဥပါသိကာတို့အား အနှောင့်အယှက်ပေးခဲ့သော် မည်သို့မည်ပုံ ချွတ်လွှဲရမည့်အကြောင်း ညွှန်ပြသောသုတ်ဖြစ်သည်။ မြတ်စွာဘုရားလက်ထက်တော်အခါက သာသနာတော်ကို မသက်ဝင် မယုံကြည်ကြသော၊ သီလစောင့်သူများ၏ ဘုန်းကံကို မခံနိုင်သော ဘီလူး မိစ္ဆာများက သာသနာ့အနွယ်ဝင် ပရိသတ်လေးပါးဖြစ်သော ရဟန်း၊ ရဟန်းအမ၊ သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယိကာမတို့ကို ဖမ်းဆီးနှောင့်ယှက်ကြလေသည်။ ထို မိစ္ဆာဘီလူးများ ယဉ်ကျေးလာပြီး သာသနာတော်တွင် သက်ဝင်ယုံကြည်လာစေရန် အာဋာနာဋိယသုတ် ရွတ်ဆိုစေသည်။ နောက်ခံ အာဋာနာဋိယသုတ်ဖြစ်ပေါ်လာပုံမှာ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးသည် အာဋာနာဋ ဟုခေါ်ဆိုသော နတ်မြို့တော်၌ စုရုံးစည်းဝေးကြကာ ဝိပဿီဘုရားမှစ၍ ဂေါတမဘုရားအထိ ခုနှစ်ဆူသော ဗုဒ္ဓများ၏ ဂုဏ်တော်ကို အာရုံပြု၍ ရှိခိုးပြီး အာဋာနာဋိယသုတ်ကို ဖွဲ့ဆိုခဲ့ကြသည်။ ထို့နောက်မှ ဘုရားရှင်၏ ဓမ္မစက်၊ ၎င်းတို့၏ အာဏာစက်ကို မခံယူကြသော နတ်ဆိုးများကို ဤသို့ ဤသို့သော နတ်ပြစ်ဒဏ်များခတ်မည် ဆိုကြသည်။ ထိုသို့ဆိုကြပြီးနောက်မှသာ လူ့ပြည်ရှိ ဂေါတမဗုဒ္ဓရှိရာသို့ များပြားသော နတ်စစ်သည်ဗိုလ်ပါများနှင့်အတူ သွားခဲ့ကြသည်။ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးသည် လေးဘက်လေးလံရှိ မြို့တံခါးအတွင်း၊ အပြင်၊ အနီးတို့တွင် ၎င်းတို့၏တပ်များကို အစောင့်ချထားကြ၍ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူသော ဂေါတမဗုဒ္ဓရှိရာသို့ ရောက်လာကြသည်။ ဘုရားရှင်ကို နှုတ်ဆက်ပြီးနောက် အခြားသော ယက္ခများနှင့်အတူထိုင်ကြသည်။ ဝေဿဝဏ်နတ်မင်းခေါ် ကုဝေရနတ်မင်းက ဗုဒ္ဓဘုရားရှင်ကို ဤသို့ဆိုလေသည်။ ထို့နောက် ဗုဒ္ဓဘုရားရှင်က ထိုနတ်မင်းကြီးလေးပါး၏ ပြောဆိုမှု (တရားမန္တန်) ကို ရဟန်းတို့အား ပြန်လည်ဟောပြောပြသည်။ ဤသုတ်၏ နိဒါန်း၌ ဘုရားရှင် ခုနှစ်ဆူတို့၏ ဂုဏ်တော်များကို ရွတ်ဆိုပူဇော်ရှိခိုးမှုများပါဝင်၍ နတ်မင်းကြီးလေးပါး၏ ဂုဏ်အင်များကိုလည်း ဖော်ပြထားသည်။ ထို့အပြင် နတ်စစ်သည် (၄၁) ပါးတို့၏ အမည်များကိုလည်း ဖော်ပြထားသေး၏ ။ အာဋာနာဋိယသုတ် ပါဠိတော် ၁။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုဿေဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသ ကာရိဘိ။ ၁။ အပ်ပသန်နေဟိ နာထတ်သ သာသနေ သာဓုသမ်မတေ အ-မနုတ်သေဟိ စန် ဒေ ဟိ သဒါ ကိတ်ဗိသ-ကာရိဘိ ၂။ ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၂။ ပရိသာနံ စတတ်သန်နံ အ-ဟိမ်သာယ စ ဂုတ်တိယာ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ်တံ တံ ဘဏာမ ဟေ ၃။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာ နုကမ္ပိနော။ ၃။ဝိပတ်သိတ်သ စ နမတ်ထု စက်ခုမန်တတ်သ သိရီမတော သိခိတ်သပိ စ နမတ်ထု သတ်ဗ-ဘူတာနုကမ်ပိနော ၄။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။ ၄။ဝစ်သ ဘုတ်သ စ နမတ်ထု၊ နှာတကတ်သ တပတ်သိနော နမတ်ထု က-ကုသန်ဓတ်သ မာရ-သေနာ-ပမတ်ဒိနော ၅။ ကောဏာဂမနဿ နမတ္ထု။ ဗြာဟ္မဏဿ ဝုသီမတော။ ကဿပဿ စနမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။ ၅။ကောဏာဂမနတ်သ နမတ်ထု၊ ဗြန်မဏတ်သ ဝုတ်သီ-မတော ကတ်သပတ်သ စ နမတ်ထု ဝိပ်ပ မုတ်တတ်သ သတ်ဗ-ဓိ ၆။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။ ၆။ အင်ဂီရ-သတ်သ, နမတ်ထု သက်ကျ ပုတ်တတ်သ သိရီမတော ယော အိမံ ဓမ်မံ-ဒေသေသိ သတ်ဗ-ဒုတ်ခါ-ပနူဒနံ ၇။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။ တေ ဇနာ အပိသုဏာ ထ၊ မဟန္တာ ဝီတသာရဒါ။ ၇။ယေ စာပိ-နိတ်ဗုတာ လောကေ ယထာဘူတံ ဝိပတ်သိသုံ တေ ဇနာ အ-ပိသုဏာထ မဟန်တာ ဝီတ-သာရဒါ ၈။ ဟိတံ ဒေဝနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။ ၈။ဟိတံ ဒေ၀မနုတ်သာနံ၊ ယံ နမတ်သန်တိ ဂေါတမံ ဝိတ်ဇာစရဏ သမ်ပန်နံ မဟန်တံ ဝီတ-သာရဒံ ၉။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။ ၉။အေတေ စင်​ညေစ သမ်ဗုတ်ဓါ အနေက သတ-ကောတိယော သတ်ဗေ ဗုတ်ဓာ သမ-သမာ၊ သတ်ဗေ ဗုတ်ဓာ မဟိတ်ဓိကာ ၁၀။ သဗ္ဗေ ဒသဗလူပေတာ ဝေသာရဇ္ဇေဟု ပါဂတာ။ သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။ ၁၀။ သတ်ဗေ ဒသ-ဗလူပေတာ၊ ဝေသာရစ်ဇေဟု ပါဂတာ သတ်ဗေ တေ ပတိဇာနန်တိ အာသဘံ ထာန မုတ်တမံ ၁၁။ သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ဝိသာရဒါ။ ဗြာဟ္မစက္ကံ ပဝတ္တန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။ ၁၁။ သီဟ-နာဒံ နဒန်တေ တေ ပရိသာသု ဝိသာရဒါ ဗြန်မ-စက်ကံ ပဝတ်တင်တိ လောကေ အပ်ပတိဝတ်တိယံ ၁၂။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိံသ လက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာ ဓရာ။ ၁၂။ အုပေတာ ဗုတ်ဓ-ဓမ်မေဟိ၊ အတ်ထာရသဟိ နာယကာ ဗတ်တိမ်သ လက်ခဏူ​ပေတာ သီတာနုဗျင်ဇနာ ဓရာ ၁၃။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။ ၁၃။ ဗျာမတ်ပ-ဘာယ သုပ်ပ-ဘော သတ်ဗေ တေ မုနိ-ကုန်ဇရာ ဗုတ်ဓာ သတ်ဗင်ညုနော အေတေ သတ်ဗေ ခီဏာသဝါ ဇိနာ ၁၄။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။ ၁၄။မဟာ ပ-ဘော မဟာတေဇာ မဟာပညာ မဟတ်ဗလာ မဟာကာရုဏိကာ ဓီရာ သတ်ဗေသာနံ သုခါဝဟာ ၁၅။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပဏိနံ။ ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော ၁၅။ဒီပါ နာထော ပတိတ်ထာ စ၊ တာဏာ လေဏာ စ ပါဏိနံ ဂတီ ဗန်ဓူ မဟစ်သာသာ၊ သရဏာ စ ဟိတေသိနော ၁၆။ သဒေဝကဿ လောကဿ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာ ဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။ ၁၆။ သဒေဝကတ်သ လောကတ်သ သတ်ဗေ အေတေ ပရာယဏာ တေသာဟံ သိရ-သာ ပါဒေ ဝန်ဒါမိ ပုရိသုတ်တမေ ၁၇။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။ ၁၇။၀စ-သာ မန-သာ စေ၀ ဝန်ဒါမေ တေ တ-ထာဂတေ သာယနေ အာသနေ ထာနေ ဂမနေ စာပိ သတ်ဗဒါ ၁၈။ သဒါ သုခေန ရက္ကန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော။ မုတ္တော သဗ္ဗဘယေဟိ စ။ ၁၈။သဒါ သုခေန ရတ်ခန်တု၊ ဗုတ်ဓာ သန်တိကရာ တုဝံ တေဟိ တွမ် ရက်ခိတော သန်တော မုတ်တော သတ်ဗ-သယေဟိ စ ၁၉။ သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပ ဝဇ္ဇိတော။ သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။ ၁၉။သတ်ဗ-ရောဂါ ဝိနီမုတ်တော သတ်ဗ-သန်တာပ-ဝစ်ဇိတော သတ်ဗ-ဝေရ မတိတ်ကန်တော နိတ်ဗုတော စ တုဝံ ဘဝ ၂၀။ တေသံ သစ္စေန သီလေန၊ ခန္တိမေတ္တာ ဗလေန စ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၀။တေသံ သစ်စေန သီလေန၊ ခန်တိမစ်တာ ဗလေနစ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၁။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၁။ ပုရတ်ထိမတ်-သမိန် ဒိသာဘာဂေ သန်တိ ဘူတာ မဟိတ်မိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၂။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၂။ဒက်ခိဏတ်-သမိန် ဒိသာဘာဂေါ သန်တိ ဒေဝါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂနေ သုခေန စ ၂၃။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၃။ ပစ်ဆိမတ်-သမိမ် ဒိသာဘာဂေ သန်တိ နာဂါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၄။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၄။ အုတ်တရတ်-သမိန် ဒိသာဘာဂေ သန်တိ ယက်ခါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၅။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။ ၂၅။ ပုရတ်ထိမေန ဓတရတ်ထော ဒက်ခိဏေန ဝိရူလှကော ပစ်ဆိမေန ဝိရူပက်​​ခေါ ကုဝေရော အုတ်တရံ ဒိသံ ၂၆။ စတ္တောရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၆။ စတ်တာရော တေ မဟာရာဇာ လောကပါလာ-ယသတ်သိနော တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၇။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၇။အာကာသတ်ထာ စ ဘူမတ်ထာ ဒေဝါ နာဂါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၈။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၈။အိတ်ဓိမန်တော စ ယေ ဒေဝါ၊ ၀သန်တာ အိဓ သာသနေ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၉။ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။ ၂၉။ သတ်ဗီတိယော ဝိဝစ်ဇန်တု၊ သောကော ရောဂေါ ဝိနတ်သတု မာ တေ ဘဝန်တွန်တရာယာ သုခိ ဒီဃာယုကော ဘဝ ၃၀။ အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။ ၃၀။ အဘိဝါဒန-သီလိတ်သ နိတ်စံ ဝုတ်ဒါ ပစာယိနော စတ်တာရော ဓမ်မာ ဝတ်ဒန်တိ၊ အာယု ဝဏ်​ဏောသုခံ ဗလံ အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။ အာတာနာတိယ-သုတ်တံနတ်ထိတံ အာဋာနာဋိယသုတ် မြန်မာပြန် ၁. သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက်ခံချီးကျူးထားသော မြတ်စွာဘုရား၏သာသနာတော်ကိုပင် မကြည်ညိုမသက်ဝင်နိုင်ကြသော လူကြမ်း ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုတတ်ကြ၏။ ၂. ထိုဘီလူး လူကြမ်းတို့က ပရိသတ်ကို မညှင်းဆဲ မနှိပ်စက်နိုင်စေရန်နှင့် သူတို့ကပင် ကူညီစောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြီးမြတ်သောလုံ့လရှိတော်မူသော် မြတ်စွာဘုရားက ဤအာဋာနိဋိယ ပရိတ်တော်အရံအတားကို ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။ ၃. စက္ခု ငါးပါးနှင့်ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့်ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်၏ဦးညွှတ်ရှိခိုးခြင်းဖြစ်ပါစေ။ သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနား စောင့်ရှောက်တော်မူသော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးမှုဖြစ်ပါစေ။ ၄. မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီးဖြစ်သော ခြိုးခြံသော အကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည် အပေါင်းကို နှိမ်နှင်းအောင်မြင်တော်မူသော ကကုသန်မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။ ၅. မကောင်းမှု ဟူသမျှအပ်ပြုပြီးသော ငါးပါးသောဝသီဘော်နှင့် ပြည့်စုံတော်မူသော ကောဏာဂုံမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ ခပ်သိမ်းသောကိလေသာတို့မှ လွတ်ကင်းတော်မူပြီးသော ကဿပမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ် ရှိခိုးခြင်းဖြစ်ပါစေ။ ၆. လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖျောက်နိုင်စွမ်းရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏။ ကိုယ်တော်မှလည်း အရောင်အဝါကွန့်မြူးဖြာယှက် ထွက်တော်မူ၏။ ဘုန်းကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏။ သကျသာကီဝင်မင်းသားလည်း ဖြစ်တော်မူ၏။ ထိုဂေါတမမြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ ၇. လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည် ယထာဘူတကျကျသိကုန်၏။ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်းကြီးမြတ်ကုန်၏။ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။ ၈. ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိ ရှိတော်မူသော နတ်လူတို့၏ အစီးအပွားကိုဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွှတ်ကြပါကုန်၏။ ၉. ဝိပဿီ၊ သိခီ၊ ဝေဿဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားခုနှစ်ဆူတို့နှင့်တကွ အကုဋေမကများလှစွာသော ဘုရားရှင်အားလုံးတို့သည် ပစ္စေကဗုဒ္ဓါရဟန္တာများနှင့် တူတော်မမူကုန်။ ဆိုခဲ့ပါ သဗ္ဗညူ ဘုရားရှင်ချင်းသာ တူတော်မူကြကုန်၏။ ဘုရားရှင်အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာကြီးမားကြကုန်၏။ ၁ဝ. ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူ၏။ ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူကြ၏။ မြတ်သောယောက်ျား ဥသဘဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်ကို ရရှိကြောင်း ဝန်ခံကြကုန်၏။ ၁၁. ဘုရားရှင်တို့သည် မည်သည့် ပရိသတ်ဗိုလ်ပုံအလယ်၌ လွန်စွာရဲရင့်တော်မူကြ၏။ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲရင့်ရင့်စကားဆိုကြ၏။ မည်သူ တဦးတယောက်မျှ မလည်မပတ်စေနိုင်သော ဓမ္မစကြာတရားတော် ကိုလည်း လည်ပတ်စေကုန်၏။ (ဟောကြားကုန်၏။) ၁၂. ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန် ဖြစ်ကြ၏။ ဘုရား၏ကျေးဇူးတရား (၁၈) ပါးနှင့်ပြည့်စုံကြကုန်၏။ (၃၂) ပါးသော ယောက်ျားမြတ်တို့၏လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ လက္ခဏာတော်ငယ် (၈ဝ) တို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ ၁၃. ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမျှ တလံမျှလောက်ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏။ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏။ ခပ်သိမ်းသောတရားကိုလည်း သိ၏။ ကိလေသာအာသဝေါလည်း ကင်း၏။ မာရ်ငါးပါးကိုလည်း အောင်ပြီးဖြစ်၏။ ၁၄. ဘုရားရှင်တို့သည် များစွာသော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သော ခွန်အား၊ အတိုင်းမသိသော ကရုဏာ၊ စွဲမြဲသောလုံ့လတို့ကို ပိုင်တော်မူကြ၏။ သတ္တဝါအများကောင်းကျိုးချမ်းသာကိုလည်း ဆောင်တော်မူတတ်ကြကုန်၏။ ၁၅. မြတ်စွာဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာကျွန်းလည်း ဖြစ်၏။ ကိုးကွယ်ရာလည်းဖြစ်၏။ တည်ရာလည်းဖြစ်၏။ စောင့်ရှောက်ရာလည်းဖြစ်၏။ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်းဖြစ်၏။ လာရောက်ရာလည်း ဖြစ်၏။ ဆွေမျိုးသဖွယ်လည်းဖြစ်၏။ ၁၆. ထိုဘုရားရှင်တိုင်းသည် နတ်တို့၏ လဲလျောင်းရာ၊ လူတို့၏ မှီခိုရာ ဖြစ်ကြကုန်၏။ အကျွန်ုပ်သည် ယောက်ျားဟူသမျှတို့ထက် သာလွန်မြင့်မြတ်တော်မူသော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို ဦးနှိမ် ရိုကျိုး ရှိခိုးပါ၏။ ၁၇. အကျွန်ုပ်သည် အိပ်နေသောအခါ၌ဖြစ်စေ၊ ထိုင်နေသောအခါ၌ဖြစ်စေ၊ ရပ်နေသောအခါ၌ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ဖြစ်စေ၊ မည်သည့်အခါ၌မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း အမြဲမပြတ် ရှိခိုးပါ၏။ ၁၈. ကိလေသာအပူအပေါင်းကိုငြိမ်းအေးအောင် ပြုတော်မူတတ်ကြကုန်သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ်စောင့်ရှောက်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်ကိုခံယူရသော သင်သည် ငြိမ်သက်ချမ်းမြေ့ပါစေ။ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ပါစေ။ ၁၉. သင်သည် အနာမရှိ ပကတိကျန်းမာသူ၊ ပူပန်ခြင်း ကင်းသူ၊ ရန်သူဟူသမျှကို လွတ်မြောက်နိုင်သူ၊ ငြိမ်းအေးချမ်းမြေသူ ဖြစ်ပါစေသတည်း။ ၂ဝ. ထိုဘုရားရှင်တို့သည် သီလ၊ သစ္စာ၊ ခန္တီ၊ မေတ္တာတို့၏ စွမ်းပကားဖြင့် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၁. အရှေ့မျက်နှာအရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်တစိုက်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၂. တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၃. အနောက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ရှိကြကုန်၏။ ထိုနဂါးတို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၄. မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသောဘီလူးတို့သည် ရှိကြကုန်၏။ ထိုဘီလူးတို့သည်လည်း ကျွန်ုပ်တို့ကို အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၅. အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊ တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသောဝိရူဠကနတ်မင်း၊ အနောက်အရပ်မျက်နှာ၌ နဂါးတို့ကိုအစိုးရသော ဝိရူပက္ခ နတ်မင်း၊ မြောက်အရပ်မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။ ၂၆. ထိုနတ်မင်းကြီးလေးပါးတို့သည် လူတို့ကို စောင့်ရှောက်တတ်ကြကုန်၏။ အခြွေအရံလည်းများကုန်၏။ ထိုနတ်မင်းကြီးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၇. ကောင်းကင်၌တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊ နဂါးများသည် တန်ခိုးအလွန်ကြီးကြသည်။ ထိုတန်ခိုးကြီးနတ်၊ နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၈. တန်ခိုးကြီးသောနတ်တို့သည် ဤဘုရားသာသနာတော်၌ နေကြကုန်၏။ ထိုသာသနာစောင့်နတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၉. ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။ ၃ဝ. ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွား၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။ ကိုးကား ပါထိကဝဂ်ဒီဃနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%8B%E1%80%AC%E1%80%94%E1%80%AC%E1%80%8B%E1%80%AD%E1%80%9A%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပါရဂူဘွဲ့
Ph.D ဆိုသည်မှာ Doctor of Philosophy ကို အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ပြီး မြန်မာလို ပါရဂူဘွဲ့ဟုလည်း ခေါ်ကြသည်။ Ph.D ၏ မူလ လက်တင်စကားလုံးမှာ Philosophiae Doctor ဖြစ်ပြီး ပညာတစ်ရပ်တွင် ဆရာတစ်ဆူ ပါရဂူမြောက်တတ်ကျွမ်းသူ ဟု ဆိုလိုသည်။ Ph.D ဘွဲ့သည် တက္ကသိုလ်များက ချီးမြှင့်သော ပညာရပ်ဆိုင်ရာ အဆင့်မြင့်ဘွဲ့ဖြစ်သည်။ (D.Phil. မှာမူ Doctor Philosophae ဖြစ်သည်။) အင်္ဂလိပ်စကားပြောနိုင်ငံအချို့တွင် Ph.D သည် အမြင့်ဆုံးရယူနိုင်သော ဘွဲ့ဖြစ်သည်။ Ph.D ဘွဲ့သည် တက္ကသိုလ်ဆရာ သို့မဟုတ် သုတေသီ အဖြစ် ရပ်တည်ရန် လိုအပ်သော ဘွဲ့တစ်ခုဖြစ်သည်။ အစိုးရလုပ်ငန်းခွင်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) နှင့် ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြသည်လည်း ရှိသည်။ Ph.D ဘွဲ့တစ်ခုရရန် လိုအပ်ချက်မှာ ကမ္ဘာပေါ်တွင် နေရာဒေသအလိုက် အမျိုးမျိုးရှိသော်လည်း ဘုံအားဖြင့် တူညီသည့်အချက်များလည်း ရှိသည်။ ဥပမာ Ph.D ဘွဲ့ယူမည့်သူသည် သေချာစွာလေ့လာအားထုတ်၍ ရေးသားထားသော ကျမ်း၊ ဘွဲ့ယူစာတမ်း တင်သွင်းရမည်။ ပရိသတ်၌ တင်ပြခံနိုင်သော ကျမ်းကောင်းတစ်ဆူ ဖြစ်ရမည်။ မိမိရေးသောကျမ်းအတွက် စာမေးပွဲသဖွယ်စစ်မေးသော ပါမောက္ခ၊ ပညာရှင်များရှေ့မှောက်၌ ဖြေကြားရှင်းလင်းရမည်။ ယင်းကို အင်္ဂလိပ်လို Defend ဟု ခေါ်သည်။ Ph.D ဘွဲ့တစ်ခုရရန် ဘွဲ့ယူကျမ်း မတင်မီအထိ သာမန်ကာလအားဖြင့် ၂ နှစ်၊ ၃ နှစ် ကြာသည်။ ပညာရပ်၌ အတွေ့အကြုံရှိပြီးသူတို့အတွက်မူ ချွင်းချက်ရှိသည်။ ဥပမာ စာတွေ့လုပ်ငန်း (Course Work) များ ယူရန်မလိုခြင်း စသည်တို့ဖြစ်သည်။ အမေရိကန် ကနေဒါ၊ ဒိန်းမတ်တို့သို့သော နိုင်ငံများတွင် Ph.D ကျောင်းသားသည် စာတွေ့လုပ်ငန်းများယူရန်လိုသော်လည်း ယူကေရှိ အချို့တက္ကသိုလ်များတွင် ရိုးရိုးဘွဲ့အခြေခံကောင်းပါက စာတွေ့ယူရန်မလိုသည်လည်း ရှိသည်။ တစ်ကျောင်းတစ်ဂါထာဆိုသကဲ့သို့ တက္ကသိုလ်တစ်ခုတည်းရှိ ဌာနအသီးသီးပင်လျှင် Ph.D အတွက် သတ်မှတ်ချက်များ မတူကြပေ။ သမိုင်းကြောင်း Ph.D ဘွဲ့၏ သမိုင်းကို ပြန်ကောက်ရလျှင် ၉ ရာစု မြေထဲပင်လယ်ခေတ် မဒရာဆက်စ်၌ ရှိခဲ့ဖူးသော ijazat attadris wa 'l-ifttd ("license to teach and issue legal opinions") တွင်တွေ့ရပေသည်။ အစ္စလမ်ဥပဒေအရ အကန့်အသတ်ရှိသော်ငြားလည်း Ph.D နှင့် ဆင်ဆင်တူပေသည်။ ပါရဂူဘွဲ့အဖြစ် အလယ်ခေတ်တွင် ဥရောပ ရှိတက္ကသိုလ်များက တိုးချဲ့လာခဲ့သည်။ အများအားဖြင့် သီအိုလိုဂျီ၊ ဆေးပညာနှင့် ဥပဒေပညာများတွင်ဖြစ်သည်။ Ph.D ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့အဖြစ် နာမည်ကျော်ပညာရှင်များအား ပေးအပ်လေ့ရှိခဲ့သည်။ ဝယ်လင်တန်၊ ဘတ်သ်မိတ်ကာ၊ ဟန့်ဂ်၊ မက်ကောလပ်နှင့် ဆိက်စ် (၂၀ဝ၅) တို့၏ အဆိုအရ ပထမဆုံးသော Ph.D ဘွဲ့ကို ၁၁၅၀ တွင် ပါရီမြို့ ၌ စပေးသည်ဟု ဆိုသည်။ သို့သော် ၁၉ ရာစုအစောပိုင်းအထိ Ph.D ဟု မသုံးသေးပေ။ နောက်ပိုင်းတွင် ဂျာမနီရှိ တက္ကသိုလ်များက အဆင့်အမြင့်ဆုံးဘွဲ့အဖြစ် Ph.D ဟု ယနေ့နားလည်သော အဓိပ္ပာယ်ဖြင့် စတင်သုံးစွဲခဲ့ကြရာမှ တွင်ကျယ်လာသည်။ ၁၉ ရာစုတွင် ဘာလင်ရှိ ဖရက်ဒရစ် ဝယ်လ်ဟိမ်းတက္ကသိုလ်က စတင်၍ Ph.D ကို တီထွင်၍ ပေးသည်။ ၁၉ ရာစုမတိုင်ခင်တွင် အဆင့်မြင့်ဒီဂရီများကို သီအိုလိုဂျီဆိုလျှင် (Th.D)၊ ဥပဒေဆိုလျှင် (J.D)၊ ဆေးပညာဆိုလျှင် (M.D) ဟု ပေးကြကြောင်း ဝယ်လင်တန်နှင့် သုတေသီတစ်စုတို့က ရှင်းပြထားသည်။ ၁၈၆၁ တွင် ယေးလ်တက္ကသိုလ်က ဂျာမန်စနစ်အတိုင်း လိုက်လုပ်ခဲ့ပြီး သိပ္ပံနှင့် ဝိဇ္ဖာဘွဲ့များတွင် သုတေသနလုပ်၍ ကျမ်းတင်ပြီး အောင်မြင်သော ကျောင်းသားများကို Ph.D ဘွဲ့ ပေးအပ်ခဲ့သည်။ Ph.D ဘွဲ့သည် ၁၉၀ဝ တွင် အမေရိကန်ပြည်ထောင်စု မှ ကနေဒါနိုင်ငံ အထိ ပြန့်နှံ့သွားပြီး ၁၉၁၇ တွင် ယူကေကလည်း လက်ခံကျင့်သုံးသည်။ စိန့်အင်ဒရူးတက္ကသိုလ်က သုတေသနအသားပေးဘွဲ့များအတွက် မူလရှိနှင့်ပြီး D.Pil. နေရာတွင် Ph.D ဖြင့် အစားထိုးသည်။ အောက်စဖို့ဒ်တက္ကသိုလ်တက္ကသိုလ်ကမူ သုတေသနဘွဲ့အတွက် D.Pil. ကို ဆက်သုံးသည်။ နှောင်းပိုင်းတက္ကသိုလ်များဖြစ်သော ဘက်ကင်ဟန်တက္ကသိုလ် (၁၉၇၆ တွင်တည်ထောင်)၊ ဆပ်ဆက်စ်တက္ကသိုလ် (၁၉၆၁ တွင်တည်ထောင်) နှင့် ယော့ခ်တက္ကသိုလ် (၁၉၆၃ တွင်တည်ထောင်) တို့က D.Pil. ဘွဲ့ပေးစနစ်ကို ကျင့်သုံးဆဲဖြစ်ပြီး နယူးဇီလန်ရှိတက္ကသိုလ်များကလည်း D.Pil. ဘွဲ့ပေးစနစ်ကို ဆက်လက် လက်ခံသုံးစွဲကြသည်။ ဆက်စပ်ကြည့်ရှုရန် ပါရဂူဘွဲ့ ကြီးကြပ်သူ ပါရဂူဘွဲ့ ပညာရေး
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%9B%E1%80%82%E1%80%B0%E1%80%98%E1%80%BD%E1%80%B2%E1%80%B7
ပရိတ်ကြီး ၁၁ သုတ်
ပရိတ်ကြီး ၁၁ သုတ်ကို ရှေး ရဟန်းပညာရှိ နှင့် လူပညာရှိတို့သည် လောကီအန္တရာယ် အမျိုးမျိုးကင်းစေရန်နှင့် လောကုတ္တရာအကျိုးပွားစေရန်အလို့ငှာ သုံးမျိုးသော ပိဋက ကျမ်းစာများထဲမှ ထုတ်နုတ်၍ စီရင်ထားတော်မူခဲ့ကြသည်။ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများ ၌ သာရေး၊ နာရေး ကိစ္စများဖြစ်သော မင်္ဂလာဆောင်၊ ရှင်ပြု၊ အိမ်တက်မင်္ဂလာ၊ နှစ်သစ်ကူးမင်္ဂလာ၊ အသုဘရှုအခမ်းအနားတို့တွင် ရဟန်းတော်များက ဤ ပရိတ်ကြီး ၁၁ သုတ်အစအဆုံးကိုဖြစ်စေ၊ သက်ဆိုင်ရာသင့်တော်သည့် သုတ်တော်အချို့ကို ဖြစ်စေ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ပေးလေ့ရှိသည်။ အဓိပ္ပာယ် ပရိတ် ဟူသော ဝေါဟာရသည် ပရိတ္တ ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသည့် ပါဠိသက်ဝေါဟာရ ဖြစ်သည်။ ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း ဟု အဓိပ္ပာယ်ရသည်။ မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သာဝကသံဃာတော်များအတွက် ဘေးအန္တရာယ်မျာအားကာကွယ်ရန်အတွက်နှင့် မလိုလားအပ်သည့် ရလဒ်များအား တားဆီးမဖြစ်ပေါ်စေရန်တို့အတွက် များလှစွာသော အန္တရာယ်ကင်းအရံအတားသုတ်တော်တို့ကို ဟောတော်မူခဲ့၏။ ထို ဟောတော်မူခဲ့သည့် အန္တရာယ်ကင်းသုတ်တော်များအနက် ၁၁ သုတ်ကို ပညာရှိရှေးသူတော်ကောင်းများကထုတ်နှုတ်၍ ပရိတ်ကြီး၁၁သုတ် ဟုသတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်များအား အသုံးပြုပူဇော်ရွတ်ဆိုစေသည်။ ပရိတ်ကြီး ၁၁ သုတ် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်တော်များမှ အန္တရာယ်ကင်းအရံအတား ပရိတ်ကြီး ၁၁ သုတ်မှာ - မင်္ဂလသုတ် ရတနသုတ် မေတ္တသုတ် ခန္ဓသုတ် မောရသုတ် ဝဋ္ဋသုတ် ဓဇဂ္ဂသုတ် အာဋာနာဋိယသုတ် အင်္ဂုလိမာလသုတ် ဗောဇ္ဈင်္ဂသုတ် ပုဗ္ဗဏှသုတ် တို့ဖြစ်ကြသည်။ နိုင်ငံအလိုက် ရိုးရာဓလေ့များ ပရိတ်ကြီး(၁၁)သုတ်ဟု အသိများသည့် ပရိတ်တော်များကို မြတ်စွာဘုရားရှင်သည် လူသားတို့၏မျက် မှောက်ဘဝအကာအကွယ်နှင့်၊ အကျိုးစီးပွားဖြစ်စေရေးအတွက် သီးခြားဟောတော်မူထားခြင်း ဖြစ်ပါသည်၊၊ ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် မြတ်စွာဘုရားရှင်မပွင့်ခင်ကတည်းကတည်ရှိခဲ့သည်ဟု လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သည့် နိုင်ငံများတိုင်းတွင် ပရိတ်ရွတ်ဖတ်၊ နာယူသည့် အစဉ်အလာရှိကြပြီး၊ နိုင်ငံအလိုက်ကွဲပြားသည့် ပရိတ်ရွတ်ပုံနှင့်၊ နာယူပုံကွာခြားမှုများကို တွေ့ရပါသည်၊၊ ထိုင်းနိုင်ငံတွင် ပရိတ်ရွတ်သည့်အခါ တူရိယာတစ်မျိုးမျိုးနှင့်တွဲဖက်၍ စည်းဝါးမှန်ကန်စွာရွတ်ဖတ်သည်ကို တွေ့ရပါသည်၊၊ အိန္ဒိယလူမျိုးတို့ကမူ မန္တန်ရွတ်သကဲ့သို့ အသံရှည်ဆွဲ၍ ရွတ်ဖတ်ကြပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် ပရိတ်ရွတ်သည့်အခါ သံရှည်ဆွဲပြီး၊ ဂီတသံပါပါရွတ်ဆိုကြပါသည်၊၊ မဟာပရိတ်ပွဲကြီးများတွင်မူထူးခြားစွာ၊ ရဟန်းသုံးပါးခန့်ပြိုင်တူ အသံကိုရှည်နိုင်သမျှရှည်ရှည်ဆွဲ၍ ရွတ်ဖတ်လေ့ရှိကြပါသည်၊၊ ပရိတ်သုတ်အရေအတွက်မှာလည်း သုတ်ပေါင်း(၂၈)ရှိပါသည်၊၊ အခြားဗုဒ္ဓ ဘာသာနိုင်ငံများတွင်လည်း ပရိတ်သုတ်အရေအတွက် များစွာကွာခြားကြပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် သံဃာတော်များရှေ့နှင့်၊ ဘုရားပုထိုးစေတီများတွင်ထိုင်သည့်အခါ ဘုရား၊ သံဃာနှင့် ဆင်းတုစေတီများဘက်သို့ “ခြေဆင်း”ပြီးထိုင်ကြပါသည်၊၊ မြန်မာအယူအဆနှင့်ကြည့်လျှင် အလွန်ရိုင်းပျသည့် ထိုင်ပုံထိုင်နည်းဖြစ်ပါသည်၊၊ ပရိတ်ရွတ်ဖတ်ချိန်တွင်“ပရိတ်ချည်”ကို သံဃာများသည် ပရိသတ်များနှင့်အတူတူကိုင်ထားကြလျက်၊ ပြီးဆုံးသည့်အခါ သံဃာများမှချည်ကြိုးကို အပိုင်းပိုင်းဖြတ်လျက်၊ လူအားလုံး၏လက်ကောက်ဝတ်တွင် ချည်ပေးကြပါသည် သီရိလင်္ကာတို့၏လုပ်ရိုးလုပ်စဉ်ဖြစ်ပါသည်၊၊ ပရိတ်၏ အကျိုးအာနိသင် ပရိတ်တရားတော်များကို အသေးစိတ်လေ့လာကြည့်လျင် ရတနာသုံးပါးတို့၏ဂုဏ်ကျေးဇူးကို တိုင်တည်၍၊ ဘေးကင်းစေရန်ဆုတောင်းကြပုံ၊ သစ္စာပြုလျက် အကျိုးကိုတောင်းတပုံနှင့်၊ လောကတစ်ခွင်လုံးတွင်ရှိကြသည့်သတ္တဝါများကို ဘေးကင်းစေကြောင်း၊ မေတ္တာပို့သည့်ပါဠိစာပိုဒ်များဖြစ်ကြောင်းကို တွေ့ရပါသည်၊၊ ပရိတ်တရားများကို ရွတ်ဖတ်ခြင်း၊ နာယူခြင်းသည် အမှန်တကယ်ဘေးကင်းစေပြီး၊ အကျိုးတရားကို ဖြစ်ပေါ်စေပါသည်၊၊ မမြင်ရသည့်သရဲတစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ၊ စုန်းကဝေစသည်များ၏အန္တရာယ်ပေးမှုကို အကာအကွယ်ပေးနိုင်ကြောင်း ခိုင်မာသည့်သာဓကများစွာ ရှိပါသည်၊၊ မြတ်စွာဘုရားရှင်သည် လူနတ်တို့၏မျက်မှောက်ဘဝ ဘေးကင်းရေးနှင့်၊ အကျိုးတိုးပွားဖြစ်ပေါ်စေရန် ရည်သန်တော်မူလျက် ပရိတ်အဖြစ်ရွတ်ဖတ်နိုင်သည့် သုတ်များကိုသီးခြားလမ်းညွန်ထားခြင်း ဖြစ်ပါသည်၊၊ ပရိတ်တော် ရည်ညွန်းသုတ္တန်များ ပါဠိစာပေတစ်ရပ်လုံးတွင် သုတ်ပေါင်း(၄,၀၀၀၀)ကျော်မျှရှိသော်လည်း မြတ်စွာဘုရားရှင်မှ“ပရိတ်”အဖြစ်ရွတ်ဖတ်ရန်ညွန်ကြားတော်မူသည့် သုတ်အရေအတွက်မှာ အနည်းငယ်မျှသာ ဖြစ်ပါသည်၊၊ ပါဠိစာပေတိုင်းသည် ပရိတ်အဖြစ်ရွတ်ဖတ်နာယူရန် မဖြစ်နိုင်သည့်ဟန်ဖြစ်ပါသည်၊၊ ပရိတ်(၁၁)သုတ်သည် ကျမ်းတစ်ကျမ်းတည်းတွင် စုစည်းလျက်ဖော်ပြထားသည်မဟုတ်ဘဲ၊ ကျမ်းအ မျိုးမျိုးတွင်ပြန့်ကျဲလျက် ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ “မင်္ဂလသုတ်နှင့်ရတနသုတ်၊ မေတ္တသုတ်” တို့ကို “ခုဒ္ဒကပါဌကျမ်းနှင့် သုတ္တနိပါကျမ်း”တို့တွင်ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ ရတနသုတ်“ပဏိဓာနတော…မှ..ဗုဒ္ဓဂုဏေ အာဝေဇ္ဇတွာ”အထိ ပါဠိစကားပြေသည် “ဓမ္မပဒအဌကထာ၊ ဒု-၂၇၅၊”တွင် ဖော်ပြထားပါသည်၊၊ ခန္ဓသုတ်သည်“စူဠဝါကျမ်း၊ အင်္ဂုတ္တရနိကာယကျမ်း-ပ၊ ဇာတကကျမ်း-ပ၊”တို့တွင် ဖော်ပြပါရှိပါသည်၊၊ မောရသုတ်သည် “ဇာတိကပါဠိတော်-ပ”တွင် ပါရှိပါသည်၊၊ ဝဋ္ဋသုတ်သည်“စရိယာပိဋကကျမ်းနှင့်၊ ဇာတကပါဠိတော်”တို့တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ “အာဋာနာဋိယသုတ်”မှ“ဝိပဿိဿစ..မှ..ဟိတံဒေဝမနုဿာနံ”အထိ စာပိုဒ်ခြောက်ခုသည်“သုတ်ပါ ထေယျကျမ်း”တွင်ဖော်ပြထားပြီး၊ “အဘိဝါဒနသီလိဿ”ဂါထာသည်“ဓမ္မပဒကျမ်း”တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များသည် ဆရာတော်ကြီးများမှ ရေးသားထည့်သွင်းထားခြင်း ဖြစ်ပါသည်၊၊ အမျိုးသမီးများ မီးဖွားလွယ်ကူစေရန် ရွတ်ဖတ်နာယူလေ့ရှိသည့်“အင်္ဂုလိမာလသုတ်”သည် “မဇ္ဈိမ ပဏ္ဏာသကျမ်း”တွင် ဖော်ပြထားပါသည်၊၊ ဗောဇ္ဈင်္ဂသုတ်သည် “သံယုတ်ကျမ်း-တ၊”မှ “ပထမဂိလာန သုတ်၊ ဒု-တ-ဂိလာနသုတ်”များကိုမှီငြမ်းပြုလျက် ဆရာတော်ကြီးများမှ ဂါထာများအဖြစ်ရေးသားထားသည်ဟု ဆိုပါသည်၊၊ ပုဗ္ဗဏှသုတ်မှ“ယံကိဥ္စိ ဝိတ္တံ”ဂါထာသည် ရတနသုတ်မှဖြစ်ပါသည်၊၊ “သုနက္ခတ္တံ”စသော ဂါထာသုံးပုဒ်သည် “အင်္ဂုတ္တရနိကာယကျမ်း-ပ၊”တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များသည် ဆရာတော်ကြီး များထည့်သွင်း ရေးထားကြပါသည်၊၊ ပရိတ်ကြီး ပရိတ်တော်(၁၁)သုတ်ကို စိစစ်ခွဲခြားကြည့်လျင် ဘုရားဟောစစ်(၈)သုတ်၊ ဘုရားဟောပါဠိနှင့် ဆရာတော်ကြီးများရေးသားထားသည်ကို ရောစပ်ထားသည့်(၂)သုတ်နှင့်၊ မြတ်စွာဘုရား၏ ဟောကြားချက်များကိုမှီငြမ်းပြုပြီး၊ ဆရာတော်ကြီးများရေးသားသည့်(၁)သုတ်၊ စုစုပေါင်း(၁၁)သုတ်ဟူ၍ ဖြစ်ပေါ်လာပါသည်၊၊ “ပရိတ်အသေး”ဟူ၍ စာပေဝေါဟာရမရှိသော်လည်း “ပရိတ်”ပုဒ်၏နောက်မှ“ကြီး”စာလုံးဖြည့်စွက်လျှက်“ပရိတ်ကြီး”ဟူ၍လည်း ခေါ်ကြပါသေးသည်၊၊ ကြီးကြီးကျယ်ကျယ်ပြောဆို ရေးသားရသည်ကို မြန်မာတို့ သဘောခွေ့လေဟန် ထင်မှတ်ရပါသည်၊၊ “သီရိလင်္ကာလူမျိုး”တို့သည် သာမန်ပရိတ်ပွဲများတွင်ရွတ်ဖတ်သည့်ပရိတ်ကို နာမည်အထူးမခေါ်သော်လည်း၊ ထူးခြားသည့်အခမ်းအနား၊ အိမ်တက်စသည်များတွင်ရွတ်ဖတ်သည့်ပရိတ်ကိုမူ “မဟာပရိတ်” ဟူ၍ ခေါ်ကြပါသည်၊၊ ပရိတ်ရွတ်သည့် အစဉ်အလာ အိမ်ကြီးအတွင်းတွင် ပရိတ်မဏ္ဍပ်အသေးစားဆောက်လျက် သံဃာများကိုအတွင်းတွင်နေရာချထား ပြီး၊ မြန်မာနိုင်ငံမှပဌာန်းပွဲဆန်ဆန်ကျင်းပသည့် မဟာပရိတ်ပွဲကြီးများမှာ ညလုံးပေါက်ရွတ်ဖတ်ပေးရ ပြီး၊ နာယူကြပါသည်၊၊ ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် ဗုဒ္ဓရှင်တော်မပွင့်မှီကပင်တည်ရှိခဲ့ကြောင်း ပရိတ်တော်များ၏ နောက်ခံဖြစ်စဉ်များကို လေ့လာသုံးခြင်းအားဖြင့် သိနိုင်ပါသည်၊၊ “မောရသုတ်ပရိတ်”သည် ဘုရားမဖြစ်မှီ“ဥဒေါင်း”ဘဝတွင်ရွတ်ဆိုခဲ့သည့်ပရိတ်တော် ဖြစ်ပါသည်၊၊ မောရသုတ်ကိုရွတ်ဖတ်သဖြင့် မင်းခုနှစ်ဆက်တိုင်ဖမ်းခြင်းငှာမစွမ်းနိုင်သည့် အကျိုးကိုရခဲ့ဖူးပါသည်၊၊ ဤဖြစ်စဉ်ကိုသုံးသပ်သောအားဖြင့် မောရသုတ်သည် အခြားအကျိုးကျေးဇူးများအပြင်၊ အထူးသဖြင့် အဖန်းအဆီးခံရမည့် ဘေးမှကင်းလွတ်စေသည်ဟု ယူဆနိုင်ပါသည်၊၊ “ခန္ဓသုတ်”ကို မြတ်စွာဘုရားသည် ရသေ့ဖြစ်စဉ်ဘဝတွင် တပည့်ရသေ့များအား မြွေဆိုးဘေးအန္တ ရာယ်မှကာကွယ်စေရန် သင်ပြလမ်းညွန်ခဲ့သည့်ပရိတ်ဖြစ်သည်ဟု ဖော်ပြထားပါသည်၊၊ ဖြစ်စဉ်ကို ထောက်ဆကြည့်ခြင်းအားဖြင့် ခန္ဓသုတ်သည် မြွေနှင့်အဆိပ်ရှိသတ္တဝါများ၏ ဘေးများကင်းဝေးစေ နိုင်သည်ဟု မှတ်သားနိုင်ပါသည်၊၊ “ဝဋ္ဋသုတ်”သည် မြတ်စွာဘုရားရှင်သည် “ငုံးငှက်”ဖြစ်စဉ် ဘဝ၌ သစ္စာပြုရန်ရွတ်ဆိုခဲ့သည်ဟု ဖော်ပြ ထားပါသည်၊၊ အတောင်မပေါက်သေးသည့်ငှက်ငယ်သည် တောမီးလောင်နေစဉ် “ငါသည် မပျံနိုင်ပါ၊၊ ငါ၏မိဘတို့ သည် စွန့်ခွါကုန်ပြီ၊၊ ဤသစ္စာစကားကြောင့် တောမီးသည်ငြိမ်းပါစေသတည်း”ဟု ဘုရားအလောင်း ငှက်ငယ် သစ္စာဆိုခဲ့ပါသည်၊၊ ဝဋသုတ်သည် မီးဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်ဟု မှတ်သား နိုင်ပါသည်၊၊ အထက်တွင် ဆွေးနွေးတင်ပြထားသည်များကို လေ့လာသောအားဖြင့် မောရသုတ်၊ ဝဋ္ဋသုတ်နှင့်၊ ခန္ဓသုတ်တို့သည် ဘုရားမပွင့်မှီကပင်ရှိခဲ့သည့် ပရိတ်များဖြစ်ကြောင်း သိသာပါသည်၊၊ “မာဃလုလင်”သည် ရှင်ဘုရင်မှအထင်မှားပြီး၊ ဆင်ဖြင့်နင်းသတ်စေရာ ဆင်များမှမနင်းဝံ့သဖြင့်၊ အကြောင်းကိုမေးမြန်းသည့်အခါ “ပရိတ်ရွတ်နေသဖြင့် ဆင်ဘေးမှ ကင်းဝေးရသည်”ဟု ဖြေသည်ကိုသုံးသပ်ခြင်းအားဖြင့် ပရိတ်တော်များသည် မနာလိုသူများ၏ချောက် ချသည့်အန္တရာယ်မှလည်း ကင်းဝေးစေနိုင်ကြောင်း မှတ်သားနိုင်ပါသည်၊၊ “ဗာရဏသီမင်း၏သားတော်သည် တက္ကသိုလ်ပြည်သို့ မင်းအဖြစ်ကိုခံယူရန်အတွက်၊ ဘီလူးနှင့်သားရဲ ပေါသည့်တောကြီးကိုဖြတ်သွားရမည်ဖြစ်၍ ဘေးများမှကင်းဝေးရန် ပစ္စေကဗုဒ္ဓါများမှ ပရိတ်ချည်နှင့်၊ ပရိတ်သဲများကို ပေးလိုက်သည်”ဟု တေလပတ္တဇာတ်၊ အဋ္ဌကထာတွင် ဖော်ပြထားပါသည်၊၊ “ဆဒ္ဒန်ဆင်မင်းသည် အစွယ်ကိုဖြတ်သည့်မုဆိုးအား၊ ခုနှစ်နှစ်၊ ခုနှစ်လလာခဲ့ရသည့်ခရီးကို ပရိတ်အကာအကွယ်များ ပြုပေးလိုက်ခြင်းဖြင့် ခုနှစ်ရက်တည်းဖြင့် တိုင်းပြည်အရောက်ပြန်နိုင်ခဲ့သည်” ဟု ဖော်ပြထားပါသည်၊၊ အထက်ပါဖော်ပြချက်များကို သုံးသပ်သောအားဖြင့် ပရိတ်ရွတ်ဖတ်လျင်ဖြစ်စေ၊ နာယူလျင်ဖြစ်စေ ခရီးသွားသည့်အခါ လမ်းခရီးလျင်မြန်ကြောင်းနှင့်၊ ဘေးကင်းကြောင်းကို မှတ်သားနိုင်ပါသည်၊၊ ဆွေးနွေးဖော်ပြထားသည့်ဖြစ်စဉ်များမှာ ဘုရားမဖြစ်ခင်ဘဝများက ဖြစ်ခဲ့သည့်ဖြစ်စဉ်များဖြစ်၍၊ ပရိတ် ရွတ်ဖတ်သည့်အစဉ်အလာသည် ဘုရားမပွင့်မှီနှင့်၊ ဗုဒ္ဓဘာသာမပေါ်မှီကပင်တည်ရှိခဲ့သည်ဟု ဆိုနိုင်ပါ သည်၊၊ ဘုရားညွှန်းကြားသော ပရိတ်တော် မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီးမှပေါ်ပေါက်လာသည့် ပရိတ်တော်(၇)သုတ်ရှိပါသည်၊၊ ဘုရားဖြစ်ပြီးမှ မြတ်စွာဘုရားရှင်ကိုယ်တိုင် လမ်းညွန်တော်မူသည့် ပရိတ်(၇)သုတ်ဟု ဆိုလိုပါသည်၊၊ (၁) ရတနသုတ်၊ (၂) မေတ္တသုတ်၊ (၃) ခန္ဓသုတ်၊ (၄) ဓဇဂ္ဂသုတ်၊ (၅) အာဋာနာဋိယသုတ်၊ (၆) အင်္ဂုလိမာလသုတ်၊ (၇) ဗောဇ္ဈင်္ဂသုတ်၊ “ရတနသုတ်”သည် ဝေသာလီပြည်တွင် ရောဂါဘေး၊ ဘီလူးသားရဲဘေးနှင့်၊ အစားအသောက်ငတ် မွတ်ဘေးတို့ဖြစ်ပေါ်သည့်အတွက် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာအား “ရတနသုတ်”ကိုသင်ပေးပြီး မြို့ကိုပတ်၍ ရွတ်ဖတ်စေသဖြင့် ဘေးအားလုံးမှကင်းဝေးသွားပါသည်၊၊ တောနက်ထဲတွင် ကမ္မဌာန်းတရားအားထုတ်နေကြသည့် ရဟန်း(၅၀၀)တို့အား သစ်ပင်စောင့်နတ်များ မှအန္တရာယ်ပြုသဖြင့်၊ အကာအကွယ်ရစေနေရန် မြတ်စွာဘုရားရှင်မှ “မေတ္တသုတ်”ကိုသင်ပြပေးပြီး၊ ရွတ်ဖတ်စေခဲ့ပါသည်၊၊ မေတ္တသုတ်သည် မြင်ရ၊ မမြင်ရအနှောက်အယှက်ဘေးအန္တရာယ်များမှ ကင်းဝေးစေသည့်ပရိတ်ဟု မှတ်သားနိုင်ပါသည်၊၊ “ဓဇဂ္ဂသုတ်”ကို မြတ်စွာဘုရားရှင်သည် တောထဲတွင်တရားအားထုတ်နေသည့် သံဃာများအတွက် ကြောက်လန့်ခြင်း၊ ကြက်သီးထခြင်းများမဖြစ်ပေါ်စေရန် ရတနာသုံးပါး၏ဂုဏ်များကို အောက်မေ့အ မှတ်ရနေရမည်ဟု သင်ပြလမ်းညွန်ပေးခဲ့ပါသည်၊၊ ဝေဿဝဏ်နတ်မင်းကြီးသည် တရားကျင့်သည့်သံဃာတော်တို့အား နတ်ဆိုးများနှင့်၊ တစ္ဆေ၊ ပြိတ္တာတို့ မှမနှောက်ယှက်နိုင်စေရန် “အာဋာတိယသုတ်”ကိုလျောက်ထားသဖြင့် မြတ်စွာဘုရားမှခွင့်ပြုတော်မူ ခဲ့သည့် ပရိတ်ဖြစ်ပါသည်၊၊ ကျန်းမာရေးမကောင်းသည့်အချိန်တွင် ရွတ်ဖတ်ခြင်းဖြင့် သက်သာပျောက်ကင်းစေရန် မြတ်စွာဘုရား ရှင်သည်“ဗောဇ္ဈင်္ဂသုတ်”ကို ဟောပြောသင်ပြခဲ့ပါသည်၊၊ မြတ်စွာဘုရားရှင်ကိုယ်တိုင်နှင့်၊ “အရှင်မောဂ္ဂ လာန်၊ အရှင်မဟာကဿပ”တို့ မကျန်းမာချိန်ကလည်း “အရှင်စုန္ဒမထေရ်”ကိုရွတ်ဖတ်စေခဲ့သည်ဟု ပါဠိတော်မှတ်တမ်းတင်ထားပါသည်၊၊ အထက်တွင် ဆွေးနွေးတင်ပြထားသည့် ပရိတ်တော်(၇)သုတ်သည် စာပေအထောက်အထားခိုင်မာ သည့် မြတ်စွာဘုရားဟော ပရိတ်တော်များဖြစ်ပါသည်၊၊ “မင်္ဂလသုတ်၊ ဝဋ္ဋသုတ်၊ မောရသုတ်နှင့်၊ ပုဗ္ဗဏှသုတ်”တို့ကို မြတ်စွာဘုရားရှင်မှပရိတ်အဖြစ် ရွတ်ဆို၊ နာယူကြရန်လမ်းညွန်ခဲ့သည် ပါဠိတော်အထောက်အထား မရှိကြောင်းပါဠိသုတေသနပညာရှင်များမှ ဆိုပါသည်၊၊ မိလိန္ဒမင်းလက်ထက် ပရိတ်တော်များ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုအပြီးနှစ်(၅၀၀)အကြာ “အရှင်နာဂသိန်နှင့်၊ မိလိန္ဒမင်း”တို့ပေါ်ပေါက်သည့် ခေတ်တွင် ပရိတ်ရွတ်ခြင်းသည် အကျိုးရှိ၊ မရှိပြဿနာကို အရှင်နာဂသိန်မှ အကျိုးဧကန်ရှိကြောင်း ဖြေကြားတော်မူပြီး၊ ပရိတ်(၇)သုတ်ကို ဖော်ညွန်ပြခဲ့ပါသည်၊၊ (၁) ရတနသုတ်၊ (၂) မေတ္တသုတ်၊ (၃) ခန္ဓသုတ်၊ (၄) မောရသုတ်၊ (၅) ဓဇဂ္ဂသုတ်၊ (၆) အာဋာနာဋိယသုတ်၊ (၇) အင်္ဂုလိမာလသုတ်၊ အထက်ပါဖော်ပြချက်ကို ထောက်ဆသောအားဖြင့် ထိုခေတ်အချိန်က ပရိတ်(၇)သုတ်သာရှိသေးကြောင်း သိနိုင်ပါသည်၊၊ သာသနာတော်နှစ်(၉၀၀)တွင် “သီရိလင်္ကာနိုင်ငံ”၌ ပါဠိစာပေအထူးထွန်းကားလျက်ရှိပြီး၊ သာသနာ တော်နေရောင်လရောင်ပမာ ထွန်းပြောင်ခဲ့ပါသည်၊၊ “အရှင်မဟာဗုဒ္ဓဃောသ”ဟူသော ပါဠိကျမ်းပြုဆ ရာတော်တစ်ပါးပေါ်ပေါက်ခဲ့ပြီး၊ ဘုရားဟောပါဠိကျမ်းများကို အဖွင့်ကျမ်းကြီးများပြုစုခဲ့ပါသည်၊၊ အရှင်မဟာဗုဒ္ဓဃောသကျမ်းထဲမှ ပရိတ်တော် အရှင်မဟာဗုဒ္ဓဃောသသည် သူ၏ကျမ်းကြီးများထဲတွင် ပရိတ်တော်(၈)သုတ်ကို ဖော်ပြထားပါသည်၊၊ (၁) ရတနသုတ်၊ (၂) မေတ္တသုတ်၊ (၃) ခန္ဓသုတ်၊ (၄) မောရသုတ်၊ (၅) ဓဇဂ္ဂသုတ်၊ (၆) အာဋာနာဋိယသုတ်၊ (၇) ဗောဇ္ဈင်္ဂသုတ်၊ (၈) ဣသိဂိလိသုတ်၊ “ဣသိဂိလိသုတ်”သည် “ဥပရိပဏ္ဏာသပါဠိကျမ်း”တွင် ဖော်ပြထားပြီး၊ ဣသိဂိလိတော်ပေါ်တွင်နေထိုင်ကြသည့် ပစ္စေကဗုဒ္ဓါများ၏ နာမည်များကိုဖော်ပြထားသည့် သုတ်ဖြစ်ပါသည်၊၊ ဘီလူး၊ ဘုတ်တစ္ဆေ၊ ပြိတ္တာတို့ဘေးရန်မှ ကာကွယ်နိုင်သည့်“ယက္ခပရိတ်”နှင့်၊ မြွေဆိုးများမလာစေရန်စည်း ချသည့်“နာဂမဏ္ဍလပရိတ်”တို့ကို သံဃာများသင်သင့်ကြောင်းကို“စူဠဝါပါဠိကျမ်း”တွင် ဖော်ပြထားပါသည်၊၊ ဘုရားဟောသုတ်များ မဟုတ်သဖြင့်၊ သင်ကြားမှု၊ ရွတ်ဖတ် နာယူမှုပျောက်ကွယ်ခဲ့သည့် ပရိတ်သုတ်များဖြစ် ဟန်ရှိပါသည်၊၊ ပရိတ်ကြီးဋီကာ သာသနာတော်နှစ်(၂၁၅၃)တွင် “အရှင်တေဇောဒီပမထေရ်”သည် “ပရိတ်ကြီးဋီကာကျမ်းကြီး”ကို ရေးသားခဲ့ပါသည်၊၊ ကျမ်းကြီးထဲတွင် ပရိတ်(၉)သုတ်ကိုသာ ဖော်ပြထားပါသည်၊၊ (၁) မင်္ဂလသုတ်၊ (၂) ရတနသုတ်၊ (၃) မေတ္တသုတ်၊ (၄) ခန္ဓသုတ်၊ (၅) မောရသုတ်၊ (၆) ဓဇဂ္ဂသုတ်၊ (၇) အင်္ဂုလိမာလသုတ်၊ (၈) အာဋာနာဋိယသုတ်၊ (၉) ဗောဇ္ဈင်္ဂသုတ်၊ ရှေးခတ်က မပါခဲ့သော ပရိတ်တော်များ အထက်တွင် ဆွေးနွေးဖော်ပြခဲ့သည်များအားလုံးကို အသေးစိတ်လေ့လာကြည့်လျင် ရှေးခေတ်က ပရိတ်(၉)သုတ်ကိုသာအသုံးပြုခဲ့ပြီး၊ “ဝဋ္ဋသုတ်နှင့်၊ ပုဗ္ဗဏှသုတ်”တို့ကို ပရိတ်အဖြစ် အသုံးမပြုခဲ့ကြောင်း တွေ့နိုင်ပါသည်၊၊ “ဝဋ္ဋသုတ်”သည် မြတ်စွာဘုရားကိုယ်တိုင်ခေတ်နှင့်၊ အခြားသောခေတ်များအားလုံးတွင် ပရိတ်အဖြစ် အသုံးပြုခဲ့ခြင်းမရှိဘဲ၊ မျက်မှောက်ခေတ်တွင်မှ ဆရာတော်ကြီးများထည့်သွင်းပြီး ပရိတ်အဖြစ်ရွတ် ဖတ်ခဲ့ခြင်း ဖြစ်ပါသည်၊၊ ပုဗ္ဗဏှသုတ်မှ“ယံဒုန္နိမိတ္တံ..မှ..အပရာဇိတပလ္လင်္ကေ”အထိ သုံးဂါထာသည် အရှင်တေဇောဒီပ၏ကျမ်း ထဲတွင် မေတ္တာပို့ဂါထာများအဖြစ်ဖော်ပြထားပြီး၊ မျက်မှောက်ခေတ်တွင်“အင်္ဂုတ္တရနိကာယ်”မှ“သုနက္ခ တ္တံ”စသော ဂါထာများကိုထည့်သွင်းပြီး“ပုဗ္ဗဏှသုတ်”ဟု အမည်တပ်အသုံးပြုခဲ့ဟန် တူပါသည်၊၊ ပရိတ်၏အစတွင်ရွတ်ဆိုသည့်“သမန္တာဂါထာ”သည် ပရိတ်ကြီးဋီကာကျမ်းကြီးပေါ်ချိန်အထိ မရှိသေးဘဲ၊ ထိုအချိန်ကပရိတ်ရွတ်လျင် “ဓမ္မဿသနကာလော အယံဘဒန္တာ”မှ စတင်ပြီးရွတ်ဆိုခဲ့ကြသည်ဟု မှတ်တမ်းများတွင် တွေ့ရပါသည်၊၊ အကျိုးရှိသော ပရိတ်ရွတ်ဖတ်ခြင်း ပရိတ်ရွတ်ဖတ်နာယူသည့်အစဉ်အလာသည် ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင်တည်ရှိသည့်အတွက် အရေးပါသည့် ကျင့်စဉ်ဖြစ်နေပါသည်၊၊ ပရိတ်ကိုပင် စည်းချသည့်အရံအတားအဖြစ်၎င်း၊ အဆောင်မန္တန်အ သွင်ဖြင့်၎င်း အသုံးပြုကြသည်များလည်း ရှိပါသေးသည်၊၊ မည်သို့အသုံးပြုသည်ဖြစ်စေကာမူ ရိုသေမှုဖြင့်သုံးလျင် အကျိုးကိုရရှိနိုင်ပါသည်၊၊ ပရိတ်ရွတ်ဖတ်သူတွင် ရှိရမည့်အင်္ဂါရပ်များနှင့်၊ နာယူသူတွင်ရှိရမည့်အင်္ဂါရပ်များဟူ၍ ရှိပင်ရှိသော်လည်း၊ အင်္ဂါရပ်များမ ပြည့်စုံစေကာမူ၊ တိရစ္ဆာန်များပင်ပရိတ်အကျိုးကိုရနိုင်သည်ကို ထောက်ဆသောအားဖြင့် လူတို့အတွက် ဧကန်မုချအကျိုးကျေးဇူးကိုရရှိနိုင်သည်ဟု ယုံကြည်ရပါသည်၊၊ “ပရိတ်”ကို သံဃာများတွင်မက၊ လူများလည်းရွတ်ဖတ်နိုင်ပါသည်၊၊ ဘာသာခြားသူများလည်း ရွတ် ဖတ်နာယူနိုင်ပါသည်၊၊ အကျိုးကိုရရှိသည်ခြင်းအတူတူပင် ဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင် သင်ပြဟောပြောတော်မူခဲ့သည့် ပါဠိတော်ကျမ်းများစွာပင်ရှိသော်လည်း ပရိတ်ပါဠိ များသည် လူတို့နှင့်အနီးကပ်ဆုံးဖြစ်သည့်အတွက် အသေးစိတ်သိရှိကြစေရန်ရည်ရွယ်ချက်ဖြင့် ယ္ခုစာ တမ်းကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်၊၊ ပရိတ်အကြောင်း လေ့လာတင်ပြချက်သည် ဤတွင်အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟုယူဆပါသည်၊၊ “အလင်းစက်”စာဖတ်သူများ ပရိတ်တော်အစွမ်းဖြင့် ငြိမ်းချမ်းအေးမြပါစေကြောင်းဆုမွန်ချွေလျက် စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊ ဆက်စပ်ဖတ်ရှုရန် ပရိတ်ရွတ်ဖတ်ခြင်း ဝတ်ရွတ်စဉ် ကိုးကား ပရိတ်ကြီး ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%9B%E1%80%AD%E1%80%90%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%20%E1%81%81%E1%81%81%20%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
နှစ်ကျိပ်ရှစ်ဆူ
နှစ်ကျိပ်ရှစ်ဆူ ဆိုသည်မှာ ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော “ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ကို ဆိုလိုသည်။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း နှင့် စေတီတော် များတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရား ဆင်းတုတော် များရှိကြသည်။ ပွင့်တော်မူပြီးသော ဘုရားရှင်များ ဆုံးစမထင်သော သံသရာ တစ်လျှောက်တွင် ဂင်္ဂါဝါဠု သဲစုမကသော ဘုရားများ ပွင့်ခဲ့ကြသည်။ အဆူဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ် ၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ...တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။ သာရမဏ္ဍကမ္ဘာသည် ဘုရား ၄ ဆူပွင့်သော ကမ္ဘာဖြစ်သည်။ ၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တဝါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။ ၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။ ထိုကာလကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၁ အသင်္ချေဟုသတ်မှတ်သည်။ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် ပထမ အသင်္ချေဖြစ်သည်။ ၄။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။ ထိုကာလကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် ဒုတိယ အသင်္ချေဖြစ်သည်။ ၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်းကောင်း၊ ရေဝတမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရားသည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော်မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။ သာရမဏ္ဍကမ္ဘာသည် ဘုရား ၄ ဆူပွင့်သော ကမ္ဘာဖြစ်သည်။ ၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။ ထိုကာလကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် တတိယ အသင်္ချေဖြစ်သည်။ ၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ဝရကမ္ဘာ၌ ပွင့်တော်မူကုန်၏။ ဝရကမ္ဘာသည် ဘုရား ၃ ဆူပွင့်သော ကမ္ဘာဖြစ်သည်။ ၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တဝါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။ ၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။ ထိုကာလကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် စတုတ္ထ အသင်္ချေဖြစ်သည်။ ၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။ ပဒုမုတ္တရမြတ်စွာဘုရားမှနေ၍ ယနေ့ ကမ္ဘာအထိကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် ရေတွက်၍ရသော ကမ္ဘာတစ်သိန်းဖြစ်သည်။ ၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။ ၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက်၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော်မူတတ်ကုန်သော ပိယဒဿီ၊ အတ္ထဒဿီ၊ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။ ၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်‌တိုင် သစ္စာလေးပါးကို သိတော်မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ဝရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။ ၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ညှောင့်ကို နှုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။ ၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော်မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။ ၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တဝါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။ ၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။ ၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။ ၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော်မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့်တော်မူကြကုန်၏။ ၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့သည် လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့သည် လည်းကောင်း ထိုဗုဒ္ဓဝင် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များ ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာတွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော “ ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာတွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြသည်။ ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။ တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။ မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။ ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။ ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။ မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ ရေဝတဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။ သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။ ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။ နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တစ်သိန်း။ သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ၊ ဝါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ အတ္ထဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။ ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။ သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။ တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။ ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။ ဝိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။ သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။ ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။ ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။ ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။ ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။ ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။ ထူးခြားချက် နှစ်ကျိပ်ရှစ်ဆူသော ဘုရားကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြ၏။ တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ၊ သောဘိတ၊ ပိယဒဿီ၊ သိခီ။ တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ၊ အနောမဒဿီ၊ အတ္ထဒဿီ၊ ဝေဿဘူ။ အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ၊ ပဒုမ၊ ဓမ္မဒဿီ၊ ကကုသန်။ ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည၊ နာရဒ၊ သိဒ္ဓတ္ထ၊ ကောဏဂုံ။ ကြာသပတေး သား(၄) ဆူ - မင်္ဂလ၊ ပဒုမုတ္တရ၊ တိဿ၊ ကဿပ။ သောကြာ သား (၄) ဆူ - သုမန၊ သုမေဓာ၊ ဖုဿ၊ ဂေါတမ။ စနေ သား (၄) ဆူ - တဏှင်္ကရာ၊ ရေဝတ၊ သုဇာတာ၊ ဝိပဿီဘုရား။ ဘုရားရှင်တို့၏ ဉာဏ်တော်များနှင့် အသုံးချတော်မူပုံ (၁) အကြောင်းဟုတ်၊ မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဉာဏ်တော် (သတ္တဝါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊ မကုန်နိုင် (သို့) ရဟန္တာဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၂) ကောင်းကျိုး၊ မကောင်းကျိုး ကို သိသော ဝိပါကဉာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ်၊ ဒွိဟိတ်ပဋိသန္ဓေနေမှု) ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၃) သတ္တဝါတို့လားရာ၊ ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါဉာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတုဉာဏ်တော် (အထက်ပါ ဉာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (ဝါ) ကမ္မဋ္ဌာန်းပေးရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၅) သတ္တဝါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိကဉာဏ်တော် (သတ္တဝါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၆) လူတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တဉာဏ်တော် (သတ္တဝါတို့၏ သဒ္ဓါတရားကောင်း၊ မကောင်းကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၇) ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာနဝိမောက္ခ သမာဓိ သမာပတ္တိဉာဏ်တော် (ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့်သည်ဆိုလျှင် ဝေးကွာသော အရပ်သို့ပင် ကြွရောက်တော်မူပါသည်။) (၈) ရှေးဖြစ်ဟောင်း၊ ဘဝခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် (ရှေးဘဝဖြစ်စဉ်နှင့် အထုံ၊ပါရမီစသည်တို့ကို ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။) (၉) သတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (ဝါ) ဒိဗ္ဗစက္ခုဉာဏ်တော် (သတ္တဝါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။) (၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသဝက္ခယဉာဏ်တော် (သတ္တဝါတို့အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။) ဘုရားရှင်တို့၏ တူသောအချက်များ ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိသည်။ (၁) အလောင်းတော်သည် နောက်ဆုံးသောဘဝ၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ထူးခြားချက်မှာ နတ်ပြည်မှသာ စုတေကြခြင်းဖြစ်သည်။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူခြင်းမရှိပါ။ အ‌ကြောင်းမှာ ဗြဟ္မာပြည်ကနေ လာလျှင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကိုပါလာမည်။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး။ (တချို.အပျိုကြီး၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ...ဤကားစာကြွင်း) အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေလျှင် မဇ္ဈိမလမ်းစဉ်ကို တွေ့ဖို့ခက်မည် ဟု ဆိုသည်။ (၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္လင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီးနေပါသည်။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ့ဝမ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရသည်။ ချင်ခြင်းတပ်ခြင်း၊ နာကျင်အော့အန်ခြင်း မရှိပါ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ။) (၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည်။ (ညစ်ပေမှု မရှိပါ၊ မိခင်လည်း ကျန်းမာစွာ ရှိရသည်၊ နောက် (၇)ရက်မှာတော့ မိခင် ကံတော်ကုန်ရသည်။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုစွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည်။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟုဆိုသည်။ (ဤကား အရှင်ဉာဏိသာရ၏ အဟော) (၄) တောအရပ်၌သာ ဖွားတော်မူပါသည်။ (၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ "ဤလောက၌ ငါသာ အမြတ်ဆုံးတည်း၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း၊နောက်ထပ် ပဋိသန္ဓေ နေစရာမလိုတော့ပြီ" ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘဝသို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘဝ၌ ဖွားစမှာပင် စကားပြော၏။ မဟောသဓာ၊ ဝေဿန္တရာ နှင့် နောက်ဆုံးဘဝ -(သုခမှတ်စု)) (၆) သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်(၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအဝင်ဟု သတ်မှတ်သည်။) (၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှလွဲ၍ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်လျှင်ဝတ်၊ မဝတ်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။) (၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်ဩဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇)ပတ်၊ (၄၉)ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ဝမ်းထဲတွင် အစာခြေလဲ မမြန်၊ မြန်မြန်လဲ မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။) (၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။ (၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဉာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါနကို လွန်စွာချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ်(ဒီ-၂၊ ၃၁)၊ မဟာသတိပဌာနသုတ်(မ-၁၊ ၇၀)၊ တတိယပါရာဇိက ပါဠိ(ဝိ-၁၊ ၈၉)၊ အာနာပါနဿတိသုတ်(မ-၃၊ ၁၂၂)၊ မဟာရာဟုလောဝါဒသုတ်(မ-၂၊ ၈၈)၊ ကာယဂတာသတိသုတ်(မ-၃၊ ၁၃၀) တို့၌ ဟောတော်မူခဲ့သည်။) (၁၁) မာရ်စစ်သည်ကို အောင်တော်မူသည်။ (၁၂) ဗောဓိပလ္လင်၌သာ ဝိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြသည်။ (၁၃) ဗောဓိပင်၏ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။ (၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည်။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာနားလည်နိုင်မည်နည်းဟု ဆင်ခြင်ကြည့်တော်မူပါသည်။ ဆင်ခြင်သည့် နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမည့်သူကို မတွေ့ဘူးဟု ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မည် ဆိုသည့် စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကို မဟာသဟမ္ပတိဗြဟ္မာမင်းက တောင်းပန်သည် ဟုဆိုသည်။ (ဒီဃနိကယ်မှာ ဝိပဿီဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။) (၁၅) ဣတိပတနမိဂဒါဝုန်တော၌သာ ဓမ္မစကြာတရားဦးဟောတော်မူကြသည်။ (၁၆) တပို့တွဲလပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြသည်။ (၁၇) ဇေတဝန်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ဝါမြောက်၊ (၂၁) ဝါမှ (၄၄) ဝါ အထိ (၂၅) ဝါ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလဝတ်မှ နိဂြောဓါရုံကျောင်းမှာ(၁၅) ဝါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။) (၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ (ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော်) (၁၉) တာဝတိံသာ၌သာ အဘိဓမ္မာတရားဟောသည်။ (၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။ (၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။ (၂၂) နံနက်အခါ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။) (၂၃) အကြောင်းရှိမှ ဝိနည်းတရားတို့ကို ပညတ်တော်မူပါသည်။ (ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားလျှင် ဘယ်သူမှ ရဟန်းဝတ်ရဲ/ဝတ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။) (၂၄) အတ္ထုပ္ပတ္တိနှင့် တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။ (၂၅) ဆွေတော်၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓဝင် ကိုသာဟောတော်မူကြသည်။ (၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကားပြောတော်မူကြသည်။ (၂၇) ဒါယကာတို့ ဖိတ်၍ ဝါဆိုတော်မူသော်၊ ဝါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။ (၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။ (၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုဉ်းပေးတဲ့ဆွမ်းသည် ဝက်သား (ဝက်ပျိုသား) (မဟာအဋ္ဌကထာ၊ PDS dictionary အရ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တဝ” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုဉ်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပာယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို၊ ဆေးပေါင်းစုံဟင်း၊ နူးညံ့လှစွာသော မကြီးမငယ် ဝက်သား၊ မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ဝက်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တဝ”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ဝက်သား ဟု ပြောရမှာပါ။) (၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။ ရုပ်ပုံများ ရည်ညွှန်းကိုးကား သုတေသနသရုပ်ပြအဘိဓာန် - ဖျာပုံတိုက်သစ်ဆရာတော် ဗုဒ္ဓဝံသ။ ပါဠိ။ ၃၈၁။ အဋ္ဌကထာ။ ၃၄၈၊ အပဒါန်။ ပါဠိ။ ပ-အုပ်။ ၅၄။ စရိယာပိဋက။ ပါဠိ။ ၁၄။ ဗုဒ္ဓဘာသာ ဘုရားများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%80%E1%80%BB%E1%80%AD%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%86%E1%80%B0
ဂျွန် အိုကဲလ်
ဂျွန် အိုကဲလ် (John Okell) သည် လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးကျောင်း (SOAS) မှ တွဲဖက် သုတေသီတစ်ဦးဖြစ်သည်။ မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုတွင် ကမ္ဘာ့ထိပ်တန်း ဦးဆောင်ပညာရှင်ထဲမှ တစ်ဦးဖြစ်သည်။ ဆရာကြီး ဂျွန် အိုကဲသည် အောက်စဖို့ဒ်တက္ကသိုလ် တွင် ဂန္ထဝင်စာပေကို လေ့လာသင်ယူခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသို့ မြန်မာစာပေသင်ယူရန် မသွားမီ SOAS တွင် အာရ်. ကေ. စပရစ်ဂ် (R. K. Sprigg) နှင့် အခြား ဘာသာဗေဒပညာရှင်များထံတွင် ဆက်လက်လေ့လာဆည်းပူးသည်။ ဆရာကြီးရွှေပြည်ဦးဘတင် စသူတို့ထံတွင် မြန်မာစာပေကို ဆည်းပူးခဲ့ဖူးသူဟု ဆိုကြသည်။ မြန်မာသဒ္ဒါကျမ်း နှစ်တွဲကိုလည်း ရေးသားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အက်ပဲလ် ကွန်ပျူတာများတွင် အသုံးပြုရန် 'Ava Laser' Font ကိုပြုစုပေးခဲ့သည်။ လန်ဒန်တက္ကသိုလ်တွင် တွဲဖက်သုတေသီအဖြစ် ဆောင်ရွက်လျက်ရှိပြီး မြန်မာစာပေကို ပို့ချခဲ့သည်။ သူ့အား မြန်မာအမည် ဦးလှသိန်း၊ ကိုအုတ်ခဲ စသည့် နာမည်များဖြင့်သိကြသည်။ ပညာသင်ဘဝ ဂျွန်အိုကယ်ကို အင်္ဂလန်တောင်ပိုင်း ဘရိုက်တန် ကမ်းခြေမြို့၌ ၁၉၃၄ က မွေးခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ် ဘုရင်မကောလိပ်တွင် ရောမနဲ့ ဂရိ ဂန္ထဝင်စာပေများ သင်ကြားခဲ့သည်။ ထို့နောက် ၁၉၅၉တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာရပ်များကျောင်း၌ မြန်မာစာ ပါမောက္ခ ဒေါက်တာလှဘေထံတွင် မြန်မာစာ ကို တစ်နှစ်ခွဲ သင်ယူခဲ့သည်။ ၁၉၆ဝ တွင် ဂျွန်အိုကယ်သည် မြန်မာပြည်သို့ ရောက်ရှိပြီး မြန်မာစာနှင့် ယဉ်ကျေးမှုများကို ဆက်လက်ဆည်းပူးခဲ့သည်။ ထိုခေတ်က ရန်ကုန်မြို့တွင် မြန်မာစကား ပြောဖို့ကြိုးစားတိုင်း လူတွေက အင်္ဂလိပ်လိုသာ ပြန်ပြောကြသဖြင့် မြန်မာပြည် အထက်ပိုင်းတွင် သွားသင်ခဲ့ရသည်ဟု ဂျွန်အိုကယ်က သူ့၏ မြန်မာစာသင်ခရီးကို ၂ဝဝ၆ က မြန်မာလေ့လာရေး ဘူလက်တင် စာစောင်တွင် ရေးသားထားသည်။ မြန်မာစာပေဆိုင်ရာ ဆရာကြီး ဂျွန် အိုကဲသည် တယောထိုး ဝါသနာပါသည်။ ဘဝနိဂုံး လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဂျွန်အိုကယ်သည် ၂၀၂၀ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့ လန်ဒန်မြို့တွင် ကွယ်လွန်ခဲ့သည်။ ဂျွန်အိုကယ်သည် အသက် (၈၆) နှစ် အရွယ် မကွယ်လွန်မီ တလခန့် အထိ ကျောင်းသားများအား မြန်မာစာ သင်ကြားပေးသွားခဲ့သည်။ ပြစုခဲ့သော စာအုပ်များ Hla Pe, Anna J. Allott, John Okell (1963). "Three 'Immortal' Burmese Songs." Bulletin of the School of Oriental and African Studies . 26.3: 559-571. Okell, John. "Learning Music from a Burmese Master" Man 64: 183 Okell, John (1965). "Nissaya Burmese: a case of systematic adaptation to a foreign grammar and syntax". Lingua 15: 186-227. Okell, John (1969). A reference grammar of colloquial Burmese. London: Oxford University Press. Okell, John (1971). "The Burmese Double-Reed "Nhai"". Asian Music 2.1: 25-31 Okell, John (1971). "K Clusters in Proto-Burmese". Sino-Tibetan Conference, October 8-9, 1971, Bloomington, Indiana. ms. Okell, John (1971). A guide to the romanization of Burmese. London: Luzac [for] The Royal Asiatic Society of Great Britain and Ireland. Okell, John (1979). "'Still' and 'anymore' in Burmese." Linguistics of the Tibeto-Burman area 4.2: 69-82. Okell, John (1988). ‘Notes on Tone Alternation in Maru Verbs’. David Bradley, Eug´enie J.A. Henderson and Martine Mazaudon (eds), Prosodic analysis and Asian linguistics: to honour R.K. Sprigg. (Pacific Linguistics C-104). Canberra, A.C.T., Australia: Dept. of Linguistics, Research School of Pacific Studies, Australian National University:109-114. Okell, John (1989). First steps in Burmese. London: School of Oriental and African Studies, University of London. Okell, John (1989). "Yaw: a dialect of Burmese". South East Asian linguistics: essays in honour of Eugénie J A Henderson. Ed. J H C S Davidson. London, SOAS:199-219. Okell, John (1995). Burmese: an introduction to the spoken language. [De Kalb]: Northern Illinois University, Center for Southeast Asian Studies. Okell, John (1995). Burmese: an introduction to the script. [De Kalb]: Northern Illinois University, Center for Southeast Asian Studies. Okell, John (1995). Burmese: an introduction to the literary style. [De Kalb]: Northern Illinois University, Center for Southeast Asian Studies. Okell, John (1995). "Three Burmese Dialects." D. Bradley (ed.). Papers in Southeast Aisan linguistics no. 13: Studies in Burmese Languages. (Pacific Linguistics, A-83). : 1-138. Okell, John and Anna Allott (2001). Burmese/Myanmar dictionary of grammatical forms. Curzon Press. Okell, John (2002). Burmese by ear, or Essential Myanmar. London: Audio-Forum, Sussex Publications Limited. (Now available for free download from http://www.soas.ac.uk/bbe/ ) Okell, John (2007). "Dr. U Hla Pe (1913-2007)". Bulletin of Burma Research'' 5.1-2: 1-4. မြန်မာဘာသာဖြင့် ပြုစုသောစာအုပ် First Steps in Burmese by John Okell, University of London, School of Oriental and African Studies Staff School of Oriental & African Studies, ISBN 0-7286-0146-X ကိုးကား ပြင်ပလင့်များ Digital collection of Okell's 1969 fieldwork notes on Maru. အတ္ထုပ္ပတ္တိ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%20%E1%80%A1%E1%80%AD%E1%80%AF%E1%80%80%E1%80%B2%E1%80%9C%E1%80%BA
မေငြိမ်း
မေငြိမ်း (အမည်ရင်း ငြိမ်းခက်ခက်) သည် မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦး ဖြစ်သည်။ မေငြိမ်းကို ၁၉၆၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပေဖူးလွှာ မဂ္ဂဇင်းပါ "ပြည်စုံခြင်း" ကဗျာနှင့် စာပေနယ်အတွင်း စတင်ရောက်ရှိခဲ့သည်။ ပထမဆုံးပုံနှိပ် ဝတ္ထုတိုမှာ ၁၉၈၇ ၊ မေလ ပေဖူးလွှာ မဂ္ဂဇင်းပါ "ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်" ဖြစ်သည်။ ၁၉၉၀ ပြည့်တွင် ပထမဆုံး လုံးချင်းဝတ္ထု သီချင်းနှင်းဆီ ကိုထုတ်ဝေခဲ့သည်။ အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ ဘဝနှင့် ဂီတစာပေ ဟူသောကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၈၆ နိုဝင်ဘာလမှ ၂၀ဝ၅ ဖေဖော်ဝါရီလ အထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ ဘားအံကောလိပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်တို့တွင် မြန်မာစာဆရာမအဖြစ် တာဝန်ယူခဲ့သည်။ အမျိုးသမီး စာရေးဆရာ တစ်ယောက်အဖြစ်သာမက မြန်မာဘလော့ဂါ တစ်ဦးအနေဖြင့်လည်း ထင်ရှားသည်။ အမေရိကန်သို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနတွင် သတင်းမီဒီယာ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် အမေရိကန်အစိုးရပိုင် နိုင်ငံခြားဘာသာစကားကျောင်းတွင် မြန်မာဘာသာစကားဆရာမ အဖြစ် အလုပ်လုပ်ကိုင်နေသည်။ ထုတ်ဝေခဲ့သော စာအုပ်စာရင်း လုံးချင်းဝတ္ထုများ သီချင်းနှင်းဆီ (၁၉၉၀) ပကတိမြား (၁၉၉၀) မီးခိုးငွေ့ မီးခိုးမျှင် (၁၉၉၁) အဆိပ်ဖြင့်...မြက်ခင်းများဆီ (၁၉၉၁) ချစ်သူ့မျက်နှာစာ (၁၉၉၂) ချစ်သူတို့ရဲ့ မနက်ဖြန် (၁၉၉၃) အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင် (၁၉၉၄) ချိုတဲ့တေး (၁၉၉၅) ကောင်းကင်နိဒါန်း (၁၉၉၆) အသံသစ်ပြတိုက် (၁၉၉၇) အချစ်အကြောင်းပြောရအောင် (၁၉၉၈) ဝတ္ထုတိုပေါင်းချုပ် မုန်တိုင်း၏ ကျောရိုးနှင့် ချစ်သောဝတ္ထုများ (၁၉၉၄) အခြား သတင်းသမားအတွက် မြန်မာစာ (၂၀ဝ၇) ကိုးကား မြန်မာ အမျိုးသမီး စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8
နတ်ပြည် ၆ ထပ်
နတ်တို့ နေရာဘုံ ခြောက်ထပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ စတုမဟာရာဇ် တာဝတိံသာ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတဝသဝတ္တီ သက်တမ်း နတ်ပြည်ခြောက်ထပ်တွင် တည်ရှိသော သက်တမ်းကို ဗုဒ္ဒဘာသာကျမ်းစာများတွင် ယခုလို ဖော်ပြထား၏ ။ စတုမဟာရာဇ်နတ်ပြည်ဘုံ သက်တမ်း = အနှစ် (၅၀၀) တာဝတိံသာနတ်ပြည်ဘုံ သက်တမ်း = အနှစ် (၁၀၀၀) ယာမာ နတ်ပြည်ဘုံ သက်တမ်း = အနှစ် (၂၀၀၀) တုသိတာနတ်ပြည်ဘုံ သက်တမ်း = အနှစ် (၄၀၀၀) နိမ္မာနရတိနတ်ပြည်ဘုံ သက်တမ်း = အနှစ် (၈၀၀၀) ပရနိမ္မိတဝဿဝတ္တိနတ်ပြည်ဘုံ သက်တမ်း= အနှစ် (၁၆၀၀၀) ကိုးကား နတ်ဘုံ ခြောက်ဘုံ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%94%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%20%E1%81%86%20%E1%80%91%E1%80%95%E1%80%BA
အောင်ဇော်
အောင်ဇော် (အယ်ဒီတာ) အောင်ဇော် (ဘောလုံးသမား)
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%87%E1%80%B1%E1%80%AC%E1%80%BA
သန်းထွဋ်အောင်
First Eleven Group ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သည်။ သူ၏ မီဒီယာလုပ်ငန်းများမှာ အစိုးရနှင့် ဆက်စပ်မှုရှိသည်ဟု သတင်းကြီးသောကြောင့် အငြင်းပွားဖွယ်ရာဖြစ်သည်။ မြန်မာ ဂျာနယ်လစ်များ မြန်မာ ဆရာဝန်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%BD%E1%80%8B%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
မာဂျေ
မာဂျေ သည် စစ်မှုထမ်းတစ်ယောက်ဖြစ်သည်။ မာဂျေဆိုသော အမည်၏ အဓိပ္ပာယ်မှာ မေဂျာ (ဗိုလ်မှူး)ဖြစ်သည်။ အင်တာဗျူးဂျာနယ်ကို ထုတ်ဝေဖူးပြီး နောက်ပိုင်းတွင် ကိုကို (စက်မှု) Flower News ဂျာနယ်တွင်လည်း ရှယ်ယာပိုင်ဆိုင်သူတစ်ဦးဖြစ်သည်။ မြန်မာလူမျိုးများ အတ္ထုပ္ပတ္တိ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%82%E1%80%BB%E1%80%B1
ရော့စ် ဒန်ကလေ
ရော့စ် ဒန်ကလေ (Ross Dunkley) သည် ဩစတေးလျနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံတွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်း(မ်)ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင်လည်း သတင်းစာလုပ်ငန်းကို ပိုင်ဆိုင်သည်။ မြန်မာနိုင်ငံတွင် သတင်းစာလုပ်ငန်း ထင်သလောက် မပေါက်ဘဲ အရှုံးပြခဲ့သည်။ စစ်အစိုးရဖြင့် ပူးတွဲနေမှုကြောင့် သူ၏လုပ်ငန်းမှာ အငြင်းပွားဖွယ်ရာဖြစ်သည်။ ဂျာနယ်လစ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%AC%E1%80%B7%E1%80%85%E1%80%BA%20%E1%80%92%E1%80%94%E1%80%BA%E1%80%80%E1%80%9C%E1%80%B1