title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
စနေ
စနေ ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ်၊ တနင်္ဂနွေဂြိုဟ်မင်း၏ မယား ဖွားမြင်သောသားလ "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည်။ ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ၐနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပာယ်မှာ "ဖြည်းညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်နှင့်လည်း နှိုင်းယှဉ်ကြည့်နိုင်သည်။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၀)နှစ်၊ နဂါး၊ အနောက်တောင်အရပ်၊ ပါပဂြိုဟ်၊ မည်းသောအဆင်း၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဟိန္ဒူလူမျိုး ကိုးကား ရက်သတ္တပတ်၏ နေ့များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%94%E1%80%B1
ကြာသပတေး
ကြာသပတေး ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသ္ပတိ" မှ သော်လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (ဝါ) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုသည်။ ယင်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်၏။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၉)နှစ်၊ ကြွက်၊ အနောက်အရပ်၊ သောမဂြိုဟ်၊ အဝါ၊ အနက်၊ အဖြူရောသောအဆင်း၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ မြန်မာလူမျိုး ကိုးကား ရက်သတ္တပတ်၏ နေ့များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%AC%E1%80%9E%E1%80%95%E1%80%90%E1%80%B1%E1%80%B8
သောကြာ
သောကြာ တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည်။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပာယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၂၁)နှစ်၊ ပူး၊ မြောက်အရပ်၊ သောမဂြိုဟ်၊ အဖြူ၊ အဖြူပျောက် ကျားသောအဆင်း၊ သ၊ ဟ၊ ကသဲလူမျိုး ကိုးကား ရက်သတ္တပတ်၏ နေ့များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B1%E1%80%AC%E1%80%80%E1%80%BC%E1%80%AC
ဗုဒ္ဓဟူး
ဗုဒ္ဓဟူး ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်သည်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။ ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကိုလှီးလွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင်သည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် ၏။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပာယ်ကောက်သည်။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၇)နှစ်၊ ဆင်၊ တောင်အရပ်၊ သောမဂြိုဟ်၊ အစိမ်း၊ အညို၊ အစိမ်းရောသောအဆင်း၊ လ၊ ဝ၊ ယ၊ ကဒူးလူမျိုး ကိုးကား ရက်သတ္တပတ်၏ နေ့များ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%9F%E1%80%B0%E1%80%B8
ရာဟု
ရာဟု ဆိုသည်မှာ မြန်မာ အယူအဆအရ ဗုဒ္ဓဟူးနေ့ မွန်းလွဲကျော်နှင့် ညကာလကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဗေဒင်ပညာတွင် ရာဟုဂြိုဟ်ခွင်၏ အမှတ်အသားမှာ ဟိုင်းဆင် ဖြစ်ပြီး ဂြိုဟ်သက်မှာ ၁၂ နှစ်ဖြစ်သည်။ ရာဟုထောင့်သည် ဘုရားစေတီများ၏ အနောက်မြောက်ဘက်ထောင့်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၂)နှစ်၊ ဟိုင်းဆင်၊ အနောက်မြောက်အရပ်၊ ပါပဂြိုဟ်၊
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%9F%E1%80%AF
ပြက္ခဒိန်
ပြက္ခဒိန်သည် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ရုံးသုံးရေးအတွက် အချိန်စီမံနည်းစနစ်ဖြစ်သည်။ အချိန်ကို ပိုင်းခြားသတ်မှတ်ထားရာ ပြက္ခဒိန် ပြက္ခဒိန်ဟူသည်မှာ အချိန် နှစ်အပိုင်းအခြား၊ ရာသီ အပိုင်း အခြား၊ လ အပိုင်းအခြား၊ နေ့ရက် အပိုင်းအခြား သတ်မှတ် ထားခြင်းပင် ဖြစ်သည်။ ပြက္ခဒိန်ကို မည်သို့ သတ်မှတ်ကြသနည်း။ မည်သည့်လူမျိုးများ စတင် တီထွင်ခဲ့ကြပါသနည်း။ မည်သည့် အကျိုးထူးများ ရရှိခံစားစေခဲ့သနည်း။ (ပက္ခ+ဒိန-ပက္ခ=လဆန်း+လဆုတ်+ဒိန=နေ့များ- သို့အတွက် ပြက္ခဒိန်ဟု စာလုံးပေါင်းရမည်။-ပြည်ထောင်စု နိုင်ငံတော် ပြက္ခဒိန်တော်ဆက်အဖွဲ့၏ ဆုံးဖြတ်ချက်- ၁၉၄၉-ခုနှစ်။) ပြက္ခဒိန်ဟူသည်မှာ အချိန်ကို ပိုင်းခြားသတ်မှတ်ခြင်း။ တစ်နည်းဆိုရသော်နှစ်အပိုင်းအခြား၊ ရာသီအပိုင်းအခြား၊ လအပိုင်းအခြား၊ နေ့ရက် အပိုင်းအခြားသတ်မှတ်ခြင်း ဖြစ်သည်။ ကမ္ဘာမြေလုံးကြီးသည် နေကို လှည့်ပတ်သွား ခြင်းအားဖြင့် ရာသီများ ဖြစ်ပေါ်လာ၏။ တစ်ပတ် ပြည့်သောအခါ၊ တစ်နှစ်ပြည့်ချိန်ဟု သတ်မှတ်ကြ၏။ ရှေးလူများ၏ တိုင်းထွာမှတ်သားမှုအရ တစ်နှစ်လျှင် ၃၆၅ ရက် ၆ နာရီသာရှိ၏။ ထိုအခါက လူတို့သည်ရာသီသုံးမျိုးသာ သတ်မှတ်ထားရှိသည်ဟု ရာဇဝင်ကျမ်းများတွင် ဖော်ပြထား၏။ လကို သတ်မှတ်ရာ၌ လဆန်းတစ်ခုမှ လဆန်းတစ်ခုအထိ တစ်လဟု သတ်မှတ်၍၊ ယင်းသည့်လပေါင်း ၁၂ လကို 'တစ်နှစ်'ဟု သတ်မှတ်ကြ၏။ တစ်လလျှင် ရက်ပေါင်း ၂၉ ရက် ၁၂ နာရီကျော်ရှိ၍၊ ၁၂ လတွင် ၃၅၄ ရက်ကျော် ၃၅၅ ရက် ရှိလေသည်။ အလွန်ရှေးကျသော အီဂျစ်လူမျိုးတို့သည် နေသွားကို အမှီပြု၍ တစ်နှစ်လျှင် ၃၆၅ ရက် သတ်မှတ်ပြီးလျှင်၊ ရက်ပေါင်း ၃ဝ ရှိသော ၁၂ လနှင့် အပို ၅ ရက်ပါဝင်သော ပြက္ခဒိန်သတ်မှတ်သည်။ လေးနှစ်တစ်ကြိမ်တွင် တစ်ရက်တိုး၍၊ ၃၆၆ ရက်ရှိ ရက်ငင်နှစ်ဟု သတ်မှတ်၏။ နှစ်စဉ် ရက်ပို ၅ ရက်နှင့် လေးနှစ် တစ်ကြိမ် ရက်ပို ၆ ရက်ကို ပွဲတော်နေ့ အဖြစ်သတ်မှတ်ကြလေသည်။ ရှေးရောမလူမျိုးတို့ အသုံးပြုခဲ့သော ပြက္ခဒိန်တွင် ၁ဝ လ သာရှိ၍၊ အင်္ဂလိပ်အခေါ်အားဖြင့် မတ်လ (၃၁)၊ ဧပြီလ(၂၉)၊ မေလ (၃၁)၊ ဇွန်လ (၂၉)၊ ကွင်းတီးလစ်လ (၃၁)၊ ဆက္ကစတီးလစ်လ (၂၉)၊ စက်တင်္ဘာလ (၂၉)၊ အောက်တိုဘာလ (၃၁)၊ နိုဝင်ဘာလ (၂၉)၊ ဒီဇင်္ဘာလ (၂၉) ရက်၊ ရက်ပေါင်း ၂၉၈ ရက်ရှိ၍၊ တစ်နှစ်ပြည့်ရန် ရက်ပိုများ၊ လပိုများဖြင့် အသုံးပြုကြ၏။ နောင်အခါ ရောမမြို့ကို အုပ်စိုးခဲ့သူ နူမာပွန်ပီလယပ်က ဇန်နဝါရီလ (၂၉) နှင့် ဖေဖွာဝါရီလ (၂၈) ထပ်တိုး၍၊ ရက်ပေါင်း ၃၅၅ ရက်ရှိ ပြက္ခဒိန် သတ်မှတ်၏။ ပထမဆုံး ပြက္ခဒိန် လူ့သမိုင်းတစ်လျှောက်တွင် ပထမဆုံး ပြက္ခဒိန်ကို တီထွင်အသုံးပြုကြသူများမှာ အီဂျစ်လူမျိုးများဖြစ်ကြသည်။ စိုက်ပျိုးရေးကို အမှီပြုကာ အသက်မွေးကြသည့် ပထမအီဂျစ် ပြည်ထောင်စုအတွက် စိုက်ပျိုးရေးအတွက် အရေးပါသော အထောက်အကူအဖြစ် ပြက္ခဒိန်ကိုလည်း တီထွင်နိုင်ခဲ့သည်။ သို့သော် ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် ပြက္ခဒိန်သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။ သို့သော် နှစ်များကိုမူ ယခုခေတ်ကဲ့သို့ နံပါတ်စဉ်တပ်၍ ခေါ်ဆိုခြင်းမပြုကြသေးဘဲ ထူးခြားသည့် အခြင်းအရာ၊ အဖြစ်အပျက်တို့ကို စွဲမှတ်ကာ သတ်မှတ်ကြသည်။ (ဥပမာ- ရေကြီးသောနှစ်၊ မီးလောင်သောနှစ် စသည်ဖြင့်) နောက်ပိုင်းကာလများတွင်မူ နန်းတက်သည့် နှစ်မှစကာ နံပါတ်စဉ်တပ်၍ သတ်မှတ်လာကြသည်။ ထိုသို့သတ်မှတ်ရာတွင် ဘုရင်ဖြစ်သူ နန်းကျခြင်း(သို့) နတ်ရွာစံခြင်း ဖြစ်လျှင် အဆုံးသတ်သွားပြီး နောက်နန်းတက်လာသည့် ဘုရင်သစ်အတွက် နှစ်ကာလ သတ်မှတ်ချက် တဖန်စတင်သည်။ ယင်းသည့် နူမာနှစ်မှာ လေးနှစ်တစ်ကြိမ် တစ်ပတ်ကာလ သတ်မှတ်ပြီးလျှင် ပဌမနှစ်တွင် ၃၁ ရက်ရှိ လပေါင်း (၄)လ၊ ၂၉ ရက်ရှိလပေါင်း (၇)နှင့် ၂၈ ရက်ရှိ ဖေဖော်ဝါရီလ တစ်လ ရှိ၍၊ လပေါင်း ၁၂ လတွင် ရက်ပေါင်း ၃၅၅ ရက်ရှိ၏။ ဒုတိယနှစ်တွင် ဖေဖော်ဝါရီလ၌ ၂၃ ရက်ရှိ၍၊ ရက်ပေါင်း ၂၇ ရက်ဖြင့် လအပို တစ်လဖြည့်ပြီးလျှင် သတ်မှတ်၏။ တတိယ နှစ်တွင် ပထမအနှစ်အတိုင်း သတ်မှတ်၍၊ စတုတ္ထနှစ်တွင် ဒုတိယနှစ်ကဲ့သို့ပင် လပိုဖြည့်၍ ဖေဖော်ဝါရီလတွင် ၂၄ ရက်ဖြင့် သတ်မှတ်၏။ ဤနည်းမှာလည်း ၄ နှစ် တစ်ကြိမ်တွင် ၄ ရက်ပိုလျက်ရှိ၏။ ဂျူးလယပ်ဆီဇာလက်ထက်ရောက်သောအခါ လများနှင့် ရာသီဥတု မညီမညွတ်ဖြစ်၍ ဇန်နဝါရီလတွင် ဆောင်းကူးရာသီဖြစ်နေသောကြောင့် နက္ခတ်ပညာရှိ ဆိုဆီး ဂျင်းနစ်၏ အကြံပေးချက်အရ၊ ဘီစီ ၄၆ ခုနှစ်တွင် ရက်ပေါင်း ၉ဝ (နိုဝင်္ဘာလနှင့် ဒီဇင်ဘာလအကြားတွင် ၆၇ ရက်နှင့် ဖေဖော်ဝါရီလ နောက်ဆုံးတွင် ၂၃ ရက်) ထပ်တိုး၍၊ ဘီစီ ၄၅ ခုနှစ် နွေကူးရာသီကို မတ်လတွင် စစေခဲ့၏။ ဤကဲ့သို့ ရာသီနှင့် လများမှန်ကန်ညီညွတ်စေရန် ဇန်နဝါရီလနှင့် ဆက္ကစတီးလစ်လ(ဩဂုတ်လ) တို့ကို ၂ ရက်စီတိုး၍၊ ဒီဇင်ဘာလကို ၃၁ ရက်လ၊ ပြုပြင်ပြီးလျှင် ကျန် ဧပြီလ၊ ဇွန်လ၊ စက်တင်ဘာလ၊ နိုဝင်ဘာလများကို ၃ဝ ရက်ဟု သတ်မှတ်လျက်၊ ဖေဖော်ဝီရီလတွင် ၂၈ ရက်ဟု သတ်မှတ်သော ၃၆၅ ရက် ပြက္ခဒိန်ကို ပြုပြင်ခဲ့လေသည်။ ထို့ပြင် လေးနှစ်တစ်ကြိမ်လည်း ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက် အကြားတွင် ရက်ပိုတစ်ရက်တိုး၍ ၃၆၆ ရက် ရက်ငင်နှစ် သတ်မှတ်၏။ မတ်လ၊ မေလ၊ ကွင်းတီးလစ်လ (နောင်အခါ ဂျူးလယပ်ဆီဇာကို အကြောင်းပြု၍ ဇူ(ဂျူ)လိုင်လ အမည်ပြောင်းသည်)နှင့် အောက်တိုဘာလများကို ယခင် ပြက္ခဒိန်အတိုင်း ၃၁ ရက် လများအဖြစ် သတ်မှတ်၏။ ထိုနောက် ပုပ်ရဟန်းမင်းကြီး ဂရက်ဂရီ (၁၃)က အနည်းငယ် ပြုပြင်၍ ဂရက်ဂရီယန်း ပြက္ခဒိန် ဖြစ်ပေါ်လာ၏။ သို့သော်လည်း ထိုအခါက နေသွားနှစ်တစ်နှစ်မှာ ၃၆၅ ရက် ၆ နာရီဟု ယူခဲ့ကြ၍ အမှန်နေသွားနှစ်မှာ ၃၆၅ ရက် ၅ နာရီ ၄၈ မိနစ် ၄၆ စတ္တန့်ဖြစ်သဖြင့် ၁၆ ရာစု နှစ်အတွင်း ၁၅၈၂ ခုနှစ် မတ်လ ၁၁ ရက်ကို ၂၁ ရက်ဟု သတ်မှတ် ပြီးလျှင်၊ ရောမပြက္ခဒိန်ကို ထပ်မံပြုပြင်၍ ယခုထက်တိုင် အသုံးပြုနေကြသည်။ နှစ်စဉ် ပြုလုပ်ရမည့် ပြက္ခဒိန်တွက်နည်း မှာလည်း ခုနှစ်ကို ၄ နှင့်စားသည့်အခါ အကြွင်းမရှိသော နှစ်များကို ရက်ငင်နှစ်ဟု သတ်မှတ်၍၊ နှစ်ပေါင်း ၁ဝဝ( ရာစု)ကျရောက်သော နှစ်များတွင် ရက်တိုးခြင်း မပြုရ။ သို့သော် ခုနှစ်ကို ၄ဝဝ နှင့် စားသည့်အခါ၊ အကြွင်းပြတ်လျှင်သာ ရက်ငင်နှစ် ဖြစ်ရမည်ဟု သတ်မှတ်၏။ သို့အတွက် ၁၆၀၀ ပြည့်နှစ်သည် ရက်ငင်နှစ်ဖြစ်၍၊ ၁၇ဝဝ ပြည့်နှစ်၊ ၁၈ဝဝ ပြည့်နှစ်နှင့် ၁၉ဝဝ ပြည့်နှစ်များသည် ရက်ငင်နှစ်များမဟုတ်ချေ။ သို့သော် ၂ဝဝဝ ပြည့်နှစ်သည် ရက်ငင်နှစ်ဖြစ်ရမည်။ ဤပြက္ခဒိန်ကို ရောမလက်အောက်ခံ နိုင်ငံများက လက်ခံ အသုံးပြုကြသော်လည်း၊ ဗြိတိန်နိုင်ငံကမူ ၁၇၅၁ ခုနှစ်တွင်သာ လက်ခံအသုံးပြုခဲ့၏။ ပြင်သစ်နိုင်ငံတွင် ၁၇၉၃-ခုနှစ်မှ ၁၈ဝ၅ ခုနှစ်အထိ တော်လှန်ရေး ပြက္ခဒိန်ကို အသုံးပြု ခဲ့၏။ တူရကီနှင့် ရုရှနိုင်ငံတို့သည် ဂရက်ဂရီယန်း ပြက္ခဒိန်ကို ၁၉၁၇-ခုနှစ်တွင် လက်ခံခဲ့သည်။ ဗော်လကန် နိုင်ငံများကမူ ၁၉၂၃-ခုနှစ်မှသာ လက်ခံခဲ့သည်။ မြန်မာပြက္ခဒိန် အင်္ဂလိပ်ပြက္ခဒိန်ကို စီစဉ်ရာ၌ နေသွားကိုသာ အခြေပြုထားသဖြင့် လထပ်ဟူ၍ မရှိ၊ ရက်ငင်သာရှိ၏။ သို့သော် အရှေ့နိုင်ငံများတွင် ပြက္ခဒိန်ကို စီစဉ်ရာ၌ နေသွားလသွားတို့ကို အမှီပြုကာ တွက်ချက်ရသောကြောင့် သာမန်လူများမတွက်နိုင်ချေ။ နက္ခတ်ပညာတွက်ကိန်များ လိုက်စားသူများသာလျှင်တွက်နိုင်၏။ သို့အတွက် မြန်မာပြက္ခဒိန်ကို စီစဉ်ရာ၌လည်း လထပ်ရက်ငင်အရေးများ မှန်ကန် ညီညွတ်စေရန်၊ ဗေဒင်ပညာရှိ ပြက္ခဒိန်တော်ဆက်အဖွဲ့ကို အစိုးရမင်းတို့က ခန့်အပ်ပြီးလျှင်၊ မှန်ကန်သော ပြက္ခဒိန်များကို တွက်ချက်ပြီးမှ ကြေညာသတ်မှတ်ခဲ့၏။ မြန်မာနိုင်ငံသို့ သူရိယသိဒ္ဓန္တကျမ်းများ မရောက်သေးမီက၊ ပြက္ခဒိန်တွက်ချက်ရာ၌၊ မကာရန္တကျမ်း သံဒိဋ္ဌတွက်ရိုးကျမ်းများကိုသာ အသုံးပြုခဲ့ကြ၏။ ယင်းသည့်ကျမ်းများသည် သူရိယသိဒ္ဓန္တကျမ်းကဲ့သို့ တွက်ခြေ၊ ကိန်းခန်း၊ ဂဏန်းများ မမှန်ကန်ချေ။ အကျဉ်းချုံး၍ စီရင်ထားသော တွက်ရိုးကျမ်းများဖြစ်သဖြင့် တိမ်းစောင်းမှားယွင်းခဲ့၏။ သူရိယသိဒ္ဓန္တကျမ်းမှ ကိန်းဂဏန်းများသာလျှင် အခြေခံသဘောတရားမှန်ကန်သည်ဟု ဆိုရငြားလည်း နက္ခတ်မျှော်စင်၊ မှန်ပြောင်းများဖြင့် လေ့လာနေကြခြင်းကြောင့်၊ အနောက်နိုင်ငံများ၏ ကိန်းခန်းဂဏန်းများကသာလျှင် သာလွန်မှန်ကန်ကြောင်းကို ဝန်ခံ ရပေမည်။ သူရိယ သိဒ္ဓန္တကျမ်းထွက်အရ၊ ပြက္ခဒိန်တွက်ချက်ရာတွင် အခြေပြုသော ကိန်းများမှာ တဖက်ပါအတိုင်း ဖြစ်သည်။ ရက် နာရီ မိနစ် စက္ကန့် သူရိယမာသနှစ် တစ်နှစ်လျှင် ၃၆၅ ၆ ၁၂ ၃၇ စန္ဒရမာသလ တစ်လလျှင် ၂၉ ၁၂ ၄၄ ၃ စန္ဒရမာသနှစ် တစ်နှစ်လျှင် ၃၅၄ ၈ ၄၈ ၃၄ ဝေါဟာရနှစ် တစ်နှစ်လျှင် ၃၅၄ ဝ ဝ ဝ အဓိမာသပြို တစ်ကြိမ်လျှင် ၉၉ဝ ၇ ၄၅ ၃၇ ရင်ငင်ပြို တစ်ကြိမ်လျှင် ၁၈၈၃ ၁၂ ၃၃ ၂၈ စန္ဒရသံဝစ္ဆရနှစ် တစ်နှစ်လျှင် ၃၅၄ ၄ ၃၉ ၁၅ မြန်မာပြက္ခဒိန်တွင် နှစ်သုံးမျိုးရှိ၏။ ရက် နာရီ မိနစ် စက္ကန့် သူရိယမာသနှစ် ၃၆၅ ၆ ၁၂ ၃၇ စန္ဒရမာသနှစ် ၃၅၄ ၈ ၄၈ ၃၄ ဝေါဟာရမာသနှစ် ၃၅၄ ဝ ဝ ဝ သူရိယမာသနှစ်သည် ရှေ့နှစ် သင်္ကြန်တက်ချိန်မှ နောက်နှစ် သင်္ကြန်တက်ချိန်အထိ ဖြစ်၏။ စန္ဒရမာသနှစ်သည် ကောင်းကင်မျက်မြင် ရှေ့လဆန်းစသည့် နေ့မှ နောက်လဆန်းစသည့်နေ့အထိ တစ်ကြိမ်- တစ်ကြိမ်၊ အကြိမ်ပေါင်း ၁၂ ကြိမ် ပြည့်ချိန် ဖြစ်၏။ ဝေါဟာရမာသနှစ်မှာ နှစ်မျိုး ရှိ၏။ (၁) သာမန်နှစ် (လပေါင်း ၁၂ လ)နှင့် (၂) ဝါထပ်နှစ် (လပေါင်း ၁၃ လ) ဖြစ်၏။ ထိုနောက် တစ်ဖန် ဝါထပ်နှစ်များ၌လည်း (က) ဝါငယ်ထပ်နှစ် (၃၈၄ ရက်)နှင့် (ခ) ဝါကြီးထပ်နှစ်၊ တစ်နည်းဆိုရသော် ဝါထပ်ရက်ငင်နှစ် (၃၈၅) ရက်ဟူ၍ နှစ်မျိုးခွဲခြားထား၏။ မြန်မာနိုင်ငံ၌ ရှေးမင်းအဆက်ဆက်မှစ၍ ယနေ့အထိ အသုံးပြုသော ပြက္ခဒိန်သည် ဝေါဟာရပြက္ခဒိန် ဖြစ်၍ ယင်းသည့် ပြက္ခဒိန်ကို တွက်ချက် စီစဉ်ရာ၌လည်း၊ သူရိယမာသနှစ်၊ စန္ဒရမာသနှစ်၊ ဝေါဟာရ မာသနှစ် သုံးပါးလုံးကို ညှိနှိုင်း၍ တွက်ရသည်။ သူရိယမာသနှစ်သည် ဝေါဟာရမာသနှစ်ထက် ၁၁ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စတ္တန့် ပိုနေ၏။ နောက်တစ်နှစ်ကျ ရောက်သည့်အခါ ၂၂ ရက်ကျော်ပို၍ ၃ နှစ်နီးပါးသို့ ရောက်သည့်အခါ ဝေါဟာရမာသ တလ (၃ဝ ရက်) ပိုလာ၏။ ထိုသို့ ရောက်ပြီးနှစ်၌ ဝေါဟာရ မာသ တလတိုးရ၏။ ထိုအခါ၌ အဓိမာသ် လလွန်ပြိုတစ်ကြိမ် ဖြစ်၏။ ထိုနှစ်ကို ဝါထပ်နှစ်ဟု ခေါ်၏။ လပေါင်း (၁၃)လ ရှိသော နှစ်ဖြစ်၏။ မြန်မာပြက္ခဒိန်၏ စည်းကမ်းချက်မှာ ထိုသို့ တိုးသည့် လသည် ဒုတိယဝါဆိုလဟု သတ်မှတ်ရ၏။ ဤကဲ့သို့ တစ်လတိုးသည့် အတွက် ဆောင်းနွေမိုးစသော ဥတုသုံးပါးတို့၏ အစဉ်အလာ သဘာဝတို့နှင့် ကိုက်ညီမည် ဖြစ်၏။ ဝါကြီးထပ်သောနှစ်သည် အမှန်အားဖြင့် ဝါထပ်+ရက်ငင်နှစ် ဖြစ်၏။ ယင်းသည့်နှစ်၌ ဒုတိယဝါဆိုလ ရှိသည့်အပြင် နယုန်လတွင် ရက်မစုံ ၂၉ ရက်ဖြင့် လကွယ် သတ်မှတ်ရမည့် အစား၊ ရက်စုံ ၃ဝ ရက်ဖြင့် လကွယ် (ရက်ပိုတစ်ရက်) သတ်မှတ်ရ၏။ ဗေဒင်စကားဖြင့် ရက်ငင်ရက်ခေါ်၏။ ယင်းသည့်ရက် ဖြစ်ပေါ်ခြင်းမှာ စန္ဒရ သံဝစ္ဆရနှစ် တစ်နှစ်လျှင် ၃၅၄ ရက် ၄ နာရီ ၃၉ မိနစ် ၁၅ စက္ကန့်ရှိသည်။ သို့ဖြစ်၍ ဝေါဟာရနှစ်ထက် စန္ဒရသံဝစ္ဆရနှစ်သည် တစ်နှစ်လျှင် ၄ နာရီ ၃၉ မိနစ် ၁၅ စက္ကန့် ပိုလွန်၏။ ထိုသို့ ပိုလွန်သော နာရီစသည်တို့သည် အကြင်အခါ၌ ၂၄ နာရီပြည့်၍ တစ်ရက် ဖြစ်လာ၏။ ထိုအခါ အဓျာဟ ရက်လွန်တစ်ကြိမ်ပြိုသည် ဖြစ်၍၊ သင့်လျော်သော ဝါထပ်နှစ်၌ နယုန်လတွင် တစ်ရက်တိုး၍၊ ဝါကြီးထပ်ခြင်း အမှုကိုပြုကြ၏။ မြန်မာပြက္ခဒိန်၌ ဝါကြီးထပ်သော နှစ်သည် အရေးကြီး၏။ တစ်နည်းကား ရက်ငင်ခြင်းသည် အရေးကြီး၏။ ရက်ငင်ခြင်း၏ ဥပဒေသများမှာ- (၁) ဒုတိယဝါဆိုလပြည့်နေ့တွင် တိထီ ၁၅ လုံးပြည့်လျှင် ရက်မငင်ရ။ မပြည့်လျှင် ရက်ငင်ရမည်။ (၂) ဒုတိယဝါဆိုလပြည့်နေ့တွင်၊ ပြုဗ္ဗါသဠ်၊ ဥတ္တရာသဠ် နက္ခတ်တစ်လုံးလုံးနှင့် စန်းယှဉ်ရမည်။ ရှေးပဝေဏီအခါက ဝါထပ်ရက်ငင် ပြဿနာကို ၁၉ ခုစားကိန်းကို အခြေပြု၍ ဆုံးဖြတ်ကြ၏။ ၁၉ ခု စားကိန်း သည် သက္ကရာဇ်ကိုတည်၍ ၁၉ ခုနှင့် စားသည့်အခါ အကြွင်း ၂၊ ၅၊ ၇၊ ၁ဝ၊ ၁၃၊ ၁၅၊ ၁၈ ရသော နှစ်များသည် ဝါထပ် နှစ်များ ဖြစ်ကြ၏။ ထိုကိန်းဖြင့် မြန်မာ ၁၂၁၆ ခုနှစ်အထိ လထပ်ကိန်းများ ပြုလုပ်ခဲ့၏။ သို့သော် မြန်မာ ၁၂၁၈ ခုနှစ်သည် မူလကိန်းအရ၊ နှစ်ခုကြွင်းဖြစ်၍၊ လထပ်ရမည် ဖြစ်သော်လည်း၊ ညောင်ကန်ဆရာတော် အဆုံးအဖြတ်ဖြင့် မြန်မာ ၁၂၁၇ ခုနှစ်တွင် အဓိမာသပြိုကိန်းအရ၊ လထပ်ခဲ့၏။ ထိုအချိန်မှစ၍ ၁၉ ခုစားကြွင်းများ ဖြစ်သည့် ၁၊ ၄၊ ၇၊ ၁ဝ၊ ၁၂၊ ၁၅၊ ၁၈ တို့အသီးအသီးရသော နှစ်များတို့ကို ဝါထပ်နှစ်များအဖြစ် မြန်မာ ၁၂၇၃ ခုနှစ်အထိ ဆုံးဖြတ်ခဲ့၏။ တစ်ဖန် မြန်မာ ၁၂၇၄ ခုနှစ်မှ ၁၃၁၁ ခုနှစ်အထိ စားကြွင်း ၁၊ ၄၊ ၇၊ ၉၊ ၁၂၊ ၁၅၊ ၁၈ တို့အသီးအသီးရသော နှစ်များကို ဝါထပ်နှစ်များ အဖြစ် သတ်မှတ်ခဲ့၏။ မြန်မာ ၁၃၁၂ ခုနှစ်မှစ၍ စားကြွင်း ၁၊ ၄၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၇တို့ အသီးအသီးရသော နှစ်များ တွင် ဝါထပ်၏။ ၁၉ ခု စားကိန်းသည် သူရိယ သိဒ္ဓန္တကျမ်း၏ ကိန်းများကို အခြေခံထား၍ ပြက္ခဒိန်တွက်ရာ၌ မှတ်သား လွယ်ကူစေရန် ဖော်ပြသော ကိန်းဖြစ်၏။ ရက္ခိုင်ပြက္ခဒိန် ပြက္ခဒိန်ဟူသော ဝေါဟာရကို ရခိုင်ပြည်၊ မြန်မာပြည်တို့တွင် မည်သည့် ခေတ်ကာလကစ၍ အသုံးပြုလာ ခဲ့ သည်ဟု အတိအကျ မသိရသေးချေ။ သို့သော် ယနေ့တိုင် မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော စာပေများစွာ တို့တွင် ရခိုင်ဘုရင် ဘစောဖြူမင်းလက်ထက် ရေးစပ်ခဲ့သော ထိုရခိုင်ဘုရင် ဘစောဖြူမင်း၏ သမီးတော် ဧချင်းတွင် "ပြက္ခဒိန်"ဟူသော ဝေါဟာရကို အစောဆုံးရေးသားခဲ့ကြောင်း သုတေသီများ လေ့လာတွေ့ရှိရသည်ဆို၏။ ထိုဧချင်းကား ရခိုင်စာဆိုတော် ဗဒူမင်းညို၏ လက်ရာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှေးအကျ ဆုံးဖြစ်နေသော ဧချင်းဖြစ်ကြောင်းကိုလည်း အားလုံးက အသိအမှတ်ဖြစ်ကြပေလိမ့်မည်။ ထိုရခိုင်မင်း၏ သမီးတော်ဧချင်းပါ ပြက္ခဒိန်ဟူသော ဝေါဟာရအသုံးသည် ယနေ့တိုင် ဆက်လက်သုံးစွဲမြဲ ရှိနေသေးရာ ခေတ်ပေါ်အသုံးမဟုတ်ကြောင်း ထင်ရှားလှ၏။ ယခုအခါ ပြက္ခဒိန်အစား "ပက္ခဒိန်"ဟူ၍လည်း ရေးထုံးပြုနေကြသည်များကိုပါ တွေ့ရှိနေကြပေသေး၏။ ကျွန်ုတို့ လေ့လာသိရှိရသလောက်ဆိုလျှင် သက္ကတဘာသာ၊ ဘင်္ဂါလီစာပေတို့၌ ပြက္ခဒိန်ကို ပဉ္စကာ (အသံ ထွက်ဖွင့်ကာ)ဟူ၍ ရေးသုံးကြပေ၏။ ပါဠိဘာသာသုံး ဗေဒစိန္ဒာဋီကာ၌လည်း ပဉ္စကာဟူ၍ ရေးသုံးထားပေသည်။ အဓိပ္ပာယ်မှာ နေ့ရက်တို့ကို မှတ်သားထားသော နေ့စဉ် မှတ်တမ်းဒိုင်ယာရီ သဘောပင်ဖြစ်သည်။ ဤတွင် ပြက္ခဒိန်မှန်သလော၊ ပက္ခဒိန်မှန်သလော ကျွန်ုပ်တို့ ဆုံးဖြတ်ပေးလို၍ကား မဟုတ်ပါ။ ပြက္ခဒိန်ဟူသော ဝေါဟာရသည် ပါဠိ-ပဝုတ္တဒိန၊ သက္ကတ-ပြုတ္တဒိန ဟူသောဝေါဟာရမှ အခြေခံလာသည် ဟူ၍ ဘာသန္တရသုတေသီ ဆရာတော်ကြီးများ၏ ယူဆချက်အရ လေ့လာသိရှိရသည်။ နေ့ရက်ကို ပြောပြပါသည်။ ပြောဆိုသည်၊ ဟောပြသည့် အရာဖြစ်ကြောင်း အဓိပ္ပာယ်ရှိသည်။ ထိုပဝုတ္တ/ပြုတ္တမှ တစ်ချောင်းငင်ပြုတ်၍ ပြတ္တသို့ ရွှေ့ပြောင်းလျက် ထိုမှတစ်ဖန် ပြတ္တမှ တ္တသည် က္ခသို့ရွှေ့ ပြောင်းကာ ပြက္ခဖြစ်ပြီး ပြက္ခနှင့် ဒိနစပ်လျှင် ပြက္ခဒိန ဖြစ်လာရသည်ဟူ၍ ယူဆကြသည်။ ပြက္ခဒိနကို ပါဠိပျက်လျှင် ပြက္ခဒိန် ဖြစ်လာရကြောင်း အယူအဆကို လေ့လာနိုင်သည်။ ရခိုင်တွင် ပြက္ခဒိန်ကို မည်သည့်ခေတ်ကာလကပင် စတင်သုံးစွဲလာသည်ကို မသိရသော်လည်း ရာဇဝင်တို့ တွင် သက္ကရာဇ် ဖြိုခြင်းများကို ဓည၀တီခေတ်မှစ၍ အိန္ဒိယနှင့် ညှိနှိုင်းကာ အသုံးပြုလာခဲ့ရာ ထိုအခါမှစ၍ ပြက္ခဒိန်အသုံး ရှိလာခဲ့သည်ဟု ယူဆရပေသည်။ ရခိုင် ပြက္ခဒိန်ကို မြောက်ဦးခေတ် နရအဘယရာဇာ မင်းလက်ထက် ရဟန်းပညာရှိ၊ လူပညာရှိများနှင့် ညှိနှိုင်း၍ ခရစ် ၁၇၆၁-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၁၂၂-ခုနှစ်တွင် အစည်းအ​ဝေး ပြုကာ ဝါဆိုလပြည့်နေ့နှင့် သင်္ကြန်အတာ အတက်နေ့တို့ကို သတ်မှတ်လျက် နှစ်ပေါင်းနှစ်ထောင်အတွက် တန်ခူးလထပ် ပြက္ခဒိန်ကို ပြုလုပ်စီစဉ်လာခဲ့ရသည် ဆို၏။ ထို့နောက် အင်္ဂလိပ်လက်ထက် အရောက်တွင် စစ်တွေမြို့ ကျားရုပ်ဆရာတော် ဦးအဂ္ဂ၊ ရွှေစေတီဆရာတော် ဦးတေဇာရာမ၊ ဝတ်လုံတော်ရ ဦးထွန်းစံတို့သည် ထိုနရအဘယရာဇာမင်းလက်ထက် ပြုလုပ်ခဲ့ကြသော ပြက္ခဒိန်ကို အမှီပြု၍ သက္ကရာဇ် ၁၁၈၁-ခုနှစ်မှ ၁၂၉၀-ခုနှစ်အထိ (ခရစ် ၁၈၂၀-မှ ၁၉၂၉-ခုထိ) နှစ်ပေါင်း တစ်ရာ့တစ်ဆယ်အတွက် အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဝါဒပါဝင်သော ပြက္ခဒိန်ကို စီစဉ်ထုတ်ဝေခဲ့ကြသည်။ ထို့နောက် ၁၂၉၁-မှ ၁၂၉၅-ခုနှစ်အထိ (ခရစ် ၁၉၃၀မှ ၁၉၃၄ထိ) ငါးနှစ်အတွက် ဗေဒင်ဆရာ ဦးချင်းရှီနှင့် ဦးဖြူသာအောင်တို့က အင်္ဂလိပ်၊ရခိုင် နှစ်ဝါဒပါဝင်သည့် ပြက္ခဒိန်ကို ဓညဝတီပြက္ခဒိန်ဟူသော အမည်ဖြင့် ထုတ်ဝေလာခဲ့ကြလေသည်။ သက္ကရာဇ် ၁၂၉၅-ခုနှစ်မှစ၍ ဓညဝတီပြက္ခဒိန်အမည်ဖြင့် နက္ခတ်ဗေဒင် ပညာရှိ ဦးထွန်းလှခိုင်က အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဘာသာဖြင့် တစ်နှစ်တစ်ကြိမ်ကျစီ ပြက္ခဒိန်ကို ယခုတိုင် နှစ်မပျက် ထုတ်ဝေလာခဲ့လေ သည်။ ထို့ပြင် ၎င်းဦးထွန်းလှခိုင်ပင်လျှင် ဦးထွန်းစံ၏ နှစ်တစ်ရာ့တစ်ဆယ် ပြက္ခဒိန်စာအုပ်ကို လက်ခံသော အားဖြင့် အင်္ဂလိပ်၊ ရခိုင်၊ မြန်မာ သုံးဝါဒပါသည့် နှစ်(၁၀၀) ပြက္ခဒိန် စာအုပ်ကြီးတစ်အုပ်ကို ခရစ် ၁၉၅၉မှ ၁၉၆၀ထိ၊ ရခိုင်-မြန်မာ သက္ကရာဇ် ၁၂၂၀မှ ၁၃၂၂-ခုနှစ် စုစည်းစီစဉ်၍ ၁၃၂၂-ခု၊ နယုန်လတွင် စစ်တွေမြို့ ဖဖြူလမ်း၊ ရခိုင်ခေတ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့လေသေးသည်။ ဖော်ပြပါ မြောက်ဦးခေတ် နရအဘယရာဇာမင်းမှ ယခုတိုင် ဆက်ခံလာခဲ့ရသော ပြက္ခဒိန်များအရဆိုလျှင် ရခိုင်ပြည်တွင် တန်ခူးလကို ပထမတန်ခူးလ၊ ဒုတိယတန်ခူးလဟု နှစ်လခွဲ၍ လထပ်ပြုခဲ့ကြ သည်။ မြန်မာ ပြည်တွင်ကား ပထမဝါဆိုလ၊ ဒုတိယဝါဆိုလဟု ဝါထပ်နှစ်ပြုလာခဲ့ကြသည်။ ထို့ကြောင့် ရခိုင်ပြည်တွင် တန် ခူးလထပ်သော (ဒွေစိတြ) ပြက္ခဒိန်နှင့် မြန်မာပြည်တွင် ဝါဆိုလထပ်သော ပြက္ခဒိန်ဟူ၍ မူဝါဒကွဲပြားလာခဲ့ရာ ယခုတိုင် ရှည်ကြာလာခဲ့ရသည်။ အင်္ဂလိပ်တို့ အုပ်ချုပ်လာသောအခါ အနောက်နိုင်ငံ ဝါဒ နေသွားပြက္ခဒိန် တစ်မျိုးလည်း ဝင်ရောက်ခဲ့လေရာ ယခုအခါတွင် ရခိုင်ပြည်၌ ပြက္ခဒိန်မှာ သုံးမျိုး သုံးဝါဒဖြင့် ရှိလာခဲ့ရ လေ သည်။ မြန်မာဝါဒ ပြက္ခဒိန်မှာ အသုံးများခဲ့ရသော်လည်း ရခိုင်ဝါဒပြက္ခဒိန်ကိုလည်း သက်ဆိုင်ရာအစိုးရက လုံးဝပစ်ပယ်နိုင်ခြင်း မရှိရကား အသိအမှတ်ပြု ခွင့်ပေးထားလာခဲ့ရ သဖြင့် အသုံးပြုသူများလည်း ရှိခဲ့ကြသည် သာတည်း။ သို့ရာတွင် မြန်မာဝါဆိုလပြည့်နေ့တို့၌ နိုင်ငံတစ်ဝန်း ရုံးပိတ်နေ့ သတ်မှတ်ပေးခဲ့သော်လည်း ရခိုင်ဝါဆိုလပြည့်နေ့တွင်ကား သီးခြားရုံးပိတ်ရက် သတ်မှတ်ချက် မတွေ့ရသဖြင့် သီတင်းသီလစောင့်ရန်၊ ကုသိုလ်ကောင်းမှုပြုရန် လူတိုင်းအားလပ်ခွင့် မရနိုင်ကြသေးချေ။ ရခိုင်ရဟန်းတော်များ အနေဖြင့်လည်း ရခိုင်ပြက္ခဒိန်မူအရ ဝါဆိုကြသည့် ပုဂ္ဂိုလ်များ ရှိကြသကဲ့သို့ မြန်မာဝါဒ ပြက္ခဒိန်မူအရ ဝါဆိုကြသော ပုဂ္ဂိုလ်များလည်း အများအပြား ရှိလာခဲ့ကြသည်။ မြန်မာဝါဒတွင်ပင် ဝါထပ် ရက်ငင်ကိစ္စသည် မရှင်းမလင်းလာခဲ့သောကြောင့် မြန်မာမင်းလက်ထက်မှစ၍ ဝိဝါဒကွဲပြားကာ အင်္ဂလိပ် လက်ထက် အရောက်တွင်ပို၍ ရဟန်းရှင်လူတို့ ပြဿနာကြီးစွာ ဖြစ်ပေါ်လာခဲ့ကြရကြောင်း ဦးကုဏ္ဍလ ဆရာတော်၏ အာကနသဘာ၀စိန္တာကျမ်း နောက်ဆက်တွဲမှ သက်သေခံ အထောက်အထား၊ စာတမ်းမှတ် တမ်းများအရ လေ့လာသိရှိနိုင်ပေသည်။ အမှန်မှာ ဝါထပ်ရက်ငင်သည် ဗုဒ္ဓခေတ် အလိုမကျဖြစ်ခြင်း၊ ဝိနည်း ကျမ်းဂန် အယူအဆကွဲပြားခြင်း၊ ဗေဒသုတေသီများနှင့် အစိုးရတို့က စနစ်ကျ မှန်ကန်မှုရရန် ဆောင်ရွက် မပေးလာနိုင်ခြင်းတို့ကြောင့်လည်း ထိုဝါဆိုဝါထပ်ပြဿာနာသည် ရဟန်းရှင်လူလောကတွင် ဝိဝါဒရှိမြဲ ရှိနေကြမည်သာဖြစ်၏။ ယခု ကျွန်ုပ်တင်ပြလိုသည့် ပြက္ခဒိန်ကား ရခိုင်တန်ခူးလထပ် ပြက္ခဒိန် မူပင်ဖြစ်လေသည်။ ထိုပြက္ခဒိန်ကို ပေတွင် ရှေးရခိုင် ဂဏန်းတို့ဖြင့် ဇယားကွက်စဉ်ဖြင့် ရေးမှတ်ထားခဲ့ရာ ၁၂၆၃-ခု ထိ တွေ့ရသည်။ ပေစာ အရင်းအစကိုတော့ မည်သည့်နှစ်ကဟူ၍ မသိနိုင်တော့ပြီ။ ပျက်စီး ကျိုးပြတ်သွားရာ သက္ကရာဇ် ၁၂၃၇ -ခု နှစ်ကစ၍သာ ဖတ်ရှုနိုင်ပေသည်။ ယခု ပေမူအတူ အခြားအရပ်ရပ် ရခိုင်ဒေသတို့၌လည်း ရခိုင်မူပြက္ခဒိန် များ ရှိတန်ကောင်းနိုင်ပေရာတည်း။ ဤတင်ပြထားသော ပေမူလာ ရခိုင်ပြက္ခဒိန်စနစ်သည် ယခုခေတ်စနစ်နှင့် မတူချေ။ ရှေးခေတ်စနစ်သုံး ပြက္ခဒိန်သာဖြစ်ပေသည်။ လပြည့်လကွယ်ကိုသာ အဆုံးပြထားရာ လဆန်းရက်စဉ်၊ လဆုတ်ရက်စဉ်ကို တွေး ဆ၍သာ ဖတ်ယူရပေမည်။ သို့သော် တနင်္ဂနွေနေ့၊ တနင်္လာနေ့စသော နေ့စဉ်များကား ဖော်ပြပါရှိပေသည်။ ထို့ပြင် ဂြိုဟ်စဉ်နှင့် အမြင်နက္ခတ် စသည်တို့ကိုလည်း ပြဆိုထားပေရာ ရှေးခေတ်ပြက္ခဒိန်စနစ် မည်သို့ရှိခဲ့ သည်၊ မည်သို့ပုံစံရှိသည် စသော ဗေဒင်ပညာ ဗဟုသုတတို့ကိုပါ လေ့လာရရှိနိုင်ပေသည်။ ထို့ပြင် ဤယခု တင်ပြပါ ပြက္ခဒိန်မှာ ရခိုင်နရအဘယရာဇာမင်း လက်ထက်မှ သတ်မှတ်ခဲ့သော ပြက္ခဒိန်ကို မူထား၍ စီစဉ် ထားခဲ့ဖြင်းဖြစ်ရာကား ယခုရခိုင်ပြက္ခဒိန်များသည် ဤဖော်ပြပါ ပေမူလာ ပြက္ခဒိန်မှ ဆက်ကာ ဆက်ခံလာ ခဲ့ရကြောင်း သိနိုင်သည်။ ယခုနမူနာအဖြစ် ပေမူရင်းမှ တစ်လအတွက် ပုံစံ(၁)၊(၂)ပြု၍ ဖော်ပြလိုက်ရပေသည်။ ထိုသို့ဖော်ပြရာ ၌ ပေမူရင်းတွင်ပြရှိထားသော ဂဏန်းကိုလည်း နမူနာအဖြစ်တင်ပြအပ်သည်။ ဤ၌ သိသာရန်ယခု အများသုံး ဂဏန်းဖြင့်လည်း တင်ပြရခြင်းဖြစ်ပေသည်။ နမူနာပြပုံစံ(၁)၊(၂)ကို သိသာရန်မှာ ပုံစံ(၁)တွင် အစရင်းလာ လဆန်းတစ်ရက်ဇယား ကွက်၌ ထိပ်စီး(၆) သည် သောကြာနေ့ကိုပြသည်။ ၎င်းအောက် ဝဲဘက်ကွက်တွင်ရှိ ၆၊၁၃၊၃၃ တို့သည် တနင်္ဂနွေဂြိုဟ်စဉ်ကို ဖော်ပြသည်။ ၎င်းအောက် ၀၊၁၀ သည် တိထီနှင့် ဃဋီကို ဖော်ပြသည်။ လက်ယာဘက်တွင် ၆၊၂၁၊၃၉ တို့သည် တနင်္လာဂြိုဟ်စဉ်ကိုဖော်ပြသည်။၎င်းအောက် ၁၅၊၇ သည် နက္ခတ် နှင့် ဃဋီကို ဖော်ပြသည်။ ဤအတိုင်း လဆန်း ၂၊၃၊၄ ရက်စသည် ရက်စဉ် တို့ကိုလည်း သိသာနိုင် ပေသည်။ လပြည့်နေ့၌ကား ဂြိုဟ်(၈)လုံး တိထီ၊ ဃဋီ၊ နက္ခတ် ဃဋီကိုပါ စုပေါင်းဖော်ပြသည်ဟု သိမှတ်နိုင် သည်။ လဆုတ်ဇယားကွက်တို့၌လည်း ဤနည်းအတိုင်း သိမှတ်နိုင်သည်။ ယင်းပြက္ခဒိန်၏ ဂြိုဟ်၊ တိထီဃဋီ၊ နက္ခတ်ဃဋီတို့၏ တွက်နည်းကိုလည်း ရှေးမူအရ ရခိုင်ပြည်သုံး မက္ခကာရန္တနည်းဖြင့် တွက်ဆ သိသာနိုင်ပေ သတည်း။ (၁၉၇၅-ခုနှစ် ဖေဖော်ဝါရီလထုတ် ရခိုင်မဂ္ဂဇင်း အမှတ်(၂)တွင် နက္ခတ်ဗေဒင် သုတေသီ နတ်မြစ်ဦးကုမာရ အမည်ဖြင့် ဖော်ပြခဲ့ပြီးဖြစ်သည်။) ကိုးကား
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%80%E1%80%B9%E1%80%81%E1%80%92%E1%80%AD%E1%80%94%E1%80%BA
ဗြဟ္မာ
ဗြဟ္မာ (Brahma)သည် ဟိန္ဒူဘာသာ၏ ဖန်ဆင်းရှင်ဘုရားတစ်ပါး ဖြစ်သည်။ လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကိုထိန်းသိမ်းစောင့်ရှောက်သူ ဗစ်ရှ်နူးဘုရား(ဗိဿနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ (သိဝ)ဘုရား ဟူ၍ ဟိန္ဒူဘာသာတွင် တန်ခိုးအကြီးဆုံး ဘုရား(၃) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဟိန္ဒူဘာသာ
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%9F%E1%80%B9%E1%80%99%E1%80%AC
သူရဿတီ
သူရဿတီ သည် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုးကွယ်မှုရှိ နတ်သမီးတစ်ပါးဖြစ်သည်။ သူမသည် နတ်စာရင်းဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာ ကျမ်းစာများကို ကာကွယ်စောင့်ရှောက်သူဖြစ်ကာ စာပေပညာနှင့် နှုတ်မှုပညာများကို စောင့်ရှောက်သည်ဟု လည်းယုံကြည်ကြသည်။ မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ စာမေးပွဲမတိုင်မီတွင် သူရဿတီနတ်သမီးအား ပူဇော်ပသမှုများ ပြုလုပ်လေ့ရှိကြသည်။ သူရဿတီ၏ မူလရင်းမြစ်မှာ ဟိန္ဒူဘာသာရှိ ဗြဟ္မာ၏ကြင်ယာတော် သူရသွတိမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ အမည်ရင်းမြစ် သူရဿတီ ဟူသောအမည်မှာ သက္ကတဘာသာ စကား၊ သရသွတိ ကိုပါဠိမှပြန်ကာ မြန်မာအသံဖြင့် ခေါ်ဝေါ်ထားသော အမည် ဖြစ်သည်။ သက္ကတပုဒ်သရကို သရသ်နှင့်ဝတိဟူ၍ ပုဒ်ခွဲနိုင်သည်။ အချို့ပညာရှင်တို့က သရသ်၌ “သ”သည်အတူတကွဖြစ်ခြင်း၊ “ရသ်”သည် ရေဟူသောအနက် ချိုမြိန်ခြင်းဟူသော အနက်ဖြစ်သည်။“ဝတိ”မှာရှိသည်။ ပိုင်ဆိုင်သူဟူသောအနက်ဖြစ်သည်။ ထို့ကြောင့် သရသွတိ ကို “ရေနှင့်အတူတကွရှိသော”နတ်သမီး၊ ချိုသာစွာ ပြောဆိုလေ့ရှိသော နတ်သမီးဟု မှတ်ဖွယ်ရှိသည်။ သရသွတိသည် ယခုခေတ် ပန်ဂျပ်ပြည်နယ်ရှိ ဆရဆွတိမြစ်ကို စောင့်သောနတ်ဖြစ်သည် ဟု အချို့ကယူဆကြသည်။ ရှေးဦးကမြစ်စောင့်နတ် ဖြစ်ခဲ့သည့် သရသွတိ ဝေဒခေတ်၌ ဖန်ဆင်းရှင် ဣဿရ၏ သမီးတော် ဖြစ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။ ဝေဒခေတ်နှောင်း ဗြဟ္မဏကျမ်းစာများ ထွန်းကားချိန်တွင် ဣဿရကို ဗြဟ္မာအဖြစ် ပြောင်းလဲသုံးနှုန်းလာခဲ့ကြသည်။ ကိုးကွယ်မှု မြန်မာဗုဒ္ဓဘာသာဝင်အချို့၏ဘုရားစင်တွင်၎င်း၊ အချို့ဘုရားရင်ပြင်ပေါ်တွင်၎င်း တည်ထားကိုးကွယ်ကြသည်။ ကိုးကွယ်သူများက ပိဋကတ်သုံးပုံ စောင့်နတ်သမီး၊ ပညာရေးကို စောင့်သောနတ်သမီး ဟု အယူရှိကြသည်။ သရသွတိသည် ဖန်ဆင်းရှင် ဗြဟ္မာ၏ ကြင်ယာတော်နတ်သမီး တစ်ပါး ဖြစ်သည်ဟု ခံယူလာကြသည်။ စာပေပညာနှင့် နှုတ်မှုပညာများကို စောင့်ရှောက်သည်ဟု လည်းယုံကြည်ခဲ့ကြသည်။ မြန်မာတို့၏ ကိုးကွယ်မှုတွင်ကား၊ သူရဿတီသည် တန္တရဝါဒီ မဟာယာနဂိုဏ်းသား တို့မှ တစ်ဆင့် ပုဂံခေတ်ကတည်းက နေရာရလာခဲ့သော နတ်သမီးဖြစ်သည်။ ပုဂံခေတ်အနော်ရထာ လက်ထက်၌ ရွှေစည်းခုံဘုရား တံတိုင်းအတွင်းတွင် နတ်ရုပ်အချို့ ထားရှိသည်။ ထိုခေတ် လူတို့ ယုံကြည်ကိုးကွယ်သော နတ်များသည် ဗုဒ္မမြတ်စွာကို ရိုကျိုးရှိခိုးသူများဖြစ်သည်။ စောင့်ရှောက်ရသူများ ဖြစ်သည်ဟူသော အဓိပ္ပာယ်ပေါက်အောင် အနော်ရထာက ကြံဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ရွှေစည်းခုံဘုရား၏ တံတိုင်းအတွင်း ထားသောနတ်ရုပ်(၃၇)ခု အနက် သူရဿတီသည် အမှတ်စဉ်(၉)တွင်ပါဝင်သည်။ နတ်ဝတ်တန်ဆာဆင်ကာ ဟင်္သာငှက်ပေါ်တွင် ထိုင်၍ လက်နှစ်ဘက်၌ ကြာပန်းကိုကိုင်နေဟန်ဖြင့် သူရဿတီကိုထုလုပ်ထားသည်။ ဟင်္သာငှက်သည် ရေတွင် ကျက်စားသော ငှက်ဖြစ်ခြင်းကြောင့် ရေကိုပိုင်သူ မြစ်စောင့်နတ်၊ သူရဿတီ ၏စီးတော်ယာဉ် အဖြစ်သတ်မှတ်ထားခြင်းဖြစ်ဟန် တူသည်။ ဗြဟ္မာ၏ကြင်ယာတော် သူရသွတိကို မြန်မာတို့က သူရဿတီ ဟုအသံထွက်ပြောင်းလဲခေါ်ဝေါ်ကာ ပိဋကတ်သုံးပုံစောင့် နတ်သမီးဟုယူဆကိုးကွယ်ကြသည်။ သူရဿတီသည် အတတ်ပညာ ကျက်သရေမင်္ဂလာ တို့ကိုပေးနိုင်သည် ဟုယုံကြည်ကြသည်။ သူရဿတီ ဂါထာ၊ သူရဿတီ မန္တန်၊ သူရဿတီ အင်း၊ သူရဿတီမှော် စသည်ဖြင့် အစီအရင် အမျိုးမျိုးပြုလုပ် ဆောင်ရွက်ကြသည်။ သူရဿတီကို လောကီအတတ်များအတွက်သာ အသုံးပြုကြောင်း သတိပြုသင့်ပေသည်။ ဗုဒ္ဓဘာသာတန္တရဝါဒီ တို့သည် ဗြဟ္မဏတို့၏ ဘုရားအဆူဆူဝါဒကို သဘောကျကာ၊ မဟာယာန ဗုဒ္ဓဘာသာအတွင်းသို့ ဘုရားအဆူဆူ၊ ဘုရားလောင်းအမျိုးမျိုးကို သွတ်သွင်းခဲ့ကြ သည်။ အလားတူပင် ဗြာဟ္မဏဝါဒ တစ်ဖြစ်လဲ ဟိန္ဒူဘာသာက လက်ခံထားသည့် နတ်ဘုရားတို့၏ ကြင်ယာတော် နတ်ဘုရားမ(နတ်သမီး)များကို ကိုးကွယ်မှုကိုလည်း မဟာယာန ဗုဒ္ဓဘာသာတွင် ပုံတူကူးချကာ တာရာဒေဝီ၊ မဟာဒေဝီ၊ ပရဝတီ၊ စသည်ဖြင့်နတ်ဘုရားမ အမျိုးမျိုး ကိုဖန်တီးလက်ခံ ခဲ့ကြသည်။ မြန်မာတန္တရဝါဒီတို့ကား၊ အိန္ဒိယတန္တရဝါဒီ တို့ထက်ပင် လက်သွက်ကာဗြဟ္မာ၏ကြင်ယာတော် သူရသွတိကို သူရဿတီအဖြစ် မြန်မာမှုပြုခဲ့ကြသည်။ ပိဋကတ်သုံးပုံစောင့်သူအဖြစ် ဖန်တီးခဲ့ကြသည်။ ဤသို့ဖြင့် သူရသွတိသည် ပုဂံခေတ် ကတည်းကပင် အတွင်း (၃၇) မင်းစာရင်းဝင် ဖြစ်လာခဲ့ရပေသည်။ နတ်သမီးကိုးကွယ်မှုအစဉ်အလာကို အိန္ဒိယသားတို့သည် ဝေဒခေတ်မတိုင်မီက ကမ္ဘာဦး စိုက်ပျိုးရေးသမားများ ဘဝကတည်းက လက်ခံကျင့်သုံးခဲ့ကြသည်။ ယခုခေတ် ပန်ဂျပ်ပြည်နယ်ရှိ အိန္ဒုမြစ်ဝှမ်းတွင်ခရစ်ကြိုနှစ် နှစ်ထောင်ကျော်ခန့်က ထွန်းကားခဲ့သော အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုခေတ် ကတည်းက ကိုးကွယ်ခဲ့ကြသည့် ကြေးသွန်းနတ်သမီးရုပ်တုများကို ရှေးဟောင်း သုတေသီတို့ တွေ့ရှိကြရသည်။ ထိုနတ်သမီး ရုပ်တုတို့ကို အိန္ဒူမြစ်ဝှမ်းသားတို့က မည်သို့ခေါ်ဝေါ်ခဲ့သည်ကို အတိအကျ မသိရသော်လည်း၊ သုတေသီများကမူ မိခင်နတ်သမီး ဟုလည်းကောင်း၊ ရွာရှင်နတ်သမီး ဟုလည်းကောင်း မယ်တော်ကြီး ဟုလည်းကောင်း ခေါ်ဝေါ် ထားသည်။ အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုခေတ်ကတည်းက နတ်သမီးကိုးကွယ်မှုကို လက်ခံခဲ့သော အိန္ဒိယသားတို့သည် ဝေဒခေတ်၌လည်း အလားတူ နတ်သမီး ကိုးကွယ်မှုကို လက်ခံကျင့်သုံးခဲ့ကြသည်။ ဝေဒခေတ်အတွေးအခေါ် ယဉ်ကျေးမှုများကို ဗြာဟ္မဏဝါဒဟု ခေါ်ဝေါ်ထားရာ ဗြာဟ္မဏဝါဒ ၌လည်း နတ်သမီးများကို ဆက်လက်ကိုးကွယ်ခဲ့ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ၌မူ ဖန်ဆင်းရှင်ဗြဟ္မာ ကိုပယ်ပြီးဖြစ်ရာ ဗြဟ္မာ၏ ကြင်ရာတော်နတ်သမီးနှင့် တကွအခြား နတ်သမီးများ၊ နတ်ဘုရားများကို ကိုးကွယ်ရန်မလိုတော့ချေ။ သင်္ဂမင်းဆက်၊ ကုသျှန် မင်းဆက်တို့လက်ထက်ရောက်သောအခါ ဗြဟ္မဏဝါဒ ပြန်လည် အားကောင်းလာပြီး၊ ဗုဒ္ဓဘာသာကို နှိမ်နင်းလာသည်။ ထိုအခါ မိမိတို့ရပ်တည်ရေးအတွက် ဗုဒ္ဓဘာသာ အတွေးအမြင် ကျင့်စဉ်များကို ဗြာဟ္မဏတို့အလိုကျ ဖြစ်စေရန် ပြောင်းလဲကျင့်သုံးခဲ့ ကြရသည်။ ထိုသို့ကျင့်သုံးရာမှ ပေါ်ပေါက်လာသော မဟာယာနဗုဒ္မဘာသာ၌မူ နတ်ဘုရား အမျိုးမျိုးကိုပါ လက်ခံကိုးကွယ်လာခဲ့သည်။ အိန္ဒိယမှ ဗုဒ္မဘာသာတန္တရဝါဒီတို့သည် ဘင်္ဂေါပြည်နယ်မှတစ်ဆင့် အထက်မြန်မာနိုင်ငံသို့ သရေခေတ္တရာခေတ်ကပင် ဝင်ရောက်ခြေကုပ်ယူခဲ့ကြသည်။ ထိုသို့ခြေကုပ်ယူခဲ့ကြောင်း သရေခေတ္တရာမြို့ဟောင်း(မှော်ဇာ)မှတူးဖော်တွေ့ရှိရသော ဘုရားလောင်းပုံပါရှိသော အုတ်ခွက် အမျိုးမျိုးများနှင့်ရှေးဟောင်း ပစ္စည်းများကသက်သေ ခံနေပေသည်။ တန္တရဝါဒီတို့၏ အတွေး အခေါ်များနှင့်ကျင့်စဉ်များသည် ပုဂံခေတ်တွင်လည်း တွင်ကျယ်လေရာ၊ အနော်ရထာမင်းက သာသနာသန့်ရှင်း၊ ထေရဝါဒ ဗုဒ္မဘာသာထွန်းကားရေး ပြုလုပ်သောအခါ၊ အသွင်အမျိုးမျိုး ဆောင်ကာ တိမ်းရှောင်ထွက်သွားခဲ့ကြသည်။ ထိုသို့ တိမ်းရှောင်ထွက်သွားကြရာ၌ သူရဿတီ သည် တိမ်မြုပ်ပျောက်ကွယ် မသွားဘဲ၊ ရွှေစည်းခုံတံတိုင်းအတွင်း၌ ပုံတော်နှင့်တကွနေရာရ သွားခဲ့သည်။ အိန္ဒိယသားတို့သည် နတ်သမီးများကိုပထဝီမာတာ (မြေစောင့်မယ်တော်)၊ မဟာမာတာ (မယ်တော်ကြီး)စသည်ဖြင့် သုံးနှုန်းခေါ်ဝေါ်ခဲ့ကြသည်။ ထိုအခေါ်အဝေါ်များကိုလိုက်၍ မြန်မာတို့ သည် ယခုအခါ မယ်တော်၊ မယ်တော်ကြီး စသည်ဖြင့်သုံးနှုန်းနေကြသည်။ ဤသို့ သုံးနှုန်းကြပါက သူရဿတီသည် ရှေးဦးမယ်တော်ကြီး တစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။ အတွင်း(၃၇) မင်း အမှတ်စဉ်(၈) တွင်ဖော်ပြထားသည့် စဏီနတ်သမီးမှာလည်း သူရဿတီကဲ့သို့ပင် မြန်မာတို့ ရှေးဦးလက်ခံခဲ့သော မယ်တော်ကြီးတစ်ပါးဖြစ်သည်။ ကျမ်းကိုး မြန်မာ့ ဓလေ့ထုံးစံ နတ် မြန်မာနိုင်ငံရှိ ကိုးကွယ်ရာဘာသာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B0%E1%80%9B%E1%80%BF%E1%80%90%E1%80%AE
ဣန္ဒာ
အင်ဒြ (; Indā; ) ကို မြန်မာဝေါဟာရဖြင့် သိကြားမင်းဟု ခေါ်ဆိုသည်။ ဟိန္ဒူဘာသာ၌လည်း ရှေးဟောင်းနတ်ဒေဝါတစ်ပါးဖြစ်ကာ စစ်နှင့် ရာသီဥတုဆိုင်ရာ နတ်မင်းဒေဝါမင်းဖြစ်၏။ အင်ဒြခေါ်ကန္နာ၏ပုံ ဒဏ္ဍာရီ အင်ဒြ(Indra)နတ်သည် မုတ်သုံမိုးမုန်တိုင်းကို ကိုယ်စားပြုသည်။ သူသည် နတ်တို့၏ အကြီးအကဲလည်း ဖြစ်သည်။ သူ့ကို ကိုးကွယ်ကြသော သူများ၏စိတ်ထဲတွင် သူ၏ပုံသဏ္ဌာသည် အလွန်ကြီးမားသည်။ ဆံပင်အရှည်ကြီး ဖားလျား ချထားသည်။ လေပင့်ထားသော မုတ်ဆိတ် ရှိသည်။ သူသည် ထိုမုတ်ဆိတ်ကိုဖြုတ်၍ ကျယ်လောင်သောအသံ(မိုးခြိမ်းသံ)ကို ပြုသည်ဟု ယူဆကြသည်။ သူ့လက်ထဲတွင် ရန်သူကို ချေဖျက်တက်သော ဝရဇိန်လက်နက် မိုးကြိုးစက်ကို ကိုင်ထားသည်။ သူသည် လယ်ကွင်းများကို မဟာမိတ်များ၊ အာရိယန်တို့၏ အသက်မွေးမြူရန် ပစ္စည်းဥစ္စာပေးသူအဖြစ် သဘောထားသည်။ သူ၏နှစ်စဉ်ပြုမြဲ ထူးခြားသော အပြုအမူမှာ မိုးကိုခေါင်စေသောနဂါး(Vritra)ကို ထုတ်သတ်သည်။ ထိုနတ်နဂါးက မိုးကို ခေါင်သည်ဟု အယူရှိကြသည်။ ဤအန္တရာယ်ကြီးမားသော လုပ်ဆောင်ချက်ဖြင့် သူသည် သူ့ကိုယ်သူ အာရိယန်လူမျိုးတို့၏သူရဲကောင်းအဖြစ်ကို ခိုင်မာစွာ ပြသခဲ့ပေသည်။ 'သုံးခွသောသောမ' အရက်ခွက်များဖြင့် သူသည် သေရည်များကို သောက်သုံးသည်။ ထို့နောက် သူ၏ ဝရဇိန်လက်နက် မိုးကြိုးစက်ဖြင့် တောင်များပေါ်တွင်နေသော မိုးကိုခေါင်စေသည့် မြွေနဂါးကို ပစ်ခတ် သတ်ဖြတ်လေသည်။ သို့ဖြင့် ထိုနဂါးကထိန်းချုပ်ထားသောရေများကို မြစ်ချောင်းများမှတဆင့် သမုဒ္ဒရာထဲသို့ လျင်မြန်စွာ စီးဆင်းသွားစေသည်။ အင်ဒြနတ်မင်းကို ကိုးကွယ်သူများသည် သူ့ကိုများစွာ ချီးမွမ်းကြသည်။ ဣရုဝေဒကျမ်း(Rig Veda)ထဲတွင် အင်ဒြအား ချီးမွမ်းသောဂါထာများစွာ ပါသည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%A3%E1%80%94%E1%80%B9%E1%80%92%E1%80%AC
သိဝ
သိ၀ သို့ ၐိဝ သည် ဟိန္ဒူဘာသာ၏ အဓိကဘုရားတစ်ပါးဖြစ်သည်။ ဘုရားရှင်သီ၀ကို မဟာဒေ၀ (Mahadeva) ဘုရားရှင်ဟုလည်း သမုတ်ကြသည်၊ လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကိုထိန်းသိမ်းစောင့်ရှောက်သူ ဗစ်ရှ်နူး(ဗိဿနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ သျှီဝ (ၐီဝ) (သီဝ) ဟူ၍ ဟိန္ဒူဘာသာတွင် တန်ခိုးအကြီးဆုံး ဘုရား (၃) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ သိဝ၏ ကြင်ယာတော်မှာ ပါရ်ဗသီး (ပရ်ဝတီ Parvati)မယ်တော် ဖြစ်သည်။ ပါရ်ဗသီးမယ်တော် ကို မြန်မာနိုင်ငံတွင် ကာလီမယ်တော်ဟုလည်း လူသိများသည်။ မှတ်စု ကိုးကား ဟိန္ဒူဘာသာ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%9D
ဗိဿနိုးနတ်
ဗစ်ရှ်နူးဘုရား (Vishnu, ဗိဿနိုး။ သက္ကတ ဝိၑ္ဏု) သည် ဟိန္ဒူဘာသာ၏ လောကထိန်းသိမ်းသည့် ဘုရားတစ်ပါးဖြစ်သည်။ မှတ်တမ်းများအရ များစွာသောဟိန္ဒူဘာသာဝင်တို့က ဂေါတမဗုဒ္ဓဘုရားသည် ဗစ်ရှ်နူးဘုရား (God Vishnu) ၏ အ၀တာရ (လူဝင်စားအသွင်) ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘုရားရှင်သည် ပရိနိဗ္ဗာန် (Parinirvana) ပြုပြီးဖြစ်၍ သက်ရှိထင်ရှားမရှိတော့ချေ။ သို့သော် ဗစ်ရှ်နူးဘုရား(ဗိဿနိုး)သည် ယခုထက်တိုင် တည်ရှိသည်ဟု ဟိန္ဒူဘာသာဝင်များက အခိုင်အမာယုံကြည်ပြောဆိုကြသည်။ သို့သော် သမိုင်းပညာရှင်တို့နှင့် ဗုဒ္ဓဘာသာဝင်များ၊ သံဃာတော်အရှင်သူမြတ်များက ဂေါတမဗုဒ္ဓဘုရားသည် ဗိဿနိုးဘုရားကိုယ်ပွားဖြစ်သည်ဟူသောပြောကြားချက်ကို လုံးဝလက်မခံကြချေ။ သို့သော် ဟိန္ဒူကျမ်းဂန် အယူအဆအရ ဗိဿနိုးဘုရား၏ န၀မမြောက်အသွင်သည် ဗုဒ္ဓဖြစ်သည်ဟု အတိအလင်း ဖော်ပြလျက်ရှိသည်။ ကိုးကား ဟိန္ဒူဘာသာ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AD%E1%80%BF%E1%80%94%E1%80%AD%E1%80%AF%E1%80%B8%E1%80%94%E1%80%90%E1%80%BA
မဟာပိန္နဲ
ဂနေရှ့် (သို့) မဟာပိန္နဲသည် ဟိန္ဒူဘာသာဝင်များ အများဆုံး ကိုးကွယ်ကြသည့်ဘုရားတစ်ပါးဖြစ်သည်။ ဟိန္ဒူဘုရားတစ်ပါး ဖြစ်၍ ဆင်ဦးခေါင်းဖြင့် အမှတ်အသားပြုသည်။ အခက်အခဲများကို ပယ်ရှားနိုင်သည်ဟု ယူဆ၍ အလုပ်အကိုင် တစ်ခုခု မစတင်မီ ပူဇော်လေ့ ရှိသည်။ ဂနေရှ့်ဘုရားသည် လူကိုယ်နှင့် ဆင်ခေါင်း‌ရှိသည်။ ဘုရားရှင်ဆင်းတုတော်များကို အိန္ဒိယနှင့် နီပေါနိုင်ငံတဝန်းတွင် တွေ့ရှိရသည်။ ထို့အပြင် ဂျပန်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တိဘက်ရှိ ဗုဒ္ဓဘာသာဝင်များကလည်း ကိုးကွယ်ကြပြီး မောက္ခပေးနိုင်စေသည်ဟု ယုံကြည်ကြသည်။ ကိုးကား ဟိန္ဒူ နတ်ဘုရားများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%95%E1%80%AD%E1%80%94%E1%80%B9%E1%80%94%E1%80%B2
ဟိန္ဒူဘာသာ
ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။ သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာဝရဘာသာတရား) ခေါ်သည်။ ဟိန္ဒူလူမျိုးတို့သည် မိမိတို့ ယုံကြည် ကိုးကွယ်သည့် အယူဝါဒကို သနာတနဓမ္မ (ထာဝရ တည်မြဲနေသော ဘာသာတရား)ဟု ခေါ်ကြသည်။ အကြောင်းမူကား ဟိန္ဒူအယူဝါဒသည် ထာဝရ တည်မြဲနေသော အဆုံးအမဟု ယူဆထားသည့် ဝေဒကျမ်း၌ ပါရှိသော အဆုံးအမများကို အခြေခံပြုထားသောကြောင့် ဖြစ်လေသည်။ ဟိန္ဒူအယူဝါဒသည် အခြားသောဝါဒများကဲ့သို့ ပုဂ္ဂိုလ် တစ်ဦးတယောက်က စတင်တည်ထောင်ထားသည့် အယူဝါဒ မဟုတ်ပေ။ သို့ဖြစ်၍ ဟိန္ဒူအယူဝါဒဟူသော အမည်နာမသည် ဗုဒ္ဓအယူဝါဒ၊ ခရစ်ယန် အယူဝါဒ စသည်တို့ကဲ့သို့ စတင်တည်ထောင်သူ၏ အမည်နာမကိုစွဲ၍ တွင်နေသော အမည်နာမမျိုး မဟုတ်ပေ။ အမှန် စင်စစ် ဟိန္ဒူ ဆိုသည့် စကားလုံးကို မည်သည့် ဝေဒကျမ်း နှင့် အခြား ကျမ်းစာတွင်မျှ တွေ့ရှိရမည် မဟုတ်ပါ။ အိန္ဒူ မြစ်၏ တစ်ဖက်ကမ်းတွင် နေသူများကို ဟိုဘက်မှ သူများက ခေါ်ဆိုရာမှ ဟိန္ဒူ ဟု ဖြစ်တည် ခဲ့ခြင်း ဖြစ်သည် ဟု သမိုင်းပညာရှင် အချို့ဆိုကြသည်။ ဟိန္ဒူအယူဝါဒ၏ အရင်းအမြစ်ကို စိစစ်လေ့လာကြည့်လျှင် မှုန်ဝါးဝါးသာ တွေ့မြင်ရလိမ့်မည်။ သို့ရာတွင် ဟိန္ဒူအယူဝါဒသည် ခရစ်နှစ်မစမီ ရှေ့ယခင့်ယခင်က အာရိယန်လူမျိုးများ အိန္ဒိယသို့ ပြောင်းရွှေ့လာကြစဉ် သူတို့နှင့် တပါတည်းပါလာသည့် ဗြဟ္မဏ အယူဝါဒမှ ကြီးထွားဖွံဖြိုးလာသည့် အယူဝါဒဖြစ်သည်ဟူ၍ကား လက်ခံယုံကြည်ကြသည်။ ဟိန္ဒူအယူဝါဒသည် သမိုင်းခေတ်မတိုင်မီက ပေါ်ပေါက်ခဲ့သော ရှေးအကျဆုံး အယူအဆဝါဒ ဖြစ်သည်ဟု ယူဆထားကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်အတွင်း ဟိန္ဒူအယူဝါဒ လောက၌ သူတော်စင် ရသေ့များ၊ တမန်တော်များ၊ ဒဿနဗေဒပညာရှင်များ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။ ယင်းပုဂ္ဂိုလ်များသည် ဟိန္ဒူအယူဝါဒ၏ အဆုံးအမ ဓလေ့ထုံးစံ၊ အစဉ်အလာများကို ထွန်းကားပြန့်ပွားအောင် ပြုမူဆောင်ရွက်ခဲ့ကြလေသည်။ ဟိန္ဒူအယူဝါဒ၏ ဒဿန (အဘိဓမ္မာ)သည် ကျယ်ပြန့်သည်။ ထွေပြားသည်။ ဟိန္ဒူအယူဝါဒ၌ ဒဿန ခြောက်မျိုးကွဲပြားနေသည်။ ယင်းခြောက်မျိုးကို ဆဒဿန (ဒဿနခြောက်မျိုး)ဟု ခေါ်သည်။ ယင်းဒဿနခြောက်မျိုးသည် ဘီစီငါးရာစုနှစ် မတိုင်မီကပင် စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။ ယင်းခြောက်မျိုး ကား ဉာယ၊ ဝိသေသိက၊ သံခယာ၊ ယောဂ၊ ပုဗ္ဗမီမံသာ၊ သို့မဟုတ် မီမံသာ၊ ဝေဒန္တတို့ ဖြစ်သည်။ ဉာယ ဒဿနကို တီထွင်သူမှာ ဂေါတမ မဟာရသေ့ ဖြစ်သည်။ ဉာယဒဿနာသည် စူးစမ်းဆင်ခြင်မှုအရ ပေါ်လာသည့် ယထာဘူတကျသော အတွေးအခေါ် ဖြစ်သည်။ ဝိသေသိကဒဿနကို စတင်သူမှာ ကဏာဒ မဟာရသေ့ ဖြစ်သည်။ ဝိသေသိက ဒဿန၏ ရည်ရွယ်ချက်မှာ သတ္တဝါများအား လွတ်မြောက်ငြိမ်းချမ်းမှု ရရှိစေရန် ဖြစ်သည်။ သံခယာ ဒဿနကို စတင်တီထွင်သူမှာ ကပိလ မဟာရသေ့ဖြစ်သည်။ သံခယာဒဿန သည် ထာဝရ ဘုရားသခင် တည်ရှိမှုကို အယူမရှိသော ဒဿန ဖြစ်သည်။ ယောဂဒဿနကို စတင်သူမှာ ဇေမိနီ မဟာရသေ့ ဖြစ်သည်။ မီမံသာကို ပုဗ္ဗမီမံသာဟုလည်း ခေါ်သည်။ မီမံသာဒဿန၏ အဓိက ရည်ရွယ်ချက်မှာ ဝေဒကျမ်းများ၌ ပါရှိသည့် အယူဝါဒရေး ဓလေ့ထုံးစံများကို အကာအကွယ်ပေးရန်နှင့် ထောက်ခံ အားပေးရန် ဖြစ်သည်။ ဝေဒန္တဒဿနသည် ဥပနိသျှဒ်မှ ဖြစ်ထွန်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဥပနိသျှဒ်၌ ဝေဒအယူအဆသည် တိုးတက်မှု အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုကြောင့် ဥပနိသျှဒ်ကို ဝေဒ၏ အဆုံး (ဝေဒန္တ)ဟုခေါ်ခြင်း ဖြစ်လေသည်။ အတ္တမာ ဟိန္ဒူအယူဝါဒအရ နတ်၊ လူ၊ တော၊ တောင်၊ ရေ၊ မြေ စသော ရှိရှိသမျှ အရာဝတ္တုများသည် ပရမတ္တမာ ခေါ် ဘုရား သခင်၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ထို့ပြင် ဤမျက်မှောက် ကမ္ဘာလောကသည် မာယာ (အထင်အမှတ် မှားနေခြင်း)မျှသာ ဖြစ်သည်၊ မလွဲမသွေ ပျက်စီးသွားရမည်။ မသိအပ်သည့်၊ မသိရသည့် ပရမတ္တမာခေါ် ဘုရားသခင်သည်ကား ပြောင်းလဲခြင်းမရှိပဲ နိစ္စထာဝရ တည်မြဲနေသောအရာ ဖြစ်သည်။ ဟိန္ဒူလူမျိုးတို့သည် အတ္တမာ (ဝိဉာဉ်)ကို ယုံကြည်ကြသူများ ဖြစ်၏။ ဟိန္ဒူအယူဝါဒအရ အတ္တမာသည် ကံတရား၏ အရှိန်အဟုန် မကုန်မချင်း မရမတ္တမာနှင့် သွားရောက် ရောနှောပေါင်းဆုံမှု မဖြစ်မချင်း၊ အသင်္ချေ အနန္တဘဝသံသရာ၌ ထပ်ခါထပ်ခါ ပဋိသန္ဓေ တည်နေရပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို မိမိမြင့်ရာသို့လည်း တက်စေနိုင်သည်။ နိမ့်ရာသို့လည်း ကျစေနိုင်သည်။ လူတစ်ဦးတစ်ယောက်သည် မကောင်းမှုကို ပြုလုပ်လျှင် ကွယ်လွန်သွားပြီးသည့်နောက်၌ အတိဒုက္ခ ရောက်ရလေသည်။ သို့မဟုတ် ငရဲခံရလေသည်။ ကုသိုလ်ကောင်းမှုကို ပြုလုပ်လျှင်ကား နတ်ရွာသို့လားရလေသည်။ ငရဲပြည်၌ ခံရသည့် ဒုက္ခသည် လည်းကောင်း၊ နတ်ပြည်၌ စံရသည့် သုခသည်လည်းကောင်း အစဉ်ထာဝရ တည်မြဲမနေပေ။ အတ္တမာ (ဝိဉာဉ်)သည် မောက္ခ (လွတ်ငြိမ်းမှု)ကို မရမချင်း၊ မိမိ၏ မူရင်း အိမ်ဂေဟာဖြစ်သည့် ဗြဟ္မနှင့် သွားရောက် မပေါင်းမချင်း ဘဝအသစ် ဖြစ်မြဲ ဖြစ်နေပေလိမ့်မည်။ မောက္ခ (လွတ်ငြိမ်းမှု)သည် ယုံကြည် ကိုးကွယ်မှုဖြင့် ရရှိသည့်အရာမဟုတ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ရရှိနိုင်သည့်အရာ ဖြစ်သည်။ ကိုးကွယ်သည့် ဘုရား နှင့် နတ်ဒေဝါများ ဟိန္ဒူ အယူဝါဒတွင် လွတ်လပ်စွာ ကိုးကွယ်ခြင်း ကို ခွင့်ပြုထားသည်။ သံသရာမှ လွတ်လိုသူများ သည် ဘုရားရှင်ကို ကိုးကွယ်နိုင်သည်။ ရုပ်လောကတွင် အကူအညီ လိုသူများ ဒေဝါနတ်များကို ကိုးကွယ်နိုင်သည်။   ဘုရားကိုးကွယ်ခြင်း တွင် ၃ မျိုးရှိသည်။ ဘုရားရှင်အား ဘဂဝါးန် ပုဂ္ဂိုလ်ဟု ကိုးကွယ်ခြင်း၊ ဘုရားရှင်၏ နီရာကားရ ရုပ်နာမ် ချုပ်ငြိမ်းခြင်း သဘာဝကို ကိုးကွယ်ခြင်း နှင့် သက်ရှိတိုင်းတွင် တည်ရှိသော ဘုရားရှင် ၏ ပရမားသ်မား မဟာဝိညာဉ် တော် ကို ကိုးကွယ်ခြင်း ဟူ၍ ဖြစ်သည်။ ဟိန္ဒူအယူဝါဒ၌ နတ်ဘုရားများကို ကိုးကွယ်သည့် အလေ့အထလည်းရှိသည်။ ဝေဒကျမ်းဂန်၏ ဓမ္မဂီတများ၌ ပါရှိသည့် နတ်ကြီးများအနက် ဣန္ဒရ၊ အဂ္ဂနိ၊ သူရိယ စသော နတ်အများအပြားသည် ခေတ်သစ် ဟိန္ဒူအယူ ဝါဒ၌ ခေတ်မစားတော့ပေ။ ဗြဟ္မမှာမူ ခြွင်းချက်ဖြစ်သည်။ ဟိန္ဒူအယူဝါဒသည် ဗြဟ္မဏ အယူဝါဒမှ ပရမတ္တမာခေါ် ဣဿရအယူဝါဒကို အမွေအနှစ်အဖြစ် လက်ခံရယူထားလေသည်။ ယင်းဣဿရသည် နိစ္စထာဝရ တည်ရှိနေသည်။ အရာဝတ္ထုဟူသမျှ မူလဘူတအကြောင်းတရား ဖြစ်သည်။ အရာဝတ္ထုဟူသမျှ အပြီးသတ်အချိန်တွင် ပြန်သွားရသည့် နောက်ဆုံး အိမ်ဂေဟာလည်း ဖြစ်သည်။ ပရမတ္တမာခေါ်သည့် ယင်းဣဿရသည် တရိမုရတိခေါ်သည့် ဘုရားသုံးပါးအစု၌ တည်ရှိနေသည် ဟူ၍လည်းကောင်း၊ ဘုရား သုံးပါးအစုမှတစ်ဆင့် ပြုဖွယ်ကိစ္စ ပြုလုပ်သည်ဟူ၍လည်းကောင်း အယူရှိကြသည်။ ဘုရားသုံးပါးကား လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကို ထိန်းသိမ်း စောင့်ရှောက်သူ ဗိရှနု(ဗိဿနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ ရှိဗ (သိဝ)တို့ ဖြစ်ကြသည်။ ယင်းဘုရားသုံးပါးအနက် ဗြဟ္မကို ပူဇော်ပသသည့် ဓလေ့ထုံးစံ အလွန် နည်းသည်။ အိန္ဒိယတစ်နိုင်ငံလုံး၌ ဗြဟ္မာကို ရည်စူး၍ ဆောက်လုပ်ထားသည့် ဘုရားကျောင်း အရေအတွက်သည် အလွန်တရာ နည်းပါးသည်။ ဗိဿနိုး နှင့် သိဝကိုမူ ခေတ်အဆက်ဆက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ပူဇော်ပသလေ့ရှိကြသည်။ ယင်း အဓိက ဘုရားများအပြင် အခြားနတ်များ၊ မြင့်မြတ်သည်ဟု ယူဆသည့် အရာများကိုလည်း ကိုးကွယ်ကြ လေသည်။ ဟိန္ဒူလူမျိုးတို့သည် နွားမကိုလည်း အလေးအမြတ် ပြုကြလေသည်။ ဟိန္ဒူ အယူဝါဒလောက၌ သိဝကို ကိုးကွယ်သူ (ရှိုက်ဝ)နှင့် ဗိဿနိုးကို ကိုးကွယ်သူ (ဗိုက်ရှနဝ)တို့သည် မူဝါဒ အခြေခံအရ နှစ်ဂိုဏ်းကွဲနေသည်။ သိဝ ကိုးကွယ်သူများကို ရှံကရက ဦးဆောင်ပြီးလျှင် ဗိဿနိုးကိုးကွယ်သူများကို ရာမနုဇက ဦးဆောင်သည်။ ရှံကရ (အေဒီ ၁၉ ရာစု)သည် ဗြဟ္မဏတို့၏ ရှေး ဟောင်း ဝေဒန္တ ဒဿနကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဓိပ္ပာယ်ဖွင့်လျက် သိဝ ကိုးကွယ်မှု ထွန်းကား ပြန့်ပွားအောင် ပြုလုပ်ခဲ့သည်။ သိဝ ကိုးကွယ်သူများက ရှံကရအား သူတို့နတ်ဘုရား၏ ကိုယ်ပွားဖြစ်သူ လူသားဟု ထင်မှတ်ယူဆကြသည်။ ရှံကရသည် အသိပညာကို အောက်တန်းအသိပညာနှင့် အထက်တန်း အသိပညာဟူ၍ နှစ်မျိုးခွဲခြား ပြထားသည်။ အောက်တန်းအသိပညာသည် ဤကမ္ဘာလောကအား တကယ်အမှန် (ပရမတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာကမူ ဤကမ္ဘာလောကအား မာယာ(ပညတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာအဆင့်သို့ ရောက်ရှိရေး အတွက် ဝေဒကို သင်အံလေ့လာခြင်း၊ ဘာဝနာ ပွားများအားထုတ်ခြင်း လိုအပ်သည်ဟု ဆိုထားသည်။ ရှံကရသည် ဗုဒ္ဓ၏ နည်းနိသျည်းကို အတုယူပြီးလျှင် ဟိန္ဒူ အယူဝါဒဆိုင်ရာ ဘုန်းကြီးလောကနှင့် ဘုန်းကြီးကျောင်းများကို အိန္ဒိယအနှံ့အပြားတွင် တည်ထောင်ခဲ့သည်။ ရှံကရ၏ဂိုဏ်းသည် သိဝ ကိုးကွယ်သည့် ဂိုဏ်းဖြစ်သည်။ အခြားဂိုဏ်းတစ်ခုကား ဗိဿနိုးကို ကိုးကွယ်ပူဇော်သည့်ဂိုဏ်း ဖြစ်သည်။ လူ့ပြည်လူ့လောကသို့ လူသားအဖြစ် ဆင်းသက်လာသော ဗိဿနိုး၏ ကိုးပွားများအနက် ကရိရှနသည် အထင်ရှားဆုံး ဖြစ်သည်။ ဗိဿနိုးဝါဒကို ဖြန့်ဖြူးသူကား ရာမနုဇ (အေဒီ ၁၃ ရာစု) ဖြစ်သည်။ ရာမနုဇကို ဆက်ခံသူများအနက် မာဓဝ (အေဒီ ၁၃ ရာစု)၊ ရာမနန္ဒ (အေဒီ ၁၄ ရာစု)တို့သည် ထင်ရှားသူများ ဖြစ်ကြသည်။ ယင်းဂိုဏ်းကြီးနှစ်ဂိုဏ်းကား ဟိန္ဒူ အယူဝါဒ၏ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်း ဖြစ်လေသည်။ ဟိန္ဒူအယူဝါဒ၌ အခမ်းအနား ကျင်းပမှုနှင့် ပူဇော်ဝတ်ပြုမှုများကို ဗြဟ္မဏ(ပုဏ္ဏား)များက ဦးဆောင် ပြုလုပ်ကြသည်။ ဟိန္ဒူလူမျိုးတို့၏ အယူဝါဒနှင့် ပတ်သက်ဆက်နွှယ်နေသော အခမ်းအနားများကို ဆံဆ ကာရ်ဟု ခေါ်သည်။ အခမ်း အနားများအနက် အချို့မှာ ဗြဟ္မဏ၊ ခတ္တိယ အမျိုးဇာတ်များနှင့်သာ သက်ဆိုင်ပြီးလျှင် အချို့ကား အားလုံးနှင့် သက်ဆိုင်သည်။ မမွေးဖွားခင် အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည်နေစဉ်က စပြီးလျှင် ကွယ်လွန်ပြီးသည့်နောက်အထိ အခမ်းအနား အမျိုးမျိုးကို ကျင်းပပြုလုပ်ကြသည်။ ယင်းအခမ်း အနားထဲတွင် နာမည်ပေး အခမ်းအနား၊ စလွယ်ချည်ကြိုးသိုင်း အခမ်းအနား၊ လက်ထပ်မင်္ဂလာအခမ်းအနား စသည်တို့ ပါဝင်သည်။ နှစ်စဉ် ကျင်းပသည့် အယူဝါဒရေးရာ ပွဲသဘင်များလည်း ရှိသည်။ ယင်းပွဲသဘင်များအနက် သီတင်းကျွတ်လကွယ်နေ့၌ ကျင်းပသော ဒီဝါလီ(ဒီပါ၀လီ)၊ သို့မဟုတ် ဒီပါဝလီခေါ် မီးထွန်းပွဲသည် ထင်ရှားသော ပွဲသဘင်တစ်ခု ဖြစ်သည်။ ဒီဝါလီပွဲသည် လက်ရှ်မီးမယ်တော် ကို ပူဇော်သည့် ပွဲသဘင် ဖြစ်သည်။ မြို့ပြများ၌လည်းကောင်း၊ ကျေးရွာများ၌လည်းကောင်း ဟိန္ဒူဘုရားကျောင်းများ အများအပြား ရှိလေသည်။ ဘုရားများကို ပူဇော်ပသရာ၌ ပူဇော်ဖွယ်ပစ္စည်းများမှာ များသောအားဖြင့် ပန်း၊ သစ်သီး၊ သစ်ရွက် စသည်တို့ ဖြစ်ကြသည်။ ကျမ်းစာများ ဟိန္ဒူအယူဝါဒ၌ သက္ကတဘာသာဖြင့် ရေးသားထားသည့် ဓမ္မကျမ်းဂန်များ ရှိလေသည်။ ဟိန္ဒူလူမျိုးတို့သည် ယင်းကျမ်းဂန်များအနက် ဝေဒကျမ်းများကို ဘုရားသခင်၏ မုခပါဌ်ဟု ယူဆပြီးလျှင် အထူးသဖြင့် လေးစား မြတ်နိုးကြသည်။ ဝေဒသည် ရိဂ်ဝေဒ၊ ယဇုဝေဒ၊ သာမဝေဒ၊ အထဗ္ဗဝေဒဟူ၍ လေးမျိုး ပြားသည်။ ယင်းလေးမျိုးအနက် ရိဂ်ဝေဒသည် ရှေးအကျဆုံးလည်း ဖြစ်သည်။ အရေးအကြီးဆုံးလည်း ဖြစ်သည်။ ဝေဒကျမ်းများ၌ သံဟိတာ၊ ဗြာဟ္မဏ၊ အာရညက၊ ဥပနိသျှဒ်ဟူ၍လည်း အပိုင်းလေးပိုင်း ခွဲခြားထားသည်။ ဝေဒကျမ်းများအပြင် ပုရာဏ်ကျမ်းများ၊ မဟာကဗျာကျမ်းများလည်း ရှိသည်။ ရာမယဏနှင့် မဟာဘာရတသည် ဟိန္ဒူအယူဝါဒနှင့် စာပေလောက၌ ထင်ရှားကျော်ကြားသော မဟာကဗျာကျမ်းကြီးနှစ်စောင် ဖြစ်သည်။ ရာမယဏကို ဝါလမိကိ(ဝမ္မိကိ)ရသေ့က ရေးသားထားပြီးလျှင် မဟာဘာရတကို ဗျာသရသေ့ ရေးသားသည်။ ရာမာယဏ၌ အယုဒ္ဓယပြည့်ရှင် ဘုရင်ဒသရထ၏ သားတော် ရာမအကြောင်းကို သက္ကတဘာသာ ကဗျာအဖွဲ့ဖြင့် ရေးသားထားသည်။ မဟာဘာရတ၌ကား ဓတရဋ္ဌ၏ သားတော်တစ်ရာနှင့် ပဏ္ဍု၏သားတော် ငါးပါးတို့၏ စစ်ပွဲအကြောင်းကို ရေးသားဖွဲ့ဆိုထားလေသည်။ မဟာဘာရတ၌ ဟိန္ဒူအယူဝါဒ၏ အမြင့်မြတ်ဆုံး ပိဋကတ်တစ်ခုအနေဖြင့် လေးစားမြတ်နိုးအပ်သည့် ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita) လည်း ပါရှိလေသည်။ ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita) ဘဂဝဒ်ဂီသာကျမ်းကို ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ကျမ်းဟု ဆိုကြသည်။ ဘဂဝဒ်ဂီသာကျမ်းကို ဥပနီသျှဒ် ကျမ်းတို့၏ အနှစ်သာရ အဖြစ် ဂီသိုးပနီသျှဒ် ဟုလည်း ခေါ်သည်။ ဘဂဝဒ်ဂီသာကျမ်းကို ဘုရားရှင် ကရိသ်ျှဏ က ဘီစီ ၃၅၃၄ ခန့်က ကူရူသျှေသရ ဟူသော စစ်မြေပြင်တွင် မိမိတာဝန်ကို သံယောဇဉ်ကြောင့် ထမ်းဆောင်ရန်  ချီတုံချတုံ ဖြစ်နေသော စစ်ဗိုလ်ချုပ်ကြီး အရ်ဂျုန မူတည်ထားပြီး လောကလူသား အားလုံး အတွက် ဟောကြားခဲ့သော ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ဘာသာတစ်ခု လူမျိုး တစ်မျိုး အတွက် မဟုတ်ဘဲ လူသားအားလုံး အတွက် ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ပါဒပေါင်း ၇၀၀ ရှိပြီး ယင်းကို အခန်း ၁၈ ခန်း ဖြင့် ပိုင်းခြားထားသည်။ ဘဂဝဒ်ဂီသာကျမ်း တွင် အောက်ပါ အကြောင်းတရား ငါးပါး ကို ဆွေးနွေးထားပေသည်။ ဘုရား ( အီသျွှရ) လောကတွင် ဘုရားရှိသလား၊ ဘုရားသည် သက်ရှိထင်ရှား ရှိသလား၊ ဘုရားရှင်၏ ဂုဏ်တော် များကား အဘယ်နည်း၊ ဘုရားရှင်နှင့် သက်ရှိတို့အကြား မည်သို့ ဆက်စပ်မှု ရှိသနည်း။ ဘုရားကို ဆုတောင်လျှင် ရသလား၊ ဘုရားရှင်အား ဆွမ်းပန်းရေချမ်း၊ ဆီမီး စသည်တို့ ဆက်ကပ်လျှင် အကျိုးရှိမရှိ၊ သံသရာမှ လွတ်မြောက်ခြင်း တွင် ဘုရားရှင်၏ အကူအညီ လို မလို၊ ဘုရားရှင်သည် ကိုးကွယ်ရုံသက်သက်လော။ သို့မဟုတ် ဘုရားရှင်သည် ချစ်မြတ်နိုးရသော ပုဂ္ဂိုလ်လော စသည့် အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးထားသည်။ သက်ရှီ (ဇီဝ) သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။ ပ်ရ ကရိသီး ( သဘာဝတရား) ရုပ်လောက သဘာဝတရား ဆိုသည် မှာ အဘယ်နည်း၊ ယင်းသည် အသက်ရှိလော၊ အသက်မဲ့လော။ စကြဝဠာ ၏ ဆန်းကြယ်မှု အားလုံးသည် သူ့ ဖာသာ တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာသည်လား။ သဘာဝတရား ၏ မှန်ကန် တိကျသော ဖြစ်စဉ်များအပေါ်တွင် သက်ရှိ၏ လွှမ်းမိုးမှု ရှိသည်လား။ ခြောက်ပေ ပင် မပြည့်သော၊ သက်တမ်း ၁၀၀ ပင်မရှိသော  လူသားများက အလွန်ကြီးမားသော လေယာဉ်ပျံများ ဂြိုဟ်တုများ ကွန်ပြုတာများ စမတ်ဖုန်းများ ကို ထွင်နိုင်သည် ဟုဆိုလျှင် လူထက် အဆ ၁၀၀ ကြီးသော၊ အသိဉာဏ် အဆ ၁၀၀ များသော အခြားသတ္တဝါများ စကြဝဠာ တွင် မရှိနိုင်ပြီလော၊ လူ့ထက် အဆပေါင်း မှန်းဆ၍ မရနိုင်သော ဘုရား သည် စကြဝဠာကို ထိန်းချုပ်နိုင်ဟု ဆိုလျှင် ဖြစ်နိုင်ပါမည် လော။ စသည့် မေးခွန်းပေါင်းများစွာ ၏ အဖြေကို လည်း သိရမည် ဖြစ်သည်။ ကာလ ( အချိန်) ဘဂဝဒ်ဂီသာကျမ်းတွင် နောက်ထပ်ဆွေးနွေးထားသည့် အကြောင်းအရာ သည် အချိန် ဖြစ်သည်။ ထို အချိန်ကို ကာလ်ဟု ဖော်ပြသည်။ အချိန်သည့် ဘယ်က စခဲ့သနည်း ။ ဘယ်မှာ ဆုံးမည်နည်း။ စကြဝဠာ အချိန်၊ လူ့အချိန်၊ နတ်အချိန်၊ တိရစ္ဆာတို့၏ အချိန် စသည်တို့အကြား မည်မျှ ခြားနားသနည်း။ စကြဝဠာ၏ သက်တမ်းနှင့် လူ့သက်တမ်း၊ အချိန်မရှိသော နေရာ။ လူ့ဘ၀၏ အရေးကြီးဆုံး အချိန်သည် မည်သည့် အချိန် ဖြစ်မည်နည်း။ အဘယ့်ကြောင့်နည်း။ စသည့် အကြောင်းအရာများကို တွေ့ရမည် ဖြစ်သည်။ ကရ်မ ( ကံနှင့် ကံ၏အကျိုး) ကံနှင့် ကံအကျိုး သည် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း။ ကောင်းသော ကံနှင့် မကောင်းသော ကံ အကြောင်း၊ ကံသုံးမျိုး ကရ်မ၊ ဝိကရ်မ နှင့် အကရ်မ ဆိုသည်မှာ အဘယ်နည်း ။ အလုပ်လုပ်သော်လည်း အလုပ်မမြောက်သော အလုပ် ဆိုသည်မှာ အဘယ်နည်း။ ကံနှင့် ကံ၏ အကျိုးမှ ကင်းသွားနိုင်သော နည်းလမ်းများ ရှိပါသလား။ ညံ့နေသော ကံကို ကောင်းအောင် လုပ်နိုင်ပါသလား။ ဘုရားရှင် အားကိုးကွယ်ဆည်း ကပ်ခြင်းဖြင့် ကံနှင့် ကံ၏ အကျိုးမှ လုံး၀ ကင်းပြတ်သွားပြီး သံသရာမှ လွတ်နိုင်သလား။ ကောင်းမှု လုပ်ရုံဖြင့် သံသရာမှ လွတ်မြောက်မည်လား။ စသည့် အကြောင်းအရာ များစွာကို တွေ့ရှိရမည် ဖြစ်သည်။  ( အသေးစိတ် သိရှိဖတ်ရှုလိုပါက အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိ အသင်း (မြန်မာနိုင်ငံ) ISKCON (Myanmar) မှ ထုတ်ဝေထားသော ဘဂဝဒ်ဂီသာကျမ်း(မြန်မာပြန်) ကို ဖတ်ရှု လေ့လာ နိုင်သည်) ရိုးရာအစဉ်အလာ ရှေးဟောင်းစဉ်လာအရ ဟိန္ဒူလူမျိုးတို့သည် မိမိတို့၏ ဘဝကို လေးပိုင်း ခွဲထားကြလေသည်။ ယင်း လေးပိုင်းကို အာရှရမ်ဟု ခေါ်သည်။ ပထမပိုင်းမှာ ဗြဟ္မကျရယဟု ခေါ်ပြီးလျှင် သူငယ်ဘဝကစသည်။ ယင်းအရွယ်အတွင်း သူငယ်သည် ဗြဟ္မစာရီဂုရု၏ သင်္ခမ်းကျောင်းတွင် သွားရောက်ပြီးသော် ပညာကို သင်ကြားဆည်းပူးသည်။ အသက် ၂၄ နှစ် ပြည့်သောအခါ လက်ထပ် ထိမ်းမြားသည်။ ထိုအချိန်မှ ဒုတိယပိုင်းဖြစ်သည့် ဂရိဟတ်ဆထအရွယ် စသည်။ ယင်းအရွယ်၏ အဓိကတာဝန်မှာ အိမ်ထောင်ရေးတာဝန်ကို ထမ်းရွက်ရန် ဖြစ်သည်။ အသက် ၅ဝ အရွယ်ရောက်သောအခါ အိမ်ထောင်၏ တာဝန်ကို မိမိ၏သားအပေါ် လွှဲပြောင်းပေးပြီးလျှင် တရားအကျင့်ကျင့်ရန် တောထွက်လေသည်။ ယင်းအပိုင်းကို ဝနပရဆထဟု ခေါ် သည်။ တစ်ခါတစ်ရံတွင် မိန်းမများလည်း မိမိ၏ ယောက်ျားနှင့်အတူ လိုက်ပြီးလျှင် တရားအကျင့်ကို ကျင့်ကြလေသေည်။ အသက် ၇၅ နှစ်အရွယ်ရောက်သောအခါ၌ကား ဆန်နျာဆီခေါ် ရသေ့ရဟန်း ဝတ်ရ လေသည်။ ယင်းအပိုင်းကိုဆံနျာဆဟု ခေါ်သည်။ ရသေ့ရဟန်း ဝတ်ပြီးသောသူသည် တစ်နေရာတည်းတွင် မနေတော့ဘဲ အရပ်တကာလည်ပြီးနောက် ဆွမ်းခံစားသောက်လေသည်။ လူအပေါင်းတို့အားလည်း တရား အဆုံးအမ ညွှန်ကြား ဟောပြလေသည်။ ဟိန္ဒူလူမျိုးတို့၏ အတွင်း၌ အဓိကအားဖြင့် ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒဟူ၍ ဇာတ်လေးမျိုး ကွဲပြား ခြားနား နေသည်။ ယင်းလေးမျိုးအနက် ဗြဟ္မဏ အမျိုးဇာတ်ကို အမြတ်ဆုံးဟု ယူဆပြီးလျှင် သုဒ္ဒရာကို အနိမ့်ဆုံးဟု ယူဆကြသည်။ ဗြဟ္မဏ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ ယဇ်ပူဇော်မှုကို ဦးဆောင်ရန်နှင့် တရားဓမ္မကို ဟောကြားရန် ဖြစ်သည်။ ခတ္တိယ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရန် ဖြစ်သည်။ ဝေဿအမျိုးဇာတ်၏ အလုပ်တာဝန်မှာ ကုန်သွယ်မှု၊ လယ်ယာ စိုက်ပျိုးမှု ဖြစ်သည်။ သုဒ္ဒ၏ အလုပ်ကား အထက် အမျိုးဇာတ်များ စေခိုင်းသည့်တာဝန်ကို လုပ်ကိုင် ဆောင်ရွက်ရန် ဖြစ်သည်။ ဟိန္ဒူ လူမျိုးတို့၏ အတွင်း၌ အမြစ်တွယ်လာခဲ့သော ယင်းဇာတ်စံနစ်၊ ဇာတ်ထုံးစံသည် နောက်ပိုင်းတွင် မဟတ္တမဂန္ဓီ စသော အယူဝါဒရေး၊ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင်တို့၏ ကြိုးပမ်းမှုကြောင့် အထိုက်အလျောက် လျော့ပါးအားနည်းသွားခဲ့လေသည်။ အခြေခံ ယုံကြည်ချက်များ ကမ္ဘာလောကနှင့် သတ္တဝါများကို ဗြဟ္မာက ဖန်ဆင်းသည်။ ဗိဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝက ဖျက်ဆီးသည်။ ဗရဟ်မာ၏ ကြင်ယာတော်က ဆရဆွတိ၊ ဗိဿနိုး (ဗစ်ရှ်နူး) ၏ ကြင်ယာတော်က လက္ချမီ၊ သိဝ၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီးတို့ဖြစ်ကြသည်။ ဗြဟ္မာ ဆိုသည်မှာ ပရမတ္တမ ပင် ဖြစ်သည်။ ပရမတ္တမ သည် ကမ္ဘာလောကနှင့် သတ္တဝါများကို ဖန်ဆင်းသည်။ ထိုကြောင့် အာသ်မာ သည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိသည်။ လောကသည် အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တဝါသည် အတ္တ၊ သတ္တဝါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏။ ဖန်ဆင်းရှင် အတ္တကို ပရမတ္တမ၊ သတ္တဝါတို့ သန္တာန်၌ တည်သော အတ္တကို ဇီ၀အတ္တဟု ခွဲခြားရ၏။ (မြန်မာလူမျိုးတို့က အသက်၊ ဝိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအာသ်မာ ဟု ခေါ်ခြင်းပင်။) အာသ်မာသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တဝါ သေသော်လည်း အာသ်မာက မပျက်စီးဘဲ သေသောသတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တစ်ခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တစ်ဘဝ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းကာ အာသ်မာသည် သံသရာ လည်နေ၏။ ယင်းသို့ သံသရာလည်နေခြင်းမှာ အာသ်မာ ကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘဝ၌ အာသ်မာ ကပင် ခံစား၏။ အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။ ဂင်္ဂါမြစ်သည် ဟိမဝန္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသာ ရှီဗားဘုရား (သီ၀) ၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။ ယောဂ ခေါ်သည့် သမထအလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် အာသ်မာ မှ ကိလေသာတွေ စင်ကြယ်သွားသောအခါ အာသ်မာ သည် ဖြူစင် တောက်ပြောင်လားပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍ ပရမတ္တမနှင့် ပြန်လည်ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်)ကို ရသွား၏။ ရှေးကနှင့်မတူတော့ ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏ ဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။ ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂနိ၊ ၀ရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ=အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။ တစ်ဆူတည်းမှ ကိုယ်ပွားသုံးဆူ ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ။ တလုံးတစည်းတည်းလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း၄၀၀ခန့်၌ ပေါ်ထွန်းလာသော ဂုတ္တမင်းဆက် မှစ၍ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တစ်ဆူတည်းသော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွားသုံးဆူ ဟုပင် ယုံကြည်လာကြ၏။ လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်ဆုံး ကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောက အတွင်းသို့ ဘုရားဝင်စား အဖြစ် အသွင်အမျိုးမျိုးဖြင့် ဝင်ကာ လောကအကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏။ ဘုရားဝင်စား အဝတာရများ ဗိဿနိုး ဘုရား ဝင်စားသော ဘုရားဝင်စား=အဝတာရ ၁၀ ဦးရှိ၏။ တစ်ဦးမှာ ရာမ ဖြစ်၏။ ဗုဒ္ဓ ကိုလည်း နဝမ အဝတာရ ဟု ဟိန္ဒူတို့ကယုံကြည်ကြ၏။ မပြောင်းလဲသေးသော တရား ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူအဆ အများအပြား ပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယနေ့ထိ မပြောင်းလဲသေးသော အယူအဆ တစ်ခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင်ဖြစ်၏။ ဤ အမျိုးဇာတ် အနိမ့်အမြင့် ခွဲခြားသည့် ဝါဒသည် ဗြဟ္မဏ=ဟိန္ဒူဘာသာမှတပါး တခြားမည်သည့် ဘာသာတရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူခြားသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ဝေဒကျမ်းများ၌ လူကို ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ=ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။ ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏။ အထင်သေး၏။ လူမှုဆက်ဆံရေး ဘာတစ်ခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏။ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏။ ယခုခေတ်တွင်မူ ဇာတ် ၄ မျိုး မကတော့ဘဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ခန့် ရှိနေပြီဟု သိရသည်။ မထိကောင်းသော ဇာတ်မဲ့များလည်း ရှိသေးသည်။ ဤဇာတ်မဲ့တို့ကို ဇာတ်ရှိ ဇာတ်မြင့်တို့က မတော်တဆ ထိမိလျှင် ထိမိသူမှာ သနသွားသည်ဟု ယုံကြည်ကြသည်။ ကိုးကား ဟိန္ဒူဘာသာ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%B0%E1%80%98%E1%80%AC%E1%80%9E%E1%80%AC
ဒီဂျစ်တယ်စနစ်
ဒီဂျစ်တယ်စနစ် (Digital System) ဆိုသည်မှာ ပြတ်သားသောအရေအတွက်ရှိသည့်(တစ်ဆက်တည်းမဟုတ်သော) ဂဏန်းများကို အသုံးပြု၍ Input, Processing သိုလှောင်သိမ်းဆည်းမှု နှင့် ထုတ်လွှင့်မှု သတင်းအချက်အလက်များကို ဖော်ပြသောစနစ်ဖြစ်သည်။ နှိုင်းယှဉ်၍ ကြည့်မည်ဆိုလျှင် ဒီဂျစ်တယ်မဟုတ်သော(ဥပမာ အင်နာလော့)စနစ်များ သည်တစ်ဆက်တည်းရှိသော ဂဏန်းများကို အသုံးပြု၍ သတင်းအချက်အလက်များကို ဖော်ပြကြသည်။ အီလက်ထရွန်းနစ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%AE%E1%80%82%E1%80%BB%E1%80%85%E1%80%BA%E1%80%90%E1%80%9A%E1%80%BA%E1%80%85%E1%80%94%E1%80%85%E1%80%BA
ကြိုးမဲ့ဆက်သွယ်ရေး
ကြိုးမဲ့ဆက်သွယ်ရေးစနစ် () ဆိုသည်မှာ အကွာအဝေး တစ်ခုအတွင်း လျှပ်ကူးပစ္စည်း သို့မဟုတ် ဝိုင်ယာကြိုးကို အသုံးမပြုဘဲ သတင်းအချက်အလက်များကို ကူးပြောင်းပေးပို့ခြင်းဖြစ်သည်။ ဆက်သွယ်မှု ပြုလုပ်သည့် အကွာအဝေးမှာ နီးကပ်သောအကွာအဝေး (ဥပမာ တယ်လီဗွီးရှင်း ရီမုတ်ကွန်ထရိုးကဲ့သို့ မီတာအနည်းငယ်သာရှိသော အကွာအဝေး) သို့မဟုတ် အလွန်ဝေးကွာသော အကွာအဝေး (မိုင်ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရှိသည့် ရေဒီယိုဆက်သွယ်ရေး ပြုလုပ်သည့် အကွာအဝေး) ဖြစ်နိုင်သည်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်သည် ဆက်သွယ်ရေးဘာသာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွင် နေရာတကျ တပ်ဆင်ထားသောစနစ်များ၊ ရွှေ့ပြောင်းနိုင်သောစနစ်များ၊ အလွယ်တကူသယ်ယူနိုင်သောစနစ်များ၊ နှစ်လမ်းသွားရေဒီယို (two-ways Radio) ၊ ဆယ်လူလာတယ်လီဖုန်း၊ တစ်ကိုယ်ရေသုံး ဒစ်ဂျစ်တယ်အကူအညီပေးကိရိယာ သို့ ပီဒီအေ (PDA) နှင့် ကြိုးမဲ့ကွန်ယက်တည်ဆောက်ခြင်း(Wireless Networking) တို့ပါဝင်ပတ်သက်နေသည်။ ကြိုးမဲ့ဆက်သွယ်ရေး၏ အခြားသော ဥပမာများမှာ ဂျီပီအက်စ်ကိရိယာများ၊ အဝေးထိန်းဂိုဒေါင်တံခါးဖွင့် စနစ်များ၊ ကွန်ပျူတာတွင် သုံးသော ကြိုးမဲ့ မောက်စ်များ၊ ကြိုးမဲ့ကီးဘုတ်များ၊ ဂြိုဟ်တု တယ်လီဗွီးရှင်းစနစ်နှင့် ကော့ဒ်လတ်စ်ဖုန်း (Cordless Phone)တို့ဖြစ်သည်။ ကြိုးမဲ့ဆက်သွယ်ရေးမိတ်ဆက် ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးပြုခြင်းအားဖြင့် ပုံမှန်အားဖြင့် ဝိုင်ယာကြိုးကို အသုံးပြု၍ ဆက်သွယ်ရန် လက်တွေ့မကျသော သို့မဟုတ် မဖြစ်နိုင်သော လုပ်ငန်းဆောင်တာများကို ဖြစ်မြောက်စေနိုင်သည်။ ထိုအသုံးအနှုန်းကို တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းများ၌ စွမ်းအင်တစ်မျိုးမျိုး (ဥပမာ ရေဒီယိုကြိမ်နှုန်း၊ အနီအောက်ရောင်ခြည်၊ လေဆာရောင်ခြည်၊ မြင်နိုင်သော အလင်းတန်း၊ အသံစွမ်းအင် အစရှိသော စွမ်းအင်များ)ကိုထုတ်လွှတ်သော ဆက်သွယ်ရေးစနစ်များ (ဥပမာ - ရေဒီယိုထုတ်လွှင့်စက် နှင့် အသံဖမ်းစက်၊ အဝေးထိန်းကိရိယာများ၊ ကွန်ပြူတာကွန်ယက်များ၊ ကွန်ယက်၏ terminal များ) ကို အသုံးပြု၍ သတင်းအချက်အလက်များကို ဝိုင်ယာကြိုးမပါပဲ လွှဲပြောင်းခြင်းကို ဆိုလိုသည်။ ထိုနည်းဖြင့် သတင်းအချက်အလက်များကို အနီး သို့ ဝေးလံသော နေရာများသို့ လွှဲပြောင်း ပေးအပ်နိုင်သည်။ သမိုင်းကြောင်း ဝိုင်ယာလက်ခေါ် ကြိုးမဲ့ကြေးနန်းရိုက်နည်း သို့မဟုတ် ကြိုးမဲ့အချက်ပြ သတင်းပို့နည်းကို တွေ့ရှိခြင်းမှာ တစ်နေ့ တခြား တိုးတက်လျက်ရှိသည့် သိပ္ပံပညာ၏ အံ့ဖွယ်အကောင်းဆုံးသော အောင်မြင်ချက်များအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။ ဝိုင်ယာလက်မပေါ်မီက တစ်နေရာနှင့် တစ်နေရာကြေးနန်းကြိုးအဆက်အသွယ်ရှိမှသာ ကြေးနန်း သတင်း ပေးပို့နိုင်ခဲ့သည်။ သို့ရာတွင် ဝိုင်ယာလက်ပေါ်လာသောအခါ ကြေးနန်းကြိုး ဆက်သွယ်နေစရာမလိုတော့ဘဲ ဝိုင်ယာလက် အသံလွှင့်စက်နှင့် အသံဖမ်းစက်များ လုံလောက်စွာရှိလာ၍ အတိုင်းတိုင်း အပြည်ပြည်မှ စစ်သင်္ဘောများမှာနေ့ချင်းညချင်းပင် ဝိုင်ယာလက်စက် များဖြင့် တပ်ဆင်ပြီးသား ဖြစ်သွားလေသည်။ ၁၉ဝ၄ ခုနှစ် ရုရှ-ဂျပန် စစ်ပွဲတွင် ရေကြောင်းစစ်ဆင်ရေးကိစ္စများ၌ ဝိုင်ယာလက်သည် အရေးပါစွာဆောင်ရွက်ခဲ့ရသည်။ ၁၈၉၆ ခုနှစ်တွင် ဝိုင်ယာလက် စတင်ပေါ်ပေါက်၍ ၁၈၉၉ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပင်လယ်ပြင်ရှိနစ်မြုပ်ဆဲ သင်္ဘောတစ်စင်းမှ ပထမအကြိမ် အကူတောင်းသော ဝိုင်ယာလက်သတင်းကြောင့် ကမ်းတွင်ဆိုက်ကပ်ထားသော လှေများကို အချိန်မီစေလွှတ်ပြီးလျှင် ကယ်ဆယ်နိုင်ခဲ့သည်။ မကြာမီပင် ပင်လယ်ကူးသင်္ဘောတိုင်းလိုလို၌လည်း ဝိုင်ယာလက်စက်များ တပ်ဆင်ပြီးသားဖြစ်သွားပြီးလျှင် ပင်လယ်ပြင်မှာနေရင်း ကမ္ဘာ့သတင်းများကို ကြားရစပြုလာလေသည်။ အစကနဦး ကြိုးမဲ့ကွန်ယက်များ ၁၉ဝ၄ ခုနှစ်သို့ ရောက်သောအခါ ပင်လယ်ကူးသင်္ဘော ကြီးများပေါ်၌ ဝိုင်ယာလက်ဖြင့်ရသော နေ့စဉ်သတင်းများကိုပင် သတင်းစာများအဖြစ် ရိုက်နှိပ်ထုတ်ဝေလာကြသည်။ ၁၉ဝ၇ ခုနှစ်သို့ရောက်သော် ပင်လယ်၊သမုဒ္ဒရာကို ကျော်ဖြတ်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဝိုင်ယာလက်သတင်းများကို ရိုက်ကြားပေးပို့နေကြလေပြီ။ ဤမျှဆန်းကြယ်၍ အသုံးကျသော ဝိုင်ယာလက်စက်အကြောင်းကို စဉ်းစားလိုက်တိုင်း ကျွန်ုပ်တို့သည် ဝိုင်ယာလက် ဖြစ်မြောက်အောင်မြင်ရေးအတွက် ကြိုးစားအားထုတ်လာခဲ့ကြသော သိပ္ပံပညာရှင်ကြီးများအနက် အောက်ပါ ပုဂ္ဂိုလ်ကြီးလေးဦးကို မည်သည့်အခါမျှ မမေ့အပ်ပေ။ ထိုပုဂ္ဂိုလ်ကြီးလေးဦးမှာ ဂျိမ်း ကလပ်မက္ကဆွဲ၊ ဂျော့ ဖရန်စစ် ဖစ်ဇဂျရယ်၊ ဟိုင်းနရစ် ရုဒေါ့ ဟက်ဇနှင့် ဂူလျဲမိုး မာကိုနီတို့ ဖြစ်လေသည်။ လျှပ်စစ်ဓာတ်သည် မည်ကဲ့သို့ လှိုင်းထ၍ ရွေ့လျားသွားလာပုံကို မက္ကဆွဲက မိမိ၏ လျှပ်စစ်သံလိုက်ဓာတ်သီအိုရီ ဖြင့် ၁၈၇၃ ခုနှစ်တွင် ပြသပြီးလျှင် နောင်တွင်ရေဒီယိုလှိုင်းများကို တွေ့ရှိလာရမည်ဟူ၍ပင် ကြိုတင်၍ အဟောထုတ် ထားခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဖစ်ဇ်ဂျရယ်က အာကာသ(space) အတွင်း၌ လျှပ်စစ်သံလိုက်လှိုင်းများ လွှတ်နိုင်သောနည်းကို တွေ့ရှိသည်။ ၁၈၈၇ ခုနှစ်တွင် ဟက်ဇ်က အဆိုပါလှိုင်းတို့၏ လှိုင်းအလျားနှင့် တုန်ကြိမ်တို့သည် မည်သို့ရှိကြ၍ ထိုလှိုင်းတို့သည် အလင်းလှိုင်း၊ အပူလှိုင်းတို့နှင့် တစ်မျိုးတစ်စားတည်းဖြစ်ကြောင်း ပြဆိုခဲ့သည်။ အချက်ပြဆက်သွယ်ခြင်း ၁၈၉၆ ခုနှစ်တွင် မာကိုနီက လျှပ်စစ်သံလိုက်လှိုင်းများဖြင့် အချက်ပြသတင်းပေးပို့သော ကိရိယာကို ပထမဦးစွာ တီထွင်ခဲ့လေသည်။ မာကိုနီသည် လျှပ်စစ်သံလိုက်လှိုင်းများကို အာကာသ(space) ထဲသို့ လွှတ်နိုင်ရန် အင်ဒပ်ရှင်းကွိုင် (induction coil) ခေါ် ညို့ခွေတစ်ခုကို အသုံးပြုသည်။ ထိုညို့ခွေကို အေရီယယ်ခေါ် ကောင်းကင်ကြိုး(antenna)နှင့် ဆက်သွယ်ထားသည်။ ညို့ခွေတွင် လျှပ်စစ်မီးပွားများ ဖြစ်ပေါ်စေသော နေရာပါရှိသည်။ လျှပ်စစ်ဓာတ်ကို စီးဖြတ်စေခြင်းဖြင့် ညို့ခွေ၌ လျှပ်စစ်မီးပွားများဖြစ်ပေါ်သောအခါ လျှပ်စစ်သံလိုက်လှိုင်းတို့သည်ကောင်းကင်ကြိုး(antenna)မှ ပတ်ဝန်းကျင်အရပ်မျက်နှာ အားလုံးသို့ ပျံ့ထွက်သွားသည်။ သတင်းပို့သောအခါ မော့တီထွင်ခဲ့သောအချက်ပြ အမှတ်အသားများကို အသုံးပြုကာ အလိုရှိသော အက္ခရာနှင့် ဂဏန်းများအလိုက် လျှပ်စစ်သံလိုက်လှိုင်းများကို ပြတ်တောင်းပြတ်တောင်းဖြစ်ပေါ်စေသည်။ ဤလျှပ်စစ်သံလိုက် လှိုင်းများကို အခြားတစ်နေရာမှ ဖမ်းယူသောအခါ ထိုနေရာရှိ ကောင်းကင်ကြိုးထဲသို့ ထိုလှိုင်းများဝင်ခြင်းဖြင့် လျှပ်စစ်ဓာတ်စီးကြောင်း ဖြစ်ပေါ်လာသည်။ ထိုလျှပ်စစ်ဓာတ်စီးကြောင်းကို မာကိုနီက အသံမြည်စေသောကိရိယာဖြင့် အသံဖြစ်ပေါ်လာအောင် ပြန်ဖော်ယူသည်။ ထိုအခါ မူလလွှင့်လိုက်သော အချက်ပြအမှတ်အသားများအတိုင်း အသံများ ဖြစ်ပေါ်လာသည့်အားလျော်စွာ အသံ လွှင့်စက်မှ ပေးပို့သောသတင်းကို အသံဖမ်းစက်မှ ဖမ်းယူ ရရှိလေသည်။ ဤသို့ ကြေးနန်းကြိုးကို မသုံးဘဲ လျှပ်စစ်သံလိုက်လှိုင်းများအားဖြင့် သတင်းပို့နိုင်သောကြောင့် ဤနည်းကို ဝိုင်ယာလက်(wireless) သို့မဟုတ် ကြိုးမဲ့အချက်ပြသတင်းပို့နည်း(wireless signals) ဟု ခေါ်တွင်လေသည်။ အစပထမတွင် ဤနည်းကို ခရီးတိုများအတွက်သာ အသုံးပြုနိုင်သေးသည်။ ၁၈၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံနှင့်အင်္ဂလန်တို့သို့ အသွားအပြန် ဝိုင်ယာလက်သတင်းများပို့နိုင်သည့် ရုံနှစ်ရုံပေါ်ပေါက်လာသည်။ ၁၉ဝ၁ ခုနှစ်တွင် မိုင်၂ဝဝ အထိ သတင်းပို့ရန် အောင်မြင်လာသည်။ ထို့နောက် မာကိုနီသည် အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုပင် ကျော်ဖြတ်ကာ အင်္ဂလန်နှင့် အမေရိကတိုက်ကိုအသံလွှင့် ဆက်သွယ်ရန် ဧရာမအကြံကြီးကို ကြံစည်အားထုတ်ပြန်လေသည်။ ထိုအတွက် မာကိုနီသည် ရှေးဦးစွာ အင်္ဂလန်ပြည် အနောက်ဘက်ကမ်းခြေရှိ ကွန်းဝေါနယ်တွင် အားကောင်းသော ဝိုင်ယာလက် အသံလွှင့်ရုံတစ်ရုံကို ဆောက်လုပ်သည်။ ထို့နောက် ထိုအသံ လွှင့်ရုံမှ နေ့စဉ် သတ်မှတ်ထားသောအချိန်တွင် အင်္ဂလိပ်အက္ခရာ အက်စ(S) အသံလွှင့်ရန် မှာထားပြီးလျှင် အမေရိကတိုက် နျူးဖောင်းလန်းကျွန်းသို့ ထွက်သွားသည်။ ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မာကိုနီသည် သူ၏အသံဖမ်းစက်မှ အက်စ(S) အက္ခရာကို ပထမအကြိမ်ဖမ်းမိပြီးလျှင် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကျော်၍ သတင်းပေးပို့နိုင်သူဟုတစ်ကမ္ဘာလုံးသို့ ကျော်ကြားသွားလေသည်။ ရေဒီယိုထုတ်လွှင့်ခြင်း ရေဒီယိုဖြစ်ပေါ်လာပုံ ဝိုင်ယာလက်ပေါ်ပေါက်လာခြင်းမှာ ကမ္ဘာကြီးကို တစ်ခေတ်ပြောင်းလိုက်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် ဝိုင်ယာလက်မှာ ထိုစဉ်က အချက်ပြသတင်းပို့သည့် အဆင့်တွင်သာရှိသေး၍ ကြေးနန်းရိုက်သည်နှင့် ဘာမျှမခြားပေ။ ၁၉၁၈ ခုနှစ်တိုင်အောင်ပင် ပြည် တွင်းပြည်ပ သတင်းအမျိုးမျိုးနှင့် သာယာနာပျော်ဖွယ် တီးသံမှုတ်သံအမျိုးမျိုးကို အိမ်တိုင်ယာရောက် သယ်ပို့ပေးမည့် ရေဒီယိုများ မပေါ်ပေါက်သေးချေ။ ဝိုင်ယာလက်မှ ရေဒီယိုဖြစ်ပေါ်လာပုံမှာ တယ်လီဂရပ် (ခေါ်) အချက်ပြကြေးနန်းရိုက်ခြင်းမှ တယ်လီဖုန်းခေါ် စကားပြောကြေးနန်းအဆင့်သို့ တိုးတက်လာသည့် ပြောင်းလဲမှုမျိုးပင် ဖြစ်သည်။ ရေဒီယို ပေါ်ပေါက်လာရခြင်းမှာ အောက်ပါအသုံးအဆောင်နှစ်ခုကို တီထွင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအသုံးအဆောင်နှစ်ခုမှာ ဗက်ကျူအမ်ကျူခေါ် လေဟာပြွန်နှင့် မိုက္ကရိုဖုန်းခေါ် စကားပြောခွက်တို့ဖြစ်သည်။ စကားပြောခွက်ကို အသံဖြစ်ပေါ်စေရာတွင် အသုံးပြု၍ လေဟာပြွန်ကို အသံလွှင့် အသံဖမ်းရာတွင် အသုံးပြုသည်။ ၁၉ဝ၄ ခုနှစ်တွင် ဂျွန်အမ်ဗရို့ ဖလင်းမင်းခေါ် အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင်ကြီးက လေဟာပြွန်ကိုတီထွင်၍ထိုပြွန်ကို လီဒါဖောရက်ဆိုသူ အမေရိကန် သိပ္ပံပညာရှင်တစ်ဦးက ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ယူလေသည်။ ထိုအချိန်တွင် သေသပ်ကောင်းမွန်သော စကားပြောခွက်များ ဖြစ်ထွန်းနေပြီဖြစ်၍ ၁၉ဝ၈ ခုနှစ်တွင် ရောမမြို့နှင့် စစ္စလီကျွန်းကို ရေဒီယိုဖြင့် စကားပြောလာနိုင်လေသည်။ တစ်ဖြည်းဖြည်းနှင့် ကိရိယာတန်ဆာပလာများ တိုးတက်ကောင်းမွန်လာသည်နှင့် အညီ ၁၉၁၅ ခုနှစ်သို့ ရောက်သောအခါ လေဟာပြွန်ပေါင်း ၃ဝဝ မျှကို အသုံးပြုခြင်းဖြင့် မိုင်ပေါင်း ၃,ဝဝဝ ကျော်အထိပင် ရေဒီယိုဖြင့် စကားပြောနိုင်လာကြသည်။ ယခုမူ ကမ္ဘာ အရပ်ရပ်မှ လွှင့်လိုက်သောအသံများကို ဖမ်းယူနားထောင်နိုင်သည့် ရေဒီယို များမှာ အိမ်တိုင်းစေ့မဟုတ်သည့်တိုင်အောင် မြို့တိုင်း ရွာတိုင်းမှာပင် မှိုပေါက်သလောက် ပေါများ၍နေပေပြီ။ အင်္ဂလန် - အမေရိကန်ကဲ့သို့သော ရှေ့တန်းနိုင်ငံကြီးများမှာ တယ်လီဗစ်ရှင်းခေါ် ရုပ်မြင်သံကြား ကိရိယာများပင် ပေါ်ပေါက်နေလေပြီ။ ခေတ်မီရေဒီယိုဖြစ်ပေါ်လာပုံ ရေဒီယို ခေတ်စားလာသည်မှာ ၁၉၂ဝ ပြည့်နှစ်လောက်ကစ၍ဖြစ်သည်။ ဥရောပနှင့် အမေရိကတိုက်တို့တွင် အပျော်တမ်းအသံဖမ်းရုံများ အလျှိုအလျှို ပေါ်ပေါက်လာသည်။ ထို့နောက် မကြာမီပင် အစီအစဉ်နှင့်လွှင့်သော အသံလွှင့်ရုံများ ပေါ်ပေါက်လာလေသည်။ ငွေကြေးတတ်နိုင်သူတို့က အသံဖမ်းစက်များကို ဝယ်ယူကြ၍ အချို့ဝါသနာပါသူများကလည်း မိမိတို့ဘာသာ လုပ်ယူကြသည်။ ရေဒီယိုခေတ်စားစအချိန်၌ လေထဲတွင်ပျံ့လွင့်နေသော ရေဒီယိုလှိုင်းများမှာ မများလှသေး၍ အသံဖမ်းရာတွင် တစ်စတစ်စ ပေါများလာသောအခါ အသံလွှင့်အစီအစဉ်များ အချင်းချင်း တစ်ခုနှင့်တစ်ခု တိုက်ဆိုင်လာသည့်အတွက်အသံတစ်ခုကို ကြည်လင်ပြတ်သားစွာ ဖမ်း၍မရလောက်အောင် ရှုပ်ထွေးလာတော့သည်။ ထိုအခါ အသံချင်း ရောထွေးယှက်တင် မဖြစ်ရလေအောင် အသံလွှင့်ရုံအသီးအသီးတို့အား ကွဲပြားသောလှိုင်းလျားတို့ဖြင့် အသံလွှင့်ကြရန် ကန့်သတ်ခွဲဝေ၍ ပေးလာရလေသည်။ အသံဖမ်းစက်များတွင်လည်း မိမိလိုရာ အသံတစ်ခုတည်းကို ရွေးချယ်နားထောင်နိုင်ရန်အတွက် လိုရာလှိုင်းလျားတစ်ခုတည်းကို သီးသန့်ဖမ်းယူနိုင်သည့် ကိရိယာများ တပ်ဆင်ထားသဖြင့် အသံဖမ်းရာတွင် အခက်အခဲ မတွေ့ရတော့ပေ။ ရေဒီယိုနားထောင်သော ပရိသတ်ကားများလှပေသည်။ အထူးသဖြင့် အာရုံဖြေမှုအတွက် တေးသံ ဂီတသံများကို နားထောင်သူ သောတရှင်ပရိသတ်မှာ အများဆုံးဖြစ်သည်။ သို့ရာတွင် ရေဒီယို ထိရောက်စွာအသုံးချနိုင်သည့်ကိစ္စများမှာ မနည်းလှချေ။ ယခင်က ကျွန်ုပ်တို့သည် ကမ္ဘာအရပ် ရပ်သတင်းများအတွက် သတင်းစာများကိုသာ အားကိုးခဲ့ရသည်။ ယခု ရေဒီယိုများ ပေါ်လာသောအခါ အရေးကြီးသည့် အဖြစ်အပျက်များကို ဖြစ်ပျက်ပြီးလျှင်ပြီးခြင်း၊ တစ်ခါတစ်ရံ ဖြစ်ပျက်ဆဲအချိန်မှာပင် သိခွင့်ကြားခွင့်ရလာသည်။ အရေးကြီးသည့် ပုဂ္ဂိုလ်ကြီးများ၏ မိန့်ခွန်းများကို သတင်းစာတွင် တစ်ဆင့်ခံဖတ်ရခြင်းထက် မိန့်ခွန်းစကားကို နားနှင့်ဆတ်ဆတ် ကြားရခြင်းမှာလည်း အရသာပိုရှိပြီးလျှင် ပို၍လည်းပြည့်စုံ သေချာလေသည်။ ကုန်သည်ကြီးများအဖို့တွင် နေ့စဉ်ကုန်ဈေးနှုန်း အခြေအနေကို အလုပ်စားပွဲ၌ ထိုင်နေရင်းမှာပင် သိနိုင်ကြသည်။ ရဲဘက်တွင် ရဲဌာနအသီးအသီးနှင့် ရေဒီယိုကား (ဝိုင်ယာလက်ကား) များသို့ အကြောင်းကြားခြင်းဖြင့် ရာဇဝတ်ပြေး တရားခံများကို လွယ်ကူလျင်မြန်စွာ စောင့်ကြပ်ဖမ်းဆီးနိုင်သည်။ မိုးလေဝသဌာနမှ လေ၊ မိုးဘေးရန်များကို ကြိုတင်သတိပေးခြင်းဖြင့် အသက်ပေါင်းများ စွာကို ကယ်ဆယ်နိုင်ခဲ့သည်။ ရေဒီယိုဖြင့် ဘာသာရေးတရားဟောနိုင်သည်။ ပညာရပ်အလိုက် ဟောပြောခြင်း၊ သင်တန်းပေးခြင်းဖြင့် ပညာရေးဘက်တွင် တိုးတက်လာသည်။ ဒုက္ခတွေ့နေသော သင်္ဘော၊ လေယာဉ်ပျံတို့မှ ရေဒီယိုဖြင့် အကူတောင်းနိုင်သည်။ အထူးသဖြင့် ယခုခေတ်စစ်ပွဲများတွင် ရေဒီယိုမှာ မပါလျှင်မဖြစ်လေက်အောင် ခရီးရောက်လျက်ရှိပေသည်။ ရေဒီယိုမှတစ်ဆင့်တက်၍ ရေဒါ ခေါ် မှောင်ထဲ၌မြင်နိုင်သည့် လမ်းညွှန်ကိရိယာကိုပင် ပြီးခဲ့သော ကမ္ဘာစစ်ကြီးအတွင်း၌ တီထွင်အသုံးပြုခဲ့သည်ကို တွေ့ရလေ သည်။ (ရေဒါ - ရှု။) ရေဒီယိုများကို သူ့ထက်ငါသာ အပြိုင်အဆိုင် ပြုလုပ်ရောင်းချသည့်အတွက်လည်း ပုံသစ်ပုံဆန်းအမျိုးမျိုးတွင် ထွက်ပေါ်လာ ရုံမက ခရီးဆောင် အိတ်ဆောင်ရေဒီယို အသေးစား ကလေးများပင် ပေါ်ပေါက်လျက်ရှိပေပြီ။ အသံလွှင့်ရုံအတွင်း ရေဒီယိုနှင့်စပ်လျဉ်း၍ အသံလွှင်ရုံအတွင်း ပြုလုပ်စီစဉ်ထားပုံ အချက်အလက်များကိုလည်း ကျွန်ုပ်တို့ သိထားထိုက်ပေသည်။ အသံလွှင့်ရုံတစ်ရုံတွင် အသံခွက် (မိုက္ကရို)ဖုန်း လေး၊ ငါး၊ ဆယ် ခုထက်မနည်းရှိတတ်သည်။ တူရိယာတီးဝိုင်းမှ တီးမှုတ်သီဆိုသံမျိုးကို အသံလွှင့်ရာတွင် အသံခွက်သည် အခရာဖြစ်သည်။ အသံခွက်သည် ခွက်နှင့်တည့် တည့်ဝင်လာသော အသံကိုသာလက်ခံ၍ ခွက်ထဲသို့မဝင်သော အသံလှိုင်းများကိုပယ်သည်။ ထို့ကြောင့် တူရိယာသံစုံညီညွတ်ပြေပြစ်အောင် တူရိယာ ဂီတပညာသည်တို့သည် အသံခွက်အနီးတွင် သင့်တော်သော နေရာများ၌နေ၍ သီဆိုတီးမှုတ်ကြရသည်။ အသံလွှင့်နေစဉ် အခြားအသံများ အသံခွက်အတွင်းသို့ မရောက်ရန် အရေးကြီးသည်။ ထို့ပြင် စကားပြောသံသီဆိုတီးမှုတ်သံတွင် ပဲ့တင်သံများမပါရှိစေရန်အတွက် နံရံများတွင် ထူထဲသောကန့်လန့်ကာများ ဆွဲချိတ်ထားရသည် သို့မဟုတ် အသံလှိုင်းများကို စုတ်ယူနိုင်သော ကတ်ထူချပ်ပြားများကို တပ်ဆင်ထားရသည်။ မြို့ကြီးများတွင် အသွားအလာရှုပ်ထွေးသော နေရာများ၌ အသံလွှင့်ရုံများဆောက်လုပ်လျှင် ပြင်ပအသံများ အသံခွက်ထဲသို့မဝင်အောင် ပြုလုပ်ရန်အရေးကြီးပြန်သည်။ အပြင်မှ အသံတို့သည် နံရံများမှဖောက်ဝင်၍ အသံခွက်ထဲသို့ ရောပြွမ်းဝင်ရောက်တတ်သည်။ သို့အတွက် အသံလွှင့်သောအခန်းကို အခြားအခန်းများနှင့် ဆက်မနေစေဘဲ ကြားတွင် လေခံ၍နေစေရန် နံရံနှစ်ထပ်ဖြင့် ဆောက်လုပ်ရသည်။ တစ်ဖန် အသံလွှင့်ခန်းတွင်းရှိလူများ မူးမေ့၍မသွားအောင် အခန်းတွင်းသို့ လေကောင်းလေသန့်ကို အမြဲသွင်းပေးရ၍ ရေးသားထားသော စာများကို ကောင်းစွာဖတ်နိုင်ရန် ဓာတ်မီးများကိုလည်း လုံလောက်အောင် တပ်ဆင်ပေးထားရန်လိုသည်။ အသံလွှင့်ခန်းတွင် အသံလုံရသည့်အလျောက် ပြတင်းပေါက်မရှိတတ်ပေ။ လူဝင် လူထွက်တံခါးသာရှိ၍ ထိုတံခါးကို နှစ်ထပ်လုပ်ထား သည်။ အသံလွှင့်နေစဉ် တစ်ဦးတစ်ယောက်သည် ပထမတံခါးကို ဖွင့်၍ဝင်လာသောအခါ ပြင်ပမှအသံတို့သည် အတွင်းသို့ ရုတ်တရက်မဝင်နိုင်ပေ။ မဝင်နိုင်ခြင်းမှာ ဒုတိယတံခါး ပိတ်လျက်ရှိနေသော ကြောင့်ဖြစ်သည်။ ပထမတံခါးကို ပြန်လည်ပိတ်ပြီးမှ ဒုတိယတံခါးကိုဖွင့်၍ အခန်းအတွင်းသို့ ဝင်လာနိုင်သည်။ သို့သော် ထိုကဲ့သို့ပြုလုပ်ရုံနှင့် စကားပြောခွက်ထဲသို့ ပြင်ပ အသံများ မဝင်နိုင်ဟု မဆိုသာသေးသည့်အတွက် အသံလွှင့်ရုံတွင် အသံလွှင့်လျက်ရှိစဉ် အခြားလူများ ဆူဆူညံညံ မပြုလုပ်စေရန် သတိပေးဆိုင်းဘုတ်များ တပ်ထားလေ့ရှိသည်။ အသံလွှင့်ရာတွင် အသံကို စမ်းသပ်ပြုပြင်ပေးရသော အသံညှိခန်းတစ်ခန်းရှိသည်။ အသံလွှင့်ခန်းမှ တူရိယာသံစုံသည် ပြင်ပသို့ရောက်မသွားမီအင်ဂျင်နီယာ တစ်ဦးကြီးကြပ်သော အသံညှိခန်းသို့ ပထမရောက်လာသည်။ အင်ဂျင်နီယာသည် ထိုအသံကိုနားထောင်၍ ခလုတ်များအားဖြင့် အသံကို အလိုရှိသလို အတိုးအကျယ်ညှိပြီးမှ ကမ္ဘာအရပ်ရပ်သို့ တစ်ဆင့်လွှင့်လေသည်။ လျှပ်စစ်သံလိုက်လှိုင်းပျံ့နှံ့ခြင်း (Electromagnetic Radiation) ရေဒီယိုလှိုင်း အသံလွှင့်ရုံမှ လွှင့်လိုက်သော အသံတို့သည် ထိုရုံမှ ကမ္ဘာ အရပ်ရပ်သို့ တိုက်ရိုက်ပျံ့နှံ့၍မသွားပေ၊ စကားပြောခွက်ထဲသို့ ဝင်ရောက်လာသော တီးသံမှုတ်သံ စကားသံတို့သည် လျှပ်စစ်ဓာတ်၏သတ္တိကြောင့် လျှပ် စစ်သံလိုက်လှိုင်းအဖြစ်သို့ ပြောင်းသွားကာ ကောင်းကင် ကြိုးမှတစ်ဆင့်ထွက်သွားသည်။ ထို့ကြောင့် ထိုလှိုင်းတို့သည် အမှန်စင်စစ် အသံများမဟုတ်၊ လျှပ်စစ်စွမ်းအင်လှိုင်းများသာ ဖြစ်လေသည်။ ထိုလျှပ်စစ်သံလိုက်လှိုင်းတို့သည် အလင်းလှိုင်းနည်းတူ တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆,ဝဝဝ (သို့မဟုတ် မီတာ ၃ဝဝ,ဝဝဝ,ဝဝဝ) ခန့်ပြေးသည်။ အသံလှိုင်းတို့သည် လေရှိသောအရပ် သို့မဟုတ် သယ်ဆောင်ပို့ပေးနိုင်သော ကြားခံပစ္စည်းတစ်ခုခုရှိသည့် နေရာများတွင်သာ သွားလာနိုင်ကြသည်။ သို့သော် လျှပ်စစ်သံလိုက်လှိုင်းတို့မှာမူ လေနှင့် အခြားကြားခံပစ္စည်းများကို များစွာအားကိုးစရာ မလိုသည့်အတိုင်း အာကာသ(space) အတွင်း၌ လွတ်လပ်စွာပြေးနိုင်သည်။ ထိုလှိုင်းတို့သည် အလင်းလှိုင်း၊ အပူလှိုင်း၊ အိက်စရေးလှိုင်း၊ ကော့စမစ်လှိုင်းများနှင့် တစ်မျိုးတစ်စားတည်းဖြစ်၍ လှိုင်းလျားအတိုအရှည်တွင်သာ တစ်ခုနှင့်တစ်ခု ခြားနားလေသည်။ (ရေဒီယေးရှင်း ။) လျှပ်စစ်သံလိုက်လှိုင်း သို့မဟုတ် ရေဒီယိုလှိုင်းတို့သည် မြေပြင်တစ်လျှောက် ပြေးသောအခါ လမ်းနှစ်သွယ်ပြေးတတ်သည်။ တစ်လမ်းမှာ မြေပြင်အနီးတစ်လျှောက်ဖြစ်၍ ကျန်တစ်လမ်းမှာ မြေပြင်မှအထက်သို့ မြင့်မားစွာတက်သွားသည်။ မြေပြင်ကို လျှပ်၍ပြေးလျှင် ခရီးရှည်မသွားနိုင်ပေ။ မြေပြင်မှအထက်သို့ တက်သွားသောအခါတွင်မူ ခရီးမိုင်ပေါင်းများစွာပြေးနိုင်သည်။ သို့သော် အနှောင့်အယှက်နှင့်ကားမကင်းပေ။ မြေပြင်မှ အထက်မိုင် ၇ဝ မှ ၂ဝဝ ခန့်အတွင်းတွင် နေမှထွက်လာသော အာလတြာ ဝိုင်အိုလက် ရောင်ခြည်တို့ကြောင့် လျှပ်စစ်ဓာတ်ဝင်လျက်ရှိသည့် လေလွှာတစ်လွှာရှိသည်။ ထိုလေလွှာနှင့် စပ်လျဉ်းသည့်ယူဆချက်ကို ကင်နယ်လီ ခေါ် အမေရိကန်လူမျိုး လျှပ်စစ်အင်ဂျင်နီယာ နှင့် ဟဲဗီးဆိုက် ခေါ် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်တို့က တစ်ဦးစီ သီးခြားထုတ်ဖော်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ထိုလေလွှာကို ကင်နယ်လီဟဲဗီးဆိုက် လေလွှာဟု ခေါ်ဆိုကြသည်။ အထက်သို့တက်သွားသော ရေဒီယိုလှိုင်းတို့သည် ထိုလေလွှာနှင့်တွေ့သောအခါ မြေပြင်ရှိရာသို့ပြန်၍ဟပ်ကြသည်။ ညဉ့်ဘက်တွင် အဆိုပါလေလွှာသည် နှစ်ခြမ်းကွဲသွားသည်။ ထိုအခါမျိုးတွင် ရေဒီယိုလှိုင်း တို့သည် တစ်ခါတစ်ရံ အောက်ဘက်အလွှာကို ထိုးဖောက် သွားပြီးနောက် အထက်နှင့်အောက်ကွဲနေသည့် အလွှာနှစ်ခု အတွင်း၌ တက်ချည် ဆင်းချည်ဖြင့် ခရီးအတော်အတန် ပြေးပြီးနောက်မှ အောက်ဘက်အလွှာကို တစ်ဖန်ထိုးဖောက်ကာ မြေပြင်ရှိရာသို့ သက်ဆင်းလာတတ်သည်။ ထိုသို့ဖြစ်သောအခါ ရေဒီယိုလှိုင်းများအတက်နှင့် အဆင်းကြားခုလတ်တွင် ရောက်နေသော ရေဒီယိုများမှာ အသံဖမ်း၍မမိဘဲ ဖြစ်နေတတ်သည်။ ကင်နယ်လီဟဲဗီးဆိုက်လေလွှာမှ ပြန်ဟပ်ပြီး ဆင်းလာစေကာမူ မြေပြင်သို့ အရောက်နောက်ကျသည့်အတွက် မြေပြင်ကို လျှပ်၍ပြေးနေသည့် ရေဒီယိုလှိုင်းများကို အချိန်မီ အားမဖြည့်နိုင်ပြန်လျှင်လည်း ဖမ်းမိသည့်အသံသည် တိုး၍သွားတတ်ပြန်သည်။ တစ်ဖန် လျှပ်စစ်မိုတာ တစ်ခုခုလည်လျက်ရှိချိန်၊ ဓာတ်မီးခလုတ်ကိုဖွင့်လိုက်ချိန်၊ မိုးချုန်း ရွာသွန်းချိန်များတွင် လျှပ်စစ်သံလိုက်လှိုင်းများ ထွက်ပေါကြရာ ထိုအချိန်မျိုးတွင် ရေဒီယိုကို ဖွင့်ထားမိပါက ရေဒီယိုလှိုင်းနှင့် မျိုးချင်းနီးစပ်သော ထိုလှိုင်းတို့၏ နှောင့်ယှက်မှုကြောင့် မလိုလားအပ်သော အသံများကို ကြားရတတ်လေသည်။ အသံလွှင့်ခြင်း ရေဒီယိုအသံလွှင့်ခြင်း အသံဖမ်းခြင်းတို့ကို နားလည်လိုလျှင် လျှပ်စစ်ဓာတ်အကြောင်းကို အတော်အတန် နားလည်ရန်လိုအပ်ပေသည်။ နန်းကြိုးတစ်ပင်ကို လျှပ်စစ်ဓာတ် စီးဖြတ်စေသောအခါ ထိုနန်းကြိုးမှ သန်းပေါင်းများစွာသော အီလက်ထရွန်တို့သည် လှုပ်ရှားသွားကြသည်။ နန်းကြိုး တစ်လျှောက်ကို စီးသော လျှပ်စစ်ဓာတ်အားတွင် အေစီကားရင့် (Alternating Current) ခေါ် အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးနှင့် ဒီစီကားရင့် (Direct Current) ခေါ် တစ်ဖက်သတ်စီးသော လျှပ်စစ်ဓာတ်စီးဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးကို အသုံးပြုသောအခါ အီလက်ထရွန်တို့သည် အလွန်လျင်မြန်စွာ ရှေ့တိုး နောက်ငင်ဖြစ်နေသည်။ တစ်ဖက်သတ်စီးသော လျှပ်စစ်ဓာတ်စီးဖြစ်ခဲ့သော် အီလက်ထရွန်တို့သည် တစ်ဖက်သတ်တည်းသာ ငြိမ်သက်စွာ စီးကြ သည်။ ရေဒီယို အသံလွှင့်ရာတွင် လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်ပေါ်လာစေရန် အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးကို အသုံးပြုရသည်။ လျှပ်စစ်ဓာတ်အပြန်အလှန်စီးနေချိန်တွင် အီလက်ထရွန်တို့သည် တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ လှုပ်ရှားကြသော်လည်း ဤသို့ အီလက်ထရွန်တို့ လှုပ်ရှားတိုင်း လျှပ်စစ်သံလိုက်လှိုင်းများ မဖြစ်ပေါ်နိုင်ပေ။ အောက်ထစ် တစ်စက္ကန့်လျှင် လျှပ်စစ်ဓာတ် အပြန်အလှန်စီးမှု အကြိမ်ပေါင်း တစ်သိန်းရှိမှသာ ရေဒီယိုလှိုင်းများ ဖြစ်ပေါ်နိုင်လေသည်။ ဤသို့ လျှပ်စစ်ဓာတ် အပြန်အလှန်စီးမှုကို အော်စီလေးရှင်းဟုခေါ်၍ အပြန်အလှန်စီးသည့် အကြိမ်အရေအတွက်ကိုမူ ဆိုင်ကယ်နှင့်ပြဆိုလေ့ရှိသည်။ ဆိုင်ကယ်တစ်ထောင်ကို ကီလို ဆိုင်ကယ်ဟုခေါ်၍ ကီလိုဆိုင်ကယ်တစ်ထာင်ကို မက်ဂဆိုင်ကယ်ဟုခေါ်ပြန်သည်။ တစ်စက္ကန့်အတွင်း လှုပ်ရှားသည့်အကြိမ်ပေါင်းကို ဖရီကွင်စီ (တုန်ကြိမ်)ဟု ဆိုကြသည်။ ထို့ကြောင့် အသံလွှင့်ရုံတစ်ရုံသည် ၁. ၆ မက်ဂဆိုင်ကယ်ရှိသောဖရီကွင်စီဖြင့် အသံလွှင့်နေသည်ဟုဆိုခဲ့သော် ထိုရုံမှ တစ်စက္ကန့်လျှင်အကြိမ်ပေါင်း ၁,၆ဝဝ ကီလိုဆိုင်ကယ် သို့မဟုတ် အကြိမ်ပေါင်း ၁,၆ဝဝ,ဝဝဝ တုန်လှုပ်သည့် ရေဒီယိုလှိုင်းများကို လွှင့်နေသည်ဟုသိရာသည်။ အီလက်ထရွန်တို့၏ ရှေ့တိုးနောက်ငင် လှုပ်ရှားမှုကို လျင်မြန်လာအောင် ပြုလုပ်ပေးနိုင်သည့် နည်းအမျိုးမျိုးရှိသည်။ ဤကိစ္စအတွက် ယခင်က စပတ်ကွိုင်ခေါ် လျှပ်စစ်မီးပွားများကို ဖြစ်ပေါ်စေသော မီးခတ်ခွေကိုလည်းကောင်း၊ တုန်ကြိမ် (တစ်စက္ကန့်အတွင်း တုန်လှုပ်ကြိမ်ပေါင်း) များစွာရှိသည့် လျှပ်စစ်ဓာတ်စီးကို ဖြစ်ထွန်းစေသော လျှပ်စစ်ဓာတ်စက်ကိုလည်း ကောင်း အသုံးပြုခဲ့ကြသည်။ သို့ရာတွင် ယခုအခါ၌မူ ထိုအသုံးအဆောင်တို့ အစား ဗက်ကျူအမ်ကျူ (လေဟာပြွန်)ကို အသုံးပြုကြတော့သည်။ အသံလွှင့် ရာတွင် အသုံးပြုသော လေဟာပြွန်မှာ ရေဒီယို အသံဖမ်းစက်ရှိ လေဟာပြွန်နှင့် ဆင်တူယိုးမှားပင်ဖြစ်သည်။ အသံလွှင့်ရာ၌ အသုံးပြုသော လေဟာပြွန်က အသံဖမ်းရာတွင် အသုံးပြုသောလေဟာပြွန်ထက်ပိုကြီး၍ အားလည်းပိုရှိခြင်းသာလျှင် ထူးခြားလေသည်၊ စပတ်ကွိုင်ကို အသုံးပြုသောအခါ ဖြစ်ပေါ်လာသောလှိုင်းတို့သည် အမြင့်အနိမ့် ညီညာခြင်းမရှိသည့်အပြင် တဖြည်းဖြည်းနိမ့်ကျသွားပြီးနောက် အရှိန်သေသွားကြသည်။ ထို့ကြောင့် ဤလှိုင်းမျိုးကို ဝိုင်ယာလက်ကြေးနန်း ရိုက်ရာတွင်သာအသုံးပြုနိုင်၍ ရေဒီယိုအသံလွှင့်ရန်အတွက် မသင့်တော်ပေ။ လေဟာပြွန်ကို အသုံးပြုသောအခါတွင်မူ တစ်သမတ်တည်း ညီညာသော လှိုင်းများကိုရရှိလေသည်။ ဤလှိုင်းတို့သည် အသံလွှင့်ရာတွင် လွှင့်လိုက်သည့်အသံလှိုင်းများကို သယ်ဆောင်သွားကြသဖြင့် ယင်းတို့ကို ကယ်ရီယာလှိုင်း(သယ်ဆောင်လှိုင်း)များ ဟုခေါ်ကြသည်။ တုန်ကြိမ်အလွန်များသော ကယ်ရီယာ လှိုင်းများကိုဖြစ်ထွန်းစေသည့် ကားရင့်(လျှပ်စစ်ဓာတ်စီး)များကိုမှ ရေဒီယိုဖရီကွင်စီကားရင့်များဟုခေါ်ကြသည်။ ရေဒီယိုဖရီ ကွင်စီ ကားရင့်များကို လေဟာပြွန်များဖြင့် ဖန်တီးထိန်း သိမ်းပေးနိုင်လေသည်။ ရေဒီယိုအသံလွှင့်ရာတွင် ရေဒီယိုဖရီကွင်စီကားရင့်ကို အသုံးပြုခြင်းဖြင့် ကယ်ရီယာလှိုင်းများကို ဖန်တီးပေးနိုင်သည်။ အသံခွက်ထဲသို့ မည်သည့်အသံမှမဝင်မချင်း ရေဒီယိုဖရီကွင်စီကားရင့်ကြောင့် ကယ်ရီယာလှိုင်းများသာ ဖြစ်ပေါ်လျက်ရှိသည်။ ကယ်ရီယာလှိုင်းများမှာ လှိုင်းလုံးအရွယ်ချင်း ညီတူကြ၍တုန်ကြိမ်များလွန်းသည့်အတွက် ဤလှိုင်းများကို အသံဖမ်းစက်မှ မကြားရပေ။ အသံခွက်တွင် စကားပြောသံ၊ တီးသံ၊ မှုတ်သံတို့ကို သွင်းလိုက်သောအခါ အသံလှိုင်းများသည် အော်ဒီယိုဖရီကွင်စီခေါ် တုန်ကြိမ်နည်းသော ကားရင့်(လျှပ်စစ်ဓာတ်စီး)များအဖြစ်သို့ ပြောင်းသွားကြသည်။ အော်ဒီ ယိုဖရီကွင်စီကားရင့်နှင့် ရေဒီယိုဖရီကွင်စီကားရင့် နှစ်မျိုးရောစပ်သွားရာမှ ဖြစ်ပေါ်လာသော တတိယကားရင့်ကို မော်ဒျူလိတ်တက် ကားရင့်(ပြုပြင်ပြီး လျှပ်စစ်ဓာတ်စီး)ဟူ၍ခေါ်သည်။ ထိုမော်ဒျူလိတ်တက်ကားရင့်ကို အေရီယယ်(ကောင်ကင်ကြိုး) သို့ပို့၍ အေရီယယ်မှတစ်ဆင့် ပတ်ဝန်းကျင် အရပ်မျက်နှာ အားလုံးသို့ ရေဒီယိုလှိုင်းများအဖြစ် ပျံ့နှံ့သွားစေသည်။ ရေဒီယိုလှိုင်းများကို မလွှင့်မီ လိုအပ်သောတုန်ကြိမ်နှင့် လှိုင်းလျားများရှိစေရန် လေဟာပြွန်များဖြင့် လိုသလိုချဲ့ထွင်ပေးရလေသည်။ ရေဒီယိုလှိုင်းများမှာ တုန်ကြိမ်အနည်းအများကိုလိုက်၍ လှိုင်းလျား ရှည်ကြတိုကြသည်။ အသွားနှုန်းမှာမူ အားလုံးအတူတူပင် ဖြစ်သည်။ဤ အသံလွှင့်ရုံမှ ရေဒီယိုလှိုင်းများလွှင့်ရာတွင် လှိုင်းလျားများကို သုံးမျိုးသုံးစားခွဲပြီး လွှင့်ကြသည်။ လှိုင်းရှည်အစားတွင် မီတာ ၁,ဝဝဝ မှ ၂,ဝဝဝ အထိ လှိုင်း များသည်လည်းကောင်း၊ လှိုင်းလတ်အစားတွင် မီတာ ၂ဝဝ မှ ၅ဝဝ အ တွင်းရှိ လှိုင်းများသည်လည်း ကောင်း၊ လှိုင်းတိုအစားတွင် မီတာ ၁၆ မှ ၅ဝ အတွင်းရှိ လှိုင်းများသည်လည်းကောင်း ပါဝင်ကြလေသည်။ အသံဖမ်းခြင်း အသံဖမ်းခြင်းမှာ အသံလွှင့်ရာတွင် အသံမှ ရေဒီယိုလှိုင်းအဖြစ် သို့ အဆင့်ဆင့်ပြောင်းလဲပေးသည့် အစီအစဉ်များကို ပြောင်းပြန်ပြုလုပ်ပေး ခြင်းပင်ဖြစ်၍ ဤသို့ပြောင်းပြန်ပြု လုပ်ပေးသည့်အစီအစဉ်မှာ အောက်ပါအ တိုင်းဖြစ်သည်။ (၁) ရေဒီယိုလှိုင်းမျာကို အေရိယယ် ကောင်းကင်ကြိုးဖြင့်ဖမ်းယူခြင်း၊ (၂) အလိုရှိသောအသံကို ရစေရန်အတွက် အလိုရှိသော လှိုင်းကို ညှိယူခြင်း၊ (၃) ဖြစ်ပေါ်လာသော တုန်ကြိမ်များသည့် မော်ဒျူလိတ်တက်ကားရင့်(ပြုပြင်ပြီးလျှပ်စစ်ဓာတ်စီး)ကို တုန်ကြိမ်နည်းသည့် အော်ဒီယို ဖရီကွင်စီကားရင့်သို့ ပြောင်းပေးခြင်း၊ (၄) လျှပ်စစ်ဓာတ် လှုပ်ရှားမှုမှ အသံဖြစ်လာအောင် ဖော်ယူခြင်း၊အသံလွှင့်ရုံ အသီးအသီးမှလွှင့်လိုက်သော ရေဒီယိုလှိုင်းများကို ရှေးဦးစွာ အသံဖမ်းရုံအသံဖမ်းစက်ရှိ အေရီယယ်ကဖမ်းယူသည်။ အေရီယယ် ကို ရေဒီယိုလှိုင်းများလာ၍ ထိသောအခါ မူလအသံလွှင့်ရုံ၌ ဖြစ်ပွားသည့်လျှပ်စစ်ဓာတ်လှုပ်ရှားမှု အော်စီလေးရှင်းများအတိုင်း အေရိယယ်တွင် လျှပ် စစ်ဓာတ်လှုပ်ရှားသည်။ အေရီယယ်ကို အန်တင်နာဟုလည်းခေါ်ကြသည်။ အသံတစ်ခုတည်းကို ပီပီသသဖမ်းနိုင်ရန်မှာ အေရိယယ်သို့ရောက်လာသည့် ရေဒီယိုလှိုင်းများအနက်မှ တစ်မျိုးတည်းသောလှိုင်းကို ရွေးထုတ်ရန် တစ်နည်း ညှိပေးရန်လိုပေသည်။ ထိုသို့ လှိုင်းညှိပေးရန်အတွက် အသံဖမ်းစက်တွင် အင်ဒပ်တန့်ကွိုင်ခေါ် ဓာတ်ညှိခွေတစ်ခုနှင့် ကွန်ဒင်ဆာခေါ် လျှပ်စစ်လှောင် ကိရိယာတစ်ခုရှိသည်။ ဤကိရိယာနှစ်ခုကို လိုသလို ပြုပြင်ပေးခြင်းဖြင့် မိမိအလိုရှိသော လျှပ်စစ်ဓာတ်လှု့ပ်ရှားမှုကို ဖြစ်စေ၍ အလိုရှိသော လှိုင်းကို ဖမ်းယူနိုင်ပေသည်။ အင်ဒပ်တန့်ကွိုင်ကို အန်တင်နာကွိုင်ဟုလည်းခေါ်သည်။ အေရီယယ်သို့ ရောက်လာသော ရေဒီယိုလှိုင်းများမှာ အား နည်း၍နေရာ အားကြီးလာအောင် အန်တင်နာကွိုင်က ရှေးဦးစါာ ချဲ့ပေးသည်။ အန်တင်နာကွိုင်တွင် ပရိုင်မာရီခွေနှင့် စကင်ဒရီ(အညှို့ခံ)ခွေဟူ၍ နန်းကြိုးနှစ်ခွေရှိ၍ ပရိုင်မာရီခွေကို မြေကြီးနှင့် ဆက်ထားသည်။ အေရီယယ်တွင် ဖြစ်ပေါ်လာသော လျှပ်စစ်ဓာတ်စီးသည် ပရိုင်မာရီခွေမှ ဖြတ်၍ မြေကြီးသို့ ဆင်းပြီး ပြန်တက်လာခြင်းဖြင့် စကင်ဒရီ(အညှို့ခံ)ခွေတွင် အား ကောင်းသော လျှပ်စစ်ဓာတ်စီးကို ဖြစ်ပေါ်စေသည်။ စကင်ဒရီ(အညှို့ခံ)ခွေကို ကွန်ဒင်းဆားနှင့် တဖန်တက်ထားသည်။ ကွန်ဒင်းဆားတွင်လျှပ်စစ်ဓာတ်ကို သိုလှောင်ပြီးမှ စီးဖြတ်ခွင့် ပေးသည်။ ကွန်ဒင်းဆား၏ လျှပ်စစ်ဓာတ် သိုလှောင်နိုင်သော စွမ်းရည်ကို ပြုပြင်ပေးခြင်းဖြင့် အလိုရှိသော လှိုင်းကို ညှိယူရလေသည်။ ရေဒီယိုလှိုင်းများကို ညှိယူရုံဖြင့် အသံမထွက်သေးချေ။ မော်ဒျူလိတ်တက်ကားရင့်မှ အော်ဒီယို ဖရီကွင်စီ ကားရင့် ဖြစ်စေရန် တုန်ကြိမ်းများစွာနှင့် အပြန်အလှန် စီးလျက်ရှိသည့်ကားရင့်ကို တုန်ကြိမ်နည်းနည်းနှင့် တစ်ဖက်သတ်စီးသော ကားရင့်ဖြစ်အောင် ပြုလုပ်ပေးရသည်။ ဤကိစ္စအတွက် ယခင်က ဂလီးနားခေါ် လက်ဆာလဖိုက်(ဒ်) ခရစ္စတယ်ကို အသုံးပြုခဲ့ကြသော်လည်း အဆိုပါ ခရစ္စတယ်မှာ အမြဲတမ်း စိတ်တိုင်းကျ မဖြစ်သည့်အတွက် ယခုအခါ ထိုသလင်းပွင့်အစား သာမျွန်းနစ်ဗာ့၊ သို့မဟုတ် ရေဒီယိုဗာ့ခေါ် လေဟာပြွန်များကို အသုံးပြုလက် ရှိကြသည်။ ဆိုခဲ့သော လှိုင်းပြောင်းကိရိယာကို ဒီတက်တားဟုခေါ်သည်။ ဒီတက်တားများအနက် ရေဒီယိုဗာ့သည် အကောင်းဆုံး စိတ်အချရဆုံးဖြစ်သည်။ ရေဒီယိုဗာ့ပေါ်လာခြင်းကြောင့်သာလျှင် ရေဒီယိုပညာသည် ယခုလောက် အဆင့်အတန်းမြင့်လာရခြင်း ဖြစ်ပေသည်။ ဂလီးနားခရစ္စတယ်နှင့်တကွ ရေဒီယိုဗာ့စသော ဒီတက်တားတို့၏ သဘောမှာ အသွးအပြန် သွားရသောလမ်းကို တဖက်တည်းသာ သွားရသော လမ်းအဖြစ်သို့ ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။ ရေဒီယိုဗာ့များတွင် ဒိုင်အော့နှင့် ထရိုင်အော့ဟူ၍ လေဟာပြွန် နှစ်မျိုးရှိ၍ ထိုလေဟာပြွန်တို့သည် ဓာတ်မီးလုံး(ဓာတ်မီး ဖန်သီး) များနှင့် သဏ္ဌာန်တူသည်။ ဒိုင်အော့တွင် ဓာတ်လိုက်သတ္တုပြား တစ်ခုနှင့် သတ္တုမျှင်ဖြင့် ပြုလုပ်ထားသော မီးစာခွေတစ်ခု ပါသည်။ ထရိုင်အော့တွင်မူ အဆိုပါဓာတ်လိုက် သတ္တုပြားနှင့် မီးစာခွေ စပ် ကြား၌ ဂရစ်ခေါ် ဓာတ်လိုက်ဆန်ခါတစ်ခု အပိုပါသည်။ မီးစာအတွင်းသို့ လျှပ်စစ်ဓာတ် စီးဖြတ်သောအခါ မီးစာသည် ပူလာ၍ အီလက်ထရွန်များ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဓာတ်လိုက်သတ္တုပြားကို လျှပ်စစ်အဖိုဓာတ် ပေးထားပါက အီလက်ထရွန်တို့သည် အဖိုဓာတ်ရှိရာ သတ္တုပြားသို့ သွားကြသဖြင့် မီးစာနှင့် သတ္တုပြားစပ်ကြားတွင် လျှပ်စစ်ကားရင့် မဖြစ်ပေါ်ပေ။ ထို့ကြောင့် ဒိုင်အော့အတွင်းသို့ အပြန်အလှန် စီးသည့်ကားရင့် (အေစီကားရင့်) စီးဖြတ်သောအခါ သတ္တုပြားနှင့် မီးစာတွင် လျှပ်စစ်ဓာတ် အဖိုတစ်လှည့် အမတစ်လှည့် ဖြစ်ပေါ်နေချိန်တွင် သတ္တုပြား၌ အဖိုဓာတ် ရှိ၍ မီးစာ၌ အမဓာတ်ရှိချိန်တွင်သာလျှင် ထိုပစ္စည်းနှစ်ခု စပ်ကြား၌ လျှပ်စစ်ဓာတ်စီးဖြတ်လေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဒိုင်အော့သည် အပြန်အလှန် စီးသည့် ကားရင့် (အေစီကားရင့်)ကို တစ်ဖက် သတ် စီးသည့်ကားရင့် (ဒီစီကားရင့်)အဖြစ်သို့ ပြောင်းလဲစေသည်။ ထရိုင်အော့၌ အထက်တွင် ပြောခဲ့သည့်အတိုင်း ဂရစ်တစ်ခု အပိုပါသည်။ ဂရစ်ကို လျှပ်စစ်အဖိုဓာတ် ပေးသောအခါ မီးစာမှ ထွက်လာသော အီလက်ထရွန်တို့ကို ဂရစ်က ပို၍ ဆွဲသဖြင့် သတ္တုပြားသို့ အီလထရွန် အရောက်များသည်။ ဂရစ်မှာ အလွန် သေးငယ်သော နန်းကြိုးကလေးများဖြင့် ဆန်ခါပမာ ပြုလုပ်ထားသောကြောင့် သတ္တုပြားရှိရာသို့ သွားသော အီလက်ထရွန်တို့အတွက် အဆီးအတားမဖြစ်လှပေ။ အကယ်၍ ဂရစ်ကို လျှပ်စစ်အမဓာတ်ပေးပါက ဓာတ်တူချင်း တွန်းဖယ်သည့်အတွက် သတ္တုပြားသို့ အီလက်ထရွန်အရောက်နည်းသွားသည်။ ထို့ပြင် အီလက်ထရွန် များ အလျင်း မရောက်နိုင်ပဲလည်း ဖြစ်နိုင်သည်။ သဘောမှာ ထရိုင်အော့သည် မီးစာနှင့် သတ္တုပြားစပ်ကြား၌ ဖြစ်ပေါ်စီးဖြတ် သည့် လျှပ်စစ်ကားရင့်ကို ဒိုင်အော့မှာထက် ပို၍ အားကြီး စေသည့်။ ထို့ကြောင့် ထရိုင်းအော့ကို အသံဖမ်းစက်များတွင် အမ်ပလီဖိုင်းယား(လှိုင်းချဲ့ကိရိယာ)အဖြစ် အသုံးပြုကြလေသည်။ ရေဒီယိုလှိုင်းများကို အထက်ဖော်ပြပါ ကိရိယာတို့ဖြင့် လိုသလို ညှိယူချဲ့ထွင် ပြောင်းလဲပေးပြီးသောအခါ အသံ ဖော်ရန် တစ်ခုသာ ကျန်တော့သည်။ ယခင်ကဆိုလျှင် နောက်ဆုံးပြောင်းလဲပြီး လှိုင်းကို နားကြပ်ဖြင့် အသံလှိုင်း ဖြစ်အောင် ပြုလုပ်ကြသည်။ နားကြပ်မှာ တယ်လီဖုန်း စကားပြော ကိရိယာရှိ နားထောင်သည့် ခွက်ကဲ့သို့ ဖြစ်၍ ထိုခွက်သည် လျှပ်စစ်သံလိုက်ဓာတ်အားဖြင့် အော်ဒီယို ဖရီကွင်စီ ကားရင့်ကို အသံအဖြစ်သို့ ပြောင်းပေးသည့် ကိရိယာဖြစ်သည်။ သို့သော် နားကြပ်ကို သုံးလျှင် အသံမှာ တိုး၍ ဤအသံကို နားကြပ်၍ နားထောင်သူသာ ကြားရ သည်။ အခြားလူအများ ကြားနိုင်ရလေအောင် အသံဖမ်း စက်များတွင် နားကြပ်အစား အသံချဲ့ကိရိယာကို တပ်ဆင် ပေရပြန်သည်။ အသံချဲ့ကိရိယာကို တပ်ဆင်ပေးရပြန်သည်။ အသံချဲ့ကိရိယာတွင် နားကြပ်နည်းတူ လျှပ်စစ်သံလိုက်ဓာတ် ၏ အစွမ်းကိုပင် အသုံးချထားသည်။ သို့သော် အသံချဲ့ ကိရိယာက အသံလှိုင်းတို့ကို အားကြီးစေသည့် အတွက် အလွန်ကျယ် သော အသံကို ထွက်ပေါ်စေသည်။ အထက်ပါတို့မှာ ဝိုင်ယာလက် ရေဒီယိုဆိုင်ရာ အဓိက အစိတ်အပိုင်းများသာ ဖြစ်၍ ဤပညာမှတစ်ဆင့် ယခုအခါ တယ်လီဗေးရှင်း၊ ရေဒါ စသည်တို့ ပေါ်လာသည်ကိုထောက်လျှင် ရှေ့ကိုလည်း တိုးတက်စရာလမ်း အများကြီး ရှိသေးသည်ဟု မျော်မှန်းရပေသည်။ လျှပ်စစ်သံလိုက် ဖြာထွက်ရောင်ခြည် (The Electromagnetic Spectrum) ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးချခြင်း လုံခြုံရေးစနစ်များ ကြိုးမဲ့ဆက်သွယ်ရေးကို အကောင်အထည်ဖော်ခြင်း ကြိုးမဲ့ဆက်သွယ်ရေး စံနှုန်းများ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများ ဝိုင်ဖိုင် (WiFi) ဆယ်လူလာတယ်လီဖုန်းဆက်သွယ်ရေး (ဖုန်းနှင့် မိုဒမ်) တယ်လီဗွီးရှင်း ရီမုတ်ကွန်ထရိုး သက်ဆိုင်သောဆောင်းပါးများ ဆက်သွယ်ရေးစနစ် အင်တင်နာ ဂျီအက်စ်အမ် စီဒီအမ်အေ ဂြိုဟ်တုဆက်သွယ်ရေး မိုက်ခရိုဝေဖ့် ဆက်သွယ်ရေး ဝိုင်မက် ( WiMAX ) ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%B2%E1%80%B7%E1%80%86%E1%80%80%E1%80%BA%E1%80%9E%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8
ဂျီအက်စ်အမ်
ဂျီအက်စ်အမ် () ဆိုသည်မှာ ရွေ့လျားဆက်သွယ်ရေးအတွက် တကမ္ဘာလုံးနှင့်သက်ဆိုင်သောစနစ် (Global System for Mobile Communication) ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်သည်။ ထိုစနစ်သည် ကမ္ဘာပေါ်တွင် လက်ကိုင်ဖုန်းများနှင့် ပတ်သက်၍ လူကြိုက်အများဆုံးစနစ်ဖြစ်သည်။ ထိုစနစ်၏ သုံးစွဲမှု ကို မြှင့်တင်သည့်အဖွဲ့ဖြစ်သော ဂျီအက်စ်အမ် အဖွဲ့ (GSM Association) ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ လက်ကိုင်ဖုန်းဈေးကွက်၏ ၈၂ ရာခိုင်နှုန်းသည် ဂျီအက်စ်အမ်စနစ်ကို အသုံးပြုနေသည်ဟု သိရသည်။ ဂျီအက်စ်အမ်ကို နိုင်ငံနှင့် နယ်မြေ ၂၁၂ခုနှင့်အထက်တွင် လူပေါင်း ၃ ဘီလီယံကျော်က သုံးစွဲနေကြသည်။ သူ၏နေရာတကာတွင် ရှိနေမှုကြောင့် လက်ကိုင်ဖုန်း အော်ပရေတာ ကုမ္ပဏီများတွင် နိုင်ငံတကာကွန်ယက်များအတွင်းလှည့်လည် အသုံးပြုခြင်း(international roaming) သည် အလွန်တွင်ကျယ်လာကာ ဖုန်းဝန်ဆောင်မှု ကို ရယူထားသူတို့ကို ကမ္ဘာ၏နေရာတော်တော်များများတွင် သုံးစွဲခွင့် ရရှိစေသည်။ ဂျီအက်စ်အမ်သည် သူ၏ရှေ့က စနစ်များနှင့် ကွာခြားမှုမှာ အချက်ပြလှိုင်း ထုတ်လွှတ်မှု (signalling)နှင့် စကားပြောချယ်နယ် (speech channels)မှာ ဒီဂျစ်တယ်စနစ်ကို သုံးထားခြင့်ဖြစ်ပြီး ထိုအကြောင်းကြောင့် ဂျီအက်စ်အမ်အား ဒုတိယမျိုးဆက် ရွေ့လျားဖုန်းစနစ် (2G) ဟုသတ်မှတ်ကြသည်။ အချက်အလက်ဆက်သွယ်ရေးနှင့်ပတ်သက်၍လည်း စနစ်အပေါ်တွင် လွယ်ကူစွာ အကောင်အထည်ဖော်နိုင်စေသည်။ ဂျီအက်စ်အမ် စနစ်ကို နေရာတကာတွင် အသုံးပြုခြင်းသည် အသုံးပြုသူနှင့် ကွန်ယက်ကို စီမံခန့်ခွဲသူ နှစ်ဦးနှစ်ဖက်စလုံးကို အကျိုးရှိစေသည်။ အသုံးပြုသူများအနေဖြင့် ဖုန်းကို ပြောင်းလဲရန်မလိုပဲ လှည့်လည်သွားလာရင်း ဖုန်းလိုင်း(carrier) ကို ပြောင်းလဲအသုံးပြု နိုင်ပြီး ကွန်ယက်စီမံခန့်ခွဲသူများ အနေနှင့်မူ ဂျီအက်စ်အမ်စနစ်အတိုင်း လိုက်နာပြုလုပ်ထားသော မည်သည့် စက်ကိရိယာရောင်းချသူထံမှ မဆို စက်ကိရိယာများ ရွေးချယ်ဝယ်ယူနိုင်ခြင်းကြောင့် အကျိုးဖြစ်ထွန်းစေသည်။ ဂျီအက်စ်အမ်စနစ်မှ ကွန်ယက်ဖုန်းလိုင်းများတွင် ဈေးသက်သာစွာ ဆယ်သွယ်နိုင်သော အမှာစကား အတိုကောက်ပိုဆောင်နိုင်သည့် ဝန်ဆောင်မှု သို့မဟုတ် အက်စ်အမ်အက်စ် (Short message service or SMS) ကို အစဦးတီထွင်ခဲ့ပြီး ယခုအခါ အခြားရွေ့လျားဖုန်း စံသတ်မှတ်ချက် များတွင်လည်း ထိုဝန်ဆောင်မှု ကိုရရှိနိုင်ပြီဖြစ်သည်။ အခြားသော အကျိုးကျေးဇူးမှာ ဂျီအက်စ်အမ် စံသတ်မှတ်ချက်အတွင်း၌ တကမ္ဘာလုံးတွင် သုံးနိုင်သော အရေးပေါ် တယ်လီဖုန်း နံပါတ် ၁၁၂ ပါဝင်ခြင်းပင်ဖြစ်သည်။ ထိုအချက်ကြောင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာသူများအနေဖြင့် ဒေသဆိုင်ရာ အရေးပေါ်နံပါတ်ကို သိရန်မလိုပဲ အရေးပေါ်ဝန်ဆောင်မှုများသို့ လွယ်ကူစွာ ဆက်သွယ်၍ ရနိုင်သည်။ စံသတ်မှတ်မှု၏ ဗားရှင်းအသစ်များသည် နဂိုမူလ ဂျီအက်စ်အမ်ဖုန်းများဖြင့် ဆီလျော်ကိုက်ညီမှုရှိသည်။ ဥပမာအားဖြင့် ၉၇ခုနှစ် ထုတ်ဝေသော စံသတ်မှတ်မှုတွင် ပက်ကက် အချက်အလက်များကို အထွေထွေ ပက်ကက် ရေဒီယိုစနစ် (General Packet Radio Service (GPRS)) ကို အသုံးပြု၍ ဆောင်ရွက်နိုင်ရန် ထည့်သွင်းခဲ့ပြီး ၉၉ခုနှစ် စံသတ်မှတ်မှုတွင် ပိုမို၍ မြန်ဆက်သော အချက်အလက်ထုတ်လွှတ်မှု ကို ဂျီအက်စ်အမ် ဆင့်ကဲဖြစ်ပေါ်လာမှုအတွက် တိုးတက်ပြောင်းလဲထားသော အချက်အလက်ထုတ်လွှတ်မှုနှုန်း (Enhanced Data Rates for GSM Evolution (EDGE)) ကို စတင်မိတ်ဆက်ပေးခဲ့သည်။ သမိုင်းကြောင်း ၁၉၈၂ ခုနှစ်တွင် ဥရောပဆိုင်ရာ စာတိုက်နှင့် ဆက်သွယ်ရေး စီမံခန့်ခွဲမှု ကွန်ဖရင့် (European Conference of Postal and Telecommunications Administrations (CEPT)) မှ Groupe Spécial Mobile (GSM) အဖွဲ့ကို ဥရောပတခွင်လုံးတွင် အသုံးပြု နိုင်မည့် စံသတ်မှတ်မှု ကို အကောင်အထည်ဖော်ရန်အတွက် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် တူညီသော ဆယ်လူလာ တယ်လီဖုန်းစနစ်ကို ဥရောပတခွင်တွင် အသုံးပြု နိုင်ရေးကို အကောင်အထည်ဖော်ရန် နိုင်ငံပေါင်း ၁၃ နိုင်ငံ မှ အပြန်အလှန်နားလည်မှု ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဂျီအက်စ်အမ်၏ တာဝန်ဝတ္တရားများကို ဥရောပ ဆက်သွယ်ရေး စံသတ်မှုတ်မှု အဖွဲ့အစည်း (European Telecommunications Standards Institute (ETSI)) သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဂျီအက်စ်အမ်စနစ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ၏ ပထမအဆင့်ကို ၁၉၉၀ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ ပထမဆုံး ဂျီအက်စ်အမ် ကွန်ယက်ကို ဖင်လန်နိုင်ငံ ရေဒီယိုလင်ဂျာ (Radiolinja)တွင် စတင်အသုံးပြုခဲ့ပြီး နည်းပညာဆိုင်ရာ အခြေခံအုတ်မြစ်ကို အဲရစ်ဆင် (Ericsson) မှ တွဲဖက်ထိန်းသိမ်းရေး လုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်အကုန်သို့ ရောက်သောအခါတွင် အသုံးပြုသူ ၁ သန်းသည် နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကွန်ယက်ဖုန်းလိုင်း ၇၀ မှ စီမံလုပ်ဆောင်သော ဂျီအက်စ်အမ်ဖုန်းကွန်ယက်များတွင် အသုံးပြုနေကြပြီဖြစ်သည်။ နည်းပညာဆိုင်ရာ အသေးစိတ်အချက်များ ဂျီအက်စ်အမ်သည် ဆယ်လူလာကွန်ယက် ဖြစ်သည်။ အဓိပ္ပာယ်မှာ ရွေ့လျားတယ်လီဖုန်းသည် အနီးဆုံးပတ်ဝန်းကျင်ရှိ ဆဲလ် များကို ရှာဖွေခြင်းဖြင့် ကွန်ယက်သို့ ဆက်သွယ်ခြင်းဖြစ်သည်။ ဂျီအက်စ်အမ် ကွန်ယက်များမှာ ကြိမ်နှုန်း အတန်းအစား ၄ မျိုးကို အသုံးချထုတ်လွှင့်သည်။ ဂျီအက်စ်အမ်ကွန်ယက် အများစုမှာ ၉၀၀ မက်ဂါဟတ်ဇ် သို့မဟုတ် ၁၈၀၀ မက်ဂါဟတ်ဇ် လှိုင်းမီတာ ကို အသုံးပြုလေ့ရှိကြသည်။ ကနေဒါနှင့် အမေရိကန် အပါအဝင်အချို့ နိုင်ငံများတွင်မူ ထိုလှိုင်းမီတာများကို ခွဲတမ်းချပြီး ဖြစ်သဖြင့် ၈၅၀ မက်ဂါဟတ်ဇ် နှင့် ၁၉၀၀ မက်ဂါဟတ်ဇ်များကို အသုံးပြုကြသည်။ စကင်ဒီနေးဗီးယား ကဲ့သို့သော အချို့နိုင်ငံများတွင် ပထမမျိုးဆက် စနစ်များတွင် အသုံးပြုသော ၄၀၀ မက်ဂါဟတ်ဇ် နှင့် ၄၅၀ မက်ဂါဟတ်ဇ် လှိုင်းမီတာများကို အသုံးပြုနေသည်ကို ရှားရှားပါးပါး တွေ့နိုင်သည်။ မိုဘိုင်းဆက်သွယ်ရေး နည်းပညာ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AE%E1%80%A1%E1%80%80%E1%80%BA%E1%80%85%E1%80%BA%E1%80%A1%E1%80%99%E1%80%BA
စီဒီအမ်အေ
စီဒီအမ်အေ (CDMA or Code Division Multiple Access) ဆိုသည်မှာ အမျိုးမျိုးသော ရေဒီယိုဆက်သွယ်ရေး နည်းပညာများတွင် အသုံးပြုသော ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်း တစ်ခု(Channel Access Method) ဖြစ်သည်။ လက်ကိုင်တယ်လီဖုန်းများတွင် အသုံးပြုသောသော CDMAOne နှင့် CDMA2000 စံနှုန်းများကို စီဒီအမ်အေဟု ခေါ်ဝေါ်လေ့ရှိကြသော်လည်း အမှန်မှာ ထိုစံနှုန်းများ၌ စီဒီအမ်အေ ဝင်ရောက်သုံးစွဲနည်းကို အောက်ခံအနေဖြင့် အသုံးပြုထားခြင်းမျှသာဖြစ်သည်။ အချက်အလက်ဆက်သွယ်ရေး (Data Communication)၏ အခြေခံသဘောတရားတစ်ခုမှာ ထုတ်လွှင့်စက် အချို့ကို ဆက်သွယ်ရေးချယ်နယ်တစ်ခုအတွင်းတွင် တစ်ပြိုင်တည်းထုတ်လွှင့်ခွင့်ပေးခြင်းဖြစ်သည်။ဤသဘောတရားကို အသုံးချခြင်းအားဖြင့် အသုံးပြုသူအချို့အနေဖြင့် ဆက်သွယ်ရေးချယ်နယ်အတွင်း ရရှိနိုင်သော ကြိမ်နှုန်းများ ၏ လေလှိုင်းပမာဏ (Bandwidth) ကို ဝေမျှသုံးစွဲနိုင်သည်။ မိုဘိုင်းဆက်သွယ်ရေး နည်းပညာ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AE%E1%80%92%E1%80%AE%E1%80%A1%E1%80%99%E1%80%BA%E1%80%A1%E1%80%B1
အိုအက်ဖ်ဒီအမ်
အိုအက်ဖ်ဒီအမ် (OFDM) ဆိုသည်မှာ ဒစ်ဂျစ်တယ် ဆက်သွယ်ရေးနည်းပညာတွင် အသုံးပြုသော မော်ဒျူလေးရှင်း နည်းစနစ် တစ်မျိုးဖြစ်သည်။ ဘရော့ဒ်ဘန်း (Broadband) အင်တာနက် ဆက်သွယ်ရေးတွင် အိုအက်ဖ်ဒီအမ် မော်ဒျူလေးရှင်း နည်းစနစ်ကို အသုံးပြုလေ့ ရှိကြသည်။ ဆက်သွယ်ရေး
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%A1%E1%80%80%E1%80%BA%E1%80%96%E1%80%BA%E1%80%92%E1%80%AE%E1%80%A1%E1%80%99%E1%80%BA
သတင်းအချက်အလက် သီအိုရီ
သတင်းအချက်အလက် သီအိုရီ (Information Theory) ဆိုသည်မှာ အသုံးချ သင်္ချာနှင့် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သတင်းအချက်အလက်များ၏ ပမာဏနှင့် ဆက်စပ် ပတ်သက်နေသည်။ သတင်းအချက်အလက် သီအိုရီကို ကလော့ဒ် အီး ရှန်နွန်က စတင်ဖော်ထုတ်ခဲ့ပြီး ဒေတာများကို ချုံ့ခြင်းနှင့် ဒေတာများကို စိတ်ချယုံကြည်စွာ သိမ်းဆည်းခြင်း၊ ဆက်သွယ်ခြင်း အစရှိသည့် ဆစ်ဂနယ်များကို ကိုင်တွယ်ဖြေရှင်းခြင်း လုပ်ငန်းများတွင် အခြေခံ အကန့်အသတ်ကို သိရှိနိုင်ရန် အတွက် ဖြစ်သည်။ ထို သီအိုရီကို စတင်ဖော်ထုတ်သည့် အချိန်မှ အစပြု၍ အခြားသော နယ်ပယ်များတွင်လည်း အသုံးချလာကြသည်။ ဆက်သွယ်ရေး
https://my.wikipedia.org/wiki/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%81%E1%80%BB%E1%80%80%E1%80%BA%E1%80%A1%E1%80%9C%E1%80%80%E1%80%BA%20%E1%80%9E%E1%80%AE%E1%80%A1%E1%80%AD%E1%80%AF%E1%80%9B%E1%80%AE
မိုက်ခရိုဝေဖ့် ဆက်သွယ်ရေး
မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေးသည် လှိုင်းအလျား ၃၀ စင်တီမီတာမှ ၁ စင်တီမီတာ အကြားရှိ ရေဒီယိုလှိုင်းကို အသုံးပြုကာ အချက်အလက်များကို လွှင့်ထုတ် ဆက်သွယ်သည့် နည်းပညာတစ်ရပ် ဖြစ်သည်။ ယင်းလှိုင်းနှုန်းမှာ 1.0 GHz မှ 30 GHz အကြားတွင် ရှိသည်။ မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေးကို ကမ္ဘာ့မျက်နှာပြင်အပေါ်ရှိ ဆက်သွယ်ရေးများ၊ ဂြိုဟ်တု ဆက်သွယ်ရေးများနှင့် ပင်လယ်နက်အတွင်း ဆက်သွယ်ရေးများတွင် အသုံးများသည်။ အခြားအပိုင်းရှိ ရေဒီယိုလှိုင်းခွင်များကိုမူ ရေဒါစနစ်၊ ရေဒီယို လမ်းပြစနစ်၊ အာရုံခံစနစ်နှင့် အာကာသ လေ့လာရေးများတွင် အသုံးပြုကြသည်။ ဆက်သွယ်ရေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%9D%E1%80%B1%E1%80%96%E1%80%B7%E1%80%BA%20%E1%80%86%E1%80%80%E1%80%BA%E1%80%9E%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8
ဝန်ဆောင်မှုများစုစည်းထားသော ဒီဂျစ်တယ်ကွန်ယက်
Integrated Services Digital Network (ISDN) သည် စဉ်ဆက်မပြတ် ဒယ်ဂျစ်တယ် ထုတ်လွှင့်မှု၏ ဆက်သွယ်ရေးစံနှုန်းဖြစ်သည်။ ယင်းတို့တွင် အသံ၊ ဗီဒီယို၊ ဒေတာနှင့် အခြားကွန်ယက်ဝန်ဆောင်မှုများ ပါဝင်သည်။ ISDN အား ၁၉၈၈ ခုနှစ်တွင် ပထမဆုံး CCITT စာအုပ်၌ သတ်မှတ်ပေးခဲ့သည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%9D%E1%80%94%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%85%E1%80%AF%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%B1%E1%80%AC%20%E1%80%92%E1%80%AE%E1%80%82%E1%80%BB%E1%80%85%E1%80%BA%E1%80%90%E1%80%9A%E1%80%BA%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%9A%E1%80%80%E1%80%BA
ဆာဗာ (ကွန်ပျူတာ)
ကွန်ပျူတာ ဆာဗာ(Server) ဆိုသည်မှာ အချက်အလက်(data) များအား စုစည်းထားသောနေရာ (ဝါ) တစုတစည်းတည်းရရှိနိုင်သောနေရာဖြစ်သည်။ ဆာဗာ(Server) များသည် များသောအားဖြင့် cloud based အချက်အလက် များသိုလှောင်ထားသောနေရာသာဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%86%E1%80%AC%E1%80%97%E1%80%AC%20%28%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%29
အေဗီရွန်းနစ်
အေဗီရွန်းနစ် ဆိုသည်မှာ လေယာဉ်ပျံ၊ ဂြိုဟ်တု နှင့် အာကာသယာဉ် တို့၏ အီလက်ထရွန်းနစ် စနစ်ကို ရည်ညွှန်းခြင်း ဖြစ်ပြီး ခေတ်သစ် လေယာဉ်ပျံနှင့် အာကာသယာဉ်တို့ ပေါ်ရှိ ဆက်သွယ်ရေး ၊ လမ်းကြောင်း ရှာဖွေရေး၊ ထိန်းချုပ် မောင်းနှင်ရေး၊ ပြသခြင်း၊ လေကြောင်း စီမံခန့်ခွဲမှု စနစ်၊ အာရုံခံ ကိရိယာ နှင့် အချက်ပြကိရိယာများ၊ မိုးလေဝသ ရေဒါများ၊ လျှပ်စစ် စနစ်များ နှင့် ကွန်ပျူတာ အမျိုးမျိုး တို့အတွက် အသုံးပြုသည်။ အေဗီရွန်းနစ် ဆိုသည့် စကားလုံးမှာ အင်္ဂလိပ် စကားလုံး လေကြောင်း (Aviation) နှင့် အီလက်ထရွန်းနစ် (Electronics) ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ လေကြောင်းနှင့်အာကာသပညာ အီလက်ထရွန်းနစ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%97%E1%80%AE%E1%80%9B%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA
ကိန်း
ကိန်းဆိုသည်မှာ ရေတွက်ရန်နှင့် တိုင်းတာရန် အတွက် အသုံးပြုသော သင်္ချာဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်သည်။ သင်္ချာပညာတွင် ကိန်းဂဏန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တဖြည်းဖြည်း ချဲ့ကားလာခဲ့သဖြင့် နှစ်ပေါင်းများစွာ ကြာသောအခါတွင် သုည၊ အနုတ်ကိန်းများ (negative numbers)၊ ရာရှင်နယ်ကိန်း (rational number) ခေါ် အပိုင်းကိန်းများ၊ အီရာရှင်နယ်ကိန်း (irrational number) ခေါ် အပိုင်းကိန်းမဟုတ်သောကိန်းများ နှင့် ကိန်းထွေး (complex number) များ စသည်ဖြင့် ပါဝင်လာကြသည်။ သင်္ချာဆိုင်ရာ တွက်ချက်မှုများ (mathematical operations) တွင် ဂဏန်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဂဏန်းများကို အဝင်ကိန်းအဖြစ် လက်ခံကြပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ပြန်ထုတ်ပေးသည်။ ယူနရီ တွက်ချက်မှု (unary operation) ခေါ် တစ်လုံးသွင်းတွက်ချက်မှုတွင် ဂဏန်းတစ်ခုကို အဝင်ကိန်း အဖြစ် လက်ခံပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ထုတ်ပေးသည်။ ဆပ်ဆက်ဆာ တွက်ချက်မှု ( successor operation) ခေါ် နောက်ဆက်တွဲတွက်ချက်မှုမှာ တစ်လုံးသွင်းတွက်ချက်မှု တစ်ခုဖြစ်သည်။ ယင်းတွက်ချက်မှုတွင် အဝင်ကိန်းတိုင်းကို ၁ ပေါင်းပေးရာ သာဓကဆိုသော် ၄ ထည့်လိုက်ပါက ၅ ပြန်ထွက်လာသည်။ ဘိုင်နရီ တွက်ချက်မှု (binary operation) ခေါ် နှစ်လုံးသွင်းတွက်ချက်မှုတွင် အဝင်ကိန်းနှစ်ခုကို လက်ခံပြီး အထွက်ကိန်းတစ်ခုကို ပြန်ထုတ်ပေးသည်။ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းနှင့် ပါဝါ (အထပ်ကိန်း) တင်ခြင်းတို့သည် ဘိုင်နရီ တွက်ချက်မှုများ ဖြစ်သည်။ ထိုသို့ အခြေခံဂဏန်းများ၏ တွက်ချက်မှုကို လေ့လာခြင်းအား အရစ်သ်မတစ် (arithmetic)၊ သို့မဟုတ် ဂဏန်းတွက်ခြင်း၊ သို့မဟုတ် ဂဏန်းသင်္ချာဟု ခေါ်သည်။ ကိန်းများတွင် အသုံးပြုသော သင်္ကေတများကို နျူမရယ် (numeral) သို့ နံပါတ်ဟု ခေါ်ကြသည်။ နံပါတ်များကို ရေတွက်ရန်နှင့် တိုင်းတာရန် အတွက်သာ မကဘဲ အမှတ်အသား ပြုလုပ်ရန် (ဖုန်းနံပါတ်)၊ စီစဉ်ရန် (နံပါတ်စဉ်) နှင့် ကုတ်ဒ်သင်္ကေတ (ISBN နံပါတ်) စသည် တို့အတွက်လည်း အသုံးပြုကြလေ့ ရှိသည်။ ကိန်းများကို အမျိုးအစားခွဲခြင်း ကိန်းများကို အမျိုးအစားအဖုံဖုံ ခွဲခြားနိုင်သည်။ အမျိုးတူကိန်းများအားလုံးကို စုဝေး၍ အစုများ (sets) အတွင်းသို့ ခွဲခြားထည့်သွင်းခြင်းဖြင့် ကိန်းစနစ်များ (number systems) ဖြစ်ပေါ်လာသည်။ ကိန်းတစ်ခုတည်းကိုပင် ရေးသားပုံတစ်မျိုးမကသုံး၍ ရေးနိုင်သည်။ သာဓကအားဖြင့် ကိန်းဂဏန်းရှစ်ကို ဟိန္ဒူ-အာရေဗျနံပါတ် (Hindu-Arabic numeral) သုံး၍ ၈ ဟုရေးနိုင်သလို၊ ရောမနံပါတ် (Roman numeral) သုံး၍ VIII ဟုလည်း ရေးနိုင်သည်။ သဘာဝကိန်းများ (Natural numbers) လူတို့ နိစ္စဓူဝ ထိတွေ့ရင်းနှီးမှု အများဆုံး ကိန်းအမျိုးအစားမှာ သဘာဝကိန်းများ ဖြစ်သည်။ သဘာဝကိန်းများကို ရေတွက်ကိန်းများ (counting numbers) ဟုလည်း ခေါ်ကြသည်။ ဂဏန်း ၁၊ ၂၊ ၃၊ ၄၊ ... စသည်တို့မှာ သဘာဝကိန်းများ ဖြစ်ကြသည်။ အချို့သင်္ချာသမားနှင့် စာအုပ်စာတမ်းများ (သာဓက၊ ဘိုဘာကီ ၁၉၆၈ နှင့် ဟဲမော့ ၁၉၇၄)တွင် သုညကို သဘာဝကိန်းဟု သတ်မှတ်ပြီး ကျန်အချို့က သုညကို သဘာဝကိန်းအဖြစ် မထည့်သွင်းပါ။ မည်သို့ဖြစ်စေ သဘာဝကိန်းစု၏ အသုံးများသောသင်္ကေတမှာ ဖြစ်သည်။ သုညကို သဘာဝကိန်းအဖြစ် သတ်မှတ်/မသတ်မှတ် ရှင်းလင်းစေချင်သောအခါတွင် သင်္ကေတ နှင့် တို့ကို သုညပါသော သဘာဝကိန်းစုအတွက်လည်းကောင်း၊ သင်္ကေတ နှင့် တို့ကို သုညမပါသော သဘာဝကိန်းစုအတွက်လည်းကောင်း သုံးကြသည်။ ကိန်းပြည့်များ (Integers) တွက်ချက်၊ ရေတွက်၊ တိုင်းတာမှုများတွင် သဘာဝကိန်းများသက်သက်ဖြင့် မလုံလောက်သောအခါ ကိန်းပြည့်များကို သုံးရသည်။ သုညနှင့် အပေါင်းကိန်းများ ဖြစ်သည့် ၀၊ ၁၊ ၂၊ ၃၊ ၄၊ ... စသည်တို့အပြင် အနုတ်ကိန်းများ ဖြစ်သည့် -၁၊ -၂၊ -၃၊ -၄၊ ... စသည်တို့ကို စုပေါင်း၍ ကိန်းပြည့်များဟုခေါ်သည်။ အနုတ်ကိန်းများကို အဓိပ္ပာယ်သတ်မှတ်ရာတွင် ရှိရင်းစွဲဖြစ်သည့် သုညအပါအဝင် သဘာဝကိန်းများနှင့် နှစ်လုံးသွင်းတွက်ချက်မှုတစ်ခုဖြစ်သည့် ပေါင်းခြင်းကိုသုံး၍ သတ်မှတ်သည်။ သာဓကအနေဖြင့်၊ -၃ ဆိုသည်မှာ ၃နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ် သတ်မှတ်သည်၊ -၄ ဆိုသည်မှာ ၄နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ်သတ်မှတ်သည်၊ ယေဘုယျဆိုရသော် -n ဆိုသည်မှာ n နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ်သတ်မှတ်သည်။ ကိန်းပြည့်များ အဓိပ္ပာယ်သတ်မှတ်ချက်အရ သဘာဝကိန်းတိုင်းမှာ ကိန်းပြည့်ဖြစ်သော်လည်း၊ ကိန်းပြည့်တိုင်း သဘာဝကိန်းမဟုတ်ပေ။ (သာဓက၊ အနုတ်ကိန်းပြည့်များမှာ သဘာဝကိန်းများ မဟုတ်။) ကိန်းပြည့်အစုကို သင်္ကေတ သုံး၍ ရေးသည်။ ကိန်းဂဏန်းများဟု အနက်ရသည့် ဂျာမန်စာလုံး "Zahlen“ ကိုအရင်းပြု၍ သုံးခြင်းဖြစ်သည်။ ရာရှင်နယ်ကိန်းများ (Rational Numbers) ရာရှင်နယ်ကိန်း (ခေါ်) အတိပြကိန်း ဆိုသည်မှာ အပိုင်းကိန်း အနေနှင့် အတိအပ ပြနိုင်သော ကိန်းကို ခေါ်သည်။ အပိုင်းကိန်း တွင် a သည် ကိန်းပြည့်ပိုင်းဝေ (integer numerator) ဖြစ်ပြီး၊ b သည် သုညမဟုတ်သော ကိန်းပြည့်ပိုင်းခြေ (nonzero integer denominator) ဖြစ်သည်။ သာဓကဆိုရသော် ၁/၃၊ ၇/၈၊ -၁/၂ စသည်တို့မှာ ရာရှင်နယ် (ဝါ) အပိုင်းကိန်းများ ဖြစ်ကြသည်။ ပိုင်းခြေ သုညမဖြစ်ရခြင်းမှာ အရေးကြီးသည့် ကန့်သတ်ချက်ဖြစ်သည်။ မြန်မာဘာသာဖြင့် ရေရွတ်သောအခါ ၁/၃၊ ၇/၈ နှင့် -၁/၂ တို့ကို "သုံးပုံ၊ တစ်ပုံ၊" "ရှစ်ပုံ၊ ခုနစ်ပုံ၊" "အနှုတ် နှစ်ပုံ၊ တစ်ပုံ၊" စသည်ဖြင့် ပိုင်းခြေကိန်းကို ဦးစွာ ရေရွတ်ရသည်။ ("ပုံ" အစား "ပိုင်း" ဟုလည်း သုံးကြသည်။) တစ်စုံတစ်ခုကို သုံးပုံ၊ သုံးပိုင်း အညီအမျှပိုင်းပြီးနောက် တစ်ပုံနှင့် ညီမျှသော ပမာဏ၊ စသည့်ဖြင့် အနက်ကောက်ယူနိုင်သည်။ ကိန်းတစ်ခုတည်းကို အပိုင်းကိန်းဖြင့်ရေးရာတွင် တစ်မျိုးထက်ပို၍ ရေးနိုင်သည်။ သာဓကအားဖြင့် ၂/၄ နှင့် ၁/၂ နှစ်မျိုးစလုံးမှာ ကိန်းတစ်ခုတည်းကို ကိုယ်စားပြုသည်။ ထို့အတူ -၁/၂ ကို အနေဖြင့်လည်းကောင်း၊ အနေဖြင့်လည်းကောင်း ရေးနိုင်သည်။ သို့ရာတွင် အနုတ်ကိန်းကို ပိုင်းဝေမှာထား၍ ရေးခြင်းက ပို၍တွင်ကျယ်သည်။ သဘာဝကိန်းတိုင်းမှာ ရာရှင်နယ်ကိန်းများ ဖြစ်သည်ကို သတိပြုသင့်သည်။ သာဓကဆိုသော် သဘာဝကိန်း ၅ ကို ၅/၁ ဟုရေး၍ ရသောကြောင့် ၅ မှာ ရာရှင်နယ်ကိန်းလည်း ဖြစ်သည်။ သို့သော် သဘာဝကိန်းမဟုတ်သော ရာရှင်နယ်ကိန်းများစွာရှိ၏။ သာဓက၊ ၁/၂၊ ၄/၅၊ -၁၃/၁၄။ ရာရှင်နယ်ကိန်းစုကို သင်္ကေတ သုံး၍ ရေးသည်။ အချိုး (ratio) ဟု အနက်ရသည့် “Quotient” ဆိုသည့် ဂျာမန်စာလုံးကို အရင်းပြုထားခြင်းဖြစ်သည်။ ဤသင်္ကေတကို ၁၉၆၀ ပြည့်လွန်နှစ်များဆီက ဘိုဘာကီရေး Algèbre တွင်စတင် အသုံးပြုသည်။ ကိန်းစစ်များ (Real Numbers) လက်တွေ့တိုင်းတာရာတွင် သုံးသည့်နံပါတ်များ၊ ကိန်းများအားလုံးမှာ ကိန်းစစ်များဖြစ်သည်။ တစ်နည်းဆိုသော် ကိန်စစ်မျဉ်း (real number line) ပေါ်တွင် နေရာချထား၍ ရသောကိန်းအားလုံးမှာ ကိန်းစစ်များဖြစ်သည်။ ကိန်းစစ်မျဉ်းဆိုသည်မှာ မျဉ်းဖြောင့်တစ်ခုပေါ်တွင် နံပါတ်များကို အညီအမျှတိုင်းတာ၍ မှတ်သားထားသော အလျားလိုက်မျဉ်းဖြစ်သည်။ လက်တွေ့ဥပမာအားဖြင့် ကျောင်းသုံးပေတံမှာ ကိန်းစစ်မျဉ်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ကိန်းပြည့်တစ်ခုနှင့် နောက်ကပ်လျက်ကိန်းတစ်ခု၏ အကွာအဝေးကို တစ်လက်မဟု သတ်မှတ်ပါလျှင်၊ တစ်ပေရှည်သော ပေတံသည် သုညနှင့် ၁၂အပါအဝင်နှင့် ယင်းကိန်းနှစ်ခုကြားရှိ ကိန်းစစ်များ အားလုံးကို ကိုယ်စားပြုနိုင်သည်။ သာဓကဆိုရသော် ၂.၅ ဆိုသည့်ကိန်းစစ်ကို ပေတံပေါ်ရှိ နှစ်လက်မ အမှတ်နှင့် သုံးလက်မ အမှတ်ကြားရှိ အလယ်တည့်တည့်အမှတ်ဖြင့် ကိုယ်စားပြုနိုင်သည်။ ထို့အတူ ၁/၃ ကို သုညနှင့် ၁လက်မ အမှတ်ကြား အကွာအဝေးကို သုံးပိုင်း အညီအမျှပိုင်းကာ သုညဘက်မှစ၍ ရေတွက်ပါက တစ်ပိုင်းမြောက် အမှတ်ဖြင့် ကိုယ်စားပြုနိုင်သည်။ ထို့အတူ သင်္ချာကိန်းသေ သည်လည်း ၃လက်မနှင့် ၄လက်မကြားရှိ တစ်နေရာတွင် ရှိပေလိမ့်မည်။ ကိန်းစစ်များကို ဒသမကိန်းစနစ်သုံး၍လည်း ရေးနိုင်သည်။ သာဓက၊ ၃.၅၊ -၆.၉၉၂၀၊ ၀.၃၃၃...၊ ၃.၁၄၁၅၉၂၆၅၄... အစရှိသဖြင့်။ ဒသမကိန်းတစ်ခုတွင် ဒသမပွိုင့် (decimal point) နောက်ပါ ဂဏန်းတွဲမှာ အဆုံးသတ်သည်လည်း ရှိသည်၊ အဆုံးမသတ်သည်လည်း ရှိသည်။ သာဓကဆိုသော် ရာရှင်နယ်ကိန်း ၁/၂ ကို ဒသမပုံစံဖြင့်ရေးပါက ၀.၅ ဖြစ်၍ အဆုံးသတ်သည့် ဒသမကိန်း (terminating decimal number) ဟုခေါ်သည့် ကိန်းတစ်ခုဖြစ်သည်။ ရာရှင်နယ်ကိန်း ၁/၃ကို ဒသမပုံစံဖြင့်ရေးပါမူ ၀.၃၃၃... ဟူ၍ ဒသမနောက်တွဲ ၃ ဂဏန်းမှာ အဆုံးမရှိ ထပ်ကာထပ်ကာ ပေါ်နေရာ အဆုံးမသတ်သည့် ဒသမကိန်း (non-terminating decimal number) တစ်ခုဖြစ်သည်။ သို့သော် ၁/၃ ကို ဟူ၍ ပြန်ထပ်သည့် ဂဏန်းများအပေါ် မျဉ်းတိုတစ်ခုတင်၍ ရေးနိုင်သည်။ ၎င်းဒသမကိန်းမျိုးကို ပြန်ထပ်ဒသမကိန်း (recursive/repeating decimal number) ဟုခေါ်သည်။ နောက်ဆုံးအနေဖြင့် ၊ အစရှိသည့် ကိန်းများကို ဒသမကိန်းပုံစံဖြင့်ရေးပါက ၃.၁၄၁၅၉၂၆၅၄...၊ ၁.၄၁၄၂၁၃၅၆... ဟူ၍ ဂဏန်းတွဲမှာ ဆုံးလည်း မဆုံး၊ ပြန်လည်းမထပ် ဖြစ်နေရာ ၎င်းကိန်းအမျိုးအစားကို ပြန်မထပ်ဒသမကိန်း (non-recursive/non-repeating decimal number) ဟု ခေါ်သည်။ အဆုံးသတ်ဒသမကိန်း၊ ပြန်ထပ်ဒသမကိန်း၊ ပြန်မထပ်ဒသမကိန်း အားလုံးကို စုပေါင်း၍ ကိန်းစစ်များဟု ခေါ်သည်။ ကိန်းစစ်များကို ပို၍စနစ်တကျ အဓိပ္ပာယ်ဖွင့်လိုပါက ကဲကုလသင်္ချာမှ လားရာစုစည်းသည့် ကိန်းစဉ်တန်း (convergent sequence)၊ ကိန်းစဉ်တန်းတို့၏ လားရာဆုံချက် (limit) အစရှိသည့် သဘောတရားတို့ကို သုံးလေ့ရှိသည်။ ထိုသို့အဓိပ္ပာယ်ဖွင့်ရသော် ကိန်းစစ်တစ်ခု ဟူသည်မှာ ကိုရှီရာရှင်နယ်ကိန်းစဉ်တန်း (Cauchy sequence of rational numbers) တစ်ခု၏ လားရာဆုံချက် (limit) ဖြစ်သည်။ ယခုဖော်ပြပြီးဖြစ်သည့် ကိန်းစုများအနက် ကိန်းစစ်အစု သည် (ပြင်သစ်သင်္ချာပညာရှင် ကိုရှီကို ဂုဏ်ပြုမှည့်ဆိုထားသော) ကိုရှီကိန်းစဉ်တန်းတိုင်း၏ လားရာဆုံချက်အားလုံးပါဝင်သည့် အသေးဆုံးသော အစုဖြစ်သည်။ အပိုင်းကိန်းအားလုံးကို ဒသမပုံစံဖြင့်ရေး၍ ရသောကြောင့် ရာရှင်နယ်ကိန်းတိုင်းသည် ကိန်းစစ်များဖြစ်သည်။ သို့သော် အပိုင်းကိန်းပုံစံဖြင့် ရေး၍မရသော ကိန်းစစ်များစွာရှိသည်။ သာဓက၊ ၊ အစရှိသဖြင့်။ ကိန်းစစ်အစုကို သင်္ကေတ သုံး၍ရေးသည်။ ကိန်းထွေးများ (Complex Numbers) သင်္ချာပညာ အဆင့်မြင့်လာသည်နှင့်အမျှ အချို့ကိစ္စများတွင် ကိန်းစစ်များဖြင့်သာ မလုံလောက်သည့် အခြေအနေကို ရောက်ရှိလာသည်။ သာဓကပြရသော် အချို့သော ပိုလီနိုမီရယ် ညီမျှခြင်းများ (polynomial equations) မှာ ကိန်းစစ်အဖြေမရှိပါ။ ပိုလီနိုမီရယ်ညီမျှခြင်း ကို အတွက်ဖြေရှင်းပါက ၁ နှင့် -၁ ဟူ၍ ကိန်းစစ်ကိန်းရင်းအဖြေ နှစ်ခုရှိသော်လည်း၊ ကို ဖြေရှင်းပါက ကိန်းစစ်ကိန်းရင်းအဖြေ (real root) တစ်ခုမျှမရှိသည်ကို တွေ့ရမည်။ (မည်သည့် ကိန်းစစ် ကိုမဆို နှစ်ထပ်ကိန်းတင်ပြီးပါက ၏တန်ဖိုးမှာ အနည်းဆုံး သုညဖြစ်ရာ တစ်သာထပ်ပေါင်းပါက ပေါင်းလဒ်မှာ သုညထက် အနည်းဆုံး တစ်ယူနစ်ပိုကြီးနေမည် ဖြစ်သည်။ ထို့ကြောင့် သည် သုညနှင့် မည်သို့မှ ညီမည်မဟုတ်ပါ။) ဤအခြေအနေမျိုးကို ကျော်လွှားနိုင်ရန် ကိန်းအသစ်များလိုအပ်လာသည်။ ထိုအခါ ၏ (ကိန်းစစ်မဖြစ်နိုင်သော) ကိန်းရင်းအဖြေတစ်ခုကို i ဟု သတ်မှတ်ကာ ၎င်းကို ကိန်းတေး (imaginary unit) ဟုခေါ်သည်။ (ဖော်ပြပါ ပိုလီနိုမီရယ်ညီမျှခြင်းကို ရှင်းပါက ဟုထွက်ရာ i ကို -၁ ၏ နှစ်ထပ်ကိန်းရင်း (square root) ဟုလည်း ခေါ်ကြသည်။ i သည် -၁၏ နှစ်ထပ်ကိန်းရင်း ဖြစ်ပါက -i သည်လည်း -၁၏ နှစ်ထပ်ကိန်းရင်း တစ်ခုဖြစ်ကြောင်း သတိချပ်သင့်သည်။) အချုပ်ဆိုရသော် i ဆိုသည်မှာ နှစ်ထပ်ကိန်းတင်ပါက -၁ ရသည့် ကိန်းသစ်တစ်ခုဟု အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ မည်သည့်ကိန်းစစ်မဆို နှစ်ထပ်ကိန်းတင်ပါက -၁ မရနိုင်ရာ i မှာ ကိန်းစစ်မဟုတ်သည့် ကိန်းအသစ်တစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။ အထက်ပါ ကိန်းတေးကို အသုံးပြု၍ ကိန်းထွေးများကို အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ကိန်းထွေးတစ်ခု ဆိုသည်မှာ a+bi သဏ္ဌာန်ရှိသည့် ကိန်းတစ်တွဲလုံးကို ဆိုသည်။ ဤတွင် a နှင့် b မှာ ကိန်းစစ်များဖြစ်သည်။ သာဓက၊ ။ ကိန်းထွေး -2+(1/3)i ၏ ကိန်းစစ်ပိုင်း (real part) မှာ -2 ဖြစ်ပြီး ကိန်းတေးပိုင်း (imaginary part) မှာ 1/3 ဖြစ်သည်။ ယေဘုယျဆိုရသော် ကိန်းထွေး a+bi ၏ ကိန်းစစ်ပိုင်းမှာ a ဖြစ်၍၊ ကိန်းတေးပိုင်းမှာ b ဖြစ်သည်။ ပိုမိုကျယ်ပြန့်သော အထွေထွေခြုံကြည့်မှု (generalization) အားဖြင့်မူ ကိန်းစစ်တိုင်းမှာ ကိန်းထွေးဖြစ်သည်။ အကြောင်းမှာ ကိန်းစစ် 4 ကို 4+0i ဟူ၍ ရေးနိုင်သောကြောင့် ကိန်းစစ် ၄မှာ ကိန်းစစ်ပိုင်း ၄ရှိပြီး ကိန်းတေးပိုင်း သုညရှိခြင်းဖြင့် ဖော်ဆောင်နေသည့် ကိန်းထွေးတစ်ခုဖြစ်သည်။ သို့သော် ကိန်းထွေးတိုင်း ကိန်းစစ်မဟုတ်ပါ။ ပို၍ တိတိကျကျ ဆိုရသော် ကိန်းတေးပိုင်း သုညမဟုတ်သည့် ကိန်းထွေးတိုင်းမှာ ကိန်းစစ်များအတွင်း မပါဝင်ကြတော့။ ကိန်းထွေးစုကို သင်္ကေတ သုံး၍ ရေးနိုင်သည်။ ကိန်းထွေးအစုကို ပို၍စနစ်ကျစွာ အဓိပ္ပာယ်သတ်မှတ် တည်ဆောက်လိုပါက သဘောနက် အက္ခရာသင်္ချာ (abstract algebra) ရှိ ကွင်း (ring) များ တိုးချဲ့တည်ဆောက်ခြင်းဟူသည့် သဘောတရားကို သုံးလေ့ရှိသည်။ ထိုသို့အဓိပ္ပာယ် ဖွင့်လိုပါက ဆိုသည်မှာ အပေါ်တွင် ကိန်းရင်းများဖြင့် ထပ်ဖြည့်တည်ဆောက်ထားသည့်အစု (algebraic closure of ) ဖြစ်သည်။ ကိန်းအမျိုးအစားအသီးသီးတို့ ဆက်နွယ်ချက် သဘာဝကိန်းတိုင်း ကိန်းပြည့်ဖြစ်သည်၊ ဤအချက်ကြောင့် သဘာဝကိန်းအစု သည် ကိန်းပြည့်အစု ၏ အစုငယ် (subset) တစ်ခုဖြစ်သည်ဟု ပြောလေ့ရှိသည်။ သင်္ကေတအားဖြင့် ဟူ၍ ရေးနိုင်သည်။ သို့သော် ကိန်းပြည့်တိုင်း သဘာဝကိန်း ဖြစ်သည်ဟု မဆိုသာ၊ သဘာဝကိန်းမဟုတ်သော ကိန်းပြည့်များ ရှိ၍ဖြစ်သည်။ ထို့ကြောင့် သဘာဝကိန်းစုနှင့် ကိန်းပြည့်စုနှစ်ခုမှာ မတူညီ။ ဤသည်ကို ဟု ရေးနိုင်သည်။ ဤ နှင့် နှစ်ချက်ကို ပေါင်း၍ ဟူ၍ ရေးနိုင်သည်။ ထိုအခါ ကိန်းစုအမျိုးမျိုးကြား ဆက်နွယ်မှုကို ဟု သင်္ချာသင်္ကေတများသုံး၍ ရေးနိုင်သည်။ ကိန်းပြည့်အမျိုးအစားများ စုံကိန်းနှင့် မကိန်း (Even vs. Odd) ကိန်းပြည့်များထဲတွင် ...၊ -၄၊ -၂၊ ၀၊ ၂၊ ၄၊ ... အစရှိသည်တို့ကို စုံကိန်းများဟု ခေါ်သည်။ အတိအကျဆိုရသော် ကိန်းပြည့် ၂ ဖြင့် စား၍ပြတ်သော (ဝါ) အကြွင်းမကျန်သော ကိန်းပြည့်ဟူသမျှကို စုံကိန်းများဟု ခေါ်သည်။ သုညကို ၂ ဖြင့်စားလျှင် အကြွင်းသုညသာ ကျန်သောကြောင့် သုညသည်လည်း စုံကိန်းတစ်ခုဖြစ်သည်။ နှစ်ခုတွဲ အစုံလိုက် အစုံလိုက် တွဲ၍ရသော ပမာဏများ ဖြစ်သောကြောင့် စုံ ဆိုသည့် ဝေါဟာရကို သုံးခြင်းဖြစ်သည်။ မြန်မာပြည် ကျေးလက်ဒေသအချို့တွင် တစ်စုံကို “တစ်ပြူ” ဟုလည်း ခေါ်လေ့ရှိရာ ကိန်းပြည့် ၂ ကို မြန်မာလို တစ်ပြူဟု ခေါ်သည်လည်း ရှိသည်။ မြန်မာကျေးလက်ရှိ ကလေးများ ရေတွက်တတ်စေရန် ၂၊ ၄၊ ၆၊ ၈၊ ၁၀ စသည့် စုံကိန်းပြည့်များကို “တစ်ပြူ၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အကျိုး” ဟု စကားပုံဆောင်၍ မှတ်သည်လည်း ရှိသည်။ စုံကိန်းမဟုတ်သော ကိန်းပြည့်များကို မ ကိန်းဟုခေါ်သည်။ ...၊ -၃၊ -၁၊ ၁၊ ၃၊ ... စသည့် ကိန်းပြည့်များမှာ မကိန်းများဖြစ်သည်။ အတိအကျဆိုရသော် ကိန်းပြည့် ၂ ဖြင့်စားသောအခါ အကြွင်း ၁ ကျန်သော ကိန်းပြည့်ဟူသမျှကို မကိန်းများဟု ခေါ်သည်။ စုံကိန်းစုနှင့် မကိန်းစုကို သင်္ကေတအဖုံဖုံ သုံး၍ကိုယ်စားပြုတတ်ကြသည်။ အုပ်စုသီအိုရီ (group theory) မှလာသည့် နှင့် ကို စုံကိန်းစုနှင့် မကိန်းစု အသီးသီးတို့ကို ဖော်ပြရန် သင်္ချာပညာရှင်များကြားတွင် သုံးလေ့ရှိသည်။ သုဒ္ဓကိန်းပြည့်များ (Prime Integers) တစ်ထက်ကြီးသော အပေါင်းကိန်းပြည့်တစ်ခုသည် ၎င်းကိန်းပြည့်ကိုယ်တိုင်နှင့် ကိန်းပြည့် ၁ မှအပါး အခြားဆခွဲကိန်းမရှိပါက ၎င်းကိန်းပြည့်ကို သုဒ္ဓကိန်းပြည့်ဟု အများအားဖြင့် ခေါ်ကြသည်။ တစ်နည်းဆိုရသော် သုဒ္ဓကိန်းတစ်ခုကို ၎င်းကိန်းကိုယ်တိုင်နှင့် ကိန်းပြည့် ၁ မှအပါး အခြားမည်သည့် အပေါင်းကိန်းပြည့်နှင့်မှ စား၍မပြတ်ပါ။ သာဓကအားဖြင့် ဆိုရသော် ၂၊ ၃၊ ၅၊ ၇၊ ... အစရှိသည်တို့မှာ အပေါင်းသုဒ္ဓကိန်းပြည့်များ ဖြစ်ကြသည်။ သုဒ္ဓကိန်းများ၏ လူသိများသော အထက်ဖော်ပြပါ အဓိပ္ပာယ်သတ်မှတ်ချက်အပြင် ပို၍ယေဘုယျကျသော၊ ပို၍တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်ကို ကွင်းသီအိုရီ (ring theorey) တွင်တွေ့နိုင်သည်။ ၎င်းအဓိပ္ပာယ်သတ်မှတ်ချက်အရဆိုလျှင် ယူနစ် (unit) (ဆိုလိုသည်မှာ တစ်နှင့် အနှုတ်တစ်) မဟုတ်သည့် ကိန်းပြည့် သည် ကိန်းနှစ်ခု၏မြှောက်လဒ် ကို စား၍ပြတ်ပါက ၎င်းကိန်းနှစ်လုံးထဲမှ အနည်းဆုံးတစ်လုံးကိုလည်း စား၍ပြတ်မှသာ (ဆိုလိုသည်မှာ သည် ကိုသော်လည်းကောင်း၊ ကိုသော်လည်းကောင်း စား၍ပြတ်မှသာ) ထိုကိန်းပြည့် ကို သုဒ္ဓကိန်းဟုခေါ်သည်။ သာဓကအရ ကိန်းပြည့် ၂ ကိုကြည့်ပါ။ မည်သည့်ကိန်းနှစ်ခု၏ မြှောက်လဒ်ကိုမဆို ၂ ဖြင့်စား၍ပြတ်ပါက ထိုကိန်းနှစ်လုံးထဲမှ အနည်းဆုံးတစ်လုံးကိုလည်း ၂ ဖြင့်စား၍ ပြတ်သည်၊ ထို့ကြောင့် ၂ သည် သုဒ္ဓကိန်းတစ်ခုဖြစ်သည်။ ဤအဓိပ္ပာယ်သတ်မှတ်ချက်အရဆိုလျှင် ကိန်းပြည့်စုထဲရှိ -၂၊ -၃၊ -၅၊ -၇၊ ... စသည်တို့သည်လည်း သုဒ္ဓကိန်းများ ဖြစ်ကြသည်။ သုဒ္ဓကိန်းများကို သင်္ချာသန့်သန့်နယ်ပယ်တွင်သာမက အသုံးချသင်္ချာ၊ သိပ္ပံနှင့် နည်းပညာ စသည့် ဘာသာရပ် နယ်ပယ်အသီးအသီးတို့တွင် တွေ့နိုင်သည်။ သုဒ္ဓကိန်းတို့၏ ဂုဏ်သတ္တိ မြောက်မြားစွာအနက် အချို့မှာ လူသိများသည်။ ကိန်းပြည့် ၂ သည် တစ်ခုတည်းသော အပေါင်း စုံ သုဒ္ဓကိန်းဖြစ်ပြီး၊ ကျန် အပေါင်း သုဒ္ဓကိန်းများမှာ မကိန်းများဖြစ်သည်။ တစ်ထက်ကြီးသော အပေါင်းကိန်းပြည့်များကို သုဒ္ဓကိန်းများသက်သက်သာ သုံး၍ ဆခွဲကိန်း ခွဲနိုင်သည်။ (ဤအချက်ကို ဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ် Fundamental Theorem of Arithmetic ဟုခေါ်သည်။) သုဒ္ဓကိန်းများနှင့် ပတ်သက်၍ သက်သေမပြရသေးသောအဆိုများ (conjectures) များလည်းရှိ၏။ ၎င်းတို့အနက် “နှစ်ထက်ကြီးသော စုံကိန်းများကို သုဒ္ဓကိန်းနှစ်ခု၏ ပေါင်းလဒ်အဖြစ် ဖော်ပြနိုင်သည်” ဆိုသည့် ဂိုးဘ၏ အဆို (Goldbach's conjecture) သည် ထင်ရှားသည်။ အခြားကိန်းပြည့်အမျိုးအစားများ အထက်ဖော်ပြပါ ကိန်းပြည့်များအပြင် သင်္ချာနှင့် အခြားပညာရှင်များ လေ့လာစူးစမ်းသည့် အခြားကိန်းပြည့်အမျိုးအစားများလည်း ရှိသည်။ ထင်ရှားသော သာဓကများမှာ ဖီဘိုနာချီကိန်းစဉ်တန်း (Fibonacci sequence) (OEIS ရှိ A000045) နှင့် ဆခွဲပေါင်းကိန်းဟု ခေါ်ဆိုနိုင်မည့် perfect number (OEIS ရှိ A000396) တို့ဖြစ်သည်။ ကျန်ရှိသော ကိန်းစဉ်တန်းအမျိုးအစားများကို On-Line Encyclopedia of Integer Sequences (OEIS) တွင် ကြည့်နိုင်သည်။ ကိန်းထွးအမျိုးအစားများ ကိန်းစစ်နှင့် ကိန်းတေး (Real vs. Imaginary) အထက်ပါ ကိန်းထွေး ခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ ကိန်းစစ်များဖြင့် မလုံလောက်သောအခါ ကိန်းထွေးများကိုလည်း အသုံးပြုရန်လိုအပ်လာသည်။ ကိန်းစစ်စုနှင့် ကိန်းထွေးစုတို့အကြား ဆက်နွယ်ချက်မှာ ဖြစ်သည်။ တစ်နည်းဆိုရသော် ကိန်းစစ်တိုင်း ကိန်းထွေးဖြစ်သော်လည်း ကိန်းစစ်မဟုတ်သော ကိန်းထွေးများလည်း ရှိသည်။ ထိုသို့ ကိန်းစစ်မဟုတ်သော ကွန်ကိန်းထွေးများကို ကိန်းတေးသီးသန့်များ (pure imaginary numbers) ဟု ခေါ်ဆိုသည်။ ထိုကိန်းတေးများသည် bi ပုံသဏ္ဌာန် (ဤတွင် b မှာ ကိန်းစစ်တစ်ခု) ရှိကြသည်။ သာဓက၊ ။ ကိန်းစစ်များကို ကိန်းစစ်မျဉ်းတစ်ခုတည်းဖြင့် ဖော်ပြ၍ ရသော်လည်း ကိန်းထွေးများကိုမူ ကိန်းမျဉ်းနှစ်ခု (ကိန်းစစ်ပိုင်းအတွက် အလျားလိုက်ဝင်ရိုး၊ ကိန်းတေးပိုင်းအတွက် ထောင်လိုက်ဝင်ရိုး) သုံးမှ ဖော်ပြနိုင်သည်။ ထိုသို့ဖော်ပြသည့်စနစ်ကို ကိန်းထွေးပြင် (complex plane) ဟုခေါ်သည်။ ကိန်းစစ်များသည် ကိန်းထွေးပြင်တွင် အလျားလိုက်ဝင်ရိုးပေါ်ရှိ ကိန်းများဖြစ်ပြီး၊ ကိန်းတေးများသည် ထောင်လိုက်ဝင်ရိုးပေါ်ရှိ ကိန်းများဖြစ်သည်။ ကိန်းတေး(သီးသန့်) အစုကို ဟု သင်္ကေတပြု၍ ဖော်ပြနိုင်သည်။ ရာရှင်နယ်ကိန်းစစ်နှင့် အီရာရှင်နယ်ကိန်းစစ် (Rational vs. Irrational) ရာရှင်နယ်ကိန်းများခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည့်တိုင်း ရာရှင်နယ်ကိန်းတိုင်းသည် ကိန်းစစ်ဖြစ်သော်လည်း ရာရှင်နယ်ကိန်းမဟုတ်သော ကိန်းစစ်များလည်းရှိသည်။ ထို ရာရှင်နယ်ကိန်းမဟုတ်သော ကိန်းစစ်များကို အီရာရှင်နယ်ကိန်း (irrational number) (ဝါ) အပိုင်းကိန်း အတိဖော်ပြမှု မရနိုင်သည့် ကိန်းစစ်များ ဟု ခေါ်သည်။ တစ်နည်းဆိုရသော် အဆုံးလည်းမသတ်၊ ပြန်လည်းမထပ်သည့် ဒသမကိန်းများမှာ အီရာရှင်နယ်ကိန်းများဖြစ်သည်။ သာဓကအားဖြင့် နှင့် တို့မှာ အီရာရှင်နယ် (အတိမပြ)ကိန်းစစ်များ ဖြစ်ကြသည်။ အစုသီအိုရီရှိ အစုအရွယ်အစား (cardinality of a set) သဘောအရဆိုလျှင် ကိန်းစစ်စုအတွင်းရှိ ကိန်း “အားလုံးနီးပါး” (almost all) မှာ အီရာရှင်နယ်ကိန်းများဖြစ်ကြသည်။ (ဤတွင် “အားလုံးနီးပါး” ဟူသောအသုံးမှာ သာမန်မြန်မာစာ အသုံးမဟုတ်ဘဲ အစုသီအိုရီနှင့် အတိုင်းအတာသီအိုရီ (measure theory) ဆိုင်ရာ တိကျသည့် အဓိပ္ပာယ်သတ်မှတ်ချက် ရှိသည်။) အီရာရှင်နယ်ကိန်းစစ်အစုကို ဟုသင်္ကေတပြုနိုင်သည်။ ကိန်းရင်းနှင့် ကိန်းလွန် (Algebraic vs. Transcendental) ကွန်ပလက်စ်ကိန်းတစ်ခုကို ကိန်းပြည့်အမြှောက်ကိန်း (integer coefficient) များသာပါဝင်သည့် ပိုလီနိုမီရယ် ညီမျှခြင်းတစ်ခု၏ ကိန်းရင်းအဖြေ (root) အဖြစ်ဖော်ပြနိုင်ပါက ၎င်းကွန်ပလက်ကိန်းကို ကိန်းရင်းဟု ခေါ်သည်။ သာဓကဆောင်ရသော် -၃ မှာ ၏ အဖြေတစ်ခုအဖြစ် ဖော်ပြနိုင်သောကြောင့် ကိန်းရင်းတစ်ခုဖြစ်သည်။ ရာရှင်နယ်ကိန်းတိုင်းမှာ a/b (ဤတွင် b မှာ သုညမဟုတ်) သဏ္ဌာန်ရှိ၍ ပိုလီနိုမီရယ်ညီမျှခြင်း၏ အဖြေဖြစ်ရာ ရာရှင်နယ်ကိန်းတိုင်းမှာ ကိန်းရင်းများဖြစ်သည်။ ထို့အတူ နှင့် တို့မှာ အီရာရှင်နယ်ကိန်းနှင့် ကိန်းယောင်အသီးသီး ဖြစ်သော်လည်း နှင့် တို့၏ မသိကိန်းအဖြေများ အသီးသီးဖြစ်သောကြောင့် ၎င်းတို့မှာလည်း ကိန်းရင်းများ ဖြစ်ကြသည်။ ကိန်းရင်းမဟုတ်သော ကိန်းထွေးများကို ကိန်းလွန်များ (transcendental numbers) ဟုခေါ်သည်။ တစ်နည်းဆိုရသော် ကိန်းပြည့်အမြှောက်ကိန်းသက်သက်ပါ ပိုလီနိုမီရယ် ညီမျှခြင်းတစ်ခု၏ အဖြေအဖြစ် ဖော်ပြ၍မရသော ကိန်းထွေးများကို ကိန်းလွန်များဟု ခေါ်သည်။ သာဓကဆိုရသော် ၊ အစရှိသည်တို့ဖြစ်သည်။ အခြားကိန်း အမျိုးအစားများ အထက်ဖော်ပြပါ ကိန်းအမျိုးအစားများအပြင် တွက်ချက်နိုင်သောကိန်းများ (computable numbers)၊ “p-အခြေခံကိန်းများ” ဟုခေါ်ဆိုနိုင်မည့် p-adic ကိန်းများ၊ ဟိုက်ပါကွန်ပလက်စ် (hypercomplex) ကိန်းများ၊ စံမဟုတ်သည့် ကိန်းများ (non-standard numbers) စသည်ဖြင့် ကိန်း၏သဘောတရားကို ချဲ့ထွင်ပြုပြင်ထားသော ကိန်းများစွာလည်းရှိသေးသည်။ သမိုင်းကြောင်း ကိန်းများစတင်အသုံးပြုလာခြင်း သမိုင်းဦးမတင်မီခေတ်ကပင် ကိန်းများကိုစတင်အသုံးပြုလာသော အထောက်အထားများရှိသည်။ တိရစ္ဆာန်အရိုးစသည့် ပစ္စည်းများတွင် ကိုက်ရာများဖြင့် တာလီမှတ်ခဲ့သည်ဟု ခန့်မှန်းကြသည်။ သို့သော် တာလီစနစ်တွင် နေရာလိုက်တန်ဖိုး (positional value) သဘောကို အသုံးမပြုသောကြောင့် အကန့်အသတ်များ ရှိသည်။ ရှေးအကျဆုံးသော ကိန်းစနစ်များဖြစ်သည့် အီဂျစ်၊ ရောမ၊ ဟီဘရူးနှင့် ဂရိကိန်းစနစ်များတွင် နေရာလိုက်တန်ဖိုးကို အသုံးမပြုသော်လည်း၊ အခြားကိန်းစနစ်များဖြစ်သည့် ဘေဘီလုံ ကိန်းစနစ်၊ အိန္ဒိယကိန်းစနစ်တစ်မျိုး၊ တရုတ်ကိန်းစနစ်တစ်မျိုးနှင့် မာယာကိန်းစနစ်တို့တွင် နေရာကို အခြေခံ၍ တန်ဖိုးတွက်သည့် သဘောကိုတွေ့နိုင်သည်။ သုညကို စတင်အသုံးပြုလာခြင်း သုညကို စတင်၍ အမှတ်အသားပြုသူတို့မှာ ဆူမယ်ရီယန် (Sumerian) များဖြစ်သည်ဟု ခန့်မှန်းရသည်။ သို့သော် သုည၏သဘောတရား၊ သုည၏နေရာလိုက်တန်ဖိုး စသည်တို့ကိုမူ ဆူမယ်ရီယန်တို့ အသေအချာ နားလည်ခဲ့ပုံမရချေ။ သင်္ချာအခြေခံများကို အီဂျစ်တို့ထံမှ သင်ယူခဲ့သည့် ဂရိပညာရှင်သည်လည်း ထိုသဘောကို နားလည်ကြောင်း အထောက်အထား အခိုင်အမာ မတွေ့ရပေ။ သုညကို သင်္ကေတအဖြစ်သာမကဘဲ သဘောတရားတစ်ခုအဖြစ်ပါ အသေအချာ စတင်အသုံးပြုခဲ့သူများမှာ အိန္ဒိယလူမျိုးများဖြစ်သည်။ အိန္ဒိယမှ ဗြာဟ္မဂုတ္တ (Brahmagupta) သည် ၆၅၀စီအီးတွင် သုညကိုသုံး၍ ဂဏန်းသင်္ချာတွက်ချက်ခြင်းကို စနစ်တကျလုပ်ဆောင်ခဲ့သည်။ သင်္ကရိုက် (Sanskrit) ဘာသာဖြင့် သုညကို “sunya” ဟုခေါ်ရာမှ မြန်မာဘာသာရှိ ပါဠိမွေးစားစကားလုံး “သုည” ဖြစ်လာဟန်ရှိသည်။ အာရပ်ကုန်သည်များသည် အိန္ဒိယမှ ဟင်းခတ်အမွှေးအကြိုင်နှင့် အခြားကုန်ပစ္စည်းအသစ်အဆန်းများအပြင် ဗြာဟ္မဂုတ္တ၏ သင်္ချာကျမ်းကိုပါ ပြန်လည်သယ်ဆောင်လာကြရာ ၇၇၃စီအီးသို့ရောက်သော် (ယခုခေတ် အီရတ်နိုင်ငံရှိ) ဘဂ္ဂဒက်မြို့သို့ သုည၏သဘောတရား ရောက်ရှိပြီးဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် သုည၏သဘောတရား ပြန့်ပွားစည်ပင်လာရာ ကိုးရာစုနှစ်သို့ ရောက်သောအခါ မိုဟာမက် အီဘင်မူဆာ အယ်ခိုဝါရစ်ဇမီ (Mohammed ibn-Musa al-Khowarizmi) သည် သုညပါ ညီမျှခြင်းများကို စတင်လေ့လာခဲ့ပြီး မြှောက်ခြင်းနှင့် စားခြင်းတို့ကို အမြန်တွက်နည်းတို့ကိုလည်း တီထွင်တွေ့ရှိခဲ့သည်။ အယ်ခိုဝါရစ်ဇမီက သုညကို “sifr” ဟုခေါ်ခဲ့သည်။ ခုနှစ် ၈၇၉စီအီးသို့ရောက်သော် သုညကို မျက်မှောက်ခေတ်ရေးသားပုံအတိုင်း ဘဲဥပုံဖြင့် ရေးသားလာကြသည်။ စပိန်ပြည်တောင်ပိုင်းကို မောတို့ (Moors) သိမ်းပိုက်ရာမှစပြီး တစ်ဆယ့်နှစ်ရာစုအလယ်ပိုင်းသို့ ရောက်သောအခါ အယ်ခိုဝါရစ်ဇမီ၏ကျမ်းကို ဘာသာပြန်ထားသောကျမ်းများသည် အင်္ဂလန်သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ ကုန်သွယ်စီးပွားရေးရာများတွင် သုညသည် အလွန်အသုံးဝင်သော်လည်း သုညနှင့် နေရာလိုက်တန်ဖိုးကို အသုံးပြုရေးသားထားသော နံပါတ်များကို တုပပြင်ဆင်ရေးသားရန် လွယ်ကူလွန်းသည်ဟုဆိုကာ ဥရောပရှိ အစိုးရများက သုညနှင့် အာရေဗျ ကိန်းစနစ်ကို ပိတ်ပင်ခဲ့သည်များလည်းရှိသည်။ သို့သော် ကုန်သည်များက လျှို့ဝှက်သုံးစွဲခဲ့ရာမှာ “sifr” ခေါ်သုည၏ အာရေဗျအမည်မှ ရွေ့လျောလာသည့် “cipher” ဆိုသည့် မျက်မှောက်ခေတ်စကားလုံးမှာ ဝှက်စာ ဟု အဓိပ္ပာယ်ရလာသည်။ နောင်တွင် ရနေးဒေးကား (Rene Descartes) ၏ နာမည်ကျော် ကာတေးရှန်း ကိုဩဒိနိတ်စနစ်တွင် လည်းကောင်း၊ အခြားသင်္ချာပညာရှင်များဖြစ်သည့် နယူတန် (Newton) နှင့် လိုက်ဘနစ် (Leibniz) စသည်တို့၏ လေ့လာမှုများတွင် သုညကို အသုံးပြုခဲ့ပြီး ကဲကုလပ်နှင့် အခြားသင်္ချာဆိုင်ရာ တိုးတက်မှုများ ပေါ်ပေါက်ခဲ့ပေသည်။ အနုတ်ကိန်းများ စတင်အသုံးပြုလာခြင်း အနုတ်ကိန်းဟူသည့် သဘောတရားကို အစောဆုံး ၁၀၀ ဘီစီအီး နှင့် ၅၀ ဘီစီအီးအကြားတွင် တရုတ်လူမျိုးတို့ သိမြင်နားလည်ခဲ့ပုံရသည်။ “သင်္ချာအနုပညာနှင့် ပတ်သက်သည့် အခန်းကိုးခန်း” အမည်ရ တရုတ်ကျမ်းတွင် ပုံသဏ္ဌာန်အမျိုးမျိုး၏ ဧရိယာရှာပုံရှာနည်းကို ဖော်ပြရာတွင် အပေါင်းအမြှောက်ကိန်း (positive coefficient) များကို အနီရောင်အစက်ပြောက်များနှင့်လည်းကောင်း၊ အနုတ်အမြှောက်ကိန်း (negative coefficient) များကို အနက်ရောင်အစက်ပြောက်များနှင့်လည်းကောင်း ကိုယ်စားပြုရေးသားထားသည်။ သုံးရာစုနှစ်အတွင်းသို့ ရောက်သောအခါ ဂရိပညာရှင် ဒိုင်အိုဖန်တပ် (Diophantus) ၏ Arithmetica ခေါ် ဂဏန်းသင်္ချာကျမ်းတွင် ဟူ၍ ယခုခေတ်ပုံစံဖြင့် ရေး၍ရမည့် ညီမျှခြင်းကို ဖြေရှင်းရာတွင် ရရှိသည့် အနုတ်ကိန်းအဖြေကို အဓိပ္ပာယ်မရှိဟု ကျမ်းပြုသူကိုယ်တိုင် မှတ်ချက်ချဖူးသည်။ ဒိုင်အိုဖန်တပ်သည် အနုတ်ဂဏန်းပါ တွက်ချက်မှုအချို့ကို ပြုလုပ်ခဲ့သော်လည်း အနုတ်၏ ယေဘုယျသဘောတရားအကြောင်းကို ရှင်းလင်းရေးသားခဲ့ခြင်းမရှိပေ။ စီအီး ခုနစ်ရာစုသို့ ရောက်သောအခါမှသာ အိန္ဒိယပညာရှင် ဗြာဟ္မဂုတ္တ၏ကျမ်းတွင် နှစ်ထပ်ကိန်းညီမျှခြင်းရှင်းနည်းကို အနုတ်ကိန်းများသုံး၍ ဖော်ပြခဲ့သည်။ အနုတ်ကိန်းသုံး၍ တွက်ချက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းများကိုလည်း ရေးသားခဲ့သည်။ နောက်ပိုင်းရာစုများတွင် အနုတ်ကိန်းအကြောင်းကို ကမ္ဘာအရပ်ရပ်မှ ပညာရှင်တို့ မှတ်ချက်ပြုရေးသားခဲ့သော်လည်း ဤအနုတ်သဘောကို အလွယ်တကူ လက်ခံခဲ့ခြင်းမရှိပေ။ စီအီး ကိုးရာစု အရှေ့အလယ်ပိုင်းမှ အယ်ခိုဝါရစ်ဇမီက အနုတ်ကိန်းများကို အသုံးမပြုဘဲ နှစ်ထပ်ကိန်းညီမျှခြင်းရှင်းနည်းကို ခြောက်မျိုးခွဲ၍ရေးသားခဲ့ပြီး၊ တစ်ဆယ့်နှစ်ရာစု အိန္ဒိယမှ ဘက်ရှ်ကာရာ (Bhaskara) က အနုတ်ကိန်းရင်းအဖြေကို “မပြည့်စုံ၍၊ လူတို့သဘောမတူ၍ ယူစရာမလို” ဟုလည်းကောင်း၊ ဆယ့်ငါးရာစု ဥရောပမှ ရှူကေး (Chuquet) က “အဓိပ္ပာယ်မရှိသော နံပါတ်များ” ဟူ၍လည်းကောင်း၊ ဆယ့်ခြောက်ရာစု ဥရောပမှ ရှတီဖယ်က သုညထက်နည်းသည့် အတုအယောင်ကိန်း အဖြစ်လည်းကောင်း၊ ဆယ့်ခုနစ်ရာစု ဥရောပမှ ဒေးကားက အနှုတ်ကိန်းရင်းများသော အဖြေမှားများ အဖြစ်လည်းကောင်း အသီးသီး ရေးသားခဲ့ကြသည်။ သမိုင်းအဆက်ဆက်မှ ပညာရှင်အချို့က အနုတ်ကိန်းကို အလုံးစုံသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းမျှသာလည်းကောင်း လက်ခံခဲ့သည့် ဖြစ်ရပ်များ ရှိသော်လည်း ၁၉ရာစု နောက်ပိုင်းရောက်မှသာ အနုတ်ကိန်းများကို တဖြည်းဖြည်း တွင်ကျယ်စွာ အသုံးပြုလာဟန်ရှိသည်။ ကိုးကား သင်္ချာ သဒ္ဒါ ကိန်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8
အနော်ရထာ
အနော်ရထာမင်းစော သည် ပထမမြန်မာနိုင်ငံတော်ကို တစ်စုတစ်စည်းတည်းဖြစ်ရန်ပထမဆုံးကြိုးပမ်းထူထောင်ခဲ့သူ ဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်း ၏ သားတော်ဖြစ်သည် ထီးနန်းရရှိပုံ အနော်ရထာမင်းသည် ပထမ မြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ အနော်ရထာကား ပုဂံပြည့်ရှင် ကွမ်းဆော်မင်းဟုလည်းတွင်သော ကြောင်ဖြူမင်းနှင့် မိဖုရားမြောက်ပြင်သည်တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော်တစ်ဦး ဖြစ်သည်။ ခမည်းတော်အား နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော် စုက္ကတေး နှင့် အနော်ရထာသည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွား၍ ခမည်းတော်အား မင်းပြုရန် တောင်းပန်လေသည်။ ခမည်းတော်သည် ငါအသက်အရွယ်ကြီးပြီ၊ အမောင်သာ မင်းပြုတော့ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆ ခုနှစ်တွင် ရာဇာဘိသေက ခံ၍ နန်းတက်သည်။ ခမည်းတော်အားလည်း မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားအကုန် ကျင်းပစေ၍ ရဟန်းမင်းပြုစေသည်။ အနော်ရထာမင်း နန်းတက်သက္ကရာဇ်ကို မှန်နန်းရာဇဝင်၌ ၃၇၉ ခုနှစ်ဟုဆို၍ ဦးကုလားမဟာရာဇဝင်၌ ၃၄၆ ခုနှစ်ဟုဆိုသည်။ သို့ရာတွင် ဇာတာတော်ပုံ ရာဇဝင် အရလည်းကောင်း၊ ကျောက်စာ များနှင့် လည်းကောင်း ညှိနှိုင်းကြည့်သောအခါ ၄၀၆ ခုနှစ်ဟု တွေ့ရသည်။ ကွမ်းဆော်ကြောင်ဖြူမင်း ထီးနန်းကျပြီးနောက် သားတော် စုက္ကတေး ထီးနန်းပြုနေခဲ့သည်။ စုက္ကတေး သည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ အနော်ရထာသည် စုက္ကတေးအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် စစ်အင်အား စုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကြေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေး နှင့် မြင်းကပါ အရပ်တွင် တစ်ဦးချင်း စီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်းဖြစ်လာခဲ့သည်။ တိုင်းပြည်အတွက် ကြိုးပမ်းပုံ အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် ဩဇာ ပြန့်နှံ့ရာအရပ်မှာ ယခု မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မကွေး၊ စစ်ကိုင်း၊ ကသာ၊ ပခုက္ကူ၊ မင်းဘူးတဝိုက်မျှသာ ကျယ်ဝန်းဟန် တူသည်။ အနော်ရထာမင်းကြီးသည် နန်းတက်သည်နှင့် တပြိုင်နက် နိုင်ငံစီးပွားရေးနှင့် စစ်အင်အားကို စည်းရုံးခဲ့သည်။ စီးပွားရေးအင်အား တောင့်တင်းရန်အတွက် ကျောက်ဆည်နယ်၌ တူးမြောင်းများကို စနစ်တကျ ဆည်ဖို့စေလျက် မြစ်ငယ်မြစ်၊ ပန်းလောင်မြစ်နှင့် စမုန်မြစ်တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါးကောက်ပဲသီးနှံ အများအပြား ထွက်အောင် စီမံခန့်ခွဲခဲ့သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာလေသည်။ စားရေရိက္ခာ လုံလောက်ပေါများ လာသောအခါ အနော်ရထာမင်းသည် စစ်သည်ရဲမက်တို့ကို အရေးပေါ်လျှင် ပေါ်သည့်အားလျော်စွာ စုရုံး ဖွဲ့စည်းနိုင်ခဲ့သည်။ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများကိုလည်း မြတ်နိုးစွာ မြှောက်စားချီးမြှင့်ခဲ့၏။ ထို့ကြောင့်လည်း အမတ်သူရဲကောင်းများ ပေါများလေသည်။ အမတ်သူရဲကောင်းများအနက် ကျန်စစ်သားသည် အမြော်အမြင်နှင့်ပြည့်စုံ၍ လက်ရုံးတဆူ အားကိုးရသူဖြစ်သည်။ ကျန်အမတ် သူရဲကောင်းများမှာ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ဗျတ္တနှင့် ရွှေဖျဉ်းညီနောင် စသည်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံကြီးကို စည်းရုံး ဖွဲ့နှောင်လျက် ပြုစုပျိုးထောင်ရာ၌ ဤသူရဲကောင်းများသည် ကြီးစွာသော အကူအညီပေးခဲ့သည်။ မင်းတရားကြီးသည် စစ်တပ်ကို ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာ၊ မြို့၊ ခရိုင်တို့၏ အင်အားကိုလိုက်၍ အချိုးကျ ပါဝင်စေခဲ့သည်။ စစ်သည်များကို အချိုးကျ နည်းစနစ်နှင့် အရဖြည့်တင်းပြီး အနော်ရထာမင်းကြီးသည် တကွဲတပြားစီ ဖြစ်နေသော ပြည်နယ်များကို တိုက်ခိုက်သိမ်းသွင်းခဲ့သည်။ အထက်တခွင်၌ နန်ချောင်မင်းတို့၏ ရန်ကို တားဆီးနိုင်၍ ဗန်းမော်၊ မြစ်ကြီးနားဒေသတဝိုက်အထိ မိမိ၏ အာဏာကို သက်ရောက်ပြန့်နှံ့စေလေသည်။ နန်ချောင်မှ အပြန် မောမည်သော ရှမ်းပြည်ကို အုပ်စိုးသည့် မင်းက သမီးတော်စောမွန်လှအား ဆက်သလိုက်သည်ကို ထောက်၍လည်း မြန်မာတို့ မည်မျှ အင်အားကြီးမား၍ နေကြောင်း သိသာသည်။ သာသနာပြုခြင်း အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါး နှင့် အရည်းကြီးတို့ကိုလည်းကောင်း အလုံးစုံကို ရောနှော၍ ကိုးကွယ်နေကြလေသည်။ ထိုအခါ ဘာသာယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုကဲ့သို့ အယူဝါဒများရောထွေးယှက်တင်လျက် သူတလူငါတစ်မင်း​​ပြောဟောနေသည်တို့အား ကိုးကွယ်နေရခြင်းကို မနှစ်သက်သဖြင့် ရှင်းလင်းတိကျပြီး နာယူကျင့်ကြံဖို့ သင့်တော်‌လျောက်ပတ်သောတရားကို ညွန်ပြကာ မည်သည်က ဓမ္မ မည်သည်က အဓမ္မ၊ မည်သည်က ဝိနယ၊ မည်သည်က အဝိနယ အဆုံးအဖြတ်ပေးနိုင်မည့် သူမျိုးနှင့် ထိုသူ၏ အဆုံးအမမျိုးကိုသာ တောင့်တနေခိုက် အောက်ပြည်သထုံကို ကြွမ်(ဂျွမ်း၊ ခမာ)တို့ စစ်ပြုလာသောကြောင့် စစ်ရှောင်ရန် ပုဂံဘက်သို့ ထွက်ကြွလာသော ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာစဉ် မထေရ်၏ အပြုအမူ အနေအထိုင် အပြောအဆိုတို့ကိုကြည့်ကာ သဘောကျသဖြင့် သူ၏ အဆုံးအမတိုင်းသာ လိုက်ရန် ဆုံးဖြတ်‌လေသည်။ ထိုသို့ ဆုံးဖြတ်ပြီးနောက် ပုဂံတွင် အရောရောအနှောနှော ဖြစ်လျက်ရှိသည့် အယူဝါဒပေါင်းစုံနှင့်တကွ တခြားတန္တရဝါဒများ ထေရဝါဒရဟန်းများကို ရှင်အရဟံမထေရ်၏ အကူအညီ ယူလျက် စစ်ဆေးကာ ခွဲထုတ်ပြီး အသောကမင်းလက်ထက်တွင် ပြုမူသကဲ့သို့ သာသနာတော်သန့်ရှင်းရေး ပြုပြီး မင်းနှင့် တကွ တပြည်လုံး ထေရဝါဒဗုဒ္ဓဘာသာအဖြစ်သို့ ပြန်တည်ကြသည်။ မြန်မာနိုင်ငံတွင် ဗမာမင်းနှင့် ပြည်သူတို့သည် သရေခေတ္တရာခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ခဲ့ကြသူများ မှန်သော်လည်း တခြားတန္တရဝါဒများ ရောက်မလာသေး၍လည်းကောင်း၊ ရောက်လာသော်လည်း အားမကောင်းသေး၍လည်းကောင်း၊ ဘာသာရေးကို ရှေ့တန်းမတင်လွန်းသေး၍လည်းကောင်း သာသနာသန့်ရှင်းရေး စသည့်အလုပ်များ လုပ်ဆောင်မှု မရှိခဲ့ကြဘဲ မိမိတို့ ယုံကြည်ရာကိုသာ အဆင်ပြေသလို ကိုးကွယ်ကြရင်း အခြားသော အယူဝါဒရှိသူများကိုလည်း လက်ခံထားရင်း ရောနှောကိုးကွယ်လာခဲ့ကြရာက သာသနာတော်သန့်ရှင်းရေး ပြုလုပ်ကာ တသီးတသန့် နိုင်ငံတော်ဘာသာသဘောမျိုး သတ်မှတ်ပြီး ကိုးကွယ်မှုကို ပြုလုပ်မှုမှာ အနော်ရထာမင်းသည် အစောဆုံးဟု ယူဆနိုင်သည်။ တနိုင်ငံလုံးနီးနီး ဗုဒ္ဓဘာသာဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့သူမှာလည်း အနော်ရထာမင်းပင် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ နိုင်ငံတော်ဘာသာ အစ- အနော်ရထာမင်းက ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် အနော်ရထာမင်းက စတင် သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓဘာသာ(နိုင်ငံတော်ဘာသာ ) သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ ဗမာဘုရင် အနော်ရထာမင်း နန်းတက်ခဲ့သည့် ခရစ်နှစ် ၁၀၄၄ က စပြီး ရေတွက်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၉၇၆ ( ခရစ်နှစ်၂၀၂၀ - ၁၀၄၄= ၉၇၆ ) က ပထမ စတင် သတ်မှတ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ နိုင်ငံတော်အနှံ့ရှိ ပိဋကတ်တော်မူ မျိုးအစုံတို့ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည်စသည်တို့ကိုလည်း ပုဂံနေပြည်တော်သို့ ‌‌ခေါ်ယူလေသည်။ ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို သရေခေတ္တရာသုံး ဗမာအက္ခရာများနှင့် ရေးထားသည့် ရှေးပိဋကတ်ကျမ်းများနှင့်လည်းကောင်း၊ သထုံမှ ရလာသည့် တလိုင်းအက္ခရာသုံး ပိဋကတ်ကျမ်းများနှင့်လည်းကောင်း ရှင်အရဟံဦးဆောင်သော ရဟန်းတော်များအား စစ်ဆေးအတည်ပြုစေပြီး ရှေးဟောင်း သရေခေတ္တရာသုံး ဗမာအက္ခရာကိုပင် ပြုပြင်ထားသော ပုဂံခေတ်သုံး ဗမာအက္ခရာဖြင့် ပေထက် တင်စေပြီးလျှင် ပုဂံမြို့တွင် ပိဋကတ်တိုက် ဆောက်၍ လှူဒါန်းလေသည်။ ထိုသို့ ပိဋကတ်တို့ကို သုဓ်သင်၍ ပေထက်တင်မှုမှာ သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာတင်သကဲ့သို့ပင် ဖြစ်လေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံ တို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမဆုံး အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။ ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ မူလရခိုင်ဒေသအမည်တွင်သော ရခိုင်ပြည် မြောက်ပိုင်း စစ်ပွဲတွင် ဗမာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး ဗမာ့လက်အောက်ခံ တိုင်းပြည်တစ်ခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းကို ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။ မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းခုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။ ပုဂံ အနော်ရထာနှင့် သထုံ စစ်ပွဲ ရှင်အရဟံ၏ ပြောကြားချက်အရ အနော်ရထာမင်းသည် သထုံပြည်၌ ဗုဒ္ဓ၏ အဆုံးအမများကို မှတ်တမ်းတင်ထား‌ သော ပိဋကတ် ၃ ပုံ ရှိကြောင်းသိလေ၏။ ထို့ကြောင့် လိမ္မာသော အမတ်တစ်ယောက်ကို လက်ဆောင်ပဏ္ဏာ များ ဖြစ်ဖြင့် သယာချေငံစွာပြောဆို တောင်းယူစေ၏။ သို့သော် သထုံ မင်းသည် မချေငံသောစကားဖြင့် ဆိုလိုက်၏။ အနော်ရထာမင်းစောလည်း ထိုစကားကိုကြားရလတ်သော် အမျက်ရှ၍ စစ်သည်ဗိုလ်ပါများ သူရဲ သူခတ် များဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ချီလေ၏။ သူရဲကောင်း လေးဦး ဖြစ်သော ကျန်စစ်သား,ငထွေးရူး,ငလုံးလက်ဖက်,ညောင်ဦးဖီး တို့ ကို ရှေ့ဖျားချီစေ၍ အနော်ရထားကား နောက်တပ်မ ပြု၍လိုက်လေ၏။ မနူဟာမင်းလည်း အနော်ရထာမင်းစော သူရဲကောင်းလေးဦးနှင့် စစ်ချီလာသည်ကို သိလေသော် ကြောက်ရွံ့ပြင်းစွာဖြစ်လေ၏။ မြို့တံခါးကို လုံစွာပိတ်၍ ခုခံလေ၏။ စစ်သည်ကြီးလေးဦး သည် မြို့ကို ဖောက်လေ၏။ သို့သော် မြို့တွင်းသို့ပင် ဝင်မရချေ။ ပယောဂ စီရင်သဖြင့်ဟုဆို၏။ ဇော်ဂျီဖိုဝင်သားစားခဲ့ဖူးသော ကုလားညီနောင် နှစ်ဦးအနက် အစ်ကိုဖြစ်သူကိုသတ်၍ မြို့လေးဖက်လေးလံတွင် မြုပ်၍စီမံထားသည်ဟု ညီဖြစ်သူက ပြောလေ၏။ ထို့ကြောင့် မြုပ်ထားသည်ကို ဆောင်ယူစေ၍ သထုံပြည်ကို သိမ်းလေ၏ဟူ၍ ပြောစမှတ်ဆိုရိုးရှိကြသည်။ အနော်ရထာမင်း သထုံကို တိုက်ခိုက်ချိန်သည် ခရစ်နှစ် ၁၀၅၇-၅၈ ခုနှစ်တွင်ဖြစ်ကြောင်း ကလျာဏီကျောက်စာက အတိအလင်းဆို၏။ ။ ရာမာဓိပတိ၏ ကလျာဏီကျောက်စာကို အေဒီ (၁၄၈၀)တွင်ရေးထိုး၍ သထုံကို အနော်ရထာ တိုက်ခိုက်ခြင်းအကြောင်း အစောဆုံးမှတ်တမ်းဖြစ်သည်။ သို့ရာတွင် အခြားခေတ်ပြိုင်မှတ်တမ်းများမတွေ့ရှိရသောကြောင့် ခိုင်မာစွာကိုးကားရန် ခဲယဉ်းသည်။ တိုက်ခိုက်ခဲ့လျှင်လည်း ရာဇဝင်တို့၌ ဖော်ပြထားသော သာသနာရေးအကြောင်းပြချက် တစ်ခုတည်းအတွက် တိုက်ခိုက်စစ်ဖြစ်ခြင်းသည် အမှန်ယူဆရန်ခက်ခဲပေသည်။ အခြားသောအခြေအနေများဖြစ်သည့် ဥပမာအားဖြင့် ကြွမ်(ဂျွမ်း၊ ခမာ) တို့ရန်ရှာမှုဖြင့် အောက်အရပ်၌ ဒုက္ခရောက်စဉ် အခွင့်ယူ၍ တိုက်ခြင်းမျိုးလည်းဖြစ်နိုင်သည်။ မြစ်ဝကျွန်းပေါ်ဒေသရှိ စည်ကားသော ကုန်သွယ်မြို့တို့ကို သိမ်းယူရန်ဆိုသည့် ရည်ရည်ချက်လည်းဖြစ်နိုင်သည်။ အခြားဖြစ်နိုင်သည့် ယူဆချက်တစ်ခုမှာ ရှမ်းယွန်းများနှင် မွန်တို့မသင့်မြတ်သောကြောင့် မွန်တို့က ဝင်ရောက်ဖျန်ဖြေညှိနှိုင်းရန် အကူညီတောင်းခံရာ အခွင့်ကောင်းယူ၍ အောက်မြန်မာနိုင်ငံကို သိမ်းယူခြင်းမျိုးလည်း ဖြစ်နိုင်ဖွယ်ရှိသည်။ နိုင်ငံတကာဆက်ဆံရေးနှင့် မြို့ ပေါင်း (၄၃) မြို့ကိုတည်ပုံ မစ္စတာဝုဒ် ရေးသားသော ယိုးဒယားရာဇဝင်၌ ပုဂံမင်းအနုရုဒ္ဓ (အနော်ရထာမင်းကို ခေါ်သောအမည်) သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ခမာနိုင်ငံအပါဖြစ်သော ယိုးဒယားနိုင်ငံကို အောင်မြင်ကြောင်း၊ ယိုးဒယားတစ်နိုင်ငံလုံး၌ အနော်ရထာမင်းစော၏ တန်ခိုးအာဏာ လွှမ်းမိုးသည်ကို ယုံမှားဖွယ်မရှိကြောင်း၊ အနော်ရထာမင်းကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်း ဖော်ပြထားသည်။ ယိုးဒယားဘာသာနှင့် ရေးသောစာတမ်းများ၌ အနော်ရထာမင်းကို “မဟာဇေယျဘယမင်း”ဟု ဘွဲ့ပေးလေသည်။ ကိုချင်ချိုင်းနားပြည်အထိ အနော်ရထာမင်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်းလည်း ဆိုသည်။ ထိုပြင် ယိုးဒယားရာဇဝင် တစ်ဆောင်၌ ပုဂံပြည်ဘုရားများသည် ဂျားဗားကျွန်းစေတီနှင့် ပုံတူသဖြင့် အနော်ရထာမင်းသည် ဂျားဗားကျွန်းသို့လည်း စစ်ချီကြွရောက်ကောင်း ကြွရောက်လိမ့်မည်ဟု ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် ရာဇဝင်ဆရာတို့သည် အနော်ရထာမင်း၏ ဘုန်းတန်ခိုးအာဏာကို အသိအမှတ်ပြု ယုံစားကြကြောင်း ထင်ရှားသည်။ ယင်းသို့ နိုင်ငံတော်ကို ချဲ့ထွင်ရုံမက မင်းတရားကြီးသည် နိုင်ငံတော်ကိုလည်း စည်ပင်ဝပြောအောင် ပြုစုတော်မူသည်။ မြန်မာနိုင်ငံအလုံး၌ ဆည်မြောင်း ကန်ချောင်းများ ပြုစုတော်မူသည်။ မိတ္ထိလာကန်ကို ဆည်ဖို့သည်။ ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်ထက်မှ ကျသောရေကို အတန့်တန့်ဆည်၍ ရေသောက်ကန် ပြုပြီးလျှင် ပန်းလောင်မြစ်နား၌ ကင်းတား၊ ငနိုင့်သေဉ်၊ ပြောင်းပြ၊ ကူမည်း ပေါင်းလေးဆည်၊ ဇော်ဂျီမြစ်နား၌ နွားတက်၊ ကွမ်းဆေး၊ ဂူတော်၊ (ငပြောင်း) ပေါင်းသုံးဆည် စုစုပေါင်း မင်းပယ်ရှစ်သိန်းကို ပြုတော်မူသည်။ ထိုနောက် ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုးနှင့် ခံလူးတူသာ လယ်တွင်း ဆယ့်တစ်ရွာကို ပြုစုတော်မူသည်။ ရှမ်းပြည်နှင့် ဗမာပြည် နှစ်ဘက်စပ်ကြား ရှမ်းယွန်းတို့ မရောစိမ့်သောငှာ မြောက်ဘက် အရှေ့ဘက်တို့၌ ကောင်းစင်၊ ကောင်းတန်၊ ရွှေဂူမိုးတား၊ တကောင်း၊ ကြံညှပ်၊ မက္ခရာ၊ မြင်စိုင်း စသော ကင်းမြို့ပေါင်း (၄၃)မြို့ကို တပြိုင်နက်တည်း အမြော်အမြင်ဖြင့် တည်လေသည်။ မြန်မာပြည်အလုံး၌ ဘုရားဂူကျောင်း တန်ဆောင်းဇရပ်တို့ကို အနှံ့အစပ် တည်ထားတော်မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော်မူသည်။ အနော်ရထာမင်း ပုဂံသို့ရောက်၍ မြို့တွင်းသို့ သရဘာတံခါးမှ ဝင်မည်အရှိ အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတစ်ကောင်သည် လူသူမသွားလာနိုင်အောင် ရန်ပြုသည်ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ မြစ်ခြေအောင်သာသို့ ချီလေတော်မူ၏။ ရောက်တော်မူ၍ ကျွဲရိုင်းကို မြင်တော်မူလျှင် စီးတော်မူသော ဆင်တော် သန်မြန်စွာကို ချွန်းဖွင့်၍ လွှတ်တော်မူ၏။ သို့ရာတွင် ဆင်တော်ပေါ်ကလိမ့်ကျကာ ကျွဲခတ်မိ၍ နတ်ရွာစံတော်မူသည်။ (လုပ်ကြံခံရခြင်းဖြစ်နိုင်သည်။ ခိုင်မာသောကျောက်စာအထောက်အထားများမတွေ့ရှိရသေးပါ။) သာသနာတော်စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့၏ စီးပွား၊ ပြည်သူတကာတို့၏ စီးပွားကို (၃၃)နှစ်ပတ်လုံး ဆောင်တော်မူခဲ့လေသည်။ အနော်ရထာမင်း ကံကုန်သော် သားတော် စောလူးမင်း နန်းတက်သည်။ မင်းတရားကြီး ပြုစုပျိုးထောင်ခဲ့သော နိုင်ငံအပိုင်းအခြားကား…… အနောက်ဘက်တွင် ပဋိက္ခယားမည် ကုလားပြည်သည် အခြားတည်း။ အနောက်မြောက်ထောင့်တွင် ကတူးငနားကြီး ရေတွင်းမီးလျှင် အခြားတည်း။ မြောက်ဘက်၌ကား ဂန္ဓာလရာဇ်မည် တရုတ်ပြည်လျှင် အခြားတည်း။ အရှေ့ မြောက်ထောင့်၌ ကဝန္တိ လည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။ အရှေ့ ဘက်၌ စတိဿမည် ပင်ကာပြည်လျှင် အခြားတည်း။ အရှေ့ တောင်ထောင့်၌ အယောစလည်း မည်ဂျွမ်းတို့ပြည်လျှင် အခြားတည်း။ ကိုးကား ဦးကုလား မဟာရာဇဝင်ကြီး မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) မြန်မာ ဘုရင်များ ပုဂံခေတ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%B1%E1%80%AC%E1%80%BA%E1%80%9B%E1%80%91%E1%80%AC
အဘိဓမ္မာပိဋကတ်
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာ၀တိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော်မိနတ်သားအားအမှူးထား၍ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုသို့ဟောကြားစဉ် နေ့စဉ်ဆွမ်းခံချိန်၌ နတ်ပြည်တွင် နိမ္မိတရုပ်ပွားကို ကိုယ်စားဟောကြားစေပြီး မြောက်ကျွန်းဥတ္တရကုရုသို့ ဆွမ်းခံကြွတော်မူပါသည်။ ထိုနောက် အနောဓာတ်အိုင်၌ဆွမ်းဘုဉ်းပေးတော်မူပြီး လက်ယာရံ အဂ္ဂသာဝက ရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ် ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည် ပညာအရာ၌ ဧတဒဂ်ရသည့်အားလျော်စွာ ဘုရားရှင်ဟောကြားအပ်သော တရားအကျဉ်းကို အကျယ်သိမြင်တော်မူပြီး လင်းနို့သားငါးရာဖြစ်ဖူးသော တပည့်ရဟန်းတော်များကို ပြန်လည်ပို့ချခဲ့သည်။ လူ့ပြည်ရှိ အဘိဓမ္မာပိဋကသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ဟောကြားပို့ချခဲ့သော ပိဋက ဖြစ်သည်။ အဘိဓမ္မာ အဘိဓမ္မာသည် သတ္တလောက၊ ဩကာသလောက၊ သင်္ခါရရလောက ဟုဆိုအပ်သော လောကသုံးပါးနှင့် နိဗ္ဗာန် အကြောင်းအရာများကို ပရမတ္ထ တရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်သည်။ အဘိဓမ္မာ ဆိုသည်မှာ ရုပ်၊ နာမ်တရားများကို ဟောကြားရာတွင် နားလည်လွယ်သော ဝေါဟာရများကို အခြေမခံပဲ အရှိအရှိအတိုင်း အမှန်အမှန်အတိုင်း ဓမ္မဓိဋ္ဌာန်ကျကျဖြင့် ဟောပြသောတရားတော်များကို အဘိဓမ္မာတရားတော်များ စုစည်းရာနေရာဖြစ်သည်။ အဘိဓမ္မာတရား ဟောကြားပုံ ဟောကြားနည်း သုံးမျိုးရှိသည်။ (က) မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအား အမှူးထား၍ နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူခြင်း။ (ခ) စန္ဒကူးနံ့သာတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။ (ဂ) ဘုရားဟောကြားသော အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာမထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀၀ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်ဟောကြားတော်မူပါသည်။ အဘိဓမ္မာပိဋက နက်နဲခြင်း လေးမျိုး - အဘိဓမ္မာပိဋက ဆိုသည်မှာ ရုပ်၊ နာမ်တရားများကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဖော်ပြခြင်းမပြုဘဲ ဓမ္မဓိဌာန်ကျကျ ဟောပြထားခြင်းဖြစ်ပြီး - စကားအစဉ်၏ နက်နဲခြင်း၊ - အနက်အဓိပ္ပာယ်၏ နက်နဲခြင်း၊ - ဖော်ထုတ်ဟောပြမှု၏ နက်နဲခြင်း၊ - မှန်ကန်စွာ သိရှိနားလည်ရန် နက်နဲခြင်းစသော နက်နဲခြင်းလေးမျိုးနဲ့ ပြည့်စုံပါတယ်။ ဤသို့ ခက်ခဲနက်နဲသောဂုဏ်နှင့်ပြည့်စုံမှုကြောင့် ကာလကြာ၍ ပရိယတ္တိသာသနာကွယ်ပရာတွင် အဘိဓမ္မာပိဋကတ်က စ၍ကွယ်လိမ့်မည်ဟု အဋ္ဌကထာဖွင့်ပြတော်မူခြင်းဖြစ်ပါတယ်။ သာသနာကွယ်ပခြင်း - သာသနာကွယ်ပရာတွင် (၁) ပရိယတ္တိသာသနာကွယ်ခြင်း (၂) ပဋိပတ္တိသာသနာကွယ်ခြင်း (၃) ပဋိဝေဓသာသနာကွယ်ခြင်း (၄) ရဟန်းအသွင်ကွယ်ခြင်း (၅) ဓာတ်တော်၊ မွေတော်ကွယ်ခြင်းဟူ၍ ငါးမျိုးရှိကြောင်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်းအဖွင့်၌ ပြဆိုထားပါတယ်။ - အဘိဓမ္မာပိဋကတ်တွင်လည်း ပဌာန်းကျမ်းကစ၍ ကွယ်မည်ဟု ဖွင့်ဆိုသောကြောင့် နိုင်ငံအနှံ့အသံမဆဲ ပဌာန်ရွတ်ဆိုပွဲများ ကျင်းပခြင်းများကို တွေ့မြင်နိုင်ပါတယ်။ အဘိဓမ္မာ ကျမ်းခုနှစ်ကျမ်း အဘိဓမ္မာတရားတော်ကို ဟောကြားပုံနည်းအရ ကျမ်းခုနှစ်ကျမ်းခွဲခြားထားသည်။ (၁) ဓမ္မသင်္ဂဏီ (၂) ဝိဘင်း (ဝိဘင်္ဂ) (၃) ဓာတုကထာ (၄) ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ) (၅) ကထာဝတ္ထု (၆) ယမိုက် (ယမက) (၇) ပဋ္ဌာန်း (ပဋ္ဌာန) အဘိဓမ္မာပိဋကတ်တော်လာ (၁) ဓမ္မသင်္ဂဏီ ပါဠိတော် ဗုဒ္ဓမြတ်စွာက ၁၂ ရက်တိုင်တိုင်ဟောကြားတော်မူသည်။ ဓမ္မ- တရား၊ သင်္ဂဏီ- ရေတွက်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ပါတယ်။ - အရှင်နာရဒထေရ်က တရားဓမ္မများကို အမျိုးအစားခွဲခြားပြခြင်းဟု အနက်ဖွင့်ပြီး၊ - ဘိက္ခုသကျလောကပဏ္ဍိတက သဘာဝဓမ္မများကို အကျဉ်းချုပ် ဟောကြားချက်များဟု ဖွင့်ဆိုသည်။ - လန်ဒန်ပါဠိစာပေအသင်းကြီး၏ ဥက္ကဋ္ဌ Mrs. Rhys David က ဓမ္မသင်္ဂဏီပါဠိတော်ကို A Buddhist manual of psychological ethics or Buddhist Psychology, of the 4th Century B.C သို့ ပြန်ဆိုခဲ့သည်။ (၂) ဝိဘင်း ပါဠိတော် မြတ်စွာဘုရားက ၁၂ ရက်တိုင်တိုင် ဟောကြားတော်မူခဲ့ပါတယ်။ - အရှင်နာရဒထေရ်က တရားကို ခွဲခြမ်းပြသောကျမ်း ဟု အနက်ဖွင့်ပြီး၊ - ဘိက္ခုသကျလောကပဏ္ဍိတက ခွဲခြားစိတ်ဖြာနည်းဖြင့် အကျယ်တဝင့်ဟောကြားချက်များဟု ဖွင့်ဆိုသည်။ - ယင်းကျမ်းများသည် ဓမ္မသင်္ဂဏီကျမ်းတွင် ဟောကြားပြီးဖြစ်သော တရားများကိုပင် ထပ်မံချဲ့ထွင် ခွဲခြမ်းစိတ်ဖြာဟောကြားထားခြင်းဖြစ်သည်။ ဓမ္မသင်္ဂဏီကျမ်းတွင် စုပေါင်းရေတွက်သည့် ပရမတ္တတရားများကို ၁၈ ပိုင်းခွဲပြီး နည်း ၃ နည်းဖြင့် အကျယ်ဝေဖန်ပြသည့် ကျမ်းဖြစ်သည်။ နည်း ၃ နည်းမှာ ၁။ တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တနဘာဇနိယနယ) ၂။ အထက်တန်းတရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ) ၃။ တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဥှပုစ္ဆကနယ) တို့ဖြစ်ပါတယ်။ - ဆရာတော်အရှင်သေဠိလက The Book of ANALYSIS ဖြင့် ပြန်ဆိုခဲ့သည်။ (၃) ဓာတုကထာ ပါဠိတော် - ခြောက်ရက်တိုင်တိုင်ဟောကြားတော်မူခဲ့သည်။ - အရှင်နာရဒထေရ်က ဓာတ်များကို ဆွေးနွေးခြင်း၊ - ဘိက္ခုသကျလောကပဏ္ဍိတက ဓာတ်သဘောတို့ဖြင့် ဟောကြားချက်များ။ - ဆရာတော်အရှင်နာရဒက Discourse on Elements အမည်ဖြင့် ပြန်ဆိုခဲ့သည်။ (၄) ပုဂ္ဂလပညတ် ပါဠိတော် - ခုနှစ်ရက်တိုင်တိုင် ဟောကြားတော်မူခဲ့ - အရှင်နာရဒထေရ်က ပုဂ္ဂိုလ်အမျိုးမျိုးကို သရုပ်ဖော်ခြင်းကျမ်း ဟု အနက်ဖွင့်ပြီး၊ - ဘိက္ခုသကျလောကပဏ္ဍိတက ပုဂ္ဂိုလ်အမျိုးမျိုးဖြင့် ဟောကြားချက်များ - A Designation of Human Types အမည်ဖြင့် Bimala Charan Law, M.A., B.L က၎င်း၊ - ဒေါ်မြတင် (မဟာဝိဇ္ဇာ) က Puggala Pannatti ဖြင့် ပြန်ဆိုခဲ့သည်။ (၅) ကထာဝတ္ထု ပါဠိတော် - ရှစ်ရက်တိုင်တိုင်ဟောကြားတော်မူခဲ့သည်။ - အရှင်နာရဒထေရ်က ဗုဒ္ဓဝါဒနှင့် ပရဝါဒတို့ကို ရှင်းလင်းပြခြင်းဟု အနက်ဖွင့်ပြီး၊ - ဦးရွှေဇံအောင်နှင့် Mrs. Rhys David တို့က Points of Controversy or Subjects of Discourse ဖြင့် ပြန်ဆိုခဲ့သည်။ (၆) ယမိုက် ပါဠိတော် - အရှင်နာရဒထေရ်က အစုံလိုက်ပြသောကျမ်း ဟု အနက်ဖွင့်ပြီး၊ - ဘိက္ခုသကျလောကပဏ္ဍိတက စုံတွဲနည်းတို့ဖြင့် ဟောကြားချက်များဟု ဆိုပါတယ်။ - The Books on Pairs အဖြစ် ဆရာတော်ဦးနာရဒက ပြန်ဆိုပါတယ်။ - ယမိုက် ၁၀ မျိုးရှိပြီး မူလယမိုက်၊ ခန္ဓယမိုက်၊ အာယတနယမိုက်၊ ဓာတုယမိုက်၊ သစ္စယမိုက်၊ သင်္ခါရယမိုက်၊ အနုသယယမိုက်၊ စိတ္တယမိုက်၊ ဓမ္မယမိုက်၊ ဣနြ္ဒိယယမိုက်တို့ကို (မူ၊ ခန်၊ အာ၊ ဓါ၊ သစ်၊ သင်္ခါ၊ နုသယ၊ စိတ္တ၊ ဓမ္မ၊ ဣန္ဒြေ ဆယ်ထွေ) ဟု အတိုကောက်မှတ်သားနိုင်ပါတယ်။ (၇) ပဋ္ဌာန်း ပါဠိတော် - ၂၅ ရက်တိုင်တိုင် ဟောကြား - အလွန်ကျယ်ပြန့်သော တရားတော် (အတိဝိတ္ထာရဒေသနာ) - မကျယ်လွန်း၊ မကျဉ်းလွန်းသော တရားတော် (နာတိဝိတ္ထိရ နာတိသင်္ခေပဒေသနာ) - အလွန်ကျဉ်းသော တရားတော် (အတိသင်္ခေပဒေသနာ) - အရှင်နာရဒထေရ်က ကြောင်းကျိုးဆက်နွယ်မူ့ကိုပြသောကျမ်း - ဘိက္ခုသကျလောကပဏ္ဍိတက အကြောင်းအမျိုးမျိုးဆက်တို့ဖြင့် ဟောကြားချက်များ - ဆရာတော် ဦးနာရဒက Conditional Relations အမည်ဖြင့် ဘာသာပြန်ဆို - ပိဋကတ်သုံးပုံပါ ပဋ္ဌာန်းကျမ်းမှာ မကျဉ်းမကျယ်ဖြစ်ပါတယ်။ - ပဌာန်း ၂၄ ကျမ်း ဆိုသည်မှာ ကျမ်းလေးကျမ်း (၁) ဓမ္မနုလောမာ ပဋ္ဌာန်း၊ (၂) ဓမ္မပစ္စနီယ ပဋ္ဌာန်း၊ (၃) ဓမ္မနုလောမာ ပစ္စနီယပဋ္ဌာန်း၊ (၄) ဓမ္မပစ္စနီယနုလောမာ ပဋ္ဌာန်းတို့ပါဝင်ပြီး ကျမ်းတစ်ကျမ်းစီတွင် (၁) တိက၊ (၂) ဒုက (၃) ဒုကတိက (၄) တိကဒုက (၅) တိကတိက (၆) ဒုကဒုကဟူ၍ ကျမ်းငယ်ခြောက်စုံဆီပါ၍ ၂၄ ကျမ်း သို့ ၂၄ ပစ္စည်းဟုခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။ ပြင်ပလင့်ခ်များ အဘိဓမ္မာ(မြန်မာပြန်) အဘိဓမ္မာ(အင်္ဂလိပ်) အဘိဓမ္မာပိဋကတ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%98%E1%80%AD%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%AC%E1%80%95%E1%80%AD%E1%80%8B%E1%80%80%E1%80%90%E1%80%BA
ဓမ္မစေတီခေါင်းလောင်းကြီး
ဓမ္မစေတီခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့သည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ပထမဦးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ ၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှ အဓမ္မယူငင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျင်မြို့အကြား မြစ်သုံးခုဆုံရာ နေရာတွင် နစ်မြုပ်သွားခဲ့သည်။ ၎င်းခေါင်းလောင်းတော်ကြီးမှာ ယခုထက်တိုင် မြစ်အောက်တွင် နစ်မြုပ်နေဆဲဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။ သမိုင်းကြောင်း မြန်မာ့ သမိုင်းတွင် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀-ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ သို့သော် သူ့ခန့်အပ်ထားခဲ့သော ဥပိုက်၊ သမန္တရာဇ်၊ တုရင်ရာဇာ၊ စွန္တရာဇ် အမတ် ၄ယောက်တို့သည် အိမ်ထောင်စု စာရင်းသာမကပဲ အခွန်ပါ ကောက်ယူခဲ့ကြရာ ကြေးနီ ပိဿာချိန် ၁၈၀ဝ၀ဝ ရရှိသည်။ ဓမ္မစေတီမင်းအား ဆက်သသော အခါတွင် ဘုရင်က စိတ်ဆိုးပြီး ၎င်းကြေးများကို ပြည်သူတို့ထံ ပြန်လည် ပေးအပ်စေသည်။ ပြည်သူတို့က ဘုရင်အား သူတို့ ပြန်မယူလိုဘဲ သင့်တော်ရာ ကောင်းမှုပြုရန် ဘုရင်အား ပြောသဖြင့် အမတ်ကြီး ဗညားအိန်အား ခေါင်းလောင်း အဖြစ် သွန်းစေခဲ့သည်။ ပဲခူးမြို့ ရွှေမော်ဓောဘုရား၏ ရာဟုထောင့် အနောက်ဘက် မြေကွက်လပ်တွင် ၁၄၈၄ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၈၅၁-ခုနှစ်၊ တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့) တွင် စတင်၍ ပွဲသဘင် ကျင်းပ၍ သွန်းလောင်းခဲ့သည်။ အခါပေးခဲ့သော ဆရာတို့မှာ ဇေယျာဗာဟု၊ ရာဇာဗာဟု၊ ပဲခူးသမုတ္တရာ နန္ဒစည်သူကျော်၊ သင်္ဃရာဇာ ဆရာတို့ ဖြစ်သည်။ လောကညဏပဏ္ဏိတ် အမတ်က ခေါင်းလောင်း သွန်းလောင်းသော အချိန်မှာ မိချောင်းနက္ခတ် ဖြစ်သဖြင့် အသံကောင်းစွာ မမြည်နိုင်ဟု ဟောကြားခဲ့သည်။ ဘုရင်က ဟောကြားချက် မမှန်လျှင် ဆွေခုနှစ်ဆက် မျိုးခုနစ်ဆက် အပြစ်ပေးမည်။ ဟောကြားချက် မှန်လျှင် သူကောင်းပြုမည်ဟု ပြောကြားခဲ့သည်။ ခေါင်းလောင်းကြီး ပြီးသော အခါတွင် အသံမမည်သောကြောင့် လောကညဏပဏ္ဏိတ် အမတ်အား ရာဇ ပရောဟိတ ဘွဲ့ ချီးမြှင့်ခဲ့သည်။ များမကြာ အမြို့မြို့ အိမ်ရှိစာရင်းကို ယူစေ အမိန့်ရှိ၍ ဥပိုက်အမတ်နှင့် သမန္တရာဇ်၊ တုရင်ရာဇာ၊ စွန္တရာဇ် အမတ်လေးယောက်ကို ခန့်၍ သွားလေသော် အိမ်ရှိတိုင်းက ရုံမှတ်ကြေး တစ်သန်းရှစ်သိန်းရကြောင်းကို ကြားတော်မူလျှင် အိမ်ရှိကိုသာ သိလို၍ ခန့်ထားသည်ကို ဆင်းရဲသူ၊ ဆင်းရဲသားတို့ကြေးကို ခံယူကောက်မည်လောဟူ၍ အမတ်လေးယောက်တို့ကို အပြစ်ပေး၍ ကြေးကိုတုံ့စေ အမိန့်တော်ရှိသည်ကို အမြို့မြို့ကျေးလက်သားတို့က သင့်ရာကောင်းမှုတော်ဖြစ်အောင် လှူတော်မူပါ။ ကျွန်တော်တို့ မယူပါပြီဆိုသောကြောင့် ဒဂုံဆံတော်ရှင်မှာ ဆွဲရအောင် ခေါင်းလောင်းကြီး သွန်းစေဟု ဗညားအိန်အမတ်ကြီးကို ခန့်၍ *:(စာမူအတိုင်း ရေးသားသည်။) ခေါင်းလောင်း၏ ပုံသဏ္ဌာန် ခေါင်းလောင်းကြီးမှာ စောက် (၁၂) တောင် အဝ (၈) တောင် ရှိသည်။ ခေါင်းလောင်းကြီး၏ အလယ်ဖောင်းရစ်တွင် နှစ်ကျိပ်ရှစ်ဆူပါသော ဖောင်းကြွဘုရား (၂၈) ဆူပါပြီး ၎င်း၏ အပေါ်ဘက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား (၄၅) လုံး ပါရှိသော အတွဲ (၄၅) တွဲ၊ အတန်း (၂) တန်း ပါရှိသဖြင့် (၄၅လုံး x ၄၅တွဲ x ၂တန်း) စုစုပေါင်း ကျောက်သံပတ္တမြားပေါင်း ၄၀၅၀ လုံး ပါရှိသည်။ ယခုလက်ရှိ အခြေအနေတွင် ခေါင်းလောင်းကြီး၏ ကွင်းမှာ အနည်းငယ် ကွဲအက်လျက် ရှိပြီး ကျောက်သံပတ္တမြား ဒုတိယတွဲမှာ အနည်းငယ် ပြုတ်လျက် ရှိသည်။ ဖယောင်းပုံစောက် ၁၂ တောင်၊ အဝ ၇ တောင် သွန်းမည်ရှိရာတွင် အခါပေးသူ ဇေယဗာဟု၊ ရာဇာဗာဟု၊ ပဲကူးသမုတ္တရာ နန္ဒစည်သူကျော်တို့ကို သင်္ဃရာဇာ ဆရာလေးပါး ပေး၍ တပေါင်းလ္ဆန်း ရှစ်ရက်၊ ကြာသပတေးနေ့၊ သိဟ်လက်တွင် မင်းလည်း ကိုယ်တော်နှင့် မိဖုရား ကိုယ်လုပ်တော်တို့အပြင် အမတ်ပြည်သူတို့ကို ပွဲသဘင်ကြီးစွာ ခင်းရာတွင် လောကဉာဏဆရာသည် မင်းကိုလျှောက်သည်ကား ခေါင်းလောင်းတော်သည် သွန်းပြီးလျှင် အပြစ်အဆာမရှိ ချောမောလိမ့်မည်။ ထိုအခါ အသံမရရှိလမည်၊ လျှောက်သည်ကို အထက်က သည့်ကဲ့သို့ဖြစ်မည်ကို မလျှောက်မထား ယခုမှ လျှောက်ဆိုသော်၊ ဆိုသည့်အတိုင်း မမှန်လျှင် အမျိုး ၇ဆက်တိုင် အပြစ်ပေးမည်။ ဆိုသည့်အတိုင်း မှန်လျှင် အမျိုး ၇ဆက် ကောင်းအောင် ပြုမည်ဟု အမိန့်တော်ရှိသည်နှင့် သွန်းပြီးသော် ထိုဆရာဆိုတိုင်း ရှိသည်နှင့် ခေါ်၍ မေးတော်မူသော် ဆရာတို့ပေးသည့် အခါသည် နက္ခတ် ၆ လုံး ဖြစ်သည်။ နက္ခတ် ၆ လုံးတို့သည် မိချောင်းနက္ခတ်၊ မိချောင်းတို့သည် လျှာမရှိဖြစ်၍ မမြည်နိုင် ရှိရသည်ဟု လျှောက်လေသည်။ မင်းလည်းကြားလျှင် အမှန်ပင် ဖြစ်ချေသည်ဟု ဆုကြီးလာဘ်ကြီးပေး၍ ရာဇပုဟောဟိတ် အမည်ကိုလည်း ပေးတော်မူသည်။ ခေါင်းလောင်းကိုလည်း ဒဂုံဆံတော်ရှင် ဘုရားမှာ ဆုတောင်းဆုယူပြု၍ ဆွဲထားပြီးလျှင် ဟံသာဝတီမြို့တော်သို့ ပြန်တော်မူသည်။ *:(စာမူအတိုင်း ရေးသားသည်။) လှူဒါန်း ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို သွန်းလောင်းပြီးသော အခါတွင် ရွှေလှေ ရွှေလှောင်း ရွှေဖောင်တို့ဖြင့် တင်ဆောင်လာပြီး မြန်မာသက္ကရာဇ် ၈၅၂ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့တွင် ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံစေတီတော်သို့ မတင်လှူဒါန်းခဲ့ရာ ကဆုန်လဆန်း ၉ ရက်နေ့တွင် ပြီးစီး၍ ကဆုန်လဆန်း ၁၁ ရက်တွင် ရေစက်ချ လှူဒါန်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ရွှေတိဂုံဘုရား (စနေဒေါင့်) ကုန်းတော်ပေါ်တွင် ၁၂၃ နှစ်တိတိ တည်ရှိခဲ့သည်။ နိုင်ငံခြားသားများ ရောက်ရှိခြင်း နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီ ကျောက်ကုန်သည် ဂစပါရို ဘယ်ဘီသည် ရွှေတိဂုံ ဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံ ဘုရားကို အသေးစိတ် မှတ်တမ်းတင် ခဲ့သည်။ သူရေးခဲ့သည်မှာ "ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာ အားဖြင့် ခြောက်လှမ်း နှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခုပူးကပ်နေသောစာများ အပြည့်ရေးထားပြီး ဖက်ရမည်ပုံ မပေါ်ပေ။" ၁၅၃၀ ခုတွင် မွန် ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅ ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပ ကုန်သည် နှင့် စွန့်စားရှာဖွေသူ များ အောက်မြန်မာပြည် သို့ ရောက်လာကြသည်။ ၁၅၉၀ ခုနှစ်များတွင် ပေါ်တူဂီ လူမျိုး စွန့်စားရှာဖွေသူ ဖီလစ် ဒီ ဘရုတ်တို ရ နီကုတ် အား စီရမ်(သန်လျင်)တွင် အောက်မြန်မာပြည် အုပ်ချူပ်သူများ က ကုန်သွယ်ရုံး ဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀ဝ ခုတွင် သူ၏ ဩဇာမှာ မြစ်ကြောင်း တစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံ အထိ ရောက်သည်။ ယူဆောင်ခြင်း ၁၆၀၈ ခု (မြန်မာသက္ကရာဇ် ၉၇၄ခု တန်ဆောင်မုန်းလပြည့်နေ့ တနင်္ဂနွေနေ့) နေ့လယ် ၁၂ နာရီတွင် တွင် ဒီဘရစ်တို သည် ရွှေတိဂုံ စေတီတော်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တောင်ပေါ်မှ လှိမ့်ချ၍ မြစ်တွင် ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ခေါင်းလောင်းကြီး နှင့် ဖောင်သည် သန်လျှင်မှစ၍ မြစ်ကြောင်းတစ်လျှောက် ခရီးနှင်ခဲ့သည်။ သို့သော် ရန်ကုန်မြို့နှင့် သန်လျှင်မြို့ ကြားပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာ မြစ်ဆုံ ခေါ် နေရာတွင် ဖောင်ပျက်ပြီး ခေါင်းလောင်းကြီး မှာ ရေအောက် သို့ ကျသွားခဲ့သည်။ ဒီ ဘရစ်တို လည်း ရေအောက် ပါသွားခဲ့သည်။ ပေါ်တူဂီ တို့လည်း ၎င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ ပေါ်တူဂီ ခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြည်းဖြည်းခြင်း သေစေသည်ဟု ဆိုသည်။ ခေါင်းလောင်းကြီးနှင့်အတူ ဘုရင်မကြီး ရှင်စောပုမှ ကျိုက္ခမီရေလယ်ဘုရားသို့ လှူဒါန်းရန်အတွက် ဦးသာဆွေ ခေါင်းဆောင်သော အဖွဲ့မှ သွန်းလုပ်ထားသော ဉာဏ်တော် ၇ တောင် ရွှေသားစင်စစ် အလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ၊ လုံအိုးကွဲသွားသောကြောင့် ဉာဏ်တော် ၇ တောင်တွင် တစ်မိုက်လျော့သော ရွှေသားအလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ စုစုပေါင်း ရွှေ (၆)တန်နှင့် တန်ချိန် ၆၀ ခန့် ရှိသည့် အခြားခေါင်းလောင်း အသေးတစ်လုံးတို့လည်း အတူတကွ နစ်မြုပ်သွားခဲ့သည်ဟု ဆိုကြသည်။ နစ်မြုပ်နေသော နေရာမှာ ရေအနက် (၂၇)ပေ မြေကြီးအောက် (၂၅) ပေ စုစုပေါင်း (၅၂) ပေ တွင် ရှိသည်ဟု ဆိုသည်။ ဆယ်ယူရန် ကြိုးပမ်းမှုများ ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိခြေ။ ယခုခေတ် လူကြီးများပင် ၎င်း ဝဲကတော့ ကို မျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထက် ပေ ၄၀ လောက် ရှိမည်ဖြစ်ပြီး ၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။ စဉ့်ကူးမင်းခေါင်းလောင်းတော် စဉ့်ကူးမင်း ခေါင်းလောင်းတော် ခေါင်းလောင်း အသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၄-ခုနှစ်တွင် ရွှေတိဂုံစေတီတော်မှ ယူဆောင်ရာ လှိုင်မြစ်တွင်း ကျနေရစ်ခဲ့သည်။ သို့သော် ဗြိတိသျှ တို့ စွန့်လွှတ်ခဲ့သော် ၎င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက်သို့ ပြန်ပို့ခဲ့သည်။ ဗြိတိသျှတို့၏ ကြိုးပမ်းမှု ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန်အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီတော်သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညိတ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက် ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထည့်ပြီးစုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေသည်။ ၎င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေးရစေခဲ့သည်။ မြန်မာအစိုးရ၏ ကြိုးပမ်းမှု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ရှာဖွေခွင့်လျှောက်ထားသူ ဦးကြိုင်၊ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ပါဝင်သော ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့က ၁၉၈၇-ခုနှစ်တွင်၎င်း၊ ၁၉၈၉-ခုနှစ် ဇူလိုင်လတွင်၎င်း၊ ဓမ္မစေတီခေါင်းလောင်း ရှာဖွေရန် ဒေါပုံမြစ်ဝ မြစ်သုံးဆိုင် ရေပြင်ကျယ်၌ ကွင်းဆင်းဆည်ယူမှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။ ခေတ်မီကိရိယာပစ္စည်းများ မပြည့်စုံ၍၎င်း၊ မြစ်ရေ၊ ဒီရေ အဟန့်အတားများကြောင့် ဩဂုတ်လတွင် ဆယ်ယူမှုလုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့သည်။ (ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ၁၉၈၇ ခုနှစ်တွင် ဦးကျော်ဦးဆောင်သော အဖွဲ့မှ လည်းကောင်း၊ ၁၉၈၉ တွင် ဦးသိန်းထွန်းနှင့် အဖွဲ့ကလည်းကောင်း ကြိုးစားခဲ့သည်ဟု သိရသည်။) ၁၉၉၅-ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၉၇-ခုနှစ်၊ ဇွန်လအတွင်း အမေရိကန်လူမျိုး ရေငုပ်သမား ဂျင်ဘလန့် (Jim Blunt)က ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကို ဆောင်ရွက်ခဲ့သည်။ (သုံးလအတွင်း ခေါင်းလောင်းရှာဖွေရန် ၁၁၅ ကြိမ် ရေငုပ်ခဲ့ဖူးသည်။ ခေါင်းလောင်းကြီးကို လက်ဖြင့် ထိတွေ့ခဲ့ပြီး ခေါင်းလောင်းအနီးတွင် သင်္ဘောပျက်ရှိကြောင်း ၁၆ ဒီဂရီ ၄၆ ဒသမ ဝ၀ဝ မိနစ်မြောက်နှင့် ၉၆ ဒီဂရီ ၁၂ ဒသမ ၁၃၀ အရှေ့တွင် တည်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။) ၁၉၉၆-ခုနှစ်၊ ဧပြီလတွင် နိုင်ငံခြား အဖွဲ့အစည်းက ကမ်းလှမ်းချက်ကို လက်ခံပြီး ခေါင်းလောင်းကြီးကို ရှာဖွေခွင့်ပြုခဲ့ရာ ခေါင်းလောင်းတည်နေရာကို ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့သည်။ သို့သော် ခေါင်းလောင်းကြီး အပေါ်သို့ တင်ယူရေးအတွက် အခက်အခဲများ ရှိကြောင်း တင်ပြခဲ့သည်။ ဦးစံလင်း(ကော့သောင်း)မြို့ ဦးဆောင်သော အဖွဲ့က မြန်မာနည်း၊ မြန်မာ့ဟန် မြန်မာ့အဆင့်မြင့် နည်းပညာဖြင့်အကြိမ်ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။ ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အထိ ၃၂ ရက်ကြာ ခဲ့သည်။ ရေငုပ်သမား အခက်အခဲကြောင့် ပထမအကြိမ် ဆယ်ယူခြင်းကို လက်လျှော့ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သောင်တူးစက် (၁၅၀၂) ဖြင့် ရှာဖွေရန် ကြိုးပမ်းခဲ့ရာ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ခေါင်းလောင်းကြီး ရှိသော နေရာကို တွေ့ရှိခဲ့သည်။ ၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် သောင်တူးစက် (၁၀၀၀) ဖြင့် ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့်ခဲ့သည်။ ထိုအဖွဲ့မှာ ယခုတိုင် ဆယ်ယူရန် ကြိုးပမ်းဆဲ ဖြစ်သည်။ (အလားတူ ၁၉၉၇၊ ၉၈၊ ၉၉ ခုနှစ်များ ဦးစံလင်းမှလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လည်းကောင်း၊ ၁၉၉၈ တွင် ဒေါ်အေးသိန်းနှင့် အဖွဲ့မှလည်းကောင်း ခေါင်းလောင်းကို ရှာဖွေဆယ်ယူရန် ကြိုးပမ်းခဲ့သည်။) မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက် ဟက်ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူခဲ့သည်။ ဂျပန်၊ ဩစတြေးလျ နှင့် အမေရိကန် တို့ပါဝင်သော ၎င်း လုပ်ငန်းကို ဟက်ခြာ က သဘောတူခဲ့သည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ် ဂရီ က အားတက်သရော ပါဝင်၍ ရန်ပုံငွေရှာခဲ့သည်။ ၎င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာ မလိုပါ။ ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခုကလည်း ၎င်း စွန့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖော်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာ နဲ့ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ လိုတရ ခွက် (Holy Grail) ရသလိုပါပဲ" ဟု ဆိုခဲ့သည်။ ဘာသာရေး ကိုင်းရှိုင်းသော မြန်မာ တို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိမ်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်း နှင့် သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ထို့အပြင် ၎င်းခေါင်းလောင်းတွင် ရေးထိုးထားသော စာများက သမိုင်း နှင့် ဘာသာစကား ပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။ မိုက် ဟက်ခြာ နှင့် ၎င်း၏ အဖွဲ့ များက ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀ဝ၁ တွင် စရန် ရည်ရွယ် ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေညာချက်ကြောင့် လူအများ ၎င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သော်လည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀ဝ၀ ဇူလိုင်လ တွင် ၎င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာ ကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။ ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulfate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။ (၂၀၁၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံ မှတ်တမ်းသတင်းရိုက်ကူးသူနှင့် စူးစမ်းရှာဖွေသူ မစ္စတာ ဒါမီယန်လေးနှင့်အဖွဲ့ အသံလှိုင်း ပြန်ကိရိယာဖြင့် မြစ်ကြောင်းတစ်လျှောက် စကန်လုပ်ကြည့်သည့်အခါ ခေါင်းလောင်းပုံ နှင့်အလွန်တူသော ပုံရိပ်တစ်ခုကို ဖမ်းရသည့်တိုင် ခေါင်းလောင်း ဟုတ်မဟုတ် ကို မပြောနိုင်သေးကြောင်း ဆက်လက်ရှာဖွေရန် လိုအပ်ကြောင်းသာ ပြောကြားခဲ့သည်။) ဂြိုဟ်တုမှ တွေ့ရှိ ၂၀၁၂-ခု၊ မတ်လ(၁၆)ရက်တွင် ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၄၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်သည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။ ပြီးခဲ့သည့် နှစ်များအတွင်းက ဩစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ ဩစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခေါင်းလောင်းတော်ကြီး၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေးအတွက် ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။ “ဩစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို အသံလှိုင်းနဲ့ စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ် အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါ” ဟု ဦးစိုးသိန်းက ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ထပ်မံ ပြောသည်။ “ဓမ္မစေတီ ခေါင်းလောင်းကြီး အကြောင်းကို လူကြီးသူမတွေ ပြောတာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ အခုလို ဂြိုဟ်တုနဲ့ ခေါင်းလောင်းပုံရိပ်ကို အတိအကျ မြင်ရပြီဆိုတော့ ဘယ်အချိန် ကုန်းပေါ်ကို ပြန်ရောက်မလဲဆိုတာ စိတ်ဝင်စားမိတယ်” ဟု အဆိုပါ ခေါင်းလောင်းအကြောင်းကို စိတ်ဝင်စားသည့် ပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။ လွှတ်တော် တင်ပြခြင်း ၂၀၁၂ ခုနှစ် ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထွန်းအံ့က ရှေးခေတ်မွန်လူမျိုးတို့၏ လက်ရာတစ်ခုဖြစ်သော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်အတွက် စင်ကာပူနိုင်ငံ အက်စီမက်စ် အင်တာနေရှင်နယ်မှ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် အကုန်အကျခံ၍ သင်္ဘောများ ငှားရမ်းရှာဖွေရန် ကမ်းလှမ်းထားကြောင်းနှင့် နည်းပညာ၊ အတတ်ပညာ၊ ပညာရှင်အား၊ ငွေအင်အား လိုအပ်သော ပစ္စည်းကိရိယာများ ပြည့်စုံမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီများနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက် ရန်ရှိကြောင်း ဖြေကြားခဲ့သည်။ အလားတူပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအစည်းအဝေးတွင်လည်း ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြောင်းနှင့် ပတ်သက်၍ ထပ်မံမေးမြန်းခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ခေါင်းလောင်းဆယ်ယူရန် ကမ်းလှမ်းသည့် ကုမ္ပဏီ အနေဖြင့်လည်း ငွေကြေး၊ အတတ်ပညာပြည့်စုံပြီး အဆင်သင့်ဖြစ်သော ကုမ္ပဏီ မဖြစ်သည့်အပြင် ပွဲစားသဘောမျိုးသာ ကမ်းလှမ်းသည့်အတွက် ပျက်ပြယ်သွားခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆယ်ယူရန် ကျိုက်ထီးဆောင်းဆရာတော်နှင့် စင်ကာပူမှ ကုမ္ပဏီတို့က ကြိုးပမ်းကြသည်။ စတင်ဆယ်ယူ ၂၀၁၄-ခုနှစ်၊ ဩဂုတ်လ(၁၁) ရက်တွင် ဓမ္မစေတီခေါင်းလောင်းကြီးအား ဦးစံလင်း(ကော့သောင်း)မြို့ ဦးဆောင်သော အဖွဲ့က စတင်ဆယ်ယူသည်။ ကျမ်းကိုး ပြင်ပအင်တာနက်စာမျက်နှာအညွှန်း ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းကြီး ၃ လုံး မြန်မာ့ ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%85%E1%80%B1%E1%80%90%E1%80%AE%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ပဋ္ဌာန်း
ပဋ္ဌာန်း သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာ ရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။ အမည်ရှင်းလင်းချက် ပဋ္ဌာန်း ဟူသည်မှာ ပ နှင့် ဌာန နှစ်ခုပေါင်းဖြစ်ကာ ပ ဆိုသည်မှာ အမျိုးမျိုးအစားစား များပြားသော၊ ဌာန ဆိုသည်မှာ အကြောင်း ဟု အသီးသီး အဓိပ္ပာယ်ရသည်။ အခြားအမည်တစ်မျိုးမှာ အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း ဖြစ်ကာ အနန္တနယ (အဆုံးမရှိသောကျမ်း) နှင့် သမန္တ (ထက်ဝန်းကျင် အဆုံးမရှိသောနည်းလမ်းတို့ဖြင့် တန်ဆာဆင်သော ထက်ဝန်းကျင်ပြည့်စုံသော ကျမ်း) ဟု ခေါ်ကြသည်။ ထို့ကြောင့် ပဋ္ဌာန်း ဟူသည်မှာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားသော တရားတော်ဖြစ်သည်။ အပိုင်းအခြား လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို ၃ မျိုးခွဲခြားကြသည်။ အတိဝိတ္ထာရ ဒေသနာ အတိ သင်္ခေပဒေသနာ နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဟူ၍ ဖြစ်သည်။ အတိဝိတ္ထာရ ဒေသနာ သည် မြတ်စွာဘုရား တာ၀တိံသာနတ်ပြည်၌ ဟောကြားသော အပြည့်အစုံပဋ္ဌာန်း ဖြစ်သည်။ အတိ သင်္ခေပဒေသနာ သည် နတ်ပြည်တွင် အသံမစဲ တရားဟောနေစဉ် နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဓာဝန်ဆောင်ဖို့ လူပြည်သို့ဆင်းကာ ဝတ်ပြုလာသော အရှင်သာရိပုတ္တရာကို ဟောကြားသည့် ဒေသနာတော် ဖြစ်သည်။ အလွန်အတိုချုပ်ဟောသော်လည်း အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနှင့် တန်ဆာဆင်ပြီး အကျယ်သိနိုင်သည်။ နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ သည် မကျဉ်းလွန်း၊ မကျယ်လွန်းသော တရားတော်ဟု အဓိပ္ပာယ်ရသည်။ အရှင်သာရိပုတ္တရာက မိမိတပည့် ရဟန်း ၅၀၀ ကို ပြန်ဟောသော တရားဖြစ်သည်။ လက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာတွင် သင်ကြားဟောပြောနေသော ပဋ္ဌာန်းတရားတော် ဖြစ်သည်။ ဘုရားရှင် ပဋ္ဌာန်းကို ဟောကြားရာတွင် ပုစ္ဆာဝါရ (အမေး)၊ ဝိသဇ္ဖနာဝါရ (အဖြေ) နှင့် သင်္ချာဝါရ (သရုပ်ခွဲ) ဟူ၍ သုံးမျိုးဟောကြားတော်မူသည်။ အမေးပုစ္ဆာပေါင်း ၄၀၄,၉၄၈,၅၃၃,၂၄၈ ရှိသည်ဟု ဆိုသည်။ ယင်းအတွက်ကြောင့် ပဋ္ဌာန်းကို မဟာ ပကရဏကျမ်း (ကြီးကျယ်ခမ်းနားသောကျမ်း) ဟူ၍လည်းခေါ်သည်။ ပဋ္ဌာန်းကို ၃ မျိုးအားဖြင့် ခွဲခြားဝေဖန်ကြသည်။ ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်းဝေဖန်ခြင်း ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ်ဝေဖန်ခြင်း ပရိနိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း။ ချုံ့ထားသည့် ပဋ္ဌာန်းမှာ ၅ ကျမ်းဖြစ်သည်။ စာမျက်နှာ ၂၆၄၀ ရှိပြီး ရွတ်ဖတ်ချိန် ၁၃၂ ခန့်ကြာမြင့်သည်။ ကျမ်းကြီးအနေဖြင့် ပဋ္ဌာန်းကျမ်းကြီး ၄ မျိုး ရှိသည်။ ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဟူ၍ ဟောပုံဟောနည်းအရ ကျမ်း ၄ မျိုးရှိသည်။ စုစုပေါင်း ၂၄ ကျမ်းဖြစ်သည်။ ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် အောက်ပါအတိုင်းပြန်ခွဲသည်။ ဓမ္မာနုလောမ တိက ၂၂ ကျမ်း၊ ဓမ္မာနုလောမ ဒုက ၁၀၀ ကျမ်း၊ ဓမ္မာနုလောမ ဒုက တိက ၆,၆၀၀ ကျမ်း၊ ဓမ္မာနုလောမ တိက ဒုက ၄,၄၀၀ ကျမ်း၊ ဓမ္မာနုလောမ တိကတိက ၁,၃၈၆ ကျမ်း၊ ဒုက ဒုက ၁၉,၈၀၀ ကျမ်း ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အကျယ်တွင် ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ ကျမ်း ဖြစ်သည်။ သို့အတွက် စုစုပေါင်း ၁၂၉,၂၃၂ ကျမ်းဖြစ်သည်။ ပဋ္ဌာန်းကို နက်နဲမှုအရ ၄ မျိုးခွဲနိုင်သည်။ ဂမ္ဘီရ ၄ မျိုးဟုလည်း ခေါ်သည်။ ဓမ္မ ဂမ္ဘီရ = ဝေါဟာရ စကားလုံးနက်နဲခြင်း အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပာယ် နက်နဲခြင်း ဒေသနာ ဂမ္ဘီရ = ဟောပုံဟောနည်း နက်နဲခြင်း ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်သည်။ ပစ္စယုဒ္ဒေသပါဠိ ဟေတုပစ္စယော အာရမ္မဏပစ္စယော အဓိပတိပစ္စယော အနန္တရပစ္စယော သမနန္တရပစ္စယော သဟဇာတပစ္စယော အညမညပစ္စယော နိဿယပစ္စယော ဥပနိဿယပစ္စယော ပုရေဇာတပစ္စယော ပစ္ဆာဇာတပစ္စယော အာသေဝနပစ္စယော ကမ္မပစ္စယော ဝိပါကပစ္စယော အာဟာရပစ္စယော ဣန္ဒြိယပစ္စယော ဈာနပစ္စယော မဂ္ဂပစ္စယော သမ္ပယုတ္တပစ္စယော ဝိပ္ပယုတ္တပစ္စယော အတ္ထိပစ္စယော နတ္ထိပစ္စယော ဝိဂတပစ္စယော အဝိဂတပစ္စယောတိ အဓိပ္ပာယ်များ မြန်မာပြန် အကျဉ်း ၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား (လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ) ၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ) ၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ(ပညာ)) ၄။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၅။ သမနန္တရပစ္စယော-ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၇။ အညမညပစ္စယော- အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား ၈။ နိဿယပစ္စယော- မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၉။ ဥပနိဿယပစ္စယော- အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၁၀။ ပုရေဇာတပစ္စယော- ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၁၁။ ပစ္ဆာဇာတပစ္စယော- နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၁၂။ အာသေ၀နပစ္စယော- မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၁၃။ ကမ္မပစ္စယော- ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၁၄။ ဝိပါကပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၁၅။ အာဟာရပစ္စယော- ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြုတတ်သော တရား ၁၆။ ဣန္ဒြိယပစ္စယော- ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ်သော တရား ၁၇။ ဈာနပစ္စယော- စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား ၁၈။ မဂ္ဂပစ္စယော- လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၁၉။ သမ္ပယုတ္တပစ္စယော- တသားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၂၀။ ဝိပ္ပယုတ္တပစ္စယော- မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား ၂၁။ အတ္ထိပစ္စယော- ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား ၂၂။ နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သော တရား ၂၃။ ဝိဂတပစ္စယော- ကင်း၍ ကျေးဇူးပြုတတ်သော တရား ၂၄။ အဝိဂတပစ္စယော- မကင်းဘဲ ကျေးဇူးပြုတတ်သော တရား မြန်မာပြန် အကျယ် ဟေတုပစ္စယော ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ညောင်ပင်မြစ်သည် ညောင်ပင်အားမြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊ မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေ ခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊ နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင်း၊ အမျက်ထွက်ခြင်းမရှိသော အဒေါသ၊ ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီးယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေခြင်း မရှိသော အမောဟတရားတို့သည် စိတ်၊ စေတသိတ်တရားတို့အား အလိုသို့လိုက်၍ဖြစ်စေခြင်းဖြင် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကို ဟောတော်မူသည်။ အာရမ္မဏပစ္စယော အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တောင်ဝှေးသည် မသန်မစွမ်းသူတို့အားအလိုရှိရာသို့ ရောက်စေ၍အထောက်အကူပေးသကဲ့သို့ အဆင်း(ရူပါရုံ)၊ အသံ(သဒ္ဓါရုံ)၊ အနံ့(ဂန္ဓာရုံ)၊အရသာ(ရသာရုံ)၊ အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊ စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသောအာရုံခြောက်ပါးတို့သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။ အဓိပတိပစ္စယော အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ စကြဝတေးမင်းသည် ပြိုင်ရဲသူပြိုင်သူမရှိလောက်အောင် ဇွဲ၊ လုံ့လအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့ အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသော ဆန္ဓာဓိပတိ၊ အားထုတ်ခြင်းလုံ့လဟူသော ဝီရိယာဓိပတိ၊ လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော စိတ္တာဓိပတိ၊ အသိဉာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိဟူသော အဓိပတိ တရားများသည် အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကို ဟောတော်မူသည်။ အနန္တရပစ္စယော အခြားမဲ့တဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား စကြာဝတေးမင်းနတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊ နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။ သမနန္တရပစ္စယော ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ကျေးဇူးပြုတတ်သောတရား။ စကြာဝတေးမင်းတောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြားမရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင်း၊ မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကို ဟောတော်မူသည်။ သဟဇာတပစ္စယော တပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ဆီမီးသည် ညှိထွန်းသည်နှင့် တပြိုင်နက် အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ ပြုပြခြင်းသင်္ခါရ၊ အသိရှိမှု ဝိဉာဏ်ဟူသော နာမ်ခန္ဓာလေးပါးတို့ကို တပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကို ဟောတော်မူသည်။ အညမညပစ္စယော အချင်းချင်းအပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား။ သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့သိမှု၊ ခံစားမှုဟူသော ရုပ်တရား၊ နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကို ဟောတော်မူသည်။ နိဿယပစ္စယော မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကိုမှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကို ဟောတော်မူသည်။ ဥပနိဿယပစ္စယော အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မိုးတွင်းအခါရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊ လယ်ယာမြေ၊ တော၊ တောင်အစရှိသည်တို့ အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလစောင့်ထိန်းခြင်း၊ သမထ၊ ဝိပဿနာ၊ ဘာဝနာများ အားထုတ်ခြင်းကြောင့် မဂ်တရား၊ ဖိုလ်တရားများနှင့် နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့သည် အားကြီးသော မှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကို ဟောတော်မူသည်။ ပုရေဇာတပစ္စယော ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။ ကမ္ဘာဦး၌ပထမဆုံး အရင်ဖြစ်နှင့်သော နေ၊ လတို့သည် နောက်မှဖြစ်သည့် သတ္တဝါအပေါင်းတို့အား အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ မိဘတိုင်းသည် သားသမီးများထက် အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေ့မှဖြစ်နှင့်သော လျှာသည် အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကို ဟောတော်မူသည်။ ပစ္ဆာဇာတပစ္စယော နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သားကောင်း၊ သမီးကောင်းများသည် ဥစ္စာပညာပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အရှင်ဗာကုလ ရဟန္တာမထေရ် အလောင်းတော်သည် မွေးပြီးစ နို့စို့အရွယ်တွင် သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့်သတ္တိက အရှင်ဗာကုလမထေရ်အားမသေစေရန် အကျိုးပြုသကဲ့သို့လည်းကောင်း၊ ရုပ်တရားတွေ လန်းဆန်းတည်တံ့နေအောင် စိတ်တရားများက ထက်သန်မှုအပြည့်ဖြင့် နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကို ဟောတော်မူသည်။ အာသေဝနပစ္စယော အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ရှေးရှေး၌ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက်အားကောင်း၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊ အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်သည့် ကုသိုလ်၊ အကုသိုလ်တရားများအတွက် ကောင်းကျိုး၊ မကောင်းကျိုးတို့ကို တိုးပွားစေ၍ ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကို ဟောတော်မူသည်။ ကမ္မပစ္စယော ပြုလုပ်စီရင်ခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင်စီမံအပ်သော မျိုးစေ့၊ အညွန့်၊ အညှောက်၏အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကောင်းသောအမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကို ဟောတော်မူသည်။ ဝိပါကပစ္စယော အကျိုးရလဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တိုက်ခတ်လာသော လေပြေ၊ လေညှင်း၊ လေနုအေးသည် သစ်ပင်ကြီးများ၏အရိပ်အောက်၌ နေသောသူအား ကိုယ်ရောစိတ်ပါ ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊ နတ်ဘုံတို့၌ခံစားရမည်။ အကုသိုလ်ကံတရားကြောင့် အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊ တိရစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကို ဟောတော်မူသည်။ အာဟာရပစ္စယော ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ထောက်ကန်ထားသော အကူဒေါက်တိုင်သစ်သားသည် အိမ်အို၊ အိမ်ဟောင်းအား လေဒဏ်၊ မိုးဒဏ်ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် သုံးဆယ့်တစ်ဘုံ၌ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန်အတွက် ရုပ်အာဟာရ၊ နာမ်အာဟာရနှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူသည်။ ဣန္ဒြိယပစ္စယော အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊ မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီးခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်သကဲ့သို့ ဣန္ဒြေ(၂၂)ပါးရှိရာတွင် စက္ခုဣန္ဒြေဟူသော မြင်သိစိတ်သည် မြင်သိစိတ် အားသာသောတိန္ဒြေဟူသော ကြားသိစိတ်သည် ကြားသိစိတ်အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကို ဟောတော်မူသည်။ ဈာနပစ္စယော ကပ်၍စူးစူးစိုက်စိုက် ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တောင်ထိပ်ဖျား၊ သစ်ပင်ဖျားသို့ တက်၍ကြည့်သောသူသည် အနီးအဝေး အရပ်မျက်နှာတို့ကို ထင်ရှားတပ်အပ်မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ဈာန်ငါးပါး၊ ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက်အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံးနိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊ အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက် စိတ်တရား၊ ရုပ်တရားတို့အား ထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကို ဟောတော်မူသည်။ မဂ္ဂပစ္စယော ကျွတ်လွတ်ထွက်မြောက်သော နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ဤမှာဖက်ကမ်းစပ်မှ ဟိုမှာကမ်းစပ်သို့ ကူးပြောင်းသွားသော ဖောင်၊ ကူးတို့သမားသည် ဤမှာဘက်ကမ်းစပ်မှ လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊ သမ္မာဒိဋ္ဌိ(ကောင်းစွာသိမြင်ခြင်း)။ သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊ သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊ သမ္မာအာဇီဝ(ကောင်းစွာအသက်မွေးခြင်း)၊ သမ္မဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊ သမ္မာသတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊ သမ္မာသမာဓိ (ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည် ကောင်းသည့်အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိ ချမ်းသာစစ်ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကို ဟောတော်မူသည်။ သမ္ပယုတ္တပစ္စယော အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နှမ်းဆီ၊ ထောပတ်၊ ပျားရည်၊ သကာရည်၊ (နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ ဟူသောခံစားမှု၊ မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။ ဝိပယုတ္တပစ္စယော အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်း အချင်းချင်းမနှီးမနှော မရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှလုံးအိမ်ဟူသော ရုပ်တရားတို့သည် နာမ်တရားများနှင့် မရောစပ်ဘဲ တစ်မျိုးစီသာ အာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိပ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။ အတ္ထိပစ္စယော ပစ္စုပ္ပန်၌ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက် မိမိကို အမှီပြုနေသော မြက်၊ သစ်ပင်စသည်တို့အား ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အစားအသောက်အာဟာရကို ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကို တည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ ရေ၊ မီး၊ လေ ဟူသော မဟာဘုတ်တရားတို့သည် ထိုတရားကို ခြယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။ နတ္ထိပစ္စယော မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။ ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ညအခါကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးစိတ်တို့ ချုပ်ငြိမ်း၍မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။ ဝိဂတပစ္စယော ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟတရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန်ကို ခွဲခြားသိစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။ အဝိဂတပစ္စယော မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊ လိပ်တို့နှင့်မကင်း၊ မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက် ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။ ပစ္စယနိဒ္ဒေသပါဠိ ၁။ ဟေတုပစ္စယောတိ- ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ၂။ အာရမ္မဏပစ္စယောတိ- ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ၃။ အဓိပတိပစ္စယောတိ- ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ယံယံ ဓမ္မံ ဂရုံ ကတွာ ယေယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ ဓမ္မာ၊ တေတေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိ ပစ္စယေန ပစ္စယော။ ၄။ အနန္တရပစ္စယောတိ- စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိ ကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ၅။ သမနန္တရပစ္စယောတိ- စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ၆။ သဟဇာတပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။ ၇။ အညမညပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။ ၈။ နိဿယပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ သောတယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ၉။ ဥပနိဿယပစ္စယောတိ- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ဥတု ဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။ သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ ၁၀။ ပုရေဇာတပစ္စယောတိ- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။ ၁၁။ ပစ္ဆာဇာတပစ္စယောတိ- ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ၁၂။ အာသေဝနပစ္စယောတိ- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကြိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။ ၁၃။ ကမ္မပစ္စယောတိ- ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ၁၄။ ဝိပါကပစ္စယောတိ- ဝိပါကာစတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။ ၁၅။ အာဟာရပစ္စယောတိ- ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ၁၆။ ဣန္ဒြိယပစ္စယောတိ- စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ၁၇။ ဈာနပစ္စယောတိ- ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။ ၁၈။ မဂ္ဂပစ္စယောတိ- မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။ ၁၉။ သမ္ပယုတ္တပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ၂၀။ ဝိပ္ပယုတ္တပစ္စယောတိ- ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပယုတ္တပစ္စယေန ပစ္စယော။ အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပယုတ္တပစ္စယေန ပစ္စယော။ ၂၁။ အတ္ထိပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ ဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ၂၂။ နတ္တိပစ္စယောတိ- သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။ ၂၃။ ဝိဂတပစ္စယောတိ- သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။ ၂၄။ အဝိဂတပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ ဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ကိုးကား ပြင်ပလင့်ခ်များ ပဋ္ဌာန်းဒေသနာတော် - တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ ဦးသုမင်္ဂလ ရွတ်ဖတ်တော်မူသော ပဋ္ဌာန်းဒေသနာတော် အသံဖိုင် ပဌာန်း(၂၄)ပစ္စည်းအကျယ် တရားတော်များ ပဌာန်း ၂၄ ပစ္စည်း သရုပ်ဖော်ပုံပြ ၂၄ ပစ္စည်း ရုပ်စုံရှင်းလင်းချက်များ အဘိဓမ္မာပိဋကတ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%8B%E1%80%B9%E1%80%8C%E1%80%AC%E1%80%94%E1%80%BA%E1%80%B8
ဗမာလူမျိုး
ဗမာလူမျိုး ()သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများအနက် လူဦးရေအများဆုံးသော လူမျိုးစုဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ ၏ ၆၈% သို့မဟုတ် ၃၆ သန်းခန့်မျှရှိသည်။ နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ဗမာလူမျိုးတို့သည် တိဘက်-မြန်မာ(Tibeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မွန်ဂိုလွိုက်(Mongoloid race) ဖြစ်သည် ဟု မြန်မာ သမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်း က မှတ်ချက် ပြုသည်။ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော နေရာတွင် ယခင်အနှစ် ၄၀၀,၀၀၀ လောက်က လက်နက်ကို အသုံးပြုတတ်ပြီ ဖြစ်သော ရှေးလူများ နေထိုင် ခဲ့ကြသည်။ ရာသီဥတုမှာ ယခုအခါထက် ပို၍ အေးသည်။ မိုးမှာ၊ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့်၊ မိုးစွေကာလဟု ခေါ်ရသည်။ ယခင် အနှစ် ၂၀၀,၀၀၀ လောက်မှ စ၍ ထို ရှေးလူများသည် လက်နက် လုပ်တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့်၊ တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက်လှည့်သော ဂူများတွင်သာ နေကြသည်။ ယခင်အနှစ် ၄၀,၀၀၀ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ ရာသီဥတုမှာ ယခင်အနှစ် ၁၀,၀၀၀ မှ စ၍၊ တဖြည်းဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာသည်။ ယခင်အနှစ် ၁၁,၀၀၀ ခန့်က၊ ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကို တွေ့နိုင်သည်၊၊ ယခု ဆင်၊ ဝက်၊ သမင်တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်းမှ မြင်ရသော နေထွက်ပုံမှာ၊ ရှုခင်းကား ဖြစ်မည် ထင်ရသည်။ မြန်မာတို့သည် ခရစ် (၁၁) ရာစုနှစ်မှ စ၍ ဗုဒ္ဓ သာသနာကို လက်ခံခဲ့၍ မည်သည့် ကိစ္စမဆို ဗုဒ္ဓ သာသနာကို ထိပ်တန်းက ထား၍ စဉ်းစား ဆောင်ရွက်သော ဓလေ့ကို ရခဲ့သည်။ မျိုးရိုး စဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ် ဘက်မှ ဓလေ့ များစွာလည်း မြန်မာတို့ ယခုတိုင် ဆက်လက်၍ အသုံးပြု နေပါသည်။ မနုဿသမိုင်းအရ ဗမာလူမျိုးစုတို့သည် ယနေ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီကပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းကြသည်။ အေဒီ ၁၀ ရာစုမတိုင်မှီအချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီတွင် မြစ်သာ ၆ ခရိုင်၊ ပုဂံ နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော်မြန်မာတို့က ထိုပြည်ထောင်စုကို ပထမပြည်ထောင်စုအဖြစ်သာ လက်ခံကြသည်။ သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ပြန်လည်ကာရောက်ရှိနိုင်ခဲ့သည်။ အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ဒုတိယပြည်ထောင်စု(ဒုတိယမြန်မာနိုင်ငံတော်ကြီး)၊ အလောင်းဘုရား၏ တတိယပြည်ထောင်စု(တတိယမြန်မာနိုင်ငံတော်ကြီး)တို့ကိုတည်ထောင်ကာ သမိုင်းတစ်လျောက်တွင် အောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (အင်္ဂလိပ်တို့၏ မြန်မာနိုင်ငံအပေါ် ပထမ ကျူးကျော်စစ်ပွဲ) အပြီးတွင် မဏိပူရ၊ တနင်္သာရီနှင့် ရခိုင် ဒေသများကို အင်္ဂလိပ်တို့ထံ ပေးအပ်ခဲ့ရပြီး ၁၈၈၆ တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ အင်ပါယာအတွင်းသို့ ကျ‌ရောက်ခဲ့ပြီး ၁၉၃၇ ခုနှစ်အထိ အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် တည်ရှိခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှ အုပ်ချုပ်မှု အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး မြန်မာပြည် အဖြစ်ပြန်လည်ထူထောင်ခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ နိင်ငံ့တော်အစိုးရ ကို ပုန်ကန်ကာ အာဏာသိမ်း ပြီး ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အဖြစ် ကူးပြောင်းကာ တစ်ပါတီဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၂၆ နှစ်အကြာတွင် ၈လေးလုံး လူထုဆန္ဒထုတ်ဖော်မှုကြောင့် တစ်ပာတီအာဏာရှင်စနစ် စနစ်ပျက်သုဉ်းသော်လည်း စစ်တပ်မှ နောက်တစ်ကြိမ် အာဏာသိမ်းကာ ၂၀၁၀ထိ ၁၉နှစ်ကြာ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။၂၀၁ဝ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ကူးပြောင်းရန်စီမံလျက်ရှိပြီး ကုလသမဂ္ဂ‎၊ အာဆီယံ၊ WTO စသည့် အဖွဲ့အစည်းများတွင် ပါဝင်သည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မလာမီ နှစ်ပေါင်း၄၀ဝ၀ကျော်ခန့်အချိန်က ဗမာလူမျိုးတို့သည် တရုတ်နိုင်ငံ အနောက်မြောက်ဘက် ကန်စုဒေသ၊ ထောင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ သက်သေအထောက်အထားအားဖြင့် ဗမာတို့၏ ဘိုးဘွားများဖြစ်သည်ဟု ဆိုရန်ခက်သကဲ့သို့ ငြင်းပယ်နိုင်ခြင်းလည်းမရှိပေ။ တွေ့ရှိရသည့် ထိုလူမျိုးစုတို့၏ ကျန်ရစ်သောအသုံးအဆောင်များမှာ အတော်အတန်အဆင့်မြင့်သည့် ကျောက်ခေတ်နှောင်းလက်ရာမျိုးရှိပြီး ခေတ်ပြိုင်တရုတ်လက်ရာများနှင့် ရေချိန်ညီသောယဉ်ကျေးမှုမျိုးရှိသည်ဟု ဆိုနိုင်သည်။ တရုတ်တို့၏အင်အားကြီးမားစွာနယ်ပယ်ချဲ့ထွင်လာမှုများ၊ လူမျိုးစုအချင်းအချင်း တိုက်ခိုက်မှုများကြောင့် အဆိုပါလူမျိုးစုသည် တောင်ဘက်ဒေသများသို့ ရွေ့ပြောင်းလာကြသည်။ ထိုသို့ လွတ်လပ်မှုအတွက် ရွေ့ပြောင်းရာတွင် ပေးဆပ်ရသော တန်ဖိုးမှာ အနှစ် ၃၀ဝ၀နီးပါးမျှတိမ်ကောခဲ့ရသည်ယဉ်ကျေးမှုပင်ဖြစ်တော့သည်။ ဆိုလိုသည်မှာ မိမိတို့လူမျိုးစုလွတ်မြောက်ရေးအတွက် ယဉ်ကျေးမှုကို ပစ်ပယ်ကာ ရောက်ရာအရပ်မှ ယဉ်ကျေးမှုများရောနှောလာသည်ကို လက်ခံခဲ့ရခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် ပုဂံတွင်အခြေချသည့် အေဒီ ၁၁ရာစုက ဗမာတို့ယဉ်ကျေးမှုသည် အေဒီ ၁၁ရာစု တရုတ်တို့၏ ယဉ်ကျေးမှုနှင့် ယဉ်လျှင် များစွာကွာခြားခဲ့ပြီး ရောနှောထားသည့် ယဉ်ကျေးမှုများအား လိုတိုးပိုလျော့ပြုလုပ်ခြင်းဖြင့် ပိုမိုသစ်လွင်ကောင်းမွန်သော ယဉ်ကျေးမှု အဆင့်အတန်းကို ဖန်တီးတီထွင်နိုင်ခဲ့ကြသည်။ သို့ဖြင့် ခရစ်၇ ရာစုများအရောက်တွင် ထိုလူမျိုးစုသည် တရုတ်-မြန်မာနယ်စပ်သို့ရောက်လာပြီဖြစ်ပြီး တရုတ်မှတ်တမ်းများတွင် မန်းမန် ဟုခေါ်သည့် လူရိုင်းအုပ်စုကြီးအဖြစ် တည်ရှိခဲ့သည်။ ထိုအုပ်စုကြီးအတွင်းမှ မန်ဟုခေါ်သည့် လူမျိုးစုမှ မိမိတို့အကြီးအကဲဖြစ်သူကို မင်း၊မင်းစော ဟုခေါ်ကြပြီး စစ်မက်ရေးရာကျွမ်းကျင်သူများဖြစ်လာသည်။ သို့သော် မွှေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။ ထိုစဉ်ကပင် အိမ်ကြက်ကို မွှေးမြူနေပြီဖြစ်သည်ဟု သိရှိရသည်။ ထိုလူမျိုးသည် ထကြွလုံ့လရှိပြီး စစ်ရေးတွင်အလွန် အားသန်သူများဖြစ်သည် ဟုဆိုသည်။ စစ်ပွဲများတွင် လှံနှင့် မြင်းစီးကျွမ်းကျင်မှုကို အသုံးချကာ တိုက်ခိုက်သည်။ အမျိုးသားများသာမက အမျိုးသမီးများပါ မြင်းကိုကျွမ်းကျင်စွာ စီးနှင်းနိုင်သည်။ လေးမြားအတတ်တွင် ကျင်လည်ကာ အဆိပ်လူးမြားဖြင့်လည်း ရန်သူကိုတိုက်ခိုက်လေ့ရှိသည်။ ခြေတံရှည်အိမ်များတည်ဆောက်နေထိုင်သည်။ ဘောင်းဘီဝတ်ဆင်လေ့ရှိပြီး ခေါင်းပေါင်းအနီကို ပေါင်းလေ့ရှိကြောင်း သိရသည်။ ၈ရာစုအစောပိုင်းကာလများတွင် နန်ကျောက်တို့၏ အုပ်စီးမှုကိုခံလာရပြီး ခရစ်နှစ်၇၉၄ ခန့်တွင် နန်ကျောက်လက်အောက်ခံဖြစ်ရသည်။ စစ်ရေးကျွမ်းကျင်မှုကြောင့် နန်ကျောက်တို့၏ အရှေ့တောင်အာရှကုန်းမြေအား ကျူးကျော်စစ်ပွဲများတွင် တပ်ဦးမှ အများဆုံးပါဝင်ရလေ့ရှိသည်။ မန်းမန်စစ်သည်များသည် အလွန်သတ္တိရှိပြီး သစ္စာလည်းမြဲသည်ဟုဆိုလေ့ရှိသည်။ စစ်ပွဲတွင် မန်းမန်စစ်သည်တစ်ဦးအား ဖမ်းဆီးရမိ၍ မည်သို့ပင်ရိုက်နှက်စစ်ဆေးစေကာမူ မည်သည့်လျှို့ဝှက်ချက်ကိုမှ ပြောပြမည်မဟုတ်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်း စစ်တိုက်သန်သူများဖြစ်သော်လည်း မိမိတို့ကို အုပ်စီးထားသည့် နန်ကျောက်များခိုင်းသကဲ့သို့ အချိန်ကြာမြင့်စွာ လှည့်လည်တိုက်ခိုက်ခြင်းမှာ မဖြစ်နိုင်သည်ကြောင့်တစ်ကြောင်း၊ နဂိုကပင်လွတ်လပ်မှုကို အလေးထားသည့်လူမျိုးဖြစ်သည်ကြောင့် တစ်ကြောင်း ခရစ်နှစ် ၉ ရာစုမတိုင်မီကပင် နန်ကျောက်အုပ်ချုပ်သည့် ပြည်နယ်အတွင်းမှ အုပ်စုလိုက်စတင်ထွက်ခွာလာကြသည်။ အရှေ့တောင်အာရှတခွင် နေရာဒေသအတော်များများကို ရောက်ဖူးပြီးဖြစ်သဖြင့် မိမိတို့နှင့် အသင့်တော်ဆုံးဖြစမည့် ဒေသကို ရွေးချယ်နိုင်ပြီဖြစ်သည်။ သို့ဖြင့် ပူပြင်းစိုစွတ်သော၊ ငှက်ဖျားရောဂါကဲ့သို့ ရောဂါဆိုးမျိုးရှိရာ ဒေသများကို ရှောင်ရှားကာ မြန်မာနိုင်ငံ၏ ဗဟိုဒေသ၊ ပူအိုက်ခြောက်သွေ့ကာ ရောဂါဘယဘေးကင်းရှင်းသည့် ဒေသကို ရွေးချယ်အခြေချလေတော့သည်။ မြန်မာ့မြေပထဝီအနေအထားကို သိရှိပြီးဖြစ်သကဲ့သို့ မိမိတို့အား ခုခံသူမရှိမည့် လမ်းကြောင်းဖြစ်သည့် သံလွင်မြစ်ကို စုန်ဆင်းကာ မြောက်ပိုင်းရှမ်းပြည်နယ်ကို ဖြတ်သန်းကာ ဗဟိုမြန်မာဒေသကို အရှေ့တောင်ထောင့်မှ ဝင်ရောက်သည်။ ထို့နောက် စိုက်ပျိုးမြေကောင်းမွန်သည့် ကျောက်ဆည်နှင့် မင်းဘူးဒေသများကို မွန်၊သက်၊ပလောင် နှင့် ပျူတို့ထံမှ လုယူသည်။(လုယူသည်ဟုဆိုရာတွင် တစ်ပြိုင်နက် စစ်ပြု၍ ယူသည်မျိုးရှိနိုင်သကဲ့သို့၊ လူဦးရေအတိုးအပွားပေါ်တွင် အခြေပြုကာ ဝါးမြိုခြင်းလည်း ရှိနိုင်သည်။) ထို့နောက် ဆက်သွယ်ရေး၊ရိက္ခာရရှိနိုင်မှုနှင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ မြို့တော်အဖြစ် အလယ်ဗဟိုတွင်ရှိသည့် ပုဂံကိုထူထောင်သည်။ ထိုနောက် မိမိအရင်လူမျိုးများဖြစ်သည့် ပျူနှင့် မွန်တို့ထံမှ ဘာသာစကား၊ဘာသာရေး နှင့် ယဉ်ကျေးမှုများကို လက်ခံသုံးစွဲလာကြသည်။ ထို့ကြောင့် အောင်နိုင်သူများသည် ယဉ်ကျေးမှုဖြင့်ကျဆုံးပြီဟု ဆိုရလောက်အောင်ပင်ဖြစ်တော့သည်။ ပလောင်နှင့် မွန်လူမျိုးများထံမှ ဆည်ရေသောက်လယ်ယာမြေစိုက်ပျိုးနည်းစနစ်ကို ရယူကာ စိုက်ပျိုးရေးကို အကြီးအကျယ်တိုးချဲ့သည်။ တောများကိုခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်သည်။ သို့ဖြင့် ရွှေဘို၊မုံရွာ၊ပခုက္ကူ၊စစ်ကိုင်း နှင့် မန္တလေးအစရှိသည့် ဒေသများတွင်လယ်စိုက်ပျိုးကြပြီး အခြားမြေဩဇာညံ့ဖျင်းသည့် အရပ်များတွင် ကွမ်း၊ထန်း အစရှိသည့် ဥယျာဉ်ခြံများကို လုပ်ကိုင်ကြသည်။ အလွန်မှ ညံ့ဖျင်းသည့် မြေများတွင် ပြောင်း၊နှမ်း အစရှိသည်တို့ကို စိုက်ပျိုးသည်။ ဤသို့ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသကြီးတစ်ခုလုံးအား စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခဲ့ခြင်းမှာ အလွန်ပင်ဂုဏ်ယူဖွယ်ဖြစ်သည့် ကြီးမားသောအောင်မြင်မှုပင်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်ထွန်းကာ အခြေတကျနေထိုင်ခွင့်ရရှိလာပြီဖြစ်သဖြင့် လူဦးရေမှာလည်း အလျင်အမြန်ပင်တိုးပွားလာပြီး နယ်ပယ်မှာလည်း ကျယ်ပြန့်လာသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ဝတ်စားဆင်ယင်မှု မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသများတွင် အစဉ်အဆက် နေထိုင်ကြသည်။ AD ၁၀ ရာစု ခန့်စ၍ ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် မြို့ပြများထူထောင်နေထိုင်ကြသည်။ ပုဂံ၊ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မန္တလေးတို့မှာ ထင်ရှားသည်။ ယနေ့အချိန်များတွင် ဗမာလူမျိုးမှာ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ ၈၈ ရာခိုင်နှုန်းကျော်ရှိသည်။ ဗမာအမျိုးသမီး များသည် ရင်စေ့ ရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ပိုးချည်ဖောက်ထားသော ကွင်းလုံချည်ကို ဝတ်ဆင်၍ပခုံးတွင်ပုဝါလွှား ရင်တစ်ဘက်တစ်ချက်တွင်ချထားသည်။ မြန်မာအမျိုးသမီးများသည်ဆံပင်ကိုအထူးဆင်ယင်ထုံးဖွဲ့လေ့ရှိသည်။ အမျိုးသားများမှာ ဦးခေါင်းတွင် ခေါင်းပေါင်းပေါင်း၍ တိုက်ပုံ ရင်စေ့နှင့် ပုဆိုးကို ဝတ်ဆင်ကြသည်။ ဘာသာစကားနှင့်စာပေ ဘာသာစကား ဘာသာအယူဝါဒအားဖြင့် အစပထမတွင် မဟာယာနဂိုဏ်း၊ ရိုးရာနတ်နှင့်ဟိန္ဒူနတ်တို့ကို ကိုးကွယ်သည်ဟု လေ့လာသိရှိရသည်။ အနော်ရထာမင်း လက်ထက်တွင် ထိုအယူကွဲဂိုဏ်းများကို နှိပ်ကွပ်ပြီး စစ်မှန်သည့် ထေရဝါဒ(မဟာယာနဂိုဏ်း က ဟိနယာနဟုခေါ်သည်။) ဗုဒ္ဓဘာသာကို ကိုးကွယ်ရန် ပျိုးထောင်ပေးခဲ့သည်။ သို့သော် သမိုင်းတစ်လျောက်တွင် မဟာယာန နွယ်သော ပွဲကျောင်းအလေ့အထများ၊ ရိုးရာနတ်နှင့် ဟိန္ဒူဆိုင်ရာအလေ့အထများကို ညောင်ရမ်းခေတ်အထိ တွေ့ရှိခဲ့ရသည်။ သက်သေအားဖြင့် ကျန်စစ်သားမင်း နန်းသစ်တည်ပြီး နန်းသိမ်းပွဲခံရာတွင် ဟိန္ဒူနတ်ဖြစ်သည့် ဗိဿနိုးနတ်ကို ပင့်ဖိတ်ပသခြင်း၊ တောင်ငူနန်းဆက်တွင်လည်း တောင်တွင်းရှင် မုန်ယိုဆရာတော်၊ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဆက်များတွင် ဗားမဲ့၊ ဗားမော့ အစရှိသည့် မွန်ဆရာတော်များကို ပင့်ဖိတ်ကာ နတ်မေးစေခြင်း အစရှိသည်တို့ကိုတွေ့ရသည်။ စာပေ ယနေ့ မြန်မာစာပေအရေးအသားမှာ ဗမာစာကိုစံထားပြီး ရုံးသုံးစာအဖြစ်၊ မြန်မာစာအဖြစ် သတ်မှတ်သည် ဟုဆိုနိုင်သည်။ စာပေအရေးအသားတွင် ဗမာတို့သည် အနွယ်တူသော ပျူတို့ထံမှ မသင်ယူခဲ့ပဲ၊ မွန်ဘာသာစကားပြောဆိုမှုကို မှီငြမ်းကာ အက္ခရာ အရေးအသားမှာလည်း မွန်တို့ထံမှ ရယူခဲ့သော်ငြား ကိုယ်ပိုင်အက္ခရာကို တီထွင်ပြောဆိုရေးသားခဲ့ကြသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ပျူကျောက်စာ အကြွင်းအကျန်များကို ဖတ်ရှု အဓိပ္ပာယ် ဖော်နိုင်ရန်ခက်ခဲနေရသည်။ ဗမာ(ခေါ်) မြန်မာတို့သည် ခရစ်နှစ် ၁၁၁၃ မှ ၁၁၇၄ အတွင်း၌ မွန်ယဉ်ကျေးမှု့ကိုမှီငြမ်းပြု၍ သီးခြားယဉ်ကျေးမှု တည်ထောင်ရန် အားထုတ်နေဆဲ ဖြစ်ကြောင်း ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ရာဇဝင် စာ-၂၅ ၌ တွေ့ရသည်။ မြန်မာ့သမိုင်းဆရာတို့က မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟု ယူဆကြသည်။ ပျူစာမှဆင်းသက်ရိုးမှန်လျှင် ပျူစာမှသည် မြန်မာစာဖြစ်လာစေရန် ခေတ်အဆက်ဆက် ဆင့်ကဲဆင့်ကဲပြောင်းလဲလာခဲ့သော ကြားခံစာပေမျိုး ရှိရမည်။ ယင်းကဲ့သို့မရှိခဲ့ကြောင်းကို ရာဇကုမာရ် ကျောက်စာက သက်သေခံလျက် ရှိသည်။ ရာဇကုမာရ်ကျောက်စာ၌ ပါဠိ၊ မြန်မာ၊ ပျူ၊ မွန် ဟူ၍ စာပေလေးမျိုးဖြင့် တပြိုင်တည်း ရေးထိုးထားသည်ကိုတွေ့ရှိနိုင်သည်။ ယင်းကျောက်စာမှာ အကြောင်းအရာတစ်ခုတည်းကို စာပေလေးမျိုးဖြင့် တစ်ခေတ်တည်းတွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟူသောအဆိုမှာ ခိုင်လုံသောအထောက်အထားမဟုတ်ချေ။ အလားတူစွာ မွန်စာမှဆင်းသက်လာသည်ဟု ဆိုပြန်ရန်လည်း ယင်းကျောက်စာမှာပင် မွန်စာလည်း ပါရှိနေပြီးဖြစ်သောကြောင်းတည်း။ ယနေ့ထိ လူတို့သည် ပျူစာကိုကောင်းစွာ ရေရေလည်လည် ဖတ်တတ်သူဟူ၍ မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ပျူတို့သည် ရခိုင်နှင့် မွန်တို့ကဲ့သို့ သီးခြားစာပေဖြင့် ရပ်တည်နေထိုင်လာခဲ့သော လူမျိုးများဖြစ်နေသောကြောင့်တည်း။ ဒေါက်တာသန်းထွန်းက သူ၏ခေတ်ဟောင်း မြန်မာ့ရာဇဝင်စာ-၁၂၂ တွင် ထိုလေးရာစုတွင် စာရေးနည်းပညာကို ပျူတို့ရကြလျှက် မွန်နှင့်ရခိုင်တို့က ၆ ရာစုတွင်ရနေပြီးဖြစ်လျက် နောင်အခါ မြန်မာတို့က ပျူ၊ မွန် နှစ်ဦးစလုံး ထံမှ နည်းကိုမှီလျှက် ၁၁ ရာစုတွင် ထိုပညာကိုရကြသည်ဟု မှတ်ယူနိုင်သည်ဟူ၍ ကောက်ချက်ချ ရေးသားခဲ့သည်။ တဖန် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် ကျောက်စာများကို သေသေချာချာ လေ့လာကြည့်ပါက “ရခိုင်သံဖြင့် ရေးသားထားသော ရခိုင်စာပေ အသုံးအနူန်းများကိုသာ ” တွေ့ရှိကြရသည်။ ထို့ကြောင့် မြန်မာတို့သည် မြန်မာစာကို ပျူနှင့် မွန်တို့ထံမှ ရသည်ဟူသောအဆိုကို စဉ်းစားစရာ အများ ကြီးရှိလာသည်။ ရခိုင့်အသံ၊ ပုဂံခေတ်ကျောက်စာနှင့် ဘာသာပြန် ရဟန်းသင်္ဃာ = ရဟန်းသံဃာ မင်းဆြာ = မင်းဆရာ ပင့်သကူ = ပံသကူ လှိယ် = လှေ အရှေ့လားသော် = အရှေ့သွားသော် သို့သော် ယခုအသစ်တွေ့ရှိထားသည့် စောလူးမင်းကျောက်စာ (၄၁၅ ခုနှစ်)မှာ နှစ်ပေါင်း ၆၀ ခန့် ရာဇကုမာကျောက်စာ ထက် စောခဲ့သည်ဟု ပညာရှင်များက ပြောဆိုသည်။ ဘာသာစကား ခြောက်မျိုးဖြင့် ရေး ထိုးထားသောကြောင့် ဘာသာအများဆုံးပါရှိသည့် ကျောက်စာတစ်ချပ် ဖြစ်သည်။ မြန်မာဘာသာဖြင့် ရှစ်ကြောင်း၊ ပျူပါဠိဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ်စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ မွန်စာ အများဆုံးဖြင့် ရေး ထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။ ရခိုင်စာ မပါဝင်ကြောင်း သိရသည်။ ထင်ရှားသောဗမာလူမျိုးများ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးသန့် (ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်) မြန်မာစာပေပညာရှင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနု အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို သခင်စိုး သခင်သန်းထွန်း ဦးကျော်ငြိမ်း ဒေါက်တာဘမော် ကိုဗဟိန်း ဦးဗဆွေ ဦးမြင့်သိန်း ဗိုလ်မှူးချုပ် ကျော်ဇော ဗိုလ်မှူး စိန်မှန် မြို့မ-ဦးသန်းကြွယ် ဒေါက်တာသန်းထွန်း ဗိုလ်မှူးချုပ်အောင်ကြီး ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရ ဦးတင်ဦး နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် ဗိုလ်ချုပ်မှူးကြီး စောမောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီး(ငြိမ်း) မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ လင်းယုန်နီ ချစ်ဦးညို မောင်စွမ်းရည် ဆရာအောင်သင်း ဆရာစံ ဗမာလူမျိုးစု မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဗမာလူမျိုးစု (၉)စု ရှိသည်။ အက္ခရာစဉ်အတိုင်း စဉ်ထားသည်။ ကဒူးလူမျိုး ကနန်းလူမျိုး ဆလုံလူမျိုး တောင်သားလူမျိုး ထားဝယ်လူမျိုး ဖွန်းလူမျိုး ဗမာလူမျိုး မြိတ်လူမျိုး ယောလူမျိုး ကျမ်းကိုး မြန်မာသမိုင်းပုံ- ဒေါက်တာသန်းထွန်း မြန်မာနိုင်ငံလူမျိုးများ ဗမာလူမျိုးစု
https://my.wikipedia.org/wiki/%E1%80%97%E1%80%99%E1%80%AC%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
ဆေးတက္ကသိုလ် (၁) ရန်ကုန်
ဆေးတက္ကသိုလ်(၁) ရန်ကုန် သည် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ၅ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၆၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးပညာဘွဲ့ (MBBS) အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တစ်ခု၊ ပြည်လမ်းတွင်တစ်ခု (လိပ်ခုံးကျောင်း ဟူ၍လည်း သိကြသည်)၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး (Yangon General Hospital)၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ သို့မဟုတ် ဂျကာ (JICA) ဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိသည်။ လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဇော်ဝေစိုး ဖြစ်ပြီး လက်ရှိ ဒုတိယပါမောက္ခချုပ် (စီမံ)မှာ ဒေါက်တာမြင့်မြင့်ငြိမ်း နှင့် လက်ရှိ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)မှာ ဒေါက်တာခင်မာမြင့် ဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ဆောင်ပုဒ်မှာ ဥပဌာနံ အနုကမ္ပါ ဒယာ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ဆရာဝန်တစ်ဦးဖြစ်သောကျွန်ုပ်သည် ဝေဒနာရှင် လူနာအား ဥပဌာနံ = စိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်။ အနုကမ္ပါ = ကိုယ်ကျင့်တရားလက်ကိုင်ထားလျက် ပြုစုကုသပါမည်။ ဒယာ = လူလူချင်း ညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည် ဟူ၍ဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။ သမိုင်းကြောင်း မြန်မာပြည်တွင် ဆေးကျောင်းများကို ၁၉၀၇ ခုနှစ်တွင်ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင်စတင်တည်ထောင်သည်။ ထိုစဉ်ကသင်တန်းကာလ မှာ ၄နှစ်ဖြစ်ပြီး Licentiate Medical Practice(L.M.P) course ဟုခေါ်သည်။ ထိုသင်တန်းအောင်မြင်သူများကို L.M.P လက်မှတ်ပေးအပ်ခဲ့သည်။ ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင်မူ ဆေးပညာဘွဲ. M.B.,B.S သင်တန်းကို ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ လက်ရှိ ဦးနှောက်နှင့်အာရုံကြောဌာန နေရာတွင်စတင်သည်။ ဦးဆောင်မှု ၁၉၆၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို ပါမောက္ခချုပ်မှ ဦးဆောင်အုပ်ချုပ်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ - သင်ကြားမှုကာလ ဘာသာရပ်များ ပထမနှစ် အမ်ဘီဘီအက်စ် မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ နှင့် စာရင်းအင်း ပညာ ရူပဗေဒ ဓာတုဗေဒ ဇီဝဗေဒ(ရုက္ခဗေဒနှင့် သတ္တဗေဒ) လူ့အကျင့်ဆိုင်ရာ သိပ္ပံပညာ လူသားခန္ဓာဗေဒ မိတ်ဆက် ဇီဝကမ္မဗေဒ နှင့် ဇီဝဓာတုဗေဒ တိုင်းရင်းဆေး ဒုတိယနှစ် အမ်ဘီဘီအက်စ် ခန္ဓာဗေဒ ဇီဝကမ္မဗေဒ ဇီဝဓာတုဗေဒ တတိယနှစ် အမ်ဘီဘီအက်စ် အထွေထွေ ရောဂါဗေဒ အဏုဇီဝဗေဒ ဆေးဝါးဗေဒ ဆေးပညာလက်တွေ့ ခွဲစိတ်ကုပညာလက်တွေ့ သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ် နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ် ဥပဒေရေးရာဆေးပညာ ဥပဒေရေးရာဆေးပညာ လက်တွေ့ကွင်းဆင်းလေ့လာရေး ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ (နယ်ကွင်းဆင်းသင်တန်း ၃ပတ်) ရောဂါဗေဒ နှင့် သွေးပညာ ဆေးပညာ ခွဲစိတ်ကုပညာ သားဖွားနှင့်မီးယပ်ပညာ ကလေးကျန်းမာပညာ သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။ နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ် ကလေးကျန်းမာပညာ ဆေးပညာ သားဖွားနှင့် မီးယပ်ဆေးပညာ ခွဲစိတ်ကုပညာ အလုပ်သင်ဆရာဝန် နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ- အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းခြင်း ခံရသည်။ ထင်ရှားကျော်ကြားသော ကျောင်းသားဟောင်းများ ဒေါက်တာဦးအေးမောင်ဟန် နာဂသိန်းလှိုင် ဒေါက်တာဖေသက်ခင် ဆက်စပ်ကြည့်ရှုရန် ဆေးတက္ကသိုလ်(၂) ရန်ကုန် ဆေးတက္ကသိုလ် (မန္တလေး) ဆေးတက္ကသိုလ် (မကွေး) ဆေးတက္ကသိုလ် (တောင်ကြီး) ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ကိုးကား ရန်ကုန်မြို့ ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့်ကောလိပ်များ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ
https://my.wikipedia.org/wiki/%E1%80%86%E1%80%B1%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%20%28%E1%81%81%29%20%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA
တက္ကသိုလ်
တက္ကသိုလ် () ဆိုသည်မှာ အထက်တန်းပညာနှင့် ဗဟုသုတများကို စနစ်တကျပို့ချရာ ‌ကျောင်းကြီးများကို ခေါ်သည်။ ‌ရှေးယခင်က တက္ကသိုလ်များသည် စာ‌ပေပညာ၌ ဝါသနာပါသူတစ်စုက အထက်တန်းပညာရပ်များကို သင်ကြား‌ပေးရန် ဖွဲ့စည်းထား‌သော အဖွဲ့အစည်းများသာ ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌မူ နိုင်ငံ‌တော်အစိုးရ သို့မဟုတ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး သို့မဟုတ် ဘုရင်မင်းမြတ်တို့က ချာတာ‌ခေါ် အထူးအခွင့်အ‌ရေး ‌ပေး‌သောစာချုပ်ဖြင့် တည်‌ထောင်ခွင့်ပြု‌သော အထက်တန်းပညာ ရပ်များကို သင်ကြားပို့ချ‌ပေးသည့် ‌ကျောင်းကြီးများကိုသာ တက္ကသိုလ်ဟု‌ခေါ်သည်။ ယင်းတို့သည် သတ်မှတ်ထား‌သော စည်းကမ်းနှင့် အဆင့်အတန်းပြည့်စုံသူများအား စာ‌မေးပွဲဖြင့် စစ်‌ဆေးပြီး‌နောက် ဘွဲ့ထူးဂုဏ်ထူးများ ‌ပေးအပ်နိုင်‌လေသည်။ ဘွဲ့ထူးဂုဏ်ထူးမ‌ပေးမီ တက္ကသိုလ်၌ တက်‌ရောက်သင်ကြားရန် နှစ်ပိုင်း၊ သင်တန်းတက်အချိန်‌ပေါင်း ‌ဖြေဆို ရမည့်စာ‌မေးပွဲများ ကို သတ်မှတ်ထား‌လေသည်။ တက္ကသိုလ်ကို အင်္ဂလိပ်ဘာသာဖြင့် ယူနီဗာစီတီဟု ‌ခေါ်သည်။ ယင်းစကားသည် လက်တင်စကား "ယူနီဗာစီတပ်"မှ လာ၍ အဖွဲ့အစည်းဟူ‌သော အဓိပ္ပာယ်ရသည်။ ပညာလိုလားသူများနှင့် ဆရာများစု‌ပေါင်း၍ အဖွဲ့အစည်းကြီးများ တည်‌ထောင်ရာမှအစ ဥ‌ရောပတိုက်တွင် ယူနီဗာစီတီ‌ခေါ် တက္ကသိုလ်‌ကျောင်းကြီးများ ‌ပေါ်‌ပေါက်လာခြင်း‌ကြောင့်ဖြစ်သည်။ ယင်း အဖွဲ့အစည်းသို့ နိုင်ငံ‌ပေါင်းစုံမှ ပညာလိုလား‌သော ‌ကျောင်းသားတို့ လာ‌ရောက်ပညာသင်၍ ထိုသူတို့အား ဆရာတို့က ‌ထောက်ခံချက်လက်မှတ်များ ထုတ်‌ပေးသည့်အ‌လေ့ ‌ပေါ်လာသည်။ ‌နောင်‌သောအခါ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးက‌သော်လည်းကောင်း၊ ဘုရင်များက‌သော်လည်းကောင်း၊ အခွင့်အမိန့်မ‌ပေးဘဲ ပညာ‌ရေးအဖွဲ့ကြီးများ မဖွဲရ၊ ဘွဲ့လက်မှတ်များ မ‌ပေးရဟူ‌သော ပညတ်ချက်များ‌ပေါ်လာကာ အထူးအခွင့်အ‌ရေးစာချုပ်ဖြင့် တည်‌ထောင်‌သော တက္ကသိုလ်များ ‌ပေါ်‌ပေါက်လာခြင်းဖြစ်သည်။ တက္ကသိုလ်များသည် အများအားဖြင့် စာ‌ပေပို့ချရာဌာနများ ဖြစ်သဖြင့် သက်ဆိုင်ရာဘာသာရပ်တစ်ခုစီအတွက် ပါ‌မောက္ခများ၊ ကထိကများနှင့် နည်းပြဆရာများရှိသည်။ ထိုသူများကစာ‌ပေပို့ချခြင်း၊ ညွှန်ကြား‌ပေးခြင်းများပြုသည်။ ဘာသာရပ် တစ်ခုစီကို ဌာနတစ်ခုစီခွဲ၍ ပါ‌မောက္ခတစ်ဦးစီက အုပ်ချုပ်သည်။ ယင်းဌာနများကိုပင် အသွင်တူရာဌာနချင်း‌ပေါင်း၍ မဟာဌာနဟု‌ခေါ်သည်။ ဝိဇ္ဇာမဟာဌာန၊ သိပ္ပံမဟာဌာန၊ ‌ဆေးမဟာဌာန၊ အင်ဂျင်နီယာမဟာဌာန၊ ပညာ‌ရေးမဟာဌာန စသည်ဖြင့်ရှိသည်။ မဟာဌာနများ အားလုံးကို စုစည်း၍ ပါမောက္ခချုပ်တစ်ဦးက အုပ်ချုပ်သည်။ အချို့တက္ကသိုလ်များ၌ ထိုပုဂ္ဂိုလ်ကို ဥက္ကဋ္ဌဟူ၍လည်းကောင်း၊ သဘာပတိဟူ၍လည်းကောင်း၊ အုပ်ချုပ်‌ရေးမှူးဟူ၍လည်းကောင်း‌ခေါ်သည်။ ပါ‌မောက္ခချုပ်သည် တက္ကသိုလ်တစ်ခု လုံး၏ အုပ်ချုပ်‌ရေးဆိုင်ရာ အမှု‌ဆောင်အရာရှိကြီးဖြစ်သည်။ တက္ကသိုလ်နှင့်သက်ဆိုင်သည့် ကိစ္စဟူသမျှကို ပါ‌မောက္ခချုပ်က အုပ်ချုပ်‌ရေး‌ကောင်စီသို့ဖြစ်‌စေ၊ ပညာ‌ရေးဆိုင်ရာ ဆီးနိတ်အဖွဲ့သို့ဖြစ်‌စေ အစီရင်ခံရသည်။ ယင်းတို့မှ သ‌ဘောတူ ချမှတ်‌ပေး‌သောလုပ်ငန်းမှန်သမျှကို ပါ‌မောက္ခချုပ်ကတာဝန်ယူ ‌ဆောင်ရွက်ရသည်။ မြန်မာနိုင်ငံတက္ကသိုလ်၌ ‌ကောင်စီ၏ ဥက္ကဋ္ဌအဖြစ်ဒုတိယအဓိပတိတစ်ဦး ခန့်ထားရသည်။ နိုင်ငံ‌တော်ဝန်ကြီးချုပ် သည် ရာထူးအရ တက္ကသိုလ်အဓိပတိဖြစ်သည်။ အခြားနိုင်ငံတက္ကသိုလ်များ၌မူ အုပ်ချုပ်ပုံစံနစ်သည် တူသည့်‌နေရာတူ၍ ကွဲသည့်‌နေရာ ကွဲသည်။ ‌ကျောင်းသားတို့အဖို့ တက္ကသိုလ်သို့ တက်‌ရောက်သင်ကြားခွင့်ရရန် လိုအပ်‌သော အရည်အချင်းများမှာလည်း တက္ကသိုလ် တစ်ခုနှင့်တစ်ခု အနည်းငယ်စီ ကွာခြားမှုရှိတတ်သည်။ ‌ယေဘုယျအားဖြင့် တူညီသည့် အချက်လည်းရှိသည်။ တက္ကသိုလ်သို့ တက်‌ရောက်သင်ကြားနိုင်ရန် စာ‌မေးပွဲဝင်‌ရောက် ‌ဖြေဆိုရသည်။ ယင်းစာ‌မေးပွဲကို တက္ကသိုလ်ဝင်စာ‌မေးပွဲဟု‌ခေါ်၍ စာ‌မေးပွဲ ‌အောင်သူများသာ တက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်သည်။ တက္ကသိုလ်ဝင်စာ‌မေးပွဲဝင်သည်မှစ၍ ဘွဲ့မရသေးမီအတွင်း ဘွဲ့မရသေးသူဟု ‌ခေါ်၍ ဘွဲ့‌ပေးအပ်ခံရသည့်အခါမှ ဘွဲ့ရသူဟု‌ခေါ်ကြသည်။ တက္ကသိုလ်ဝင်စာ‌မေးပွဲ မ‌ဖြေဆိုမီ အထက်တန်း‌ကျောင်း၌ ‌ယေဘုယျအားဖြင့် အနည်းဆုံး အဆင့် ၃ ဆင့်‌အောင်ရသည်။ တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌အောင်မြင်ပြီး‌နောက် ဘွဲ့ရရန် အနည်းဆုံး ‌လေးဆင့်‌ဖြေရသည်။ သို့ရာတွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ မဟာ ဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဆရာဖြစ်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ‌ဆေးပညာဘွဲ့စသည်ဖြင့် ဘွဲ့အမျိုးမျိုးရှိရာ သင်ကြားရသည့် နှစ် အပိုင်းအခြားခြင်း မတူ‌ချေ။ အချို့ဘွဲ့ကို လေးဆင့်‌ဖြေရသော်လည်း အချို့ဘွဲ့ကို ခုနစ်ဆင့်‌ဖြေရသည်။ မျက်‌မှောက်‌ခေတ်တက္ကသိုလ်များသည် ‌ရှေးနှစ်ရာ‌ပေါင်းများစွာမှ စတင်‌ပေါ်‌ပေါက်ခဲ့‌လေသည်။ ‌ခေတ်အဆက်ဆက်၌ လူတို့သည် ပညာအရပ်ရပ်ကို နည်းအမျိုးမျိုးဖြင့် ရှာမှီးခဲ့ကြရ၏။ ဗုဒ္ဓရှင်‌တော်မြတ် မပွင့်မီကာလကပင် ယခု‌ခေတ် တက္ကသိုလ်များ၏ ‌ရှေ့‌ပြေးပညာ‌ပေးဗဟိုဌာနကြီးများဖြစ်‌သော တက္ကသိုလ် ပြည် ဒိသာပါ‌မောက္ခဆရာကြီးများထံတွင် ပညာများကို ဆည်း ပူးသည့်အ‌လေ့ရှိခဲ့သည်။ ထို့‌ကြောင့် ပညာဆည်းပူး ရာ‌ကျောင်းကြီးကို တက္ကသိုလ်ပြည်အားအစွဲပြု၍ တက္ကသိုလ်ဟု မှည့်‌ခေါ်ထားကြသည်။ ဘုရားပွင့်‌တော် မူပြီး‌နောက် ခရစ်နှစ် ၄၅၀ ခန့်တွင် ‌ပေါ်‌ပေါက်၍ထင်ရှား‌သော မဂဓတိုင်းမှ နလန္ဒ၊ ဝိက္ကမသီ လဩဒန္တပူရ ‌ကျောင်းကြီးများသည်၎င်း၊ အိန္ဒိယ‌တောင်ပိုင်းသီရိဓညကနုက ‌ကျောင်းတိုက်သည်၎င်း၊ ဗဂင်္လားနယ်မှ ဇဂဒ္ဒလ‌ကျောင်းတိုက်သည်၎င်း ‌ကျော်ကြား‌သော ဗုဒ္ဓတက္ကသိုလ်ကြီးများပင်ဖြစ်သည်။ ‌ရှေး‌ခေတ်ကမူ ယခု ‌ခေတ်ကဲ့သို့ တက္ကသိုလ်မ‌ပေါသဖြင့် ပညာလိုလားသူတို့သည် တက္ကသိုလ်ရှိရာသို့ အသက်ဆံဖျား သွား‌ရောက်ဆည်းပူးကြရသည်။ ခရစ်မ‌ပေါ်မီဖြစ်‌သော လွန်ခဲ့သည့် အနှစ် ၂၀၀၀ ခန့်က အီဂျစ်နိုင်ငံအလက်ဇန္ဒဒြီးယားမြို့ကြီး၌ သိပ္ပံပညာတက္ကသိုလ်ကြီး ‌ပေါ်‌ပေါက်ခဲ့သည်။ သင်္ချာ ဆရာကြီး ယူကလစ်၊ ကမ္ဘာ၏အရွယ်အစားကို ပထမဆုံးတိုင်းတာ‌သော ပညာရှင်ကြီး အီရာ‌တော့သနီး၊ ပထမဆုံး ကြယ်နက္ခတ်‌မြေပုံကို ပြုပြင်စီရင်‌သော နက္ခတ်ဆရာကြီး ဟိပါကတ်၊ သိပ္ပံပညာရှင်ကြီး အာခီမီဒီ စ‌သော ပါ‌မောက္ခကြီးတို့သည် အလက်ဇန္ဒဒြီးယား တက္ကသိုလ်ကြီး၌ စာ‌ပေပို့ချခဲ့သူများ ဖြစ်ကြသည်။ ယင်းတက္ကသိုလ်ကြီးကို ထိုအချိန်က တက္ကသိုလ်ဟုမ‌ခေါ်ဘဲ အလက်ဇန္ဒဒြီးယားပြတိုက်နှင့် ပိဋကတ်တိုက်ကြီးဟု ‌ခေါ်‌လေသည်။ ဥရောပ၏ ရှေးအကျဆုံးတက္ကသိုလ်နှင့် ၎င်း၏အနွယ်ဝင်များ ဥ‌ရောပတိုက်၏ ‌ရှေးအကျဆုံးတက္ကသိုလ်မှာ အီတလီနိုင်ငံ ဆလာနိုမြို့တွင် ခရစ်နှစ် ၈၀၀ ‌ကျော် ၉၀၀ တွင်း ‌ပေါ်‌ပေါက်လာ‌သောတက္ကသိုလ်ဖြစ်သည်။ ယင်းတက္ကသိုလ်သည် ‌ဆေးပညာ သင်ကြားမှုအတွက် အထူး‌ကျော်ကြားသည်။ ဖွင့်လှစ်စက ‌ကျောင်းသ‌ဘောဖြစ်၍ ၁၂၃၁ ခုနှစ်တွင်မှ ထုံးတမ်းစဉ်လာအရ တက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံရသည်။ ၁၂ ရာစုနှစ် ကုန်ခါနီး‌လောက်တွင် ဗိုလိုညားတက္ကသိုလ် ‌ပေါ်‌ပေါက်လာသည်။ ယင်းတက္ကသိုလ်၌မူ ဆလာနိုတက္ကသိုလ်၌ကဲ့သို့ ‌ဆေးပညာ တစ်ခုတည်းကိုသာမဟုတ် ပညာရပ်မျိုးစုံ သင်ကြား‌ပေး‌သော တက္ကသိုလ်ဖြစ်သည်။ ဥပ‌ဒေပညာအတွက် အထူး‌ကျော်ကြား‌သော တက္ကသိုလ်ဖြစ်သည်။ ၁၂ ရာစုနှစ် ‌နောက်ပိုင်းမှ စနစ်တကျ တည်‌ထောင်လိုက်‌သော ပဲရစ်တက္ကသိုလ်သည် အလယ် ‌ခေတ် အထက်တန်းပညာ‌ပေးဌာနတို့တွင် အထင်ရှားဆုံးဖြစ်သည်။ ယင်းတက္ကသိုလ်သည် ဘုရားရှိခိုး ‌ကျောင်းရန်ပုံ‌ငွေဖြင့် ဖွင့်လှစ်‌သော‌ကျောင်းမှ ‌ပေါက်ဖွားလာခြင်းဖြစ်သည်။ ဥ‌ရောပ၏ စံပြတက္ကသိုလ်အဖြစ် ‌ကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် အား‌ပေးချီး‌မြှောက်ပြုခဲ့ရာ ကျန်းဂန်စာ‌ပေ ပို့ချရာ၌ အထူး‌ကျော်ကြားသည်။ ၁၂၅၇ ခုနှစ်တွင် ပဲရစ်တက္ကသိုလ်၌ ကမ္ဘာ‌ကျော် ‌ဆော်ဗန်း‌ကောလိပ်‌ကျောင်းကို တည်‌ထောင်သည်။ ပဲရစ်တက္ကသိုလ်ကြီးသို့ ခရစ်ယန်သာသနာဝင် နိုင်ငံများစွာမှ သွား‌ရောက်ဆည်းပူးကြသည်။ ၁၁၆ရ ခုနှစ်တွင် အင်္ဂလန်နှင့် ပြင်သစ်တို့ မသင့်မတင့်ဖြစ်‌သောအခါမှ အင်္ဂလိပ်တို့သည် ကိုယ်ပိုင်တက္ကသိုလ် တည်‌ထောင်ရန် စိုင်းပြင်းကြသည်။ ခရစ်နှစ် ၁၂၀၀ ‌ကျော်တွင် ‌အောက်စဖို့မြို့၌ ‌ကောလိပ်‌ကျောင်းတိုက် ‌ပေါင်းများစွာ တည်‌ထောင်၍ ၁၂၅၇ ခုနှစ်တွင် ယင်း‌ကောလိပ် ‌ကျောင်းများကို စု‌ပေါင်းကာ ‌အောက်စဖို့တက္ကသိုလ်ဟူ၍ ဖွင့် လှစ်သည်။ ပဲရစ်တက္ကသိုလ်‌နောက် အ‌ကျော်ကြားဆုံး‌သော တက္ကသိုလ်ဖြစ်သည်။ အလားတူထင်ရှား‌သော အခြားအင်္ဂလိပ် တက္ကသိုလ်တစ်ခုကား ကိန်းဘရစ်ချ် တက္ကသိုလ်ဖြစ်သည်။ ယင်းတက္ကသိုလ် ၂ ခုစလုံးပင် ခရစ်ယန်ကျမ်း စာသင်တိုက်ကြီးများ အဖြစ်မှ တိုးတက်လာခြင်းဖြစ်သည်။ ယခုအခါ ‌အောက်စဖို့တက္ကသိုလ်တွင် ‌ကောလိပ်‌ကျောင်းတိုက်‌ပေါင်း ၂၆ တိုက်ရှိ၍ ကိန်းဘရစ်ချ် တက္ကသိုလ်တွင် ‌ကျောင်းတိုက်‌ပေါင်း ၂၀ ရှိသည်။ ယင်းအင်္ဂလိပ်တက္ကသိုလ်ကြီး ၂ ခုမှစ၍ ‌ကောလိပ်‌ကျောင်းစနစ် ‌ပေါ်‌ပေါက်ခဲ့‌လေသည်။ တက္ကသိုလ်နှင့် ‌ကောလိပ်‌ကျောင်းတို့တွင် ခြားနားချက်ရှိ သည်။ ‌ကောလိပ်‌ကျောင်းဆိုသည်မှာ ပညာတစ်ရပ်ကိုသာ အာရုံ စိုက်၍သင်‌သော အထက်တန်းပညာ‌ပေး‌ကျောင်းကြီးဖြစ်သည်။ အထက်တန်း ‌ဆေးပညာတစ်ခုကိုသာ သတ်မှတ်သင်‌ပေး‌သော ‌ဆေး‌ကောလိပ်၊ အထက်တန်းအင်ဂျင်နီယာပညာတစ်ခု ကိုသာ သတ်မှတ်သင်‌ပေး‌သော အင်ဂျင်နီယာ ‌ကောလိပ်တို့ ကဲ့သို့ပင်ဖြစ်သည်။ တက္ကသိုလ်၌မူ ပညာရပ်တစ်ခုကိုသာမ ဟုတ် ပညာရပ်မျိုးစုံ သင်ကြား‌ပေးသည်။ ‌ကောလိပ်‌ကျောင်း များသည် ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌နေထိုင်မှုနှင့် ပညာရပ်သင်ကြားမှု‌လောက်သာ ‌ပေးစွမ်းနိုင်၍ တက္ကသိုလ်များကမူ ယင်းကိစ္စတို့အပြင် စာ‌မေးပွဲစစ်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူး‌ပေးအပ် ခြင်းတို့ကိုပါ ‌ဆောင်ရွက်သည်။ ‌ကောလိပ်‌ကျောင်း ‌ပေါင်းများစွာ စု‌ပေါင်းဖွဲ့စည်းထားခြင်းကို တက္ကသိုလ်ဟု‌ခေါ်သည်။ တစ်ခါတစ်ရံ ‌ကောလိပ်‌ကျောင်းများသည် တက္ကသိုလ်သို့ တက်‌ရောက်မသင်ကြားမီ အဆင်းအတန်းမှီ‌အောင် အသင့်ပြင်ရာ ပညာ‌ပေးဌာနများဖြစ်သည်။ ဗက်ပတစ်‌ကောလိပ်‌ကျောင်း၊ စိန်ဂျွန်း‌ကောလိပ်‌ကျောင်း စသည်တို့ကဲ့သို့ဖြစ်သည်။ ခရစ်နှစ် ၁၃၀၀ ‌ကျော်‌သောအခါ ဥ‌ရောပတိုက်ရှိ အခြား နိုင်ငံများ၌လည်း တက္ကသိုလ်များ စတင်ဖွင့်လှစ်ကြသည်။ ဂျာမနီနိုင်ငံမှ ပရပ်တက္ကသိုလ်၊ ဟိုက်ဒဲဗတ်တက္ကသိုလ်၊ ဘာလင်တက္ကသိုလ်၊ ပိုလန်နိုင်ငံမှ ကရာကိုတက္ကသိုလ်၊ ဗယ်လဂျီယံနိုင်ငံမှ လိုဗိန်းတက္ကသိုလ်၊ အိုင်ယာလန်နိုင်ငံမှ ဒဗ္ဗလင်တက္ကသိုလ်၊ ဩစတြီးယားနိုင်ငံမှ ဗီယင်းနားတက္ကသိုလ်၊ စ‌ကော့တလန်ပြည်မှ အီဒင်ဗရာတက္ကသိုလ်တို့သည် အလယ် ‌ခေတ်က‌ပေါ်‌ပေါက်၍ ယခုတိုင်ရှိ‌နေ‌သေး‌သော တက္ကသိုလ်ကြီးများဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ကမ္ဘာသစ်ဘက်၌မူ ပထမဆုံး တည်‌ထောင်‌သော တက္ကသိုလ်မှာ ၁၅၈၃ ခုနှစ်တွင် ဒိုမီနီကန်သမ္မတနိုင်ငံ၌ ဖွင့်လှစ်‌သော တက္ကသိုလ်ဖြစ်သည်။ ၁၅၅၁ ခုနှစ်တွင် ပီရူးနိုင်ငံ လိုင်နာမြို့တွင် ဆန်မာ‌ကော့တက္ကသိုလ် တည်‌ထောင်သည်။ အ‌မေရိကန် ပြည်‌ထောင်စု၏ ပထမဆုံး‌သော တက္ကသိုလ်ကား ဗာဂျီးနီးယား ပြည်နယ်၌ ၁၆၁၉ ခုနှစ်တွင် တည်‌ထောင်‌သော ဟင်နရီကို ‌ပေါလစ်တက္ကသိုလ်ဖြစ်သည်။ သို့ရာတွင် ၁၆၂၂ ခုနှစ် ရက်အင်ဒီးယန်းအ‌ရေး‌တော်ပုံ‌ကြောင့် ယင်းတက္ကသိုလ်ကို ပိတ်လိုက်ရသဖြင့် ယခု‌ခေတ်တွင် အလွန်ရှား‌သော ဟားဗတ် တက္ကသိုလ်သည် အ‌မေရိကန်ပြည်‌ထောင်စု၏ ‌ရှေးအကျဆုံး တက္ကသိုလ် ဖြစ်လာသည်။ ဟားဗတ်တက္ကသိုလ်ကို ၁၆၃၆ ခုနှစ်တွင် နယူး ‌တောင်း‌ကောလိပ်‌ကျောင်းအဖြစ် စတင်တည်‌ထောင် ခဲ့ခြင်းဖြစ်သည်။ ‌နောက်မှ ဂျွန်ဟားဗတ်ဆိုသူ ရဟန်း‌တော်တစ်ပါးက ရန်ပုံ‌ငွေလှူဒါန်းသဖြင့် ဟားဗတ်တက္ကသိုလ်ဟုတွင်သည်။ အ‌မေရိကန်ပြည်‌ထောင်စု၏ အခြားထင်ရှား‌သော တက္ကသိုလ်များမှာ ‌ယေးတက္ကသိုလ်(၁၇ဝ၁ ခုနှစ်)၊ ပရင့်စတန်တက္ကသိုလ် (၁၇၄၆ ခုနှစ်)၊ ဝါရှင်တန်၌လည်း တက္ကသိုလ်(၁၇၄၉)၊ ပင်း ဆယ်လ‌ဗေးနီးယား တက္ကသိုလ်(၁၇၅၁)၊ ကိုလံဗီးယားတက္ကသိုလ် (၁၇၅၄)၊ ဗ‌ရောင်းတက္ကသိုလ် (၁၇၆၄)တို့ ဖြစ်ကြသည်။ ဆွစ်ဇာလန် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ဥ‌ရောပနိုင်ငံစုံမှ ပညာအ‌မွေကို ယူ၍ ၁၈၅၅ ခုနှစ်တွင်၊ ပြည်‌ထောင်စု စက်မှုလက်မှုသိပ္ပံ ‌ကျောင်း‌တော်ကြီး‌ခေါ် တက္ကသိုလ်ကြီးတစ်ခု တည်‌ထောင်‌လေသည်။ သိပ္ပံပညာ‌ကျော် အဲလဗတ်အိုင်းစတိုင်းသည် ယင်းတက္ကသိုလ်၌ ပညာရှာဘူး၍ အိပ်စ‌ရေး‌ရောင်ခြည်ကို စူးစမ်း‌တွေ့ရှိသူ ပညာရှင်ကြီး ရိုဝင်ဂျင်စသည့် သိပ္ပံပညာ‌ကျော် အချို့နှင့် နိုဗယ်ဆုရ ပုဂ္ဂိုလ်ကြီးရှစ်ဦးတို့သည် ဤတက္ကသိုလ် ထွက်များဖြစ်ကြသည်။ ရုရှနိုင်ငံနှင့် သူ၏တက္ကသိုလ်များ ရုရှနိုင်ငံ၌မူ ဆိုဗီယက်သမ္မတနိုင်ငံအဖြစ် တည်‌ထောင်ပြီးသည့်အချိန်မှစ၍ တက္ကသိုလ်‌ကျောင်းများ ‌ပေါများလာသည်။ ၁၉၁၄ ခုနှစ် ဇာဘုရင်လက်ထက်က တက္ကသိုလ်ဟူ၍ ၁၀ ‌ကျောင်းသာ ရှိ‌သော်လည်း ယခုအခါ၌မူ တက္ကသိုလ် ၃၂ ‌ကျောင်း‌ကျော်ရှိ‌နေ‌လေပြီ၊ ‌မော်စကို တက္ကသိုလ်ကို ၁၈ ရာစုနှစ်က စတင်တည်‌ထောင်‌သော်လည်း ၁၉၅၃ ခုနှစ်ကမှ အသစ် တစ်ဖန်ပြုပြင်၍ ယင်းတက္ကသိုလ်သစ်ကို ဖွင့်လှစ်သည်။ ပညာရပ် ၁၂ မျိုးပို့ချ၍ သိပ္ပံပညာသု‌တေသနလုပ်ငန်းတွင် အလွန်အထက်တန်းကျ‌သော တက္ကသိုလ်ဖြစ်သည်။ အခြားထင်ရှား‌သောရုရှတက္ကသိုလ်များမှာ လီနင်ဂရက်တက္ကသိုလ်၊ ‌ရော့စ‌တော့ တက္ကသိုလ်၊ ခါး‌ကော့တက္ကသိုလ် စသည်တို့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်‌ထောင်စုမြန်မာနိုင်ငံ၌မူ ယခင်က တက္ကသိုလ်ကြီး နှစ်‌ကျောင်းသာရှိ‌သေးသည်။ ၎င်းတို့မှာ ရန်ကုန်တက္ကသိုလ်နှင့် မန္တ‌လေး တက္ကသိုလ်တို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏အစသည် ၁၈၈၀ ပြည့်နှစ်က ရန်ကုန်မြို့၌ ဗြိတိသျှအစိုးရတို့ ဖွင့်လှစ်‌သော ရန်ကုန်‌ကောလိပ်မှ ‌ပေါက်ဖွားလာခြင်းဖြစ်သည်။ ရန်ကုန် ‌ကောလိပ်ဘဝကမူ ကလကတ္တားတက္ကသိုလ် လက်‌အောက်ခံမျှသာ ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင်မှ တက္ကသိုလ်အက်ဥပ‌ဒေပြဋ္ဌာန်း၍ ရန်ကုန်‌ကောလိပ်အစား ရန်ကုန်တက္ကသိုလ်ဟူ‌သော သီးခြားတက္ကသိုလ်တစ်ခုအဖြစ် တည်‌ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် တည်‌ထောင်ပြီး‌သောအခါတွင် လက်‌အောက်ခံ‌ကောလိပ်များ‌ပေါ်ထွက် လာသည်။ ၁၉၂၅ ခုနှစ်တွင် မန္တ‌လေးဥပစာ‌ကောလိပ်‌ကျောင်းကို ဖွင့်လှစ်သည်။ ယုဒသန်‌ကောလိပ်၊ ‌ဆေး‌ကောလိပ်၊ အင်ဂျင်နီ ယာ‌ကောလိပ်၊ ဆရာအတတ်သင်‌ကောလိပ်၊ မန္တ‌လေး စိုက်ပျိုး ‌ရေးသိပ္ပံ၊ ‌မော်လမြိုင်‌ကောလိပ်၊ ‌ကျောက်ဖြူ‌ကောလိပ်၊ ပုသိမ် ‌ကောလိပ်၊ မ‌ကွေး‌ကောလိပ်စသည်ဖြင့် လက်‌အောက်ခံ‌ကောလိပ် ‌ပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ သည်။ ၁၉၅၉ ခုနှစ်တွင် မန္တ‌လေး ‌ကောလိပ်ကို မန္တ‌လေးတက္ကသိုလ်အဖြစ် တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သည်။ ကမ္ဘာစစ်ကြီး‌ကြောင့် နိုင်ငံအရပ်ရပ်တွင် တက္ကသိုလ်များ ပျက်စီးခဲ့‌သော်လည်း ကမ္ဘာစစ် ၂ ခုမှရရှိ‌သော အ‌တွေ့အကြုံ များအရ တက္ကသိုလ်ပညာသည် အလွန်အ‌ထောက်အပံ့ဖြစ်‌စေ သဖြင့် အစိုးရတို့သည် တက္ကသိုလ်များကို တိုး၍ဖွင့်လှစ်‌ပေး‌နေ ကြသည်။ ယခင်က တက္ကသိုလ်အဆောင်များ ထားရှိခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် တက္ကသိုလ် အဆောင်များကို ပိတ်သိမ်းခဲ့သည်။ ၂၀၁၁ ခုနှစ် နိုင်ငံတော် အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် တက္ကသိုလ် အဆောင်များကို ပြန်လည်တည်ဆောက်ဖွင့်လှစ်ပေးခဲ့သော်လည်း အစားအသောက် အပြင် အခြားသောကိစ္စရပ်များမှာ အဝတ်လျှော်မှု၊ နေမှုထိုင်မှု များမှာ ယခုအချိန်ထိ အဆင်မပြေသေးပေ။ မြန်မာနိုင်ငံတွင် ယူနီဗာစီတီ ဟူသော စကားလုံးအစား တက္ကသိုလ် ဟူသော ဝေါဟာရကို ဆရာကြီး ဦးဖေမောင်တင် က စတင်တီထွင်သုံးစွဲခဲ့သည် ဟု သိရသည်။ ကိုးကား မြန်မာ့စွယ်စုံကျမ်း အတွဲ (၅) ပညာရေး
https://my.wikipedia.org/wiki/%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
၁၉၄၈
၁၉၄၈ ခုနှစ် မှတ်တမ်း ဇန်နဝါရီလ (၁) ရက်။ ဂျူဗလီဟော (ယခု စစ်သမိုင်းပြတိုက်)တွင် ထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းကို ပြည်သူလူထု သုံးသောင်းခန့် လာရောက် အလေးပြု။ ရန်ကုန်မြို့ ရေကျော်ရပ်၌ သံတွဲခရိုင် အသင်းက အရေးပေါ် အစည်းအဝေး ကျင်းပကာ ရခိုင်ပြည် အရေးနှင့် ပတ်သက်၍ ပြည်မနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်။ (၂) ရက်။ ဘုရင်ခံ ဟူးဗတ်ရန့်(စ်) (Hubert Rance)၊ ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်သို့ တက်ရောက် ကြည်ညို။ ရွှေသင်္ကန်း ကပ်လှူ။ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အမှုဆောင် အဖွဲ့သစ်က ရန်ကုန်မြို့ သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ဗကသ၏ ဝါဒနှင့် လမ်းစဉ် ရှင်းလင်းပြောကြား။ (၃) ရက်။ တိုင်းပြုပြည်ပြု လွှတ်တော် စတုတ္တ ညီလာခံ၌ သခင်နု တင်သွင်းသော ဝန်ကြီး စာရင်းကို အတည်ပြု။ ဗုဒ္ဓဂါယာနှင့် သီဟိုဠ်မှ ပင့်ဆောင်လာသော ဗောဓိပင်ပျိုများ ရန်ကုန်ရောက်။ ဘုရင်ခံ ဟူးဗတ်ရန့် (စ်) နှင့် ဇနီး ဂျူဗလီဟောသို့ သွားရောက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု၊ ပန်းခွေချ။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုဖြင့် သေဒဏ် ပေးခံထားရသော ဦးစောက တရား လွှတ်တော်သို့ အယူခံလွှာတင်။ (၄) ရက်။ နိုင်ငံတော် အာဏာ လွှဲပြောင်းသည့် အခမ်းအနား၊ လွတ်လပ်ရေး ကြေညာသည့် အခမ်းအနားနှင့် လွတ်လပ်ရေး မော်ကွန်း ကျောက်တိုင် အုဋ်မြစ်ချ အခမ်းအနားများ ကျင်းပ။ မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ရောက်ရှိ။ ဘုရင်ခံ ဟူးဗတ်ရန့် (စ်) ဘာမင်ဟမ် (Birmingham) စစ်သင်္ဘောဖြင့် အင်္ဂလန်သို့ပြန်။ (၅) ရက်။ လွတ်လပ်ရေး အထိမ်းအမှတ် ကာယ ပညာပြပွဲ ဘီအေအေ (ယခု အောင်ဆန်းကွင်း) ကွင်း၌ စတင် ကျင်းပ။ ကရင်လူမျိုးတို့သည် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်သည်ဟု ကြေညာ။ (၆) ရက်။ လွတ်လပ်ရေး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးထုတ်။ မြန်မာပြည် အိုလံပစ် အသင်းက ကြီးမှူး၍ မယ်ဒဂုန် - မောင်ဒဂုန် ရွေးပွဲ ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်း)၌ ကျင်းပ။ အာဇာနည် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုကြောင့် သေဒဏ် ပေးခံထားရသော မောင်စိုး၊ မှုန်ကြီး၊ ရန်ကြီးအောင်နှင့် သက်နှင်းတို့က တရားလွှတ်တော်သို့ အယူခံလွှာတင်။ (၈) ရက်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) စတင် ကျင်းပ။ ဟိုက်ကုတ် လွှတ်တော်ရုံးဝင်း အတွင်း၌ နိုင်ငံတော် တရားလွှတ်တော်ချုပ်ရုံး ဖွင့်ပွဲ ကျင်းပ။ သထုံ စော်ဘွားကြီး စပ်ခွန်ကြည် ရန်ကုန်၌ လေဖြတ်၍ ကွယ်လွန်။ (၁၀) ရက်။ မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်များ ပါသော ကချင်ပြည်နယ်ဖွဲ့။ (၁၄) ရက်။ မြစ်ကြီးနား၌ ကျင်းပသော ကချင် မနောပွဲ သို့ သမ္မတ စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် သခင်နုတို့ တက်။ (၁၇) ရက်။ ရှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွား၏ မဟာဒေဝီနှင့် နောက်ပါ ၅ဝ ခန့်တို့ ရွှေတိဂုံဘုရား ဖူးရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုရန် ရန်ကုန်ရောက်။ (၁၈) ရက်။ ရန်ကုန်မြို့ ဆန်းကဖေး၌ မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူများအသင်း နှစ်ပတ်လည် ညီလာခံ ကျင်းပ။ ဥက္ကဋ္ဌ ဦးအုန်းဖေ (တက်တိုး)နှင့် အတွင်းရေးမှူး ဦးအောင်စိန် (ကမ္ဘာ့စာပေတိုက်) တို့ ပါသော အမှုဆောင်သစ် ၁၅ ဦး ရွေး။ (၂၀) ရက်။ ရှမ်းပြည်နယ် ကောင်စီ၏ ပထမ အကြိမ် ညီလာခံကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၊ အမှတ် ၃၁ တွင် ကျင်းပ။ ရှမ်းပြည်နယ် ကောင်စီ အတွက် နည်းဥပဒေများ ရေးဆွဲရေး ဆွေးနွေး။ (၂၂) ရက်။ ရခိုင် - မြန်မာ ချစ်ကြည်ရေး၊ အမှုဆောင် အစည်းအဝေး၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ မင်္ဂလာသုခ ကျောင်း၌ ကျင်းပ။ (၂၄) ရက်။ ပဲခူးမြို့ - ရွှေမော်ဓော ဘုရား ပြုပြင်ရန် အတွက် အောင်ပန္နက်ချက် မင်္ဂလာ အခမ်းအနားသို့ သမ္မတကြီး၊ သမ္မတကတော်နှင့် ဝန်ကြီးများ တက်ရောက်။ အဖွဲ့ဝင် ခုနစ်ဦး ပါသော ဗြိတိသျှ စစ်မစ်ရှင် ရန်ကုန်ရောက်။ အလံနီ ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သဖြင့် သခင်လေးမောင် နေအိမ်တွင် အဖမ်းခံရ။ (၂၅) ရက်။ ပထမ အကြိမ်မြောက် မြန်မာနိုင်ငံ အိုလံပစ်ပွဲတော်ကို ဘီအေအေကွင်း၌ စတင် ကျင်းပ။ (၂၆) ရက်။ အလုံရပ်ရှိ အဖေါင်သစ်စက်၊ အမှတ် ၉ နှင့် အမှတ် ၁ဝ သစ်စက်နှင့် အလီမူလာ သစ်စက် လေးစက်မှ အလုပ်သမားများ လုပ်ခတိုးရရေး အတွက် သပိတ်မှောက်။ ဗမာပြည် သတင်းစာများ အသင်းတိုက်၌ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်လင်္ကျာနှင့် ဗိုလ်ကြီး စောကြာဒိုးတို့က ရခိုင်ပြည်၏ နောက်ဆုံး အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။ ဦးစော၏ အယူခံကို ကြားနာရန် တရားဝန်ကြီး ဦးအုံးဖေ၊ ဦးစံမော်နှင့် ဦးဘိုကြီးတို့ပါသော ခုံရုံးဖွဲ့။ (၂၇) ရက်။ တရုတ်ပြည် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြင့်သိန်း နန်ကင်းမြို့ ရောက်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမျှ စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း ကြေညာ။ (၂၈) ရက်။ စပ်ခွန်ချို ရှမ်းပြည်နယ် ဥက္ကဋ္ဌ တာဝန် စယူ။ (၂၉) ရက်။ ဦးစော၏ ဇနီး ဒေါ်သန်းခင်က ရွှေတိဂုံ ဂေါပက အဖွဲ့သို့ သွားရောက်၍ ကျောက်စိမ်းလက်ကောက် တဖက်လှူ။ ထိုလက်ကောက်မှာ ဦးစော နန်းရင်းဝန်ဘဝ ၁၉၄၁ ခုနှစ်တွင် အင်္ဂလန် သွားစဉ်က အမည် မဖော်လိုသော အမျိုးသမီး တဦးက ဦးစောအား မြန်မာပြည် ယူသွားရန် ပေးလိုက်သည်။ မင်းတုန်းမင်း မိဖုရားကြီး ဝတ်ဆင်သော လက်ကောက် ဖြစ်သည်။ ဖေဖော်ဝါရီလ (၁) ရက်။ စောဘဦးကြီး။ သရာသာထိုနှင့် အဖွဲ့က သထုံ ရဲဌာနပိုင် အင်းဝိုင်းရွာ၌ ကရင်နယ် သီးခြား ရရှိရေး တရားဟော။ (၃) ရက်။ ပြည်ထောင်စုဘဏ် ဖွင့်။ ကေအင်ဒီအို သီးခြား ကရင်ပြည်နယ် ဖွဲ့ပေးရန် တောင်းဆို။ (၉) ရက်။ ဦးစော၏ အယူခံမှု စတင် ကြားနာ။ (၁၁) ရက်။ ကေအင်ဒီအိုက ဦးစီး၍ ကရင် အမျိုးသားများ အင်အားပြပွဲ အင်းစိန်၌ ကျင်းပ။ ကျိုက်ထိုမြို့ အစိုးရ အထက်တန်း ကျောင်းဝင်း အတွင်း ကရင်လူထု အင်အားပြပွဲ ကျင်းပ။ (၁၂) ရက်။ ကေအင်ဒီအိုက ကြီးမှူး၍ ကရင် အမျိုးသား အင်အားပြပွဲများ ပုသိမ်နှင့် ညောင်တုန်း၌ ကျင်းပ။ ဟာဗနားမြို့၌ ကျင်းပသော ကူးသန်းရောင်းဝယ်ရေး ကွန်ဖရင့်သို့ တက်ရောက်ခဲ့ကြသော ဦးလှမောင်၊ ဦးခင်မောင်ကလေးနှင့် ဦးစိန်ဘွားတို့ ရန်ကုန် ပြန်ရောက်။ (၁၇) ရက်။ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလက တည်ထောင်ခဲ့သော အမျိုးသား တက္ကသိုလ်ကို သက်ကြီး ပညာသင် တက္ကသိုလ် (University for Adult Education) ဟု အမည်ပြောင်း။ ဗမာပြည် သတင်းစာ ဆရာများ အသင်းတိုက်၌ အမေရိကန် သတင်းစာဆရာ အဂ္ဂါစနိုးနှင့် သတင်းစာ ဆရာများ တွေ့ဆုံ။ (၁၈) ရက်။ နိုင်ငံတော် သမ္မတကြီးနှင့် အဖွဲ့ ဖလန်းမြို့ ရောက်။ ရန်ကုန်ခရိုင် ဖဆပလ အဖွဲ့က ကြီးမှူး၍ ရွှေတိဂုံဘုရား အနောက်မုခ်၌ ကျင်းပသော စက်မှုလက်မှု ပြပွဲကို ဝန်ကြီးချုပ် သခင်နု ဖွင့်ပေး။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး၌ သပိတ် စသည့် ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်ပြီး အစိုးရ ဗျာများနေစဉ် အာဏာလုယူရန် လမ်းစဉ်ကို အတည်ပြု။ (၂၀) ရက်။ ပထမပတ် တောင်သူ လယ်သမား သင်တန်းသားများအား ဝန်ကြီးချုပ် သခင်နုက ဖဆပလအစိုးရ၏ စေတနာနှင့် လုပ်ငန်းစဉ်ကို ရှင်းပြ။ (၂၄) ရက်။ ဆိုဗီယက် ရုရှားနှင့် မြန်မာနိုင်ငံ သံတမန် လဲလှယ်ရန် သဘောတူချက် ကြေညာ။ (၂၆) ရက်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည် အစည်းအဝေး၌ ဆိုရှယ်လစ် ဝါဒမှ တိမ်းစောင်းမည် မဟုတ်ကြောင်း သခင်နု ပြော။ (၂၇) ရက်။ ရှမ်းပြည်နယ် ဟိုပုန်းမြို့တွင် ကစားဝိုင်း တိုက်ဖျက်ရေး အဖွဲ့က ကြီးမှူး၍ ဟိုပုန်းတွင် ကစားဝိုင်းများ ဖျက်သိမ်းရေး လူထု ဆန္ဒပြပွဲ လုပ်။ မတ်လ (၃) ရက်။ ကေအင်ဒီအို ပါတီက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။ မွန်တိုင်းရင်းသား အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် မွန်ပြည်နယ် တောင်းဆိုရန် ဆုံးဖြတ်။ ရာမညတိုင်း (The Ramennya Taing) သတင်းစာ မော်လမြိုင်မြို့၌ စထုတ်။ (၄) ရက်။ ဂျူဗလီဟော၌ ထားသော မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို ရှမ်းပြည်သို့ သယ်ဆောင်။ (၆) ရက်။ စစ်ရုံး ဖွဲ့စည်းပုံကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုး၍ ထုတ်ပြန်။ (၁၀) ရက်။ စောဘဦးကြီး၊ စောသာဒင်နှင့် အဖွဲ့ ဝန်ကြီးချုပ်ရုံး၌ သခင်နုနှင့် တွေ့၍ ကရင်ပြည်နယ် သီးခြားတောင်းသည့် ကိစ္စ ဆွေးနွေး။ အလံနီ ခေါင်းဆောင် သခင်စိုးအား နောက်ပါ လေးယောက်နှင့် အတူ ကြည့်မြင်တိုင် ဗားဂရာ၌ ဖမ်းမိ။ (၁၂) ရက်။ အိန္ဒိယ ဘုရင်ခံချုပ် မောင့်ဘက်တန်က သမ္မတ အိမ်တော်၌ သီဟာသနပလ္လင်တော်နှင့် သီပေါမင်း၏ စာရေးခုံကို အခမ်းအနားဖြင့် အပ်နှံ၊ ထို့နောက် ဂျူဗလီဟော၌ ထားသော အာဇာနည် ခေါင်းဆောင်ကြီးများ ရုပ်ကလာပ်တွင် ပန်းခွေချ။ ဆိုရှယ်လစ်များက အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက်များကို ဖျက်ဆီး။ "မင်းမဲ့ တိုင်းပြည်ကဲ့သို့ တရားလက်လွတ် ပြုခြင်းကို ဘယ်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်" ဟု သခင်နုက အသံလွှင့် မိန့်ခွန်းပြော။ (၁၃) ရက်။ အလံဖြူ ကွန်မြူနစ်များ ဦးစီး ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ၏ ဒုတိယ အကြိမ်မြောက် ကွန်ဂရက် ပျဉ်းမနား၌ ကျင်းပ။ မောင့်ဘက်တန်နှင့်အဖွဲ့ ရွှေတိဂုံဘုရားသို့ တက်ရောက် ဖူးမြှော်။ (၁၄) ရက်။ မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းထောက်များ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာပြည် ပုံနှိပ်တိုက်များ အသင်း အမှုဆောင်များ ပူးပေါင်း အစည်းအဝေးကို ပန်းဆိုးတန်းရှိ မြန်မာနိုင်ငံ သတင်းစာတိုက်များ ဖျက်ဆီးခံရသည့် ကိစ္စ ဆွေးနွေး။ (၁၅) ရက်။ ဗန္ဓုလပန်းခြံ၌ ကျင်းပသော တောင်သူ လယ်သမားထု အစည်းအဝေး၌ နယ်ချဲ့ အရင်းရှင်တို့၏ ပရိယာယ်ကို သတိပြုရန်နှင့် လူထုက လမ်းလွဲ မလိုက်မိရန် လိုအပ်ပုံကို သခင်နု ပြော။ ပျဉ်းမနားမြို့၌ တောင်သူ လယ်သမား ကွန်ဂရက် နောက်ဆုံးနေ့ ကျင်းပ။ ပြည်ထောင်စု နေ့စဉ် သတင်းစာ စထုတ်။ (၁၇) ရက်။ ဂျာနယ်ကျော် သတင်းစာထုတ်။ (၁၈) ရက်။ တနိုင်ငံလုံးမှ တက်ရောက်သော ပျဉ်းမနား တောင်သူ လယ်သမားထု အစည်းအဝေးက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။ (၁၉) ရက်။ ဗမာပြည်သူ ဘဏ်တိုက်ကို ပန်းဆိုးတန်းနှင့် ကုန်သည် လမ်းထောင့်၌ ဖွင့်။ (၂ဝ) ရက်။ မော်လမြိုင်၌ ကျင်းပသည့် မွန်အမျိုးသားများ ညီလာခံက မွန်သီးခြား ပြည်နယ် တောင်းဆို။ ရန်ကုန်မြို့ ၄၁ လမ်းရှိ အစိုးရ အမှုထမ်း ပေါင်းစုံ သမဂ္ဂ အသင်းတိုက်၌ အရေးပေါ် အစည်းအဝေး ကျင်းပကာ ဆိုရှယ်လစ်များက သတင်းစာ တိုက်သုံးတိုက်ကို ဖျက်ဆီးသည့် လုပ်ရပ်ကို ရှုတ်ချ။ ရှန်တိန်လုပ်သော မီးရထား ခေါင်းတွဲမှ မီးပွား ဘူတာရုံ အနီး တဲငယ်ပေါ် ကျရာမှ ပြည်မြို့ လေးပုံသုံးပုံခန့် မီးလောင်ခံရ။ (၂၂) ရက်။ လန်ဒန်တွင် ပညာရေး ကိစ္စများ လေ့လာရန် ဆရာကြီး ဦးဘလွင် ရန်ကုန်မှ ထွက်ခွာ။ သီဟိုဠ်မှ ပင့်ဆောင်လာသော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာ မောဂ္ဂလန်မထေရ်တို့၏ ဓာတ်တော်များ ရန်ကုန်ရောက်။ (၂၃) ရက်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ခင်မောင်ရင်၊ မောင်နီနှင့် သုခတို့က သေဒဏ်မှ တသက်တကျွန်းဒဏ် ပြောင်းပေးရန် သမ္မတထံ စာတင်။ (၂၅) ရက်။ ဖဆဖလက လမ်းညွှန် သတင်းစာ ပြန်ထုတ်။ ဗကပ၏ အာဘော်ဖြစ်သော ပြည်သူ့ အာဏာ ဂျာနယ်တိုက် ချိပ်ပိတ်ခံရ။ (၂၆) ရက်။ ကွန်မြူနစ်များကို ဖမ်းဆီးရန် ဖဆပလ အစိုးရက ဆုံးဖြတ်။ ကွန်မြူနစ် နေ့စဉ် သတင်းစာ ရပ်စဲ။ ကွန်မြနစ်များနှင့် စေ့စပ်ရန် ဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဆမားဒူဝါးဆင်ဝါးနောင်၊ ဦးဝမ်းသူးမောင်၊ မန်းဝင်းမောင်နှင့် ဦးညိုထွန်းတို့ ပါဝင်သော အဖွဲ့ဖွဲ့။ (၂၇) ရက်။ တော်လှန်ရေးနေ့ အစည်းအဝေး၌ သခင်နုက "ဒီကနေ့ ညနေ ၄ နာရီဟာ စေစပ်ရေး အတွက် နောက်ဆုံးပဲ" ဟု ကြေညာ။ ဗန္ဓုလ ပန်းခြံမှာ အလံဖြူ ကွန်မြူနစ်များ ကြီးမှူး (၂၈) ရက်။ အစိုးရက အလံဖြူ ကွန်မြူနစ်များကို ဖမ်းဆီးရာမှ ကွန်မြူနစ်များ တောခို။ (၂၉) ရက်။ အလံဖြူ ကွန်မြူနစ် ပါတီက ကြီးမှူး၍ ပုသိမ်ခရိုင်၊ မအူပင် ခရိုင်၊ မြင်းခြံ ခရိုင်နှင့် ဟံသာဝတီ ခရိုင်များတွင် ဆန်လုပွဲများ လုပ်။ ဧပြီလ (၁) ရက်။ ဝန်ထမ်း လစာနှင့် လုပ်ခများ ပြင်ဆင်သတ်မှတ်။ မြန်မာနိုင်ငံ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ ဝင်။ (၂) ရက်။ ပဲခူးခရိုင် ပေါက်ကုန်းကြီးရွာ၌ တပ်မတော်နှင့် ကွန်မြူနစ်တပ်များ တိုက်ပွဲဖြစ်။ (၃) ရက်။ လက်နက်ကိုင် လမ်းစဉ်နှင့် ငြိမ်းချမ်းရေး လမ်းစဉ် အကြောင်း သခင်နုက အသံလွှင့် ပြောကြား။ ကျိန်တလီရွာမှ အစိုးရ ဝန်ထမ်းများ ဂွမြို့သို့ ဆုတ်ခွာပေးရ။ (၆) ရက်။ ပဲခူးခရိုင် ရစ်ကန်ကြီးရွာကို ကွန်မြူနစ်များ သိမ်း။ မြစ်ကျိုးရွာကို ကွန်မြူနစ်များလက်မှ တပ်မတော်က ပြန်သိမ်း။ (၇) ရက်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ ညီလာခံ ကျင်းပ။ (၈) ရက်။ သေဒဏ် အပြစ်ပေးနိုင်သော နိုင်ငံတော် သစ္စာဖောက်မှု ဥပဒေ (High Treason Bill) ပြဋ္ဌာန်း။ (၁၁) ရက်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပနာ အခမ်းအနား ကျင်းပ။ အာဇာနည်ကြီးများ၏ ရုပ်ကလာပ်များကို ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ ပို့ဆောင် ဂူသွင်း။ (၁၆) ရက်။ နှစ်သစ်ကူး အသံလွှင့် မိန့်ခွန်း ပြောရာတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အရေးကြီးပုံနှင့် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် တာဝန်ကျေမှ လွတ်လပ်ရေး အရသာ ခံစားရမည်ဟု သခင်နု ပြော။ တောင်သူလယ်သမား အသံ သတင်းစာ စထုတ်။ (၁၉) ရက်။ မြန်မာနိုင်ငံ (၅၈) နိုင်ငံမြောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်။ (၂၀) ရက်။ မြန်မာနိုင်ငံ အတွင်း အိန္ဒိယသားများ ဝင်ရောက်သည့် ကိစ္စဆိုင်ရာ အိန္ဒိယ မြန်မာ ဆွေးနွေးပွဲ နယူးဒေလီ၌ ကျင်းပ။ မန္တလေး၌ ပြည်သူ့ကြေးမုံ သတင်းစာ စထုတ်။ မြစ်ကျိုးရွာကို ကွန်မြူနစ်များ တိုက်ခိုက်။ (၂၅) ရက်။ တနိုင်ငံလုံး၌ ညရထားများ ပြေးဆွဲမှု ရပ်စဲ။ အမှတ် (၁) ခြေလျင် တပ်ရင်း ဖွဲ့။ (၂၇) ရက်။ ဦးစော၏ အယူခံကို ပယ်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်။ (၂၈) ရက်။ အင်းစိန် အကျဉ်းထောင်၌ ဦးစောက ဇနီး ဒေါ်သန်းခင်၊ သမီး မေသန်းစောတို့နှင့်အတူ မိုးညှင်းသင်္ဂီ ကျောင်းတိုက် ရေလဲဆရာတော် ဦးပဏ္ဍိစ္စ ထံမှောက်၌ လက္ခဏာရေး သုံးပါး တရားနာ။ (၂၉ - ၃၀) ရက်။ ရှမ်းပြည်နယ် ကောင်စီ ဒုတိယ ညီလာခံ ဒုတိယနှင့် တတိယနေ့ အစည်းအဝေးများ တိုင်းပြည်ပြု လွှတ်တော် ခန်းမ၌ ကျင်းပ။ မေလ (၁) ရက်။ ကမ္ဘာ့ အလုပ်သမားနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် သခင်နု၊ ဖဆပလ အထွေထွေ အတွင်းရေးမှူး ဦးဗဆွေနှင့် အလုပ်သမားဌာန ဝန်ကြီး မန်းဝင်းမောင်တို့ မိန့်ခွန်းပြော။ (၅) ရက်။ ပြည်တွင်းစစ် အမြန်ရပ်စဲရေး၊ လက်ဝဲ အင်အားစု ညီညွတ်ရေးနှင့် ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး လုပ်ကြရန် ဗမာနိုင်ငံ ဒီမိုကရက်တစ် လူငယ်အဖွဲ့က ကြေညာချက် ထုတ်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ ခင်မောင်ရင် အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။ (၆) ရက်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ မောင်နီနှင့် သုခတို့ အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။ (၈) ရက်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ဦးစော၊ မောင်စိုး၊ မှုန်ကြီးနှင့် သက်နှင်းတို့အား အင်းစိန်ထောင်၌ လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန် ထောင်ကြီး အတွင်း၌ လည်းကောင်း တချိန်တည်း ကြိုးပေး။ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာန ဖွင့်။ (၁၀) ရက်။ ဝန်ကြီးချုပ် သခင်နု ကရင်နီ (ယခုကယား) နှင့် ရှမ်းပြည်နယ်သို့ ခရီးထွက်။ (၁၂) ရက်။ ရတနာဂီရိမှ သီပေါမင်း၏ အရိုး ပြန်လည်ရရှိရေး သခင်ကိုယ်တော်မှိုင်းက ရန်ကုန်၌ သတင်းစာ ဆရာများနှင့် တွေ့ဆုံ ဆွေးနွေး။ (၁၃) ရက်။ ကော်သူးလေး နယ်နိမိတ် သတ်မှတ်ရေး ကော်မရှင်ဖွဲ့။ (၁၅) ရက်။ ဦးခွန်စံမြတ်ကို ရှမ်းပြည်နယ် ကောင်စီ ဒုတိယ သဘာပတိ အဖြစ်မှ နုတ်ထွက်ခွင့်ပြု။ (၁၆) ရက်။ ညဘက် ရန်ကုန်၌ လေမုန်တိုင်းကျ။ တိုက်ပြို။ သစ်ပင်လဲ။ ဓာတ်ကြိုးပြတ်။ တုံကင်းမြုတ်။ လူသေ။ (၁၇) ရက်။ ကျည်တောင်ကန်နှင့် ဖြုတ်ခွဲ ဘူတာကြားရှိ ဘေဒါတံတားကို ကွန်မြူနစ် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီး။ (၁၉) ရက်။ ကရင်နီနယ် (ယခု ကယားပြည်နယ်) နှင့် ရှမ်းပြည်နယ် ခရီးမှ သခင်နု ရန်ကုန် ပြန်ရောက်။ နယ်မြေ အခြေအနေ အသံလွှင့် ပြေားကြား။ (၂၀) ရက်။ ရွှေတိဂုံ ရင်ပြင်တော်ပေါ်၌ အိုးအိမ် တည်နေသူများ ရင်ပြင်တော်မှ ပြောင်းရွှေ့ကြ။ (၂၁) ရက်။ လက်ဝဲ ညီညွတ်ရေးမူနှင့် ပတ်သက်၍ သခင်နုနှင့် ပြည်သူ့ ရဲဘော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး။ (၂၅) ရက်။ လက်ဝဲ ညီညွတ်ရေးမူကို သခင်နုက ကြေညာ။ (၂၆) ရက်။ သခင်နုက သူ့အိမ်၌ သတင်းစာဆရာများနှင့် တွေ့၍ လက်ဝဲ ညီညွတ်ရေးမူ ရှင်းပြ။ (၂၇) ရက်။ စစ်ရုံးချုပ် ဖွင့်ပွဲ၌ သခင်နု မိန့်ခွန်းပြော။ ပန်းဆိုးတန်းရှိ သတင်းစာဆရာများ အသင်းတိုက်၌ ပြည်သူ့ရဲဘော်အဖွဲ့က ပြည်တွင်း စစ်ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူကိစ္စ ရှင်းလင်း ပြောကြား။ ဇွန်လ (၁) ရက်။ ဧရာဝတီ မီးသင်္ဘော ကုမ္ပဏီကို လျော်ကြေးပေး၍ ပြည်သူပိုင်သိမ်း။ ဗန္ဓုလ ပန်းခြံ၌ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေး ကိစ္စ ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ရှင်းလင်းပွဲလုပ်။ (၄) ရက်။ ဇေယျဝတီသကြားစက်ကို သူပုန် ၆၀ဝ ခန့် ဝိုင်းတိုက်။ (၅) ရက်။ မြို့တော်ခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ် အစည်းအရုံး တတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံတွင် သခင်နု မိန့်ခွန်းပြော။ (၆) ရက်။ ရန်ကုန် တက္ကသိုလ် ဆရာများ အသင်းက ကြီးမှူး၍ အနောက်နိုင်ငံမှ ပြန်ရောက်လာသော အုပ်ချုပ်ရေး အရာရှိကြီး ဒေါက်တာ ထင်အောင်အား ယုဒသန် ခမ်းမ၌ ဧည့်ခံပွဲတွင် ရန်ကုန် တက္ဗသိုလ်ကို အဆင့်မြှင့်ပေးမည်ဟု ဒေါက်တာထင်အောင် ပြော။ (၁၂) ရက်။ ဥက္ကံ ဓာတ်ချောင်းတောင်ရိုးရှိ သူပုန်စခန်းကို ဗမာ့ လေတပ်မတော်မှ လေယာဉ် သုံးစင်းဖြင့် တိုက်။ (၁၃) ရက်။ ဘီအေအေကွင်း၌ သခင်နုက လက်ဝဲ ညီညွတ်ရေးမူအကြောင်း ပြည်သူလူထုအား ရှင်းပြ။ (၁၆) ရက်။ မေမြို့ရှိ ဘီအီးအမ်အီးတပ် သူပုန်ဝင်စီး။ ရခိုင်ပြည်၏ အခြေအနေ ဆိုးဝါးနေပုံကို ရခိုင် အမျိုးသား ဦးစံလှထွန်းက ဗမာပြည် သတင်းစာဆရာ အသင်းတိုက်၌ ရှင်းလင်းပွဲလုပ်။ (၁၇) ရပ်။ ပျဉ်းမနားနှင့် လယ်ဝေးကြားရှိ ညိုပင် ချောင်းငယ်ကို ဖြတ်ကူးထားသည့် တံတားကို သူပုန်များ မိုင်းခွဲ။ ပြည်သူ့ရဲဘော် အချို့ တောခို။ (၁၅) ရက်။ ဖဆပလ အစိုးရက လူမျိုးရေး အဓိကရုဏ်းများ ရှောင်ရှားကြရန် မေတ္တာရပ်ခံချက် ထုတ်။ (၁၉) ရက်။ မော်ချီမိုင်းနှင့် နမ္မတူဘော်တွင်း မိုင်းများ အခြေအနေကို သွားရောက် လေ့လာကြသော ဝန်ကြီး မန်းဝင်းမောင်နှင့် ဦးထွန်းမြင့်တို့ ရန်ကုန်ပြန်ရောက်။ (၂၀) ရက်။ ပြည်သူ့ ရဲဘော်အဖွဲ့၏ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူ ကိစ္စ ရှင်းလင်းပွဲ မန္တလေး၌ ကျင်းပ။ (၂၁) ရက်။ စစ်သားနှင့် ပုလိပ် ယူနီဖောင်းမျိုး ဝတ်ဆင်သူများအား ပုဒ်မ (၆) ဖြင့် ဖမ်းစေဟု လက်ထောက် ပုလိပ်မင်းကြီး ဦးဘအေး(၁) က အမိန့်ထုတ်။ (၂၂) ရက်။ ကရင်ဗမာချစ်ကြည်ရေး တရားဟောရန် သခင်နု၊ ဆမားဒူးဝါး ဆင်ဝါးနောင်၊ စောသာဒင်၊ စောဘဦးကြီး၊ မန်းဂျိန်းထွန်းအောင်နှင့် ဦးဝမ်းသူမောင်တို့ မြစ်ဝကျွန်းပေါ်သို့ ခရီးထွက်။ ဝေါမြို့ကို သူပုန်သိမ်း။ မြစ်သား မီးရထား ဘူတာရုံ သူပုန်စီး။ (၂၃) ရက်။ ကမ္ဘာ့အိုလံပစ်နေ့ ဘီအေအေကွင်း၌ ကျင်းပ။ (၂၄) ရက်။ ဝေါမြို့ကို အစိုးရတပ်က ပြန်သိမ်း။ မေမြို့၌ ညမထွက်ရ အမိန့်ထုတ်။ (၂၅) ရက်။ ဖူးကြီးဘူတာနှင့် ရွာကို သောင်းကျန်းသူ ၁၀ဝ ကျော်က ဝင်စီး။ မန္တလေးမဟာမုနိ၏ အလှည့်ကျဂေါပကအဖွဲ့က ဘဏ္ဍာတိုက် စစ်ဆေး။ ညောင်လေးပင်အပိုင် ရွှေဘုံသာရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။ (၂၆) ရက်။ ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ် အစည်းအရုံး ဦးစီး ညီလာခံ ကျင်းပ၍ လက်ရှိ နိုင်ငံရေး အခြေအနေ ဆွေးနွေး။ (၂၇) ရက်။ ရုပ်ရှင်နှင့် ပြဇာတ် ပညာသည်များ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ ရေကျော်ရပ်ရှိ ဇော်ရုံ၌ ကျင်းပ။ (၂၈) ရက်။ ကရင် ဗမာ ချစ်ကြည်ရေး တရားဟော ထွက်ကြသော သခင်နုတို့အဖွဲ့ မြစ်ဝကျွန်းပေါ်မှ ရန်ကုန် ပြန်ရောက်။ (၂၉) ရက်။ တောင်ငူနှင့် သံတောင် နယ်မြေ အခြေအနေ လေ့လာရန် ကရင်ရေးရာ ဝန်ကြီး စောစံဘိုးသင် ရန်ကုန်မှ လေယာဉ်ဖြင့် ထွက်ခွာ။ သက်ကြီးတက္ဗသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေက သတင်းထောက်များ အသင်းတိုက်၌ ရှင်းလင်းပွဲ လုပ်ရာတွင် ဆရာများအား လစာ မပေးနိုင်၍ အစိုးရထံမှ အကူအညီ မျှော်လင့်နေကြောင်း ပြော။ (၃၀) ရက်။ ရန်ကုန် တက္ကသိုလ် ယုဒသန် ခမ်းမ၍ သခင်နုက တက္ကသိုလ် အဓိပတိ အနေဖြင့် ကျောင်းသားများအား ဩဝါဒ စကား ပြောကြားရာတွင် လက်ရှိ နိုင်ငံရေး အခြေအနေပြော။ နှစ်လအတွင်း အလင်းဝင်သည့် သူပုန်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည့် အမိန့်ထွက်။ ဇူလိုင်လ (၁) ရက်။ ငါးရက်ကြာ ကျင်းပမည့် ဖဆပလ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး ဂျူဗလီဟော၌ စတင် ကျင်းပ။ သခင်နုက နိုင်ငံရေး အခြေအနေ ရှင်း။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့သို့ မြန်မာနိုင်ငံဝင်။ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဌာန ဝန်ကြီး ဦးကိုကိုကြီး နုတ်ထွက်လွှာ တင်။ (၂) ရက်။ ဂျူဗလီဟော၌ ဆိုရှယ်လစ် ပါတီဝင်များ၊ ပြည်သူ့ ရဲဘော်များ၊ ဖဆပလများ လက်ဝဲ ညီညွတ်ရေးမူကို ဆွေးနွေး။ သဘောတူညီမှု မရ။ အထူး တိုင်းမင်းကြီး အဖြစ် ဆောက်ရွက်မည့် တပ်မင်းကြီး စောကြာဒိုးက ပဲခူးမြို့ပေါ်မှ စစ်ဘက်၊ နယ်ဘက်နှင့် နိုင်ငံရေးသမားများနှင့် တွေ့ဆုံ ဆွေးနွေး။ (၃) ရက်။ ရန်ကုန်ခရိုင် ပြည်သူ့ ရဲဘော်အဖွဲ့မှ ကြီးမှူး၍ ပြည်တွင်းစစ် ရပ်စဲရေး လူထုဆန္ဒပြပွဲ ဗန္ဓုလ ပန်းခြံ၌ ကျင်းပ။ သထုံရှိ ကရင်စစ်ရဲများက သထုံသိမ်း။ (၄) ရက်။ လန်ဒန်၌ ၂၃ ဇူလိုင်တွင် ကျင်းပမည့် ကမ္ဘာ့အိုလံပစ်ပွဲတွင် ပါဝင်ဆင်နွှဲမည့် မြန်မာ အားကစားသမားများအား သမ္မတကြီးက ၎င်း၏ အိမ်တော်၍ နေ့လယ်စာဖြင့် ဧည့်ခံ။ (၅) ရက်။ ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင် ပါဝင်မည့် မြန်မာ အားကစားသမားများ ရန်ကုန်မှ ထွက်ခွာ။ (၇) ရက်။ သံလွင်ခရိုင်ရှိ ကော့ကရစ် ရဲစခန်းကို ကေအင်ဒီအိုများ ဝင်စီး။ မန္တလေးထောင် အတွင်းရှိ အလံနီများ ဆူ။ (၈) ရက်။ ဂျူဗလီ ခန်းမ၍ ဆိုရှယ်လစ် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပ။ ဆိုရှယ်လစ် ပါတီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ပါတီအား အမည်ပြောင်းသင့် မသင့် ဆွေးနွေး။ (၁၀) ရက်။ အစိုးရ အဖွဲ့ဝင် ရဲဘော်ဖြူများ ဖဆပလ အဖွဲ့ချုပ်မှ နုတ်ထွက်။ ဖဆပလတွင် ရဲဘော်ဝါများသာ ကျန်။ နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ်က သခင်နုနှင့်အတူ ဇူလိုင် ၂ဝ တွင် ရာထူးမှ နုတ်ထွက်မည်ဟု ပြော။ (၁၂) ရက်။ ဦးဇော်ဝိတ် ခေါင်းဆောင်သော အားကစား လေ့လာရေး အဖွဲ့ ဥရောပ ရောက်။ (၁၃) ရက်။ သောင်းကျန်းသူများ ပုသိမ် ငွေတိုက်ဖောက်။ အောင်ဆန်းကစားကွင်း လူထုအစည်းအဝေးတွင် လက်ဝဲညီညွတ်ရေးမူကို အမျိုးသားလုပ်ငန်းစဉ်အဖြစ် သခင်နု ကြေညာ။ ရန်ကုန် တက္ကသိုလ် သထုံခရိုင် ကျောင်းသူ ကျောင်းသားများ အသင်းဖွဲ့။ ထားဝယ်ထောင်၌ အကျဉ်းသားများ ထောင်မှူး အပေါ် မကျေနပ်၌ အစာငတ်ခံ ဆန္ဒပြ။ (၁၅) ရက်။ နေ့လယ် ၂ နာရီတွင် သခင်နုနှင့် ဝန်ကြီး အဖွဲ့ နုတ်ထွက်။ ည ရ နာရီကျော်၌ ပြန်လည်၍ ကျမ်းသစွာကျိန်။ The Nation သတင်းစာ စထုတ်။ (၁၆) ရက်။ ဗိုလ်နေဝင်း ဥက္ကဋ္ဌနှင့် ဦးသိန်းဖေမြင့် အတွင်းရေးမှူး အဖြစ် ပါဝင်သော လက်ဝဲ ညီညွတ်ရေး ကောင်စီ ဖွဲ့။ ရဲဘော်ဖြူများ တောခို။ (၁၈) ရက်။ ကွန်မြူနစ်များအား ဖမ်းဆီးစဉ်က အဖမ်းခံခဲ့ကြရသော ဒီမိုကရက်တစ် လူငယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းနှင့် ဗိုလ်ရန်အောင်တို့ အင်းစိန်ထောင်မှ လွတ်လာ။ (၂၃) ရက်။ ရန်ကုန်၌ မိုးသည်းထန်စွာ ရွာ။ ကန်တော်ကြီး ရေလွှတ်ပေါက်မှ ရေလျှံသဖြင့် ကန်တော်ကြီး တဝိုက်ရှိ အိမ်များ ရေလွှမ်းသွား။ (၂၅) ရက်။ အကြမ်းဖက် ဝါဒနှင့် လက်နက်ကိုင် ဝါဒ လက်မခံနိုင်ဟု ကေအင်ဒီအိုက ကြေညာချက်ထုတ်။ (၂၇) ရက်။ လန်ဒန်ရောက် နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ် မြန်မာနိုင်ငံ အခြေအနေ ရှင်းလင်း ပြောကြား။ (၂၉) ရက်။ တပ်မင်းကြီး စောကြာဒိုး ရွှေကျင် ရောက်။ ရဲဘော်ဖြူများ တောခို။ လန်ဒန် ကမ္ဘာ့အိုလံပစ် အားကစားပွဲ ဖွင့်ပွဲတွင် ဦးဇော်ဝိတ် ခေါင်းဆောင်သော မြန်မာအဖွဲ့ ပါဝင်ဆင်နွှဲ။ ဩဂုတ်လ (၁) ရက်။ ဗိုလ်ချုပ် နေဝင်း (နောင် ဗိုလ်ချုပ်ကြီး နေဝင်း) ဒုတိယ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိ တာဝန်ယူ။ အုတ်တွင်းမြို့ကို သောင်းကျန်းသူများ တိုက်။ (၃) ရက်။ သထုံခရိုင်ကို ကေအင်ဒီအို သိမ်း။ (၅) ရက်။ သခင်နုက ၎င်းအိမ်သို့ သတင်းစာ ဆရာများအား ဖိတ်ကြား၍ ငြိမ်ဝပ် ပိပြားရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စု တည်တံ့ရေးတို့အတွက် ရှင်းလင်းပြောကြား။ (၇) ရက်။ မအူပင် ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။ အိမ်မဲ ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။ (၈) ရက်။ သရက်မြို့ရှိ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၁) နှင့် မင်္ဂလာဒုံရှိ တပ်ရင်း (၃) မှ ရဲဘော်အချို့ တောခို။ ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ (၁၀) ရက်။ ဆူပူ သောင်းကျန်းမှုများကြောင့် ရန်ကုန်၊ မန္တလေး မီးရတားနှင့် မြစ်ဝကျွန်းပေါ်သွား ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်း။ (၁၁) ရက်။ ရန်ကုန်မြို့နယ် နိမိတ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်။ (၁၂) ရက်။ ထုံးကြီးရွာကို သောင်းကျန်းသူများ မီးရှို့။ (၁၄) ရက်။ ကရင် စစ်ရဲများက တွံ့တေးကို သိမ်း။ (၁၅) ရက်။ မော်လမြိုင်ကျွန်းမြို့ကို သောင်းကျန်းသူများ တိုက်။ ဗားနတ် ပိဋကတ် စာကြည့်တိုက် ပြန်ဖွင့်။ (၁၆) ရက်။ ဦးတင်ထွတ် နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှ နုတ်ထွက်။ (၁၈) ရက်။ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်နှင့် ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃) မှ ရဲဘော် ၁၀ဝ ခန့် တောခို။ (၁၉) ရက်။ မြန်မာနိုင်ငံသည် အရေးကြီးသော အခြေအနေသို့ ရောက်နေပြီဟု နိုင်ငံတော် သမ္မတက ကြေညာ။ (၂၀) ရက်။ မော်ချီးမိုင်းကို ကေအင်ဒီအိုများ သိမ်း။ သထုံ ခရိုင် တခုလုံး ကေအင်ဒီအိုများ လက်သို့ ကျရောက်။ (၂၁) ရက်။ သောင်းကျန်းသူများ စခန်းချ ခိုအောင်းနေသော ပဲခူးခရိုင် ဝေါမြို့နယ်၊ ညောင်ခါးရှည်နှင့် ဘုရားဖြူရွာများကို လေတပ်က ဗုံးကြဲ တိုက်ခိုက်။ သထုံနှင့် ကျိုက္ခမီရှိ ကရင်စစ်ရဲများ အတိအလင်း ပုန်ကုန်ကြ။ (၂၂) ရက်။ နိုင်ငံခြားရေး ဌာန ဝန်ကြီး စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ဘန်ကောက် ရောက်။ (၂၃) ရက်။ သခင်နုက တိုင်းပြည် အခြေအနေ အသံလွှင့် ပြောကြား။ (၂၄) ရက်။ ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး စတင်။ တွံ့တေးမြို့ကို အစိုးရတပ်က ပြန်သိမ်း။ (၂၅) ရက်။ ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်) တွင် မာရှယ်လော စစ်ဥပဒေ ထုတ်။ (၂၉) ရက်။ ကရင်ပြည်နယ်ရှိ နန်းဝဲကို အစိုးရတပ်က ပြန်သိမ်း။ (၃၀) ရက်။ စစ်တောင်း အရှေ့ဘက် ဒေသများနှင့် မုပ္ပလင်ကို ကေအင်ဒီအိုများ သိမ်း။ ပန်းလုံနှင့် လွယ်လင်ရှိ ပြည်ထောင်စု စစ်ရဲတပ်မှ ကရင်စစ်ရဲများ တောခို။ စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ရန်ကုန် ပြန်ရောက်။ (၃၁) ရက်။ ကေအင်ဒီအိုများက သထုံနှင့် ကျိုက်ထို ရဲဌာနတို့ကို သိမ်း။ အစိုးရတပ်များက၊ ကလကဲကို ပြန်သိမ်း။ စက်တင်ဘာလ (၁) ရက်။ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင်ဖွဲ့။ ကရင် စစ်ရဲများ မော်လမြိုင်သိမ်း။ မာရှယ်လော စစ်ဥပေဒကို ခြောက်လဆက် အတည်ပြုကြောင်း ကြေညာ။ ဖောင်တော်သီကို သောင်းကျန်းသူများ ဝင်တိုက်။ ပြည်ထောင်စု အရံတပ်ရင်း (ကချင်) နှင့် (ချင်း) များ စဖွဲ့။ (၂) ရက်။ ပါလီမန်တွင် သခင်နုက ဗကပသည် အိန္ဒိယ ကွန်မြူနစ် ပါတီ၏ ဩဇာခံ ဖြစ်နေပုံ ပြော။ ကွန်မြူနစ် သောင်းကျန်းသူများ ထန်းတပင်ကို ဝင်တိုက်။ ပဲခူး-မန္တလေး အစုန်အဆန် ရထားများ ပြန်စထွက်။ ကလောအနီး လယ်ပြင် ဘူတာကို ကေအင်ဒီအိုများ တိုက်။ (၄) ရက်။ ကရင်နီ ပြည်နယ် (ယခု ကယားပြည်နယ်) အတွင်း စစ်ဥပဒေ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်း။ နတ္တလင်းကို အစိုးရတပ်က ပြန်သိမ်း။ ပင်လောင်းနယ်၊ လုံပြင်တွင်အစိုးရတပ်နှင့် အေအင်ဒီအိုများ တိုက်ပွဲဖြစ်။ (၅) ရက်။ ကော့ကရိတ်ကို ကေအင်ဒီအိုများ သိမ်း။ (၆) ရက်။ ၁၉၄၈ - ၄၉ အတွက် ဘက်ဂျက်လိုငွေ ကျပ် ၁ဝ ကုဋေကျော်သည်ဟု ပါလီမန်၌ ဘဏ္ဍာရေး ဝန်ကြီး ပြော။ သောင်းကျန်းသူများနှင့် အစိုးရ ကိုယ်စားလှယ်တို့ မော်လမြိုင်ဆိပ်ကမ်း မေယု စစ်သင်္ဘောပေါ်၌ စေ့စပ် ဆွေးနွေးပွဲလုပ်။ (၇) ရက်။ ပေါင်းတည်ကို အစိုးရတပ်က ပြန်သိမ်း။ ကေအင်ဒီအိုများက ဖာပွန်သိမ်း။ (၈) ရက်။ တောင်ငူခရိုင် ကျောက်ကြီးကို ကေအင်ဒီအိုများ သိမ်း။ ငွေတိုက်ဖောက်။ ကညွတ်ကွင်း ဘာတာကို သောင်းကျန်းသူ ဝိုင်းတိုက်။ (၉) ရက်။ လယ်ယာ မြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်း ကြေညာ။ ကေအင်ဒီအိုများ ရွှေကျင်ကို သိမ်း။ အစိုးရတပ်များက ပြည်မြို့ ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့ များကို ပြန်သိမ်း။ ဗမာ့တပ်မတော် စစ်သေနာပတိချုပ် ဂျင်နရယ် စမစ်ဒွန်းက ကရင် အမျိုးသားများသို့ အသံလွှင့် မိန့်ခွန်းပြော။ (၁၁) ရက်။ မြန်မာ့ လေကြောင်း ပို့ဆောင်ရေးအဖွဲ့ စဖွင့်။ ကာမမြို့ကို အစိုးရတပ်က ပြန်သိမ်း။ ကေအင်ဒီအိုနှင့် အခြား သောင်းကျန်းသူများ ပေါင်း၍ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့ကို ဝိုင်းတိုက်။ (၁၂) ရက်။ စောဘဦးကြီးနှင့် ကေအင်ဒီအို ခေါင်းဆောင်များ၏ စေ့စပ်ပေးမှုကြောင့် သထုံရှိ ကေအင်ဒီအိုများနှင့် အစိုးရ နားလည်မှုရ။ ပဲခူးရဲဌာနကို ကေအင်ဒီအိုများ စီးရင် ကြိုးစား။ (၁၃) ရက်။ ကရင်နီ ပြည်နယ်ရှိ ထူးချောင်းကို အစိုးရတပ်က ပြန်သိမ်း။ (၁၄) ရက်။ သခင်နု ခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ဖွဲ့။ ရွှေကျင်နှင့် ကျောက်ကြီးမြို့များကို ကေအင်ဒီအိုများက အစိုးရသို့ ပြန်အပ်။ (၁၅) ရက်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ စပ်ခွန်ချိုက ရှမ်းပြည်နယ် အခြေအနေ အသံလွှင့်ပြောကြား။ (၁၇) ရက်။ ထားဝယ်၌ ဗိုလ်မှူး အောင်နှင့် ဦးဗဆွေတို့ ကရင်-ဗမာ သွေးစည်းရေး တရားဟော။ ပုသိမ်၌ ကေအင်ဒီအိုက အရေးပေါ် ညီလာခံ ကျင်းပ၍ သီးခြား ကရင်နယ် တောင်းဆို။ လက်နက်ကိုင် သောင်းကျန်းမှုကို ရှုတ်ချကြောင်းနှင့် အဓိကရုဏ်း ဆန့်ကျင်ကြောင်းလည်း ကြေညာ။ မိတ္ထီလာခရိုင် ကွန်မြူနစ်ပါတီ ဌာနချုပ် ရုံးစိုက်ရာ မိတ္ထီလာမြို့နယ်နှင့် ကျောက်ပန်းတောင်း နယ်စပ်ရှိ သဲကုန်းရွာကို အစိုးရတပ်က သိမ်း။ စပတ်လမ်း၊ ရန်ကုန်ဂေဇက် အဆောက်အုံ အနီး ရပ်ထားသော တပ်မင်းကြီး ဦးတင်ထွတ်၏ မောင်တော်ကား အတွင်း ဗုံးပေါက်ကွဲ။ (၁၈) ရက်။ တပ်မင်းကြီး ဦးတင်ထွတ် ယမန်နေ့က ရသည့် ဗုံးပေါက်ကွဲမှု ဒဏ်ရာဖြင့် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်။ ကေအင်ဒီအိုနှင့် ပတ်သက်သူ Daily Mail သတင်းထောက် မစ္စတာ အလက်ဇန်းဒါးကင်းဘဲ (လ်) ရန်ကုန်၌ အဖမ်းခံရ။ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့အပိုင်၊ လှဲဆိပ်ရွာတွင် ကေအင်ဒီအိုနှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်။ ဒေါက်တာသန်းထွန်း ငါးသိုင်းချောင်း၊ ကွမ်းယားရွာနေ ဦးဘိုးမြိုင်၊ ဒေါ်စောမြတို့၏ သမီး ဒေါ်ခင်ရီ နှင့် အိမ်ထောင်ပြု။ (၁၉) ရက်။ ပြန်လည်ထူထောင်ရေးဝန်ကြီး ဗိုလ်မှူးအောင်နှင့် ဦးဗဆွေတို့ မြိတ်မြို့ရောက်။ (၂၀) ရက်။ ပဲခူးခရိုင်၊ ဘုရားကလေး ရဲဌာနကို ရဲဘော်ဖြူများ တိုက်။ အင်္ဂပူမြို့နယ်ရှိ မဲဇလီကုန်းကို အစိုးရတပ်က ပြန်သိမ်း။ (၂၁) ရက်။ တောင်ငူခရိုင်ရှိ ဆူးတပ်ရွာတွင် ကေအင်ဒီအိုများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။ ကရင်နီပြည်နယ်ရှိ ထူးချောင်းကို ကေအင်ဒီအိုများတိုက်။ (၂၂) ရက်။ ရွှေဘိုထောင်မှ အကျဉ်းသား ၂၂ ဦး ထွက်ပြေး၍ တမြို့လုံး ထိတ်လန့် ချောက်ချားသွား။ (၂၃) ရက်။ လွိုင်ကော်ကို ကရင်စစ်ရဲများက သိမ်း။ (၂၄) ရက်။ တောင်ကြီးနှင့် လွယ်လင် ငွေတိုက်များကို ကေအင်ဒီအိုများ ဖောက်။ ကျိုက္ခမီခရိုင် လမိုင်းရဲဌာနကို အစိုးရတပ်က ပြန်သိမ်း။ (၂၅) ရက်။ တောင်ကြီးရှိ ပြည်ထောင်စု ကရင် စစ်ရဲတပ် ပုန်ကန်။ ပြည်ထောင်စု စစ်ရဲမှ လွိုင်ကော်သိမ်း။ မုံရွာခရိုင် အရာတော်ရဲဌာနကို ကေအင်ဒီအိုများ ဝိုင်းတိုက်။ ပြည်-တိုက်ကြီး ရထားများ ပြန်ထွက်။ (၂၆) ရက်။ မင်းလှကို အစိုးရတပ်က ပြန်သိမ်း။ (၂၇) ရက်။ ညောင်လေးပင်နှင့် ငါးထပ်ကြီး ဘူတာ အကြားရှိ တံတား အမှတ် ၁၂၅ ကို ကေအင်ဒီအိုများ မိုင်းခွဲ။ (၂၈) ရက်။ သာယာဝတီမြို့၌ စစ်မင်းကြီး ဗိုလ်စိန်မှန်က သောင်းကျန်းသူ နှိမ်နင်းရေးနှင့် ကရင် ဗမာ ချစ်ကြည်ရေး တရားဟော။ ပန်းတနော်ကို သိမ်းထားသော ရဲဘော်ဖြူများ ပန်းတနော်မှ ထွက်ခွာသွား။ (၂၉) ရက်။ မော်လမြိုင်ခရိုင်တွင် စစ်အုပ်ချုပ်ရေး ကြေညာ။ (၃၀) ရက်။ သုံးခွနှင့် ပန်းတနော်ကို အစိုးရတပ်က ပြန်သိမ်း။ ကွမ်းခြံကုန်း မြို့နယ် လက်ခုတ်ကုန်းကို အလံနီများ ဝင်စီး။ မှော်ဘီအနီးရှိ ဇီးကွက် တံတားနှင့် တိုက်ကြီး အနီးရှိ မြယာကုန်း တံတားများကို သောင်းကျန်းသူများက ဗုံးခွဲ ဖျက်ဆီး၍ ရန်ကုန် - ပြည် ကားလမ်း ဆက်သွယ်ရေး ပြတ်။ အောက်တိုဘာလ (၁) ရက်။ ပဲခူး-ရန်ကုန် ရထားလမ်း ပြန်ဖွင့်။ အရံတပ်ဖွဲ့ရေး ဥပဒေ ပါလီမန်က အတည်ပြု။ (၂) ရက်။ သတင်းစာ ဆရာများအသင်းက ကြီးမှူး၍ အသင်းဗိမာန် တည်ဆောက်ရေး ရန်ပုံငွေအတွက် "မြန်မာနိုင်ငံတော် အစိုးရသည် ဒီမိုကရေစီ စစ် မစစ်" ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ မြို့တော်ခန်းမ၌ ကျင်းပရာ - ဒီမိုကရေစီ အစိုးရဘက်မှ ရှေ့နေချုပ် ဦးချန်ထွန်း၊ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေနှင့် ပြန်ကြားရေးဌာန အတွင်းဝန် ဦးသန့်တို့က ပြော၍ ဒီမိုကရေစီ အစိုးရ မဟုတ်သည့် ဘက်မှ သုမန၊ ဇဝနနှင့် မိုးကြိုးတို့က ပြော။ ပန်းတနော်ကို သူပုန်ဝင်စီး။ ရန်ကုန်-သန်လျင်ကြား မော်တော် သမ္ဗာန်များ ပြန်လည် ပြေးဆွဲ။ (၃) ရက်။ ခရမ်းမြို့ကို အစိုးရတပ်က ပြန်သိမ်း။ (၅) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေး။ ဗန္ဓုလပန်းခြံ၌ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် ဖွင့်ပွဲ ကျင်းပ။ (၅-၈) ရက်။ စစ်တွေ၌ လေမုန်တိုင်းတိုက်၍ သိန်း ၁၀ဝ ဖိုး ခန့်ဆုံးရှုံး။ (၆) ရက်။ ပြည်မြို့အနီး မှော်ဇာဘူတာကို သောင်းကျန်းသူများ ဝင်စီး။ ရေဦး ရဲဌာနကို သောင်းကျန်းသူများ တိုက်။ (၇) ရက်။ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွား။ မှော်ဘီ လေယာဉ်ကွင်းကို သောင်းကျန်းသူများ တိုက်။ (၈) ရက်။ နိုင်ငံတော် ဝန်ကြီးချုပ်အိမ်တွင် ကရင်ရေးရာ ကောင်စီဝင် အမတ်များနှင့် ဝန်ကြီးချုပ်တို့ တွေ့ဆုံ၍ ကရင်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရေး ဆွေးနွေး။ (၉) ရက်။ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်းကို ပါလီမန်က အတည်ပြု။ မိုးသည်းထန်စွာ ရွာ၍ မြစ်ငယ်တံတား ကျိုးပြီး ရေထဲ မျောပါသွား။ (၁၂) ရက်။ ဗြိတိသျှ-မြန်မာ ငွေရေးကြေးရေး စာချုပ်ချုပ်၊ ရန်ကုန် - မန္တလေး မီးရတားလမ်း၊ ကျွန်းကုန်းနှင့် ရေတာရှည်ကြားရှိ တံတားအမှတ် ၂၈၄ ကို သူပုန်များ ဖျက်။ ဘီအေအေကွင်း၌ ကျင်းပသော အိန္ဒိယ - မြန်မာ ဘောလုံးပွဲတွင် မြန်မာက ၅ ဂိုး - ဂိုးမရှိဖြင့် နိုင်။ (၁၃) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် တွေ့ဆုံ ဆွေးနွေး။ ဂျိုးဖြူရေပိုက်ကို သောင်းကျန်းသူများ ဖျက်။ (၁၄) ရက်။ လွတ်လပ်ရေး ကြေညာသည့်နေ့က နိုင်ငံတော် သမ္မတကြီး ပြောခဲ့သည့် ဝါဒသဘောထား အတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု ပါလီမန်၌ သခင်နုက ပြော။ (၁၅) ရက်။ လန်ဒန်မြို့ မြန်မာသံရုံး၌ စက်ဘက်အရာရှိ တာဝန်ယူမည့် ဦးထွန်းလှအောင် လန်ဒန်သို့ ထွက်ခွာ။ အုတ်ဖြတ်ရွာတွင် သောင်းကျန်းသူများနှင့် အစိုးရတပ်တို့ လေးနာရီကြာ တိုက်ပွဲဖြစ်။ (၁၉) ရက်။ ရန်ကုန်မြို့ သတင်းစာ ဆရာများက အသင်းတိုက်တွင် သတင်းစာ ဆရာမျးက စောဘဦးကြီး ခေါင်းဆောင်သော ကေအင်ဒီအို ခေါင်းဆောင်များအား မိတ်ဆက် လက်ဖက်ရည်ပွဲဖြင့် ချစ်ကြည်ရေးလုပ်။ (၂၀) ရက်။ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေး အဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ။ ညောင်ဦး ရဲဌာနနှင့် ငွေတိုက် သောင်းကျန်းသူများ ဝင်စီး။ (၂၁) ရက်။ ပြန်ကြားရေး ဦးထွန်းဖေက သူ၏ ရုံးခန်း၌ သတင်းထောက်များနှင့် တွေ့၍ ပြည်တွင်း ဆူပူ သောင်းကျန်းမှု အခြေအနေ လျော့သွားကြောင်း ရှင်းပြ။ ရန်ကုန်မှ ဒေးဒရဲ၊ ကျိုက်လတ် ရေလမ်းခရီး ပြန်ဖွင့်။ (၂၂) ရက်။ မွန် - ကေအင်ဒီအိုများက သထုံခရိုင်၊ ပေါင်ရဲဌာနမှ လက်နက်များ သိမ်း။ ကမ္ဘာ့ ကုလသမဂ္ဂမှ ဓာတ်ပုံဘက်ဆိုင်ရာ ပါရဂူ တဦး မြန်မာနိုင်ငံ၏ အခြေအနေများ ဓာတ်ပုံရိုက်ရန်၊ ရန်ကုန်ရောက်။ (၂၃) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ပုသိမ်၌ ရဲဘော်ဖြူများနှင့် တွေ့ဆုံဆွေးနွေး။ မြောင်းမြမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် ရရှိရေးကို လူထုဆန္ဒနှင့် ဥပဒေနှင့် အညီ လုပ်ရန် ဆုံးဖြတ်။ (၂၄) ရက်။ ဗြိတိသျှ အစိုးရကို မြန်မာ့ ပြည်တွင်းရေး အခြေအနေ ရှင်းပြရန် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်ရောက်။ ဥရောပ အမေရိကနှင့် တရုတ်နိုင်ငံတို့တွင် ကျန်းမာရေးနှင့် အားကစား လုပ်ငန်းများ လေ့လာခဲ့ကြသော ဦးဇော်ဝိတ်တို့ အဖွဲ့ ရန်ကုန် ပြန်ရောက်။ (၂၅) ရက်။ သခင်နုနှင့် လူနည်းစုရေးရာ ဝန်ကြီး ဦးညိုထွန်းတို့ သံတွဲ၌ တရားဟော။ ပုသိမ်၌ ကွန်မြူနစ် သောင်းကျန်းသူ ၆၃ ဦး အလင်းဝင်။ (၂၆) ရက်။ ကေအင်ဒီအိုနှင့် မွန်သူပုန်တို့က မတ္တမ ရဲဌာနရှိ လက်နက်များ သိမ်း။ ထန်းတပင်ကို သူပုန် ၄၀ဝ ခန့် ဝင်စီး။ (၂၈) ရက်။ မော်လမြိုင်၌ ရဲဘော်ဖြူ အချို့ လက်နက်ချ။ (၂၉) ရက်။ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် စုံစမ်းရေး ကော်မရှင်၏ ဒုတိယ အကြိမ် အစည်းအဝေး ကျင်းပ။ ဖျာပုံခရိုင် မြင်းကကုန်းရွာကို အစိုးရတပ်က ပြန်သိမ်း။ ထောက်ကြန့် ရဲဌာနကို သောင်းကျန်းသူတို့ တိုက်။ ဦးတင်ထွတ်အား လုပ်ကြံသူကို ဖော်နိုင်သူ၊ ဆုငွေ ၁၀,၀၀ဝိ/- ပေးမည်ဟု ကြေညာ။ (၃၀) ရက်။ တွံ့တေးမြို့ကို ကေအင်ဒီအိုများ သိမ်း။ သခင်ဗစိန် နေအိမ်၌ သခင်ခေါင်းဆောင်များ တွေ့ဆုံ၍ တို့ဗမာ အစည်းအရုံး အမည် မသုံးဘဲ စိတ်သဘောတူသူများ ပါတီသစ်ဖွဲ့ရန် ဆုံးဖြတ်။ သရက်မြို့၌ မိနစ်ဝက်ခန့် ငလျင်လှုပ်။ နိုဝင်ဘာလ (၁) ရက်။ ပုသိမ်၌ ငြိမ်းချမ်းရေး လုပ်ငန်းများ လူထု ထောက်ခံပွဲ လုပ်။ ဟင်္သာတတွင် ကရင် ဗမာ ချစ်ကြည်ရေး တရားပွဲ ကျင်းပ။ ဒေးဒရဲမြို့နယ် တော်လှကင်းဂါတ်ကို သောင်းကျန်းသူ ဝိုင်းပစ်။ သခင် သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီးကို ပျဉ်းမနားတွင် ဖမ်းမိ။ (၃) ရက်။ သတင်းစာဆရာများ အသင်းတိုက်၌ မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဖယ်ယာဝယ်သာ ဦးဘအေးက ပြည်သူပိုင် လုပ်ငန်းကို အစိုးရ အလျင်စလို မလုပ်သင့်ကြောင်း ရှင်း။ (၄) ရက်။ အနောက်နိုင်ငံများတွင် ပညာရေး လုပ်ငန်းများ လေ့လာခဲ့သော မြို့မ ကျောင်းအုပ်ကြီး ဦးဘလွင် ရန်ကုန် ပြန်ရောက်။ အိန္ဒိယနှင့် မြန်မာ ဘောလုံးအသင်းတို့ ကစားကြရာ အိန္ဒိယ အသင်းက သုံးဂိုး တစ်ဂိုးဖြင့် နိုင်။ ပေါင်းတည်မြို့ကို သူပုန်စီး။ (၅) ရက်။ ဆင်ပေါင်ဝဲကို အစိုးရတပ်က ပြန်သိမ်း။ (၆) ရက်။ ဗိုလ်သောင်းရွှေ ခေါင်းဆောင်သော သရက်ခရိုင်မှ သောင်းကျန်းသူ ၁၂ ယောက် လက်နက်များဖြင့် လာရောက် အဖမ်းခံ။ (၇) ရက်။ တိုက်ကြီးရဲဌာနကို သူပုန် ဝင်တိုက်။ ရန်ကုန်နှင့် ပြည်ကြား မီးရထားလမ်း တံတားများ ပြင်ဆင်ပြီး။ (၈) ရက်။ နိုင်ငံတော် ဆရာ အတတ်သင် သိပ္ပံကျောင်းတွင် ဆရာ ဆရာမများ တလ ဉာဏ်သစ်လောင်း သင်တန်း ဖွင့်ပွဲကို ပညာရေး ဝန်ကြီး ဦးဝင်းက ဖွင့်ပေး။ (၉) ရက်။ သာယာဝတီထောင်ရှိ စစ်ကိုင်းမြို့နယ် အတွင်းမှ ဖမ်းဆီးထားသော ပုဒ်မ ၅ အချို့ကို ပြန်လွှတ်။ (၁၀) ရက်။ အင်းစိန်ခရိုင် လှိုင်မြစ်ကမ်းပေါ်ရှိ ပျဉ်းမကုန်းရွာ၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။ ဓာတ်ဆီ တစ်ဂါလံ (၂)ကျပ်နှုန်း အစိုးရက သတ်မှတ်။ (၁၁) ရက်။ သံတွဲအသင်း စည်းရုံးရေးမှူး ဦးဘတင်က သံတွဲခရိုင်က မြန်မာပြည်မနှင့် မခွဲလိုကြောင်း ပန်းဆိုးတန်း သတင်းထောက်များ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။ မုံရွာခရိုင်၊ အရာတော်မြို့ကို ကွန်မြူနစ် တပ်နီ ၂၀ဝ ခန့် ဝိုင်းတိုက်။ ဒိုက်ဦးမြို့အနီး မြို့ရိုးရွာကို သောင်းကျန်းသူ ၂၀ဝ ခန့် ဝင်စီး။ မောင်တော၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။ (၁၂) ရက်။ ရန်ကုန်နှင့် နတ္တလင်းကြား မီးရထား ပြန်ထွက်။ ဗိုလ်အေးဖေအား သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်။ (၁၃) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန် ထောင်တွင်းရှိ ရဲဘော်ဖြူ ခေါင်းဆောင် ရှစ်ဦးနှင့် တွေ့ဆုံဆွေးနွေး။ ရခိုင်ပြည်နယ်က ပြည်ထောင်စု နိုင်ငံတော် အပါအဝင် ပြည်နယ် တခုအဖြစ် ပါဝင်လိုကြောင်း။ ဝတ်လုံတော်ရ ဦးထွန်းအောင်၊ ပင်စင်ရ စက်ရှင်မင်းကြီး ဦးထွန်းအောင်၊ ဦးဘိုးညွန့် (ကျောက်ဖြူ)၊ ဦးထွန်းကြိုင် (သံတွဲ)၊ ဦးလှထွန်းဖြူတို့က သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။ (၁၄) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့၏ လုပ်ငန်းများ ထောက်ခံပွဲ ပုသိမ်၌ ကျင်းပ။ ပန်းတနော် ရဲဌာနကို သောင်းကျန်းသူများ ဝိုင်းတိုက်။ (၁၅) ရက်။ မဟာသံဃ အဖွဲ့ချုပ်မှ အမေရိကန်နိုင်ငံ ဝါရှင်တန် စာကြည့်တိုက်အတွက် ဗုဒ္ဓစာပေများ လှူဒါန်းပွဲ သမ္မတ အိမ်တော်၌ ကျင်းပ။ ကသာတွင် ငလျင်လှုပ်။ အပျက်အစီး မရှိ။ (၁၆) ရက်။ ရုံးချိန်များကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြောင်းလဲ သတ်မှတ်။ နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရန်ကုန်၌ ငလျင် အနည်းငယ်လှုပ်။ (၁၇) ရက်။ သရက်ခရိုင်၊ အင်းမရွာ၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။ (၁၉) ရက်။ ရန်ကုန်မြို့ရှိ အာအီးတီ ကုမ္ပဏီပေါင်း ၁၁ ခုမှ အလုပ်သမား ၁,၀၀ဝ ခန့် ထိုင်သပိတ်မှောက်။ (၂၀) ရက်။ ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်နယ်မှ ရဲဘော်ဖြူ ၁၂ ယောက် အလင်းဝင်။ (၂၁) ရက်။ ငြိမ်းချမ်းရေးအဖွဲ့လုပ်ငန်းများ ထောက်ခံပွဲ ဟင်္သာတ၌ ကျင်းပ။ သံတွဲခရိုင်၊ အလံနီ သောင်းကျန်းသူတို့၏ ဌာနချုပ် ရှိသော အင်းတိုင်ကြီးရွာကို အစိုးရတပ်က သိမ်း။ (၂၂) ရက်။ ဆာဦးသွင် နေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် တောခို ရဲဘော်ဖြူ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး။ ဟင်္သာတ ထောင်ရှိ ပုဒ်မ ၅ အချို့လွှတ်။ ဆင်ပေါင်ဝဲမြို့ကို ခုနစ်နာရီကြာမျှ သောင်းကျန်းသူများ ဝိုင်းတိုက်။ (၂၃) ရက်။ သခင်နုနေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် ရဲဘော်ဖြူ ခေါင်းဆောင်များ မိတ်ဆက် တွေ့ဆုံပွဲလုပ်။ (၂၄) ရက်။ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ဖွဲ့စည်းရေးနှင့် ဒီမိုကရေစီ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး တောင်းဆိုချက်ပါသည့် ကြေညာချက်ကို တောခို ရဲဘော်ဖြူများက ထုတ်ပြန်။ ပဲခူး - ဝေါ မီးရထား ပြန်ထွက်။ ကာမမြို့ကို သောင်းကျန်းသူများ ဝိုင်းတိုက်။ (၂၅) ရက်။ ပုသိမ်ထောင်မှ ပုဒ်မ ၅ သမား ၃၉ ဦးလွှတ်။ နောင်ပတ္တရား ဘူတာ အလွန် နံပါတ် ၁၃ မီးရထား တံတားကို ကွန်မြူနစ် သောင်းကျန်းသူများ ဖျက်။ (၂၆) ရက်။ စစ်ကိုင်းခရိုင် အမြင့်ရွာ အရှေ့ဘက်တွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။ (၂၈) ရက်။ ကေအင်ဒီအိုများက အစိုးရကို တိုက်ရန် ကချင်များထံမှ စစ်ကူတောင်းကြောင်း ဆမားဒူးဝါး ဆင်ဝါးနောင်က သခင်နုထံ အစီရင်ခံ။ ရန်ကုန်မြို့ရှိ ဘတ်(စ်)ကားများ သပိတ်မှောက်။ ရန်ကုန်မှ ၁ဝ မိုင်ကွာရှိ တာဝဆိပ်ကမ်း၌ သူပုန်နှင့် အစိုးရတပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်။ ပဲခူးခရိုင် ကမာစဲရွာကို အစိုးရတပ်က ပြန်သိမ်း။ ကေအင်ဒီအိုများက သထုံ ရဲဌာနမှ လက်နက်များ သိမ်းယူ။ အစိုးရက ဖမ်းထားသော ဒေးလီးမေး(လ်) သတင်းထောက် ကင်းဘဲလ်အား လန်ဒန် ပြန်လွှတ်။ (၂၉) ရက်။ အစိုးရနှင့် စေ့စပ်ရေး အောင်မြင်နိုင်မည့် အချက် ၁၃ ချက်ပါ ကြေညာချက်ကို ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ထုတ်ပြန်။ (၃၀) ရက်။ ရဲဘော်ဖြူ ခေါင်းဆောင် ဗိုလ်လရောင်က ဌာနချုပ်က ငြိမ်းချမ်းရေးကို လက်ခံလိုက်ပြီ ဖြစ်၍ ဌာနချုပ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြရန် အသံလွှင့်ပြော။ လွိုင်ကော်ကို အစိုးရတပ်က ပြန်သိမ်း။ ဒီဇင်ဘာလ (၁) ရက်။ ရန်ကုန်ထောင် အတွင်းမှ ပုဒ်မ ၅ အချို့ ပြန်လွှတ်။ တိုက်ကြီးမြို့ကို သူပုန် ဝင်စီးသော်လည်း မအောင်မြင်။ ဗမာပြည် ဒီမိုကရက်တစ် အဖွဲ့ချုပ် ခေါင်းဆောင်များ အစည်းအဝေးက ပြည်တွင်း ငြိမ်းချမ်းရေး ထူထောင်ရန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ရန်နှင့် ဒီမိုကရက်တစ် အခွင့်အရေးများ ပေးရန် တောင်းဆို။ (၃) ရက်။ လက်ရှိ ဗမာပြည်၏ အခြေအနေသည် ရင်လေးစရာ ဖြစ်နေသည်ဟု သခင်နု ပြော။ မုံရွာခရိုင် တောခို ရဲဘော်ဖြူများ၏ လက်နက်အပ်ပွဲ မုံရွာ တဘက်ကမ်းရှိ ညောင်ပင်ကြီး စခန်း၌ ကျင်းပ။ တိုက်ကြီးမြို့ မြောက်ဘက် တမိုင်ကွာရှိ ဂျိုးဖြူ တံတား၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ ၃ နာရီကြာ တိုက်ပွဲဖြစ်။ (၄) ရက်။ ကိုယ်ထင်ရာကိုယ် လျှောက်လုပ်နေကြသည့် နိုင်ငံရေးသမားများ ရပ်တန်းက ရပ်ကြပါဟု သခင်နုက အသံလွှင့် ပြောကြား။ ရန်ကုန်ထောင် တဝိုက်၊ အတွင်းဝန်ရုံး တဝိုက်နှင့် ရန်ကုန်မြစ် အတွင်းမှအပ။ ညမထွက်ရ အမိန့်ရုပ်သိမ်း။ မုံရွာ ထောင်တွင်းရှိ ပုဒ်မ ၅ ဖြင့် အဖမ်းခံထားရသော ရဲဘော်ဖြူ ရဝ ကျော်ကို လွှတ်။ (၅) ရက်။ ကန်တော်မင် ပန်းခြံ၌ သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော အေးချမ်းသာယာရေးအဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းများ ထောက်ခံပွဲ ကျင်းပ။ (၆) ရက်။ ကချင်ပြည်နယ် ဝန်ကြီး ဆမားဒူးဝါး ဆင်ဝါးနောင်က လောလောဆယ် ဖြစ်ပေါ်နေသော မြန်မာပြည် အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။ ပုသိမ်မှ လာသော ဝါးကိုင်း သင်္ဘောကို ကဝက်ကင်းရွာ အနီး၌ ကေအင်ဒီအိုများက တိုက်။ လူရှစ်ဦး သေ။ ပစ္စည်း သုံးသိန်းဖိုး ပါသွား။ (၇) ရက်။ အင်းစိန်ခရိုင် ထန်းတပင် အနီး၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။ ဘားအံ့ - မော်လမြိုင်ကြား မော်တော်ဘုတ်များ သွားလာခြင်းကို ကေအင်ဒီအိုများက ပိတ်။ (၈) ရက်။ သခင်နု နေအိမ်တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ လက်ငင်း နိုင်ငံရေး ပြဿနာကို ပြတ်ပြတ်သားသား ဖြေရှင်းရေး ဆွေးနွေး။ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ ပုသိမ်သွား။ ထားဝယ်၊ ကလိန်အောင် ရွာရှိ ပြည်ထောင်စု ရဲစခန်းကို ကေအင်ဒီအိုများ တိုက်။ (၉) ရက်။ မြန်မာနိုင်ငံ အခြေအနေကို ဗြိတိသျှ အစိုးရအား ရှင်းလင်း ပြောကြားခဲ့သော နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း ရန်ကုန် ပြန်ရောက်။ ကရင်နှင့် ဗမာ အထင် မလွဲကြဘဲ မေတ္တာဖြင့် အလုပ်လုပ်ကြရန် ကေအင်ဒီအို ခေါင်းဆောင် စောသာဒင်နှင့် သရာသာထိုတို့က သတင်းစာ ဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။ ထားဝယ် ခရိုင်ရှိ ဝင်းဝနှင့် ကျောက်မဲဒေါင် ရဲစခန်းများကို ကေအင်ဒီအိုများ တိုက်။ (၁၀) ရက်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း အထူး အစည်းအးဝေး၌ "နိုင်ငံ စီးပွားရေးကို လက်ဝဲနဲ့လဲ လုပ်မရနိုင်" ဟု သခင်နု ပြော။ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေက သတင်းစာ ဆရာများ အသင်း အမှုဆောင် လူကြီးများနှင့် တွေ့၍ လူမျိုးရေး အထင်လွဲမှားမှုနှင့် နိုင်ငံခြား ဆက်ဆံရေး ထိခိုက်မည့် အရေးအသားများ ရှောင်ရှားကြရန် ပြော။ ကရင်ပြည်နယ် သီးခြား ထူထောင်ရေး ကန့်ကွက်ပွဲ ထားဝယ်၌ ကျင်းပ။ (၁၁) ရက်။ သောင်းကျန်းသူများ ဂျိုးဖြူ ရေလှောင်ကန် ဖျက်။ (၁၂) ရက်။ သခင်နုနေအိမ်၌ သခင်နုနှင့် ရှမ်းစော်ဘွား ရှစ်ဦး တွေ့ဆုံကြရာတွင် ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများ လက်တွဲ ကာကွယ် သွားကြရန် သဘောတူကြ။ (၁၃) ရက်။ မြန်မာပြည် သတင်းထောက်များ အသင်းတိုက်၌ "မြန်မာပြည် ရင်လေးစရာ မရှိပြီ" ဟု သခင်နု ပြော။ စော်ဘွားများ အသင်း ဒုတိယဥက္ကဋ္ဌ သာမိုင်းခမ်း စော်ဘွားက ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများနှင့် လက်တွဲ၍ ကာကွယ်သွားမည်ဟု သတင်းစာ ဆရာများအား ပြော။ ကမာရွတ်ကို လူဆိုး ၁၀ဝ ခန့် လက်နက်မျိုးစုံနှင့် ဝင်စီး။ သိမ်ဆိပ် ရဲစခန်းမှ လက်နက်များကို ကေအင်ဒီအိုများက သိမ်းယူ။ (၁၄) ရက်။ နယ်မြေ အခြေအနေ လေ့လာရန် သခင်နု မြစ်ကြီးနား ရောက်။ အိန္ဒိယတွင် ကျင်းပမည့် ကမ္ဘာ့ ကျောင်းသားများ ကွန်ဖရင့် တက်ရန်၊ ကိုညီညီ၊ ကိုစောလွင်နှင့် ကိုတင်ရွှေတို့ ရန်ကုန်မှ ထွက်ခွာ။ ဖျာပုံတွင် ကရင် - ဗမာ ညီညွတ်ရေး တရားပွဲ ကျင်းပ။ နတ္တလင်း အရှေ့ဘက် သုံးမိုင်ကွာရှိ တံတားကို သောင်းကျန်းသူများ မီးရှို့ ဖျက်ဆီး။ (၁၅) ရက်။ ရန်ကုန်ထောင်ရှိ ရဲဘော်ဖြူ ၄၈ ယောက်ကို လွှတ်။ ထားဝယ်၌ သောင်းကျန်းသူ ရှုတ်ချပွဲ ကျင်းပ။ မှော်ဘီတွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။ (၁၆) ရက်။ မြစ်ကြီးနား တရားပွဲ၌ မိုက်ရင် ကျွန်ပြန်ဖြစ်မည်ဟု သခင်နု ပြော။ (၁၇) ရက်။ ထားဝယ်ခရိုင် ကန်ဘောက်ရွာကို ကေအင်ဒီအိုများ သိမ်း။ မြိတ်ခရိုင် ပလောင်ရှိ သတ္တုတွင်းများကို ကေအင်ဒီအိုများက လည်းကောင်း၊ မော်လမြိုင်ခရိုင် ကတိုးရွာကို မွန်သောင်းကျန်းသူများက လည်းကောင်း တိုက်ကြ။ (၁၈) ရက်။ ကရင်ရေးရာ ဝန်ကြီး မန်းဘဆိုင်က သတင်းစာ ဆရာများ အသင်းတိုက်၌ ကရင်-ဗမာ ချစ်ကြည်ရေး ရှင်းလင်း ပြောကြား။ အလေးမ အသင်းကြီး ကြီးမှူး၍ အလေးမပြိုင်ပွဲနှင့် အငယ်တန်း မောင်ဗမာ ရွေးပွဲ ဘီအေအေကွင်း၌ ကျင်းပ။ တောင်ငူ ခရိုင်တွင်းမှ ဖမ်းထားသော ပုဒ်မ ၅ အကျဉ်းသမား ရ၉ ဦးလွှတ်။ (၁၉) ရက်။ ရန်ကုန်မြို့လုံးကျွတ် နယ်ချဲ့ ရှုတ်ချပွဲနှင့် နယ်ချဲ့သူလျှို နှင်ထုတ်ရေး လူထုစည်းဝေးပွဲ ကန်တော်မင် ပန်းခြံ၌ သတင်းစာ ဆရာများ အသင်းက ဦးစီး ကျင်းပ။ ပဲခူးမြို့နယ် ပြည်သူ့ ရဲဘော်ဖြူများ ညီလာခံက၊ ကေအင်ဒီအိုများ အားရှုတ်ချကြောင်း ဆုံးဖြတ်။ မြိတ်မှ ကရင် စစ်ရဲများ လက်နက်ချ။ (၂၀) ရက်။ တိုက်ကြီးမြို့၌ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး တရားပွဲ ကျင်းပ။ ဟင်္သာတမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် မလိုချင်၊ ဗမာနဲ့ မခွဲချင်ဟု ဆုံးဖြတ်။ မြိတ်မြို့ လူထု အစည်းအဝေးပွဲက မြိတ်ခရိုင်သည် မြန်မာပြည်မနှင့် မခွဲလိုကြောင်း ဆုံးဖြတ်။ မြိတ်မြို့ရှိ ပြည်ထောင်စု စစ်ရဲအဖွဲ့မှ ကရင်များ လက်နက်ချက်။ ရမည်းသင်း ခရိုင်မှ သောင်းကျန်းသူ အချို့ လာရောက် အဖမ်းခံ။ ငဇွန်၊ ချောင်းဦးနှင့် စစ်ကိုင်းခရိုင်မှ ရဲဘော်ဖြူအချို့ အလင်းဝင်။ (၂၁) ရက်။ ရှမ်းရေးရာ ဝန်ကြီး စပ်ခွန်ချို၏ ရုံးခန်း၌ တောင်တန်းဒေသ ဆိုင်ရာ ဝန်ကြီးများ အထူး အစည်းအဝေး ကျင်းပ၌ အခြေအနေ ဆိုးဝါးနေသော ကရင်ပြည်နယ် ကိစ္စ ဆွေးနွေး။ သတင်းထောက်များ အသင်းတိုက်၌ အင်္ဂလန်နှင့် အမေရိကန်ပြည် ဦးဘလွင်က ပညာရေးလုပ်ငန်း အတွေ့အကြုံများ ရှင်းလင်း ပြောကြား။ ထားဝယ်ခရိုင်၊ ကလိန်အောင်ကို အစိုးရတပ်က ပြန်သိမ်း။ (၂၂) ရက်။ စစ်ကိုင်း သုဓမ္မာဂိုဏ်းချုပ် ဆရာတော် ဦးသုဇာတ၊ သက်တော် ၉၄ နှစ်၊ ဘဝနတ်ထံ ပျံလွန်တော်မူ။ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင် အဖွဲ့ဝင်များ ဟင်္သာတ ရောက်။ ရန်ကုန် တက္ကသိုလ် မြန်မာ အသင်းကြီး၏ နှစ်ပတ်လည် ဆုနှင်း သဘင်ပွဲ ယုဒသန် ခန်းမ၌ ကျင်းပ။ ထားဝယ်ခရိုင်၊ ကန်ဘောက်ကို အစိုးရတပ်က ပြန်သိမ်း။ (၂၃) ရက်။ တကသမှ ကြီးမှူး၍ ဂျပ်ဆင် ကောလိပ် ခန်းမတွင် နယ်ချဲ့သမားကို ရှုတ်ချသည့် ကျောင်းသားထု အစည်းအဝေး ကျင်းပ။ ဒတ်(ခ်ျ)သံရုံးကို အားလူး - ဘဲဥ - ခရမ်းချဉ်သီးများနှင့် ပေါက်၍ ဆန္ဒပြ။ ပုသိမ်၌ တောခို ရဲဘော်ဖြူ ၃၈၇ ယောက် အလင်းဝင်။ (၂၆) ရက်။ ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ အစည်းအရုံး၏ အထူးပြည်လုံးကျွတ် ညီလာခံက ဖဆပလမှ နုတ်ထွက်ရန် ဆုံးဖြတ်။ (၂၇) ရက်။ မအူပင်မြို့နယ်တွင် ကရင်-ဗမာ ညီညွတ်ရေး တရားဟောရန် ဝန်ကြီး မန်းဘဆိုင်နှင့် ဦးဝင်းတို့ မအူပင် သွား။ လူငယ် အစည်းအရုံး ဥက္ကဋ္ဌ ဦးဘဂျမ်းက ဝန်ကြီး ရာထူးမှ လည်းကောင်း၊ ဖဆပလ အဖွဲ့မှ လည်းကောင်း၊ နုတ်ထွက်လွှာ တင်။ (၂၉) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့က ညီညွတ်ရေး ရပြီဟု ကြေညာချက်ထုတ်။ ပျဉ်းမနားနယ် သစ်ဆိမ့်ပင်ရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်။ (၃၀) ရက်။ တောင်ငူ ငွေတိုက်နှင့် သာပေါင်း ငွေတိုက်တို့ကို ကေအင်ဒီအိုများ ဖောက်။ (၃၁) ရက်။ ပန်းတနော်ကို ကေအင်ဒီအိုများ တိုက်။ ၁၉၄၈ ၁၉၄၀ ဆယ်စုနှစ်
https://my.wikipedia.org/wiki/%E1%81%81%E1%81%89%E1%81%84%E1%81%88
၁၉၀၉
၁၉၀၉ ၁၉၀၉ ၁၉၀၀ ဆယ်စုနှစ် nv:1901 – 1950
https://my.wikipedia.org/wiki/%E1%81%81%E1%81%89%E1%81%80%E1%81%89
အမေရိက
အမေရိက ဟူသည် အနောက်ကမ္ဘာလုံးခြမ်းရှိ မြောက်အမေရိက နှင့် တောင်အမေရိက တိုက်နှစ်ခု၏ ကုန်းမြေများကို ပေါင်း၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ ကမ္ဘာသစ် ဟူ၍လည်း ခေါ်ကြသေးသည်။ ဆက်စပ်နေသော ကျွန်းစုများကိုပါ ထည့်သွင်းရေတွက်ပါက အမေရိက သည် ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၈.၃% (ကမ္ဘာ့မြေမျက်နှာပြင်၏ ၂၈.၄%) ကိုဖုံးလွှမ်းထားသည်။ သမိုင်းကြောင်း ဘီစီ ၄၀၀၀၀ နှင့် ဘီစီ ၁၅၀၀၀ အကြားလောက်တွင် အာရှမှ လူများ အမေရိကသို့ ရောက်ရှိ အခြေချခဲ့ကြသည်။ ဒုတိယမြောက် ပြောင်းရွေ့အခြေချသူများမှာ အာရှမှ နဒီနိုက်စကားပြောသူများ ဖြစ်ကြသည်။ ၃၅၀၀ ဘီစီဝန်းကျင်တွင် အင်နူရစ်လူမျိုးများ နီယိုအာတိတ် (မြောက်အမေရိကအာတိတ်ဒေသ) သို့ပြောင်းရွေ့နေထိုင်မှု၏ အကျိုးဆက်ကြောင့် အမေရိက၏ ဒေသခံလူမျိုးများ ဖြစ်ပေါ်လာခဲ့သည်။ အမေရိကသို့ ဥရောပမှ ဦးစွာအခြေချသူမှာ နော့စ်လူမျိုး နယ်သစ်ရှာဖွေသူ Leif Erikson ဖြစ်သည်။ သို့သော်လည်း နယ်ချဲ့မှုမှာ အတည်တကျဖြစ်မလာပဲ နောက်ပိုင်းတွင် စွန့်ခွာသွားခဲ့သည်။ ၁၄၉၂ မှ ၁၅၀၂ ခုနှစ်အကြား ခရစ္စတိုဖာ ကိုလံဘတ်၏ ရေကြောင်းခရီးက အမေရိကသို့ ဥရောပ၏တန်ခိုးအာဏာ လွှမ်းခြုံစေခဲ့သည်။ ဥရောပနှင့် အာဖရိကမှ ရောဂါများက ဒေသခံလူမျိုးများအား အကြီးအကျယ် ထိခိုက်ခဲ့သည်။ အလုပ်သမားမြောက်မြားစွာပါဝင်သော ဥရောပသားများ အကြီးအကျယ် ရွေ့ပြောင်းလာမှုနှင့် အာဖရိကကျွန်များအား အတင်းအကြပ် ရွေ့ပြောင်းစေမှုတို့က ဒေသခံလူမျိုးများနေရာကို အစားထိုးယူခဲ့သည်။ ၁၇၇၆ ခုနှစ် အမေရိကန်တော်လှန်ရေးနှင့် ၁၇၉၁ ခုနှစ် ဟေရှန်တော်လှန်ရေးများက ဥရောပ၏ အမေရိက ကိုလိုနီများကို လက်လွှတ်ခဲ့ရသည်။ ယခုအချိန်တွင် အမေရိကမှ လူများမှာ လွတ်လပ်သောနိုင်ငံများတွင် နေထိုင်နေကြသော်လည်း ဥရောပသားများ၏ ပြောင်းရွေ့အခြေချမှုနှင့် ကိုလိုနီပြုမှုတို့က ဥရောပယဉ်ကျေးမှုများဖြစ်သည့် ခရစ်ယာန်ဘာသာ၊ အင်ဒိုယူရိုပီယန်ဘာသာစကားများ (အဓိကအားဖြင့် စပိန်ဘာသာ၊ အင်္ဂလိပ်ဘာသာ နှင့် ပေါ်တူဂီဘာသာ) ကို အမေရိကသို့ ရောက်ရှိပြန့်နှံ့စေခဲ့သည်။ အမေရိကတွင် လူဦးရေ သန်းကိုးရာခန့် နေထိုင်လျက်ရှိကြသည်။ လူဦးရေအထူထပ်ဆုံးနိုင်ငံများမှ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများ ဖြစ်ကြပြီး လူဦးရေအထူထပ်ဆုံးမြို့များမှာ ဆောပိုလိုမြို့၊ မက္ကဆီကိုမြို့နှင့် နယူးယောက်မြို့တို့ ဖြစ်ကြသည်။ နိုင်ငံများနှင့် နယ်မြေဒေသများ မှတ်ချက်များ ကိုးကား တိုက်ကြီးများ စူပါတိုက်ကြီးများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%B1%E1%80%9B%E1%80%AD%E1%80%80
ဝီကီပီးဒီးယား
ဝီကီပီးဒီးယား ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ပရဟိတ အဖွဲ့အစည်း ဝီကီမီဒီယာဖောင်ဒေးရှင်းမှ ဦးဆောင်လှုပ်ရှားနေသော ဘာသာစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သည့် အခမဲ့ အင်တာနက် စွယ်စုံကျမ်း ပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယား ဆိုသောအမည်မှာ လူအများပူးပေါင်းပါဝင်ရေးသားနိုင်သော ဝက်ဘ်ဆိုဒ်နည်းပညာဖြစ်သည့် ဝီကီ (ဟာဝေယံစကားဖြစ်ပြီး မြန်မြန်ဟု အဓိပ္ပာယ်ရသည်။)နှင့် စွယ်စုံကျမ်းဟု အဓိပ္ပာယ်ရသော အင်ဆိုင်ကလိုပိဒိယ ဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဂျင်မီဝေး နှင့် လာရီဆန်ဂါ တို့က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဘာသာစကားမျိုးစုံတို့မှ လူတို့၏ ဗဟုသုတများကို အကျဉ်းရုံး စုစည်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဝီကီပီးဒီးယားတွင် ဘာသာစကား (၂၈၈)မျိုးဖြင့်ရေးသားထားသော ဆောင်းပါးပေါင်း ၃၅ သန်းကျော်ရှိနေပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဝင်ရောက်ကြည့်ရှုသည့်အကြိမ်ပေါင်း ၁၈ ဘီလီယံ ခန့်ရှိကာ၊ လစဉ် ဝင်ရောက်ဖတ်ရှုသူ သန်းငါးရာခန့်ရှိသည်။ တစ်ကမ္ဘာလုံးအနေဖြင့်ဆိုလျှင် ဝီကီပီးဒီးယား အသုံးပြုသူ အကောင့်ပေါင်း ၁၉ သန်းခန့်ဖြစ်ကာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ စာရင်းများအရ တက်ကြွသည့် တည်းဖြတ်သူပေါင်း ၆၉,၀၀၀ ခန့်ရှိသည်။ ကိုးကား ပြင်ပလင့်ခ်များ  – multilingual portal (အခြားဘာသာစကားဆိုဒ်များသို့ လင့်ခ်များပါဝင်သည်) စွယ်စုံကျမ်းများ အခမဲ့ စွယ်စုံကျမ်းများ အင်တာနက် စွယ်စုံကျမ်းများ ဝီကီမီဒီယာ ပရောဂျက်များ အမေရိကန် ဝဘ်ဆိုဒ်များ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AE%E1%80%80%E1%80%AE%E1%80%95%E1%80%AE%E1%80%B8%E1%80%92%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8
အင်းလေးကန်
အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။ လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။ ပထဝီဝင်ဆိုင်ရာအခြင်းအရာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ ပေ (၈၈၀မီတာ) တွင်တည်ရှိသည်။ ခြောက်သွေ့သော နွေရာသီတွင် အနက် ၇ ပေ (၂.၁မီတာ) ခန့်ရှိပြီး ရေနက်သောနေရာတွင် ၁၂ ပေ (၃.၇မီတာ) ခန့်ရှိသည်။ မိုးရာသီတွင် ၅ ပေ (၁.၅) မီတာ ရေမျက်နှာ မြင့်တက်သည်။ အင်းလေးကန်သည် တောင်ပေါ်ရေအိုင် တစ်ခုဖြစ်ပြီး တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့်ရှည်သည်။ အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့် ရှိသည်။ ကန်သည် နမ်ပီလူးခေါ် ဘီလူးချောင်းတွင်းမှဖြတ်၍ တောင်ဘက်စွန်မှ စီးထွက်သွားသည်။ သမိုင်းကြောင်း အေဒီ ၁၀၄၄ က ပုဂံတွင် မြန်မာ့နန်းရိုးစခဲ့သော ပထမမြို့တည်နန်းတည်ဘုရင် အနော်ရထာ၏ မြစ်တော်ကြီး ဘုရင်အလောင်းစည်သူသည် တိုင်းပြည်တနံတလျား ခရီးသွားခဲ့သည်တွင် ထားဝယ် သားတို့လည်း နောက်တော်ပါးကပါကြဆို၏။ ထားဝယ်ဆိုသည်က အောက်မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသား တိုင်းရင်းသားတစ်မျိုးဖြစ်သည်။ အင်းလေးကန်အရောက် ထားဝယ်သားတို့အား ထိုအရပ်၌ အခြေချနေထိုင်ကြဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့သည်။ အနေအထားက ထားဝယ်သားတို့ ယခင်သူတို့နေထိုင်ကြီးပြင်းခဲ့ရာ (တနင်္သာရီ) ကမ်းရိုးတန်းအရပ်နှင့် ရေမြေအနေအထားများစွာတူသည်ဟု ထင်ဖွယ်ရာရှိသည်။ ဘုရင်အလောင်းစည်သူ ဖောင်တော်ကျောက်ချရာ အင်းလေးကန်မဟာတွင် ဗုဒ္ဓရုပ်ပွား ၅ ဆူနှင့် ဖောင်တော်ဦးစေတီတည်တော်မူခဲ့သည်။ ယင်းဆင်းထုတော်တို့မှာ မာလာယုကျွန်းစွယ်သို့ ဘုရင်မင်းမြတ် ဖောင်စင်္ကြာအရောက်တွင် ရရှိယူဆောင်ခဲ့ရာမှ ယင်းနယ်သစ်ဖွင့်ထားဝယ်သားတို့ ကိုးကွယ်ဖို့ပေးသနားခဲ့သည်ဆို၏။ ယနေ့ယခုတိုင်အောင်ပင် အင်းရေပြင်မြေပြင်အနက်၌ ကျွန်းတုံးကျွန်းသားအထပ်ထပ် မြင်နိုင်သေးသောနေရာကား ဘုရင်မင်းမြတ်၏ နန်းတော်စိုက်ရာ ဖြစ်ပုံရသည်ဟု ယနေ့ယခုတိုင် နေထိုင်လျက် ရှိနေကြသည့် ထားဝယ်သား သို့မဟုတ် အင်းသားတို့က ယုံကြည်ကြသည်။ နန်းပန်မြို့မှ တစ်မိုင်ခန့်အဝေး၌လည်း ခွဲခြမ်း မွေတော် သည်တော်နှင့် မွေတော်တဆူ အခြားအခြေစိုက်နေထိုင်ကြသူများ ကိုးကွယ်ကြဖို့ စိုက်ထူ လှူတော်မူခဲ့သေးသည်။ အင်းသားတို့ကိုယ်၌က သူတို့အချင်းချင်း ဘုံပြောပုံဆိုပုံအသံအမူမှအစ တူကြ၍ အင်းသားတို့က သူတို့မှာ ထားဝယ်သားတို့၏ ဘိုးဘွားဘီဘင်ဟု ဆိုချင်ကြသည်။ နောက်ထပ် အငြင်းပွားသည့် ဒဏ္ဍာရီတစ်ခုက အင်းသားတို့ကိုယ်၌ ယုံကြည်ကြသည်မှာ ရှေးခေတ်မြန်မာနိုင်ငံ ပုဂံအစမှ သူတို့ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဖက်သို့ ဆင်းသက်နေထိုင်ခဲ့ကြသည်မှာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်သည်ဟု ဆို၏။ ဘုရင်ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စင်္ကြာအတွက် ရေတပ်မတော်သားအဖြစ် အမှုထမ်းလိုပါကြောင်း ဆန္ဒအလျောက်တင်လျှောက်ရာမှ သူတို့ကိုမြန်မာတံခွန် တောင်စွန်ရောက်အောင် လိုက်ပါလာပြီး ဘုရင်ကသနား၍ အခြေကျနေကြဖို့ ဒေသတစ်ရပ် ဖွင့်ခဲ့ရာ၊ ထိုမှနောင် ယခုတိုင်အောင် ထားဝယ်အမည်နှင့် တည်စဲရှိ၏။ ယနေ့တိုင်အောင် ဖော်ပြပါအသိရခက်သည့် ဒဏ္ဍာရီ ၂ ပုဒ်ကြောင့် ထားဝယ်နှင့် အင်းသားမည်သည်ကစကြောင်း မည်သူမှ ဆင်ခြေပေး မှတ်ချက်ပြု စောဒနာခြင်း မပြုကြတော့ချေ။ လူမျိုး အင်းလေးကန်ကိုခြံ၍ တည်သည့်နယ်ချင်းစပ် ၄ မြို့နယ် ကန်ရေပြင်အပါအဝင် ကျေးရွာတို့၌နေကြသူပေါင်းမှာ ၇ သောင်းဟု ခန့်မှန်းသည်။ အင်းသားလူမျိုး၊ ရှမ်း၊ ပအိုဝ်(တောင်သူ)၊ ဓနု စသည့် လူမျိုးများ နေထိုင်ကြသည်။ မြေပြင်စိုက်ပျိုးအလှစိုက်ခင်းနှင့် အပင်အလှဆင်ခြင်း အင်းလေးရေပြင်အထက် ကျွန်းမျောပြု၍ ဥယျာဉ်ဈေးကွက် ထူထောင်ခြင်းနှင့် မျိုးရိုးစဉ်လာ တံငါ ငါးဖမ်းလုပ်ငန်း လုပ်ခြင်းဖြင့် အသက်မွေးကြသည်။ ထင်ရှားသော ဘုရားပွဲများ ဖောင်တော်ဦးစံကျောင်းတော်၌ သီတင်းကျွတ်လဆန်း(၁)ရက်၊ နံနက် (၀၄:၀၀) နာရီခန့်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး နံနက် (၀၇:၀၀) နာရီ မှာစတင်က စံကျောင်းတော်ရှိ ဘုရားငါးဆူအနက် လေးဆူအား ဟင်္သာဖောင်ဖြင့် ကျေးပေါခုံရွာသို့ ရာပေါင်းများစွာသော လှေလှော်သမားများက ခြေထောက်တစ်ဖက်တည်းဖြစ် လှော်ခတ်ကာ (အင်းသားလူမျိုး ရိုးရာလှေလှော်ခတ်နည်း) ချိတ်ယူပင့်ဆောင်လာခဲ့သည်။ အင်းတိန်ရွာတွင် သီတင်းကျွတ်လဆန်း (၂)ရက် မှ (၃)ရက် နေ့အထိ ဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆန်း (၄)ရက်တွင် ရွာမရွာ၊ သီတင်းကျွတ်လဆန်း(၅)ရက်တွင် ငါးဖယ်ချောင်းရွာ၊ သီတင်းကျွတ်လဆန်း (၆)ရက် တွင် ကြေးစားကုန်းရွာ နှင့် ပွဲစားကုန်းရွာ စသဖြင့် အင်းလေးကန်အနီးရှိရွာအသီးသီးတွင် ဗုဒ္ဓပူဇနိယကျင်းပကြသည်။ ညောင်ရွှေမြို့သို့ကြွချီလာပြီးနောက် သီတင်းကျွတ်လဆန်း (၇)ရက်မှ (၉)ရက်​နေ့အထိ စံကျောင်းတော်တွင် ကိန်းဝပ်က ဗုဒ္ဓပူဇနိယပွဲကျင်းပကြသည်။ ထိုနောက် ညောင်ရွှေမြို့စံကျောင်းတော်မှ နံနက်(၀၇:၀၀)နာရီခန့်တွင် နန်းသဲရွာသို့ဆက်လက်ကြွချီကာ သီတင်းကျွတ်လဆန်း(၁၁)ရက်တွင် သလဲဦးရွာ၊ သီတင်းကျွတ်လဆန်း(၁၂)ရက်တွင် ဓကလာရွာ နှင့် ဇရပ်ကြီးရွာ၊ သီတင်းကျွတ်လဆန်း(၁၃)ရက်တွင် အလိုတော်ပေါက်နှင့် နန်းပန်ရွာ၊ ထိုနောက် မကျီးဆိပ်ရွာသို့လည်းကောင်း ကျိင်းခမ်းရွာသို့လည်းကောင်း သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် ကြွချီကာ ဗုဒ္ဓပူဇနိယပွဲများကျင်းပကြသည်။ သီတင်းကျွတ်လပြည်နေ့ ရောက်သော်အခါ မိုင်းပျိုးရွာ၊ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့တွင် နောင်တောရွာ၊ သီတင်းကျွတ်လဆုတ်(၂)ရက်နေ့တွင် အင်းပေါခုံရွာ နှင့် ရေးသာရွာသို့ ကြွချီကာဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆုတ်(၃)ရက်၊ နံနက်(၈)နာရီတွင် ဖောင်တော်ဦး စံကျောင်းတော်ကြီးသို့ရောက်ရှိလာသည် နှင့်အတူ ကျောင်းတော်ဝင်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။ ကျေးပေါခုန်ကျေးရွာအုပ်စု သမိုင်းဝင် အင်းတိန်ဘုရား ပွဲတော်သည် အစည်ကားဆုံးသော ပွဲတော်တစ်ခုဖြစ်သည်။ စီးပွားရေး အင်းလေးနယ်တဝိုက် ကုန်သွယ်ထိုက်သည့်အရာတို့က လက်လုပ်ကုန်စည်အဖြစ်များ၍ လက်နက်တန်ဆာ၊ ကိရိယာပစ္စည်း ထွင်းထုထားသည့် အလှဆင်ဝတ္တုအဝတ်အထည်နှင့် ဖက်လိပ်ခေါ် ဆေးလိပ်တို့မှာ ဒေသသုံးသက်သက်လည်းရှိ ဒေသအပနှင့်လည်း ကူးလူးဖို့ပါရှိသည်။ ယင်းတို့အနက် အတော်များများ အလားတူတို့ကို မြန်မာပြည်အရပ်ရပ်၌လည်း ဝယ်၍ရနိုင်သည်။ နေ့စဉ် အရောင်းအဝယ်မှာ ဒေသဈေးတွင် တွင်ကျယ်စွာလုပ်နိုင်၏။ သို့သော် ပျံကျဈေးဖြစ်၍ ဈေးနေရာပြောင်းသည်ကို အစဉ်အလာသမားတို့အတွက် အခက်အခဲရှိသိကြပါ၏။ ထို့ကြောင့် ပဉ္စမဈေးနေ့တိုင်း နောက်တဈေး မည်သည့်နေရာမှာဆိုသည်ကို လှည့်လည်စဉ်ထားကာ ရေးဆွဲလိုက်နာကြပါ၏။ ဈေးနေ့ကျလျှင်ဖြင့် လှေငယ်ကိုယ်စီဖြင့် ရေပေါ်ဈေးအဖြစ် ကျန် ၄ ရက်ထက်ပိုမိုများပြားသည့် ပမာဏကို ခရီးသွားဧည့်သည်တို့အတွက် ရောင်းကြဝယ်ကြသည်။ အင်းလေးကန်သည် ရှေးရိုးစဉ်လာယက္ကန်းလုပ်ငန်းအတွက်လည်း ကျော်ကြားပါသည်။ ရှမ်းလွယ်အိတ်ခေါ် ပခုံးလွယ်အိတ်မှာ မြန်မာအများနေ့စဉ်သုံး၍ ဤဒေသတွင်အထွက်များပါသည်။ ပိုးထည်ယက်ခြင်းကလည်း အများကြိုက် အရေးပါလက်မှုစက်မှုပညာလုပ်ငန်းတစ်ခုဖြစ်၍ အင်းလေးနယ်အတွင်းသာမက နိုင်ငံတနံတလျား လူသိများကြသည်။ ယင်းအရပ်ကုန်ထွက်တို့က လက်ရာကသန့် အဆင့်ကမြင့် လက်နှင့်ယက်လျှင်ပိုလှသည့်အဆင်၊ အင်းလေးဆင်ဟုလည်း ခေါ်ကြ။ ကျားမ မဟူသူသူငါငါတိုင်း ရင်တန်ဆာအဖြစ် ဆင်မြန်းကြသည်။ ယခုဆိုလျှင် ပြည်တွင်းဧည့်သည်နှင့် နိုင်ငံခြားဧည့်သည်တို့က အလှပစ္စည်း ပဏ္ဏာပစ္စည်းလို အသီးသီးဝယ်သွားလေ့ရှိကြသည်။ ထင်ရှားသောနေရာများ ဖောင်တော်ဦးဘုရား ရွာမ ရေပေါ်ဈေး ငါးဖယ်ချောင်ကျောင်းတိုက် (ကြောင်ခုန်ကျောင်း ဟုလူသိများသည်။) ရွှေအင်းတိန် ဘုရား ဓာတ်ပုံများ ကိုးကား ပြင်ပလင့်ခ်များ Interesting Photos images from Inle Lake Trip to Burma YouTube Inle Lake YouTube The Cotton Weaving Industry of Inle inc. video Where Even Dead Flowers are Doomed Kyi Wai, The Irrawaddy, September 1, 2007 Poisoned Waters Kyi Wai, "The Irrawaddy", September 1, 2007 ရှမ်းပြည်နယ် မြန်မာနိုင်ငံရှိ ရေကန်များ မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B1%E1%80%B8%E1%80%80%E1%80%94%E1%80%BA
Portal:အတ္ထုပ္ပတ္တိ
နိုင်ငံရေး မြန်မာ အမေရိကန် တရုတ် မော်စီတုန်း တိန့်ရှောင်ဖိန် ကျန်ဇီမင်း ဟူကျင်ထောင်း ဝမ်ကြားပေါင် ပြင်သစ် ချားလ်စ် ဒီဂေါလ် နီကိုလာ ဆာကိုဇီ ဗြိတိန် ဝင်စတန် ချာချီ မာဂရက် သက်ချာ တိုနီ ဘလဲလ် ဂေါ်ဒွန် ဘရောင်း ဂျာမဏီ အဒေါ့ဖ် ဟစ်တလာ ရုရှား ဗလာဒီမာ အိုင် လီနင် စတာလင်၊ ဂျိုးဇာတ် မစ်ဟေး ဂေါ်ဗာချော့ဗ် ဗလာဒီမီယာ ပူတင် ထိုင်ဝမ် ချန်ကေရှိတ် ချန်ဆွေပြန် ဆွန်ယက်ဆင် မာရင်းကျို လီတိန်းဟွေး ထိုင်း စုဠာလင်္ကရဏ ပြဇာဓိပက အာနန္ဒ မဟိတလ ဘူမိဗလအတုလျတေဇ ဝဇိရာလင်္ကရဏ သက်ဆင် ရှင်နာဝပ် ယင်လပ် ရှင်နာဝပ် ပရာယွတ်ချန်အိုချာ သုခုမပညာ ပန်းချီဆရာ မြန်မာ ဦးလွန်းကြွယ် ဦးဘကြည် ဗဂျီအောင်စိုး ဝသုန် ပေါ်ဦးသက် ရွှေစိုးဟန် နိုင်ငံတကာ ဗင်းဆင့် ဗန်ဂိုး ပါဗလို ပီကာဆို လီယိုနာဒိုဒါဗင်ချီ စာရေးဆရာ မြန်မာ နိုင်ငံတကာ ဝီလီယမ် ရှိတ်စပီးယား လီယိုတော်စတွိုင်း အင်တွန်ချက်ကော့ဗ် မက်ဇင်ဂေါ်ကီ ဖရန့်ဇ်ကဖ်ကာ အဲလ်ဘတ်ကမူး ယန်းပေါလ်ဆတ် ဂျိမ်းဂျွိုက်စ် ဂေဘရီယယ် ဂါစီယာ မားကွက်ဇ် ကဇူးအို အစ်ရှိဂူရိုး ကဗျာဆရာ မြန်မာ နိုင်ငံတကာ အိုမာခေယမ် ဟိုးမား အလက်ဇန်းဒါး ပုရှ်ကင် လီပို ဂီတစာဆို မြန်မာ နိုင်ငံတကာ ဘီသိုဗင် ယိုဟန် ဆီဘက်ရှန်း ဘက်ရှ် ဝေါဖ်ဂန် ဩဓေမူးစ် မိုဇာ့ အဆိုတော် ရုပ်ရှင် မြန်မာဒါရိုက်တာ သုခ မောင်မောင်တာ ဝင်းဖေ အေဝမ်းသန်းထွဋ် ကျော်ဟိန်း နိုင်ငံတကာဒါရိုက်တာ ဟာယာအို မီယာဇာကီ သရုပ်ဆောင် အပြောင်းအလဲများကို တွေးခေါ်ဖန်တီးသူများ ဟင်နရီ ဖို့ဒ် အက်ဒီ ရစ်ကင်ဘက်ကာ ဝီလျံ ရန်းဒေါ့ဖ် ဟတ်စ် ဝေါ့ ဒစ္စနေ ဂျွန် မေနတ် ကီးနက်စ် ဒေးဗစ် ဆာနော့ဖ် တက်ဒ် တန်နာ ဝပ်ဆင်စ် ဘီလ်ဂိတ် စတိဗ်ဂျော့စ် မာ့ခ် ဇက်ကာဘာ့ဂ် ဂျက်မ(အလီဘာဘာ) သိပ္ပံပညာရှင်များ စတီဖင်ဟော့ကင်း မေရီ ကျူရီ ဝပ်ဆင် နှင့် ကရစ် လီကီး မိသားစု လီနပ်စ် ပေါလင်း မာဂရက် မိ(ဒ်) အလက်ဇန္ဒား ဖလင်းမင်း အက်ဒဝင် ဟတ်ဘဲလ် အဲလ်ဘတ် အိုင်းစတိုင်း အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ အင်ဂျင်နီယာများ ရုဒေါ့ဖ် ဒီဇယ် တွေးခေါ်ပညာရှင်များ ဆိုကရေးတီး ပလေးတိုး အရစ်စတိုတယ်လ် ဘာထရန်ရပ်ဆဲလ် ဇွန်လော့ခ် ကွန်ဖြူးရှပ် ဆွန်ဇူး နစ်ရှေး ဂျွန်ဒီး နိုဘယ်ဆုရှင်များ အောင်ဆန်းစုကြည် အဲလ်ဘတ်ကမူး ဝီကီပီးဒီးယား သတင်းအချက်အလက် စာမျက်နှာများ
https://my.wikipedia.org/wiki/Portal%3A%E1%80%A1%E1%80%90%E1%80%B9%E1%80%91%E1%80%AF%E1%80%95%E1%80%B9%E1%80%95%E1%80%90%E1%80%B9%E1%80%90%E1%80%AD
ကျားသစ်
ကျားသစ်သည် ပင်သီရာပါဒပ်စ် မျိုးစိတ်ဖြစ်ပြီး ကြောင်မျိုးရင်းဝင်ဖြစ်သည်။ ကျားသစ်ကို တွေ့ရသည့် ဒေသသည် ကျား၊ ခြင်္သေ့ စသည့် အခြားမျိုးရင်းတူ တိရစ္ဆာန်များကို တွေ့ရှိသည့် ဒေသထက် ပိုမိုကျယ်ဝန်းသည်။ ပုံပန်းသဏ္ဌာန် ကျားသစ်များတွင် အဝါရောင် အမွှေးများနှင့် အနက်ရောင် အကွက်များ ရှိကြသည်။ ဝမ်းဗိုက်အောက်ပိုင်းမှာ အခြားနေရာများထက် အရောင်ပိုဖျော့သည်။ သို့သော်လည်း ကျားသစ်မျိုးကွဲ အမျိုးမျိုးတွင် ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြသည်။ တစ်ကိုယ်လုံးမည်းနက်နေသော ကျားသစ်မျိုးလည်းရှိပြီး ၎င်းကို ကျားသစ်နက် (သို့) သစ်နက် ဟုခေါ်သည်။ ကျားသစ်ထီးများသည် ကျားသစ်မများထက် ၃၀ရာခိုင်နှုန်းခန့် ပို၍ ကြီးမားကြသည်။ ကျက်စားရာနေရာများ မူလအစပိုင်းက ကျားသစ်များသည် အာဖရိက တဝှမ်းလုံး (ဆာဟာရ သဲကန္တာရ မှလွဲ၍) နှင့် အာရှတိုက် တောင်ပိုင်းတွင် နေထိုင်ကြသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ကျားသစ်မျိုးကွဲများ အထူးသဖြင့် အာရှရှိ ကျားသစ်မျိုးကွဲများမှာ မျိုးတုန်း ပျောက်ကွယ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ ကျားသစ်များသည် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ကြီးများ နေထိုင်ရာ ဒေသတိုင်း လိုလိုတွင် နေထိုင်ကြသည်။ ထို့အတွက်ကြောင့် ကျားသစ်မျိုးကွဲ အမြောက်အမြား ရှိနေခြင်း ဖြစ်သည်။ ကျားသစ်များသည် မိုးသစ်တောများ၊ သစ်တောများ၊ တောင်ကုန်းများနှင့် ဆာဗားနားမြက်ခင်းပြင်များစသည့် ဒေသအမျိုးမျိုးတို့တွင် နေထိုင် ကျက်စားကြသည်။ နေထိုင်မှုဘဝ ကျားသစ်များသည် အများအားဖြင့် ညဘက်တွင် ကျက်စားကြသည်။ သူတို့သည် သစ်ပင်ကောင်းစွာ တက်တတ်ကြပြီး အချိန်အများစုမှာ သစ်ပင်ထက်တွင် နေထိုင်ကြသည်။ သူတို့သည် အများအားဖြင့် နို့တိုက်သတ္တဝါ အကောင် အလတ်စားများကို များသောအားဖြင့် စားသုံးလေ့ ရှိကြသော်လည်း ငှက်များ၊ တွားသွားသတ္တဝါများနှင့် အင်းဆက်များကိုလည်း စားသုံးလေ့ ရှိကြသည်။ ကျားသစ်များသည် နေ့တစ်နေ့၏ အချိန်အပိုင်းအခြား အမျိုးမျိုးတွင် သားကောင်ရှာထွက်လေ့ ရှိကြပြီး သားကောင်ရှာဖွေရာတွင်လည်း နည်းလမ်း အမျိုးမျိုးကို အသုံးပြုလေ့ ရှိကြသည်။ များသောအားဖြင့် ကျားသစ်များသည် သူတို့၏ သားကောင်ထံသို့ တိတ်တဆိတ် ချဉ်းကပ်လေ့ ရှိကြပြီး အနီးသို့ ရောက်သောအခါတွင်မှ တိုက်ခိုက်လေ့ ရှိကြသည်။ သို့မဟုတ်လျှင် ပုန်းအောင်း စောင့်ဆိုင်းနေပြီး အနီးသို့ ရောက်မှ တိုက်ခိုက်လေ့ ရှိကြသည်။ သားကောင်ကို ဖမ်းဆီးပြီးသော အခါတွင် ကျားသစ်တို့သည် သားကောင်ကို သစ်ပင်ထက်သို့ ယူဆောင်သွားလေ့ ရှိပြီး တခါတရံတွင် ဖွက်ထားလေ့ ရှိကြသည်။ အခြား တိရစ္ဆာန်များက ခိုးယူမသွားနိုင်ရန် အတွက် ဖြစ်သည်။ ကျားသစ်များသည် အများအားဖြင့် တကောင်တည်း နေထိုင်လေ့ ရှိကြပြီး အခြားကျားသစ်များနှင့် တွေ့ဆုံလေ့ မရှိကြပေ။ မိတ်လိုက်သော အခါတွင်မှသာ တွေ့ဆုံလေ့ ရှိကြသည်။ ကျားသစ်ငယ်သည် သူ၏ အမေထံမှာ ၁၃ လ နှင့် ၁၈ လ အကြားတွင် ခွဲခွာသွားလေ့ ရှိကြသည်။ ကျားသစ်များသည် အများအားဖြင့် မျောက်များကို စားလေ့ ရှိကြသည်။ သို့သော်လည်း ရှဉ့်များ၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများ၊ အင်းဆက်များ၊ ငှက်များနှင့် ငါးများကိုလည်း စားသုံးလေ့ ရှိကြသည်။ ကျားသစ်များသည် ပုံမှန်အားဖြင့် လူများကို စားလေ့ မရှိကြပေ။ အနာတရ ဖြစ်နေ၍ သို့မဟုတ် နာမကျန်း ဖြစ်နေ၍ စားစရာ အလုံအလောက် မရှိသော အခါတွင်မှသာ လူကို စားလေ့ ရှိကြသည်။ အိန္ဒိယနိုင်ငံ ရှိ ကျားသစ်တစ်ကောင်မှာ လူ ၁၂၅ ယောက်ကို စားခဲ့ဖူးသည်ဟု ယုံကြည်ရသည်။ ဇီဝမျိုးရိုးခွဲခြားခြင်း အောက်ပါ ဇယားကားချပ်သည် ဇီဝမျိုးခွဲပညာရှင်များမှ သိပ္ပံနည်းကျ ခွဲခြားထားသော မျိုးရိုးဇယားဖြစ်သည်။ မျိုးစိတ်ခွဲများ ယနေ့တွင် ကျားသစ်မျိုးစိတ်ခွဲ (၉) မျိုးရှိသည်ဟု သတ်မှတ်ထားကြသည်။ အာဖရိကတွင် တစ်မျိုးနှင့် အာရှတွင် ရှစ်မျိုးတို့ ဖြစ်ကြသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည် - အာဖရိက ကျားသစ် (African leopard P.p pardus) အာမာ ကျားသစ် (Amur leopard P.p orientalis) အာရေဗျ ကျားသစ် (Arabian leopard P.p nimr) အိန္ဒိယ ကျားသစ် (Indian leopard P.p fusca) အင်ဒိုချိုင်းနား ကျားသစ် (Indo Chinese leopard P.p delacouri) ဂျာဗား ကျားသစ် (Javan leopard P.p melas) တရုတ်မြောက်ပိုင်း ကျားသစ် (North Chinese leopard P.p japonensis) ပါရှား ကျားသစ် ( Persian leopard P.p saxicolor) သီရိလင်္ကာ ကျားသစ် (Sri Lankan leopard P.p kotiya) အောင်ကောင်ခန့် ကြောင်ကြီးမျိုးစုဝင် တိရစ္ဆာန်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AC%E1%80%B8%E1%80%9E%E1%80%85%E1%80%BA
သီပေါမင်း
သီပေါမင်း (ခရစ်နှစ် ၁၈၇၈-၁၈၈၅) သည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည်။ ဘွဲ့တော်မှာသိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ပြီး နန်းသက် ခုနစ်နှစ်ဖြစ်သည်။ မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏ သားတော်အလတ်ဖြစ်ပြီး နံတော် စနေသား၊ ငယ်အမည် မောင်‌ရေစက် ဖြစ်လေသည်။မွေးချင်းနှစ်ဦးရှိပြီး အမတော်ပခန်းကြီးစုဖုရားနှင့် ညီမတော် မိတ္ထီလာစုဖုရားတို့ဖြစ်သည်။ငယ်စဉ်အခါက ဘာသာရေးနှင့် စာပေအရာ၌ ထူးချွန်သူဖြစ်သည်။အာဏာကို လက်ဝယ်ပိုင်စိုးလိုသောအလယ်နန်းမိဖုရား ဆင်ဖြူမရှင်နှင့်စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းလိုသည့် ကင်းဝန်မင်းကြီးဦးကောင်းက မိမိတို့ကြိုးဆွဲရာကမည့် မင်းသားတစ်ပါးကို နန်းတင်ရန်ကြံစည်ကြရာ စာပေကျမ်းဂန်တို့ကို မြတ်နိုး၍ စိတ်သဘောထား နူးညံ့သိမ်မွေ့သော သီပေါမင်းသားကို မျက်စိကျပြီး နန်းလျာအဖြစ် လျာထားခဲ့ကြသဖြင့် အခြားမင်းညီမင်းသားများကို ကျော်ဖြတ်ကာ ထီးနန်းဆက်ခံခွင့် ရခဲ့သည်။ ခရစ်နှစ် ၁၈၈၅ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော်သို့ အင်္ဂလိပ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ နန်းတက်စ အခြေအနေ ကုန်းဘောင် ထီးနန်းကို ဆက်ခံသော သီပေါမင်းသည် နန်းစည်းစိမ် ခိုင်မြဲရေးအတွက် အစဉ်အလာအတိုင်း ပြုလုပ်ရာတွင် ထီးနန်းကို လုပ်ကြံမည်ဟု သင်္ကာမကင်းသူ မှန်သမျှတို့ကို သတ်ဖြတ် သုတ်သင်ရလေသည်။ ဩဇာအာဏာ ရှိသူတို့၏ ညွတ်ကွင်း ထောင်ချောက်မှ လွတ်သူ အချို့ တို့သည်လည်း ဗြိတိသျှတို့ထံ ပြေးလွှား ခိုဝင်ကြသည်။ ဗြိတိသျှ စည်းမျဉ်းဥပဒေအရ အုပ်ချုပ်ပုံ စနစ်ကဲ့သို့ မြန်မာ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ် ရှောသည်၊ အဆိုပါ သတ်ဖြတ်မှု အခြင်းအရာတို့ကို မြင်သောအခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလား စွဲလမ်းကြသော မြန်မာတို့၏ စိတ်ဓာတ်ကို အတွက်မှားခဲ့ကြောင်း သိနားလည် လာလေသည်။ သီပေါ မင်းသား ဘုရင် အဖြစ်သို့ ရောက်၍ နေပြည်တော်ကို သိမ်းလိုက် ပြီးသည်နှင့် တပြိုင်နက် သီပေါမင်းနှင့် အပေါင်းအပါ တစုတို့သည် ထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရန် မလိုတော့ဘဲ အရာရှိ အရာခံ မှူးမတ်များကို ဘုရင့် သစ္စာတော်ခံ လုံးဝ ဖြစ်စေရေး အတွက် သစ္စာရေ တိုက်ရန်သာ အားသစ် နေကြသည်။ ရှော မူကား မကျေမနပ် ဖြစ်၍ မြန်မာ ထီးနန်းကို ဒေါမာန်ပွားကာ၊ မင်းညီမင်းသား ဆွေတော် မျိုးတော်တို့အား သတ်ဖြတ်ခြင်းကို အကြောင်းပြ၍ ထိုသတ်ဖြတ်မှုများကို မရပ်စဲလျှင် နေပြည်တော်မှ သူ ထွက်ခွာ သွားမည်ဟု ခြိမ်းခြောက်တော့သည်။ နိုင်ငံခြားသား ကုန်သည်စုကလည်း ရှောနှင့် တသံတည်း ထွက်ကြလေသည်။ အိန္ဒိယ နိုင်ငံရှိ ဘုရင်ခံချုပ် လတ်မင်းကြီး လစ်တန်သည် ဤပြဿနာကို ဖြေရှင်းဖို့ လိုသည်ဟု အင်္ဂလန်သို့ အကြောင်းကြား တိုက်တွန်း၍ မြန်မာ နယ်စပ်သို့ စစ်တပ်များ ပို့စေလေသည်။ သီပေါမင်းနှင့် မှူးကြီး မတ်ကြီးတို့သည် အင်္ဂလိပ်တို့ ကျေနပ်အောင် လက်ဆောင် ပဏ္ဏာများဖြင့် ကာလကတ္တားသို့ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ တခု စေလွှတ်ကာ အင်္ဂလိပ် မြန်မာ ချစ်ကြည်ရေး တည်မြဲမှုကို ထိန်းသိမ်းထားရန် ပန်ကြားလေသည်။ မြန်မာနိုင်ငံ၌ ရှိကြသော ဗြိတိသျှ အာဏာပိုင်များကမူကား မိမိတို့ အလိုကျ အတိုင်း မြန်မာတို့က မလိုက်လျောလျှင် မစ်ရှင် အဖွဲ့ကို သရက်မြို့ထက် ကျော်လွန်၍ သွားခွင့် မပေးဟု လည်းကောင်း၊ မဟာဝန်ရှင်တော် မင်းကြီးနှင့်လည်း ဆက်သွယ်ခွင့် မပေးဟု လည်းကောင်း၊ ငြင်းဆိုကြသည်။ ထို ဗြိတိသျှတို့၏ အဆိုမှာ မစ်ရှင် အဖွဲ့သည် သာမန် ချစ်ကြည်ရေး ပြုလုပ်ရန်သာ ဖြစ်၍ အကျိုးထူးလှမည် မဟုတ်သည့် အပြင် မစ်ရှင် အဖွဲ့၌လည်း အမှုတို့ကို ဆောင်ရွက်နိုင်သော အာဏာမရှိ ဟူ၍ ဖြစ်လေသည်။ ဤတွင် မန္တလေး နန်းတော်သည် မစ်ရှင် အဖွဲ့ခေါင်းဆောင် သံအမတ်များအား "ပြောရေး ဆိုခွင့် အာဏာများကို သာမက ခေတ္တစာချုပ်ဖြစ်စေ၊ ရာသက်ပန် စာချုပ်ဖြစ်စေ၊ ချုပ်ဆိုနိုင်ခွင့် ရှိသော အာဏာကို လည်းကောင်း၊ ယခု မျက်မှောက် ဖြစ်ပျက်နေသော နှစ်နိုင်ငံ ပြဿနာ အရေးအခင်းတို့ကို ဖြေရှင်းရေး အတွက် ပြောဆိုနိုင်သော၊ စီစဉ်နိုင်သော၊ တိုင်ပင်နိုင်သော အာဏာကို လည်းကောင်း၊ အနာဂတ်၌ နှစ်နိုင်ငံ အရေးအခင်း ရှုပ်ထွေးမည့် ကိစ္စကြီးငယ် မှန်သမျှကို ပြေလည်စွာ ဆောင်ရွက်နိုင်သော အာဏာကို လည်းကောင်း" လွှဲအပ် လိုက်လေသည်။ ရာသက်ပန် ချစ်ကြည်ရေး မဟာမိတ် စာချုပ်တွင် တိုင်းပြည် အသီးသီး၏ အချုပ်အချာ အာဏာပိုင်မှုကို လေးစားခြင်း၊ နိုင်ငံခြားသား ရာဇဝတ်သားကို ဆိုင်ရာ အာဏာပိုင်သို့ ပေးအပ်ရခြင်း၊ ကုန်သည်များ အခွန် ပေးဆောင်ရန် မလိုဘဲ အခမဲ့ ဝင်ရောက် ကုန်ကူးသန်းခွင့် ပေးခြင်း စသည်တို့ ပါဝင်လေသည်။ စင်စစ်မှာ ဗြိတိသျှတို့ကလည်း မန္တလေး နန်းတော်ကဲ့သို့ပင် မန္တလေး နန်းတော် အပေါ်၌ ငြိမ်းချမ်းရေး လိုလားကြောင်း ပြစေသည် သဘော ဖြစ်လေသည်။ ဗြိတိသျှတို့ ဘက်ကမူ အထက် မြန်မာနိုင်ငံကို နှိမ်နင်းလိုလျှင် အောက်မြန်မာနိုင်ငံရှိ ဗြိတိသျှ စစ်တပ် အပြင် နောက်ထပ် စစ်သည် ၅,ဝဝဝ လိုကြောင်း စစ်ဘက် အကြံပေး အရာရှိက အစီရင်ခံ ထားလေသည်။ ထိုအခါကသော် ဗြိတိသျှတို့သည် အာဖဂန်နီ စတန်နှင့် အာဖရိက တောင်ပိုင်းတွင် နယ်ချဲ့ စစ်ပွဲ ဆင်နွှဲ နေရသည့် အတွက် မြန်မာတို့ကို တိုက်ခိုက်ခဲ့လျှင် ဝန်ထုပ် တခု တိုးလာမည် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာတို့အား နှိမ်နင်းရန် အရေးကို ခေတ္တ ရွှေ့ဆိုင်း ထားကြရလေသည်။ ထိုအချိန်တွင် သီပေါမင်းသည် ခမည်းတော် မင်းတုန်းမင်း အမြှော်အမြင် ကြီးစွာ ဆောင်ရွက်ခဲ့ သဖြင့် ရအပ်သော အကျိုး ကျေးဇူးတို့ကို ခံစားလျက် နေရသည်။ နန်းတက်စ နှစ်များတွင် မြန်မာဘုရင် အုပ်စိုးသော အထက် တခွင်၌ ကူးသန်း ရောင်းဝယ်ရေးသည် တိုးတက်ဖွံ့ဖြိုး ခဲ့လေသည်။ သီပေါမင်း ( မြန်မာ၁၂၂ဝ-၁၂၇၈) ကုန်းဘောင်မင်းဆက်၏နောက်ဆုံးမင်းဖြစ်သော သီပေါမင်းသည် မင်းတုန်းမင်းကြီး နတ်ရွာစံပြီးနောက် နန်းတက်တော်မူသည်။ မာရ်အောင်ရတနာစေတီတော် တည်ထားကိုးကွယ်သောကြောင့် မာရ်အောင်ရတနာ ဒါယကာဘဝရှင်မင်းတရားဟူ၍၎င်း၊ ငယ်စဉ်က သီပေါမြို့ကို စားရသောကြောင့် သီပေါမင်းဟူ၍၎င်း၊ မန္တလေးရတနာပုံမြို့တွင် ဒုတိယနန်းစံသော မင်းဖြစ်သဖြင့် မန္တလေးရတနာပုံ ဒုတိယမြို့နန်းစံမင်းဟု၎င်း၊ အိန္ဒိယနိုင်ငံ မဒရပ် မြို့သို့ဗြိတိသျှတို့၏ ဆောင်ယူသွားခြင်း ခံရသဖြင့် မဒရပ်ပါမင်းဟူ၍၎င်း ထင်ရှားသည်။ သီပေါကို ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး နှင့်ဘထွေးတော် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးမင်းသား သမီးတော် သီရိမဟာမင်္ဂလာ သုပဘာဒေဝီဘွဲ့ခံ လောင်းရှည်မိဖုရား ( နန္ဒာဒေဝီ) တို့မှ မြန်မာ သက္ကရာဇ် ၁၂၂ဝ ပြည့်နှစ် (ခရစ်နှစ် ၁၈၅၉ ခုနှစ်) နတ်တော် လပြည့်ကျော် ၁၂ ရက် စနေနေ့တွင် ဖွားမြင်တော်မူလေသည်။ မယ်တော်လောင်းရှည်မိဖုရားအား မင်းတုန်းမင်းတရားကြီးက စိတ်အခန့်မသင့်ဖြစ်၍ အိမ်နိမ့်ချထားစဉ် သီပေါမင်းသားသည် တပယ်မင်းသား၏အိမ်တော်၌ ငြိုငြင်စွာနေရသည်။ ထို့နောက် အခြားသားတော်များနှင့်အတူ ဆရာမှတ်ကြီး၏ သံတဲကျောင်း၌ အင်္ဂလိပ်စာပေပညာသင်ကြားရလေသည်။ မြန်မာ သက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် ခမည်းတော်မင်း တရားကြီးက ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင်သို့ သွတ်သွင်းခြီးမြှင့်တော်မူပြီးလျှင် မာလာလင်္ကာရသီရိဓဇ မဟာဓမ္မရာဇဂုရု တံဆိပ်တော်ရ တောင်တော်ဆရာတော်ထံ အပ်နှံတော်မူခြင်းခံရသည်။ ထိုနှစ်တွင်ခမည်းတော်မင်းတရားကြီးက သားတော် သမီးတော်များ ပထမပြန်စာမေးပွဲဝင်ရမည် အမိန့်တော်မြတ် မှတ်တော်မူရာ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ်ခန့်တွင် သီပေါမင်းသား လူဝတ်လဲ၍ ပထမငယ် ပြန်ဆိုသည်။ ထိုနောက် ရှင်သာမဏေ ပြန်ဝတ်လေသည်။ ၁၂၃၈ ခုနှစ်တွင် ပထမလတ် စာပြန်ပွဲကို လူဝတ်လဲ၍ပြန်ဆိုပြီးနောက် ရှင်သာမဏေပြန် ဝတ်ပြန်သည်။ ၁၂၃၉ ခုနှစ်တွင် ပထမကြီးစာပြန်ပွဲကို အထက်နည်းအတိုင်း အောင်မြင်စွာပြန်ဆိုနိုင်ပြန်သည်။ သားတော်များထဲတွင် တဦးတည်းထူးချွန်စွာ ပထမပြန်ဆိုနိုင်သော သားတော်သီပေါ မင်းသားအား ခမည်းတော် မင်းတရားကြီးသည် အားရတော်မူလှသဖြင့် ညီလာခံလွှတ်တော်သို့ အခမ်းအနား ရထားဆင်ယင် တပ်ဝင်းခင်း ကျင်းကာဝင်စေသည်။ ထိုနောက် လူဝတ်လဲစေ၍ နန်းတော်အတွင်း တံခါးနီအပြင်လွှတ်တော်မြောက်ဘက်တွင် အိမ်တော်ဆောက်ပေးစံနေစေသည်။ မင်းတုန်းမင်းတရားကြီးသည် သာသနာတော်ကို အထူးလေးစားတော်မူသည့် အလျောက် ပထမပြန်စာမေးပွဲကို ပြန်ဆိုအောင်မြင်ခဲ့သော သားတော် သီပေါမင်းသားအား များစွာချစ်ခင်နှစ်သက်တော်မူသဖြင့် အပါးတော်၌ မပြတ်ထွက်ဝင်ခစားစေသည်။ ပထမပြန် အောင်ဆုသည်ပင်သီပေါမင်းသားအား မင်းအဖြစ် ရောက်သည်တိုင်အောင် ကျေးဇူးပြုသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ၁၂၄ဝ ပြည့်နှစ်ဝါခေါင်လတွင်မင်းတုန်းမင်းတရားကြီး မကျန်းမမာရှိတော်မူသောအခါ နန်းတော်အတွင်း၌ တန်ခိုးကြီး နေသော မင်းတုန်းမင်းကြီး၏ အလယ်နန်းမိဖုရား ဆင်ဖြူမရှင်နှင့်ကင်းဝန်မင်းကြီးစသော အလိုတူသည့် မှူးတော်မတ်တော်တို့ တိုင်ပင်ကြပြီးလျှင်သားတော် သီပေါမင်းသားအား အိမ်ရှေ့ဥပရာဇာ ဆောင်နှင်းရန် မင်းတရားကြီး အားတင်လျှောက်၍ ထိုနှစ် တော်သလင်းလပြည့်ကျော် ၉ ရက်နေ့တွင် အိမ်ရှေ့အပ်နှင်းလေသည်။ သားတော်ကြီးများဖြစ်သော သုံးဆယ်မင်းသား၊ ညောင်ရမ်းမင်းသား၊ မက္ခရာမင်းသားတို့ရှိပါလျက် သားတော်အငယ် သီပေါမင်းသားအား ကင်းဝန်မင်းကြီး စသော မှူးမတ်များက လိုလားရခြင်းမှာ စိတ်ထက်မြက်သော မင်းသားများဘုရင်ဖြစ်လျှင် နိုင်ငံအုပ်ချုပ်မှုနှင့် နိုင်ငံခြားဆက်သွယ်မှုများကို မိမိတို့သဘောကျ ဆောင်ရွက်နိုင်မည်မဟုတ်၊ အသက်ငယ်၍ သဘောနူးညံ့သော မင်းသားနှင့်မှ သဘောကျဆောင်ရွက်နိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်လေသည်။ ကင်းဝန်မင်းကြီးသည် ဒီမိုကရေစီထွန်းကားသော အနောက်နိုင်ငံများသို့ရောက်ရှိကာ မိမိနိုင်ငံတိုးတက်ရေး အတွက်ထိုနိုင်ငံများကဲ့သို့ ဘုရင်၏အာဏာကို ကန့်သတ်ကာဝန်ကြီးအဖွဲ့နှင့် တိုင်းပြည်ရေးရာများကို စီမံခန့်ခွဲသွားနိုင်သည့် အုပ်ချုပ်ရေး စံနစ်သစ်ကို တီထွင်လိုသဖြင့် မိမိဩဇာညောင်းမည်ထင်သည့် သီပေါမင်းသားကို သဘောတူခြင်းဖြစ်လေသည်။ ဆင်ဖြူမရှင်မိဖုရားကြီး၌မူ မိမိ၌သားတော်မရှိသဖြင့် မိမိသမီးတော်နှင့်ရည်ငံရင်းစွဲရှိသော သီပေါမင်းသားအား သဘောတူညီခြင်းဖြစ်လေသည်။ သီပေါမင်းသား အိမ်ရှေ့အရာကိုရပြီးနောက် မင်းတုန်းမင်း၏အခြား သားတော်ကြီး များကိုဖမ်းဆီးချုပ်နှောင်ထားလေသည်။ မြန်မာ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆ရက်နေ့တွင် မင်းတုန်းမင်းကြီး နတ်ရွာစံသောထိုနေ့တွင်ပင် အိမ်ရှေ့စံ သီပေါမင်းသားသည်ထီးနန်းကိုသိမ်းပိုက်တော်မူသည်။ ၁၂၄၁ ခုနှစ်နယုန်လတွင် သီပေါမင်းတရားကြီးသည် သီရိပဝေသနာဘိသိက်ကိုသွန်းခံတော်မူ၍ ထီးဆောင်း မင်္ဂလာဥကင်သဖွင့်တော်မူပြီးလျှင်၊ သီရိပဝရာဒိတျရတိလောကဓိပတိပဏ္ဍိတမဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံ တော်ကို ခံတော်မူသည်။ ခမည်းတော်မင်းတုန်းမင်းတရားကြီးနှင့် အလယ်နန်း မိဖုရားဆင်ဖြူမရှင်မှ ဖွားမြင်သော မြတောင်မြို့စား သီရိသုမင်္ဂလာရတနာဒေဝီဘွဲ့ခံ စုဖုရားလတ်အား သီရိပဝရမဟာရာဇိန္ဒာဘိသုဓမ္မရတနာဒေဝီ တံဆိပ်နာမံတော်ဖြင့် အရှင်နန်းမတော်မိဖုရားခေါင်ကြီးတင် မြှောက်တော်မူသည်။ မယ်တော်လောင်းရှည်မိဖုရားအားလည်း မြောက်ဥယျာဉ်တော်၌ အိမ်ဖြူတော်ဆောက်လုပ်ကာစံနေစေသည်။ နန်းတက်ပြီး မကြာမီပင် ခမည်းတော်နတ်ရွာမစံမီက အကျဉ်းချထားခြင်းခံရသော မင်းညီမင်းသား ၄ဝ ကျော်တို့အား ရွှေလွှတ်တော်မှ အမိန့်မပါရှိဘဲ လက်သုံးတော်တို့က ကွပ်မျက်လေသည်။ မင်းသားမင်းသမီးတို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်ကိစ္စတွင် မင်းတရားကြီး တင်ကူး၍ မသိရှိရဟု အချို့ရာဇဝင်ဆရာတို့က ဆို၍အချို့ကမူ မင်းမိဖုရားနှစ်ပါးလုံး အလိုတူကြံစည်ရာပါကြောင်းဖြင့်ဆိုကြသည်။ ဤကိစ္စကြောင့်ပြည်သူအများတို့ စိတ်နှလုံး ပင်ပန်းညိုးငယ်ကြရသည်။ သီပေါမင်းတရား နန်းတက်ပြီးနောက် ချက်ချင်းလိုပင် တောင်ဥယျာဉ်၌ ကျင်းပသောအစည်းအဝေးတွင် နိုင်ငံအုပ်ချုပ်ရေးကို လယ်ယာ၊ လက်အလုပ်၊ ကုန်းကြောင်းစစ်ဘက်၊ ရေကြောင်း စစ်ဘက်၊ အကောက် ခွန်၊ သာသနာပညာ၊ ပူရိသမေဓ၊ (လူခွန်) ၊ သဿမေဓ(မြေခွန်) ၊ ရာဇဝတ်ဘက်၊ တရားဘက်၊ နိုင်ငံခြား၊ တွဲဘက်ရုံး၊ မြို့ရေးရွာမှု၊ စက်အလုပ်ဟူ၍ ဌာနကြီး ၁၄ ဌာန ခွဲခြားအုပ်ချုပ်ရန် အများသဘောတူ ပြဋ္ဌာန်းလိုက်ကြသည်။ သို့ရာတွင် ထိုနှစ် တပေါင်းလ၌ ဌာနဝေပုံပျက်သွားပြန်သည်။ ၁၂၄၂ ခုနှစ် ဝါခေါင်လတွင်တစ်ဖန် - နိုင်ငံခြားနှင့်သာသနာပညာရေး ၊ တရားရာဇဝတ်ဖက်၊ အကောက်အခွန်၊ သဿမေဓ၊ ကုန်းကြောင်းစစ်ဘက်၊ ရေကြောင်းစစ်ဘက်၊ အလုပ်ဘက်၊ လယ်ယာ၊ ဥပဒေဟူ၍ ကိုးဌာနခွဲခြားသတ်မှတ်ပြန်သည်။ ထိုဌာနကြီးကို ဌာနအုပ်ချုပ်ရေးလည်း မြန်မာ သက္ကရာဇ် ၁၂၄၂ ခုနှစ် နှောင်းတန်ခူးလတွင် ပျက်ပြန်သဖြင့်၊ ၁၂၄၅ ခုနှစ်တွင် တရားရာဇဝတ်ဌာနကို နှစ်ဌာနခွဲ၍ ဆယ်ဌာနခွဲခြားသတ်မှတ် အုပ်ချုပ်ပြန်သည်။ ယင်းသို့အုပ်ချုပ်ရေးအကြိမ်ကြိမ် ပျက်ရသည်မှာလည်း ရှေးကကဲ့သို့အခွန်တော်ငွေကို ရှင်ဘုရင် မိဖုရား သဘောအတိုင်းသုံးစွဲလိုသဖြင့်တကြောင်း၊ နိုင်ငံအုပ်ချုပ်မှုတွင်အိမ်တော်ပါ လူငယ်များကို ထည့်လိုသဖြင့် တစ်ကြောင်းကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုကြသည်။ သီပေါမင်းတရားလက်ထက်တွင် ကင်းဝန်မင်းကြီးစသော မှူးမတ်ကြီးများ၏အကြံပေးချက်အရ ပြည်သူတို့ အလိုရှိရာတင်လျှောက်ခွင့်ရရန် ရွှေမြို့တော်ဓာတ်တံခါး လေးဌာန၌ ရွှေသေတ္တာများထား၍ ယင်းရွှေသေတ္တာများကို ဘုရင့်ရှေ့တော်၌ ဖွင့်ဖတ်ရသည်။ ထိုရွှေသေတ္တာစံနစ်ကြောင့်ပင် သီပေါဘုရင်သည် မိမိလက်ထက် နိုင်ငံအခြေအနေကို သိရှိသတိရတန်သမျှရကာ နိုင်ငံအတွင်းလွှမ်းမိုးရမ်းကားနေသော ရနောင်မောင်မောင်တုတ်နှင့် အပေါင်းပါတို့အား ဖမ်းဆီး ချုပ်နှောင်နိုင်ခဲ့သည်။ မြန်မာ သက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် ယင်းသို့အုပ်ချုပ်ရေး ဖြောင့်မှန်အေးချမ်းတော့မည်ကဲ့သို့ဖြစ်လာစဉ် ဝန်ကြီး အချင်းချင်းသင်းကွဲကြပြန်သဖြင့် သီပေါမင်းလက်ထက် နိုင်ငံတော်တွင် မင်းတုန်းမင်းကြီးလက်ထက်ကကဲ့သို့ ငြိမ်းချမ်းခြင်းမရှိချေ။ ၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်းတရားသည် ပြည်သူတို့ငွေကြေးပေါများ၍ နိုင်ငံတော်စည်ပင်ဝပြောစေရန် ရွှေမြို့တော်၌ ထီရုံတော်များဖွင့်လှစ်သည်။ ထီရုံဆယ်ရုံ၌ တနေ့လျှင်ဆယ်ကြိမ်ကျဖွင့်လှစ်ပေးရာ နိုင်ငံသူနိုင်ငံသားတို့သည် ထီကိုသာဂရုစိုက်နေကြ၍ စီးပွားရေးပျက်စီးသဖြင့် ရည်ရွယ်တော်မူရင်းအတိုင်းမရောက် သောကြောင့် ၁၂၄၃ ခုနှစ်တွင် ထီရုံများရုပ်သိမ်းတော်မူသည်။ ထီကြွေးတင်သူများအားလည်း ငွေတော်များထုတ်၍ ဆပ်ပေးတော်မူသည်။ နိုင်ငံတွင်းအုပ်ချုပ်မှုများ တိုးတက်ရန် ဆောင်ရွက်သည့်ကြားမှ ယင်းသို့ယိုယွင်းနေစဉ် နိုင်ငံခြားဆက်သွယ်ရေးကိုလည်း အကောင်းဆုံးဖြစ်လာစေရန် မင်းတရားကြီးသည် ကြိုးစားခဲ့သည်။ မင်းတရားကြီးသည် ခမည်းတော် အရိုက်အရာကိုဆက်ခံတော်မူကြောင်း ဗိလတ်ရှိဝိတိုရိယ ဘုရင်မကြီး ထံသဝဏ်လွှာပါးလိုက်သောအခါ ဘုရင်မကြီးထံ မှလည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာရောက်ရှိလာသည်။ နိုင်ငံတွင်း အင်အားများကွဲနေသည်ကို သိသောနယ်ချဲ့ နိုင်ငံများသည် မြန်မာနိုင်ငံအားဝိုင်းအုံကာ အခွင့်အလမ်းရရှိဖို့ကြိုးပမ်းကြလေသည်။ မြန်မာ သက္ကရာဇ် ၁၂၄၁ ခုနှစ်တွင်သီပေါဘုရင်သည် ဗြိတိန်နှင့် အသင့်အမြတ်ဆက်ဆံလေ၍ သံများစေလွှတ်ရာ ဗြိတိသျှပိုင်နက်မြေဒေသဖြစ်သော သရက်မြို့ကိုလွန်၍ သွားခွင့် မရသောကြောင့် ပြန်လာခဲ့ရလေသည်။ နောက်နှစ်တွင်မှ အိန္ဒိယဘုရင်ခံချုပ်နှင့် ဆင်းမလားမြို့တွင်တွေ့ဆုံခွင့်ရသည်။ သို့ရာတွင်မဟာမိတ် စာချုပ်အသစ်ချုပ်ဆိုရန် ပြောဆိုကြရာအကြောင်းမညီညွတ်ချေ။ ပဉ္စမသင်္ဂါယနာတင်မင်းတရားကြီးလက်ထက် ချုပ်ဆိုပြီးရှိသည့်စာချုပ်အတိုင်း လိုက်နာရန် နှစ်ဦးသဘောတူပြောဆို၍ နေပြည်တော်သို့ပြန်လာခဲ့ရသည်။ ယင်းသို့အင်္ဂလိပ်နှင့်မြန်မာဆက်ဆံရေး ခပ်တန်းတန်းရှိနေသဖြင့် မြန်မာတို့သည် မိမိနှင့်လွယ်ကူစွာ သဟဇာတဖြစ်နိုင်သော ပြင်သစ်တို့နှင့်ဆက်ဆံကြလေသည်။ မြန်မာ သက္ကရာဇ် ၁၂၄၆ ခုနှစ်တွင်ပြင်သစ်နိုင်ငံသို့ မြန်မာသံတော်များ စေလွှတ်၍ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မွန်ရှာဖေရီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ စာချုပ်အရ မန္တလေးနေပြည်တော်သို့ ပြင်သစ်ကိုယ်စားလှယ် တစ်ဦးလာရောက်နေထိုင်သည်။ ပြင်သစ်လူမျိုး အင်ဂျင်နီယာ၊ စက်ဆရာ၊ ပိုးမွေးတတ်သူ၊ ဘဏ္ဍာရေး အတိုင်ပင်ခံစသည်တို့ မြန်မာမင်းထံလာ ရောက်အမှုထမ်းကြသည်။ မြန်မာရဲအဖွဲ့နှင့်စစ်တပ်ကိုလည်း အီတလီနှင့် ပြင်သစ်အရာရှိတို့က သင်ကြားဖွဲ့စည်းပေးကြသည်။ ထို့ပြင် မန္တလေးမြို့နှင့် ပြင်သစ်ပိုင်တုံကင်မြို့ကို မီးရထားလမ်း ဆက်သွယ်ဖောက်လုပ်ရန် မန္တလေးမြို့၌ ပြင်သစ် ဘဏ်တိုက် တစ်တိုက်ဖွင့်ရန်၊ ထိုဘဏ်တိုက်သည် ကျောက်တွင်းလုပ်ငန်းနှင့် ရှမ်းပြည်လက်ဖက်လုပ်ငန်းကို တစ်ဦးတည်းပိုင် သဘောနှင့်ဆောင်ရွက်ရန်စသော အချက်များကိုသဘောတူခဲ့ကြပြီးဖြစ်သည်။ ယင်းအချက်များကြောင့် ပြင်သစ်တို့ မြန်မာနိုင်ငံ၌ အခြေစိုက်ပြီးဖြစ်သွားမည်ကို စိုးရွံ့သော အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ ပြင်သစ်တို့လက်သို့မရောက်မီ မိမိတို့က လက်ဦးရန်အချက်ကိုစောင့်နေကြသည်။ ဤသို့သောအခြေအနေတွင် တောင်ငူမြို့၌ သစ်လုပ်ငန်းလုပ်နေသော ဘုံဘိုင်ဘားမားကုမ္ပဏီနှင့် သစ်လုံးခိုးမှုဖြင့် အရှုပ်အရှင်းဖြစ်ရပြန်သည်။ ကုမ္ပဏီနှင့် ဖြစ်ရသောအရေးအခင်းတွင် ဗြိတိသျှအစိုးရကဝင်ပါကာ နောက်ဆုံး မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ် (ခရစ်နှစ် ၁၈၈၅ ခုနှစ်) တန်ဆောင်မုန်းလတွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံကိုစစ်တိုက်ရန် ချီတက်လာကြသည်။ မြန်မာတို့ ဘက်မှလည်း လက်နက်ခြင်းမမျှသဖြင့် ကောင်းစွာမခုမခံနေသောကြောင့် ဗြိတိသျှတို့အခက်အခဲမရှိ မန္တလေးသို့ရောက် ရှိလာပြီးလျှင် ထိုနှစ်တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင် သီပေါမင်းနှင့်တကွ တစ်မြို့လုံးကိုသိမ်း၍ မင်းမိဖုရား သားတော် သမီးတော်များအား အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ရှေးဦးစွာခေါ်သွားလေသည်။ ထိုနောက်ဘုံဘိုင်ပြည်နယ် ရတနာဂီရိမြို့တွင် ထားသည်။ သီပေါမင်းတရားသည် မြန်မာ သက္ကရာဇ် ၁၂၇၈ ခုနှစ် (ခရစ်နှစ် ၁၉၁၆ ခုနှစ်) နတ်တော် လပြည့်ကျော် ၆ ရက်နေ့တွင် သက်တော် ၅၉ နှစ်၌ ရတနာဂီရိစံအိမ်တော်တွင် နတ်ရွာစံ​​တော်မူသဖြင့်အလောင်းတော်ကို ထိုမြို့၌ပင်သင်္ဂြိုဟ်လေသည်။ ၁၂၈၁ ခုနှစ်တွင် အရှင်မိဖုရားခေါင်ကြီးကို မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရာရန်ကုန်မြို့ဗဟန်းရပ် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ တိုက်နန်းတော်၌ စံနေတော်မူသည်။ မြန်မာ သက္ကရာဇ် ၁၂၈၇ ခုနှစ် (ခရစ်နှစ် ၁၉၂၅ ခုနှစ်) နတ်တော်လဆန်း ၁ဝ ရက်နေ့တွင် သက်တော် ၆၆ နှစ်၌ မိဖုရားခေါင်ကြီးနတ်ရွာစံသည်။ အလောင်းတော်ကို ရွှေတိဂုံစေတီတော် တောင်ဘက်ခြေတော်ရင်း ပန်းခြံတွင်း၌ ဂူသွင်းသင်္ဂြိုဟ်လေသည်။ သီပေါမင်းတရားကြီးနှင့်မိဖုရားခေါင်ကြီးတို့၌ သားတော်သမီးတော်ခုနစ်ပါးထွန်းကားရာ သားတော်ကြီးတစ်ပါးနှင့်သမီးတော်ကြီးနှစ်ပါးငယ်ကလွန်သဖြင့် သမီးတော် လေးပါးကျန်ခဲ့သည်။ မင်းတရားကြီးကား စိတ်သဘောထားနူးညံ့ပျော့ပျောင်း၍ ရိုးသားတော်မူလှသည်။ ထိုကြောင့် အလွန်စိတ်ထက် မြက်သော မိဖုရားကြီး၏ ဩဇာသည် မင်းတရားကြီး၏ဩဇာထက် နန်းတော်တွင်း၌ ညောင်းလေသည်။ မင်းတရားကြီး၏ကုသိုလ်တော်များကား မာန်အောင်စေတီတော်၊ မဟာစံလွှတ်ဝေယန်ကျောင်းတော်နှင့် အခြားဂူ ကျောင်းအများဖြစ်သည်။ ပြခန်း ကိုးကား ကုန်းဘောင်ခေတ် ကုန်းဘောင် မင်းဆက် မြန်မာ မင်းမျိုးမင်းနွယ်များ‎ မင်းတုန်းမင်း၏သားတော်များ‎
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%95%E1%80%B1%E1%80%AB%E1%80%99%E1%80%84%E1%80%BA%E1%80%B8
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF)ကို ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက် တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေအရ မြန်မာနိုင်ငံကွန်ပျူတာဖွံ့ဖြိုးရေးကောင်စီအောက်တွင် ဖော်ပြပါအသင်းများဖြင့်စတင် ဖွဲ့စည်းခဲ့သည်။ ကွန်ပျူတာပညာရှင်အသင်း(MCPA) ကွန်ပျူတာလုပ်ငန်းရှင်အသင်း(MCIA) ကွန်ပျူတာဝါသနာရှင်အသင်း မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းကို ၁၉၉၈ခုနှစ် မေလ ၁၇ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှ ၂၀၀၄ခုနှစ်အထိ Myanmar Computer Scientists Association (MCSA) ဟုခေါ်ဆိုခဲ့ပြီး ယခုအခါ Myanmar Computer Professionals Association (MCPA) ဟု ပြောင်းလဲခေါ်ဝေါ်လျက်ရှိသည်။ ဥက္ကဋ္ဌများ ဦးသိန်းဦး (၁၉၉၈-၂၀၀၁) ဦးသောင်းတင် (၂၀၀၂-၂၀၀၅) ဦးခွန်ဦး (၂၀၀၆ - ၂၀၁၀) ဦးရဲရင့်ဝင်း (၂၀၁၁ မှ ယနေ့အထိ ) ပြင်ပစာမျက်နှာ Myanmar Computer Professionals Association မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%20%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8
အမ်စတာဒမ်မြို့
အမ်စတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ အမ်စတာဒမ်သည် မြောက်ဟော်လန်ခရိုင် တွင် ပါဝင်ပြီး နိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ဇန်နဝါရီလ ၁ ရက် ၂၀၀၈ ခုနှစ် စာရင်းဇယားအရ လူဦးရေစုစုပေါင်း ၇၄၇,၂၉၀ ရှိသည်။ အမ်စတာဒမ်ဆိုသည့် အမည်မှာ အမ်စတယ် မြစ်ပေါ်တွင်ရှိသောဆည် ဆိုသည့် အဓိပ္ပာယ်ရှိသည်။ အမ်စတာဒမ်မြို့ တည်စကာလ ၁၂ရာစု နှောင်းပိုင်းတွင် တံငါရွာကလေး တစ်ရွာမျှသာ ဖြစ်သည်။ သို့သော် ဒတ်ခ်ျလူမျိုးတို့၏ ရွှေရောင်လွှမ်းသော ကာလများတွင် ကမ္ဘာပေါ်တွင် အရေးပါသော ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ကုန်သွယ်ရေးနှင့် ပတ်သက်သော တီထွင်တိုးတက်မှုများ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အမ်စတာဒမ်မှာ ငွေကြေးနှင့် စိန်လုပ်ငန်းများ၏ ဦးဆောင်ဦးရွက်ပြုရာ နေရာတစ်နေရာ ဖြစ်လာခဲ့သည်။ ၁၉ ရာစုနှင့် ၂၀ရာစု တို့တွင် မြို့တော်မှာ တို့းချဲ့ခဲ့ပြီး ဆင်ခြေဖုံးဒေသ နှင့် ရပ်ကွက် အမြောက်အမြား ဖြစ်လာခဲ့သည်။ အမ်စတာဒမ်သည် နယ်သာလန်နိုင်ငံ၏ ငွေကြေးနှင့် ယဉ်ကျေးမှု အချက်အချာနေရာဖြစ်သည်။ ကြီးမားသော ဒတ်ခ်ျကော်ပိုရေးရှင်းများနှင့် ဘဏ်များ ၏ ရုံးချုပ်များသည် အမ်စတာဒမ်တွင် တည်ရှိသည်။ Euronext ၏ အစိတ်အပိုင်းဖြစ်သော အမ်စတာဒမ် စတော့ဈေးကွက်သည် မြို့လယ်တွင် တည်ရှိသည်။ အမ်စတာဒမ်၏ အထင်ကရ နေရာများဖြစ်သော သမိုင်းဝင်ရေနုတ်မြောင်းများ ၊ မီးနီရပ်ကွက် ၊ ရစ်ဂျ်ပြတိုက် ၊ ဗန်ဂိုးပြတိုက် နှင့် အန်နာဖရန့် ပုန်းအောင်းခဲ့သောအိမ် အစရှိသည်တို့နှင့် ဘင်းဂန်ဂျာ (Cannabis) ရနိုင်သော ကော်ဖီဆိုင်များကြောင့် တစ်နှင့်လျှင် ကမ္ဘာလှည့် ခရီးသည် ၄.၂ သန်းမျှ လာရောက်လည်ပတ်ကြသည်။ သမိုင်းကြောင်း အမ်စတာဒမ် ဆိုသည့်အမည်ကို ပထမဆုံးအသုံးပြုခြင်းကို ရှာဖွေတွေ့ရှိခဲ့သည်မှာ အောက်တိုဘာလ ၂ရ ရက် ၁၂၇၅ ခုနှစ် ရက်စွဲဖြင့် စာရွက်စာတမ်းဖြစ်သည်။ မြို့စား ဖလောရစ် ၅ (Count Floris V) မှ ထိုဒေသအတွင်း နေထိုင်သူတို့ အမ်စတယ်မြစ်ပေါ်တွင် တံတား နှင့် ဆည်ကို တည်ဆောက်သည့် အတွက် တံတားဖြတ်ခ မှ ကင်းလွတ်ခွင့်ပြုကြောင်း လက်မှတ်ဖြစ်သည်။ ထိုလက်မှတ်မှ ထိုဒေသတွင်နေထိုင်သူတို့အား homines manentes apud Amestelledamme (Amestelledamme အနီးတွင် နေထိုင်သူ ပြည်သူများ) ဟု ဖော်ပြထားသည်။ ၁၃၂ရ ခုနှစ်သို့ရောက်သော အခါ ထိုအမည်မှာ Aemsterdam ဖြစ်လာခဲ့သည်။ ဒေသခံ ပါးစပ်ရာဇဝင်အရ အမ်စတာဒမ်ကို ငါးဖမ်းသမား ၂ ယောက်မှ စတင်တည်ထောင်ခဲ့ပြီး ထိုသူတို့မှာ အမ်စတယ် မြစ်ကမ်းပါးသို့ သူတို့၏ လှေငယ်လေးဖြင့် ခွေးတစ်ကောင်နှင့် အတူ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ အမ်စတာဒမ်မြို့ ကို တည်ထောင်ခြင်းသည် အခြား ဒတ်ခ်ျမြို့တော်များဖြစ်သော နစ်မီဂျန်(Nijmegen) ၊ ရော့တာဒမ်(Rotterdam) နှင့် အုထ်ရာချ် (Utrecht) တို့နှင့် နှိုင်းယှဉ်ပါက ပို၍ နောက်ကျသည်ဟု ဆိုနိုင်သည်။ လတ်တလော သတင်းဆောင်းပါးတစ်ပုဒ်တွင် သုတေသနပညာရှင် တစ်ယောက်၏ အစီရင်ခံချက်အရ အမ်စတယ်မြစ်၏ မြစ်ဝကျွန်းပေါ်တွင် ခုနှစ်သက္ကရာဇ် ၁၀၀၀ ခန့်မှ စ၍ နေထိုင်သူတို့ရှိရမည်ဟု ကောက်ချက်ချထားသည်။ ထို အစီရင်ခံစာတွင် ထိုသို့ အခြေချနေထိုင်ခြင်းနှင့်ဆိုင်သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို ပြဆိုထားခြင်းမရှိပေ။. အမ်စတာဒမ်ကို ၁၃၀၀ သို့မဟုတ် ၁၃၀၆ ခုနှစ်တွင် မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၄ ရာစုနှစ်မှစ၍ အမ်စတာဒမ်သည် အဓိကအားဖြင့် ဟမ်းဇတစ်အသင်းအဖွဲ့များ (Hanseatic League) နှင့် ကုန်သွယ်မှုကြောင့် စည်ပင်ထွန်းကားလာခဲ့သည်။ ၁၃၄၅ ခုနှစ်တွင် ကယ်လ်ဗာစထရက် (Kalverstraat) လမ်းမပေါ်ရှိ အတူတကွ စားသောက်ပွဲနှင့် ဆိုင်သော ထူးဆန်းမှု (Eucharistic miracle) ကြောင့် အမ်စတာဒမ်အား ပရိုတက်စတင့်တို့၏ သက်ဝင်ယုံကြည်မှု အပြောင်းအလဲများ မဖြစ်ခင်အချိန်အထိ ခရစ်ယာန်ဘုရားဖူး များ၏ အရေးကြီးသော နေရာတစ်နေရာ ဖြစ်လာစေခဲ့သည်။ ယနေ့ခေတ်တွင် စတေး အွန်ဂမ် (Stille Omgang) ဟုခေါ်သော သာမန်လူတို့၏ အဝတ်အစားဖြင့် တိတ်ဆိတ်စွာ လှည့်လည်ခြင်းသည် ရှေးခေတ်ဘုရားဖူးအများအပြားရှိခဲ့သည့် သမိုင်းကြောင်း၏ ကြွင်းကျန်ရစ်ခဲ့သော အစဉ်အလာတစ်ခုဖြစ်သည်။ ၁၆ ရာစုနှစ်တွင် ဒတ်ခ်ျတို့သည် စပိန် ဖီးလစ် ၂ (Philip II of Spain) နှင့် သူ၏ ဆက်ခံသူတို့ကို ပုန်ကန်ကြသည်။ ထကြွရသည့် အဓိကအကြောင်းအရင်းမှာ ၁၀ ပဲနိဟု ခေါ်သည့် အခွန်အခ အသစ်များ ကောက်ခံခြင်းနှင့် ပရိုတက်စတင့် တို့၏ ဘာသာရေးယုံကြည်မှု ကို စပိန်တို့မှ အတင်းအကျပ် စစ်ဆေးမေးမြန်းခြင်းအားဖြင့် နှိပ်ကွပ်ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုပုန်ကန်ထကြွမှုမှ နှစ် ၈၀ စစ်အဖြစ် ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် ဒတ်ခ်ျတို့ လွတ်လပ်ရေးရခဲ့သည်။ ဒတ်ခ်ျတို့၏ ပုန်ကန်မှုခေါင်းဆောင် ဆိုင်းလင့် ဝီလီယမ် (William the Silent) ၏ အပြင်းအထန် တွန်းအားပေးမှုကြောင့် ဒတ်ခ်ျသမ္မတနိုင်ငံသည် သူ၏ ဘာသာရေးနှင့် ပတ်သက်၍ အားလုံးအပေါ်သည်းညည်းခံမှုနှင့် ပတ်သက်၍ ထင်ရှားကျော်ကြားလာသည်။ အိုင်းဘေးရီးယန်း ကျွန်းဆွယ်မှ ဂျူးလူမျိုးများ၊ ဟူဂူနော့ဟု ခေါ်သည့် ပြင်သစ်မှ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသမားများ၊ ဖလန်ဒါဒေသမှ ကုန်သည်များနှင့် ပုံနှိပ်သူများ၊ စပိန်တို့ အုပ်စိုးထားသည့် မြေနိမ့်မြစ်ဝကျွန်းပေါ်နိုင်ငံများမှ စီးပွားရေး နှင့် ဘာသာရေး ဒုက္ခသည်များသည် သူတို့၏ လုံခြုံရေးအတွက် အမ်စတာဒမ်တွင် ခိုလှုံကြသည်။ ဖလန်ဒါ ပုံနှိပ်သူများ အများအပြား ဝင်ရောက်လာခြင်းနှင့် မြို့တော်၏ ပညာရပ်ဆိုင်ရာ သည်းခံမှု (intellectual tolerance) တို့ကြောင့် အမ်စတာဒမ်သည် ဥရောပသတင်းစာလွတ်လပ်မှု၏ အချက်အချာဖြစ်လာခဲ့သည်။ ၁၇ ရာစုတွင် အမ်စတာဒမ်သည် ကမ္ဘာပေါ်တွင် အချမ်းသာအကြွယ်ဝဆုံး မြို့ကြီးများတွင် တစ်မြို့အပါအဝင် ဖြစ်လာသဖြင့် အမ်စတာဒမ်၏ ရွှေရောင်နှစ်များဟု ယူဆနိုင်သည်။ အမ်စတာဒမ်မှ သင်္ဘောများသည် ဘောလ်တစ်ပင်လယ်၊ မြောက်အမေရိက နှင့် အာဖရိက တို့သာ မက ယနေ့ခေတ် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဘရာဇီး တို့သို့ ရွက်လွှင့်ရောက်ရှိခဲ့ပြီး ကမ္ဘာတဝှမ်းလုံး ကုန်သွယ်မှုကွန်ယက်၏ အခြေခံကို ဖြစ်ပေါ်စေခဲ့သည်။ အမ်စတာဒမ်မှ ကုန်သည်များသည် ဒတ်ခ်ျအရှေ့အိန္ဒိယ ကုမ္ပဏီ (VOC) နှင့် ဒတ်ခ်ျအနောက်အိန္ဒိယကုမ္ပဏီ (WIC) တို့တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ကြသည်။ အမ်စတာဒမ်သည် ဥရောပရှိကုန်စည်များ တင်ပို့ရေးအတွက် အရေးအပါဆုံးဒေသဖြစ်လာပြီး ကမ္ဘာပေါ်တွင် ငွေကြေးဈေးကွက်အတွက် အဓိကအချက်အချာ နေရာဖြစ်လာခဲ့သည်။ ၁၆၀၂ ခုနှစ်တွင် ဒတ်ခ်ျအရှေ့အိန္ဒိယ ကုမ္ပဏီ (VOC) ၏ အမ်စတာဒမ်ရုံးခွဲသည် သူ၏ ရှယ်ယာများကို ရောင်းချခြင်းအားဖြင့် ကမ္ဘာပေါ်တွင် ပထမဆုံးသော စတော့အိတ်ချိန်း ဖြစ်လာခဲ့သည်။ အမ်စတာဒမ်၏ ကြွယ်ဝချမ်းသာမှုသည် ၁၈ ရာစု နှင့် ၁၉ ရာစု အစောပိုင်းတွင် ဆုတ်ယုတ်လာခဲ့သည်။ ဒတ်ခ်ျသမ္မတနိုင်ငံ နှင့် အင်္ဂလန် နှင့် ပြင်သစ် တို့ဖြစ်သော စစ်ပွဲများသည် အမ်စတာဒမ် သို့ ဆိုးကျိုးများ သက်ရောက်စေသည်။ နပိုလီယန်စစ်ပွဲများ အတွင်းတွင် အမ်စတာဒမ်၏ ကြွယ်ဝချမ်းသာမှုသည် အနိမ့်ဆုံးသို့ ရောက်ခဲ့သည်။ သို့သော် ၁၈၁၅ ခု နယ်သာလန် ဘုရင့်နယ်မြေ အစုအဝေးကို တည်ထောင်မှုသည် အလှည့်အပြောင်းတစ်ခု ဖြစ်လာစေခဲ့သည်။ မြို့တော်ပုံစံထုတ်သူ ဆယ်မြူရယ် ဆာဖာတီ (Samuel Sarphati) အစရှိသူတို့၏ တည်ဆောက်မှု အသစ်များသည် ပဲရစ် ကို အတုယူခဲ့ကြသည်။ ၁၉ ရာစုအကုန်ပိုင်းကို အမ်စတာဒမ်၏ ဒုတိယမြောက်ရွှေရောင်နှစ်များ အဖြစ် တခါတရံတွင် ရည်ညွှန်းခေါ်ဆိုကြသည်။ .ပြတိုက်အသစ်များ၊ ဘူတာရုံ နှင့် ကွန်ကရစ်ခန်းမ (Concertgebouw) တို့ကို တည်ဆောက်ခဲ့ပြီး ထိုအချိန်တွင်ပင် စက်မှုတော်လှန်ရေးသည် အမ်စတာဒမ်သို့ရောက်ရှိလာခဲ့သည်။ အမ်စတာဒမ်ကို ရိုင်းမြစ်နှင့် ဆက်သွယ်ရန်အတွက် အမ်စတာဒမ်-ရိုင်း တူးမြောင်း (Amsterdam-Rhine Canal) ကို တူးဖော်ခဲ့သည်။ မြောက်ပင်လယ်တူးမြောင်း (North Sea Canal)ကို တူးဖော်ခြင်းအားဖြင့် ဆိပ်ကမ်းနှင့် မြောက်ပင်လယ်ကြား ဆက်သွယ်မှု အကွာအဝေးကို တိုတောင်းစေခဲ့သည်။ ထို ပရော့ဂျက် ၂ ခုစလုံးသည် ကျန်ဥရောပဒေသအားလုံး နှင့် တကမ္ဘာလုံးသို့ ကုန်သွယ်ရေးကို သိသာစွာ တိုးတက်စေခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ပိုလန်စာရေးဆရာ ဂျိုးဇက် ကောန်ရတ်ဒ် (Joseph Conrad) က သူ၏ ဝတ္ထု ပင်လယ်၏ကြေးမုံပြင် (The Mirror of the Sea) တွင် အမ်စတာဒမ်အား ပင်လယ်ဖက်မှ မြင်ရပုံကို အနည်းငယ်မျှ ဖော်ပြခဲ့သည်။ ပထမကမ္ဘာစစ် မတိုင်မီ အချိန်တွင် မြို့တော်သည် စတင်တိုးချဲ့လာခဲ့ပြီး ဆင်ခြေဖုံးရပ်ကွက်အသစ်များ တည်ဆောက်ခဲ့သည်။ နယ်သာလန်နိုင်ငံသည် စစ်အတွင်း ကြားနေခဲ့သော်လည်း အမ်စတာဒမ်တွင် အစားအသောက်ရှားပါးမှု နှင့် အပူပေးရန် ဓာတ်ဆီရှားပါးမှု တို့၏ ဒဏ်ကို ခံခဲ့ရသည်။ ထိုရှားပါးမှုများမှတဆင့် အဓိကရုဏ်းများကို ဖြစ်ပေါ်စေခဲ့ပြီး လူအချို့သေဆုံးခဲ့သည်။ ထိုအဓိကရုဏ်းများကို Aardappeloproer (အာလူးပုန်ကန်မှု) ဟု အသိများ ကြသည်။ လူတို့သည် ကုန်ပစ္စည်းများ အထူးသဖြင့် စားသောက်ကုန်များ ရရှိရန်အတွက် စတိုးဆိုင်များနှင့် ကုန်လှောင်ရုံများကို လုယက်ကြသည်။ ၁၉၄၀ ခုနှစ် မေလ ၁၀ရက်တွင် ဂျာမနီတို့သည် နယ်သာလန်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ၅ ရက်ကြာ တိုက်ခိုက်မှု အပြီးတွင် နိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။ ဂျာမန်တို့သည် နာဇီအရပ်သားအစိုးရကို အမ်စတာဒမ်တွင် ခန့်ထားခဲ့ပြီး ဂျူးတို့ကို လိုက်လံဖမ်းဆီးရန်အတွက် ကူညီပေးရန်ဖြစ်သည်။ အချို့သော အမ်စတာဒမ်မြို့သားများသည် ဂျူးများကို အကာအကွယ်ပေးခဲ့ကြသဖြင့် သူတို့နှင့် သူတို့မိသားစုများ ထောင်ချခံရခြင်း နှင့် အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရခြင်းစသည့် အန္တရာယ်များအတွက် ကြီးစွားသော စွန့်စားမှုများကို ပြုခဲ့ရသည်။ ဒတ်ခ်ျ ဂျူးလူမျိုး ၁၀၀,၀၀၀ ကျော်တို့သည် အကျဉ်းစခန်းများသို့ တင်ပို့ခြင်းခံခဲ့ရသည်။ ထိုသူများအထဲမှ အထင်ရှားဆုံးမှာ ဘာဂျန်-ဘယ်လ်ဆန် (Bergen-Belsen) အကျဉ်းစခန်းတွင် သေဆုံးခဲ့သော ဂျာမန်မိန်းကလေး အန်နာဖရန့် ဖြစ်သည်။ ဒတ်ခ်ျ ဂျူးလူမျိုး ၅၀၀၀ ခန့်သာ စစ်အပြီးတွင် အသက်ရှင် ကျန်ရစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် တစ်နိုင်ငံလုံးနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး အစားအစာ နှင့် စက်သုံးဆီ ရှားပါးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ မြို့သားအများအပြားသည် ကျေးလက်ဒေသများသို့ သွား၍ အစားအစာရှာဖွေကြသည်။ ခွေးများ၊ ကြောင်များ၊ sugar beets အကြမ်း များ နှင့် ပျော့ဖတ်ဖြစ်အောင် ချက်ပြုတ်ထားသော Tulip အဖူးများကို အသက်ရှင်နေထိုင်ရေးအတွက် စားသုံးကြရသည်။ အမ်စတာဒမ်ရှိ သစ်ပင်အများစုကို လောင်စာရရှိရန်ခုတ်လှဲခဲ့ရပြီး အကျဉ်းစခန်းသို့ တင်ပို့ခြင်းခံရသော ဂျူးတို့၏ အိမ်ခန်းများမှ သစ်သားများကို ရယူခဲ့ရသည်။ စစ်အပြီးတွင် ဒတ်ခ်ျ ၁၂၀,၀၀၀ ကျော်တို့သည် နာဇီတို့နှင့် ပူးပေါင်းခြင်းကြောင့် တရားစွဲဆို အရေးယူခြင်းခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီး နှစ်များတွင် အော့စ်ဒေါ့ပ် (Osdorp)၊ စလိုတာဗတ် (Slotervaart) ၊ စလိုတာမီးယား (Slotermeer) ၊ ဂူဇန်ဗယ် (Geuzenveld) စသည့် ဆင်ခြေဖုံးရပ်ကွက်အသစ်များကို တည်ဆောက်ခဲ့ကြသည်။ ဤဆင်ခြေဖုံးရပ်ကွက်များတွင် အများပြည်သူသုံး ပန်းခြံများနှင့် ကျယ်ပြန့်သော ကွင်းပြင်များ ပါဝင်ကြပြီး အဆောက်အအုံသစ်များတွင် ကျယ်ပြန့်ပြီး ပို၍ အလင်းရောင်ရသော အခန်းများ၊ ဥယျာဉ်များ နှင့် လသာဆောင်များဖြင့် နေထိုင်မှုအခြေအနေ ပိုမိုကောင်းမွန်စေသည်။ စစ်နှင့် ၂၀ရာစုအတွင်း အခြား အဖြစ်အပျက်များကြောင့် မြို့လယ်ခေါင်တစ်ခုံးလုံးသည် လုံးဝနီးပါး ပျက်စီးနေခဲ့သည်။ လူ့အဖွဲ့အစည်း ပြောင်းလဲတိုးတက်လာသည်နှင့်အမျှပင် နိုင်ငံရေးသမားများနှင့် အခြား ဩဇာအာဏာရှိသူများက မြို့လယ်ခေါင်၏ အစိတ်အပိုင်းတော်တော်များများကို ပြန်လည်ပုံစံထုတ်တည်ဆောက်ရန် အစီအစဉ်ချကြသည်။ ရုံးအဆောက်အအုံများ တည်ဆောင်ရန် လိုအပ်လာပြီး သာမန်မြို့သားများ ကားသုံးစွဲမှု များလာသဖြင့်လမ်းမများ တည်ဆောက်ရန် လိုအပ်လာသည်။ မက်ထရိုရထားများည် ဆင်ခြေဖုံးအသစ်ဖြစ်သော ဘစ်ဂျ်မာ (Bijlmer) နှင့် အမ်စတာဒမ်မြို့လည်ခေါင်သို့ စတင်ပြေးဆွဲလာခဲ့သည်။ ဆက်လက် လုပ်ဆောင်မည့် စီမံကိန်းမှာ မက်ထရို၏ အပေါ်မှ ဟိုင်းဝေးလမ်းမ အသစ်ကို တည်ဆောက်၍ ဗဟို ဘူတာရုံနှင့် မြို့၏အခြားအပိုင်းများကို ဆက်သွယ်ရန်ဖြစ်သည်။ စုပေါင်းစီမံကိန်းဖြင့် အဆောက်အအုံအများအပြားကို ဖြိုဖျက်ခြင်းကို အမ်စတာဒမ်၏ ဂျူးတို့နေထိုင်ခဲ့သော ရပ်ကွက်ဟောင်းတွင် စတင်လုပ်ဆောင်ကြသည်။ ဂျိုဒန်ဘရီစထရက် (Jodenbreestraat) စသော လမ်းငယ်လေးများကို ချဲ့ထွင်ခဲ့ကြပြီး လမ်းတွင်းရှိအိမ်များအားလုံးလိုလို ဖြိုဖျက်ခံခဲ့ရသည်။ ဖြိုဖျက်မှု တို့ အားအကောင်းဆုံးအချိန်တွင် မြို့ကို ပြန်လည်ပုံဖော်ခြင်းကြောင့် ဖြိုဖျက်ခံရခြင်းအတွက် ပြည်သူများမှ ဒေါသထွက်လာကြသဖြင့် Nieuwmarktrellen (နျူးမက် (Nieuwmarkt ) အဓိကရုဏ်း) ဖြစ်ပွားခဲ့သည်။ ထိုအဓိကရုဏ်း၏ ရလဒ်အနေနှင့် ဖြိုဖျက်ခြင်းများကို ရပ်ဆိုင်းခဲ့ပြီး ဟိုင်းဝေးလမ်းမကို တည်ဆောက်ခြင်း မရှိတော့ပဲ မက်ထရိုရထားလမ်းသာ ပြီးစီးခဲ့သည်။ လမ်းအနည်းငယ်သာ လမ်းကျယ်အဖြစ် ကျန်ရစ်တော့သည်။ ဖြိုဖျက်ခံရသော အဆောက်အအုံများနေရာတွင် ရပ်ကွက်တို့၏ အလယ်ခေတ်က လမ်းများ၏ ပုံသဏ္ဌန်အတိုင်း အဆောက်အအုံအသစ်များကို ပြန်လည် တည်ဆောက်ကြသည်။ လုံးဝနီးပါး ဖြိုဖျက်ပြီးသွားသော ဝါတာလူး ပလိန်း (Waterlooplein) ၏ နေရာတွင် မြို့တော်ခန်းမအသစ်ကို တည်ဆောက်ခဲ့ကြသည်။ ပထဝီဝင်နှင့် ရာသီဥတု အမ်စတာဒမ်သည် မြောက်ဟော်လန်ဒေသ၏ အစိတ်အပိုင်း ဖြစ်ပြီး နယ်သာလန်နိုင်ငံ၏ အနောက်ပိုင်း အုထရာ့ချ်နှင့် ဖလယ်ဗိုလန်း ဒေသတို့နှင့် ကပ်လျှက် တည်ရှိသည်။ အမ်စတယ်မြစ်သည် မြို့လည်ခေါင်တွင် အဆုံးသတ်ပြီး တူးမြောင်းပေါင်း မြောက်မြားစွာနှင့် ဆက်သွယ်၍ နောက်ဆုံးတွင် အိုင်ဂျေ ပင်လယ်အော်တွင် အဆုံးသတ်သည်။ အမ်စတာဒမ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃ မီတာတွင် တည်ရှိသည်။ ပတ်ဝန်းကျင်မြေကြီးသည် လူတို့လုပ်သော ရေကန်များ ပါဝင်ပြီး ပြန့်ပြူးနေသည်။ မြို့၏ အနောက်တောင်ဘက်တွင် သဘာဝအလျောက် မဟုတ်ဘဲ လူတို့ ဖန်တီးထားသည့် ဟတ်အမ်စတာဒမ်စီဘော့စ် ဟုခေါ်သည် သစ်တော ရှိသည်။ အမ်စတာဒမ်သည် ရှည်လျားသော မြောက်ပင်လယ်တူးမြောင်း မှတဆင့် မြောက်ပင်လယ်နှင့် ဆက်သွယ်ထားသည်။ အမ်စတာဒမ်နှင့် မြို့ကို ဝန်းရံထားသော မြို့ပြဧရိယာမှာ မြို့ပြဖြစ်ထွန်းမှု သိပ်သည်းစွာ ရှိသည်။ မြို့တည်နေပုံ နှင့် ဗိသုကာပညာ တူးမြောင်းများ အမ်စတာဒမ်ကို တိုးချဲ့ခြင်း ဗိသုကာပညာ အစိုးရ စီးပွားရေး လူဦးရေ ပျံ့နှံ့နေထိုင်ပုံ သယ်ယူပို့ဆောင်ရေး ပညာရေး အိမ်ရာများ ယဉ်ကျေးမှု ပြတိုက်များ သရုပ်ဆောင် အနုပညာ ညဖက်ပျော်စရာများ နှင့် ပွဲတော်များ ဖက်ရှင် မီးနီရပ်ကွက် အားကစား အမ္မစတာဒမ်မြို့ အမ္မစတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်၍ မြို့တော်လည်းဖြစ်သည်။ နယ်သာလန်အစိုးရ ၏ ရုံးစိုက်ရာသည် ဟိတ်မြို့ဖြစ်သော်လည်း အမ္မစတာဒမ်သည် ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့ဖြင့် အလွန်ကြီးကျယ် စည်ကားလှသည်။ ထို့ပြင် အမ္မစတာဒမ်မြို့၏ ကျော်ကြားမှုမှာ အီတလီနိုင်ငံ ဗင်းနစ်မြို့ကဲ့သို့ မြို့ခင်းမြို့ကွက်၏အလှအပကို တိုးစေပြီးလျှင် ကူးသန်းသွားလာရေးအတွက် ကြီးစွာသော အထောက်အပံ့ကိုဖြစ်စေသော တူးမြောင်းများ ကွေ့ကောက်ယှက် ဖြာလျက် ရှိခြင်းကြောင့်လည်း ဖြစ်ပေသည်။ မြို့၏တည်နေရာသည် ဟော်လန်နယ်အတွင်း၌ ရှိ၍ အမ္မစတယ်မြစ်နှင့် အိုင်းမြစ်နှစ်ခုတို့ ပေါင်းဆုံရာအရပ်၌ ဖြစ် သည်။ ဇွိုင်ဒါဇေးမှငါးမိုင်ခန့်ကွာသည်။ အမ္မစတာဒမ်မြို့၏ သင်္ဘောဆိပ်ကမ်းသည် ဇွိုင်းဒါဇေး၏ လက်တက်တစ်ခုဖြစ် သော အိုင်းမြစ်ပေါ်တွင်ရှိ၍ မြောက်ပင်လယ်နှင့်လည်း တူး မြောင်းတစ်ခုအားဖြင့် ဆက်သွယ်ထားသည်။ ထို့ပြင် ဇွိုင်ဒါဇေး ၏အဝင်ဝရှိ ဟယ်လဒါမြို့နှင့်လည်း တူးမြောင်းအားဖြင့်အဆက် အသွယ်ရှိလေသည်။ မြို့၏တည်နေပုံသည် ဆန်းစလ၏ ပုံသဏ္ဌာန်ဖြစ်၍ အလယ်တွင် ဒမ်ဟုခေါ်သော ရင်ပြင်ကျယ်ရှိသည်။ ထိုရင်ပြင် ကျယ်မှ လမ်းမကြီးငယ်နှင့် မြစ်ချောင်းအသွယ်သွယ်တို့သည် ယှက်ဖြာ၍ထွက်ကြသည်။ ကမ်းပါးတစ်ဖက်တစ်ချက်တွင် မြင့် မားသောသစ်ပင်ကြီးများနှင့် တိုက်တာအိမ်ခြေများရှိသော တူး မြောင်းများသည် အမ္မစတာဒမ်မြို့ကို ကျွန်းငယ်ပေါင်း ၉ဝ ခန့် အဖြစ်ရောက်ရှိအောင် ပိုင်းခြားထားလေသည်။ တူးမြောင်းကမ်း ဘေးမှ အဆောက်အအုံများကို ဗင်းနစ်မြို့၏အဆောက်အအုံများ ကဲ့သို့ တူးမြောင်း၏အောက်ခြေ သဲမြေထဲ၌ စိုက်ထူထားသော တိုင်များ ထောက်များပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ယင်းအဆောက်အအုံများတွင် ၁၇ ရာစုခေတ်က ဆောက်လုပ်ခဲ့ သော လှပခန့်ညားသည့် အဆောက်အအုံများ အများအပြား ပါဝင်၍ အမ္မစတာဒမ်မြို့သည် ဥရောပနိုင်ငံတွင် သာယာလှပ သော မြို့တစ်မြို့ဖြစ်ပေသည်။ တစ်ဆယ့်ခြောက်ရာစုတွင် အန့်တွပ်မြို့၏အခြေအနေ ဆုတ်ယုတ်လာသဖြင့်လည်းကောင်း၊ ရှဲ့မြစ်ကို ပိတ်လိုက်သဖြင့် လည်းကောင်း၊ ဖလင်းမစ်နယ်များမှ နယ်ပြောင်းသူများ ဝင် ရောက်လာသဖြင့်လည်းကောင်း အမ္မစတာဒမ်မြို့သည် တိုးတက် ဖွံ့ဖြိုးလာသည်။ ၁၆ဝ၂ ခုနှစ်တွင် ကမ္ဘာ့အရှေ့ပိုင်း၌ တန်ခိုး ထွားခဲ့သော ဒပ်ချအရှေ့အိန္ဒိယကုမ္ပဏီကြီးကို အမ္မစတာဒမ်မြို့၌ ပင် စတင်တည်ထောင်ခဲ့သည်။ အမ္မစတာဒမ်မြို့၏ အထွန်းကား ဆုံးအချိန်သည် ၁၇ ရာစုနှစ်ဖြစ်၍ ရေသစ်မြေသစ်ရှာအဖွဲ့များ ၏ သင်္ဘောကြီးငယ်များ အဝင်အထွက်များပြားကာ ဖွံ့ဖြိုး စည်ကားခဲ့သော သင်္ဘောဆိပ်မြို့ကြီးလည်းဖြစ်သည်။ မြောက် ပင်လယ်ဘက်သို့လည်းကောင်း တောင်ဘက် ရိုင်းမြစ်ဝှမ်းဒေသ သို့လည်းကောင်း၊ ကုန်စည်များတင်ပို့ရေး၌လည်း အမ္မစတာဒမ် သည် အချက်အချာဖြစ်ခဲ့သည်။ နောင်အခါ ရော့တဒမ်မြို့သည် သင်္ဘောဆိပ်မြို့အဖြစ် တိုးတက်စည်ကားလာသည့် တိုင်အောင် အမ္မစတာဒမ်သည် စက်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်းတို့ဖြင့် စည်ကားမြဲ စည်ကားလျက်ပင်ရှိသည်။ အမ္မစတာဒမ်မြို့၏ ကြီးကျယ်သောလုပ်ငန်းများအနက် စိန်သွေးလုပ်ငန်းသည် တစ်ရပ်အပါအဝင်ဖြစ်သည်။ ပင်လယ် ရပ်ခြား၌ ဒပ်ချတို့၏ကိုလိုနီများ ဖွံ့ဖြိုးစဉ်က အမ္မစတာဒမ်၌ စိန်သွေးလုပ်ငန်းသည် ယခင်လောက် မကြီးကျယ်တော့ပေ။ အခြားကြီးကျယ်သော လုပ်ငန်းကြီးများမှာ ဆေးလိပ်လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ လင်နင်ထည်နှင့် ပိုးထည်လုပ်ငန်း၊ လက်ဝတ် ရတနာလုပ်ငန်း၊ အခြားကုန်ချောပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများဖြစ်သည်။ သို့သော် အမ္မစတာ ဒမ်မြို့သည် စက်မှုမြို့တစ်မြို့အဖြစ်ထက် ကုန်သွယ်မြို့တစ်မြို့ အဖြစ် ပို၍ကြီးကျယ်ထင်ရှားလေသည်။ အမ္မစတာဒမ်မြို့သည် ကမ္ဘာ၌ထင်ရှားသော အနုပညာ မြို့တော်တစ်ခုလည်းဖြစ်သည်။ ထိုမြို့၏ ပြတိုက်များ၌ အဖိုး ထိုက် အဖိုးတန် အနုပညာလက်ရာများရှိလေရာ၊ ယင်းတို့ကို စစ်ဘေးစစ်ဒဏ်ကြားမှပင် မပျက်စီးမဆုံးရှုံးရလေအောင် ထိန်း သိမ်းစောင့်ရှောက်ထားခဲ့သည်။ အထူးသဖြင့် ကမ္ဘာကျော်ပန်းချီ ဝိဇ္ဇာကြီး ရင်းဗရန့်၏ လက်ရာမွန်များကို ကျနစွာထိန်းသိမ်း ထားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပြတိုက်များတွင်ထားခဲ့ သော အဖိုးတန်အနုပညာပစ္စည်းများကို ဂူများထဲသို့ ပြောင်းရွှေ့ သိမ်းဆည်းထားခဲ့သဖြင့် စစ်ဘေးစစ်ဒဏ်မှ ကင်းလွတ်ခဲ့ကြ သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အမ္မစတာဒမ်မြို့သည် စစ် ၏ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းအကျဉ်းမျှသာ ခံခဲ့ရ သော်လည်း မြို့သူမြို့သားများအနေဖြင့် စစ်၏ဒဏ်ကို အလူး အလဲခံခဲ့ကြရသည်။ လေးနှစ်ခန့်ကာလပတ်လုံး ရန်သူတပ်များ ၏လက်အောက်၌ အလွန်ဆင်းရဲဒုက္ခကြီးစွာဖြင့် နေထိုင်ခဲ့ကြရ ၍ အငတ်ငတ်အပြတ်ပြတ် စားသောက်ခဲ့ရပြီးလျှင် ဆင်းရဲ ငတ်ပြတ်လွန်းသဖြင့် ရာနှင့်ထောင်နှင့်ချီ၍သေဆုံးကြသူများကို ပင် မမြှုပ်နှံနိုင်အောင် ဖြစ်ခဲ့ကြရလေသည်။ ၁၉၄၅ ခုနှစ်တွင်မှ သာ မဟာမိတ်တပ်များက အမ္မစတာဒမ်မြို့ကို ပြန်လည်သိမ်း ပိုက်နိုင်ခဲ့လေသည်။ မြို့၌ရှိ အဓိကရအဆောက်အအုံများမှာ နန်းတော်ကြီး၊ ဒပ်ချမင်းများ အစဉ်အဆက် ဘိသိက်ခံခဲ့ကြသော နယူးချပ်ခေါ် ဘုရားရှိခိုးကျောင်းကြီးတို့ဖြစ်သည်။ အမ္မစတာဒမ်၌ တက္ကသိုလ် ကြီးနှစ်ခုရှိသည်။ ယင်းတို့အပြင် အနုပညာလက်ရာမွန်များထား ရှိသော ရစ္စပြတိုက်ကြီးလည်းရှိသည်။ ရုက္ခဗေဒဥယျာဉ်ကြီး သည် ထင်ရှားကျော်ကြားလှ၍ အမ္မစတာဒမ်မြို့သည် တျူးလစ် ပန်းနှင်ဥတက်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာ၌ အချက် အခြာမြို့တစ်မြို့ဖြစ်သည်။ ယင်းမြို့ကြီး၏ ရပ်ကွက်တစ်ခုတွင် လမ်းများကို ပန်းနာမည်များဖြင့် မှည့်ခေါ်ထားလေသည်။ ရည်ညွှန်းချက်များ နယ်သာလန်နိုင်ငံရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BA%E1%80%85%E1%80%90%E1%80%AC%E1%80%92%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ပန်းချီ
ဆေးရေးခြယ်ခြင်း (Painting) ဆိုသည်မှာ မျက်နှာပြင်တစ်ခုခု (စက္ကူ၊ ကင်းဗတ်စ၊ သစ်သား၊ မှန်) ပေါ်တွင် ဆေးအရောင်များဖြင့် ‌ရေးခြယ်ခြင်းဟု ယေဘုယျ ဆိုနိုင်သည်။ သို့သော် အနုပညာဉာဉ်ဖြင့်ဆိုရလျှင် ပန်းချီရေးခြင်းဟု သတ်မှတ်ရမည်ဖြစ်ပြီး ပုံတူဆွဲယူခြင်း၊ ပန်းချီကား ဖွဲ့စည်းခြင်း (Composition) များကို အနုပညာရှင်၏ အယူအဆအလိုက် ဖန်တီးမည် ဖြစ်သည်။ ပန်းချီရေးခြင်းသည် ပြင်ပလောက၌ ရှိနေသည်များကို ပြန်လည် သရုပ်ဖော် အသက်သွင်းခြင်းပင်ဖြစ်သည်။ ပန်းချီပုံသဏ္ဌာန်ဖြင့် ပြန်လည်တင်ပြရာတွင် ပုံစံအမျိုးမျိုးရှိနိုင်သည်။ မြန်မာ့ရှေးရိုး တစ်ကြောင်းရေးပန်းချီ မှသည် ယခုခေတ် ပို့စ်မော်ဒန် အထိဖြစ်နိုင်သည်။ မြန်မာပန်းချီတွင် အခြေပြု လွှမ်းမိုးခဲ့သည်မှာ ဗုဒ္ဓဝင်ဆိုင်ရာများနှင့်မင်းခမ်းမင်းနား မှတ်တမ်းတင်ချက်များအပြင် နှောင်းပိုင်းတွင် ပုံတူရေးဆွဲခြင်းများဖြစ်သည်။ ခြုံငုံဖော်ပြချက် ပန်းချီရေးဆွဲရာတွင် အရောင် နှင့် တုန်း (Tone) ဟုခေါ်သည့် အသွေးနုရင့် ခွဲခြား အသုံးပြုမှု၊ အသုံးချကစားနိုင်မှုမှာ အရေးပါသည်။ ပန်းချီကျော်များတွင် သူတို့၏“ဟန်”ဟု ဆိုရမည့် အရောင်အသုံးပြုမှုများရှိသည်။ ပန်းချီရေးဆွဲမှုတွင် Theory သဘောအလိုက် များစွာကွဲပြားမှုရှိသည်။ ကျူဘစ်ဆင်၊ အင်ပရက်ရှင်၊ ပို့စ် အင်ပရက်ရှင်၊ အိပ်က်စ်ပရက်ရှင်၊ ဒါဒါရီဇင် စသည်ဖြင့်။ မော်ဒန် (Modern) နှင့် ခေတ်ပြိုင် ပန်းချီ (Contemporary Art) များသည် ရှေးရိုးအယူများမှ သိသိသာသာခွဲထွက်လာကြသည်။ ပန်းချီသမိုင်း ရှေးအကျဆုံးပန်းချီရုပ်ပုံကို ပြင်သစ်နိုင်ငံ Grotte Chauvet မှာ တွေ့ရသည်။ သမိုင်းပညာရှင်များ၏ အဆိုအရ နှစ်ပေါင်း ၃၂,ဝ၀ဝ သက်တမ်းရှိပြဟုဆိုသည်။ ဂူနံရံပေါ်တွင် မြေစေးတစ်မျိုးကို သုံးပြီးရေးထားတာဖြစ်ပြီး ရုပ်ပုံကားချပ်ထဲတွင် မြင်း၊ ကြံ့၊ ခြင်္သေ့၊ ကျွဲ၊ ကမ္ဘာဦးဆင်ကြီးတွေနှင့် လူပုံများပါပြီး အများအားဖြင့် အမဲလိုက်နေကြသည်ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြင်သစ်မှာကဲ့သို့ ဂူနံရံဆေးရေးပန်းချီများကို စပိန်၊ ပေါ်တူဂီ၊ တရုတ်၊ ဩစတြေးလျ နှင့် အိန္ဒိယတို့တွင်လည်း ရှိကြသည်။ အနောက်တိုင်းတွင် ဆီဆေး၊ ရေဆေး အသုံးပြုပြီး ပန်းချီရေးဆွဲမှုအတတ်သည် အသုံးလည်းများ၊ အလွန်လည်း ထွန်းကားလှသည်။ အရှေ့တိုင်းမှာတွင်မူ မှင်ကို အားပြုရေးဆွဲပြီးမှ ဖြစ်ပေါ်တိုးတက်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် တစ်ကြောင်းရေးပန်းချီ၊ ပရပိုက်ပန်းချီ၊ ယွန်းပန်းချီ စသည်ဖြင့် ဖြစ်သည်။ ရသသဘောနှင့် ပန်းချီသီအိုရီ အနုရသ (Aesthetics) ဆိုသည်မှာ “အလှတရားကို စနစ်တကျ ပုံဖော်တင်ပြမှု” (Science of Beauty) ဖြစ်သည်။ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်တွင် ဒဿနပညာရှင် ကန့်တ် (Kant) နှင့် ဟေဂယ် (Hegel) တို့က အထူးတလည် ဆွေးနွေး တင်ပြခဲ့ကြသည်။ ရှေးရိုးဂန္ထဝင်ဒဿနသမားကြီးများဖြစ်ကြသော ပလေတို နှင့် အရစ္စတိုတယ် တို့က အနုပညာနှင့် ပန်းချီအပေါ် ဖွင့်ဆိုခဲ့ကြခြင်းများ ရှိသည်။ ပလေတိုကမူ ပန်းချီဆရာများကိုရော၊ ပန်းပုဆရာမျာကိုပါ သူ၏ အတွေးအခေါ်တင်ပြချက်များထဲတွင် အကောင်းမပြောခဲ့ချေ။ ပန်းချီသည် ပကတိတရား (Truth) ကို မထင်ဟပ်နိုင်၊ အမှန်တရားကို တုပရုံမျှ (လောက တွေ့သိတတ်မှုကို အရိပ်ထင်ရုံမျှ) သာဟု ဆိုခဲ့သည်။ ပုံသွင်းအတတ်၊ ဖိနပ်ချုပ်အတတ်နှင့် သံပုံသွန်းတဲ့ အတတ်သာသာပဲဟုလည်း ပြောပါသေးသည်။ ပြောရမည်ဆိုလျင်လည်း ရှေးခေတ်ဂရိပန်းချီများသည် လီယိုနာဒို ဒါဗင်ချီတို့ ခေတ်ဘက်ပိုင်းကကဲ့သို့ သဘာဝကျကျ ရေးပြနိုင်ခြင်းတော့ မရှိသေးပါ။ လီယိုနာဒို ဒါဗင်ချီကမူ တမျိုးယူဆပါသည်။ "Pittura est cousa mentale" ဟုဆို၏။ အင်္ဂလိပ်လို "painting is a thing of the mind"ဖြစ်သည်။ “ပန်းချီရေးတာဟာ စိတ်အလုပ်ပါ၊ နာမ်ခံစားမှုနဲ့ သွားတာပါ”ဟု ဆိုသည်။ ဒဿနပညာရှင် ကန့်တ်က အလှတရား (Beauty) နှင့် သိမ်မွေ့နက်နဲမှု (Sublime) ကို ထပ်ပြီး ခွဲခြားပါသေးသည်။ Sublime ကို အသားပေးခဲ့သော်လည်း ကန့်တ်က ပန်းချီကို ညွှန်းဆိုခဲ့သည် မဟုတ်ပါ။ နောက်ပိုင်းတွင် ပန်းချီဆရာများဖြစ်သော တာနာ (Turner) နှင့် ကပ်စပါ ဒေးဗစ် ဖရက်ဒရစ် (Caspar David Friedrich) တို့က Sublime အယူကို ပန်းချီတွင် ရည်ညွှန်း သုံးစွဲလာခဲ့သည်။ ဟေဂယ်က “အလှတရား”ကို အားလုံးအလိုကျ ရေရေရာရာမဖွင့်ဆိုနိုင်ဟူ၍ အသိအမှတ်ပြုခဲ့သည်။ ရသဆိုင်ရာ သူ၏အက်ဆေးထဲတွင် လူ၏ အနုသယစိတ်ကို အနိုးထနိုင်ဆုံးအဖြစ် ပန်းချီကို ကဗျာ၊ ဂီတတို့နှင့် ယှဉ်တွဲဖော်ပြခဲ့သည်။ ပန်းချီကို သီဝရီသဘောဖွင့်ဆိုကြသည့် ပန်းချီဆရာများထဲတွင် ကန်ဒင်စကီ (kandinsky) နှင့် ပေါကလီး (Paul Klee) တို့ ပါဝင်သည်။ ကန်ဒန်စကီက သူ၏ အက်ဆေးထဲတွင် “ပန်းချီဟာ စိတ်ပိုင်းဆိုင်ရာ တန်ဖိုး (spiritual value) တွေပါတယ်”ဟု ရေးခဲ့သည်။ “အဓိကအရောင်တွေဟာ ခံစားမှုနဲ့ ထင်မြင်ယူဆမှုကို နိုးထစေတယ်”ဟု ဂိုထေး (Goethe) နှင့် အခြားစာရေးဆရာများနည်းတူ ဖော်ပြခဲ့သည်။ ပုံရုပ်တုကို လေ့လာအဓိပ္ပာယ်ဖော်သောပညာရပ် (Iconography) အနေနှင့်လည်း ပန်းချီကားတွင် ပါဝင်သည်များကို လေ့လာကြပါသေးသည်။ အာဝင် ပါနော့ဖ်စကီ (Erwin Panofsky) နှင့် အခြားသော ပန်းချီသမိုင်းပညာရှင်များသည် ပထမအဆင့်တွင် ပန်းချီကား၌ ဖော်ပြလိုသော ပါဝင်ဖွဲ့စည်းမှု၊ ထို့နောက် ကြည့်ရှုခံစားသူ၏ နားလည်ခံယူမှုနှင့် ထိုသူတို့၏ ကျယ်ပြန့်သော ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှု အဓိပ္ပာယ်များကို သုံးသပ်စိစစ်ကြသည်။ ၁၉၈၀-ပြည့်နှစ်တွင် ပါရီမြို့သား ပန်းချီဆရာ မောရိုက်စ် ဒင်းနစ် (Maurice Denis) က ထင်ရှားလှသော အဆိုပြုချက်တစ်ခုကို တင်ပြလာသည်။ “စစ်မြင်း၊ ကိုယ်လုံးတီးမိန်းမ၊ ဇာတ်ကွက်သရုပ်ဖော်၊ ဘာပုံတွေပဲဖြစ်ဖြစ် ပန်းချီကားဆိုတာ အဓိက,ကတော့ မျက်နှာပြင်ပြားပြားပေါ်မှာ အရောင်တွေကို စနစ်တကျစုစည်းထားတာပဲဖြစ်တယ် ဆိုတာ မမေ့ပါနဲ့” ဟုဆိုသည်။ ဤသို့ဖြင့် ကျူဗစ်ဆင်စသည့် ပန်းချီနိဿယများ ဖွံ့ဖြိုးလာခဲ့ပြီး ရှေးယခင်က အဓိကဖြစ်ခဲ့သည့် ပြင်ပကမ္ဘာနှင့် သဘာဝကို လိုက်လံ ထင်ဟပ်နေရသည်ဆိုခြင်းထက် ပန်းချီသည် ပန်းချီပဲဆိုသည့် အယူအဆဘက်သို့ ရွေ့လျောလာသည်။ မကြာသေးမီက ပန်းချီနှင့် ပတ်သက်သော အတွေးအခေါ်များကို ရေးခဲ့သူမှာ ပန်းချီဆရာ၊ စာရေးဆရာ ဂျူလီယန် ဘဲလ် (Julian Bell) ဖြစ်သည်။ “ပန်းချီဆိုတာ ဘာလဲ” (What is Painting?) ဆိုသည့် သူ၏ စာအုပ်ထဲတွင် ဘဲလ်က သမိုင်းတလျောက် ဖြစ်ပေါ်တိုးတက်မှုတွင် ပန်းချီသည် ခံစားချက်နှင့် ဒဿနကိုဖော်ပြသည်ဟု ခံယူထားသည်။ “In Mirror of the World” တွင် ဘဲလ်က “A work of art seeks to hold your attention and keep it fixed: a history of art urges it onwards, bulldozing a highway through the homes of the imagination.” ဟု ရေးခဲ့သည်။ “ပန်းချီလက်ရာဟာ အာရုံကိုဖမ်းစားဖို့နဲ့ နစ်မျောနေစေဖို့ပါ။ ပန်းချီသမိုင်းက ဒီလိုဆက်သွားဖို့ ညွှန်းနေပါတယ်။ မှန်းဆမြင်ယောင်ခြင်းဆိုတဲ့ နေရာအိမ်တွေအထိ အဝေးပြေးလမ်းမကြီး ဖောက်သွားဖို့ပါပဲ”ဟု။ ပန်းချီကြားခံသုံးပစ္စည်းများ ခဲ အခရစ်လစ်(Acrylic) ခေါ် ဆီ၊ ရေ နှစ်မျိုးသုံးဆေး ဖယောင်း (Encaustic - wax) မှင် (Ink) ဆီဆေး (Oil) ရေနှင့် ရောသုံးနိုင်သော ဆီဆေး (Water miscible oil paints) ဖယောင်ခြောက် (Dry Pastel) ဖယောင်းစို (Oil Pastel) မှုတ်ဆေး (Spray) ရေဆေး (Water Color) မြန်မာပြည်တွင် ခေတ်စားသော ပန်းချီရေးနည်း နိဿယများ ဒြပ်မဲ့ပန်းချီ (Abstract) ဒြပ်မဲ့အိပ်က်စ်ပရက်ရှင် (Abstract Expression) ဒစ်ဂျစ်တယ်ပန်းချီ (Digital Art) ခေတ်ပြိုင်ပန်းချီ (Contemporary Art) (Graffiti Art) ကျူဘစ်ဆင် (Cubism) အိပ်က်စ်ပရက်ရှင်ဝါဒ (Expressionism) အင်ပရက်ရှင်ဝါဒ (Impressionism) မော်ဒန် (Modern Art) ပို့စ်မော်ဒန် (Post Modern) သရုပ်မှန် (Realism) ဆက်စပ်ဖတ်ရှုရန် မြန်မာပန်းချီ ရည်ညွှန်းကိုးကား ရိုးရာမှသည် ခေတ်သစ်ဆီသို့ - ဗဂျီအောင်စိုး ပန်းချီ အနုပညာ ပန်းဆယ်မျိုး
https://my.wikipedia.org/wiki/%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AE
အက္ခရာသင်္ချာ
အက္ခရာသင်္ချာ သည် သင်္ချာပညာရပ်၏ အဓိကဝင်ရိုး တစ်ခုဖြစ်သည်။ ဂဏန်းများ ပေါင်းခြင်း၊ နှုတ်ခြင်း စသည့်အခြေခံများအပြင် အပိုင်းကိန်းများ၊ ဒသမကိန်းများ၊ ပိုလီနိုမီရယ် ကိန်းတန်းများ အစရှိသည့် အခြေခံများကို စာရှုသူများအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် သင်ကြားလေ့လာပြီးဖြစ်သည်။ ယင်းတို့ကို အခြေခံအက္ခရာသင်္ချာ (Elementary Algebra) ဟုခေါ်သည်။ အက္ခရာသင်္ချာပညာရပ် သည် အခြေခံအက္ခရာသင်္ချာ ထက်ပိုမိုနက်နဲ သိမ်မွေ့ ကျယ်ပြန့်သည်။ ကိန်းရှင်များ၊ အစုများ၊ အက္ခရာများ ထည့်သွင်းကာ တွက်ချက်ရသည်။ အက္ခရာသင်္ချာ၏ အမျိုးအစားများ အခြေခံအက္ခရာသင်္ချာ ကိန်းစစ်များ (Real Numbers)၏ ကိန်းရှင်များ၊ ကိန်းသေများ ကို အက္ခရာများ ဖြင့်အစားထိုးကာ ညီမျှခြင်းများတွင် ထည့်သွင်းဖြေရှင်း ကြသည်။ များသောအားဖြင့် တန်းမြင့်များ နှင့် တက္ကသိုလ် အဆင့်တွင် သင်ကြားသည်မှာ အက္ခရာသင်္ချာ များဖြစ်သည်။ ခေတ်ပေါ်အက္ခရာသင်္ချာ (Abstract Algebra) သည် ခေတ်ပေါ်သင်္ချာပညာရပ်များဖြစ်သည့် Axioms, Groups, Rings များနှင့် Field များအသုံးပြကာ ဖြေရှင်းကြသည်။ လီနီယာ အက္ခရာသင်္ချာ (Linear Algebra) သည် ဗက်တာများ (Vectors)၊ မက်ထရစ်များ (Matrix) ဖြင့် တွက်ချက်ရသည့် သင်္ချာပညာ ဖြစ်သည်။ ကိန်းစဉ် အက္ခရာသင်္ချာ (Numeric Algebra) သည် ကိန်းများသီအိုရီ (Number Theory) အသုံးပြု ကာတွက်ချက်ရသည့် အက္ခရာသင်္ချာ ဖြစ်သည်။ အက္ခရာဂျီဩမေတြီသင်္ချာ (Algebraic Geometry) ဂျီဩမေတြီ နှင့် အက္ခရာသင်္ချာ ပေါင်းစပ်ကာ တွက်ချက်ရသည့် ပညာရပ်ဖြစ်သည်။ အက္ခရာသင်္ချာ၏ သမိုင်းအကျဉ်း အက္ခရာသင်္ချာကို ဘေဘီလုံလူမျိုးများက စတင်တီထွင် အသုံးပြုကြောင်း အထောက်အထားများ တွေ့ရှိရသည်။ ယင်းစနစ်ကိုပင် အသုံးပြုကာ ဖော်မြူလာများ၊ ညီမျှခြင်းများကိုအသုံးပြုကာ Linear Equation များ၊ Quadratic Equations များကိုဖြေရှင်းခဲ့ကြသည်။ ထိုနည်းတူစွာ အခြားခေတ်ပြိုင် အိန္ဒိယ၊ ဂရိ၊ တရုတ် နှင့် အီဂျစ်လူမျိုး သင်္ချာပညာရှင်များကလည်း ညီမျှခြင်းများကို ဂျီဩမေတြီ ပညာဖြင့် ဖြေရှင်းခဲ့ကြကြောင်းကို Rhind Mathematical Papyrus၊ Sulba Sutras၊ Euclid's Element၊ The Nine Chapters on the Mathematical Art တို့တွင်ရှာဖွေတွေ့ရှိနိုင်သည်။ ဂရိလူမျိုးများ၏ ဂျီဩမေတြီသင်္ချာသည် Element များကို typified လုပ်ကာ Specific Problem တစ်ခုကို General System တစ်ခုအနေအဖြစ်ဖြင့် ဖြေရှင်းနည်းဖြစ်သည်။ အိန္ဒိယလူမျိုး သင်္ချာပညာရှင် Brahmagupta မှပထမဆုံး General System ကိုအသုံးပြုကာ ညီမျှခြင်းများကို ဖြေရှင်းပြခြင်းဖြင့် အိန္ဒိယသင်္ချာ ပညာကိုတစ်ခေတ် ဆန်းစေခဲ့သည်။ Brahmagupta သည် linear indeterminate equations၊ quadratic equations၊ second order indeterminate equations များကို Multiple Variables များဖြင့်ဖြေရှင်းပြသခဲ့သည်။ Algebra ဟူသော စာလုံးသည် အရဘီဘာသာစာလုံး al-jabr မှဆင်းသက်လာပြီး ပြန်လည်ပေါင်းစည်းခြင်း (Reunion) ဟု ပါရှန်းလူမျိုး သင်္ချာပညာရှင် Muhammad ibn Mūsā al-khwārizmī မှ အေဒီ ၈၀၀ တွင် al-Kitāb al-muḫtaṣar fī ḥisāb al-ğabr wa-l-muqābala (Summary Concerning Calculating by Transposition and Reduction) စာတမ်းတွင် ဖွင့်ဆိုခဲ့သည်။ အက္ခရာသင်္ချာ ၏ ဖခင်အဖြစ် ထင်ရှားသူ Diophantus ၏ နေရာတွင် Muhammad ibn Mūsā al-khwārizmī က အစားထိုးဝင်ရောက်ဖွယ် ရှိကြောင်း လေ့လာတွေ့ရှိ ရသည်။ ပါရှန်းသင်္ချာပညာရှင် နောက်တစ်ဦးဖြစ်သူ Omar Khayyam သည် Algebraic Geometry ကိုအသုံးပြုကာ Cubic Equation များ၏ General Geometric Solution ကိုဖြေရှင်းပြသခဲ့သည်။ အိန္ဒိယလူမျိုးသင်္ချာပညာရှင် များဖြစ်ကြသော Mahavira နှင့် Bhaskara II တို့သည် cubic နှင့် higher order polynomial equations အများအပြားကို ဖြေရှင်းပြသခဲ့သည်။ ၁၆ရာစု အလယ်ပိုင်းတွင် သုံးထပ်ကိန်း နှင့် နှစ်ထပ်ကိန်းညီမျှခြင်း များ၏ general အက္ခရာသင်္ချာ၏အဖြေများ ထွန်းကားလာခဲ့သည်။ ၁၇ ရာစုတွင် ဂျပန် သင်္ချာပညာရှင် Kowa Seki နှင့် ဂျာမန်သင်္ချာပညာရှင် ဂေါ့ဖရိဒ် လိုက်ဘနစ် (Gottfried Leibniz) က Determinant ၏သဘောတရားကို တွေ့ရှိကာ Simultaneous Equations များကို မေထရစ်များဖြင့် ဖြေရှင်းပြသခဲ့သည်။ ဆွစ်ပညာရှင် Gabriel Cramer သည်လည်းပဲ Determinant များနှင့် မေထရစ် များကို ၁၈ ရာစုတွင် လေ့လာသုံးသပ် ခဲ့သည်။ အယ်(လ)ကွာရာဇမီ ယနေ့ခေတ် သင်္ချာသမားများသုံးစွဲနေသော အက္ခရာသင်္ချာ(Algebra) ကိုစတင်ခဲ့သူမှာ မူဆလင်ပညာရှင် အယ်(လ)ကွာရာဇမီ Al-Khuwarazmi(AD-847) ဖြစ်သည်။ သူရေးသားခဲ့သော ကျမ်းစာအုပ်ဖြစ်သည့် The Book of Summary concerning calculating by transposition and reduction ဆိုသောစာအုပ်မှ Algebra ဆိုသောဝေါဟာရ ကိုရရှိခဲ့သည်။ ယခုကွန်ပျူတာများတွင်သုံးသော အဆင့်ဆင့်တွက်နည်း algorithm ဟူသောနာမည်မှာ ထိုပုဂ္ဂိုလ်၏အမည်မှဆင်းသက်လာခြင်းဖြစ်သည်။ အယ်(လ)ကွာရာဇမီသည် သင်္ချာညီမျှခြင်းများကို ဖြေရှင်းရာတွင် နည်းနှစ်နည်း သုံး၍တွက်ချက်နိုင်သည်ဟုဆိုသည်။ ပထမနည်းမှာ ညီမျှခြင်းများ၏ ဘယ်နှင့်ညာရှိကိန်းများကို ပို့သောနည်းဖြစ်သည်။ ထိုအခါ အပေါင်းသည် အနှုတ်၊ အနှုတ်သည်အပေါင်း ဖြစ်သွားလေသည်။ ဥပမာ X=40-4x သည် 5x=40 ဖြစ်သွားသကဲ့သို့ ဖြစ်သည်။ ထိုနည်းကို အယ်(လ)ဂျာဘရာ (Al-jabr) ဟုခေါ်သည်။ ဒုတိယနည်းကို အယ်(လ)မူကာဘာလာ(Al-mauqabala) ဟုခေါ်ပြီး ထိုနည်းမှာ ဘယ်နှင့် ညာ ကို ညီနေအောင် ညှိသောနည်းဖြစ်သည်။ ထိုနည်းတွင် အနှုတ်လက္ခဏာ လုံးဝမရှိအောင် ဟိုဘက်ဒီဘက် ညှိလိုက်ခြင်းကို အဓိကထားသည်။ အယ်(လ)စာမော်ဝါ(လ) အယ်(လ)စာမော်ဝါ(လ) Al-Samaw'al (1175 A.D) သည် အက္ခရာသင်္ချာဆိုင်ရာ အဆိုများကို သင်္ကေတသုံး၍ ပထမဆုံးရေးခဲ့သူဖြစ်သည်။ အက္ခရာသင်္ချာ၏ ခေတ်အလိုက် ပြောင်းလဲတိုးတက်ခြင်းများ ၁၈၀၀ ဘီစီ - quadratic elliptic equation ၏ ဖြေရှင်းနည်း ကို ရှေးဘေဘီလုံ လူမျိုးများက ရှာဖွေခြင်း။ ၁၆၀၀ ဘီစီ - ပိုက်သာဂိုရ သီအိုရမ် ကို ဘေဘီလုံ များကအသုံးပြုခဲ့ ကြောင်း ကျောက်စာများတွင် တွေ့ရှိရ။ ၈၀၀ ဘီစီ - အိန္ဒိယလူမျိုးသင်္ချာပညာရှင် Baudhayana သည် မျဉ်းဖြောင့်ညီမျှခြင်း နှင့် နှစ်ထပ်ကိန်းညီမျှခြင်း များ၏ ပုံစံဖြစ်သော ax2 = c and ax2 + bx = c ကို Pythagorean triples သုံးကာ ဂျီဩမေတြီ ပုစာ များကိုရှာဖွေပြသခဲ့သည်။ ၆၀၀ ဘီစီ - အိန္ဒိယလူမျိုး သင်္ချာပညာရှင် Apastamba သည် မသိကိန်း ၅လုံးပါ general linear equation များကို Diophantus ၏ simultaneous Diophantine equations များအသုံးပြုကာ ဖြေရှင်းပြသခဲ့သည်။ ၃၀၀ ဘီစီ - အပေါင်းနှစ်ထပ်ကိန်းရင်းများကို Euclidean tools နှင့် geometric construction အသုံးပြုကာ ဖြေရှင်းနိုင်ကြောင်းကို ဂရိပညာရှင် Euclid သည် သူ၏ Book II of Euclid's Elements တွင်ဖော်ပြခဲ့သည်။ ၁၀၀ ဘီစီ - Rule of Double False Equations များကိုအသုံးပြုခြင်းဖြင့် Linear Equation များဖြေရှင်းနိုင် ကြောင်းကို တရုတ်သင်္ချာပညာရှင် Jiuzhang suanshu ၏ " The Nine Chapters on the Mathematical Art" တွင်စတင်တွေ့ရှိ ရသည်။ ၁၅၀ အေဒီ - ဂရိလူမျိုး အင်ဂျင်နီယာ Heron သည် Algebraic Equations များကို Three Volumes of Mathematics တွင်ထည့်သွင်းပြသခဲ့သည်။ ၂၀၀ အေဒီ - ဂရိလူမျိုးပညာရှင် Diophantus သည် အကရာသချာညီမျှခြင်းများ( Algebraic Equations) များ နှင့် ကိန်းဂဏန်းသီအိုရီ (Number Theory) ဖြေရှင်းပုံကို သူ၏ ဟအာရစ်သ်မတိက Arithmetica စာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။ ၄၉၉ အေဒီ - အိန္ဒိယလူမျိုးသင်္ချာပညာရှင် Aryabthata သည် indeterminate linear equation များနှင့် simultaneous indeterminate linear equations များကိုဖြေရှင်းနိုင်သော general integral solution ကိုဖော်ပြခဲ့သည်။ ၆၂၅ အေဒီ - တရုတ်လူမျိုးပညာရှင် Wang Xiaotong သည် cubic equations များ၏ numerical solution များကို ရှာဖွေတွေ့ရှိခဲ့သည်။ ၆၂၈ အေဒီ - အိန္ဒိယလူမျိုးသင်္ချာပညာရှင် Brahmagupta သည် quadratic equations များ၊ Pell's equation ကိုဖြေရှင်းနိုင်သော chakravala method ကိုတီထွင်ခဲ့သည်။ ၈၂၀ အေဒီ - ပါရှန်းသင်္ချာပညာရှင် Muhammad ibn Mūsā al-khwārizmī သည် အရဘီဘာသာစာလုံး al-jabr ဟူသောစာလုံးနှင့်အတူ မျဉ်ဖြောင့်ညီမျှခြင်းများ၊ နှစ်ထပ်ကိန်းညီမျှခြင်းများကို ဖြေရှင်းနိုင်သည့် စနစ်ကျသော ဖြေရှင်းနည်းများ ကို Al-Kitab al-Jabr wa-l-Muqabala စာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ကိုးကား သင်္ချာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%B9%E1%80%81%E1%80%9B%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%81%E1%80%BB%E1%80%AC
စစ်ကိုင်းမြို့
စစ်ကိုင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်နှင် စစ်ကိုင်းမြို့နယ် ၏မြို့တော်ဖြစ်ပြီး မန္တလေးမြို့၏ အနောက်တောင်ဘက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ ဇေယျာပူရ (သို့)ဇေယျာရွှေမြေအဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် သတ်မှတ်ထားသော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရအုပ်ချုပ်ရေးရုံးများ အားလုံးကိုမုံရွာမြို့သို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့သည်။ ​​အကြောင်းမှာ နဝတ အစိုးရလက်ထက် မြို့တော်နှင့် စစ်ဌာနချုပ် တွဲရက်မတည်ရှိသော စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာ စစ်ဌာနချုပ် ရှိရာသို့ အုပ်ချုပ်မှု လွယ်ကူစေရန် ပြောင်းခဲ့ရသည်။ သို့သော် ၂၀၀၈ အခြေခံဥပဒေ စတင်အာဏာသက်ရောက်သည့် ၂၀၁၀ခုနှစ်မှစ၍ သက်ဆိုင်ရာမြို့တော်သို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း စစ်ကိုင်းတိုင်းအား ချန်လပ်ထားခြင်း ခံရသည်။'သံတံတိုင်း စစ်ကိုင်းတည်'ဟူသော သင်္ကေတအတိုင်း မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်တွင် အသင်္ခယာ စောယွန်းသည် စစ်ကိုင်းမြို့ နေရာတွင် ဇေယျာပူရ(အောင်မြို့) အမည်ဖြင့် စတင် တည်ထောင်ခဲ့လေသည်။ အင်းဝခေတ်ကို တည်ထောင်ခဲ့သော သတိုးမင်းဖျားသည် စစ်ကိုင်းမြို့တွင် ဖွားမြင်ခဲ့သော အသင်္ခယာ စောယွန်း၏ မြေးတော်ဖြစ်သည်။ ကုန်းဘောင်မင်းဆက် ညီတော်များအလွန်ချစ်ခင်လေးစားရသော နောင်တော်ကြီးမင်းသည် စစ်ကိုင်းမြို့ကို မင်းနေပြည်တော်အဖြစ် အသုံးပြုခဲ့သည်။ စစ်ကိုင်းတောင်ရိုး တစ်ခုလုံးမှာ ရဟန်းများ၊ သူတော်စင်များ တရားကျင့်သုံးရာ ဂူ၊ ကျောင်း၊ ချောင်များ၊ သီလရှင်များ၏ ချောင်များနှင့် တောင်ထွတ် တောင်ထိပ်တိုင်းတွင် တည်ထားသောစေတီများဖြင့် အလွန်ပင် ကြည်နူးဖွယ် ကောင်းပေသည်။ စစ်ကိုင်းမြို့သမိုင်း စစ်ကိုင်းမြို့ကို စဦးတည်တောင်သူမှာပုဂံခေတ် အကုန်တွင် ဩဇာထူထောင်ကြသည့် ရှမ်းညီနောင်သုံးဦးအနက် အငယ်ဆုံးဖြစ်သည့် သီဟသူမှ ဆင်းသက် သူ အသင်္ခယာ စောယွန်း ဖြစ်သည်။မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး သာတိုးတိုင်း စစ်ကိုင်းတည်ဟု မှတ်သားခဲ့ကြ သည်။ စစ်ကိုင်းမြို့တည်သက္ကရာဇ်ကို သာတိုးတိုင်း စစ်ကိုင်းတည်၊ သံတံတိုင်း စစ်ကိုင်းတည်၊ သောင်တော်ထွန်း စောယွမ်း စစ်ကိုင်းတည် (၆၇၇) ဟူ၍ လင်္ကာဖြင့် အမှတ်အသားပြုကြသည်။ သာယာဝိုင်း စစ်ကိုင်းတည်(၆၈၄-ခုနှစ်)သည် စစ်ကိုင်းမြို့တည်နှစ် မဟုတ်။ စစ်ကိုင်းမြို့တည်နန်းတည်မင်း အသင်္ခယာစောယွမ်း ၏ နတ်ရွာစံသက္ကရာဇ်သာ ဖြစ်ကြောင်း၊ သက္ကရာဇ် ၆၇၇ ခုနှစ်သာလျှင် စစ်ကိုင်းမြို့တည်နန်းတည်နှစ် ဖြစ်ကြောင်း စြင်္ကံန်ကျောင်းကျောက်စာကို အကိုးအကားပြု၍ မှန်နန်းရာဇဝင်ဆရာတို့က တည့်မတ်ပေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်(ခရစ်နှစ် ၂၀၁၅)တွင် စစ်ကိုင်းမြို့တည်နန်းတည် နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို စစ်ကိုင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ မူလအမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့သည်။ ကုန်းဘောင်ခေတ်ဦးတွင် နောင်တော်ကြီးမင်းသည် ရွှေဘိုမြို့ နှင့် စစ်ကိုင်း နှစ်ဌာနလုံးတွင် နန်းစံခဲ့သည်။ ထို့ပြင် စဉ့်ကူးမင်းနန်းတက်လျှင် ဘထွေးတော် များကို နန်းလုမည်စိုးသဖြင့် အင်းဝမှ စစ်ကိုင်းအနီးအပါးရှိ ကျေးရွာများသို့ နှင်ခဲ့သည်။ စဉ့်ကူးမင်းလက်ထက်တွင် ဘထွေးတော် ဗဒုံမင်းသည် စစ်ကိုင်းမြို့၊ ထူပါရုံစေတီနှင့် တောင်တံခါးအကြား(ယခု အိမ်တော်ရာ- အောင်မြေလောကစေတီ- ကျောက်စေတီနေရာ)တွင် ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရသည်။ ဗဒုံမင်း အထွတ်အထိပ်သို့ ရောက်ရှိသည့်အခါ စစ်ကိုင်းအိမ်တော်ရာနေရာတွင် ကျောက်အုတ်တို့ဖြင့် အောင်မြေလောကစည်းခုံတော်ကို တည်ထားခဲ့သည်။ စစ်ကိုင်းဟု ခေါ်တွင်လာပုံမှာ စူဠာသမ္ဘဝနှင့် မဟာသမ္ဘာဝ ဟူသော မျက်မမြင် အမြွှာမင်းသားနှစ်ပါး မသိုးထမင်း မသိုးဟင်းနှင့် ဖောင်မျောလာရာ စစ်ကိုင်း အရပ် အရောက်တွင် မြစ်အတွင်းကိုင်းပေါက်နေသော စစ်ပင်ကြီးကိုင်းနှင့် ငြိကာ ဖောင်ရပ်တန့်မှုကြောင့် စစ်ပင်ကိုင်း(သို့မဟုတ်) စစ်ကိုင်းဟု ခေါ်တွင်ခဲ့ကြောင်းနှင့် တစ်ဖက်တွင်လည်း ဧရာဝတီမြစ် စီးဆင်းလာရာတွင် စစ်ကိုင်းမြို့အရောက်တွင် လေးကိုင်းသဖွယ်အရှေ့နောက် စကိုင်းကာ စီးဆင်းသွားခြင်းကို အကြောင်းပြုကာ စကိုင်းမှသည် စစ်ကိုင်းဟု ခေါ်ဝေါ်ကြောင်း သုတေသနပညာရှင်များ၏ မှတ်တမ်းများတွင် လေ့လာတွေ့ရှိရသည်။ စစ်ကိုင်းဆိုသည်မှာ စေကျိုင်း(မန်ကျည်းပင်ပေါသည့်အရပ်)(ရှမ်းစကား)၊ စကိုင်း(မြင်းခြေနင်းကွင်းလုပ်သည့်အရပ်)(ရှမ်းစကား)မှ ရွှေ့လျားလာသည် ဟုလည်း ဆိုသည်။{3} မြို့တည်နန်းတည် ကိုးဌာန စစ်ကိုင်းမြို့တည်နန်းတည် ကိုးဌာနမှာ ရွှေနန်းတော်၊ ရွှေမြို့တော်၊ အရှေ့တံခါး၊ အနောက်တံခါး၊ တောင်တံခါး၊ မြောက်တံခါး၊ စေတီလှ၊ သောတာပန် နတ်ကွန်း၊ ဆင်ဖြူကန်တို့ပင် ဖြစ်သည်။ စစ်ကိုင်းအတ္ထုပ္ပတ္တိများအဆိုအရ ကိုးကိုးလီဖြစ်ကြောင်း စစ်ကိုင်းသမိုင်းဒုတိယပလ္လင်ခံတွင်မှတ်တမ်းတင်ထားသည်။ ၁။ မုဌော-၉ဆူ ၂။ ကူ(ဂူ)-၉လုံး ၃။ ကျင်း-၉ကျင်း ၄။ မှော်-၉မှော် ၅။ ချောင်း-၉ချောင်း ၆။ မြို့စောင့်နတ်ကြီး-၉ပါး ၇။ တောင်-၉တောင် ၈။ ရတနာ-၉ပါး ၉။ ကုန်း-၉ကုန်း စစ်ကိုင်းမြို့ ကို ၉-ကိုးနဝင်းဖြင့် ကိုးကိုးလီဟုအဆိုဖြင့် တည်ခဲ့ကြောင်းတွေ့ရှိရသည်။ ၁။ မုဋ္ဌော ၉-ဆူ က ။(အတွင်းမုဋ္ဌော) ဇချမ်းမုဋ္ဌော ရွှေတောင်ဦးမုဋ္ဌော ခါဝဲတောင်မုဋ္ဌော တောင်ငယ်မုဋ္ဌော နံကိုင်းမုဋ္ဌော လမ်းဦးမုဋ္ဌော ကံအောက်မုဋ္ဌော ဇီးတောမုဋ္ဌော စေသာစေတီမုဋ္ဌော ခ။ (အပြင်မုဋ္ဌော) အပြင်ဇချမ်းမုဋ္ဌော ရန်အောင်မြင်မုဋ္ဌော သမန်းကြည်မုဋ္ဌော သမန်မုဋ္ဌော ငှက်မနားမုဋ္ဌော ရှားတောင်မုဋ္ဌော ချောက်ဘုရားမုဋ္ဌော ပဲပုံမုဋ္ဌော ပတ္တမြားမုဋ္ဌော ၂။ ကူ (ဂူ) ၉ လုံး ကူနီ ၅ လုံး ဆည်လည်းဘုရား ၁ လုံး လက်ဝဲကူ ၁ လုံး ရွှေကူကြီး ၁ လုံး ပုပ္ဖာရုံ ၁ လုံး ၃။ ကျင်း ၉- ကျင်း အတွင်း ကျင်းများ ရွှေလောင်းသာကျင်း ကြက်ဝက်ချေအင်ကျင်း စေဿစေတီဘုရားအရှေ့ ကျင်း စေဿစေတီဘုရားအနောက် ကျင်း ခါဝဲတောင်မြောက်ကျင်း တောင်ငယ်မြောက်ကျင်း ရေဝန်းကျင်း ကူနီဘုရားအနောက်ကျင်း လေးမျက်နှာဘုရားအရှေ့ ကျင်း အပြင် ကျင်းများ ကံငယ်ကျင်း ဆတ်ဒါန်ကျင်း လက်ပန်ကျင်း သမန်ကြည်ကျင်း ဆပ်ပြာကျင်း လက်ကသည်းကျင်း ဥယျာဉ်ကျင်း မုတ္တမဥယျာဉ်ကျင်း သစ်တုံအင်ကျင်း ၄။ မော် ၉-မော် (မှော်) ရင်းရဲမော် (ခ)ဝရုံလဲမော် အရှေ့စောယဉ်မော် (ခ) စကုမော် ပြဿဒ်ကျမော် (ခ) ပြဿဒ်လှမော် ရွှေတောင်ဦးမော် နံကိုင်းမော် (ခ) ကင်းမော် မဟာမော် (ခ)မဟမော် ဖဝါးဦးမော် (ခ) သပိတ်လည်းမော် တံခွန်တိုင်မော် (ခ) ဆုတောင်းပြည့် ငစဉ်စပ်မော် (ခ) ကျောင်းမော် ၅။ ချောင်း ၉- ချောင်း ဇချမ်းပင်ချောင်း (မဟာစေတီမြောက်ဘက်) ရေဝန်းချောင်း (ရွှေတောင်ဦးမြောက်ဘက်) သောတာပန်ချောင်း (နံကိုင်းမြောက်ဘက်) ဥပါလိချောင်း (မဟာမော်မြောက်) သရက်ချောင်း (တံခွန်တိုင်မော်တောင်ဘက်) မကျဉ်းချောင်း (ငစဉ်စပ်မော်တောင်ဘက်) ကင်းပွန်ချောင်း (ရှင်ဖြူရှင်လှတောင်ဘက်) ပုပ္ပါချောင်း (ရှင်ဖြူရှင်လှအနောက်ဘက်) မချောင်း (သရက်ကန်အနောက်ဘက်) ၆။ မြို့ စောင့်နတ်ကြီး ၉- ပါး ဥဿရော တာနော ကုမ္ဘာန် ယက္ခိုက် (ယက္ခ) တပင်တိုင် ဘုမ္မတီ ဝတ်ရုံနတ် အောင်စွာနတ် ငါးစီးရှင် ၇။ တာင် ၉- တောင် ရွှေတောင်ဦးတောင် ခါဝဲတောင် နံကိုင်းတောင် ဘီလူးတာင် ပဲပုံတောင် ငဖားတောင် ဗောဓိမဏ္ဍိုင်တောင် လေးကျွန်းဆီမီးတောင် ပတ္တမြားစေတီတောင် ၈။ ရတနာ ၉-ပါး ရတနာမဉ္ဇူ ရတနာဂီရီ ရတနာပင်စည် ရတနာပုံ ရတနာစံကျော် ရတနာစံဦး ရတနာမုနိ ရတနာထွဋ်ခေါင် ရတနာမြစည်ကုန် ၉။ ကုန်း ၉-ကုန်း အပြင်ကုန်းများ ရန်အောင်မြင် ဘုရားကုန်း သပန် ဘုရားကုန်း မိကျောင်းတက်ကုန်း သမန်ကြည်ကုန်း ပိတောက်ကုန်း မဲရိုင်းတောကုန်း မီးသွေးကုန်း ပေကုန်း ငမိုးကုန်း အတွင်း ကုန်းများ မုန့်သည်းမကုန်း လုလင်ကုန်း ကျောက်စရစ်ကုန်း ဓားသွေးကုန်း မြေနီကုန်း မြင်းသေကုန်း နွားတည်ကုန်း ကျက်တည်ကုန်း မရိုးကုန်း မြေမျက်နှာသွင်ပြင် စစ်ကိုင်းတွင် နုန်းတင်မြေနုလွင်ပြင်များမှ စ၍ ကျောက်တောင်များအထိ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိသည်။ စစ်ကိုင်းတောင်ရိုးမှာ ပေ ၇၀၀ ကျော်မှ ၁၃၇၄ ပေအထိ အမြင့်ရှိသည်။ စစ်ကိုင်းတောင်ရိုးသည် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးတို့ တစ်စုတစ်ဝေးတည်ရှိနေသောကြောင့် စစ်ကိုင်းမြို့၏ သဘာဝ ကျက်သရေဆောင် အဖြစ် တည်ရှိနေပေသည်။ စစ်ကိုင်းတောင်ရိုးတွင် စေတီ အများအပြား ရှိသည့် အနက် ပတ္တမြားတောင်စွယ်၌ တည်ထားသော ပတ္တမြားစေတီ၊ ပုညအမတ်ကြီး တည်ခဲ့ပြီး ဝါစဉ် ဆွမ်းကပ်မှုတွင် ဦးစွာ ကပ်လှူရသဖြင့် ဆွမ်းဦး ပုညရှင်ဟု အမည်တွင်သော စေတီ၊ ဥမင် သုံးဆယ်၊ ရှင်ပင်နံကိုင်းစေတီတို့မှာ လွန်စွာ ထင်ရှားလှ၍ နှစ်စဉ် ပွဲတော်များ ကျင်းပလေ့ရှိကြသည်။ စစ်ကိုင်းတောင်ရိုးပေါ်တွင် ဧရာဝတီမြစ်ဆီသို့ ရှုမျှော်လျင် စစ်ကိုင်းမြို့၏ အကွက်အကွင်းအပြင် သောင်ကမ်းနှင့် တောရိပ်၊ မြစ်ဆိပ်နှင့် ရေပြင်ကျယ်တို့က အတင့်အတယ် ရှိနေသဖြင့် မြို့မငြိမ်း၏ သီချင်းစာသား ထဲမှ မြစ်မင်းဧရာ ခွေကာဝိုင်းလို့၊ စစ်ကိုင်းအောက်ချာမြေ၊ ရေလှိုင်းကလေးတွေ နေရောင်မြှူးတော့ ငွေရောင်ဖြူးကာနေ ဟူသော အပိုဒ်ကို သတိရ၍ ဆိုညည်းမိကြသည်။ စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်း၌ ပါရှိသော်လည်း ဤဒေသတစ်ဝိုက်ရှိ ဧရာဝတီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်တို့ကို ဖြတ်ကျော်တိုက်ခတ်လာသော လေအေးကြောင့် ရာသီဥတု မျှတ၍ နေချင့်စဖွယ်ရှိ၏။ တောရိပ် တောင်ရိပ်၊ ကသစ်ရိပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အေးချမ်းမှုအပြင် ဓမ္မရိပ်ကြောင့်လည်း နာမ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို ပါ ရရှိနိုင်ပေသည်။ စီပွားရေး ရိုးရာလုပ်ငန်းများဖြစ်သည့် အိုးလုပ်ငန်း မြန်မာ့ရိုးရာငွေထည်ကြေးထည်လုပ်ငန်းများ သာသနာရေးနှင့် ပတ်သက်သည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးသည်။ စစ်ကိုင်းစက်မှုဇုန် သည် တိုင်း​ဒေသကြီးတွင် အကြီးဆုံးဖြစ်သည်။ ဒေသထွက်ကုန်သီးနှံများဖြင့် အတန်အတင့်ကောင်းမွန်သည့် စီးပွားရေးဖြစ်ထွန်းသည်။​ ကျောက်စိမ်းပုတီး လုပ်ငန်းလည်း လုပ်ကိုင်ကြသည်။ ဆက်သွယ်ရေး မန္တလေးမြို့သို့ သွားသည့် မြစ်ကြီးနား-စစ်ကိုင်း မီးရထားလမ်းသည်လည်းကောင်း၊ မုံရွာ-စစ်ကိုင်းကားလမ်း၊ မြင်းခြံ-မန္တလေးကားလမ်း အစရှိသည့် မီးရထားလမ်းနှင့် ကားလမ်းများ ဖြတ်သန်းသွားလာရာ မြို့လည်းဖြစ်သည်။ ရန်ကုန်-မန္တလေး အမှတ်(၁) လမ်းမကြီး၏ လမ်းခွဲများရှိရာဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ကို အမှီပြုကာ ရေကြောင်းသွားလာရေးလည်း လွယ်ကူသည်။ ဂျီအက်စ်အမ်(GSM)ဖုန်း နှင့် အော်တိုဖုန်းများကို ဆက်သွယ် အသုံးပြုနိုင်သည်။ ထို့ပြင် အေဒီအက်စ်အယ်လ်(ADSL) ဖြင့် အင်တာနက်လိုင်းများ အသုံးပြုနိုင်ပြီဖြစ်သည်။ ရှေးအခါက စစ်ကိုင်းမြို့အောက်ပိုင်းသည် ရေလွှမ်းမိုးခြင်း ခံခဲ့ရသော်လည်း ၁၈၈၉ ခုနှစ်တွင် ရေကာတာကြီးဆောက်လုပ်လိုက်သဖြင့် ယခုရေလွှမ်းမိုးခြင်းဘေးမှ သက်သာရာရရှိနေပေသည်။ မြို့၏စည်ပင်ရေးကို မျူနီစီပယ်အဖွဲ့က ဆောင်ရွက်သည်။ ၁၈၉၁ ခုနှစ်တွင် စစ်ကိုင်းမှ ရွှေဘိုမီးရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်ကိုင်းမှ ကသာနှင့် မြစ်ကြီးနားသို့၎င်း၊ အနောက်ဘက်မုံရွာနှင့် ရေဦးမြို့သို့၎င်း၊ မီးရထားလမ်း များပေါက်နေလေပြီ။ စစ်ကိုင်းမှ ရွှေဘိုသိုလည်း မော်တော်ကားလမ်းရှိလေသည်။ ရှေးအခါက ရန်ကုန် မြစ်ကြီးနားမီးရထားလမ်းမှာ အမရပူရနှင့် စစ်ကိုင်းတွင် သင်္ဘောဖြင့် ကူးပြောင်း၍ စီးကြရသော်လည်း၊ ၁၉၃၄ ခုနှစ်တွင် ဧရာဝတီမြစ်ကို ဖြတ်၍ အင်းဝတံတားကြီးကို ဆောက်လုပ်ပြီးစီးခဲ့သဖြင့် တောက်လျှောက် ဖြတ်ကူးနိုင်ခဲ့လေသည်။ သို့ရာတွင် အင်းဝတံတားကြီးမှာ ဒုတိယကမ္ဘာစစ်အတွင်း ဖျက်ဆီးခြင်းခံခဲ့ရသောကြောင့် မီးရထားဌာနက ၁၉၅၃ ခုနှစ်တွင် ပြန်၍ပြင်ဆင်ခဲ့ရာ ၁၉၅၄ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။ စစ်ကိုင်းပိုးထည်နှင့် စစ်ကိုင်းရေအိုးများမှာ အထူးကျော်ကြားသည်။ စစ်ကိုင်းမြို့နယ်အတွင်း ဆားတောင်မြို့နှင့်အနီးအနားရွာများတွင် ဆားချက်လုပ်သည်။ စစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်မှ ငွေထည်များမှာလည်း ထင်ရှားပေသည်။ စစ်ကိုင်းမြို့တွင် မြန်မာလူမျိုးများအပြင် မွတ်စလင်များ၊ ကသည်းလူမျိုးများ၊ ရှမ်းတရုတ်၊ ဟိန္ဒူ မဒရာစီ၊ အူရီယာ စသောလူမျိုးပေါင်းစုံနေထိုင်ကြသည်။ ၁၉၅၃ခုနှစ် သန်းကောင်စာရင်းအရ မြို့၏လူဦး ရေမှာ ၁၅၄၃၉ယောက် ရှိလေသည်။ ၂၀၁၄-ခုနှစ် စာရင်းဇယားများအရ စစ်ကိုင်းမြို့ပေါ်(၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၁)အုပ်စု၊ ကျေးရွာပေါင်း(၂၀၆)ရွာ၊ အိမ်ခြေပေါင်း(၅၁၆၈၃)၊ အိမ်ထောင်စုပေါင်း(၅၆၄၅၆)၊ လူဦးရေပေါင်း(၂၇၉၁၄၆)ဦး(ကျား-၁၃၁၀၅၈+ မ-၁၄၈၀၈၈) ရှိသည်။ မြို့ပေါ်(၂၃)ရပ်ကွက်တွင် အိမ်ခြေ(၁၁၈၅၀)၊ အိမ်ထောင်စုပေါင်း(၁၃၃၆၅)၊ ရှိသည်။{3} မိုးအခါတွင် ဧရာဝတီမြစ်သည် စစ်ကိုင်းခရိုင်၏ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးလေ့ရှိသည်။ ဧရာဝတီမြစ်ကမ်းနှင့် မြစ်အတွင်းရှိ ကျွန်းကြီးကျွန်းငယ်များမှာ နှစ်စဉ်ရေလွှမ်းမိုးရာတွင် တင်ကျန်ရစ်သော နုံးတင်မြေနုများကြောင့် မြေဩဇာကောင်းပေသည်။ တောင်ကုန်းဒေသများမှာမူ ခြောက်သွေ့၍ သစ်ပင်ဝါးပင် ကင်းမဲ့လျက်ရှိ၏။ ပညာရေး စစ်ကိုင်းမြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များမှာ ကျန်းမာရေး စစ်ကိုင်းမြို့ခုတင်(၂၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံ အာယုဒါန ဆေးရုံတော် အားကစား စစ်ကိုင်းမြို့အနှစ်(၇၀၀)ပြည်အားကစားကွင်း ယဉ်ကျေးမှု ထူးခြားသည့်ရိုးရာပွဲတော်အနေဖြင့် နှစ်စဉ်တပိုတွဲလပြည့်နေ့ညတွင် ကြေးဘုရားကြီးပွဲတော်၌ ဘဲဥထုပွဲကျင်းပလေ့ ရှိသည်။ အထင်ကရနေရာများ စေတီပုထိုးများ စစ်ကိုင်းမြို့တွင် တန်ခိုးကြီးဘုရားများ ပေါများလှရာ သာလွန်မင်းတရားကြီးတည်ခဲ့သော ကောင်းမှုတော်ဘုရား၊ ဘိုးတော်မင်းတရား တည်ခဲ့သော မင်းကွန်းဘုရား၊ ငါးထပ်ကြီးဘုရား၊ စစ်ကိုင်းတောင်ရိုးရှိ ပုညရှင်၊ ဥမင်သုံးဆယ်၊ ပတ္တမြားစေတီ၊ ရှင်ပင်နံကိုင်းစေတီတို့မှာ အထူးပင်ထင်ရှားကြ၍ ပွဲတော်များ နှစ်စဉ်ကျင်းပကြသည်။ စစ်ကိုင်းမြို့တွင် နံရံဆေးရေးပန်းချီတည်ရှိသည့်စေတီဘုရားများမှာ တိလောကဂုရုလိုဏ်ဂူ လောကမှန်ကင်းလိုဏ်ဂူ အနန္တသူရိယမီးပေါက်ကြီးဘုရား ရွှေမင်းဝံပေါ်တော်မူဘုရား ယိုးဒယားမဟာသိမ်တော်ကြီး ရွာထောင်ရွာလယ်ဘုရား ခြင်္သေ့သုံးဆယ်ဘုရားအနီး ကျိုက်လပ်ချောင်ဘုရား အထက်ကျစွာချောင်ဘုရား ပျူကန်ကျောင်းအနီးစေတီ ကျောက်ဆစ်ဓာတ်ပေါင်းစုဘုရားအနီးစေတီငယ် ရွှေတောင်ဦးမော်ကုန်းခြေစေတီ ရွာသစ်ကြီးလောင်းဦးမော်ဘုရား ရွှေဆံတော်ဘုရားအတွင်းရှိအုတ်ကျောင်း ဓာတ်ပုံများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ညောင်လေးပင်မြို့
ညောင်လေးပင်မြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးရှိ မြို့တစ်မြို့ဖြစ်သည်။ ညောင်လေးပင်ခရိုင် ၏ ရုံးစိုက်ရာမြို့ဖြစ်၏ မော်တော်ကားလမ်းအားဖြင့် ပဲခူးမြို့ မှ ၄၈ မိုင်၊ ရန်ကုန်မြို့ ၈၃ မိုင်၊ နေပြည်တော်မြို့မှ ၁၄၀ မိုင်၊ မန္တလေးမြို့မှ ၃၃၂ မိုင်၊ တောင်ငူမြို့ မှ ၇၄ မိုင်ခန့် ကွာဝေးသည်။ အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး ( ရန်ကုန်-တောင်ငူ-မန္တလေး အဝေးပြေးလမ်း) မှာလည်း ညောင်လေးပင်မြို့လယ်ကို အလယ်ဗဟိုကျကျ ဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း သည် မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်မျှမှ ဖြတ်သန်းဖောက်လုပ်သွားသည်။ သို့သော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် အဝေးပြေးလမ်းမကြီးတို့ကို ညောင်လေးပင်- ကျွန်းကုန်း- ဖဒို- မြို့ချောင်းလမ်း ဖြင့် ၂၄ မိုင် ဆက်သွယ်လမ်းဖြင့် ဆက်သွယ်ထားသည်။ ညောင်လေးပင်မြို့၏ မြောက်ဘက် ၂၈ ကီလိုမီတာခန့်တွင် ကျောက်တံခါးမြို့၊ တောင်ဘက် ၁၇ ကီလိုမီ တာခန့်တွင် ဒိုက်ဦးမြို့၊ အရှေ့ဘက် ၁၉ ကီလိုမီတာခန့်တွင် မဒေါက်မြို့ တို့တည်ရှိသည်။ ပဲခူးမြောက်ပိုင်း စပါးရောင်းဝယ်တင်ပို့ရာ ဗဟိုဌာနတစ်ခုဖြစ်၍ အတော်ပင်စည်ကားသည်။ မြို့၏လူဦးရေမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၂၁၉၂၉၃ ယောက်ခန့်ဖြစ်လေသည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် ညောင်လေးပင်မြို့တွင် မြူနီစီပယ်အဖွဲ့ရှိ၍ မြို့တွင်းကိစ္စရပ်များတို့ကိုဆောင်ရွက်ရသည်။ ညောင်လေးပင်နယ်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်အနောက်မြို့နယ်(ကျောက်တံခါးမြို့နယ်)နှင့် ဒိုက်ဦးမြို့နယ်များ ပါဝင်လေသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်မှစ၍ ညောင်လေးပင်မြို့နယ်သည် ပဲခူးခရိုင် အပိုင်မြို့နယ်တစ်ခုဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ညောင်လေးပင် အား ညောင်လေးပင်ခရိုင် အဖြစ် ပဲခူးခရိုင် မှ ခွဲထုတ်ပြီး မြို့နယ် (၅) ခု ပေါင်းစပ်၍ ခရိုင်ရုံးဆိုက်ရာမြို့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ညောင်လေးပင်အရှေ့မြို့နယ်တစ်ဝှမ်းလုံးမှာ အများအားဖြင့် ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးသော လယ်ယာများသာဖြစ်သည်။ ညောင်လေးပင်အနောက်မြို့နယ်မှာမူ၊ ကုန်းမြင့်ဒေသများ၊ တောင်တန်းများဖြစ်၍ လယ်ယာလုပ်ကိုင်ကြသော်လည်း၊ အနည်းငယ်မျှသာဖြစ်သည်။ ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၂ မိုင်ခန့်ဝေးသော မဒေါက်သို့ မီးရထားလမ်းခွဲတစ်ခုရှိ၍၊ မဒေါက်မှ စစ်တောင်းမြစ်ကို ဖြတ်ကူးလိုက်လျှင် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်၊ ရွှေကျင်မြို့သို့ရောက်ရှိနိုင်လေသည်။ ညောင်လေးပင်မြို့မှာ နယ်ပိုင်ဝန်ထောက်ရုံးစိုက်သော မြို့ဖြစ်သည့်အားလျော်စွာ အစိုရရုံးများ၊ ကျောင်း၊ ဆေးရုံ၊ ဈေးစသော အဆောက်အအုံများဖြင့် စည်စည်ကားကားရှိသည်။ မြို့နယ်မှာ စပါးအထွက်များသော နယ်ဖြစ်သည့်အပြင်၊ မီးရထားလမ်း၊ ကားလမ်းများရှိသောကြောင့် အရောင်းအဝယ်တွင်ကျယ်သည်။ ညောင်လေးပင်ခရိုင်၏ အကြီးဆုံးမြို့နှင့် ပဲခူးတိုင်းဒေသကြီး၏ ပဉ္စမမြောက်အကြီးဆုံးမြို့ ဖြစ်သည်။ ညောင်လေးပင်မြို့သည် လုဒ်(စ်)မယ်တော်သခင်မကျောင်း ကြောင့်ထင်ရှားကျော်ကြားရသည်။ အထင်ကရ နေရာများ လုဒ်(စ်)မယ်တော်သခင်မကျောင်း ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ပဲခူးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9C%E1%80%B1%E1%80%B8%E1%80%95%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
စစ်တွေမြို့
စစ်တွေမြို့ (အင်္ဂလိပ်: Sittwe )၊ (ရခိုင်: စိုက်တွေ)၊ (Akyab၊ အာကျပ်) သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ်၏ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ စစ်တွေမြို့သည့် မြန်မာနိုင်ငံရှိ လူဦးရေးအများဆုံမြို့အဖြစ် အဆင့် ၁၀ တွင်ရှိသည်။ သမိုင်းအကျဉ်း ရခိုင်ဘုရင်များလက်ထက်က စစ်တွေကျွန်းမှာ ဘုရင့်ရေတပ်မတော်မှ စစ်သည်များ၊ စစ်ကဲများ စခန်းချသည့်နေရာဖြစ်ခဲ့သည်။ ဗြိတိသျှတို့သည် (၁၈၂၆) ခုနှစ်တွင် ရခိုင်ဒေသကို သိမ်းပိုက် ပြီးနောက် မြောက်ဦးမြို့တွင် အုပ်ချုပ်ရေးအခြေပြုခဲ့ရာ ရာသီဥတုမညီမျှ၍ ရေမြေကောင်းမွန်ပြီး စစ်ရေးစစ်ရာအချက်အချာကျသော ကုလားတန်မြစ်ဝနေရာသို့ ပြောင်းရွေ့အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။ ယခင်ဘုရင်များလက်ထက်က စစ်တပ်များချခဲ့ရာအရပ်ဖြစ်၍ မူလစစ်တဲဆိုသောဝေါဟာရမှ စစ်တေး၊ ထိုမှ စစ်တွေဟုပြောင်းလဲလာခြင်းဖြစ်ကြောင်းဆိုကြသည်။ တဖန် စစ်တွေမြို့၏ အနောက်ဘက် (၂)မိုင်ခန့်အကွာတွင် အံတော်ဓာတ်ကိန်းဝပ်သည့် စေတီတော်ရှိသည်။ အံတော်ဓာတ်စေတီကို အစွဲပြု၍ အံကျိန်းမှ အာကျိတ်၊ အာကျိတ်မှ အာကျပ်ဟု ပြောင်းလဲလာသည်ဟုဆိုကြသည်။ အင်္ဂလိပ်တို့က စစ်တွေမြို့ကို (Akyab) အာကျပ်ဟုခေါ်ခဲ့ကြသည်။ ရခိုင်တို့ကမူ စစ်တွေမြို့ဟုသာခေါ်ကြသည်။ ပထဝီဝင်အနေအထားနှင့် ရာသီဥတု စစ်တွေမြို့သည် မြောက်လတ္တီတွဒ် ၂၀° ၈' အရှေ့လောင်ဂျီတွဒ် မှ ၉၂° ၅၄' အကြားတည်ရှိသည်။ မြို့အကျယ်အဝန်းမှာ ၂၃၁.၆ စတုရန်းကီလိုမီတာ (၈၉.၄၂ စတုရန်းမိုင်) ဧကရှိသည်။ ရပ်ကွက် (၃၂)ခု ရှိသည်။ စစ်တွေမြို့၏ အရှေ့ဘက်တွင် ပေါက်တောမြို့နယ်နှင့် ကုလားတန်မြစ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ရသေ့တောင်မြို့နယ်၊ မြောက်ဘက်တွင် ကြွီတဲမြစ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိကြသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၅)ပေမြင့်သည်။ တောင်ကုန်းများမရှိဘဲ မြစ်ချောင်း၊ အင်းအိုင်ပေါများကာ မြေမျက်နှာသွင်ပြင်ညီညာသည်။ ပင်လယ်ကမ်းခြေဒေသဖြစ်သည်။ စစ်တွေမြို့သည့်ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အပူဆုံးလမှာ မေလနှင့် ဧပြီလဖြစ်ပြီး အအေးဆုံးလမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလဖြစ်သည်။ ပျမ်းမျှမိုးရေချိန် (၁၉၄.၉၂) လက်မရွာသွန်းသည်။ လမ်းပန်းဆက်သွယ်ရေး စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ ကုန်းလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းများဖြင့် ဒေသအသီးသီးသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည်။ စစ်တွေလေဆိပ်သည် ရခိုင်ပြည်နယ်၏အဓိကလေဆိပ်ဖြစ်ပြီး ရန်ကုန်မြို့၊ အမ်းမြို့၊ ကျောက်ဖြူမြို့၊ သံတွဲမြို့၊ မ‌ကွေးမြို့၊မာန်အောင်မြို့တို့နှင့် လေကြောင်းခရီးဖြင့် ချိတ်ဆက်သွား လာနိုင်သည်။ ထို့ပြင်စစ်တွေလေဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ အဓိကဝင်ရောက်ရာလေဆိပ်လည်းဖြစ်သည်။ စစ်တွေ−ရန်ကုန်ကားလမ်းသည် (၅၃၄.၃)မိုင် ရှည်လျားပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းမြို့များကို ဖြတ်သွားသည်။ ကတ္တရာလမ်းဖြစ်ပြီး ရာသီမရွေးသွားလာ နိုင်သည်။ အမ်း−မင်းဘူးမှတဆင့် ရိုးမအရှေ့ဘက်ခြမ်း မြန်မာနိုင်ငံ ဒေသအသီးသီးသို့ သွားလာနိုင်သည်။ ထို့ပြင် အမ်းမှတဆင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ သံတွဲ၊ ကျိန္တလီ၊ ဂွ နှင့် တောင်ကုတ်မြို့များ သို့သွားရောက်နိုင်သည်။ ရေကြောင်းခရီးဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး အပါအဝင်မြို့နယ်အားလုံးသို့သွား ရောက်နိုင်သည်။ ကုလားတန်မြစ်ဝတွင်တည်ရှိ၍ စစ်တွေမြို့တွင် စစ်တွေဆိပ်ကမ်း၊ ရွှေမင်းဂံဆိပ်ကမ်း၊ ဆတ်ရိုးကျဆိပ်ကမ်းများတည်ရှိသည်။ စစ်တွေဆိပ်ကမ်းမှာ နိုင်ငံတကာပင်လယ်ဆိပ်ကမ်းဖြစ်ပြီး နိုင်ငံတကာကုန်တင်သင်္ဘောများ၊ ကမ်းရိုးတန်းသွား ခရီးသည်နှင့်ကုန်တင်သင်္ဘောများ ဆိုက်ကပ်ကြသည်။ ရွှေမင်းဂံဆိပ်ကမ်းမှာ နယ်စပ်ဒေသပို့ကုန်နှင့် သွင်းကုန်များတင်ပို့ရာဆိပ်ကမ်းဖြစ်သည်။ ဆတ်ရိုးကျချောင်း အတွင်းရှိ ဆိပ်ကမ်းများတွင် မြို့နယ်ဒေသအသီးသီးမှ ခရီးသည်နှင့်ကုန်တင် သင်္ဘေများလာရောက်ဆိုက်ကပ်ကြသည်။ ဆတ်ရိုးကျချောင်းအတွင်းတွင် စစ်တွေသင်္ဘောကျင်းတည်ရှိသည်။ လူနေထိုင်မှု စစ်တွေမြို့သည် မြန်မာနိုင်ငံရှိ လူဦးရေးအများဆုံးမြို့ အဖြစ် အဆင့် ၁၀ တွင်ရှိသည်။ စစ်တွေမြို့ရှိ လူဦးရေးမှ ၁၄၇,၈၉၉ ဖြစ်သည်။ အများစုမှ ရခိုင်လူမျိုး ဖြစ်ပြီး ဒုတိယ အများဆုံးမှ ရိုဟင်ဂျာလူမျိုး ဖြစ်သည် ဗမာ၊ ချင်၊ ကမန်၊ မရမာကြီးနှင့် အခြားသော လူမျိုးများ လည်း နေထိုင် ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ် ကြပြီး ဒုတိယအများဆုံးမှ အစ္စလာမ်ဘာသာ ဖြစ်သည်။ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများ လည်းရှိသည်။ စီးပွားရေး စစ်တွေမြို့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့်မြို့ဖြစ်ပြီး ကုန်သွယ်ရောင်းဝယ်မှု စည်ကားသောမြို့ဖြစ်သည်။ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ကုန်စည်များ ဝင်ရောက်ရာမြို့ဖြစ်သလို ကုန်စည်များစီးဆင်းရာမြို့လည်းဖြစ်သည်။ မြို့နယ်လူများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သည်ပွဲစားလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေငံပုစွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ စစ်တွေမြို့တွင် ဆန်စက်ကြီးများ၊ ငါး၊ ပုစွန် ကုန်ဝယ်ဒိုင်များ၊ အအေးခန်းစက်ရုံများ၊ ရေခဲစက်ရုံများတည်ရှိသည်။ ငါးပုစွန်များနှင့်လယ်ယာထွက်ကုန်များကို ရွှေမင်းဂံဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ရေကြောင်းမှတိုက်ရိုက်တင်ပို့သည်။ ဘဏ်များအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ အင်းဝဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ဧရာဝတီဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ စီဘီဘဏ်များရှိပြီး ငွေကြေးဝန်ဆောင်မူလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေး စစ်တွေမြို့တွင် အခြေခံပညာရေး အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ တည်ရှိသည်။ အဆင့်မြင့်ပညာရေး အနေဖြင့် စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်၊ စစ်တွေကွန်ပျူတာတက္ကသိုလ် တို့တည်ရှိသည်။ ထို့ပြင် လက်မှုပညာသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုရက္ကန်းကျောင်းများလည်းရှိသည်။ ကျန်းမာရေး စစ်တွေမြို့ရှိဆေးရုံများ စစ်တွေပြည်သူဆေးရုံ စစ်တွေ အထွေအထွေရောဂါကု ဆေးရုံကြီး ကုတင် (၅၀၀) တိုင်းရင်းဆေးရုံ(စစ်တွေ) အားကစား စစ်တွေမြို့တွင် လူဝင်ဆံ့မှု ၇,၀၀၀ ရှိသည့် ဓညဝတီ အားကစားကွင်းနှင့် ဝေသာလီ အားကစားကွင်း ရှိသည်။ မြို့ခံအသင် ရခိုင်ယူနိုက်တက် ဘောလုံးအသင်းသည့် မြန်မာ နေရှင်နယ် လိဂ်တွင် ကစားနေသည့် အသင်း ဖြစ်ပြီး။ အိမ်ကွင်းမှ ဝေသာလီ အားကစားကွင်းဖြစ်သည်။ အထင်ကရနေရာများ ဦးဥတ္တမပန်းခြံ ယဉ်ကျေးမှုပြတိုက် ဗျူးပွိုင့် ရွှေစေတီ ဘုန်းကြီးကျောင်း လောကနန္ဒာစေတီ (စစ်တွေ) လက်ဝဲသလုံးတော်ဓာတ်စေတီ ဗုဒ္ဓပြတိုက် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး ကမ္ဘာ့ဗုဒ္ဓသာသနာ့ အာဇာနည် ဂုရု ဂုရု မဟာဂုရု အသျှင် စနြွမဏိ ဗိမာန်တော် ရွှေနှလုံတော် ကက်သလစ်ဘုရားကျောင်း (စစ်တွေ) ဦးရဲကျော်သူကျောင်းတိုက် အင်္ဂလန်ဘုရင်မကြီးဆီက မွေးနေ့လက်ဆောင်၊ စစ်တွေနာရီစင် မြို့မဈေးကြီး စစ်တွေ စစ်တွေတက္ကသိုလ် ကျောင်းဝင်းဟောင်း အ.ထ.က(၂)စစ်တွေ ထင်ရှားသော ပုဂ္ဂိုလ်များ ဆရာတော် ဦးဥတ္တမ ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဦးချန်ထွန်း - ဥပဒေပါရဂူ ဦးမေအောင် - ကိုလိုနီခေတ်ပြည်ထဲရေး ဝန်ကြီး ဓာတ်ပုံများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရခိုင်ပြည်နယ်ရှိ မြို့များ စစ်တွေမြို့
https://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%BD%E1%80%B1%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
တာချီလိတ်မြို့
တာချီလိတ်မြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ နယ်စပ်မြို့ဖြစ်သည်။ ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်သော ရွှေတြိဂံကြောင့် တာချီလိတ်မြို့သည် ကျော်ကြားသည်။ ရွှေတြိဂံဆိုသည်မှာ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံ နယ်နိမိတ်ခြား မဲခေါင်မြစ်ဆုံ တြိဂံပုံထိစပ်နေသောကြောင့် ရွှေတြိဂံဟုခေါ်သည်။ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် မယ်ဆိုင်ချောင်းပေါ်တွင် နှစ်နိုင်ငံပေါင်းကူးဆက်သွယ်သွားလာ၍ ရသောချစ်ကြည်ရေးတံတားဖြင့် နှစ်နိုင်ငံကုန်စည်များ ကူးသန်းရောင်းဝယ်ဖောက်ကားရာ နယ်စပ်ဝင်ထွက်ပေါက်မြို့လည်းဖြစ်သည်။ တာချီလိတ်မြို့တွင် ရှမ်းလူမျိုးများ၊ ယိုးဒယားစပ်ရှမ်းများနှင့် ဒေသခံ အာခါတိုင်းရင်းသားများ၊ လားဟူ၊ ပအိုဝ်းလူမျိုးများ နေထိုင်ကြသည်။ တစ်ခေတ်တစ်ခါက လက်နက်ကိုင်များကြောင့် နယ်စပ်တိုက်ပွဲများ၊ ထိုင်းနှင့်နှစ်နိုင်ငံမှားယွင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားရာ မြို့တစ်မြို့ဖြစ်ခဲ့သည်။ တာချီလိတ် အမည် ဖြစ်ပေါ်လာပုံ တာချီလိတ်ဟု အမည်နာမခေါ်တွင် ရခြင်းမှာ ယခုနယ်ခြား ဖြစ်သော မယ်ဆိုင်ချောင်းကို ဖြတ်ကူးသည့် ရေဆိပ်တွင် မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီတစ်ပင်ရှိသည်ကို အကြောင်းပြု၍ မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီကူးတို့ဆိပ် (သို့မဟုတ်) ရှမ်းဘာသာဖြင့် တာခီလိတ်မှ တာချီလိတ် ဟူ၍ကာလရွေ့လျား လာသည်နှင့်အမျှ အမည်တွင်ခဲ့သည်။ ရှေးလူကြီးများထံမှ မှတ်သားသိရှိချက်များအရ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်က တာချီလိတ်မြို့ အတွင်းတွင် တလန်(သို့မဟုတ်) တလွန်လူမျိုးများ နေထိုင်ခဲ့ကြောင်းနှင့် မြန်မာမင်းများ ယိုးဒယား(ထိုင်း)ကို တိုက်ခိုက်ရာတွင် စစ်ချီရာလမ်းကြောင်း ကျရောက်သဖြင့် မြို့ရွာများပျက်ကာ ယင်းလူမျိုးစုများသည် လာအိုနိုင်ငံနှင့် ယိုးဒယားဘက်ကမ်းသို့ ပြောင်းရွေ့ထွက်ပြေးကြကြောင်း အဆိုရှိခဲ့သည်။ နှောင်းခေတ်သမိုင်း၌ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလဗြိတိသျှတို့ အုပ်ချူပ်စဉ် တာချီလိတ်မြို့နယ်မှာ ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်းတိုင်း၏ ပဒေသရာဇ်အောက်တွင် ရှိခဲ့သည်။ ၁၉၂၇တွက် တာချီလိတ်မြို့၌ အိမ်ခြေ(၄-၅)အိမ်ခန့်သာ ရှိပြီး ဟောင်လိတ်တွင် မြို့စားရုံးစိုက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် လူနေအိမ်များစည်ကားတိုးတတ်လာပြီး မြို့စားရုံးကို တာချီလိတ်မြို့သို့ ပြောင်းရွေ့ခဲ့သည်။ ၁၉၆၂တွင် တော်လှန်ရေးကောင်စီမှ စော်ဘွားများကို အာဏာသိမ်းချိန် ၁၉၆၃ မှစပြီး နယ်ခြားခရိုင်ဝန်ရုံးစိုက်၍ ခေတ်သစ်အုပ်ချူပ်ရေးကို စတင်ခဲ့သည်။ သယ်ယူပို့ဆောင်ရေး တာချီလိတ်မြို့တွင် လေဆိပ်တစ်ခုရှိသည်။ အဆိုပါ လေဆိပ်မှ တဆင့် ရှမ်းပြည်နယ် ကျိုင်းတုံ၊ လားရှိုး၊ ဟဲဟိုး၊ မန္တလေး၊ ရန်ကုန် သို့ သွားလာနိုင်ပြီး၊ ကုန်းကြောင်းလမ်းအနေဖြင့် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ အဓိက သွားရောက်ပြီး၊ တောင်ကြီးမှ တဆင့် အနှံ့အပြားသို့ သွားရောက်နိုင်သည်။ နယ်စပ်ကုန်သွယ်ရေး တာချီလိတ်မြို့သည် မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်စပ်ဖြစ်သောကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကုန်စည်များ ဖြတ်သန်းစီးဆင်းနိုင်ရန် ထိုင်းနဲ့မြန်မာနယ်စပ်ဖြစ်သည့် မယ်ဆိုင်နှင့် တာချီလိတ်ကိုနယ်စပ်ဂိတ်အဖြစ် တံတား(၁)၊ တံတား(၂)ဆိုပြီးတံတားနှစ်စင်းရှိသည်။ တံတား(၁)တွင် လူများ၊ ယာဉ်ငယ်များ၊ ကုန်စည်အသေးစားများ ဖြတ်သန်းသွားလာစေပြီး၊ တံတား(၂)တွင်နှစ်နိုင်ငံကုန်စည်များဖြတ်သန်းသွားလာနေပါသည်။ မြန်မာလာအိုနယ်စပ်တွင် ယခင်က ရေလမ်းခရီးကိုအသုံးပြုခဲ့ကြပြီးယခု ၂၀၁၅ခုနှစ် မေလမှစတင်ကာ မြန်မာဘက်ခြမ်း ကျိုင်းလပ်မြို့ မှ လာအိုဘက်ခြမ်းအထိ တံတားတစ်စင်းဆောက်လုပ်ပြီးစီးသောကြောင့်နှစ်နိုင်ငံကုန်သွယ်မှုပိုကောင်းမွန်လာနိုင်သည်။ ရာသီဥတု တာချီလိတ်မြို့ ၏ တစ်နှစ်ပတ်လုံးအပူချိန်မှာ ပျှမ်းမျှ ၃၀.၈ သာရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ပျှမ်းမျှ ၁၈.၇ သာရှိ၍ နေထိုင်၍ကောင်းမွန်သောအရပ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးမိုးရေချိန်စုစုပေါင်း လက်မ ၁၅၅၇ လက်မရှိပြီး အမြဲတစေ ရေလွှမ်းမှုခံရလေ့ရှိသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရှမ်းပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%81%E1%80%BB%E1%80%AE%E1%80%9C%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ထားဝယ်မြို့
ထားဝယ်မြို့ () သည် မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ်များ၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ထားဝယ် မြစ်ဝမှ မိုင် ၃ဝ ခန့်ကွာဝေး၍၊ ထားဝယ်မြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထားဝယ်မြို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးစိုက်ရာမြို့ ဖြစ်သည့်အားလျော်စွာ အစိုးရဌာနအသီးသီး၏ တိုင်းဒေသကြီးရုံး၊ မြူနီစပယ်ရုံး၊ ဆေးရုံကြီး၊ အစိုးရတန်းမြင့်ကျောင်း နှင့် ဈေးရုံများရှိ၍၊ စည်ကားသော မြို့ကြီးတစ်မြို့ဖြစ်သည်။ သမိုင်းကြောင်း ကောဇာသက္ကရာဇ် ၁၁၁၆ ခုနစ် တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ထားဝယ်မြို့အား စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဥဩအော်သည် ထားဝယ်တည်ဟု ဆိုကြသည်။ မူလက ရှိခဲ့သည် သာဂရမြို့ဟောင်းမှာ နှစ်ပေါင်းများစွာ တည်တံ့ခဲ့ပြီးနောက် သာဂရမြို့စား၏ ၁၇ ဆက်မြောက် မင်းနဲလှ လက်ထက်တွင် လက်ရှိထားဝယ်မြို့ကို သာယာဝတီအမည်ဖြင့် တည်ခဲ့သည်။ ထားဝယ်လူမျိုး များရှိပြီးမှ လူမျိုးကြောင့် ထားဝယ်မြို့ဟု ခေါ်တွင်ရခြင်းဖြစ်သည်။ ထားဝယ်လူမျိုး မူလစကတည်းကရှိခဲ့သောကြောင့် နေရာဌာန ထားဝယ်က ဒုတိယလိုက်ခဲ့ခြင်း ဖြစ်သည်။ ကုန်းဘောင်ခေတ်တလျှောက် ထားဝယ်မြို့တွင် မြို့ဝန်ရာထူး ထားရှိအုပ်ချုပ်ခဲ့ရာ၊ နောက်ဆုံး ထားဝယ်မြို့ဝန်က မင်းကြီး မင်းကျော်စည်သူ ဘွဲ့ခံ ဦးရွှေလုတ် ဖြစ်သည်။ ထားဝယ်မြို့ကို အာချီဘော်ကင်းဘဲ ဦးဆောင်သော ဗြိတိသျှတပ်များက ၁၈၂၄ ခု အောက်တိုဘာတွင် ဝင်ရောက်သိမ်း‌ပိုက်ခဲ့ပြီးနောက် ရန္တပိုစာချုပ်အရ ၁၈၂၆ တွင် ဗြိတိသျှ လက်အောက်သို့ ကျရောက်ခဲ့သည်။ ကိုလိုနီခေတ်တွင် မြို့လယ်၌ အစိုးရ အဆောက်အဦများ တည်ဆောက်က ရုံးများ ဖွင့်လှစ်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် လူငယ်များ မျိုးချစ်စိတ်ဓာတ် တက်ကြွခဲ့ကြရာ ထားဝယ်သည်လည်း နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗ‌ဆွေ၊ သခင်ဘိုးမှဲ့ စသူတို့မှာ ထင်ရှားသည်။ ဘီအိုင်အေ တပ်များ ချီတက်လာစဉ် ၁၉ ဇန်နဝါရီ ၁၉၄၂ တွင် ထားဝယ်ကို သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က ထားဝယ်နယ်သားများ အများအပြား ဘီအိုင်အေသို့ ဝင်ရောက်သည်။ ထားဝယ်မြို့တွင် မြို့မရပ်ကွက် (၁၅)ခုနင့် ရပ်ရွာအုပ်စုပေါင်း (၂၃)ခုတို့ပါဝင်သည်။ ထားဝယ်မြို့ရှိ မြို့မရပ်ကွက် (၁၅)ခုတွင် အိမ်ခြေ(၁၀၀၀၀)ကျော်၊ လူဦးရေ (၇၀၀၀၀)သောင်းကျော်နေထိုင်လျက်ရှိသည်။ ထားဝယ်မြို့သည် အကျယ်အဝန်းအားဖြင့် ၂၆၃၆.၁၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ လမ်းပန်းဆက်သွယ်ရေး ထားဝယ်မြို့၌ လေဆိပ်လည်းရှိသည်။ ထားဝယ်မြို့သည် မီးရထားလမ်းနှင့် ကွာဝေးသော မြို့တစ်မြို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးတွင် မော်တော်ကားနှင့် သင်္ဘောများကိုသာ အားထားရသည်။ မော်လမြိုင်မှ မီးရထား လမ်းဆုံးဖြစ်ခဲ့သော ရေးမြို့နှင့် ကားလမ်းပေါက်သည်။ သို့သော် တောင်တက်တောင်ဆင်း ခရီးကြမ်းသဖြင့် အသွားအလာ မလွယ်ကူပေ။ ထားဝယ်ကားဆိပ်၌ ကုန်တင်မော်တော် ကား၊ လူစီးကားများစွာတို့ကို တွေ့မြင်ရသည်။ ထားဝယ် ဆိပ်ကမ်းမှာလည်း ဆိပ်ကမ်းကောင်းဖြစ်၍ အရောင်းအဝယ် စည်ကားသည်။ ထားဝယ်မြို့မှ မြန်မာနိုင်ငံခြားဆိပ်ကမ်းမြို့များသို့ ရေကြောင်းအဆက်အသွယ် အလွန်ကောင်းမွန်သည်။ အကယ်၍သာ ထားဝယ်ရေနက်ဆိပ်ကမ်းသာ အကောင်အထည်ဖြစ်ပေါ်လာရင် အရှေ့တောင်အာရှရဲ့ အရေးကြီးသော ဆိပ်ကမ်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး ယခုထက်ပိုမို၍များစွာ ဖွံဖြိုးတိုးတက်လာမည်ဖြစ်သည်။ ရာသီဥတု ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုဖြစ်သည်။ ပညာရေး ပညာရေးအနေဖြင့် ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အထက်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်း၊ မူလတန်းကျောင်း(၇၈) ကျောင်းတို့ ရှိကြသည်။ အထင်ကရနေရာများ ထားဝယ်မြို့အား လေ့လာရင်း လည်ပတ်နိင်သည့် နေရာများမှာ ဟိန္ဒားသတ္တုတွင်း၊ ရွှေတောင်စားဘုရား၊ လောကမာရဇိန်ဘုရားကြီးနင့် ရှင်သာလျောင်းဘုရား၊ ရှင်ကိုးရှင် စေတီဘုရားများနင့် မောင်းမကန်ကမ်းခြေစသည့် နေရာဌာနများဖြစ်သည်။ ထိုရှင်ကိုးရှင် ဘုရားများမှာ- ရှင်တောက်ထိန်၊ ရှင်မုတ္ထီး၊ ရှင်ဇလွန်၊ ရှင်ပင်ခရု၊ ရှင်ဓာတ်ဝဲ၊ ရှင်တောင့်ပုံ၊ ရှင်ဥဩ၊ ရှင်ဆံတော်၊ ရှင်မျှော်တို့ ဖြစ်သည်။ ထို့အပြင် မြစေတီ၊ဇလွန်းတောင်ဘုရား၊ကနန်းတောင်ဘုရား၊ကြည့်မျှော်တောင် အစရှိသည့် တောင်ပေါ်တွင်တည်ထားကိုးကွယ်ထားသော စေတီတို့ကို လွယ်ကူစွာသွားရောက်ဖူးမြော်နိုင်နေပြီဖြစ်သည်။ စပါးတောင် စပါးတောင်သည် ထားဝယ်မြို့၏ အရှေ့တောင်ဘက်တွင်ရှိသည်။ ထားဝယ်မြို့ အရှေ့ဘက် ပေါက်တိုင်းတံတားမှ တောင်တက်လမ်းအစ တောင်ပွားဘုန်းကြီးကျောင်းတိုက်အထိ တစ်မိုင်ကျော်ကျော်ခန့်သာ ဝေးသဖြင့်၊ ကျန်းမာရေးအတွက် လမ်းလျှောက်သူများ၊ ခြေလျင်ခရီးထွက်သူများ (hikers) နှင့် စက်ဘီးစီးသူများအကြား ကျော်ကြားအသုံးများသောနေရာတစ်ခု ဖြစ်သည်။ မောင်းမကန်ကမ်းခြေစခန်း နာမည်ကျော်ကြားသော မောင်းမကန်ကမ်းခြေစခန်းသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက်ရှိ ပင်လယ်ကမ်းခြေတွင်တည်ရှိသည်။ ထိုစခန်းသို့ ထားဝယ်မှနေ၍ မြစ်တစ်ဘက် သို့ကူးပြီးလျှင် ရှစ်မိုင်ခန့် မော်တော်ကားဖြင့်သွားရသည်။ မောင်းမကန်ကမ်းခြေမှ မိနစ်အနည်းငယ်မျှလမ်းလျှောက်ရုံဖြင့် ပန်းတင်အင်း ရေပူစမ်းသို့ရောက်နိင်ပါသည်။ မောင်းမကန် အနီးတွင် သုံးထပ်လမ်းမကြီးရှိသည်။ မောင်းမကန် ကမ်းခြေသည် မြန်မာနိင်ငံတွင် အရှည်ဆုံးသော အဖြောင့်တန်းဆုံးကမ်းခြေ ဖြစ်သည်။ အ​ခြားထင်ရှားသောကမ်းခြေများမှာ ဖိုးဖိုးကျောက်၊ဆင်ထောင့်၊မြင်းခွာအော်၊ပညစ်၊myanmar paradise အစရှိသော ကမ်းခြေများဖြစ်ကြသည်။ အပူချိန်မြင့်မားသောရေပူစမ်းအဖြစ် ပလောက်မြို့နယ်ရှိ ပဲရေပူစမ်းမှာထင်ရှားလေသည်။ စီးပွားရေး ထားဝယ်ပိုးလုံချည်မှာ ထင်ရှားပြီး၊ ၁၉၀၃ ခုနှစ်က ထားဝယ်တွင် ရက်ကန်းစင်ပေါင်း ၉၉၅ စင်ရှိသည်။ ထားဝယ်လုံချည်များကို မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ တင်ပို့ရောင်းချရသည်။ ဒေသထွက်ကုန်များမှာ စပါး ၊ ရာဘာ၊ သစ်၊ ဆီအုန်း စသော သစ်တောထွက် ပစ္စည်းများအပြင် ခဲမဖြူ အဖြိုက်နက် စသည့် တွင်းထွက်ပစ္စည်းများ ထွက်ရှိသည့် ဒေသဖြစ်သည်။ မြို့၏ကျောထောက် နောက်ခံဒေသများတွင် သတ္တုတွင်းများ၊ ရာဘာခြံများ၊ ကျွန်းသစ်တောများရှိ၍တကြောင်း၊ မြို့ပေါ်နှင့် ကမ်းခြေများတွင် ငါးပိ၊ ငါးခြောက်လုပ်ငန်း တွင်ကျယ်သောကြောင့်တကြောင်း၊ အရောင်းအဝယ် ဗဟိုဌာနတစ်ခုဖြစ်သည်။ ဆန်စက်နှင့် သစ်စက်များလည်းရှိ၏။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄ဝ၃၁၂ ယောက်ခန့်ရှိသည်။ ထားဝယ်မြို့ကို ခရစ် ၁၇၅၁?? ခုနှစ်တွင် တည်ထောင်ခဲ့သည်။ မြို့တည်နေပုံမှာ လေးထောင့်ဖြစ်သည်။ ထင်ရှားပုဂ္ဂိုလ် ထားဝယ်မြို့ ဇာတိ ထင်ရှားသော ပုဂ္ဂိုလ်များမှာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်ကေလာသ ဦးငွေကိုင် ဗိုလ်ဂါမဏိ ဗိုလ်မှူးကြီး ဗထူး မီးပုံးပျံ ဦးကျော်ရင် မင်းတိုင်ပင်အမတ် စီစီခူး ဝန်ကြီးချုပ် ဦးဗဆွေ(အုန်းပင်ကွင်းရွာ၊ ရေဖြူမြို့) ကာတွန်း ကျော်ဆန်း ထားဝယ်ကျော်မင်း သာဂရ ငစိုး နဂါးနီ ဦးထွန်းအေး သံအမတ်ကြီး ဦးသန်းလှ ရွှေဝယ်ဧ မဏ္ဍိုင် ဦးထွန်းဝင်း သူရ မချစ်ပို စာရေးဆရာ ခင်ဂွမ်းဂွိ စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ စာရေးဆရာ စိုးမှူး ( ဦးစိုးမြင့်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဘဏ္ဍာရေး သခင်လွန်းဘော် ကိုးကား မြန်မာနိုင်ငံရှိ မြို့များ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%91%E1%80%AC%E1%80%B8%E1%80%9D%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မကွေးမြို့
မကွေးမြို့သည် မြန်မာပြည် အလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီး၏ မြို့တော် သင်္ဘောဆိပ်မြို့လည်း ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်မြို့မှ ၃၇၈ မိုင်ဝေးပြီး၊ မန္တလေးမြို့မှ အောက် ၁၁၉ မိုင်ဝေးသည်။ ကားလမ်းအားဖြင့်မူ ရန်ကုန်မြို့မှ မိုင် ၃၃ဝ ကွာဝေး၍ မြင်းခြံမြို့မှ ၁၂၆ မိုင်ဝေးသည်။ မြင်းခြံရောက်လျှင် မြင်းခြံ-မန္တလေးကားလမ်းနှင့် ဆက်မိသည်။ မကွေးမြို့သည် ပြည်မြို့၊ မြင်းခြံမြို့များသို့လည်းကောင်း၊ ခရိုင်တွင်းရှိ မြို့များဖြစ်သော နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့များသို့လည်းကောင်း ကား လမ်းကောင်းများဖြင့် အဆက်အသွယ်ရှိသည်။ကုန်းလမ်းအားဖြင့် အောင်လံမြို့နှင့် ၁၀၈ မိုင်ကွာဝေးပြီး၊ ရေနံချောင်းမြို့နှင့် ၃၂ မိုင် ကွာဝေးသည်။ လေကြောင်းလမ်း အဆက်အသွယ်လည်း ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိ၍ မင်းဘူးမြို့နှင့် မျက်နှာချင်းဆိုင် ဆိုသလို ဖြစ်သည်။ ကျောက်ပန်းတောင်း-ပျဉ်းမနား မီးရထားလမ်းပေါ်ရှိ နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့များနှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။ သမိုင်းကြောင်း မကွေးမြို့ကို အေဒီ ၁၁၅၈ ကစတင်တည်ထောင်ခဲ့သည်ဟု ဆိုကြသော်လည်း ထင်ရှားခြင်းမရှိခဲ့ပေ။ ဧရာဝတီမြစ်အကွေ့တွင် တည်ရှိသောကြောင့် ရှေးအခါက မြစ်ကွေ့မြို့ဟု ခေါ်တွင်ခဲ့သည်။ နောင်ကာလရွေ့လျောရာမှ မကွေးမြို့ဟု အမည်တွင်လာသည်။ မြန်မာမင်းများ အဆက်ဆက်တွင် မြို့ဝန်၊မြို့သူကြီး၊ မြို့စားများဖြင့်သာ အုပ်ချုပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် (အေဒီ ၁၈၆၆) တွင် မကွေးမြို့သူကြီး ဦးကြိတ်ကြီးသည် မြင်းကွန်းမင်းသား ပုန်ကန်မှုအရေးတွင် ပူးပေါင်းပါဝင် လှုပ်ရှားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ယုံမက ကွပ်မျက်ခြင်းခံခဲ့ရသည်။ မကွေးမြို့ကို ပုဂံခေတ် ၈ ဖေဖော်ဝါရီး ၁၁၅၉ တွင် တည်ထောင်ပြီး၊ မကွေးမြို့နှင့် ပတ်သက်သည့် မှတ်တမ်းများအနက် အစောဆုံးအဖြစ် ၃၁ မေ ၁၆၇၉ တွင် အင်းဝဘုရင် မင်းရဲကျော်ထင် ထုတ်ပြန်သော အမိန့်တော်ကို တွေ့ရှိသည်။ ယင်းအမိန့်တော်တွင် မကွေးဒေသမှ အသည်သားများကို အုပ်စုကြီး ၄ စု ခွဲကာ စာရင်းကို ရွှေတိုက်တွင် သိမ်းဆည်းရန် ဖော်ပြထားသည်။ ၉ ဧပြီ ၁၆၉၂ အမိန့်တော်တွင်လည်း မကွေးမြို့သူကြီး အုပ်ချုပ်ရာ နယ်နိမိတ်ကို ယခင်ခေတ် အဆက်ဆက် သတ်မှတ်ပုံအတိုင်း အတည်ပြုကြောင်း ဖော်ပြသည်။ မကွေးသည် မြစ်ကွေ့မှ ဆင်းသက်လာသည်ဟု ဆိုသည်။ ဘိုးတော်ဘုရားလက်ထက် ၁ ဇူလိုင် ၁၈၀၂ တွင် မကွေးမြို့စစ်တမ်းကို မြေတိုင်သူကြီး ဦးဝန်ဖြူ (၅၄ နှစ်)က ဆက်သွင်းသည်။ ဘကြီးတော်လက်ထက်၌ မကွေးကို မြို့သူကြီး ဦးထွန်းပေါ်က အုပ်ချုပ်စီရင်သည်။ သာယာဝတီမင်းလက်ထက် မကွေးမြို့သူကြီးမှာ မင်းထင် မင်းလှကျော်ခေါင် ဖြစ်ပြီး၊ ၁၆ ဇူလိုင် ၁၈၄၆ တွင် မကွေး မြသလွန်ဘုရား ငလျင်ကြောင့် ပြိုပျက်သော် ဘုရင်ထံ အမိန့်တော်ခံပြီး ပြုပြင်သည်။ မြို့သူကြီး ဇနီးမောင်နှံသည် မကွေးမြသလွန်ဘုရားကို ၁၈ ဖေဖော်ဝါရီ ၁၈၄၈ တွင် အုတ်မြစ်တော် ချသည်။ မင်းတုန်းမင်းလက်ထက် မကွေးမြို့သူကြီး ဦးရွှေပြည့်သည် ၁၈၆၆ မြင်းကွန်း မြင်းခုန်တိုင် အရေးတွင် မင်းသားများဘက်မှ ပါဝင်ကူညီသည်။ လူမှုပထဝီဝင် မကွေးမြို့နယ်သည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၆၄၈ မိုင်၊ ကျေးရွာပေါင်း ၇၁ ရွာနှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၉၃၅၉၄ ယောက်ရှိသည်။ မကွေးမြို့နယ်သည် ရေနံချောင်းနယ်တွင် ပါဝင်သည်။ မကွေးမြို့နယ်တွင် အများစုမှာ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့ဖြစ်၏။ မကွေးမြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ ၁၃၂၇ဝ ဖြစ်သည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ ၈၁,၀၃၈ ဦး ဖြစ်သည်။ မကွေးမြို့သည် တိုင်း၊ ခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်နှင့်အညီ မကွေးမြို့တွင် အစိုးရရုံးကြီးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၊ ဈေး၊ ဆေးရုံ၊ စည်ပင်သာယာရုံး စသည်တို့အပြင်၊ ၁၉၅၅ ခုနှစ်က ဖွင့်လှစ်၍ မန္တလေး တက္ကသိုလ်တွင် ဖွဲ့စည်းပါဝင်ခဲ့သော မကွေးတက္ကသိုလ်လည်း ရှိသည်။ စီးပွားရေး မကွေးမြို့သည် စီးပွားရေး ဖွံ့ဖြိုးသော ခရိုင်တွင် တည်ရှိ၍ ရေလမ်း၊ကားလမ်းတို့ဖြင့် ဆက်သွယ်လျက်ရှိသောကြောင့် အချက်အချာ ဌာနတစ်ခု ဖြစ်၏။ ဆီစက်၊ သစ်စက်နှင့် အခြား စက်မှုလက်မှု လုပ်ငန်းများ စုဝေးရာဖြစ်၏။ မကွေးမှ ကွမ်းညှပ်၊ ဓား၊ ဖန်ခါးသီးတို့မှာလည်း နာမည်ရဖြစ်၏။ ဤသည်တို့အပြင် မကွေးမြို့သည် မြသလွန်ဘုရားကြောင့် မြန်မာပြည်တစ်ဝန်းတွင် ထင်ရှားပေသည်။ ဧရာဝတီမြစ်ကမ်း၏ တောင်ထိပ် ကုန်းတစ်ခုပေါ်တွင် တည်ရှိသော မြသလွန် ဘုရားသည်ကား မြန်မာနိုင်ငံတွင် တန်ခိုးကြီးဘုရား တစ်ဆူ ဖြစ်၏။ မြစ်လမ်းတစ်လျှောက် လှေ၊ သင်္ဘောစီးသွားသူသည် မြသလွန်ဘုရားနှင့် စောင်းတန်းများကို အဝေးမှပင် ဖူးမြော်နိုင်ပေသည်။ နှစ်စဉ် သီတင်းကျွတ်လ၌ ကျင်းပသော ဘုရားပွဲသို့မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများသွားကြပေသည်။ ဒေသထွက်ကုန်များ အရောင်းအဝယ်ပါးသော မြို့ဖြစ်ပြီး အဓိကထွက်ကုန်များမှာ နှမ်း၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ ဖန်ခါးသီး အစရှိသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်ကြသည်။ ကျန်းမာရေး၊ပညာရေး မကွေးတိုင်းပြည်သူ့ဆေးရုံကြီးနှင့် ဆေးတက္ကသိုလ် သင်ကြားရေးဆေးရုံတို့ ရှိသည်။ အစိုးရအထက်တန်းကျောင်း (၄)ကျောင်းနှင့် တက္ကသိုလ်၊ ကောလိပ် ၆ ခု ရှိသည်။ ထင်ရှားမှု ထင်ရှားသော နေရာများ မကွေးမြို့ရှိ ထင်ရှားသော နေရာများမှာ- မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီ မကွေးတက္ကသိုလ် မကွေး ဆေးတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ် (မကွေး) နည်းပညာတက္ကသိုလ်(မကွေး) အခြခံကျန်းမာရေးတက္ကသိုလ် ဧရာဝတီတံတား (မကွေး) ဆုတောင်းပြည့်အေးစေတီ ကောင်းမွန်စူပါမားကတ် အထင်ကရပုဂ္ဂိုလ် ပညာမင်းကြီးဦးချို တက္ကသိုလ်ဆုမြိုင် မကွေးဝင်းမြင့် မကွေးညိုစိမ့် ဟာသသရုပ်ဆောင် ကျော်ထူး ကိုးကား ပြင်ပလင့်ခ်များ မြန်မာနိုင်ငံရှိ မြို့များ မကွေးတိုင်းဒေသကြီးရှိ မြို့များ မကွေးခရိုင်
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BD%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ညောင်ရွှေမြို့
ညောင်ရွှေမြို့သည် မြန်မာပြည်ရှမ်းပြည်နယ်တွင် အင်းလေးကန်နားရှိသောမြို့ဖြစ်သည်။ ညောင်ရွှေမြို့နယ်အတွင်း၌ပါဝင်သည်။ ရှမ်းပြည်နယ်တွင် နိုင်ငံခြားသားများ နှင့် ပြည်တွင်းခရီးသွားများ အလာများသော ခရီးသွားမြို့ဖြစ်သည်။ ညောင်ရွှေမြို့ ကို အဓိကရပ်ကွက် (၈)ရပ်ကွက် ဖြင့်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ နန္ဒဝန်ရပ်ကွက် ၊ မိုင်းလီရပ်ကွက် ၊ မင်္ဂလာရပ်ကွက် ၊ မြို့လည်ရပ်ကွက် ၊ သာစည်ရပ်ကွက် ၊ ဝင်းရပ်ကွက် ၊ နန်းပန်ရပ်ကွက် ၊ ကန်သာရပ်ကွက် (တိုးချဲ့ရပ်ကွက် မပါ)။ ရှမ်းပြည်နယ်၌ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟု သုံးပိုင်းရှိရာ ညောင်ရွှေမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း (ယခင် တောင်ကြီးခရိုင်အတွင်း) ၌ပါဝင်၍ ယခုအခါ ညောင်ရွှေမြို့နယ်အဖြစ်တည်ရှိသည်။ ညောင်ရွှေမြို့နယ်သည် အင်းတိုင်းရင်းသား အများဆုံးနေထိုင်ပြီး အင်းလေးဒေသ၏ အဓိကမြို့လည်းဖြစ်သည်။ ရာဇဝင် ရှေးအခါက မြို့၏အရှေ့ဘက် ဣဿယကုန်းတော်ပေါ်၌ ရွှေအဆင်းရှိသော ဗောဓိညောင်ပင် ပေါက်လျက်ရှိသည်။ မြို့တည်သောအခါ ညောင်ရွှေဟု ခေါ်တွင်ခဲ့သည်။ ညောင်ရွှေမြို့သည် မူလတည်ထောင်ချိန်တွင် ရှမ်းအမျိုးသားများသာ နေထိုင်ခဲ့ကြသည်။ ညောင်ရွှေမြို့ကို ရှမ်းဘာသာဖြင့် ယွင်ႈႁူၺ်ႇ ဟုခေါ်ဆို၏။ အဓိပ္ပာယ်ကား ကျယ်ပြန့်သော ချိုင့်ဝှမ်း၌ တည်ရှိသောမြို့ဟူ၍ဖြစ်သည်။ ယင်းမှတစ်ဆင့် ညောင်ရွှေဟူ၍ အဆင့်ဆင့် ခေါ်ဆိုလာခဲ့၏။ ညောင်ရွှေမြို့သည် ပုဂံထက် မြို့တည်နှစ်စောသည်ကို တွေ့ရပေမည်။ ရှေးယခင်ကမူ ညောင်ရွှေသည် ရှမ်းပြည်ထောင်အစ မိုင်းမောကဟူသောစကားအရ ပုဂံခေတ်မှ ပထမအင်းဝခေတ်အထိ မိုင်းမောဒေသမှ အစပြု၍ တဇြည်းဖြည်း တိုးတက်ထွန်းကားလာခဲ့ သော မိုးကောင်းပြည်ကြီး မိုးမိတ်ပြည်ကြီး မိုးညှင်းပြည်ကြီး ကလေးရာဇဂြိုဟ်ပြည်ကြီး သိန္နီပြည်ကြီး အုန်းပေါင် သီဘောပြည်ကြီး မိုးနဲပြည်ကြီး မိုးဗြဲပြည်ကြီး ညောင်ရွှေပြည်ကြီး ဟူသော မောကိုးပြည်ထောင်စုတွင် ပါဝင်ခဲ့သည်သာမက တိုင်းကြီး ၁၆ တိုင်းတို့ဖြင့် ဖွဲ့စည်းသော နှေင်းတခေတ်၌လည်း ကမ္ဘောဇ တိုင်းကြီးတွင်ပါဝင်၍ အရန်မြို့ပေါင်း (၃၉) မြို့ ရှိ သောကြောင့် " (၃၉) -လုံးမှိုင်း ကမ္ဘောဇရဌ ညောင်ရွှေပြည်ကြီး " ဟုခေါ်ဝေါ်သမုတ်ခံလာခဲ့ရသည့် ဗဟိုမြို့ ကြီးတစ်မြို့လည်း ဖြစ်ခဲ့သည်။ အထက်ပါ မောကိုးပြည်ထောင်တို့၌ "ရှမ်းမင်းအစ ဘိန္နက " ဟူသော စကားအတိုင်း ဘိန္နကရာဇာမင်းမြတ်မှအစပြု၍ အစဉ်မပြတ် စိုးစံခဲ့ကြသော မဟာနွယ်သနင်း မောမင်းအပေါင်းတို့သည် ထီးဖြူရာဇပ လ္လင် ဥကင်ဖွင့်လှစ် ပဒေသရာဇ်မင်းအဖြစ်ဖြင့် စိုးစံအုပ်ချုပ်ခဲ့ကြလေသည်။ ပွဲတော်များ (တန်ခူးလ) နှစ်သစ်ကူး ရေကစားပွဲတော် နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲ (ကဆုန်လ) ကဆုန်ဆွမ်းတော်ကြီးပွဲတော် (နယုန်လ) ရှမ်းပြည်နယ် လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ွဲတော်ကြီး (ဝါခေါင်လ) စာရေးတံမဲပွဲ (တော်သလင်း + သီတင်းကျွတ်) အင်းသားရိုးရာ လှေလှာ်ပြိုင်ပွဲ ဖောင်တော်ဦးဘုရားပွဲတော် (တန်ဆောင်မုန်းလ) အင်းသားအမျိုးသားနေ့ ပွဲတော် ကျော်ကြားမှု ဖောင်တော်ဦးဘုရား အင်းလေးကန် စဝ်ရွှေသိုက် (မြန်မာ့ ပထမဆုံး သမ္မတ) လေးဖြူ (အဆိုတော်) အင်းသားရိုးရာ လှေလှော်ခြင်း စီးပွားရေး (အဓိက) ခရီးသွား လုပ်ငန်း စိုက်ပျိုးရေး (ခရမ်းချဉ်သီး ၊ ကြံ ) (ဈေး) မင်္ဂလာဈေး ( ဇုန် ) ဟိုတယ်ဇုန် ရှမ်းရိုးမမွေးမြူရေးဇုန် ပညာရေး (အခြေခံပညာ ဦးစီးဌာန) အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၃ အခြေခံပညာအထက်တန်းကျောင် အလယ်တန်းကျောင်းများ နှင့် မူလတန်းကျောင်းများ ပုဂ္ဂလိက စာသင်ကျောင်းများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ (နည်းပညာ နှင့် သက်မွေးပညာလေ့ကျင့်ရေးဌာန) ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (NVTI) သင်ကြားပေးသောဘာသာရပ်များ အင်ဂျင်နီယာဆိုင်ရာဘာသာရပ် ပြင်ဆင် Basic Computer Training Basic House Wiring Motorcycle Repairing Single cylinder Diesel Engine Repairing Sewing ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ် ပြင်ဆင် Front Office Operations Housekeeping Operations Restaurant Operations Retail Operations ညောင်ရွှေမဖြစ်မီ ကောသမ္ဘီ။ မိုင်းမောဒေသ၌ ဘိန္နကရာဇာ မောမင်းတို့ အစဉ်အဆက် မင်းပြုအုပ်ချုပ်စိုးစံလျက်ရှိနေချိန်တွင် ထိုမင်တို့၏ အဆက်အ နွယ်ဖြစ်သော စော်ဘွားတစ်ဦးသည် ညောင်ရွှေဟူ၍ မဖြစ်ပေါ်မီ ယခုညောင်​ရွှေမြို့ ၏ မြောက်ဘက်လေးမိုင်ကျော်ရှိ ပေါရိသတ်စေတီတော်ကြီး၏အနီး ယင်းစေတီတော်ကြီး၏ မြေက်ဘက်တွင် မြို့ ကြီးတွင်းခေါ်အရပ်၌ ညောင်ရွှေမြို့သည် ရှမ်းပြည်တောင်ပိုင်း၏ဗဟိုတွင် တည် ရှိ၍၊ ညောင်ရွှေစော်ဘွားနယ်၏ မြို့တော်လည်းဖြစ်၏။ ရှေး ယခင်က ညောင်ရွှေနယ်၏ နယ်နိမိတ်မှာ အရှေ့ဘက်တွင် ပွန် ချောင်း၊ တောင်ဘက်တွင်သံလွင်မြစ်၊ မိုင်းပဲကြီး(မိုးဗြဲ) နယ်မြေ နှင့်အစပ်၊ အနောက်ဘက်တွင် စမုံကောက်ကောက်စင်းစင်း၊ မြောက်ဘက်တွင် ဒုတ္ထဝတီ(ဝါ) နန့်တူ (ဝါ) မြစ်ငယ်အထိဖြစ် ၏။ ယခုမူ အရှေ့ဘက်မှ သထုံ(ဆထုံ)နယ်၊ တောင်ဘက်မှ စကားနယ်၊ အနောက်ဘက်မှ မော်ဆုန်(ဘော်ဆိုင်း)၊ ပွေးလှသမ ခန်း၊ ပင်မှီစသည့်နယ်များ၊ မြောက်ဘက်မှ ယပ်စောက်နယ်နှင့် မိုင်းပန်နယ် စသည်တို့က နယ်နိမိတ်သတ်မှတ် ဝန်းရံလျက်ရှိ သည်။ ယခုအခါ မူလနယ်၏ အလယ်အချက်မျှသာရှိတော့၏။ စတုရန်းမိုင်ပေါင်း ၁၃၉၃ မိုင်ကျယ်ဝန်း၍၊ လူဦးရေ တသိန်းခွဲ ခန့်ရှိသည်။ ရှမ်းတောင်သူနှင့် ဓနုလူမျိုးအများဆုံးနေထိုင်ကြ သည်။ ညောင်ရွှေနယ်၏ အရှေ့ပိုင်းသည် တောင်ထူထပ်ပေါများ လေရာ၊ ထိုဒေသရှိ လွိုင်ဆင်တောင်တန်းသည် ပေ ၆ဝဝဝ မြင့်၏။ ညောင်ရွှေမြို့သည် အရှေ့နှင့်အနောက် တောင်တန်းကြီး နှစ်ခုအကြားရှိ မြေပြန့်တွင် နံ့ဘီလူးမြစ် (ဘီလူးမြစ်)နံဘေး၌ တည်ရှိ၍၊ ရှမ်းပြည်တောင်ပိုင်းမီးရထားလမ်းဆုံးမြို့ဖြစ်သော ရွှေညောင်မြို့နှင့် ၇ မိုင်ကွာဝေး၏။ ညောင်ရွှေနယ်တွင် မြင့် သောတောင်တန်းများ၌ တောင်ယာလုပ်ကိုင်လျက် ယာစပါးကို စိုက်ပျိုး၏။ တောင်ကုန်းဒေသတွင် မြေပဲစိုက်၍၊ မြေနိမ့်ဒေသ များတွင် ကြံပင်ကိုစိုက်ပျိုးကြ၏။ ညောင်ရွှေနယ်အတွင်း၌ ထင်ရှားသောဒေသမှာ အင်းလေး ကန်ဖြစ်သည်။ ညောင်ရွှေမြို့နှင့် ၆ မိုင်အကွာ၌ တည်ရှိ၏။ ကန်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၇ဝ ခန့်ဖြစ်၍၊ ကန် တွင်းရှိရေပေါ်ကျွန်းများတွင် ရွာများစွာတည်ရှိသည်။ အင်းလေး ကန်တစ်ဝိုက်တွင် ဆန်စပါးကို များစွာစိုက်ပျိုးကြသဖြင့် တစ်နယ်လုံးစားသုံးနိုင်၏။ ကန်အတွင်း ရေပေါ်ကျွန်းများပေါ်ရှိ ရွာများတွင် အများအားဖြင့် ပိုးထည်ရက်လုပ်ကြသည်။ မြန်မာ လူမျိုးတို့ အထူးကြိုက်နှစ်သက်သော အင်းလေးလုံချည်၊ ဇင်း မယ်လုံချည်၊ အင်းလေးဘန်ကောက်လုံချည်တို့သည် ထိုဒေသ မှထွက်သည်။ ဝါဂွမ်းကိုလည်း စိုက်ပျိုး၍၊ လက်ရက်ကန်းဖြင့် ပင် အိမ်သုံးထည်များကို ရက်လုပ်လေ့ရှိ၏။ တံငါလုပ်ငန်းကို လုပ်ကိုင်သူများလည်း ရှိသည်။ အင်းလေးတောင်ပိုင်းတွင်မူ ပုရပိုက်နှင့် ကြေးကွမ်းအစ်များ ကိုလုပ်ကိုင်ရောင်းချကြ၏။ ကြံသကာ၊ သနပ်ဖက်၊ ကြက်သွန်ဖြူ၊ ငပိကောင်များကို ရပ်ဝေးဒေသများသို့ တင်ပို့ရောင်းချကြသည်။ အင်းလေးကန် တွင် လှေကိုလက်ဖြင့်မလှော်ဘဲ၊ ခြေဖြင့်သာလှော်ခတ်ကြသဖြင့် ကမ္ဘာပေါ်တွင် အထူးအဆန်းတစ်မျိုးဖြစ်၏။ ညောင်ရွှေစော်ဘွား ကြီး ဆီဆိုင်ဖလက်ထက်တွင် ထားဝယ်မြို့မှ ငတောင်နှင့် ငနောင်ညီအစ်ကိုနှစ်ယောက်သည် စော်ဘွားကြီးထံလာရောက် အမှုထမ်းခဲ့ကြရာမှ စော်ဘွား၏ခွင့်ပြုချက်နှင့် ထားဝယ်မှ အိမ်ထောင် ၃ အိမ်ထောင်ကိုခေါ်ဆောင်၍၊ ညောင်ရွှေတွင် နေထိုင်စေခဲ့သည်။ ယင်းတို့၏ အဆက်အနွယ်များသည် အင်းသားများဖြစ်လာကြသည်ဟု ဆိုလေသည်။ ညောင်ရွှေမြို့ကို ခရစ် ၁၃၅၉ ခုနှစ်(မြန်မာ ၇၁၂ ခုနှစ်) တွင် စော်ဘွားဆီဆိုင်ဖကတည်ထောင်ခဲ့၏။ မြို့ပတ်လည်တွင် ကျုံး၊ မြို့ရိုး၊ တံခါးတိုင်၊ သူရဲပြေးစသည်တို့နှင့်ပြည့်စုံစွာ ဆောက်တည်ထားခဲ့သော်လည်း၊ ယခုအခါ အချို့နေရာများတွင် မြို့ရိုးမှာပျောက်ကွယ်ခဲ့ပြီဖြစ်၏။ မြို့တွင်း၌လည်း လွှတ်တော်၊ ဟော်နန်း၊ ဗဟိုရ်စင် စသည်တို့နှင့် ပြည့်စုံစေခဲ့၏။ စော်ဘွား အစဉ်အဆက် စိုးစံခဲ့သော ဟော်နန်းကြီးသည် မြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်တွင် မီးသင့်၍လောင်လေရာ၊ အလားတူဟော်နန်း တစ်ခုကို သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် စော်ဘွားဆာစဝ်မောင်က ထပ်မံဆောက်လုပ်ထားခဲ့၏။ ထိုဟော်နန်းသည်မင်္ဂလာလှေကား၊ မင်္ဂလာမုတ်ပေါက်၊ ဟော်ဦးဆောင်၊ ဟော်နန်းပြာဿ်ဆောင်၊ သုံးထပ်လယ်ပေါ် ဇေတဝန်ဆောင်မကြီး၊ တောင်ဓားဝယ်ဆောင်၊ မြောက်ဓားဝယ်ဆောင်၊ မြောက်ဆောင်တော်၊ တောင်ဆောင် တော် စသည်တို့ဖြင့် ခမ်းနားလှပေသည်။ ဟော်နန်းပြာဿာဒ် ဆောင်တွင် သီဟာသနပလ္လင်ထားရှိ၍၊ စော်ဘွားကြီးသည် တစ်နှစ်လျှင်နှစ်ကြိမ်မျှ မြို့စားရွာစားတို့၏ ပူဇော်မှုကို ထိုပလ္လင် မှနေ၍ ခံယူလေ့ရှိသည်။ အုပ်ချုပ်ရေးကို စော်ဘွားကြီးကပင် စီမံခန့်ခွဲသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်အခါတွင် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ယာယီသမ္မတအဖြစ် ပထမ ဦးဆုံးရွေးကောက်တင်မြောက်ခြင်းခံရ၏။ ညောင်ရွှေမြို့သည် ရှမ်းပြည်နယ်အသီးသီး၏ ဟော်စိုက်ရာ မြို့များတွင် အကောင်းဆုံးမြို့တစ်မြို့ဖြစ်၏။ ညောင်ရွှေမြို့မှ မောလိသတ်(ပေါရိသတ်) မြို့သို့သွားသောလမ်းပေါ်တွင် စေတီ တစ်ဆူရှိသည်။ ထိုစေတီကို တည်ရခြင်းအကြောင်းသည်ကား၊ ဗြိတိသျှတို့ ရှမ်းပြည်သို့ ချီတက်သိမ်းပိုက်လာသည့်အခါ စော်ဘွားကြီး စဝ်အုံးသည် မိမိနှင့် ဗြိတိသျှတို့ ပထမတွေ့ဆုံရာ အရပ်ကို အထိမ်းအမှတ် ပြုလိုသောကြောင့် ထိုစေတီကိုတည်ခဲ့ သည်ဟုဆိုကြသည်။ ညောင်ရွှေမြို့ရှိ ရတနာမာရ်အောင် စေတီ တော်မှာကား စော်ဘွားကြီးဆာစဝ်မောင်လက်ထက်၌ မင်းတုန်း မင်းတရားကြီးချီးမြှင့်တော်မူခဲ့သော သီဟိုဠ်မှ ဓာတ်တော်များကို ဌပနာ၍ တည်ထားခြင်းဖြစ်သည်။ ညောင်ရွှေမြို့တွင် နှစ်စဉ် နယုန်လ၌ ဝိနယာဒိနုဂ္ဂဟစာပြန်ပွဲတော်ကြီးကို ဆင်ယင်ကျင်းပ လေ့ ရှိလေသည်။ ထို့ပြင်လည်း နှစ်စဉ် သီတင်းကျွတ်လတိုင်း တွင် အင်းလေးကန်မှ ဖောင်တော်ဦးဘုရားကို လှေဖြင့် ပင့် ဆောင်၍ ဘုရားပွဲကျင်းပမြဲဖြစ်သည်။ ဖောင်တော်ဦးရုပ်ပွား တော်မြတ် ကိန်းဝပ်စံပယ်တော်မူရန် စံကျောင်းတော်အဖြစ် အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီကျောင်းတော်ကြီးကို စော်ဘွားကြီး ဆာစဝ်မောင်ပင်လျှင် ဆောက်လုပ်လှူဒန်းထားရှိလေသည်။ ညောင်ရွှေမြို့ရှိ အခြားတန်ခိုးကြီးဘုရားတို့မှာ ရွှေသံတောင်နှင့် ရွှေအင်းတိမ်ဘုရားများ ဖြစ်ကြသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရှမ်းပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့သည် မြန်မာပြည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြစ်ကြီးနားမြို့၏ အထက် ၂၅ မိုင်ခန့်တွင် မေခ နှင့် မလိခ မြစ်သွယ် နှစ်ခု ပေါင်းဆုံသော မြစ်ဆုံ တည်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်ကြီးအဖြစ် မြစ်ဖျားခံကာ မြန်မာပြည်တံလျား မြောက်မှ​တောင်သို့ စီးဆင်းသည်။ မြစ်ကြီးနားမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၇၆ပေ တွင်တည်ရှိသည်။ ထိုသို့မြစ်ကြီး၏အနားတွင် ပေါ်ပေါက်ခဲ့သော မြို့ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ဟုခေါ်တွင်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ မှ ၉၁၉ မိုင်ကွာဝေးပြီး မန္တလေးမြို့ မှ ၄၈၇ မိုင် ကွာဝေးသော အေးချမ်းသာယာ လှပသည့် မြို့လေးတစ်မြို့ ဖြစ်သည်။ ဗန်းမော်မြို့မှ ၁၃၅ မိုင် နင့် ပူတာအိုမြို့မှ၂၁၈မိုင် ကွာဝေး၏။ မေခနှင့် မလိခမြစ်ဆုံမှ ၂၆ မိုင်ခန့်သာ ဝေးသည်။ သမိုင်းကြောင်း မြစ်ကြီးနားမြို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင် တည်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ် မတိုင်မီက မိုးကောင်းနယ်အတွင်းရှိ ရှမ်း -မြန်မာ ရွာကလေး တစ်ရွာမျှသာ ဖြစ်၍၊ မြစ်ကြီးနားဟု တွင်ခဲ့သည်မှာလည်း မြစ်ကြီး(ဧရာဝတီ) အနားတွင်ရှိသောကြောင့်ဟု ဆိုသည်။ မိုးကောင်းနယ်နှင့်တရုတ်ပြည်ကုန်သွယ်ရာဆိပ်ကမ်းဖြစ်သည်။ မြစ်တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့မှတစ်ဆင့် တရုတ်ပြည်နှင့် ကုန်သွယ်ရာစခန်းတစ်ခု ဖြစ်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးနောက် မိုးကောင်းမြို့တွင် အခြေချရာ စိမ့်တောများပေါများခြင်းကြောင့် မြစ်ကြီးနားသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း အရေးပါလာ၍၊ ဗြိတိသျှတို့ အုပ်စိုးနေသော အချိန်တွင် အရေးပိုင်ရုံးစိုက်ရာမြို့တစ်မြို့ ဖြစ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် လီဒိုလမ်းမကြီး၊ တရုတ်- မြန်မာလမ်းမကြီးများဖောက်လုပ်ခြင်း၊ မဟာမိတ်တပ်များ စခန်းချခြင်းတို့ကြောင့် မြစ်ကြီးနားမြို့သည် ပို၍အရေးပါလာသည်။ လွတ်လပ်ရေးကာလတွင် မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်ရှိ ပြည်သူတို့အား ပြည်မနှင့်ပူးပေါင်းမည်သို့မဟုတ် ကချင်တောင်တန်းဒေသနှင့် ပူးပေါင်းမည်အား ဆန္ဒမဲကောက်ခံစေခဲ့သည်။ ပြည်မနှင့်ပူပေါင်းရန် မဲအသာရခဲ့သော်လည်း ဒေသခံအများစုမှာ ကချင်လူမျိုးများ ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ၎င်းခရိုင်နှစ်ခုအား ကချင်တောင်တန်းဒေသနှင့် ပူးပေါင်းပေးရုံမက မြစ်ကြီးနားမြို့ကို ကချင်ပြည်နယ်၏မြို့တော်အဖြစ်သတ်မှတ်ပေးခဲ့သည်။ မြစ်ကြီးနားသည် ရှေးယခင်ကတည်းက တရုတ်နှင့် မြန်မာကြား အရေးပါသော ကုန်သွယ်မြို့ဖြစ်ခဲ့သည်။ အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြု George J. Geis နှင့်သူ၏ဇနီးသည် 1890 ခုနှစ်များနှောင်းပိုင်းတွင်မြစ်ကြီးနားသို့ရောက်ရှိလာပြီး 1900 ခုနှစ်တွင်သူတို့သည်မြို့၌စံအိမ်ဆောက်ရန်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆောက်အအုံကို Geis Memorial Church ဟုခေါ်သည်။ ၎င်းသည် မြစ်ကြီးနားရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အသင်းတော်များထဲမှ တစ်ခုဖြစ်သည်။ ဂျပန်တပ်များသည် ဒုတိယကမ္ဘာစစ်အတွင်း မြို့နှင့်အနီးနားရှိ လေတပ်စခန်းကို သိမ်းပိုက်ခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်ကြီး Joseph Stilwell လက်အောက်ရှိ မဟာမိတ်တပ်များက မြစ်ကြီးနားမြို့ကို မျိုးချစ်တရုတ်တပ်ခွဲများ၊ Chindits နှင့် Merrill ၏ မုဒိမ်းကျင့်မှုများကြားတွင် ကြာရှည်စွာ သိမ်းပိုက်ခံခဲ့ရသည်။ မြောက်ပိုင်းတိုက်ပွဲနယ်မြေကွပ်ကဲမှုနှင့် ဗိုလ်ချုပ်ကြီး Masaki Honda လက်အောက်ရှိ ၃၃ ခုမြောက် ဂျပန်စစ်တပ်၏ ဝိုင်းရံထားသော အစိတ်အပိုင်းများ။ မြို့သည် ဗျူဟာမြောက် အရေးပါသော ရထားလမ်း နှင့် ရေလမ်း ဖောက်လုပ်ခြင်း ကြောင့်သာမက ကျန်မြန်မာ နိုင်ငံ နှင့် လီဒို လမ်း ၏ လမ်းကြောင်း ပေါ်ရှိ ဖြစ်သောကြောင့် ဗျူဟာမြောက် အရေးပါ ပါသည်။ မြစ်ကြီးနားကို ယခင်က "Sina Gong" (စန်လဂေါင်) ဟုလည်း ခေါ်သည်) မှာ "လူကြီးလူကောင်း" ဟု အဓိပ္ပါယ်ရသည်။ ထင်ရှားသော သမိုင်းဝင် ယဉ်ကျေးမှုမြို့ဖြစ်သည့် မြစ်ကြီးနားတွင် နေရာတိုင်းတွင် စည်ကားသိုက်မြိုက်စွာ တည်ရှိနေသော ဘုရားပုထိုးများ၊ ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနားကို ဂျပန်စစ်တပ်နှင့် ဗမာကွန်မြူနစ်ပါတီ ဗိုလ်ချုပ်အောင်ဆန်းတို့ သိမ်းပိုက်ခဲ့သည်။ ၁၉၄၄ ခုနှစ် မေလတွင် တရုတ်-အမေရိကန် မဟာမိတ်တပ်များ၏ လက်ထောက်တပ်မှူး ဗိုလ်ချုပ် စတီးဝဲလ်နှင့် ဒုတိယ စစ်သေနာပတိ Zheng Dongguo တို့၏ စီစဉ်မှုအောက်တွင် တရုတ်စူးစမ်းလေ့လာရေးတပ်ဖွဲ့သည် အိန္ဒိယမှ တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့သည်။ တပ်မ ၃၈ သစ်၊ ပထမကြည်းတပ်သစ် (၂၂) တပ်မသစ်၊ မြစ်ကြီးနားလေဆိပ်ရှိ Merrill Commando Airborne မှ စစ်သားများ၏ သုံးလကြာ သွေးထွက်သံယို ဝိုင်းရံမှု အပြီးတွင် ထောင်နှင့်ချီသော စစ်သားများ ကျဆုံးပြီး ဒဏ်ရာ ရရှိကာ နောက်ဆုံးတွင် မြို့လယ် မီးရထား ဘူတာရုံသို့ ဝင်ရောက် စီးနင်း ကာ စစ်ပွဲ ပြီးဆုံးခဲ့သည်။ ဂျပန်စစ်သား ၃၀၀၀ ကျော် အားလုံးနီးပါး ကျဆုံးခဲ့ပါတယ်။ အမေရိကန် စစ်သည် ၃၀၀၀ ကျော်တွင် ၂၇၂ ဦး သေဆုံးကာ ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် ၆၀၀၀ ကျော်ကို မြို့တော်၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ သုသာန်များတွင် မြှုပ်နှံထားသည့် တရုတ်စစ်သည် ၆၀၀၀ ကျော် ရှိခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် ဇန်နဝါရီလ ၁ဝ ရက်နေ့၌ ကချင်ပြည်နယ်ဟုပေါ် ပေါက်လာသည့် အချိန်အခါမှစ၍ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်လာသည်။ အစိုးရဌာနများ ကချင်ပြည်နယ် အစိုးရရုံးစိုက်ရာ အတွင်းဝန်များရုံးနှင့် အခြားအစိုးရရုံးများ၊ ပြည်သူ့ဆေးရုံ၊ အကျဉ်းထောင်တို့ တည်ရှိသည်။ ခရိုင်ဝန်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ထို့အပြင် ဥပစာကောလိပ်၊ ဆရာဖြစ်သင် သိပ္ပံကျောင်း၊ အထက်တန်းကျောင်းများ၊ အလယ်တန်း ကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိသည်။ မြန်မာပြည်မြောက်ဘက် နယ်နိမိတ်နှင့် နီးစပ်၍ ပြည်ထောင်စု လုံခြုံရေး အတွက်အရေးပါသော ဒေသတစ်ခု ဖြစ်သည့် အလျောက် စစ်စခန်းချရာမြို့လည်း ဖြစ်သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်ထားရှိသည်။ ရာသီဥတု အပူပိုင်းဆဗားနားရာသီဥတုဆန်‌သော အပူလျော့ပိုင်းစိုစွတ် (နွေမိုး) ရာသီဥ‌တုမျိုးရရှိသည်။ အအေးဆုံးလသည် ဇန်နဝါရီလဖြစ်ပြီး မဇ္ဈိမအပူချိန် ၆၄ ဒီဂရီဖာရင်ဟိုက်မျှရှိသည်။ မဇ္ဈိမအပူချိန်အမြင့်ဆုံးလသည် ဩဂုတ်လဖြစ်ကာ ၈၃ ဒီဂရီဖာရင်ဟိုက်ရှိသည်။ တစ်နှစ်ပတ်လုံး၏ ပျမ်းမျှအပူချိန်သည် ၇၇ ဒီဂရီဖာရင်ဟိုက်ခန့်ဖြစ်သည်။ သဘာဝ‌ပတ်ဝန်းကျင်ဂေဟစနစ်များပျက်စီးယိုယွင်းလာသောကြောင့် တစ်နစ်ထက်တစ်နစ်အပူချိန်မြင့်လာနေသည်။ လမ်းပန်းဆက်သွယ်ရေး မြစ်ကြီးနားမြို့သည် မီးရထားလမ်းဆုံး မြို့ ဖြစ်သည်။ မီးရထားလမ်းအတိုင်း မန္တလေးမြို့မှ ၃၃၇ မိုင် ဝေးကွာ၍၊ ရန်ကုန်မြို့မှ ၇၂၄ မိုင်ဝေးသည်။ ရှေးက ကချင်တောင်တန်းဒေသများနှင့် မြန်မာပြည်ထွက် ပစ္စည်းများ ဖလှယ်ရောင်းဝယ်ရာဌာန ဖြစ်ခဲ့၏။ မြစ်ကြီးနားမြို့မှာ မီးသင်္ဘောများ အမြဲတစေ ဝင်ထွက်သွားလာနေသော မြို့ဖြစ်သည်။ မြစ်ကြီးနားမှာ ဆင်ဘိုသို့ မော်တော်ဖြင့် သွားလာနိုင်သည်။ ကချင်ပြည်နယ်မှ ထွက်သော ကုန်ပစ္စည်းတို့၏ ၃ ပုံ ၂ ပုံခန့်ကို မြစ်ကြီးနားမြို့မှ မော်တော်ကား၊ မီးသင်္ဘောငယ်များ၊ မီးရထားနှင့်လေယာဉ်ပျံတို့ဖြင့် အခြားမြို့များသို့ တင်ပို့ရလေသည်။ အိန္ဒိယနှင့် တရုပ်နိုင်ငံတို့သို့ ကုန်းလမ်းခရီးဖြင့် သွားရာ တံခါးပေါက်မြို့လည်း ဖြစ်သည်။ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်ထောင်စုအစိုးရ၏ ကြိုးစားဆောင်ရွက်ချက်ကြောင့် အိန္ဒိယနိုင်ငံသို့ လီဒိုလမ်းမကြီးမှ မော်တော်ကားဖြင့် သွားလာနိုင်ပြီးလျှင် ဗန်းမော်မြို့ကိုဖြတ်၍ ရှမ်းပြည် မြောက်ပိုင်းသို့ မော်တော်ကားလမ်း ခရီးပေါက်လေသည်။ ပြည်နယ်အတွင်း ဗန်းမော်၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ကာမိုင်း၊ မိုးကောင်း၊ဖားကန့်၊တနိုင်း စသည် မြို့များသို့ မော်တော်ကားလမ်းခရီးဖြင့် သွားလာနိုင်သည်။ မြန်မာနိုင်ငံတွင် လေယာဉ်ပျံကွင်း အများဆုံးရှိသော မြို့တစ်မြို့ဖြစ်၏။ စစ်အတွင်းက မဟာမိတ်တပ်များက လေယာဉ်ကွင်း ၆ ကွင်း ဆောက်လုပ် ခဲ့လေသည်။ ယခုအသုံးပြု‌ေနသောမြစ်ကြီးနားမြို့ လေယာဉ်ကွင်းမှာ အကြီးဆုံးသော ကွင်းဖြစ်သည်။ စီးပွားရေး မြန်မာနိုင်ငံ အရပ်ရပ်မှ မြစ်ကြီးနားမြို့သို့ ဂျုံ၊ ဓာတ်ဆီ၊ ရေနံဆီ၊ အထည်အလိပ်၊ သံကရိယာ၊ ဆားတို့ကို တင်ပို့လျက်၊ မြစ်ကြီးနားမှ သကြား၊ ဆန်စပါး၊ ကျောက်စိမ်း၊ ပယင်း အမျိုးမျိုး၊ ရွှေ၊ မြေပဲ၊ ကော်ဖီ၊ ကျွန်းသစ်၊ အသီးအနှံ မျိုးစုံတို့ကို မြန်မာနိုင်ငံပြည်မသို့ လည်းကောင်း၊ ပြည်နယ်အတွင်း အခြားဒေသများသို့ လည်းကောင်း တင်ပို့ ရောင်းချရလေသည်။ ကချင်ပြည်နယ်သူ ပြည်နယ်သားများ အသုံးပြုလျက် ရှိသော ကုန်ပစ္စည်း၊ ဆေးဝါးအစရှိသည်တို့ကို မြစ်ကြီးနားမှတစ်ဆင့် ဝေငှဖြန့်ဖြူးလျက်ရှိသည်။ စီးပွား‌ေရးအချက်ခြာကျ ‌ေသာမြို့ကြီးတစ်မြို့ ဖြစ်သည့်အလျောက် ကချင်လူမျိုးအပြင် လူမျိုးပေါင်းစုံမှလာ‌ေရာက်‌နေထိုင်မူရှိကြ၍ စည်းကားသော မြို့တစ်မြို့ လည်း ဖြစ်လေသည်။ မြစ်ကြီးနားမြို့ရှိ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ဆုတောင်းပြည့်စေတီမှာ အလွန်ကြည်ညိုဖွယ်ကောင်း၍၊ နှစ်စဉ် ဘုရားပွဲတော် ကျင်းပလေ့ရှိသည်။ ယခုအခါတရုတ်အစိုးရအထောက်အပံ့ဖြင့် တရုတ်နိုင်ငံ ထိန်ချုံးမြို့မှ မြစ်ကြီးနားသို့ လေးလမ်းသွားအမြန်လမ်းမကြီးဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။ ကျန်းမာရေး မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီး မြစ်ကြီးနား မူးယစ်ဆေးဝါးကု ဆေးရုံ ကိုးကား ၃။Kachinland School of Arts and Sciences – Truth, Leadership and Service". Archived from the original on 2019-09-13. Retrieved 2022-02-23. မြန်မာနိုင်ငံရှိ မြို့များ ကချင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%AC%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ဘားအံမြို့
ဘားအံမြို့ () သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်က သံလွင်မြစ် ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိ ရွာလေးတစ်ရွာသာ ဖြစ်ခဲ့သည်။ ရွာကလေးတည်ရာ သံလွင်မြစ်၏ကမ်းစွယ်တွင် အဓိကရ ကျောက်စွန်းကြီးတစ်ခု ရှိသည်။ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း(ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။ ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်း၍ ဘားအံဟု အမည်တွင်လာသည်။ ၁၉၀၇ ခုနှစ်တွင် မြို့ကွက် ရိုက်ခဲ့သည်။ ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည် ဇွဲကပင်တောင် ဖြစ်သည်။ တောင်ပေါ်တွင် ဇွဲကပင် ဆုတောင်းပြည့်စေတီတော် တည်ရှိသည်။ ဘားအံမြို့မှ သံလွင်မြစ်ညာ ရှစ်မိုင်ခန့် အကွာ ကော့ဂွန်းတောင်၏ အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။ ဘားအံ၏ အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိသည်။ ဂူ၏အောက်ခြေတွင် ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ်လျက် စီးဆင်းလျက်ရှိသော်လည်း ရေပူနှင့်ရေအေး ပေါင်းစပ်ခြင်းမရှိကြောင်း တွေ့ရသည်။ ဘားအံသည် မြန်မာနိုင်ငံတွင် ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သည်။ ဇွဲကပင်တောင်၊ကြာအင်းတောအရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။င်၊တောင်ဝိုင်းတောင်၊ဖားပုတောင်တို့သည် ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ဘားအံမြို့၏ ထင်ရှားသော ခရီးသွားတို့၏ဆွဲဆောင်ရာနေရာဒေသတစ်ခုဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပခရီးသွားအများစုစိတ်ဝင်စားမှုရှိနေသည့် ဒေသတစ်ခုဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ဘားအံလေဆိပ် အဝေးပြေးကားများ ရေကြောင်းခရီး ကိုးကွယ်ယုံကြည်မှု အဓိက ကိုးကွယ်သည့် ဘာသာ မှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ဒုတိယမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် နတ်ကိုးကွယ်သူများလည်း ရှိသည်။ ကျန်းမာရေး ဘားအံ အထွေထွေရောဂါကု ဆေးရုံကြီး တောင်ကလေး စစ်ဆေးရုံ အားကစား ဘားအံ အောင်သံလွင် အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး ဘားအံမြို့ တွင် တည်ရှိသည်။ ဇွဲကပင် ယူနိုက်တက် ဘောလုံးအသင်း သည်ဘားအံမြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။ ပညာရေး ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ဘားအံပညာရေးကောလိပ် ဘားအံတက္ကသိုလ် နည်းပညာတက္ကသိုလ်(ဘားအံ) ဘားအံ သူနာပြု လေ့ကျင့်ရေးကျောင်း ပြခန်း ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ကရင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AC%E1%80%B8%E1%80%A1%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
သထုံမြို့
သထုံမြို့သည် မြန်မာပြည် မွန်ပြည်နယ်တွင်ရှိသော မြို့တစ်မြို့ဖြစ်သည်။ သထုံခရိုင်၏ ရုံးစိုက်မြို့ဖြစ်သော သထုံမြို့သည် မုတ္တမကွေ့ကို မျက်နှာပြုလျက် မြသပိတ်ဘုရားနှင့် လဝတောင်ဘုရားတို့တည်ရှိသည့် သထုံတောင်တန်းကို နောက်ခံပြုထားလေသည်။ မြို့တည်နေပုံသည် သစ်ပင်တောအုပ်တို့ဖြင့် စိမ်းစိုသာယာသော တောင်စောင်းဆင်ခြေလျှောကို နောက်ခိုင်းကာ တောင်ကုန်းနှင့် မြေပြန့်အကြား၌ရှိလေရာ ရှုခင်းသာယာလှပသောမြို့ဖြစ်သည်။ထို့ကြောင့်ပင်လျှင်စာရေးဆရာကြီးမြသန်းတင့် က "လှသောကောင်းသောမြို့"ဟူ၍ သထုံမြို့အကြောင်းစာတစ်ပုဒ်ရေးခဲ့ဖူးသထုံမြို့သည်၊ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ စတင်ပွင့်လင်းရာ အရပ်တခုဖြစ်သည်။ သထုံမြို့သည် ပြန့်ပြူး၍ သစ်ပင်ကြီးငယ်များ ပေါများသည်။ အရှေ့ဘက်တွင် တောင်တန်းကြီးဖြင့် ကာဆီးနေသော်လည်း မြောက်ဘက်နှင့် အနောက်တောင်ဘက်တွင် လယ်ကွင်းများရှိသောကြောင့် ဆောင်းနှင့် မိုးအခါတွင် လေဒဏ်မိုးဒဏ်ကို ခံရသည်။ သို့သော် သထုံမြို့၏ ရာသီဥတုသည် အပူအအေး မျှတကောင်းမွန်သည်။ မိုးများသော်လည်း ရေဆင်းကောင်းသည်။ ဂဝံကျောက်မြေပေါ်တွင် တည်ထားသောမြို့ဖြစ်၍ ရေဝပ်ခြင်းကင်းကာ ရေလည်း အလွယ်တကူ လျှောကျသွားနိုင်လေသည်။ အပူချိန်သည် ၉၅ ဒီဂရီထက် ကျော်လွန်သည့်အခါ ကျော်လွန်သော်လည်း ပင်လယ်လေရနေသဖြင့် အပူရှိန်သက်သာသည်။ သထုံမြို့သည် ပင်လယ်မှ ၁၆ မိုင်ခန့်သာ ဝေးလေသည်။ သထုံမြို့သည် ခုနစ်စတုရန်းမိုင် ကျယ်ဝန်းပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရှိလူဦးရေမှာ ၅၅,၀၄၇ ဦး ဖြစ်သည်။ သထုံမြို့နယ်တွင် ကရင်လူမျိုးအများဆုံးနေထိုင်ပြီး၊ ဒုတိယအများဆုံးအနေဖြင့် မြန်မာလူမျိုးများ ဆတူနီးပါးရှိပြီး၊ ပအိုဝ်းလူမျိုးများမှာ တတိယအများဆုံး နေထိုင်ကြသည်။ ရာခိုင်နှုန်း ၇၅ ခန့်မျှသော လူများစုသည် ဗုဒ္ဓဝါဒီများဖြစ်ကြ၍ ခရစ်ယာန်များလည်းရှိကြပေသည်။ သထုံမြို့ မြူနီစီပယ်အဖွဲ့ကို ၁၈၈၇ ခုနှစ်ကပင် စတင်ဖွဲ့စည်းခဲ့၍ မြို့စည်ပင်သာယာရေးကို ဆောင်ရွက်ခဲ့သည်။ ခရိုင်စည်ပင်သာယာရေးအတွက် ဒေသန္တရအုပ်ချုပ်ရေးကောင်စီကို ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းသည်။ သထုံမြို့ပေါ်တွင် နေထိုင်ကြသော သူများသည် ကုန်သည်များ၊ အစိုးရအမှုထမ်းများနှင့် အေးချမ်းစွာ လာရောက်အခြေစိုက်နေထိုင်ကြသော ပင်စင်ရ အစိုးရအရာရှိဟောင်းများသာ များပြားလေသည်။ သထုံမြို့၏ မြောက်ဘက်တွင် ခရိုင်ဝန်ရုံး၊ ခရိုင်စက်ရှင်တရားသူကြီးရုံး၊ ခရိုင်ရဲဝန်ရုံး စသောအစိုးရရုံးအဆောက်အအုံများရှိသည်။ အစိုးရအထက်တန်ကျောင်း ၄ ကျောင်းနှင့် အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများလည်း သထုံမြို့ပေါ်တွင် ရှိလေသည်။ လမ်းပန်းဆက်သွယ်ရေး သထုံမြို့သည် ခရိုင်အတွင်း ကူးသန်းရောင်းဝယ်မှု အချက်အချာ ကျသောမြို့ဖြစ်သည်။ ရန်ကုန် - မော်လမြိုင် မီးရထားလမ်းသည်လည်းကောင်း၊ မော်တော်ကားလမ်းသည်လည်းကောင်း၊ သထုံမြို့ကို ဖြတ်သန်းသွားသဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသည်။ သမိုင်းကြောင်း သထုံမြို့သည် ရှေးပဝေဏီအခါက မထင်ရှားသော တံငါရွာ ကလေးများသာဖြစ်သည်။ ထိုစဉ်က လဝလူမျိုးများ နေထိုင်ကြသည်ဟုဆို သည်။ နောင်အခါ မွန်လူမျိုး၊ ပအိုဝ်းလူမျိုးတို့လည်း လာရောက်နေထိုင်ကြသည်။ ပင်လယ်ကမ်းနားတွင် တည်ရှိသည်ဖြင့် အိန္ဒိယတောင်ပိုင်းနိုင်ငံများနှင့် ပင်လယ်ခရီးဖြင့် ဆက်ဆံမှုရှိသဖြင့် သထုံသည် လူနေအိမ်ခြေ တိုးတက်စည်ကားလာပြီးလျှင် မြို့ပြဖြစ်လာလေသည်။ အချို့ သမိုင်းဆရာတို့၏အဆိုမှာ သထုံသည် မွန်လူမျိုးတို့၏ ရှေးဦးစွာ တည်ထောင်သောမြို့ဖြစ်၍ မြတ်စွာဘုရား၏ ဘိုးတော်အဉ္စနမင်းကြီး ဖြိုကြွင်းသော သက္ကရာဇ် ၉၄ ခုနှစ်တွင် တည်ထောင်သည်ဟု ဆိုလေသည်။ တစတစနှင့် သထုံသည် မင်းနေပြည်တော်ဖြစ်လာ၍ မင်း ၅၉ ဆက် စိုးစံခဲ့သည်ဟုဆိုသည်။ သထုံကို မင်းနေပြည်တော်ပြု၍ ပထမဆုံး စိုးစံခဲ့သောမင်းသည် သီဟရာဇာဖြစ်လေသည်။ မင်းနေပြည်တော် ဖြစ်လာသည်အထိ ရှေးခေတ်သထုံတိုးတက်လာရခြင်း၏ အကြောင်းရင်း အထောက်အခံများရှိပေသည်။ မြို့၏နောက်ခံတောင်တန်း၏ အရှေ့ဘက်တွင် သံလွင် နှင့် ဒုံသမိမြစ်ဝှမ်းကိုသို့ သွားရောက်နိုင်သော လမ်းပေါက်များရှိသည်။ ယင်းတို့သည်ယခု ဒုံဝန်း၊ ကင်ပွန်းခြုံ၊ သိမ်ဆိပ်ရွာများရှိရာ အရှေ့ဘက်သို့သွားသောလမ်းများနှင့် သထုံအရှေ့ဘက်ရှိ ဈေးမသွယ်နှင့် ဒူးရင်းဆိပ်သို့ပေါက်သော ဘင်လှိုင်တောင်ကြားလမ်း တို့ဖြစ်သည်။ တောင်ဘက်၌လည်း ဝင်းစိန်ရွာ၏အရှေ့ဘက်၌ တောင်ကြားလမ်းရှိသေးသည်။ တောင်တန်းတစ်လျှောက်၌လည်း တောင်ပေါ်ဖြတ် လူသွားလမ်းများရှိလေသည်။ အဆိုပါ လမ်းပေါက်များရှိသဖြင့် ရှေးခေတ်သထုံတည်နေရာသည် သံလွင်မြစ်ဝှမ်းနှင့်အဆက်အသွယ်ရခြင်း၊ သံလွင်မြစ်ဝှမ်းမှ ထွက်ကုန် အထူးသဖြင့် ဆန်စပါးကို အားထားနိုင်ခြင်း၊ ထိုစဉ်က ကမ်းရိုးတန်းလွင်ပြင်သည် ကျဉ်းမြောင်း၍ ယခုကဲ့သို့ ဆန်ရေစပါး မပေါသေးသော်လည်း ဝင်းစိန်မြေပြန့်မှ ဆန်စပါးရနိုင်ခြင်း၊ ပင်လယ်ကိုမျက်နှာမူထားသော မြို့ဖြစ်သဖြင့် အနောက်ဘက်နိုင်ငံများ (အထူးသဖြင့် အိန္ဒိယ အရှေ့ကမ်းခြေဒေသ တိုင်းပြည်များ)နှင့် ကူးသန်းရောင်းဝယ်မှု ပြုနိုင်ခြင်းကြောင့် တိုးတက်စည်ကားလာခဲ့ခြင်း ဖြစ်ပေသည်။ ရှေးသထုံပြည်၏ မြို့တော်နေရာသည် ယခုခေတ် သထုံမြို့တည်ရာအရပ်ပင်ဖြစ်ကြောင်း သုတေသနအထောက်အထားများအရ သိရပေသည်။ အချို့သမိုင်းဆရာများကမူ ပါဠိဘာသာဖြင့် ပါဋ္ဌ မုတ္တိက နဂရခေါ် ကေလာသတောင်ခြေရင်းရှိ အရက်သည်မရွာနေရာဖြစ်သည့် တိုက်ကုလားမြို့ဟောင်းသည် ရှေးသထုံမြို့တည်ရာဟု ဆိုပြန်သည်။ အချို့ကလည်း သာသနာသက္ကရာဇ် ၁၃၇ ခုနှစ်တွင် သထုံပြည်ကို ရေလွှမ်းမိုး၍ ပျက်သည်နှင့် သက္ကရာဇ် ၁၄၄ ခုနှစ်တွင် သထုံမြို့ဟောင်းတောင်ဘက် ကေလာသတောင်အနီးတွင် မြို့သစ်တည်ရသည်။ မင်းဆယ်ဆက် စိုးစံပြီးမှ မြို့ဟောင်းသို့ပြန်ပြောင်းရသည်ဟု ဆိုပြန်လေသည်။ မည်သို့ပင်ဖြစ်စေ ရှေးခေတ်သထုံနှင့် ယခုခေတ်သည် မြေမျက်နှာသွင်ပြင် အနေအထားအားဖြင့် ခြားနားနေလေပြီ။ ရှေးခေတ်သထုံသည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ ပင်လယ်ရေပြင်သည် ယခုမုတ္တမတောင်တန်း ၏ အနောက်ဘက်ရှိ စိုက်ပျိုးဖြစ်ထွန်းသော မြေနိမ့်လွင်ပြင်ဒေသများကို ဖုံးလွှမ်းနေခဲ့သည်။ ယခု အရက်သည်မရွာတည်ရှိသော ကေလာသတောင်ခြေရင်းသို့တိုင်အောင် ပင်လယ်ရေရောက်ခဲ့သည်။ ထို့ကြောင့် အရက်သည်မရွာနှင့် သထုံမြို့မြေကြီးထဲမှ မင်းတုပ်သံချောင်းများ၊ ကျောက်ဆူးများ စသည့် နိုင်ငံခြားသင်္ဘောပစ္စည်းများဟု ယူဆရသော ပစ္စည်းအတိုအစများကို တူးဖော် ရရှိသည်။ နှစ်ကာလကြာမြင့်လေသော် ပင်လယ်ရေသည် တစ်ရွေ့ရွေ့ဆုတ်သွားတော့သဖြင့် အရက်သည်မရွာသည် ကုန်းခေါင်ခေါင်ဖြစ်သွားခဲ့သည်။ သထုံပြည်ကို အနော်ရထာတိုက်စဉ်ကပင် ယင်းသည် ပင်လယ်ဆိပ်ကမ်းမြို့ မဟုတ်တော့ချေ။ စစ်တောင်းမြစ်ဝတွင် သဲသောင်ပေါ်ထွန်း၍ ပင်လယ်ကမ်းခြေ ဆုတ်သွားသည်နှင့် သင်္ဘောဆိပ်အဖြစ် အသုံးမကျတော့ခြင်း ဖြစ်ပေသည်။ သထုံပြည်၏ နောက်ဆုံးမင်းသည် မနုဟာမင်းဖြစ်သည်။ အချို့ မွန်ကျောက်စာတို့၌ မကုဋမင်းဟုလည်းခေါ်သည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်း လာရောက်တိုက်ခိုက်သဖြင့် မနူဟာမင်းလည်း ပုဂံပြည်သို့ ပါသွားပြီးလျှင် သထုံပြည်လည်း ပျက်လေသည်။ အနော်ရထာမင်း သထုံပြည်သို့ ချီတက်တိုက်ခိုက်စဉ် အချိန်ကာလ၌ သထုံသည် သင်္ဘောဆိပ်ကမ်း မဟုတ်တော့ချေ။ သို့တိုင်အောင် ရန်သူတို့ ရုတ်တရက် ချဉ်းကပ်တိုက်ခိုက်ရန် မလွယ်ကူဘဲ မြို့အနေအထား ကောင်းမွန်ပေသည်။ သုတေသနပြုချက်များအရ သထုံမြို့တော်ဟောင်းသည် အရှေ့ဘက်၌ မတ်စောက်မြင့်မားသော ပေ ၇ဝဝ ကျော်ရှိသည့် တောင်တန်းများက ကာကွယ်ထားသည်။ အနောက်ဘက်၌ ပင်လယ်ရှိသည့်အပြင် ဒီရေရောက်သော ရေဖုံးသော ရွှံ့ပြင်များရှိသည်။ မြောက်ဘက်၌လည်း မြို့ရိုးလေးထပ် ခံတပ်ကြီးတစ်ထပ်ဖြင့် ကာကွယ်ထားသည်။ တောင်ဘက်၌ မြို့ရိုးနှစ်ထပ်အပြင် ခံတပ်တစ်ခု၊ ဘင်လှိုင်တောင်ကြားလမ်းကို တောင်ဘက်မှခံတပ်တစ်ခု၊ သို့ဖြင့် ခံတပ်နှစ်ခုဖြင့် ထိန်းထားခဲ့သည်။ သို့သော် ဆန်ရေစပါးပေါများသော သံလွင်မြစ်ဝှမ်းနှင့် ဝင်းစိန်မြေပြန့်ကို မြန်မာတို့ စီးမိထားပြီးလျှင် သထုံကို စားနပ်ရိက္ခာပြတ်လပ်စေကာ ဘင်လှိုင်တောင်ကြားလမ်းမှ မြန်မာတို့ သထုံမြို့တွင်းသို့ဝင်ရောက်၍ မြို့ကို စီးနင်းနိုင်ခဲ့သည်ဟု ယူဆရလေသည်။ သထုံမြို့ဟောင်း တည်ထားပုံသည် လေးထောင့်ဖြစ်သော်လည်း စတုဂံပုံ တည့်မတ်စွာမကျပေ။ မြို့၏နောက်ခံတောင်၏အနေအထားကိုလိုက်၍ တည်ထားခြင်းဖြစ်ပေရာ နောက်ခံတောင်တန်းအလိုက်ပင် အနောက်ဘက်သို့ ခပ်စောင်းစောင်း ဖြစ်နေခဲ့သည်။ မြို့သည် တောင်နှင့်မြောက် ရှည်လျား၍ အရှေ့နှင့်အနောက် အလျားတိုသည်။ မြို့ရိုးအတွင်းရှိ မြို့၏ အလျားအနံတို့သည် မြောက်ဘက်အပြင်မြို့ရိုးမှသည် တောင်ဘက်အပြင်မြို့ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ မွန်ပြည်နယ်ရှိ မြို့များ မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%91%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မင်းကွန်းမြို့
မင်းကွန်:မြို့သည် မြန်မာပြည်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။ မင်းကွန်းအထက်ရှိ တောင်သည် ရေပြင်ထက် ၁,၃၇၃ ပေမြင့်၍ ယင်းတောင်ထက်မှ ကြည့်လျှင် မန္တလေး၊ ကျောက်ဆည်၊ အင်းဝ၊ စစ်ကိုင်း၊ ရွှေဘိုနယ်များကို ကောင်းစွာရှုမျှော်နိုင်ပေသည်။ ယင်းတောင်ထိပ်မှ ကြည့်ရှုလတ်သော် မြင်းခြံမှ စကြာတောင်ကိုလည်းကောင်း၊ ပတ္တမြားကျောက်နီတွင်းများကိုလည်းကောင်း ထင်ရှားစွာမြင်နိုင်ပေသည်။ မင်းကွန်းကမ်းသို့တက်လေလျှင် ထုံးဖြူသုတ်ထားသော ပုံတော်ရာဘုရားကို ဖူးတွေ့နိုင်ပေသည်။ ဉာဏ်တော်အားဖြင့် ၁၅ ပေသာရှိ၍ မင်းကွန်းပုထိုးတည်ရာ၌ ပုံနမူနာအဖြစ် တည်ထားခြင်းဖြစ်သည်။ မင်းကွန်းပုထိုးသာ အပြီးတိုင်တည် ဆောက်ပြီးဖြစ်ပါက ပုံတော်ရာဘုရားအတိုင်းပင် ဖြစ်ပေမည်။ ဘိုးတော်ဘုရားသည် မင်းကွန်းတွင် ယာယီစံနန်းတည်၍ မင်းကွန်းပုထိုးကို ၁၅ နှစ်မှ အနှစ် ၂ဝ တိုင် ကိုယ်တော်တိုင် ကြပ်မ၍ တည်တော်မူသော ဟူ၏။ မင်းကွန်းပုထိုးတော်ကြီးကို ဘိုးတော်ဘုရား စ၍တည်သော်လည်း ဘုရားလည်းပြီး၊ ပြည်လည်းပျက်လတ္တံ့ ဟူသော တဘောင်ပေါ်သဖြင့် ပြီးဆုံး အောင် မတည်ခဲ့သောကြောင့် ယခုတိုင် တစ်ပိုင်းတစ်စပင် ရှိ ချေသည်။ အကယ်၍သာ အပြီးသတ်ခဲ့သော် ဉာဏ်တော် ပေ ၅ဝဝ မျှရှိမည်ဖြစ်၏။ ယခုအခါတွင် အပြီးမသတ်သော မင်းကွန်းပုထိုးသည် ပေ ၄၅ဝ ပတ်လည်ရှိ၍ အမြင့် ၁၆၂ ပေ ရှိကာ ခရစ် ၁၈၃၈ ခုနှစ်က ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက် စီးလျက်ရှိနေပေသည်။ မင်းကွန်းပုထိုးပျက်ကြီးကို ဧရာဝတီမြစ်မှ သင်္ဘောစီးလာလျှင် အဝေးမှ လှမ်း၍မြင်နိုင်ပေသည်။ ပုထိုးတော်၏ရှေ့တွင် ဧရာဝတီမြစ်ကို မျက်နှာမူလျက်ရှိသော နေရာ၌ ပျက်စီးနေသည့် ခြင်္သေ့ရုပ်ကြီးများကိုလည်း တွေ့နိုင်ပေသည်။ ပုထိုးတော်၏မြောက်ဘက်တွင် ပုထိုးတော်အတွက် သွန်းလုပ်ထားသော မင်းကွန်းခေါင်းလောင်းကြီးမှာ ယခုတိုင် မားမားမတ်မတ် တည်ရှိပေသည်။ မင်းကွန်းခေါင်းလောင်းကြီးနှင့် ကိုက် လေးငါးရာ အကွာတွင် မြသိန်းတန်၊ သို့မဟုတ် ဆင်ဖြူမယ်ဟူ၍လည်း တွင်သောစေတီကို ဖူးတွေ့ရပေသည်။ ဘကြီးတော်ဘုရား နန်းမတက်မီ မြောက်သားတော် ဆင်ဖြူမယ် အနိစ္စရောက်သည်တွင် အထိမ်းအမှတ်အဖြစ်တည်သော စေတီဖြစ်၍ မြင့်မိုရ်တောင်ထိပ်ထက် တာဝတိံသာတွင်တည်ရှိသော စူဠာမဏိစေတီတော် အတိုင်း တည်ဆောက်သည် ဟူ၏။ ထို့ပြင် မင်းကွန်း၌ ပုဂံမင်းတည်တော်မူသော စက်တော်ရာဘုရားကိုလည်း ဖူးတွေ့နိုင်ပေသည်။ ဤမည်သော စေတီပုထိုးတို့အပြင် မြစ်ကမ်းဘေး သစ်ပင်ကြီးများ၏ အာဝါသတွင် ဒေါ်ဦးဇွန်း၏ လူအိုရုံ (ယခုအခေါ် ဘိုးဘွားရိပ်သာ) လည်း တည်ရှိပေသည်။ မှီခို အားထားရာမဲ့သော အိုမင်းမစွမ်းသည့် ဘိုးဘွားများ အေးငြိမ်းစွာနေခွင့်ရကြသော ထိုဘိုးဘွားရိပ်သာတွင်း၌ အထူးသဖြင့် သနပ်ခါးပင်များကြောင့် သင်းပျံ့မွှေးကြိုင်လျက်ရှိပေသည်။ လမ်းပန်းဆက်သွယ်ရေး ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ မင်းကွန်းသည် စစ်ကိုင်းမြို့၏ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့်အကွာတွင် တည်ရှိသည်။ မန္တလေးမြို့၏ တစ်ဖက်ကမ်း ဖြစ်၍ မြောက်ဘက် ၇ မိုင်ခန့် သမ္ဗာန်ဖြင့် ဆန်တက်လျှင် မင်းကွန်းသို့ရောက်ပေသည်။မန္တလေးမြို့ မှ စက်လှေဖြင့် သွားနိုင်သလို စစ်ကိုင်းမြို့ မှလည်း ကားဖြင့်သွားနိုင်သည်။ ထင်ရှားသောနေရာများ ကမ္ဘာပေါ်တွင် လက်ရှိ တတိယ အကြီးဆုံးခေါင်းလောင်းဖြစ်သော မင်းကွန်းခေါင်းလောင်းတော်ကြီး၊ မြသိန်းတန်စေတီ၊ ဒေါ်ဦးဇွန်း၏ လူအိုရုံ နှင့် ဘိုးတော်ဘုရား ဆောက်လုပ်ခဲ့သော မင်းကွန်းပုထိုးတော်ကြီးတို့မှာ မင်းကွန်းမြို့ ၏ အထင်ကရနေရာများဖြစ်သည်။ မင်းကွန်း ကြီးငါးကြီး ထို့ကြောင့် မင်းကွန်းအရပ်၏ ထင်ရှားသော အဆောက်အဦးနှင့် လူပုဂ္ဂိုလ်များကို စုပေါင်း၍ ကြီးငါးကြီးဟုလည်း အလွယ်နားလည်နိုင်စေရန် သတ်မှတ်ကြသည်။ မင်းကွန်းပုထိုးတော်ကြီး ပုထိုးတော်ကြီးရှေ့မှ ခြင်္သေ့ရုပ်ကြီးများ မင်းကွန်းခေါင်းလောင်းတော်ကြီး မင်းကွန်းဆရာတော်ဘုရားကြီး ပုထိုးတော်ကြီးအနီးရှိ ဘိုးတော်ဘုရား၏ကောင်းမှုတော် ရေကန်ကြီး တို့ဖြစ်ကြသည်။ ကိုးကား စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များ မြန်မာနိုင်ငံရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မြိတ်မြို့
မြိတ်မြို့ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပါဝင်သည့် မြိတ်မြို့နယ်၏ ခရိုင် မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့လည်းဖြစ်သည်။ နေဝင်ရာ အနောက်အရပ်တွင် ပထော်ပထက်တောင်ဟု ခေါ်သော ကျွန်းညီနောင် ရှိသည်။ ထင်ရှားသော စေတီပုထိုးမှာ လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော် ဖြစ်ကာ၊ သိမ်တော်ကြီးစေတီတော်၊ သိမ်ကြီးတောင်ဟု အတိုခေါ်သည်။ ရေလုပ်ငန်း ထွန်းကားသည်။ ရော်ဘာ၊ ဆီအုန်းတို့ကိုလည်း စိုက်ပျိုးသည့် ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၈၄,၄၈၉ ဦး ရှိသည်။ ကျား ၁၃၉,၅၉၂ ဦး၊ မ ၁၄၄,၈၉၇ ဦး ရှိသည်။ မြိတ်ခရိုင်တစ်ခုလုံးလူဦးရေမှာ ၆၉၃,၀၈၇ ဦးရှိသဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေအများဆုံးရှိသော ခရိုင်ဖြစ်သည်။ တည်နေရာ မြန်မာနိုင်ငံ၏ တောင်ဘက် မြောက်လတ္တီတွဒ် (၁၂ဒီဂရီ ၁၆မိနစ်)၊ အရှေ့လောင်ဂျီတွဒ် (၉၈ဒီဂရီ၃၆မိနစ်)တွင် တည်ရှိသည်။ မြိတ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၈၄ ပေတွင်ရှိသည်။ သမိုင်း နောက်ခံ ယိုးဒယား(ထိုင်း)နှင့် နယ်ချင်းဆက်စပ်နေသောကြောင့် မြိတ်မြို့မှာ မြန်မာဘုရင်နှင့် ယိုးဒယား ဘုရင် တို့၏ လက်အောက်သို့ အပြန်အလှန်ကျရောက်ခဲ့ပြီး မြိတ်ဒေသမှာလည်း စစ်တလင်း ဖြစ်ခဲ့ရသည်။ မြိတ်ရာဇဝင်ကို ရေးသားပြုစုခဲ့သူ ဆရာကြီး ဦးကြီးစိန်က မြိတ်ရာဇဝင်ကို ပြုစုရသည်မှာ အလွန်ခဲယဉ်းသည်ဟု ဆိုသည်။ အေဒီ ၇၂၃ ခုနှစ်၌ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျမိုင်း၊ ယခုအခေါ် ဇင်းမယ် (ချင်းမိုင်) မင်းဆက်မှာ တနင်္သာရီတိုင်း အထိ တန်ခိုးထွားခဲ့ပြီး ၎င်းကျမိုင်းအနွယ်ဝင်က ရမ္မာဝတီ (ပျော်ဖွယ်ရာပေါသောမြို့)ကို အေဒီ ၇၅၅၌ ကော့ဘိန်းအရပ်၌ တည်ခဲ့သည်ဟု သိရသည်။ မြို့သက်တမ်း (၂၈)နှစ်ကြာလျှင် ကြက္ကလင်းမြို့ (ကံမော်)ကို ပြောင်းခဲ့၍ မြို့သက်တမ်း ၁၁၈ နှစ်ရှိခဲ့သည်။ ထို့နောက် အေဒီ ၉၀၁ ခုနှစ်၌ ထောင့်ကွာ (မြို့သက်တမ်း ၂၂၀) သို့ ရွှေ့ခဲ့သည်။ ထိုအချိန်များမှာ အလောင်းစည်သူမင်းကြီး စိုးစံအုပ်ချုပ်နေသည့် (၁၁၁၂-၁၁၆၇) ကာလများအတွင်း ရှိနေပြီး အေဒီ ၁၁၅၂ ခုနှစ်က အောင်သာဝရမြို့ကို စိုးစံခဲ့သည့် ပရမရစာ မင်းလက်ထက်တွင် ကျမိုင်း (ချင်းမိုင်)မင်းဆက် သုဉ်းသွားခဲ့သည်ဟု သိရသည်။ ပုဂံ၌ နရပတိစည်သူမင်း (၁၁၇၃ - ၁၂၁၀) စိုးစံဆဲ အဆိုပါ အဖြစ်အပျက်မှာ အေဒီ ၁၂၇၆ တွင် အောင်သာဝရမင်း (ဧကဒယ်ရာဇာ)က ခရင်းသေ အရပ်တွင် တနင်္သာရီမြို့ကို တည်ခဲ့သည်။ တနင်္သာရီမြို့၌ မြို့ရံ (၁၄)မြို့ ရှိခဲ့၍ သမုဒ္ဒရာကင်းမြို့ အဖြစ် သန်ထုပ်( သန္တုတ် - ယခု တောနောက်လယ်ကျေးရွာ)မြို့ကို အေဒီ ၁၂၇၇ တွင် စတင် တည်ဆောက် ခဲ့သည်။ အေဒီ ၁၂၇၆ မှ ၁၇၃၁ အထိ နှစ်ပေါင်း ၄၅၄ သည် တနင်္သာရီ ခေတ်ဖြစ်ပြီး မာရိတ်(မြိတ်)၏ ဖြစ်စဉ် မှာတော့ မှေးမှိန်သွားခဲ့သည်။ မာရိတ်မှာ ပရမရစာ မင်းသားငယ်၏ မြင်းခယ်တိုင် (မြင်းချည်တိုင်) အစွဲပြု၍ မာရိတ်ကျွန်းဟု ခေါ်သည်။ မာ = မြင်း၊ ရိတ် = ခယ်တိုင်၊ မြင်းခယ်တိုင် (မြင်းချည်တိုင်) ဟု အဓိပ္ပာယ်ရသည်။ ရှမ်းအခေါ် (ယိုးဒယား ) စကား ဖြစ်သည်။ ကာလရွေ့လျောလာသဖြင့် မာရိတ်ကို မြန်မာအခေါ် မြိတ်မြို့ဟု ခေါ်တွင် ကြသည်။ မြို့တည်ရခြင်းအကြောင်း အေဒီ ၁၅၃၁ ၌ ဆင်တစ်သန်းရှင် (ယခု - လာအိုနိုင်ငံ၏ မြို့တော် ဗီယက်ကျင်း) ၏ သားတော် ဗြိရာမသွန်တိဿ မင်းသားက တနင်္သာရီမြို့ကို သိမ်း၍ နှစ် ၂၀၀ ကြာသော် သန်းထုပ် (သန္တုတ်) မြို့ဆိပ်ကမ်းမှာ ရေတိမ်လာ၍ အေဒီ ၁၇၃၁ တွင် ခယ်တောင်ခြေ ( ယခု သိမ်တော်ကြီး တောင်ခြေ)သို့ ပြောင်းရွေ့ပြီး မာရိတ်မြို့ကို တည်ခဲ့သည်။ ရှေးကတည်းက ခယ်တောင်ခြေရင်း၌ တံငါလုပ်ကိုင် နေထိုင် ကြသော အိမ်ခြေ ၂၀ ခန့်သာ ရှိခဲ့သည်။ တနင်္သာရီမြို့ကြီးကား ဆိပ်ကမ်းကင်းမြို့သာ ဖြစ်လာခဲ့ပြီး မြိတ်မြို့တွင် သင်္ဘောဆိပ်မြို့တည်ရန် ဒေသအသီးသီးမှ လူများခေါ်၍ နေရာချထားခဲ့ကာ မြစ်မရပ်၊ မြစ်ငယ်ရပ်၊ ထားဝယ်စု၊ တလိုင်းစု၊ ဈေးတန်း၊ ဈေးခေါင်း၊ ကန်ဖျား၊ ကန်ခေါင်း၊ ကန်ကြီး၊ အလယ်ကျွန်း၊ နောက်လယ်၊ သံဖို(သန်းဖို)၊ လှည်းထိန်စု၊ ဆိပ်ငယ်၊ စတိန်ရပ်(ဆိပ်ငယ်) စသည်ဖြင့် အစွဲပြု ဖြစ်လာခဲ့ ကြသည်။ မြိတ်ဒေသမှာ မြန်မာဘုရင်နှင့် ယိုးဒယား ဘုရင်တို့၏ အကြိမ်ကြိမ် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ တပင်ရွှေထီး၊ ဘုရင့်နောင်မင်းတို့က ပြန်သိမ်းယူ ရသည်။ အေဒီ ၁၇၅၉ တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ပြန်သိမ်းမှ မြန်မာနိုင်ငံအတွင်း ရောက်ရှိခဲ့သည်။ မြန်မာမင်းတည်သည့် မြိတ်မြို့ ဆိပ်ခံမြို့ငယ် မာရိတ်မှာ ကြွယ်ဝ တိုးတက်နေခဲ့သည်။ အလောင်းဘုရားဦးအောင်ဇေယျ၏ ရွှေဘိုသည် မာရိတ်မြို့မှ မိုင် ၅၅ဝခန့် ကွာဝေးသည်။ နယ်ချဲ့ကိုလိုနီများကလည်း အချက်အချာကျသော မြိတ်မြို့ကို မျက်စိ ကျနေခဲ့သည်။ ကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် အရှေ့တိုင်း၊ အနောက်တိုင်းသားများ ဝင်ထွက်သွားလာ နေခဲ့ကြပြီး စီးပွားရေးလုပ်ကိုင်နိုင်ရန်အတွက် အကွက်အကွင်းကောင်း ဖြစ်ခဲ့သည်။ ဆင်ဖြူရှင် နန်းစိုက်သည့် အင်းဝမြို့မှ ၅၁၅ မိုင်ဝေးသည့် မြိတ်မြို့ကို ၁၇၇၀ ပြည်နှစ်ရောက်မှ အပြီးသတ် တည်ဆောက် ပြီးစီးခဲ့သည်။ ခေမရာစာ မြို့ဝန်မင်းအဖြစ် ထမ်းရွက်စဉ် ကာလများအတွင်းမှ တရားဝင် မြိတ်မြို့ဟု တွင်သည်။ ၁၈၂၄ ခုနှစ် ရောက်သည့်အခါ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ၌ ကိုလိုနီပိုင်နက်အတွင်းသို့ သွတ်သွင်းခံရသည်။ ထိုနောက်တွင် မြိတ်မြို့မှာ ကမ္ဘာရပ်ခြား စီးပွားရှာသမားများနှင့် ပင်လယ် ခရီးသည်တို့အတွက် မားဂွီး(Mergui) အမည်ဖြင့် ထင်ရှား လူသိများလာခဲ့သည်။ မားဂွီးအမည် မရမီကပင် ““ ဘိတ်မြို့နှင့် မြိတ်မြို့ ““ နှစ်မည် ရှိနှင့် ပြီးဖြစ်သည်။ မားဂွီး ဆိုသည့် အသုံးအနှုန်းကို အာရပ်၊ ပေါ်တူဂီနှင့် ဒတ်ခ်ျ ဘာသာစကားတို့မှ ရှာဖွေ တွေ့ရှိ နိုင်ကြောင်း သုတေသီတို့ မှန်းဆထားသည်။ ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်နှင့် တနင်္သာရီ ဒေသများသည် ပင်လယ်ရေကြောင်းမှ အလွယ်တကူ ဝင်ထွက်ခဲ့၍ ကိုလိုနီနယ်ချဲ့တို့၏ ဒဏ်ကို အစောဆုံး ခံစားခံရသည်။ နှစ် (၁၀၀)ကျော်တိုင်အောင် ကျွန်သက်ရှည်ခဲ့ပြီးမှ ပြည်ထောင်စုကြီးနှင့်အတူ လွတ်လပ်ရေး ရခဲ့သည်။ ကျွန်သက်ရှည်သော်လည်း မြိတ်မြို့သူ မြို့သားများ မျိုးချစ်စိတ်ဓာတ် ထက်သန်ခဲ့သည့် သာဓက များစွာရှိသည်။ ခေတ်သစ် စီးပွားရေး မြို့တော် မြိတ် သည်ဘက်ခေတ်မှာတော့ မြိတ်အရှေ့ (မြိတ်)နှင့် မြိတ်အနောက် (ကျွန်းစု) ဟူ၍ အပိုင်းလိုက် တွင်ခဲ့သေးသည်။ နောက်ပိုင်းတွင် မြိတ်နှင့် ကျွန်းစု ဟူ၍ အမည် သီးသန့် ဖြစ်လာခဲ့သည်။ မြိတ်မြို့မှာ မြိတ်ကျွန်းစု အပါအဝင် ကျွန်းပေါင်း ၈၀၀ ကျော်နှင့် ဖွဲ့စည်းထား၍ ပင်လယ်ပြင် စွန့်စား ခရီးသွားတို့အတွက် စိတ်ဝင်စား သဖွယ် ဖြစ်သလို မဖော်ထုတ်ရသေးသော လှပသည့် ကမ်းခြေများ၊ လူမနေသော ကျွန်းများ၊ ရေပေါ်နေ ဆလုံတိုင်းရင်းသားတို့၏ လူနေမှု ဘဝ ဟန်ပန်များမှ ခရီးသွားများကို လက်ယပ်ခေါ်နေသကဲ့သို့ အနောက်ဘက် အက်ဒမန် ပင်လယ်ပြင်ကို မျက်နှာမူ မှေးတင် တည်ဆောက်ထားပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်ချင်း ထိစပ်နေသည့်အတွက် စီးပွားရေး အခွင့်အရေးအရ မြန်မာ - ထိုင်း နယ်စပ်တွင် ဆက်သွယ်ကူးလူးနိုင်သော မောတောင်ကြား ကားလမ်းကို အဆင့်မီ ဖောက်လုပ်စရာ အကြောင်း ရှိပေသည်။ မြိတ်မှ မိုင် ၁၂၀ အကွာ အဝေးရှိ မောတောင်ကြားသို့ ဖောက်လုပ်ထားသော အဆိုပါ လမ်းမကြီး အဆင့်မီ ပြီးစီးပါက မော်တော် ကားလမ်းဖြင့် မြိတ်မှ မောတောင် နယ်စပ်သို့ သုံးနာရီကျော်ခရီး၊ မောတောင်မှ ဘန်ကောက် သို့ သုံးနာရီကျော်၊ မောတောင်မှ မလေးရှားသို့ (၁၀)နာရီကျော် ခရီးသာ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူအချို့မှ သုံးသပ် ပြထားသည်။ ကမ်းရိုးတန်းတိုင်း မြို့တော်မှာ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်လာသည့်အတွက် အာရှနှင့် အနောက်နိုင်ငံများ၏ စီးပွားရေး အချက်အချာ ဖြစ်သလို အဆိုပါ လမ်းမကြီးအား အရှေ့တောင် အာရှ လမ်းမကြီးအဖြစ် အသုံးပြု နိုင်ပြီး ထုတ်ကုန် အရည်အသွေးမြင့် ပို့ကုန်များအား စရိတ်၊ ဝန်ဆောင်မှု နည်းပါးစွာ အချိန်တိုတောင်းစွာ ကူးသန်း နိုင်မှု၊ ဒေသဖွံ့ဖြိုးမှု၊ ခရီးသွားလုပ်ငန်း ကျယ်ပြန့်လာမှု စသည်ဖြင့် နိုင်ငံတော်နှင့် လုပ်ငန်းရှင်များ၊ ဒေသခံများအတွက် အကျိုးနိုင်ပါသဖြင့် အဆိုပါ လမ်းကို စဉ်းစား သင့်ပေသည်။ မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားအရ Transit Trade Center အဖြစ် တည်ရှိနေမှုက အားသာချက် တစ်ရပ်ပင်။ ၁၉၉၇ ခုနှစ်က မြိတ်ကျွန်းစုတွင် ကမ္ဘာလှည့် ခရီးသွား လည်ပတ်မှု တရားဝင် စတင်ခဲ့ပြီး ပင်လယ် အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနေခဲ့သည်။ နယ်စပ်ကုန်သွယ်မှု စခန်းကို ၁၉၉၉ခုနှစ်၌ မြိတ်ကျွန်းစုတွင် ကမ္ဘာလှည့် ခရီးသွား လည်ပတ်မှု တရားဝင် စတင်နိုင်ခဲ့ပြီး ကမ်းရိုးတန်း တိုင်းမြို့တော်မှာလည်း ရေလုပ်ငန်း အဓိက မြို့ကြီး တစ်ခုအဖြစ် အရှိန်အဟုန်မြှင့် တိုးတက်လာခဲ့ကာ တလေးတစား ရှိကြသော မြို့ပြကြီး အဖြစ် ရပ်တည် နိုင်ခဲ့သည်။ ဘဏ်လုပ်ငန်းများ ။ ဝန်ဆောင်မှု လုပ်ငန်းများ ဒရဟော ဝင်လာခဲ့ကြသည်။ ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားခဲ့ကြသော ရေလုပ်ငန်း ကုမ္ပဏီများ၊ ပုလဲကုမ္ပဏီများ စသည်ဖြင့် အများအပြား ပေါ်ထွက်လာခဲ့သည်။ မြိတ်မြို့မှာ တကယ်တော့ ရေလုပ်ငန်းတစ်ခုတည်းကို တည်မီ နေသည်မဟုတ်၊ ရေထွက်ကုန်များနှင့် ပတ်သက်၍ အလျှံပယ်ရှိသလို ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ၊ ကျောက်မီးသွေး၊ ပုလဲ၊ သစ်၊ ငှက်သိုက်၊ စိုက်ပျိုးရေးမှာလည်း အခြားတိုင်းမြို့တော်များထက် မညံ့လှ၊ ဆီအုန်း စိုက်ပျိုးမှုမှာ တစ်နိုင်ငံလုံး၌ နံပါတ်(၁)၊ ရာဘာက နံပါတ်(၂)၊ ပို့ဆောင်ရေး ကဏ္ဍမှာလည်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအားလုံး ပြည့်စုံနေပြီ။ တောင်ပေါ်ဒေသမှာလို တောင်မြင့်မြင့် ရှုမျှော် ခင်းများကို ကမ်းရိုးတန်း တိုင်းမှာလည်း ခံစား၍ ရသည်။ ဤသို့ဆိုလျှင် တံငါအိမ်ခြေကလေး (၂၀)မှ စတင်ခဲ့သော မြင်းချည်တိုင် ရွာကလေးမှာ အခက်အခဲ ပေါင်းစုံ ကျော်လွှားခဲ့ပြီး ဒုန်းစိုင်းလာခဲ့ရာ ၂၀၀၀ ပြည်နှစ် ဝန်းကျင်၌ ကမ်းရိုးတန်းတိုင်း မြို့တော်အဖြစ် သတ်မှတ် ခံခဲ့ ရသလို အေဒီ ၁၇၃၁ တွင် ခယ်တောင်ခြေ (ချည်တောင်၌ တည်ရှိသော မာရိတ်မြို့မှာ မာရိတ်- မြိတ်-မားဂွီး-မြိတ်အရှေ့- ကမ်းရိုးတန်းတိုင်း မြို့တော် စသည်ဖြင့် သက်တမ်းရေတွက်သော် ၂၇၆ နှစ် တိုင်ပေပြီ။ မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း မြိတ်ခရိုင်၏ ခရိုင်ဝန်ရုံးစိုက်ရာ မြို့ဖြစ်သည်။ တနင်္သာရီမြစ် စီးဝင်ရာ မြစ်ဝကျွန်းပေါ်တွင် တည်ရှိ၍ လုံခြုံသော ဆိပ်ကမ်းကောင်း ဖြစ်၏။ ကမ်းခြေမှစ၍ တောင်ကုန်းမြင့်များ ဖြစ်ပြီးလျှင်ထိုတောင်ကုန်းမြင့်များပေါ်တွင် အစိုးရရုံးအဆောက်အအုံများရှိသည်။ ရှေးအခါက မြိတ်မြို့ကို အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်မှ တကျွန်းပို့ဒဏ်ခံရသော အကျဉ်းသမားများ ပို့ရာအရပ်အဖြစ်အသုံးပြုခဲ့ဘူးလေသည်။ ဒေသထွက်ကုန်များ မြိတ်မြို့သည် ယခုအခါ အရောင်းအဝယ် ဖွံ့ဖြိုးသော ဆိပ်ကမ်းတစ်ခု ဖြစ်ပေသည်။ ကျောထောက်နောက်ခံနယ်မြေတွင် ကျွန်းသစ်၊ တွင်းထွက်သတ္တုများ၊ ကြက်ပေါင်စေးများထွက်သည်။ မြိတ်ကျွန်းစုများတွင်လည်း တံငါလုပ်ငန်းဖြစ်သည့်ငါးပိ ငါးခြောက်လုပ်ငန်း၊ ပုလဲလုပ်ငန်းများအပြင် ကျွန်း ကလေးများပေါ်တွင် ငှက်သိုက်ရှာဖွေခြင်းလုပ်ငန်းများ ရှိသဖြင့်ကူးသန်းရောင်းဝယ်ရေးတွင် များစွာ တွင်ကျယ်သည်။ မြို့ပေါ်တွင် ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းများ ရှိသည်။ မြိတ်လုံချည် ခေါ် ထူထဲခိုင်မာသော ပိုးစစ်လုံချည်များမှာ အကောင်းဆုံး ပိုးထည်အမျိုးအစားတွင် ပါဝင်သည်။ ငပိတွင်လည်း မြိတ်စိမ်းစားငါးပိသည် မြိတ်မြို့၏ နာမည်ကျော် ထွက်ကုန်တစ်ခုဖြစ်ပေသည်။ ရပ်ကွက်များ တပ်ပြင်(ရှေးယခင်က တပ်များ ပြင်သောနေရာဖြစ်ခဲ့၍) သာကေတ ရေပုန်း အထက်ရေပုန်း ကလွင် ကန်ကြီး(ရေကန်ပေါင်ဟု ခေါ်သော ရေကန်ကြီးတည်ရှိရာနေရာဖြစ်၍) ကန်ခေါင်း(ကန်၏ ခေါင်းရင်း၌ တည်ရှိ၍) ကန်ဖျား(ကန်၏ အဖျား၌ တည်ရှိ၍) မြစ်ငယ် ထားဝယ်စု(ရှေးယခင်က ထားဝယ်လူမျိုးများ စုနေ၍) တလိုင်းစု(ရှေးယခင်က တလိုင်းလူမျိုးများ စုနေ၍) ဆိပ်ငယ်(ရေဆိပ်ရှိသောနေရာ) နောက်လယ် သန်းဖို(သံဖို၊ ပန်းပဲဖိုများစွာ ရှိသော နေရာ) ဈေးတန်း မြစ်မ အလယ်ကျွန်း ကြောင်ငယ် မြို့သစ် ဘုရားကိုင် ပါရမီ မြိတ်တောင် ကွက်သစ် မြန်အောင် ခရူတော ပလောက်စု စက်ဝင်း ရာသီဥတု မြိတ်သည် အပူပိုင်းမုတ်သုံရာသီဥတု အမျိုးအစား ရှိပြီး တနှစ်ပတ်လုံး ပူနွေးသည်။ တိုတောင်းသော ဆောင်းခြောက်သွေ့ရာသီ(ဒီဇင်ဘာ-ဇန်နဝါရီ)ရှိပြီးလျှင်၊ ရှည်လျားသော စိုစွတ်ရာသီ(ဖေဖော်ဝါရီ-နိုဝင်ဘာ)ရှိကာ မေလ မှ စက်တင်ဘာ အထိသည် ရံခါ သည်းထန်သော မိုး ရွာသွန်းလေ့ ရှိသည်။ မြိတ် ဒေသစကား ဘိတ်သူ ဘိတ်သား များသည် စကားပြောလျှင် အေ ရယ် | အယ် ရယ် | အော် ရယ် | အမြဲပြောဆို ဓလေ့ ရှိသည်။ ဘိတ် ဒေသစကားများသာဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
အမရပူရမြို့
အမရပူရမြို့ (တောင်မြို့) သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်တွင် ပါဝင်သည်။ ယခင်က မန္တလေးမြို့နှင့် ၁၁ ကီလိုမီတာဝေးသော မြို့ဖြစ်​သော်လည်း ၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ်နိမိတ်သည် အမရပူရမြို့ကိုလွမ်းခြုံသွားရာ အမရပူရမြို့သည်လည်းသီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေးမြို့တွင်း မြို့နယ်တစ်ခုဖြစ်သွားသည်။ အမရပူရမြို့နယ်သည် ယခင် အမရပူရနယ်၏ တောင်ဘက်မြို့နယ်ဖြစ်၍ မြောက်ဘက်တွင် မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့ ရှိကြလေသည်။ အမရပူမြို့သည် ၉၁ စတုရန်းမိုင် ကျယ်ဝန်း၍ ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၃၇,၆၁၈ ယောက် ရှိသည်။ အမည်နှင့် အဓိပ္ပာယ် အမရပူရမြို့သည် ကုန်းဘောင်ခေတ်က မင်းနေပြည်တော် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် မြို့ဖြစ်သည်။ ယနေ့တွင်မူ မန္တလေးမြို့ မြို့နယ်အတွင်းရှိ တောင်မြို့ ဟုခေါ်သော မြို့နယ်အဖြစ် ပါဝင်လျက်ရှိသည်။ အမရပူရမြို့၏ အဓိပ္ပာယ်မှာ မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ ဖြစ်၍ မသေသောမြို့ ဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှည်သော အဖိုးအဖွားများစွာ နေထိုင်ကြသည်ကို တွေ့ရပေသည်။ အမရပူရမြို့သမိုင်း ပဒုမ္မာရွှေကြာ၊ ဘိုးတော်စံရာ၊ နတ်ပြည်နှင့်တူလေခြင်း၊ ဘိုးတော်စံခင်းဟူသည်နှင့်အညီ အမရပူမြို့သည် ခေတ်ကောင်းချိန် ရှေးနှစ်ပေါင်း ၁၈ဝ လောက်ကဆိုလျှင် နတ်ဘုံနတ်နန်းတမျှ ခမ်းနား သိုက်မြိုက်သော မင်းနေပြည်တော်ကြီး ဖြစ်ခဲ့ဖူးလေသည်။ သေခြင်းကင်းရာ ပြည်သာယာဟု အဓိပ္ပာယ်ရသည့် အမရပူရမြို့၏ ပထမမြို့တည်နန်းတည်ဖြစ်သော မင်းကား အလောင်းမင်းတရားကြီး၏ စတုတ္ထသားတော် ဖြစ်၍ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက်မင်းဖြစ်သည့် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် အင်းဝထီးနန်းကို သိမ်းပိုက်အုပ်စိုးပြီးနေရာမှ အင်္ဂလိပ်တို့၏သင်္ဘောမှာ တောင်တမန်အင်း ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းရှိကြောင်းသိသဖြင့် မြို့သစ်နန်းသစ်တည်ရန်ကြံသည်။ သို့ဖြင့်၍ မြို့တည်ရန် နေရာရွေးရာ လက်ဆယ်ကန်ရွာ နေရာကို အမရပူရမြို့ နန်းတည်ရန် အတည်ပြု၍ ၁၀၊ အောက်တိုဘာ၊ ၁၇၈၁ (မြန်မာသက္ကရာဇ်၁၁၄၅ ခုနှစ်) တွင်အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ ၁၂ ၊ မေ၊ ၁၇၈၃တွင် နန်းသိမ်းပွဲဖြင့် စတင်နန်းစံသည်။ သို့သော် ၁၃၊ မတ်၊ ၁၈၁၀တွင် အမရပူရမြို့တွင် မီးအကြီးအကျယ်လောင်ရာ နန်းတော်ပါ ပျက်စီးသဖြင့် တဖန်ပြန်တည်ရပြန်သည်။ သို့ဖြင့် အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ဒီဇင်ဘာ၊၁၈၁၀ တွင် ပြန်လည်စိုးစံသည်။ ထူးခြားချက်မှာ အမရပူရ နန်းတော် တည်ဆောက်ရာတွင် အုတ်ခုံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့သော နန်းတော်တည်ဆောက်ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။ ထိုနောက် ဘကြီးတော်မင်းလက်ထက်တွင် အင်းဝသို့ ပြန်လည်ပြောင်းရွှေ့ နန်းစိုက်ကာ သာယာဝတီမင်း လက်ထက်တွင် အမရပူရကို နန်းမြို့အဖြစ် ပြန်လည်သတ်မှတ်ကာ နန်းစိုက်ခဲ့သည်။ ထိုနောက် မင်းတုန်းမင်းလက်ထက်တွင် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကို တည်ဆောက်ကာ ပြောင်းရွှေ့နန်းစံရာ အမရပူရလည်း နန်းမြို့အဖြစ်မှ လျောကျခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ်နိမိတ်သည် အမရပူရမြို့ကိုလွမ်းခြုံသွားရာ အမရပူရမြို့သည်လည်းသီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေးမြို့တွင်း မြို့နယ်တစ်ခုဖြစ်သွားသည်။ ဆက်သွယ်ရေး မန္တလေးမှ အနောက်ဘက် စစ်ကိုင်းတိုင်းသို့ သွားရာလမ်းအဖြစ်သာမက ရန်ကုန်-မန္တလေး အမှတ်(၂)လမ်းမကြီးနှင့်ပါ ချိတ်ဆက်တည်ရှိသည့်အတွက် သွားလာရေးလွယ်ကူသည်။ ထို့ပြင် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းဖြတ်သန်းရာ ဒေသလည်းဖြစ်သည်။ ပညာရေး ရတနာပုံတက္ကသိုလ် သည် အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအနီး တည်ရှိသည်။ အ.ထ.က ကျောင်းများက မြို့ထဲတွင် တည်ရှိသည်။ မန္တလာတက္ကသိုလ်လည်း တည်ရှိသည်။ ထို့အပြင် ဆောင်းဒါး ရက်ကန်းကျောင်း လည်း တည်ရှိသေးသည်။ စီးပွားရေး အမရပူရမြို့၏ အဓိကလုပ်ငန်းမှာ ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းဖြစ်၍ မြန်မာပြည်တွင် ရက်ကန်းမြို့အဖြစ် တင်စားလောက်သော မြို့ဖြစ်ပေသည်။ တစ်မြို့လုံးနီးပါး ရက်ကန်းအတတ်ကို တတ်ကြသည်။ ယင်းပိုးထည်လုပ်ငန်းကြီးကို အကြောင်းပြု၍ ခရစ် ၁၉၁၂ ခုနှစ်လောက် ကတည်းက ဆောင်းဒါး ရက်ကန်းကျောင်းကို မန္တလေး စစ်ကိုင်းလမ်းပေါ်တွင် ဖွင့်လှစ်ထားသည်။ ပိုးထည်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများ အဓိက စီးပွားရေး အဖြစ်လုပ်ကိုင်ကြသည်။ တောင်သမန်အင်း၊ တက်သေးအင်းများ တည်ရှိ၍ အင်းလုပ်ငန်းများဖြင့်လည်း စီးပွားရှာကြလေသည်။ ဆေးရွက်ကြီး ဆေးပေါင်းရုံများလည်း ရှိ၍ ဆေးပေါင်းသော လုပ်ငန်းလည်းရှိသည်။ အထင်ကရနေရာများ မြို့၏ အနီးတွင် တောင်သမန်အင်း ရှိသည်။ ပုဂံမင်း လက်ထက်က မြို့စာရေး မောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်သားတံတားကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ ထိုတံတားကို ဦးပိန်တံတား ဟုခေါ်တွင်သည်။ တောင်သမန်အင်းပတ်လည်တွင် အမရပူရမြို့၏ တန်ခိုးကြီးဘုရားများဖြစ်သော ကြီးလေးကြီး ဘုရားဟု ညွှန်းဆိုထားသည့် - ပုထိုးတော်ကြီး ( မဟာဝိဇယရံသီ) ရွှေဂူကြီး တောင်မင်းကြီးဘုရား ကျောက်တော်ကြီးဘုရားတို့ကို ဖူးမြော်နိုင်သည်။ အမရပူရမြို့ အနောက်တောင်ထောင့်တွင် စစ်ကိုင်းမင်း အမည်ခံ မှန်နန်းရှင် ဘကြီးတော် မင်းတည်ထား ကိုးကွယ်ခဲ့သော စည်းခုံတော်ပုထိုးတော်ကြီး စေတီရှိရာ ဘွဲ့တော်မှာမဟာဝိဇယရံသီ ဖြစ်၍ အလွန် ထင်ရှားသည်။ တောင်သမန်အင်း တစ်ဘက်တွင် ပုဂံမင်း တည်ထားခဲ့သော ကျောက်တော်ကြီးဘုရား ရှိသည်။ ဆောင်းဒါး ရက်ကန်းကျောင်း ဦးပိန်တံတား တောင်သမန်အင်း တက်သေးအင်း မဟာဂန္ဓာရုံကျောင်း ဗားကရာဘုန်းကြီးကျောင်း ရတနာ့ဂူ ဘုရားပွဲ ပုထိုးတော်ကြီး(အမရပူရ) ကျောက်တော်ကြီးဘုရား(အမရပူရ) သပြေတန်း ခံတပ် ရွှေကြက်ယက်စေတီ ရွှေကြက်ကျစေတီ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏မင်္ဂလာ ဓာတု ဓမ္မစေတီတော် သံသေကပ်ကျော်ဘုရား တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက် ဓာတ်ပုံပြခန် ရည်ညွှန်းကိုးကား မြန်မာနိုင်ငံရှိ မြို့များ မန္တလေးတိုင်းဒေသကြီးရှိ မြို့များ ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%9B%E1%80%95%E1%80%B0%E1%80%9B%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
အင်းဝမြို့
အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့သမိုင်းတွင် အလွန်ကျော်စောသောမြို့ဖြစ်သည်။ မြို့သက်တမ်းမှာ ၁၉၁ နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်သည်။ ထိုမင်းဆက်များမှာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅) ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) နှင့် ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်) တို့ဖြစ်ကြသည်။ တည်နေရာ နှင့် အမည်ရင်းမြစ် အင်းဝမြို့သည် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ တံတားဦးမြို့နှင့် သုံးမိုင်မျှသာ ဝေးသည်။ မန္တလေးမြို့မှ (၁၁)မိုင်ခန့် ဝေးသည်။ ရှေးအခါ အင်းဝမြို့တည်ရှိသော နေရာသည် မိုးကာလ ရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။ မူလအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။ ထို့ကြောင့် သတိုးမင်းဖျား(၁၃၆၄-၁၃၆၇) အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာအရပ်ဖြစ်သည်ကြောင့်လည်းကောင်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်ဝတွင်ရှိသည်ကြောင့်လည်းကောင်း အင်းဝ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅ က သမုတ်ခဲ့သည့် နာမည်မှာ ရတနာပူရ ဖြစ်သည်။ ထို့အတူ မြို့တည်စဉ်ကအင်း၉အင်းကို ယတြာချေသည့် အနေဖြင့် မြေဖို့စေသောကြောင့် အင်းနဝဟူ၍လည်းခေါ်ကြသည်။ သို့သော် နောက်ပိုင်း ညောင်ရမ်းခေတ်အရောက်တွင် အဝ၊ ရွှေဝ အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။ အချို့ရှေးဟောင်းကျောက်စာများတွင် အခွဆုမ် (အခွဆုံ) ဟူသော အသုံးအနှုန်းမျိုးဖြင့်လည်း ခေါ်သည်ကိုတွေ့ရတတ်သည်။ "'တုတ်ခွန်သွင်း-အင်းဝမြို့တည်"' ဆိုသော ရာဇဝင်အမှတ်အသားအရ သက္ကရာဇ် (၇၂၆)ခုနှစ်တွင် သတိုးမင်းဖျားသည် ပင်းယနှင့် စစ်ကိုင်းတို့ကို ဖျက်သိမ်း၍ အဝ (အင်းဝ) နေပြည်တော်ကို တည်ထောင်သည်။ အမည်ကွဲများ အင်းဝမြို့၏ အမည်ကွဲ၅မျိုးမှာ အင်းဝ အင်းနဝ ရွှေဝ အဝ နှင့် ရတနာပူရ တို့ဖြစ်ကြသည်။ အင်းဝမြို့ သမိုင်း ပထမအင်းဝ အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် သတိုးမင်းဖျား ဖြစ်သည်။ သတိုးမင်းဖျားသည် ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။ ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟုလည်းကောင်း၊ နန်းတော်အား ရွှေဘုံသာ ဟုလည်းကောင်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှူးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၎င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။ ဒုတိယအင်းဝ ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူရှင်သစ္စာ(ညောင်ရမ်းမင်း)၁၆၀၀-တွင်အင်းဝကို သိမ်းပိုက်မင်းပြုရာမှအင်းဝမှာမင်းနေပြည်တော်​အ​ဖြစ်ပြန်လည်သတ်မှတ်ခံခဲ့ရသည်။ သို့ရာတွင်ညောင်ရမ်းမင်းဆက်မှအနောက်ဘက်လွန်မင်း (ညောင်ရမ်းမင်း၏သားတော်ကြီး​သခင်လတ်)လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန်နန်းသက် တစ်လျှောက်လုံးနီးပါးမျှဟံသာဝတီတွင်နန်းစိုက်နေခဲ့ရသည်။ သာလွန်မင်း(၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှအင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည်ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများညံ့ဖျင်းသည်ကြောင့်၎င်း၊ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့မငြိမ်မသက်​​ဖြစ်ကာမဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှမွန်တို့က သမိန်ထောဗုဒ္ဓကိတ္တိကို မင်းမြှောက်ပြီးပုန်ကန်ကြလေသည်။ အင်းဝမှ မနှိမ်နင်းနိုင်ပဲရှိစဉ် သမိန်ထောဗုဒ္ဓကိတ္တိကို သူ့၏ယောက္ခမတော်သူ ဆင်ဝန်ဦးအောင်လှက တေဇာထဲသို့လိုက်​ခါ်သည်ကိုပုန်ကန်သည်ဟုထင်​ပြီး ထွက်ပြေးသဖြင့် ဇင်းမယ်ရှမ်းလူမျိုးဖြစ်သူဦးအောင်လှမှ ဗြညားဓိရာဇာဘွဲ့ခံပြီးညီတော်ကိုအိမ်ရှေ့အရာထားကာ ဟံသာဝတီကိုမင်းပြုလေသည်။၁၇၅၁-တွင်မွန်ဘုရင်ဗညားဒလသည် အင်းဝကိုတိုက်ခိုက်သိမ်းပိုက်ကာ ဘုရင်မဟာဓမ္မရာဇာဓိပတိကိုမိဖုရား၊သား၊သမီး၊ဆွေမျိုးတို့နှင့်တကွ ဟံသာဝတီသို့ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အင်းဝထီးနန်းပျက်လေသည်။ ထို့နောက် အင်းဝမြို့တော်ကြီး တစ်ခုလုံးကို မီးလောင်တိုက်သွင်းခဲ့ပြီး အင်းဝမြို့နေ ဗမာလူမျိုးအများအပြား အသတ်ခံရသည်။ မွန်စစ်သူကြီး တလပန်းကိုစစ်သည်လေးသောင်းဖြင့် အင်းဝတွင်အစောင့်ထားခဲ့ကာ မြန်မာပြည်အောက်ပိုင်းကိုထိပါးလာသော ယိုးဒယားတို့ကိုရင်ဆိုင်တိုက်ခိုက်ရန်အတွက် ဗညားဒလ ဟံသာဝတီသို့ပြန်လေသည်။ နောက်ပိုင်းတွင် ဟံသာဝတီရှိဗမာတို့က ကယ်တင်မည်ကိုးစိုးရိမ်သလို၊ဗေဒင်ဝါသနာရှင် မဟာဓမ္မရာဇာဓိပတိ၏ ခေါင်းပိုင်းပုပ်ပြီးသေနေသောငါး၏အမြှီးပိုင်းတဖြတ်ဖြတ်လှုပ်ခတ်ခြင်းကိုဘမြင်တွေ့ပြီးနမိတ်ဖတ်သော စကားတို့ကိုမကြိုက်သဖြင့်`အစ်ကိုတော်မင်းမြတ် နတ်ပြည်သို့သွား၍မင်းပြုလေတော့`ဟု ဆိုကာ၊မင်း၊မိဖုရားနှင့်သားသမီးဆွေမျိုးအပေါင်းအပါတို့ကို ရေချကွပ်မျက်သဖြင့် အင်းဝမင်းဆက်ပျက်လေသည်။ အောက်အရပ်မှ ယိုးဒယားတို့နှင့်ရင်ဆိုင်တိုက်ခိုက်နေရသော မွန်ဘုရင်သည် ထိုင်းနှင့်ဖြစ်သောစစ်အတွက် အင်းဝတွင်ထားသောစစ်သူကြီးတလပန်းကို ဟံသာဝတီသို့ပြန်ခေါ်ခဲ့သဖြင့် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျအနေဖြင့် အလွန့်အလွန်အဖိုးထိုက်တန်သော လူသူ၊လက်နက်ရိက္ခာနှင့်ပတ်ဝန်းကျင်မြို့ရွာများကိုစုစည်းစည်းရုံးပြီး၊စစ်အင်အားကြီးမားလာအောင် အချိန်ယူပြီးပြင်ဆင်နိုင်ခွင့်ရရှိခဲ့ပြီး တကယ်တမ်းလည်းအကျိုးရှိအောင်လူသူလက်နက်ရိက္ခာပြည့်စုံအောင်စည်းရုံးနိုင်ခဲ့သောကြောင့် အချိန်လွန်မှအင်အားအလုံးအရင်းနှင့် လာတိုက်ခဲ့သောမွန်တို့ကို အထက်မြန်မာပြည်တွင်တွန်းလှန်နိုင်ခဲ့ပြီး၊အင်အားကောင်းသထက်ကောင်းလာကာ နောက်ဆုံးတွင် ဟံသာဝတီနေ့ပည်တော်ပဲခူးမြို့ကိုပါ ၁၇၅၇ တွင်သိမ်းပိုက်ဖျက်ဆီးခဲ့ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကိုကုန်းဘောင်မင်းဆက်တည်ထောင်သူအလောင်းဘုရားမှ ဦးဆောင်စုစည်းနိုင်ခဲ့ခြင်းဖြစ်သည်။ မွန်ဘုရင်ဗညားဒလအနေဖြင့် အချိန်တစ်နှစ်ခန့်ကို အကျိုးရှိရှိသုံးပြီး၊အင်းဝတွင်စစ်အင်အားအလုံးအရင်းဖြင့်ရှိနေသော မွန်စစ်သူကြီတလပန်းကိုသာ မုဆိုးဖိုရွာကိုတိုက်ခိုက်နှိမ်နင်းပြီး အင်အားကိုချိုးနှိမ်ထားနိုင်ပါက တတိယမြန်မာနိုင်ငံ၏သမိုင်းကြောင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။ တတိယအင်းဝ ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဓျာထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။ သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကျေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ခတ်ပြီးနောက်တွင် သာယာဝတီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။ ဓာတ်ပုံများ အခြားကြည့်ရန်များ အမရပူရနန်းတော် မန္တလေး နန်းတော် ကိုးကား ပြင်ပလင့်ခ်များ အင်းဝခေတ် မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ မန္တလေးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ကျိုင်းတုံမြို့
ကျိုင်းတုံမြို့သည် မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်း တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ မြို့တော်မှာ ကျိုင်းတုံမြို့ ဖြစ်သည်။ ကျိုင်းတုံခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။ ကျိုင်းတုံမြို့တွင်ခရိုင် (၄)ခု နှင့် မြို့နယ် (၁၀)မြို့နယ် ရှိသည်။ ကျိုင်းတုံနယ်သည် စတုရန်းမိုင်ပေါင်း ၁၃၂ဝဝ ခန့် ကျယ်ဝန်း၍ တောင်ထူထပ်ပေါ များသည်။ တောင်များ အနက် အချို့မှာ ပေ ၅ဝဝဝ မှ ရဝဝဝ အထိ မြင့်ကြသည်။ မြေပြန့် ဒေသများတွင် လယ်စပါးကို စိုက်ပျိုး၍ တောင်တန်းဒေသ များတွင်မူ ယာစပါးနှင့် ဘိန်းများ စိုက်ပျိုးကြသည်။ ကျိုင်းတုံ တစ်နယ်လုံးတွင် ဂုံ၊ ဂေါ့၊ လားဟူ၊ လီရှော၊ ရှမ်း၊ ကွီ၊ အင်းသား၊ ရှမ်းတရုတ်၊ မြန်မာအစရှိသော လူမျိုးပေါင်း ၄ဝ ကျော် မှီတင်းနေထိုင်ကြသည်။ ၁၉၅၂ ခုနှစ် သန်းခေါင် စာရင်းအရ နယ်အတွင်း အိမ်ခြေပေါင်း ၄၅၄၉၂ အိမ်ရှိ၍ လူဦးရေ ၂၆၇၈၃၆ ယောက်ရှိသည်။ သမိုင်းကြောင်း ကျိုင်းတုံမြို့ကို ခေမာရဋ္ဌတုံကပူရီဟု ခေါ်၍ ဘယားဂါဟပ် ဘုရင်လက်ထက်ကစပြီး ထင်ပေါ်ကျော်ကြားလာခဲ့သည်ဟု ရှေးဟောင်း သမိုင်းများတွင် ဖော်ပြပါရှိသည်။ ကျိုင်းတုံဟူသော အမည်နာမ ဖြစ်ပေါ်လာပုံမှာ စိတ်ဝင်စားဖွယ်ရာ ကောင်း၏။ ခေမာရဋ္ဌ ဟူ၍လည်း အမည်ရပြီး ရှမ်းစော်ဘွား အဆက်ဆက် အုပ်ချုပ်ခဲ့သော ဂုံရှမ်းတို့၏ မြို့တော်ဖြစ်သည်။ မြို့ရံပေါင်း (၃၂) မြို့ရှိသည် ဟုဆိုသည်။ ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်အခါက ယခု ကျိုင်းတုံမြို့ တည်နေရာ၌ ဆွမ်းဆန်ဆေးရာမှ စီးဆင်းသောရေသည် ကန်တစ်ခု ဖြစ်လာ၏။ ထိုကန်ကို နောင်တုံးဟု ခေါ်ကြ၏။ ရှမ်းဘာသာ အားဖြင့် နောင်မှာ အင်း၊ တုံးမှာ ခံယူ သည်ဟု အဓိပ္ပာယ် ရ၏။ နောင်ကာလရွေ့လျောသဖြင့် နောင်တုံးသည် နောင်တုံ ဖြစ်လာသည်။ ထိုမှတစ်ဆင့် ကျိုင်းတုံဟူသော အမည်နာမ ဖြစ်တည်လာလေသည်။ ဘာသာစကား အရွယ်ရောက် လူလားမြောက်ပြီးသော ယောက်ျားတိုင်း မိမိတို့ မိရိုးဖလာ ရှမ်းဘာသာစကားနှင့် စာပေအပြင် ယိုးဒယားဘာသာစာပေ ဂုံဘာသာစာပေတို့ကို တတ်ကျွမ်းနားလည်ကြသည်။ စစ်အတွင်း ဂျပန်များ အုပ်စိုးသည့်ခေတ်၌ ကျိုင်းတုံ နယ်သည် မိုင်းပန်နယ်နှင့်အတူ ယိုးဒယားနိုင်ငံအတွင်းသို့ သွတ်သွင်းခြင်းခံရသည်။ သို့သော် မဟာမိတ်များ ပြန်ဝင်လာ၍ စစ်အုပ်ချုပ်ရေးခေတ်၌ ရှမ်းပြည်နယ်အုပ်ချုပ်ရေးထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ယခုအခါ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဟူ၍ ၃ ပိုင်း ပိုင်းခြား သတ်မှတ်လိုက်သဖြင့် ကျိုင်းတုံနယ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ပါဝင်သော နယ်ကြီးတစ်နယ် ဖြစ်လာသည်။ ကျိုင်းတုံမြို့ကား ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အကြီးဆုံး မြို့ ဖြစ်သည်သာမက ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ၊ ရှမ်း ပြည်နယ်နှင့် ယိုးဒယားနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် [[အင်ဒိုချိုင်းနား ပြည်]]တို့ကို ကူးသန်းသွားလာနိုင်သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး၏ အရှေ့ပိုင်းတံခါးပေါက်လည်း ဖြစ်ပေသည်။ ကျိုင်းတုံမြို့၌ လူဦးရေ ၁၂ဝဝဝ ခန့်ရှိ၍ ကျိုင်းတုံစော်ဘွား ရုံးစိုက်ရာမြို့ ဖြစ်သည်။ ယခုလက်ရှိ စော်ဘွားမှာ စဝ်စိုင်းလုံဖြစ်သည်။ မြို့သည် ဇင်းမယ်သွား လမ်းပေါ်တွင် တည်ရှိ၍ လွယ်လင်မြို့မှ ၂၂၆ မိုင် ကွာဝေးသည်။ မြို့နှင့် ၈ မိုင်ကွာနေရာ၌ လေယာဉ်ပျံ ကွင်းသစ်ကြီး ရှိသည်။ ပြည်တော်သာညီလာခံကို ကျိုင်းတုံမြို့၌ ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ကျိုင်းတုံမြို့ အုပ်ချုပ်ရေးမှာ နယ်အုပ်ချုပ်ရေးနှင့် တစ်ပူး တစ်ပေါင်းတည်း ဖြစ်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းဆိုင်ရာ နယ်ခြားဝန်သည် လွယ်မွေတွင် ရုံးစိုက်၍ နယ်ခြား ဝန်ထောက်၏ အကူအညီဖြင့် ကျိုင်းတုံမြို့သို့ ရံဖန်ရံခါ လာရောက်ကြည့်ရှု စစ်ဆေးလေ့ရှိသည်။ ကာကွယ်ရေးအတွက် ပြည်ထောင်စုအစိုးရက ကြည်းတပ်တပ်ရင်းတစ်ခုနှင့် စစ်ရဲများ ထားရှိ စောင့်ရှောက်ပေးသည်။ ကျိုင်းတုံမြို့ရှိ အကျဉ်းထောင် သည် ရှမ်းပြည်နယ်တစ်ခုလုံးတွင် အကြီးဆုံး အကျဉ်းထောင် ဖြစ်သည်။ မြို့ပေါ်၌ ထင်ရှားသောအဆောက်အုံများမှာ အထက်တန်း ကျောင်း၊ ဗရင်ဂျီသာသနာပြုများ၏ စိန် လူးဝစ် အလယ်တန်း ကျောင်း၊ အမေရိကန် ဗက်ပတစ်စာသင်ကျောင်း၊ တရုတ်ဘုံ ကျောင်းနှင့် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသော ဂုံလူမျိုးနှင့် မြန်မာ လူမျိုးတို့ ကိုးကွယ်ဆည်းကပ်သော ဘုန်းတော်ကြီးကျောင်းများ ဖြစ်ပေသည်။ ထို့ပြင် ကျိုင်းတုံဆေးရုံကြီးမှာလည်း ကျိုင်းတုံ နယ်တွင် အကြီးဆုံးဆေးရုံကြီး ဖြစ်သည်။ ကျိုင်းတုံမြို့တွင် ထူးခြားသောဘုရားစေတီများစွာ ရှိသည်။ ကျိုင်းတုံမြို့လယ်၌ တည်ရှိသည့် ရခိုင်ဘုရားကြီးဟူ၍လည်း ခေါ်သော မဟာမြတ်မုနိဘုရားကြီးဖြစ်၍ စဝ်ဖကွန်ကျောက်လက်ထက်တွင် တည်ထား ကိုးကွယ်ခဲ့လေသည်။ ဘုရားဖူးများ အမြဲမပြတ် စည်ကားလျက် ရှိသည်။ ဘော်လုံးကွင်းနှင့် နောင်တုံကန်လည်း ရှိပြီး ၎င်းနေရာများတွင် အမြဲစည်ကားလျက် ရှိသည်။ ထိုစေတီအပြင် စွန်စလီ၊ စွန်တောင်နှင့် စွန်လွဲစေတီများလည်း ရှိသေးသည်။ ယင်းတို့ အနက် စွန်လွဲစေတီတော်ကြီး၏ ထူးခြားချက်တစ်ရပ်ကား ကျိုင်းတုံနယ်ကို အုပ်ချုပ်သော မည်သည့်စော်ဘွားမျှ ထိုစေတီ တော်ကို သွားရောက် ဖူးမြော်ခြင်း မပြုကြပေ။ အကြောင်းသော် ကား စေတီတော်ကို တည်ခဲ့သူများဖြစ်ကြသည့် ဝ ဇနီးမောင်နှံ တို့သည် သူတို့အား စေတီတည်ရန် တားမြစ်သောမင်းကို စိတ်နာသဖြင့် ကြောက်မက်ဖွယ်ကျိန်စာဆိုထားခြင်းကြောင့် ပေတည်း။ ကျိန်ဆိုပုံမှာ ကျိုင်းတုံနယ်အတွင်း တိုင်းပြည် အုပ်ချုပ် မင်းလုပ်သော ဘုရင်အဆက်ဆက်သည် မိမိတို့ ဝ မောင်နှံ တည်ထားသောဘုရားကို ကိုးကွယ်လျှင် မူးဝေခြင်း၊ လေသင်တုန်းဖြတ်ခြင်း ရောဂါနှင့် သေပါစေ၊ အန္တရာယ် ရောက်ပါစေဟူ၍တည်း။ ပညာရေး ကျိုင်းတုံတက္ကသိုလ် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ) ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ) ကျိုင်းတုံပညာရေးဒီဂရီကောလိပ် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ) ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရှမ်းပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မြောက်ဦးမြို့
မြောက်ဦးမြို့သည် မြန်မာနိုင်ငံ အနောက်ဘက်တွင် တည်ရှိသော ရခိုင်ပြည်နယ်၏ မြောက်အရပ်တွင် တည်ရှိသော ရှေးဟောင်းမြို့တော် တည်ရှိရာ မြို့တစ်မြို့ ဖြစ်ပြီး ကုလားတန်မြစ်၏ အရှေ့ဘက်အရပ်တွင် ရှိကာ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် တောင်စွယ်၊ တောင်တန်းများဖြင့် ကာရံလျက် ရှိသော မြို့တစ်မြို့ဖြစ်သည်။ သမိုင်းကြောင်း ရခိုင်တို့သည် တိဗက်-မြန်မာ အနွယ်ဝင်များဖြစ်ပြီး အိန္ဒိယဘက်မှာ ရခိုင်ပြည်သို့ ရောက်ရှိလာသည်ဟု ယူဆရသည်။ မြောက်ဦး (ခေါ်) မြို့ဟောင်းတွင် ဝေသာလီ စင်္ဒြ မင်းဆက်သည် ၄ ရာစုနှစ်က စပြီး အုပ်စိုးခဲ့သည်။ မြို့ဟောင်း၏ ရှစ်သောင်း ဘုရားတွင် တွေ့ရှိခဲ့သော ခရစ် ၈ ရာစုဦးမှ အာနန္ဒစင်္ဒြ ကျောက်စာအရ ဒေဝစင်္ဒြသည် မင်းဆက်၏ အစ ရှင်ဘုရင် ဖြစ်သည်။ ထိုမင်းများသည် ကြင်နာ သနား တတ်၊ ပေးကမ်းတတ်ပြီး တရား မျှတသည်ဟု ကျောက်စာတွင် ဖော်ပြ ပါရှိသည်။ လမ်းပန်း အဆက်အသွယ် ကောင်းစေရန် လမ်းမကြီးများအား ဖောက်လုပ်ခဲ့ပြီး ဆည်ကြီးများ ဆောက်လုပ်ခဲ့သည်။ ထိုမင်းများသည် ဗြာဟ္မဏ အယူဝါဒ သီဝနတ်မင်းကို ကိုးကွယ်သူများ ဖြစ်ကြရာ မင်းတပါး နန်းတက်တိုင်း အထိမ်းအမှတ် ဖြစ်စေရန် ဒင်္ဂါးများကို သွန်းလုပ်ခဲ့သည်။ အစောဆုံး ဒင်္ဂါးမှာ ဒေဝစင်္ဒြ (ခရစ် ၄၅၄ - ၇၆) ၏ ဒင်္ဂါး ဖြစ်သည်။ သက္ကရာဇ် ၁၄၃၁ တွင် ရခိုင်ဘုရင် မင်းစောမွန်မှ ရခိုင်နိုင်ငံတော် (အာရကန်နိုင်ငံတော်)၏ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်တွင် မြို့တော်၏ အရွယ်အစားမှာ ၁၂၀၀၀၀ ဧက အထိရှိလာသည်။ ၎င်းမြို့တော်မှ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား နှင့် အိန္ဒိယနိုင်ငံတို့နှင့် ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ ရှိခဲ့သည်။ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှေးအကြိုင်များ ကူးသန်းရောင်းဝယ်မှုများ ပြုခဲ့သည်။ မြောက်ဦးခေတ် အထွတ်အထိပ် ရောက်ချိန်တွင် ၎င်း မြို့တော်မှ ဒါကာနှင့် စစ်တကောင်း အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ် တစ်ဝက်၊ ယခု လက်ရှိ ရခိုင်ပြည်နယ် တဝှမ်းနှင့် မြန်မာပြည် အောက်ပိုင်းတခွင်အထိ အာဏာစက် သက်ရောက်ခဲ့သည်။ ၎င်းခေတ်အတွင်း ရခိုင်ဘုရင်များမှ ရခိုင်စကားလုံးနှင့် ဒင်္ဂါးများ ရိုက်နှိပ် သုံးစွဲခဲ့သည်။ မြောက်ဦးခေတ် စည်ပင်ဝပြောသော ခေတ်ကာလတွင် ဘုရားပုထိုးများစွာ တည်ဆောက်ခဲ့ကြပြီး ၎င်းထဲမှ အများစုမှာ ယခုတိုင် တွေ့မြင်နိုင်ဆဲ ဖြစ်သည်။ ထင်ရှားသော စေတီ ပုထိုးများမှာ သျှစ်သောင်းပုထိုးတော်ကြီး (ရခိုင်အခေါ် သျှိုက်သောင်းဘုရား၊ ဆင်းတုတော် ၈၀၀၀၀ ထည့်သွင်း တည်ထားသည်။) ထုက္ကံသိမ် ပုထိုးတော်ကြီး နှင့် ကိုးသောင်းပုထိုးတော်ကြီး (ဆင်းတုတော် ၉၀၀၀၀ ထည့်သွင်း တည်ထားသည်။) နှင့် မာရ်ငါးပါး စေတီပုထိုးများ ဖြစ်ကြသည်။ မြောက်ဦးပတ်ဝန်းကျင် ဒေသသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသပြီးလျှင် ဆန်ထုတ်လုပ်မှု ဒုတိယ အများဆုံး ဒေသ ဖြစ်သည်။ ယနေ့ခေတ်တွင် မြောက်ဦးသည် ရှေးဟောင်း သုတေသန နှင့် စပ်ဆိုင်၍ ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာ အဓိက နယ်မြေတစ်ခု ဖြစ်၍ ရန်ကုန်မြို့မှ ၂ ရက် ခရီး (သို့မဟုတ်) စစ်တွေမြို့မှ ၃ နာရီမှ ၅ နာရီကြာ စက်လှေခရီးဖြင့် သွားရောက်နိုင်သည်။ မြောက်ဦးမြို့ရှိ စေတီပုထိုးများ ခရစ်နှစ် ၁၃၄၁ ခု၊ ရခိုင်ဘုရင် မင်းစောမွန် စိုးစံချိန်မှ စတင်၍ တည်ထားခဲ့သော စေတီ၊ ပုထိုးများ အမြောက်အမြား တည်ရှိသည်။ အောက်ပါစေတီ၊ ပုထိုးများမှာ ၎င်းတို့ အနက်မှ ထင်ရှားလူသိများသော စေတီ၊ ပုထိုးများ ဖြစ်ကြသည်။ သျှစ်သောင်းပုထိုးတော်ကြီး ထုက္ကံသိမ် ပုထိုးတော်ကြီး ကိုးသောင်းပုထိုးတော်ကြီး အံတော်သိမ် လေးမျက်နှာ ပုထိုးတော်ကြီး လောင်ဗန်းပြောက်စေတီ ဗောဓိရွှေဂူစေတီ မင်္ဂလာမာရ်အောင်စေတီ ရတနာ့မာရ်အောင်စေတီ သကျမာရ်အောင်စေတီ လောကမာရ်အောင်စေတီ ဇိနမာရ်အောင်စေတီ ဘုရားပေါ်စေတီ ရတနာပုံစေတီ ရွှေကြာသိမ်စေတီ စန္ဒမုနိဆင်းတုတော် မြတန်ဆောင်းစေတီ မုတ်ဆိတ်တော်ဓာတ်စေတီ ထူပါရုံစေတီ သာရပဗ္ဗတစေတီ ပြည်စိုးကြီးစေတီ အနော်မာဘုရား မြောက်ဦးသည် အဓိက အားဖြင့် ဗုဒ္ဓသာသနိက အဆောက်အဦးများ စုစည်းတည်ရှိရာ နေရာ ဖြစ်ငြားလည်း၊ အခြားသော ယုံကြည်သက်ဝင်မှု ဆိုင်ရာ အဆောက်အဦးများလည်း တွေ့ရှိနိုင်သည်။ ၎င်းတို့ အနက်မှ ထင်ရှားသော အဆောက်အဦး တစ်ခုမှ မင်းစောမွန်လက်ထက်တွင် တည်ဆောက်ထားခဲ့သော ရှေးဟောင်း ဗလီတစ်ခု ဖြစ်ပြီး မြို့၏ အရှေ့တောင် အရပ်တွင် တည်ရှိသည်။ မြို့ဟောင်းမြို့ မြို့ဟောင်းမြို့သည် မြန်မာနိုင်ငံ ရခိုင်တိုင်း စစ်တွေခရိုင်ရှိ မြို့ဟောင်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရှေးအခါက ဓညဝတီရခိုင်မြို့ဟူ၍လည်းကောင်း၊ မြောက်ဦးမြို့ဟူ၍ လည်းကောင်း တွင်ခဲ့၍ ရခိုင်မင်း အဆက်ဆက်တို့ နန်းစိုက်ခဲ့ရာ မြို့တော်ဖြစ်ခဲ့သည်။ ထိုကြောင့်ပင် နေရာအများအပြားတွင် ရှေးရခိုင်မင်းတို့ တည်ထားကိုးကွယ်ခဲ့သော ရှစ်သောင်းဘုရား၊ ထုက္ကံသိမ်ဘုရား၊ လေးမျက်နှာဘုရား၊ အံတော်ဘုရားစသော စေတီကူဘုရားတို့အပြင်၊ နန်းတော်ရာ၊ တံတိုင်းမြို့ပျက်များကို ယခုတိုင် တွေ့မြင်နိုင်သေးရာ ရှေးအတိတ်က ကောင်းစားခဲ့ပုံကို သက်သေဆောင်လျက် ရှိသည်။ ရှေးအခါကမူကား မြောက်ဦး နေပြည်တော် (မြို့ဟောင်း)သည် အဆန်းတကြယ်ပင် ဖြစ်၏။ မြို့မျက်နှာပြင်သည် မြေညီမြေပြန့်မဟုတ်၊ တောင်ကုန်း တောင်ပူစာတို့ဖြင့် သာယာသည်။ ရွှေမြို့တော်နန်းတော်သည် ကုန်းမြင့်(တောင်ညိုကုန်းထိပ်) တွင် ရှုမောဖွယ်ရာ ဖြစ်သည်။ မြို့မြောက်ဘက်တစ်လွှားတွင် ရှစ်သောင်းဘုရား၊ ဒုက္ခံသိမ်ဘုရားစသော ဘုရားတို့သည်လည်းကောင်း၊ တောင်ဘက်တခိုတွင် ရွှေတောင် စေတီတော်သည်လည်းကောင်း တင့်တယ်လှပေ သည်။ သိင်္ဃဒီမြစ်(ရွှေနတ်ပြင်ချောင်း) သည်လည်း ရေကစားရာအရပ်ဖြစ်သည်။ ထိုကြောင့်ပင် ဟံသာဝတီ နေပြည်တော်တွင် ရောက်ရှိနေခဲ့သော ရခိုင်စာဆိုတော် ဦကာဗျန်(ဥက္ကာပျံ) သည် မိမိ၏ဇာတိဌာနေကိုသာ လွမ်းဆွတ်၍ မြောက်ဦး ရွှေမြို့တော်၏ သာယာပုံတို့ကို တစ်ဆယ့်နှစ်ရာသီ ရတုတွင် ဖွဲ့ဆိုထားခဲ့ပေသည်။(ဥက္ကာ ပျံ) သည် မိမိ၏ဇာတိဌာနေကိုသာ လွမ်းဆွတ်၍ မြောက်ဦး ရွှေမြို့တော်၏ သာယာပုံတို့ကို မြို့ဟောင်းမြို့သည် စစ်တွေမြို့၏အထက်မိုင်၅ဝ ခန့်အကွာ ကုလားတန်မြစ်၏ လက်တက်ဖြစ်သော ရွှေနတ်ပြင် ချောင်းကမ်းပါးတွင် တည်ရှိသည်။ မြို့ဟောင်းမြို့သို့ သင်္ဘောဆိုက်ကပ်သောအခါ သင်္ဘောဆိပ်မှာ မြို့နှင့် အတန်ငယ်ကွာသဖြင့် သင်္ဘောဆိပ်မှတစ်ဆင့် မြို့ဟောင်းမြို့တွင်းသို့ ကူးတို့ဖြင့်တတန်ထပ်၍ ကူးရသည်။ ထိုမှတစ်ဖန် မိုင်ဝက်ခန့်မျှ ကုန်းကြောင်းအားဖြင့် သွားသော် မြို့ဟောင်းမြို့တွင်းသို့ ရောက်ရှိပေသည်။ မြို့အနေအထားမှာ သဘာဝအားဖြင့် ချောင်းမြောင်းများဖြင့် ရစ်သန်းနေသဖြင့် လုံခြုံလှပေသည်။ မြို့တစ်ဖက်တွင် လွင်ပြင်ကြီးရှိ၍ လွင်ပြင်ကြီးကို ကျော်လွန်သောအခါ တောင်တန်းတောင်ရိုးများ ပိတ်ဆီးကာရံ လျက်ရှိသည်။ မြေပြန့် လွင်ပြင်တွင် စပါးစိုက်ပျိုးသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ဟောင်းမြို့၏ လူဦးရေမှာ၆၅၅၅ ယောက်ဖြစ်၏။ မြို့ဟောင်းမြို့နယ်၏ အကျယ်အဝန်းမှာ ၆၄၂ စတုရန်းမိုင်ဖြစ်၍၊ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၆၇, ဝဝ၄ ယောက်ရှိသည်။ မြို့နယ်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ သစ်တောများဖြင့် ဖုံးလွှမ်းနေသော တောင်ကုန်းများဖြစ်၍၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့မှာ မြေဩသ္ဇာကောင်းမွန်သည်။ မင်းပြားမြို့မှ ပေါက်လာသော ကားလမ်းသည် မြို့ဟောင်းမြို့ကိုဖြတ်၍ သရက်တပင်မှ တစ်ဆင့် ကျောက်တော်သို့ ရောက်သည်။ မြို့ဟောင်းမြို့နယ်တွင် ဆန်စပါးကို အဓိကစိုက်ပျိုးသည်။ မြို့ဟောင်း(မြောက်ဦးမြို့) ကို မင်းနေပြည်တော်အဖြစ် ဦးစွာတည်ထောင်သူမှာ ပဲဖြူမင်းဖြစ်သည်။ ပဲဖြူမင်းသည် ဝေသာလီကို စွန့်၍ မြောက်ဦးမြို့ကို တည်ထောင်ကာ သက္ကရာဇ် ၃၃၈ ခုနှစ်မှ ၃၅၆ ခုနှစ်အထိ စိုးစံသည်။ ထိုနောက် မင်းစောမွန်သည် သက္ကရာဇ် ၇၆၆ ခုနှစ်တွင် ရခိုင်ထီးနန်းကို ဆက်ခံစိုးစံခဲ့၍ ၇၆၈ ခုနှစ်တွင် လောင်းချက်မြို့ကို မြန်မာတို့ သိမ်းယူသည်။ ထို့နောက် မွန်တို့တိုက်ခိုက်ကြပြန်ရာ ရခိုင်ပြည်တွင် မင်းမဲ့ကာ ဖရိုဖရဲဖြစ်ပြီးလျှင် မင်းစောမွန်သည် အနောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာမှ သူရတန်မင်းအကူအညီဖြင့် ထီးနန်းပြန်ရသောအခါ၊ သက္ကရာဇ် ၇၉၂ ခုနှစ် နတ်တော် လဆန်း ၁ ရက် တနင်္ဓနွေနေ့တွင် မြောက်ဦးမြို့ကိုတည်၏။ ရာဇဝင်တွင် ပဲဖြူမင်း ပထမမြောက်ဦးမြို့ တည်သည်ကို မရေတွက်ဘဲ၊ မင်းစောမွန်ကိုသာ ပထမမြောက်ဦးမြို့တည်မင်းဟု ရေတွက်လေသည်။ ထိုမင်းမှစ၍ မင်းပေါင်း ၁၂ ပါး ဆက်လက် စိုးစံခဲ့ရာ၊ မင်းခေါင်ရာဇာ လာက်ထက်အထိ စည်ပင်လာခဲ့လေသည်။ မင်းခေါင်ရာဇာ၏ သားတော် သံတွဲစားမင်းပါကြီးသည် သက္ကရာဇ် ၈၉၃ ခုနှစ်တွင် နန်းတက်လေရာ၊ မြောက်ဦးမြို့တော်ကို ထပ်မံ အကြီးအကျယ် တည်ဆောက်ပြုစုသည်။ မင်းပါကြီးမှစ၍ မင်းပေါင်း ၉ ဆက်၊ ဆက်လက် အုပ်စိုးလေရာ၊ မင်းစနေလက်ထက် တိုင်လေသည်။ မင်းစနေ လွန်သော် မင်းပါကြီး၏ မြစ်ဖြစ်သော နရပတိမင်းမှစ၍ မင်းပေါင်း ၂၈ ဆက်လက် အုပ်စိုးပြန်ရာ ၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၇ ရက် စနေနေ့တွင် မြန်မာမင်း ဘိုးတော်ဘုရားက သိမ်းယူလေသည်။ ထိုနှစ်မှစ၍ မြောက်ဦးတွင် မြို့ဝန်များ ခန့်၍ အုပ်စိုးစေခဲ့ရာ၊ ပထမဆုံးမြို့ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူမှာ နန္ဒပကြန် ဖြစ်၏။ နန္ဒပကြန်၏ နောက်မြို့ဝန် ၈ ဦး ဆက်လက်အုပ်ချုပ်ခဲ့လေသည်။ ခရစ် ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အတွင်းက အင်္ဂလိပ်စစ်ဗိုလ်ကြီး မော်ရစ်ဆန်၏ စစ်တပ်များ သည် မြို့ဟောင်း၌ စခန်းချရာ၊ အဖျားရောဂါဖြင့် စစ်သားများစွာ သေဆုံးရုံမက စစ်ဗိုလ်ချုပ် ကိုယ်တိုင်လည်း မကျန်းမမာဖြစ်၍ ပြန်ရသဖြင့် လမ်းခရီးတွင် ကွယ်လွန်သည်။ ထိုစစ်အပြီးတွင် စစ်တွေမြို့ကို တည်၍ မြို့တော်ကို ပြောင်းရွှေ့ လိုက်လေသည်။ ဓာတ်ပုံများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရခိုင်ပြည်နယ်ရှိ မြို့များ မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ကော့သောင်းမြို့
ကော့သောင်းမြို့()သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း၌ ပါဝင်၍ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ဝိတိုရိယအငူ ပင်လယ်ကမ်းစပ်၌ တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဆင်းသော ပါချန်မြစ်သည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံးနှင့် ထိုင်းနိုင်ငံစပ်ကြားတွင် သဘာဝနယ်နိမိတ်အဖြစ်ဖြင့် တည်ရှိ၍၊ မြို့အရှေ့ဘက်ရှိ ပါချန်မြစ်ဝမှာ လုံခြုံကျယ်ဝန်းသဖြင့် သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ် နိုင်၏။ ကော့သောင်းမြို့ အနောက်မြောက်ဘက်မိုင် ၃ဝ ခန့်အကွာတွင် ရွှေထွက်သည်ဟုကျော်ကြားသော ရွှေကျွန်းခေါ် ရပ်ဆဲကျွန်းသည်လည်း ကောင်း၊ မြို့အနောက်တောင်ဘက် ၄၅ မိုင်အကွာတွင် ဝူးဖရမ် (အဖြိုက်နက်)များထွက်သည့် သံကျွန်းခေါ် ဒေးဝစ်ကျွန်း သည်လည်းကောင်း တည်ရှိသည်။ မြန်မာနိုင်ငံ၏မြောက်ဘက်အကျဆုံး ပူတာအိုမြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၂၀၀၀(၁၂၄၂ မိုင်ခန့်)ကွာဝေး၍ ရန်ကုန်မြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်ခန့်)မျှ ကွာဝေးလေသည်။ ကော့သောင်းမြို့သည် ရေလုပ်ငန်းအဓိကထားသော ကျေးလက်၏ဓလေ့များကို ထိန်းသိမ်းထားလျက်ရှိသည်။ ပင်လယ်ရေနယ်နိမိတ်ချင်းဆက်စပ်နေသည့် ကော့သောင်းနှင့် ထိုင်းနိုင်ငံမှ ရနောင်းမြို့သည် မျက်နှာချင်းဆိုင်တည်ရှိနေသည်။ ရနောင်းဘက်မှ ကော့သောင်းကို လှမ်းမျှော်ကြည့်လိုက်ပါက ပင်လယ်အော်တစ်ဝိုက်ရှိ လူနေအိမ်ခြေများကို သစ်တောဖုံးလွမ်းနေသော တောင်ကုန်းများ နောက်ခံပြုလျက် တည်ရှိနေသည်ကို တွေ့ရှိနိုင်ပေသည်။ ကော့သောင်းမြို့ကို ရောက်ရှိပါက ဘုရင့်နောင်အငူ(Cape Bayin Naung)တွေ့ရမည်ဖြစ်သည်။ အမည်ရင်းမြစ် ကော့သောင်းမြို့အနီးတွင် ဗောင်းနင်းကျွန်းနှင့် ဗောင်းဝါးကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ထိုင်းဘာသာစကားဖြင့် 'ကော့စွန်း'ကို မြန်မာများ ကော့သောင်းဟု ခေါ်ခြင်းဖြစ်သည်။ ကော့စွန်း၏အဓိပ္ပာယ်မှာ ကော့- ကျွန်း၊ စွန်း- နှစ်၊ 'ကျွန်းနှစ်ကျွန်း' ဖြစ်သည်။ သမိုင်းကြောင်း ဘုရင့်နောင်မင်းတရားကြီးသည် အဝေးဆုံး ဗီယန်ရှင်းနှင့်ဇင်းမယ်အထိ အနောက်ဘက်တွင် အာသံပြည်နယ်အထိ နယ်နိမိတ်ဖြန့်ကျက်ခဲ့ပေသည်။ ဘုရင့်နောင်သည် ယိုးဒယားအား ထိုးစစ်ဆင်တိုက်ခိုက်ရန် ကော့သောင်းသို့ မကြာမကြာ စစ်ချီရောက်ရှိလာခဲ့ပေသည်။ သူသည် ၁၅၄၈ ခုနှစ်နှင့် ၁၅၆၉ ခုနှစ် ကြားကာလများအတွင်းက စစ်သူကြီးအဖြစ်နှင့် နောက်ပိုင်းတွင် ဧကရာဇ်အဖြစ် အကြိမ်အတော်တော်များများ ယိုးဒယားနိုင်ငံ၏ ကျူးကျော်စစ်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကာ ၁၅၆၉ခုနှစ်တွင် ယိုးဒယားနိုင်ငံ၏မြို့တော် အယုဒ္ဓမြို့ကိုတိုက်ခိုက်ခဲ့သည်။ မြို့ပတ်ဝန်းကျင် ကော့သောင်းသည် စည်ကားလှသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်သည်။ ဖမ်းဆီးရမိသော ငါးအများစုကို ဈေးကောင်းရသော ရနောင်းတွင် သွားရောက်ရောင်းချကြလေသည်။ ကော့သောင်းမြို့တွင်း၌ မြန်မာ ၊ကရင် ၊မွန် ၊ရခိုင် ၊တရုတ် ၊မလေး ၊အိန္ဒိယ ၊ဆလုံ၊ ပသျှူး နှင့် ယိုးဒယားလူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ ဗုဒ္ဓဘာသာဘုရားစေတီပုထိုးများ ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဗလီဝတ်ပြုကျောင်းများ အသီးသီးရှိသည်။ သယ်ယူပို့ဆောင်ရေးတွင် အဓိကနည်းလမ်းတစ်ခုဖြစ်နေသည့် မော်တော်ဆိုင်ကယ်များကို အငှားယာဉ်အဖြစ်အသုံးပြုနိုင်၍ ကားများကို ယခုအခါ အတွေ့များလာရသည်။ ကား ယာဉ်မောင်းများပေါများလာမှုကြောင့် မကြာမကြာ အသေးစားယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေတတ်သည်။ လှေကားထစ်များသဖွယ် တည်ဆောက်တားပုံရသည့် လူနေအိမ်ခြေထူထပ်လှသော ကော့သောင်းမြို့မြစိမ်းရောင် သစ်တောများဖုံးလွှမ်းထားသည့် တောင်ကုန်းများက ဝန်းရံထားကြသည်။ အိမ်ခြေများသည် မြို့ပြင်ဘက်သာမက တောင်ခြေတောင်ကုန်းငယ်များတိုင်အောင် ပျံနှံနေကြသည်။ ကုန်းမြင့်အထက်ပိုင်းနေရာများတွင် ဘုရားစေတီများတည်ရှိနေကြပြီး [ပြည်တော်အေးစေတီ]ရှိပြီးအဝေးရှိတောင်ကုန်းငယ်တစ်ခုခြေရင်းတွင် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်ရှိနေသည်။ ဘုရင့်နောင်အငူ (ယခင်ဝိတိုရိယပွိုင့်) ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ဝိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြသည့် ဆိပ်ကမ်းနေရာတစ်ခုရှိသည်။ ၎င်းဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်သည်။ ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟု အမည်မှည့်ခေါ်ခြင်းဖြစ်သည်။ ဘုရင့်နောင်အငူစွန်းတွင် ခြေတံရှည်လူနေအိမ်များ၊ နယ်စပ်ဒေသစစ်ဆေးရေးဂိတ်ဝနှင့် လူဝင်မှုကြီးကြပ်ရေးစသည့် ရုံးများလည်းရှိသည်။ ကော့သောင်းကုန်းမြေနှင့် မျက်နှာချင်းဆိုင် ဆက်စပ်နေသောကျွန်းမှာ မြိတ်ကျွန်းစုတွင် ပါဝင်သော တောင်ဘက်အကျဆုံး ကျွန်းတစ်ကျွန်းဖြစ်သည်။ ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ် ထင်ရှားသည်။ မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များ ထည့်သွင်းဌာပနာထားသည်ဆိုသော တောင်ကုန်းထိပ်ရှိ စေတီနှစ်ဆူတည်ရှိရာကျွန်း ဖြစ်ပေသည်။ ယင်းကြောင့်ပင် အဆိုပါ မွေတော်ကျွန်းသို့ ကော့သောင်းဘက်မှ ငါးမိနစ်ကြာမျှ လှေစီး၍ ကူးသန်းသွားလာကြသော ဘုရားဖူးခရီးသွားများ အဆက်မပြတ်ရှိနေတတ်သည်။ ကော့သောင်းမှနေ၍ အန်ဒမန်ကလပ်ရီဇော့တ်(Andaman Club Resort)ဟိုတယ်ရှိရာ သူဌေးကျွန်းဆီသို့ ဖယ်ရီသင်္ဘောဖြင့် ၁၅ မိနစ်ခရီးအဖြစ် သွားရောက်နိုင်သည့် စပိဘုတ်(Speed Boat)ဖြင့် သွားရောက်ပါက ၇ မိနစ်ကြာမျှသွားရသည်။ သူဌေးကျွန်းနှင့်ကော့သောင်းတံငါရွာ ဘုရင့်နောင်ရုပ်တု တည်ရှိရာနေရာမှ အန်ဒမန်ပင်လယ်ပြင်ကို ဖြတ်ကျော်ကြည့်လိုက်ပါက သူဌေးကျွန်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ သူဌေးကျွန်းရှိ အန်ဒမန်ကလပ်ရီဇော့တ်ဟိုတယ်သည် အထူးဖန်တီးထားသည့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ဖြစ်သည်။ ကော့သောင်းမြို့မှ ငါးကီလိုမီတာအကွာ၌ သီရိမြိုင်ရပ်ကွက်အမည်ရှိ တံငါရွာတည်ရှိနေပေသည်။ ၎င်းတံငါရွာအနီးရှိ တောင်ကုန်းတစ်ခုထိပ်တွင် သုံးမိုင်ဘုရားရှိသည်။ အဓိကစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည်။ စေတီ၏အောက်ခြေဖိနပ်တော်မှာ ထောင့်ရှစ်ထောင့်ပါရှိသည့် အဋ္ဌဂံပုံစံအုတ်ခုံဖြစ်ပေသည်။ ယင်းထောင့်ရှစ်ထောင့်ရှိ ဋ္ဌာပနာအတွင်း ချိုင့်နေရာရှစ်နေရာတွင် တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ကိန်းဝပ်စံပယ်လျက်ရှိသည်။ တောင်ကုန်းအမြင့်ဆုံးနေရာတွင် ကြာပွင့်ပေါ်၌ထိုင်၍ စံပယ်နေသော မြတ်ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်အထက်၌ နဂါးမင်းက ပါးပျဉ်းဖြင့်အုပ်မိုးထားသည့် နဂါးရုံဘုရားတစ်ဆူကိုဖူးမြော်နိုင်ပေသည်။ တောင်ကုန်းအထက်မှ လှမ်းကြည့်လိုက်ပါက သီဟိုပင်စိုက်ခင်းများ၊ အန်ဒမန်ပင်လယ်ပြင်၊ သူဌေးကျွန်း၊ ဆလုံကျွန်းနှင့် ပို၍ဝေးသောနေရာတွင် ဇာဒက်ကြီးကျွန်းတို့အပါဝင် မြိတ်ကျွန်းစုကို တွေ့မြင်ရမည်ဖြစ်သည်။ မြိတ်ကျွန်းစု မြိတ်ကျွန်းစုတွင် စုစုပေါင်းကျွန်းပေါင်း ၈၀၄ ကျွန်းပါဝင်သည်ဟုဆိုသော်လည်း အချို့ခန့်မှန်းတွက်ဆမှုအရ ကျွန်းပေါင်း ၁၀၀၀ကျော်ရှိနိုင်သည်ဟုဆိုကြ၏။ အကြီးဆုံးကျွန်းမှာ ဘုရင်ကျွန်း(KING ISLAND)ဖြစ်ပြီး ဟက်တာပေါင်း ၄၄၀၀၀ရှိသည်။ ကျွန်းအများအပြားမှာ ပင်လယ်အတွင်းမှ ထိုးထွက်နေကြသော ကျောက်တုံးကျောက်စိုင်ကျွန်းများဖြစ်ကြသည်။ အချို့ကျွန်းများမှာ ထုံးကျောက်ကျွန်းများဖြစ်ကြပြီး မီတာပေါင်းရာနှင့်ချီ၍ ရှည်လျားသည်။ ယင်းကျွန်းများပေါ်တွင် ဇီဝဇိုးငှက်သိုက်များကို တွေ့ရှိကြသည်။ လူများနှစ်ခြိုက်ခုံမင်စွာ ငှက်သိုက်ဆေးဖော်စပ်သုံးစွဲကြပြီး တန်ဖိုးကြီးမားသည့် အစားအစာတစ်ခုလည်းဖြစ်သည်။ ကစ်စာရိုင်းနှင့်ဒိုမဲလ်ကျွန်းတို့အကြားရှိ ကျွန်းတစ်ခုကို စကျင်ကျောက်(ကျောက်ဖြူ)ကျွန်းများဟုခေါ်ဝေါ်သမုတ်ထားကြသည်။ အရည်သွေးကောင်း စကျင်ကျောက်များ ထွက်ရှိသည်။ ကစ်စရိုင်းနှင့်ဆဲလ်လိုကျွန်းများ၏ ကမ်းရိုးတန်းတစ်လျှောက် ဘုရင့်ကျွန်း၊ ထားဝယ်ကျွန်းနှင့် တံငါကျေးရွာများကလွဲလျှင် မြိတ်ကျွန်းစုသည် ယင်းကျွန်းစုကို လှည့်လည်သွားလာကျက်စားနေကြသော ဆလုံသို့မဟုတ် ပင်လယ်ဂျစ်ပစီတို့အဓိကနေထိုင်ကြသည်။ ဆလုံလူမျိုးများ ဆလုံလူမျိုးစုတို့သည် မလေးကျွန်းဆွယ်(ယနေ့မလေးရှားကျွန်းဆွယ်)တွင် အခြေချနေထိုင်ခဲ့ကြသည့် မလေးလူမျိုးနွယ်ဝင်များဖြစ်သည်။ ၎င်းတို့၏ဘာသာစကားမှာ ကမ္ဘောဒီးယာက ချင်းတိုင်းရင်သားတို့၏ စကားနှင့် အတော်ပင်တူညီမှုရှိနေသည်ကို တွေ့ရသည်။ ပင်လယ်ပျော်ဆလုံကျွန်းသားတို့၏ ရေကူးရေငုပ်ကျွမ်းကျင်မှုသည်လည်း အံ့ဩဖွယ်ရာဖြစ်ပေသည်။ ၂၀၀၄ခုနှစ် ဖေဖော်ဝါရီလတွင် လန်ပီကျွန်း၌ကျင်းပခဲ့သော ဆလုံပွဲတော်မှာလည်း ကမ္ဘာလည့်ခရီးသွားများအတွက် အလွန်စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ကော့သောင်းအနီးရှိ ဆလုံကျွန်းတွင် လင်းပိုင်မွေးမြူလေ့ကျင့်မှုသည်လည်း အောင်မြင်နေပြီဖြစ်၍ တနင်္သာရီတိုင်းအတွင်း ကမ္ဘာလည့်ခရီးသွားလုပ်ငန်း အခြေခံကောင်းများတိုးတက်နေပြီဖြစ်သည်။ ဆလုံတို့သည်ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ ရေပျော်ဆလုံတို့သည် ငါးပုတ် ငါးကွမ်းရှပ် ငါးခွေးရှာ ငါးပုဏ္ဍား ကကူရံ ငါးမြင်းရင်း ငါးမြစ်ချင်းတို့ကိုဖမ်းဆီးပြီး ရနောင်းလက်ကားအဝယ်ဒိုင်များသို့ ရောင်းချကြသည်။ ရပ်ကွက်/ကျေးရွာများ စီးပွားရေး ကော့သောင်းမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး ရော်ဘာလုပ်ငန်းမှာလည်း တိုးတက်ဖွံ့ဖြိုးလျက် ပြင်ပတိုက်ရိုက်တင်ပို့နိုင်သော ပင်လယ်ရေထွက်ကုန်ပစ္စည်းများဖြင့် စည်ကားလှသည့် တံငါဆိပ်ကမ်းတစ်ခုလည်းဖြစ်သည်။ ကမ်းနားလမ်း အနောက်ဘက်တွင် ပင်လယ်ထွက်အစားအစာရောင်းချသော စားတော်ဆက်အများအပြား တည်ရှိနေကြသည်။ ဓာတ်ပုံများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%B7%E1%80%9E%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ဝေသာလီမြို့
ဝေသာလီမြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ အနောက်ပိုင်းတွင် တည်ရှိခဲ့သော မြို့ဟောင်းတစ်မြို့ ဖြစ်သည်။ ဒုတိယ ရခိုင်တိုင်းပြည်၏မြို့တော်လည်းဖြစ်သည်။ ဝေသာလီမြို့ဟောင်းသည် ရခိုင်သမိုင်း၏ခေတ်လေးခေတ်မှ ဝေသာလီခေတ် ရခိုင်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ အေဒီ ၄ ရာစုမှ ၈ ရာစု အထိ ထွန်းကားခဲ့သည်။ တည်ထောင်သူ ဝေသာလီမြို့ကို တည်ထောင်သူမှာ ဒွင်စန္ဒြ ဖြစ်သည်။ ဝေသာလီမြို့အား နတ်ပြည်၏လှပတင့်တယ်ခြင်းကို ပျယ်ရယ်ပြုနိုင်လောက်အောင်လှပသည်ဟု ရေးထိုးခဲ့သည်။ ဝေသာလီမြို့အား စန္ဒြားမင်းဆက်က အုပ်စိုးခဲ့သည်။ စန္ဒြားမင်းများသည် သီဝ (ရှီဝ) နတ်မင်း၏ အနွယ်တော်များဟု ရေးထိုးဖော်ပြထားကြသောကြောင့် ၎င်းတို့သည် သီဝဂိုဏ်း (Shaivism) ဝင်များဖြစ်နိုင်သည်။ တည်နေရာ ဝေသာလီ မြို့ဟောင်းသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထဲတွင် တည်ရှိသည်။ မြောက်ဦးမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့်တွင် တည်ရှိသည်။ ရန်ကုန် စစ်တွေကားလမ်းသည် ဝေသာလီမြို့ဟောင်းအား အလယ်တည့်တည့်မှ ဖြတ်သန်းသွားသည်။ ပုံသဏ္ဌာန် ဝေသာလီမြို့ဟောင်း၏ ပုံသဏ္ဌာန်သည် ဘဲဥပုံ နီးပါးဝိုင်းဝန်းသော သဏ္ဌာန်ရှိသည်။ မြို့ရိုးနှစ်ထပ်ရှိသည်။ အပြင်မြို့ရိုး တစ်ထပ်၊နန်းမြို့ရိုးတစ်ထပ်ဖြစ်သည်။ နန်းမြို့ရိုးသည် ထောင့်မှန်စတုဂံပုံရှိသည်။ ယခု နန်းတော်နေရာတွင် ဝေသာလီရွာတည်ထားကြသည်။ မြို့ရိုးများ တည်ဆောက်ရာတွင် ဘေးနှစ်ဘက်ကို အုတ်စီကာ အလယ်တွင် အုတ်ကျိုးအုတ်ပဲ့များ ထည့်ကာတည်ဆောက်ကြသည်။ အပြင်မြို့ရိုးပတ်လည်တွင် ကျုံးများပတ်ရံထားသည်။​တောင်ဘက်ကျုံး​နေရာတွင် ​ရေများရှိ​နေ​သေးသည်။​ဝေသာလီ နန်း​တော်ကိုလည်း ကျုံးဖြင့်ပတ်ရံထားသည်။ အပြင်မြို့ရိုး၏ အနောက်ဘက်တွင် ရန်းချောင်း စီးဆင်းနေပြီး အရှေ့ဘက်တွင် တောင်တန်းများကာရံထားသည်။ ထင်ရှားသော နေရာများ ဝေသာလီ နန်းတော်၏ မြောက်ဘက်တွင် ဝေသာလီဘုရားကြီး ရှိသည်။ ကြီးမားသော ကျောက်တုံးကြီးအား ထုဆစ်ထားကာ ဉာဏ်တော် ၁၇ ပေခန့်ရှိသည်။ ဝေသာလီဘုရားကြီးကုန်းတော်တွင် စတူပါများ၊ နတ်ရုပ်များ ကို မြင်နိုင်သည်။ ဝေသာလီဘုရားကြီး မှ မြောက်ဘက်သို့သွားသော် သီရိစန္ဒြား မင်းကြီး သင်္ဂါယနာတင်ခဲ့သော သရက်ချိုတောင်ကို မြင်နိုင်သည်။ ထိုတောင်ထက်တွင် ကျောင်းဆောင်၅ခုဆောက်ကာ သီဟိုဠ်သံဃာ ၁၀၀၀၊ ရခိုင်သံဃာ ၁၀၀၀ ဖြင့် တစ်နှစ်ကြာအောင် သင်္ဂါယနာတင်ခဲ့သည်။ ဝေသာလီမြို့၏ အနောက်ဘက်အပြင်မြို့ရိုးတွင် မြို့တန်းခါး ဘုရားရှိသည်။ ဝေသာလီမြို့ တောင်ဘက်တွင် သင်းကျစ်တော်ဓာတ်ဘုရား ရှိသည်။ ဓညဝတီခေတ် သူရိယစက္ကဘုရင်ကစတင် တည်ထားခဲ့ပြီးနောက်ပိုင်းကာလများတွင် အဆင့်ဆင့် ပြုပြင်တည်ထားခဲ့ကြသည်။ ဝေသာလီခေတ်တွင် ရေကြောင်းခရီးဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ကြရာ ထိုခေတ်ကအသုံးပြုသော ဆိပ်ကမ်း တစ်ခုကို မြို့ အနောက်မြောက်ဘက် ရန်းချောင်းကမ်းပါးတွင် တွေ့မြင်နိုင်သည်။ ဝေသာလီခေတ်ကတည်ဆောက် ခဲ့သောဆည်တစ်ခုကို ရန်းချောင်းဖျားတွင် တွေ့နိုင်သည်။ ကျောက်တုံးများဖြင့်တည်ဆောက်ထားသည်။ စတင်တည်ဆောက်ခဲ့ခြင်းမှာ ဓညဝတီခေတ်ကပင် ဖြစ်သော်လည်း ကျိုးပေါက်ခြင်း ရင်ဆိုင်ခဲ့ရပြီး ဝေသာလီခေတ်တွင်မှ အောင် မြင်စွာတည်ဆောက်နိုင်ခဲ့သည်။ ဝေသာလီခေတ်စာပေ ဝေသာလီခေတ် ရုံးသုံးဘာသာမှာ သင်္သကရိုက် ဘာသာဖြစ်သည်။​ ဝေသာလီခေတ်တွင်ရေးထိုးခဲ့သော အာနန္ဒစန္ဒြား ကျောက်စာတိုင်သည် မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီးတွင် ရှိသည်။ မျက်နှာလေးဘက်ရှိပြီး ၃ ဘက်တွင် စာရေးထိုးထားသည်။ တစ်မျက်နှာနှင့် တစ်မျက်နှာသည် ရာစုနှစ်၂ စီခြားလျက်ရေးထိုးခဲ့ကြသည်။ အနောက်ဘက်မျက်နှာကိုသာ ဖတ်ရှု၍ရသည်။ အာနန္ဒစန္ဒြားမင်းက မိမိမတိုင်မီ မင်းဆက်များ၊မိမိ၏အလှူဒါန တို့ကို ရေးထိုးထားသည်။ ဝေသာလီခေတ်ကျောက်စာအများစုတွင် "ယေဓမ္မာ ဟေတုပ္ပဘဝ" ဂါထာ ရေးထိုးပါရှိကြသည်။ ဝေသာလီကြေးနီပြား အမိန့်မှတ်တမ်းစာကို ဝေသာလီမြို့ အုတ်ကုန်းငယ်တစ်ခုကို ဖျက်ရာမှရရှိခဲ့သည်။ ဝေသာလီမင်းတစ်ပါး၏ မြေလှူမှတ်တမ်းဖြစ်သည်။ဤကဲ့သို့အမိန့်မှတ်တမ်းမှာ မြန်မာနိုင်ငံတွင်သာမက အိန္ဒိယတွင် အ​စောဆုံး​တွေ့ရှိရခြင်းဖြစ်သည်။ စာလုံးများ လှပ​သေသပ်စွာ​ရေးသားထားပြီးမဟာဘာရတ ဇာတ်​တော်မှ စာသားအချို့ကို ထည့်သွင်း​ရေးသားထားသည်။ စတူပါများ စတူပါဟူသည် ဝေသာလီခေတ်တွင် ထုဆစ်ကိုးကွယ်ခဲ့သော ​ကျောက်စေတီငယ်တစ်မျိုး ဖြစ်ပြီး ဒီဇိုင်းအမျိုးမျိုးဖြင့် ထုလုပ်ခဲ့ကြသည်။ ဘာသာတရား ဝေသာလီခေတ်တွင် အများစု ကိုးကွယ်ကြသောဘာသာမှာ မဟာယာန ဗုဒ္ဓဘာသာ ဖြစ်၍ ပါဠိဘာသာဖြင့်ရေးထိုးသည့်ကျောက်စာတစ်ခုကိုတွေ့ရှိသဖြင့် ထေရဝါဒကို ကိုးကွယ်သူရှိနိုင်သည်။ ဗြဟ္မဏဘာသာ ကိုးကွယ်မှုလည်းရှိသည်။ ဘုရင်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး အခြားဘာသာများကိုလည်း အားပေးချီးမြှောက်ခဲ့သည်။ ကိုးကား ပြင်ပလင့်ခ်များ ဝေသာလီမြို့ဟောင်း ကောင်းကင်မြေပုံ (Google မြေပုံ) ရခိုင်ပြည်နယ်ရှိ မြို့များ မြန်မာနိုင်ငံရှိ မြို့များ မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%B1%E1%80%9E%E1%80%AC%E1%80%9C%E1%80%AE%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
လွိုင်ကော်မြို့
လွိုင်ကော်မြို့ သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်‌၏ မြို့တော်ဖြစ်သည်။ လွိုင်ကော်မြို့သည် တောင်ငူမြို့၏ အရှေ့မြောက်ဘက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ သမိုင်း​ကြောင်း အမည်ရင်းမြစ် လွိုင်ကော်မြို့၏ မြို့တည်စ မူလအမည်ရင်းမှာ 'ဆီရိဒေါ'ဖြစ်၏။ မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် ဦးသီရိဆိုသူသည် ဆီအိုးလေးလုံးတွင် ဆီအပြည့်ထည့်၍ သတ်မှတ်ထားသော မြို့လေးထောင့်၌ မြှုပ်နှံခြင်း၊ မြို့ဦးမြို့ထိပ်တွင် မြို့နံသင့် စေတီတည်ထားကိုးကွယ်ခြင်း၊ မြို့တွင်း၌ ဗုဒ္ဓအယူဝါဒီ ဘုန်းကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ မြို့ပတ်လည်တွင် ကျုံး၊ မြောင်း၊ ခံကတုတ်များ ဆောက်လုပ်ခြင်း၊ အတွင်းဘက်ခံကတုတ်တွင် ကြခတ်ဝါးများ စိုက်ထူကာရံခြင်း၊ မြို့၏အနောက်တောင်ထောင့်နေရာတွင် သင်္ချိုင်းနေရာသတ်မှတ်ခြင်း စသည်ဖြင့် မွမ်းမံတည်ထောင်ခဲ့သည်။ ထိုကြောင့် မြို့တည်သူ ဦးသီရိ၏အမည်ကိုအစွဲပြု၍ မြို့အမည်ကို ဆီရိဒေါဟုခေါ်တွင်ခဲ့ခြင်းဖြစ်၏။ ကယားဘာသာစကားဖြင့် သီရိကို ဆီရိဟူ၍လည်းကောင်း၊ မြို့ကို ဒေါဟူ၍လည်းကောင်း ခေါ်ဆိုရာ ဆီရိဒေါဟူသည် သီရိမြို့၊ သို့မဟုတ် ဦးသီရိတည်ထောင်သောမြို့ဟု အဓိပ္ပာယ် ရသည်။ ရှမ်းအမျိုးသားများ ဝင်ရောက်နေထိုင်ကြသောအခါတွင် ဘီလူးချောင်းဘေး၌ တစ်သီးတစ်ခြားတည်ရှိသော ရွှေတောင်ကိုအစွဲပြု၍ 'လွိုင်ခေါ်' ဟုခေါ်ပြန်သည်။ ရှမ်းဘာသာစကားဖြင့် 'လွိုင်'မှာ တောင်ဖြစ်၍ 'ခေါ်'မှာ သီးခြားတည်ရှိခြင်းဆိုလိုသည်။ ကာလရွေ့လျား၍ 'လွိုင်ကော်' ဟု ဖြစ်လာသော်လည်း ကယားအမျိုးသားတို့ကမူ 'ဆီရိဒေါ' ဟု ယနေ့တိုင် ပြောဆိုသုံးစွဲလျက်ရှိသည်။ လွိုင်ကော်မြို့၏ မြို့တည်စအနေအထားမှာ အရှေ့သို့လားသော် မင်းကျောင်း၊ အနောက်သို့လားသော် ဘီလူးချောင်း၊ တောင်သို့လားသော် ရွှေကျောင်း၊ မြောက်သို့လားသော် မြို့နာမ်စေတီတို့ဖြစ်သည်။ လွိုင်ကော်မြို့သည် ရှမ်းပြည်နှင့် ကုန်းလမ်းရေလမ်းအားဖြင့်အဆက်အသွယ်ရှိ၍ ကူးသန်းရောင်းဝယ်ရေး ဗဟိုစခန်းမြို့အဖြစ် ထင်ရှားခဲ့သည်။ ဗြိတိသျှတို့မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက်ပိုင်းတွင် လွိုင်ကော်မြို့သည် ဗြိတိသျှအစိုးရတို့၏ နိုင်ငံရေးဝန်ထောက်များရုံးစိုက်ရာ မြို့ဖြစ်လာသည်။ ၁၈၈၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကန္ဒရဝတီစော်ဘွား စဝ်လဝီက လွိုင်ကော်မြို့ ဟော်နန်းကို စိုက်ထူခဲ့သည်။ ကန္ဒရဝတီ စောဖျာစဝ်ခွန်လီ၏ လက်ထက် ခရစ် ၁၉၁ဝပြည့်နှစ်တွင် စဝ်လုံမြို့မှ လွိုင်ကော်မြို့သို့ ပြောင်းရွှေ့စိုးစံသဖြင့် လွိုင်ကော်မြို့သည် ကန္ဒရဝတီနယ်၏ မြို့တော်ဖြစ်လာသည်။ မြန်မာ သက္ကရာဇ် ၁၂၆၇ ခုနှစ်ခန့်တွင် အမတ်ကြီး ဦးနီသည်လွိုင်ကော်မြို့၏ လူနေအိမ်ခြေများကို ချဲ့ထွင်ပြုပြင်ခြင်း၊ ဘီလူးချောင်း အနောက်ဘက်ကမ်းတွင် ဈေးတည်ဆောက်ခြင်း စသည်ဖြင့် လွိုင်ကော်မြို့ကို ဒုတိယအကြိမ် တိုးချဲ့ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ်တွင် စောဖျာစဝ်ခွန်လီသည် လွိုင်ကော်မြို့၏ အရှေ့အနောက် တောင်မြောက် လေးဖက်လေးမျက်နှာတို့သို့ လူနေအိမ်ခြေတိုးတက်ဆောက်လုပ်စေခြင်းဖြင့် လွိုင်ကော်မြို့ ကို တိုးချဲ့ပြုပြင်ခဲ့လေသည်။ ၁၉၄၇ ခုနှစ်အထိ ကရင်နီပြည်နယ်အဖြစ် တည်ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၌ ကယားပြည်နယ်အစိုးရ စတင်ဖွဲ့စည်းသည့်အချိန်တွင် လွိုင်ကော်မြို့ကို ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ်များ အပါအဝင် ကယားပြည်နယ်၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်တွင် လွိုင်ကော်မြို့ကို ကယားပြည်နယ်၏ မြို့တော်ဂုဏ်အင်္ဂါနှင့် ညီညွတ်စေရန် ထပ်မံပြုပြင်တိုးချဲ့ တည်ဆောက်ရာတွင် မြို့သစ်ပုံစံများထုတ်လုပ်ခြင်း၊ အစိုးရနှင့် လူထုအတွက်နေရာများ သတ်မှတ်၍ ရုံး၊ ဈေး၊ ဥယျာဉ်၊ ကစားကွင်း၊ လူနေအိမ်ခြေများ၊ လေယာဉ်ကွင်းနှင့် လမ်းများကိုစနစ်တကျအကွက်ချကာ တည်ဆောက်ခဲ့လေသည်။ ထင်ရှားသည့်နေရာများ လွိုင်ကော်မြို့သည် ကယားပြည်နယ်၏ ရုံးစိုက်မြို့ဖြစ်သဖြင့် ပြည်နယ် အစိုးရရုံးများ၊ ဒေသဆိုင်ရာရုံးများ၊ ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်းများ စသည့်အစိုးရအဆောက်အအုံများလည်းရှိသည်။ သီရိမင်္ဂလာ တောင်တော်စေတီ၊ ရွှေတောင်စေတီ နှင့် မြို့နာမ်စေတီတို့သည် ထင်ရှား၍ မြို့၏ကျက်သရေဆောင်စေတီများဖြစ်၏။ လွိုင်ကော်မြို့၏ တောင်ဘက် ၁၄ မိုင်ကွာနေရာတွင် သာယာတင့်ဆန်းသော တောတောင်တန်းများနှင့်တကွ သဘာဝအလျောက် ထက်အောက်နိမ့်မြင့် အဆင့်ဆင့်ညီညာစွာ စီတန်းလျက်ရှိသော ရေကန် ၇ ကန်ရှိသည်။ အလွန်ကြည်နူးဖွယ်ကောင်းသော သဘာဝရှုမျော်ခင်းများနှင့် ပြည့်စုံသည်။ ထိုရေကန်များသည် ဒွေးမယ်နော်မင်းသမီးနှင် ကိန္နရီညီအစ်မခုနစ်ဖော်တို့ ပျော်ရွှင်စွာရေကစားရာ ရေကန်များဖြစ်သည်ဟု ကယားအမျိုးသားတို့က ယုံကြည်ကြသည်။ လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ခုနစ်မိုင်ကွာနေရာတွင် မထေးခု ရေတံခွန်စခန်းရှိသည်။ ထိုစခန်းသည်လည်း ရေတံခွန်ရေကျများနှင့် အလွန်သာယာကြည်နူးဖွယ်ကောင်း၏။ ထို့အပြင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်တွင် ထီးစဲခါး ရေတံခွန်စခန်းရှိရာ မြို့နေပြည်သူများနှင့် ရပ်နီးရပ်ဝေး ခရီးသွားများအတွက် အပန်းဖြေရာ နေရာတစ်ခုလည်း ဖြစ်သည်။ လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ၁၂ မိုင်ကွာတွင် ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းအရ ရေအားဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံကြီးတည်ရှိရာ လောပိတတောင်ပေါ် စခန်းမြို့ကလေးရှိသည်။ လမ်းပန်းဆက်သွယ်ရေး ရှမ်းပြည်နယ် အင်းလေးကန်မှ စီးဆင်းလာသော ဘီလူးချောင်းသည် လွိုင်ကော်မြို့ကို မြောက်မှတောင်သို့ ဖြတ်ပြီးစီးဆင်းသွားသည်။ ထို့ကြောင့် လွိုင်ကော်မြို့သည် မိုးဗြဲနယ်၊ မိုးဗြဲမြို့၊ ဖယ်ခုံမြို့တို့နှင့်လည်းကောင်း၊ ရှမ်းပြည်နယ် အင်းလေးနှင့်လည်းကောင်း လှေများဖြင့် ကူးသန်းသွားလာနိုင်သည်။ လွိုင်ကော်မြို့သည် ရန်ကုန်မြို့နှင့် လေကြောင်းခရီး အဆက်အသွယ်ရှိသည်။ ကုန်းလမ်းအားဖြင့်မူကား လွိုင်ကော်-တောင်ကြီး-သာစည်-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-မိုးဗြဲ-ကလော-သာစည်-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-ခဲမဖြူ-မော်ချီးမိုင်း-တောင်ငူ-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-ယာဒို-လိပ်သို-တောင်ငူ-ရန်ကုန် ကားလမ်းများဖြင့် သွားလာဆက်သွယ်နိုင်သည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ကယားပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မင်းကိုနိုင်
မင်းကိုနိုင်၏ အမည်အရင်းမှာ ပေါ်ဦးထွန်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ၁၉၈၈ ခုနှစ်ဝန်းကျင်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သမိုင်းကြောင်း မင်းကိုနိုင်ကို ရန်ကုန်မြို့တွင် မွေးဖွားပြီး သူသည် ဦးသက်ညွန့် နှင့် ဒေါ်လှကြည်တို့၏ တတိယမြောက်သားဖြစ်သည်။ သူ၏မိဘများမှာ မွန်ပြည်နယ်(မုဒုံမြို့) မှ ဖြစ်ပြီး မွန်နှင့်တရုတ်စပ်သော လူမျိုးများဖြစ်သည်။ သူသည် သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ သူသည် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ABFSU)၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ အစောပိုင်းကျောင်းတက်နေစဉ်နှစ်များ မင်းကိုနိုင်သည် ၁၉၈၀ ခုနှစ်လွန်နှစ်များအတွင်း ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သတ္တဗေဒ အထူးပြုဖြင့် ပညာသင်ကြားနေခိုက်တွင် နိုင်ငံရေးကို စတင်စိတ်ဝင်စားလာခဲ့သည်။ သူသည် အနုပညာအသင်း၏ တက်ကြွသော အသင်းဝင်တစ်ယောက်ဖြစ်ပြီး စာဖတ်ခြင်း၊ ကဗျာရေးခြင်းနှင့် ကာတွန်းဆွဲခြင်း (အထူးသဖြင့် သရော်စာကာတွန်းများ) တို့တွင် မွေ့လျော်နေခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ရှိခဲ့ရာ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ချိန်မှာ ဥက္ကဋ္ဌအဖြစ် မင်းကိုနိုင်ကို ကျောင်းသားထုက ရွေးချယ်ခဲ့ကြသည်။ ၈ လေးလုံး လူထုလှုပ်ရှားမှုတွင် ထိပ်တန်းမှ ဦးဆောင်သူတဦးအဖြစ် လုပ်ဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ထိုအချိန် စစ်အစိုးရက ဖမ်းဆီး အကျဉ်းချခဲ့သည်။ ပြန်လွတ်လာ ၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ဦး လွှတ်ရာတွင် လွတ်မြောက်ခဲ့သည်။ ပြန်လွတ်လာခဲ့ပြီးနောက် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ဆက်လုပ်ခဲ့သည်။ ထိုကာလအတွင်း နောက်ကြည့်မှန် ဟူသော ဝတ္ထုရှည်တစ်ပုဒ်ကိုလည်း ရေးသားခဲ့သည်။ ၈ လေးလုံး လှုပ်ရှားမှုကို နောက်ခံထားပြီး ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော လူငယ် ကျောင်းသားတယောက်အကြောင်းကို ရေးဖွဲ့ထားသော ဝတ္ထုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ သူ့၏ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။ ရရှိခဲ့သော ဆုတံဆိပ်များ မင်းကိုနိုင်ကို ၁၉၉၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့ ပူးတွဲပြီး ကနေဒါနိုင်ငံက John Humphrey လွတ်မြောက်ရေးဆု၊ ၂၀၀၀ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ၊ People in Need Foundation က Homo Homini ဆု၊ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ Train Foundation က လူမှုရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆုတို့ကို ချီးမြှင့်ခံခဲ့ရသည်။ ကိုးကား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ မြန်မာ့နိုင်ငံရေး အကျဉ်းသားများ မြန်မာ့နိုင်ငံရေးသမားများ မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
မကွေး
မကွေး၏အဓိပ္ပာယ်များ နေရာများ မကွေးတိုင်း မကွေးမြို့ မကွေးဆေးတက္ကသိုလ် မကွေးနည်းပညာတက္ကသိုလ် မကွေးတက္ကသိုလ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BD%E1%80%B1%E1%80%B8
ရှမ်း
ရှမ်း ဆိုသည်မှာ အောက်ပါတို့အနက် တစ်ခုခု ဖြစ်နိုင်သည်။ လူမျိုးစု ရှမ်းလူမျိုး ရှမ်းဘာသာ နေရာဒေသ ရှမ်းပြည်နယ် ရှမ်းရိုးမ အခြား ရှမ်းနံနံ (Eryngium foetidum) - ဟင်းချက်သော အပင်တစ်မျိုး ရှမ်းအိုးစည်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8
မွန်
မွန်၏အဓိပ္ပာယ်များ မွန်ပြည်နယ် မွန်လူမျိုး မွန်ဘာသာစကား မွန်ခမာဘာသာမိသားစု လူများနှင့်ဘာသာစကားများ Alisa Mon ၊ ရုရှားအဆိုတော်
https://my.wikipedia.org/wiki/%E1%80%99%E1%80%BD%E1%80%94%E1%80%BA
ကရင်
ကရင်၏အဓိပ္ပာယ်များ ကရင်လူမျိုး ကရင်ပြည်နယ် ကရင်ဘာသာ စကောကရင် ပိုးကရင် ကရင် အမျိုးသား အစည်းအရုံး ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် Karen National Liberation Army
https://my.wikipedia.org/wiki/%E1%80%80%E1%80%9B%E1%80%84%E1%80%BA
ကချင်
ကချင်၏အဓိပ္ပာယ်များ ကချင်လူမျိုးသို့မဟုတ် ဂျိန်ဖော့လူမျိုး ကချင်ပြည်နယ် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော် ကချင်ဘာသာစကား
https://my.wikipedia.org/wiki/%E1%80%80%E1%80%81%E1%80%BB%E1%80%84%E1%80%BA
ပသျှူး
ပသျှူး၏အဓိပ္ပာယ်များ ပသျှူးဘာသာစကား ပသျှူးလူမျိုး မလေးရှားပသျှူးလူမျိုး - မလေးရှားနိုင်ငံအုပ်ချုပ်မှုဥပဒေသတ်မတ်သော လူမျိုး ပသျှူးမုန့် ပသျှူးသာကူ
https://my.wikipedia.org/wiki/%E1%80%95%E1%80%9E%E1%80%BB%E1%80%BE%E1%80%B0%E1%80%B8
မဟာ
မဟာ၏အဓိပ္ပာယ်များ မဟာသည် ပါဠိနှင့် သင်္သကရိက်ဘာသာတွင် မွန်မြတ် အဓိပ္ပာယ်ရှိသော နာမဝိသေသနဖြစ်သည်။ မဟာပိန္နဲ - ဟိန္ဒူဘာသာနတ်ဒေဝ မဟာဗျူဟာ မဟာဂီတ မဟာသမယသုတ် မဟာဂီရိ မဟာရာဇ - ဘုရင်ကြီး မဟာဝင် မဟာဗန္ဓုလ မဟာမုနိဘုရားကြီး
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC
ကလယ်
၏အဓိပ္ပာယ်များ ကလယ်ဘာသာ ကလယ်အက္ခရာ ကလယ်လူမျိုး
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%9A%E1%80%BA
အင်္ဂလိပ်
အင်္ဂလိပ် ဆိုသည်မှာ အောက်ပါအနက် တစ်ခုခုကို ရည်ညွှန်းသည်။ အင်္ဂလိပ်ဘာသာစကား အင်္ဂလိပ်လူမျိုး အင်္ဂလန်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AD%E1%80%95%E1%80%BA
ချင်း
ချင်း၏အဓိပ္ပာယ်များ ချင်းပြည်နယ် ချင်းလူမျိုး ချင်းစာပေ ချင်း(အပင်) ချင်း(နာမ်စား) ချင်းယား (Flueggea virosa) - ချုံပင်အမျိုးတစ်မျိုး ချင်းတ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8
ဗြိတိသျှ
ဗြိတိသျှ၏အဓိပ္ပာယ်များ ဗြိတိသျှအင်ပါယာ ဗြိတိသျှလူမျိုး ဗြိတိသျှအင်္ဂလိပ်ဘာသာ ဗြိတိသျှကျွန်စု ဗြိတိသျှနိုင်ငံသား
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%AD%E1%80%90%E1%80%AD%E1%80%9E%E1%80%BB%E1%80%BE
အမေရိကန်
အမေရိကန်၏အဓိပ္ပာယ်များ အမေရိကန်ပြည်ထောင်စု အမေရိကန်အင်္ဂလိပ်ဘာသာ မြောက်အမေရိက တောင်အမေရိက အမေရိက (တိုက်ကြီး) အမေရိကန်အသံလွှင့်ရန်ကုမ္ပဏီ အမေရိကန်တက္ကသိုလ် အမေရိကန် (ကား) အမေရိကန်လေကြောင်း အမေရိကန်ဒိန်ခဲ br:Amerikan de:Amerikaner en:American es:América (desambiguación) fr:Américain it:Americano ja:アメリカン nl:American nn:Amerikansk no:Amerikaner pt:Americano sv:Amerikansk th:อเมริกัน
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%B1%E1%80%9B%E1%80%AD%E1%80%80%E1%80%94%E1%80%BA
အရှေ့တောင်အာရှနိုင်ငံများအသင်း
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of Southeast Asian Nations (ASEAN)) သည် အရှေ့တောင်အာရှ ၁၀ နိုင်ငံ ပေါင်းစည်းဖွဲ့စည်းထားသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အသင်းဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် ၁၉၆၇ ခုနှစ်တွင် အာဆီယံကြေညာချက် (ဘန်ကောတ်ကြေညာစာတမ်း)ကို လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ကြသည်။ နောင်တွင်မှ ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသော နိုင်ငံများပါဝင်လာခဲ့ပြီး ၁၀ နိုင်ငံအထိဖြစ်လာခဲ့သည်။ အာဆီယံသည် အကျယ်အဝန်းအားဖြင့် ကမ္ဘာမြေမျက်နှာပြင် ဧရိယာစုစုပေါင်း၏ ၃% ရှိပြီး စတုရန်း ကီလိုမီတာ ၄.၄၆ သန်း ရှိသည်။ ကမ္ဘာလူဦးရေး စုစုပေါင်း၏ ၈.၈ ရာခိုင်နှုန်း ရှိပြီး ခန့်မှန်းခြေ သန်း ၆၀၀ ရှိသည်။ အာဆီယံ၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်း၍ ကြွယ်ဝသော အသိုင်းအဝန်းတစ်ခုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်ရေးတည်ဆောက်ရာ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်သော စိတ်ဓာတ်များမှတဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး တိုးတက်မှုနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန် ဖြစ်သည်။ အာဆီယံဖြစ်ပေါ်လာပုံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ Association of Southeast Asian Nations (ASEAN)(အာဆီယံ) ကို ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဗန်ကောက်ကြေညာစာတမ်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်း စသည့် အဖွဲ့ဝင် နိုင်ငံ(၅)နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် နိုင်ငံသစ်များ အဖြစ် ဘရူနိုင်း (၁၉၈၄ခုနှစ် ၊ ဇန်နဝါရီလ ၈ရက် )၊ ဗီယက်နမ် (၁၉၉၅ ခုနှစ် ၊ ဇူလိုင်လ ၂၈ရက်)၊ လာအိုနှင့် မြန်မာ(၁၉၉၇ခုနှစ် ၊ ဇူလိုင်လ ၂၃ရက် )၊ ကမ္ဘောဒီးယား (၁၉၉၉ခုနှစ် ၊ ဧပြီလ ၃၀ရက် ) တို့ပါဝင်လာသဖြင့် ယခုအခါ အဖွဲ့ဝင်(၁၀)နိုင်ငံ ရှိသည်။ အတွင်းရေးမှူးချုပ်မှာ ထိုင်းနိုင်ငံမှ Surin Pitsuwan ဖြစ်သည်။ ၁၉၉၁ ခုနှစ်အတွင်း အာဆီယံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာလှုပ်ရှား ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။ အဖွဲ့ဝင်နိုင်ငံများမှာ - ရည်ရွယ်ချက် အာဆီယံဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ - (က)ကမ္ဘာ့ကုလသမဂ္ဂ၏မူအရ တရားမျှတရေး၊ ဥပဒေများနှင့်အညီ အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးကို မြှင့်တင်နိုင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ် ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်။ (ခ)ထို့ကြောင့် လွတ်လပ်၍ငြိမ်းချမ်းသည့် သယံဇာတပြည့်စုံသော ဘဝသို့ရောက်ရှိရန် ဆန္ဒတစ်ရပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ လူထုတစ်ရပ်လုံးနှင့် သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေးပူးပေါင်းဆောင်ရွက်ရန်။ ရည်ရွယ်ချက်သုံးရပ် (က) ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ တစ်ဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တိုးတတ်ဖြစ်ပေါ်လာမှု မြှင့်တင်ရန် (ခ) အင်အားကြီး ပြိုင်ဆိုင်မှု ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့ မလာအောင် ဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကို ကာကွယ်ရန် (ဂ) ဒေသအတွင်း နိုင်ငံအချင်းချင်း ဖြစ်ပေါ်လာသည့် သဘောထား ကွဲလွဲမှုများကို ထိန်းသိမ်းဖြေရှင်း ပေးနိုင်ရန် တို့ဖြစ်ကြသည်။ အာဆီယံ၏ အခြေခံ စည်းမျဉ်း(၆) ရပ် ၁။ နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာညီမျှမှု နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေး လက္ခဏာများကို အပြန်အလှန်လေးစားရေး ၂။ နိုင်ငံတစ်နိုင်ငံ၏ တည်ရှိခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက် ပြုခြင်းများ ခြိမ်ခြောက် ခြင်းတို့မှ ကင်းလွတ်စေရန် ၃။ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်ခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် ၄။ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ၅။ အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန် ၆။ နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန် တို့ဖြစ်ကြသည်။ အာဆီယံ၏ဆောင်ရွက်ချက်များ ရင်းနှီးမြုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုများ အာဆီယံဒေသတွင်း ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ အစားအစာ လယ်ယာနှင့်သစ်တောကဏ္ဍများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကုန်စည်ရောင်းဝယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စက်မှုကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ အာဆီယံနိုင်ငံများအကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများ သတင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆက်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းရပ်များ ဘဏ္ဍရေးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အာဆီယံပူးပေါင်းဆောင်ရွက်ရေး အဆင့်(၃)ဆင့် အာဆီယံသည် ၎င်း၏ရည်ရွယ်ချက်အောင်မြင်စေရန် အဖွဲ့ဝင်နိုင်ငံများသည် ကဏ္ဍအသီးသီး ၌ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ အောက်ပါအတိုင်းအဆင့်(၃)ဆင့်ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိ ကြောင်းသိရှိရသည်- တစ်ဦးနှင့်တစ်ဦးထိတွေ့ပြီး ယုံကြည်မှုတည်ဆောက်ခြင်း အရေးအခင်းတစ်ခုဖြစ်ပေါ်မလာမီသံတမန်နည်းအရကြိုတင် ဝင်ရောက်ကာကွယ်ခြင်း ပဋိပက္ခဖြစ်စေမည့်နည်းလမ်းများကို သတိပြုရှောင်ရှားဖြေရှင်းစေခြင်း အာဆီယံဆွေးနွေးဘက်နိုင်ငံများ အာဆီယံဆွေးနွေးဘက်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်သည်- ဩစတြေးလျ အိန္ဒိယ ကနေဒါ ဂျပန် ရုရှား တရုတ် တောင်ကိုရီးယား ဥရောပသမဂ္ဂ နယူးဇီလန် အမေရိကန် အာဆီယံဆိုင်ရာ အစည်းအဝေးများ အာဆီယံ၏အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာ အာဆီယံထိပ်သီးအစည်းအဝေး ဖြစ်ပြီး (၁၉၆၇) ခုနှစ်မှစတင်ကျင်းပလာပြီး ၂၀၀၅ခုနှစ်အထိ (၁၁)ကြိမ်အထိကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ (၁၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၊ စီဗူးမြို့၌ကျင်းပပြုလုပ်ပြီး ဖြစ်သည်။ အာဆီယံ တွင်အောက်ဖော်ပြပါ အစည်းအဝေး များ ကိုကျင်းပပြုလုပ်လေ့ရှိသည်။ အာဆီယံထိပ်သီးအစည်းအဝေး အာဆီယံထိပ်သီးအဆင့် အလွတ်သဘောအစည်းအဝေး အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများအစည်းအဝေး (အာဆီယံ+၃၊ အာဆီယံ+တရုတ်၊ အာဆီယံ+ဂျပန်၊ အာဆီယံ+တောင်ကိုရီးယား၊ အာဆီယံ+အိန္ဒိယ၊ အာဆီယံ+ဩစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ+အမေရိကန်) အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေး (နိုင်ငံခြားရေးဝန်ကြီးများ) အာဆီယံ အမြဲတမ်းကော်မတီ အစည်းအဝေး (နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခု နှင့် တစ်ခုအကြား မူဝါဒရေးရာကိစ္စများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း) အာဆီယံ စီးပွားရေးဝန်ကြီးအဆင့် အစည်းအဝေး (အာဆီယံဒေသတွင်း စီးပွားရေးတိုးတက်မှု အခြေအနေ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖြစ်ပေါ်ရေးဆိုင်ရာ ကိစ္စရပ်များ လွတ်လပ် သော ကုန်သွယ်မှု ဒေသဖြစ်ပေါ်ရေးနှင့် စပ်လျဉ်းသောကိစ္စများ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကိစ္စများနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးကို ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်း) အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး (အဖွဲ့ဝင် (၁၀)နိုင်ငံ၊ ဆွေးနွေးဘက် (၁၀)နိုင်ငံနှင့် လေ့လာသူ (၂)နိုင်ငံ၊ စုစုပေါင်း (၂၂)နိုင်ငံ တက်ရောက်ကြသဖြင့် အာဆီယံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများပါ တွေ့ဆုံရာ နိုင်ငံရေးနှင့်လုံခြုံရေးကိစ္စများကို ဆွေးနွေးနိုင်သည့် တစ်ခုတည်းသော စည်းမျဉ်းဖြစ်သည်) အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီချက်များ အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်သဘောတူညီချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ အာဆီယံဒေသအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မူဘောင် သဘောတူညီချက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အကျိုးတူ ခံစားခွင့်ရှိသော အကောက်အခွန် အခွင့်အရေးပေးသည့် အစီအစဉ်ဆိုင်ရာ သဘောတူညီချက် ဗီယင်ကျန်း လုပ်ငန်းအစီအစဉ် (၁၀) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းမှ ဗီယင်ကျန်းလုပ်ငန်း အစီ အစဉ် (VIENTIANE ACTION PROGRAMME- VIP) ကို အတည်ပြုခဲ့သည်။ e-ASEAN အာဆီယံ၏ သတင်းအချက်အလက် နည်းပညာ (Information and Communication Technology -ICT) ယှဉ်ပြိုင်မှု ဖွံ့ဖြိုးရန်၊ အားဖြည့်ရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး၊ အဖွဲ့ဝင် နိုင်ငံများအကြား ICT ကွာဟမှု ကျဉ်းမြောင်းရန်၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ICT ကုန်ပစ္စည်းများ ကုန်သွယ်မှု ဝန်ဆောင်မှု နှင့် ရင်းနှီးမြှုပ်နှံမှု များအပေါ် ကန့်သတ် ချက်များကို ဖြေလျော့မြှင်တင်ရေးအတွက် ဆောင်ရွက်ရန်တို့ဖြစ်သည်။ ASEAN Investment Area-AIA အာဆီယံဒေသအတွင်း ပိုမိုလွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် ဒေသတစ်ခုအဖြစ် ထူထောင်ရန်ဖြစ်သည်။ SEAN Chamber of Commerce and Industry- ASEAN CCI ASEAN CCI ကို ၁၉၇၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအား ကိုယ်စားလှယ်ပြုသည့် CCI များ ပါဝင်ကြကာ UMFCCI သည် ၁၄-၁၀-၁၉၉၇ တွင် ASEAN CCI အဖွဲ့ဝင်ဖြစ်လာသည်။ ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်စစ်စခန်းများ တဖြည်းဖြည်းချင်း ပိတ်ပစ်ရတော့မည့်အခြေအနေများကြောင့် ဒေသဆိုင်ရာလုံခြုံရေးသဘောတူညီမှု တညီတညွတ်တည်းရှိရန် လိုအပ်လာတော့သည်။ ဖိလစ်ပိုင်ရှိ အမေရိကန်စစ်စခန်းများအနေဖြင့် ပစိဖိတ်ဒေသကာကွယ်ရေးအတွက် အဓိကကျသည့်နေရာမှ ပါဝင်နေရာ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ လုံခြုံရေးအတွက် အထောက် အကူပြုနေပေသည်။ ဖိလစ်ပိုင်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အမေရိကန်စစ်စခန်းများ ဆက်လက်ထားရှိရေးစာချုပ်သစ်အတွက် စေ့စပ်ညှိနှိုင်းလျက်ရှိရာ လျော်ကြေးပေးရမည့်ငွေပမာဏနှင့် စစ်စခန်းများ သက်တမ်းသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ သဘောတူညီမှုမရရှိဘဲ သောင်မတင်ရေမကျဖြစ်နေခဲ့သည်။ အမေရိကန်စစ်စခန်းများ ဆက်လက်ထားရှိရေး၊ မထားရှိရေး ပြဿနာမှာ အာဆီယံ နိုင်ငံများနှင့်မသက်ဆိုင်ဘဲ ဖိလစ်ပိုင်နှင့်အမေရိကန်နှစ်နိုင်ငံ အကြား ဖြေရှင်းရမည့် ပြဿနာဖြစ်သည်ဟု အာဆီယံ နိုင်ငံများက ခံယူထားသည်။ ၁၉၉၁ ခုနှစ်ဧပြီလအတွင်းက စင်ကာပူဝန်ကြီးချုပ် ဂိုချုပ်တောင်သည် ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ် ရောက်ရှိ လာရာ ဒေသအတွင်းအမေရိကန် စစ်အင်အား လျှော့ချမှုနှင့် စပ်လျဉ်း၍ ၎င်း၏ သဘောထားအမြင်ကို တင်ပြခဲ့သည်။ ဖိလစ်ပိုင် သမ္မတအကီနိုနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်စစ်အခြေစိုက် စခန်းများ ဆက်လက်တည်ရှိနေမှုကို ထောက်ခံကြောင်းပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် မတ်လ ၁ ရက်နေ့မှစ၍ အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့ရာတွင် အင်ဒိုနီးရှားသမ္မတ ဆူဟာတိုနှင့်တွေ့ဆုံပြီး အနောက်ဥရောပတွင်ရှိ စီးပွားရေးအုပ်စုများနှင့် ယှဉ်၍ တန်ပြန် လုပ်ဆောင်နိုင်စေရန်အတွက် အရှေ့အာရှစီးပွားရေးအုပ်စု ဖွဲ့စည်းရန်ကို ဆွေးနွေးခဲ့ပြီး မဟာသီယာက ယင်းစီးပွားရေး အုပ်စုကို ဖွဲ့စည်းရခြင်းမှာ နိုင်ငံတကာဈေးကွက်တွင် နောက်ထပ် လမ်းဖွင့်ပေးမှုများ ဖြစ်ပေါ်စေရန် အခြေခံအားဖြင့် ရည်ရွယ်သည်ဟု ပြောကြားသည်။ သမ္မတဆူဟာတိုက ယင်းအဆိုပြုချက်ကို အာဆီယံအဖွဲ့ဝင်ခြောက်နိုင်ငံက အပြန်အလှန်စိစစ်သုံးသပ်ရန်လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားသည်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာ တင်ပြခဲ့သည့် အရှေ့အာရှ စီးပွားရေးအုပ်စု ဖွဲ့စည်းရေးအဆိုနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အထက်တန်းအရာရှိကြီးများသည် မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကွာလာလမ်ပူမြို့၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၁၉၉ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းက ဘရပ်ဆယ်မြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုအသစ်ဆိုင်ရာ ဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် မလေးရှားဝန်ကြီးချုပ် မဟာသီယာက အာဆီယံအဖွဲ့ဝင် နိုင်ငံများအပါအဝင် ဂျပန်၊ တရုတ် တောင်ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြားအာရှနိုင်ငံများသည် အရှေ့အာရှစီးပွားရေးအုပ်စု ဖွဲ့စည်းသင့်ကြောင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။ ဤသို့ စီးပွားရေးအုပ်စုဖွဲ့စည်းခြင်းမှာ ကုန်သွယ်ရေးပိတ်ဆို့မှု သဘောမျိုး ပြုလုပ်ခြင်းမဟုတ်ဘဲ လွတ်လပ်သော ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများရှာဖွေကာ နိုင်ငံတကာကုန်သွယ်မှု စေ့စပ်ညှိနှိုင်းမှုများတွင် စီးပွားရေးအုပ်စု တွင်ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံငယ်ကလေးများအား တန်ပြန် ထိုးနျက်ချက် ပိုမိုရရှိစေရန်ဖြစ်သည်ဟု ဆိုသည်။ မလေးရှားနိုင်ငံ၏ စီးပွားရေးအုပ်စုဖွဲ့ရန် တင်ပြချက်မှာ ထောက်ခံမှုအပြည့်အဝမရရှိခဲ့ပေ။ ဤအာဆီယံနိုင်ငံများ အနေဖြင့် စီးပွားရေးအုပ်စု ဖွဲ့စည်းမည်ဆိုပါက ယင်းအဖွဲ့ကလက်ရှိအာဆီယံကို လွှမ်းမိုးသွားစေနိုင်ခြင်းနှင့် အာဆီယံက ပါဝင်ဆောင်ရွက်မည့် အာရှ·ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် ပဋိပက္ခ ဖြစ်စေနိုင်ခြင်းတို့ကို မလိုလားချေ။ သို့ဖြစ်ရာ အရှေ့အာရှ စီးပွားရေးအုပ်စုဖွဲ့စည်းရန် ကိစ္စကို ဇူလိုင်လတွင်ကျင်းပမည့် အာဆီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြ၍ စဉ်းစားဆုံးဖြတ်ရန် သဘော တူခဲ့သည်။ အထက်ပါအာဆီယံနိုင်ငံများမှ အထက်တန်းအရာရှိကြီးများ၏ အစည်းအဝေးတွင် သက်တမ်း ၁၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့် ကမ္ဘောဒီးယား ပဋိပက္ခပြဿနာနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပရန်ရှိသည့် ကမ္ဘာဒီးယားပြိုင်ဘက် အုပ်စုများ၏ ဆွေးနွေးပွဲကိစ္စကိုလည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်အတွက် အဆိုပြုထားပြီး ဖြစ်သည့် အာဆီယံ စီးပွားရေးစာချုပ်နှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အား အာဆီယံနှစ်ပတ်လည် အစည်းအဝေးသို့ဆွေးနွေးဖက်နိုင်ငံများအဖြစ် လက်ခံတက်ရောက်ခွင့်ပြုရန်ကိုလည်း ထောက်ခံခဲ့သည်။ ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံများ (အီးစီ) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မေလ ၃ဝ နှင့် ၃၁ ရက်နေ့များက လူဇင်ဘတ် မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ခေတ်မမီတော့သည့် ၁၉၈ဝ ပြည့်နှစ် အီးစီ·အာဆီယံ သဘောတူစာချုပ်ကို အစားထိုးရန် အတွက် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အသစ်ကို ရေးဆွဲရန် အီးစီအဖွဲ့က အဆိုပြုခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်ဟောင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးတွင် လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အခြေအနေများနှင့် ကိုက်ညီမှုမရှိတော့ရုံမျှမက အီးစီနှင့်အာဆီယံအကြား စီးပွားရေးဆက်ဆံမှုများကိုလည်း ကိုယ်စားပြုခြင်းမရှိတော့ဟု ဆိုသည်။ အီးစီနှင့် အာဆီယံအကြား အပြန်အလှန်ကုန်သွယ်မှုမှာ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း တစ်နှစ်လျှင် ၃၅ ဘီလီယံကျော် ရှိခဲ့သည်။ အီးစီသည် အာဆီယံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ ၁၉၈၃ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်အတွင်း အီးစီက အာဆီယံမှ ကုန်တင်သွင်းမှုမှာ ၉၂ ရာခိုင်နှုန်း မြင့်တက်သွားပြီး အီးစီမှ အာဆီယံသို့ ကုန်တင်ပို့မှုမှာ ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ သို့ရာတွင် ကြာသေးမီကာလအတွင်း အရှေ့တောင်အာရှ ဖွံ့ဖြိုးစနိုင်ငံများတွင်အီးစီ၏ ရင်းနှီးမြုပ်နှံမှုမှာ ဂျပန်နှင့်အမေရိကန်တို့ နောက်သို့ ရောက်သွားပြီး တတိယနေရာမှ လိုက်နေသဖြင့် ဤသို့ ရင်းနှီးမြုပ်နှံမှုကို အီးစီက အားမပေးခြင်းအတွက် အာဆီယံက ပြစ်တင်ဝေဖန်ခဲ့သည်။ ယခုရေးဆွဲမည့် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် စာချုပ်သစ်တွင် ရင်းနှီးမြုပ်နှံမှု၊သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုအလေးပေးထားပြီး အီးစီ၏ဖွံ့ဖြိုးမှုအကူအညီအပေါ် အလေးပေးမှု ကို လျှော့ချထားသည်။ ၁၉၉၃ ခုနှစ် အရောက်တွင်တစ်ခုတည်းသော ဈေးကွက်ဖြစ်လာသည့်အခါ အီးစီအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးသွားလိမ့်မည်ဟု အာဆီယံ၏စိုးရိမ်ပူပန်မှုများကိုလည်း အီးစီ ကိုယ်စားလှယ်များက ချေဖျက်ခဲ့သည်။ ဤအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည်အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇူလိုင်လ ၁၉ ရက်မှ ၂ဝ ရက်နေ့အထိ ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးပွဲအပြီး ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၄ရက်နေ့အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများဖြစ်ကြသည့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ၊ ဥရောပဘုံဈေးအဖွဲ့၊ ဩစတေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ယခုနှစ်အာဆီယံနှစ်ပတ်လည် အစည်းအဝေးတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျန်ကျိချင်နှင့် ဆိုဗီယက် ဒုတိယဝန်ကြီးချုပ် ယူရီမာဆလီယူကော့ဗ် တို့သည် မလေးရှားအစိုးရ၏ ဧည့်သည်များအဖြစ် တက်ရောက်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အာဆီယံဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံပြီး အနာဂတ်တွင်အာဆီယံနှင့် ဆက်ဆံမည့် နှစ်နိုင်ငံ ဆက်ဆံရေးပုံစံနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အာဆီယံမှ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရေနံ ပေါကြွယ်ဝသော ဘရူနိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၊ ဆိုဗီယက်နိုင်ငံတို့နှင့် လည်းကောင်း၊ အခြားမည်သည့် ကွန်မြူနစ်အစိုးရနှင့် လည်းကောင်း၊ သံတမန် ဆက်သွယ်မှုမရှိပေ။ သို့ရာတွင် တရုတ်၊ ဆိုဗီယက်နိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်မည် ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ အာဆီယံနှစ်ပတ်လည်အစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် ထုတ်ပြန်ကြေညာချက်တစ်ရပ်၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကမ္ဘောဒီးယားစင်ပြိုင်အုပ်စုများ၏ ပီကင်းတွင်ကျင်းပခဲ့သော အစည်းအဝေး ရလဒ်ကောင်းများကြောင့် အားရဝမ်းသာဖြစ်မိကြောင်းနှင့် မင်းသားကြီး သီဟာနုအား အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ကမ္ဘောဒီးယားအမျိုးသား ဦးစီးကောင်စီ (အက်စ်အင်စီ)၏ ဥက္ကဋ္ဌအဖြစ် တညီတညွှတ်တည်း ရွေးချယ်တင်မြှောက်လိုက်ခြင်းအတွက် အထူးနှစ်ထောင်းအားရ ဝမ်းသာမိကြောင်း ဖော်ပြသည်။ ထို့ပြင် အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်၌ ယခုရာစုနှစ် ကုန်ဆုံးချိန်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဒေသထူထောင်ရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို ထောက်ခံကြောင်း၊ အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလေ့လာချက် စာတမ်းတစ်ရပ်ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် စင်ကာပူ၌ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့တင်သွင်းမည် ဖြစ်ကြောင်း၊ အရှေ့အာရှစီးပွားရေးအုပ်စု ထူထောင်ရေးကို ဒုတိယအကြိမ်ဆွေးနွေးပြီး အစီရင်ခံစာကို အောက်တိုဘာလတွင် ကွာလာလမ်ပူမြို့၌ ကျင်းပမည့် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်ကြောင်း၊ ၁၂ နှစ်ကြာ ကမ္ဘောဒီးယားပြဿနာနှင့် ပတ်သက်သည့် သဘောတူညီချက်နှင့် ဖနွမ်းပင်နှင့်ပြောက်ကျားသုံးအုပ်စုတို့ ပါဝင်သော အမျိုးသားဦးစီးကောင်စီ ထူထောင်ခြင်းကို အာဆီယံဝန်ကြီးများက ကြိုဆိုကြောင်း အစရှိသဖြင့် ဖော်ပြထားသည်။ ကိုးကား ပထဝီဝင် အာရှတိုက် နိုင်ငံများ ပေါင်းစုထားသည့် အဖွဲ့အစည်းများ အရှေ့တောင်အာရှနိုင်ငံများအသင်း
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8
ဒေးဗစ် ဘက်ခ်ဟမ်
ဒေးဗစ် ရောဘတ် ဂျိုးဆက် ဘက်ခ်ဟမ် သည် ၁၉၇၅ ခု မေလ ၂ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အရှေ့ပိုင်းရှိ လေတန်စတုန်း အရပ်တွင် မွေးဖွားသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက သူခုံမင်တာက ဘောလုံးကစားခြင်း ပါပဲ။ အင်္ဂလိပ် ဘောလုံးသမား အလယ်တန်း ကစားသူ တစ်ယောက်ဖြစ်သည်။ သူသည် မေဂျာလိဂ် အသင်း တစ်သင်းဖြစ်သော လော့စ်အိန်ဂျယ်လိစ် ဂယ်လက်ဆီ ကလပ်၏ ကပ္ပတိန်နှင့် ကစားသမား တစ်ယောက်ဖြစ်ပြီး အင်္ဂလန် အမျိုးသား ဘောလုံးအသင်း၏ ကစားသမားတစ်ဦးလည်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ပြင်သစ်နှင့် အင်္ဂလန်တို့ ယှဉ်ပြိုင် ကစားသောပွဲ၌ သူသည် လူအများအပြားသိရှိကြသော နိုင်ငံတကာကစားပွဲ ၁၀၀ မြောက် ကက်ပ်(cap) ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ သူသည် ဖီဖာ၏ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းတွင် ၂ ကြိမ်တိုင်တိုင် ဒုတိယ နေရာ ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ် အတွက် ကမ္ဘာတွင် လခအများဆုံး ဘောလုံး ကစားသမားလည်း ဖြစ်သည်။ သူသည် ဂူဂဲလ်၏ အားကစားအားလုံးထဲတွင် ရှာဖွေခြင်း အခံရဆုံး ခေါင်းစဉ်အဖြစ် ၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်တွင် မှတ်တမ်း တင်ခဲ့သည်။ ထိုသို့သော ကမ္ဘာနှင့်ချီသော အသိအမှတ်ပြု ခံရမှု များကြောင့် သူသည် အထက်တန်းစား ကြော်ငြာ အမှတ်တံဆိပ်နှင့် ထိပ်တန်းဖက်ရှင်၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ ဘက်ခ်ဟမ်သည် ၂၀၀၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၂ ရက် အထိ အင်္ဂလန်အသင်း၏ ကပ္ပတိန်ဖြစ်ခဲ့သည်။ ကိုးကား အင်္ဂလန်ဘောလုံးသမားများ ရီးယဲလ် မဒရစ်ဘောလုံးသမားများ လော့စ်အိန်ဂျယ်လိစ် ဂယ်လက်ဆီဘောလုံးသမားများ မန်ချက်စတာယူနိုက်တက်ဘောလုံးသမားများ နိုင်ငံတကာ ဘောလုံးသမားများ
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%B8%E1%80%97%E1%80%85%E1%80%BA%20%E1%80%98%E1%80%80%E1%80%BA%E1%80%81%E1%80%BA%E1%80%9F%E1%80%99%E1%80%BA
ပေါက်
ပေါက်၏အဓိပ္ပာယ်များ ပေါက် (သစ်ပင်) ပေါက် - မြန်မာဘာသာ သင်္ချာပစ္စည်းတစ်ခု ပေါက်ဖော်သည် ‌တရုတ်လူမျိုးအတွက် ရင်းနီးခင်မင်သော နာမည်ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA
ပေါက် (သစ်ပင်)
ပေါက်ပင်၏ ပုံသဏ္ဌာန်သည် ပင်စည်ဖြောင့်မတ်သော ရွက်ကြွေပင်ကြီးမျိုး ဖြစ်၍ ၅၀ - ၈၀ ပေအထိ မြင့်မားသည် ။ ပင်စည်တွင် အဆစ်များရှိပြီး အကိုင်းအခက်များ ကောက်ကွေး၍ ထွက်သည်။ အညွန့်နှင့်အရွက်တို့တွင် ကတ္တီပါကဲ့သို့ နူးညံ့သောအမွေးများ ရှိ၏ ။ အခေါက်မှ အနီရောင်အစေးများ ထွက်သည်။ အရွက်မှာ သုံးရွက်မြွှာပေါင်း ဖြစ်သည်။ ရွက်မြွှာများ ထိပ်ပိုင်း ၍ အရင်းကျယ်သည်။ အရွက်အပေါ်မျက်နှာပြင် သားရေကဲ့သို့ ပြောင်ချောသော်လည်း အောက်မျက်နှာပြင်တွင် အမွှေးနုကလေး များရှိ၏ ။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ အပွင့်သည် လိမ္မော်ရောင်ကဲ့သို့ နီကြန့်ကြန့်ရှိပြီး ကြက်တူရွေးနှုတ်သီးသဏ္ဌာန် ကွေးနေ၏ ။ တပို့တွဲ၊ တပေါင်းတွင် ပွင့်သည်။ "တပို့တွဲ ပေါက်လဲ ငုံညှာစီ၊ ဖူးတံကချီ”ဟု စာဆိုရှိသည်။ အသီးတောင့်သည် ၆ လက်မမှ ၈ လက်မထိရှည်ပြီး အနံ ၁၁/၂ လက်မခန့် ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်းတွင် အစေ့တစ်စေ့ သာပါ၏ ။ အစေ့တွင် ရှည်လျားသော အတောင် ပါရှိသည်။ တန်ခူး၊ ကဆုန်လ၌ သီး၏။ ပေါက်ပင်သည် တောင်တန်းဒေသများမှအပ မြန်မာနိုင်ငံမြေပြန့်ဒေသ ချောင်းမြောင်း အင်းအိုင်ဘေးများတွင် အများဆုံး သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများအလိုအရ ပေါက်သည် ဖန်ခါးစပ်သောအရသာ ရှိသည်။ ပူသည်၊ ဝမ်းမီးကို တောက်စေသည်။ သုက်ကို ပွားစေသည်။ ကျိုးသော အရိုးကို ဆက်စေသည်။ ဆီးရွှင်စေသည်။ အပွင့်သည် ဖန်ခါးစပ်၏၊ အေး၏၊ လေကို ပွားစေ၏ ။ သည်းခြေသလိပ် ကို နိုင်သည်။ ဆီးပူခြင်း၊ ဆီးအောင့် ခြင်းနှင့်နူနာရောဂါတို့ကို ပျောက်ကင်းစေသည်။ အသုံးပြုပုံ အစေး လတ်ဆတ်သည့် ပေါက်စေးကို လိမ်းပေးလျှင် အနာအဖုအပိမ့်များ ပျောက်ကင်းသည်။ ပေါက်စေးကို ဝမ်းသွားပျောက်ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။ အပွင့် ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံး စိမ်၍ နံနက်တွင် သကြားအနည်းငယ် ထည့်၍ သောက်လျှင် စအိုဝနာ ခြင်း ၊ ဆီးနှင့်ရော၍ သွေးပါခြင်း ၊ နှာခေါင်းသွေးယိုခြင်းတို့ကို ပျောက်ကင်းစေသည်။ ပေါက်ပွင့်ကို ရေနှင့်ကျို၍ ချက်တွင် ခပ်နွေးနွေး အုံပေးလျှင် ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်းများ ပျောက်ကင်းသည်။ ပေါက်ပွင့်ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက်ကဲ့သို့ ခတ်၍သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသားသန့်ရှင်းစေသည်။ အစေ့ ပေါက်စေ့ကို သံပရာရေနှင့် ကြိတ်၍ လိမ်းပေလျှင် အတွင်းအဆံကို အခြောက်လှန်းကာ ကြိတ်၍ နံနက်ည တစ်နေ့ ၂ ကြိမ် ဆက်စားပြီး ၄ ရက်မြောက်သောအခါ ဝမ်းနုတ်ဆေး စားပါက ဝမ်းတွင်းရှိသန်ကောင်များ ကျဆင်းလာမည်။ အရွက် အရွက်ကို အားတိုးဆေးတွင် အသုံးပြုသည်။ အခေါက် အခေါက်နှင့်အစေ့ကို မြွေဆိပ်ဖြေဆေး ဖော်စပ်ရာတွင် သုံးသည်။ ဥ ပေါက်ဥမှုန့်ကို ပျားရည်နှင့်တေ၍စားသော် အားအင် ပြည့်ဖြိုး၍ အသက်ရှည် စေသည်။ ပေါက်နှင့်လဲ ခွဲခြားသိရန် ပေါက်ပင်နှင့် လဲမှို့ပင်ကို ခွဲခြားမသိတဲ့သူများလည်း ရှိသေးသည်။ (ပေါက်နှင့် ကျေး) (ပေါက်ပွင့် ခွေးမျှော်) ဆိုသော စကားပုံအရ ပေါက်ပင်က ပွင့်နေခိုက် ကြက်တူရွေးများ နားနေလျှင် နှုတ်သီးနီနီ အမွှေးအတောင် စိမ်းစိမ်း၊ ပေါက်ပွင့်ကလည်း နီနီ၊ အညှာက စိမ်းစိမ်းဖြစ်နေ၍ အမှတ်မထင် ခွဲခြားလို့ မရနိုင်ပါ။ ပေါက်ပွင့် နီနီသည် အသားတုံးနှင့် တူသောကြောင့် အပင်အောက်မှ ခွေးသည် အသားတုံး အမှတ်စား ချင်၍ မျှော်ကြည့်တတ်သည်။ လဲဆိုတာက ခေါင်းအုံး၊ မွေ့ယာများ လုပ်ရာတွင် အသုံးပြုတဲ့လဲမှို့ပင် (ခေါ်)လက်ပံပင်ကို ခေါ်သည်။ တပို့တွဲလ ရာသီအချိန်တွင် ပေါက်ပွင့်ရော၊ လဲ၊ လက်ပံပွင့်ရော ပွင့်ကြသဖြင့် ခွဲခြားသိရန် လိုသည်။ ကိုးကား အင်ဒို-ချိုင်းနားတွင် တွေ့ရှိရသော သစ်ပင်များ နီပေါနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ ဆေးဖက်ဝင် အပင်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%20%28%E1%80%9E%E1%80%85%E1%80%BA%E1%80%95%E1%80%84%E1%80%BA%29
စရည်း
စရည်း သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%9B%E1%80%8A%E1%80%BA%E1%80%B8
စန္ဒကူး
စန္ဒကူး (အင်္ဂလိပ်: Santalum album) သည် Santalaceae မိသားစုဝင် မုတ်သုံရာသီဥတိုတွင် ပေါက်ရောက်သော အပင်ငယ်တစ်မျိုးဖြစ်ပြီး sandalwood ၏ အရင်းအမြစ်အဖြစ်လူသိများကြသည်။ ဤမျိုးကွဲသည် နှစ်ပေါင်းများစွာပင် အသုံးချခြင်း၊ စိုက်ပျိုးခြင်းနှင့် ကုန်သွယ်ခြင်း ပြုလုပ်လာကြပြီး အချို့သော ယဉ်ကျေးမှုများတွင် သူ၏ ရနံ့နှင့် ဆေးဖက်ဆိုင်ရာ အသုံးဝင်မှု တို့ကြောင့် အလွန် အလေးထားကြသည်။ မရှိမဖြစ်သော ဆီတစ်မျိုးအဖြစ် အလွန်ဈေးကောင်းသည်။ သို့သော် တစ်ချိန်က လက်ရာကောင်းသော သစ်သားပစ္စည်းများအဖြစ် အသုံးပြုခဲ့မှုကြောင့် အတော်များများပျောက်ကွယ်နေပြီ ဖြစ်သည်။ ထိုအကြောင်းများကြောင့် စန္ဒကူးကို လူတို့က အကျိုးအမြတ်အဖြစ် အသုံးပြုနေကြပြီး တောရိုင်းဒေသများတွင် မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ စန္ဒကူးကို စိုက်ပျိုးရန် နှစ်ပေါင်း ၄၀ ကျော်မျှကြာသော်လည်း အများအပြားစိုက်ပျိုး၍ ရှင်သန်နေဆဲပင်ဖြစ်သည်။ စန္ဒကူးသည် အလွန် မွှေးကြိုင်၍၊ အဖိုးတန်သော သစ်မျိုး ဖြစ်သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အရှေ့အိန္ဒိယကျွန်းစု၊သီဟိုဠ် ကျွန်း၊ ဖိလစ်ပိုင်ကျွန်းစုနှင့် ဩစတြေးလီးယားနိုင်ငံများမှထွက် သည်။ စန္ဒကူးနှစ်မှာ လေးလံ၍ ရေတွင်ချသော် မပေါ်ဘဲ နစ် သည်။ အနှစ်မှာ လိမ္မော်ရောင်သော်လည်းကောင်း၊ အဝါညိုရောင်သော် လည်းကောင်း ရှိသည်။ အဆီရှိ၍ ထိုအဆီကိုထုတ်ယူသော် စန္ဒကူးဆီကို ရရှိနိုင်သည်။ စန္ဒကူးကို အိန္ဒိယတိုင်းသားများနှင့် တရုတ်လူမျိုး တို့က ပိုမိုနှစ်သက်ကြသည်။ စန္ဒကူးသားကို ရုပ်တုဆင်းတုထု လုပ်ခြင်း၊ သေတ္တာ၊ ယပ်တောင်၊ အမွှေးတိုင်များ ပြုလုပ်ခြင်း တို့တွင် အသုံးပြုသည်။ ကြုတ်၊ တောင်ဝှေး၊ ဘီး စသည်တို့ကို လည်း စန္ဒကူးဖြင့်ပြုလုပ်ကြသည်။ သိုးမွှေးများကို ဆေးဆိုးရာ တွင် စန္ဒကူးသားကို အဓိကအားဖြင့် အသုံးပြုကြသည်။ စန္ဒကူး ဆီကို ရေမွှေးအဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။ စန္ဒကူးကို သစ်ပင်တစ်မျိုးတည်းသာမဟုတ်ဘဲ၊ သစ်ပင် အမျိုးများစွာမှ ထုတ်ယူနိုင်သည်။ အများအားဖြင့် 'ဆန်တာ လမ်း အဲလဗစ်'ခေါ် သစ်ပင်မျိုးမှ ထုတ်ယူရရှိသည်။ ထို သစ်ပင်မှာ အနှစ် ၂ဝ ရှည်ကြာလျှင် အနှစ်ရရှိနိုင်သည်။ ပင်စည်အချင်း တစ်ပေခန့်အထိကြီးသည်။ စန္ဒကူးပင်ကို ခုတ် လှဲပြီးနောက် အကာသားများကို ခြစားခံထားတတ်သည်။ အနှစ် ကိုကား ခြမစားနိုင်ချေ။ အကာများ ဆွေးပဲ့ကုန်မှ အနှစ်ကိုယူ လေ့ရှိသည်။ စန္ဒကူးအမြစ်မှာ ပို၍မွှေးကြိုင်သည်။ စန္ဒကူးအနီမျိုးလည်းရှိသည်။ နေရောင်ခံထားလျှင် ကြာ သော် ဝါညစ်ညစ်ဖြစ်သွားတတ်သည်။ ဟိန္ဒူဆေးကျမ်းများအလို အရ ဖန်သောအရသာရှိ၍ ခွန်အားကို ဖြစ်စေတတ်သည်ဟု ဆိုသည်။ မြတ်စွာဘုရားသည် ဆဋ္ဌဝါကို ရာဇဂြိုဟ်ပြည်၌ ကပ်တော် မူစဉ်၊ ရာဇဂြိုဟ်သဌေးသည် ဟိမဝန္တာမှမျောပါလာသော စန္ဒကူး တို့ကို သပိတ်ပြုလုပ်၍ ဈာန်ပျံနိုင်သော အရှင်တို့ကောင်းကင် ခရီးဖြင့် ဆောင်ယူရန် ပေးလှူထားရာ၊ ဒိဋ္ဌိဆရာတို့မယူနိုင်ဘဲ၊ ရှင်ပိဏ္ဍောလသာလျှင် ရယူနိုင်ကြောင်းဖြင့် ကျမ်းဂန်၌ဆိုသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ၊ အလောင်းတော်ကို စန္ဒကူးထင်းတို့ဖြင့် မီးပူဇော်ကြောင်းဖြင့်လည်း ကျမ်းဂန်၌ဆို သည်။ စန္ဒကူးမျိုးတွင် ဂေါသီတစန္ဒကူးမှာ ဆီပူတွင်ထည့်သော် ကျွက်ကျွက်ဆူသောဆီပင်လျှင် အေးငြိမ်းရသည်ဟု ဆိုသည်။ ရှေးမြန်မာကျောက်စာများတွင် စန္ဒကူးကို တန်စိကူဟူ၍ ရေး သားသည်။ အောက်မြန်မာနိုင်ငံ၌ စိုက်ပျိုးသောစန္ဒကူးပင်သည် အရွယ် သင့်ရုံမျှသာကြီးသည်။ မြန်မာနိုင်ငံမှထွက်သော စန္ဒကူးများ သည် ထုတ်ကုန်အဖြစ်ဖြင့် ရောင်းချနိုင်လောက်အောင်မမြောက် များချေ။ ကိုးကား သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%94%E1%80%B9%E1%80%92%E1%80%80%E1%80%B0%E1%80%B8
ဗောဓိညောင်ပင်
ဗောဓိညောင်ပင် သို့မဟုတ် ဗောဓိပင်ဟူသည် ဘုရားရှင်တို့ သဗ္ဗညုတတည်းဟူသော ဗောဓိဉာဏ်တော် ရရန် အားထုတ်ရာ၌ အမှီပြုသော အပင်များ(ဝါ) ဘုရားပွင့်တော်မူရာ အပင်များဖြစ်သည်။ ထိုအပင်များကို ဌာနျူပစာအားဖြင့် ဗောဓိပင်ဟု ခေါ်သည်။ ဂေါတမဘုရားအလောင်းတော်သည် ညောင်ဗုဒ္ဓဟေ ပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ရာ ထိုညောင်ဗုဒ္ဓဟေပင်ကို ဗောဓိညောင်ဟူ၍ ခေါ်တွင်ခဲ့ကြလေသည်။ ဗောဓိညောင်ပင် သို့မဟုတ် ညောင်ဗုဒ္ဓဟေပင်သည် မိုရေးစီအီးမျိုးရင်းဝင် ဖြစ်၍ ညောင်ပင်မျိုးစိတ်တွင် ပါဝင်သည်။ ရုက္ခဗေဒ အမည်မှာ ဖိုင်းကပ် ရီလီဂျီအိုဆာ ဖြစ်သည်။ အခြားညောင်ပင်များနည်းတူ အလေ့ကျပေါက်သော ကြီးမား၍ အရပ်အာဝါသ ကောင်းသည့် အပင်ကြီးမျိုး ဖြစ်ပြီးလျှင်၊ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ စသော အပူပိုင်းဒေသနိုင်ငံများ၌ ပေါက်ရောက်သည်။ တပင်ချင်း သီးခြားပေါက်လေ့ရှိသည်။ အရွက်တို့သည် အခြားညောင်ရွက်များကဲ့သို့ပင် လူ၏နှလုံးပုံသဏ္ဌာန် ရှိသော်လည်း အရွက်ဖျား ပို၍ ရှည်သွယ်သည်။ ဧပြီလနှင့် မေလတွင် အပွင့် ပွင့်၍ သေးငယ်သော အသီးများသီးသည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ် စသော ဗုဒ္ဓအယူဝါဒ ထွန်းကားရာ နိုင်ငံတို့၌ ဗောဓိညောင်ပင်ကို အထွတ်အမြတ်ထားကြသည်။ ဗုဒ္ဓအယူဝါဒီတို့အဖို့ ဗောဓိပင်သည် ဘုရားရှင်၏ ကိုယ်စား ပူဇော်ကိုးကွယ်ရာဖြစ်သော ပရိဘာဂစေတီ တစ်ပါးဖြစ်သည်။ ထိုကြောင့် ဗုဒ္ဓအယူဝါဒဆိုင်ရာ ကျောင်းကန်ဘုရားတို့၏ ပရဝုဏ်အတွင်း၌ အလေးအမြတ်ပြု၍ စိုက်ပျိုးကိုးကွယ်ထားသော ဗောဓိညောင်ပင်များကို တွေ့မြင်ကြရသည်။ များသောအားဖြင့် ယင်းသို့ အလေးအမြတ်ပြု၍ ကိုးကွယ်ကြသော ဗောဓိညောင်ပင်တို့သည် ဂေါတမဘုရားရှင် ပွင့်တော်မူရာ မူလဗောဓိပင်ကြီးမှ အစဉ်အဆက် အဆင့်ဆင့် မျိုးပွားယူခဲ့သော ဗောဓိပင်ပေါက်တို့ကို ပင့်ဆောင်စိုက်ပျိုးကြခြင်း ဖြစ်သည်။ မူလဗောဓိပင်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ကျော်ခန့်ကပင် ဗောဓိပင်နှင်တကွ အမြိုက်တရားထူးရရန် ဘုရားရှင် အားထုတ်ရင်း၊ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူခဲ့သည် ဗောဓိပင်ရင်းရှိ ပလ္လင်တော်ကိုပါ ငုံ၍ စေတီတော် တည်ခဲ့သည်။ သီရိဓမ္မာသောကမင်းတရားကြီး စတင်တည်ခဲ့၍ နောင်ဗုဒ္ဓဝါဒီမင်းများက ပြုပြင်မွမ်းမံခဲ့သည်ဟု အဆိုရှိသည်။ ထိုစေတီတော်ကြီးကို မဟာဗောဓိစေတီတော် ဟု ခေါ်တွင်၍ အိန္ဒိယနိုင်ငံ ဂယာခရိုင်အတွင်းရှိ ဗုဒ္ဓဂယာ၏ ထင်ရှားကျော်ကြားသော အဓိကရ ဌာနေကြီး ဖြစ်လေသည်။ မူလဗောဓိပင်၏ လက်ျာတောင်ကိုင်းကို သာသနာပြုရန် ရည်ရွယ်ချက်ဖြင့် သီရိဓမ္မာသောကမင်းကြီးသည် အဓိဋ္ဌာန်ပြုကာ ပိုင်းဖြတ်စေ၍ သမီးတော် သင်္ဃမိတ္တထေရီနှင့်အတူ သီဟိုဠ်ကျွန်းသို့ ပို့ဆောင် စိုက်ပျိုးစေရာ၊ ထိုအပင်သည် သီဟိုဠ်ကျွန်း အနုရာဓပူရမြို့ရှိ သင်္ဃမိတ္တမဟာဗောဓိပင် ဖြစ်လေသည်။ အသက်ရှည်ဆုံး အပင်ကြီးလည်းဖြစ်သည်။။ ထို့ကြောင့် ထိုဒက္ခိဏသာခါ မဟာဗောဓိပင်ကြီးရှိရာသို့ နှစ်စဉ် နှစ်တိုင်း အထောင်အသောင်းမျှသော ဗုဒ္ဓဝါဒီတို့ ဖူးမြော်ရန် လာရောက်ကြသည်။ ယင်းဒက္ခိဏသာခါ ဗောဓိပင်ကြီးမှ ပွားသော ဗောဓိပင်တို့ကို သီဟိုဠ်ကျွန်း၌ အနှံ့အပြား စိုက်ပျိုးကိုးကွယ်ကြရာ မြန်မာနိုင်ငံသို့လည်း ပင့်ဆောင်စိုက်ပျိုး ကိုးကွယ်ကြသည်။ ယင်းဗောဓိပင်တို့မှ ကြွေကျသော အရွက်များလည်း ကောက်ယူ ကိုးကွယ်ကြသည်။ ဗောဓိပင်တို့သည် ပရိဘောဂစေတီဖြစ်သဖြင့် အကိုင်းအခက်တို့ကို ခုတ်ချပိုင်းဖြတ်ခြင်း မပြုစကောင်းပေ။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကျိုးပဲ့ကျသော အကိုင်းအလက်တို့ကို ရုပ်ပွားတော်များ ထုလုပ်၍ ဒက္ခိဏသာခါ ဘုရားဆင်းတုတော်များအဖြစ် ကိုးကွယ်ပူဇော်ကြရာ၊ အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်ကြလေသည်။ ဗောဓိညောင်ပင်ကို ဟိန္ဒူအယူဝါဒီတို့ကလည်း ဗိဿနိုးနတ်မင်းကြီးနှင့် စပ်လျဉ်း၍ အထွတ်အမြတ်ထားကြလေသည်။ ပုံသဏ္ဌာန် : အပင် - အပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်ထိရှိသည်။ အခေါက် ညို၍ ပြောင်ချောသည်။ ကိုင်းများစွာ ဖြာပြီး အရွက်များ ဝေဆာစွာဖြင့် တွေ့ရ၏။ များသောအားဖြင့် အကိုင်းများမှ အမြစ်များ ထွက်ပေါက်လေ့ရှိ၏။ အပင်မှ ဖြူ၍ နို့ကဲ့သို့ ပျစ်ချွဲသော အစေးများ ထွက်၏။ အရွက် - ရွက်လွှဲထွက်သည်။ နှလုံးပုံ ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက် ကြော ၈ စုံ ခန့်ရှိ၍ ထင်ရှားသည်။ ရွက်ညှာ ၃-၄ လက်မ ရှည်သည်။ သေးသွယ်သည်။ ရွက်စွယ်သေးငယ်၍ ဘဲဥပုံရှိပြီး ထိပ်ချွန်သည်။ အပွင့် - အဖိုပွင့် ၊ အမပွင့် သီးခြားရှိသည်။ တန်ခူး ၊ ကဆုန်တွင်ပွင့်သည်။ အသီး - လုံးဝိုင်းသည်။ ရွက်ရင်းမှ ကပ်သီးသည်။ အစိမ်းရောင်ရှိသည်။ သဖန်းသီးကဲ့သို့ဖြစ်ပြီး အတွင်း၌ အပွင်းလေးများ ရှိသည်။ ကဆုန် ၊ နယုန်တွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အမြစ် ၊ အသီး ၊ အရွက် ၊ အစေး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မျိုးစေ့၊ ပျံ့လွင့်ကျရောက်ရာ ဒေသတိုင်း၌ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာ ရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏။ ကြေ ခဲ၍ ခြောက်ကပ်၏။ ကိုယ်သားကိုယ်ရေ အရောင်အဆင်း ကို တောက်ပစေ၏။ သားအိမ်ကို သန့်ရှင်းစေ၏။ သည်းခြေ သလိပ်ကို နိုင်၏။ အပူ ၊ အနာပေါက် ၊ ပန်းနာ ၊ နူနာ ၊ ပလိပ် ၊ ဂရင်ဂျီနာ တို့ကို ပျောက်ကင်းစေ၏။ အသီးမှည့်သည် အေး၏။ နှလုံးကို အကျိုးပြု၏။ သွေးရောဂါ ၊ အဆိပ်အပူ သည်းခြေကြောင့်ဖြစ်သောရောဂါ၊ အန်ခြင်း ၊ မြစ်ခြောက်နာ ၊ နှုတ်မမြိန်ရောဂါများကို ပျောက်စေ၏။ အရွက်သည် သွေးကို စင်ကြယ် စေ၏။ အခေါက်သည် ချုပ်၏။ ၀ဖြိုးစေ၏။ အစေးသည် သွားနှင့် သွားဖုံးနာကျင် ကိုက်ခဲခြင်းကို ပျောက်စေ၏။ အသုံးပြုပုံ- အခေါက် အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏။ အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။ အနာဟောင်း၊ အနာပျက်တို့၌ အခေါက်နုကို ပြာချ၍ ၎င်းပြာကို အဝတ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏။ ညောင်ဗုဒ္ဓဟေ အတွင်းသားခေါက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ဂရင်ဂျီနာ ပေါ်သို့ ပြွန်ချောင်း ဖြင့် မှုတ်ထည့်ပေးသော် ရက်အနည်းငယ်အတွင်း အသားနုတက်၍ အနာကျက်လာ၏။ အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏။ ညောင်ခေါက်ကို ပြာချ၍ ကာလသားရောဂါ ကြောင့်ဖြစ်သော လိင်နိမိတ်နာပေါ်၌ ဖြူးပေးသော် အနာများခြောက်၍ ပျောက်သွားမည်။ ညောင်ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏။ အသီး အသီးခြောက်ကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏။ အရွက် ယင်းအရွက်ကြိတ်ညှစ်ရည်နှင့် အစေးကို ခြေကွဲနာ ပေါ်၌ လိမ်းပေးသော် ပျောက်၏။ အရွက်ကို ပေါင်ရင်းသွေးစုနာ ၊ သွေးလျှံသွေးကျနာ ၊ လျှာပါးစပ်ကွဲရောဂါတို့၌ သုံး၏။ အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။ အစေး ညောင်စေးကို မီးယပ်ရောဂါ၌ သုံး၏။ အမြစ် ညောင်ဗုဒ္ဓဟေမြစ်ကို သွေး၍နူနာနှင့် အခြားအနာပေါက်တို့ကို လိမ်းပေးက ပျောက်၏။ အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏။ ချွဲကို လည်း ကျစေသည်။ အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏။ ကိုးကား အာရှတိုက်၏ ဥယျာဉ်ပန်းခြံပင်များ ဆေးဖက်ဝင် အပင်များ အလှဆင်သစ်ပင်များ အင်ဒို-ချိုင်းနားတွင် တွေ့ရှိရသော သစ်ပင်များ ဗုဒ္ဓဘာသာ ကျမ်းစာများရှိ အပင်များ
https://my.wikipedia.org/wiki/%E1%80%97%E1%80%B1%E1%80%AC%E1%80%93%E1%80%AD%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%84%E1%80%BA
ညောင်လန်း
ညောင်လန်း၏ ရုက္ခဗေဒ အမည်မှာ Ficus benjamina ဖြစ်ပြီး အင်္ဂလိပ်နာမည်ကို Weeping Fig သို့ Benjamin's Fig ဟု ခေါ်ကြသည်။ ထိုအပင်မှာ fig သစ်ပင် မျိုးစုတွင် ပါဝင်ပြီး အရှေ့တောင်နှင့် တောင်အာရှ၊ ဩစတေးလျတို့တွင် တွေ့ရသည်။ ညောင်လန်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အထိမ်းအမှတ်သစ်ပင်ဖြစ်သည်။ သဘာဝအားဖြင့် ပေ ၁၀၀(မီတာ ၃၀ခန့်) အထိ အမြင့်ရှိနိုင်သည်။ အကိုင်းအခက်များမှာ ကျက်သရေရှိစွာ ကွေးညွတ်ကျနေလေ့ရှိသည်။ ၂လက်မ မှ၅လက်မ(၆စင်တီမီတာ မှ၁၃စင်တီမီတာ) အထိရှည်ပြီး ဘဲဥပုံရှိကာ ထိပ်သို့ဖြည်းဖြည်းချင်း ချွန်သွားသော သစ်ရွက်များမှာ ချောမွတ်ပြောင်လက် တောက်ပနေလေ့ရှိသည်။ ညောင်လန်း၏ သေးငယ်သော အသီးများမှာ သူ၏ပေါက်ဖွားရာအရပ်တွင် ရှိသော ခိုငှက်များ၏ အကြိုက်ဖြစ်သည်။ သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9C%E1%80%94%E1%80%BA%E1%80%B8
ဒန်းပင်
ဒန်း ကိုးကား သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%92%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%84%E1%80%BA
မာလကာ
လူတွေ နေ့စဉ်နဲ့အမျှ စားသုံးနေကြတဲ့ အစားအစာတွေထဲမှာ ဆေးဘက်ဝင်တဲ့ သဘာဝ အသီးအနှံတွေပေါများစွာရှိပါတယ်။ သဘာဝအသီးအနှံတွေဟာ စိမ်းစိမ်းစိုစို၊လတ်လတ်ဆတ်ဆတ်၊ အရည် တစ်ရွှမ်းရွှမ်းနဲ့ လူတွေအတွက်ဆေးဘက်ဝင်အကျိုးပြုလွန်းပါတယ်။ အသီးတစ်မျိုးစီမှာ မတူညီတဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်တွေရှိတတ်ကြပြီး အကျိုးရှိရှိ မှီဝဲသုံးဆောင်ပါက အကျိုးကျေးဇူးကြီးမားလှပါတယ်။ မာလကာသီး ဆိုရင် လူတွေရဲ့အိမ်ခြံဝင်းတွေထဲမှာ လွယ်ကူစွာ ပေါက်ရောက်သီးမှည့်နေကြတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ အပင်ပေါ်မှာ အပြွတ်လိုက်အခိုင်လိုက်သီးမှည့်နေတတ်ကြပြီး အလွယ်တကူ ဆွတ်ခူးစားသုံးနိုင်တဲ့ အသီး၊ ဈေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ အသီးတစ်မျိုးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူ့ရဲ့အရသာက ချိုချိုလေးနဲ့စားလို့ကောင်းလွန်းသလို ကျန်းမာရေးအကျိုးကျေးဇူးပြုမှုတွေလည်းရှိပါတယ်။ ဝမ်းရောဂါ ပျောက်ကင်းစေဖို့အထောက်အကူပြုခြင်း လူတွေဟာ မိုးရာသီမှာ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များတတ်ကြပါတယ်။ မာလကာသီးဟာလည်း အခုလို မိုးရာသီမှာ ဆိုရင် ပိုလို့ ပေါပေါများများ စားသုံးနိုင်ကြပါတယ်။ ဒါကြောင့် မိုးရာသီအတွင်းမှာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားရင် မာလကာသီးကို စားပေးခြင်းဖြင့် ရောဂါဝေဒနာကို ပျောက်ကင်းစေဖို့ ကုသရာမှာ များစွာ အထောက်အကူပြုပါတယ်။ ဝမ်းချုပ်ခြင်းတို့ဖြစ်ပွားလာခဲ့ရင်လည်း မာလကာသီးကို စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းတို့သက်သာပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထားကြပါတယ်။ အအေးမိ၊ချောင်းဆိုးတို့ကို ပျောက်ကင်းစေခြင်း သဘာဝတရားဟာ လူတွေအတွက် ရာသီဥတုနဲ့မျှတအောင် အသီးအနှံကို သီးပွင့်စေပါတယ်။ မိုးရာသီမှာ အများအားဖြင့် ရာသီဥတုအခြေအနေရ အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်ပွားတတ်ကြပါတယ်။ သဘာဝတရားကြောင့် ဖြစ်ပွားတဲ့ ဒီလို ရောဂါ မျိုးကို ကုသပျောက်ကင်းစေနိုင်ဖို့ မာလကာသီး က ထူးခြားစွာ အာနိသင်အစွမ်းထက်ကြောင်း လည်းဖော်ပြထားကြပါတယ်။ ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း ကိုယ်အလေးချိန်ကိုလျော့ချလိုသူများအနေနဲ့ မာလကာသီး မှာပါဝင်တဲ့ဓာတ်သဘာဝတွေနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘဲ ကိုယ်အလေးချိန်ကို လျော့ကျစေဖို့ များစွာ အထောက်အကူပြုခြင်းဘဲဖြစ်ပါတယ်။ မာလကာသီး မှာ ဗီတာမင်၊ပရိုတိန်း နဲ့ အာဟာရ အရင်းအမြစ်ပေါများစွာ ပါဝင်ပြီး လူကို ဝစေတဲ့ ကိုလက်စထရောမပါဝင်ပါ။ အခြားအသီးတွေနဲ့ နှိုင်းစာရင် အချိုဓာတ် အရမ်းကို နည်းပါးပါတယ်။ မာလကာသီး တစ်လုံးစားလိုက်တဲ့အခါ ၄-၅ နာရီခန့် ဗိုက်မဆာဘဲ အဆာခံနေနိုင်တဲ့အတွက် ကိုယ်အလေးချိန်လျော့ချရာမှာလည်း အကျိုးရှိစေပါတယ်။ အမြင်အာရုံကို ကောင်းစေခြင်း မာလကာသီးတစ်လုံးမှာ ဗီတာမင် အေ ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် မျက်လုံးရဲ့အမြင်အာရုံကိုကောင်းစေပါတယ်။ ဥပမာ- ကြွက်သားတွေအားပျော့ခြင်း၊ အမြင်အာရုံမှုန်ဝါးခြင်း နဲ့ မျက်လုံးကျန်းမာရေးတို့ကို များစွာ အထောက်အကူပြုခြင်းတို့ဘဲဖြစ်ပါတယ်။ ကင်ဆာရောဂါကာကွယ်နိုင်ခြင်း ကျွမ်းကျင်သူဆေးပညာရှင်တို့လေ့လာတွေ့ရှိထားချက်အရ မာလကာသီးတစ်လုံးမှာပါဝင်တဲ့ဓာတ်သဘာဝတွေဟာ သုတ်ရည်ဂလင်းကင်ဆာ၊ ရင်သားကင်ဆာ၊ ပါးစပ်နဲ့ပတ်သက်တဲ့ကင်ဆာတို့အပေါ် ရောဂါ မရင့်သွားအောင် သက်ရောက်မှုများစွာ ပေးကြောင်းဖော်ပြထားကြပါတယ်။ မာလကာရွက်ရဲ့အဆီဟာ ကင်ဆာကြီးထွားမှုကို လျော့ချရာမှာ ခေတ်ပေါ်ဆေးဝါး တွေထက် ပိုမို ထိရောက်မှုရှိကြောင်းလည်းဖော်ပြထားကြပါတယ်။ ဗီတာမင် စီ ချို့တဲ့ရောဂါအတွက် အထောက်အကူပြုခြင်း မာလကာသီးမှာ လိမ္မော်သီးထက် ဗီတာမင် စီ ပိုမို ပြည့်ဝစွာ ပါဝင်ခြင်းကြောင့် ဗီတာမင်စီ အားနည်းခြင်းကြောင့် သွေးရောဂါဖြစ်ပွားမှုကို များစွာ ကာကွယ်လျော့ချ စေနိုင်ခြင်းဘဲဖြစ်ပါတယ်။ ဦးနှောက်အားတိုးစေခြင်း မာလကာသီးတစ်လုံးမှာ ဗီတာမင် B 6 နဲ့ B 3 တို့ပါဝင်နေခြင်းကြောင့် သွေးလည်ပတ်မှုကိုအားကောင်းစေခြင်း နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာဆောင်ရွက်ချက်တွေကိုများစွာ အထောက်အကူပြုစေပါတယ်။ ဒါကြောင့် မာလကာသီးကို နှစ်သက်စွာ စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်အားကောင်းပြီး ဉာဏ်ရည်ကို ထက်မြက်စေနိုင်ဖို့ များစွာ အထောက်အကူဖြစ်စေပါတယ်။ အသားအရေပိုင်းဆိုင်ရာကောင်းခြင်း မာလကာသီးမှာ ဗီတာမင် အေ၊ ဘီ၊စီ နဲ့ ပိုတက်စီယမ်တို့ ပေါများစွာ ပါဝင်နေခြင်းကြောင့် အသားအရေကို လှပစေသလို အိုမင်းရင့်ရော်မှုတွေလည်း ကိုထိန်းချုပ်ပေးကြောင်းလေ့လာဖော်ပြထားကြပါတယ်။ သွေးပေါင်ချိန်ကိုလျော့ကျစေခြင်း မာလကာသီး ဟာ သွေးထဲမှာရှိတဲ့ ကိုလက်စထရောတွေကို လျော့ချပေးသလို သွေးကြောကျဉ်းတာကိုကာကွယ်ပေးခြင်း၊ သွေးမတည်မငြိမ်ဖြစ်တာကိုထိန်းပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ကို လျော့ချပေးခြင်းတို့မှာများစွာ အကျိုးကျေးဇူးပြုပါတယ်။ ဒါ့အပြင် ဆီးချိုကိုထိန်းပေးနိုင်သလို အကျိတ်ဂလင်းကျန်းမာရေးအတွက်လည်း ကာကွယ်ပေးပါတယ်။ သွားနာ၊ သွားကိုက်သူတွေအနေနဲ့ မာလကာရွက်ကို ထောင်းပြီး အရည်ကို ထည့်ပေးခြင်းဖြင့် သွားကိုက်၊သွားနာ၊ သွားဖုံးရောင် နဲ့ ပါးစပ်နဲ့သက်ဆိုင်တဲ့ ဒဏ်ရာ အနာတရတွေကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ အကြောဆွဲခြင်း၊ ဝက်ရူးပြန်ခြင်း နဲ့ ကူးစက်ရောဂါဖြစ်ပွားမှုတို့ကိုပါ လျော့ကျပျောက်ကင်းစေခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် လူတွေအနေနဲ့မာလကာသီးတစ်လုံးကို ကြိုက်လို့ဖြစ်စေ၊ စားကောင်းလို့ဖြစ်စေ စားဖြစ်ကြတဲ့အခါ ဒီအသီးတစ်လုံးရဲ့တန်ဖိုးဟာ မိမိတို့ရဲ့ ကိုယ်ခန္ဓာကျန်းမာရေးအပေါ်ဘယ်လို အကျိုးကျေးဇူးပြုတယ်ဆိုတာ ဗဟုသုတဖြစ်နိုင်ကြစေဖို့ဝေမျှ လိုက်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ မာလကာသီး ဗီတာမင် (Vitamin) ကို ‘ဗိုက်တာမင်’လို့လည်း ပြောကြပါတယ်။ ဗိုက်တာမင်ဆိုတာ Vita (ဗိုက်တာ)နှင့် Amin (အာမင်) ဆိုတဲ့ စာလုံးနှစ်လုံးကို စုပေါင်းစပ်ပေါင်း လုပ်ထားတာပါ။ ဗိုက်တာ+အာမင် (Vita+Amin) = ဗိုက်တာမင် (Vitamin) ဖြစ်ပါတယ်။ Vita-က ‘အသက်’ လို့ အဓိပ္ပာယ်ရပါတယ်။ Amin က Amino Acid (အမီနို အက်ဆစ်) ဆိုတဲ့ ဓာတ်ပေါင်းကို ကိုယ်စားပြုထားတဲ့ စကားလုံးဖြစ်ပါတယ်။ ဗိုက်တာမင် (Vitamin) ဆိုတဲ့ စကားလုံးကို စပြီးတီထွင်စဉ်က ဗိုက်တာမင်တွေဟာ အမီနိုအက်ဆစ်ဓာတ်ပေါင်းတွေပဲလို့ ထင်ခဲ့လို့ပေးခဲ့တာပါ။ ခုခါမှာ ဗိုက်တာမင်တွေဟာ အခြားဓာတ်ပေါင်းတွေလည်း ဖြစ်နိုင်တယ်ဆိုတာ သိလာပါပြီ။ ဒါပေမဲ့ ဗိုက်တာမင်ဆိုတဲ့ စကားလုံးကိုပဲ ဆက်ပြီးသုံးနေပါတယ်။ ဗိုက်တာမင်ကို သက်စောင့်ဓာတ်တွေလို့ မြန်မာမှုပြုခဲ့ပါသေးတယ်။ အသက်ရှင်သန်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပေါင်းဆိုတဲ့ မူရင်းအဓိပ္ပာယ်နှင့် အလွန်နီးစပ်ပါတယ်။ ခုခေတ်မှာတော့ ဗိုက်တာမင် ဒါမှမဟုတ် ဗီတာမင်လို့ပဲ အသံထွက်အတိုင်း ပြောကြတာများပါတယ်။ သက်စောင့်ဓာတ်လို့ သိပ်မပြောကြတော့ပါဘူး။ ဗိုက်တာမင်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဒီဓာတ်ပေါင်းတွေဟာ- (၁) လူတွေ အသက်ရှင်သန်ဖို့ မရှိမဖြစ်လိုအပ်တယ်။ (၂) လူတစ်ယောက်အတွက် တစ်ရက်မှာ လိုအပ်တဲ့ ပမာဏက နည်းနည်းကလေးသာဖြစ်တယ်။ (၃) လူ့ခန္ဓာကိုယ်ထဲမှာ မထုတ်လုပ်နိုင်တဲ့အတွက် ပြင်ပ (အစားအသောက်တွေ) ကနေ မဖြစ်မနေ ရယူရမယ်ဆိုတဲ့ အချက်သုံးချက် ပါဝင်ပါတယ်။ ဒီအချက်သုံးချက်လုံး ကိုက်ညီတဲ့ ဗီတာမင်တစ်မျိုးက ဗီတာမင်စီ (Vitamin C) ဖြစ်ပါတယ်။ ဗီတာမင်စီ ဟာ အက်စကောဘစ်အက်ဆစ် (Ascorbic Acid) ဆိုတဲ့ ဓာတ်ပေါင်းဖြစ်ပါတယ်။ ဗီတာမင်စီ အက်စကောဘစ်အက်ဆစ် (ဗီတာမင်စီ)ဟာ လူတွေ အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ ပထမအချက်ကို ရှင်းပြပါမယ်။ အက်စကောဘစ် အက်ဆစ် (ဗီတာမင်စီ) ချို့တဲ့မှုကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့သမိုင်းရှိပါတယ်။ ရက်ရှည်လများ ကြာမြင့်စွာ ပင်လယ်ရေကြောင်း ခရီးနှင်နေကြရတဲ့အခါ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ မစားရတော့ဘဲ ကောက်နှံ၊ အသားနှင့် ကုန်ခြောက်တွေကိုသာ စားသုံးကြရတဲ့ ရေတပ်သားတွေ၊ သင်္ဘောသားတွေ အမြောက်အမြားဟာ ဗီတာမင်စီ ချို့တဲ့မှုရောဂါကြောင့် သေဆုံးခဲ့ကြပါတယ်။ ဒီရောဂါကို စကာဗီ (Scurvy) လို့ ခေါ်ပါတယ်။ ပင်လယ်ရေကြောင်းခရီးတွေမှာ အသီးတွေ မဖြစ်ဖြစ်အောင် ရှာဖွေကျွေးတဲ့အခါ သစ်သီးဖျော်ရည်တွေ တိုက်တဲ့အခါမှာ စကာဗီရောဂါကြောင့် အသေအပျောက် မရှိတော့ပါဘူး။ ဒါကြောင့် သစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေမှာ အများအပြားပါနေတဲ့ အက်စကောဘစ်အက်ဆစ်ကို ဗီတာမင်တစ်မျိုးလို့ သတ်မှတ်ခဲ့ပါတယ်။ ဗီတာမင်တွေကို အေဘီစီနှင့် အမည်ပေးခဲ့ရာမှာ အက်စကောဘစ် အက်ဆစ်က ဗီတာမင်စီ ဆိုတဲ့အမည်ကို ရခဲ့ပါတယ်။ ဗီတာမင်စီဟာ ဗီတာမင်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲက လူတွေအသက်ရှင်သန်ဖို့အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့အချက်နဲ့ ကိုက်ညီတဲ့အကြောင်း ပြောပြီးတဲ့နောက် နောက်ထပ်အချက်တစ်ခုဖြစ်တဲ့ တစ်ရက်မှာ ပမာဏအားဖြင့် နည်းနည်းကလေးသာ လိုအပ်တယ်ဆိုတဲ့အချက်ကို ဆက်ပြီးပြောပါမယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတင်းဆိုတဲ့ အာဟာရဓာတ်တွေကို လူတစ်ယောက်ဟာ တစ်ရက်မှာ ပမာဏအားဖြင့် ဘယ်လောက်စားရတယ်ဆိုတာဖော်ပြတဲ့ ယူနစ်က ဂရမ် (Gram) ဖြစ်ပြီး အက်စကောဘစ်အက်ဆစ်ကို လူတစ်ယောက် တစ်ရက်မှာ စားရမယ့်ပမာဏကို ဖော်ပြတဲ့ ယူနစ်ဟာ မီလီဂရမ်ဖြစ်ပါတယ်။ တစ်မီလီဂရမ်ဆိုတာ တစ်ဂရမ်ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံသာရှိပါတယ်။ တစ်ဂရမ်ဆိုတာ မြန်မာအလေးချိန် တစ်ပဲသား (တစ်ကျပ်သားရဲ့ ၁၆ ပုံတစ်ပုံ) သာရှိပါတယ်။ လူတစ်ယောက် တစ်ရက် မှာလိုအပ်တဲ့ ဗီတာမင်စီပမာဏဟာ အလွန်နည်းတဲ့ ပမာဏဖြစ်ပါတယ်။ ဗီတာမင်စီမှာ ဗီတာမင်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲက အချက်တစ်ခုဖြစ်တဲ့ လူ့ခန္ဓာကိုယ်ထဲမှာ မထုတ်လုပ်နိုင်တဲ့အတွက် ပြင်ပ (အစားအသောက်တွေ)ကနေ မဖြစ်မနေ ရယူရမယ်ဆိုတဲ့ အချက်နှင့်လည်း ကိုက်ညီပါတယ်။ လူတွေဟာ ဗီတာမင်စီလို့ အမည်ရထားတဲ့ အက်စကောဘစ်အက်ဆစ်ကို ခန္ဓာကိုယ်ထဲမှာ လုံးဝမထုတ်လုပ်နိုင်ပါဘူး။ အစားအသောက်တွေကနေ မဖြစ်မနေရအောင် စားသုံးရပါတယ်။ မာလကာသီး မြန်မာတွေ စားနေကျအသီးတွေထဲမှာ မာလကာ သီးဟာ ဗီတာမင်စီအကြွယ်ဝဆုံး အသီးတစ်မျိုးဖြစ်ပါ တယ်။ မာလကာသီး ၁ဝဝ ဂရမ်မှာပါတဲ့ ဗီတာမင်စီ ၁၃ဝ မီလီဂရမ်မှ ၂၃ဝ မီလီဂရမ်ဟာ လူတစ်ယောက်အတွက် တစ်နေ့သာ လိုအပ်ချက်ရဲ့ ၂ ဆ-၃ဆ လောက်ရှိပါတယ်။ မာလကာသီး အလုံးကြီးကြီး လေးစိတ်တစ်စိတ်လောက်၊ အရွယ်လတ်ဆိုရင် တစ်ခြမ်းလောက်၊ အရွယ်သေးသေးဆိုရင် တစ်လုံးလောက်စားရုံနဲ့ လူတစ်ယောက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏကို ရနိုင်တယ်လို့ မှတ်ထားနိုင်ပါတယ်။ မာလကာသီးမှာ အခွံနားကပ်နေတဲ့ အပြင်ပိုင်းက အသားဟာ ဗီတာမင်စီ ပိုပြီးကြွယ်ဝပါတယ်။ အတွင်းပိုင်း (အလယ်ပိုင်း)က အသားမှာ အပြင်ပိုင်းက အသားလောက် ဗီတာမင်စီ မများပါဘူး။ မာလကာသီးမှာ အပူပိုင်းဇုန်မှာဖြစ်ထွန်းတဲ့ အသီးမျိုးဖြစ်တာမို့ မြန်မာနိုင်ငံမှာ ပေါပေါများများ စားသုံးနိုင်တဲ့ အသီးမျိုးဖြစ်ပါတယ်။ လူကြိုက်လည်းများပါတယ်။ အနောက်နိုင်ငံတွေမှာတော့ မာလကာသီးဟာ လိမ္မော်သီးလောက် စားသုံးမှုမများပါဘူး။ ဒါကြောင့် အနောက်နိုင်ငံတွေက ရေးတဲ့စာအုပ်တွေထဲမှာ ဗီတာမင်စီအကြောင်းရေးလျှင် လိမ္မော်သီး၊ လိမ္မော်ရည်တို့ကိုပဲ ရေးကြတာများပါတယ်။ တကယ်တန်းယှဉ် ကြည့်လိုက်မယ်ဆိုရင် မာလကာသီး ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၁၃၂ မီလီဂရမ် လောက်ပါပြီး လိမ္မော်သီး ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၄၃ မီလီဂရမ်လောက်သာ ပါပါတယ်။ မာလကာသီးအပြင် ဗီတာမင်စီကြွယ်ဝတဲ့ မြန်မာတွေစားနေကျ အခြားအသီးတွေက မရမ်းသီး၊ သရက်သီး၊ သင်္ဘောသီးနှင့် ဆီးဖြူသီးဖြစ်ပါတယ်။ မရမ်းသီးစိမ်း ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၂၄ဝ မီလီဂရမ်လောက်ပါပြီ။ အမှည့်ဆိုရင် ၁ဝ၇ မီလီဂရမ်လောက် ပါပါတယ်။ သရက်သီးအစိမ်း ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၆၂ မီလီဂရမ်လောက်၊ သရက်သီး ရွမ်းပျင်းဆိုရင် ၄၈ မီလီဂရမ်လောက်ပါပြီး အမှည့်ဆိုရင်တော့ ၃၆ မီလီဂရမ်လောက် ပါပါတယ်။ အချဉ်ဓာတ်နည်းသွားလေ ဗီတာမင်စီ နည်းသွားလေဆိုတဲ့ သဘောဖြစ်ပါတယ်။ ဆီးဖြူသီးဟာလည်း ဗီတာမင် စီ ကြွယ်ဝတဲ့ စာရင်းမှာ ပါပါတယ်။ သင်္ဘောသီးမှာတော့ အမှည့်က အစိမ်းထက် ဗီတာမင်စီပိုပြီး ကြွယ်ဝပါတယ်။ သင်္ဘောသီးစိမ်း ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၃၈ မီလီဂရမ် လောက်ပါပြီး မှည့်သွားတဲ့အခါ ၇၃ မီလီဂရမ်ထိ များလာပါတယ်။ ဆီးဖြူသီးနှင့် မရမ်းသီးဟာ မာလကာသီးတို့ လိမ္မော်သီးတို့ သင်္ဘောသီးတို့လို များများစားနိုင်တဲ့ အသီးမျိုး၊ နေ့တိုင်းစားပါဆိုရင် စားနိုင်မည့် အသီးမျိုးတော့ မဟုတ်ပါဘူး။ ဟင်းရွက်စုံ ဗီတာမင်စီကို ဟင်းရွက်မျိုးစုံကလည်း ရနိုင်ပါတယ်။ မြန်မာတွေ စားနေကျအရွက်ထဲမှာ ဒန့်သလွန်ရွက်၊ ဓာတ်ချဉ်ပေါင်၊ နံနံပင်၊ တမာရွက်တို့ဟာ ဗီတာမင်စီ ကြွယ်ဝတဲ့ အရွက်တွေဖြစ်ပါတယ်။ မယ်ဇလီရွက်၊ ဘူးညွန့်၊ ရှောက်ရွက်၊ သင်္ဘောရွက်တို့ဟာလည်း ဗီတာမင်စီ ကြွယ်ဝပါတယ်။ ငရုတ်သီးကြိုက်သူတွေအတွက် ငရုတ်သီးဟာ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မာလကာသီးတို့၊ ဒန့်သလွန်ရွက်တို့ဆိုတာ မြန်မာတွေစားနေကျ အသီးအရွက်တွေထဲက ဗီတာမင်စီ အကြွယ်ဝဆုံး အစားအစာတွေ ရွေးပြီးပြောထားတာပါ။ တကယ်တော့ ချဉ်ဖန်တဲ့ အရသာရှိသော အသီးတွေ၊ အစိမ်းရင့်ရောင်အရွက်တွေမှာ ဗီတာမင်စီ ကြွယ်ဝတယ်လို့ မှတ်ထားလိုက်ရင် မမှားနိုင်ပါဘူး။ ဗီတာမင်စီဟာ အသီးအရွက်တွေထဲမှာ ပေါပေါများများ ပါနေတာကြောင့်၊ ထမင်းစားတဲ့အခါ ဟင်းအနေနဲ့ဖြစ်စေ၊ တို့စရာအနေနဲ့ ဖြစ်စေ၊ ဟင်းသီးဟင်းရွက်တွေ ပါနေတယ်။ ထမင်းစားပြီး အချိုတည်းတဲ့အခါဖြစ်စေ၊ ထမင်းတစ်နပ်နှင့် တစ်နပ်ကြားမှာ သွားရည်စာအနေနဲ့ဖြစ်စေ သစ်သီးစားတတ်သူတွေမှာ ဗီတာမင်စီချို့တဲ့မှုဖြစ်တယ်ဆိုတာ မရှိပါဘူး။ ဟင်းသီးဟင်းရွက် သစ်သီးဝလံပေါများပြီး အသားငါးထက် ဟင်းသီးဟင်းရွက်တွေကို ပိုမိုအားထားပြီး စားသုံးကြတဲ့ မြန်မာတွေထဲမှာ ကျန်းမာနေတဲ့ လူတစ်ယောက် ဗီတာမင်စီ ချို့တဲ့ဖို့ဆိုတာ မလွယ်ပါဘူး။ အက်စကောဘစ်အက်စစ်မှ ဗီတာမင်စီဖြစ်လာပုံ လူတွေ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဗီတာမင်စီ ပေါများလွန်းအားကြီးလို့ လူတွေဟာ ခန္ဓာကိုယ်ထဲမှာ အက်စကောဘစ်အက်စစ် ထုတ်လုပ်တဲ့အလုပ်ကို စွန့်လွှတ်လိုက်တယ်ဆိုတဲ့ အကြောင်းပြောပြချင်ပါတယ်။ ကမ္ဘာဦးအစက လူတွေ တိရစ္ဆာန်တွေအပါအဝင် ကျောရိုးရှိတဲ့ သတ္တဝါအားလုံးလိုလိုဟာ အက်စကောဘစ် အက်စစ်ကို ခန္ဓာကိုယ်ထဲမှာ ကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ အဲဒီတုန်းက လူတွေ နေ့စဉ်စားတဲ့ အစားအစာတွေဟာ အက်စကောဘစ် အက်စစ်မပါတဲ့ အစားအစာ (အသားငါး)တွေသာ ဖြစ်တဲ့အတွက် အက်စကောဘစ် အက်စစ်ကို ကိုယ့်အားကိုယ်ကိုး (မိမိခန္ဓာကိုယ်ထဲမှာ) ထုတ်လုပ်သုံးစွဲကြပါတယ်။ အဲဒီအချိန်က အက်စကောဘစ် အက်စစ်ဟာ လူတွေအတွက် အစားအသောက် ကနေ မဖြစ်မနေ ရအောင်စားသုံးရမယ့် အာဟာရမျိုး မဟုတ်တဲ့အတွက် ဗီတာမင်မဟုတ်သေးပါဘူး။ နောက်ပိုင်းမှာ လူတွေဟာ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ အပင်တွေက အရွက်တွေ အသီး တွေကို ခူးဆွတ်ပြီး စားလာကြပါတယ်။ ပိုပြီး အတွေ့အကြုံများလာ၊ ယဉ်ကျေးလာတဲ့အခါမှာ အပင်တွေကို စိုက်ပျိုးစားသောက်တတ်လာကြပါတယ်။ ဒီအခါမှာ အစားအစာက ရလာတဲ့ အက်စကောဘစ် အက်ဆစ်ပမာဏဟာ နေ့စဉ်လိုအပ်ချက်ကို ပြည့်မီနေပြီ၊ လုံလောက်နေပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အပင်ပန်းခံ၊ အလုပ်ရှုပ်ခံပြီး မထုတ်လုပ်တော့ပါဘူး။ လူ့ခန္ဓာကိုယ်ထဲမှာ အက်စကောဘစ် အက်စစ် ထုတ်လုပ်တဲ့အလုပ်ကို မလုပ်တာ နှစ်ပေါင်းများစွာကြာလာတဲ့အခါ ဒီလုပ်ငန်းမှာ အသုံးပြုရတဲ့ (Gluconolactone Oxidase) အစရှိတဲ့ အင်ဇိုင်း (Enzyme-ဓာတ်ကူပစ္စည်း)တွေဟာ တဖြည်းဖြည်း လျော့နည်းလာရာက လုံးဝမရှိတော့တဲ့ အခြေအနေထိ ရောက်သွားပါတော့တယ်။ လူတွေမှာ အက်စကောဘစ်အက်စစ်ကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းလည်း ပျောက်ကွယ်သွားပါတော့တယ်။ ခုဆိုရင် လူတွေမှာ ခန္ဓာကိုယ်အတွင်း အက်စကောဘစ်အက်စစ် ထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်တဲ့ အင်ဇိုင်းမရှိတော့ပါဘူး။ အက်စကောဘစ်အက်စစ် ထုတ်လုပ်နိုင်စွမ်း ပျောက်ကွယ်နေပါပြီ။ အက်စကောဘစ် အက်စစ်ရရှိဖို့ အစားအသောက် (အသီးအရွက်) တွေကိုသာ ရာနှုန်းပြည့် မှီခိုရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒီအခါမှာ အက်စကောဘစ်အက်စစ်ဟာ ဗီတာမင် ဆိုတဲ့ ဓာတ်ပေါင်းတွေမှာရှိတဲ့ အချက်သုံးချက်ထဲက တတိယအချက်ဖြစ်တဲ့ ခန္ဓာကိုယ်ထဲမှာ မထုတ်လုပ်နိုင်တဲ့အတွက် ပြင်ပ (အစားအသောက်တွေ)ကနေ မဖြစ်မနေ ရယူရမယ်တဲ့အချက်နှင့် ကိုက်ညီသွားပြီး ဗီတာမင်ဆိုတဲ့ အဟာရအုပ်စုမှာ ဗီတာမင်ဆိုတဲ့အမည်နဲ့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အက်စကောဘစ်အက်စစ်ဟာ လူတွေအတွက်သာမက တိရစ္ဆာန်အချို့အတွက်လည်း အစားအသောက်ကနေ မဖြစ်မနေရယူရမည့် ဗီတာမင်ဖြစ်ပါတယ်။ ဒီ တိရစ္ဆာန်ထဲမှာ ပူး၊ လင်းနို့ စတဲ့ တိရစ္ဆာန်တွေပါပါတယ်။ ကျား၊ခြင်္သေ့၊ ခွေးစတဲ့ အသား စားတိရစ္ဆာန်တွေကျတော့ အသီးအရွက်မစားတဲ့အတွက် အက်စကောဘစ်အက်စစ်ရဖို့ အစားအစာတွေကို အားကိုးလို့မရပါဘူး။ မိမိ ကိုယ်တိုင် ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်ကြပါတယ်။ ဒါကြောင့် အသားစားတိရစ္ဆာန်တွေအတွက် အက်စကောဘစ်အက်စစ်ဟာ ဗီတာမင်မဟုတ်ပါဘူး။ အစားအစာတွေက ဗီတာမင်စီနှင့် အားဆေးတွေထဲက ဗီတာမင်စီ လုံးတီးဆန်နှင့် ပေါင်မုန့်ညိုညိုတွေစားတာဟာ စက်ကြိတ်ဆန် ဖြူဖြူချောချော၊ ပေါင်မုန့် ဖြူဖြူနုနု စားတာထက် အကျိုးရှိတဲ့အကြောင်း၊ ပေါင်းဆန်စားလျှင် ဗီတာမင်ဘီဝမ်း၊ ဘီတူးနှင့် နိုင်ယာစင် (Niacin) စတဲ့ ဗီတာမင်တွေနှင့် အခြားအာဟာရတွေ ပိုပြီးကြွယ်ဝကြောင်းပြောတဲ့အခါ ထမင်းဖြူဖြူနုနုလေးစားပြီး ဘားပလက် ဆေးပြား သောက်လိုက်မှာပေါ့လို့ ပြန်ဖြေသူတွေ ရှိပါတယ်။ သူတို့ဟာ အာဟာရဓာတ်အမျိုးမျိုး သဘာဝအတိုင်း ပါဝင်နေတဲ့ အစားအစာတွေထက် အားဆေးဆိုတဲ့ ဆေးပြားဆေးရည်တွေကို ပိုပြီးအားကိုးတတ်သူတွေ ဖြစ်ပါတယ်။ ဗီတာမင်စီဆေးပြားကို အရမ်းအားကိုးသူတွေ ရှိပါတယ်။ စီဗစ်ဆေးပြားသောက်ထားရင် တော်ရုံနဲ့ နှာစေး ချောင်းဆိုး မဖြစ်ဘူး။ မဖျားဘူး၊ တုပ်ကွေးမမိဘူး၊ ကိုယ်ခံစွမ်းအားကောင်းတယ်ဆိုပြီး စွဲစွဲမြဲမြဲသောက်နေသူတွေ ရှိပါတယ်။ စီဗစ်ဆေးပြား၊ ဆေးရည်တွေ မကောင်းဘူး ပြောတာ မဟုတ်ပါဘူး။ စီဗစ်ဆေးပြားဆေးရည်တွေက ကိုယ်ခံစွမ်းအားကို မြင့်စေတယ်ဆိုတာကိုလည်း မငြင်းပါဘူး။ ဗီတာမင်စီကို ဆေးပြား၊ ဆေးရည်တွေသောက်မှ ရနိုင်တာမဟုတ်ဘူး။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ သဘာဝအစားအစာတွေက ပိုကောင်းတယ်ဆိုတာ ပြောချင်တာပါ။ ဗီတာမင်စီ ကြွယ်ဝတဲ့ မာလကာသီး ၁ဝဝ ဂရမ် (အရွယ်ခပ်ကြီးကြီးတစ်ခြမ်း) စားလျှင် ဗီတာမင်စီအပြင် ရရှိနိုင်တဲ့ အခြား အာဟာရဓာတ်တွေကို ကြည့်ကြရအောင်။ မာလကာသီး ၁ဝဝ ဂရမ်ကနေ အင်အား ၆၈ ကယ်လိုရီလောက် ရနိုင်ပါတယ်။ မာလကာသီးမှာ အင်အားဖြစ်စေတဲ့ ကာဗိုဟိုက်ဒရိတ်အာဟာရ ၁၄ ဂရမ်လောက် ပရိုတင်းအာဟာရ ၂.၅ ဂရမ်လောက်နှင့် အဆီ ၁ ဂရမ် မပြည့်တပြည့်ပါနေလို့ ဖြစ်ပါတယ်။ စီဗစ်ဆေးပြားစားလို့ အင်အားမရနိုင်ပါဘူး။ မာလကာသီး ၁ဝဝ ဂရမ်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ် အာဟာရ ၁၄ ဂရမ်လောက်ထဲမှာ သကြားက ၉ ဂရမ်လောက်သာဖြစ်ပြီး ကျန်တဲ့ ၅ ဂရမ်လောက်က အစာမျှင် (Dietary Fibre) အမျိုးမျိုးအစား ကာဗိုဟိုက်ဒရိတ်တွေ ဖြစ်ပါတယ်။ အစာမျှင်ကြွယ်ဝတဲ့ အစားအစာတွေကို မှန်မှန်စားသုံးခြင်းက ဝမ်းမှန်ခြင်း (ဝမ်းမချုပ်အောင် ကာကွယ်ခြင်း)၊ အစာလမ်းကြောင်းတလျှောက် ရောဂါကင်းစေခြင်း၊ အူမကြီးကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုးမဖြစ်အောင် ကာကွယ်ခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စီဗစ်ဆေးပြားကနေ ဘာအစာမျှင်မှ မရနိုင်ပါဘူး။ မာလကာသီး ၁ဝဝ ဂရမ်ကနေ ဗီတာမင်စီ ၂၃ဝ မီလီဂရမ် (၁ဝဝ မီလီဂရမ်ပါတဲ့ စီဗစ်ဆေးပြား နှစ်ပြားစာနီးပါး) အပြင် ဗီတာမင်အေ (Vitamin A) ၃၁ မိုက်ခရိုဂရမ်၊ ဘေတာကယ်ရိုတင်း (Beta Carotene) ၃၇၄ မိုက်ခရိုဂရမ်၊ ဗီတာမင်ဘီဝမ်း (Vitamin B1) ဝ.ဝ၆၇ မီလီဂရမ်၊ ဗီတာမင်ဗီတူး (Vitamin B2) ဝ.ဝ၄ မီလီဂရမ်၊ နိုင်ယာစင် (Niacin) ၁.ဝ၈၄ မီလီဂရမ်၊ ပင်တိုသင်းနစ်အက်ဆစ် (Pantothenic) ဝ.ဝ၄ မီလီဂရမ်၊ ဗီတာမင်ဘီဆစ် (Vitamin B6) ဝ.၁၁ မီလီဂရမ်၊ ဖောလစ်အက်ဆစ် (Folic Acid) ၄၉ မိုက်ခရိုဂရမ်၊ ဗီတာမင်ကေ (Vitamin K) ၂.၂ မိုက်ခရိုဂရမ် ရနိုင်ပါသေးတယ်။ စီဗစ်ဆေးပြားမှာ ဗီတာမင်စီ ကလွဲလို့ တခြား ဘာဗီတာမင်မှ မပါပါဘူး။ မာလကာသီးတစ်ခြမ်းစားလျှင် ဗီတာမင်စီ အများအပြား၊ အခြားဗီတာမင်တွေ အနည်းငယ်စီအပြင် သတ္တု အာဟာရအချို့ကိုလည်း ရနိုင်ပါသေးတယ်။ အဲဒါတွေက ကယ်လစီယမ် (Calcium) ၁၈ မီလီဂရမ်၊ သံဓာတ် ဝ.၂၆ မီလီဂရမ်၊ မက်ဂနီစီယမ် (Magnesium) ၂၂ မီလီဂရမ်၊ မင်းဂနိစ် (Manganese) ဝ.၁၅ မီလီဂရမ်၊ ဖော့စပရပ်စ် (Phosphorus) ဆိုတဲ့ မီးစုံး ၄ဝ မီလီဂရမ်၊ ပိုတက်စီယမ် (Potassium) ၄၁၇ မီလီဂရမ်နှင့် ဇင့် (Zinc) ဝ.၂၃ မီလီ ဂရမ်ပါပါသေးတယ်။ မာလကာသီးကြိုက်သူတစ်ယောက်ဟာ အသီးတစ်လုံး ကုန်အောင်စားမယ်ဆိုရင်တော့ ခုပြောခဲ့တဲ့ပမာဏရဲ့ နှစ်ဆရှိတဲ့ ဗီတာမင်တွေ အခြား အာဟာရတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ မာလကာသီးမှ သွေးတိုးနှင့် နှလုံးသွေးကြောရောဂါရှိသူတွေ၊ သွေးတိုးနှင့် နှလုံးသွေးကြောရောဂါဖြစ်မှာ စိုးရိမ်နေသူတွေ ကြောက်ကြတဲ့ ဆိုဒီယမ် (Sodium) အလွန်နည်းသလို၊ အဆီကလည်း နည်းပါတယ်။ အပင်ထွက်အကျိုးပြု ဓာတ်ပေါင်းလိုက်ကိုပင်း (Lycopene) အသီးအရွက်စတဲ့ အပင်ထွက်အစားအစာတွေ စားတဲ့အခါ ဗီတာမင်တွေ သတ္ထုအာဟာရတွေအပြင် အာ ဟာရမဟုတ်တဲ့နည်းနှင့် ကျန်းမာရေးကို အကျိုးပြုတဲ့ ဓာတ်ပေါင်းတွေ၊ ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ ဓာတ်ပေါင်းတွေကိုလည်း ရရှိနိုင်ပါတယ်။ အပင်ထွက် အစားအစာတွေမှာသာပါနေပြီး၊ အသားငါး၊ နို့၊ ကြက်ဥ၊ ဘဲဥ စတဲ့ တိရစ္ဆာန်အတွက် အစားအစာတွေမှာ လုံးဝမပါတဲ့ အဲဒီအကျိုးပြုဓာတ်ပေါင်းတွေကို ဖိုက်တိုခယ်မီကယ် (Phytochemical) တွေလို့ ခေါ်ပါတယ်။ မာလကာသီးမှာ ဖိုက်တိုခယ်မီကယ် အများအပြား ပါဝင်ပါတယ်။ အဓိက နှစ်မျိုးက ဘေတာကယ်ရိုတင်း (Beta Carotene) နှင့် လိုက်ကိုပင်း (Lycopene) တို့ဖြစ်ပါတယ်။ ဘေတာကယ်ရိုတင်းဟာ လူ့ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေ အဖြစ် ပြောင်းသွားနိုင်တာမို့ ဗီတာမင်အေလောင်းလျာ (Provitamin A) လို့လည်း သိထားကြပါတယ်။ မာလကာသီးစားတဲ့အခါ ဘေတာကယ်ရိုတင်းဟာ ဗီတာမင်အေအဖြစ် ပြောင်းသွားပြီး အာဟာရဓာတ်အနေနဲ့ အကျိုးပြုသလို ဗီတာမင်အေဖြစ် ပြောင်းမသွားတဲ့ ဘေကာကယ်ရိုတင်းတွေကလည်း အင်တီအောက်စိဒင့် (Anti-Oxidant) အာနိသင်နဲ့ အကျိုးပြုပါတယ်။ အင်တီအောက်စိဒင့် အာနိသင်ဆိုတာက ခန္ဓာကိုယ်ရဲ့ ရုပ်ကလာပ်စည်း (Cell- ဆဲလ်) အစိတ်အပိုင်းတွေကို ဖျက်ဆီးပြီး နာတာရှည်ရောဂါ၊ ကင်ဆာရောဂါတွေဖြစ်စေတတ်တဲ့ ဖရီးရယ်ဒီကယ် (Free Radicals) ဆိုတဲ့ ဓာတ်ပစ္စည်းကလေးတွေကို နှိမ်နင်းနိုင်တဲ့ အာနိသင်ဖြစ်ပါတယ်။ လိုက်ကိုပင်း (Lycopene) ဆိုတဲ့ ဖိုက်တိုခယ်မီကယ် တစ်မျိုးဟာလည်း မာလကာသီးမှာ ကြွယ်ဝစွာပါနေပါတယ်။ မာလကာသီး ၁ဝဝ ဂရမ်မှာ လိုက်ကိုပင်း ၅၂ဝဝ မိုက်ခရိုဂမ်လောက်ပါပါတယ်။ လိုက်ကိုပင်းက ဆီးကျိတ် (Prostate) ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။ အသီးအရွက်မျိုးစုံမှာ ကျန်းမာရေးကို အခြားနည်း (အာဟာရမဟုတ်တဲ့နည်း)နဲ့ အကျိုးပြုတဲ့ ဖိုက်တိုခယ်မီကယ်ဓာတ်ပေါင်းတွေဟာ အမျိုးအစားအားဖြင့် ရာထောင်ချီပြီး ရှိနေပါတယ်။ သူတို့ဟာ အရောင်အမျိုးမျိုး ရှိကြပါတယ်။ ဥပမာ ဘေတာကယ်ရိုတင်းက ဝါတယ်၊ လိုက်ကိုပင်းက နီတယ်စသဖြင့်ပေါ့။ မာလကာသီးမှာ အူဖြူသီး၊ အူနီသီးရယ်လို့ ရှိနေခြင်း၊ အူဖြူသီးမှာ ဖြူတဲ့အသီး၊ နည်းနည်းဝါတဲ့ အသီးရယ်လို့ ရှိတဲ့အပြင်၊ အူနီသီးမှာလည်း နည်းနည်းနီတဲ့ အသီး၊ အတော့ကိုနီတဲ့ အသီးရယ်လို့ အရောင်အမျိုးမျိုး၊ အရောင်အနုအရင့် အမျိုးမျိုးရှိနေတာမို့ အကျိုးပြုဓာတ်ပေါင်းတွေလည်း စုံလင်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဘာအရောင် အသီးမျိုးက ပိုကောင်းသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အသီးအရွက်တွေ စားတဲ့အခါ သက်တန့်မှာပါတဲ့ အရောင်မျိုးစုံပါအောင် စားတာအကောင်းဆုံးပဲလို့ ဖြေလိုက်ပါရစေ။ အူဖြူလည်း စား အူနီလည်းစား အစုံစားပါလေ့ ဆိုလိုပါတယ်။ ကိုးကား အပင် မျိုးစုများ သစ်သီးပင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%9C%E1%80%80%E1%80%AC
ဘန့်ပွေး
ဘန့်ပွေး ကိုးကား နီပေါနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%98%E1%80%94%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B1%E1%80%B8
မန်ကျည်း
မန်ကျည်း (Tamarindus indica) (အာရပ်ဘာသာမှ تمر هندي tamar hindi = အိန္ဒိယ date သီး) သည် Fabaceae မျိုးရင်းတွင် ပါဝင်သည်။ Tamarindus မျိုးစုသည် မျိုးစိတ်တစ်ခုတည်းသာ ရှိသောမျိုးစုဖြစ်သည်။ မန်ကျည်းသည် မုတ်သုန်ရာသီဥတုတွင် ပေါက်မြောက်သော အပင်ဖြစ်ပြီး ဆူဒန် နှင့် မဒါဂတ်စကား ၏ အစိတ်ပိုင်း ရွက်ကြွေတောများ အပါအဝင် မုတ်သုံ အာဖရိကတွင် စတင်အရင်းခံသည်။ မန်ကျည်းပင်သည် စိန်ပန်းပင်၊ ပိတောက်ပင်၊ ကုက္ကိုပင်စသည်တို့ နှင့်အတူ လီဂူမီနိုးစီး မျိုးရင်းတွင်ပါဝင်၍ ယင်း၏ ရုက္ခ ဗေဒ အမည်မှာ တမ်းမရင်းဒပ်အင်ဒီကာ ဖြစ်သည်။ မန်ကျည်းပင်သည် အလွန်ပေါများသောကြောင့် လူတိုင်းမြင်ဖူးကြသည်။ ထိုအပင်မျိုး၏ စတင်ပေါက်ရောက်ရာ ဇာတိဒေသမှာ အာဖရိကတိုက်အရှေ့ပိုင်း ပူအိုက်သော တိုင်းပြည်များဖြစ်၍ အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံတို့သို့ တစ်ဆင့် ယူဆောင်စိုက်ပျိုးခဲ့ခြင်း ဖြစ်လေသည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသော သစ်ပင်ဖြစ်၍ မြန်မာနိုင်ငံ၌ အနှံ့အပြား စိုက်ပျိုးထားကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် မန်ကျည်းပင်ကို အကြီးအကျယ် စိုက်ပျိုးထားကြရာ၊ ထိုဒေသတွင် အများဆုံးတွေ့ရသည်။ လယ်ကွင်းများ၊ ခြံဥယျာဉ်များ၊ ကျွဲ နွား စားကျက်များ၌ မန်ကျည်းပင် ပေါက်စများကို အနှံ့အပြား တွေ့မြင်ရခြင်းအားဖြင့် အပင်ပေါက်လွယ်သည့် သစ်ပင်မျိုးဖြစ်ကြောင်း သိရသည်။ မန်ကျည်းပင်များသည် အမြင့်ပေ ၈ဝ အထိရှိ၍ ခိုင်ခံ့သော ပင်စည်နှင့် အပင်ထက်တွင် လှပဝေဆာသော ငှက်မွေး သဏ္ဌာန် အရွက်များဖြင့် အလွန်တင့်တယ်သော သစ်ပင်ကြီးမျိုး ဖြစ်သည်။ ရွက်ရိုးတံ တစ်ဖက်တစ်ချက်တွင် ရွက်မြွှာများစီ၍ထွက်လျက် ရှိသည်။ ရွက်ရိုးတံသည် ၂ လက်မ မှ ၄ လက်မအထိ ရှည်၍ ရွက်မြွာများ ၁ဝ စုံအထိ ပါရှိသည်။ အရွက်အခက်တို့ဖြင့် သိုက်မြိုက်ဝေဆာနေသဖြင့် အရိပ်အာဝါသ အလွန်ကောင်းသောကြောင့် ခြံဥယျာဉ်များနှင့် အထူးသဖြင့် လမ်းနံဘေးများ၌ တန်ဆာဆင်ရန် စိုက်ထားတတ်ကြသည်။ မိုးပါး၍ ခြောက်သွေ့သောဒေသများ၌ နွေအခါတွင် ရက်သတ္တပတ် အနည်းငယ်မျှ ပင်လုံးကျွတ် အရွက်ကြွေတတ်သည်။ အလွန်ကြီးခဲသော အပင်မျိုးဖြစ်သော်လည်းအစေ့မှ အလွယ်တကူ အပင်ပေါက်နိုင်သည့်ပြင် မည်သည့်မြေမျိုး၌မဆို ကြီးပွားဖြစ်ထွန်းသဖြင့် မန်ကျည်းပင်ကို မြန်မာနိုင်ငံ မြေညီပိုင်းတွင်နေရာတိုင်း၌ စိုက်ပျိုးနိုင်သည်။ မန်ကျည်းခေါက်သည် ညိုမွဲရောင်ရှိ၍ ထွင်းကြောင်းများသည် ပင်စည်နှင့် အလျားလိုက် ပေါ်လျက်ရှိသဖြင့် အလွန်ကြမ်းသည်။ အပွင့်မှာ ငယ်သော်လည်း အဝါပေါ်တွင် အနီပြောက်ကလေးများ ပါရှိသဖြင့် လှပ၏။ မန်ကျည်းသီး အတောင့် ၃ လက်မမှ ၆ လက်မ အထိရှည်၍ များသောအားဖြင့် ကွေးကွေးကောက်ကောက် သီးတတ်ကြသည်။ ညို၍ ဆတ်သော အခွံပါးကလေးများရှိ၍ ထိုအခွံအတွင်း၌ အသားပျော့ရှိသည်။ အသားအတွင်း၌ မြုပ်နေသော မာ၍ ချောမွတ်လျက် အညိုရင့်ရောင်ရှိသည့် အစေ့ပြားကလေးများ သည်အသီးတောင့်၏ အလယ်၌ စီတန်းလျက်ရှိသည်။ မန်ကျည်းသားသည် အလွန်မာ၍ ကြာရှည်ခံသဖြင့် ဆန်ဖွပ်ရန် ကျည်ပွေ့များ၊ ဆီဆုံနှင့် ကြံကြိတ်စက်များ၊ ထယ်များ၊ စူး ဆောက်ရိုးများ စသည်တို့ကို ပြုလုပ်ရာ၌ အသုံးဝင်သည်။ ထင်ရှားသော မန်ကျည်းပင်နှစ်မျိုးရှိသည်။ ယင်းတို့မှာ အသီးမှည့်သောအခါ အသားနီညစ်ညစ် အရောင်ရှိ၍ အရသာ ချဉ် သော မန်ကျည်းပင်မျိုးတို့ ဖြစ်ကြသည်။ မန်ကျည်းသီးမှည့်များသည် ဟင်းချက်ရာ၌ အလွန်အသုံးဝင်သည်။ တေဆေးဟု ခေါ်သော ဝမ်းနုတ်ဆေးတွင် မန်ကျည်းသီး ကို ထန်းလျက် ၊ ပွေးကိုင်းအပြင် အခြားဆေးများနှင့်ရော၍ ဖော်စပ်ထားသည်။ ပူအိုက်သောရာသီတွင် မန်ကျည်းသီးနှင့် ထန်းလျက်ကို ရေတွင် စိမ်၍ ဖျော်ရည်ပြုလုပ်သောက်ကြသည်။ ဆေးပေါ့လိပ် လုပ်ငန်းတွင် ဆေးရိုးကို မန်ကျည်းမှည့်ရည် ပက်ဖျန်းပြီးမှ ဆေးလိပ်လိပ်ကြသည်။ မန်ကျည်းသီးစိမ်းများကိုလည်း ကြော်ချက်၍ စားသုံးလေ့ ရှိကြသည်။ မန်ကျည်းရွက်နုကိုလည်း ဖွယ်ဖွယ်ရာရာစီမံချက်ပြုတ်၍ စားသောက်ကြသည်။ မန်ကျည်းရွက်ကို မြေပဲဖြင့် သုတ်စားခြင်း၊ ချည်ရေဟင်း ချက်သောက်ခြင်းတို့ဖြင့် စားသုံးကြသည်။ မန်ကျည်း ခေါက်ကို သာမန်မျက်စေ့နာအတွက် နှင့် အပူဒဏ်ခံနိုင်ရန် သနပ်ခါးကဲ့သို့ သွေးလိမ်းကြသည်။ ယင်းသို့ ဖြစ်ရကား မန်ကျည်းပင် သည် တစ်ပင်လုံး အသုံးဝင်သော အပင်ဟု ဆိုနိုင်ပေသည်။ သင်္ဘော မန်ကျည်းပင်ကို တရုတ် မန်ကျည်းပင် ဟူ၍လည်းခေါ် သည်။ ထိုမန်ကျည်းပင်မျိုးသည် အပင်လတ်များ ဖြစ်၍ ခြံစည်းရိုးပင် အဖြစ် စိုက်ပျိုးထားလေ့ရှိကြသည်။ အကိုင်းအခက်များကို ချိုင်ပေးလျှင် ခြံစည်းရိုးတစ်လျှောက်တွင် အပင်များ တညီတည်းရှိနေသည်။ အကယ်၍ မချိုင်ဘဲ ထားလျှင် နုံးမြေများတွင် ပေ ၃ဝ ကျော်ခန့် အထိ မြင့်သည်။ အသီးအမှည့်များကို စားကြသည်။ မြန်မာနိုင်ငံတွင် တွေ့ရသော အခြား မန်ကျည်းပင်များမှာ မန် ကျည်းပေါက်ပင်၊ တောမန်ကျည်းပင်၊ တောင်မန်ကျည်းပင်နှင့် ဆေးမန်ကျည်းပင်များ ဖြစ်ကြသည်။ မန်ကျည်းပေါက်ပင်များကို မင်းဘူးနယ်နှင့် မုတ္တမနယ်တို့၌ တွေ့ရသည်။ တောမန်ကျည်းပင်ကို ခယာမွှေးပင်ဟူ၍လည်း ခေါ်ကြသည်။ တောင်မန်ကျည်းပင်များကို မိုးကုတ်နယ်၌ တွေ့ရသည်။ ဆေးမန်ကျည်းပင်ကား ခြုံပင် သို့မ ဟုတ် အပင်ငယ်များဖြစ်၍ မြန်မာနိုင်ငံ၌ အနှံ့အပြား တွေ့ရသည်။ ပုံသဏ္ဌာန် : ပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွှေးရွက်ပေါင်း ဖြစ်သည်။ အဖူးနှင့် အဆုံးသတ်သော ပန်းခိုင်မျိုးဖြစ်သည်။ အသီးသည် ရှည်မျောမျော နည်းငယ်ကွေးသည်။ မအက်ကွဲသီး ဖြစ်သည်၊ အစေ့သည် လေးထောင့်ပုံသဏ္ဌာန်ဖြစ်၍ နီညိုရောင်ရှိသည်။ အပင်----အမြဲစိမ်း သစ်မာပင် ကြီးမျိုး ဖြစ်သည်။ အခေါက်များ မည်းညိုရောင် ရှိပြီး ထူပြီး ကြမ်းသည်။ အကိုင်းများစွာ ဖြာသည်။ အရွက်--- ငှက်မွှေးရွက်ပေါင်း ဖြစ်သည်။ ရွက်လွှဲ ထွက်သည်။ ရွက်မြွှာများ သေးငယ်၍ နူးညံ့ပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရှည်မျောမျော ပုံရှိသည်။ အပွင့်--- သေးငယ်သည်။ အဝါရောင် ပေါ်တွင် အနီစင်း များရှိသည်။ တစ်ခိုင်တွင် အပွင့် ၁၀-၁၅ ပွင့် ပါရှိသည်။ တန်ဆောင်မုန်း နတ်တော်လ တွင် ပွင့်၏။ အသီး----သီးတောင့် ရှည်မျိုး ဖြစ်သည်။ စိမ်းညိုရောင် ရှိသည်။ အသားထူသည်။ တစ်ခန်း တွင် အစေ့ တစ်စေ့ ပါသည်။ အစေ့သည် တောက်ပ သော ညိုမည်းရောင် ရှိ၍ မာသည်။ ပြာသို ၊ တပို့တွဲ ၊ တပေါင်း တွင် အသီးရင့် သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်း ဒေသတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင်--- မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏။ အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏။ အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ၏ ၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့် လေကို နိုင်၏။ အသုံးပြုပုံ- ပဉ္စငါးပါး မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ်မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။ အခေါက် အခေါက်ကို ညောင်းကျ ရောဂါ ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ ၊ သွေးမြင်း သရိုက် ရောဂါ ၊ ကိုယ်ရေ ဝါ ရောဂါ နှင့် ဝမ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများ တွင် သုံး၏။ အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစား ပြီး နောက် ရေနှင့် ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏။ အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏။ အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏။ အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏။ အရွက် အရွက်ရည်ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏။ အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်းကြီး တစ်ဇွန်းကျ သောက်သော် ဆီးပူခြင်း ပျောက်၏။ အပူလွန်၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည်ကို လိမ်းပေးက ပျောက်၏။ မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏။ မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။ အသီး မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး ၊ အားဆေး နှင့် ခံတွင်းကောင်း ဆေး ဖော်စပ်ရာ တွင် သုံး၏။ မန်ကျည်းသီး အဟောင်း ၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူ နှင့် ချေးသီး တို့ကို အမျှစု ကြိတ်ပြီး ရွေးလုံး မျှလုံး၍ အရိပ်တွင် အခြောက် လှန်းကာ ၁၅ မိနစ် တစ်ကြိမ် တစ်လုံးကျ ကြက်သွန်ဖြူ ရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့် ဖျော်သောက်က ကာလဝမ်း ရောဂါ ပျောက်၏။ မန်ကျည်းသီးမှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။ အစေ့ မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏။ မန်ကျည်းစေ့ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏။ အစေ့ဆံကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။ မန်ကျည်းစေ့ ရင့်ရင့် အခွံ ၊ ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။ ကိုးကား အာဖရိကတိုက်၏ သစ်ပင်များ ဆေးဖက်ဝင် အပင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%BA%E1%80%80%E1%80%BB%E1%80%8A%E1%80%BA%E1%80%B8
သဖန်း
သဖန်းသီးသဏ္ဍန်သည် လုံးလည်းလုံး ချွန်၍ ကြက်သွန်နီလိုလည်းကောင်း ကနစိုးသီး တောကြက်မောက်သီး ကဲ့သို့ အသီးအရွယ်အစားချင်း ဆင်၍ အထဲမှာတော့မတူပါ။ ကနစိုးသီး ၊ တောကြက်မောက်သီးတို့ကဲ့သို့ သဖန်သီးသည်လည်း အပြွတ်လိုက်သီး၏။ ကနစိုးသီး၊ တောကြက်မောက်သီး တို့နှင့် အခွံ အရွယ်စားတူညီသယောင်ရှိ၏။ သဖန်းသီးအခွံသည် မာလကာသီးစိမ်း နဂါးမောက်သီးအခွံ ကြက်သွန်နီအခွံတွေလို ဖြစ်ပေ၏။ အတွင်းပိုင်းမှာ သဖန်းသီးသည် ဖရဲသီးအမွှာနီလိုဖြစ်၍ ဝါတောက်ကာ အာလူးအခွံလိုနဲ့ ကနစိုးသီးဟာတော့ အတွင်းအမွှာတွေလိုဖြစ်နေ၍ အဝါတောကြက်မောက်သီး အတွင်း စိုစိုပြေပြေတော့ရှိ၍ အဆူးပါ အနီကြက်မောက်သီးသဏ္ဍန်ဖြစ်နေ၍ အစေ့လည်းပါ၏။ သဖန်းသီး ကနစိုးသီး တောကြက်မောက်သီးအဝါဟာ မျိုးနွယ်စိတ်တူအပင်သဏ္ဍန်တွေလည်းဖြစ်၏။ ကိုးကား သစ်ပင်များ ဗုဒ္ဓဘာသာ ကျမ်းစာများရှိ အပင်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%96%E1%80%94%E1%80%BA%E1%80%B8
သနပ်ခါး
ဆောင်းမှာနွေး၊ နွေမှာအေး ဆိုသည့် သနပ်ခါး၏ အာနိသင်ကြောင့် မြန်မာလူမျိုးများသည် မွေးကင်းစ အရွယ်ကစ၍ အသက်အရွယ်မရွေး သနပ်ခါးလိမ်းကြသည်။ မြန်မာနိုင်ငံတွင် မည်သည့်နေရာကို သွားသွား သနပ်ခါး လိမ်းကျံထားသော မျက်နှာများကို မြင်တွေ့နိုင်ခြင်းက သက်သေသာဓကပင် ဖြစ်ပေသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိန်းကျံအလှခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ သနပ်ခါးကို မခုံမင် မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ပင် ရှားပါးပါသည်။ ယခုခေတ်ပေါ် အနောက်တိုင်း အလှခြယ်ပစ္စည်း ကိရိယာများ အသုံးများ၍ ခေတ်စားနေစေကာမူ သနပ်ခါးနှင့် ကင်းနိုင်သူ မြန်မာအမျိုးသမီးတို့၏ အရေအတွက်မှာ အလွန့်အလွန် နည်းပါးလှပေသည်။ သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပြန့်သော ရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းကျံသူအား လှပစေခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများ အဆုံး သနပ်ခါးကို လက်မလွှတ်နိုင်ခဲ့ကြခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် သနပ်ခါးကို အမြဲတစေ လိမ်းကျံသဖြင့် အသားအရေ စိုပြေဝင်းဖန့်နေသောသူကို တွေ့လျှင် "သနပ်ခါးသားရသည်"ဟု ရှေးမြန်မာအမျိုးသမီးများ ဆိုလေ့ရှိကြပေသည်။ မြန်မာလူမျိုးများသည် သနပ်ခါးကို နှစ်သက်ခြင်းသည် အလှအပ လိမ်းကျံစရာ ပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေးဘက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့်လည်း ဖြစ်သည်။ ပူအိုက်စွတ်စို ရာသီဥတုရှိသည့် မြန်မာနိုင်ငံတွင် နေလောင်ခြင်းဒဏ်ကို ကာကွယ်နိုင်ပြီး အသားအရေကို ထိန်းသိမ်းနိုင်သည့် သနပ်ခါးကို မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုကြပေသည်။ မြန်မာ့ သနပ်ခါး သည်မြန်မာလူမျိုးတို့အတွက် နေ့စဉ်နှင့် တကွ အသုံးပြုကြလျက် ရှိသော လူ့အသုံးအဆောင် တစ်ရပ်ဖြစ်သည်။ အထောက်အထား အစဉ်အလာ သနပ်ခါးကို အစောဆုံး AD 5 ရာစုလောက်တွင် ပုဂံခေတ် မြန်မာ လူမျိူးတို့ စတင်အသုံးပြုခဲ့သည်သနပ်ခါးကို စာပေဖြင့် ရေးသားတင်စားကြခြင်းကို ၊၁၄-ရာစုနှစ် ကဗျာပညာရှင် မွန်ဘုရင် ရာဇာဓိရာဇ်၏ ကြင်ယာတော်နှင့် ၁၅-ရာစုနှစ် ရဟန်းကဗျာပညာရှင် ရှင်မဟာရဋ္ဌဿရတို့၏ ကဗျာများတွင် တွေ့ရှိကြရပေသည်။ မြန်မာနိုင်ငံ၏ အချို့သော နေရာဒေသများတွင် နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်း သနပ်ခါးသွေးပွဲတော်များ ကျင်းပလေ့ရှိနေပါသည်။ သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးကလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများတီးမှုတ်သီဆိုကြလေ့ရှိသည်။ သွေးပြီး ရရှိလာသော သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နှင့် ဆေးကြောပြီး ကုသိုလ်ယူကြသည့် မြန်မာတို့၏ ချစ်စရာကောင်းသော ဓလေ့ဟာလည်း ယနေ့ထိတိုင် ရှိနေပေသည်။ ပေါက်ရောက်ရာ ဒေသ သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန် နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတို့တွင် တွေ့ရှိရသည်။ မြန်မာ့သနပ်ခါးသည် အရည်အေသွး အကောင်းဆုံးပင် ဖြစ်ပေသည်။ သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်သည့် သီးနှံဖြစ်သဖြင့် မြန်မာနိုင်ငံ အပူပိုင်းဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးကြရုံတင်မက အိမ်ခြံဝင်းအတွင်းတွင်လည်း စိုက်ပျိုးလေ့ရှိကြသည်ကို တွေ့မြင်နိုင်ပေသည်။ သနပ်ခါးပင်သည် စိုက်ခင်းသစ် ပထမတစ်ကြိမ် ခုတ်၍ ရောင်းချပြီး သန်မာထွားကျိုင်းသည့် သားတက်များ ဆက်ခါဆက်ခါ ထားရှိနိုင်သဖြင့် ဘိုးစဉ်ဘောင်ဆက် အဆင့်ဆင့် ခုတ်ယူရောင်းချပြီး ဝင်ငွေရသဖြင့် "အပူပိုင်း ပဒေသာပင်ဟု တင်စားပြီး အပူပိုင်းဒေသ၏ ရတနာ" ဟုပင်ခေါ်ဆိုကြပေသည်။ သိပ္ပံအမည်နှင့် အမျိုးအစားခွဲခြားခြင်း မြန်မာအမည် = သနပ်ခါး အင်္ဂလိပ်အမည် = Chinese Box Tree, Wood Apple မျိုးရင်း= Rutaceac မျိုးစု= Limonia မျိုးစိတ်= L.acidissima သိပ္ပံအမည်= Naringi crenulata (Roxb) Limonia acidissima Hespercthusa crenulata (Roxb) Rocam အပင်၏ ဝိသေသလက္ခဏာများ သနပ်ခါးပင်၏ ပုံသဏ္ဌာန်မှာ အပင် ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀-၃၀ ထိမြင့်တက်ပြီး ပင်စည်နှင့် အကိုင်းအခက်များတွင် လက္မဝက်၊ တစ်လက္မခန့် ရှည်သည့် မာကျောသော ဆူးများ ပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသော အခါမှ အပွေးထူလာသည်။ အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၂ စုံမှ ၃ စုံထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါသည်။ ရွက်ပြားပြောင်ချောပြီး တောင့်တင်းမာကျောသည်။ အစိမ်းရင့်ရောင်ရှိသည်။ အပွင့်ပုံသဏ္ဌာန်မှာ သေးငယ်ပြီး၊ အဝါနုရောင်ရှိသည်။ အဆုပ်လိုက်ပွင့်သည်။ ရေမြေရာသီဥတုအပေါ် မူတည်၍ တပေါင်း၊ တန်ခူး၊ ကဆုန်လများတွင် အပွင့်များပွင့်သည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ ရေသောက်မြစ် ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်ထွက်သည်။ အမြစ်တွင်လည်း အပွေးအခေါက်ပါရှိသည်။ အမြစ်မှ သားတက်များထွက်လေ့ရှိသည်။ စိုက်ပျိုးခြင်း သနပ်ခါးပင်များကို ဂဝံ/ကျောက်စရစ်မြေ (Gravel soil) တွင် အဓိကစိုက်ပျိုးကြ၍ ရွံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သောမြေများမှ လွဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်သည်။ အပင် ၂-၃နှစ်သား အရွယ်မှ စ၍ ပင်ခြေအတက်များနှင့် အကိုင်းအခက်များကို ရှင်းလင်းဖယ်ရှား ပေးကြသည်။ သနပ်ခါးပင်များသည် ယေဘုယျအားဖြင့် သက်တမ်း ၅-၈ နှစ် အရွယ်တွင် စတင်ဈေးကွက်ဝင်ကာ အရည်အသွေး အကောင်းဆုံး သနပ်ခါးတစ်ပင် ရရှိရန်မှာ သက်တမ်း(၃၅)နှစ်ခန့် လိုသည်ဟု ဆိုကြသည်။ သနပ်ခါးတွင် ဓာတုပစ္စည်း ပါဝင်မှု 2-quinolone and 2-hydroxy quinoline N-acetyl-N-methyltryplamine Tanakine and Tanakamine 7-methoxy-6-(2,3-epoxy-6-methylbutyl) coumarin 4-methoxy -1-methy 1-2quinolone and marmesin from the organic extracts of the root bank Suberosin နှင့် marmesin တို့သည် Antibacterial activity နှင့် UV absorption ဂုဏ်သတ္တိများ ရှိသည်။ ဆေးဘက်ဆိုင်ရာ မြန်မာ့ဆေးကျမ်းများအရ သနပ်ခါးသည် ပူ၏။ သွေးကိုကြွစေတတ်၏။ ပူ ခါး ချုပ် ပွင့် ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ။ အအေးနာ၊ နှစ်မျိုးစလုံးနိုင်၏ဟု ဆိုထားသည်။ သိပ္ပံနည်းဆေးကျမ်းအရဆိုလျှင် Anti-bacterial နှင့် Anti-fungal ပါဝင်မှုကြောင့် အသားအရေကို ကြည်လင်သန့်စင်စေကာ ဝက်ခြံ၊ တင်းတိပ်ကို ပျောက်ကင်းစေသည်။ အဖြူ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်းစေပြီး၊ အဖုအပိတ်များကိုလည်း ပျောက်ကင်းစေသည်ဟု ဖော်ပြကြသည်။ သနပ်ခါးတွင် Coumarine ဓာတ်ပါဝင်သဖြင့် အသားအရေပေါ်တွင် ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများကို ဖယ်ရှားပေးနိုင်ပြီး၊ အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျို လန်းဆန်းစေသည်။ Mamesin ပါဝင်မှုကြောင့် ခရမ်းလွန်ရောင်ချည် (UV-A ray) ကြောင့်ဖြစ်ပေါ်သော မျက်နှာပေါ်တွင် အရေပြားတွန့်လိမ်ခြင်း (အရေးအကြောင်း ပေါ်ခြင်း) ၊ အရေပြား အရောင်ပျက်ခြင်း (Skin discoloration) မှကာကွယ်ပြီး တင်းတိတ်နှင့် အရေပြားကင်ဆာ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်သည်။ ရှင်မတောင် သနပ်ခါး သနပ်ခါးထဲတွင် လူကြိုက်အများဆုံးမှာ ရှင်မတောင် သနပ်ခါးဖြစ်သည်။ ရှင်မတောင်သနပ်ခါး၏ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်သည်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးသည်။ ရွှေဘိုသနပ်ခါးသည် ရှင်မတောင်သနပ်ခါးကဲ့သို့ ထူးခြားစွာ အနံ့ မမွှေးပေမယ့် ဝင်းဝါတဲ့ အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း မြန်မာအမျိုးသမီးများက နှစ်သက်ကြသည်။ သနပ်ခါးပင်နှင့် မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia acidissima)လည်းရှိပါသေးသည်။ သီးပင်ကို wood apple ဟု အမည်ခေါ်ဆိုကြသည်။ မြန်မာလူမျိုးများက သီးပင်၏ အသီးကို ထန်းလျက်နှင့်ပေါက်ကာ ရောမွှေစားလေ့ရှိကြသည်။ သီးပင်၏ အခေါက်ဖြစ်သော သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြသည်။ ရှင်မတောင် သနပ်ခါးကဲ့သို့ အနံ့ မမွှေးပျံ့ သော်လည်းပဲ ကျောက်ပျဉ်၌ သွေးလိုက်သည့်အခါမှာ စေးနေပြီး လိမ်းလိုက်ရင် အသားအရေ စိုပြည်ဝင်းပလာသောကြောင့် မြန်မာအမျိုးသမီးများက သီးခေါက်ကိုလည်း နှစ်သက်ကြပါသေးသည်။ သနပ်ခါးကို မြန်မာလူမျိုးများနှစ်သက်ကြခြင်းသည် သနပ်ခါး၏ ဆေးဖက်ဝင်သော ဂုဏ်သတ္တိကြောင့်လည်း ဖြစ်သည်။ နေလောင်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်သော သနပ်ခါးကို ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် မြန်မာနိုင်ငံမှာ အရေပြားထိန်းသိမ်းဖို့အတွက် အဓိကထားကြသည်။ အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနှင့် ရောသွေးကာ လိမ်းကျံကြသည်။ မျက်နှာမှာ ဝက်ခြံကင်းပြီး အသားအရေ ချောမွေ့ဖို့အတွက် သနပ်ခါးက ဆေးဖက်ဝင်ပါသည်။ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်းမှာ သနပ်ခါးသွေးပွဲ ကျင်းပလေ့ရှိသည်။ သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများ တီးမှုတ်သီဆိုကြသည်။ သွေးပြီး ရရှိလာတဲ့ သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နဲ့ ဆေးကြာပြီး ကုသိုလ်ယူကြတဲ့ ဓလေ့ဟာ ယခုထိတိုင် ရခိုင်ပြည်နယ်မှာ ရှိနေပါသည်။ သနပ်ခါးအတုံးကို ကျောက်ပျဉ်မှာ ရေနှင့်သွေးလိမ်းခြင်းအပြင် သနပ်ခါးမှုန့်ကိုလည်း မျက်နှာလိမ်း ပေါင်ဒါ အဖြစ် အသုံးပြုကြသည်။ အဆီပြန်တဲ့ အသားအရေ ရှိသူများအတွက် သနပ်ခါးသည် အသင့်တော်ဆုံး အလှပြင် သဘာဝ မိတ်ကပ်တစ်မျိုးပဲ ဖြစ်သည်။ ရှင်မတောင်သနပ်ခါးတုံးများကို သိမ်းဆည်းတဲ့အခါမှာ ပလပ်စတစ်အိတ်ထဲ ထည့်ပြီး သိမ်းဆည်းခြင်းသည် အကောင်းဆုံးပါ။ သစ်သားစားပွဲပေါ်မှာ သစ်သားနဲ့ ထိထားရင် ရှင်မတောင်သနပ်ခါးနံ့သာ သစ်သားဆီကို ကူးသွားပြီး ရှင်မတောင်သနပ်ခါးက အနံ့ ပြယ်သွား တတ်သည်။ ရှင်မတောင်သနပ်ခါးတုံးများ အထားကြာ၍ မမွှေးတော့ဘူးဆိုရင် ရေနွေးပွက်ပွက်ဆူကို သနပ်ခါးတုံးပေါ် လောင်းချလိုက်ရင် အနံ့ပြန်မွှေးလာသည်။ ရှင်မတောင် သနပ်ခါးတုံးကို ရေနွေးပူပူနဲ့ ဆေးကြောပြီး နေပူပူမှာ နေလှန်းထားရင် ရှင်မတောင်နံ့ အလွန်မွှေးပျံ့ နေမှာ ဖြစ်သည်။ သစ်ပင်များ ရုပ်ပုံများ ကိုးကား မြန်မာ့ ယဉ်ကျေးမှု အလှကုန်ပစ္စည်းများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%94%E1%80%95%E1%80%BA%E1%80%81%E1%80%AB%E1%80%B8
ဇမ္ဗူပနီ
ဇမ္ဗူပနီ သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%87%E1%80%99%E1%80%B9%E1%80%97%E1%80%B0%E1%80%95%E1%80%94%E1%80%AE
တောင်ဇလပ်
တောင်ဇလပ်ကို လက်ထုတ်သိမ်ဟုလည်း ‌ခေါ်သည်။ ရုက္ခဗေဒအလိုအားဖြင့် ‘ရိုက်ရှား တိုမင်တို စား’ဟု‌ခေါ်၍၊ ‘အဲ‌ပေါ့ ဆီ‌နေဆီအီး’ မျိုးရင်းတွင်ပါဝင်သည်။ ‌တောင်ဇလပ်ပင်သည် အမြင့်‌ပေ ၄၀ ထိ ကြီးထွားနိုင်၍ လုံးပတ် ၃-၄ ‌ပေ ရှိနိုင် သည်။ အထက်နှင့် ‌အောက်မြန်မာနိုင်ငံရှိ လယ်ကွင်းများ၊ ‌တောင်နိမ့် သစ်‌တောများတွင် ‌ပေါက်‌ရောက်ကြသည်။ အသားမှာဖြူ၍ အ‌တော်အတန် မာ‌ကျောသည်။ အသားကုဗ‌ပေ တစ်ပေလျှင် အ‌လေးချိန်‌ပေါင် ၄၀ မျှရှိ သည်။ ထိုအသားကို အိမ်‌ထောင်ပရိ‌ဘောဂပစ္စည်းများ၊ ‌သေတ္တာနှင့် ဘီးများပြုလုပ်ရာတွင် အသုံးပြုကြသည်။ ပန်းပုနှင့် ပန်းပွတ်လုပ်ငန်းများအတွက်သုံးရန်လည်း အ‌ကောင်းဆုံးဖြစ်သည်။ အရွက်များမှ မဲနယ်ရောင် ဆိုး‌ဆေးတစ်မျိုးထွက်၍ အ‌စေ့များကို စားနိုင်သည်။ အ‌ခေါက်နှင့် အမြစ်များကို ‌မြွေ၊ ကင်းမြီး‌ကောက်ကဲ့ သို့‌သော အဆိပ်ရှိသတ္တဝါများကိုက်လျှင် အဆိပ်‌ဖြေ‌ဆေးအဖြစ် သုံးကြသည်။ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တွင်မူ တောင်ဇလပ်ပန်းကို အမျိုးသားပန်းအဖြစ် အမြတ်တနိုး တန်ဘိုးထားကြသည်။ မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ၊ တောင်ဇလပ်ဝါ အပင်မျိုးစိတ်များကို မျိုးတုန်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ရမည့် သဘာဝအပင်စာရင်းတွင် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ကိုးကား သစ်ပင်များ နီပေါနိုင်ငံ၏ အမျိုးသားသင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%87%E1%80%9C%E1%80%95%E1%80%BA
ပင်မှည့်
ပင်မှည့် (; passion fruit) သည် ဘရာဇီးနိုင်ငံတောင်ပိုင်းမှ ပါရာဂွေးနိုင်ငံတလျောက်နှင့် အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းတို့တွင် တွေ့ရသော ဒေသမျိုးရင်း နွယ်ပင်ဝင်ဖြစ်သည်။ ချို၍ အစေ့များသော ပင်မှည့်ပင်ကို အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။ သစ်သီး
https://my.wikipedia.org/wiki/%E1%80%95%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%8A%E1%80%B7%E1%80%BA
သင်ပန်း
သင်ပန်း သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%95%E1%80%94%E1%80%BA%E1%80%B8
စွယ်တော်ပင်
စွယ်တော် (Bauhinia acuminata) ပန်းပွင့်သော ချုံနွယ်များ၏ မျိုးစိတ်တစ်ခုဖြစ်ပြီး မုတ်သုံရာသီဥတု ရှိသော အရှေ့တောင်အာရှတွင်တွေ့ရသည်။ အခြားခေါ်ဝေါ်သုံးစွဲသော အမည်များမှာ Dwarf White Bauhinia၊ White Orchid-tree နှင့် Snowy Orchid-tree စသည်တို့ဖြစ်သည်။ နေရာအနှံ့အပြားတွင် ပေါက်ရောက်သဖြင့် စတင်ပေါက်ဖွားရာဒေသ အတိအကျမှာသိရန်ခက်ခဲသော်လည်း မလေးရှား၊ အင်ဒိုနီးရှား (ဂျာဗား၊ ဘော်နီယို၊ ကာလီမန်တန် နှင့် လက်ဆားဆူဒန်ကျွန်းများ) နှင့် ဖိလစ်ပိုင် တို့ဖြစ်နိုင်သည်။ စွယ်တော်သည် ၂မီတာ မှ ၃မီတာ (၆ ပေမှ ၁၀ပေ) အထိအောင် ရှင်သန်ကြီးထွားနိုင်သည်။ အခြား Bauhinia မျိုးစိတ်ဝင်အပင်များကဲ့သို့ပင် အရွက်မှာ နှစ်ခြမ်းရှိပြီး နွားသိုးခွာ ပုံသဏ္ဌန်ရှိသည်။ အရွက်များမှာ ၆ စင်တီမီတာမှ ၁၅ စင်တီမီတာ ထိ ရှည်လျား ကျယ်ဝန်းနိုင်ပြီး အကွဲကြောင်းမှာ ၅ စင်တီမီတာ အထိနက်နိုင်ကာ အညှာမှာ ၁.၅ စင်တီမီတာမှ ၄ စင်တီမီတာအထိရှည်လျားနိုင်သည်။ ပန်းပွင့်များမှာ အနံ့ရှိပြီး ၈စင်တီမီတာ မှ ၁၂ စင်တီမီတာ အထိအချင်းရှိကာ အဖြူရောင်ပွင့်ချပ် ၅ ခုအထိရှိသည်။ ရုက္ခဗေဒအမည် 'ဗော်ဟီးနီးယား အကျူမီနေတာ'ဟု ခေါ်သော စွယ်တော်ပင်သည် ချုံပင်မျိုးဖြစ်သည် ယင်းကို မဟာလှေကားဖြူဟူ၍လည်းခေါ်သည်။ အရွက်သည် ၃ လက်မ မှ ၆ လက်မ အထိရှည်သည်။ ပန်းပွင့်သည် ကြီး၍ ဖြူသည်။ မဟာလှေကားဖြူသည် မျိုးစေ့ကိုစိုက်ရ၍ အကြီးမြန်သည်။ ဒုတိယနှစ် သို့မဟုတ် တတိယနှစ်လောက်တွင် ပန်းပွင့်သည်။ ဥယျာဉ်များတွင် အလှအပ စိုက်ပျိုးတတ်ကြသည်။ ထိုအပင်မျိုး ကို မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလ္လာယုကျွန်းဆွယ်၊ တရုတ် နိုင်ငံတို့တွင် တွေ့ရသည်။ အင်္ဂလန်ပြည်သစ်တောများ၌လည်း ရှိသည်ဟုဆို၏။ ကိုးကား အာရှတိုက်၏ ဥယျာဉ်ပန်းခြံပင်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%BD%E1%80%9A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%84%E1%80%BA
ဒေါင်းဆုပ်
ဒေါင်းဆုပ် ဆေးဖက်ဝင် အပင်များ ဘာဘေးဒိုးစ်နိုင်ငံ၏ အမျိုးသားသင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%95%E1%80%BA
နန်းလုံးကြိုင်
နန်းလုံးကြိုင်ပင်၏ ရနံ့သည် နန်းတော်တခုလုံး သင်းပြန့်မွှေးကြိုင်အောင် မွှေးရနံ့ရှိသဖြင့် နန်းလုံးကြိုင်ဟူ၍ အမည်တွင်သည်။ အင်္ဂလိပ်အမည်မှာ Vachellia farnesiana ဖြစ်သည်။ ထိုအပင်သည် ဆူးဖြူပင်နှင့် ပန်းခိုင်ပုံစံတူသော်လည်း ဆူးဖြူမျာ ရနံ့ကင်းသည်။ နန်းလုံးကြိုင်ပင်သည် ခြုံပင်ကြီးမျိုးဖြစ်သည်။ ပွင့်ချိန်တွင် အသီးများပါ တပါတည်းတွေ့ရတတ်သည်။ ဒီဇင်ဘာလတွင် ပန်းများပွင့်ဖူးသည်။ အမြစ်သည် ဆေးဖက်ဝင်သည့်အပိုင်းဖြစ်သဖြင့် စီးပွားဖြစ်တူးယူသူ များပြားပြီး အပင်မှာ ရှားပါပင်ဖြစ်လာခဲ့သည်။ ရုပ်သွင်ဗေဒ အပင် အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၁၀-၁၂ ပေ ခန့်ထိမြင့် သည်။ အကိုင်းအ ခက်များပြီး ဆူးရှိသည်။ အကိုင်းအခက်များပြီး ဆူးရှိသည်။ အကိုင်း အခက်များ ဆစ်ချိုး ထွက် သည်။ ပင်စည် ပေါ် တွင် အညိုနုရောင် အစက်ကလေး များ ပါရှိသည်။ အခေါက်မှ အစေးထွက် သည်။ အခေါက် စိမ်းညိုရောင် ရှိသည်။ အရွက် နှစ်ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်ကာ ရွက်ဆိုင်ထွက် သည်။ ရွက်မြွာ များသည်သေးငယ် သည်။ ရှည်မျောမျော ပုံသဏ္ဌာန် ရှိပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရွက်ပြား နူးညံ့သည်။ အနားညီ သည်။ အပွင့် အဝါရောင် ရှိ၍ သေးငယ်ပြီး ပန်းခိုင်ထိပ် တွင်ဘောလုံး သဏ္ဌာန်စု ပြုံ၍ထွက် သည်။ အနံ့မွှေး သည်။ တပေါင်းလ ဝါခေါင်လ အတွင်း ပွင့် သည်။ အသီး အသီးတောင့် ဖြစ်၍ နှစ်ဖက် ချွန်ပြီး ပြောင်ချောသည်။ အညိုရင့် ရောင်ရှိသည်။ အခန်း ၄-၅ ခန်း ပါသည်။ တစ်ခန်းလျှင် အစေ့ တစ်စေ့စီ ပါရှိ၏။ အစေ့အနည်းငယ် ်ပြား၍အညို ရောင်ရှိသည်။ နယုန်-ဝါဆို တွင် သီးသည်။ အသုံးဝင်ပုံ အခေါက် ၊ အရွက်။ မြန်မာ ဆေးကျမ်းများ အလိုအရ အခေါက်သည် ခါး၏ ၊ ပူ၏ ၊ စပ်၏ ၊ အဆိပ်ကို ပယ်တတ်၏။ သွေးဖောက်ပြန်ခြင်း ၊ ယားယံခြင်း နှင့် အနာပေါက် ရောဂါတို့၌ အကျိုးပြု၏။ အစေးသည် ချို၏။ ခွန်အားကို ဖြစ်စေ၏။ ကာမကို အားပေး၏ အခေါက်ကိုဆန်ဆေးရည်နှင့်သွေး သောက် အခေါက်ကို သနပ်ခါးနှင့်ရော၍ လိင်အဂ်ါကိုလိမ်း ကာမအမှု အပြီးဆုံးတိုင် လိုရာပန်းတိုင်ရောက်၏ (ကျမ်းကိုး) ကိုးကား မိုးခေါင်ရေရှားဒဏ်ခံနိုင်သော သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
ကျွဲနှာခေါင်းချိတ်
ကျွဲနှာခေါင်းချိတ် အာရှတိုက်၏ ဥယျာဉ်ပန်းခြံပင်များ စားသုံးနိုင်သော အပင်များ ဆေးဖက်ဝင် အပင်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%AC%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%90%E1%80%BA
ရှားပင်
ရှားပင် () သည် သစ်ရွက်ကြွေတတ်ပြီး ဆူးခက်များရှိသောအပင်ဖြစ်ပြီး ၄၆ ပေ(၁၅ မီတာ) ထိ အမြင့်ရှိတတ်သည်။ အင်္ဂလိပ်ဘာသာတွင် Catechu ၊ Cachou နှင့် Black Cutch ဟုလည်း အသိများကြသည်။ ရှားကို အာရှ၊ တရုတ်၊ အိန္ဒိယ နှင့် အိန္ဒိယသမုဒ္ဒရာဒေသတို့တွင် တွေ့ရတတ်သည်။ ရှားပင်ကို ရုက္ခဗေဒ အလိုအားဖြင့် အကေးရှား ကတ်တီချူဟု ခေါ်သည်။ ရှားပင်သစ် ပွားလာစေရန် အစေ့ကို ပျိုး၍ စိုက်ယူကြသည်။ ပျိုးထားသည့်ရှားပင်ငယ်များ အကြီးမြန်စေရန် အလင်းရောင်အထူးလိုသည်။ ရှားပင်သစ်များ သဘာဝအလျောက် မျိုးဆက် ပေါက်ပွားသောအရပ်များမှာ ဖုန်းဆိုးရပ်များ၊ မြစ်ကမ်းဘေးများနှင့် မိုးပါးသောအရပ်၌ အပင်များ ခပ်ကျဲကျဲပေါက်သည့် တောများ ဖြစ်သည်။ ရှားကိုင်းရှားခက်တို့တွင် ဆူးများရှိသည်။ ရှားသားသည် အရောင်နီ၍ အလွန်မာသည်။ ပြုပြင်ရခက်သည်ဟု ဆိုသော်လည်း ခိုင်ခံ့သဖြင့် အိမ်တိုင်များနှင့် ထွန်ယက်သည့်ကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုကြသည်။ အထူးသဖြင့် ထွန်သွားများကို ရှားသားဖြင့် ပြုလုပ်ကြသည်။ လှည်း၊ လှည်းဘီး၊ ဆန်ထောင်းရန် ကျည်ပွေ့၊ ဆီကြိတ်ဆုံ၊ ဓားလှံ၊ စူးဆောက် စသည်တို့၏ လက်ကိုင်ရိုးနှင့် ရေတွင်း ပေါင်တို့ကိုလည်း ရှားသားဖြင့် ပြုလုပ်လေ့ ရှိကြလေသည်။ အသုံးပြုပုံများ အစားအစာ ရှားပင်၏ အစေ့သည် ပရိုတိန်းဓာတ်အတွက် ကောင်းမွန်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ ရှားပင်မှရရှိသော ရှားစေးကို ကွမ်းသီး၊ ထုံးတို့နှင့် ရောစပ်၍ ကွမ်းစားရာတွင် ထည့်စားလေ့ ရှိကြသည်။ တိရစ္ဆာန်အစာ ရှားပင်၏ အကိုင်းအခက်တို့ကို ဆိတ်တို့ကို ကျွေးလေ့ရှိကြပြီး တခါတရံတွင် နွားများကို လည်း ကျွေးမွေးလေ့ရှိကြသည်။ ဆေးဖက်ဝင်ခြင်း ရှားပင်မှရသော အရာများဖြင့် လည်ချောင်းနာခြင်းနှင့် ဝမ်းရောဂါတို့ကို ကုသလေ့ရှိကြသည်။ယဉ်းနေသော အနာနှင့် ရင်ပတ်နာအတွက် ရှားစေးကို အသုံးပြုနိုင်သည်။ သစ်သား ရှားပင်ကို အမြဲလိုလိုပင် ထင်းအတွက် စိုက်ပျိုးလေ့ရှိကြပြီး ရှားသားမှာ ပရိဘောဂများနှင့် တန်ဆာပလာများအတွက် အသုံးပြုကြသည်။ ရှားသား၏ သိပ်သည်းဆမှာ ၁ ကျုဗစ်စင်တီမီတာတွင် ၀.၈၈ ဂရမ်နှုန်းဖြစ်သည်။ အခြားအသုံးပြုပုံများ ရှားသားအခြောက်ကို ဆေးဆိုးရန်နှင့် သားရေအခြောက်ခံရန်၊ ငါးဖမ်းပိုက်များကိုကြာရှည်ခံရန်၊ ဆေးကုသရန်နှင့် ရေနံတူးဖော်ရာတွင် ပျစ်ခဲမှု ကို ထိန်းသိမ်းရန်အတွက် အသုံးပြုကြသည်။ ရှားသားမီးသည် မီးရှိန် အလွန်ကောင်းသဖြင့် မီးပြင်းတိုက်ရန် လိုသည့်အခါတွင် ရှားသားကို အသုံးပြုလေ့ ရှိကြသည်။ ရှားသားမီးသွေးသည် ပထမတန်း မီးသွေးတွင် ပါဝင်လေသည်။ တံငါပိုက်ကွန်များ ဆေးဆိုးရန် ဆိုးဆေးအဖြစ် ရှားစေးကို အသုံးချကြသည်။ စိုက်ပျိုးခြင်း ရှားပင်ကို ပေါက်မြောက်ရှင်သန်ရန်အတွက် ရှားစေ့ကို စိုက်ပျိုးနိုင်သည်။ အစေ့များကို ရေနွေးတွင်ပထမဆုံး စိမ်ရလေ့ရှိသည်။ ၆ လမျှ ပျိုးပြီးသည့်နောက်တွင် ပျိုးပင်ကို မြေကြီးပေါ်တွင် ချ၍ စိုက်ပျိုးနိုင်သည်။ ပေါက်ရောက်မှု မြန်မာနိုင်ငံ မိုးနည်းပိုင်းရှိ မြေပြင် သစ်တောများတွင် ရှားပင်ကို တွေ့ရှိနိုင်သည်။ နွေအခါတွင် အရွက်ကြွေသော အရွက်အလတ်စား မျိုးသစ်ပင် ဖြစ်သည်။ မိတ္ထီလာခရိုင်ကဲ့သို့ မိုးအလွန်ပါးသော ဒေသများတွင် ရှားပင်များသည် သေးလှီ၍ အပင်ငယ်မျှသာ ဖြစ်သည်။ သို့သော်မိုးရေချိန် လက်မတစ်ရာ ခန့် ရွာသည့် ယောနယ်အတွင်းရှိ ဆောနှင့် ဂန့်ဂေါမြို့နယ်တို့တွင် ရှားပင်များသည် ကြီးထွားသန်စွမ်းစွာ ပေါက်လျက်ရှိကြလေသည်။ မိုးအတော်အတန်များ၍ ရေမတင်သော သဲဆန်သည့်မြေတွင် ရှားပင်များ ပေါက်ရောက်နိုင်သည်။ ထိုကြောင့် မြစ်ကမ်းတစ်လျှောက်ရှိ သစ်တောများတွင် ရှားပင်တို့ကို တွေ့နိုင်လေသည်။ သာဓကအဖြစ် ဖော်ပြရလျှင် စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ သစ်တောများတွင် ရှားပင်များ ပေါက်ရောက်လျက်ရှိကြသည်ကို တွေ့နိုင်ပေသည်။ ကိုးကား နီပေါနိုင်ငံတွင် တွေ့ရှိရသော သစ်ပင်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%95%E1%80%84%E1%80%BA
ကြာဖြူ
ကြာဖြူ (Nymphaea alba) ကို ဥရောပတိုက် ရေကြာပန်းဖြူ (european white water lily)၊ ရေနှင်းဆီဖြူ (white water rose) စသည်ဖြင့် ခေါ်ဆိုပြီး၊ ရေနေပန်းပွင့်ပင် တမျိုး ဖြစ်ကာ နင်ဖီယာစီးမျိုးရင်းတွင် ပါဝင်သည်။ မြောက်အာဖရိက၊ သမအာရှ၊ ဥရောပနှင့် အပူပိုင်းအာရှ(အိန္ဒိယ)တို့တွင် အလေ့ကျ ဖြစ်ထွန်းသည်။ အချက်အလက် ၎င်းကြာဖြူသည် ၃၀-၁၅၀ စင်တီမီတာ (၁၂-၅၉ လက်မ) နက်သော ရေတွင် ကြီးထွားပြီး၊ ရေကန်ကြီးများ၊ အိုင်ကြီးများကို နှစ်သက်သည်။ အရွက်သည် အချင်းအားဖြင့် ၃၀ စင်တီမီတာ (၁၂ လက်မ) အထိ ရှိနိုင်ပြီး၊ တပင်လျှင် ၁၅၀ စင်တီမီတာ (၅၉ လက်မ) ပြန့်ကားသည်။ ပန်းပွင့်များသည် အဖြူရောင် ဖြစ်ပြီး၊ အထဲတွင် ဝတ်ဆံဖို(တိုင်) ငယ်များစွာ ရှိသည်။ မျိုးခွဲပုံ ပထမဦးစွာ စာအုပ်ထဲတွင် ရေးသား ဖော်ပြခြင်း ခံရသည်မှာ ၁၇၅၃ ၌ ကားလ် လင်းနရပ် ရေးသော သူ့စာအုပ် ဖြစ်သည့် Species Plantarum ၏စာမျက်နှာ ၅၁၀ တွင် ဖြစ်သည်။ အနီမျိုးသည် ၁၉ ရာစု အစောပိုင်းတွင် ၎င်းတို့ကို စတင်တွေ့ရှိရာ ဆွီဒင်၊ တီဗဒင်တောအုပ်အတွင်းရှိ ဖဂါတန်း ကန်၌ များပြားစွာ သဘာဝအလျောက် ပေါက်နေခြင်း ဖြစ်သည်။ တွေ့ရှိမှုကြောင့် ပန်းကို ရှာဖွေသူ များပြားလာရာ၊ အကာအကွယ် မပေးနိုင်မီ ၎င်းကြာဖြူသည် အရိုင်းဘဝမှာပင် မျိုးတုံးလုနီးပါး ဖြစ်သွားသည်။ ကိုးကား ပန်းများ ဆေးဖက်ဝင် အပင်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%AC%E1%80%96%E1%80%BC%E1%80%B0