title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ကရကဋ် (ဗေဒင်)
ကရကဋ် (Cancer;သင်္ကေတ )သည် စတုတ္ထရာသီခွင်ဖြစ်သည်။စန္ဒာသည်ကရကဋ်၏ ရာသီခွင်ဖြစ်သည်။ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၂၂ ရက်အတွင်းမွေးဖွားသူများသည်ကရကဋ်ရာသီဖွားများဖြစ်ကြသည်။ဓာတ်ကြီးလေးပါး အနက်မှ ရေဓာတ် (ဝါ) ဝါရောဓာတ်ဖြစ်ပေသည်။အနောက်တိုင်း ကြယ်တာရာ နက္ခတ္တဗေဒ တွင်ဇူလိုင်နှစ်ဆယ့်တစ်ရက်တွင်ရာသီကူးပြောင်​းပြီး ခန့်မှန်​းခြေ ဩဂုတ်လကိုးရက်နေ့တွင်အခြားရာသီခွင်ဆီသို့ကူးပြောင်းသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9B%E1%80%80%E1%80%8B%E1%80%BA%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
သိဟ် (ဗေဒင်)
သိဟ် (Leo; သင်္ကေတ )သည် ပဉ္စမရာသီဖြစ်သည်။ နေသည် သိဟ်၏ ရာသီခွင်ဖြစ်သည်။ ဇူလိုင်လ(၂၃)ရက်မှ ဩဂုတ်လ(၂၃)ရက်အတွင်း မွေးဖွားသူများသည် သိဟ်ရာသီဖွားများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%9F%E1%80%BA%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
ကန် (ဗေဒင်)
ကန် (Virgo; သင်္ကေတ )သည် ဆဌမရာသီဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်သည် ကန်၏ ရာသီခွင်ဖြစ်သည်။ ဩဂုတ်လ(၂၄)ရက်မှ စက်တင်ဘာလ(၂၂)ရက်အတွင်း မွေးဖွားသူများသည် ကန်ရာသီဖွားများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%94%E1%80%BA%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
တူ (ဗေဒင်)
တူ (Libra; သင်္ကေတ )သည် ရာသီခွင် ဆယ့်နှစ်ခုတွင် သတ္တမမြောက်ရာသီဖြစ်သည်။ သောကြာဂြိုဟ်သည် တူ၏ ရာသီခွင်ဖြစ်သည်။ စက်တင်ဘာလ(၂၃)ရက်မှ အောက်တိုဘာလ(၂၃)ရက်အတွင်း မွေးဖွားသူများသည် တူရာသီဖွားများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B0%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
ဓနု (ဗေဒင်)
ဓနု(, "Toxotes", ; သင်္ကေတ: ) သည် နဝမရာသီဖြစ်သည်။ ကြာသပတေးဂြိုဟ်သည် ဓနု၏ ရာသီခွင်ဖြစ်သည်။ နိုဝင်ဘာလ(၂၃)ရက်မှ ဒီဇင်ဘာလ(၂၁)ရက်အတွင်း မွေးဖွားသူများသည် ဓနုရာသီဖွားများဖြစ်ကြသည်။ သိရှိမှုအရဓနုရာသီဖွားများသည် လူများကိုကူညီပေးရန် လူလောကသို့ရောက်ရှိလာသူများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%93%E1%80%94%E1%80%AF%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
မကာရ (ဗေဒင်)
မကာရ (Capricorn; သင်္ကေတ: )သည် ဒသမရာသီဖြစ်သည်။ စနေဂြိုဟ်သည် မကရ၏ ရာသီခွင်ဖြစ်သည်။ ဒီဇင်ဘာလ(၂၂)ရက်မှ ဇန်နဝါရီလ(၂၀)ရက်အတွင်း မွေးဖွားသူများသည် မကာရရာသီဖွားများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%AC%E1%80%9B%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
ကုံ (ဗေဒင်)
ကုံ (Aquarius; , "Hydrokhoös", ; သင်္ကေတ: )သည် ဧကာဒသမရာသီဖြစ်သည်။ ယူရေနတ်ဂြိုဟ်သည် ကုံ၏ ရာသီခွင်ဖြစ်သည်။ ဇန်နဝါရီလ(၂၁)ရက်မှ ဖေဖော်ဝါရီလ(၁၈)ရက်အတွင်း မွေးဖွားသူများသည် ကုံရာသီဖွားများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%B6%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
မိန် (ဗေဒင်)
မိန် (Pisces; , pis'eez; , "Ikhthues"; သင်္ကေတ: ) သည် ရာသီဖြစ်သည်။ နက်ပကျွန်းဂြိုဟ်သည် မိန်၏ ရာသီခွင်ဖြစ်သည်။ ဖေဖော်ဝါရီလ(၁၉)ရက်မှ မတ်လ(၂၀)ရက်အတွင်း မွေးဖွားသူများသည် မိန်ရာသီဖွားများဖြစ်ကြသည်။ ကိုးကား ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%94%E1%80%BA%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
ဗြိစ္ဆာ (ဗေဒင်)
ဗြိစ္ဆာ (Scorpio; , Skorpios; ; သင်္ကတ: )သည် အဌမရာသီဖြစ်သည်။ ပလူတိုသည် ဗြိစ္ဆာ၏ ရာသီခွင်ဖြစ်သည်။ အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်ဘာလ(၂၂)ရက်အတွင်း မွေးဖွားသူများသည် ဗြိစ္ဆာရာသီဖွားများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%AD%E1%80%85%E1%80%B9%E1%80%86%E1%80%AC%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့၍ ၁၈၅၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြီးဆုံးသည်။ စစ်ဖြစ်ရသည့်အကြောင်းရင်း အင်္ဂလိပ် ကုန်တင်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီနှင့် ရောဘတ်ရှက်ပတ်တို့သည် ရန်ကုန်မြစ်အတွင်း၌ ရှိနေစဉ် သင်္ဘော ပေါ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည်။ မြန့်မာရေပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ရန်ကုန်မြို့ဝန် ဦးအုပ်က ဖမ်းဆီးဒဏ်ရိုက်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ကာ ဒုတိယအင်္ဂလိပ်မြန်မာစစ်ကို စတင်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။ စစ်မတိုင်မီအင်္ဂလိပ်တို့၏တောင်းဆိုမှုများနှင့်မြန်မာတို့၏လိုက်လျောမှုများ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒလဟိုဇီက ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်အား စစ်သင်္ဘောသုံးစင်းဖြင့် ရန်ကုန်သို့ စေလွှတ်၍ လျော်ကြေးငွေများပြန်ပေးရန်နှင့် ရန်ကုန်မြို့ဝန် ဦးအုပ်အား ရာထူးမှဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ ပုဂံမင်းသည် ရန်ကုန်မြို့ဝန် ဦးအုပ်ကို အင်းဝနေပြည်တော်သို့ ပြန်ခေါ်၍ ရွှေတောင်မြို့ဝန် ဦးမှုန်ကို ရန်ကုန်သို့ ပြောင်းရွှေ့ခန့်ထားလိုက်သည်။ လျော်ကြေးငွေများကိုလည်း စုံစမ်းစစ်ဆေးပြီး သင့်သလိုစီစဉ်ပေးရန် ညွှန်ကြားခဲ့သည်။ စစ်ဖြစ်ပွားပုံ ရေတပ်ဗိုလ်မှူးချုပ် လင်းဘတ် စေလွှတ်လိုက်သော အရာရှိတို့သည် ရန်ကုန်မြို့ဝန် ဦးမှုန်၏ အိမ်ဝင်းအတွင်း မြင်းစီး၍ဝင်သဖြင့် အမှုထမ်းတို့ကတားဆီးရာတွင် တင်းမာမှုဖြစ်ခဲ့သည်။ ထိုအရာရှိတို့ကို ဦးမှုန်က ရေဝန်စစ်ကဲနှင့်သာ တွေ့ဆုံစေသဖြင့် မကျေမနပ်ဖြစ်ကာ လင်းဘတ်ကို တိုင်ကြားခဲ့သည်။ လင်းဘတ်သည် ၁၈၅၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာဘုရင်ပိုင် ရေနန်းယာဉ်သာ သင်္ဘောကို ရန်ကုန်မြစ်အတွင်းမှ အဓမ္မယူဆောင်သွားသည်။ မြန်မာကင်းတပ်တို့က တားဆီးရာတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် လင်းဘတ်က ရန်ကုန်မြစ်၊ ပုသိမ်မြစ်၊ မုတ္တမမြစ် တို့ကို ပိတ်ဆို့ခဲ့သည်။ နှစ်ဘက်တင်းမာချိန်အင်္ဂလိပ်တို့၏ထပ်မံတောင်းဆိုမှုများ ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်က ရေနန်းယာဉ်သာ သင်္ဘောကို ပြန်လည်ရယူလိုပါက စစ်ပြင်ဆင်စရိတ်နှင့် အင်္ဂလိပ်တို့၏နစ်နာကြေးအတွက် မြန်မာတို့က ငွေဒင်္ဂါးတစ်သန်းပေးရန်နှင့် ရန်ကုန်မြို့ဝန်အား ရာထူးမှဖယ်ရှားပေးရန်စသည့် အချက်များကို လိုက်လျောရမည်ဟု တောင်းဆိုသည်။ စစ်ကိုတိုက်ခိုက်ပုံ ပုဂံမင်းသည် စစ်ကြောင်း လေးကြောင်းဖြန့်ကာ အင်္ဂလိပ်တို့ကို တန်ပြန်တိုက်ခဲ့သည်။ မြန်မာတို့သည် သမားရိုးကျစစ်ဆင်နည်းနှင့် ပြောက်ကျားစစ်ဆင်နည်းတို့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ မြေပြင်ပြစ် အမြောက်ကြီး ၁၀၀ မျှအသုံးပြုပြီး ခံကတုတ်များနှင့် ခံတပ်များကို ပိုမိုတောင့်တင်းအောင် တည်ဆောက်၍ စစ်ကိုခုခံခဲ့သည်။ အင်္ဂလိပ်တပ်များသည် စစ်အင်အား ၈၁၀၀ ဦးခန့်၊ စစ်သင်္ဘော ၁၉ စင်း၊ သယ်ယူပို့ဆောင်ရေးသင်္ဘော ၁၅ စင်း၊ အဝေးပြစ်အမြောက်ကြီးများ၊ ရှစ်လက်မအမြောက်မြား၊ ဟော်ဝစ်ဇာအမြောက်ကြီးများနှင့် သ‌ေင်္ဘာတင်အမြောက်မြား အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံနှင့် ပတ်သက်သောစစ်ပွဲများ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%20%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AD%E1%80%95%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2
ဇီဝဓာတု
ဇီဝဓာတုဗေဒ သည် သက်ရှိတို့၏ ဓာတုဗေဒဆိုင်ရာ လုပ်ဆောင်ချက်များ ကိုလေ့လာသော ပညာရပ်ဖြစ်သည်။ ထိုဘာသာရပ်သည် ပရိုတင်း (အသားဓာတ်)၊ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)၊ လစ်ပစ် (အဆီဓာတ်)၊ နျူကလစ်အက်ဆစ်၊ အန်ဇိုင်းမ်နှင့် ဇီဝမော်လီကျူးများအစရှိသော ဆဲလ်၏အစိတ်အပိုင်းများ၏ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံတို့နှင့် ပတ်သက်သောပညာရပ်ဖြစ်သည်။ အင်ဇိုင်းမ်များသည် ပရိုတိန်းများဖြစ်ပြီး သက်ရှိအတွင်း ဓာတ်ပြုခြင်းကို မပြောင်းလဲစေဘဲ ဓာတ်ပြုမှု နှုန်းကို မြှင့်တင်ပေးသည့် ဓာတ်ကူပစ္စည်းများ ဖြစ်သည်။ အန်ဇိုင်းမ်၏ ဂုဏ်သတ္တိများမှာ ဓာတ်ပြုမှုကို အစပျိုးခြင်း၊ နှုန်းမြှင့်တင်ပေးခြင်း၊ အစပျိုးစွမ်းအင်ကို နှိမ့်ချပေးခြင်းတို့ ဖြစ်သည်။ အချို့အန်ဇိုင်းမ်များမှာ ပရိုတိန်းများ မဟုတ်ပဲ ရိုင်ဘိုနျူကလစ်အက်ဆစ်များ ဖြစ်ပြီး၎င်းတို့ကို ရိုင်ဘိုဇိုင်းမ်များဟု ခေါ်သည်။ နျူကလစ်အက်ဆစ်မှာ နျူကလီရိုတိုက် ပေါ်လီမာများဖြစ်သည်။ နျူကလီရိုတိုက်များသည် သကြား၊ ဖော့စဖိတ်နှင့် နိုင်ထရိုဂျင်ဘေ့စ်တို့ဖြင့် ဖွဲ့စည်းထားသည်။ နျူကလစ်အက်ဆစ်များသည် သက်ရှိဖွဲ့စည်းရာတွင် အရေးပါသည့် အခြေခံယူနစ်များဖြစ်သည်။ မျိုးဗီဇ သင်္ကေတ နှစ်ပင်လိမ် ကြိုးတချောင်းပုံရှိသည့် DNA (ဒီအောက်ဆီရိုင်ဘိုနျူကလစ် အက်ဆစ်) သည် အတွေ့များသည့် နျူကလစ်အက်ဆစ် တမျိုးဖြစ်သည်။ DNA တွင် သက်ရှိဆဲလ်အတွင်း မည်သို့မည်ပုံ အလုပ်လုပ်ရမည်ကို လမ်းညွှန်ပေးသည့် အချက်အလက်ပေါင်း မြောက်မြားစွာပါဝင်သည်။ သက်ရှိဆဲလ်များတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေသည့် RNA များသည်လည်း နျူကလစ်အက်ဆစ် တမျိုးဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်တွင် သကြားဓာတ်နှင့် ကဆီဓာတ်များ ပါဝင်သည်။ အရိုးရှင်းဆုံး ကာဗိုဟိုက်ဒရိတ်မှာ ဂလူးကို့စ်၊ ဂလက်တို့စ်၊ ဖရပ်တို့စ် စသည့် မိုနိုဆက်ကရိုက် များဖြစ်သည်။ မိုနိုဆက်ကရိုက်များသည် ရေထုတ်ဓာတ်ပြုခြင်း အားဖြင့် ရှည်လျားသည့် မော်လီကျူးတခက် အဖြစ်ဆက်ကာ ပေါ်လီဆက်ကရိုက်များ ဖွဲ့စည်းနိုင်သည်။ ပေါ်လီဆက်ကရိုက်များသည် မိုနိုဆက်ကရိုက်များကို အက်ဆီတယ်အုပ်စုများဖြင့်ဆက်ကာ ပေါင်းစည်းထားသည့် ကြီးမားသည့် မော်လီကျူးများဖြစ်သည်။ ဥပမာ ကဆီ၊ ဂလိုင်ကိုဂျင်နှင့် ဆဲလူးလို့စတို့သည် ပေါ်လီဆက်ကရိုက်များ ဖြစ် ကြသည်။ ပရိုတိန်းများသည် အမီနိုအက်ဆစ် များ၏ ပေါ်လီမာများဖြစ်သည်။ သက်ရှိလောကတွင် တွေ့ရှိရသည့် အမီနိုအက်ဆစ် (၂၀ ) မျိုးရှိသည်။ အမီနိုအက်ဆစ်များ အချင်းချင်း တွဲကပ်လာချိန်တွင် ပက်တိုက်ဓာတ်စည်းများ ဖြစ်ပေါ်စေသည်။ အမီနိုအက်ဆစ် နှစ်ခု တွဲကပ်ခြင်းကို ဒိုင်ပက်တိုက်ဟုခေါ်ပြီး သုံးခုတွဲကို ထရိုင်ပက်တိုက်ဟု ခေါ်ကာ သုံးခုအထက်ပါဝင်က ပေါ်လီပက်တိုကဟုခေါ်သည်။ လစ်ပစ်များမှာ အဆီနှင့် ဖယောင်းများ ဖြစ်ကြသည်။ ပြည့်ဝလစ်ပစ်များတွင် တစ်ထပ်ဓာတ်စည်းများပါဝင်ပြီး ထောပတ်ဆီတွင် တွေ့ရသည်။ ယင်းတို့သည် အခန်းအပူချိန်တွင် အခဲအခြေအနေတွင် တည်ရှိသည်။ လူ့ခန္ဓာကိုယ်အတွင်း သိုမှီးသိမ်းဆည်းထားသည့် လစ်ပစ်များသည် စွမ်းအင် အရင်းအမြစ်များဖြစ်သည်။ ခန္ဓာကိုယ်မှ စွမ်းအင် အမြောက်အမြား လိုအပ်ချိန်တွင် လစ်ပစ်မော်လီကျူးများကို ဓာတ်တိုးခြင်းဖြင့် ဖြိုခွဲကာ ATP (အဒီနိုဆင်း ထရိုင်ဖော့စဖိတ်) အသွင်ဖြင့် စွမ်းအင်ထုတ်ပေးသည်။ . သိပ္ပံ
https://my.wikipedia.org/wiki/%E1%80%87%E1%80%AE%E1%80%9D%E1%80%93%E1%80%AC%E1%80%90%E1%80%AF
ဇီဝဗေဒ
သက်ရှိတို့၏ တည်ဆောက်ပုံနှင့် ဆောင်ရွက်ချက်များအား သိပ္ပံနည်းကျ စမ်းသပ်လေ့လာသောဘာသာရပ်ကို ဇီဝဗေဒဟုခေါ်သည်။ ဗိုင်ဩလိုဂျီဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ အဓိပ္ပာယ်မှာ အသက် (သို့မဟုတ်) ဇီဝအကြောင်း လေ့လာဆွေးနွေးချက်ဖြစ်သည်။ ဤဝေါဟာရကို တီထွင်ခဲ့သူကား ထင်ရှားကျော်စောသော သဘာဝပညာရှင် ပြင်သစ်လူမျိုး လမတ် (၁၇၄၄-၁၈၂၉) ဖြစ်သည်။ ဇီဝဗေဒ ဗိုင်ဩလိုဂျီသည် သက်ရှိအရာ သို့မဟုတ် သဇီဝတို့နှင့် ပတ်သက်သော အကြောင်းအကျိုးတို့ကို လေ့လာသော သိပ္ပံပညာရပ်ဖြစ်သည်။ ဤနေရာတွင် သဇီဝဆိုရာ၌ အသက်ရှိနေ သော အရာမှန်သမျှပါဝင်သည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အသက်ရှင်နေသော သဇီဝများ ဝန်းရံလျက်ရှိကြသည်။ အပင်နှင့်တိရစ္ဆာန်တို့သည် သဇီဝများဖြစ်ကြသည်။ ထို့ကြောင့် အပင် နှင့်တိရစ္ဆာန်တို့တွင် တွေ့မြင်နိုင်သော အခြင်းအရာတို့ကို မူတည်၍ လေ့လာခြင်းဖြင့် အသက်ရှင်ခြင်းနှင့် ပတ်သက်သော အချက်အလက်များကို နားလည်နိုင်မည်။ ဇီဝ(အသက်) ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ဟူ၍ ကား တိကျစွာမပြောနိုင်ချေ။ သို့ရာတွင် ကျွန်ုပ်တို့ အကြား အမြင် အတွေ့အကြုံတို့ကို အခြေပြု၍ ပြောရသော်၊ ဇီဝ (အသက်)ဟူသည် သဇီဝခန္ဓာကိုယ်ကို ဖွဲ့စည်းထားသောအရာ များနှင့် အစဉ်သဖြင့် ဆက်စပ်နေသည်။ ဇီဝကင်းမဲ့သော ရုပ်ကို အနှံ့အပြား များစွာတွေ့နိုင်သော်လည်း၊ ရုပ်ကင်းမဲ့သော ဇီဝကို မူ သိပ္ပံလောကတွင် ရှာ၍မတွေ့ချေ။ ထိုကြောင့် ကျွန်ုပ်တို့ နား လည်သော ဇီဝဆိုသည်မှာ ရုပ်နှင့် ခွဲခွာ၍မရအောင် ဆက်စပ် လျက်ရှိသောအရာဖြစ်သည်။ ကျွန်ုပ်တို့စွမ်းဆောင်နိုင်သမျှ ဇီဝ၏ အဓိပ္ပာယ်ဖော်ပြရသော်၊ အပင်နှင့် တိရစ္ဆာန်တို့တွင် တွေ့မြင်ရသော လုပ်ငန်းဆောင်တာတို့ကို ချုပ်ကိုင်ထားသော အရာမှာ ဇီဝဖြစ်သည်။ သို့ရာတွင် ရွေ့ရှားခြင်း၊ ကြီးခြင်း၊ မျိုးပွားခြင်း စသည့် အခြင်းအရာများသည် သဇီဝတို့ အသက် ရှင်စဉ် တွေ့မြင်ရသည့် လက္ခဏာများပင် ဖြစ်လင့်ကစား၊ ယင်း လက္ခဏာတို့ပေါ်တွင် မူတည်၍ အကြွင်းမဲ့ပြည့်စုံသော ဇီဝ၏ အဓိပ္ပာယ်ကို မပေးနိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော်၊ ယင်း လက္ခဏာ တစ်စိတ်တစ်ဒေသကို နိဇီဝ (သက်မဲ့)များတွင်လည်း တွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။ သာဓကအဖြစ် ပြရသော်၊ မြစ်များလည်း ကြီးထွားခြင်းရှိကြ၏။ မြစ်မမှ မြစ်ငယ်များထပ် ပွားနိုင်ကြသည်။ ပရုတ်စိမ်းကို ရေမျက်နှာပြင်ပေါ်၌ တင်ကြည့် လျှင် ဟိုဟိုသည်သည် လှုပ်ရှားကြောင်း တွေ့ရသည်။ ရွံ့စေးကို လည်း ရေနှင့်ဖျော်ကြည့်လျှင် ရွံ့စေးမှုန့်များ လှုပ်ရှားကြောင်းကို တွေ့ရသည်။ သို့ရာတွင် ဇီဝကြောင့်ဖြစ်ပေါ်သော အခြင်းအရာ များကို သေချာစွာစိစစ်၍ လေ့လာသော်၊ အောက်ပါဝိသေသ လက္ခဏာကြီးငါးချက်ကို တွေ့ရပေမည်။ ၁။ ပရိုတိုပလက်ဇမ်ခေါ် မူလဩဇာ သဇီဝနှင့် နိဇီဝတို့ကို ခွဲခြား၍သိရှိစေသော ဝိသေသ လက္ခဏာကား သဇီဝ၌ မူမှန်အဖွဲ့အစည်းရှိခြင်းဖြစ်သည်။ သဇီ ဝဖြစ်သော သစ်ပင်နှင့် တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်တို့သည် ဆဲများ ဖြင့်ပြည့်နှက်နေသည်။ ထိုဆဲများ၏ အတွင်း၌ ရှင်သန်နေသော ပရိုတိုပလက်ဇမ် ရှိသည်။ ဤပရိုတိုပလက်ဇမ် မပါဘဲနှင့် ဇီဝ မဖြစ်နိုင်ချေ။ သစ်ပင်နှင့် တိရစ္ဆာန်တို့၌သာလျှင် ဆဲများဖြင့် ဖွဲ့စည်းထားသော အင်္ဂါများရှိသည်။ နိဇီဝတို့တွင် ဆဲနှင့် ပရိုတို ပလက်ဇမ်မရှိချေ။ သစ်ပင်နှင့် တိရစ္ဆာန်တို့၏ အချို့အင်္ဂါအစိတ်အပိုင်း၌ရှိ သော ပရိုတိုပလက်ဇမ်သည် ငယ်မူပြန်နိုင်စွမ်းရှိသည်။ ပုံစံအား ဖြင့်ဆိုသော်၊ လူ၏လက်မောင်းအရေပြား စုတ်ပြတ်ပွန်းပဲ့သွား လျှင် အရေပြားသစ် တစ်ဖန်ပြန်ဖြစ်နိုင်သည်။ သစ်ပင်နှင့် တိရစ္ဆာန်တို့၌ တွေ့မြင်ရသော အနာကျက်ခြင်း၊ ကျိုးသွားသော အရိုးများ ပြန်ဆက်ခြင်း၊ သွေးသစ်ဖြစ်ခြင်း၊ ရော်ဘာပင်၊ ထန်း ပင်တို့ကဲ့သို့ သစ်ရည်သစ်ဖြစ်ခြင်း၊ သစ်ခေါက် ထပ်တလဲလဲ ဖြစ်ခြင်း စသည်တို့မှာ ပရိုတိုပလက်ဇမ်၏ ငယ်မူပြန်စွမ်းရည် ကြောင့်ဖြစ်သည်။ ၂။ မျိုးပွားခြင်း သဇီဝတို့၌ မျိုးပွားနိုင်သော သတ္တိရှိသည်။ မျိုးပွားခြင်းဆို ရာ၌ မိဖမှပေါက်ပွားသော သားသမီးတို့သည် မိဖ၏ အမျိုးနှင့် တစ်သမတ်တည်းတူစွာ ပေါက်ပွားကြခြင်းကို ဆိုလိုသည်။ ပုံစံ အားဖြင့် ဆင်က ဆိတ်မမွေး၊ မျိုးတူ ဆင်ကလေးများကိုသာ မွေးခြင်း၊ သရက်ပင်က ဩဇာသီးမသီး၊၊ အမျိုးတူ သရက်သီး သာ သီးခြင်းကိုဆိုလိုသည်။ သဇီဝတို့တွင် အချိန်ရာသီအလိုက် မျိုးပွားမှုရှိမြဲဖြစ်သော်လည်း၊ နိဇီဝတို့တွင်မူ ဤအဖြစ်မျိုးမရှိ ချေ။ ထိုကြောင့် သဇီဝတို့တွင် မဖေါက်ပြန်သော ဇီဝစက်ရှိခြင်း ဖြစ်သည်။ ၃။ ရွေ့လျားခြင်း သဇီဝတို့တွင် အသက်ရှင်နေသောအဖြစ်ကို ပြသော လက္ခဏာကား ရွေ့ရှားနိုင်သော သတ္တိဖြစ်သည်ဟု ယူဆနိုင် သည်၊ ကျွန်ုပ်တို့ တွေ့မြင်နေကြရသော သစ်ပင်တို့မှာ မြေ၌ စွဲမြဲနေကြသည့် အရာများဖြစ်ကြသောကြောင့် တိရစ္ဆာန်များမှာ ကဲ့သို့ ရွေ့ရှားနိုင်သော သတ္တိကို ထင်ထင်ရှားရှားအမြဲတမ်း မတွေ့ရချေ။ အပင်နှင့် တိရစ္ဆာန်တို့၏ ရွေ့လျားခြင်းကို နှစ်မျိုး ခွဲခြားနိုင်သည်။ ယင်းတို့မှာ (က) အလိုအလျှောက် ရွေ့လျားခြင်း နှင့် (ခ) ဆွဲဆောင်၍ ရွေ့လျားခြင်း သို့မဟုတ် တုံ့ပြန်သတ္တိတို့ ဖြစ်ကြသည်။ (က) အလိုအလျောက် ရွေ့လျားခြင်းကို တိရစ္ဆာန်တို့တွင် ထင်ရှားစွာတွေ့နိုင်သည်။ အပင်တို့တွင်မူ အယ်လဂျေပင်များဖြစ် သော ယူဂလီနားနှင့် ဩစီလေတိုရီးယား၌ တွေ့ရသည်။ ထို အပင်တို့၏အတွင်း၌ ပရိုတိုပလက်ဇမ်သည် အလိုအလျောက်ရွေ့ လျားနေသည်။ (ခ) သဇီဝတို့တွင် ဆွဲဆောင်၍ ရွေ့ရှားခြင်း သို့မဟုတ် တုံ့ပြန်သတ္တိရှိသည်။ ပုံစံပြရသော်၊ တိရစ္ဆာန် တစ်ကောင်သည် လက်ခြေစသည်ကို မီးလောင်လျှင် မီးနှင့် ဝေးရာသို့ ရွေ့သွား လိမ့်မည်။ ကလိုရိုဖီပါသော သစ်ပင်တို့သည် အမှောင်ဖက်မှ အလင်းဖက်သို့ဦးတည်၍ ပေါက်မြဲဖြစ်သည်။ ဤနေရာ၌ မီးနှင့် အလင်း ရောင်သည် တိရစ္ဆာန်နှင့် အပင်တို့အား ဆွဲဆောင်သော အလှုံ့ဓာတ်များဖြစ်ကြ၍၊ တိရစ္ဆာန်နှင့် အပင်တို့၏ တုံ့ပြန်ခြင်း မှာလည်း ပရိုတိုပလက်ဇမ်ကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန် သတ္တိကြောင့်ပင်ဖြစ်သည်။ ဗီးနပ်စ်ယင်ထောင်ချောက်ပင်က သား ကောင်နှင့် တွေ့ထိသည်နှင့်တစ်ပြိုင်နက် အမိဖမ်းတတ်သော ယန္တရားများဖြစ်လာကြသည်။ ကုက္ကိုရွက်သည် ညတွင် အိပ် သည်။ နံနက်တွင် တစ်ဖန်ပြန့်ကားလာလေသည်။ နေကြာပွင့် သည် နေသွားရာဖက်သို့ လှည့်၍လိုက်နိုင်စွမ်းရှိသည်။ တိရစ္ဆာန် တို့၌မူကား သစ်ပင်များမှာထက် ပိုမိုထင်ရှားသော တုံ့ပြန်သတ္တိ ရှိသည်။ ၄။ ဇီဝရုပ်အဖြစ်အပျက် သဇီဝမှန်သမျှတွင် ဇီဝရုပ်အဖြစ်အပျက် (မက်တာဗော်လစ် ဇင်) ပြုပြင်နိုင်စွမ်းရှိသည်။ မက်တာဗောလ်လစ် ဇင်ဆိုသည်မှာ ဇီဝကိစ္စဗေဒ (ဖီဇီဩလိုဂျီ) လုပ်ငန်းဆောင်တာနှင့် စပ်လျဉ်း၍ သဇီဝတို့၏ဆဲအတွင်း၌ ဓာတ်များအဆက်မပြတ် ပြုပြင်ပြောင်း လဲနေပုံကို ခြုံ၍ခေါ်ခြင်းဖြစ်သည်။ မက်တာဗော်လစ်ဇင်ကြောင့် ရရှိသော အကျိုးကျေးဇူတို့မှာ သဇီဝတို့၏ အသက်ရှင်ရေးဖြစ် သော ပရိုတိုမလက်ဇမ်များ ဖြစ်ပေါ်ခြင်း၊ မချွတ်ယွင်းအောင် ဖန်တီးခြင်းနှင့် ချွတ်ယွင်းသွားသော ပရိုတိုပလက်ဇမ်များကို အသစ်ဖြစ်အောင် တစ်ဖန်ပြုပြင်နိုင်ခြင်း တို့ဖြစ်ကြသည်။ သဇီဝကို အသုံးပြုရန်အတွက် ဩဂဲနစ်ပစ္စည်းပြုလုပ်ခြင်းနှင့် ဆိုင်သော မတ်တာဗော်လစ်ဇင် ကို ဇီဝရုပ်ဖြစ်ခြင်း (အနာဗော် လစ်ဇင်)ဟု ခေါ်သည်။ သဇီဝတို့ စွမ်းအင်ရမှုအတွက်ပြုလုပ်ပြီး ဩဂဲနစ် ပစ္စည်းများကို ချေဖျက်ခြင်းနှင့်၎င်း၊ အသုံးမကျသော ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့်၎င်း ဆိုင်သော မက်တာဗော်လစ် ဇင်ကိုမူ ဇီဝရုပ်ပျက်ခြင်း (ကက်တာဗော်လစ်ဇင်)ဟု ခေါ်သည်။ ၅။ ကြီးထွားခြင်း ဇီဝဗေဒတွင် သုံးစွဲသော ကြီးထွားခြင်းဆိုသော ဝေါဟာရသည် အရွယ်ပမာဏကြီးမားလာခြင်းထက် ပိုမိုနက်နဲသော အဓိပ္ပာယ်ကို ဆောင်သည်။ ဤဝေါဟာရကို သုံးလိုက်သည်နှင်တစ်ပြိုင်နက် မက်တာဗော်လစ်ဇင်၏ အကျိုးကြောင့် (က) မိတိုဆစ် သို့မဟုတ် ဒွိဂုဏ်ပွားခြင်းဖြင့် ဆဲအသစ်များဖြစ်ပေါ်ခြင်း၊ (ခ) ထိုဆဲအသစ်များ ပမာဏကြီးမားလာခြင်းနှင့် (ဂ) ယင်းကဲ့သို့ ကြီးမားလာသောဆဲများ ကြီးရင့်လာပြီးလျှင် ရင့်သောတစ်ရှူး အသီးသီးအဖြစ်သို့ ရောက်လာခြင်းတည်းဟူသော အဆင့်သုံး ဆင့် တစ်ဆက်တည်း ဖြစ်ပေါ်ကြောင်းကို သိနားလည်ထားရ မည်။ ပမာဏကြီးမားခြင်းသည် ကြီးခြင်း၏အဆင့် တစ်ဆင့်မျှ သာဖြစ်သည်။ ဖီဇီဩလိုဂျီဆိုင်ရာ လုပ်ငန်းတာဝန်များကို ခွဲဝေ ခြင်း၊ ယင်းတာဝန်အသီးသီးကို ညီညွတ်စွာဖြစ်စေရန် ညှိထိန်း ၍ပေးခြင်း၊ သဇီဝ၏ မျိုးရိုးရုပ်သွင်ပေါ်အောင် ဖွံဖြိုးခြင်းတို့ သည်လည်း ကြီးထွားခြင်းဆိုသော ဝေါဟာရ၌ အကျုံးဝင်ပြီးဖြစ်ကြ သည်။ အချုပ်ကိုရှင်းလင်းစွာဆိုရသော်၊ သဇီဝတို့၏ ကြီးထွားခြင်း သည် အတွင်းဘက်ရှိ ပရိုတိုပလက်ဇမ်ကို အရင်းခံ၍ စတင်ဖြစ် ပေါ်သည်။ နိဇီဝတို့၏ ကြီးမားခြင်းမှာ ပြင်ပ၌စတင်ဖြစ်ပေါ် သည်။ ပုံဆောင်ခဲများ ကြီးမားလာပုံကို သာဓကပြုရလျှင်၊ ရုပ်တူဓာတ်တူဖြစ်ကြသော မော်လီကျူးများသည် ပုံဆောင်ခဲ၏ ပြင်ပမျက်နှာပြင်ပေါ်တွင် ထပ်တလဲလဲ စွဲကပ်သောကြောင့် ပမာဏကြီးလာခြင်းဖြစ်သည်။ ဇီဝဗေဒကို လေ့လာနည်း ဇီဝဗေဒကို လေ့လာရာတွင် လိုက်နာရမည့် အချက်လေးချက်ရှိသည်။ ထိုအချက်လေးချက်ကို မလိုက်နာခဲ့ပါက ယခုခေတ်သစ်ဇီဝဗေဒအဖြစ် ရပ်တည်နိုင်မည် မဟုတ်ချေ။ ၁။ သေချာပါစေ၊ တိကျပါစေ။ ဇီဝဗေဒကို လေ့လာရာတွင် သက်ရှိများကို သေချာစွာ ဂရုစိုက်၍ စူးစမ်းရှာဖွေရမည်ဟု ဆိုလိုသည်။ တွေ့မြင်သမျှကို အရှိအတိုင်း တိကျစွာ မှတ်တမ်းတင်နိုင်ရမည်။ ၂။ အကြွင်းမဲ့ ရိုးသားပါစေ။ သိပ္ပံလောကတွင် အဓိက လိုအပ်ချက်ဖြစ်သော ရိုးသားမှုသည် ဇီဝဗေဒတွင် မရှိမဖြစ်ချေ။ ရိုးသားမှုရှိသော အတွေးအခေါ်၊ အပြုအမူတို့သာလျှင် ဇီဝဗေဒ၏ အသက်သွေးကြော ဖြစ်၏။ ၃။ ရှင်းလင်းစွာ တွေးနိုင်ပါစေ။ ဇီဝဗေဒတွင် ရိုးရှင်းစွာ တွေးတောခြင်းကို ကျင့်သုံး၏။ တိရစ္ဆာန်သည် တိရစ္ဆာန်သာ ဖြစ်သည်။ ငှက်ဆိုးအော်သဖြင့် လူသေရသည်ဟူမူကား ရိုးရှင်းသော တွေးတောခြင်း မမည်ရာ။ ထိုသို့ မရိုးမရှင်း တွေးတောခြင်းကို ဇီဝဗေဒတွင် တွေ့ရမည်မဟုတ်ချေ။ ၄။ ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်နိုင်ပါစေ။ လောကတွင် များပြားလှသော အငြင်းပွားဖွယ်များကို အများပြော၍ဖြစ်စေ၊ ကျမ်းကိုးရှိ၍ဖြစ်စေ လွယ်လင့်တကူ မမှတ်ယူရာ။ ခိုင်လုံ၍ ယုံကြည်စိတ်ချဖွယ်ရှိသော အထောက်အထားများဖြင့်သာ ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်ကာ အဖြေရှာနိုင်ရမည်။ အထက်ပါ အချက်လေးချက်ကို ဇီဝဗေဒ ပညာရှင်တိုင်းက လိုက်နာကျင့်သုံးလေ့ရှိ၏။ အပင်နှင့်တိရစ္ဆာန် အီဗော်လျူရှင်ဖြစ်စဉ်၏ အတိတ်ကာလတွင် အပင်နှင့်တိရစ္ဆာန်တို့သည် တစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားစွာ ဖြစ်ပေါ် ခဲ့ကြဟန်တူပေသည်။ ထိုသို့ကွဲပြားခြားနားစွာ ဖြစ်ပေါ်လာခြင်းမှာ တစ်ချိန်တည်း၌၎င်း၊ တစ်နေရာတည်း ၌၎င်း ဖြစ်ဟန်မတူ ချေ။ အီဗော်လျူရှင် သမိုင်းတစ်လျှောက်၌ အခြေအနေချင်း ခြားနားသော နေရာဒေသအမျိုးမျိုး၌၎င်း၊ ခေတ်ကာလအမျိုးမျိုး ၌၎င်း ဖြစ်ပေါ်ခဲ့ဟန်တူပေသည်။ အီဗော်လျူရှင် သမိုင်းစသည့် အချိန်နှင့်ယှဉ်၍ ဇီဝ သို့မဟုတ် သဇီဝလည်း ဖြစ်ပေါ်ခဲ့ရပေ လိမ့်မည်။ သို့သော် ထိုသဇီဝသည် အပင်မည်လော၊ တိရစ္ဆာန် မည်လောဆိုသည်ကို တိကျစွာခွဲခြား၍ မပြောနိုင်ချေ။ ထိုနည်းတူစွာ အပင် လောကသည် တိရစ္ဆာန်လောကမှ ဆင်းသက်သည် သို့မဟုတ် တိရစ္ဆာန်လောကသည် အပင်လောကမှ ဆင်းသက် သည် ဟူသည်ကိုလည်း တိကျ မှန်ကန်စွာမပြောနိုင်ချေ။ သို့ရာတွင် ကမ္ဘာပေါ်စ၌ ပထမဦးဆုံးဖြစ်သော သဇီဝသည် အလိုအလျောက်အစာ ပြုလုပ်နိုင်စွမ်း ရှိရမည်ဟူသော ယူဆ ချက် မှန်ကန်ပါမူကား အပင်သည် တိရစ္ဆာန်ထက်ဦးစွာပေါ်သော သဇီဝ ဖြစ်ရပေမည်။ အီဗော်လျူရှင် သမိုင်းတလျောက်၌ အချို့ သော သဇီဝတို့သည် အပင်၏ အသွင်ကိုဆောင်ကြသည်။ ကျန် သဇီဝတို့မူ အပင်လည်းမမည်၊ တိရစ္ဆာန်လည်းမမည်သော အပင် တိရစ္ဆာန်များ ဖြစ်ခဲ့ကြမည်။ ဤကား အီဗော်လျူရှင်၏အဓိပ္ပာယ် ကို အနည်းငယ်ရှင်းပြခြင်းဖြစ်သည်။ အီဗော်လျူရှင်ဩဝါဒအရ တိုးတက်သော (ဝါ) အမြင့် တန်းစား သဇီဝနှင့် ရှေးကျသော (ဝါ) အနိမ့်တန်းစား သဇီဝ ဟူ၍ ခွဲခြားထားသည်။ အမြင့်တန်းစားသဇီဝသည် အနိမ့်တန်း စား သဇီဝမှ စနစ်တကျပြောင်းလဲ တိုးတက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ယူဆသည်။ အမြင့်တန်းစားသဇီဝ၏ အင်္ဂါဖွဲ့စည်း ပုံမှာ အနိမ့်တန်း စားသဇီဝ၏ အင်္ဂါဖွဲ့စည်းပုံထက် ပိုမိုရှုပ်ထွေး ဆန်းကြယ်သည်။ အနိမ့်တန်းစားသဇီဝ၏ အင်္ဂါဖွဲ့စည်းပုံမှာ ရှုပ်ထွေးဆန်းကြယ်ခြင်းမရှိ၊ ရှင်းလင်းသော အခြေခံရုပ်အသွင် မျိုးဖြစ်သည်။ ဗိုင်ဩလိုဂျီပညာရှင်တို့၏ ယူဆချက်အရ အပင်လောက နှင့် တိရစ္ဆာန်လောကသည် မျိုးရင်းပင်မတစ်ခုမှ ဖြာထွက်လာ သော အကိုင်းကြီးနှစ်ကိုင်းဖြစ်ကြသည်။ ဤနေရာ၌ အီဗော်လျူ ရှင်၏ အဓိပ္ပာယ်ကို ပိုမိုထင်ရှားစေရန် သစ်ပင်၏ ပင်ပိုင်းဖြင့် တင်စားနှိုင်းရှည့်၍ ပြထားခြင်းဖြစ်သည်။ သစ်မြစ်ပိုင်းသည် မြေကြီးအတွင်း၌ နစ်မြုပ်နေသဖြင့် ကျွနိုပ်တို့သေချာစွာ မြင်နိုင် ခြင်းမရှိချေ။ မြေကြီးထက်၌ပေါ်နေသည့် ပင်စည်မကြီးမှ ဖြာ ထွက်သော အကိုင်းကြီးနှစ်ကိုင်းကို အပင်လောကနှင့် နှိုင်းထား သည်။ ထိုအကိုင်းကြီးများမှတစ်ဖန် အခက်အလက်အသစ်များ အမြဲမပြတ်အဆင့်ဆင့် ဖြာထွက်ဖြစ်ပေါ်နေကြသည်။ အိုမင်းရင့် ယော်ကုန်သော အခက်အလက်တို့၏ ရုပ်အသွင်တည်ခြင်းမရှိ၊ ခဏခဏ ပြောင်းလွဲလျက်နေပေသည်။ အပင်လောကနှင့် တိရစ္ဆာန်လောကတို့သည်လည်း ထိုသစ်ပင် ဥပမာအတိုင်းပင် အီဗော်လျူရှင် ဖြစ်နေကြသည်။ အပင်နှင့်တိရစ္ဆာန်တို့၏ ကွာခြားချက် ကျွန်ုပ်တို့တွင် အပင်နှင့် တိရစ္ဆာန်ကို ယေဘုယျအားဖြင့် ခွဲခြားနိုင်သော အသိဉာဏ်ရှိ သည်။ အထူးသဖြင့် အမြင့်တန်းစား အပင်နှင့် တိရစ္ဆာန်ကို အလွယ်တကူခွဲခြား၍ သိနိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် အပင်၌တွေ့မြင်ရသော အင်္ဂါဖွဲ့စည်းပုံ ရုပ်အသွင် စသည်တို့နှင့် ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုသို့စိတ် ထဲ၌ ခွဲခြား၍သိနေသော အပင်နှင့် တိရစ္ဆာန်ကို ရေးသား၍ ရုပ်လုံးဖော်ကြည့်လျှင် မည်မျှခက်ခဲကြောင်း လက်တွေ့သိနိုင် မည်။ အီဗော်လျူရှင် သမိုင်းကို ပြန်၍ကြည့်သော် အကိုင်း အခက်အလက်များဖြင့် တင်စားထားသော ယခုခေတ် အမြင့် တန်းစားအပင်နှင့် တိရစ္ဆာန်တို့ကို ခွဲခြား၍ သိရန်လွယ်သည်။ အကိုင်း ကြီးများမှ ပင်စည်မကြီးအထိ လျှောဆင်း၍ကြည့်သော်၊ အတိတ်ခေတ်တွင် ရှေးကျသော (ဝါ) အနိမ့်တန်းစားအပင်နှင့်တိရစ္ဆာန် သို့မဟုတ် အပင်လော တိရစ္ဆာန် လောဟု ခွဲခြား၍မရသောအရာကို တွေ့မည်။ အထူးသဖြင့် ဆဲ တစ်ခုတည်းသာ ပါရှိသည့် အနိမ့်တန်းစား အပင်နှင့် တိရစ္ဆာန် ကို ခွဲခြား၍သိရန်မှာ အခက်ဆုံးဖြစ်သည်။ ရုက္ခဗေဒပညာရှင် တို့က အပင်ဟုမှတ်ယူထားသော အပင်တိရစ္ဆာန် သဇီဝများ ယခုခေတ်တိုင်အောင်ပင် ရှိနေကြသည်။ (ပုံစံ-ယူဂလီနာ)။ ထိုသို့ဖြစ်ခြင်းကြောင့် အပင်နှင့် တိရစ္ဆာန်တို့ကို ခွဲခြားရာတွင် စည်းမျဉ်းကို လှေနံဓားထစ်ချထား၍မရချေ။ ယေဘုယျအားဖြင့် အောက်ပါထူးခြားချက်များနှင့် ခြွင်းချက်များကို ထောက်ထား လျက် သစ်ပင်နှင့် တိရစ္ဆာန်ကို ခွဲခြား၍သိရသည်။ ၁။ ကြီးခြင်း အပင်တွင် ကြီးရာအပိုင်း (ဝါ) ကြီးနယ်များသည် သူ့ နေရာနှင့်သူ တိကျစွာသတ်မှတ်လျက်ရှိသည်။ များသောအားဖြင့် ပင်စည် ထိပ်ဖျားနှင့် အမြစ် ထိပ်ဖျားတို့သည် ကြီးနယ်များဖြစ် ကြသည်။ အစေ့ရွက်ထီးပင်(Monocot)နှင့် အချို့သောအပင်မျိုးတို့တွင် ကြီး နယ်များသည် ဆစ်ကြား၊ ဆစ်ကြားရင်းနှင့် ရွက်ရင်းတို့၌ ရှိ တတ်ကြသည်။ တိရစ္ဆာန်တို့ကား သစ်ပင်ကဲ့သို့မဟုတ်ချေ။ တိရစ္ဆာန်တို့၏ အင်္ဂါအစိတ်အပိုင်းတို့သည် ထက်ဝန်းကျင် တစ်ပြိုင်နက် ကြီးနိုင်သည်။ သို့ရာတွင် ထိုကြီးနိုင်သည့်စွမ်း ရည်သည် တိရစ္ဆာန်တို့ အရွယ်ရောက်သည်အထိသာ ဖြစ်သည်။ အရွယ်ရောက်ပြီး နောက်အဖို့၌ကား ကြီးမှုနောက်ထပ်မဖြစ် တော့ချေ။ အပင်တို့မူကား တစ်သက်လုံး ကြီးနိုင်စွမ်းရှိသည်။ ၂။ ကလိုရိုဖီ အကျိုးဖျက် ကပ္ပါးပင်နှင့် ဖန်းဂပ်မှိုပင်တို့မှလွဲ၍ အစိမ်း ရောင်သန်းလျက်ရှိသော အပင်မှန်သမျှတွင် ကလိုရိုဖီပါဝင်လေ သည်။ ယင်းသို့ ကလိုရိုဖီ ပါရှိခြင်းကြောင့် အပင်သည် အလို အလျောက် အစာလုပ်နိုင်လေသည်။ တိရစ္ဆာန်တို့တွင်မူကား ကလိုရိုဖီ မရှိကြချေ။ ထိုကြောင့် အလိုအလျောက် အစာလုပ် နိုင်စွမ်းမရှိချေ။ (ခြွင်းချက်။ ။ ကလိုရိုဖီ မပါသော ဖန်းဂပ် မှိုနှင့် ဗက်တီးရီးယားတို့သည်လည်း တိရစ္ဆာန်များကဲ့သို့ပင် အလိုအလျောက် အစာလုပ်နိုင်စွမ်း မရှိကြချေ။) ၃။ ဆဲနံရံ သဇီဝမှန်သမျှတို့၏ ခန္ဓာကိုယ်သည် သေးငယ်သော ဆဲ များဖြင့် ပြည့်နှက်နေသည်။ ဆဲတို့ကို ပတ်လည်ကာရံထားသော ဆဲနံရံကိုမူကား အပင်၌သာ ထင်ရှားတွေ့မြင်ရသည်။ တိရစ္ဆာန် တို့၏ ဆဲ၌ နံရံကင်းမဲ့သည်။ (ခြွင်းချက်။ ။ ချွဲကျိမှိုတွင် ဆဲ နံရံမပါချေ။) ၄။ ဆဲလျူလို့ ဖန်းဂပ်မှိုမှတစ်ပါး အားလုံးသော အပင်တို့၏ ဆဲနံရံတို့ သည် ဆဲလျူလို့ဖြင့်ပြီးသည်။ တိရစ္ဆာန်တို့၏ ဆဲနံရံတွင်မူ ဆဲ လျူလို့မပါချေ။ (ခြွင်းချက်။ ။ ကျူနီကိတ် တိရစ္ဆာန်၏ ဆဲနံရံ သည်လည်း ဆဲလျူလို့ဖြင့်ပြီးသည်။) ၅။ ရွေ့လျားခြင်း အမြင့်တန်းစား အပင်တို့သည် မြေတွင်စွဲမြဲလျက် တည် သောကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားသွားလာနိုင် ခြင်းမရှိကြချေ။ အနိမ့်တန်းစား အပင်များသာလျှင် ယင်းသို့ ရွေ့လျားသွားလာနိုင်ကြသည်။ အနိမ့် တန်းစားတိရစ္ဆာန်အချို့မူ တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားနိုင်ခြင်းမရှိကြချေ။ သာဓက များမှာ အိုဗီလီယားနှင့် သန္တာကျောက်တန်းတို့ဖြစ်ကြသည်။ အမြင့်တန်းစားတိရစ္ဆာန်တို့မှာမူကား ခြေလက်အပြည့်အစုံပါသော ကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားသွားလာနိုင်ကြ သည်။ ၆။ ရုပ်တည်ဩဇာစုခြင်း တိရစ္ဆာန်တို့သည် အစိုင်အခဲဖြစ်သော အစာများကို စားမြို နိုင်ကြလေသည်။ အပင်တို့မှာမူကား ယင်းတို့၏ ပြင်ပပတ်ဝန်း ကျင်၌ ပျော်ဝင်လျက်ရှိသော အရည်များကိုသာ အခြေအနေအရ စုပ်ယူနိုင်စွမ်းရှိကြလေသည်။ (ခြွင်းချက်။ ။ ချွဲကျိမှိုသည် သေးငယ်သော အစာအစိုင်အခဲများကို မြိုနိုင်၏။) တိရစ္ဆာန်တို့တွင် ရွေ့ရှားရန်၊ ရက်စပီးရေးရှင်း ပြုလုပ်ရန်၊ အညစ်အကြေး စွန့်ပစ်ရန် အစရှိသော တာဝန်များကို ဆောင် ရွက်နိုင်သော အင်္ဂါများရှိကြသည်။ ထိုအင်္ဂါများ၏ ဖွဲ့စည်းပုံ သည်လည်း ယင်းတို့ဆောင်ရွက်ရန်ဖြစ်သော တာဝန်တို့အတွက် အသင့်တော်ဆုံးသော အဆင့်အတန်းအထိ တိုးတက်ကောင်းမွန် ကြသည်။ အပင် တို့တွင်မူကား၊ ထိုအင်္ဂါများ အကယ်၍ ပါရှိ ပါမူ တိရစ္ဆာန်၏အင်္ဂါများမှာကဲ့သို့ ဖွဲ့စည်းပုံရှုပ်ထွေးဆန်းကြယ် ခြင်း မရှိချေ။ အင်္ဂါမည်ကာမျှသာ ရှိတတ်သည်။ သို့မဟုတ် အင်္ဂါလုံးဝ မပါရှိဘဲလည်း ရှိတတ်သည်။ ဇီဝဗေဒမှ ဖြာထွက်သော ခက်မများ ဇီဝဗေဒမှ အဓိကအားဖြင့် ရုက္ခဗေဒနှင့် ပါဏဗေဒ(သတ္တဗေဒ)ဟူ၍ ခက်မနှစ်သွယ်ခွဲထွက်သည်။ ဇီဝ ဗေဒမှဖြာထွက်သော အခြားသိပ္ပံပညာရပ်များမှာ ဇီဝဓာတုဗေဒ၊ ဇီဝရူပဗေဒ၊ ဆေးပညာရပ် စသည်တို့ဖြစ်ကြသည်။ ရုက္ခဗေဒ နှင့်ပါဏဗေဒကို လွယ်ကူစိမ့်သောငှာ အောက်ပါအတိုင်း ကဏ္ဍ များခွဲ၍ လေ့လာရာသည်။ ၁။ ရုပ်သွင်ပညာ ဤပညာသည် သစ်ပင်နှင့် တိရစ္ဆာန်တို့၏ အင်္ဂါများကို ပြင်ပမှမြင်ရသည့် ရုပ်အသွင်အတိုင်း လေ့လာသော ပညာရပ် ဖြစ်သည်။ ၂။ တစ်ရှူးပညာ ဤပညာသည် သစ်ပင်နှင့် တိရစ္ဆာန်တို့၏ အင်္ဂါတို့ကို ပြင်ပမှမြင်ရသော ရုပ်အသွင်ပေါ်ရန် အတွင်းဘက်၌ ဖွဲ့စည်း လျက်ရှိသော ဆဲနှင့် တစ်ရှူးများကို လေ့လာသောပညာဖြစ် သည်။ ၃။ ဇီဝကမ္မဗေဒ ဤပညာသည် သဇီဝတို့၏ အင်္ဂါများနှင့် တစ်ရှူးအစိတ် အပိုင်းတို့၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ အသက်ရှင်ခြင်း၏ အကြောင်းနှင့် ပတ်သက်သမျှကိုလည်းကောင်း လေ့လာသောပညာဖြစ် သည်။ ၄။ ဂေဟဗေဒ ဤပညာသည် အပင် သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် သဇီဝနှင့် ပတ်ဝန်းကျင်တို့ အပြန်အလှန် သပ္ပါယဖြစ်ပုံ အလုံးစုံကို လေ့လာ သော ပညာဖြစ်သည်။ ၅။ အပင် သို့မဟုတ် သတ္တဝါပထဝီ ဤပညာသည် အပင်နှင့် တိရစ္ဆာန်များ ကမ္ဘာပေါ်ပျံ့နှံ့ခြင်း နှင့် ယင်းကဲ့သို့ ပျံ့နှံ့စေသော ပယောဂများအကြောင်းကို လေ့ လာသောပညာဖြစ်သည်။ ၆။ အမျိုးအစားခွဲနည်းပညာ ဤပညာသည် အပင်နှင့် တိရစ္ဆာန်တို့၏ ရုပ်အသွင်ကို အသေးစိတ်လေ့လာ၍ ရုပ်လုံးဖော်ခြင်း၊ မျိုးမည်သတ်မှတ်ခြင်း နှင့် စနစ်တကျ အမျိုးအစားခွဲခြားခြင်းတို့ကို ပြုသောပညာ ဖြစ်သည်။ ထိုပညာကို အစပြုခဲ့သူကား ဆွီဒင်လူမျိုး ဇီဝဗေဒပညာရှင် ကားလ် လင်းနီးယပ် ဖြစ်၏။ ခေတ်သစ်ရုက္ခဗေဒပညာရှင်တို့ တွေ့ရှိလေ့လာမှတ်သားထား သော အပင်မျိုးစိတ်ပေါင်းမှာ သုံးသိန်းနှစ်သောင်းမျှရှိသည်။ သတ္တဗေဒပညာရှင်တို့ လေ့လာပြီးသော တိရစ္ဆာန်မျိုးစိတ်ပေါင်း ထက် အရေအတွက်အားဖြင့် သုံးဆပိုမိုလျက်ရှိသည်။ တော တောင်အထပ်ထပ်နှင့် တကွ လူသူအရောက်အပေါက်မရှိသေး သော (ဝါ) လူနေနည်းပါးသော အရပ်ရပ်တို့၌ ပေါက်နေသည့် အပင်တို့ကို ရှာဖွေလေ့လာနိုင်လျှင် အပင်မျိုးစိတ်အရေအတွက် ပိုမိုများပြားစွာ တွေ့ရှိဦး မည်မှာ သေချာပေသည်။ ၇။ ရုပ်ကြွင်းကျောက် ရုက္ခဗေဒနှင့် ရုပ်ကြွင်းကျောက်ပါဏဗေဒ အတိတ်ခေတ်၌ ပေါ်ထွန်းခဲ့ကြသော အပင်နှင့် တိရစ္ဆာန်တို့ ၏ ရုပ်ကြွင်းများသည် မြေလွှာအထပ်ထပ်၌ ကျောက်ဖြစ်၍ ကျန်ရစ်နေတတ်ကြသည်။ ထိုရုပ်ကြွင်းကျောက်တို့၏ အသွင် လက္ခဏာကို စူးစမ်းလေ့လာခြင်းဖြင့် အတိတ်ခေတ်တွင် ပေါ် ထွန်းခဲ့ကြသော အပင်နှင့် တိရစ္ဆာန်တို့အကြောင်းကိုသိနိုင်သည်။ အပင်နှင့် တိရစ္ဆာန်များ၏ ရုပ်ကြွင်းကျောက်ကို ယခုခေတ်၌ တွေ့မြင်နေကြရသော အပင်၊ တိရစ္ဆာန်တို့နှင့် နှိုင်း၍လည်း လေ့လာနိုင်သည်။ အမျိုးအစားခွဲခြားခြင်းသည် ဇီဝဗေဒပညာရပ်တွင် အလွန် အသုံးဝင်သည်။ ဇီဝဗေဒပညာရှင်တို့သည် တိရစ္ဆာန်များကို (၁) ကျောရိုးရှိတိရစ္ဆာန်နှင့် (၂) ကျောရိုးမဲ့တိရစ္ဆာန်ဟု နှစ်မျိုးခွဲခြား သည်။ ထိုအစု နှစ်ခုကို တစ်ဖန်အောက်ပါအတိုင်း ခွဲခြားပြန် သည်။ ၁။ ။ ကျောရိုးရှိတိရစ္ဆာန် (က) ငါး။ ပုံစံ-ငရှဉ့်၊ ငရံ့၊ ငမန်း။ (ခ) ကုန်းနေရေသတ္တဝါ။ ပုံစံ-ဖား၊ နျူကောင်။ (ဂ) တွားသွားကောင်။ ပုံစံ-မြွေ၊ ပုတ်သင်၊ ဖွတ်၊ ပုတက်၊ လိပ်။ (ဃ) ငှက်။ ပုံစံ-လင်းယုန်ငှက်၊ သိန်း၊ ငှက်ခါး၊ စာကလေး၊ ခို၊ ကြက်၊ ချိုး၊ ဥဩ။ (င) နို့တိုက်သတ္တဝါ။ ပုံစံ-မျောက်၊ နွား၊ မြင်း၊ ခွေး၊ သိုး၊ ဆိတ်၊ လူ၊ ကျွဲ၊ ​ကြောင်၊ ဝက်၊ ယုန်။ ၂။ ။ ကျောရိုးမဲ့တိရစ္ဆာန် (က) အားသရော့ပိုဒါ။ ပုံစံ-အင်းဆက်ပိုး၊ ပင့်ကူ။ (ခ) မိုလတ်စကာ။ ပုံစံ-ကမာ၊ ခရု။ (ဂ) အန်နလစ်ဒါ။ ပုံစံ-တီကောင်၊ မြှော့။ (ဃ) ပရိုတိုဇိုဝါ။ ပုံစံ-အမီးဗား(ဝမ်းကိုက်ပိုး)၊ ပါရာမေစီယမ်။ ဇီဝဗေဒပညာရှင်တို့သည် အပင်များကို အပွင့်ပွင့်သော အပင်နှင့် အပွင့်မပွင့်သော အပင်ဟူ၍ အစုကြီး နှစ်စုခွဲထား သည်။ တစ်ဖန် အပွင့်ပွင့်သော အပင်များကို (က) အန်ဂျီအို စပမ်းခေါ် မျိုးစေ့ဝှက်ပင်မျိုး၊ ပုံစံ-သရက်၊ ဩဇာ၊ မာလကာ နှင့် (ခ) ဂျင်မနိုစပမ်းခေါ် မျိုးစေ့ဖော်ပင်မျိုး၊ ပုံစံ-ထင်းရှူး၊ ဖားထင်းရှူးဟူ၍ ခွဲခြားထားပြန်သည်။ အပွင့်မပွင့်သော အပင်များမှာမူ ကျောက်ချက်ပင်မျိုး၊ ရေည|ိ၊ လစ်ဗာဝတ်ပင်၊ ဖန်ဂျိုင်း၊ မှို၊ အယ်လဂျေပင် (ကျောက် ပွင့်)တို့ ဖြစ်ကြသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သက်ရှိအမျိုးအစား ဇယားအခြေခံကို ရေးဆွဲလိုက်လျှင် အောက်ပါအတိုင်း ဖြစ်လေ သည်။ ဇီဝဗေဒပညာသမိုင်း ဘီစီ ၆ဝဝ အထက်က ဂရိပညာရှိ အနက်ဆီမန်ဒါသည် 'တိရစ္ဆာန်တို့မှာ ရေမှဖြစ်ပေါ်လာ၏'ဟူသော အယူအဆကို ကြံ ဆခဲ့ဘူး၏။ ထိုနောက် နှစ်ပေါင်းတရာခန့်ကြာသောအခါ၊ ဆေး ပညာ၏ ဖခင်ဟု ခေါ်ဆိုသမုတ်အပ်သော ဂရိပညာရှိ ဟစ်ပေါ့ ကရာတီသည် ဇီဝဗေဒပညာကို များစွာအထောက်အပံ့ပြုခဲ့သည်။ ဂရိလူမျိုး အယ်ရစ္စတိုတယ်နှင့် ရောမလူမျိုး ပလင်နီတို့သည် သတ္တဝါနှင့် အပင်အကြောင်းကို များစွာ သုတေသနပြုခဲ့ကြ သည်။ သို့ရာတွင် ဇီဝဗေဒပညာသည် အလယ်ခေတ်ရောက်မှသာ ပို၍ထွန်းကားလာခဲ့သည်။ ၁၅၁၄ ခုနှစ်တွင် ဗိဆေးလိယပ်ခေါ် ဗဲလဂျီယန်အမျိုးသားတစ်ဦးသည် လူ့ရုပ်ကလာပ်ကို ခွဲစိတ် ကြည့်ရှုခဲ့သည်တွင် အနာတမီပညာသည် ပေါ်ထွန်းလာလေ သည်။ အင်္ဂလန်နိုင်ငံ၌မူကား ၁၅၇၈ ခုနှစ်တွင် ဝီလျံ ဟားဗေး သည် လူ့ခန္ဓာကိုယ်၌ သွေးကြောများဖြင့် သွေးလွှတ်ပုံကို သုတေသနပြုခြင်းအားဖြင့် ခန္ဓာကိစ္စဗေဒပညာသည် စတင် ပေါ်ထွန်းလာလေသည်။ ၁၆ဝဝ ပြည့်နှစ်တစ်ဝိုက်၌ ထင်ရှား ခဲ့သော ဒပ်ချလူမျိုး လေးဗင်ဟုသည် မိုက္ကရိုစကုပ်ကို တီထွင် ယင်းမှ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ် သော အပင်နှင့် အကောင်များကို လေ့လာနိုင်ခဲ့သည်။ ထိုခေတ် တွင် အင်္ဂလိပ်လူမျိုး ရောဗတ် ဟွတ်သည် အပင်နှင့် အကောင် ငယ်များတွင်ရှိသော ဆဲများကို မိုက္ကရိုစကုပ်ဖြင့် တွေ့မြင်နိုင်ခဲ့ရ သည်။ ခရစ် ၁၇ဝဝ ပြည့်နှစ်အတွင်း၌ ဆွီဒင်အမျိုးသား သိပ္ပံ ပညာရှင် လင်းနီးယပ်သည် အပင်နှင့် တိရစ္ဆာန်တို့ကို သိပ္ပံပညာ နည်းစနစ်ဖြင့်လျော်ညီအောင် အမျိုးအစားခွဲခြား၍ ပေးခဲ့လေ သည်။ ထို့ပြင်၊ ပြင်သစ်အမျိုးသား ကူးဗီယေသည် လူနှင့် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို လေ့လာ၍ အနာတမီ ပညာရပ်ကို စတင်ပြုစုပေး ခဲ့လေသည်။ ခရစ် ၁၈ဝဝ ပြည့်နှစ် ၌ ရှလိုင်ဒင်နှင့် ရှဗန်းနှစ်ဦးတို့သည် သက်ရှိရုပ်ဟူသမျှမှာ ဆဲ များဖြင့်သာ ဖွဲ့စည်းထားကြောင်း သီအိုရီကို ကြံဆခဲ့ကြလေ သည်။ ထိုခေတ်တွင် ဒါဝင်သည် ဝေါလေ့နှင့်အတူ သုတေသန ပြုရာမှ ယခုအခါ အလွန်ကျော်စောထင်ရှားသော အီဗော်လျူရှင် ဆိုင်ရာ သီအိုရီတစ်ခုကို ကြံဆခဲ့လေသည်။ ယင်းသီအိုရီမှာ တိရစ္ဆာန်တို့သည် အနိမ့်တန်းစားတိရစ္ဆာန်မျိုးမှ တစ်ဆင့်ထက် တစ်ဆင့်တက်၍ အမြင့်တန်းစား တိရစ္ဆာန်မျိုးအဖြစ်သို့ ကူး ပြောင်းလာတတ်သည်ဟူသော အခြေခံသဘောတရားပင်ဖြစ်လေ သည်။ ဩစတြီးယား လူမျိုး ခရစ်ယန်ဘုန်းတော်ကြီး မင်းဒဲ မှာမူ ဂျင်နစ်တစ်ပညာရပ်ဆိုင်ရာ အခြေခံနိယာမတရားတို့ကို ရှာဖွေတွေ့ ရှိခဲ့လေသည်။ ၂ဝ ရာစု နှစ်ဦးတွင် ဂျာမန်လူမျိုး ဇီဝဗေဒပညာရှင် ဗိုက်စမန်းသည် တိရစ္ဆာန်တို့၏ ဗီဇဆဲများကို အခြားဆဲများမှ ခွဲခြား၍ ပြဆိုခဲ့လေသည်။ ထို့ပြင် လူဝီပါး စတားနှင့် ရောဗတ်ကော့တို့သည် ဗက်တီးရီး ယားပိုးပညာကို ထွန်းကားလာအောင် အထောက်အပံ့ပြုခဲ့လေ၏။ (ဦးကိုကိုကြီး) ရှေးခေတ်ဂရိပညာရှင်များလက်ထက်မှ အစပြု၍ လူ၊တိရစ္ဆာန်နှင့် အပင်များအား သုတေသနပြုခဲ့ကြောင်း သမိုင်းအထောက် အထား များရှိခဲ့သည်။ ၈ရာစုနှင့်၁၃ရာစုကာလ အာရပ်လူမျိုးပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များနှင့် ဥရောပရီနေဆွန်းခေတ် လေ့လာစမ်းသပ် ချက်များစွာတို့သည် ခေတ်သစ် ဇီဝဗေဒပေါ်ထွန်းစေသည့်အခြေခံ အုတ်မြစ်များဖြစ်ခဲ့သည်။ ၁၇ ရာစုတွင် အဏုကြည့်မှန်ဘီလူး ပေါ်ပေါက်လာပြီးနောက် ရောဂါပိုးမွှားများ(Microbes)၊ဆဲလ် (Cell)အစရှိသည့် ကြီးမားသည့် တွေ့ရှိ ချက်များ ပေါ်ထွန်းခဲ့ပြီး ၁၈ရာစု ခေတ်သစ်ဓာတုဗေဒနှင့် စနစ်တကျပေါင်းစပ်ကာ ယနေ့ကျွနု်ပ်တို့ သိရှိမြင်တွေ့နေ ရသည့်ခေတ်သစ်ဇီဝဗေဒ ပေါ်ထွန်းလာခဲ့သည်။ ၂ဝရာစုနှင့်၂၁ရာစုအစောပိုင်း ကာလသည် ဇီဝဗေဒဘာသာရပ်၏ ရွှေရောင်လွှမ်းသောကာလများ ဟုမှတ်ယူထားရသည့်အောင် တိုးတက်မှုအရှိန်အဟုန် မြင့်မားခဲ့သည်။ နောက်ဆုံးပေါ်နည်းပညာများနှင့်ကိရိယာများ အကူအညီဖြင့် စမ်းသပ်ခန်းများထဲတွင် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသည့် ပဟေဋ္ဌိများ အားဖော်ထုတ်နိုင်ခဲ့ကြသည်။ ဥပမာအားဖြင့်- ဆဲလ်တစ်ခုသာရှိသော သက်ရှိမှသည် ဆဲလ်ပေါင်းများစွာ ပါဝင်သော အပင်နှင့်တိရစ္ဆာန်များအဖြစ် မည်သို့မည်ပုံ ပြောင်းလဲလာပုံ၊နေရောင်ခြည်စွမ်းအင်အား အသုံးပြု၍ အပင်တို့ဆင့်ဆင့် အစာချက်လုပ်ပုံ၊ လွန်စွာသေးငယ်သော ပိုးမွှာလေးမှသည် သန်းပေါင်းများစွာကွဲပြား သောသက်ရှိအမျိုးမျိုး အဖြစ်ဆင့်ကဲပြောင်းလဲ လာပုံ အပါအဝင် အခြားအကြောင်းအရာပေါင်းများစွာ တို့အားမည့်သည့်ခေတ်ကာလ နှင့်မတူ နက်နက်နဲနဲ နားလည်သဘောပေါက် လာပြီဖြစ်သည်။ ထို့အပြင်ခေတ်သစ်ဇီဝဗေဒသည် လူ့အဖွဲ့အစည်း၏နေ့စဉ်ဘဝတွင် မရှိအဖြစ်အသုံးပြုရသော အရေးပါသည့်ဘာသာရပ်တစ်ခု လည်းဖြစ်သည်။ သာဓက များပြရသော မျိုးရိုးဗီဇနှင့်ဆဲလ်များ အားအထူးပြုလေ့လာသည့် Geneticsနှင့်Cell Biologyတို့၏အကျိုး ကျေးဇူးကြောင့် ပိုမိုတိုးတက်သည့်ဆေးဝါးနှင့် လယ်ယာစိုက်ပျိုးရေး နည်းပညာများ ပေါ်ပေါက်လာသလို မနုဿဗေဒဘာသာရပ် အတွက်လည်း Molecular Biology၏အခန်းကဏ္ဍမှာများစွာအရေးပါ လှသည်။DNAတိုက်ဆိုင်စစ်ဆေးမှုသည် တရားစီရင်ရေးစနစ် ၏ မရှိမဖြစ်ကိရိယာတစ်ခုဖြစ်လာပြီး ဂေဟဗေဒ(Ecology)ကဲ့သို့သောဘာသာရပ်ခွဲမှ ကမ္ဘာကြီးပူနွေးလာမှု နှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာ များအား အဓိကဖြေရှင်းပေးလျက် ရှိသည်။ ဇီဝဗေဒ၏အခြေခံအုတ်မြစ်များ ခေတ်သစ်ဇီဝဗေဒအား အောက်ပါ အခြေခံသဘောတရား ၄မျိုး ပေါ်တွင် တည်ဆောက်ထားသည်။ ဆဲလ်သီအိုရီ(Cell Theory) သက်ရှိအားလုံးတို့အားဆဲလ် သို့မဟုတ် ဆဲလ်များဖြင့်ဖွဲစည်းထားပြီး ဆဲလ်မှာအခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်သည်။ ဆဲလ်များစွာပါဝင်သည့်သက်ရှိများ တွင်မူလဆဲလ်တစ်ခုမှအစပြု၍ ဆဲလ်များစွာပေါက်ဖွားလာသည်။ အဆိုပါဆဲလ်များသည် အရိုးဆဲလ်၊ အရေပြားဆဲလ်အစရှိသဖြင့် အမျိုးအစားများကွဲပြား ခြားနားကြသည်။ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ (Evolution Theory) ၁၉ရာစုအင်္ဂလိပ်ဇီဝပညာရှင် ချားလ်စ်ဒါဝင်၏ Origin of species စာအုပ်ဖြင့် ဇီဝဗေဒအား ခေတ်ပြောင်းတော်လှန်ခဲ့သည့် အယူအဆဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ခန္ဓာဗေဒနှိုင်းယှဉ်လေ့လာချက်များအရ ယနေ့သက်ရှိမျိုးစိတ်များသည် ရှေးနှစ်သန်းပေါင်းများစွာရှိ မျိုးစိတ်များမှ ဆင့်ကဲပြောင်းလဲလာ ခြင်းဖြစ်သည်။ ထိုသို့ပြောင်းလဲရာတွင် natural selection ခေါ် သဘာဝတရားကြီး၏ဖေးမရွေးချယ်မှုမှာ အဓိကသော့ချက်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီသည် သက်ရှိမျိုးစိတ် ပေါင်းများစွာတို့၏ အံဩဖွယ် တူညီမှုနှင့် ကွဲပြားခြားနားမှုတို့အား သိပ္ပံနည်းကျ ရှင်းချက်ထုတ် ပေးနိုင်သည့် တစ်ခုတည်းသော သီအိုရီဖြစ်သည်။ မျိုးရိုးဗီဇသီအိုရီ(Gene Theory) သက်ရှိများအားလုံး၏ ဇီဝအချက်အလက်များကို မျိုးရိုးဗီဇတွင်မှတ်သားထားပြီး မျိုးပွားရာတွင် (ဥပမာ-မိဘမှသားသမီးသို့) အဆိုပါအချက်အလက်များထည့် သွင်းပေးလိုက်သည်။ DNA သည် မျိုးရိုးဗီဇ အချက်အလက်များ တည်ဆောက်ရာတွင် အသုံးပြုသည့်ကုဒ်လေးများ ဖြစ်သည်။ ထိုအချက်အလက်များသည် Genotypeစနစ်မှ မြင်တွေ့သိမြင်နိုင်သော Phenotypeစနစ် (အရွယ်အစား၊ အရောင်အသွေး၊ အမူအကျင့်စသည်တို့) သို့ဘာသာပြန်ခြင်းခံရသည်။ ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် အထက်ပါအချက်အလက်များ ပြောင်းလဲနိုင်သော်လည်း နောက်မျိုးဆက်သို့လက်ဆင့်မကမ်းနိုင်။ ဗီဇပြောင်းလဲခြင်းကြောင့် ပြောင်းလဲသွားမှ သာလျှင် လက်ဆင့်ကမ်းနိုင်သည်။ ကိုယ်တွင်းအားမျှခြေစနစ် (Homeostasis) Steady Stateဟု အကြမ်းဖျင်းခေါ်ဆိုနိုင်သည်။ ပတ်ဝန်းကျင်၏ သက်ရောက်မှုအား သက်ရှိများအားလုံး၏ ကိုယ်ခန္ဓာအတွင်းပိုင်းတွင် လိုက်လျောညီထွေ ဖြစ်နိုင်ရန်ထိန်းညှိပေးသည့် အားမျှခြေစနစ် ဖြစ်သည်။ အခြေခံအကျဆုံးသော ဆဲလ်များတွင်ပင် ထိုအားမျှခြေစနစ်ရှိသည်။ ဥပမာ - အင်မတန်ပူပြင်းသည့် ပတ်ဝန်းကျင်တွင် သွေးနွေးသတ္တဝါများ၏ ကိုယ်တွင်းအပူချိန်မျှတနေခြင်း၊ အချိုများအများအပြားစားသော်လည်း သွေးတွင်းသကြားပမာဏ ပုံမှန်တည် ရှိနေခြင်းတို့မှာ ကိုယ်တွင်းအားမျှခြေစနစ် ကြောင့်ဖြစ်သည်။ သက်ရှိများအား ယေဘုယျအုပ်စု ဖွဲ့ခွဲခြားခြင်း ဇီဝဗေဒတွင် သန်းပေါင်းများစွာ ကွဲပြားခြားနားသော သက်ရှိများကို စနစ်တကျ လေ့လာနိုင်ရန်အတွက် မျိုးတူရာအစုများ အုပ်စုဖွဲ့၍ နယ်မြေများ ပိုင်းခြားသတ်မှတ်ထားသည်။ ယေဘုယျအကျဆုံး ပိုင်းခြားနည်းမှာ သက်ရှိများ၏ ဆဲလ်အမျိုးအစားပေါ် မူတည်ခြင်း ဖြစ်သည်။ သေးငယ်၍ ရှင်းလင်းသော Prokaryotic ဆဲလ်နှင့် ပိုမိုကြီးမား၍ တည်ဆောက်ပုံရှုပ်ထွေးသော Eukaryotic ဆဲလ် ဟူ၍ဖြစ်ကြသည်။ ရှေးယခင်က Monera၊ Protista၊ Plantae၊ Fungi၊ Animalia ဟူသော ၅နိုင်ငံစနစ်ကို အသုံးပြုသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၂ခုအတွင်း အသစ်ထပ်မံ တွေ့ရှိချက်များပေါ် မူတည်၍ ဒိုမိန်း ၃ခုစနစ်အား စတင် အသုံးပြုလာကြသည်။ ဒိုမိန်း ၃ခု စနစ် ဒိုမိန်း ၃ခု စနစ်အား ဘက်တီးရီးယား (Bacteria)၊ အာခီးရား (Archaea) နှင့် အျူကားရား (Eukarya)တို့ဖြင့် ဖွဲ့စည်းထားပြီး ၁၉၉ဝခုနှစ်တွင် အမေရိကန် ဇီဝပညာရှင် Carl Woese မှ စတင် မိတ်ဆက်သည်။ ဘက်တီးရီးယား (Bacteria) ဒိုမိန်း ဘက်တီးရီးယားများအား Prokaryotic ဆဲလ် တစ်ခုတည်းဖြင့် ဖွဲ့စည်းထားပြီး ဆဲလ်အတွင်း Nucleus မပါဝင်ပေ။ မိုက်ခရိုမီတာ အနည်းငယ်သာရှည်လျားပြီး ပုံသဏ္ဌာန်အားဖြင့် စက်လုံး၊ တုတ်ချောင်း၊ ခရုပါတ် အစရှိသဖြင့် အမျိုးမျိုး ကွဲပြားကြသည်။ ဘက်တီးယားများ သည် လူ့ခန္ဓာကိုယ်တွင်း၊ အက်ဆစ်ရေပူစမ်းများ၊ ရေဒီယိုသတ္တိကြွအမှိုက်များအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား၌ အသက်ရှင်နေထိုင်နိုင်ကြသည်။ အများစုသော ဘက်တီးရီးယားမျိုးစိတ်များသည် လူသားအား အကျိုးပြုနိုင်သော်လည်း အချို့မျိုးစိတ်များမှာ ကာလဝမ်းရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ နူနာရောဂါ၊ အဆုတ်နာ၊တီဘီရောဂါ အစရှိသည့် ရောဂါပေါင်းများစွာ ဖြစ်ပေါ်စေနိုင်သည်။ ထိုကဲ့သို့ အန္တရာယ်ပေးနိုင်သော ဘက်တီးရီးယားများကို ကာကွယ်ရန် Antibacterialခေါ် ပဋိဇီဝဆေးဝါးများအသုံးပြုကြသည်။ အာခီးရား(Archaea) ဒိုမိန်း "ancient"ဟုအဓိပ္ပယ်ရပြီး ဘက်တီးရီးယားများကဲ့သို့ပင် ဆဲလ်တစ်ခုတည်းသာပါဝင်သည့် Prokayotes များ ဖြစ်ကြသည်။ ယခင်က ၎င်းတို့အား ထူးခြားသည့် ဘက်တီးရီးယားများအဖြစ် မှတ်ယူပြီး archaebacteria ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော် ဘက်တီးရီးယားများနှင့်မတူ ထူးခြားသည့် ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်များအား ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း သီးခြားဒိုမိန်းတစ်ခုအဖြစ် ခွဲထုတ်ခဲ့သည်။ အာခီးရားများသည် ဘက်တီးရီးယားများကဲ့သို့ပင် လွန်စွာသေးငယ်သလို ပုံသဏ္ဌာန်အားဖြင့်လည်း များစွာဆင်တူကြသည်။ သို့ရာတွင် ဇီဝကမ္မဖြစ်စဉ်များအရ Eukaryotes များနှင့် ပိုမိုဆွေးမျိုးနီးစပ်သည်။ လွန်စွာအပူရှိန်ပြင်းထန်သည့် ရေအိုင်များ၊ ဆားငန်အိုင်များထဲတွင် အသက်ရှင်နိုင်ကြသည့် သက်ရှိများဖြစ်ကြသော်လည်း ရောဂါပိုးမွှားအဖြစ် အန္တရာယ်ပေးနိုင်ကြောင်း အထောက်အထား မတွေ့ရှိရသေးပေ။ အျူကားရား(Eukarya) ဒိုမိန်း ပိုမိုကြီးမား၍ ရှုပ်ထွေးသော Eukaryotic ဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး ထိုဆဲလ်များအတွင်းတွင် နျူကလီးယပ် Nucleus ပါဝင်သည်။ ကွဲပြားခြားနားသော Eukaryotic ဆဲလ်များပေါ်မူတည်၍ အျူကားရားဒိုမိန်းအား နိုင်ငံ၄ခု ထပ်မံခွဲခြားထားပြန်သည်။ ၎င်းတို့မှာ ပရိုတစ်တာ(Kingdom Protista)၊ အပင်(Kingdom Plantae)၊ မှို(Kingdom Fungi)နှင့် တိရစ္ဆာန်(Kingdom Animalia) တို့ဖြစ်ကြသည်။ ပရိုတစ်တာလောက(Kingdom Protista) ပရိုတစ်တာများသည် လွန်စွာသေးငယ်သည့် microorganisms အျူကားရားများဖြစ်ကြပြီး အများစုမှာဆဲလ်တစ်မျိုးဖြင့်သာ ဖွဲ့စည်းထားသည်။ သို့သော် ဆဲလ်အမြောက်အမြားဖြင့် ဖွဲ့စည်းထားသည့် ပရိုတစ်တာများလည်းရှိသည်။ ယင်းတို့၏ ရိုးရှင်းသော ဆဲလ်တည်ဆောက်ပုံပေါ်မူတည်၍ အခြားသော အျူကားယားများဖြစ်ကြသည့် အပင်၊ မှို၊ တိရစ္ဆာန်တို့နှင့် ခွဲခြားထားသည်။ ပရိုတစ်တာများသည် ရေရှိသည့် ပတ်ဝန်းကျင်တိုင်းတွင် ပေါက်ဖွားရှင်သန်နိုင်ကြပြီး ဂေဟစနစ်တွင် ဘက်တီးရီးယားများကဲ့သို့ပင် အရေးပါသူများ ဖြစ်ကြသည်။ တိရစ္ဆာန်ကဲ့သို့သော ပရိုတစ်တာအား ပရိုတိုဇွား(Protozoa)၊ အပင်ကဲ့သို့သော ပရိုတစ်တာအား အယ်လ်ဂျေး(Algae) နှင့် မှိုကဲ့သို့သော ပရိုတစ်တာ(Slime Mold)ဟူ၍ ခွဲခြားထားသည်။ အချို့သော ပရိုတစ်တာများသည် ကပ်ပါးရောဂါပိုးမွှားများဖြစ်ပြီး ငှက်ဖျားရောဂါ၊ Sleeping sickness အစရှိသည့် ရောဂါအမြောက်အမြား ဖြစ်ပွားစေသည်။ အပင်လောက(Kingdom Plantae) Eukaryotic ဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး နေရောင်ခြည်စွမ်းအင်အသုံးပြုကာ ကိုယ်ပိုင်အစာအဖြစ် အော်ဂန္နစ်မော်လီကျူးများ ထုတ်လုပ်သည့် သက်ရှိများကို အပင်ဟုခေါ်သည်။ နေရောင်ခြည်စွမ်းအင်ဖြင့် အစာချက်လုပ်ခြင်း(Photosynthesis)သည် အပင်နှင့်အခြားသက်ရှိများအား အဓိက ခွဲခြားပေးထားသည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အပင်များအား အုပ်စုခွဲခြားရာတွင် အစိမ်းရောင်ရေညှိ (Green Algae)၊ Bryophytes၊ Pteridophytes နှင့် အစေ့ရှိအပင်များ(Seed Plants) ဟူ၍ အကြမ်းဖျင်း ၄ပိုင်း ခွဲခြားထားသည်။ အပင်များ၏ နေရောင်ခြည်စွမ်းအင်ဖြင့် အစာချက်လုပ်ခြင်း (Photosynthesis)သည် ဂေဟစနစ်များအားလုံး၏ စွမ်းအင်နှင့် အော်ဂန္နစ်ပစ္စည်းများထုတ်လုပ်ရာ ပင်မအရင်းအမြစ် ဖြစ်သည့်အပြင် ကမ္ဘာလေထုတွင်း ဓာတ်ငွေ့များ အချိုးကျ ပေါင်းစပ်မှုကိုပါ ပြုပြင်ထိန်းချုပ်ပေးသည်။ ထို့အပြင် ဂေဟစနစ်အတွင်း တိရစ္ဆာန်များအတွက် အစားအစာနှင့် မှီခိုနေထိုင်ရာအဖြစ်ပါ အကျိုးပြုသည်။ မှိုလောက(Kingdom Fungi) မှိုများအားလုံးအားEukaryoticဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး ဆဲလ်တစ်မျိုးသာပါဝင်သော မျိုးကွဲအချို့လည်းရှိသည်။ ယခင်ကမှိုများအား အပင်များနှင့်အုပ်စုတူအဖြစ် သတ်မှတ်ခဲ့သော်လည်း အသစ်ထပ်မံတွေ့ရှိချက်များအရ သီးခြားအုပ်စုအဖြစ်ခွဲထုတ်ခဲ့သည်။ မော်လီကျူးသုတေ သနများအရ မှိုနှင့်တိရစ္ဆာန် များမှာ ပိုမိုဆွေမျိုးနီးစပ် ကြသည်။ သဲကန္တာရများအပါအဝင် ကမ္ဘာ့နေရာအနှံအပြား၌ မှိုတို့ရှင်သန်ပေါက်ဖွားနိုင် ကြသလိုရေထဲတွင်သာ ပေါက်ရောက်နိုင်သည့် မျိုးစိတ်များလည်းရှိသည်။ မှိုများသည်လိုအပ်သည့် အစာအဟာရများအား ပတ်ဝန်းကျင်မှစုပ်ယူ သည့်စနစ်အားအသုံးပြုကြပြီး ဘက်တီးရီးယားများကဲ့သို့ပင် ဂေဟစနစ်တွင်Decomposerများ ဖြစ်ကြသည်။ လက်ရှိှိမှတ်တမ်းတင်ပြီးသော မှိုမျိုးစိတ်၁သိန်းကျော်အနက် ၃ဝရာခိုင်နှုန်းမှာ ကပ်ပါးများဖြစ်ပြီး အများစုမှာ အပင်များပေါ်တွင်သာ တွယ်ကပ်ကြသည်။ သို့သော် မျိုးစိတ်၅ဝခန့်မှာ လူနှင့်တိရစ္ဆာန်များ သို့တွယ်ကပ်တတ်ပြီး အဆုတ်တွင်မှိုစွဲခြင်းရောဂါ၊ အမျိုးသမီးလိင်အင်္ဂါတွင်မှိုစွဲခြင်းရောဂါနှင့် အခြားသောအရေပြားရောဂါများစွာ ဖြစ်ပေါ်စေနိုင်သည်။ တိရစ္ဆာန်လောက(Kingdom Animalia) လူနှင့်တိရစ္ဆာန်တို့ပါဝင်ပြီး Eukaryoticဆဲလ်များစွာဖြင့် ဖွဲ့စည်းထားသည့်သက်ရှိများ ဖြစ်ကြသည်။ ထူးခြားသည့် ဝိသေသမှာ ကိုယ်တွင်းကလီစာ များဖြင့် အစာချေဖျက်ပြီး အဟာရများစုတ်ယူခြင်းဖြစ်သည်။ တိရစ္ဆာန်အများစုမှာ လိင်မှုပြုခြင်းဖြင့် မျိုးပွားကြပြီး ဥအုခြင်းအပြင်အကောင်လိုက်မွေးဖွားကြသည်။ တိရစ္ဆာန်အများစုတွင် ကြွက်သားနှင့်နက်ဗ်ဆဲလ်များရှိပြီး အစာရှာဖွေရာတွင် အဓိကအသုံးပြု ကြသည်။ အချို့သောမျိုးစိတ်များတွင် ရှုပ်ထွေးကြီးမားသည့် နက်ဗ်ဆဲလ်ကွန်ယက်ခေါ် ဦးနှောက်ပါဝင်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသည်။ တိရစ္ဆာန်များအား ကျောရိုးရှိနှင့် ကျောရိုးမဲ့ ဟူ၍ ယေဘူယျအုပ်စု ခွဲခြားကြသည်။ မိုနီရာလောက(Kingdom Monera) ဇီဝဗေဒဘာသာရပ်ခွဲများ ဇီဝဗေဒပညာရပ်သည် ကြီးမားကျယ်ပြန့်သောဘာသာရပ်ဖြစ်သောကြောင့် ဘာသာခွဲငယ်များဖြင့် အသေးစိတ်ပိုင်းခြားလေ့လာသည်။ သတ္တဗေဒ (zoology) သတ္တဝါများအား လေ့လာသောဘာသာရပ်ဖြစ်သည်။ ရုက္ခဗေဒ (botany) အပင်များအား လေ့လာသောဘာသာရပ်ဖြစ်သည်။ အဏုဇီဝဗေဒ (Microbiology) ဇီဝဗေဒအား မော်လီကျူးများအဆင့်ထိလေ့လာသော ဘာသာရပ်ဖြစ်ပြီး ဆဲလ်မျိုးကွဲများ ပေါင်းစပ်အလုပ်လုပ်ပုံအား အဓိကထားသည်။ Cytology(ဆဲလ်ဗေဒ ဝါ ကလပ်စည်းဗေဒ) ဆဲလ်များ၏ အမူအကျင့်၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဆောင်ရွက်ပုံတို့အား လေ့လာသောဘာသာရပ်ဖြစ်သည်။ Genetics(မျိုးရိုးဗီဇဗေဒ) သက်ရှိများ၏ အမွေဆက်ခံသည့်ဗီဇများအား လေ့လာသောဘာသာရပ်ဖြစ်သည်။ Evolutionary biology(ဆင့်ကဲပြောင်းလဲခြင်းဗေဒ) သက်ရှိများ၏ မူလအစနှင့် ဆင့်ကဲပြောင်းလဲလာပုံအဆင့်ဆင့်အား လေ့လာသောဘာသာရပ်ဖြစ်သည်။ Taxonomy(ဇီဝမျိုးခွဲဗေဒ) သက်ရှိများအား စနစ်တကျလေ့လာနိုင်ရန် မျိုးတူအုပ်စုခွဲ၍ အမည်ပေးသောဘာသာရပ်ဖြစ်သည်။ Ecology(ဂေဟဗေဒ) သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်ကျင်တို့ အပြန်အလှန်ဆက်စပ်အကျိုးပြုပုံအား လေ့လာသောဘာသာရပ်ဖြစ်သည်။ ကိုးကားကျမ်းစာရင်း ဝီကီပီးဒီးယား Neil A.Campbell၊ Jane B.Reeceနှင့် Eric J.Simonတို့ရေးသားသည့် Essential Biology with Physiology သိပ္ပံ ဇီဝဗေဒ
https://my.wikipedia.org/wiki/%E1%80%87%E1%80%AE%E1%80%9D%E1%80%97%E1%80%B1%E1%80%92
ရောဂါဗေဒ
ရောဂါဗေဒ () သည် ရောဂါများကို ကြောင်းကျိုးဆက်နွှယ်စွာ လေ့လာသည့် ဘာသာရပ်တစ်ခု ဖြစ်ပြီး ဆေးပညာနှင့် ရောဂါရှာဖွေခြင်းတို့တွင် အဓိကပါဝင်ပတ်သက်နေသော ပညာရပ်ဖြစ်သည်။ ရောဂါဗေဒ ဆိုသော စကားလုံးသည် ယေဘူယျအားဖြင့် ရောဂါများကို လေ့လာခြင်းဖြစ်ပြီး ဇီဝသိပ္ပံ သုတေသနလုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လျက်ရှိသည်။ ရောဂဗေဒသည် သဘာဝသိပ္ပံပညာမှ ခွဲထွက်သောပညာ ရပ် ဖြစ်သည်။ ဤပညာရပ်သည် လူတိရစ္ဆာန်တို့၌ ဖြစ်တတ် သော ရောဂါဟူသရွေ့ကို ရှာဖွေလေ့လာပြီးလျှင် ရောဂါဖြစ်ပေါ် ခြင်း၏ အကြောင်းရင်းနှင့် မည်ကဲ့သို့ ရောဂါဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းနှင့် မည်ကဲ့သို့ရောဂါ ဖြစ်ပေါ်လာခဲ့သည်ကို သိပ္ပံနည်းနှင့် လေ့လာသော ပညာရပ်လည်း ဖြစ်သည်။ မနုဿရောဂဗေဒသည် လူသားတို့၌ ဖြစ်တတ်သော ရောဂါဟူသရွေ့ကို ကာယဘေဒ၊ ဇီဝကိစ္စဗေဒနှင့် ဇီဝဓာတုဗေဒ တို့အပေါ်တွင် မူတည်၍ ရှာဖွေလေ့လာခြင်းကို ဆိုလိုပေသည်။ လူသားများသည် ယဉ်ကျေးမှုတိုးတက်လာသည့်အချိန်မှစ၍ ရောဂါများ၏ အကြောင်းရင်းကို တဖြည်းဖြည်း စိတ်ပါဝင်စား လာကြသည်။ သို့ရာတွင် ဂရိတို့ ကောင်းစားသောခေတ်၌ ဂရိသမားတော်ကြီး ဟစ်ပေါကရာတီ အသက်ထင်ရှားရှိနေစဉ် အချိန်မှစ၍ နောင်နှစ်ပေါင်း တစ်ထောင်ခန့် ရောဂဗေဒ မဖြစ် ပေါ် မထွန်းကားခဲ့ပေ။ ဤကဲ့သို့ ဖြစ်ရခြင်းအကြောင်းမှာ ဂရိ ဆေးပညာတွင် ကာယဘေဒနှင့် ဇီဝကိစ္စဗေဒကို မထွန်းကား ခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ဂရိခေတ် ကုန်ဆုံးပြီးနောက် ဆေးပညာရှင်များသည် ကာယဘေဒနှင့် ဇီဝ ကိစ္စဗေဒတို့ကို ပိုမို လေ့လာကြခြင်းကြောင့် တဖြည်းဖြည်း ရောဂဗေဒပညာ ရုပ်လုံးပေါ်လာခဲ့လေသည်။ ခရစ် ၁၇၆၁ ခုနှစ်တွင် ဣတာလျံလူမျိုး သမားတော်ကြီး မော်ဂါညီသည် ရောဂဗေဒကို အမှီပြု၍ ဆေးကျမ်းတစ်စောင် ရေးသားထုတ်ဝေခဲ့သည်။ ထိုအချိန်မှစ၍ သမားတော်များသည် ရောဂါများကို ရှာဖွေလေ့လာရာတွင် ရောဂါဖြစ်၍ ပြုပြင် ပြောင်းလဲခြင်း ခံရသော လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ရောဂါ၏ ပြင်ပလက္ခဏာများနှင့် ယှဉ်တွဲကြည့်ကြသည်။ ဤသို့သော အလေ့အကျင့်များကို ပြုလုပ်ရာတွင် သမား တော်များသည် အသက်ရှင်နေသည့် လူများတွင်သာမဟုတ်ဘဲ ရောဂါအမျိုးမျိုးနှင့် သေဆုံးသူများ၏ အလောင်းများကိုလည်း ခွဲစိတ်ကြည့်ရှု မှတ်သားလျက် ရောဂါအမည်များကို တိတိ ကျကျ ဖော်ပြကြလေသည်။ ယခုခေတ် ရောဂဗေဒပညာရှင်များသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ပြောင်းလဲမှုများကို မျက်မြင်နှင့်သာ တင်းတိမ်မနေသေးဘဲ ယင်းသည့်အစိတ်အပိုင်းများ အတွင်းရှိ ဓာတ်ဝတ္ထုများ မည်ကဲ့သို့ ပြောင်းလဲမှု ရှိသည်ကို အသေအချာ သိလိုသဖြင့် အောက်ပါခေတ်ပေါ်နည်းများကို အသုံးပြု၍ သုတေသန ပြုကြပေသေးသည်။ ပုံစံများကား အဆင့်ဆင့် ဆန့်ကျင်ပုံ အဏုကြည့်မှန်ဖြင့် လေ့လာနည်း၊ ရောင်ပြောင်း တောက်ပုံ အဏုကြည့်မှန်ဖြင့် လေ့လာနည်း၊ အီလက်ထရွန် အဏုကြည့်မှန်ဖြင့် လေ့လာနည်း၊ ခွဲစိတ်၍ အဏုကြည့်မှန်ဖြင့် လေ့လာနည်း၊ တစ်သျှူးဓာတုဗေဒနည်း၊ အလွန်ပြင်းထန်သော အရှိန်ဖြင့် ဗဟိုခွာနည်း အစရှိသည်တို့ ဖြစ်သည်။ ထို့ပြင် ရေဒီယို အိုင်ဆိုတုပ်များကို သုံး၍ ရောဂါရှာဖွေ လေ့လာနိုင်ကြ သဖြင့် ရောဂဗေဒပညာသည် နှစ်အနည်းငယ်အတွင်း အလွန် ကြီးပွား တိုးတက်လာသည်။ ရောဂဗေဒပညာသည် ဆေးပညာ၏ အခြေခံပညာ ဖြစ် သဖြင့် ဓနသဟာယနိုင်ငံများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ဆေးသိပ္ပံကျောင်းများတွင် တတိယနှစ်နှင့် စတုတ္ထနှစ် ဆေး ကျောင်းသားများအား မျက်မြင်ကိုယ်တွေ့ နှစ်နှစ်တိတိ သင် ကြားပေးလျက် ရှိပေသည်။ ကိုးကား ဆေးပညာအထူးပြုများ ဇီဝဗေဒပညာရပ်ခွဲများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB%E1%80%97%E1%80%B1%E1%80%92
ရုက္ခဗေဒ
ရုက္ခဗေဒဆိုသည်မှာ အပင်လောကကို လေ့လာသည့် ပညာရပ်ကို ခေါ်သည်။ ထိုပညာရပ်သည် ဇီဝဗေဒ၏အရေးကြီး သော အစိတ်အပိုင်းနှစ်ခုအနက် တစ်ခုဖြစ်သည်။ ဇီဝဗေဒဆို သည်မှာ သက်ရှိမှန်သမျှကို လေ့လာသည့် ပညာရပ်ဖြစ်၍ ယင်း၏ အခြားအရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ သတ္တဗေဒ (ပါဏဗေဒ) ဖြစ်သည်။ သမိုင်း အပင်လောကကို စတင်၍ လေ့လာကြခြင်းနှင့် ရာစုနှစ် ပေါင်းများစွာ ကြာသည့်တိုင်အောင် လေ့လာခဲ့ကြခြင်းမှာ အပင်များ ဆေးဝါးဘက်တွင် အသုံးဝင်ခဲ့ခြင်းကြောင့် ဖြစ် သည်။ အပင်များကို လေ့လာခဲ့ကြသည်မှာ ကြာပြီဖြစ်သော် လည်း ရုက္ခဗေဒဆိုင်သော ပညာရပ် တိုးတက်လာသည်မှာ အမှန်အားဖြင့် နှစ်တစ်ရာမျှသာ ရှိခဲ့ပေသေးသည်။ လူအဖို့ အသုံးဝင်မည့်အပင်များ၊ အနုပညာတွင် အသုံးဝင်မည့် အပင် များနှင့် ဆေးဝါးဘက်တွင် အသုံးဝင်မည့် အပင်များကို စတင် စိတ်ဝင်စားခဲ့ကြသည်မှာ ဓမ္မတာအတိုင်းသာ ဖြစ်လေသည်။ အပင်လောက၏ ပညာအစစ်ကို စတင်ခဲ့ကြရာတွင် အမျိုး အစား ခွဲခြားခြင်းကို ပြုလုပ်ခဲ့ကြသည်။ ရှေးဂရိတို့၏ ခေတ် တွင် အယ်ရစ္စတိုတယ်နှင့် သီအိုဖရက်စတပ်ဆိုသည့် ဂရိပညာ ရှင် နှစ်ဦးတို့သည် အပင်များကို သစ်ပင်များ၊ ချုံများနှင့် သစ်နုပင်များအဖြစ် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။ သို့သော် အပင်များနှင့် သက်ဆိုင်ရာပညာရပ်ကို တိုးပွားစေရန် ၁၆ ရာစု နှစ်တိုင်အောင် ဆက်၍ မကြံစည်ခဲ့ချေ။ ထိုအချိန်သို့ ဆိုက် ရောက်သောအခါ အပင်လေ့လာသူများက အပင်များကို အုပ်စု အလိုက် ခွဲလိုက်ကြသည်။ ၁၈ ရာစုနှစ်အလယ်သို့ ဆိုက်ရောက် သောအချိန်တွင် ဆွီဒင်လူမျိုးတစ်ဦး ဖြစ်သူ လင်းနီးယပ်ဆိုသူက အပင်များအား အုပ်စုခွဲသည့် စံနစ်ကို တီထွင်ပေးနိုင်ခဲ့လေ သည်။ ထိုသို့ လင်းနီးယပ်က စံနစ်တကျ တီထွင်၍ ပေးနိုင်ခဲ့ သဖြင့် အပင်များကို အမျိုးအစား ခွဲခြားခြင်းသည် ခိုင်မြဲသည့် အခြေ ရရှိပြီးလျှင် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့ လေသည်။ ပထမတွင် အပွင့်ပွင့်သည့် အပင်များကိုသာ အမျိုး အစား ခွဲခြားကြသော်လည်း နောင်တွင် တဖြည်းဖြည်း အပင် တိုင်းကို အမျိုးအစား ခွဲလာကြလေသည်။ တစ်ဖန် ၁၈ ရာစုနှစ် နောက်ပိုင်းနှင့်တိုးတက်ဖြစ်ထွန်းလာပုံကိုပါ လေ့လာခဲ့ကြလေ သည်။ ထိုကိစ္စများကို လေ့လာရာတွင် အသေးစိတ် လေ့လာရန် လိုအပ်သဖြင့် ရုတ်တရက် မအောင်မြင်နိုင်ခဲ့ကြလေသည်။ ထို သို့ လေ့လာကြရာတွင် ပထမ၌ အပင်ကြီးများ၏ ကိုယ်ထည် များ၏ အခြေခံမှာ ဆဲလ်ဖြစ်သည်ဆိုသော အချက်ကို သိလာကြ သောအခါတွင် အပင်၏ အနာတမီ(ကာယဒေသပညာ)ကိုပါ သဘောပေါက် လာကြလေသည်။ ထိုမှ ဆဲအမျိုးမျိုး စုပေါင်း သဖြင့် ဖြစ်ပေါ်လာသည့် အပင်၏ တစ်ရှူးများကိုပါ လေ့လာ ကြပြန်သည်။ ထိုမှတစ်ဖန် ရုက္ခဗေဒ ပညာရှင်များသည် အပင်များ၏ ပင်စည်အကိုင်းအခက်များနှင့် အင်္ဂါများ ဖြစ်ပေါ်စစ်ရေးအတွက် တစ်ရှူးများ တစ်ခုနှင့်တစ်ခု ဆက်သွယ်ကြပုံကိုပါ စိတ်ဝင်စား လာကြပြီးလျှင် အပင်တို့၏ ရုပ်သွင်ပညာခေါ် ပညာရပ်တစ်ရပ် ဖြစ်ပေါ်လာပြန်သည်။ ထိုပညာရပ်ဖြင့် အပင်များ၏ ဆောက် တည်ပုံ တိုးတက်လာရုံသာ မလေ့လာကြတော့ပဲ အပင်စုများ၏ မျိုးဆက်စဉ်ကိုပါ လေ့လာကြပြန်သည်။ ထိုသို့ အပင်များ၏ ရုပ်သွင်ပညာ ထွန်းကားလာသော အခါတွင် အချို့ ရုက္ခဗေဒပညာရှင်များက အပင်များ အသက် ရှင်ရေးအတွက် မည်သို့ အလုပ်လုပ်ကြသည်ကို သိလိုကြပြန် သည်။ ထိုသို့ သိလိုလာကြသဖြင့် ၁၉ ရာစုနှစ်အတွင်းတွင် ထိုပညာရပ်သည် အခြားအပင်နှင့်ဆိုင်ရာ ပညာရပ်များထက် အဟုန်ကြီးစွာနှင့် တိုးတက်လာခဲ့လေသည်။ ထိုပညာရပ်ကို အပင်များ၏ ဇီဝကိစ္စဗေဒဟူ၍ ခေါ်သည်။ ထိုမှတစ်ဖန် စိမ့်များ၊ ပရေရီလွင်များ၊ သဲကန္တာရများ၊ သို့မဟုတ် သစ်တောများကဲ့သို့သော အခြေအနေ မတူသည့် နေရာများတွင် အပင်များ အတူတကွ ပေါက်ရောက်လာနိုင်ပုံ တွင် ရုက္ခဗေဒပညာရှင်များက စိတ်ဝင်စားလာကြပြန်သည်။ ထိုပညာရပ်တွင် အပင်များနှင့် ယင်းတို့၏အင်္ဂါများ အလင်း၊ အပူ၊ မြေဆီလွှာ အပူချိန် စသည်တို့နှင့် ဆက်သွယ်ပုံကိုပါ လေ့လာကြပြန်သည်။ ထိုပညာရပ်ကို အီကောလိုဂျီ (ဂေဟ ဗေဒ)ဟု ခေါ်သည်။ ထိုမှတစ်ဆင့် အလွန်စိတ်ဝင်းစားဖွယ် ကောင်းသော 'အပင်စုများ'အကြောင်းကို လေ့လာနိုင်လာကြ ပြန်သည်။ လူများတွင် ရောဂါဝေဒနာများ ကျရောက်တတ်သကဲ့သို့ အပင်များတွင်လည်း ရောဂါများ ကျရောက် တတ်သည်ကို ရုက္ခဗေဒပညာရှင်များက သတိမူမိကြသဖြင့် အပင်များ၏ရောဂါ များကိုပါ လေ့လာလာကြရာမှ အပင်နှင့်ဆိုင်ရာ ရောဂါဗေဒ လည်း ထွန်းကားလာလေသည်။ တစ်ခါတစ်ရံတွင် ရာသီဥတု ကြောင့်၎င်း၊ တစ်ခါတစ်ရံတွင် မြေကြီးမှလိုအပ်သည့် တွင်း ထွက်များ မရရှိ၍၎င်း အပင်များ၌ ရောဂါကျရောက်တတ် သည်ကို တွေ့ကြလေသည်။ အပင်များ၌ ကျရောက်သည့်ရောဂါ များမှာ လူတွင် ရောဂါပိုးက ရောဂါကို ဖြစ်ပေါ်စေသကဲ့သို့ ဗက်တီးရီးယားနှင့် ရောဂါပိုးများကြောင့် များသောအားဖြင့် ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် မှိုမျိုးကြောင့် အပင်များ၌ ရောဂါကျရောက်တတ်သည်။ မှိုမျိုး၌ ကလိုရိုဖီခေါ် အစိမ်း ရောင် ဆေးမရှိချေ။ ထိုသို့ ကလိုရိုဖီ မရှိသဖြင့် ဖိုတိုဆင်း သဆစ်ခေါ် အစာကို ပြုလုပ်ခြင်း မရှိနိုင်ချေ။ ထိုအခါ အခြား အပင်စိမ်းများမှ ယင်းတို့၏ အသက်ရှင်ရေးအတွက် အစာကို ရယူကြရပေမည်။ ထိုသို့ အစာကို ရယူကြရာတွင် အပင်စိမ်း များကို ပျက်စီးစေရုံမက တစ်ခါတစ်ရံတွင် သေပင် သေစေ ကြသည်။ အပင်များက ကျရောက်လာသည့် ရောဂါများကို ခုခံ တိုက်ခိုက်ရန် အပင်ရောဂါဗေဒ ပညာရှင်များက မူမှန်အပင် များကို လေ့လာကြလေသည်။ ထိုအပင်များ မည်သို့အမှု ဆောင်ရွက်သည်ကို လေ့လာကြလေသည်။ ထိုပညာရှင်များသည် အပင်ကို ဖျက်ဆီးပစ်သည့် အပင်နှင့် တိရစ္ဆာန်တို့၏ နေထိုင် ဖြစ်ပေါ်ပုံကိုပါ လေ့လာကြရလေသည်။ သို့မှသာ ယင်းတို့၏ လှုပ်ရှားမှုများကို ခုခံတိုက်ဖျက်နိုင်ပေလိမ့်မည်။ အပင်များ၌ ရောဂါ ကျရောက်ခြင်းကို ကာကွယ်တိုက်ခိုက်ရန် အပင်ရောဂါ ဗေဒအရ ဓာတ်ပစ္စည်းများကို အသုံးပြုကြလေသည်။ ထိုပညာ ရပ်ကို လေ့လာခြင်းဖြင့် ရောဂါကျရောက်ခြင်းကို ခုခံ တိုက် ခိုက်နိုင်မည့် အပင်မျိုး ဖြစ်ပေါ်လာအောင် ရှာကြံဆောင်ရွက် နိုင်ကြလေသည်။ အပင်တွင် ရောဂါမကျရောက်စေရန် ပို၍ လိုလားကြလေသည်။ မျိုးရိုးပညာ ထွန်းကားလာသောအခါတွင် ထိုပညာကို အပင်များတွင် အသုံးပြုခဲ့ကြလေသည်။ ထိုပညာရပ်မှာ အပင် များ ယင်းတို့၏ အဆက်အနွယ်များသို့ မည်ကဲ့သို့ ယင်းတို့၏ ဝိသေသဂုဏ်များကို ပြန့်ပွားစေသည် ဆိုသည်ကို လေ့လာခြင်း ဖြစ်သည်။ ထိုပညာရပ် ထွန်းကားလာခဲ့သည်မှာ ၁၉ဝဝ ပြည့် နှစ်မှ စခဲ့ခြင်းကြောင့် မကြာလှသေးချေ။ ထိုပညာရပ်၏ အခြေခံ အချက်အလက်များကို ဩစတြီးယန်း ခရစ်ယန်ဘုန်းကြီးတစ်ပါး ဖြစ်သော ဂရီခေါ်မင်ဒယ်ဆိုသူက စစ်ဆေးလေ့လာခဲ့လေသည်။ ထို့ပြင် အသုံးချ ရုက္ခဗေဒဆိုသည်လည်း ရှိသေးသည်။ ထိုပညာရပ်တွင် အပင်သစ်များ ရှာဖွေခြင်းနှင့် အပင်ထွက် ပစ္စည်းများကို လေ့လာခြင်း၊ မည်သည့်အပင်မျိုးက မည်သည့် မြေဩဇာမျိုးကို လိုသည်ဆိုသည်ကို လေ့လာခြင်းနှင့် လူ့အကျိုး အတွက် အပင်များကို လူက စိုက်ပျိုးယူပုံများကို လေ့လာခြင်း များ ပါဝင်သည်။ ကမ္ဘာတွင် အပင်အမျိုးပေါင်း သုံးသိန်းခန့် ရှိသည်။ အပင် တစ်ပင်ကို မလေ့လာမီ၊ သို့မဟုတ် အသုံးမပြုမီ ထိုအပင်သည် မည်သည့်အပင်မျိုး ဖြစ်သည်ကို သိရန် အရေးကြီးလေသည်။ အပင်များကို အမျိုးအစား ခွဲခြားခြင်းသည် လွယ်ကူသော လုပ်ငန်းမဟုတ်ချေ။ အပင်နှစ်ပင်သည် မည်သို့မျှ တိကျစွာ တူနိုင်မည် မဟုတ်ချေ။ အလွန်နီးစပ်သည့် အပင်နှစ်ပင်ကို ခွဲခြားရန် ခဲယဉ်းလေသည်။ အတွေ့အကြုံများကို ကြည့်တတ်ခြင်း တို့သည် အပင်များကို အမျိုးအစားခွဲရာတွင် လိုအပ်သော အရည်အချင်း များ ဖြစ်လေသည်။ အပင်တစ်ပင်ကို သိပ္ပံစံနစ်ဖြင့် အမည်ပေးရာတွင် အစဉ် သဖြင့် စကားလုံးနှစ်လုံး ပါရှိလေသည်။ ပထမ စကားလုံးမှာ မျိုးစုအမည်ဖြစ်၍ ထိုအပင်သည် မည်သည့် အပင်အုပ်စုတွင် ပါဝင်ကြောင်းကို ဖော်ပြသည်။ ဒုတိယစကားလုံးမှာ မျိုးစိတ် အမည် သို့မဟုတ် အုပ်စုအတွင်း မည်သည့် အမျိုးဖြစ်ကြောင်း ကို ဖော်ပြသည်။ ထိုကြောင့် အုတ်ခေါ် ဝက်သစ်ချပင် မှန်သမျှ သည် 'ကွားကပ်'မျိုးစုတွင် ပါဝင်လေသည်။ ထိုအတူ နှင်းဆီမှန် သမျှသည်လည်း'ရိုဆာ'မျိုးစုတွင် ပါဝင်လေသည်။ သို့သော် ဝက်သစ်ချအဖြူမှာ 'ကွားဟပ်ရူဗရာ' ဖြစ်သည်။ မျိုးစုတစ်စု စီတွင် သက်ဆိုင်ရာမျိုးစုသာ အသုံးပြုပြီးလျှင် အပင်လောက ရှိ အခြားမည်သည့် အပင်အုပ်စုအတွက်မျှ အသုံးမပြုချေ။ ထိုအတူ အုပ်စုတစ်ခုအတွင်းရှိ မျိုးစိတ်တစ်ခု၌လည်း သက် ဆိုင်ရာ ထူးခြားသည့် မျိုးစိတ်အမည် ရှိလေသည်။ နီးကပ်စွာ ဆက်စပ်လျက်ရှိသော မျိုးစုများကို မျိုးရင်းအဖြစ် သတ်မှတ် ထားသည်။ အလွန်နီးကပ်စွာ ဆက်စပ်လျက်ရှိသော မျိုးရင်း များကို မျိုးစဉ်တစ်ခုတွင် သတ်မှတ်ထားပြန်သည်။ နီးကပ်စွာ ဆက်စပ်လျက်ရှိသော မျိုးပေါင်းစုတစ်ခုတွင် သတ်မှတ်ကြပြန် သည်။ ထိုသို့ သိပ္ပံအမည်ပေးရာတွင် မည်သည့်အခါတွင်မျှ မပြောင်းလဲသည့် လက်တင်အမည်များကို ပေးလေ့ရှိကြလေ သည်။ ရုက္ခဗေဒသည် ဇီဝဗေဒ၏ ဘာသာခွဲတရပ်ဖြစ်ြပီး အပင်များ ကြီးထွားဖွံ့ဖြိုးမှုနှင့် ဘဝစက်ကွင်းကို လေ့လာသည့် သိပ္ပံပညာတစ်ရပ်ဖြစ်သည်။ ရုက္ခဗေဒဟူသည့် ဝေါဟာရမှာ ပါဠိစာလုံးငှားဖြစ်သည်။ အင်္ဂလိပ်ဘာသာ၌ ရုက္ခဗေဒကို "botany" သို့ "phytology" ဟုခေါ်သည်။ ရုက္ခဗေဒတွင် အပင်၊ ပင်လယ်ရေမှော်အုပ်စု (algae)၊ မှိုအုပ်စု (fungi)တို့၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကြီးထွားမှု၊ မျိုးပွားခြင်း၊ ဇီဝဖြစ်ပျက်မှု၊ ရောဂါဘယ၊ ဓာတုသတ္တိနှင့် မတူသည့် မျိုးစုများအကြား ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ ဆက်စပ်မှုများကို လေ့လာသုံးသပ်သည့် ပညာရပ်များ ကျယ်ကျယ်ပျံ့ပျံ့ ပါဝင်သည်။ ရုက္ခဗေဒသည် စားသုံးနိုင်သည့်အပင်များ၊ ဆေးဖက်ဝင်သည့် အပင်များ၊ အဆိပ်သင့်သည့်အပင်များအား ခွဲခြားသိရှိနိုင်ရန် ကြိုးပန်းချက်များနှင့် စတင်ခဲ့သည့် ရှေးအကျဆုံး သိပ္ပံပညာဖြစ်သည်။ မျက်မှောက်ကာလအထိ လေ့လာသိရှိပြီးသော မျိုးစိပ်ပေါင်း ၅၅၀,၀၀၀ ကျော်အထိ တိုးပွားလာပြီဖြစ်သည်။ ရုက္ခဗေဒ၏ အရေးပါပုံ ဇီဝဗေဒတွင် အခြားသက်ရှိများအား လေ့လာသည့်နည်းတူ အပင်များ၏ ဘဝဖြစ်စဉ်ကို ဆဲလ်၊ တစ်ရှူး၊ အင်္ဂါအစိပ်အပိုင်း၊ အရေအတွက်၊ စုစည်းပေါက်ရောက်ပုံတို့မှ တဆင့် မောလီကျူး၊ မျိုးဗီဇနှင့် ဇီဝဓာတု စသည့် အဆင့်ပေါင်းစုံ ရှုထောင့်အမျိုးမျိုးမှ လေ့လာသုံးသပ်နိုင်သည်။ ဤကဲ့သို့ အဆင့်အသီးသီးတွင် ရုက္ခဗေဒပညာရှင်များသည် အပင်များ၏ အမျိုးအစား ခွဲခြားပုံ၊ (ခန္ဓာဗေဒအားဖြင့် ပုံပန်းသဏ္ဌာန်အားဖြင့်) ဖွဲ့တည်ပုံ သို့ အလုပ်လုပ်ပုံတို့ကို စူးစိုက်လေ့လာကြသည်။ သမိုင်းအစဉ်အလာအရ သက်ရှိများအား အပင်နှင့် သတ္တဝါဟု ခွဲခြားထားလေ့ရှိသည်။ ရုက္ခဗေဒတွင် သတ္တဝါမဟုတ်သည့် သက်ရှိအားလုံး အကျုံးဝင်သည်။ တခါက ရုက္ခဗေဒတွင် အကျုံးဝင်သော သက်ရှိအချို့မှာ မျက်မှောက်ခေတ်တွင် အပင်အုပ်စုနှင့် မသက်ဆိုင်တော့ပေ။ မှိုအုပ်စု၊ ဘက်တီးရီးယား၊ ဗိုင်းရပ်နှင့် ဧကကလာပ်စည်း ရေမှော်များကို လက်ရှိတွင် Protista (မူရင်းသက်ရှိ) အဖြစ် အုပ်စုခွဲထားသည်။ သို့ပေမဲ့လည်း ၎င်းသက်ရှိများအား ရုက္ခဗေဒပညာရှင်များက ဆက်လက် အာရုံစိုက်လျက်ရှိပြီး ရုက္ခဗေဒ သင်ခန်းစာ နိဒါန်းအပိုင်းတွင် ဖော်ပြလေ့ရှိသည်။ အပင်များသည် ကမ္ဘာပေါ်ရှိ သက်ရှိများ၏ အခြေခံကျသည့် တစိပ်တပိုင်းဖြစ်သောကြောင့် အရေးကြီးလှသည်။ လူသားများနှင့် အဆင့်မြင့်သက်ရှိများ ရှင်သန်ကြီးထွားရန်အတွက် မရှိမဖြစ်လိုအပ်သည့် အောက်စီဂျင်၊ အစားအစာ၊ လောင်စာနှင့် ဆေးဝါးများအား အပင်များမှ ရရှိနိုင်သည်။ အလင်းဖြင့် အစာချက်သည့်နည်းဖြင့် အပင်များသည် ကမ္ဘာမြေကြီး၏ ရာသီဥတု ပြောင်းလဲမှုအပေါ် သက်ရောက်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ်များအား စုပ်ယူပေးသည်။ အပင်များသည် ရေအရင်းအမြစ်နှင့် မြေဆီလွှာ ထိန်းသိမ်းရေးတွင် အရေးပါသည်။ ရှေးဟောင်းရုက္ခဗေပညာရှင်များသည် ကျောက်ဖြစ်ရုပ်ကြွင်းများရှိ ရှေးဟောင်း အပင်များအား လေ့လာကြသည်။ ကမ္ဘာမြေကြီး၏ ရှေးဦးသမိုင်းကာလတွင် အလင်းဖြင့် အစာချက်လုပ်နိုင်သည့် အပင်များ၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်သည် လေထုကို ပြောင်းလဲမှုဖြစ်စေသည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် အပင်များအကြောင်းကို နားလည်သိရှိနိုင်ြခင်းသည် လူ့အသိုင်းအဝိုင်း၏ အနာဂတ်အတွက် အရေးပါသည့် အချက်ဖြစ်သည်။ ဤသို့ သိရှိထားခြင်းအားဖြင့် တိုးပွားလျက်ရှိနေသည့် လူဦးရေအတွက် စားနပ်ရိက္ခာများ၊ ရောဂါဝေဒနာများအား ကုသနိုင်မည့် ဆေးဝါးများ ဖူဖူလုံလုံ စိုက်ပျိုးထုတ်လုပ်နိုင်မည်၊ သက်ရှိများ၏ အခြေခံ ဘဝဖြစ်စဉ်နှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေနိုင်မည်ဖြစ်သည်။ လူသားများအတွက် အာဟာရ ယေဘုယျအားဖြင့် အစားအသောက်များ အားလုံးကို အပင်များမှ ရရှိသည်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများမှ တိုက်ရိုက်သော်လည်းကောင်း၊ အပင်များအား မှီတင်းနေထိုင်ကြသည့် သားငါးနှင့် အခြားသတ္တဝါများမှ သွယ်ဝိုက်သော နည်းဖြင့်သော်လည်းကောင်း ရရှိနိုင်သည်။ အပင်များသည် နေရောင်ခြည်မှ ရရှိသည့် စွမ်းအင်များ၊ မြေဆီလွှာမှ ရရှိသော အဟာရဓာတ်များနှင့် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်များကို အသုံးပြုကာ သတ္တဝါများ မှီဝဲသုံးစွဲနိုင်သည့် ဓာတ်ပစ္စည်းများအဖြစ် ပြောင်းလဲပေးနိုင်သောကြောင့် အစာကွင်းဆက်တွင် အခြေခံအကျဆုံးဖြစ်သည်။ ရုက္ခဗေဒပညာရှင်များသည် အပင်များက လူသားများ စားသုံးသည့် အစားအစာများအား ထုတ်လုပ်ပုံနှင့် ထွက်နှုန်းတိုးအောင် စိုက်ပျိုးသည့် နည်းလမ်းများကိုလည်း လေ့လာကြသည်။ ဤလေ့လာချက်များသည် လူသားတရပ်လုံးနှင့် နောက်မျိုးဆက်များအား စားနပ်ရိက္ခာ လုံလုံလောက်လောက် ထောက်ပံ့နိုင်ရေးအတွက် အရေးကြီးသည်။ အခြေခံ သက်ရှိဘဝဖြစ်စဉ် ကလာပ်စည်းကွဲထွက်ခြင်း၊ အသားဓာတ် (ပရိုတင်း) ထုတ်လုပ်ခြင်းစသည့် အခြေခံဘဝဖြစ်စဉ်များအား လေ့လာရာတွင် အပင်များသည် အဆင်ပြေစေသည့် သက်ရှိများဖြစ်သည်။ လူနှင့်သတ္တဝါများအား လေ့လာသကဲ့သို့ ကျင့်ဝတ်များအား စောင့်ထိန်းရန် မလိုအပ်ပါ။ ပဲပင်များ၏ ပုံပန်းသဏ္ဌာန်ကို မျိုးဆက်တဆက်မှ နောက်တဆက်သို့ မည်သို့ လက်ဆင့်ကန်းပေးပုံအား လေ့လာသည့် ရုက္ခဗေဒပညာရှင် Gregor Mendel (ဂရက်ဂါ မန်ဒဲလ်)သည် ဤနည်းလမ်းဖြင့် မျိုးဗီဇဆက်ခံခြင်းနိယာမကို (genetic laws of inheritance) တွေ့ရှိခဲ့သည်။ မန်ဒဲလ်၏ တွေ့ရှိချက်များသည် ယနေ့ခေတ်တွင် အခြားနယ်ပယ်များ၌ များစွာအသုံးဝင်နေပြီ ဖြစ်သည်။ ထို့အပြင် Barbara McClintock (ဘာဘရာ မက္ကလင်းတော့ခ်) သည် ဖူးစားပြောင်းများအား လေ့လာရာမှ မျိုးဆက်ကျော် ဗီဇဆက်ခံမှုကို (jumping genes) တွေ့ရှိခဲ့သည်။ ဤသည်မှာ အခြေခံ သက်ရှိဘဝဖြစ်စဉ်အား နားလည်နိုင်ရေးတွင် ရုက္ခဗေဒနှင့် တနည်းတဖုံ ဆက်နွယ်လျက်ရှိကြောင်း သိသာထင်ရှားသည့် သာဓကများဖြစ်သည်။ ဆေးဝါးနှင့် ကုန်ကြမ်းပစ္စည်း Tetrahydrocannabinol ၊ ကဖိန်းဓာတ်နှင့် နစ်ကိုတင်စသည့် ဆေးဝါးသုံးနှင့် အပျော်သုံးပစ္စည်းများမှာ အပင်ထွက်ပစ္စည်းများ ဖြစ်ကြသည်။ အချို့မှာမူ အပင်ထွက် သဘာဝ ပစ္စည်းများအား အခြေခံ၍ ထုတ်လုပ်ထားသော ပစ္စည်းများ ဖြစ်သည်။ ဥပမာ အက်စပရင်မှာ (asprin) မိုးမခပင် အခေါက်မှရသည့် အကိုက်အခဲပျောက်စေသော အက်စစ်တမျိုးကို (salicylic acid) အခြေခံ၍ ထုတ်လုပ်သည့် ဆေးဝါးဖြစ်သည်။ နောင်တွင် အာနိသင်ထက်သည့် ဆေးဖက်ဝင် အပင်များကို တွေ့ကောင်း တွေ့နိုင်ဦးမည်ဖြစ်သည်။ ကော်ဖီ၊ ကိုကို၊ ဆေးရွက်ကြီးနှင့် လက္ဖက်ခြောက်တို့မှာ လူသိများသည့် အပင်ထွက် ပစ္စည်းများ ဖြစ်ကြသည်။ ဘာလီ (ဘီယာ)၊ ဆန် (အရက်)၊ စပျစ်သီး (ဝိုင်) အစရှိသည့် အပင်ထွက်ပစ္စည်းများအား အချဉ်ဖောက်ခြင်းအားဖြင့် ယမကာများကို ဖော်စပ်ယူနိုင်သည်။ အပင်များမှလဲ ဝါကွမ်း၊ သစ်၊ စက္ကူ၊ လိုင်နင်၊ ဟင်းရွက်ဆီ၊ ကြိုး၊ ရာဘာ စသည့် ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်သည်။ ပိုးစာပင်မရှိလျှင် ပိုးချည်မျှင်များအား ထုတ်လုပ်နိုင်မည် မဟုတ်ချေ။ အချဉ်ဖောက်နိုင်သည့် သကြားနှင့် ဆီဓာတ်ပါဝင်နှုန်းများသည့် ကြံ၊ ကြက်ဆူပင်၊ စိုရာပဲ (soy) နှင့် အခြားအပင်များကို လက်ရှိတွင် ဇီဝလောင်စာအဖြစ် အသုံးချနေကြပြီဖြစ်သည်။ ၎င်းတို့သည် ရေနံကဲ့သို့သော ကျောက်ဖြစ်ရုပ်ကြွင်းများမှ ရရှိသည့် လောင်စာများအား အစားထိုး အသုံးပြုနိုင်မည့် အရေးပါသည့် ကုန်ကြမ်းများဖြစ်သည်။ ပတ်ဝန်းကျင် ပြောင်းလဲမှု ပတ်ဝန်းကျင် ပြောင်းလဲမှုများအား လေ့လာရာတွင် အပင်များသည် အထောက်အကူဖြစ်သည်။ ရုက္ခဗေဒ၏ ဘာသာခွဲများ Agronomy—Application of plant science to crop production Bryology—Mosses, liverworts, and hornworts Economic Botany—Study of plants of economic use or value Ethnobotany — အပင်နှင့် လူသားအကြား ဆက်စပ်မှု Forestry— သစ်တောကြိုးဝိုင်း စီမံကွပ်ကဲမှုနှင့် အခြားစပ်လျဉ်းရာ အကြောင်းအရာများ Horticulture—Cultivated plants Lichenology—The study of lichens Paleobotany— ကျောက်ဖြစ်ရုပ်ကြွင်း အပင်များအား လေ့လာမှု Palynology— ဝတ်မှုံနှင့် spores Phycology— ပင်လယ်ရေမှော် (Algae) Phytochemistry—Plant secondary chemistry and chemical processes Phytopathology— အပင် ရောဂါဗေဒ Plant Anatomy— အပင် ဆဲလ်နှင့် တစ်ရှူး ဖွဲ့စည်းပုံ Plant Ecology— သဘာဝဝန်းကျင်အတွင်း အပင်များ၏ အခန်းကဏ္ဍ Plant Genetics— အပင်များ၏ မျိုးဗီဇ ဆက်ခံမှု Plant Morphology— အသွင်သဏ္ဌာန်နှင့် ဘဝစက်ကွင်း Plant Physiology—Life functions of plants Plant systematics— အပင်များအား အမည်ပေးခြင်းနှင့် အမျိုးအစားခွဲခြားခြင်း ထင်ရှားကျော်ကြားသော ရုက္ခဗေဒပညာရှင်များ Ibn al-Baitar (d. 1248), Andalusian-Arab scientist, botanist, pharmacist, physician, and author of one of the largest botanical encyclopedias. Aimé Bonpland (1773-1858), French explorer and botanist, who accompanied Alexander von Humboldt during five years of travel in Latin America. Luther Burbank (1849-1926), American botanist, horticulturist, and a pioneer in agricultural science. Augustin Pyramus de Candolle He originated the idea of A failure "Nature's war", which influenced Charles Darwin. first name needed al-Dinawari (828-896), Kurdish botanist, historian, geographer, astronomer, mathematician, and founder of Arabic botany. David Douglas (1799-1834), Scottish botanical explorer of North America and China, who imported many ornamental plants into Europe. Joseph Dalton Hooker (1817-1911), English botanist and explorer. Second winner of Darwin Medal. Thomas Henry Huxley (1825-1895), Hi English biologist, known as "Darwin's Bulldog" for his advocacy of Charles Darwin's theory of evolution. Third winner of Darwin Medal. Carl Linnaeus (1707-1778), Swedish botanist, physician and zoologist who laid the foundations for the modern scheme of Binomial nomenclature. He is known as the father of modern taxonomy, and is also considered one of the fathers of modern ecology. Gregor Johann Mendel (1822-1884), Augustinian priest and scientist, and is often called the father of genetics for his study of the inheritance of traits in pea plants. Abu al-Abbas al-Nabati (c. 1200), Andalusian-Arab botanist and agricultural scientist, and a pioneer in experimental botany. Richard Spruce (1817-1893), English botanist and explorer who carried out a detailed study of the Amazon flora. Agustín Stahl (1842-1917), conducted investigations and experiments in the fields of ethnology, and zoology in the Caribbean region. George Ledyard Stebbins, Jr. Widely regarded as one of the leading evolutionary biologists of the 20th century, developed a comprehensive synthesis of plant evolution incorporating genetics. Leonardo da Vinci (1452-1519), Italian polymath; a scientist, None. mathematician, engineer, inventor, anatomist, painter, sculptor,architect, botanist, musician and writer. ကိုးကား ဇီဝဗေဒပညာရပ်ခွဲများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%97%E1%80%B1%E1%80%92
သတ္တဗေဒ
သတ္တဗေဒ (ပါဏဗေဒ‎) ဆိုသည်မှာ သတ္တဝါများအကြောင်းကို လေ့လာသည့် ပညာတရပ်ဖြစ်ပြီး ဇီဝဗေဒမှ ခွဲထွက်လာသည့် ဘာသာ တစ်မျိုးဖြစ်သည်။ သတ္တဗေဒမှာ သတ္တဝါ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးဝင်ပုံ၊ ပြုမူနေထိုင်ပုံနှင့် ဆင့်ကဲပြောင်းလဲပုံများအား အဓိကထားလေ့လာသုံးသပ်သည့် သက်ရှိဆိုင်ရာ သိပ္ပံပညာတစ်ရပ်ပင် ဖြစ်သည်။ သမိုင်း ရှေးခေတ်မှ ဒါဝင်ခေတ်ကာလအထိ အဓိကဆောင်းပါး သတ္တဗေဒသမိုင်း (၁၈၅၉ ခုနှစ်) သတ္တဗေဒ၏သမိုင်းသည် ရှေးခေတ်မှ ယနေ့ခေတ်အထိ တိရစ္ဆာန်နယ်ပယ် လေ့လာခြင်းပညာရပ်၏ ဖြစ်ပေါ်တိုးတက်လာခဲ့မှုအကြောင်းကို ဖော်ပြသည်။ တစ်ခုတည်းသော ကြောင်းကျိုးညီညွတ်သည့် နယ်ပယ်တစ်ရပ်အဖြစ် သတ္တဗေဒ အယူအဆသည် နှောင်းကာလများစွာ၌ ပေါ်ပေါက်ခဲ့သော်လည်း ရှေးဟောင်း ဂရိ - ရောမယဉ်ကျေးမှုခေတ်မှ အရစ္စတိုတယ်နှင့် ဂေးလန်တို့၏ ဇီဝဗေဒဆိုင်ရာ လက်ရာများမှ အစပြုဖြစ်ပေါ်လာသော (သက်ရှိများအကြောင်းစူးစမ်းလေ့လာသည့်ပညာရပ်) သဘာဝသမိုင်းမှ သတ္တဗေဒနှင့်ဆိုင်သော လောကဓာတ်ပညာရပ်များ ပေါ်ထွန်းလာခဲ့သည်။ ဤရှေးဟောင်းလက်ရာကို အလယ်ခေတ်ကာလများ၌ ပို၍ ချဲ့ထွင်တိုးတက်စေသူများမှာ အယ်လ်ဘာတပ်စ် မဲဂ်နပ်စ် ကဲ့သို့သော ပညာရှင်များနှင့် မွတ်စလင်သမားတော်များဖြစ်ကြသည်။ ရစ်နေဆန်းခေတ်နှင့် ခေတ်သစ်အစောပိုင်းကာလများ အတွင်း၌ပင် သတ္တဗေဒဆိုင်ရာ အတွေးအခေါ်များသည် ဥရောပ၌ လက်တွေ့မျက်မြင်သဘောတရားနှင့် ဆန်းသစ်သောသက်ရှိများကို ရှာဖွေတွေ့ရှိခြင်းအားဖြင့် တော်လှန်ပြောင်းလဲခဲ့သည်။ ဒီလှုပ်ရှားမှု၌ ထင်ရှားသောသူတို့မှာ အန်းဒရိယ ဗီဆေးလိယပ် နှင့် ဝီလျံ ဟာဗေးတို့ဖြစ်ကြသည်။ ၎င်းတို့သည် ဇီဝကမ္မဗေဒ၌ စမ်းသပ်ချက်များနှင့် အထူးပြုလေ့လာခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။   သက်ရှိ(အပင်နှင့် တိရစ္ဆာန်)များလေ့လာသူပညာရှင်များ Carl Linnaeus၊ Jean-Baptiste Lamarck နှင့် Buffon တို့သည် သက်ရှိများ၏ မျိုးကွဲများ၊ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းများ၊ သက်ရှိများ၏ အပြုအမူနှင့် ဖွံ့ဖြိုးတိုးတက်လာခြင်း စသည်တို့ကို စနစ်တကျခွဲခြားခဲ့ကြသည်။ အဏုကြည့်မှန်ပြောင်းအသုံးချခြင်းသည် ယခင်ကမသိသောသေးငယ်သောဇီဝသက်ရှိများ၏ ကမ္ဘာကြီးကိုဖော်ထုတ်ခဲ့ပြီး ဆဲလ်သီအိုရီအတွက် အခြေခံဖြစ်သည်။ စက်မှုအတွေးအခေါ်၏ မြင့်တက်မှုကို တစ်စိတ်တစ်ပိုင်း တုံ့ပြန်မှုအဖြစ် (ကြောင်းကျိုး၊ သဘာဝအတွေ့အကြုံကို အခြေခံသော လောကဖန်တီးရှင် ရှိ/မရှိ) သဘာဝဘာသာရေးစနစ်၏ ကြီးထွားလာသောအရေးပါမှုသည် (သက်ရှိများအကြောင်းစူးစမ်းလေ့လာသော) သဘာဝသမိုင်း ကြီးထွားမှုကိုအားပေးခဲ့သည် (သို့သော် သဘာဝသမိုင်းပညာရပ်သည် လောကဖန်တီးရှင် ရှိ/မရှိ အခြေတင်အငြင်းပွားမှုကို တည်ဆောက်အမြစ်တွယ်စေခဲ့သည်။) ၁၈၊ ၁၉၊ ၂၀ ရာစုနှစ်များတွင် သတ္တဗေဒသည် ပညာရပ်ဆန်သည့် သိပ္ပံနည်းကျဘာသာရပ်တစ်ခု ဖြစ်လာသည်။ အလက်ဇန္ဒားဗွန်ဟမ်ဘော့လ်ကဲ့သို့သော သဘာဝသမိုင်း စူးစမ်းလေ့လာသူ များသည် သက်ရှိများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်အကြား အပြန်အလှန်အကျိုးသက်ရောက်မှုကိုစုံစမ်းစစ်ဆေးခဲ့သည်။ ဤဆက်နွယ်မှုသည် ပထဝီဝင်အနေအထားပေါ်တွင်မူတည်သည်။ ပြင်ပလင့်ခ်များ Books on Zoology at Project Gutenberg ကျောရိုးမဲ့ သတ္တဝါများ လေ့လာရေး လမ်းညွှန် at Wikibooks ကျော်ရိုးမဲ့ သတ္တဝါဆိုင်ရာ အွန်လိုင်း အဘိဓာန် သတ္တဝါများ၏ အွန်လိုင်း ခန္ဓာဗေဒ ပုံဖော်ကားချပ်များ Dictionary.com's သတ္တဗေဒ ဝေါဟာရ အသံထွက် ဆွေးနွေးမှု
https://my.wikipedia.org/wiki/%E1%80%9E%E1%80%90%E1%80%B9%E1%80%90%E1%80%97%E1%80%B1%E1%80%92
ဘူမိဗေဒ
ဘူမိဗေဒ (Geology, from Greek: γη, gê, "earth"; and λόγος, logos, "speech" lit. မြေကြီး အကြောင်းပြောခြင်း) သည် ကမ္ဘာမြေကြီးရှိ ဓာတ်ဝတ္တု အဆိုင်အခဲနှင့် ၎င်းတို့၏ ပါဝင်မှုများကို လေ့လာသော သိပ္ပံဘာသာရပ် ဖြစ်သည်။ ကျောက်တုံး၊ မြေကြီး၊ ကျောက်မျက် ရတနာတို့ကို လေ့လာသော ဘူမိဗေဒသည် ပါဝင်ပေါင်းစပ်မှု အချိုးအစား၊ ပုံသဏ္ဌာန်၊ ရုပ်သဘော၊ သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအား ပုံထုခဲ့သော ဖြစ်စဉ်များကို လေ့လာသည်။ ဘူမိဗေဒ ပညာရပ်တွင် ကမ္ဘာမြေကြီးတွင် ပါဝင်သည့် ဒြပ်ပစ္စည်းများ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ယင်းတို့၏ ရုပ်သတ္တိ၊ ဒိုင်နမစ် (လှုပ်ရှားမှုစွမ်းအား)နှင့် သမိုင်းအကြောင်းများ၊ ဖွဲ့တည်ပုံဖြစ်စဉ်၊ ရွေ့လျားပုံနှင့် ပြောင်းလဲပုံများကို လေ့လာကြသည်။ ကမ္ဘာမြေကြီး ကိုလေ့လာသောသိပ္ပံပညာ လည်း ဖြစ်သည်။ ဘူမိဗေဒ ပညာရှင် များက ကမ္ဘာ၏ သက်တမ်းကို နှစ်ထောင်ပေါင်း ၄.၆ သန်း ရှိပြီဟု ခန့်မှန်းပြီး ကမ္ဘာ၏ အခွံဖြစ်သော ကျောက်လွှာသည် အပိုင်းပိုင်း အစစသော tectonic platesများ ဖြင့်ဖွဲ့တည်ထားပြီး ရွေ့လျှားလျက်ရှိသည်။ ဘူမိဗေဒပညာရှင်များသည် ကမ္ဘာ၏ သယံဇာတများဖြစ်သည့် ရေနံ၊ ကျောက်မီးသွေး၊ သတ္တုများဖြစ်သော သံ၊ ကြေးနီ၊ ယူရေနီရမ်ကို ရှာဖွေဖော်ထုတ်သည်။ ထို့အပြင် စီးပွားရေးအရ အရေးပါသော ကျောက်မျက် ရတနာများ၊ မီးခံကျောက်၊ ကျောက်ပွ(perlite)၊ မိုက်ကာ၊ ဖိုစဖိတ်(phosphates)၊ ဇီယိုလိုက်(zeolites)၊ အိုးမြေ(clay)၊ သလင်းကျောက်နှင့် စီလီကာတို့ကိုလည်း ရှာသည်။ ဘူမိဗေဒသည် မြို့ပြ အင်ဂျင်နီယာ၊ soil mechanics၊ ဇလဗေဒ၊ ပတ်ဝင်းကျင် အင်ဂျင်နီယာနှင့် ဘူမိပယောဂဗေဒ (geohazards) တို့တွင် လည်း အရေးပါသည်။ ဘူမိဗေဒသည် အဓိကကျသည့် ပညာရပ်တခုဖြစ်သည့်အပြင် သတ္တု၊ ဟိုင်ဒြိုကာဗွန် ဒြပ်ပေါင်း ထုတ်ယူခြင်း၊ သဘာဝဘေးအန္တရာယ် ရွှေ့ပြောင်းခြင်းနှင့် ဆက်နွှယ်သည့် ဗဟုသုတ၊ အင်ဂျင်နီယာ ပညာရပ်အချို့နှင့် မျက်မှောက်ကာလ ရာသီဥတုပြောင်းလဲမှုနှင့် အာတိတ်မှ ရာသီဥတု၊ သဘာဝဝန်းကျင်များအား နှိုင်းယှဉ် လေ့လာမှုများအတွက် အရေးပါသည့် ပညာရပ် တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ရေကြီးမှု၊ မီးတောင်ပေါက်ကွဲမှု၊ ငလျင်တိုင်းတာခြင်း၊ မြေအောက်မှ ကျောက်မျက် ရတနာနှင့် ရေနံရှာဖွေ တူးဖော်ခြင်းများ ပါဝင်သည်။ သမိုင်း ရှေးဟောင်းဂရိ ဒဿနိကပညာရှင် အရစ်တိုတယ်(Aristotle)၏ တပည့် ရှေးဟောင်း ဂရိပညာရှင် သီအိုဖရေးတပ်စ် (Theophrastus) ရေးသားခဲ့သည့် Peri Lithon (ကျောက်တုံးပေါ်တွင်) စာအုပ်သည် နှစ်ထောင်နဲ့ချီ လွှမ်းမိုးခဲ့သည်။ Peri Lithon အား လက်တင်နှင့် အခြားဘာသာများအဖြစ် ပြန်ဆိုခဲ့ပြီးဖြစ်သည်။ အလယ်ခေတ်နှောင်းပိုင်းတွင် Avicenna ၏ ကျောက်ဖြစ်ခြင်း သီအိုရီ မထွက်ပေါ်လာမီကာလအထိ ယင်းစာအုပ်အတွင်း ကျောက်ဖြစ်ရုပ်ကြွင်းများအကြောင်း ဖော်ဆိုချက်များသည် ဂန္ဓဝင်ခေတ်(classical Antiquity)နှင့် အလယ်ခေတ်ဦးပိုင်းတွင် ဩဇာသက်ရောက်မှု အရှိဆုံးသီအိုရီ အဖြစ်တည်ရှိခဲ့သည်။ ဇရာအိုကြီး ပလင်နီ (Pliny the Elder) သည် ရောမအင်ပါယာခေတ်ကာလတွင် အကျယ်တဝင့်အသုံးပြုခဲ့သည့် သတ္တုများနှင့် တွင်းထွက်ပစ္စည်းများအကြောင်း ကျယ်ကျယ်ပြောပြော ဆွေးနွေးခဲ့သည်။ သူသည် ပယင်းများအတွင်း ပိတ်မိနေသည့် အင်းဆက်ပိုးများအား လေ့လာချက်မှ ပယင်းများသည် ထင်းရှူးပင်အဆီများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်ကြောင်းပထမဦးဆုံး မှန်ကန်စွာ ခွဲခြားနိုင်ခဲ့သူတဦး အပါအဝင်ဖြစ်သည်။ သူသည်လည်း စိန်၏ ဖွဲ့စည်းတည်ဆောက်ပုံ ရှစ်မျက်နှာပုံဆိုင်ခဲကို ရေးဆွဲခဲ့သည်။ လေ့လာမှုနယ်ပယ်များ ဘူမိဗေဒဆိုသည်မှာ အင်္ဂလိပ်လို "geology" ဖြစ်သည်။ geo = the earth , logy = study Geology is the study of the earth. ဘူမိဗေဒဆိုသည်မှာ ကမ္ဘာမြေကြီးကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ကမ္ဘာမြေကြီး၏ မည်သည့် အစိတ်အပိုင်း များကို လေ့လာကြသည်ကို ဖော်ပြရသော် အောက်ပါကဲ့သို့ ဖြစ်ပေသည်။ (၁) The origin and age of the earth .ကမ္ဘာမြေကြီး၏ မူလအစနှင့်သက်တမ်းကို လေ့လာရန်၊ (၂) The internal structure and composition of the earth .ကမ္ဘာ့အတွင်းပိုင်းအနေအထားနှင့် ဖွဲ့စည်းပုံကို လေ့လာရန်၊ (၃) The chemical composition of the rock and their genese .ကမ္ဘာမြေကြီးကို ဖွဲ့စည်းထားသော ကျောက်များ၏ ဓာတ်ဖွဲ့စည်းပုံနှင့်၎င်းတို့၏ဖြစ်ပေါ်လာပုံ၊ (၄) The primary and secondary structure of the rock formed.ဖြစ်ပေါ်လာသော ကျောက်များ၏ မူလဖြစ် အနေအထားနှင့် နောက်ဖြစ်အနေအထား၊ (၅) The economic mineral deposits and their genese . စီးပွားရေးတွင် အရေးပါသော တွင်းထွက်သိုက်များနှင့် ၎င်းတို့ဖြစ်ပေါ်လာပုံ၊ (၆) The study of the ever changing morphology of the earth’s surface , and the natural forces and processes that cause an unstable phenomenon of the earth’s interior .ကမ္ဘာ့မျက်နှာပြင်၏ ဘူမိရုပ်သွင်ထာ၀ရ ပြောင်းလဲမှုနှင့် သဘာ၀တရား၏ ပြုလုပ်မှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့အတွင်းပိုင်း၏ မတည်မြဲသော ထူးခြားဆန်းကြယ်သည့် အသွင်များ၊ (၇) The geologists history of the earth .ကမ္ဘာကြီး၏ ဘူမိသမိုင်းကြောင်းကို လေ့လာရန်၊ အထက်ပါအချက် (၇) ချက်ဖြင့် ကမ္ဘာမြေကြီးကို ဘူမိဗေဒပညာရှင် (geologists) များက လေ့လာကြပေသည်။ ၎င်းလုပ်ငန်းများမှာ_ သဘာ၀လောင်စာရရှိရေး၊ နျူကလီးယားလောင်စာရရှိရေး၊ အသုံးဝင်သော သတ္တုရိုင်းရရှိရေး၊ စက်မှုကုန်ကြမ်းသုံး တွင်းထွက်ရရှိရေး၊ ဆောက်လုပ်ရေးပစ္စည်းများ ရရှိရေး၊ အလှဆင်ကျောက်ရရှိရေး၊ ရေကောင်းရေသန့်ရရှိရေး၊ ကျောက်မျက်ရတနာ ရရှိရေး၊ ဆည်မြောင်း ၊ တာတမံ ၊ တူးမြောင်း ၊ တိုက်တာအိုးအိမ် ၊ လမ်းတံတားဖောက်ရန် စသည်တို့အတွက် နေရာကောင်းရရှိရေး၊ သဘာဝအန္တရာယ်များဖြစ်သော မီးတောင်ပေါက်ကွဲမှုများ ၊ ရေကြီးလွှမ်းမိုးမှုများ ၊ မြေလွှာပြတ်ရွှေ့မှုများ၊ ငလျင် လှုပ်ခတ်မှုများကို ခန့်မှန်းပေးရန် စသည့်လုပ်ငန်းကြီး (၁၀)ရပ်ကို မိမိတို့၏ တတ်သိသောပညာဖြင့် စွမ်းစွမ်းတမံ ဖော်ထုတ်၍ လူသားအကျိုးထမ်းဆောင်ရပေမည်။ ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံ (natural science) ဘာသာရပ်ဖြစ်သည်။ ၎င်းဘာသာရပ်သည် Physics, Chemistry, Mathematics, Biology, Botany, Geography အစရှိသော ဘာသာများရပ်များနှင့် ဆက်စပ်နေသော ဘာသာရပ်ဖြစ်သည်။ ဘူမိဗေဒ (Geology) ဘာသာရပ်၏ ဘာသာရပ်ခွဲများကို ဖော်ပြရသော်… Mineralogy (တွင်းထွက်များကို လေ့လာသောဘာသာရပ်) Petrology (ကျောက်ပညာကို လေ့လာသောဘာသာရပ်) Economic geology (စီးပွားဖြစ် ဘူမိဗေဒ) Structural geology (အနေအထား ဘူမိဗေဒ) Geomorphology ( ဘူမိရုပ်သွင် ) Stratigraphy ( တရာဗေဒ ) Paleontology (ကျောက်ဖြစ်ရုပ်ကြွင်း ) Geochronology ( ဘူမိအချိန်ကို လေ့လာသော ဘာသာရပ် ) Paleobotany ( အတိတ် ရုက္ခဗေဒ ) Paleozoology ( အတိတ် သတ္တဗေဒ ) Mining geology ( သတ္တုတွင်း ဘူမိဗေဒ ) Geochemisty ( ဘူမိဓာတုဗေဒ ) စသည့် ဘာသာရပ်ခွဲများ ဖြစ်ပေသည်။ ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံဘာသာရပ်ဖြစ်သည်နှင့်အညီ ကမ္ဘာမြေကြီး၏ သဘာဝတရားများကို ခေတ်အဆက်ဆက် ဖော်ထုတ်ရပေမည်။ ဘူမိသိပ္ပံပညာရပ်များ ဘူမိဗေဒနှင့် အခြားသဘာ၀သိပ္ပံပညာရပ်များ၏ ဆက်စပ်မှုကို တိုးချဲ့လေ့လာခဲ့ကြ၍- ဘူမိဓာတုဗေဒ (Geochemistry)၊ ဘူမိရူပဗေဒ (Geophysics)၊ ဇလဘူမိဗေဒ (Hydrogeology)၊ အင်ဂျင်နီယာဘူမိဗေဒ (Engineering Geology)၊ ပတ်ဝန်းကျင်ရေးရာ ဘူမိဗေဒ (Environmental Geology)၊ အဏ္ဏဝါဘူမိဗေဒ (Marine Geology) စသည့် ဘူမိသိပ္ပံပညာရပ်ခွဲများ ပေါ်ထွက်လာခဲ့သည်။ ကျောက်အမျိုးမျိုးကို လေ့လာသောပညာ ပထဝီမြေကြီး တစ်ခုလုံးကို လေ့လာရသော ကျယ်ဝန်းနက်နဲသည့် ပညာရပ်ဖြစ်၍၊ နီးစပ်ရာသဘောတူ ဘာသာရပ်ခွဲ များစွာပါဝင်သည်။ ဘူမိဗေဒကို စံနစ်တကျ လေ့လာခြင်းသည် နှစ် ၂၀၀ ပင် မပြည့်တတ်သေးသော်လည်း ကျောက်အမျိုးမျိုး ဖြစ်ပေါ်ရပုံ၊ တောင်များ ပေါ်ပေါက်လာ ပုံစသော မေးခွန်းများကို ဘူမိဗေဒပညာရပ်က ဖြေရှင်းပေးနိုင်သည်။ ဘူမိဗေဒပညာဟူသည် ပထဝီ မြေကြီးကို လေ့လာသော ပညာပင်ဖြစ်၏။ ကမ္ဘာဦးအစ လွန်ခဲ့သော နှစ်ပေါင်း သန်း ၄၅၀၀ မှ မျက်မှောက်ခေတ်အထိ ကမ္ဘာမြေ ကြီးအတွင်းအပြင်ရှိသော ကျောက် အမျိုးမျိုး၏ သဘော၊ ပေါ်ပေါက်ပုံ၊ ပြောင်းလဲပုံ အစရှိသည်တို့ကို လေ့လာခြင်းပင် ဖြစ်လေသည်။ ကာလအားဖြင့် နှစ်ပေါင်း သန်း ၄၅၀၀ အတွင်း ဖြစ်ရပ်များအပြင်၊ လေ့လာဖွယ်ရာ ဝတ္ထုပစ္စည်းများမှာလည်း ကမ္ဘာတစ်ခုလုံး၏ အတွင်းအပြင်ရှိ ပထဝီမြေကြီးတစ်ခုလုံး ဖြစ်လေရာ၊ အလွန်မှပင် ကျယ်ဝန်းနက်နဲလှ၏။ ဤသို့ ကျယ်ဝန်းနက်နဲမှုကြောင့်လည်း ဘူမိဗေဒပညာရပ်တွင် အခြား သိပ္ပံပညာများနည်းတူ ဘာသာရပ်ခွဲများ စိတ်ပိုင်းကာ အသေး စိတ် လေ့လာမှုများ ပြုလုပ်ကြလေသည်။ ဘူမိဗေဒပညာရပ်၏ ဘာသာရပ်ခွဲများကား အောက်ပါအတိုင်းပင် ဖြစ်၏။ သရူပ်ဘူမိဗေဒ သည် ကမ္ဘာပထဝီမြေကြီး၏ အတွင်း အပြင်ရှိ ရုပ်ဝတ္ထုပစ္စည်းများ၏ ပေါ်ပေါက်ပုံ၊ ပြောင်းလဲပုံ၊ ကြေမွပျက်စီးပုံစသော လုပ်ငန်းအသီးအသီးကို လေ့လာခြင်း ဖြစ်သည်။ ဤပညာရပ်တွင်ပင် အဏ္ဏဝါဗေဒသည် ပင်လယ် သမုဒ္ဒရာထုကို လည်းကောင်း၊ ငလျင်ပညာ ( ဘူကမ္ပဗေဒ ) သည် မြေငလျင်ကို လည်းကောင်း ထပ်မံ၍ အသေးစိတ် လေ့လာကြသည်။ နေထားဘူမိဗေဒသည် ဖိအား၊ တွန်းအား၊ ကန်အား၊ ဒဏ်အားစသော အားအသီးအသီးတို့၏ ဒဏ်ကြောင့်ပေါ်ပေါက် လာသော ကျောက်လွှာကျောက်စိုင်တို့၏ နေထားကို လေ့လာ ခြင်းဖြစ်သည်။ ဒိုင်နမစ်ဘူမိဗေဒ၊ တက်တိုးနစ်စသော ပညာ ရပ်ခွဲများသည် နေထာဘူမိဗေဒတွင် ပါဝင်ကြသည်။ ခနိဇဗေဒသည် ခနိဇများ၏ ဓာတုဒြပ်တည်ဆောက်ပုံ၊ သွင်ပြင်၊ မူလအစရှိသော ခနိဇ၏ သဘာဝကို လေ့လာသော ပညာဖြစ်သည်။ သေလဗေဒ ဟူသည်မှာ ခနိဇများစုပေါင်း တည်ဆောက်ထားသော ကျောက်များကို လေ့လာသော ပညာ ပင်ဖြစ်၏။ ဘူမိဗေဒသဘောအားဖြင့် မာသည် ပျော့သည် မတူ၊ ကမ္ဘာ့အပေါ်ယံ မြေလွှာတွင် ရှိသရွေ့မြေတ္ထု ပစ္စည်းအားလုံးကို ကျောက်ဟုပင် ခေါ်ဆိုသည်။ ကျောက်များ သည် ယေဘုယျအားဖြင့် မီးသင့်ကျောက်၊ အနည်ကျကျောက် နှင့် သွင်ပြင်ကျောက်ဟူ၍ ၃ မျိုးရှိပေရာ သေလဗေဒပညာ တွင်လည်း ဤကျောက် ၃ မျိုးကို အနုစိတ် လေ့လာသော ဘာသာစိတ်များ ရှိလေသည်။ နိခါတကဗေဒ (ရုပ်ကြွင်းကျောက်ပညာ) သည် ရုပ်ကြွင်းကျောက်များကို လေ့လာသောပညာဖြစ်၏။ ရုပ်ကြွင်း ကျောက်များသည် အတိတ်တွင် နေထိုင်ခဲ့သော သက်ရှိဝတ္ထု ပစ္စည်းများ၏ အကြွင်းအကျန်များ ဖြစ်လေရာ၊ ယင်းတို့ကို လေ့လာခြင်းဖြင့် ထိုခေတ်၏ အခြေအနေကို သိသာနိုင်သည်။ ရုပ်ကြွင်းကျောက်များသည် ကျောက်လွှာများ၏ သက်တမ်းကို စူးစမ်းရာတွင်လည်း အထူးအသုံးဝင်သည်။ နိခါတကဗေဒတွင် သစ်ရုပ်ကြွင်း ကျောက်များကို လေ့လာသော ပုရာရုက္ခဗေဒ၊ သတ္တဝါရုပ်ကြွင်း ကျောက်များကို လေ့လာသော ပုရာပါဏ ဗေဒ၊ အလွန်သေးငယ်သော ရုပ်ကြွင်းကျောက်များကို လေ့လာ သော အနုနိခါတကဗေဒဟူ၍ ဘာသာစိတ်များ ရှိပြန်လေ သည်။ ထရဗေဒကိုမူကား အခြားဘာသာရပ်ခွဲများ၏ အတိတ် သမိုင်းကို လေ့လာခြင်းဖြစ်သောကြောင့် အချို့ပညာရှင်များက သမိုင်းဘူမိဗေဒဟူ၍လည်း ခေါ်သည်။ ဘောဂဘူမိဗေဒ ဘာသာရပ်ခွဲမှာမူ ဘူမိဗေဒပညာရှင် ၏ စီးပွားရေး သဘောလေ့လာမှု ဖြစ်သည်။ ဘောဂအင်အား၏ အခြေခံကုန်ကြမ်းများဖြစ်သော သတ္တုများ၊ မဟုတ်သော အခြား ခနိဇများ၊ လောင်စာများ စသည်တို့၏ သဘာဝနှင့် စီးပွားရေး အရ ထုတ်လုပ်နိုင်မှုကို လေ့လာသော ပညာဖြစ်လေသည်။ အင်ဂျင်နီယာဘူမိဗေဒသည် အင်ဂျင်နီယာ တည်ဆောက်မှု လုပ်ငန်းများတွင် လိုအပ်သော ဘူမိဗေဒ ပညာ ရပ်ပင်ဖြစ်သည်။ ရေလှောင်ကန်များ၊ တမံများ၊ တံတားများ၊ ဥမင်များ ဖောက်လုပ်ရာဝယ် မြေအနေအထားကို လေ့လာ၍ မည်သို့ဆောက်သင့်သည်ဟု ကြံဆရသော ပညာမှာ အင်ဂျင်နီယာဘူမိဗေဒပင် ဖြစ်၏။ လူ့လော ကတွင် အိမ်တွင်း သုံးရန်နှင့် စက်မှုလုပ်ငန်းများအတွက် ရေအမြောက်အမြား လိုအပ်လေရာ၊ ရေစိမ့်လွှာ၊ ရေအောင်းကျောက် စသည်တို့ကို လေ့လာ၍ ရေရနိုင်သော ကျောက်လွှာကို ရှာဖွေရသော ဇလဗေဒ (ဥဒကဗေဒ) သည် အင်ဂျင်နီယာ ဘူမိဗေဒ၏ အစိတ်အပိုင်း တစ်ရပ်ပင် ဖြစ်လေသည်။ ဘူမိဗေဒပညာရပ်သည် ဓာတုဗေဒ၊ ရူပဗေဒတို့ကဲ့သို့ အခြေခံသိပ္ပံ ပညာမဟုတ်ဘဲ၊ ပထဝီမြေကြီးကို ယင်းအခြေခံ သိပ္ပံပညာ၏ နည်းစနစ်သဘောများ အသုံးပြုကာ လေ့လာထား ခြင်းဖြစ်၏။ ထို့ကြောင့် ဘူမိဗေဒသည် အခြားသိပ္ပံပညာများ နှင့် ဆက်သွယ်မှု မှီခိုမှုရှိသည်။ ပုံစံအားဖြင့် နိခါတကဗေဒ သည် ပါဏဗေဒနှင့် ဆက်သွယ်နေကာ၊ ခနိဇဗေဒနှင့် သေလ ဗေဒသည် ဓာတုဗေဒနှင့် ရူပဗေဒတိ့နှင့်ကင်း၍ မတည်နိုင်ချေ။ နေထားဘူမိ ဗေဒသည် ဘူမိဗေဒပုစ္ဆာများကို သင်္ချာနည်းဖြင့် ဖြေရှင်းခြင်းသာ ဖြစ်လေသည်။ မျက်မှောက်ခေတ်တွင်မှ ပေါ်ပေါက်ထွန်းကားလာ၍၊ ဘူမိဗေဒနှင့် နွှယ်နေသော ဘာသာရပ်များမှာ ဘူမိရူပဗေဒနှင့် ဘူမိဓာတုဗေဒတို့ဖြစ်ကြသည်။ ဘူမိရူပဗေဒပညာသည် ဒြဗ် ဆွဲအား၊ သံလိုက်အား၊ လျှပ်စစ်တုံ့ခံမှုနှင့် ငလျင်လှိုင်းတို့ကို အသုံးပြုကာ ပထဝီမြေကြီး ( အထူးသဖြင့် အတွင်းပိုင်း ) ကို လေ့လာသော ပညာဖြစ်သည်။ ( ဘူမိရူပဗေဒ။) ဘူမိဓာတုဗေဒ ပညာသည်ကား ကမ္ဘာ့အပေါ်ယံ မြေလွှာ၏ ဓာတုဒြဗ်သဘောကို လေ့လာခြင်း ဖြစ်သည်။ ယင်းပညာတွင် နောက်ဆုံးထွန်းကားလာသော လေ့လာမှုမှာ မြေဆီလွှာတွင် ပါရှိသော ဓာတုဒြဗ်ကို လေ့လာခြင်းဖြင့် မြေအောက်တွင် မည်သို့သော အကျိုးပြု သတ္တုသိုက်ရှိနိုင်မည်ကို စူးစမ်းခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ဘူမိဗေဒကို လေ့လာရာတွင် နည်း ၂ သွယ်ရှိသည်။ ပထမနည်းမှာ သိပ္ပံပညာသဘော သက် သက် ဖြစ်ကာ ပထဝီမြေကြီး၏ သဘောနေထား အတိတ်သမိုင်းကို လေ့လာခြင်းဖြစ်၍၊ ဒုတိယနည်းကား ဤပညာရပ်ကို အသုံး ပြုကာ စီးပွားရေး ရှုထောင့်မှ လေ့လာခြင်းပင်ဖြစ်၏။ သို့သော် မည်သည့်နည်းဖြင့် လေ့လာစေကာမူ အခြေခံမှာ ဘူမိဗေဒ မြေပုံဖြစ်၍ ယင်းကို ကွင်းဆင်းဘူမိဗေဒ ပညာဖြင့် ရေးဆွဲ ရလေသည်။ ဘူမိဗေဒကို ဥရောပသမိုင်း ခေါမ (ဂရိ) ခေတ်၊ ရောမခေတ်တို့တွင်ပင် လေ့လာမှုရှိကြောင်း တွေ့ရသော်လည်း စနစ်တကျ လေ့လာမှုမှာ နှစ် ၂ဝဝ ပင် မပြည့်သေးချေ။ ခေါမခေတ်ပညာရှိ အယ်ရစ္စတိုတယ်သည် ငလျင်လှုပ်ခြင်းကို ကမ္ဘာပထဝီမြေအတွင်းရှိ ဝါယောဓာတ်ကြောင့် ဖြစ်ပေါ်သည်ဟု ယူဆခဲ့၏။ ၁၆ ရာစုနှစ်တွင် ရောမပန်းချီကျော်ကဝိလီယိုနာဒို ဒါဗင်းချိက ပင်လယ်ခရုများရှိရာ လက်ရှိကုန်းမြင့်များသည် တစ်ကြိမ်က ပင်လယ်အောက်တွင် ရှိခဲ့၍ နောက်မှ မြေမြင့် တက်လာခဲ့ခြင်း ဖြစ်သည်ဟု တွေးယူခဲ့ဖူးလေသည်။ ခေတ်သစ်ဘူမိဗေဒကိုကား ၁၇၉၅ ခုနှစ်တွင် စကော့ လူမျိုး ဂျိမ်းဟတ်တန် ပြုစုသော ကမ္ဘာပထဝီ မြေနိယာမ စာအုပ်မှ စတင်ခဲ့သည်ဟု ယူဆရပေမည်။ ဂျိမ်းဟတ်တန်သည် ပစ္စုပ္ပန်သည် အတိတ်၏ သော့ ချက်ဖြစ်သည် ဟူသော ယူနီဖော်နီတေးရီးယန်း အယူအဆဖြင့် ဘူမိဗေဒ၏ အခြေခံ အယူအဆကို အုတ်မြစ် ချခဲ့သူ ဖြစ်လေသည်။ ၁၈၁၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဝီလျံစမစ်သည် အင်္ဂလန်ပြည်နှင့် ဝေလပြည်၏ ဘူမိဗေဒမြေပုံကို ရေးဆွဲ တင်ပြကာ ရုပ်ကြွင်းကျောက်များဖြင့် ကျောက်စဉ်ကို စူးစမ်း၍၊ ဘူမိအတိတ်ကာလကို သမိုင်းသဖွယ် လေ့လာနိုင်ကြောင်းဖြင့် ထရေဗေဒအခြေခံ သဘာကို တီထွင်ကြံဆခဲ့သည်။ ယင်းတို့၏ အယူအဆများကို ဆာ ချားလိုင်းယဲက ပိုမိုခိုင်မြဲပြန့်ပွားစေ ခြင်းဖြင့် ဘူမိဗေဒပညာသည် ဥရောပတိုက် အနောက် မြောက်ပိုင်းတွင် စတင်တည်မြဲခဲ့သည်။ ဂျိမ်းဟတ်တန်နှင့် ခေတ်ပြိုင်လောက်တွင် ဥရောပ တိုက်၌လည်း ဘူမိဗေဒပညာသည် ထွန်းကားလျက် ရှိ၏။ ထိုခေတ်တွင် ကျော်ကြားသူမှာ ဂျာမန်လူမျိုး ပါမောက္ခအဗ ရာဟမ် ဂေါ့တလော့ဗာနာဖြစ်သည်။ ဗာနာသည် မီးသင့် ကျောက်အပါအဝင် ကျောက်များအားလုံး၏ မူလသည် အာပေါ ဓာတ်ကြောင့် ဖြစ်သည်ဟူသော နက်ပကျွန်းအယူအဆကို ဦးဆောင်ခဲ့သူဖြစ်၏။ ဤအယူအဆသည် မှားယွင်းသော အယူအဆဖြစ်သည်နှင့်အညီ ၁၉ ရာစုနှစ်ဦးတွင်ပင် ယုံကြည် သူ မရှိတော့ချေ။ ပြင်သစ်နိုင်ငံတွင်ကား ဘူမိယုဂ်ကုန်ဆုံး တိုင်းပင် ကပ်ဆေးကာ သတ္တဝါများ သေကြေပျက်စီး၍ ယုဂ်သစ်တွင် သတ္တဝါသစ်များ ဖန်ဆင်းခဲ့သည် ဟူသော ကပ်ဆေးပြောင်းလဲခြင်း အယူအဆကို တီထွင်ခဲ့သူ ဇော့မ္ဘက် လေအိုပို ကူဗီယေးသည် ထိုခေတ်တွင် ထင်ရှားခဲ့လေသည်။ ၁၉ ရာစုနှစ်တွင်မူကား မျက်မှောက်ခေတ် ဘူမိဗေဒ အယူအဆအများပင် စတင်ပေါ်ပေါက်လာခဲ့ပြီးလျှင်၊ ဘူမိဗေဒ ပညာ လေ့လာမှုသည်လည်း ဥရောပတိုက်တွင်သာ မကတော့ ဘဲ၊ မြောက်အမေရိကတိုက်၊ ဩစတြေးလီး ယားတိုက်နှင့် အာရှတိုက်တို့သို့ပြန့်ပွားလာခဲ့၏။ ၁၉ ရာစုနှစ် နှောင်းပိုင်း နှင့် ၂ဝ ရာစုနှစ်တွင်မူကား အာဖရိက တိုက်သို့ပါ ပြန့်ပွား သွားလေသည်။ မြန်မာနိုင်ငံတွင်မူ ဘူမိဗေဒလေ့လာမှုသည် မြန်မာ မင်းများလက်ထက်က ကျောက်မျက်ရတနာ အကဲဖြတ် နိုင်ရန် အတွက်သာ အဓိကရှိခဲ့၍ သိပ္ပံပညာတစ်ရပ် အနေဖြင့် ပညာ သက်သက် လေ့လာမှုကား မရှိခဲ့ပေ။ ဘူမိဗေဒ မှတ်တမ်း အနေဖြင့် အစောဆုံး တွေ့ရှိရသော မှတ်တမ်းမှာ ၁၅၉၉ ခုနှစ် တွင် ရေးသားခဲ့သော ရပ်ဖစ်၏ ခရီးသွား မှတ်တမ်းဖြစ်၏။ ထိုမှတ်တမ်းတွင် တနင်္သာရီ ကမ်းရိုးတန်းဘက်တွင် တွေ့ရှိ သော သံဖြူအကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ရှေးမှတ်တမ်းများအနက် ၁၇၉၉ ခုနှစ် ထုတ်ဟီရမ်ကောက်စ၏ အမရပူရမြို့တော်သို့ဧရာဝတီမြစ်ကြောင်းဖြင့် ဆန်တက်သော ခရီးသွားမှတ်တမ်းတွင် ရေနံချောင်း ရေနံတွင်းများအကြောင်း ရေးသား ထားချက်သည်လည်း စိတ်ဝင်စားဖွယ် ကောင်းပေ သည်။ မြန်မာနိုင်ငံ၏ ဘူမိဗေဒလေ့လာမှု သမိုင်းကို စိစစ် ကြည့်သော် အင်္ဂလိပ်-မြန်မာ စစ်ပွဲများနှင့် အထူး ဆက်စပ်နေ ကြောင်း တွေ့ရှိရသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးတိုင်း အင်္ဂလိပ် မစ်ရှင်တစ်ဖွဲ့လာရိုးရှိလေရာ ထိုအဖွဲ့တိုင်းပင် ဘူမိဗေဒစူးစမ်းလေ့လာမှုများ ပြုလုပ်လေ့ရှိကြောင်း တွေ့ရှိ ရလေသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် လာရောက် သော ဂျေကရောဖို့မစ်ရှင် အဖွဲ့မှ ကောက်ယူခဲ့သည့် ဘူမိဗေဒ စံများကို လန်ဒန်ဘူမိဗေဒ တော်ဝင်အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်ခဲ့ ဖူးသူ ဝီလျံဗတ်ကလန်က လေ့လာခဲ့၍ ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး လာသော ဆာဟင်နရီယူး မစ်ရှင်အဖွဲ့တွင်ကား ဘူမိဗေဒပညာရှင် တီအိုလဒမ် ပါဝင်ခဲ့ရာ၊ ယင်းတို့၏ ဘူမိဗေဒ မှတ်တမ်းများသည် မြန်မာနိုင်ငံ ဘူမိဗေဒ လေ့လာ ရာတွင် မှတ်တိုင်များပင် ဖြစ်ကြပေသည်။ မြန်မာနိုင်ငံ ဘူမိဗေဒကိုလေ့လာ စူးစမ်းသူများသည် ၄ မျိုး ၄ စားရှိသည်။ ယင်းတို့မှာ အစိုးရ ဘူမိဗေဒတိုင်းတာ ရေးဌာန၊ ရေနံနှင့် သတ္တုတွင်း ကုမ္ပဏီများ၊ တက္ကသိုလ်နှင့် ပုဂ္ဂလိက လေ့လာသူများ ဖြစ်ကြ၏။ အစိုးရဘူမိဗေဒတိုင်းတာ ရေးဌာနသည် ဘူမိဗေဒတိုင်းတာလေ့လာရေး လုပ်ငန်းကို အချိန်ပြည့် လုပ်သူများဖြစ်၍ လုပ်ငန်းအတွင်ဆုံး ဖြစ်သည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် အင်္ဂလိပ် တို့က ရခိုင်နှင့် တနင်္သာရီကမ်းမြောင်ဒေသကို သိမ်းယူ ခဲ့သော်လည်း၊ ထိုကာလတွင် အိန္ဒိယပြည်၌ ဘူမိဗေဒ တိုင်းတာရေး ဌာနဟူ၍ မဖွင့်လှစ်ရသေးချေ။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ကာလတွင်မှ ထိုဌာနစတင် ဖွင့်လှစ်ခဲ့ပြီးလျှင် ရခိုင်ကမ်းရိုးတန်းရှိ ရွှံ့မီးတောင်များနှင့် တနင်္သာရီ ကမ်းရိုးတန်းရှိ သံဖြူသတ္တုသိုက်များကို လေ့လာ သည်။ ၁၉၇ဝ ပြည့်နှစ်လောက်ရောက်သာ အခါတွင်မူ အောက်မြန်မာပြည်ကိုပါ လေ့လာကြလေသည်။ ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံပါ ကျရှုံးသော အခါတွင်မူ အိန္ဒိယ ဘူမိဗေဒ တိုင်းတာရေးဌာနသည် မြန်မာ ပြည်အဖွဲ့တစ်ဖွဲ့သီးသန့်လေ့လာရန် စီစဉ်ခဲ့သည်။ ထိုစဉ်က အထူးလေ့လာခဲ့သော ဒေသများမှာ ရေနံမြေနှင့် ပတ္တမြားနယ် မြေတို့ဖြစ်၏။ နောင်တွင် ရှမ်းပြည်၊ အထက်မြန်မာပြည်နှင့် မြေလတ်ပိုင်း၊ တနင်္သာရီ စသော ဒေသများတွင် စံနစ်တကျ ဘူမိဗေဒ သဘောအားဖြင့် တိုင်းတာလေ့လာမှုများ ပြုလုပ် သည်။ ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သည် ၉၁ ဌာန အုပ်ချုပ်ရေးအရ အိန္ဒိယပြည်နှင့် ခွဲခွာလိုက်သောကြောင့် မြန်မာပြည် ဘူမိဗေဒ ဌာနဟူ၍ သီးခြားဌာနတစ်ခု တည် ထောင်ခဲ့၏။ သို့သော် ထိုဌာနသည် အိန္ဒိယ ဘူမိဗေဒ တိုင်းတာရေးဌာန၏ ဌာနခွဲမျှ သာ ဖြစ်ကာ၊ လေ့လာရေး လုပ်ငန်းအားလုံးကို ပင်မဌာနနှင့် ပူးတွဲဆောင်ရွက်ခဲ့ရ လေသည်။ မြန်မာပြည် ဘူမိဗေဒကို လေ့လာရာတွင် တိုင်းတာရေးဌာန အနေဖြင့် ကျော်ကြားသူများမှာ တီအိပ်ချ ဒီလာတု ( ရှမ်းပြည် မြောက်ပိုင်း )၊ အက်ဒွင်ပတ်စကို ( နောင်တွင် ဆာဘွဲ့ရသည် ) ( မြန်မာ့ ရေနံအင်အား )၊ ဂျေကော့ဂင်ဗရောင်း ( ဘော်တွင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ တနင်္သာရီဒေသ )၊ ဂျီဒီပီကော့တာ ( မြေလတ် )၊ အီးအယ်ဂျီကလက် ( ခရီတေးရှပ်ကျောက်စဉ်စု၊ မြန်မာနိုင်ငံ သံဖြူနှင့် တန်စတင်၊ သရက်မင်းဘူး ) တို့ဖြစ်ကြသည်။ ရေနံကုမ္ပဏီများအနက် ဘီအိုစီ ရေနံကုမ္ပဏီသည် ဘူမိဗေဒလေ့လာရာတွင် အတတ်ကြွဆုံးဖြစ်၏။ ရေနံထွက် သော တတိယကပ်ကျောက်များရှိရာ မြန်မာပြည် အလယ်ပိုင်း ချိုင့်ဝှမ်းကို ဘီအိုစီရေနံကုမ္ပဏီသည် အသေးစိတ်လေ့လာခဲ့ ၏။ တတိယကပ်အတွင်း ဖြစ်ပေါ်ခဲ့သော ကျောက်စဉ်များကို ခွဲခြားရာ၌ ၁၉၃၃ ခုနှစ်က တင်ပြခဲ့သော ဘီအိုစီ ဘူမိဗေဒ ပညာရှင်များ၏ အယူအဆကို ယခုအခါ အားလုံးကပင် လက်ခံကြသည်။ ဘီအိုစီ ရေနံကုမ္ပဏီ ဘူမိဗေဒပညာရှင်များ အနက် ထင်ရှားသူများမှာ ဂျီဒဗျူလက်ပါး၊ အက်ဖအီအင်း၊ စီအေဆန်ဆမ်နှင့် အိပ်ချ၊ အာ၊ တိန်းရှတို့ဖြစ်ကြ၏။ အင်ဒိုဘားမား ရေနံကုမ္ပဏီခေါ် အိုင်ဘီပီရေနံကုမ္ပဏီတွင် ဘူမိဗေဒ ပညာရှင်များ ရှိသော်လည်း ကျော်ကြားမှုမရှိလှချေ။ တီအိုမောရစ် တစ်ဦးသာလျှင် မြန်မာ့ ကျောက်ခေတ်ကိရိယာ များကို လေ့လာခြင်းတွင် ထင်ပေါ်ခဲ့လေသည်။ ရန်ကုန်တက္ကသိုလ်အနေဖြင့်မူ ၁၉၂၃ ခုနှစ်တွင် ပါမောက္ခ အယ်ဒတ်ဒလေ စတမ့်ကို စတင်ခန့်ထားခဲ့ရာမှ ဘူမိဗေဒဌာန စတင်ပေါက်ဖွားခဲ့၏။ စစ်ကြိုခေတ် တစ် လျှောက်လုံးတွင် တက္ကသိုလ်ဘူမိဗေဒဌာနသည် ဌာနငယ် တစ်ရပ် အဖြစ်နှင့်သာ ရှိခဲ့သည်။ ပါမောက္ခစတမ့်သည် ရိုးမရေနံကုမ္ပဏီတွင် ခေတ္တထမ်းရွက်ခဲ့ဖူးရာမှ မြန်မာ နိုင်ငံ၏ တတိယကပ်ကျောက်များနှင့် စပ်လျဉ်း၍ အရေးပါသော အခြေခံ အယူအဆများကို ထုတ်ဖော်ခဲ့သူ ဖြစ်၏။ ၁၉၃ဝ ပြည့်နှစ်မတိုင်မီ တက္ကသိုလ်ကထိက ဖြစ်ခဲ့ဖူးသူ အိပ်ချအယ် ချစ်ဗားသည် ထိုခေတ်အထိ လေ့လာပြီးသမျှသော ဘူမိဗေဒ တွေ့ရှိချက်များကို စုပေါင်းကာ မြန်မာနိုင်ငံ ဘူမိဗေဒနှင့် မြန်မာနိုင်ငံ ဓာတ်သတ္တု အရင်းအမြစ်များ ဟူသော စာအုပ် ၂ အုပ်ကို ပြုစုခဲ့သူဖြစ်လေသည်။ ပုဂ္ဂလိက လေ့လာသူများအနက် ၁၉ ရာစု နှစ်ဦးပိုင်း တွင် တနင်္သာရီ ကမ်းမြှောင်ဒေသရှိ ကျောက်များနှင့် ဓာတ် သတ္တုများကို လေ့လာခဲ့သူ အက်ဖ မေဆွန်သည် ထင်ရှား၏။ ထိုပုဂ္ဂိုလ်ကြီးသည် မြန်မာဓာတ်သတ္တု အခေါ် အဝေါ်မျာကို လည်း သိပ္ပံအမည်များအရ စာရင်းပြုလုပ်သွားခဲ့သူ ဖြစ်သည်။ ၁၉ ရာစုနှစ်အလယ်ပိုင်းတွင် အီ၊ အို၊ ရိုင်လေ၏ လေ့လာမှု များကို တွေ့ရှိရ၏။ ၂ဝ ရာစုနှစ်တွင်ကား ဒုတိယ ကမ္ဘာစစ် ကြီး မတိုင်မီနှစ်များအတွင်း၌ အမေရိကန် ယထာဘူတ အသင်းနှင့် အမေရိကန် သဘာဝသမိုင်း ပြတိုက်ကြီးက ကြီးမှူး သော အရှေ့တောင် အာရှ စူးစမ်းလေ့လာရေး အဖွဲ့သည်စိတ်ဝင် စားဖွယ် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်မှာ ဟဲလမတ်ဒါ တာရားဖြစ်၍၊ ရည်ရွယ်ချက်မှာ ပီကင်းလူနှင့် ဂျာဗားလူ ပေါ်ပေါက်ရာ တရုတ်နိုင်ငံနှင့် အရှေ့အိန္ဒိယကျွန်းစု ( ယခုအခေါ် အင်ဒိုနီးရှာနိုင်ငံ ) အကြားရှိ မြန်မာပြည်တွင် ရှေးဦးလူများ ရှိနိုင်ကောင်းသောကြောင့် စူးစမ်းရှာဖွေ နိုင်ရန် လာရောက်ခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် ကျောက်ခေတ် လူရိုးများ မတွေ့ရှိခဲ့သော်လည်း အထက်မြန်မာ ပြည်တွင် ကျောက်ခေတ်လူသုံးပစ္စည်းများ တွေ့ရှိခဲ့ခြင်းကို မှီငြမ်းပြုကာ မြန်မာ့ကျောက်ခေတ်လူကို အညာသီယန် ဟူ၍ပင် မှည့်ခေါ်သွားခဲ့လေသည်။(ဒေါက်တာ ဦးညီညီ) ကိုးကား ဘူမိဗေဒ သိပ္ပံ
https://my.wikipedia.org/wiki/%E1%80%98%E1%80%B0%E1%80%99%E1%80%AD%E1%80%97%E1%80%B1%E1%80%92
နက္ခတ္တဗေဒ
နက္ခတ္တဗေဒ () သည် ဂြိုဟ်များ၊ ကြယ်များ၊ ဂယ်လက်ဆီများနှင့် အာကာသအတွင်းရှိ အခြားအရာဝတ္ထုများကို လေ့လာသော ပညာရပ်ဖြစ်သည်။ နက္ခတ္တဗေဒသည် ရှေးအကျဆုံးသော သိပ္ပံပညာရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သမိုင်းမတင်ခင်အချိန်ကပင် စတင်ခဲ့ကြသည်။ ရှေးဟောင်းခေတ် နက္ခတ္တဗေဒ ရှေးဟောင်းခေတ် နက္ခတ္တဗေဒ ပညာရှင်များမှာ ညဖက်တွင် လမ်းကြောင်းရှာရန်လိုအပ်သော ကုန်သည်များ နှင့် သင်္ဘောသားများတို့ဖြစ်သည်။ ထို့အတူ လယ်သမားများအနေနှင့်လည်း စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် နှင့် ရေကြီးမည့်အချိန်ကို အချို့သော နက္ခတ်တို့ ပေါ်ပေါက်လာမှုနှင့် သူတို့၏ ပုံသဏ္ဌန်ကို ကြည့်ရှုခြင်းဖြင့် ကြိုတင်ခန့်မှန်းရန်ကြသည်။ စတုန်းဟင်းချ် နှင့် မြောက်အမေရိက ရှေးဦးလူမျိုးစုတို့၏ ဆေးဝါးဘီးများ စသည်တို့ကို တည်ဆောက်သော ရှေးခေတ်လူတို့သည် ကောင်းကင်ကို ဘာသာရေး သို့ အထွတ်အမြတ်ထားသော အနေဖြင့် လေ့လာနိုင်သည်ဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် လ၏သွားလာပုံ၊ နေ၏ ရာသီပေါ်မူတည်၍ မြောက်ဘက်နှင့် တောင်ဘက်ဆုံးနေရာ နှင့် အခြားအချက်အလက်များကို သူတို့၏ တည်ဆောက်မှုအတွက် လိုအပ်သောကြောင့်ဖြစ်သည်။ ဗေဒင်ဆရာတို့သည် လူတစ်ယောက်မွေးဖွားချိန်တွင် ကောင်းကင်၌ရှိသော ဂြိုဟ်များကို လေ့လာခြင်းဖြင့် ရှေ့ဖြစ်ကို ဟောနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဗေဒင်ပညာကို ယနေ့ခေတ်တွင် သိပ္ပံပညာအဖြစ် မယူဆသော်လည်း ရှေးခေတ်အခါကမူ ဗေဒင်ပညာ နှင့် နက္ခတ္တပညာတို့သည် နီးစပ်စွာ ဆက်နွယ်နေကြပြီး လူတို့သည် သူတို့မြင်သမျှအရာတို့ကို ဂရုတစိုက်မှတ်တမ်းရေးကြသည်။ ထိုမှတ်တမ်းတို့သည် လွန်ခဲ့သော ရာစုနှစ် ၂ ခုအတွင်း နက္ခတ္တဗေဒပညာရှင် တို့အတွက် စကြဝဠာကို နားလည်ရန်ကြိုးစာရာတွင် အလွန်ပင် အရေးကြီးသည်။ နက္ခတ္တဗေဒ၏ သမိုင်း ရှေးခေတ်လူတို့သည် တယ်လီစကုပ် နှင့် မှန်ပြောင်းများ မပေါ်မီတွင် ကြယ်များကိုလေ့လာရန် သာမန်မျက်စိကိုသာ အသုံးပြုကြသည်။ လူတို့သည် အင်္ဂါဂြိုဟ် နှင့် သောကြာဂြိုဟ် အစရှိသော အချို့သော ဂြိုဟ်တို့ နှင့် ကမ္ဘာ၏ဂြိုဟ်ရံ ဖြစ်သောလကို လေ့လာခဲ့ကြသည်။ လူတို့သည် ကြယ်တို့၏ တည်နေရာ နှင့် ရွေ့လျားပုံတို့ကို မြေပုံရေးဆွဲ၍ ရေကြောင်းသွားလာရေးအတွက် အသုံးပြုကြသည်။ ရှေးခေတ်နက္ခတ္တဗေဒ ပညာရှင်တို့က နေနှင့် ကြယ်တို့သည် ကမ္ဘာကိုလှည့်ပတ်၍ သွားလာနေသည်ဟု ထင်မြင်ယူဆကြသည်။ နှစ်ပေါင်း ရာပေါင်းများစွာပင် အားလုံးက ထိုသို့ထင်မြင်ယူဆကြသည်။ ထို့နောက်တွင် Renaissance ဟုခေါ်သော အချိန်ကာလ၌ နီကိုလပ်စ် ကော့ပါးနိကပ်စ် မှ ကမ္ဘာသည် နေကိုလှည့်ပတ်သွားလာနေကြောင်း သက်သေပြခဲ့သည်။ ကမ္ဘာနှင့် ဂြိုဟ်များ နေကို လှည့်ပတ်သွားလာနေသော နေအဖွဲ့အစည်းဆိုသည့် ယူဆချက်ကို ကော်ပါးနိကပ်စ် မှ စတင်ခဲ့ခြင်းဖြစ်သည်။ သူ၏အယူအဆနေမှ ပို၍တိုးတက်သော အယူအဆကို ဖြစ်စေခဲ့သူမှာ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂယ်လီလီယို ဂယ်လီလီပင်ဖြစ်သည်။ ဂယ်လီလီယိုသည် တယ်လီစကုပ်ကို တီထွင်ခဲ့သဖြင့် လူတို့အနေနှင့် ပိုမိုဝေးလံသော ဒေသမှ အရာဝတ္ထုများကို တွေ့မြင်နိုင်ခဲ့သည်။ ဂယ်လီလီယိုက ကမ္ဘာသည် အရာအားလုံး၏ အလယ်ဗဟိုဖြစ်သည် ဆိုသော အချက်ကို ငြင်းချက်ထုတ်ခဲ့သဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ပြဿနာတက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ဂယ်လီလီယိုကို သူ၏ဘဝအချိန် အတော်များများကို အိမ်တွင်း၌သာနေထိုင်ရန်နှင့် မည်သည့်စာအုပ်ကိုမှ ထုတ်ဝေခြင်းမပြုရန် အမိန့်ထုတ်ခဲ့သည်။ ဂယ်လီလီယို၏ နောက်ပိုင်းတွင် လူတို့သည် တယ်လီစကုပ်များကို မကြာခဏ အသုံးပြုလာကြပြီး ယူရေးနပ်စ်ဂြိုဟ် နှင့် နက်ပကျွန်းဂြိုဟ် အစရှိသော ဝေးကွာသော နေရာမှ အရာဝတ္ထုများကို တွေ့မြင်နိုင်လာသည်။ ထို့ပြင် ကြယ်တို့သည် ကျွန်ုပ်တို့နေ၏ အရောင်နှင့် အရွယ်အစားမတူသော်လည်း မည်သို့တူညီပုံနှင့် အခြားသော ဝေးကွာသော အရပ်မှာ အရာဝတ္ထုများဖြစ်သည့် နက်ဗျူလာ စသည်တို့ကို မြင်တွေ့နိုင်ခဲ့ကြသည်။ ၂၀ ရာစုမှစ၍ နက္ခတ္တဗေဒပညာသည် အလွန်ပင် တိုးတက်လာခဲ့သည်။ အခုအခါတွင် အလွန်ကြီးမားသော တယ်လီစကုပ်များဖြစ်သည့် ဟပ်ဘယ် အာကာသ တယ်လီစကုပ် (Hubble Space Telescope) စသည်တို့ကို အသုံးပြု၍ မိုင်ပေါင်း ဘီလီယံများစွာဝေးသော ဒေသမှ ကြယ်များနှင့် ဂယ်လက်ဆီများကို ကြည့်ရှုနိုင်ပြီဖြစ်သည်။ ယခုအခါတွင် နက္ခတ္တဗေဒပညာရှင်တို့သည် ရေဒီယိုလှိုင်းနှင့် အိတ်စ်ရေး (x rays) တို့ကိုသုံး၍ ဧရာမ လှိုင်းထုတ်လွှင့်စက်များဖြင့် အရာဝတ္ထုများကို ကြည့်ရှုကြသည်။ နက္ခတ္တဗေဒဆိုင်ရာ ကိရိယာများ နက္ခတ္တဗေဒကို အခြေခံအဆင့် လေ့လာရန်အတွက် မျက်စိကိုသာအသုံးပြု၍ လေ့လာနိုင်သည်။ တစ်စုံတစ်ခုကို မျက်စိသက်သက်ဖြင့် ကြည့်ခြင်းကို သာမန်မျက်စိဖြင့်ကြည့်ခြင်း ဟုခေါ်သည်။ ကြယ်အများစုမှာ မျက်စိသက်သက်ဖြင့် မြင်ရန်ခက်ခဲပြီး မှန်ပြောင်း သို့မဟုတ် တယ်လီစကုပ်ကို သုံးမှသာ မြင်နိုင်သည်။ နက္ခတ္တဗေဒ မျိုးကွဲများ လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်းတွင် နက္ခတ္တဗေဒပညာသည် အလွန်ကြီးမားသော သိပ္ပံပညာ တစ်ခုဖြစ်လာသည်။ နက္ခတ္တဗေဒပညာတွင် မျိုးကွဲပေါင်းမြောက်မြားစွာရှိသည်။ သက်ဆိုင်သောဆောင်းပါးများ ဂြိုဟ် လ ကြယ် ဥက္ကာခဲ ဥက္ကာပျံ ကြယ်တံခွန် တွင်းနက် ဂယ်လက်ဆီ စကြဝဠာ နေအဖွဲ့အစည်း
https://my.wikipedia.org/wiki/%E1%80%94%E1%80%80%E1%80%B9%E1%80%81%E1%80%90%E1%80%B9%E1%80%90%E1%80%97%E1%80%B1%E1%80%92
ဓာတုဗေဒ
ဓာတုဗေဒပညာရပ်သည် ဒြပ်ဝတ္တုတို့၏ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိ များနှင့်အတူ ဓာတု ဓာတ်ပြုခြင်း ဖြစ်သောအခါ ဖြစ်ပေါ်လာသည့် ပြောင်းလဲခြင်းတို့ကို လေ့လာသော သိပ္ပံဘာသာရပ် တစ်ခုဖြစ်သည်။ ဓာတုဗေဒသည် ရုပ်ဝတ္တု သိပ္ပံဘာသာရပ် ဖြစ်ပြီး အက်တမ်၊ မော်လီကျူး၊ ပုံဆောင်ခဲ နှင့် အခြား စုပေါင်းထားသော ဒြပ်ပေါင်း၊ ဒြပ်နှော များတွင် ဓာတုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်း ပတ်သက်သော စွမ်းအင်နှင့် အင်ထရိုပီ သဘောတရားများကို လေ့လာသည်။ ခေတ်သစ်ဓာတုဗေဒသည် ဗိန္ဓောပညာရပ်မှ ဓာတုတော်လှန်ရေးဖြင့် ပေါ်ပေါက်လာသည်။ ဓာတုဗေဒရှိ ပညာရပ်ခွဲများမှာ ရှေးရိုးအစဉ်အလာအရ လေ့လာသော အရာဝတ္ထုအပေါ်မူတည်၍ ခွဲခြားသည်။ ၎င်းတို့မှာ- ဩဂဲနစ် မဟုတ်သော ဓာတ်များကို လေ့လာသော အင်ဩဂဲနစ် ဓာတုဗေဒ (Inorganic Chemistry) ဩဂဲနစ် ဓာတုဗေဒ (organic Chemistry) သက်ရှိများတွင် ဖြစ်ပေါ်သော ဇီဝဖြစ်စဉ်များနှင့်သက်ဆိုင်သည့် ဇီဝဓာတုဗေဒ (biochemistry)၊ များလာသောအခါတွင် (at macro level) သို့မဟုတ်၊ မော်လီကျူလာနှင့် မော်လီကျူလာ ထက်သေးငယ်သော အခြေများတို့ရှိ ဓာတုစနစ် (chemical system) ရှိ စွမ်းအင် ကိုလေ့လာသော ရူပဓာတုဗေဒ (physical chemistry) နှင့် ဓာတုဒြပ်ပေါင်းနှင့် ပုံသဏ္ဌာန်များကို ခွဲခြားစိတ်ဖြာလေ့လာသော ခွဲခြမ်းစိတ်ဖြာဓာတုဗေဒ (analytical chemistry) ဘာသာရပ်ခွဲများ တို့ဖြစ်သည်။ ပိုမို၍ အဏုစိတ် ဘာသာရပ်ကွဲများဖြစ်သည့် ဦးနှောက် ကွန်ယက်များကို လေ့လာသော နျူရိုဓာတုဗေဒ (neurochemistry) များလည်း ယခုနှစ်ပိုင်းများတွင် ပေါ်ထွန်းလာလျက် ရှိသည်။ အကျဉ်းချုပ် ဓာတုဗေဒသည် အက်တမ် သို့မဟုတ် ၎င်းတွင်ရှိ ပရိုတွန်၊ အီလက်ထရွန်နှင့် နျူထရွန် တို့ပါဝင်သည့် ရုပ်ဝတ္ထုများ၏ အပြန်အလှန် သက်ရောက်သော အကြောင်းအရာကို သိပ္ပံနည်းကျကျ လေ့လာခြင်းဖြစ်သည်။ ဓာတုဗေဒကို တစ်ခါတစ်ရံ သိပ္ပံ၏ဗဟိုချက်ဘာသာရပ် အဖြစ် မြင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည်များမြှောင်လှစွာသော ဘာသာရပ်များဖြစ်သည့် နက္ခတ္တဗေဒ၊ ရူပဗေဒ၊ material science၊ ဇီဝဗေဒ နှင့် ဘူမိဗေဒ တို့ကို အချက်ကျကျ ဆက်သွယ်နေ၍ဖြစ်သည်။ ဓာတုဗေဒပညာရပ်၏ အစဦးပုံကို ဆန်းစစ်လျှင် လက်တွေ့ပညာများဖြစ်သည့် ဗိန္ဒောပညာရပ်မှ စလာသည်ကို လွန်ခဲ့သော နှစ်သန်းပေါင်းများစွာမှ ကမ္ဘာ အရှေ့အလယ်ပိုင်းရှိ အထောက်အထားများအရ သိနိုင်သည်။ ကျွန်ုပ်တို့ အသုံးပြုနေကြဖြစ်သော အရာဝတ္တု ပုံသဏ္ဌာန်နှင့် သဘောသဘာဝများမှာ ၎င်းဒြပ်ဝတ္တု၏ ဂုဏ်သတ္တိများနှင့် ၎င်းတို့ အပြန်အလှန် ဒြပ်သက်ရောက်မှု များပင်ဖြစ်သည်။ ဥပမာ သံမဏိ သည် သံထက်မာကြောသည် အဘယ်ကြောင့်ဆိုသော် သံမဏိ၏ အက်တမ်များသည် ပိုမို၍ခိုင်မာသော ပုံဆောင်ခဲအကွက် (crystalline lattice) များဖြင့် တွယ်ဆက်ထား၍ဖြစ်သည်။ သစ်သားစများသည် မီးလောင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်စုံတစ်ခုသော အပူချိန် အထက်တွင် အောက်စီဂျင် နှင့် အလိုအလျောက် ဓာတ်ပြုပြီး ဓာတ်လျော့ (oxidation) သွားသောကြောင့် ဖြစ်သည်။ ဆား နှင့် သကြား တို့မှာ ရေတွင် ပျော်ဝင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မော်လီကျူး သတ္တိတို့မှာ သာမန် အခြေတွင် ပျော်ဝင်ခြင်းက အကောင်းဆုံးအခြေကို ရောက်ရှိခြင်းကြောင့်ဖြစ်သည်။ ဒြပ်ပြောင်းလည်းခြင်းကို ဓာတုနည်းဖြင့် လေ့လာရာတွင် မတူညီသော ဓာတုပစ္စည်းများ သို့မဟုတ် အရာဝတ္တုနှင့် စွမ်းအင် ခြားနားခြင်းကြောင့် ဖြစ်သည်။ သာမန်အားဖြင့် ဓာတုပညာကို စူးစမ်းမှုပြုရာတွင် ဓာတ်ခွဲခန်းများရှိ laboratory glassware များကို အသုံးပြုသည်။ ဓာတ်ပြုခြင်းတွင် အရာဝတ္တုများသည် တစ်မျိုးမှ တစ်မျိုးသို့ ပြောင်းလဲသည်။ ၎င်းကို ဓာတုညီမျှခြင်းများသုံး၍ သင်္ကေတများဖြင့် ဖော်ပြနိုင်သည်။ ညီမျှခြင်း ဘယ်ဖက်နှင့် ညာဘက်ရှိ အက်တမ် အလုံးရေမှာ အမြဲလိုလို တူညီကြသည်။ ဓာတ်ပြုခြင်း၏ သဘောသဘာဝမှာ အရာဝတ္တုများ ထိုသို့ပြောင်းလဲကြရာတွင် မလွဲမသွေ လိုက်နာကြမည့် အချင်းအရာများရှိပြီး ၎င်းတို့ကို ဓာတုနိယာမဟု ခေါ်ဆိုသည်။ ဓာတုဗေဒ လေ့လာမှုအားလုံးတွင် စွမ်းအင်နှင့် အင်ထရိုပီတို့ကို စဉ်းစားကြရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ဓာတု ဒြပ်ဝတ္တုတို့ကို ၎င်း၏ structure ဖြင့် သက်မှတ်နိုင်ပြီး ၎င်း၏အခြေကို ဓာတုပေါင်းစပ်ပုံ များဖြင့် သတ်မှတ်နိုင်သည်။ ၎င်းအခြင်းအရာများကို spectroscopy၊ chromatography စသည့် chemical analysis များသုံး၍ လေ့လာနိုင်သည်။ ဓာတုဗေဒဘာသာရပ်ကို အဆင့်မြင့် အခြေခံပညာနှင့် ကောလိပ်အစပိုင်းနှစ်များတွင် အဓိက ဘာသာအဖြစ် ပါရှိသည်။ ၎င်းလေ့လာမှု့များမှာ များမြှောင်လှစွာသော အခြေခံများကို စတင်ပေးသော ယေဘုယျ ဓာတုဗေဒ ဘာသာရပ်ဖြစ်သည်။ ၎င်းမှသည် လေ့လာသူ အနေဖြင့် အဆင့်မြင့် ဓာတု လမ်းခွဲများကို ဆက်လက်လေ့လာနိုင်သည်။ ဓာတုသုတေသနတွင် လုပ်နေသော သိပ္ပံပညာရှင်ကို ဓာတုပညာရှင် (chemist) ဟုခေါ်သည်။ အများအားဖြင့် ဓာတုပညာရှင်မှာ ဓာတုဘာသာရပ်ခွဲ တစ်ခုကိုသာ အထူးပြု လုပ်ကိုင်လေ့ရှိသည်။ မြန်မာနိုင်ငံနှင့် ဓာတုဗေဒ မြန်မာနိုင်ငံတွင် ဓာတုဗေဒ ဓာတ်ဆေး (Chemicals) များကို ပုဂံခေတ် ကတည်းကစ၍ သုံးစွဲတတ်သည့် အလေ့အထ ရှိနေပြီဖြစ်ကြောင်း ကျောက်စာ အထောက်အထားအရ သိရသည်။ ပုဂံမြို့ဟောင်း စောလှဝန်းဘုရားအနီး အမတ် အသဝတ် ဓမ္မာမယား ကျောက်စာတွင် တွေ့နိုင်သည်။ ကျမ်းကိုး ကျမ်းကားနဲ့ စပြီး တွေ့ရတာကတော့ ၁၇၅၉ ခုနစ်က သင်္ဘောဆေးစာ အမည်ရှိတဲ့ ပေစာမူအရ သိရသည်။ ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား လက်ထက်မှာ ရေးမှတ်ထားခဲ့တဲ့ သင်္ဘောဆေးစာ ဆိုတဲ့ ပေမူဟာ ဓာတုဗေဒကျမ်း တစ်ဆူပါပဲ။ အထဲမှာ ပါတဲ့ စာသားတချို့အရ အဲဒီကျမ်းဟာ မြန်မာနိုင်ငံနဲ့ အဲဒီအချိန်က အဆက်အသွယ် ရှိနေတဲ့ ပေါ်တူဂီတွေ ဆီကနေ ကူးယူထားတယ်လို့ သိရသည်။ မူရင်းကျမ်းမှာ ထုတ်လုပ်နည်းပေါင်း ၁၀ဝ ကျော် ဖော်ပြထားသည်။ အဲဒါတွေကို မျိုးတူမျိုးတူ အစုပဲ ဒီအတိုင်း အဆင်ပြေသလို ပြထားတော့ အားလုံးဟာ ပြန့်လျားကြီး ဖြစ်နေသည်။ ဒါကို တူရာတူရာ စုစည်းပြီး အုပ်စုဖွဲ့လိုက်ရင် အုပ်စု (၃၀) ရလာသည်။ အဲဒါကို အကျဉ်းချုပ်မျှ ဖော်ပြချင်ပါသည်။ ဆင်စွယ်လုပ်ငန်း - အစိမ်းဆိုးနည်း၊ ဆင်စွယ်ပျော့နည်း။ သင်္ဘောဆေးနှင့် ငွေမင်လုပ်နည်း (၃) နည်း။ အရိုး အနက်ဆိုးနည်း၊ အရိုးပျော့နည်း။ ပုလဲတု လုပ်နည်း။ ရွှေလုပ်ငန်း - ရွှေရေး ရွှေချနည်း၊ သံပေါ် ရွှေရေးနည်း၊ ရွှေချနည်း (၂) နည်း၊ ရွှေပင် ငွေပင် စိုက်နည်း (၄) နည်း၊ ရွှေမှုန့် စားဆေးဖော်နည်း (၂) နည်း၊ သံ ရွှေရောင်တင်နည်း၊ ရွှေရောင်ရေးနည်း (၂) နည်း ရွှေ အတုချက်နည်း။ ကြေးနီလုပ်ငန်း - ကြေးနီဖြူနည်း (၂) နည်း၊ ကြေးဝါ ကြေးနီ ဖော်နည်း၊ သံကြေးနီလုပ်နည်း။ ရေပြင်း (Acid) လုပ်နည်း (၅) နည်း။ မီးစုံး (Phosphorus) ချက်နည်း (၂) နည်း။ သတ္ထု အရည်ပျော် အကူပစ္စည်း (Flux) လုပ်နည်း (၅) နည်း။ ဒုတ္ထာ ဆီချက်နည်း (၃) နည်း။ သန္ဓာ၊ ဥဿဘုရား နှင့် ကျောက်မျက် ရတနာ အတုလုပ်နည်း။ သံပင် စိုက်နည်း။ လောင်မီး ဖော်နည်း (၃) နည်း။ ဖန်ချက်နည်း (၁၁) နည်း။ သစ်ပင်ဆား (Potassium Carbonate) ထုတ်လုပ်နည်း။ မိန်လာ မျိုးစုံ လုပ်နည်း (၁၂) နည်း။ သစ်သား အရောင်တင်ဆီ လုပ်နည်း (၃) နည်း။ သစ်သီး၊ သစ်စေ့၊ ကြက်ဥတို့မှ အဆီထုတ်နည်း။ ပြဒါး သန့်စင်နည်း။ လက်ချား ပြုလုပ်နည်း။ ကန်ပွင့် ချက်နည်း။ မှန်ပြဒါးတင်နည်း၊ ဆေးရေးနည်း။ တရုတ် ပန်းကန် လုပ်နည်း။ ချည် အဝတ်ဆိုးဆေး လုပ်နည်း (၆) နည်း။ ချုပ်ဆေး ဖော်နည်း။ သစ်သီးများ တာရှည်ခံအောင် ထားသိုနည်း။ သံလိုက်အိမ်မြှောင် လုပ်နည်း။ တဏှာကျွဆေး ဖော်နည်း (၂) နည်း။ သံဂုဏ်ဂမ္မံ အားဆေးဖော်နည်း (၂) နည်း။ ဆံပင် မဖြူအောင် လုပ်နည်း။ ဝက်ခြံပျောက်ဆေး ဖော်နည်း။ အပေါ်မှာ ပြထားတဲ့ နည်းတွေကို အခြေခံ ဓာတုကုန်ထုတ် ပညာနည်းစဉ်တွေ ဖြစ်တဲ့ ကျိုချက်ခြင်း၊ အငွေ့ပြန်ခြင်း (Evaporation) ၊ ပေါင်းခံခြင်း (Distillation) ၊ မီးဖြင့်လှော်ခြင်း၊ ပြုတ်ခြင်း၊ အပူတိုက်ခြင်း၊ မီးအုံးခြင်း၊ မီးကင်ခြင်း၊ မီးဖုတ်ခြင်း၊ အခြောက်ခံခြင်း၊ အအေးခံခြင်း၊ အမှုန့်ကြိတ်ခြင်း၊ စကာချခြင်း၊ မွှေခြင်း၊ နှဲခြင်း၊ အရည်စိမ်ခြင်း၊ အရည်ဖျော်ခြင်း၊ အနည်ထိုင် အကြည်ခံခြင်း၊ အရည်စစ်ခြင်း၊ ဓာတ်စွဲကပ်ခြင်း (Absorption)၊ အဆီထုတ်ခြင်း (Oil Extraction) စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်တယ်။ အပူပေးတဲ့နေရာမှာ ထင်းမီး၊ မီးသွေးမီးကို သုံးတယ်။ တစ်ခါတစ်လေ တိုက်ရိုက် အပူပေးပြီး တစ်ခါတစ်ရံ ရေ၊ သဲ၊ ဖွဲ၊ နွားချေး၊ မြင်းချေးတွေနဲ့ ကြားခံထားပြီး အပူပေးလို့ မီးအရှိန်ကို လိုသလို ထိန်းချုပ်နိုင်သည်။ အဲဒီလို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ကိရိယာတွေ၊ ကုန်ကြမ်းတွေ ( ဓာတုပစ္စည်းများ၊ သစ်ပင်ထွက် ပစ္စည်းများ နဲ့ လူ တိရစ္ဆာန်ရဲ့ ပစ္စည်းများ ) ကို ကြည့်ပြီး အဲဒီခေတ်က သိပ္ပံပညာ အဆင့်အတန်းကို လေ့လာနိုင်သည်။ ထုတ်လုပ်မှု ကိရိယာများ အငွေ့ပျံ ပေါင်းခံရန် လံဘိကာပ (Alembic) ပေါင်းချောင်၊ စဉ့်သုတ်အိုးကောက်၊ ခံအိုး (Condenser Receiver)၊ ဖန်ခံအိုး၊ ခဲမဖြူ ပွတ်ခံအိုး၊ အလိုက်ကလိုက်။ အရည်ကျိုရန်၊ ပြုတ်ရန်၊ လှော်ရန် မြေအိုး၊ ကြေးအိုး၊ သံအိုး၊ ဖန်အိုး၊ သမ္ပရာပိုင်း။ မီးပြင်းတိုက်၍ ကျိုရန် လုံ၊ မိုက်၊ မိုက်လုံ၊ မိုက်ခွက်၊ စဥ့်သုတ်မိုက်၊ စဥ့်ဖြူသုတ်မိုက်၊ စဥ့်ဖြူလိမ်းမိုက်၊ ဖန်ဖြူ အတွင်းပြီးမိုက်၊ မိုက်စောက်၊ စလောင်းပါမိုက်။ အရည်စိမ်၊ အရည်ဖျော်၊ အနည်ထိုင်ရန် စဉ့်အိုး၊ ကြွေအိုး၊ အင်တုံ၊ မြေပုံး၊ ဖန်ဖလား၊ ဖန်အိုးလက်ရှည်၊ ပုလင်းကြီး၊ ညောင်ရေအိုး အဝကျယ်။ မွှေရန် သံဇွန်း၊ သံယောင်းမ။ အမှုန့်ကြိတ်ရန် ကြေးဆုံ၊ ကျောက်ပြင်။ စကာချရန် အဝတ်၊ ပုဆိုး။ ဆီထုတ်ရန် အရည်စစ်သားရေအိတ်၊ အိတ်ကို ညစ်ယူရန် အပူပေးနိုင်သည့် ကြေးညှပ်၊ သံပြားညှပ်။ ပုဂံကြွေရည်သုတ် ရာတွင် ညှိပေးသည့် ယုန်မွှေးစုတ်တံ၊ နွားမွှေးစုတ်တံ။ အထွေထွေသုံးရန် ဖန်ခွက်၊ ပန်းကန်ပြား၊ ဖန်လုံး၊ မှန်ပြား၊ စက္ကူဖြူ၊ ရေပြင်းချက်ဖို၊ အိုးထိန်းစက်။ ဓာတုဗေဒ ပစ္စည်းများ ရေပြင်း၊ ငရဲမီး (Acid) ၊ ပုံးရည်ပြင်း၊ သုံးခါပြန် ပုံးရည်၊ ထန်းရည်ပုံးရည် (Acetic Acid) ၊ အသစ်ညှစ် သံပရာရည် (Citirc Acid) ၊ အိန္ဒနံပုံးရည် (Lead monoxide) ၊ အာဂေါ်ရေဆီ၊ ရေဘုရင် (တော်ဝင် အက်ဆစ်၊ Aqua regia) ၊ ကက္ကူကမည်း (Benzonic Acid) ၊ ပြဒါး၊ ဟင်္သပဒါး၊ အမာလာဂမာ (Amalgam) ၊ ရွှေဆိုင်း၊ စိန်ဖြူ (Arsenic) ၊ ဆေးဒန်း၊ ကန့်၊ ခဲမ၊ ခဲမပုတ်၊ ခဲပြာ၊ ခဲမပြာ၊ ခဲမနက် (Graphite) ၊ ဝှော်ဆဝရော၊ လောင်မီး (Phosphorus) ၊ ခဲမဖြူ (ဘင်၊ သလွဲဖြူ၊ Pewter) ၊ ခနောက်စိမ်း (Antimony) ၊ ဘော် (Silver) ၊ ရွက်နီဘော်၊ ဂျွတ် (Bismuth) ၊ မီးသွေး၊ ကျပ်ခိုး၊ သံ၊ သံမှုန့်၊ သံတစဉ်းစာ၊ သံပြာ၊ သံမဏိပြာ၊ သံဂုံဂမံ (Ferric oxide) ၊ ကြေးနီ၊ ကြေးဝါ၊ ဒုတ္ထာ၊ ဒုတ္ထာဆီ၊ ဒုတ္ထာရည် (Blue vitorial, Copper sulphate) ၊ ယမ်း၊ ယမ်းပြန်ပြီး၊ ယမ်းစိမ်း၊ တာတရု၊ တာတဂူ၊ တာတလူ (Nitre, Salpeter, Potassium nitrate) ၊ ဇဝက်သာ (Salammoniac, Ammonia chloride) ၊ လက်ချား (Borax, Sodium Pyroborate) ၊ သစ်ရွက်ပြာ၊ စဖိုပြာ (Potassium carbonate) ၊ မဖောက်ထုံး၊ မြေဖြူ၊ အာရုဒါ၊ အာရုဝါ (အရက်ဆား)၊ ကျောက်ချဉ်၊ ဆား (Sodium chloride) ၊ သဲ၊ အုတ်မှုန့်၊ အုတ်နီခဲ၊ မြေအိုးမှုန့်၊ အရက်နီ၊ ဘရံအရက် (Brandy) ၊ အရက် (Alcohol) ၊ သင်းတွဲစိမ်းမှုန့်၊ သန္ဓောဆား၊ တရေမင်တီနာဆီ၊ ရောဘာရဘူ (ထင်းရှူးဆီ)၊ အိန္ဒနံကျောက်၊ နှင်းရည်၊ ပရုပ်၊ ရေနံဆီ၊ ကတ္တရာဆီ၊ မြေဖယောင်း၊ နိပဆေး၊ သေနတ်ကျောက်၊ အင်ကြင်းကျောက်၊ သံလိုက်ကျောက်၊ ကျောက်သလင်း၊ ကျောက်စစ်။ အပင်ထွက် ပစ္စည်းများ ဖုံးမသိမ်ရွက်၊ သမင်စမ၊ သမင်စဖို၊ ငှက်ပျော၊ လိပ်စရွေ၊ မဲကြီးရွက်၊ ထနောင်းကြူ၊ သက်ကယ်၊ အမှော်နရကူစေ့၊ ရှားပေါက်စေ့၊ သရက်ပွင့်၊ သရက်စေ့၊ အုတ်ရှစ်စေ့၊ အုတ်ရှစ်ဆီ၊ ပေါင်ပဲစေ့ (မာလတိ) ၊ ပေါင်ပဲ့ဆီ၊ ပိုက်ဆံစေ့၊ ပိုက်ဆံဆီ၊ ချဉ်သီးစေ့၊ ငရုတ်ကောင်း၊ ဖာလာ၊ ဇီယာ၊ စမုံမျိုးငါးပါး၊ ပဉ္စကနီသီး၊ ကညင်သီး၊ သပြေစေ့၊ သပြေသား၊ သပြေဆီ၊ ရုံးပတီသီး (ပဉ္စငါးပါး)၊ ကျစုသီး၊ လင်းနေဆီ၊ သင်းတွဲကညင်ဆီ၊ အုန်းဆီ၊ ရှားဆေးအဆီ၊ ဘိန်း၊ သစ်ကျပိုး၊ တောရပ်ခေါက်၊ ဇာတိပ္ဖိုလ်ပွင့်၊ လေးညှင်းပွင့်၊ သစ္စေး၊ ချိပ်၊ ရှိန်းခို၊ ကနခို၊ ကြောင်ပန်း၊ မုတ်၊ ရှောက်ခွံ၊ ချင်းခြောက်၊ ဟင်းနုနွယ်၊ ပိန္နဲနွယ်၊ နနွင်းတက်၊ ထန်းနို့၊ မဲနယ်၊ သကြားပွင့်၊ ဂျုံမှုန့်၊ တိန်းညက်၊ ထန်းလျက်။ လူတိရစ္ဆာန်တို့၏ ပစ္စည်းများ လူ့အံဘတ်၊ လူ့ကျင်ကြီး၊ လူ့ကျင်ငယ် (Urine phosphate) ၊ မြင်းချေး၊ နွားချေး၊ ထောပတ်၊ ဝက်ဆီ၊ ဆိတ်ဆီ၊ နွားဆီ၊ ကျွဲဆီ၊ ခွေးဆီ၊ ဝမ်းဘဲဆီ၊ ကင်းပုစွန်ဆီ၊ ခွေးမနို့၊ ခွာအမျိုးမျိုး၊ သမင်ဂျို၊ ဂျိုအမျိုးမျိုး၊ အမဲရိုး၊ အမွှေးအတောင် အမျိုးမျိုး၊ ကြက်ဥအကာ၊ ပရွက်ကောင်၊ ခါချဉ်ကောင်။ ကျမ်းကြီး တစ်စောင်လုံးမှာ အရေးအသားပိုင်း အံဩရလောက်အောင် တိကျမှုရှိသည်။ စနစ်ကျသည်။ ရေပြင်းချက်တဲ့ဖို တည်ဆောက်ပုံ ဖော်ပြတဲ့နေရာမှာ ဟာကွက် မရှိအောင် အသေးစိတ် ဖော်ပြထားပုံက နှစ်လိုဖွယ်ကောင်းသည်။ မီးပေးမီးယူ ထုတ်လုပ်မှု ထိန်းချုပ်ပုံ စနစ်ကလည်း အလွန် သိပ္ပံနည်း ကျလှသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်ကတည်းက ပြုစုထားတဲ့ မြန်မာတို့ရဲ့ ဓာတုဗေဒ ထုတ်လုပ်ရေးတစ်ရပ် ဖြစ်ပေမယ့် အခုခေတ် အဆင့်နဲ့ ချိန်ထိုးကြည့်ရင် ရေးသားပုံက ရေပက်မဝင်အောင် ရှိနေလို့ ဂုဏ်ယူစရာ သိပ်ကောင်းသည်။ ဓာတုဗေဒ ပညာရပ် ပိုင်းက သုံးသပ်ရင်လည်း ဓာတုပညာရပ်ကို စခဲ့တဲ့ ရှေးခေတ် အဂ္ဂိရတ် ဆရာကြီးတွေရဲ့ ယမ်းငရဲမီး၊ ကန့်ငရဲမီး၊ ဆားငရဲမီး နဲ့ ရွှေစား ငရဲမီး ထုတ်လုပ်ပုံ နည်းစနစ်တွေနဲ့ ပုံစံတူတာ တွေ့ရသည်။ ဒါကြောင့် မြန်မာတွေဟာ အဲဒီ အချိန်ကတည်းက မှန်ကန်တဲ့ ဓာတုဗေဒ ပညာ လမ်းကြောင်းပေါ်ကို ခြေချမိနေပြီ ဆိုတာ သိသာ ထင်ရှားပါသည်။ ဒါတွေကို ကြည့်ပြီး ရှေးခေတ် ဓာတုဗေဒ ပညာရပ်ဟာ ရွှေဖြစ် ငွေဖြစ် စိတ်ကူးယဉ်ဆန်တဲ့ ဝိဇ္ဇာ ပညာရပ်ချည်း မဟုတ်ဘဲ သိပ္ပံပညာရပ်တွေလည်း ရှိသေးသည်ဆိုတာ မြင်သာထင်သာအောင် တင်ပြလိုက်ပါသည်။ အခြေခံ သဘောတရားများ ဓာတုဗေဒကို လေ့လာရာတွင် များစွာသော အရေးပါသည့် အခြေခံ သဘောတရားများ ရှိသည်။ ၎င်းတို့များ - အက်တမ် အက်တမ်သည် ဒြပ်စင်၏ အခြေခံ ယူနစ် ဖြစ်သည်။ အက်တမ်တစ်ခုတွင် ပုရိုတွန်နှင့် နျူထရွန်များပါဝင်သော အဖိုဓာတ်ရှိ မံတိုင်ရှိပြီး ၎င်းကို တူညီသော အမဓာတ် ပမာဏရှိ အီလက်ထရွန်ကဝန်းရံ ထားသည်။ အက်တမ်သည် ဒြပ်စင်တစ်ခု၏ electronegativity, ionization potential, oxidation state, coordination number, bond စသည့် ဓာတု ဂုဏ်သတ္တိကိုလေ့လာမည်ဆိုလျှင် အသေးငယ်ဆုံး ဖြစ်သည်။ ဒြပ်စင် ဒြပ်စင်ဆိုသည်မှာ ဓာတု အမြင်အရဆိုလျှင် ဓာတုပစည်း နှင့်ပတ်သက်သည်။ ဓာတုဒြပ်စင် တစ်ခုကို ၎င်း၏ အက်တမ်ရှိ နျူကလိယမှ ပရိုတွန်အရေအတွက်ဖြင့် ဆုံးဖြတ်သည်။ ၎င်းအရေအတွက်ကို ၎င်းဒြပ်စင်၏ atomic number ဟုခေါ်သည်။ ဒြပ်စင်များကို အကောင်းဆုံးဖော်ပြရန်မှာ atomic number အရ အုပ်စုခွဲထားသော periodic table ပင်ဖြစ်သည်။ periodic table သည် ညဏ်ကျယ်ကျယ်ဖြင့် စနစ်တကျစီစဉ်ထားသောကြောင့် ၎င်းဇယားတွင် အုပ်စု (ဒေါင်လိုက်) နှင့် နရီ (period) (အလျားလိုက်) ဒြပ်စင်၏ တူရာ ဂုဏ်သတ္တိအလိုက် စီစဉ်ထားသည်။ ဒြပ်ပေါင်း ကျမ်းကိုး သိပ္ပံ ဓာတုဗေဒ
https://my.wikipedia.org/wiki/%E1%80%93%E1%80%AC%E1%80%90%E1%80%AF%E1%80%97%E1%80%B1%E1%80%92
ကိမိလဗေဒ
ကိမိလဗေဒ(Entomology )သည် အင်းဆက်ပိုးများအား လေ့လာသည့် သတ္တဗေဒ ပညာရပ် မျိုးကွဲတစ်ရပ် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိမျိုးစိတ် ၁.၃ သန်း အနက် အင်းဆက်မျိုးစိတ်မှာ သုံးပုံနှစ်ပုံခန့်ရှိသည်။ အချို့မျိုးစိတ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၄၀၀ ခန့်ကတည်းက ရှင်သန်ကျက်စားခဲ့ကြသည်။ ကိုးကား သိပ္ပံ သတ္တဗေဒ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%99%E1%80%AD%E1%80%9C%E1%80%97%E1%80%B1%E1%80%92
Portal:သိပ္ပံ
ဤဘာသာရပ်နှင့် ပတ်သက်၍ သက်ဆိုင်သော ခေါင်းစဉ်များကို ကြည့်လိုပါက အခြေခံ သိပ္ပံဆိုင်ရာ ခေါင်းစဉ်များ ကို ကြည့်ပါ။</small> ဇီဝဗေဒ ရုက္ခဗေဒ သတ္တဗေဒ အာယုဗ္ဗေဒ ခန္ဓာဗေဒ ရောဂါဗေဒ ကိမိလဗေဒ ဓာတုဗေဒ ဇီဝဓာတု ရူပဗေဒ ဘူမိဗေဒ နက္ခတ္တဗေဒ သတ္တုဗေဒ ဇလဗေဒ အဏ္ဏဝါဗေဒ အက်တမ် နျူထရွန် ပရိုတွန် အီလက်ထရွန် ) သိပ္ပံ
https://my.wikipedia.org/wiki/Portal%3A%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6
သတ္တုဗေဒ
သတ္တုဗေဒ သတ္တုဗေဒဘာသာရပ်သည် Materials ဆိုသည့် အများစုများအားဖြင့် အင်ဂျင်နီယာသုံး သတ္တုများကို ထုတ်လုပ်သန့်စင် ဓာတ်ခွဲ ပြုပြင်ပေးသည့် အကြောင်းဖြစ်သည်။ ဆိုလိုသည်မှာ မြေကြီးထဲမှ mining သမားတူးထုတ်ပေးပြီဆိုလျှင် ကုန်ကြမ်းအဆင့်ထိ အဆင့်ဆင့်ရအောင်လုပ်ပေးသော အပိုင်းဖြစ်သည်။ သတ္တုဗေဒ တွင်းထွက်သတ္တုကျောက်ရိုင်းများမှ သတ္တုများကိုထုတ်ယူ၍ အသုံးပြုရန်လုပ်ကိုင်ခြင်းကို သတ္တုဗေဒဟုခေါ်သည်။ သတ္တုဗေဒ၏ကျေးဇူးကြောင့်သာလျှင် ကျွန်ုပ်တို့သည်အသုံးအဆောင်ပစ္စည်းများကို သတ္တုဖြင့် ပြုလုပ် သုံးစွဲနိုင်ခဲ့ကြသည်။ သတ္တုသည်အိမ်များနှင့် စက်ရုံ အလုပ်ရုံများသို့ လျှပ်စစ်ဓာတ်ကိုသယ်ယူပို့ဆောင်ပေးသည့် အပြင် အလွန်မြင့်မားသောတိုက်တာအဆောက်အအုံကြီးများ အတွက် အမာခံပေါင်များကိုရရှိစေသည်။ မော်တော်ကား၊ မီးရထားနှင့် လေယာဉ်ပျံများကို သတ္တုဖြင့်ပြုလုပ်ယူကြသည်။ ကျွန်ုပ်တို့အသုံးပြုလျက်ရှိသောကိရိယာ တန်ဆာပလာများကို လည်း သတ္တုဖြင့်ပြုလုပ်ကြသည်။ ယခုခေတ်ယဉ်ကျေးမှု အဆင့်အတန်းသည် သတ္တုမပါရှိကတည်တံ့နေနိုင်မည် မဟုတ်ပေ။ ဤသို့အလွန်အရေးကြီးသောသတ္တုဗေဒကို ထုတ်ယူရေးသတ္တုဗေဒနှင့်လုပ်ကိုင်ရေးသတ္တုဗေဒဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။ ထုတ်ယူရေးသတ္တုဗေဒ ထုတ်ယူရေးသတ္တုဗေဒဆိုသည်မှာ သတ္တုကျောက်ရိုင်းများမှ သတ္တုကိုထုတ်ယူပြီးလျှင်သတ္တုစင် အဖြစ်ရအောင်ချွတ်ပေးခြင်းကိုခေါ်သည်။ ဤအပိုင်းတွင် သတ္တုကျောက်ရိုင်းများကိုခွဲကြိတ်ခြင်း၊ လှော်ခြင်း၊ စုခဲသွားအောင်မီးတိုက်ပေးခြင်း၊အရည်ကျိုခြင်း၊စစ်ထုတ်ခြင်း၊လျှပ်စစ်ဖြင့်ဓာတ်ခွဲခြင်း၊ ပြဒါးသတ္တုစပ်ဖြစ်အောင် ပြုလုပ်ပေးခြင်းနှင့် မီးပြင်းတိုက်ခြင်းတို့ပါဝင်သည်။ တွင်းထွက်သတ္တုရိုင်းများမှ ပထမဦးစွာအညစ်အကြေးများကို တတ်နိုင်သမျှ ထုတ်ပစ်ရသည်။ ထုတ်ပစ်နည်းမှာ သတ္တုကျောက်ရိုင်းများကို များသောအားဖြင့် ကြိတ်ချေလိုက်ရသည်။ ထိုအခါသတ္တု ကျောက်ရိုင်းတွင်ရှိသော သတ္တုနှင့်တကွ၊ သတ္တုမဟုတ်သည့်ပစ္စည်းမျာသည် အညစ်အကြေးများနှင့် တခြားစီကွဲထွက်ကုန်သည်။ ထိုနောက်အညစ်အကြေးများကိုရေနှင့်ဆေးထုတ်လိုက်ရသည်။ ယင်းသို့ဆေး ထုတ်လိုက်ခြင်းအားဖြင့် သတ္တုထုတ်ယူရာ၌ ကိုင်တွယ်ရမည့်သတ္တုရိုင်း၏အရွယ်ပမာဏမှာ အလွန်လျော့နည်းသွားလေသည်။ သတ္တုကျောက်ရိုင်းများကို လှော်ပေးရသည့်အကြောင်း မှာ ကန့်ကဲ့သို့သောအညစ်အကြေးများကို ထုတ်ပစ်ရန် ဖြစ်လေသည်။ သတ္တုကျောက်ရိုင်းကိုလှော်ပေးလိုက်သောအခါ ကန့်နှင့်အခြားအညစ်အကြေး များသည်လေထဲရှိ အောက်ဆီဂျင်နှင့်ပေါင်းကာ ဓာတ်ငွေ့ဖြစ်ပြီးထွက်သွားတော့၏။ သတ္တုကျောက်ရိုင်းများကိုလှော်ပေးရင်းအပူချိန်အလွန် တက်လာသောအခါ စုခဲလာလေသည်၊ ပဌမတွင် သတ္တုရိုင်းအမှုန်များအရည်ပျော်သွား၍ စုခဲလာပြီးလျှင် အတုံးအခဲကြီးများဖြစ်လာလေသည်။ ဤအတုံး အခဲများကား နောက်တစ်ဆင့်လုပ်ရမည့်လုပ်ငန်းနှင့်အလွန်သင့်လျော်ပေသည်။ သတ္တုကျောက်ရိုင်းများကိုကြိတ်ချေခြင်း၊ လှော်ခြင်း၊စုခဲအောင်ပြုလုပ်ပေးခြင်းစသော လုပ်ငန်းများ ပြီးဆုံးသောအခါသတ္တုကို ထုတ်ယူသည့်လုပ်ငန်းစတော့၏။ သတ္တုကိုထုတ်ယူရာတွင်အညစ်အကြေး များ ထွက်သွားအောင်ကျိုပေးရသည်။ အကယ်၍သတ္တုသည်သံဖြစ်လျှင် သတ္တုကျောက်ရိုင်းသည်လေပြင်း မီးဖိုတွင် ထည့်၍ပြင်းစွာအပူတိုက်ပေးရသည်။ ထိုသို့အပူတိုက်သောအခါသတ္တုကျောက်ရိုင်းနှင့် အတူကုတ်မီးသွေးနှင့်ထုံးကျောက်တို့ကိုလည်းထည့်ပေးရသည်။ မီးဖိုတွင်အပူချိန်ကိုမြှင့်တင်ပေးသောအခါကုတ်မီးသွေးမှာ မီးလောင်သွားပြီးလျှင် ကာဗွန်မွန်အောက်ဆိုက်ဓာတ်ငွေ့ အဖြစ်ထွက်လာလေသည်။ က္ကာဗွန်မွန်အောက်ဆိုက်သည် သံတွင်ပါရှိသော အောက်ဆီဂျင်နှင့် ပေါင်းစပ်ကာသံကိုသန့်စင်အောင် ပြုလုပ်ပေးသည်။ အခြားအညစ်အကြေးတို့ကိုအလွန်ပြင်းထန်သော အပူချိန်ကြောင့်အရည်ပျော်ပြီးလျှင် ထုံးကျောက်နှင့် ပေါင်း စပ်သွားလေသည်။ ယင်းအညစ်အကြေးများသည် သံရည်ထက်ပေါ့ရကား ချော်အဖြစ်နှင့်အပေါ်ယံသို့ တက်၍မျောနေလေသည်။ ထိုချော်များကိုသံရည်အပေါ်ပိုင်းမီးဖိုဘေးဖက်ရှိ အပေါက်များမှ မကြာမကြာ ထုတ်ပစ်ရလေသည်။ ဖိုတွင်ကျန်ရစ်သည့်အရည်ပျော်နေသောသံတွင် အညစ်အကြေးများလုံးဝ ကင်းစင် သည်မဟုတ်သေးပေ။ သို့သော်လည်း သတ္တုကျောက်ရိုင်းမှသံအားလုံးကိုကား ထုတ်ယူပြီးဖြစ်လေသည်။ ထိုကြောင့် သတ္တုကိုသန့်သည်ထက်သန့်အောင်လုပ်ပေးရသေးသည်။ အထက်ပါအတိုင်း သတ္တုကျောက်ရိုင်းမှ ထုတ်ယူထားသောသတ္တုကိုဓာတ်အဖျော်ပစ္စည်းတစ်ခုခု နှင့်အရည်ပျော်စေသည်။ ထိုနောက်ထိုအရည်ပျော်နေသောအရည်မှ တစ်ဖန်အနည်ထိုင်စေသောနည်းဖြင့် သတ္တုကိုပြန်ထုတ်ယူပြန်သည်။ ပုံပမာ သတ္တုသည် ရွှေဖြစ်သည်ဆိုလျှင် မသန့်သေးသောရွှေသတ္တုကို ဆိုဒီယမ်ဆိုင်ယနိုက်အပေါ့ရည်တွင် ပျော်ဝင်စေပြီးလျှင်ထိုအထဲသို့ သွပ်ကိုထည့်ပေးလိုက်လေသည်။ သို့ဖြင့်ရွှေအားလုံးသည် သွပ်တွင်လာ၍စုရုံးနေတော့၏။ ဤနည်းကိုစစ်ယူသောနည်းဟုခေါ်သည်။ စစ်ယူသောနည်းဖြင့် သတ္တုကိုအဖျော်ပစ္စည်းတစ်ခုခုနှင့် အရည်ပျော်စေပြီးသည်နောက် တစ်ခါတစ်ရံ ထိုအဖျော်ရည်ကိုလျှပ်စစ်ဖြင့်ဓာတ်ခွဲနည်းဖြင့် သတ္တုကိုထုတ်ယူတတ်သည်။ ပုံပမာ ကြေးနီသတ္တုရိုင်းသည် ဆာလဖျူရစ်အကဆစ်နှင့်ပျော်ဝင်စေပြီးလျှင် ဓာတ်ခွဲသည့်အိုး တွင်ထည့်သည်။ ထိုအိုးတွင်လျှပ်စစ်ဓာတ်သည် ခဲနှင့် ပြုလုပ်ထား သော ဓာတ်ဖိုတိုင်မှ ကြေးနီဓာတ်မတိုင်သို့ ပျော်ဝင်ရည်ကို ဖြတ်ကာစီးသွားသည်။ ပျော်ဝင်ရည်တွင်ရှိသော ကြေးနီအက်တမ်များတွင် အဖိုဓာတ်ရှိ၏။ ဓမ္မတာအတိုင်းအဖိုဓာတ်သည် အမဓာတ်ကိုရှာရာတွင်ကြေးနီဓာတ်မတိုင်သို့ ရောက်သွာလေသည်။ အလျူမီနမ်နှင့်မဂ္ဂနီဇီယမ်တို့ကိုလည်း လျှပ်စစ်ဖြင့်ဓာတ်ခွဲနည်းဖြင့်ထုတ်ယူသည်။ ထုတ်ယူနည်းမှာ ပျော်ဝင်ရည်ကို ပြင်းစွာအပူတိုက်ပေးထားရသည်။ လျှပ်စစ်ဖြင့်ဓာတ်ခွဲယူနည်းသည် ပျော်ဝင်ရည်မှ သတ္တုကိုထုတ်ယူရာ၌ အဖိုးတန်သောနည်းဖြစ် သည်သာမက သတ္တုများသန့်သည်ထက်သန့်အောင် ပြုလုပ်ရာ၌လည်း အသုံးဝင်သည်။ ကြေးနီသည် လျှပ်စစ်ဖြင့်ဓာတ်ခွဲနည်းဖြင့် သန့်စင်အောင်ပြုလုပ်၍ရသော သတ္တုတစ်ခုဖြစ်သည်။ အညစ်အကြေးမစင်သေးသော သတ္တုကိုဓာတ်ဖိုတိုင်အဖြစ်နှင့် ထားသည်။ လျှပ်စစ်ဓာတ်ဖြတ်စီးသွားသောအခါ ကြေးနီအစစ် အက်တမ်များသည်ဓာတ်ဖိုဖြစ်လာပြီးလျှင်ဓာတ်မတိုင်ရှိရာသို့ သွားရောက်စုကြတော့၏။ ဤနည်းဖြင့်ကြေးနီအစစ်သည် ဓာတ်မတိုင်တွင်စုခဲရှိနေတော့၏။ ပြဒါးသတ္တုစပ်ဖြစ်အောင် ပြုလုပ်ယူနည်းသည် တစ်ခါတစ်ရံ သတ္တုကျောက်ရိုင်းများမှ ရွှေနှင့်ငွေ ကို ထုတ်ယူရာ၌ အသုံးပြုသောနည်းဖြစ်သည်။ အလွန်သေးငယ်သောအမှုန်များဖြစ်အောင် ကြိတ်ထားသည့် သတ္တုကျောက်ရိုင်းအမှုန့်များကိုအရည်ဖျော်၍ ပြဒါး ထည့်ထား သော ခွက်များထဲသို့လောင်းထည့်လိုက်၏။ ပြဒါးသည် သတ္တုရိုင်းထဲရှိ ရွှေ၊ သို့မဟုတ် ငွေ သတ္တုကို ထုတ်ဆွဲယူပြီးလျှင် ယင်းတို့နှင့်ပေါင်းကာ ပြဒါးသတ္တုစပ်အဖြစ် သို့ ပြောင်းသွားသည်။ ထိုနောက်ပြဒါးသတ္တုစပ်ကို အပူတိုက်ပေးလိုက်သောအခါ ပြဒါးသည်ဓာတ်ငွေ့အဖြစ်နှင့် လွင့်သွား၍ ရွှေနှင့်ငွေအစစ်သာလျှင် ကျန်ရစ်လေသည်။ လုပ်ကိုင်ရေးသတ္တုဗေဒ လုပ်ကိုင်ရေးသတ္တုဗေဒဆိုသည်မှာ လူတို့အသုံးပြုရန်အတွက် သတ္တုကိုပြုပြင်စီမံလုပ်ကိုင်သော ပညာရပ်ခွဲကိုခေါ်သည်။ သတ္တုကိုအသုံးအဆောင်ဖြစ်အောင် ပြုလုပ်ပေးသောမည်သည့်လုပ်ငန်းပင်ဖြစ်စေ၊ ဤပညာရပ်ခွဲတွင်အကျုံးဝင်သည်။ သံမဏိကိုနစ်ကယ်နှင့် ရောစပ်ပေးလိုက်လျှင်အလွန်ခိုင်မာတောင့်တင်း၍ ခံနိုင်ရည်ရှိသောသံမဏိတစ်မျိုး ဖြစ်လာသည်။ ထိုနည်းတူစွာအခြားသတ္တုများကိုလည်း ခိုင်မာတောင့်တင်းသော သတ္တုစပ်များဖြစ်လာအောင် သက်ဆိုင်ရာသတ္တုများနှင့် ရောစပ်ပေးရသည်။ ပို၍ခိုင်မာတောင့်တင်းလာအောင် သတ္တုများကိုတစ်ခါတစ်ရံ အပူတိုက်ပြီးပြုပြင်ပေးရသည်လည်း ရှိ၏။ ဤကဲ့သို့သောလုပ်ငန်းများ အားလုံးသည် လုပ်ကိုင်ရေးသတ္တုဗေဒတွင်အကျုံးဝင်လေသည်။ ပန်းဘဲဆရာတစ်ဦးသည် မြင်းခွာတခုကို မီးရဲအောင်ဖုတ်ပြီး ထုရိုက်နေသောအခါထိုသူသည် သတ္တုဗေဒကို လုပ်ကိုင်နေသည်မည်ပေသည်။ သမိုင်း သတ္တုဗေဒကိုယခုခေတ်မှသာ ပေါ်ထွန်းလာသည့် သိပ္ပံပညာရပ်ဖြစ်သည်ဟုထင်မှတ်ကြသော်လည်း အမှန်မှာ ယင်းသည်ရှေးအကျဆုံး ပညာရပ်တစ်ခုဖြစ်သည်။ သမိုင်းမတင်မီအချိန်ကပင် လူတို့သည်လုပ်ကိုင်ရေးဆိုင်ရာ သတ္တုဗေဒကိုသိရှိခဲ့ကြသည်။ ရှေးခေတ်တုတ်လူမျိုးနှင့် အီဂျစ်လူမျိုးတို့သည် ရွှေအစစ်ကို အမှုန့် နှင့်အခဲအဖြစ်ဖြင့် တွေ့ရှိခဲ့ကြ၍ ထိုရွှေကိုလက်ဝတ်လက်စား အမျိုးမျိုးဖြစ်အောင် ပုံသွင်းယူခဲ့ကြသည်။ အမေရိကန်၊ အင်ဒီးယန်းလူမျိုးတို့သည် လည်း ဆူးပီးရီးယားအိုင်ပတ်လည်၌ ကြေးနီအစစ်ကိုတွေ့ရှိခဲ့ ကြသည်။ ဤသတ္တုဖြင့်သူတို့သည် အလွန်လှပပြီးအသုံးဝင်သော လှံများကိုပြုလုပ်သုံးစွဲခဲ့ကြသည်။ သမိုင်းမတင်မီအခါကပင်ရှေးလူတို့သည် သတ္တုကျောက်ရိုင်းများကိုအရည်ကျို၍ သတ္တုထုတ်ယူ သည့်သာမန်နည်းများကိုတွေ့ရှိခဲ့ကြသည်။ ခဲသည်သတ္တုကျောက်ရိုင်းကိုအရည်ကျို၍ ရရှိသောပထမဆုံး သတ္တုဖြစ်ဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် ခဲသတ္တုရိုင်းကိုအလွယ်တကူအရည်ကျိုနိုင်သောကြောင့် ဖြစ်သည်။ သံကိုအရည်ကျိုရန်ကိစ္စမှာ အခက်ဆုံးဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၄ဝဝဝ ခန့်က ပင် အီဂျစ်လူမျိုးတို့သည်သံသတ္တုရိုင်းများမှ သံထုတ်ယူနည်းကိုသိရှိခဲ့ကြသည်။ အဆီးရီးယန်းလူမျိုးတို့ ကောင်းစား သောခေတ်သို့ရောက်သောအခါ သတ္တုရိုင်းမှ သံထုတ်ယူသောအလုပ်သည်အထူးတိုးတက်ခဲ့ပြီ ဖြစ်လေသည်။ ရှေးအဆီးရီးယန်းများသည်သံထုတ်ယူနည်းကိုသာ သိရှိခဲ့ကြရုံမျှမက ၊ သံမဏိလုပ်ကိုင် နည်းကိုပါ သိရှိခဲ့ကြလေသည်။ အလယ်ခေတ်ကအဂ္ဂိရတ်သမားတို့သည်အခြား ပစ္စည်းများကိုဖိုထိုး၍ ရွှေဖြစ်အောင်လုပ်ကိုင်ခဲ့ကြသော်လည်း (ရွှေကားမဖြစ်၊)[ရှင်အန္စဂေါန][ရွှေဖြစ်ခဲ့သည် ။ ရွှေသတ္တုသည် Au ဟုဆိုပါစို့ ငွေသတ္တုကို Agဟုဆိုပါဆို့ ကြေးနီသတ္တုကို Cuဟုဆိုပါစစို့ ကြေးနီ Cuနှင့်ငွေAg ပေါင်းစပ်မှု Auဟု ကျွန်တော် အဓိပါယ်သက်မှတ်ပါရစေ သို့သော် သတ္တုဗေဒ၌ များစွာတိုးတက်မှု ရရှိခဲ့ ကြသည်။ သူတို့သည်သတ္တုများ၏ ဤပြုအမူနှင့် တကွ သုံးစွဲနည်းကိုပါသိရှိလာကြသည်။ ခေတ်သစ်သတ္တုဗေဒပညာရပ်ကိုအုတ်မြစ်ချပေးခဲ့သူ များမှာအလယ်ခေတ်မှအဂ္ဂိရတ်ဆရာများပင် ဖြစ်သည်ဟုယူဆနိုင်ပေသည်။ ကိုးကား ဘူမိဗေဒ ပညာရပ်ခွဲများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%90%E1%80%B9%E1%80%90%E1%80%AF%E1%80%97%E1%80%B1%E1%80%92
အဏ္ဏဝါဗေဒ
အဏ္ဏဝါဗေဒသည် ကမ္ဘာမြေ သိပ္ပံ၏ ဘာသာခွဲ တစ်ရပ်ဖြစ်ပြီး သမုဒ္ဒရာ၏ အနေအထားကို စူးဆန်းလေ့လာသည့် ပညာရပ် တစ်ခုဖြစ်သည်။ လေ့လာသည့် အကြောင်းအရာများတွင် အဏ္ဏဝါအတွင်း နေထိုင်ကျက်စားကြသည့် သက်ရှိများနှင့် ဂေဟစနစ်၊ ပင်လယ်ရေစီးကြောင်းများ၊ လှိုင်းများ၏ သက်ရောက်မှု၊ ပင်လယ်ကြမ်းပြင် အနေအထား၊ ပင်လယ်ရေအတွင်းရှိ ဓာတုပစ္စည်းများ၏ ဂုဏ်သတ္တိများ စသည်တို့ပါဝင်သည်။ ထို့ကြောင့် အဏ္ဏဝါဗေဒ ပညာရှင်တစ်ဦးသည် ဇီဝဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ပထဝီ စသည့် ဘာသာရပ်များမှ လေ့လာဆည်းပူးရေး စည်းစနစ်များကိုပါ နားလည်သဘောပေါက်ရန် လိုအပ်သည်။ အဏ္ဏဝါဗေဒ ရူပ ပထဝီဝင် ဇလဗေဒ ကမ္ဘာမြေ သိပ္ပံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%8F%E1%80%B9%E1%80%8F%E1%80%9D%E1%80%AB%E1%80%97%E1%80%B1%E1%80%92
မနုဿဗေဒ
မနုဿဗေဒဟူသည် လူသားမျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ၊သမိုင်းကြောင်းနှင့် လူသားများနှင့်ပက်သက်ဆက်နွယ်သော လူမှုကိစ္စ (Humanity) ကို လေ့လာခြင်းဖြစ်သည်။ မနုဿဗေဒသည် သဘာဝသိပ္ပံ Natural Sciences, လူမှုရေးရာဘာသာရပ် (Humanities) နှင့် လူမှုသိပ္ပံ (Social Sciences) တွင် မြစ်ဖျားခံသည်။ မြန်မာပြည်ရှိ ပုံတောင်ပုံညာတောင်တွင် ရှေးဟောင်းလူသားမျိုးနွယ်စု၏ အရိုးများ၊ ကျောက်ဖြစ် ရုပ်ကြွင်းများ ကို တွေ့ရသည်။ လူသား ဘယ်က စတင်ဖြစ်ပေါ်လာခြင်း၊ ဘယ်ကာလမှ ပေါ်ပေါက်လာခြင်းစသည်ဖြင့် ၎င်းကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်များကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ ယခုချိန်ထိ လူတူ ပရိုင်းမိတ်များ၊ ရှေးဟောင်းရုပ်ကြွင်းများကို မြန်မာပြည်ရှိ နေရာဒေသတချို့တွင် တွေ့ရှိဆဲဖြစ်သည်။ လူအကြောင်းလေ့လာသော အတတ်ပညာ လူတို့ဖြစ်ထွန်း ပေါ်ပေါက် တိုးတက်ပြောင်းလဲလာပုံ အကြောင်းစုံကို ရုပ်သဏ္ဌာန်ဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အထွေထွေမှ သိပ္ပံနည်းကျကျ လေ့လာသော အတတ်လည်း ဖြစ်၍၊ ရုပ်သဏ္ဌာန် မနုဿဗေဒ၊ ယဉ်ကျေးမှု မနုဿဗေဒ၊ သမိုင်းမပေါ်မီခေတ်၊ လူမျိုးဗေဒ နှင့် ဘာသာစကား တည်းဟူသော တစ်ခုပေါ်တစ်ခု အမှီပြုနေသည့် ကဏ္ဍကြီး ၅ သွယ် ပါဝင်သည်။ မနုဿဗေဒ မနုဿဗေဒ ဘာသာရပ်သည် အတိတ်ကာလမှ လူနှင့် ပစ္စုပ္ပန်ရှိ လူတို့ကို လေ့လာသော အတတ်ပညာဖြစ်သည်။ တစ်နည်းဆိုသော် ကမ္ဘာမြေကြီးပေါ်တွင် လူဟူ၍ ပေါ်ပေါက်လာသည့် အချိန်မှစ၍ လူတို့ကြောင်း ကို ရုပ်သဏ္ဌာန်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတို့တွင် ဖြစ်ထွန်းပေါ်ပေါက်တိုးတက် ပြောင်းလဲလာပုံ အစုံစုံကို သိပ္ပံနည်းကျကျ လေ့လာသော အတတ်လည်း ဖြစ်သည်။ ယင်းဘာသာရပ်တွင် ထင်ရှား၍ တစ်ခုအပေါ်တစ်ခု အမှီသဟဲ ပြုနေသော ကဏ္ဍကြီး ၅ သွယ်ရှိ၏။ ယင်ကဏ္ဍကြီး ၅ သွယ်တို့မှာ ရုပ် သဏ္ဌာန် မနုဿဗေဒ၊ ယဉ်ကျေးမှု မနုဿဗေဒ၊ သမိုင်းမပေါ်မီခေတ်၊ လူမျိုးဗေဒနှင့် ဘာသာစကား ဗေဒတို့ဖြစ်သည်။ ရုပ်သဏ္ဌာန် မနုဿဗေဒ ဤဘာသာရပ်တွင် လူ၏ရုပ်သဏ္ဌာန်ဆိုင်ရာ အင်္ဂါရပ်တို့သည် ပတ်ဝန်းကျင်အခြေအနေကို လိုက်၍ မည်ကဲ့သို့ဆင့်ကဲ ပြောင်းလဲတိုးတက်လာသည်ကို လေ့လာရပေသည်။ တစ်နည်းအားဖြင့် လူကို သတ္တဝါတစ်မျိုး ကဲ့သို့ သဘောထားပြီး လေ့လာရပေသည်။ ထိုသို့လေ့လာရာတွင် ဆင့်ကဲ ပြောင်းလဲခြင်း သဘောတရားကို ချန်လှပ်ထား၍ မဖြစ်ပေ။ ကမ္ဘာလောကကြီးတွင် လူဟူ၍ စတင်ပေါ်ပေါက်ခဲ့စဉ်က မည်သည့် ပုံသဏ္ဌာန်၊ မည်သည့်ဘဝ၊ မည်သည့်အခြေတွင် ရှိခဲ့ သည်။ လူအဖြစ်သို့မည်သည့် သတ္တဝါမျိုးမှ အခြေခံ၍ ဆင်ကဲ့ ပြောင်းလဲတိုးတက်လာခဲ့သည် စသည်တို့ကို လေ့လာရပေသည်။ လူ၏ ဇာစ်မြစ်ကို နှိုက်ချွတ်လေ့လာမည် ဆိုပါက ဆဲများသတ္တဝါတို့က စရပေမည်။ ထိုသတ္တဝါများမှာ ကျောရိုးရှိ သတ္တဝါ၊ ယင်းမှ နို့တိုက် သတ္တဝါ၊ ထိုမှတစ်ဆင့် မျောက်၊ မျောက်ဝံ၊ လူစသည်အားဖြင့် ဆင့်ကဲ ပြောင်းလဲခဲ့ရာမှ အဆုံးတွင် မျောက်ဝံနှင့် လူအဆင့်သို့ရောက်ခဲ့ပေသည်။ မနုဿဗေဒ ပညာရှင်များ အယူအဆအားဖြင့် မျောက်ဝံသည် မျောက်က တိုက်ရိုက်မဆင်းသက်ပေ။ ထို့အတူ လူသည်လည်း မျောက်ဝံက တိုက်ရိုက် မဆင်းသက်ပေ။ မျောက်၊ မျောက်ဝံ၊ လူဇာစ်မြစ်မှ၊ မျောက်များက တစ်ခက်၊ မျောက်ဝံ - လူ ဇာစ်မြစ်တို့ တစ်ခက်အနေဖြင့် သီးခြားခွဲထွက် ဆင်းသက်ခဲ့ပေသည်။ ထိုမျောက်ဝံ - လူဇာစ်မြစ်ကမှ တစ်ဆင့် မျောက်ဝံများနှင့် လူတို့သီးခြားဆင်းသက်ခဲ့ကြပြန်သည်။ သို့နှင့် လူသည် မျောက်နှင့် မျော်ဝံများမှ တိုက်ရိုက်ဆင်းသက်ခဲ့ခြင်း မဟုတ်ပေ။ လူ၏ အတိတ်ဖြစ်စဉ်ကို လေ့လာရာတွင် မြေလွှာများထဲမှ တူးဖော်ရရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများကို အများဆုံး ကိုးကားရပေသည်။ အကိုးအကားရဆုံး ကျောက်ဖြစ်ရုပ်ကြွင်းများမှာ ဦးခွံရိုး၊ မေးရိုး၊ ပေါင်ရိုး၊ လက်မောင်းရိုးနှင့် သွားများဖြစ်သည်။ လူ့ကိုယ်တိုင်း ပညာသည် ရုပ်သဏ္ဌာန် မနုဿဗေဒ၏ အရေးပါသော အချက်အလက်တစ်ခု ဖြစ်သည်။ ထိုဘာသာရပ်အရ သက်ရှိသက်မဲ့ လူအမျိုးမျိုးကို တိုင်းထွာနိုင်ပေသည်။ လူ့အရိုးဟောင်းများကို သေချာဂန တိုင်းထွာ လေ့လာခြင်းအားဖြင့် ယင်းလူသည် မည်သည့် လူမျိုးဖြစ်သည်။ အရပ်အမောင်း မည်ရွေ့မည်မျှရှိ၍ ယောက်ျားဖြစ်သည်၊ မိန်းမဖြစ်သည် စသည်ကို အနီးကပ်ဆုံး မှန်ကန်အောင် ပြောနိုင်သည်။ သက်ရှိလူကို တိုင်းထွာ၍လည်း လူမျိုးကို ခွဲခြား ပြသနိုင်ပေသည်။ လူ့ကိုယ်တိုင်း ပညာကို ထပ်မံ စိတ်ဖြာမည် ဆိုပါက၊ လူကောင်တိုင်းပညာ၊ လူရိုးတိုင်းပညာ၊ ဦးခေါင်းတိုင်းပညာနှင့် ဦးခွံတိုင်းပညာဟူ၍ ခွဲခြားနိုင်သည်။ ရုပ်သဏ္ဌာန် မနုဿဗေဒအရ၊ လူ၏ ပြင်ပအင်္ဂါများကို လေ့လာ၍လည်း လူမျိုးခွဲခြားနိုင်၏။ အသားရောင် အဖြူ၊ အမည်း၊ အဝါကိုကြည့်၍ ခွဲခြားနိုင်၏။ ခေါင်းချွန်းသည်၊ ပြားသည်၊ လုံးသည်၊ ရှည်သည် စသည့် ဦးခေါင်းညွှန်း (ဦးခွံညွှန်း) ကိုကြည့်၍လည်း ခွဲခြားနိုင်၏။ နှာခေါင်းရှည် သည်၊ တိုသည်၊ ပြားသည်၊ ချွန်း သည်၊ ပွသည် စသည့် နှာခေါင်းညွှန်းကို လေ့လာ၍လည်း ခန့်မှန်းနိုင်၏။ ဆံပင်ရောင်၊ ဆံပင် သဏ္ဌာန်နှင့် ဆံသားကို ကြည့်၍လည်း ခွဲခြားနိုင်၏။ မျက်လုံးရောင်အနက်၊ အညို၊ အပြာ၊ အဝါကို လေ့လာ၍လည်း ခွဲခြား စိတ်ဖြာနိုင်၏။ လူတို့၏ အရပ်အမောင်း၊ သွေးအမျိုးအစားနှင့် နောက်ဆုံးပေါ် စမ်းသပ်တွေ့ရှိချက်များအရ လူ့ကိုယ်နံ့ကို လေ့လာ၍ပင် လူ့အဆက်အနွယ်၊ အမျိုးအမည်ကို ခန့်မှန်းနိုင်ပြီဟုဆို၏။ ကမ္ဘာပေါ်ရှိ လူမျိုးပေါင်စုံ၏ ၁ဝ ပုံ ၉ ပုံမှာ လူမျိုးရင်းကြီး ၃ မျိုးမှ ဆင်းသက် ပြန့်ပွားသည်ဟု အဆို ရှိပေ၏။ ထိုလူမျိုးပေါင်းစုံ၏ ရုပ်သဏ္ဌာန်ဆိုင်ရာ စသည်တို့အား လေ့လာသော ပညာရပ်ကို ရုပ်သဏ္ဌာန် မနုဿဗေဒဟု ခေါ်ဆိုခြင်းပင် ဖြစ်သည်။ ယဉ်ကျေးမှု မနုဿဗေဒ၊ သို့မဟုတ် လူ့အဖွဲ့အစည်း မနုဿဗေဒ ယဉ်ကျေးမှု မနုဿဗေဒနှင့် လူ့အဖွဲ့အစည်း မနုဿဗေဒကို သီးခြားကဏ္ဍများအဖြစ် ခွဲခြားဖော်ပြလိုက ပြနိုင်ပေ၏။ ထိုဘာသာရပ် နှစ်ခုမှာ စည်းမျဉ်းကတ္တား၊ ပြတ်သားစွာ ခြား၍ ရနိုင်စကောင်းသော ဘာသာရပ်များ မဟုတ်ပေ။ တစ်ခုနှင့်တစ်ခု ဆက်စပ်မှု အထူးရှိနေပေသည်။ သို့နှင့် ယဉ်ကျေးမှု မနုဿဗေဒ ခေါင်းစည်းအောက်တွင် လူ့အဖွဲ့အစည်း မနုဿဗေဒကို ထည့်သွင်းဖော်ပြခြင်းဖြင့် လုံလောက်ပေသည်။ လူကို ယဉ်ကျေးမှု ရှုထောင့်မှနေ၍ လေ့လာခြင်း အတတ်ပညာသည် ယဉ်ကျေးမှု မနုဿဗေဒ မည်၏။ ထိုသို့လေ့လာရာတွင် အတိတ်ကာလ၊ ယဉ်ကျေးမှုဟူ၍ စတင်ပေါ်စ အခါသမယ ဖြစ်စဉ်များကို ချန်လှပ် ထားခဲ့၍ မဖြစ်ပေ။ ထိုကာလမှသည် လက်ရှိ ယဉ်ကျေးမှု အစုစုတို့အထိ ပြောင်းလဲတိုးတက် ဆက်စပ်လာပုံကို ပေါင်းရိုးလေ့လာမှသာ ပြည့်စုံပေလိမ့်မည်။ မနုဿဗေဒအရ ယဉ်ကျေးမှုဟူသည် လူတို့ကိုယ်တိုင် မိမိတို့၏ သက်သာမှု၊ ချောင်ချိမှု၊ လုံခြုံမှု စသည်တို့အတွက် ဖန်တီးတီထွင်ထားသော အရာဟူသမျှသည် ယဉ်ကျေးမှုမည်၏။ သို့နှင့် ယဉ်ကျေးမှုကို အထည်ကိုယ်ရှိ ယဉ်ကျေးမှုနှင့် အထည်ကိုယ်မဲ့ ယဉ်ကျေးမှုဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်၏။ မြင်နိုင်တွေ့နိုင်၊ စမ်းသပ် ထိတွေ့နိုင်သော အရာဝတ္ထုစသည့် လူတို့၏ အသုံးအဆောင်၊ လက်နက်၊ ကိရိယာ၊ တန်ဆာပလာ၊ အိုးခွက်၊ အိမ်၊ ခြံ၊ အဝတ်အစား၊ စာရွက်စာတမ်း၊ လက်ဝတ်လက်စား၊ အနုပညာနှင့် သွားလာရေးဆိုင်ရာ ယာဉ်ရထား စသည်တို့ကို အထည်ကိုယ်ရှိ ယဉ်ကျေးမှုဟု ခေါ်၏။ ခေတ်ဦး လူတို့ မည်သို့သော လက်နက်ကိရိယာများ သုံးစွဲခဲ့၍ ဂူအောင်းလူတို့ခေတ်တွင် မည်သည့် လက်နက် ကိရိယာ တန်ဆာပလာများ ကိုင်ဆောင်ကာ၊ တစ်စတစ်စနှင့် ခေတ်ကာလအလိုက် မည်သို့မည်ပုံ ပြောင်းလဲ တိုးတက်လာသည်ကို ယဉ်ကျေးမှု မနုဿဗေဒ လေ့လာခြင်းဖြင့် သိနိုင်ပေ၏။ ထို့အတူ လူတို့၏ နေမှုထိုင်မှု၊ သွားမှုလာမှု၊ ဝတ်မှုစားမှု စသည်တို့တဖြည်းဖြည်း ထူးခြားကောင်း မွန်လာပုံကိုလည်း သိရှိနိုင်ပေသည်။ ထိုသို့အထည်ကိုယ်ရှိ ယဉ်ကျေးမှု အစုစုကို လေ့လာနိုင်သည့်နည်းတူ၊ အထည်ကိုယ်မဲ့ ယဉ်ကျေးမှုကိုလည်း လေ့လာသိရှိနိုင်ပေသည်။ အထည်ကိုယ်မဲ့ ယဉ်ကျေးမှု ဟူသည် မမြင်နိုင်၊ မတွေ့နိုင်၊ မစမ်းသပ် မထိတွေ့နိုင်သော အရာများ ဖြစ်ပေသည်။ ယင်းတို့တွင် လူတို့၏ ဓလေ့များ၊ အစဉ်လာများ၊ အလေ့အကျင့်များ၊ ထုံးတမ်းများ၊ ဘာသာယုံကြည်မှု စသည်တို့အကျုံးဝင်ပေသည်။ ဘာသာရေးဆိုင်ရာ ယုံကြည်မှုနှင့် ထုံးတမ်းများကို အသေးစိတ် လေ့လာမည် ဆိုပါက သက်မဲ့ပစ္စည်း ကိုးကွယ်မှု၊ ဝိညာဉ် ယုံကြည်မှု၊ နတ်ကိုးကွယ်မှု၊ တစ္ဆေယုံကြည်မှု၊ အင်းအိုင်ခါးလှည့် လက်ဖွဲ့မန္တန် စသည့်အဆောင် ယုံကြည်မှု၊ တိရစ္ဆာန် ကိုးကွယ်မှု၊ သစ်ပင်ကိုးကွယ်မှု၊ သက်မဲ့လောက ကိုးကွယ်မှု၊ မှော်ယုံကြည်မှုနှင့် ထုံးတမ်းနှင့် စပ်လျဉ်းပြီး မီးဖွားထုံးတမ်း၊ ကြီးကောင်ဝင် ထုံးတမ်း၊ ဆေးကုထုံးတမ်း၊ လမိုင်းတင်ထုံးတမ်း၊ အသုဘထုံးတမ်း စသည့် လူမှုထုံးတမ်းများကိုလည်း သိရှိနားလည်နိုင်၏။ ယုံကြည်ကိုးကွယ်မှုများနှင့် ထုံးတမ်းများကို ခေတ်ဦးယုံကြည်ကိုးကွယ်မှုဟူ၍ ဘာသာရပ်တစ်ရပ် အနေဖြင့်လည်း သီးခြားလေ့လာနိုင်ပေသည်။ ထိမ်းမြားခြင်း ဓလေ့များဖြစ်သော တစ်လင်တစ်မယားဓလေ့၊ ခင်ပွန်းပြိုင်၊ မယားပြိုင်၊ မျိုးပအိမ်ထောင်ခြင်း၊ မျိုးတွင်းအိမ်ထောင်ခြင်း၊ ခဲအို-မတ်ယူဓလေ့၊ မရီး-ခယ်မယူဓလေ့၊ အစုလိုက် ထိမ်းမြားခြင်းဓလေ့၊ သူငယ် ထိမ်းမြားခြင်းဓလေ့၊ ဦးစား အိမ်ထောင်ခွင့်၊ ဦးစားစပ်ယှက်ခွင့်နှင့် ထိမ်းမြားခြင်းနှင့် စပ်လျဉ်းသော ပညတ်ချက် စသည်များကိုလည်း ယဉ်ကျေးမှု၊ သို့မဟုတ် လူ့အဖွဲ့အစည်း မနုဿဗေဒကို လေ့လာရာတွင် အသေးစိတ် နားလည်နိုင်ပေသည်။ ထိုအထည်ကိုယ်ရှိ၊ အထည်ကိုယ်မဲ့ ယဉ်ကျေးမှုတို့ မည်သည့်အခါ ကာလက မည်သည့် ယဉ်ကျေးမှု အသွင်ဖြင့် ပေါ်ထွန်းခဲ့ပြီး၊ တစ်စတစ်စ မည်ကဲ့သို့ပြောင်းလဲတိုးတက်ကာ အဆုံးတွင် မည်သို့ပေါင်းစပ်၍ ယဉ်ကျေးမှု အသွင် နှောခဲ့သည်တို့ကိုလည်း ဤဘာသာရပ် ပြည့်စုံအောင် ထည့်သွင်းလေ့လာရပေသည်။ ခေတ်ဦးလူတို့၏ စီးပွားရေး အခြေအနေကို လေ့လာခြင်းနှင့် စပ်ဆိုင်သော ခေတ်ဦးဘောဂဗေဒ ပညာရပ်ကိုလည်း၊ ဤယဉ်ကျေးမျု၊ သို့မဟုတ် လူမှုအဖွဲ့အစည်း မနုဿဗေဒ ခေါင်းစည်းအောက်တွင် ထည့်သွင်း လေ့လာနိုင်ပေသည်။ သမိုင်းမပေါ်မီခေတ် အင်္ဂလိပ်ဘာသာအားဖြင့် အာခီယောလိုဂျီ ခေါ်သော ရှေးဟောင်း သုတေသနဗေဒသည် သမိုင်းမပေါ်မီ ရှေးအတိတ်ကာလမှ ကြွင်းကျန်ခဲ့သော ဝတ္ထုပစ္စည်းများကို လေ့လာသော အတတ်ပညာ ဖြစ်သည်။ လေ့လာရာတွင် ထိုခေတ် ထိုအခါသမယ၊ လူတို့ကိုင်ဆောင် သုံးစွဲခဲ့သော အထည်ကိုယ်ရှိ ယဉ်ကျေးမှုများကို မြေလွှာ အဆင့်ဆင့်အောက်မှ စနစ်တကျ တူးဖော်ရယူပြီးမှ လေ့လာရသည်။ ယင်းကို တူးဖော်ရှာ ဖွေခြင်းဟု ခေါ်၏။ ထိုသို့အတိတ်ကို လှန်လှော၍ တူးဖော်ရှာဖွေရာတွင် သင့်တော်သော နေရာကွက်ကို ရွေးချယ်တတ်ဖို့အထူးအရေးကြီးပေသည်။ သို့တူးဖော် ရှာဖွေရာတွင် ခေတ်အလိုက် လူတို့သုံးစွဲခဲ့သော ကျောက်လက်နက် ကိရိယာများကို တွေ့ရှိတတ်ပေ၏။ ရှေးဟောင်း သုတေသနဗေဒအရ ပေါ်ဦးကျောက်ခေတ်၊ ကျောက်ခေတ်ဟောင်း၊ အလယ်ကျောက်ခေတ်နှင့် ကျောက်ခေတ်သစ်ဟူ၍ ကျောက်ခေတ် အမျိုးမျိုးရှိပေသည်။ ထိုခေတ်တို့တွင် မည်သည့်နည်းဖြင့် ပြုလုပ်သော ကျောက်လက်နက် ကိရိယာမျိုး ရှိခဲ့သည်ကို လေ့လာရပေသည်။ ပေါ်ဦးကျောက်ခေတ်တွင် သဘာဝက ဖန်ဆင်းသည်ဟု ယူဆရသော ပေါ်ဦးကျောက်ကိရိယာများ ပေါ်ပေါက်ခဲ့၏။ ကျောက်ခေတ်ဟောင်းသို့ရောက်လာပြီးနောက်၊ လူတို့ကနဦးဆုံး ပြုလုပ်သည်ဟု အဆိုရှိသော ရဲတင်းကိုယ် စသည့်အနှစ် ကိရိယာများ ပေါ်လာတော့သည်။ မလိုအပ်သော အစိတ်အပိုင်းများကို ထုတ်ပစ်ခြင်းအားဖြင့် အနှစ်ကိရိယာကို ရစေသည် ဆို၏။ ထိုနောက် ခေတ်အလိုက် တိုးတက်ခဲ့သည်နှင့်အမျှ စာကိရိယာ၊ ကိရိယာပြား၊ ကျောက်သေးတုံး၊ ကိရိယာများ ပေါ်လာခဲ့ပေသည်။ ကျောက်သေးတုံး ခေတ်ပေါ်လခြမ်း၊ တြိဂံ၊ စတုဂံနှင့် မြားသွားပုံသဏ္ဌာန်ရှိသော ကျောက်သေးတုံး ကိရိယာများမှာ လက်နက် လုပ်ရာတွင် အလွန်အရေးပါ အရာရောက်ခဲ့သည်ဆို၏။ ကျောက်ခေတ်သစ်တွင် အဆင့်အတန်းအမြင့်ဆုံးသော ကဲလတစ် ကျောက်ကိရိယာများ ပေါ်ပေါက်လာတော့ သည်။ ကျောက်ကိရိယာများ ပြုလုပ်ရာတွင် ကျောက်ခတ်နည်း၊ ဖိ၍ဆစ်နည်း၊ ခုတ်၍ဆစ်နည်း၊ အချောသွေးနည်းဟူ၍ ရှိပေရာ၊ မည်သည့်ကိရိယာကို မည်သည့်နည်းဖြင့် လုပ်သည်ကိုလည်း စေ့ငုလေ့လာရာ သည်။ တူးဖော်ရှာဖွေရာတွင် ကျောက်လက်နက် ကိရိယာများသာမက၊ ရံဖန်ရခါ အရိုးကိရိယာ၊ ဦးချိုကိရိယာနှင့် နှောင်းခေတ်များတွင် ဆင်စွယ် ကိရိယာများမှအစ၊ အိုးခြမ်းကွဲ၊ ပန်းကန်ကွဲ၊ လက်ဝတ်လက်စားများအထိ တူးဖော်ရရှိတတ်ပေသည်။ ယင်းအိုးခြမ်းကွဲ၊ ပန်းကန်ကွဲများ၏ ရွှံ့သားမြေသားနှင့် သရုပ်ဖော်ပါ ပန်းချီ၊ အရုပ်စာလုံးများကို ရှေးဟောင်း သုတေသနဗေဒအရ လေ့လာခြင်းဖြင့် ထိုခေတ်အခါက လူနေမှု အဆင့်အတန်း နှင့် ကူးလူးဆက်ဆံမှု အခြေအနေကို ခန့်မှန်းနိုင်ပေသည်။ အချို့နေရာကွက်များတွင် နှောင်းခေတ်လူတို့သုံးစွဲခဲ့သော ကြေးဝါ၊ ကြေးညိုနှင့် သံလက်နက်ကိရိယာ တန်ဆာပလာများ တူးဖော်ရရှိလာပေ သည်။ သို့နှင့် ရှေးဟောင်းသုတေသနဗေဒ ပညာရှင်များသည် အခါအားလျော်စွာ ကွင်းဆင်းလုပ်ငန်း ကို ဆင်းလုပ်ရန် လိုပေသည်။ သို့မှလည်း နှစ်ပေါင်း ၅ဝဝဝ မတိုင်မီက လူတို့အကြောင်းကို သိသာနိုင်ပေ လိမ့်မည်။ လူမျိုးဗေဒ ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံကို လေ့လာသောပညာရပ်သည် လူမျိုးဗေဒမည်၏။ ယင်းဘာသာရပ်အရ ကမ္ဘာအရပ်ရပ်ရှိ လူမျိုးများကို လေ့လာရာတွင် ရုပ်သဏ္ဌာန်ဆိုင်ရာ ရှုထောင့်ထက် ယဉ်ကျေးမှုနှင့် လူအဖွဲ့အစည်း ရှုထောင့်မှ လေ့လာရပေသည်။ မနုဿဗေဒ ပညာရှင်များ အဆိုအားဖြင့် လူမျိုးဆိုသည်မှာ သဘာဝ ပထဝီအနေအထား ကာဆီးပိုင်းခြားထားသဖြင့် ကြာရှည်ကြာများ သီးခြားရပ်တည်နေခဲ့သော လူစုကို လူမျိုး ဟု ခေါ်ပေသည်။ မနုဿဗေဒ ပညာရှင်များ အလိုအားဖြင့် ကမ္ဘာပေါ်ရှိ လူမျိုးများ၏ ၁ဝ ပုံ ၉ ပုံသည် အခြေခံ လူမျိုး ရင်းကြီး ၃ မျိုးဖြစ်သော ကောကဆွိုက်၊ သို့မဟုတ် ယူရိုပါပွိုက်၊ နီဂရွိုက်နှင့် မွန်ဂိုလွိုက်တို့မှ ဆင်းသက်ပြန့်ပွား ခဲ့သည်ဆို၏။ အသားရောင်ကို ရည်ညွှန်း၍မူ၊ အဖြူ၊ အမည်းနှင့် အဝါဟူ၍ ယေဘုယျအားဖြင့် ခေါ်ဝေါ်၏။ အကြမ်းဖျင်းအားဖြင့် ကော့ကဆွိုက် လူမျိုးရင်းထဲတွင် ဥရောပတိုက်မှ နော်ဒစ်၊ အလ်လပိုင်နှင့် မယ်ဒိတာရေးနီယန် လူမျိုးတို့ပါပြီးလျှင်၊ ကျန်တစ်မျိုးမှာ အာရှတိုက်မှ အိန္ဒိယမြောက်ပိုင်းသားများဖြစ်၏။ နီဂရွိုက်လူမျိုးရင်းတွင် နီးဂရိုး၊ မယ်လနီးရှန်း၊ ပစ်ဂမီနှင့် ဗွတ်ရှမန်းလူမျိုးတို့ပါဝင်ပြီးလျှင်၊ မွန်ဂိုလွိုက် လူမျိုးရင်းတွင် မွန်ဂိုလီယန်၊ မလေးနှင့် အမေရိကန် အင်ဒီးယန်ယူမျိုးတို့ပါဝင်ကြသည်ဆို၏။ ယခုထက်တိုင် မည်သည့် လူမျိုးရင်းနှင့် ဆက်စပ်မှု ရှိသည်ဟု မဝေခွဲနိုင်သေးသော လူမျိုးများလည်း ရှိပေသေးသည်။ ယင်းတို့မှာ ဂျပန်ပြည်မှ အိုင်းနူးများ၊ သီဟိုဠ်မှ ဗက်ဒွိုက်များနှင့် ဩစတြေးလီးယားမှ ဩစတြလွိုက်များ ဖြစ်ပေသည်။ ယင်းသို့ခွဲခြင်းကို လူမျိုး ခွဲခြင်းဟုခေါ်၏။ နောင်တွင် ယင်းလူမျိုးများ တစ်မျိုးနှင့်တစ်မျိုး ရောနှောပေါင်းဖက်ခြင်းဖြင့် လူမျိုးစပ်ကာပွားများလာကြတော့သည်။ ဤအပိုင်းသည် ရုပ်သဏ္ဌာန် မနုဿဗေဒနှင့် ဆက်စပ်နေ၍၊ ယင်းဘာသာရပ်တွင်လည်း ထည့်သွင်းလေ့လာနိုင်ပေသည်။ လူမျိုးဗေဒအရ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းကို ယဉ်ကျေးမှုရှုထောင့်မှ နေ၍လည်း လေ့လာရန် လိုပေသည်။ လူမျိုးတိုင်းဟု ဆိုသော်လည်း များသောအားဖြင့် ယဉ်ကျေးပြီး လူမျိုးများထက် တောကြိုချုံကြားနေ လူရိုင်းများ၊ အသွားအလာ ခက်ခဲ၍၊ အဆက်အသွယ် ပြတ်သောဒေသနေ လူမျိုးများနှင့် ခေတ်နောက်ကျသော၊ သို့မဟုတ် ခေတ်အလိုက် မယဉ်ကျေးသေးဟု ယူဆရသော လူမျိုးများကို အထူးပြုလေ့လာတတ်ပေ သည်။ လူမျိုးဗေဒပညာရှင်များ အများဆုံး မျက်စိကျရာဒေသများမှာ အာဖရိကတိုက်၊ ဩစတြေလျတိုက်၊ တောင်အမေရိကတိုက်၊ နယူးဇီလန်ကျွန်းနှင့် တောင်ပင်လယ်ကျွန်းစုတို့ပင် ဖြစ်ပေသည်။ ထိုဒေသများ တွင် စိတ်ဝင်စားဖွယ်ကောင်းသော လူမျိုးများ အများအပြားရှိပေသည်။ လူမျိုးတစ်မျိုးကို အသေးစိတ် လေ့လာရာတွင် ယင်းလူမျိုးတို့၏ ကိုးကွယ် ယုံကြည်မှု၊ လူမှုရေးရာ ဓလေ့ထုံးတမ်းများ၊ စီးပွားရေး အခြေအနေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ယဉ်ကျေးမှု အနုပညာ အစုစုကို စေ့ငုအောင် လေ့လာရပေသည်။ မြန်မာနိုင်ငံတွင် ပြည်ထောင်စု တိုင်းရင်းသားများဖြစ်သော နာဂများ အပါအဝင် တောင်တန်းသားများ အကြောင်းကို ရန်ကုန်တက္ကသိုလ် မနုဿဗေဒ ဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ လေ့လာနေပေသည်။ ဤအပိုင်းတွင် လူမျိုးဗေဒသည် ယဉ်ကျေးမှု၊ သို့မဟုတ် လူ့အဖွဲ့အစည်းမနုဿဗေဒ ဘာသာရပ်နှင့် ဆက်စပ်လျက် ရှိနေပြန်ပေသည်။ ဘာသာစကားဗေဒ ဘာသာစကားကို လေ့လာခြင်း အတတ်ပညာသည် ဘာသာစကား ဗေဒမည်၏။ ဘာသာ စကားသည် မည်သည့်ကာလက မည်သို့စတင်ပေါ်ထွန်းခဲ့သည်ကို ဘာသာစကားဗေဒ လေ့လာခြင်းဖြင့် သိနိုင်၏။ ဘာသာစကားဗေဒ သုတေသီများ အဆိုအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်က ဘာသာစကား စတင်ပေါ်ပေါက်ခဲ့သည်ဆို၏။ မည်သို့စတင်ပေါ်ပေါက်ခဲ့သည်ကိုမူ ယခုထက်တိုင် အတိအကျ မသိရသေးပေ။ ဂရိအဘိဓမ္မာဆရာကြီး ဒီမိုခရစ်တပ်၏ အဆိုအားဖြင့် ကနဦးဆုံး လူတို့တီထွင်ခဲ့သော ဘာသာစကားသည် အသံထွက်နှင့် ရည်ညွှန်းချက် လုံးဝကိုက်ညီမှု မရှိဟုဆို၏။ နောက်ဂရိ အဘိဓမ္မာဆရာကြီးတစ်ဦးဖြစ်သူ အက်ပီရပ်ကမူ သဘာဝ၏ ဖန်တီးပေးချက်အရ အစဦးလူတို့သည် မိမိတို့လိုရာကို ဘာသာစကားဖြင့် ဖော်ထုတ်ရာတွင် ထိရောက် အောင်မြင်ခဲ့သည်ဆို၏။ ခရစ်ယာန်သာသနာ ထွန်းကားပြီးနောက်၊ အယ်၊ ဂျီ၊ ဗိုနဲ (၁၇၅၄-၁၈၄ဝ) က ဘာသာစကားကို လူတို့တီထွင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က ဖန်ဆင်းပေးခြင်းသာ ဖြစ်သည်ဟု ဆိုပြန်၏။ နောက်ဆုံး အဆိုတစ်ခုအရ ဘာသာစကားသည် လူတို့၏ စိတ်လှုပ်ရှားမှုကို ဖော်ပြရာမှ အခြေတည် ပေါက်ပွားခဲ့သည်ဆို၏။ ထိုအဆိုကို အများဆုံး လက်ခံထားကြပေသည်။ ပေါ်စဦး ဘာသာစကားများသည် ဒေသအလိုက်၊ လူစုအလိုက်၊ အသံပလံ၊ အသုံးအနှုန်း၊ အယူအဆ၊ အနက်အဓိပ္ပာယ်ကအစ ကွဲပြားခြားနားခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ ဘာသာစကား များသည် ပျောက်ကွယ်သင့်သလောက် ပျောက်ကွယ်ခဲ့၏။ ပေါင်းစပ် ရောယှက်ပြီး တိုးပွားသင့်သလောက်လည်း တိုးပွားခဲ့လေသည်။ ယခုဆိုလျှင် အထူးတလည် တိုးတက်ပြောင်းလဲခဲ့ပြီ ဖြစ်သဖြင့် မည်သို့စတင်ပေါက်ပွား ခဲ့သည် ကိုပင် ဝေခွဲမရအောင်ဖြစ်နေပေပြီ။ ဤကမ္ဘာကြီးတွင် ခန့်မှန်းခြေအားဖြင့် ဘာသာစကားမျိုး စုစုပေါင်း ၂၇ဝဝ ခန့်ရှိသည်ဆို၏။ ထိုအထဲတွင် လက်တစ်ဆုပ်စာမျှရှိသော လူမျိုးများပြောသော စကားလည်းပါဝင်၏။ ထိုးစကားမျိုးကို မကြာမီ အတောအတွင်း ဥရောပနှင့် အာရှတိုက်သုံး ဘာသာစကားကြီးများက ဝါးမျိုပစ်ပေလိမ့်မည်။ ထိုနည်းဖြင့် ဘာသာစကားမျိုး ရာပေါင်းများစွာ ပျောက်ကွယ်ခဲ့ပေပြီ။ ယခုလည်း ပျောက်ဆဲနှင့် နောင်တွင်လည်း ပျောက်ပျက်ပေလိမ့်ဦးမည်။ ဘာသာစကားဗေဒ အလိုအားဖြင့် လူဦးရေအများဆုံးပြောသော ဘာသာစကားမှာ တရုတ်စကားဖြစ်ပေ၏။ ယင်းနောက် ခရီးအတော်ကွာမှ အင်္ဂလိပ်စကားနှင့် ဟင်ဒူစတန်နီ စကားတို့လိုက်ပေသည်။ ရုရှစကားက စတုတ္တ လိုက်ပြီးလျှင် ဂျာမန်စကားက ပဉ္စမလိုက်သည်ဆို၏။ ယင်းနောက်မှ ဂျပန်စကား၊ ပြင်သစ်စကားနှင့် စပိန်စကားတို့လိုက်ပေသည်။ ထိုသို့ဘာသာစကား ဇာစ်မြစ်ရှာ၍ သမိုင်းဖွင့် လေ့လာခြင်း အတတ်ပညာကို စကားဇာစ်မြစ် ပညာရပ်ဟု ခေါ်ပေသည်။ ထိုပညာရပ်နှင့် နွယ်သော ဘာသာစကား ပညာရပ်၊ အသံလှယ် ပညာရပ်၊ အသံထွက် ပညာရပ်နှင့် စကားအဓိပ္ပာယ် ပညာရပ် စသည်တို့မှာ ဘာသာစကားဗေဒ၏ အလွန်အရေးပါ အရာရောက်သော အကိုင်းအခက် အလက်များ ဖြစ်ပေသည်။ ထိုပညာရပ်များကို စနစ်တကျ ပေါင်းစပ်လေ့လာရသော အတတ်ပညာ ကိုပင် ဘာသာစကားဗေဒဟု ခေါ်ခြင်းဖြစ်ပေသည်။ (ဦးကျော်ခင်) ကိုးကား မနုဿဗေဒ လူသား
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%AF%E1%80%BF%E1%80%97%E1%80%B1%E1%80%92
ဘာသာဗေဒ
ဘာသာစကားရပ် ပညာဟူသည် စံနစ်တကျ သိပ္ပံနည်းကျကျဖြင့် ကမ္ဘာ့ဘာသာ စကားများကို နှိုင်းယှဉ်လေ့လာ ဆန်းစစ်ကြည့်သော ပညာတစ်ရပ် ဖြစ်ပေ သည်။ ထိုပညာရပ်သည် စကားဇာစ်မြစ်ပညာရပ်တွင် အကျုံးဝင်သော ပညာတစ်ရပ်လည်း ဖြစ်ပေသည်။ ဘာသာဗေဒသည် လူသားများ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် အသုံးပြုသော ဘာသာစကားများကို သိပ္ပံနည်းကျ လေ့လာခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ၁) ဘာသာစကား၏ ကိုယ်ထည်သဏ္ဍန်ကိုလေ့လာခြင်း၊ ၂) ဘာသာစကား၏ အဓိပ္ပာယ်ကို လေ့လာခြင်း၊ ၃) စကားစပ်ပေါ်မူတည်၍ ဘာသာစကားကို လေ့လာခြင်းဟူ၍ သုံးပိုင်း ခွဲခြားနိုင်သည်။ ဘာသာစကား၏ ကိုယ်ထည်သဏ္ဍန်ကို လေ့လာခြင်းဆိုသည်မှာ ဘာသာစကားများ၏ တည်ဆောက်ပုံ(သဒ္ဒါ)ကို လေ့လာခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဘာသာစကားများကို ပြောဆိုရေးသားရာတွင် လိုက်နာရသော စည်းမျဉ်းများကို လေ့လာခြင်း ဖြစ်သည်။ စကားလုံးများ ဖွဲ့တည်ပုံ၊ စာကြောင်းများ ဖွဲ့တည်ပုံနှင့် အသံထွက်စနစ်များကို လေ့လာခြင်းများ ပါဝင်သည်။ ထိုပညာရပ်ကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ကျော်ခန့်ကမှ စနစ်တကျ လေ့လာလိုက်စားခဲ့ကြသည်။ သက္ကတ ဘာသာစကားကို ဥရောပပညာရှင်တို့ တွေ့သိလာခြင်းသည် ဘာသာစကားများကို နှိုင်းယှဉ်လေ့လာရာ၌ များစွာ အထောက်အကူ ဖြစ်ခဲ့လေသည်။ ဘာသာစကားရပ် ပညာအရ ကမ္ဘာပေါ်တွင် ပြောဆိုကြသော ဘာသာစကားပေါင်း ၆ဝဝဝ ကျော် ရှိသည်ဟု ဆိုသည်။ ယင်းတို့သည် မူလဘာသာစကားကြီးများမှ ဆင်းသက်ခြင်းများဖြစ်၍ များသောအားဖြင့် တစ်ခုနှင့် တစ်ခု ဆက်နွယ်မှုများ ရှိသည်ဟု ဆိုလေသည်။ ဂရိတို့သည် ရှေးခေတ်ယဉ်ကျေးမှု အမျိုးမျိုးကို ဖန်တီးခဲ့သူများ ဖြစ်ကြသည်။ သို့သော် စကားဇာစ်မြစ်ပညာရပ်၌လည်းကောင်း၊ ဘာသာအချင်းချင်း ဆက်သွယ်ပုံ၌လည်းကောင်း လမ်းမှားလိုက်ခဲ့သည်။ ဘာသာခြားစကားတို့သည် လူရိုင်းတို့၏ စကားဖြစ်သည်ဟူ၍ အယူရှိသဖြင့် မိမိတို့၏ ဒေသန္တရ ဘာသာစကားများမှလွဲ၍ အခြားဘာသာစကားများကို လေ့လာဆန်းစစ်ခြင်း မပြုခဲ့ကြပေ။ စကားလုံး၏ အရင်းအမြစ်ကို ရှာဖွေရာ၌ မည်သည်က ဓာတု၊ မည်သည်က ဝိဘတ်ဟူ၍ သက္ကတကျမ်းပြု ဆရာတို့သိကြ သကဲ့သို့ဂရိဆရာတို့ခွဲခြားမသိကြချေ။ ခရစ်ယာန်အယူဝါဒ ပျံ့နှံ့လာသောအခါ ဘာသာစကား လေ့လာမှုသည် တိုးတက်လာသည်။ ခရစ်ယာန်ဝါဒပျံ့နှံ့ရေးအတွက် ဂရိ၊ ရောမတို့ကဲ့သို့လူယဉ်ကျေးများနှင့် လူရိုင်းများ၏ အကြားရှိ အတန်းစားခွဲခြားမှုကဲ့သို့ အတားအဆီးများကို ဖြိုဖျက်ကြသည်။ ထိုအခါ မိမိတို့ဘာသာစကားမှအပ အခြားဘာသာစကားများကို သိရှိနားလည်လာကြသော်လည်း ဘာသာစကား အချင်းချင်း ဆက်သွယ်ပုံကို သိပ္ပံနည်းကျကျ မလေ့လာ မစူးစမ်းခဲ့ကြသေးပေ။ ပုံနှိပ်အတတ်ပေါ်လာပြီးသည့်နောက်တွင် ဘာသာစကား တစ်ခုနှင့် တစ်ခု နှိုင်းယှဉ်လေ့လာရန် လွယ်ကူလာခဲ့ပေသည်။ သို့သော် ဘာသာစကား တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်၍ လေ့လာ ဆန်းစစ်ခြင်းကို ၁၈ ရာစုခေတ်တွင်မှ စံနစ်တကျ ပြုလုပ်ခဲ့ကြလေသည်။ ယခုအခါ နိုင်ငံများစွာမှ ပညာရှင်တို့သည် ထိုပညာရပ်ကို လေ့လာဆောင်ရွက်လျက် ရှိကြလေသည်။ ယင်းသို့စနစ်တကျ နှိုင်းယှဉ်ဆန်းစစ်ရာ၌ ကမ္ဘာတစ်ဝန်း၌ ပြောဆိုရေးသားလျက် ရှိကြသော ဘာသာစကားတို့သည် အရေအတွက်အားဖြင့် အလွန်များပြား လှပေရာ ယင်းတို့ကို လေ့လာစိစစ်ရန် မလွယ်ကူလှပေ။ သို့ဖြစ်စေကာမူ ဝါကျဖွဲ့ပုံဖွဲ့နည်းကို အမှီပြု၍ အောက်ပါအတိုင်း ၄ မျိုး ၄ စား ခွဲခြားထားကြသည်။ (က) နေရာမရွေး၊ သို့မဟုတ် တသီးပုဂ္ဂလ၊သို့မဟုတ် ဧကဝဏ္ဏဘာသာစကား ထိုဘာသာစကားမျိုးမှာ မြန်မာစကားလုံးလူ၊ မြစ်၊ ၌ဟူသော စကားတစ်လုံး၊ အသံတစ်ချက်ထွက်သော ဧကဝဏ္ဏစကားလုံးမျိုးဖြစ်သည်။ အသွင်မပြောင်းဘဲ နေရာကိုလိုက်၍ ဝါကျ၏ အဓိပ္ပာယ်ကို သိရသော စကား လုံးမျိုးဖြစ်သည်။ ယင်းတို့သည် အသွင်မပြောင်းဘဲ တသီးပုဂ္ဂလ တည်နိုင်သောကြောင့်၊ တသီးပုဂ္ဂလ ဘာသာ စကားမျိုးဟုလည်း ခေါ်သည်။ ထိုဘာသာစကားမျိုးတွင် တရုတ်ဘာသာသည် အထင်ရှားဆုံးဖြစ်သည်။ ယင်း ဘာသာစကားမျိုးတွင် သဒ္ဒါကျမ်းရေးထုံးရေးနည်းကို အလေ့အထ မပြုကြချေ။ (ခ) ကိုယ်တွင်းပြည့် ဘာသာစကား ထိုဘာသာစကားမျိုးတွင် ကတ္တား၊ ကံ၊ ကြိယာ စသည်တို့ကို စုရုံးပြီးလျှင် ရှည်လျားသော စကားလုံး တစ်ခုတည်းဖြင့် ဝါကျဖြစ်အောင် ဆက်သွယ်ထားသည်။ ယင်းသို့သော ဘာသာစကားမျိုးကို တောင်နှင့် မြောက်အမေရိကတိုက် တိုင်းရင်းသား ဘာသာစကားတို့၌ တွေ့ရသည်။ စကားတစ်လုံး၏ အတွင်းသို့အဓိပ္ပာယ် ပြည့်စုံအောင် လိုအပ်သော အစိတ်အပိုင်းများကို သွတ်သွင်းထားသောကြောင့် ကိုယ်တွင်းပြည့် ဘာသာစကားဟု ခေါ်သည်။ (ဂ) ပူးတွဲဘာသာစကား ထိုဘာသာစကားမျိုး၌ စကားလုံး၏ အစိတ်အပိုင်းတို့သည် တစ်ခုနှင့် တစ်ခု ကော်ဖြင့်ကပ်ထားသကဲ့သို့ပူးတွဲနေကြသည်။ ယင်းသို့ပူးတွဲရရှိသော စကားလုံးတို့သည် ကိုယ်တွင်းပြည့် ဘာသာစကားမျိုးမှာကဲ့သို့အဓိပ္ပာယ်ပြည့်စုံသော ဝါကျမဟုတ်ဘဲ၊ သီးခြားတည်နေသော စကားလုံးများ ဖြစ်သည်။ တူရကီဘာသာစကားတွင် ထိုစကားလုံးမျိုး တွေ့ရသည်။ ပူးတွဲထားသော စကားလုံးတို့ကို တစ်ခုစီ ခွဲထုတ်ပြီးလျှင် သီးခြားစကားလုံးများ အဖြစ်လည်း သုံးနိုင်သေးသည်။ မြန်မာဘာသာစကား၌ ယင်းကဲ့သို့ပူးတွဲစကားလုံး အများအပြားရှိသည်။ ပုံစံအားဖြင့် သီးသန့်ခွဲခြားဟူသော စကားလုံးသည် သီး၊ သန့်၊ ခွဲခြားဟူသော သီးခြားတည်နေသည့်စကား ၄ လုံး ကို ပူးတွဲထားခြင်းဖြစ်သည။ ထို့ကြောင့် မြန်မာဘာသာစကားကို ပူးတွဲဘာသာ စကားဟုလည်း ခေါ်နိုင်သည်။ အချို့ပုံစံများတွင် စကားလုံး တစ်ပိုင်းသာ သီးခြားတည်နေနိုင်၍၊ ကျန်အပိုင်းမှာ ထိုသီးခြား ရပ်တညနိုင်သော စကားလုံး၏ အထောက်အပံ့မျှသာ ဖြစ်သည်။ ကောင်းခြင်း ဆိုရာ၌ ကောင်း သည် သီးခြား တည်နေနိုင်၍ ခြင်း သည် နောက်ဆက်တွဲပစ္စည်း ဖြစ်သည်။ အချို့ဘာသာစကားတို့၌ အထောက်အပံ့ပစ္စည်းကိုရှေ့ကလည်း ဆက်နိုင်သည်။ အာဖရိကတိုက် ကဖားဘာသာစကား၌ အထောက်အပံ့ပစ္စည်းကို ရှေ့၌ ထားလေသည်။ (ဃ) ရုပ်ပြောင်းဝိဘတ်သွယ် ဘာသာစကား ရုပ်ပြောင်းလဲခြင်း နှစ်မျိုးရှိသည်။ အချို့စကားလုံးတို့သည် အတွင်းပြောင်းလဲနည်းဖြင့် ပြောင်းလဲကြသည်။ အချို့ကား နောက်ဆက်ပစ္စည်း ပြောင်းလဲနည်းဖြင့် ပြောင်းလဲကြသည်။ ဆီမစ်တစ်ဘာသာစကားများသည် အတွင်းပြောင်းလဲနည်းဖြင့် ရုပ်ပြောင်းကြသည်။ ယင်းတို့၌ ဓာတုသည် ဗျည်းသုံးလုံးဖြစ်၍ ထိုဗျည်းများ အတွင်းသို့သရများကို ထည့်ခြင်းဖြင့် လိုအပ်သော စကားလုံးများကို ရသည်။ အင်ဒို-ဥရောပဘာသာ စကားများသည် နောက် ဆက်ပစ္စည်းကြောင့် ရုပ်ပြောင်းကြသည်။ ထိုဘာသာစကားမျိုး၌ ဓာတုသည် သရကိုမှီ၍ အသံတစ်ချက်တည်း ထွက်သော ပင်ရင်းစကားလုံးဖြစ်သည်။ သက္ကတနှင့် ပါမ္ဗိဘာသာတို့သည် ဤသို့ရုပ်ပြောင်းသော ဘာသာစကားများ ဖြစ်ကြသည်။ ပုံစံမှာ သိခြင်းအနက်ရသည့် ဗုဓ် ဟူသော ဓာတုနှင့် တ ဟူသော နောက်ဆက်ပစ္စည်းတို့ပေါင်းစပ်ကြရာ ဗုဒ္ဓဟူသော တည်ပုဒ်ကိုရသည်။ တည်ပုဒ်ဟူသည်မှာ ဓာတုနှင့် နောက်ဆက်ပစ္စည်း တို့ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဗုဒ္ဓဟူသော တည်ပုဒ်မှ၊ ဗုဒ္ဓေါ ( ဘုရားသည် )၊ ဗုဒ္ဓဿ ( ဘုရား၏ )၊ ဗုဒ္ဓ ( ဘုရား၌ ) အစရှိသော နာမ်ဝိဘတ်သွယ်သည့် စကားလုံးများကိုရသည်။ ဤနည်းအားဖြင့် နောက်ဆက် ပစ္စည်း ပြောင်းလဲခြင်းဖြင့် လိုအပ်သော စကားလုံးရရှိသည့် ဘာသာစကားမျိုးကို ဝိဘတ်သွယ် ဘာသာစကားဟူ၍လည်း ခေါ်ဝေါ်သည်။ ယင်းကဲ့သို့ဘာသာစကား ၄ မျိုး ၄ စားခွဲခြားထားသော်လည်း ဘာသာစကား တစ်မျိုးသည် ဖော်ပြ သော ၄ မျိုး ၄ စားအနက် တစ်မျိုး၌ ပါဝင်ပြီးလျှင် အခြားတစ်မျိုးနှင့် မသက်ဆိုင်တော့ဟူ၍ မမှတ်ယူရာ။ တစ်မျိုး၌ ပါဝင်သော်လည်း အခြားတစ်မျိုး၌လည်း ပါဝင်သော လက္ခဏာများကို ရံဖန်ရံခါ တွေ့ရသည်။ ပုံစံပြရ လျှင် မြန်မာစကားသည် ခွေး၊ အိပ်ကဲ့သို့စကားတစ်လုံး၊ အသံတစ်ချက် ထွက်သောစကားလုံးများကြောင့် မြန်မာ ဘာသာစကားသည် ဧကဝဏ္ဏဖြစ်သည်ဟု ဆိုအပ်သည်။ သို့သော် လူများ ဟူသော စကားလုံးတွင် သီးခြား စကား လူ နှင့် သီးခြားစကားများကို ပူးတွဲထားသဖြင့်၊ မြန်မာဘသာသည် ပူးတွဲဘာသာစကားဟု ဆိုအပ်ပြန်သည်။ ယင်းသည်ကို ထောက်၍ ဘာသာစကားသည် အစဉ်တည်မြဲသော အရာမဟုတ်ပေ။ စိတ်ကူး စိတ်သန်းကို ဖော်ပြခြင်း ဖြစ်သည့်အတိုင်း စိတ်သွားတိုင်း ပြောင်းလဲတတ်သော သတ္တိရှိကြောင်း သိသာပေသည်။ ဘာသာစကားရပ် ပညာကို လေ့လာစူးစမ်းကြသောပညာရှင်များသည် ကမ္ဘာ့ဘာသာစကားများကို အထက်ပါအတိုင်း ၄ မျိုးခွဲခြားနိုင်သည်သာမက၊ ဘာသာစကားများ၏ စည်းကမ်းချက်များကိုပါ တွေ့ရှိလာကြသည်။ ယင်းတို့ကို တွေ့ရှိခြင်းဖြင့် ဘာသာစကားပေါင်း များစွာတို့သည် မူလပင်မ ဘာသာစကားမျိုးမှ ခွဲထွက် ခဲ့ခြင်းများ ဖြစ်သည်ကိုလည်း တွေ့လာကြရသည်။ အထူးသဖြင့် ထိုပညာရှင်များသည် အင်ဒို-ဥရောပဘာသာ စကားများ၏ ပင်မမျိုးရင်းကိုစူးစမ်းသုတေသန ပြုကြသည်။ ထိုအခါ သက္ကတ၊ ပါးရှင်း၊ ဂရိ၊ လက်တင်၊ ဂျာမန်၊ အင်္ဂလိပ်နှင့် နော့စ ဘာသာစကာတို့သည် မူလအင်ဒို-ဥရောပ ဘာသာစကား ပင်မကြီးမှ ဆင်းသက် ဆက်နွှယ်သော ဘာသာစကားများ ဖြစ်ကြောင်းတွေ့ရသည်။ အင်ဒို-ဥရောပ ပင်မဘာသာစကားဝင် ဘာသာစကားပေါင်း မြောက်မြားစွာ ရှိသေးသည်။ ထိုဘာသာစကားများတွင် မူလဇာစ်မြစ်ချင်းတူသော စကားလုံးများကို တွေ့ရသည်။ သိပ္ပံပညာရှင်များ၏ ယူဆချက်မှာ ရှေးရှေးအခါက ဥရောပအလယ်ပိုင်းတွင် လူမျိုးတစ်မျိုးတည်းရှိ၍ အင်ဒို-ဥရောပ မူလဘာသာ စကားကို ပြောဆိုခဲ့ကြဟန်တူသည်။ နောင်အခါ လူဦးရေ တိုးပွားလာသဖြင့် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြရာ၊ အရပ်လေးမျက်နှာသို့ရောက်သွားကြသည်။ အချို့သည် ဂရိသို့ရောက်သည်။ အချို့သည် ပြင်သစ်တို့လည်းကောင်း၊ အင်္ဂလန်သို့လည်းကောင်း ရောက်ရှိကြသည်။ အုပ်စုကွဲသွားသော လူစုများ၏ သားသမီး မြေးမြစ် အစဉ်အဆက်များ လက်ထက်တွင် နှစ်ကာလ ရှည်ကြာသော် မူလဘာသာစကားသည် တဖြည်းဖြည်း ပြောင်းခဲ့ကြဟန် တူပေသည်။ ထို့ကြောင့် မူလဇာစ်မြစ်တူသော်လည်း အသံနှင့် အသွင်အပြင် ပြောင်းလဲသော စကားလုံး များ တွေ့ရှိကြရခြင်း ဖြစ်ပေသည်။ သက္ကတဘာသာစကား၌ ပီတာ ဟူသော စကားလုံးသည် လက်တင်ဘာသာ၌ ပေတာဟူ၍လည်းကောင်း၊ ဂျာမန်၌ ဖောတာ ဟူ၍လည်းကောင်း၊ အင်္ဂလိပ်၌ ဖားသား ဟူ၍လည်းကောင်း တွေ့ကြရလေသည်။ ဥရောပနှင့် အာရှမိုင်းနား၊ မြောက်အိန္ဒိယတို့၌ အင်ဒို-ဥရောပ ဘာသာမျိုးရင်းမှ ဆင်းသက်သော ဘာသာစကားများကို သုံးနှုန်းပြောဆိုခဲ့ကြသည်။ ဘာသာစကားရပ်ပညာကိုလေ့လာသူ ပညာရှင်များက ကမ္ဘာတွင်မူလဘာသာစကားမျိုးရင်းသည် အင်ဒို-ဥရောပ ဘာသာစကားတစ်ခုတည်း မဟုတ်ကြောင်း သိရှိလာကြသည်။ ထို့ကြောင့် မူလပင်မ ဘာသာစကားကြီးများကို စူးစမ်းရှာဖွေ လေ့လာကြသောအခါ အောက်ပါတို့သည် ကမ္ဘာ၌ ထင်ရှားသော မူလပင်မ ဘာသာစကားကြီးများ ဖြစ်ကြကြောင်း တွေ့ရလေသည်။ ယင်းတို့ကား အင်ဒို-ဥရောပ၊ သို့မဟုတ် အာရိယန် ဘာသာစကား၊ ဟမီတို-ဆီးမစ်တစ် ဘာသာစကား၊ အင်ဒို-တရုတ်၊ သို့မဟုတ်၊ တိဗက်-တရုတ် ဘာသာစကား၊ယူရယ်-အယ်လတစ် ဘာသာစကားတို့ဖြစ်ကြသည်။ အင်ဒို-ဥရောပ ဘာသာစကားကြီး၏ အဆက်အနွယ်များတွင် ယခုကမ္ဘာ၌ အရေးပါ ထင်ရှားသော ဘာသာစကားများ ပါဝင်သည်။ ဟမီတို-ဆီးမစ်တစ် ဘာသာစကားကြီးတွင် ယဟူဒီ၊ ဗက်ဗီလုံးနီးယား၊ ဆီးရီးယား၊ အာရေဗျ၊ အီဂျစ်စသော ဘာသာစကားများ ပါဝင်သည်။ အင်ဒို-တရုတ်၊ သို့မဟုတ် တိဗက်-တရုတ် ဘာသာစကားကြီးတွင် တရုတ်၊ ယိုဒယား၊ တိဗက်၊ မြန်မာ စသော ဘာသာစကားများ ပါဝင်သည်။ ယူရယ်-အယ်လတစ် ဘာသာစကားကြီးတွင် ဖင်းနစ် ဘာသာစကား၊ အင်စတိုးနီးယန်း ဘာသာစကား၊ တူရကီ ဘာသာစကား၊ မွန်ဂိုလီယန် ဘာသာ စကားနှင့် မန်ချူး ဘာသာစကားတို့ပါဝင်လလေသည်။ အမေရိကတိုက်များမှ တိုင်းရင်းသား လူမျိုးများသည် လူမျိုး တစ်မျိုးလျှင် ဘာသာစကား တစ်မျိုးစီ ပြောဆိုကြ၍ တစ်မျိုးနှင့် တစ်မျိုး ဆက်သွယ်မှုလည်း မတွေ့ရ။ ပင်ရင်းမူလဘာသာစကား တစ်မျိုးတည်းမှ ဆင်းသက်သည့် လက္ခဏာများလည်း မတွေ့ရချေ။ အမေရိကတိုက်များတွင် ဘာသာစကားအမျိုးကွဲ အများဆုံး တွေ့ရသည်။ အာဖရိကတိုက်တွင် ဘာသာစကား အသုံးအနှုန်းတိုသည် များစွာ ထူးခြား၍ မျိုးစုအားဖြင့် အနည်းဆုံး ၅ မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ (၁) ဗွတ်ရှမန်းအစု (၂) ဗန္တူအစု (၃) ဆူဒန်အစု (၄) ဟမီတစ်အစုနှင့် (၅) ဆီးမစ်တစ်အစုတို့ဖြစ်ကြသည်။ အာဖရိကတိုက် ဘာသာစကားများကို လေ့လာရာတွင် များစွာ စိတ်ဝင်စားဖွယ် ပြဿနာများနှင့် တွေ့ရ၍၊ ဘာသာစကား ဖြစ်ပေါ်လာပုံ၊ ကြီးပွားပုံ၊ စကားလုံး ပြောင်းလဲလာပုံတို့ကို ကောင်းစွာ လေ့လာနိုင်သည်ဟု ပညာရှင်တို့က ဆိုလေသည်။ အချို့ဘာသာစကားတို့မှာ ယခုထက်တိုင် မည်သည့်အုပ်စု၊ မည်သည့်မျိုးရင်းတွင်မှ မပါဝင်ကြောင်း တွေ့ရသည်။ ပုံစံအားဖြင့် ဂျပန်ဘာသာစကားနှင့် ပြင်သစ်တောင်ပိုင်းဒေသ၌ လည်းကောင်း၊ စပိန်မြောက်ပိုင်းဒေသ တို့၌ လည်းကောင်း ပြောဆိုကြသော ဗတ်စ ဘာသာစကားတို့ဖြစ်ကြလေသည်။ ဘာသာစကား တစ်မျိုးသည် ရှိရင်းစွဲအတိုင်း ရပ်တံ့တည်နေသည် မဟုတ်ချေ။ ယင်းတို့သည် နည်းအမျိုး မျိုးဖြင့် တိုးတက်ပြောင်းလဲနေကြသည်။ စစ်မက်အရေးကြောင့် လည်းကောင်း၊ ကုန်သွယ်မှုကြောင့်လည်းကောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံကြရသဖြင့် တစ်နိုင်ငံမှ စကားလုံးများ တစ်နိုင်ငံသို့ရောက်ကြရသည်။ ထိုအခါ ရှိရင်းဘာသာစကားတွင် စကားလုံး သစ်များ တိုးလာကြသည်။ ထို့ပြင် အချိန်ကာလ ကြာမြင့်သည့်အခါ၊ စကား လုံးများ၏စာလုံးပေါင်းများ၊ အသံထွက်များ၊ အဓိပ္ပာယ်များသည်လည်း ပြောင်းလာကြသည်။ စကားလုံးများ သည် ခက်ခဲသောအသံမှ လွယ်ကူသော အသံသို့လည်း ပြောင်းကြသည်။ အရေးခက်သော စကားလုံးများကို အရေးလွယ်အောင် ပြောင်းကြသည်။ လူတို့သည် ခက်ခက်ခဲခဲ ရှိခဲ့လျှင် လွယ်လွယ်ကူကူ ဖြစ်လေအောင် ကြိုးစား တက်ကြသည်မှာ ဓမ္မတာပေတည်း။ ထို့ကြောင့် ပုဂံခေတ်မြန်မာစာ အရေးအသားနှင့် ယခုခေတ် မြန်မာစာ အရေး အသားမတူသကဲ့သို့၊ ယခုခေတ် အင်္ဂလိပ်ဘာသာ အရေးအသားနှင့် ရှေးခေတ် အင်္ဂလိပ်ဘာသာ အရေးအသား တို့သည်လည်း မတူတော့ချေ။ ထို့ပြင် လူတို့သည် အသုံးအနှုန်းသစ်များကိုလည်း ထွင်လာကြသည်။ စက်မှုလုပ်ငန်း၊ သိပ္ပံပညာတို့တိုးတက်ထွန်းကားခြင်းသည် ဘာသာစကားတို့အား ဝေါဟာရ စကားလုံးအသစ်များဖြင့် တိုးပွားစေသည်။ ဘာသာစကားတို့သည် လွန်ခဲ့သောခေတ်များက စကားလုံးများပြောင်းလဲခြင်း၊ အသစ်အသစ် တိုးပွားခြင်းတို့ဖြစ်ခဲ့သည့်နည်းတူ ရှေ့အဖို့တွင်လည်း စကားလုံးများ ပြောင်းလဲခြင်း အသစ်အသစ် တိုးပွားခြင်း တို့ရှိနေမည်သာ ဖြစ်လေသည်။ စကားသစ်များ တိုးတက်နေစဉ် အချို့စကားလုံးများသည် တဖြည်းဖြည်း အသုံး နည်းကာ တိမ်ကော ပပျောက်သွားခြင်းများလည်း ရှိလေသည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%97%E1%80%B1%E1%80%92
ဘောဂဗေဒ
ဘောဂဗေဒ သည်လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်မှု၊ သုံးစွဲမှု နှင့် ဖြန့်ဖြူးမှု တို့ကို ဖော်ပြခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်သော ပညာရပ်ဖြစ်သည်။ ဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေး အင်အားစုများ ၏ ပြုမူဆောင်ရွက်ပုံနှင့် အချင်းချင်းဆက်နွယ်ပုံတို့အပြင် စီးပွားရေး မည်သို့မည်ပုံ အလုပ်လုပ်သည်ကို အာရုံစူးစိုက်လေ့လာသည့် ပညာရပ် ဖြစ်သည်။ မိုက်ခရိုဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေး အင်အားစု တစ်ခုချင်းစီနှင့် ဈေးကွက်၊ ၎င်းတို့၏ အချင်းချင်း ဆက်နွယ်မှု၊ ဆက်နွယ်မှုကြောင့် ဖြစ်ပေါ်လာသော ရလဒ် အစရှိသော စီးပွားရေး၏ အခြေခံ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည်။ စီးပွားရေး အင်အားစုများတွင် ဥပမာအားဖြင့် အိမ်ထောင်စုများ ၊ လုပ်ငန်းများ၊ ဝယ်သူများ နှင့် ရောင်းသူများ ပါဝင်နိုင်သည်။ မက်ကရိုဘောဂဗေဒ ပညာရပ်၌ စီးပွားရေး တစ်ခုလုံး (အဓိပ္ပာယ်ဖွင့်ရလျှင် စုပေါင်းထုတ်လုပ်မှု၊ စားသုံးမှု၊ စုဆောင်းမှု နှင့် ရင်းနှီးမြှုပ်နှံမှု) နှင့် ၎င်းအား သက်ရောက်မှု ရှိစေသော အရင်းအမြစ်များ အသုံးမချနိုင်ခြင်း (လုပ်အား၊ အရင်းအနှီးနှင့် မြေ)၊ ငွေကြေးဖောင်းပွခြင်း၊ စီးပွားရေးတိုးတက်မှု နှင့် ထိုပြဿနာများကို ဖြေရှင်းရန် ကြိုးစားသော အများပြည်သူဆိုင်ရာ ပေါ်လစီများ (ငွေကြေး၊ အခွန်ဘဏ္ဍာရေး နှင့် အခြားပေါ်လစီများ) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည်။ ဘောဂဗေဒဘာသာရပ်အတွင်း အခြားထင်ရှားသော ကွဲပြားမှုများမှာ မည်သို့ရှိသည်ကို ဖော်ပြသော အရှိတရား ဘောဂဗေဒ နှင့် မည်သို့ဖြစ်သင့်သည်ကို ဖော်ပြသည့် စံပြုဘောဂဗေဒ အကြား ကွဲပြားမှု၊ ဘောဂဗေဒ သီအိုရီများ နှင့် အသုံးချ ဘောဂဗေဒ အကြား ကွဲပြားမှု၊ ဆင်ခြင်မှု ဘောဂဗေဒ နှင့် အပြုအမူဆိုင်ရာ ဘောဂဗေဒ အကြား ကွဲပြားမှု၊ ခေတ်ရေစီးကြောင်း ဘောဂဗေဒ နှင့် အများနှင့်ဆန့်ကျင်သော ဘောဂဗေဒ အကြား ကွဲပြားမှု စသည်တို့ ဖြစ်ကြသည်။ အသုံးအနှုန်း ယခင်က ဘောဂဗေဒ ဘာသာရပ်၏ အင်္ဂလိပ် အခေါ်အဝေါ်ကို ပေါ်လက်တစ်ကယ် အီကော်နော်မီ သို့မဟုတ် နိုင်ငံရေး ဘောဂဗေဒဟု ခေါ်ဝေါ်ကြသော်လည်း ၁၉ ရာစု နှောင်းပိုင်းတွင် အဲဖရက် မာရှယ် မှ အီကော်နောမစ် ဆိုင်းယင့် သို့မဟုတ် စီးပွားရေး သိပ္ပံ၏ အတိုကောက် အီကော်နောမစ် ဟု ပြောင်းလဲ အမည်ပေးခဲ့သည်။ ထိုသို့ နာမည် ပြောင်းလဲပြီးနောက် တွေးခေါ်စဉ်းစားမှုများ ပိုမိုပြင်းထန်လာပြီး သင်္ချာပညာကို ပိုမို အသုံးပြုလာသောကြောင့် ၎င်းကို သိပ္ပံဘာသာရပ်တစ်ခု အနေနှင့် လက်ခံရန် ကြိုးပမ်းမှုကို အထောက်အကူပေးခဲ့သည့်အပြင် နိုင်ငံရေး သိပ္ပံနှင့် အခြား လူမှုရေး သိပ္ပံများမှ ကွဲပြားသော သီးသန့် ဘာသာရပ်တစ်ခု ဖြစ်လာခဲ့သည်။ ဘောဂဗေဒ ပညာရပ်၏ အန္တိမ ပန်းတိုင်မှာ လူတို့၏ နေစဉ်နေထိုင်မှု ဘဝရှိ နေထိုင်မှု ပုံစံကို မြှင့်တင်ရန် ဖြစ်သည်။ ဘောဂဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍရေး၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် အစိုးရ အပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် အသုံးချနိုင်သည်။ စီးပွားရေး ခွဲခြမ်းစိတ်ဖြာမှုသည် ရာဇဝတ်မှုများ၊ ပညာရေး မိသားစု၊ ဥပဒေ၊ နိုင်ငံရေး နှင့် ဘာသာရေး လူမှု အဖွဲ့အစည်းများ ၊စစ်ပွဲများ ၊ ၊ ၊ သိပ္ပံပညာ၊ နှင့် သဘာဝပတ်ဝန်းကျင် အစရှိသော နယ်ပယ်များ အထိပင် ကျယ်ပြန့်စွာ အသုံးချနိုင်သည်။ မိုက်ခရိုဘောဂဗေဒ ဈေးကွက် မိုက်ခရိုဘောဂဗေဒသည် ဈေးကွက်ပုံစံ ကိုဖြစ်ပေါ်စေသော လူများနှင့် အဖွဲ့အစည်းများမှ ဈေးကွက်အတွင်း ဈေးကွက်စနစ်ကို မည်သို့မည်ပုံ ဖော်ဆောင်သည်ကို ဆန်းစစ်သော ပညာရပ် ဖြစ်သည်။ ထိုလူများနှင့် အဖွဲ့အစည်းများတွင် ပုဂ္ဂလိက နှင့် အစိုးရ အဖွဲ့အစည်း အမျိုးမျိုး ပါဝင်ပြီး အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအောက်တွင် ရှားပါးသော ကုန်သွယ်နိုင်သည့် ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေကြသူများ ပါဝင်သည်။ ၎င်းတို့ ရောင်းဝယ်ဖောက်ကားနေကြသော ပစ္စည်းများတွင် ပန်းသီးကဲ့သို့သော ကုန်စည်များပါဝင်သကဲ့သို့ စက်ပြင်ခြင်း၊ ဥပဒေရေးရာ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဖျော်ဖြေခြင်း အစရှိသော ဝန်ဆောင်မှုများလည်း ပါဝင်သည်။ သီအိုရီအရ လွတ်လပ်ဈေးကွက်တွင် ဝယ်သူများမှလိုအပ်သော ဝယ်လိုအား နှင့် ရောင်းသူများမှ ရောင်းချလိုသော ရောင်းလိုအားတို့ သည် နောက်ဆုံးတွင် ဈေးအပြောင်းအလဲ ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းတွင် ဆုံတွေ့ကြသည်။ သို့သော်လည်း လက်တွေ့တွင်မူ အမျိုးမျိုးသော ပြဿနာများကြောင့် အားမျှဈေးနှုန်းသို့ မရောက်ရှိနိုင်ပေ။ အားမျှဈေးနှုန်းသို့ ရောက်ရှိသည့်တိုင်အောင်ပင် လူသားဆန်သော ညီမျှမှု မဖြစ်ပေါ်နိုင်ပေ။ ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ရောင်းလိုအားသည် ပြင်ပအခြေအနေများကြောင့် အကန့်အသတ် ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းအား တကယ်လိုအပ်သော်လည်း မတတ်နိုင်သော သူများမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ဈေးကွက်ပုံစံ အမျိုးမျိုး ရှိသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မိမိလိုချင်သော ဈေးအတိုင်းရောင်းနိုင်သည့် ဈေးကွက်အင်အား မရှိပေ။ အခြားတနည်းပြောရမည် ဆိုပါက အားလုံးသည် ပေါက်ဈေးအတိုင်းရောင်းဝယ်ကြရပြီး မည်သူကမျှ ပစ္စည်း၏ ဈေးနှုန်းကို မလွှမ်းမိုးနိုင်ပေ။ ပြင်ပလောကတွင်မူ ဈေးကွက်သည် မကြာခဏဆိုသလိုပင် အပြည့်အဝ မဟုတ်သော ပြိုင်ဆိုင်မှုများ ကြုံတွေ့ကြရသည်။ ပုံစံအမျိုးမျိုးတွင် မိုနိုပိုလီ ဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ တစ်ဦးတည်းသာ ရှိခြင်း ၊ ဒျူရိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ ၂ ဦးသာ ရှိခြင်း၊ အိုလီဂိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ အနည်းငယ်သာ ရှိခြင်း မိုနိုပိုလစ်စတစ် ပြိုင်ဆိုင်မှု ဟုခေါ်သော ရောင်းချသူ အများအပြားရှိသော်လည်း အလွန်ကွဲပြားသော ကုန်ပစ္စည်းများကို ရောင်းချကြခြင်း၊ မိုနော့ဆိုနီ ဟုခေါ်သော ဝယ်သူ တစ်ဦးတည်းသာ ရှိခြင်း၊ အိုလီဂေါ့ဆိုလီ ဟုခေါ်သော ဝယ်သူ အနည်းငယ်သာ ရှိခြင်း တို့ ဖြစ်ကြသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုနှင့် ကွဲပြားခြားနာစွာပင် မပြည့်ဝသော ပြိုင်ဆိုင်မှုတွင် ဈေးကွက်အင်အားသည် မညီမျှစွာ တည်ရှိသည်။ အပြည့်အဝပြိုင်ဆိုင်မှု မရှိသော ဈေးကွက်အတိုင်းရှိ ကုမ္ပဏီများသည် ဈေးကို လိုသလို တောင်းနိုင်ကြပြီး ဈေးကွက်အတွင်း မညီမျှသော ဝေစုများစွာကို ကိုင်ဆုပ်ထားနိုင်သော အင်အားရှိပြီး ကုန်ပစ္စည်း၏ ဈေးနှုန်းကို လွှမ်းမိုးနိုင်ကြသည်။ မိုက်ခရိုဘောဂဗေဒသည် ဈေးကွက်တစ်ခုချင်းစီကို သီးခြားလေ့လာပြီး ဈေးကွက်အတွင်းရှိ ပြုမူဆောင်ရွက်မှု တစ်ခုသည် အခြားဈေးကွက်များကို သက်ရောက်မှုမရှိဟု ယူဆခြင်းအားဖြင့် စီးပွားရေးစနစ်ကို လေ့လာရာတွင် လွယ်ကူအောင် မှတ်ယူထားသည်။ ထိုသို့ ခွဲခြမ်းစိတ်ဖြာသော နည်းလမ်းကို တစိတ်တပိုင်း အားမျှဈေးနှုန်း ခွဲခြမ်းစိတ်ဖြာခြင်း ဟု ခေါ်သည်။ ထိုနည်းလမ်းမှ ဈေးကွက်တစ်ခုတည်း အတွင်းမှ ပြုမူဆောင်ရွက်မှုများကိုသာ ပေါင်းစပ်လေ့လာသည်။ ယေဘုယျ အားမျှဈေးနှုန်း သီအိုရီသည် ဈေးကွက် အမျိုးမျိုးနှင့် ၎င်းတို့၏ ဖြစ်ပေါ်ပြုမူပုံကို လေ့လာသည်။ ထိုနည်းလမ်းမှ ဈေးကွက်အားလုံးရှိ ပြုမူဆောင်ရွက်မှု အားလုံးကို ပေါင်းစပ်လေ့လာသည်။ ထိုနည်းလမ်းမှ ဈေးကွက်ပြောင်းလဲခြင်းနှင့် ၎င်းတို့အချင်းချင်း ဆက်စပ်ခြင်းကြောင့် အားမျှဈေးနှုန်းသို့ ဦးတည်သွားခြင်းကို လေ့လာသည်။ ထုတ်လုပ်ခြင်း၊ ကုန်ကျငွေ နှင့် စွမ်းရည် မက်ကရိုဘောဂဗေဒ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၊ စီးပွားရေး အဆောက်အဦ တစ်ခုလုံး၏ စီးပွားရေးဆိုင်ရာ အပြုအမူများကို လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဘောဂဗေဒ (International Economics) တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည်၊ နိုင်ငံတစ်ခုနှင့် တစ်ခု စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများအား လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။ စီးပွားရေး စနစ်များ စီးပွားရေး စနစ်များကို ခွဲခြားသတ်မှတ်ရာတွင် ကြည့်ရှုပုံ ရှုထောင့်များမှ အမျိုးမျိုး ခွဲခြားကြသည်။ အကြမ်းဖျင်းအားဖြင့် <LI>ဈေးကွက် စီးပွားရေးစနစ် (Market Economy) <LI>ဗဟိုစီမံကိန်းချ စီးပွားရေးစနစ် (Centrally Planned Economy) <LI>ရောပြွမ်း စီးပွားရေးစနစ် (Mixed Economy) ဟူ၍ ခွဲခြမ်း လေ့လာနိုင်သည်။ ကိုးကား လူမှုရေးသိပ္ပံ ar:اقتصاد fa:اقتصاد fi:Kansantalous ka:ეკონომიკური სისტემა nn:Økonomi no:Økonomi ps:اقتصاد ru:Экономика sk:Ekonomický systém
https://my.wikipedia.org/wiki/%E1%80%98%E1%80%B1%E1%80%AC%E1%80%82%E1%80%97%E1%80%B1%E1%80%92
သဘာဝတ္ထဗေဒ
အင်္ဂလိပ်လို philosophy (ဖှစ်လော့စဖှီ) ဟူသော စကားရပ်မှာ မြန်မာဘာသာအားဖြင့် အတွေးအခေါ်ဆိုင်ရာ ဒဿနိကဗေဒ အဖြစ်လူသိများပါသည်။ ဖီလိုဆိုဖီ ဆိုသည့် စာလုံးမှာ ဂရိစကားလုံးဖြစ်ပြီး ဖီလို(တွေးခေါ်ခြင်း) နှင့် ဆိုဖီ(ချစ်ခင်နှစ်သက်ခြင်း)ဟူသည့် စကားလုံးနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟုလေ့လာသိရှိရသည်။ လူသားတို့၏ အစ ပထမ ကတည်းက တွေးခေါ်ခြင်း၊ စဉ်းစားချင့်ချိန်ခြင်းများ ဖြင့်စတင်ခဲ့ကြသည်။ ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း ဆိုသည့်သတ်မှတ်ချက်များစွာကို ဦးစွာ တွေးတော ပြီး စဉ်းစားဆင်ခြင် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားဖြစ်တည်မှု၏ အဓိကကျသော ပင်မ အထောက်အပံ့မှာ ဖီလိုဆိုဖီသာ ဖြစ်သည်။ အဓိက ကိုင်းကဏ္ဍများ ဒဿနိကဗေဒ၏ ရေသောက်မြစ်ဆန်သော အခြေခံကဏ္ဍကြီး ၄ခုမှာ - သိမှုဗေဒ (epistemology) အကောင်း-အဆိုး ဗေဒ (ethics) အကြောင်း-အကျိုး ဗေဒ (logics) သဘာဝတရား ဗေဒ (metaphysics) တို့ ဖြစ်ပေမည်။ သဘာဝတ္ထဗေဒ (ဒဿနိကဗေဒ) သဘာဝတ္ထဗေဒ (ဒဿနိကဗေဒ)သည် အရာရာတို့၏သဘောတရား စစ်စစ်ကိုခွဲခြားလေ့လာ၍ သိမြင်သောပညာရပ်ဖြစ်လေသည်။ 'သဘာဝတ္ထဗေဒပညာရှင် (ဒဿနိကဗေဒပညာရှင်)သည် သာမန်မျက်စိဖြင့်မြင်ရသောသဘော၏နောက်ကွယ်တွင် ရှိသော တကယ့်သဘောတရားစစ်ကို လေ့လာရ၏။ ဒဿနိကဗေဒကို အင်္ဂလိပ်ဘာသာအားဖြင့် ဖီလော်ဆိုဖီဟူ၍ခေါ်သည်။ ဖီလော်ဆိုဖီဆိုသောစကားမှာဂရိစကား နှလုံးမှပေါက်ပွားလာသောစကားဖြစ်၏။ ဂရိစကားတွင် ဖီလီအင်ဆိုသောစကားနှင့်ဆိုဖီယားဟူသောစကားနှစ်လုံးရှိ လေသည်။ ဖီလီအင်ဆိုသည်မှာ နှစ်သက်ခြင်းဟု အဓိပ္ပာယ်ဆောင်လျက်ဆိုဖီယားဆိုသည်မှာ အသိပညာဟူ၍ အဓိပ္ပာယ်ရလေသည်။ ထို့ကြောင့်ဖီလော်ဆိုဖီဆိုသည်မှာ အသိပညာကိုနှစ်သက်ခြင်းဟုဆိုလိုပေသည်။ ဖီလော်ဆိုဖီကိုလေ့လာသူတစ်ယောက်အား ဖီလော်ဆိုဖာ ဟူ၍ခေါ်၏။ ဖီလော်ဆိုဖာတစ်ယောက်၏တာဝန်မှာ အမှန်တရားကိုသာမန်မျက်မြင်တရားမှခွဲခြား၍ လေ့လာရခြင်း ဖြစ်သည်။ အကြမ်းသဘောအားဖြင့်ကြည့်လျှင် ဒဿနိကဗေဒမှာ နှစ်မျိုးနှစ်စားရှိလေသည်။ ယင်းတို့မှာအရှေ့တိုင်းဒဿနိက ဗေဒနှင့် အနောက်တိုင်းဒဿနိကဗေဒတို့ဖြစ်ကြသည်။ အရှေ့တိုင်းဒဿနိကဗေဒနှင့်အနောက်တိုင်း ဒဿနိကဗေဒတို့ထူးခြားချက်မှာ အရှေ့တိုင်းဒဿနိကဗေဒသည် အနောက်တိုင်းဒဿနိကဗေဒ ထက်ဘဝနှင့်ပိုမိုနီးစပ်လေသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့တိုင်းဒဿနိကဗေဒသည် ဘာသာရေးနှင့် နီးကပ်စွာတည်ရှိသောကြောင့်ဖြစ်သည်။ ပညာအနေအားဖြင့်ကြည့်ပါမူ အနောက်တိုင်းဒဿနိကဗေဒ သည် အရှေ့တိုင်းဒဿနိကဗေဒထက် စနစ်ဖွဲ့ပုံ၌ပိုမိုစနစ်ကျသည်ဆိုလျှင်မှားမည်မဟုတ်ပေ။ အကြမ်း သဘောအားဖြင့် ဆိုရပါမူ အရှေ့တိုင်းဒဿနိကဗေဒသည် လူတို့၏ဒုက္ခပယ်ဖျက်ရေးကို အဓိကထားလျက် အနောက်တိုင်း ဒဿနိကဗေဒ သည် စကြဝဠာကြီး၏ ပုံကားချပ်ကို အဓိကထား၍ လေ့လာလေသည်။ အရှေ့တိုင်းဒဿနိကဗေဒသမိုင်း (အထူးသဖြင့် အိန္ဒိယဒဿနိကဗေဒသမိုင်း) ကိုလေ့လာကြည့်လျှင် ယင်း ဒဿနိကဗေဒစတင်ပေါ်ပေါက်လာသောခုနှစ်ကို တိကျစွာ သတ်မှတ်ဖော်ပြရန်ခက်လေသည်။ အနောက်တိုင်း ဒဿနိက ဗေဒမူသေးလီးဆိုသော ဂရိပညာရှိကြီးမှ စတင် ပေါက်ပွားလာလေသည်။ သေးလီးသည် အနောက်တိုင်းဒဿနိကဗေဒ၏ ဖခင်ကြီးဖြစ်လျက် ဘီစီ ခြောက်ရာစုခန့်တွင် ပေါ်ပေါက်သောဒဿနိက ဗေဒဆရာတစ်ဦး ဖြစ်လေသည်။ ဒဿနိကဗေဒကို အမျိုးမျိုးသောနည်းများဖြင့် လေ့လာနိုင်သည်။ ဤတွင်ဤဘာသာရပ်ကို သုံးပိုင်းပိုင်း၍ လေ့လာ ရမည်။ ယင်းတို့မှာ (၁)တန်ဖိုးများကို လေ့လာသောဒဿနိကဗေဒ၊ (၂)မျက်မြင်လောကကို ကျော်လွန်လျက် မပြောင်း လဲသောအမှန်သဘောကို လေ့လာသော'မတ်တာဖစ်ဆစ်'ဟုခေါ်သည့် ပရမတ္တပညာဆိုင်ရာ ဒဿနိကဗေဒ၊(၃)ဆင်ခြင်မှု အခြေခံသဘော အသိမှန်သဘောတို့ကို လေ့လာသော'မက်သောဒေါလိုဂျီ'ဟု ခေါ်သည့်ဒဿနိကဗေဒဟူ၍ ဖြစ်လေသည်။ (၁) တန်ဖိုးများကို လေ့လာသော ဒဿနိကဗေဒ။ ယင်းပညာရပ်ကို ထပ်မံ၍နှစ်စားခွဲနိုင်လေသည်။ (က) သဘာဝ အလှ၊ လူဖန်တီးမှုအလှတို့၏သဘောကိုလိုက်လံ၍ စုံစမ်း စစ်ဆေးဝေဖန်ခြင်းကိုပြုသော'အက်စသက်တစ်'ဟု ခေါ်သည့် အလှအဆိုပညာဆိုင်ရာဒဿနိကဗေဒပညာခွဲတစ်ရပ်၊ (ခ)လူတို့၏အကျင့်သီလနှင့်စပ်လျဉ်း၍ အခြေခံသဘောအဝဝ ကိုလိုက်လံရှာဖွေဝေဖန်ခြင်းကိုပြုသော 'အက်သစ်'ဟုခေါ်သည့် လောကနီတိဆိုင်ရာဒဿနိကဗေဒ ပညာခွဲတစ်ရပ်တို့ဖြစ်လေသည်။ (၂) 'မက်တာဖစ်ဆစ်'ခေါ်သော မျက်မြင်လောကကို ကျော်လွန်၍ မပြောင်းလဲသော အမှန်တရားကိုရှာသော ဒဿနိကဗေဒ။ ယင်းပညာရပ်တွင်လည်း ပညာခွဲနှစ်ရပ် ပါဝင်သည်။ (က)'အွန်တောလိုဂျီ'ဟုခေါ်သောကမ္ဘာကြီး တစ်ခုလုံး ၏အခြေခံသဘောတရားများ၏ အဓိပ္ပာယ်ကို လေ့လာသောယထာဘူတဗေဒ၊ ပုံပမာ•ဤပညာရပ်တွင် 'ရုပ်'ဆိုသည်မှာ အဘယ်နည်း၊ စိတ်ဆိုသည်မှာအဘယ်နည်း၊ 'ဘဝ' ဆိုသည်မှာ အဘယ်နည်းစသောမေးခွန်းများကိုမေး၍ ဖြေကြားခြင်းပြုလေသည်။ ထိုမှတစ်ဆင့်တက်၍လည်း စိတ်နှင့် ရုပ်ရှိသည့်အနက် စိတ်သည်ရုပ်ထက် အခြေခံကျသလော၊ ရုပ်သည် စိတ်ထက်အခြေခံကျသလော ဟူသော မေးခွန်းများ ကိုလည်း မေး၍ဖြေကြားခြင်းပြုလေသည်။ ဤပညာရပ်သည် မျက်မြင်ပြောင်းလဲနေသော သဘော၏ နောက်ကွယ်၌ မပြောင်းလဲသော သဘောတရားကိုရှာသည်ဟု အချူပ်အားဖြင့် ဆိုသော် မှားမည်မဟုတ်ပေ။ (ခ) 'ကောစမောလိုဂျီ'ဟု ခေါ်သော ဗဟိဒ္ဓလောကဗေဒသည် စကြဝဠာကြီးတစ်ခုလုံး၏ ပုံကားချပ်ကို ဘာသာရပ်အသီးသီးတို့၏ အခြေခံသဘောများ၊ နိယာမများကို အမှားအမှန်စိစစ်ပြီး စုပေါင်း၍ ရေးဆွဲခြင်းပြုလေ သည်။ (၃)ဆင်ခြင်မှု အခြေခံသဘော အသိမှန်သဘောကို လေ့လာသော 'မက်သောဒေါလိုဂျီ'ဟုခေါ်သည့် ဒဿနိကဗေဒ။ ဤပညာရပ်ကိုလည်း ပညာခွဲနှစ်ရပ်ထပ်၍ ခွဲနိုင်လေသည်။ (က)'အပစ်တိီလိုမိုဂျီခေါ် သိမှုဗေဒ။ ယင်းကို လေ့လာခြင်းအားဖြင့် ကမ္ဘာကြီးအကြောင်း၊ စကြဝဠာကြီး အကြောင်း၊ များကိုလေ့လာရာ၌လက်တွေ့သဘောကို အခြေခံ ထားသင့်သလော၊ သို့မဟုတ်တွေးခေါ်မှုကို အခြေခံထားသင့်သလောဟူသော မေးခွန်းများကိုမေးလျက် ဤဘာသာခွဲတွင်ဖြေကြားခြင်းပြု လေသည်။ (ခ) 'ယုတ္တိဗေဒ' ဟူသောပညာရပ်မှာတွေးခေါ်ကြံဆခြင်းတို့၏ အခြေခံသဘောကို လေ့လာလေသည်။ ယုတ္တိ ဗေဒတွင်သာမည ဆင်ခြင်ခြင်းနှင့် ဝိသေသဆင်ခြင်ခြင်းဟူ၍ ရှိပြန်လေသည်။ ပေးထားချက်များ ထက် ကျော်လွန်ခြင်းမပြုဘဲ ဆင်ခြင်ခြင်းကို သာမည ဆင်ခြင်ခြင်းဟု ခေါ်လျက်ပေးထားချက်များထက် ကျော်လွန်၍ ဆင်ခြင်ခြင်းကိုဝိသေသဆင်ခြင်ခြင်းဟုခေါ်လေသည်။ တစ်ဖန်ဒဿနိကဗေဒကို သမိုင်းသဘောအားဖြင့် ကြည့်လျှင် အရှေ့တိုင်းဒဿနိကဗေဒတွင် အိန္ဒိယနိုင်ငံ၌ ထင်ပေါ်ကျော်ကြားသော 'ချာရဝါက'ဂျိန္န၊'ဗုဒ္ဓဒဿနိကဗေဒ'၊ 'နျာယ'၊'ဗိုင်ရှိရှိကာ'၊' သင်္ချာ(သံချာ)'၊'ယောဂ'၊'မိမံသ'၊ 'ဝေဒန္တ'ဟူသောဒဿနိကဗေဒများကိုလည်းကောင်း၊ တရုတ်နိုင်၌ ထင်ပေါ်ကျော်ကြားသောတာအိုဝါ'နှင့်၊ ကွန်ဖူးဇီးဝါ' တို့ကို့လည်းကောင်းတွေ့ရမည်ဖြစ်လေသည်။ အနောက်တိုင်း ဒဿနိကဗေဒသမိုင်းကိုမူ သုံးပိုင်း ခွဲခြား၍ကြည့်နိုင်လေသည်။ ယင်းတို့မှာ (၁)ရှေးဂရိခေတ်၊ (၂)အလယ်ခေတ်နှင့်(၃) ခေတ်သစ်နှင့် မျက်မှောက်ခေတ်ဟူ၍ ဖြစ်လေသည်။ (၁)ရှေးဂရိခေတ်တွင် ထင်ပေါ်ကျော်ကြားဆုံးသော ဒဿနိကဗေဒပညာရှင်ကြီးများမှာ ဆိုကရေးတီး၊ ပလေးတို နှင့်အယ်ရစ္စတိုတယ်တို့ဖြစ်ကြလေသည်။ အယ်ရစ္စတိုတယ်သည် ပလေးတို၏ တပည့်ဖြစ်၍ ပလေးတိုသည် ဆိုကရေး တီး၏ တပည့်ဖြစ်လေသည်။ ပလေးတိုသည် စဉ်းစားဆင်ခြင်ခြင်း သဘောအားဖြင့် အမှန်တရားကိုသိနိုင်သည်ဟုဆို၍ အယ်ရစ္စတိုတယ်ကမူ လက်တွေ့သဘော၏အရေးကြီးပုံကိုလည်း ဖော်ပြလေသည်၊၊ ( ဆိုကရေးတီး။) (၂)အလယ်ခေတ်တွင်မူ ထင်ရှားကျော်ကြားသော ဒဿနိကဗေဒပညာရှင်များမှာ စိန်ဩဂက်စတင်၊ စိန်သောမတ် အကွိုင်းနပ်၊ အုတ်ခမ်မှဝီလျံစသည်တို့ ဖြစ်လေသည်။ ဤ ခေတ်တွင်ဒဿနိကဗေဒပညာရှင်များသည် ခရစ်ယာန်အယူဝါဒ နှင့် ဂရိဒဿနိကဗေဒတို့ကို စနစ်တကျ ပေါင်းစပ်၍ တွေးခေါ်ခြင်းအမှုကိုပြုကြသည်။ (၃)ခေတ်သစ်နှင့်ဒဿနိကဗေဒမှာမူ ဖရန်စစ်ဗေကင်၊ ဒေးကတ်အစရှိသော ဒဿနိကဗေဒပညာကြီးများမှစတင် ပေါ်ပေါက်လာလေသည်။ ခေတ်သစ်တွင်ဒဿနိကဗေဒ ပညာရှင်ကြီးများ၏အဓိကရည်ရွယ်ချက်မှာ ခရစ်ယန်အယူဝါဒ၊ ဂရိက ဒဿနိကဗေဒနှင့်ခေတ်သစ်သိပ္ပံပညာများကို စံနစ်တကျ ဖွဲ့စည်းပေးရန်ဖြစ်လေသည်။ ( ဗေကင်ဖရန်စစ်။) ( ဒေးကတ် အာ။) ဤခေတ်သစ်ကို(က)ရှေးကျသောခေတ်သစ် ၊(ခ)မျက်မှောက်ခေတ်ဟူ၍ နှစ်ပိုင်းခွဲခြားခြင်းအားဖြင့် လေ့လာရာ၌ လွယ်ကူနိုင်လေသည်။ ရှေးကျသော ခေတ်သစ်တွင်ဗေကင်၊ဒေးကတ်တို့အပြင် အခြားကျော်ကြားကြ သောဒဿနိကဗေဒ ပညာရှင်ကြီးအချို့ကိုဖော်ပြရသော် ဇွန်လော့၊ဂျော့ဗာကလေ၊ ဒေးဗစ်ဟယွမ်း၊ ဆပင်နိုဇာ၊ လိုက်ဗနစ်၊ ကန့်၊ ဟေးဂဲ စသည်တို့ကိုတွေ့ရပေမည်။ ( ဆပင်နို်ဇာဗီ။) ( ကန့်အိုင်။) ဤခေတ်ကြီး၏ အဓိကအချက်မှာ စကြဝဠာကြီး တစ်ခုလုံးကိုစံနစ်ဖွဲ့ပြီးလေ့လာခြင်းပင်ဖြစ်သည်။ (ခ)ဤခေတ်ကြီး၏များစွာသော ဒဿနိကဗေဒ ပညာရှင်များသည် စကြဝဠာကြီးတစ်ခုလုံးကိုစံနစ်ဖွဲ့ခြင်းအား ဖြင့်နားလည်နိုင်သည်ဟုယူဆကြလေသည်။ မျက်မှောက်ခေတ် ဒဿနိကဗေဒပညာရှင်ကြီးများကား စကြဝဠာကြီးတစ်ခုလုံး အကြောင်းကိုလုံးဝဥဿုံနားလည်ရန်မဖြစ်နိုင်၊ စကြဝဠာကြီး တစ်ခုလုံးနှင့်စပ်လျဉ်း၍ စံနစ်မဖွဲ့နိုင်ဟုယူဆကြလေသည်။ မျက်မှောက်ခေတ်တွင် ဒဿနိကဗေဒပညာရှင်များသည် သိပ္ပံပညာကို မှတ်ကျောက်အဖြစ်ထားကြလေသည်။ မျက်မှောက်ခေတ်တွင် ပေါ်ထွန်းကြသော ဒဿနိ်က ဗေဒပညာရှင်များအနက် ကျော်ကြားသော ဒဿနိကဗေဒ နှစ်မျိုးကိုယူကြည့်လျှင်' လောဂျစ်ကယ်ပေါ်စစ်တစ်ဗစ်ဝါဒ'နှင့် 'မတ်'ဝါဒတို့ကိုတွေ့ရပေလိမ့်မည်။ 'လောဂျစ်ကယ်ပေါ်စစ်တစ်ဗစ်ဝါဒနှင့် မတ်ဝါဒ နှစ်ခုစလုံးပင် သိပ္ပံပညာကို မှတ်ကျောက်အဖြစ်ထားကြ လေသည်။ မတ်ဝါဒသည် သိပ္ပံပညာကို အခြေခံထားလျှက် လူမှုအဆောက်အအုံကို အဓိကထားကာ လေ့လာလေသည်။ လောဂျစ်ကယ် ပေါ်စစ်တစ်ဗစ်ဝါဒသည် လူမှုအဆောက်အအုံ ထက်သိပ္ပံပညာ၏ အခြေခံသဘောတရားများကို တက္ကနည်း ကျကျဖြင့် ဝေဖန်သုံးသပ်လေသည်။ အခြားသော ခြားနားချက်တစ်ခုမှာ မာ့စ်ဝါဒသည် အနုပဋိလောမနည်းကိုသုံးလျက် ရုပ်ဝါဒကိုယုံကြည်လေသည်။ လောဂျစ်ကယ်ပေါ်စစ်တစ်ဗစ်ဝါဒသည် အနုပဋိလောမ နည်းကို လည်းမသုံး၊ ရုပ်ဝါဒကိုလည်း ယုံကြည်သည်ဟုမဆို ပေ။ဤဝါဒများအပြင်မျက်မှောက်ခေတ်တွင် ထွန်းကားကြသော အခြားသောဝါဒများမှာ အိပ်စစ်တင်ရှယ်လစ်ဇင် ဟုခေါ်သော 'ရှိမှဖြစ်မှု'ကို မူရင်းအခြေခံအဖြစ်ထားရှိသောဝါဒ၊ 'ပရက်မက်တစ်ဇင်'' ဟူသော'အောင်မြင်ခြင်း' မှာ 'မှန်ကန်မှု၏' မှတ်ကျောက် ဖြစ်သည်ဟုဆိုသောဝါဒ၊ 'ရီယယ်လစ်ဇင်' ဟူသော စိတ်ကမ္ဘာ၊ ရုပ်ကမ္ဘာနှစ်ခုရှိကြသည်ဟု ယုံကြည်သောဝါဒ စသည်ဖြင့် အသီးသီးလည်းရှိကြလေသေးသည်။ ကိုးကား ဒဿနိကဗေဒ ပင်မ အကြောင်းအရာ ဆောင်းပါးများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%98%E1%80%AC%E1%80%9D%E1%80%90%E1%80%B9%E1%80%91%E1%80%97%E1%80%B1%E1%80%92
ကူးသန်းရောင်းဝယ်ခြင်း
ကူးသန်းရောင်းဝယ်ခြင်း ဆိုသည်မှာ ကုန်ပစ္စည်းများကို လူပုဂ္ဂိုလ်တစ်ဦးမှတစ်ဦးသို့ ရောင်းဝယ်၊ ကုန်သွယ်၊ ဖလှယ်ခြင်းဖြစ်သည်။ ကူးသန်းရောင်းဝယ်ခြင်းအား လုပ်ဆောင်စေသည့်ကွန်ရက်ကိုမူ ဈေးကွက်ဟု ခေါ်သည်။ ကူးသန်းရောင်းဝယ်မှု၏ မူလမှာ ပစ္စည်းများကို တိုက်ရိုက်အလဲအလှယ် ပေးယူခြင်းဖြစ်သည်။ ကိုးကား ကူးသန်းရောင်းဝယ်ရေး
https://my.wikipedia.org/wiki/%E1%80%80%E1%80%B0%E1%80%B8%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%9A%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
နိခါတကဗေဒ
နိခါတကဗေဒ (Paleontology) ဆိုသည်မှာ သမိုင်းမတင်မီခေတ်က သက်ရှိများကို လေ့လာသော ပညာရပ်ဖြစ်ပြီး သက်ရှိတို့ ဆင့်ကဲပြောင်းလဲလာပုံ၊ ၎င်းတို့အချင်းချင်း နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်ဆက်စပ်နေပုံ တို့ ပါဝင်သည်။ သမိုင်းဆိုင်ရာ သိပ္ပံပညာ ဖြစ်သဖြင့် စမ်းသပ်မှုများ ပြုလုပ်၍ အကျိုးသက်ရောက်မှုကို သက်သေပြခြင်းမျိုး မဟုတ်ပဲ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြခြင်း ဖြစ်သည်။ နိခါတကဗေဒ ဆိုင်ရာ လေ့လာခြင်းကို ဘီစီ ၅ ရာစုကပင် စတင်ခဲ့သည်ဟု မှတ်တမ်းများ တွေ့ရှိရသည်။ ထိုသိပ္ပံပညာသည် ၁၈ ရာစု အတွင်း ဂျော့ရှ် ကူဗီရာ ၏ နှိုင်းရခန္ဓာဗေဒ (comparative anatomy) ပညာ ဆိုင်ရာ ဆောင်ရွက်မှုများကြောင့် ခိုင်မာသော ပညာရပ်တစ်ခု ဖြစ်လာခဲ့ပြီး ၁၉ ရာစု အတွင်းတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များမှ စ၍ တရုတ်နိုင်ငံတွင် တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်း များမှ အစောပိုင်း သတ္တဝါတို့၏ ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှု၊ အစောပိုင်း ငါးများ၊ ဒိုင်နိုဆောများ နှင့် ငှက်နှင့် နို့တိုက်သတ္တဝါတို့ ဆင့်ကဲပြောင်းလဲလာခြင်း တို့အတွက် အထောက်အထား အသစ်များ ရရှိခဲ့သည်။ နိခါတကဗေဒသည် ဇီဝဗေဒ နှင့် ဘူမိဗေဒတို့ စည်းခြားထားရာ နေရာတွင် တည်ရှိပြီး ရှေးဟောင်းသုတေသနပညာ နှင့် ခွဲခြားရန် ခက်ခဲသည်။ ယခုလက်ရှိ အသုံးပြုနေသော နည်းလမ်းများတွင် သိပ္ပံပညာ နယ်ပယ် မျိုးစုံမှ ပါဝင်ပြီး ဇီဝဓာတုဗေဒ၊ သင်္ချာပညာ၊ မနုဿဗေဒ၊ သတ္တဗေဒ၊ ခန္ဓာဗေဒ၊ ဂေဟဗေဒ၊ သတ္တုဗေဒ၊ အဏ္ဏဝါဗေဒ၊ ရုက္ခဗေဒ နှင့် အင်ဂျင်နီယာပညာရပ်တို့ အပါအဝင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃.၈ဘီလီယံလောက်က ဖြစ်ပေါ်ခဲ့သော သက်ရှိသတ္တဝါတို့နှင့် ကမ္ဘာမြေကြီး၏ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှု သဘောတရားကို အလုံးစုံသော နည်းလမ်းများကို အသုံးပြု၍ ရှာဖွေလေ့လာခြင်းပင် ဖြစ်သည်။ အတတ်ပညာ၊ အသိပညာများ ခေတ်မီတိုးတက်လာသည်နှင့် အမျှ ကျောက်ဖြစ် ရုပ်ကြွင်းများ၏ ကွဲပြားခြားနားမှု၊ ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင်နှင့် ရှေးခေတ်ရာသီဥတု အခြေအနေတို့ကို အသေးစိတ်လေ့လာနိုင်ပြီး ဖြစ်သည်။ ရှေးဟောင်းသက်ရှိများကို ခွဲခြားလေ့လာရာ၌ သတ္တဝါများ၏ ဆင့်ကဲဖြစ်စဉ်၊ မျိုးရိုးစဉ်ဆက် ဆင်းသက်လာမှုဖြစ်စဉ်များကို ဖော်ထုတ်ရာတွင် ယခင်ကာလများက အခက်အခဲများရှိခဲ့သော်လည်း ၂၀-ရာစုနှောင်းပိုင်းကာလများ၌ DNA ဖြင့် ခွဲခြားလာနိုင်သောကြောင့် အငြင်းပွားဖွယ်ကိစ္စများကို အနီးစပ်ဆုံး အဖြေပေးနိုင်လာပြီဖြစ်သည်။ ပညာရှင်တစ်ဦးကလည်း နိခါတကဗေဒပညာကို သမိုင်းသိပ္ပံပညာရပ်ဟူ၍လည်း သတ်မှတ်ခဲ့သည်။ သူ၏ အဆိုအရ အတိတ်ကာလ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အတည်ပြုသတ်မှတ် ဖော်ထုတ်နိုင်ရန်အတွက်သမိုင်းပညာနှင့် ခေတ်သစ်သိပ္ပံပညာရပ်များကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ကိုးကား နိခါတကဗေဒ ကျောက်ဖြစ်ရုပ်ကြွင်းများ ကမ္ဘာမြေ သိပ္ပံ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%81%E1%80%AB%E1%80%90%E1%80%80%E1%80%97%E1%80%B1%E1%80%92
နျူထရွန်
ရူပဗေဒပညာရပ်တွင် နျူထရွန်ကို အက်တမ်တစ်ခု၏ အက်တမ်အောက်အမှုန် (Subatomic Particle) အနေဖြင့် ဖော်ပြထားသည်။ နျူထရွန်သည် လျှပ်စစ်အဖိုဓာတ် (Positive Charge) ကိုသော်လည်းကောင်း ၊ လျှပ်စစ်အမဓာတ် (Negative Charge) ကိုသော်လည်းကောင်း ဆောင်ထားခြင်း မရှိသည့် လျှပ်မဲ့ (Neutral Charge) အမှုန် တစ်ခုဖြစ်သည်။ အက်တမ် အားလုံး၏ အနုမြူဗဟို (Nucleus) တွင် ပရိုတွန် နှင့် နျူထရွန် ပါရှိသည်။ Nucleus တွင်ပါဝင်သော ပရိုတွန် အရေအတွက်ကို အက်တမ် အမှတ်စဉ်ဟုသမုတ်ကာ အက်တမ် အမှတ်စဉ် အရေအတွက် အပေါ်မူတည်ကာ ဒြပ်စင်၏ အမည်နာများကိုမှည့်ခေါ်သည်။ Nucleus တွင်ပါဝင်သော နျူထရွန် အရေအတွက် သည် မည်သည့် အိုင်ဆိုတုပ် (Isotope) ဖြစ်သည်ကို ဖော်ပြသည်။ ရှာဖွေတွေရှိခြင်း ကိုးကား နယူထရွန်
https://my.wikipedia.org/wiki/%E1%80%94%E1%80%BB%E1%80%B0%E1%80%91%E1%80%9B%E1%80%BD%E1%80%94%E1%80%BA
ပရိုတွန်
ပရိုတွန် () သည် ကွာ့ခ်၃ခုက ဒြပ်မှုန် ၁ခု သဖွယ် စုစည်းမှုကြောင့် ရလဒ်ဖြစ်ပေါ်နေသည့် အက်တမ်အောက်အမှုန် တစ်မျိုး ဖြစ်သည်။ လျှပ်ဓာတ်ပိုင်ဆိုင်မှုမှာ အီလက်ထရွန်နှင့် ပမာဏချင်းတူလျက် လက္ခဏာသဘာဝချင်း ဆန့်ကျင်ဘက် ဖြစ်သည်။ သဘာဝအားဖြင့် ပရိုတွန်တို့သည် အက်တမ်၏ နျူကလိယ (nucleus) အဖြစ် ပါဝင်တည်ရှိတတ်သည်။ အီလက်ထရွန်၏ လျှပ်ဓာတ်ပမာဏနှင့် ယှဉ်ပြောရသော် ပရိုတွန်မှာ အဖို 2/3 unit (+⅔) ဆောင်သော အထက်ကွာ့ခ် နှစ်ခုနှင့် အမ 1/3 unit (-⅓) ဆောင်သော အောက်ကွာ့ခ် တစ်ခု ပါဝင်နေသဖြင့် လျှပ်စစ်အဖိုဓာတ် (positive charge) အသားတင် ဆောင်သည်။ ပရိုတွန်တစ်ခု၏ ဒြပ်ပမာဏမှာ 1.67262192369(51)×10−27 kg ဖြစ်၍ အီလက်ထရွန်ဒြပ်၏ အဆပေါင်း ၁၈၄၀ ခန့် ဖြစ်သည်။ အခြား အက်တမ်အောက်အမှုန် ဖြစ်သော နျူထရွန် နှင့်အတူ ပရိုတွန်တို့က နျူကလီးယပ်စ် အဖြစ် စုဖွဲ့တည်ရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်း နယူထရွန်နှင့် ပရိုတွန် ၂မျိုးလုံးကို ခြုံငုံ၍ နျူကလီယွန် ဟု ခေါ်နိုင်သည်။ ကိုးကား ပရိုတွန်
https://my.wikipedia.org/wiki/%E1%80%95%E1%80%9B%E1%80%AD%E1%80%AF%E1%80%90%E1%80%BD%E1%80%94%E1%80%BA
မော်လီကျူး
မော်လီကျူး (သို့) အဏုမြူ (Molecule) ဆိုသည်မှာ အရာဝတ္ထုများ၏ အသေးငယ်ဆုံး ယူနစ်ဖြစ်ပြီး အက်တမ်နှစ်ခုနှင့်အထက် တိကျသည့် အနေအထားတွင် ဓာတုအားများဖြင့် အချင်းချင်း ဆွဲငင် ဖွဲ့စည်းထားသည့် လျှပ်စစ်ဓာတ်ပျယ် အုပ်စုဖြစ်သည်။ မော်လီကျူး တစ်ခုတွင် ဒြပ်စင်တစ်မျိုးတည်းမှ အက်တမ်များ (အောက်စီဂျင် O2) သို့မဟုတ် အမျိုးမတူသည့် ဒြပ်စင်များမှ အက်တမ်များ (ရေမော်လီကျူး H2O) ဖြင့် ဖွဲ့စည်းထားနိုင်သည်။ မော်လီကျူးများ ဓာတုဗေဒ ဒြပ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%80%E1%80%BB%E1%80%B0%E1%80%B8
အီလက်ထရွန်
( သို့မဟုတ် ဟု သင်္ကေတ ပြရိုးရှိသော)အီလက်ထရွန် (အင်္ဂလိပ်: electron; တိုက်ရိုက်ဘာသာပြန်လျှင် လျှပ်မှုန်) သည် ဒြပ်ပမာ 9.1093837 × 10-31 kg ရှိ၍ လျှပ်မဓာတ်ဆောင်သော လက်ပတွန် တစ်မျိုးဖြစ်သည်။ အခြားလက်ပ်တွန်များထက် သက်တမ်းခံတည်ငြိမ်သဖြင့် သဘာဝ၌ များစွာသောအက်တမ်တို့၏ အက်တမ်အောက်အမှုန်အဖြစ် တွေ့နေကျဖြစ်သည်။ လျှပ်မဓာတ်(negative charge) ဆောင်သည် တွင် ၎င်း၏ လျှပ်ဓာတ်ပမာဏ ကို လုံးချင်းလျှပ်ဓာတ် (elementary charge) အဖြစ် အမှုန်ရူပဗေဒ၌ စံထား သုံးနှုန်းကြသည်။ အက်တမ့် ဗဟိုဆန် (Nucleus) ဘေးပတ်လည်တွင် ဝဲခိုတည်ရှိနေတတ်သည်။ လှိုင်းသဘာဝရော အမှုန်သဘာဝပါဆောင်သည်။ အီလက်ထရွန် အရေအတွက်နှင့် ပရိုတွန် အရေအတွက်ကို အခြေခံ၍ အိုင်းယွန်း (ion) များ ဖြစ်ပေါ်လာသည်။ အီလက်ထရွန်၏ လည်အင်(spin)မှာ ½ ဖြစ်၍ ဖာမီယွန်အုပ်စုထဲတွင် ပါဝင်သည့် အမှုန် ဖြစ်သည်။ သို့ဖြင့် ပါအူးလီ ကန့်ပယ်စည်းမျဉ်း (Pauli Exclusion Principle) ကို လိုက်နာသည်။ ၎င်း၏ သေးငယ်သော ဒြပ်ထုကြောင့် ကွမ်တမ် သဘောယန္တရားအရလည်း အက်တမ့်ဗဟိုဆံကဲ့သို့ သေးငယ်သော ထုထည်အဝန်းအဝိုင်းအတွင်းသာ ကျရောက်မနေဘဲ အက်တမ်တစ်ခု၏ လွတ်လပ်တတ်သော အပိုင်း ဖြစ်သည်။ ထို့ကြောင့် ဓာတုဓာတ်ပြုမှုများတွင် အီလက်ထရွန် ဖြန့်ကျက်ပုံ (electron configuration) က အရာဝတ္ထုများ၏ သဘောသတ္တိများစွာကို အဆုံးအဖြတ် ပေးသည်။ သတ္တုများက လျှပ်ကူးပစ္စည်း ဖြစ်ရခြင်းမှာလည်း ၎င်းတို့၌ လွတ်လတ်သော အီလက်ထရွန်တို့ များပြားခြင်းကြောင့် ဖြစ်သည်။ ရှာဖွေတွေ့ရှိမှု ရှေးအခါက ဒြပ်စင်တို့၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းသည် အက်တမ်ပင်ဖြစ်၍၊ ထိုထက်ငယ်သော အစိတ်အပိုင်း မရှိနိုင်ဟု ယူဆလာခဲ့ကြလေသည်။ သို့သော် ဆာ ဂျေဂျေ သွန်မဆင် ဆိုသူ ကိန်းဘရစ်ချ် တက္ကသိုလ်ပါမောက္ခကြီး တစ်ဦးက အက်တမ်အောက် အလွန်ငယ်သော အစိတ်အပိုင်းတို့ရှိကြောင်းကို ခရစ် ၁၈၉၇ ခုနှစ်တွင် ရှင်းလင်းပြသ၍ ထိုအစိတ်အပိုင်းတို့ကို အီလက်ထရွန် (လျှပ်မှုန်) ဟု အမည်ပေးခဲ့လေသည်။ ဟိုက်ဒြိုဂျင်သည် ဓာတုဒြပ်စင်တို့တွင် အပေါ့ဆုံးဖြစ်၍ ယင်း၏အက်တမ်အလေးဆသည် ၁.ဝဝ၈ မျှသာ ရှိ၏။ အီလက်ထရွန်တစ်ခု၏ အလေးချိန်မှာ ထိုဟိုက်ဒြိုဂျင် အက်တမ်၏ အလေးချိန်ကို အပုံ တစ်ထောင့်ရှစ်ရာ လေးဆယ့်ငါးပုံ ပုံလျှင် တစ်ပုံ (၁/၁၈၄၅) ခန့်သာရှိလေသည်။ ကိုးကား မှတ်စု အီလက်ထရွန် အခြေခံအမှုန်များ လက်ပတွန်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AE%E1%80%9C%E1%80%80%E1%80%BA%E1%80%91%E1%80%9B%E1%80%BD%E1%80%94%E1%80%BA
အက်တမ်
အက်တမ် () ဆိုသည်မှာ ဗဟိုဆန် (nucleus) နှင့်တကွ ဘေးသားအဖြစ် အီလက်ထရွန်တို့ အတူတကွ စုဖွဲ့ထားသော ဒြပ်သားအစုအဝေးဖြစ်သည်။ ၎င်း၌ ပါဝင်သော ပရိုတွန်နှင့် အီလက်ထရွန်တို့ အရေအတွက် တူညီသဖြင့် အက်တမ်တစ်ခုလုံး၏ အသားတင်လျှပ်ဓာတ်မှာ သုည ဖြစ်နေမည်။ (ထိုသို့ ဖြစ်မနေလျှင် ၎င်းအစုအဝေးက အက်တမ်မမည်တော့ဘဲ အိုင်းယွန်း ဖြစ်သည်။) ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ သက်ရှိ၊ သက်မဲ့၊ ဒြပ်စင်၊ ဒြပ်ပေါင်း အမျိုးမျိုးကို အက်တမ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သေးငယ်သောအဆင့်၌ အက်တမ်များ စုဖွဲ့ထားခြင်းရလဒ် အမှုန်ကို မော်လီကျူးဟု ခေါ်သည်။ ဘာသာပြန် သတိပြုဖွယ် ပဏ္ဍိတဝေဒနီယ ဒီပနီကျမ်းက ဖော်ပြသော ပရမာအဏုမြူ၏ အရွယ်အစားကို လိုက်လံတွက်ချက်ကြည့်လျှင် 10-9 m (သို့မဟုတ်) 1 nm ခန့် ရှိကြောင်း တွေ့ရသည်။ ဟိုက်ဒြိုဂျင်အက်တမ်တစ်ခု၏ အချင်း အကြမ်းဖျင်းမှာ 2.5×10-11 m ခန့်ဖြစ်လျက် 10-9 m ထက် များစွာ ပိုသေးသည်။ ထို့ကြောင့် ယခင်ခေတ်က ဘာသာပြန်မညီခဲ့မှုကို ယခုခေတ်အသိဖြင့် ပြင်ဆင်နိုင်လျက် အက်တမ်ကို ပရမာအဏုမြူအဖြစ် ဘာသာမပြန်သင့်ကြောင်း ရိပ်စားမိနိုင်သည်။ ခြုံငုံဖော်ပြချက် ပုံမှန်အရာဝတ္တု ပစ္စည်းတစ်ခု၏ အသေးငယ်ဆုံး အစိတ်အပိုင်းအား ခေါ်ဆိုခြင်းဖြစ်ပြီး ဒြပ်စင်တို့၏ အခြေခံ ဂုဏ်သတ္တိများ ရှိသည်။ ဂရိဘာသာစကား အရ indivisible ခွဲခြားလို့ မရနိုင်သော ဟု အဓိပ္ပာယ်ရသည်။ အခဲ၊ အရည်၊ အငွေ့ တို့ကို လျှပ်ဓာတ်ပြယ် အက်တမ်များဖြင့် ဖွဲ့စည်းပြီး ပလဲက်စ်မာ(plasma) ဟူသော လျှပ်ဓာတ်ကြွ ဝတ္ထုတို့ကိုမူ အိုင်းယွန်းတို့ဖြင့် ဖွဲ့စည်းသည်။ ဤ၄မျိုးအပြင် အခြားသော ဒြပ်သားအခြေရပ် (state of matter) တို့လည်း ကျန်ရှိသေးသည်။ အက်တမ်ဖွဲ့စည်းပုံမှာ အလယ်တွင် နျူကလီးယပ်စ်ဟု ခေါ်သော ဗဟိုသား ရှိပြီး ဘေးတွင် လျှပ်မဓာတ်(negative charge) ဆောင်သော အီလက်ထရွန် တို့က ဝဲခိုတည်ရှိနေတတ်သည်။ ရှေးယခင်က "လှည့်ပတ်နေသည်"ဟု တပ်အပ်ရေးသားကြသောလည်း ကွမ်တမ်သဘောယန္တရား၏ မရေရာမှုနိယာမ (Uncertainty Principle) ကို သိရှိကြပြီးနောက် "လှည့်ပတ်နေသည်"ဟု တိကျသော အသုံးအနှုန်းကို ပညာရှင်တို့ ပယ်လာကြသည်။ ဂြိုဟ်ပတ်လမ်းသဖွယ် အီလက်ထရွန်တို့ ပတ်ကြဟန် အက်တမ်သရုပ်ဖော်ချက်သည် ဓာတုဗေဒ စသည်တို့တွင်မူ အသုံးဝင်သေးလျက် ရှိပါသည်။ ရူပဗေဒဖြင့် အက်တမ်အောက်အမှုန်တို့၏ သရုပ်မှန်ကို စူးစမ်းကြသောအခါတွင်မူ လှိုင်းသရုပ်စသော သင်္ချာကိရိယာများကို သုံးကြသည်။ ဗဟိုဆံ နျူကလီးယပ်စ်ထဲတွင် လျှပ်ဖိုဓာတ်(positive charge) သတ္တိ ရှိသည့် ပရိုတွန် ခေါ် ဓာတ်ဖိုမှုန် နှင့် မည်သည့် လျှပ်စစ်ဂုဏ်သတ္တိမှ မဆောင်သော နျူထရွန် ခေါ် ဓာတ်မဲ့မှုန် ရှိသည်။ ထို့ကြောင့် အက်တမ် ဗဟိုထု (သို့) နျူကလီးယပ်သည် လျှပ်စစ်အဖို ဂုဏ်သတ္တိအား ပိုင်ဆိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပရိုတွန်နှင့် နျူထရွန် ရှိသည့်အနက် နျူထရွန်မှာ မည်သည့် ဂုဏ်သတ္တိမှ မပိုင်ဆိုင်သောကြောင့် အဖို ဂုဏ်သတ္တိ ရှိသော ပရိုတွန်က ကြီးစိုးသောကြောင့် နျူကလီးယပ်တွင် အပေါင်း (သို့) လျှပ်စစ်အဖို ဂုဏ်သတ္တိ ရှိသည်။ ထို နျူကလီးယပ် အား လှည့်ပါတ်နေသော အီလက်ထရွန် တွင် လျှပ်စစ်အမ ဂုဏ်သတ္တိ ရှိသည်။ အက်တမ်တစ်ခုလုံးအနေနှင့် မည်သည့် လျှပ်စစ် ဂုဏ်သတ္တိကို မှ မဆောင် ပါ။ အဘယ်ကြောင့်ဆိုသော် အက်တမ့်ဗဟိုဆံ နျူကလီးယပ်၏ လျှပ်စစ်ဓာတ်ဖို အရေအတွက်နှင့် ထို နျူကလီးယပ်အား လှည့်ပါတ်နေသော အီလက်ထရွန်များ၏ လျှပ်စစ်ဓာတ်မ အရေအတွက် ညီမျှချေဖျက်နေခြင်းကြောင့် ဖြစ်သည်။ အက်တမ် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီး၌ ရှိကြသော အရာဝတ္ထုမှန်သမျှသည် သာမန် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင်သော အလွန်သေးငယ်လှသည့် အမှုန်တို့ဖြင့်သာ စုပေါင်းဖွဲ့ စည်းထားသည်ဟု ရှေးခေတ်အခါကပင် လူအများတို့ ယူဆလာခဲ့ကြလေသည်။ ဘီစီ ၄ဝဝ ခန့်က ဒစ်မောခရစ်တပ်စ် အမည်ရှိသော ဂရိလူမျိုး ဒဿနိကပညာကျော်က လောကကြီးအတွင်း၌ တစ်စုံတစ်ရာ ဘာမှ မရှိသော အာကာသများနှင့် မျက်စိဖြင့် မမြင်ကောင်းသော မြူမှုန်တို့ရှိကြောင်း ပြောခဲ့လေသည်။ ထိုပညာရှိကြီးအလိုအားဖြင့် ဒြပ်သည် ထိုအမှုန်တို့ စုပေါင်း၍ ဖြစ်လာရသည်ဟုဆိုသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ရှိကြသော တော၊ တောင်၊ ရေ၊ မြေ၊ လူသတ္တဝါမှန်သမျှတို့သည် ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသကဲ့သို့ အငွေ့၊ အရည်၊ အခဲအနေဖြင့်မဟုတ်ဘဲ အမှန်အားဖြင့် လျှပ်စစ်ဓာတ်ဖြင့် အလွန်သေး၍ငယ်သည့် အမှုန်ကလေးများ စုပေါင်းဖွဲ့စည်းထားခြင်းပင် ဖြစ်လေသည်။ ထိုအမှုန်ကလေးများကို အက်တမ် ဟု ခေါ်ကြ၏။ အက်တမ်ဟူသည်မှာ ဂရိဘာသာဝေါဟာရဖြစ်၍ မြန်မာဘာသာဖြင့်ဆိုလျှင် ခွဲစိတ်၍မရသောအမှုန် ဟု အဓိပ္ပာယ်ရလေသည်။ အက်တမ်တို့သည် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင်အောင် သေးငယ်လှသောကြောင့် အက်တမ်ပေါင်း တစ်သန်းမျှကို စီထားသည့်တိုင်အောင် ဆံခြည်ပင်တစ်မျှင်စာမျှပင် ရှိလိမ့်မည်မဟုတ်ချေ။ ထိုမျှသေးငယ်သော အက်တမ်များသည် စကြဝဠာတစ်ခုလုံးနှင့် မြင်⁠မြင်သမျှ အရာဝတ္ထုမှန်သမျှကို တည်ဆောက်ထားသော အုပ်ချပ်များပင်ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင် ဒြပ်စင်ပေါင်း ၁၁၈ မျိုး ရှိသည့်အနက် ဒြပ်စင် ၂၆ မျိုးမှာ သိပ္ပံပညာရှင်များက လက်တွေ့စမ်းသပ်ခန်းတွင် ပြုလုပ်ထားသောဒြပ်စင်များ ဖြစ်သည်။ ယနေ့အထိ သဘာဝအလျှောက် တွေ့ရှိထားသော ဒြပ်စင်တို့၏ အရေအတွက်မှာ ၉၂ မျိုးဖြစ်ရာ ထိုဒြပ်စင်တို့၏ အက်တမ်အမျိုးပေါင်းမှာလည်း ၉၂ မျိုးရှိသည်ဟု ဆိုရပေမည်။ ထိုအက်တမ်တို့သည် အမျိုးမျိုးအဖုံအဖုံ ယှဉ်တွဲပေါင်းစပ်ကြ၍သာ ကုဋေကုဋာမက မရေတွက်နိုင်အောင် အမျိုးအစား များပြားသော ပစ္စည်းများ ဖြစ်လာကြပေသည်။ ယခုအခါ ကျွန်ုပ်တို့ သိရှိနားလည်ကြသော ဓာတုဗေဒပညာမှာ ဂျွန်ဒေါလ်တန် တီထွင်ခဲ့သော အက်တမ်သီအိုရီကို အခြေပြုကာ ပေါ် ပေါက်ထွန်းကား၍ တိုးတက်လာရသော သိပ္ပံပညာရပ်ဖြစ်ပေသည်။ ခရစ် ၁၈ဝ၈ ခုနှစ်လောက်တွင် မန်ချက်စတာမြို့သား ကျောင်းဆရာ ဂျွန်ဒေါလ်တန်သည် သူ၏ အက်တမ်သီအိုရီကို စတင်တီထွင်ခဲ့ရာ ဒြပ်စင်တို့တွင် အလေးချိန်တစ်ခုရှိသော အက်တမ်တို့ပါဝင်ရမည်ဟု ယူဆပြီးလျှင် (၁) ဓာတုအချိုးမှန် နိယာမနှင့် (၂) ဓာတုအချိုးအဆတိုး နိယာမ နှစ်မျိုးကို စတင် ကြံစည် ရှင်းလင်းပြသခဲ့လေသည်။ ပထမ ဓာတုအချိုးမှန်နိယာမကို ရှင်းလင်းပြသရာ၌ ဓာတုဒြပ်ပေါင်းတစ်မျိုးတွင် ပါဝင်မြဲဒြပ်စင်တို့၏ အလေးချိန် အချိုးသည် အစဉ်မှန်ကန်ရမည်ဟု ဖော်ပြထား၏။ ပုံပမာ- ရေ ကိုရေတွင်း၊ ရေကန်၊ မြစ်၊ ချောင်း အသီးသီးတို့မှ ရရှိနိုင် သည့်ပြင် ဓာတုဗေဒနည်းဖြင့်လည်း ရရှိနိုင်ရာ မည်သည့်နည်း ဖြင့်ရသည်ဖြစ်စေ ထိုရေသည် ဟိုက်ဒြိုဂျင်အလေးချိန်တစ်ဆနှင့် အောက်ဆီဂျင်အလေးချိန်နှစ်ဆ ( H20 ) ဖြင့် ပေါင်းစပ်ထားကြောင်းတွေ့ရ ၏။ ဤအချိုးအစားမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိဘဲ အစဉ်မှန်ကန် လေသည်။ ဒုတိယနည်းဖြစ်သော ဓာတုအချိုးဆတိုး နိယာမကို ရှင်းလင်းပြသရာ၌ ဒြပ်စင်တစ်မျိုးသည် အခြားဒြပ်စင်တစ်မျိုး နှင့် ပေါင်းစပ်၍ တစ်ခုထက်များသော ဒြပ်ပေါင်းများ ဖြစ်လာ သောအခါ ပေါင်းစပ်ပါဝင်သော ထိုဒြပ်စင်၏ အလေးချိန်အသီးသီးသည် အငယ်ဆုံးအလေးချိန်နှင့် ဆတိုးအချိုးကျဖြစ်ရမည့် အကြောင်းကို ဖော်ပြလေသည်။ ဥပမာပြရသော် နိုက်ထရိုဂျင် နှင့် အောက်ဆီဂျင်တို့ ပေါင်းစပ်ရာ၌ အောက်ဆီဂျင်၏အချိုး သည် လေးလီအချိုးလိုက် ပေါင်းစပ်ထားကြောင်းတွေ့ရ၏။ ပထမ ဒြပ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၄ ဆ။ ဒုတိယဒြပ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၈ ဆ။ တတိယဒြပ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၁၂ ဆ။ စတုတ္ထဒြပ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၁၆ ဆ။ ပဉ္စမဒြပ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၂ဝ ဆ။ ဤသို့အသီးသီးပေါင်းစပ်ထားသော အထက်ပါဂဏန်း များကိုကြည့်လျှင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆတိုင်းတွင် အောက်ဆီဂျင်သည် အလေးချိန်အားဖြင့် ၄ လီအချိုးလိုက် ပေါင်းစပ်ထားသည်ကို တွေ့ရလေသည်။ တစ်နည်းအားဖြင့် အောက်ဆီဂျင်အလေးချိန် အဆများဖြစ်သော ၄ ၊ ၈ ၊ ၁၂ ၊ ၁၆ ၊ ၂ဝ တို့ကိုကြည့်လျှင် ထိုဂဏန်းများမှာ ၄ နှင့်စားနိုင်သည့် ဂဏန်းများသာဖြစ်သည်ကို တွေ့ရလေသည်။ အက်တမ်အလေးဆသည် ၉၂ ပါးသောဒြပ်စင်တို့၏ ၉၂ မျိုး သောအက်တမ်တစ်လုံးတစ်လုံးတွင် သီးခြားအလေးချိန် တစ်မျိုး စီရှိကြ၏။ အက်တမ်သည် အလွန်သေးငယ် သိမ်မွေ့လှ၍ မမြင်စွမ်းနိုင်သော ပစ္စည်းဖြစ်သောကြောင့် သီးခြားအလေးချိန်ရှိ သည်ဟု ဆိုသော်ငြားလည်း တကယ်အလေးချိန်ရရန်မှာ အလွန်ခဲယဉ်းလှပေသည်။ ဓာတုဒြပ်စင်တို့တွင် အပေါ့ဆုံးဖြစ် သော ဟိုက်ဒြိုဂျင်ဒြပ်စင်၏ အက်တမ်အလေးချိန်ကို ဧကမူ အနေဖြင့် ထားခဲ့လေသည်။ သို့ရာတွင် ဒြပ်ပေါင်းများတွင် အောက်ဆီဂျင်သည် ဟိုက်ဒြိုဂျင်ထက် ဓာတ်ပေါင်းစပ်ရာ၌ ပိုမို လွယ်ကူသောကြောင့်လည်းကောင်း၊ ဟိုက်ဒြိုဂျင်သည် အလွန့် အလွန် ပေါ့ပါးလှသဖြင့် လက်တွေ့စမ်းသပ်ရာတွင် အမှားများ တွေ့တတ်သောကြောင့်လည်းကောင်း၊ ဟိုက်ဒြိုဂျင်ကို ဧကမူ အဖြစ်မထားဘဲ အောက်ဆီဂျင်အက်တမ်ကိုသာ ပြည်ထောင် အသီးအသီးမှ အားလုံးသော ဓာတုဗေဒပညာရှင်တို့က ဧကမူ အဖြစ်ရွေးချယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် ဟိုက်ဒြို ဂျင်အက်တမ်ထက် ၁၅ ၏ ၈၈ လေးသော အောက်ဆီဂျင်အက်တမ် ၏ အလေးချိန်ကို ၁၅ ၏ ၈၈ မထားပဲ ၁၆ တိတိ ထား၍ ဟိုက်ဒြိုဂျင်အက်တမ်အလေးချိန်ကို ၁ ၏ ဝ⁠ဝ၈ ဟု သတ်မှတ်ထားကြ၏။ ဤဧကမူ အလေးချိန်ကို ယနေ့တိုင်အောင် သုံးစွဲလျက်ရှိရာ သာမန်ကိစ္စများတွင် ဒသမများကိုဖြုတ်၍ ဟိုက်ဒြိုဂျင်အက်တမ်အလေးချိန်နှင့် အောက်ဆီဂျင်အက်တမ်အလေးချိန် အသီးအသီး ကို ၁ နှင့် ၁၆ ဟု သတ်မှတ်လိုက်ကြသည်။ ထို့ကြောင့် ဧကမူထားသော အက်တမ်အလေးချိန်ကို ရထား ပြီးသောအခါ ထိုအက်တမ်နှင့် အခြား⁠အခြားသောအက်တမ်တို့ ကို နှိုင်းယှဉ်ကြည့်လျှင် ထိုအက်တမ်တို့သည် အောက်ဆီဂျင် အက်တမ်ထက် မည်မျှလေး၍ မည်မျှပေါ့ကြောင်းကိုသိရသဖြင့် ထိုအက်တမ်တို့၏ အလေးဆများကိုလည်း သိရှိနိုင်လေသည်။ အထက်တွင်ဖော်ပြခဲ့သော အလွယ်ဆုံးဖြစ်သည့် ဒုတိယဒြပ်ပေါင်း နိုက်ထရစ်အောက်ဆိုက် တွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၈ ဆ ပေါင်းစပ်ထားကြောင်းတွေ့ရ၏။ ထိုဒြပ်ပေါင်းတွင် နိုက်ထရိုဂျင်အက်တမ်တစ်ခုနှင့် အောက်ဆီဂျင်အက်တမ်တစ်ခု ပေါင်းစပ်ထား၏။ အောက်ဆီဂျင်အလေးချိန်ကို ၁၆ ဆ လုပ်လိုက်သော အခါ နိုက်ထရိုဂျင်အလေးချိန်သည် ၁၄ ဖြစ်လာ၏။ သို့သော် အောက်ဆီဂျင်အက်တမ် အလေးဆမှာ ၁၆ ဖြစ်သဖြင့် နိုက်ထရိုဂျင်အက်တမ်၏ အလေးဆမှာ ၁၄ ဖြစ်တော့၏။ တစ်ဖန် အိုင်းယွန်းအောက်ဆိုက် iron(II) oxide or ferrous oxide ဒြပ်ပေါင်းတွင် အိုင်းယွန်းအလေးချိန် ၇ ဆ နှင့် အောက်ဆီဂျင်အလေးချိန် ၂ ဆ ပေါင်းစပ်ထားသည်ကို တွေ့ရ၏။ ထိုဒြပ်ပေါင်းတွင်လည်း အိုင်းယွန်း အက်တမ်တစ်ခုနှင့် အောက်ဆီဂျင်အက်တမ်တစ်ခု ပေါင်းစပ်လျက်ရှိပေသည်။ အောက်ဆီဂျင်အဆကို ၂ မှ ၁၆ အထိ တိုးပေးလိုက်သောအခါ အိုင်းယွန်း၏အဆသည်လည်း ၇ မှ ၅၆ အထိ တိုးတက်လာတော့၏။ သို့သော် အောက်ဆီဂျင် ၏ အက်တမ်အလေးဆမှာ ၁၆ ဖြစ်သဖြင့် အိုင်းယွန်း၏ အက်တမ် အလေးဆမှာ ၅၆ ဖြစ်တော့၏။ ထို့အတူ အိုင်းယွန်း ဆာလဖိုက်ဒ် iron (II) sulphide ခေါ် သံနှင့် ကန့်ဒြပ်ပေါင်းတွင်လည်း သံ၏အက်တမ်အလေးဆသည် ၅၆ ဖြစ်သောကြောင့် ကန့်အက်တမ်၏ အလေးဆသည် ၃၂ ဖြစ်ကြောင်းသိရသည်။ ထိုအက်တမ်အလေးဆများနှင့် စပ်လျဉ်း၍ ၁၈၆၉ ခုနှစ်တွင် ရုရှားလူမျိုး ဓာတုဗေဒပညာကျော် ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် သည် အက်တမ်အလေးဆ ဇယားကွက်ကို စီစဉ်ရေးသားခဲ့လေသည်။ ထိုအကြောင်းကို ဓာတုဗေဒအကြောင်းရပ်တွင်အကျယ်ဖော်ပြထားသည်။ ၁၈၁၁ ခုနှစ်တွင် အီတလီပြည်သား ဓာတုဗေဒပညာ ကျော် တစ်ဦးဖြစ်သော အာဗိုဂါးဒရိုးသည် မော်လီကျူ၏ သဘောကို စတင်ဖော်ပြခဲ့လေသည်။ ထိုမော်လီကျူ၏သဘော သည် အက်တမ်သီအိုရီကို ပိုမိုခိုင်မြဲစေလေသည်။ အာဗိုဂါးဒရိုး ယူဆပုံမှာ ဒြပ်စင်တို့ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဒြပ်ပေါင်း တစ်မျိုး၏ ဂုဏ်သတ္တိများ တစ်စုံတစ်ရာမပျက်ပြားဘဲ တည်မြဲ နေနိုင်သည့် အငယ်ဆုံးသောအစိတ်အပိုင်းမှာ မော်လီကျူးဖြစ် သည်ဟု ယူဆ၏။ မော်လီကျူးကို မသိရမီက အက်တမ်ဟူသော ဝေါဟာရတစ်ခုတည်းကိုပင် ဒြပ်စင်နှင့် ဒြပ်ပေါင်း နှစ်မျိုးစလုံးတွင် ရောရောအနှောနှော အသုံးပြုခဲ့ကြလေသည်။ ဓာတုဗေဒအလိုအားဖြင့် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကဲ့သို့သော ဒြပ်စင်၏အသေးငယ်ဆုံးသော အစိတ်အပိုင်းကို ပြဆိုလိုသောအခါ ဟိုက်ဒြိုဂျင်အက်တမ်ဟု ခေါ်လေ့ရှိ၏။ သို့သော် ဟိုက်ဒြိုဂျင် နှင့် အောက်ဆီဂျင် ဒြပ်စင်နှစ်မျိုး ပေါင်းစပ်၍ဖြစ်ပေါ်လာသော ရေကဲ့သို့သော ဒြပ်ပေါင်း ( H2O ) ၏ အသေးငယ်ဆုံးသော အစိတ် အပိုင်းကို ပြဆိုလိုသောအခါ ရေမော်လီကျူးဟု ခေါ်လေ့ရှိ၏။ ထို့ကြောင့် မော်လီကျူး နှင့် အက်တမ်တို့ကို အဓိပ္ပာယ် ကွဲကွဲပြားပြား သိရှိနားလည်ရန် လိုအပ်ပေသည်။ ဟိုက်ဒြိုဂျင်အက်တမ်နှစ်ခုနှင့် အောက်ဆီဂျင်အက်တမ်တစ်ခုတို့ ပေါင်းစပ်၍ဖြစ်လာသော ရေမော်လီကျူးတွင် ဟိုက်ဒြိုဂျင်ဒြပ်စင်၏ ဂုဏ်သတ္တိများလည်းမရှိ ၊ အောက်ဆီဂျင်ဒြပ်စင်၏ဂုဏ်သတ္တိလည်းမရှိ ၊ သာမန် ရေ၏ဂုဏ်သတ္တိများသာ ရှိကြလေသည်။ အက်တမ်ဟူသောဝေါဟာရကို ဓာတုဗေဒ အလိုအားဖြင့် ဒြပ်စင်တို့အဖို့ အသုံးပြု၍ ဒြပ်စင်တို့၏ အက်တမ်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ဒြပ်ပေါင်းတို့အဖို့မှာမူကား မော်လီကျူးဟူသော ဝေါဟာရကို အသုံးပြုရသည်။ ထို့ကြောင့် ဟိုက်ဒြိုဂျင် အက်တမ်နှစ်ခုနှင့် အောက်ဆီဂျင်အက်တမ်တစ်ခုတို့ ပေါင်းစပ်ဖွဲ့စည်းမိလျှင် ရေမော်လီကျူးတစ်ခု ဖြစ်လာရသည်ဟု ဆို၏။ ထို့ပြင် ဓာတ်ငွေ့တွင် ဒြပ်စင်တို့သည် အက်တမ်အဖြစ်ဖြင့် တည်မနေကြဘဲ အက်တမ်ချင်းဖွဲ့စည်း၍ မော်လီကျူ'အဖြစ် ဖြင့် တည်နေတတ်ကြ၏။ ထို့ကြောင့် ဟိုက်ဒြိုဂျင်မော်လီကျူးတစ်ခုတွင် ဖွဲ့စည်းပါဝင်သော ဟိုက်ဒြိုဂျင်အက်တမ် နှစ်ခုပါရှိ၏။ အောက်ဆီဂျင် မော်လီကျူးတစ်ခုတွင် အောက်ဆီ ဂျင်အက်တမ်နှစ်ခု ပါဝင်ဖွဲ့စည်းလျက်ရှိ၏။ ထို့ကြောင့် ဒြပ်ပေါင်းတွင်ဖြစ်စေ၊ ဒြပ်စင်တွင်ဖြစ်စေ ဓာတ်ဂုဏ်သတ္တိမပျက်ဘဲ အသေးငယ်ဆုံး တည်နေနိုင်သည့် အစိတ်အပိုင်းကို မော်လီကျူး ဟုခေါ်ကြောင်း သိရာသည်။ သိပ္ပံပညာသည် တဖြည်း⁠ဖြည်းတိုးတက် ထွန်းကားလာရသော ပညာမျိုးဖြစ်သောကြောင့် တစ်ခေတ်ထက်တစ်ခေတ် တိုးတက်၍ ဆန်းပြားကျယ်ဝန်းခဲ့လေသည်။ ထို့ကြောင့် ၁၉ ရာစုနှစ်က သိပ္ပံပညာရှင်တို့၏ယူဆပုံနှင့်၊ ၂ဝ ရာစုနှစ် သိပ္ပံပညာရှင်တို့၏ ယူဆပုံတို့မှာမတူကြဘဲ ကွဲလွဲခြားနားကြပေသည်။ ၁၉ ရာစုနှစ် ကုန်ခါနီးလောက်တွင် ပေါ်ပေါက်ခဲ့ကြ သော သိပ္ပံပညာရှင်တို့က သူတို့၏ပညာရပ်များတွင် အသစ် အဆန်းထပ်မံတွေ့ရန်မရှိ၊ လုံးဝပြည့်စုံပြီဟု ထင်မှတ်ခဲ့ကြလေ သည်။ သိပ္ပံပညာကျော်တစ်ဦးကဆိုလျှင် ၁၉ ရာစုနှစ်၏ သိပ္ပံပညာတိုးတက်လာပုံကို ချီးကျူးပြောဆိုရာတွင် ရှေ့အဖို့ သိပ္ပံ ပညာနှင့်စပ်လျဉ်း၍ အသစ်အဆန်းတို့ကို ထပ်မံရှာဖွေရန်နှင့် အသစ်ထွင်ရန်လိုတော့မည်မဟုတ်။ အတိတ်က ပညာရပ်များကို ပြန်လည်စစ်ဆေးကြရန်သာ လိုမည်ဟူ၍ပင် ထင်မြင်ချက်ပေးခဲ့ လေသည်။ သို့သော် ယင်းသို့ ထင်မြင်ချက်ပေးခဲ့ပြီးနောက် နှစ်နှစ်ကျော်ကျော်လောက်မှာပင် သိပ္ပံပညာလောကကို ချောက် ချားစေသည့် အသစ်အဆန်းများ ပေါ်ပေါက်လာခဲ့ပေသည်။၁၈၉၅ ခုနှစ်တွင် ဗီလဟင်းကွန်းရတ် ရန့်ဂင် သည် X-ray ဟုခေါ်သည့် ရောင်ခြည်သစ် တစ်ခုကို စတင်တွေ့ရှိ ခဲ့လေသည်။ ရန့်ဂင်း တွေ့ရှိပြီးသည့် နောက်တစ်နှစ် ၁၈၉၆ ခုနှစ်၌ ပဲရစ်မြို့တွင် အန်ထော်နီဟင်နရီဗက္ကရဲသည် ယူရေနီယမ် ဒြပ်စင်မှ အတုံးအခဲဖြစ်သော အရာဝတ္ထုတို့ကို ဖောက်ထွင်း ဖြတ်သန်းသွားနိုင်သည့် X-ray ကဲ့သို့သော ရောင်ခြည်တစ်မျိုး ကို စတင်တွေ့ရှိပြန်၍ ရေဒီယမ် ဒြပ်စင် အသစ်ကို ရှာဖွေတွေ့ရှိ ရန်အတွက်ပင် လမ်းထွင်ပေးခဲ့သေး၏။ ၁၈၉၈ ခုနှစ်တွင် မာရီကျူးရီး ဇနီးမောင်နှံတို့က ပစ်ချဗလင်း ဟုခေါ်သော ယူရေနီယမ် ပါသည့်ပစ္စည်းရိုင်းမှ ရေဒီယမ်အမည်ရှိသော ဒြပ်စင် အသစ် အဆန်းကို စတင်တွေ့ရှိကြလေသည်။ ရေဒီယမ်ဒြပ်စင်ကို တွေ့ရှိရပြီးနောက် သိပ္ပံပညာရှင်တို့ သည် X-ray နှင့် ရေဒီယမ်တို့၏ ဂုဏ်ထူးသတ္တိထူးများ အတွက် အကြောင်းရင်းကိုစတင်၍ စုံစမ်းခဲ့ကြလေသည်။ ယင်းသို့စုံစမ်းသောအခါ X-ray နှင့် ရေဒီယမ်သတ္တိတို့၏ အလိုအားဖြင့် အက်တမ်လောကထက်ငယ်သော လောကသစ်တစ်ခု ရှိရမည်ဟု အခိုင်အမာသိရှိခဲ့ကြသည်။ ထိုအချိန်ကဆိုလျှင် ဒြပ်စင်တို့၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းမှာ အက်တမ်ပင်ဖြစ်သည်ဟု ယူဆယုံကြည်လျက် ရှိနေကြလေသည်။ သို့ရာတွင် ဆိုခဲ့သည့်အတိုင်း X-ray နှင့် ရေဒီယမ်သတ္တိကို စုံစမ်း ကြည့်သောအခါ ထိုရောင်ခြည်တို့၏ အလိုအားဖြင့် အက်တမ်သည် တစ်ခုတည်းနှင့်ပြည့်စုံသော အရာမဟုတ်ဘဲ အက်တမ်ဖြစ်ရန် အက်တမ်ထဲတွင် အက်တမ်ထက်ငယ်သော အရာဝတ္ထုများ ပါရှိရဦးမည်ကို သိရှိရလေသည်။ အက်တမ်ထက်ငယ်သော လောကသစ်ကို ဂျိုးဇက်ဂျွန် သွန်မဆင်ဆိုသူ တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးက စတင်ရှာဖွေ စုံစမ်းကြည့်၏။ သွန်မဆင်သည် ထိုစဉ်က အသစ်တွေ့စဖြစ်သော X-ray များနှင့် စမ်းသပ်လုပ်ကိုင်ကြည့်သည်။ ယင်းသို့ စုံစမ်းကြည့်ရာတွင် ကက်သုတ်ရောင်ခြည်တန်းတွင် အက်တမ် ထက်ငယ်သော အရာဝတ္ထုတို့ပါကြောင်းကို သိရှိလေသည်။ ကက်သုတ်ရောင်ခြည် ရရှိလာပုံကို ဖော်ပြရန် လိုပေမည်။ ဆာဝီလျံကရု စီမံပြုလုပ်သော ကရုကျုခေါ်ဖန်ပြောင်းတွင် သတ္တုချောင်း နှစ်ချောင်းကို လျှပ်စစ်လိုက်နိုင်အောင် ဖန်သား တွင်လျှိုသွင်း၍ ဖန်ပြောင်းကို အလုံပိတ်ထားပြီးလျှင် အတွင်းမှ လေကို လေစုတ်စက်ဖြင့် ကုန်လုနီးမျှ စုတ်ထုတ်လိုက်သည်။ ထို့နောက် လျှပ်စစ်ဓာတ်အားပေးစက် တစ်ခု⁠ခုနှင့် သတ္တုချောင်း များကို ဆက်သွယ်၍ ဖန်ပြောင်းထဲသို့ လျှပ်စစ်ဓာတ် သွင်းပေး သောအခါ အမဓာတ်နှင့် ဆက်သွယ်ထားသော သတ္တုချောင်းမှ ပျော့သော အလင်းရောင်ခြည်သည် တန်း၍ထွက်လာသည်ကို တွေ့ရှိရလေသည်။ လျှပ်စစ်ဓာတ်အိုးတွင် အမဓာတ်နှင့် ဆက်သွယ်ထားသော သတ္တုချောင်းကို ကက်သုတ်ဟုခေါ်သဖြင့် ထိုရောင်ခြည်တန်းကို ကက်သုတ်ရောင်ခြည်ဟု ခေါ်တွင်လေသည်။ ကက်သုတ်ရောင်ခြည်ကို စစ်ဆေးကြည့်သောအခါ နေရောင်ခြည်ကဲ့သို့မဟုတ်ဘဲ သံလိုက်နှင့်ပြသောအခါ ယိမ်းယိုင် တတ်ကြောင်းကို တွေ့ရသဖြင့် ရောင်ခြည်အစစ် မဟုတ်နိုင် ကြောင်း၊ အက်တမ်ထက် အလွန်ငယ်သော အမှုန့်များဖြင့်ပြီး သည့် ရောင်ခြည်ဖြစ်ကြောင်းကို သိရှိရတော့၏။ ထိုအက်တမ်ထက်ငယ်သော အရာဝတ္ထုတို့ကို ကော်ပါးဆဲဟု အမည်ပေးခဲ့လေသည်။ သို့သော်လည်း ထိုအမည်သည် တစ်ဖြည်းဖြည်း တိမ်ကောသွားခဲ့ရြုပီးနောက် ကော်ပါးဆဲ အမည်အစား အီလက်ထရွန်ဟူသော အမည်သစ်ကို ပေးခဲ့လေသည်။ ဟိုက်ဒြိုဂျင် သည် ဓာတုဒြဗ်စင်တို့တွင် အပေါ့ဆုံးဖြစ်ကြောင်း သိရှိခဲ့ရပြီး ဖြစ်သည်။ သို့ရာတွင် သွန်မဆင် လက်တွေ့စမ်းသပ်ကြည့်သော အခါ အီလက်ထရွန်သည် ဟိုက်ဒြိုဂျင်ထက်ပင် ပေါ့သေး၍ အလေးချိန်မှာ ဟိုက်ဒြိုဂျင်အက်တမ်၏ အလေးချိန်ကို အပုံတစ်ထောင့်ရှစ်ရာပုံလျှင် တစ်ပုံခန့်သာရှိကြောင်းကို သိရလေသည်။ ကက်သုတ်ရောင်ခြည်တွင် ပါရှိကြသော အီလက်ထရွန် များသည် လျှပ်စစ်ဓာတ်အလိုအားဖြင့် အမဓာတ်ရှိသောကြောင့် ထိုအီလက်ထရွန်များကို အမဓာတ်ကိုဆောင်သော လျှပ်စစ်ဓာတ်၏ဧကမူအဖြစ် ယူဆရလေသည်။ အက်တမ်ထဲတွင် လျှပ်စစ်အမဓာတ်ကိုဆောင်သော အီလက်ထရွန်တို့ ပါရှိသောကြောင့် ထိုအီလက်ထရွန်တို့ကို ချေဖျက်နိုင်သော လျှပ်စစ်အဖိုဓာတ်များလည်းရှိတန်သည်ဟု ယူဆကြပြန်လေသည်။ ယင်းယူဆချက်အတိုင်းပင် အမဓာတ်မှ ထွက်ပေါ်လာသော ကက်သုတ်ရောင် ခြည်ကဲ့သို့ အဖိုဓာတ်မှလည်း ကက်သုတ်ရောင်ခြည်နှင့် ဆန့်ကျင်ဖက်ဖြစ်သော ရောင်ခြည်တစ်မျိုး ပေါ်ထွက်လာကြောင်းကို တွေ့ရှိကြလေသည်။ လျှပ်စစ်အဖိုဓာတ်ချောင်းကို အန်နုတ်ဟု ခေါ်သဖြင့် ထိုအဖိုဓာတ်ဘက်မှ ထွက်လာသော ရောင်ခြည်ကို အန်နုတ်ရောင်ခြည်ဟု ခေါ်ကြသည်။ သို့သော် ထိုအဖိုဓာတ်ကိုဆောင်သည့် အန်နုတ်ရောင်ခြည် ရှိကြောင်းကို အတည်မပြုသေးဘဲ ယာယီအားဖြင့်သာလက်ခံရန် သိပ္ပံပညာရှင်တို့က သဘော တူညီခဲ့ကြလေသည်။ ဆာအားနက်ရားသားဖို့ အမည်ရှိ သိပ္ပံပညာကျော် တစ်ဦးသည် အန်နုတ်ရောင်ခြည်အကြောင်းနှင့် စပ်လျဉ်း၍ အခက်အခဲများကို ရှင်းလင်းပြဆိုနိုင်ခဲ့လေသည်။ ရားသားဖို့ သည် ရေဒီယမ်မှထွက်သော ရောင်ခြည်များကို သတ္တုချ၍ ခွဲစိတ်စမ်းသပ်ကြည့်ရှုခဲ့လေသည်။ ရေဒီယမ်မှထွက်သော ရောင် ခြည်များမှာ သုံးမျိုးသုံးစားဖြစ်၍ (၁) အယ်လဖာရောင်ခြည်၊ (၂) ဗီတာရောင်ခြည်၊ (၃) ဂမ်မာရောင်ခြည်ဟု ဂရိဘာသာ အက္ခရာများဖြင့် အမည်ပေးခဲ့၏။ ဂမ်မာရောင်ခြည်သည် အိပ်စရေးရောင်ခြည်ကဲ့သို့ပင် လှိုင်းများဖြစ်သော်လည်း လှိုင်းအလျား အလွန်တိုကြောင်း ရားသားဖို့ စတင်တွေ့ရှိခဲ့၏။ ဗီတာရောင်ခြည်မှာ လျှပ်စစ်အမဓာတ်ဆောင်သော အီလက်ထရွန်တို့ ဖြစ်ကြောင်းနှင့် အယ်လဖာရောင်ခြည်မှာ လျှပ်စစ်အဖိုဓာတ်ဝင်နေသော မြူမှုန်တို့ဖြစ်ကြောင်းကိုလည်း တွေ့ရှိခဲ့လေသည်။ အယ်လဖာရောင်ခြည်တွင်ပါသော လျှပ်စစ်အဖိုဓာတ်ဝင်နေသည့် အရာဝတ္ထုများသည် ဗီတာရောင်ခြည်တွင်ပါသော လျှပ်စစ်အမဓာတ်ရှိသည့် အီလက်ထရွန်တို့ထက်လေး၍ အသွားနှေးသော်လည်း တစ်စက္ကန့်လျှင် မိုင်ပေါင်း နှစ်သောင်းနှုန်းခန့် မျှနှင့် ရေဒီယမ်အက်တမ်အတွင်းမှ ထိုးထွက်လာကြကြောင်းကို သိရှိရလေသည်။ အယ်လဖာရောင်ခြည်ကို တစ်ခါတစ်ရံ အယ်လဖာမြူမှုန်ဟူ၍လည်း ခေါ်တတ်ကြသည်။ ထူးခြားသောအချက်မှာ ထိုအယ်လဖာမြူမှုန်များကို စုရုံး၍ စပက်ထရိုစကုပ်မှန်ပြောင်းဖြင့် စုံစမ်းကြည့်ရှုသောအခါ ထိုမြူမှုန်များသည် ဟီလီယမ်ဓာတ်ငွေ့ပင် ဖြစ်ကြောင်းကို သိရှိရခြင်းဖြစ်လေသည်။ ဆာရားသားဖို့၏ စမ်းသပ်မှုကြောင့်လျှပ်စစ်အမဓာတ်ကိုဆောင်သော အီလက်ထရွန်နှင့် အလားတူ လျှပ်စစ်အဖိုဓာတ် ကိုဆောင်သော မြူမှုန်များရှိရမည်ကို သိရှိခဲ့ရသည်။ အက်တမ်တွင် အီလက်ထရွန်တို့ ပါရှိ၍ ထိုအီလက်ထရွန်တို့သည် အလယ်၌ရှိသော နျူကလိယပ်ခေါ် ဗဟိုဝတ်ဆံကို ဝန်းရံနေကြ သည်ဟု သိရှိရသည်။ အီလက်ထရွန်သည် လျှပ်စစ်အမဓာတ်ကို ဆောင်သည်ဟု သိရှိရပြီးဖြစ်သောကြောင့် နျူကလိယပ်တွင် လျှပ်စစ်အဖိုဓာတ်တို့စုရုံး၍ ရှိတန်ရာသည်ဟု ရားသားဖို့က ဆိုခဲ့လေသည်။ လျှပ်စစ်အဖိုဓာတ်ကို ဆောင်သော မြူမှုန့်များကို ပရိုတွန်ဟုလည်း မကြာခဏ ခေါ်ကြသည်။ ပရိုတွန်သည် လျှပ်စစ် အမဓာတ်ကိုဆောင်သော အီလက်ထရွန်ထက် အဆပေါင်း ၁၈၅ဝ ခန့်မျှ ပို၍လေးလံကြောင်း သိရှိရသည်။ ယင်းသို့ဖြစ် ရကား အက်တမ်၏အလေးချိန်သည် အက်တမ်တွင်ပါရှိနေသော ပရိုတွန်၏ အလေးချိန်သာဖြစ်၍ အီလက်ထရွန်တို့၏ အလေး ချိန်မှာ မပြောပလောက်အောင် နည်းသဖြင့် ထည့်သွင်းစဉ်းစား ရန်ပင် မလိုချေ။ အက်တမ်တို့၏ခန္ဓာအိမ်ကို ဆင်ခြင်ကြည့် သောအခါ နျူကလိယပ်ခေါ် လျှပ်စစ်အဖိုဓာတ်ကိုဆောင်သော ဗဟိုဝတ်ဆံနှင့် ထိုဗဟိုဝတ်ဆံကို လှည့်ပတ်ကာသွားနေသော အီလက်ထရွန်များ ပါဝင်နေကြောင်း နောက်ဆုံးသိရှိရလေသည်။ အာကာသတစ်ခွင်တွင် ကြယ်၊ ဂြိုဟ်စသည်တို့သည် မိမိတို့ လှည့်ပတ်သွားနေသော လမ်းကြောင်းများအတိုင်း နေကို လှည့်လည်၍ သွားနေဘိသကဲ့သို့ အီလက်ထရွန်တို့သည်လည်း အဆိုပါဗဟိုဝတ်ဆံကို လှည့်လည်ကာ သွားနေကြ၏။ တစ် နည်းအားဖြင့်ဆိုသော် အက်တမ်များသည် နေစကြဝဠာနည်းတူ တည်ဆောက်ထားသော စကြဝဠာအငယ်စားကလေးများကဲ့သို့ပင် ဖြစ်ပေသည်။ ပထမကမ္ဘာစစ် ပြီးသွားပြီးနောက် သိပ္ပံပညာအရ တိုးတက်သိရှိရသည်မှာ အက်တမ်ခန္ဓာအိမ်သည် (၁) လျှပ်စစ် အဖိုဓာတ်ကိုဆောင်သောပရိုတွန်၊ (၂) လျှပ်စစ်အဖိုဓာတ်ကို ဆောင်သော ပေါစီထရွန်၊ (၃) လျှပ်စစ်အမဓာတ်ကိုဆောင် သော အီလက်ထရွန်၊ (၄) လျှပ်စစ်ဓာတ်ကင်းသော နျူထရွန် တို့ဖြင့် စုပေါင်းဖွဲ့စည်းထားသည်ဟု သိရှိရလေသည်။ အက်တမ်သည် အကြမ်းအားဖြင့် (၁) ပရိုတွန် (၂) အီလက်ထရွန် (၃) နျူထရွန် သုံးမျိုးတို့ဖြင့်သာ စုပေါင်း ဖွဲ့စည်းထားသည်ဟု ဆိုနိုင်ပေသည်။ ပရိုတွန်နှင့် နျူထရွန်တို့ သည် အီလက်ထရွန်ထက် ပိုမို၍သိပ်သည်း၏။ အက်တမ် အလေးချိန်သည် နျူကလိယပ်ခေါ် ဗဟိုဝတ်ဆံတွင် ရှိကြသော ပရိုတွန်နှင့် နျူထရွန်နှစ်ရပ်ပေါင်း အလေးချိန်ဖြစ်၍ အပြင် ဘက်တွင် လှည့်လည်သွားနေသော အီလက်ထရွန်မှမရချေ။ ပုံပမာ-အောက်ဆီဂျင်၏ အက်တမ်အလေးဆသည် ၁၆ ဖြစ်၍ အက်တမ်အမှတ်သည် ၈ ဖြစ်၏။ သို့ရာတွင် အထက် ၌ပြဆိုခဲ့သည့်အတိုင်း အက်တမ်၏ အလေးဆ ဆိုသည်မှာ အက် တမ်၏ဗဟိုဝတ်ဆံတွင်ပါရှိသော ပရိုတွန်နှင့် နျူထရွန်တို့၏ နှစ်ရပ်ပေါင်းအလေးဆသာ ဖြစ်ပြီးလျှင် အက်တမ်အမှတ်သည် ဗဟိုဝတ်ဆံတွင်ရှိသော ပရိုတွန်၏ အရေအတွက်ကိုဆိုလိုသည်။ ယင်းသို့ဖြစ်ရကား အောက်ဆီဂျင် ၏ အက်တမ်အမှတ်သည် ၈ ဖြစ်သောကြောင့်ဗဟိုဝတ်ဆံတွင် ပရိုတွန် ရှစ်ခုရှိရမည်ဖြစ်၏။ ထို့ပြင် အောက်ဆီဂျင် အလေးဆ သည် ၁၆ ဖြစ်သောကြောင့် ပရိုတွန်ရှစ်ခုနှင့် နျူထရွန်ရှစ်ခု တို့သည် ဗဟိုဝတ်ဆံတွင် ရှိရ မည်ဖြစ်၏။ ဟီလီယမ်၏ အက်တမ်အလေးဆသည် ၄ ဖြစ်၍ အက်တမ်အမှတ်သည် ၂ ဖြစ်ကြောင်း သိခဲ့ရပြီ။ ဟီလီယမ် အက်တမ်အမှတ်သည် ၂ ဖြစ်သောကြောင့် ဟီလီယမ်အက်တမ် ၏ နျူကလိယပ်တွင် ပရိုတွန်နှစ်ခုရှိ၍ နျူထရွန်နှစ်ခုရှိရမည် ဖြစ်၏။ ထို့ကြောင့် ဟီလီယမ် အက်တမ်အလေးဆသည် လေး ဖြစ်၏။ ဤကဲ့သို့ ဗဟိုဝတ်ဆံတွင်ရှိသော ပရိုတွန်အရေ အတွက်ကိုလိုက်၍ အက်တမ်အမှတ်ဖြစ်သောကြောင့် အောက်ဆီဂျင် အက်တမ် အမှတ်သည် ၈ ဖြစ်၍ ဟီလီယမ်အက်တမ် အမှတ်သည် ၂ ဖြစ်၏။ ဓာတုဒြဗ်စင်ထဲတွင် အလေးဆုံးဖြစ်၍ အက်တမ်အမှတ် ၉၂ ဖြစ်သော ယူရေနီယမ်အက်တမ်တွင် ပရိုတွန် ၉၂ ခု ရှိ၏။ အက်တမ်ခန္ဓာအိမ် တစ်ခုတွင် ပရိုတွန်တစ်ခုရှိတိုင်း အီလက်ထရွန်လည်း တစ်ခု အစဉ်ရှိစမြဲဖြစ်သည်။ ပရိုတွန်နှစ်ခုရှိလျှင် အီလက်ထရွန်နှစ်ခုရှိရ၏။ ပရိုတွန်ရှစ်ခုရှိသော အောက်ဆီဂျင်အက်တမ်တွင် အီလက်ထရွန်ရှစ်ခုရှိရ၏။ ပရိုတွန် ၉၂ ခုရှိသော ယူရေနီယမ်အက်တမ်တွင်လည်း အီလက်ထရွန် ၉၂ ခု ရှိရ၏။ ပရိုတွန်အရေအတွက်ရှိသမျှ အီလက်ထရွန် အရေအတွက် ရှိရခြင်းအကြောင်းမှာ အက်တမ်၌ လျှပ်စစ်ဓာတ်မျှတမှုရှိစေရန်အတွက် ဖြစ်လေသည်။ အကယ်၍ အက်တမ်တစ်ခုတွင် ပရိုတွန်အရေအတွက် ကများနေ၍ အီလက်ထရွန် အရေအတွက်က နည်းနေအံ့၊ ထို အခါ လျှပ်စစ်အဖိုဓာတ်က တစ်ဖက်သတ်များနေသည့်အတွက် မျှတမှုရှိလိမ့်မည် မဟုတ်ချေ။ ထို့အတူ အီလက်ထရွန်အရေ အတွက်ကများ၍ ပရိုတွန်အရေအတွက်က နည်းနေလျှင်လည်း ထိုအက်တမ်တွင် လျှပ်စစ်ဓာတ်မျှတမှု ရှိလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် အက်တမ်ခန္ဓာအိမ်တွင် မျှတမှု ရှိရန်အတွက် ပရို တွန်အရေအတွက်ရှိသမျှ အီလက်ထရွန်အရေအတွက်သည်လည်း အညီအမျှရှိရမည် ဖြစ်လေသည်။ အက်တမ်တစ်ခု၏ ခန္ဓာအိမ်ကို ခြုံ၍ဆန်းစစ်ကြည့် လျှင် အောက်ပါအချက်အလက်များကို တွေ့ရှိရ၏။ (၁) နျူ ကလိယပ်ခေါ် ဗဟိုဝတ်ဆံတွင် ပရိုတွန်နှင့် နျူထရွန်တို့ရှိကြ သည်။ (၂) အက်တမ်အမှတ်သည် ဗဟိုဝတ်ဆံတွင်ရှိသော ပရိုတွန်၏အရေအတွက်ဖြစ်သည်။ (၃) အက်တမ်အလေးဆ သည် ဗဟိုဝတ်ဆံတွင်ရှိသော ပရိုတွန်နှင့်နျူထရွန်အရေအတွက် နှစ်ရပ်ပေါင်းအလေးဆပင် ဖြစ်သည်။ (၄) ဗဟိုဝတ်ဆံတွင်ရှိ သော ပရိုတွန်အရေအတွက်နှင့် ဗဟိုဝတ်ဆံကို လှည့်လည်သွား နေသော အီလက်ထရွန်တို့၏ အရေအတွက်သည် ညီတူညီမျှရှိ ကြသည်။ သွန်မဆင်သည် နီယွန်ရောင်ခြည်တန်းကို သံလိုက်နယ် အတွင်း လွှတ်ကြည့်သောအခါတွင် ထိုရောင်ခြည်သည် တညီ တညွတ်တည်း ယိမ်းယိုင်မသွားသည်ကို တွေ့ရာမှ နီယွန်အက် တမ်များရှိ ဒြဗ်ထုသည် တစ်ခုနှင့်တစ်ခု မတူခြင်းကြောင့်သာ ဤကဲ့သို့ဖြစ်ရသည်ဟု ယူဆပြီးလျှင် အခြားဒြဗ်စင်များကို စမ်း သပ်ကြည့်ရာတွင် သူယူဆသည့်အတိုင်း အက်တမ်များရှိ ဒြဗ်ထု သည် မတူကြသည်ကို တွေ့ခဲ့လေသည်။ ထိုကဲ့သို့သော အက် တမ်မျိုးကို အိုင်ဆိုတုပ်ဟုခေါ်သည်။ ထိုအိုင်ဆိုတုပ်ဟူသော စကားလုံး၏အဓိပ္ပာယ်မှာ ဒြဗ် စင်တစ်ခုရှိ အက်တမ်အချို့သည် အခြားအက်တမ်များနှင့် ဓာတ် နှင့် ရုပ်ဂုဏ်သတ္တိများတွင် တူညီကြသော်လည်း အက်တမ်ဒြဗ် ထုရှိရာတွင်မူ မတူညီကြဟု ဆိုလိုသည်။ အက်တမ်ပုံစံများ ဘီစီ (၄၆၀) ဂရိ အတွေးခေါ် ပညာရှင် ဒီမိုခရိတပ် (Democritus) က အဆိုပြုခဲ့ဖူးပါသည်။ သင်သည် အရာဝတ္ထုတခုကို တဝက်တိတိ ခွဲစိတ်လိုက်ပါ။ ထို့နောက် ကျန်နေသော အပိုင်း၏ တဝက်ကို ထပ်မံ ခွဲစိတ်ပါ။ ထိုကဲ့သို ကြိမ်ဖန်များစွာ ခွဲစိတ်လိုက်ပြီးနောက် ထပ်မံ ခွဲစိတ်၍မရသော နောက်ဆုံး ကျန်နေသည့် အခြေခံအမှုန်ကို အက်တမ်ဟု ဒီမိုခရိတပ်က အဆိုပြုခဲ့သည်။ ဒီမိုခရိတက်၏ အက်တမ် ဖွင့်ဆိုချက်ကို အတွေးခေါ်ပညာရှင်ကြီး ပလေတို နှင့် သူ၏တပည့် အရစ္စတိုတယ် တို့က စိတ်ဝင်စားခြင်း မရှိခဲ့ကြပေ။ အကြောင်းမှာ လူတို့အတွက် အကျိုးမရှိဟု ယူဆခဲ့သောကြောင့် ဖြစ်သည်။ အတွေးခေါ်ပညာရှင်များနှင့် ပညာရှိ ကဝိအကျော်အမော်တို့ကလည်း အက်တမ်ကို လျစ်လျူ ရှုခဲ့ကြရာ နှစ်ပေါင်း (၂၀⁠၀၀) နှစ်ထောင်ကျော် ကြာခဲ့လေသည်။ ၁၈ ရာစု အစောပိုင်း ရောက်သောအခါ ဒြပ်ဝထ္ထုများ၏ ဖြစ်ပေါ် ဖွဲ့စည်းပုံကို ပြန်လည် စိတ်ဝင်စားလာ ကြသည်။ ပထမဦးဆုံး အင်္ဂလိပ် ဓာတုဗေဒ ပညာရှင် ဂျွန်ဒါတန် (John. Dalton )က ဓာတုဗေဒ စမ်းသပ်ရင်း အက်တမ်၏ အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့သည်။ ဒြပ်ဝထ္ထုများသည် အလွန်သေးငယ်သော အက်တမ်များဖြင့် ဖွဲစည်း တည်ရှိနေကြောင်း၊ ၎င်း အက်တမ်များသည် ဂုဏ်သတ္တိအားဖြင့် တူချင်လည်းတူမည်။ မတူဘဲလည်း ဖြစ်နိုင်သည်။ အက်တမ်များ အချိုးကျ ပါဝင်လျက်ရှိသည်ဟု အဆိုပြုခဲ့သည်။ သို့သော် အက်တမ် တခုစီ၏ ဖွဲ့စည်းပုံကိုတော့ မသိခဲ့ပေ။ သွန်မဆင်၏အက်တမ်ပုံစံ ၁၈၉၇တွင် အင်္ဂလိပ် ရှုပဗေဒ ပညာရှင် သွန်မဆင် (J.J. Thomson) က အက်တမ် အတွင်းရှိ (Electron) အီလက်ထရွန် ဟုခေါ်သော (ဓာတ်မ)ဆောင်သည့် အမှုန် ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ၎င်းတွေ့ရှိမှုကို အခြေခံ၍ ပထမဆုံး (Atomic Model) အက်တမ်ပုံစံ ကို ( ၁၉၀၄ ) တွင် အဆိုပြု တင်ပြနိုင်ခဲ့သည်။ သွန်မဆင်၏ Atomic Model သည် ဓာတ်ဖို ဆောင်သော စက်လုံးပုံ အက်တမ် (atom) ထဲတွင် ဓာတ်မဆောင်သော အီလက်ထရွန်များ ပါဝင်ပျံ့နှံ့နေသည်။ ဥပမာ--ကိတ်မုန့်ထဲတွင် ပါဝင်သော စပျစ်သီးခြောက် များကဲ့ သို့ ပျံ့နှံ လျက်ရှိသည်။ ရူသာဖို့ဒ်၏ အက်တမ်ပုံစံ ၁၉၀၉ ခုနှစ်တွင် နယူးဇီလန်နိုင်ငံသား ရှုပဗေဒပညာရှင် အန်းနက်ရူသာဖို့ဒ် (Ernest Rutherford ) က သတ္တုပြားတခုကို (Alpha Particle) အယ်ဖာ အမှုန်ဖြင့် ပစ်ပေါက် စမ်းသပ်ရာတွင် အယ်ဖာလမ်းကြောင်း သွေဖည်သွားကြောင်း တွေ့ရသည်။ အယ်ဖာ အမှုန်သည် ဓာတ်ဖိုဖြစ်၍ ၎င်းတို့ကို တွန်းကန် သွေဖည် စေနိုင်ခြင်းမှာ ဓာတ်ဖို အချင်းချင်းသာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ဓာတ်ဖိုများက အက်တမ်၏ အလည်ဗဟိုတွင် ဝတ်ဆံကဲ့သို့ တည်ရှိနေသောကြောင့် နယူကလိယ (nucleus) ဟု အဓိပ္ပာယ် သတ်မှတ်လိုက်သည်။ နယူကလီယ ကို ရှာဖွေတွေ့ရှိပြီးနောက် သွန်မဆမ်၏ မှားယွင်းသော အက်တမ်ပုံစံ (Atomic Model) ကို ပြင်ဆင်၍ အက်တမ် ပုံစံသစ်ကို အဆိုပြုတင်ပြခဲ့သည်။ အက်တမ်တခု၏ အလည်ဗဟိုတွင် ဓာတ်ဖိုဆောင်သော နယူကလိယ (nucleus) တည်ရှိပြီး ဓာတ်မ-အီလက်ထရွန်များက ဝန်းရံလျက်ရှိနိုင်သည်။ ထို့ပြင် အီလက်ထရွန်များက ဝန်းရံလျက် နယူကလိယကို လှည့်ပတ်နေကြသည်။ ဘိုးလ်၏ အက်တမ်ပုံစံ ရူသာဖို့ဒ် (Rutherford ) ၏ အက်တမ်ကို သိပ္ပံပညာရှင်များက လေ့လာ သုံးသပ်ကြည့်ရာတွင် မှားယွင်းနေကြောင်း တွေ့ရပြန်သည်။ အကြောင်းမှာ အီလထရွန်များက နယူကလိယကို လှည့်ပတ်ရာတွင် စက်ဝိုင်းပုံ လမ်းကြောင်းကဲ့သို့ ဖြစ်နိုင်ပေသည်။ သို့သော် လျှပ်စစ်သီအိုရီ အရ ဓာတ်ဖို-နယူကလိယက ဓာတ်မ-အီလထရွန်ကို ဆွဲငင်မည်ဖြစ်သောကြောင့် စက်ဝိုင်းပုံ လမ်းကြောင်းမှာ တသမှတ်တည်း မဟုတ်တော့ဘဲ ခရုပတ်ပုံ လမ်းကြောင်းဖြင့်သာ လှည့်ပတ်ပေတော့မည်။ နောက်ဆုံးတွင် နယူကလိယဆီသို့ ရောက်ရှိကာ ကွယ်ပျောက် ပျက်စီးသွားပေလိမ့်မည်။ ထိုအခါ အက်တမ်လည်း မရှိတော့၊ ဒြပ်ဝထ္ထုများလည်း ပျက်စီးသွားပေလိမ့်မည်။ ၁၉၁၃တွင် (Atomic Model) အက်တမ်ပုံစံ၏ မှားယွင်းမှု ပြဿနာများကို (Rutherford Atomic Model) အခြေခံ၍ ပြောင်းလဲ ပြင်ဆင် တင်ပြလိုက်သူမှာ ဒိန်းမတ်နိုင်ငံသား နီဘိုးလ် (Neils Bohr) ဖြစ်သည်။ သူ၏ အက်တမ်ပုံစံကို ယနေ့အထိ ယေဘုယျအားဖြင့် သုံးစွဲ နေကြဆဲ ဖြစ်သည်။ အက်တမ်၏ အလယ်ဗဟိုရှိ နယူကလိယကို အီလထရွန်များက လှည့်ပတ်ရာတွင် ခရုပတ်ပုံ လမ်းကြောင်း မဖြစ်နိုင်။ သတ်မှတ်ထားသော လမ်းကြောင်း အတိုင်းသာ ရှိနေရမည်။ စွမ်းအင်မြင့် ပတ်လမ်းမှ နိမ့်သော ပတ်လမ်းသို့ အီလက်ထွန်က ကူးပြောင်းသွာလျင် စွမ်အင် (Energy) ထုတ်လွတ်မည်။ ပြင်ပမှ လုံလောက်သော စွမ်းအင် ရရှိလျင်လည်း မူလပတ်လမ်းမှ စွမ်းအင် ပိုမြင့်သော ပတ်လမ်းသို့ ကူးပြောင်းနိုင်သည်။ သို့သော် ပတ်လမ်းတခုစီတွင် အီလထရွန် တလုံးသာ ရှိရမည် ဟု ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်လေသည်။ ဖွဲ့စည်းပုံ ၁၉၂ဝတွင် ရူသာဖို့ဒ်သည် အက်တမ် ၏ ဝတ်ဆံ(သို့) နယူကလိယ အတွင်းရှိ ဓာတ်ဖိုဆောင်သော ပရိုတွန် (proton) ကို တွေ့ရှိခဲ့ လေသည်။ သာမန်အားဖြင့် အက်တမ် တလုံးသည် လျှပ်စစ်ဓာတ် ပျက်ပြယ် နေရမည်။ ထို့ကြောင့် ဝန်ရံလျက်ရှိသော ဓာတ်မ-အီလက်ထရွန် နှင့် တူညီသည့် ဓာတ်ဖိုများ နယူကလိယ အတွင်းရှိနေရမည်။ ထိုကဲ့သို့ တူညီနိုင်ရန် အီလက်ထရွန် နှင့် ပရိုတွန် အရေအတွက် လည်း တူညီနေရမည်။ အီလက်ထရွန် နှင့် ပရိုတွန် တို့သည် ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ်များ တူညီကြသော်လည်း ဒြပ်ထုအားဖြင့် နှိုင်းယှဉ်သော် ပရိုတွန် တလုံးသည် အီလက်ထရွန် အလုံးပေါင်း (၁၈၄၀) နီးပါးခန့် ရှိသည်။ နယူကလိယ ထဲတွင် ဓာတ်ဖို-ပရိုတွန် များ ရှိနေသောကြောင့် ပရိုတွန် အားလုံးပေါင်း ၏ ဒြပ်ထုသည် နယူကလိယ၏ ဒြပ်ထုနှင့် တူညီနေရမည် ဟု ယူဆနိုင်သည်။ သို့သော် ရူသာဖို့ဒ်က လက်တွေ့ တိုင်းတာကြည့်ရာ နယူကလိယ၏ ဒြပ်ထုသည် ပရိုတွန် အားလုံးပေါင်း၏ ဒြပ်ထုထက် နှစ်ဆခန့် ကြီးလေး နေကြောင်း တွေ့ရပြန်သည်။ လျှပ်စစ် သီအိုရီအရ ကိုက်ညီသော်လည်း အမည်မသိသော အမှုန်များသည် နယူကလိယ အတွင်း ရှိနေကြောင်း သိလာရသည်။ ၎င်းအမှုန်များသည် ဓာတ်မ-ဓာတ်ဖို မရှိသောကြောင့် ဓာတ်မဲ့ပရိုတွန်(neutral proton) ဟု သတ်မှတ်ခဲ့ သည်။ လျှပ်စစ်ဓာတ် မရှိသောကြောင့် စမ်းသပ် ကြည့်ရှုရန် ခက်ခဲ နေသော ပုစ္ဆာတပုဒ် ဖြစ်ခဲ့ရလေသည် ဓာတ်မဲ့ ပရိုတွန် ကို သေချာတိကျစွာ မရှင်းပြနိုင်ခဲ့သော်လည်း နယူကလီယ အတွင်း ရှိနေကြောင်းကို ဟောကိန်းထုတ်နိုင်ခဲ့ သည်။ ၁၉၃၂ ရောက်သောအခါ အင်္ဂလိပ် ရူပဗေဒပညာရှင် ဂျိမ်းစ် ချက်ဝစ်(James Chadwick)သည် နယူကလိယ အတွင်းရှိ ဓာတ်မဲ့ပရိုတွန်ဟု ယူဆခဲ့သော အမှုန်ကို လက်တွေ့စမ်းသပ် တင်ပြနိုင်ခဲ့သည်။ ၎င်းကို နယူထရွန် (neutron) ဟု အမည်ပေးလိုက် သည်။ နယူထရွန် သည် လျှပ်စစ်ဓာတ် မရှိဘဲ ဒြပ်ထုအားဖြင့် ပရိုတွန် နှင့်တူညီ သည်ဟု ယျေဘုယအားဖြင့် သတ်မှတ်နိုင်သည်။ နယူကလိယ ထဲတွင် နယူထရွန် အရေ အတွက် ပိုများလေလေ အက်တမ်၏ အလေးချိန် ပိုလေး လေလေ ဖြစ်သည်။ အက်တမ် တခု၏ ဖွဲ့စည်းပုံကို (Classical Physics) ရှေးရိုးရူပဗေဒ နည်းအရ ဆိုသော် အခြေခံ အမှုန် သုံးမျိုးဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ အီလက်ထရွန်၊ ပရိုတွန်၊ နယူထရွန် တို့ဖြစ်သည်။ အက်တမ်တလုံး၏ အရွယ် အစား ကိုလည်း လွယ်ကူစွာ တင်ပြပါဦးမည်။ ထုထည် (၁)ကုဗစင်တီမီတာ ရှိသော (အံစာတုံးခန့်) ကုဗတုံး တခုကို ယူပါ။ ထို့နောက် ၎င်းကို တဝက်စီအကြိမ်ကြိမ် ခွဲစိပ်ပါ။ ထိုကဲ့သို့ ခွဲစိတ်ရာတွင် အစိတ် အပိုင်းပေါင်း (သို့မဟုတ်) အမှုန်ပေါင်း ကိုရေတွက်ကြည့်လျင် (စုစုပေါင်းအမှုန်) ကုဋေတစ်ထောင်၏ နှစ်ထပ်ကိန်း ရအောင် ခွဲစိတ်ရမည်။ ၎င်းခွဲစိတ်ပြီးသော အမှုန်များထဲမှ တခုသော အမှုန်ငယ် လေးသည် အက်တမ် (Atom) တစ်လုံး ဖြစ်သည်။ သိပ္ပံနည်းကျ သင်္ချာဆိုင်ရာ ပုံသေနည်းဖြင့် တိကျစွာ ဖော်ပြရလျှင် (N=ρNa/M)။ N=၁ကုဗစင်တီတွင် ရရှိမည့်အက်တမ်ပေါင်း၊ρ = ၁စင်တီ-ကုဗတုံး၏ သိပ်သည်းဆ M= အက်တမ်၏ နယူကလိယတန်ဖိုး (mass number) Na= အက်ဗိုဂါးဒိုကိန်းသေ တန်ဖိုး(Avogadro’s number)= (6.02x1023) ဖြစ်သည်။ ကိုးကား ဓာတုဗေဒ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%BA%E1%80%90%E1%80%99%E1%80%BA
ပုသိမ်မြို့
ပုသိမ်မြို့ ()သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ လူဦးရေ ၃၀ဝ၀ဝ၀ကျော် နေထိုင်ပြီး ရန်ကုန်မြို့၏ အနောက်ဘက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင် တည်ထားသော မြို့ဖြစ်ပြီး ပင်လယ်ဝမှ ၇၅မိုင် ကွာဝေးသော်လည်း ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံတွင် ကုန်းတွင်းအကျဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။ပုသိမ်မြို့သည် ရှေးမြို့ဟောင်းကြီး တစ်မြို့ဖြစ်ခဲ့လေသည် ဝေါဟာရရင်းမြစ် မွန်တို့၏ မဂဒူးမင်းဆက် ဘုရင်မကြီး ရှင်စောပု ပြီးနောက် နန်းတက်သည့် ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီမင်းကြီး သာသနာသက္ကရာဇ် ၂၀၂၃၊ ကောဇာသက္ကရာဇ် ၈၄၀၊ ခရစ်သက္ကရာဇ် (အေဒီ) ၁၄၇၉ ခုနှစ်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာ အရ ပုသိမ်အား "ကုသိမရဋ္ဌ" ဟုခေါ်တွင်ခဲ့သည် ဟုသိရသည်။ "ကုသိမရဋ္ဌ" ကို မွန်လို အတိုကျုံ့ "ကုသိမ်" ဟုခေါ်ကြရာမှ ကာလရှည်လျားသောအခါ ပုသိမ် အခေါ်သို့ ပြောင်းလဲလာခဲ့လေသည်။ အမည်များ ပုသိမ်မြို့သည် အလွန်ရှေးကျသော သင်္ဘောဆိပ်မြို့ကြီး ဖြစ်သည်။ ပုသိမ်မြို့သည် အမည်များစွာရှိခဲ့သည်။ အတိသဉ္ဇာနဂရ ကုသိမ၊ ကုသိမ်၊ ကော့သမိန်၊ ကော့စမင် (ကုသိန) ပသိမြို့၊ ဒုံးပသီ၊ ဝေပသီ (ဗမာ-ကရင်)၊ ဝိန့်ပသိန် (မွန်-ကရင်) နဂရဝေပုလ္လ ပုသိန်၊ ပုသိမ် တို့ဖြစ်သည်။ အထက်ပါအမည်များတွင် အတိသဉ္ဇာနဂရ ဟူသော အမည်မှာ ရှေးအကျဆုံးဖြစ်သည်ဟု ရှေးမှတ်တမ်းများတွင် တွေ့ရသည်။ သာသနာနှစ် ၂၁၈-ခု သီရိဓမ္မာသောကမင်း လက်ထက်ခန့်ကပင် ခေါ်ဝေါ်သောအမည် ဖြစ်သည်ဟု ဆိုသည်။ အဓိပ္ပာယ်မှာ ရှေးလွန်လေပြီးသောအခါ၌ ဘုရားရှင်အလောင်း သူတော်ကောင်းတို့ မွေ့လျော်ဖူး၏ ဟု ဆိုသည်။ ပုသိမ်၏ နောက်အမည်တစ်ခုမှာ ကုသိမ သို့မဟုတ် ကုသိမ်ဖြစ်သည်။ ကလျာဏီကျောက်စာ၌ ကုသိမ မဏ္ဍလဟု ပါရှိသည်။ ခရစ်နှစ် ၁၅၈၆-ခုနှစ်တွင် ပုသိမ်သို့ ရောက်ရှိခဲ့သော နိုင်ငံခြားသားတစ်ဦးဖြစ်သူ ရပ်(ဖ်)ဖိုက်(ချ်)၏ မှတ်တမ်း၌ ပုသိမ်ကို ကော့စမင်း (Cosmin) ဟု ခေါ်တွင်ခဲ့သည်ဟု သိရှိရသည်။ မွန်အခေါ်အဝေါ်အရ ကော့သမှိန်ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ (ကော့=ကျွန်း+သမှိန်=မင်းသား) မင်းသားကျွန်းဟု ဆိုသည်။ ကုသုမ ဟူသောအမည်ကို ဟံသာဝတီ ဓမ္မစေတီမင်း လက်ထက်အထိ ခေါ်တွင်နေဟန်ရှိသည်။ ထိုမင်း၏ ကလျာဏီကျောက်စာတွင် ကုသိမ ဟု အထင်အရှား ခေါ်ဝေါ်ထားသည်။ ထို့အပြင် ကောင်းမှုတော်ကျောက်စာ၊ ဘုံစံတုလွတ်ကျောင်း ကျောက်စာ စသည်တို့တွင်လည်း ကုသိမ် ဟု ရေးသားခဲ့ကြသည်။ ပုသိမ်မြို့ကို ပသီမြို့၊ ဒုံပသီ၊ ဝေပသီ ဟူ၍လည်း ခေါ်ဆိုကြသေးသည်။ မြန်မာနှစ် ၅၈၃-ခုနှစ်တွင် နန်းတက်သော ပသီမင်းကိုစွဲ၍ ဍိင်ပဆီ(ပသီ)မြို့ဟု ခေါ်တွင်ခြင်း ဖြစ်သည်ဟု ယူဆသူများလည်း ရှိသည်။ ဆရာကြီးဦးဖိုးကျား၏ ပုသိမ်ရာဇဝင် ၌လည်း ယခုခေတ်အထိ ဗမာ-ကရင်များက ဝေပသီ၊ မွန်-ကရင်များက ဝိန့်ပသိန်ဟု ခေါ်ဆိုနေဆဲပင် ဖြစ်ကြောင်း ဖော်ပြထားသည်။ ပသီမှ ပုသိမ်သို့ အသံရွေ့ရန် မခဲယဉ်းဟု ယူဆကြသည်။ ဥမ္မာဒန္တီ လက်ထက်တွင် ပုသိမ်ကို နဂရဝေပုလ္လ ဟု ခေါ်တွင်စေကြောင်းလည်း ပြဆိုထားသည်။ အဓိပ္ပာယ်မှာ နဂရ = မြို့ + ဝေပုလ္လ = စည်ပင်ပြန့်ပြောခြင်းဟု ဆိုသည်။ သမိုင်းကြောင်း ပုသိမ်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟံသာဝတီ မွန်နိုင်ငံ၏ ပိုင်နက်ဖြစ်ခဲ့ပြီး စတင်တည်ထောင်ခဲ့သည့် ခုနှစ်နှင့် ပတ်သက်၍ သမိုင်းအထောက်အထား မတွေ့ရပေ။ ပုသိမ်မြို့သည်အလွန်ရှေးကျသော သင်္ဘောဆိပ်မြို့ဖြစ်ပြီး မဇ္ဈိမဒေသနှင့် သီဟိုဠ်ကျွန်းတို့ ကူးသန်းရောင်းဝယ်ရာတွင် ကြားခံမြို့တစ်မြို့ဖြစ်သည်။ ရှေးကျသောမြို့ဖြစ်သည့်အားလျော်စွာ အမည်အများအပြား မှည့်ခေါ်ခြင်း ခံခဲ့ရသည်။ အသောကမင်း လက်ထက် သာသနာသက္ကရာဇ် ၂၁၈ခုနှစ်ဝန်းကျင်တွင် အတိသဉ္စာနဂရ ဟုခေါ်တွင်ခဲ့သည်။ ပုဂံခေတ် မင်းယဉ်နရသိင်္ခလက်ထက်တွင် ရန်ဖက်ဖြစ်သော အိန္ဒိယမှ ပဋိက္ခရားမင်းနှင့် စစ်ဖြစ်ရာ ထိုမင်း၏စစ်ဦးကျသော ကုသိမရဋ္ဌဒေသကို ခံတပ်မြို့တည်စေလျက် ဗေဒင်ကျမ်းများအရ အမည်ပြောင်းစေသည်။ ကုသမ သည်ကုသိမ် ဖြစ်လျှင် လောကဓာတ်အရ 'က'နှင့် 'သ' တို့ရန်ဂြိုဟ်ကျ သဖြင့် မိတ်ဖက်ဖြစ်သော 'ပ'နှင့်'သ' ကိုပြောင်းကာ ပုသိမ်ဟုအမည်ပြောင်းစေသည်။ ပုသိမ်အား မြို့ပြအဖြစ် ပြန်လည်တည်ထောင်သူမှာ ဟံသာဝတီပြည်ကို တည်ထောင်သူ ဝိမလမင်း၏ သားတော်ခြောက်ပါးဖြစ်ပြီး ကောဇာသက္ကရာဇ် (မြန်မာသက္ကရာဇ်) ၅၃၆ခုနှစ်တွင် စတင်စိုးစံသည် ဟုလည်း ဆိုသည်။ ပုဂံဘုရင် မင်းယဉ်နရသိင်္ခမှ ဘုရင်ခံအဖြစ် အုပ်ချုပ်စေသူမှာ ညီနောက်ခြောက်ဦးအနက် အကြီးဆုံးသူ ဝါသုဒတ္တဖြစ်သည်။ ထို့နောက် ပသီကုလားမင်းများဝင်ရောက်လာကာ စိုးစံသောကြောင့် ပသီမြို့ဟုခေါ်တွင်ပြန်သည်။ တဖန် ပသီကုလားမင်းတို့ကို ဂုဏ္ဏာသာရနှင့် ဂုဏ္ဏာသာရီ အမည်ရှိ မွန်ညီနောင်က လုပ်ကြံပြီး ဆက်လက်အုပ်ချုပ်ကြသည်။ အစောဆုံး ခိုင်မာသည့် သမိုင်း အထောက်အထားမှာ ခရစ်နှစ် ၁၅၈၆-၁၅၈၈အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အင်္ဂလိပ်လူမျိုး ခရီးသွား Ralph Fitch ၏ မှတ်တမ်း ဖြစ်ပြီး ၎င်းက Cosmin မြို့ဟု မှတ်သားခဲ့သည်။ ထိုစဉ်က မွန်အမည် "ကောသမိန်" (ကော=ကျွန်း၊ သမိန်=မင်းသား) အားအင်္ဂလိပ် အသံထွက်ဖြင့် မှတ်သားသွားခြင်း ဖြစ်နိုင်သည် ဟုခန့်မှန်း ကြသည်။ မြန်မာတို့က ကောသမိန်မြို့အား "မင်းသားကျွန်း" ဟုခေါ်ကြသည်။ ပုသိမ် ဟူသောဝေါဟာရ၏ အစမှာ အာရပ်၊ အိန္ဒိယ ကုန်သည်များမှ အစပြုခဲ့ခြင်း ဟုလည်းဆိုသည်။ အာရပ်/ပါရှန်း ကုန်သည်များ များပြားရာ မြို့ဖြစ်သောကြောင့် မြန်မာဘာသာဖြင့် "ပသိ" (မြန်မာပြည်ရောက်ပသီကုလားလူမျိုးတို့၏မြို့) ဟု ခေါ်တွင်ရာမှ ကာလကြာသော် ပုသိမ်ဟူ၍ ဖြစ်လာခဲ့သည်ဟုဆိုသည်။ သို့သော် ဗြိတိသျှဘာသာဗေဒပညာရှင် ပါမောက္ခ Harry Leonard Shorto ၁၉၆၂ ခုနှစ်တွင်ရေးသားသော အောက်စ်ဖိုဒ် တက္ကသိုလ်ထုတ် သုတေသနစာတမ်းအရ ပုသိမ် ဟူသောဝေါဟာရမှာ မွန် ဝေါဟာရ "ဖာသီ ([pha sɛm])" က ဆင်းသက်ပြီး ပုသိမ် ပြောင်းလဲလာကြောင်း ဆိုသည်။ အင်းဝ၌ မင်းကြီးစွာစော်ကဲ၊ ဟံသာ၀တီပဲခူး၌ ရာဇာဓိရာဇ်တို့ စိုးစံသည့်ခေတ်မှစ၍ အလောင်းဘုရားလက်ထက်တိုင်အောင် နှစ်ပေါင်းရာပေါင်းများစွာ ပုသိမ်နယ်တစ်ဝိုက်သည် မွန်နှင့်မြန်မာတို့ အားပြိုင်ကြရာ ဒေသဖြစ်ခဲ့သည်။ ဗြိတိသျှတို့သည် အိန္ဒိယ၌ ခြေကုပ်ရပြီးသောအခါ၊ မြန်မာနိုင်ငံ၌လည်း ခြေကုပ်ရရန် ကြိုးစားကြသည်။ ခရစ်နှစ် ၁၆၈၇ တွင် ဗြိတိသျှတို့သည် ဟိုင်းကြီးကျွန်းတွင် အခြေခံစခန်းပြုပြီးနောက် ပုသိမ်မြို့တွင်လည်း အရှေ့အိန္ဒိယကုမ္ပဏီ ဌာနခွဲတစ်ခုဖွင့်သည်။ ပုသိမ်သို့ အင်္ဂလိပ်များ ပထမဆုံးရောက်ရှိချိန်မှာ အလောင်းမင်းတရား လက်ထက်တွင် ဖြစ်သည်။ မွန်-မြန်မာစစ်ပွဲတွင် မြန်မာတို့အား ကူညီခဲ့သောကြောင့် ပုသိမ်မြို့ပေါ်တွင် မြေကွက်တစ်ကွက် ရရှိခဲ့သော်လည်း နောက်တွင် မွန်သူပုန်များအား ကူညီသည်ဟုဆိုကာ အခွင့်အရေးများ ပြန်လည်ရုပ်သိမ်း ခံခဲ့ရသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်တွင် အင်္ဂလိပ်တို့ ပုသိမ်မြို့ကိုသိမ်းပိုက်ထားခဲ့ပြီး၊ ၁၈၂၆တွင် ပုသိမ်ခံတပ်မြို့ကို တည်ဆောက်ခဲ့သည်။ ထို့နောက် ရန္တပိုစာချုပ်အရ မြန်မာတို့အား ပြန်လည်ပေးအပ်ခဲ့ကာ၊ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် ဗြိတိသျှ အင်ပါယာ လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သည်။ ပုသိမ်မြို့အားလည်း အင်္ဂလိပ်လေသံဖြင့် Bassein ဟုခေါ်တွင်စေသည်။ ယခုအခါတွင်ပုသိမ်မြို့သည် အောက်မြန်မာပြည်အတွက် အရေးပါသော ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာခဲ့သည်။ လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာများ ပုသိမ်မြို့သည် ယခင်က မွန်တို့ ပိုင်နက် ဖြစ်သော်လည်း လက်ရှိတွင် မွန်လူမျိုး အနည်းငယ်သာ နေထိုင်ကြပြီး ဗမာလူမျိုးမှာ အများစုဖြစ်သည်။ ထို့အပြင် ရခိုင်လူမျိုးနှင့် ကရင်လူမျိုး အများအပြားလည်း နေထိုင်ကြသည့်အပြင် အိန္ဒိယ၊ တရုတ်အနွယ်များ လူနည်းစု အဖြစ်နေထိုင် ကြသည်။ ပုသိမ်မြို့၏ လူဦးရေ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကရင်လူမျိုး ကက်သလစ်နှင့် နှစ်ခြင်းခရစ်ယာန်များ အများအပြား ရှိသည်။ ထို့အပြင် ဟိန္ဒူ နှင့် မူဆလင်များလည်း အနည်းငယ်စီ ရှိကြသည်။ မြို့တည်နေပုံ ပုသိမ်မြို့သည် ၁၂ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။ မြောက်လတ္တီကျု ၁၆ဒီဂရီ ၄၆မိနစ်နှင့် အရှေ့လောင်ဂျီကျူ ၉၄ဒီဂရီ ၄၃မိနစ်တို့ ကြားတွင် တည်ရှိသည်။ မြို့သည် ပုသိမ်မြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း နှစ်ခုလုံးပေါ်၌ တည်ရှိပြီး၊ မြစ်၏ အရှေ့ဘက်ကမ်းတွင် အစိုးရရုံးကြီးများနှင့် ဈေးကြီးများ ရှိသည်။ ပုသိမ်မြို့ရှိ ထင်ရှားသည့် ရပ်ကွက်များမှာ အသည်ကြီး၊ တလိုင်းချောင်း၊ ယိုးဒယားကုန်း၊ မရမ်းချိုကုန်း၊ အတီးစု စသည်တို့ ဖြစ်သည်။ မြို့၏ လမ်းမကြီးများသည် မြစ်ကမ်းနားနှင့် ယှဉ်ပြိုင်လျက် ရှိသည်။ ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီး ဖြစ်သည့်အားလျော်စွာ ပုသိမ်မြို့သည် ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်သည်။ ထို့ကြောင့် ဆန်စက်နှင့် ဆန်သိုလှောင်ရာ ဂိုထောင်များ ပေါများလှသည်။ ကြိတ်ခွဲပြီး ဆန်များကို ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ရန်ကုန်မြို့နှင့်အခြားမြန်မာပြည် အနှံ့အပြားသို့ တင်ပို့သည်။ ပုသိမ်ဆိပ်ကမ်းသည် ဧရာဝတီတိုင်းဒေသကြီးအတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူတင်ပို့ရာတွင် အရေးပါသော ဆိပ်ကမ်းလည်း ဖြစ်သည်။ ထို့အပြင် ပုသိမ်မြို့သည် အစိုးရပိုင်မှန်စက်ရုံရှိရာမြို့ဖြစ်ပြီး ပြည်တွင်းသုံးမှန်နှင့် ဖန်ထည်အမျိုးမျိုးကိုပါ ထုတ်လုပ်ဖြန့်ဖြူးသည်။ အသေးစားလုပ်ငန်းများ အနေဖြင့် ပုသိမ်ထီးလုပ်ငန်းများ၊ ငါးပိငါးခြောက်ငံပြာရည် လုပ်ငန်းများအပြင် နာမည်ကျော် ပုသိမ်ဟာလဝါလုပ်ငန်းများ ဖွံ့ဖြိုးသည်။ ပို့ဆောင်ဆက်သွယ်ရေး မြစ်၊ ချောင်း၊ အင်းအိုင် ပေါများရာ မြစ်ဝကျွန်းပေါ် ဒေသဖြစ်ခြင်းကြောင့် ရေကြောင်းခရီးမှာ များစွာအရေးပါလှသည်။ ရေကြောင်းခရီးအား အဓိက အားကိုးရခြင်း ကြောင့်လည်း မြေပြန့်ဒေသများ နှင့် နှိုင်းယှဉ်လျှင် လမ်းပန်းဆက်သွယ်ရေး အနည်းငယ် နောက်ကျနေခဲ့သည် ဟုဆိုနိုင်သည်။ ယခင်က ဧရာဝတီတိုင်းဒေသကြီးရှိ အခြားမြို့ရွာများနှင့် ဆက်သွယ်ရန် ရထားလမ်း၊ ကားလမ်း အချို့ ရှိခဲ့သော်လည်း ရန်ကုန်သို့ တစ်ညအိပ် ရေလမ်းခရီးဖြင့်သာ သွားလာနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော ၁၅နှစ်အတွင်း လမ်း၊ တံတားအချို့ ဖောက်လုပ် ပြီးစီးခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ခရီးသွားလုပ်ငန်းများ အနည်းငယ် ဦးမော့လာခဲ့သည်။ ယခုအခါတွင် ရန်ကုန်မြို့ သို့ပြေးဆွဲသော မော်တော်ယာဉ် လိုင်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပြီး ခရီးသွားလာချိန်မှာ ၄နာရီခန့်သာ ကြာမြင့်သည်။ လေကြောင်းခရီးအတွက် ပုသိမ်လေဆိပ် ရှိပြီး ပြေးလမ်း ၄၄၀ဝပေရှည် ကွန်ကရစ်ခင်း အမျိုးအစား ဖြစ်သည်။ မြန်မာ့လေကြောင်းမှ ရန်ကုန်-ပုသိမ်-သံတွဲ ခရီးစဉ် နှင့် ပုဂံလေကြောင်းမှ ရန်ကုန်-ပုသိမ်ခရီးစဉ်များ ပြေးဆွဲ ပေးနေသည်။ ထို့အပြင် ရေလမ်းခရီးမှာလည်း လူသုံးများဆဲ ဖြစ်သည်။ မြို့တွင်း ခရီးသွားလာရန် အတွက် မော်တော်ယာဉ်လိုင်း အချို့ရှိပြီး စင်းလုံးငှား မော်တော်ယာဉ်များပါ ရှိသည်။ ယခင်က မြို့တွင်း သွားလာရေး အတွက် သုံးဘီးကား များကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် လေးဘီးကား၊ ဒိုင်နာ၊ ဟိုင်းလပ် စသည်တို့ဖြင့် အစားထိုးခဲ့သည်။၂၀၁၈ တွင် အိုးဝေ Taxi ဟုခေါ်‌သော သုံးဘီးဆိုင်ကယ်များ လွန်စွာ တွင်ကျယ်လာခဲ့ပြီဖြစ်သည်။ ကျန်းမာရေး နှင့် အားကစား ပုသိမ် အားကစားကွင်းသည် ပုသိမ်မြို့ထဲတွင် တည်ရှိသည်။ ပုသိမ်အားကစားကွင်းသည် ဘက်စုံသုံး အားကစားကွင်းတစ်ခု ဖြစ်သည်။ ဘောလုံးပွဲများကို အများဆုံးကျင်းပလျက်ရှိပြီး ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုသည်။ တက္ကသိုလ်နှင့်ကောလိပ်များ ပုသိမ်တက္ကသိုလ် ပုသိမ်ပညာရေးကောလိပ် နည်းပညာတက္ကသိုလ်(ပုသိမ်) ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) မြို့တွင်းစိတ်ဝင်စားဖွယ်ရာနေရာများ ရွှေမုဋ္ဌောဘုရား ရွှေမုဋ္ဌောဘုရားကို သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ် တပေါင်းလပြည့်နေ့ လငပုပ်ဖမ်းသောအခါတွင် သီရိဓမ္မာသောကမင်း တည်သည်ဟု ဆိုသည်။ သီရိဓမ္မာသောကမင်းလက်ထက် တည်စက ရွှေအာဏာစေတီဟုတွင်၍ ၄၅၇ ခုနှစ်တွင်အလောင်းစည်သူမင်းကြီး ပြန်လည် ပြုပြင်ပြီးသောအခါ ထူပါရုံစေတီဟု သမုတ်သည်။ ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ပြီး သောအခါမှ ရွှေမုဋ္ဌောဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။ ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးဆုံးသွား၍ ပုသိမ်မြို့သည် ဗြိတိသျှတို့လက် ရောက်ရှိသွားပြီးနောက် ဗြိတိသျှအစိုးရ ခန့်အပ်သည့် စစ်ကဲတော်မင်းများသည်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် မြို့မိမြို့ဖတို့သည်လည်းကောင်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကိုးကွယ်ခဲ့သည်။ ယခုတည်ရှိသည့်အတိုင်းဖြစ်သော မြေမှခရားသီးအဆုံးထိ ၇၇ တောင်၊ ထီးရပ် ၂၃ တောင်၊ နှစ်ရပ်ပေါင်း အတောင်တစ်ရာ၊ လုံးပတ်တော် ၂ဝ၇ တောင်နှင့် ဖိနပ်တော် ၂၇၂ တောင် အသီးအသီးရှိသော ဉာဏ်တော်၊ လုံးဝန်းပမာဏတော်တို့ကို ဆောင်စေလျက် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငွေထီးတော်အပြင် ရတနာ အပေါင်းဖြင့် စီခြယ်အပ်သော ရွှေသားငှက်မြတ်နားတို့ဖြင့် ခမ်းနားထည်ဝါ ကြည်ညိုဖွယ်ရာ တိုးမြှင့် တည်ထားနိုင်ခဲ့လေသည်။ လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီ လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီသည် ပုသိမ်မြို့ ရေကြည်ဦး အရပ်တွင် တည်ရှိပြီး အလောင်းစည်သူမင်းကြီး တိုင်းခန်း လှည့်လည်ရာတွင် ဖောင်တော်ဆိုက်ရာ အရပ်၌ စေတီတည်ခဲ့ခြင်းကြောင့် ဖောင်တော်ဦးစေတီဟု အမည်တွင်ခြင်း ဖြစ်သည်။ ရေကြည်ကန်နှင့် ရေနောက်ကန် ရှိခြင်းကို အစွဲပြု၍ ရေကြည်ရေနောက်ဘုရား ဟုလည်း ခေါ်သည်။ ကန်သာယာပန်းဥယျာဉ် ပုသိမ်တက္ကသိုလ်အနီး ကန်သုံးဆင့် ရေကန်နံဘေးတွင် တည်ဆောက်ထားသော အပန်းဖြေရန်ပန်းဥယျာဉ် ဖြစ်ပြီး ကစားကွင်းများ၊ စားသောက်ဆိုင်များ ပါဝင်သော နေရာတစ်ခုဖြစ်သည်။ ပုသိမ်ယဉ်ကျေးမှုပြတိုက် ပုသိမ်မြို့ ယဉ်ကျေးမှုပြတိုက်သည်ဧရာဝတီတိုင်းဒေသကြီးကိုကိုယ်စားပြုသည့်ပြတိုက်ကြီးတစ်ခုဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များစွာကိုခင်းကျင်းပြသထားသည်။ ရွှေမြင်တင်စေတီတော် (ပုသိမ်မြို့) ရွှေမြင်တင်စေတီတော်(ပုသိမ်မြို့) သည် ပုသိမ်မြို့မြောက်ဘက် ငဝံမြစ်၏အရှေ့ဘက်ကမ်း၊ ဒါးကမြစ် လက်ယာဘက်ကမ်း တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ မြို့ဝန်းကျင်စိတ်ဝင်စားဖွယ်ရာနေရာများ မော်တင်စွန်းဘုရား နှင့် ကမ်းခြေ ငဝန်မြစ်ကြောင်းအတိုင်း သင်္ဘောနှင့် စုန်ဆင်းသွားပါက ကပ္ပလီပင်လယ်ဝရှိ မော်တင်စွန်းအငူသို့ ရောက်ရှိနိုင်သည်။ နှစ်စဉ် ရေကျချိန် ဖြစ်သည့် တပို့တွဲလ (ဖေဖော်ဝါရီ၊မတ်) ရောက်တိုင်း မော်တင်စွန်းဘုရားပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိသည်။ ကမ်းခြေတစ်လျှောက်တွင် ယာယီတဲများ ထိုးကာ ပင်လယ်ထွက် ပစ္စည်းများပါ ရောင်းချကြသည်။ ချောင်းသာကမ်းခြေ ချောင်းသာကမ်းခြေသည် ပုသိမ်မြို့ မှ၄၀ကီလိုမီတာ သာကွာဝေး သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်ပြီး ၁၉၉၀ခုနှစ်များတွင် စတင် လူသိများလာခဲ့သည်။ ဈေးနှုန်းနှင့် အတန်းအစား အမျိုးမျိုးသော ဟိုတယ်နှင့် တည်းခိုခန်းများ၊ ပင်လယ်စာ စားသောက်ဆိုင်များရှိသည်။ ငွေဆောင်ကမ်းခြေ ငွေဆောင်ကမ်းခြေသည် ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀ဝ၀ပြည့်နှစ်တွင် စတင်ဖွင့်လှစ်သော ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင့် စံချိန်မီဟိုတယ်ကြီးများရှိရာနေရာ ဖြစ်သည်။ ရည်ညွှန်းကိုးကား မြန်မာနိုင်ငံရှိ မြို့များ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မြောင်းမြမြို့
မြောင်းမြမြို့ သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် တည်ရှိသည်။ မွန်ဘုရင်ရာဇာဓိရာဇ်၏ အရေးတော်ပုံများတွင် ဖော်ပြပါရှိသော မြောင်းမြမြို့မှာ ရာမညတိုင်း မွန် ၃ ရပ်တွင် ပါဝင်သည့် ပုသိမ် ၃၂ မြို့တွင် အဝင်အပါဖြစ်၍၊ ထိုစဉ်က ကျိုက်ဇလဲထော်မြို့ဟု တွင်ခဲ့သည်။ ယခု မြောင်းမြမြို့သစ် တည်ရှိသော ဆိပ်ကြီးခေါ်ဒေသသည် ကျိုက်အမါန်မြို့ဟု ခေါ်တွင်ကြောင်း ရှေးစာဟောင်းများတွင် တွေ့ရသည်။ ထိုမြောင်းမြမြို့ဟောင်းသည်ကား ယခုမြောင်းမြမြို့သစ်နှင့် ၇ မိုင်ကွာ အနောက်တောင်ထောင့် အရပ် ရွှေဘုံသာ တောင်ခြေတွင် ကရင်အမျိုးသားများ နေထိုင်သည့် မြို့ဟောင်းခေါ် ရွာတန်းရှည်ကြီးအဖြစ် တည်ရှိလေသည်။ ဟံသာဝတီပြည့်ရှင် ဗညားဦး၏ ညီတော်လောက်ဖျား မင်းသားတည်ထောင်ခဲ့၍၊ ထိုမြောင်းမြစားလောက်ဖျားသည် ဗညားဦး၏ အရိုက်အရာကို ဆက်ခံသော မွန်ဘုရင် ရာဇာဓိရာဇ်ကို တော်လှန်ပုန်ကန်ခဲ့သည်ကို အကြောင်းပြု၍ မြောင်းမြမြို့သည် ရာဇဝင် သမိုင်းတို့တွင် ထင်ရှားလာခြင်း ဖြစ်ပေသည်။ မြောင်းမြဟူ၍ ခေါ်တွင်သည်မှာ ချောင်းမြောင်း မြစ်များနှင့်တကွ စိမ်းလန်းသော တောတောင်တို့နှင့် သာယာသည်ကို အစွဲပြု၍ ခေါ်သည်ဟုလည်းကောင်း၊ (ရှေး လူကြီးများ ပါးစပ် ရာဇဝင်အရ) လောက်ဖျားမင်း မြို့တည်စက ကျုံးမြောင်းများ တူးဖော်ရာတွင် ထိုကျုံးမြောင်းထည်းမှ မြသပိတ်ကြီးတစ်လုံးရသဖြင့် မြောင်းထည်းမှ မြသပိတ်ရည်ကို အကြောင်းပြု၍ ခေါ်သည်ဟု လည်းကောင်း ဆိုလေသည်။ သို့သော် မွန်ဘာသာရေး ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း တွင် မြောင်းမြမြို့မှာ မံင်မလ(မောင်မလဲ့) ဟု ဖော်ပြပါရှိရာ၊ ထိုစကားမှ ဆင်းသက်လာသည်ဟု ယူဆဖွယ် ဖြစ်သည်။ မံင်မလ ဟူသော စကားတွင် မံင် Ó နေသည်(နေရာ) × မလ Ó မြတ်ရာပင်ဖြစ်ရာ၊ မြတ်ရာကုန်းဟု ယူသော် ရတန်ရာသည်။ မူလမြောင်းမြမြို့ဟောင်း၌ သစ်သားပန်းပုတို့ဖြင့် ခြယ်လှယ်ထားသော ဘုန်းကြီးကျောင်းများ၊ ဇရပ်များတည်ရှိ၍ အလွန်လှပတင့်တယ်သည်ဟု အဆိုရှိ၏။ ခရစ် သက္ကရာဇ် ၁၈၆၁ ခုနှစ်တွင် ထိုမြောင်းမြမြို့ဟောင်းသည် မီးအကြီး အကျယ်လောင်လေရာ၊ မြို့ပျက်ပမာတမျှ ဖြစ်သွားခဲ့သည်။ ထိုနောက် ယခုမြောင်းမြမြို့ဟု တွင်သော ဆိပ်ကြီးအရပ်တွင် မြို့သစ် တည်ထောင်သည်။ ဤသို့ တည်ထောင်ရာမှ ရုံး၊ ဂတ်၊ ဈေး စသည်တို့ တည်ဆောက်လာခဲ့သည်။ မြောင်းမြခရိုင်ဟူ၍ ၁၈၉၃ ခုနှစ်ခန့်မှ စတင်၍ တည်ရှိခဲ့ရာ၊ မြောင်းမြမြို့မှာ ထိုအချိန်မှစ၍ ခရိုင်ရုံးစိုက်မြို့ဖြစ်ခဲ့ပြီးလျှင် ထိုစဉ်အခါက အငယ်ဆုံးသော ခရိုင်ရုံးစိုက်မြို့တစ်မြို့ ဖြစ်ခဲ့ပေသည်။ မြောင်းမြမြို့သည် ဧရာဝတီမြစ်၏ မြစ်ခွဲတစ်ခုဖြစ်သော မြောင်းမြမြစ်( ဆိပ်ကြီးမြစ်)၏ လက်ျာဘက် ကမ်းပေါ်တွင် ရှိ၏။ ထိုမြစ်သည် ခရိုင်နယ်၏ အနောက်ဘက် နယ်နိမိတ်အနီးကို ဖြတ်သန်းစီးသွားသည်။ မြို့၏ အချို့နေရာများမှာ မြေနိမ့်ပိုင်း၌ တည်ရှိသော်လည်း များသောအားဖြင့် လူနေရပ်ကွက်များမှာ ကုန်းမြင့်တို့တွင် သာယာစွာတည်ရှိလေသည်။ မြို့၏ အကျယ်အဝန်းမှာ ၁.၂ဝ၃ စတုရန်းမိုင်ခန့်ရှိသည်။ ဒုတိယ ကမ္ဘာစစ်ပြီးသည့် အချိန်မှစ၍ လူနေရပ်ကွက်နှင့် အိုးအိမ်များ တိုးချဲ့ဆောက်လုပ်လာခဲ့ရာ၊ ယခုအခါ ယခင်ကထက်များစွာ စည်ကားလျက်ရှိသည်။ မြောင်းမြမြို့ကို တောင်ပိုင်း (ရှမ်းကုန်းပိုင်း) အလယ်ပိုင်း၊ မြောက်ပိုင်းစသည်ဖြင့် ပိုင်းခြားခေါ်ဝေါ်ခဲ့ရာမှ ယခုအခါ စံပြ ကွက်သစ်၊ ကံလှကွက်သစ်၊ အောင်ဆန်းကွက်သစ်၊ ဘုရားချောင်းကွက်သစ်၊ မဟာစည်ကွက်သစ် စသော ကွက်သစ်အများအပြားတိုးချဲ့ ပေါ်ပေါက်လာသည်။ ၁၉၆၃ ခုနှစ်ခန့်မှန်းခြေအရ မြောင်းမြမြို့၏ လူဦးရေမှာ ၂၉ယ ၂၃၇ ယောက်ဖြစ်သည်။ ဗုဒ္ဓအယူဝါဒီ ဗမာလူမျိုး များသည်။ မြောင်းမြ မျူနီစီပယ်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင်မှ စတင်ဖွဲ့စည်းသည်။ အစိုးရ စိုက်ပျိုးရေးဌာနမှ စံပြဥယျာဉ် တစ်ခုလည်း မြောင်းမြမြို့၌ ရှိသည်။ ဆန်စပါး အကြီးအကျယ် ထွက်သော အရပ်ဒေသဖြစ်သောကြောင့်လည်း မြို့ဆင်ခြေဖုံးနှင့် အနီးအနားတို့တွင်ဆန်စက်များ ရှိလေသည်။ မြောင်းမြမြို့သည် ခရိုင် ရုံးစိုက်ရာ မြို့ကြီးဖြစ်သည့် အားလျော်စွာ အစိုးရ အဆောက်အအုံများဖြင့် သိုက်မြိုက် စွာရှိသည်။ ခရိုင်ဝန်းရုံး၊ ခရိုင်တရားမနှင့် စက်ရှင်တရား သူကြီးရုံး၊ ငွေတိုက်၊ ခရိုင်ရဲဝန်ရုံး၊ မြေစာရင်းဌာန စသည့်အုပ်ချုပ်ရေးဌာနဆိုင်ရာရုံးများ၊ စစ်တပ် အဆောက်အအုံများ၊ မျူနီစီပယ်ရုံး၊ ဗဟို အကျဉ်းထောင်ကြီး၊ ရဲဌာနာ၊ ရဲအိမ်ခြေစု၊ အစိုးရ အရာရှိများ၏ နေအိမ် စသည်တို့ သည် လူနေရပ်ကွက်နှင့် သီးသန့် တည်ရှိသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်နောက်တွင် ပညာရေး အဆောက် အအုံများလည်း တိုးကတ်များပြားလာသည်။ ယခုအခါ မြောင်းမြမြို့တွင် အစိုးရတန်းမြင့်ကျောင်း ၁၁ကျောင်း အထိရှိလာ၍၊ စိုက်ပျိုးရေး အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိသေးသည်။ မြောင်းမြမြို့ရှိ ထင်ရှားသော စေတီပုထိုးများမှာ မြို့ဦးထိပ်ရှိ စကြာနန္ဒစေတီ၊ တာဝတိံသာ ဘုရား၊ ရွှေသာလျောင်း ဘုရား၊ မဟီယဂ‡နဘုရားနှင့် ဗောဓိအောင်မြေဘုရားတို့ ဖြစ်သည်။ စကြာနန္ဒစေတီကို သက္ကရာဇ် ၆၂၅ ခုနှစ်တွင် ပုသိမ် ရာဇဝင်လာ သမုဒ္ဒ ဃောသမင်းကြီးနှင့် ဥမ္မာဒန္တီ မိဖုရားကြီးတို့ တည်ခဲ့သည်။ ရှေးက ကျိုက်ခမီစေတီခေါ်သည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီအထိ စကြာနန္ဒ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလတွင် ဇာတ်၊ ရုပ်သေးပွဲလမ်းသဘင်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့လေသည်။ မြောင်းမြမြို့ဟောင်းအနီးတွင် လောက်ဖျားမင်းတည်ခဲ့သော စေတီကို ပြန်လည် တည်ထားသည့် ရွှေဘုံသာစေတီ၊ ဥက္ကဋ္ဌစေတီနှင့် မြစိမ်းရောင် စေတီတို့လည်း ရှိသေးသည်။ ထို့အပြင် မြို့ပေါ်တွင် မင်းကျောင်းကြီးကျောင်း၊ တာဝတိံသာ ကျောင်း၊ အလယ်တောရ ကျောင်း၊ ခါတော်မှီကျောင်း၊ ဝေဠုဝန်ကျောင်း၊ သုဇိတာရုံကျောင်း စသည်တို့အပြင်၊ ပဇ္ဇောတာရုံ စာသင်တိုက်၊ ဇေယျမေဒနီ စာသင်တိုက် စသည်တို့နှင့်တကွ ဝေဠုဝတီ ကျောင်းတိုက် စသည့် ဝိပဿနာကမ္မဋ္ဌာန်း ကျောင်းတိုက် များလည်းရှိသည်။ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုး များသည့် အလျောက် ဗုဒ္ဓအယူဝါဒီတို့၏ အစဉ်အလာပွဲတော်များကို ရိုးရာမပျက် ကျင်းပလေ့ ရှိသည်။ အထူးသဖြင့် နှစ်စဉ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် မြို့လုံးကျွတ် သံဃဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို စည်ကား သိုက်မြိုက်စွာကျင်းပလာခဲ့ရာ၊ သက္ကရာဇ် ၁၃၂၆ ခုနှစ်တွင် အကြိမ် ၃ဝ မျှ ရှိခဲ့ပြီဖြစ်၏။ မြောင်းမြမြို့သည် ဝါးခယ်မ၊ အိမ်မဲ၊ စသည့် ခရိုင်တွင်းရှိ မြို့များနှင့်လည်းကောင်း၊ ပုသိမ်၊ မအူပင်၊ ရန်ကုန် စသော ခရိုင်ပမြို့များနှင့်လည်းကောင်း ရေလမ်း/ကုန်းလမ်းအဆက်အသွယ်ရှိသည်။ ခရိုင်တွင်းရှိ မြို့များနှင့် သော်ကား နေ့ချင်းပေါက် သင်္ဘောလမ်း/ကားလမ်း အဆက် အသွယ်ရှိသည်။ အရောင်းအဝယ် သင့်တင့်သည်။ မြောင်းမြမြို့သည် မြောင်းမြနယ်၏ ရုံးစိုက်မြို့လည်း ဖြစ်သည်။ မြောင်းမြမြို့၏ နယ်အကျယ်အဝန်းမှာ ၅၉၆ စတုရန်းမိုင်ဖြစ်၍၊ လူဦးရေမှာ ၃၇၅,၅၂၈ ဖြစ်လေသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မန္တလေးမြို့
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁ ၂၂၅ ၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့ မှ ၃၈၅မိုင် ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယအကြီးဆုံးသောမြို့ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်း ဖြစ်ပေသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်းခဲ့သော်လည်း ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ် ၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီးရှိခဲ့သော်လည်း အသစ် ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရစ်ခဲ့သည်။ သမိုင်းကြောင်း လက်ဦးသမိုင်း (၁၈၅၇ မှ ၁၈၈၅) မန္တလေးမြို့ကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမ​မြောက် ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက်သည့်ကြားမှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။ ကိုလိုနီခေတ် မန္တလေး (၁၈၈၅ မှ ၁၉၄၈) ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲအပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံး၍ အင်္ဂလိပ် တို့၏ လက်အောက်သို့ကျရောက်ခဲ့ကြသည်။ မီးရထားပို့ဆောင်ဆက်သွယ်ရေးစနစ်ကို ၁၈၈၉ ခုနှစ်တွင် တည်ဆောက်ပေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မန္တလေးကောလိပ် ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။ ကိုလိုနီခေတ်တွင် မန္တလေးမြို့သည် ဗုဒ္ဓယဉ်ကျေးမှုနဲ့ အနုပညာတို့ သင်ကြားရာဗဟိုချက်အဖြစ် တည်ရှိခဲ့သည်။ မန္တလေးမြို့သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည်။ ဧပြီလ ၃ ရက်၊ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်သဖြင့် မြို့၏ ၅ ပုံ ၃ ပုံ ခန့် ပျက်စီးခဲ့ရပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။ လက်ရှိ မန္တလေး (၁၉၄၈ မှ ယခု) ၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မန္တလေးမြို့သည့် ယဉ်ကျေးမှု၊ ပညာရေး နှင့် စီးပွားရေးတို့၏ အဓိက ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်တွင် ကေအင်န်ဒီအို ကရင်တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကွန်မြူနစ်တပ်များက မန္တလေးမြို့တွင်းသို့ပစ်ခတ် တိုက်ခိုက်ပြီး ဝင်ရောက်သိမ်းပိုက်ခဲ့ကြသည်။ သောင်းကျန်းသူများကို တပ်မတော်၊ စစ်ရဲနှင့် မန္တလေးတက္ကသိုလ် ကျောင်းသားများက ခုခံတိုက်ခိုက်ခဲ့ကြသည်။ မန္တလေးမြို့ကြီးသည် တိုက်ပွဲများကြောင့် များစွာ ပျက်စီးခဲ့ရသည်။ ကေအင်န်ဒီအိုများသည် ကွန်မြူနစ်တပ်များနှင့် အတူ ၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်မှ ၁၉၄၉ခုနှစ်၊ ဧပြီလ ၆ရက်အထိ မန္တလေးမြို့ကြီးအား သိမ်းပိုက်နိုင်ခဲ့သည်ဆိုသော်လည်း လုယက်ခြင်း၊ ဖျက်ဆီးခြင်းစသည့် အဖျက်လုပ်ငန်းများကိုသာ ဆောင်ရွက်သွားခဲ့ကြသည်။ ၁၉၅၉ ခုနှစ် နိုဝင်ဘာလတွင် မန္တလေး နှစ်တစ်ရာပြည့် ရာပြည့်ပွဲတော်ကို မန္တလေးတောင်ခြေတွင် ကျင်းပခဲ့ပြီး မန္တလေးရာပြည့်ပွဲတော် အမှတ်တရ တံဆိပ်ခေါင်းကိုလည်း ထုတ်ဝေခဲ့သည်။ တပါတီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက် (၁၉၆၂ - ၁၉၈၈) အတွင်း မန္တလေးမြို့၏ အသွင်အပြင်မှာ ကျဆင်းခဲ့ရသည်။ ၁၉၈၀ အစောပိုင်းတွင် အထပ်နှိမ့် အဆောက်အအုံအသစ်များ ပေါ်ပေါက်လာခဲ့သည်။ လမ်းမများပေါ်တွင် စက်ဘီးများဖြင့် စည်ကားလျက်ရှိပြီး စက်ဘီးမြို့တော်ဟု နာမည်တွင်ခဲ့သည်။ ၁၉၈၁ ခုနှစ် မေလ တွင် လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၆၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၁၉၈၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လောင်ကျွမ်းခဲ့သော ဦးကျားကြီးဝင်း မီးလောင်မှုကြောင့် အိမ် ၂၇၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၂၃၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။ မီးလောင်မှုများသည် မန္တလေးမြို့၏ တိုးတက်မှုကို တုံ့နှေးစေခဲ့သည်။ ၁၉၉၁ ခုနှစ် မတိုင်ခင်ကာလအထိ မန္တလေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ် နှင့် စစ်တက္ကသိုလ်တို့သာ အထက်မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည်။ တခြားမြို့များရှိ ဒီဂရီကောလိပ်တို့ကသာ ဘာသာအနည်းငယ်ကို မန္တလေးတက္ကသိုလ်နှင့်ချိတ်ဆက်သင်ကြားခဲ့သည်။၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် လောင်ခဲ့သောမီးကြောင့် မန္တလေးမြို့၏ ဒုတိယအကြီးဆုံးဖြစ်သည့် ရတနာပုံဈေး တစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။ နောက်ထပ် အကြီးအကျယ်လောင်ကျွမ်းခဲ့သောမီးမှာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် လောင်ကျွမ်းခဲ့သောမီးဖြစ်သည်။ အိမ် ၃၂၀ ကို လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အမည်နာမ မန္တလေးမြို့ စတင်တည်ကာစအချိန်တွင် မန္တလေးအရပ်ကို ထီးပေါင်းကားဟု ခေါ်ဆိုနေကြသည်။ မြို့တော်၏ တရားဝင်အမည်မှာ ရတနာပုံဖြစ်သည်။ ဘုရင်ခေတ်က မန္တလေးအား ရွှေမြို့တော်၊ ရတနာပုံရွှေမြို့တော် စသည်ဖြင့် သုံးခဲ့ကြသည်။ မန္တလေးဟု ခေါ်ဆိုခြင်းနှင့် ပက်သက်၍ တိကျသော အထောက်အထားမတွေ့ရပေ။ ပညာရှင်များကမူ အမျိုးမျိုးဆိုခဲ့ကြသည်။ အချို့က မန္တလေးတောင်အား အစွဲပြု၍ တောင်ခြေရှိမြို့အား မန္တလေးဟုခေါ်ကြောင်း ဆိုကြသည်။ မန္တလေးဆိုသည့် စကားလုံးမှာ မဏ္ဍလဟူသော စကားမှ ဆင်းသက်လာကာ ညီညာပြန့်ပြူးသောလွင်ပြင်ဟု အဓိပ္ပာယ်ရသည်။ မဏ္ဍလဟူသော စကားသည် ခေတ်ကာလ ကြာလာသောအခါ မဏ္ဍလေး၊ မန္တလေး စသည်ဖြင့် ပြောင်းလာခဲ့သည်ဟု ဆိုကြသည်။ အချို့က မဏ္ဍလဟူသော ပတ်ဝန်းကျင်တွင် တောင်ကိုးလုံးခြံရံလျက်ရှိသည့်တောင်ဖြစ်သဖြင့် မဏ္ဍလတောင်ဟုခေါ်တွင်ခဲ့ကြောင်း ဆိုကြသည်။ မဏ္ဍလေးဖုရားသခင်ဟူသော အရေးအသားကို (၁၅)ရာစုက ရေးထိုးခဲ့သော အင်းဝခေတ်ကျောက်စာတွင် တွေ့ရှိရသေးသည်။ ပထဝီဝင်အနေအထား မန္တလေးမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဘက်ဖြစ်သော အရှေ့ဘက် ကမ်းပေါ်တွင် တည်ရှိ၍ ဧရာဝတီမြစ်နှင့် ရှမ်းကုန်းပြင်မြင့်၏ အကြား အနံ ၈ မိုင် ရှိသော မြေပြန့်၏ တစ်စိတ်တစ်ပိုင်းတွင် တည်ရှိသည်။ မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ဝ၈ မိနစ် ကြားတွင် တည်ရှိသည်။ မန္တလေးမြို့သည် အကျယ်အဝန်းအားဖြင့် ၂၅ စတုရန်းမိုင် ရှိ၍ လူဦးရေမှာ ၁၉၆၃ ခုနှစ်တွင် ခန့်မှန်းခြေ ၂၁၅၄၂၆ ယောက်ခန့်ရှိသည်။ ရပ်ကွက် ၃၈ ၊ အိမ်ခြေပေါင်း ၃၅ဝဝဝ ခန့် ရှိ၏။ ရန်ကုန်မြို့ကဲ့သို့ပင် လူမျိုးပေါင်းစုံသော မြို့ဖြစ်၏။ ရာသီဥတုမှာ ပူအိုက်ခြောက်သွေ့၍ ဖုံထူသည်။ ၁၉၆၅ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့တွင် မန္တလေးမြို့ကို (၄)မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာစာအမှတ်(၈၄)အရ မန္တလေးမြို့ကို (၄)မြို့နယ်မှ (၅)မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။ မန္တလေးမြို့သည် ကန်ကိုးကန် ၊ ကုန်းကိုးကုန်း ၊ တောင်ကိုးလုံး ဝန်းရံထားသည်ဟု ဆိုပါသည်။ ကန်ကိုးကန်မှာ - ကြာနီကန် ၊ နန္ဒာကန် ၊ အောင်ပင်လယ်ကန် ၊ ဇောင်းကလောကန် ၊ မင်းကန် ၊ သရက်ကန် ၊ မဲနယ်ကန် ၊ ခတက်ကန် ၊ ဆင်ဖြူကန် တို့ဖြစ်သည်။ ကုန်းကိုးကုန်းမှာ- သစ်ချိုကုန်း ၊ ကျီတော်ကုန်း ၊ သဇင်ကုန်း ၊ သမန်းကုန်း ၊ ဥသျှစ်ကုန်း ၊ ဝါခင်းကုန်း ၊ ကုလားပျိုကုန်း ၊ ပုဏ္ဏားကုန်း ၊ ဗောဓိကုန်း တို့ဖြစ်သည်။ တောင်ကိုးလုံးမှာ- ဆားခါးတောင် ၊ ငါးမင်းတောင် ၊ ဂန္ဓမာတောင် ၊ ရွှေလောင်းတောင် ၊ သခင်မတောင် ၊ ကုလားမတောင် ၊ ရန်ကင်းတောင် ၊ ကြက်ညီနောင်တောင် ၊ မန္တလေးတောင် ဟု တံတိုင်းသဏ္ဌာန် တောင်ကိုးလုံး ကာရံစေကာ မြို့နန်းပန္နက်တော် ရိုက်ယူခဲ့သည်။ မြို့တော်မြင်ကွင်း မဟာမုနိ မဟာမုနိဘုရား ရုပ်ပွားတော်ကြီးသည် မန္တလေးမြို့၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇)ကြိမ် ပေးခဲ့သဖြင့် သက်တော် ရှိသည်ဟု ယုံကြည်ကြသည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက် ၁၇၈၄ ခုနှစ်တွင် သားတော်အိမ်ရှေ့မင်းသား သတိုးမင်းစောက ရခိုင် မှပင့်ဆောင်ခဲ့သည်။ မန္တလေးတောင် မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ မန္တလေးတောင်သည် မန္တလေးမြို့ကိုအပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပေသည်။ အရှေ့ဘက်သို့ မျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်နှင့် အနောက်ဘက်သို့ ကြည့်လိုက်လျှင် ဧရာဝတီ မြစ်ကမ်းများကိုလည်း မြင်တွေ့နိုင်ပေသည်။ မန္တလေးဟူသော အမည်သည် 'မဏ္ဍလ' ဟူသော ပုဒ်မှ'မဏ္ဍလေး'၊ ထိုမှ 'မန္တလေး'ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပာယ်မှာ 'ပျံပျူးသာယာသော နယ်မြေ' ဟု ယူဆသော်ရ၏။ အချို့က 'မန္ဓရေး' မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပာယ်မှာ 'ကျက်သရေတို့ကို ဆောင်အရပ်' ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီးလျှင်၊ နောင်သော် ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။ မန္တလေး နန်းတော် ကျုံးနှင့် မြို့ရိုး ကာရံထားသော မန္တလေး နန်းတော်ကြီးသည် ကုန်းဘောင်မင်းဆက်၏ ဘုရင်များ စိုးစံခဲ့သော နေရာဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဗုံးကြဲခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီး ပျက်စီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မြနန်းစံကျော် ရွှေနန်းတော် ကြီးကို ပြန်လည် တည်ဆောက်ခဲ့သည်။ အခြား ကမ္ဘာ့အကြီးဆုံးစာအုပ်၊ သုဓမ္မာဇရပ်များ၊ ပယ်ပုံတော်ဝင်း၊ တဝဂူဘုရား၊ မဟာသကျသီဟ ရုပ်ပွားတော်၊ ေအာင္ေတာ္မူဘုရား၊ မဟာအတုလဝေယန်ကျောင်းတော်ကြီး၊ အိမ်တော်ရာဘုရား၊ ကျောက်တော်ကြီးဘုရား(မန္တလေး)၊ ကုသိုလ်တော်၊ စန္ဒာမုနိ၊ ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ ရွှေစာရံဘုရား၊ မန္တလေးယဉ်ကျေးမှုပြတိုက်၊ အိမ်ရှေ့မင်းထန်းတော၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်၊ မန်းသီတာ ဥယျာဉ် နှင့် အောင်ပင်လယ်ကန် တို့ရှိသည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ အမရပူရမြို့ဟောင်း တွင် အမရပူရနန်းတော်၊ သပြေတန်း ခံတပ်၊ တောင်သမန်အင်း၊ ဦးပိန်တံတား၊ မယ်ဇယ်တန်း၊ တောင်လေးလုံးကျောင်းတိုက်၊ ဗားကရာဘုန်းကြီးကျောင်း၊ ဆောင်းဒါး ရက်ကန်းကျောင်း၊ ကျောက်တော်ကြီးဘုရား(အမရပူရ) နှင့် ရတနာ့ဂူ တို့အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။ ပို့ဆောင်ဆက်သွယ်ရေး မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်တွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့အတွက် အချက်အချာကျသည်။ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားများရှိသော်လည်း တွင်ကျယ်စွာ အသုံးမပြုကြပေ။ စက်ဘီး၊ ဆိုင်ကယ်များကိုသာ အများဆုံးအသုံးပြုကြသည်။ ယခင်က စက်ဘီးမြို့တော်ဟု ခေါ်ဆိုခဲ့ကြသောလည်း ယခုအခါ ဆိုင်ကယ်မြို့တော်ဟုပင် ခေါ်ဆိုနိုင်ပေသည်။ အစိုးရအသစ်လက်ထက် မော်တော်ကားများကို တရားဝင်သွင်းခွင့်ပြုပြီးနောက် မော်တော်ကားအသုံးပြုသူ ပိုမိုများပြားလာခဲ့သည်။ လေကြောင်း ယခင်က ချမ်းမြသာစည်လေဆိပ်ကို အသုံးပြုခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် တံတားဦးမြို့နယ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ အကုန်အကျခံ တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ မန္တလေးမြို့မှ ၂၈မိုင်ခန့် အကွာမှာတည်ရှိသည်။ အဓိက အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများ ဆင်းသက်လျက်ရှိပြီး ပြည်ပလေကြောင်းလိုင်းများမှ တရုတ်နိုင်ငံ ကူမင်းမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ တို့နှင့် ချိတ်ဆက် ဆင်းသက်လျက်ရှိသည်။ ရေကြောင်း မီးရထားလမ်း နှင့် ကားလမ်းများ အဆင်ပြေလာသော်လည်းမြန်မာ့ဂုဏ်ဆောင် ဧရာဝတီမြစ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဝါး နှင့် အခြားကုန်ပစ္စည်းများ ပို့ဆောင်ရန် အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။ မီးရထားလမ်း မန္တလေး ဘူတာကြီးမှာ မြန်မာနိုင်ငံ၏ အဓိက အချက်အချာ လမ်းဆုံမှာ တည်ရှိသည်။ မန္တလေးမှ ရထားဖြင့် ရန်ကုန်မြို့၊ နေပြည်တော်၊စစ်ကိုင်းမြို့၊ ပုဂံ၊ပြင်ဦးလွင်မြို့၊ လားရှိုးမြို့၊ မုံရွာမြို့၊ ပခုက္ကူမြို့၊ ကလေးမြို့၊ ဂန့်ဂေါမြို့၊ ရွှေဘိုမြို့၊ ကောလင်းမြို့၊ နဘားမြို့၊ ကန့်ဘလူမြို့၊ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့၊ မြစ်ကြီးနားမြို့ မြို့များသို့ ရောက်ရှိနိုင်သည်။ မန္တလေးမြို့တွင် ယခင်က မြို့ပတ် ဓာတ်ရထားရှိခဲ့သော်လည်း ယခုမြို့ပတ်ရထား စနစ်မရှိပေ။ ကားလမ်း မန္တလေးမြို့သည် အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ချိတ်ဆက်ရန်အတွက် အချက်အချာနေရာတွင် တည်ရှိသည်။ အာရှအမြန်လမ်းများသည် မန္တလေးမြို့ကို ဖြတ်သန်းသွားလာလျက်ရှိသည်။ မြန်မာ - တရုတ်ကားလမ်း : မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား ကားလမ်း၊ မန္တလေး - မိုးကုတ် - ဗန်းမော်လမ်း၊ မန္တလေး - လားရှိုး - မူဆယ်လမ်း မြန်မာ - အိန္ဒိယကားလမ်း : မန္တလေး - စစ်ကိုင်း - မုံရွာ - ကလေးဝ - တမူးလမ်း ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး မြို့ပြလူဦးရေ ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ၂၀၀၇ ခုနှစ်တွင် မန္တလေးမြို့၏ လူဦးရေသည် စုစုပေါင်း ၁ သန်းခန့် ရှိသည်ဟု သိရသည်။ လူဦးရေ တိုးတက်နှုန်းများအရ ၂၀၂၅ ခုနှစ်တွင် မြို့နေလူဦးရေ စုစုပေါင်း ၁.၅ သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်များကို တရားမဝင်ရကြသည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။ ဗမာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် ဈေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။ အုပ်ချုပ်ရေး မန္တလေးမြို့သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အုပ်ချုပ်မှုတွင် တည်ရှိသည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်ကို မြို့နယ်၆ခု ၊အရံမြို့နယ် ၁ခုဖြင့် ဖွဲ့စည်းထားသည်။ မန္တလေးစည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင် အောက်ဖော်ပြပါ မြို့နယ် (၆)မြို့နယ်ပါဝင်သည်။ မဟာအောင်မြေမြို့နယ် အောင်မြေသာဇံမြို့နယ် ချမ်းအေးသာဇံမြို့နယ် ချမ်းမြသာစည်မြို့နယ် ပြည်ကြီးတံခွန်မြို့နယ် အမရပူရမြို့နယ် အရံမြို့နယ် ပုသိမ်ကြီးမြို့နယ် ယဉ်ကျေးမှု မန္တလေးမြို့ တွင် ဝါကျွတ်ချိန်မှစ၍ တပို့တွဲတပေါင်း အထိ ပွဲလမ်းတွေ ဆက်နေသည်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ အလှူပွဲ၊ ကျောင်းရေစက်ချ၊ ဘုန်းကြီးပျံ၊ မင်္ဂလာဆောင်၊ အောင်ပွဲ၊ ကလေးမွေးနေ့ပွဲ၊ ဘောလုံး အနိုင်ရ၍ ဂုဏ်ပြုပွဲ စသဖြင့် ကြံဖန်ပြီးကို ပွဲထည့် ပွဲခင်းကြသည်။ အထူးသဖြင့် ဘုရားပွဲတွေမှာ ဆိုလျှင် အငြိမ့်တွေ၊ ဇာတ်တွေ၊ တီးဝိုင်းတွေ၊ ဆိုင်းများ ဖောဖောသီသီ ပါတတ်သည်။ ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်းဟု ဆိုရိုးပြုကြသည်။ ၁၉၂၅ ခုနှစ်တွင်တည်ထောင်ခဲ့သော မန္တလေးမြို့ခံ မြို့မ အပျော်တမ်း တူရိယာအဖွဲ့ သည် မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး တူရိယာ အသင်း တစ်ခုဖြစ်သည်။ ဝိုင်အမ်ဘီ ဆရာတင်၊ မြန်မာညွန့် ဆရာတင်၊ နန်း​တော်​ရှေ့ဆရာတင်၊ အလင်္ကာကျော်စွာမြို့မငြိမ်း၊ အလင်္ကာကျော်စွာရွှေမန်းတင်မောင်၊ အစရှိသော မြန်မာ့ဂီတ​လောကတွင်ထင်ရှား​ကျော်ကြားလှ​သော မန္တလေးမြို့ခံ သဘင်ပညာရှင် နှင့် ဂီတစာဆိုကြီးများ ပေါ်ထွက်ခဲ့လေသည်။ မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဟူသော မြန်မာဆိုရိုးစကား စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် မန္တလေးသူ မန္တလေးသားများ သည် စကားကြွယ်ကြသည်။ မန္တလေးမုန့်တီ၊ မန္တလေးပဲကြော်၊ ထိုးမုန့် အစရှိသည်တို့ သည်ကျော်ကြားသည်။ စီးပွားရေး မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများ၏ အဓိက စီးပွားရေးဗဟိုချက်ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ တို့ကဲ့သို့သော ပြည်ပ ကုန်သွယ်မှုများအတွက် လမ်းကြောင်းသည် မန္တလေးမြို့ကို ဖြတ်သွားရသည်။ အဓိက စီးပွားရေးလုပ်ငန်းများမှာ ပိုးထည်လုပ်ငန်း၊ ကျောက်စိမ်း ဖြတ်တောက် အရည်တင်ခြင်း၊ ပရိဘောဂ လုပ်ငန်း၊ အလှဆင်ကျောက်လုပ်ငန်း၊ ကျောက်ဆင်းတုတော်များနှင့် သစ်သား ရုပ်ပွားတော်များ ထုလုပ်ခြင်း၊ ငွေပြားခတ်ခြင်း၊ ရွှေဆိုင်းခတ်ခြင်း၊နှင့်ရွှေချည်‌ငွေချည် အစရှိသည်တို့ ဖြစ်ကြသည်။ ပညာရေး အခြေခံပညာ မန္တလေးမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၃၈ကျောင်း ရှိသည်။ အဆင့်မြင့်ပညာ မန္တလေးတက္ကသိုလ် ရတနာပုံတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ် နည်းပညာတက္ကသိုလ်(မန္တလေး) ဆေးတက္ကသိုလ် (မန္တလေး) မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် မန္တလေးကွန်ပျူတာတက္ကသိုလ် တိုင်းရင်းဆေးပညာတက္ကသိုလ်(မန္တလေး) ဆေးဝါးတက္ကသိုလ်(မန္တလေး) သူနာပြုတက္ကသိုလ်(မန္တလေး) သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) အဝေးသင်တက္ကသိုလ်(မန္တလေး) ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး) မန္တလာဒီဂရီကောလိပ် သမဝါယမကောလိပ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ပညာရေးဒီဂရီကောလိပ် ကျန်းမာရေး အစိုးရဆေးရုံများ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (မန္တလေးပြည်သူ့ဆေးရုံကြီး) မန္တလေး ခုတင် (၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီး မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံကြီး မန္တလေး ခုတင် (၃၀၀)ဆံ့ ကလေးဆေးရုံကြီး မန္တလေး ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး မန္တလေး အလုပ်သမား ဆေးရုံ မန္တလေး နား နှာခေါင်း လည်ချောင်း ဆေးရုံ မန္တလေး စိတ်ကျန်းမာရေး ဆေးရုံ မန္တလေး မူးယစ်ဆေးစွဲရောဂါကုဆေးရုံ မန္တလေး တီဘီရောဂါကု ဆေးရုံ မန္တလေး ကူးစက်ရောဂါကု ဆေးရုံ မန္တလေး အရိုး ဆေးရုံ မန္တလေး တိုင်းရင်းဆေး ဆေးရုံ မန္တလေး သွားဘက်ဆိုင်ရာ သင်ကြားရေးဆေးရုံ မန္တလေး တက္ကသိုလ်များဆေးရုံ(ခုတင်-၅၀) အားကစား မန္တလေးမြို့တွင် ရိုးရာအားကစားနည်းများဖြစ်သော ခြင်းလုံး၊ မြန်မာ့သိုင်း စသည့်အားကစားနည်းများသည် လူအများစိတ်ဝင်စားလေ့ရှိသည်။ မဟာမုနိဘုရားကြီးရှိ ခြင်းလုံးအားကစားရုံ၌ နှစ်စဉ်ဇူလိုင်လတွင် ဝါဆိုခြင်းပွဲတော် ကျင်းပလေ့ရှိသည်။ ထို့အပြင် ပုဂ္ဂလိကခြင်းလုံးအားကစားရုံများ၌ ခြင်းလုံးပြိုင်ပွဲများလည်း ကျင်းပလေ့ရှိသည်။ မြန်မာ့သိုင်းအတွက် သိုင်းကလပ်များလည်းရှိသည်။ မြို့တော်ဝန်မီနီမာရသွန်ပွဲကိုလည်း နှစ်စဉ်လွတ်လပ်ရေးနေ့တွင် ကျင်းပလေ့ရှိသည်။မြို့နေလူထုသည် မန္တလေးတောင်နှင့် ကျုံးဘေးများတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းများ ပြုလုပ်လေ့ရှိကြသည်။ ရတနာပုံ ဘောလုံး အသင်းသည် ၂၀၀၉ခုနှစ်တွင် ​ပေါ်ထွက်လာခဲ့ပြီး မန္တ​လေးမြို့အ​ခြေစိုက်​ဘောလုံးအသင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်အစပိုင်းကာလများတွင် အောင်မြင်မှုများ အတော်အတန်ရရှိခဲ့သောအသင်းဖြစ်ကာ 2010 AFC President Cup (၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ တွင်လည်း အနိုင်ရဗိုလ်စွဲ ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)တို့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သည့် ဘောလုံးအကယ်ဒမီ (မန္တလေး)လည်းတည်ရှိကာ ​အောင်မြင်​သော​ဘောလုံးသမားများ ​မွေးထုတ်​ပေးနိုင်ခဲ့သည်။ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှာလည်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် အားကစားနှင့်ကာယပညာသိပ္ပံဖြစ်သည်။ မြို့၏အားကစားကွင်း/ရုံ အဆင့်အတန်းမှာ ၂၀၁၃ခုနှစ်မတိုင်မီအထိ အဆင့်အတန်း နိမ့်ကျခဲ့သည်။ မြို့နယ်များအလိုက် အားကစားကွင်းများ ရှိသော်လည်း အဆင့်အတန်းမမီပေ။ သမိုင်းဝင် ဗထူး အားကစားကွင်းမှာ မြို့၏အဓိကအားထားရာ အားကစားကွင်းတစ်ခုဖြစ်ခဲ့သည်။၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပွဲစဉ်များကို လက်ခံကျင်းပရန်အတွက် မန္တလာသီရိ အားကစားကွင်းကို တည်ဆောက်ပြီးမှသာ မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းကြီး ပေါ်ထွက်လာခဲ့သည်။ ဗထူးအားကစားကွင်းကို အဆင့်မြှင့်တင်ခြင်း၊ အောင်မြေမန္တလာ အားကစားကွင်း၊ ရွှေမန်းတောင် အားကစားကွင်းကဲ့သို့သော အခြားအားကစားကွင်းများကို အဆင့်မြှင့်တင်ခြင်း၊ ဗထူးအားကစားပြိုင်ဝင်း၊ မန္တလာသီရိအားကစားပြိုင်ဝင်း၊ ရွှေမန်းတောင် လူငယ်လေ့ကျင့်ရေးစခန်းတို့၌ အဆင့်မီမိုးလုံလေလုံအားကစားရုံများ တည်ဆောက်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ခုနှစ်အရောက်တွင် မန္တလေးမြို့၌ မန္တလာသီရိအားကစားကွင်းနှင့် အောင်မြေမန္တလာအားကစားကွင်းတို့မှာ အားကစားနည်းမျိုးစုံကို လက်ခံကျင်းပနိုင်သည့် နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ ဖြစ်လာခဲ့သည်။ ညီအစ်မမြို့တော် စီရီဘွန်၊ အင်ဒိုနီးရှား ကူမင်း၊ တရုတ် ဖနွမ်းပင်၊ ကမ္ဘောဒီးယား အောလ်ဆန်မြို့၊ တောင်ကိုရီးယား ပြခန်း ကိုးကား ပြင်ပလင့် See also nearby Pyin Oo Lwin, the historic hill station above Mandalay Mandalay Gallery with antique, colonial views of Mandalay Mandalay, the Burmese Heartland by Dr. Constance Wilson, Northern Illinois University Asian Historical Architecture – Mandalay by Prof. Robert D. Fiala, Concordia University, Nebraska Mandalay Centenary Song by Than Myat Soe MRTV3 မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက် - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြန်မာနိုင်ငံရှိ မြို့များ မန္တလေးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ပြင်ဦးလွင်မြို့
ပြင်ဦးလွင်မြို့ (မေမြို့)သည် မန္တလေးမြို့ မှ အရှေ့မြောက်ဘက် ၄၂ မိုင် အကွာတွင် တည်ရှိသည်။ တည်နေရာ ပြင်ဦးလွင် မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင် တည်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင် မပါဝင်ပေ။ အကြောင်းမူကား ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျ အမြင့်ပေ ၃ဝဝဝ ကျော်တွင် တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ ပြင်ဦးလွင် မြို့နယ်နှင့် ဆက်စပ်တည်ရှိသော မြို့နယ်လေးခု ရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် နောင်ချို မြို့နယ်၊ အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီး မြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည် မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။ ပြင်ဦးလွင်မြို့သည် အမည် (၅) မျိုးဖြင့်ထင်ရှားသည်။ ၎င်းတို့မှာ မေမြို့၊ ပြင်ဦးလွင်၊ တောင်လှေကားမြို့တော်၊ ချယ်ရီမြေ၊ ပန်းမြို့တော်ဟူ၍ ဖြစ်သည်။ ပြင်ဦးလွင်မြို့သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂ မိနစ် ၄.၃၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ် ၃၁.၄၉ စက္ကန့်အကြား တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၃၅၁၀ ပေအမြင့်တွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့ကို တောင်နိမ့်များ ဝန်းပတ်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် မိုင် ၃ဝဝ ကျော်၊ မုတ္တမကွေ့နှင့် မိုင် ၄ဝဝ ကျော် ကွာလှမ်းသည်။ မန္တလေးမြို့ နှင့်မော်တော်ကားလမ်းအားဖြင့်( ၄၃)မိုင်အကွာ မန္တလေးလားရှိုး မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၇ စတုရန်းမိုင်မျှ ရှိသည်။ မြို့သမိုင်း ခရစ်နှစ် ၁၈၈၆-ခုနှစ်တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ဗြိတိသျှတို့က ခေါ်တွင်ခဲ့သည်။ ပြင်ဦးလွင် ဟူသောအမည်ကို မေမြို့ဟူသော အမည်မှ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် တစ်ကြိမ်ပြောင်းလဲခေါ်တွင်ခဲ့သည်။ သို့သော် စစ်အပြီးတွင် ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်ချိန်မှစကာ မေမြို့ဟု ပြန်လည်ခေါ်တွင်ခဲ့သည်။ တပ်မတော်အစိုးရလက်ထက်တွင် ပြင်ဦးလွင် ဟုပြန်ပြောင်းခေါ်စေခြင်းဖြစ်သည်။ ကဗျာဆန် နုယဉ်သော အမည်ဆောင်သည့် မြို့ဖြစ်သည့်အပြင် ရာသီဥတုမှာလည်း အေးချမ်းသာယာသည်။ အထူးသဖြင့် နွေရာသီတွင် လူအများ အပူရှိန်မှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အနားယူ အပန်းဖြေရာမြို့အဖြစ် နာမည်ထင်ရှားပေသည်။ ရှေးဗြိတိသျှ အစိုးရလက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရအရာရှိကြီးများသည် မေမြို့သို့ တက်၍နေထိုင်လေသည်။ ပြင်ဦးလွင်မြို့သည် ဗြိတိသျှတို့၏လက်ထက်က ပြုပြင်ထားသော တောင်စခန်းမြို့တစ်ခု ဖြစ်သည်။ ပြင်ဦးလွင်သည် မန္တလေးမြို့ ရှမ်းပြည်နယ်နှင့် ရှေးအခါက တရုတ်ပြည် အနောက်ဘက်မှ ကုန်သည်များ စုဝေးရာဌာန ဖြစ်သည်။ ယခင်က ပြင်ဦးလွင်တွင် ၅ ရက် တစ်ဈေးသာရှိသည်။ ပြင်ဦးလွင်မြို့ရှိ ပါစယ်တာဝါ(Purcell Tower) ပြင်ဦးလွင်နာရီစင်ကြီးမှာ ၁၉၃၄-ခုနှစ်၊ အင်္ဂလန်နိုင်ငံ ဂီးလက်အင်ဂျွန်ဆင် ကုမ္ပဏီ(Gillete & Johnson Co.)မှ ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏ နန်းစံသက် (၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့သော နာရီအနည်းငယ်အနက် တစ်လုံးအပါအဝင် ဖြစ်လေသည်။ လမ်းပန်းဆက်သွယ်ရေး ပြင်ဦးလွင်မြို့ သည် သွားလမ်း လာလမ်းအားဖြင့် ကားလမ်း၊ ရထားလမ်းများ ရှိသည်။ မန္တလေး-လားရှိုး မီးရထားလမ်းပေါ်တွင် တည်ရှိသဖြင့် မန္တလေးမြို့ မှ မီးရထားဖြင့်လည်း သွားနိုင်သည်။ မန္တလေးမြို့မှ ပြင်ဦးလွင်သို့ ကားဖြင့်သွားသော် ၂ နာရီကြာသည်။ လမ်းတွင် သုံးထပ်ကွေ့လမ်းများကို တွေရသည်။ မီးရထားဖြင့် သွားလျှင်ပိုကြာသည်ဟု ထင်ရသည်။ အဘယ်ကြောင့် ဆိုသော် မီးရထားမှာ အရှိန် ပြင်းပြင်း မခုတ်ဘဲ မှန်မှန် တောင်တက်တောင်ဆင်းလုပ်ရ၍ ဖြစ်သည်။ အနီးစခန်းလေဆိပ် သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းတွင် တည်ရှိသည်။ ရာသီဥတု တစ်နှစ်ပတ်လုံးပင် ပြင်ဦးလွင်သည် မန္တလေးထက် 10°C ပိုအေးသည်။ အမှန်တကယ်တွင် မန္တလေးနှင့် ပြင်ဦးလွင်သည် လတ္တီတွဒ် တစ်တန်းတွင် တည်ရှိနေသည်။ သို့သော် ပြင်ဦးလွင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ ကျော်တွင်တည်ရှိသောကြောင့် ထိုကဲ့သို့အေးမြရခြင်းဖြစ်ပါသည်။ ရာသီဥတုအေးမြသောကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူတို့ မနှစ်သက်သော်လည်း ဗြိတိသျှနှင့် ဥရောပတိုက်သားတို့ နှစ်သက်သဖြင့် သာယာအောင် ပြုပြင်ခဲ့သည်။ အအေးမှ လုံခြုံအောင် ပြုလုပ်နိုင်လျှင် ကျန်းမာရေးနှင့် ညီညွတ်သောမြို့ ဖြစ်သည်။ ဤသို့ ရာသီဥတု အေးမြသောကြောင့် ပြင်ဦးလွင်မြို့နှင့် အနီးပတ်ဝန်းကျင်မှာ ရှုခင်းသာယာလှပေသည်။ ဟင်းသီးဟင်းရွက်သစ်သီး သစ်နှံ ပန်းမာလ်များကောင်းစွာ ဖြစ်ထွန်း၏။ တောင်စောင်း တောင်ခါးပန်းများတွင် ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ်စသော စိုက်ခင်းများကို မြင်နိုင်ပေသည်။ ထိုပြင် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်စသည့် အပင်များနှင့် အင်္ဂလိပ်တို့ စတင်စိုက်ပျိုးသော ယူကလစ်ပင်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင် စသည်တို့ကိုလည်း ပြင်ဦးလွင်မြို့တွင် တွေ့မြင်နိုင်ပေသည်။ အထူးသဖြင့် အမျိုးသမီးတိုင်း ကြီးငယ်မဟူ နှစ်သက်သည့် မေမြို့၊ ဒေလီယာ၊ ဂန္ဓမာ စသည့် ပန်းရောင်စုံကား ပြင်ဦးလွင်မြို့ကို အထူးတန်ဆာဆင်ပေသည်။ လူဦးရေ ရှေးအခါက ပြင်ဦးလွင်သည် ဓနုလူမျိုးများ နေထိုင်ရာအရပ်ဖြစ်သည်။ ယခုမူကား ဗမာ၊တရုတ်၊ အိန္ဒိယ၊ရှမ်း နှင့် မြန်မာလူမျိုးပေါင်းစုံ နေထိုင်ရာအရပ် ဖြစ်သည်။ လူဦးရေမှာ ၁၉၆၂ ၏ ခန့်မှန်းအရ ၂၈၈၃ ခန့်ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်း အရ ၂၅၅,၀၀၀ ဖြစ်သည်။ အထင်ကရနေရာများ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်) ဓာတ်တော်ချိုင့် ရေတံခွန် ပိတ်ချင်းမြောင်လိုဏ်ဂူ (နန္ဒာမူလိုဏ်ဂူ) ဘီအီးဖော ရေတံခွန် (ပွဲကောက် ရေတံခွန်) မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား နှီးဘုရား တိုင်းရင်းသားကျေးရွာ ရတနာပုံတယ်လီပို့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာနိုင်ငံ) စစ်တက္ကသိုလ် တပ်မတော် နည်းပညာ တက္ကသိုလ် ဘုရင်ခံအိမ်တော် (မေမြို့) ပြင်ဦးလွင် ငှက်ဘေးမဲ့တော ဟိုလိပ် စော်ဘွားတောင် ဒီဇင်ဘာခြံ ရေပြန်တောင်ရေတံခွန် ရွှေပြင်ဦးလွင်စပျစ်ခြံ ဘန့်ဘွေးကျင်းရေတံခွန် သုံးထပ်ရေတံခွန် တရုတ်ဘုံကျောင်း ဂုတ်ထိပ်တံတား ပြင်ပအင်တာနက်စာမျက်နှာ မြန်မာ့ကုန်းမြင့်ပေါ်မှ ပန်းမြို့တော် ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) မြန်မာနိုင်ငံရှိ မြို့များ မန္တလေးတိုင်းဒေသကြီးရှိ မြို့များ ပြင်ဦးလွင်မြို့
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ပဲခူးမြို့
ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီးအား ဖြင့် ၅၃ ကီလိုမီတာ (၃၃ မိုင်) ကွာဝေးသည်။ ရှေးအခါက ဟံသာဝတီ ဟူသောအမည်ဖြင့် ဟံသာဝတီမင်းဆက်နှင့်တောင်ငူမင်းဆက်တို့၏ နေပြည်တော်အဖြစ် အလွန်ပင်ထင်ရှားခဲ့သော မြို့တော်ဖြစ်သည်။ အမည် ပဲခူး (အသံထွက်=ပဂိုး) ဟူသည်မှာ မွန်ဝေါဟာရဖြစ်ပြီး အဓိပ္ပာယ်မှာ လှပသောမြို့၊ မြို့လှမြို့ ဟူ၍ဖြစ်သည်။ သို့သော် ထိုအသံထွက်၏ ဆင်းသက်ပုံ အနက်မှာမူ ဤသို့မဟုတ်ပဲ မွန်ဘာသာအားဖြင့် "ဥပါယ်ဂို့ = ဥပါယ်ပြုရာအရပ်" ဟုဆိုကာ သမိုင်းဇာတ်လမ်းနှစ်မျိုး ဖြစ်နေရသည်။ ပထမဇာတ်လမ်းအရ ဟံသာဝတီမြို့ဟူ၍ မွန်လူမျိုးတို့က မြို့တည်ရန် ကြံစည်ရာ အိန္ဒိယလူမျိုးတို့နှင့် နေရာသတ်မှတ်မှု အချင်းများကြရသည်။ အိန္ဒိယသင်္ဘောသားတို့က ဤနေရာသည် မိမိတို့အလျင်ရောက်ပြီး ကျောက်တိုင်စိုက်ထူကာ မှတ်သားခဲ့သည့် နေရာဖြစ်သည်။ ထို့ကြောင့် မိမိတို့သာပိုင်သည်ဟု အခိုင်အမာဆိုသည်ကို မွန်တို့က ပရိယာယ်ပြုပြီး အိန္ဒိယသားတို့၏ ကျောက်တိုင်အောက်တွင် သိကြားမင်းက မွန်တို့အတွက် ကျောက်တိုင်စိုက်ပြီးဖြစ်သည်၊ ထို့ကြောင့် မိမိတို့သာပိုင်သည်ဟု ပြန်လည်ချေပကြသည်။ နောက်ဆုံးတွင် နှစ်ဖက်လုံးက ကျောက်တိုင်ကို တူးပြီး စစ်ဆေးရာ မွန်တို့ ပရိယာယ်အတိုင်း အနိုင်ရ၍ ထိုဒေသကို အပိုင်ရလေသည်။ ထို့ကြောင့် "ဥပါယ်ဂို့" ဟုခေါ်ကာ ကာလကြာသော် "ဥပါယ်ဂို့" မှ "ပဂိုး" ဟုပြောင်းလဲခေါ်လာကြသည်ဟု ဆိုသည်။ အခြားဇာတ်လမ်းတစ်ခုအရမူ ကျူးကျော်လာသည့် အိန္ဒိယသင်္ဘောသားတို့ကို အသားမင်းသားက ပရိယာယ်ဖြင့် စီးချင်းထိုးကာ အနိုင်ရသည့် အရပ်ဖြစ်သည်ကို အစွဲပြု၍ "ဥပါယ်ဂို့" ဟုခေါ်ကာ ကာလကြာသော် "ဥပါယ်ဂို့" မှ "ပဂိုး" ဟုပြောင်းလဲခေါ်လာကြသည်။ မြန်မာ့စွယ်စုံကျမ်းကမူ ပဲခူးမြို့ဟု ဖြစ်ပေါ်လာရသည်မှာ ဟင်္သာဝမ်းဘဲများ ကူးသန်းကျက်စားရာ အရပ်ဒေသဖြစ်၏။ ရှေးခေတ်အခါက ဝမ်းပဲကူးဟုခေါ်ခဲ့ရာမှ ကာလကြာမြင့်လာသောအခါ ပဲကူး၊ ထိုမှတစ်ဖန် ပဲခူးဟူ၍ ဖြစ်ပေါ်လာသည်ဟု ရေးသားထားသည်။ တည်နေရာ နှင့် အကျယ်အဝန်း ရန်ကုန်မြို့တော်၏ အရှေ့မြောက်ဘက်၊ ရန်ကုန်မှ မော်တော်ကားလမ်းအားဖြင့် မိုင်၅၀၊ မီးရထားလမ်းအားဖြင့် ၄၈ မိုင်၊ အရှေ့လောင်ဂျီကျုဒ် ၉၆ ဒီဂရီ ၂၉ မိနစ် နှင့် မြောက်လတီတွဒ် ၁၇ ဒီဂရီ ၁၉ မိနစ် အတွင်းတည်ရှိသည်။ ပဲခူးမြို့ဧရိယာ အတွင်းမြို့​ဟောင်းနှစ်ခုရှိသည်။ ယနေ့တိုင် မြို့ရိုးအရာများ အထင်အရှား ကျန်ရှိနေသေးကြောင်း တွေ့မြင်နိုင်သည်။ သမိုင်းကြောင်း ပုဂံခေတ် သမိုင်းကြောင်းအရဆိုလျှင် ဟံသာဝတီ-ပဲခူးအားမွန်တို့၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်ကို ရှေးဦးစွာတွေ့ရမည်ဖြစ်သည်။ ပုဂံ အနော်ရထာမင်း လက်ထက်တွင် ဥဿာပဲခူး ဟူ၍တွေ့ရပြီး ပဲခူးမင်းအကူအညီတောင်းခံမှုကြောင့် ကျန်စစ်သား၊ငထွေးရူး၊ငလုံးလဖယ် နှင့် ညောင်ဦးဖီး တို့သူရဲကောင်းလေးဦး အားစေလွတ်၍ ကျူးကျော်သူ ကျွမ်းစစ်သည်တို့ကို နှိမ်နှင်းစေကြောင်း၊နောင်တွင် အနော်ရထာ သထုံကိုချီတက်သိမ်းပိုက်စဉ်တွင်လည်း ပဲခူးမှတစ်ဆင့် ချီတက်ကြောင်း၊အနော်ရထာမင်း အလွန်တွင် နန်းတက်သည့် စောလူးမင်းလက်ထက်တွင် ပဲခူးစား ငရမန်ကန်း ပုန်ကန်မှုအကြောင်း အစရှိသဖြင့် ပဲခူးသည် ပုဂံခေတ်ကတည်းက အစပြုကာ မြန်မာ့သမိုင်းစာမျက်နှာပေါ်တွင် အခိုင်အမာနေရာယူပြီးဖြစ်သည်။ မဂဒူးမင်းဆက် နှင့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် နောင် ပုဂံအင်အားနည်းချိန်တွင် မွန်တို့က မုတ္တမကို အခြေပြုကာမဂဒူး မင်းဆက် ကိုပြန်လည်ထူထောင်ခဲ့ကြသည်။ ပဲခူးတွင်လည်း အခမမန်းက ပုဂံကို ပုန်ကန်ပြီး သီးခြားမင်းပြုကာနေရာ တရဖျား လက်ထက်ရောက်လျှင် မဂဒူးမင်းဆက်ကို စတင်တည်ထောင်သူ ဝါရီရူး က တရဖျားကို အနိုင်ရပြီး ပဲခူးသည်လည်း မုတ္တမ လက်အောက်ခံအဖြစ်သို့ရောက်ပြန်သည်။ မဂဒူးမင်းဆက် ၈ ဆက်မြောက်ဖြစ်သည့် ဆင်ဖြူရှင် ဗညားဦး လက်ထက်တွင် ပုန်ကန်မှုများကြောင့် မုတ္တမ မှ ပဲခူးတို့ ပြောင်းရွေ့နန်းစိုက်ရသည်။ ဗညားဦး နောက်နန်းတက်သည့် ဗညားနွဲ့လက်ထက်ရောက်သော် အထက်တွင် ပုဂံခေတ်ကုန်ဆုံးပြီး အင်းဝခေတ်ရောက်ကာ အင်းဝတွင် အစဉ်အဆက်ထီးနန်းစိုးစံကြသည် မင်းကြီးစွာ၊သားတော်များဖြစ်သည့် ဆင်ဖြူရှင်၊မင်းခေါင်တို့နှင့် အပြိုင်စစ်ခင်းပြီး သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် ကိုစတင်စေခဲ့သည်။ တောင်ငူ-ဟံသာဝတီ ခေတ် မဂဒူးမင်းဆက် ၁၈ ဆက်မြောက် ဖြစ်သည့် သုရှင်ဒကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ အင်အားကြီးလာသည့် တပင်ရွှေထီး၏ ရန်စစ်ကို မခံနိုင်တော့ပဲ ဟံသာဝတီ-ပဲခူးသည် မြန်မာတို့ အပိုင်ဒေသဖြစ်လာပြန်သည်။ တပင်ရွှေထီး လုပ်ကြံခံရပြီး မြန်မာတို့ မငြိမ်မသက်ဖြစ်နေချိန်တွင် မွန်မင်းများဖြစ်သည့် သမိန်စက္ကဝေါ နှင့် သမိန်ထောရာမ တို့ နှစ်ဦး အခိုက်အတန့်မျှ အုပ်ချုပ်ခဲ့သော်လည်း ဘုရင့်နောင် တိုက်လျှင် သမိန်ထောရာမ ပြေးသောကြောင့် ဘုရင့်နောင်ဦးဆောင်သည့် မြန်မာတို့မှာ ဟံသာဝတီကို အခြေပြုပြီး ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ထောင်ကြသည်။ ကမ္ဘောဇသာဒီ နန်းတော်ကိုလည်း တည်ထောင်သည်။ သို့သော်ဘုရင့်နောင် အလွန် သားတော် နန္ဒဘုရင်(ငါးဆူဒါယကာ)လက်ထက်တွင် လက်အောက်ခံ ပဒေသရာဇ်တို့ ပုန်ကန်ပြီး ဟံသာဝတီကျဆုံးရပြန်သည်။ ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ် နှင့် ကိုလိုနီခေတ် သို့ဖြင့် ဟံသာဝတီသည် ထီးနန်းစိုက်ရာဒေသအဖြစ်မှ ညောင်ရမ်းခေတ်တွင် လက်အောက်ခံ ပဒေသရာဇ်အဆင့် သို့လျောကျခဲ့သည်။ အခိုက်အတန့်အားဖြင့် သာလွန်မင်းတရားကြီး အောက်အရပ်တွင် တိုင်းတပါးသား ငဇင်ကာ အားလာရောက် နှိမ်နှင်းချိန်တွင်သာ ယာယီနန်းစံခဲ့ဖူးသည်။ ညောင်ရမ်းခေတ်နောက်ဆုံးကာလများတွင် ဇင်းမယ်သား ဆင်ဝန်ဦးအောင်လှက ဗညားဒလ ဘွဲ့ခံကာပဲခူးမှ အင်းဝအားထောင်ထားစစ်ပြိုင်ပြုသည်။ အနိုင်ရသော်လည်း အလောင်းဘုရား ဦးအောင်ဇေယျ ဦးဆောင်သည့် ဗမာတို့၏ ပြန်လည်တိုက်ခိုက်မှုအောက်တွင်ကျဆုံးရပြန်သည်။ ပဲခူးမြို့ကို ဟံသာဝတီ ၃၂ မြို့ဝန် (ခ) ရန်ကုန်မြို့ဝန်က အုပ်ချုပ်သည်။သို့ဖြင့် မွန်တို့နှင့်အတူ ဟံသာဝတီ -ပဲခူးမြို့သည်လည်း မင်းနေပြည်တော်အဖြစ်သို့ တစ်ဖန်ပြန်မရောက်တော့ချေ။ သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင်မူ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့လုယူအုပ်ချုပ်ရာ အုပ်ချုပ်ရေးဗဟိုအဖြစ် ပဲခူးကို သတ်မှတ်ပြီး တာဝန်ခံအုပ်ချုပ်သူ ကော်မရှင်နာဖြစ်သည့် ဆာအာသာဖယ်ယာမှာလည်း ထင်ရှားသူဖြစ်ခဲ့သည်။ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်အောက်ကျရောက်ပြီးနောက် ရန်ကုန်မြို့ကို အုပ်ချုပ်ရေးဗဟိုအဖြစ် သတ်မှတ်သောကြောင့် ပဲခူးမြို့သည် သာမန်တိုင်းမြို့ကြီးအဖြစ်သာ သတ်မှတ်ခြင်းခံရတော့သည်။ ဗြိတိသျှအစိုးရလက်ထက် ၁၈၇၈ တွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ ဆက်သွယ်ရာ ပဲခူး စစ်တောင်း တူးမြောင်းကို ဖောက်လုပ်သည်။ ပဲခူးမြို့ မြူနီစီပါယ်အဖွဲ့ကို ၁၈၈၃-ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုနှစ်တွင် မြို့ပေါ်ရှိလူဦးရေမှာ တစ်သောင်းကျော်ကျော်သာ ရှိသေးသည်။ ၂၇၊ ဖေဖော်ဝါရီ ၁၈၈၄ တွင် ပဲခူး ရန်ကုန် မီးရထားလမ်းကို ဖောက်လုပ်ပြီးစီးသည်။ မြို့အနောက်ပိုင်းကို ၁၈၈၅-ခုနှစ်တွင် မြူနီစီပါယ် နယ်နိမိတ်အတွင်း ပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၁၁-ခုနှစ်တွင် ပဲခူးမြို့ လူဦးရေမှာ ၁၇၁၀၄-ဦးအထိ တိုးတက်များပြားလာသည်။ ပဲခူးမြို့လယ်၊ ပဲခူးမြစ်လယ်ပေါ်တွင် ဖြတ်ကူးထားသော သံတံတားကြီးကို ၁၈၈၆-၁၈၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၎င်းတံတားကြီးမှာ အင်္ဂလန်မှ မှာယူစဉ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်မြစ်ပေါ်တွင် တည်ဆောက်ရန် ဖြစ်သော်လည်း တံတားမှာ တိုလွန်းနေ၍ ပဲခူးမြို့သို့ ပို့ပေးပြီး ပဲခူးမြစ်ကူး သံတံတားကြီးအဖြစ် တည်ဆောက်လိုက်ကြခြင်း ဖြစ်သည်။ ရခိုင်မှတစ်ဆင့် သယ်ယူခအပါအဝင် ကုန်ကျငွေ စုစုပေါင်း ၅၅၇၁၈-ကျပ် ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားပြီဖြစ်၍ ယခုအခါ မရှိတော့ပေ။ အထင်ကရနေရာများ ရွှေသာလျောင်းဘုရား ရွှေမော်ဓောစေတီ ကမ္ဘောဇသာဒီ နန်းတော် ကလျာဏီသိမ်တော်ကြီး မဟာစေတီ ဟံသာဝတီဗုဒ္ဓဂါယာ ဟင်္သာကုန်းဘုရား စိန်သာလျောင်းဘုရား ကျိုက်ပွန်ဘုရား ‌ရွှေအောင်ရွေးစေတီ မြသာလျောင်းဘုရား ‌ရွှေဂူလေး ကျိုက်ပေါဘုရား ကျိုက္ကလွန်းပွန်ဘုရား အကျွတ်အလွတ်ဘုရား ထင်ရှားပုဂ္ဂိုလ် မြို့မဆရာတော်ကြီး ရှင်ဣန္ဒာစာရ (ဝမ်းဘဲအင်းရွာ) အိုင်စီအက်စ် ဦးတင်ထွဋ် ဗန်းမော် တင်အောင် ခေတ်ဟောင်းအဆိုတော် ရုပ်ရှင်မင်းသမီး ခင်ခင်ရီ (ညောင်ဝိုင်းရပ်) တရားသူကြီးချုပ် ဦးအောင်တိုး လင်းယုန်နီ(လိပ်ပြာကန်ရပ်) ဒေါက်တာစိုးရင် စာရေးဆရာ ဒါရိုက်တာ သာဓု မောင်ကိုယု (ဇိုင်းဂနိုင်းတောင်ပိုင်း) ဒေါက်တာကျော်စိန် အမျိုးသားကျောင်းအုပ်ကြီး ဦးသန်း စာရေးဆရာ မောင်သိန်းဆိုင် စာရေးဆရာ ခက်ဇော် (ခ) ဗြိတိသျှကိုကိုမောင် ကဗျာဆရာ ခရမ်းပြာထက်လူ ဆက်စပ်လေ့လာရန် ဟံသာဝတီ တပင်ရွှေထီး ဘုရင့်နောင် တောင်ငူမင်းဆက် ရာဇာဓိရာဇ် ရှင်စောပု ဓာတ်ပုံများ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ပဲခူးတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%B2%E1%80%81%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
တောင်ကြီးမြို့
တောင်ကြီးမြို့ (; ) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တောင်ကြီးမြို့နယ်တွင် လူဦးရေ ၄သိန်းခွဲခန့်ရှိပြီး ၄၅%ခန့်မှာ ပအိုဝ်း လူမျိုး ဖြစ်သည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ် ရုံးစိုက်ရာမြို့ ဖြစ်သော်လည်း နေထိုင်သည့် လူဦးရေအများစုမှာ ပအိုဝ်းလူမျိုး ဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ၊ အင်းသားများလဲ နေထိုင်ကြသည်။ မြန်မာသက္ကရာဇ် ၁၂၀ဝခန့်က တည်ရှိနေသော ပအိုဝ်းရွာ "ဒုံတောင်ကျည်း" () ရွာရှိသည်။ ရေကန်(၄) ကန် နှင့် အင်းကြီး(၁) အင်း ရှိသည်။ အင်္ဂလိပ်အစိုးရ မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ၊ ကျန်းမာရေး ကိစ္စများကြောင့် မြို့သစ်တည်ရန်အတွက် တောင်ကြီးရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၂၅၃)ခု၊ ခရစ်နှစ်(၁၈၉ဝ)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ ပင်လယ်ရေပြင်အမြင့် (၄၇၁၂)ပေ -တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့်ပေ (၅၆၀၀) ကျော်ရှိသည်။ အရှေ့ဘက်တွင် ဟိုပုံးမြို့၊ အနောက်ဘက်တွင် ညောင်ရွှေမြို့၊ တောင်ဘက်တွင် ဆီဆိုင်မြို့၊ မြောက်ဘက်တွင် ရပ်စောက်မြို့တို့ဖြင့် ဝန်းရံလျှက်တည်ရှိသည်။ တောင်ကြီး မြို့တွင် ပအိုဝ်း လူမျိုး အများဆုံးနေထိုင်ပြီး ဗမာ၊ပအိုဝ်း၊ပလောင်၊ရှမ်း၊အင်းသား၊ဓနု၊တောင်ရိုး အစရှိသည့် တိုင်းရင်းသား များစွာ စုစည်းနေထိုင်ကြသည်။ တောင်ကြီးမြို့သမိုင်း ဗြိတိသျှကိုလိုနီခေတ်မတိုင်မီ တောင်ကြီးသည် တဲအိမ်အနည်းငယ်သာရှိသည့် ပအိုဝ်းရွာငယ်လေး တစ်ရွာဖြစ်သည်။ ထိုအချိန်တွင် ပအိုဝ်းလူမျိုးများ နေထိုင်ကြသည်။ ဗြိတိသျှကိုလိုနီခေတ်ရောက်သည့်အခါ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ ခရစ်နှစ် ၁၈၉၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ပထဝီအနေအထားနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် ၎င်းတို့၏ ရုံးကန်ကနားများအား အင်းလေးကန် အရှေ့ဘက်ကမ်းရှိ မိုင်းသောက်မြို့မှ တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့ချိန်မှ စတင်ကာ တောင်ကြီးမြို့ ပြောင်းလဲတိုးတက်လာသည်။ တောင်ကြီးမြို့မှာ ကျယ်ပြန့်‌သော ‌တောင်ကမ်းပါးယံရှိ ကုန်းပြင်မြင့်‌ပေါ်တွင် တည်ရှိရာ မြို့၏အ‌ရှေ့ဘက်စွန်းမှ အထက်ဆီသို့ အုပ်မိုး‌နေအောင် မတ်‌စောက်‌နေ‌သော ‌တောင်ကြီးကိုအစွဲပြု၍ ‌တောင်ကြီးမြို့ဟု ‌ခေါ်‌လေသည်။ ‌တောင်ထိပ်တွင် ‌စေတီ‌တော်တစ်ဆူနှင့် ထူးခြားစွာ စွန်းထွက်‌နေ‌သော ‌ကျောက်‌ဆောင် ‌ကျောက်တုံးကြီး များရှိ‌သော‌ကြောင့် မြို့သူမြို့သားများသည် ထို‌တောင်ထိပ်သို့ မကြာမကြာ သွား‌ရောက်လည်ပတ်ကြသည်။ မြို့ကို တပ်‌မြေ ဌာနကဲ့သို့ စံနစ်တကျ တည်‌ဆောက်၍ လမ်းမကြီး လမ်းငယ် အသွယ်သွယ် ‌ဖောက်လုပ်ထားသည်။ မြို့အတွက် ‌ရေကို မြို့‌တောင်ဘက်စွန်းမှ စီးဆင်းလာ‌သော ‌ချောင်းငယ်မှယူသဖြင့် သန့်ရှင်း‌သော‌ရေကိုရသည်။ အ‌နောက်စွန်းရှိ ‌တောင်ကုန်းငယ် တွင် ဘုရားတန်‌ဆောင်းများရှိသည်။ သာစည် ‌ရွှေ‌ညောင်သွား မီးရထားလမ်းဆုံမြို့ဖြစ်‌သော ‌ရွှေ‌ညောင်မြို့နှင့် ‌တောင်ကြီးမြို့ သည် ကားလမ်းအားဖြင့် ၁၂ မိုင်‌ဝေး၍၊ ‌ခြေလျင်လမ်းအားဖြင့် ၅ မိုင်မျှသာ‌ဝေးသည်။ သာစည်မြို့မှာမူ ‌တောင်ကြီးမြို့မှ ၁၀၃ မိုင်‌ဝေးသည်။ ခရစ်နှစ် ၁၉၀၆ ခုနှစ်တွင် အိမ်ခြေပေါင်း ၁၀⁠၀၀ ခန့်ရှိခဲ့သည်။ ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်ဦးပိုင်းများတွင် ရှမ်းပြည်နယ်အတွင်း နယ်မြေ မငြိမ်သက်မှုများကြောင့် တောင်ကြီးမြို့သည် ဗြိတိသျှတပ်ဖွဲ့များ၏ အဓိကစခန်းဖြစ်ခဲ့သည်။ တောင်ကြီးမြို့သည်လည်း ရှမ်းပြည်နယ်၏ ရိက္ခာပံ့ပိုးရာ အချက်အချာ ဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်တည်ရှိသည်။ မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်နေရာ၌ ပအိုဝ်းရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(ဝါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတဝိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ဝါးပြားရွာ များသာ ရှိပေသည်။ ၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ ကို မြန်မာသက္ကရာဇ် (၁၂၅၃)ခုနှစ်၊ ခရစ်နှစ် (၁၈၉၀)ပြည့်နှစ်တွင်တည်ထောင်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သားရသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ မြန်မာသက္ကရာဇ် (၁၂၅၁)ခုနှစ်တွင် တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရသည်။ ဤ အဆို အမိန့်များကိုအခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို မြန်မာသက္ကရာဇ် (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။ ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တဝိုက်သို့ မြန်မာသက္ကရာဇ် (၁၂၅၁) ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအချိန်ကတောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ဝိနယ အစရှိသောပအိုဝ်းရွာများ ရှိသည်။ ``ဝိနယ´´ဟူသော အဓိပ္ပာယ်မှာ ``မြို့ဟောင်း´´ဟူ၍ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် ခရစ်နှစ် (၁၈၉၄) ခုနှစ်တွင်မှ ယခုတောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင်သည်။ ဤသို့ဆိုလျင်တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း တင်ရမည် ဖြစ်သည်။ တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သောပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။ ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံတောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်သည်။ အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၎င်းအပင်ပေါက်ရာရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊မွန် ခြိန်ရွာ နှင့် ဝါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၄ ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည်တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင် မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီးထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကိုပြုပြင်ကာတောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းကယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတဝဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကိုမှတ်သားရပေသည်။ မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်တွင်တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့် တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက်၍ ဝိဝါဒ အမျိုးမျိုးဖြစ်နေသည်။ အဖြေရှာကြည့်ရာ မြန်မာသက္ကရာဇ် ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည်နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကိုရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။ မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်။ ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်ကပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။ ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ဝိန်ယရွာများရှိရာ ဝိန်ယသည် ပအိုဝ်းဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်းနေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ခရစ်နှစ် ၁၈၉၄-ခုနှစ်တွင်ယခုတောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။ ယခု မြို့မ ဈေးကြီး နေရာသည် ယခင်ကဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင်ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာတောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။ အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာက အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊နဂါးပတ်ကျောင်း ဝန်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။ အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှအင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမားကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။ ဈေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊ ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမတောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။ လမ်းပန်းဆက်သွယ်ရေး တောင်ကြီးမြို့၏ အဓိကလမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်သည်။ ရန်ကုန်မြို့မှ မိုင် ၄၀၀ (645 Km) ကွာဝေးပြီး မန္တလေးမြို့မှ ၃၇၇ မိုင် (606 Km) အသီးသီး ကွာဝေးသည်။ တောင်ကြီးမြို့အား ဖြတ်သန်းသော ရထားလမ်းကို ၁၉⁠၉၅ ခုနှစ်မှသာ ဖောက်လုပ်ခဲ့သည်။ သို့ပေမယ့် လက်ရှိတွင် ခရီးသည်များအတွက် ဝန်ဆောင်မှုများ မရှိပါ။ ရထားနှင့် မြန်မာနိုင်ငံ အခြားဒေသများသို့ သွားရောက်လိုသော ခရီးသည်များသည် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့တွင် သွားရောက် စီးနင်းရသည်။ အနီးဆုံးလေဆိပ်မှာ ၂၄ မိုင်အကွာရှိ ဟဲဟိုးမြို့တွင် တည်ရှိသည်။ ယခုအခါ တောင်ကြီးမှ ဆီဆိုင် ၊ ဆိုက်ခေါင် သို့ ပြေးဆွဲသော ရထားခရီးစဉ်ရှိနေပြီ ဖြစ်သည်။ သို့သော် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သဖြင့် တောင်ကြီးဈေးနေ့တွင်သာ ပြေးဆွဲ ပေးလျက်ရှိသည်။ ယဉ်ကျေးမှု တောင်ကြီးမြို့တွင် မူလဒေသခံ အင်းသားနှင့် ပအိုဝ်းလူမျိုးများအပြင် ရှမ်းနှင့် ဗမာလူမျိုးများ အဓိကနေထိုင်ကြသည်။ အခြား ဒေသခံတိုင်းရင်းသားများနှင့် တရုတ်၊ မူဆလင်နှင့် ဂေါ်ရခါး(နေပါလီ)လူမျိုးများကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ အခြားဒေသများနည်းတူ တောင်ကြီးမြို့ခံအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘုန်းတော်ကြီးကျောင်းများကို မြို့အနှံ့တွင် တွေ့ရှိနိုင်သည်။ ခရစ်ယာန်ဘာသာဝင် အတော်များ⁠များလည်း တောင်ကြီးမြို့တွင် နေထိုင်ကြသည်။ ရိုမန်ကသလစ်နှင့် ဘက်တစ်ဘုရားရှိခိုးကျောင်းများ ရှိသည်။ တောင်ကြီးမြို့တွင် ဗလီကျောင်းလေးကျောင်းရှိပြီး မူဆလင်အများစုမှာ မြို့ဦးဗလီ၊ အလယ်ဗလီနှင့် တောင်ဗလီသို့ သွားရောက် ဝတ်ပြုကြသည်။ ပန်းသေးတရုတ်များမှာမူ ပန်းသေးဗလီကျောင်းသို့ သွားကြလေ့ရှိသည်။ တရုတ်လူမျိုးများ ကိုးကွယ်သည့် တရုတ်ဘုရားကျောင်း အနည်းငယ်လည်း တည်ရှိသည်။ တောင်ကြီးမြို့သည် နယ်လှည့်ခရီးသည်များအကြား လူသိများ ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ၅ ရက်လျှင် တစ်ကြိမ်ကျရောက်သည့် ဈေးနေ့တွင် ရွာနီးချုပ်စပ်မှ တောင်သူဈေးသည်များနှင့် စည်ကားသိုက်မြိုက်စမြဲဖြစ်သည်။ မြို့ပြအင်္ဂါပီပြင်လာသည့်အလျှောက် ဤအငွေ့အသက်များ တဖြည်းဖြည်း မှေးမှိန်စပြုလာပြီဖြစ်သည်။ အနီးဝန်းကျင်ရှိ ရွာများတွင်မူ စည်ကားသည့် ဈေးနေ့မြင်ကွင်းကို တွေ့ရှိနိုင်ပါသေးသည်။ တောင်ကြီးမြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် အင်းလေးကန်တွင် တမူထူးခြားသည့် အင်းသားယဉ်ကျေးမှုကို တွေ့မြင်နိုင်သည်။ တော်သလင်းလတွင် ကျင်းပသည့် တန်ခိုးတော်ရှင် ဖောင်တော်ဦးဘုရားပွဲတော်သည် လူတိုး၍ပင်မပေါက်သည့် ဘုရားပွဲဖြစ်သည်။ ပင်းတယဂူသည်လည်း လူသွားများသည့် နေရာတခုဖြစ်သည်။ တောင်ကြီးအနီးရှိ မွေတော်ကက္ကူဘုရားတွင် ၁၆ ရာစုတွင် တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီပုထိုးများအား ဖူးမြော်ကြည်ညိုနိုင်သည်။ ရွှေဘုန်းပွင့်စေတီ၊ မြစိမ်းတောင်၊ ရပ်တော်မူဘုရား၊ မုံတဝဂူ စသည်တို့မှာလည်း နာမည်ကျော် ဘုရားများဖြစ်ကြသည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်နှင့်အညီ ပြည်နယ်အစိုးရရုံးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးပညာရေးကောလိပ်၊ တောင်ကြီးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက် စသည့် အရေးပါသည့် ဌာနများ၊ ရုံးများ တည်ရှိသည်။ ‌တောင်ကြီးမြို့တွင် အစိုးရရုံးများ၊ အင်္ဂလိပ် မြန်မာ အထက် တန်း‌ကျောင်းများ၊ မူလတန်း‌ကျောင်းများ၊ ‌ဆေးရုံ၊ ‌ဟော်နန်းနှင့် ခမ်းနား‌သော တိုက်တာအ‌ဆောက်အအုံများရှိသည်။ မြို့‌မြောက် ပိုင်းရှိ‌ဈေးကြီးမှာ အထူးပင်သန့်ရှင်းသည့်ပြင် မုန်လာ၊ မုန်ညင်း၊ အာလူး၊ ကြက်သွန်စ‌သော ဟင်းသီးဟင်းရွက်၊ လတ်ဆတ်‌သော ကြက်ဥနှင့် ‌ညောင်‌ရွှေ အင်း‌လေးဘက်မှ ငါးများကို ထို‌ဈေးကြီးတွင် ဝယ်ယူရရှိနိုင်‌ပေသည်။ ၅ ရက် တစ်‌ဈေး ကျ‌ရောက်‌သော‌နေ့တွင် နယ်မှလာ‌ရောက်‌ရောင်းဝယ်ကြသဖြင့် အထူးပင် စည်ကား‌လေသည်။ ‌တောင်ကြီးမြို့မှ မြန်မာနိုင်ငံ အခြားမြို့များသို့ ကြက်သွန်ဖြူ၊ ဂျင်း၊ အာလူး၊ သနပ်ဖက်များကို မီးရထားလမ်း၊ ကားလမ်းနှင့် ‌လေ‌ကြောင်းဖြင့် တင်ပို့သည်။ အ‌ရှေ့ဘက်ရှိ ‌တောင်ကျစမ်း‌ချောင်းမှ‌ရေကို ‌ရေလှောင်ကန်ကြီး ၂ ခုမှတစ်ဆင့် ပြွန်လုံးများဖြင့် တစ်မြို့လုံး အတွက် ‌သောက်‌ရေပို့‌ပေးသည်။ ‌တောင်ကြီးမြို့၏ လူဦး‌ရေမှာ ၂၀၁၇ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ၂၄၆,၆၇၅ ‌ယောက် ဖြစ်သည်။ ပညာရေး အခြေခံပညာ တောင်ကြီးမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၂ ကျောင်း ရှိသည်။ အဆင့်မြင့်ပညာ တောင်ကြီးတက္ကသိုလ် နည်းပညာတက္ကသိုလ်(တောင်ကြီး) ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ဆေးတက္ကသိုလ် (တောင်ကြီး) အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျန်းမာရေး အစိုးရဆေးရုံများ စဝ်စံထွန်း အထွေထွေရောဂါကု ဆေးရုံကြီး တောင်ကြီး မိခင်နှင့်ကလေးဆေးရုံ တောင်ကြီး တက္ကသိုလ်ဆေးရုံ အဆုတ်ရောဂါကုဆေးရုံ အားကစား တောင်ကြီး အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး တောင်ကြီးမြို့တွင် တည်ရှိသည်။ အဆိုပါ အားကစားကွင်းသည် ရှမ်းယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။ အဆိုပါဘောလုံးအသင်းသည် ၂၀၀၇ ခုနှစ် မြန်မာပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။ ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင် ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်ပြီး ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော အသင်းလည်းဖြစ်သည်။ ဓာတ်ပုံများ ကိုးကား မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)။ မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ် မြန်မာနိုင်ငံရှိ မြို့များ ရှမ်းပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ရန်ကုန်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ် ဖြစ်သည်။ အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ်များတွင်လည်း ပါဝင်သည်။ တည်နေရာ ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းလျားကန် ၏ အနောက်တောင်ဘက်၊ ပြည်လမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းတို့ ဆုံရာတွင် တည်ရှိသည်။ ပင်မတက္ကသိုလ်ကျောင်းဝင်း နှင့် လှိုင်ကျောင်းဟူ၍ နှစ်မျိုးရှိပြီး၊ ဂျပ်ဆင်ဘုရားကျောင်းမှာ ပင်မကျောင်းဝင်းအတွင်းရှိသည်။ ဘွဲ့နှင်းသဘင်အနီးရှိ အထင်ကရသစ်ပုတ်ပင်ကြီးသည် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်သွားသော နာဂစ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျက်ရှိသည်။ သမိုင်း ရန်ကုန် တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကာလက္ကတား တက္ကသိုလ် လက်အောက်ခံ ရန်ကုန် ကောလိပ် အဖြစ် စတင် တည်ထောင် ခဲ့သည်။ ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်းထားခဲ့သော ပညာရေးဌာနမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ် ဟု အမည်ပြောင်း ခဲ့ပြီး၊ ၁၉၂၀ တွင် ယူနီဗာစီတီ ကောလိပ် နှင့် ဂျပ်ဆင်(ယုဒသန်)ကောလိပ် ဟူ၍ ပေါ်ထွက်လာခဲ့သည်။ ယူနီဗာစီတီ ကောလိပ်မှာ ဘာသာရေး နှင့် မသက်ဆိုင်သော ကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်မှာ နှစ်ခြင်းခရစ်ယာန် သာသနာ အခြေပြု ကျောင်းဖြစ်သည်။ အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့မှ ဂျပ်ဆင်ကောလိပ် အား ရန်ကုန် တက္ကသိုလ် လက်အောက်ခံ သီးခြားလွတ်လပ်သည့်ကျောင်း အဖြစ် အသိအမှတ် ပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန် နိုင်ငံရှိ အောက်စဖို့ နှင့် ကိန်းဘရစ်ချ် တက္ကသိုလ်တို့၏ စနစ်အတိုင်း ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၀ နှင့် ၅၀ ခုနှစ်များ အတွင်းတွင် အရှေ့တောင် အာရှ၏ အကောင်းဆုံး တက္ကသိုလ် ဖြစ်ခဲ့ပြီး အာရှဆင့်တွင်လည်း ထိပ်တန်း ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြား အာရှနိုင်ငံ များမှ ကျောင်းသားများ လာရောက် ပညာဆည်းပူးရာ တက္ကသိုလ် ဖြစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို ပါမောက္ခများ ကောင်စီ၊ ပညာရှင်များနှင့် အစိုးရအရာရှိများ ပူးပေါင်းအုပ်ချုပ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်တွင် အဆင့်မြင့် ပညာရေး ဦးစီးဌာနမှ တိုက်ရိုက်ချုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကျောင်းတွင်း သင်ကြားရေး ဘာသာစကားအားလည်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့ပြန်သည်။ မကြာမီ ပညာရေး အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုခြင်းများ ရပ်တန့် သွားခဲ့ရသည်။ ဆေးပညာ၊ ဘောဂဗေဒ နှင့် ပညာရေးဌာနများအား သီးခြားကျောင်းများ အဖြစ် ခွဲထုတ်ပြီးချိန်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ဟုအမည် ပြောင်းလဲခဲ့သည်။ ၈၈၈၈ လူထု အုံကြွမှု ကာလအပြီးမှ စ၍ ရန်ကုန် တက္ကသိုလ်သည် အချိန် အကန့်အသတ် မရှိ ပိတ်ထားခြင်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ COE ဟူပြီး ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။ (၂၀၂၀)ခုနှစ် မတ်လတွင် COVID-19 ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိသဖြင့် ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်များအားလုံး အချိန်အကန့်အသစ်မရှိ ပိတ်ခဲ့ရသည်။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ ၇၅ နှစ်ပြည့် စိန်ရတုသဘင်အား တစ်ပတ်ကြာ ကျင်းပခဲ့ပြီး န.ဝ.တ အစိုးရမှ ကျပ်သိန်း ၆၃၀ တန် စိန်ရတုခန်းမကို ဆောက်လုပ်ခဲ့သည့်အပြင် အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုးလည်း ထုတ်ဝေခဲ့သည်။ အထင်ကရ ဖြစ်ရပ်များ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် တရားမျှတမှုမရှိသော တက္ကသိုလ် စည်းမျဉ်းများအတွက် ကျောင်းသားများ ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ဦးနေဝင်း၏ တပ်များ ပစ်ခတ်မှုကြောင့် တစ်ရာကျော်ခန့် သေဆုံးခဲ့ရသည့်အပြင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ (တ.က.သ အဆောက်အဦ) ပါ ဒိုင်းနမိုက်နှင့် ဖေါက်ခွဲ ဖျက်စီးခံခဲ့ရသည်။ ၁၉၇၄ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျိုက်က္ကဆံကွင်းအတွင်း ပြသထားသော ဦးသန့်၏ ရုပ်အလောင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများမှ ခိုးယူပြီး နိုင်ငံတော်ဈာပနဖြင့် သင်္ဂြိုဟ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စစ်တပ်မှ ကျောင်းဝင်းအတွင်း ဝင်ရောက် စီးနင်းပြီး ဦးသန့် အလောင်းကို ပြန်လည် ယူငင်ခဲ့သောကြောင့် ကျောင်းသား အချို့ သေဆုံးခဲ့ရသည်။ (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြသူများတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများလည်း ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြကျောင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ထိပ်တြိက်တွေ့လုနီးနီးအခြေအနေ ဖြစ်ခဲ့ရသည်။ ထိုနေ့တွင်ပင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ "သမဂ္ဂရင်ပြင်နီ" ကျောက်တိုင်ကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးဆောင်ရှေ့တွင် စိုက်ထူခဲ့သည်။ (၂၀၂၁) မတ်လ(၃)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားရာကျော် ဖမ်းဆီးခံရသည်။ ဌာနများ သင်္ချာဌာန ရူပဗေဒဌာန ဓာတုဗေဒဌာန ကုန်ထုတ်ဓာတုဌာန သတ္တဗေဒဌာန ရုက္ခဗေဒဌာန ဥပဒေဌာန အင်္ဂလိပ်စာဌာန မြန်မာစာဌာန သမိုင်းဌာန နိုင်ငံတကာဆက်ဆံရေးပညာဌာန ဘူမိဗေဒဌာန အရှေ့တိုင်းပညာဌာန ကွန်ပျူတာသိပ္ပံပညာဌာန မနုဿဗေဒဌာန ဒဿနိကဗေဒဌာန စိတ်ပညာဌာန ပထဝီဝင်ဌာန စာကြည့်တိုက်နှင့် သုတပညာဌာန ရှေးဟောင်းသုတေသနပညာဌာန Fisheries and Aquaculture ပတ်ဝန်းကျင်နှင့် ရေဘက်ဆိုင်ရာလေ့လာရေးဌာန အဆောင်များ အင်းဝဆောင် ပုဂံဆောင် ပဲခူးဆောင် ဒဂုံဆောင် အင်းလျားဆောင် မာလာဆောင် နဝဒေးဆောင် ပင်းယဆောင် ပြည်ဆောင် တကောင်းဆောင် သထုံဆောင် သီရိဆောင် ရတနာဆောင် စစ်ကိုင်းဆောင် ရွှေဘိုဆောင် ရာမညဆောင် ဝေသာလီဆောင် ထင်ရှားသော ကျောင်းသားဟောင်းများ ဆာမောင်ခင် ကာတွန်း ဘကလေး ဒေါက်တာဘမော် ဒေါက်တာ ဘဟန် ဒေါက်တာ လှဘေ ဒေါက်တာသန်းထွန်း သိပ္ပံမောင်ဝ ဆရာဇော်ဂျီ မင်းသုဝဏ် မောင်လွန်းကြင် ဦးရာဇတ် ဦးနု ဦးသန့် ဦးကောင်း ဗိုလ်ချုပ်အောင်ဆန်း ဦးနေဝင်း ဒေါက်တာမောင်မောင် ဒေါက်တာ ဒေါ် မြင့်⁠မြင့်ခင် ခင်မျိုးချစ် ဝန်ကြီးချုပ်ဟောင်း ခင်ညွန့် လူထုဒေါ်အမာ ကောလိပ်ဂျင်နေဝင်း ဝင်းဦး ဝါဝါဝင်းရွှေ ဓာတ်ပုံများ ကိုးကား ပြင်ပလင့်ခ်များ ရန်ကုန်မြို့ ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့်ကောလိပ်များ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မြန်မာနိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်ကောလိပ်များ မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
မန္တလေးတက္ကသိုလ်
မန္တလေးတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက် တည်ထောင်သော တက္ကသိုလ်ဖြစ်သည်။ လွတ်လပ်သော သင်ကြားလေ့လာမှု ဆိုင်ရာ အဖွဲ့အစည်းအဖြစ် ၁၉၂၅ ခုနှစ် တွင်တည်ထောင်ခဲ့သည်။ တည်နေရာ မန္တလေး တက္ကသိုလ်သည် မန္တလေးမြို့တောင်ဘက် ၇၃လမ်းတွင် တည်ရှိသည်။ တက္ကသိုလ် နယ်မြေ အကျယ်အဝန်းမှာ ဧက (၃ဝဝ) မျှ ဖြစ်သည်။ ကျယ်ဝန်း၍ သာယာစိုပြည်သော ရပ်ကွက် တွင်တည်ရှိသည်။ သမိုင်းကြောင်း ၁၉၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင်မန္တလေး ဥပစာ ကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်လှစ်ချိန်၌ ကျောင်းသားဦးရေ (၃ဝ) ယောက် သာရှိသည်။ ကျောင်းအုပ်ကြီးမှာ မစ္စတာ အယ်ထင်စီ (မဟာဝိဇ္ဇာ) ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် ၁၉၄၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှ အစပြု၍ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည်။ စိုက်ပျိုးရေးကောလိပ် အပါအဝင် ကျောင်းသားဦးရေ (၁၂၉) ယောက် ရှိသည်။ ၁၉၄၈ ခုနှစ် ဇွန်လမှစ၍ ဥပစာကောလိပ်အဆင့်အတန်းမှ ဝိဇ္ဇာဘွဲ့၊သိပ္ပံဘွဲ့ သင်တန်း ပို့ချနိုင်သော ယူနီဗာစီတီကောလိပ် အဆင့်အတန်းသို့ ရောက်ခဲ့သည်။ ထိုအချိန်၌ ကျောင်းသားဦးရေ (၂ဝ၂) ယောက် ရှိသည်။ ကောလိပ်ကျောင်းအုပ်ကြီးမှာ ဦးကိုလေး၊ အမ်၊ အက်စီ(လန်ဒန်) ဖြစ်သည်။၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှအစပြု၍ သီးခြားတက္ကသိုလ်ဖြစ်ခဲ့သည်။ သီးခြားတက္ကသိုလ် မဖြစ်မီအချိန်ကပင် မန္တလေး၌ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ စိုက်ပျိုးရေးကောလိပ်နှင့် ဆေးအတတ်သင် ကောလိပ်များရှိခဲ့သည်။ ဆေးကောလိပ်ကို ၁၉၅၄ -၅၅ ခုနှစ်မှ အစပြု၍ တည်ထောင်ဖွင့်လှစ်ခဲ့သည်။ စိုက်ပျိုးရေးကောလိပ်မှာမူ စစ်မဖြစ်ခင်ကပင်တည်ရှိခဲ့သည်။ သီးခြားတက္ကသိုလ်ဖြစ်လာသောအခါ မန္တလေး တက္ကသိုလ်၌ စိုက်ပျိုးရေး မဟာဌာန၊ ဆေးအတတ်သင် မဟာဌာန၊ ဝိဇ္ဇာမဟာဌာနနှင့် သိပ္ပံမဟာဌာနဟူ၍မဟာဌာန ၄ ခုရှိသည်။ မကွေးဥပစာ ကောလိပ်သည် ယခင်က ရန်ကုန်တက္ကသိုလ်လက်အောက်၌ တည်ရှိ၍ မန္တလေးတက္ကသိုလ်ဖြစ်လာသောအခါ မန္တလေးတက္ကသိုလ် လက်အောက်သို့ ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင် ရောက်လာသည်။၁၉၆၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တောင်ကြီး၌ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဥပစာကောလိပ် ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ပါဝင်ဖွဲ့စည်းမှု မန္တလေးတက္ကသိုလ် အကြီးအကဲမှာ ရန်ကုန်တက္ကသိုလ်ကဲ့သို့ ပါမောက္ခချုပ် မဟုတ်ဘဲ ဒုတိယအဓိပတိ ဖြစ်သည်။ တက္ကသိုလ်ဖြစ်ခါစ ဒုတိယအဓိပတိမှာ ဦးကိုလေးဖြစ်၍ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ တက္ကသိုလ် ဒုတိယ အဓိပတိမှာ ဝဏ္ဏကျော်ထင် ဦးဘစိန် ဖြစ်သည်။ တက္ကသိုလ်ဖြစ်ပြီးသည်မှစ၍ ၁၉၆ဝ - ၆၁ ခုနှစ်အထိ ၊ ဘွဲ့ပေးပြီးခဲ့သော ကျောင်းသားဦးရေမှာ ဝိဇ္ဇာဘွဲ့ရ (၁၈၇) ယောက်၊ သိပ္ပံဘွဲ့ရ (၁ဝ၅) ယောက်၊ ဝါဏိဇ္ဇဝိဇ္ဇာဘွဲ့ရ (၈) ယောက်၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ရ (၉) ယောက်၊ သိပ္ပံ (ဂုဏ်ထူး)ဘွဲ့ရ (၉) ယောက် ၊ ဆေးသိပ္ပံဘွဲ့ရ (၄) ယောက်၊ စိုက်ပျိုးရေး သိပ္ပံဘွဲ့ရ (၃၈) ယောက် ၊ ပိုးမွေးမြူရေးသိပ္ပံဘွဲ့ရ (၅) ယောက်၊ အသုံးချ ဓာတုဗေဒသိပ္ပံဘွဲ့ရ (၃)ယောက်၊ စုစုပေါင်း (၃၆၈) ယောက်ဖြစ်သည်။ ၁၉၆၁ - ၆၂ စာသင်နှစ်တွင် မန္တလေးတက္ကသိုလ်၌ သင်ကြားနေကြသည့် ကျောင်းသားကျောင်းသူ ဦးရေမှာ အောက်ပါအတိုင်း ဖြစ်သည်။ မန္တလေးပင်ရင်းတက္ကသိုလ်တွင် (၂၇၂၅) ယောက်၊ စိုက်ပျိုး ရေးကောလိပ် (၆၁) ယောက်၊ ဆေးကောလိပ် (၂၁၅)ယောက်၊ မကွေး ဥပစာ ကောလိပ် (၂၅၃) ယောက်၊ တောင်ကြီး ဥပစာကောလိပ် (၁ဝ၉) ယောက်၊ စုစုပေါင်း (၃၃၆၃) ယောက် ဖြစ်သည်။ ၁၉၆၂ - ၆၃ ခုနှစ်အထိ မိန်းကလေးကျောင်းဆောင် (၂) ခု၊ ယောက်ျားကလေး ကျောင်းဆောင်(၃) ခုနှင့် စာသင်ခန်းဆောင်(၃) ခုသာ ရှိသည်။ တိုးချဲ့ ဆောင်ရွက်မှု နိုင်ငံတော် အစိုးရဒုတိယ ၄ နှစ် စီမံကိန်းတွင်ဘွဲ့နှင်းသဘင် အဆောက်အအုံ (၁) ခု၊ စာသင်ခန်း အဆောက်အအုံ (၁) ခု ၊ ပိဋကတ်တိုက် (၁) ခု၊ အားကစားရုံ (၁) ခုနှင့် ဆရာဆရာမများ နေအိမ်၊ အလုပ်သမား တန်းလျားများ တက္ကသိုလ်ဝင်းတွင် ဆောက်လုပ်ရန် စီစဉ်ပြီး ဖြစ်သည်။ တောင်ကြီး ဥပစာကောလိပ်အဆောက်အအုံများကို ဆောက်လုပ်ရန် စီစဉ်ဆဲဖြစ်သည်။ ဖွင့်လှစ်ရန် စီမံထား သော မြစ်ကြီးနား ဥပစာကောလိပ် အဆောက်အအုံများ အတွက်ကိုလည်း စီစဉ်ထားသည်။ ၁၉၅၈ ခုနှစ်မှ အစပြု၍ တက္ကသိုလ် ဖြစ်လာသဖြင့် လိုအပ်သော အဆောက်အအုံများ ယခုမှ တိုးချဲ့ ဆောက်လုပ်နေရခြင်း ဖြစ်သည်။ တက္ကသိုလ် ကျောင်းသားကျောင်းသူများမှာ အများအားဖြင့် အထက်မြန်မာနိုင်ငံဒေသမှ ဖြစ်ကြသည်။ မန္တလေးမြို့၌ တည်ရှိသော တက္ကသိုလ် ဖြစ်သည့်အားလျော်စွာ မြန်မာတို့၏ ပျောက်ကွယ်လု မတတ် ဖြစ်သော ဓလေ့ထုံးစံ၊မြန်မာ့ယဉ်ကျေးမှု၊ မြန်မာတို့၏ အနုပညာစာပေ ဗုဒ္ဓကျမ်းစာ စသည်တို့ကို တစ်စတစ်စပြန်လည် ထုတ်ဖော်ပေးနေသော တက္ကသိုလ်အဆင့်အတန်းသို့ ရောက်အောင် တဖြည်းဖြည်း ဆောင်ရွက်လျက်ရှိသည်။ တက္ကသိုလ်အကြီးအကဲများ မန္တလေးဥပစာကောလိပ်၊ယူနီဗာစီတီကောလိပ် ကျောင်းအုပ်ကြီးများ မန္တလေးတက္ကသိုလ်၊မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဒုတိယအဓိပတိနှင့် ပါမောက္ခချုပ်များ ကိုးကား မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ မြန်မာနိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်ကောလိပ်များ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မန္တလေး
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
ဆေးတက္ကသိုလ် (မန္တလေး)
ဆေးတက္ကသိုလ် (မန္တလေး)သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၅ ခုအနက် မန္တလေးမြို့တွင်ရှိသော ဆေးတက္ကသိုလ်ဖြစ်သည်။ ဆေးပညာဘွဲ့ (MBBS)နှင့် ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (MMedSc)၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ (PhD) နှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ (DrMedSc) များ သင်ကြားပေးသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ဦးရေ ၃ဝဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။၂ဝ၂၂ခုနှစ်တွင်မူ ကိုဗစ်-၁၉ရောဂါအခြေအနေထက်စစ်အာဏာသိမ်းမှု ၊ ဆန္ဒပြမှုများ နှင့် ပြည်သူ့ ခုခံတော်လှန်ရေးတို့ကြောင့် ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်းကို ၆လလောက်သာတက်ပြီး စာမေးပွဲဖြေခဲ့ရသည်။ ထို့ကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ၆ဘာသာရမှတ်စုစုပေါင်းအနက် အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ၃ဘာသာရမှတ်ပေါင်းအနည်းအများကိုကြည့်၍ ဝင်ခွင့်ခေါ်ယူမည်ဟု အာဏာသိမ်း စစ်တပ်က ပြောင်းလဲခဲ့သည်။ ဆေးတက္ကသိုလ် (မန္တလေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။ သမိုင်းကြောင်း ၁၉၅၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)သည် ရန်ကုန်တက္ကသိုလ်၏ ဆေးပညာဌာနခွဲ (Branch Medical Faculty) တစ်ခုအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဆေးပညာဌာန (Faculty of Medicine) အဖြစ် ပြောင်းလဲလိုက်သည်။ ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)(Institute of Medicine, Mandalay) အဖြစ် သီးခြားတည်ထောင်ခဲ့ပြီး ကျောင်းသားကျောင်းသူ (၃၆)ယောက်ကို ဆေးပညာဘွဲ့ (MBBS)အတွက် စတင်သင်ကြားပေးသည်။ ဘွဲ့လွန်သင်တန်းများကို ၁၉၆၈ခုနှစ်တွင် ဇီဝကမ္မဗေဒဘွဲ့လွန်သင်တန်းဖြင့် စတင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် University of Medicine, Mandalay သို့ အမည်ပြောင်းလဲခဲ့သည်။ ဦးဆောင်မှု ၁၉၅၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ် (မန္တလေး)ကို တက္ကသိုလ်ဋ္ဌာနမှူးမှ ဦးဆောင်အုပ်ချုပ်သည်။ ၁၉၆၄ တွင် Institute of Medicine, Mandalay အဖြစ်ပြောင်းလဲပြီး ပါမောက္ခချုပ် မှ ကျောင်း၏ ဦးဆောင်မှုတာဝန်ကို ထမ်းဆောင်ခဲ့ကြသည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ- ဆေးတက္ကသိုလ် (မန္တလေး)ရှိ ဌာနများကို တည်ထောင်ခဲ့သော ခုနှစ်များမှာ - ၁၉၅၄ တွင် ခန္ဓာဗေဒဌာန၊ ဇီဝကမ္မဗေဒဌာန ၁၉၅၆ တွင် ဆေးဝါးဗေဒဌာန၊ ရောဂါဗေဒဌာန၊ ဗက်တီးရီးယားဗေဒဌာန၊ ဆေးပညာဌာန၊ ခွဲစိတ်ပညာဌာန ၁၉၅၇ တွင် သားဖွားနှင့် မီးယပ်ဆေးပညာဌာန၊ မှုခင်းဆေးပညာဌာန၊ နား၊ နှာခေါင်း၊ လည်ချောင်းဌာန ၁၉၆၀ တွင် အဏုဇီဝဗေဒဌာန ၁၉၆၄ တွင် ကလေးကျန်းမာပညာဌာန၊ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန ၁၉၈၇ တွင် ဇီဝဓာတုဗေဒဌာန ၁၉၉၀ တွင် အရိုးရောဂါကုသမှု ဆေးပညာဌာန သင်ကြားမှုကာလ ဘာသာရပ်များ ပထမနှစ် အမ်ဘီဘီအက်စ် မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ ရူပဗေဒ ဓာတုဗေဒ ရုက္ခဗေဒနှင့် သတ္တဗေဒ ဒုတိယနှစ် အမ်ဘီဘီအက်စ် ခန္ဓာဗေဒ ဇီဝကမ္မဗေဒ ဇီဝဓာတုဗေဒ တတိယနှစ် အမ်ဘီဘီအက်စ် အထွေထွေ ရောဂါဗေဒ အဏုဇီဝဗေဒ ဆေးဝါးဗေဒ သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ် နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ် မှုခင်းဆေးပညာ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ (နယ်ကွင်းဆင်းသင်တန်း ၃ပတ်) ရောဂါဗေဒ နှင့် သွေးပညာ သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။ နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ် ကလေးကျန်းမာပညာ ဆေးပညာ သားဖွားနှင့် မီးယပ်ဆေးပညာ ခွဲစိတ်ကုပညာ အလုပ်သင်ဆရာဝန် နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း မန္တလေး(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ- အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်တာ လက်တွေ့ပညာသင်ယူပြီးသောအခါ ဆေးပညာဘွဲ့ (MBBS) အပ်နှင်းခြင်း ခံရသည်။ အလားတူလင့်ခ်များ ဆေးတက္ကသိုလ်(၁) ရန်ကုန် ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆေးတက္ကသိုလ် (မကွေး) ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) ကိုးကား မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ မန္တလေး
https://my.wikipedia.org/wiki/%E1%80%86%E1%80%B1%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%20%28%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%29
အိန္ဒိယနိုင်ငံ
အိန္ဒိယ တရားဝင်အမည်အားဖြင့်အိန္ဒိယသမ္မတနိုင်ငံတော်ဖြစ်သည်။တောင်အာရှတွင် တည်ရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင်အကျယ်အဝန်းအားဖြင့်သတ္တမမြောက်အကြီးဆုံး၊ ဒုတိယမြောက်လူဦးရေအများဆုံးနှင့်ဒီမိုကရေစီနိုင်ငံများတွင်လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။တောင်ဘက်တွင်အိန္ဒိယသမုဒ္ဒရာ၊အနောက်ဘက်တွင် အာရပ်ပင်လယ်နှင့် အရှေ့ဘက်တွင်ဘင်္ဂလားပင်လယ်အော်တို့ကဝန်းရံထားပြီး အိန္ဒိယတွင်ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၄၆၇၁ မိုင်(၇၅၁၇ကီလိုမီတာ)ရှိသည်။ မျှရှိသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အနောက်ဘက်တွင် ပါကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်၊ နီပေါနိုင်ငံ နှင့် ဘူတန်နိုင်ငံ၊ အရှေ့ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့ရှိကြသည်။ အိန္ဒိယသမုဒ္ဒရာထဲရှိ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း နီးစပ်သည်။ အိန္ဒုတောင်ကြား ယဉ်ကျေးမှုပေါက်ဖွားရာနှင့် သမိုင်းဝင်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ကြီးမားသောအင်ပိုင်ယာများတည်ရှိခဲ့ရာ ဒေသဖြစ်သဖြင့် အိန္ဒိယဒေသသည် သူ၏ ရှည်လျားလှသော သမိုင်းကြောင်းအတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကြွယ်ဝချမ်းသာသော ဒေသအဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့ဘာသာကြီး ၄ ခုဖြစ်သော ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ နှင့် ဆစ်ခ်ဘာသာတို့သည် အိန္ဒိယတွင် ပေါ်ထွန်းခဲ့ပြီး Zoroastrianism, Judaism၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာတို့သည် ပထမထောင်စုနှစ်အတွင်းရောက်ရှိလာခဲ့သဖြင့် အိန္ဒိယ၏ အမျိုးစုံသော ရိုးရာယဉ်ကျေးမှု တို့ကို ပုံဖော်ပေးခဲ့သည်။ ၁၈ ရာစုအစပိုင်းမှ စ၍ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ၏ တစ်စတစ်စထိုးဖောက် ဝင်ရောက်လာခဲ့ပြီး ဂရိတ်ဗြိတိန်နိုင်ငံ၏ ကိုလိုနီအဖြစ် ၁၉ ရာစုအလယ်ပိုင်းတွင် ကျရောက်ခဲ့သည်။ ထို့နောက် ၁၉၄၇ တွင် ကြီးမားကျယ်ပြန့်လှသော အကြမ်းမဖက်လှုပ်ရှားမှုတို့ဖြင့် အင်္ဂလိပ်လက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ အိန္ဒိယသည် ပါလီမန် ဖက်ဒရယ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် ၂၈ ခု နှင့် ပြည်ထောင်စုနယ်မြေ ၇ ခုပါဝင်သည်။ ကမ္ဘာပေါ်တွင် ဈေးကွက်ငွေကြေးလဲလှယ်နှုန်းဖြင့် ကြည့်မည်ဆိုလျှင် စီးပွားရေး အရ ၁၂ ခုမြောက်အကြီးဆုံး နိုင်ငံဖြစ်ပြီး စတုတ္တမြောက် ဝယ်အားအကောင်းဆုံး နိုင်ငံဖြစ်သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အိန္ဒိယသည် စီးပွားရေးတိုးတက်မှု အမြန်နှုန်းတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ သို့သော် အိန္ဒိယတွင် ဆင်းရဲမှုများ၊ စာမတတ်မှုများ နှင့် အာဟာရချို့တဲ့မှုများ အများအပြားရှိနေဆဲဖြစ်သည်။ အမျိုးမျိုးသော အတွေးအခေါ်များ၊ ဘာသာစကားများ၊ လူမျိုးစု များရှိသော အိန္ဒိယနိုင်ငံသည် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရာ နေရာအနှံအပြားတွင် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးတို့အတွက် နေအိမ်လည်းဖြစ်သည်။ အမည်ရင်းမြစ် အိန္ဒိယဆိုသော အမည်သည် အိန္ဒု (Indus) ဟူသောအမည်မှ ဆင်းသက်လာပြီး ရှေးခေတ်ပါရှားစကား Hindu နှင့် သင်္ကရိုက် (Sanskrit) ဘာသာ Sindhu မှအရင်းခံပြီး အိန္ဒုမြစ်နှင့်ပတ်သက်၍ ဒေသခံတို့ခေါ်ဝေါ်ကြသော သမိုင်းဝင်အမည်ဖြစ်သည်။ ရှေးခေတ်ဂရိတို့က အိန္ဒိယတို့ကို အင်ဒွိုင် (Indoi) (Ινδοί)ဟု ညွှန်းဆိုလေ့ရှိကြပြီး အိန္ဒုမှလူများ ဟု အဓိပ္ပာယ်ရှိသည်။ အိန္ဒိယ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမျိုးမျိုးသော အိန္ဒိယဘာသာစကားတို့တွင် ဘာရတ် (Bharat) ဟူသော အမည်ကို တရားဝင်အမည်နှင့် သာတူညီမျှအဆင့်အတန်း အဖြစ်လည်း အသိအမှတ်ပြုကြသည်။ Hindustan သည် ပါရှားဘာသာစကား ဟိန္ဒူတို့၏မြေဖြစ်ပြီး သမိုင်းတလျှောက်တွင် အိန္ဒိယမြောက်ပိုင်းကိုရည်ညွှန်းပြီး အိန္ဒိယတစ်နိုင်ငံလုံးကိုလည်း တစ်ခါတစ်ရံ အမည်ကွဲအနေဖြင့် ညွှန်းဆိုကြသည်။ အိန္ဒိယဟူသော အမည်သည် အင်းဒီးယားကို မြန်မာ့ အသံဖြင့် ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ အိန္ဒိယ (အင်းဒီးယား) ဟူသောအမည်သည် ရှေးအခါကတည်းက ခေါ်ဝေါ်လာခဲ့သော အမည်မဟုတ်ချေ။ ရှေးဟိန္ဒူနှင့် မွတ်စလင်စာပေတို့၌လည်း အိန္ဒိယဟူသောအမည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းထားသည်ကို မတွေ့ရ ပေ။ ဟိန္ဒူမင်းများ ဘုန်းမီးနေလထွန်းပသောခေတ်က ဘာရတ် နိုင်ငံဟူ၍သာ ခေါ်ဝေါ်သုံးနှုန်းခဲ့လေသည်။ အာရိယန်လူမျိုးတို့ သည် အိန္ဒိယနိုင်ငံတွင်းသို့ အနောက်မြောက်ဘက်မှ ဝင်ရောက် လာကြသောအခါ မြစ်ကြီးတစ်မြစ်ကို တွေ့ရှိရသဖြင့် ထိုမြစ်ကြီး ကို ဆင်းဒူဟု ခေါ်ဆိုခဲ့ကြသည်။ ယခု ပါကစ္စတန်နိုင်ငံအတွင်း ရှိ သိန္ဒု (ဆင်း) ပြည်နယ်သည် ထိုအမည်ဖြင့် ခေါ်တွင်နေဆဲ ဖြစ်သည်။ ဂရိနှင့်ပါးရှင်းလူမျိုးများ ဝင်ရောက်လာသောအခါ ယခု ပန်ဂျပ်ပြည်နယ်နှင့် အင်ဒို-ဂင်္ဂါလွင်ပြင် အထက်ပိုင်း (ဟိန္ဒူစတန်)ကို အိန္ဒိယဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။ ဥရောပ နိုင်ငံသားများ လမ်းပေါက်လာသောအခါတွင်မူ နောင်ဗြိတိသျှ အိန္ဒိယဟု ခေါ်တွင်လာမည့် တိုင်းပြည်ကြီးတစ်ခုလုံးကို အိန္ဒိယ ဟု အမည်တပ်ခဲ့လေသည်။ ထို့ကြောင့် အိန္ဒိယ (အင်ဒီးယား) ဟူသောအမည်သည် ဥရောပနိုင်ငံသားများက ကင်ပွန်းတပ်ပေးခဲ့ သော အမည်ဖြစ်လေသည်။ သမိုင်း မဒရာပရာဒစ်(Madhya Pradesh) ရှိ ဘင်ဘက်ကာ(Bhimbetka) ကျောက်အမိုးအကာများရှိ ကျောက်ခေတ် ကျောက်အမိုးအကာများတွင် တွေ့ရသော ပန်းချီများသည် အိန္ဒိယတွင် အစောဆုံး လူသားတို့ ချန်ထားခဲ့သော လက်စလက်နများ ဖြစ်သည်။ လေ့လာသိရှိရသော ပထမဆုံးလူသားတို့၏ အခြေချနေထိုင်မှုမှာ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀ ကျော်မှ စ၍ဖြစ်ပြီး တဖြည်းဖြည်းနှင့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲတိုးတက်လာခဲ့သည်မှာ အနောက်အိန္ဒိယတွင် ဘီစီ ၃၃၀၀ ကျော်အထိ ဖြစ်သည်။ နောက်ပိုင်းမှာ ဟိန္ဒူဘာသာ၏ အုတ်မြစ်နှင့် အခြားအစောပိုင်း အိန္ဒိယ လူ့အဖွဲ့အစည်း၏ အုတ်မြစ်များကို ချပေးခဲ့သော ဗီဒစ်အချိန်ကာလ( Vedic period) ဖြစ်ပြီး ဘီစီ ၅၀၀ ခန့်အထိဖြစ်သည်။ ဘီစီ ၅၅၀ ခန့်မှစ၍ မဟာဇနပဒ (Mahajanapadas) ဟုခေါ်သော တိုင်းနိုင်ငံများ နှင့် တိုင်းပြည်များ နိုင်ငံအနှံ့အပြားတွင် ထူထောင်ခဲ့ကြသည်။ ဘီစီ ၃ ရာစုနှစ်တွင် အာရှတောင်ပိုင်းဒေသအများစုကို စန္ဒရာဂုပတ္တ မောရိယ မှ မောရိယ အင်ပိုင်ယာအတွင်းသို့ စုစည်းသိမ်းသွင်းခဲ့ပြီး မဟာ အသောက ၏ လက်ထက်အရောက်တွင် လွန်စွာတိုးတက်လာခဲ့သည်။ အေဒီ ၃ ရာစုမှစ၍ ဂုပတ္တမင်းဆက် သည် ရှေးဟောင်း "အိန္ဒိယရွှေခေတ်" ဟု ရည်ညွှန်းကြသော နှစ်ကာလများကို ကြီးကြပ် အုပ်ချုပ်ခဲ့သည်။ တောင်ပိုင်းအိန္ဒိယတွင်မူ ချာလုကျာ(Chalukyas) မင်းဆက်၊ ချိုလ(Cholas) မင်းဆက် နှင့် ဝိဇယ နာဂရ(Vijayanagara ) မင်းဆက်တို့ ပါဝင်အုပ်ချုပ်ခဲ့သည်။ သိပ္ပံ၊ အင်ဂျင်နီယာအတတ်၊ အနုပညာ၊ စာပေ၊ နက္ခတ္တဗေဒ နှင့် ဒဿနိကဗေဒ တို့သည် ထိုမင်းများ၏ အုပ်ချုပ်မှုအောက်တွင် စည်ပင်ထွန်းကားလာခဲ့သည်။ ၁၀ ရာစုနှစ် နှင့် ၁၂ ရာစုနှစ်အတွင်းတွင် အာရှအလယ်ပိုင်းမှ ကျူးကျော်တိုက်ခိုက်မှုကြောင့် မြောက်အိန္ဒိယ၏ အစိတ်အပိုင်း အတော်များများသည် ဒေလီဆူလတန်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် မူဂယ်အင်ပိုင်ယာ လက်အောက်သို့ ကျရောက်ခဲ့သည်။ မူဂယ် ဘုရင်များသည် သူတို့၏ အင်ပိုင်ယာကို တဖြည်းဖြည်း ချဲ့ထွင်ပြီး အိန္ဒိယ တိုက်အစိတ်အပိုင်း၏ အတော်များများကို အုပ်စိုးနိုင်ခဲ့သည်။ သို့သော်လည်း အရှေ့မြောက် အိန္ဒိယတွင်မူ အာသံမှ အာဟုမ်တိုင်းပြည်သည် ကြီးကျယ်သော ဩဇာလွှမ်းမိုးမှုရှိပြီး မူဂယ်တို့၏ နယ်ချဲ့မှု ကို ခုခံတွန်းလှန်နိုင်သော တိုင်းနိုင်ငံအချို့တွင် တစ်ခု အပါအဝင်ဖြစ်သည်။ ၁၆ ရာစုနှစ်မှ စ၍ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်နှင့် အင်္ဂလန်တို့ အပါအဝင် ဥရောပ နိုင်ငံအချို့မှ ကုန်သည်များအနေဖြင့် စတင်ရောက်ရှိလာခဲ့သည်။ နောင်အခါတွင် တိုင်းနိုင်ငံများအကြား ဆက်ဆံရေး မပြေလည်မှု အပေါ်တွင် အခွင့်ကောင်းယူ၍ နိုင်ငံအတွင်း၌ ကိုလိုနီများကို စတင်တည်ထောင်ခဲ့သည်။ ၁၈၅၆ ခုနှစ်သို့ ရောက်သော အခါ အိန္ဒိယ၏ အစိတ်အပိုင်းတော်တော်များများမှာ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့သည်။ တစ်နှစ်အကြာတွင် တစ်နိုင်ငံလုံးရှိ စစ်တပ်များနှင့် တိုင်းနိုင်ငံများမှ ထကြွပုန်ကန်ခဲ့ကြသည်။ ထိုပုန်ကန်မှု ကို အိန္ဒိယ ပထမလွတ်လပ်ရေးစစ် သို့မဟုတ် စီပွိုင်းပုန်ကန်မှု (Sepoy Mutiny) ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ထိုပုန်ကန်မှုမှာ ဗြိတိသျှကုမ္ပဏီ၏ ထိန်းချုပ်မှု ကို စိန်ခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့သည်။ အကျိုးဆက်အနေဖြင့် အိန္ဒိယသည် ဗြိတိသျှဘုရင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှ ဗြိတိသျှအင်ပိုင်ယာ၏ ကိုလိုနီတစ်ခု ဖြစ်လာခဲ့သည်။ ၂၀ရာစု၏ ပထမပိုင်း ရာစုနှစ်တဝက်တွင် အိန္ဒိယ အမျိုးသားကွန်ဂရက် နှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု ကို စတင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များနှင့် ၁၉၃၀တို့တွင် မဟတ္တမ ဂန္ဒီ၏ဦးဆောင်မှုဖြင့် အဟိံသ ခေါ် အကြမ်းမဖက်ရေးလမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြသူတို့သည် တစုတဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ နောက်ဆုံး၌ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် မူဆလင်အစုအဖွဲ့တို့၏ ဆန္ဒအရ ဘာသာရေးအရ ကွဲပြားသော အိန္ဒိယဒိုမီနီယံ နှင့် ပါကစ္စတန် ဒိုမီနီယံတို့အတွက် လွတ်လပ်သော အစိုးရအဖွဲ့များဖြင့် ခွဲခြားဖွဲ့စည်းခဲ့သည်။ ၃ နှစ်ကြာသောအခါတွင် အိန္ဒိယသည် သမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် စတင် အသက်ဝင်လာခဲ့သည်။ အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်မှ စ၍ ဘာသာရေး အကြမ်းဖက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်းမှဖြစ်သော အကြမ်းဖက်မှု နှင့် ပုန်ကန်ထကြွမှု တို့၏ဒုက္ခကို နေရာအနှံ့အပြားတွင် ခံခဲ့ရသည်။ သို့သော်လည်း သည်းညည်းခံခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းတို့မှတဆင့် ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်သမားတို့၏ ဝါဒသည်လည်း အိန္ဒိယ၏ အဓိက လုံခြုံရေးဆိုင်ရာ ပြဿနာပင်ဖြစ်သည်။ ပုန်ကန်ထကြွသူများမှာ ဂျမ်မူး နှင့် ကက်ရှ်မီးယား၊ အိန္ဒိယ အရှေ့မြောက်ပိုင်း နှင့် ကျေးလက်ဒေသများတွင် နက်ဆယ်လိုက်ခေါ် အိန္ဒိယကွန်မြူနစ်တို့ ဖြစ်သည်။ ၁၉၉၀ နှစ်များမှ စ၍ စနစ်တကျ စီစဉ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုများမှာ အိန္ဒိယ၏ မြို့ကြီးအများအပြားတွင် ဖြစ်ပွားခဲ့သည်။ အိန္ဒိယတွင် တရုတ်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံတို့နှင့် မဖြေရှင်းနိုင်သေးသော နယ်မြေပိုင်ဆိုင်မှု ပြဿနာရှိပြီး ထိုအကြောင်းကြောင့် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယ-တရုတ် စစ်ပွဲဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နှင့်မူ ၁၉၄၇၊ ၁၉၆၅၊ ၁၉၇၁ နှင့် ၁၉၉၉ တို့တွင် စစ်ဖြစ်ခဲ့သည်။ အိန္ဒိယသည် ဘက်မလိုက်လှုပ်ရှားမှု နှင့် ကုလသမဂ္ဂ (ဗြိတိသျှ အိန္ဒိယအဖြစ်) ကို စတင်တည်ထောင်သူများတွင် ပါဝင်သည်။ ၁၉၇၄ တွင် အိန္ဒိယသည် မြေအောက် နျူးကလီးယား စမ်းသပ်မှုကို ပြုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် နောက်ထပ်စမ်းသပ်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး အိန္ဒိယကို နျူးကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ အကြီးအကျယ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှု အမြန်ဆုံး နိုင်ငံများတွင် အပါအဝင်ဖြစ်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသဆိုင်ရာ ဩဇာ အာဏာရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။ အစိုးရ ကမ္ဘာပေါ်တွင် အရှည်ဆုံးနှင့် အသေးစိတ်အကျဆုံးသော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် စတင် အသက်ဝင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဖွင့်တွင် အိန္ဒိယနိုင်ငံအား အချုပ်အခြာအာဏာရှိသော လက်တွေ့ဆန်သော ဆိုရှယ်လစ် ဒီမိုကရေစီ သမ္မတနိုင်ငံ အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အိန္ဒိယတွင် ဝက်မင်စတာစတိုင်လ် ပါလီမန်စနစ်ကျင့်သုံးပြီး ဥပဒေပြုလွှတ်တော် ၂ ခုရှိသည်။ အစိုးရအဖွဲ့အစည်းမှာ ဖက်ဒရယ်ဆန်ဆန် ဖွဲ့စည်းထားပြီး ဗဟိုအစိုးရမှ ချုပ်ကိုင်မှုအားကောင်း၍ ပြည်နယ်အစိုးရများ၏ အာဏာမှာ လျော့ရဲသည်။ သို့သော် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး ပြောင်းလဲမှုများကြောင့် ဖက်ဒရယ်စနစ်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်၍ မဲဆန္ဒနယ်များမှ သွယ်ဝိုက်သော နည်းဖြင့် ရွေးချယ်တင်မြောက်ပြီး သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။ ဝန်ကြီးချုပ် မှာ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်ပြီး အုပ်ချုပ်မှု ဆိုင်ရာ အာဏာ အများစုကို ကျင့်သုံးသည်။ ဝန်ကြီးချုပ်သည် သမ္မတနှင့် ညီလာခံမှ ရွေးချယ်ခန့်အပ်သူ ဖြစ်ပြီး အောက်လွှတ်တော်တွင် နေရာအများစုရယူထားသော ပါတီ သို့မဟုတ် နိုင်ငံရေးမဟာမိတ် အစုအဖွဲ့များမှ ထောက်ခံသူဖြစ်သည်။ အိန္ဒိယ၏ ဥပဒေပြုအဖွဲ့အစည်းမှာ ပါလီမန်နှစ်ခု ပါဝင်ပြီး အထက်လွှတ်တော်မှာ ရာဂျာဆာဘ (နိုင်ငံတော် ကောင်စီ) ဖြစ်ပြီး အောက်လွှတ်တော်မှာ လော့ဆာဘ (ပြည်သူ့လွှတ်တော်) ဖြစ်သည်။ ရာဂျာဆာဘသည် အမတ် ၂၄၅ ယောက်ရှိသည့် အမြဲတမ်းအစုအဖွဲ့ဖြစ်ပြီး ၆ နှစ်တစ်ကြိမ် ပြောင်းလဲသည်။ အများစုမှာ ပြည်နယ်နှင့် ဒေသဆိုင်ရာ ဥပဒေပြုအဖွဲ့အစည်းများမှ လူဦးရေ အချိုးနှင့် အညီ ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ လော့ဆာဘ ၏ အမတ် ၅၄၅ ယောက်အတွင်းမှ ၅၄၃ ယောက်မှာ သီးသန့်နယ်မြေဒေသတစ်ခုစီအတွက် လူကြိုက်များမှုပေါ်မူတည်သည့် မဲဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်ပြီး ၅ နှစ် သက်တမ်းရှိသည်။ အခြားအမတ် ၂ ယောက်ကို အင်ဂလို အင်ဒီးယန်း အသိုင်းအဝိုင်းတွင်းမှ သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်သည်။ သမ္မတအနေနှင့် ထိုအသိုင်းအဝိုင်းကို လုံလောက်သော ကိုယ်စားပြုမှုမရှိဆိုသည့် ယူဆသည့် အချိန်တွင် ဖြစ်သည်။ အမှုဆောင် အဖွဲ့တွင် ပါဝင်သူများမှာ သမ္မတ၊ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ် ဦးဆောင်သောဝန်ကြီးများ ကောင်စီ (ကက်ဘိနက်သည် ထိုအဖွဲ့အတွင်းမှ အမှုဆောင်ကော်မတီ ဖြစ်သည်။) ဖြစ်သည်။ ဝန်ကြီး ဌာနတစ်ခုကို အုပ်ချုပ်သော မည်သည့်ဝန်ကြီးမဆို ပါလီမန် ၂ ခုအတွင်း တစ်ခုခုမှ အမတ်ဖြစ်ရမည် ဖြစ်သည်။ အိန္ဒိယပါလီမန်စနစ်တွင် အမှုဆောင်သည် ဥပဒေပြုအဖွဲ့၏ လက်အောက်ခံဖြစ်ပြီး ဝန်ကြီးချုပ်နှင့် သူ၏ ကောင်စီသည် အောက်လွှတ်တော်အတွက် တိုက်ရိုက်တာဝန်ရှိသည်။ အိန္ဒိယတွင် အလွှာ ၃ လွှာရှိသော တရားစီရင်ရေးစနစ်ရှိပြီး အိန္ဒိယနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ဗဟိုတရားရုံးချုပ်၊ အဆင့်မြင့်တရားရုံး ၂၁ ရုံးနှင့် သာမန် တရားရုံး အမြောက်အမြား ပါဝင်သည်။ ဗဟိုတရားရုံးချုပ်သည် အခြေခံအခွင့်အရေးနှင့် ဆိုင်သော အမှုများ၊ ပြည်နယ်အချင်းချင်းနှင့် ပြည်နယ်နှင့် ဗဟိုအစိုးရတို့ အငြင်းပွားမှု စသည်တို့ကို ပထမအကြိမ် ကြားနာပိုင်ခွင့်ရှိသည်။ တရားစီရင်ရေး စနစ်သည် မှီခိုမှုကင်းမဲ့သည့် လွတ်လပ်သော စနစ်ဖြစ်ပြီး ဥပဒေထုတ်ပြန်ရန် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေများကို ပယ်ဖျက်ရန် အခွင့်အာဏာရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်ဆုံးအငြင်းပွားနိုင်သည့် နေရာကို ယူထားခြင်းသည် ဗဟိုတရားရုံးချုပ်၏ အရေးအပါဆုံး လုပ်ဆောင်မှု များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံရေး အိန္ဒိယသည် ဖက်ဒရယ်အစိုးရတစ်ခုအနေဖြင့် ကြည့်မည်ဆိုပါက ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီ သမိုင်းကြောင်းတစ်လျှောက်တွင် ဖက်ဒရယ်အစိုးရကို အိန္ဒိယအမျိုးသားကွန်ဂရက်မှ ဦးဆောင်ခဲ့သည်။ ပြည်နယ်တွင်းနိုင်ငံရေးများကို အိုင်အင်န်စီ(INC)၊ ဘာရာတီရာ ဂျနာတာ ပါတီ (Bharatiya Janata Party(BJP))၊ အိန္ဒိယ မာခ်စ် ကွန်မြူနစ်ပါတီ (CPI(M)) နှင့် အခြားဒေသခံပါတီများအပါအဝင် အချို့သော အမျိုးသားပါတီများမှ လွှမ်းမိုးထားသည်။ ၁၉၅၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း တိုတောင်းသော အချိန်ကာလ ၂ ခုမှလွဲ၍ အိုင်အင်န်စီသည် ပါလီမန်တွင် နေရာအများစုကို ရရှိခဲ့သည်။ အိုင်အင်န်စီ အာဏာလက်လွှတ်လိုက်ရသော အချိန်ကာလမှာ ၁၉၇၇ မှ ၁၉၈၀ အတွင်းဖြစ်ပြီး ဝန်ကြီးချုပ် အင်ဒရီယာ ဂန္ဒီ ၏ အရေးပေါ်ကြေညာချက်ကို ပြည်သူတို့က မကျေနပ်၍ ဂျနာတာပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ဂျနာတာဒယ် ပါတီမှဦးဆောင်သော အမျိုးသား ညွန့်ပေါင်းတပ်ဦး နှင့် လက်ဝဲညွန့်ပေါင်းတပ်ဦးတို့ မဟာမိတ်ပြုထားသော အဖွဲ့မှ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာကို ၂ နှစ်မျှသာ ချုပ်ကိုင်နိုင်ခဲ့သည်။ ၁၉၉၆-၁၉၉၈ ခုနှစ်များတွင် ဖက်ဒရယ်အစိုးရအဖွဲ့အတွင်းတွင် မကျေလည်မှုများ ရှိခဲ့ပြီး သက်တမ်းတိုတောင်းသော မဟာမိတ်အဖွဲ့အချို့ အာဏာကို ထိန်းချုပ်ခဲ့သည်။ ဘီဂျေပီသည် ၁၉၉၆ ခုနှစ်အတွင်း အစိုးရအဖွဲ့ကို ခဏတာမျှဖွဲ့စည်းခဲ့ပြီး ထို့နောက်တွင် ညီညွတ်သော ညွန့်ပေါင်းတပ်ဦးများ (United Front coalition) မှ ဆက်ခံခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဘီဂျေပီသည် ဒေသခံပါတီအချို့နှင့် ပေါင်းစည်း၍ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်များ အဖွဲ့ (National Democratic Alliance (NDA)) ကိုဖွဲ့စည်းခဲ့ပြီး ပထမဆုံး ၅ နှစ်အပြည့်အုပ်ချုပ်သည့် ကွန်ဂရက်စ် မဟုတ်သော အစိုးရအဖွဲ့ ဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ် အိန္ဒိယရွေးကောက်ပွဲတွင် အိုင်အင်န်စီမှ လော့ဆာဘ၏ အမတ်နေရာ အများစုကို ရွေးကောက်ခြင်းခံရပြီး ညီညွတ်သော တိုးတက်ရေး မဟာမိတ်များ (United Progressive Alliance (UPA)) ဟု အမည်ရသည့် ညွန့်ပေါင်းအဖွဲ့ဖြင့် အစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ဝဲဝါဒသို့ယိမ်းသော ပါတီများနှင့် ဘီဂျေပီကို ဆန့်ကျင်သူများက ထောက်ခံအားပေးခဲ့သည်။ နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရသည့် အချိန်မှစ၍ အိန္ဒိယသည် နိုင်ငံအတော်များများနှင့် နွေးထွေးသော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် အိန္ဒိယနိုင်ငံသည် အာဖရိက နှင့် အာရှ ရှိ ဥရောပ ကိုလိုနီနိုင်ငံတို့၏ လွတ်လပ်ရေးအတွက် တိုက်တွန်းကြိုးပမ်းရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများအား စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွင် ၂ ကြိမ်မျှပါဝင်ခဲ့သည်။ ပထမအကြိမ်မှာ သီရိလင်္ကာနိုင်ငံသို့ အိန္ဒိယငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ ဝင်ရောက်ခြင်းဖြစ်ပြီး ဒုတိယအကြိမ်မှာ Operation Cactus ဖြင့် မော်လဒိုက်နိုင်ငံသို့ ဝင်ရောက်ခြင်းဖြစ်သည်။ အိန္ဒိယသည် ဓနသဟာယ နိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဘက်မလိုက်လှုပ်ရှားမှု ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော အသင်းဝင်နိုင်ငံလည်း ဖြစ်သည်။ ၁၉၆၅ ခုနှစ် တရုတ်-အိန္ဒိယစစ်ပွဲ နှင့် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအပြီးတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်တိုးတက်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်မှာ စစ်အေးတိုက်ပွဲ ပြီးသည့် အချိန်အထိပင်ဖြစ်သည်။ အိန္ဒိယသည် ပါကစ္စတန်နှင့် သုံးကြိမ်စစ်ဖြစ်ခဲ့ပြီး အဓိကအားဖြင့် ကက်ရှ်မီးယား ပြဿနာကြောင့်ဖြစ်သည်။ နိုင်ငံ ၂ နိုင်ငံတို့ကြားတွင် တိုက်ပွဲအသေးစားလေးများလည်း ထပ်မံဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ၁၉၈၄ ခုနှစ် ရှာချန် ရေခဲမြစ်(Siachen Glacier) ပြဿနာ ကြောင့်ဖြစ်သည့်တိုက်ပွဲ နှင့် ၁၉၉၉ခုနှစ် ကာဂေး(Kargil) ပြဿနာ ကြောင့်ဖြစ်သည့် တိုက်ပွဲတို့ဖြစ်သည်။ လတ်တလောနှစ်များတွင် အိန္ဒိယသည် အာဆီယံ၊ တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်း နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့တွင် ဩဇာရှိသော နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ အိန္ဒိယသည် ကုလသမ္မဂ္ဂ ကိုစတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်ကာလကြာရှည်စွာ အထောက်အကူပေးခဲ့သော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယမှ ရဲတပ်ဖွဲ့ဝင်နှင့် စစ်သား ၅၅၀၀၀ ကျော်တို့သည် တိုက်ကြီး ၄ တိုက်တွင် ဖြန့်ကျက်လျက် ရှိသော ကုလသမ္မဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အစီအစဉ် ၃၅ ခုတွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ဝေဖန်မှုနှင့် စစ်ရေးအရပိတ်ဆို့မှုများရှိသော်လည်း အိန္ဒိယသည် နျူးကလီးယား စမ်းသပ်မှု တားမြစ်ခြင်း သဘောတူညီချက်နှင့် နျူးကလီးယား မပြန့်ပွားရေး သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးရန် တစိုက်မတ်မတ် ငြင်းဆန်ခဲ့သည်။ နျူးကလီးယားဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အပေါ်တွင် ပို၍ အလေးပေးခဲ့သည်။ ယခုလတ်တလော အိန္ဒိယအစိုးရ၏ အစပျိုး ဆောင်ရွက်မှုများကြောင့် အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ ပါကစ္စတန် တို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာတောင့်တင်းလာခဲ့သည်။ စီးပွားရေးနယ်ပယ်တွင်မူ အိန္ဒိယသည် တောင်အမေရိက၊ အာရှ နှင့် အာဖရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နီးစပ်သော ဆက်ဆံရေးရှိသည်။ အိန္ဒိယနိုင်ငံတွင် ကြည်းတပ်၊ရေတပ် နှင့် လေတပ်တို့ပါဝင်သော ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး စစ်တပ်ရှိသည်။ အရန်အင်အားစုများဖြစ်သော အရန်စစ်တပ်၊ ကမ်းခြေစောင့်တပ် နှင့် မဟာဗျူဟာကွပ်ကဲရေးတပ် တို့သည်လည်း စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။ အိန္ဒိယနိုင်ငံသမ္မတ သည် အိန္ဒိယစစ်တပ်များ၏ ဦးစီးချုပ်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ပြုံးနေသော ဗုဒ္ဓ စစ်ဆင်ရေး (Operation Smiling Buddha) ဟု ခေါ်သော ၁၉၇၄ ခုနှစ် ပဏာမနျူးကလီးယား စမ်းသပ်မှု အပြီးတွင် နျူးကလီးယား အင်အားရှိသော နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ထပ်မံပြုလုပ်သော မြေအောက် နျူးကလီးယား စမ်းသပ်မှုများကြောင့် နိုင်ငံတကာမှ အိန္ဒိယနိုင်ငံအား စစ်ရေးအရပိတ်ဆို့ အရေးယူခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင်မှ တဖြည်းဖြည်းချင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။ အိန္ဒိယသည် နျူးကလီးယားလက်နက်ကို မိမိမှ စတင်၍ အသုံးမပြု ဆိုသည့် ပေါ်လစီကို ကျင့်သုံးသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၀ရက်တွင် အိန္ဒိယ-အမေရိကန် ပြည်သူ့ နျူးကလီးယား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ် မတိုင်မီတွင် အိန္ဒိယသည် အိုင်အေအီးအေ နှင့် နျူးလကီးယား ပစ္စည်း ပံ့ပိုးရောင်းချရေး အဖွဲ့ (NSG) တို့မှ ကင်းလွတ်ခွင့်ရရှိခဲ့ပြီး နျူးကလီးယားကြောင့် သီးသန့်ဖြစ်နေမှု ကို ပြီးဆုံးစေခဲ့သည်။ ပြည်နယ်များ အိန္ဒိယနိုင်ငံတွင် ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စု နယ်မြေ ၇ ခု ရှိသည်။ ပြည်နယ်အားလုံးနှင့် ပြည်ထောင်စုနယ်မြေ ၂ ခု ဖြစ်ကြသော ပူဒုချယ်ရီ နှင့် ဒေလီအမျိုးသားမြို့တော်နယ်မြေတို့တွင် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ရှိပြီး အစိုးရမှာ ဝက်မင်စတာ ပုံစံဖြင့် ဖွဲ့စည်းထားသည်။ အခြားသော ပြည်ထောင်စု နယ်မြေ ၅ ခုမှာ ဗဟိုမှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်၍ တိုက်ရိုက် အုပ်ချုပ်သည်။ ၁၉၅၆ ခုနှစ် ပြည်နယ်များ ပြန်လည်စီမံရေး ဥပဒေ အရ ပြည်နယ်များကို ပြောဆိုသည့် ဘာသာစကားပေါ်တွင် မူတည်၍ တည်ထောင်ခဲ့သည်။ အိန္ဒိယပြည်ထောင်စု၏ ပြည်နယ်များမှာ· အထက်ပါပြည်နယ်တို့ကို ပြည်နယ်အစိုးရအသီးသီးက အုပ်ချုပ်သည်။ ယင်းတို့အပြင် ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်သော နယ်ပယ်များလည်းရှိသေးရာ ယင်းနယ်ပယ်များမှာ အောက်ပါ အတိုင်းဖြစ်လေသည်။ နယ်ပယ် မြို့တော် ကပ္ပလီကျွန်းနှင့် နီကိုဗာကျွန်း ပို့ဗလဲယား ဒေလီ ဒေလီ လက်ရွှာဒွိ ကာဗာရတ်တီ ချန်ဒီဂါ ချန်ဒီဂါ ဒါဒရာနှင့် နာဂါဟာဗေလီ ဆီလဗတ်ဆ ဂိုအာ၊ ဒါမန်နှင့် ဒျူ ပါနာဂျီး ပွန်ဒီချယ်ရီ ပွန်ဒီချယ်ရီ အရူနာချာဒေသ ဣတနာဂါ မီဇိုရမ် အာအိဇော ပြည်နယ်စာရင်းတွင် ဖော်ပြထားသည့် ဆစ်ကင်းပြည် နယ်သည် ယခင်က အိန္ဒိယအစိုးရ၏ အစောင့်ရှောက်ခံနယ် ဖြစ်သည်။ ၁၉၇၅ ခုနှစ်မတ်လ ၁ ရက်နေ့တွင် ပြည်နယ်လူထု ဆန္ဒအရ အိန္ဒိယပြည်ထောင်စု၏ အပေါင်းပါပြည်နယ်ဖြစ်လာ သည်။ သို့သော်လည်း ပြည်သူလူထု၏ တစ်ခဲနက်တောင်းဆိုမှု ကြောင့် ထိုနှစ် ဧပြီလ ၂၆ ရက်နေ့မှ အစပြု၍ အိန္ဒိယနိုင်ငံ တွင် ဖွဲ့စည်းပါဝင်သည့် ပြည်နယ်တစ်ခု ဖြစ်လာလေသည်။ ဒေလီမြို့သည် အိန္ဒိယပြည်ထောင်စုနိုင်ငံ၏ မြို့တော် ဖြစ်သည်။ အိန္ဒိယပြည်ထောင်စုနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် {{}} နိုင်ငံဖြစ်သည်။ ပထဝီနှင့် ရာသီဥတု။ စီးပွားရေး လူဦးရေနှင့်ပျံ့နှံ့နေထိုင်မှု အိန္ဒိယနိုင်ငံသည် ၂၀၁၁ခုနှစ်စာရင်းများအရ လူဦးရေ ၁၂၁၀၁၉၃၄၂၂ (၁.၂၁ဘီလီယံ) ရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေသိပ်သည်းသော နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် လူဦးရေ ၁၃၅၀ဝ၄၄၆၀၅(၁.၃၅ဘီလီယံ)ဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအသိပ်သည်းဆုံးဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၁၇.၃၁ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာ့လူဦးရေ ၆ ဦးတွင် ၁ ဦးမှာ အိန္ဒိယတွင် နေထိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူဦးရေတိုးတက်မှုနှုန်းမှာ ၁.၅၈ ရာခိုင်နှုန်းဖြစ်ပြီး လာမည့် ၂၀၃၀ခုနှစ် နှစ်ကုန်တွင် လူဦးရေ ၁.၅၃ ဘီလီယံရှိမည်ဟု ကြိုတင်ခန့်မှန်းထားကြသည်။ စုစုပေါင်းလူဦးရေ၏ ၆၂၃၇၀ဝ၀ဝ၀(၆၂၃.၇သန်း)မှာ ယောက်ျားဦးရေဖြစ်ပြီး ၅၈၆၅၀ဝ၀ဝ၀(၅၈၆.၅သန်း)မှာ အမျိုးသမီးဦးရေဖြစ်သည်။ ကျား/မ အချိုးမှာ ယောက်ျားဦးရေ ၁၀ဝ၀လျှင် မိန်းမ ၉၄၀ ဦးဖြစ်သည်။ ယောက်ျားများ၏ပျှမ်းမျှသက်တမ်းမှာ (၆၅.၇၇)နှစ်နှင့် မိန်းမများ၏ပျှမ်းမျှသက်တမ်းမှာ (၆၇.၉၅)နှစ်ခန့်ဖြစ်သည်။ ပျမ်းမျှသက်တမ်းမှာ ၆၆.၈ နှစ်သည်။ လူဦးရေ သိပ်သည်းမှုအနေဖြင့် ပျှမ်းမျှအားဖြင့် တစ်စတုရန်းကီလိုမီတာတွင်(၃၈၂)ယောက်ဖြစ်သည်။ စာတတ်မြောက်မှုနှုန်းမှာ ကျား ၈၂.၁၄ ရာခိုင်နှုန်းဖြစ်ပြီး မ ၆၅.၄၆ ရာခိုင်နှုန်းဖြစ်ကာ ပျမ်းမျှအားဖြင့် ၇၄.ဝ၄ ရာခိုင်နှုန်းဖြစ်သည်။ လက်ရှိလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ အသက် ၂၅ နှစ်အောက်များဖြစ်ပြီး ၆၅ ရာခိုင်နှုန်းကျော်မှာ အသက် ၃၅ နှစ်အောက်များဖြစ်သည်။ လူဦးရေ၏ ၇၂.၂ ရာခိုင်နှုန်းမှာ ကျေးရွာပေါင်း ၆၃၈၀ဝ၀ ရှိသည့် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး ၂၇.၈ ရာခိုင်နှုန်းမှာ မြို့ပေါင်း ၅၄၈၀ ရှိသည့် မြို့ပြဒေသများတွင် နေထိုင်ကြသည်။ မွေးဖွားနှုန်းမှာ ၂၀ဝ၉ခုနှစ်စာရင်းများအရ လူတစ်ထောင်လျှင် ၂၂.၂၂ ဦးဖြစ်ပြီး သေဆုံးမှုနှုန်းမှာ လူတစ်ထောင်လျှင် ၆.၄ ဦးဖြစ်သည်။ အယူဘာသာများ လူမျိုးစုံနေထိုင်လျက် ရှိသော အိန္ဒိယနိုင်ငံတွင် ကိုးကွယ်မှုဘာသာပေါင်းမျိုးစုံရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဘာသာရေးကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော်လည်း အများစုမှာ ဟိန္ဒူဘာသာ ကိုးကွယ်ကြသည်။ ၂၀၀၁ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ဟိန္ဒူ ၈၂၇၅၇၈၈၆၈ ဦး (၈၀.၅ %)၊ မွတ်ဆလင် ၁၃၈၁၈၈၂၄၀ (၁၃.၄ %)၊ ခရစ်ယာန် ၂၄၀၈၀ဝ၁၆ (၂.၃ %)၊ ဆစ်ခ် ၁၉၂၁၅၇၃၀ (၁.၉ %)၊ ဗုဒ္ဓဘာသာ ၇၉၅၅၂၀၇ (ဝ.၈ %)၊ ဂျိန်း ၄၂၂၅၀၅၃ (ဝ.၄ %)၊ အခြားဘာသာအယူဝါဒများ ၆၆၃၉၆၂၆ (ဝ.၆ %) နှင့် ဘာသာအယူဝါဒမရှိ ၇၂၇၅၈၈ (ဝ.၁ %) တို့ဖြစ်သည်။ ယဉ်ကျေးမှု အားကစား ကိုးကား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%AD%E1%80%9A%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံ သည် အရှေ့တောင်အာရှ တွင်ပါဝင်ပြီး ရုံးသုံးအမည်အားဖြင့် ထိုင်းဘုရင့်နိုင်ငံ () ဟုခေါ်ဝေါ်သည်။ ထိုင်းနိုင်ငံအား ယခင်က သယာမ် ( ဆီယမ်) ဟု ခေါ်ဆိုခဲ့ကြသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် အလယ်ပိုင်း အရှေ့တောင်အာရှ ကုန်းမကြီးတွင် တည်ရှိသည်။ မြောက်ဘက်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ နှင့် မလေးရှားနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ် နှင့် တောင်ဘက်စွန်းတွင် မြန်မာနိုင်ငံ တို့ တည်ရှိသည်။ ပင်လယ်ရေပိုင်နက် အနေနှင့် အရှေ့တောင်ဘက် ထိုင်းပင်လယ်ကွေ့တွင် ဗီယက်နမ်နိုင်ငံနှင့် လည်းကောင်း၊ အနောက်တောင်ဘက် ကပ္ပလီပင်လယ်တွင် အင်ဒိုနီးရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့နှင့် လည်းကောင်း ထိစပ်လျက် ရှိသည်။ ထိုင်းနိုင်ငံ၏ ဘုရင်မင်းဆက်အား မဟာဝဇိရာလင်္ကရဏဘုရင်မှ ဦးဆောင် အုပ်ချုပ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ ရာမ ၁၀ သို့မဟုတ် ချက်ကရီမင်းဆက်၏ ဒသမမြောက် ဘုရင်အဖြစ် အုပ်ချုပ်လျက် ရှိသည်။ ၂၀၁၆ ဒီဇင်ဘာ၁ ရက်မှ စတင်အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၈,၀၀၀ စတုရန်းမိုင် (၅၁၃,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ်တွင် ၅၁ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၂၀ ခုမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၆၆ သန်း ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဘန်ကောက်မြို့ ဖြစ်ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် ယဉ်ကျေးမှု အချက်အချာ ဌာနတစ်ခု ဖြစ်သည်။ လူဦးရေ၏ ၇၅-၉၅% အထိမှာ ထိုင်းလူမျိုးများ ဖြစ်ကြပြီး အဓိက ဒေသအလိုက် လူမျိုးအုပ်စုကြီး ၄ မျိုးရှိပြီး အလယ်ပိုင်းထိုင်း၊ အရှေ့မြောက်ထိုင်း (ခေါင်(လောင်)အီစန်)၊ မြောက်ပိုင်းထိုင်း (ခေါင်မောင်း) နှင့် တောင်ပိုင်းထိုင်းတို့ ဖြစ်ကြသည်။ တရုတ်သွေး သိသာစွာ ပါရှိသော တရုတ်ထိုင်းလူမျိုးမှာ လူဦးရေ၏ ၁၄% ရှိပြီး တရုတ်သွေး အနည်းငယ်ပါဝင်သော ထိုင်းလူမျိုးမှာ လူဦးရေ၏ ၄၀% အထိ ရှိသည်။ ထိုင်းမလေး လူမျိုးမှာ လူဦးရေ၏ ၃% ရှိပြီး ကျန်ရှိသောသူများမှာ မွန်၊ ခမာ နှင့် အမျိုးမျိုးသော တောင်ကုန်းနေလူမျိုးစုများ ဖြစ်ကြသည်။ နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်ပြီး အဓိက ကိုးကွယ်သည့် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်၍ လူဦးရေ၏ ၉၅% ခန့်မျှ ကိုးကွယ်ကြသည်။ ထိုင်းနိုင်ငံသည် ၁၉၈၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း စီးပွားရေး သိသာစွာ တိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးသောနိုင်ငံ အသစ်တစ်ခု နှင့် အဓိက ကုန်ပစ္စည်းတင်ပို့သူ တစ်ဦး ဖြစ်လာခဲ့သည်။ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတို့မှာ စီးပွားရေးတွင် ဦးဆောင်သော ကဏ္ဍများ ဖြစ်သည်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံထဲတွင် တတိယမြောက် ဘဝ အရည်အသွေး အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေပြီး ထိုင်းနိုင်ငံ၏ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ "မြင့်မားသည်" ဆိုသော အဆင့်တွင် ရှိနေသည်။ များပြားသော လူဦးရေနှင့် စီးပွားရေးတွင် ဩဇာလွှမ်းမိုးမှု တိုးတက်လာခြင်း တို့ကြောင့် ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင် အင်အားအသင့်အတင့် ရှိသော နိုင်ငံ ဖြစ်လာသည်။ အမည်ရင်းမြစ် သယာမ် ဆိုသော အမည် ထိုင်းနိုင်ငံသားများက ထိုင်းနိုင်ငံကို မောင်းထိုင်း ဟု ခေါ်ကြပြီး ၁၉၄၉ ခုနှစ် မတိုင်မီ အထိ ပြင်ပကမ္ဘာမှ လူများမှ သယာမ် ဟုသာ သိကြသည်။ သယာမ် ဆိုသော အမည်မှာ သင်္သကရိုက်ဘာသာ သယာမ မှ ဆင်းသက်လာသည်ဟု ယူဆရပြီး အမည်း သို့ အညို ဟု အဓိပ္ပာယ်ရကာ ရှမ်း နှင့် ဟွမ်တို့မှာလည်း ထိုစကားလုံး၏ စာလုံးကွဲများသာ ဖြစ်ကြသည်။ ဆိုင်းယာမမှာ မူရင်းစကားလုံး မဟုတ်ဘဲ ထိုစကားလုံးကို သင်ယူထားသူများမှ ပြောင်းလဲအသုံးပြုကြခြင်း ဖြစ်နိုင်သည်။ အခြားသီအိုရီ တစ်ခု အရ ၁၄ရာစု အတွင်း အယုဓျာသည် အဓိကကျ ထင်ရှားသော နေရာတစ်ခု ဖြစ်ခဲ့ပြီး တရုတ်တို့က ထိုဒေသအား ရှန် ဟု ခေါ်ဆိုကြကာ ပေါ်တူဂီတို့က ဆိုင်ယမ်းဟု ပြောင်းလဲ ခေါ်ဆိုကြခြင်း ဟု ဆိုသည်။ မိုင်ကုဒ်ဘုရင် (၁၈၅၁-၁၈၆၈) ၏ လက်မှတ်တွင် SPPM (Somdet Phra Poramenthra Maha) သို့မဟုတ် သယာမ်တို့၏ ဘုရင် မိုင်ကုဒ် ဟု ရေးထိုးထားပြီး သယာမ် ဆိုသောအမည်ကို တရားဝင် ခေါ်ဝေါ်လာခဲ့သည်မှာ ၁၉၃၉ ခုနှစ် ဇွန်လ ၂၃ ရက် အထိ ဖြစ်ပြီး ထို့နောက်တွင် ထိုင်းလန်းဟု အမည် ပြောင်းခဲ့သည်။ ထိုင်းလန်းအား သယာမ် ဟု ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ် မေလ ၁၁ ရက် နေ့အထိ အမည်ပြန်ပြောင်းခဲ့ပြီး ထို့နောက်တွင် ထိုင်းလန်းဟူသော အမည်သို့ ပြန်လည် ပြောင်းလဲခဲ့ပြန်သည်။ ထိုင်းလန်းဆိုသောအမည် ပြင်သစ်သမိုင်းပညာရှင် ဂျော့ရှ်ဆီးဒက်၏ အဆိုအရ ထိုင်း ဆိုသော အမည်မှာ ထိုင်းဘာသာစကားဖြင့် လွတ်လပ်သောသူ ဟု အဓိပ္ပာယ်ရပြီး ထိုင်းလူမျိုးများအား ထိုင်းလူ့အဖွဲ့အစည်းတွင် နေထိုင်သော လယ်ကျွန်များမှ ခွဲခြား ခေါ်ဝေါ်ခြင်းဟု ဆိုသည်။ ထင်ရှားသော ထိုင်း ပညာရှင်တစ်ဦးက ငြင်းဆိုသည်မှာ ထိုင်းဆိုသော အမည်မှာ ပြည်သူ သို့မဟုတ် လူ ဟုသာ အဓိပ္ပာယ်ရပြီး ၎င်း၏ ရှာဖွေဖော်ထုတ်ချက်အရ အချို့သော ကျေးလက်ဒေသများတွင် လူအား ပုံမှန် သုံးနေကျ ထိုင်းစကားလုံး "ခေါန်" အစား "ထိုင်း" ဟု သုံးနှုန်းကြသည်ဟု ဆိုသည်။ ထိုင်းလူမျိုးများမှ ၎င်းတို့၏ နိုင်ငံအား ယဉ်ကျေးသော အသုံးအနှုန်း "ပရထက်ထိုင်း" ဟု မကြာခဏ သုံးလေ့ ရှိကြသော်လည်း အများဆုံး အသုံးပြုကြသည့် အရပ်သုံးစကားတွင်မူ "မွမ်ထိုင်း" သို့မဟုတ် "ထိုင်း" ဟုသာ သုံးနှုန်းကြသည်။ မွမ်ဆိုသော စကား၏ အဓိပ္ပာယ်မှာ မြို့တော်နိုင်ငံဟု အဓိပ္ပာယ်ရပြီး ဒေသ၏ အလယ်ဗဟိုရှိ မြို့တော် သို့မဟုတ် မြို့ကို ရည်ညွှန်းလေ့ ရှိကြသည်။ ရတ်ချာအာဏာချက်ထိုင်း (ထိုင်း: ราชอาณาจักรไทย၊ မြန်မာ: ရာဇအာဏာစကြာထိုင်း) သည် ထိုင်းဘုရင့်နိုင်ငံတော်ဟု အဓိပ္ပာယ်ရှိသည်။ ဗျုပ္ပတ်နှင့်ခွဲလျှင် အမည်အပိုင်းများသည် - -ရတ်ချာ- (သင်္သကရိက် ရာဇ, အဓိပ္ပာယ်သည် "ဘုရင်" ဖြစ်သည်)၊ -အာဏာ- (ပါဠိ အာဏာ ) နှင့် -ချတ် (သင်္သကရိက် စကြာ၊ အဓိပ္ပာယ်သည် "ဘီး" ဖြစ်သော်လည်း မင်းမူအာဏာပိုင် သင်္ကေတလည်းဖြစ်သည်) ဟု ခွဲခြားနိုင်သည်။။ အလွန်မျိုးချစ်စိတ်ဓာတ် တက်ကြွနေသော ၁၉၃၀ ခုနှစ်များတွင် ရေးခဲ့သည့် နိုင်ငံတော် သီချင်းတွင် ထိုင်းနိုင်ငံအား "ပရာထက်ထိုင်း" ဟု ရည်ညွှန်းခဲ့သည်။ နိုင်ငံတော်သီချင်း၏ ပထမဆုံး စာကြောင်းတွင် ထိုင်းနိုင်ငံသည် ထိုင်းသွေးသားများ၏ စုစည်းမှု ဖြစ်သည်ဟု ထည့်သွင်းရေးသားခဲ့သည်။ အမည် "ထိုင်းဘုရင့်နိုင်ငံ ( ) ဆိုသည်မှာ ထိုင်းနိုင်ငံ၏ တရားဝင် အမည် ဖြစ်သည်။ သမိုင်း ထိုင်းနိုင်ငံတွင် ယခုလက်ရှိမှစ၍ ရေတွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၄၀,၀၀၀ ကျော်မှစ၍ လူတို့ နေထိုင်ခဲ့သော သက်သေ အထောက်အထားများရှိပြီး မဲဟောင်ဆောင်ရှိ သမ်လော့ဒ်ကျောက်ဂူတွင် ကျောက်ခေတ် လက်မှုပစ္စည်းများကို တွေ့ရသည်။ အခြားသော အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ပင် ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ များစွာ လွှမ်းမိုးမှု ရှိပြီး အေဒီ ၁ ရာစု ဖူနန်ဘုရင့်နိုင်ငံတော် မှစ၍ ခမာအင်ပိုင်ယာ ခေတ် အထိ ဖြစ်သည်။ ထိုင်းနိုင်ငံသည် အစောပိုင်း နှစ်များတွင် ခမာ အင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိပြီး ခမာအင်ပါယာတွင် ဟိန္ဒူတို့၏ ရိုးရာများ ခိုင်မာစွာ အမြစ်တွယ်နေသဖြင့် ထိုလွှမ်းမိုးမှုများကို ယနေ့တိုင် ထိုင်းတို့ကြားတွင် တွေ့ရှိနိုင်သေးသည်။ ထိုင်းယဉ်ကျေးမှုတွင် အိန္ဒိယတို့၏ လွှမ်းမိုးမှု ရှိသည်မှာ အိန္ဒိယမှ လာရောက်အခြေချ နေထိုင်သူများနှင့် တိုက်ရိုက် ထိတွေ့မှုကြောင့်သာ မကပဲ အိန္ဒိယ ယဉ်ကျေးမှု ကျင့်သုံးသော ဘုရင့်နိုင်ငံများဖြစ်သည့် ဗာရာဝတီ၊ သီရီဝိဇယ နှင့် ကမ္ဘောဒီးယား တို့ကြောင့် အဓိကပါဝင်သည်။ အီးအေဗောရပ်ဇ် ကမူ အိန္ဒိယ ဘုရင် အသောက ၏ မောရိယ အင်ပိုင်ယာ ခေတ်တွင် ဗုဒ္ဓဘာသာသည် အိန္ဒိယမှ ထိုင်းနိုင်ငံသို့ စီးဆင်း ဝင်ရောက်သည်ဟု ယုံကြည်ပြီး ခရစ်တော်ပေါ်ပြီး ၁ ရာစု အထိ ပင် ဖြစ်သည်။ နောက်ပိုင်းတွင် ထိုင်းနိုင်ငံသည် တောင်အိန္ဒိယမှာ ပါလာဗာမင်းဆက် နှင့် မြောက်အိန္ဒိယမှ ဂုတ်ပတား အင်ပိုင်ယာတို့၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်။ ပြင်သစ် သမိုင်းပညာရှင် ဂျော့ရှ်ဆီးဒက်၏ အဆိုအရ "ထိုင်းတို့သည် အဖအိန္ဒိယ နိုင်ငံတော်၏ သမိုင်းတွင် ပထမဆုံး ပါဝင်ခဲ့သည်မှာ ၁၁ ရာစု ချန်ပါ ကျောက်ထွင်းစာများတွင် ထိုင်း ကျွန်များ သို့မဟုတ် စစ်သုံးပန့်များ အဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၁၂ ရာစုတွင် အန်ကောဝပ် ဘုရားကျောင်းရှိ ကျောက်ဆစ်များတွင် စစ်သူရဲအုပ်စု တစ်ခုအား သယာမ် ဟု ဖော်ပြထားခဲ့သည်။ ထို့ပြင် မွန်ဂို တို့သည် တာလီအား ၁၂၅၃ ဇန်နဝါရီလ ၇ ရက်တွင် သိမ်းပိုက်ပြီး ၁၂၅၃ တွင် ယူနမ်အား သိမ်းသွင်းပြီးနောက် ယခင် အိန္ဒိယ လွှမ်းမိုးထားသော ဘုရင့်နိုင်ငံနေရာ၌ ထိုင်းဒေသများ ထူထောင်ရန် အခက်အခဲမရှိခဲ့ကြောင်း သိရသည်။ မီနန် မြစ်ဝှမ်းဒေသ နှင့် ဗာရာဝတီ ရှိရာဒေသတွင် ၇ ရာစု၌ မွန်လူမျိုးများ ရှိကြပြီး ၁၁ ရာစုတွင် ခမာအင်ပိုင်ယာ ဖြစ်လာသည်။ ယွမ်မင်းဆက်၏ သမိုင်းတွင် ၁၂၈၂ ၌ ဆူခိုထိုင်းတို့၏ သံရုံးရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၁၂၈၇ တွင် ထိုင်းအကြီးအကဲ သုံးယောက်ဖြစ်သော မန်ရိုင်း၊ ငန်မောင်း နှင့် ရမ် ခန်ဟမ်း တို့သည် ခိုင်မာသော မဟာမိတ် စာချုပ်ကို လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။ ၁၃ ရာစု ခမာ အင်ပိုင်ယာ ပြိုလဲပြီးနောက်တွင် နိုင်ငံအများအပြား ပေါ်ထွက်လာခဲ့ပြီး ထိုင်းလူမျိုးများ၊ မွန်လူမျိုးများ၊ ခမာလူမျိုးများ၊ ချန်လူမျိုးများ နှင့် မလေးလူမျိုးများမှ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပြီး ထိုင်းဒေသတဝှမ်းတွင် တွေ့ရသော ရှေးဟောင်း သုတေသန နယ်မြေများနှင့် ရှေးဟောင်း ပစ္စည်းများမှ တဆင့် သိရသည်။ ၁၂ ရာစု မတိုင်မီကမူ ပထမဆုံး ထိုင်းနိုင်ငံအား ဗုဒ္ဓဆူခိုထိုင်း နိုင်ငံတော်ဟု သတ်မှတ်ခဲ့ကြပြီး ၁၂၃၈ တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၁၃ ရာစုနှင့် ၁၄ ရာစုနှစ်အတွင်း ခမာအင်ပိုင်ယာ၏ အာဏာ လျော့ကျလာမှုနှင့် ပျက်သုဉ်းမှုတို့ အပြီးတွင် ဆူခိုထိုင်း ဗုဒ္ဓဘာသာပြည်၊ လန်နပြည် (Lanna) နှင့် လန်ချန်ပြည် (ယခုလောနိုင်ငံ) တို့မှာ တိုးတက်ထွန်းကား လာခဲ့သည်။ သို့သော် ရာစုနှစ် တစ်ခုမျှ ကြာသောအခါတွင် ဆူခိုထိုင်းပြည်၏ အာဏာစက်ကို ၁၄ ရာစုနှစ်အလယ် ကျောက်ဖယား မြစ်အောက်ပိုင်း သို့မဟုတ် မီနမ်ဒေသတွင် ထူထောင်ခဲ့သော အယုဒ္ဓယပြည်က ဩဇာလွှမ်းမိုး လာခဲ့သည်။ အယုဒ္ဓယပြည်၏ ချဲ့ထွင်မှုသည် မီနမ်ဒေသ တဝိုက်တွင် ဗဟိုပြုခဲ့ပြီး မြောက်ပိုင်း တောင်ကြားများတွင်မူ လန်နပြည်နှင့် အခြားသော ထိုင်းမြို့ပြနိုင်ငံ အသေးစားများက အုပ်ချုပ်ခဲ့သည်။ ၁၄၃၁ ခုနှစ်တွင် အယုဒ္ဓယတို့မှ အန်းကောမြို့ကို ကျူးကျော်ဝင်ရောက်ပြီးနောက်တွင် ခမာတို့က အန်းကောကို စွန့်ခွာခဲ့ကြသည်။ ထိုင်းတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော တရုတ် နှင့် အိန္ဒိယမှ အစပြု၍ ပါရှားပြည် နှင့် အာရပ်နိုင်ငံများနှင့် ကုန်သွယ်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ အယုဒ္ဓယသည် အာရှရှိ အစည်ကားဆုံး ကုန်သွယ်ရာ နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ဥရောပ ကုန်သည်များသည် ၁၆ ရာစု အစောပိုင်းမှ စတင်ရောက်ရှိလာခဲ့ပြီး ပထမဆုံး ရောက်ရှိလာသူမှာ ပေါ်တူဂီမြို့စား အေဖွန်ဆို ဒီ အယ်လ်ဘာကာကီ၏ သံတမန် ဖြစ်ပြီး ၁၅၁၁ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ကာ နောက်ပိုင်းတွင် ပြင်သစ်၊ ဒတ်ချ်နှင့် အင်္ဂလိပ်တို့ ရောက်ရှိလာခဲ့သည်။ ၁၇၆၅-၁၇၆၇ မြန်မာဘုရင် ကုန်းဘောင် ဆင်ဖြူရှင်မင်း နှင့် ဖြစ်သော ယိုးဒယား-မြန်မာစစ်ပွဲတွင် အယုဒ္ဓယအား မီးတင်ရှို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ၁၇၆၇ ခုနှစ် အယုဒ္ဓယပြည် မြန်မာတို့လက်သို့ ကျရောက်သွားသော အခါတွင် မဟာတက်ဆင် ဘုရင်သည် ထိုင်းနိုင်ငံ၏ မြို့တော်ကို သွန်ဘူရီ (Thonburi) သို့ ၁၅ နှစ်ခန့်မျှ ရွှေ့ပြောင်းခဲ့သည်။ ၁၇၈၂ ခုနှစ် ကျကရီ မင်းဆက် မဟာရာမ ၁ ဘုရင်လက်ထက်တွင် ဘန်ကောက်ကို မြို့တော်အဖြစ် တည်ထောင်ပြီးချိန်တွင် ယခုလက်ရှိ ရတနာကိုဆင် ခေတ် စတင်ခဲ့သည်။ ဗြိတိန်နီကာ စွယ်စုံကျမ်း ၏ အဆိုအရ ၁၇ ရာစုမှ ၁၉ ရာစု အထိ ထိုင်းနှင့် မြန်မာတို့၏ အုပ်ချုပ်မှု အောက်တွင် ရှိသော အချို့သော ဒေသများတွင် လူဦးရေ၏ ၄ ပုံ ၁ ပုံမှ ၃ ပုံ ၁ပုံ အထိမှာ ကျွန်များ ဖြစ်ကြသည် ဟု ဆိုသည်။ ၂၀ရာစု ဥရောပမှ ဖိအားများရှိသော်လည်း ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် ကိုလိုနီ မဖြစ်ခဲ့သော တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။ ထိုသို့ မဖြစ်ရသည့် အကြောင်းမှာ လွန်ခဲ့သော ၄ ရာစု အတွင်း ပါးနပ်သော ဘုရင်များမှ ပြင်သစ်နှင့် ဗြိတိသျှ အင်ပိုင်ယာတို့ကြား အားပြိုင်မှုနှင့် တင်းမာမှုများကို အခွင့်ကောင်းယူ၍ လိုအပ်သလို ကစားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၈၉၆ ခုနှစ်တွင် ဗြိတိန် နှင့် ပြင်သစ်တို့မှ ကျောက်ဖယား တောင်ကြား တစ်ဝိုက်အား ကြားခံနယ်မြေ အဖြစ် သဘောတူညီ အာမခံချက် ပေးခဲ့ကြပြီး ကျန်သော အရှေ့တောင်အာရှ တဝှမ်းလုံးအား အနောက်တိုင်း အင်အားကြီး နိုင်ငံများမှ ကိုလိုနီ နယ်မြေအဖြစ် သွတ်သွင်းခဲ့ကြသည်။ သို့သော်လည်း အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကြောင့် ၁၉ ရာစု အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည့် အပြင် ၎င်းတို့၏ တောင်းဆိုမှုများစွာကိုလည်း လိုက်လျောခဲ့ရသည်။ အသိသာဆုံးမှာ မဲခေါင်မြစ် အရှေ့ဘက်ကမ်းရှိ နယ်မြေများစွာကို ပြင်သစ်ထံသို့ ဆုံးရှုံးခဲ့ရခြင်းနှင့် မလေးကျွန်းဆွယ်ရှိ ရှမ်းနှင့် ကရင်လူမျိုးတို့၏ ဒေသများအား အင်္ဂလိပ်တို့မှ တဆင့်ပြီး တဆင့် ဝါးမျိုသိမ်းပိုက်ခဲ့ခြင်း တို့ ဖြစ်ကြသည်။ ဗြိတိသျှ အင်ပိုင်ယာ၏ အထောက်အပံ့ကို ရရှိရန် အတွက် ချက်ကရီ မင်းဆက်မှ ပေးအပ်လိုက်ရသော လက်ဆောင်ပဏ္ဍာများတွင် တောင်ပိုင်း မလေးလူမျိုးများ အဓိက နေထိုင်သည့် ပြည်နယ် ၄ ခုအား ၁၉၀၉ ခုနှစ် အင်ဂလို-ဆိုင်ယမ်းမိစ် စာချုပ်ဖြင့် ဗြိတိသျှအင်ပိုင်ယာသို့ လွှဲပြောင်းပေးအပ်လိုက်ရခြင်းလည်း ပါဝင်သည်။ ထို ပြည်နယ် ၄ ခုမှာ ကလန်တန်၊ တဲရန်ဂါနူး၊ ကဒါ နှင့် ပါလစ် တို့ ဖြစ်ပြီး နောင်တွင် မလေးရှားနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များ ဖြစ်လာခဲ့သည်။ ၁၉၁၇ တွင် သယာမ်နိုင်ငံသည် ပထမကမ္ဘာစစ် မဟာမိတ်များတွင် ဝင်ရောက်ခဲ့ပြီး ပထမကမ္ဘာစစ် အောင်နိုင်သူ တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၁၉၃၂ ခုနှစ်တွင် စစ်ဘက်နှင့် အရပ်ဘက် အရာရှိများပါဝင်သော ခါနာရတ်ဆာဒွန် အဖွဲ့၏ သွေးထွက်သံယို မဖြစ်ပွားသော တော်လှန်ရေး တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အာဏာ လွှဲပြောင်းမှု ဖြစ်ခဲ့ကာ ပရာဂျာဒီပေါက် ဘုရင်မှ သယာမ် ပြည်သူတို့အား ပထမဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခွင့် ပေးအပ်လိုက်ရပြီး ရာစုနှစ်များစွာ ကျင့်သုံးခဲ့သော သက်ဦးဆံပိုင် ဘုရင်စနစ် ပြီးဆုံး ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် နိုင်ငံ၏ အမည်အား သယာမ်မှ ထိုင်းလန်း ဟု ပြောင်းလဲခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်အင်ပိုင်ယာမှ ၎င်းတို့၏ တပ်များကို ထိုင်းနိုင်ငံအား ဖြတ်၍ မလေးရှား စစ်မျက်နှာသို့ ရွေ့လျားခွင့် ပြုရန် တောင်းဆိုခဲ့သည်။ ဂျပန်တို့၏ ကျူးကျော်မှုသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ရက်၌ အခြားသော အရှေ့တောင်အာရှ တလွှား တိုက်ခိုက်မှုများနှင့် အချိန်ကိုက်၍ စတင်ခဲ့ပြီး တော်ဝင်ထိုင်း ကြည်းတပ်မတော် နှင့် ၆ နာရီ မှ ၈ နာရီကြား တိုက်ခိုက်ခဲ့ကြသည်မှာ ပလာယက် ဖီဘွန်ဆောင်ခရမ်မှ အပစ်အခတ် ရပ်စဲရန် အမိန့်ပေးသည့် အချိန်အထိ ပင် ဖြစ်သည်။ ထို့နောက်တွင် ဂျပန်အား လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ဂျပန် နှင့် ထိုင်းနိုင်ငံတို့ စစ်ဘက်ဆိုင်ရာ မဟာမိတ် စာချုပ်ကို လျှို့ဝှက် ချုပ်ဆိုခဲ့ကာ ထိုစာချုပ်အရ တိုကျိုမှ ဗြိတိသျှနှင့် ပြင်သစ်တို့သို့ ထိုင်းမှ ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်ရယူရန် အတွက် အကူအညီပေးမည်ဟု သဘောတူညီခဲ့သည်။ နောက်ဆက်တွဲအဖြစ် ထိုင်းမှ အမေရိကန်ပြည်ထောင်စု နှင့် ယူနိုက်တက်ကင်းဒမ်းတို့အား ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကြေညာခဲ့ပြီး ဂျပန်တို့အား မဟာမိတ်တို့နှင့် တိုက်ခိုက်သော စစ်ပွဲတွင် ကူညီတိုက်ခိုက်ရန် ကတိပြုခဲ့ကာ အခြားတစ်ဖက်တွင်လည်း ဂျပန်ကို တော်လှန်ရန် ထိုင်းလွတ်လပ်ရေး လှုပ်ရှားမှုကိုလည်း ဆက်လက် လုပ်ဆောင်ခဲ့သည်။ အာရှ အလုပ်သမား ၂၀၀,၀၀၀ ခန့် နှင့် မဟာမိတ် စစ်သုံးပန့် ၆၀,၀၀၀ ကျော်တို့သည် သေမင်းတမန် ရထားလမ်းဟု အများသိရှိကြသော ရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့ကြသည်။ ယနေ့ခေတ် သမိုင်း ၁၉၃၂ ခုနှစ်မှ ၁၉၇၃ အထိ ထိုင်းနိုင်ငံ၏ သမိုင်းကြောင်းတွင် စစ်အာရှင်စနစ်ကသာ ကြီးစိုးနေခဲ့ပြီး ထိုကာလ အတွင်း အချိန်ကာလ အများအပြားတွင် စစ်အာဏာရှင်တို့ အာဏာရရှိခဲ့သည်။ ထိုကာလအတွင်း အဓိကကျသောသူများမှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နှင့် မဟာမိတ်ဖွဲ့ခဲ့သူ လူအန်း ဖီဘွန်းဆောင်ခရမ်း (အများစုက ဖီဘွန်း ဟု သိကြသည်)၊ သာမားဆက် တက္ကသိုလ်ကို တည်ထောင်ခဲ့သူနှင့် စစ်အပြီးတွင် ဝန်ကြီးချုပ် အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့သူ အရပ်သား နိုင်ငံရေး သမား ပရိုင်ဒီ ဖနွန်ယောင် တို့ ဖြစ်ကြသည်။ ပရီဒီအား ဖယ်ရှားပြီးနောက်တွင် စစ်အာဏာရှင်များ အစဉ်အဆက် အုပ်စိုးခဲ့ကြသည်။ ဖီဘွန်းမှ နောက်တစ်ကြိမ် အာဏာ ရယူပြီးနောက် ဆရစ် ဒါနာရာဂျာတာ နှင့် သနွန်း ကစ်တီကာချောင်း တို့မှ ဆက်လက် အုပ်ချုပ်ခဲ့ကာ ၎င်းတို့ လက်ထက်တွင် ရိုးရာ အာဏာရှင် အုပ်ချုပ်မှုအား ခေတ်မီအောင် ပြုလုပ်ခြင်း နှင့် အနောက်တိုင်း ဆန်အောင် ပြုလုပ်ခြင်းများအား အမေရိကန် လွှမ်းမိုးမှုဖြင့် လုပ်ဆောင်ခဲ့သည်။ သာမားဆက် ကျောင်းသားများ ဦးဆောင်သော ဒီမိုကရေစီ လိုလားသူ ဆန္ဒပြသူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးနောက် သနွန်း နုတ်ထွက်ခြင်း ဖြင့် စစ်အာဏာရှင် ခေတ် ကုန်ဆုံး ခဲ့သည်။ ဘုရင်မှ သာမားဆက် တက္ကသိုလ်၏ ဥသျှောင် ဆန်ယား ဒါမားဆက် အား ဝန်ကြီးချုပ် အဖြစ် တော်ဝင် အမိန့်ထုတ်ပြန်၍ ခန့်အပ်ခဲ့သည်။ ထိုင်းနိုင်ငံသည် အမေရိကန်နှင့် တောင်ဗီယက်နမ်တို့အား ၁၉၆၅ မှ ၁၉၇၁ ခုနှစ် ဗီယက်နမ် စစ်ပွဲအတွင်း အကူအညီ ပေးခဲ့သည်။ အမေရိကန် လေတပ်မှ အက်ဖ်-၄ ဖန်တွန် တိုက်လေယာဉ်များမှာ အူဒွန်း နှင့် အူဘွန်း လေတပ် အခြေစိုက် စခန်းများတွင် အခြေစိုက်ခဲ့ပြီး ဘီ-၅၂ ဗုံးကြဲလေယာဉ်များအား အူတာပေါင်း တွင် အခြေစိုက်ခဲ့သည်။ ထိုင်းတပ်များသည် ၁၉၆၄ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်း လောနိုင်ငံရှိ လျှို့ဝှက်စစ်ပွဲ အတွင်း အများအပြား ပါဝင် ပတ်သက်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ထင်ရှားသော လူထုအုံကြွမှု တစ်ခု ဖြစ်ခဲ့ပြီး ထို့အတွက်ကြောင့် ကွန်မြူနစ် ဆန့်ကျင်သူ သနွန်း ကစ်တီကာချောင်း၏ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းခဲ့ကာ ထိုင်းနိုင်ငံရေး စနစ်ကို ပြောင်းလဲစေခဲ့သည်။ မှတ်သားလောက်စရာ အချက်မှာ ထိုင်း တက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးတွင် လွှမ်းမိုးမှု အားကောင်းလာခြင်းပင် ဖြစ်သည်။ ၁၉၈၀ ခုနှစ်၏ အချိန် အတော်များများတွင် ထိုင်းနိုင်ငံအား ဝန်ကြီးချုပ် ပရမ် တင်ဆူလန်နွန်ဒါမှ အုပ်ချုပ်ခဲ့ပြီး ၎င်းမှာ ဒီမိုကရေစီ လိုလားသူ ဖြစ်သဖြင့် ပါလီမန် နိုင်ငံရေးကို ပြန်လည် အသက်သွင်းခဲ့သည်။ ထို့နောက်တွင် ၁၉၉၁ မှ ၁၉၉၂ ခုနှစ် ခဏတာ စစ်တပ် အုပ်ချုပ်မှုမှလွဲ၍ ထိုင်းနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံ အဖြစ် ရှိခဲ့သည်။ လူအများ၏ အကြိုက်ကို လိုက်သော ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် ဦးဆောင်သော ထိုင်းရပ်ထိုင်း ပါတီသည် ၂၀၀၁ မှ ၂၀၀၆ ခုနှစ် အထိ အုပ်ချုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ် ထိုင်းရပ်ထိုင်း ပါတီအား ခြစားသည်ဟု စွပ်စွဲ၍ လူအမြောက်အမြား ဆန္ဒပြခဲ့ကြပြီး စစ်တပ်မှ စက်တင်ဘာလတွင် အာဏာ သိမ်းခဲ့သည်။ ၂၀၀၇ ဒီဇင်ဘာလ ရွေးကောက်ပွဲမှ အရပ်သား အစိုးရ သို့ အာဏာလွှဲပြောင်းခဲ့ပြီး ၂၀၁၄ မေလတွင် အခြား စစ်အာဏာသိမ်းမှု တစ်ခုဖြင့် စစ်တပ် လက်အောက်သို့ ပြန်လည် ရောက်ရှိခဲ့သည်။ သမိုင်းဆိုင်ရာ ဓာတ်ပုံများ နိုင်ငံရေး နှင့် အစိုးရ ထိုင်းနိုင်ငံ၏ လက်ရှိနိုင်ငံရေးသည် စည်းမျဉ်းခံ ဘုရင်စနစ် ဘောင်အတွင်းမှ ကျင့်သုံးပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ဆွေစဉ်မျိုးဆက် ဆက်ခံသော ဘုရင်သည် နိုင်ငံ၏ ဥသျှောင်ဖြစ်သည်။ တရားစီရင်ရေး ကဏ္ဍသည် အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးတို့မှ ကင်းလွတ်ရမည် ဖြစ်သော်လည်း တရားသူကြီးတို့၏ ဆုံးဖြတ်ချက်များမှာ လက်ရှိဥပဒေထက် နိုင်ငံရေးနှင့် ပတ်သက်သည်ဟု သံသယရှိစရာ ဖြစ်သည်။ ၁၉၃၂ ခုနှစ် သက်ဦးဆံပိုင် ဘုရင်စနစ်မှနေ၍ နိုင်ငံရေး စတင်ပြုပြင်ပြောင်းလဲခဲ့သည့် အချိန်မှစ၍ ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ပဋိဉာဏ် ၁၉ ခုမျှ ရှိခဲ့ပြီ ဖြစ်သည်။ . ထိုကာလ တလျှောက်တွင် နိုင်ငံ၏ အစိုးရ ပုံစံသည် စစ်အာဏာရှင် အစိုးရ စနစ် မှစ၍ ရွေးကောက်တင်မြှောက်ခံ ဒီမိုကရေစီ စနစ် အထိ အမျိုးမျိုး ရှိခဲ့သော်လည်း အစိုးရအားလုံးသည် ထီးနန်းအရာ ဆက်ခံသော ဘုရင်ကို နိုင်ငံ၏ ဥသျှောင်အဖြစ် အသိအမှတ်ပြုကြသည်။ ၁၉၃၂ ခုနှစ် မတိုင်မီက ဆိုင်ယမ်း ဘုရင်နိုင်ငံတွင် ဥပဒေပြုလွှတ်တော် မရှိခဲ့ပဲ ဥပဒေပြုခွင့်ကို ဘုရင်အား အပ်နှင်းထားသည်။ ထိုသို့ ဖြစ်ခဲ့ခြင်းမှာ ၁၂ ရာစု ဆူခိုထိုင်း ဘုရင့်နိုင်ငံတော် ထူထောင်ခဲ့သည့် အချိန်မှ အစပြုခဲ့ပြီး ဘုရင်အား "ဓမ္မရာဇာ" သို့မဟုတ် "တရားဓမ္မနှင့် အညီ အုပ်ချုပ်သော ဘုရင်" ဟု သတ်မှတ်ခဲ့သည်။ သို့သော်လည်း ၁၉၃၂ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ပြည်သူများ နှင့် စစ်တပ် အရာရှိများ ပါဝင်သော ၎င်းတို့ဘာသာ "ခါန ရတ်ဆေးဒွန်" သို့မဟုတ် "ပြည်သူ့ပါတီ" ဟု အမည်ပေးထားသော အဖွဲ့သည် သွေးထွက်သံယိုမှု မရှိသော တော်လှန်ရေး တစ်ခုကို ဆင်နွှဲခဲ့ပြီး နှစ်ပေါင်း ၁၅၀ မျှ တစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်ခဲ့သော ချက်ကရီ မင်းဆက်ကို အဆုံးသတ်ခဲ့သည်။ ထိုအဖွဲ့မှ ရွေးကောက်တင်မြှောက်ထားသည့် ဥပဒေပြုလွှတ်တော် ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုံစံ ဘုရင်စနစ်ကို အကြံပြု ပြောင်းလဲခဲ့သည်။ ၁၉၃၂ ပရာဂျာဒီပေါ့ ဘုရင် လက်မှတ်ရေးထိုးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျမ်းအရ ထိုင်းနိုင်ငံ၏ ပထမဆုံး ဥပဒေပြုလွှတ်တော်ဖွဲ့စည်းခဲ့ပြီး ခန့်အပ်ထားသော ကိုယ်စားလှယ် ၇၀ ပါဝင်သည့် ပြည်သူ့လွှတ်တော် ဖြစ်လာခဲ့သည်။ ထိုလွှတ်တော်သည် ၁၉၃၂ ခုနှစ် ဇွန်လ ၂၈ ရက်တွင် အနန်တ ဆာမာခွန် ညီလာခံ ခန်းမ၌ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ ခါနရတ်ဆေးဒွန် ပါတီမှ ပြည်သူတို့သည် ရွေးကောက်တင်မြှောက်သည့် အလွှတ်တော် အတွက် အဆင်သင့်မဖြစ်သေးဟု ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းသွားခဲ့သည်။ ထိုနှစ် ဒီဇင်ဘာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့် အခါ၌ ရွေးကောက်ပွဲအား ၁၉၃၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် အချိန်သတ်မှတ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်အရ လွှတ်တော်တွင် ခါနရတ်ဆေးဒွန်မှ တိုက်ရိုက်တင်မြှောက်ထားသော ကိုယ်စားလှယ် ၇၈ ဦးနှင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၇၈ ဦးတို့ဖြင့် ဖွဲ့စည်းခဲကာ စုစုပေါင်း အမတ် ၁၅၆ ယောက် ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ် မေလမှစ၍ ထိုင်းနိုင်ငံအား ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားရေး အမျိုးသား ကောင်စီ အမည်ရသော စစ်အစိုးရမှ အုပ်ချုပ်ခဲ့ပြီး ၎င်းတို့မှ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ တစိတ်တဒေသကို ဖျက်သိမ်းခဲ့ကာ နိုင်ငံတစ်ခုလုံးကို စစ်အုပ်ချုပ်ရေးနှင့် ညမထွက်ရ အမိန့် ကြေညာခြင်း၊ နိုင်ငံရေးဆိုင်ရာ လူစုလူဝေး ပြုလုပ်ခြင်းများအား တားမြစ်ခြင်း၊ နိုင်ငံရေးသမားများနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများအား ဖမ်းဆီးခြင်း၊ အင်တာနက် ဆင်ဆာ ပြုလုပ်ခြင်း နှင့် မီဒီယာများကို ကန့်သတ်ချုပ်ခြယ်ခြင်း များ ပြုလုပ်ခဲ့သည်။ လက်ရှိ ထိုင်းနိုင်ငံ၏ ဘုရင်မှာ ဝသိလာလောင်ကွန်း သို့မဟုတ် ဒဿမမြောက် ရာမ မင်း ဖြစ်ပြီး ၎င်း၏ ဖခမည်းတော်ဖြစ်သူ ဘူမိဗလအတုလျတေဇ (နဝမမြောက် ရာမမင်း) နတ်ရွာစံ ကံတော်ကုန်သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်မှ စ၍ ဘုရင်ဖြစ်လာခဲ့ကာ ဘုရင်အဖြစ် တရားဝင် ဆက်ခံမှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ စတင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူတို့ထံတွင် အပ်နှင်း ထားသော်လည်း ဘုရင်မှ ထိုအခွင့်အာဏာများကို ထိုင်းအစိုးရ၏ လက်တံ ၃ ခုမှ တဆင့် ကျင့်သုံးသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဘုရင်တွင် အာဏာ မဆိုသလောက် အနည်းငယ်မျှသာ ရှိသော်လည်း ထိုင်းနိုင်ငံ၏ အာဏာမရှိသော ခေါင်းဆောင်နှင့် ပြယုဂ် အဖြစ် တည်ရှိသည်။ နိုင်ငံ၏ ဥသျှောင် အနေနှင့် ဘုရင်အား အခွင့်အာဏာ အချို့ပေးအပ်ထားပြီး အစိုးရ၏ လုပ်ဆောင်မှုများတွင် အချို့နေရာများတွင် ပါဝင်ဆောင်ရွက်ရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဘုရင်သည် ထိုင်းတော်ဝင်တပ်မတော်၏ ခေါင်းဆောင်ဖြစ်သည်။ ဘုရင်သည် ဗုဒ္ဓဘာသာ ဖြစ်ရန် လိုအပ်ပြီး နိုင်ငံအတွင်းရှိ အခြား ယုံကြည်ကိုးကွယ်မှုများကိုလည်း ကာကွယ်ပေးမည့်သူ ဖြစ်သည်။ ဘုရင် အနေနှင့် အစဉ်အလာ ဖြစ်သော အာဏာ အချို့ရှိပြီး ၎င်းတို့တွင် ဆက်ခံမည့်သူအား ရွေးချယ်ခန့်အပ်ခြင်း၊ အသနားခံမှုများကို ခွင့်ပြုပေးခြင်းနှင့် ဥပဒေများကို အတည်ပြုပေးခြင်းများကို ပြုလုပ်ရသည်။ ဘုရင်အား ၎င်း၏ တာဝန်ထမ်းဆောင်မှုတွင် ထိုင်းပရိုင်ဗီကောင်စီမှ အကူအညီပေးသည်။ အုပ်ချုပ်ရေး ဒေသများ ထိုင်းနိုင်ငံအား ခရိုင် ၇၆ ခု ပိုင်းခြားထားပြီး ၎င်းတို့အား တည်နေရာပေါ်တွင် မူတည်၍ ခရိုင်အုပ်စု ၅ ခု အနေနှင့် စုစည်းထားသည်။ အထူးအုပ်ချုပ်ရေး ခရိုင် ၂ ခု ရှိပြီး ၎င်းတို့မှာ ဘန်ကောက် နှင့် ပတ္တရား တို့ ဖြစ်ကြသည်။ ဘန်ကောက်သည် ခရိုင်အဆင့်တွင် ရှိသဖြင့် အမြဲလိုပင် ခရိုင် အနေနှင့် ထည့်သွင်း ရေတွက်လေ့ ရှိသည်။ ခရိုင်တစ်ခုချင်းစီအား ဒိစတြိတ်များ အနေနှင့် ပိုင်းခြားထားပြီး ဒိစတြိတ်များအား ဆပ်ဒိစတြိတ်(တမ်ဘုံ) များ အဖြစ် ထပ်မံ ပိုင်းခြား ထားသည်။ ၂၀၀၆ ခုနှစ် စာရင်းအရ ဒိစတြိတ် ၈၇၇ ခုနှင့် ဘန်ကောက်တွင် ဒိစတြိတ် ၅၀ ခု ရှိသည်။ ဘန်ကောက်နှင့် ထိစပ်နေသော အချို့သော ခရိုင်များကို ဂရိတ်တား ဘန်ကောက် ဟု ခေါ်ဆိုကြသည်။ ထိုခရိုင်များတွင် နွန်တပ်ဘူရီ၊ ပထုံဌာနီ၊ ဆမွတ်ပရာကန်၊ နခွန်ပသွန် နှင့် ဆမွတ်ဆာခုံး တို့ ပါဝင်သည်။ ခရိုင်တစ်ခုချင်းစီ၏ မြို့တော် အမည်မှာ ခရိုင် အမည်နှင့် အတူတူ ဖြစ်သည်။ ဥပမာအားဖြင့် ချင်းမိုင်ခရိုင်၏ မြို့တော်မှာ ချင်းမိုင်မြို့ ဖြစ်သည်။ ဒေသကြီးများ ထိုင်းနိုင်ငံရှိ ခရိုင်များကို ဒေသကြီးများ အနေနှင့် စီမံခန့်ခွဲသည်။ ဒေသကြီး ၄ ခု အနေနှင့် ပိုင်းခြား ထားပြီး ၎င်းတို့မှာ ထိုင်းမြောက်ပိုင်း၊ ထိုင်းအရှေ့မြောက်ပိုင်း၊ ထိုင်းအလယ်ပိုင်း နှင့် ထိုင်းတောင်ပိုင်း တို့ ဖြစ်ကြသည်။ ဒေသကြီး တစ်ခုစီတွင် ကွဲပြားခြားနားသော သမိုင်းနောက်ခံ၊ ယဉ်ကျေးမှု၊ ဘာသာစကား နှင့် လူမျိုးများ ရှိသည်။ ဒေသကြီး ၄ ခု အတွင်း နေထိုင်ကြသော ဒေသခံ ထိုင်းလူမျိုးများတို့သည် ဂျာမနီ၏ အုပ်ချုပ်ရေး ဒေသများကို စီမံခန့်ခွဲပုံနှင့် ဗြိတိသျှတို့၏ စကော့တလန်နိုင်ငံ၊ ဝေလနိုင်ငံ နှင့် မြောက်အိုင်ယာလန်နိုင်ငံတို့တွင် ကျင့်သုံးသော အာဏာခွဲဝေအုပ်ချုပ်သော စီမံခန့်ခွဲရေး စနစ်များကို အားကျ အတုယူကြသည်။ ထိုင်းနိုင်ငံသည် ဒေသကြီးများ ခရိုင်များဖြင့် ခွဲခြားအုပ်ချုပ်ထားသော်လည်း ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သော နိုင်ငံဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒိစတြိတ်အကြီးအကဲ နှင့် ဒိစတြိတ်စာရေး စသည်များကို ဗဟိုအစိုးရမှ တိုက်ရိုက်ခန့်အပ်သည်။ ဒေသကြီးများတွင် စီမံခန့်ခွဲမှု ကွဲပြားခြင်း လက္ခဏာရပ် မရှိဘဲ ပထဝီ၊ စာရင်းဇယား၊ ဘူမိဗေဒ၊ ရာသီဥတု နှင့် ခရီးသွားလုပ်ငန်း သဘောအရသာ ခွဲခြားထားခြင်း ဖြစ်သည်။ တောင်ပိုင်းတိုင်းဒေသကြီး ၁၅ ရာစု အတွင်းက ထိုင်းတို့သည် မလေးကျွန်းဆွယ်ကို တောင်ပိုင်းအကျဆုံး မလက္ကာဒေသ အထိ အုပ်စိုးခဲ့ကြကာ ကျွန်းဆွယ်၏ နေရာ အတော်များများကို ချုပ်ကိုင်ထားပြီး တီးမားဆက် (စင်ကာပူ) ၊ အချို့သော အက်ဒမန် ကျွန်းများ နှင့် ဂျားဗားကျွန်းပေါ်မှ ကိုလိုနီ တစ်ခုတို့ပင် ပါဝင်သည်။ သို့သော်လည်း ဗြိတိသျှတို့မှ အင်အားသုံး၍ ဆူလတန်အုပ်ချုပ်ရေးမှ ဆူဇရိန်တီ အုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့သဖြင့် နောက်ဆုံးတွင် ပိုင်ဆိုင်ရာ နေရာ လျော့နည်းသွားခဲ့သည်။ မလေးဆူလတန်နယ်များ၏ မြောက်ပိုင်းနယ်များမှ ထိုင်းဘုရင်အား နှစ်စဉ် ရွှေပန်းပွင့် ဆက်သလေ့ရှိပြီး ကျေးဇူးတင်သည့် အနေနှင့်လည်းကောင်း သစ္စာခံအနေနှင့် လည်းကောင်း အဓိပ္ပာယ်ရသည်။ ဗြိတိသျှတို့သည် မလေးနိုင်ငံများတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြပြီး အင်ဂလို-ထိုင်း စာချုပ်အရ တောင်ပိုင်းမှ ဘန်ကောက် အထိ ရထားလမ်းဖောက်ရန် ကြိုးစားခဲ့သည်။ ထိုင်းတို့သည် ယခုအခါ မလေးရှား မြောက်ပိုင်း ပြည်နယ်များ ဖြစ်သော ကဒါး၊ ပါလစ်၊ ကလန်တန်၊ တဲရန်ဂနူး တို့အား အချုပ်အခြာအာဏာ စွန့်လွှတ်ခဲ့ပြီး ဗြိတိသျှတို့သို့ ပေးအပ်ခဲ့သည်။ ဆာတွန် နှင့် ပဌာနီ ပြည်နယ်တို့ကိုမူ ထိုင်းတို့က အုပ်ချုပ်ခဲ့သည်။ မလေးကျွန်းဆွယ်ရှိ ခရိုင်များကို ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်တို့မှ သိမ်းပိုက်ခဲ့ကာ ၁၉၄၂ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ မလာယန်ကွန်မြူနစ်ပါတီ (စီပီအမ်) မှ ကျူးကျော်ခဲ့သည်။ ဗီယက်နမ် နှင့် ယဉ်ကျေးမှု တော်လှန်ရေး အပြီး တရုတ်နိုင်ငံတို့၏ ထောက်ခံမှု မရှိတော့သည့် နောက်ပိုင်းတွင် စီပီအမ်သည် မလေးရှား နှင့် ထိုင်းအစိုးရ တို့နှင့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ခဲ့သည်။ လတ်တလော မငြိမ်မသက် ဆူပူမှုများသည် ဒုတိယကမ္ဘာစစ် အပြီး ဆူကာနို၏ ထောက်ခံမှုဖြင့် စတင်ခဲ့သော ပီယူအယ်လ်အိုအဖွဲ့၏ ခွဲထွက်ရေး တိုက်ခိုက်လှုပ်ရှားမှုများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ထိုမငြိမ်မသက်မှုများ အတွက် ဓားစာခံဖြစ်ရသည်မှာ ဗုဒ္ဓဘာသာဝင်များ နှင့် ဘေးထိုင်နေသူ မွတ်စလင်များ ဖြစ်သည်။ နိုင်ငံခြားဆက်ဆံရေး ထိုင်းနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး ကိစ္စရပ်များကို နိုင်ငံခြားရေးဝန်ကြီးမှ အဓိက လုပ်ဆောင်သည်။ ထိုင်းနိုင်ငံသည် နိုင်ငံတကာနှင့်သာမက ဒေသတွင်း အဖွဲ့အစည်းများတွင် အပြည့်ပါအဝ ပါဝင်လျက်ရှိသည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု၏ နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သော အဓိက မဟာမိတ် နှင့် အထူး ၃၀၁ အစီရင်ခံစာ ပါ ဦးစားပေး စောင့်ကြပ်ကြည့်ရှုခံရသူ စာရင်းတွင် ပါဝင်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)တွင် တက်ကြွစွာပါဝင်လျက်ရှိသည်။ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံတို့အကြား ဆက်ဆံရေးနီးကပ်စွာရှိပြီး ၎င်းတို့၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် စီးပွားရေး ဝန်ကြီးများသည် နှစ်စဉ် အစည်းအဝေး ကျင်းပလေ့ ရှိကြသည်။ ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ်ကိစ္စရပ်များ၊ နိုင်ငံရေး၊ ယဉ်ကျေးမှုကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်လျက် ရှိသည်။ ၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေး ကော်ပိုရေးရှင်း အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ယခင် လက်ထောက်ဝန်ကြီးချုပ်ဖြစ်သော ဒေါက်တာ ဆူပါချိုင်း ပနစ်ပက်ဒိုင်သည် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ညီလာခံ အဖွဲ့တွင် လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အရှေ့အာရှ နိုင်ငံများအစည်းအဝေး သို့ စတင်တက်ရောက်ခဲ့သည်။ မကြာသေးမှီနှစ်များတွင် ထိုင်းနိုင်ငံသည် နိုင်ငံတကာစင်မြင့်တက်တွင် ပိုမိုတက်ကြွစွာ လှုပ်ရှားပါဝင်လာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်ကာ အရှေ့တီမော လွတ်လပ်ရေးရလာသောအခါ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးအကြိမ်အနေဖြင့် စစ်တပ်များ ပြည်ပသို့ထောက်ပံ့ပို့ပေးခဲ့သည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် ယခုအခါ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့များအဖြစ် ဆက်လက်တည်ရှိနေသေးသည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးမြင့်စေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စု အဖွဲ့အစည်း (Organization of American States)၊ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Organization for Security and Cooperation in Europe) တို့နှင့် စတင်ထိတွေ့ဆက်ဆံခဲ့သည်။ ဆက်လက်၍ အာဖဂန်နစ္စတန်နိုင်ငံ နှင့် အီရတ်နိုင်ငံပြန်လည်ထူထောင်ရေးအတွက်လည်း လုံခြုံရေးစစ်တပ်များကို စေလွှတ်ခဲ့သည်။ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထက်တွင် တရုတ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု တို့နှင့် လွတ်လပ်စွာ ကုန်သွယ်မှု စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော်လည်း သက်ဆင်သည် နိုင်ငံတကာနှင့် မပြိုင်ဆိုင်နိုင်သော ထိုင်းလုပ်ငန်းများကို ပျက်စီးစေရမည် ဆိုသဖြင့် ဝေဖန်ခြင်းခံခဲ့ရသည်။ သက်ဆင်မှ နိုင်ငံတကာ အကူအညီများကို ဆက်လက်မရယူတော့ဟု ကြေညာခဲ့ပြီး အလှူရှင်နိုင်ငံများနှင့် ပူးပေါင်း၍ မဟာမဲခေါင်ဒေသအတွင်းရှိ အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။ သက်ဆင်သည် ထိုင်းအား ဒေသတွင်း ခေါင်းဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပြီး လောနိုင်ငံကဲ့သို့ ဆင်းရဲသော အိမ်နီးချင်းနိုင်ငံများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများကို စတင် အကောင်အထည် ပေါ်ခဲ့သည်။ အငြင်းပွားဖွယ်ရာ အကောင်းဆုံး ကိစ္စမှာ မြန်မာနိုင်ငံရှိ အာဏာရှင်တို့နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးကို ဖော်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုင်းသည် အမေရိကန်ဦးဆောင်သော အီရတ်နိုင်ငံသို့ ကျူးကျော်မှုတွင် ပါဝင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်း ၄၂၃ ဦး ကို စေလွှတ်ခဲ့သည်။ ၎င်းတို့သည် တပ်များကို ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ရုပ်သိမ်းခဲ့သည်။ ထိုင်းစစ်သား ၂ ဦးမှာ သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည်။ အဘီဆစ်မှာ ပြည်သူ့ဒီမိုကရေစီ မဟာမိတ် အဖွဲ့၏ ခေါင်းဆောင် ကာဆစ်ပီယွန်အား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် နယ်စပ်အနီးရှိ ကမ္ဘောဒီးယားနိုင်ငံရှိ နှစ်ပေါင်း ၉၀၀ သက်တမ်းရှိသော ပရယ်ဗီဟီးယား ဟိန္ဒူ ဘုရားကျောင်းပျက်ကြီး၏ အနီးတွင် ထိုင်းတပ်ဖွဲ့များနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ကမ္ဘောဒီးယား အစိုးရမှ ၎င်းတို့ဘက်မှ ထိုင်းစစ်သား ၄ ဦးကို သတ်ပစ်နိုင်ခဲ့ပြီး ၁၀ ဦးကို ဖမ်းမိနိုင်ခဲ့သည်ဟု ကြေညာခဲ့သော်လည်း ထိုင်းအစိုးရမှ ထိုင်းစစ်သား အသေအပျောက် ဒဏ်ရာရရှိမှု မရှိဟု ကြေညာခဲ့သည်။ ကမ္ဘောဒီးယား စစ်သား ၂ ဦး နှင့် ထိုင်းစစ်သား ၃ ဦးတို့ သေဆုံးခဲံရသည်။ စစ်တပ်နှစ်ခုစလုံးမှ အခြားတစ်ဖက်မှ အရင်ပစ်ခတ်သည်ဟု အပြစ်တင်ခဲ့ပြီး အခြားတစ်ဖက် ပိုင်နက် အတွင်းသို့ ဝင်ရောက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။ စစ်ရေး ထိုင်းတော်ဝင်တပ်မတော်တွင် ထိုင်းနိုင်ငံတော်၏ စစ်တပ်များ ပါဝင်သည်။ ၎င်းတို့တွင် တော်ဝင်ထိုင်းကြည်းတပ်၊ တော်ဝင်ထိုင်း ရေတပ် နှင့် တော်ဝင်ထိုင်းလေတပ်တို့ ပါဝင်သည်။ ထို့အပြင် ပြည်သူ့စစ် တပ်ဖွဲ့ များလည်း ပါဝင်သည်။ ထိုင်းတပ်မတော်တွင် စုစုပေါင်း စစ်သည်အင်အား အနေနှင့် အမြဲတမ်း တာဝန်ထမ်းဆောင်သူ ၃၀၆,၀၀၀ ဦး နှင့် အရန်အင်အား ၂၄၅,၀၀၀ ဦး ရှိသည်။ ထိုင်းတပ်မတော်၏ အကြီးအကဲမှာ ဘုရင် ဖြစ်သော်လည်း ထိုရာထူးမှာ အမည်ခံမျှသာ ဖြစ်သည်။ စစ်တပ်များကို အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သော ထိုင်းကာကွယ်ရေး ဦးစီးဌာနမှ စီမံကွပ်ကဲသည်။ တော်ဝင်ထိုင်းတပ်မတော် ဌာနချုပ်မှ အမိန့်ပေး ကွပ်ကဲပြီး ၎င်းတို့ကို ထိုင်းကာကွယ်ရေးဦးစီးချုပ်မှ ဦးဆောင်သည်။ ၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စစ်အသုံးစရိတ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်မှုထမ်းရန်မှာ ထိုင်းနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ သို့သော်လည်း အသက် ၂၁ နှစ်ကျော်သော ယောက်ျားလေး နယ်မြေကာကွယ်ရေးကျောင်းသား အဖြစ် သင်တန်းမတက်ရသေးသူများသာ စစ်တပ်တွင် ပါဝင်ရန် ဆန္ဒပြုနိုင်သကဲ့သို့ စစ်မှုထမ်းရန် လိုသလို ဆင့်ခေါ်ချိန်တွင် ပါဝင်နိုင်သည်။ စစ်မှုထမ်းသူများ အနေနှင့် အချိန်ပြည့် လေ့ကျင့်သင်ကြားမှုကာလ ၆ လမှ ၂ နှစ် အထိ အမျိုးမျိုး ကွဲပြားပြီး ၎င်းတို့၏ ပညာရေး အခြေအနေပေါ်တွင် မူတည်ကာ ၎င်းတို့ အနေနှင့် လေ့ကျင့်ရေးသင်တန်းကို တစိတ်တပိုင်း တက်ရောက်ပြီးစီးမှု၊ စစ်မှုထမ်းရန် မဆင့်ခေါ်မီ (နှစ်စဉ် ဧပြီလ ၁ရက်) မိမိတို့ ဆန္ဒအလျောက် ဆန္ဒပြုမှု စသည့် တို့အပေါ်တွင် မူတည်သည်။ ဘွဲ့ရပြီးသော သူများ အနေနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရပါက ၁ နှစ် အချိန်ပြည့် စစ်မှုထမ်းရပြီး ဒိစတြိတ် ရုံးတွင် မိမိတို့ ဆန္ဒအလျောက် ဆန္ဒပြုပါက ၆ လ မျှ စစ်မှု ထမ်းရသည်။ ထို့အတူပင် သုံးနှစ် သင်တန်းကို တက်ရောက်ပြီးစီးမှု အပေါ်တွင် မူတည်၍ လေ့ကျင့်ရေးကာလကို လျှော့ချပေးသည်။ ၃ နှစ်အတွင်း ၁ နှစ် သင်တန်း တက်ရောက်ပြီးပါက ၁ နှစ်သာ အချိန်ပြည့် စစ်မှုထမ်းရပြီး ၂ နှစ် သင်တန်း တက်ရောက်ပြီးပါက ၆ လသာ အချိန်ပြည့် စစ်မှုထမ်းရသည်။ ၃ နှစ် နှင့် အထက် တက်ရောက်သင်ကြား ပြီးသူများ အနေနှင့် လုံးဝကင်းလွတ်ခွင့် ရရှိသည်။ ထိုင်းတပ်မတော်နေ့ကို ဇန်နဝါရီလ ၁၈ ရက်တွင် ကျင်းပပြီး အယုဓျာတိုင်းပြည်ရှိ နရဆင် ဘုရင်မှ တောင်ငူမင်းသား အား ၁၅၉၃ခုနှစ်တွင် အောင်ပွဲရသည့် နေ့ အထိမ်းအမှတ်ဖြစ်သည်။ ပထဝီဝင် ထိုင်းနိုင်ငံ၏ အကျယ်ဝန်းမှာ ၁၉၈,၁၂၀ စတုရန်းမိုင် ( ၅၁၃,၁၂၀ စတုရန်းကီလိုမီတာ) မျှ ရှိသဖြင့် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ၅၀ ခုမြောက် အကြီးဆုံး နိုင်ငံဖြစ်သည်။ ၎င်းသည် ယီမင်နိုင်ငံ ထက် အနည်းငယ်မျှ သေးငယ်ပြီး စပိန်နိုင်ငံထက် အနည်းငယ်မျှ ကြီးသည်။ ထိုင်းနိုင်ငံတွင် ခရိုင်အုပ်စုများနှင့် တစိတ်တဒေသ ဆက်နွယ်နေသော ထင်ရှားသော ပထဝီဝင်ဒေသကြီးများ ရှိသည်။ နိုင်ငံ၏ မြောက်ဘက်ပိုင်းမှာ ထိုင်းကုန်းမြေမြင့်၏ တောင်ကုန်းထူထပ်သော ဒေသဖြစ်ပြီး အမြင့်ဆုံးနေရာမှာ သနွန်ထုံချိုင်း တောင်တန်းရှိ ဒွိုင်းအင်ထာနွန် တောင်ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်ထက် ၈,၄၁၅ပေ ( ၂,၅၆၅ မီတာ) မျှ မြင့်သည်။ အရှေ့မြောက်ဘက် အီဆန်တွင် ခရတ်ကုန်းမြေမြင့်ရှိပြီး အရှေ့ဘက်တွင် မဲခေါင်မြစ် နှင့် ထိစပ်နေသည်။ နိုင်ငံ၏ အလယ်ပိုင်းတွင် အလွန်ပြန့်ပြူးသော ကျောက်ဖယားမြစ်ဝှမ်း ရှိပြီး ထိုမြစ်မှာ ထိုင်းပင်လယ်ကွေ့ အတွင်းသို့ စီးဝင်သည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကရား ကုန်းမြေကျဉ်းရှိပြီး ၎င်းမှာ မလေးကျွန်းဆွယ် အဖြစ်ပြန်လည် ကျယ်ပြန့်သွားသည်။ နိုင်ငံရေး အရ လူဦးရေ၊ အခြေခံ အရင်းအမြစ်၊ သဘာဝ သွင်ပြင်နှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးမှု တို့ အပေါ်တွင် မူတည်၍ ပထဝီဝင်ဒေသ ၆ ခု ရှိသည်။ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြင်းမှာ ထိုင်းနိုင်ငံ၏ ရူပသွင်ပြင်၏ ထင်ရှားသော အချက်တစ်ခု ဖြစ်သည်။. ကျောက်ဖယားမြစ်နှင့် မဲခေါင်မြစ်တို့သည် ထိုင်းကျေးလက်ဒေသအတွက် အဖိုးမဖြစ်နိုင်သော ရေကြောင်းလမ်း ဖြစ်သည်။ သီးနှံများအား စီးပွားဖြစ်ထုတ်လုပ်ခြင်းတွင် ထိုမြစ်နှစ်ခု နှင့် ၎င်းတို့၏ မြစ်လက်တက်များကို အသုံးပြုကြသည်။ ထိုင်းပင်လယ်ကွေ့မှာ ၁၂၄,၀၀၀ စတုရန်းမိုင် (၃၂၀,၀၀၀ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းပြီး ကျောက်ဖယားမြစ်၊ မဲကလောင်မြစ်၊ ဘန်ပကောင်းမြစ် နှင့် တာပီမြစ်တို့ စီးဝင်လျက် ရှိသည်။ တောင်ပိုင်းဒေသ နှင့် ကရားကုန်းမြေကျဉ်း ဒေသတို့တွင် ကမ်းရိုးတန်းတလျှောက် ကြည်၍ တိမ်သော ရေ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အထောက်အကူ ပြုသည်။ ထိုင်းပင်လယ်ကွေ့၏ အရှေ့ဘက် ကမ်းမှာ ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ဗဟိုဌာနဖြစ်ပြီး ဆတာဟစ်တွင် နိုင်ငံ၏ အဆင့်မြင့် ရေနက်ဆိပ်ကမ်း ရှိကာ လမ်ချဘန်တွင် အလုပ်အများဆုံး ကုန်သွယ်ရေး ဆိပ်ကမ်း ရှိသည်။ ကပ္ပလီပင်လယ်သည် အဖိုးတန်သော သဘာဝ အရင်းအမြစ် ဖြစ်ပြီး အာရှရှိ ရေပန်းစားပြီး ဇိမ်ခံနိုင်သောသော အပန်းဖြေစခန်းများ ရှိရာ ဖြစ်သည်။ ဖူးကက်၊ ခရာဘိ၊ ရနောင်း၊ ဖန်င၊ ထရန် နှင့် ၎င်းတို့၏ ကျွန်းများသည် ကပ္ပလီပင်လယ်၏ ကမ်းရိုးတန်းတလျှောက်တွင် ရှိပြီး ၂၀၀၄ ခုနှစ် ဆူနာမီ ဘေး သင့်ခဲ့သော်လည်း ကမ္ဘာတဝှမ်းလုံးရှိ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်သည်။ ဆူးအက်တူးမြောင်း နှင့် ပနားမားတူးမြောင်း တို့နှင့် အလားသဏ္ဌာန်တူသော ကပ္ပလီပင်လယ် နှင့် ထိုင်းပင်လယ်ကွေ့တို့ကို ဆက်စပ်ပေးမည့် ကရားတူးမြောင်း ဖောက်လုပ်မည့် ကိစ္စသည် တဖန်ပြန်၍ ပေါ်ပေါက်လာခဲ့သည်။ ထိုအကြံကို ထိုင်းနိုင်ငံရေးသမားများက အကောင်းမြင်စွာဖြင့် ကြိုဆိုကြပြီး ထိုတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် စင်ကာပူဆိပ်ကမ်းမှ ပေးရမည့် အဖိုးအခထက် သက်သာခြင်း၊ တရုတ် အိန္ဒိယတို့နှင့် ဆက်ဆံရေး တိုးတက်စေခြင်း၊ သင်္ဘောသွားလာရမည့် အချိန်ကို လျှော့ချနိုင်ခြင်း၊ မလက်ကာ ရေလက်ကြားတွင် ပင်လယ်ဓားပြတို့၏ တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ခြင်း တို့အပြင် ထိုင်းအစိုးရ၏ အရှေ့တောင်အာရှ သယ်ယူပို့ဆောင်ရေး ဗဟိုဌာန ဖြစ်လာစေမည့် ပေါ်လစီကို ထောက်ပံ့ခြင်းတို့ ကြောင့်ပင် ဖြစ်သည်။ ထိုတူးမြောင်းကြောင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အပေါ်မှရသော ဝင်ငွေကို များစွာ မှီခိုနေရသော ထိုင်းတောင်ပိုင်း၏ စီးပွားရေး အခြေအနေကို တိုးတက်လာစေမည်ဟု ဆိုကြပြီး ထိုင်းအား အာရှ၏ သယ်ယူပို့ဆောင်ရေး ဗဟိုဌာန ဖြစ်လာစေမည့် အတွက် ထိုင်းစီးပွားရေး ပုံစံကို ပြောင်းပစ်နိုင်လိမ့်မည် ဟု ဆိုကြသည်။ ထိုတူးမြောင်း ဖောက်လုပ်ခြင်းမှာ ဧရာမ အင်ဂျင်နီယာ ဆိုင်ရာ စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ မှ ၃၀ ဘီလီယံ အထိ ကုန်ကျမည်ဟု ခန့်မှန်းရသည်။ ရာသီဥတု ထိုင်းနိုင်ငံ၏ ရာသီဥတုကို ရာသီအလိုက် ကွဲပြားခြားနားသော မုတ်သုံလေများ(အနောက်တောင် မုတ်သုံလေ နှင့် အရှေ့မြောက်မုတ်သုံလေ) မှ လွှမ်းမိုးထားသည်။ မေလ တွင် စတင်၍ အောက်တိုဘာလတွင် ပြီးဆုံးသော အနောက်တောင် မုတ်သုံလေတွင် အိန္ဒိယ သမုဒ္ဒရာမှ ပူနွေး၍ စွတ်စိုသော လေများသည် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်တိုက်ခတ် သဖြင့် နိုင်ငံ၏ နေရာ အနှံ့အပြားတွင် မိုးများစွာ ရွာသွန်းသည်။ အောက်တိုဘာလတွင် စတင်၍ ဖေဖော်ဝါရီလတွင် ပြီးဆုံးသော အရှေ့မြောက်မုတ်သုံလေကြောင့် တရုတ်နိုင်ငံတွင်းမှ အေးမြပြီး ခြောက်သွေ့သော လေများသည် ထိုင်းနိုင်ငံ နေရာ အနှံ့အပြားသို့ ဝင်ရောက်တိုက်ခတ်သည်။ ထိုင်းနိုင်ငံ တောင်ပိုင်းတွင်မူ အရှေ့မြောက် မုတ်သုံလေကြောင့် ဒေသ၏ အရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွင် သမမျှတသော ရာသီဥတုရှိပြီး မိုးများစွာ ရွာသွန်းသည်။ ထိုင်းနိုင်ငံ ၏ နေရာ အတော်များများသည် အပူပိုင်း ခြောက်သွေ့ စိုစွတ် ရာသီဥတု သို့မဟုတ် ဆာဗားနား ရာသီဥတု ရှိပြီး ကိုပန်ရာသီဥတု အမျိုးအစားအရ အပူပိုင်း ဆာဗားနား ရာသီဥတု ရှိသည်။ အရှေ့ပိုင်း၏ တောင်ဘက် နှင့် အရှေ့ဘက် အစွန်းတွင် အပူပိုင်း မုတ်သုံ ရာသီဥတု ရှိသည်။ ထိုင်းနိုင်ငံတွင် ရာသီ ၃ ခု ရှိသည်။ ပထမ တစ်ခုမှာ မိုးရာသီ သို့မဟုတ် အနောက်တောင် မုတ်သုံ ရာသီ (မေလ အလယ်မှ အောက်တိုဘာ လလယ်အထိ) ဖြစ်ပြီး နိုင်ငံနေရာ အတော်များများတွင် ကျရောက်သည်။ မိုးရာသီတွင် မိုးအများအပြား ရွာသွန်းပြီး ဩဂုတ်လ နှင့် စက်တင်ဘာလ သည် တစ်နှစ်ပတ်လုံးတွင် အစိုစွတ်ဆုံး အချိန် ဖြစ်သည်။ ထို့ အတွက်ကြောင့် မကြာခဏ ဆိုသလိုပင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လေ့ ရှိသည်။အနောက်တောင် မုတ်သုံလေကြောင့် ဖြစ်ပွားသော မိုးရွာမှု အပြင့် အီကွေတာရပ်ဝန်းဇုံ (Intertropical Convergence Zone) နှင့် အပူပိုင်း ဆိုက်ကလုံး မုန်တိုင်းများကြောင့်လည်း မိုးရာသီတွင် မိုးများစွာ ရွာသွန်းလေ့ ရှိသည်။ သို့သော်လည်း ဇွန်လမှ ဇူလိုင်လ အစောပိုင်း အထိ ခြောက်သွေ့သော အချိန်ပိုင်း ၁ ပတ် မှ ၂ ပတ် အထိ ဖြစ်ပေါ်လေ့ ရှိသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အီကွေတာ ရပ်ဝန်းဇုံသည် တရုတ်နိုင်ငံ တောင်ပိုင်းသို့ ထိုကာလ အတွင်း ရွေ့လျားသွားသောကြောင့် ဖြစ်သည်။ ဆောင်းရာသီ သို့မဟုတ် အရှေ့မြောက်မုတ်သုံ ရာသီဥတုသည် အောက်တိုဘာ လလယ်ပိုင်းမှ ဖေဖော်ဝါရီ လ လယ်ပိုင်း အထိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဒေသ အတော်များများသည် ထိုရာသီ အတွင်း ခြောက်သွေ့သော ရာသီဥတုနှင့် အလွန်နိမ့်သော အပူချိန်များကို ခံစားရလေ့ ရှိသည်။ ခြွင်းချက်မှာ ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသများ ဖြစ်ပြီး ထိုနေရာများတွင်မူ မိုးများစွာ ရွာကျလေ့ ရှိပြီး အထူးသဖြင့် အောက်တိုဘာလ မှ နိုဝင်ဘာလ အတွင်း ဖြစ်သည်။ နွေရာသီ သို့မဟုတ် မုတ်သုံအကြို ရာသီဥတုသည် ဖေဖော်ဝါရီ လလယ်ပိုင်းမှ မေလ အလယ်အပိုင်း အထိဖြစ်ပြီး ပူနွေးသော ရာသီဥတု ရှိသည်။ ကုန်းတွင်းပိုင်း သဘာဝရှိသော ထိုင်းနိုင်ငံ၏ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း နှင့် အရှေ့ပိုင်းတို့မှာ ပူနွေးသော ရာသီဥတုကို အချိန်ကာလ ကြာမြင့်စွာ ခံစားရသည်။ တစ်နှစ်တာကာလ၏ အပူဆုံး အချိန်ဖြစ်သော မတ်လ မှ မေလ အတွင်းတွင် အပူချိန်သည် ၄၀° ဆဲလ်စီးယပ်စ် (၁၀၄° ဖာရင်ဟိုက်) နှင့် အထက် မြင့်တက်လေ့ ရှိပြီး ကမ်းရိုးတန်းဒေသများမှာပူ ပင်လယ်ပြင်မှ တိုက်ခတ်သော လေညင်းကြောင့် နေ့လယ်ပိုင်းတွင် အပူချိန် သင့်တင့်မျှတသည်။ ဆန့်ကျင့်ဘက် အနေနှင့် တရုတ်ပြည်မှ လေအေးများ တိုက်ခတ်ခြင်းကြောင့် အေးမြသော အပူချိန် ဖြစ်ပေါ်တတ်ပြီး အချို့သော နေရာများ (အထူးသဖြင့် မြောက်ပိုင်း နှင့် အရှေ့မြောက်ပိုင်းတွင် ၀° ဆဲလ်စီးယပ်စ် ( ၃၂° ဖာရင်ဟိုက်) အထိ ကျဆင်းလေ့ ရှိသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပိုမို သမသော ရာသီဥတု ရှိပြီး ပင်လယ်၏ လွှမ်းမိုးမှုကြောင့် နေ့တိုင်းပြောင်းလဲမှုနှင့် ရာသီ အလိုက်ပြောင်းလဲမှု မျာစွာ မရှိပေ။ နိုင်ငံ၏ နေရာအတော်များများတွင် နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၄၇ လက်မ မှ ၆၃ လက်မအတွင်း (၁၂၀၀ မှ ၁၆၀၀ မီလီမီတာ) အတွင်း ရရှိသည်။ သို့သော်လည်း တောင်ကုန်းများ၏ လေတင်အရပ်တွင် တည်ရှိသော အနောက်ဘက် ကမ်းရိုးတန်းရှိ ရနောင်း ခရိုင်နှင့် အရှေ့ဘက် ကမ်းရိုးတန်းရှိ ထရတ်ခရိုင်တို့တွင် နှစ်စဉ် မိုးရေချိန် ၁၈၀ လက်မ (၄၅၀၀ မီလီမီတာ အထိ) ရရှိကြသည်။ အခြောက်သွေ့ဆုံး ဒေသများမှာ လေကွယ်အရပ်များဖြစ်သော အလယ်ပိုင်း တောင်ကြားဒေသ နှင့် ထိုင်းတောင်ပိုင်း၏ မြောက်ဘက်ဆုံး အပိုင်းတို့တွင် နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၄၇ လက်မ (၁၂၀၀ မီလီမီတာ) အောက် ရရှိသည်။ ထိုင်းနိုင်ငံ၏ ဒေသအတော်များများ (မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း နှင့် အရှေ့ပိုင်း) တို့တွင် အရှေ့မြောက်မုတ်သုံလေ တိုက်ခိုက်ချိန်တွင် ခြောက်သွေ့သော ရာသီဥတု ရှိပြီး အနောက်တောင်မုတ်သုံလေ တိုက်ခတ်ချိန်တွင် မိုးများစွာ ရွာသွန်းသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်မူ အရှေ့မြောက် နှင့် အနောက်တောင် မုတ်သုံ ရာသီဥတု နှစ်ခုစလုံးတွင် မိုးများစွာ ရွာသွန်းပြီး အနောက်ဘက် ကမ်းရိုးတန်းတွင် မိုးအများဆုံးလ မှာ စက်တင်ဘာ ဖြစ်ပြီး အရှေ့ဘက်ကမ်းရိုးတန်းတွင် မိုးအများဆုံးလမှာ နိုဝင်ဘာလမှ ဇန်နဝါရီလ အထိ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ထိုင်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်မှု ညွှန်းကိန်း (အီးပီအိုင်) တွင် အလယ်အလတ် အဆင့်တွင်သာ ရှိသော်လည်း တိုးတက်မှုများ ရှိသည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အတွင်း အဆင့် ၉၁ ရှိသည်။ အာရှပစိဖိတ် ဒေသ အတွင်းတွင်လည်း အလယ်အလတ် အဆင့်တွင်သာ ရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ တရုတ်နိုင်ငံတို့ထက် ပို၍ အဆင့်မြင့်သည်။ အီးပီအိုင် ကို ၂၀၀၁ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံချင်း အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုပန်းတိုင် အား အကောင်အထည်ဖော်ခြင်းကို မည်မျှဆောင်ရွက်နိုင်သည် ဆိုခြင်းကို တိုင်းတာသည့် ညွှန်းကိန်း ဖြစ်သည်။ ထိုင်းနိုင်ငံအနေနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များတွင် အဆိုးရွားဆုံး ဆောင်ရွက်မှုများမှာ လေထု၏ အရည်အသွေး (၁၆၇မှတ်)၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှု (၁၀၆မှတ်) နှင့် ရာသီဥတုနှင့် စွမ်းအင် ကဏ္ဍ (၉၃) မှတ် တို့ ဖြစ်ပြီး နောက်ဆုံး အချက်မှာ ကီလိုဝပ်နာရီ အလိုက် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု များပြားခြင်းကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အကောင်းဆုံး ဆောင်ရွက်မှုများမှာ ရေအရင်းအမြစ် စီမံခန့်ခွဲမှု (၆၆မှတ်) ဖြစ်ပြီး ထိုကဏ္ဍတွင် အနာဂတ်၌လည်း ဆက်လက်၍ အဓိက တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အညစ်အကြေးစီမံခန့်ခွဲမှု (၆၈) တို့ ဖြစ်ကြသည်။ သားရိုင်းတိရစ္ဆာန်များ ဆင်သည် ထိုင်းနိုင်ငံ၏ နိုင်ငံတော် အထိမ်းအမှတ် ဖြစ်သည်။ ၁၈၅၀ တွင် ထိုင်းနိုင်ငံ၌ ဆင်ယဉ် ကောင်ရေ ၁၀၀,၀၀၀ အထိ ရှိခဲ့သော်လည်း ထိုင်းနိုင်ငံရှိ ဆင်ကောင်ရေမှာ ၂၀၀၀ ခန့်အထိ ကျဆင်းခဲ့သည်။ သားသတ်သမားများသည် ဆင်များအား ဆင်စွယ်၊ အသား နှင့် အရေခွံ တို့ အတွက် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ဆင်ပေါက်များကို ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အတွက် နှင့် ခိုင်းစေရန် ဖမ်းဆီးကြလေ့ ရှိသော်လည်း ခိုင်းစေခြင်းမှာ ၁၉၈၉ ခုနှစ် အစိုးရမှ သစ်ထုတ်လုပ်ရေးကို ပိတ်ပင်လိုက်သည့် အချိန်မှစ၍ ကျဆင်းခဲ့သည်။ ယခုအခါ ဖမ်းဆီးထားသော ဆင်ကောင်ရေသည် ဆင်ရိုင်းကောင်ရေ ထက်ပိုများပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားတက်ကြွသူများမှ ဖမ်းဆီးထားသော ဆင်များမှာ ကောင်းမွန်စွာ ဆက်ဆံခြင်း မခံရဟု ပြောဆိုကြသည်။ ထိန်းသိမ်းစောင့်ရှောက်ထားသော သတ္တဝါမျိုးစိတ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းသည် အဓိက ပြဿနာ တစ်ခု အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ မုဆိုးများက ကျားများ၊ ကျားသစ်များ နှင့် အခြား ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ကြီးများအား ၎င်းတို့၏ အဖိုးတန်သော သားရေ အတွက် အမဲလိုက်ခြင်းကြောင့် ကောင်ရေ လျော့နည်းလာနေသည်။ သတ္တဝါအများအပြား (ကျားများ၊ ဝက်ဝံများ၊ မိကျောင်းများ နှင့် တောကြီးမြွေဟောက် များ) တို့အား စားကောင်းသောက်ဖွယ်ဟု ယူဆသော ၎င်းတို့၏ အသား နှင့် ကျန်းမာရေးနှင့် ပတ်သက်သော အစွမ်းသတ္တိရှိသည် ဟူသော ယူဆချက်များကြောင့် ဖမ်းဆီးခြင်း မွေးမြူခြင်းများ ပြုလုပ်ကြသည်။ ထိုသို့ ရောင်းချခြင်းမှာ တရားမဝင်သော်လည်း ဘန်ကောက်၏ ကျော်ကြားသော ညဈေးတစ်ခု ဖြစ်သည့် ချတ်တူချတ် သည် မျိုးသုဉ်းရန် စိုးရိမ်ရသော သတ္တဝါ မျိုးစိတ်များကို ရောင်းချခြင်း အတွက် လူသိများဆဲ ဖြစ်သည်။ တောကောင်များအား အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူကြသည့် အလေ့အထကြောင့် အချို့သော မျိုးစိတ်များအား ခြိမ်းခြောက်လျက် ရှိသည်။ တိရစ္ဆာန် အကောင်ပေါက်ကလေးများအား ဖမ်းဆီးရောင်းချခြင်း အတွက် ၎င်းတို့၏ မိခင်အား သတ်ဖြတ်ရန် မကြာခဏဆိုသလိုပင် လိုအပ်လေ့ ရှိသည်။ ဖမ်းဆီးခြင်း ခံရပြီး ၎င်းတို့၏ သဘာဝ နေထိုင်ရာ ပတ်ဝန်းကျင်မှ ကွာဝေးသွားသည့် အခါတွင် အိမ်မွေးတိရစ္ဆာန် တောကောင်များသည် သေဆုံးခြင်း နှင့် ဆက်လက်မျိုးမပွားနိုင်ခြင်းတို့ ဖြစ်လေ့ ရှိကြသည်။ ထိုဒဏ်ကို ခံရသော သတ္တဝါများမှာ ဟိမဝန္တာ ဝက်ဝံ၊ ပသျှူးဝက်ဝံ၊ လားမျောက်လွှဲကျော် နှင့် မျောက်လွှဲကျော်ကြား နှင့် ဘင်တူယောင်း တို့ ဖြစ်ကြသည်။ ပညာရေး ၂၀၁၄ ခုနှစ်တွင် စာတတ်မြောက်မှုနှုန်းမှာ ၉၃.၅% ဖြစ်သည်။ ပညာရေးမှာ စနစ်တကျ ဖွင့်လှစ်ထားသော မူကြိုကျောင်း၊ မူလတန်းကျောင်း၊ အထက်တန်း အငယ်တန်းကျောင်း နှင့် အထက်တန်း အကြီးတန်းကျောင်း၊ များစွာသော သက်မွေးဝမ်းကျောင်း ကောလိပ်များနှင့် တက္ကသိုလ်များမှ တဆင့် သင်ကြားပေးသည်။ ပုဂ္ဂလိက ပညာရေး ကဏ္ဍမှာလည်း ကောင်းစွာဖွံ့ဖြိုးပြီး အစိုးရမှ အများပြည်သူဆိုင်ရာကျောင်းများဖြင့် မထောက်ပံ့ပေးနိုင်သော ပညာရေး အတွက် ကောင်းစွာ အထောက်အကူပေးသည်။ ပညာရေးမှာ အသက် ၁၄ နှစ် အပါအဝင် ၁၄ နှစ်အထိ မသင်မနေရဖြစ်ပြီး အစိုးရမှ အသက် ၁၇ နှစ် အထိ အခမဲ့ပညာသင်ကြားခွင့် ပေးထားသည်။ သင်ကြားရေးမှာ ကျောင်းသား အခြေပြုသင်ကြားရေး စနစ်ထက် အလွတ်ကျက်သင်ကြားရေး စနစ်ပေါ်တွင် များစွာ မှီခိုနေသည်။ မူလတန်းနှင့် အထက်တန်းများအတွက် စိတ်ချယုံကြည်ရသော သင်ရိုးညွှန်းတမ်းမှာ အလွန်လျင်မြန်စွာ ပြောင်းလဲတတ်သဖြင့် ကျောင်းများနှင့် ဆရာများမှာ ၎င်းတို့သင်နေရသော သင်ကြားမှုများအတွက် မသေချာ မရေရာသော အခြေအနေနှင့် အမြဲရင်ဆိုင်ရပြီး ဖတ်စာအုပ်များကို ရေးသားထုတ်ဝေသည့် စာရေးဆရာများနှင့် ထုတ်ဝေသူများမှာလည်း ထိုသို့ပြောင်းလဲမှုများနှင့် အလျင်မီအောင် စာအုပ်အသစ်ကို လျင်မြန်စွာ မရေးသား မထုတ်ဝေနိုင်ကြပေ။ တက္ကသိုလ်ဝင်ခွင့် ဆိုင်ရာပြဿနာများ အနေနှင့် နှစ်ပေါင်းများစွာတိုင်အောင် ပြင်းထန်သော အပြောင်းအလဲများ ဖြစ်ပေါ်လေ့ ရှိသည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ပညာရေးမှာ ၂၀၀၁ ခုနှစ်မှစ၍ အလွန်ပင် ပြောင်းလဲတိုးတက်လာခဲ့သည်ကို တွေ့မြင်နိုင်သည်။ ယနေ့ခေတ်မျိုးဆက် ကျောင်းသားအများစုမှာ ကွန်ပျူတာကို သုံးတတ်ကြသည်။ ထိုင်းနိုင်ငံမှာ တကမ္ဘာလုံးရှိ နိုင်ငံ ၅၆ ခုအား အင်္ဂလိပ်စာ တတ်မြောက်မှု အဆင့်သတ်မှတ်ရာ၌ အဆင့် ၅၄ ရပြီး အာရှတွင် ဒုတိယမြောက် အနိမ့်ဆုံး အဆင့် ဖြစ်သည်။ လူနည်းစုလူမျိုးများ နေထိုင်ရာ ဒေသရှိ ကျောင်းသားများမှာ စံသတ်မှတ်ထားသော နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် စာမေးပွဲများတွင် အမြဲပင် ရမှတ်နည်းလေ့ ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပညာရေးဆိုင်ရာ အရင်းအမြစ်များအား ခွဲဝေချထားပေးမှု မညီမျှခြင်း၊ ဆရာများအား လေ့ကျင့်ပေးမှု အားနည်းခြင်း၊ ဆင်းရဲမွဲတေမှုနှင့် စာမေးပွဲစစ်ရာတွင် သုံးသော ထိုင်းစာ တတ်ကျွမ်းမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံးရှိ ထိုင်းကျောင်းသား ၇၂,၇၈၀ ဦးကို အိုင်ကျူစမ်းသပ် စာမေးပွဲ စစ်ဆေးခဲ့သည်။ ပျမ်းမျှ အိုင်ကျူအမှတ်မှာ ၉၈.၅၉ ဖြစ်သဖြင့် ယခင် စစ်ဆေးမှုထက် ပိုမြင့်လာသည်ကို တွေ့ရသည်။ နိုင်ငံတစ်နိုင်ငံလုံး အနေနှင့် အိုင်ကျူအဆင့်မှာ မညီမမျှ ဖြစ်နေပြီး တောင်ပိုင်းဒေသဖြစ်သော နရာထီဝပ်ခရိုင်တွင် အနိမ့်ဆုံး ပျမ်းမျှ ၈၈.၀၇ မှတ် ရှိသည်ကို တွေ့ရှိရပြီး အမြင့်ဆုံး ပျမ်းမျှအနေနှင့် နွန်တပ်ဘူရီခရိုင်တွင် ၁၀၈.၉၁ မှတ် ရှိသည်ကို တွေ့ရသည်။ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ အိုင်အိုဒင်းချို့တဲ့မှု ကွာခြားချက် အပေါ်တွင် အပြစ်တင်ခဲ့ပြီး အနောက်နိုင်ငံများတွင် ကျင့်သုံးသည့် နည်းလမ်းအတိုင်း စားပွဲတင်ဆားတွင် အိုင်အိုဒင်း ထည့်သွင်းရန် အဆင့်ဆင့် ချမှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် သတင်းအချက် နှင့် ဆက်သွယ်ရေးနည်းပညာ ဝန်ကြီးဌာနမှ ကျောင်း ၂၇,၂၃၁ ကျောင်းတွင် စာသင်ခန်းအတွင်း၌ အလွန် လျင်မြန်သော အင်တာနက် အသုံးပြုခွင့်ရမည်ဟု ကြေညာခဲ့သည်။ သိပ္ပံနှင့် နည်းပညာ အမျိုးသား သိပ္ပံနှင့်နည်းပညာ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီသည် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်းများကို ထောက်ပံ့ပေးပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးတွင် အသုံးချနိုင်ရန် အတွက် ကူညီပံ့ပိုးပေးသော ထိုင်းနိုင်ငံအစိုးရ၏ အေဂျင်စီ တစ်ခု ဖြစ်သည်။ ဆင်ခရိုထရွန် အလင်း သုတေသန ဌာနသည် ရူပဗေဒ၊ ဓာတုဗေဒ၊ အသုံးပြုပစ္စည်းသိပ္ပံ နှင့် ဇီဝသိပ္ပံ ဘာသာရပ်များ အတွက် ဆင်ခရိုထရွန် အလင်း နည်းပညာ ရင်းမြစ်ဖြစ်သည်။ ဘန်ကောက်မြို့ အရှေ့မြောက်ဘက် မိုင် ၁၉၀ (၃၀၀ ကီလိုမီတာ) ခန့် အကွာ နခွန် ရာချာဆီးမားရှိ ဆူရာနရီး နည်းပညာ တက္ကသိုလ်တွင် တည်ရှိသည်။ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ငွေကြေးထောက်ပံ့ပေးထားသော ထို ဌာနသည် အရှေ့တောင်အာရှရှိ ဆင်ခရိုထရွန် အကြီးစားများ ရှိရာ နေရာ ဖြစ်သည်။ ယခင်က ဂျပန်နိုင်ငံတွင် ဆောတက် (SORTEC) ဆင်ခရိုထရွန် အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နောက်တွင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာခဲ့ကာ ၁.၂ GeV အထိ အသုံးပြုနိုင်ရန် အဆင့်မြင့်ခဲ့သည်။ ထိုဌာနမှ အသုံးပြုသူများအား ပုံမှန် အစီအစဉ် ဖြင့် ဆင်ခရိုထရွန်အလင်းများကို ပံ့ပိုးပေးသည်။ အင်တာနက် ဘန်ကောက်မြို့တွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်သည့် ဝိုင်ဖိုင် ဟော့စပေါ့ ၂၃,၀၀၀ ရှိသည်။ ထိုင်းနိုင်ငံရှိ အင်တာနက်တွင် တစက္ကန့်လျှင် ၁၀ ဂစ်ဂါဘစ် အထိ ရသော ဖိုင်ဘာအော့ပတစ်လိုင်းများကိုလည်း ငှားရမ်း အသုံးပြုနိုင်ပြီး ကေအိုင်အာရ်ဇက်ကဲ့သို့သော အင်တာနက်ကုမ္ပဏီများမှ အိမ်သုံး အင်တာနက် အတွက် ဝန်ဆောင်မှု ပေးကြသည်။ အစိုးရမှ အင်တာနက်ကို ဆင်ဆာ ပြုလုပ်ထားပြီး အချို့သော ဝက်ဘ်ဆိုက်ဒ်များကို ဝင်ရောက်ခွင့်မပြုပေ။ ထိုကိစ္စရပ်အတွက် တာဝန်ရှိသော အဖွဲ့အစည်းများမှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ထိုင်းဆက်သွယ်ရေး အာဏာပိုင်အဖွဲ့၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဝန်ကြီးဌာန တို့ ဖြစ်ကြသည်။ စီးပွားရေး ထိုင်းနိုင်ငံသည် ကမ္ဘာတွင် ထွန်းသစ်စ ဈေးကွက်တစ်ခု ဖြစ်ပြီး စက်မှုလက်မှုလုပ်ငန်း အသွင်သို့ အသစ်ပြောင်းလဲပြီး နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း ကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ထိုင်းနိုင်ငံ၏ ၂၀၁၃ ခုနှစ် ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၆၇၃ ဘီလီယံ မျှ ရှိသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယ အကြီးဆုံးသော စီးပွားရေး ရှိသော နိုင်ငံ ဖြစ်သည်။ ကြွယ်ဝမှု ပျံ့နှံ့ခြင်းတွင် အရှေ့တောင်အာရှတွင် အလယ်အလတ်နေရာတွင်ရှိပြီး စင်ကာပူ၊ ဘရူနိုင်းနှင့် မလေးရှားတို့ပြီးလျှင် စတုတ္ထမြောက် အချမ်းသာဆုံး နိုင်ငံ ဖြစ်သည်။ ထိုင်းနိုင်ငံသည် အိမ်နီးချင်း ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သော လောနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့၏ ကျောက်ဆူးစီးပွားရေး အဖြစ် တည်ရှိသည်။ ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ (NESDB) ၏ စာရင်းဇယားအရ ၂၀၁၄ ခုနှစ် တတိယ ၃ လပတ်တွင် အလုပ်လက်မဲ့နှုန်း ၀.၈၄% မျှသာ ရှိသည်။ လတ်တလော စီးပွားရေးသမိုင်း ထိုင်းနိုင်ငံသည် ၁၉၈၅ မှ ၁၉၉၆ အတွင်း ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စီးပွားရေး တိုးတက်နှုန်း ရှိခဲ့ပြီး ပျမ်းမျှ အနေနှင့် တွက်ကြည့်မည် ဆိုပါက တစ်နှစ်လျှင် ၁၂.၄% ခန့် ရှိသည်။ ၁၉၉၇ ခုနှစ်တွင် ထိုင်းဘတ်ငွေ အပေါ်တွင် ဖိအားများလာခဲ့ပြီး ထိုနှစ်တွင် စီးပွားရေးမှာ ၁.၉% မျှ ကျဆင်းခဲ့ပြီး နောက်ဆက်တွဲအနေနှင့် စီးပွားရေးကပ် ဆိုက်ခဲ့ကာ ငွေကြေးကဏ္ဍ၏ အားနည်းမှုများ ပေါ်ထွက်လာခဲ့ပြီး ဝန်ကြီးချုပ် ချာဗလစ် ယောင်ချိုင်ယု အစိုးရ အား ထိုင်းငွေကြေးကို ဈေးကွက်တွင်း လွတ်လပ်စွာ ဈေးနှုန်းတက်ကျခွင့် ပေးရန်အတွက် ဖိအားပေးခံခဲ့ရသည်။ ဝန်ကြီးချုပ် ချာဗလစ် ယောင်ချိုင်ယု နှင့် ၎င်း၏ အစိုးရ အဖွဲ့အနေနှင့် စီးပွားပျက်ကပ်အား တုံ့ပြန်ရာတွင် နှေးကွေးသည်ဟု စွပ်စွဲတိုက်ခိုက်ခံခဲ့ရပြီး ဝန်ကြီးချုပ်အား ဖိအားပေး နုတ်ထွက်စေခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၉၇ ခုနှစ် အတွင်း ထိုင်းဘတ်ငွေ ၂၅ ဘတ်လျှင် အမေရိကန် ၁ ဒေါ်လာ နှုန်းဖြင့် တည်ငြိမ်နေခဲ့သည်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းဘတ်သည် ဈေးအနိမ့်ဆုံး ထိုင်းဘတ်ငွေ ၅၆ ဘတ်လျှင် အမေရိကန် တစ်ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ထိုနှစ်တွင် စီးပွားရေး ၁၀.၈% မျှ ကျဆင်းခဲ့ကာ အာရှ စီးပွားပျက်ကပ် ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ ၁၉၉၉ ခုနှစ်တွင် ပြန်လည် တိုးတက်လာခဲ့ကာ ၂၀၀၀ ခုနှစ်တွင် ၄.၂ မှ ၄.၄% အထိ တိုးတက်လာခဲ့သည်။ အထူးသဖြင့် ပို့ကုန် များပြားခြင်းကြောင့် ဖြစ်သည်။ ၂၀၀၁ ခုနှစ် ကမ္ဘာ့စီးပွားရေး အားနည်းလာခြင်း အခြေအနေကြောင့် တိုးတက်မှုနှုန်း ၂.၂% အထိ ကျဆင်းခဲ့သော်လည်း နောင်နှစ်များတွင် အာရှ၏ ဖွံ့ဖြိုးမှုမြင့်မားခြင်း၊ ဈေးကျသော ထိုင်းဘတ်ကြောင့် ပို့ကုန် တင်ပို့ရန် အားဖြစ်စေခြင်း၊ နိုင်ငံတွင်း အချို့သော ဧရာမ စီမံကိန်းကြီးများကြောင့် ပြည်တွင်းသုံးစွဲမှု မြင့်တက်လာခြင်း နှင့် ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် ၏ သက်ဆင်နောမစ် ဟုခေါ်သော ပံ့ပိုးမှုများကြောင့် စီးပွားရေး ပြန်လည်တိုးတက် လာခဲ့သည်။ ၂၀၀၂၊ ၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်တို့တွင် နှစ်စဉ် တိုးတက်မှုနှုန်းမှာ ၅% မှ ၇% အထိ ရှိသည်။ ၂၀၀၅၊ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်တို့တွင် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၄-၅% ခန့်တွင် ဝဲနေခဲ့သည်။ အမေရိကန်ဒေါ်လာ ခိုင်မာမှုကျဆင်းလာခြင်းနှင့် ထိုင်းငွေကြေး ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ၂၀၀၈ ခုနှစ် မတ်လတွင် ဒေါ်လာငွေလဲနှုန်းသည် တစ်ဒေါ်လာတွင် ၃၃ ဘတ် အထိ ရောက်ရှိလာခဲ့သည်။ သက်ဆင်နောမစ်သည် ဝေဖန်မှုများ ခံခဲ့ရသော်လည်း တရားဝင် စာရင်းဇယားများအရ ထိုင်းနိုင်ငံ အီဆန်ဒေသ၏ လူတစ်ဦးချင်း ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၁,၄၇၅ အထိ ၂ ဆကျော်မျှ တိုးတက်လာပြီး တစ်ချိန်တည်းတွင်ပင် ဘန်ကောက်ဧရိယာရှိ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၇,၉၀၀ မှ ၁၃,၀၀၀ အထိ မြင့်တက်လာခဲ့သည်။ ၂၀၁၀ ခုနှစ် အဓိက ဆန္ဒပြမှုများကြောင့် ဖြစ်ပေါ်လာသည့် မငြိမ်သက်မှုများနှင့်အတူ ထိုင်းနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ယခင် အရပ်သားအစိုးရ လက်အောက် ၅-၇% မှ ၄-၅% အထိ ကျဆင်းလာခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများနှင့် စားသုံးသူများ၏ ယုံကြည်မှု ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ နိုင်ငံရေး မရေရာမှုများကြောင့် ဖြစ်သည်။ အိုင်အမ်အက်ဖ်မှ ထိုင်း၏ စီးပွားရေးသည် ၂၀၁၁ ခုနှစ် အနိမ့်ဆုံး ဂျီဒီပီ တိုးတက်မှုနှုန်း ၀.၁% မှ ၂၀၁၂ တွင် ၅.၅% သို့လည်းကောင်း ၂၀၁၃ တွင် ၇.၅ ရာခိုင်နှုန်းသို့လည်းကောင်း တိုးတက်လာနိုင်သည်ဟု ထိုင်းနိုင်ငံတော်ဘဏ်၏ ငွေကြေးပေါ်လစီများနှင့် ယခင် ယင်လပ် ရှင်နာဝပ် အစိုးရ၏ ငွေကြေးနှိုးဆွမှု အားထုတ်ချက်များပေါ်မူတည်၍ ခန့်မှန်းခဲ့သည်။ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက် စစ်တပ် အာဏာသိမ်းမှု အပြီးတွင် အေအက်ဖ်ပီ ကမ္ဘာလုံးဆိုင်ရာ သတင်းအေဂျင်စီမှ ဆောင်းပါးတစ်ပုဒ်အရ နိုင်ငံသည် စီးပွားရေးကျဆင်းမှု ဖြစ်ရန် တည်းတည်းသာ လိုတော့သည်ဟု ဖော်ပြထားသည်။ ထိုဆောင်းပါးအရ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဖမ်းအဆီးများကို စိုးရိမ်၍ ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြသော ကမ္ဘောဒီးယားနိုင်ငံသား ၁၈၀,၀၀၀ ဦး ခန့် အပေါ်တွင် ဦးတည်ရေးသားထားပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ မတ်လ အထိ ၃ လပတ်အတွင်း ထိုင်းစီးပွားရေးသည် ၂.၁% မျှ ကျဆင်းသွားသည့် သတင်းအချက်အလက်ဖြင့် အဆုံးသတ်ထားသည်။ ပြည်ပပို့ကုန်နှင့် ကုန်ထုတ်လုပ်ငန်း ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်အပေါ်တွင် များစွာ မူတည်နေပြီး ပို့ကုန်များသည် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၃ပုံ၂ပုံမျှ ရှိသည်။ ထိုင်းနိုင်ငံသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံမျှ တန်ဖိုးရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်ပို့ရောင်းချလျက် ရှိသည်။ အဓိကပို့ကုန်များတွင် ဆန်၊ အဝတ်အထည်နှင့် ဖိနပ်၊ ရေထွက်ပစ္စည်းများ၊ ရာဘာ၊ ကျောက်မျက်ရတနာ၊ မော်တော်ကား၊ ကွန်ပျူတာ နှင့် လျှပ်စစ် လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။ အဓိက လုပ်ငန်းများတွင် လျှပ်စစ် လူသုံးကုန်ပစ္စည်းများ၊ ပစ္စည်းအစိတ်အပိုင်းများ၊ ကွန်ပျူတာ ပစ္စည်းအစိတ်အပိုင်းများနှင့် ယာဉ်များ ပါဝင်သည်။ ၁၉၉၇-၁၉၉၈ အာရှ ငွေကြေးဂယက်မှ ပြန်လည် အဖတ်ဆည်ရာတွင် အခြားသော အချက်များနှင့် အတူ ပို့ကုန်သည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ မော်တော်ကား ထုတ်လုပ်မှုလုပ်ငန်းသည် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံး ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ကားလုပ်ငန်းမှ နှစ်စဉ် ကားစင်းရေ ၁.၅ သန်းခန့် ထုတ်လုပ်ပြီး အများစုမှာ လုပ်ငန်းသုံး ကားများ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တပ်ဆင်တည်ဆောက်သော ကားအများစုမှာ နိုင်ငံခြား ထုတ်လုပ်သူများမှ တီထွင်ပြီး လိုင်စင်ယူ လုပ်ကိုင်ကြခြင်း ဖြစ်ကာ အထူးသဖြင့် ဂျပန် နှင့် ကိုရီးယားနိုင်ငံများမှ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ကားလုပ်ငန်းသည် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုဇုန် အား အခွင့်ကောင်းယူ၍ ၎င်းတို့၏ ကုန်ပစ္စည်းများအတွက် ဈေးကွက်ကို ရှာဖွေကြသည်။ ဂျပန် ကုမ္ပဏီ ၅ ခု၊ အမေရိကန် ကုမ္ပဏီ ၂ ခု နှင့် အိန္ဒိယမှ တာတာ အစရှိသော ထုတ်လုပ်သူ ၈ ဦးသည် ထိုင်းနိုင်ငံအတွင်း အမိုးဖွင့် ကုန်တင်ယာဉ်များကို ထုတ်လုပ်ကြသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ ပြီးလျှင် ဒုတိယမြောက် အမိုးဖွင့် ကုန်တင်ယာဉ် အသုံးအများဆုံး နိုင်ငံ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ယာဉ်အသစ် ရောင်းချမှု၏ ၄၂% မှာ အမိုးဖွင့်ကားများ ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ စီးပွားရေး၏ ၆% မျှ ရှိသည်။ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွား အဖွဲ့၏ စာရင်းဇယားအရ ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ၌ လာရောက်လည်ပတ်သူ အများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဂျီဒီပီ ဘတ်ငွေ ၁၂ ထရီလီယံ တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရသော ငွေ ၉ ရာခိုင်နှုန်း (ဘတ်ငွေ ၁ ထရီလီယံ ) (၂၀၁၃ ခုနှစ်) မှ ၁၆ ရာခိုင်နှုန်း အထိ ရှိသည်။ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ သွယ်ဝိုက်၍ ရရှိသော ငွေကိုပါ ထည့်သွင်းရေတွက်မည် ဆိုပါက ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၂၀.၂ ရာခိုင်နှုန်း (ဘတ်ငွေ ၂.၄ ထရီလီယံ) အထိ ရှိသည်။ ထိုင်းနိုင်ငံ ကမ္ဘာလှည့် ခရီးသွား အာဏာပိုင် အဖွဲ့က "အံဩဖွယ်ရာ ထိုင်းနိုင်ငံ" ဟူသော ကြွေးကြော်သံကို အသုံးပြု၍ ထိုင်းနိုင်ငံအား နိုင်ငံတကာတွင် ကြေညာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် "ထိုင်းဆန်မှုကို ရှာဖွေပါ" ဟူသော ကမ်ပိန်းဖြင့် ထပ်မံအားဖြည့် ခဲ့သည်။ အာရှမှ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံအား ဘန်ကောက်မြို့သို့ သွားရောက်ရန်နှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ သမိုင်း၊ သဘာဝနှင့် ယဉ်ကျေးမှု မြင်ကွင်းများကို ကြည့်ရှု လေ့လာရန် အတွက် သွားရောက်ကြသည်။ အနောက်နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွားများမှာမူ ဘန်ကောက်မြို့နှင့် ပတ်ဝန်းကျင်ကို လည်ပတ်ရန် အတွက်သာ မကဘဲ တောင်ပိုင်းရှိ ကမ်းခြေများ နှင့် ကျွန်းများသို့ သွားရောက် အပန်းဖြေရန် အတွက်ပါ လာရောက်ကြသည်။ မြောက်ပိုင်းမှာမူ တောတွင်း လမ်းလျှောက်ခြင်း နှင့် စွန့်စား ခရီးသွားခြင်း အတွက် သွားရောက်ရန် နေရာ ဖြစ်ပြီး အမျိုးမျိုးသော တိုင်းရင်းသား လူမျိုးများ နှင့် တောအုပ် ထူထပ်သော တောင်ကုန်းများကြောင့် ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်မှုနည်းသော နေရာမှာ အရှေ့တောင်ပိုင်းရှိ အီဆန် ဒေသ ဖြစ်သည်။ နိုင်ငံခြား ခရီးသွားများ အဆင်ပြေစေရန် အတွက် ထိုင်း အစိုးရမှ ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ကို တည်ထောင်ထားပြီး အဓိက ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရာ နေရာများတွင် ရဲစခန်းများ ဖွင့်လှစ်ပေးကာ ထိုရဲတပ်ဖွဲ့အတွက် သီးခြား အရေးပေါ် ဖုန်းနံပါတ်လည်း ထားရှိပေးထားသည်။ ထိုင်းနိုင်ငံ၏ ဆွဲဆောင်မှုများတွင် ရေငုပ်ခြင်း၊ သဲသောင်ကမ်းခြေများ၊ ရာပေါင်းများစွာသော အပူပိုင်း ကျွန်းများ၊ ညဘက် လည်ပတ်စရာနေရာများ၊ ရှေးဟောင်းသုတေသန နယ်မြေများ၊ ပြတိုက်များ၊ တောင်တန်းဒေသ လူမျိုးစုများ၊ သစ်ပင်ပန်းမန် နှင့် ကျေးငှက်သာရကာများ၊ နန်းတော်များ၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများ နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ များ တို့ ပါဝင်သည်။ ကမ္ဘာလှည့် ခရီးသွား အများအပြားမှာ ထိုင်းနိုင်ငံတွင် နေထိုင်စဉ် အတွင်း သင်တန်းများ တက်ရောက်လေ့ ရှိကြသည်။ ရေပန်းစားသော သင်တန်းများမှာ ထိုင်းအစားအစာ ချက်ပြုတ်နည်း သင်တန်း ၊ ဗုဒ္ဓဘာသာ သင်တန်း နှင့် ရိုးရာ ထိုင်း အနှိပ်ပညာ သင်တန်း တို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံ၏ အမျိုးသား ပွဲတော်များတွင် ထိုင်းနှစ်သစ်ကူး ဆုန်ခရန် သင်္ကြန်ပွဲတော် မှ စ၍ လွိုင်ခရာသောင်ခေါ် မီးမျှောပွဲအထိ ပါဝင်သည်။ ထိုင်းနိုင်ငံ ဒေသ အလိုက်တွင်လည်း ရိုးရာ ပွဲတော်များ ရှိသည်။ ထင်ရှားသော ပွဲတော်များမှာ ဆူရင်ဒေသရှိ ဆင်ပွဲတော်၊ ယာဆိုသုန် ဒေသရှိ ဒုံးပျံပွဲတော် နှင့် ဒန်ဆိုင်းရှိ ပီးကသွန်ခေါ် သရဲပွဲတော် တို့ ဖြစ်ကြသည်။ ထိုင်းရိုးရာ ဟင်းလျာများသည် လတ်ဆတ်သော ပရဆေးပင်များနှင့် ဟင်းခပ်အမွေးအကြိုင်များကို အသုံးပြုမှုကြောင့် ကမ္ဘာအနှံ့တွင် ကျော်ကြားသည်။ ဘန်ကောက်ရှိ ကုန်တိုက်ကြီးများတွင် နိုင်ငံတကာနှင့် ဒေသခံ အမှတ်တံဆိပ် အမျိုးမျိုးတို့ကို ဝယ်ယူရရှိနိုင်သည်။ မြို့တော်၏ မြောက်ဘက်တွင် ဘီတီအက်စ် ခေါ် မိုးပျံရထားနှင့် မြေအောက်ရထားတို့ဖြင့် သွားရောက်နိုင်သော ချပ်တူချပ် စနေတနင်္ဂနွေ ဈေးရှိသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဈေးပင် ဖြစ်နိုင်ပြီး အိမ်သုံး ပစ္စည်းမှ စ၍ အသက်ရှင်သော (တစ်ခါတရံ မျိုးသုဉ်းလုနီးဖြစ်သော) တိရစ္ဆာန်များ ကို ဝယ်ယူရရှိနိုင်သည်။ ပရာတူနမ်ဈေးတွင် အဝတ်အထည် နှင့် ပတ်သက်သော ကုန်ပစ္စည်းများကို ရောင်းချသည်။ ဆီလုံ ရပ်ကွက်နှင့် ခေါက်ဆန်လမ်းရှိ ညဈေးများမှာ ကမ္ဘာလှည့်ခရီးသွားများ အတွက် ရည်ရွယ် ဖွင့်လှစ်ထားပြီး တီရှပ်၊ လက်မှုပစ္စည်းများ၊ နာရီ အတု နှင့် နေကာမျက်မှန် များ စသည်တို့ကို ရောင်းချသည်။ ဘန်ကောက်မြို့ ပတ်ဝန်းကျင်တွင် ဒမ်မနန် ဆာဒူဝပ် ကဲ့သို့သော ရေပေါ်ဈေးများကို တွေ့ရှိနိုင်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ သို့ လည်ပတ်ရာတွင် မြို့ဟောင်းအတွင်းရှိ ရာချာဒါမနမ် လမ်းမပေါ်တွင် တည်ခင်းသော တနင်္ဂနွေ လမ်းလျှောက် ညနေ လမ်းဘေးဈေး သည် ဈေးဝယ်ရန် အတွက် ရည်ညွှန်းကြသော နေရာ ဖြစ်သည်။ ထိုဈေးမှ ဒေသခံများ နှင့် နိုင်ငံခြားသားများကို ဆွဲဆောင်မှု ပေးနိုင်သည်။ ချင်းမိုင် ညဈေးမှာ ကမ္ဘာလှည့် ခရီးသွားများအတွက် ဦးတည်ရောင်းချသော ဈေးဖြစ်ပြီး မြို့ရိုးဟောင်းနေရာ၏ အရှေ့ဘက်ရှိ တိုက်အချို့မှစ၍ မြစ် အထိ ဖြန့်ကျက် တည်ရှိသည်။ ပြည့်တန်ဆာ လုပ်ငန်းနှင့် လိင်မှုဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း ထိုင်းနိုင်ငံစီးပွားရေး၏ တရားဝင် မကြေညာသော်လည်း လူအများသိကြသည့် အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းနိုင်ငံအား ပြည်ပရှိ အထူးအဆန်း အနေနှင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်သည့် ကမ်ပိန်းလည်း ရှိခဲ့သည်။ ယဉ်ကျေးမှုဆိုင်ရာ ပတ်ဝန်းကျင်သည် ဆင်းရဲမွဲတေမှုနှင့် ပေါင်းစပ်လိုက်ပြီး ငွေကြေးဖြင့် မြူဆွယ်မှုများ ရှိလာသည့် အခါတွင် ပြည့်တန်ဆာလုပ်ငန်း နှင့် လိင်မှုဆိုင်ရာ ခရီးသွားလုပ်ငန်းတို့သည် ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးလာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေသော ခန့်မှန်းမှု တစ်ခု အရ နှစ်စဉ် ထိုလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ အထိ သို့မဟုတ် ထိုင်း စီးပွားရေး၏ ၃% အထိ ရှိသည်ဟု ခန့်မှန်း ထားသည်။ ချူလာလောင်ကောင်း တက္ကသိုလ်မှ ထိုင်းနိုင်ငံ၏ တရားမဝင် စီးပွားရေး အပေါ်တွင် ပြုလုပ်ခဲ့သော သုတေသန တစ်ခု အရ ၁၉၉၃ မှ ၁၉၉၅ ခုနှစ် အတွင်း ပြည့်တန်ဆာလုပ်ငန်းသည် ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၂.၇% ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားတို့၏ သုံးစွဲငွေ အနည်းဆုံး ၁၀% သည် လိင်မှုဆိုင်ရာ ဖျော်ဖြေရေး လုပ်ငန်းတွင် အသုံးပြုမည်ဟု ခန့်မှန်းရသည်။ ထိုင်းနိုင်ငံသည် လိင်ပြောင်းလဲရန် အတွက် ခွဲစိပ်ကုသရာတွင် ထိပ်တန်းမှ ရှိသော နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းဇယားအရ ထိုင်းနိုင်ငံ၏ ဆေးကုသမှုဆိုင်ရာ ခရီးသွားလုပ်ငန်းသည် နှစ်စဉ် ခရီးသည် ၂.၅ သန်းကို ဆွဲဆောင်နိုင်သည် ဟု သိရသည်။ ၁၉၈၅ မှ ၁၉၉၀ အတွင်း နိုင်ငံခြားမှ နပုလ္လိင် ၅% လျှင် လိင်ပြောင်းလဲရန် ခွဲစိတ်ကုသမှု အတွက် ထိုင်းနိုင်ငံသို့ လာရောက်ကြသည်။ ၂၀၁၀ မှ ၂၀၁၂ အတွင်းတွင် နိုင်ငံခြားမှ နပုလ္လိင် ၉၀% ကျော် လိင်ပြောင်းလဲရန် အတွက် ခွဲစိတ်ကုသမှု ခံယူရန် ထိုင်းနိုင်ငံသို့ လာရောက်ကြသည် ဟု သိရသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ထိုင်းနိုင်ငံရှိ အလုပ်သမားထု၏ ၄၉% သည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် လုပ်ကိုင်လျက် ရှိကြသည်။ ၁၉၈၀ ခုနှစ်က ၇၀% မျှ လုပ်ကိုင်ကြသော်လည်း ယခု လျော့ကျသွားခြင်း ဖြစ်သည်။ ဆန်သည် ထိုင်းနိုင်ငံ၏ အရေးပါသော သီးနှံဖြစ်ပြီး ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ခဲ့ကာ လတ်တလောတွင်မှ အိန္ဒိယနိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့ နောက်သို့ ရောက်ခဲ့သည်။ ထိုင်းနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲ အတွင်း စိုက်ပျိုးနိုင်သော မြေ အများဆုံး ရှိသည့် နိုင်ငံဖြစ်ပြီး ၂၇.၂၅% ရှိသည်။ စိုက်ပျိုးနိုင်သော မြေများထဲမှ ၅၅ % ကို ဆန်စိုက်ပျိုးရန် အတွက် အသုံးချထားသည်။ စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် လုပ်အားကို အဓိက အသုံးချသော အလုပ် အဖြစ်မှ စက်မှုအားကို အသုံးချပြီး ပိုမို၍ ပြိုင်ဆိုင်မှု ပြင်းထန်သော ကဏ္ဍ အဖြစ် ပြောင်းလဲလျက် ရှိသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် တစ်နှစ်လျှင် ၄.၁% တိုးတက်လျက် ရှိပြီး ၁၉၈၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်ကြားတွင် ၂.၂% မျှ ဆက်လက်တိုးတက်လျက် ရှိသည်။ စိုက်ပျိုးမွေးမြူရေးမှ ဂျီဒီပီတွင် ပါဝင်မှုနှုန်း ကျဆင်းလျက် ရှိပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်ပို့ရောင်းချခြင်းမှာ မြင့်တက်လျက် ရှိသည်။ စွမ်းအင် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၇၅% မှာ သဘာဝဓာတ်ငွေ့ကို အသုံးချ ထားသည်။ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ၂၀% ကို ထပ်မံထုတ်လုပ်ပေးပြီး ကျန်ရှိနေသော အပိုင်းအတွက် ဇီဝလောင်စာ၊ ရေအားလျှပ်စစ် နှင့် ဇီဝဓာတ်ငွေ့ တို့မှ ဖြည့်စွမ်းပေးသည်။ ထိုင်းနိုင်ငံသည် ပြည်တွင်း သုံးစွဲနေသော ရေနံ၏ ၃ ပုံ ၁ပုံခန့်ကို ထုတ်လုပ်သည်။ အရှေ့တောင်အာရှ အတွင်း ဒုတိယမြောက် ရေနံတင်သွင်းမှု အများဆုံး နိုင်ငံ ဖြစ်သည်။ ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့ များပြားစွာ ထုတ်လုပ်သော နိုင်ငံဖြစ်ပြီး အရင်းအမြစ် အနေနှင့် ၁၀ ထရီလီယံ ကုဗပေခန့် ရှိသည်။ အင်ဒိုနီးရှားပြီးလျှင် အရှေ့တောင်အာရှတွင် ဒုတိယမြောက် အများဆုံး ကျောက်မီးသွေး ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်သော ကျောက်မီးသွေးကို တင်သွင်းရသည်။ လူဦးရေပျံနှံ့ နေထိုင်မှု ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ လူဦးရေ ၆၈,၈၆၃,၅၁၄ ဦးမျှ ရှိသည်။ ထိုင်းနိုင်ငံ၏ လူဦးရေမှာ ကျေးလက်နေထိုင်သူ အများဆုံး ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးရာ ဒေသများဖြစ်သော အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့် မြောက်ပိုင်းဒေသများတွင် စုစည်းလျက် ရှိသည်။ ထိုင်းနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ မြို့ပြနေလူဦးရေ ၄၅.၇% မျှ ရှိပြီး အများစုမှာ ဘန်ကောက် မက်ထရိုပိုလစ်တန်ဒေသတွင် စုစည်းလျက် ရှိသည်။ အစိုးရမှ ကြီးမှူးပြုလုပ်သော မိသားစု စီမံကိန်း အစီအစဉ်အရ ၁၉၆၀ တွင် လူဦးရေတိုးနှုန်း ၃.၁% မျှ ရှိသော်လည်း ယနေ့တွင် ၀.၄% မျှသာ ရှိတော့သည်။ ၁၉၇၀ တွင် အိမ်ထောင်စု တစ်ခုလျှင် လူဦးရေ ၅.၇ ဦးမျှ ပျမ်းမျှ နေထိုင်ကြသော်လည်း ၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ အိမ်ထောင်စု တစ်ခု၏ ပျမ်းမျှ အရွယ်အစားမှာ ၃.၂ ဦးမျှသာ ရှိတော့သည်။ လူမျိုးများ ၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံသားများသည် ထိုင်းလူဦးရေ၏ ၉၅.၉% မျှ ရှိသည်။ ကျန်ရှိနေသာ ၄.၁% တွင် မြန်မာ ၂.၀% ၊ အခြား ၁.၃% နှင့် မသိရှိသော လူမျိုး ၀.၉% မျှ ရှိသည်။ ၂၀၁၁ ခုနှစ် ထိုင်းအစိုးရမှ ကုလသမဂ္ဂ လူမျိုးအပေါ်မူတည်၍ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် နှင့် ပတ်သက်သော ကော်မတီသို့ ပေးပို့သော အစီရင်ခံစာအရ ထိုင်းနိုင်ငံတွင် လူမျိုးပေါင်း ၆၂ မျိုးအား တရားဝင် အသိအမှတ်ပြုထားသည်။ မဟီဒေါ တက္ကသိုလ်၏ ၁၉၉၇ ခုနှစ် "ထိုင်းနိုင်ငံ လူမျိုးဘာသာစကားဆိုင်ရာ မြေပုံ" ပါ အချက်အလက်အရ ဗဟိုထိုင်းလူမျိုး သန်း ၂၀ နှင့် ခိုရတ်ထိုင်းလူမျိုး ၆၅၀,၀၀၀ ဦး တို့ ပူးပေါင်း၍ နိုင်ငံ၏ လူဦးရေ ၆၀,၅၄၄,၃၉၇ ဦးတွင် ခန့်မှန်းခြေ ထိုင်းလူမျိုး ၂၀,၆၅၀,၀၀၀ ဦး (၃၄.၁ ရာခိုင်နှုန်း) မျှ ရှိသည်။ ၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံ အစီရင်ခံစာတွင် တောင်တန်းဒေသနေ ပြည်သူများ ("တောင်တန်းလူမျိုးစုများ") နှင့် အရှေ့မြောက်ဒေသရှိ လူမျိုးစုများကို ဖော်ပြထားပြီး မဟီဒေါ တက္ကသိုလ်၏ လူမျိုးဘာသာစကား ဆိုင်ရာ မြေပုံ ပါ အချက်အလက်များကို အဓိက မှီငြမ်းထားသည်။ ထို့အတွက်ကြောင့် အရှေ့မြောက်ဒေသရှိ လူဦးရေ ၃.၂၈၈ သန်းကို အမျိုးအစားခွဲခြား၍ မရပေ။ အခြား လူဦးရေနှင့် လူမျိုးစုပေါင်း ၁၉၉၇ ခန့်တွင် လူဦးရေ အနည်းငယ်သာ ရှိသည်။ ကြီးစဉ်ငယ်လိုက် စီပါက (က) လာအိုလူမျိုး ၁၅,၀၈၀,၀၀၀ (၂၄.၉ ရာခိုင်နှုန်း) တွင် ထိုင်းလာအို ၁၄ သန်း နှင့် အခြား လူနည်းစု လာအိုလူမျိုးများ ဖြစ်ကြသော ထိုင်းလွေလူမျိုး (၄ သိန်းမှ ၅ သိန်းခန့်) ၊ လာအိုလုံ လူမျိုး(၃၅၀,၀၀၀) ၊ လာအို ဝရမ်/ကလန် (၂၀၀,၀၀၀)၊ လာအိုခရမ် (၉၀,၀၀၀) ၊ လာအိုငေါ (၃၀,၀၀၀) နှင့် လာအိုတီ (၁၀,၀၀၀) ဦး (ခ) ခွန်မောင်း ၆ သန်း (၉.၉ ရာခိုင်နှုန်း မြောက်ထိုင်း ဟုလည်းခေါ်သည်)၊ (ဂ) ပက်ထိုင်း ၄.၅ သန်း (၇.၅ ရာခိုင်နှုန်း ၊ တောင်ထိုင်းဟုလည်း ခေါ်သည်)၊ (ဃ) ခမာလျူ ၁.၄သန်း (၂.၃ ရာခိုင်နှုန်း၊ မြောက်ခမာဟုလည်း ခေါ်သည်။) (င) မလေးလူမျိုး ၉၀၀,၀၀၀ (၁.၅ ရာခိုင်နှုန်း) ၊ (စ) ငေါလူမျိုး ၅၀၀,၀၀၀ (၀.၈ ရာခိုင်နှုန်း) ၊ (ဆ) ဖူထိုင်း ၄၇၀,၀၀၀ (ဇ)ကိုင်/ကွေ ၄၀၀,၀၀၀ (ဆွေဟုလည်း ခေါ်သည်) (၀.၇ ရာခိုင်နှုန်း) နှင့် (ဈ) ကရင် ၃၅၀,၀၀၀ ဦး (၀.၆ ရာခိုင်နှုန်း တို့ဖြစ်ကာ တရုတ်မှ ဆင်းသက်သည်မှာ ထင်ရှားသော ထိုင်းတရုတ်လူမျိုး မှာ လူဦးရေ၏ ၁၄% ရှိပြီး တရုတ်သွေးစပ်သော ထိုင်းလူမျိုးမှာ လူဦးရေ၏ ၄၀% ရှိသည်။ ထိုင်းမလေးလူမျိုးမှာ လူဦးရေ၏ ၃% မျှ ရှိပြီး ကျန်ရှိနေသော သူများမှာ မွန်လူမျိုး၊ ခမာလူမျိုးနှင့် အမျိုးမျိုးသော တောင်တန်းလူမျိုးစုများ ဖြစ်ကြသည်။ နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်ပြီး အဓိက ကိုးကွယ်သည့် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ကာ လူဦးရေ၏ ၉၅% ခန့် ကိုးကွယ်ကြသည်။ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော မြန်မာနိုင်ငံ၊ လောနိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံတို့အပြင် နီပေါနှင့် အိန္ဒိယနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများပြားလာသဖြင့် ၂၀၀၉ ခုနှစ်တွင် နိုင်ငံသားမဟုတ်သော လူဦးရေမှာ ၃.၅ သန်း အထိ မြင့်တက်လာခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၂ သန်းမျှသာ ရှိကာ ၂၀၀၀ ခုနှစ်တွင် ၁.၃ သန်းသာ ရှိသည်။ ဗြိတိသျှလူမျိုး ၄၁,၀၀၀ ခန့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသည်။ လူဦးရေ အများဆုံး မြို့များ ဘာသာစကားများ ထိုင်းနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်သည်။ ထိုင်းဘာသာစကားသည် တိုင်း-ကဒိုင်း ဘာသာစကားဖြစ်ပြီး လောဘာသာစကား၊ မြန်မာနိုင်ငံမှ ရှမ်းဘာသာစကား၊ နှင့် တရုတ်နယ်စပ်တောင်ပိုင်းရှိ ဟိုင်နန်ပြည်နယ် နှင့် ယူနန်ပြည်နယ်တို့တွင် အသုံးပြုသော လူနည်းစု အသုံးပြုကြသည့် ဘာသာစကားများနှင့် နီးစပ်စွာ ဆင်တူသည်။ ပညာသင်ကြားရေး နှင့် အစိုးရ လုပ်ငန်းများတွင် အသုံးပြုသော အဓိက ဘာသာစကားဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ပြောဆိုကြသည်။ စံနှုန်းအနေနှင့် အလယ်ပိုင်း ထိုင်းလူမျိုးတို့ အသုံးပြုသော ဒေသသုံး ဘာသာစကား ကို အသုံးပြုကြပြီး ထိုင်း အက္ခရာကို အသုံးပြု ရေးသားကြသည်။ ထိုင်းအက္ခရာသည် အဘူဂီဒါ အရေးအသားအမျိုးအစား ဖြစ်ပြီး ခမာအက္ခရာမှ ဆင့်ကဲပြောင်းလဲလာသည်။ ၂၀၁၁ ခုနှစ် ထိုင်းအစိုးရမှ ကုလသမဂ္ဂ လူမျိုးအပေါ်မူတည်၍ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် နှင့် ပတ်သက်သော ကော်မတီသို့ ပေးပို့သော အစီရင်ခံစာအရ ဘာသာစကား ၆၂ မျိုးကို တရားဝင် အသိအမှတ် ပြုထားသည်။ ထိုအစီရင်ခံစာတွင် လူမျိုးဘာသာစကား ဆိုင်ရာ ပုံစံကို အခြေခံထားပြီး ထိုင်းနိုင်ငံ တရားရေး ဝန်ကြီးဌာန၊ အခွင့်အရေးနှင့် လွတ်လပ်မှု မြှင့်တင်ရေး ဌာနတွင် ရရှိနိုင်သည်။ တောင်ထိုင်း ဘာသာစကားကို တောင်ပိုင်းခရိုင်များတွင် ပြောဆိုကြပြီး မြောက်ထိုင်းဘာသာစကားကို ယခင် သီးခြားနိုင်ငံဖြစ်သည့် လန်နနိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်ခဲ့သော ခရိုင်များတွင် ပြောဆိုကြသည်။ နိုင်ငံတော် လူဦးရေ စာရင်းတွင်မူ ထိုင်းတော်ဝင်အစိုးရ၏ ၂၀၁၁ ခုနှစ် အစီရင်ခံစာတွင် ပါဝင်သော ဘာသာစကား ၆၂ မျိုးလုံးကို အသိအမှတ်ပြုမထားဘဲ ထိုင်းဘာသာကွဲ ၄ မျိုးကိုသာ ဖော်ပြထားပြီး ထိုင်းတိုင်းဒေသကြီးများ ခွဲခြားမှုနှင့် တိုက်ဆိုက်နေသည်။ ထိုင်းနိုင်ငံရှိ အသုံးအများဆုံး လူနည်းစု ဘာသာစကားမှာမှာ အရှေ့မြောက် ခရိုင်များတွင် ပြောဆိုကြသော အီဆန်ဘာသာစကား၏ လောဒေသသုံး ဘာသာစကားဖြစ်သည်။ ထိုင်းဒေသသုံး ဘာသာစကားဟု တခါတရံ ယူဆကြသော်လည်း အမှန်တကယ်တွင်မူ လောဒေသသုံး ဘာသာစကားဖြစ်ပြီး ထိုဘာသာစကားကို ပြောဆိုကြသော ဒေသမှာ သမိုင်းကြောင်းအရ လောဘုရင့်နိုင်ငံဖြစ်သော လန်ဆန်နိုင်ငံ၏ တစိတ်တဒေသ ဖြစ်ခဲ့သည်။ တောင်ဘက်စွန်းပိုင်းတွင်မူ မလေး မွတ်စလင်များက ကလန်တန်-ပဌာနီ ဘာသာစကားကို အဓိက အသုံးပြုကြသည်။ ထိုင်းတရုတ်လူမျိုးများသည် တရုတ်စကား မျိုးစုံကို ပြောဆိုကြပြီး တီယိုချူး ဒေသသုံးဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ လူမျိုးစု ဘာသာစကားမျိုးစုံကိုလည်း ပြောဆိုကြပြီး ၎င်းတို့တွင် အော်စထရိုအေးရှားတစ် ဘာသာစကားများ ဖြစ်သော မွန်၊ခမာ၊ ဗီယက်၊ မလာဘရီ နှင့် အော်ရန်အက်စလီ ၊ အော်စထရိုနီးရှန်း ဘာသာစကားများ ဖြစ်ကြသော ချန် နှင့် မိုကန်၊ တရုတ်-တိဘက်ဘာသာစကားများ ဖြစ်ကြသော လာဝါ၊အခါ နှင့် ကရင်၊ အခြား တိုင်း ဘာသာစကားများ ဖြစ်ကြသော တိုင်းယို၊ ဖူထိုင်း နှင့် ဆယက် တို့ ဖြစ်ကြသည်။ မုံဘာသာစကားမှာ မုံ-မျန် ဘာသာစကားများတွင် ပါဝင်ပြီး ယခုအခါ ၎င်းဘာသာ သီးခြား ဘာသာစကား မိသားစု အဖြစ် အသိအမှတ်ပြုကြသည်။ အင်္ဂလိပ်ဘာသာစကားသည် ကျောင်းများတွင် မသင်မနေရ ဘာသာစကား ဖြစ်သော်လည်း ကျွမ်းကျင်စွာ ပြောတတ်သူ နည်းပါးပြီး အထူးသဖြင့် မြို့ကြီးများ၏ ပြင်ပတွင် ပြောတတ်သူ အလွန်နည်းပါးသည်။ ကိုးကွယ်ယုံကြည်မှု ထိုင်းနိုင်ငံ၏ အဓိက ကိုးကွယ်သော ဘာသာတရားမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ပြီး ၎င်းသည် ထိုင်း လူမျိုးသွင်ပြင်လက္ခဏာနှင့် ယဉ်ကျေးမှု၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာကိုးကွယ်မှု၌ အထွန်းကားဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အဖြစ်ပါဝင်သည်။ ၂၀၀၀ ခုနှစ် လူဦးရေစာရင်းအရ နိုင်ငံလူဦးရေ၏ ၉၄.၆ ရာခိုင်နှုန်းသည် ထေရဝါဒ ဗုဒ္ဓဘာသာ အဖြစ် ခံယူကြသည်။ အစ္စလာမ်ဘာသာသည် ထိုင်းနိုင်ငံတွင် ဒုတိယမြောက် ကိုးကွယ်မှု အများဆုံး ဘာသာဖြစ်ပြီး လူဦးရေ၏ ၄.၉% မျှ ကိုးကွယ်ကြသည်။ ထိုင်းနိုင်ငံရှိအစ္စလာမ်ဘာသာသည်တောင်ဘက်အစွန်ဆုံး ခရိုင်များဖြစ်ကြသော ပဌာနီ၊ ယဲလာ၊ ဆတုံး၊ နရာထီဝပ်ခရိုင်တို့တွင် စုစည်းနေကြပြီး ဆုံခလ နှင့် ချွန်ပွန်းခရိုင်တို့တွင် တစိတ်တဒေသ တွေ့ရှိရသည်။ ခရစ်ယာန်ဘာသာကိုးကွယ်သူများမှာ လူဦးရေ၏ ၀.၉% မျှ ရှိပြီး ကျန်ရှိနေသောသူများမှာ ဆစ်ခ်ဘာသာ နှင့် ဟိန္ဒူဘာသာတို့ကို ကိုးကွယ်ကြကာ မြို့ကြီးများတွင် အများဆုံး တွေ့ရသည်။ အနည်းငယ်မျှသာ ရှိသော်လည်း သမိုင်းကြောင်းအရ အရေးပါသော ရဟူဒီဘာသာ ကိုးကွယ်သူများလည်း ရှိပြီး ၁၇ ရာစုကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ ယဉ်ကျေးမှု ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုများအပေါ်တွင် အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံ မှ ယဉ်ကျေးမှုများ၏ လွှမ်းမိုးခြင်းများ အနည်းနှင့် အများဆိုသလို ရှိသည်။ ထိုင်းတို့၏ ရိုးရာတွင် အိန္ဒိယ၊ တရုတ်၊ ကမ္ဘောဒီးယား နှင့် အခြား အရှေ့တောင်အာရှ ဒေသတို့မှ လွှမ်းမိုးမှုများ ပါဝင်လျက် ရှိသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံတော် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ပြီး ခေတ်သစ် ထိုင်းအမျိုးသားရေး လက္ခဏာ၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းဗုဒ္ဓဘာသာသည် အချိန်ကာလ ကြာမြင့်စွာ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ဟိန္ဒူဘာသာ နှင့် အန်နီမစ်ဆင် တို့မှ ဆင်းသက်လာသော ယုံကြည်မှုများ ပါဝင်နေသကဲ့သို့ ဘိုးဘေးဘီဘင် ရှိခိုးမှု လည်း ပါဝင်သည်။ ထိုင်းနိုင်ငံ၏ ပြက္ခဒိန်မှာ ဗုဒ္ဓပြက္ခဒိန်၏ အရှေ့တိုင်း ဗားရှင်းကို အခြေခံပြီး ဂျော်ဂျီယံ ပြက္ခဒိန်ထက် ၅၄၃ နှစ်မျှ စောသည်။ ၂၀၁၅ ခုနှစ်သည် ထိုင်းပြက္ခဒိန်တွင် ၂၅၅၈ ခုနှစ် ဖြစ်သည်။ အများအားဖြင့် အသိအမှတ်ပြုခြင်း မခံရသော လူမျိုးစုများစွာတို့သည် ထိုင်းနိုင်ငံတွင် နေထိုင်ကြသည်။ ထိုလူမျိုးစုထဲမှ အချို့မှာ မြန်မာ၊ လော၊ ကမ္ဘောဒီးယား နှင့် မလေးရှားတို့သို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရိုးရာ ဒေသခံ ယဉ်ကျေးမှု၊ ထိုင်းအမျိုးသား ယဉ်ကျေးမှုနှင့် နိုင်ငံတကာ ယဉ်ကျေးမှု လွှမ်းမိုးခြင်းများကြားတွင် ညှိနှိုင်းနေထိုင်လျက် ရှိကြသည်။ နိုင်ငံပြင်ပရောက် တရုတ်များမှာလည်း ထိုင်းလူ့အဖွဲ့အစည်း၏ အဓိက အစိတ်အပိုင်း ဖြစ်ပြီး အဓိကအားဖြင့် ဘန်ကောက်မြို့တွင်း နှင့် ပတ်ဝန်းကျင်တွင် ရှိကြသည်။ ၎င်းတို့ အနေနှင့် ထိုင်းလူ့အဖွဲ့အစည်းအတွင်းသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့် စီးပွားရေးနှင့် နိုင်ငံရေး တို့တွင် နေရာယူနိုင်ခဲ့ကြသည်။ ထိုင်းတရုတ်လူမျိုးတို့၏ စီးပွားရေး လုပ်ငန်းများသည် မိသားစုနှင့် ယဉ်ကျေးမှု အဆက်အနွယ်များ တူညီကြသော ဝါးကွန်ယက် ဟု ခေါ်သည့် အရှေ့တောင်အာရှတွင် လုပ်ကိုင်သော နိုင်ငံပြင်ပရောက် တရုတ်တို့၏ စီးပွားရေး ကွန်ယက်၏ အစိတ်အပိုင်းအဖြစ် ကြီးပွားတိုးတက်လာခဲ့သည်။ ထိုင်းတို့၏ ရိုးရာနှုတ်ဆက်မှု ဝိုင်း တွင် လူနှစ်ယောက် တွေ့ဆုံရာတွင် အငယ်မှ စတင် နှုတ်ဆက်လေ့ ရှိကြသည်။ အချင်းချင်း လက်ဆုပ်ကိုင်၍ လက်ချောင်းကို အပေါ်ထောင်ကာ ဦးခေါင်းကို ညွှတ်၍ လက်ထိပ်များကို ထိကြပြီး ယောက်ျားလေး ဖြစ်ပါက ဆဝါဒီခပ်ဟု နှုတ်ဆက်၍ မိန်းကလေးဖြစ်ပါက ဆဝါဒီခါ ဟု ရေရွတ်ကြသည်။ အသက်ကြီးသူမှ ထိုအတိုင်းပင် တုံ့ပြန်ကြသည်။ လူမှု အဆင့်အတန်း နှင့် အစိုးရ အဖွဲ့အတွင်း ရာထူး အစရှိသည်တို့ပေါ်မူတည်၍လည်း မည်သူက ဝိုင်း စတင်ပြုလုပ်မည်ဆိုသည်ကို ဆုံးဖြတ်သည်။ ဥပမာအားဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးထက် အသက်ကြီးသူဖြစ်သော်လည်း တွေ့ဆုံသည့် အခါတွင် လာရောက်လည်ပတ်သူမှ စတင်၍ အရိုအသေပေးလေ့ရှိသည်။ ကလေးများ အနေဖြင့် ကျောင်းသွားရန် အိမ်မှထွက်ခွာမည်ဆိုပါက မိဘများအား ဝိုင်းပြုလုပ်၍ လေးစားသမှုကို ပြသရန် သင်ကြားထားကြသည်။ ဝိုင်းသည် အခြားသူအား လေးစားမှုအား ပြသသည့် လက္ခဏာ ဖြစ်ပြီး အိန္ဒိယ နှင့် နီပေါတို့မှ နာမဆတေး နှင့် အလားသဏ္ဌန်တူသည်။ အခြားသော အာရှယဉ်ကျေးမှုများ ကဲ့သို့ပင် ဘိုးဘေးဘီဘင်များအား လေးစားခြင်းသည် ထိုင်းတို့၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းတို့သည် ဧည့်ဝတ်ကျေပွန်ပြီး ရက်ရောသော လူမျိုးများ ဖြစ်သော်လည်း လူမှုအဆင့်အတန်းနှင့် ပတ်သက်၍လည်း စိတ်ခံစားမှု ပြင်းထန်သည်။ ထိုင်းယဉ်ကျေးမှုတွင် အသက်ကြီးခြင်းသည် အဓိကဖြစ်သည်။ အသက်ကြီးသူများမှ မိသားစု ဆုံးဖြတ်ချက်များ နှင့် အခမ်းအနားများတွင် အဓိက အရေးပါလေ့ ရှိသည်။ အစ်ကိုကြီး အစ်မကြီးများမှ ညီညီမများပေါ်တွင် တာဝန်ရှိသည်ဟု ခံယူကြသည်။ ထိုင်းတို့တွင် ရိုင်းသည်ဟု ယူဆသော အပြုအမူမှာ တစ်စုံတစ်ဦး၏ ဦးခေါင်းကို ထိခြင်းနှင့် ခြေထောက်ဖြင့် ညွှန်ပြခြင်းတို့ ဖြစ်ပြီး ခေါင်းသည် အမြင့်မြတ်ဆုံး နေရာဟု ယူဆကြကာ ခြေထောက်ကို အဆင့်နိမ့်သည်ဟု ယူဆကြသည်။ ဟင်းလျာများ ထိုင်းနိုင်ငံ၏ ဟင်းလျာများတွင် ချို၊ချဉ်၊စပ်၊ငံ၊ခါး ဟူသော အရသာ ငါးမျိုး ရောနှောပါဝင်နေသည်။ ထိုင်းဟင်းလျာများ၏ အဓိကပါဝင်သော ပစ္စည်းများမှာ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ သံပရာရည်၊ စပါးလင်၊ နံနံပင်၊ ဂျင်းတက်၊ ထန်းလျက် နှင့် ငံပြာရည် တို့ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အဓိက အစားအစာမှာ ထမင်း ဖြစ်ပြီး အထူးဖြင့် ဟွမ်မာလီ ထမင်းဟု ခေါ်သော စံပယ်ဆန် ဖြစ်ကာ အစားအစာအားလုံး နီးပါး၏ အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့ခဲ့သော နိုင်ငံဖြစ်ပြီး ထိုင်းများသည် လူတစ်ယောက်လျှင် တစ်နှစ် ဆန် အိတ် ၁၀၀ ခန့် စားသုံးလေ့ ရှိသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ရှိသော အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသန တက္ကသိုလ် (အိုင်အာရ်အာရ်အိုင်) တွင် ထိုင်းနိုင်ငံမှ ဆန်စပါးမျိုးစိတ်ပေါင်း ၅,၀၀၀ ကျော်အား သိမ်းဆည်းထားသည်။ ထိုင်းဘုရင်သည် အိုင်အာရ်အာရ်အိုင်၏ တရားဝင် နာယက ဖြစ်သည်။ မီဒီယာ လတ်တလောတွင် ထိုင်းလူ့အဖွဲ့အစည်း၌ ဘာသာစကားမျိုးစုံဖြင့် ရရှိနိုင်သော သတင်းစာများ နှင့် မီဒီယာများ၏ လွှမ်းမိုးမှု ရှိသည်။ လက်ရှိ ထုတ်ဝေဖြန့်ချိနေသော အင်္ဂလိပ် သတင်းစာအချို့နှင့် အမျိုးမျိုးသော ထိုင်းနှင့် တရုတ်ဘာသာ သတင်းစာများ ရှိသည်။ ထိုင်းနိုင်ငံရှိ ရေပန်းစားသော မဂ္ဂဇင်းများသည် အင်္ဂလိပ်ဘာသာ သတင်းခေါင်းစီးများကို စတိုင်ထုတ် ဖော်ပြလေ့ ရှိကြသည်။ ဘန်ကောက်ရှိ စီးပွားရေး လုပ်ငန်းကြီးများသည် အင်္ဂလိပ်ဘာသာ နှင့် လုပ်ကိုင်ဆောင်ရွက်ကြသည့်အပြင် အခြားဘာသာများဖြင့်လည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးဆုံး သတင်းစာ ဈေးကွက်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေသော သတင်းစာအရေအတွက် ခန့်မှန်းခြေ ၁၃ သန်းခန့် ရှိသည်။ ဘန်ကောက်မြို့ အပြင်ဘက် နိုင်ငံအပေါ်ပိုင်းတွင်ပင် မီဒီယာ ဖွံ့ဖြိုးမှု ရှိသည်။ ဥပမာအားဖြင့် ထိုင်းအများပြည်သူဆိုင်ရာ ဆက်သွယ်ရေးဌာန၏ ၂၀၀၃-၂၀၀၄ မီဒီယာလမ်းညွှန်စာအုပ် အရ ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ အီဆန်ရှိ ခရိုင် ၁၉ ခုတွင် သတင်းစာ ၁၁၆ စောင် နှင့် အခြား ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ကေဘယ်လ် ချန်နယ်များ ရှိသည်။ ထို့နောက်တွင် ဘွန်ကန်ခရိုင်ကို ထပ်မံထည့်သွင်းလိုက်သည့်အခါ ခရိုင် ၂၀ ခု ဖြစ်သွားသည်။ ၂၀၁၄ ခုနှစ် မေလ ၂၂ ၇က် စစ်အာဏာသိမ်းမှု အပြီးတွင် မီဒီယာများ နှင့် ဖော်ထုတ်ပြသခွင့် မျိုးစုံတို့အား တင်းကြပ်စွာ တားမြစ်မှု ဖြစ်ပေါ်လာခဲ့သည်။ အတိုင်းအတာစနစ် ထိုင်းနိုင်ငံသည် ယေဘုယျအားဖြင့် မက်ထရစ်စနစ်ကို အသုံးပြုပြီး မြေနေရာနှင့် ပတ်သက်လျှင် ရိုးရာ အတိုင်းအတာစနစ်ကို အသုံးပြုကြကာ အဆောက်အဦးများတွင် သုံးကြသော သစ် နှင့် ရေပိုက်ပစ္စည်းများ အတွက် ဗြိတိသျှစနစ်ကို မကြာခဏအသုံးပြုလေ့ ရှိကြသည်။ နှစ်များကို ဘီအီး (ဗုဒ္ဓနှစ်) ဟု ခေါင်းစဉ်တပ်လေ့ ရှိပြီး ပညာရေး၊ အစိုးရ ရုံး လုပ်ငန်း၊ အစိုးရ လုပ်ငန်း၊ စာချုပ်ပေါ် နှင့် သတင်းစာခေါင်းစီးများတွင် ဖော်ပြလေ့ ရှိကြသည်။ ဘဏ်လုပ်ငန်း တွင် အနောက်တိုင်းနှစ်ကို စံနှုန်း အဖြစ် အသုံးပြုပြီး စီးပွားရေးလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင်လည်း အသုံးပြုမှု မြင့်တက်လာသည်။ အားကစား မွေထိုင်းသည် ကစ်ဘောက်ဆင် အားကစားနည်း၏ ထိုင်းပုံစံ ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အထိမ်းအမှတ် အားကစားနည်းလည်း ဖြစ်သည်။ ထိုကစားနည်းတွင် ကစားဝိုင်းအတွင်း ခြေထောက်၊လက်သီး၊ ဒူး နှင့် တံတောင်တို့ကို အသုံးပြုပြီး အနောက်တိုင်း လက်ဝှေ့တွင် အသုံးပြုသော လက်အိတ်ကို ဝတ်ဆင်ကြသည်။ ထို့အတွက်ကြောင့် ထိုင်းတို့သည် အိုလံပစ် လက်ဝှေ့အားကစားတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ ယနေ့ခေတ် ထိုင်းလူ့အဖွဲ့အစည်းတွင် ဘောလုံး အားကစားသည် လူစိတ်ဝင်စားသော အားကစားစာရင်း၌ မွေထိုင်းကို ကျော်တက်သွားခဲ့သည်။ ထိုင်းအမျိုးသား ဘောလုံးအသင်းသည် အေအက်ဖ်စီ အာရှဖလားတွင် ခြောက်ကြိမ် ပါဝင်ကစားခဲ့ပြီး ၁၉၇၂ ခုနှစ် တွင် ဆီမီးဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံသည် အာရှဖလားကို ၁၉၇၂ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် ၂ ကြိမ် လက်ခံကျင်းပခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၊မလေးရှားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့နှင့် ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုင်းလူမျိုးများ အနေနှင့် ၎င်းတို့စိတ်ကြိုက် အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးအသင်းအား ရုပ်မြင်သံကြားရှေ့တွင် အားပေးနေခြင်း နှင့် လမ်းမပေါ်တွင် အသင်းဝတ်စုံ ဝတ်၍ လျှောက်သွားနေခြင်းတို့မှာ အထူးအဆန်း မဟုတ်ပေ။ ယခင်က ပျော်ရွှင်စွာ ကစားခဲ့ကြပြီး တစ်ချိန်က အပြိုင်အဆိုင်ကစားခဲ့ကြသော ကစားနည်းမှာ စွန်လွှတ်ခြင်း ဖြစ်သည်။ ဘော်လီဘောသည် လူကြိုက်များသော ကစားနည်းအဖြစ် အလျင်အမြန် တိုးတက်လျက် ရှိသည်။ ထိုင်း အမျိုးသမီးအသင်းသည် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကမ္ဘာ့ဂရင်းပရီ အာရှ ချန်ပီယံ ပြိုင်ပွဲ တို့တွင် ပါဝင်ဆင်နွှဲခဲ့သည်။ အာရှ ချန်ပီယံ အဖြစ် ၂ ခါ ဆွတ်ခူးရရှိခဲ့ပြီး အာရှဖလား တစ်ကြိမ် ရရှိခဲ့သည်။ အမျိုးသမီး ဘော်လီဘောအသင်း အောင်မြင်သည်နှင့် အမျှ အမျိုးသားအသင်းသည်လည်း တိုးတက်မှုများ ရှိနေခဲ့သည်။ ခြင်းလုံး ကစားခြင်းသည် ထိုင်းနိုင်ငံတွင် အခြေပြုသော ကစားနည်း ဖြစ်ပြီး ကစားသမားများ အနေနှင့် ကြိမ်ခြင်းလုံးကို ခြေထောက်၊ ဒူး၊ ရင်ဘတ် နှင့် ခေါင်းတို့ဖြင့်သာ ထိခွင့် ရှိသည်။ ပိုက်ကျော်ခြင်း သည်လည်း ခြင်းလုံး ကစားနည်းပင် ဖြစ်ပြီး ဘော်လီဘောနှင့် ဆင်တူသည်။ ကစားသမားများ အနေနှင့် ဘောလုံးကို ပိုက်ပေါ်မှ ကျော်၍ ပြိုင်ဘက်၏ အခြမ်းရှိ မြေကြီးကို ထိစေရန် အားစိုက် ကြိုးပမ်းရသည်။ အခြား အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ရေပန်းစားသော ကစားနည်း ဖြစ်သည်။ ပိုက်ကျော်ခြင်းနှင့် ဆင်တူပြီး ခြေထောက်ဖြင့်သာ ထိရသော ကစားနည်းကို ဘူကာဘော ဟု ခေါ်သည်။ စနူကာ ကစားနည်းသည်လည်း လတ်တလောနှစ်များတွင် ထိုင်းနိုင်ငံ၌ လူကြိုက်များ ရေပန်းစားလာခဲ့ပြီး ထိုင်းစနူကာ ကစားသမား ဂျိမ်းစ် ဝပ်တနာ၏ ၁၉၉၀ ခုနှစ်များ အတွင်း အောင်မြင်မှုကြောင့် ကစားနည်း အပေါ် စိတ်ဝင်စားမှု တိုးပွားလာစေခဲ့သည်။ ထိုင်းနိုင်ငံမှ မွေးထုတ်ပေးခဲ့သော အခြားထင်ရှားသော ကစားသမားများမှာ ရာချာရိုသင်း ရိုသာယပ်၊ နော့ပွန် ဆိမ်ခန်း နှင့် ဒီချာဝတ် ပွန်ဂျိမ် တို့ ဖြစ်ကြသည်။ ထိုင်းအမျိုးသား ရက်ဂ်ဘီသမဂ္ဂသည် ကမ္ဘာပေါ်တွင် အဆင့် ၆၁ ဖြစ်လာပြီးနောက် ရက်ဂ်ဘီ အားကစားသည်လည်း တိုးတက် လာခဲ့သည်။ ထိုင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ၈၀ ဝယ်လ်သာဝိတ်တန်း ရက်ဂ်ဘီပြိုင်ပွဲကို ၂၀၀၅ ခုနှစ်တွင် ပထမဆုံး အကြိမ် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ ရက်ဂ်ဘီ သမဂ္ဂမှ ပြည်တွင်းတွင် ကျင်းပသော ပြိုင်ပွဲများတွင် တက္ကသိုလ်များ နှင့် အခြား အဖွဲ့အစည်းများ ပါဝင်ကြပြီး ၎င်းတို့တွင် ချူလာလောင်ကောင်း တက္ကသိုလ်၊ မဟာဆာရာခမ်းတက္ကသိုလ်၊ ကာဆဲဆပ်တက္ကသိုလ်၊ ဆုံခလမင်းသားတက္ကသိုလ်၊ သာမာဆပ် တက္ကသိုလ်၊ ရန်းဆစ်တက္ကသိုလ်၊ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းကြည်းတပ်၊ ထိုင်းရေတပ်၊ တော်ဝင်ထိုင်းလေတပ် တို့ ပါဝင်သည်။ ထိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ဒေသခံ အားကစား အသင်းများမှာ ဘန်ကောက်ဗြိတိသျှ ကလပ်၊ တောင်ပိုင်းသား အားကစားကလပ် (ဘန်ကောက်) နှင့် တော်ဝင်ဘန်ကောက် အားကစားကလပ်တို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံသည် ဂေါက်သီး အားကစားနည်းအတွက် လူကြိုက်များ သွားရောက်ရာ နေရာဖြစ်သဖြင့် အာရှ၏ ဂေါက်သီးမြို့တော်ဟုလည်း ခေါ်ကြသည်။ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ တောင်အာဖရိက နှင့် အနောက်နိုင်ငံများမှ ဂေါက်သီးရိုက် အားကစားသမား အများအပြားကို ဆွဲဆောင်နိုင်သဖြင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် လာရောက်ကစားလေ့ ရှိကြသည်။ ဂေါက်သီးရိုက် ကစားနည်းမှာ အလယ်အလတ်တန်းစား နှင့် ရွှေ့ပြောင်းနေထိုင်သူများ အကြားတွင် အထူးသဖြင့် ရေပန်းစားလာခဲ့ပြီး တစ်နိုင်ငံလုံးတွင် ကမ္ဘာ့အဆင့်မီ ဂေါက်ကွင်း ၂၀၀ ကျော်ရှိသည်။ အမာတာ စပရင်း ကန်းထရီး ကလပ်၊ အယ်လ်ပိုင်း ဂေါက်သီးနှင့် အားကစား ကလပ်၊ ထိုင်း ကန်းထရီး ကလပ် နှင့် ဘလက်မောင်းတိန်း ဂေါက်ကလပ် တို့မှာ ပီဂျီအေ နှင့် အယ်လ်ပီဂျီအေ ပြိုင်ပွဲများကို လက်ခံကျင်းပေးလေ့ ရှိသည်။ ဘတ်စကက်ဘော ကစားနည်းမှာလည်း အထူးသဖြင့် ကြေးစားအားကစား ကလပ် အဆင့်တွင် တိုးတက်လာခဲ့သည်။ ချန်ထိုင်းလန်း ဆလမ်မာ အသင်းမှ ၂၀၁၁ ခုနှစ် အာဆီယံ ဘတ်စကက်ဘောလိဂ် ချန်ပီယံပွဲတွင် အနိုင်ရခဲ့သည်။ ထိုင်းနိုင်ငံ အမျိုးသား ဘတ်စကက်ဘော အသင်းအတွက် အအောင်မြင်ခဲ့ဆုံး နှစ်မှာမူ ၁၉၆၆ ခုနှစ် အာရှအားကစားပွဲတွင် ငွေတံဆိပ်ရခဲ့ခြင်း ဖြစ်သည်။ နိုင်ငံအတွင်း အားကစား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာသဖြင့် အခြားသော အားကစားနည်းများမှာလည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။ ပြီးခဲ့သော နွေရာသီ အိုလံပစ် အားကစားပွဲ ၂ ခုတွင် အလေးမ နှင့် တိုက်ကွမ်ဒို အားကစားများတွင် အောင်မြင်မှုများ ရခဲ့သဖြင့် ထိုင်းနိုင်ငံအတွက် ဆုတံဆိပ်ရနိုင်သော အားကစားနည်းမှာ လက်ဝှေ့ တစ်မျိုးတည်း မဟုတ်တော့ကြောင်း ပြသနိုင်ခဲ့သည်။ အားကစားရုံများ သာမာဆပ် အားကစားရုံသည် ဘန်ကောက်ရှိ ဘက်စုံ အားကစားရုံ ဖြစ်သည်။ လက်ရှိတွင် ဘောလုံးပြိုင်ပွဲများ အတွက်သာ အများအားဖြင့် အသုံးပြုကြသည်။ ပရိသတ် ၂၅,၀၀၀ ဦး ဆံ့သည်။ သာမာဆပ် တက္ကသိုလ်၏ ရန်းဆစ်နယ်မြေတွင် တယ်ရှိသည်။ ၁၉၉၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲ အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်မြို့ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အအုံကို တည်ဆောက်ခဲ့သော ခရစ်စတီးယားနီ နှင့် နေးလ်ဆင် ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ရာဇမင်္ဂလ အားကစားရုံသည် ထိုင်းနိုင်ငံတွင် အကြီးဆုံးသော အားကစားကွင်း ဖြစ်ပြီး ပရိသတ် ၆၅,၀၀၀ ဦး ဝင်ဆံ့သည်။ ဘန်ကောက်မြို့ ဘန်ကာပိ တွင် တည်ရှိသည်။ ၁၉၉၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲအတွက် ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းအမျိုးသားဘောလုံးအသင်း၏ အိမ်ကွင်း ဖြစ်သည်။ လူသိများသော လုမ္ဗနီ လက်ဝှေ့ကစားကွင်းသည် ၁၉၅၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် တွင် ၎င်း၏ နောက်ဆုံး မြွေထိုင်း ပြိုင်ပွဲကို လက်ခံကျင်းပခဲ့သည်။ တော်ဝင်ထိုင်းကြည်းတပ်မှ စီမံခန့်ခွဲသော ထိုကစားကွင်းသည် ၁၉၅၆ ခုနှစ် မတ်လ ၁၅ ရက်တွင် မြွေထိုင်း ပြိုင်ပွဲကို ကျင်းပပြီးနောက် တရားဝင် အားကစားရုံ အဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရမ်အင်ထရာလမ်းသို့ ပြောင်းရွှေ့ခဲ့ပြီး နေရာအသစ်တွင် ပရိသတ် ၃,၅၀၀ အထိ ကြည့်ရှုနိုင်သောကြောင့် ဖြစ်သည်။ နိုင်ငံခြားသားများ အနေနှင့် ပွဲကြည့်ရန် ဘတ် ၁,၀၀၀ မှ ၂,၀၀၀ အထိ ပေးရပြီး ထိုင်ခုံနေရာပေါ်တွင် မူတည်၍ ဈေးကွာသွားသည်။ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်များ ဆက်စပ်ကြည့်ရှုရန် ဘူမိဗလအတုလျတေဇ ရည်ညွှန်းချက်များ နိုင်ငံ အာဆီယံအသင်းဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
လူထုဖွံ့ဖြိုးရေးညွှန်းကိန်းနိုင်ငံများစာရင်း
ဤစာမျက်နှာသည် ကုလသမဂ္ဂဖွံ့ဖြိုးရေးအဖွဲ့၏ လူထုဖွံ့ဖြိုးရေးနှစ်ချုပ်အစီရင်ခံစာ ၂၀၀၇/၂၀၀၈ လူထုဖွံ့ဖြိုးရေးညွှန်းကိန်း၏ နိုင်ငံများစာရင်းဖြစ်သည်။ ၂၀၀၅ ခုနှစ်စာရင်းအင်းသုံးပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာ လ ၂၇ ရက် စတင်ထုတ်ဝေသည်။ ထိုအစီရင်ခံစာသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ(၁၉၂ နိုင်ငံအတွင်းမှ) ၁၇၅ နိုင်ငံနှင့်အတူ (တရုတ်ပြည်၏ အထူးအုပ်ချုပ်ရေးဒေသ ဟောင်ကောင် နှင့် ပါလက်စတိုင်း အုပ်ချုပ်ရာ နယ်မြေများပါဝင်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၁၇ နိုင်ငံမှာ အချက်အလက် မရှိသောကြောင့် စာရင်းတွင် မပါဝင်ခဲ့ပေ။ ကမ္ဘာပေါ်ရှိ ဒေသများနှင့် နိုင်ငံ အစုအဝေးတို့ ၏ ပျမ်းမျှ လူထုဖွံ့ဖြိုးရေး ညွှန်းကိန်းကိုလည်း နှိုင်းယှဉ်ရန် အတွက် ထည့်သွင်းထားခဲ့သည်။ လူထုဖွံ့ဖြိုးရေးညွှန်းကိန်းသည် တကမ္ဘာလုံးရှိ နိုင်ငံများတွင် နေထိုင်ကြသော လူတို့၏ သက်တမ်း၊ စာတတ်မြောက်မှု၊ ပညာရေး၊ လူနေမှု အဆင့်အတန်းတို့ကို နှိုင်းယှဉ်ဖော်ပြထားသောကိန်းဖြစ်သည်။ ၎င်းသည် ဘဝ အရည်အသွေး မည်မျှ ကောင်းမွန်သည်ကို တိုင်းတာခြင်း ဖြစ်ပြီး အထူးသဖြင့် ကလေးသူငယ်တို့၏ အခွင့်အရေးကို တိုင်းတာ နိုင်ရန် စံနှုန်း ဖြစ်သည်။ ထိုစံနှုန်းကို အသုံးပြု၍ နိုင်ငံတစ်ခုသည် ဖွံ့ဖြိုးမှု နိမ့်ကျနေသည်၊ ဖွံ့ဖြိုးဆဲဖြစ်သည်၊ ဖွံ့ဖြိုးပြီးဖြစ်သည် စသည်တို့ကို သိသာနိုင်ပြီး စီးပွားရေး မူဝါဒများမှ ဘဝ အရည်အသွေးကို မည်သို့ အကျိုးသက်ရောက်မှု ရှိသည်ကို တိုင်းတာနိုင်သည်။ ထိုညွှန်းကိန်းကို ၁၉၉၀ ခုနှစ်တွင် ပါကစ္စတန် စီးပွားရေး ပညာရှင် မာဘတ် အူလ် ဟတ် နှင့် အိန္ဒိယ စီးပွားရေးပညာရှင် အမာတရာ ဆန် တို့က စတင်ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံများ HDI ပေါ်မူတည်ပြီး သုံး မျိုးခွဲခြားနိုင်သည် - အမြင့်၊ အလယ်နှင့် အနိမ့် လူထုဖွံ့ဖြိုးရေး။ နိုင်ငံများစာရင်း = တက် = ငြိမ် = လျော့ အမြင့် အလယ် အနိမ့် ကုလသမဂ္ဂစရင်းထဲမထည့်တွက် နိုင်ငံစာရင် (တိုက်နှင့်ခွဲထား) အမေရိက HDI ၁၀ နိုင်ငံ အမြင့်ဆုံး HDIs ၁၀ နိုင်ငံ အနိမ့်ဆုံး အဖရိက HDIs ၁၀ နိုင်ငံ အမြင့်ဆုံး HDIs ၁၀ နိုင်ငံ အနိမ့်ဆုံး အာရှ HDI ၁၀ နိုင်ငံ အမြင့်ဆုံး HDI ၁၀ နိုင်ငံ အနိမ့်ဆုံး ဥရောပ HDI ၁၀ နိုင်ငံ အမြင့်ဆုံး HDI ၁၀ နိုင်ငံ အနိမ့်ဆုံး HDI ဒေသ စာရင်းအင်းမရှိ ရည်ညွှန်းချက်များ ဆက်စပ်ကြည့်ရှုရန် Satisfaction with Life Index Happy Planet Index OSCE countries statistics ပြင်ပဆက်သွယ်ရေး Archive of previous global reports. ညွှန်းကိန်းများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%96%E1%80%BD%E1%80%B6%E1%80%B7%E1%80%96%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘင်္ဂလားဒေ့ရှ် (၊ ဘင်္ဂလားနိုင်ငံ ဟု အဓိပ္ပာယ်ရ) သည် တရားဝင်အမည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ () နှင့် တောင်အာရှရှိ နိုင်ငံတခု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် မြေအကျယ် စဉ်ရင် နံပါတ် ၉၂ ချိတ်သော်လည်း လူဦးရေ ၁၆၃ သန်းခန့် ရှိသဖြင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် လူအများဆုံးနိုင်ငံ ဖြစ်နေသည်။ လူနေထူသော နိုင်ငံများအနက် တစ်ခုဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် အိန္ဒိယ၊ အရှေ့တွင် မြန်မာတို့နှင့် ထိစပ်နေပြီး ကျန်အပိုင်းများမှာ ဘင်္ဂလားပင်လယ်အော်၏ ကမ်းခြေအဖြစ် ရှိသည်။ အကြီးဆုံးမြို့မှာ ဒါကာဖြစ်ပြီး ဒုတိယအကြီးဆုံးမှာ ဆိပ်ကမ်းမြို့ စစ်တကောင်း ဖြစ်သည်။ လူဦးရေ၏ ၉၈ ရာခိုင်နှုန်းမှာ ဘင်္ဂလားလူမျိုးများ ဖြစ်သည်။ ဘင်္ဂါလီမွတ်ဆလင်များသည် နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်သဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး မွတ်ဆလင်အင်အားစု ဖြစ်လျက် ရှိသည်။ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသော်လည်း မွတ်ဆလင်မဟုတ်ကလည်း လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့် ရှိသည်။ တစ်ပါတီ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဝက်မင်စတာထုံးစံ အခြေခံဥပဒေသုံး သမ္မတစနစ်ကို ယူသည်။ နိုင်ငံကို တိုင်း ၈ ခု၊ ခရိုင် ၆၄ ခု ဖွဲ့ထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး တစ်ဦးချင်းဝင်ငွေ တစ်ရိပ်ရိပ်တက်နေသဖြင့် ကမ္ဘာ့ဘဏ်က လက်ညှိုးထိုးပြစရာ နမူနာကောင်း ဖြစ်လျက်ရှိသည်။ အရှင်မွေးနှုန်း တိုးခြင်း၊ လူဦးရေ ထိန်းခြင်း၊ သဘာဝဘေး ကယ်ဆယ်ခြင်း၊ အထည်အလိပ်မှ နိုင်ငံခြားငွေ ရှာခြင်း၊ အမျိုးသမီးကဏ္ဍ တိုးတက်စေခြင်း၊ အသေးစားချေးငွေလုပ်ငန်းဖြင့် ဆင်းရဲမှုလျော့ချခြင်းတို့ကို မှတ်ကျောက်တင်စဖွယ် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သည်။ ရေရှည်ရင်ဆိုင်နေရသည့် ပြဿနာများမှာ ရိုဟင်ဂျာဒုက္ခသည်အရေး၊ အကြမ်းဖက်မှု၊ အဂတိလိုက်စားမှု၊ ဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်သော ဘေးများ ဖြစ်သည်။ အမည်ရင်းမြစ် ဘင်္ဂလား ဟူသည့် ​ဝေါဟာရ၏ မူရင်းဇစ်မြစ်ကို မသိရ​သော်လည်း "ဝင်္ဂ" ဟူ​သော အမည်မှ ဆင်းသက်လာသည်ဟု ယူဆရသည်။ ဝင်္ဂ ဟူသည်မှာ ဂင်္ဂါမြစ်ဝကျွန်း​ပေါ်​ဒေသတွင် တည်ရှိခဲ့ဖူး​သော ​ရှေး​ဟောင်းနိုင်ငံ တစ်ခု၏ အမည်ဖြစ်သည်။ ဘင်္ဂလား​ဒေ့ရှ် ဟူသည့် အမည်မှ ဒေ့ရှ် ဟူသည့် စကားလုံးမှာ နိုင်ငံ၊ နယ်​မြေဟု အဓိပ္ပာယ်ရသည့် သက္ကတစကားလုံး deśa (ဒေၐ) မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့​ကြောင့် ဘင်္ဂလား​ဒေ့ရှ် ဟူသည်မှာ ဘင်္ဂလား​နိုင်ငံဟု အနက်အဓိပ္ပာယ် ထွက်ရှိ​လေသည်။ သမိုင်း ယခုဘင်္ဂလားဒေ့ရှ်ဟု လူသိများသော ဒေသသည် ရှေးခေတ်က ရှည်လျားသော သမိုင်းကြောင်းရှိသည်။ Maurya နှင့် Gupta အင်ပါယာများ အပါအဝင် ရှေးခေတ်အိန္ဒိယရှိ အင်ပါယာအမျိုးမျိုး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုကာလတွင် ထိုဒေသသည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ပြန့်ပွားမှုကို မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ဒေလီစူလတန်နိတ် (Delhi Sultanate) နှင့် ဘင်္ဂလားစူလတန်နိတ် (Bengal Sultanate) အပါအဝင် မွတ်စလင်မင်းဆက်များ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိလာခဲ့သည်။ Bengal Sultanate ကို Turkic General Bakhtiyar Khalji မှ 1204 ခုနှစ်တွင် စတင်ခဲ့သည်။ ဘင်္ဂလားစူလတန်များသည် သာယာဝပြောသောနိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ထိုဒေသသည် သိသာထင်ရှားသော ယဉ်ကျေးမှုနှင့် စီးပွားရေးတိုးတက်မှုကို ကြုံတွေ့ရပြီး အာရှနှင့် မွတ်စလင်ကမ္ဘာ၏ အခြားအစိတ်အပိုင်းများနှင့် ကုန်သွယ်မှု ထွန်းကားခဲ့သည်။ ဘင်္ဂလားစူလတန်နိတ် လက်ထက်တွင် အစ္စလာမ်သာသနာ၏ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာခဲ့သည်။ စာပေနှင့် ယဉ်ကျေးမှု လှုပ်ရှားမှုများ ထွန်းကားလာခဲ့သည်။ Shah Muhammad Sagir နှင့် Abdul Hakim ကဲ့သို့သော ထင်ရှားသော ကဗျာဆရာများနှင့် စာရေးဆရာများသည် ပါရှားနှင့် ဘင်္ဂလီဘာသာဖြင့် ရေးစပ်ထားသော လက်ရာများဖြစ်ပြီး အစ္စလာမ်နှင့် ဒေသခံ ဘင်္ဂါလီတို့၏ ဓလေ့ထုံးတမ်းများ ပေါင်းစပ်မှုကို ထင်ဟပ်စေသည်။ ဆူဖီသူတော်စင်များနှင့် ပညာရှင်များသည် အစ္စလာမ်သာသနာပြန့်ပွားရေးနှင့် ပညာရေးမြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းသည် မြေဩဇာကောင်းသော မြေနှင့် စိုက်ပျိုးရေး ကြွယ်ဝမှုကြောင့် လူသိများသည်။ ကြံနှင့် အခြားသီးနှံများ အမြောက်အများ ရိတ်သိမ်းနိုင်စေမည့် အဆင့်မြင့် ရေသွင်းစနစ်တစ်ခု ရှိပါသည်။ ဘင်္ဂလားပြည်သည် ကမ္ဘာတစ်ဝန်းတွင် ဝယ်လိုအားများသော အထည်အလိပ်များ အထူးသဖြင့် ပိုးထည်များ ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းအတွက် အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့သည်။ စူလတန်များသည် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန်နှင့် ကူးသန်းရောင်းဝယ်ရေးကို အားပေးရန်အတွက် စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော်ခဲ့သည်။ Bengal Sultanate သည် မဂိုအင်ပါယာ (Mughal Empire)မှ Bengal ကိုသိမ်းပိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ Mughals များသည် Bengal ကို ရာစုနှစ်များစွာ အုပ်ချုပ်ခဲ့သည်။ Mughal ခေတ်တွင် ဘင်္ဂလီမူဆလင်များကို ပိုမိုကျယ်ပြန့်သော Mughal လူ့အဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးတွင် ပေါင်းစည်းမှုကို မြင်တွေ့ခဲ့ရသည်။ ဘင်္ဂလီမူဆလင်များသည် Mughal တရားရုံးတွင် အရေးပါသောရာထူးများကို ထမ်းဆောင်ခဲ့ပြီး ထိုဒေသသည် ယဉ်ကျေးမှုနှင့် စီးပွားရေးအရ ဆက်လက်ထွန်းကားခဲ့သည်။ Mughal ၏အာဏာကျဆင်းမှုသည် ဥရောပကိုလိုနီအာဏာအတွက် လမ်းခင်းပေးခဲ့ပြီး အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီသည် ဘင်္ဂလားဒေသအပေါ် တဖြည်းဖြည်းထိန်းချုပ်နိုင်ခဲ့သည်။ ဗြိတိသျှ ၏ မူဝါဒများနှင့် ဝင်ငွေတောင်းဆိုမှုများသည် ဘင်္ဂလားတွင် စိုက်ပျိုးရေးကို ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ ဗြိတိသျှတို့သည် ဘင်္ဂလားမှ ကြွယ်ဝချမ်းသာမှု အများအပြားကို ထုတ်ယူခဲ့ပြီး အရင်းအမြစ်များ သိသိသာသာ ယိုယွင်းလာခဲ့သည်။ ဘင်္ဂလား၏ အရင်းအမြစ်များမှ ပိုလျှံနေသော အရင်းအမြစ်များကို ဗြိတိသျှ စက်မှုတော်လှန်ရေးတွင် ဘဏ္ဍာငွေအဖြစ် အသုံးပြုခဲ့ပြီး ဒေသခံလူထုသည် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး ယိုယွင်းမှုဒဏ်ကို ခံစားခဲ့ရသည်။ နိုင်ငံရေးနှင့် အစိုးရ နိုင်ငံခြားဆက်ဆံရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် အထူးသဖြင့် ကုလသမဂ္ဂ၌ ကောင်းမွန်သောနိုင်ငံခြားရေးမူဝါဒကို ကြိုးပမ်းသည်။ ၁၉၇၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဓနသဟာယနိုင်ငံများအဖွဲ့ နှင့်ကုလသမဂ္ဂ တို့၌ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး နှစ်ကြိမ်တိုင် ၁၉၇၈-၁၉၇၉ နှင့် ၂၀၀၀-၂၀၀၁ ခုနှစ်များတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တောင်အာရှနိုင်ငံများ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအသင်း (South Asian Association for Regional Cooperation) တွင်အဓိကတည်ထောင်ဦးဆောင်သောနိုင်ငံ ဖြစ်ခဲ့သည်။ ပြီးခဲ့သော ခုနှစ်ပိုင်းများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးမှုဝါဒသည် တောင်အာရှတွင်း ဒေသများနှင့်သာမက အခြားအိမ်နီးချင်းနိုင်ငံများနှင့်ပါ စီးပွားရေး ပူးပေါင်းမှု လုပ်ကိုင်ရန် မျှော်မှန်းခဲ့သည်။ အိန္ဒိယ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အရေးကြီးဆုံးနှင့် ရှုပ်ထွေးသော သံတမန်အဆက်အဆံရှိသူမှာ အိန္ဒိယနိုင်ငံ ဖြစ်သည်။ သမိုင်းများအရသော်လည်းကောင်း ယဉ်ကျေးမှုအရသော်လည်းကောင်း အဆက်အဆံရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပါကစ္စတန်နိုင်ငံမှ လွတ်မြောက်အောင် အိန္ဒိယ၏ ပါဝင်ခဲ့မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့သည်။ ပြည်တွင်းနိုင်ငံရေးဆွေးနွေးမှုများတွင်လည်း အရေးပါလာစေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံကြားဆက်ဆံရေးသည် လွတ်လပ်ရေးတိုက်ပွဲနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံ၏ ကူညီမှုများကြောင့်အကောင်းမြင်မှုများဖြင့် စတင်ခဲ့သည်။ နှစ်ကာလအတန်ကြာသောအခါ နှစ်နိုင်ငံဆက်ဆံရေးသည် ကိစ္စအမျိုးမျိုးကြောင့် မတည်ငြိမ်ခဲ့ပေ။ အဓိကနှစ်နိုင်ငံ တင်းမာမှုဖြစ်သည်မှာ ဖရဖ်ခဆည် Farakka Dam ကြောင့်ဖြစ်သည်။ ၁၉၇၅ တွင် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နမိတ်နှင့် ၁၀.၃ မိုင်(၁၆.၆ ကီလိုမီတာ)အကွာ ဂင်္ဂါမြစ်ပေါ်တွင် ဆည် ဆောက်လုပ်ခဲ့သည်။ ဆည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လိုအပ်သောရေပမာဏတို့ကို လမ်းလွဲသွားစေပြီး နိုင်ငံမှ ခံစားနေရသောသဘာ၀ဘေးအန္တရာယ်ကိုသာမက လူလုပ်ဘေးအန္တရာယ်ကို တိုးလာစေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပြခဲ့သည်။ သို့ဖြစ်ပင်စေကာမူ၊ နှစ်နိုင်ငံဒေသတွင်း လုံခြုံရေး၊ ၊ တောင်အာရှစီးပွားရေး ပှုပေါင်းလုပ်ကိုင်မှုများ အတွက် ကောင်းမွန်သောဆက်ဆံရေး ဖြစ်ပေါ်ရန် အရေးကြီးကြောင်း ရိပ်စားမိကြသည်။ ၂၀၀၉ တွင် ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့များသည် နိုင်ငံနယ်နမိတ် ဒေသများတွင် ပုန်းအောင်းနေသော အိန္ဒိယနိုင်ငံသား သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ပြီး ခေါင်းဆောင်များကို ဖမ်းဆီးကာနိုင်ငံမှနှင်လွှတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံသည် နီပေါ၊ ဘူတန်တို့နှင့်အတူ ဒေသတွင်းအဆက်အဆံရှိရေးနှင့် စီးပွားရေးပူပေါင်းလုပ်ဆောင်မှုများ ဖွံဖြိုးလာရန် သဘောတူထားခဲ့ကြသည်။ အိန္ဒိယအ‌ရှေ့ပိုင်း ပြည်နယ်များ သာမက နီပေါနှင့် ဘူတန်တို့ကလည်းပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းနှင့် မောင်ဂါလာဆိပ်ကမ်းတို့ကို ဝင်ရောက် လိုကြသည်။ မြန်မာ ဘင်္ဂလားသားတို့ နိုင်ငံခွဲသည့်အခါ ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံများတွင် မြန်မာ ပါသည်။ ဒေသတွင်း အကျိုးအမြတ်များ၊ ရိုဟင်ဂျာဒုက္ခသည်အရေး၊ စစ်အစိုးရအုပ်ချုပ်စဉ် သီးသန့်နေဝါဒများကြောင့် ဆက်ဆံရေး အေးသွားသည်။ ၂၀၁၂ ခုတွင် ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းကိစ္စနှင့် ပတ်သက်၍ ရေပိုင်နက်ကိစ္စ ဝိဝါဒဖြစ်ရပြီး နိုင်ငံတကာပင်လယ်ပြင်ဆိုင်ရာ အဆုံးအဖြတ်ခုံရုံးသို့ နှစ်ဖက်ဆိုင် ဖြေရှင်းရသည်။ ၂၀၁၆-၁၇ ကာလများတွင် ရခိုင်ရှိ ရိုဟင်ဂျာ ၇၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်လာရာ ကုလသမဂ္ဂသို့ အကြောင်းကြားရသည်။ ထိုအရေးကို ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုဟု ခေါင်းစဉ်တပ်ထားသည်။ တရုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အလွန်နွေးထွေးသောဆက်ဆံရေးကို နှစ်သက်ခဲ့သည်။ အထူးသဖြင့် လွန်ခဲ့ပြီးသော ဆယ်စုနှစ်များတွင် စီးပွားရေးပူပေါင်းဆောင်ရွက်မှုများ နှစ်နိင်ငံကြား တိုးမြင့်ခဲ့သည်။၂၀၀၆-၂၀၀၇ ခုနှစ်များတွင် နှစ်နိင်ငံကြားကုန်သွယ်မှုသည် ၂၈.၅ % ထိတိုးတက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့၏ အမျိုးမျိုးသော ကုန်ပစ္စည်းတို့သည် တရုတ်ဈေးကွက်တွင်အခွန်ကင်းလွတ်ခွင့် သဘောတူညီမှု ရရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်စစ်တပ် (Military of Bangladesh) နှင့် လွတ်မြောက်ရေး တပ်မတော် (People's Liberation Army) ပူးပေါင်းမှုမှာ စစ်တပ်ပှုးပေါင်းမှု သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းနှင့် အတူ မြင့်တက်ခဲ့သည်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံမှ လက်နက်ငယ်သာမက တရုတ်နိုင်ငံလုပ် သေးငယ် မြန်ဆန်သော ဒုံးပစ်ရေယဉ် Type 053H1 ကဲ့သို့ ကြီးမားသော တိုက်ရေယဉ်များအထိ ဝယ်ယူခဲ့သည်။ အမေရိကန်ပြည်ထောင်စု အမေရိကန်ပြည်ထောင်စုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့ဖြိုးတိုးတက်မှု အဓိက မိတ်ဖက်နိုင်ငံဖြစ်ပြီး ၁၉၇၂ ခုနှစ်ကတည်းက ယနေ့အထိ သန်း ၆,၀၀၀ ကျော်ညီမျှသော ထောက်ပံ့မှုများ ပေးခဲ့သည်။ အမေရိကန်ကုမ္မဏီများ ဖြစ်သည့် ရှပ်ဖ်ဖရွမ် (Chevron) နှင့် ကိုနိုကိုဖီးလစ် (ConocoPhillips) တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘာ၀ဓာတ်ငွေ့လုပ်ငန်းများတွင် အဓိက ရင်းနှီးမြုပ်နှံမှုများနှင့်အတူ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ ဖြစ်ကြသည်။ အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထွက်ကုန်များအတွက်လည်း အကြီးမားဆုံး ဈေးကွက်တစ်ခု ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန် ဦးဆောင်သော (US-led coalition) ၁၉၉၁ အတောအတွင်း ကူဝိတ်နိုင်ငံလွတ်မြောက်ရေး တိုက်ပွဲ၊ ပင်လယ်ကွေ့ စစ်ပွဲ တွင်ပါဝင်ပူးပေါင်းခဲ့ပြီး အမေရိကန် ဦးဆောင်သော အာဖဂန်နစ္စတန်နိုင်ငံ ၏ ပြန်လည်ထူထောင်ရေးတွင် ထောက်ပံ့ပေးခဲ့သည်။ အမေရိကန် စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၉၁ ဘင်္ဂလားဒေ့ရှ် ဆိုင်ဂလုံးနှင့် ဆိုင်ဂလုံး ဆီဒါ ဝင်ရောက်မှုတို့အပါအဝင် လွန်စွာဆိုးရွားခဲ့သော အမျိုးမျိုးသော ရေလွှမ်းမှုများ နှင့် ဆိုင်ကလုံးမုန်တိုင်းဝင်ရောက်ခဲ့မှုများအတွက် ဘေးအန္တရာယ် ထိန်းချုပ်မှုနှင့် ဆေးဝါး နှင့် အစားသောက် ထောက်ပံ့မှုများတွင်လည်း ပါဝင်ခဲ့ကြသည်။ စစ်အင်အား ၂၀၁၂ နှစ်တွင်၊ စစ်တပ်တောင့်တင်းမှုမှာ ကြည်းတပ် ၃၀၀,၀၀၀ နီးပါး၊ လေတပ် ၂၂,၀၀၀ နှင့် ရေတပ် ၁၉,၀၀၀ ရှိသည်။ ထို့အပြင် စစ်တပ်သည် ဖြစ်ရိုးဖြစ်စဉ် ကာကွယ်မှုအပိုင်းများအရ မြို့ပြအုပ်ချုပ်သူများကို ဘေးအန္တရာယ်မှကင်းလွတ်ရေး၊ နိုင်ငံ ဆူပူအုံကြွမှုတွင် ပြည်ထဲရေး လုံခြုံရေး အတွက် တာဝန်ယူပေးရသည်။ ယခုအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်နွဲနေသော စစ်ပွဲမရှိပေ။ သို့သော် ၁၉၉၁ခုနှစ် ဂန္တာရ မုန်တိုင်း စစ်ဆင်ရေး Operation Desert Storm တွင် စစ်သား ၂,၃၀၀ ပါဝင်ပူးပေါင်းခဲ့ပြီး ကုလသမ္မဂ ငြိမ်းချမ်းရေးမှု ထိမ်းသိမ်းရေး အင်အားစု UN peacekeeping forces တွင် စစ်သား ၁၀,၇၃၆ ပါဝင် ထောက်ပံ့ခဲ့ပြီး ကမ္ဘာ့ပေါ်တွင် အရေအတွက် အများဆုံးပူးပေါင်းပါဝင်သူ ဖြစ်သည်။ မေလ၊ ၂၀၀၇ ခုနှစ်တွင် အဓိက စစ်တပ် ရွေ့ပြောင်းမှုများသည် ကွန်ဂို(Democratic Republic of Congo) ၊ လိုင်ဘီးရီးယား ၊ စူတန် (Sudan) ၊ တီမော-လပ်စ်တီ (Timor-Leste) နှင့် ကုတ်တဘွား (Côte d'Ivoire) တို့တွင်ရှိခဲ့သည်။ တိုင်း များ ဘာရီဆယ် စစ်တကောင်း ဒါကာ ခူနာ မိုင်မန်ဆင်း ရာရှာဟီ ရန်ပူရ် ဆေးဟက် ပထဝီနှင့် ရာသီဥတု သိပ္ပံနှင့် နည်းပညာ ယခင်ကရှိသော ဒါကာ (၁၉၅၅)၊ ရာရှာဟီ (၁၉၆၅) နှင့် စစ်တကောင်း (၁၉၆၇) တို့ရှိ အရှေ့ပါကစ္စတန် ဒေသဆိုင်ရာလက်တွေ့ခန်း ၃ ခုကို စုစည်းကာ ဘင်္ဂလားဒေ့ရှ် သိပ္ပံနည်းနာနှင့် စက်မှုဆိုင်ရာ သုတေသနကောင်စီ ဟူ၍ ၁၉၇၃ ခုတွင် ထောင်သည်။ ဘင်္ဂလားဒေ့ရှ်၏ အာကာသအေဂျင်စီ ဆပါဆို (SPARRSO) ကို ၁၉၈၃ တွင် အမေရိကန်အကူအညီနှင့် စနိုင်ခဲ့သည်။ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု ဘင်္ဂဘန္ဒူ-၁ ကို အမေရိကန်ရှိ ဂြိုဟ်တုလွှင့်ရပ်မှတဆင့် အာကာသသို့ ပို့သည်။ ဘင်္ဂလားဒေ့ရှ် အနုမြူစွမ်းအင် ကော်မရှင် သည် ဆဗာ (ဒါကာပြည်နယ်မှ မြို့တမြို့) ၌ သုတေသနရီရတ္တာတခုကို ထိန်းကျောင်းနေသည်။ ၂၀၁၅ ခုတွင် အိုင်တီလုပ်ငန်းများ အလုပ်ပို့ အခံရဆုံး နိုင်ငံစာရင်းတွင် ကမ္ဘာ့အဆင့် ၂၆ ချိတ်သည်။ လူဦးရေပြန့်နှံ့ နေထိုင်မှု အယူဘာသာများ ဘင်္ဂလား​ဒေရှ့်နိုင်ငံ၏ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ နိုင်ငံ​တော်ဘာသာမှာ အစ္စလာမ်ဘာသာဖြစ်ပြီး နိုင်ငံလူဦး​ရေ၏ ၉၀ရာခိုင်နှုန်းခန့်က ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သူအများစုမှာ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြသည်။ ဒုတိယကိုးကွယ်မှု အများဆုံးဘာသာမှာ ဟိန္ဒူဘာသာ ဖြစ်ပြီး နိုင်ငံလူဦး​ရေ၏ ၈.၅ ရာခိုင်နှုန်းက ကိုးကွယ်ကြသည်။ တတိယကိုးကွယ်မှု အများဆုံးမှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး နိုင်ငံလူဦး​ရေ၏ ၀.၇ ရာခိုင်နှုန်းသာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ အများစုမှာ ချက္ကမ၊ မရမာ၊ တန်ချန်းယာ၊ ရခိုင်၊ ဘရူဝါ စ​သော လူနည်းစု တိုင်းရင်းသားများ ဖြစ်ကြပြီး စစ်တ​ကောင်းတိုင်း​ဒေသကြီးတွင် ​နေထိုင်ကြသည်။ ခရစ်ယာန်ဘာသာမှာ ကိုးကွယ်မှုအနည်းဆုံးဖြစ်ပြီး နိုင်ငံလူဦး​ရေ၏ ၀.၄ ရာခိုင်နှုန်းသာ ခရစ်ယာန်များ ဖြစ်ကြသည်။ ယဉ်ကျေးမှု ဘင်္ဂလားဒေ့ရှ် ယဉ်ကျေးမှုသည် ဘင်္ဂလီမူဆလင်များ အပါအဝင် ဘာသာစကားမျိုးစုံနှင့် လူမျိုးစုများ လွှမ်းခြုံပြီး ကြွယ်ဝပြီး ကွဲပြားသည်။ ဘင်္ဂလီမူဆလင်များသည် ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် အစ္စလာမ်ဘာသာကို ၎င်းတို့၏ဘာသာအဖြစ် လိုက်နာကြပြီး ဘင်္ဂလီရိုးရာဓလေ့ထုံးတမ်းများကို အစ္စလာမ့်အလေ့အကျင့်များနှင့် ရောနှောထားသော ထူးခြားသော ယဉ်ကျေးမှုလက္ခဏာတစ်ခုရှိသည်။ ဘင်္ဂလီမူဆလင်များသည် ဘင်္ဂါလီဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြသည်။ ကဗျာဆရာများ၊ ပညာရှင်များနှင့် စာရေးဆရာများ၏ ထင်ရှားသော လက်ရာများဖြင့် ကြွယ်ဝသော စာပေအမွေအနှစ်များကြောင့် လူသိများသည်။ Kazi Nazrul Islam နှင့် Jashimuddin ကဲ့သို့သော ကျော်ကြားသော ကဗျာဆရာများ၏ လက်ရာများသည် ဘင်္ဂလီစာပေများကို လွှမ်းမိုးခဲ့သည်။ ဘင်္ဂလီများသည် Eid အပါအဝင် ဘာသာရေးပွဲတော်များကို ကျင်းပကြသည်။ ပွဲတော်များတွင် ဆုတောင်းပွဲများ၊ လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းနှင့် ရိုးရာဝတ်စုံများ ဝတ်ဆင်ခြင်းတို့ဖြင့် အမှတ်အသားပြုကြသည်။ ဘင်္ဂလီဟင်းလျာသည် ၎င်း၏အရသာနှင့် ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုခြင်းကြောင့် နာမည်ကြီးသည်။ လူကြိုက်များသော ဟင်းလျာများတွင် biryani၊ kebabs၊ korma နှင့် ငါးပြင်ဆင်မှု အမျိုးမျိုးတို့ ပါဝင်သည်။ ဘင်္ဂလီလူ့အဖွဲ့အစည်းသည် ဧည့်ဝတ်ကျေပွန်မှုနှင့် အသိုက်အဝန်းအပေါ် အလေးပေးထားသည်။ လူ့အဖွဲ့အစည်းသည် ပရဟိတနှင့် ပရဟိတလုပ်ငန်းများမှတစ်ဆင့် ရပ်ရွာကို ပြန်လည်ပေးကမ်းမှုကို အလေးပေးသည်။ အားကစား ဆက်စပ်ကြည့်ရှုရန် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာ ရည်ညှန်းချက်များ တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AC%E1%80%B8%E1%80%92%E1%80%B1%E1%80%B7%E1%80%9B%E1%80%BE%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံ အား ကမ္ဗောဇ ဟုလည်း သိကြပြီး တရားဝင်အမည်မှာ ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ ဖြစ်ကာ အရှေ့တောင်အာရှရှိ အင်ဒိုချိုင်းနားကျွန်းဆယ် တောင်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဧရိယာအားဖြင့် ရှိပြီး အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ နှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ တို့နှင့် ထိစပ်လျက် တည်ရှိသည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် လူဦးရေအားဖြင့် ၁၅ သန်းကျော် ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗုဒ္ဓဘာသာသည် နိုင်ငံတော် ဘာသာအဖြစ်ပြဋ္ဌာန်းထားကာ လူဦးရေ၏ ၉၇% ကျော် ကိုးကွယ်ကြသည်။ ကမ္ဘောဒီးယားရှိ လူနည်းစု လူမျိုးများမှာ ဗီယက်နမ်၊ တရုတ်၊​ချမ် နှင့် တောင်ကုန်းနေ လူမျိုးစု ၃၀ တို့ ဖြစ်ကြသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဖနွမ်းပင်မြို့ ဖြစ်ပြီး နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနလည်း ဖြစ်သည်။ နိုင်ငံသည် ရွေးကောက်ခံ စည်းမျဉ်းခံ ဘုရင်စနစ် ဖြစ်ပြီး လက်ရှိဘုရင်မှာ နိုရိုဒွန် ဆီဟာမိုနီ ဖြစ်ကာ တော်ဝင်ပလ္လင်ကောင်စီမှ နိုင်ငံ၏ အကြီးအမှူး အဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ် ဖြစ်ပြီး လက်ရှိဝန်ကြီးချုပ်မှာ ဟွန်မာနက် ဖြစ်သည်။ အေဒီ ၈၀၂ ခုနှစ်တွင် ဒုတိယ ဂျာယာဗာမန် က သူ့ဘာသာ ဘုရင်အဖြစ် ကြေညာခဲ့ပြီး စစ်တိုက်နေကြသော ချန်လာ ခမာမင်းသားများကို "ကမ်ဘူဂျာ" အမည်အောက်တွင် စုစည်းခဲ့သည်။ ထိုအချိန်သည် ခမာ ဧကရာဇ်နိုင်ငံတော် စတင်ပေါ်ထွန်းခဲ့သော အချိန်ဖြစ်ပြီး နှစ်ပေါင်း ၆၀၀ ကျော်အောင် စည်ပင်ထွန်းကားခဲ့ကာ ဘုရင်မင်းဆက် ဆက်တိုက်တို့အား အရှေ့တောင်အာရှတစ်ဝှမ်းအား ထိန်းချုပ် ဩဇာလွှမ်းမိုးနိုင်စေခဲ့ပြီး တန်ခိုးအာဏာနှင့် စည်းစိမ် အမြောက်အမြားကို စုစည်းနိုင်ခဲ့သည်။ အိန္ဒိယပုံသဏ္ဌာန် တိုင်းပြည်မှာ အရှေ့တောင်အာရှ နေရာ အများစုအား ပထမဦးစွာ ဟိန္ဒူဘာသာ နောင်တွင် ဗုဒ္ဓဘာသာ ပျံ့နှံ့စေခဲ့ပြီး ဒေသတဝှမ်းတွင် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်း အမြောက်အမြားကို အကောင်အထည်ဖော်ခဲ့ကာ အန်ကော တစ်နေရာတည်းတွင်ပင် ပုထိုး နှင့် အထိမ်းအမှတ်အဆောက်အအုံ ၁,၀၀၀ ကျော်ကို တည်ဆောက်ခဲ့သည်။ အန်ကောဝပ် သည် ထိုအဆောက်အအုံများထဲတွင် အထင်ရှားဆုံးဖြစ်ပြီး ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းသွင်းခဲ့သည်။ ၁၅ ရာစုတွင် ခမာအင်ပိုင်ယာမှ အုပ်စိုးသော အယုဒ္ဓယပြည်၏ ပုန်ကန်မှု အပြီးတွင် ကမ္ဘောဒီးယား၏ ဩဇာအာဏာ ကျဆင်းလာခဲ့သည်။ ကမ္ဘောဒီးယား အနေနှင့် ဩဇာကြီးမားသော အိမ်နီးချင်း တိုင်းပြည်နှစ်ခုနှင့် ရင်ဆိုင်ရပြီး တစ်ခုမှာ ထိုင်းနိုင်ငံ၏ အယုဒ္ဓယပြည် ဖြစ်ကာ နောက်တစ်ခုမှာ ဗီယက်နမ်၏ ငုယင်မင်းဆက် ဖြစ်၍ ကမ္ဘောဒီးယား၏ ကံကြမ္မာအတွက် အဆိုးဘက်သို့ ဦးတည်စေခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် ကမ္ဘောဒီးယားသည် ပြင်သစ်၏ အစောင့်အရှောက်ခံနိုင်ငံ ဖြစ်လာခဲ့ပြီး နောက်တွင် အရှေ့တောင်အာရှ ပြင်သစ် အင်ဒိုချိုင်းနားသို့ သွတ်သွင်းခြင်း ခံခဲ့ရသည်။ ကမ္ဘောဒီးယားသည် ပြင်သစ်ထံမှ ၁၉၅၃ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၆၅ တွင် ဗီယက်နမ် စစ်ပွဲသည် ဟိုချီမင်း၏ လမ်းကြောင်းဖြန့်ကျက်မှု နှင့် သီဟာနု၏ လမ်းကြောင်းတည်ဆောက်မှုတို့ကြောင့် ကမ္ဘောဒီးယား အထိ ရောက်ရှိလာခဲ့သည်။ ထို့အတွက်ကြောင့် အမေရိကန်တို့မှ ၁၉၆၉ မှ ၁၉၇၃ အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် ကမ္ဘောဒီးယားလည်း ပါဝင်ခဲ့သည်။ ၁၉၇၀ ကမ္ဘောဒီးယား အာဏာသိမ်းမှု အပြီးတွင် အမေရိကန်ဘက်ယိမ်းသော လက်ယာဝါဒီ ခမာသမ္မတနိုင်ငံ အစိုးရ အာဏာရလာခဲ့ပြီး သီဟာနု ဘုရင်မှ သူ၏ ယခင်ရန်သူဖြစ်သော ခမာနီတို့ကို ထောက်ခံခဲ့သည်။ ဘုရင်နှင့် မြောက်ဗီယက်နမ် တို့၏ ထောက်ခံမှုကြောင့် ခမာနီတို့သည် အင်အားကြီးမားလာခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ဖနွမ်းပင်ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် ခမာနီတို့က ကမ္ဘောဒီးယား လူမျိုးတုန်း သတ်ဖြတ်မှုကို ၁၉၇၅ မှ ၁၉၇၉ အထိ ကျူးလွန်ခဲ့ကြပြီး ၁၉၇၉တွင် ဗီယက်နမ် နှင့် ဗီယက်နမ်မှ ကျောထောက်နောက်ခံပေးထားပြီး ကမ္ဘောဒီးယား-ဗီယက်နမ်စစ်ပွဲအတွင်း ဆိုဗီယက်ပြည်ထောင်စုမှ ထောက်ပံ့ပေးသော ကမ်ပူးချားပြည်သူ့သမ္မတနိုင်ငံ အစိုးရ မှ ၎င်းတို့ကို ဖြုတ်ချလိုက်သည် အထိ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ပဲရစ်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုအပြီးတွင် ကမ္ဘောဒီးယားအား ကုလသမဂ္ဂ မစ်ရှင်မှ ၁၉၉၂-၉၃ တွင် ခဏတာမျှ အုပ်ချုပ်ခဲ့သည်။ ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကျင်းပပြီး ၉၀ ရာခိုင်နှုန်းမျှသော မဲပေးပိုင်ခွင့်ရှိသူတို့ မဲပေးပြီးသော အခါတွင် ကုလသမဂ္ဂတပ်များ ကမ္ဘောဒီးယားမှ ရုပ်သိမ်းခဲ့သည်။ ၁၉၉၇ ခုနှစ် အစိုးရအတွင်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ဝန်ကြီးချုပ်ဟွန်ဆန် တို့မှ အစိုးရကို ဖြုတ်ချခဲ့ပြီး ၂၀၂၀ ခုနှစ်တိုင်အောင် ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်သည်။ ကမ္ဘောဒီးယားသည် ၁၉၅၅ ခုနှစ်မှစ၍ ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး အာဆီယံအဖွဲ့၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုအဖွဲ့ နှင့် လာဖရန်ကိုဖုန်းနီ အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံခြား အဖွဲ့အစည်းများစွာတို့၏ အဆိုအရ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု နေရာအနှံ့အပြားတွင် ရှိသည်ဟု ဆိုပြီး ခြစားမှု နေရာအနှံ့အပြား ရှိသည့်အပြင် နိုင်ငံရေးဆိုင်ရာ လွတ်လတ်မှု ကင်းမဲ့ကာ လူထုဖွံ့ဖြိုးမှု နိမ့်ကျ၍ ငတ်မွတ်မှု မြင့်မားသည် ဟု ဆိုသည်။ ကမ္ဘောဒီးယားအား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အရှေ့တောင်အာရှ ဒါရိုက်တာ ဒေးဗစ်ရောဘတ်မှ "အာဏာရှင်ဆန်သော ညွှန့်ပေါင်း နှင့် အပေါ်ယံ ဒီမိုကရေစီ" ဟု ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံ လစ်ဘရစ်ဒီမိုကရေစီ ဟု ပြဋ္ဌာန်းထားသော်လည်း နိုင်ငံအား ၂၀၁၈ ခုနှစ်အထိ တစ်ပါတီတည်းကသာ အုပ်ချုပ်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူတစ်ဦးချင်း ဝင်ငွေ့ နိမ့်ကျသော်လည်း ကမ္ဘောဒီးယားသည် အာရှတွင် တိုးတက်မှုအမြန်ဆုံး စီးပွားရေး ရှိသည့် နိုင်ငံ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက ဖွံ့ဖြိုးမှုနှုန်းမှာ ၇.၆ ရာခိုင်နှုန်း ရှိသည်။ စိုက်ပျိုးမွေးမြူရေးသည် အဓိက စီးပွားရေး ကဏ္ဍအဖြစ် ဆက်လက်ရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာကုန်သွယ်ရေး တိုးတက်လာမှုကြောင့် ချည်မျှင်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့တွင် ကောင်းမွန်သော ဖွံ့ဖြိုးမှု ရှိသည်။. ကုလသမဂ္ဂမှ ကမ္ဘောဒီးယားအား ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။ အမေရိကန်ပြည်ထောင်စု၏ ၂၀၁၅ ခုနှစ် ကမ္ဘာ့တရားမျှတမှု စီမံကိန်း၏ တရားဥပဒေ စိုးမိုးမှု ကိန်းညွှန်းမှ နိုင်ငံပေါင်း ၁၂၆ နိုင်ငံတွင် ကမ္ဘောဒီးယားအား အဆင့် ၁၂၅ သတ်မှတ်ထားပြီး ဒေသအတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နောက်ရောက်သည်။ အမည်ရင်းမြစ် "ကမ္ဘောဒီးယားဘုရင့်နိုင်ငံ" သည် ကမ္ဘောဒီးယားနိုင်ငံ၏ တရားဝင်ရုံးသုံးအမည် ဖြစ်သည်။ ကမ္ဘောဒီးယား ဆိုသော အမည်မှာ ပြင်သစ်ဘာသာစကား ကမ်ဘိုဒေ့ (Cambodge) မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ပြင်သစ်စကားမှာလည်း ဒေသခံတို့၏ ခမာစကား ကမ်ပူးချားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားဆိုသော အသုံးအနှုန်းကို ဥရောပတွင် အစောဆုံး သုံးနှုန်းထားသည်ကို တွေ့ရှိရသည်မှာ ၁၅၂၄ ခုနှစ်တွင် ဖြစ်ပြီး အီတလီ စွန့်စားရှာဖွေသူ ဖာဒီနန် မက်ဂျဲလန်၏ ကမ္ဘာတခြမ်း ခရီးစဉ်တွင် လိုက်ပါသူ အန်တိုနီယို ပီဂါဖက်တာမှ သူ၏ စာတွင် "ကာမိုဂျီးယား" ဟု ရည်ညွှန်းခဲ့သည်။ ကမ္ဘောဒီးယားလူမျိုးများသည် သူတို့၏ နိုင်ငံကို "ဆော့ခမာ" ဟု ညွှန်းဆိုလေ့ရှိပြီး အဓိပ္ပာယ်မှာ "ခမာတို့၏မြေ" ဖြစ်သည်။ သို့သော် ပိုမို၍ တိကျသော အခေါ်အဝေါ်အနေနှင့် "ပရာတေး ကမ်ပူးချား" ဟု သုံးနှုန်းပြီး "ကမ်ပူးချားတို့၏ နိုင်ငံ" ဟု အဓိပ္ပာယ်ရသည်။ အနောက်ကမ္ဘာတွင် "ကမ္ဘောဒီးယား" ဟု အမြဲတစေ ရည်ညွှန်းလေ့ ရှိသော်လည်း အရှေ့တိုင်းနိုင်ငံများတွင် ကမ္ဘောဒီးယား အစား ကမ်ပူချီးယား ဟူ၍ အသံထွက်လေ့ရှိသည်။ သမိုင်း သမိုင်းမတင်မီကာလ ယနေ့ခေတ် ကမ္ဘောဒီးယားနိုင်ငံနေရာတွင် ပလိုင်စတာဆင်း ခေတ်က လူတို့နေထိုင်ခဲ့ကြောင်း သက်သေအထောက်အထားများကို ကျဲပြန့်တွေ့ရှိရပြီး သလင်းနှင့် သလင်းအသွင်ပြောင်း ကျောက်လက်နက်ကိရိယာများမှာ ၎င်းတို့၏ သက်တမ်းသက်မှတ်ခြင်းမှာ ယုံကြည်ရလောက်သော အခြေအနေမရှိသော်လည်း မဲခေါင်မြစ် တစ်လျှောက်ရှိ ကုန်းမြေအဆင့်ဆင့် ဖြစ်နေရာ နေရာများ၊ စတန်ထရန်ပြည်နယ်၊​ကရာတီပြည်နယ် နှင့် ကမ်ပေါ့ပြည်နယ်တို့တွင် တွေ့ရသည်။ အချို့သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများမှ ဟိုလိုဆင်းခေတ်အတွင်း မုဆိုး-ရှာဖွေစုဆောင်းသူ အုပ်စုများ ဒေသအတွင်း နေထိုင်ခဲ့ကြောင်း ပြသနေသည်။ ကမ္ဘောဒီးယားတွင် ရှေးအကျဆုံးတွေ့ရသော ရှေးဟောင်းသုတေသနဒေသမှာ ဘတ်တမ်ဘမ်ပြည်နယ်ရှိ "လန်းစပင်း" လှိုဏ်ဂူ ဖြစ်ပြီး ဟိုဘင်ဟျန်ခေတ်မှ ဖြစ်သည်။ အနိမ့်ပိုင်း မြေလွှာများအား တူးဆွပြီး ရေဒီယိုကာဘွန်နည်းဖြင့် သက်တမ်းသတ်မှတ်ရာတွင် ဘီစီ ၆၀၀၀ ခန့်ကို ညွှန်ပြနေသည်။ ထိုနေရာတွင်ပင် အထက်ပိုင်းမြေလွှာများကို တူးဆွရာ ကျောက်ခေတ်သစ်သို့ ကူးပြောင်းခြင်းဆိုင်ရာ အထောက်အထားများကို တွေ့ရပြီး ကမ္ဘောဒီးယားရှိ အစောဆုံးသက်တမ်းရှိသော မြေထည်ကြွေထည်များ ပါဝင်သည်။ ဟိုလိုဆင်းခေတ် နှင့် သံခေတ်ကြားမှ ရှေးဟောင်းသုတေသန တွေ့ရှိချက်မှာလည်း ရှားပါးသည်။ ကမ္ဘောဒီးယား သမိုင်းမတီမီခေတ်၏ အရေးပါသော ဖြစ်ရပ်မှာ မြောက်ဘက်မှ ပထမဆုံး ဆန်စပါးစိုက်ပျိုးသူလည်သမားများ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘီစီ ၃ ထောင်စုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့သည်။ ကမ္ဘောဒီးယားတွင် တွေ့ရသော စိတ်ဝင်စားစရာအကောင်းဆုံး သက်သေအထောက်အထားများမှာ အမျိုးမျိုးသော စက်ဝိုင်းပုံ မြေဖို့ခြင်းများ ဖြစ်ပြီး မမ်မော့အနီး မြေသားနီများတွင် လည်းကောင်း ဗီယက်နမ်နှင့် နီးစပ်သော ဒေသများတွင်လည်းကောင်း ၁၉၅၀ ခုနှစ်များ၏ နှောင်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့၏ အသုံးပြုမှုနှင့် သက်တမ်းမှာ အငြင်းပွားနေဆဲဖြစ်သော်လည်း အချို့မှာ ဘီစီ ၂ ထောင်စုနှစ် အတွင်းက ဖြစ်နိုင်သည်။ အချိန်ကာလ အတိအကျသတ်မှတ်၍ မရသော အခြား သမိုင်းမတင်မီခေတ်ဒေသများမှာ ၁၈၇၅ တွင် ပထမဆုံး စတင် စူးစမ်းခဲ့သော နေရာဖြစ်သည့် ဆမ်ရောင်း ဆန် (ရှေးဟောင်းမြို့တော် အူဒေါင် နှင့် သိပ်မဝေးသောနေရာ) နှင့် မြောက်ပိုင်းပြည်နယ် ဘွန်တေးမူရှေး အတွင်းရှိ "ဖွမ်စနေး" တို့ဖြစ်သည်။ ဖွန်စနေးတွင် တူးဖော်မှုများအရ သင်္ချိုင်း ၂၁ ခုကို တွေ့ရှိရပြီး ထိုအတွင်း၌ သံလက်နက်များနှင့် ဦးခေါင်းဒဏ်ရာများတွေ့ရှိရသဖြင့် ရှေးအခါက ပဋိပက္ခရှိခဲ့ကြောင်း ညွှန်ပြနေပြီး အန်ကောရှိ မြို့ကြီးများနှင့် ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ရာတာနာကိရိ တွင် သတ္တုတွင်း တူးဖော်ရာ၌ သမိုင်းမတင်မီခေတ်က လက်မှုပစ္စည်းများကို မကြာခဏတွေ့ရလေ့ ရှိသည်။ သံကို ဘီစီ ၅၀၀ ခန့်တွင် စတင် အသုံးပြုခဲ့ပြီး အထောက်အထားများကို ယနေ့ခေတ် ထိုင်းနိုင်ငံနေရာဖြစ်သော ခိုရတ်ကုန်းမြင့်တွင် တွေ့ရသည်။ ကမ္ဘောဒီးယားတွင် သံခေတ် အခြေချနေထိုင်မှုများကို ဘက်ဆေးချမ်ကရောင် ပုထိုး နှင့် အခြားသော အန်ကောခေတ် ပုထိုးများ၏ အောက်ခြေတွင် တွေ့ရပြီး စက်ဝိုင်းပြီးမြေဖို့ခြင်းများကို အန်ကော၏ အနောက်မြောက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိသော "လိုဗီး" ၏ အောက်ခြေတွင် တွေ့ရသည်။ လူသေမြှုပ်နှံမှုများသည် အခြားတွေ့ရှိမှုများထက် ပိုများပြီး စားရေရိက္ခာ ရရှိမှု တိုးတက်လာခြင်း နှင့် ကုန်သွယ်ခြင်း ( ခရီးရှည် ကုန်သွယ်ခြင်းပင် ရှိသည်။ ဘီစီ ၄ ရာစုတွင် အိန္ဒိယနှင့် ကုန်သွယ်ရေးမှာ စတင်နေပြီ ဖြစ်သည်။)တို့အပြင် လူမှုအဆင့်အတန်း နှင့် အလုပ်သမားအဖွဲ့အစည်းများ ရှိကြောင်းလည်း သက်သေပြနေသည်။ သံခေတ်မှ တွေ့ရှိရသော လက်မှုပစ္စည်းများတွင် ဖန်ပုတီးများမှာ အရေးပါသော အထောက်အထား ဖြစ်သည်။ အမျိုးမျိုးကွဲပြားသော ဖန်ပုတီးများကို ကမ္ဘောဒီးယား တစ်ဝှမ်းရှိ ဒေသအချို့တွင် တွေ့ရှိရပြီး အနောက်မြောက်ဘက်ရှိ ဖွန်စနေး နှင့် အရှေ့တောင်ပိုင်းရှိ ပရိုဟီးယားတို့တွင် တွေ့ရှိရသဖြင့် ထိုအချိန်က ပင်မ ကုန်သွယ်ရေး ကွန်ယက် နှစ်ခု ရှိကြောင်း ပြသနေသည်။ ထိုကွန်ယက်နှစ်ခုမှာ အချိန်နှင့် နေရာ ကွာခြားနေသဖြင့် အေဒီ ၂ ရာစု မှ ၄ ရာစု အတွင်း ကွန်ယက်တစ်ခုမှ အခြားကွန်ယက်တစ်ခု သို့ ရွှေ့ပြောင်းခဲ့သည်ဟု ညွှန်ပြနေပြီး လူပတ်ဝန်းကျင် နိုင်ငံရေးဆိုင်ရာ ဩဇာအာဏာ ပြောင်းလဲသွားခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။ အန်ကောမတိုင်မီခေတ် နှင့် အန်ကောခေတ် အေဒီ ၃ရာစု၊ ၄ ရာစု နှင့် ၅ ရာစုတို့တွင် အိန္ဒိယ တိုင်းနိုင်ငံများဖြစ်သော ဖူနန်းပြည် နှင့် ၎င်း၏ နေရာအား ဆက်ခံသော ချန်နလာပြည်တို့သည် ယနေ့ခေတ် ကမ္ဘောဒီးယား နှင့် ဗီယက်နမ်တောင်ပိုင်း နေရာတို့ ပေါင်းစပ် ဖြစ်ပေါ်ခဲ့သည်။ နှစ်ပေါင်း ၂,၀၀၀ ကျော်တိုင်အောင်ပင် ကမ္ဘောဒီးယားသည် အိန္ဒိယမှ ဩဇာလွှမ်းမိုးမှုများကို ခံယူပြီး ယနေ့ခေတ် ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံဖြစ်သော အခြားသော အရှေ့တောင်အာရှ ယဉ်ကျေးမှုလောကများသို့ ပြန်လည်ဖြန့်ဝေခဲ့သည်။ ထိုတိုင်းပြည်များအကြောင်း အခြားသိရှိရသည်မှာ နည်းပါးပြီး တရုတ်တို့၏ သမိုင်းဆိုင်ရာ မှတ်တမ်းများနှင့် ပဏ္ဍာဆက်မှတ်တမ်းများ အရ ၎င်းတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ဖူနန်းနယ်မြေတွင် မဟာအလက်ဇန္ဒား၏ ပထဝီပညာရှင် ကလောဒီးယပ် တော်လမီမှ "ကတ်တီဂါရ" ဟု သိရှိသော ဆိပ်ကမ်းတည်ရှိခဲ့သည်ဟု ယုံကြည်ရသည်။ တရုတ်တို့၏ သမိုင်းမှတ်တမ်းများတွင် ချန်နလာ၏ ပထမ ဂျာယာဗာမန်း ဘုရင်မှာ ၆၈၁ ခုနှစ်ခန့်တွင် ကွယ်လွန်ခဲ့သည်ဟု ညွှန်ပြနေပြီး ထို့နောက်တွင် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ တိုင်းပြည်အား ကုန်းချန်ဒလာ နှင့် ရေချန်ဒလာဟု နှစ်ခြမ်းကွဲသွားစေခဲ့ပြီး ၎င်းတို့အား ဂျားဗားကျွန်း၏ ဩဇာခံသော အင်အားနိမ့်ပါးသော မင်းသားများမှ လျော့ရည်းစွာ အုပ်ချုပ်ခဲ့သည်ဟု ဆိုသည်။ ခမာဧကရာဇ်နိုင်ငံတော်သည် ချန်နလာ၏ အပျက်အစီးများကြားမှ ပေါ်ပေါက်လာခဲ့ပြီး ၈၀၂ ခုနှစ်တွင် ခိုင်မာစွဦ တည်ထောင်နိုင်ခဲ့ကာ ဒုတိယ ဂျာယာဗာမန် ဘုရင် (အေဒီ ၇၉၀မှ အေဒီ ၈၃၅ အထိ အုပ်စိုးခဲ့သည်။) ဂျားဗားပြည်မှ လွတ်လပ်ရေးကြေညာခဲ့ပြီး မိမိဘာသာ ဒေဝါရာဂျာဘွဲ့ ခံယူခဲ့သည်။ သူနှင့် သူ၏ နောက်လိုက်များသည် ဘုရား-ဘုရင် ဂိုဏ်းကို တည်ထောင်ခဲ့ပြီး နယ်မြေသိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကာ ၉ ရာစုမှ ၁၅ ရာစုအတွင်း ထိုဒေသ၌ ကြွယ်ဝချမ်းသာလာခဲ့သည်။ အဋ္ဌမဂျာရာဗာမန် လက်ထက်တွင် အန်ကောဧကရာဇ်နိုင်ငံတော်အား မွန်ဂိုမှ ကူဗလိုင်ခန်၏ စစ်တပ်မှ တိုက်ခိုက်ခဲ့သော်လည်း ဘုရင်အနေနှင့် ငြိမ်းချမ်းရေးကို ဝယ်ယူနိုင်ခဲ့သည်။ ၁၃ ရာစုခန့်တွင် သီရိလင်္ကာ ဘုန်းကြီးများမှ အရှေ့တောင်အာရှအား ထေရဝါဒဗုဒ္ဓဘာသာနှင့် မိတ်ဆက်ခဲ့သည်။ ဘာသာတရားမှာ ပြန့်ပွားလာခဲ့ပြီး နောက်ဆုံးတွင် အန်ကော၌ ရေပန်းစားသော ဘာသာတရားအဖြစ် ဟိန္ဒူဘာသာ နှင့် မဟာယန ဗုဒ္ဓဘာသာနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ၁၂၉၅ ခုနှစ် တတိယ အင်ဒရာ ဗာမန် အာဏာရသည်အထိ နိုင်ငံတော်၏ တရားဝင်ဘာသာ ဖြစ်မလာခဲ့ပေ။ ခမာဧကရာဇ်နိုင်ငံတော်သည် ၁၂ရာစုအတွင်း အရှေ့တောင်အာရှ၏ အကြီးဆုံး ဧကရာဇ်နိုင်ငံတော် ဖြစ်ခဲ့သည်။ ဧကရာဇ်နိုင်ငံတော်၏ ဩဇာအာဏာ ဗဟိုချက်မှာ အန်ကော ဖြစ်ပြီး ဧကရာဇ်နိုင်ငံတော်၏ အထွဋ်အထိပ် ရောက်ရှိစဉ်တွင် မြို့တော်အများအပြားကို တည်ဆောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံတကာမှ သုတေသနပညာရှင် အဖွဲ့က ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် အခြားသော ခေတ်မီနည်းလမ်းများကို အသုံးပြု၍ ကောက်ချက်ချခဲ့သည်မှာ အန်ကောသည် ကမ္ဘာပေါ်တွင် စက်မှုခေတ်မတိုင်မီက အကြီးဆုံး မြို့ပြ ဖြစ်ခဲ့ပြီး မြို့ပြအကျယ်အဝန်းမှာ မျှ ရှိသည်ဟု ဆိုသည်။ မြို့တော်မှာ လူဦးရေ ၁ သန်းခန့် အထိ နေထိုင်နိုင်သော အကျယ်အဝန်း ရှိသည်။ အများဆုံးသိကြပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် အန်ကောဝပ် ဘုရားကျောင်းမှာလည်း ကမ္ဘောဒီးယား၏ အတိတ်က အဓိက ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်ကို သတိပေးနေသကဲ့သို့ ရှိသည်။ ဧကရာဇ်နိုင်ငံတော်သည် အင်အားကျဆင်းလာသော်လည်း ၁၅ ရာစု ပျက်သုဉ်းသွားသည့် အချိန်အထိ ထင်ရှားသော အားတစ်ခု အဖြစ် ဆက်လက် ရှိနေသေးသည်။ အန်ကောလွန်ခေတ် အိမ်နီးချင်းတိုင်းပြည်များနှင့် စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အန်ကောအား အယုဒ္ဓယပြည်မှ ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့ပြီး ၁၄၃၂ တွင် စွန့်ပစ်ခဲ့သည်။ အကြောင်းမှာ ဂေဟစနစ် ပျက်ယွင်းမှုနှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှုတို့ကြောင့် ဖြစ်သည်။ ထိုအကြောင်းကြောင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တုံ့ဆိုင်းမှုများ ဖြစ်ပေါ်စေခဲ့ပြီး တိုင်းပြည်၏ ပြည်တွင်းရေးကိစ္စရပ်များမှာ အိမ်နီးချင်းတိုင်းပြည်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်သို့ ရောက်သောအခါ ခမာတို့၏ အထိမ်းအမှတ်အဆောက်အဦး တည်ဆောက်မှုများ ပြီးဆုံးခဲ့သည်။ ရှေးဟောင်းယုံကြည်မှုများ ဖြစ်သော မဟာယနဗုဒ္ဓဘာသာ နှင့် ဟိန္ဒူ၏ ဘုရင်ဘုရား ဂိုဏ်းတို့၏ နေရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာ အစားထိုး ဝင်ရောက်လာခဲ့သည်။ မြို့တော်ကို လောင်းဗက် သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုနေရာတွင် တိုင်းပြည်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် တဖန်ပြန်လည် ထွန်းကားအောင် ကြံဆောင်ခဲ့သည်။ ကမ္ဘောဒီးယားအား ဥရောပ မှတ်တမ်းများတွင် ပထမဆုံး ဖော်ပြခြင်းမှာ ၁၅၁၁ တွင် ပေါ်တူဂီတို့မှ ဖော်ပြခြင်း ဖြစ်သည်။ ပေါ်တူဂီ ခရီးသည်တို့မှ မြို့တော်အား စည်းစိမ်ဥစ္စာနှင့် နိုင်ငံခြား ကုန်သွယ်ရေး ထွန်းကားသော မြို့ အဖြစ် ဖော်ပြခဲ့သည်။ အယုဒ္ဓယ နှင့် ဗီယက်နမ်တို့နှင့် ဆက်လက် စစ်မက်ဖြစ်ပွားခြင်းကြောင့် နယ်မြေများ ထပ်မံဆုံးရှုံးခဲ့ရပြီး ၁၅၉၄ တွင် အယုဒ္ဓယ ၏ မဟာ နာရစွမ်ဘုရင်မှ လောင်းဗက်အား အောင်မြင်ပြီး ဖျက်ဆီးခဲ့သည်။ ခမာမြို့တော် အသစ်ဖြစ်သော အူဒေါင်းအား ၁၆၁၈ တွင် လောင်းဗက်၏ တောင်ဘက်တွင် တည်ထောင်ခဲ့သည်။ သို့သော်လည်း ဘုရင်များမှာ ထိုင်း နှင့် ဗီယက်နမ်တို့၏ ဩဇာခံ အဖြစ် တစ်လှည့်စီ ဝင်ရောက်ခြင်းဖြင့် နောက်ထပ် ၃ ရာစုအတွင်း အသက်ဆက်နိုင်ခဲ့ပြီး လွတ်လပ်သောကာလမှာ အနည်းငယ်သာ ရှိသည်။ ကမ္ဘောဒီးယားရှိ တောင်ကုန်းနေ လူမျိုးစုများမှာ ဆိုင်ယမ်(ထိုင်း)၊ အန်နာမိုက် (ဗီယက်နမ်) နှင့် ကမ္ဘောဒီးယားတို့မှ လိုက်လံဖမ်းဆီး ကျွန်ပြုခြင်းကို ဆက်တိုက်ခံခဲ့ရသည်။ ၁၉ ရာစုအတွင်းတွင် ထိုင်းနှင့် ဗီယက်နမ်တို့မှ ကမ္ဘောဒီးယားအား ထိန်းချုပ်ရန် အပြိုင်အဆိုင်ကြိုးစားခြင်းကြောင့် ဗီယက်နမ် မင်းချင်းတို့က ခမာတို့အား ဗီယက်နမ်တို့၏ ထုံးတမ်းစဉ်လာများကို ကျင့်သုံးရန် ဖိအားပေးခြင်း ခံခဲ့ရသော အချိန်ကာလ ရှိခဲ့သည်။ ထို့အတွက်ကြောင့် ဗီယက်နမ်တို့အား ပုန်ကန်မှု အချို့ ရှိခဲ့ပြီး ထိုင်းတို့ထံမှ အကူအညီ တောင်းခံခဲ့သည်။ ၁၈၄၁-၁၈၄၅ ထိုင်း-ဗီယက်နမ် စစ်ပွဲ သည် ကမ္ဘောဒီးယားအား ပူးတွဲ ဆူဇာရိန်တီ (နိုင်ငံခြားရေးကို အုပ်စိုးသူပြည်ပနိုင်ငံမှ စီမံ၍ ပြည်တွင်းရေးကို မိမိဘာသာ စီမံသောနိုင်ငံ) နိုင်ငံ အဖြစ် ထားရှိရန် သဘောတူညီခဲ့သည်။ ထို့မှတဆင့် နိုရိုဒုန် ပရွန်ဘိုရီရက် ဘုရင်မှ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံအဖြစ် ထားရှိရန် စာချုပ်ချုပ်ဆိုခဲ့သော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ပြင်သစ်ကိုလိုနီခေတ် ၁၈၆၃ တွင် ထိုင်းတို့တင်မြှောက်ထားသော နိုရိုဒွန်ဘုရင် မှ ပြင်သစ်တို့မှ ကမ္ဘောဒီးယားအား ထိုင်းတို့ထံမှ ကာကွယ်ပေးရန် အကူအညီတောင်းခဲ့သည်။ ၁၈၆၇ တွင် ထိုင်းနိုင်ငံ၏ ရာမ ၄ ဘုရင်မှ ပြင်သစ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား ထိန်းချုပ်ခြင်းအား စွန့်လွှတ်ရန် နှင့် ထို့အတွက် ဘတ်တမ်ဘန် နှင့် ဆီရမ်ရိ ပြည်နယ်တို့အား အစားပြန်ပေးရန် သဘောတူညီခဲ့သည့်အတွက် ထိုပြည်နယ်တို့မှာ ထိုင်းနိုင်ငံ၏ အစိတ်အပိုင်း တရားဝင် ဖြစ်လာခဲ့သည်။ ၁၉၀၇ ခုနှစ် ပြင်သစ်နှင့် ထိုင်းတို့ နယ်စပ်စာချုပ် ချုပ်ဆိုသော အခါမှသာ ထိုပြည်နယ်များကို ပြန်လည်ပေးအပ်ခဲ့သည်။ ကမ္ဘောဒီးယားသည် ပြင်သစ်တို့၏ အစောင့်အရှောက်ခံနိုင်ငံအဖြစ် ၁၈၆၇ မှ ၁၉၅၃ ခုနှစ်အထိ ရှိနေခဲ့ပြီး ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီ နယ်မြေ၏ တစိတ်တဒေသ အဖြစ် ပြင်သစ်တို့မှ အုပ်ချုပ်ခဲ့သော်လည်း ၁၉၄၁ မှ ၁၉၄၅ အတွင်းတွင်မူ ဂျပန်တို့မှ ဝင်ရောက်ကျူးကျော်ခဲ့သည်။၁၈၇၄ မှ ၁၉၆၂ ခုနှစ်အတွင်း စုစုပေါင်း လူဦးရေမှာ ၉၄၆,၀၀၀ မှ ၅.၇ သန်း အထိ တိုးတက်လာခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် နိုရိုဒွန် ဘုရင် ကွယ်လွန်သော အခါ ပြင်သစ်တို့မှ ဘုရင်ရွေးချယ်မှုကို ချုပ်ကိုင်ခဲ့ပြီး နိုရိုဒွန် နှင့် ညီအစ်ကို တော်စပ်သူ ဆီဆိုဝပ်အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဆီဆိုဝပ်၏ သားဖြစ်သူ မိုနီဗွန်ဘုရင် ကွယ်လွန်သော အခါတွင် ရာဇပလ္လင်မှာ လစ်လပ်သွားခဲ့သည်။ ပြင်သစ်တို့မှ မိုနီဗွန်၏ သား မိုနီရက် သည် အလွန်ပင် လွတ်လပ်စွာ တွေးခေါ်တတ်သည်ဟု ယူဆသဖြင့် ဘုရင်အဖြစ် မတင်မြှောက်ခဲ့ပေ။ သူ့အစား ဆီဆိုဝပ်ဘုရင်၏ သမီးမှ မွေးဖွားသော မြေးဖြစ်သူ နိုရိုဒွန် သီဟာနု အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ပြင်သစ်တို့မှ အသက်ငယ်သော သီဟာနုကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ထင်မြင်ယူဆခဲ့သည်။သို့သော်လည်း သူတို့ယူဆချက် မှားယွင်းခဲ့ပြီး နိုရိုဒွန် သီဟာနု ဘုရင် အုပ်စိုးစဉ်ကာလတွင်ပင် ကမ္ဘောဒီးယားသည် ပြင်သစ်တို့လက်အောက်မှ ၁၉၅၃ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေးရခြင်း နှင့် ဗီယက်နမ်စစ်ပွဲ ကမ္ဘောဒီးယားသည် နိုရိုဒွန် သီဟာနု ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်လာသည်။ ပြင်သစ်အင်ဒိုချိုင်းနားအား လွတ်လပ်ရေးပေးသော အခါတွင် ကမ္ဘောဒီးယားအနေနှင့် မဲခေါင်မြစ်ဝှမ်းဒေသကို ပြန်လည်ထိန်းချုပ်ရန် မျှော်လင့်ချက်ကင်းမဲ့ခဲ့ရပြီး ထိုဒေသကို ဗီယက်နမ်နိုင်ငံသို့ ပေးအပ်လိုက်သောကြောင့် ဖြစ်သည်။ ယခင်က ခမာဧကရာဇ်နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်သော်လည်း ထိုဒေသကို ဗီယက်နမ်တို့က ၁၆၉၈ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့ပြီး ဒုတိယ ချေ ချက်သာ ဘုရင်က ဗီယက်နမ်တို့အား အခြေချနေထိုင်ရန် ထိုအချိန် မတိုင်မီ ဆယ်စုနှစ် အချို့ကတည်းက ခွင့်ပြုခဲ့သည်။ ထိုကိစ္စသည် သံတမန်ရေးရာ ကိစ္စများတွင် အဟန့်အတား တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ခမာလူမျိုး ၁ သန်းကျော်တို့ ထိုဒေသတွင် နေထိုင်ဆဲ ဖြစ်သည်။ ခမာနီတို့က ထိုဒေသကို ကျူးကျော်ပြီး နယ်မြေကို ပြန်လည်ရယူရန်ကြိုးစားခြင်းက ဗီယက်နမ်တို့ ကမ္ဘောဒီးယားကို ကျူးကျော်ရခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်စေခဲ့ပြီး ခမာနီတို့ ဖြုတ်ချခံခဲ့ရသည်။ ၁၉၅၅ တွင် သီဟာနုသည် သူ့ဖခင်ကို အလေးပေးသော အနေဖြင့် နန်းစွန်းခဲ့ပြီး နိုင်ငံရေးတွင် ပါဝင်ခဲ့ကာ ဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရသည်။ သူ၏ ဖခင် ၁၉၆၀ တွင် ကွယ်လွန်သည့် အခါတွင် သီဟာနုသည် နိုင်ငံ၏ ဥသျှောင် တဖန် ပြန်ဖြစ်ခဲ့ပြီး မင်းသားကြီး ဘွဲ့ကို ခံယူခဲ့သည်။ ဗီယက်နမ် စစ်ပွဲ အရှိန်မြင့်လာသော အခါ သီဟာနုသည် စစ်အေးတိုက်ပွဲ အတွင်း ကြားနေသည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်။ သီဟာနု အနေနှင့် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားကို ခိုလှုံရာ နယ်မြေ အဖြစ် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး တောင်ဗီယက်နမ်တွင် တိုက်ခိုက်နေသော သူတို့၏ စစ်တပ်များသို့ လက်နက် နှင့် အခြား အကူအညီများ တင်ပို့ရန် ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုခွင့် ပေးခဲ့သည်။ ထိုပေါ်လစီအား ရှက်စရာကောင်းသော ပေါ်လစီဟု ကမ္ဘောဒီးယား နိုင်ငံသား အမြောက်အမြားက ရှုမြင်ကြသည်။ ၁၉၆၇ တွင် သီဟာနု မှ ဝါရှင်တန်ပို့စ် သတင်းစာမှ သတင်းစာဆရာ စတန်လေ ကာနိုးအား အကယ်၍ အမေရိကန်တို့အနေနှင့် ကမ္ဘောဒီးယားတို့ကို မထိခိုက်ပါက ဗီယက်နမ်တို့၏ ခိုလှုံရာနေရာများကို ဗုံးကြဲမည် ဆိုလျှင် သူ့အနေနှင့် ကန့်ကွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထိုသတင်းစကားကိုပင် အမေရိကန်သမ္မတ ဂျွန်ဆင် ၏ ကိုယ်စားလှယ်ဖြစ်သော ချက်စတာ ဘောင်း သို့လည်း ၁၉၆၈ ဇန်နဝါရီလတွင် ပေးခဲ့သည်။ သို့သော်လည်း အများပြည်သူရှေ့တွင် သီဟာနု အနေနှင့် အမေရိကန်တို့အား ကမ္ဘောဒီးယားတွင် လေကြောင်း​ဗုံးကြဲမှု ပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့ပြီး မတ်လ ၂၆ တွင် သူက ပြောကြားခဲ့သည်မှာ "ဒီလို ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကို အမြန်ဆုံးနဲ့ အသေအချာကို ရပ်တန့်ပစ်ရမယ်။" ဟူ၍ ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သီဟာနုမှ နိုင်ငံတကာ သတင်းဌာနတို့အား "နိုင်ငံတကာတွင် ကမ္ဘောဒီးယား၏ ရှင်းလင်းပြတ်သားသော ရပ်တည်မှုကို ထုတ်ဖော်ပေးရန် တောင်းပန်ပါတယ်။​ဒါကတော့ ကျွန်တော့်အနေနဲ့ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဘယ်လိုဆင်ခြေနဲ့ပဲ ဖြစ်ဖြစ် ကမ္ဘောဒီးယားနယ်မြေထဲမှာ ဗုံးကြဲတာကို ဆန့်ကျင်ပါတယ်။" ဟု ပြောကြားခဲ့သည်။ အစိုးရ အဖွဲ့ဝင်များနှင့် စစ်သားများမှ သီဟာနု၏ အုပ်ချုပ်သည့် ပုံစံ အပြင် အမေရိကန် ပြည်ထောင်စုမှ ဖယ်ခွါသွားသည်ကို မနှစ်မြို့ကြပေ။ ခမာပြည်သူ့သမ္မတနိုင်ငံ (၁၉၇၀-၇၅) သီဟာနုသည် ၁၉၇၀တွင် ဘေဂျင်းသို့ အလည်အပတ်သွားရောက်နေစဉ်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး လွန်နို နှင့် မင်းသား စီစိုဝပ်သ် စီရစ် မာတပ် ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ အမေရိကန်တို့ အာဏာသိမ်းမှုကို ထောက်ပံ့ကြောင်း သက်သေမပြနိုင်ပေ။ သို့သော်လည်း အာဏာသိမ်းမှု ပြီးဆုံးသည့်အခါတွင် အစိုးရသစ်သည် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားမှ ထွက်ခွါသွားရန် အမြန်ဆုံး တောင်းဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ နိုင်ငံရေးအရ ထောက်ခံမှု ရရှိခဲ့သည်။ သူတို့ခိုလှုံရာနေရာများနှင့် မြောက်ဗီယက်နမ်မှ သူတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဆက်လက်ထိန်းသိမ်းရန် အသည်းအသန် ဆန္ဒပြင်းပြနေသော မြောက်ဗီယက်နမ်သားများ နှင့် ဗီယက်ကောင်းတပ်များသည် အစိုးရသစ်အား လက်နက်ကိုင် တိုက်ခိုက်မှု ချက်ချင်း စတင်တော့သည်။ ဘုရင်မှ သူ၏ နောက်လိုက်များအား အစိုးရအား ဖြုတ်ချရန် တိုက်တွန်းခဲ့သဖြင့် ပြည်တွင်းစစ် ဖြစ်ရန် အခြေအနေသို့ အလျှင်အမြန် ရောက်ရှိခဲ့သည်။ မကြာမီတွင်ပင် ခမာနီသူပုန်တို့က သီဟာနုကို အသုံးပြု၍ ထောက်ခံမှု ရရှိရန် စတင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၇၀ မှ ၁၉၇၂ ခုနှစ် အစောပိုင်း အထိ ကမ္ဘောဒီးယား ပဋိပက္ခမှာ အစိုးရ၊ ကမ္ဘောဒီးယားစစ်တပ် နှင့် မြောက်ဗီယက်နမ်တပ်များ ကြားတွင်သာ ဖြစ်သည်။​သူတို့အနေနှင့် ကမ္ဘောဒီးယား နယ်မြေအား ထိန်းချုပ်နိုင်လာသော အခါတွင် ဗီယက်နမ်ကွန်မြူနစ်တို့မှ နိုင်ငံရေး အခြေခံအဆောက်အအုံသစ်ကို ဖြစ်ပေါ်စေခဲ့ပြီး ထို စနစ်အား ကြီးစိုးခဲ့သည်မှာ ယခုအခါ ခမာနီဟု ရည်ညွှန်းကြသော ကမ္ဘောဒီးယား ကွန်မြူနစ်များပင် ဖြစ်သည်။ ၁၉၆၉မှ ၁၉၇၃ အတွင်းတွင် ဗီယက်နမ် သမ္မတနိုင်ငံ​(တောင်ဗီယက်နမ်) နှင့် အမေရိကန်တပ်များက ဗီယက်ကောင်းများနှင့် ခမာနီတို့ကို နှောင့်ယှက်ရန်ကြိုးပမ်းသည့် အနေနှင့် ကမ္ဘောဒီးယားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၁ ခုနှစ်နောက်ပိုင်း ဆိုဗီယက်တို့ သိမ်းဆည်းထားသော မှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၁၉၇၀ ခုနှစ်တွင် မြောက်ဗီယက်နမ် တို့ ကမ္ဘောဒီးယားနိုင်ငံအား သိမ်းဆည်းရန် ကြိုးစားမှုအား ခမာနီတို့မှ အတိအလင်း တောင်းဆိုမှုကြောင့် ဖြစ်ပြီး ပိုပေါ့ နှင့် ဒုတိယအကြီးဆုံး ဖြစ်သော နွမ်းချာတို့မှ ညှိနှိုင်းခဲ့သည်ဟု သိရသည်။ မြောက်ဗီယက်နမ်တို့မှ ကမ္ဘောဒီးယား စစ်တပ်တို့ တပ်စွဲထားသော နေရာများကို သိမ်းပိုက်ခဲ့ပြီး ကမ်ပူးချား ကွန်မြူနစ်ပါတီ (စီပီကေ) မှ ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်မှုအား တိုးမြှင့်ခဲ့သည်။ မြောက်ဗီယက်နမ်တို့၏ ကျူးကျော်မှုကို တုံ့ပြန်သည့် အနေနှင့် အမေရိကန်သမ္မတ ရစ်ချက် နစ်ကဆင် မှ အမေရိကန်နှင့် တောင်ဗီယက်နမ် ကုန်းတပ်များသည် ကမ္ဘောဒီးယားရှိ မြောက်ဗီယက်နမ်တို့၏ အခြေစိုက်စခန်းများကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘောဒီးယားသို့ ဝင်ရောက်မည်ဟု ကြေညာခဲ့သည်။အမေရိကန်နှင့် တောင်ဗီယက်နမ်တပ်များမှ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သော်လည်း မြောက်ဗီယက်နမ်တပ်များကို ထိန်းချုပ်ရန် ကိစ္စမှာ ခက်ခဲခဲ့သည်။ ခမာပြည်သူ့သမ္မတနိုင်ငံ၏ အဓိက ခေါင်းဆောင် ၃ ဦးဖြစ်သော လွန်နို၊ သီဟာနု၏ ညီအစ်ကိုဝမ်းကွဲဖြစ်သော ဆီရစ်မာတက် နှင့် အမျိုးသားလွှတ်တော်ခေါင်းဆောင် အင်တမ်တို့ ကြားတွင် ခေါင်းဆောင်မှုမှာ မညီညွတ်မှုများဖြင့် ပြည့်နှက်နေသည်။ လွန်နိုသည် တစိတ်တပိုင်း အာဏာရှိနေဆဲဖြစ်ပြီး အခြားသူများမှာ သူ့နေရာကို ရယူရန် မကြိုးစားကြသောကြောင့် ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ကျင့်သုံးခဲ့ကာ ပါလီမန်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး လွန်နိုသည် သမ္မတ ဖြစ်လာခဲ့သည်။ သို့သော်လည်း မညီညွတ်ခြင်း၊ လူ ၃၀,၀၀၀ ရှိသော စစ်တပ်အား လူ ၂၀၀,၀၀၀ ကျော် ရှိသော နိုင်ငံတော် တိုက်ခိုက်ရေးတပ်များအဖြစ် ပြောင်းလဲခြင်း နှင့် ခြစားမှုများ ပျံ့နှံ့ခြင်းတို့ကြောင့် အရပ်ဖက် အုပ်ချုပ်ရေးနှင့် စစ်တပ်မှာ အားနည်းလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်း ကွန်မြူနစ်တို့၏ ထကြွမှုမှာ ဆက်လက် တိုးပွားလာခဲ့ပြီး မြောက်ဗီယက်နမ်မှ ရိက္ခာနှင့် စစ်ရေး ထောက်ပံ့ပေးခဲ့သည်။ ပိုပေါ့ နှင့် ယန်ဆာရီတို့သည် ဗီယက်နမ်တွင် လေ့ကျင့်သင်ကြားထားသော ကွန်မြူနစ်များပေါ်တွင် ဩဇာလွှမ်းမိုးခဲ့ပြီး အများစုကို ထုတ်ပစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စီပီကေ တပ်များသည် ပိုမိုအားကောင်းလာခဲ့ပြီး သူတို့အား ထောက်ပံ့ပေးထားသော ဗီယက်နမ်များထံမှ ပို၍ သီးခြား ရပ်တည်လာနိုင်ခဲ့သည်။ ၁၉၇၃ သို့ရောက်သော အခါတွင် စီပီကေသည် အစိုးရတပ်များနှင့် တိုက်ပွဲများကို မြောက်ဗီယက်နမ်တပ်များ၏ ပံ့ပိုးမှု မပါဘဲ တိုက်ခိုက်လာနိုင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနယ်မြေ၏ ၆၀% နှင့် လူဦးရေ၏ ၃၀%ကို ထိန်းချုပ်နိုင်ခဲ့သည်။ အစိုးရသည် ပုန်ကန်သူများနှင့် စေ့စပ်ဆွေးနွေးရန် ၃ ကြိမ်တိုင်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၇၄ သို့ ရောက်သော အခါတွင် စီပီကေသည် တိုင်းဒေသ များအဖြစ် လွတ်လပ်စွာ လည်ပတ်ဆောင်ရွက်လာခဲ့ပြီး မြောက်ဗီယက်နမ်တိုက်ခိုက်ရေး တပ်အချို့မှာ တောင်ဗီယက်နမ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ လွန်နို ၏ အုပ်ချုပ်မှုမှာ မြို့တော်များ ပတ်ဝန်းကျင် အစိတ်အပိုင်း သေးသေးများ နှင့် အဓိက ပို့ဆောင်ရေး လမ်းကြောင်းများ အထိသာ ရှိသည်အထိ လျော့ကျသွားခဲ့သည်။ စစ်ပွဲမှ ဒုက္ခသည် ၂ သန်းကျော်တို့သည် ဖနွမ်းပင် နှင့် အခြားမြို့တော်များတွင် နေထိုင်ကြသည်။ ၁၉၇၅ ခုနှစ် နှစ်သစ်ကူးနေ့တွင် ကွန်မြူနစ်တပ်များသည် ထိုးစစ်ကို စတင်ခဲ့ပြီး စစ်ပွဲအတွင်း အကြမ်းတမ်းဆုံး ၁၁၇ ရက် ဖြစ်ခဲ့ကာ ခမာပြည်သူ့သမ္မတနိုင်ငံကို ပြိုလဲကျစေခဲ့သည်။ ဖနွမ်းပင်မြို့ ဧရိယာတစ်ဝိုက်တွင် တပြိုင်နက်တည်း တိုက်ခိုက်မှုများကြောင့် ရီပတ်ဘလစ်ကန် တပ်များကို မလှုပ်ရှားနိုင်အောင် ဖြစ်စေခဲ့ပြီး အခြားသော စီပီကေတပ်ခွဲများက မဲခေါင်အောက်ပိုင်း ပံ့ပိုးရေး လမ်းကြောင်း ကို ထိန်းချုပ်ထားသော ပစ်ခတ်ရေး အခြေစိုက်စခန်းများကို တစ်ချိန်တည်းတွင် သိမ်းပိုက်ခဲ့သည်။ အမေရိကန် ကွန်ဂရက်မှ ကမ္ဘောဒီးယားသို့ အကူအညီများ ထပ်မံ ခွင့်ပြုရန် သဘောမတူခဲ့သဖြင့် လေကြောင်းမှ လက်နက်နှင့် ဆန်စပါးတို့ အမေရိကန် ဘဏ္ဍာဖြင့် ထောက်ပံခြင်း ရပ်တန့်ခဲ့သည်။ အမေရိကန် မစ်ရှင် ကမ္ဘောဒီယားမှ ထွက်ခွာပြီး ၅ ရက်အကြော ၁၉၇၅ ဧပြီလ ၁၇ ရက်တွင် လွန်နို၏ အစိုးရ လက်နက်ချခဲ့သည်။ ခမာနီအစိုးရ​ (၁၉၇၅-၇၈) ခမာနီတို့သည် ၁၉၇၅ တွင် ဖနွမ်းပင်သို့ ရောက်ရှိလာပြီး အာဏာရယူခဲ့သည်။ ပိုပေါ့ ဦးဆောင်သော ခမာနီတို့က နိုင်ငံ၏ တရားဝင် အမည်ကို ဒီမိုကရက်တစ် ကမ်ပူးချား ဟု ပြောင်းလဲခဲ့သည်။ အစိုးရသစ်သည် ၎င်းတို့ဘာသာ မော်စီတုန်းလက်ထက် တရုတ်နိုင်ငံ၏ မဟာခုန်ပျံကျော်လွှားမှုကြီး ပုံစံကို အတုယူပြောင်းလဲခဲ့ပြီး ပြည်သူများကို မြို့တော်များမှ အလျှင်အမြန် ထွက်ခွာစေခဲ့ကာ ပြည်သူတရပ်လုံးကို ကျေးလက်ရှိ စီမံကိန်းများသို့ အတင်းအကြပ် ရွှေ့ပြောင်း အလုပ်လုပ်စေခဲ့သည်။ သူတို့သည် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကို ၁၁ ရာစုမှ ပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး အနောက်တိုင်း ဆေးဝါးများကို စွန့်ပစ်ခဲ့ကာ ဘုရားကျောင်းများ၊ စာကြည့်တိုက်များနှင့် အနောက်တိုင်း ပုံစံရှိသော အရာမှန်သမျှကို ဖျက်ဆီးပစ်ခဲ့သည်။ ခမာနီ အစိုးရလက်ထက်တွင် ပြည်သူမည်မျှ သေဆုံးခဲ့သည် ဆိုခြင်းကို ခန့်မှန်းကြသည်မှာ တစ်သန်းမှ သုံးသန်း အထိရှိပြီး အများဆုံး ရည်ညွှန်းကြသည့် ကိန်းဂဏန်းမှာ နှစ်သန်း (လူဦးရေ၏ ၄ပုံ ၁ပုံ) ဖြစ်သည်။ ထိုခေတ်မှ သတ်ကွင်း ဆိုသော ဝေါဟာရ ပေါ်ပေါက်လာခဲ့ပြီး တူရိုစလန်းအကျဉ်းထောင်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း သမိုင်းကြောင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ လူသိန်းပေါင်းများစွာ တို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ အစိုးရသည် အဓိကအားဖြင့် လူမျိုးစု အဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်သည်။ ချမ် မွတ်ဆလင်များမှာ အများအပြား ဒဏ်ခံခဲ့ရပြီး ၎င်းတို့လူဦးရေ၏ တစ်ဝက်ကျော် သတ်ဖြတ်ခြင်း ခံရသည်။ ပိုပေါ့သည် ၎င်း၏ အာဏာကို ထိန်းထားနိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီး ရန်သူများနှင့် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သူမှန်သမျှကို ဖိနှိပ်ခဲ့သဖြင့် သူ၏ ပြည်သူများသို့ ကြမ်းကြုတ်မှုနှင့် ရက်စက်စွာ ပြုမူမှုများ တိုးမြင့်လာခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် အတင်းအကြပ် နေရပ်သို့ပြန်စေခြင်း နှင့် ခမာနီအစိုးရ လက်ထက်အတွင်း သေဆုံးမှုများကြောင့် ကမ္ဘောဒီးယားရှိ ဗီယက်နမ်လူဦးရေမှာ ၁၉၆၉ ခုနှစ်တွင် ၂၅၀,၀၀၀ ဦးမှ ၃၀၀,၀၀၀ အထိ ရှိရာမှ ၁၉၈၄ ခုနှစ်တွင် ၅၆,၀၀၀ သာ ကြွင်းကျန်ရစ်သည်။ သို့သော်လည်း ခမာနီအစိုးရ၏ သားကောင်ဖြစ်ရသူများမှာ တိုင်းရင်းသားလူနည်းစုများ မဟုတ်ဘဲ ခမာလူမျိုးများသာ ဖြစ်သည်။ ပရော်ဖက်ရှင်နယ်များ ဖြစ်ကြသော ဆရာဝန်များ၊ ရှေ့နေများနှင့် ကျောင်းဆရာများမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရသည်။ ရောဘတ် ဒီ ကပ်ပလန်၏ အဆိုအရ "မျက်မှန်သည် ကြယ်ဝါနှင့် တန်းတူ သေစေလောက်သော အမှတ်တံဆိပ် ဖြစ်သည်" ဟု ဆိုခဲ့ပြီး မျက်မှန်သည် ပညာတတ်ခြင်း၏ သင်္ကေတ ဖြစ်သောကြောင့် ဖြစ်သည်။ ဘာသာရေး အဖွဲ့အစည်းများကိုလည်း ခမာနီများက ချမ်းသာ မပေးခဲ့ပေ။ ဘာသာရေးအား ဆိုးရွားစွာ ဖိနှိပ်ခဲ့သည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အတိုင်းအတာ အထိ ဖြစ်သဖြင့် ကမ္ဘောဒီးယား၏ သမိုင်းဝင် ဗိသုကာ လက်ရာများ ဖြစ်သော ၉၅% သော ကမ္ဘောဒီးယား၏ ဗုဒ္ဓဘာသာ ပုထိုးများမှာ လုံးဝ ပျက်စီးခဲ့ရသည်။ ဗီယက်နမ်တို့ ကျူးကျော်ခြင်း နှင့် အသွင်ကူးပြောင်းရေးကာလ ၁၉၇၈ ခုနှစ် နိုဝင်ဘာလတွင် ခမာနီတို့၏ နယ်စပ်ကျူးကျော်တိုက်ခိုက်ခြင်းကို တုံ့ပြန်သည့် အနေနှင့် ဗီယက်နမ်တပ်များက ကမ္ဘောဒီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဗီယက်နမ်တို့ တည်ထောင်ခဲ့သော ကမ်ပူးချား ပြည်သူ့တော်လှန်ရေးပါတီအား ပိုပေါ့နှင့် တာမော့တို့၏ သုတ်သင်မှုမှ လွတ်မြောက်ရန် ကမ္ဘောဒီးယားမှ ထွက်ပြေးခဲ့သည့် ခမာနီအုပ်စုမှ ဦးဆောင်၍ ဆိုဗီယက်ဘက် ယိမ်းသော ကမ်ပူးချား ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။ ၎င်းတို့သည် ကျူးကျော်သိမ်းပိုက်ထားသော ဗီယက်နမ်စစ်တပ်၏ ကျေးဇူးခံ ကျေးဇူးစား ဖြစ်ပြီး ဖနွမ်ပင် ဗီယက်နမ် သံအမတ်၏ လမ်းညွှန်မှု အောက်တွင် ရှိသည်။ ၎င်းတို့၏ လက်နက်များကို ဗီယက်နမ် နှင့် ဆိုဗီယက်ပြည်ထောင်စုတို့မှ ထောက်ပံ့သည်။ အသစ်တည်ထောင်လိုက်သော နိုင်ငံကို ဆန့်ကျင်သည့် အနေနှင့် ပြည်ပသို့ ထွက်ပြေးနေရသော အစိုးရ၏ အစု ၃ စုမှ ဒီမိုကရက်တစ် ကမ်ပူးချား၏ ညွန့်ပေါင်းအစိုးရကို ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းတို့တွင် ခမာနီများ၊ သီဟာနု၏ ဘုရင် သစ္စာခံ အစုအဖွဲ့နှင့် ခမာပြည်သူ့ အမျိုးသားလွတ်မြောက်ရေးတပ်ဦး တို့ ပါဝင်သည်။ ၎င်းတို့အား ကုလသမဂ္ဂမှ အသိအမှတ် ပြုခဲ့သည်။ ခမာနီတို့၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဖြစ်သော ချွန်း ပရာဆစ်အား ဆက်လက်ထားရှိခဲ့သော်လည်း သူသည် ကွန်မြူနစ် မဟုတ်သော ကမ္ဘောဒီးယား ပါတီများ၏ ကိုယ်စားလှယ်များ နှင့် တိုင်ပင် ဆောင်ရွက်ရသည်။ ဗီယက်နမ်တို့မှ ကမ္ဘောဒီးယားမှ ဆုတ်ခွာရန် ငြင်းဆန်ခဲ့သဖြင့် အမေရိကန် နှင့် မဟာမိတ်တို့မှ စီးပွားရေး ပိတ်ဆို့ အရေးယူ ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ပဲရစ်၌ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများ ကမ္ဘောဒီးယားနိုင်ငံအဖြစ် စတင်ခဲ့ပြီး နှစ်နှစ်အကြာ ၁၉၉၁ အောက်တိုဘာတွင် ပဲရစ် ငြိမ်းချမ်းရေး လုံးဝဥဿုံ သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။ ကုလသမဂ္ဂအား အပစ်အခပ်ရပ်စဲရေး၊ ဒုက္ခသည် ကိစ္စ ဆောင်ရွက်ရေး နှင့် လက်နက်ဖြုတ်သိမ်းရေး အတွက် ကုလသမဂ္ဂ ကမ္ဘောဒီးယား အပြောင်းအလဲ အာဏာပိုင် အဖြစ် လုပ်ကိုင်ရန် အခွင့်အာဏာ ပေးအပ်ခဲ့သည်။ ဘုရင်စနစ်ကို ပြန်လည်အသက်သွင်းခြင်း ၁၉၉၃ ခုနှစ်တွင် နိုရိုဒွန် သီဟာနုအား ကမ္ဘောဒီးယား၏ ဘုရင် အဖြစ် ပြန်လည် နန်းတင်ခဲ့သည်။ သို့သော်လည်း ယူအင်န်တီအေစီမှ ကြီးမှူးကျင်းပသော ရွေးကောက်ပွဲများမှ ဖွဲ့စည်းထားသော အစိုးရထံတွင် အာဏာ အပြည့်အဝ ရှိသည်။ ၁၉၉၇ ဒု-ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်သော အစိုးရ အတွင်းရှိ ကွန်မြူနစ်မဟုတ်သော ပါတီများထံမှ အာဏာသိမ်းမှု ပဋိပက္ခပြီးနောက်တွင် နိုင်ငံရေး တည်ငြိမ်လာခဲ့သည်။အစိုးရအား ဟွန်ဆန်၏ လက်အောက်တွင် တည်ငြိမ်အောင် ဆောင်ရွက်လာနိုင်ပြီးနောက် ၁၉၉၉ ဧပြီလ ၃၀ တွင် အာဆီယံသို့ ဝင်ခွင့်ပြုခဲ့သည်။လတ်တလော နှစ်များတွင် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများတွင် တိုးတက်မှု ရှိလာခဲ့ပြီး စည်းမျဉ်းခံ ဘုရင်စနစ်အောက်တွင် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံရေး တည်ငြိမ်မှု အချို့ ရလာခဲ့သည်။ ဟွန်ဆန်၏ အုပ်ချုပ်မှုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ခြစားမှုများ ရှိသော်လည်း ၂၀၀၀ ခုနှစ်များကို ဖြတ်သန်းလာခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံသားများမှာ အစိုးရကို လက်ခံကြသည်။ ၂၀၀၈ ခုနှစ် ကမ္ဘောဒီးယား ကျေးရွာသားများနှင့် အင်တာဗျူးများတွင် ၎င်းတို့မှ ပုံမှန်အတိုင်းရှိနေခြင်းကို ဖြစ်နိုင်ခြေရှိသော အကြမ်းစား ပြောင်းလဲမှုထက် ပိုကြိုက်သည်ဟု ထုတ်ဖော်ပြောခဲ့ကြသည်။ ၂၀၁၀ ဇူလိုင်လတွင် ကန်ကက်လူး သည် အက်စ်၂၁ သုတ်သင်ရေးစခန်း၏ ယခင်တာဝန်ခံ အဖြစ် စစ်ရာဇဝတ်မှုများနှင့် လူ့ကျင့်ဝတ် ချိုးဖောက်သော ရာဇဝတ်မှုများအတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်း ခံရသော ပထမဆုံး ခမာနီ ဖြစ်ပြီး ထောင်တစ်သက် အပြစ်ပေးခြင်း ခံရသည်။ သို့သော်လည်း ဟွန်ဆန်သည် ယခင်ခမာနီတို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် တရားစွဲဆိုမှုများ ကျယ်ပြန့်စွာ ပြုလုပ်ခြင်းကို ဆန့်ကျင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံရှိသော စစ်ရာဇဝတ် တရားရုံးဖြစ်သည့် ကမ္ဘောဒီးယားတရားရုံး၏ အထူးခုံရုံး (ခမာနီ တရားရုံးဟုလည်း သိကြသည်။)မှ ခမာနီအစိုးရ၏ အသက်၈၃ နှစ်ရှိပြီ ဖြစ်သော ယခင် နိုင်ငံတော်အကြီးအကဲ ခူးဆမ်ဖန် နှင့် ၈၈ နှစ်ရှိပြီဖြစ်သော ဝါဒရေးရာချုပ် နွမ်ချာ တို့အား ၁၉၇၀ ခုနှစ်များအတွင်း နိုင်ငံ၏ အကြမ်းဖက်ခေတ်အတွင်း စစ်ရာဇဝတ်မှုများတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုအတွက် ထောင်တစ်သက် အပြစ်ပေးခဲ့သည်။ ယခင် နိုင်ငံခြားရေးဝန်ကြီး အီရန် ဆာရီမှာ ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး သူ၏ ဇနီးဖြစ်သော လူမှုရေးဝန်ကြီး အီရန် သီရစ်မှာ ၂၀၁၂ ခုနှစ်တွင် သတိမေ့လျော့သည့် ရောဂါဖြစ်ပွားနေသဖြင့် တရားရင်ဆိုင်ရန် မသင့်လျော်ဟု ဆုံးဖြတ်ခဲ့သည်။ ၂၀၁၉ ခုနှစ်အခြေအနေ ဂျွန် ဒီ စီအိုစီရာရီ၏ အဆိုအရ "၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားတွင် ကာလကြာမြင့်စွာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန်မှ သူ၏ အာဏာထိန်းချုပ်မှုကို ပိုမိုတိုးမြှင့်လာခဲ့သည်။ စီးပွားရေး တိုးတက်မှုမှာ ဆက်လက်တိုးတက်နေသော်လည်း အိမ်ခြံမြေ ပူပေါင်းပေါက်ကွဲမှု၊ အကြွေးဝန်ပိမှုနှင့် လူမှုရေး မညီမျှမှုများ အတွက် စိုးရိမ်စရာ မြင့်တက်လာခဲ့သည်။ ပြင်ပဆက်ဆံရေး အနေဖြင့် ကမ္ဘောဒီးယားသည် တရုတ်အပေါ် မှီခိုမှု ပိုမို နက်ရှိုင်းလာခဲ့သဖြင့် ဟွန်ဆန်အစိုးရအား အချို့နေရာများအတွက် အကာအကွယ်ရသော်လည်း အားနည်းချက် အသစ်များ ပေါ်ပေါက်လာခဲ့သည်။" ဟု ဆိုသည်။ ပထဝီဝင် ကမ္ဘောဒီးယားနိုင်ငံသည် ဧရိယာအားဖြင့် မျှရှိပြီး အပူပိုင်းဒေသအတွင်း လုံးဝ ကျရောက်ကာ မြောက်လတ္တီကျု ၁၀° မှ ၁၅° ကြား၊ အရှေ့လောင်ဂျီကျု ၁၀၂° မှ ၁၀၈° ကြားတွင် တည်ရှိသည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် ဗီယက်နမ် နိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။ ထိုင်းပင်လယ်ကွေ့ တလျှောက်တွင် ရှည်လျားသော ကမ်းရိုးတန်း ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ မြေမျက်နှာသွင်ပြင်သည် မြေနိမ့်ဒေသတွင် တည်ရှိသော အလယ်ပိုင်းလွင်ပြင်များအား ကုန်းမြင့်များနှင့် တောင်ကုန်းနိမ့်များက ဝန်းရံထားကာ တုန်နယ်ဆပ် ခေါ် ရေကန်ကြီးများ ဒေသနှင့် မဲခေါင်မြစ်ဝှမ်းဒေသ၏ အထက်ပိုင်းတို့ ပါဝင်သည်။ ထိုအလယ်ပိုင်းဒေသမှ ဖြန့်ထွက်သွားသည့် အခါတွင် အသွင်ပြောင်းသွားသည့် လွင်ပြင်များ၊ ပါးလျသော သစ်တောများနှင့် ပင်လယ်ရေမျက်နှာပြင် အထက် ခန့် မြင့်တက်သွားသော ဒေသများ ဖြစ်သွားသည်။ မြောက်ဘက်သို့ လားသည့်အခါတွင် ကမ္ဘောဒီးယား၏ လွင်ပြင်သည် တိုက်စားခံရသည့် သဲကျောက်တောင်များဖြင့် ဝန်းရံထားကာ ၎င်းတို့မှ အနောက်မှ အရှေ့သို့ မျှ ရှည်လျားသော တောင်ဘက်သို့ မျက်နှာမူနေသည့် တောင်စောင်းများ ဖြစ်ပေါ်နေကာ လွင်ပြင်အထက် ပေ ၆၀၀ မှ ၁၈၀၀ (မီတာ ၁၈၀ မှ ၅၅၀) အထိ ရုတ်တရက် မြင့်တက်နေသည်။ ထိုတောင်စောင်းများသည် ဒန်းဂရက်တောင်များ၏ တောင်ဘက် နယ်နိမိတ် အဖြစ် တည်ရှိသည်။ မဲခေါင်ဒေသသည် ကမ္ဘောဒီးယားနိုင်ငံ၏ အရှေ့ပိုင်းဒေသများကို ဖြတ်၍ တောင်ဘက်သို့ စီးဆင်းလျက် ရှိသည်။ မဲခေါင်မြစ်၏ အရှေ့ပိုင်း အသွင်ပြောင်းလွင်ပြင်များသည် အရှေ့ပိုင်းကုန်းမြင့်များ၊ သစ်တောထူထပ်သော တောင်ကုန်းများနှင့် လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအထိ ဆန့်ထွက်နေသော ကုန်းမြေမြင့်များနှင့် ပေါင်းစပ်သွားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် ထင်ရှားသော ကုန်းမြင့်ဒေသ နှစ်ခု ရှိပြီး ၎င်းတို့မှာ ကရာဗန်တောင်တန်း နှင့် ဒမ်မရေးတောင်တန်းတို့ ဖြစ်ပြီး ၎င်းတို့ပေါင်းစပ်ကာ တုန်နယ်ဆပ် နှင့် ထိုင်းပင်လယ်ကွေ့တို့ကြားရှိ မြေဧရိယာ အတော်များများတွင် နေရာယူထားသော ကုန်းမြင့်ဒေသ အဖြစ် တည်ရှိသည်။ ဤသို့ ဝေးလံခေါင်ဖျားပြီး လူသူမနေထိုင်သော ဒေသတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖနွမ်အော်ရယ် သည် အမြင့် ဖြင့် တည်ရှိသည်။ တောင်ပိုင်း ကမ်းရိုးတန်းဒေသသည် ထိုင်းပင်လယ်ကွေ့နှင့် ကျဉ်းမြောင်းသော ကမ်းမြောင်ဖြင့် ဆက်စပ်နေကာ ထိုဒေသသည် သစ်ပင်ထူထပ်စွာ ပေါက်ရောက်ပြီး လူနေထိုင်မှု ကျဲပါးကာ အလယ်ပိုင်းလွင်ပြင်နှင့် အနောက်တောင် ကုန်းမြေမြင့်မှ ပိုင်းခြားထားသည်။ အထင်ရှားဆုံးသော ပထဝီသွင်ပြင်မှာ တုန်နယ်ဆပ်၏ ရေလွှမ်းမိုးမှု ဖြစ်ပြီး ခြောက်သွေ့သော ရာသီဥတုတွင် မျှ ရှိပြီး မိုးရာသီတွင် အထိ ရှိသည်။ ထိုသို့ လူနေထူထပ်သော လွင်ပြင်မှာ စပါးစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး ကမ္ဘောဒီယားနိုင်ငံ၏ နှလုံးသည်းပွတ် ဒေသ ဖြစ်သည်။ ထိုဒေသ၏ အစိတ်အပိုင်း အတော်များများကို ဇီဝထိန်းသိမ်းရေးရပ်ဝန်း အဖြစ် သတ်မှတ်ထားသည်။ ရာသီဥတု ကမ္ဘောဒီးယားနိုင်ငံ၏ ရာသီဥတုသည် အခြား အရှေ့တောင်အာရှနိုင်ငံများကဲ့သို့ပင် မုတ်သုံလေ လွှမ်းမိုးသော ရာသီဥတုဖြစ်ပြီး အပူပိုင်း စိုစွတ်ခြင်း နှင့် ခြောက်သွေ့ခြင်း အဖြစ် သိရှိကြကာ ရာသီဥတု ကွဲပြားခြင်းမှာ ထင်ရှားစွာ သိသာနေသောကြောင့် ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အပူအချိန်မှာ အထိရှိပြီး အပူပိုင်းမုတ်သုံလေကို ခံစားရသည်။ အနောက်တောင်မုတ်သုံလေသည် ရေငွေ့များဖြင့် ပြည့်နှက်နေသော လေများကို ထိုင်းပင်လယ်ကွေ့နှင့် အိန္ဒိယ သမုဒ္ဒရာတို့မှ မေလ မှ အောက်တိုဘာလ အတွင်း သယ်ဆောင်လာသည်။ အရှေ့မြောက် မုတ်သုံလေသည် နိုဝင်ဘာမှ ဧပြီလအထိ ဖြစ်သော ခြောက်သွေ့သော ရာသီဥတုတွင် တိုက်ခတ်သည်။ နိုင်ငံအတွင်း မိုးအများဆုံးကာလမှ စက်တင်ဘာလမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အခြောက်သွေ့ဆုံးကာလမှာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန နှင့် ကုလသမဂ္ဂတို့၏ အဆိုအရ ကမ္ဘောဒီးယားသည် ဖိလစ်ပိုင်နိုင်ငံနှင့် အတူ အရှေ့တောင်အာရှတွင် ရာသီဥတုပြောင်းလဲခြင်းအတွက် အထိခိုက်နိုင်ဆုံဂ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကမ္ဘောဒီးယားရှိ ပြည်နယ်အားလုံးလိုလိုသည် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကို ခံစားကြရသည်။ အထူးသဖြင့် ကမ်းရိုးတန်းရှိ ကျေးလက်နေ လူဦးရေမှာ အန္တရာယ်အများဆုံး ဖြစ်သည်။ ကမ္ဘောဒီးယားရာသီဥတုပြောင်းလဲခြင်း မဟာမိတ်အဖွဲ့၏ အဆိုအရ သန့်ရှင်းသောရေ ရနိုင်မှု နည်းပါးခြင်း၊ အလွန်အမင်း ရေကြီးခြင်း၊ ရွှံ့နွံမြေပြိုခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း နှင့် ဖျက်ဆီးနိုင်စွမ်းရှိသည့် မုန်တိုင်းများမှာ အထူးသတိထား စိုးရိမ်ရသည့် ကိစ္စရပ်များ ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းသည် တုန်နယ်ဆပ် ရေကန်ဒေသ၏ ရေအတက်အကျ၊ ဂေဟစနစ်နှင့် ကုန်ထုတ်နိုင်စွမ်းအားကို လတ်တလောနှစ်များတွင် အဓိကအားဖြင့် သက်ရောက်မှု ရှိခဲ့သဖြင့် ကမ္ဘောဒီးယား လူဦးရေ အများစု၏ စားရေရိက္ခာလုံလောက်စွာ ရရှိနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးတို့ကို ထိခိုက်စေခဲ့သည်။ ကမ္ဘောဒီးယားတွင် အဓိကအားဖြင့် ရာသီဥတု နှစ်ခု ရှိသည်။​ မိုးရာသီသည် မေလမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အပူချိန်သည် အထိကျဆင်းလေ့ ရှိပြီး ၎င်းနှင့်အတူ လေထဲတွင် ရေငွေ့ပါဝင်မှုလည်း အလွန်များပြားလေ့ရှိသည်။ ခြောက်သွေ့သော ရာသီဥတုသည် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ဖြစ်ပြီး အပူချိန်သည် ဧပြီလဝန်းကျင်တွင် အထိ မြင့်တက်လေ့ ရှိသည်။ ကပ်ဘေးဆိုက်သော ရေကြီးမှုမှာ ၂၀၀၁ ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် နောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့ကာ နှစ်စဉ်နှစ်တိုင်း အတိုင်းအတာ တစ်ခု အထိ ရေကြီးလေ့ ရှိသည်။ အကြီးအကျယ်ရေလွှမ်းမိုးခြင်းသည် ၂၀၂၀ ခုနှစ် တိုင်ဖွန်းမုန်တိုင်း ရာသီအတွင်းတွင် ကမ္ဘောဒီးယားရှိ ပြည်နယ် ၁၇ ခုကို ထိခိုက်စေခဲ့သည်။ ဇီဝမျိုးကွဲများ ကမ္ဘောဒီးယားနိုင်ငံ၏ ဇီဝမျိုးကွဲများသည် အပူပိုင်း ရွက်ကြွေတောများတွင်တွေ့ရပြီး မှတ်တမ်းရှိသော သစ်ပင်မျိုးစိတ်ပေါင်း ၁၈၀ နှင့် ရိုင်ပေးရီးယန်း ဂေဟစနစ်တို့ ရှိကြသည်။ နို့တိုက်သတ္တဝါမျိုးစိတ် ၂၁၂ မျိုး၊ ငှက်မျိုးစိတ် ၅၃၆ မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၂၄၀ မျိုး၊ ရေချိုငါးမျိုးစိတ် ၈၅၀မျိုး (တုန်နယ်ဆပ် ရေကန်ဒေသ) နှင့် ပင်လယ်ငါးမျိုးစိတ် ၄၃၅မျိုးတို့ အား သိပ္ပံနည်းကျ မှတ်တမ်းတင်ထားသည်။ ဇီဝမျိုးကွဲအများစုသည် တုန်နယ်ဆပ် ရေကန်ဒေသနှင့် ပတ်ဝန်းကျင် ဇီဝရပ်ဝန်းဒေသတို့တွင် တွေ့ရသည်။ တုန်နယ်ဆပ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေမှာ တုန်နယ်ဆပ်ရေကန်များ၏ ပတ်ဝန်းကျင်တွင် ဖြစ်သည်။ ၎င်းတို့တွင် ရေကန်များနှင့် ပြည်နယ် ကိုးခုဖြစ်သော ကမ်ပုံးသွန်၊ ဆီရမ်ယိ၊ ဘာတန်ဘန်၊ ပါဆတ်၊ ကမ်ပုံးချနန်၊ ဘန်တေး မီချေး၊ ပိုင်လင်း၊ အော့ဒါ မီချေး နှင့် ပရီရာ ဗီဟီးယား ပြည်နယ်တို့ ပါဝင်သည်။ ၁၉၉၇ ခုနှစ်တွင် ယူနက်စကို၏ ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေ အဖြစ် အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့သည်။ အခြား တိရစ္ဆာန်တို့ ကျက်စားရာ နေရာများမှာ မွန်ဒိုကီရီပြည်နယ်ရှိ အမြဲစိမ်း နှင့် ခြောက်သွေ့ အင်ကညင်သစ်တောများ အတွင်းရှိ ကီရို ဆေးမား တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ၊ ဖနွမ်ပရစ်ချ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဆရီပေါ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး နယ်မြေ တို့ ဖြစ်ကြပြီး ရာတာနာကီရီ ပြည်နယ်နှင့် ပရီရာ မိုနီဗွန် အမျိုးသားဥယျာဉ်၊ ဘိုတမ်-စာကော အမျိုးသားဥယျာဉ်၊ ဖနွမ် အော်ရယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဖနွမ်ဆမ်ကော့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ တို့ ပါဝင်သော ကာဒါမွန်တောင်ကုန်း ဂေဟစနစ်တို့ ဖြစ်ကြသည်။ တကမ္ဘာလုံးဆိုင်ရာ သဘာဝ ရန်ပုံငွေ အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံတွင် ထင်ရှားသောကုန်းမြေ ဇီဝဒေသ ၆ ခုကို သတ်မှတ်ထားပြီး ၎င်းတို့မှာ ကာဒါမွန် တောင်ကုန်း မိုးသစ်တော၊ အင်ဒိုချိုင်းနားအလယ်ပိုင်း ခြောက်သွေ့တော၊ အရှေ့တောင် အင်ဒိုချိုင်းနား ခြောက်သွေ့အမြဲစိမ်းတော၊ တောင်ပိုင်း အင်နာမိုက်တောင်တန်း အပူပိုင်းသစ်တော၊ တုန်နယ်ဆပ် ရေချို ဒီရေတော နှင့် တုန်နယ်ဆပ်-မဲခေါင် သစ်ဆွေး ဒီရေတော တို့ ဖြစ်ကြသည်။ သဘာဝပတ်ဝန်းကျင် ၂၀၁၆ ခုနှစ် သဘာဝပတ်ဝန်းကျင်လုပ်ဆောင်ချက်ဆိုင်ရာ ညွှန်းကိန်း (EPI) တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၄၆ ရှိသဖြင့် ဆိုးရွားသော်လည်း တိုးတက်လာနေသော လုပ်ဆောင်မှု ရှိသည်။ အရှေ့တောင်အာရှဒေသတွင် အဆိုးဆုံးများထဲတွင် ပါဝင်ပြီး လာအို နှင့် မြန်မာနိုင်ငံထက်သာ သာလွန်သည်။ အီးပီအိုင်အား ၂၀၀၁ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စတင်ခဲ့ပြီး နိုင်ငံတစ်ခုချင်းစီ အနေနှင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ညွှန်းကိန်းများအား အကောင်အထည်ဖော်ရာတွင် မည်မျှကောင်းမွန်သည်ကို တိုင်းတာသည့် တကမ္ဘာလုံးဆိုင်ရာ ညွှန်ပြချက် ဖြစ်သည်။ အီးပီအိုင်တွင် ကမ္ဘောဒီးယားအနေနှင့် အဆိုးရွားဆုံး လုပ်ဆောင်ချက် ရှိသည့် နယ်ပယ်များမှာ လေထုအရည်အသွေး (၁၄၈)၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု (၁၄၀) နှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများပေါ်တွင် မူတည်သည့် ကျန်းမာရေး သက်ရောက်မှု (၁၃၇) တို့ ဖြစ်ပြီး ရေဆိုးနှင့်မိလ္လာကိစ္စရပ်များ၊ ငါးဖမ်းလုပ်ငန်းကြောင့် ဖြစ်ပေါ်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သစ်တော စီမံခန့်ခွဲမှုတို့မှာ နောက်မှ နီးကပ်စွာ လိုက်လာကြသည်။ ကမ္ဘောဒီးယားတွင် လွန်စွာကျယ်ပြန့်သော ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဒေသများ ကုန်းပေါ်နှင့် ရေထဲတွင် ရှိပြီး ကုန်းပေါ်တွင် ရှိသော ထိန်းသိမ်းရေးဒေသမှာ နိုင်ငံ၏ ၂၀% ခန့် ရှိသည်။ ထို့အတွက်ကြောင့် ကမ္ဘောဒီးယားအား ဇီဝမျိုးကွဲများနှင့် တိရစ္ဆာန်တို့ ကျက်စားရာမြေနှင့် ပတ်သက်၍​ ပျမ်းမျှထက်သာလွန်သော အဆင့် ၆၁ ရရှိခဲ့သော်လည်း သစ်တောပြုန်းတီးမှု၊ တရားမဝင် သစ်ခုတ်မှု၊ ဆောက်လုပ်ရေး နှင့် တောရိုင်း တိရစ္ဆာန် သတ်ဖြတ်ခြင်းတို့ကြောင့် ထို ထိန်းသိမ်းရေးဒေသများနှင့် သားကောင်များ ကျက်စားရာမြေတို့မှာ အလွန်အမင်း ပြုန်းတီးလျက် ရှိပြီး အစိုးရအနေနှင့် စီးပွားရေး လုပ်ဆောင်သည့် နေရာများနှင့် စိုက်ခင်းများကို ထိန်းသိမ်းရေးဒေသများတွင် နေရာချထားမှုကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးနိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုအများဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကသစ်တောမှာ ၇၀% ကျော် ဖုံးလွှမ်းနေပြီး ၂၀၀၇ ခုနှစ်တွင် ၃.၁% သာ ကျန်ရှိနေသည်။ စုစုပေါင်းအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း မျှ ရှိသော သစ်တောဧရိယာ ဆုံးရှုံးခဲ့ပြီး ၎င်းတို့ထဲတွင် မှာ ပင်မသစ်တော ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ အဓိကသစ်တောမှာ အောက်သာ ကျန်ရှိတော့ပြီး ကမ္ဘောဒီးယား၏ အနာဂတ်အတွက် သစ်တောထိန်းသိမ်းရေး ဒေသများအား ဆက်လက်ထိန်းသိမ်းနိုင်မည့် အခြေအနေမှာ အလွန်အမင်း ခြိမ်းခြောက်ခံနေရသည်။ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ ၁.၃ % ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွင် အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေများလည်း အများအပြားပါဝင်ပြီး မျိုးသုဉ်းရန်စိုးရိမ်ရသော တိရစ္ဆာန်နှင့် ဒေသရင်းနေ တိရစ္ဆာန် မျိုးစိတ် အများအပြားမှာ စားကျက်မြေ နည်းပါးလာခြင်းကြောင့် မျိုးသုဉ်းရမည့် အခြေအနေဖြင့် ခြိမ်းခြောက်ခံနေရသည်။ ကမ္ဘောဒီးယားရှိ သစ်တောပြုန်းတီးရခြင်းအတွက် အကြောင်းအရင်း များစွာ ရှိပြီး ၎င်းတို့ထဲတွင် တရားမဝင် သစ်ခုတ်ခြင်း မှစ၍ ဆောက်လုပ်ရေးစီမံကိန်းများနှင့် စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန်အတွက် ကြီးမားစွာ ရှင်းလင်းမှုများကြောင့် ဖြစ်သည်။ တကမ္ဘာလုံး ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သော မြေရှင်းလင်းခြင်းမှာ ကမ္ဘောဒီးယားတွင် နေရာအနှံ့အပြား ဖြစ်ပွားလျက် ရှိသည်။ သစ်တောပြုန်းတီးရခြင်းတွင် ဒေသခံပြည်သူများ၊ ကမ္ဘောဒီးယားရှိ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအာဏာပိုင်များ အပြင် တကမ္ဘာလုံးမှ နိုင်ငံတကာ ကော်ပိုရေးရှင်းများလည်း ပါဝင်ပတ်သက်နေသည်။ မဟာမဲခေါင်ဒေသတွင် အထူးသဖြင့် လာအိုနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေး တည်ဆောက်မှုလုပ်ငန်းများကြောင့် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အစားအသောက် ရရှိမှုကို အန္တရာယ် အစစ်အမှန် အဖြစ် ခြိမ်းခြောက်လျက် ရှိသည်။ မြစ်အထက်ပိုင်းမှ ဆည်များ တည်ဆောက်မှုကြောင့် ကမ္ဘောဒီးယား၏ အဓိက ပရိုတိန်းအတွက် ပံ့ပိုးပေးနေသော ငါးများကို အန္တရာယ် ဖြစ်စေပြီး ဗီယက်နမ်နိုင်ငံမှ ဆန်စပါးစိုက်ပျိုးရေးအတွက် လိုအပ်သော မဲခေါင်မြစ်မှ နုန်းမြေကိုလည်း လျော့ကျစေသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော ရေချိုကန်ဖြစ်သည့် တုန်နယ်ဆပ်မှ ကြွယ်ဝသော ငါးမျိုးစုံတို့သည် ချို့တဲ့သော နိုင်ငံ၏ ပရိုတိန်းကို အများစု ပံ့ပိုးပေးသည်။ ထိုကန်များသည် ပုံမှန် မဟုတ်ပေ။ ခြောက်သွေ့သော ရာသီဥတုတွင် ပျောက်ကွယ်သွားပြီး မိုးရွာ၍ မဲခေါင်မြစ်မှ ရေစီးသည့်အခါတွင် ကျယ်ပြန့်စွာ ချဲ့ကားသွားခဲ့သည်။ ဝါရှင်တန် တက္ကသိုလ်မှ ပါမောက္ခဖြစ်သော ဂေါ်ဒွန် ဟို့ဂရိ မှ "ဒီငါးတွေဟာ သူတို့အသက်ရှင်သန်ရေးအတွက် အရမ်းအရေးကြီးတယ်။ စီးပွားရေးဘက်ကပဲ ကြည့်ကြည့်။ အာဟာရဘက်ကပဲ ကြည့်ကြည့်။" ဟု ပြောပြီး မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သော သို့မဟုတ် တည်ဆောက်နေသည့် မည်သည့်ဆည်မဆို ငါးများအတွက် ကောင်းသောအလားအလာ မဟုတ် ဟု သူက ဆိုခဲ့သည်။ ၂၀၁၀ ခုနှစ်များတွင် ကမ္ဘောဒီးယားအစိုးရ နှင့် ပညာရေးစနစ်တို့သည် နိုင်ငံအတွင်းနှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များတွင် ပါဝင်ပတ်သက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ခဲ့သည်။ ကမ္ဘောဒီးယား၏ နိုင်ငံတော် သဘာဝပတ်ဝန်းကျင် မဟာဗျူဟာနှင့် လုပ်ဆောင်ချက် အစီအစဉ် အသစ်ကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၃ အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ထိုအစီအစဉ်တွင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်နိုင်ခြင်း အတွက် အိုင်ဒီယာအသစ်များ ပါဝင်သည်။ ဗီယက်နမ်စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျရောက်ခဲ့သည့် မြေမြှုပ်မိုင်းများနှင့် ဓာတုလက်နက်များ အပါအဝင် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများကို ကူညီရှင်းလင်းရန်အတွက် ရန်ပုံငွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စုမှ ဖြတ်တောက်ခဲ့သည်။ နိုင်ငံရေး အစိုးရ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးသည် ၁၉၉၃ ခုနှစ် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်း သက်ဝင်လှုပ်ရှားနေသည်။ အစိုးရမှာ စည်းမျဉ်းခံဘုရင်စနစ် ဖြစ်ပြီး ပါလီမန် ကိုယ်စားပြုဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ဟွန်မာနက်မှ ၂၀၂၃ခုနှစ်တွင် တာဝန်ယူခဲ့သည်။ ၎င်း၏ဖခင်ဖြစ်သူ ဟွန်ဆန်မှာ သက်​တော်ရှည်ဝန်ကြီးချုပ်ဖြစ်ပြီး ၁၉၈၅ ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သည်။နိုင်ငံတော်၏ အကြီးအမှူးမှာ ဘုရင်ဖြစ်ကာ လက်ရှိဘုရင်မှာ နိုရိုဒွန် သီဟာမိုနီ ဖြစ်သည်။ သမ္မတအား ဘုရင်မှ ခန့်အပ်ပြီး အမျိုးသား လွှတ်တော်၏ အကြံပေးမှု နှင့် ထောက်ခံမှုဖြင့် ဖြစ်သည်။ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူများသည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးကြသည်။ ဥပဒေပြုရေးအာဏာကို အစိုးရအဖွဲ့နှင့် လွှတ်တော်နှစ်ရပ်မှ ဝေမျှကျင့်သုံးကြပြီး လွှတ်တော်နှစ်ရပ်တွင် အောက်လွှတ်တော်ဖြစ်သော အမျိုးသား လွှတ်တော် နှင့် အထက်လွှတ်တော်ဖြစ်သော ဆီးနိတ်လွှတ်တော်တို့ ပါဝင်သည်။ ကိုယ်စားလှယ် ၁၂၃ ဦး ပါဝင်သော လွှတ်တော်ကို အချိုးကျ ကိုယ်စားပြုစနစ် ဖြင့် ရွေးချယ်ကြပြီး အများဆုံး သက်တမ်းမှာ ၅ နှစ် ဖြ်စသည်။ ဆီးနိတ်လွှတ်တော်တွင် ကိုယ်စားလှယ် ၆၁ ဦး ပါဝင်ပြီး ၂ ဦးကို ဘုရင်မှ ခန့်အပ်ကာ ၂ ဦးကို အမျိုးသား လွှတ်တော်မှ ခန့်အပ်ပြီး ကျန်ကိုယ်စားလှယ်များကို ကမ္ဘောဒီးယားရှိ ပြည်နယ် ၂၄ခုရှိ မြို့နယ် ကောင်ဆယ်လာများမှ ရွေးချယ်ကြသည်။ ဆီးနိတ်လွှတ်တော်အမတ်၏ သက်တမ်းမှာ ၆ နှစ် ဖြစ်သည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၄ တွင် နိုရိုဒွန် သီဟာမိုနီအား အထူးအဖွဲ့ဝင် ၉ ဦး ပါဝင်သော တော်ဝင်နန်းအပ်ကောင်စီမှ ရွေးချယ်ခဲ့ပြီး တစ်ပတ်အကြာက ဘုရင် နိုရိုဒွန် သီဟာနု နန်းစွန့်ခဲ့ပြီးနောက် အလျှင်အမြန် ချမှတ်ခဲ့သော ရွေးချယ်ရေး အစီအစဉ်များဖြင့် ဖြစ်သည်။ သီဟာမိုနီအား ရွေးချယ်ခြင်းကို ဝန်ကြီးချုပ် ဟွန်ဆန် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မင်းသား နိုရိုဒွန် ရာနာရစ်ဒ် (ဘုရင်၏ အဖေတူ အမေကွဲ ညီ နှင့် လက်ရှိ အကြံပေးချုပ်) တို့က ထောက်ခံခဲ့ကြပြီး ၎င်းတို့နှစ်ဦးစလုံးမှာ နန်းအပ်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဘုရင်အား ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၉တွင် နန်းတင်ခဲ့သည်။ တရားဝင်အားဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ် ဖြစ်သော်လည်း အမှန်တကယ်တွင် "နိုင်ငံမှာ တစ်ပါတီ စနစ်ဖြစ်ပြီး ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ခမာနီ အစိုးရမှ ပြောင်းလဲလာပြီး ၁၉၈၅ ခုနှစ်ကတည်းက အာဏာရခဲ့သော ဟွန်ဆန် တို့မှ သာ ကြီးစိုးလျက် ရှိသည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် တံခါးဖွင့်ပေးခဲ့သော ရင်းနှီးမြှုပ်နှံမှုအသစ်များမှာ သူနှင့် သူ၏ မိန်းမ ဘန်းရာနီ တို့၏ နောက်လိုက်ခရိုနီများ အတွက်သာ အကျိုးအမြတ် ရှိသည်။" ဟု ဆိုသည်။လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှ ဒါရိုက်တာ ဒေးဗစ်ရောဘတ်မှ ကမ္ဘောဒီးယား အစိုးရအား "အာဏာရှင် ညွန့်ပေါင်း နှင့် အပေါ်ယံ ဒီမိုကရေစီ" ဟု ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ် ဟွန်ဆန်သည် ၇၄ နှစ်အထိ အုပ်ချုပ်မည်ဟု ကြွေးကြော်ထားသည်။ သူသည် ဘက်ပြောင်းလာသော ခမာနီ အဖွဲ့ဝင်ဖြစ်သည်။ သူ၏ အစိုးရအား လူ့အခွင့်အရေးကို လျစ်လျူရှုပြီးနှင့် နိုင်ငံရေးအရ မကျေနပ်မှု ထုတ်ဖော်ခြင်းအား ဖိနှိပ်သည် ဟု အမြဲတစေ စွပ်စွဲခံရသည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲရလဒ်အား ဟွန်ဆန်၏ အတိုက်အခံတို့နှင့် အငြင်းအခုံ ဖြစ်ခဲ့ပြီး မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။ ဆန္ဒပြသူများသည် ထိခိုက်ဒဏ်ရာ ရရှိ၍ သေဆုံးစေခဲ့ပြီး ထိုစဉ်က ဆန္ဒပြသူ ၂၀,၀၀၀ စုရုံးခဲ့ပြီး အချို့မှာ အဓိကရုဏ်းရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ သာမန် လယ်သမားဘဝမှ လာခဲ့သော ဟွန်ဆန်သည် ၁၉၈၅ ခုနှစ် အာဏာရရှိချိန်တွင် အသက် ၃၃ နှစ်သာ ရှိပြီး သူ့အား အချို့မှ နှစ်ရှည်ကြာ အုပ်ချုပ်သူ အာဏာရှင်ဟု ယူဆကြသည်။ ၂၀၁၇ ခုနှစ်မှစ၍ နိုင်ငံရေးအရ ဆန့်ကျင်မှုများနှင့် သတင်းစာ လွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့သဖြင့် ကမ္ဘောဒီးယားအား တစ်ပါတီနိုင်ငံအဖြစ် ဖော်ပြခဲ့ကြသည်။ နိုင်ငံရေးယဉ်ကျေးမှု ကမ္ဘောဒီးယားပြည်သူ့ပါတီသည် ကမ္ဘောဒီးယားတွင် တစ်ခုတည်းသော လက်ဝါးကြီးအုပ်ပါတီဖြစ်သည်။ ၂၀၁၈ ခုနှစ်မှစ၍ စီပီပီသည် ပါလီမန်တွင် ကိုယ်စားလှယ်နေရာ ၄ ခုမှလွဲ၍ ကျန်သော နေရာများကို ရယူထားကာ အမျိုးသားလွှတ်တော်ရှိ ကိုယ်စားလှယ်နေရာ အားလုံးသော ၁၂၅ ခု နှင့် ဆီးနိတ်လွှတ်တော်ရှိ ကိုယ်စားလှယ်နေရာ ၆၂ ခုမှ ၅၈ခုကို ရယူထားသည်။ ဟွန်ဆန်နှင့် သူ၏ အစိုးရသည် အငြင်းပွားမှုများစွာ ရှိသော အစိုးရ ဖြစ်သည်။ ဟွန်ဆန်သည် ယခင်က ခမာနီတို့၏ စစ်ဆင်ရေးမှူး ဖြစ်ပြီး မူလက ဗီယက်နမ်တို့ အာဏာပေးအပ်ခဲ့သူ ဖြစ်ကာ ဗီယက်နမ်တို့ နိုင်ငံမှ ထွက်ခွာသွားသည့် အခါတွင် သူသည် ကြမ်းတမ်းမှုနှင့် ဖိနှိပ်မှုတို့ကို လိုသလိုအသုံးချ၍ သူ၏ အာဏာ ကို ထိန်းချုပ်ခဲ့သည်။၁၉၉၇ ခုနှစ်တွင် သူ၏ လက်ထောက် ဝန်ကြီးချုပ်ဖြစ်သော နိုရိုဒွန် ရာနာရစ်ဒ်၏ အာဏာကြီးထွားလာမှုကို စိုးရိမ်၍ သူသည် စစ်တပ်ကို အသုံးပြု၍ အာဏာသိမ်းခဲ့ပြီး ရာနာရစ်ဒ်နှင့် ၎င်းအား ထောက်ခံသူများကို ဖယ်ရှားခဲ့သည်။ ရာနာရစ်ဒ်သည် ရာထူးပြုတ်၍ ပဲရစ်သို့ ထွက်ပြေးခဲ့ရပြီး အခြားသော ဟွန်ဆန်၏ ပြိုင်ဘက်များမှာ အဖမ်းခံရကာ ညှင်းပန်းနှိပ်စက်ခံရပြီး အချို့မှာ ကွပ်မျက်ခံခဲ့ရသည်။ နိုင်ငံရေးအရ ဖိနှိပ်မှုအပြင် ကမ္ဘောဒီးယားအစိုးရသည် ရွာသားထောင်ပေါင်းများစွာကို နှင်ထုတ်ကာ မြေများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခဲ့ခြင်းကြောင့် လည်းကောင်း၊ လာဘ်ငွေရယူကာ ကမ္ဘောဒီးယား၏ ရေနံနှင့် သတ္တုရင်းမြစ်များကို ခေါင်းပုံဖြတ်ရယူစေခွင့် ပြုခဲ့ခြင်းကြောင့် လည်းကောင်း အကျင့်ပျက်ခြစားသည်ဟုလည်း စွပ်စွဲခံရသည်။ ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် ခြအစားဆုံး အစိုးရအဖြစ် အမြဲတစေ စာရင်းသွင်း ဖော်ပြခြင်း ခံရသည်။အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ မှ ကမ္ဘောဒီးယားမှ အသက် ၃၃ နှစ်အရွယ်ရှိ မြေယာအခွင့်အရေး လှုပ်ရှားသူ ယောင် ဘိုဖ အား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ အဖြစ် အသိအမှတ်ပြုထားသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၂ ရက် ဖနွမ်းပင်တွင် အငြင်းပွားနေသော ရွေးကောက်ပွဲရလဒ်ကို ဆန္ဒပြနေခြင်းအား သတင်းယူနေသော သတင်းသမားများအား ရဲများနှင့် အရပ်ဝတ်များက လေးဂွများ နှင့် ကျင်စက်များဖြင့် တမင်သက်သက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ နိုင်ငံတကာ သတင်းထောက်ကလပ်၏ ဥက္ကဋ္ဌ ရစ်ခ် ဗယ်လန်ဇူးလားအား တိုက်ခိုက်နေခြင်းကို ဗွီဒီယို မှတ်တမ်းအဖြစ် တွေ့ရသည်။ အတိုက်အခံတို့မှ ရွေးကောက်ပွဲမသမာမှုများနှင့် ပတ်သက်၍ စိုးရိမ်သဖြင့် ပါလီမန်ဖွင့်လှစ်ခြင်းကို သပိတ်မှောက်ခဲ့ကြသဖြင့် နိုင်ငံရေးအရ တင်းမာမှု ဖြစ်ပွားပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ အနည်းဆုံး သတင်းထောက် ၇ ယောက်တို့သည် ဒဏ်ရာ အနည်းငယ် ရခဲ့ပြီး ကမ္ဘောဒီးယား ဆန္ဒပြသူ အနည်းဆုံး ၂ ဦးမှာ လေးခွထိမှန်ခံခဲ့ရသဖြင့် ဆေးရုံတက်ရောက် ကုသခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယား တရားလွှတ်တော်ချုပ်မှ အဓိက အတိုက်အခံ ပါတီဖြစ်သော ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ (စီအင်န်အာရ်ပီ) ကို ဖျက်သိမ်းခဲ့သဖြင့် ပိုမို၍ အာဏာရှင်ဆန်သော နိုင်ငံရေးစနစ်ကို ပြန်လည် အသက်ဝင်ရန် လမ်းခင်းပေးခဲ့သည်။ အကျင့်ပျက် ခြစားမှု ကမ္ဘောဒီးယားရှိ အကျင့်ပျက်ခြစားမှု အဆင့်သည် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုထက် ပို၍မြင့်သည်။ ၂၀၁၀ ခုနှစ်တွင် "ခြစားမှု တိုက်ဖျက်ရေးဥပဒေ" ကို ပြဋ္ဌာန်းခဲ့သော်လည်း နိုင်ငံတဝှမ်းလုံးတွင် အကျင့်ပျက်ခြစားမှုများ ရှိနေသည်။ ခြစားမှုသည် တရားစီရင်ရေး၊ ရဲ နှင့် အခြားသော နိုင်ငံတော်ဆိုင်ရာ အဖွဲ့အစည်းများကို သက်ရောက်စေသည်။ အစိုးရ အရာရှိများ အနေနှင့် နီးစပ်သူကို ဦးစားပေးခြင်း နှင့် အပြစ်ရှိသူကို လျစ်လျူရှု ပေးခြင်းတို့ကို နေရာတကာ တွေ့ရသည်။ တရားစီရင်ရေး နှင့် အစိုးရ၏ အုပ်ချုပ်ရေး ဌာနတို့ကြားတွင် ရှင်းလင်းသော ကွဲပြားခြားနားမှုမရှိခြင်းကြောင့် တရားစီရင်ရေးစနစ်တွင် နိုင်ငံရေးအရ လွှမ်းမိုးမှုများစွာ ရှိသည်။ ကမ္ဘောဒီးယားပြည်သူတို့၏ နေ့စဉ်ဘဝတွင် လာဘ်စားမှုများကို ကြုံတွေ့နေရသည်မှာ ကျန်းမာရေး စောင့်ရှောက်မှု ရယူခြင်း၊ ယာဉ်စည်းကမ်း ချိုးဖောက်ခြင်း နှင့် လျှော့ပေါ့သော တရားစီရင်ချက် ရရှိစေရေး တို့အတွက် ဖြစ်သည်။ ကုမ္ပဏီများ အနေနှင့် လိုင်စင်များနှင့် ပါမစ်များ ရယူရန် အထူးသဖြင့် ဆောက်လုပ်ရေးနှင့် ပတ်သက်သော ပါမစ်များအတွက် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းမှာ အမြဲတွေ့နေရသော အလေ့အထ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ခြစားမှု တိုက်ဖျက်ရေး ဥပဒေတွင် သတင်းပေးသူများအား ကာကွယ်ပေးမှု မရှိပဲ သူတို့ သတင်းပေးသည့် ခြစားမှုကို သက်သေမပြနိုင်ပါက ထောင်ခြောက်လအထိ အပြစ်ပေးခြင်း ခံရနိုင်သည်။ နိုင်ငံခြား ဆက်ဆံရေး ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကို ပရက် ဆိုခွန် ဦးဆောင်သော နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုင်တွယ်သည်။ ကမ္ဘောဒီးယားသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့၏ အဖွဲ့ဝင် ဖြစ်သည်။ ထို့ပြင် အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊​အာဆီယံ​တို့၏ အဖွဲ့ဝင်လည်း ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ သို့ ၂၀၀၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကမ္ဘောဒီးယားသည် မလေးရှားနိုင်ငံတွင် ကျင်းပသော အရှေ့အာရှထိပ်သီးညီလာခံ သို့ ပထမဆုံးအကြိမ် အဖြစ် တက်ရောက်ခဲ့သည်။ ကမ္ဘောဒီးယားသည် နိုင်ငံပေါင်း များစွာနှင့် သံတမန် ဆက်ဆံရေး ရှိပြီး အစိုးရ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း သံရုံး ၂၀ ရှိပြီး အာရှတိုက်ရှိ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ပဲရစ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အဓိက ပါဝင်လှုပ်ရှားခဲ့သော နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဩစတြေးလျ၊ တရုတ် နှင့် ဥရောပသမဂ္ဂ၊ ဂျပန် နှင့် ရုရှားတို့လည်း ပါဝင်သည်။နိုင်ငံတကာ ဆက်ဆံရေးကြောင့် အလှူရှင်အဖွဲ့အစည်းများမှ လူမှုရေး၊​စီးပွားရေး နှင့် မြို့ပြလူမှုအဆောက်အအုံများအတွက် လိုအပ်သည်များကို အကူအညီပေးခဲ့ကြသည်။ ၁၉၇၀ ခုနှစ်များနှင့် ၁၉၈၀ ခုနှစ်များမှ ပြင်းထန်ကြမ်းတမ်းသော အကွဲအပြဲများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ကမ္ဘောဒီးယားနှင့် အိမ်နီးချင်းနိုင်ငံများ အကြား နယ်စပ် အငြင်းပွားမှု အချို့ ရှိနေဆဲ ဖြစ်သည်။ ထိုအရာများမှာ ကမ်းလွန်ပင်လယ်အတွင်းရှိ ကျွန်းအချို့၊ ဗီယက်နမ် နှင့် နယ်နိမိတ်၏ အချို့အစိတ်အပိုင်းများ နှင့် သတ်မှတ်မထားသော ပင်လယ်နယ်နိမိတ် တို့ ဖြစ်ကြသည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေနှင့် နယ်နိမိတ် အငြင်းပွားမှုများ ရှိပြီး အထူးသဖြင့် ပရီးယား ဗီဟီးယား ပုထိုးနှင့် ကပ်လျက် နေရာတွင် စစ်တပ်အချင်းချင်း ပဋိပက္ခ ဖြစ်ပွားပြီး ဆက်ဆံရေး ပျက်ယွင်းခဲ့သည်။ ကမ္ဘောဒီးယား အနေနှင့် နယ်မြေအများစုကို ပိုင်ဆိုင်သည် ဖြစ်သော်လည်း ထိုင်းနိုင်ငံမှ နိုင်ငံတကာဥပဒေများကို မလိုက်နာပဲ ကမ္ဘောဒီးယား စစ်တပ်မှ အရင်းအမြစ် အလုံအလောက် မရှိသဖြင့် ၁၉၆၂ ခုနှစ်ကတည်းက မဖြေရှင်းနိုင်ပဲ ထားခဲ့သော နေရာများတွင် အခိုင်အမာတည်ဆောက်မှုများ ပြုလုပ်ကြသည်။ ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ၂၀၁၀ ခုနှစ်များတွင် ဆက်ဆံရေး တည်ဆောက်ခဲ့ကြသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ နောက်ခံပေးထားသော တရုတ်ကုမ္ပဏီတစ်ခုသည် ကမ္ဘောဒီးယားနိုင်ငံ ကိုကောင်းပြည်နယ်ရှိ ထိုင်းပင်လယ်ကွေ့ ကမ်းရိုးတန်း၌ ရှည်လျားသော နေရာတွင် ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်လျက် ရှိသည်။ ထိုဆိပ်ကမ်းသည် အပျော်စီးသင်္ဘောများ၊ ဝမ်းပုံလောင်းသင်္ဘောများ နှင့် စစ်သင်္ဘောများ ကပ်ရောက်နိုင်သည် အထိ ရေစူးနက်သည်။ ကမ္ဘောဒီးယား၏ သံတမန် ရေးအရ ထောက်ခံမှုသည် တရုတ်တို့၏ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသည့် နေရာများအား ရယူရန်ကြိုးပမ်းမှုကို အထောက်အကူပေးသည်။ ကမ္ဘောဒီးယားသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အာဆီယံ၏ စည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ကန့်ကွက်ပါက အဖွဲ့တစ်ခုလုံး အနေဖြင့် ဦးဆောင်လှုပ်ရှားမှုကို ရပ်တန့်စေနိုင်သည်။ ကမ္ဘောဒီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အရှေ့တောင်အာရှနိုင်ငံများ အတွက် တရုတ်တို့အတွက် ချိန်ညှိပေးမည့် အလေးတုံး တစ်ခု ဖြစ်သည်။ စစ်ရေး တော်ဝင် ကမ္ဘောဒီးယားကြည်းတပ်၊ တော်ဝင်ကမ္ဘောဒီးယား ရေတပ် နှင့် တော်ဝင် ကမ္ဘောဒီးယား လေတပ်၊ တော်ဝင်တပ်ရဲ တို့ကို အားလုံးစုပေါင်း၍ ကမ္ဘောဒီးယား တော်ဝင်တပ်မတော် ဟု ခေါ်ဆိုကြပြီး နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာ၏ အမိန့်ပေးထိန်းချုပ်မှုအောက်တွင် ရှိကာ ၎င်းတို့၏ အထက်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ရှိသည်။ ဘုရင်မင်းမြတ် နိုရိုဒွန် သီဟာမိုနီမှ ကမ္ဘောဒီးယား တော်ဝင် တပ်မတော်၏ စစ်သေနာပတိချုပ် ဖြစ်သည်။ ဝန်ကြီးချုပ် ဟွန်ဆန်မှာမူ အရေးပါသော ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ထိရောက်စွာ ရယူထားသည်။ ၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ပြင်ဆင်ထားသော ဖွဲ့စည်းပုံကို စတင်မိတ်ဆက်ခြင်းသည် ကမ္ဘောဒီးယားစစ်တပ်ကို ပြန်လည်ဖွဲ့စည်းခြင်း၏ အစ ဖြစ်သည်။ ထိုမှတဆင့် ကာကွယ်ရေးဝန်ကြီးဌာနသည် လက်အောက်ခံ အထွေထွေ ရုံး ၃ခုဖြစ်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး၊ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာဌာန၊ ကာကွယ်ရေးဌာနတို့ကို ဗဟိုဌာနချုပ်၏ လက်အောက်တွင် ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးမှာ ဗိုလ်ချုပ်ကြီး တီးဘန် ဖြစ်သည်။ သူသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၇၉ မှ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေး ဒု-ဝန်ကြီးများမှာ ချေဆိုင်ယွန် နှင့် ပေါ်ဘန်ဆရူး တို့ ဖြစ်ကြသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘောဒီးယား တော်ဝင်တပ်မတော်၌ အမြဲတမ်းအင်အား ၁၀၂,၀၀၀ ဦး (အရန်အင်အား ၂၀၀,၀၀၀ ဦး) ရှိသည်။ ကမ္ဘောဒီးယား၏ စစ်ရေးအသုံးစရိတ်မှာ နိုင်ငံတော် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၃% ရှိသည်။ ကမ္ဘောဒီးယား တော်ဝင်တပ်ရဲတွင် တပ်သား ၇,၀၀၀ ရှိသည်။ ၎င်း၏ တာဝန်များတွင် လုံခြုံရေးနှင့် ပြည်သူတို့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန်၊ စနစ်တကျ စီစဉ်လုပ်ဆောင်သော ရာဇဝတ်မှုကြီးများ၊ အကြမ်းဖက်မှုများနှင့် အခြားကြမ်းတမ်းသော အဖွဲ့အစည်းများကို ကို စုံစမ်းဖော်ထုတ်ရန်နှင့် တားဆီးရန်၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အိုးအိမ်များကို ကာကွယ်ရန်၊ အရေးပေါ်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းရေး မတည်ငြိမ်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများတွင် ပြည်သူများနှင့် အခြား အရေးပေါ်အဖွဲ့များကို အကူအညီပေးရန် တို့ ဖြစ်သည်။ ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်း အလွန်အားကောင်းသော ဩဇာအာဏာကို တည်ဆောက်ထားပြီး နိုင်ငံ၏ ပုံမှန်စစ်တပ်များနှင့် အပြိုင်နီးပါး စွမ်းရည်ရှိသော ခါးပိုက်ဆောင်တပ်လည်း ပါဝင်ကာ နိုင်ငံရေးအရ ပြိုင်ဘက်များကို ဖိနှိပ်ရန် အသုံးပြုသည်ဟု စွပ်စွဲခြင်း ခံရသည်။ ကမ္ဘောဒီးယားသည် ကုလသမဂ္ဂ၏ အဏုမြူတားဆီးရေး စာချုပ်အား ပါဝင်လက်မှတ်ရေးထိုးထားသည်။ ဥပဒေဝန်ထမ်း ကမ္ဘောဒီးယား၏ ဥပဒေရေးရာ ဝန်ဆောင်မှုများကို ၁၉၃၂ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ခမာနီအစိုးရကြောင့် ဥပဒေစနစ် တစ်ခုလုံးကို ဖျက်သိမ်းခဲ့ပြီး တရားသူကြီးများနှင့် ရှေ့နေများအားလုံးမှာ ဓနရှင်ရန်သူ များအဖြစ် စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရသည်။ ဥပဒေဝန်ထမ်း ၆ ဦးမှ ၁၂ ဦး အထိသာ နိုင်ငံအတွင်း အသက်ရှင် ကျန်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဘား အဖွဲ့အား တည်ထောင်သည့် အချိန်အထိ ရှေ့နေ့ မရှိခဲ့ပေ။ လူ့အခွင့်အရေး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အစီရင်ခံစာအရ ဟွန်ဆန်၏ လက်အောက်ရှိ တပ်များနှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီတို့သည် ကြီးကျယ်ပြီး မကြာခဏဖြစ်သော မတရားမှုများကို ကျူးလွန်ကြပြီး ၎င်းတို့တွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ညှဉ်းဆဲခြင်းတို့ ပါဝင်ကာ ထိုအတွက် နောက်ဆက်တွဲ အရေးယူမှုများ မရှိဟု ဖော်ပြခဲ့သည်။ ၂၀၁၆ ခု ကမ္ဘာ့ကျွန်ပြုမှုညွှန်းကိန်း အရ ယနေ့ခေတ် ကမ္ဘောဒီးယားတွင် ခန့်မှန်းခြေ လူဦးရေ ၂၅၆,၈၀၀ ဦးမျှ ကျွန်ပြုခံနေရပြီး လူဦးရေ စုစုပေါငး်၏ ၁.၆၅ ရာခိုင်နှုန်းမျှ ဖြစ်သည်။ အစိုးရဝန်ထမ်း ရာထူးကြီးသူများ၊ စစ်တပ်များနှင့် အစိုးရနှင့် ဆက်နွယ်နေသော စီးပွားရေးသမားများမှ မြေမတရားသိမ်းယူခြင်းမှာ ကမ္ဘောဒီးယားတွင် အမြဲတွေ့ရလေ့ရှိသည့် ကိစ္စတစ်ခု ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုအတွင်း သိန်းပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူများထံမှ မြေယာများကို သိမ်းယူခြင်း ခံခဲ့ရပြီး ကိုယ်ကျိုးစီးပွားအတွက် နှင့် အမျိုးမျိုးသော အဖွဲ့အစည်းများ၏ အကျိုးစီးပွားအတွက် ဩဇာအာဏာတည်ဆောက်ရန် အစရှိသည်တို့အတွက် ဖြစ်သည်။ ယုံကြည်စိတ်ချရသော အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ လူဦးရေ ၇၇၀,၀၀၀ တို့သည် အနည်းဆုံး ဟက်တာ ၄ သန်း ( ဧက ၁၀ သန်း) မျှသော မြေသိမ်းမှုကြောင့် နစ်နာဆုံးရှုံးခဲ့ရသည်ဟု ပဲရစ်တွင် အခြေစိုက်သော နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း (IFDH) က ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူမှ "ကမ္ဘောဒီးယားတွင် ဇူလိုင်လ ရွေးကောက်ပွဲမတိုင်မီ မီဒီယာများ၊ လွတ်လပ်စွာ ပြောဆိုခွင့်များနှင့် နိုင်ငံရေးအရ ပါဝင်မှုများကို ကန့်သတ်ခြင်းကြောင့် လွန်စွာ စိုးရိမ်ရသည်။" ဟု ထုတ်ဖော်ပြောကြားခဲ့သည်။အစိုးရအား ဝေဖန်သူများမှာ ကမ္ဘောဒီးယားတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ သတင်းမှားများ ထုတ်လွှင့်သည် ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ခံကြရသည်။ အုပ်ချုပ်ရေးဒေသများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စည်ပင်သာယာနယ်နိမိတ်များနှင့် ပြည်နယ်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပထမအဆင့် အုပ်ချုပ်ရေးဒေသများ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စည်ပင်သာယာနယ်နိမိတ်များ အပါအဝင် ပြည်နယ် ၂၅ ခု အဖြစ် ပိုင်းခြားထားသည်။ စည်ပင်သာယာနယ်နိမိတ်များနှင့် ခရိုင်များသည် ဒုတိယအဆင့် အုပ်ချုပ်ရေးဒေသများ ဖြစ်သည်။ ပြည်နယ်များအား ခရိုင် ၁၅၉ခု နှင့် စည်ပင်သာယာနယ်နိမိတ် ၂၆ ခု အဖြစ် ထပ်မံပိုင်းခြားထားသည်။ ခရိုင်များနှင့် စည်ပင်သာယာနယ်နိမိတ်များကို မြို့နယ်နှင့် ရပ်ကွက်များ အဖြစ် ထပ်မံ ပိုင်းခြားထားသည်။ စီးပွားရေး ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁,၃၀၉ ဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းကို ထည့်တွက်ပါက အမေရိကန်ဒေါ်လာ ၄,၀၂၂ မျှ ရှိသည်။ ကုလသမဂ္ဂမှ ကမ္ဘောဒီးယားနိုင်ငံအား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။ ကျေးလက်အိမ်ထောင်စု အများစုမှာ စိုက်ပျိုးမွေးမြူရေးနှင့် ၎င်းနှင့် ဆက်စပ်နေသော လုပ်ငန်းများ အပေါ်တွင် မှီခိုကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက တင်ပို့ကုန်များမှာ ဆန်စပါး၊ ငါး၊ သစ်၊ အဝတ်အထည် နှင့် ရာဘာတို့ ဖြစ်ကြသည်။ နိုင်ငံတကာ ဆန်စပါးသုတေသန အင်စတီကျု (IRRI) မှ ၎င်းတို့၏ ဖိလစ်ပိုင်နိုင်ငံရှိ မျိုးစပါးဘဏ်မှ စပါးမျိုးပေါင်း ၇၅၀ ကို ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် မိတ်ဆက်တင်ပို့ပေးခဲ့သည်။ ထိုမျိုးစပါးများမှာ ၁၉၆၀ ခုနှစ်များတွင် ကမ္ဘောဒီးယားမှ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ အီကော်နောမစ်မဂ္ဂဇင်း နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့တို့၏ အဆိုအရ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပျမ်းမျှ ဂျီဒီပီ တိုးတက်နှုန်းမှာ ၇.၇% ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ပျမ်းမျှ ဂျီဒီပီ တိုးတက်နှုန်း အများဆုံး ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး လုပ်ငန်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ခရီးသွား ၂၁၉,၀၀၀ မျှ ရှိရာမှာ ၂၀၀၇ ခုနှစ်တွင် ၂ သန်း အထိ တိုးတက်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁.၇% ဖြစ်ပြီး နိုင်ငံခြားသို့ တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ မျှ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံကို လေ့လာတင်ပြသော စာတမ်းဖြစ်သည့် "ဆင်းရဲသားတွေ ဘယ်ရောက်သွားသလဲ။ ကမ္ဘောဒီးယား ဆင်းရဲမွဲတေမှု စစ်တမ်း ၂၀၁၃" တွင် ကမ္ဘာ့ဘဏ်မှ ကောက်ချက်ဆွဲခဲ့သည်မှာ "၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် ၇ နှစ်တာ ကာလအတွင်း ကမ္ဘောဒီးယား၏ စီးပွားရေး တိုးတက်မှုသည် အလွန်အမင်းအားကောင်းပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံးများထဲတွင် အပါအဝင် ဖြစ်သည်။ ထို့အပြင် အိမ်ထောင်စုများ၏ သုံးစွဲနှုန်းမှာ ၄၀% အထိ တိုးတက်လာခဲ့သည်။ ထိုသို့ တိုးတက်မှုများသည် ဆင်းရဲသားများအတွက် ကောင်းမွန်ပြီး ဆင်းရဲချမ်းသာ မညီမျှမှုကို လျှော့ချနိုင်ရုံမျှမက ဆင်းရဲသားများ၏ သုံးစွဲနှုန်းကို ဆင်းရဲသားမဟုတ်သူများနှင့် ယှဉ်လျှင် ပိုမို များပြားလာစေခဲ့သည်။ ရလဒ်အနေနှင့် ဆင်းရဲမွဲတေမှုနှုန်းသည် ၅၂.၂% မှ ၂၀.၅% သို့ လျော့ကျခဲ့ပြီး မျှော်မှန်းချက်အားလုံးကို ကျော်လွန်ရုံသာမက နိုင်ငံ၏ ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်၏ ဆင်းရဲမွဲတေမှုနှုန်း ပစ်မှတ်ကိုပင် ကျော်လွန်ခဲ့သည်။ သို့သော်လည်း ဆင်းရဲမွဲတေမှုမှ လွတ်မြောက်လာသူ အများစုမှာ အနည်းငယ်မျှသော ပမာဏဖြင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး အလွန် စိတ်မချရသော အခြေအနေတွင် ရှိသေးသည်။ အနည်းငယ်မျှသော လှုပ်ခတ်မှုကြောင့်ပင်လျှင် သူတို့အနေနှင့် ဆင်းရဲမွဲတေသူ အဖြစ် ပြန်လည်သက်ဆင်း သွားနိုင်သည်။" ဟု ဖော်ပြထားခဲ့သည်။ ဆယ်စုနှစ် နှစ်ခုမျှ စီးပွားရေး တိုးတက်ခဲ့ခြင်းသည် ကမ္ဘောဒီးယားအား ဆင်းရဲမွဲတေမှု လျှော့ချရာတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံ တစ်ခု ဖြစ်စေခဲ့သည်။ အောင်မြင်ခဲ့သော ဇာတ်ကြောင်းအရ အရှေ့တောင်အာရှနိုင်ငံသည် ဆိုးရွားသော ပြည်တွင်းစစ်ကို ကျော်လွန်ပြီးနောက် ကမ္ဘာ့ဘဏ်မှ အလယ်အလတ်တန်း အနိမ့်ပိုင်း ဝင်ငွေ ရှိသော စီးပွားရေးရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ နှိုင်းယှဉ်နိုင်သော အချက်အလက်ရှိသည့် နိုင်ငံ ၆၉ နိုင်ငံတွင် ကမ္ဘောဒီးယားသည် ၂၀၀၄-၂၀၀၈ အတွင်း အလျှင်အမြန်ဆုံး ဆင်းရဲမွဲတေမှု လျှော့ချရာ၌ စတုတ္ထနေရာတွင် ရှိနေခဲ့သည်။ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၁၃ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင် ကျေးလက်နှင့် မြို့ပြ အိမ်ထောင်စုများအတွင် ဆင်းရဲမွဲတေမှုနှုန်း ထပ်မံ လျော့ကျလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း လူထုဖွံ့ဖြိုးမှု ညွှန်းကိန်း အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေးတို့တွင် ကမ္ဘောဒီးယားသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ပြီး တိုးတက်မှုအတွက် ဦးစားပေးအဆင့်အတန်း ရှိနေသေးသည်။ ၂၀၀၅ ခုနှစ်တွင် ကမ္ဘောဒီးယား ရေပိုင်နက်အတွင်း တွေ့ရှိခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့များမှာ ထုတ်ယူနိုင်စွမ်း အများအပြား ရှိသော်လည်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ် အငြင်းပွားမှုကြောင့် အများစုမှာ မထုတ်လုပ်ရသေးပေ။ ကမ္ဘောဒီးယား နိုင်ငံတော်ဘဏ် သည် နိုင်ငံ၏ ဗဟိုဘဏ် ဖြစ်ပြီး နိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ နည်းဥပဒေများဖြင့် ထိန်းကြောင်း ကြပ်မတ်ပေးပြီး နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်အတွက်လည်း တစိတ်တပိုင်း တာဝန်ရှိသည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်းတွင် နိုင်ငံအတွင်း မှတ်ပုံတင်ထားသော ဘဏ်နှင့် အသေးစားငွေကြေးလုပ်ငန်းများမှာ ၃၁ ခုမှ ၇၀ ကျော်သို့ တိုးတက်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍတွင် တိုးတက်မှုအား ထင်ရှားစေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား ခရက်ဒစ် ဗျူရို ကို ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ်၏ စည်းမျဉ်းစည်းကမ်းအောက်တွင် တည်ထောင်ခဲ့သည်။ ယခုအခါ ဘဏ်များနှင့် အသေးစား ငွေကြေးလုပ်ငန်းများ အနေနှင့် ဥပဒေအရ ချေးငွေပေးဆပ်မှုနှင့် ဆိုင်သည့် တိကျသော အချက်အလက်နှင့် ကိန်းဂဏန်းများကို အစီရင်ခံရသဖြင့် ခရက်ဒစ်ဗျူရိုမှ တဆင့် ကမ္ဘောဒီးယား ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ပွင့်လင်းမြင်သာမှုနှင့် တည်ငြိမ်မှုကို ပိုမိုတိုးတက်စေခဲ့သည်။ ကမ္ဘောဒီးယားတွင် ကြုံတွေ့နေရသော ကြီးမားသည့် စိန်ခေါ်မှု တစ်ခုမှာ အသက်ကြီးသော လူကြီးများသည် ပညာရေး မရှိကြပေ။ အထူးသဖြင့် ကျေးလက်ဒေသတွင် ဖြစ်ပြီး ထိုဒေသများတွင် အခြေခံ အဆောက်အအုံလည်း မရှိပေ။ အသစ်တဖန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အစိုးရအတွင်း အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တွန့်ဆုတ်စေပြီး နိုင်ငံခြား အကူအညီများကို နှောင့်နှေးစေသည်။ သို့ရာတွင် နိုင်ငံအချင်းချင်း အကူအညီပေးမှုများနှင့် နိုင်ငံများ ပေါင်းစပ်၍ အကူအညီပေးမှုများ ရှိသည်။ ၂၀၀၄ ခုနှစ်၌ လှူဒါန်းသူများမှ အမေရိကန် ဒေါ်လာ ၅၀၄ သန်း လှူဒါန်းရန် အဆိုပြုခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ် တစ်ခုတည်းမှ ချေးငွေ၊ အကူအညီနှင့် နည်းပညာ အထောက်အကူ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၀ သန်း အကူအညီပေးခဲ့သည်။ ကမ္ဘောဒီးယားတွင် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီများထံမှ ပါမစ်လျှောက်ရာတွင် လာဘ်ငွေ တောင်းယူခြင်းများ ရှိပြီး ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် ပါမစ် အစရှိသည်တို့ ဖြစ်သည်။ ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေး ညွှန်းကိန်းတွင် ကမ္ဘောဒီးယားအား အလုပ်သမား စုစည်းမှုများအတွက် အဆိုးဆုံး အဆင့်များတွင် ပါဝင်ခဲ့ပြီး "အခွင့်အရေးအတွက် အာမခံချက်မရှိ" သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်။ ၂၀၁၆ ဧပြီလတွင် ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်မှ အလုပ်သမားသမဂ္ဂများ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအား စက်ရုံများတွင် အလုပ်သမားများမှ အကန့်အသတ်ရှိသော ဆန္ဒပြမှုများ ပြုလုပ်နေချိန်နှင့် လမ်းမများပေါ်တွင် လစာတိုးရန်နှင့် အလုပ်လုပ်ရသည့် ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရန် တောင်းဆိုသည့် အချိန်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယား၏ ဥပဒေအသစ်နှင့် ပတ်သက်သည့် စိုးရိမ်မှုများကို အလုပ်သမားနှင့် လူ့အခွင့်အရေး အဖွဲ့များသာမကဘဲ နိုင်ငံတကာ အဖွဲ့အစည်းများကပါ ယေဘုယျအားဖြင့် စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။ နိုင်ငံတကာ အလုပ်သမား အဖွဲ့၏ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ ရုံးမှ ထိုဥပဒေတွင် အချို့သော အဓိကစိုးရိမ်ဖွယ် အချက်များနှင့် ဟာကွက်များ ရှိသည်ဟု မှတ်ချက်ပေးခဲ့သည်။ အမှီအခိုကင်းသော သမဂ္ဂများနှင့် အလုပ်ရှင်များမှ ညှိမရသော အခြေအနေ ဖြစ်နေဆဲပင်ဖြစ်သည်။ "သမဂ္ဂ ၂၅ ခု ရှိတဲ့ စက်ရုံတစ်ခု အနေနဲ့ ဘယ်လို ရပ်တည်ရမလဲ။" ဟု ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဗန်ဆိုအင်းက မေးခွန်းထုတ်ခဲ့သည်။ သူက "အလုပ်ရှင်အနေနှင့် အငြင်းပွားမှုတွေကို အဖွဲ့မတူတဲ့ သမဂ္ဂခေါင်းဆောင် ၂၅ ယောက်နဲ့ ညှိရမယ် ဆိုတာ နားမလည်နိုင်ဘူး။ ဥပဒေ အနေနဲ့ နိုင်ငံအတွင်းက သမဂ္ဂတွေကိုလည်း ထိန်းကွပ်သင့်တယ်။" ဟု ထပ်၍ ပြောခဲ့သည်။ အထည်ချုပ်လုပ်ငန်းရှင်အသင်း၏ အဆိုအရ နိုင်ငံအတွင်းရှိ အဝတ်အစားနှင့် အထည်အလိပ်တင်ပို့သော စက်ရုံ ၅၅၇ ရုံနှင့် ဖိနပ်စက်ရုံ ၅၈ ရုံတို့တွင် အလုပ်သမား ၅၀၀,၀၀၀ အတွက် သမဂ္ဂပေါင်း ၃,၁၆၆ ခု ရှိသည်ဟု ဆိုသည်။ အထည်ချုပ် လုပ်ငန်းသည် ကမ္ဘောဒီးယား၏ အကြီးဆုံး လုပ်ငန်း ဖြစ်နေပြီး နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၂၆.၂ ရာခိုင်နှုန်း မျှ ရှိသော်လည်း ဗန်ဆိုအင်း၏ အဆိုအရ အလုပ်သမား သမဂ္ဂ ဥပဒေ မရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေနှင့် စီးပွားရေး လာရောက်လုပ်ကိုင်လိမ့်မည် မဟုတ် ဟု ဆိုသည်။ "အလုပ်သမား သမဂ္ဂ ဥပဒေ ရှိမှသာ ကျွန်တော်တို့ အလုပ်ရှင်တွေ အသက်ဆက်နိုင်မယ်။ ကမ္ဘောဒီးယား တစ်နိုင်ငံတည်း မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ အလုပ်သမား သမဂ္ဂ ဥပဒေ ရှိတယ်။ ဥပဒေကို ဝေဖန်တဲ့သူတွေ ကိုယ်တိုင် စီးပွားရေး လုပ်ကြည့်သင့်တယ်။ ဒါမှ သူတို့ နားလည်မယ်။" ဟု သူက ဆိုသည်။ ချည်မျှင်နှင့် အထည်လုပ်ငန်း အထည်ချုပ်လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်း၏ အကြီးဆုံးသော အပိုင်းဖြစ်ပြီး နိုင်ငံ ပို့ကုန်၏ ၈၀% မျှ ရှိသည်။ ၂၀၁၂ ခုနှစ်တွင် တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၄.၆၁ ဘီလီယံ အထိ တိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် ယှဉ်လျင် ၈% တိုးတက်လာခြင်း ဖြစ်သည်။ ၂၀၁၃ ခုနစ်၏ ပထမနှစ်ဝက်တွင် အထည်ချုပ်လုပ်ငန်း၏ အစီရင်ခံချက် အရ တင်ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလီယံမျှ ရှိသည်ဟု ဆိုသည်။ ထိုကဏ္ဍတွင် အလုပ်သမား ၃၃၅,၄၀၀ ဦးကို အလုပ်အကိုင်ပေးထားခဲ့ပြီး ၎င်းတို့ထဲတွင် ၉၁% မှာ အမျိုးသမီးများ ဖြစ်သည်။ ကမ္ဘောဒီးယားအတွက် ပိုမိုကောင်းမွန်သော စက်ရုံများ အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း ဖွဲ့စည်းခဲ့သည်။ ထိုအစီအစဉ်မှ အလုပ်သမားများ၊ အလုပ်ရှင်များ နှင့် အစိုးရတို့နှင့် ဆက်သွယ်ဆောင်ရွက်၍ အလုပ်လုပ်ရသည့် ပတ်ဝန်းကျင် အခြေအနေကို တိုးတက်ရန်နှင့် အထည်ချုပ်လုပ်ငန်းအတွင်း ပြိုင်ဆိုင်နိုင်မှု ပိုမိုကောင်းမွန်လာစေရန်တို့ အတွက် ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ကမ္ဘောဒီးယားအတွက် ပိုမိုကောင်းမွန်သော စက်ရုံများ အစီအစဉ် မှ စီမံကိန်း၏ အကြံပေးအဖွဲ့သည် ဖနွမ်းပင်မြို့တွင် တွေ့ဆုံပြီး အဖွဲ့၏ ကာလတဝက် သုံးသပ်မှုနှင့် ပတ်သက်၍ သုံးသပ်ကောက်နှုတ်ချက် နှင့် အကြံပေးချက် မူကြမ်းအတွက် ထည့်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အစီအစဉ်အတွက် ပွင့်လင်းမြင်သာသော အစီရင်ခံမှု အစပျိုးရန် အတွက် မည်သို့ ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်သည် ဆိုသည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့သည်။ စီမံကိန်း၏ အကြံပေးအဖွဲ့မှ အစီအစဉ်၏ ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းနှင့် လုပ်သားများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ စစ်ဆေးမှုများ၏ တွေ့ရှိချက်များကို အနှစ်ချုပ်သုံးသပ်ရာတွင် အောက်ပါတို့ ပါဝင်သည်။ အထည်ချုပ်လုပ်ငန်း တစ်ခုလုံး၏ ဖွံ့ဖြိုးမှု အပေါ်တွင် ပါဝင် အကျိုးပြုနိုင်ခဲ့သည်။ ပိုမိုကောင်းမွန်သော စက်ရုံများ အစီအစဉ်မှာ အလုပ်သမား ၅ သိန်းကျော် အပြင် သူတို့ မိသားစုများ၏ ဘဝများကိုပါ တိုးတက်စေခဲ့သည်။ အလုပ်သမားများအနေနှင့် မှန်ကန်သော လစာနှင့် လူမှုရေးဆိုင်ရာ ကာကွယ်မှု အခွင့်အလမ်းများ ရရှိရန် သေချာစေခဲ့သည်။ ကလေးအလုပ်သမားများကို ထိုကဏ္ဍမှ လုံးဝ နီးပါး ဖယ်ရှားပစ်နိုင်ခဲ့သည်။ အားလုံး အနေနှင့် ကမ္ဘောဒီးယား၏ အထည်ချုပ်လုပ်ငန်းကို ပိုမိုလုံခြုံစိတ်ချရသည့် အနေအထား ဖြစ်စေခဲ့သည်။ အထည်ချုပ်လုပ်ငန်းအတွင်းရှိ အလုပ်သမားများ အားလုံးအတွက် အခွင့်အလမ်း ညီမျှသော အနေအထား အဖြစ် ဖန်တီးပေးနိုင်ခဲ့သည်။ စီးပွားရေး လုပ်ငန်း ဆောင်ရွက်ချက်များကို (၁) စက်ရုံ၏ အချက်အလက်များကို အသုံးပြု၍ တိုးတက်နိုင်သည့် နေရာများကို မီးမောင်းထိုးပြခဲ့ခြင်း (၂) နိုင်ငံတကာ အမှတ်တံဆိပ်များ/ဝယ်ယူသူများ၏ အန္တရာယ် စီမံခန့်ခွဲမှုအတွက် အဓိက အစိတ်အပိုင်းဖြစ် ရပ်တည်ပေးခဲ့ခြင်းဖြင့် လွှမ်းမိုးနိုင်ခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အထည်အလိပ်လုပ်ငန်း ပြီးလျှင် နိုင်ငံ၏ ဒုတိယမြောက် ဝင်ငွေအများဆုံး ရရှိသည့် လုပ်ငန်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွားပေါင်း ၆ သန်းမျှ ရှိခဲ့ပြီး ၂၁ ရာစု အစမှစ၍ ၁၀ ဆမျှ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွင်း အလုပ်လုပ်သူ ၂၆% ကို အလုပ်ပေးထားနိုင်ပြီး အရေအတွက်အားဖြင့် ဆိုပါက ကမ္ဘောဒီးယားနိုင်ငံသားတို့အတွက် အလုပ်အကိုင် ၂.၅ သန်းမျှ ဖြစ်သည်။ ဖနွမ်းပင်မြို့ နှင့် အန်ကောဝပ်တို့ အပြင် အခြားသော ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်သော နေရာများတွင် အနောက်တောင်ပိုင်းရှိ နာမည်ကျော် ကမ်းခြေများရှိသော သီဟာနုဗေးလ်မြို့ နှင့် အနောက်မြောက်ပိုင်းရှိ ဗတ္တမ်ဗောင်းတို့ ဖြစ်ကြကာ ထိုနေရာနှစ်ခု စလုံးမှာ ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သူများ၏ သိသာသော အစိတ်အပိုင်း ဖြစ်သော ကျောပိုးအိတ်လွတ် ခရီးသွားများအတွက် ကျော်ကြားသော နေရာများ ဖြစ်သည်။ ကမ်ပုတ်မြို့ နှင့် ဘိုကာတောင် စတေရှင် အပါအဝင် ကက်ပ် မြို့တို့ ဝန်းကျင်နေရာများမှာလည်း ခရီးသွားများ စိတ်ဝင်စားသော နေရာများ ဖြစ်သည်။ ၁၉၉၃ ခုနှစ် UNTAC ရွေးကောက်ပွဲအပြီး တည်ငြိမ်သော ကာလမှစ၍ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ ပုံမှန် တိုးတက်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် လာရောက်လည်ပတ်သော နိုင်ငံခြားသား အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ အထိ တိုးတက်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်း အမျိုးသား ထုတ်ကုန်၏ ၁၀ ရာခိုင်နှုန်း ခန့်မျှ ဖြစ်သည်။ ဆီယမ်ရိပြည်နယ်ရှိ အန်ကောဝပ် သမိုင်းဝင် ဥယျာဉ်၊ သီဟာနုဗေးလ်ရှိ ကမ်းခြေများ၊ ဖနွမ်းပင် မြို့တော်နှင့် ကမ္ဘောဒီးယား ၏ ၁၅၀ ခုမျှသော ကက်စီနို လောင်းကစားရုံများ (၂၀၁၄ ခုနှစ်တွင် ၅၇ ခုသာ ရှိသည်။) တို့မှာ နိုင်ငံခြား ခရီးသွားများ အတွက် အဓိက ဆွဲဆောင်မှုများ ဖြစ်သည်။ သို့သော်လည်း ကမ္ဘောဒီးယားအား ကမ္ဘာလှည့်ခရီးသွားများအတွက် လုံခြုံစိတ်ချရသည့် လည်ပတ်စရာနေရာ အဖြစ် နာမည်ယူခြင်းမှာ နိုင်ငံရေးနှင့် ပြည်တွင်း မငြိမ်သက်မှုများနှင့် တိုင်းပြည်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားများအပေါ် ကျူးလွန်ခဲ့သည့် နာမည်ကြီး ကြမ်းတမ်းရက်စက်သော မှုခင်းများကြောင့် ခက်ခဲနှောင့်နှေးခဲ့ရသည်။ ကမ္ဘောဒီးယားရှိ ကမ္ဘာလှည့်ခရီးသွားများအတွက် အိမ်ပြန်လက်ဆောင် ထုတ်လုပ်သည့်လုပ်ငန်းမှာ ခရီးသွားများ စိတ်ဝင်တစား အဓိကလည်ပတ်ရာနေရာများ ပတ်ဝန်းကျင်တွင် လူအများအပြားကို အလုပ်ပေးထားနိုင်ခဲ့သည်။ ထုတ်လုပ်နိုင်သော လက်ဆောင်များ၏ အရေအတွက်မှာ တိုးပွားလာသော ကမ္ဘာလှည့်ခရီးသွားများ အတွက် မလုံလောက်သဖြင့် ကမ္ဘာလှည့်ခရီးသွားများ အတွက် ရောင်းချသော လက်ဆောင်ပစ္စည်းအများအပြားကို တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းရသည်။ နိုင်ငံတွင်း ထုတ်လုပ်သော လက်ဆောင်ပစ္စည်းများတွင် ခရာမာ (ရိုးရာခေါင်းစည်း) ကြွေထည်များ ဆပ်ပြာ၊ ဖယောင်းတိုင်နှင့် ဟင်းခတ် အမွှေးအကြိုင်များ သစ်သားပန်းပု၊ ယွန်းထည်နှင့် ငွေပန်းကန်များ ဆန်ဝိုင်အရက်ဖြည့်ထားသည့် ဆေးခြယ်ထားသော ပုလင်းများ တို့ ပါဝင်သည်။ စိုက်ပျိုးမွေးမြူရေး ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပေါ်တွင် မှီခိုနေသည်။ ၁၉၈၅ ခုနှစ်၌ စိုက်ပျိုးမွေးမြူရေးသည် ဂျီဒီပီ၏ ၉၀% မျှ ရှိပြီး အလုပ်လုပ်နိုင်သူ၏ ၈၀ ရာခိုင်နှုန်းကို အလုပ်ပေးထားသည်။ ဆန်စပါးသည် အဓိက စားနပ်ရိက္ခာ ဖြစ်သည်။ အဓိကအားဖြင့် အရန်စိုက်ပျိုးသီးနှံများတွင် ပြောင်းဖူး၊ ပီလောပီနံ၊ ကန်စွန်းဥ၊ မြေပဲ၊ ပဲပိစပ်၊ နှမ်း၊ ပဲခြောက် နှင့် ရာဘာ တို့ ပါဝင်သည်။ အဓိက စီးပွားဖြစ် သီးနှံမှာ ရာဘာ ဖြစ်သည်။ ၁၉၈၀ ခုနှစ်များတွင် ရာဘာသည် အဓိက စိုက်ပျိုးသီးနှံ ဖြစ်ပြီး ဆန်စပါးပြီးလျှင် ဒုတိယလိုက်ကာ နိုင်ငံ၏ နိုင်ငံခြားငွေရရှိသည့် နည်းလမ်း အနည်းငယ် အတွင်းမှ တစ်ခု ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး ပြည်တွင်းစစ်နှင့် လျစ်လျူရှုမှုတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ် အကြီးအကျယ် ပျက်စီးခဲ့ရသည်။ အခြားနိုင်ငံများ၏ အကူအညီဖြင့် ကမ္ဘောဒီးယားသည် အဓိက အဝေးပြေးလမ်းမများကို နိုင်ငံတကာစံနှုန်းနှင့် အညီ အဆင့်မြှင့်တင်ခဲ့ပြီး အများစုမှာ ၂၀၀၆ ခုနှစ်မှစ၍ တိုးတက်လာခဲ့သည်။ အဓိကလမ်းမ အများစုမှာ လမ်းခင်းပြီး ဖြစ်သည်။ ကမ္ဘောဒီးယားတွင် ရထားလမ်း နှစ်ခု ရှိပြီး စုစုပေါင်း အရှည် မျှ ရှိပြီး တစ်လမ်းတည်းသွားသော အကျယ် ရထားလမ်း ဖြစ်သည်။ ရထားလမ်းသည် မြို့တော်မှ တောင်ဘက်ကမ်းရိုးတန်းရှိ သီဟာနုဗေးလ်မြို့သို့ သွားသည်။ ရထားများသည် ကမ္ဘောဒီးယားရှိ မြို့တော် တစ်မြို့နှင့် တစ်မြို့ အပြင် တောင်ပိုင်းရှိ ဒေသများသို့ ဆက်စပ် ပြေးလွှားလျက် ရှိသည်။ ၁၄ နှစ်ကြာပြီးနောက် မြို့တော် နှစ်ခုကြား ရထားပို့ဆောင်ရေး လတ်တလောတွင် ပြန်လည် စတင်ခဲ့ပြီး ကုန်းလမ်းခရီးသွားသူများ အတွက် ပိုမိုလုံခြုံစိတ်ချရသော ရွေးချယ်စရာ တစ်ခု ဖြစ်စေခဲ့သည်။ ရထားများသည် ဖနွမ်းပင်မှ ဆီဆိုဖွန်သို့လည်း ဆက်သွယ်ထားကြသည်။ (တစ်ခါတစ်ရံ ဗတ္တမ်ဗောင်း အထိ သွားလေ့ ရှိသည်။) ၁၉၈၇ ခုနှစ်တွင် ဖနွမ်းပင်နှင့် ဗတ္တမ်ဗောင်းကြား တစ်ပတ်လျှင် ရထားတစ်ကြိမ်မျှသာ ရှိသော်လည်း အာရှဖွံ့ဖြိုးရေးဘဏ်မှ အများဆုံး ထောက်ပံ့ထားသော အမေရိကန် ဒေါ်လာ ၁၄၁ သန်းတန် စီမံကိန်းမှာ ကမ္ဘောဒီးယား၏ အားနည်းကျဆင်းနေသော ရထားစနစ်ကို ပြန်လည် အသက်သွင်းပေးခဲ့ပြီး အနာဂတ်တွင် ကမ္ဘောဒီးယားအား ဘန်ကောက်နှင့် ဟိုချီမင်းစီးတီးတို့ရှိ အဓိက စက်မှုနှင့် သယ်ယူပို့ဆောင်ရေး ဗဟိုဌာနများသို့ ဆက်သွယ်ပေးမည် ဖြစ်သည်။ ဖနွမ်းပင်နှင့် သီဟာနုဗေးလ်မြို့တို့ကို ဆက်သွယ်ထားသော ပြည်နယ်ချင်းဆက် လမ်း မျှသာမက ယခင်က မြေကြီးလမ်းများအား ကွန်ကရစ် ကတ္တရာလမ်း အဖြစ် ပြန်လည် ပြောင်းလဲခြင်း အပြင် အဓိက မြစ်များအား ဖြတ်သန်းသွားသော နေရာ ၅ ခုအား တံတား တည်ဆောက်လိုက်ခြင်းကြောင့် ယခုအခါ ဖနွမ်းပင်နှင့် ကိုကောင်း တို့အား အမြဲတမ်း ဆက်သွယ်သွားလာနိုင်ပြီဖြစ်ကာ ထို့အတွက်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် ၎င်း၏ လမ်းများသို့ အဟန့်အတားမရှိသော လမ်းဖြင့်ဆက်သွယ်နိုင်ပြီဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ လမ်းများပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းမှာ ကမ္ဘာ့စံနှုန်းနှင့် ယှဉ်လျှင် အလွန်မြင့်မားသည်။ ၂၀၀၄ ခုနှစ်တွင် ကားစင်းရေ ၁၀,၀၀၀ အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ လူသေဆုံးမှုနှုန်းမှာ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ယှဉ်လျှင် ၁၀ ဆမျှ များပြားသည်။ နောက် ၃ နှစ်တွင် လမ်းမပေါ်တွင် သေဆုံးမှုမှာ နှစ်ဆစီမျှ မြင့်တက်လာခဲ့သည်။ ကမ္ဘောဒီးယား၏ ကျယ်ပြန့်လှသော ပြည်တွင်းရေလမ်းကြောင်းများမှာ နိုင်ငံတကာ ကုန်သွယ်ရေးတွင် သမိုင်းကြောင်းအရ အရေးပါသည်။ မဲခေါင်မြစ်၊ တုန်လီဆပ်မြစ်နှင့် ၎င်းတို့၏ မြစ်လက်တက်များ ရှိပြီး တုန်လီဆပ်မြစ်၏ သိသာစွာ ရှည်လျားသော ရေလမ်းကြောင်းရှိကာ တစ်နှစ်ပတ်လုံး ရေစူး ဖြင့် သွားလာနိုင်သော ရေလမ်းကြောင်း မျှ ရှိပြီး ရေစူး ဖြင့် သွားလာနိုင်သော ရေလမ်းကြောင်း မျှ ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အဓိကဆိပ်ကမ်း နှစ်ခု ရှိပြီး ဖနွမ်းပင်နှင့် သီဟာနုဗေးလ်တို့ ဖြစ်ကာ ဆိပ်ကမ်း အသေး ၅ ခု ရှိသည်။ ဖနွမ်းပင်ဆိပ်ကမ်းသည် ဘတ်ဆပ်မြစ်၊ မဲခေါင်မြစ်နှင့် တုန်လီဆပ်မြစ်တို့ ဆုံရာတွင် တည်ရှိပြီး စိုစွတ်သော ရာသီတွင် တန်ချိန် ၈,၀၀၀ အထိ သင်္ဘောများ ဆိုက်ကပ်နိုင်ကာ ခြောက်သွေ့သောရာသီတွင် တန်ချိန် ၅,၀၀၀ အထိ သင်္ဘောများ ဆိုက်ကပ်နိုင်သည်။ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ များပြားလာသည်နှင့် အမျှ မော်တော်ကား အသုံးပြုမှု တိုးတက်လာသော်လည်း မော်တော်ဆိုင်ကယ်မှာ အဓိကနေရာယူထားဆဲပင် ဖြစ်သည်။ "ဆိုင်ကလို" (ပြင်သစ်စကားမှ ဆင်းသက်သည်) သို့မဟုတ် ဆိုက္ကား များသည် ၁၉၉၀ ခုနှစ်များတွင် လူကြိုက်များခဲ့သော်လည်း "ဟွီးမော့" (ဆိုင်ကယ်တွင် နောက်တွဲချိတ်ထားသောယာဉ်) နှင့် အိန္ဒိယမှ တင်သွင်းသော လန်ချားတို့သည် တဖြည်းဖြည်း အစားထိုး နေရာယူလာခဲ့သည်။ ဆိုင်ကလိုသည် ကမ္ဘောဒီးယား တစ်နိုင်ငံတည်းတွင်သာ ရှိပြီး ဆိုက္ကားနင်းသူသည် ခရီးသည်၏ နောက်တွင် နေရာယူပြီး နင်းရသည့်ယာဉ် ဖြစ်သည်။ ကမ္ဘောဒီးယားတွင် ခရီးသည်စီး လေဆိပ် ၃ ခု ရှိသည်။ ၂၀၁၈ ခုနှစ်တွင် စံချိန်တင်အဖြစ် ခရီးသည် ၁၀သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် ကမ္ဘောဒီးယားရှိ အစည်ကားဆုံး လေဆိပ် ဖြစ်သည်။ ဆီယမ်ရိ-အန်းကော အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဒုတိယမြောက် အစည်ကားဆုံး လေဆိပ်ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံသို့ အဝင်အထွက် ပြုလုပ်သော နိုင်ငံတကာ ခရီးစဉ် အများဆုံး ပြေးဆွဲရာ လေဆိပ် ဖြစ်သည်။ သီဟာနု အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ကမ်းရိုးတန်းမြို့ ဖြစ်သော သီဟာနုဗေးလ်မြို့တွင် တည်ရှိသည်။ လူ့အဖွဲ့အစည်း လူဦးရေပျံ့နံ့ နေထိုင်မှု ၁၉၂၁ ခုနှစ်တွင် ပြင်သစ်အစောင့်အရှောက်ခံ နယ်မြေ ကမ္ဘောဒီးယား၏ ပထမဆုံး တရားဝင် လူဦးရေစာရင်း ကို ကောက်ယူခဲ့သည်။ သို့သော်လည်း အခွန်ကောက်ခံနိုင်ရန်အတွက် အသက် ၂၀ မှ အသက် ၆၀ အတွင်း အမျိုးသားများကို ထည့်သွင်းရေတွက်ခဲ့သည်။ ၁၉၆၂ ခုနှစ် လူဦးရေစာရင်း ကောက်ယူပြီးနောက် ကမ္ဘောဒီးယား၏ ပြည်တွင်း ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ၁၉၉၈ ခုနှစ် အခြား တရားဝင် လူဦးရေ စာရင်း ကောက်ယူသည့် အချိန်အထိ ၃၆ နှစ်မျှကြာသော အချိန်ကွာဟမှု ဖြစ်ခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘောဒီးယားလူဦးရေ၏ ၅၀ ရာခိုင်နှုန်းမှာ အသက် ၂၂ နှစ်အောက် ဖြစ်သည်။ မိန်းမနှင့် ယောက်ျား အချိုးမှာ ၁.၀၄ ဖြစ်သည်။ ကမ္ဘောဒီးယားသည် မဟာမဲခေါင်ရပ်ဝန်းဒေသအတွင်း အမျိုးသမီး အလေးအသာဆုံး အချိုးရှိသည့် နိုင်ငံဖြစ်သည်။ အသက် ၆၅ နှစ်အထက် ကမ္ဘောဒီးယားများတွင် မိန်းမ နှင့် ယောက်ျား အချိုးမှာ ၁.၆:၁ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ မွေးဖွားနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် ၂.၅ ဦး မျှ ဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် မွေးဖွားနှုန်းမှာ ကလေး ၄.၀ ဦး ဖြစ်သည်။ မြို့ပြတွင် နေထိုင်ကြသော အမျိုးသမီးများမှာ ပျမ်းမျှအားဖြင့် ကလေး ၂.၂ ဦး မွေးဖွားကြပြီး ကျေးလက်ဒေသတွင် နေထိုင်ကြသော အမျိုးသမီးများမှာ ကလေး ၃.၃ ဦး မွေးဖွားကြသည်။ မွေးဖွားနှုန်းသည် မွန်ဒိုးကီရီပြည်နယ် နှင့် ရာတာနက် ကီရီပြည်နယ်တို့တွင် အများဆုံး ဖြစ်ပြီး အမျိုးသမီး တစ်ဦးလျှင် ပျမ်းမျှ ကလေး ၄.၅ ဦး မွေးဖွားကြသည်။ ဖနွမ်းပင်တွင် အနည်းဆုံး ဖြစ်ပြီး အမျိုးသမီးတစ်ဦးလျှင် ပျမ်းမျှ ကလေး ၂.၀ ဦးသာ မွေးဖွားကြသည်။ လူမျိုးများ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက လူဦးရေမှာ ခမာလူမျိုးများ (၉၅%ကျော်) ဖြစ်ပြီး နိုင်ငံ၏ တစ်ခုတည်းသော ရုံးသုံးဘာသာစကား ဖြစ်သည့် ခမာစကားကို ပြောဆိုကြသည်။ ကမ္ဘောဒီးယား နိုင်ငံ၏ လူဦးရေ အများစုမှာ မျိုးတူကြသည်။ လူနည်းစုလူမျိုးများတွင် ချမ်လူမျိုး (၁.၂%)၊ ဗီယက်နမ်လူမျိုး (၀.၁%) နှင့် တရုတ်လူမျိုး (၀.၁%) တို့ ပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံရှိ အကြီးဆုံး လူမျိုးစုမှာ ခမာလူမျိုးများ ဖြစ်ပြီး ကမ္ဘောဒီးယား လူဦးရေ၏ ၉၀% ရှိကာ ၎င်းတို့နေထိုင်သော မြေနိမ့်ပိုင်းမဲခေါင်ဒေသတွင် အရင်းခံသော လူမျိုးစု ဖြစ်သည်။ ခမာများသည် သမိုင်းကြောင်း အရ မဲခေါင်မြစ်အောက်ပိုင်းအနီးတွင် ကန့်လန့်ဖြတ် မျဉ်းကွေးပုံစံ ဆက်တိုက် နေထိုင်ကြပြီး ယနေ့ခေတ် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ဆုံစည်းရာ အနောက်မြောက်ပိုင်းမှ ဗီယက်နမ်အရှေ့တောင်ပိုင်း မဲခေါင်မြစ်ဝအထိ တိုင်အောင် နေထိုင်ခဲ့ကြသည်။ ဒုတိယလူဦးရေ အများဆုံး လူနည်းစုလူမျိုးစုမှာ ဗီယက်နမ်လူမျိုးများ ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၁၆,၀၀၀ ခန့် ရှိကာ နိုင်ငံ၏ အရှေ့တောင်ပိုင်း မဲခေါင်မြစ်ဝှမ်းနှင့် ကပ်လျှက် ပြည်နယ်များတွင် နေထိုင်ကြသည်။ ဗီယက်နမ်ဘာသာစကားအား မွန်-ခမာ ဘာသာစကားအဖြစ် သတ်မှတ်ထားသော်လည်း ထိုလူမျိုးနှစ်စုမှာ ယဉ်ကျေးမှုအားဖြင့် ဆက်နွယ်မှု လွန်စွာနည်းပါးပြီး အစောပိုင်း ခမာလူမျိုးများမှာ အိန္ဒိယ ယဉ်ကျေးမှု ရပ်ဝန်း၏ လွှမ်းမိုးမှုကို ခံခဲ့ကြရပြီး ဗီယက်နမ်တို့မှာ တရုတ်ယဉ်ကျေးမှု ရပ်ဝန်း၏ တစ်စိတ်တဒေသ ဖြစ်သည်။ ခမာလူမျိုးနှင့် ဗီယက်နမ်လူမျိုးတို့အကြား လူမျိုးရေး တင်းမာမှုမှာ အန်ကောခေတ်အလွန် (၁၆ ရာစုမှ ၁၉ ရာစုအတွင်း) မှစ၍ ခြေရာခံနိုင်ပြီး ထိုအချိန်အတွင်းတွင် တိုင်းပြည်သစ်ဖြစ်သော ဗီယက်နမ် နှင့် ထိုင်းတို့သည် အင်အားနည်းပါးလာသော အန်ကောခေတ်လွန် ကမ္ဘောဒီယားနိုင်ငံအား လက်အောက်ခံဖြစ်ရန် ကြိုးစားကြပြီး အင်ဒိုချိုင်းနားကို ထိရောက်စွာ လွှမ်းမိုးနိုင်ခဲ့ကြသည်။ ကမ္ဘောဒီးယား တရုတ်လူမျိုးတို့မှာ လူဦးရေ၏ ၀.၁% ခန့်မျှသာ ရှိသည်။ တရုတ်လူမျိုး အများစုမှာ ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း ပြင်သစ်အစောင့်အရှောက်အခံ နယ်မြေအဖြစ် ရှိစဉ်က ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အခွင့်အလမ်းများကြောင့် လာရောက်အခြေချခဲ့ကြသောသူတို့၏ မျိုးဆက်များ ဖြစ်သည်။ အများစုမှာ မြို့ပြတွင် နေထိုင်ကြပြီး ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ တောင်ကုန်းများပေါ်တွင် နေထိုင်ကြသော ဒေသရင်း လူမျိုးစုများကို စုပေါင်း၍ မွန်တက်နတ်ဒ် သို့မဟုတ် ခမာလိုး ဟု ခေါ်ဆိုကြပြီး "ကုန်းမြင့်ခမာ" ဟု အဓိပ္ပာယ်ရသည်။ သူတို့သည် ကျောက်ခေတ်သစ် တရုတ်ပြည်တောင်ပိုင်းမှ ပြောင်းရွှေ့လာသော မွန်-ခမာစကားပြောသူ တို့မှ ဆင်းသက်လာသူများ နှင့် ပြင်ပကို စိတ်မဝင်စားသော အရှေ့တောင်အာရှရှိ အောစထရိုနီးရှန်း စကားပြောသူတို့မှ ဆင်းသက်လာသူများ ဖြစ်သည်။ ကုန်းမြင့်များပေါ်တွင် သီးခြားနေထိုင်ကြသောကြောင့် ခမားလိုး လူမျိုး အုပ်စုများမှာ သူတို့၏ ဝမ်းကွဲများဖြစ်ကြသော ခမာများကဲ့သို့ အိန္ဒိယ လွှမ်းမိုးမှု မခံရဘဲ အကျိုးဆက်အားဖြင့် ယနေ့ခေတ် ခမာလူမျိုးများနှင့် ယဉ်ကျေးမှုအားဖြင့် ဝေးကွာကြသည့် အပြင် အချင်းချင်းလည်း ယဉ်ကျေးမှုအားဖြင့် ဝေးကွာကြပြီး အိန္ဒိယတို့နှင့် မထိတွေ့မီ အချိန်က ရိုးရာနှင့် ယုံကြည်မှဒ အများအပြားကို လေ့လာတွေ့ရှိရသည်။ ချမ်လူမျိုးတို့သည် ယနေ့ခေတ် ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်းတွင် ယခင်က တည်ရှိခဲ့ပြီး ခမာအင်ပိုင်ယာ၏ ပြိုင်ဖက် ဖြစ်သော ချမ်ပါးပြည်ရှိ အော်စထရိုနီးရှန်းလူမျိုးများမှ ဆင်းသက်လာသည်။ ကမ္ဘောဒီးယားရှိ ချမ်လူမျိုး ဦးရေမှာ တစ်သန်းအောက်သာ ရှိပြီး နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် သီးခြားရွာများ ဖြင့် နေထိုင်ကြသည်။ ကမ္ဘောဒီးယားရှိ ချမ်လူမျိုး အားလုံး နီးပါးမှာ မွတ်ဆလင်များ ဖြစ်သည်။ လူဦးရေ အများဆုံးဒေသများ ဘာသာစကား ခမာဘာသာစကားသည် အော်စထရိုအေးရှားတစ် ဘာသာစကားအုပ်စု၏ မွန်-ခမာ ဘာသာစကားမိသားစုဝင် ဖြစ်သည်။ ယခင်က အင်ဒိုချိုင်းနား၏ အစိုးရသုံး ဘာသာစကားဖြစ်သော ပြင်သစ်ဘာသာစကားကို အသက်အရွယ်ကြီးသော ကမ္ဘောဒီးယားလူမျိုးတို့ ပြောဆိုရာတွင် အသုံးပြုဆဲဖြစ်ပြီး ပြင်သစ်အစိုးရ ထောက်ပံ့ထားသော အချို့သော ကျောင်းများနှင့် တက္ကသိုလ်များတွင် သင်ကြားသည့် ဘာသာစကား အဖြစ် အသုံးပြုကြသည်။ ပြင်သစ်ဘာသာစကားဖြင့် ထုတ်ဝေသော သတင်းစာရှိပြီး အချို့သော ရုပ်မြင်သံကြား ချန်နယ်များမှာ ပြင်သစ်ဘာသာစကားဖြင့် ဖမ်းယူကြည့်ရှု နိုင်သည်။ ကမ္ဘောဒီးယားသည် ပြင်သစ်စကား အသုံးပြုသော လာဖရန်ကိုဖုန်းနီ နိုင်ငံများ အဖွဲ့ ၏ အဖွဲ့ဝင် ဖြစ်သည်။ နိုင်ငံ၏ ကိုလိုနီခေတ်က အကြွင်းအကျန် အဖြစ် ကမ္ဘောဒီးယား ပြင်သစ်ဘာသာစကားကို ကမ္ဘောဒီးယားတွင် တွေ့ရသော ပြင်သစ်ဘာသာစကား မျိုးကွဲ ဖြစ်ပြီး အစိုးရဌာနများတွင် တစ်ခါတစ်ရံ အသုံးပြုကာ အထူးသဖြင့် တရားရုံးများတွင် အသုံးပြုကြသည်။ ၁၉၉၃ ခုနှစ်မှစ၍ အင်္ဂလိပ်ဘာသာစကား အသုံးပြုမှု မြင့်တက်လာပြီး အင်္ဂလိပ်ဘာသာစကားသည် ပြင်သစ်စကားအား အဓိကဘာသာစကား အဖြစ် အသုံးပြုခြင်းမှ အစားထိုး ဝင်ရောက် လာခဲ့သည်။ အင်္ဂလိပ်ဘာသာစကားကို တက္ကသိုလ်အချို့တွင် ကျယ်ပြန့်စွာ သင်ကြားကြပြီး အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေမှုများလည်း သိသာစွာရှိကာ လမ်းညွှန်ဆိုင်းဘုတ်များမှာ ခမာ နှင့် အင်္ဂလိပ် ၂ ဘာသာဖြင့် ရေးသားထားကြသည်။ ထိုသို့ ပြောင်းလဲလာမှုကြောင့် ယခုအခါ ကမ္ဘောဒီးယား၏ နိုင်ငံတကာဆက်ဆံရေးတွင် အင်္ဂလိပ်ဘာသာစကားအား များသောအားဖြင့် အသုံးပြုလာကြကာ တံဆိပ်ခေါင်းပေါ်ရှိ ပြင်သစ်ဘာသာစကား နေရာတွင်လည်း အစားထိုးလာခဲ့ပြီး ၂၀၀၂ ခုနှစ်မှစ၍ ကမ္ဘောဒီးယား ငွေစက္ကူများပေါ်တွင်လည်း ပြင်သစ်ဘာသာစကား အစား အစားထိုးလာခဲ့သည်။ ခမာစာလုံးများသည် တောင်အိန္ဒိယရှိ ပါလဝါ စာလုံးများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကိုးကွယ်ယုံကြည်မှု ထေရဝါဒ ဗုဒ္ဓဘာသာသည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော် ဘာသာ ဖြစ်ပြီး လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကျော် ကိုးကွယ်ကြကာ နိုင်ငံအတွင်း ဘုန်းကြီးကျောင်း ပုထိုးပေါင်း ၄,၃၉၂ ခုခန့်မျှ ရှိသည်။ ကမ္ဘောဒီးယား၏ ဗုဒ္ဓဘာသာကို ဟိန္ဒူဘာသာ နှင့် ရိုးရာနတ်ကိုးကွယ်မှု တို့မှ နက်ရှိုင်းစွာ လွှမ်းမိုးမှု ရှိသည်။ နတ်တို့နှင့် လူ့အဖွဲ့အစည်းတို့ နီးကပ်သော အပြန်အလှန် ဆက်ဆံမှု ရှိခြင်း၊ မကောင်းသောကံများကို မောင်းထုတ်ခြင်းဖြင့် လိုရာဆန္ဒပြည့်စေခြင်း၊ ကံကောင်းမှုကို ဆွဲဆောင် ညှို့ယူခြင်း နှင့် "ဘာရိုမေး" နတ်တို့ကဲ့သို့သော နတ်များဖြင့် ထိတွေ့ခြင်းဖြင့် လူတစ်ဦး၏ ဘဝကို ချုပ်ကိုင်နိုင်ခြင်း စသည်တို့သည် ရိုးရာကိုးကွယ်မှုတို့မှ မြစ်ဖျားခံသည်။ ဟိန္ဒူဘာသာသည် ပဉ္စလက်ဆန်သော အပြုအမူများ ဖြစ်သည့် တန်ထရစ်ဝါဒ မှ လွဲ၍ အနည်းငယ်မျှသာ ခြေရာလက်ရာ ကျန်ခဲ့ပြီး ဟိန္ဒူနတ်ဘုရားများမှာ နတ်များနှင့် ပေါင်းစည်းသွားကြသည်။ (ဥပမာအားဖြင့် ကမ္ဘောဒီးယား၏ "နိတနတ်" ဖြစ်သော "ရီမော" သည် ဟိန္ဒူနတ်ဘုရားမ ကာလီမယ်တော်၏ ခေတ်သစ် ပုံသဏ္ဍန် ဖြစ်သည်။ မဟာယန ဗုဒ္ဓဘာသာမှာ ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်နှင့် ဗီယက်နမ်လူမျိုး အများစု ကိုးကွယ်ရာ ဘာသာ ဖြစ်သည်။ အခြားသော ဘာသာရေး အပြုအမူများဖြစ်သည့် တရုတ်ဒဏ္ဍာရီလာ သူရဲကောင်းများ နှင့် ဘိုးဘွားများကို အရိုအသေပေးခြင်း၊ ကွန်ဖြူးရှပ် ဘာသာ၊ တာအိုဘာသာ တို့ကိုလည်း တရုတ်ဗုဒ္ဓဘာသာနှင့် ရောနှော ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သူမှာ လူဦးရေ၏ ၂% မျှ ရှိပြီး ပုံစံသုံးမျိုး ရှိကာ ပုံစံနှစ်မျိုးကို ချမ်လူမျိုးများမှ ကျင့်သုံးကိုးကွယ်ကြပြီး တတိယတစ်မျိုးကို နိုင်ငံအတွင်း မျိုးဆက်ပေါင်း များစွာ နေထိုင်လာခဲ့ကြသော မလေးလူမျိုးတို့၏ မျိုးဆက်များမှ ကိုးကွယ်ကြသည်။ ကမ္ဘောဒီးယားရှိ မွတ်ဆလင် ဘာသာဝင်တို့၏ ၈၀% မှာ ချမ်လူမျိုးများ ဖြစ်သည်။ ကျန်းမာရေး ၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူတစ်ဦးချင်း ပျမ်းမျှသက်တမ်းမှာ ၇၅ နှစ် ဖြစ်ပြီး ၁၉၉၅ ခုနှစ် ပျမ်းမျှ သက်တမ်း ၅၅ နှစ်မှ ကြီးမားစွာ တိုးတက်ပြောင်းလဲလာခြင်း ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုကို အစိုးရ နှင့် ပုဂ္ဂလိက တို့မှ ဝန်ဆောင်မှု ပေးကြပြီး သုတေသန စစ်တမ်းများအရ ကမ္ဘောဒီးယား ကျေးလက်ဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ကို လက်ခံမှု တိုးတက်လာရခြင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအား ယုံကြည်မှုကြောင့်ဟု တွေ့ရှိရသည်။ အစိုးရသည် အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် အခြား ရောဂါများနှင့် ပတ်သက်သော အသိပညာကို ပွင့်လင်းတိုးတက်စေခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု၏ အရည်အသွေးကို တိုးမြင့်စေရန် ကြံစည်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ မွေးကင်းစကလေး သေဆုံးနှုန်းမှာ ၁၉၉၈ ခုနှစ်တွင် ကလေးငယ် ၁၀၀၀ လျှင် ၈၆ ဦးမျှ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၂၄ ဦး အထိ ကျဆင်းသွားခဲ့သည်။ အဆိုးရွားဆုံး ကျန်းမာရေး ညွှန်းကိန်းရှိသော ရတနဂီရိပြည်နယ်တွင် အသက် ၅ နှစ်မတိုင်မီတွင် ကလေးငယ် ၂၂.၉% မျှ သေဆုံးကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း အများဆုံးသော နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ခန့်မှန်းချက်အချို့အရ မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများကြောင့် ၁၉၇၀ ခုနှစ်မှစ၍ အရပ်သား ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာမှာ လက်ပြတ်ခြေပြတ်ဖြစ်ခြင်း နှင့် ဒဏ်ရာရခြင်း တို့ ခံခဲ့ကြရသည်။ မြေမြှုပ်မိုင်းကြောင့် သေဆုံးကြောင်း သိရှိရသည့် လူအရေအတွက်မှာ ၂၀၀၅ ခုနှစ်တွင် ၈၀၀ မျှ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၁၁၁ ဦး သို့ သိသာထင်ရှားစွာ ကျဆင်းသွားခဲ့သည်။ မြေမြှုပ်မိုင်းကြောင့် အသက်မသေသော လူကြီးများမှာ လက်ခြေ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖြတ်တောက်ကြရကာ ဆက်လက်ရှင်သန်နိုင်ရန် အတွက် တောင်းရမ်းစားသောက် ကြရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် မြေမြှုပ်မိုင်း ကင်းစင်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှု ကျန်ရစ်ခြင်းအတွက် မိဘမဲ့ဖြစ်ခြင်း နှင့် လူ ၂၉၀တွင် တစ်ဦးမျှ လက်ပြတ်ခြေပြတ် ဖြစ်နေခြင်းမှာ လာမည့်နှစ်များတွင် ကမ္ဘောဒီးယားအား ဆက်လက် သက်ရောက်မှု ရှိနေနိုင်သေးသည်။ ကမ္ဘောဒီးယားတွင် မြေမြှုပ်မိုင်း နှင့် လက်နက်ခဲယမ်း ပေါက်ကွဲမှု များကြောင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဒဏ်ရာရရှိသူ ၄၄,၆၃၀ ဦးမျှ ရှိကြောင်း ကမ္ဘောဒီးယား မိုင်း/ယူအိတ်စ်အို ခံရသူ အချက်အလက်စနစ် အရ သိရသည်။ ပညာရေး ပညာရေး၊ လူငယ် နှင့် အားကစား ဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံ ပညာရေးနှင့် ပတ်သက်သော တစ်နိုင်ငံလုံးဆိုင်ရာ ပေါ်လစီနှင့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ရန် တာဝန်ရှိသော ဌာန ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေး စနစ်မှ အလွန်ပင် ဗဟိုချုပ်ကိုင်မှု အားနည်းပြီး အစိုးရ၏ အဆင့် ၃ ခု ဖြစ်သော ဗဟို၊ ပြည်နယ် နှင့် ခရိုင် ဆိုင်ရာ အဆင့်တို့သည် စီမံခန့်ခွဲမှု အတွက် အသီးသီး တာဝန်ရှိကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ၉ နှစ် အထိ မသင်မနေရ အခမဲ့ ပညာရေး စနှစ်ကို အားပေးအားမြှောက် ပြုထားပြီး အခြေခံ အရည်အသွေးရှိ ပညာရေး အတွက် လူတိုင်း အခွင့်အရေးကို အာမခံပေးထားသည်။ ၂၀၁၉ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၏ လူဦးရေစာရင်း အရ လူဦးရေ၏ ၈၈.၅ % သည် စာတတ်မြောက်သည်ဟု ခန့်မှန်းထားသည်။ (အမျိုးသား ၉၁.၁% နှင့် အမျိုးသမီး ၈၆.၂%) လူငယ်ယောက်ျားလေး အသက် ၁၅ နှစ်မှ ၂၄ နှစ် အတွင်းတွင် စာတတ်မြောက်မှုနှုန်းသည် ၈၉% ပြီး အမျိုးသမီးမှာ ၈၆% ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေးစနစ်သည် စိမ်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ သို့သော်လည်း ယခင်နှစ်များအတွင်းက သိသာစွာ တိုးတက်မှုများ ပြသလာပြီး အထူးသဖြင့် မူလတန်းကျောင်းသား ကျောင်းအပ်မှုနှုန်း မြင့်မားလာခြင်း၊ ပရိုဂရမ်ပေါ် အခြေခံသော ဘတ်ဂျက်ကို စတင်ကျင့်သုံးခြင်း၊ ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သော ကလေးငယ်များ ပညာသင်ယူခွင့်ရနိုင်ရန် အတွက် ပေါ်လစီ များကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း တို့ ဖြစ်သည်။ နိုင်ငံအနေဖြင့် သက်မွေးပညာသင်ကြားမှုတွင်လည်း ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် ကျေးလက်ဒေသတွင် ဖြစ်ကာ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ ပြဿနာများကို ဖြေရှင်းရန် အတွက် ဖြစ်သည်။ ကမ္ဘောဒီးယားရှိ နာမည်ကျော်ကြား လူကြိုက်အများဆုံး တက္ကသိုလ်နှစ်ခုသည် ဖနွမ်းပင်တွင် ရှိသည်။ ရိုးရာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေးမှာ ဝပ် ဟု ခေါ်သော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများမှ သင်ကြားပေးကြပြီး ပညာရေးကို ယောက်ျားလေးများအတွက်သာ သီးသန့်သင်ကြားပေးလေ့ ရှိသည်။ သို့သော်လည်း ခမာနီ အစိုးရလက်ထက်တွင် ပညာရေးသည် သိသာစွာ ဆုတ်ယုတ်သွားခဲ့သည်။ ထို့ပြင် ကလေးများကို အလုပ်စေခိုင်းမှုများကြောင့်လည်း ပညာရေးတွင် သိသာစွာ ဆုတ်ယုတ်မှုများ ရှိသည်။ ကင်မ် (၂၀၁၁) ၏ လေ့လာမှုအရ အလုပ်လုပ်နေကြသော ကလေးအများစုမှာ ကျောင်းအပ်ကြသော်လည်း သူတို့၏ အလုပ်ကြောင့် ကျောင်းအပ်နောက်ကျမှုများ ရှိပြီး သူတို့၏ သင်ကြားရေးအတွက် အနှုတ်သဘောဆောင်သော ရိုက်ခတ်မှု ဖြစ်စေခဲ့ကာ ကျောင်းထွက်နှုန်းကိုလည်း မြင့်မားစေခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံရှိ မူလတန်းကျောင်းသားများ၏ ကျောင်းတွင် စွမ်းဆောင်နိုင်မှုနှင့်ပတ်သက်၍ သုတေသနများအရ သိရသည်မှာ မိဘတို့၏ သဘောထားနှင့် ယုံကြည်မှုတို့က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရသည်။ ထိုလေ့လာမှုအရ တွေ့ရသည်မှာ အထူးသဖြင့် ကလေးများ၏ ညံ့ဖျင်းမှုသည် မိဘများမှ ကံကိုသာ ပုံချတတ်သော အယူအဆ ပြင်းထန်မှုနှင့် ဆက်စပ်ကြောင်း တွေ့ရသည်။ (လူ၏ ခွန်အားသည် ကံကို မပြောင်းလဲနိုင်ဟု ယုံကြည်ခြင်းမျိုး ဖြစ်သည်။) ခြုံငုံ၍ ကြည့်မည် ဆိုပါက ထိုလေ့လာမှုက ပြသနေသည်မှာ ပညာရေးတွင် ထူးချွန်မှုနှင့် ပတ်သက်၍ မိဘတို့၏ သဘောထားနှင့် ယုံကြည်မှုသည် ဗဟိုချက် ဖြစ်ကြောင်း တွေ့ရသည်။ ရာဇဝတ်မှု ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူသတ်မှုနှုန်းမှာ လူဦးရေ ၁၀၀,၀၀၀ လျှင် ၂.၄ ဦး မျှ ရှိသည်။ ပြည့်တန်ဆာ လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် တရားမဝင်လုပ်ငန်း ဖြစ်သော်လည်း နေရာအနှံ့အပြားတွင် တွေ့ရသည်။ ၁၉၉၃ ခုတွင် အမျိုးသမီးများအား ပြည့်တန်ဆာ လုပ်ငန်းနှင့် ပတ်သက်၍ အင်တာဗျူး အစီအစဉ်တွင် လေးပုံသုံးပုံမျှသော အင်တာဗျူး ဖြေကြားသူတို့ အနေနှင့် ပြည့်တန်ဆာ လုပ်ငန်းကို လူမှုရေး သတ်မှတ်ချက် တစ်ခုနှင့် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု အဖြစ်သာ ရှုမြင်ကြပြီး ရှက်စရာ မဟုတ်ဟု ခံစားကြသည်။ ထိုနှစ်တွင်ပင် ကမ္ဘောဒီးယား၌ လိင်လုပ်သား ၁၀၀,၀၀၀ မျှ ရှိသည်ဟု ခန့်မှန်းရသည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၈ ရက်တွင် ဝန်ကြီးချုပ် ဟွန်ဆန်သည် ဘဏ္ဍာရေးဝန်ကြီးဌာန အနေနှင့် အွန်လိုင်းလောင်းကစားလိုင်စင် အသစ်များ ထုတ်ပေးခြင်းမှ တားမြစ်သော အမိန့်ကြော်ငြာစာကို လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိ အော်ပရေတာများအနေနှင့် လိုင်စင်သက်တမ်း ကုန်ဆုံးသည် အထိသာ လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိကြမည် ဖြစ်သည်။ အမိန့်ကြော်ငြာစာအရ "အချို့သော နိုင်ငံခြားသားများသည် ထိုသို့သော လောင်းကစား ပုံစံကို အသုံးပြု၍ ပြည်တွင်းနှင့် ပြည်ပမှ သားကောင်များကို လိမ်လည်လှည့်ဖြားကြသည်။" ဆိုသော အချက်ကို ပေါ်လစီအသစ် ထုတ်ပြန်ရခြင်း အကြောင်းအဖြစ် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အမိန့်ကြော်ငြာစာအသစ် မထုတ်ပြန်ခင် အချိန် အထိ ထိုသို့သော လိုင်စင်ပေါင်း ၁၅၀ ကျော်ကို ထုတ်ပေးထားခဲ့သည်။ ယဉ်ကျေးမှု ကမ္ဘောဒီးယားတို့၏ ယဉ်ကျေးမှုသည် အကြောင်းအရာများစွာ ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာပြီး ထိုအကြောင်းအရာများထဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ပြင်သစ်ကိုလိုနီစနစ် နှင့် အန်ကော ယဉ်ကျေးမှုနှင့် ယနေ့ခေတ် လွှမ်းခြုံဆက်စပ်နေသော ကမ္ဘာ တို့ ပါဝင်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာ ဝန်ကြီးဌာနသည် ကမ္ဘောဒီးယား ယဉ်ကျေးမှု တိုးတက်မြှင့်တင်ရန် အတွက် တာဝန်ရှိသော ဌာန ဖြစ်သည်။ ကမ္ဘောဒီးယား၏ ယဉ်ကျေးမှုသည် ကမ္ဘောဒီးယားရှိ လူအများစုဖြစ်သော မြေနိမ့်ပိုင်း လူမျိုးတို့၏ ယဉ်ကျေးမှုသာ ပါဝင်သည် မဟုတ်ပဲ ယဉ်ကျေးမှုအရ သီးသန့်ထင်ရှားသော တောင်ကုန်းနေ လူမျိုးစု ၂၀ တို့၏ ယဉ်ကျေးမှုလည်း ပါဝင်သည်။ ထိုလူမျိုးစု ၂၀ တို့အား ခမာလိုး ဟု နိုဒွမ်သီဟာနုမှ နာမည်ပေးခဲ့ပြီး တောင်ကုန်းနှင့် မြေနိမ့်ပိုင်း လူမျိုးတို့အကြား ညီညွတ်မှု ရရှိစေရန် ရည်ရွယ် သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။ ကျေးလက်နေ ကမ္ဘောဒီးယား ပြည်သူတို့သည် ခရာမာဟု ခေါ်သော ခေါင်းစည်းကို ဝတ်ဆင်ကြပြီး ထိုခေါင်းစည်းမှာ ကမ္ဘောဒီးယား ဝတ်စားဆင်ယင်မှု၏ သီးသန့်ထင်ရှားသော အဝတ်အစားဖြစ်သည်။ ဆမ်ပြာ ဟု ခေါ်သော လက်အုပ်ချီ နှုတ်ဆက်ခြင်းမှာ ကမ္ဘောဒီးယားတို့၏ ရိုးရာ အရ အခြားသူအား နှုတ်ဆက်ခြင်း သို့မဟုတ် လေးစားသမှု ပြသခြင်း ဖြစ်သည်။ ခမာ ယဉ်ကျေးမှုကို ခမာအင်ပိုင်ယာမှ ဖော်ထုတ်၍ ပြန့်နှံ့စေခဲ့ပြီး ၎င်းတို့တွင် ထင်ရှားသော အကပုံစံ၊ ဗိသုကာပညာ နှင့် ပန်းပုပညာတို့ ပါဝင်ကာ ၎င်းတို့ကို အိမ်နီးချင်းများ ဖြစ်သော လောနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့နှင့် ယဉ်ကျေးမှု တလျှောက် ဖလှယ်ခဲ့ကြသည်။ အန်းကောဝပ် (အန်းကောဆိုသည်မှာ မြို့တော် ဝပ် ဆိုသည်မှာ ပုထိုး ဟု အဓိပ္ပာယ်ရသည်။) ဆိုသည်မှာ အန်းကောခေတ်မှ ခမာ ဗိသုကာပညာ၏ အကောင်းဆုံး ထိန်းသိမ်း ထားနိုင်ခဲ့သော ဥပမာ ဖြစ်ပြီး ထိုဒေသအတွင်းနှင့် ထိုဒေသဝန်းကျင်တွင် ရှာဖွေတွေ့ရှိခဲ့သော အခြားသော ပုထိုးရာပေါင်းများစွာလည်း အပါအဝင် ဖြစ်သည်။ ရိုးရာအားဖြင့် ခမာလူမျိုးတို့သည် အချက်အလက်များကို ထန်းရွက်များပေါ်တွင် ရေးသား မှတ်တမ်းတင်ထားခဲ့သည်။ ထန်းရွက်စာများတွင် ခမာလူမျိုးတို့၏ ဒဏ္ဍာရိများ၊ ရာမယဏ ဇာတ်တော်၊ ဗုဒ္ဓဝင် နှင့် အခြားသော ဘုရားစာအုပ်များကို မှတ်တမ်းတင်ထားခဲ့သည်။ ထိုထန်းရွက်စာများကို ရေငွေ့နှင့် ရာသီဥတုဒဏ်မှ ကာကွယ်နိုင်ရန် အဝတ်ဖြင့် ပတ်၍ သိမ်းဆည်းထားခဲ့သည်။ ဘွန်အွမ်တောက် (ကမ္ဘောဒီးယား ရေနှင့်လ ပွဲတော်) သည် နှစ်စဉ် ကျင်းပသော လှေပြိုင်ပွဲ ဖြစ်ပြီး လူအများဆုံး ပါဝင်တက်ရောက်ကြသော အမျိုးသားပွဲတော် ဖြစ်သည်။ မိုးရာသီ အဆုံးတွင် ကျင်းပလေ့ ရှိပြီး ထိုအချိန်တွင် မဲခေါင်မြစ်အနေနှင့် မူလအခြေအနေသို့ ပြန်လည်ရေကျစ ပြုလာပြီး တုန်လီဆပ်မြစ်ကို ပြောင်းပြန် ပြန်စီးစေသော အချိန်ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ကမ္ဘောဒီးယားလူမျိုးတို့၏ ၁၀% သည် နှစ်စဉ်နှစ်တိုင်း ထိုပွဲတော်ကို တက်ရောက်လေ့ ရှိပြီး ဝင်ရောက်ကစားရန်၊ လမင်းကို ကျေးဇူးတင်ရန်၊ မီးရှူးမီးပန်း ကြည့်ရှုရန် နှင့် ပွဲတော်ပုံစံ ပတ်ဝန်းကျင် အခြေအနေတွင် ညစာစားရန်နှင့် လှေပြိုင်ပွဲကို တက်ရောက်ရန် အတွက် ဖြစ်သည်။ လူကြိုက်များသော ကစားနည်းများတွင် ဘောလုံး၊ အဝတ်လုံးနှင့်တူသော ဆေ ဟုခေါ်သော အလုံးကို ကန်ခြင်း နှင့် စစ်တုရင် တို့ ပါဝင်သည်။ ဂန္ထဝင် အိန္ဒိယ နေအခြေခံ ပြက္ခဒိန်နှင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှုအရ ကမ္ဘောဒီးယား၏ နှစ်သစ်ကူးပွဲသည် ဧပြီလတွင်ကျရောက်သော အဓိက အားလပ်ရက် ဖြစ်သည်။ လတ်တလော ထင်ရှားသော အနုပညာရှင်များတွင် ဆင်း ဆီဆာမောက် နှင့် ရော့စ်ဆာရေး ဆိုသီ (နောက်ပိုင်းတွင် ပရိ ဆိုဗက် နှင့် ဆိုခွန် နီဆာ) တို့ပါဝင်ပြီး ၎င်းတို့မှာ နိုင်ငံအတွင်းသို့ ဂီတပုံစံအသစ်ကို မိတ်ဆက်ပေးခဲ့သူများ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းတွင် ကမ္ဘောဒီးယားတို့သည် နိုင်ငံအနှံ့ရှိ ဘုရားများကို သွားရောက်ခြင်းဖြင့် ပီချမ်ဘန် ဟုခေါ်သော ဘိုးဘွားနေ့ကို ကျင်းပကြသည်။ ၁၅ ရက်မျှ ကြာသော ပွဲတော်အတွင်းတွင် လူတို့သည် သေဆုံးပြီးသော ဆွေမျိုးများ၏ ဝိဉာဉ်အတွက် ရှိခိုးဆုတောင်းခြင်းနှင့် အစားအသောက်များကို ဆက်ကပ်ခြင်းတို့ ပြုလုပ်ကြသည်။ ကမ္ဘောဒီးယား လူမျိုးအများစုအတွက် ထိုအချိန်သည် ခမာနီ အစိုးရလက်ထက် ၁၉၇၅-၁၉၇၉ ခုနှစ်အတွင်း သေဆုံးခဲ့သော ဆွေမျိုးသားခြင်းများကို လွမ်းဆွတ်သတိရသည့် အချိန် ဖြစ်သည်။ ဟင်းလျာများ အခြားသော အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ပင် ဆန်သည် အဓိက စားစရာ ဖြစ်သည်။ မဲခေါင်နှင့် တုန်လီဆပ်မြစ်တို့မှ ငါးများသည်လည် အစားအစာ၏ အရေးပါသော အပိုင်း ဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် အစားအစာနှင့် ကုန်သွယ်မှုအတွက် ငါးနှင့် ငါးမှရသော ပစ္စည်းတို့မှာ လူတစ်ဦးလျှင် သို့မဟုတ် လူတစ်ဦးတစ်နေ့လျှင် ၂ အောင်စ မျှ ဖြစ်သည်။ အချို့သောငါးများကို ကြာရှည်အထားခံရန် ပရာဟွတ် အဖြစ် ထုတ်ပိုး ထိန်းသိမ်း ထားကြသည်။ ကမ္ဘောဒီးယားတို့၏ ဟင်းလျာများတွင် အပူပိုင်းသစ်သီးများ၊ စွတ်ပြုတ်များနှင့် ခေါက်ဆွဲများ ပါဝင်သည်။ အဓိကပါဝင်သည့် ပစ္စည်းများမှာ ကပ်ဖာသံပရာသီး၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ပဲငံပြာရည်၊ မန်းကျည်းသီး၊ ဂျင်း၊ ခရုဆီ၊ အုန်းနို့ နှင့် ငရုတ်ကောင်းမည်း တို့ ပါဝင်သည်။ အထူးဟင်းလျာများ အနေနှင့် နမ်ဘန်ချောက်၊ ငါးအာမော့ နှင့် အာပင်း တို့ ရှိကြသည်။ ကမ္ဘောဒီးယားသည် ထင်ရှားသော ဒေသတွင်း လမ်းဘေးအစားအသောက်များ အတွက်လည်း ဂုဏ်ယူစွာ ဖော်ပြလေ့ ရှိသည်။ ပြင်သစ်တို့၏ လွှမ်းမိုးမှုကို ကမ္ဘောဒီးယား အစားအသောက်များတွင် တွေ့ရသည်မှာ ကမ္ဘောဒီးယား ဟင်းရည်နီ နှင့် မီးကင်ထားသော ဘာဂက်ပေါင်မုန့် ဖြစ်သည်။ မီးကင်ထားသော ဘာဂက်ပေါင်မုန့် အပိုင်းအစကို ဟင်းရည်ထဲတွင် နှစ်၍ စားသောက်ကြသည်။ ကမ္ဘောဒီးယား ဟင်းရည်နီကို ထမင်းနှင့် ကြာဇံ တို့ဖြင့်လည်း စားသုံးကြလေ့ ရှိသည်။ အပြင်တွင် ထွက်၍ ညစာအဖြစ်စားသုံးလေ့ ရှိကြသော အစားအစာများထဲမှ လူကြိုက်များသော အစားအသောက်တစ်ခုမှာ ကူးအီတိဗ် ဖြစ်ပြီး ၎င်းမှာ ဝက်စွပ်ပြုတ်ရည် ခေါက်ဆွဲပြုတ်ဖြစ်ပြီး ကြက်သွန်ကြော်၊ ကြက်သွန်မြိတ်၊ ကြက်သွန်စိမ်း၊ တို့ ပါဝင်ကာ အမဲသားလုံး၊ ပုဇွန်၊ ဝက်အသည်းနှင့် မုန်လာရွက်တို့ကိုလည်း ထည့်သွင်းစားသောက်လေ့ ရှိသည်။ ကမ်ပေါ့ ငရုတ်ကောင်းအား ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု ဆိုလေ့ရှိပြီး ကပ်မြို့ အိုထရိုဂျပ်မြစ် ပေါ်ရှိ ဂဏန်းတဲတွင် ဂဏန်း နှင့် ပြည်ကြီးငါးတို့ဖြင့် တွဲဖက် စားသုံးကြသည်။ ကမ္ဘောဒီးယား ဟင်းလျာများကို အိမ်နီးချင်းဖြစ်သော ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဟင်းလျာများလောက် ကမ္ဘာက မသိကြပေ။ အဖျော်ယမကာများ ကမ္ဘောဒီးယားတို့သည် မဏ္ဍလဂီရိပြည်နယ်နှင့် ကီရီရွန် ပတ်ဝန်းကျင်တွင် စိုက်ပျိုးသော လက်ဖက်ရည်ကို အများအပြား သောက်သုံးကြသည်။ "တီ ကရိုလပ်" သည် အလွန် အရသာပြင်းသော လက်ဖက်ရည် ဖြစ်ပြီး ဖန်ခွက်ငယ်အတွင်း လက်ဖက်ရွက် အများအပြားနှင့် ရေတို့ကို ထည့်၍ ပန်းကန်ပြားကို ထိပ်မှ အုပ်ကာ အပေါ်အောက် ပြန်လှန်၍ နှပ်သော လက်ဖက်ရည် ဖြစ်သည်။ ရေသည် လုံလောက်သော အကျရည် အရောင်သို့ ပြောင်းလာပါက အခြားခွက်တစ်ခုထဲကို့ တဖြည်းဖြည်း လောင်းထည့်၍ သကြားအများအပြား ထည့်ကြသော်လည်း နို့ မထည့်ကြပေ။ လီမွန်တီး မှာ တရုတ် အနီရောင် လက်ဖက်ခြောက်နှင့် သံပုယိုရည် တို့ ပေါင်း၍ ဖျော်စပ်ကြသည်။ အပူနှင့် အအေးသည် လူကို လန်းဆန်းစေပြီး သကြား အများအပြား ထည့်၍ ဖျော်စပ်ကြသည်။ ကော်ဖီနှင့် ပတ်သက်၍မူ ကော်ဖီစေ့ကို လာအို နှင့် ဗီယက်နမ်တို့မှ ယေဘုယျအားဖြင့် တင်သွင်းလေ့ရှိကြပြီး အချို့နေရာများတွင် ရတနာဂီရိ ပြည်နယ်နှင့် မဏ္ဍလဂီရိ ပြည်နယ်တို့မှ ပြည်တွင်း စိုက်ပျိုးသော ကော်ဖီများကို တွေ့ရလေ့ ရှိသည်။ ကော်ဖီစေ့များကို ရိုးရာအားဖြင့် ထောပတ်နှင့် သကြားတို့ဖြင့် လှော်လေ့ရှိကြသည့် အပြင် အခြားသော ပစ္စည်းများ ဖြစ်ကြသော ရမ်အရက်မှစ၍ ဝက်ဆီ အထိ ပစ္စည်းအမျိုးမျိုးကို ထည့်သွင်းလေ့ ရှိကြသဖြင့် အရည်ကို ထူးဆန်းပြီး တခါတရံ ချောကလက်နံ့ ဖျော့ဖျော့ရသော အနံ့ကို ဖြစ်စေသည်။ ကမ္ဘောဒီးယားတွင် သီဟာနုဗေးလ်ပြည်နယ်နှင့် ဖနွမ်းပင်တို့တွင် အဓိကအားဖြင့် တည်ရှိသော ဘီယာစက်ရုံကြီး အချို့ ရှိသည်။ ဖနွမ်းပင်နှင့် ဆီရမ်ယိတို့တွင် တိုးပွားလာသော ဘီယာစက်ရုံ အသေးစားများလည်း ရှိသည်။ ၂၀၁၄ ခုနှစ် မှ ၂၀၁၈ အတွင်း လက်ချက် ဘီယာစက်ရုံ ၂ ခုမှ ၉ ခုအထိ တိုးပွားလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယား၌ ဆိုင်ချက်ဘီယာဆိုင် သို့မဟုတ် ဘီယာချက်စက် အသေးများမှာ ၁၂ ခု အထိ ရှိသည်။ ဆန်ဝိုင်အရက်သည် လူကြိုက်များသော အရက်တစ်မျိုးဖြစ်သည်။ ၎င်း၏ ကွာလတီမှာ ကျယ်ပြန့်စွာ ကွဲပြားပြီး အမြဲဆိုသလို သစ်သီးများ သို့မဟုတ် ဆေးဘက်ဝင် သစ်မြစ်များဖြင့် ရောစပ် ထုတ်လုပ်လေ့ ရှိသည်။ ဆွမ်ဘိုင်း အရက်ကဲ့သို့ သစ်သီး သို့မဟုတ် ဟင်းခပ်အမွှေးအကြိုင်များကို ရေစိမ်၍ ထုတ်လုပ်သည့် အခါတွင် "ဆရာ ထရမ်" (ရေစိမ်ဝိုင်) ဟို ခေါ်ကြပြီး ဆန်ဝိုင်အရက်နှင့် နှိုင်းယှဉ်လျှင် ပိုမို၍ အဝင်ချောသောကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်နှင့် အမျှ ပို၍ ရေပန်းစားလာခဲ့သည်။ အမျိုးသမီးများ ခမာ အမျိုးသမီးများအား ရိုးရာအားဖြင့် နှိမ့်ချ၍၊ စကားပြော သိမ်မွေ့ကာ၊ ကောင်းစွာပြုမူနေထိုင် တတ်ပြီး အလုပ်ကို ကြိုးစားလုပ်ကိုင်၍ မိသားစု အား ဂရုစိုက်မည့်သူ နှင့် မိသားစုမှ ဂရုစိုက်ခံမည့်သူ ဖြစ်သည့်အပြင် ငွေကြေးကိစ္စများကို စီမံခန့်ခွဲမည့်သူ၊ လက်ထပ်သည့် အချိန်အထိ အပျိုရည်ကို ထိန်းသိမ်းကာ သစ္စာရှိသော ဇနီးမယား အဖြစ် ရှိမည့်သူ နှင့် သူတို့၏ ခင်ပွန်းအတွက် အကြံပေး အဖြစ် ဆောင်ရွက်မည့်သူ အဖြစ် ရှုမြင် မျှော်လင့်ကြသည်။ ကမ္ဘောဒီးယား အမျိုးသမီးများ၏ လမ်းလျှောက်ပုံနှင့် အဝတ်အစားတို့၏ ကောင်းခြင်းရှိပုံတို့အား "လှုပ်ရှားရာတွင် ညင်သာ၍ အခြားသူများ အနေနှင့် သူတို့၏ ပိုးထမီ ပွတ်တိုက်သံကို မကြားနိုင်" ဟု ဖော်ပြလေ့ ရှိကြသည်။ ငွေကြေးကို စီမံခန့်ခွဲသူ အနေနှင့် ကမ္ဘောဒီးယား အမျိုးသမီးများ အနေနှင့် မိသားစု အဆင့်တွင် အိမ်တွင်း အာဏာရှိသူ အဖြစ် သတ်မှတ်ကြသည်။ အားကစား ဘောလုံးကစားခြင်းသည် ရေပန်းအစားဆုံး အားကစားနည်း တစ်ခု ဖြစ်သော်လည်း ကြေးစားအဆင့် အားကစားကို စုစည်းဆောင်ရွက်ခြင်းမှာ ကမ္ဘောဒီးယားတွင် စီးပွားရေး အခြေအနေကြောင့် အနောက်နိုင်ငံများကဲ့သို့ မကျယ်ပြန့်ပေ။ ဘောလုံးကစားနည်းကို ပြင်သစ်တို့က ကမ္ဘောဒီးယားသို့ ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားတို့ အကြားတွင် လူကြိုက်များသည်။ ကမ္ဘောဒီးယား အမျိုးသား ဘောလုံးအသင်းသည် ၁၉၇၂ ခုနှစ် အာရှဖလားတွင် စတုတ္ထ ရရှိခဲ့သော်လည်း ပြည်တွင်းစစ်ကြောင့် ထိုအချိန်မှစ၍ တိုးတက်မှု နှေးကွေးခဲ့သည်။ အနောက်တိုင်း အားကစားနည်းများ ဖြစ်သော ဘတ်စကက်ဘော၊ ဘောလီဘော၊ ကာယဗလ၊ ဟော့ကီ၊ ရပ်ဂ်ဘီ ယူနီယံ၊ ဂေါက်သီး နှင့် ဘေ့စ်ဘော တို့မှာ လူကြိုက်များ ရေပန်းစားလာကြပြီ ဖြစ်သည်။ ဘော်လီဘော ကစားနည်းသည် အခုအချိန်အထိ ရေပန်းအစားဆုံး အားကစားနည်း ဖြစ်သည်။ ရိုးရာ အားကစားနည်းများတွင် ရိုးရာလှေပြိုင်ခြင်း၊ ကျွဲပြိုင်ခြင်း၊ ပရာဒယ် ဆီရေး၊ ခမာရိုးရာ နပမ်းသတ်ခြင်း နှင့် ဘိုကေတာ တို့ ပါဝင်သည်။ ကမ္ဘောဒီးယားသည် ၁၉၅၆ ခုနှစ် နွေရာသီ အိုလံပစ် အားကစားပွဲတွင် ပထမဆုံး ပါဝင်ခဲ့ပြီး မြင်းစီးသမားများကို စေလွှတ် ယှဉ်ပြိုင်စေခဲ့သည်။ ကမ္ဘောဒီးယားသည် ဂိန်းဖို(GANEFO) ဟုခေါ်သော အိုလံပစ်နှင့် အလားတူသော အားကစားပွဲကို ၁၉၆၀ ခုနှစ်များက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ အက ကမ္ဘောဒီးယား အကကို အဓိက ကဏ္ဍ ၃ ခု ခွဲခြားနိုင်သည်။ ခမာဂန္ထဝင်အက၊ ရိုးရာအက နှင့် ပွဲတက် အက တို့ ဖြစ်ကြသည်။ ခမာဂန္ထဝင် အက၏ ဇာစ်မြစ် အမှန်မှာ အငြင်းပွားဆဲ ဖြစ်သည်။ နိုင်ငံအတွင်းရှိ ခမာပညာရှင်များက ယနေ့ခေတ် အကပုံစံကို အန်းကောခေတ်သို့ ပြန်လည် ခြေရာခံ ကြပြီး ပုထိုးအတွင်း ရေးဆွဲထွင်းထုထားသော ပုံများနှင့် တူညီမှုကို တွေ့မြင်သောကြောင့် ဖြစ်ကာ အခြားသူများကမူ ယနေ့ခေတ် ခမာ အက စတိုင်လ်များမှာ ၁၈၀၀ ခုနှစ်များ အတွင်း ထိုင်းနန်းတော် ကချေသည်များ ထံမှ သင်ယူ (သို့မဟုတ် ထပ်မံသင်ယူ) ခဲ့သည်ဟု ယူဆကြသည်။ ခမာဂန္ထဝင်အကကို ကမ္ဘောဒီးယား တော်ဝင်နန်းတော်တွင် စတင်ခဲ့ပြီး ပုံစံကျသော ဖျော်ဖြေရေး တစ်ခု ဖြစ်ကာ ဖျော်ဖြေရန် နှင့် အခမ်းအနားများတွင် အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ ထိုအကများကို ရှုပ်ထွေးစွာ ဝတ်စားဆင်ယင်ထား၍ အပြင်းအထန် လေ့ကျင့်ထားသော အမျိုးသား အမျိုးသမီးများက အများပြည်သူ ဆိုင်ရာ ပွဲလမ်းများတွင် ရိုးရာ ဇာတ်လမ်းများ နှင့် ရာမယဏဇာတ်အား ခမာမှု ပြုထားသော ရင်းမ်ကာကဲ့သို့သော ကဗျာရှည်ကြီးများကို အမှတ်ရစေရန်၊ ပြန်ပြောင်းသတိရရန် နှင့် သရုပ်ဆောင်ရန် အတွက် ကပြလေ့ ရှိကြသည်။ "ရိုဘမ် ပရီယာ ရိချ် ထရိုယပ်" ("တော်ဝင်ကြွယ်ဝမှု၏ ဇာတ်ရုံ") ဟု သိကြသော အရာမှာ ပင်ပိ တီးဝိုင်းကို အသံပါဝင် ဖျော်ဖြေသည့် ဂီတ ဖြစ်သည်။ ကမ္ဘောဒီးယား ရိုးရာအကကို အမြဲလိုပင် မာဟိုရီဂီတ နှင့် တွဲဖက် ကပြလေ့ ရှိကြပြီး ကမ္ဘောဒီးယားရှိ အမျိုးမျိုးသော ယဉ်ကျေးမှုနှင့် လူမျိုးစု အဖွဲ့တို့၏ ပွဲလမ်းသဘင်များတွင် ကပြ လေ့ ရှိကြသည်။ ရိုးရာအကများ မြစ်ဖျားခံသည်မှာ ကျေးရွာများတွင် အစတည်ခဲ့ပြီး များသောအားဖြင့် ရွာသားများက အခြားရွာသားများအတွက် ကပြ ဖျော်ဖြေကြခြင်း ဖြစ်သည်။ ကကွက်များမှာ စတိုင်သိပ်မကျပဲ ဝတ်ဆင်သည့် အဝတ်အစားမှာလည်း ကချေသည်များ ပုံစံတူ သရုပ်ဆောင်သည့် လူများ၏ အဝတ်အစားသာ ဖြစ်ကာ တောင်ကုန်းနေ လူမျိုးစုများ၊ ချမ်လူမျိုးများ သို့မဟုတ် လယ်သမားများ စသည်တို့ ဖြစ်သည်။ ဂန္ထဝင် အကထက် ကကွက်ပိုမြန်ဆန်ပြီး ရိုးရာအကများမှာ သာမန်လူတို့ လုပ်ရိုးလုပ်စဉ်ဖြစ်သော အချစ်၊ ဟာသ နှင့် မကောင်းဆိုးဝါးများကို မောင်းထုတ်ခြင်း စသည်တို့ကို ပြသလေ့ ရှိသည်။ ပွဲတက်အကများကို ညစာစားပွဲများ၊ ပါတီများ နှင့် အခြား ကိန်းခမ်းမကြီးသော လူမှုရေးဆိုင်ရာ စုဝေးပွဲများတွင် တက်ရောက်သူများက ကလေ့ ရှိကြသည်။ ခမာတို့၏ ရိုးရာ ပွဲတက်အကမှာ အခြားသော အရှေ့တောင် အာရှနိုင်ငံများနှင့် ပုံစံတူသည်။ ဥပမာအားဖြင့် ဝိုင်းပတ်ကခုန်ရသော ရွန်ဗောင် နှင့် ရွန်ဗတ် တို့အပြင် "ဆာရာဗန်" နှင့် "လမ်လိဗ်" တို့လည်း အပါအဝင် ဖြစ်သည်။ ခေတ်ပေါ် အနောက်တိုင်း အကများ ဖြစ်ကြသော ချားချား၊ ဘိုလီရို နှင့် မက်ဒီဆင် တို့သည်လည်း ကမ္ဘောဒီးယား ပွဲတက်အကများ အပေါ်တွင် လွှမ်းမိုးမှု ရှိသည်။ စာကြည့်တိုက်များ ကမ္ဘောဒီးယား အမျိုးသား စာကြည့်တိုက်ကို ၁၉၂၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ စာကြည့်တိုက်သည် ခမာနီ အစိုးရ လက်ထက်တွင် ပျက်စီးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။ ဂီတ ရိုးရာ ကမ္ဘောဒီးယား ဂီတသည် ခမာအင်ပိုင်ယာခေတ်ကပင် အစပြုခဲ့သည်။ တော်ဝင်အကများ ဖြစ်ကြသော အက်ပ်စာရာအကသည် ကမ္ဘောဒီးယားယဉ်ကျေးမှု၏ ပြယုဂ် ဖြစ်သကဲ့သို့ပင် ၎င်းတို့နှင့် တွဲဖက်ဖျော်ဖြေသော မာဟော်ရီတီးဝိုင်းသည်လည်း ပြယုဂ်ပင် ဖြစ်သည်။ ကျေးလက်ဆန်သော ဂီတ အမျိုးအစားများမှာ "ချာပေး" နှင့် "အာယိုင်" တို့ ဖြစ်ကြသည်။ "ချာပေး" မှာ အသက်ကြီးသော လူကြီးများအတွင်း ခေတ်စားပြီး အများအားဖြင့် အမျိုးသားတစ်ဦးတည်းက ကမ္ဘောဒီးယား ဂစ်တာ ဖြစ်သော "ချာပေး" ကို သီချင်းစာပိုဒ်များကြားတွင် တီးခတ်ခြင်း ဖြစ်သည်။ သီချင်းစာသားမှာ ပုံမှန်အားဖြင့် ကိုယ်ကျင့်တရား နှင့် ဘာသာရေး အကြောင်းများ ဖြစ်သည်။ အယိုင် ဆိုသည်မှာမူ အမျိုးသား သို့မဟုတ် အမျိုးသမီး တစ်ဦးတည်းက ဖျော်ဖြေခြင်း ဖြစ်ပြီး ပုံမှန်အားဖြင့် ဟာသဆန်သည်။ သီချင်းစာသားပုံစံ ကဗျာဖြစ်ပြီး အမြဲဆိုသလို အဓိပ္ပာယ် နှစ်ခွ ထွက်သည်များ ပြည့်နှက်နေပြီး ၎င်းတို့ကို ကြိုတင်ရေးသားထားခြင်း ရှိသကဲ့သို့ လုံးဝ လက်တမ်းပြောဆိုခြင်း ရှိသလို အလွတ်တမ်း ပြောဆိုခြင်းလည်း ရှိသည်။ စုံတွဲ သီဆိုသည့် အခါတွင် အမျိုးသား နှင့် အမျိုးသမီးတို့ တစ်လှည့်စီ ဆိုကြပြီး အခြားတစ်ဦး၏ စာသားကို ပြန်လည် ဖြေကြားခြင်း သို့မဟုတ် အခြားသူ ဖြေကြားရန် ပဟေဠိ ဖွက်ခြင်း တို့ဖြစ်ကာ တစ်ပိုဒ်နှင့် တစ်ပိုဒ်ကြားတွင် တီးလုံးဖြင့် အနားပေးလေ့ ရှိသည်။ "ပလန် ကား" ("မင်္ဂလာဆောင် ဂီတ") မှာမူ တစ်နေကုန်ကြာမြင့်သော ခမာ ရိုးရာမင်္ဂလာဆောင် အတွင်း အမျိုးမျိုးသော အခမ်းအနားများတွင် တွဲဖက်ရန်နှင့် ဖျော်ဖြေရန် အတွက် တီးမှုတ်လေ့ ရှိသော ဂီတနှင့် သီချင်းများ ဖြစ်သည်။ ကမ္ဘောဒီးယား၏ လူကြိုက်များ ရေပန်းစားသော ဂီတကို အနောက်တိုင်း တူရိယာများဖြင့် ဖျော်ဖြေတီးခတ်လေ့ ရှိသလို ရိုးရာနှင့် အနောက်တိုင်းတူရိယာများကိုလည်း တွဲဆက် တီးခတ်လေ့ ရှိသည်။ အကအတွက် ဂီတကိုမူ ပွဲတက်အကများအတွက် သီးသန့်စတိုင်လ်ကို ရေးစပ်လေ့ ရှိသည်။ အချစ်အလွမ်းသီချင်းများကို သီဆိုလေ့ရှိသော ၁၉၆၀ ခုနှစ်များနှင့် ၁၉၇၀ ခုနှစ်များမှ စင်း စီစာမောက်၊ ရော့စ် စီရေးစိုသီယာ နှင့် ပန်ရန်တို့အား ကမ္ဘောဒီယား ၏ ဂန္ထဝင်ပေါ့ပ်ဂီတများဟု မှတ်ယူလေ့ ရှိသည်။ ခမာနီ တော်လှန်ရေးအတွင်း ၁၉၆၀ ခုနှစ်များ နှင့် ၁၉၇၀ ခုနှစ်များမှ ဂန္ထဝင် နှင့် လူကြိုက်များသော အဆိုတော်အများစုမှာ အသတ်ခံရခြင်း၊ သေသည်အထိ အစာငတ် ရေငတ် ပစ်ထားခံရခြင်း နှင့် သေသည်အထိ အလုပ်ခိုင်းခြင်း စသည့် ခမာနီတို့၏ ပြုကျင့်မှုများကို ခံခဲ့ရပြီး ထိုခေတ်အခါက မူရင်းမာစတာ တိပ်ခွေများ မှာ ပျောက်ဆုံးပျက်စီး ခဲ့သည်။ ၁၉၈၀ ခုနှစ်များတွင် ကီယို ဆူရာ့သ် (အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်အခြေချသော ဒုက္ခသည်) နှင့် အခြားသူတို့သည် ဂန္ထဝင် အဆိုတော်များ၏ အမွေကို ဆက်ခံ၍ အမြဲဆိုသလိုပင် သူတို့၏ ရေပန်းစားသော သီချင်းများကို ပြန်လည် ထုတ်ဝေကြသည်။ ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များတွင် "ခန်ထရန်" ဂီတ ရေပန်းစားလာခဲ့ပြီး ၎င်းမှာ ခမာဆူရင် လူမျိုးတို့၏ ဂီတပုံစံကို ခေတ်ပေါ် တူရိယာများဖြင့် တီးခတ်ထားခြင်း ဖြစ်သည်။ ဩစတြေးလျ ဟစ်ဟော့ပ် အဖွဲ့ အက်စရိုနိုမီ ကလပ်စ် သည် ကမ္ဘောဒီးယားနိုင်ငံဖွား အမျိုးသမီးအဆိုတော် ကက် ချန်းသီ နှင့် အတူ အသံသွင်း အခွေထုတ်ခဲ့သည်။ "ဒန်ဂီး ဖီဗာ" ရော့ခ်အင်န်ရိုးလ် တီးဝိုင်းတွင် ကမ္ဘောဒီးယား အမျိုးသမီး အဆိုတော် တစ်ဦးကို အဓိကထားပြီး နောက်ခံအဖြစ် ကယ်လီဖိုးနီးယားမှ တီးဝိုင်းက တီးခတ်သည်။ ၎င်းအား ကမ္ဘာ့ဂီတ အဖြစ် သတ်မှတ်ပြီး ကမ္ဘောဒီးယား ဂီတ အား အနောက်တိုင်းစတိုင်လ် ရော့ခ်ဂီတဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာ ၁၉၉၉ ခုနှစ်မှစ၍ ဝန်ကြီးဌာန ၁၁ ခုပါဝင်သော သိပ္ပံနှင့် နည်းပညာ အတွက် နိုင်ငံတော်ကော်မတီ တည်ရှိနေခဲ့သည်။ ဝန်ကြီးဌာန ၇ ခုနှ နိုင်ငံ၏ အများပိုင် တက္ကသိုလ် ၃၃ ခုအတွက် တာဝန်ရှိသော်လည်း ထိုတက္ကသိုလ် အများစုသည် ပညာရေး၊ လူငယ် နှင့် အားကစား ဝန်ကြီးဌာန၏ အရိပ်အောက်တွင် ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ပညာရေး၊ လူငယ် နှင့် အားကစားဝန်ကြီးဌာနမှ ပညာရေးကဏ္ဍအတွက် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာ ပေါ်လစီ တစ်ခုကို သဘောတူ ခွင့်ပြုခဲ့သည်။ ထိုကိစ္စသည် တက္ကသိုလ်များ တဝှမ်းလုံးတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် နှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ သုတေသနရလဒ်များကို အသုံးချနိုင်ရန် အတွက် ပထမဆုံး ခြေလှမ်း ဖြစ်သည်။ ထိုပေါ်လစီ၏ နောက်တွင် နိုင်ငံ၏ ပထမဆုံး "အမျိုးသား သိပ္ပံနှင့် နည်းပညာ မာစတာ ပလန် ၂၀၁၄-၂၀၂၀" လိုက်လာခဲ့သည်။ ၎င်းအား စီမံကိန်းဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင် စတင်ခဲ့ပြီး ကိုရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ပံ့ပိုးသော နှစ်နှစ်စီမံကိန်း၏ အထွဋ်အထိပ်တွင် ဖြစ်သည်။ ထိုအစီအစဉ်မှ စက်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန် အတွက် သိပ္ပံနှင့် နည်းပညာ အုတ်မြစ်ကို တည်ဆောက်ပြီး အထူးသဖြင့် စိုက်ပျိုးမွေးမြူရေး၊ အဓိက လုပ်ငန်းများ နှင့် အိုင်စီတီ လုပ်ငန်းများကို အလေးပေးဆောင်ရွက်မည် ဖြစ်သည်။ ကမ္ဘောဒီးယားသည် ၂၀၂၀ ခုနှစ်၌ နိုင်ငံတကာ ဆန်းသစ်တီထွင်မှု ညွှန်းကိန်းတွင် အဆင့် ၁၁၀ ရှိပြီး ၂၀၁၉ ခုနှစ် အဆင့် ၉၈ မှ ကျဆင်း သွားခြင်း ဖြစ်သည်။ ဆက်စပ်ကြည့်ရှုရန် ကိုးကား ပြင်ပလင့်ခ်များ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအသင်းဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%B1%E1%80%AC%E1%80%92%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ဗီယက်နမ်နိုင်ငံ
ဗီယက်နမ် (; ; ) သို့ ရုံးသုံးအမည်အားဖြင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသည် အရှေ့တောင်အာရှတွင် ရှိပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဘက်စွန်းတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ ၂၀၂၀ ခုနှစ် စာရင်းအရ လူဦးရေ ၉၇.၈ သန်း ရှိသဖြင့် ကမ္ဘာပေါ်တွင် ၁၆ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး အာရှတွင် အဋ္ဌမမြောက် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် လောနိုင်ငံ၊ အနောက်တောင်ဘက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် အရှေ့တောင်ဘက်တွင် မလေးရှားနှင့် ခြားနားထားသော တောင်တရုတ်ပင်လယ်တို့က ဝိုင်းရံထားသည်။ ၁၉၇၅ ခုနှစ် တောင်ဗီယက်နမ် နှင့် မြောက်ဗီယက်နမ်တို့ ပေါင်းစည်းပြီးနောက် မြို့တော်မှာ ဟနွိုင်းမြို့ ဖြစ်လာခဲ့သည်။ ဗီယက်နမ်သည် တရုတ်မင်းဆက်၏ လက်အောက်ခံအဖြစ် ဘီစီ ၁၁၁ ခုနှစ်မှ အေဒီ ၉၃၉ ခုနှစ် အထိ နှစ်ပေါင်းထောင်ကျော်မျှနေခဲ့ရသည်။ လွတ်လပ်သော ဗီယက်နမ်နိုင်ငံကို ဘတ်ဒမ်မြစ် တိုက်ပွဲတွင် အောင်ပွဲခံပြီးနောက် အေဒီ ၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဗီယက်နမ် တော်ဝင်မင်းဆက် ပေါင်းများစွာတို့သည် အရှေ့တောင်အာရှ အတွင်းပိုင်းအထိ ပထဝီအနေအထားနှင့် နိုင်ငံရေးဆိုင်ရာ ဖြန့်ကျက်မှုတို့ဖြင့် ကြွယ်ဝချမ်းသာခဲ့ကြသည်မှာ ၁၉ရာစုအလယ်ပိုင်း ပြင်သစ်တို့၏ ကိုလိုနီအဖြစ် သိမ်းပိုက်ခြင်းမခံရမီ အချိန်အထိဖြစ်သည်။ ၁၉၄၀ ခုနှစ်များတွင် ဂျပန်တို့ ကျူးကျော်ဝင်ရောက် သိမ်းပိုက်ပြီးနောက် ဗီယက်နမ်တို့သည် ပြင်သစ်တို့အား ပထမ အင်ဒိုချိုင်းနား စစ်ပွဲမှစ၍ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး ၁၉၅၄ ခုနှစ်တွင် ပြင်သစ်တို့အား ဗီယက်နမ်မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့သည်။ ထို့နောက်တွင်မူ ဗီယက်နမ်နိုင်ငံသည် တောင်ဗီယက်နမ် နှင့် မြောက်ဗီယက်နမ် ဆိုသော နိုင်ငံရေး အရ ပြိုင်ဘက်များဖြစ်သည့် နိုင်ငံ နှစ်နိုင်ငံ အဖြစ် နှစ်ခြမ်းကွဲခဲ့သည်။ ထိုနှစ်ဖက်တို့၏ ပဋိပက္ခများသည် ဗီယက်နမ်စစ်ပွဲတွင် အင်အားပြင်ထန်လာခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မြောက်ဗီယက်နမ်မှ အနိုင်ရပြီး စစ်ပွဲပြီးဆုံးခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ကွန်မြူနစ် အစိုးရ လက်အောက်တွင် ပေါင်းစည်းသွားခဲ့သော်လည်း ဆင်းရဲမွဲတေပြီး နိုင်ငံရေး အရ အထီးကျန် ဖြစ်နေခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အစိုးရမှ စီးပွားရေး နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး ထိုမှစ၍ ဗီယက်နမ်သည် ကမ္ဘာ့စီးပွားရေး နှင့် စတင်ပေါင်းစည်းခြင်း လမ်းစပေါ်သို့ ရောက်ရှိခဲ့သည်။ ၂၀၀၀ ခုနှစ်သို့ ရောက်သော အခါတွင် နိုင်ငံအားလုံးနှင့် သံတမန် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး မှာ ကမ္ဘာပေါ်တွင် တိုးတက်မှုနှုန်း အမြင့်ဆုံး နိုင်ငံများတွင် ပါဝင်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အဓိက စီးပွားရေး နိုင်ငံ ၁၁ နိုင်ငံထဲတွင် ကမ္ဘာပေါ်တွင် တိုးတက်မှုနှုန်း အဖော်ဆောင်နိုင်ဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ၎င်းတို့၏ အောင်မြင်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ ၂၀၀၇ ခုနှစ်တွင် ဝင်ရောက်နိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတကာ ဖရန်ကိုဖုန်းနီ နိုင်ငံများတွင် ပါဝင်ခဲ့ဖူးသော သမိုင်းကြောင်းလည်း ရှိသည်။ ဗီယက်နမ်သည် ကမ္ဘာပေါ်ရှိ တစ်ပါတီ စနစ် ကျင့်သုံးပြီး ကွန်မြူနစ် စနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံ ၄ နိုင်ငံတွင် တစ်နိုင်ငံ အဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ အမည်ရင်းမြစ် ဗီယက်နမ်ဆိုသောအမည်မှာ နမ်ဗီယက်ဆိုသော အမည်မှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုစကားလုံးအား ၂ရာစုတွင် အုပ်စိုးခဲ့သော ထရူးမင်းဆက်လက်ထက်မှ စတင် သုံးနှုန်းခဲ့သည်။ ဗီယက်ဆိုသော စကားလုံးမှာ တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဘက်ရှ်ဗီယက် ဆိုသော လူမျိုးစု၏ နာမည်အတိုဖြစ်သည်။ ဗီယက်နမ်ဆိုသော စကားလုံးအား ၁၆ ရာစုနှစ်က ကဗျာတစ်ပုဒ်တွင် စတင်သုံးနှုန်းထားသည်ကို တွေ့ရသည်။ ထို့ပြင် ၁၆ ရာစုနှင့် ၁၇ ရာစု အတွင်း ထွင်းထုခဲ့သော ကျောက်စာတိုင် ၁၂ တိုင်တွင်လည်း သုံးနှုန်းထားသည်ကို တွေ့ရသည်။ ထို့ပြင် ၁၅၅၈ ခုနှစ်က စတင်တည်ထားခဲ့သော ဟိုင်ဖုန်းမြို့မှ ဘောင်လန်ဘုရားတွင်လည်း တွေ့ရသည်။ ၁၈၀၂ ခုနှစ်တွင် ငုယင်ဖွတ်အန်း မှ ငုယင်မင်းဆက်ကို တည်ထောင်ခဲ့ပြီး တည်ထောင်ပြီး ဒုတိယမြောက်နှစ်တွင် ချင်မင်းဆက် ဧကရာဇ် ကျားချင် မှ ၎င်းအား နမ်ဗီယက်/နမ်ယူး ဘုရင် အဖြစ် သတ်မှတ်ပေးရန် ပန်ကြားခဲ့သည်။ သို့သော်လည်း ချင်မင်းဆက် အရာရှိများက နမ်ဗီယက်/နမ်ယူး ဆိုသော အမည်တွင် တရုတ်နိုင်ငံမှ ကွမ်းရှိပြည်နယ် နှင့် ကွမ်တုန်းပြည်နယ် များလည်း ပါဝင်ပြီး ငုယင်ဖွတ်အန်း၏ ဒေသမှာ ယခင်က ကျောင်းရှီဒေသဖြစ်သော အန်နမ် ဒေသသာလျှင် ဖြစ်သဖြင့် နမ်ဗီယက်/နမ်ယူး ဘုရင် အဖြစ် မသတ်မှတ် နိုင်ကြောင်း ထောက်ပြ ပြောဆိုခဲ့ပြီး ထို့အတွက် ၎င်းတို့၏ နိုင်ငံအား ယူးနန်/ ဗီယက်နမ်ဟု သတ်မှတ် ပေးခဲ့သည်။ ၁၈၀၄ ခုနှစ် မှ ၁၈၁၃ ခုနှစ် အတွင်းတွင် ကျားလုံ ဧကရာဇ်မှ ထိုအမည်အား တရားဝင် သုံးစွဲခဲ့သည်။ ထိုအမည်အား ၂၀ရာစု အစောပိုင်းတွင် ဖန်ဗွိုင်းချောင် ရေးသားသော ဗီယက်နမ်၏ ပျောက်ဆုံးနေသော သမိုင်းကြောင်း စာအုပ်တွင် ပြန်လည်ဖော်ထုတ်ခဲ့ပြီး နောက်ပိုင်းတွင် ဗီယက်နမ် မျိုးချစ် ပါတီမှ ဆက်လက်သုံးစွဲခဲ့သည်။ ၁၉၄၅ ခုနှစ် အထိ နိုင်ငံ၏ အမည်ကို အန်နမ် ဟု သုံးစွဲခဲ့ပြီး ဟူးမြို့ရှိ တော်ဝင်အစိုးရနှင့် ဟနွိုင်းရှိ ဗီယက်မင်း အစိုးရ ၂ ရပ်စလုံးမှ ထို အချိန်မှစ၍ ဗီယက်နမ်ဟု ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲခဲ့ကြသည်။ သမိုင်း သမိုင်းမတင်မီခေတ် နှင့် ရှေးခေတ်သမိုင်း ရှေးဟောင်းသုတေသန တူးဖော်မှုများ အရ ဗီယက်နမ်နိုင်ငံတွင် ကျောက်ခေတ်လယ်မှ အစပြု၍ လူတို့နေထိုင်သော အထောက်အထားများ တွေ့ရှိရသည်။ လန်ဆွန်းပြည်နယ် နှင့် ငဲ့အန်း ပြည်နယ်တို့ရှိ ဂူများ အတွင်းတွင် ဘီစီ ၅၀၀,၀၀၀ ခန့်မှ ဟိုမိုအီရပ်တပ်စ် တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ရသည်။ အရှေ့တောင်အာရှတွင် ရှေးအကျဆုံး ဟိုမိုဆေးပီးယန်း (လူ) ကျောက်ဖြစ်ရုပ်ကြွင်းအား ပလိုင်စတိုဆင်း ခေတ်လယ်တွင် တွေ့ရှိရပြီး သွားအပိုင်းအစများကို သန်အွမ် နှင့် ဟန်းဟမ် မှ တွေ့ရှိခဲ့ရသည်။ ပလိုင်စတိုဆင်း ခေတ်နှောင်းမှ ဟိုမိုဆေးပီးယန်းတို့၏ သွားများကိုမူ ဒေါင်ကန်ဒေသတွင် တွေ့ရှိရကာ ဟိုလိုဆင်းခေတ်ဦးမှ သွားများကိုမူ မိုင်ဒဒျူး ၊ လန်ဂေါင်း နှင့် ကွမ် ဒေသတို့တွင် တွေ့ရှိရသည်။ ဘီစီ ၁၀၀၀ ခုနှစ်ခန့်တွင် မားမြစ် နှင့် မြစ်နီမြစ်တို့၏ ရေလွှမ်းလွင်ပြင် ဒေသများ အတွင်း ဆန်စပါး စိုက်ပျိုးမှု နှင့် ကြေးသွန်းမှု ထွန်းကားလာရာမှ ဒေါင်ဆမ် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ဒေါင်ဆမ်တို့၏ စည် မှာ ထင်ရှားသော အမှတ်အသား တစ်ခု ဖြစ်သည်။ ထိုအချိန်တွင် အစောပိုင်း ဗီယက်နမ် ပြည်ထောင်များ ဖြစ်သော ဗန်းလန်ပြည် နှင့် အောလပ်စ် ပြည်တို့ စတင်ပေါ်ထွန်းလာခဲ့ပြီး ၎င်းတို့ ယဉ်ကျေးမှု၏ ဩဇာလွှမ်းမိုးမှုမှာ ပင်လယ်ပိုင်း အရှေ့တောင်အာရှ အပါအဝင် အခြားသော အရှေ့တောင်အာရှ ဒေသများ သို့ ဘီစီ ပထမ ထောင်စုနှစ် အတွင်း ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။ ဗီယက်နမ် ဘုရင်ခေတ် ဗီယက်နမ် နိုင်ငံတွင် ဗန်းလန် ဟု သိကြသော ဟုန်ဘုရင်တို့၏ ဟုန်ဘန်းမင်းဆက်သည် ဗီယက်နမ်တို့၏ ပထမဆုံး နိုင်ငံဟု ခေါ်ဆိုနိုင်သည်။ ဘီစီ ၂၅၇ ခုနှစ်တွင် နောက်ဆုံး ဟုန်ဘုရင်အား သပ်ဖန် မှ အနိုင်ယူခဲ့ပြီး လပ်စ်ဗီယက် နှင့် အောဗီယက်လူမျိုးတို့ကို ပူးပေါင်းကာ အောလပ်စ်နိုင်ငံ အဖြစ် ထူထောင်ခဲ့ကာ အန်းဒုန်ဗွန်းဟူသော ဘွဲ့အမည်ကို ခံယူခဲ့သည်။ ဘီစီ ၂၀၇ ခုနှစ်တွင် တရုတ် စစ်ဗိုလ်ချုပ် ကျောင်တျို မှ အန်းဒုန်းဗွန်းအား အနိုင်ရခဲ့ပြီး အောလပ်စ်နိုင်ငံအား နန်ယူးဒေသအတွင်း သွတ်သွင်းခဲ့သည်။ သို့သော်လည်း ဘီစီ ၁၁၁ ခုနှစ် ဟန်-နန်ယူးစစ်ပွဲ အပြီးတွင် နန်ယူးသည် တရုတ်ဟန်မင်းဆက်၏ အင်ပါယာ အတွင်းသို့ သွတ်သွင်း ခံခဲ့ရသည်။ နောင် နှစ်ထောင်ပေါင်းများစွာ အတွင်းတွင် ယခု ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းသည် တရုတ်တို့၏ အုပ်ချုပ်မှု အောက်တွင်သာ ရှိနေခဲ့သည်။ အစောပိုင်း လွတ်မြောက်ရေး လှုပ်ရှားမှုများ ဖြစ်သော ထရွန်းညီအစ်ကိုများ၏ လှုပ်ရှားမှု နှင့် လေဒီထရူးတို့၏ လှုပ်ရှားမှုများမှာ တဒင်္ဂသာလျှင် အောင်မြင်ခဲ့သော်လည်း ဗန်ရွှန်းဟု အမည်တွင်သော အစောပိုင်း လိုင်မင်းဆက်မှာမူ အေဒီ ၅၄၄ ခုနှစ်မှ ၆၀၂ ခုနှစ်အထိ လွတ်လပ်စွာ တည်ရှိနိုင်ခဲ့သည်။ ၁၀ ရာစု အစောပိုင်းတွင်မူ ခွပ်မိသားစု ၏ အုပ်ချုပ်မှု အောက်တွင် ကိုင်ပိုင် အုပ်ချုပ်ခွင့် ရရှိခဲ့သော်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် မရရှိခဲ့ပေ။ အေဒီ ၉၃၈ ခုနှစ်တွင် ဗီယက်နမ် ပဒေသရာဇ် ငိုကူရင် သည် တရုတ် တောင်ပိုင်းဟန်ပြည်နယ်၏ တပ်များကို ဗတ်ဒန်းမြစ်တိုက်ပွဲတွင် အနိုင်တိုက်ခဲ့ပြီး တရုတ်တို့၏ အုပ်စိုးမှု အောက်တွင် နှစ်ပေါင်း တစ်ထောင်ကျော် နေထိုင်ခဲ့ရမှ လွတ်လပ်ရေး အပြည့်အဝ ရရှိခဲ့သည်။ နိုင်ငံ၏ အမည်အား ဒိုင်းဗီယက် (မဟာ ဗီယက်) ဟု ပြောင်းလဲ မှည့်ခေါ်ခဲ့ပြီး လိုင်မင်းဆက် နှင့် ထရန်မင်းဆက်တို့၏ အောက်တွင် ရွှေရောင်လွှမ်းသော နေ့ရက် များကို ဖြတ်သန်းနိုင်ခဲ့သည်။ ထရန်မင်းဆက်၏ အုပ်စိုးမှု အောက်တွင် ဒိုင်းဗီယက်တို့သည် မွန်ဂိုတို့၏ ကျူးကျော်မှု သုံးကြိမ်ကို တွန်းလှန်နိုင်ခဲ့သည်။ ထိုအတောအတွင်း၌ ဗုဒ္ဓဘာသာ ထွန်းကားလာခဲ့ပြီး နိုင်ငံတော် ဘာသာ ဖြစ်လာခဲ့သည်။ ဟိုးမင်းဆက် ပြုတ်ကျခဲ့သော ၁၄၀၆-၇ ခုနှစ် မင်း-ဟိုး စစ်ပွဲ နောက်ပိုင်းတွင် ဗီယက်နမ်တို့သည် ခဏတာမျှ လွတ်လပ်ရေး ဆုံးရှုံးခဲ့ပြီး တရုတ် မင် မင်းဆက်၏ အုပ်စိုးမှုကို ခံခဲ့ရသော်လည်း လဲ မင်းဆက်ကို တည်ထောင်ခဲ့သူ လဲလွိုင်မှ ဗီယက်နမ် လွတ်လပ်ရေးကို ပြန်လည် ရယူခဲ့သည်။ ဗီယက်နမ်မင်းဆက်များသည် ၁၅ ရာစု လဲ မင်းဆက် လက်ထက်တွင် အထွဋ်အထိပ်သသို့ ရောက်ရှိခဲ့ပြီး အထူးသဖြင့် လဲဧကရာဇ် လဲသန်တောင် (၁၄၆၀-၁၄၉၇)၏ လက်ထက်တွင် ဖြစ်သည်။ ၁၁ ရာစုနှင့် ၁၈ ရာစု ကြားတွင် ဗီယက်နမ်နိုင်ငံသည် နမ်တျန် (တောင်ပိုင်းသို့ချဲ့ထွင်ခြင်း) အမည်ရသော အစီအစဉ်ဖြင့် တောင်ပိုင်းသို့ ချဲ့ထွင်ခဲ့ပြီး နောက်ဆုံးတွင် ချန်ပါပြည် နှင့် ခမာ အင်ပိုင်ယာ၏ တစိတ်တပိုင်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ ၁၆ ရာစု နောက်ပိုင်းတွင် လူထု အုံကြွမှုများ နှင့် မကြာခဏ ဖြစ်ပွားသော နိုင်ငံရေး ပဋိပက္ခများက ဗီယက်နမ်နိုင်ငံကို လွှမ်းခြုံထားခဲ့သည်။ ပထမပိုင်းတွင် တရုတ်တို့ ထောက်ခံသော မက် မင်းဆက်က လဲ မင်းဆက်၏ အာဏာကို စိန်ခေါ်ခဲ့သည်။ မက် မင်းဆက် အား နှိမ်နှင်းပြီးနောက် လဲ မင်းဆက်ကို အမည်အားဖြင့် ပြန်လည် အသက်သွင်းခဲ့သော်လည်း အာဏာမှာ မြောက်ပိုင်းရှိ ထရင်း ပဒေသရာဇ်များ နှင့် တောင်ပိုင်းရှိ ငုယင် ပဒေသရာဇ် တို့ထံတွင် ကွဲပြားစွာ ရှိနေခဲ့သည်။ ၎င်းတို့သည် နှစ် ၄၀ ကျော်မျှ ပြည်တွင်းစစ် အဖြစ် တိုက်ခိုက်နေခဲ့ပြီး ၁၆၇၀ ခုနှစ်များတွင် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။ ထို အချိန်အတွင်း ငုယင်တို့သည် ဗီယက်နမ်တောင်ပိုင်းကို မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသသို့ ချဲ့ထွင်ခဲ့ပြီး အလယ်ပိုင်း ကုန်းမြင့် နှင့် ခမာတို့၏ မြေများကို မဲခေါင် မြစ်ဝကျွန်းပေါ် ဒေသ အတွင်း သွတ်သွင်းခဲ့သည်။ နိုင်ငံအတွင်း ကွဲပြားနေမှုများသည် တေးရွှန်း ညီအကိုများမှ မင်းဆက် အသစ်ကို တည်ထောင်ပြီးနောက်တွင် အပြီးသတ်သွားခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ အုပ်ချုပ်မှုမှာ ကြာရှည်မခံခဲ့ပေ။ ၎င်းတို့အား ငုယင် ပဒေသရာဇ်တို့၏ အကြွင်းအကျန်ဖြစ်သော ငုယင်အန်း မှ ပြင်သစ်တို့၏ အကူအညီဖြင့် အနိုင်ယူ ခဲ့သည်။ ငုယင်အန်းသည် ဗီယက်နမ်ကို ပေါင်းစည်းခဲ့ပြီး ငုယင်မင်းဆက်ကို တည်ထောင်ခဲ့ကာ ဂျားလောင်း အမည်ဖြင့် အုပ်စိုးခဲ့သည်။ ၁၈၆၂-၁၉၄၅ ပြင်သစ် အင်ဒိုချိုင်းနား ပြင်သစ်တို့မှ ကက်သလစ် စစ်သွေးကြွတို့၏ အကူအညီဖြင့် ၁၈၅၉ ခုနှစ်မှ ၁၈၈၅ ခုနှစ် အတွင်း ရရှိခဲ့သော ဆက်တိုက် စစ်ရေး အောင်မြင်မှုများကြောင့် ဗီယက်နမ်တို့၏ လွတ်လပ်ရေး ယုတ်လျော့လာခဲ့သည်။ ၁၈၆၂ ခုနှစ်တွင် တောင်ပိုင်း သုံးပုံ တစ်ပုံသည် ပြင်သစ်တို့၏ ကိုလိုနီ ဖြစ်သော ကိုချင်ချိုင်းနား ဖြစ်လာခဲ့သည်။ ၁၈၈၄ ခုနှစ်သို့ ရောက်သော အခါတွင် တစ်နိုင်ငံလုံးသည် ပြင်သစ်လက်အောက်သို့ ကျရောက်ခဲ့ပြီး ဗီယက်နမ် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့ကို အန်နမ် အစောင့်အရှောက်ခံနယ်မြေ နှင့် တွန်ကင် အစောင့်အရှောက်ခံနယ်မြေဟူ၍ ပြင်သစ် အစောင့်အရှောက်ခံ နယ်မြေ နှစ်ခု အဖြစ် ခွဲခြားထားခဲ့သည်။ ထိုဗီယက်နမ် နယ်မြေ ၃ ခု တို့အား ပြင်သစ် အင်ဒိုချိုင်းနား ပြည်ထောင်စု အဖြစ် ၁၈၈၇ ခုနှစ်တွင် တရားဝင် ပေါင်းစည်းခဲ့သည်။ ပြင်သစ်တို့၏ အုပ်ချုပ်မှုသည် ဗီယက်နမ် လူ့အဖွဲ့အစည်း အတွင်း ထင်ရှားသော နိုင်ငံရေး နှင့် ယဉ်ကျေးမှုအပြောင်းအလဲများကို ဖြစ် ပေါ်စေခဲ့သည်။ အနောက်တိုင်းပုံစံ ခေတ်မီ ပညာရေးစနစ်ကို ဖော်ဆောင်ခဲ့ပြီး ရိုမန်ကက်သလစ် ဘာသာကို ကျယ်ပြန့်စွာ ဖြန့်ဖြူးခဲ့သည်။ အင်ဒိုချိုင်းနားတွင် လာရောက် နေထိုင်ကြသော ပြင်သစ် အများစုမှာ ကိုချင်ချိုင်းနားတွင် စုစည်းနေခဲ့ပြီး အထူးသဖြင့် ဆိုင်းဂုံ ဒေသတွင် ဖြစ်သည်။ ဆယ်စုနှစ် တစ်ခုမျှ ပြင်သစ်တို့၏ အုပ်ချုပ်မှုကို ပုန်ကန်ခဲ့သော ဘုရင့် သစ္စာခံတို့၏ ခန်ဗူအန်း လှုပ်ရှားမှုမှာ ၁၈၉၀ ခုနှစ်များတွင် ကျရှုံးခဲ့သည်။ ထိုအတော အတွင်းတွင် ခန်ဗူအန်း ပြောက်ကျား တို့သည် ဗီယက်နမ် ခရစ်ယာန် လူဦးရေ၏ ၃ ပုံ ၁ ပုံ ခန့်မျှကို သတ်ဖြတ် ခဲ့သည်။ ဆေးရွက်ကြီး၊ မဲနယ်၊ လက်ဖက် နှင့် ကော်ဖီ တင်ပို့မှုတို့ကို တိုးမြှင့်ရန် အတွက် စိုက်ပျိုးထုတ်လုပ်ရေးကို မြှင့်တင်ခဲ့သော်လည်း ပြင်သစ်တို့သည် ဗီယက်နမ်တို့ တောင်းဆိုသော ကိုယ်ပိုင် အုပ်ချုပ်မှုနှင့် လူထုအခွင့်အရေးများကို လျစ်လျူရှုထားခဲ့သည်။ အမျိုးသားရေးဆိုင်ရာ နိုင်ငံရေး လှုပ်ရှားမှုများ မကြာမီတွင် ပေါ်ပေါက်လာခဲ့ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သော သို့မဟုတ် တောင်းဆိုသော ဖန်ဘိုချော၊ ဖန်ချူထရင်း၊ ဖန်ဒင်ဖုံ၊ ဧကရာဇ် ဟမ်ငိ နှင့် ဟိုချီမင်း အစရှိသော ခေါင်းဆောင်များ ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ၁၉၃၀ ခုနှစ် ဗီယက်နမ် မျိုးချစ်ပါတီ၏ ယန်ဘိုင်း သူပုန်ထမှုအား ပြင်သစ်တို့က အလွယ်တကူ နှိမ်နင်း နိုင်ခဲ့သည်။ ပြင်သစ်တို့သည် ဒုတိယကမ္ဘာစစ် ဖြစ်သည် အထိ ၎င်းတို့၏ ကိုလိုနီ နယ်မြေများကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ပစိဖိတ်စစ်ပွဲ ဖြစ်ပွားသည်မှ အစပြု၍ ဂျပန်တို့သည် ပြင်သစ် အင်ဒိုချိုင်းနားအား ၁၉၄၀ တွင် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ ဂျပန် အင်ပိုင်ယာအား ၏ တပ်များကို ဗီယက်နမ်တွင် တပ်စွဲခွင့် ပေးခဲ့ရပြီး ဂျပန်တို့မှ ဗီရှီပြင်သစ် ထောက်ခံသူတို့အား ၎င်းတို့၏ ကိုလိုနီ အုပ်ချုပ်ရေးကို ဆက်လက်လုပ်ဆောင်ခွင့် ပေးခဲ့သည်။ ဂျပန်တို့သည် ၎င်းတို့၏ စစ်ဆင်ရေးများကို ထောက်ပံ့ရန်အတွက် ဗီယက်နမ်တို့၏ သဘာဝ အရင်းအမြစ်များကို အသုံးချခဲ့ပြီး တဖြည်းဖြည်းနှင့် ၁၉၄၅ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံးကို လုံးဝ သိမ်းပိုက်ခဲ့ကာ ၁၉၄၅ခုနှစ်တွင် လူ ၂ သန်းကျော် သေဆုံးစေခဲ့သော ဗီယက်နမ် ဒုဗ္ဘိက္ခန္တာရကပ် ဆိုက်ရောက်စေခဲ့သည်။ ၁၉၄၆-၅၄ ပထမ အင်ဒိုချိုင်းနား စစ်ပွဲ ၁၉၄၁ ခုနှစ်တွင် မာ့က်ခ်စ်ဝါဒ-လီနင်ဝါဒ စွဲကိုင်ထားသော တော်လှန်ရေးခေါင်းဆောင် ဟိုချီမင်း၏ ဦးဆောင်မှု ဖြင့် ဗီယက်မင်းဟု ခေါ်သော ကွန်မြူနစ် နှင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့သည်။ ဟိုချီမင်းသည် ဗီယက်နမ်အား ပြင်သစ်တို့ထံမှ လွတ်လပ်ရေး ရရန်နှင့် ဂျပန်တို့၏ ကျူးကျော်မှု အဆုံးသတ်ရန် ဦးတည် လှုပ်ရှားခဲ့သည်။ ဂျပန်တို့ စစ်ရှုံးပြီး ဗီယက်နမ်ရှိ ၎င်းတို့၏ ရုပ်သေးအစိုးရ ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ပြုတ်ကျပြီးနောက် ဗီယက်မင်းတို့သည် ဟနွိုင်းမြို့ကို သိမ်းပိုက်၍ ယာယီအစိုးရ အဖြစ် စက်တင်ဘာလ ၂ ရက်နေ့တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။ ထိုနှစ် အတွင်းမှာပင် ပြင်သစ်သမ္မတနိုင်ငံ၏ ယာယီအစိုးရအဖွဲ့မှ ပြင်သစ် အရှေ့ဖျားစူးစမ်းရှာဖွေရေးတပ်ဖွဲ့အား ကိုလိုနီအုပ်ချုပ်ရေးကို ပြန်လည် အသက်သွင်းရန် စေလွှတ်ခဲ့သဖြင့် ၁၉၄၆ ခုနှစ်နှောင်းပိုင်းတွင် ဗီယက်မင်းတို့မှ ပြင်သစ်တို့အား ပြောက်ကျားစစ်ဆင်ရေးဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ ထို့အတွက် ဖြစ်ပေါ်လာသော ပထမ အင်ဒိုချိုင်းနားစစ်သည် ၁၉၅၄ ခုနှစ် ဇူလိုင်လ အထိ ကြာမြင့်ခဲ့သည်။ ပြင်သစ်နှင့် ၎င်းတို့၏ ဗီယက်နမ် သစ္စာခံတို့အား ၁၉၅၄ ဒျန်ဗျန်ဖူး တိုက်ပွဲ၌ အနိုင်ရခဲ့ပြီးနောက်ပိုင်းတွင် ကျင်းပသော ဂျီနီဗာ ကွန်ဖရင့်တွင် ဟိုချီမင်းသည် အသာစီးရသော အခြေအနေမှ အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးနိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ် ဂျီနီဗာ သဘောတူညီချက်အရ ကိုလိုနီ အုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့ပြီး ပြင်သစ် အင်ဒိုချိုင်းနားအား ဖျက်သိမ်းခဲ့ကာ ထိုမှ တဆင့် ပြင်သစ် သစ္စာခံတပ်နှင့် ကွန်မြူနစ်တို့အား မြောက်လတ္တီကျု ၁၇ ဒီဂရီတွင် စစ်ပွဲကင်းမဲ့ဇုံ အဖြစ် နှစ်ပိုင်း ပိုင်းခြားထားခဲ့သည်။ ထိုသို့ ခွဲခြမ်းပြီးနောက် မြောက်ပိုင်းတွင် ဟိုချီမင်း၏ ဗီယက်နမ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ နှင့် တောင်ပိုင်းတွင် ဘောင်ဒိုင်းဧကရာဇ်၏ ဗီယက်နမ် နိုင်ငံ ဟူ၍ နိုင်ငံ ၂ ခု ပေါ်ပေါက်လာခဲ့သည်။ ရက် ၃၀၀ အတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းခွင့်ကို ထုတ်ပြန်ခဲ့သဖြင့် ၁ သန်းနီးပါးခန့်ရှိသော အထူးသဖြင့် ကက်သလစ် ဘာသာဝင် ဖြစ်သော မြောက်ပိုင်းသားများ ကွန်မြူနစ်တို့၏ ဖိနှိပ်ခံရမည်ကို ကြောက်ရွံ့သဖြင့် တောင်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ကြသည်။ ဂျီနီဗာ သဘောတူညီချက်အရ ဗီယက်နမ်အား ၂ ပိုင်းကန့်ခြင်းမှာ အမြဲတမ်းအတွက် မရည်ရွယ်ဘဲ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် ပြန်လည်ပေါင်းစည်းရန် သဘောတူထားခဲ့သည်။ သို့သော်လည်း ၁၉၅၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဝန်ကြီးချုပ် ငိုဒင်းဒရိန် မှ ၎င်းနှင့် ညီအစ်ကို တော်စပ်သူ ငိုဒင်းနူ ဦးစီးကျင်းပသော မသမာသည့် ဆန္ဒခံယူပွဲဖြင့် ဘောင်ဒိုင်းအား ဖြုတ်ချခဲ့ပြီး မိမိဘာသာ ဗီယက်နမ် သမ္မတနိုင်ငံ၏ သမ္မတ အဖြစ် ကြေညာခဲ့သည်။ ၁၉၅၄-၇၅ ဗီယက်နမ်စစ်ပွဲ ဟနွိုင်းအစိုးရကို ထောက်ခံသော ဗီယက်ကောင်းတို့က ၁၉၅၀ ခုနှစ်များ၏ နှောင်းပိုင်းတွင် ဒျမ် အစိုးရကို ဖြုတ်ချရန် အတွက် ပြောက်ကျားစစ်ကို စတင် ဆင်နွှဲခဲ့သည်။ ၁၉၅၃ မှ ၁၉၅၆ အတွင်း မြောက်ဗီယက်နမ် အစိုးရသည် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့တွင် မြေငှားခ လျှော့ချရေး နှင့် ပြုပြင်ပြောင်းလဲရေးတို့ ပါဝင်ကာ ထို့အတွက်ကြောင့် ထင်ရှားသိသာသော နိုင်ငံရေး ဖိနှိပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း မြောက်ဗီယက်နမ် မျက်မြင်သက်သေတို့၏ အဆိုအရ ကျေးရွာနေ လူဦးရေ ၁၆၀ တွင် တစ်ယောက်မျှ အသတ်ခံခဲ့ရပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွက်ကြည့်မည် ဆိုပါက လူ ၁၀၀,၀၀၀ ခန့် အထိ သတ်ဖြတ်ခံခဲ့ရသည်ဟု မှန်းဆနိုင်မည် ဖြစ်သည်။ ထို စစ်ဆင်ရေးမှာ မြစ်နီ မြစ်ဝကျွန်းပေါ်ဒေသတွင် အများဆုံး ဖြစ်ပွားခဲ့သဖြင့် ပညာရှင်အများစုက အနည်းဆုံး ၅၀,၀၀၀ ခန့်မျှ အသတ်ခံရမည်ဟု လက်ခံခဲ့ကြသည်။ သို့သော်လည်း ဗီယက်နမ် နှင့် ဟန်ဂေရီတို့၏ ကန့်သတ်စာရွက်စာတမ်းများကို ကန့်သတ် အဆင့်မှ အများသို့ ထုတ်ပြန်သည့် အခါတွင်မူ သတ်ဖြတ်မှုများမှာ ထိုအချိန်က သတင်းရခဲ့သော အရေအတွက်ထက် အလွန်ပင် နည်းပါးလျက် ရှိပြီး ၁၃,၅၀၀ ကျော်မျှ ရှိမည်ဟု ခန့်မှန်း ရသည်။ တောင်ပိုင်းတွင်မူ ဒျမ်အစိုးရမှ မြောက်ဗီယက်နမ်တို့၏ အဖျက်အမှောင့် လုပ်ရပ်များ (၁၉၅၆ ခုနှစ် ဗီယက်နမ် အရာရှိ ၄၅၀ ကျော်ကို လုပ်ကြံသတ်ဖြတ်ခြင်း အပါအဝင်) ကို တန်ပြန်သည့် အနေနှင့် ကွန်မြူနစ်ဟု သံသယရှိသူ သောင်းဂဏန်းမျှကို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံရေး ပြုပြင်သင်ကြားရေး အကျဉ်းစခန်းများသို့ ပို့ခဲ့သည်။ ထိုအစီအစဉ်မှာ ရက်စက်သော လုပ်ရပ်ဖြစ်ပြီး ကွန်မြူနစ် မဟုတ်သူ အများအပြား ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသော်လည်း နိုင်ငံအတွင်းရှိ ကွန်မြူနစ်တို့၏ လှုပ်ရှားမှုများကို ထိုအတောအတွင်း ဟန့်တားနိုင်ခဲ့သည်။ ထိုအစီအစဉ် အတွင်း လူ ၂,၁၄၈ ဦးမျှ သေဆုံးခဲ့ရသည်ဟု မြောက်ဗီယက်နမ်အစိုးရမှ ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၆၀ နှင့် ၁၉၆၂ တို့တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် မြောက်ဗီယက်နမ်တို့ ကြား ဆိုဗီယက်မှ စစ်ရေး အထောက်အပံ့များ ဆက်လက် ပေးအပ်သွားရန် သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဒျမ်အစိုးရအား မကျေနပ်သော ဗုဒ္ဓဘာသာဝင်တို့မှ ဆန္ဒပြမှု အကြီးအကျယ် ပြုလုပ်ခဲ့ပြီး ထိုအရေးအခင်းကို အစိုးရမှ အကြမ်းဖက် နှိမ်နင်းခဲ့သည်။ ထို့အတွက်ကြောင့် ဒျမ်အစိုးရနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား ဆက်ဆံရေး ပျက်ပြားခဲ့ရကာ နောက်ဆုံး ၁၉၆၃ ခုနှစ်တွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ဒျမ်နှင့် နူတို့မှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဒျမ်အစိုးရ နောက်ပိုင်းတွင် ၁၉၆၅ ခုနှစ် အလယ်ပိုင်း လေတပ်ဦးစီးချုပ် ငုယင် ကောင်ကီးနှင့် ဗိုလ်ချုပ်ကြီး ငုယင်ဗန်သျူး တို့ အာဏာရယူချိန် အထိ တစ်ဒါဇင် ကျော်မျှရှိသော စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့သည်။ သျူးက ကီးအား ကွက်ကျော်ရိုက်ခဲ့ကာ ၁၉၆၇ ခုနှစ် နှင့် ၁၉၇၁ ခုနှစ် မဲလိမ်မဲခိုးသော ရွေးကောက်ပွဲများဖြင့် ၎င်း၏ အာဏာ ကိုင်စွဲမှုကို ပိုမိုခိုင်မာအောင် ပြုလုပ်ခဲ့သည်။ ထိုသို့ နိုင်ငံရေး မတည်ငြိမ်မှု များအတွင်း ကွန်မြူနစ်တို့ နေရာယူလာနိုင်ခဲ့သည်။ တောင်ဗီယက်နမ်တွင် ကွန်မြူနစ်တို့၏ ထကြွမှုကို နှိမ်နင်းရာ၌ အကူအညီပေးရန် အတွက် အမေရိကန် ပြည်ထောင်စုမှ စစ်ရေး အကြံပေးများကို စတင်တိုးမြှင့် ကူညီ ခဲ့သည်။ ထိုသို့ ဝင်ရောက်စွက်ဖက်မှု အတွက် အမေရိကန် မှ ၁၉၆၄ ခုနှစ် တွန်ကင် ပင်လယ်ကွေ့ အဖြစ်အပျက်ကို အကြောင်းပြခဲ့သည်။ အမေရိကန်တပ်များသည် ၁၉၆၅ မှစ၍ မြေပြင်စစ်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အမြင့်ဆုံး အခြေအနေတွင် တပ်သား ၅၀၀,၀၀၀ မျှ ရှိခဲ့သည်။ အမေရိကန်တို့က ဝေဟင်မှ ဗုံးများ ဆက်တိုက်ကြဲချခြင်း ကန်ပိမ်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ ထိုအချိန်အတွင်း တရုတ်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့မှ မြောက်ဗီယက်နမ်အား သိသာထင်ရှားသော လက်နက် အကူအညီများ ပေးခဲ့ပြီး စစ်ရေးအကြံပေး ၁၅,၀၀၀ ဦးမျှလည်း အကူအညီ ပေးခဲ့သည်။ ကွန်မြူနစ်တပ်များသည် ဗီယက်ကောင်းတို့အား လောနိုင်ငံ ကို ဖြတ်သွားသော ဟိုချီမင်းလမ်းကြောင်းမှ တဆင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးခဲ့သည်။ ကွန်မြူနစ်တို့က ၁၉၆၈ ခုနှစ် တက်တ် ထိုးစစ်အတွင်း တောင်ဗီယက်နမ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။ ထိုထိုးစစ်မှာ စစ်ရေး အရ ရှုံးနိမ့်ခဲ့သော်လည်း အမေရိကန် အစိုးရကို ထိတ်လန့်တုန်လှုပ် စေခဲ့ပြီး အမေရိကန် ပြည်သူတို့တွင် ထိုစစ်ပွဲအား ဆန့်ကျင်သော သဘောထားများ ပေါ်ပေါက်လာစေခဲ့သည်။ ထိုးစစ် အတွင်းတွင် ကွန်မြူနစ်တပ်များက ဟူးမြို့တွင် အရပ်သား ၃,၀၀၀ ကျော်မျှကို သတ်ဖြတ်ခဲ့သည်။ အကျအဆုံးများပြားခြင်း၊ ပြည်တွင်းတွင် ဆန့်ကျင်မှုများ မြင့်တက်လာခြင်း နှင့် နိုင်ငံတကာမှ ရှုံ့ချမှုများ တိုးပွားလာခြင်း တို့ကြောင့် အမေရိကန်တို့သည် ၁၉၇၀ ခုနှစ်များ အစောပိုင်းတွင် မြေပြင်တိုက်ခိုက်ရေးတပ်များအား ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထိုအဖြစ်အပျက်မှ တောင်ဗီယက်နမ်အား အားကောင်းလာစေရန်နှင့် တည်ငြိမ်စေရန် လုပ်ဆောင်ခြင်းကိစ္စ မအောင်မြင်မှုကို ညွှန်ပြခဲ့သည်။ ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် ပါရီငြိမ်းချမ်းရေး စာချုပ် အရ အမေရိကန် တိုက်ခိုက်ရေးတပ်များ ၁၉၇၃ ခုနှစ် မတ်လ ၂၉ ရက် နောက်ဆုံးထား၍ ရုပ်သိမ်းရန် သဘောတူခဲ့သည်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ဗီယက်နမ်မှ ဖုလောင် ပြည်နယ်ကို သိမ်းယူ၍ အပြည့်အဝ ထိုးစစ် စတင်ခဲ့ကာ ၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ဆိုင်းဂုံမြို့ အား သိမ်းပိုက်နိုင်ခဲ့သည်။ မြောက်ဗီယက်နမ်တို့ စစ်ရေးအရ ကျူးကျော်စဉ်တွင် တောင်ဗီယက်နမ်အား ယာယီအစိုးရမှ ခေတ္တမျှ အုပ်ချုပ်ခဲ့သည်။ ၁၉၇၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် မြောက်ဗီယက်နမ် နှင့် တောင်ဗီယက်နမ်တို့ ပေါင်းစည်း၍ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ စစ်ပွဲကြောင့် ဗီယက်နမ်အား အကြီးအကျယ် ပျက်စီးစေခဲ့ပြီး စုစုပေါင်း သေဆုံးမှုမှာ ၈၀၀,၀၀၀ နှင့် ၃.၁ သန်းကြား ရှိမည်ဟု ခန့်မှန်း ရသည်။ ၁၉၇၆ မှ ယခု ပြန်လည် ပေါင်းစည်းခြင်း နှင့် ပြုပြင်ပြောင်းလဲရေး စစ်ပွဲအပြီး လဲဒွမ် အစိုးရ၏ လက်ထက်တွင် အမေရိကန် သို့မဟုတ် ဆိုင်းဂုံ အစိုးရ နှင့် ပူးပေါင်းသော တောင်ဗီယက်နမ်သားများကို အနောက်နိုင်ငံများမှ စိုးရိမ်ထား သကဲ့သို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းမျိုး မရှိခဲ့ပေ။ သို့သော်လည်း တောင်ဗီယက်နမ်သား ၃၀၀,၀၀၀ ကျော်ကို ပြန်လည်ပြုပြင်သင်ကြားရေး အကျဉ်းစခန်းများသို့ ပို့ခဲ့ပြီး အများစုမှာ အလုပ်ကြမ်းများကို အတင်းအကြပ် စေခိုင်းခံရပြီး ညှင်းပန်းနှိပ်စက်မှု၊ ငတ်မွတ်ခေါင်းပါးမှု နှင့် ရောဂါဘယ များဖြင့် ရင်ဆိုင်ကြရသည်။ အစိုးရမှ လယ်ယာမြေများ နှင့် စက်ရုံများကို စုပေါင်းပိုင်ဆိုင်သော စနစ်သို့ ပြောင်းလဲခြင်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သည်။ ထို့အတွက်ကြောင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ခဲ့ပြီး ဂဏန်း ၃ လုံး အထိ ငွေကြေး ဖောင်းပွခြင်း ဖြစ်ပွားခဲ့ကာ နိုင်ငံပြန်လည်တည်ဆောက်ရေး အတွက် ကြိုးပမ်းမှုများကို နှေးကွေးစေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဗီယက်နမ် စစ်တပ်သည် ကမ္ဘောဒီးယား နိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဗီယက်နမ် နယ်စပ်ရှိ ရွာများကို တိုက်ခိုက်လျက် ရှိသော ခမာနီ အစိုးရကို ဖြုတ်ချရန်အတွက် ဖြစ်သည်။ ထိုစစ်ပွဲတွင် ဗီယက်နမ်တို့ အောင်ပွဲခံခဲ့ပြီး ၁၉၈၉ ခုနှစ် အထိ ကမ္ဘောဒီးယားကို အုပ်ချုပ်သော အစိုးရ တစ်ရပ်ကို တင်မြှောက်နိုင်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းက တရုတ်တို့နှင့် ဆက်ဆံရေးကို ပျက်ပြားစေခဲ့ပြီး တရုတ်တို့က ၁၉၇၉ ခုနှစ်တွင် ဗီယက်နမ် မြောက်ပိုင်းကို ခဏတာမျှ ကျူးကျော် ဝင်ရောက်ခဲ့သည်။ ထိုပဋိပက္ခကြောင့် ဗီယက်နမ်တို့ အနေနှင့် ဆိုဗီယက်ထံမှ စီးပွားရေးနှင့် စစ်ရေး အကူအညီများပေါ်တွင် ပိုမို၍ မှီခိုခဲ့ရသည်။ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ဗီယက်နမ် ကွန်မြူနစ်ပါတီ၏ ဆဋ္ဌမ အကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြုပြင်ပြောင်းလဲရေး လိုလားသူ နိုင်ငံရေးသမားများက အိမ်စောင့် အစိုးရ ဟောင်းကို ဖြုတ်ချ၍ ခေါင်းဆောင်မှု အသစ်ကို တင်မြှောက်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေး သမားများကို အသက် ၇၁ နှစ် အရွယ်ရှိ ငုယင်ဗန်လင်း မှ ဦးဆောင်ခဲ့ပြီး ၎င်းမှာ ပါတီ၏ အထွေထွေအတွင်းရေးမှူး အသစ် ဖြစ်လာခဲ့သည်။ လင်း နှင့် ပြုပြင်ပြောင်းလဲရေး သမားများသည် ဒွိုင်းမွိုင် (ပြန်လည်ပြုပြင်ခြင်း) ဟု အမည်ရသော လွတ်လပ်သော ဈေးကွက် ဖြစ်ပေါ်လာစေရေးအတွက် ဆက်တိုက် ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ခဲ့ကြပြီး ဗဟိုမှ ချုပ်ထိန်းသော စီးပွားရေး စနစ်မှ ဆိုရှယ်လစ်စနစ်ကို အခြေခံသော ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲရင် ဂရုတစိုက် စီမံခန့်ခွဲခဲ့ကြခြင်း ဖြစ်သည်။ ဒွိုင်းမွိုင် ပြုပြင်ပြောင်းလဲရေးဖြင့် နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကို မပြောင်းလဲသော်လည်း အစိုးရမှ လယ်ယာမြေနှင့် စက်ရုံများအား ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အားပေးခြင်း၊ စီးပွားရေး မူဝါဒများ ဖြေလျှော့ပေးခြင်း နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်မှုများကို အားပေးခြင်း တို့ကို ပြုလုပ်ခဲ့သော်လည်း မဟာဗျူဟာမြောက်သော စီးပွားရေးလုပ်ငန်းများကို ဆက်လက်ချုပ်ကိုင် ထားခဲ့သည်။ ထို့နောက်တွင် ဗီယက်နမ် စီးပွားရေး၌ လယ်ယာနှင့် စက်မှု ထုတ်ကုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်း နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခဲ့သည်။ သို့သော်လည်း ထိုသို့ ပြုပြင်ပြောင်းလဲရေးများမှ ဝင်ငွေကွာဟမှု နှင့် ကျား/မ ခွဲခြားမှုကို ပိုမို မြင့်မားလာစေခဲ့သည်။ နိုင်ငံရေးနှင့် အစိုးရ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသည် တရုတ်နိုင်ငံ၊ ကျူးဘားနိုင်ငံနှင့် လောနိုင်ငံတို့နှင့်အတူ ကမ္ဘာပေါ်တွင် ကွန်မြူနစ် စနစ် ကျင့်သုံးသော တစ်ပါတီ ဆိုရှယ်လစ်နိုင်ငံ ၄ နိုင်ငံတွင် တစ်ခု အပါအဝင် ဖြစ်သည်။ လက်ရှိ ၂၀၁၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကွန်မြူနစ်ပါတီကသာ အစိုးရ၊ နိုင်ငံရေး နှင့် လူ့အဖွဲ့အစည်းတို့၏ အစိတ်အပိုင်း အားလုံးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိသည်။ ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးသည် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး တာဝန် အများအပြားကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိပြီး ပါတီ၏ နိုင်ငံတော်အဆင့် ဖွဲ့စည်းမှုဆိုင်ရာ အလုပ်၊ နိုင်ငံတော်ဆိုင်ရာ ရာထူး ခန့်အပ်မှု အလုပ်များ အပြင် မူဝါဒ ချမှတ်မှုများကို ချုပ်ကိုင်ထားသည်။ ကွန်မြူနစ် ပါတီနှင့် ပတ်သက်ဆက်နွယ်နေသော သို့မဟုတ် ကွန်မြူနစ်ပါတီမှ ထောက်ခံသော နိုင်ငံရေး အဖွဲ့အစည်းများသာလျှင် ဗီယက်နမ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရှိသည်။ ထိုအဖွဲ့အစည်းများတွင် ဗီယက်နမ် အဖမြေ တပ်ဦး၊ အလုပ်သမားနှင့် ကုန်သည် သမဂ္ဂပါတီများ ပါဝင်သည်။ နိုင်ငံတော် အနေနှင့် ဆိုရှယ်လစ်ဝါဒကို ယုံကြည်ချက် အဖြစ် စွဲကိုင်ထားသည် ဆိုသော်လည်း ၎င်းတို့၏ စီးပွားရေး ပေါ်လစီများမှာ အရင်းရှင်စနစ်ဖက်သို ပို၍ တိမ်းညွှတ်လာလျက် ရှိသည်။ အီကော်နောမစ် မဂ္ဂဇင်းမှ ဗီယက်နမ်၏ ဦးဆောင်မှုကို "အရင်းရှင် စိတ် ထက်သန်သော ကွန်မြူနစ်များ" ဟု သမုတ်ခဲ့သည်။ ဥပဒေပြုရေး ဗီယက်နမ်နိုင်ငံ၏ လွှတ်တော်မှာ နိုင်ငံတော်အဆင့် လွှတ်တော် တစ်ခုတည်း ရှိပြီး အမတ် ၄၉၈ ဦး ပါဝင်သည်။ လွှတ်တော်အား လွှတ်တော် ဥက္ကဋ္ဌမှ ဦးဆောင်၍ လွှတ်တော်သည် အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ကဏ္ဍ နှစ်ရပ်၏ အထက်တွင်ရှိသည်။ အစိုးရ ဝန်ကြီးများအားလုံး ကို လွှတ်တော်အမတ်များထဲမှ ရွေးချယ် ခန့်အပ် ကြသည်။ အုပ်ချုပ်ရေး ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် သမ္မတသည် အဆောင်အယောင် တစ်ခု အဖြစ်ရှိနေသော နိုင်ငံတော် ဥသျှောင် ဖြစ်ပြီး အမည်ခံ ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်သည့်အပြင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် ၃ ဦး ၊ ဝန်ကြီးဌာန နှင့် ကော်မရှင် ၂၆ ခုတို့၏ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော ဝန်ကြီးအဖွဲ့ကို ဦးဆောင်သည်။ တရားစီရင်ရေး ဗီယက်နမ်နိုင်ငံ၏ ပြည်သူ့ တရားလွှတ်တော်ချုပ်ကို တရားသူကြီးချုပ် တစ်ဦးမှ ဦးဆောင်ပြီး အယူခံလွှာတင်သွင်းနိုင်သော အမြင့်ဆုံး တရားရုံးဖြစ်သည်။ သို့သော်လည်း နိုင်ငံတော်လွှတ်တော်ကို ၏ မေးခွန်းထုတ်မှုကို ဖြေကြားပေးရသည်။ ပြည်သူ့တရားလွှတ်တော်ချုပ်၏ အောက်တွင် ပြည်နယ်အဆင့် မြူနီစီပါယ်ဒေသအဆင့် တရားရုံးများ နှင့် ဒေသခံ တရားရုံး အများအပြား ရှိသည်။ စစ်ခုံရုံးသည် နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သတ်သော ကိစ္စရပ်များတွင် အထူး တရားစီရင်ပိုင်ခွင့် ရှိသည်။ ဗီယက်နမ်သည် အမျိုးမျိုးသော ပြစ်မှုများအတွက် သေဒဏ်ပေးခြင်းကို လုပ်ဆောင်နေဆဲဖြစ်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် သေဒဏ်ကျခံနေရသော အကျဉ်းသား ၇၀၀ ခန့်မျှ ရှိသည်။ တပ်မတော် ဗီယက်နမ် ပြည်သူ့ လက်နက်ကိုင်တပ်ဖွဲ့တွင် ဗီယက်နမ်ပြည်သူ့တပ်မတော်၊ ဗီယက်နမ် ရဲတပ်ဖွဲ့ နှင့် ဗီယက်နမ် ပြည်သူ့စစ် တပ်ဖွဲ့တို့ ပါဝင်သည်။ ဗီယက်နမ် ပြည်သူ့ တပ်မတော်သည် ဗီယက်နမ်ရှိ အမြဲတမ်း စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင် အမည် ဖြစ်ပြီး ဗီယက်နမ် ပြည်သူ့ကြည်းတပ်၊ ဗီယက်နမ် ပြည်သူ့ ရေတပ်၊ ဗီယက်နမ် ပြည်သူ့ လေတပ် ၊ ဗီယက်နမ် နယ်ခြားကာကွယ်ရေးတပ် နှင့် ဗီယက်နမ် ကမ်းခြေစောင့်တပ် ဟူ၍ ထပ်မံ ခွဲခြားထားသည်။ ဗီယက်နမ် ပြည်သူ့တပ်မတော်တွင် အမြဲတမ်း စစ်သည်အင်အား ၄၅၀,၀၀၀ ခန့် ရှိပြီး အရန်တပ်များပါ ပါဝင်ပါက စုစုပေါင်းအင်အားသည် ၅၀၀,၀၀၀ အထိ ရှိနိုင်သည်။ ၂၀၁၁ ခုနှစ်တွင် ဗီယက်နမ်၏ စစ်ရေးအသုံးစရိတ် စုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၂.၄၈ ဘီလီယံ ခန့် ရှိပြီး ၂၀၁၀ ခုနှစ် ဂျီဒီပီ၏ ၂.၅% ခန့်နှင့် ညီမျှသည်။ နိုင်ငံတကာ ဆက်ဆံရေး ဗီယက်နမ်၏ သမိုင်းကြောင်း တလျှောက်တွင် အဓိက နိုင်ငံခြား ဆက်ဆံရေးမှာ ၎င်း၏ အကြီးဆုံးအိမ်နီးချင်းနိုင်ငံနှင့် တစ်ချိန်က နယ်ချဲ့ အုပ်စိုးသူ ဖြစ်ခဲ့ဖူးသော တရုတ်နိုင်ငံနှင့် ဖြစ်သည်။ ဗီယက်နမ်၏ အချုပ်အခြာ အာဏာဆိုင်ရာ မူများနှင့် ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ်ခြင်းနှင့် ပတ်သက်သော သန္ဒိဋ္ဌာန်များကို ရာစုနှစ်ပေါင်းများစွာ အတွင်း စာပေအမြောက်အမြားတွင် ကမ္ဗည်းထက် မော်ကွန်းတင်ထားခဲ့သည်။ ဥပမာအားဖြင့် ဆိုရလျှင် ၁၁ ရာစု မျိုးချစ်ကဗျာ ဖြစ်သော "တောင်ပိုင်းနိုင်ငံ၏ တောင်တန်းနှင့်မြစ်များ" ကဗျာ နှင့် ၁၄၂၈ ခုနှစ် လွတ်လပ်ရေးကြေညာစာတမ်းတို့တွင် တွေ့နိုင်သည်။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် တရားဝင်အားဖြင့် ငြိမ်းချမ်းရေးရနေကြသော်လည်း နယ်နိမိတ် အငြင်းပွားမှု နှင့် ပတ်သက်သော တင်းမာမှု နိုင်ငံနှစ်ခု အကြားတွင် အထင်အရှား ရှိနေသည်။ လက်ရှိ ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီနှင့် ပတ်သက်သော လုပ်ငန်းစဉ် ကြေညာချက်မှာ "လွတ်လပ်ရေး၊ ကိုယ့်အားကိုယ်ကိုးရေး၊ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် တသမတ်တည်းရှိသော နိုင်ငံခြားရေး ပေါ်လစီကို အကောင်အထည်ပေါ်ရန်၊ နိုင်ငံတကာဆက်ဆံရေးတွင် ပွင့်လင်းမြင်သာမှု၊ အမျိုးမျိုးအစားစား ကွဲပြားမှု နှင့် နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ ဖြစ်စေမည့် နိုင်ငံခြားရေး ပေါ်လစီ ဖြစ်စေရန်၊ နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် ကြိုတင်ဖန်တီးသူ သို့မဟုတ် တက်ကြွစွာ ပါဝင်သူ ဖြစ်ရန် နှင့် အခြားကဏ္ဍများတွင်လည်း တက်ကြွစာ ပါဝင်သူ ဖြစ်စေရန် " ဟူ၍ ဖြစ်သည်။ ဆက်လက်၍ ကြေညာထားသည်မှာ "ဗီယက်နမ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းရှိ နိုင်ငံအားလုံး၏ မိတ်ဆွေ နှင့် အားကိုးရသော မိတ်ဖက်နိုင်ငံ ဖြစ်ပြီး နိုင်ငံတကာ နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်လျက် ရှိသည်။" ဟူ၍ ဖြစ်သည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် ဗီယက်နမ်သည် နိုင်ငံပေါင်း ၁၇၂ နိုင်ငံနှင့် သံတမန် ဆက်ဆံရေး ရှိပြီး ၁၉၉၅ ခုနှစ်တွင်မှ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်သော အမေရိကန်ပြည်ထောင်စုသည်လည်း တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ ဗီယက်နမ်သည် နိုင်ငံတကာ အဖွဲ့အစည်း ၆၃ ခု၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၎င်းတို့တွင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဘက်မလိုက်နိုင်ငံများအသင်း၊ ဖရန်ကိုဖုန်းနီအဖွဲ့ နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တို့ ပါဝင်သည်။ ထို့ပြင် အစိုးရ မဟုတ်သော အဖွဲ့အစည်း ၆၅၀ ကျော်နှင့်လည်း ဆက်ဆံရေးရှိသည်။ ၂၀၁၆ ခုနှစ် မေလတွင် အမေရိကန် သမ္မတ အိုဘားမား မှ ဗီယက်နမ်နိုင်ငံအား သေစေနိုင်လောက်သော လက်နက်များ ရောင်းချခြင်း အပါအဝင် လက်နက်တင်ပို့မှု ပိတ်ပင်ခြင်းကို ဖျက်သိမ်းခဲ့ခြင်းဖြင့် ဗီယက်နမ်နှင့် ဆက်ဆံရေးကို ပို၍ ပုံမှန် ဖြစ်စေခဲ့သည်။ အုပ်ချုပ်ရေး ဒေသများ ဗီယက်နမ် နိုင်ငံအား ပြည်နယ် ၅၈ ခုဖြင့် ပိုင်းခြား ထားသည်။ ထို့ပြင် ပြည်နယ်တို့နှင့် အုပ်ချုပ်ရေး အဆင့် တူညီသော စည်ပင်သာယာနယ်နိမိတ် ၅ ခု လည်း ရှိသည်။ ပြည်နယ်များကို ပြည်နယ် စည်ပင်သာယာ နယ်နိမိတ်များ၊ မြို့နယ်များ၊ ကောင်တီများ အဖြစ် ထပ်မံ ပိုင်းခြား ထားပြီး ၎င်းတို့ကို မြို့နှင့် ကွန်မြူးများ အဖြစ် ထပ်မံ ပိုင်းခြားထားသည်။ ဗဟိုမှ ချုပ်ထိန်းသော စည်ပင်သာယာနယ်နိမိတ်များကိုမူ ဒိစတြိတ်များ နှင့် ကောင်တီများ အဖြစ် ပိုင်းခြားထားပြီး ၎င်းတို့ကို ရပ်ကွက်များ အဖြစ် ထပ်မံ ပိုင်းခြား ထားသည်။ ပထဝီဝင် ဗီယက်နမ်နိုင်ငံသည် အရှေ့ အင်ဒိုချိုင်းနားကျွန်းဆွယ် ပေါ်တွင် တည်ရှိပြီး မြောက်လတ္တီကျု ၈° နှင့် ၂၄° ကြား၊ အရှေ့လောင်ဂျီကျု ၁၀၂° နှင့် ၁၁၀°ကြားတွင် တည်ရှိသည်။ စုစုပေါင်း အကျယ်အဝန်းမှာ ၁၂၇,၈၈၁ စတုရန်းမိုင် (၃၃၁,၂၁၀ စတုရန်း ကီလိုမီတာ) ခန့်မျှ ရှိသဖြင့် ဂျာမနီနိုင်ငံ၏ အရွယ်အစားနီးပါး ရှိသည်။ နိုင်ငံ ကုန်းမြေ နယ်နိမိတ်၏ အရှည်စုစုပေါင်းမှာ ၂,၈၈၃ မိုင် (၄,၆၃၉ ကီလိုမီတာ) မျှ ရှည်လျားပြီး ပင်လယ်ကမ်းရိုးတန်းမှာ ၂,၁၄၀ မိုင် (၃,၄၄၄ ကီလိုမီတာ) မျှ ရှည်လျားသည်။ နိုင်ငံ၏ အကျဉ်းမြောင်းဆုံးနေရာမှာ အလယ်ပိုင်း ကွမ်ဘင်းပြည်နယ်တွင် ရှိပြီး ၃၁မိုင် (၅၀ ကီလိုမီတာ) မျှသာ ရှိသော်လည်း နိုင်ငံ၏ မြောင်ပိုင်းတွင်မူ ၃၇၀မိုင် (၆၀၀ ကီလိုမီတာ) မျှ ရှည်လျားသည်။ ဗီယက်နမ်နိုင်ငံ၏ မြေပြင်မှာ တောင်ကုန်းများပြားပြီး သစ်တောထူထပ်ကာ မြေပြန့်မှာ ၂၀% ထက် မကျော်ပေ။ တောင်ကုန်းများမှာ နိုင်ငံကုန်းမြေ ဧရိယာ၏ ၄၀% မျှ ရှိပြီး အပူပိုင်း သစ်တောများမှာ နိုင်ငံကုန်းမြေ ဧရိယာ၏ ၄၂% မျှ ရှိသည်။ နိုင်ငံ၏မြောက်ပိုင်းမှာ ကုန်းမြင့်များသာ အများစု ရှိပြီး မြစ်နီမြစ်ဝကျွန်းပေါ် ဒေသ တည်ရှိရာ ဒေသလည်း ဖြစ်သည်။ လောင်ကိုင်းပြည်နယ်တွင် ရှိသော ဖန်စီပန်းတောင်မှာ ဗီယက်နမ်နိုင်ငံ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး ၁၀,၃၁၂ ပေ (၃,၁၄၃ မီတာ) မျှ မြင့်မားသည်။ ဗီယက်နမ် တောင်ပိုင်းတွင် ကမ်းရိုးတန်း မြေနိမ့် ဒေသများ၊ အန်နာမိုက်တောင်တန်းရှိ တောင်ကုန်းများနှင့် ကျယ်ပြောသော သစ်တောများ ရှိသည်။ ဗဆော့မြေ အမျိုးအစား ဖြစ်ပြီး အတန်အသင့် ညီညာသော ကုန်းမြေမြင့် ၅ ခု ပါဝင်သည် ကုန်းမြင့်ဒေသသည် နိုင်ငံ၏ စိုက်ပျိုးနိုင်သောမြေ၏ ၁၆% နှင့် သစ်တောမြေ၏ ၂၂% မျှ ရှိသည်။ တောင်ဗီယက်နမ်ရှိ မြေအများစုမှာ အာဟာရဓာတ် အတော်နည်းပါးသည်ကို တွေ့ရသည်။ တြိဂံပုံစံရှိပြီး ၅,၇၉၂ စတုရန်းမိုင် (၁၅,၀၀၀ စတုရန်း ကီလိုမီတာ) ရှိသော မြစ်နီမြစ်ဝကျွန်းပေါ်ဒေသသည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသထက် ပို၍ သေးငယ်သော်လည်း ပိုမို၍ ဖွံ့ဖြိုးတိုးတက်ပြီး လူဦးရေလည်း ပို၍ သိပ်သည်းသည်။ ယခင်က တုန်ကင်ပင်လယ်ကွေ့၏ ဝင်ပေါက်ဖြစ်ခဲ့သော မြစ်နီမြစ်ဝကျွန်းပေါ်ဒေသသည် နှစ်ထောင်ပေါင်းများစွာ အတွင်း တင်ကျန်နေခဲ့သော နုန်းမြေ အနည်များဖြင့် ပြည့်ဝလျက် ရှိသည်။ ၁၅,၄၄၄ စတုရန်းမိုင် (၄၀,၀၀၀ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းသော မြစ်ဝကျွန်းပေါ် ဒေသသည် မည်သည့်နေရာတွင် မှ ပင်လယ်ရေမျက်နှာပြင်ထက် ၁၀ပေ (၃ မီတာ) ထက် ပို၍ မမြင့်ပေ။ မြစ်ဝကျွန်းပေါ် ဒေသအတွင်း မြစ်များနှင့် တူးမြောင်းများ ဟိုမှသည်မှ ဖြတ်လျှက် တည်ရှိပြီး ၎င်းတို့မှ အနည်အများအပြားကို ပို့ချသဖြင့် မြစ်ဝကျွန်းပေါ် ဒေသသည် တစ်နှစ်လျှင် ပင်လယ်တွင်းသို့ ၁၉၇ ပေ မှ ၂၆၃ပေ (၆၀ မီတာ မှ ၈၀ မီတာ) အထိ ဆန့်ထွက်လျက် ရှိသည်။ မြင်ကွင်းကျယ် ရာသီဥတု ဗီယက်နမ်နိုင်ငံတွင် လတ္တီကျု အများအပြား ရှိပြီး မြေမျက်နှာသွင်ပြင်မှာ အနိမ့်အမြင့် မတူညီသဖြင့် ရာသီဥတုမှ တစ်နေရာနှင့် တစ်နေရာ သိသာစွာ ကွဲပြားခြားနားသည်။ နိုဝင်ဘာလမှ ဧပြီလ အထိ ရှိသော ဆောင်းရာသီ သို့မဟုတ် ခြောက်သွေ့သော ရာသီတွင် မုတ်သုံလေသည် အရှေ့မြောက်ဘက်ရှိ တရုတ်ကမ်းရိုးတန်းမှ တုန်ကင်ပင်လယ်ကွေ့ကို ဖြတ်သန်းတိုက်ခိုက်ပြီး ရေငွေ့များကို သိသိသာသာ သယ်ဆောင်လာလေ့ ရှိသည်။ ထို့အတွက်ကြောင့် နိုင်ငံ၏ နေရာအများစုမှာ မိုးရာသီ သို့မဟုတ် နွေရာသီ နှင့် နှိုင်းယှဉ်မှသာ ခြောက်သွေ့သည်ဟု ထင်ရသည်။ နှစ်စဉ် ပျမ်းမျှ အပူချိန်မှာ မြေပြန့်ဒေသများတွင် တောင်ကုန်းဒေသများထက် ပို၍ မြင့်မားပြီး တောင်ပိုင်းတွင် မြောက်ပိုင်းထက် ပို၍ မြင့်မားသည်။ တောင်ပိုင်း မြေပြန့်ဒေသများ ဖြစ်သော ဟိုချီမင်းစီးတီး တစ်ဝိုက် နှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတို့တွင် အပူချိန် ကွာဟမှု နည်းပါးပြီး တစ်နှစ်တာလုံး ၂၁° ဆဲလ်စီးယပ်စ် မှ ၂၈° ဆဲလ်စီးယပ်စ် အတွင်းသာ ရှိသည်။ ရာသီဥတု ပြောင်းလဲမှုမှာ မြောက်ပိုင်း တောင်ကုန်းများ နှင့် ကုန်းမြင့်ဒေသများတွင် ပို၍ သိသာပြီး ဒီဇင်ဘာ နှင့် ဇန်နဝါရီ လတွင် ၅° ဆဲလ်စီးယပ်စ် မှ ဇူလိုင် နှင့် ဩဂုတ်လတို့တွင် ၃၇° ဆဲလ်စီးယပ်စ် အထိ ရှိသည်။ ဂေဟစနစ် နှင့် ဇီဝမျိုးကွဲများ ဗီယက်နမ်နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ် သဘာဝ နေရာ နှစ်ခု ရှိပြီး ဟလောင် ပင်လယ်အော် နှင့် ဖောင်းနကီဘန် အမျိုးသား ဥယျာဉ်တို့ ဖြစ်ကြသည်။ ထို့ပြင် ဇီဝထု ထိန်းသိမ်းရေး နေရာ ခြောက်ခု ရှိပြီး ၎င်းတို့မှာ ကန်ဂျောင် လမုတော၊ ကက်တရန် အမျိုးသား ဥယျာဉ်၊ ကတ်ဗာ့ အမျိုးသားဥယျာဉ်၊ အူမင်းသျောင် အမျိုးသား ဥယျာဉ်၊ မြစ်နီမြစ်ဝကျွန်းပေါ်ဒေသ နှင့် အနောက်ငဲ့အန်းဒေသတို့ ဖြစ်သည်။ ဗီယက်နမ်သည် အင်ဒိုမလာယာ ဂေဟဇုံ အတွင်း ကျရောက်သည်။ ၂၀၀၅ ခုနှစ် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ လက်ရှိအခြေအနေ အစီရင်ခံစာအရ ဗီယက်နမ်သည် ကမ္ဘာပေါ်ရှိ ဇီဝမျိုးကွဲ မြင့်မားစွာကွဲပြားသော နိုင်ငံ ၂၅ နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဇီဝမျိုးကွဲ များပြားစွာ ရှိသော နိုင်ငံ စာရင်းတွင် အဆင့် ၁၆ ရှိပြီး ကမ္ဘာပေါ်ရှိ မျိုးစိတ်အားလုံး၏ ၁၆% ခန့် နေထိုင်သည်။ ဒေသရင်းမျိုးစိတ်ပေါင်း ၁၅,၉၈၆ ခုကို စစ်ဆေးတွေ့ရှိပြီး ၎င်းတို့အတွင်းမှ ၁၀% မှာ ဇာတိရင်းဖြစ် မျိုးစိတ်များ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ဒေသရင်း တိရစ္ဆာန်များတွင် နီမာတိုဒါ မျိုးစိတ်ပေါင်း ၃၀၇ မျိုး၊ အော်လီဂိုချယ်တာ မျိုးစိတ်ပေါင်း ၂၀၀ မျိုး၊ အက်ကရီနာ မျိုးစိတ်ပေါင်း ၁၄၅ မျိုး၊ စပရင်းတေးမျိုးစိတ်ပေါင်း ၁၁၃ မျိုး၊ အင်းဆက် မျိုးစိတ်ပေါင်း ၇၇၅၀ မျိုး၊ တွားသွားသတ္တဝါ မျိုးစိတ်ပေါင်း ၂၆၀ မျိုး၊ ကုန်းနေရေနေသတ္တဝါ မျိုးစိတ်ပေါင်း ၁၂၀မျိုး ၊ ငှက်မျိုးစိတ်ပေါင်း ၈၄၀မျိုး နှင့် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ၃၁၀ မျိုးတို့ ရှိကြပြီး ၎င်းတို့ထဲမှ ငှက်မျိုးစိတ်ပေါင်း ၁၀၀ နှင့် နို့တိုက်သတ္တဝါ ၇၈မျိုး တို့မှာ ဇာတိရင်းဖြစ် မျိုးစိတ်များ ဖြစ်သည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံတွင် ရေချို မိုက်ခရိုအယ်လဂျီ မျိုးစိတ်ပေါင်း ၁,၄၃၈ မျိုး ရှိပြီး မိုက်ခရိုအယ်လဂျီ မျိုးစိတ်အားလုံးတို့၏ ၉.၆% ဖြစ်ကာ ရေနေ ကျောရိုးမဲ့ သတ္တဝါ ၇၉၄မျိုး နှင့် ပင်လယ်ငါးမျိုးစိတ်ပေါင်း ၂,၄၅၈ မျိုးတို့လည်း နေထိုင်ကြသည်။ လတ်တလောနှစ်များ အတွင်းတွင် ဗီယက်နမ်ရှိ ဇာတိရင်းဖြစ်မျိုးစိတ်များ ထဲမှ မျိုးစု ၁၃ခု၊ မျိုးစိတ် ၂၂၂ ခု၊ တက်ဆာ ၃၀ခုတို့ကို အသစ်ထပ်မံ ဖော်ထုတ်ထားသည်။ နို့တိုက်သတ္တဝါ မျိုးစိတ်သစ် ၆ မျိုးတွင် ဆယ်အိုလာကောင်၊ မန့်ဂျပ်ကောင်ကြီး၊ တုန်ကင်နှာခေါင်းတိုမျောက် တို့ပါဝင်ပြီး ငှက်မျိုးစိတ်သစ်တွင် မျိုးသုဉ်းမည်ကို စိုးရိမ်ရသော အက်ဒဝပ်ရစ်ငှက်လည်း ပါဝင်သည်။ ၁၉၈၀ခုနှစ် နှောင်းပိုင်းများတွင် ကက်တရန် အမျိုးသား ဥယျာဉ်အတွင်း ဂျာဗားကြံ့အနည်းငယ်ကို တွေ့ရသော်လည်း ထိုမျိုးစိတ်၏ နောက်ဆုံးအကောင်ကို ၂၀၁၀ ခုနှစ်က တစ်စုံတစ်ယောက်မှ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေးဆိုင်ရာ မျိုးရိုးဗီဇ မျိုးကွဲများ အနေနှင့် ကြည့်မယ်ဆိုပါက ဗီယက်နမ်သည် ကမ္ဘာပေါ်ရှိ မျိုးယဉ် ဗဟိုဌာန ၁၂ ခုတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ဗီယက်နမ် အမျိုးသား မျိုးယဉ် ဗီဇ ဘဏ်တွင် မျိုးစိတ်ပေါင်း ၁၁၅ ခု၏ မျိုးယဉ် ၁၂,၃၀၀ ခုအား ထိန်းသိမ်းထားသည်။ ဗီယက်နမ် အစိုးရသည် ၂၀၀၄ ခုနှစ် တစ်နှစ်ထဲတွင် ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ ၄၉.၀၇ သန်း အသုံးပြုခဲ့ပြီး ထိန်းသိမ်းသည့် ဒေသ ၁၂၆ ခုကို ထူထောင်ခဲ့ကာ ၎င်းတို့ထဲတွင် အမျိုးသားဥယျာဉ် ၂၈ ခုလည်း ပါဝင်သည်။ စီးပွားရေး ၂၀၁၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ လက်ရှိတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၃၈ ဘီလီယံ အထိ တိုးတက်သွားခဲ့ပြီး လူတစ်ဦးချင်း အနေနှင့် တွက်ကြည့်မည် ဆိုပါက အမေရိကန်ဒေါ်လာ ၁,၅၂၇ အထိ ရှိသည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ဂိုးမန်းဆက်ချ် ကုမ္ပဏီမှ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် လက်ရှိတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၆ ဘီလီယံ ဒေါ်လာ နှင့် လူတစ်ဦးချင်း အနေနှင့် အမေရိကန် ဒေါ်လာ ၄,၃၅၇ ဒေါ်လာ မျှ ရှိလာပြီး ကမ္ဘာ့အဆင့် နံပါတ် ၂၁ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်တွင် ဒေါ်လာတန်ဖိုးအစစ်ဖြင့် တွက်ကြည့်မည် ဆိုပါက တစ်နှစ်လျှင် ၁၀% တိုးတက်မှုနှုန်းဖြင့် ကမ္ဘာ့ စီးပွားရေး နောက်ထွက်နိုင်ငံများထဲတွင် တိုးတက်မှု အမြန်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ပရိုက်စ်ဝါးတားဟောက်စ်ကူးပါး၏ ၂၀၀၈ ခုနှစ်တွင် ခန့်မှန်းထားသည်။ ဗီယက်နမ်၏ စုစုပေါင်းပြည်တွင်း ထုတ်ကုန် တန်ဖိုးသည် ၂၀၅၀ ခုနှစ်တွင် တွင် နော်ဝေ၊ စင်ကာပူ နှင့် ပေါ်တူဂီနိုင်ငံတို့ကို ကျော်တက်သွားမည်ဟု ၂၀၁၂ ခုနှစ်တွင် ဟောင်ကောင်-ရှန်ဟိုင်း ဘဏ်ကော်ပိုရေးရှင်း အဖွဲ့မှ ဟောကိန်း ထုတ်ထားသည်။ ဗီယက်နမ်နိုင်ငံသည် သမိုင်းကြောင်းတလျှောက်တွင် စပါးစိုက်ပျိုးမှုကို အခြေခံသော စိုက်ပျိုးမွေးမြူရေး အဓိကပြုလုပ်သည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သည်။ ထို့အပြင် အလူမီနီယမ် ထုတ်လုပ်ရာတွင် အရေးကြီးသော ကုန်ကြမ်းတစ်မျိုးဖြစ်သည့် ဗောက်ဆိုက်တူးဖော်ရေး လုပ်ငန်းလည်း ရှိသည်။ ဗီယက်နမ်၏ စီးပွားရေးကို အဓိက ပုံဖော်သည်မှာ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီနှင့် အမျိုးသား ကွန်ဂရက်များ၏ စုံညီအစည်းအဝေးများမှ ချမှတ်သော ငါးနှစ်စီမံကိန်းများ ဖြစ်သည်။ လယ်ယာများ၊ စက်ရုံများ နှင့် ငွေကြေး အရင်းအနှီးများကို စုပေါင်းလုပ်ကိုင်ခြင်းသည် ဗဟိုပြုစီမံမှု၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လူသန်းပေါင်းများစွာတို့သည် အစိုးရ၏ အစီအစဉ်များတွင် လုပ်ကိုင်ခဲ့ကြသည်။ ဗီယက်နမ် စီးပွားရေးသည် စွမ်းရည်မပြည့်ဝမှု များနှင့် ခြစားမှုများ၊ အရည်အသွေး ညံ့ဖျင်းမှုများနှင့် အပြည့်အဝ မထုတ်လုပ်နိုင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စု နှင့် ဥရောပနိုင်ငံ အများစုမှ ပြုလုပ်သော စစ်အပြီး ကုန်သွယ်ရေး ပိတ်ဆို့မှုများ၏ ဒဏ်ကိုလည်း ခံခဲ့ကြရသည်။ ၁၉၈၀ ခုနှစ် များ၏ နှောင်းပိုင်းတွင် ဗီယက်နမ်၏ အဓိက ကုန်သွယ်ဖက်များ ဖြစ်ကြသော ဆိုဗီယက်အုပ်စု အင်အားလျော့နည်းလာခြင်းကြောင့် ထိုပြဿနာများကို ပိုမို၍ ဆိုးရွားသွားစေသည်။ ၁၉၈၆ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် ကွန်မြူနစ်ပါတီ၏ အမျိုးသားကွန်ဂရက်တွင် ဆိုရှယ်လစ်စနစ်ကို အခြေခံသော ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဒွိုင်းမွိုင် ပြုပြင်ပြောင်းလဲရေး အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် စတင် မိတ်ဆက်ခဲ့သည်။ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်ရေး နှင့် စိုက်ပျိုးမွေးမြူရေးတို့တွင် ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အားပေးခဲ့သည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှုများကြောင့် ဗီယက်နမ်၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်မှာ ၁၉၉၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း နှစ်စဉ် ၈% ခန့် တိုးတက် လာခဲ့သည်။ ၂၀၀၀ ခုနှစ်များ နှောင်းပိုင်းရှိ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုတွင်ပင် စီးပွားရေး တိုးတက်မှုမှာ ဆက်လက် အားကောင်းနေခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ၆.၈% မျှ ရှိခဲ့သည်။ သို့သော်လည်း ၂၀၁၀ ဒီဇင်ဘာလတွင် ဗီယက်နမ်၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁.၈% ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။ ၂၀၁၀ ခုနှစ်တွင်ပင် ဗီယက်နမ်ဒေါင်ငွေကြေး၏ တန်ဖိုးကို ၃ ကြိမ်မျှ လျှော့ချခဲ့ရသည်။ ကုန်ထုတ်လုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာ လုပ်ငန်းနှင့် ဟိုင်းတက်ခ် လုပ်ငန်း တို့မှာ နိုင်ငံစီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်း နှင့် အလျင်မြန်ဆုံး တိုးတက်သော အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့သည်။ ဗီယက်နမ်သည် ရေနံလုပ်ငန်းတွင် နောက်ကျမှ ဝင်ရောက်လုပ်ကိုင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သော်လည်း ယခုအခါ အရှေ့တောင်အာရှတွင် တတိယ အကြီးဆုံး ရေနံထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၃၁၈,၀၀၀ စည် (၅၆,၀၀၀ ကုဗမီတာ) မျှ ထုတ်လုပ်နိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ဗီယက်နမ်သည် အာရှ-ပစိဖိတ် ဒေသတွင် အဋ္ဌမမြောက် အများဆုံး ရေနံစိမ်း ထုတ်လုပ်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့သည်။ ၎င်း၏ အိမ်နီးချင်း တရုတ်နိုင်ငံကဲ့သို့ပင် ဗီယက်နမ်သည် ငါးနှစ်တာ အတွက် ဗဟိုမှ ရေးဆွဲသော စီမံကိန်းများကို ဆက်လက် အသုံးချဆဲ ဖြစ်သည်။ တစ်နေ့လျှင် ဝင်ငွေ တစ်ဒေါ်လာထက်နည်းသော လူဦးရေကို ရေတွက်သော အလွန်အမင်း ဆင်းရဲမွဲတေမှုသည် ဗီယက်နမ်တွင် သိသာစွာ လျော့ကျ လာခဲ့ပြီး တရုတ်၊ အိန္ဒိယ နှင့် ဖိလစ်ပိုင် နိုင်ငံများထက် ဆင်းရဲမှုနှုန်း လျော့နည်း ပေသည်။ ထိုသို့ ဆင်းရဲမှုနှုန်း လျော့ကျရခြင်း၏ အကြောင်းရင်းမှာ လူနေမှု စနစ်ကို မြှင့်တင်ရန်နှင့် စီးပွားရေးမညီမျှမှုများ တိုးပွားလာခြင်းကို တားဆီးရန် ရည်ရွယ်သော မျှတသည့် စီးပွားရေး ပေါ်လစီများကြောင့် ဖြစ်သည်။ ထိုပေါ်လစီများတွင် ဒွိုင်မွိုင် အစီအစဉ်၏ အစတွင် ပြုလုပ်ခဲ့သော မြေများကို အညီအမျှ ခွဲဝေပေးခြင်း၊ ဆင်းရဲသော ဝေးလံခေါင်ဖျား ဒေသများတွင် ရင်းနှီးမြှုပ်နှံခြင်း နှင့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့တွက် အထောက်အပံ့ပေးခြင်း စသည့် ပေါ်လစီများ ပါဝင်သည်။ နိုင်ငံတကာ ငွေကြေးအဖွဲ့၏ အဆိုအရ ၂၀၁၂ ခုနှစ်တွင် ဗီယက်နမ်၏ အလုပ်လက်မဲ့နှုန်းမှာ ၄.၄၆% မျှသာ ရှိသည်။ ကုန်သွယ်ရေး ၂၀၀၀ ခုနှစ်များ၏ အစောပိုင်းမှ အစပြု၍ ဗီယက်နမ်သည် ကုန်သွယ်ရေးဆိုင်ရာ လျှော့ပေါ့မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး တစ်ဖက်မှ အချို့သော စီးပွားရေး ကဏ္ဍများတွင် နိုင်ငံတကာ ဈေးကွက်သို့ ဖွင့်လှစ်ပေးခဲ့သလို အချို့သော ကဏ္ဍများအား ဆက်လက် ထိန်းသိမ်းခဲ့ခြင်းအားဖြင့် နှစ်လမ်းသွား နည်းလမ်းကို အသုံးပြုခဲ့သည်။ ၂၀၀၆ ခုနှစ် ဇူလိုင်လတွင် ဗီယက်နမ်သည် ၎င်းတို့၏ ဉာဏမူပိုင်ပစ္စည်းဆိုင်ရာ ဥပဒေများကို ထရစ်ပ် သဘောတူညီချက် နှင့်အညီ ပြင်ဆင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ဗီယက်နမ်သည် ယခုအခါတွင် အာရှ၏ အပွင့်လင့်ဆုံး စီးပွားရေးစနစ်ရှိသော နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်နေပြီး အသွားအပြန် ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၆ ခုနှစ်တွင် ဂျီဒီပီ၏ ၁၆၀% မျှ ရှိနေသဖြင့် တစ်ချိန်တည်းတွင်ရှိသော တရုတ်၏ အချိုးထက် နှစ်ဆများ များနေပြီး အိန္ဒိယ၏ အချိုးထက် ၄ ဆ မျှ များနေသည်။ ဗီယက်နမ်၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများတွင် တရုတ်၊ ဂျပန်၊ ဩစတြေးလျ၊ အာဆီယံ နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု နှင့် အနောက်ဥရောပနိုင်ငံများ ပါဝင်သည်။ ဗီယက်နမ် အကောက်ခွန်ဌာန၏ ၂၀၁၃ ခုနှစ် ဇူလိုင်လ အစီရင်ခံစာအရ ၂၀၁၃ ခုနှစ် ပထမ နှစ်တစ်ဝက်တွင် နိုင်ငံတကာ ကုန်ပစ္စည်းများကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၂၄ ဘီယံ အထိ ရှိပြီး ၂၀၁၂ ခုနှစ် ထိုအချိန်ကာလနှင့် နိုင်းယှဉ်ပါက ၁၅.၇% မျှ ပို၍ မြင့်မားသည်ကို တွေ့ရသည်။ မိုဘိုင်းဖုန်း နှင့် ဆက်စပ်ပစ္စည်းများကို အမြောက်အမြား တင်ပို့မှု တင်သွင်းမှု ပြုလုပ်ပြီး သဘာဝ အရင်းအမြစ် ဈေးကွက်တွင် အမြင့်ဆုံးတင်ပို့မှုမှာ ရေနံစိမ်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သံ နှင့် စတီးလ် များကို အများဆုံးတင်သွင်းခဲ့သည်ကို တွေ့ရသည်။ အမေရိကန်သည် ဗီယက်နမ်၏ တင်ပို့မှု အမြောက်အမြားကို ဝယ်ယူသော နိုင်ငံဖြစ်ပြီး တင်သွင်းမှု အများဆုံးမှာ တရုတ်ကုန်ပစ္စည်းများ ဖြစ်သည်။ မြေယာပြုပြင် ပြောင်းလဲရေး ပြုလုပ်ခြင်း၏ ရလဒ် အဖြစ် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ထုတ်ကုန်များကို အဓိက တင်ပို့ရောင်းချသော နိုင်ငံ ဖြစ်လာခဲ့သည်။ ယခုအခါ ကမ္ဘာပေါ်တွင် သီဟိုဠ်စေ့ အများဆုံး တင်ပို့သော နိုင်ငံဖြစ်ပြီး ကော်ဖီ ဒုတိယအများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်လာသည်။ ဗီယက်နမ်သည် နှစ်ရှည်ပင် စိုက်ပျိုးရန် အတွက် ၆.၉၃% မျှသော မြေကို အသုံးပြုထားသဖြင့် မဲခေါင် ဒေသကြီးတွင် သုံးစွဲမှု အချိုး အများဆုံး ဖြစ်သည်။ အခြားသော အဓိက ပို့ကုန်များတွင် လက်ဖက်၊ ရာဘာ နှင့် ရေထွက်ပစ္စည်းများ ပါဝင်သည်။ သို့သော်လည်း ဂျီဒီပီတွင် ပါဝင်သော စိုက်ပျိုးမွေးမြူရေး ၏ ဝေစုမှာ လတ်တလော ဆယ်စုနှစ်များ အတွင်း ကျဆင်းလာခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ၄၂% မှ ၁၉၈၉ ခုနှစ်တွင် ၂၀% အထိ ကျဆင်းလာခဲ့ကာ စီးပွားရေး၏ အခြားကဏ္ဍများမှာ ပိုမိုတိုးတက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်သည် ဥရောပသမဂ္ဂ နှင့် ကုန်သွယ်ရေး လွတ်လပ်ခွင့် အတွက် ညှိနှိုင်းခဲ့ပြီး ဥရောပသမဂ္ဂ၏ ဂျီအက်စ်ပီ စနစ်သို့ ဝင်ရောက်ခွင့် ရရန် ကြိုးစားခဲ့သည်။ ထိုစနစ်သို့ ဝင်ရောက်ခွင့် ရသော ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဥရောပဈေးကွက် အတွင်း ကုန်ပစ္စည်းများကို အခွန်နှုန်း သက်သာစွာဖြင့် တင်ပို့ခွင့် ရရှိကြသည်။ သိပ္ပံနှင့် နည်းပညာ ဗီယက်နမ် ပညာရှင်များသည် ဘုရင်ခေတ်မှ အစပြု၍ အများအပြားသော ပညာရပ်နယ်ပယ်များတွင် တိုးတက်စေရန် ကြံဆောင်ခဲ့ကြပြီး အထူးသဖြင့် လူမှုရေးသိပ္ပံ ပညာရပ်များနှင့် လူသားဆိုင်ရာ ပညာရပ်များတွင် ဖြစ်သည်။ ဗီယက်နမ်တွင် ခွဲခြမ်းစိတ်ဖြာမှု သမိုင်းပညာရပ်နှင့် ပတ်သက်၍ နှစ်ထောင်ပေါင်းများစွာသော သမိုင်းကြောင်း ရှိသည်။ ၁၃ ရာစုတွင် နန်းစွန့်ခဲ့သော ဧကရာဇ် ထရန်နန်တောင်သည် ဘုန်းကြီးများကို ဦးဆောင်၍ ဒဿနိကဗေဒ၏ ဘာသာရပ်ခွဲတစ်ခု ဖြစ်သော ထရပ်လမ်ဇန် ဘာသာရပ်ကို တိုးတက်စေရန် ကြိုးစားခဲ့ကြသည်။ ပေါင်းနှုတ်မြှောက်စား နှင့် ဂျီဩမေတြီ ပညာရပ်များကို ၁၅ ရာစုမှ စတင်၍ ဗီယက်နမ်တွင် လူအမ်သာဗင်း၏ ဖတ်စာအုပ်ပေါ်တွင် အခြေခံ၍ သင်ကြားခဲ့ကြသည်။ လူအမ်သာဗင်းသည် ဗီယက်နမ်အား သုည နှင့် စတင်မိတ်ဆက်ပေးခဲ့ပြီး မာ့ခ်ဟျန်တစ်ချ်မှ အနှုတ်ကိန်းများကို မသိကိန်း၊ လျှို့ဝှက်ကိန်း နှင့် ဝှက်ကိန်းများကို မိတ်ဆက်ပေးခဲ့ကြသည်။ ထို့အပြင် ဗီယက်နမ် ပညာရှင်များသည် စွယ်စုံကျမ်း အများအပြားကို ရေးသား ထုတ် ဝေခဲ့သည်။ မျက်မှောက်ခေတ်တွင် ဗီယက်နမ် သိပ္ပံပညာရှင်တို့သည် ပညာရပ် နယ်ပယ်အမျိုးမျိုးတွင် ထင်ရှားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြပြီး အထူးသဖြင့် သင်္ချာဘာသာရပ် တွင် ဖြစ်သည်။ ဟွမ်းတေသည် အသုံးချ သင်္ချာ ဘာသာရပ်ရှိ ဂလိုဘယ် အော့ပတီမိုက်ဇေးရှင်း ဘာသာရပ်ခွဲကို ၂၀ ရာစုတွင် စတင်ဖော်ထုတ်ခဲ့သူ ဖြစ်သည်။ ဗီယက်နမ်သည် လက်ရှိတွင် ပြည်တွင်းဖြစ် အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်ကို ဆောင်ရွက်နေပြီး ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၆၀၀ တန်ဖိုးရှိသည့် ဗီယက်နမ် အာကာသ ဗဟိုဌာနကို ဆောက်လုပ်ရန် စီစဉ် ဆောင်ရွက်နေသည်။ ဗီယက်နမ်သည် စက်ရုပ်များ တီထွင်ထုတ်လုပ်ခြင်းတွင်လည်း ထင်ရှားသော တိုးတက်မှုများ ရှိပြီး တိုပီယို လူပုံစံ စက်ရုပ်မှာ ဥပမာ တစ်ခု ဖြစ်သည်။၂၀၁၀ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာ အတွက် ဗီယက်နမ်၏ နိုင်ငံတော် အသုံးစရိတ်မှာ ဂျီဒီပီ၏ ၀.၄၅% မျှရှိသည်။ သယ်ယူပို့ဆောင်ရေး ဗီယက်နမ်နိုင်ငံ၏ လက်ရှိ သယ်ယူပိုဆောင်ရေး ကွန်ယက်၏ မူလအစမှာ ပြင်သစ်တို့ အုပ်ချုပ်စဉ်က ကုန်ကြမ်းပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ် စစ်ပွဲအပြီးတွင် ခေတ်မီရန်အတွက် အကြီးအကျယ် ပြင်ဆင်ခဲ့သည်။ လေကြောင်းပို့ဆောင်ရေး ဗီယက်နမ်နိုင်ငံတွင် အများပြည်သူသုံး အဓိက လေဆိပ် ၂၁ ခုရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု ရှိသည်။ ၎င်းတို့မှာ ဟနွိုင်းမြို့ရှိ နွိုင်းဘိုင်လေဆိပ်၊ ဒါနန်းရှိ ဒါနည်း အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဟိုချီမင်းစီးတီးရှိ တန်ဆွန်းညက် အပြည်ပြည်ဆိုင်ရာလေဆိပ် တို့ ဖြစ်ကြသည်။ တန်ဆွန်းညက်သည် နိုင်ငံ၏ အကြီးဆုံးလေဆိပ်တစ်ခု ဖြစ်ပြီး နိုင်ငံတကာခရီးသည်များ၏ ၇၅% ကို လက်ခံ ပို့ဆောင်ပေးလျက် ရှိသည်။ နိုင်ငံတော်မှ သဘောတူထားသော အစီအစဉ်အရ ၂၀၁၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၀ ခု အထိ ရှိလာမည် ဖြစ်သည်။ ထိုလေဆိပ်များတွင် ဗင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဖူးဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကမ်ရန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဖူးကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကက်ဘီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကန်သိုး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် လောင်သမ်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ပါဝင်သည်။ အစီအစဉ်ထဲတွင် ပါဝင်သော လောင်သမ်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၂၀ ခုနှစ်တွင် အပြည့်အဝ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် သန်း ၁၀၀ ကို ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။ ဗီယက်နမ် လေကြောင်းလိုင်းသည် နိုင်ငံတော်ပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ခရီးသည်တင် လေယာဉ် ၆၉ စင်းမျှ ရှိပြီး ၂၀၂၀ ခုနှစ်တွင် လေယာဉ် ၁၅၀ စင်း အထိ တိုးမြှင့်ရန် စီစဉ်ထားသည်။ ဗီယက်နမ်တွင် ရှိသော အခြား ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ အဲယားမဲခေါင်၊ ဂျက်စတား ပစိဖတ် လေကြောင်းလိုင်း၊ ဗက်စကို နှင့် ဗီယက်ဂျက်အဲယား တို့ ဖြစ်ကြသည်။ ကုန်းလမ်းပို့ဆောင်ရေး ဗီယက်နမ်နိုင်ငံရှိ လမ်းများတွင် ဗဟိုမှာ စီမံခန့်ခွဲသော နိုင်ငံတော်အဆင့်လမ်းများ၊ ပြည်နယ်များမှ စီမံခန့်ခွဲသော ပြည်နယ်အဆင့်လမ်းများ၊ ခရိုင်မှ စီမံခန့်ခွဲသော ခရိုင်အဆင့် လမ်းများ၊ မြို့တော်နှင့် မြို့များမှ စီမံခန့်ခွဲသော မြို့ပြလမ်းများ နှင့် ကွန်မြူးမှ စီမံခန့်ခွဲသော ကွန်မြူးအဆင့်လမ်းများတို့ ပါဝင်သည်။ ဗီယက်နမ်ရှိ မြို့ပြဧရိယာများတွင် စက်ဘီးများ၊ စက်တပ် စကူတာများ၊ မော်တော်ဆိုင်ကယ်များသည် လူသုံးများသော ယာဉ်များ အဖြစ် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် မြို့ကြီးများတွင် မော်တော်ယာဉ် ပိုင်ဆိုင်မှုမှာ မြင့်တက်လာလျက် ရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီများမှ ပြေးဆွဲသော အများပြည်သူသုံး ဘတ်စ်ကားများသည် လူအများစုမှ ခရီးဝေးသွားရာတွင် အဓိက သုံးစွဲလျက် ရှိကြသည်။ ယာဉ်အန္တရာယ် လမ်းအန္တရာယ်မှာ ဗီယက်နမ်တွင် အလွန်ဆိုးရွားသော ပြဿနာတစ်ရပ်ဖြစ်ပြီး နေ့စဉ် ပျမ်းမျှ လူ ၃၀ ခန့် ယာဉ်မတော်တဆမှုဖြင့် သေဆုံးကြသည်။ ဟနွိုင်းမြို့နှင့် ဟိုချီမင်းစီးတီးမြို့များတွင် ယာဉ်ကြောကြပ်တည်းမှုမှာ ဆိုးရွားလာသော ပြဿနာတစ်ခု ဖြစ်ပြီး မြို့တော်များ၏ လမ်းများအား မော်တော်ယာဉ်သုံးစွဲမှု မြင့်တက်လာခြင်းနှင့် ကာမိစေရန် အပြင်းအထန် ကြိုးပမ်းလျက် ရှိကြသည်။ ရထားပို့ဆောင်ရေး ဗီယက်နမ်၏ အဓိက နိုင်ငံတွင်း ရထားလမ်းမှာ ဟိုချီမင်းစီးတီး နှင့် ဟနွိုင်းမြို့ကို ချိတ်ဆက်ထားသော ပြန်လည်ပေါင်းစည်းခြင်း အမြန်ရထားလမ်း ဖြစ်ပြီး အရှည် ကီလိုမီတာ ၂,၀၀၀ ခန့်မျှ ရှိသည်။ ဟနွိုင်းမြို့မှ တဆင့် အရှေ့မြောက်ဘက်၊ မြောက်ဘက် နှင့် အနောက်ဘက်သို့ ဆက်သွယ်ထားသော ရထားလမ်းများ ရှိကြသည်။ အရှေ့ဘက်သို့ သွားသော ရထားလမ်းမှာ ဟနွိုင်းမြို့မှာ ဟလောင်ပင်လယ်အော်သို့ ဆက်သွယ်ထားပြီး မြောက်ဘက်သို့ သွားသော ရထားလမ်းမှာ ဟနွိုင်းမှ ထိုင်းငုရင်သို့ ဆက်သွယ်ထားကာ အရှေ့မြောက်လိုင်းမှာ ဟနွိုင်းမြို့မှ လောင်ကိုင်းသို့ ဆက်သွယ်ထားသည်။ ၂၀၀၉ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် ဂျပန်နည်းပညာကို အသုံးပြုထားသော အမြန်ရထားလမ်း ဆောက်လုပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဗီယက်နမ် အင်ဂျင်နီယာ အမြောက်အမြားကို ဂျပန်သို့ စေလွှတ်၍ အမြန်ရထားများအတွက် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို သင်ယူစေခဲ့သည်။ ထိုရထားလမ်းမှာ ၁,၆၃၀ ကီလိုမီတာမျှ ရှည်လျားသော အမြန်ရထားလမ်း ဖြစ်လာမည်ဖြစ်ပြီး စုစုပေါင်း ဘူတာရုံ ၂၆ ခု ရှိမည်ဖြစ်ကာ ဟနွိုင်းမြို့ နှင့် ဟိုချီမင်းစီးတီးရှိ သူသျမ် ဘူတာတို့လည်း ပါဝင်မည် ဖြစ်သည်။ ဂျပန်ရှိ ရှင်းကန်းဆင်ခေါ် ကျည်ဆန်ရထား နည်းပညာ ကို အသုံးပြုမည် ဖြစ်ပြီး ထိုရထားလမ်းတွင် အမြန်ဆုံး တစ်နာရီ မိုင် ၂၂၀ (၃၆၀ ကီလိုမီတာ) မျှ မြန်သော ရထားများ သွားလာနိုင်မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဟနွိုင်းမှ ဗင်း၊ နာထရန်နှင့် ဟိုချီမင်း စီးတီးသို့ စတင်ဖောက်လုပ်မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် အတွင်းတွင် ဗင်းနှင့် နာထရန် အကြား ရထားလမ်း နှင့် ဟနွိုင်းမြို့နှင့် မြောက်ပိုင်းပြည်နယ်များ ဖြစ်ကြသော လောင်ကိုင်း နှင့် လန်ဆွန်းတို့သို့ ဆက်သွယ်သော ရထားလမ်းများကို စတင်ဆောက်လုပ်မည် ဖြစ်သည်။ ရေကြောင်းပို့ဆောင်ရေး ကမ်းရိုးတန်းနိုင်ငံတစ်ခု ဖြစ်သည့် ဗီယက်နမ်တွင် အဓိက ပင်လယ်ဆိပ်ကမ်း အများအပြား ရှိပြီး ၎င်းတို့တွင် ကမ်ရန်း၊ ဒါနန်း၊ ဟိုင်ဖုန်း၊ ဟိုချီမင်းစီးတီး၊ ဟောင်ဂိုင်း၊ ကွီးနွန်၊ ဗန်ထော နှင့် နာထရန် တို့ ပါဝင်သည်။ ကုန်းတွင်း ပိုကျသော အပိုင်းတွင် ဗီယက်နမ်ရှိ မြောက်မြားလှသော မြစ်များသည် ကျေးလက်ဒေသ သယ်ယူပို့ဆောင်ရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ၁၁,၀၀၀ မိုင် (၁၇,၇၀၀ ကီလိုမီတာ) မျှ ရှိသော ကူးသန်းသွားလာနိုင်သော ရေကြောင်းခရီးတွင် ဖယ်ရီများ၊ ဝမ်းပြားရေယာဉ်များ နှင့် ကုတို့သင်္ဘောများ သွားလာလျက် ရှိကြသည်။ ထို့ပြင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ နှင့် မြစ်နီမြစ်ဝကျွန်းပေါ်ဒေသတို့သည် ဗီယက်နမ်၏ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များ အတွက် အလွန်အရေးပါဒေသများ ဖြစ်ကြသည်။ နိုင်ငံ၏ လူဦးရေ အများစုမှာ ထိုမြစ်ဝကျွန်းပေါ်ဒေသများ တလျှောက် သို့မဟုတ် မြစ်ဝကျွန်းပေါ် ဒေသများ၏ အနီးအနားတွင် နေထိုင်လျက် ရှိကြပြီး အဓိက မြို့ကြီးများ ဖြစ်ကြသော ဟိုချီမင်းစီးတီးမြို့ နှင့် ဟနွိုင်းမြို့တို့သည် မဲခေါင် နှင့် မြစ်နီ မြစ်ဝကျွန်းပေါ် ဒေသများ အနီးတွင် တည်ရှိကြသည်။ တောင်တရုတ်ပင်လယ် အတွင်းတွင်မူ ဗီယက်နမ်သည် လက်ရှိ တရုတ်နိုင်ငံနှင့် အခြား အနီးအနားရှိ နိုင်ငံများ နှင့် ကာလရှည်ကြာ ပိုင်ဆိုင်မှု အငြင်းပွား နေသော စပရက်ထလီကျွန်းများ ၏ အများစုကို ထိန်းချုပ်ထားသည်။ ရေပေးဝေမှုနှင့် သန့်ရှင်းရေး ဗီယက်နမ်နိုင်ငံ၏ ရေပေးဝေမှုနှင့် သန့်ရှင်းရေးတွင် အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေသည်။ အောင်မြင်မှုများထဲတွင် ၁၉၉၀ ခုနှစ် နှင့် ၂၀၁၀ ခုနှစ် များအတွင်း ရေပေးဝေမှုနှင့် သန့်ရှင်းသော ရေရရှိမှု သိသိသာသာ တိုးတက်လာခဲ့ပြီး ရေမီတာများကို နေရာအမြောက်အမြားတွင် တပ်ဆင်နိုင်ခဲ့ကာ ၂၀၀၇ ခုနှစ်မှ စ၍ ရေဆိုးသန့်စင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပို၍ များလာခဲ့သည်။ စိန်ခေါ်မှုများတွင်မူ ရေထုညစ်ညမ်းမှုများ အများအပြား ရှိနေခြင်း၊ ဝန်ဆောင်မှု ညံ့ဖျင်းခြင်း နှင့် ကျေးလက်ဒေသများတွင် တိုးတက်လာသော ရေသန့်စင်ရေး လုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်း၊ ကျေးလက်ဒေသရှိ ရေစနစ်ကို ရေရှည်ထိန်းသိမ်းမှု ပြုလုပ်ရာတွင် ညံ့ဖျင်းခြင်း၊ မြို့ပြ ရေသန့်စင်ရေးတွင် သုံးစွဲထားသလောက် ငွေကြေး အလုံအလောက် ပြန်လည် မရရှိခြင်း၊ ဗီယက်နမ်၏ စီးပွားရေးတိုးတက်လာသည်နှင့် အမျှ အလှူရှင်များမှ လှူဒါန်းငွေအစား ချေးငွေအသွင်သို့ ပြောင်းလဲကြသဖြင့် နိုင်ငံခြား အထောက်အပံ့များ နှင့် ချေးငွေများ လျော့နည်းလာခြင်း တို့ ဖြစ်ကြသည်။ အစိုးရမှ ရေခွန် ကောက်ခံရငွေမှ ကုန်ကျစရိတ်များကို ကာမိရန် လုပ်ဆောင်ခြင်း နှင့် ပြည်နယ်အဆင့်တွင် အလိုအလျောက် ရေပေးဝေမှု စနစ်များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ပေါ်လစီများ တစိတ်တပိုင်းသာ အောင်မြင်ခဲ့သည်။ ရေခွန်မှာ ဈေးပေါမြဲသာ ရှိနေပြီး အချို့သော သုံးစွဲမှုများတွင် ခွင့်ပြုထားသည့် အလုပ်ထက်ပို၍ အခြား အလုပ်များကို လုပ်ဆောင်လျက် ရှိကြသည်။ လူဦးရေပျံနှံ့နေထိုင်မှု ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၏ လူဦးရေမှာ ၉၀.၇ သန်းခန့် ရှိသည်။ ၁၉၇၉ ခုနှစ်တွင် ဗီယက်နမ် နှစ်နိုင်ငံ ပေါင်းစည်းပြီး လူဦးရေမှာ ၅၂.၇ သန်းမျှသာ ရှိသဖြင့် ၁၉၇၉ ခုနှစ် လူဦးရေစာရင်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးပွားလာခဲ့သည်။ ၂၀၁၂ ခုနှစ် ၏ ခန့်မှန်းခြေ လူဦးရေမှာ ၉၀.၃ သန်း ဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ စုစုပေါင်း သန္ဓေအောင်နှုန်းမှာ အမျိုးသမီး တစ်ဦးလျှင် ကလေး ၁.၈ ယောက်မျှ ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းမှာ အစိုးရ၏ သားဆက်ခြား စီမံကိန်း နှင့် ကလေး ၂ ယောက် သာယူရမည့် ပေါ်လစီတို့ကြောင့် ဖြစ်သည်။ လူမျိုးကွဲများ ၂၀၀၉ ခုနှစ် လူဦးရေစာရင်းအရ ဗီယက်လူမျိုး သို့မဟုတ် ကင်လူမျိုး များမှာ ၇၃.၆ သန်းမျှ ရှိပြီး လူဦးရေ၏ ၈၅.၈% မျှ ဖြစ်သည်။ ကင်လူမျိုး များသည် နုန်းမြေပို့ချရာ မြစ်ဝကျွန်းပေါ်ဒေသနှင့် နိုင်ငံ၏ ကမ်းရိုးတန်း လွင်ပြင်များတွင် အများဆုံး စုစည်း နေထိုင်ကြသည်။ များသောအားဖြင့် လူမှုရေးနှင့် လူမျိုးအားဖြင့် တူညီကြသော ကင်လူမျိုးများမှာ နိုင်ငံ၏ နိုင်ငံရေး နှင့် စီးပွားရေး ပေါ်တွင် သိသာစွာ ဩဇာ သက်ရောက်သည်။ သို့သော်လည်း ဗီယက်နမ်နိုင်ငံတွင် လူမျိုးစုပေါင်း ၅၄ မျိုး နေထိုင်ပြီး ၎င်းတို့တွင် မှောင်လူမျိုး၊ ဒေါင်းလူမျိုး၊ တေလူမျိုး၊ ထိုင်းလူမျိုး နှင့် နောင်းလူမျိုးများ ပါဝင်ကြသည်။ ကင်လူမျိုးများနှင့် အမျိုးအလွန်နီးစပ်သော မြွမ် လူမျိုးများမှာ ဗီယက်နမ်၏ ၃ပုံ ၂ ပုံမျှ ရှိသော ကုန်းမြင့်ဒေသတွင် နေထိုင်ကြသည်။ ဗီယက်နမ် စစ်ပွဲမတိုင်မီက အလယ်ပိုင်းကုန်းမြင့်တွင် လူမျိုးစု ၄၀ ကျော် ပါဝင်သော ဒီဂါးလူမျိုးများသာ နေထိုင်ကြသော်လည်း ငိုဒင်းဒျမ်၏ တောင်ဗီယက်နမ် အစိုးရမှ ကင်များကို ရှေးဦးလူမျိုးများ နေထိုင်ရာ ဒေသတွင် ပြောင်းရွှေ့နေထိုင်စေရန် အစီအစဉ် ပြုလုပ်ခဲ့သည်။ တရုတ်လူမျိုး ဖြစ်သော ဟွာလူမျိုး များနှင့် ခမာခရွမ် လူမျိုးများမှာ မြေနိမ့်ဒေသတွင် နေထိုင်ကြသည်။ ၁၉၇၈ နှင့် ၁၉၇၉ ခုနှစ်အတွင်း တရုတ်-ဗီယက်နမ် ဆက်ဆံရေး ဆိုးရွားလာသော အခါတွင် ဟွာလူမျိုး ၄၅၀,၀၀၀ ကျော် ဗီယက်နမ် နိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ ဘာသာစကားများ ဗီယက်နမ်နိုင်ငံ၏ ရုံးသုံးဘာသာစကား နှင့် အမျိုးသား ဘာသာစကားမှာ ဗီယက်နမ် ဘာသာစကား ဖြစ်ပြီး တက်ကျသံ ရှိသော မွန်-ခမာ ဘာသာစကား ဖြစ်ကာ လူဦးရေ၏ အများစုမှ ပြောဆိုကြသည်။ သမိုင်းကြောင်း အရ ဗီယက်နမ်လူမျိုးတို့သည် တရုတ်စကားလုံးများကို အသုံးပြု၍ စာရေးခဲ့ကြသည်။ ၁၃ ရာစုသို့ ရောက်သော အခါတွင် ဗီယက်နမ်တို့သည် ချူးနွမ်ဟု ခေါ်သော ကိုယ်ပိုင် အက္ခရာများကို တီထွင် အသုံးပြုခဲ့ကြသည်။ ရိုးရာဇာတ်လမ်း တစ်ပုဒ် ဖြစ်သော ငုယင်ဒူး ရေးသားသည့် ကယူးပုံပြင်မှာ ချူးနွမ်အက္ခရာကို အသုံးပြု၍ ရေးသားခဲ့သည်။ စကားပြောရာတွင် သုံးသော အင်္ဂလိပ်စာလုံး အသုံးပြုထားသည့် ကွတ်ငူ အက္ခရာကိုမူ ယေစွိ အလက်ဇန်ဒရေ ဒီ ရုတ်ဒ် နှင့် အခြားသော ကက်သလစ် သာသနာပြု အဖွဲ့ အချို့မှ မှ ၁၇ ရာစုတွင် တီထွင်ခဲ့သည်။ ဗီယက်နမ်ရှိ လူနည်းစု လူမျိုးများမှာ ဘာသာစကား အမျိုးစုံကို ပြောဆိုကြပြီး ၎င်းတို့တွင် တေ စကား၊ မွမ် စကား၊ ချမ် စကား၊ ခမာ စကား၊ တရုတ်စကား၊ နန်းစကား နှင့် မှောင်စကား တို့ ပါဝင်သည်။ ဗီယက်နမ် အလယ်ပိုင်း ကုန်းမြင့် ဒေသရှိ မွန်တက်ခနတ်ဒ် လူမျိုးများမှာလည်း အသုံးများသော ဘာသာစကား အချို့ ကို အသုံးပြု ပြောဆိုကြသည်။ မြို့ကြီးများတွင် လက်ဟန်ခြေဟန်နှင့် သုံးသော ဗီယက်နမ်စကား အချို့ကိုလည်း တီထွင်ခဲ့ကြသည်။ ကိုလိုနီစနစ်၏ အမွေတစ်ခု အနေနှင့် ပညာတတ် ဗီယက်နမ် အချို့သည် ပြင်သစ်ဘာသာစကားကို အသုံးပြု ပြောဆိုကြသည်။ အထူးသဖြင့် လူကြီးပိုင်းများ နှင့် ယခင် တောင်ဗီယက်နမ်တွင် ပညာသင်ယူခဲ့ကြသူများမှလည်း အသုံးပြုကြသည်။ ပြင်သစ်ဘာသာစကားကို အုပ်ချုပ်ရေး ၊ ပညာရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့တွင်လည်း အသုံးပြုကြသည်။ ဗီယက်နမ်နိုင်ငံသည် ပြင်သစ်ဘာသာစကားကို အဓိကပြောဆိုသော ဖရန်ကိုဖုန်းနီ အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် ရှိနေဆဲဖြစ်ပြီး ပညာရေးတွင်လည်း ပြင်သစ်ဘာသာနှင့် ပတ်သက်သည့် စိတ်ဝင်စားမှုများ ပြန်လည်ရှင်သန်လာလျက် ရှိသည်။စစ်အေးတိုက်ပွဲကာလ အတွင်းက ဆိုဗီယက်အုပ်စုနှင့် အဆက်အဆံရှိသော ဗီယက်နမ် မိသားစု အချို့တွင် ရုရှားဘာသာစကား နှင့် အချို့ မိသားစု အနည်းငယ်တွင် ဂျာမန်ဘာသာ၊ ချက်ဘာသာ နှင့် ပိုလန်ဘာသာ တို့ကို နားလည်တတ်ကျွမ်းကြသည်။ လတ်တလော နှစ်များတွင် ဗီယက်နမ်နှင့် အနောက်နိုင်ငံများ ဆက်ဆံမှု ပိုမိုများပြား လာသဖြင့် အင်္ဂလိပ်ဘာသာစကားမှာ ဒုတိယ ဘာသာစကားအဖြစ် ရေပန်းစားလာခဲ့သည်။ အင်္ဂလိပ်ဘာသာစကားကို သင်ယူခြင်းမှာ ကျောင်းအများစုတွင် မသင်မနေရ ဖြစ်လာခဲ့ပြီး အချို့ကျောင်းများတွင် ပြင်သစ်ဘာသာစကား နှင့် အတူ သင်ကြားရကာ ကျောင်းအများအပြားတွင် ပြင်သစ်ဘာသာအစား အင်္ဂလိပ်ဘာသာစကားကို အစားထိုး သင်ကြားလာကြသည်။ ဗီယက်နမ် နှင့် အခြားအရှေ့အာရှ နိုင်ငံများ၏ ဆက်ဆံရေးမှာ ပိုမိုအားကောင်းလာသဖြင့် ဂျပန်ဘာသာစကား နှင့် ကိုရီးယား ဘာသာစကားတို့လည်း ပို၍ ရေပန်းစားလာလျက် ရှိသည်။ ကိုးကွယ်ယုံကြည်မှု ပြူးသုတေသနဌာန၏ လေ့လာသုံးသပ်ချက်အရ ၂၀၁၀ ခုနှစ်တွင် ၄၅.၃% မျှသော ဗီယက်နမ်နိုင်ငံသားတို့မှာ ဗီယက်နမ်ရိုးရာ ကိုးကွယ်ယုံကြည်မှုများကို ကိုးကွယ်ကြပြီး၊ ၁၆.၄% မှာ ဗုဒ္ဓဘာသာ၊ ၈.၂% မှာ ခရစ်ယာန်ဘာသာ၊ ၀.၄% မှာ အခြားဘာသာ နှင့် ၂၉.၆% မှာ ဘာသာမဲ့များ ဖြစ်ကြသည်။ ၂၀၀၉ ခုနှစ် ဧပြီလ ၁ရက် ဗီယက်နမ် အထွေထွေ စာရင်းအင်းရုံး၏ အစီရင်ခံစာအရ ၆.၈သန်း (သို့ လူဦးရေ၏ ၇.၉% မှာ) ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး၊ ၅.၇ သန်း (၆.၆%) မှာ ကက်သလစ် အယူဝါဒ၊ ၁.၄သန်း (၁.၇%) မှာ ဟွာဟောင် အယူဝါဒ၊ ၀.၈သန်း (၀.၉%) မှာ ကောင်ဒါအယူဝါဒ နှင့် ၀.၇ သန်း (၀.၉%) မှာ ပရိုတက်စတင့် အယူဝါဒ ကို ယုံကြည်ကိုးကွယ်ကြသည်။ စုစုပေါင်းအားဖြင့် ၁၅,၆၅၁,၄၆၇ ဦးမျှသော ဗီယက်နမ် (၁၈.၂%) မှာ ကိုးကွယ်ရာ ဘာသာကို တရားဝင် မှတ်ပုံတင်ထားကြသည်။ ၂၀၀၉ ခုနှစ် လူဦးရေ စာရင်း အရ လူဦးရေ ၁၀ သန်းကျော်သည် ဗုဒ္ဓဘာသာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ကြသည်။ ဗီယက်နမ်နိုင်ငံသား အများစုမှာ ဘိုးဘွားများကို တနည်းနည်းဖြင့် ကန်တော့လေ့ ရှိကြသည်။ ၂၀၀၇ ခုနှစ် အစီရင်ခံစာအရ ၈၁% မျှသော ဗီယက်နမ်တို့မှာ ဘုရားသခင်ကို မယုံကြည်ကြပေ။ လူဦးရေ၏ ၈% မှာ ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြပြီး စုစုပေါင်း အနေနှင့် ရိုမန်ကက်သလစ် ၆ သန်းခန့်နှင့် ပရိုတက်စတင့် ၁ သန်းနီးပါးမျှ ရှိသည်။ ပေါ်တူဂီနှင့် ဒတ်ချ်ကုန်သည်များက ၁၆ ရာစု နှင့် ၁၇ ရာစု နှစ်များ အတွင်း ဗီယက်နမ်နိုင်ငံအား ခရစ်ယာန် ဘာသာ နှင့် စတင်မိတ်ဆက်ပေးခဲ့ပြီး ၁၉ ရာစု နှင့် ၂၀ ရာစုတွင် ပြင်သစ်သာသနာပြုများက ထပ်မံ၍ ဖြန့်ဖြူးခဲ့သည်။ ဗီယက်နမ် စစ်ပွဲအတွင်းက အမေရိကန် ပရိုတက်စတင့် သာသနာပြုများက သာသနာပြုခဲ့မှု အနည်းငယ်မျှ ရှိပြီး အထူးသဖြင့် တောင်ဗီယက်နမ်ရှိ မွန်တက်ဂ်နတ်တွင် ဖြစ်သည်။ ဗီယက်နမ်ရှိ အကြီးဆုံး ပရိုတက်စတင့် ဘုရားကျောင်းများမှာ ဗီယက်နမ် ဧဝံဂေလိ အသင်းတော် နှင့် မွန်တက်ဂ်နတ် ဧဝံဂေလိ အသင်းတော်တို့ ဖြစ်ကြသည်။ ဗီယက်နမ် ပရိုတက်စတင့်များ၏ ၃ ပုံ ၂ပုံမှာ လူနည်းစု လူမျိုးများ ဖြစ်ကြသည်ဟု အစီရင်ခံစာများ အရ သိရသည်။ ကိုးကွယ်ယုံကြည်သူ နည်းပါးသော်လည်း ပရိုတက်စတင့် အယူဝါဒမှာ နိုင်ငံ၏ အမြန်ဆုံး ပြန့်ပွားနေသော အယူဝါဒ ဖြစ်ပြီး ယခင် ဆယ်စုနှစ် အတွင်း ပွားများမှုနှုန်းမှာ ၆၀၀% မျှ ရှိသည်။ ဗီယက်နမ် အစိုးရသည် ရိုမန်ကက်သလစ် အယူဝါဒပေါ်တွင် မယုံသင်္ကာမှု များပြားသည်ဟု အများက ရှုမြင်ကြသည်။ ထိုသို့ မယုံကြည်ရခြင်း၏ ဇာစ်မြစ်မှာ ၁၉ ရာစု အတွင်းက ကက်သလစ် ဘာသာဝင် အချို့က ပြင်သစ်ကိုလိုနီ နယ်ချဲ့များနှင့် ပူးပေါင်း၍ နိုင်ငံကို သိမ်းပိုက်အုပ်ချုပ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ခြင်း နှင့် ပြင်သစ်တို့မှ ၁၈၃၃ ခုနှစ် လီဗန်ခွိုင် ပုန်ကန်မှု အတွင်း ကက်သလစ် ဘုရင်ကို ခန့်အပ်ရန် ကြိုးစားရာတွင် ကူညီခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် ကက်သလစ် ဘုရားကျောင်း၏ ကွန်မြူနစ် စနစ်ကို ဆန့်ကျင်သော အတွေးအခေါ်ကြောင့်လည်း ဗီယက်နမ် အစိုးရ၏ ရန်သူ ဖြစ်စေခဲ့သည်။ ဗာတီကန် ဘုရားကျောင်းကို ဗီယက်နမ်တွင် တရားဝင် ပိတ်ပင်ထားပြီး အစိုးရမှ ထိန်းချုပ်ထားသော ကက်သလစ် အဖွဲ့အစည်းများကိုသာ ခွင့်ပြုထားသည်။ သို့သော်လည်း ဗာတီကန်မှ ဗီယက်နမ်နှင့် သံတမန် ဆက်ဆံရေး စတင်ရန် လတ်တလောနှစ်များတွင် ကြိုးပမ်းလျက် ရှိသည်။ လူနည်းစု ကိုးကွယ်သော ဘာသာတရားများလည်း ဗီယက်နမ်တွင် ရှိသည်။ ဗီယက်နမ်၏ ဒေသခံ ရိုးရာ ကိုးကွယ်ယုံကြည်မှု ဖြစ်သော ကောင်းဒါ အယူဝါဒကို ကိုးကွယ်သူများ သိသာထင်ရှားသော အရေအတွက် ရှိပြီး ထိုဘာသာမှာ ကက်သလစ်ဘုရားကျောင်း၏ ပုံစံကို ယူ၍ တည်ဆောက်ဖွဲ့စည်းထားသည်။။ ဆွန်နီ နှင့် ချမ်ဘာနီ အစ္စလာမ် ဘာသာတို့အား ချမ် တိုင်းရင်းသားတို့မှ ကိုးကွယ်ကြပြီး အနောက်တောင်ပိုင်းတွင်လည်း အစ္စလာမ်ဘာသာ ကိုးကွယ်သော တိုင်းရင်းသားများ ရှိသည်။ စုစုပေါင်း အားဖြင့် ဗီယက်နမ်တွင် မွတ်စလင် ဘာသာဝင် ၇၀,၀၀၀ မျှ ရှိပြီး ဟိန္ဒူဘာသာဝင် ၅၀,၀၀၀ မျှ ရှိကာ ဘာဟိုင်း ဘာသာဝင်များလည်း ရှိကြသည်။ ဗီယက်နမ် အစိုးရသည် ဘာသာရေး လွတ်လပ်ခွင့်များကို ပိတ်ပင်သည်ဟူသော စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်။ ဘာသာရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ တရားဝင် ရပ်တည်ချက်မှာ နိုင်ငံသားတိုင်းသည် မိမိတို့ ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပြီး ဘာသာတရား အားလုံးသည် ဥပဒေ ရှေ့မှောက်တွင် အညီအမျှ ဖြစ်သည် ဟူ၍ ဖြစ်သည်။ သို့သော်လည်း တကယ်တမ်းတွင် အစိုးရမှ ခွင့်ပြုသော ဘာသာရေး အဖွဲ့အစည်းများကိုသာ ခွင့်ပြုသည်။ ဥပမာအားဖြင့် တောင်ဗီယက်နမ်မှ တည်ထောင်သော ယူနီဖိုင်း ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုရားကျောင်းမှာ ကွန်မြူနစ် အစိုးရမှ ခွင့်ပြုသော အဖွဲ့အစည်းကို မျက်နှာသာပေးလို၍ ပိတ်ပင်တားဆီးခြင်း ခံခဲ့ရသည်။ ပညာရေး ဗီယက်နမ်တွင် အစိုးရမှ စီမံခန့်ခွဲသော ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ များပြားစွာရှိပြီး ပုဂ္ဂလိက ကျောင်းများ နှင့် ပုဂ္ဂလိက တစိတ်တပိုင်း ပါဝင်ပတ်သက်သော ကျောင်းများလည်း များပြားလာသည်။ ဗီယက်နမ်၏ အထွေထွေ ပညာရေးကို ၅ ပိုင်း ပိုင်းခြား နိုင်သည်။ ၎င်းတို့မှာ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်တို့ ဖြစ်ကြသည်။ နိုင်ငံတဝှမ်းလုံးတွင် စာတတ်မြောက်မှုကို မြှင့်တင်ရန် အတွက် အများပြည်သူ ဆိုင်ရာ ကျောင်းများကို အမြောက်အမြား ဆောက်လုပ်ခဲ့ပြီး စာတတ်မြောက်မှုနှုန်းမှာ ၂၀၀၈ ခုနှစ်တွင် ၉၀.၃% မျှ ရှိသည်။ လူအများ ပါးစပ်ဖျားတွင် ရေပန်းစားသော တက္ကသိုလ်များမှာ ဟနွိုင်းနှင့် ဟိုချီမင်း စီးတီးတို့တွင် ရှိသည်။ အကြီးအကျယ် ကပ်ဆိုက်နေသော ဗီယက်နမ်၏ ပညာရေးစနစ်ကို ပြုပြင်ရန် အတွက် အစိုးရမှ အားလုံးပေါင်းစည်း လုပ်ဆောင်သော ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်လျက် ရှိသည်။ ပညာရေးစနစ်မှာ အခမဲ့ မဟုတ်သဖြင့် အချို့ ဆင်းရဲသော မိသားစုများမှာ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းနှင့် ပုဂ္ဂလိက ထောက်ပံ့မှုတို့မပါဘဲ သားသမီးတို့၏ ကျောင်းလခများကို ပေးနိုင်ရန် အခက်အခဲ ရှိနေကြသည်။ သို့သော်လည်း ကျောင်းတက်ရောက်မှုနှုန်းမှာ ကမ္ဘာ့အမြင့်ဆုံးအဆင့်တွင် ပါဝင်သည်။ ၂၀၀၀ ပြည်နှစ်များတွင် ကောလိပ်နှင့် တက္ကသိုလ်များ သိသာထင်ရှားစွာ များပြားလာခဲပြီး ၂၀၀၀ ခုနှစ်တွင် ၁၇၈ ခုမျှ ရှိရာမှာ ၂၀၀၅ ခုနှစ်တွင် ၂၅၅ ခု အထိ ဖြစ်လာခဲ့သည်။ ကျန်းမာရေး ၂၀၀၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသားများ၏ တစ်နိုင်ငံလုံးဆိုင်ရာ ပျမ်းမျှသက်တမ်းမှာ အမျိုးသမီးများအတွက် ၇၆ နှစ် ဖြစ်ပြီး အမျိုးသားများအတွက် ၇၂ နှစ် ဖြစ်သည်။ မွေးကင်းစကလေး သေဆုံးမှုနှုန်းမှာ မွေးဖွားမှု ၁,၀၀၀ တွင် ၁ ၂ယောက်မျှ ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၈၅% မှာ တိုးတက်ကောင်းမွန်လာသော ရေအရင်းအမြစ်များကို ရရှိ သုံးစွဲနိုင်လာခဲ့ကြသည်။ သို့သော်လည်း ကျေးလက်ပြည်နယ်များတွင် အာဟာရ ချို့တဲ့မှုမှာ သိသာစွာရှိနေဆဲ ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ကျန်းမာရေး အပေါ်တွင် အစိုးရ၏ သုံးစွဲမှုမှာ ဗီယက်နမ် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၀.၉% မျှ သာရှိပြီး အစိုးရမှ ကျန်းမာရေး အသုံးစရိတ်၏ ၂၀%မျှကိုသာ အထောက်အပံ့ ပေးနိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် မြောက်ဗီယက်နမ်မှ ရွာငယ်ဇနပုဒ်များ အထိ ရောက်ရှိသော ပြည်သူ့ကျန်းမာရေး စနစ်ကို စတင်တည်ထောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် နိုင်ငံ ၂ ခု ပေါင်းစည်းပြီးနောက် တစ်နိုင်ငံလုံး ပါဝင်သော ကျန်းမာရေး ဝန်ဆောင်မှုကို စတင်ခဲ့သည်။ ၁၉၈၀ ခုနှစ်များ၏ နှောင်းပိုင်းတွင် ဘတ်ဂျက် အကန့်အသတ်ရှိခြင်း၊ ပြည်နယ်အဆင့်သို့ တာဝန်ယူမှု လွှဲပြောင်းခြင်း နှင့် အခကြေးငွေ စတင်ကောက်ခံခြင်း တို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးမှာ အဆင့်တစ်ခုသို့ နိမ့်ကျသွားခဲ့သည်။ ဘဏ္ဍာငွေ ပံ့ပိုးမှု မလုံလောက်ခြင်းကြောင့် သူနာပြုများ၊ သားဖွားဆရာမများ နှင့် ဆေးရုံကုတင် အရေအတွက်များ ကျဆင်းသွားခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ဗီယက်နမ်နိုင်ငံတွင် ဆေးရုံကုတင် ၂၅၀,၀၀၀ မျှသာ ရှိသဖြင့် လူဦးရေ ၁၀,၀၀၀ အတွက် ၁၄.၈ ကုတင်မျှ ဖြစ်သည်။ ၂၀၀၀ ခုနှစ်များ၏ အစောပိုင်းမှ စ၍ ဗီယက်နမ်နိုင်ငံသည် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွင် သိသာထင်ရှားသော တိုးတက်မှု ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်သို့ ရောက်သော အခါတွင် ပိုမိုကောင်းမွန်သော ငှက်ဖျား တိုက်ဖျက်ရေး ဆေးများ နှင့် ကုသမှုများကို စတင်မိတ်ဆက်ပြီးနောက် ငှက်ဖျားကြောင့် သေဆုံးမှုမှာ ၁၉၉၀နှစ်များ နှင့် နှိုင်းယှဉ်ပါက ၅% မျှသာ ရှိတော့သည်။ သို့သော်လည်း တီဘီရောဂါ ဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လျက် ရှိပြီး ၂၀၀၄ ခုနှစ် မေလတွင် တစ်ရက်လျှင် တီဘီကြောင့် သေဆုံးသူ ၅၇ ဦးခန့်မျှ ရှိသည်။ ကာကွယ်ဆေးထိုး အစီအစဉ်များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း၊တကိုယ်ရေ သန့်ရှင်းရေး ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း နှင့် နိုင်ငံခြား အထောက်အပံ့များကြောင့် ဗီယက်နမ်နိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှု နှင့် နှစ်စဉ် တီဘီရောဂါ အသစ် ဖြစ်ပွားမှုတို့ကို သိသာစွာ လျှော့ချနိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ဗီယက်နမ်တွင် အိတ်ချ်အိုင်ဗွီပိုး ရှိသူ ၁၀၁,၂၉၁ ဦးမျှ ရှိပြီး ၁၆,၅၂၈ ဦးမှာ အေအိုင်ဒီအက်စ် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ၉,၅၅၄ ဦးမှာ သေဆုံးခဲ့သည်။ သို့သော်လည်း အိတ်ချ်အိုင်ဗွီ ပေါ့စတစ်ဇ် ရှိသောသူများမှာ ထိုစာရင်းထက် ပို၍ မြင့်မားသည်ဟု ခန့်မှန်းရသည်။ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ရောဂါဖြစ်ပွားသူ အသစ် ၄၀မှ ၅၀ ဦးခန့်အထိ ရှိသည်။ ၂၀၀၇ ခုနှစ်တွင် လူဦးရေ၏ ၀.၅% မှာ အိတ်ချ်အိုင်ဗွီ ရောဂါပိုး ရှိနေသည်ဟု ခန့်မှန်းရပြီး ထိုစာရင်းမှာ ၂၀၀၅ ခုနှစ်အထိ ထိုအတိုင်း ရှိနေဆဲ ဖြစ်သည်။ ၂၀၀၄ ခုနှစ် ဇွန်လတွင် ဗီယက်နမ်သည် တကမ္ဘာလုံးအတွက် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အစီအစဉ် အသုံးစရိတ် အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ၏ တစိတ်တပိုင်းကို ရရှိမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံမှ ကြေညာခဲ့သည်။ ယဉ်ကျေးမှု ဗီယက်နမ်နိုင်ငံ၏ ယဉ်ကျေးမှုသည် ဆန်စပါး စိုက်ပျိုးသည့် စီးပွားရေး ပေါ်တွင် အခြေပြုသော ရှေးခေတ် ဒေသရင်း ဒေါင်ဆမ် ယဉ်ကျေးမှုမှ တိုးတက်ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် ယဉ်ကျေးမှု၏ အချို့အစိတ်အပိုင်းများမှာ တရုတ်ယဉ်ကျေးမှုတွင် မြစ်ဖျားခံပြီး ရိုးရာနိုင်ငံရေးစနစ် နှင့် အတွေးအခေါ်တို့တွင် ကွန်ဖြူးရှပ်အယူဝါဒ နှင့် တာအိုအယူဝါဒတို့မှ အစိတ်အပိုင်းများကို ယူငင်သုံးစွဲထားသည်။ ဗီယက်နမ် လူ့အဖွဲ့အစည်းသည် လန် ဟုခေါ်သော မျိုးရိုးစဉ်ဆက် ကျေးရွာများ ပေါ်တွင် အခြေပြုတည်ဆောက်ထားပြီး ဗီယက်နမ် လူမျိုးအားလုံးတို့သည် လ ပေါ်တွင် အခြေပြုသော ပြက္ခဒိန်၏ သုံးလပိုင်း ဆယ်ရက်နေ့တွင် မျိုးရိုးစဉ်ဆက်ဆိုင်ရာ စုပေါင်း နှစ်ပတ်လည်ပွဲကို ဆင်နွှဲကြသည်။ ရွှေ့ပြောင်းနေထိုင်လာသူများ ဖြစ်ကြသော ကန်တုံ၊ ဟာကား၊ ဟောက်ကျန့် နှင့် ဟိုင်နန်တို့၏ ယဉ်ကျေးမှုများကိုလည်း တွေ့ရပြီး နိုင်ငံတော် ဘာသာ ဖြစ်သော ဗုဒ္ဓဘာသာသည် လူကြိုက်များသော ယဉ်ကျေးမှုနှင့် ဆက်စပ်ယှက်နွယ်လျက် ရှိသည်။ လတ်တလော ရာစုနှစ်များတွင် အနောက်တိုင်း ယဉ်ကျေးမှု၏ လွှမ်းမိုးမှုများကို တွေ့မြင်ရပြီး အထူးသဖြင့် ပြင်သစ် နှင့် အမေရိကန် ယဉ်ကျေးမှုတို့ ဖြစ်သည်။ ဗီယက်နမ်၏ ရိုးရာယဉ်ကျေးမှုတွင် လူသားဆန်မှု နှင့် သဟဇာတဖြစ်မှု တို့ကို အလေးအနက် ထားကြပြီး မိသားစု နှင့် အသိုင်းအဝိုင်းတို့၏ တန်ဖိုးကို အလွန်ပင် စောင့်ထိန်းကြသည်။ ဗီယက်နမ်တွင် အဓိက ယဉ်ကျေးမှု ပြယုဂ်အချို့ကို အလေးအမြတ် ပြုကြပြီး ၎င်းတို့တွင် မိကျောင်းနှင့် မြွေပုံတို့မှ ပေါင်းစပ်ဆင်းသက်လာသော ဗီယက်နမ် နဂါး၊ ဗီယက်နမ်၏ အမျိုးသား ဖခင် မြင့်မြတ်သော နဂါး အဖြစ် ပုံဖော်ကြသည့် လတ်လောင်ကွမ်း၊ ဗီယက်နမ်၏ အမျိုးသား မိခင်ကို ကိုယ်စားပြုသော မြင့်မြတ်သော လတ် ငှက် နှင့် အခြား ထင်ရှားသော ပြယုဂ်တစ်ခုမှာ အော်ကို နတ်သမီး တို့ ဖြစ်ကြကာ လိပ်နှင့် မြင်းပုံတို့ကိုလည်း အလေးအမြတ် ပြုကြသည်။ ခေတ်သစ် အချိန်အခါတွင် ဗီယက်နမ်၏ ယဉ်ကျေးမှုမှာ အစိုးရမှ ထိန်းချုပ်ထားသော မီဒီယာများနှင့် ယဉ်ကျေးမှု အစီအစဉ်များမှ အလွန်အမင်း လွှမ်းမိုးခြင်း ခံရသည်။ ဆယ်စုနှစ်ပေါင်းများစွာ တိုင်အောင်ပင် နိုင်ငံခြားမှ ယဉ်ကျေးမှု လွှမ်းမိုးခြင်း အထူးသဖြင့် အနောက်နိုင်ငံများမှ အခြေတည်သော ယဉ်ကျေးမှုများကို ရှောင်ကြဉ်ကြသည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်များမှ စ၍ ဗီယက်နမ်သည် အရှေ့တောင်အာရှ၊ ဥရောပ၊ အမေရိကန် ယဉ်ကျေးမှု နှင့် မီဒီယာတို့နှင့် များစွာ ထိတွေ့လာခဲ့သည်။ မီဒီယာ ဗီယက်နမ်နိုင်ငံ၏ မီဒီယာကဏ္ဍကို အစိုးရမှ ၂၀၀၄ ခုနှစ် ထုတ်ဝေခြင်း ဥပဒေဖြင့် ထိန်းချုပ်ထားသည်။ ယေဘုယျအားဖြင့် လက်ခံထားကြသည်မှာ ဗီယက်နမ်၏ မီဒီယာကဏ္ဍကို အစိုးရမှ တရားဝင် ကွန်မြူနစ်ပါတီ၏ အာဘော်နှင့် ညီအောင် ထိန်းချုပ်ထားသည်ဟု ဖြစ်သော်လည်း အချို့သော သတင်းစာများတွင် မကျေနပ်ချက်များကို ထုတ်ဖော်ရေးသားလေ့ ရှိသည်။ ဗီယက်နမ် အသံမှာ အစိုးရမှ တရားဝင် ထုတ်လွှင့်သော ရေဒီယို အသံလွှင့်လုပ်ငန်းဖြစ်ပြီး နိုင်ငံတကာသို့ အခြားတိုင်းပြည်များတွင် ငှားရမ်းထားသော အသံလွှင့်စက်များမှ တဆင့် လှိုင်းတိုဖြင့် လွှင့်ထုတ်ကာ ၎င်း၏ ဝက်ဘ်ဆိုက်ဒ်မှလည်း ထုတ်လွှင့်သည်။ ဗီယက်နမ် ရုပ်မြင်သံကြားသည် နိုင်ငံတော်ပိုင်း ရုပ်သံထုတ်လွှင့်ရေး ကုမ္ပဏီ ဖြစ်သည်။ ၁၉၉၇ ခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံသည် အင်တာနက် သုံးစွဲမှုကို ဥပဒေကြောင်းအရ လည်းကောင်း၊ နည်းပညာအားဖြင့် လည်းကောင်း ကျယ်ပြန့်စွာ ကန့်သတ်မှုများ ပြုလုပ်လာခဲ့သည်။ ထို့အတွက်ကြောင့် ဖြစ်လာသော အင်တာနက် ပိတ်ဆို့မှုများကို ဝါးဖြင့် လုပ်ထားသော ဖိုင်းယားဝေါလ်ဟု ရည်ညွှန်းသုံးစွဲကြသည်။ စုပေါင်းလုပ်ကိုင်ကြသော ပရော့ဂျက် ဖြစ်သည့် အိုးပင်းနက် အစ်နစ်ရှေးတစ်မှ ဗီယက်နမ်၏ အွန်လိုင်း နိုင်ငံရေး ဆင်ဆာဖြတ်မှုကို ကျယ်ပြန့်သော အဆင့်ဟု သတ်မှတ် ထားပြီး နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ဗီယက်နမ်မှာ တကမ္ဘာလုံးရှိ အင်တာနက်၏ ရန်သူ ၁၅ ဦး ထဲမှ တစ်ဦး အဖြစ် သတ်မှတ်ထားသည်။ ဗီယက်နမ် အစိုးရမှ နိုင်ငံတော်အား ညစ်ညမ်းသော အရာများနှင့် လိင်ပိုင်းဆိုင်ရာ အသားပေးဖော်ပြသော အရာများမှ အင်တာနက်အား ပိတ်ဆို့ခြင်းဖြင့် ကာကွယ်ရန် ကြိုးစားသည်ဟု ဆိုသော်လည်း နိုင်ငံရေး အားဖြင့်လည်းကောင်း ဘာသာရေးအားဖြင့် လည်းကောင်း ထိရှလွယ်သော ဝက်ဘ်ဆိုက်ဒ်များကိုလည်း ဝင်ရောက်ကြည့်ရှုခွင့်မပြုဘဲ တားမြစ်ထားသည်။ ဂီတ ဗီယက်နမ် ရိုးရာဂီတသည် နိုင်ငံ၏ တောင်ပိုင်းဒေသ နှင့် မြောက်ပိုင်းဒေသတို့တွင် ကွဲပြားခြားနားသည်။ မြောက်ပိုင်း ဂန္ထဝင် ဂီတသည် ရှေးအကျဆုံး ဂီတအမျိုးအစား ဖြစ်ပြီး ရိုးရာအားဖြင့် ပို၍ ခမ်းနားသည်။ ဗီယက်နမ် ဂန္ထဝင်ဂီတ၏ ဇာစ်မြစ်ကို လိုက်မည် ဆိုပါက ၁၃ ရာစု အတွင်း မွန်ဂိုတို့၏ ကျူးကျော်မှုတွင် စတင်မည် ဖြစ်ပြီး ထိုစဉ်က ဗီယက်နမ်တို့မှ တရုတ်အော်ပရာ အကအဖွဲ့ တစ်ဖွဲ့အား ဖမ်းဆီးခဲ့သည်။ သမိုင်းကြောင်း တလျှောက်တွင် ဗီယက်နမ်တို့၏ ဂီတတွင် တရုတ်ဂီတမှ အဓိက အစိတ်အပိုင်းအနေနှင့် များစွာ ရိုက်ခတ်မှု ရှိပြီး ကိုရီးယား၊ မွန်ဂိုးလီးယား နှင့် ဂျပန်တို့၏ ရိုတ်ခတ်မှုများလည်း ရှိသည်။ နာညတ် ဂီတသည် တော်ဝင်နန်းသုံးဂီတများထဲမှ လူကြိုက်များသော ဂီတတစ်ခုဖြစ်ပြီး ချောင် ဂီတသည် ယေဘုယျအားဖြင့် ဂီတဇာတ်ရုံများတွင် သုံးသော သရော်သည့် ဂီတတစ်မျိုး ဖြစ်ကာ ဆန်း သို့မဟုတ် ဟတ်ဆန်းဂီတသည် ဗီယက်နမ် ရိုးရာ ဂီတတစ်ခု ဖြစ်သည်။ ကွမ်ဟို ဂီတမှာ ဟာဘတ်ဒေသ (မာနင်း နှင့် ဘတ်ရန်ပြည်နယ် နှစ်ခုပေါင်း) နှင့် ဗီယက်နမ် နိုင်ငံ တဝှမ်းလုံးတွင် လူကြိုက်များသည်။ ဟတ်ချောဗန်း သို့မဟုတ် ဟတ်ဗန်းဂီတမှာမူ ပွဲလမ်းသဘင် ကျင်းပချိန်တွင် နတ်များကို နှိုးဆော်ရန် အတွက် သုံးသော ဂီတအမျိုးအစား ဖြစ်သည်။ နတ်ဒန်တော့ကိုင်ဗျန်း သည် ဗီယက်နမ် ရိုးရာဂီတ၏ ခေတ်သစ်ပုံစံဖြစ်ပြီး ၁၉၅၀ ခုနှစ်များတွင် ပေါ်ထွက်လာခဲ့သည်။ ကာထရူး ဂီတသည်လည်း လူကြိုက်များသော ရိုးရာ ဂီတတစ်မျိုး ဖြစ်သည်။ ဟို ဂီတမှာ ကွမ်းဟိုဂီတ၏ တောင်ပိုင်း စတိုင်လ်ဟု မယူဆနိုင်ပေ။ ရိုးရာတူရိယာများ အများအပြား ရှိပြီး ၎င်းတို့တွင် ဒန်ဘောဟု ခေါ်သော ကြိုးတစ်ချောင်းတပ် ဒုံမင်း၊ ဒန်ဂေါဟု ခေါ်သော ကြိုးနှစ်ချောင်းတပ် အုန်းမုတ်ခွက် တယော နှင့် ဒန်ငုယက်ဟု ခေါ်သော ကြိုးနှစ်ချောင်းတပ် လက်ကွက်ပါဝင်သော ဗျပ်စောင်းတို့ ဖြစ်ကြသည်။ စာပေ ဗီယက်နမ်စာပေတွင် ရာစုနှစ်နှင့် ချီသော သမိုင်းကြောင်းရှိသည်။ ဗီယက်နမ် ရိုးရာစာပေတွင် ကြွယ်ဝသော ယဉ်ကျေးမှုများရှိပြီး ၆ ပိုဒ်မှ ၈ ပိုဒ်အတွင်းရှိသော ကာဒေါင်ဟု ခေါ်သည့် ကဗျာပုံစံကို အခြေခံထားကာ ကျေးရွာရှိ ဘိုးဘွားများ နှင့် သူရဲကောင်းများ အကြောင်းကို အဓိကထား ရေးသားလေ့ ရှိသည်။. ပေထက် အက္ခရာတင်သော စာပေများကို ၁၀ ရာစုနှစ် ငိုမင်းဆက်လက်ထက်မှ စတင်တွေ့ရှိရပြီး ထင်ရှားသော ရှေးခေတ်စာဆိုတော်များမှာ ငုယင်ထရိုင်၊ ထရန်ဟန်းဒေါင်၊ ငုယင်ဒူး နှင့် ငုယင်ဒင်တို့ ဖြစ်ကြသည်။ အချို့သော စာပေအမျိုးအစားများမှာ ပြဇာတ်ကရာတွင် အရေးပါသော အပိုင်းမှ ပါဝင်ပြီး ဥပမာအားဖြင့် အမျိုးသမီး တစ်ဦးတည်း သီဆိုဖျော်ဖြေသော ကထရူး ဟုခေါ်သော ဖျော်ဖြေမှုများတွင် အသုံးပြုကြသည်။ တောင်ဒန် ကဲ့သို့သော ကဗျာသမဂ္ဂများကိုလည်း ဗီယက်နမ်တွင် ဖွဲ့စည်းကြသည်။ လတ်တလောခေတ်တွင် ဗီယက်နမ်စာပေများကို အနောက်တိုင်း စတိုင်လ်များမှ လွှမ်းမိုးခြင်း ခံရပြီး ပထမဆုံး စာပေပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု ဖြစ်သော သိုမွိုင်သညည် ၁၉၃၂ ခုနှစ်တွင် စတင်ပေါ်ထွက်လာခဲ့သည်။ ပွဲတော်များ ဗီယက်နမ်တွင် လဆန်း လဆုတ် ပြက္ခဒိန်ပေါ် အခြေပြုသော ပွဲတော် အမြောက် အများရှိပြီး အရေးအပါဆုံးမှာ တက် နှစ်သစ်ကူးပွဲ ဖြစ်သည်။ ရိုးရာ ဗီယက်နမ် လက်ထပ်မင်္ဂလာပွဲမှာ ရေပန်းစားပြီး နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော ဗီယက်နမ် လူမျိုးများပင် အနောက်နိုင်ငံများတွင် ဆင်နွှဲလေ့ ရှိကြသည်။ ခရီးသွား လုပ်ငန်း ဗီယက်နမ်သည် ၁၉၉၀ ပြည့်နှစ်များမှစ၍ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်သည့် အဓိက နေရာတစ်နေရာ ဖြစ်လာခဲ့ပြီး အစိုးရနှင့် ပုဂ္ဂလိကတို့၏ သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်ကာ အဓိကအားဖြင့် ကမ်းရိုးတန်း ဒေသများတွင် ဖြစ်သည်။ ၂၀၀၉ ခုနှစ် တစ်နှစ်တည်းတွင်ပင် ဗီယက်နမ်သို့ နိုင်ငံတကာမှာ ကမ္ဘာလှည့် ခရီးသွား ၃.၇၇ သန်းခန့် လာရောက် လည်ပတ်ခဲ့သည်။ လူကြိုက်များ ရေပန်းစားသော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း နေရာများမှာ ယခင် ဘုရင်နန်းစိုင်ရာ ဟူး ရွှေမြို့တော်၊ ကမ္ဘာ့အမွေခံ နေရာများဖြစ်သော ဖောင်းနကီဘန် အမျိုးသား ဥယျာဉ်၊ ဟွိုင်အန်း နှင့် မိုင်ဆွန်၊ ကမ်းရိုးတန်း ဒေသဖြစ်သော နာထရန်၊ ဟလောင်ပင်လယ်အော်ရှိ လှိုဏ်ဂူများ နှင့် စကျင်ကျောက် တောင်ကုန်းများတို့ ဖြစ်ကြသည်။ များစွာသော ခရီးသွားလုပ်ငန်း စီမံကိန်းများမှာ တည်ဆောက်ဆဲ ဖြစ်ပြီး ဥပမာအားဖြင့် အရှေ့တောင် အာရှတွင် သဘာဝ မဟုတ်ဘဲ တည်ဆောက်ထားသည့် အကြီးဆုံး ပင်လယ်ဖြစ်သော ဗန်ယောင်း ခရီးသွားများ လည်ပတ်စရာ နေရာ ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် အမေရိကန် ပေါ့ပ်တေးဂီတ ကြယ်ပွင့် မိုက်ကယ်ဂျက်ဆန် ၏ ဖခင် ဂျိုးဂျက်ဆန်မှ အရှေ့တောင်အာရှတွင် အကြီးဆုံး ဖျော်ဖြေရေး အဆောက်အဦး ဖြစ်လာမည့် ကြယ်ငါးပွင့် ဟိုတယ် နှင့် အပန်းဖြေစခန်း ဖြစ်သော ဟက်ပီးလန်း အား အုတ်မြစ်ချ ဖွင့်လှစ်ပွဲသို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ အမေရိကန် ဒေါ်လာ ၂ သန်းတန်သော ထို စီမံကိန်းမှာ နှစ်စဉ် ခရီးသွား ၁၄ သန်းကို တာဝန်ယူ ဧည့်ခံနိုင်မည် ဖြစ်ပြီး ဟိုချီမင်းစီးတီး အနီးရှိ လောင်အန်းပြည်နယ်တွင် တည်ရှိသည်။ ထိုအဆောက်အဦးမှာ ၂၀၁၄ တွင် ပြီးစီးမည်ဟု ခန့်မှန်းရသည်။ အဝတ်အထည် ပွဲတက်ဝတ်စုံဖြစ်သော အောင်းယိုင် ကို မင်္ဂလာ ဧည့်ခံပွဲ နှင့် ဘာသာရေး ပွဲလမ်းသဘင်များတွင် ဝတ်ဆင်ကြသည်။ ဗီယက်နမ်နိုင်ငံ တဝှမ်းရှိ အထက်တန်းကျောင်း အများအပြားတွင် မိန်းကလေးများ အနေနှင့် အဖြူရောင် အောင်းယိုင်ကို ယူနီဖောင်း အဖြစ် ဝတ်ဆင်ကြရသည်။ ယခင်က အောင်းယိုင်ကို ကျားမ နှစ်မျိုးစလုံး ဝတ်စားခဲ့ကြသော်လည်း ယနေ့ခေတ်တွင် အမျိုးသမီးများသာ သီးသန့် ဝတ်ဆင်ကြပြီး အမျိုးသားများမှာမူ ရိုးရာ မင်္ဂလာဧည့်ခံပွဲ ကဲ့သို့သော အခမ်းအနားများတွင်သာ ဝတ်ဆင်ကြသည်။ အခြားသော ဗီယက်နမ် ရိုးရာ အဝတ်အစားများတွင် လေးပိုင်းစပ် အမျိုးသမီး ဝတ်စုံဖြစ်သော "အောင်းတူသန်"၊ အောင်းတူသန်ကို ၅ ပိုင်းစပ် ပုံစံဖြစ်သော အောင်းငူ တို့ကို မြောက်ပိုင်းဒေသများတွင် အများအားဖြင့် ဝတ်ဆင်ကြပြီး အခြား ရိုးရာ အဝတ်အစားများမှာ "ယမ်" ဟုခေါ်သော အတွင်းခံ နှင့် "အောင်းဘားဘာ" ဟုခေါ်သော ကျေးလက်ဒေသတွင် အလုပ်လုပ်ရာတွင် ကျားမ နှစ်ဦးစလုံး ဝတ်ဆင်သည့် ဝတ်ရုံရှည်၊ အစိုးရ ဧည့်ခံပွဲများတွင် ဝတ်ဆင်သော ဘရိုကိတ် ပွဲတက်ဝတ်စုံ အင်္ကျီရှည် နှင့် မင်္ဂလာဆောင်တွင် သတို့သား ဝတ်ဆင်သော "အောင်းသဲ" စသည်တို့ ဖြစ်ကြသည်။ ရိုးရာ ခေါင်းဆောင်းများတွင် "နွန်လား" ဟုခေါ်သည့် ဗီယက်နမ် ခမောက် နှင့် မီးအုပ်ဆောင်းနှင့် တူသည် "နွန်ကွိုင်သိုး" တို့လည်း ပါဝင်သည်။ အားကစား ဗိုဗီနမ် နှင့် ဘင်းဒင်း ကိုယ်ခံပညာတို့ကို ဗီယက်နမ် နိုင်ငံ အနှံ့အပြားတွင် ကစားကြပြီး ဘောလုံးကစားခြင်းမှာ နိုင်ငံအတွင်း ရေပန်း အစားဆုံး အဖွဲ့လိုက် ကစားနည်း ဖြစ်သည်။ ဗီယက်နမ် အမျိုးသား ဘောလုံးအသင်းသည် ၂၀၀၈ ခုနှစ်တွင် အာဆီယံ ဘောလုံး ချန်ပီယံ ဖလားကို ရယူနိုင်ခဲ့သည်။ အခြားသော အနောက်တိုင်း အားကစားနည်းများ ဖြစ်သည့် ကြက်တောင်၊ တင်းနစ်၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ် နှင့် စစ်တုရင်တို့မှာလည်း လူကြိုက်များသော ကစားနည်းများ ဖြစ်သည်။ ဗီယက်နမ်သည် နွေရာသီ အိုလံပစ် အားကစားပွဲတွင် ၁၉၅၂ ခုနှစ်မှ စတင် ပါဝင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် နိုင်ငံ နှစ်ခြမ်းကွဲပြီးနောက် တောင်ဗီယက်နမ်မှသာ အိုလံပစ် အားကစားပွဲတွင် ပါဝင်ခဲ့ပြီး ၁၉၅၆ ခုနှစ်နှင့် ၁၉၇၂ ခုနှစ်တို့တွင် အားကစားသမားများ စေလွှတ် ယှဉ်ပြိုင်စေခဲ့သည်။ ၁၉၇၆ ခုနှစ် ဗီယက်နမ် နှစ်နိုင်ငံ ပေါင်းစည်းပြီးနောက်တွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံအနေနှင့် ယှဉ်ပြိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ နွေရာသီ အိုလံပစ် အားကစားပွဲတော်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ လက်ရှိ ဗီယက်နမ် အိုလံပစ် ကော်မတီအား ၁၉၇၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (အိုင်အိုစီ) မှ ၁၉၇၉ တွင် တရားဝင် အသိအမှတ် ပြုခဲ့သည်။ ၂၀၁၄ ခုနှစ် အထိ ဗီယက်နမ်သည် ဆောင်းရာသီ အိုလံပစ် အားကစားတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးခြင်း မရှိပေ။ ၂၀၁၆ ခုနှစ်တွင် ဗီယက်နမ်သည် ဘရာဇီးနိုင်ငံ ရိုင်ယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသော နွေရာသီ အိုလံပစ်အားကစားပွဲတွင် ပထမဆုံးသော ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့သည်။ ဟင်းလျာများ ဗီယက်နမ်၏ ဟင်းလျာများသည် အခြေခံ ရသာ ၅ ပါးတို့၏ ပေါင်းစပ်မှုကို အခြေခံထားသည်။ ၎င်းတို့မှာ အစပ် (သတ္တု) ၊ အချဉ် (သစ်သား) ၊ အခါး (မီး) ၊ အငံ (ရေ) နှင့် အချို (မြေကြီး) တို့ ဖြစ်ကြသည်။ အများအားဖြင့် ပါဝင်သော အမယ်များမှာ ငံပြာရည်၊ ပုဇွန်ငါးပိ၊ ပဲငံပြာရည်၊ ဆန်၊ လတ်ဆတ်သော ဟင်းခတ်အမွှေးအကြိုင်များ၊ သစ်သီးများ နှင့် ဟင်းသီးဟင်းရွက်များတို့ ဖြစ်ကြသည်။ ဗီယက်နမ် ချက်နည်းပြုတ်နည်းများတွင် စပါးလင်၊ ဂျင်း၊ ပူဒီနာ၊ ဗီယက်နမ် ပူဒီနာ၊ နံနံပင်ရှည်၊ ဆိုင်းဂုံ သစ်ကြမ်းပိုးခေါက်၊ ငှက်မျက်စိ ငရုတ်သီး၊ သံပရာသီး နှင့် ပင်စိမ်းရွက်တို့ကို အသုံးပြုကြသည်။ ဗီယက်နမ် ရိုးရာ ချက်နည်းပြုတ်နည်းသည် လတ်ဆတ်သော အမယ်များကို အသုံးပြုခြင်း၊ ဆီကို အနည်းငယ်သာ အသုံးပြုခြင်း၊ ဟင်းခတ်အမွှေးအကြိုင်များ နှင့် ဟင်းသီးဟင်းရွက်များအား အားထား ချက်ပြုတ်ခြင်းတို့ကြောင့် ဗီယက်နမ် ဟင်းလျာများသည် ကမ္ဘာပေါ်ရှိ ကျန်းမာရေးနှင့် အညီညွတ်ဆုံး ဟင်းလျာများတွင် တစ်မျိုး အပါအဝင် ဖြစ်သည်။ မြောက်ဗီယက်နမ်ရှိ ဒေသခံ အစားအသောက်များမှာ တောင်ပိုင်းအစားအသောက်များထက် ပို၍ အစပ်နည်းပြီး မြောက်ဗီယက်နမ်ရှိ အေးမြသော ရာသီဥတုကြောင့် ဟင်းခတ်အမွှေးအကြိုင် အစပ်များ ထုတ်လုပ်ရန်နှင့် ရရှိရန် ခက်ခဲပြီး အစပ်အရသာ ရရှိရန် ငရုတ်သီးအစား ငရုတ်ကောင်းမှုန့်အမည်းကို အသုံးပြုကြသည်။ ဝက်သား၊ အမဲသားနှင့် ကြက်သားတို့အား ယခင်က အနည်းငယ်သာ အသုံးပြုကြပြီး ဟင်းလျာများတွင် ရေချိုငါးများ နှင့် အခွံမာရေနေသတ္တဝါများ ဖြစ်ကြသော ဂဏန်း နှင့် ခရုတို့ကို အဓိကထား ချက်ပြုတ်ကြသည်။ ငံပြာရည်၊ ပဲငံပြာရည်၊ ပုဇွန်ငံပြာရည်နှင့် သံပရာသီးတို့မှာ အဓိက အရသာအဖြစ် ထည့်သွင်းချက်ပြုတ်ထားသော အမယ်များ ဖြစ်သည်။ ဗီယက်နမ်၏ အထိမ်းအမှတ် အစားအသောက်များ ဖြစ်ကြသော ဘွန်ရူး (အသားပါသည့် ကြာဇံပြုတ်) နှင့် ဘန်ကွမ်းတို့မှာ မြောက်ပိုင်းတွင် စတင်ပေါ်ပေါက်လာပြီး ရွှေ့ပြောင်းနေထိုင်သူများမှ အလယ်ပိုင်း နှင့် တောင်ပိုင်းသို့ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဆက်စပ်ကြည့်ရှုရန် မှတ်ချက်များ ကိုးကား ပြင်ပလင့်များ Vietnam profile from BBC News Vietnam from UCB Libraries GovPubs Portal of the Government of Vietnam Communist Party of Vietnam – official website (in Vietnamese) National Assembly – the Vietnamese legislative body General Statistics Office Ministry of Foreign Affairs Chief of State and Cabinet Members ကွန်မြူနစ် နိုင်ငံများ အာဆီယံအသင်းဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%99%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
စပိုင်ဝဲလ် (ကွန်ပျူတာ)
ဝက်ဘ်ဆိုဒ်များမှတဆင့် သင်၏ကွန်ပျူတာအတွင်း ဝင်ရောက်ကာ အချက်အလက်များကို စုံစမ်းထောက်လှမ်းတတ်သည့် ဆော့ဖ်ဝဲဖိုင်များ ဖြစ်သည်။ ၎င်းတို့သည် ဗိုင်းရပ်စ်များကဲ့သို့ ပုံတူပွားခြင်း နှောင့်ယှက်ဖျက်ဆီးခြင်းမျိုး ပြုလုပ်မှာမဟုတ်ဘဲ သင့်ကွန်ပျူတာအတွင်းမှ သတင်းအချက်အလက်များကို ရယူရန် ကြိုးစားလုပ်ဆောင်မည် ဖြစ်သည်။ အထူးသဖြင့် ငွေကြေးဆိုင်ရာ လုပ်ငန်းသမားများကို ဒုက္ခပေးမည်၊ လုံခြုံရေးအတွက် အထူးသတိထားရမည့် ဆော့ဖ်ဝဲဖိုင် ဖြစ်သည်။ သတိပြုရန် spyware ဆိုသည်မှာ program တစ်ခုဖြစ်ပြီး အများအားဖြင့်မိမိ၏ ခွင့်ပြုချက်မယူဘဲ ကွန်ပျူတာ ထဲကို install လုပ်ပြီး မိမိ၏ ကိုယ်ပိုင်အချက်အလက်တွေကိုစုဆောင်းပြီး တခြား internet marketing နှင့် ညစ်ညမ်း websites များကို ပို့ပေးလေ့ရှိသည်။ ထိုကဲ့သို့ site များကို ဝင်ကြည့်တာပဲဖြစ်ဖြစ် download ဆွဲတာဖြစ်ဖြစ် spyware ပါလာတတ်သည်။ internet မှာ အလကားပေးသော program များမှ spyware က virus အနေနှင့် တစ်စိတ်တစ်ပိုင်းအနေနှင့် ပါလာတတ်သည်။ ထို့ကြောင့် အလကားရသော တချို့ program များကို သေသေချာချာစဉ်းစားပြီးမှ install လုပ်သင့်သည်။ ကွန်ပျူတာ လုံခြုံရေး
https://my.wikipedia.org/wiki/%E1%80%85%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9D%E1%80%B2%E1%80%9C%E1%80%BA%20%28%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC%29
မလေးရှားနိုင်ငံ
မလေးရှားနိုင်ငံသည် ဖက်ဒရယ် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အရှေ့တောင် အာရှ တွင် တည်ရှိသည်။ မလေးရှားနိုင်ငံတွင် ပြည်နယ် ၁၃ ခုနှင့် ဖက်ဒရယ် နယ်မြေ ၃ ခု ပါဝင်ကာ စတုရန်းမိုင်ပေါင်း ၁၂၇,၇၂၀ စတုရန်းမိုင် (စတုရန်း ကီလိုမီတာ ၃၃၀,၈၀၃ ကီလိုမီတာ) မျှ အကျယ်အဝန်းရှိကာ တောင်တရုတ်ပင်လယ်ဖြင့် ပိုင်းခြားထားသော အရွယ်အစား တူညီသော နယ်မြေအစိတ်အပိုင်းနှစ်ခု ရှိကာ ကျွန်းဆွယ် မလေးရှား နှင့် အရှေ့မလေးရှား (ဘော်နီယို မလေးရှား) ဟု ခေါ်ကြသည်။ ကျွန်းဆွယ် မလေးရှားဒေသမှာ ထိုင်းနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ်၊ ပင်လယ်ပြင်နယ်နိမိတ် ထိစပ်လျက် ရှိကာ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ တို့ နှင့် ပင်လယ်ပြင် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ အရှေ့မလေးရှား မှာမူ ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ နှင့် ပင်လယ်ပြင်နယ်နိမိတ်၊ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက် ရှိကာ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့နှင့် ပင်လယ်ပြင်နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ မြို့တော်မှာ ကွာလာလမ်ပူမြို့ ဖြစ်ပြီး ဖက်ဒရယ် အစိုးရ ရုံးထိုင်ရာမြို့မှာ ပူထရာဂျာရားမြို့ ဖြစ်သည်။ လူဦးရေ သန်း ၃၀ ရှိသဖြင့် ကမ္ဘာပေါ်တွင် ၄၄ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်သည်။ ယူရေးရှားတိုက်ကြီး၏ တောင်ဘက်ဆုံး အမှတ်ဖြစ်သော တန်ဂျွန် ပီရိုင်းမှာ မလေးရှားနိုင်ငံတွင် ရှိသည်။ ယဉ်စွန်းတန်း နှစ်ခုကြားရှိ အပူပိုင်းဒေသတွင် တည်ရှိပြီး ကမ္ဘာပေါ်ရှိ မက်ဂါဒိုင်ဗတ်စ် နိုင်ငံ ၁၈ နိုင်ငံတွင် တစ်နိုင်ငံ အဖြစ် ပါဝင်ကာ နိုင်ငံအတွင်း တွေ့ရသော တောရိုင်းတိရစ္ဆာန် မျိုးစိတ် အများအပြား ရှိသည်။ မ​လေးရှားနိုင်ငံ၏ မူလရင်းမြစ်မှာ ထိုနေရာတွင် ရှိခဲ့သော မလေး ဘုရင် အုပ်ချုပ်ရာ ဒေသများ ဖြစ်ခဲ့ပြီး ၁၈ ရာစုမှစ၍ ဗြိတိသျှ အင်ပိုင်ယာ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ပထမဆုံးသော ဗြိတိသျှ နယ်မြေများကို ရေလက်ကြား အခြေချရာ နေရာမျာဟု ခေါ်ပြီး ထိုဒေသမများ တည်ထောင်ပြီးနောက် မလေးဘုရင် အုပ်ချုပ်ရာ ဒေသများမှာ ဗြိတိသျှ တို့၏ အစောင့်အရှောက်ခံ နယ်မြေ ဖြစ်လာခဲ့သည်။ ကျွန်းဆွယ် မလေးရှား ဒေသရှိ နယ်မြေများကို ၁၉၄၆ ခုနှစ်တွင် မလေးပြည်ထောင်စု အဖြစ် ပေါင်းစည်းခဲ့သည်။ မလာယာ ဒေသအား မလာယာ ဖက်ဒရေးရှင်း ဒေသ အဖြစ် ၁၉၄၈တွင် ပြန်လည် ဖွဲ့စည်းခဲ့ပြီး ၁၉၅၇ ဩဂုတ်လ ၃၁ရက် တွင် လွတ်လပ်ရေး ရခဲ့သည်။ မလေးရှားသည် ဘော်နီယိုကျွန်း မြောက်ပိုင်း၊ ဆာရာဝပ်နှင့် စင်ကာပူတို့နှင့် ၁၉၆၃ စက်တင်ဘာ ၁၆တွင် ပေါင်းစည်းခဲ့သည်။ နှစ်နှစ်မျှ မကြာသော အချိန် ၁၉၆၅တွင် စင်ကာပူသည် ဖက်ဒရယ် ဒေသမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ မလေးရှားနိုင်ငံသည် လူမျိုးစုံနှင့် ယဉ်ကျေးမှုစုံ ရှိသောနိုင်ငံဖြစ်ပြီး ထိုအချက်မှာ နိုင်ငံရေးတွင် ကျယ်ပြန့်သော အခန်းကဏ္ဍမှ ပါဝင် ပတ်သက်လျက် ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ အစ္စလာမ် ဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ကြေညာထားသော်လည်း မွတ်စလင် မဟုတ်သူများ အတွက်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားသည်။ အစိုးရ စနစ်မှာ ဝက်စ်မင်စတာ ပါလီမန် စနစ်ကို နီးကပ်စွာ နမူနာ ယူထားပြီး တရားဥပဒေစနစ်မှာ ဖြတ်ထုံး စနစ်ကို အခြေခံ ထားသည်။ နိုင်ငံတော်၏ အကြီးအမှူးမှာ ဘုရင်ဖြစ်ပြီး "ယန် ဒီပါတွမ် အဂေါင်း" ဟု ခေါ်သည်။ ဘုရင်မှာ မလေးရှား ပြည်နယ် ကိုးခုမှ ဆွေစဉ်မျိုးဆက် အုပ်ချုပ်သူများထဲမှာ တစ်ဦးကို ငါးနှစ်တစ်ကြိမ် ရွေးချယ်ခြင်း ဖြစ်သည်။ အစိုးရ အဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ် ဖြစ်သည်။ လွတ်လပ်ရေး ရသည့် အချိန်မှစ၍ မလေးရှားသည် အာရှတွင် အကောင်းဆုံး စီးပွားရေး စံချိန်တင်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ဂျီဒီပီမှာ နှစ်စဉ် ၆.၅% တိုးတက်လာခဲ့သည်မှာ နှစ်ပေါင်း ၅၀ ခန့် ရှိပြီ ဖြစ်သည်။ စီးပွားရေးမှာ ပုံမှန်အားဖြင့် သဘာဝ အရင်းအမြစ်များကို အခြေခံ ထားသော်လည်း သိပ္ပံ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး နှင့် နိုင်ငံရပ်ခြား ဆေးကုသခံမည့်သူများကို လက်ခံခြင်း လုပ်ငန်းတို့သို့ တိုးချဲ့လာခဲ့သည်။ ယနေ့ခေတ် အခါတွင် မလေးရှားနိုင်ငံသည် လတ်တလော စက်မှုလုပ်ငန်း ဖွံ့ဖြိုးပြီးသော ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံးသည့် နိုင်ငံဖြစ်လာပြီး အရှေ့တောင် အာရှတွင် တတိယ နေရာရှိကာ ကမ္ဘာပေါ်တွင် နံပါတ် ၂၉ ရှိသည်။ အာဆီယံ အဖွဲ့၊ အရှေ့အာရှ ထိပ်သီးအဖွဲ့၊ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ တို့ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၊ ဓနသဟာယ နိုင်ငံများ အဖွဲ့ နှင့် ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ တို့တွင် အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ အမည်ရင်းမြစ် မလေးရှားဆိုသော အမည်မှာ မလေး ဟူသော အမည်နှင့် လက်တင်-ဂရိဘာသာတို့၏ အပိတ်စကားလုံး "ရှား" တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မလေးရှား ဘာသာမှ မလာယု ဆိုသော စကားလုံးမှာ တမီလ် ဘာသာစကား "မလိုင်" နှင့် "အာ"တို့မှ ဆင်းသက်လာခြင်း ဖြစ်နိုင်ပြီး "တောင်ကုန်း" နှင့် "မြို့တော်၊ ကုန်းမြေ" ဟု အသီးသီး အဓိပ္ပာယ်ရသည်။ ရှေးခေတ် အိန္ဒိယ ကုန်သည်များမှ မလေးကျွန်းဆွယ်အား မလာယာဒီပ ဟု ခေါ်ဆိုခဲ့ကြသည်။ ထိုသို့သော ရင်းမြစ်များမှ ဆင်းသက်သည် ဖြစ်စေ မဆင်းသက်သည် ဖြစ်စေ မလာယု ဆိုသော စကားလုံးမှာ အစောပိုင်း မလေး၊ ဂျာဗား ဘာသာ စကားတို့တွင် ပုံမှန် အရှိန်ရလာသည် သို့မဟုတ် ပြေးသည်ဟု အဓိပ္ပာယ်ရသည်။ ထိုစကားလုံးမှာ ဆူမတြားကျွန်းရှိ ရေစီးသန်သော မလာယု မြစ်ကို ဖော်ပြခြင်း ဖြစ်သည်။ ထိုအမည်အား ဆုမတြားကျွန်းပေါ်တွင် ၇ ရာစုက တည်ရှိခဲ့သော မလာယု ဘုရင်နိုင်ငံမှ အသုံးပြုခဲ့သည်။ ဥရောပသားတို့ ကိုလိုနီနယ်မြေ အဖြစ် သိမ်းယူခြင်း မစတင်မီက မလေးကျွန်းဆွယ်အား တာနာ မလာယု (မလေးမြေ) ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဂျာမန် ပညာရှင် ယိုဟန် ဖရိုင်းဒရစ် ဘလူးမန်းဘတ်ချ် က တီထွင်ခဲ့သော လူမျိုး ခွဲခြားရေး စနစ်တွင် အရှေ့တောင် အာရှ ပင်လယ်ပိုင်းတွင် နေထိုင်သူများကို မလေး လူမျိုး အဖြစ် အမျိုးအစား တစ်ခုတည်းအောက်တွက် အစုဖွဲ့ သတ်မှတ်ခဲ့သည်။ ၁၈၂၆ ခုနှစ် ပြင်သစ် ရေကြောင်းသွားလာသူ ဂျူးလ် ဒူးမောင့် ဒါဗီးလ် ၏ အိုရှန်းနီးယား ခရီးစဉ် အပြီးတွင်မူ ၎င်းက ပထဝီ အဖွဲ့အစည်း ဖြစ်သော ဆိုစိုင်ယက်တီ ဒီ ဂျီအိုဂရပ်ဖီသို့ မလေးရှား၊ မိုက်ခရိုနီးရှား နှင့် မီလန်နီးရှားဆိုသော် အခေါ်အဝေါ်များကို တင်ပြခဲ့သည်။ ထို ပစိဖိတ် ယဉ်ကျေးမှုနှင့် ကျွန်းအုပ်စုများကို လက်ရှိ အသုံးအနှုန်း ဖြစ်သော ပိုလီနီးရှားမှ ခွဲခြားနိုင်ရန် အတွက် ဖြစ်သည်။ ဒူးမောင့် ဒါဗီးလ် က မလေးရှားကို အရှေ့အင်ဒီး တို့၏ ဒေသဟု ဖော်ပြခဲ့သည်။ ၁၈၅၀ တွင် အင်္ဂလိပ် လူမျိုးခွဲဗေဒ ပညာရှင် ဂျော့ရှ် ဆင်မြူယယ် ဝင်ဆာ အားလ်မှ အိန္ဒိယ ကျွန်းစုများနှင့် အရှေ့အာရှ ဂျာနယ်တွင် ရေးသားသော ဆောင်းပါးတွင် အရှေ့တောင် အာရှ ကျွန်းများကို မလာယုနီးရှား နှင့် အင်ဒုနီးရှား ဟု အမည်ပေးရန် တင်ပြခဲ့ပြီး ပထမ အမည်ကို ပို၍ နှစ်သက်ကြောင်း ဖော်ပြခဲ့သည်။ ယနေ့ခေတ် အသုံးအနှုန်းတွင် မလေးဟူသော အမည်မှာ မလေးကျွန်းဆွယ် နှင့် အရှေ့တောင် အာရှရှိ အနီးအနား ကျွန်းဆွယ်များ ဖြစ်သော ဆူမတြာကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်း၊ ဘော်နီယိုကျွန်း၏ ကမ်းရိုးတန်းနှင့် ထိုဒေသ နှစ်ခု ကြားတွင် တည်ရှိနေသော ကျွန်းငယ်လေးများတွင် နေထိုင်ကြသော ဩစထရိုနီးရှန်း လူမျိုးတို့၏ လူမျိုးဘာသာရေး အုပ်စု တစ်ခု၏ အမည်အဖြစ် သုံးနှုန်းကြသည်။ နိုင်ငံသည် ယူနိုက်တက် ကင်းဒမ်းမှ ၁၉၅၇ တွင် လွတ်လပ်ရေး ရခဲ့ပြီးနောက် မလာယာ ဖက်ဒရေးရှင်း ဟု အမည်ပေးခဲ့ပြီး မလေးကျွန်းဆွယ်၏ အထက်ပိုင်း တွင် အေဒီ ပထမရာစုက တည်ရှိခဲ့သော သမိုင်းဝင် ဘုရင်နိုင်ငံအမည် လန်ကာဆူကာ စသော အမည်များကိုလည်း အမည်မပေးမီက ထည့်သွင်း စဉ်းစားခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် လက်ရှိ မလာယာ ဖက်ဒရေးရှင်း နှင့် စင်ကာပူ၊ ဘော်နီယို မြောက်ပိုင်း၊ ဆာရာဝပ်တို့ ပူးပေါင်းကာ ဖက်ဒရေးရှင်း အသစ်တစ်ခု တည်ထောင်သည့် အခါတွင် မလေးရှား ဆိုသော အမည်ကို စတင် အသုံးပြုခဲ့သည်။ သီအိုရီ တစ်ခု အရ စင်ကာပူ၊ ဘော်နီယို မြောက်ပိုင်း နှင့် ဆာရာဝပ်တို့ ၁၉၆၃ တွင် ပါဝင်လာသောကြောင့် စီ ဆိုသော အမည်ကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံရေး သမားများက ၎င်းတို့၏ "မလေးရှား" ပြည်နယ်ကို နိုင်ငံအသစ်မှ နာမည် မပေးမီတွင် အမည်ပြောင်းလဲရန် စဉ်းစား သုံးသပ်ခဲ့ကြသည်။ သမိုင်း မလေးရှားတွင် လူသားတို့ စတင် အခြေချ နေထိုင်သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀,၀၀၀ ကျော်မှ စခဲ့သည်။ မလေးကျွန်းဆွယ်တွင် ပထမဆုံး နေထိုင်သူများမှာ နီဂရစ်တို အနွယ်ဝင်များ ဖြစ်ကြသည်။ တရုတ်နှင့် အိန္ဒိယမှ ကုန်သည်နှင့် အခြေချ နေထိုင်မည့်သူများ စတင်ရောက်ရှိခဲ့သည်မှာ အေဒီ ၁ ရာစု ကတည်းက ဖြစ်ပြီး ဒုတိယ နှင့် တတိယ ရာစုနှစ်များ အတွင်း ကုန်သွယ် ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းမြို့များကို တည်ထောင်ခဲ့ကြသည်။ ၎င်းတို့ ရောက်ရှိခဲ့ခြင်းကြောင့် ဒေသတွင်း ယဉ်ကျေးမှုတွင် တရုတ်နှင့် အိန္ဒိယတို့၏ အငွေ့အသက်များ ဖုံးလွှမ်းခြင်းကို ထင်ရှားစွာ တွေ့ရပြီး မလေးကျွန်းဆွယ်ရှိ လူမျိုးများမှာ ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာ တို့ကို စတင် ကိုးကွယ်ခဲ့ကြသည်။ သင်္သကရိုက်ဘာသာ ဖြင့် ရေးထိုးထားသော စာများကို အေဒီ ၄ ရာစု နှင့် ၅ ရာစုမှပင် စတင် တွေ့ရှိရသည်။ လန်ကာဆူကာ မင်းဆက်မှာ မလေးကျွန်းဆွယ်၏ မြောက်ပိုင်းဒေသတွင် ဒုတိယ ရာစုမှ ပင် စတင် ပေါ်ပေါက်ခဲ့ပြီး ၁၅ ရာစု ခန့် အထိ တည်ရှိခဲ့သည်။ ၇ရာစု နှင့် ၁၃ ရာစု အတွင်းတွင် မလေးကျွန်းဆွယ်၏ တောင်ပိုင်း ဒေသ အများစုမှာ ပင်လယ်ပိုင်း သီရိဝိဇယ အင်ပိုင်ယာ၏ အစိတ်အပိုင်း ဖြစ်ခဲ့သည်။ သီရိဝိဇယ အင်ပိုင်ယာ ပျက်သုဉ်းပြီးနောက်တွင် မဂျာပါဟစ် အင်ပိုင်ယာမှ မလေးကျွန်းဆွယ် ဒေသ အတော်များများနှင့် မလေးကျွန်းစုများတွင် ဩဇာ လွှမ်းမိုးခဲ့သည်။ ၁၄ရာစုတွင် အစ္စလာမ်ဘာသာ မလေးလူမျိုးများ အကြား စတင် ပျံ့နှံ့ခဲ့သည်။ ၁၅ ရာစုတွင် စင်ကာပူ ဘုရင်နိုင်ငံမှ ထွက်ပြေးလာသော ဘုရင်ဖြစ်သည့် စူလ်တန် အစ်စကန်းဒါး ရှား သည် မလက်ကာ စူလတန် နယ်မြေကို တည်ထောင်ခဲ့ပြီး ကျွန်းဆွယ်ဒေသ၏ ပထမဆုံး လွတ်လပ်သော ပြည်နယ် အဖြစ် မှတ်ယူနိုင်သည်။ မလက်ကာသည် ထိုစဉ်က အရေးပါသော ကူးသန်းရောင်းဝယ်ရေး ဒေသ တစ်ခု ဖြစ်ခဲ့ပြီး ဒေသတွင်းမှ ကုန်သွယ်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ ၁၅၁၁ ခုနှစ်တွင် မလက်ကာမြို့ကို ပေါ်တူဂီတို့ သိမ်းပိုက်ခဲ့ပြီး ဒတ်ချ်တို့မှ ၁၆၄၁ ခုနှစ်တွင် ထပ်မံ သိမ်းပိုက်ခဲ့သည်။ ၁၇၈၆ တွင် ဗြိတိသျှ အင်ပိုင်ယာသည် ကဒါ စူလ်တန်ထံမှ ပီနန်ကျွန်းကို အရှေ့အိန္ဒိယ ကုမ္ပဏီသို့ ငှားရမ်းခဲ့ပြီးနောက် မလာယာတွင် စတင် အခြေချခဲ့သည်။ ဗြိတိသျှတို့က စင်ကာပူအား ၁၈၁၉ တွင် ရယူခဲ့ပြီးနောက် ၁၈၂၄ ခုနှစ်တွင် အင်ဂလို-ဒတ်ချ် စာချုပ်ဖြင့် မလက်ကာအား ရယူနိုင်ခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှတို့မှ ပီနန်၊ မလက်ကာ၊ စင်ကာပူနှင့် လာဘွမ်ကျွန်းတို့ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး ရေလက်ကြားဒေသအား ဗြိတိသျှအစိုးရ တိုက်ရိုက် အုပ်ချုပ်သည့် ကိုလိုနီနယ်မြေ အဖြစ် တည်ထောင်ခဲ့သည်။ ၂၀ ရာစုသို့ ရောက်သော အခါတွင် ဗဟိုအစိုးရအောက်ရှိ မလေးပြည်နယ်များဟု သိရှိကြသော ပါဟန်း၊ စလန်ဂေါ၊ ပီရတ် နှင့် နက်ဂရီ ဆမ်ဘီလန်း ပြည်နယ်များတွင် မလေးအုပ်ချုပ်သူများကို အကြံပေးမည့် ဗြိတိသျှ လူမျိုးများကို ခန့်ထားခဲ့ပြီး အုပ်ချုပ်သူများမှ စာချုပ်အတိုင်း အုပ်ချုပ်ခဲ့ရသည်။ အခြားသော ဗဟိုအစိုးရအောက်တွင် မဟုတ်သော ပြည်နယ် ၅ ခုမှာလည်း ဗြိတိသျှတို့၏ အုပ်ချုပ်မှု အောက်တွင် တိုက်ရိုက် ရှိမနေသော်လည်း ဗြိတိသျှ အကြံပေး အရာရှိများကို ၂၀ ရာစုတွင်း ဝင်ရောက်လာပြီးနောက် တွင် လက်ခံခဲ့ရသည်။ ကျွန်းဆွယ် ဒေသ နှင့် ဘော်နီယိုတို့တွင် ဖွံ့ဖြိုးတိုးတက်မှုများမှာ ၁၉ ရာစု အထိ ယေဘုယျအားဖြင့် ခွဲခြားထားခဲ့သည်။ ဗြိတိသျှတို့၏ အုပ်စိုးမှုအောက်တွင် တရုတ်နှင့် အိန္ဒိယ လူမျိုးတို့အား အလုပ်သမား အဖြစ် ခေါ်ယူခြင်းကို အားပေးခဲ့သည်။ ဘရူနိုင်း စူလ်တန် နှင့် စူလူး စူလ်တန်တို့က ၁၈၇၇ နှင့် ၁၈၇၈ ကြားတွင် နယ်မြေပိုင်ဆိုင်ခွင့်အား ဗြိတိသျှတို့အား လွှဲပြောင်းပြီးနောက်တွင် ယခု အခါတွင် ဆာဘား ဖြစ်လာမည့် ဒေသသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှု အောက်တွင် ဘော်နီယို မြောက်ပိုင်း ဒေသ အဖြစ် တည်ရှိလာခဲ့သည်။ ၁၈၄၂ ခုနှစ်တွင် ဘရူနိုင်း စူလ်တန်မှ ဂျိမ်းစ် ဘရွတ်သို့ ဆာရာဝပ် ဒေသအား ပေးအပ်လိုက်ရပြီး ၎င်းအား ဆက်ခံသူများသည် လွတ်လပ်သော ဘုရင်နိုင်ငံ၏ အပေါ်မှ လူဖြူရာဂျာ များ အဖြစ် အုပ်ချုပ်ခဲ့ကြသည်မှာ ၁၉၄၆ ခုနှစ် ဗြိတိသျှ အစိုးရ တိုက်ရိုက်အုပ်ချုပ်သော ကိုလိုနီ နယ်မြေ ဖြစ်လာသည့် အချိန် အထိပင် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်တပ်များမှ ကျူးကျော်ဝင်ရောက်ခဲ့ပြီး မလာယာ၊ ဘော်နီယိုမြောက်ပိုင်း၊ ဆာရာဝပ် နှင့် စင်ကာပူတို့အား ၃ နှစ်တာမျှ သိမ်းပိုက်ခဲ့သည်။ ထိုအချိန် အတွင်း လူမျိုးရေး တင်းမာမှုများ ပေါ်ပေါက်ခဲ့ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထကြွ လာခဲ့သည်။ မလာယာအား မဟာမိတ်တပ်များမှ ပြန်လည် သိမ်းယူခဲ့ပြီးနောက် လွတ်လပ်ရေးရရှိရန် အတွက် ထောက်ခံမှုများ မြင့်တက်လာခဲ့သည်။ ဗြိတိသျှတို့မှ စစ်အပြီးတွင် မလာယာပြည်ထောင်စု ဟုခေါ်သည့် ဗြိတိသျှအစိုးရ တိုက်ရိုက်အုပ်ချုပ်သော ကိုလိုနီနယ်မြေ တစ်ခု၏ အောက်တွင် မလာယာဒေသ၏ အုပ်ချုပ်ရေးအား ပေါင်းစု၍ တစုတစည်းတည်းထားရန် စီစဉ်ခဲ့သော်လည်း မလေးတို့မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ထိုသို့ ကန့်ကွက်ရသည့် အကြောင်းရင်းမှာ မလေး အုပ်ချုပ်သူတို့၏ ဩဇာကို ကျဆင်းစေသည့် ကိစ္စနှင့် တရုတ်လူမျိုးတို့အား နိုင်ငံသား ပေးမည့် ကိစ္စတို့ ဖြစ်သည်။ မလာယာ ပြည်ထောင်စုကို ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်၍ မလေးကျွန်းဆွယ်တွင် ရှိသော စင်ကာပူမှ အပ ဗြိတိသျှတို့ ပိုင်ဆိုင်သည့် နယ်မြေအားလုံး ပါဝင်သည်။ သို့သော်လည်း အလျှင်အမြန်ပင် ဖျက်သိမ်းခဲ့ရပြီး ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မလာယာ ဖက်ဒရေးရှင်း ဖြင့် အစားထိုးဖွဲ့စည်းခဲ့ပြီး ထိုဖက်ဒရေးရှင်းအောက်တွက် မလေးပြည်နယ်များရှိ အုပ်ချုပ်သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ဗြိတိသျှတို့၏ အစောင့်အရှောက်ဖြင့် ပြန်လည် အပ်နှင်းခဲ့သည်။ ထိုအချိန်တွင် မလာယန် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ်လူမျိုး အများစု ပါဝင်သော သူပုန်တို့သည် ဗြိတိသျှတို့အား မလာယာမှ ထွက်ခွာသွားစေရန် ပြောက်ကျားစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့သည်။ မလာယန် အရေးပေါ်အခြေအနေသည် ၁၉၄၈ မှ ၁၉၆၀ အထိ ရှိခဲ့ပြီး ပုန်ကန်ထကြွမှုများကို နှိမ်နင်းရန် ဓနသယာယ တပ်များက မလာယာတွင် အခြေချ တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် မလာယာအား ဖက်ဒရေးရှင်း တစ်ခု အဖြစ် ပြန်လည် ဖွဲ့စည်းရန် အတွက် စီစဉ်ခဲ့ပြီး ဗြိတိသျှ အစိုးရမှ တိုက်ရိုက်အုပ်ချုပ်သော နယ်မြေ ဖြစ်သည့် မြောက်ဘော်နီယို (ဆာဘား အဖြစ် ဝင်ရောက်ပေါင်းစည်းခဲ့သည်။)၊ ဆာရာဝပ် နှင့် စင်ကာပူ တို့လည်း ပါဝင်လာမည် ဖြစ်သည်။ ထိုသို့ ဖက်ဒရေးရှင်း အဖြစ် ပေါင်းစည်းမည့် နေ့ရက်အား မလာယန် လွတ်လပ်ရေး ရသည့် နှစ်ပတ်လည် နှင့် တိုက်ဆိုက်၍ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်တွင် စတင်ရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ၁၉၆၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ အထိ ကြာမြင့်ခဲ့ပြီး အကြောင်းမှာ ကုလသမဂ္ဂမှ ဦးစီးသော ဖက်ဒရေးရှင်း ဖွဲ့စည်းမည့် ကိစ္စကို သဘောတူညီကြောင်း စစ်တမ်းကို ပြီးစီးစေရန် အတွက် ဖြစ်ပြီး ဖက်ဒရေးရှင်း ဖွဲ့စည်းမည့် ကိစ္စကို ဆန့်ကျင်သော အင်ဒိုနီးရှား နိုင်ငံမှ ဆူကာနိုနှင့် ဆာရာဝပ် ပြည်သူ့ ပေါင်းစည်းရေး ပါတီ တို့၏ ကိစ္စများကို ဖြေရှင်းရန် အတွက် ဖြစ်သည်။ ဖက်ဒရေးရှင်း ဖွဲ့စည်းခြင်းကြောင့် တင်းမာမှုများ ဖြစ်ပွားလာခဲ့ပြီး ၎င်းတို့တွင် အင်ဒိုနီးရှား နှင့် ပဋိပက္ခဖြစ်ခြင်း၊ ၁၉၆၅ ခုနှစ် စင်ကာပူ ဖက်ဒရေးရှင်းမှ ခွဲထွက်သွားခြင်း နှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခြင်း တို့ ပါဝင်သည်။ လူမျိုးရေး ပဋိပက္ခမှာ မေလ ၁၃ ရက် အဓိကရုဏ်းတွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ အဓိကရုဏ်း အပြီးတွင် အငြင်းပွားစရာ အများအပြား ရှိသော စီးပွားရေး ပေါ်လစီ အသစ်ကို ဝန်ကြီးချုပ် ထွန်း အဘဒူရ် ရာဇတ် မှ စတင် မိတ်ဆက်ခဲ့ပြီး စီးပွားရေး ကဏ္ဍတွင် ဘူမိပူထရတို့၏ ပိုင်ဆိုင်မှုကို တိုးပွားရန် ကြိုးစားခဲ့သည်။ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် လက်ထက်တွင် ၁၉၈၀ ခုနှစ်များမှ စတင်သော စီးပွားရေး တိုးတက်မှု နှင့် မြို့ပြ ဖွံ့ဖြိုးမှုများ အလျှင်အမြန် ဖြစ်ပွားခဲ့သည်။ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံရာမှ ကုန်ထုတ်လုပ်ငန်းနှင့် စက်မှုလုပ်ငန်းများကို အခြေခံသော စီးပွားရေး စနစ်သို့ ပြောင်းလဲခဲ့သည်။ မက်ဂါဆင့် စီမံကိန်း အများအပြားကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ပက်ထရိုးနက်စ် တာဝါ၊ တောင်-မြောက် အမြန်လမ်း၊ မာလ်တီမီဒီယာ စူပါ ကော်ရစ်ဒါ နှင့် ဖက်ဒရယ် အုပ်ချုပ်ရေး မြို့တော် အသစ်ဖြစ်သော ပူထရာဂျာရားမြို့ တို့ ပါဝင်သည်။ သို့သော်လည်း ၁၉၉၀ ခုနှစ် နှောင်းပိုင်းတွင် အာရှ စီးပွားရေးဂယက်ကြောင့် ငွေကြေးစနစ် နှင့် စတော့ ဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်တို့ ပြိုလဲလု နီးနီး ဖြစ်ခဲ့ရသည်။ နိုင်ငံရေးနှင့် အစိုးရ မလေးရှားသည် စည်းမျဉ်းခံ ရွေးကောက်ခံ ဘုရင်စနစ်ရှိ ဖက်ဒရယ်နိုင်ငံ တစ်ခု ဖြစ်ပြီး အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ဖက်ဒရယ်နိုင်ငံ ဖြစ်သည်။ အစိုးရ စနစ်သည် ဝက်မင်စတာ ပါလီမန် စနစ်ကို အတုယူ၍ နီးကပ်စွာ ပုံဖော်ထားပြီး ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှု၏ အမွေတစ်ခုပင် ဖြစ်သည်။ နိုင်ငံတော်၏ အကြီးအကဲအား ယန် ဒီ-ပါတွမ် အာဂေါင်း ဟု ခေါ်ပြီး အများစု က ဘုရင်ဟုပင် ခေါ်ကြသည်။ ဘုရင်ကို မလေးပြည်နယ်များရှိ ဆွေစဉ်မျိုးဆက် အုပ်ချုပ်လာခဲ့သော အုပ်ချုပ်သူ ၉ ဦးထဲမှ တစ်ဦးအား ကျန်သူများမှ ၅ နှစ်တစ်ကြိမ် ရွေးချယ် တင်မြှောက်သည်။ အခြားအမည်ခံ ပြည်နယ် အုပ်ချုပ်မှူးသာ ရှိသော ပြည်နယ် ၄ ခုမှ ရွေးချယ်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ခြင်း မရှိပေ။ တရားဝင် မဟုတ်သော်လည်း အားလုံးလက်ခံထားသည့် သဘောတူညီမှု အရ ထိုနေရာကို အုပ်ချုပ်သူ ၉ ဦးကြား အစဉ်လိုက် လှည့်လည်လျက် ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ ယခု အထိ ကဒါပြည်နယ် အုပ်ချုပ်သူ အဘဒူရ် ဟာလင်း မှ ဘုရင်အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ၁၉၉၄ ခုနှစ် မလေးရှား နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြုပြင်လိုက်သည်မှ စ၍ ဘုရင်၏တာဝန် အတော်များများမှာ အခမ်းအနား တက်ရုံ သာလျှင် ဖြစ်ပြီး အထက်လွှတ်တော် အမတ်များ နှင့် ဝန်ကြီးများကို ရွေးချယ်ရာတွင်သာ ပါဝင်တော့သည်။ ဥပဒေပြုရာတွင် ဖက်ဒရယ်လွှတ်တော် နှင့် ပြည်နယ် လွှတ်တော်များတွင် ဥပဒေပြုအာဏာများကို ခွဲဝေ ရယူထားသည်။ လွှတ်တော် နှစ်ရပ် ရှိသော ဖက်ဒရယ် ပါလီမန် တွင် အောက်လွှတ်တော် နှင့် အထက်လွှတ်တော် ဖြစ်သော ဆီးနိတ် လွှတ်တော်တို့ ပါဝင်သည်။ အောက်လွှတ်တော် အမတ် ၂၂၂ ဦးအား တစ်ဦးချင်း ယှဉ်ပြိုင်ရသော မဲဆန္ဒနယ် တစ်ခုစီမှ အများဆုံး ၅ နှစ်သက်တမ်းဖြင့် ရွေးချယ် တင်မြှောက်ကြသည်။ ဆီးနိတ်လွှတ်တော် အမတ် ၇၀ ဦးမှာ ၃ နှစ် သက်တမ်းရှိပြီး ၂၆ ဦးမှာ ပြည်နယ်လွှတ်တော် ၁၃ ခုမှ ရွေးချယ်၍ ကျန်ရှိသော ၄၄ ဦးမှာ ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် ဘုရင်မှ ခန့်အပ်သည်။ ပါလီမန်မှာ ပါတီစုံ စနစ် ရှိပြီး အစိုးရမှာ မဲအများဆုံးရသော ပါတီက ဖွဲ့စည်းခွင့် ရှိသည့်စနစ်ဖြင့် ရွေးချယ်သည်။ လွတ်လပ်ရေးရသည့် အချိန်မှစ၍ မလေးရှားနိုင်ငံသည် ညွန့်ပေါင်း ပါတီ ၁၃ ခုဖြင့် ဖွဲ့စည်းထားသော ဘာရီဆန် နေရှင်နယ် ဟုခေါ်သည့် ညွန့်ပေါင်း အစိုးရမှ အုပ်ချုပ်ခဲ့သည်။ ပြည်နယ် တစ်ခုစီတွင် တစ်ခုတည်းရှိသော ပြည်နယ် ဥပဒေပြု လွှတ်တော်ရှိပြီး အမတ်များအား တစ်ဦးချင်းယှဉ်ပြိုင်ရသော မဲဆန္ဒနယ်များမှ ရွေးချယ် တင်မြှောက်ထားသည်။ ပြည်နယ် အစိုးရအား ပြည်နယ် ဝန်ကြီးချုပ်မှ ဦးဆောင်ပြီး ထိုသူမှာ လွှတ်တော်ရှိ အမတ်နေရာအများဆုံး ရသော ပါတီမှ လွှတ်တော် အမတ် ဖြစ်သည်။ ဆွေစဉ်မျိုးဆက် အုပ်ချုပ်သူ ရှိသော ပြည်နယ်တွင် ဝန်ကြီးချုပ်သည် မလေးလူမျိုး ဖြစ်ရန် လိုအပ်ပြီး နိုင်ငံတော် ဝန်ကြီးချုပ်၏ အကြံပေးချက်ဖြင့် ပြည်နယ် အုပ်ချုပ်သူမှ ခန့်အပ်ရသည်။ ပါလီမန် ရွေးကောက်ပွဲများကို ၅ နှစ်တစ်ကြိမ် အနည်းဆုံး ကျင်းပပြီး နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ၂၀၁၃ ခုနှစ် မေလတွင် ဖြစ်သည်။ အသက်၂၁ နှစ် အထက် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များသည် အောက်လွှတ်တော် အမတ် နေရာ အတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိပြီး ပြည်နယ် အများစုတွင် ပြည်နယ် ဥပဒေပြု လွှတ်တော် အမတ်နေရာ အတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည်။ မဲပေးခြင်းမှာ မပေးမနေရ မဟုတ်ပေ။ ဆာရာဝပ်ပြည်နယ် ရွေးကောက်ပွဲမှလွဲ၍ အစဉ်အလာအရ ပြည်နယ် ရွေးကောက်ပွဲကို ဖက်ဒရယ် ရွေးကောက်ပွဲနှင့် တစ်ချိန်တည်း တပြိုင်တည်း ကျင်းပလေ့ ရှိသည်။ အုပ်ချုပ်ရေး အာဏာအား ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့သို့ အပ်နှင်းထားသည်။ ဝန်ကြီးချုပ်မှာ အောက်လွှတ်တော်၏ အမတ် ဖြစ်ရမည် ဖြစ်ပြီး ၎င်းသည် ဘုရင်၏ အကြံဉာဏ်ကို ရယူက ပါလီမန်ကို အုပ်ချုပ်ရမည် ဖြစ်သည်။ အစိုးရ အဖွဲ့အား လွှတ်တော် နှစ်ရပ်စလုံးရှိ ရွေးချယ်ခံ ကိုယ်စားလှယ်များ ထဲမှ ခန့်အပ်ရသည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ရုံသာမက အစိုးရ တစ်ခုလုံး၏ ခေါင်းဆောင်လည်း ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ဥပဒေမှာ အင်္ဂလိပ်တို့၏ ဖြတ်ထုံးဥပဒေ အပေါ်တွင် အခြေခံထားသည်။ တရားစီရင်ရေး စနစ်သည် သီအိုရီ အရ လွတ်လပ်စွာ တည်ရှိနေသော်လည်း ၎င်း၏ လွတ်လပ်မှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး တရားသူကြီးများကို ရွေးချယ်ခန့်အပ်ရာတွင် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ကင်းမဲ့သည်။ တရားစီရင်ရေး စနစ်တွင် အမြင့်ဆုံး တရားရုံးမှာ ဖက်ဒရယ် တရားရုံးဖြစ်ပြီး ၎င်း၏ အောက်တွင် အယူခံ တရားရုံးနှင့် တရားလွှတ်တော် ၂ ခု ရှိကာ တစ်ခုမှာ မလေးရှား ကျွန်းဆွယ် အတွက် ဖြစ်ပြီး အခြားတစ်ခုမှာ အရှေ့မလေးရှား အတွက် ဖြစ်သည်။ မလေးရှားတွင် တော်ဝင်မိသားစုမှ စွဲဆိုသော ပြစ်မှုများနှင့် တော်ဝင်မိသားစုသို့ စွဲဆိုသော ပြစ်မှုများကို ကြားနာရန် အထူး တရားရုံးတစ်ခု ရှိသည်။ လူသတ်မှု၊ အကြမ်းဖက်မှု နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များ အတွက် သေဒဏ် အပြစ်ပေးလေ့ရှိသည်။ အများပြည်သူဆိုင်ရာ တရာရုံးများနှင့် အပြိုင်ရှိနေသည်မှာ ရှာရီယာ တရားရုံးများ ဖြစ်ပြီး ထိုတရားရုံးများမှ မွတ်စလင်များအား ရှာရီယာ ဥပဒေဖြင့် စီရင်လေ့ ရှိကာ မိသားစု အရေး နှင့် ဘာသာရေး ကိစ္စရပ်များ အတွက် ဖြစ်သည်။ လူမျိုးရေးသည် နိုင်ငံရေးတွင် အဓိက အားတစ်ခု ဖြစ်ပြီး နိုင်ငံရေး ပါတီ အများစုမှာ လူမျိုးပေါ်တွင် အခြေခံကြသည်။ စီးပွားရေး ပေါ်လစီ အသစ် နှင့် ၎င်းအား အစားထိုးသော အမျိုးသား တိုးတက်ရေး ပေါ်လစီ အစရှိသည့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး လုပ်ဆောင်ချက်များမှာ မလေးရှား၏ အစပထမ နေထိုင်သူများဟု ယူဆသော ဘူမိပူထရ ဟုခေါ်သော မလေး နှင့် ရှေးဦးနေ လူမျိုးများ၏ ရပ်တည်မှုအား ဘူမိပူထရ မဟုတ်သည့် မလေးတရုတ် လူမျိုးများ နှင့် မလေးကုလား လူမျိုးများထက် ရှေ့ရောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုပေါ်လစီများမှ ဘူမိပူထရ များအား အလုပ်အကိုင်၊ ပညာရေး၊ ပညာသင်ဆု၊ စီးပွားရေး၊ အိမ်များကို သက်သာစွာ ရရှိ နေထိုင်နိုင်ရေး နှင့် အထောက်အပံ့ပေးထားသော စုဆောင်းမှု စသည်တို့တွင် ဦးစားပေး အခွင့်အရေး ရရှိနိုင်ရန် ဆောင်ရွက်ပေးထားသည်။ သို့သော်လည်း ထိုအကြောင်းကြောင့် လူမျိုး အချင်းချင်း ကြားတွင် မကျေနပ်မှုများ ပိုမို တိုးပွား လာခဲ့သည်။ မလေးရှားတွင် လက်ရှိ ဖြစ်ပေါ်နေသော ငြင်းခုံမှုမှာ မလေးရှား ဥပဒေ နှင့် လူ့အဖွဲ့အစည်းသည် ဘာသာရေး လုံးဝ မနွယ်ဘဲ ရှိသင့်သည် သို့မဟုတ် အစ္စလာမ် စည်းမျဉ်းများပေါ်တွင် မူတည်သင့်သည် ဆိုသော ကိစ္စရပ် ဖြစ်သည်။ ပင်န်မလေးရှားအစ္စလာမ် ပါတီမှ မလေးအမျိုးသား စည်းလုံးရေး အဖွဲ့ (ယူအမ်အင်န်အို) ၏ ထောက်ခံချက်ဖြင့် ကလန်တန် ပြည်နယ် လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းလာသော အစ္စလာမ် ရာဇဝတ်မှုဆိုင်ရာ ဥပဒေများကို ဖက်ဒရယ် အစိုးရမှ ပိတ်ပင်ခဲ့ပြီး အကြောင်းပြချက်မှာ ရာဇဝတ်မှု ဥပဒေများသည် ဖက်ဒရယ် အစိုးရ၏ တာဝန်သာ ဖြစ်သောကြောင့် ဟူ၍ ဖြစ်သည်။ နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ မလေးရှားသည် အာဆီယံ အဖွဲ့ နှင့် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) တို့အား စတင်တည်ထောင်ရာတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကုလသမဂ္ဂ၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ ဖွံ့ဖြိုးဆဲ ၈ နိုင်ငံ နှင့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့စသော နိုင်ငံတကာ အဖွဲ့အစည်း အများအပြားတွင်လည်း အဖွဲ့ဝင် အဖြစ် ပါဝင်လျက် ရှိသည်။ မလေးရှားသည် အာဆီယံ၊ အိုအိုင်စီ နှင့် ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့တို့၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ယခင်က ဆောင်ရွက်ခဲ့ဖူးသည်။ ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ဖူးသဖြင့် ဓနသဟာယ နိုင်ငံများ အဖွဲ့တွင်လည်း ပါဝင်သည်။ ကွာလာလမ်ပူမြို့သည် ၂၀၀၅ ခုနှစ်တွင် ပထမဆုံး အရှေ့အာရှ ထိပ်သီး အစည်းအဝေးပွဲကို လက်ခံကျင်းပရာ နေရာ ဖြစ်ခဲ့သည်။ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီမှာ ကြားနေဝါဒ အပေါ်တွင် အခြေခံထားပြီး နိုင်ငံအားလုံးအား မည်သည့်နိုင်ငံရေး စနစ်ကို ကျင့်သုံးသည် ဖြစ်စေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန် ရည်ရွယ်သည်။ အစိုးရသည် အရှေ့တောင် အာရှ လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေးကို အဓိက အရေးအကြီးဆုံး အချက် အဖြစ် ဦးစားပေး ဆောင်ရွက်ပြီး ဒေသအတွင်း အခြားသော နိုင်ငံများနှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်လာစေရန် ကြိုးစား လုပ်ဆောင်သည်။ သမိုင်းကြောင်း အရ ပြန်ကြည့်မည် ဆိုလျှင် အစိုးရမှ မလေးရှားနိုင်ငံအား တိုးတက်သော အစ္စလာမ်နိုင်ငံ တစ်နိုင်ငံ အဖြစ် ပုံဖော်ရန် ကြိုးစားခဲ့ပြီး အစ္စလာမ် နိုင်ငံများ နှင့် ဆက်ဆံရေး ခိုင်မာလာစေရန် လုပ်ဆောင်ခဲ့သည်။ မလေးရှား ပေါ်လစီ၏ ပြင်းထန်သော သက်ဝင်ယုံကြည်မှုမှာ နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်မြဲရေး နှင့် ပြည်တွင်းကိစ္စရပ်များတွင် မိမိဘာသာ ထိန်းချုပ်မှု ရနိုင်စေရေးတို့ ဖြစ်ကြသည်။ နယ်မြေရေးရာ အငြင်းပွားမှု ပြဿနာများအတွက် အစိုးရမှ ဖြေရှင်းသည့် ပေါ်လစီမှာ လက်တွေ့ဝါဒ အပေါ်တွင် အခြေခံထားပြီး အငြင်းပွားမှုများကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြေရှင်းလေ့ရှိကာ အပြည်ပြည်ဆိုင်ရာ တရားရုံးမှ ဖြေရှင်းခြင်း စသည်တို့ပါဝင်သည်။ စပရက်ထလီ ကျွန်းများ၏ ပိုင်ဆိုင်မှုမှာ ဒေသအတွင်း နိုင်ငံအများအပြားကြားတွင် ဖြစ်ပေါ်လျက် ရှိပြီး တောင်တရုတ်ပင်လယ်၏ နေရာ အများစုကို တရုတ်မှ ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည်။ မလေးရှား၏ အိမ်နီးချင်းများ ဖြစ်ကြသော ဗီယက်နမ် နှင့် ဖိလစ်ပိုင်တို့ကဲ့သို့ တရုတ်နှင့် အငြင်းပွားမှုကို မလေးရှားမှ ရှောင်ရှားခဲ့သည်ကို သမိုင်းတွင် တွေ့ရသည်။ သို့သော်လည်း တရုတ်သင်္ဘောများ မလေးရှား ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာပြီးနောက် မလေးရှားသည် တရုတ်ကို ရှုံ့ချရာတွင် တက်ကြွစွာ လုပ်ဆောင်လာခဲ့သည်။ ဘရူနိုင်း နှင့် မလေးရှားတို့သည် ၂၀၀၉ ခုနှစ်မှစ၍ တစ်ဦး၏ နယ်မြေအား အခြားတစ်ဦးမှ ပိုင်ဆိုင်ကြောင်း တောင်းဆိုခြင်းကို အဆုံးသတ်ရန် ကြေညာခဲ့ပြီး ရေပိုက်နက် နယ်နိမိတ်နှင့် ပတ်သက်သော ကိစ္စရပ်များကို ဖြေရှင်းရန် သဘောတူညီခဲ့သည်။ ဖိလစ်ပိုင် အနေနှင့် ငုပ်လျှိုးနေသော ဆာဘား အရှေ့ပိုင်းကို ပိုင်ဆိုင်ကြောင်း တောင်းဆိုမှု ရှိသည်။ စင်ကာပူမှ ပင်လယ်ကို ရေဖို့၍ ကုန်းမြေများ တည်ဆောက်ခြင်းကြောင့် တင်းမာမှုကို ပိုမိုတိုးပွား လာစေခဲ့သည်။ အင်ဒိုနီးရှား နှင့်လည်း ရေပိုင်နက် နှင့် ကုန်းမြေ နယ်နိမိတ် အငြင်းပွားမှုတို့ အနည်းငယ်မျှ ရှိသည်။ မလေးရှားသည် အစ္စရေးနိုင်ငံအား မည်သည့်အခါကမျှ အသိအမှတ် မပြုခဲ့သည့် အပြင် သံတမန် ဆက်ဆံရေးလည်း မရှိခဲ့ပေ။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးအား အစ္စရေးတို့မှ ဂါဇာဖလော်တီလာ စီးနင်းမှု အတွက် အရေးယူရန် တောင်းဆိုခဲ့ဖူးသည်။ မလေးရှား အနေနှင့် ပါလက်စတိုင်းနိုင်ငံနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးမှာသာ အစ္စရေးနိုင်ငံ နှင့် တရားဝင် ဆက်ဆံရေး ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပြီး ထို့အတွက်ကြောင့် နှစ်ဖက်စလုံးအား အဖြေကို အမြန်ဆုံး ရှာဖွေရန် တိုက်တွန်းခဲ့သည်။ မလေးရှား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များသည် ကွန်ဂို၊ အီရန်-အီရတ်၊ နမီးဘီးယား၊ ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနား၊ ဆိုမာလီယာ၊ အရှေ့တီမော နှင့် လက်ဘနွန် အစရှိသော ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အထူးတာဝန် အများအပြားတွင် ပါဝင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ဖူးသည်။ မလေးရှား စစ်တပ်တွင် အခွဲ ၃ ခု ရှိပြီး တော်ဝင် မလေးရှား ရေတပ်၊ မလေးရှား ကြည်းတပ်နှင့် တော်ဝင် မလေးရှား လေတပ် တို့ ဖြစ်ကြသည်။ စစ်မှုမထမ်းမနေရ အမိန့် မရှိဘဲ စစ်တပ်သို့ မိမိဆန္ဒဖြင့် ဝင်ရောက်လိုပါက အသက် ၁၈ နှစ် ပြည့်ရမည် ဖြစ်သည်။ စစ်တပ်သည် နိုင်ငံ ဂျီဒီပီ၏ ၁.၅% ကို သုံးစွဲပြီး လူအင်အား၏ ၁.၂၃% ကို အသုံးချထားသည်။ အင်အားရှိ နိုင်ငံ ၅ ခု ၏ ကာကွယ်ရေး အစီအစဉ်မှာ ဒေသအတွင်း လုံခြုံရေးအတွက် ပဏာမ ခြေလှမ်းတစ်ခု ဖြစ်ပြီး နှစ် ၄၀ နီးပါးခန့် သက်တမ်း ရှိခဲ့ပြီ ဖြစ်သည်။ ထိုအစီအစဉ်တွင် မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန် နှင့် ယူနိုက်တက် ကင်းဒမ်းတို့ ပူးပေါင်း၍ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်း ပါဝင်သည်။ ဘရူနိုင်း၊တရုတ်၊အင်ဒိုနီးရှား နှင့် အမေရိကန်ပြည်ထောင်စု တို့နှင့်လည်း ပူးပေါင်းလေ့ကျင့်မှုများ စစ်ရေးဗျူဟာ စမ်းသပ်မှုများကို တွဲဖက် လုပ်ဆောင်ခဲ့သည်။ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် ဗီယက်နမ် တို့အနေနှင့် လုံခြုံရေး တပ်ဖွဲ့များပူးပေါင်း၍ လေ့ကျင့်ခြင်းဖြင့် ပင်လယ်ရေပိုင်နက်အား လုံခြုံစေပြီး တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်မှု၊ ပင်လယ်ဓားပြမှု၊ မှောင်ခိုမှုများကို ဖြေရှင်းနိုင်ရန် သဘောတူ ထားသည်။ မွတ်စလင် ဒေသဖြစ်သော ဖိလစ်ပိုင် တောင်ပိုင်း နှင့် ထိုင်းနိုင်ငံ တောင်ပိုင်းတို့တွင် တွင် အစွန်းရောက် စစ်သွေးကြွများ၏ လုပ်ဆောင်ချက်များသည် မလေးရှားသို့ လျှံထွက် ရောက်ရှိလာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။ ပြည်နယ်များ မလေးရှားသည် ပြည်နယ် ၁၃ ခုနှင့် ဖက်ဒရယ် နယ်မြေ ၃ ခု ပါဝင်သော ဖက်ဒရေးရှင်း တစ်ခုဖြစ်သည်။ ၎င်းတို့ကို ဒေသ ၂ ခု ခွဲထားပြီး ပြည်နယ် ၁၁ ခုနှင့် ဖက်ဒရယ်နယ်မြေ ၂ ခုမှာ မလေးရှား ကျွန်းဆွယ်ပေါ်တွင် ရှိပြီး အခြား ပြည်နယ် ၂ ခုနှင့် ဖက်ဒရယ် ဒေသ တစ်ခုမှာ အရှေ့မလေးရှားတွင် ရှိသည်။ ပြည်နယ်များကို ခရိုင်များအဖြစ် ပိုင်းခြားထားပြီး ခရိုင်များကို မူကင်မ်ဟုခေါ်သော ဒေသ များ အဖြစ် ထပ်မံ ပိုင်းခြားထားသည်။ ဆာဘားနှင့် ဆာရာဝပ်တွင်မူ ခရိုင်များကို တိုင်းများ အဖြစ် ပေါင်းစည်းထားသည်။ ပြည်နယ်များ အတွက် အုပ်ချုပ်ရေး ကိစ္စများကို ဖက်ဒရယ်အစိုးရ နှင့် ပြည်နယ် အစိုးရများ မျှဝေထားပြီး ၎င်းတို့တွင် ကွဲပြားခြားနားသော ဩဇာအာဏာ အသီးသီးရှိသည်။ ဖက်ဒရယ် နယ်မြေများ အတွက်မူ ဖက်ဒရယ် အစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည်။ အောက်ပိုင်းမှ အုပ်ချုပ်ရေး ကိစ္စရပ်များကို ဒေသခံ အာဏာပိုင်များမှ လုပ်ဆောင်ကြပြီး မြို့တော် ကောင်စီ၊ ခရိုင်ကောင်စီ၊ မြူနီစီပါယ် ကောင်စီ စသည်တို့ ပါဝင်ကာ အချို့သော ကိစ္စရပ်များကို ဆောင်ရွက်ရန် အတွက် အတွက် ဥပဒေမှ ခွင့်ပြုထားသောအဖွဲ့အစည်းများကို ဖက်ဒရယ် အစိုးရနှင့် ပြည်နယ် အစိုးရ တို့မှ ဖွဲ့စည်းနိုင်သည်။ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဖက်ဒရယ် နယ်မြေ ပြင်ပရှိ ဒေသခံ အာဏာပိုင်များသည် ပြည်နယ် အစိုးရ၏ စီရင်ပိုင်ခွင့်အောက်တွင်သာ ရှိသော်လည်း လက်တွေ့တွင်မူ ဖက်ဒရယ် အစိုးရမှ ပြည်နယ် အစိုးရ၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်းများ ရှိသည်။ ဒေသခံ အာဏာပိုင်အဖွဲ့ ၁၄၄ ခု ရှိပြီး မြို့တော်ကောင်စီ ၁၁ခု၊ မြူနီစီပါယ်ကောင်စီ ၃၃၃ ခုနှင့် ခရိုင်ကောင်စီ ၉၇ ခု တို့ ဖြစ်ကြသည်။ ပြည်နယ် ၁၃ ခုမှာ သမိုင်းတွင် ရှိခဲ့သော မလေး ဘုရင်နိုင်ငံ ၁၃ ခုပေါ်တွင် အခြေခံထားသည်။ ကျွန်းဆွယ်ပေါ်ရှိ ပြည်နယ် ၁၁ ခု ထဲမှ မလေးပြည်နယ်များဟု သိကြသော ၉ ခုသည် တော်ဝင်မိသားစုကို ဆက်လက် လက်ခံခဲ့ကြသည်။ ဘုရင်အား ထို အုပ်ချုပ်သူ ၉ဦးထဲမှ တစ်ဦးအား ကျန်သူများမှ ၅ နှစ် သက်တမ်း တာဝန်ထမ်းဆောင်ရန် ရွေးချယ်ကြသည်။ ဘုရင်မှ အုပ်ချုပ်သူ ကင်းမဲ့သွားသော ပြည်နယ်အား အုပ်ချုပ်ရန် အတွက် ၄ နှစ် သက်တမ်း ရှိသော ဘုရင်ခံအား ထိုပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်ပင်ပြီးနောက် ခန့်အပ်လေ့ ရှိသည်။ ပြည်နယ် တစ်ခုချင်းစီတွင် တစ်ခုတည်းရှိသော ဥပဒေပြု လွှတ်တော် တစ်ခု နှင့် ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိသည်။ ဆာဘား နှင့် ဆာရာဝပ်တို့တွင် အခြား ပြည်နယ်များထက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုရှိပြီး သီးခြား လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီ နှင့် ထိန်းချုပ်မှုတို့အပြင် သီးသန့် နေထိုင်ခွင့် သတ်မှတ်ချက်တို့မှာ ထူးခြားချက်များ ဖြစ်ကြသည်။. ပြည်နယ်နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဖက်ဒရယ် အဆင့်မှ ဝင်ရောက်စွက်ဖက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်း၊ ရေနံအတွက် အခွန်ဆောင်ရခြင်း နှင့် ပတ်သက်သော အငြင်းပွားမှုများ စသည့်တို့ကြောင့် မကြာခဏ ဆိုသလိုပင် ဂျဟိုး၊ ကလန်တန်၊ ဆာဘား နှင့် ဆာရာဝပ် အစရှိသော ပြည်နယ်များ၏ ခေါင်းဆောင်များမှ ခွဲထွက်မည်ဟု ကြေညာလေ့ ရှိသော်လည်း နောက်ဆက်တွဲ ဆောင်ရွက်ချက်များ မရှိသလို လွတ်လပ်ရေး အတွက် အမှန်တကယ် လှုပ်ရှားမျိုးလည်း မရှိပေ။ ပထဝီနှင့် ရာသီဥတု မလေးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စုစုပေါင်း ကုန်းမြေ ဧရိယာ အားဖြင့် ၆၆ ခုမြောက် အကြီးဆုံးသော နိုင်ငံ ဖြစ်ပြီး စုစုပေါင်း မြေဧရိယာ အားဖြင့် ၁၂၇,၂၆၄ စတုရန်းမိုင် (၃၂၉,၆၁၃ စတုရန်း ကီလိုမီတာ) ရှိသည်။ အနောက်မလေးရှားတွင် ထိုင်းနိုင်ငံ နှင့် ကုန်းမြေ နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပြီး အရှေ့မလေးရှားတွင် အင်ဒိုနီးရှားနိုင်ငံ နှင့် ဘရူနိုင်းနိုင်ငံ တို့နှင့် ကုန်းမြေ နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။ စင်ကာပူနိုင်ငံ နှင့် ကျဉ်းမြောင်းသော တာရိုးလမ်း တစ်ခု နှင့် တံတားဖြင့် ဆက်သွယ်ထားသည်။ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ တို့နှင့် ပင်လယ် ရေပိုင်နက်ချင်း ထိစပ်လျက် ရှိသည်။. ကုန်းမြေ နယ်နိမိတ်များမှာ ပါလစ်မြစ်၊ ဂိုလော့မြစ် နှင့် ပဂါလာယန် တူးမြောင်း အစရှိသော ကြီးမားသော ဘူမိဗေဒဆိုင်ရာ သွင်ပြင်လက္ခဏာများနှင့် ပိုင်းခြားထားသော်လည်း ပင်လယ်ရေပိုင်နက် သတ်မှတ်ချက်များမှာ အချေအတင် ငြင်းခုံဆဲပင် ဖြစ်သည်။. ဘရူနိုင်းနိုင်ငံသည် မလေးရှားနိုင်ငံ အတွင်း နိုင်ငံခြားမြေ ဝန်းရံနယ် ဖြစ်လုနီးပါး တည်ရှိပြီး ဆာရာဝပ် ပြည်နယ်မှ ဘရူနိုင်းနိုင်ငံအား နှစ်ပိုင်းပိုင်းထားသည်။ မလေးရှားသည် အာရှကုန်းမကြီး နှင့် မလေးကျွန်းစုများ ပေါ်တွင် နယ်နိမိတ် ရှိသော တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။ တောင်ဘက်ပိုင်း ဂျဟိုးပြည်နယ်တွင် တည်ရှိသော တန်ဂျွန် ပီရိုင်းမှာ အာရှတိုက်၏ တောင်ဘက် အစွန်ဆုံး ထိပ်စွန်းတစ်ခု ဖြစ်သည်။ စူမားတြားကျွန်းနှင့် မလေးကျွန်းဆွယ် ကြားတွင် တည်ရှိသော မလက္ကာရေလက်ကြားမှာ ကမ္ဘာ့ ကူးသန်းရောင်းဝယ်ရေးအတွက် အရေးအကြီးဆုံးသော လမ်းတစ်ခု ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းကျော် ဖြတ်သန်း သွားလာလျက် ရှိသည်။ မလေးရှားနိုင်ငံ၏ အစိတ်အပိုင်း နှစ်ခုကို တောင်တရုတ်ပင်လယ်မှ ပိုင်းခြားထားပြီး ကျွန်းဆွယ် မလေးရှားနှင့် အရှေ့မလေးရှားဒေသတို့သည် အလွန်တူညီသော ရှုခင်းများ ရှိကြကာ ကမ်းရိုးတန်း လွင်ပြင်များမှ တောင်ကုန်းများ တောင်တန်းများသို့ မြင့်တက်သွားသည့် မြေမျက်နှာသွင်ပြင်မျိုး ရှိသည်။ မလေးရှား ကျွန်းဆွယ်တွင် မလေးရှား ကုန်းမြေ၏ ၄၀ ရာခိုင်နှုန်းမျှ ၌ပါဝင်ပြီး မြောက်မှ တောင်သို့ ၄၃၀မိုင် (၇၄၀ ကီလိုမီတာ) မျှ သွယ်တန်းလျက် ရှိကာ အကျယ်ဆုံးနေရာတွင် ၂၀၀မိုင် (၃၂၂ ကီလိုမီတာ)မျှ ကျယ်ဝန်းသည်။ အရှေ့ဘက် ကမ်းရိုးတန်း နှင့် အနောက်ဘက် ကမ်းရိုးတန်းကြားတွင် တီတီဝန်ဆာ တောင်ကုန်းများဖြင့် ပိုင်းခြား ထားပြီး အမြင့်ဆုံး နေရာဖြစ်သော ကော်ဗူတောင်တွင် ၇,၁၆၂ပေ( ၂,၁၈၃ မီတာ) မျှ မြင့်တက်သွားကာ တောင်ကုန်းများ၏ တစ်စိတ်တပိုင်းမှာ ကျွန်းဆွယ်၏ အလယ်ပိုင်းသို့ သွယ်တန်း ဆင်းသက် သွားကြသည်။ တောင်ကုန်းများမှာ သစ်တောများ ထူထပ်စွာ ရှိကြပြီး ဂရက်နိုက် များနှင့် အခြား မီးသင့်ကျောက်များဖြင့် အဓိကအားဖြင့် ဖွဲ့စည်းထားသည်။ အများစုမှာ တိုက်စားခံခဲ့ရပြီး ဖြစ်သဖြင့် ကာ့စ် ကုန်းမြေပြင် အသွင် ဖြစ်နေကြသည်။ ထိုတောင်ကုန်းများသည် မလေးရှား ကျွန်းဆွယ်ရှိ မြစ်များ၏ မြစ်ဖျားခံရာ ဒေသဖြစ်သည်။ ကျွန်းဆွယ်ကို ဝန်းရံထားသော ကမ်းရိုးတမ်း လွင်ပြင်တွင် အကျယ်ဆုံး နေရာ၌ ၃၁ မိုင် (၅၀ ကီလိုမီတာ) ရှိ၍ ကျွန်းဆွယ် ကမ်းရိုးတန်း အရှည်မှာ ၁,၂၀၀မိုင် (၁,၉၃၁ ကီလိုမီတာ) ရှည်လျားသော်လည်း သင်္ဘောဆိပ်ကမ်းများမှာ အနောက်ဘက်ခြမ်းတွင် သာ ရှိသည်။ ဘော်နီယိုကျွန်းပေါ်ရှိ အရှေ့မလေးရှားတွင် ကမ်းရိုးတန်း အရှည်အားဖြင့် ၁,၆၂၀မိုင် (၂,၆၀၇ ကီလိုမီတာ) ရှည်လျားသည်။ ထိုဒေသအား ကမ်းရိုးတန်း ဒေသသ၊ တောင်ကုန်းနှင့် ချိုင့်ဝှမ်းများ၊ တောင်ကုန်း ထူထပ်သော အတွင်းပိုင်း ဟူ၍ ပိုင်းခြား ထားသည်။ ခရော့ကာ တောင်တန်းများသည် ဆာရာဝပ်မှ မြောက်ဘက်သို့ သွယ်တန်းသွားပြီး ဆာဘားပြည်နယ် နှင့် နယ်နိမိတ် အဖြစ် တည်ရှိသည်။ ထိုဒေသမှာ ၁၃,၄၃၅ ပေ (၄,၀၉၅ မီတာ) မြင့်သော ကင်နာဘာလူးတောင် တည်ရှိရာ နေရာ ဖြစ်ပြီး မလေးရှား၏ အမြင့်ဆုံးတောင်လည်း ဖြစ်သည်။ ကင်နာဘာလူးတောင်သည် ကင်နာဘာလူး အမျိုးသား ဥယျာဉ် အတွင်း တည်ရှိပြီး မလေးရှားနိုင်ငံ အတွင်းရှိ ယူနက်စကို ကမ္ဘာ့ အမွေခံ နေရာ ၄ ခု တွင် တစ်ခုဖြစ်သဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသော ဒေသဖြစ်သည်။ ဆာရာဝပ်တွင် ကမ္ဘာ့အကြီးဆုံး ဂူ ဖြစ်သော မူလူးဂူများ ရှိကာ ကမ္ဘာ့အမွေခံ နေရာ တစ်ခု ဖြစ်သော ဂူနန်မူလူး အမျိုးသား ဥယျာဉ် အတွင်းတွင် တည်ရှိသည်။ မလေးရှား၏ အပိုင်း ၂ ပိုင်း ကြားထဲတွင် ကျွန်း အများအပြား ရှိပြီး အကြီးဆုံး ကျွန်းမှာ ဘန်ဂီကျွန်းများ ဖြစ်သည်။ ဒေသ၏ ရာသီဥတုမှာ အီကွေတာ ရာသီဥတုဖြစ်ပြီး နှစ်စဉ် ဧပြီလမှ အောက်တိုဘာလ အတွင်း အနောက်တောင် အရပ်မှ ၊ အောက်တိုဘာမှ ဖေဖော်ဝါရီ အတွင်း အရှေ့မြောက် အရပ်မှ မုတ်သုံလေများ တိုက်ခတ်သည်။ ဝန်းရံထားသော သမုဒ္ဒရာများကြောင့် အပူချိန်မှာ သင့်တင့်မျှတသည်။ စိုထိုင်းဆမှာ ပုံမှန်အားဖြင့် မြင့်မားပြီး နှစ်စဉ် မိုးရေချိန်မှာ ၉၈ လက်မ (၂၅၀ စင်တီမီတာ) မျှ ရှိသည်။ ကျွန်းဆွယ် ဒေသ နှင့် အရှေ့မလေးရှားတို့တွင် ရာသီဥတုမှာ ကွာခြားပြီး ကျွန်းဆွယ်ပေါ်ရှိ ရာသီဥတုမှာ ကုန်းမကြီးမှ လေတိုက်ခတ်မှုများမှ တိုက်ရိုက် သက်ရောက်မှု ရှိကာ ၎င်းနှင့် ဆန့်ကျင်စွာ အရှေ့ပိုင်းတွင်မူ ပင်လယ်ပြင်နှင့်ပိုမို နီးစပ်သော ရာသီဥတုမျိုး ရှိသည်။ နိုင်ငံတွင်း ရာသီဥတုကို ဒေသ ၃ ခု ခွဲခြားနိုင်ပြီး ကုန်းမြင့်ပိုင်း၊ မြေနိမ့်ပိုင်း နှင့် ကမ်းရိုးတန်း ရာသီဥတုတို့ ဖြစ်ကြသည်။ ရာသီဥတု ပြောင်းလဲခြင်းမှ ပင်လယ်ရေမျက်နှာပြင် အမြင့် နှင့် မိုးရွာကျမှုတို့ကို သက်ရောက်မှု ရှိနိုင်ပြီး ရေကြီးမှု ဖြစ်နိုင်ခြေ ပိုမို များပြားလာကာ ထို့အတွက်ကြောင့် မိုးခေါင်ရေရှားခြင်းနှင့် ကြုံရနိုင်သည့် အလားအလာ ရှိသည်။ ဇီဝမျိုးကွဲများ မလေးရှားနိုင်ငံသည် ၁၉၉၃ ခုနှစ် ဇွန်လ ၁၂ ရက်တွင် ဇီဝဗေဒဆိုင်ရာ မျိုးကွဲများ နှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေထိုးခဲ့ပြီး ၁၉၉၄ ခု ဇွန်လ ၂၄ ရက်မှ စ၍ စာချုပ် အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက်တွင် တစ်နိုင်ငံလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ဆိုင်ရာ မဟာဗျူဟာ နှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ထုတ်ပြန်ခဲ့ပြီး ညီလာခံတွင် ၁၉၉၈ ခု ဧပြီလ ၁၆ ရက်တွင် တင်သွင်းခဲ့သည်။ မလေးရှား နိုင်ငံသည် မက်ဂါ အဆင့်ရှိအောင် အလွန်အမင်း ကွဲပြားခြားနာမှုများ ရှိပြီး မျိုးစိတ်များ အမြောက်အမြား ရှိသကဲ့သို့ ဒေသအတွင်း၌ သာတွေ့ရသော မျိုးစိတ်များလည်း အလွန်များပြားသည်။ ကမ္ဘာပေါ်ရှိ သတ္တဝါမျိုးစိတ်များ၏ ၂၀ ရာခိုင်နှုန်းမျှ ရှိမည်ဟု ခန့်မှန်းရသည်။ ဒေသအတွင်း၌ သာ တွေ့ရသော မျိုးစိတ်များကို ဘော်နီယိုကျွန်း တောင်ကုန်းများရှိ အမျိုးမျိုး ကွဲပြားသော သစ်တောများတွင် တွေ့ရပြီး မျိုးစိတ် တစ်ခုနှင့် တစ်ခုအား မြေနိမ့်ပိုင်း သစ်တောများဖြင့် သီးသန့် ပိုင်းခြားထားသည့် ပမာ ဖြစ်နေသည်။ နိုင်ငံ အတွင်း နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ၂၁၀ ခန့်မျှ ရှိသည်။ ငှက်မျိုးစိတ်ပေါင်း ၆၂၀ ကျော်ကိုလည်း မလေးရှား ကျွန်းဆွယ်ပေါ်တွင် မှတ်တမ်းတင်ထားပြီး အများစုမှာ ထိုဒေသရှိ တောင်ကုန်းများ၌သာ တွေ့ရသည်။ ထို့အပြင် မလေးရှား ဘော်နီယို တွင်လည်း ထိုဒေသတွင်သာ တွေ့ရသော ငှက်မျိုးစိတ် အမြောက်အမြား ရှိသည်။ တွားသွားသတ္တဝါ မျိုးစိတ် ၂၅၀ ကျော်ကို တွေ့ရပြီး မျိုးစိတ် ၁၅၀ ကျော်မှာ မြွေမျိုးစိတ်များ ဖြစ်ကြပြီး ၈၀ ကျော်မှာ ပုတ်သင်ညိုနှင့် ဖွတ်ကဲ့သို့ မျိုးစိတ်များ ဖြစ်ကြသည်။ ဖားမျိုးစိတ် ၁၅၀ ခန့် ရှိပြီး ပိုးမွှားမျိုးစိတ် ထောင်ပေါင်းများစွာ ရှိသည်။ မလေးရှား၏ သီးသန့် စီးပွားရေး ဇုံမှာ ကုန်းမြေ ဧရိယာထက် ၁ဆခွဲမျှ ပိုမို ကျယ်ဝန်းပြီး ၎င်း၏ အချို့သော ရေ နေရာများမှာ ဇီဝမျိုးကွဲများအတွက် ထင်ရှားသော နေရာ ဖြစ်သည့် သန္တာတြိဂံ ဒေသတွင် တည်ရှိသည်။ ဆီပါဒန်ကျွန်း အနီးရှိ ရေမှာ ကမ္ဘာပေါ်တွင် ဇီဝမျိုးကွဲ အစုံဆုံး ရေနေရာ ဖြစ်သည်။ အရှေ့မလေးရှားနှင့် နယ်နိမိတ်ဖြစ်သော ဆူလူးပင်လယ်မှာ ဇီဝမျိုးကွဲများ အတွက် ထင်ရှားသော နေရာ ဖြစ်ပြီး သန္တာမျိုးစိတ် ၆၀၀ ခန့် နှင့် ငါးမျိုးစိတ် ၁၂၀၀ ခန့် ရှိသည်။ မလေးရှား ကျောက်ဂူများ၏ ထူးခြားသော ဇီဝမျိုးကွဲပုံမှာ ကမ္ဘာတဝှမ်းရှိ ဂေဟကမ္ဘာလှည့် ခရီးသွားများကို အမြဲပင် စွဲဆောင်လျက် ရှိသည်။ မလေးရှားတွင် မှိုမျိုးစိတ်ပေါင်း ၄,၀၀၀ ခန့် ရှိပြီး သစ်ကပ်မှော် ဖြစ်ပွားစေသော မျိုးစိတ်များလည်း ပါဝင်သည်။ မလေးရှားရှိ မျိုးစိတ် အမြောက်အမြားရှိသော မှိုအစုအဝေး နှစ်ခုတွင် အက်စ်ကိုမိုင်ကိုတာ နှင့် ၎င်းတို့၏ လိင်မဲ့အခြေအနေအား အချို့သော တည်ရှိရာ နေရာ (သစ်ဆွေးများ၊ ပင်လယ်နှင့် ရေချို ဂေဟစနစ်များ တွင် အချို့အပင်များ၏ ကပ်ပါးများ အဖြစ်လည်းကောင်း၊ ဇီဝအားဖြင့် ဆွေးမြေ့ပျက်စီးမှုတွင် အထောက်အကူ ပေးသော ပစ္စည်းများ အဖြစ်လည်းကောင်း) တို့တွင် ဆန်းစစ်လေ့လာခဲ့ပြီး အခြားသော တည်ရှိရာ နေရာများ (အတွင်းကပ်ပါးများ အဖြစ် မြေကြီးထဲတွင် လည်းကောင်း၊ တိရစ္ဆာန် အညစ်အကြေးများတွင် လည်းကောင်း၊ လူနှင့် တိရစ္ဆာန်တို့တွင် ရောဂါဖြစ်စေနိုင်သော ပစ္စည်းများ အဖြစ်လည်းကောင်း) တွင်မူ ဆန်းစစ် လေ့လာခြင်း မပြုရသေးပေ သို့မဟုတ် အနည်းငယ်သာလျှင် ပြုရသေးသည်။ ဘာစီဒီယို မိုင်ကိုတာ တို့ကိုမူ တစ်စိတ်တစ်ပိုင်းသာလျှင် လေ့လာဆန်းစစ်ခဲ့ပြီး ဘရက်ကက်မှိုများတွင် လည်းကောင်း၊ မှိုပွင့်များ နှင့် တုတ်ဒ်စတူးလ်များတွင် လည်းကောင်း လေ့လာခဲ့ပြီး မလေးရှား ရပ်စ် နှင့် စမတ် မှိုများ အကြောင်းကိုမူ အလွန်ပင် နည်းပါးစွာ သိရှိသေးသည်။ မလေးရှားရှိ မှို မျိုးစိတ် အမြောက်အမြားကို မှတ်တမ်းတင်ရခြင်း မရှိသေး ဆိုသည့် အချက်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိပေ။ အသစ် ထပ်မံ တွေ့ရှိမည့် မှိုများသည် သိပ္ပံပညာအတွက် အသစ်ဖြစ်မည်ဟု မှန်းဆ နိုင်ပေသည်။ မလေးရှား၏ ၃ ပုံ ၂ ပုံ ခန့်မှာ သစ်တောများဖြင့် ဖုံးလွှမ်းလျက် ရှိပြီး အချို့သော သစ်တောများမှာ နှစ်ပေါင်း သန်း ၁၃၀ ကျော်မျှ သက်တမ်း ရှိပြီ ဖြစ်သည်။ သစ်တောများတွင် အင်-ကညင်မျိုး အပင်များ အများဆုံး ပေါက်ရောက်လျက် ရှိသည်။ မြေနိမ့်သစ်တောများသည် ပေ ၂,၄၉၀ (၇၆၀ မီတာ) အောက် ဒေသများကို ဖုံးလွှမ်းထားပြီး ယခင်က မလေးရှား အရှေ့ပိုင်းကို ထိုသို့သော သစ်တောများဖြင့် ဖုံးလွှမ်းထားကာ ၎င်းတို့ကို ပူနွေးစွတ်စိုသော ရာသီဥတုက အထောက်အပံ့ ပေးထားသည်။ အပွင့်ပွင့်သော ပန်းပင် နှင့် သစ်ပင် မျိုးစိတ် ၁၄,၅၀၀ ခန့် ရှိသည်။ မိုးသစ်တောများအပြင် ၅၅၀ စတုရန်းမိုင် (၁,၄၂၅ စတုရန်း ကီလိုမီတာ) ကျော် ကျယ်ဝန်းသော လမုတောများလည်း မလေးရှားတွင် ရှိပြီး သစ်ဆွေးတောများလည်း အများအပြား ရှိသည်။ အမြင့်ပိုင်း ဒေသများတွင် ဝက်သစ်ချပင်များ၊ သစ်အယ်ပင်များ နှင့် တောင်ဇလပ်ပင်များက အင်ကညင်တို့ နေရာတွင် အစားထိုး ပေါက်ရောက်ကြသည်။ မလေးရှား ကျွန်းဆွယ်တွင် ဗက်စကျူလာ အပင်မျိုးစိတ်ပေါင်း ၈,၅၀၀ ခန့်ရှိပြီး အရှေ့ မလေးရှားတွင် ၁၅,၀၀၀ ခန့် ရှိသည်။ အရှေ့မလေးရှားရှိ သစ်တောများတွင် သစ်ပင် မျိုးစိတ်ပေါင်း ၂,၀၀၀ ခန့် ရှိပြီး ကမ္ဘာပေါ်တွင် ဇီဝမျိုးကွဲ အစုံဆုံး ဒေသ တစ်ခု ဖြစ်ကာ တစ်ဟက်တာ အကျယ်အဝန်းတိုင်းတွင် အပင်မျိုးစိတ်ပေါင်း ၂၄၀ မျှ ရှိသည်။ ထိုသစ်တောများတွင် ကမ္ဘာ့အကြီးဆုံး ပန်းပွင့်များ ဖြစ်သော ရပ်ဖဲလ်ရှား မျိုးစုဝင် အများအပြားကို တွေ့ရပြီး အကြီးဆုံး အချင်းမှာ ၃.၃ပေ (၁ မီတာ) မျှ ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်မှု ဆိုင်ရာ ပြဿနာများ သစ်ထုတ်လုပ်ခြင်း နှင့် စိုက်ပျိုးရေး ဆိုင်ရာ လုပ်ထုံးများကြောင် သစ်ပင်ဖုံးလွှမ်းမှုကို အကြီးအကျယ် ပျက်စီးစေပြီး နိုင်ငံအတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေသည်။ ဆာရာဝပ်ရှိ မိုးသစ်တောများ၏ ၈၀ ရာခိုင်နှုန်းကျော် ပြုန်းတီးနေပြီ ဖြစ်သည်။ အရှေ့မလေးရှားတွင် သစ်ပင်များ မရှိတော့၍ ရေကြီးမှုများ ပိုမိုဆိုးရွားလာပြီး ကျွန်းဆွယ်ပေါ်တွင်မူ ၆၀ ရာခိုင်နှုန်းသော သစ်တောများအား ပြုန်းတီးပြီး ဖြစ်သည် ယခု လက်ရှိ သစ်တော ပြုန်းတီးမှုနှုန်း အရ သစ်တောများသည် ၂၀၂၀ တွင် လုံးဝ ပျောက်ကွယ်သွားမည်ဟု ယူဆရသည်။ သစ်တောပြုန်းတီးခြင်းမှာ တိရစ္ဆာန်များ၊ မှိုများ နှင့် အပင်များ အတွက် အဓိက ပြဿနာပင် ဖြစ်ပြီး သစ်တောများအား စိုက်ပျိုးမြေများ အတွက် ခုတ်ထွင် ရှင်းလင်းခဲ့ကြသည်။ ကျန်ရှိနေသော သစ်တောများကို အမျိုးသား ဥယျာဉ်များ အတွင်း တွေ့ရသည်။ နေထိုင်ရာ ဒေသ ပျက်စီးခြင်းသည် ပင်လယ်ရေနေ သတ္တဝါများ အတွက် ခြိမ်းခြောက်မှု တစ်ခု ပင် ဖြစ်သည်။ တရားမဝင် ငါးဖမ်းခြင်းမှာလည်း အခြား အန္တရာယ် တစ်ခု ဖြစ်ပြီး ငါးဗုံးခွဲခြင်း နှင့် အဆိပ်ခပ်ခြင်း တို့ကြောင့်လည်း ပင်လယ်ဆိုင်ရာ ဂေဟစနစ်များကို ပျက်စီးစေခဲ့သည်။ သားရေကျော လိပ်များမှာ ၁၉၅၀ နှစ်များမှ စ၍ ၉၈ ရာခိုင်နှုန်းမျှ လျော့နည်းသွားခဲ့သည်။ အမဲလိုက်ခြင်းမှာလည်း အချို့သော တိရစ္ဆာန်များ အတွက် ပြဿနာ ဖြစ်ပြီး တိရစ္ဆာန် တို့၏ အစိတ်အပိုင်းများကို အကျိုးအမြတ် အတွက် အလွန်အကျွံ သုံးစွဲခြင်းကလည်း ပင်လယ် သတ္တဝါများမှ အစ ကျားများအဆုံး သတ္တဝါ အများအပြားကို ခြိမ်းခြောက်လျက် ရှိသည်။ ပင်လယ်နေ သတ္တဝါများသည်လည်း ချုပ်ထိန်းမှု မရှိသော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများကြောင့် အလွန်အမင်း ထိခိုက်ပျက်စီးစေသည်။ မလေးရှား အစိုးရသည် စီးပွားရေး ဖွံ့ဖြိုးမှုအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ဘက်မျှစေရန် ရည်ရွယ် လုပ်ဆောင်နေသော်လည်း သဘာဝ ပတ်ဝန်းကျင် ထက် လုပ်ငန်းကြီးများကို ပို၍ ဦးစားပေးသည်ဟု စွပ်စွဲခြင်း ခံရသည်။ အချို့သော ပြည်နယ် အစိုးရများသည် သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကို တန်ပြန်ရန် ကြိုးစားလျက် ရှိကြပြီး ဖက်ဒရယ် အစိုးရမှ သစ်ထုတ်လုပ်ခြင်းကို တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းမျှ လျှော့ချရန် ကြိုးစားလျက် ရှိသည်။ အမျိုးသား ဥယျာဉ် ၂၈ ခုကို တည်ထောင်ခဲ့ပြီး ၂၃ ခုမှာ အရှေ့မလေးရှားတွင် ဖြစ်ပြီး ကျန် ၅ ခုမှာ ကျွန်းဆွယ်မလေးရှားတွင် ဖြစ်သည်။ ဆီပါဒန် ကျွန်းကဲ့သို့သော ဇီဝမျိုးကွဲစုံရာ ဒေသများတွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအား ကန့်သတ် ထားသည်။ တိရစ္ဆာန် မှောင်ခိုမှုမှာ ကြီးစွာသော ပြဿနာ တစ်ခု ဖြစ်ပြီး မလေးရှား အစိုးရမှာ ဘရူနိုင်း အစိုးရ၊ အင်ဒိုနီးရှား အစိုးရ တို့နှင့် ဆွေးနွေး၍ မှောင်ခိုမှု တားဆီးရေး ဥပဒေများကို တသမတ်တည်း ဖြစ်စေရန် ဆွေးနွေးလျက် ရှိကြသည်။ စီးပွားရေး မလေးရှားသည် အတော်အသင့် တံခါးပွင့်ပြီး နိုင်ငံအတွက် အသားပေးကာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုသို့ လောလောလတ်လတ် ပြောင်းလဲပြီးသော ဈေးကွက်စီးပွားရေး စနစ် ရှိသည်။ နိုင်ငံတော်မှာ မက်ခရို စီးပွားရေး အစီအစဉ်များဖြင့် စီးပွားရေး ကိစ္စများကို ထိန်းကျောင်း မောင်းနှင်ရန် ကြိုးစားရာတွင် အရေးပါသော နေရာမှ ရှိပြီး ယခုအခါတွင်မူ အစိုးရ၏ ကဏ္ဍ တဖြည်းဖြည်းချင်း မှေးမှိန်လာသည်။ မလေးရှားသည် အာရှတွင် အကောင်းဆုံးသော စီးပွားရေး မှတ်တမ်းရှိသော နိုင်ငံ တစ်ခုဖြစ်ပြီး ၁၉၅၇ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ စုစုပေါင်း ပြည်တွင်းထုတ်ကုန်မှာ ပျမ်းမျှ ၆.၅ ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးလာခဲ့သည်။ ၂၀၁၄ မှ ၂၀၁၅ အတွင်း မလေးရှား၏ စီးပွားရေးမှာ အာရှတွင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်ပြီး အာရှ တွင့် အဆင့် ၆ ရှိကာ တကမ္ဘာလုံးတွင် အဆင့် ၂၀ ရှိ၍ ဩစတြေးလျ၊ ပြင်သစ် နှင့် တောင်ကိုရီးယား တို့ထက် ပို၍ မြင့်သည်။ ၂၀၁၄ ခုနှစ်တွင် မလေးရှား၏ စီးပွားရေးမှာ ၆% တိုးတက်ခဲ့သဖြင့် အာဆီယံတွင် ဖိလစ်ပိုင်၏ ၆.၁% ပြီးလျှင် ဒုတိယမြောက် အမြင့်ဆုံး တိုးပွားမှု ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ၂၀၁၄ ခုနှစ် စုစုပေါင်း ပြည်တွင်း ထုတ်ကုန်ကို လူတစ်ဦးချင်း ဝယ်ယူနိုင်မှု စွမ်းအား နှင့် နှိုင်းယှဉ်ပြီး ကိန်းဂဏန်းမှာ ၇၄၆.၈၂၁ ဘီလီယံ ဒေါ်လာ ဖြစ်သဖြင့် အာဆီယံတွင် အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံတို့ပြီးလျှင် တတိယ အကြီးဆုံး ဖြစ်ပြီး ကမ္ဘာတွင် ၂၈ ခုမြောက် အကြီးဆုံး ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ယခင် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် မှ မလေးရှားနိုင်ငံ ၏ အနာဂတ် အတွက် ၎င်း၏ စိတ်ကူးအား "ရည်မှန်းချက် ၂၀၂၀" ဖြင့် ထုတ်ဖော်ပြသခဲ့ပြီး ၂၀၂၀တွင် မလေးရှားနိုင်ငံ အနေနှင့် မိမိဘာသာ အမှီအခို ကင်းမဲ့စွာ ပြည့်စုံလုံလောက်သော စက်မှုလုပ်ငန်း ဖွံ့ဖြိုးပြီး နိုင်ငံ တစ်နိုင်ငံ အဖြစ် ပုံဖော်ထားခဲ့သည်။ နာဂျစ် ရာဇက် မှ မလေးရှား အနေနှင့် ဖွံ့ဖြိုးပြီး နိုင်ငံ အဆင့်သို့ ပန်းတိုင် အဖြစ်မျှော်မှန်းထားသော ၂၀၂၀ ခုနှစ် မရောက်မီ စောလျင်စွာ ရရှိနိုင်ကြောင်း ပြောကြာခဲ့ပြီး နိုင်ငံ အတွင်း အစိုးရ ပြုပြင်ပြောင်းလဲရေး အစီအစဉ် နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ် အစရှိသည့် အစီအစဉ် ၂ ခု ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ အိတ်ချ်အက်စ်ဘီစီ၏ အစီရင်ခံစာ အရ မလေးရှားသည် ၂၀၅၀ ခုနှစ်တွင် ကမ္ဘာတွင် ၂၁ ခုမြောက် အကြီးဆုံး စီးပွားရေး အနေနှင့် ရှိနေမည် ဖြစ်ပြီး ဂျီဒီပီအားဖြင့် ၁.၂ ထရီလီယံ (၂၀၀၀ ခုနှစ် ဒေါ်လာတန်ဖိုး) မျှ ရှိမည်ဟု ခန့်မှန်းထားပြီး လူတစ်ဦးချင်း ဂျီဒီပီ အနေနှင့် အမေရိကန် ဒေါ်လာ ၂၉,၂၄၇ ဒေါ်လာ (၂၀၀၀ ခုနှစ် ဒေါ်လာတန်ဖိုး) ဖြင့် ရှိမည်ဟု ခန့်မှန်းထားသည်။ အစီရင်ခံစာမှ ဖော်ပြထားချက်များတွင် အီလက်ထရွန်းနစ် ကိရိယာများ၊ ဓာတ်ဆီ နှင့် အရည်အဖြစ် ပြောင်းထားသော သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်သူများ အနေဖြင့် လူတစ်ဦးချင်း ဝင်ငွေ သိသာစွာ တိုးတက်လာသည်ကို မြင်ရလိမ့်မည်။ မလေးရှား၏ လူတစ်ဦးချင်း သက်တမ်း၊ အခြားသူများ ထက်သာလွန်သော ကျောင်းနေမှုနှင့် သာမန်ထက်ပိုသော မွေးဖွားနှုန်းတို့က စီးပွားရေး တိုးချဲ့မှုများ အတွက် ကူညီ ပံ့ပိုးပေးလိမ့်မည်ဟု ဆိုထားသည်။ ခရက်ဒစ် ဆွိစ် မှ မန်းနေးဂျင်း ဒါရိုက်တာ ဗစ်တာ ရှဗက်မှ "မလေးရှားတွင် ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် လိုအပ်သော အရာများ အားလုံး ရှိသည်" ဟု ဆိုခဲ့သည်။ ၁၉၇၀ ခုနှစ်များတွင် သတ္တုတူးဖော်ရေး နှင့် စိုက်ပျိုးရေး အပေါ် အခြေခံထားသော စီးပွားရေးမှာ ကဏ္ဍ စုံလင်သော စီးပွားရေး အဖြစ်သို့ စတင်ပြောင်းလဲခဲ့သည်။ ၁၉၈၀ ခုနှစ်များမှ စ၍ ရင်းနှီးမြှုပ်နှံမှု အလွန်မြင့်မားသော ကုန်ထုတ်လုပ်မှု ကဏ္ဍသည် နိုင်ငံ၏ ဖွံ့ဖြိုးရေး အတွက် ဦးဆောင် ဖြစ်ခဲ့သည်။ နိုင်ငံ၏ စီးပွားရေး သည် ၁၉၉၇ အာရှ ငွေကြေးဂယက်တွင် အိမ်နီးချင်း နိုင်ငံများထက် စောလျင်စွာ ပြန်လည်ဦးမော့ လာခဲ့ပြီး ထိုအချိန်မှစ၍ ငွေကြေးဂယက် မဖြစ်မီ အချိန် လူတစ်ဦးချင်း ဂျီဒီပီ တစ်နှစ်လျှင် ဒေါ်လာ ၁၄,၈၀၀ သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ စီးပွားရေး မညီမျှမှုများမှာ မတူညီသော လူမျိုးများ အကြား တည်ရှိနေခဲ့သည်။ တရုတ်လူမျိုးများမှာ နိုင်ငံ လူဦးရေ၏ ၄ ပုံ ၁ပုံမျှ သာ ရှိသော်လည်း ဈေးကွက် အတွင်းရှိ အရင်းအနှီး၏ ၇၀ ရာခိုင်နှုန်းမျှကို ပိုင်ဆိုင်ကြသည်။ မလေးရှားရှိ တရုတ်တို့၏ စီးပွားရေးမှာ ဝါးလုံး ကွန်ယက်ဟု ခေါ်သော အရှေ့တောင် အာရှ ဈေးကွက် အတွင်း မိသားစု နှင့် ယဉ်ကျေးမှု အရ ဆက်နွယ်နေကြသော နိုင်ငံခြားရောက် တရုတ်စီးပွားရေး လုပ်ငန်းများ ကွန်ယက်၏ တစိတ်တဒေသ ဖြစ်သည်။ မလက်ကာ ရေလက်ကြားနှင့် ကပ်လျက် ရှိနေသော ပင်လယ်ကူး သင်္ဘော သွားလာရေး လမ်းကြောင်းမှ ကူညီပံ့ပိုးပေးထားသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး နှင့် ကုန်ထုတ်လုပ်ရေး တို့မှာ အဓိက စီးပွားရေး ကဏ္ဍများ ဖြစ်ကြသည်။ မလေးရှားသည် သဘာဝနှင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အရင်းအမြစ်များ တင်ပို့ရောင်းချသော နိုင်ငံဖြစ်ပြီး ဓာတ်ဆီမှာ အဓိက ပို့ကုန် ဖြစ်သည်။ တစ်ချိန်က မလေးရှား သည် ကမ္ဘာတွင် ခဲမဖြူ၊ ရာဘာ နှင့် စားအုန်းဆီ အများဆုံး တင်ပို့သော နိုင်ငံ ဖြစ်ခဲ့သည်။ မလေးရှား၏ စီးပွားရေး အဆောက်အအုံပုံစံမှာ ကုန်ထုတ်လုပ်ငန်းမှ တခြားသို့ ပြောင်းလဲ ဦးတည်လျက် ရှိသော်လည်း ကုန်ထုတ်လုပ်ငန်းမှ နိုင်ငံ၏ စီးပွားရေး အပေါ် များစွာ လွှမ်းမိုးခဲ့သည်။ မလေးရှားသည် ကမ္ဘာပေါ်တွင် စားအုန်းဆီ အများဆုံး ထုတ်လုပ်ရာ နိုင်ငံတစ်နိုင်ငံ အဖြစ် ရှိနေဆဲပင် ဖြစ်သည်။ စီးပွားရေးအား တခြား ကဏ္ဍများသို့ ချဲ့ထွင်ရန်နှင့် တင်ပို့ကုန်အပေါ်တွင် မှီခိုနေမှုအား လျှော့ချရန် အတွက် အစိုးရသည် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို တိုးမြှင့်လာစေရန် တွန်းအားပေးခဲ့သည်။ ထို့အတွက်ကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းသည် မလေးရှားတွင် တတိယမြောက် နိုင်ငံခြားငွေ အများဆုံး ရရှိသော လုပ်ငန်း ဖြစ်လာခဲ့သည်။ သို့သော်လည်း တိုးတက်လာသော စက်မှုလုပ်ငန်း စီးပွားရေးကြောင့် လေထု ညစ်ညမ်းမှု နှင့် ရေထု ညစ်ညမ်းမှု များစွာ ဖြစ်ပွားပြီး သစ်တောပြုန်းတီးခြင်းများကလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်တွင် မကောင်းသည့် ဘက်မှ အကျိုးသက်ရောက် စေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မလေးရှားနိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်သော မလေးရှား လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်း ပျောက်ဆုံးခြင်း နှင့် အခြား လေယာဉ်တစ်စင်း ဇူလိုင်လ အတွင်း ယူကရိန်း နိုင်ငံ ပေါ်တွင် ပစ်ချခံခဲ့ရခြင်း တို့ကြောင့် ခရီးသည်နှင့် လေယာဉ် အမှုထမ်း စုစုပေါင်း ၅၃၇ ဦး ဆုံးရှုံးခဲ့ရသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အပေါ်တွင် ဖိအားများ သက်ရောက်စေခဲ့သည်။ လေကြောင်းလိုင်း အနေနှင့် ၃ နှစ်တာမျှ အမြတ်မရရှိခဲ့သဖြင့် အစိုးရ အနေနှင့် ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ၎င်းတို့ မပိုင်ဆိုင်သေးသော ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူခြင်းအားဖြင့် လေကြောင်းလိုင်းကို နိုင်ငံပိုင် အဖြစ် ပြောင်းလဲခဲ့သည်။. ၂၀၁၃ ခု နှင့် ၂၀၁၄ ခု ကြားတွင် မလေးရှားသည် ကမ္ဘာပေါ်တွင် အငြိမ်းစား ယူသည့် အခါ နေထိုင်ရန် အကောင်းဆုံး နိုင်ငံ တစ်နိုင်ငံ အဖြစ် ဖော်ပြခြင်းခံရပြီး ကမ္ဘာ့ အငြိမ်းစား ညွှန်းကိန်း တွင် တတိယ နေရာမှ ဖော်ပြခြင်း ခံခဲ့ရသည်။ ထိုအကြောင်းမှာ "မလေးရှား ကျွန်ုပ်တို့၏ ဒုတိယအိမ်" ဆိုသည့် အစီအစဉ်ဖြင့် နိုင်ငံခြားသားများအား နိုင်ငံအတွင်း ရေရှည် နေထိုင်ရန် ဗီဇာ ၁၀ နှစ်မျှ ထုတ်ပေးခြင်း၏ ရလဒ်ပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မလေးရှား အနေနှင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကောင်းဆုံး အငြိမ်းစားယူ နေထိုင်ရန် နေရာနှင့် အာရှတွင် အကောင်းဆုံး အငြိမ်းစားယူ နေထိုင်ရန် နေရာ အဖြစ် အဆင့်သတ်မှတ်ခြင်း ခံရသည်။ ပူနွေးသော ရာသီဥတု နှင့် ဗြိတိသျှတို့၏ ကိုလိုနီ ဖြစ်ခဲ့ဖူး​သော နောက်ခံ အခြေအနေက နိုင်ငံခြားသားများအား ဒေသခံတို့နှင့် ဆက်ဆံရာတွင် လွယ်ကူစေသည်။ မလေးရှားနိုင်ငံသည် အစ္စလာမ် ဘဏ်လုပ်ငန်း ကဏ္ဍတွင် ဗဟိုဌာန တစ်ခု အဖြစ် ဖွံ့ဖြိုး တိုးတက်လာခဲ့ပြီး ထိုကဏ္ဍအတွင်း အမျိုးသမီး ဝန်ထမ်း အများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ အသိဉာဏ်ပေါ်တွင် အခြေခံသော ဝန်ဆောင်မှု လုပ်ငန်းများမှာလည်း တိုးပွားလျက် ရှိသည်။ မိမိဘာသာ အားကိုးနိုင်သော ကာကွယ်နိုင်စွမ်း နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မလေးရှားသည် ၁၉၇၀ ခုနှစ်များတွင် နိုင်ငံ၏ စစ်ရေး လုပ်ငန်း အချို့ကို ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲခဲ့သည်။ ထိုသို့ ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ခြင်းကြောင့် ကာကွယ်ရေးနှင့် ဆိုင်သော ကုန်ထုတ်လုပ်ငန်းကို ဖြစ်ပေါ်စေခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် မလေးရှား ကာကွယ်ရေး နှင့် ဆိုင်သော ကုန်ထုတ်လုပ်ငန်း ကောင်စီ အောက်သို့ ထည့်သွင်း ခဲ့သည်။ အစိုးရ အနေနှင့် ဤကဏ္ဍအား ဖွံ့ဖြိုးစေရန် ဆက်လက် လုပ်ဆောင်လျက် ရှိပြီး ကာကွယ်ရေး ကုန်ထုတ်လုပ်ငန်း အတွက် ဈေးကွက်ကိုလည်း အစဉ်တစိုက် ရှာဖွေလျက် ရှိသည်။ မလေးရှားရှိ သိပ္ပံဆိုင်ရာ ပေါ်လစီများကို သိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနမှ ကြီးကြပ်ကွပ်ကဲသည်။ မလေးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် တပိုင်းလျှပ်ကူးပစ္စည်း ကိရိယာများ၊ လျှပ်စစ် ပစ္စည်းများ၊ အိုင်တီနှင့် ဆက်သွယ်ရေး ပစ္စည်းများ အများဆုံး တင်ပို့ ရောင်းချနေသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ မလေးရှားသည် ၂၀၀၂ ခုနှစ်မှစ၍ ၎င်း၏ ကိုယ်ပိုင် အာကာသ အစီအစဉ်များကို စတင် ဆောင်ရွက်လျက် ရှိပြီး ၂၀၀၆ ခုနှစ်တွင် ရုရှားမှ မလေးရှားနိုင်ငံသား တစ်ဦးအား နိုင်ငံတကာ အာကာသ စခန်း သို့ ပို့ဆောင်ပေးရန် သဘောတူခဲ့ပြီး တော်ဝင် မလေရှား လေတပ်မှ ဒေါ်လာ ဘီလီယံပေါင်း မြောက်မြားစွာ တန်သော ရုရှား၏ ဆူကိုဟိ အက်စ်ယူ-၃၀ အမ်ကေအမ် တိုက်လေယာဉ်များကို ဝယ်ယူခြင်းကြောင့် ဖြစ်သည်။ အစိုးရသည် ရာဇက်ဆက် အစီအစဉ်ဖြင့် ဂြိုဟ်တုများ တည်ဆောက်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှု ပြုခဲ့သည်။ အခြေခံ အဆောက်အအုံ မလေးရှားနိုင်ငံ၏ အခြေခံ အဆောက်အအုံကို ခြုံ၍ ကြည့်မည်ဆိုပါက အာရှ၌ အဖွံ့ဖြိုးဆုံး များထဲတွင် ပါဝင်ပြီး အာရှတွင် အဆင့် ၈ ရှိကာ ကမ္ဘာတွင် အဆင့် ၂၅ ရှိသည်။ မလေးရှားသည် လမ်းတို့၏ အရည်အသွေး၊ ဆိပ်ကမ်းဆိုင်ရာ အခြေခံ အဆောက်အအုံများ၏ အရည်အသွေး၊ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ၏ အရည်အသွေးတို့တွင် ကမ္ဘာ့အဆင့် ၁၉ ရှိသော်လည်း လျှပ်စစ်ဖြန့်ဖြူးမှု အရည်အသွေး တွင်မှု ကမ္ဘာ့အဆင့် ၃၉ သာ ရှိသည်။ ၎င်း၏ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ယက်သည် အရှေ့တောင် အာရှတွင် စင်ကာပူပြီးလျှင် ဒုတိယ နေရာမှ လိုက်ပြီး လိုင်းဖုန်း အသုံးပြုသူ ၄.၇ သန်း နှင့် ဆယ်လူလာဖုန်း အသုံးပြုသူ သန်း ၃၀ မျှ ရှိသည်။ နိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ၇ ခု ရှိပြီး အဓိက ဆိပ်ကမ်းမှာ ကလန်း ဆိပ်ကမ်း ဖြစ်သည်။ စက်မှု ရပ်ဝန်း ဒေသ ၂၀၀ ရှိပြီး အထူးပြု စက်မှု ရပ်ဝန်းများဖြစ်သော နည်းပညာရပ်ဝန်း မလေးရှား နှင့် ကူလင်း ဟိုင်းတက်ခ် ရပ်ဝန်း စသည်တို့လည်း ရှိသည်။ လူဦးရေ ၉၅ ရာခိုင်နှုန်း ကျော် အတွက် ရေကောင်းရေသန့် ရနိုင်သည်။ ကိုလိုနီခေတ်အတွင်းက ဖွံ့ဖြိုးရေး လုပ်ငန်းများကို စီးပွားရေး အရ အရေးပါသော မြို့ကြီးများ နှင့် လုံခြုံရေး အရ စိုးရိမ်ရသော ဒေသများကိုသာ အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ ကျေးလက်ဒေသများကို ဖွံ့ဖြိုးရေး အတွက် အာရုံစိုက်ခဲ့သော်လည်း ၎င်းတို့သည် ကျွန်းဆွယ် မလေးရှား၏ အနောက်ဘက် ကမ်းရိုးတန်း ဒေသနှင့် နှိုင်းယှဉ်ပါက နောက်ကျန်နေခဲ့သည်။ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ယက်မှာ မြို့ပြဒေသများတွင် အားကောင်းသော်လည်း ကျေးလက်နေသူများ အတွက်မူ ကောင်းစွာ မရနိုင်ပေ။ စွမ်းအင် မလေးရှားနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံကဏ္ဍတွင် အရှေ့တောင်အာရှတွင် အကြီးဆုံးသော လျှပ်စစ်သုံးစွဲမှု ကုမ္ပဏီ ဖြစ်သည့် တဲနာဂါ နေရှင်နယ် မှ လွှမ်းမိုးထားပြီး ပိုင်ဆိုင်မှု အနေဖြင့် မလေးရှားရင်းဂစ် ၉၉.၀၃ ဘီလီယံ မျှ ရှိသော ပစ္စည်းများ ရှိသည်။ သုံးစွဲသူများသည် နိုင်ငံတော် ဂရစ် မှ တဆင့် လျှပ်စစ်ရရှိရန် ဆက်သွယ်ပြီး ကျွန်းဆွယ် အတွင်းတွင် လျှပ်စစ်ပို့လွတ်သော ဓာတ်အားခွဲရုံ ၄၂၀ ကျော်မျှ ရှိကာ ခန့်မှန်းခြေ ကီလိုမီတာ ၁၁,၀၀၀ ကျော်မျှ ရှည်လျားပြီး ၁၃၂၊ ၂ရ၅ နှင့် ၅၀၀ ကီလိုဗို့ တို့ဖြင့် ပို့လွှတ်နေသော ဓာတ်အားပေးလိုင်းများ ရှိသည်။ မလေးရှား၏ စုစုပေါင်း ပါဝါ ထုတ်လုပ်မှုမှာ ၂၉,၂၇၈ မဂ္ဂါဝပ် ဖြစ်သည်။ စုစုပေါင်း လျှပ်စစ် ထုတ်လုပ်မှုမှာ ၁၄၀,၉၈၅.၀၁ ဂစ်ဂါဝပ် ဟာဝါ ဖြစ်ပြီး စုစုပေါင်း လျှပ်စစ် သုံးစွဲမှုမှာ ၁၁၆,၀၇၈.၅၁ ဂစ်ဂါဝပ် ဟာဝါ ဖြစ်သည်။ မလေးရှား၏ စွမ်းအင်ထုတ်လုပ်မှုမှာ လောင်စာဆီနှင့် သဘာဝ ဓာတ်ငွေ့ပေါ်တွင် မူတည်နေပြီး မလေးရှားရှိ လောင်စာဆီ နှင့် သဘာဝဓာတ်ငွေ့ သိုက်များ ကြောင့်သာ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ မလေးရှား၏ လောင်စာဆီ နှင့် သဘာဝဓာတ်ငွေ့သိုက်သည် အာရှ-ပစိဖိတ် ဒေသတွင် တရုတ်၊ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့ ပြီးလျှင် စတုတ္ထမြောက် အကြီးဆုံး ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး မလေးရှားနိုင်ငံ၏ ကုန်းလမ်း ကွန်ယက်သည် အာရှတွင် အကျယ်ပြန့်ဆုံး ကွန်ယက်တစ်ခု ဖြစ်ပြီး စုစုပေါင်း ၈၉,၇၂၈မိုင် (၁၄၄,၄၀၃ ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။ အဓိက နိုင်ငံတော်၏ ကုန်းလမ်းကွန်ယက်မှာ မလေးရှား ဖက်ဒရယ် လမ်း စနစ်ဖြစ်ပြီး ၃၁,၀၂၈မိုင် (၄၉,၉၃၅ ကီလိုမီတာ) ရှည်လျားသည်။ မလေးရှားရှိ ဖက်ဒရယ် လမ်း အများစုမှာ ၂ လမ်းသွားများ ဖြစ်ကြသည်။ မြို့နေရာများတွင်မူ ဖက်ဒရယ် လမ်းများမှာ ကားများ ပိုသွားနိုင်ရန် ၄ လမ်းသွား ဖောက်လုပ်ထားသည်။ ဖက်ဒရယ်လမ်း အများစုကို ကတ္တရာ ခင်းထားသော်လည်း စကူဒိုင်း-ပွန်တယံ အဝေးပြေးလမ်း၏ တစိတ်တဒေသကို ကွန်ကရစ်လမ်း ခင်းထားပြီး ကလန်းမှ ကွာလာလမ်ပူသို့ ဆက်သွယ်ထားသော ဖက်ဒရယ် အဝေးပြေးလမ်း၏ တစိတ်တဒေသကို နိုင်လွန်ကတ္တရာ ခင်းထားသည်။ မလေးရှားနိုင်ငံတွင် ၁,၁၁၇မိုင် (၁,၇၉၈ကီလိုမီတာ) ရှည်လျားသော အဝေးပြေးလမ်းများ ရှိပြီး အရှည်လျားဆုံး အဝေးပြေးလမ်းမှာ ၄၉၇မိုင် (၈၀၀ ကီလိုမီတာ) ရှည်လျားသော တောင်မြောက်အမြန်လမ်း ဖြစ်ကာ မလေးရှားကျွန်းဆွယ်၏ အနောက်ဘက် ကမ်းရိုးတန်းတလျှောက် ဖောက်လုပ်ထားပြီး အဓိက မြို့ကြီးများဖြစ်သော ကွာလာလမ်ပူမြို့၊ ပီနန်မြို့ နှင့် ဂျဟိုးဘာရူးမြို့ တို့ကို ဆက်သွယ်ပေးထားသည်။ ၂၀၁၅ ခုနှစ်တွင် အစိုးရမှ မလေးရှား ရင်းဂစ် ၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၂၃ ဘီလီယံ) တန်ဖိုးရှိသော ပန်ဘော်နီယို အဝေးပြေးလမ်း စီမံကိန်းကို ကြေညာခဲ့ပြီး မြို့ချင်းဆက်လမ်းများကို နှစ်လမ်းသွား အမြန်လမ်းများ အဖြစ် အဆင့်မြှင့်ခြင်းအားဖြင့် အရှေ့မလေးရှားရှိ အဝေးပြေးလမ်းတို့၏ အဆင့်ကို ကျွန်းဆွယ်မလေးရှား၏ ကွာလတီနှင့် ညီမျှအောင် လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။ မလေးရှားတွင် ရထားလမ်း အရှည် ၁,၁၃၉မိုင် (၁,၈၃၃ ကီလိုမီတာ) မျှ ရှိပြီး ၄၇၇မိုင် (၇၇၆) မိုင်မှာ အသွားအပြန် လမ်း နှင့် လျှပ်စစ်ရထားလမ်းတို့ ဖောက်လုပ်ပြီး ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ရထားပို့ဆောင်ရေးတွင် အကြီးစားရထား (ကေတီအမ်)၊ အပေါ့စား ရထား၊ တစ်လမ်းပြေးရထား(အမြန်ရထား)၊ ကြိုးဆွဲရထား (ပီနန်တောင် ရထား) စသည်ဖြင့် အမျိုးမျိုး ရှိသည်။ အကြီးစားရထားများကို မြို့တစ်မြို့ နှင့် တစ်မြို့ အကြား ခရီးသည်များနှင့် ကုန်စည်များကို ပို့ဆောင်ခြင်း အပြင် မြို့ပြ ခရီးသွား ပြည်သူများကို ပို့ဆောင်ရေး အတွက် အသုံးပြုသည်။ အပေါ့စားရထားများကိုမူ မြို့ပြများ အတွင်း မြို့တွင်း အများပြည်သူများကို ပို့ဆောင်ပေးသည်။ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ကွာလာလမ်ပူမြို့တို့ကို ဆက်သွယ် ပို့ဆောင်ပေးသော ရထား ၂ စင်းလည်း ရှိသည်။ နိုင်ငံအတွင်းရှိ တစ်ခုတည်းသော တစ်လမ်းပြေး ရထားမှာ ကွာလာလမ်ပူမြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုထားပြီး တစ်ခုတည်းသော ကြိုးဆွဲရထားမှာ ပီနန်တွင် ရှိသည်။ အမြန်ရထားစီမံကိန်း ဖြစ်သော ကေဗွီအမ်အာရ်တီသည် ကွာလာလမ်ပူမြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အဆင့်မြှင့်တင်နိုင်ရန် လက်ရှိ တည်ဆောက်ဆဲ ဖြစ်သည်။ ရထားကွန်ယက်မှာ ကျွန်းဆွယ် မလေးရှားရှိ ပြည်နယ် ၁၁ခုလုံးသို့ ရောက်ရှိ ဆက်သွယ်ထားသည်။ အရှေ့မလေးရှားတွင်မူ ဆာဘားပြည်နယ်၌သာ ရထားလမ်း ရှိသည်။ ရထားလမ်းမှာ ၁၀၀၀ မီလီမီတာ အကျယ် ရထားလမ်း ဖြစ်သော ထိုင်းရထားလမ်းနှင့်လည်း မြောက်ဘက်တွင် ဆက်သွယ်ထားသည်။ အကယ်၍ မြန်မာနိုင်ငံသာ ရထားလမ်းအား ပြန်လည်တည်ဆောက်မည် ဆိုပါက မြန်မာ၊ အိန္ဒိယ နှင့် တရုတ်တို့သို့ ရထားဖြင့် ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။ မလေးရှားတွင် လေဆိပ် ၁၁၈ ခုရှိပြီး ၃၈ ခုတွင် ပြေးလမ်းခင်းထားသည်။ နိုင်ငံပိုင် လေကြောင်းလိုင်းမှာ မလေးရှား လေကြောင်းလိုင်း ဖြစ်ပြီး ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း ဝန်ဆောင်မှုများ ပေးသည်။ အဓိက နိုင်ငံတကာ ခရီးစဉ် နှင့် အနောက်မလေးရှား နှင့် အရှေ့မလေးရှားတို့ကို ဆက်သွယ်ပေးသော ခရီးစဉ်များအား မလေးရှား လေကြောင်းလိုင်း၊ အဲယား အေးရှား၊ မလင်ဒို အဲယားတို့မှ ပြေးဆွဲလျက် ရှိပြီး ပြည်တွင်း ခရီးစဉ် အတိုများကို လေကြောင်းလိုင်း အသေးများ ဖြစ်သော အမ်အေဆွင်း၊ ဖိုင်းယားဖလိုင်း နှင့် ဘာဂျားယားအဲယားတို့မှ ပံ့ပိုးပြေးဆွဲပေးလျက် ရှိသည်။ အဓိက ကုန်တင် လေကြောင်းလိုင်းများမှာ အမ်အေအက်စ် ကာဂို နှင့် ထရန်စမိုင်း အဲယား ဆားဗစ် တို့ ဖြစ်ကြသည်။ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မလေးရှား၏ အဓိကနှင့် အလုပ်အများဆုံး လေဆိပ် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ၁၃ ခုမြောက် အပြည်ပြည်ဆိုင်ရာ ခရီးသည် အများဆုံး အလုပ်အများဆုံး လေဆိပ်အဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပြီး စုစုပေါင်း ခရီးသည် ၄၈.၉ သန်းမျှ ရှိသည်။ အခြား အဓိက လေဆိပ်များတွင် ခရီးသည် ၆.၉ သန်း ရှိပြီး မလေးရှား၏ ဒုတိယ အလုပ်အများဆုံး လေဆိပ်နှင့် အရှေ့မလေးရှား၏ အလုပ်အများဆုံး လေဆိပ်ဖြစ်သော ကိုတာ ကင်နာဘာလူး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ၂၀၁၃ ခုနှစ်တွင် ခရီးသည် ၅.၃ သန်းရှိပြီး မလေးရှား၏ ဒုတိယမြောက် အကြီးဆုံး မြို့ပြဒေသကို ဆက်သွယ်ပေးသော လေဆိပ်ဖြစ်သည့် ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့ ပါဝင်သည်။ မလေးရှားသည် ကမ္ဘာပေါ်တွင် အရေးအပါဆုံး သင်္ဘောသွားလာရာ လမ်းကြောင်းတစ်ခုဖြစ်သော မလက္ကာရေလက်ကြားတွင် တည်ရှိသည်။ မလေးရှား ရှိ ဆိပ်ကမ်းနှစ်ခုမှာ ကမ္ဘာပေါ်တွင် အလုပ်အများဆုံး ဆိပ်ကမ်း အခု ၂၀ တွင် ပါဝင်သည်။ ကလန်းဆိပ်ကမ်း နှင့် တန်ဂျွန် ပီလာပတ်စ် ဆိပ်ကမ်းတို့မှာ အရှေ့တောင်အာရှတွင် စင်ကာပူ ဆိပ်ကမ်းပြီးလျှင် ဒုတိယ နှင့် တတိယမြောက် အလုပ်အများဆုံး ဆိပ်ကမ်းများ ဖြစ်ကြသည်။ ကလန်းဆိပ်ကမ်းသည် မလေးရှားတွင် အလုပ်အများဆုံး ဆိပ်ကမ်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ၁၃ ခုမြောက် အလုပ်အများဆုံး ဆိပ်ကမ်း တစ်ခု ဖြစ်ကာ ပေ ၂၀ ကွန်တိန်နာ ၁၀.၃ သန်းနှင့် ညီမျှသော ကုန်ကို အတင်အချ ပြုလုပ်ခဲ့သည်။ တန်ဂျွန် ပီလာပတ်စ် ဆိပ်ကမ်းမှာ မလေးရှား၏ ဒုတိယမြောက် အလုပ်အများဆုံး ဆိပ်ကမ်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ ၁၉ ခုမြောက် အလုပ်အများဆုံး ဆိပ်ကမ်းတစ်ခု ဖြစ်ကာ ပေ၂၀ ကွန်တိန်နာ ၇.၆ သန်းနှင့် ညီမျှသော ကုန်ကို အတင်အချ ပြုလုပ်ခဲ့သည်။ ရေပေးဝေမှု နှင့် စွန့်ထုတ်မှု လူတိုင်းမှ ရေ အား သင့်တင့်မျှတသော ဈေးဖြင့် ရရှိနိုင်ခြင်းသည် ကြီးစွာသော အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။ အစိုးရ အနေနှင့်လည်း ရေပေးဝေရေး ကဏ္ဍကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်၊ ရေရှည်တည်တံ့နိုင်သော ဘဏ္ဏာငွေ ရရှိနိုင်ရန် နှင့် သုံးစွဲသူ အခြေပြုသော ဝန်ဆောင်မှုကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန် စသည်တို့အတွက် ၂၀၀၆ ခုနှစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှ တဆင့် ကြိုးစားအားထုတ်မှုများကို ပြသခဲ့သည်။ ထိုပြုပြင်ပြောင်းလဲရေးမှ ရေရရှိရေး ကဏ္ဍအတွက် ကိုယ်ပိုင် သီးခြားအုပ်ချုပ်သော ကြီးကြပ်သူ အေဂျင်စီ၊ ပစ္စည်းများကို စီမံခန့်ခွဲသည့် ကုမ္ပဏီ နှင့် စီးပွားရေး လုပ်ငန်း အသွင် ပြောင်းလဲထားသော နိုင်ငံပိုင် ရေပေးဝေရေး ကုမ္ပဏီတို့ ပါဝင်သည့် ခေတ်မီသော အဖွဲ့အစည်း ပုံစံ ကို ဖန်တီးခဲ့ပြီး ရေပေးဝေရေး ကုမ္ပဏီ အနေနှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ညီအောင် လုပ်ဆောင်ရန် ကြီးကြပ်သူ အေဂျင်စီမှ စောင့်ကြပ်ကြည့်ရှုခဲ့သည်။ အစိုးရ အနေနှင့်လည်း ရေပေးဝေရေး ကဏ္ဍအတွက် ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့် အသစ်များ ချမပေးတော့ကြောင်း ပြောကြားခဲ့ပြီး ၁၉၉၀ ခုနှစ်များက ထိုသို့ လုပ်ပိုင်ခွင့်များ ချပေးခဲ့ရာမှ ရလဒ် အမျိုးမျိုး ရရှိလာခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ အောင်မြင်မှုများ ရရှိခဲ့သော်လည်း စိန်ခေါ်မှု အမြောက်အမြား ကျန်ရှိနေဆဲ ဖြစ်ပြီး ထိုစိန်ခေါ်မှုများ ထဲမှ အချို့ကိုသာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ပထမ တစ်ချက်မှာ ရေခွန်မှာ နည်းသဖြင့် ကုန်ကျငွေကို ပြန်လည်ရရှိရန် လက်ရှိ အနေအထားဖြင့် မဖြစ်နိုင်ဘဲ ရေပေးဝေရေး ကဏ္ဍ အနေနှင့် အစိုးရ၏ အထောက်အပံ့ပေါ်တွင် မှီခိုနေရဆဲပင် ဖြစ်သည်။ ဒုတိယ တစ်ချက်မှာ ရေရယူလိုအား စီမံခန့်ခွဲမှု အတွက် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်သော်လည်း ရေဆုံးရှုံးမှု နှင့် လူတစ်ဦးချင်း ရေသုံးစွဲမှုမှာ မြင့်မားနေဆဲ ဖြစ်သည်။ တတိယ အချက် အနေနှင့် ပါဟန်းမြစ်မှ ကွာလာလမ်ပူသို့ ရေအမြောက်အမြား သွယ်ယူ သုံးစွဲသည့် ကိစ္စမှာ လူမှု နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် အငြင်းပွားစရာ ကိစ္စတစ်ရပ် ဖြစ်နေခဲ့သည်။ စတုတ္ထ အချက်မှာ မိလ္လာနှင့် ရေဆိုးရေညစ်များကို သန့်စင်ရေး အတွက် ဆောင်ရွက်ချက်များမှာ ရေပေးဝေမှု အခြေခံ အဆောက်အအုံအား လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိပေ။ ဥပမာအားဖြင့် ရေဆိုးရေညစ်များကို စုဆောင်းနိုင်သော်လည်း သန့်စင်နိုင်ခြင်း မရှိပေ။ ရေဆိုးနှုတ် စနစ်မှာ ၂၀၀၆ ခုနှစ် ရေပေးဝေရေး ပြုပြင်ပြောင်းလဲမှုတွင် မပါဝင်ခဲ့ပေ။ လူဦးရေပျံ့နှံ့နေထိုင်မှု ၂၀၁၀ ပြည့်နှစ်စစ်တမ်းများအရ မလေးရှားနိုင်ငံ၏ လူဦးရေသည် ၂၈, ၃၃၄, ၁၃၅ ယောက်ဖြစ်သဖြင့်။ ကမ္ဘာပေါ်တွင် ၄၂ ခုမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည်။ လူဦးရေ၏ ၉၁.၈ ရာခိုင်နှုန်းမှာ မလေးရှားနိုင်ငံသားများ ဖြစ်သည်။ မလေးရှားနိုင်ငံသားများကို လူမျိုးဖြင့် ခွဲခြားထားပြီး ၆၇.၄ ရာခိုင်နှုန်းကို ဘူမိပူထရ များ အဖြစ် သတ်မှတ်ထားသည်။ ဘူမိပူထရများ၏ အများဆုံးသော အုပ်စုမှာ မလေးလူမျိုးများ ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မွတ်စလင် ဘာသာဝင်များ အဖြစ် ပြဋ္ဌာန်းထားကာ ၎င်းတို့ အနေနှင့် မလေး ထုံးစံနှင့် ယဉ်ကျေးမှုများကို ကျင့်သုံးကြသည်။ ၎င်းတို့သည် နိုင်ငံရေး အားဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။ ဘူမိပူထရ အဖြစ် သတ်မှတ်ခံရသူများတွင် မလေးမဟုတ်သော ရှေးဦးနေ လူမျိုးများ ပါဝင်ကြပြီး ထိုင်းလူမျိုးများ၊ ခမာလူမျိုးများ၊ ချမ်လူမျိုးများ နှင့် ဆာဘား နှင့် ဆာရာဝပ်ရှိ ရှေးဦးနေ လူမျိုးများ ပါဝင်သည်။ မလေးမဟုတ်သော ဘူမိပူထရများသည် ဆာရာဝပ် လူဦးရေ၏ တစ်ဝက်ကျော် ရှိပြီး ဆာဘား လူဦးရေ၏ သုံးပုံ နှစ်ပုံ ကျော်မျှ ရှိသည်။ ရှေးဦးနေ လူမျိုး အနည်းငယ်သည် ကျွန်းဆွယ်ပေါ်တွင် ရှိပြီး ၎င်းတို့အား စုပေါင်း၍ အိုရန် အက်ဆလီ ဟု ခေါ်ကြသည်။ မည်သူ့အား ဘူမိပူထရ အဖြစ် သတ်မှတ်မည် ဆိုသော ဥပဒေသည် ပြည်နယ် အလိုက် ကွဲပြားသည်။ အခြားသော လူနည်းစု လူမျိုးများမှာ ဘူမိပူထရ အဆင့် မရကြချေ။ လူဦးရေ၏ ၂၄.၆ ရာခိုင်နှုန်းမှာ မလေး တရုတ် လူမျိုးများ ဖြစ်ပြီး လူဦးရေ၏ ၇.၃ ရာခိုင်နှုန်းမှာ မလေးကုလား လူမျိုးများ ဖြစ်ကြသည်။ တရုတ်တို့မှာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတွင် သမိုင်းကြောင်းအရ အရေးပါ အရာရောက်သော လူမျိုးများ ဖြစ်ပြီး ပီနန် ပြည်နယ်ရှိ လူဦးရေ၏ အများစု ဖြစ်သည်။ အိန္ဒိယမှ ပြောင်းရွှေ့လာသများ အများအားဖြင့် တမီလ် လူမျိုးများသည် မလေးရှားသို့ ၁၉ ရာစု အစောပိုင်းတွင် စတင် ရောက်ရှိလာကြသည်။ မလေးရှား နိုင်ငံတွင်း မွေးဖွားသူများကို မလေးရှားနိုင်ငံသား အဖြစ် အလိုအလျောက် ပေးအပ်လေ့ မရှိသော်လည်း မလေးရှားနိုင်ငံသား မိဘနှစ်ပါးမှ မလေးရှားနိုင်ငံ အပြင်ဘက်တွင် မွေးဖွားသော ကလေးကိုမူ နိုင်ငံသား အဖြစ် ပေးအပ်လေ့ ရှိသည်။ နိုင်ငံသား ၂ ခု တစ်ပြိုင်တည်း ခံယူခြင်းအား ခွင့်ပြုမထားပေ။ မလေးရှား ဘော်နီယို ဖြစ်သော ဆာဘား နှင့် ဆာရာဝပ်တွင် နိုင်ငံသား ရရှိခြင်းမှာ ထူးခြားပြီး လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်များ အရ မလေးရှား ကျွန်းဆွယ်တွင် နိုင်ငံသား အဖြစ် ရရှိခြင်းနှင့် မတူညီပေ။ နိုင်ငံသားတိုင်းအား မိုင်ကတ်ဒ်ဟု ခေါ်သော ဘိုင်အိုမက်ထရစ် စမတ် ချစ်ပ် ပါဝင်သော စိစစ်ရေး ကတ်ဒ်အား ၁၂ နှစ်ပြည့်သည်မှ စ၍ ထုတ်ပေးထားပြီး မိမိနှင့် တပါတည်း အမြဲ သယ်ဆောင်သွားရမည် ဖြစ်သည်။ ပညာရေး စနစ်တွင် မသင်မနေရ မဟုတ်သော မူကြို ပညာရေး၊ မသင်မနေရ ၆ နှစ် မူလတန်း ပညာရေး နှင့် သင်ကြားလိုသော ဆန္ဒရှိက သင်ကြားနိုင်သော ၅ နှစ် အထက်တန်း ပညာရေး တို့ ပါဝင်သည်။ မူလတန်းကျောင်းများကို ကဏ္ဍ နှစ်ခု ခွဲထားပြီး မလေးဘာသာဖြင့် သင်ကြားသော နိုင်ငံတော် မူလတန်းကျောင်းများ နှင့် တရုတ် သို့မဟုတ် တမီလ် ဘာသာဖြင့် သင်ကြားသော ဒေသခံ မူလတန်းကျောင်းများ တို့ ဖြစ်ကြသည်။ အထက်တန်း ပညာရေးမှာ ၅ နှစ် သင်ကြားရသည်။ အထက်တန်းပညာရေး နောက်ဆုံးနှစ်တွင် မလေးရှား ပညာရေး အောင်လက်မှတ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရသည်။ ၁၉၉၉ ခုနှစ် မလေးရှား မက်ထရစ်ကူလေးရှင်း အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့သည်မှစ၍ မက်ထရစ် ကူလေးရှင်း ကောလိပ်တွင် ၁၂ လ သင်ကြား အောင်မြင်ပြီးသော ကျောင်းသားများ အနေနှင့် ပြည်တွင်း တက္ကသိုလ်များတွင် ဆက်လက် သင်ကြားနိုင်သည်။ သို့သော်လည်း မက်ထရစ်ကူလေးရှင်း စနစ်တွင် ၁၀ ရာခိုင်နှုန်းသော နေရာသာ ဘူမိပူထရ မဟုတ်သူ ကျောင်းသားများ အတွက် ဖွင့်ပေးထားသည်။ ၂၀၀၉ ခုနှစ်တွင် မွေးကင်းစ ကလေး သေဆုံးမှုနှုန်းမှာ အယောက် ၁၀၀၀ လျှင် ၆ ယောက်ဖြစ်ပြီး လူတစ်ဦးချင်း၏ သက်တမ်းမှာ ၇၅ နှစ် ဖြစ်သည်။ မလေးရှားအား နိုင်ငံခြားသားများ ဆေးလာကုသည့် နေရာ အဖြစ်သို့ ရောက်ရှိအောင် လုပ်ဆောင်နိုင်ရန် အတွက် အစိုးရသည် လူမှုကဏ္ဍ ဖွံ့ဖြိုးရေး ဘတ်ဂျက်၏ ၅ ရာခိုင်နှုန်းကို ကျန်းမာရေး စောင့်ရှောက်မှု အတွက် အသုံးပြုသည်။ လူဦးရေသည် မလေးရှားကျွန်းဆွယ်ပေါ်တွင် ပိုမိုသိပ်သည်းပြီး မလေးရှားနိုင်ငံသား ၂၈ သန်းမှ သန်း ၂၀ သည် ကျွန်းဆွယ်ပေါ်တွင် နေထိုင်ကြသည်။ ၇၀ ရာခိုင်နှုန်းသော လူဦးရေမှာ မြို့ပြတွင် နေထိုင်ကြသည်။ ကွာလာလမ်ပူသည် မလေးရှား၏ မြို့တော် နှင့် အကြီးဆုံးမြို့ ဖြစ်သည့်အပြင် အဓိက ကူးသန်းရောင်းဝယ်ရေး နှင့် ငွေကြေးဆိုင်ရာ အချက်အချာမြို့ ဖြစ်သည်။ ပူထရာ ဂျာရားမြို့သည် အစိုးရ ရုံးထိုင်ရန် အတွက် ၁၉၉၉ မှ စတင်တည်ဆောက်ခဲ့ပြီး ဖက်ဒရယ် အစိုးရ၏ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးဆိုင်ရာ ရုံးများသည် ကွာလာလမ်ပူမြို့ အတွင်း ကျပ်တည်းမှုမှ သက်သာစေရန် ထိုနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ လုပ်အားကို အသုံးချရသော လုပ်ငန်းများကြောင့် မလေးရှား နိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သား ၃ သန်းကျော် ခန့် နေထိုင်လုပ်ကိုင်လျက် ရှိကြပြီး လူဦးရေ ၏ ၁၀ ရာခိုင်နှုန်းမျှ ဖြစ်သည်။ ဆာဘားတွင် အခြေစိုက်သော အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ အစိုအရ ဆာဘားတွင် ရှိသော လူဦးရေ ၃ သန်းတွင် ၂ သန်းမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်ကြသည် ဟုဆိုသည်။ မလေးရှားတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့် တောင်းခံသူပေါင်း ၁၇၁.၅၀၀ ခန့်ကို လက်ခံထားသည်။ ၎င်းတို့ထဲတွင် ၇၉,၀၀၀ မှ မြန်မာနိုင်ငံမှ ဖြစ်ပြီး ၇၂,၄၀၀ မှာ ဖိလစ်ပိုင် နိုင်ငံမှ ဖြစ်ကာ ၁၇,၇၀၀ မှ အင်ဒိုနီးရှား နိုင်ငံမှ ဖြစ်သည်။ မလေးရှား အရာရှိများ အနေနှင့် နိုင်ငံအတွင်းမှ နှင်ထုတ်သူများကို ၂၀၀၇ ခုနှစ်တွင် လူမှောင်ခိုသမားများထံ တိုက်ရိုက်အပ်နှံသည်ဟု သတင်း ဖော်ပြခြင်း ခံရပြီး မလေးရှား အနေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေများကို အကောင်အထည် ဖော်ရန် အငြင်းပွားစရာ သမိုင်းကြောင်းများ ရှိ​သော ရီလာ ဟု ခေါ်သည့် အပျော်တမ်း တပ်ဖွဲ့များကို အသုံးပြုလေ့ ရှိသည်။ ကိုးကွယ်ယုံကြည်မှု မလေးရှားနိုင်ငံ၏ အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပြဋ္ဌာန်းထားသော်လည်း အစ္စလမ်ဘာသာအား နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ်ထားသည်။ ၂၀၁၀ ခုနှစ် လူဦးရေ နှင့် နေထိုင်မှု စာရင်းအရ လူမျိုးနှင့် ကိုးကွယ်ယုံကြည်မှုတို့၏ ဆက်စပ်မှုမှာ မြင့်မားသည်။ လူဦးရေ၏ ၆၁.၃% မှာ အစ္စလာမ်ဘာသာ၊ ၁၉.၈% မှာ ဗုဒ္ဓဘာသာ၊ ၉.၂%မှာ ခရစ်ယာန်ဘာသာ၊ ၆.၃%မှာ ဟိန္ဒူဘာသာ၊ ၁.၃%မှာ ကွန်ဖြူးရှပ်ဘာသာ၊ တာအိုဘာသာ နှင့် အခြားသော တရုတ်ရိုးရာ ဘာသာများကို ကိုးကွယ်ကြသည်။ ၀.၇%မှာ ဘာသာမဲ့များ အဖြစ် ခံယူကြပြီး ကျန်ရှိနေသော ၁.၄%မှာ အခြားဘာသာများကို ကိုးကွယ်သည် သို့မဟုတ် မည်သည့်ဘာသာ ကိုးကွယ်သည်ဟု မပြောကြပေ။ မလေးရှားတွင် ထင်ရှားသော အစ္စလာမ် ဘာသာခွဲမှာ ရှဖီး ဥပဒေသိပ္ပံပညာမှ ဆွန်နီ အစ္စလာမ် ဘာသာခွဲ ဖြစ်ပြီး ၁၈% သော အစ္စလာမ် ဘာသာဝင်တို့မှာ ဂိုဏ်းဂဏစွဲ မရှိကြပေ။ မလေးရှား ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မလေးဖြစ်ရန် အတွက် မွတ်စလင် ဘာသာကိုးကွယ်ရမည်။ မလေးဘာသာ စကားကို အမြဲပြောဆိုရမည်၊ မလေးထုံးစံ အတိုင်း နေထိုင်ရမည်။ ဘရူနိုင်း၊ မလေးရှား နှင့် စင်ကာပူတွင် နေထိုင်သူ သို့မဟုတ် ဘိုးဘေးဘီဘင်များ ရှိသူ ဟု သတ်မှတ်ထားသည်။ ၂၀၁၀ ခုနှစ် လူဦးရေ စာရင်း အရ တရုတ်လူမျိုးတို့၏ ၈၃.၆% မှာ ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ကြပြီး အခြား ကိုးကွယ်မှု အများအပြား ရှိသော ဘာသာများမှာ တာအိုဘာသာ (၃.၄%)၊ ခရစ်ယာန်ဘာသာ (၁၁.၁%) တို့ ဖြစ်ကာ ပီနန်ကဲ့သို့သော ဒေသများတွင် ပန်းသေး အနည်းငယ် ရှိကြသည်။ အိန္ဒိယလူမျိုးများတွင် ဟိန္ဒူဘာသာ ကိုးကွယ်သူ ၈၆.၂% မျှ ရှိကာ အခြား ကိုးကွယ်မှု အများအပြား ရှိသော ဘာသာများမှာ ခရစ်ယာန် ၆% နှင့် မွတ်စလင် ၄.၁% တို့ ဖြစ်ကြသည်။ မလေး မဟုတ်သော ဘူမိပူထရ တို့တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ အများဆုံး ဖြစ်ပြီး ၄၆.၅% ရှိကာ ၄၀.၄ % မှာမူ မွတ်စလင် ဘာသာ ကိုးကွယ်ကြသည်။ မွတ်စလင်များသည် ဘာသာရေးနှင့် ပတ်သက်သော ကိစ္စရပ်များ အတွက် ရှာရီယာ တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရသည်။ အစ္စလာမ် တရားသူကြီးများ အနေနှင့် မလေးရှားတို့ လိုက်နာရာ အတွေးအခေါ်ဖြစ်သော ရှဖီး အစ္စလာမ် ဥပဒေ ပြဋ္ဌာန်းချက်များကို လိုက်နာရသည်။ ရှာရီယာ တရားရုံးမှ မွတ်စလင်များ အပေါ် ဆုံးဖြတ်နိုင်သော ကိစ္စရပ်များမှာ လက်ထပ်ထိမ်းမြားခြင်း၊ အမွေခံခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ဘာသာစွန့်ခြင်း၊ ဘာသာပြောင်းခြင်း နှင့် အုပ်ထိန်းခြင်းတို့သာ ဖြစ်သည်။ အခြားသော ရာဇဝတ်မှုများ နှင့် တရားမမှုများအား ရှာရီယာ တရားရုံးမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ရှာရီယာ တရားရုံးများ၏ ဖွဲ့စည်းပုံမှာ အရပ်ဖက် တရားရုံးများနှင့် တူညီသည်။ နိုင်ငံအတွင်း အမြင့်ဆုံး တရားရုံးဖြစ်သော်လည်း အရပ်ဖက် တရားရုံးများသည် အစ္စလာမ် ဘာသာ ဆိုင်ရာ ကိစ္စရပ်များကို ကြားနာခြင်း မပြုပေ။ ဘာသာစကားများ မလေးရှားနိုင်ငံ၏ ရုံးသုံးနှင့် နိုင်ငံတော် ဘာသာစကားမှာ မလေးရှန်း ဘာသာ ဖြစ်ပြီး မလေးဘာသာစကားကို စံသတ်မှတ်ထားခြင်း ဖြစ်သည်။ အစိုးရ ပေါ်လစီတွင် ထိုဘာသာစကားအား ဘဟာဆား မလေးရှား ဟု ဖော်ပြပြီး မလေးရှန်း ဘာသာစကားဟု အဓိပ္ပာယ် ရသည်။ သို့သော်လည်း ဥပဒေတွင် ရုံးသုံးဘာသာစကားကို ဘဟာဆား မလာယု ဟုပင် ရည်ညွှန်းပြီး မလေးဘာသာစကား ဟု အဓိပ္ပာယ် ရသည်။ ၁၉၆၇ ခုနှစ် အမျိုးသား ဘာသာစကား အက်ဥပဒေ အရ နိုင်ငံတော် ဘာသာစကား၏ ရုံးသုံးစာကို လက်တင် (ရူမီ) စကားလုံးဖြင့် ဖော်ပြရန် သတ်မှတ်ထားသော်လည်း ရိုးရာ ဂျာဝီ စာလုံးကို ပိတ်ပင်ထားခြင်း မရှိပေ။ အင်္ဂလိပ်ဘာသာစကားမှာ အသုံးများသော ဒုတိယ ဘာသာစကား ဖြစ်ပြီး ၁၉၆၇ အမျိုးသား ဘာသာစကား ဥပဒေ အရ အချို့သော ရုံးသုံးကိစ္စရပ်များတွင် အင်္ဂလိပ်ဘာသာ အသုံးပြုခွင့် ပေးထားသည်။ ဆာရာဝပ်တွင်မူ အင်္ဂလိပ် ဘာသာစကားသည် မလေးရှန်း ဘာသာစကားနှင့် ယှဉ်တွဲ၍ သုံးသော ရုံးသုံး ဘာသာစကား ဖြစ်သည်။ သမိုင်းကြောင်းအရ အင်္ဂလိပ်ဘာသာစကားသည် တရားဝင် မဟုတ်သော်လည်း အုပ်ချုပ်ရေးတွင် သုံးသော ဘာသာစကား ဖြစ်သော်လည်း ၁၉၆၉ ခုနှစ် လူမျိုးရေး အဓိကရုဏ်းများ အပြီးတွင် မလေးဘာသာစကားကို ပို၍ သုံးစွဲလာကြသည်။ မလေးရှန်း အင်္ဂလိပ်ဘာသာ စကား သို့မဟုတ် မလေးရှားစံနှုန်း အင်္ဂလိပ် ဘာသာစကားမှာ ဗြိတိသျှ အင်္ဂလိပ်မှ ဆင်းသက်လာသော အင်္ဂလိပ် ဘာသာစကား တစ်မျိုး ဖြစ်သည်။ မလေးရှား အင်္ဂလိပ်အား စီးပွားရေး ကိစ္စရပ်များတွင် ကျယ်ပြန့်စွာ အသုံးပြုကြပြီး မန်းဂလစ်ရှ် ခေါ် အင်္ဂလိပ်ဘာသာ အရပ်သုံး စကားကို မလေးဘာသာ၊ တရုတ်ဘာသာ၊ တမီလ်ဘာသာတို့ ဖြင့် ပေါင်းစပ်ထားသော ဘာသာစကားကိုလည်း အသုံးပြုလေ့ ရှိကြသည်။ အစိုးရမှ စံမဟုတ်သော မလေးဘာသာစကား သုံးစွဲခြင်းကို အားမပေးသော်လည်း ကြော်ငြာများတွင် ပုံစံမမှန်သော မလေးဘာသာစကား အသုံးပြုခြင်း အတွက် ဒဏ်ရိုက်ရန် လည်း အခွင့်အာဏာ မရှိပေ။ အခြားသော ဘာသာစကား အမြောက်အမြားကိုလည်း မလေးရှားတွင် သုံးစွဲနေကြပြီး လက်ရှိ ရှင်သန်နေသာ ဘာသာစကား ၁၃၇ မျိုးအား ပြောဆိုသူများ မလေးရှားနိုင်ငံ အတွင်း ရှိသည်။ မလေးရှား ကျွန်းဆွယ်တွင် ထိုဘာသာစကားများထဲမှ ၄၁မျိုးကို ပြောဆိုသူများ ရှိသည်။ အရှေ့မလေးရှားရှိ နဂိုရ်မူလ လူမျိုးများတွင် ၎င်းတို့ ကိုယ်ပိုင် ဘာသာစကားရှိပြီး ထိုဘာသာစကားမှာ မလေးစကားနှင့် ဆင်သော်လည်း အလွယ်တကူ ခွဲခြား၍ ရနိုင်သည်။ ဆာရာဝပ်၏ အဓိက တိုင်းရင်းသား ဘာသာစကားမှာ အီဘန် ဖြစ်ပြီး ဆာဘားတွင် နဂိုရ်မူလနေထိုင်သူများမှာမူ ဒူဆူးနစ် နှင့် ကာဒါဇန် ဘာသာစကားများကို ပြောဆိုကြသည်။ မလေးရှား တရုတ်များမှာ တရုတ်ပြည်တောင်ပိုင်း ပြည်နယ်များရှိ ဒေသခံ စကားများကို ပြောဆိုကြသည်။ နိုင်ငံအတွင်း အသုံးများသော တရုတ်ဒေသခံ စကားများမှာ ကန်တုံစကား၊ မန်ဒရင်စကား၊ ဟောက်ကျန့်စကား၊ ဟာကားစကား၊ ဟိုင်ယန်စကား နှင့် ဖူကျိုး စကားတို့ ဖြစ်ကြသည်။ မလေးကုလားများ၏ အများစုဖြစ်သော တမီလ်များမှာ တမီလ် ဘာသာစကားကို ပြောဆိုကြသည်။ အခြားသော တောင်အာရှ ဘာသာစကားများကိုလည်း မလေးရှားတွင် ကျယ်ပြန့်စွာ ပြောဆိုကြပြီး ထိုင်းစကားလည်း အပါအဝင် ဖြစ်သည်။ မလေးရှား နိုင်ငံသား အနည်းစုမှာ ကော့ကေးရှန်းတို့မှ ဆင်းသက်လာသဖြင့် ခရီရိုး ဘာသာစကားများဖြစ်သော ပေါ်တူဂီစကားပေါ်တွင် အခြေခံသော မလက်ကာ ခရီရိုး ဘာသာစကား၊ စပိန်စကားပေါ်တွင် အခြေခံသော ချာဗာကာနို ဘာသာစကား တို့ကိုလည်း ပြောဆိုကြသည်။ ယဉ်ကျေးမှု မလေးရှားနိုင်ငံသည် လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ၊ ဘာသာစကားစုံသော လူ့အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထိုဒေသရှိ မူလ ယဉ်ကျေးမှုမှာ ရှေးဦးနေ တိုင်းရင်းသားများ နှင့် နောင်တွင် ပြောင်းရွှေ့လာသော မလေးလူမျိုးများမှ ဆင့်ပွား ပေါ်ပေါက်လာသည်။ နိုင်ငံခြား ကုန်သွယ်မှု စတင်သည်မှ စ၍ တရုတ် နှင့် အိန္ဒိယ ယဉ်ကျေးမှုတို့ သိသာစွာ လွှမ်းမိုးမှု ရှိခဲ့သည်။ အခြား လွှမ်းမိုးသော ယဉ်ကျေးမှုများမှာ ပါရှန်းယဉ်ကျေးမှု၊ အာရပ်ယဉ်ကျေးမှု နှင့် ဗြိတိသျှ ယဉ်ကျေးမှုတို့ ဖြစ်ကြသည်။ အစိုးရ၏ ပုံစံ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ လူမှုပဋိဉာဏ် အပိုဒ်ကြောင့် တိုင်းရင်းသား လူနည်းစုတို့၏ ယဉ်ကျေးမှုကို အနည်းငယ်မျှသာ လက်သင့်ခံသည်။ ၁၉၇၁ခုနှစ်တွင် အစိုးရမှ နိုင်ငံတော် ယဉ်ကျေးမှုဆိုင်ရာ ပေါ်လစီကို ရေးဆွဲခဲ့ပြီး မလေးရှား ယဉ်ကျေးမှုကို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ထို ဖွင့်ဆိုချက်အရ မလေးရှား ယဉ်ကျေးမှုသည် မလေးရှားတွင် ရှေးဦးနေထိုင်သော လူတို့၏ ယဉ်ကျေးမှု ပေါ်တွင် မူတည်ရမည် ဖြစ်ပြီး အခြားသော ယဉ်ကျေးမှုများမှ သင့်တော်သော အချက်များကို ပေါင်းစပ်နိုင်သော်လည်း အစ္စလာမ် ဘာသာသည် တစိတ်တပိုင်း အဖြစ် ပါဝင်နေရမည် ဟု ဆိုထားသည်။ ၎င်းမှ မလေးဘာသာစကားကို အခြားဘာသာ စကားများထက် ပို၍ မြှင့်တင်ရန် ကြိုးစားသည်။ ထိုသို့ အစိုးရမှ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်းကြောင့် မလေးမဟုတ်သူများ အကြားတွင် ၎င်းတို့၏ ယဉ်ကျေးမှု ဆိုင်ရာ လွတ်လပ်မှု လျော့နည်းလာသည်ဟု ခံစားရပြီး မကျေမနပ် ဖြစ်ကြရသည်။ တရုတ် နှင့် အိန္ဒိယ အသင်းအဖွဲ့များမှ အစိုးရသို့ ကြေညာချက်များကို တင်သွင်းကြပြီး ဒီမိုကရေစီ နည်းလမ်းမကျသော ယဉ်ကျေးမှု ပေါ်လစီကို ဖော်ထုတ်သည်ဟု စွပ်စွဲပြောဆိုကြသည်။ မလေးရှားနှင့် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် အင်ဒိုနီးရှားတို့ ကြားတွင် ယဉ်ကျေးမှု ဆိုင်ရာ အငြင်းပွားမှု အချို့ ပေါ်ပေါက်ခဲ့သည်။ နိုင်ငံ ၂ နှစ်နိုင်ငံ အနေနှင့် ယဉ်ကျေးမှု အမွေဆက်ခံရာ တူညီကြပြီး ရိုးရာ နှင့် အချက် အတော်များများတွင် တူညီကြသည်။ သို့သော်လည်း ချက်ပြုတ်သော ဟင်းလျာများမှ စ၍ နိုင်ငံတော်သီချင်း အထိ အမျိုးမျိုးသော ကိစ္စရပ်များတွင် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။ အင်ဒိုနီးရှားတွင် ၎င်းတို့၏ အမျိုးသား အမွေဆက်ခံမှုကို ကာကွယ်ရန် ပြင်းထန်သော ခံစားမှု ရှိသည်။ မလေးရှား အစိုးရ နှင့် အင်ဒိုနီးရှား အစိုးရတို့ တွေ့ဆုံပြီး ယဉ်ကျေးမှုများ တစ်ခုနှင့် တစ်ခု ထပ်နေခြင်းကြောင့် ဖြစ်ပေါ်လာသော တင်းမာမှုများကို လျှော့ချရန် ကြိုးစားကြသည်။ မလေးရှားတွင်မူ ခံစားချက် မပြင်းထန်ဘဲ အများစု အနေနှင့် ယဉ်ကျေးမှု တန်ဖိုး အများစုမှာ နှစ်ဖက်စလုံး နှင့် ဆိုင်သည်ဟု ခံယူထားကြသောကြောင့် ဖြစ်သည်။ အနုပညာ မလေးရှား ရိုးရာ အနုပညာမှာ ပုံဖော်ထွင်းထုခြင်း၊ ယက်လုပ်ခြင်း နှင့် ငွေပန်းထိမ် လုပ်ခြင်းများပေါ်တွင် အခြေခံ၍ လုပ်ကိုင်ကြသည်။. ရိုးရာ အနုပညာများတွင် ကျေးလက်မှ လက်ဖြင့် ယက်လုပ်သော ခြင်းတောင်းမှစ၍ မလေးရှား လွှတ်ရုံးများရှိ ငွေပန်းထိမ် လက်ရာများ အထိ ပါဝင်သည်။ အတွေ့ရများသော အနုပညာ လက်ရာများတွင် အလှဆင်သော ခရစ်ခေါ် မလေးဓား၊ ကွမ်းအစ်၊ ယက်လုပ်ထားသော ပါတိတ်များနှင့် ဆောင်ကက် ချည်ထည်တို့ ပါဝင်သည်။ ရှေးဦးနေ အရှေ့ မလေးရှား လူမျိုးများတွင် ၎င်းတို့၏ သစ်သား မျက်နှာဖုံးများအား လူသိများကြသည်။ တိုင်းရင်းသား တစ်မျိုးချင်းစီတွင် ထင်ရှားသော ဖျော်ဖြေရေး အနုပညာများ ရှိပြီး တစ်ခုနှင့် တစ်ခု အနည်းငယ် ဆင်သည်များ ရှိသည်။ သို့သော်လည်း မလေးအနုပညာတွင် မြောက်အိန္ဒိယ လွှမ်းမိုးမှုများကို တွေ့ရပြီး သမိုင်းကြောင်းအရ အိန္ဒိယ လွှမ်းမိုးမှုများ ရှိသောကြောင့် ဖြစ်သည်။ ရိုးရာ မလေးဂီတနှင့် ဖျော်ဖြေရေး အနုပညာများမှ ကလန်တန်-ပတ်ထာနီ ဒေသမှ အစပျိုး ဆင်းသက်သည်ဟု ထင်မြင်ရပြီး အိန္ဒိယ၊ တရုတ်၊ ထိုင်း နှင့် အင်ဒိုနီးရှား တို့၏ ဩဇာလွှမ်းမိုးမှုများ ပါဝင်နေသည်။ ဂီတမှာ ဗုံများပေါ်တွင် အခြေခံ ထားပြီး အရေးအကြီးဆုံးမှာ ဂန်ဒမ်း ဟု ခေါ်သော ဗုံ ဖြစ်သည်။ ရိုးရာ ဗုံ အနည်းဆုံး ၁၄မျိုး ရှိသည်။ ဗုံများ နှင့် အခြားသော ရိုးရာ ပုတ်၍ တီးခတ်ရသော တူရိယာများမှာ သဘာဝ ပစ္စည်းများဖြင့် အမြဲလိုလို ပြုလုပ်လေ့ ရှိကြသည်။ ဂီတကို ပုံပြောရာတွင် လည်းကောင်း၊ အခမ်းအနား များတွင် လည်းကောင်း၊ ကောက်ရိတ်သိမ်းခြင်း စသော ပွဲတော်များတွင်လည်းကောင်း တီးမှုတ်လေ့ ရှိကြသည်။ တစ်ချိန်က အဝေး ဆက်သွယ်ရေး အတွက်လည်း အသုံးပြုခဲ့သေးသည်။ အရှေ့မလေးရှားတွင်မူ မောင်းကို အခြေခံထားသော တီးဝိုင်းများ ဖြစ်သည့် အာဂေါင်း နှင့် ကူလင်တန် တို့ကို အသုဘ နှင့် မင်္ဂလာဆောင် အစရှိသော အခမ်း အနားများတွင် တီးမှုတ်လေ့ ရှိကြသည်။။ ထိုတီးဝိုင်းများမှာ အိမ်နီးချင်း ဒေသများ ဖြစ်ကြသော ဖိလစ်ပိုင်ရှိ မင်ဒါနောင်း၊ အင်ဒိုနီးရှားရှိ ကာလီမန်တန် နှင့် ဘရူနိုင်တို့တွင်လည်း အလားတူ တီးမှုတ်လေ့ ရှိကြသည်။ မလေးရှားတွင် အလွန်ခိုင်မာသော ပါးစပ်ပြော ရိုးရာ ရှိပြီး စာရေးသားမှု မပေါ်ခင်ကပင် ရှိခဲ့ကာ ယနေ့ထက်တိုင် ရှိနေဆဲ ဖြစ်သည်။ မလေးစူလ်တန် တစ်ဦးချင်စီတို့သည် ၎င်းတို့ ကိုယ်ပိုင် စာပေ ယဉ်ကျေးမှုများကို ဖန်တီးကြပြီး ယခင်က ရှိနေသော ပါးစပ်ပြော ဇာတ်လမ်းများ နှင့် အစ္စလာမ် ဘာသာ နှင့် အတူ ပါလာသော ဇာတ်လမ်းများမှ ဩဇာ လွှမ်းမိုးမှုများ ရှိသည်။ ပထမဆုံး မလေးစာပေမှာ အာရေဗျ စကားလုံးဖြင့် ရေးသားထားသည်။ အစောဆုံး မလေး စာမှာ ၁၃၀၃ ခုနှစ် တဲရန်ဂနူး ကျောက်တုံးပေါ်တွင် ရေးထိုးထားသော စာဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ စကားပြောသူ များလာသည်နှင့် အမျှ တရုတ်နှင့် အိန္ဒိယ စာပေများလည်း များပြားလာခဲ့ကာ ၁၉ ရာစုမှ စ၍ ထိုဘာသာစကားတို့ဖြင့် ဖန်တီးထားသော စာပေများ ပေါ်ပေါက်လာခဲ့သည်။ အင်္ဂလိပ်သည်လည်း စာပေအတွက် အသုံးများသော ဘာသာစကား တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၇၁ တွင် အစိုးရမှ ဘာသာစကား အမျိုးမျိုးဖြင့် ရေးသားထားသော စာပေများကို အမည်ဖွင့်ဆိုရန် ခြေလှမ်းစခဲ့သည်။ မလေးဘာသာစကားဖြင့် ရေးသားထားသော စာပေများကို "မလေးရှား၏ အမျိုးသား စာပေများ" ဟုလည်းကောင်း၊ အခြား ဘူမိပူထရ ဘာသာစကားများနှင့် ရေးသားထားသော စာပေများကို "ဒေသခံစာပေများ" ဟူ၍ လည်းကောင်း ခေါ်ဆိုကြပြီး အခြာဘာသာဖြင့် ရေးသားထားသော စာပေများကို ဆက်ရှင်နယ် စာပေ ဟုလည်းကောင်း ခေါ်ဆိုခဲ့သည်။ မလေးဘာသာ ကဗျာစာပေမှာလည်း အလွန်ပင် ဖွံ့ဖြိုးပြီး ပုံစံ အမျိုးမျိုးဖြင့် ရေးသားကြသည်။ ဟိကာရက် ပုံစံသည် လူကြိုက်များပြီး ပန်တမ် ပုံစံမှာ မလေးဘာသာမှ အခြားဘာသာများသို့ ပျံ့နှံ့ ရောက်ရှိ သွားသည်။ အစားအသောက်များ မလေးရှား အစားအသောက်များသည် နိုင်ငံအတွင်း နေထိုင်သူများ၏ လူမျိုးစုံမှုကို ထင်ဟပ်ပြနေသည်။ နိုင်ငံအတွင်းနှင့် ပတ်ဝန်းကျင် ဒေသတို့ရှိ ယဉ်ကျေးမှုများမှ အစားအသောက်များပေါ်တွင် အလွန်ပင် လွှမ်းမိုးမှု ရှိနေသည်။ မလေး၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျာဗား နှင့် ဆူမားတြား ယဉ်ကျေးမှုတို့မှ လွှမ်းမိုးမှုများ ရှိပြီး မလေးရှားနိုင်ငံသည် ရှေးခေတ်အခါက ဟင်းခပ်အမွှေးအကြိုင်များ ဖြတ်သန်းသယ်ဆောင်ရာ လမ်းပေါ်တွင် တည်ရှိနေခြင်းမှာ အဓိက အကြောင်းတစ်ချက် ဖြစ်သည်။ အစားအသောက်များသည် စင်ကာပူ နှင့် ဘရူနိုင်းတို့ရှိ အစားအသောက်များနှင့် အလွန်ဆင်ပြီး ဖိလစ်ပိုင် အစားအသောက်များ နှင့် တူသည်လည်း ရှိသည်။ မတူညီသော ပြည်နယ်များတွင် ကွဲပြားသော ဟင်းလျာများ ရှိပြီး မလေးရှားရှိ အစားအသောက်များမှာ မူရင်း အစားအသောက်များနှင့် ကွဲပြားနေသည်ကို အမြဲတစေ တွေ့ရတတ်သည်။ မကြာခဏ ဆိုသလိုပင် မူရင်းယဉ်ကျေးမှုတွင် မတွေ့ရသော အစားအစာများသည် အခြားယဉ်ကျေးမှုနှင့် ပေါင်းစပ်သွားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် မလေးရှားရှိ တရုတ် စားသောက်ဆိုင်များသည် မလေးဟင်းလျာများကို အမြဲတစေ ရောင်းချလေ့ ရှိသည်။ ယဉ်ကျေးမှု တစ်ခုမှ အစားအသောက်များကိုလည်း အခြားယဉ်ကျေးမှုမှ စတိုင်လ်ဖြင့် ချက်ပြုတ်လေ့ ရှိကြသည်။ ဥပမာအားဖြင့် ငပိနှင့် ဆန်ဘယ်ဆော့စ် တို့ကို တရုတ်စားသောက်ဆိုင်များတွင် ထည့်သွင်း ချက်ပြုတ်လေ့ ရှိကြသည်။ ထို့အတွက်ကြောင့် မလေးရှားရှိ အစားအသောက်များကို ယဉ်ကျေးမှု တစ်ခုသို့ ပြန်၍ ခြေရာခံနိုင်သော်လည်း ၎င်းတို့တွင် သီးခြား ကိုယ်ပိုင်လက္ခဏာ ရှိသည်ကို တွေ့ရသည်။ ထမင်းသည် ဟင်းလျာ အများစု နှင့် တွဲဖက် စားသုံးကြသည်။ ငရုတ်သီးကို မလေးရှား ဟင်းလျာများတွင် အမြဲလိုလို တွေ့ရတတ်သော်လည်း ဟင်း၏ အရသာမှာ အမြဲ စပ် နေလေ့ မရှိပေ။ မီဒီယာ မလေးရှားရှိ အဓိက သတင်းစာများအား အစိုးရနှင့် အုပ်ချုပ်နေသော ညွန့်ပေါင်း အစိုးရ အတွင်းမှ ပါတီများက ပိုင်ဆိုင်ပြီး အဓိက အတိုက်အခံပါတီများမှ ပိုင်ဆိုင်သော ကိုယ်ပိုင် သတင်းစာများလည်း ရှိကာ ပုံမှန် သတင်းစာများ နှင့် ယှဉ်လျှက် ရောင်းချလေ့ ရှိသည်။ နိုင်ငံ အပိုင်း ၂ပိုင်း အတွင်း မီဒီယာတို့သည် ကွဲပြားလျက် ရှိသည်။ ကျွန်းဆွယ်ပေါ်မှာ မီဒီယာများသည် အရှေ့ပိုင်းဒေသမှ သတင်းများကို နောက်ဆုံးထား ဖော်ပြလေ့ ရှိပြီး အရှေ့ပိုင်းအား ကျွန်းဆွယ်၏ ကိုလိုနီ ပမာ သဘောထား ဖော်ပြလေ့ ရှိကြသည်။ မီဒီယာများအား မလေးရှား နှင့် အင်ဒိုနီးရှား ကြား တင်းမာမှုများ ပိုမိုတိုးပွားလာစေသည်ဟု အပြစ်တင်ကြပြီး မလေးရှားတို့အား အင်ဒိုနီးရှားတို့ မျက်စိတွင် အကြည့်ရဆိုးအောင် ပုံဖော်သည်ဟု ဆိုကြသည်။ နိုင်ငံအတွင်း မလေးဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ တမီလ်ဘာသာတို့ဖြင့် နေ့စဉ် ထုတ်ဝေသော သတင်းစာများ ရှိသည်။ သတင်းစာ လွတ်လပ်ခွင့်မှာ အကန့်အသတ် ရှိပြီး ထုတ်ဝေခွင့် နှင့် သတင်းအချက်အလက် ဖြန့်ဝေခွင့် ရရန်အတွက် ကန့်သတ်ချက် အမျိုးမျိုး ရှိသည်။ အစိုးရသည် ယခင်က ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံတို့၏ သတင်းစာများကို နှိပ်ကွပ်ခဲ့ဖူးသော သာဓက ရှိသည်။ ၂၀၀၇ ခုနှစ်တွင် အစိုးရ အေဂျင်စီမှ ပုဂ္ဂလိက ရုပ်မြင်သံကြား နှင့် ရေဒီယို အသံလွှင့်ဌာန အားလုံးတို့အား အတိုက်အခံ ခေါင်းဆောင်များမှ ပြောကြားသော မိန့်ခွန်းများကို ထုတ်လွှင့်ခြင်း မပြုရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ဖူးပြီး အတိုက်အခံ ဒီမိုကရက်တစ် အက်ရှင်ပါတီမှ နိုင်ငံရေး သမားများမှ ထိုလုပ်ဆောင်ချက်အား ရှုံ့ချကြသည်။ ဆာဘားတွင်မူ သတင်းစာ တစ်စောင်မှ လွဲ၍ ကျန်သတင်းစာ အားလုံးမှာ အစိုးရ၏ ချုပ်ထိန်းမှု အောက်မှ လွတ်ကင်းပြီး မလေးရှားတွင် သတင်းစာ လွတ်လပ်ခွင့် အရှိဆုံး ဖြစ်သည်။ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း အက်ဥပဒေ အစရှိသော ဥပဒေများမှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည်ဟု ဆိုကြသည်။ အားလပ်ရက်နှင့် ပွဲတော်များ မလေးရှားတွင် တစ်နှစ်ပတ်လုံး အားလပ်ရက်နှင့် ပွဲတော်များ အများအပြား ရှိသည်။ အချို့နေ့များမှာ ဖက်ဒရယ် အစိုးရမှ ပြန်တမ်း ထုတ်ပြန်ထားသော အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်များ ဖြစ်ပြီး အချို့မှာ ပြည်နယ် တစ်ခုချင်းစီ၏ ရုံးပိတ်ရက်များ ဖြစ်သည်။ အခြားသော ပွဲတော်များကိုလည်း လူမျိုး သို့မဟုတ် ဘာသာ တစ်ခုချင်းစီမှ မိမိတို့အုပ်စု အလိုက် ကျင်းပလေ့ ရှိပြီး အဓိက အုပ်စုများ၏ အဓိက အားလပ်ရပ်များကို အများပြည်သူဆိုင်ရာ ရုံးပိတ်ရက် အဖြစ် ကြေညာလေ့ ရှိသည်။ အများဆုံး ကျင်းပကြသော အားလပ်ရက်မှာ ဟာရီ မာဒေးကား ခေါ် လွတ်လပ်ရေးနေ့ ဖြစ်ပြီး ဩဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပကြကာ မလာယာ ဖက်ဒရေးရှင်း ၁၉၅၇ ခုနှစ်တွင် လွတ်လပ်ရေးရသည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကျင်းပခြင်း ဖြစ်သည်။ ၁၆ စက်တင်ဘာတွင် ကျင်းပသော မလေးရှားနေ့မှာ ၁၉၆၃ ခုနှစ် ဖက်ဒရေးရှင်းကို ဂုဏ်ပြုကျင်းပခြင်း ဖြစ်သည်။ အခြားမှတ်သားလောက်သော နိုင်ငံတော် အားလပ်ရက်များမှာ မေလ ၁ ရက်နေ့တွင် ကျင်းပသော အလုပ်သမားနေ့ နှင့် ဇွန်လ ပထမပတ်တွင် ကျင်းပသော ဘုရင့်မွေးနေ့တို့ ဖြစ်ကြသည်။ အစ္စလာမ်ဘာသာမှာ နိုင်ငံတော် ဘာသာ ဖြစ်သဖြင့် မွတ်စလင် အားလပ်ရက်များမှာ ထင်ရှားသည်။ ဟာရီ ရာယ ပွာဆာ (ဥပုသ်ထွက်သော စမိုင် အစ်နေ့) ၊ဟာရီ ရာယ ဟာဂျီ (အစ်နေ့) ၊ မော်လီဒါ ရာဆူး (တမန်တော် မွေးနေ့) နှင့် အခြားနေ့များကို ကျင်းပကြသည်။ မလေးတရုတ်လူမျိုးများသည် တရုတ်နှစ်သစ်ကူး ကဲ့သို့သော ပွဲတော်များ နှင့် အခြား တရုတ်ရိုးရာ ယုံကြည်မှုနှင့် ဆက်စပ်နေသော ပွဲတော်များကို ကျင်းပလေ့ ရှိသည်။ မလေးရှားရှိ ဟိန္ဒူများမှာ ဒေဝါလီနေ့ မီးထွန်းပွဲတော်ကို ဆင်နွှဲကြပြီး တိုင်ပူဆမ်းခေါ် ဘာသာရေး အလေ့အထ တစ်ခုဖြစ်သော တစ်နိုင်ငံလုံးမှာ ဘုရားဖူးများ ဘတူလှိုဏ်ဂူတွင် ပေါင်းဆုံးကြခြင်း ပွဲတော်ကိုလည်း ကျင်းပလေ့ ရှိကြသည်။ မလေးရှားရှိ ခရစ်ယာန် အသိုင်းအဝိုင်းမှာ အခြားနေရာများမှ ခရစ်ယာန်များ ကျင်းပသော အားလပ်ရက် ပွဲတော်များကို ဆင်နွှဲကြပြီး အထူးသဖြင့် ခရစ္စမတ် နှင့် အီစတာပွဲတော် တို့ ဖြစ်ကြသည်။ အရှေ့မလေးရှား တို့မှလည်း ဂါဝိုင် ဟုခေါ်သော ကောက်ရိတ်သိမ်းပွဲတော်ကို ဆင်နွှဲလေ့ ရှိကြသည်။ ပွဲတော် အများစုမှာ လူမျိုးစု တစ်စု သို့မဟုတ် ဘာသာတစ်ခုနှင့်သာ သက်ဆိုင်သော်လည်း အားလုံးပါဝင် ဆင်နွှဲကြသည်။ "အိုးပင်းဟောက်စ်" ဟုခေါ်သော ထုံးစံအရ မလေးရှား နိုင်ငံသားတို့သည် အခြားသူတို့ ကျင်းပသောပွဲတွင် ပါဝင်ဆင်နွှဲကြပြီး အမြဲ ဆိုသလိုပင် ပွဲတော်နှင့် သက်ဆိုင်သည်ဟု သိထားသော လူများ၏ အိမ်များသို့ သွားရောက်လည်ပတ်ကြသည်။ အားကစား မလေးရှားတွင် ရေပန်းစားသော အားကစားနည်းများမှာ ဘောလုံး၊ ကြက်တောင်၊ ကွင်းအတွင်း ကစားရသော ဟော်ကီ၊ ဘိုးလ်၊ တင်းနစ်၊ စကွက်ရှ်၊ ကိုယ်ခံပညာ၊ မြင်းစီးခြင်း၊ ရွက်တိုက်ခြင်း နှင့် စကိတ်စီးခြင်းတို့ ဖြစ်ကြသည်။ ဘောလုံးသည် ရေပန်းအစားဆုံး အားကစားနည်း တစ်ခုဖြစ်ပြီး မလေးရှား အနေနှင့် ၂၀၃၄ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား တွဲဖက် အိမ်ရှင် အဖြစ် အခြားတစ်နိုင်ငံနှင့် ပူးတွဲ ကျင်းပနိုင်မည့် အလားအလာကို လေ့လာလျက် ရှိသည်။ ကြက်တောင်ရိုက် ပြိုင်ပွဲများတွင် ပရိသတ် ထောင်ဂဏန်း လာရောက်အားပေးလေ့ ရှိပြီး ၁၉၄၈ ခုနှစ်မှစ၍ မလေးရှားသည် သောမတ်စ် ဖလားဟုခေါ်သော ကမ္ဘာ့အဖွဲ့လိုက် အမျိုးသား ကြက်တောင်ရိုက် ဆုဖလား ပြိုင်ပွဲ ကို ကျင်းပသော နိုင်ငံ ၄ နိုင်ငံ ထဲတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။. မလေးရှား မြက်ခင်းပြင် ဘိုးလ် အဖွဲ့ချုပ်မှာ ၁၉၉၇ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည်။ စကွက်ရှ် ကစားနည်းကို ဗြိတိသျှ ကြည်းတပ်သားများမှ နိုင်ငံအတွင်း စတင်သယ်ဆောင်လာပြီး ပထမဆုံး ပြိုင်ပွဲကို ၁၉၃၉တွင် ကျင်းပခဲ့သည်။ မလေးရှား စကွက်ရှ် ရက်ကက် အသင်းကို ၁၉၇၂ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့သည်။ မလေးရှားသည် အရှေ့တောင်အာရှ ဘောလုံးလိဂ် ကစားပွဲ ကျင်းပရန် အဆိုပြုထားကြသည်။မလေးရှား အမျိုးသား ကွင်းပြင် ဟော်ကီ အသင်းသည် ၂၀၁၅ ဒီဇင်ဘာ၌ ကမ္ဘာ့ အဆင့် ၁၃ သတ်မှတ်ခြင်း ခံရသည်။ တတိယ အကြိမ်မြောက် ဟော်ကီကမ္ဘာ့ဖလား ပြိုင်ပွဲကို ကွာလာလမ်ပူရှိ မာဒေးကား အားကစားကွင်းတွင် အိမ်ရှင် အဖြစ်လက်ခံ ကျင်းပခဲ့ပြီး ၁၀ ကြိမ်မြောက် ဖလားကိုလည်း အလားတူ လက်ခံ ကျင်းပခဲ့သည်။ မလေးရှား နိုင်ငံအတွင်းတွင် ဖော်မြူလာဝမ်း ကားပြိုင်ပွဲ မောင်းနှင်ရာ လမ်းဖြစ်သော ဆီပန်း အပြည်ပြည်ဆိုင်ရာ ပြိုင်ကားလမ်း ရှိသည်။ ၎င်းမှာ ၁၉၂.၈၈မိုငင် (၃၁၀.၄၀၈ ကီလိုမီတာ) မျှ ရှည်လျားပြီး ပထမဆုံး မလေးရှာ ဂရန်းပရီ ပြိုင်ပွဲကို ၁၉၉၉ တွင် ကျင်းပခဲ့သည်။ ရိုးရာ အားကစားနည်းများတွင် ဆီလတ် မာလာယုသည်လည်း တစ်ခု အပါအဝင် ဖြစ်ပြီး မလေးရှား၊ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံတို့ရှိ မလေးလူမျိုးများ ကစားသော ကိုယ်ခံပညာ အားကစားနည်း တစ်မျိုး ဖြစ်သည်။ မလာယာ အိုလံပစ်ကောင်စီ အသင်းချုပ်အား ၁၉၅၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကောင်စီမှ အသိအမှတ် ပြုခဲ့သည်။ ပထမဆုံး အကြိမ် အဖြစ် ၁၉၅၆ ခုနှစ် မဲလ်ဘုန်းတွင် ကျင်းပသော နွေရာသီ အိုလံပစ် အားကစားပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မလေးရှား အိုလံပစ် ကောင်စီဟု အမည်ပြောင်းလဲခဲ့ပြီး မလေးရှား အနေနှင့် ကောင်စီဖွဲ့စည်းသည်မှ ယနေ့အထိ အိုလံပစ် အားကစားပွဲ တစ်ခုမှ လွဲ၍ ကျန်အိုလံပစ် အားကစား ပွဲတိုင်းတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ အိုလံပစ် ပြိုင်ပွဲတွင် အားကစားသမား အများဆုံး စေလွှတ်ခဲ့သည်မှာ ၅၇ ယောက် ဖြစ်ပြီး ၁၉၇၃ မြူးနစ် အိုလံပစ် အားကစားပွဲသို့ ဖြစ်သည်။ မလေးရှား အားကစားသမားများ အနေနှင့် အိုလံပစ် အားကစားပွဲတွင် ဆုတံဆိပ် ၆ ခု ရရှိခဲ့ဖူးပြီး ၅ ခုမှာ ကြက်တောင် အတွက် ဖြစ်ကာ တစ်ခုမှာ ပလက်ဖောင်း ဒိုင်ဗင်ထိုး အားကစားနည်း အတွက် ဖြစ်သည်။ မလေးရှား အနေနှင့် ဓနသဟာယ အားကစားပွဲများတွင် ၁၉၅၀ ခုနှစ်များထဲက မလာယာ အနေနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၆၆ တွင် မလေးရှား အနေနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ၁၉၉၈ ခုနှစ်တွင် ကွာလာလမ်ပူ၌ အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့သည်။ ကစားသူ အများဆုံး ကိုယ်ခံပညာမှာ ဆီလတ် မလာယု နှင့် တိုမွိုင်ခေါ် ကစ်ဘောက်ဆင်တို့ ဖြစ်ကြသည်။ ဆက်စပ်ကြည့်ရှုရန် ပြည်ပဆက်သွယ်ရေး ့​ြ မှတ်ချက်များ ကိုးကား နိုင်ငံ မလေးရှားနိုင်ငံ အာဆီယံအသင်းဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9C%E1%80%B1%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
စင်ကာပူနိုင်ငံ
စင်ကာပူ (English:Singapore; Chinese: 新加坡; pinyin: Xīnjiāpō; Malay: Singapura; Tamil: சிங்கப்பூர், Cingkappūr) တရားဝင်အမည်အားဖြင့် စင်ကာပူသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မလေးကျွန်းဆွယ်၏ တောင်ဘက်အစွန်ဆုံး တွင်တည်ရှိသည်။ အီကွေတာ၏မြောက်ဘက် ၈၅မိုင်(၁၃၇ ကီလိုမီတာ) အကွာတွင် တည်ရှိပြီး မလေးရှားနိုင်ငံ ဂျိုဟိုး(Johor) ပြည်နယ်၏ တောင်ဘက်နှင့် အင်ဒိုနီးရှားနိုင်ငံ ရီအောကျွန်းစု(Riau Islands) ၏ မြောက်ဘက်တွင် တည်ရှိသည်။ စတုရန်းမိုင် ၂၇၃မိုင် (စတုရန်းကီလိုမီတာ ၇၀၇.၁ ကီလိုမီတာ)သာ ရှိသဖြင့် စင်ကာပူသည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်မြို့တော်တစ်ခုတည်းဖြစ်သော နိုင်ငံ ၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အရှေ့တောင်အာရှတွင် အသေးငယ်ဆုံးနိုင်ငံ ဖြစ်သည်။ ဥရောပသားတို့ အခြေချမနေထိုင်မီအချိန်က ယခုသိရှိသော စင်ကာပူသည် စင်ကာပူမြစ်ဝတွင် တည်ရှိသော မလေးငါးဖမ်းရွာကလေးတစ်ရွာမျှသာဖြစ်သည်။ ရာပေါင်းများစွာသော အိုရန်လော့ (Orang Laut) ခေါ် နယ်မြေခံ မလေးလူမျိုးတို့သည် ကမ်းရိုးတန်းအနီး၊ မြစ်ချောင်းများအနီးနှင့် ကျွန်းကလေးများပေါ်တွင် နေထိုင်ကြသည်။ ၁၈၁၉ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီမှ ကျွန်းပေါ်တွင် ကုန်သွယ်ရေးစခန်းကို တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ သစ်မြစ်ဆေးဝါးတို့ သယ်ယူရာကုန်သွယ်ရေးလမ်းကြောင်း၏ ဗျူဟာကျသော ကုန်သွယ်ရေးစခန်းအဖြစ် အသုံးပြုခဲ့ကြသည်။ စင်ကာပူသည် ဗြိတိသျှအင်ပိုင်ယာ၏ အရေးပါသော ကုန်သွယ်ရေး နှင့် စစ်ရေး ဒေသ တစ်ခုဖြစ်လာပြီး ဗြိတိသျှအုပ်ချုပ်မှု၏ အချက်အချာနေရာတစ်ခုဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန်တို့က မြို့တော်ကိုသိမ်းပိုက်ခဲ့ပြီး ဝင်စတန်ချာချီက ဗြိတိသျှတို့၏ အကြီးကျယ်ဆုံးရှုံးနိမ့်မှု ဟု ပြောဆိုခဲ့သည်။ စစ်ပြီးခေတ်တွင် စင်ကာပူ သည် ၁၉၄၅ တွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၈နှစ်ကြာပြီးနောက် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရပြီးသည့်အခါ မလေးရှားအောက်မှ မလာယာ(Malaya)၊ ဆာဘား (Sabah) ၊ ဆာရာဝပ် (Sarawak) တို့နှင့် ပူးပေါင်းခဲ့သည်။ သို့သော် ၂ နှစ်မျှ မကြာမီအချိန်၌ပင် စင်ကာပူသည် မလေးရှားလက်အောက်မှ ခွဲထွက်ခဲ့ပြီး ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် လွတ်လပ်သော သမ္မတနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ စင်ကာပူသည် ထိုနှစ်အတွင်းမှာ ပင် စက်တင်ဘာလ ၂၁ ရက်တွင် ကုလသမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။ လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ စင်ကာပူ၏ လူနေမှုအဆင့်အတန်းသည် မြင့်မားလာခဲ့သည်။ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ နှင့်အတူ ဒတ်ချ်စီးပွားရေးပညာရှင် အဲလ်ဘတ် ဝင်းစီးမီးယပ် (Albert Winsemius) ရေးဆွဲခဲ့သည့် စီမံကိန်းအပေါ်အခြေပြု၍ နိုင်ငံတော်မှလမ်းညွှန်သည့် စက်မှုထုတ်လုပ်ငန်း ပြောင်းလဲမှုများကြောင့် အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတို့အပြင် ရိုးရာကုန်သွယ်ရေးနှင့် ထုတ်ကုန်သွင်းကုန်လုပ်ငန်းတို့ ပါဝင်သော ခေတ်သစ်စီးပွားရေးတစ်ခုကို ဖန်တီးခဲ့သည်။ သမိုင်း အမည်ရင်းမြစ် Singapura (စင်ဂါပူရ) ခေါ်သောနာမ သည် မလေးဘာသာစကား Singapura မှ ဆင်းသက်လာပြီး ကလယ်နှင့် သက္ကတဘာသာ (singa சிங்க सिंह siṃha ("ခြင်္သေ့"၊ သီဟ) နှင့် புர पुर pura ("မြို့"၊ ပူရ)) တွင် အရင်းခံသည်။ မလေးရာဇဝင်အရ ထိုနာမည်သည် ၁၄ ရာစုနှစ် စန်းနီလာအုတ္တမခေါ်သော စူမတြန်မင်းသားသည် ကျွန်းတွင်သင်္ဘောဆိုက်ပြီး မင်္ဂလာနရားတွေ့ခဲ့သောကြောင့် စင်ဂါ (ခြင်္သေ့) ဟုနာမည်မှည့်ခဲ့သည် ဟုဆိုသည်။ သို့သော် လတ်တလော ရှာဖွေတွေ့ရှိချက်များအရ ခြင်္သေ့သည် ဘယ်သောအခါမှ နေထိုင်ခဲ့ဖူးခြင်း မရှိကြောင်းသိရသည်။ ယုတ်စွအဆုံး အာရှခြင်္သေ့ပင် နေထိုင်ခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် စန်းနီလာအုတ္တမ မြင်ခဲ့ရသော သားရဲတိရစ္ဆာန်မှာ ကျား သာဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေမှာ မလေးရှားကျား ဖြစ်သည်။ အခြေချနေထိုင်ခြင်း စင်ကာပူနိုင်ငံနှင့် ပတ်သတ်သော ပထမဦးဆုံး အခြေချနေထိုင်မှု သမိုင်းကြောင်းမှာ အေဒီ ၂ရာစုတွင်ဖြစ်သည်။ စင်ကာပူကျွန်းသည် စူမာတယန် ဆရီဝိဂျာယ (Sumatran Srivijaya) အင်ပါယာ၏ အစွန်အဖျားဖြစ်ပြီး မူလပထမအားဖြင့် ဂျာဗားကျွန်းသား စကားဖြင့် တီမားဆက် (Temasek) (ပင်လယ်မြို့) ဟုခေါ်သည်။ တီမားဆက်သည် လျင်မြန်စွာပင် ကုန်သွယ်မှုအတွက် အခြေချနေထိုင်ရာ ဖြစ်လာခဲ့သော်လည်း ၁၄ရာစုအတွင်းတွင် ဆုတ်ယုတ်ပျက်စီးလာခဲ့သည်။ ရှေးဟောင်း တီမားဆက်ခေတ်မှ အကြွင်းအကျန်မှာ အနည်းငယ်သာရှိသော်လည်း စင်ကာပူမှ ရှေးဟောင်းသုတေသနပညာရှင်တို့က တီမားဆက် နှင့် အခြားခေတ်မှ လက်မှုပစ္စည်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၁၆ ရာစုနှင့် ၁၉ ရာစုအစောပိုင်းတွင် စင်ကာပူကျွန်းသည် ဂျဟိုးစူလတန်၏နယ်မြေ (Sultanate of Johor) အတွင်းတွင် ပါဝင်သည်။ ၁၆၁၃ ခုနှစ် မလေး-ပေါ်တူဂီစစ်ပွဲအတွင်းတွင် အခြေချနေထိုင်ရာနေရာအားလုံးကို ပေါ်တူဂီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုရာစုနှစ်အတွင်းတွင် စင်ကာပူကျွန်းကို ပေါ်တူဂီတို့က ဆက်လက် ထိန်းချုပ်ခဲ့ကြပြီး ၁၇ ရာစုတွင် ဒတ်ချ်တို့က ထိန်းချုပ်ခဲ့ကြသည်။ ထိုအချိန်များတွင် ကျွန်းပေါ်တွင် နေထိုင်သူများသည် အဓိကအားဖြင့် ငါးဖမ်းသမားများသာ ဖြစ်သည်။ ကိုလိုနီခေတ် ၁၈၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင် ဆာသောမတ်စ် စတန်းဖို့ဒ် ရပ်ဖဲလ်သည် စင်ကာပူကျွန်းမကြီးဆီသို့ ရောက်ရှိခဲ့သည်။ စင်ကာပူကျွန်းသည် ပထဝီအနေအထားအားဖြင့် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျသော ကုန်သွယ်ရေးအခြေစိုက်စခန်း ဖြစ်လာနိုင်ကြောင်း ရပ်ဖဲလ်က သတိထားမိခဲ့သည်။ ထို့ကြောင့် ရပ်ဖဲလ်သည် အရှေ့အိန္ဒိယကုမ္ပဏီ (East India Company) ကိုကိုယ်စားပြု၍ စင်ကာပူကျွန်း၏တောင်ဘက်ပိုင်းကို ဗြိတိသျှတို့၏ ကုန်သွယ်ရေးအခြေစိုက်စခန်းအဖြစ်ထူထောင်ရန် စူလတန်ဟူစိန်ရှား (Sultan Hussein Shah) နှင့် ၁၈၁၉ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့သည်။ သက္ကရာဇ် ၁၈၂၄ ခုနှစ်အထိ စင်ကာပူသည် မလေးစူလတန်အုပ်ချုပ်သောနယ်မြေ ဖြစ်ခဲ့ပြီး ၁၈၂၄ ခုနှစ် ဩဂုတ်လတွင်မှ ဗြိတိသျှကိုလိုနီအဖြစ် တရားဝင်ဖြစ်လာခဲ့သည်။ စင်ကာပူကျွန်း၌ ဒုတိယမြောက်အခြေချနေထိုင်သူ ဂျွန်ကရောဖို့ဒ်သည် စင်ကာပူကျွန်းကို အရှေ့အိန္ဒိယကုမ္ပဏီသို့လွှဲပြောင်းပေးရန် စူလတန်ဟူစိန်ရှားနှင့် သဘောတူညီချက်စာချုပ်ကို ၁၈၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စင်ကာပူကျွန်းတစ်ခုလုံးကို ဗြိတိသျှပိုင် ဖြစ်လာစေခဲ့သည်။ ထိုအချိန်မှစ၍ စင်ကာပူကျွန်း၏ ခေတ်သစ်တစ်ခေတ်စခဲ့သည်။ ဗြိတိသျှ အိန္ဒိယရုံးသည် ၁၈၅၈ ခုနှစ်မှစ၍ အုပ်ချုပ်ခဲ့သော်လည်း စင်ကာပူ သည် ၁၈၆၇ ခုနှစ်တွင် မှ ဘုရင်မသို့ သတင်းပို့ရသော ဗြိတိသျှဘုရင်မပိုင် ကိုလိုနီဖြစ်လာခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် ကျွန်းပေါ်တွင် လူ ၁ သိန်းမျှ နေထိုင်ခဲ့သည်။ ကိုလိုနီခေတ် စင်ကာပူ၏ အစပထမမြို့တည်ဆောက်ပုံမှာ အများအားဖြင့် ခွဲခြားအုပ်ချုပ်ရေးစနစ် အတိုင်းဖြစ်ပြီး ကွဲပြားခြားနားသောလူမျိုးစုတို့သည် ကျွန်း၏တောင်ဘက်ရှိ ကွဲပြားခြားနားသောနေရာတို့တွင် နေထိုင်ကြသည်။ စင်ကာပူမြစ်သည် ကုန်သည်များ နှင့် ဘဏ်လုပ်ငန်းရှင်တို့၏ ကုန်သွယ်ရေး အချက်အချာနေရာဖြစ်ပြီး တရုတ်နှင့် အိန္ဒိယကူလီ တို့ bumboats ဟု ခေါ်ကြသော တုံကင်းများမှ ကုန်ပစ္စည်းများကို ထမ်းချရာ နှင့် ထမ်းတင်ရာ နေရာဖြစ်သည်။ ဒေသခံ အိုရန်လော့တ် (Orang Lauts) မလေးလူမျိုးများမှာ ငါးဖမ်းသမားများ နှင့် ပင်လယ်ပြင် ခရီးသွားများအဖြစ် အသက်မွေးကြသည်။ အာရပ်ကုန်သည်များနှင့် ပညာတတ်လူတန်းစားများကိုမူ ယနေ့ ကန်ပေါင်း ဂလန် (Kampong Glam) တည်ရှိရာ မြစ်ဝ၏ အရှေ့တောင်ဘက်တွင် တွေ့ရသည်။ အနည်းငယ်မျှသော ဥရောပ အခြေချနေထိုင်သူများမှာမူ ဖို့ဒ်ကိန်းနင်းဟေး (Fort Canning Hill) နှင့် စင်ကာပူမြစ်၏ အပေါ်ပိုင်းဒေသများတွင် နေထိုင်ကြသည်။ ဥရောပတိုင်းရင်းသားများကဲ့သို့ပင် အစောပိုင်း အိန္ဒိယမှ ပြောင်းရွေ့လာသူတို့သည်လည်း ကုန်းတွင်းပိုင်းဒေသများတွင် အခြေချနေထိုင်ကြပြီး ယနေ့ လစ်တဲလ်အင်ဒီးယား (Little India) တည်ရှိရာနေရာဖြစ်သည်။ ကမ်ပေါင်း (kampongs) ဟုခေါ်သော ကျေးလက်ဒေသ အခြေချနေထိုင်သူများနှင့် ပတ်သက်၍မူ အသိနည်းပြီး လွတ်လပ်ရေးရပြီး ၁၉၆၀ခုနှစ်များ နှောင်းပိုင်း စင်ကာပူအစိုးရမှ ထိုသို့နေထိုင်သူများကို အများအပြား ရွေ့ပြောင်းနေရာချသည့် အချိန်မှသာ သိရှိရသည်။ ဒုတိယကမ္ဘာစစ် ဂျပန်တို့ အင်အားကြီးထွားမလာမီနှစ်များတွင် ဗြိတိသျှတို့သည် ဂျပန်တို့၏စစ်တပ်များ လျင်မြန်စွာ ဖွဲ့စည်းတည်ထောင်လာသည် ကို သတိပြုမိသည်။ အရှေ့တောင်အာရှရှိ သူတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် ဗြိတိသျှတို့သည် စင်ကာပူ၏ မြောက်ဘက်ဆုံးအပိုင်းတွင် ရေတပ်အခြေစိုက်စခန်းကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ဥရောပရှိ ဂျာမန်စစ်ပွဲကြောင့် စစ်သင်္ဘောများနှင့် စစ်လက်နက်များကို ဥရောပသို့ ယူဆောင်သွားခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်ဘုရင့်တပ်မတော် (the Imperial Japanese Army) သည် မလာယာ ကို ကျူးကျော်ခဲ့ပြီး စင်ကာပူတိုက်ပွဲကို ပြင်းထန်စွာဖြစ်စေခဲ့သည်။ ပြင်ဆင်မှုအားနည်း၍ တပ်အမြောက်အမြားမှာ ဥရောပတွင် ရောက်နေသော ဗြိတိသျှတို့မှာ ၆ ရက်အတွင်းတွင် ရှုံးနိမ့်ခဲ့ပြီး မသိမ်းပိုက်နိုင်သည့် ခံတပ်ဟုဆိုသော နေရာကို ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဗိုလ်ချုပ်ကြီး တိုမိုယူကီ ယာမာရှီတာ (General Tomoyuki Yamashita) သို့ လက်နက်ချခဲ့ရသည်။ ထိုလက်နက်ချမှုနှင့် ပတ်သက်၍ "ဗြိတိသျှသမိုင်းတွင် အဆိုးရွားဆုံး ကပ်ဆိုက်မှု နှင့် အကြီးကျယ်ဆုံးသော လက်နက်ချမှု" ဟူ၍ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီက ဖော်ပြခဲ့သည်။ ဗြိတိသျှ ရေတပ်အခြေစိုက်စခန်းကို ဂျပန်တို့ သိမ်းပိုက်၍ အသုံးမပြု နိုင်ခင်အချိန်က ပင် ဖျက်စီးခဲ့သည်။ ဂျပန်တို့ က စင်ကာပူကို ရှိုးနန်တိုး (昭南島, Shōnantō?) ဟုအမည်ပေးခဲ့ပြီး "Shōwa no jidai ni eta minami no shima" ("昭和の時代に得た南の島", "Shōwa no jidai ni eta minami no shima"?) သို့ ရှိုဝါခေတ်တွင် ရရှိခဲ့သော တောင်ဘက်ကျွန်းဟု အဓိပ္ပာယ်ရသည်။ ဂျပန်တို့သည် လက်နက်ချပြီး တစ်လအကြာ ၁၉၄၅ စက်တင်ဘာလ ၁၂ ရက်အထိကျွန်းကို သိမ်းယူထားခဲ့ပြီး ထို့နောက်တွင် ဗြိတိသျှတို့က ပြန်လည်သိမ်းပိုက်ခဲ့သည်။ ရှိုးနားတိုးကို အင်္ဂလိပ်ဘာသာစကားဖြင့် စယိုနန်(Syonan-to) တို သို့ စယိုနန် (Syonan) ဟု ရေးကြပြီး အဓိပ္ပာယ်မှာ တောင်ဘက်၏ အလင်းရောင်ဟူ၍ ဖြစ်သည်။ လွတ်လပ်ရေးခေတ် စင်ကာပူသည် ၁၉၅၉ခုနှစ်တွင် ဗြိတိသျှအင်ပါယာအတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဖြစ်လာခဲ့ပြီး ယူစွတ်ဘင် အီရှက် (Yusof bin Ishak) သည် ပထမဆုံး Yang di-Pertuan Negara (ပြည်နယ်တစ်ခုလုံး၏ ထင်ရှားသောအုပ်ချုပ်သူ) ဖြစ်လာခဲ့ပြီး လီကွမ်းယု မှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည်။ ဗြိတိန်၏ အောက်မှ ၁၉၆၃ ခုနှစ် ဩဂုတ်လတွင် လွတ်လပ်ရေး ကြေညာခဲ့သည်။ ၁၉၆၂ စက်တင်ဘာတွင် ခွဲရေးတွဲရေး ဆန္ဒခံယူပွဲ၏ ရလဒ်ကြောင့် မလာယာ၊ ဆာဘား နှင့် ဆာရာဝက်တို့ နှင့်အတူ မလေးရှား ဖက်ဒရယ်ပြည်ထောင်စုနှင့် ပူးပေါင်းခဲ့သည်။ သို့သော် ၂ နှစ်အကြာတွင် ပြည်နယ်၏ ပီအေပီ အစိုးရနှင့် ဖက်ဒရယ် ကွာလာလမ်ပူ အစိုးရတို့ အယူအဆပိုင်းဆိုင်ရာ အကြီးအကျယ်အငြင်းပွားမှု တို့ကြောင့် စင်ကာပူသည် ဖက်ဒရယ်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည်။ စင်ကာပူသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်ရပ်တည်ခဲ့သည်။ ယူစွတ်ဘင်အီရှက်သည် စင်ကာပူ၏ ပထမဆုံးသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လီကွမ်းယုမှာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေခဲ့သည်။ မိမိဘာသာ ပြည့်စုံလုံလောက်အောင် ကြိုးစားသော်လည်း နိုင်ငံအသစ်တစ်ခုအနေနှင့် စင်ကာပူသည် အလုပ်လက်မဲ့ဦးရေ ပေါများခြင်း၊ နေအိမ်အလုံအလောက်မရှိခြင်း၊ မြေနေရာ နှင့် သဘာဝ အရင်းအမြစ် ရှားပါးခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့ရသည်။ လီကွမ်းယူ ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့သော ၁၉၅၉ မှ ၁၉၉၀ အထိအချိန်ကာလအတွင်း သူ၏အစိုးရသည် အလုပ်လက်မဲ့များပြားသည့် ပြဿနာ၊ လူနေမှုအဆင့်အတန်းကို မြှင့်တင်ခြင်း နှင့် ပြည်သူ့အိမ်ရာ စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ခြင်း စသည့် ပြဿနာများကို ဖြေရှင်းခဲ့သည်။ ထိုအချိန်သည် နိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အအုံ၏ အုတ်မြစ်ကို ချပေးခဲ့သော အချိန်ကာလဖြစ်သည်။ လူမျိုးရေးပြဿနာများ၏ ခြိမ်းချောက်မှုများကိုလည်း ထိန်းချုပ်ပေးခဲ့ပြီး ယောက်ျားလေးတိုင်း စစ်မှုမထမ်းမနေရစနစ်ဖြင့် လွတ်လပ်သောနိုင်ငံ၏ ကာကွယ်ရေးစနစ်တကို တည်ဆောက်ခဲ့သည်။ ၁၉၉၀ တွင် ဂိုချုပ်တောင်မှ လီကွမ်းယု၏ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့သည်။ သူ၏အချိန်ကာလအတွင်းတွင် ၁၉၉၇ အာရှစီးပွားရေး ပြဿနာ ၏ ရိုက်ခတ်မှုများ၊ ၂၀၀၃ ခုနှစ် ဆားရောဂါ ပျံနှံ့မှု၊ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုအပြီး ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းပေးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် လီကွမ်းယု၏ သားအကြီးဆုံးဖြစ်သည့် လီရှန်လုံးသည် စင်ကာပူ၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်များထဲမှ မှတ်သားလောက်သော ဆုံးဖြတ်ချက်မှာ နိုင်ငံခြားကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ရန်အတွက် ကာစီနို လောင်းကစားရုံဖွင့်လှစ်မည့် အစီအစဉ်ပင် ဖြစ်သည်။ နိုင်ငံရေးနှင့် အစိုးရ စင်ကာပူသည် ဝက်မင်စတာစနစ် ကျင့်သုံးသော ပါလီမန် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အစိုးရတွင် လွှတ်တော်တစ်ခုတည်းသာရှိ၍ မဲဆန္ဒနယ် အသီးသီးကို ကိုယ်စားပြုသော ကိုယ်စားလှယ်များပါဝင်သည်။ စင်ကာပူနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးစနစ်ကို ကိုယ်စားပြုပါဝင်သော ဒီမိုကရေစီစနစ်အဖြစ် ပြဋ္ဌာန်းထားသည်။ ဖရီးဒမ်း ဟောက်စ်မှ စင်ကာပူအား ကမ္ဘာ့လွတ်လပ်မှု အစီရင်ခံစာတွင် တစ်စိတ်တစ်ပိုင်း လွတ်လပ်သော နိုင်ငံအဖြစ် ဖော်ပြထားပြီး အီကော်နောမစ် မဂ္ဂဇင်းကမူ စင်ကာပူ နိုင်ငံအား ဒီမိုကရေစီ ညွှန်းကိန်းတွင် ၄ ဆင့် ရှိသည့် အနက် တတိယ အဆင့် အဖြစ် သတ်မှတ်ထားသည်။ စင်ကာပူအား အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့မှ ကမ္ဘာပေါ်တွင် ခြစားမှု အကင်းဆုံး နိုင်ငံ အဖြစ် အစဉ်တစိုက် သတ်မှတ်လေ့ ရှိသည်။ အုပ်ချုပ်ရေးအာဏာသည် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးဆောင်သော အစိုးရ အဖွဲ့တွင် ရှိသည်။ သမ္မတအား တစ်နိုင်ငံလုံးမှ မဲစနစ်ဖြင့် ရွေးချယ်လေ့ ရှိပြီး နိုင်ငံတော်၏ပိုင်ဆိုင်မှုများ နှင့် တရားသူကြီးများ ရွေးချယ်ခြင်းစသော ကိစ္စရပ်များ နှင့် ပတ်သက်လျှင် ဗီတိုအာဏာ ကျင့်သုံးနိုင်သော အခွင့်ရှိပြီး ကျန်သောအချိန်များတွင်မူ ပြယုဂ်ရာထူးတစ်ခုသာလျှင် ဖြစ်သည်။ ပါလီမန်သည် အစိုးရ၏ ဥပဒေပြု အစိတ်အပိုင်းအဖြစ် တည်ရှိသည်။ ပါလီမန်အမတ်များတွင် ရွေးချယ်ခံရသူများ၊ မဲဆန္ဒနယ် မရှိသောသူများအပြင် ခန့်အပ်ထားသူများလည်း ပါဝင်သည်။ အရွေးချယ်ခံ အမတ်များမှာ ပါလီမန်သို့ မဲများသောသူ အနိုင်ရသော စနစ်ဖြင့် မဲဆန္ဒနယ် တစ်ခုတွင် တစ်ဦးချင်းသော်လည်းကောင်း၊ အချို့သော မဲဆန္ဒနယ်များတွင် အုပ်စုလိုက်သော်လည်းကောင်း ရွေးချယ်လေ့ ရှိသည်။ ၁၉၅၉ ခု ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသော အချိန်မှစ၍ ပြည်သူ့ အက်ရှင် ပါတီမှ ရွေးကောက်ပွဲတိုင်းတွင် အများစုကို အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲများမှာ သန့်ရှင်းသော်လည်း ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့မှာ အစိုးရမှ သီးခြားဖြစ်မနေခြင်း နှင့် အစိုးရမှ မီဒီယာများပေါ်တွင် ကြီးစွာသော ဩဇာသက်ရောက်မှု ရှိခြင်းတို့ ရှိသည်။ ဖရီးဒမ်းဟောက်စ်မှ စင်ကာပူအား တစိတ်တပိုင်း လွတ်လပ်သည်ဟု ကမ္ဘာပေါ်ရှိ လွတ်လပ်မှု အစီရင်ခံစာတွင် ဖော်ပြထားပြီး အီကော်နောမစ် မဂ္ဂဇင်းမှ စင်ကာပူအား ဒီမိုကရေစီ ညွှန်းကိန်း အဆင့် ၄ဆင့်တွင် ဒုတိယမြောက် အဆင့် ဖြစ်သော ချို့ယွင်းချက် ရှိသော ဒီမိုကရေစီ စနစ် ရှိသော နိုင်ငံဟု ဖော်ပြထားသည်။ သို့သော်လည်း ၂၀၁၁ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် အလုပ်သမားပါတီဦးဆောင်သော အတိုက်အခံအဖွဲ့က ပါလီမန်တွင် အမတ် ၇ နေရာအထိ တိုးတက်ရယူလာနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့အက်ရှင်ပါတီမှ အပြတ်အသတ်အနိုင်ရ၍ အာဏာရခဲ့ပြီး အမတ်နေရာ ၈၉ နေရာတွင် ၈၃ နေရာ ရယူနိုင်ခဲ့ကာ မဲရာခိုင်နှုန်း ၇၀% ရရှိခဲ့သည်။ ဂေါလ်အပ် စစ်တမ်းမှ စင်ကာပူတွင် နေထိုင်သူ ၈၄%သည် အစိုးရ အပေါ်တွင် ယုံကြည်သည်ဟု အစီရင်ခံ ဖော်ပြထားသဖြင့် ကမ္ဘာပေါ်တွင်အမြင့်ဆုံး ရရှိသည့်နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ ဥပဒေမှာ အင်္ဂလိပ် အများသုံး ဥပဒေကို အခြေခံထားသော်လည်း ကွဲလွဲချက်အချို့ရှိသည်။ ၁၉၇၀ ခုနှစ်တွင် ဂျူရီလူကြီးများဖြင့် ဆုံးဖြတ်သော စနစ်ကို ဖျက်သိမ်းခဲ့ပြီး တရားစီရင်ခြင်းကို တရားသူကြီး တစ်ဦးကသာ ဆုံးဖြတ်တော့သည်။ စင်ကာပူတွင် ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးမှုများ ရှိပြီး မုဒိမ်းမှု၊ အဓိကရုဏ်းမှု၊ ဖျက်ဆီးမှုနှင့် အချို့သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုများ အတွက် ကြိမ်ဒဏ်ပေးသော စနစ် ရှိသည်။ လူသတ်မှုနှင့် အချို့သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သေနတ်နှင့်ပတ်သက်သော ပြစ်မှုများအတွက် မပေးမနေရ သေဒဏ်စနစ် ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ အချို့သော တရားဥပဒေကျင့်သုံးမှုများမှာ အပြစ်ရှိကြောင်းမပြနိုင်မချင်း အပြစ်ကင်းမဲ့သည် ဆိုသော တရားခံ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိသည်ဟု ဆိုထားပြီး ကမ္ဘာပေါ်တွင် လူဦးရေ အချိုးအစားအရ တွက်ကြည့်လျှင် သေဒဏ်ပေးမှု အမြင့်မားဆုံး ဖြစ်သည်ဟု ဆိုထားသည်။ အစိုးရက လူ့အခွင့်အရေး အဖွဲ့၏ ပြောကြားချက်ကို ပြန်လည် ငြင်းချက် ထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ် စစ်တမ်းအရ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဆိုင်ရာ ဝန်ထမ်းများက အာရှ၌ စင်ကာပူ နှင့် ဟောင်ကောင်တို့တွင် အကောင်းဆုံး တရားစီရင်ရေး စနစ် ရှိသည်ဟု ယုံကြည်ကြသည်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့တရားမျှတမှု စီမံကိန်း၏ တရားဥပဒေစိုးမိုးမှု ညွှန်းကိန်းတွင် စင်ကာပူသည် လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ ခြစားမှု ကင်းမဲ့ခြင်း၊ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှု အတွက် ထိရောက်မှုတို့တွင် ကမ္ဘာ့ထိပ်ဆုံးနိုင်ငံများတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း လွတ်လပ်စွာပြောဆိုခွင့်နှင့် လွပ်လပ်စွာစုဝေးခွင့် နှစ်ခုစလုံးတွင်မူ ရမှတ် နည်းခဲ့သည်။ လူငါးဦးထက် ပို⁠၍ စုဝေးပါက ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် လိုအပ်ပြီး ဆန္ဒပြမှုများကို စပီကာကော်နာတွင်သာ တရားဝင် ပြုလုပ်ခွင့် ရှိသည်။ နိုင်ငံခြားဆက်ဆံရေး စင်ကာပူနိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီမှာ အရှေ့တောင်အာရှနှင့် ပတ်ဝန်းကျင် နယ်မြေများအား လုံခြုံစိတ်ချရမှု ရှိစေရန် ရည်ရွယ်ချမှတ် ထားသည်။ အခြေခံ သဘောတရားမှာ ဒေသအတွင်း နိုင်ငံရေး နှင့် စီးပွားရေး တည်ငြိမ်မှု ရရှိစေရေး ဖြစ်သည်။ စင်ကာပူတွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံ ၁၈၀ ကျော်နှင့် သံတမန် ဆက်ဆံရေး ရှိသည်။ ၂၀၀၂ ခုနှစ်မှစတင်၍ နှစ်စဉ် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန မှ ကြီးမှူး၍ အစိုးရ များ ပူးပေါင်းကျင်းပသည့် လုံခြုံရေး ဖိုရမ် ဖြစ်သော ရှန်ဂရီလာ ဒိုင်ယာလော့ခ်ကို အိမ်ရှင် အဖြစ်လက်ခံ ကျင်းပခဲ့ကာ အာရှ-ပစိဖိတ် ဒေသ နှင့် ဥရောပမှ ဝန်ကြီးများ နှင့် ကာကွယ်ရေး အရာရှိကြီးများ တက်ရောက်လေ့ ရှိသည်။ ထိုသို့ အဆင့်မြင့် အရာရှိကြီးများ အကြား ဆွေးနွေးပွဲမှ ထိပ်တိုက်ရင်ဆိုင်မှု ပြဿနာ များ ဖြစ်သော အရှေ့ နှင့် တောင်တရုတ်ပင်လယ်ရှိ နယ်မြေ အငြင်းပွားမှုများ ကို ဩဇာ လွှမ်းမိုးမှု ရှိခဲ့ပြီး တကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး နှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြသည်။ အာဆီယံ အဖွဲ့ကို စတင်တည်ထောင်ခဲ့သော နိုင်ငံ ၅ နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ပြီး စင်ကာပူနိုင်ငံသည် အာဆီယံ ကုန်သည်မှု လွတ်လပ်ဒေသ နှင့် အာဆီယံ ရင်းနှီးမြှုပ်နှံမှု ဒေသတို့ ဖြစ်ပေါ်စေရေး အတွက် အခိုင်အမာ အားပေးသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စင်ကာပူ၏ စီးပွားရေး ဖွံ့ဖြိုးမှုမှာ ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးမှုများနှင့် နီးနီးစပ်စပ် ဆက်နွယ်နေသောကြောင့်ပင် ဖြစ်သည်။ ယခင် ဝန်ကြီးချုပ် ဖြစ်သော ဂိုချောက်တောင် က အာဆီယံ စီးပွားရေး အသိုင်းအဝန်း ဖြစ်ပေါ်စေရန် အဆိုပြုခဲ့ပြီး ယခု လက်ရှိ အာဆီယံ ကုန်သည်မှု လွတ်လပ်ဒေသ ထက် ပိုမို သော ဘုံဈေးကွက် တစ်ခု ဖြစ်စေရန် အထိပင် ဖြစ်သည်။ ထို အကြံအစည်ကို ၂၀၀၇ ခုနှစ်တွင် သဘောတူညီမှု ရခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ဖြစ်သည်။ အခြားသော ဒေသဆိုင်ရာ အဖွဲ့အစည်းများကလည်း စင်ကာပူနိုင်ငံ အတွက် အရေးပါသည်။ စင်ကာပူသည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အတွင်းရေးမှူးချုပ် ရုံးထိုင်ရာ မြို့ ဖြစ်သည်။ စင်ကာပူသည် အခြားသော ဒေသဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြသော အာရှ-ဥရောပ အစည်းအဝေး အဖွဲ့၊ အရှေ့အာရှ နှင့် လက်တင် အမေရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်၊ အဓိက မြို့တော် ၂၁ မြို့၏ အာရှ ကွန်ယက် နှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး အဖွဲ့ တို့တွင်လည်း ပါဝင်သည်။ ထို့ပြင် ဘက်မလိုက် လှုပ်ရှားမှု၏ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည့်အပြင် ဓနသဟာယ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။ ယေဘုယျအားဖြင့် အခြားသော အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာသော်လည်း သဘောထား ကွဲလွဲမှုများ ရှိတတ်ပြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သော မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံ တို့၏ ဆက်ဆံရေးမှာ တစ်ခါတစ်ရံတွင် တင်းမာ တတ်သည်။ မလေးရှား နှင့် စင်ကာပူတို့သည် ရေချို ရောင်းဝယ်မှု ကိစ္စနှင့် မလေးရှား ဝေဟင် ပိုင်နက်အား စင်ကာပူ စစ်တပ်မှ အသုံးပြုမှု စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အချင်းများခဲ့ ဖူးသည်။ နယ်နိမိတ် ကိစ္စများနှင့် ပတ်သတ်၍ မလေးရှား နှင့် အင်ဒိုနီးရှား နိုင်ငံတို့နှင့် ပြဿနာ ရှိပြီး နှစ်နိုင်ငံစလုံးမှ စင်ကာပူမှ ပင်လယ်တွင်း မြေများ တိုးချဲ့တည်ဆောက်မှု နှင့် ပတ်သက်၍ စင်ကာပူအား သဲရောင်းချခြင်းကို ပိတ်ပင်ထားသည်။ ယခင်က အငြင်းပွားမှုများကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှ ဖြေရှင်း ပေးခဲ့ဖူးသည်။ မလက်ကာ ရေလက်ကြားရှိ ပင်လယ်ဓားပြ ပြဿနာမှာမူ သုံးနိုင်ငံ လုံးအတွက် ရတက်မအေးစရာ ကိစ္စတစ်ခု ဖြစ်သည်။ ဘရူနိုင်းနိုင်ငံနှင့် စီးပွားရေး ပေါင်းစပ်မှု နီးကပ်စွာ တည်ရှိပြီး စင်ကာပူ ဒေါ်လာနှင့် ဘရူနိုင်း ဒေါ်လာမှာ တန်ဖိုး အတူတူ ဖြစ်ပြီး စင်ကာပူ ဒေါ်လာကို ဘရူနိုင်း နိုင်ငံတွင် သုံးစွဲနိုင်သကဲ့သို့ ဘရူနိုင်း ဒေါ်လာကိုလည်း စင်ကာပူတွင် သုံးစွဲနိုင်သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် သံတမန် ဆက်ဆံရေးကို ၁၉၇၀ ပြည့်နှစ်များတွင် စတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်များတွင် သံတမန် ဆက်ဆံမှု အပြည့်အဝ ပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ တရုတ် နှင့် စင်ကာပူ နှစ်နိုင်ငံသည် အာဆီယံ-တရုတ် ဆက်ဆံရေးကို ခိုင်မာအောင် အဓိက လုပ်ဆောင်သူများ ဖြစ်လာခဲ့သည်။ စင်ကာပူ နှင့် အမေရိကန် နိုင်ငံတို့၏ နီးစပ်သော ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပြီး အထူးသဖြင့် ကာကွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍများတွင် ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသည် စင်ကာပူ၏ တတိယမြောက် အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ပြီး တရုတ်မှာ ဒုတိယ ဖြစ်၍ မလေးရှားမှာ ပထမ ဖြစ်သည်။ စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံကြားတွင် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ရှိပြီး စင်ကာပူသည် အမေရိကန်နှင့် ဆက်ဆံရေးအား တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် အတွက် အရေးပါသည်ဟု ယူဆသည်။ ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံကြား မဟာဗျူဟာ ဖရိမ်ဝခ် သဘောတူညီချက်သည် လုံခြုံရေး နှင့် ကာကွယ်ရေး ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ခြင်းကို တရားဝင် ဖြစ်စေခဲ့သည်။ စင်ကာပူသည် ဒေသဆိုင်ရာ အကြမ်းဖက်သမား နှိမ်နင်းရေး ကိစ္စရပ်များကို ဦးဆောင်ဦးရွက် တွန်းအားပေးခဲ့ပြီး ၎င်း၏ နယ်နိမိတ်အတွင်း အကြမ်းဖက်သမားများကို ကိုင်တွယ်ရန် ပြင်းထန်ခိုင်မာသည့် ရပ်တည်ချက် ရှိသည်။ ယခု အချိန်ထိ အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့၏ အကြမ်းဖက်သမားများအား တိုက်ခိုက်မှုကို ပံ့ပိုးခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်း၍ အကြမ်းဖက်သမား နှိမ်နင်းခြင် နှင့် အကြမ်းဖက်သမား ထိန်းချုပ်ရေး ကိစ္စရပ်များ နှင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ စစ်ရေး စင်ကာပူနိုင်ငံ၏ စစ်တပ်သည် မည်သို့ပင် ဆိုစေကာမူ အရှေ့တောင် အာရှတွင် နည်းပညာ အားဖြင့် အမြင့်မားဆုံး စစ်တပ် ဖြစ်သည်။ စင်ကာပူ စစ်တပ်တွင် စစ်ကာပူ ကြည်းတပ်၊ စင်ကာပူ သမ္မတနိုင်ငံ ရေတပ် နှင့် စင်ကာပူ သမ္မတနိုင်ငံ လေတပ်တို့ ပါဝင်သည်။ စင်ကာပူ စစ်တပ်သည် နိုင်ငံ၏ လွတ်လပ်ရေးကို အာမခံပေးသူ အဖြစ် ရှုမြင်ကြသည်။ စင်ကာပူ၏ စစ်ရေးဆိုင်ရာ အတွေးအခေါ်မှာ သံတမန်ရေး နှင့် တားဆီးကာကွယ်ရေး အတွက် ရည်ရွယ်သည်။ ထိုအယူအဆမှ ယဉ်ကျေးမှု အဖြစ် အသွင်ပြောင်းပြီး နိုင်ငံသားတိုင်း နိုင်ငံ ကာကွယ်ရေး အတွက် ပါဝင် ဆောင်ရွက်ကြသည်။ အစိုးရသည် နိုင်ငံ ဂျီဒီပီ၏ ၄.၉% ကို စစ်တပ် အတွက် အသုံးပြုပြီး အစိုးရ သုံးစွဲသော ငွေ ၄ ဒေါ်လာတွင် ၁ ဒေါ်လာမှာ ကာကွယ်ရေး အတွက် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက် စင်ကာပူတွင် ဗြိတိသျှ အရာရှိများ အုပ်ချုပ်သော ခြေလျင် ရီဂျီမင့် တပ် နှစ်တပ် ရှိသည်။ ထို တပ်နှစ်တပ်မှာ နိုင်ငံအသစ် အတွက် လုံခြုံရေးကို ပေးနိုင်ရန် သေးငယ်လွန်းသည်ဟု ယူဆသဖြင့် စစ်တပ်အား တည်ဆောက်မှုသည် ဦးစားပေး ဖြစ်လာခဲ့သည်။ ဗြိတိသျှ စစ်တပ်သည် စင်ကာပူမှာ ၁၉၇၁ အောက်တိုဘာတွင် ရုပ်သိမ်းခဲ့ပြီး စစ်တပ် အဖြစ် ကျန်ရှိနေစေရန် အနည်းငယ်မျှသော ဗြိတိသျှ၊ ဩစတြေးလျ နှင့် နယူးဇီလန် တပ်တို့ကို ချန်ထားခဲ့သည်။ နောက်ဆုံး ဗြိတိသျှ စစ်သားသည် စင်ကာပူမှ ၁၉၇၆ မတ်လတွင် ထွက်ခွာခဲ့သည်။ နယူးဇီလန်တပ်များသည် စင်ကာပူမှ နောက်ဆုံး ရုပ်သိမ်းသော တပ်များ ဖြစ်ပြီး ၁၉၈၉ တွင်မှ ရုပ်သိမ်းခဲ့သည်။ စင်ကာပူ စစ်တပ်ကို တည်ထောင်ရန် အတွက် အဓိက အကူအညီကို အစ္စရေးနိုင်ငံမှ ရရှိခဲ့ပြီး အစ္စရေးကို စင်ကာပူ၏ အိမ်နီးချင်း မွတ်စလင် ဘာသာဝင် အများစု နိုင်ငံများ ဖြစ်ကြသော မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့က အသိအမှတ် မပြုကြပေ။ လွတ်လပ်ရေး ရပြီး အဓိက ကြောင့်ကြမှုမှာ မလေးရှားမှ ကျူးကျော်မည်ကို ဖြစ်သည်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (အိုင်ဒီအက်ဖ်)၏ တပ်မှူးများမှာ စင်ကာပူ စစ်တပ်အား အစမှ စ၍ အိုင်ဒီအက်ဖ်၏ ဖွဲ့စည်းပုံ အတိုင်း ဖွဲ့စည်းတည်ထောင်ရန် တာဝန်ယူခဲ့ကြပြီး အစ္စရေး လေ့ကျင့်ရေးမှူးများကို စင်ကာပူသို့ ခေါ်ဆောင်၍ စင်ကာပူ စစ်သားများအား လေ့ကျင့် ပေးခဲ့သည်။ စစ်ရေး လေ့ကျင့်ခန်းများကို အိုင်ဒီအက်ဖ်၏ ပုံစံ အတိုင်း သင်ကြားပို့ချခဲ့ပြီး စင်ကာပူသည် စစ်မှုမထမ်း မနေရ ပုံစံ နှင့် ပြန်လည် စစ်မှုထမ်း ဝင်ရောက်ရန် ပုံစံကို အစ္စရေး၏ ပုံစံ အတိုင်း အတုယူ ဆောင်ရွက်ခဲ့သည်။ စင်ကာပူသည် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များတွင် အစ္စရေး နှင့် ဆက်ဆံရေး ခိုင်မာစွာ ရှိဆဲ ဖြစ်ပြီး အစ္စရေး၏ လက်နက် နှင့် လက်နက်စနစ်များကို အများဆုံး ဝယ်ယူသည့် နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်သည်။မာတာဒေါ လက်နက်သည် စင်ကာပူနှင့် အစ္စရေးတို့ ပူးပေါင်းဆောင်ရွက်ခြင်း၏ ဥပမာ တစ်ခု ဖြစ်သည်။ စင်ကာပူ စစ်တပ်သည် သမာရိုးကျနှင့် သမာရိုးကျ မဟုတ်သော စစ်ပွဲများ အတွင်း ပြဿနာပေါင်း များစွာကို ဖြေရှင်းပေးနိုင်ရန် လေ့ကျင့် ပေးထားသည်။ ကာကွယ်ရေး သိပ္ပံ နှင့် နည်းပညာ အေဂျင်စီသည် စစ်တပ်နှင့် ဆိုင်သော အရင်းအမြစ်များ ဝယ်ယူရန် တာဝန်ရှိသူ ဖြစ်သည်။ စင်ကာပူ၏ ပထဝီ အနေအထား အရ စင်ကာပူ စစ်တပ်အနေဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ တွန်းလှန်နိုင်ရန် ပြင်ဆင် ထားရပြီး ဆုတ်ခွာရန် နှင့် ပြန်လည် စုစည်းရန် မဖြစ်နိုင်ပေ။ လူဦးရေ အနည်းငယ်မျှသာ ရှိခြင်းကလည်း စင်ကာပူ စစ်တပ်၏ ဖွဲ့စည်းပုံကို သက်ရောက်မှု ရှိစေသည်။ အမြဲတမ်း စစ်သား အနည်းငယ်သာ ရှိပြီး အရန်အင်အားမှာ အများ အပြား ရှိသည်။ စင်ကာပူတွင် သန်စွမ်းသော ယောက်ျားလေးတိုင်း ၁၈ နှစ်တွင် စစ်မှု မထမ်း မနေရ အမိန့် စတင်သည်။ ရာဇဝတ်မှတ်တမ်း ရှိသူများနှင့် ၎င်းတို့ မရှိသည့် အချိန်တွင် မိသားစု အတွက် အခက်အခဲများ ခံစားရနိုင်ကြောင်း သက်သေပြနိုင်သူများသာ လွတ်ကင်းသည်။ တက္ကသိုလ် အကြို ပညာရေးကို မပြီးဆုံးသေးသူများ နှင့် အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှု ကော်မရှင်မှ စကော်လာရှစ် ရရှိထားသူများ အနေနှင့် စစ်မှု မထမ်းမနေရ အချိန်ကို ရွှေ့ဆိုင်းနိုင်သည်။ စစ်မှုမထမ်း မနေရ မဟုတ်သော်လည်း စင်ကာပူ စစ်တပ် အတွင်း မိန်းကလေး ဦးရေမှာ များပြားလာလျက် ရှိသည်။ ၁၉၈၉ ခုနှစ် အမျိုးသားများ အတွက် သီးသန့် သတ်မှတ်ထားသော ရာထူးနေရာ များကို အမျိုးသမီးများအား စတင်ခန့်အပ်သည့် အချိန်မှစ၍ ဖြစ်သည်။ အထူးပြုတပ်တစ်ခု စီသို့ မရောက်မီတွင် တပ်သားသစ်များသည် အခြေခံ စစ်သင်တန်းကို ၉ ပတ်မျှ သင်ကြားရသည်။ ပင်မ ကျွန်းမကြီးပေါ်တွင် မြေနေရာလွတ် ရှားပါးသောကြောင့် ကျည်ဆန် အစစ်ဖြင့် သေနတ်ပစ်ခြင်း နှင့် ကမ်းတက် တိုက်ပွဲ လေ့ကျင့်ခြင်း အစရှိသော လေ့ကျင့်မှုများကို အရပ်သားများ ဝင်ရောက်ရန် တားမြစ်ထားသော ကျွန်းငယ်ကလေးများပေါ်တွင် ပြုလုပ်လေ့ ရှိသည်။ ထို့အတွက်ကြောင့် ကျွန်းမကြီး နှင့် မြို့အား အန္တရာယ် ကျရောက်မှုမှ ရှောင်ရှားနိုင်သည်။ သို့သော်လည်း ကြီးမားသော လေ့ကျင့်မှုများ အတွက် ထိုနေရာများတွင် ပြုလုပ်ရန် အန္တရာယ် ရှိသဖြင့် ၁၉၇၅ မှစ၍ ထိုသို့သော လေ့ကျင့်မှုများကို ထိုင်ဝမ်တွင် ပြုလုပ်လေ့ ရှိသည်။ လေ့ကျင့်မှုများကို အခြားသော နိုင်ငံ တစ်ဒါဇင်ခန့်တွင်လည်း ပြုလုပ်ကြသည်။ ယေဘုယျအားဖြင့် နိုင်ငံခြား စစ်တပ်များနှင့် တွဲဖက် လေ့ကျင့်မှုကို တစ်ပတ်လျှင် တစ်ကြိမ် နှစ်ကြိမ်မျှ ပြုလုပ်လေ့ ရှိသည်။ လေပိုက်နက်နှင့် ကုန်းမြေပိုင်နက် အကန့်အသတ် ရှိသောကြောင့် စင်ကာပူ သမ္မတနိုင်ငံ လေတပ်သည် နိုင်ငံခြား အခြေစိုက်စခန်းများကို ဩစတြေးလျနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု နှင့် ပြင်သစ်နိုင်ငံ တို့တွင် ထားရှိသည်။ စင်ကာပူ လေတပ်၏ လေယာဉ်အုပ် အမှတ် ၁၃၀ သည် အနောက် ဩစတြေးလျရှိ ဩစတြေးလျ လေတပ်မတော် ပီးယာ့စ် အခြေစိုက် စခန်းတွင် တပ်စွဲထားပြီး လေယာဉ်အုပ် အမှတ် ၁၂၆ မှာ ဩစတြေးလျနိုင်ငံ ကွင်းစလန် ပြည်နယ်ရှိ အုတ်ကီစစ်တပ် လေကြောင်းထိန်းသိမ်းရေး ဌာနတွင် အခြေစိုက်ထားသည်။ စင်ကာပူ လေတပ်တွင် ပြင်သစ်နိုင်ငံ ကာဇော့ လေတပ် အခြေစိုက်စခန်းတွင် အခြေစိုက်ထားသော လေယာဉ်အုပ် အမှတ် ၁၅၀ လည်း ရှိသည်။ စင်ကာပူလေတပ်တွင် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ စန်ဒီယေးဂိုး၊ အရီဇိုးနား ပြည်နယ်ရှိ မာရာနာ၊ တက်ကဆပ်ပြည်နယ် ရှိ ဂရန်း ပရေရီ တို့တွင် တပ်စွဲထားသော တပ်ဆွယ် အချို့လည်း ရှိသည်။ စင်ကာပူ စစ်တပ်သည် နိုင်ငံပြင်ပ စစ်ဆင်ရေးများ ဖြစ်သော အီရတ်နှင့် အာဖဂန် နစ္စတန်နိုင်ငံ ကဲ့သို့သော နိုင်ငံများ အတွက် စစ်ရေး နှင့် အရပ်သား ကိစ္စများတွင် ကူညီရန် တပ်များ စေလွှတ်လေ့ ရှိသည်။ ဒေသအတွင်းတွင်မူ အရှေ့တီမောနိုင်ငံ တည်ငြိမ်အေးချမ်းရေး အတွက် လည်းကောင်း၊ ၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာ ငလျင် နှင့် ဆူနာမီ အပြီးတွင်လည်း အင်ဒိုနီးရှား နိုင်ငံ အာချေး တွင် အကူအညီ ပေးရန် အတွက် လည်းကောင်း ပါဝင် ကူညီခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် စင်ကာပူ ရေတပ် သင်္ဘောများ ဖြစ်သော အာရ်အက်စ်အက်စ် ရီဆော်လု နှင့် တန်နေးရှပ်တို့အား အေဒင် ပင်လယ်ကွေ့တွင် ပင်လယ်ဓားပြတို့ အား တန်ပြန် စစ်ဆင်ရေး ပြုရန်အတွက် အထူး တပ်ဖွဲ့ အမှတ် ၁၅၁ တွင် ပါဝင်ခဲ့သည်။ စင်ကာပူ စစ်တပ်သည် ဟာရီကိန်း ကက်ထရီနာနှင့် တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်တို့ ကျရောက်စဉ်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် အကူအညီ ပေးခဲ့သည်။ စင်ကာပူသည် အင်အားကြီးနိုင်ငံ ငါးနိုင်ငံ ကာကွယ်ရေး အစီအစဉ်ဟု ခေါ်သော ဩစတြေးလျ၊ မလေးရှား၊ နယူးဇီးလန် နှင့် ယူနိုက်တက် ကင်းဒမ်းတို့နှင့် ပေါင်းစပ် ဖွဲ့စည်းထားသော မဟာမိတ် အဖွဲ့၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ပထဝီဝင် စင်္ကာပူနိုင်ငံသည် စင်ကာပူကျွန်း သို့မဟုတ် မလေးဘာသာဖြင့် ပုလော ဥဂျွန်းဟု ခေါ်သော အဓိက ကျွန်းကြီးအပါအဝင် ကျွန်းပေါင်း (၆၃) ကျွန်းဖြင့် ဖွဲ့စည်းထားသည်။ လူတို့ တည်ဆောက်ထားသော မလေးရှားနိုင်ငံ ဂျဟိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတား နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ မြောက်ပိုင်းရှိ ဂျဟိုး-စင်ကာပူ ကော့စ်ဝေး တံတားရှိပြီး အနောက်ဘက်တွင် တွားစ် ဒုတိယ ဆက်သွယ်ရေးလမ်း တံတား ဟုခေါ်သော တံတားတစ်စင်း ရှိသည်။ စင်ကာပူရှိ ကျွန်းငယ်လေးများထဲတွင် ဂျူရောင်းကျွန်း၊ ပုလောတီကောင်း ကျွန်း၊ ပုလော အူဘင် ကျွန်း နှင့် ဆန်တိုဆာ ကျွန်းတို့မှာ အကြီးဆုံး ဖြစ်သည်။ သဘာဝ အလျှောက် အမြင့်ဆုံး နေရာမှာ ဘူကစ်တီးမားတောင် ဖြစ်ပြီး ၅၃၇ ပေ (၁၆၃.၆၃ မီတာ) မြင့်သည်။ ပင်လယ်ပြင် အတွင်း မြေဖို့၍ မြေနေရာ အသစ်များ ချဲ့ထွင်ခြင်းကြောင့် စင်ကာပူ၏ ကုန်းမြေ ဧရိယာမှာ ၁၉၆၀ ခုနှစ်များတွင် ၂၂၄.၅ စတုရန်းမိုင် (၅၈၁.၅ စတုရန်း ကီလိုမီတာ) သာ ရှိသော်လည်း ယခုအခါတွင် ၂၇၇.၆ စတုရန်းမိုင် (၇၁၉.၁ စတုရန်း ကီလိုမီတာ) အထိ ရှိလာသည်။ စင်ကာပူ နိုင်ငံ အနေနှင့် ၂၀၃၀ ခုနှစ်တွင် နောက်ထပ် ၄၀ စတုရန်းမိုင် (၁၀၀ စတုရန်း ကီလိုမီတာ) မျှ ထပ်မံ တိုးချဲ့ရန် စီမံကိန်း ချမှတ် လုပ်ဆောင်လျက် ရှိသည်။ အချို့သော စီမံကိန်းများမှာ သေးငယ်သော ကျွန်းများကို မြေဖို့၍ ပေါင်းစပ်ပြီး ကြီးမား၍ အလုပ်လုပ်ရန် အဆင်ပြေသော ကျွန်းများ အဖြစ် တည်ဆောက်ရန် ဖြစ်ကာ ဂျူရောင်း ကျွန်းကို ထိုကဲ့သို့ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စင်ကာပူ ကုန်းမြေ၏ ၁၀ ရာခိုင်နှုန်းခန့်ကို ပန်းခြံများ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာ နေရာ များ အဖြစ် ဖယ်ချန်ထားသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာ နေရာများ၏ ကွန်ယက်များ၊ ပန်းခြံအချင်းချင်း ချိတ်ဆက်ရာ နေရာများ၊ သဘာဝလမ်းများ၊ သစ်ပင်များ စီတန်းစိုက်ပျိုးထားသော လမ်းများ နှင့် အခြားသော သဘာဝ အတိုင်း ရှိနေသော နေရာများက မြို့တော် အတွင်း စိမ်းလန်းစိုပြေသော ခံစားမှုကို ရရှိစေသည်။ ထိုသို့ဖြစ်လာရခြင်းမှာ ၁၉၆၃ ခုနှစ်တွင် ထိုစဉ်က စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ် လီကွမ်းယုက ပထမဆုံး သစ်ပင်စိုက်ပျိုးသည့် လှုံ့ဆော်မှုကို သစ်ပင် တစ်ပင် စိုက်ပျိုးခြင်းဖြင့် စတင်ခဲ့ပြီး ထိုအချိန်မှ စ၍ ဆယ်စုနှစ် ၅ ခုကြာ လုပ်ဆောင်ခဲ့သော စိမ်းလန်းစိုပြေရေး ကြိုးပမ်းမှုများကြောင့် ဖြစ်သည်။ ရည်ရွယ်ချက်မှာ မြို့ပြ၏ မွန်းကျပ်မှုများကို ဖြေလျှော့ရန်နှင့် ဘဝ၏ အရည်အသွေးကို တိုးမြှင့်ရန် ဖြစ်သည်။ ထို အစပျိုးမှုမှာ ၁၉၇၀ ခုနှစ် နှင့် ၁၉၈၀ ခုနှစ်များ အတွင်း ပန်းခြံနှင့် အပန်းဖြေရေး ဌာနမှ ဆက်လက် လုပ်ဆောင်ခဲ့ပြီး ၁၉၉၆ တွင် ထိုဌာနကို အမျိုးသား ပန်းခြံ ဘုတ်အဖွဲ့ ဟု အမည် ပြောင်းလဲခဲ့သည်။ ထိုသို့သော ကြိုးပမ်းမှု များကြောင့် စင်ကာပူသည် ၂၀၁၄ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်မှု ကိန်းညွှန်းတွင် အဆင့် ၄ ရရှိခဲ့ပြီး ထိုကိန်းညွှန်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စွမ်း အပေါ် နိုင်ငံတော်၏ ပေါ်လစီများမှ အကျိုးသက်ရောက်မှုကို တိုင်းတာခြင်း ဖြစ်သည်။ ရာသီဥတု စင်ကာပူနိုင်ငံသည် အပူပိုင်း မိုးသစ်တော ရာသီဥတု ရှိပြီး နွေမိုးဆောင်းဟု ရာသီ ကွဲပြားခြင်း မရှိပေ။ အပူချိန် နှင့် လေဖိအားမှာ တသမတ်တည်း ဖြစ်ပြီး စိုထိုင်းဆ များပြားကာ မိုးအများအပြား ရွာသွန်းသည်။ အပူချိန်မှာ ၂၂ မှ ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ် အတွင်း (၇၂ မှ ၉၅ ဒီဂရီ ဖာရင်ဟိုက် အတွင်း) ရှိသည်။ နှိုင်းရ စိုထိုင်းဆမှာ မနက်ပိုင်း ပျမ်းမျှ ၇၉% ဖြစ်ပြီး နေ့လယ်ပိုင်း ပျမ်းမျှ ၇၃% ဖြစ်သည်။ ဧပြီလ နှင့် မေလတို့သည် အပူဆုံး လများ ဖြစ်ပြီး ပိုမို စိုစွတ်သော မုတ်သုံ ရာသီဥတုမှာ နိုဝင်ဘာလမှ ဇန်နဝါရီလ အထိ ဖြစ်သည်။ ဇူလိုင်လမှ အောက်တိုဘာလအတွင်း အိမ်နီးချင်း အင်ဒိုနီးရှား နိုင်ငံ အထူးသဖြင့် ဆူမာတြားကျွန်းမှ သစ်တောများ မီးရှို့မှုကြောင့် မီးခိုးငွေ့ ဖုံးလွှမ်းမှု ရှိတတ်သည်။ စင်ကာပူတွင် နေ့တာခြွေတာချိန်ကို အသုံးပြုလေ့မရှိသော်လည်း ဂရင်းဝစ် စံတော်ချိန် ထက် ၈ နာရီ ပိုသော အချိန်ဇုံကို အသုံးပြုသဖြင့် ၎င်း၏ ပထဝီအနေအထား အရ တည်နေရာထက် ၁ နာရီ စောနေသည်။ စီးပွားရေး လွတ်လပ်ရေး မရခင် စီးပွားရေး ၁၉၆၅ မတိုင်မီ လွတ်လပ်ရေး မရမီ အချိန်က စင်ကာပူသည် ဗြိတိသျှ တို့၏ ရေလက်ကြား အခြေချ နေထိုင်ရာ ကရောင်းကိုလိုနီ၏ မြို့တော်ဖြစ်ခဲ့သည်။ ထို့ပြင် ဗြိတိသျှတို့၏ အရှေ့အာရှ ရေတပ်စခန်း အခြေစိုက်ရာ နေရာလည်း ဖြစ်ခဲ့သည်။ ဒေသအတွင်း ဗြိတိသျှတို့၏ အဓိက ရေတပ် အခြေစိုက် စခန်း ရှိရာ ဖြစ်သည့် အပြင် ထိုအချိန်က အကြီးဆုံး လွန်းတင် သင်္ဘောကျင်း ရှိရာ နေရာ ဖြစ်သဖြင့် သတင်းစာများက အရှေ့၏ ဂျီဘရော်လ်တာ ဟု ကင်ပွန်းတပ်ကြသည်။ ၁၈၆၉ ခုနှစ် စူးအက်တူးမြောင်း ကို ဖွင့်လှစ်ပြီးနောက် ဥရောပနှင့် အာရှကြား ကုန်သွယ်မှု အကြီးအကျယ် တိုးတက်လာခဲ့ပြီး ထိုအကြောင်းရင်းများက စင်ကာပူ ကမ္ဘာ၏ အဓိက ကုန်သွယ်ရာ ဌာန တစ်ခု ဖြစ်လာစေခဲ့သည့် အပြင် စင်ကာပူ ဆိပ်ကမ်းကို ကမ္ဘာ့ အကြီးဆုံး နှင့် အလုပ်အများဆုံး ဆိပ်ကမ်း တစ်ခု ဖြစ်လာစေခဲ့သည်။ ၁၉၆၅ မတိုင်မီက စင်ကာပူရှိ လူတစ်ဦးချင်း အလိုက် ဂျီဒီပီမှာ ၅၁၁ ဒေါ်လာ ဖြစ်သဖြင့် အရှေ့အာရှတွင် တတိယမြောက် အမြင့်မားဆုံး ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများနှင့် ဂိုကန်ဆွီး နှင့် အဲလ်ဘတ်ဝင်းဆီးမီးယပ်စ် တို့၏ စီမံကိန်း အပေါ် အခြေခံ၍ နိုင်ငံတော်က ဦးဆောင်သော စက်မှုပြောင်းလဲရေးများကြောင့် နိုင်ငံ၏ စီးပွားရေးမှာ ကျယ်ပြန့်လာခဲ့သည်။ ယနေ့ခေတ် စီးပွားရေး ယနေ့ခေတ် စင်ကာပူနိုင်ငံတွင် အလွန်တိုးတက်သော ဈေးကွက်စီးပွားရေး စနစ် ရှိပြီး သမိုင်းကြောင်းအရ ကုန်သွယ်ရေး အချက်အချာ ဌာန တစ်ခု အဖြစ်မှ ချဲ့ထွင်လာခဲ့ခြင်း ဖြစ်သည်။ ဟောင်ကောင်၊ တောင်ကိုရီးယား ၊ ထိုင်ဝမ် တို့နှင့် အတူ စင်ကာပူသည် အာရှ ကျားလေးကောင်တွင် ကနဦး ကတည်းက ပါဝင်ခဲ့ပြီး လူတစ်ဦးချင်း အလိုက် ဂျီဒီပီ အရ အခြား ကျားသုံးကောင်ကို ကျော်တက် သွားခဲ့ပြီ ဖြစ်သည်။ စင်ကာပူသည် စီးပွားရေး စနစ်အားဖြင့် အလွတ်လပ်ဆုံး တီထွင်ကြံဆမှု အကောင်းဆုံး ပြိုင်ဆိုင်မှု အများဆုံး နှင့် စီးပွားရေး လုပ်ရန် အကောင်းဆုံး သော နေရာတစ်ခု ဖြစ်သည်။ ၂၀၁၅ ခုနှစ် စီးပွားရေး လွတ်လပ်မှု ညွှန်းကိန်းမှ စင်ကာပူကို ကမ္ဘာတွင် ဒုတိယမြောက် လွတ်လပ်မှု အရှိဆုံး စီးပွားရေး ရှိသော နိုင်ငံ တစ်နိုင်ငံ အဖြစ် သတ်မှတ်သည်။ ခြစားမှု ရှုမြင် ကိန်းညွှန်းတွင် စင်ကာပူသည် ကမ္ဘာတွင် ခြစားမှု အနည်းဆုံးသောနိုင်ငံ တစ်နိုင်ငံ အဖြစ် နယူးဇီလန် နှင့် စကင်ဒီနေးဗီးယား နိုင်ငံများနှင့် အတူ အမြဲတစေ ပါဝင်လေ့ ရှိသည်။ စင်ကာပူသည် ယခင် ဆယ်စုနှစ် အတွင်း စတန်းဒတ် အင်န် ပူးဝါး၊ မူဒီ နှင့် ဖစ်ချ် တို့ အပါအဝင် အားလုံးသော ချေးငွေ အဆင့်သတ်မှတ်သည့် အေဂျင်စီ များမှ နိုင်ငံ အလိုက် ချေးငွေအဆင့် အနေနှင့် ထိပ်ဆုံး ဖြစ်သော အေသုံးလုံး အဆင့် သတ်မှတ်ခြင်း ခံရသည့် တစ်ခုတည်းသော အာရှနိုင်ငံ ဖြစ်သည်။ တကမ္ဘာလုံး အနေနှင့် ဆိုလျှင် အကြီးဆုံး ချေးငွေ အဆင့်သတ်မှတ်သည့် အေဂျင်စီ သုံးခုမှ အေသုံးလုံး အဆင့် သတ်မှတ်ခြင်း ခံရသော နိုင်ငံ ကိုးနိုင်ငံ တွင် တစ်နိုင်ငံ အဖြစ်ပါဝင်သည်။ စင်ကာပူသည် တည်နေရာ အရ လည်းကောင်း၊ ခြစားမှု ကင်းစင်ခြင်းကြောင့် လည်းကောင်း၊ ကျွမ်းကျင် အလုပ်သမားများ ပေါများမှုကြောင့်လည်းကောင်း၊ အခွန်အခ နှုန်းထား သက်သာခြင်းကြောင့်လည်းကောင်း၊ ခေတ်ရှေ့ပြေးသော အခြေခံ အဆောက်အအုံ များကြောင့် လည်းကောင်း များပြားလှစွာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ စင်ကာပူတွင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ နှင့် ဥရောပတို့မှ နိုင်ငံတကာ ကုမ္ပဏီပေါင် ၇,၀၀၀ ကျော် ရုံးစိုက်ကြသည်။ ထို့ပြင် တရုတ်နိုင်ငံ မှ ကုမ္ပဏီ ၁,၅၀၀ ခန့် နှင့် အိန္ဒိယနိုင်ငံမှလည်း ၁,၅၀၀ ခန့် ရှိသော ကုမ္ပဏီများ ရုံးစိုက်ကြသည်။ နိုင်ငံခြား ကုမ္ပဏီများကို နိုင်ငံ၏ စီးပွားရေး ကဏ္ဍ အသီးသီးတွင် တွေ့မြင်နိုင်သည်။ စင်ကာပူသည် အိန္ဒိယတွင် ဒုတိယမြောက် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှု ပြုသည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။ စင်ကာပူရှိ အလုပ်သမားများ၏ ၄၄ ရာခိုင်နှုန်းမှာ စင်ကာပူနိုင်ငံသားများ မဟုတ်ကြပေ။ ဆယ်ခုကျော်သော နိုင်ငံ နှင့် ဒေသများ နှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးထားသည်။ ဈေးကွက် အရ လွတ်လပ်မှု ရှိသော်လည်း စင်ကာပူ အစိုးရ၏ လုပ်ငန်းများသည် စီးပွားရေး ကဏ္ဍအတွင်း သိသိသာသာ နေရာယူထားပြီး နိုင်ငံ ဂျီဒီပီ၏ ၂၂% ကို ပံ့ပိုးပေးလျက် ရှိသည်။ စင်ကာပူအား ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ ကျန်းမာရေး အခြေအနေကို ညွှန်ပြသည့် တိုင်းတာ ကိရိယာ တစ်ခု အနေနှင့် ရှုမြင်နိုင်သည်။ အထူးသဖြင့် အာရှတိုက်၏ စီးပွားရေး အခြေအနေ နှင့် ပတ်သက်၍ ဖြစ်ပြီး ပြင်ပ ကုန်သွယ်ရေး အပေါ်တွင် များစွာ မှီခို ရပ်တည်နေခြင်းကြောင့် ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်ရေး နှင့် ငွေကြေးစီးဆင်းမှုမှာ ဂျီဒီပီ၏ ၄၀၇.၉% မျှ ရှိပြီး ကမ္ဘာပေါ်တွင် ကုန်သွယ်ရေးကို အမှီခိုဆုံး တိုင်းပြည်တစ်ခုပင် ဖြစ်သည်။ ကမ္ဘာတဝှမ်းလုံး အများဆုံး ကုန်တင်ပို့ မှုတွင် အဆင့် ၁၄ ရှိပြီး ကုန်တင်သွင်းမှုတွင် အဆင့် ၁၅ ရှိသည်။ စင်ကာပူတွင် ကမ္ဘာပေါ်တွင် ၁၁ ခုမြောက် အများပြားဆုံး နိုင်ငံခြား အရန်ငွေ ရှိပြီး လူတစ်ဦးချင်း အချိုးအားဖြင့် နိုင်ငံတကာ တွင် အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုသော တိုင်းပြည်များထဲတွင်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ စင်ကာပူနိုင်ငံသုံး ငွေကြေးမှာ စင်ကာပူဒေါ်လာဖြစ်ပြီး စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့မှ ရိုက်နှိပ် ထုတ်ဝေသည်။ ဘရူနိုင်းဒေါ်လာနှင့် တန်ဖိုး အညီအမျှ လဲလှယ် အသုံးပြုခြင်း ပြုနိုင်သည်။ လတ်တလောနှစ်များတွင် စင်ကာပူနိုင်ငံသည် ချမ်းသာသူများ၏ အခွန်ရှောင်ရာ နိုင်ငံ တစ်နိုင်ငံ အဖြစ် ရေပန်းစား လာပြီး ကိုယ်ပိုင် ဝင်ငွေ အပေါ်တွင် အခွန်ကောက်ခံမှုနှုန်း နည်းပါးပြီး နိုင်ငံခြားမှ လာသော ဝင်ငွေ နှင့် အမြတ်ငွေ တိုးပွားမှုများကို အခွန်ကင်းလွတ်ခွင့် ပေးသောကြောင့် ပင် ဖြစ်သည်။ ဩစတြေးလျမှ လက်လီ ရောင်းချမှုဖြင့် ခန့်မှန်းခြေ ဩစတြေးလျ ဒေါ်လာ ၈၃၅ သန်းမျှ ချမ်းသာကြွယ်ဝသော သူဌေး ဘရက် ဘလန်ဒီ နှင့် ဖေ့စ်ဘွတ်ခ်အား ပူးတွဲ တည်ထောင်သူ ဘီလီယံပေါင်းများစွာ ကြွယ်ဝသော ယူဒရေဒို ဆာဗရင် တို့မှာ စင်ကာပူတွင် အခြေချသော ချမ်းသာကြွယ်ဝသူများ၏ ဥပမာ နှစ်ခု ဖြစ်သည်။ (ဘလန်ဒီသည် ၂၀၁၃ တွင် ပြောင်းရွှေ့လာခဲ့ပြီး ဆာဗရင်သည် ၂၀၁၂ တွင် ပြောင်းရွှေ့လာခဲ့သည်။ အခွန်အခ မျှတမှု ကွန်ယက်၏ ၂၀၁၃ ခုနှစ် ကမ္ဘာပေါ်ရှိ အခွန်ရှောင်ရန် အကောင်းဆုံး နိုင်ငံများကို ပြသော ငွေကြေးဆိုင်ရာ လျှို့ဝှက်မှု ညွှန်းကိန်းတွင် စင်ကာပူအား ပဉ္စမအဆင့် သတ်မှတ်ထားပြီး အမေရိကန် ပြည်ထောင်စု ထက် အနည်းငယ်မျှ ပို၍ အမှတ်များသည်။ စင်ကာပူသည် ကမ္ဘာပေါ်ရှိ သန်းကြွယ်သူဌေးများ၏ ရာခိုင်နှုန်း အများဆုံး ရှိသော တိုင်းပြည်ဖြစ်ပြီး အိမ်ထောင်စု ၆ ခုတွင် တစ်ခု၌ အပိုသုံးစွဲနိုင်သော ငွေကြေး အမေရိကန် ဒေါ်လာ ၁ သန်းမျှ အနည်းဆုံး ရှိသည်။ ထိုသို့ ရေတွက်ရာတွင် ပိုင်ဆိုင်မှုများ၊ စီးပွားရေး လုပ်ငန်းများနှင့် ဇိမ်ခံတန်ဖိုးကြီး ပစ္စည်းများကို ထည့်သွင်း ရေတွက်ခြင်း မပြုဘဲ အကယ်၍ ထိုသို့သာ ရေတွက်ပါက သန်းကြွယ်သူဌေး အရေအတွက် ပိုမို များပြားလာနိုင်သည်။ စင်ကာပူမှာ ဖွံ့ဖြိုးပြီး နိုင်ငံများထဲ၌ ကမ္ဘာပေါ်တွင် အိမ်ခြံမြေ တန်ဖိုး ဈေးအကြီးဆုံးသော နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ စင်ကာပူတွင် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် မရှိပေ။ အနည်းဆုံး လုပ်ခလစာမှု ယှဉ်ပြိုင်မှုကို အားလျော့စေသည်ဟု ယုံကြည်သောကြောင့် ပင် ဖြစ်သည်။ ထို့ပြင် ဖွံ့ဖြိုးပြီး နိုင်ငံများထဲ၌ လစာမညီမျှမှု အများဆုံးသော နိုင်ငံများတွင်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ စီးပွားရေး ကဏ္ဍများ စင်ကာပူသည် အချို့သော စီးပွားရေး ကဏ္ဍများတွင် ကမ္ဘာ့ ရှေ့ဆောင် နိုင်ငံတစ်နိုင်ငံ အဖြစ်တည်ရှိသည်။ စင်ကာပူသည် ကမ္ဘာ့ စတုတ္ထမြောက် ဦးဆောင်ဦးရွက်ပြုရာ ငွေကြေးဌာန တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး ကက်စီနို လောင်းကစား ပြုရာ နေရာ ဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ ထိပ်တန်း ရေနံချက်လုပ်ရာ နေရာ သုံးခုတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အများဆုံး ရေနံတူးစင် ထုတ်လုပ်ရာ နှင့် သင်္ဘောများ ပြင်ဆင်ရေး အတွက် အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာ့ဘဏ်မှ စင်ကာပူနိုင်ငံအား ကမ္ဘာပေါ်တွင် စီးပွားရေး လုပ်ရန် အလွယ်ကူဆုံး နေရာ တစ်ခု အဖြစ် သတ်မှတ်ဖော်ပြခဲ့ပြီး ကမ္ဘာပေါ်တွင် ထိပ်ဆုံး ထောက်ပံ့ပို့ဆောင်ရေး ဌာန တစ်ခု အဖြစ် အဆင့်သတ်မှတ် ခဲ့သည်။ စတုတ္ထအကြိမ် ထုတ် ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းသော စီးပွားရေး ညွှန်းကိန်းမှ ကျွမ်းကျင်သူများမှ စင်ကာပူအား ကမ္ဘာပေါ်တွင် သတ္တမမြောက် အစိမ်းလန်းဆုံး မြို့တော် တစ်ခု အဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ စင်ကာပူ၏ စီးပွားရေးသည် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်ထုတ်လုပ်ငန်းများ နှင့် ရေနံချက်လုပ်ရေး လုပ်ငန်းများတွင် များစွာ မှီခိုရပ်တည်လျက် ရှိသည်။ စင်ကာပူ၏ ထိပ်ဆုံး ပြည်ပပို့ကုန်များမှာ သန့်စင်ပြီးသော ရေနံ၊ အိုင်စီ ဆားကစ် နှင့် ကွန်ပျူတာ တို့ ဖြစ်ကြပြီး ၂၀၁၀ ခုနှစ် နိုင်ငံ ဂျီဒီပီ၏ ၂၇% မျှ ရှိကာ အီလက်ထရွန်းနစ် လုပ်ငန်းများ၊ ရေနံချက်လုပ်ငန်းများ၊ ဓာတုလုပ်ငန်းများ၊ စက်မှုအင်ဂျင်နီယာ ဆိုင်ရာ လုပ်ငန်းများ နှင့် ဇီဝဆေးပညာ သိပ္ပံ ဆိုင်ရာ ကဏ္ဍများ သိသာထင်ရှားစွာ ပါဝင်သည်။ ၂၀၀၆ ခုနှစ်တွင် စင်ကာပူသည် ကမ္ဘာပေါ်ရှိ အီလက်ထရွန်းနစ် ဝေဖာချစ်ပ်များ ထုတ်လုပ်ရာ ဖောင်ဒရီများ၏ ဝေဖာ ချစ်ပ် ထုတ်လုပ်မှုမှ ၁၀% ခန့်ကို ထုတ်လုပ်ခဲ့သည်။ စင်ကာပူ၏ အကြီးဆုံး ကုမ္ပဏီများမှာ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး နှင့် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် ပါဝင်ကာ အများစုမှာ နိုင်ငံတော်မှ ဦးဆောင်ဦးရွက်ပြု လုပ်ကိုင်ရာ စီးပွားရေး လုပ်ငန်းများ ဖြစ်ပြီး စင်ကာပူ စတော့ခ် အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်ပြုကြသည်။ ၎င်းတို့ ထဲတွင် ဆင်းတဲလ် ခေါ် စင်ကာပူ ဆက်သွယ်ရေး ကုမ္ပဏီ၊ စင်ကာပူ တက်ခနော်လော်ဂျီ အင်ဂျင်နီယာရင်း၊ ကပ်ပဲလ် ကော်ပိုရေးရှင်း၊ အိုစီဘီစီ ခေါ် ပြည်ပတရုတ်ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ဒီဘီအက်စ် ခေါ် စင်ကာပူ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ယူအိုဘီ ခေါ် စည်းလုံးသော ပြည်ပဘဏ် စသည့် ကုမ္ပဏီများ ပါဝင်သည်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ စီးပွားရေး မတည်ငြိမ်မှု များ အတွင်းတွင်ပင် ဘလွန်းဘတ်၏ စစ်တမ်းအရ အိုစီဘီစီ၊ ဒီဘီအက်စ် နှင့် ယူအိုဘီ ဘဏ်များကို ကမ္ဘာ့ နံပါတ် ၁၊ ၅ နှင့် ၆ တို့ အနေနှင့် အသီးသီး အဆင့်သတ်မှတ် ဖော်ပြခံခဲ့ရသည်။ နိုင်ငံ၏ ကမ္ဘာ့လူသိအများဆုံးအမှတ်တံဆိပ်များတွင် စင်ကာပူ လေကြောင်းလိုင်း၊ ချန်ဂီ လေဆိပ် နှင့် စင်ကာပူ ဆိပ်ကမ်းတို့ ပါဝင်ကာ ထို သုံးခုလုံးမှာ ၎င်းတို့နှင့် သက်ဆိုင်သော စီးပွားရေး ကဏ္ဍ အသီးသီးတွင် ဆု အများဆုံး ရရှိသော လုပ်ငန်းများ ဖြစ်ကြသည်။ စင်ကာပူ လေကြောင်းလိုင်း အား ၂၀၁၅ ခုနှစ် ဖော်ကျွန်း စီးပွားရေး စစ်တမ်းအရ အာရှ၏ လေးစားအားကျစရာ အကောင်းဆုံး ကုမ္ပဏီ နှင့် ကမ္ဘာ့ ၁၉ ခုမြောက် လေးစား အားကျစရာ အကောင်းဆုံး ကုမ္ပဏီအဖြစ် ဖော်ပြခဲ့သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် ဆုအများဆုံး ရရှိသည့် လေကြောင်းလိုင်း တစ်ခု ဖြစ်ပြီး အမေရိကန်အခြေစိုက် ခရီးသွား နှင့် အပန်းဖြေ စာဖတ်သူများ၏ စစ်တမ်းအရ အကောင်းဆုံး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း အဖြစ် နှစ် ၂၀ ဆက်တိုက် ဖော်ပြခြင်း ခံခဲ့ရသည်။ ချန်ဂီ လေဆိပ်သည် လေကြောင်းလိုင်း ၁၀၀ ကျော်ဖြင့် မြို့ကြီးပေါင်း ၃၀၀ ကျော်ကို ဆက်သွယ်ပေးသည်။ မဟာဗျူဟာမြောက် နိုင်ငံတကာ လေဆိပ် မှာ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံး လေဆိပ်ဆုပေါင်း ၄၈၀ ကျော်ကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာလည်း စီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွားပေါင်း ၁၅ သန်းကျော်တို့ စင်ကာပူသို့ လာရောက် လည်ပတ်ခဲ့ကြသည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို ပိုမိုတိုးချဲ့ရန် အတွက် ကက်စီနိုလုပ်ငန်းကို ၂၀၀၅ တွင် တရားဝင် ပြုလုပ်ခဲ့သော်လည်း ငွေကြေးခဝါချမှု နှင့် လောင်းကစား စွဲလမ်းမှုများကို ထိန်းချုပ်ရန် အတွက် စုပေါင်းအပန်းဖြေစခန်းဟု အမည်တပ်ထားသော လုပ်ငန်းများ အတွက် လိုင်စင် ၂ ခု သာ ချပေးခဲ့သည်။ စင်ကာပူသည် ကျန်းမာရေး ခရီးသွား လုပ်ငန်း အနေနှင့်လည်း မိမိဘာသာ အရောင်းမြှင့်တင်ရေး ပြုခဲ့ပြီး နိုင်ငံခြားသားပေါင်း ၂၀၀,၀၀၀ ကျော်တို့ နှစ်စဉ် လာရောက်၍ ဆေးကုသမှု ခံယူကြသည်။ စင်ကာပူ၏ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းမှ နှစ်စဉ် နိုင်ငံခြား လူနာပေါင်း ၁ သန်း အနည်းဆုံးကို ဝန်ဆောင်မှု ပေးရန် နှင့် အမေရိကန် ဒေါ်လာ ၃ ဘီလီယံမျှ အမြတ်ငွေ ရရှိရန် ရည်ရွယ်ထားသည်။ စင်ကာပူသည် ပညာရေး အချက်အချာ ဌာန တစ်ခုလည်း ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာ ကျောင်းသားပေါင်း ၈၀,၀၀၀ ကျော် လာရောက် ပညာသင်ကြား ကြသည်။ မလေးရှားမှ ကျောင်းသားပေါင်း ၅,၀၀၀ ကျော်တို့သည် ဂျဟိုး-စင်ကာပူ ကော့စ်ဝေး တံတားကို ဖြတ်သန်း၍ မလေးရှားမှ စင်ကာပူသို့ နေ့စဉ် ကျောင်းတက် ကြသည်။ ၂၀၀၉ ခုနှစ်တွင် စင်ကာပူရှိ တက္ကသိုလ်များ၏ ကျောင်းသား ၂၀% မှာ နိုင်ငံတကာမှ ကျောင်းသား များ ဖြစ်ကြပြီး အများစုမှာ အာဆီယံနိုင်ငံများ၊ အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့မှ ဖြစ်သည်။ ၂၀၀၀ ခုနှစ် အစောပိုင်းကာလများ အတွင်း စီးပွားရေး ကျဆင်းမှု နှင့် နည်းပညာ ကဏ္ဍတွင် ကျဆင်းလာမှု တို့ကြောင့် ၂၀၀၁ ခုနှစ်တွင် စင်ကာပူ နိုင်ငံ၏ ဂျီဒီပီသည် ၂.၂% မျှ လျော့ကျ ခဲ့သည်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလတွင် စီးပွားရေး ပြန်လည်သုံးသပ်ရေး ကော်မတီများကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကို ပြန်လည် ရှင်သန် တက်ကြွလာစေရန် အတွက် ပေါ်လစီ အချို့ကို ပြောင်းလဲပစ်ရန် အကြံပြုတင်ပြခဲ့သည်။ ထိုအချိန်မှစ၍ စင်ကာပူ၏ စီးပွားရေးမှာ ပြန်လည် နလန်ထူလာခဲ့ပြီး အဓိက အားဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်တိုးတက်လာမှုကြောင့် ဖြစ်ကာ ၂၀၀၄ ခုနှစ်တွင် ၈.၃% နှင့် ၂၀၀၅ ခုနှစ်တွင် ၆.၄% မျှ စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်ပေါ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ၇.၉% မျှ ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ၀.၈% မျှ လျော့ကျ သွားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် ပြန်၍ နလန်ထူလာခဲ့ကာ ဂျီဒီပီမှာ ၁၄.၅% မျှ တိုးတက်လာခဲ့သည်။ စင်ကာပူရှိ အလုပ်များ၏ ရာခိုင်နှုန်း အများစုမှာ ဝန်ဆောင်မှု ကဏ္ဍတွင် ဖြစ်ပြီး ၂၀၁၀ ဒီဇင်ဘာလတွင် အလုပ်ပေါင်း ၃,၁၀၂,၅၀၀ ခုတွင် ၂,၁၅၁,၄၀၀ ခုမှာ ဝန်ဆောင်မှု ကဏ္ဍတွင် ဖြစ်သည်။ စီးပွားရေး အရ အလုပ်လုပ်ကိုင်နိုင်ပြီး အလုပ်လက်မဲ့ ဖြစ်နေသော အသက် ၁၅ နှစ် အထက် လူဦးရေ ၏ ရာခိုင်နှုန်းမှာ ၂% ခန့် ဖြစ်သည်။ ပညာရေး မူလတန်း၊ အထက်တန်း နှင့် အထက်တန်းလွန် ပညာရေး စနစ်များကို အများအားဖြင့် အစိုးရမှ ထောက်ပံ့ပေးထားသည်။ အားလုံးသော ပုဂ္ဂလိက နှင့် အများပြည်သူ ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ အားလုံးမှာ ပညာရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်ရသည်။ အများပြည်သူ ဆိုင်ရာ ကျောင်းများ အားလုံးတွင် အင်္ဂလိပ် ဘာသာကို အသုံးပြု၍ သင်ကြား ကြပြီး မိခင်ဘာသာစကား ဘာသာရပ်များ မှ လွဲ၍ ဘာသာရပ် အားလုံးကို အင်္ဂလိပ် ဘာသာ အသုံးပြု၍ သင်ကြား စစ်ဆေးကြသည်။ နိုင်ငံတကာတွင် မိခင်ဘာသာစကား ဆိုသည်မှာ ပထမ ဘာသာစကားကို ယေဘုယျအားဖြင့် ရည်ညွှန်းခြင်း ဖြစ်သော်လည်း စင်ကာပူ ပညာရေး စနစ်တွင်မူ ဒုတိယ ဘာသာစကားကို ရည်ညွှန်းပြီး အင်္ဂလိပ် ဘာသာကို ပထမ ဘာသာ အဖြစ် ရည်ညွှန်းကြသည်။ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည်မှာ ကြာမြင့်ပြီ ဖြစ်သော ကျောင်းသားများနှင့် မိခင်ဘာသာစကား အတွက် ရုန်းကန် နေရသော ကျောင်းသားများ အတွက် ပိုမိုရိုးရှင်းသော သင်ရိုးညွှန်းတမ်းကို သင်ယူရန် သို့မဟုတ် မိခင်ဘာသာစကားကို သင်ကြားမှု မပြုရန် ရွေးချယ်နိုင်သည်။ ပညာရေး စနစ်မှာ မူလတန်း၊ အထက်တန်း နှင့် တက္ကသိုလ် အကြို ဟူ၍ အဆင့် ၃ ခု ရှိသည်။ မူလတန်း ပညာရေးကသာ မသင်မနေရ ဖြစ်သည်။ ကျောင်းသားများသည် ၆ နှစ်မျှ ကြာသော မူလတန်း ပညာရေးဖြင့် စတင်ရပြီး ၎င်းတွင် အခြေခံ ၄ နှစ် နှင့် မိတ်ဆက် ၂ နှစ် ပါဝင်သည်။ သင်ရိုးညွှန်းတမ်းများမှာ အင်္ဂလိပ်ဘာသာ၊ မိခင်ဘာသာ၊ သင်္ချာ နှင့် သိပ္ပံ ဘာသာတို့ တိုးတက်စေရန် ရည်ရွယ်ရေးဆွဲထားသည်။ အထက်တန်း ပညာရေး မှာ ၄ နှစ်မှ ၅ နှစ် အထိ ကြာပြီး စပါယ်ရှယ်၊ အမြန်၊ ပုံမှန် (ပညာရေး) နှင့် ပုံမှန် (နည်းပညာ) ဟူ၍ လေးမျိုး ခွဲခြား ထားကာ ကျောင်းသား၏ သင်ယူနိုင်စွမ်း အပေါ်တွင် မူတည်သည်။ အခြေခံ သင်ရိုးများမှာ မူလတန်းနှင့် တူညီသော်လည်း သင်ခန်းစာများမှာ ပိုမို၍ အထူးပြု သင်ကြား လာသည်။ တက္ကသိုလ် အကြို ပညာရေးမှာ ၂ နှစ်မှ ၃ နှစ် အထိ ကြာပြီး ဂျူနီယာ ကောလိပ်ဟု ခေါ်သော ကျောင်းများတွင် သင်ကြား ပို့ချကြသည်။ အချို့သော ကျောင်းများမှာ ၎င်းတို့၏ သင်ရိုးညွှန်းတမ်းတွင် လွတ်လပ်မှု ရှိကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော ကျောင်းများဟု ခေါ်ကြသည်။ ထိုကျောင်းများမှာ အထက်တန်း ပညာရေး နှင့် ပို၍ မြင့်မားသော အဆင့်များတွင် ရှိသည်။ နိုင်ငံတော် အဆင့် စာမေးပွဲများကို ကျောင်းများအားလုံးတွင် တညီတညွတ်တည်း ဖြစ်အောင် ပြုလုပ်ထားပြီး အဆင့်တစ်ခု ပြီးတိုင်း ဖြေဆိုကြရသည်။ ပထမ ၆ နှစ် အပြီးတွင် ကျောင်းသားများသည် ပီအက်စ်အယ်လ်အီး ခေါ် မူလတန်းထွက် စာမေးပွဲကို ဖြေဆိုရပြီး ထိုစာမေးပွဲမှ မည်သည့် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခွင့် ရရှိမည်ကို ဆုံးဖြတ်သည်။ အထက်တန်း အဆင့် အပြီးတွင် ဂျီစီအီး အို လယ်ဗယ် စာမေးပွဲကို ဖြေဆိုကြရပြီး တက္ကသိုလ် အကြို အဆင့် အပြီးတွင် ဂျီစီအီး အေ လယ်ဗယ် စာမေးပွဲကို ဖြေဆိုကြရသည်။ စင်ကာပူ နိုင်ငံသားများထဲမှ အသက် ၁၅ နှစ် အထက် ကျောင်းသား မဟုတ်သူများတွင် ၁၈% မှာ ပညာရေး မရှိကြပဲ ၄၅% မှာ မူလတန်း အောင်မြင်ကြသည်။ ၁၅ %မှာ အထက်တန်း အောင်မြင်ကြပြီး ၁၄% တွင် ဘွဲ့ရရှိကြသည်။ နိုင်ငံတကာတွင် သင်္ချာ နှင့် သိပ္ပံဘာသာကို စစ်ဆေးသော စာမေးပွဲများတွင် စင်ကာပူ ကျောင်းသားများသည် အမြဲတမ်း ထိပ်ဆုံး အဆင့် ၅ ခုတွင် ပါဝင်ကြသည်။ ၂၀၁၁ ခုနှစ် နိုင်ငံတကာ ပညာရေးဆိုင်ရာ အောင်မြင်မှု သုံးသပ်ရေး အဖွဲ့၏ နိုင်ငံတကာ သင်္ချာနှင့် သိပ္ပံသင်ကြားမှု ရေစီးကြောင်း ပြိုင်ပွဲတွင် စင်ကာပူ ကျောင်းသားများမှ ပထမ ရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်မှစ၍ ထိပ်ဆုံး အဆင့် ၃ ခုတွင် အမြဲတမ်း ပါဝင်ခဲ့သည်။ ၂၀၀၉ ခုနှစ် နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးရေး အဖွဲ့ (အိုအီးစီဒီမှ) ကြီးမှူးကျင်းပသော နိုင်ငံတကာ ကျောင်းသားများ စစ်ဆေးရေး ပရိုဂရမ်တွင် စင်ကာပူ ကျောင်းသားများသည် သင်္ချာ၊ သိပ္ပံ၊ စာဖတ်ခြင်း တို့တွင် ထိပ်ဆုံး အဆင့် ၅ ခုတွင် ပါဝင်ခဲ့သည်။ နိုင်ငံ၏ အဓိက အများပြည်သူ ဆိုင်ရာ တက္ကသိုလ် နှစ်ခုဖြစ်သော စင်ကာပူအမျိုးသားတက္ကသိုလ် နှင့် နန်ယန်းနည်းပညာတက္ကသိုလ်တို့မှာ (QS၏ ကမ္ဘာ့တက္ကသိုလ်များ စံခွဲအဆင့်စီစဉ်ခြင်းအရ ၂၀၂၀၊ ဇွန်လတွင် ထုတ်ပြန်သည့် ကမ္ဘာ့တက္ကသိုလ်များအားလုံး ကဏ္ဍ၏ ၂၀၂၁-စာရင်းတွင်) ကမ္ဘာ့ အဆင့် ၁ မှ ၁၃ အတွင်း ဝင်ခဲ့သည်။ ကျန်းမာရေး စင်ကာပူသည် ဖွံ့ဖြိုးပြီးနိုင်ငံများ ထဲတွင် ကျန်းမာရေးအသုံးစရိတ် နည်းပါးသော နိုင်ငံ ဖြစ်သော်လည်း ယေဘုယျအားဖြင့် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ် ရှိသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ကမ္ဘာ့ ကျန်းမာရေး အစီရင်ခံစာတွင် စင်ကာပူ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား ကမ္ဘာ့ အဆင့် ၆ အဖြစ် သတ်မှတ်ခဲ့သည်။ ယေဘုယျ အားဖြင့် စင်ကာပူသည် ယခင် ဆယ်စုနှစ် ၂ ခု အတွင်း ကမ္ဘာပေါ်တွင် မွေးကင်းစ ကလေး သေဆုံးမှုနှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ လူတစ်ဦးချင်း၏ ပျမ်းမျှ သက်တမ်းမှာ အမျိုးသား များ အတွက် အသက် ၈၀ ဖြစ်ပြီး အမျိုးသမီး များအတွက် ၈၅ နှစ်မျှ ဖြစ်သဖြင့် ကမ္ဘာပေါ်ရှိ လူ့သက်တမ်း အရှည်ဆုံးသော နိုင်ငံများ စာရင်းတွင် အဆင့် ၄ ရှိသည်။ နိုင်ငံ၏ လူဦးရေ အားလုံး လိုလိုသည် သန့်ရှင်းသော ရေ နှင့် အညစ်အကြေး စွန့်ပစ်မှု စနစ်ကို အသုံးပြုခွင့် ရရှိကြသည်။ နှစ်စဉ် လူ ၁သိန်းတွင် အိတ်ချ်အိုင်ဗွီ ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးအောက်တွင် ရှိသည်။ ကာကွယ်ဆေး ထိုးမှုမှာလည်း အလွန်မြင့်မားသည်။ လူကြီးများ၏ အဝလွန်မှုမှာ ၁၀% အောက်တွင် ရှိသည်။ အစိုးရ၏ ကျန်းမာရေး ဆောင့်ရှောက်မှု စနစ်မှာ 3M ဟုခေါ်သော ဘောင်အတွင်းတွင် ရှိသည်။ ၎င်းတွင် အပိုင်း သုံးပိုင်း ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုကို မတတ်နိုင်သူများအတွက် မယ်ဒီဖန် ဟု ခေါ်သော အစိတ်အပိုင်း၊ ၈၅% သော လူဦးရေကို သက်ရောက်မှု ရှိသော မယ်ဒီဆေ့ဖ် ဟု ခေါ်သည့် မစုမနေရ ကျန်းမာရေး ငွေစု စနစ် နှင့် အစိုးရမှ ထောက်ပံ့ထားသော မယ်ဒီရှီးလ်ဒ် ဟုခေါ်သော ကျန်းမာရေး အာမခံ စနစ် တို့ ဖြစ်ကြသည်။ စင်ကာပူရှိ အများပြည်သူပိုင် ဆေးရုံများမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိကြပြီး လူနာများကို အပြိုင်အဆိုင် ခေါ်ယူကြသည်။ ဝင်ငွေနည်းပါးသော သူများ အတွက် ဈေးလျှော့ပေးသော စနစ်လည်း ရှိသည်။ ၂၀၀၈ ခုနှစ်တွင် စင်ကာပူ ကျန်းမာရေး စနစ်၏ ၃၂% ကို အစိုးရမှ အထောက်အပံ့ပေးထားပြီး စင်ကာပူ ဂျီဒီပီ၏ ၃.၅ ရာခိုင်နှုန်းခန့် မျှ ဖြစ်သည်။ အခြေခံ အဆောက်အအုံ ဆက်သွယ်ရေး နှင့် ကွန်ယက် စင်ကာပူတွင် အင်တာနက် ချိတ်ဆက်မှုကို အင်တာနက် ဝန်ဆောင်သူများမှ ပြုလုပ်ပေးကြပြီး ၁ စက္ကန့်လျှင် ၁ ဂစ်ဂါဘိုက် အထိ ရှိသော အိမ်သုံး အင်တာနက်များကို တပ်ဆင်ပေးသည်။ ထိုသို့ ဂစ်ဂါဘစ် အထိ မြန်နှုန်း ရှိသော ကွန်ယက်များကြောင့် ပို့ကုန် တင်ပို့မှုကို တိုးမြှင့်နိုင်ခဲ့ပြီး ၂၀၀၆ တွင် အလုပ်ပေါင်း ၈၀,၀၀၀ ကျော်ကို ဖန်တီး ပေးနိုင်ခဲ့သည်။ မိုဘိုင်းဖုန်း အသုံးပြုမှုမှာ အလွန်မြင့်မားပြီး လူ ၁၀၀ လျှင် မိုဘိုင်းဖုန်း ၁၄၈ လိုင်း ရှိသည်။ သယ်ယူပို့ဆောင်ရေး စင်ကာပူသည် လူဦးရေ အလွန်သိပ်သည်းသော သေးငယ်သော ကျွန်းကလေး တစ်ကျွန်း ဖြစ်သဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ရန် နှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန် လမ်းများပေါ်တွင် သွားလာနေသော ကိုယ်ပိုင်ကား စီးရေကို ကန့်သတ် ထားသည်။ ကားဝယ်ယူသူများသည် ကားတန်ဖိုး၏ ဈေးကွက်ပေါက်ဈေး တစ်ဆခွဲမျှသော အခွန်ကို ပေးဆောင်ရပြီး စင်ကာပူ စီအိုအီး ခေါ် ကားပိုင်ဆိုင်ခွင့် လက်မှတ်ကို လေလံဆွဲ ဝယ်ယူရပြီး ထိုလက်မှတ် ရှိပါက ကားကို လမ်းမပေါ်တွင် ဆယ်စုနှစ် တစ်ခုစာမျှ မောင်းနှင် နိုင်သည်။ စင်ကာပူ ကားပိုင်ဆိုင်ခွင့် လက်မှတ်တစ်ခု၏ တန်ဖိုးဖြင့်ပင် အမေရိကန်ပြည်ထောင်စုတွင် ပေါ့ရှ် ဘောက်စတာ ကားတစ်စင်း ဝယ်ယူနိုင်သည်။ စင်ကာပူရှိ ကားတန်ဖိုးမှာ အခြား အင်္ဂလိပ်စကား ပြောသော နိုင်ငံများထက် သိသိသာသာပင် များပြားသည်။ အခြားသော ဓနသဟာယနိုင်ငံများ ကဲ့သို့ပင် လမ်းပေါ်ရှိ ကားများ နှင့် လမ်းပေါ်တွင် လျှောက်သောသူများ လက်ဝဲဘက်သို့ ကပ်၍ သွားကြသည်။ စင်ကာပူနိုင်ငံတွင် နေထိုင်သူများသည် ခြေလျင်၊ စက်ဘီး၊ ဘတ်စ်ကား၊ အငှားယာဉ်၊ အမ်အာရ်တီ ခေါ် လျှပ်စစ်အမြန်ရထား အကြီးစား၊ အယ်လ်အာရ်တီ ခေါ် လျှပ်စစ် အမြန်ရထား အငယ်စား တို့ဖြင့်လည်း သွားလာကြသည်။ အက်စ်ဘီအက်စ် ထရန်စစ် နှင့် အက်စ်အမ်အာရ်တီ ကော်ပိုရေးရှင်း ဆိုသော ကုမ္ပဏီ နှစ်ခုမှ အများပြည်သူသုံး ဘတ်စ်ကားနှင့် ရထားတို့ကို ပြေးဆွဲကြသည်။ အငှားယာဉ် ကုမ္ပဏီ ၆ ခု ရှိပြီး ထိုကုမ္ပဏီများမှ အငှားယာဉ် ၂၈,၀၀၀ ကျော်ကို လမ်းများပေါ်တွင် ပြေးဆွဲလျက် ရှိသည်။ အငှားယာဉ်မှာ လူသုံးများသော အများသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်း တစ်ခု ဖြစ်ပြီး အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အငှားယာဉ် နှုန်းထားမှာ သက်သာသည်ကို တွေ့ရသည်။ စင်ကာပူနိုင်ငံတွင် စုစုပေါင်း ၂,၀၈၅ မိုင် (၃၃၅၆ ကီလိုမီတာမျှ ) ရှည်လျားသော လမ်းမများ ရှိပြီး ၎င်းတို့ထဲတွင် ၁၀၀မိုင် (၁၆၁ ကီလိုမီတာ) မျှ ရှည်လျားသော အိက်စ်ပရက်စ်ဝေး ခေါ် အမြန်လမ်း များလည်း ပါဝင်သည်။ ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သော ဧရိယာပေါ်တွင် မူတည်၍ လမ်းအသုံးပြုခ ကောက်ခံသည့်စနစ်မှာ ကမ္ဘာပေါ်တွင် ပထမဆုံး ယာဉ်ကြောကျပ်တည်းမှု အတွက် ပိုက်ဆံကောက်ခံသည့် စနစ် ဖြစ်ခဲ့ပြီး ယာဉ်ကြော ကျပ်တည်းမှု ကို လျှော့ချရန် အတွက် အခြားသော လုပ်ဆောင်ချက်များ ဖြစ်သော ကားပိုင်ဆိုင်မှု ပမာဏကို ကန့်သတ်ထားခြင်းနှင့် လူအများသွားလာနိုင်သည့် ရထားစနစ်ကို တိုးတက်ကောင်းမွန် စေခဲ့ခြင်းတို့လည်း လုပ်ဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် စနစ်ကို အဆင့်မြှင့်တင်ခဲ့ပြီး အီလက်ထရွန်းနစ် စနစ်သုံး လမ်းအသုံးပြုခ ကောက်ခံခြင်း ဟု အမည်ပြောင်းလဲ ခဲ့ပြီး ထိုစနစ်မှာ အီလက်ထရွန်းနစ် နည်းပညာဖြင့် လမ်းအသုံးပြုခကို ကောက်ခံခြင်း၊ အီလက်ထရွန်းနစ် နည်းပညာဖြင့် ထောက်လှမ်း သိရှိခြင်း၊ ဗွီဒီယို သုံး၍ စောင့်ကြပ်ကြည့်ရှုခြင်းတို့ ပါဝင်သည်။ စင်ကာပူသည် အာရှရှိ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အချက်အချာ ဌာနတစ်ခု ဖြစ်ပြီး ပင်လယ် နှင့် လေကြောင်း ကုန်သွယ်မှု လမ်းကြောင်းများ ပေါ်တွင် တည်ရှိသည်။ ပီအက်စ်အေ အင်တာနေရှင်နယ် နှင့် ဂျူရောင်းဆိပ်ကမ်းတို့ မှ စီမံခန့်ခွဲသော စင်ကာပူ ဆိပ်ကမ်း မှာ ၂၀၀၅ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ဒုတိယမြောက် အလုပ်အများဆုံး ဆိပ်ကမ်း တစ်ခု ဖြစ်ခဲ့ပြီး စုစုပေါင်း တန်ချိန် ၁.၁၅ ဘီလီယံ နှင့် ပေနှစ်ဆယ် ကုန်သေတ္တာပေါင်း ၂၃.၂ သန်းကို အတင်အချ ပြုလုပ်ခဲ့သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး တဆင့်ခံ ကုန်ပို့ရာ ဆိပ်ကမ်းဖြစ်ပြီး သင်္ဘောများ ဆီဖြည့်ရာ အကြီးဆုံး ဆိပ်ကမ်းလည်း ဖြစ်သည်။ စင်ကာပူသည် အရှေ့တောင်အာရှ၏ လေကြောင်းပို့ဆောင်ရေး အချက်အချာ ဌာနတစ်ခုဖြစ်ပြီး ဆစ်ဒနီမြို့ နှင့် လန်ဒန်မြို့ကြား ပျံသန်းသော သားပိုက်ကောင် လမ်းကြောင်း၏ တထောက်နားရာ နေရာတစ်ခုလည်း ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် လေဆိပ် ၈ ခု ရှိပြီး စင်ကာပူ ချန်ဂီလေဆိပ် သည် လေကြောင်းလိုင်းပေါင်း ၁၀၀ ကျော်၏ ဆိုက်ရောက်ရာ နေရာဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်မှာ မြို့ကြီး ၃၀၀ ခန့်ကို ချိတ်ဆက်ပေးထားသည်။ နိုင်ငံတကာ ခရီးသွားလာရေး မဂ္ဂဇင်းများမှ ကမ္ဘာ့အကောင်းဆုံး လေဆိပ်တစ်ခု အဖြစ် မကြာခဏ သတ်မှတ်လေ့ ရှိကြပြီး ၂၀၀၆ ခုနှစ်တွင် စကိုင်း ထရက်စ်မှ ကမ္ဘာ့ အကောင်းဆုံး လေဆိပ် အဖြစ် သတ်မှတ် ဖော်ပြခဲ့သည်။ ရေပေးဝေမှု နှင့် မိလ္လာစနစ် စင်ကာပူတွင် လူတိုင်း ရေကောင်းရေသန့်ကို သင့်တင့်သော ဈေးဖြင့် လုံလောက်စွာ ရရှိနိုင်သည်။ ထူးခြားဆန်းသစ်သော ရေကို စီမံခန့်ခွဲမှု နည်းလမ်းများဖြစ်သည့် သုံးပြီးသားရေကို ပြန်လည် သုံးစွဲခြင်း၊ မိုးရေကို သိုလှောင်ထားသော ကန့်သတ် နယ်မြေများကို တည်ဆောက်ခြင်း၊ မြစ်ဝ နေရာကို ရေချို သိုလှောင်ရာ နေရာ အဖြစ် အသုံးပြုခြင်း၊ ပင်လယ်ရေမှ ဆားကို ဖယ်ထုတ်ခြင်း စသည့်နည်းလမ်းကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် အိမ်နီးချင်း မလေးရှားနိုင်ငံမှ တင်ပို့သော ရေကို မှီခိုနေခြင်းကို လျှော့ချ နိုင်ရန် ပြုလုပ်ကြသည်။ စင်ကာပူ၏ ရေပြဿနာ အဖြေရှာမှုမှာ အခြေခံ အဆောက်အအုံ တစ်ခုတည်းတွင်သာ မှီခိုနေခြင်းမျိုး မဟုတ်ဘဲ နည်းမှန်လမ်းမှန် ဥပဒေများကို အလေးအနက် ပြဋ္ဌာန်းခြင်းနှင့် ကျင့်သုံးခြင်း၊ ရေကို ဈေးနှုန်း သတ်မှတ်ခြင်း၊ အများပြည်သူသို့ ပညာပေးခြင်း များ အပြင် သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ဆောင်ခြင်းများလည်း ပါဝင်သည်။ ၂၀၀၇ ခုနှစ်တွင် စင်္ကာပူရှိ ရေနှင့် မိလ္လာတို့ကို ထိန်းသိမ်းရာ ဌာနဖြစ်သော အများပြည်သူ သုံးစွဲမှု ဘုတ်အဖွဲ့ ဌာနသည် ရေအရင်းအမြစ်များကို နည်းလမ်းပေါင်းစုံ သုံး၍ စီမံခန့်ခွဲမှုများကြောင့် စတော့ခ်ဟုမ်း အင်ဒတ်စထရီ ဝါးတား ဆု ကို ရရှိခဲ့သည်။ လူဦးရေပျံ့နှံ့ နေထိုင်မှု ၂၀၁၅ ခုနှစ် နှစ်လည်တွင် စင်ကာပူ၏ ခန့်မှန်း လူဦးရေမှာ ၅,၅၃၅,၀၀၀ ဦး ရှိပြီး ၃,၃၇၅,၀၀၀ ဦး(၆၀.၉၈%) မှာ စင်ကာပူနိုင်ငံသားများ ဖြစ်ကြသည်။ ကျန်ရှိနေသော ၂,၁၆၀,၀၀၀ ဦး (၃၉.၀၂%) တွင် အမြဲတမ်း နေထိုင်သူ ၅၂၇,၇၀၀ ဦး ၊ နိုင်ငံခြား ကျောင်းသား၊ အလုပ်သမား၊ မှီခိုသူပေါင်း ၁,၆၃၂,၃၀၀ ဦး မျှရှိသည်။ ၂၀၁၀ ခုနှစ် နိုင်ငံ၏ နောက်ဆုံး ကောက်ခံသည့် လူဦးရေ စာရင်းတွင် စင်ကာပူ နိုင်ငံသားနှင့် အမြဲတမ်းနေထိုင်သူတို့၏ ၂၃% မှာ ပြည်ပတွင် မွေးဖွားသူများ ဖြစ်ကြသည်။ စင်ကာပူ နိုင်ငံသား၏ ၁၀% မှာ နိုင်ငံခြားတွင် မွေးဖွားပြီး နိုင်ငံသား အဖြစ်ပြောင်းလဲလာသူများဟု ဆိုနိုင်သည်။ နိုင်ငံခြားသားများကိုပါ ထည့်၍ ရေတွက်မည် ဆိုလျှင် နိုင်ငံအတွင်း နေထိုင်သူ၏ ၄၃% မှာ နိုင်ငံခြားတွင် မွေးဖွားသူများ ဖြစ်ကြသည်။ ထိုလူဦးရေ စာရင်းမှ သိရသော အခြား အစီရင်ခံချက် တစ်ခုမှာ နိုင်ငံအတွင်း နေထိုင်သူများ၏ ၇၄.၁% မှာ တရုတ်လူမျိုး၊ ၁၃.၄% မှာ မလေးလူမျိုး၊ ၉.၂ % မှာ အိန္ဒိယ လူမျိုး နှင့် အခြား ၃.၃% မှာ ယူရေးရှန်း အပါအဝင် အခြား လူမျိုးများ ဖြစ်သည်။ ၂၀၁၀ မတိုင်မီက လူတစ်ဦးလျှင် လူမျိုး တစ်မျိုး အဖြစ်သာ မှတ်ပုံတင်နိုင်ပြီး ပုံမှန်အားဖြင့် အဖေ၏ မျိုးနွယ်ကို ယူလေ့ ရှိကြသဖြင့် သွေးနှောသော လူတို့မှာ အစိုးရရ၏ လူဦးရေ စာရင်းတွင် လူမျိုးစု တစ်ခုတည်း အောက်တွင်သာ ထည့်သွင်း ဖော်ပြကြသည်။ ၂၀၁၀ မှ စ၍ နိုင်ငံသားတို့သည် ကပြား အဖြစ် မှတ်ပုံတင်နိုင်ပြီး အဓိက လူမျိုး နှင့် ဒုတိယ လူမျိုးဟု နှစ်မျိုး ရွေးနိုင်ကာ နှစ်မျိုး အထက် မရွေးနိုင်ပေ။ စင်ကာပူ နိုင်ငံသား သို့မဟုတ် အမြဲတမ်း နေထိုင်သူ မိသားစုများမှ ဦးဆောင်သော ၉၀.၃ ရာခိုင်နှုန်းသော မိသားစုများသည် ၎င်းတို့နေထိုင်ရာ အိမ်ကို ပိုင်ဆိုင်ကြပြီး မိသားစု၏ အရွယ်အစားမှာ နိုင်ငံသား နှင့် အမြဲတမ်း နေထိုင်သူများ မဟုတ်သည့် မှီခိုသူများ အပါအဝင် ၃.၄၃ ဦး ဖြစ်သည်။ သို့သော် မြေနေရာ ရှားပါးမှုကြောင့် ၈၀.၄% သော မိသားစုများမှာ အိတ်ချ်ဒီဘီ ခေါ် အစိုးရမှ ဈေးလျှော့ရောင်းသော အထပ်မြင့် အများပြည်သူပိုင် အဆောက်အဦးများတွင် နေထိုင်ကြသည်။ ထို့အတူ ၇၅.၉% သော မိသားစုများမှာ ၄ ခန်း (အိပ်ခန်း ၃ခန်းနှင့် ဧည့်ခန်း ၁ခန်း) နှင့် ၄ ခန်းအထက် ရှိသော အိတ်ချ်ဒီဘီ တိုက်ခန်းများ သို့မဟုတ် ပုဂ္ဂလိက အိမ်ရာများတွင် နေထိုင်ကြသည်။ မိသားစုများ နှင့် အတူနေသော နိုင်ငံခြားသား အိမ်ဖော်များမှာ စင်ကာပူတွင် နေရာအနှံ့တွေ့ရပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် စုစုပေါင်း နိုင်ငံခြားသား အိမ်ဖော် ၂၂၄,၅၀၀ ဦးမျှ ရှိသည်။ စင်ကာပူတွင် နေထိုင်သူများ၏ ပျမ်းမျှ အသက်မှာ ၃၉.၃ နှစ်မျှ ဖြစ်ပြီး သားဖွားနှုန်းမှာ မိန်းမ တစ်ဦးလျှင် ကလေး ၀.၈ ဦး ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အနိမ့်ဆုံး ဖြစ်ပြီး နိုင်ငံ၏ လူဦးရေကို အစားထိုးရန် လိုအပ်သော ၂.၁ဦး၏ အောက်တွင် ရှိသည်။ ထိုပြဿနာကို ကျော်လွှားနိုင်ရန် အတွက် စင်ကာပူ အစိုးရမှာ ယခင် ဆယ်စုနှစ် အနည်းငယ် အတွင်း နိုင်ငံခြားသားများကို စင်ကာပူ သို့ ပြောင်းရွှေ့အခြေချရန် တိုက်တွန်းခဲ့သည်။ ထိုသို့ ရွှေ့ပြောင်းနေထိုင်လာသူ အများအပြားက စင်ကာပူ၏ လူဦးရေကို လျော့နည်း မသွားစေရန် ကျားကန် ပေးထားသည်။ ကိုးကွယ်ယုံကြည်မှု ဗုဒ္ဓဘာသာသည် စင်ကာပူတွင် ကိုးကွယ်သူ အများဆုံး ဘာသာတစ်ခုဖြစ်ပြီး နောက်ဆုံး လူဦးရေ စာရင်းအရ နေထိုင်သူ၏ ၃၃% သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ အဖြစ် ကြေညာကြသည်။ ဒုတိယမြောက် ကိုးကွယ်သူ အများဆုံး ဘာသာမှာ ခရစ်ယာန်ဘာသာ ဖြစ်ပြီး ၎င်း၏ နောက်တွင် အစ္စလာမ်ဘာသာ ၊ တာအိုဘာသာ၊ ဟိန္ဒူဘာသာ တို့က အစဉ်လိုက် ရှိသည်။ လူဦးရေ၏ ၁၇% မှာ မည်သည့်ဘာသာကိုမျှ မကိုးကွယ်ပေ။ ၂၀၀၀ ခုနှစ် နှင့် ၂၀၁၀ ခုနှစ် ကြားတွင် ခရစ်ယာန်၊ တာအိုဘာသာ နှင့် ဘာသာမဲ့ ဦးရေမှာ ၃% စီ တိုးတက်လာခဲ့သဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရာနှုန်းမှာ လျော့နည်း သွားခဲ့သည်။ အခြားသော ကိုးကွယ် ယုံကြည်မှုများ၏ ရာခိုင်နှုန်းမှာ ယခင် အတိုင်း ဆက်လက် တည်ရှိနေခဲ့သည်။ ပြူး သုတေသန ဌာန၏ လေ့လာ ဆန်းစစ် ချက် အရ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘာသာတရား အမျိုးမျိုး ကွဲပြားခြားနားရာ အများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် တွေ့ရသည်။ ဗုဒ္ဓဘာသာ၏ အဓိက လမ်းစဉ် ၃ ခု ဖြစ်သော ထေရဝါဒ၊ မဟာယန နှင့် ဗာဂျယာ ယန လမ်းစဉ် သုံးမျိုး စလုံး၏ ဘုန်းကြီးကျောင်းများနှင့် ဓမ္မဌာနများ စင်ကာပူတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာ အများစုမှာ တရုတ်များ ဖြစ်သဖြင့် မဟာယန ယုံကြည်မှု ရှိကြပြီး ထိုင်ဝမ်နိုင်ငံ နှင့် တရုတ်နိုင်ငံများ စင်ကာပူသို့ ဆယ်စုနှစ်များစွာ လာရောက်ခဲ့ကြသည်။ သို့သော်လည်း ယခင် ဆယ်စုနှစ် အတွင်းတွင် ထိုင်းနိုင်ငံ၏ ထေရဝါဒ ဗုဒ္ဓဘာသာမှာ တရုတ်လူမျိုး တစ်မျိုးတည်း မဟုတ်ပဲ စင်ကာပူနိုင်ငံတွင်း နေထိုင်သူများကြားတွင် လူကြိုက်များလာခဲ့သည်။ ဂျပန် ဗုဒ္ဓဘာသာ အဖွဲ့အစည်း တစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ဆိုက ဂတ်ကိုင်း အဖွဲ့၏ လမ်းစဉ်ကို စင်ကာပူရှိ လူအများအပြား ကျင့်ကြံကြပြီး အများစုမှာ တရုတ်များ ဖြစ်ကြသည်။ တိဘက်မှ ဗုဒ္ဓဘာသာသည်လည်း လတ်တလော နှစ်များ အတွင်း နိုင်ငံ အတွင်းသို့ ဖြည်းညင်းစွာ ချင်းနင်း ဝင်ရောက်လာခဲ့သည်။ ဘာသာစကား စင်ကာပူတွင် အင်္ဂလိပ်၊ မလေး၊ မန်ဒရင် တရုတ် နှင့် ကလယ် ဟူ၍ ဘာသာစကား လေးမျိုး ရှိသည်။ အင်္ဂလိပ် ဘာသာစကားမှာ အများသုံး ဘာသာစကားဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံး၊ အစိုးရသုံး နှင့် ကျောင်းများတွင် သင်ကြားပို့ချရာ ကြားခံဘာသာစကား ဖြစ်သည်။စင်ကာပူ မြို့ပြ ဝန်ဆောင်မှု အဖွဲ့နှင့် အခြား အေဂျင်စီများ ပါဝင်သော စင်ကာပူ အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ အစရှိသော အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများတွင် အင်္ဂလိပ် ဘာသာဖြင့် လုပ်ငန်း ဆောင်ရွက်ကြပြီး မလေး၊ တရုတ်၊ ကလယ် ဘာသာတို့ဖြင့် ရေးသားထားသော ရုံးသုံး စာရွက်စာတမ်းများကို အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆိုပြီးမှသာ စာရွက်တင်သွင်းခြင်းကို လက်ခံသည်။ စင်ကာပူ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြား ဥပဒေများကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားပြီး စင်ကာပူရှိ တရားရုံးများတွင် အင်္ဂလိပ် မဟုတ်သော ဘာသာစကားဖြင့် ပြောဆိုလိုပါက ဘာသာပြန် လိုအပ်သည်။ သို့သော်လည်း စင်ကာပူ နိုင်ငံသား၏ ၃ ပုံ ၁ပုံမျှသာ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာ စကား အဖြစ် ပြောဆိုကြပြီး စင်ကာပူ တရုတ်လူမျိုးများ၏ ၃ ပုံ ၁ပုံ၊ စင်ကာပူ မလေးလူမျိုးများ၏ ၄ ပုံ ၁ ပုံ နှင့် စင်ကာပူ အိန္ဒိယ လူမျိုးများ၏ တစ်ဝက်ခန့်မှာ သူတို့၏ မိခင်ဘာသာ စကားဖြင့်သာ ပြောဆိုလေ့ ရှိကြသည်။ စင်ကာပူနိုင်ငံသား၏ ၂၀ ရာခိုင်နှုန်းမှာ အင်္ဂလိပ် ဘာသာဖြင့် အရေး အဖတ် မပြုလုပ်တတ်ပေ။ စင်ကာပူနိုင်ငံသား အားလုံး မဟုတ်သော်လည်း အများစုမှာ အင်္ဂလိပ်ဘာသာ နှင့် အခြားသော တရားဝင် ဘာသာ စကား တစ်မျိုးမျိုး ကို ကျွမ်းကျင်မှု အဆင့်အမျိုးမျိုး ဖြင့် တတ်မြောက်ကြသည်။ စင်ကာပူ နိုင်ငံသားများကြားတွင် ဘာသာစကား တတ်မြောက်မှုကို ဆန်းစစ်ရာတွင် အင်္ဂလိပ်ဘာသာ (၈၀%) ၊မန်ဒရင် (၆၅%) ၊ မလေး (၁၇%) နှင့် ကလယ် (၄%) တို့ ဖြစ်ကြသည်။ စင်ကာပူတွင် အသုံးပြုသော အင်္ဂလိပ်စကားမှာ ဗြိတိသျှ အင်္ဂလိပ် ပေါ်တွင် အခြေခံ ထားပြီး စင်ကာပူတွင် အသုံးပြုသော အင်္ဂလိပ်ဘာသာ စကားများမှာ စင်ကာပူ စတန်းဒတ် အင်္ဂလိပ် ဘာသာ စကားမှ စင်းဂလိပ် ဟုခေါ်သော ကပြားစကားမျိုး အထိ ရှိသည်။ စင်းဂလိပ် အသုံးပြုခြင်းကို အစိုးရမှ အလွန်ပင် အားမပေးပေ။ မန်ဒရင် ဘာသာစကားကို မိခင် ဘာသာစကား အဖြစ် စင်ကာပူနိုင်ငံသား တစ်ဝက်ခန့်က ပြောဆိုကြသည်။ စင်ကာပူ မန်ဒရင်သည် နိုင်ငံအတွင်း အသုံးအများဆုံး တရုတ်စကား ဖြစ်ပြီး လူဦးရေ ၁.၂ သန်းခန့်ကက အိမ်တွင် ပြောဆိုကြသည်။ အခြား ၅ သိန်း ခန့်မှာ အခြား တရုတ်စကားများကို ပြောဆိုကြပြီး အဓိက အားဖြင့် ဟောက်ကျန့်၊ တယိုချူး နှင့် ကန်တိုးနိစ် တို့ကို အိမ်တွင် ပြောဆိုကြသော်လည်း မန်ဒရင် နှင့် အင်္ဂလိပ်စကားကို လူကြိုက်များလာသောကြောင့် အသုံးပြုသူ လျော့နည်း လာသည်။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရပြီးသော ၁၉၆၀ ခုနှစ်များတွင် မလေး စကားပြောသော အိမ်နီးချင်း မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံတို့နှင့် ပဋိပက္ခများကို ရှောင်ရှားနိုင်ရန် အတွက် မလေးဘာသာစကားကို အမျိုးသား ဘာသာစကား အဖြစ် စင်ကာပူ အစိုးရမှ သတ်မှတ်ခဲ့သည်။ မလေးစကားမှာ ပြယုဂ် တစ်ခုသာလျှင် ဖြစ်ပြီး တကယ်တမ်း အသုံးချရန် မဟုတ်ပေ။ နိုင်ငံတော် သီချင်း မာဂျူးလာ စင်ကာပူရ စင်ကာပူ အမိန့်နှင့် ဘွဲ့တံဆိပ်များမှ ထုတ်နှုတ်ချက်များ၊ စစ်တပ်အတွင်း အမိန့်ပေးမှု များတွင် မလေးဘာသာစကားကို အသုံးပြုထားသည်။ ယနေ့ခေတ်တွင် မလေးဘာသာအား စင်ကာပူ နိုင်ငံသား မလေးလူမျိုး များ အတွင်းတွင်သာ အသုံးပြုကြပြီး စင်ကာပူနိုင်ငံသား၏ ၁၇% သာ မလေးဘာသာကို တတ်မြောက်ကြပြီး ၁၂% ကသာ မိခင်ဘာသာ အဖြစ် အသုံးပြုကြသည်။ စင်ကာပူ နိုင်ငံသား ၁၀၀,၀၀၀ သို့မဟုတ် ၃% ကသာ ကလယ်ဘာသာ စကားကို မိခင်ဘာသာ အဖြစ် ပြောဆိုကြသည်။ ကလယ်ဘာသာ စကားမှာ စင်ကာပူတွင် တရားဝင် အဆင့်သတ်မှတ်ခြင်း ခံရသော်လည်း အခြား အိန္ဒိယ ဘာသာစကားများကို အားမပေးခြင်း မျိုး မရှိပေ။ အလုပ်အကိုင် စင်ကာပူနိုင်ငံသည် ပုံမှန်အားဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အလုပ်လက်မဲ့နှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယခင် ဆယ်စုနှစ် များအတွင်း စင်ကာပူနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၄% ထက် မကျော်ခဲ့ပေ။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားပျက်ကပ် အတွင်း အမြင့်ဆုံး ၃% သို့ တိုးတက်ခဲ့ပြီး ၂၀၁၅ တွင် ၁.၈% သို့ ပြန်လည် လျော့ကျ သွားခဲ့သည်။ အစိုးရသည် လူမှုရေး နှင့် မိသားစု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ တဆင့် အိမ်ခြေမဲ့ နှင့် လိုအပ်သူများကို ကူညီမှု အစီအစဉ် အမျိုးမျိုးဖြင့် ထောက်ပံ့ခဲ့သဖြင့် အလွန်အမင်း ဆင်းရဲမှုမှာ အလွန်ပင် ရှားပါးသည်။ အချို့သော အစီအစဉ်များတွင် လိုအပ်သော မိသားစုများသို့ လစဉ် ထောက်ပံ့ငွေ စင်ကာပူ ဒေါ်လာ ၄၀၀ မှ စင်ကာပူ ဒေါ်လာ ၁၀၀၀ အထိ ထောက်ပံ့ ပေးခြင်း၊ အစိုးရ ဆေးရုံများတွင် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း နှင့် ကလေးများအတွက် ကျောင်းလခကို အစိုးရမှ စိုက်ထုတ်ပေးခြင်းတို့ ဖြစ်သည်။စင်ကာပူ အစိုးရသည် နိုင်ငံသားများအတွက် အမျိုးမျိုးသော အခွင့်အလမ်းများကိုလည်း ပံ့ပိုးပေးခဲ့သည်။ ၎င်းတို့တွင် နိုင်ငံတွင်း နေထိုင်သူများ အများပိုင် အားကစားရုံများတွင် လေ့ကျင့်ခန်း လုပ်နိုင်ရန် အခမဲ့ ငွေကြေး ပေးအပ်ခြင်း၊ နိုင်ငံသားများမှ မွေးဖွားသော ကလေးတိုင်း အတွက် ကလေးသူငယ် ဆုကြေး အဖြစ် ဒေါ်လာ ၁၆၆,၀၀၀ အထိ ခံစားခွင့် ရရှိခြင်း၊ များစွာ ဈေးလျှော့ပေးထားသော ကျန်းမာရေး စောင့်ရှောက်မှု နှင့် ငွေကြေးတို့ဖြင့် မသန်စွမ်းသူများကို ကူညီခြင်း ၊ ဆင်းရဲသော ကျောင်းသားများ အတွက် ဈေးပေါသော လက်ပ်တော့ပ် ကွန်ပျူတာများ၊ အများသုံး သယ်ယူပို့ဆောင်ရေး၊ ရေ နှင့် မီတာ ဘီလ်များနှင့် အခြား နေရာများတွင် ဈေးလျှော့ပေးခြင်းများ ပါဝင်သည်။ နိုင်ငံခြား အလုပ်သမားများမှာ နိုင်ငံစီးပွားရေး အတွက် အရေးပါသော နေရာမှ ပါဝင်သည်ကို သိရှိသော်လည်း အစိုးရမှ ထိုအလုပ်သမားများကို ကန့်သတ်ရန် စီစဉ်လျက် ရှိသည်။ နိုင်ငံခြား အလုပ်သမားများသည် ဆောက်လုပ်ရေး ကဏ္ဍ၏ ၈၀% နှင့် ဝန်ဆောင်မှု ကဏ္ဍ၏ ၅၀% မျှ ရှိသည်။ လူဝင်မှု ကြီးကြပ်ရေး ကဏ္ဍတွင် ကန့်သတ်ရန် နှင့် တဆက်တည်းတွင် နိုင်ငံခြားသား ပါရမီရှင်များကို ဆွဲဆောင် နိုင်ရန် အတွက် အလုပ်သမား ဝန်ကြီးဌာနမှ အလုပ်လုပ်ခွင့် လက်မှတ်များကို အဆင့် ၃ ဆင့်ဖြင့် ချထားပေးသည်။ P1 အဆင့် အလုပ်လုပ်ခွင့် လက်မှတ်မှာ လစာ စင်ကာပူ ဒေါ်လာ ၈၀၀၀ နှင့် အထက် ရရှိသူများ အတွက် ဖြစ်ပြီး P2 အဆင့် အလုပ်လုပ်ခွင့် လက်မှတ်များမှာ လစာ စင်ကာပူ ဒေါ်လာ ၄၅၀၀ မှ ၇၉၉၉ ဒေါ်လာ အတွင်း ရရှိသူများ အတွက် ဖြစ်ကာ Q1 အလုပ်လုပ်ခွင့် လက်မှတ် မှာမူ လစာ အနည်းဆုံး စင်ကာပူ ဒေါ်လာ ၃၀၀၀ ရရှိသူများ အတွက် ဖြစ်သည်။ ယဉ်ကျေးမှု စင်ကာပူသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု အနည်းဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို စင်ကာပူ နိုင်ငံ သားများက အလွန်မလိုလားအပ်သော အရာတစ်ခု အဖြစ် ရှုမြင်ကြသဖြင့် ဥရောပ လူ့အဖွဲ့အစည်းများ နှင့် မတူပေ။ စင်ကာပူ နိုင်ငံသားတို့ မူးယစ်ဆေးဝါး အပေါ် မလိုလားမှုမှာ အချို့သော ပြင်းထန်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များအတွက် မပေးမနေရ သေဒဏ် သတ်မှတ်ထားသော ဥပဒေကြောင့် ဖြစ်သည်။ စင်ကာပူတွင် လူဦးရေ အချိုးအစားအားဖြင့် အနိမ့်ဆုံး အရက်သောက်သည့် နှုန်း ရှိပြီး ကြမ်းတမ်းသည့် ရာဇဝတ်မှုများလည်း အနည်းဆုံးဖြစ်ကာ တကမ္ဘာလုံးတွင် ရည်ရွယ်ချက် ရှိစွာ လူသတ်မှု အနိမ့်ဆုံးသော နိုင်ငံ ဖြစ်သည်။ ပျမ်းမျှ အရက်သောက်နှုန်းမှာ လူကြီး တစ်ယောက်လျှင် တစ်နှစ် ၂ လီတာမျှ ဖြစ်သဖြင့် တကမ္ဘာလုံးတွင် အနိမ့်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံခြားသားများသည် လူဦးရေ၏ ၄၂% မျှ ရှိပြီး စင်ကာပူ၏ ယဉ်ကျေးမှု ပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိသည်။ စီးပွားရေး ဉာဏ်ရည်ဉာဏ်သွေး ဌာန၏ ၂၀၁၃ ခု မည်သည့်နေရာတွင်မွေးဖွားသင့်သနည်း ကိန်းညွှန်းတွင် စင်ကာပူအား အာရှတွင် အကောင်းဆုံး ဘဝအရည်အသွေး ရှိရာ နေရာနှင့် တကမ္ဘာလုံးတွင် ဆဌမမြောက် ဘဝအရည်အသွေး ရှိရာ နေရာဟု အဆင့်သတ်မှတ် ဖော်ပြထားသည်။ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု နှင့် ယဉ်ကျေးမှု စင်ကာပူသည် လူမျိုးစုံပြီး သက်တမ်းနုသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ စင်ကာပူတွင် ၎င်း၏ နိုင်ငံ အရွယ်အစားနှင့်စာလျှင် များစွာသော ဘာသာစကားများ၊ ဘာသာတရားများ နှင့် ယဉ်ကျေးမှုများ ရှိသည်။ ယူနိုက်တက်ကင်းဒမ်း မှ ၁၉၆၃ တွင် လွတ်လပ်ရေး ရသည့် အခါတွင် စင်ကာပူနိုင်ငံသား အသစ်ကျပ်ချွတ်များသည် မလေးရှား၊ တရုတ် နှင့် အိန္ဒိယနိုင်ငံ တို့မှ ပညာမတတ်သော အလုပ်သမားများ ဖြစ်ကြသည်။ အများစုမှာ စင်ကာပူတွင် ပိုက်ဆံရှာရန် ရည်ရွယ်ချက်ဖြင့် ခဏတဖြုတ် နေမည့်သူများသာဖြစ်၍ ရေရှည် အခြေချ နေထိုင်ရန် အစီအစဉ် မရှိကြပေ။ ပရာနကန်ဟုခေါ်သော စင်ကာပူတွင် မွေးဖွားသော လူလတ်တန်းစား လူနည်းစု လူမျိုးများလည်း ရှိသည်။ ၁၅ ရာစု နှင့် ၁၆ ရာစု တရုတ် ပြောင်းရွှေ့နေထိုင်သူများ ၏ အဆက်အနွယ်ဖြစ်သော ပရာနကန် များမှာ စင်ကာပူ ကို သစ္စာရှိကြသော်လည်း အလုပ်သမားများမှာ သူတို့၏ မိခင်နိုင်ငံ ဖြစ်သော မလေးရှား၊ တရုတ် နှင့် အိန္ဒိယနိုင်ငံ တို့ကိုသာ သစ္စာ စောင့်သိကြသည်။ လွတ်လပ်ရေး ရပြီးနောက် စင်ကာပူ၏ အမျိုးသားရေး လက္ခဏာ နှင့် ယဉ်ကျေးမှုတို့ကို စတင်ပုံဖော်သည့် လုပ်ငန်းစဉ် စတင်ခဲ့လေသည်။ စင်ကာပူ၏ ယခင် ဝန်ကြီးချုပ်များ ဖြစ်ကြသော လီကွမ်းယူ နှင့် ဂိုချောက်တောင်တို့က စင်ကာပူသည် သမာရိုးကျ အခေါ်အဝေါ်ဖြစ်သော နိုင်ငံဟူသည့် အသုံးအနှုန်း နှင့် မသင့်လျော်ဘဲ စပ်ကူးမပ်ကူး လူ့အဖွဲ့အစည်း တစ်ခုသာလျှင် ဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့် ဆိုသော် စင်ကာပူ နိုင်ငံသားများသည် တူညီသော ဘာသာစကားကို မပြောသကဲ့သို့ ဘာသာတရား တစ်ခုတည်းကိုလည်း မကိုးကွယ်ကြဘဲ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာလည်း အတူတူ မရှိကြပေ။ အင်္ဂလိပ်သည် စင်ကာပူ၏ ပထမ ဘာသာစကား ဖြစ်သော်လည်း ၂၀၁၀ ခုနှစ် အစိုးရ၏ လူဦးရေ စာရင်း အရ စင်ကာပူနိုင်ငံသား၏ ၂၀% သို့မဟုတ် ၅ ယောက်တွင် ၁ ယောက်မှာ အင်္ဂလိပ်စာ မတတ်ကြပေ။ ထို အခြေအနေမှာ ၁၉၉၀ ခုနှစ်နှင့် စာလျှင် တိုးတက်လာခြင်း ဖြစ်ပြီး ထိုစဉ်က စင်ကာပူနိုင်ငံသား၏ ၄၀% မှာ အင်္ဂလိပ်စာ မတတ်ကြပေ။ အခြားနိုင်ငံများနှင့် မတူသည့် အချက်မှာ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ နှင့် ယဉ်ကျေးမှုမှာ အသားအရောင် နှင့် မျိုးရိုးပေါ်မူတည်၍ သတ်မှတ်မရနိုင်ခြင်း ဖြစ်သည်။ စင်ကာပူနိုင်ငံသား တရုတ်လူမျိုးများတွင် ၅ ယောက်လျှင် ၁ ယောက်မှာ ခရစ်ယာန် ဘာသာဝင် ဖြစ်ပြီး၊ နောက် ၁ ယောက်မှာ ဘာသာမဲ့ ဖြစ်ကာ အခြားသူတို့မှာ ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာကို ကိုးကွယ်ကြသည်။ ၃ ပုံ ၁ပုံမှာ အိမ်တွင် အင်္ဂလိပ်စကား ပြောကြပြီး တစ်ဝက်ခန့်မှာ မန်ဒရင် တရုတ်စကားကို အိမ်တွင် ပြောဆိုကြသည်။ အခြားသူတို့မှာ ဒေသသုံး တရုတ်ဘာသာစကားများကို အိမ်တွင် ပြောဆိုကြသည်။ စင်ကာပူတွင် ရှိသော မလေး လူမျိုး အများစုမှာ အိမ်တွင် မလေးစကားကို ပြောဆိုကြပြီး အချို့မှာ အင်္ဂလိပ်စကားကို ပြောဆိုကြသည်။ စင်ကာပူနိုင်ငံသား အိန္ဒိယလူမျိုးများမှာ ဘာသာတရား ပို၍ ကိုင်းရှိုင်းကြသည်။ ၁% သော အိန္ဒိယ လူမျိုးများသာ ဘာသာမဲ့ ဖြစ်သည်။ ၁၀ ယောက်လျှင် ၆ ယောက်မှာ ဟိန္ဒူဘာသာဝင် ဖြစ်ပြီး၊ ၂ ယောက်မှာ မွတ်စလင် ဖြစ်ကာ ကျန် ၂ ဦးမှာ ခရစ်ယာန် ဘာသာဝင် ဖြစ်သည်။ ၁၀ ယောက်တွင် ၄ ယောက်မှာ အင်္ဂလိပ်ဘာသာစကားကို အိမ်တွင် ပြောဆိုကြပြီး၊ ၃ ယောက်မှာ ကလယ်ဘာသာစကားကို ပြောဆိုကြကာ ၁၀ ယောက်လျှင် ၁ ယောက်မှာ မလေးဘာသာစကားကို ပြောဆိုကြ၍ ကျန်သူများမှာ အခြား အိန္ဒိယ ဘာသာစကားများကို ပြောဆိုကြသည်။ ထို့အတွက်ကြောင့် စင်ကာပူနိုင်ငံသားများ၏ အပြုအမူနှင့် စိတ်နေစိတ်ထားမှာ သူတို့ အိမ်တွင် ပြောဆိုသည့် ဘာသာစကား နှင့် ကိုးကွယ်သည့် ဘာသာတရားမှလည်း အခြား အရာများနှင့် အတူ သက်ရောက် လွှမ်းမိုးမှု ရှိသည်။ စင်ကာပူနိုင်ငံသားများတွင် အင်္ဂလိပ်ကို မိခင်ဘာသာ စကားအဖြစ် ပြောဆိုသူများမှာ အနောက်တိုင်း ယဉ်ကျေးမှုသို့ တိမ်းညွှတ်မှု ရှိပြီး တရုတ်ဘာသာစကားကို မိခင်ဘာသာစကား အဖြစ် ပြောဆိုသူများမှာ တရုတ်ယဉ်ကျေးမှုနှင့် ကွန်ဖြူးရှပ်ဝါဒသို့ တိမ်းညွှတ်မှု ရှိသည်။ မလေးဘာသာစကားကို ပြောဆိုသော စင်ကာပူ နိုင်ငံသားများမှာ မလေးယဉ်ကျေးမှုသို့ တိမ်းညွှတ်ပြီး ၎င်းမှာ အစ္စလာမ် ယဉ်ကျေးမှုနှင့် ဆက်နွယ်နေသည်။ အပြုအမူနှင့် ယုံကြည်မှု စင်ကာပူသည် နိုင်ငံတော် အဆင့်တွင် မယ်ရစ်တိုခရေစီ ဟုခေါ်​သော လူတစ်ယောက်အား သူ၏စွမ်းဆောင်နိုင်မှုပေါ်တွင်သာ မူတည် ဆုံးဖြတ်မည် ဆိုသည့် အချက်ကို အလေးအနက်ထား ပြောကြားလေ့ ရှိသည်။ လူမျိုးများ နှင့် ဘာသာတရားများ အကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းသည် စင်ကာပူနိုင်ငံ အောင်မြင်မှု၏အဓိက အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု စင်ကာပူ နိုင်ငံသားများမှ ယုံကြည်ကြပြီး စင်ကာပူ၏ အမျိုးသားရေး လက္ခဏာကို ဖော်ဆောင်ခြင်း၏ တစိတ်တပိုင်း ဖြစ်သည်။ စင်ကာပူအား ကလေးထိန်းနိုင်ငံ ဟုလည်း ခေါ်ကြသည်။ စင်ကာပူ ၏ နိုင်ငံတော် အထိမ်းအမှတ် ပန်းမှာ သစ်ခွပန်း တစ်မျိုး ဖြစ်သော ဗန်ဒါ မစ်စ်ဂျိုယာကွင်မ် ဖြစ်ပြီး စင်ကာပူ နိုင်ငံတွင် မွေးဖွားသော အာမေးနီးယန်း အမျိုးသမီး တစ်ဦး၏ အမည်ကို အမှတ်တရ အနေဖြင့် မှည့်ခေါ်ထားသော ပန်းဖြစ်ပြီး သူမသည် ထိုပန်းအား တန်ဂျွန်ပါဂါရှိ သူမ၏ ဥယျာဉ် အတွင်း ၁၈၉၃ တွင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ စင်ကာပူ၏ အမျိုးသား အထိမ်းအမှတ် များ ဖြစ်ကြသော နိုင်ငံတော် အမှတ်တံဆိပ် နှင့် ခြင်္သေ့ခေါင်း အမှတ်တံဆိပ်တို့တွင် ခြင်္သေ့ပုံကို အသုံးပြုထားပြီး စင်ကာပူမှာ ခြင်္သေ့မြို့တော်ဟု လူသိများကြသည်။ အခြားသော စင်ကာပူ၏ လူသိများသော အမည်များမှာ ဥယျာဉ်မြို့တော် နှင့် အနီစက် တို့ ဖြစ်ကြသည်။ စင်ကာပူရှိ အစိုးရ ရုံးပိတ်ရက်များမှာ အဓိက တရုတ်၊ အနောက်တိုင်း၊ မလေး နှင့် အိန္ဒိယ ပွဲတော် ရက်များ ဖြစ်ကြသည်။ စင်ကာပူရှိ ဝန်ထမ်းများမှာ တစ်ပတ်လျှင် ၄၅ နာရီမျှ ပျမ်းမျှ အလုပ်လုပ်ကြသဖြင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှ ပို၍ ရှည်လျားသည်။ စင်ကာပူ နိုင်ငံသား ၄ ယောက်တွင် ၃ယောက်မှာ ၎င်းတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်ခြင်း အတွက် ဂုဏ်ယူကြပြီး ထိုသို့ပြုလုပ်ခြင်းမှာ သူတို့၏ မိမိကိုယ်ကို ယုံကြည်မှု ရှိစေရန် အကူအညီ ပေးသည်ဟု ဆိုသည်။ ဟင်းလျာများ ဈေးဝယ်ထွက်ခြင်း နှင့် အတူ ပြင်ပတွင် ညစာစားခြင်းသည် စင်ကာပူ၏ အားလပ်ချိန် အပန်းဖြေရာ တစ်မျိုး ဖြစ်သည်။ အစားအသောက်ကို ခုံမင်ခြင်းကြောင့် ဩစတြေးလျ ကဲ့သို့သော နိုင်ငံများသည် စင်ကာပူ ခရီးသွားများကို ဆွဲဆောင်ရန် အတွက် အစားအသောက်ကို အခြေခံသော ခရီးစဉ်များကို ရေးဆွဲကြသည်။ အစားအသောက် အမျိုးမျိုး ရှိခြင်းသည် စင်ကာပူသို့ သွားရောက်လည်ပတ်ရန် အကြောင်းအချက် တစ်ခု ဖြစ်သည်ဟု ဆိုကြပြီး လူမျိုးစု အမျိုးမျိုးတို့၏ အစားအသောက် မျိုးစုံ ရှိခြင်းကို စင်ကာပူ အစိုးရမှ ယဉ်ကျေးမှု မျိုးစုံ ရှိခြင်း၏ ပြယုဂ် အဖြစ် မှတ်ယူ ထားသည်။ စင်ကာပူ ၏ အမျိုးသား အထိမ်းအမှတ် အသီးအနှံမှာ ဒူးရင်းသီး ဖြစ်သည်။ အများအားဖြင့် စင်ကာပူတွင် အစားအသောက်များကို တရုတ်၊ မလေး နှင့် အိန္ဒိယ အစားအသောက်ဟူ၍ သီးခြား ခွဲခြားထားသည်။ သို့သော်လည်း အစားအသောက် အမျိုးအစားများမှာ ယဉ်ကျေးမှု နှင့် စတိုင်လ်များကို ပေါင်းစပ်ခြင်းဖြင့် ပို၍ များပြားလာသည်။ (ဥပမာ ပရာနကန် ဟင်းလျာမှာ တရုတ် နှင့် မလေး ဟင်းလျာများကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ အနုပညာ ၁၉၉၀ ခုနှစ်များမှ စ၍ အစိုးရသည် စင်ကာပူနိုင်ငံအား အနုပညာနှင့် ယဉ်ကျေးမှု ဗဟိုဌာန တစ်ခု ဖြစ်လာစေရန် အထူးသဖြင့် သုခုမ အနုပညာ ဘက်တွင် ထင်ရှားသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် စီစဉ်နေခဲ့ပြီး နိုင်ငံအား လူမျိုးပေါင်းစုံသော "အရှေ့နှင့်အနောက်ကြား ကူးသည့် ဂိတ်ဝတံခါး" တစ်ခု အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစား စွမ်းဆောင်ခဲ့သည်။ ထိုအထဲမှ ထင်ရှားသော ကိစ္စ တစ်ခုမှာ အက်စပလန်းနိတ် ပင်လယ်အော်ပေါ်ရှိ ကဇာတ်ရုံဟု အမည်ရသော သုခုမ အနုပညာ ဌာနကို တည်ဆောက်ခဲ့ပြီး ၂၀၀၂ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် တီးဝိုင်းဖြစ်သော စင်ကာပူ ဆင်ဖိုနီ အော်ခက်စထရာသည် အက်စပလန်းနိတ် ဇာတ်ရုံတွင် ဖျော်ဖြေလေ့ ရှိသည်။ နှစ်စဉ် စင်ကာပူ အနုပညာ ပွဲတော်ကို အမျိုးသား အနုပညာ ကောင်စီမှ စီစဉ်ကျင်းပလေ့ ရှိသည်။ လူအများရှေ့တွင် ပြက်လုံးထုတ်သည့် ပွဲများမှာ များပြားလာပြီး အပတ်စဉ် ဖျော်ဖြေလေ့ ရှိကြသည်။ စင်ကာပူသည် လန်ဒန် တော်ဝင် အက အကယ်ဒမီမှ စီစဉ်သော ဂန္ထဝင် ဘဲလေး အကပြိုင်ပွဲ တစ်ခုဖြစ်သည့် ဂျီးနီးအပြည်ပြည်ဆိုင်ရာ ဘဲလေးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။ အားကစား နှင့် အပန်းဖြေမှု လူကြိုက်များသော အားကစားနည်းများတွင် ဘောလုံး၊ ခရစ်ကက်၊ ရေကူးခြင်း၊ ရွက်လှေ၊ စားပွဲတင်တင်းနစ် နှင့် ကြက်တောင်ရိုက်ခြင်း တို့ ပါဝင်ကြသည်။ စင်ကာပူ နိုင်ငံသား အများစုသည် အိတ်ချ်ဒီဘီ တိုက်ခန်းဟု ခေါ်သော အများပြည်သူဆိုင်ရာ အိမ်ရာ နေရာများတွင် နေထိုင်ကြပြီး အနီးအနားတွင် ရေကူးကန်များ၊ ပြင်ပ ဘက်စကက်ဘော ကစားကွင်းများ နှင့် မိုးလုံလေလုံ အားကစားရုံများ ရှိကြသည်။ ရေထဲတွင် ကစားသည့် ကစားနည်းများ ဖြစ်သော ရွက်လှေစီးခြင်း၊ ကာယက် လှေလှော်ခြင်း နှင့် ရေထဲတွင် စကီး စီးခြင်း စသည်တို့မှာလည်း လူကြိုက်များသည်။ ရေငုတ်ခြင်းမှာလည်း အခြားလူကြိုက်များသော အပန်းဖြေရာ ကစားနည်း တစ်ခု ဖြစ်သည်။ တောင်ဘက် ကျွန်းတစ်ကျွန်း ဖြစ်သော ပုလော ဟန်တုမှာ သန္တာကျောက်တန်းများ ပေါများသည်ဟု လူသိများသည်။ စင်ကာပူ၏ ဘောလုံး လိဂ် ဖြစ်သော အက်စ်လိဂ် ကို ၁၉၉၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယခု အခါတွင် နိုင်ငံခြား အသင်းများ အပါအဝင် ဘောလုံး အသင်း ၁၂ သင်း ရှိသည်။ ယခင်က ဩစတြေးလျ အမျိုးသား ဘတ်စကက်ဘော လိဂ်တွင် ကစားခဲ့သော စင်ကာပူ စလင်ဂါ အသင်းမှာ အာဆီယံ ဘက်စကက်ဘော လိဂ်တွင် အဖွင့် အသင်း တစ်သင်း ဖြစ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။ စင်ကာပူသည် ဖော်မြူလာဝမ်း ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲ၏ အချီ တစ်ချီ ဖြစ်သော စင်ကာပူ ဂရန်းပရီကို ၂၀၀၈ ခုနှစ်မှ စ၍ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။ ပြိုင်ပွဲမှာ မရီနာဘေး လမ်းမ ပတ်လမ်း အတွင်းတွင် ကျင်းပပြီး ဖော်မြူလာဝမ်း ပြိုင်ပွဲ၏ ပထမဆုံး ညပြိုင်ပွဲလည်း ဖြစ်ပြီး အာရှတွင် ပထမဆုံး လမ်းမပေါ်တွင် ယှဉ်ပြိုင်သည့် ဖော်မြူလာဝမ်း ပြိုင်ပွဲလည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ပြိုင်ပွဲ၏ အကြိုတွင် ပြိုင်ပွဲ စီစဉ်သူများက ဖော်မြူလာဝမ်း အဖွဲ့နှင့် စာချုပ်သက်တမ်းတိုး လက်မှတ်ထိုးထားသဖြင့် စင်ကာပူ ဂရန်းပရီ ပြိုင်ပွဲသည် အနည်းဆုံး ၂၀၁၇ အထိ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။ ခရန်းဂျီး မြင်းပြိုင်ကွင်းကို စင်ကာပူမြင်းပြိုင်ပွဲကလပ်မှ လုပ်ကိုင်နေပြီး အပတ်စဉ် မြင်းပြိုင်ပွဲ အများအပြား နှင့် အရေးကြီးသော ပြည်တွင်းနှင့် နိုင်ငံတကာ မြင်းပြိုင်ပွဲများကိုလည်း လက်ခံကျင်းပ ပေးလျက် ရှိသည်။ ထင်ရှားသော ပြိုင်ပွဲမှာ နာမည်ကျော်ကြားသော စင်ကာပူ လေကြောင်းလိုင်း အပြည်ပြည်ဆိုင်ရာ ဖလား မြင်းပြိုင်ပွဲ ဖြစ်သည်။ စင်ကာပူသည် ပထမဆုံး နွေရာသီ လူငယ် အိုလံပစ် အားကစားပြိုင်ပွဲကိုလည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။ မီဒီယာ အစိုးရနှင့် ဆက်စပ်နေသော ကုမ္ပဏီများက ပြည်တွင်း မီဒီယာ အများစုကို ထိန်းချုပ်ထားသည်။ မီဒီယာကော့ပ်သည် အခမဲ့ထုတ်လွှင့်သော တီဗွီလိုင်း နှင့် ရေဒီယို လိုင်းများကို ထုတ်လွှင့်သည်။ မီဒီယာကော့ပ် မှ ထုတ်လွှင့်သော အခမဲ့ ရုပ်သံလိုင်းပေါင်း ၇ လိုင်းမျှ ရှိသည်။ ရုပ်သံလိုင်းများမှာ ချန်နယ် ၅ (အင်္ဂလိပ်လိုင်း) ၊ ချန်နယ် နယူးအေးရှား (အင်္ဂလိပ်လိုင်း)၊ အော့ကတို ( အင်္ဂလိပ်လိုင်း)၊ ချန်နယ် ၈ (တရုတ်လိုင်း)၊ ချန်နယ် ယူ (တရုတ်လိုင်း)၊ ဆူရိယာ (မလေးလိုင်း) နှင့် ဗာဆမ်သမ် (အိန္ဒိယလိုင်း) တို့ အသီးသီး ဖြစ်ကြသည်။ . စတားဟပ် ကေဘယ် ဗွီရှင်းမှ ကမ္ဘာတဝှမ်းလုံးရှိ ချန်နယ်များကိ ကေဘယ်လ် တီဗွီဖြင့် ထုတ်လွှင့်ပြီး စင်းတဲလ်၏ မိုင်ယို တီဗွီ ဝန်ဆောင်မှု မှာလည်း အိုင်ပီ ရုပ်မြင်သံကြား စနစ်ကို ထုတ်လွှင့်သည်။ အစိုးရနှင့် နီးကပ်စွာ ဆက်သွယ်မှု ရှိသည့် စင်ကာပူ ပုံနှိပ်လုပ်ငန်း ဦးပိုင် အဖွဲ့သည် စင်ကာပူရှိ သတင်းစာ ထုတ်ဝေမှုများကို ထိန်းချုပ်ထားသည်။ စင်ကာပူ၏ မီဒီယာ ကဏ္ဍသည် စည်းမျဉ်းစည်းကမ်း များလွန်းပြီး လွတ်လပ်မှု ကင်းမဲ့သည်ဟု ဖရီးဒမ်း ဟောက်စ် အစရှိသော လူ့အခွင့်အရေး အဖွဲ့များက တစ်ခါတစ်ရံတွင် ဝေဖန်လေ့ ရှိကြသည်။ ၂၀၁၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ အခြေစိုက် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ၎င်း၏ သတင်းစာ လွတ်လပ်မှု ညွှန်းကိန်းတွင် စင်ကာပူနိုင်ငံအား နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၀ သတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ချက်မှာ ထိုညွှန်းကိန်း စတင် ပြုလုပ်သည့် အချိန်မှစ၍ စင်ကာပူ အတွက် အနိမ့်ဆုံး အဆင့်ဖြစ်သည်။ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင် အဖွဲ့က စင်ကာပူ၏ မီဒီယာများကို စည်းကြပ်ပြီး တောင်းဆိုမှု နှင့် ရွေးချယ်စရာများကို မျှတစေရန် နှင့် ရုတ်ရင့်ကြမ်းတမ်းပြီး အန္တရာယ်ရှိသော အရာများမှ ကာကွယ်ရန်ဟု ကြွေးကြော် လုပ်ကိုင်ကြသည်။ ပုဂ္ဂလိက တီဗွီ စလောင်း တပ်ဆင်ခြင်းကို တားမြစ်ထားသည်။ တယ်လီဗွီးရှင်းတွင် ဆင်ဆာဖြတ်လေ့ရှိပြီး ဆက်စ်နှင့်မြို့တော် (Sex and the City) နှင့် တောသားကဲ့သို့ ကြောင်ခြင်း (Queer as Folk) အစရှိသော တီဗွီ ဇာတ်လမ်းတွဲများကို တားမြစ်ထားသည်။ စင်ကာပူတွင် အင်တာနက် အသုံးပြုသူပေါင်း ၃.၄ သန်းမျှ ရှိပြီး ကမ္ဘာပေါ်တွင် အင်တာနက် ထိုးဖောက်မှုနှုန်း အမြင့်ဆုံး နိုင်ငံများတွင် ပါဝင်သည်။ စင်ကာပူ အစိုးရသည် အင်တာနက် စာမျက်နှာများကို ဆင်ဆာဖြတ်ခြင်းမျိုး ကျယ်ပြန့်စွာ ပြုလုပ်လေ့ မရှိပေ။ သို့သော်လည်း ဝက်ဘ်ဆိုဒ်ပေါင်း ၁၀၀ ကျော် (အများအားဖြင့် ညစ်ညမ်းဝက်ဘ်ဆိုဒ်များ) ကို အသုံးပြုခွင့် ပိတ်ပင်ထားသော စာရင်း ရှိပြီး အင်တာနက်ပေါ်တွင်ရှိသော အန္တရာယ်ရှိပြီး မလိုလားအပ်သော အရာများ ပါဝင်သည်ဟု စင်ကာပူ အသိုင်းအဝိုင်းမှ ယူဆသဖြင့် ပိတ်ပင်သည် ဟု ဖော်ပြထားသည်။ ထိုသို့ ပိတ်ပင်ထားမှုမှာ အိမ်သုံး ကွန်ယက်များတွင် သာလျှင် ပိတ်ပင်ထားသဖြင့် အသုံးပြုသူများ အနေနှင့် ရုံးရှိ ကွန်ပြူတာများကို သုံး၍ ထိုဝက်ဘ်ဆိုက်ဒ်များကို ကြည့်ရှုနိုင်သည်။ ဆက်စပ်ကြည့်ရှုရန် လီကွမ်းယု ကိုးကား ပြင်ပလင့်ခ်များ နိုင်ငံ စင်ကာပူနိုင်ငံ အာဆီယံအသင်းဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%84%E1%80%BA%E1%80%80%E1%80%AC%E1%80%95%E1%80%B0%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ဖိလစ်ပိုင်နိုင်ငံ
ဖိလစ်ပိုင်နိုင်ငံ ()၊ တရားဝင်အမည် ဖိလစ်ပိုင်သမ္မတနိုင်ငံသည် အရှေ့တောင်အာရှရှိ ကျွန်းစုနိုင်ငံတစ်ခု ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တည်ရှိပြီး ကျွန်းပေါင်း ၇,၆၄၁ ခု ပါဝင်ကာ မြောက်ဘက်မှ တောင်ဘက်သို့ လူဇွန်း၊ ဗီဆားယပ် နှင့် မင်းဒါးနောင်း ဟူ၍ အဓိက ပထဝီဒေသကြီး သုံးခု အဖြစ် ပိုင်းခြားထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်မှာ မနီလာမြို့ ဖြစ်ပြီး လူဦးရေအများဆုံးမြို့မှာ ကွီဇွန်းစီးတီး ဖြစ်ကာ နှစ်မြို့စလုံးသည် မက်ထရိုမနီလာတွင် ပါဝင်သည်။ အနောက်ဘက်တွင် တောင်တရုတ်ပင်လယ်၊ အရှေ့ဘက်တွင် ဖိလစ်ပိုင်ပင်လယ်နှင့် အနောက်တောင်ဘက်တွင် ဆဲလဘီး ပင်လယ်တို့ဖြင့် ဝန်းရံလျက်ရှိပြီး မြောက်ဘက်တွင် ထိုင်ဝမ်နိုင်ငံ၊ အနောက်ဘက်တွင် ဗီယက်နမ်နိုင်ငံ၊ အရှေ့ဘက်တွင် ပလောင်းနိုင်ငံ၊ တောင်ဘက်တွင် မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ တည်ရှိသည်။ ပစိဖိတ် ချော်ရည်ပူရပ်ဝန်းပေါ်တွင် တည်ရှိခြင်း နှင့် အီကွေတာနှင့် နီးကပ်ခြင်းတို့ကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ငလျင် နှင့် တိုင်ဖွန်းမုန်တိုင်း စသော သဘာဝ ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသကဲ့သို့ ပေါများလှသော သဘာဝ အရင်းအမြစ်များ နှင့် ကမ္ဘာပေါ်တွင် အများပြားဆုံး ဇီဝမျိုးကွဲများ ရှိရာဒေသလည်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဧရိယာမှာ ၁၂၀,၀၀၀ စတုရန်းမိုင် (၃၀၀,၀၀၀ စတုရန်း ကီလိုမီတာ) ရှိပြီး ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင်အဖွဲ့ နှင့် ကမ္ဘာ့ဘဏ်တို့၏ စာရင်းဇယားများအရ ၂၀၁၅ ခုနှစ်တွင် လူဦးရေ အနည်းဆုံး သန်း၁၀၀ မျှ ရှိသည်။၂၀၁၈ ခုနှစ်တွင် အာရှတွင် အဋ္ဌမမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး တကမ္ဘာလုံးတွင် လူဦးရေအများဆုံး အဆင့် ၁၂ ရှိသည်။ ဖိလစ်ပိုင်လူမျိုး ၁၀ သန်းခန့် သည် နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင်ကြသဖြင့် ကမ္ဘာပေါ်တွင် နိုင်ငံပြင်ပ နေထိုင်သူ အများဆုံးနိုင်ငံဖြစ်သည်။ ကျွန်းများတလျှောက်တွင် လူမျိုးအစု အများအပြားနှင့် ယဉ်ကျေးမှု အများအပြားကို တွေ့နိုင်သည်။ သမိုင်းမတင်မီခေတ်က နီဂရီတိုများသည် ကျွန်းများတွင် အစောဆုံး နေထိုင်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့နောက်တွင် အော်စထရိုနီးရှန်းလူမျိုးများ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာခဲ့သည်။ မလေး၊ အိန္ဒိယ၊ အာရပ် နှင့် တရုတ် တိုင်းပြည်များနှင့် ကုန်ဖလှယ်မှုများ ရှိခဲ့သည်။ ထို့နောက်တွင် အပြိုင်အဆိုင်ဖြစ်သော ပင်လယ်ဒေသ တိုင်းပြည်များကို ဒါတုများ၊ ရာဂျာများ၊ စူလတန်များ နှင့် လာကန်း များမှ တည်ထောင်ခဲ့ကြသည်။ ၁၅၂၁ ခုနှစ်တွင် ပေါ်တူဂီ စူးစမ်းရှာဖွေသူ ဖာဒီနန် မဂျဲလန်မှ စပိန်သင်္ဘောများကို ဦးဆောင်၍ အရှေ့ဆာမားရှိ ဟိုမွန်ဟွန်ဒေသသို့ ရောက်ရှိလာခဲ့ပြီးနောက် စပိန်တို့၏ ကိုလိုနီပြုမှု စတင်ခဲ့သည်။ ၁၅၄၃ ခုနှစ်တွင် စပိန် စူးစမ်း ရှာဖွေသူ ရိုင်လိုပက်ဇ် ဒီ ဗီလာလိုဘို မှ ကျွန်းစုများအား စပိန်ဘုရင် ဒုတိယမြောက်ဖိလစ်ကို ဂုဏ်ပြုသည့် အနေနှင့် လာ့ အစ်စလာ ဖီလီပီနာ ဟု အမည်ပေးခဲ့သည်။ ၁၅၆၅ ခုနှစ်တွင် မက္ကဆီကိုစီးတီးမှ မစ်ဂူယယ် လိုပက်ဇ် ဒီ လယ်ဂပ်ဇီ ရောက်ရှိလာပြီးနောက် ကျွန်းစုများပေါ်တွင် ပထမဆုံး စပိန်တို့၏ အခြေချနေထိုင်မှုကို စတင်တည်ထောင်ခဲ့သည်။ ဖိလစ်ပိုင်သည် စပိန်အင်ပိုင်ယာ၏ အစိတ်အပိုင်းတစ်ခု အဖြစ် နှစ်ပေါင်း ၃၀၀ ကျော်မျှ တည်ရှိခဲ့သည်။ ထို့အတွက်ကြောင့် အဓိက ကိုးကွယ်သည့်ဘာသာမှာ ကက်သလစ် ဘာသာ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် မနီလာမှာ ပစိဖိတ်ဖြတ်သန်း ကုန်သွယ်မှု အတွက် အနောက်ဘက် အချက်အချာ ဒေသ ဖြစ်လာခဲ့ပြီး အာရှအား မက္ကဆီကိုနိုင်ငံရှိ အာကာပူလ်ကိုမြို့ နှင့် မနီလာ ဂယ်လီယွန်ဟု ခေါ်သည့် ကမ္ဘာပတ် စပိန် ကုန်သွယ် သင်္ဘောများဖြင့် ဆက်သွယ်ပေးခဲ့သည်။ ၁၉ ရာစုမှ ၂၀ ရာစုသို့ ပြောင်းလဲလာသော အခါတွင် ဖိလစ်ပိုင်တော်လှန်ရေး ဖြစ်ပွားခဲ့ပြီး ထိုမှ တဆင့် ခေတ္တမျှသာ သက်တမ်းရှိသော ပထမဆုံး ဖိလစ်ပိုင် သမ္မတနိုင်ငံတော်ကို မွေးဖွားပေးခဲ့ကာ ထို့နောက်တွင် သွေးစွန်းသော ဖိလစ်ပိုင်-အမေရိကန် စစ်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲကြောင့် အပါအဝင် နောက်ဆက်တွဲ ဖြစ်ပွားသော ကာလဝမ်းရောဂါကပ်ဘေးကြောင့် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်သူ ထောင်ဂဏန်း နှင့် အရပ်သား သောင်းဂဏန်း သေဆုံးခဲ့ရသည်။ ဂျပန်တို့ ဝင်ရောက်သိမ်းယူသည့် အချိန်မှလွဲ၍ အမေရိကန်ပြည်ထောင်စုသည် ဒုတိယကမ္ဘာစစ် ပြီးသည့် အချိန်အထိ ကျွန်းများ၏ အချုပ်အခြာအာဏာကို ထိန်းချုပ်ထားခဲသည်။ ထို့နောက်တွင် ဖိလစ်ပိုင်အား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုအချိန်မှ စ၍ တပေါင်းတစည်းတည်းဖြစ်သော အချုပ်အခြာအာဏာနိုင်ငံသည် ဆူညံပွက်လောရိုက်နေသော ဒီမိုကရေစီစနစ်၏ အတွေ့အကြုံကို မကြာခဏ တွေ့ကြုံခံစားခဲ့ရပြီး အကြမ်းမဖက်သော တော်လှန်ရေးဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ခြင်းလည်း အပါအဝင် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အာဆီယံ၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ နှင့် အရှေ့အာရှ ထိပ်သီးနိုင်ငံများ အဖွဲ့တို့ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သောနိုင်ငံဖြစ်သည်။ ထို့ပြင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ဌာနချုပ် တည်ရှိရာ နိုင်ငံလည်း ဖြစ်သည်။ ဖိလစ်ပိုင်အား ထွန်းသစ်စ ဈေးကွက်နိုင်ငံ နှင့် စက်မှုပြောင်းလဲရေး နိုင်ငံအသစ် အဖြစ် မှတ်ယူကြပြီး စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးမှ ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုတို့သို့ ပိုမို အခြေခံသော စီးပွားရေး အဖြစ် ပြောင်းလဲလျက် ရှိသည်။ အရှေတောင်အာရှတွင် အရှေ့တီမောနိုင်ငံ နှင့် အတူ ခရစ်ယာန်ဘာသာ အဓိက ကိုးကွယ်ရာ နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိသည်။ အမည်ရင်းမြစ် ဖိလစ်ပိုင်ဟူသော အမည်သည် စပိန် ဒုတိယမြောက် ဖိလစ်ဘုရင်ကို ဂုဏ်ပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ စပိန် စွန့်စားရှာဖွေသူ ရိုင်လိုပက်ဇ် ဒီ ဗီလာလိုဘို က ၎င်း၏ ၁၅၄၂ ခုနှစ် ရှာဖွေရေး ခရီးစဉ်အတွင်း လေးယတ် နှင့် ဆာမားကျွန်းများအား ထိုအချိန်က ဩစတြီးယားမင်းသား ဖြစ်နေသူ ဖိလစ်အား အစွဲပြု၍ ဖဲလီပီးနားဟု အမည်ပေးခဲ့သည်။ နောက်ဆုံးတွင် လာ့ အစ်စလာ့ ဖီလီပီနာ ဟူသော အမည်သည် ကျွန်းစုအတွင်းရှိ ကျွန်းများအားလုံးကို ရည်ညွှန်းခေါ်ဆိုသော အမည်ဖြစ်လာခဲ့သည်။ ထိုအမည်အား ကျယ်ပြန့်စွာ မသုံးနှုန်းမီက အခြားအမည်များ ဖြစ်သော အစ်စလာ့ ဒယ် ပိုနီယန်တေး (အနောက်ဘက်မှ ကျွန်းများ) နှင့် မဂျဲလင်ပေးခဲ့သည့် အမည်ဖြစ်သော ဆန် လာဇာရို စသော အမည်များကို အသုံးပြု၍လည်း စပိန်တို့မှ ထိုကျွန်းများကို ရည်ညွှန်းခေါ်ဆိုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ တရားဝင်အမည်သည် သမိုင်းတလျှောက်တွင် အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်။ ဖိလစ်ပိုင်တော်လှန်ရေး ကာလအတွင်းတွင် တော်လှန်ရေးအစိုးရဖြစ်သော မာလိုလော့စ် ကွန်ဂရက်မှ ရီပတ်ဘလစ်ကာ ဖိလစ်ပီနာ သို့ မဟုတ် ဖိလစ်ပိုင် သမ္မတနိုင်ငံ ကို ထူထောင်ကြောင်း ကြေညာခဲ့ဖူးသည်။ စပိန်-အမေရိကန်စစ် (၁၈၉၈) မှ ဖိလစ်ပိုင်-အမေရိကန်စစ် (၁၈၉၉-၁၉၀၂) ကို ဖြတ်သန်း၍ ဓနသဟာယနိုင်ငံ ဖြစ်သည့်အချိန် (၁၉၃၅-၁၉၄၆) အထိပင် အမေရိကန် ကိုလိုနီ အာဏာပိုင်များက နိုင်ငံအား ဖိလစ်ပိုင်ကျွန်းများဟု ရည်ညွှန်းခေါ်ဆိုခဲ့ကြပြီး စပိန်အမည်မှ ဘာသာပြန်ထားခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ် ပြီးသည့် အချိန်တွင် နိုင်ငံ၏ တရားဝင်အမည်သည် ဖိလစ်ပိုင် သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ သမိုင်း သမိုင်းမတင်မီခေတ် ၂၀၁၈ ခုနှစ်တွင် ကာလင်ဂါပြည်နယ် ရိုင်ဇယ်တွင် တွေ့ရှိရသော ကျောက်ခေတ်ကိရိယာများ နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကြောင့် ကျွန်းစုများတွင် နေထိုင်ခဲ့သော အစောဆုံး ဟိုမီနင်းလူသားများရှိကြောင်း သက်သေအထောက်အထားကို လွန်ခဲ့သော နှစ်ပေါင်း ၇၀၉,၀၀၀ အထိ တွန်းပို့ပေးခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင်ကျွန်းစုများတွင် ယနေ့အထိ တွေ့ရှိရသည့် လူတို့၏ ရုပ်ကြွင်းများကို ယူရေနီယမ် အသုံးပြု တွက်ချက်သည့် နည်းလမ်းဖြင့် စိတ်အချရဆုံး စမ်းသပ်တွေ့ရှိထားသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၇,၀၀၀မှ ကာလျောင်းလူ၏ ခြေထောက်အရိုးများပင်ဖြစ်သည်။ ယခင်က ထိုထက်စောစီးစွာ တွေ့ရှိရသည်မှာ ကာဘွန်အသုံးပြု တွက်ချက်သည့် နည်းလမ်းဖြင့် စမ်းသပ်ထားသည့် လွန်ခဲ့သော နှစ်ပေါင်း ၂၆,၅၀၀ မှ ပလာဝမ်ရှိ တာဘွန်းလူများ ဖြစ်သည်။ နီဂရီတိုများသည် ကျွန်းစုများတွင် အစောဆုံးနေထိုင်သော လူများဖြစ်သောလည်း ၎င်းတို့၏ ဖိလစ်ပိုင်တွင် ပထမဆုံး အခြေချနေထိုင်မှုကို စိတ်ချရသည့် နည်းလမ်းဖြင့် စမ်းသပ်ထားခြင်း မရှိပေ။ ရှေးခေတ် ဖိလစ်ပိုင်လူမျိုးများ၏ ဇာစ်မြစ်နှင့် ပတ်သက်၍ ဆန့်ကျင်ဘက်ဖြစ်နေသာ သီအိုရီအချို့ရှိသည်။ အက်ဖ် လန်ဒါ ဂျိုကာနို၏ သီအိုရီ အရ ဖိလစ်ပိုင်လူမျိုးတို့၏ ဘိုးဘေးများသည် ဒေသတွင်း၌ပင် ဆင့်ကဲပြောင်းလဲလာခဲ့သည်ဟု ဆိုသည်။ ဝီလ်ဟမ် ဆိုလ်ဟိမ်း၏ ကျွန်းဇာစ်မြစ်သီအိုရီ အရ ဘီစီ ၄၈,၀၀၀ မှ ၅,၀၀၀ ခုနှစ် အတွင်း ယခု ပင်လယ်ရေအောက်သို့ မြုပ်နေသာ ဆွန်ဒါလန်း ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် ကျွန်းစုများသို့ လူများ တဖြည်းဖြည်း ရောက်ရှိလာခြင်း ဖြစ်ပြီး အများကြီး တစ်ပြိုင်နက်တည်း ပြောင်းရွှေ့လာခြင်းမဟုတ်ဟု ဆွေးနွေးထားသည်။ အော်စထရိုနီးရှန်း ချဲ့ထွင်မှု သီအိုရီ အရ ထိုင်ဝမ်မှ မလာယို-ပိုလီနီးရှန်း လူမျိုးများသည် ဖိလစ်ပိုင်သို့ ဘီစီ ၄,၀၀၀ ခန့်တွင် ပြောင်းရွှေ့လာခဲ့ပြီး နဂိုမူလလူများနေရာတွင် ဝင်ရောက် အစားထိုး နေထိုင်ကြသည်ဟု ရှင်းပြထားသည်။ ရှေးဟောင်းသုတေသနနှင့် ဘာသာဗေဒဆိုင်ရာ သက်သေများအရ အများစု လက်ခံထားသည့် သီအိုရီမှ ထိုင်ဝမ်မှ ပြောင်းရွှေ့လာသည်ဆိုသော သီအိုရီဖြစ်ပြီး ထိုသီအိုရီအရ ယန်စီမြစ်ဝှမ်းရှိ လျံဇူးယဉ်ကျေးမှု အစရှိသော ယဉ်ကျေးမှုလောကများမှ ဆင်းသက်လာသော ထိုင်ဝမ်မှ အော်စထရိုနီးရှန်းများသည် ဘီစီ ၄,၀၀၀ ခန့်တွင် ဖိလစ်ပိုင်သို့ စတင်ရွှေ့ပြောင်းလာခဲ့ပြီး အစောပိုင်းရောက်ရှိနေသူများနေရာတွင် အစားထိုး ဝင်ရောက်ခဲ့သည် ဟု ယူဆထားကြသည်။ ကျောက်ခေတ်သစ်ကာလအတွင်း ကျောက်စိမ်းယဉ်ကျေးမှု တည်ရှိခဲ့သည်ဟု ယူဆရပြီး ဖိလစ်ပိုင်တွင် ဘီစီ ၂,၀၀၀ ခုနှစ်ခန့်က အထိ ရှေးကျသည့် ကျောက်စိမ်းဖြင့် အနုစိတ်ထွင်းထုထားသော လက်မှုပစ္စည်းများကို သောင်းဂဏန်းမျှ တွေ့ရှိရသည်။ ကျောက်စိမ်းသည် အနီးအနားရှိ ထိုင်ဝမ်မှ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုကြပြီး အရှေ့တောင်အာရှ၏ ကုန်းမကြီးနှင့် ကျွန်းများတွင်လည်း တွေ့ရှိရသည်။ ထိုလက်မှုပစ္စည်းများကြောင့် သမိုင်းမတင်မီခေတ်က အရှေ့တောင်အာရှ လူ့အဖွဲ့အစည်းများကြားတွင် အကွာအဝေး ရှည်လျားစွာ ဆက်သွယ်မှုရှိသည်ဆိုသော အချက်အတွက် သက်သေဖြစ်သည်။ ဘီစီ ၁၀၀၀ ခုနှစ်သို့ ရောက်သော အခါတွင် ကျွန်းစုများတွင် နေထိုင်သူများသည် လူမှုအဖွဲ့အစည်း ၄ ခု အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့မှာ မုဆိုး-ရှာဖွေစုဆောင်းသူ လူမျိုးစုများ၊ စစ်သူရဲလူမျိုးစုများ၊ တောင်ကုန်းနေ ဓနရှင်အုပ်စိုးသော လူမျိုးစုများ နှင့် ဆိပ်ကမ်းနေ လူမျိုးစုများတို့ ဖြစ်ကြသည်။ ကိုလိုနီ မတိုင်မီခေတ် ယခုအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၏ သမိုင်းမတင်မီခေတ်နှင့် အစောပိုင်းသမိုင်းကို ခွဲခြားထားသော အပိုင်းအခြားမှာ အေဒီ ၉၀၀ ခုနှစ် ဧပြီလ ၂၁ ရက် ဖြစ်ပြီး ထိုနေ့မှာ လာဂူးနား ကြေးနီပြားပေါ်တွင် ရေးထိုးထားသော ဂရီဂိုးရီးယန်း ပြက္ခဒိန်နှင့် ညီမျှသော နေ့စွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အစောဆုံး မပျက်မစီးကျန်ရစ်သော မှတ်တမ်းစာ လည်း ဖြစ်သည်။ ထိုနေ့မှာ မနုဿဗေဒပညာရှင်တို့မှ ဖိလစ်ပိုင်၏ တိုးတက်လာသော အချိန်အပိုင်းအခြားဟု သတ်မှတ်ထားသည် ၁ရာစု မှ ၁၄ ရာစု ၏ အလယ်ဖြစ်သည်။ တိုးတက်လာသော အချိန်အပိုင်းအခြားမှာ လူအဖွဲ့အစည်း နှင့် ယဉ်ကျေးမှုဆိုင်ရာ ပုံစံများ အသစ်ဖြစ်ပေါ်လာခြင်း၊ လူမှုရေးဆိုင်ရာ အဆင့်အတန်းများ ကွဲပြား၍ အထူးပြုအလုပ်များ ပေါ်ပေါက်လာခြင်း နှင့် ဒေသတွင်းနှင့် နိုင်ငံတကာသို့ ကုန်သွယ်မှုများ ပြုလုပ်လာခြင်းတို့ ဖြစ်သည်။ ၁၃၀၀ ခုနှစ်များသို့ ရောက်သောအခါတွင် ကမ်းရိုးတန်းရှိ ကျယ်ပြန့်သော မြို့ရွာဒေသများမှာ တိုးတက်နေသော ကုန်သွယ်ရေးဌာနများ ဖြစ်လာခဲ့ပြီး လူ့အဖွဲ့အစည်း အပြောင်းအလဲအတွက် ဗဟိုချက်မ ဖြစ်လာခဲ့ကာ ရှုပ်ထွေးသော ဘဝပုံစံများဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။ ထို သွင်ပြင်လက္ခဏာကို ဖိလစ်ပိုင် မနုဿဗေဒပညာရှင် အက်ဖ် လန်ဒါ ဂျိုကာနိုက ဖိလစ်ပိုင် အစောပိုင်းသမိုင်း၏ ဘာရန်ဂစ်အစိတ်အပိုင်းဟု အမည်ပေးခဲ့ပြီး ထိုအချိန်ကာလမှာ ၁၄ ရာစု အစမှ စပိန်ကိုလိုနီနယ်ချဲ့တို့ ရောက်ရှိလာပြီး ဖိလစ်ပိုင်၏ ကိုလိုနီခေတ်စသည့် အချိန် အထိပင် ဖြစ်သည်။ အေဒီ ၁ ရာစုတွင် သံကို တွေ့ရှိခဲ့သည်မှ စ၍ ထင်ရှားသော လူမှုရေးနှင့် စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ထို့အတွက်ကြောင့် မြို့ရွာဒေသများ ကြီးမားကျယ်ပြန့်လာခဲ့ကာ အလွှာခွဲခြားခြင်းနှင့် အထူးပြုလုပ်ကိုင်ခြင်း စသော လူမှုဘဝ ပုံစံအသစ်များ ဖြစ်ထွန်းလာခဲ့သည်။ ဤလူ့အဖွဲ့အစည်းများထဲမှ အချို့ အထူးသဖြင့် မြစ်ကြီးများ၏ မြစ်ဝ သို့မဟုတ် မြစ်ဝအနီးတွင်ရှိသော ကမ်းရိုးတန်းမြို့ရွာဒေသများမှာ နောက်ဆုံးတွင် အရှေ့တောင်အာရှ၏ အစောပိုင်း ကုန်သွယ်ရေး အင်အားကြီးနိုင်ငံများနှင့် သိသာသော ပမာဏတစ်ခုမျှ ကုန်သွယ်မှုပြုသည် အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အထူးသဖြင့် အိန္ဒိယ ယဉ်ကျေးမှု လွှမ်းမိုးသော မလေးရှားပြည် နှင့် ဂျားဗားပြည် တို့အပြင် တရုတ်ရှိ မင်းဆက်အမျိုးမျိုး ထိုင်း, နှင့် နောက်ပိုင်းတွင် မွတ်စလင် စူလတန်နယ် ဘရူနိုင်းတို့ ပါဝင်သည်။ ထို့အပြင် ဗီယက်နမ် ဂျပန် နှင့် အခြားသော အော်စထရိုနီးရှန်း တိုင်းပြည်များ နှင့်လည်း ကုန်သွယ်မှုပြုခဲ့ကြသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တွေ့ရှိချက်များ အရ တရုတ်တို့နှင့် ကုန်သွယ်ခြင်းသည် တန်မင်းဆက် လက်ထက်တွင် စတင်ခဲ့ပြီး ဆောင်မင်းဆက် လက်ထက်တွင် ပိုမိုကျယ်ပြန့်လာခဲ့သည်။ အေဒီ ၂ ရာစုသို့ ရောက်သော အခါတွင် ဖိလစ်ပိုင်ရှိ အချို့သော (အကုန်မဟုတ်ပေ) လူ့အဖွဲ့အစည်းများသည် တရုတ်သို့ ကိုယ်စားလှယ်များ စေလွှတ်ပြီး တရုတ်တော်ဝင်နန်းတော်မှ သတ်မှတ်ထားသော အစွယ်အပွား စနစ်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။ ထိုသို့သော အစွယ်အပွားနိုင်ငံများသည် တရုတ်ဗဟိုပြု စနစ်ကို လက်ခံကြရပြီး ထိုစနစ်မှ တရုတ်နှင့် တော်ဝင်နန်းတော်တို့အား ကမ္ဘာ၏ ယဉ်ကျေးမှု ဗဟိုဌာန အဖြစ် ရှုမြင်ကြသည်။ ဖိလစ်ပိုင်၏ အစောပိုင်း လူ့အဖွဲ့အစည်းများသည် ထိုစနစ်ကို ကျင့်သုံးခြင်းဖြင့် တရုတ်နှင့် ကုန်သွယ်ရန် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့သော်လည်း ထိုအခြေအနေသည် စစ်ရေး နိုင်ငံရေး အရ ထိန်းချုပ်နိုင်ခြင်းဟု အဓိပ္ပာယ် အမှန်တကယ် မသက်ရောက်ခဲ့ပေ။ အစောပိုင်း ဖိလစ်ပိုင်လူ့အဖွဲ့အစည်းများ အင်ဒိုနီးရှား နှင့် မလေးရှားရှိ နိုင်ငံအဆင့် အဖွဲ့အစည်းများနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍မူ ဒဏ္ဍာရီများတွင် အစောပိုင်း ဖိလစ်ပိုင် လူ့အဖွဲ့အစည်းများသည် သီရိဝိဇယ အင်ပိုင်ယာနှင့် ဆက်ဆံရေး ရှိကြောင်း ပြောလေ့ရှိသော်လည်း ထိုသို့ ဆက်ဆံရေး ရှိကြောင်းကို သက်သေပြနိုင်မည့် မည်သို့သော ရှေးဟောင်း သုတေသန အထောက်အထားကိုမှ မတွေ့ရှိခဲ့ရပေ။ သို့သော်လည်း အခြားတစ်ဖက်တွင် မာဂျာပါဟစ် အင်ပိုင်ယာ နှင့် ကုန်သွယ်မှု ပြုခဲ့ကောင်းကိုမူ လုံလောက်သော အထောက်အထား များ တွေ့ရှိရသည်။ ဖိလစ်ပိုင်၏ အစောပိုင်း လူ့အဖွဲ့အစည်းများအပေါ်တွင် အိန္ဒိယတို့၏ ယဉ်ကျေးမှုဆိုင်ရာ ဩဇာလွှမ်းမိုးမှု မည်မျှ အတိုင်းအတာ အထိ ရှိသည် နှင့် မည်သို့ ရှိသည် ဆိုသော အချက်မှာ အရှေ့တောင်အာရှ သမိုင်းပညာရှင်များကြားတွင် အငြင်းပွားစရာ အချို့ ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ပညာရှင် အများ သဘောတူညီမှု ရထားသည်မှာ ထိုစဉ်က အိန္ဒိယနှင့် ဖိလစ်ပိုင်ကြားတွင် တိုက်ရိုက် ကုန်သွယ်မှု အနည်းငယ်မျှသာ ရှိသည် သို့မဟုတ် လုံးဝ မရှိသလောက် ဖြစ်သည် ဟူ၍ ဖြစ်သည်။ အိန္ဒိယ၏ ယဉ်ကျေးမှု လက္ခဏာများ ဖြစ်သော စကားလုံး အသုံးအနှုန်း များနှင့် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုများမှာ ၁၀ ရာစုမှ ၁၄ ရာစု အစောပိုင်းအတွင်း စိမ့်ဝင်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်း ဖိလစ်ပိုင် လူ့အဖွဲ့အစည်းများနှင့် ဟိန္ဒူမာဂျာပါဟစ် အင်ပိုင်ယာတို့ ကြားရှိ ဆက်ဆံရေးမှ တဆင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ဖိလစ်ပိုင် ကျွန်းစုများသည် မဟာအိန္ဒိယ ယဉ်ကျေးမှုဇုံ၏ အပြင်ဘက် အစွန်းတွင် ရှိသော နိုင်ငံ တစ်နိုင်ငံ အဖြစ် တည်ရှိခဲ့သည်။ (အခြားသောနိုင်ငံများမှာ အာဖဂန်နစ္စတန် နှင့် တောင်ဗီယက်နမ်တို့ ဖြစ်ကြသည်။ ဖိလစ်ပိုင်ကျွန်းစုများ၏ အစောပိုင်းလူ့အဖွဲ့အစည်းများ၏ သွင်ပြင်လက္ခဏာမှာ ပုံမှန်အားဖြင့် အဆင့်အတန်း ၃ ခု ခွဲခြားထားသည်။ ကွဲပြားသော ယဉ်ကျေးမှုများတွင် ထိုအဆင့်အတန်း ၃ခုကို ကွဲပြားသော အသုံးအနှုန်းများဖြင့် ဖော်ပြလေ့ ရှိသော်လည်း မပြောင်းမလဲ ရှိသည်မှာ အထက်တန်းစာ သူကောင်းမျိုး အဆင့်၊ လွတ်လပ်သော လူ အဆင့် နှင့် အလီပင် သို့ မဟုတ် အိုရီပန်ဟု ခေါ်သော ကြွေးမြီရှိသူ မှီခိုအဆင့်တို့ ဖြစ်ကြသည်။ သူကောင်းမျိုး အဆင့်တွင် ပါဝင်သူများထဲတွင် နိုင်ငံအုပ်ချုပ်ရေး တာဝန်ကိုယူထားသော ဒါတု များ ပါဝင်ပြီး ၎င်းတို့သည် ကိုယ်ပိုင် အုပ်ချုပ်သည့် လူမှုရေးဆိုင်ရာ အစုအဖွဲ့များ ဖြစ်သော ဘာရန်းဂေး သို့မဟုတ် ဒူလိုဟန်တို့အား ဦးဆောင်ဦးရွက် ပြုကြသည်။ ထိုဘာရန်ဂေးများ ပေါင်းစပ်ကြသည့် အခါတွင် ပိုမိုကြီးပြသော မြို့ရွာဒေသများကို တည်ထောင်ကြသည် သို့မဟုတ် ပထဝီ အနေအထားရ ပိုမို၍ လျော့ရဲသော မဟာမိတ် အဖွဲ့များ, အဖြစ် နေထိုင်လေ့ ရှိကြလေသည်။ ထိုအစုအဖွဲ့များတွင် အသက်အကြီးဆုံး သို့မဟုတ် လူအလေးစား ခံရဆုံး သူအား ထိပ်ဆုံး ဒါတု အဖြစ် အသိအမှတ်ပြုကြပြီး လာကန်၊ ဆူလတန်၊ ရာဂျာ သို့မဟုတ် ပိုမို၍ လုပ်သက်ရင့်သော ဒါတု ဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ အစောပိုင်း သမိုင်းဝင် ကမ်းရိုးတန်း မြို့ပြနိုင်ငံများနှင့် အစိုးရများ ထိုမြို့ပြနိုင်ငံနှင့် ပြည်ထောင်များ၏ အစောဆုံးသမိုင်းမှတ်တမ်းမှာ လာဂူးနား ကြေးပြားစာပေါ်တွင် တွေ့ရပြီး ထိုမှတ်တမ်းမှ တာဂါးလော့ နိုင်ငံဖြစ်သော တွန်ဒို (အေဒီ ၉၀၀ မတိုင်မီ မှ အေဒီ ၁၅၈၉) နှင့် တွန်ဒိုအနီးတဝိုက်တွင် တည်ရှိမည်ဟု ယူဆရသော အခြားဒေသ နှစ်ခု သုံးခု တို့ အပြင် မင်ဒါနောင်းရှိ ဒီဝါတာတောင် အနီးမှ ဒေသတစ်ခု နှင့် ဂျားဗားကျွန်းပေါ်မှ မီဒန်ဘုရားကျောင်း အစုအဝေးတို့ ကို သွယ်ဝိုက်ရည်ညွှန်းထားသည်။ ထိုနိုင်ငံများ၏ နိုင်ငံရေး ဆက်သွယ်မှု အတိအကျကို ကြေးပြားစာပေါ်တွင် ဖော်ပြထားသည်မှာ မရှင်းသော်လည်း ထိုကြေးပြားစာသည် ဒေသတွင်းနှင့် ဒေသပြင်ပ နိုင်ငံရေးဆက်သွယ်မှုများ အေဒီ ၉၀၀ မတိုင်မီကပင် ရှိခဲ့ကြောင်းကို ပုံမှန်အားဖြင့် လက်ခံထားသည့် သက်သေ အထောက်အထားပင် ဖြစ်သည်။ ၁၅၀၀ ခုနှစ်များတွင် အစောဆုံး ဥရောပသား လူမျိုးခွဲဗေဒပညာရှင်များ ရောက်ရှိလာသည့် အခါတွင် တွန်ဒိုအား "လာကန်း" ဟု ခေါ်သည့် အာဏာစက်ပြင်းသည့် ခေါင်းဆောင်တစ်ဦးမှ အုပ်ချုပ်လျက် ရှိသည်။ ၎င်းသည် အဓိက ကုန်သွယ်ရေးဌာန တစ်ခု ဖြစ်လာပြီး တရုတ်ပြည် မင်မင်းဆက်နှင့် ကုန်သွယ်ရေးအား မနီလာ ရာဂျာပြည်နှင့် အတူ ကျွန်းစု တစ်ခုလုံးရှိ ကုန်ပစ္စည်းများအား လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခဲ့သည်။ ထိုကုန်သွယ်ရေးမှာ အလွန်အရေးပါသဖြင့် ယောင်ဂယ်လ်ဘုရင်သည် ကိုချာလောင်း အမည်ရှိသော တရုတ်ဘုရင်ခံအား ကုန်သွယ်ရေးများကို စောင့်ကြည့်နိုင်ရန် ခန့်အပ်ထားခဲ့သည်။ နောက်ထပ် ဖိလစ်ပိုင်အတွင်းရှိ ဒေသတစ်ခုအား သမိုင်းမှတ်တမ်းတွင် ရည်ညွှန်းထားခဲ့ခြင်းမှာ ဆောင်မင်းဆက်၏ တရားဝင် သမိုင်းစာအုပ် အတွဲ ၁၈၆ တွင် ဖြစ်ပြီး ၎င်းစာအုပ်တွင် ဗုဒ္ဓဘာသာ တိုင်းပြည်ဟု ယူဆသော မာအီပြည်ဟု (အေဒီ ၉၇၁ မတိုင်မီ မှ ၁၃၃၉ အကျော်အထိ) ဖော်ပြထားခဲ့သည်။ ဆောင်မင်းဆက်မှ ကုန်သည်များသည် မာအီသို့ နှစ်စဉ် လာရောက်လေ့ ရှိကြပြီး ၎င်းတို့၏ မှတ်တမ်းများတွင် မာအီ၏ ပထဝီဝင်၊ ကုန်သွယ်သည့် ပစ္စည်းများနှင့် အုပ်စိုးသူ၏ ကုန်သွယ်ရေး အပြုအမူများကို ဖော်ပြထားခဲ့ကြသည်။ တရုတ်ကုန်သည်များမှ မာအီနိုင်ငံသားများသည် ရိုးသားပြီး ယုံကြည်ရသူများ ဖြစ်သည်ဟု မှတ်တမ်းတင်ထားခဲ့သည်။ သို့သော်လည်း ထိုမှတ်တမ်းများတွင် မာအီ၏ တည်နေရာကို ရှင်းလင်းစွာ မဖောပြထားသဖြင့် မာအီ၏ တည်နေရာမှာ အငြင်းပွားဖွယ် ဖြစ်နေပြီး အချို့သော ပညာရှင်များက လာဂွန်းနား ပြည်နယ် ဘေးမြို့ နေရာတွင် တည်ရှိသည်ဟု ယုံကြည်ကြပြီး အခြားသူများက မင်ဒိုရိုကျွန်းပေါ်တွင် တည်ရှိသည်ဟု ယုံကြည်ကြသည်။ ဆောင်မင်းဆက်၏ တရားဝင် သမိုင်းမှ ထပ်မံရည်ညွှန်းသည်မှာ မင်ဒါနောင်း အရှေ့မြောက်ပိုင်းရှိ ဘူတွမ် ရာဂျားနယ်မြေ () ဖြစ်ပြီး ၎င်းမှာ ဖိလစ်ပိုင် ကျွန်းစုများမှ တရုတ်အင်ပိုင်ယာသို့ ၁၀၀၁ ခုနှစ် မတ်လ ၁၇ ရက်တွင် ပထမဆုံး သံတမန်အဖွဲ့စေလွှတ်သော တိုင်းနိုင်ငံ အဖြစ် မှတ်တမ်းတင်ထားသည်။ ဘူတွမ်သည် ဆရီ ဘာတာ ရှားဂျာ ရာဂျာ ၏ လက်အောက်တွင် ထင်ရှားခဲ့ပြီး ထိုသူမှာ ဗုဒ္ဓဘာသာ အုပ်စိုးသူလူတန်းစားမှ ဟိန္ဒူနိုင်ငံကို အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ ထိုနိုင်ငံသည် နိုင်ငံတွင်း ရွှေပန်းတိမ် လုပ်ငန်းကြောင့် အင်အားကြီးလာခဲ့ပြီး ချမ်ပါး ယဉ်ကျေးမှုလောက နှင့် သံတမန် အပြိုင်အဆိုင် ဖြစ်လာခဲ့သည်။ ဘူတွမ်သည် အလွန်ပင် ကြွယ်ဝချမ်းသာခဲ့ပြီး လတ်တလော ဘူတွမ်မှ တူးဖော် ရရှိခဲ့သော ရွှေ ပမာဏသည် ပိုမိုထင်ရှားသော သီရိဝိဇယ နိုင်ငံထက်ပင် ပို၍ များပြားသည်။ သမိုင်းပညာရှင် အီဖရန် အီဆိုရယ်နာ၏ အယူအဆအရ ဗီဆာယန်း ဓားပြအဖွဲ့များသည် တရုတ်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့များကို အေဒီ ၁၁၇၄ မှ ၁၁၉၀ အတွင်း လုယက်ခဲ့ကြပြီး အခြား သမိုင်းပညာရှင်များကမူ ထိုဓားပြအဖွဲ့များသည် ဖော်မိုဆာ (ယနေ့ခေတ် ထိုင်ဝမ်) မှ ဖြစ်သည်ဟု ယူဆကြသည်။ ဗီဆာယန်း ဓားပြအဖွဲ့များတွင် ဒါပီတန် ကယ်ဒါတွမ်ပြည်မှ လူများ ပါဝင်ပြီး ၎င်းနိုင်ငံမှာ လေတီ မှ ဒါတု ဆူမန်ဂါ မှ ဘတ်ဘန်း ဟာမူဆာနွမ်း မင်းသမီးအား တရုတ်အင်ပိုင်ယာ အတွင်းသို့ ထိုးဖောက်တိုက်ခိုက်နိုင်သော ၎င်း၏ စစ်အင်အားကို ပြ၍ နှစ်သက်အောင် ပြုလုပ်ပြီးနောက် တည်ထောင်ထားသော တိုင်းနိုင်ငံ ဖြစ်သည်။ သူတို့သည် သူတို့၏ နယ်မြေအား ချမ်းသာကြွယ်ဝပြီး အင်အားကြီးသော ပင်လယ်ကမ်းစပ် နိုင်ငံတော် အဖြစ် ဖန်တီးခဲ့ပြီး နောက်ဆုံးတွင် ၎င်းအား "ဗီဆာယား ၏ ဗင်းနစ်မြို့" ဟု ယူဆခဲ့ကြသည်။ ဒဏ္ဍာရီများ အရ မတ်ဒ်ဂျာ-အက်စ် ကယ်ဒါတွမ်ပြည် () အား သီရိဝိဇယနိုင်ငံ ပျက်သုဉ်းခဲ့သည့် ပြည်တွင်းစစ်ပွဲပြီးနောက်တွင် သီရိဝိဇယရှိ မလေးဒါတု များကို သစ္စာခံသူများက ကျူးကျော်သူ ခိုလာမင်းဆက် နှင့် ၎င်း၏ ရုပ်သေး ရာဂျာ မာကာတူနောင်း ကို ဆန့်ကျင်ပြီး ဗီဆာယားကျွန်းများတွင် လက်ကျန်နိုင်ငံကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအား တည်ထောင်ခဲ့သော ဒါတု ဖြစ်သူ ပူတီသည် ၎င်း၏ တိုင်းပြည်အသစ် နယ်နိမိတ်အား မူလရင်းနေ လူမျိုးစုဖြစ်သော အာတီတို့၏ လူစွမ်းကောင်း မာရီကူဒို ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ မတ်ဒ်ဂျာ-အက်စ် အား ပါနေးကျွန်းပေါ်တွင် တည်ထောင်ခဲ့သည်။ ပါနေးကျွန်းဆိုသော အမည်မှာ ပျက်သုဉ်းသွားခဲ့သော ပန်နိုင်းနိုင်ငံ အား အစွဲပြုမှည့်ခေါ်ထားခြင်း ဖြစ်သလို ပန်နိုင်းနိုင်ငံမှ ဆင်းသက်လာသူတို့ နေထိုင်ရာ ဖြစ်သည်။ ပန်နိုင်းသည် ဆူမတြာကျွန်းပေါ်တွင် တည်ရှိသော သီရိဝိဇယနိုင်ငံ၏ လက်အောက်ခံနိုင်ငံဖြစ်ပြီး ကမ္ဘာ့ အလုပ်အရှုပ်ဆုံး ပင်လယ်ရေကြောင်းသွား လမ်းကြပ်ဖြစ်သည့် မလက္ကာရေလက်ကြားအား အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သော ဟိန္ဒူ-ဗုဒ္ဓဘာသာ တပ် နေထိုင်ရာ နေရာ ဖြစ်ပြီး မလက္ကာရေလက်ကြားကို ကာကွယ်ရန်သည် ထိုအချိန်က သိသာသော စိန်ခေါ်မှု ဖြစ်ကာ ကမ္ဘာပေါ်ရှိ လူဦးရေ အများဆုံး နိုင်ငံ သုံးခုဖြစ်သည့် တရုတ်၊ အိန္ဒိယ နှင့် အင်ဒိုနီးရှားတို့က ဝိုင်းရံထားသောကြောင့် ဖြစ်သည်။ ပန်နိုင်းလူမျိုးတို့သည် ထိုရေလက်ကြားအား ၇၂၇ နှစ်တိုင် အန္တရာယ် ရန်စွယ်အားလုံးမှ ကာကွယ်ခဲ့ကြသည်။ ကျူးကျော်ဝင်ရောက်လာသူ ခိုလာ အင်ပိုင်ယာအား ပုန်ကန်ရာတွင် သစ္စာရှိ စစ်သူရဲများဖြစ်ကြသော မတ်ဒ်ဂျာ-အက်စ် လူမျိုးတို့သည် အနောက်ဘက်မှ ရောက်ရှိလာသော ဟိန္ဒူနှင့် အစ္စလာမ် ကျူးကျော်သူများအား ၎င်းတို့ အခြေစိုက်ရာ ဗီဆားယားကျွန်းများမှ ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြသည်။ စီဘူး ရာဂျာပြည် () မှာ ဗီဆာယားရှိ မတ်ဒ်ဂျာအက်စ်ပြည်၏ အိမ်နီးချင်း ဖြစ်ပြီး တမီးလ်သွေးပါဝင်သော ရာဂျာတစ်ဦး ဖြစ်သည့်အပြင် ချိုလာမင်းဆက် မျိုးနွယ်စုဝင် ဖြစ်သည့် ရာဂျာမူဒါ ဆရီ လူမေး မှ အုပ်ချုပ်သည်။ ဆရီလူမေးအား ချိုလာ မဟာရာဂျာမှ မတ်ဒ်ဂျာ-အက်စ် အား ကျူးကျော်ရန် စေလွှတ်လိုက်သော်လည်း ပုန်ကန်ခြားနားပြီး ၎င်း၏ ကိုယ်ပိုင် တမီးလ်-မလေး ရာဂျာပြည်ကို ထူထောင်ခဲ့သည်။ မဟာရာဂျာမှ ဆင်းသက်လာသူဖြစ်သော်လည်း ၎င်းဘာသာ စီဘူး ရာဂျာပြည်ကို ထူထောင်သူအဖြစ် နှိမ့်ချစွာ နေထိုင်ပြီး သူကိုယ်တိုင် ဗီဆာယန်းများနှင့် ပေါင်းသင်းနေခဲ့သည်။ ထိုပြည်သည် ကျွန်းများအတွင်း ရေကြောင်းပို့ဆောင် ဆက်သွယ်ခြင်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့သည်။ ဘူတွမ် နှင့် စီဘူး ရာဂျာပြည် နှစ်ခုစလုံးသည် မဟာမိတ်ဖွဲ့ခဲ့ကြပြီး ၎င်းတို့ နှစ်ပြည်စလုံးသည် အိန္ဒိယကုန်သည်များမှ ဘော်နီယိုကျွန်း တောင်ပိုင်းတွင် တည်ထောင်ထားသော ဟိန္ဒူပြည်ဖြစ်သည့် ကူတိုင်းပြည်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းထားခဲ့သည်။ ဂန္ထဝင်ကဗျာရှည်ကြီး တစ်ပုဒ်ဖြစ်သည့် နာဂရာခရက်တီဂါမာ ကဗျာ အရ ဂျာဗားတွင် အခြေစိုက်သော မာဂျာပါဟစ် အင်ပိုင်ယာသည် လူဇုန်ကျွန်းပေါ်ရှိ ဆလူဒေါင် (မနီလာ) နှင့် ဆူလူးကျွန်းစု ရှိ ဆိုလော့ (ဆူလူး) တို့အား ကိုလိုနီနယ် အဖြစ် သိမ်းပိုက်ခဲ့သည်။ သို့သော်လည်း သူတို့သည် ဗီဆာယားကျွန်းများပေါ်တွင် အခြေတည်နိုင်ခဲ့ခြင်း မရှိဘဲ သီရိဝိဇယမင်း သစ္စာခံများက အဆက်မပြတ် ပြောက်ကျားစစ်ပွဲများ ဖြင့် ၎င်းတို့အား တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် မနီလာတိုက်ပွဲ (၁၃၆၅) အပြီးတွင် လူဇုန်ကျွန်းသည် လွတ်လပ်ရေး ပြန်လည် ရရှိခဲ့ပြီး ဆူလူးတို့မှလည်း လွတ်လပ်ရေး ပြန်လည်တည်ထောင်နိုင်ခဲ့ကာ ကလဲ့စားချေသည့် အနေနှင့် မာဂျာပါဟစ်၏ ခရိုင်တစ်ခု ဖြစ်သော ပိုနီ (ဘရူနိုင်း) အား တိုက်ခိုက်ခဲ့ကာ မြို့တော်မှ တပ်များက ၎င်းတို့အား ပြန်လည်မောင်းထုတ်ခဲ့သည့် အချိန် အထိ ဖြစ်သည်။ တွန်ဒိုမှ ပါဆစ်မြစ်၏ တစ်ဖက်ကမ်း လူဇုန်ကျွန်းပေါ်တွင် မနီလာရာဂျာပြည် (c.၁၂၅၈–၁၅၇၁) ကို တည်ထောင်ခဲ့ပြီး ယခင်က ထိုဒေသရှိ မွတ်ဆလင်တို့ကို အုပ်စိုးခဲ့သော ဘရူနိုင်း ရာဂျာ အာမက် မှ မာဂျာပါဟစ် ရာဂျာ အဗီဂျီကာရ အား ရေကြောင်းတိုက်ပွဲတွင် အောင်နိုင်ခဲ့ပြီးနောက်တွင် ဖြစ်သည်။ အရှေ့တောင်အာရှတွင် အစ္စလာမ်ဘာသာ ဆက်လက်ပျံ့နှံ့လာပြီး မွတ်စလင် ဖြစ်သွားသော ပြည်နယ်များမှ ခွဲထွက်ကာ လွတ်လပ်သော စူလတန်ပြည်များကို သီးခြားတည်ထောင်ကြသဖြင့် နောက်ဆုံးတွင် မာဂျာပါဟစ် အင်ပိုင်ယာ ပျက်သုဉ်းခဲ့ရသည်။ နောက်ဆုံးတွင် အစ္စလာမ်ဘာသာသို့ ပြောင်းလဲရန် ရင်ဆိုင်နေရသော ဟိန္ဒူ မာဂျာပါဟစ် အကြွင်းအကျန်တို့သည် ဘာလီကျွန်း သို့ ထွက်ပြေးခဲ့ကြသည်။ တရုတ်တို့သည် လူဇုန် ဟု အမည်ရသော ပြည်ကိုလည်း ၎င်းတို့မှတ်တမ်းတွင် ဖော်ပြခဲ့ကြသည်။ ၎င်းမှာ မနီလာကို ရည်ညွှန်းသည်ဟု ယူဆရပြီး ၁၅၂၀ ခုနှစ်များမှ ပေါ်တူဂီနှင့် စပိန်တို့၏ မှတ်တမ်းများတွင် လူဆွန် နှင့် မနီလာသည် တစ်ခုတည်း ဖြစ်သည်ဟု ဖော်ပြထားခဲ့ ခြင်းကြောင့် ဖြစ်သည်။ သို့သော် အချို့သော သမိုင်းပညာရှင်များက ငြင်းချက်ထုတ်ကြသည်မှာ ထိုသူများ အားလုံးသည် မနီလာသို့ ရောက်ရှိခြင်း မရှိကြဘဲ လူဆွန် ဆိုသည်မှာ မနီလာပင်လယ်အော်ပေါ်ရှိ တာဂါးလော့ နှင့် ကာပမ်ပန်ဂမ်ပြည်များ အားလုံးကို အလွယ်တကူ ညွှန်းဆိုခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ပင် ဖြစ်စေ ၁၅၀၀ ခုနှစ်များ အစောပိုင်း နှင့် ၁၅၆၀ ခုနှစ်များ အထိ ထို ပင်လယ် ခရီးသွားလူမျိုးများကို ပေါ်တူဂီတို့၏ မလက္ကာမြို့တွင် လူဆိုးရက်စ် ဟု ရည်ညွှန်းခဲ့ကြပြီး ၎င်းတို့သည် အရှေ့တောင်အာရှ တခွင်တွင် ပြည်ပ အသိုင်းအဝန်းများ တည်ထောင်ခဲ့ပြီး ၎င်းတို့သည် တောင်ငူမင်းဆက်ခေတ် မြန်မာပြည်၊ မလက္ကာ စူလတန်ပြည် နှင့် အရှေ့တီမောတို့သို့ စွန့်စား ကုန်သွယ်ရန် သွားရောက်ပြီး စစ်ပွဲများတွင် ပါဝင်ခဲ့ကြကာ ကုန်သည်များ နှင့် ကြေးစားစစ်သား များအဖြစ် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ ထင်ရှားသော လူဆိုးရက်စ် တစ်ဦးမှာ ပေါ်တူဂီ မလက်ကာပြည်ရှိ ဟင်းခတ်အမွှေးအကြိုင် သူဌေး နှင့် တီမန်ဂေါင်း (ဘုရင်ခံ နှင့် ဗိုလ်ချုပ်) ဖြစ်သူ ရယ်ဂျီမို ဒီ ရာဂျာ ဖြစ်သည်။ သူသည် အိန္ဒိယသမုဒ္ဒရာ၊ မလက်ကာ ရေလက်ကြား၊ တောင်တရုတ်ပင်လယ် နှင့် အလယ်ခေတ် ဖိလစ်ပိုင် ပင်လယ်နိုင်ငံများ တို့အတွင်း ကူးသန်းရောင်းဝယ်ရေး ပြုလုပ် ထိန်းချုပ်ထားသော အပြည်ပြည်ဆိုင်ရာ သင်္ဘောအစုအဝေး၏ အကြီးအကဲလည်း ဖြစ်သည်။ သမိုင်းပညာရှင် တစ်ဦးဖြစ်သူ ပေါလ် ကီကိုင်း မာနန်ဆာလာ၏ အဆိုအရ နာမည်ကြီး မင်မင်းဆက် ဗိုလ်ချုပ် ကျန်းဟီ သည် လူဇုန်အား တိုက်ခိုက်ခဲ့ပြီး မနီလာအား ဖျက်စီးခဲ့သော်လည်း ဒေသတွင်း မဟာမိတ်တိုင်းပြည်များက ၎င်း၏ စစ်တပ်ကို ပြန်လည် တွန်းလှန်တိုက်ခိုက်ခဲ့သဖြင့် ၎င်း၏ အောင်မြင်မှုသည် ပန်ဂါဆီနန် အထိသာ ရှိနေခဲ့သည်။ လူဇုန်မြောက်ပိုင်းတွင် ကာဘိုလိုအန် (ပန်ဂါဆီနန်) () သည် ၁၄၀၆ မှ ၁၄၀၁၁ အတွင်း တရုတ်ပြည်သို့ လက်အောက်ခံ တိုင်းပြည်တစ်ခု အဖြစ် အထူးသံတမန်များ စေလွှတ်ခဲ့ပြီး ဂျပန်နိုင်ငံနှင့်လည်း ကုန်သွယ်မှုများ ပြုခဲ့သည်။ မော်ရိုကို စူးစမ်းရှာဖွေသူ အီဘင် ဘာတူတာ၏ အဆိုအရ မွန်ဂိုအင်ပိုင်ယာ ဖွံ့ဖြိုးလာသည့် အချိန်တွင် ပန်ဂါဆီနန်သည် အလွန် အင်အားတောင့်တင်းသော်လည်း ပန်ဂါဆီနန်ရှိ ပြည်သူတို့သည် ထောင်လွှားခြင်း မရှိကြဟု ဆိုသည်။ ပန်ဂါဆီနန် (ကာဘိုလိုအန်း) မှ စစ်သူရဲ မင်းသမီး အာဒူဂျာသည် နိုင်ငံ နှင့် မဟာမိတ်တို့ကို ခေါင်းဆောင်ပြီး မွန်ဂိုအင်ပိုင်ယာ တစ်ခုလုံး၏ ပြိုင်ဘက်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း ကာဘိုလိုအန်း တို့သည် မင်မင်းဆက်၏ လက်အောက်ခံ ဖြစ်လာသော အခါ မွန်ဂိုတို့ကို ဆန့်ကျင်သော မင်မင်းဆက်နှင့် တစ်သွေးတည်း တစ်သားတည်း ရှိကြောင်း ပြခဲ့သည်။ ၁၃၀၀ ခုနှစ်များတွင် ဖိလစ်ပိုင် ကျွန်းစုများသို့ အစ္စလာမ်ဘာသာ ရောက်ရှိလာပြီး နောက်ဆုံးတွင် ပျံ့နှံ့သွားခဲ့သည်။ ၁၃၈၀ တွင် ကာရင်မ် အူလ် မက်ကဒမ် နှင့် ဂျိုဟိုးတွင် မွေးဖွားသော အာရပ်ကုန်သည် ရှာရီဖူးလ်း ဟာရှမ် ဆိုင်ယတ်ဒ် အဘူ ဘာကာ တို့သည် မလက္ကာ မှ ဆူလူးကျွန်းသို့ ရောက်ရှိလာပြီး ဆူလူး ရာဂျာဖြစ်သူ ရာဂျာ ဘာဂွင်ဒါ အလီ အား အစ္စလာမ်ဘာသာသို့ သွတ်သွင်းပြီး သူ၏ သမီးတော်ကို လက်ဆက်ကာ ဆူလူး စူလတန်ပြည်ကို တည်ထောင်ခဲ့သည်။ ၁၅ ရာစု အကုန်တွင် ဂျိုဟိုးမှ ရှရစ်ဖ် မိုဟာမက် ကာဘန်ဆူဝမ် သည် မင်ဒါနောင်းကျွန်းသို့ အစ္စလာမ်ဘာသာကို မိတ်ဆက်ပေးခဲ့ပြီး မာဂွင်ဒါနောင်း စူလတန်ပြည်ကို တည်ထောင်ခဲ့သည်။ စူလတန် ပုံစံ ရှိသော အုပ်ချုပ်ရေး သည် လာနောင်း အထိ ချဲ့ထွင်လာခဲ့သည်။ အစ္စလာမ်ဘာသာသည်သည် တောင်ဘက်တွင် မင်ဒါနောင်း အထိ ပျံ့နှံ့ခဲ့ပြီး မြောက်ဘက်တွင် လူဇုန်အထိ ပျံ့နှံ့ခဲ့သည်။ ထိုသို့ အောင်မြင်ရခြင်း အကြောင်းမှာ ပိုနီဟု ယခင်က ခေါ်ဝေါ်သော ဘရူနိုင်း စူလတန်ပြည်သည် မာဂျာပါဟစ် အင်ပိုင်ယာမှ ခွဲထွက်ပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းကာ မက္ကာမှ အာရပ်စော်ဘွား တစ်ဦးဖြစ်သူ ရှာရစ်ဖ် အလီအား စူလတန် အဖြစ် လာရောက် အုပ်ချုပ်ရန် ဖိတ်ကြားခဲ့ပြီး ထိုစူလတန်မှ ဆင်းသက်သူ စူလတန် ဘိုလ်ကရား သည် ၎င်း အုပ်ချုပ်စဉ် ၁၄၈၅ မှ ၁၅၂၁ အတွင်း လူဇုန်ကျွန်းတွင် မနီလာအား အစ္စလာမ် ကိုလိုနီနယ်မြေ အဖြစ် ထူထောင်ခဲ့သော ကြောင့် ဖြစ်သည်။ ထို့နောက်တွင် ရာဂျာ ဂန်ဘမ်အား တိုက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပုန်ကန်ထကြွသော တွန်ဒိုတို့အား အောင်မြင်ခဲ့ပြီး မွတ်ဆလင် ရာဂျာ ဆာလာလီလာအား နန်းတင်ခဲ့သည်။ ထို့ကြောင့် မွတ်ဆလင် ရာဂျာနိုင်ငံဖြစ်သော မေနီလာ အား ပြန်လည်တည်ထောင်ကာ ဘရူနိုင်း၏ လက်အောက်ခံနိုင်ငံအဖြစ် လူဇုံမှ အုပ်ချုပ်ခဲ့သည်။စူလတန် ဘိုလ်ကရားသည် အစ္စလာမ်ဘာသာသို့ အသစ်ကူးပြောင်းထားသော စူလူးကျွန်းမှ စူလူး စူလတန် အာမာ အူလ်-အွမ်ဘရာ၏ သမီးတော် လိုင်လာ မက်ကာနာအား လက်ဆက်ခဲ့ပြီး ဘရူနိုင်း၏ ဩဇာကို လူဇုံကျွန်းနှင့် စူလူးကျွန်းစုတို့အထိ ဖြန့်ကျက်ခဲ့သည်။ ဘရူနိုင်းသည် အလွန်ပင် အင်အားကြီးခဲ့ပြီး ၎င်းသည် ဘော်နီယို အိမ်နီးချင်းဖြစ်သော တောင်ဘက်ရှိ ကူတိုင်းကို အောင်မြင်ခဲ့သည်။ သို့သော် ကူတိုင်းမှာ ဟိန္ဒူနိုင်ငံဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ကျူးကျော်လာသော အစ္စလာမ် အင်အားကြီးနိုင်ငံများ ဖြစ်သည့် မာဂွင်ဒါနောင်းကဲ့သို့သော တိုင်းပြည်များနှင့် တွန်းလှန်တိုက်ခိုက်နေရသည့် ဘူတွမ် နှင့် စီဘူးတို့နှင့် နောက်ဆုံးအနေနှင့် မဟာမိတ်ပြုခဲ့ခြင်းဖြင့် အသက်ဆက်နိုင်ခဲ့သည်။ ဘရူနိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ မြောက်ဘက် သုံးပုံတစ်ပုံနှင့် တောင်ပိုင်း သုံးပုံတစ်ပုံကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စူလတန် ဘိုလ်ကရားမှာ ၎င်းကိုယ်တိုင် မိခင်ဘက်မှ ဗီဆာယန်း သွေးတစ်ဝက်ပါသော်လည်း ဗီဆာယန်းကျွန်းများကို မအောင်မြင်နိုင်ခဲ့ပေ။ ဖိလစ်ပိုင်တို့၏ ဒဏ္ဍာရီများထဲတွင် ရုပ်ချောပြီး ယောက်ျားပီသကာ သန်မာသော ဂီတအားဖြင့် ဘုရားပေးသည့် ပါရမီရှိပြီး နတ်သားကဲ့သို့ အသံရှိသည့် အပြင် ကိုယ်ခံပညာတော်သဖြင့် ကျော်ကြားသော သီချင်းဆိုသည့် သင်္ဘောကပ္ပတိန် နာခိုဒါ ရာဂမ် ဆိုသူ ရှိပြီး ၎င်းမှာ စူလတန် ဘိုလ်ကရားနှင့် တွဲဖက်မြင်ကြသည်။ စူလတန် ဘိုလ်ကရားမှာ နာခိုဒါ ရာဂမ် ဖြစ်နိုင်သည့် အထောက်အထားများ ရှိပြီး ၎င်းမှာ ဗီဆာယန်းနှင့် ဖိလစ်ပိုင် သွေးတစ်ဝက်ပါသည့် အမျိုးမှ ဆင်းသက်လာသူဖြစ်ပြီး နောက်ပိုင်း စပိန်တို့၏ မှတ်တမ်းများအရ ဖိလစ်ပိုင်လူမျိုးများ အထူးသဖြင့် ဗီဆာယန်းများသည် သီချင်းဆိုရာတွင် ဝါသနာကြီးကြပြီး အထူးသဖြင့် စစ်သူရဲလူတန်းစားများမှာ ၎င်းတို့၏ သီချင်းဆိုကောင်းမှုကြောင့် ကျော်ကြားသည်ဟု ဆိုသည်။ ထို့နောက်တွင် မွတ်ဆလင်တို့သည် ဗီဆာယန်းတို့အား စစ်ပွဲများ ဆက်လက်တိုက်ခိုက်ကြပြီး ကျွန်အဖြစ် ဆက်လက်ဖမ်းဆီးခြင်းများ လုပ်ဆောင်ကြသည်။မွတ်ဆလင်တို့၏ စစ်ပွဲများတွင် ပါဝင်သည့် ပါပူအာ-အင်ဒိုနီးရှား၏ အနီးတစ်ဝိုက်တွင် ဗဟိုချက်မအဖြစ် အခြေစိုက်သော မွတ်ဆလင် နိုင်ငံတစ်ခုဖြစ်၍ ဟင်းခတ်အမွှေးအကြိုင် ရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်ကာ အင်အားကြီးလာသော တာနိတ် စူလတန်ပြည်သည် အန်နီမစ်ဆင် ကိုးကွယ်သည့် မလာယို-ပိုလီနီးရှန်း ဒါပီတန် ကယ်ဒါတွမ်ပြည်အား ဘိုဟိုးတွင် ဆက်လက်ဖျက်စီးခဲ့သည်။ ထို့အတွက်ကြောင့် ဒါပီတန် ပြည်သူတို့ အနေဖြင့် ၎င်းတို့၏ တိုင်းပြည်ကို မင်ဒါနောင်းမြောက်ပိုင်းတွင် ပြန်လည်တည်ထောင်ခဲ့ပြီး ၎င်းတို့ ထိုနေရာကို သိမ်းပိုက်လိုက်သည့် အတွက် ထိုနေရာတွင် နေထိုင်သူ လာနောင်း စူလတန်ပြည်မှ ပြည်သူများ ရွှေ့ပြောင်းခဲ့ရသည်။ ဟိန္ဒူရာဂျာပြည်များဖြစ်ကြသော ဘူတွမ် နှင့် စီဘူးတို့မှာလည်း မာဂွင်ဒါနောင်း စူလတန်ပြည်မှ ကျွန်အဖြစ် ဖမ်းဆီးရန် သိမ်းပိုက်ခြင်းနှင့် စစ်ပြုခြင်းများကို ကြံ့ကြံ့ခံနေရပြီး ၎င်းတို့၏ တောင်ပိုင်းရှိ ဟိန္ဒူမဟာမိတ်ဖြစ်သော ကူတိုင်း ရာဂျာပြည်မှာလည်း ဘော်နီယိုကျွန်းပေါ်တွင် စိုးမိုးနိုင်ရေးအတွက် ဘရူနိုင်း စူလတန်ပြည်နှင့် အပြင်းအထန် ရုန်းကန် တိုက်ခိုက်နေရသည်။ ထိုသို့ ဗီဆာယန်းများအား ကျွန်အဖြစ် ဖမ်းဆီးရန် တိုက်ခိုက်ခြင်းများနှင့် အပြိုင်အဖြစ် စီဘူးရာဂျာ ဟူမာဘွမ် အား မက်ကန် မှ ဒါတု လာပူး-လာပူးမှ ပုန်ကန်ခြားနားခဲ့သည်။ ထို့အပြင် တွန်ဒို နိုင်ငံ နှင့် ဘရူနိုင်း၏ လက်အောက်ခံနိုင်ငံဖြစ်သော မေနီလာ အစ္စလာမ်ရာဂျာပြည်တို့ကြားတွင် နယ်နိမိတ် အငြင်းပွားမှုများဖြင့် ကျွက်ကျွက်ဆူနေခဲ့ပြီး မေနီလာကို အုပ်ချုပ်သူ ရာဂျာ မာတန်ဒါမှ တွန်ဒိုအား တိုက်ခိုက်ရာတွင် ဘရူနိုင်းစူလတန်ပြည်ရှိ ၎င်းနှင့် အမျိုးတော်သူများမှ စစ်ကူတောင်းခဲ့သည်။ ဒါတုများ၊ ရာဂျာများ၊ စူလတန်များနှင့် လာကန်းများအကြား အပြိုင်အဆိုင် ဖြစ်နေမှုကြောင့် စပိန်တို့အတွက် ကိုလိုနီပြုရန် လွယ်ကူခဲ့သည်။ ထို့အပြင် ကျွန်းများသည် အမြဲတမ်း ဖြစ်နေတတ်သော သဘာဝဘေးအန္တရာယ်များ နှင့် နိုင်ငံအချင်းချင်း ပဋိပက္ခများကြောင့် လူဦးရေ ကျဲပါးသည်။ ထို့အတွက်ကြောင့် လူနည်းသော နယ်မြေများကို အလွယ်တကူပင် အောင်မြင်နိုင်ပြီး ကျွန်းစုအတွင်း နိုင်ငံငယ်များကို စပိန်အင်ပိုင်ယာအတွင်းသို့ အလျင်အမြန် သွတ်သွင်းနိုင်ခဲ့ကာ စပိန်ယဉ်ကျေးမှု သွတ်သွင်းခဲ့ပြီး ခရစ်ယာန်ဘာသာသို့ ကူးပြောင်းစေနိုင်ခဲ့သည်။ ကိုလိုနီခေတ် သတင်းစာဆရာ အလန်ရော်ဘယ်က " ကိုလိုနီစနစ်မှ ဖိလစ်ပိုင်ကို ဖန်တီးခဲ့ပြီး ၎င်း၏ နိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုကို ပုံဖော်ပေးခဲ့သည့်အပြင် လူတို့၏ အတွေးအမြင်များကိုလည်း လွှမ်းမိုးခဲ့သည်။ စပိန်တို့လက်အောက် ၃၃၃ နှစ်နှင့် အမေရိကန်တို့လက်အောက် ဆယ်စုနှစ် ၅ ခုမှ နိုင်ငံကို ခိုင်မာစွာ ပုံသွင်းခဲ့သည်။" ဟူ၍ သူ၏ အယူအဆကို ပြောကြားခဲ့သည်။ မနုဿဗေဒပညာရှင် ပရော်စပယ်ရို ကိုဗာမှ သူ၏ လေ့လာတွေ့ရှိချက်ကို ဖော်ပြရာတွင် "ကျွန်ုပ်တို့၏ တွေးခေါ်မှု၊ ယဉ်ကျေးမှု နှင့် စိတ်ပိုင်းဆိုင်ရာတို့သည် ကျွန်ုပ်တို့ကိုယ်တိုင် အာရှသားများ ဖြစ်သော်လည်း အနောက်တိုင်းပုံစံ ဖြစ်လာခဲ့သည်" ဟု ဆိုသည်။ စပိန် အုပ်စိုးစဉ် ကာလ ၁၅၂၁တွင် ပေါ်တူဂီ စွန့်စားရှာဖွေသူ ဖာဒီနန် မဂျဲလင် ၏ အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စပိန်အတွက် ကျွန်းများကို သိမ်းယူနိုင်ခဲ့သော်လည်း မဂျဲလင်မှာ မက်တန်ကျွန်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။ စပိန်စွန့်စားရှာဖွေသူ မစ်ဂူရယ် လိုပက်ဇ် ဒီ လီဂက်ဇ်ပီ သည် ၁၅၆၅ ခုနှစ်တွင် မက္ကဆီကိုမှ ရောက်ရှိလာပြီး စီဘူးတွင် စပိန်တို့၏ ပထမဆုံးအခြေချနေထိုင်မှုကို ပြုလုပ်ခဲ့သည်။ ပနေးကျွန်းသို့ ပြောင်းရွှေ့အခြေချပြီး ဒေသခံ ဖိလစ်ပိုင် ဗီဆာယန်းများနှင့် မဟာမိတ်ပြုပြီးနောက် စပိန်စစ်သားများနှင့် လက်တင်-အမေရိက တပ်သားသစ်များသည် မက္ကဆီကိုတွင် မွေးဖွားသော စစ်သူရဲကောင်း ယွမ် ဒီ ဆယ်စီဒို ၏ ဦးဆောင်မှုဖြင့် မွတ်ဆလင်တို့၏ မနီလာကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ ယွမ် ဒီ ဆယ်စီဒိုသည် ဘရူနိုင်းတို့ သိမ်းပိုက်ထားသော တွန်ဒိုရှိ မင်းသမီး ကန်ဒါရာပါ အား ချစ်သော သူ၏ အချစ်ကြောင့် စစ်တပ်အား အားအင်တက်ကြွအောင် လှုံ့ဆော်ခဲ့သည်။ သူတို့တွင် ဝမ်းနည်းစရာကောင်းသော လျှို့ဝှက် အချစ်ဇာတ်လမ်း ရှိခဲ့သည်။ မင်းသမီး ကန်ဒါရာပါသည် မက္ကဆီကို သူရဲကောင်းသည် မာကာဘီဘီ ရာဂျာ၏ သမီးတော်အား လက်ထပ်သွားပြီဆိုသော မုသားစကားကို ကြားသော အခါတွင် အသည်းကွဲ၍ သေဆုံးသွားခဲ့ခြင်းဖြင့် သူမ၏ အချစ်စွမ်းအား ကြီးမားခြင်းကို ပြသခဲ့သည်။ ထိုအချစ်ဇာတ်လမ်း ဖြစ်ပေါ်နေချိန်တွင် စပိန်-မက္ကဆီကို-ဖိလစ်ပိုင် မဟာမိတ်တပ်ပေါင်းစုများက အစ္စလာမ် လွှမ်းမိုးသော မနီလာကို ကျူးကျော်ဝင်ရောက်ခဲ့ကာ လွတ်လပ်ရေး ယူပေးခဲ့ပြီး တွန်ဒိုနှင့် ပေါင်းစပ်ခဲ့သည်။ ထို့နောက်တွင် မဟာလီကက်စ်ပုန်ကန်ရန် ကြံစည်မှုကို နှိမ်နင်းခဲ့ပြီး စီစဉ်ခဲ့သူများကို ဂူအမ်ကျွန်းနှင့် ဂွါရယ်ရိုတို့သို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။စပိန်တို့၏ အုပ်ချုပ်မှုအောက်တွင် ၎င်းတို့သည် မနီလာအား စပိန်အရှေ့အိန္ဒိယ၏ မြို့တော် အဖြစ် တည်ထောင်ခဲ့သည်။ ယခင်က မနီလာအား အုပ်ချုပ်ခဲ့သော ဘရူနိုင်း မွတ်ဆလင် သူကောင်းမျိုးတို့အား အတင်းအကြပ် ခရစ်ယာန်ဘာသာသို့ သွတ်သွင်းသဖြင့် ၎င်းတို့က ကလဲ့စားချေသည့် အနေနှင့် ဂျပန်ရှိုးဂန်းများနှင့် ဘရူနိုင်း စူလတန်ပြည်တို့နှင့် ပူးပေါင်း၍ မနီလာကို ပြန်လည်ကျူးကျော်၍ အစ္စလာမ်ဘာသာကို ပြန်လည်တည်ထောင်ရန် ကြိုးစားခဲ့ကြသည်။ မနီလာကို ပြန်သိမ်းရန်အတွက် ဘရူနိုင်းတွင် စစ်သင်္ဘောများကို တည်ဆောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော်လည်း ယခင်က ဗုဒ္ဓဘာသာပြည်ဖြစ်ခဲ့ပြီး မွတ်ဆလင် ကိုလိုနီ အဖြစ် ပြောင်းလဲခဲ့ကာ ကိုယ်ပိုင် ကျောက်တုံးခံတပ်နှင့် အမြောက်မြားရှိသော အနီးအနားရှိ မင်ဒိုရိုမှာမူ ခရစ်ယာန်နှင့် မွတ်ဆလင် အင်အားကြီးတပ်တို့၏ ပြိုင်ဆိုင်တိုက်ခိုက်မှုကြောင့် စစ်တလင်းအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ထိုဒေသတွင် မင်ဒါနောင်းမှ မိုးရို့စ်တို့မှ လတ်တလော ခရစ်ယာန်အဖြစ် ပြောင်းလဲသွားသူများကို ကျွန်ပြုခြင်း နှင့် ၎င်းတို့အား အစ္စလာမ်သို့ ပြန်လည်ပြောင်းလဲစေခြင်းဖြင့် အစ္စလာမ်ပြည်ဖြစ်အောင် ပြန်လည် လုပ်ဆောင်ကြသော်လည်း မနီလာမှ ခရစ်ယာန်တို့က ဆက်တိုက်ဆိုသလို ဖျက်ဆီးမှုများ ပြုလုပ်ခြင်း နှင့် မွတ်ဆလင်တို့၏ ခံတပ်တည်ဆောက်မှုကို ဖျက်ဆီးခြင်း နှင့် ၎င်းတို့ တွေ့ကြုံရသော မွတ်ဆလင်များကို ခရစ်ယာန်အဖြစ် ပြောင်းလဲစေခြင်းတို့ဖြင့် ဆန့်ကျင်ခဲ့ပြီး အခြေအနေကို ပိုမိုဆိုးရွား သွားစေခဲ့သည်။ ထို့အတွက်ကြောင့် တစ်ချိန်က ချမ်းသာကြွယ်ဝပြီး လူဦးရေ ထူထပ်သော မင်ဒိုရိုရှိမြို့များကို ဖျက်စီးခဲ့ပြီး ထိုဒေသအား ဆင်းရဲမွဲတေသွားစေခဲ့ကာ စစ်မျက်နှာပြင်အဖြစ် ပြောင်းလဲစေခဲ့သည်။ စပိန်တို့သည် တရုတ်ဓားပြဗိုလ် လီမာဟောင်း ကိုလည်း အနိုင်ရခဲ့သည်။. ဖိလစ်ပိုင်နိုင်ငံအား အစ္စလာမ်အဖြစ် သွတ်သွင်းခြင်းမှ တန်ပြန်ရန်အတွက် စပိန်တို့သည် ဘရူနိုင်းကို ရည်ရွယ်သော ကက်စတီလန်စစ်ပွဲကို ဆင်နွှဲခဲ့သည်။ တားနိတ်တို့မှ စပိန်တို့၏ လက်အောက်ခံနိုင်ငံများဖြစ်သော ဒါပီတန်ပြည် နှင့် ဘူတွမ်ပြည်တို့ကို ကျွန်ပြုရန် တိုက်ခိုက်ခြင်းနှင့် ဓားပြတိုက်ခြင်းတို့အား တုံ့ပြန်သည့် အနေနှင့် တားနိတ် နှင့် တီဒိုး စူလတန်ပြည်တို့အား လည်း စစ်မက် တိုက်ခိုက်ခဲ့သည်။ ဘရူနိုင်းတိုင်းပြည်တွင် တရားဝင်အုပ်ချုပ်သူဖြစ်သော ပန်ဂီရန် ဆယ်ရီ လီလာ အား ၎င်း၏ ညီအစ်ကိုတော်စပ်သူ စူလတန် ဆိုင်ဖူး ရီဂျယ်မှာ မနာလိုသဖြင့် နေရာမှ ဖယ်ရှားခဲ့သဖြင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ပန်ဂီရန် ဆယ်ရီလီလာမှ ၎င်းနန်းပြန်ရလျှင် စပိန်လက်အောက်ခံပြည်အဖြစ် နေမည်ဟု ကတိပြုခဲ့သဖြင့်လည်း ကက်စတီလန်စစ်ပွဲ သည် တရားဝင်ဖြစ်လာခဲ့သည်။ စပိန်တို့သည် မြို့တော်ကို ဖျက်ဆီးခဲ့ပြီး ပန်ဂီရမ် ဆယ်ရီ လီလာအား နန်းပြန်တင်ရန် ကြိုးစားခဲ့သော်လည်း ကံမကောင်း အကြောင်းမလှသဖြင့် ၎င်းမှာ အဆိပ်ခပ်ခံရသည်ဟု ယူဆရသော အကြောင်းဖြင့် ကွယ်လွန်ခဲ့ရသည်။ စပိန်တပ်များမှာလည်း ဝမ်းရောဂါ ရုတ်တရက်ဖြစ်ပွားသဖြင့် စွန့်ခွာခဲ့ရသည်။ သို့သော်လည်း ဘရူနိုင်းတော်ဝင် မင်းသမီးမှာ စပိန်တို့နှင့်လိုက်သွားခဲ့ပြီး တွန်ဒိုမှ ခရစ်ယာန် တာဂါးလော့ စစ်သူရဲ အာဂတ်စတင်း ဒီ လီဂတ်ဇပီ နှင့် လက်ဆက်ခဲ့သည်။ သူမသည် ကိုရမ်ကျမ်းမှ မွတ်ဆလင် မဟုတ်သော ယောက်ျားနှင့် လက်ထပ်သော မွတ်ဆလင်အမျိုးသမီးများအား ကျောက်တုံးဖြင့် ထုသတ်ရန် ဆိုသော အပြစ်ပေးခြင်းကို ရဲဝံ့စွာ ဆန့်ကျင်ပြခဲ့ပြီး သူတို့ လင်မယားသည် ဖိလစ်ပိုင်တွင် မိသားစုဘဝတစ်ခု တည်ဆောက်ခဲ့သည်။ ယနေ့ခေတ်တွင် ဘရူနိုင်း-ဖိလစ်ပိုင် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရခြင်းမှာ ဖိလစ်ပိုင် ဗိသုကာပညာရှင် လီဒရို ဗွီ လော့ဆင်မှ ကမ္ဘာပေါ်တွင် အကြီးဆုံး နန်းတော်စံအိမ်ဖြစ်လာမည့် အစ်စတန်းနား နူရူ အီမန် အား ဒီဇိုင်းထုတ်ရာတွင် အကူအညီ ပေးခဲ့သောကြောင့် ဖြစ်သည်။ ဘရူနိုင်းသည်လည်း ဘော်နီယိုကျွန်းပေါ်တွင်လည်း ရှိပြီး ၎င်းနေရာမှာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် ရှေးအကျဆုံး မိုးသစ်တောရှိရာ ဒေသဖြစ်ပြီး ကမ္ဘာ့ အဏ္ဏဝါ ဇီဝမျိုးကွဲပေါင်းစုံရှိရာ၏ ဗဟိုချက်ဖြစ်သော သန္တာတြိဂံဒေသ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ စပိန်တို့သည် ၎င်းတို့၏ အရှေ့တောင်အာရှရှိ မွတ်ဆလင်များနှင့် စစ်ပွဲကို ရီကွန်ကွစ်စတာ ဟု ခေါ်သည့် စပိန်တို့၏ အမိမြေကို အူမာယတ် ကယ်လီဖိတ်ရှိ မွတ်စလင်များမှ ကျူးကျော်ဝင်ရောက်ခြင်းအား ပြန်လည် ရယူပြီး ခရစ်ယာန်အဖြစ် ပြန်လည်ပြောင်းလဲသည့် ရာစုနှစ် တစ်ခုကြာ တိုက်ပွဲ၏ အစိတ်အပိုင်း အဖြစ် မှတ်ယူကြသည်။ စပိန်တို့ ဖိလစ်ပိုင်သို့ ကျူးကျော်ဝင်ရောက်ခြင်းသည်လည်း ကမ္ဘာ့ စပိန်-အစ္စလာမ် ပဋိပက္ခ၏ တစိတ်တဒေသဖြစ်ပြီး ထိုပဋိပက္ခတွင် အနီးအနားရှိ အစောင့်အရှောက်ခံနယ်မြေဖြစ်သော အာချေးစူလတန်ပြည်အား ဗဟိုပြု၍ အရှေ့အလယ်ပိုင်းရှိ ယခင် ခရစ်ယာန်မြေများအား လတ်တလော ကျူးကျော်သိမ်းပိုင်ထားသည့် အော်တမန် ကယ်လီဖိတ်အား တိုက်ခိုက်ခြင်းလည်း ပါဝင်သည်။ အာချေးသည် တောင်အာရှတွင် အစ္စလာမ်ဘာသာ ပျံ့နှံ့ရာတွင် သာသနာပြု ဗဟိုဌာနဖြစ်ပြီး အစ္စလာမ်ဘာသာ ဝါးမျိုလာမှုတွင် ၎င်းတို့၏ ဘာသာကို ဆက်လက်စောင့်ထိန်းကြသော အန်နီမစ်များ၊ ဟိန္ဒူများနှင့် ဗုဒ္ဓဘာသာတိုင်းပြည်တို့ကြောင့် ကျယ်ပြန့်လာခဲ့သော ဒေသဖြစ်သည်။ ထိုတိုင်းပြည်များအား အသစ်ရောက်လာသော ခရစ်ယာန်တို့က မဟာမိတ်ဖွဲ့ရန် လိုလားကြသည်။ သို့သော်လည်း ဖိလစ်ပိုင်ရှိ မွတ်ဆလင် စူလတန်များကမူ တစ်မျိုးတွေးကြပြီး ၎င်းတို့အတွက်မူ အစ္စလာမ်ဘာသာအား ထိန်းသိမ်းခြင်း နှင့် ဖြန့်ကျက်ခြင်းသည် ခရစ်ယာန်ကျူးကျော်သူများအား ကာကွယ်ခြင်းသာ ဖြစ်သည်ဟု တွေးကြသည်။ နှစ်ဖက်စလုံးတွင် တစ်ဖက်နှင့် တစ်ဖက်တိုက်ခိုက်ခြင်းအတွက် ကောင်းမွန်မြင့်မြတ်သော အကြောင်းများ ရှိသည်ဟု ယူဆကြသည်။ ခရစ်ယာန်ဘက်တွင် လူမျိုးများ အမျိုးစုံပါဝင်ပြီး မက်စတီဇိုလူမျိုးများ နှင့် မူလက်တိုလူမျိုးများ နှင့် ဒေသရင်း အမေရိကန်လူမျိုးများဖြစ်သော အက်ဇ်တက်၊ မာယာ နှင့် အင်ကာတို့ ပါဝင်ပြီး ၎င်းတို့မှာ အမေရိကားတွင် စုဆောင်း၍ ပို့လွှတ်လိုက်ခြင်းဖြစ်ပြီး စပိန်အရာရှိများက ဦးဆောင်ကာ ဒေသခံ ဖိလစ်ပိုင်လူမျိုးများနှင့် ပူးပေါင်း၍ အရှေ့တောင်အာရှတစ်ခွင်တွင် စစ်ပွဲများ ဆင်နွှဲခဲ့ကြသည်။ မွတ်ဆလင်ဘက်ခြမ်းတွင်လည်း လူမျိုးပေါင်းစုံ ရှိသည်သာဖြစ်သည်။ ဒေသခံ မလေး စစ်သူရဲများသာမက အော့တမန် တို့ကလည်း စစ်တပ်များကို အနီးအနားရှိ အာချေးသို့ စေလွှတ်ခဲ့ကြသည်။ ထိုစစ်တပ်များတွင် တူရကီ၊ အီဂျစ်၊ ဆွာဟီလီ၊ ဆိုမာလီ၊ ဆင်ဒီ၊ ဂူဂျာရတ်တီ နှင့် မလဘာ လူမျိုးတို့ ပါဝင်သည်။ ထိုစစ်တပ်များသည် အနီးအနားရှိ ဘရူနိုင်းကဲ့သို့သော စူလတန်ပြည်များသို့လည်း ဖြန့်ကျက်သွားလာကြပြီး ဒေသခံ မူဂျာဟစ်ဒင်များကို ခေတ်ပေါ်အမြောက်မြား မည်သို့မည်ပုံ ပြုလုပ်သည် အစရှိသော တိုက်ခိုက်နည်းနှင့် ဗျူဟာ အသစ်များကို သင်ကြားပေးခဲ့သည်။ အော့တမန်တို့၏ ထုတ်လုပ်ရေးနည်းလမ်းများနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများမှာ အလွန်ခိုင်မာသည် အစရှိသည့် အော့တမန်တို့၏ မလေးစစ်တပ်အပေါ် လွှမ်းမိုးမှုကို မလေး စူလတန်ပြည်များနှင့် တိုက်ခိုက်သော ခရစ်ယာန်စစ်သားများမှ လေ့လာ တွေ့ရှိခဲ့ကြသည်။ ထိုအချိန်တွင်ပင် ထိုင်ဝမ်ကျွန်းနှင့် မာလူကူးကျွန်းများတို့တွင် စပိန်တို့၏ ခံတပ်များကို တည်ဆောက်ခဲ့ကြသည်။ သို့သော်လည်း စပိန်စစ်သားများနှင့် ခရစ်ယာန်ဘာသာသို့ အသစ်ပြောင်းလဲထားသော တားနိတ်စူလတန်ပြည်၊ မိုလက်ကာ မှ ဒေသခံများသည် ၎င်းတို့ကို ပစ်ထားခဲ့ပြီး ဖိလစ်ပိုင်သို့ ဆုတ်ခွာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော တုန်နည်းပြည်ကို အုပ်စိုးသူ မင်မင်းဆက်၏ သစ္စာခံ ဂျပန်တွင် မွေးဖွားသော ကိုစင်ဂါမှ ကျူးကျော်ရန် ခြိမ်းခြောက်နေသဖြင့် ၎င်းတို့၏ တပ်များကို ပြန်လည်စုစည်းရန်အတွက် ဖြစ်သည်။ သို့သော်လည်း စီစဉ်ထားသည့် ကျူးကျော်မှုမှာ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ ထိုအချိန်အတွင်းတွင် အခြေချနေထိုင်သူများကို ပစိဖိတ်ကျွန်းများဖြစ်သော ပလောကျွန်းနှင့် မာရီယာနာကျွန်းတို့သို့ ပို့လွှတ်ခဲ့သည်။ ရှာရီယာ ဥပဒေ အရ မွတ်ဆလင် မဟုတ်သောသူများကိုသာ ကျွန်အဖြစ် စေခိုင်းနိုင်သည့်အတွက် အရှေ့တောင်အာရှအား အစ္စလာမ် ဘာသာအဖြစ် ပြောင်းလဲသည့်အချိန်တွင် မွတ်ဆလင်မဟုတ်သော စပိန်ဖိလစ်ပိုင်တို့သည် အနောက်ဘက်ရှိ မွတ်ဆလင်တိုင်းပြည်များအတွက် ကျွန်လုပ်သားအဖြစ် တင်ပို့ရန်အတွက် အရင်းအမြစ်ဖြစ်ခဲ့ပြီး ပုံမှန်အားဖြင့် ကျွန်လုပ်သားများသည် အရှေ့မှ အနောက်တိုင်းသို့ ပို့ဆောင်ခြင်း ခံရသည်။ မြေထဲပင်လယ်ဒေသတွင်လည်း စပိန်တို့သည် ပင်လယ်၏ ခရစ်ယာန်တို့ နေထိုင်သည့် အပိုင်းတွင် မွတ်ဆလင်တို့၏ ကျွန်အဖြစ် ဖမ်းဆီးရန် တိုက်ခိုက်ခြင်းအား ရင်ဆိုင်ဖြေရှင်းနေရသည်။ ထို့အတွက်ကြောင့် တကမ္ဘာလုံးတွင် အစ္စလာမ်တို့၏ ကျွန်အဖြစ် ဖမ်းဆီးရန်တိုက်ခိုက်ခြင်း တိုးပွားလာသည်နှင့်အမျှ စပိန်တို့အနေနှင့် နေရာအနှံ့ပူးပေါင်းရင်ဆိုင် တွန်းလှန်နေရသည်။ သို့သော်လည်း တရုတ် သို့မဟုတ် ဂျပန်တို့နှင့် ကုန်သွယ်သည်လောက် အမြတ်မရသည့်အတွက် စပိန်တို့အနေနှင့် မနီလာ၊ မင်ဒိုရို၊ ပလာဝမ် နှင့် ဇမ်ဘူရန်းဂါး တို့မှ အပ မွတ်စလင်တို့၏ ဒေသကို ခရစ်ယာန်အဖြစ် ပြောင်းလဲရန် စိတ်ဝင်စားမှု နည်းပါးလာခဲ့သည်။ စပိန်တို့၏ အုပ်စိုးမှုကြောင့် ကျွန်းစုများအတွင်း အစိတ်စိတ် အမြွှာမြွှာဖြစ်နေသော နိုင်ငံများကို နိုင်ငံရေးအရ ညီညွတ်အောင် သိသာစွာ ပံ့ပိုးပေးနိုင်ခဲ့သည်။ ၁၅၆၅ ခုမှ ၁၈၂၁ ခုနှစ်အထိ ဖိလစ်ပိုင်အား မက္ကဆီကိုတွင် အခြေစိုက်သော စပိန်ပြည်သစ်နယ်မြေ၏ အစိတ်အပိုင်း အဖြစ် အုပ်ချုပ်ခဲ့သော်လည်း မက္ကဆီကို လွတ်လပ်ရေး စစ်ပွဲအပြီးတွင် မက်ဒရစ်မှ တိုက်ရိုက် အုပ်ချုပ် စီမံခန့်ခွဲခဲ့သည်။ ယနေ့ အထိ တည်ဆောက်ခဲ့သမျှထဲတွင် အကြီးဆုံး သစ်သားသင်္ဘောများဖြစ်ကြသော မနီလာ ဂယ်လီယွန်ဟု ခေါ်သော သင်္ဘောများကို ဖိလစ်ပိုင်နိုင်ငံ ဘိုင်ကောလ်ဒေသ နှင့် ကာဗိုက်ဒေသတို့တွင် တည်ဆောက်ခဲ့ကြသည်။ မနီလာ ဂယ်လီရွန်သင်္ဘောများသည် မနီလာ နှင့် မက္ကဆီကိုရှိ အကာပူကို တို့ကြား သွားလာရာတွင် များပြားလှစွာသော ရေတပ်သင်္ဘောများ အစောင့်အရှောက်ဖြင့် သွားလေ့ ရှိသည်။ ဂယ်လီလွန် သင်္ဘောများသည် ၁၆ ရာစုမှ ၁၉ ရာစုအတွင်း တစ်နှစ်လျှင် တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်မျှ ရွက်လွှင့်သွားလာလေ့ ရှိသည်။ မနီလာ ဂယ်လီယွန် သင်္ဘောများသည် ၎င်းတို့နှင့် အတူ လက်တင် အမေရိကမှ ဖိလစ်ပိုင်အတွက် ကုန်စည်များ settlers နှင့် စစ်လက်နက် ဖြည့်တင်းခြင်းများ သယ်ယူသွားလေ့ ရှိသည်။ မနီလာမှ အကာပူကို သို့ အပြန်တွင် အာရှမှ ကူးသန်းရောင်းဝယ်ရန် ကုန်စည်များ နှင့် ရွှေ့ပြောင်းနေထိုင်မည့်သူများကို အမေရိကားတိုက်၏ အနောက်ပိုင်းဒေသများသို့ သယ်ဆောင်သွားကြသည်။ ကုန်သွယ်မှုမှတဆင့် မက္ကဆီကိုနိုင်ငံ နှင့် ပီရူးနိုင်ငံတို့မှ ပြောင်းများ၊ ခရမ်းချဉ်သီးများ၊ အာလူးများ၊ ငရုတ်ကောင်းမှုန့်များ၊ ချော့ကလက်များ နှင့် နာနတ်သီးများ အစရှိသည့် စားစရာများကို ဖိလစ်ပိုင်သို့ ရောက်ရှိလာခဲ့သည်။ ဖိလစ်ပိုင်တွင် နီဂရိုးကျွန်းများကို တည်ထောင်ခဲ့ပြီး အုပ်ချုပ်ရန်အတွက် ပထမဆုံး ကမ္ဘာပတ် ရွက်လွှင့်ရာမှ ကျန်ရစ်သူ ဆီဘက်စတိန်း အယ်လ်ကာနို နှင့် ၎င်း၏ သင်္ဘောသားများ၊ သူတို့၏ မျိုးဆက်များကို အခွင့်အာဏာ အပ်နှင်းခဲ့သည်။ မြို့သစ်များကိုလည်း တည်ထောင်ခဲ့ပြီး ကက်သလစ် သာသနာပြုများမှ အနိမ့်ပိုင်းတွင် နေထိုင်သူများကို ခရစ်ယာန်ဘာသာသို့ သွတ်သွင်းခဲ့သည်။ သူတို့သည် ဘာရော့ငလျင် ဗိသုကာ စတိုင်လ် တည်ဆောက်ထားသော စာသင်ကျောင်းများ၊ တက္ကသိုလ် တစ်ခု၊ ဆေးရုံများနှင့် ဘုရားရှိခိုးကျောင်းများကိုလည်း တည်ထောင်ခဲ့သည်။ သူတို့၏ မြို့ရွာများကို ကာကွယ်ရန်အတွက် စပိန်တို့သည် ပရယ်ဆီဒီယိုဟု ခေါ်သော စစ်ဘက်ဆိုင်ရာ ခံတပ်များကို ကျွန်းစုများ အနှံ့ တည်ဆောက်၍ တပ်စွဲခဲ့သည်။ စပိန်တို့သည် ၁၈၆၃ ခုနှစ်တွင် အစိုးရကျောင်းများတွင် အခမဲ့ ပညာသင်ကြားခွင့် အမိန့်ထုတ်ခဲ့သည်။ ကျွန်စနစ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ ထိုပေါ်လစီများကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေမှာ အဆမတန် တိုးပွားလာခဲ့သည်။ စပိန်တို့ အုပ်ချုပ်နေစဉ် ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ဒေသခံတို့၏ ပုန်ကန်မှုများစွာကို ရင်ဆိုင်နှိမ်နင်းခဲ့ရသည်။ ထို့အပြင် ပြင်ပရှိ တရုတ်နှင့် ဂျပန် ပင်လယ်ဓားပြများ၊ ဒတ်ချ်၊ အင်္ဂလိပ်၊ ပေါ်တူဂီ နှင့် အရှေ့တောင်အာရှမှ မွတ်ဆလင်တို့၏ စစ်ရေး အရ စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံကို ဂျပန်မှ အင်ဒိုနီးရှား အထိ လခြမ်းပုံစံ ဝိုင်းရံတိုက်ခိုက်သည်နှင့် ကြုံရသော်လည်း ထိုသို့ လာရောက်တိုက်ခိုက်သူများကို တိုက်ထုတ်နိုင်ခဲ့သည်။ စပိန်တို့ အုပ်ချုပ်စဉ်အတွင်း ဖိလစ်ပိုင်ကို ထိန်းသိမ်းထားနိုင်ရန် အရင်းအနှီးကြီးမားစွာ ပေးဆပ်ခဲ့ရသည်။ ၁၇ ရာစုအတွင်း အနောက်ဘက်မှ ဒတ်ချ်တို့နှင့် ကာလ ကြာရှည်စွာ စစ်ဖြစ်ပွားခြင်း နှင့် အတူ တောင်ဘက်မှ မွတ်ဆလင်တို့နှင့် ကြိုကြားကြိုကြား ဆိုသကဲ့သို့ ပဋိပက္ခဖြစ်ပွားခြင်း နှင့် မြောက်ဘက်မှ ဂျပန်-တရုတ်တို့၏ ဝိုကိုး ပင်လယ်ဓားပြများကို တိုက်ခိုက်နေရခြင်းတို့ကြောင့် ကိုလိုနီဘဏ္ဍာများမှာ ဒေဝါလီခံရလု နီးနီး ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် အမြဲလိုလို စစ်ဖြစ်နေရခြင်းကြောင့် မက္ကဆီကို နှင့်ပီရူး မှ စေလွှတ်လိုက်ပြီး ဖိလစ်ပိုင်တွင် အခြေစိုက်သော စပိန်စစ်သားများ အများအပြား တပ်ပြေးခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ ရသည်။ ထို့အတွက်ကြောင့် စစ်သားအဖြစ်နှင့် အသင့်လျှော်ဆုံးနှင့် အသန်မာဆုံး သူများသာ စစ်မှုထမ်းရန် ကျန်ရစ်ခဲ့သည်။ ထွက်ပြေးခြင်းမှာ ကျွန်းစုများ အနှံ့ စစ်ပွဲများ တိုက်ခိုက်ရန်နှင့် အခြားနေရာများတွင် ခံတပ်များနှင့် အများပြည်သူသုံး အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် စပိန်တို့မှ ငှားရမ်းထားသော ဒေသခံ ဖိလစ်ပိုင် စစ်သူရဲများနှင့် အလုပ်သမားများ ကြားတွင်လည်း ကြုံတွေ့ရသည်။ စစ်ပွဲများ ဆက်တိုက် တိုက်နေရခြင်း၊ လခမရခြင်း၊ နေရာပြောင်းနေရခြင်းနှင့် ငတ်မွတ်ခြင်း စသော အခြေအနေများကို ပြင်းထန်စွာ ရင်ဆိုင်နေရသဖြင့် လက်တင်အမေရိကမှ ပို့လွှတ်လိုက်သော စစ်သားများနှင့် ဒေသအတွင်း ရှာဖွေခန့်အပ်ထားသော စစ်သူရဲများနှင့် အလုပ်သမားများမှာ သေဆုံးခြင်း သို့မဟုတ် ကစဉ့်ကလျား တပ်ပျက်၍ ဥပဒေမရှိသော ကျေးလက်ဒေသရှိ ပုန်ကန်သူ ဒေသခံများ အကြား ခြေသလုံးအိမ်တိုင် အဖြစ်နေထိုင်ကြခြင်း တို့ ဖြစ်ခဲ့ကြပြီး အိန္ဒိယမှ ကျွန်ပြုခံထားရသော ကျွန်များနှင့် နီဂရီတို့ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေကြသူများမှာ ဗလက္ကာယပြုခြင်း သို့မဟုတ် ပြည်တန်ဆာလုပ်ငန်းမှ တဆင့် , သွေးနှောသွားကြပြီး မြို့များနှင့် မြို့ကြီးများတွင် စပိန်တို့ အပြင်းအထန် ကြိုးစားထိန်းသိမ်း ထားခဲ့ရသော လူမျိုးရေး ခွဲခြားမှုမှာ နောက်တစ်ဆင့် ထပ်မံ ဝေဝါးသွားခဲ့ရသည်။.ထိုအခြေအနေများကြောင့် ဖိလစ်ပိုင်ကို အုပ်ချုပ်ရန် အခက်အခဲများ ပိုမို တိုးပွားလာခဲ့ရသည်။ ထို့အတွက်ကြောင့် မနီလာကို အပိုင်စားရသော တော်ဝင်မြို့စားမှ စပိန် ဒုတိယမြောက် ချားလ်ဘုရင်ထံ စာရေးပြီး ထိုကိုလိုနီကို စွန့်လွှတ်ရန် အကြံပေးခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင်ကို အခြေစိုက်၍ အရှေ့ဖျားဒေသကို ခရစ်ယာန်အဖြစ်ပြောင်းလဲရန် ကြိုးစားမည်ဆိုသော ဘာသာရေး နှင့် သာသာနာပြုရေးဆိုင်ရာ ပုဂ္ဂိုလ်များက ထိုအကြံပေးချက်ကို အောင်မြင်စွာ ဆန့်ကျင်နိုင်ခဲ့သည်။အကျိုးအမြတ်မရသော စစ်ကြောင့် ပျက်စီးနေသော ဖိလစ်ပိုင်ကိုလိုနီမှာ စပိန်ဘုရင်မှ ထောက်ပံ့ပြီး တစ်ခါတစ်ရံ နယူးစပိန် (မက္ကဆီကို) ဘုရင်ခံထံမှ ရရှိသော အခွန်အခများနှင့် အမြတ်အစွန်းများမှ ရရှိသော ထောက်ပံ့ငွေများကြောင့် ဆက်လက်ရှင်သန်ခဲ့ပြီး ဘိုလီးဗီးယားနိုင်ငံ ပိုတိုဆီရှိ မီတား ခေါ် အဓ္ဓမ ခိုင်းစေမှု စနစ်ဖြင့် ရာပေါင်းထောင်ပေါင်းများစွာသော အင်ကာလူမျိုးတို့၏ အသက်များကို ရင်း၍ သတ္တုတွင်းများမှ စုဆောင်းတူးဖော် ရရှိခဲ့သော ငွေသားတန်ချိန် ၇၅ တန်ကို နှစ်စဉ် ပို့ပေးခဲ့သည်။ သို့သော်လည်း ပြန်မရနိုင်သော လူ့အသက်များကို ရင်း၍ တူးဖော်ခဲ့ရပြီး အဖိုးတန် သတ္တုများ ဖြစ်သဖြင့် တူးဖော်ရရှိရန် အကန့်အသတ်ရှိသော ငွေသတ္တုများမှာ ကျွန်းစုနေရာ အနှံ့အပြားရှိ ခံတပ်များတွင် တပ်စွဲထားပြီး အစဉ်တစိုက် ကျူးကျော်မှုများကို ရင်ဆိုင်နေရသည့် ငတ်မွတ်နေသော သို့မဟုတ် သေလုမျောပါး ဖြစ်နေသော စပိန်၊ မက္ကဆီကို၊ ပီရူး နှင့် ဖိလစ်ပိုင် စစ်သားများထံသို့ အနည်းငယ်မျှသာ ရောက်ရှိပြီး မနီလာရှိ တရုတ်၊ အိန္ဒိယ၊ အာရပ်နှင့် မလေးကုန်သည်များမှ စပိန်လူမျိုးများအား ၎င်းတို့၏ အဖိုးတန်သတ္တုများကို ပိုးထည်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ပုလဲများ နှင့် အမွှေးနံ့သာများ အစရှိသည်တို့နှင့် လဲလှယ် ရောင်းချခြင်းဖြင့် ကုန်ဆုံး သွားခဲ့သည်။ ထိုကုန်ပစ္စည်းများမှာ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းဖြင့် ရရှိနိုင်သော်လည်း အမေရိကန်တို့၏ ငွေသတ္တုများမှာမူ တူးဖော်ရာတွင် အကန့်အသတ်ဖြင့်သာ ရနိုင်သည်။ ထို့အတွက်ကြောင့် မနီလာရှိ နှစ် ၂၀၀ သက်တမ်းရှိသော ခံတပ်များမှာ အစောပိုင်း စပိန်ကိုလိုနီနယ်ချဲ့များ တည်ဆောက်ခဲ့သည်အတိုင်းသာ ရှိနေပြီး များစွာ တိုးတက်ပြောင်းလဲမှု မရှိခဲ့ပေ။ ထို့အတွက်ကြောင့် မနီလာသို့ ဗြိတိသျှတို့ ခဏမျှ သိမ်းယူနိုင်ရန် အခြေအနေ ဖြစ်ပေါ်စေခဲ့သည်။ ဗြိတိသျှတို့သည် ခုနစ်နှစ်စစ် ၏ အစိတ်အပိုင်းအဖြစ် ၁၇၆၂ မှ ၁၇၆၄ အထိ မနီလာကို သိမ်းပိုက်ခဲ့သည်။ သို့သော်လည်း ဗြိတိသျှတို့သည် ၎င်းတို့၏ အောင်မြင်မှုကို မနီလာ အပြင်ဘက်သို့ ဆက်လက်ချဲ့ထွင်နိုင်ခြင်း မရှိသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ ၁၇၆၃ ပါရီစာချုပ်အရ စပိန်တို့ ပြန်လည် အုပ်ချုပ်ခဲ့သည်။ စပိန်-မိုရို စစ်ပွဲမှာ နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ၁၉ ရာစု၏ နောက်ဆုံး တစ်စိတ်တွင် စပိန်တို့သည် မင်ဒါနောင်း၏ အစိတ်အပိုင်းများကို အောင်မြင်သိမ်းပိုက်နိုင်ခဲ့ပြီး ဆူလူး စူလတန်ပြည်မှ မိုရို မွတ်စလင်တို့မှာ စပိန်တို့၏ အချုပ်အခြာအာဏာကို တရားဝင် အသိအမှတ်ပြုခဲ့ရသည်။ ၁၉ ရာစုတွင် ဖိလစ်ပိုင်တို့၏ ဆိပ်ကမ်းများမှာ ကမ္ဘာ့ကုန်သွယ်ရေး အတွက် စတင်ဖွင့်လှစ်ခဲ့ပြီး ဖိလစ်ပိုင် လူ့အဖွဲ့အစည်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ယခင်က အိုင်ဘေးရီးယန်းကျွန်းဆွယ်တွင် မွေးဖွားသော စပိန်များသာ ကြီးစိုးထားသည့် အစိုးရ ရာထူးများကို ချမ်းသာကြွယ်ဝလာကြသော ဖိလစ်ပိုင်တွင် မွေးဖွားသော စပိန်လူမျိုးများ (ခရီရိုလော့စ်) နှင့် ကပြားများ (မက်စတီဇော့စ်) တို့ အပြင် စပိန်အမေရိကန် ရွှေ့ပြောင်းနေထိုင်သူများ လျှောက်ထားရယူနိုင်လာကြသည်။ ဖိလစ်ပိုင်တွင် မွေးဖွားသော မာဆယ်လို အက်ဇ်ကာရာဂါ ပါလ်မယ်ရိုသည် ကြယ်သုံးပွင့်အဆင့် ဗိုလ်ချုပ် ရာထူးဖြင့် တော်လှန်ရေးသမားများမှ ဖြုတ်ချခဲ့သော ဘော်ဘွန်း မင်းဆက်အား နန်းပြန်တင်ပေးနိုင်ခဲ့သဖြင့် သူရဲကောင်း တစ်ယောက် ဖြစ်လာခဲ့ပြီး စပိန်-ဖိလစ်ပိုင်တို့ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သူသည် နောက်ဆုံးတွင် စပိန်အင်ပိုင်ယာ၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်ရှိ သူကောင်းမျိုးနွယ်ရာထူးများအတွင် အထူးဂုဏ်ရှိသည်ဟု သတ်မှတ်ခြင်းခံရသော အော်ဒါအော့ဖ် ဂိုးလ်ဒင်းဖလိ ၏ အဖွဲ့ဝင်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ သို့သော်လည်း ကျွန်းများအတွင်း သူပုန်ထရန် နှင့် လွတ်လပ်ရေး အတွက် အကြံအစည်များ စတင်ပျံ့နှံ့လာခဲ့သည်။ လက်တင်အမေရိကသားများ နှင့် ခရီရိုလော့စ်များမှာ စပိန်ဖိလစ်ပိုင် စစ်တပ်အတွင်း အရာရှိများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း လက်တင်အမေရိကန် လွတ်လပ်ရေး စစ်ပွဲများကြောင့် သူတို့၏ သစ္စာရှိမှုကို သံသယဝင်လာခဲ့ပြီး သူတို့၏ နေရာတွင် စပိန်တွင် မွေးဖွားသော အရာရှိများဖြင့် အစားထိုး လာခဲ့သည်။ ထိုစပိန်ဖွား အရာရှိများမှာ သူတို့ တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်သူများအပေါ်တွင် အာရုံ စူးစိုက်မှု နည်းပါးပြီး စပိန်သို့ မပြန်မီ ၎င်းတို့ဘာသာ ချမ်းသာကြွယ်ဝစေရန် အတွက်သာ ဆန္ဒရှိကြသည့် ဒေသခံများ၏ အကျိုးထက် စပိန်နိုင်ငံ၏ အကျိုးကိုသာ လိုလားသော ခေါင်းပုံဖြတ်သူများသာ အများစု ဖြစ်ကြသည်။ ခရီရိုလို နှင့် လာတီနိုတို့မှာ သူတို့၏ မြေကို ချစ်သောစိတ်နှင့် သူတို့၏ ပြည်သူများ ဒုက္ခရောက်နေသည်ကို မြင်ရခြင်းကြောင့် အုံကြွလာကြပြီး သူတို့၏ လူမျိုးကြောင့်နှင့် အမိမြေကို မမှိတ်မသုံ သစ္စာရှိမှုကြောင့်တို့သာ ခန့်အပ်ထားခြင်းခံထားရသော ခေါင်းပုံဖြတ်သူ ကျွန်းဆွယ်သားတို့အပေါ် အမုန်းမီးများ ကြီးထွားလာခဲ့သည်။ ထို့အတွက်ကြောင့် ဖိလစ်ပိုင်တွင် မွေးဖွားပြီး ပိုမိုချမ်းသာသော စပိန်တွင် အလွန်အောင်မြင်ကျော်ကြားမှု ရခဲ့သော်လည်း ဆင်းရဲသော ဖိလစ်ပိုင်နိုင်ငံတွင်သာ ပြန်လည် အမှုထမ်းခဲ့သော စစ်သား အန်ဒရေ နိုဗာလက် ၏ ပုန်ကန်ထကြွမှု ဖြစ်ပွားခဲ့သည်။ ၎င်းအား ဒေသခံ စစ်သားများက ထောက်ခံကြသလို ယခင်က ဖိလစ်ပိုင် စပိန်တပ်မတော်တွင် အမှုထမ်းခဲ့သော အရာရှိများဖြစ်ပြီး ယခုအခါ လွတ်လပ်သော နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ ပီရူး၊ ချီလီ၊ အာဂျင်တီးနား နှင့် ကော့စတာရီကာ နိုင်ငံတို့တွင် နေထိုင်ကြသောသူများကလည်း ထောက်ခံခဲ့သည်။ ထိုပုန်ကန်မှုသည် ရက်စက်စွာ နှိမ်နင်းခံခဲ့ရသော်လည်း ၎င်းသည် ဖိလစ်ပိုင်တော်လှန်ရေး၏ အစဖြစ်သော ကာဗိုက်သူပုန်ထမှုအတွက် အကြို နိမိတ်ပြခဲ့သည်။ အာဇာနည် ကက်သလစ်ရဟန်း ၃ ပါး ဖြစ်သော မာရီယာနို ဂိုမက်ဇ်၊ ယိုဆေး ဘားဂို့စ် နှင့် ဂျာဆင်တို ဇာမိုရာ (ဂွန်ဘာဇာ ဟု စုပေါင်း၍ သိကြသည်။) တို့အား ပုန်ကန်ရန်လှုံ့ဆော်မှုဖြင့် ကိုလိုနီ အာဏာပိုင်များက စွပ်စွဲ ကွပ်မျက်ခဲ့ပြီးနောက် ၁၈၇၂ တွင် တော်လှန်ရေး စိတ်ဓာတ်များ နိုးကြားလာခဲ့ကြသည်။ ထို့အတွက်ကြောင့် စပိန်တွင် မာဆယ်လို အိတ်ချ် ဒယ် ပီလာ၊ ယိုဆေး ရိုင်ဇယ် နှင့် မာရီယာနိုပေါင့်စ် တို့ ဦးဆောင်လှုပ်ရှားသော ဝါဒဖြန့် လှုပ်ရှားမှု ဖြစ်ပေါ်ရန် တွန်းအားပေးခဲ့ပြီး ဖိလစ်ပိုင်တွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ရန် လှုပ်ရှားခဲ့ကြသည်။ ရိုင်ဇယ်သည် အကြမ်းဖက် တော်လှန်ရေးကို ဆန့်ကျန်ပြီး ငြိမ်းချမ်းစွာ ပြောင်းလဲရေးအတွက် နှိုးဆော်ခဲ့သော်လည်း သူ့အား ၁၈၉၆ ဒီဇင်ဘာ ၃၀ တွင် ပုန်ကန်မှုဖြင့် ကွပ်မျက်ခဲ့သည်။ သူသည် ကျူးဘားတော်လှန်ရေး အတွင်း စပိန်တို့ဘက်မှ ဆရာဝန် အဖြစ် ပါဝင်ကူညီပေးခဲ့သူ ဖြစ်သည်။ စပိန်တို့သည် အကြမ်းဖက်တော်လှန်ရေးအား ဆန့်ကျင်သော သူရဲကောင်းအား သတ်ဖြတ်ပစ်ခဲ့ခြင်းကြောင့် စိတ်အားထက်သန်သော သစ္စာခံများကို အစွန်းရောက်သူပုန်များ အဖြစ် ပြောင်းလဲပေးခဲ့သလိုပင် ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးအတွက် အတိုက်အခံများနှင့် ကြုံရသဖြင့် စပိန်တို့ထံမှ လွတ်လပ်ရေးကို လက်နက်ကိုင် တိုက်ယူရန် အတွက် အန်ဒရေ ဘိုနီဖာရှိုသည် ၁၈၉၂တွင် စစ်သွေးကြွ မြေအောက်အဖွဲ့ဖြစ်သော ကာတီပူနန်ကို ဖွဲ့စည်းခဲ့သည်။ ဘိုနီဖာရှိုနှင့် ကာတီပူနန်တို့သည် ၁၈၉၆တွင် ဖိလစ်ပိုင်တော်လှန်ရေးကို စတင်ခဲ့သည်။ ကာတီပူနန်၏ အစိတ်အပိုင်းဖြစ်သော ကာဗိုက်နယ်မှ မက်ဂ်ဒါလို အဖွဲ့သည် ဘိုနီဖာရှို၏ တော်လှန်ရေး ခေါင်းဆောင် ရာထူးနေရာကို စိန်ခေါ်ခဲ့ပြီး အယ်မလီယို အာဂွီနယ်လ်ဒိုက ထိုနေရာကို လွှဲပြောင်းရယူခဲ့သည်။ ၁၈၉၈ တွင် ကျူးဘား၌ စပိန်-အမေရိကန် စစ်ပွဲ ဖြစ်ပွားပြီးနောက် ဖိလစ်ပိုင်သို့ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။ အာဂွီနယ်လ်ဒိုသည်ကာဗိုက်နယ် ကာဝစ်မှ ၁၈၉၈ ဇွန်လ ၁၂ ရက်တွင် စပိန်တို့ထံမှ လွတ်လပ်ရေး ကြေညာခဲ့ပြီး ပထမဆုံး ဖိလစ်ပိုင် သမ္မတနိုင်ငံတော်ကို နောက်တစ်နှစ်တွင် ဘာရာဆိုအင် ဘုရားကျောင်း၌ တည်ထောင်ခဲ့သည်။ အမေရိကန် အုပ်စိုးစဉ် ကာလ စပိန်-အမေရိကန် စစ်ပွဲတွင် အမေရိကန်တို့ အောင်မြင်ခဲ့သဖြင့် စပိန်တို့သည် ဖိလစ်ပိုင်ကျွန်းများကို ပျူရီတိုရီကို နှင့် ဂူအမ်ကျွန်းတို့နှင့် အတူ အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးခဲ့ရသည်။၁၈၉၈ ပါရီ စာချုပ်အရ စပိန်တိုအား အမေရိကန်ဒေါ်လာ သန်း ၂၀ ကို လျော်ကြေး အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။ အမေရိကန်တို့သည် ဖွဲ့စည်းတည်ထောင်ခါစ တိုင်းပြည်သစ် ဖြစ်သည့် ပထမ ဖိလစ်ပိုင် သမ္မတနိုင်ငံတော်ကို အသိအမှတ်မပြုကြောင်း ပိုမိုထင်ရှားလာသည့် အခါတွင် ဖိလစ်ပိုင်-အမေရိကန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ခွဲထွက်သွားသော ကန်တိုနယ် နီဂရိုး သမ္မတနိုင်ငံမှ သမ္မတ အန်နီစီတို လက်ဆန်၏ ဖိတ်ကြားမှုကို ရရှိပြီးနောက် ဗိုလ်မှူးချုပ် ဂျိမ်း အက်ဖ် စမစ်သည် ဘာကိုလော့ သို့ ၁၈၉၉ ခုနှစ် မတ်လ ၄ ရက်တွင် စစ်ရေးဆိုင်ရာ အုပ်ချုပ်ရေးမှူး အဖြစ် ရောက်ရှိလာခဲ့သည်။ စစ်ပွဲကြောင့် ဖိလစ်ပိုင်ပြည်သူ ၂၀၀,၀၀၀ အနည်းဆုံး သေဆုံးခဲ့ရပြီး အများအားဖြင့် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါဘယတို့ကြောင့် ဖြစ်သည်။ ပထမ ဖိလစ်ပိုင် သမ္မတနိုင်ငံတော် စစ်ရှုံးခဲ့ပြီးနောက် ကျွန်းစုများကို အမေရိကန် ကျွန်းစုအစိုးရမှ အုပ်ချုပ်ခဲ့သည်။ အမေရိကန်တို့သည် အခြားသော ပုန်ကန်ထကြွသော ပြည်နယ်များကို ဆက်လက်နှိမ်နင်းခဲ့ပြီး အထူးသဖြင့် ဆုတ်ယုတ်လာသော ဆူလူးစူလတန်ပြည် အပါအဝင် ပုန်ကန်ထကြွသော တာဂါးလော့ သမ္မတနိုင်ငံနှင့် မင်ဒါနောင်းရှိ ဇမ်ဘိုယမ်ဂါ သမ္မတနိုင်ငံတို့ ဖြစ်သည်။ ထိုအချိန်ကာလ အတွင်း ဖိလစ်ပိုင်၏ ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာခဲ့ပြီး ရုပ်ရှင်နယ်ပယ် နှင့် စာပေနယ်ပယ်တို့မှာ တိုးတက်လာခဲ့သည်။ ဒန်နီယယ် ဘန်းဟန်မှ မနီလာအား ခေတ်သစ်မြို့တော် တစ်ခု အဖြစ်ပြောင်းလဲပေးမည့် ဗိသုကာ အစီအမံကို ရေးဆွဲခဲ့သည်။ ၁၉၃၅ တွင် ဖိလစ်ပိုင် အား ဓနသဟာယနိုင်ငံ အဆင့် သတ်မှတ်ခဲ့ပြီး မန်နျူရယ်ကွီဇုန်မှာ သမ္မတ ဖြစ်လာခဲ့သည်။ သူသည် အမျိုးသား ဘာသာစကားကို သတ်မှတ်ပေးခဲ့ပြီး အမျိုးသမီးများ မဲပေးခွင့်နှင့် မြေယာပြုပြင်ပြောင်းလဲရေးတို့ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ဂျပန် အုပ်စိုးစဉ် ကာလ နောက်ဆယ်စုနှစ်အတွင်း ဖိလစ်ပိုင်တို့၏ လွတ်လပ်ရေး အရယူမည့် အကြံမှာ ဂျပန်အင်ပိုင်ယာ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။ ဂျပန်တို့က ယိုဆေး ပီ လော်ရယ် ဦးဆောင်သော ရုပ်သေးအစိုးရဖြင့် ဒုတိယ ဖိလစ်ပိုင် သမ္မတနိုင်ငံအား ဂျပန်၏ လက်အောက်ခံနိုင်ငံ အဖြစ် ထူထောင်ခဲ့သည်။ စစ်ပွဲကာလအတွင်း ဂျပန်တို့မှ ရက်စက်ကြမ်းကြုတ်မှုများစွာ ပြုလုပ်ခဲ့ပြီး ဘာတာအန်း သေမင်းတမန် ချီတက်ခြင်း နှင့် မနီလာစစ်ပွဲ အထွဋ်အထိပ် ရောက်ချိန်တွင် ဖြစ်ပွားခဲ့သော မနီလာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ကဲ့သို့သော စစ်ရာဇဝတ်မှုများကိုလည်း ကျူးလွန်ခဲ့သည်။ ၁၉၄၄တွင် ကွီဇုန်သည် အမေရိကန်ပြည်ထောင်စုတွင် ပြည်ပြေးအဖြစ် တိမ်းရှောင်ရင်း ကွယ်လွန်ခဲ့ပြီး ဆာဂျီယို အိုစမီနာက ၎င်း၏ နေရာအား ဆက်ခံခဲ့သည်။ ထို့နောက်တွင် မဟာမိတ်တပ်များသည် ဖိလစ်ပိုင် ကျွန်းစုအတွင်း ကျွန်းတစ်ခုမှ တစ်ခုသို့ ကူးပြောင်းခြင်း နည်းဗျူဟာကို ကျင့်သုံးခဲ့ပြီး ဂျပန်နေမဝင် အင်ပါယာမှ အောင်နိုင်ထားခဲ့သော နယ်မြေများကို ပြန်လည် ရယူနိုင်ခဲ့သည်။ ၁၉၄၂ ခုနှစ် အလယ်ပိုင်းမှ ၁၉၄၄ ခုနှစ် အလယ်ပိုင်း အထိ ဖိလစ်ပိုင် ပြောက်ကျားတော်လှန်မှု များအား အမေရိကန် ရေတပ် ရေငုပ်သင်္ဘောများနှင့် လေထီးဖြင့် ချပေးခြင်းတို့က ပံ့ပိုးမှု ပေးပြီး အားပေးအားမြှောက်ပြုခဲ့သည်။ ပြောက်ကျားများ အနေနှင့် ဂျပန်စစ်တပ်အား ဖိအားပေးနိုင်ရန် ဖြစ်ပြီး ကျေးလက်ဒေသများ၊ တောအုပ်များနှင့် တောင်ကုန်းများကို ထိန်းသိမ်းထားနိုင်ရန် အတွက် ဖြစ်သည်။ ပြောက်ကျားစစ်သည် အလွန်ထိရောက်သဖြင့် ဂျပန်အင်ပိုင်ယာ အနေနှင့် ပြည်နယ် ၄၈ ခု အနက် ၁၂ ခုကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ အမေရိကန်တို့ အပေါ် သစ္စာခံထားသော်လည်း ဖိလစ်ပိုင်လူမျိုး အများစု အနေနှင့် ယုံကြည်ထားသည်မှာ ဂျပန်တို့လက်အောက်မှ လွတ်မြောက်လျှင် သူတို့အတွက် လွတ်လပ်ရေး ရမည် ဖြစ်ပြီး ယခင်ကတည်းက ကတိရရှိထားသည့်အတိုင်း လွတ်လပ်သောနိုင်ငံ ထူထောင်နိုင်မည်ဟူ၍ ဖြစ်သည်။ မဟာမိတ်များက ဖိလစ်ပိုင်တို့အား ဂျပန်အင်ပိုင်ယာမှ လွတ်မြောက်အောင် တိုက်ခိုက်ရာတွင် သမိုင်းကြောင်းတလျှောက် စုစုပေါင်း နစ်မြုပ်မှု တန်ချိန် အများဆုံး စစ်ပွဲဖြစ်သော လေးတဲပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ပွားခဲ့သည်။ မဟာမိတ်တပ်တို့မှ ဂျပန်တို့အား ၁၉၄၅ ခုနှစ်တွင် အောင်မြင်နိုင်ခဲ့သည်။ စစ်ပွဲအပြီးတွင် ခန့်မှန်းခြေ အားဖြင့် ဖိလစ်ပိုင်လူမျိုး တစ်သန်းကျော် သေဆုံးမည်ဟု ခန့်မှန်းခဲ့သည်။ ကိုလိုနီ ခေတ်လွန် ကာလ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ဖိလစ်ပိုင်သည် ကုလသမဂ္ဂ၏ စတင်တည်ထောင်ရာတွင် ပါဝင်သည့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ နောက်တစ်နှစ်ဖြစ်သော ၁၉၄၆ ဇူလိုင် ၄ ရက်တွင် သမ္မတ မန်နျူရယ် ရော့ဆက် လက်ထက်၌ မနီလာစာချုပ်ဖြင့် ဖိလစ်ပိုင်သည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း အမေရိကန်တို့မှ တရားဝင် အသိအမှတ်ပြုခဲ့သည်။ မကျေမနပ်သော ကွန်မြူနစ် အကြွင်းအကျန်များဖြစ်သည့် ဟူကဘာလာဟပ် တို့သည် ကျေးလက်ဒေသများတွင် လှည့်လည် ကျက်စားနေကြသောလည်း သမ္မတ အယ်လ်ပီဒီယို ကွီရီနိုကို ဆက်ခံသူ ရာမွန် မက်ဆေးဆေးမှ နှိမ်နင်းခဲ့သည်။မာဆေးဆေးအား ဆက်ခံသူ ကားလို့စ် ပီ ဂါစီယာမှ ဖိလစ်ပိုင်လူမျိုး ပထမဦးစားပေး ပေါ်လစီကို အစပျိုးခဲ့ပြီး ထိုပေါ်လစီအား ဒီယော့စ်ဒါဒို မာကာပါဂယ်မှ ဆက်လက် လုပ်ဆောင်ခဲ့ကာ လွတ်လပ်ရေးနေ့ ကျင်းပခြင်းအား ဇူလိုင် ၄ ရက်နေ့မှ အယ်မလီယို အာဂွီနာဒို ကြေညာသည့် နေ့ဖြစ်သော ဇူလိုင် ၁၂ ရက်သို့ ပြောင်းရွှေ့ခဲ့ကာ မြောက်ဘော်နီယို အရှေ့ပိုင်းအား ဖိလစ်ပိုင်၏ နယ်မြေအဖြစ် တောင်းဆိုခဲ့သည်။ ၁၉၆၅တွင် မာကာပါဂယ်သည် သမ္မတ ရွေးကောက်ပွဲတွင် ဖာဒီနန် မားကို့စ် အား ရှုံးနိမ့်ခဲ့သည်။ မားကို့စ်၏ သမ္မတ သက်တမ်း အစောပိုင်းတွင်ပင် သူသည် အခြေခံ အဆောက်အအုံ စီမံကိန်း အများအပြားကို စတင်ခဲ့သော်လည်း အကြီးအကျယ် ခြစားခြင်းနှင့် ပြည်သူ့ဘဏ္ဍာများကို ဒေါ်လာဘီလီယံနှင့် ချီ၍ အလွဲသုံးစားပြုခြင်း တို့အတွက် အစွပ်စွဲခံခဲ့ရသည်။ သူ၏ သမ္မတ သက်တမ်း ကုန်ဆုံးခါနီး ၁၉၇၂ ခုနှစ် စက်တင်ဘာ ၂၁ တွင် မားကို့စ်သည် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ သူ၏ ထိုအုပ်ချုပ်ရေး ကာလအတွင်း ဖိနှိပ်ခြင်း၊ ဆင်ဆာဖြတ်ခြင်း ၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့နှင့် ပြည့်နှက်နေသော်လည်း အမေရိကန် တို့က ၎င်းတို့၏ ထောက်ပံ့မှုကို မယိမ်းမယိုင် ဆက်လက်ပေးအပ်ခဲ့သည်။ ၁၉၈၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင် မားကို့စ်၏ အဓိက ပြိုင်ဘက်နှင့် အတိုက်အခံ ခေါင်းဆောင်ဖြစ်သော ဘန်နစ်နို အာကွီနို ဂျူနီယာမှာ မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် လုပ်ကြံခံခဲ့ရသည်။ မားကို့စ်သည် နောက်ဆုံးတွင် ၁၉၈၆ သမ္မတ ကြားဖြတ် ရွေးကောက်ပွဲကို ကြေညာခဲ့သည်။ မားကို့စ်သည် အောင်နိုင်သူ အဖြစ် ကြေညာခဲ့သော်လည်း အများစုမှ ထိုရလဒ်သည် လိမ်လည်မှု ဖြစ်သည်ဟု ယူဆကြသည်။ ထို့နောက်တွင် ကာဒီနယ် ဂျိုင်းမီဆင်း မှ ပြည်သူတို့အား ပုန်ကန်ထကြွရန် လှုံ့ဆော်ခဲ့ပြီး တကမ္ဘာလုံးအား အံ့အားသင့်သွားစေသော ပြည်သူ့အာဏာတော်လှန်ရေး အား ဦးဆောင်ခဲ့သည်။ မားကို့စ်နှင့် သူ၏ အပေါင်းအပါများသည် ဟာဝိုင်ယီ သို့ ထွက်ပြေးခဲ့ကြပြီး ဆန္ဒပြမှုများ၏ လက်နက်ကိုင်များအား စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့သော အာကွီနို၏ ကျန်ရစ်သူဇနီး ကိုရာဇမ် အာကွီနို အား သမ္မတ အဖြစ် အသိအမှတ် ပြုခဲ့သည်။ ယနေ့ခေတ် သမိုင်းကြောင်း ဒီမိုကရေစီနိုင်ငံ ပြန်လည်ဖြစ်ပေါ်လာပြီး ၁၉၈၆ တွင်စတင်သော အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများမှာ နိုင်ငံတော်၏ ကြွေးမြီများ၊ အစိုးရ၏ ခြစားမှုများ၊ အာဏာသိမ်းရန် ကြံစည်မှုများ၊ ကပ်ဆိုက်မှုများ နှင့် ဆက်လက်တိုက်ခိုက်နေသော ကွန်မြူနစ် သူပုန်များ နှင့် မိုရိုခွဲထွက်ရေး သမားများနှင့် စစ်တပ်တို့၏ ပဋိပက္ခများကြောင့် နှောင့်နှေးခဲ့ရသည်။ ကိုရာဇမ် အာကွီနို အုပ်ချုပ်နေစဉ်ကာလ အတွင်း အမေရိကန် စစ်အခြေစိုက်စခန်း ဆက်လက်ထားရှိရေး စာချုပ်ကို ငြင်းဆိုခဲ့သောကြောင့် အမေရိကန်တပ်များ ဖိလစ်ပိုင်မှ ရုပ်သိမ်းခဲ့ပြီး ကလာ့ခ်လေတပ်အခြေစိုက် စခန်းကို ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် လည်းကောင်း၊ ဆူဘစ်ပင်လယ်အော် အခြေစိုက်စခန်းကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း အစိုးရသို့ တရားဝင် လွှဲပြောင်းပေးခဲ့သည်။ အစိုးရအနေနှင့် ၁၉၉၁ ခုနှစ် ဇွန်လ ပင်နာတူဘို မီးတောင် ပေါက်ကွဲမှု အပါအဝင် သဘာဝဘေးအန္တရာယ်များကိုလည်း ဆက်တိုက် ရင်ဆိုင် ဖြေရှင်းခဲ့ရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမ္မတစ်ဦးအား သက်တမ်းတစ်ခုသာ ဆောင်ရွက်ခွင့်အား စတင်ထည့်သွင်းလိုက်သဖြင့် အာကွီနိုသည် နောက်တစ်ကြိမ် ထပ်မံ အရွေးမခံတော့ပေ။ ၁၉၉၂ ခုနှစ် မေလတွင် ကျင်းပသော ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရသော ဖီဒယ် ဘီ ရားမို့စ်မှ အာကွီနို အား ဆက်ခံခဲ့သည်။ ထိုကာလအတွင်း နိုင်ငံ၏ စီးပွားရေး စွမ်းဆောင်နိုင်မှုမှာ အသင့်အတင့်သာ ရှိပြီး ဂျီဒီပီတိုးတက်မှုနှုန်း ၃.၆% မျှသာ ရှိသည်။ မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦးနှင့် ၁၉၉၆ တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပြီး နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် စီးပွားရေး တိုးတက်မှုများ ဖြစ်ပေါ်သော်လည်း ၁၉၉၇ အာရှ ငွေကြေးဂယက် စတင်ဖြစ်ပေါ်ခြင်းက ၎င်းတို့ကို လွှမ်းမိုး သွားခဲ့သည်။ ရားမို့စ်၏ သမ္မတသက်တမ်းအတွင်း သေဒဏ်ပေးမှုကို ပြန်လည်အသက်သွင်းခဲ့ပြီး ၁၉၉၃ ခုနှစ် အီလင်း ဆာမီယန်တာ နှင့် အလန်ဂိုမက်ဇ်တို့အား သတ်ဖြတ် မုဒိမ်းကျင့်မှု ဖြစ်ပွားအပြီးတွင် ဖြစ်သည်။ ပထမဆုံး သေဒဏ်ပေးခံရသောသူမှာ လီယို အက်ချီဂါရေးဖြစ်ပြီး သူ့အား ၁၉၉၉ တွင် သေဒဏ်ဆောင်ရွက်ခဲ့သည်။ ရားမို့စ်အား ဆက်ခံသူမှာ ဂျိုးဆက် အက်စထရာဒါဖြစ်ပြီး ၁၉၉၈ ဇွန်လတွင် စတင် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၉၇ ခုနှစ် အာရှ ငွေကြေးဂယက်အတွင်းတွင်ပင် နိုင်ငံ၏ စီးပွားရေးကို -၀.၆% တိုးတက်မှုမှ ၃.၄% တိုးတက်မှု အထိ ပြန်လည်ဆွဲတင်နိုင်ခဲ့သည်။အစိုးရသည် မိုရိုအစ္စလာမ်လွတ်မြောက်ရေး တပ်ဦး အား ၂၀၀၀ ခုနှစ် မတ်လတွင် စစ်ကြေညာခဲ့ပြီး သူပုန်တို့၏ ဌာနချုပ် အပါအဝင် စခန်းများကို ဝင်ရောက်သိမ်းပိုက် ချေမှုန်းခဲ့သည်။ အဘူဆာယက်ဖ် သူပုန်တို့နှင့် ပဋိပက္ခအတွင်းတွင်ပင် လာဘ်စားသည်ဟု စွပ်စွဲခံရပြီး နှောင့်နှေးနေသော အစိုးရအား တရားစွဲဆိုမှု အတွင်းတွင်ပင် ၂၀၀၁ အီးအက်စ်ဒီအေ တော်လှန်ရေးဖြင့် ဂျိုးဆက် အက်စထရာဒါ၏ အစိုးရမှာ ဖြုတ်ချခံရပြီး ၎င်း၏ ဒု-သမ္မတဖြစ်သူ ဂလော်ရီယာ မာကာပါဂယ်-အာရိုယို မှ ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ၎င်း၏ နေရာကို ဆက်ခံခဲ့သည်။ အာရိုယို၏ ၉နှစ်တာ အစိုးရ ကာလအတွင်း စီးပွားရေးသည် အလွန်တိုးတက်လာခဲ့ပြီး ၄%မှ ၇% အထိရှိကာ ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် ၅.၃၃% တိုးတက်ခဲ့ကာ ၂၀၀၄ ခုနှစ်တွင် မနီလာ အပေါ့စား မြို့ပတ်ရထား လိုင်း ၂ ကဲ့သို့သော စီးပွားရေး အဆောက်အအုံ ဆိုင်ရာ စီမံကိန်းများကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကာ မဟာ စီးပွားပျက်ကပ်ကြီးအား ရှောင်လွှဲနိုင်ခဲ့သည်။ အခြားအချိန်ကာလများနှင့် နှိုင်းယှဉ်မည်ဆိုပါက ဖိလစ်ပိုင်၏ စီးပွားရေးသည် ၁၉၆၅ မှ ၂၀၀၁ အတွင်း ၃.၆% နှင့် စင်ကာပူတွင် ဒီမိုကရေစီရရှိပြီးသော အချိန်ကာလကိုသာ ထည့်သွင်းရေတွက်မည် ဆိုပါက ၁၉၈၆ မှ ၂၀၀၁ အတွင်း ၃.၅% မျှ တိုးတက်ခဲ့သည်။ သူမ၏ အရှေ့မှ တာဝန်ထမ်းဆောင်များနှင့် နှစ်စဉ်တိုးတက်မှုနှုန်းကို နှိုင်းယှဉ်မည် ဆိုပါက (မားကို့စ်အစိုးရ မှ အက်စထရာဒါ အစိုးရအထိ) ၁.၇% မှ ၁.၈၇% အထိ တိုးတက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များမှ စ၍ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆယ်စုနှစ် ၅ စုစာမျှ နောက်ကျကျန်နေသော ဖိလစ်ပိုင်၏ ရွှံ့နွံထဲမှ စီးပွားရေးသည် ရုတ်တရက် တိုးတက်လာခြင်းကြောင့် သူမ၏ အစိုးရ ပြီး နောက်ဆယ်စုနှစ်အတွင်းတွင် ဖိလစ်ပိုင်သည် အာရှ၏ လူမမာနိုင်ငံ အဖြစ်မှ ကျားပေါက်တစ်ကောင်အဖြစ် ပြောင်းလဲလာခဲ့သည်။ သို့သော်လည်း ထိုအောင်မြင်မှုများမှ ခြစားမှုများနှင့် ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် မဲခိုးခြင်း နှင့် သက်ဆိုင်သည့် ဟဲလိုဂါစီအရှုပ်တော်ပုံ ကဲ့သို့သော အရှုပ်တော်ပုံများနှင့် အတူ ရှိနေခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် သတင်းစာဆရာများနှင့် သာမန်ပြည်သူ ၃၄ ယောက်တို့မှာ မာဂွင်ဒါနောင်းတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ ဘန်နစ်နို အာကွီနို ၃ သည် ၂၀၁၀ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ၁၅ ယောက်မြောက် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ့အနေနှင့် ပထမဆုံး ရင်ဆိုင်ဖြေရှင်းရသည့် အကြီးဆုံး ပြဿနာမှာ မနီလာဓားစာခံအမှု ဖြစ်ပြီး ထိုအမှုကြောင့် မနီလာနှင့် ဟောင်ကောင်ကြား ဆက်ဆံရေးတွင် ကြီးမားသော အဖုအထစ် ဖြစ်ပေါ်ခဲ့သည်။ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို ပြဋ္ဌာန်းရန် ပထမအဆင့် အနေနှင့် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ တွင် ဘန်ဆာမိုရို အခြေခံမူ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။သို့သော်လည်း မာဂွင်ဒါနောင်းရှိ မာမာဆာပါနိုတွင် ပဋိပက္ခဖြစ်ပွားရာ ဖိလစ်ပိုင်နိုင်ငံတော် ရဲတပ်ဖွဲ့၏ အထူးစစ်ဆင်ရေးအဖွဲ့မှ ၄၄ ဦး သေဆုံးခဲ့သဖြင့် ဘန်ဆာမိုရို ပဏာမ ဥပဒေကို တရားဝင် ပြဋ္ဌာန်းရန် ကြိုးစားမှုမှာ တစ်ဝက်တစ်ပျက်တွင် ရပ်တန့်ခဲ့သည်။ ဆာဘားကျွန်း နှင့် တောင်တရုတ်ပင်လယ်တို့တွင် ဖိလစ်ပိုင်တို့ ပိုင်နက်အငြင်းပွားမှုတို့မှာလည်း အရှိန်အဟုန်မြင့်လာခဲ့သည်။ ၂၀၁၃ ခုနှစ် မေလ ၁၅ ရက်တွင် ဖိလစ်ပိုင်သည် ကေ-၁၂ ပရိုဂရမ်ဟု လူသိများကြသော ၂၀၁၃ ခုနှစ် မွမ်းမံထားသည့် အခြေခံပညာရေး ဥပဒေ ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ထိုစနစ်အရ ဖိလစ်ပိုင်၏ ၁၀နှစ်တာ ပညာသင်ကြားသော အခြေခံပညာ မူလတန်း နှင့် အထက်တန်း စနစ်တွင် ၂ နှစ် ထပ်မံပေါင်းထည့်ခဲ့သည်။ ထို့နောက်တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ယိုလန်ဒါ တိုင်ဖွန်းမုန်တိုင်း (ဟိုင်ယန်တိုင်ဖွန်း မုန်တိုင်း) ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဗီဆာယားဒေသတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်တွင် အမေရိကန် သမ္မတ ဘားရက် အိုဘာမား ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ် လာရောက်ပြီးနောက် မွမ်းမံထားသော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့သဖြင့် အမေရိကန် စစ်တပ်များ နိုင်ငံအတွင်း ပြန်လည် အခြေစိုက်နိုင်ရန် အတွက် လမ်းဖွင့်ပေးခဲ့သည်။ <ref>{{cite web |url=http://www.abs-cbnnews.com/nation/04/28/14/philippines-us-sign-defence-pact-0 |title=Philippines, US sign defense pact |publisher=ABS-CBN News |website=Agence France-Presse |date=April 28, 2014 |accessdate=April 29, 2014}}</ref> ယခင်က ဒါဗောင်းမြို့တော်၏ မြို့တော်ဝန်ဖြစ်သော ရော်ဒရစ်ဂို ဒူတာတေးသည် ပီဒီပီ-လာဘန်း ပါတီမှ တဆင့် ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး မင်ဒါနောင်းဒေသမှ ပထမဆုံး ဖိလစ်ပိုင်၏ သမ္မတ ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် အမြဲတမ်းအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ခုံရုံးမှ တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အငြင်းပွားမှု ဖြစ်ပွားသော နယ်မြေအငြင်းပွားမှုတွင် ဖိလစ်ပိုင်အား အသာစီးပေး၍ ဆုံးဖြတ်ချက်ချ ခဲ့သည်။ သမ္မတ အဖြစ် အရွေးချယ် ခံရပြီးနောက်တွင် ဒူတာတေးသည် မဲဆွယ်စဉ်က ပေးခဲ့သည့် ကတိအတိုင်း ၆ လအတွင်း ရာဇဝတ်မှုများ ပပျောက်စေရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကန်ပိန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ဖိလစ်ပိုင် မူးယစ်ဆေးတိုက်ဖျက်မှုတွင် လူသေဆုံးမှုမှာ ၅,၁၇၆ ဦး အထိ ရှိခဲ့သည်။ ဒူတာတေးသည် ၂၀၁၇ ခုနှစ်တွင် "တည်ဆောက်စို့ ! တည်ဆောက်စို့ ! တည်ဆောက်စို့ ! " ဟု အမည်ပေးထားသော အစီအစဉ်ကို စတင်ခဲ့ပြီး ဖိလစ်ပိုင်ကို အခြေခံအဆောက်အအုံနှင့် ပတ်သက်သော ရွှေရောင်နှစ်သစ်များဆီသို့ လမ်းပြခေါ်ဆောင်သွားရန် ရည်ရွယ်ပြီး ၎င်းမှတဆင့် အလုပ်အကိုင် နှင့် စီးပွားရေး အခွင့်အလမ်းများ ပိုမို ဖန်တီးပေးပြီး ထိုမှတဖန် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ပြီး ဆင်းရဲမွဲတေမှု လျှော့ချရေးကို အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထိုအစီအစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဆောက်လုပ်ရေးကဏ္ဍတွင် အလုပ်သမားပေါင်း ၂ သန်းမျှ ပိုမို လိုအပ်မည် ဖြစ်သည်။ တည်ဆောက်စို့ ! တည်ဆောက်စို့ ! တည်ဆောက်စို့ ! အစီအစဉ်တွင် စီမံကိန်း ၇၅ ခု ပါဝင်ပြီး ၎င်းတို့ထဲတွင် လေကြောင်းပို့ဆောင်ရေးဆိုင်ရာ စီမံကိန်း ၆ ခု၊ ရထားပို့ဆောင်ရေး စီမံကိန်း ၁၂ ခု၊ ရေကြောင်းပို့ဆောင်ရေး စီမံကိန်း ၄ ခုတို့ ပါဝင်သည်။ ထို့အပြင် ရေကြီးမှု ထိန်းသိမ်းနိုင်မည့် အဓိက စီမံကိန်းကြီး ၄ ခု၊ ရေပေးဝေရေးနှင့် ဆည်မြောင်းဆိုင်ရာ စီမံကိန်း ၁၁ ခု၊ ဓာတ်အားပေးရေး စီမံကိန်း ၄ခုနှင့် အခြားသော အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်း ၃ခုတို့ ပါဝင်သည်။ နိုင်ငံအနေနှင့် ၂၀၂၂ ခုနှစ်အထိအများပြည်သူတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံတို့တွင် အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံ မှ ၂၂၀ ဘီလီယံ အထိ သုံးစွဲရန် ရည်ရွယ်ထားသည်။ ၂၀၁၇ တွင် ဒူတာတေးသည် အရည်အသွေးမြင့် အဆင့်မြင့်ပညာရေးကို လူတိုင်းသင်ကြားနိုင်မည့် ဥပဒေ ကို လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေမှ ဖိလစ်ပိုင်ကျောင်းသားတို့အတွက် အများပြည်သူဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်တို့တွင် ကျောင်းလခနှင့် အခြားလခများကို ကင်းလွတ်ခွင့် ပေးခဲ့သည့်အပြင် ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသားများအတွက် ထောက်ပံ့ပေးမှုများလည်း ပါဝင်သည်။ သူသည် ဥပဒေ အသစ် အခု ၂၀ ကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီး ၎င်းတို့တွင် လူတိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ၊ လူတို့နေထိုင်မှုနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဌာနကို တည်ထောင်ခြင်း၊ နိုင်ငံတော်ဆိုင်ရာ ကင်ဆာ ထိန်းချုပ်မှု အစီအစဉ်ကို တည်ထောင်ခြင်း နှင့် လက်ကိုင်ဖုန်းသုံးစွဲသူများအတွက် ၎င်းတို့၏ နံပါတ်ကို တသက်လုံး သုံးစွဲနိုင်ရန် ခွင့်ပြုခြင်း တို့ ပါဝင်သည်။ နိုင်ငံရေး ဖိလစ်ပိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖွဲ့စည်းထားသော သမ္မတနိုင်ငံဖြစ်ပြီး ဒီမိုကရေစီ အစိုးရ အုပ်ချုပ်ကာ သမ္မတစနစ်ကို ကျင့်သုံးသည်။ နိုင်ငံတော် အစိုးရမှ များစွာ လွတ်လပ်မှုရှိသော မင်ဒါနောင်းရှိ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လွဲ၍ တစ်နိုင်ငံလုံးကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်သောနိုင်ငံ အဖြစ် အုပ်ချုပ်သည်။ သမ္မတ ရားမို့စ် လက်ထက်မှစ၍ နိုင်ငံအား ဖက်ဒရယ်နိုင်ငံ၊ လွှတ်တော်တရပ်တည်း ရှိသော သို့မဟုတ် ပါလီမန်အစိုးရ အုပ်ချုပ်ရေး အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့မှုများ ရှိသည်။ သမ္မတသည် နိုင်ငံတော်၏ ခေါင်းဆောင် အဖြစ်နှင့် အစိုးရ၏ ခေါင်းဆောင်အဖြစ် နှစ်ခုစလုံး တစ်ပြိုင်နက်တည်း ဆောင်ရွက်သည့် အပြင် စစ်တပ်၏ စစ်သေနာပတိချုပ်လည်း ဖြစ်သည်။ သမ္မတရွေးကောက်ပွဲတွင် မဲအများဆုံးသူအား သမ္မတအဖြစ် ၆ နှစ်သက်တမ်း ရွေးချယ်ပြီး သမ္မတ သက်တမ်း ကာလအတွင်း သမ္မတမှ အစိုးရ အဖွဲ့ကို ခန့်အပ်ဖွဲ့စည်းကာ အုပ်ချုပ်သည်။ ဥပဒေပြု လွှတ်တော်နှစ်ရပ်ရှိသော ကွန်ဂရက်တွင် ဆီးနိတ်လွှတ်တော်မှာ အထက်လွှတ်တော် အဖြစ် ဆောင်ရွက်ပြီး လွှတ်တော်အမှတ်များကို ၆ နှစ်သက်တမ်း ဖြင့် ရွေးချယ် တင်မြှောက်သည်။ ကိုယ်စားပြုလွှတ်တော်မှာ အောက်လွှတ်တော် အဖြစ် ဆောင်ရွက်ပြီး အမတ်များကို ၃ နှစ်သက်တမ်းဖြင့် ရွှေးချယ်တင်မြှောက်ကြသည်။ ဆီးနိတ်လွှတ်တော် အမတ်များကို ကန့်သတ်ချက်မရှိ ရွေးချယ်ကြသော်လည်း ကိုယ်စားပြုအမှတ်များကို ဥပဒေပြု ဒေသအလိုက် ကဏ္ဍအလိုက် ကိုယ်စားပြုသူများကို ရွေးချယ်ကြသည်။ တရားစီရင်ရေး အာဏာသည် တရားလွှတ်တော်ချုပ်တွင် ရှိပြီး တရားသူကြီးချုပ်မှာ အကြီးအကဲဖြစ်ကာ လက်ထောက် တရားသူကြီးများ ၁၄ ဦး ရှိသည်။ ၎င်းတို့ အားလုံးအား တရားစီရင်ရေးနှင့် ဘားကောင်စီမှ ရွေးချယ်ပေးပြီး သမ္မတမှ အတည်ပြု ခန့်အပ်သည်။ နိုင်ငံခြားဆက်ဆံရေး ဖိလစ်ပိုင်၏ နိုင်ငံတကာ ဆက်ဆံရေးမှာ အခြားနိုင်ငံများနှင့် ကုန်သွယ်မှု အပြင် နိုင်ငံပြင်ပတွင် နေထိုင်သော ဖိလစ်ပိုင် လူမျိုး ၁၀သန်းတို့၏ ကောင်းမွန်စွာ နေထိုင်နိုင်ရေး တို့အပေါ်တွင် အခြေခံသည်။ ကုလသမဂ္ဂကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး တက်ကြွလှုပ်ရှားသော အဖွဲ့ဝင် အဖြစ် ရှိနေသော ဖိလစ်ပိုင်နိုင်ငံသည် လုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံခဲ့ရသည်။ ကာလို့စ် ပီ ရိုမြူလိုသည် ယခင်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဖိလစ်ပိုင်သည် လူ့အခွင့်အရေးကောင်စီတွင် တက်ကြွသော အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်နေပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းရေး မစ်ရှင်များတွင်လည်း ပါဝင်ခဲ့ကာ အထူးသဖြင့် အရှေ့တီမော တွင်ဖြစ်သည်။Permanent Mission of the Republic of the Philippines to the United Nations. [c. 2008]. The Philippines and the UN Security Council. Retrieved January 12, 2008. (archived from the original on January 23, 2008) ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်သာ မက ဖိလစ်ပိုင်သည် အရှေ့တောင်အာရှ ဒေသအတွင်းရှိ နိုင်ငံများကြား စီးပွားရေးနှင့် ယဉ်ကျေးမှု တိုးတက်စေရန်နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရှေးရှု ဖွဲ့စည်းထားသော အာဆီယံ အဖွဲ့၏ စတင်တည်ထောင်သူနိုင်ငံနှင့် တက်ကြွလှုပ်ရှားသော အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများကို အကြိမ်ကြိမ် လက်ခံကျင်းပခဲ့ပြီး အဖွဲ့၏ ပေါ်လစီနှင့် ဦးတည်ရာတို့အတွက် အမြဲတမ်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လေ့ ရှိသည်။ ဖိလစ်ပိုင်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလွန်ဦးစားပေး အလေးထားပြီး တရုတ်နိုင်ငံနှင့် သိသာသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုအား စစ်အေးတိုက်ပွဲ ကာလအတွင်းနှင့် အကြမ်းဖက်သမားတို့အား တိုက်ခိုက်သော စစ်ပွဲ ကာလအတွင်း ထောက်ခံခဲ့ပြီး တရုတ်နှင့်ရုရှားကို ပစားပေးသဖြင့် အမေရိကန်နှင့် ဆက်ဆံရေး မယုတ်လျော့မီ ကာလအထိ နေတိုးမဟုတ်သော အဓိက မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့သည်။ ထို့ပြင် ဆူဘစ်ပင်လယ်အော် နှင့် ကလာ့ခ် တို့ရှိ အမေရိကန် စစ်တပ် အခြေစိုက်စခန်းများနှင့် ပတ်သက်၍လည်းကောင်း နှင့် လက်ရှိ အမေရိကန်တပ်များ အလည်လာရောက်ခြင်း သဘောတူညီချက်နှင့် ပတ်သက်၍လည်းကောင်း အငြင်းပွားမှုများ မကြာခဏ ပေါ်ပေါက်လာလေ့ ရှိသည်။ နိုင်ငံ၏ တရားဝင် ဖွံဖြိုးတိုးတက်ရေး အထောက်အပံ့များအတွက် အကြီးမားဆုံး အလှူရှင်ဖြစ်သော ဂျပန်နိုင်ငံသည် မိတ်ဆွေနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သမိုင်းကြောင်းအရ ဇိမ်မယ်များ၏ ဒုက္ခရောက်ခဲ့မှုများနှင့် ပတ်သက်၍ တင်းမာမှုများ ရှိသေးသော်လည်း ဒုတိယကမ္ဘာစစ်နှင့် ပတ်သက်သော အမှတ်ရစရာများမှဖြစ်သည့် မုန်းတီးမှု အများစုမှာ ယုတ်လျော့လာခဲ့ပြီ ဖြစ်သည်။ အခြားသောနိုင်ငံများနှင့် ဆက်ဆံရေးမှာ ယေဘုယျအားဖြင့် အပေါင်းလက္ခဏာဆန်သည်။ အနောက် နှင့် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးမှာ အတူတကွ ယုံကြည်ထားကြသော ဒီမိုကရေစီတန်ဖိုးများကြောင့် လွယ်ကူချောမွေ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေးမှာ စီးပွားရေးနှင့် ပတ်သက်၍ တူညီသော စိုးရိမ်ပူပန်မှုများ ရှိကြသဖြင့် လွယ်ကူသည်။ သမိုင်းကြောင်းအရ ဆက်စပ်မှုနှင့် တူညီသော ယဉ်ကျေးမှုများသည် စပိန်နှင့် ဆက်ဆံရေးတွင် တံတားတစ်စင်းပမာ ဖြစ်စေသည်။ အိမ်အကူများအား နှိပ်စက်ခြင်း နှင့် နိုင်ငံရပ်ခြားနေ ဖိလစ်ပိုင် အလုပ်သမားတို့အပေါ် သက်ရောက်သော စစ်ပွဲများ အစရှိသော ပြဿနာများ ရှိသော်လည်း အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ဆက်ဆံရေးမှာ ကောင်းမွန်ပြီး ထိုဒေသတွင် နေထိုင်သော ဖိလစ်ပိုင်နိုင်ငံခြား အလုပ်သမား ၂ သန်းကျော်ကို ဆက်လက် အလုပ်ပေးထားခြင်း မှတဆင့် တွေ့ရှိနိုင်သည်။ တစ်ချိန်က ကဲ့သို့ ကွန်မြူနစ်ဝါဒသည် ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့သဖြင့် ၁၉၅၀ ခုနှစ်များမှ တင်းမာခဲ့သော ဖိလစ်ပိုင် နှင့် တရုတ်တို့၏ ဆက်ဆံရေးမှာ အလွန် တိုးတက်လာခဲ့သည်။ သို့သော်လည်း ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာများ၊ စပရက်ထလီ ကျွန်းများနှင့် ပတ်သက်သော ပြဿနာများ၊ တရုတ်တို့၏ ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန် ကြိုးစားလာခြင်းနှင့် ပတ်သက်သော စိုးရိမ်မှုများကြောင့် သတိထားဆက်ဆံမှု အတိုင်းအတာ တစ်ခု အထိ ရှိနေသေးသည်။ လက်ရှိ နိုင်ငံခြားရေး ပေါ်လစီမှာ အရှေ့တောင်အာရှနိုင်ငံများနှင့် အာရှ-ပစိဖိတ် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး ဆက်ဆံရေးကို အဓိက ထားသည်။ ဖိလစ်ပိုင်သည် အရှေ့အာရှ ထိပ်သီး အဖွဲ့၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ လက်တင်ယူနီယံ၊ ၂၄နိုင်ငံအဖွဲ့ နှင့် ဘက်မလိုက်လှုပ်ရှားမှုတို့တွင် တက်ကြွလှုပ်ရှားသော အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွင် လေ့လာသူအဆင့် ရရှိရန် ကြိုးပမ်းခြင်းဖြင့် အစ္စလာမ်နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရန်လည်း ကြိုးစားလျက် ရှိသည်။ စစ်ရေး ဖိလစ်ပိုင် စစ်တပ်သည် နိုင်ငံတော်၏ လုံခြုံရေး အတွက် တာဝန်ရှိသော အဖွဲ့အစည်း ဖြစ်ပြီး ဖိလစ်ပိုင် လေတပ်၊ ဖိလစ်ပိုင်ကြည်းတပ် နှင့် ဖိလစ်ပိုင် ရေတပ် ( ဖိလစ်ပိုင် မရိန်းတပ် အပါအဝင်) ဟူ၍ တပ် ၃ ခု ရှိသည်။ ဖိလစ်ပိုင် စစ်တပ်သည် အတင်းအကြပ် မဟုတ်ဘဲ စိတ်ဝင်စားသူသာ ပါဝင် တာဝန်ထမ်းဆောင်သည့် တပ်ဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ လုံခြုံရေးအတွက် ပြည်ထဲရေးနှင့် ဒေသဆိုင်ရာ အစိုးရ ဌာန လက်အောက်မှ ဖိလစ်ပိုင်နိုင်ငံတော် ရဲတပ်ဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော မွတ်ဆလင်တို့၏ မင်ဒါနောင်းတွင် အကြီးဆုံးသော ခွဲထွက်ရေးအဖွဲ့ဖြစ်သည့် မိုရိုအမျိုးသားလွတ်မြောက်ရေး တပ်ဦးသည် ယခုအခါ အစိုးရနှင့် နိုင်ငံရေးအရ ဆက်သွယ်ဆောင်ရွက်လျက် ရှိသည်။ အခြား ပိုမို၍ စစ်သွေးကြွသော အဖွဲ့အစည်းများဖြစ်သည့် မိုရိုအစ္စလာမ်လွတ်မြောက်ရေး တပ်ဦး၊ ကွန်မြူနစ် ပြည်သူ့တပ်တော်သစ် နှင့် အဘူဆေယပ်ဖ်တို့သည် ယခင်က နိုင်ငံခြားသားများကို ပြန်ပေးဆွဲ၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်ကြပြီး အထူးသဖြင့် မင်ဒါနောင်း၏ တောင်ဘက်ပိုင်း ကျွန်းများတွင် ဖြစ်သည်။ Roel Pareño, The Philippine Star, March 24, 2013, Sayyaf releases Aussie hostage, Retrieved September 3, 2014, "...Australian Warren Rodwell emerged early yesterday withered after being held for 15 months by Abu Sayyaf bandits in southern Mindanao..." ဖိလစ်ပိုင် အစိုးရ၏ လုံခြုံရေး ဆောင်ရွက်မှု အောင်မြင်သောကြောင့် ၎င်းတို့၏ နေရာ လျော့ပါးသွားခဲ့သည်။ World Bank. Conflict Prevention & Reconstruction Unit. (February 2005). The Mindanao Conflict in the Philippines: Roots, Costs, and Potential Peace Dividend by Salvatore Schiavo-Campo and Mary Judd. Washington, DC: World Bank. (Social Development Paper No. 24). Retrieved December 16, 2009. ဖိလစ်ပိုင်သည် စစ်အသုံးစရိတ်အတွက် ဂျီဒီပီ၏ ၁.၁ ရာခိုင်နှုန်းသာ အသုံးပြုသဖြင့် ဒေသတွင်း ပျမ်းမျှ သုံးစွဲမှုအောက် လျော့နည်းသည်။ ၂၀၁၄ ခုနှစ်တွင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ၁.၅% ၊ တရုတ်မှ ၂.၁%၊ ဗီယက်နမ်မှ ၂.၂% နှင့် တောင်ကိုရီးယားမှ ၂.၆% အသီးသီး သုံးစွဲကြသည်။ ဖိလစ်ပိုင်သည် ဒုတိယကမ္ဘာစစ်မှစ၍ အမေရိကန်၏ နေတိုးမဟုတ်သော အဓိက မဟာမိတ်ဖြစ်ပြီး ၁၉၅၁ ခုနှစ်တွင် နှစ်နိုင်ငံကြား အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဖိလစ်ပိုင်သည် စစ်အေးတိုက်ပွဲ ကာလအတွင်း အမေရိကန်၏ ပေါ်လစီများကို ထောက်ခံခဲ့ပြီး ကိုရီးယားစစ်ပွဲနှင့် ဗီယက်နမ်စစ်ပွဲတို့တွင်လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင်မှ တရုတ် နှင့် ရုရှားတို့နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာခဲ့ပြီး ထိုနိုင်ငံနှစ်ခုအား ပိုမိုအလေးပေးသဖြင့် အမေရိကန်နှင့် ဆက်ဆံရေး ယိုယွင်းလာခဲ့ပြီး အမေရိကန်နှင့် စစ်ရေးအရ ပူးပေါင်းခြင်းကို စွန့်လွှတ်ခဲ့ကာ အမေရိကန် ဦးဆောင်သော မည်သည့် စစ်ပွဲတွင်မျှ ပါဝင်မည် မဟုတ်တော့သည်မှာ ပို၍ သေချာလာခဲ့သည်။ ပြည်နယ်များ ဖိလစ်ပိုင်နိုင်ငံအား လူဇွန်း၊ ဗီဆာယားနှင့် မင်ဒါနောင်း ဟူသော ကျွန်းအုပ်စု ၃ ခုဖြင့် ခွဲခြားထားသည်။ ၎င်းတို့ကို ထပ်မံ၍ ဒေသ ၁၇ ခု၊ ခရိုင် ၈၁ခု၊ မြို့တော် ၁၄၅ခု၊ စည်ပင်သာယာနယ်နိမိတ် ၁,၄၈၉ ခု၊ ဘာရန်ဂေး ခေါ် ကျေးရွာသို့ ရပ်ကွက် ၄၂,၀၃၆ ခု ထပ်မံပိုင်းခြားထားသည်။ ထို့အပြင် သမ္မတနိုင်ငံတော် ဥပဒေ အမှတ် ၅၄၄၆ ၏ ပုဒ်မ ၂မှ ထပ်မံ ပြဋ္ဌာန်းထားသည်မှာ ဖိလစ်ပိုင် ကျွန်းစုများ၏ ပတ်လည်ရှိ နယ်နိမိတ်ပင်လယ် သတ်မှတ်ချက်မှာ ဘော်နီယိုကျွန်းပေါ်ရှိ ဆာဘား အရှေ့ပိုင်းကို ပိုင်ဆိုင်ကြောင်း တောင်းဆိုရာတွင် သက်ရောက်မှု မရှိ ဟူ၍ ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာ ဒေသများ ဖိလစ်ပိုင်နိုင်ငံတွင် ဒေသ ဆိုသည်မှာ အုပ်ချုပ်ရေးဒေသကို ရည်ညွန်းခြင်းဖြစ်ပြီး နိုင်ငံအတွင်း ခရိုင်များကို စုစည်း၍ အုပ်ချုပ်ရေးအတွက် လွယ်ကူစေရန် ပေါင်းစပ်ထားခြင်းမှာ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ဖိလစ်ပိုင်အား ဒေသ ၁၇ ခု ( အုပ်ချုပ်ရေး ဒေသ ၁၆ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁ခု) ပိုင်းခြားထားသည်။ အစိုးရ ရုံးအများစုမှာ ခရိုင်တစ်ခုချင်း အလိုက်မရှိဘဲ ဒေသအလိုက် တည်ရှိပြီး များသောအားဖြင့် (အားလုံးမဟုတ်) ဒေသဗဟိုအဖြစ် သတ်မှတ်ထားသော မြို့တော်တွင် တည်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် လူဦးရေအများဆုံး ဒေသမှာ ကာလာဘာဇွန်ဒေသ ဖြစ်ပြီး နိုင်ငံတော်မြို့တော်ဒေသ သည် လူဦးရေ အထူထပ်ဆုံး ဒေသဖြစ်သည်။ ပထဝီဝင် ဖိလစ်ပိုင်သည် ကျွန်းပေါင်း ၇,၆၄၁ ကျွန်းပါဝင်သော ကျွန်းစုနိုင်ငံ တစ်ခုဖြစ်ပြီး ကုန်းတွင်းပိုင်း ရေထုအပါအဝင် စုစုပေါင်း ကုန်းမြေဧရိယာမှာ ရှိသည်။ မျှရှည်လျားသော ကမ်းရိုးတန်းရှိသဖြင့် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကမ်းရိုးတန်း အရှည်ဆုံး နိုင်ငံဖြစ်သည်။ နိုင်ငံ၏ အထူး စီးပွားရေးဇုန်မှာ မျှ ကျယ်ဝန်းသည်။ အရှေ့လောင်ဂျီကျု ၁၁၆° ၄၀' မှ ၁၂၆° ၃၄' အတွင်း၊ မြောက်လတ္တီကျု ၄° ၄၀ မှ ၂၁° ၁၀ အတွင်း တည်ရှိပြီး အရှေ့ဘက်တွင် ဖိလစ်ပိုင်ပင်လယ်၊ အနောက်ဘက်တွင် တောင်တရုတ်ပင်လယ် တောင်ဘက်တွင် ဆယ်လယ်ဘက်စ်ပင်လယ် တို့နှင့် ထိစပ်နေသည်။ ဘော်နီယိုကျွန်းသည် အနောက်တောင်ဘက် ကီလိုမီတာ ရာဂဏန်းမျှတွင် တည်ရှိပြီး ထိုင်ဝမ်နိုင်ငံမှာ မြောက်ဘက်တည့်တည့်တွင် တည်ရှိသည်။ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် မာလူကူးကျွန်းများနှင့် ဆူလာဝေစီကျွန်းများ ရှိကြပြီး ပလောင်းနိုင်ငံမှာ ကျွန်းများ၏ အရှေ့ဘက်တွင် တည်ရှိသည်။ တောင်ထူထပ်သော ကျွန်းများမှာ အပူပိုင်းမိုးသစ်တောများဖြင့် ဖုံးလွှမ်းနေပြီး နဂိုမူလက မီးတောင်များ ဖြစ်ကြသည်။ အမြင့်ဆုံးတောင်မှာ အာပိုတောင် ဖြစ်ပြီး အမြင့်အားဖြင့် ပင်လယ်ရေမျက်နှာပြင် အထက် မျှ ရှိကာ မင်ဒါနောင်းရှိ ကျွန်းပေါ်တွင် တည်ရှိသည်။ (2011-04-06). "The World Factbook – Philippines" . Central Intelligence Agency. Retrieved on March 14, 2011. ဖိလစ်ပိုင်ချောက် အတွင်းရှိ ဂါလာသီယာ ချောက်နက်မှာ နိုင်ငံ၏ အနက်ရှိုင်းဆုံး အပိုင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယမြောက် အနက်ရှိုင်းဆုံးနေရာဖြစ်သည်။ ထိုချောက်မှာ ဖိလစ်ပိုင်ပင်လယ်အတွင်း တည်ရှိသည်။ အရှည်လျားဆုံးမြစ်မှာ လူဇွန်းမြောက်ပိုင်းရှိ ကာဂါယန်မြစ် ဖြစ်သည်။ကမ်းပေါ်တွင် မနီလာမြို့တော်တည်ရှိသော မနီလာပင်လယ်အော်သည် လာဂူးနားဒီဘေး ခေါ် ဖိလစ်ပိုင်၏ အကြီးဆုံးရေကန်နှင့် ပါဆစ်မြစ်မှ တဆင့် ဆက်စပ်နေသည်။ ဆူဘစ်ပင်လယ်အော်၊ ဒါဗောင်းပင်လယ်ကွေ့ နှင့် မိုရိုပင်လယ်ကွေ့တို့မှာလည်း အရေးပါသော ပင်လယ်အော်များ ဖြစ်သည်။ ဆာမားကျွန်းနှင့် လေတီကျွန်းတို့အား ဆန်ဂျွာနီကိုရေလက်ကြားမှ ပိုင်းခြားထားသော်လည်း ဆန်ဂျွာနီကို တံတားဖြင့် ဆက်သွယ်ထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီးကွင်း၏ အနောက်ဘက် အဝန်းအဝိုင်းပေါ်တွင် တည်ရှိသဖြင့် ငလျင်နှင့် မီးတောင် လှုပ်ရှားမှုများ မကြာခဏ ကြုံတွေ့ရသည်။ အရှေ့ဘက် ဖိလစ်ပိုင် ပင်လယ်အတွင်းရှိ ဘန်ဟမ်ရေအောက်ကုန်းမြင့်သည် ပင်လယ်အောက် တက်တိုးနစ်ကျောက်လွှာများ တစ်ခုအောက်တစ်ခု ထိုးဝင်လေ့ ရှိသည့် နေရာဖြစ်သည်။ နေ့စဉ် ငလျပ်လှုပ်မှု ၂၀ ခန့် ဖြစ်ပွားသော်လည်း အများစုမှာ ခံစားသိရှိနိုင်လောက်အောင် မပြင်းထန်ပေ။ နောက်ဆုံး ငလျင်အကြီးအကျယ် လှုပ်ခတ်မှုမှာ ၁၉၉၀ ခုနှစ် လူဇွန်း ငလျင်ဖြစ်သည်။ ဖိလစ်ပိုင်တွင် မီးတောင်ရှင် အများအပြားရှိပြီး မာယွန်မီးတောင်၊ ပင်နာတူဘိုတောင်၊ တာအားမီးတောင်တို့ ပါဝင်သည်။ ၁၉၉၁ ခုနှစ် ဇွန်လ ပင်နာတူဘို မီးတောင် ပေါက်ကွဲမှုမှာ ၂၀ ရာစု၏ ဒုတိယမြောက် အကြီးဆုံး ကုန်းမြေပေါ်မှ မီးတောင် ပေါက်ကွဲမှု ဖြစ်သည်။ ထူးခြားသော ပထဝီဆိုင်ရာ ဝိသေသအားလုံးမှာ ကြမ်းတမ်းပြီး ပျက်စီးရာပျက်စီးကြောင်းများသာ ဖြစ်ကြသည် မဟုတ်ပါ။ ငြိမ်းချမ်းသော ဘူမိဗေဒဆိုင်ရာ အနှောင့်အယှက်တစ်ခုမှာ ပြူရီတို ပရင်စီယာ မြေအောက်မြစ်ဖြစ်ကာ ထိန်းသိမ်းထားသော ဇီဝမျိုးကွဲများ ရှင်သန်ပေါက်ဖွားရာနေရာဖြစ်ပြီး တောင်ကုန်းမှပင်လယ် ဂေဟစနစ် အပြည့်အဝရှိ၍ အာရှ၏ အရေးအကြီးဆုံး သစ်တောတစ်ခုလည်း ဖြစ်ပေသည်။ ကျွန်းများတွင် သဘာဝအားဖြင့် မီးတောင်လှုပ်ရှားမှုများ ရှိသဖြင့် သတ္တုများ ပေါကြွယ်ဝသည်။ ဖိလစ်ပိုင်သည် တောင်အာဖရိကပြီးလျှင် ဒုတိယမြောက် အများဆုံး ရွှေထွက်ရှိရာ နေရာဖြစ်ပြီး သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော အိုဖီယာဒေသဟုပင် ခေါ်ဝေါ်လေ့ ရှိကြကာ ကမ္ဘာပေါ်တွင် ကြေးနီအများဆုံး ထွက်ရှိရာ နေရာလည်း ဖြစ်သည်။ တောင်အမေရိကတွင် မူလ ရှာဖွေတွေ့ရှိခဲ့သော ပလာဒီယမ် သတ္တုများမှာလည်း ဖိလစ်ပိုင်တွင် ကမ္ဘာ့အများဆုံး အနေနှင့် ရှိသည်။ ရွန်ဘလွန်ကျွန်းတွင်လည်း ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး၊ မျိုးကွဲအများဆုံး၊ အမာကျောဆုံးသော စကျင်ကျောက်များရှိပြီး အနည်းဆုံး ၇ ရောင်အထိ ရရှိနိုင်ကာ ၎င်းတို့မှာ အညို၊မီးခိုး၊ သံချေး၊အဖြူ၊အစိမ်း၊ အနက်နှင့် လိမ္မော်ရောင်တို့ ဖြစ်ကြသည်။ နီကယ်၊ ခရိုမိုက်နှင့် သွပ်များလည်း အများအပြားရှိသည်။ သို့သော်လည်း စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ လူဦးရေ သိပ်သည်းခြင်း၊ ရှေရင်းစွဲနေ လူ့အဖွဲ့အစည်းတို့အား ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းမှ ကာကွယ်လိုခြင်းနှင့် အလွန်ပြင်းထန်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိစိတ်ဓာတ်တို့ကြောင့် ထိုသတ္တုအရင်းအမြစ် အများစုမှာ မထုတ်ယူဖြစ်ပဲ ရှိနေသည်။ ဖိလစ်ပိုင်သည် ထိုသို့ အဖိုးတန်သော သတ္တုများနှင့် တွင်းထွက်ပစ္စည်းများ အများအပြားရှိခြင်းကြောင့် ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်သော်လည်း နိုင်ငံအနေနှင့် ထိုသတ္တုများကို တူးဖော်ရန် ငြင်းဆိုသဖြင့် အလွန်အမင်းဆင်းရဲမွဲတေမှု နှင့် ဒုက္ခရောက်မှုများနှင့် ကြုံတွေ့နေရသည်။ ထို့အပြင် ထိုအဖိုးတန်သတ္တုများ၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် မြေသားဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်ပြီး မကြာခဏ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်းနှင့် မြေပြိုကျခြင်းများ ကြောင့် ဘေးဒုက္ခရောက်ရသည်။ ဘူမိအပူစွမ်းအင်မှာလည်း မီးတောင်လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာပြီး ဖိလစ်ပိုင်အနေနှင့် ထိုစွမ်းအင်ကိုမူ ပိုမို၍ ထိန်းချုပ် အသုံးချနိုင်သည်။ ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စု ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး ဘူမိအပူစွမ်းအင် ထုတ်လုပ်သူဖြစ်ကာ နိုင်ငံလျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ၁၈% အား ဘူမိအပူစွမ်းအင်ဖြင့် ထုတ်လုပ်သည်။ ဇီဝမျိုးကွဲများ ဖိလစ်ပိုင်၏ မိုးသစ်တောများနှင့် ရှည်လျားသော ကမ်းရိုးတန်းများသည် အမျိုးမျိုး အစားစားသော ငှက်များ၊ အပင်များ၊ သတ္တဝါများ နှင့် ပင်လယ်သတ္တဝါများတို့ အတွက် နေထိုင်ကျက်စားစရာ နေရာဖြစ်စေသည်။ ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် ဇီဝမျိုးကွဲအားဖြင့် အဆမတန်များပြားသော နိုင်ငံ ၁၀ ခုတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ၁,၁၀၀ ခန့်မျှသော ကုန်းနေ ကျောရိုးရှိသတ္တဝါမျိုးစိတ်များကို ဖိလစ်ပိုင်တွင် တွေ့ရပြီး ၎င်းတို့ထဲတွင် အခြားမည်သည့်နေရာတွင်မျှ မရှိသော နို့တိုက်သတ္တဝါမျိုးစိတ် ၁၀၀ နှင့် ငှက်မျိုးစိတ် ၁၇၀ တို့လည်း ပါဝင်သည်။ ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် အသစ်ရှာဖွေတွေ့ရှိမှု အများဆုံး နိုင်ငံများတွင် ပါဝင်ပြီး လွန်ခဲ့သော ဆယ်နှစ်အတွင်းက နို့တိုက်သတ္တဝါမျိုးစိတ်သစ် ၁၆ ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အတွက်ကြောင့် ဖိလစ်ပိုင်၏ ဒေသရင်း မျိုးစိတ်မှာ များပြားလာပြီး ပိုမို၍ များပြားလာနိုင်သည့် အခြေအနေရှိသည်။ ဒေသရင်း နို့တိုက်သတ္တဝါများတွင် အာရှအုန်းစီဗက်ကြောင်၊ ဒူဂေါင်းရေသတ္တဝါ၊ မိုးတိမ်ကြွက် နှင့် ဘိုဟောဒေသနှင့် ဆက်စပ်နေသော ဖိလစ်ပိုင်တာဆီယာ တို့ ပါဝင်သည်။ ဖိလစ်ပိုင်တွင် အမဲလိုက်နို့တိုက်သတ္တဝါ အကောင်ကြီးများ မရှိသော်လည်း အလွန်ကြီးသော တွားသွားသတ္တဝါများ ဖြစ်ကြသည့် စပါးကြီးမြွေများ၊ မြွေဟောက်များ နှင့် အလွန်ကြီးသော ရေငန်မိကျောင်းများ ရှိသည်။ ဖမ်းဆီးထားသော မိကျောင်းများတွင် အကြီးဆုံးအကောင်မှာ ဒေသခံတို့မှ လိုလောင်း ဟု သိကြပြီး တောင်ဘက်ပိုင်းကျွန်းဖြစ်သော မင်ဒါနောင်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်ငှက်အဖြစ် သတ်မှတ်ထားသော ဖိလစ်ပိုင်လင်းယုန်မှာ လင်းယုန်များထဲတွင် အရှည်လျားဆုံး ခန္ဓာကိုယ်ရှိပြီး ယေဘုယျအားဖြင့် တိုင်းတာမည်ဆိုပါက ၈၆စင်တီမီတာမှ ၁၀၂ စင်တီမီတာအထိ (၂.၈၂ပေမှ ၃,၃၅ ပေ အထိ) ရှည်လျားပြီး ၄.၇ ကီလိုဂရမ် မှ ၈.၀ ကီလိုဂရမ် (၁၀.၄ပေါင် မှ ၁၇.၆ပေါင်) အထိ လေးသည်။ ဖိလစ်ပိုင် လင်းယုန်သည် အက်ဆီပီထရီဒေး မိသားစုဝင်ဖြစ်ပြီး လူဇွန်း၊ဆာမား၊ လေတီ နှင့် မင်ဒါနောင်းရှိ မိုးသစ်တောများ၏ ဒေသရင်း သတ္တဝါဖြစ်သည်။ ဖိလစ်ပိုင်၏ ပင်လယ်ရေပိုင်နက်မှာ အထိ ကျယ်ဝန်းသဖြင့် သီးသန့်ဖြစ်ပြီး များစွာကွဲပြားသော အဏ္ဏဝါသတ္တဝါများ ရှိသည့်အပြင် အခြားနိုင်ငံများနှင့် ဝေမျှပိုင်ဆိုင်သော သန္တာတြိဂံ ဒေသ၏ အဓိကအပိုင်းလည်း ဖြစ်သည်။ သန္တာကျွန်းနှင့် ပင်လယ်ငါးမျိုးစိတ် စုစုပေါင်းမှာ ၅၀၀ နှင့် ၂,၄၀၀ အသီးသီးဖြစ်မည်ဟု ခန့်မှန်းထားသည်။ မှတ်တမ်းသစ်များ နှင့် မျိုးစိတ်သစ်ရှာဖွေတွေ့ရှိမှုတို့က ထိုနံပါတ်များကို ဆက်လက် ပေါင်းထည့်နေပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း အဏ္ဏဝါအရင်းအမြစ်များ၏ သီးသန့်ဖြစ်မှုကို မီးမောင်းထိုးပြနေသကဲ့သို့ ရှိသည်။ ဆူလူးပင်လယ်ရှိ တူဘာတာဟာ သန္တာကျောက်တန်းအား ယူနက်စကိုမှ ၁၉၉၃ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ကြေညာခဲ့သည်။ ဖိလစ်ပိုင်ရေပိုင်နက်အတွင်း ပုလဲ၊ ဂဏန်းနှင့် ရေမှော်မွေးမြူခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိသည်။ "About the Philippines" (October 17, 2009). Retrieved December 20, 2009 from the Philippine History Website. ရှားပါးသော ကမာမျိုးစိတ်တစ်ခုဖြစ်သည့် ပင့်တာဒါ မက်ဆီမာသည် ဖိလစ်ပိုင်နိုင်ငံ၏ ဒေသရင်းနေ သတ္တဝါဖြစ်ပြီး ၎င်း၏ ပုလဲမှာ ရွှေရောင်ရှိသဖြင့် သီးသန့် ဖြစ်နေသည်။ ပင့်တာဒါ မက်ဆီမာမှထွက်သော ရွှေရောင်ပုလဲကို နိုင်ငံတော်ကျောက်မျက်ရတနာအဖြစ် မှတ်ယူကြသည်။ နိုင်ငံအတွင်း အပင်မျိုးစိတ်ပေါင်း ၁၃,၅၀၀ ခန့် ရှိပြီး ၃,၂၀၀ ခန့်မှာ ကျွန်းများတွင်သာ သီးသန့်ရှိသော အပင်များ ဖြစ်သည်။ ဖိလစ်ပိုင်၏ မိုးသစ်တောများတွင် ဒေသရင်းပင် မြောက်မြားစွာရှိပြီး အလွန်ရှားပါးသော သစ်ခွ နှင့် ရပ်ဖဲရှားပင်များ ပါဝင်သည်။ Taguinod, Fioro. (November 20, 2008). "Rare flower species found only in northern Philippines". GMA News. Retrieved December 14, 2009. တရားမဝင် သစ်ခုတ်မှုကြောင့် သစ်တောပြုန်းတီးခြင်းသည် ဖိလစ်ပိုင်တွင် ဆိုးရွားသည့် ပြဿနာတစ်ခု ဖြစ်သည်။ သစ်တောများမှာ ၁၉၀၀ ခုနှစ်တွင် ဖိလစ်ပိုင် ကုန်းမြေ ဧရိယာ၏ ၇၀ % မျှ ဖုံးလွှမ်းထားရာမှ ၁၉၉၉ တွင် ၁၈.၃% သာ ကျန်ရှိတော့သည်။ မျိုးစိတ်အများစုမှာ မျိုးသုဉ်းရန် စိုးရိမ်ရသော အခြေအနေရှိပြီး သိပ္ပံပညာရှင်များက ဖိလစ်ပိုင်ပါဝင်သော အရှေ့တောင်အာရှသည် ၂၁ ရာစုအကုန်တွင် အလွန်ဆိုးရွားသော ၂၀% မျှရှိသည့် မျိုးသုဉ်းနှုန်းနှင့် ရင်ဆိုင်ရမည်ဟု ဆိုကြသည်။ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ "ဖိလစ်ပိုင်သည် တကမ္ဘာလုံးနှင့် ဆိုင်သော ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ထိပ်တန်းဦးစားပေးစာရင်းတွင် ပါဝင်သည့် မျိုးကွဲများအလွန်းအမင်းများပြားသော စိုးရိမ်ရသော နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်သည်။ " ဟု ဆိုသည်။ ရာသီဥတု ဖိလစ်ပိုင်တွင် အပူပိုင်းပင်လယ်သမုဒ္ဒရာ ရာသီဥတုရှိပြီး ပုံမှန်အားဖြင့် ပူနွေးပြီး စိုစွန်သည်။ တက်ဂ်-အင်းနစ် သို့ တက်ဂ်-အာရော ဟု ခေါ်သော ပူပြင်းပြီး ခြောက်သွေ့သော ရာသီဥတုမှ မတ်လမှ မေလ အထိ ဖြစ်ပြီး၊ တက်ဂ်-အူလန် ဟုခေါ်သော မိုးရာသီမျာ ဇွန်လမှ နိုဝင်ဘာလ အထိဖြစ်ကာ၊ တက်ဂ်-လာမစ်ဟု ခေါ်သော အေးမြခြောက်သွေ့သော ရာသီဥတုမှာ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိဖြစ်သည်။ အနောက်တောင်မုတ်သုံလေ (မေလ မှအောက်တိုဘာလ အထိ) အား ဟာဘာဂတ်ဟု ခေါ်ပြီး အရှေ့မြောက်အရပ်မှ ခြောက်သွေ့သောလေများ (နိုဝင်ဘာလမှ ဧပြီလအထိ) အား အမီဟန် ဟု ခေါ်သည်။ အပူချိန်မျာ ပုံမှန်အားဖြင့် မှ အထိ ရှိသော်လည်း ရာသီဥတုအပေါ်မူတည်၍ ပိုမိုအေးမြခြင်း သို့မဟုတ် ပိုမိုပူပြင်းခြင်း ဖြစ်နိုင်သည်။ အအေးဆုံးလမှာ ဇန်နဝါရီလ ဖြစ်ပြီး အပူပြင်းဆုံးလမှာ မေလ ဖြစ်သည်။ Lonely Planet. (n.d.). Philippines: When to go & weather . Retrieved January 23, 2009. နှစ်စဉ်ပျမ်းမျှအပူချိန်မှာ ခန့် ဖြစ်သည်။ အပူချိန်အား ကြည့်မည်ဆိုပါက လတ္တီကျုနှင့် လောင်ဂျီကျုမှာ ထင်ရှားသိသာသော ကွဲပြားမှုကို မဖြစ်ပေါ်စေပေ။ နိုင်ငံ၏ အစွန်ဆုံးပိုင်း အရှေ့အနောက်တောင်မြောက်တွင် ဖြစ်စေကာမူ ပင်လယ်ရေမျက်နှာပြင် နှင့် ညီမျှသော အမြင့်၏ အပူချိန်မှာ အတူတူပင် ရှိတတ်သည်။ အမြင့်ပေမှာ အပူချိန်ခြားနားမှုအပေါ်တွင် ပို၍ သက်ရောက်မှု ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ရှိသော ဘာဂွီယို ဒေသ၏ ပျမ်းမျှ နှစ်စဉ်အပူချိန်မှာ ဖြစ်ပြီး ပူပြင်းသော နွေရာသီအတွက် လူကြိုက်များ အပန်းဖြေရာနေရာ တစ်ခု ဖြစ်သည်။ တိုင်ဖွန်းခါးပတ်လမ်းကြောင်းပေါ်တွင် တည်ရှိသဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ ကျွန်းအများစုသည် နှစ်စဉ် မိုးအများအပြား ရွာသွန်းခြင်းနှင့် မိုးကြိုးမုန်တိုင်းတိုက်ခတ်ခြင်းတို့ကို ဇူလိုင်လမှ အောက်တိုဘာလ အထိ ကြုံတွေ့ရလေ့ ရှိပြီး ဖိလစ်ပိုင် ဒေသအတွင်း နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း ၁၉ ခုခန့် ပုံမှန် ဖြစ်ပွားလေ့ ရှိပြီး ၈ ခု သို့မဟုတ် ၉ ခုမှာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်လေ့ ရှိသည်။ နှစ်စဉ်မိုးရေချိန်မှာ အရှေ့ဘက်ကမ်းရိုးတန်း တောင်ကုန်းထူထပ်သော ဒေသများတွင် အထိ ရှိတတ်ပြီး ချောင်ကျသော ချိုင့်ဝှမ်းဒေသ အချို့တွင်မူ အောက်သာ ရှိသည်။ မိုးရေချိန်အများဆုံး ဖြစ်ပေါ်စေသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းမှာ ၁၉၁၁ ခုနှစ် ဇူလိုင်လတွင် တိုက်ခတ်ခဲ့ပြီး ထိုဆိုင်ကလုန်းကြောင့် ၂၄ နာရီအတွင်း ဘာဂွီယိုဒေသတွင် မိုးရေချိန် အထိ ရွာကျခဲ့သည်။ ဖိလစ်ပိုင် ဒေသအခေါ်အဝေါ်အားဖြင့် အပူပိုင်း ဆိုင်ကလုန်း မုန်တိုးအား ဘက်ဂ်ယို ဟု ခေါ်သည်။ သဘာဝ ဘေးအန္တရာယ်များကြောင့် ဖိလစ်ပိုင်တွင် လူသေဆုံးမှု အများအပြား ရှိတတ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် အစိုးရမှ ကပ်ဘေးဒုက္ခများ နှင့် ပတ်သက်သော စိုးရိမ်ဖွယ်ရာများကို ဆန်းသစ်သော ဥပဒေများ ပြဋ္ဌာန်း၍ လျှော့ချရန်နှင့် စီမံခန့်ခွဲရန် ကြိုးစားခဲ့သည်။ ဖိလစ်ပိုင်သည် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲနှင့် ပတ်သက်၍ အလွန်အမင်း ထိခိုက်နိုင်သော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ရာသီဥတု အပြောင်းအလဲနှင့် ပတ်သက်၍ အထိရှလွယ်ဆုံး နိုင်ငံ ၁၀ ခုတွင် အပါအဝင်ဖြစ်သည်။ စီးပွားရေး ဖိလစ်ပိုင်၏ စီးပွားရေးမှာ ကမ္ဘာပေါ်တွင် ၃၄ခုမြောက် အကြီးဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန် (nominal) မှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၁.၈ ဘီလီယံ ခန့် မျှ ရှိသည်။ အဓိက ပို့ကုန်များမှာ ဆီမီးကွန်ဒတ်တာများ နှင့် အီလက်ထရွန်းနစ် ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ယန္တရားများ၊ အဝတ်အထည်များ၊ ကြေးနီထုတ်ကုန်များ၊ ရေနံထုတ်ကုန်များ၊ အုန်းဆီ နှင့် သစ်သီးများ ဖြစ်ကြသည်။ အဓိက ကုန်သွယ်ဖက်နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ နယ်သာလန်၊ ဟောင်ကောင်၊ ဂျာမနီ၊ ထိုင်ဝမ် နှင့် ထိုင်းနိုင်ငံ တို့ ဖြစ်ကြသည်။ ဖိလစ်ပိုင်နိုင်ငံတွင် သုံးစွဲသော ငွေကြေးမှာ ဖိလစ်ပိုင် ပီဆို (₱ or PHP) ဖြစ်သည်။ စက်မှုနိုင်ငံအဖြစ် အသစ်ပြောင်းလဲလာသော နိုင်ငံဖြစ်သဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးမှာ တစ်ချိန်က စိုက်ပျိုးမွေးမြူရေးအပေါ်တွင် အခြေခံသောလုပ်ငန်းမှ ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်ငန်း အပေါ်တွင် အခြေခံသော လုပ်ငန်းအဖြစ် ပြောင်းလဲလာခဲ့သည်။ နိုင်ငံ၏ အလုပ်သမားဦးရေ စုစုပေါင်း ၄၀.၈၁၄ သန်းမှ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် အလုပ်သမား စုစုပေါင်း၏ ၃၀% ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားပြီး ဂျီဒီပီ၏ ၁၄% မျှ ရှိသည်။ စက်မှုကဏ္ဍမှ အလုပ်သမား စုစုပေါင်း ၏ ၁၄% ကို အလုပ်ပေးထားပြီး ဂျီဒီပီ၏ ၃၀% ရှိသည်။ ထို့အတူ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ကိုင်နေသော အလုပ်သမား အင်အားစု ၄၇% မှ ဂျီဒီပီ၏ ၅၆% အား ထောက်ပံ့ပေးထားသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၄ စာရင်းအရ အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာ ၆.၀% မျှ ရှိသည်။ သို့သော်လည်း အခြေခံစားသောက်ကုန်များအတွက် ကုန်ကျစရိတ်နည်းပါးသဖြင့် ၂၀၁၄ နိုဝင်ဘာတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၇% သာ ရှိသည်။ ၂၀၁၃ အောက်တိုဘာတွင် နိုင်ငံတကာ အရန်ငွေကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၈၃.၂၀၁ ဘီလီယံ ရှိသည်။ ချေးငွေ နှင့် ဂျီဒီပီကြား အချိုးမှာ ၂၀၀၄ ခုနှစ်တွင် ၇၈% အထိ စံချိန်တင် ရှိခဲ့ရာမှ ၂၀၁၄ မတ်လတွင် ၃၈.၁% အထိ ကျဆင်းလာခဲ့သည်။ ဖိလစ်ပိုင်သည် ထုတ်ကုန်ထက် သွင်းကုန် ပိုများသော်လည်း နိုင်ငံတကာသို့ ကြွေးမြီပြန်ချပေးသော နိုင်ငံ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးစ အချိန်က ဖိလစ်ပိုင်သည် အရှေ့အာရှတွင် ဂျပန်ပြီးလျှင် ဒုတိယမြောက် အချမ်းသာဆုံး နိုင်ငံ ဖြစ်ခဲ့သည်။ The Filipina sisterhood. (December 20, 2001). The Economist. Retrieved November 9, 2009. ၁၉၆၀ ခုနှစ်များတွင် စီးပွားရေး စွမ်းဆောင်မှုကို အခြားသူများမှ ကျော်တက်သွားခဲ့သည်။ အာဏာရှင် သမ္မတ ဖာဒီနန် မားကို့စ် ၏ လက်အောက်တွင် စီးပွားရေးမှာ ရပ်တန့်နေခဲ့ပြီး အစိုးရ၏ စီးပွားရေးကို တလွဲစီမံခန့်ခွဲမှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဖြစ်သည်။ နိုင်ငံအနေနှင့် စီးပွားရေး တိုးတက်မှု နှေးကွေးခဲ့ပြီး စီးပွားရေးကျဆင်းသည့် အချိန်များ ဖြစ်ပွားခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင်မှ စီးပွားရေး တံခါးဖွင့်မှု အစီအစဉ်များကြောင့် စီးပွားရေး ပြန်လည် နာလန်ထူလာနိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ် အာရှငွေကြေး အကြပ်အတည်းသည် စီးပွားရေးကို များစွာထိခိုက်ခဲ့ပြီး ဖိလစ်ပိုင်ပီဆိုငွေကြေး တန်ဖိုးကျဆင်းမှုကို အချိန်ကြာမြင့်စွာ ကြုံတွေ့ခဲ့ရပြီး စတော့မားကက်အတွင်း တန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုရိုက်ခတ်မှုမှာ အစပိုင်းတွင် အခြားသော အာရှအိမ်နီးချင်းနိုင်ငံများလောက် မပြင်းထန်ခဲ့ပေ။ အကြောင်းမှာ အစိုးရ၏ ငွေကြေးပေါ်လစီများနှင့် ပတ်သက်၍ ချုပ်ထိန်းလွန်းမှုကြောင့် ဖြစ်ပြီး နိုင်ငံတကာငွေကြေးအဖွဲ့၏ ဆယ်စုနှစ်များစွာ စောင့်ကြည့်မှုနှင့် ငွေကြေးပေါ်လစီကို စီမခံခန့်ခွဲခဲ့မှုများကြောင့် ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများမှာ စီးပွားရေး လျင်မြန်စွာ တိုးတက်ရန် ငွေကြေးအများအပြား သုံးစွဲကြသောကြောင့် ဖြစ်သည်။ ထိုအချိန်မှစ၍ တိုးတက်မှု များစွာ ဖြစ်ပေါ်ခဲ့သည်။ စီးပွားရေးမှာ ၂၀၀၄ ခုနှစ်တွင် ဂျီဒီပီတိုးတက်မှု ၆.၄% ရှိပြီး ၂၀၀၇ ခုနှစ်တွင် ၇.၁ % ရှိကာ ဆယ်စုနှစ် ၃ခုအတွင်း အလျှင်အမြန်ဆုံးနှုန်းဖြင့် တိုးတက်ခြင်းပင် ဖြစ်သည်။ Felix, Rocel. (January 25, 2008). 2007 GDP seen growing at fastest rate in 30 years. The Philippine Daily Inquirer. Retrieved May 29, 2010. (archived from the original on February 22, 2015)နှစ်စဉ်ပျမ်းမျှ လူတစ်ဦးချင်း ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၁၉၆၆ မှ ၂၀၀၇ ခုနှစ်အထိ ၁.၄၅% မျှသာရှိပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသ တစ်ခုလုံး ၏ ပျမ်းမျှနှုန်း ၅.၉၆% နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည်။ လူဦးရေ၏ ၄၅% ၏ နေ့စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ အောက်တွင်သာ ရှိသည်။ Reddel, Paul (May 27, 2009). Infrastructure & Public-Private Partnerships in East Asia and the Philippines [PowerPoint slides]. Presentation in Manila to the American Foreign Chambers of Commerce of the Philippines. Retrieved February 13, 2010 from the Public-Private Infrastructure Advisory Facility (PPIAF) Website. စီးပွားရေးသည် နိုင်ငံခြားတွင်နေထိုင်သော ဖိလစ်ပိုင်နိုင်ငံသားများ ပြန်လည်ပေးပို့သော ငွေကြေးများအပေါ်တွင် များစွာ မှီခိုနေပြီး နိုင်ငံခြားဝင်ငွေရလမ်းအတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ပင် ကျော်လွန်သည်။ နိုင်ငံခြားမှ ငွေလွှဲမှုမှာ ၂၀၁၀ ခုနှစ်တွင် နိုင်ငံဂျီဒီပီ၏ ၁၀.၄% မျှ ရှိခဲ့သဖြင့် အများဆုံးဖြစ်ပြီး ၂၀၁၂ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ၈.၆% ရှိသည်။ ဖိလစ်ပိုင်တွင် နိုင်ငံခြားငွေကြေး ငွေလွှဲပို့မှု၏ တန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံမျှ ရှိသည်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုမှာ မညီမျှပဲ အစိုးရအနေနှင့် နိုင်ငံ၏ အခြားဒေသများတွင် စီးပွားရေးတိုးတက်မှုကို ဖြန့်ဝေပေးနိုင်ရန် မြှင့်တင်မှု ခြေလှမ်းများ လှမ်းခဲ့သော်လည်း လူဇွန်းဒေသ အထူးသဖြင့် မက်ထရိုမနီလာသည် စီးပွားရေးတိုးတက်မှု အများဆုံးရှိပြီး ထို့အတွက်ကြောင့် အခြားဒေသများတွင် စီးပွားရေးတိုးတက်နိုင်မှု နည်းပါးသွားခဲ့သည်။ အဟန့်အတားများရှိသော်လည်း ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း တဆင့်ယူလုပ်ကိုင်ခြင်း တို့မှာ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက် အကောင်းဆုံး ကဏ္ဍများ ဖြစ်သည်ဟု တွေ့ရှိခဲ့ကြသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ အခြား အနီးအနားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောင်မြင်မှုမရပဲ ကျွန်းစုများ၏ တစ်စစီဖြစ်နေသာ ပထဝီအနေအထားအတွင်း ခရီးသွားလာရန် ခက်ခဲသောကြောင့် ဖြစ်သည်။ စီးပွားရေးလုပ်ငန်း တဆင့်ယူလုပ်ကိုင်ခြင်း လုပ်ငန်း (ဘီပီအို) တွင် ကဏ္ဍခွဲ ၈ ခုရှိပြီး အသိဉာဏ်ပညာဆိုင်ရာ လုပ်ငန်း တဆင့်ယူလုပ်ကိုင်ခြင်း နှင့် ရုံးအနောက်ပိုင်း လုပ်ငန်းများ၊ အန်နီမေးရှင်း၊ ကောလ်စင်တာ လုပ်ငန်း၊ ဆော့ဖ်ဝဲလ်ရေးသားခြင်း လုပ်ငန်း၊ ဂိမ်းရေးသားခြင်းလုပ်ငန်း၊ အင်ဂျင်နီယာဆိုင်ရာ ဒီဇိုင်းလုပ်ငန်း နှင့် ဆေးပေးဆေးကုခြင်း လုပ်ငန်းတို့ ဖြစ်သည်။ အိုင်တီနှင့် ဆိုင်သော ဘီပီအိုမှာ နိုင်ငံ၏ ဖွံဖြိုးမှုနှင့် တိုးတက်မှုအတွက် အဓိကနေရာမှာ ပါဝင်နေသည်။ ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် အဓိက ဘီပီအို ဝန်ဆောင်မှုဌာန ဖြစ်လာခဲ့ပြီး အိန္ဒိယ၏ နေရာကို ဖုံးလွှမ်းသွားခဲ့သည်။ ဂိုးလ်မင်းဆက်ရှ် မှ ဖိလစ်ပိုင်နိုင်ငံအား နောင်လာမည့် ၁၁ နိုင်ငံ စာရင်းတွင် ထည့်သွင်းထားခဲ့သော်လည်း တရုတ်နှင့် အိန္ဒိယတို့မှာ အဓိက စီးပွားပြိုင်ဖက်များ အဖြစ် ပေါ်ထွက်လာခဲ့သည်။ ဂိုးလ်မင်းဆက်ရှ် မှ ၂၀၅၀ တွင် ကမ္ဘာပေါ်တွင် ၂၀ ခုမြောက် အကြီးဆုံးသော စီးပွားရေး ဖြစ်လာမည်ဟု ခန့်မှန်းထားခဲ့သည်။ ဟောင်ကောင်ရှန်ဟိုင်းဘဏ်ကော်ပိုရေးရှင်းမှလည်း ဖိလစ်ပိုင်အား ၂၀၅၀ တွင် ကမ္ဘာ့ ၁၆ ခုမြောက်အကြီးဆုံး၊ အာရှတွင် ၅ ခုမြောက်အကြီးဆုံးနှင့် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ ဖိလစ်ပိုင်သည် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဖိလစ်ပိုင်နိုင်ငံ မန်ဒါလူယောင်တွင် ဌာနချုပ်တည်ရှိသော အာရှဖွံ့ဖြိုးရေးဘဏ်၊ ကိုလံဘိုအစီအစဉ်၊ ဂျီ-၇၇၊ ဂျီ-၂၄ နှင့် အခြားအဖွဲ့အစည်းများတွင် အဖွဲ့ဝင်နိုင်ငံ အဖြစ်ပါဝင်သည်။ သယ်ယူပို့ဆောင်ရေး ဖိလစ်ပိုင်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆိုင်သော အခြေခံအဆောက်အအုံ ပိုင်းမှာ ဖွံ့ဖြိုးမှု နောက်ကျသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများထဲတွင် တောင်ထူထပ်သော မြေမျက်နှာပြင် ရှိခြင်း၊ ကျွန်းများ၏ ပြန့်ကျဲနေသော ပထဝီအနေအထား ရှိခြင်း တို့အပြင် အစိုးရ အစဉ်အဆက်တို့၏ အခြေခံအဆောက်အအုံပေါ်တွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် နိုင်ငံ ဂျီဒီပီ၏ ၃% မျှသာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် သုံးစွဲခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပါက များစွာနည်းပါးသည်။ ဖိလစ်ပိုင်နိုင်ငံတွင် လမ်းအရှည် စုစုပေါင်း ရှိပြီး သာလျှင် လမ်းခင်းထားသည်။ အဓိကမြို့တော်များနှင့် မြို့များတွင် ဘတ်စ်ကားများ၊ ဂျစ်ပနေးများ၊ တက္ကစီများနှင့် စက်တပ်ထားသော သုံးဘီးဆိုင်ကယ်များ ရှိသည်။ ၂၀၀၇ ခုနှစ်တွင် မှတ်ပုံတင်ထားသော ယာဉ်စီးရေ ၅.၅၃ သန်းမျှ ရှိပြီး မှတ်ပုံတင်ခြင်းမှာ နှစ်စဉ် ၄.၅၅% မျှ ပျမ်းမျှ တိုးတက်လာသည်။ ဖိလစ်ပိုင် အရပ်ဖက် လေကြောင်း အာဏာပိုင်အဖွဲ့ မှ လေဆိပ်များကို စီမံခန့်ခွဲပြီး လုံခြုံသော လေကြောင်းခရီးသွားနိုင်ရန် အတွက် ပေါ်လစီများကို အကောင်အထည်ဖော် ဆောင်ရွက်သည်။ ၂၀၁၄ ခုနှစ်တွင် အများပြည်သူဆိုင်ရာ လေဆိပ် ၈၅ ခု ရှိသည်။ ဂရိတ်တား မနီလာ ဒေသအတွက် နနွိုင်း အာကွီနို အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ကလာ့ခ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ ဝင်ရောက်သွားလာနိုင်စေရန် ဆောင်ရွက်ပေးသည်။ အာရှ၏ ရှေးအကျဆုံး စီးပွားဖြစ် လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ယခုတိုင် နဂိုရ်မူလအမည်ဖြင့် ပြေးဆွဲနေသော ဖိလစ်ပိုင်လေကြောင်းလိုင်း နှင့် ဦးဆောင်ဦးရွက် ဈေးနှုန်းသင့် လေကြောင်းလိုင်းဖြစ်သော စီဘူး ပစိဖိတ် တို့မှာ ပြည်တွင်းနှင့် ပြည်ပနေရာများသို့ အဓိက ပို့ဆောင်ပေးနေသော အဓိက လေကြောင်းလိုင်းနှစ်ခု ဖြစ်သည်။ State of Hawaii. Department of Transportation. Airports Division. [c. 2005]. "Philippine Air Lines". Hawaii Aviation. Retrieved January 9, 2010. အမြန်လမ်းနှင့် ဟိုင်းဝေးလမ်းမများမှာ အများအားဖြင့် လူဇွန်းကျွန်းပေါ်တွင်သာ တည်ရှိပြီး လူဇွန်း၊ ဆာမား၊ လေတီနှင့် မင်ဒါနောင်းတို့အား ဆက်သွယ်ပေးထားသော ပန်-ဖိလစ်ပိုင် ဟိုင်းဝေး၊ မြောက်လူဇွန်း အမြန်လမ်း၊ တောင်လူဇွန်းအမြန်လမ်း နှင့် ဆူဘစ်-ကလာ့ခ်-တားလက် အမြန်လမ်း တို့ပါဝင်သည်။စီဘူးရှိ စီဘူး-ကော်ဒိုဗာ ဆက်သွယ်သော အမြန်လမ်းသည် လူဇွန်း၏ ပြင်ပရှိ ပထမဆုံးသော အမြန်လမ်းဖြစ်ပြီး ၂၀၂၁ တွင် ပြီးစီးမည် ဖြစ်သည်။ ရထားပို့ဆောင်ရေးသည် မက်ထရိုမနီလာ၊ လာဂူးနားခရိုင် နှင့် ဘိုင်ကောဒေသ အချို့အပိုင်းတို့တွင်သာ ခရီးသည်များကို ပို့ဆောင်ပေးရာတွင် အသုံးပြုသည်။ ရထားဖြင့် ကုန်စည်ပို့ဆောင်မှု မရှိပေ။ ၂၀၁၉ ခုနှစ်တွင် နိုင်ငံအတွင်း ရထားလမ်းမှာ ၇၉ ကီလိုမီတာမျှသာ ရှိပြီး ၂၄၄ ကီလိုမီတာအထိ တိုးချဲ့ရန် စီစဉ်ထားသည်။ မက်ထရို မနီလာတွင် အမြန်မြို့ပတ်ရထားလမ်း လိုင်း၁၊ လိုင်း၂ နှင့် လိုင်း၃ ဟူသော လိုင်း ၃ လိုင်း ရှိသည်။United Nations Centre for Human Settlements. (1993). Provision of Travelway Space for Urban Public Transport in Developing Countries. UN–HABITAT. pp. 15, 26–70, 160–179. . ပီအင်န်အာ တောင်ပိုင်း ခရီးသည်လိုင်းမှာ ခရီးသည်များအား မက်ထရိုမနီလာမှ လာဂူးနား ခရိုင်သို့ သယ်ယူပို့ဆောင်ပေးသည်။ လက်ရှိဆောက်လုပ်နေဆဲ ရထားလမ်းများမှာ ၄ ကီလိုမီတာ ရှည်လျားသော လိုင်း၂ အရှေ့ဘက်တိုးချဲ့ စီမံကိန်း (၂၀၂၀)၊ ၂၂ ကီလိုမီတာ ရှည်လျားသော လိုင်း ၇ (၂၀၂၀)၊ ၂၅ ကီလိုမီတာ ရှည်လျားသော လိုင်း ၉ (၂၀၂၅) နှင့် ၁၀၉ ကီလိုမီတာ ရှည်လျားသော တောင်-မြောက် ခရီးသည်တင် ရထားလမ်း ဖြစ်ပြီး တောင်မြောက်ရထားလမ်းမှာ အပိုင်း အချို့ပိုင်းခြားထားပြီး ၂၀၂၂ ခုနှစ်တွင် တစိတ်တပိုင်း ပြေးဆွဲမှု စတင်မည် ဖြစ်သည်။ အခြား ရထားလမ်း အမြောက်အမြားကိုလည်း ဖောက်လုပ်ရန် စီစဉ်နေသည်။ ယခင်က လူဇွန်း၏ အဓိက အစိတ်အပိုင်းများတွင် ရထားဖြင့် သယ်ယူပို့ဆောင်ရေး ရှိခဲ့ပြီး စီဘူးကျွန်း နှင့် နီဂရိုးကျွန်းများတွင်လည်း ရထား ပို့ဆောင်ရေး ဝန်ဆောင်မှု ရှိခဲ့သည်။ ရထားများကို စိုက်ပျိုးမွေးမြူရေးအတွက်လည်း အသုံးပြုကြပြီး အထူးသဖြင့် ဆေးရွက်ကြီးနှင့် သကြားထုတ်လုပ်ရေးများတွင် ဖြစ်သည်။ အချို့သော သယ်ယူပို့ဆောင်ရေး စနစ်များကို ဖော်ဆောင်လျက် ရှိပြီး သိပ္ပံနှင့်နည်းပညာဌာန နှင့် ဖိလစ်ပိုင် တက္ကသိုလ်တို့ ပူးပေါင်း၍ အလိုအလျောက် သွားလာသော သယ်ယူပို့ဆောင်ရေး စနစ်အတွက် အကြို ဖြစ်နိုင်ခြေလေ့လာမှုများ ဆောင်ရွက်လျက် ရှိသည်။ ကျွန်းစုများဖြစ်သဖြင့် ကျွန်းအချင်းချင်းသွားလာရန်အတွက် ရေယာဉ်များကို အသုံးပြုရန် လိုအပ်လေ့ ရှိသည်။ အစဉ်အလာအားဖြင့် ထိုသို့သွားလာရန် အငယ်စားမှ အလတ်စားအထိ ရှိသော ဘေးတစ်ဖက်တစ်ချက်တွင် ဖောင်ဖွဲ့တပ်ဆင်ထားသည့် ထရီမာရန်းခေါ် လှေသင်္ဘောများကို သုံးကြပြီး သစ်လုံးထွင်လှေမှ သစ်တုံးဖြင့် တည်ဆောက်ထားသော လှေ အထိ အမျိုးမျိုးရှိကြသည်။ အမျိုးမျိုး အစားစား ရှိသော်လည်း ၎င်းတို့အားလုံးကို ခြုံငုံ၍ ဘန်ကာ ဟု ခေါ်ကြသည်။ ဘန်ကာ များကို နဂိုရ်မူလက ရွက်တပ်၍ မောင်းနှင်ကြသည်။ ၁၉၇၀ ခုနှစ်များမှ စ၍ ရွက်များကို မော်တာတပ် အင်ဂျင်များဖြင့် အစားထိုး အသုံးပြုလာကြသည်။ ထိုသို့ စက်တပ်ထားသော ဘန်ကာများကို ဖိလစ်ပိုင် အင်္ဂလိပ်စကားဖြင့် ပမ့်ဘုတ် ဟု ခေါ်ကြသည်။ အခြားသော ရိုးရာ ဖိလစ်ပိုင် လှေသင်္ဘော အမျိုးအစားများမှာ ပျောက်ကွယ်သွားကြခြင်း သို့မဟုတ် ပျောက်ကွယ်ရန် စိုးရိမ်ရခြင်း ဖြစ်နေကြပြီး တစ်ချိန်က အလွန်ပေါများခဲ့သော ကာစကို တုံကင်းများနှင့် ဂွီလာလို ခေါ် ကုန်တင်သင်္ဘောများ ဖြစ်သည်။ သို့သော်လည်း ဘန်ကာများမှာ ဖိလစ်ပိုင်တွင် နေရာတကာ တွေ့ရသော ရေယာဉ်များဖြစ်ပြီး ယနေ့ထက်တိုင် တွေ့နေရဆဲဖြစ်ကာ ၎င်းတို့၏ တည်ငြိမ်မှု၊ အရှိန်နှင့် အလွန်တိမ်သော သန္တာကျောက်တန်းများတွင်ပင် သွားလာနိုင်မှုတို့ကြောင့် ဖြစ်သည်။ အလုပ်အများဆုံးသော ပင်လယ်ဆိပ်ကမ်းမြို့များမှာ မနီလာ၊ ဘာတန်ဂက်စ်၊ ဆူဘစ်၊ စီဘူး၊ အီလိုအီလို၊ ဒါဗောင်း၊ ကာဂါယန် ဒီ အိုရို နှင့် ဇမ်ဘိုရမ်ဂါ တို့ ဖြစ်ကြသည်။ 2GO Travel နှင့် ဆူလ်ပီစီယိုလိုင်းတို့မှ မနီလာအား အခြားသော မြို့တော်များနှင့် မြို့များသို့ ခရီးသည်တင်ရေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ မျှရှည်လျားသော စထရောင်း ရီပတ်ဘလစ် နော့တီကယ်ဟိုင်းဝေး ခေါ် ဟိုင်းဝေးလမ်းများနှင့် လွန်းပျံယာဉ်များ ဆက်စပ်ထားပြီး မြို့ကြီး ၁၇ မြို့ကို ဆက်သွယ်ပေးထားသော ဆက်စပ်ဟိုင်းဝေးလမ်းမကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ပါဆစ်မြစ် လွန်းပျံ ဝန်ဆောင်မှုမှ မက်ထရိုမနီလာရှိ အဓိက မြစ်ကြီးများတွင် ခရီးသည်တင် ဝန်ဆောင်မှု ပေးလျက် ရှိပြီး ပါဆစ်မြစ်နှင့် မာရီကီနာမြစ်တို့တွင် ဖြစ်ကာ မနီလာ၊ မာကာတီ၊ မန်ဒါလူယောင်း၊ ပါဆစ် နှင့် မာရီကီနာတို့တွင် သင်္ဘောဆိပ်များ ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဖိလစ်ပိုင်သည် သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် တိုးတက်ရန်အတွက် အားထုတ်မှုများ ပြုလုပ်လျက် ရှိသည်။ သိပ္ပံနှင့်နည်းပညာဌာနသည် ဖိလစ်ပိုင်နိုင်ငံအတွင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာ စီမံကိန်းများ ပြုလုပ်ရာတွင် ပေါင်းစည်းဆက်စပ်ပေးခြင်းအတွက် တာဝန်ရှိသော အုပ်ချုပ်ရေး အေဂျင်စီတစ်ခု ဖြစ်သည်။ နိုင်ငံအတွင်း အမျိုးမျိုးသော သိပ္ပံပညာရပ်ကဏ္ဍတို့တွက် ပါဝင်ပံ့ပိုးပေးသော လူတစ်ဦးချင်းစီအတွက် ဖိလစ်ပိုင် နိုင်ငံတော်သိပ္ပံပညာရှင်ဆု ကို ရွေးချယ်ပေးအပ်လေ့ ရှိသည်။ ဖိလစ်ပိုင်ရှိ ထင်ရှားသော သိပ္ပံပညာရှင်များတွင် မာရီယာ အိုရိုဆာ အစရှိသော အစားအသောက်ဆိုင်ရာ နည်းပညာရှင်များ ပါဝင်ပြီး သူမမှာ သူမ ဖော်မြူလာထုတ်ထားသည့် အစားအသောက်ကုန်များ ဖြစ်သည့် ကလာမန်စီ နစ်ပ်၊ ဆွိုင်ယာလက် နှင့် ငှက်ပျောသီးခရမ်းချဉ်သီးဆော့စ် တို့အတွက် ကျော်ကြားသည်။ ရာမွန်ဘာဘရာသည် အပင်စိုက်ပညာရှင်ဖြစ်ပြီး သူမှာ သရက်ပင်တွင် ပန်းများ ပိုမိုပွင့်နိုင်ရန် ပြုလုပ်သော နည်းလမ်းအတွက် ထင်ရှားသည်။ ကမ္ဘာ့ ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့မှ ဖိလစ်ပိုင်နိုင်ငံသား တီထွင်သူတို့အား အနည်းဆုံး ဆု ၅၁ ခု ချီးမြှင့်ပေးခဲ့သည်။ ဥပမာအားဖြင့် တီထွင်သူ မက်ဒါလီနာ ဗီလာရက်ဇ်သည် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ တီထွင်မှု တစ်ခုဖြစ်သော လိပ်စွမ်းအားသုံး လက်တွန်းဝင်ရိုးစက်ဖြင့် ၁၉၈၆ခုနှစ် ကမ္ဘာ့ဉာဏပစ္စည်း မူပိုင်ခွင့် အဖွဲ့၏ တစ်နှစ်လုံးအတွက် အကောင်းဆုံး တီထွင်သူ ဆုကို ရခဲ့ပြီး ထိုကိရိယာကို ဖိလစ်ပိုင်၊ အရှေ့တောင်အာရှ နှင့် အာဖရိကတို့တွင် ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ဆေးပညာကဏ္ဍတွင်လည်း ထင်ရှားသူများမှာ ကလေးဆေးပညာနှင့် ပတ်သက်၍ လမ်းဖောက်သူတစ်ဦးဖြစ်ပြီး ဆေးပညာလောကတွင် ဆယ်စုနှစ် ၈ ခုစာ ဆေးကုသခဲ့သည့် ကလေးဆရာဝန် ဖီ ဒဲလ် မွန်ဒို မှာ ထင်ရှားသည်။ ထို့ပြင် ဖိလစ်ပိုင်ရှိ အဏုမြူသုံး ဆေးပညာကဏ္ဍတွင် ပါဝင်ပံ့ပိုးမှုများ ပေးခဲ့ပြီး ဖိလစ်ပိုင်ရှိ နျူးကလီးယား ဆေးပညာ၏ ဖခင် ဟု အမည်ပေးထားကြသည့် ပေါ်လို ကမ်ပို့စ် တို့မှာ ထင်ရှားသည်။ သုတေသနအဖွဲ့အစည်းများတွင် အပြည်ပြည်ဆိုင်ရာ စပါးသုတေသန အင်စတီကျု ကဲ့သို့သော အဖွဲ့အစည်းများရှိပြီး အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော သုတေသနနှင့် လေ့ကျင့်သင်ကြားရေး အဖွဲ့အစည်းဖြစ်ကာ ၁၉၆၀တွင် တည်ထောင်ခဲ့၍ ဌာနချုပ်မှာ လာဂူးနားရှိ လော့စ်ဘာနော့စ်တွင် တည်ရှိသည်။ ထိုအဖွဲ့အစည်းမှာ စပါးအမျိုးအစားသစ်များ ထုတ်လုပ်ရေးနှင့် နိုင်ငံအတွင်းရှိ လယ်သမားများ၏ ဘဝကို တိုးတက်စေရန် စပါးစိုက်ပျိုးမှု စီမံခန့်ခွဲခြင်းနည်းလမ်းများကို သုတေသနပြုလျက် ရှိသည်။ ဆက်သွယ်ရေး ဖိလစ်ပိုင်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး ဂြိုဟ်တုကို ၁၉၉၆တွင် ဝယ်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်၏ ပထမဆုံး အငယ်စား ဂြိုဟ်တုဖြစ်သည့် ဒီဝါတာ-၁ အား အမေရိကန်တို့၏ ဆိုက်ဂနပ် အာကာသယာဉ်ပေါ်တွင် တည်၍ လွှတ်တင်ခဲ့သည်။ ဖိလစ်ပိုင်တွင် အလွန်ခေတ်မီသော ဆယ်လူလာဖုန်း ဈေးကွက်ရှိပြီး အသုံးပြုသူ အလွန်များပြားသည်။ စာဖြင့်မက်ဆေ့ပေးပို့ ဆက်သွယ်ခြင်းမှာ လူကြိုက်များသော ဆက်သွယ်ရေး ပုံစံတစ်ခု ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ တစ်နေ့လျှင် ပျမ်းမျှ မက်ဆေ့ ၁ ဘီလီယံကျော် ပို့လွှတ်ဆက်သွယ်ခဲ့ကြသည်။ မိုဘိုင်းဖုန်း အသုံးပြုသူ ၅ သန်းကျော်မှာ ၎င်းတို့၏ ဖုန်းများကို ပိုက်ဆံအိတ်ယောင် အဖြစ်သုံးစွဲကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆယ်လူလာကွန်ယက်ပေါ်၌ ငွေကြေးအပေးအယူပြုလုပ်ရာ၌ ခေါင်းဆောင်အဖြစ် တည်ရှိသည်။Francisco, Rosemarie. (March 4, 2008). Filipinos sent 1 billion text messages daily in 2007. The Philippine Daily Inquirer. Reuters. Retrieved December 18, 2009. PLDT ဟု သိကြသော ဖိလစ်ပိုင် ခရီးဝေး တယ်လီဖုန်းကုမ္ပဏီသည် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုတွင် ဦးဆောင်ဦးရွက်အဖြစ် ရှိသည်။ ထို့ပြင် နိုင်ငံအတွင်း အကြီးဆုံး ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ Special Report: The Global 2000. (April 2, 2008). Forbes. p.10. Retrieved December 14, 2009. နိုင်ငံတော် အဝေးဆက်သွယ်ရေး ကော်မရှင်သည် နိုင်ငံတဝှမ်းလုံးရှိ တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများ အတွက် ကြီးကြပ်ရေး၊ ကြားဝင်ဖြေရှင်းပေးရေး နှင့် ထိန်းချုပ်ရေးတို့အတွက် တာဝန်ရှိသော အဖွဲ့အစည်း ဖြစ်သည်။ အကြမ်းမျဉ်းအားဖြင့် လှိုင်းတို ရေဒီယို စတေရှင် ၃၈၃ ခု၊ အက်ဖ်အမ် ရေဒီယိုစတေရှင် ၆၅၉၊ ရုပ်မြင်သံကြား ဌာန ၂၉၇ ခုနှင့် ကေဘယ်လ်ရုပ်မြင်သံကြားဌာန ၈၇၃ ခုတို့ ရှိကြသည်။ ၁၉၉၄ ခု မတ်လ ၂၉ ရက်တွင် ဖိလစ်ပိုင် ခရီးဝေး တယ်လီဖုန်းကုမ္ပဏီ၏ ရောက်တာ ဝန်ဆောင်မှုသည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ စပရင့် ရောက်တာနှင့် ချိတ်ဆက်၍ တစက္ကန့်လျှင် ၆၄ ကီလိုဘစ် အမြန်နှုန်းဖြင့် အင်တာနက်သို့ ပထမဆုံး ဆက်သွယ်ရရှိခဲ့သည်။ ဖိလစ်ပိုင်တွင် အင်တာနက်ထိုးဖောက်ဝင်ရောက်မှုနှင့် ပတ်သက်၍ ခန့်မှန်းချက်မှာ အလွန်အမင်း ကွာဟပြီး အနိမ်ဆုံး သုံးစွဲသူ ၂.၅ သန်းမှ အများဆုံး သုံးစွဲသူ ၂၄ သန်း အထိ ခန့်မှန်းကြသည်။ Internet World Stats. (2009). Philippines: Internet Usage Stats and Marketing Report . Miniwatts Marketing Group. Retrieved January 22, 2009.လူမှုကွန်ယက် အသုံးပြုခြင်းနှင့် ဗွီဒီယိုကြည့်ခြင်းတို့မှာ အသုံးအများဆုံး အင်တာနက်သုံးစွဲမှု ပုံစံများ ဖြစ်ကြသည်။ဖိလစ်ပိုင်၏ လူဦးရေသည် ကမ္ဘာပေါ်တွင် ထိပ်ဆုံး အင်တာနက် အသုံးပြုသူများ ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ခရီးသွားလုပ်ငန်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ဖိလစ်ပိုင်စီးပွားရေး အတွက် အဓိက ပံ့ပိုးပေးသော ကဏ္ဍဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင် ဂျီဒီပီ၏ ၇.၁% အား ထောက်ပံ့ပေးကာ စုစုပေါင်း အလုပ်အကိုင် ၁,၂၂၆,၅၀၀ ခု ဖန်တီးပေးပြီး စုစုပေါင်း အလုပ်အကိုင်၏ ၃.၂ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံတကာ ဧည့်သည် ၂,၄၃၃,၄၂၈ ဦး ရောက်ရှိခဲ့ပြီး ယခင် ၂၀၁၃ ခုနှစ်နှင့် ယှဉ်ပါက ၂.၂၂% ပိုမိုများပြားလာခဲ့သည်။ တောင်ကိုရီးယား၊ တရုတ် နှင့် ဂျပန်တို့မျ လာရောက်သူ ၅၈.၇၈% ရှိပြီး အမေရိကန် များမှာ ၁၉.၂၈% ရှိကာ ဥရောပမှလာရောက်သူမှာ ၁၀.၆၄% ရှိသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဌာနသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး နှင့် မြှင့်တင်ရေး အတွက် တာဝန်ရှိသည်။ နိုင်ငံ၏ ကြွယ်ဝသော ဇီဝမျိုးကွဲများသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ တစ်ခုဖြစ်ပြီး ၎င်း၏ ကမ်းခြေများ၊ တောင်ကုန်းများ၊ မိုးသစ်တောများ၊ ကျွန်းများ နှင့် ရေငုပ်ရာနေရာများမှာ လူကြိုက်များ ရေပန်းအစားဆုံး ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာ နေရာများ ဖြစ်သည်။ ကျွန်းစုများအတွင်း ကျွန်းပေါင်း ၇,၅၀၀ မျှ ရှိပြီး ဖိလစ်ပိုင်တွင် ကမ်းခြေများ၊ လှိုဏ်ဂူများ နှင့် အခြား ကျောက်ပုံသဏ္ဍန်များ အမျိုးမျိုး ရှိသည်။ ဘိုရာကေးတွင် မျက်စိကျိန်းလောက်အောင် ဖြူဖွေးသော သဲသောင်ကမ်းခြေများ ရှိပြီး ၂၀၁၂ ခုနှစ်တွင် Travel + Leisure မှ ကမ္ဘာ့အကောင်းဆုံးကျွန်းအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ အခြားထင်ရှားသော နေရာများမှာ အီဖူဂေါင်းရှိ ဘာနာဝီ ဆန်စပါးခင်းများ၊ အီလိုကော့စ် ဆာ ရှိ ဗီဂန်သမိုင်းဝင်မြို့၊ ဘိုဟိုးရှိ ချော့ကလက်တောင်ကုန်းများ၊ စီဘူးရှိ မဂျဲလင် ဖြတ်သန်းရာနေရာ နှင့် ဗီဆာယားရှိ တူဘာတာဟား သန္တာကျောက်တန်းတို့ ဖြစ်ကြသည်။ ဖိလစ်ပိုင်သည် နိုင်ငံခြားသားများအတွက် အငြိမ်းစားယူရာတွင် နေထိုင်ရန် အတွက် ကြိုက်နှစ်သက်ကြသော နေရာတစ်ခု ဖြစ်ပြီး တစ်နှစ်လုံး ပူနွေးသော ရာသီဥတုရှိခြင်း၊ ကမ်းခြေများနှင့် လူနေမှုစရိတ် ဈေးပေါခြင်းတို့ကြောင့် ဖြစ်သည်။ ရေပေးဝေရေး နှင့် စည်ပင်သာယာရေး ဖိလစ်ပိုင်အစိုးရ၏ အောင်မြင်မှုများထဲတွင် လူအများ ပိုမိုကောင်းမွန်သည့် ရေအရင်းအမြစ်ကို ရရှိလာနိုင်ခြင်းပါဝင်ပြီး ၂၀၁၀တွင် ၉၂% အထိ ရရှိခဲ့သည်။ မြို့ငယ်များနှင့် အလတ်စားမြို့များတွင် ဘဏ္ဍာရေးအခြေအနေအားဖြင့် ရေရှည်တည်တံ့နိုင်သော ရေပေးရေး ဝန်ဆောင်မှု အဖွဲ့များကို တည်ထောင်နိုင်ခဲ့ပြီး နိုင်ငံတော် အေဂျင်စီ (ဒေသဆိုင်ရာ ရေသုံးစွဲရေး စီမံခန့်ခွဲမှုအဖွဲ့) မှ ရေရှည်အနေနှင့် ဆက်တိုက် ပံ့ပိုးပေးခဲ့သည်။ မနီလာတွင် ရရှိနိုင်မှု တိုးတက်ခြင်း၊ ဝန်ဆောင်မှု အရည်အသွေး နှင့် လုပ်ဆောင်နိုင်စွမ်းတို့ကြောင့် ၁၉၉၇ တွင် ဂုဏ်ရည်မြင့်မားသော ရေနှင့် သက်ဆိုင်သည့် ဆုနှစ်ခု ရရှိခဲ့သည်။ စိန်ခေါ်မှုများထဲတွင် ရေနှင့် မိလ္လာစနစ်အား ရရှိရန် ခက်ခဲခြင်း၊ ရေအရင်းအမြစ်များတွင် ညစ်ညမ်းမှု အလွန်များပြားခြင်း၊ သောက်ရေ၏ အရည်အသွေးမှာ ညံ့ဖျင်းခြင်း နှင့် ဝန်ဆောင်မှု အရည်အသွေး ညံ့ဖျင်းခြင်း၊ နိုင်ငံတော်အဆင့်တွင် အေဂျင်စီအများအပြားကြား အုပ်ချုပ်ရေး အစိတ်အပိုင်းများ အစိတ်စိတ် အမြွှာမြွှာကွဲပြားနေခြင်း၊ ဒေသဆိုင်ရာအဆင့်တွင် ဝန်ဆောင်မှုပေးသူ အသေးစားလေးများ အများအပြားကြားတွင် ဝန်ဆောင်မှုများ အစိတ်စိတ်အမြွှာမြွှာကွဲပြားနေခြင်း တို့ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် ယူနီဆက်ဖ် တို့၏ ရေပေးဝေရေးနှင့် မိလ္လာအတွက် ပူးပေါင်း စောင့်ကြည့်ရေး အစီအစဉ်မှ အစီရင်ခံသည်မှာ ၇၄% သော လူဦးရေတွင် ရေနှင့် မိလ္လာစနစ်အတွက် ရရှိနိုင်မှု တိုးတက်လာခဲ့ပြီး ကောင်းမွန်သော တိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ . ရေနှင့်မိလ္လာစနစ်အတွက် ရရှိသုံးစွဲနိုင်မှု တိုးတက်ခြင်းမှာ မြို့ပြနှင့် ကျေးလက်လူဦးရေ အတွက် အတူတူ ဖြစ်သည်ဟု ဆိုသည်။ လူဦးရေပျံ့နှံ့ နေထိုင်မှု ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေမှာ ၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်းတွင် အကြမ်းမျဉ်းအားဖြင့် ၂၈ သန်း တိုးတက်လာခဲ့ပြီး ထိုအချိန်အတွင်း ၄၅% တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေစာရင်း ကောက်ယူမှုကို ၁၈၇၇ တွင် ပြုလုပ်ခဲ့ပြီး စာရင်းရရှိထားသော လူဦးရေမှာ ၅,၅၆၇,၆၈၅ ဦး ဖြစ်သည်။ လူဦးရေ၏ တစ်ဝက်ခန့်သည် လူဇွန်းကျွန်းပေါ်တွင် နေထိုင်သည်ဟု ခန့်မှန်းရသည်။ ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း လူဦးရေတိုးနှုန်းသည် ၃.၂၁% မျှ ရှိခဲ့ပြီး ၂၀၀၅-၂၀၁၀ ကာလ အတွင်းတွင် ၁.၉၅% သို့ ကျဆင်းသွားခဲ့ပြီး အငြင်းပွားစရာ ကိစ္စတစ်ခု အဖြစ် ဆက်လက်ရှိနေသည်။ လူဦးရေ၏ မီဒီယံ အသက်အပိုင်းအခြားမှာ ၂၂.၇ နှစ်ဖြစ်ပြီး ၆၀.၉% သော လူဦးရေမှာ ၁၅ နှစ်မှ ၆၄ နှစ်အတွင်းတွင် ရှိသည်။ နေထိုင်မှုသက်တမ်းမှာ ၆၉.၄ နှစ် ဖြစ်ပြီး အမျိုးသမီးမှာ ၇၃.၁နှစ် ဖြစ်ကာ အမျိုးသားမှာ ၆၅.၉ နှစ် ဖြစ်သည်။ ဆင်းရဲမွဲတေမှုမှာ ၂၀၁၂ ခုနှစ်တွင် ၂၅.၂% မှ ၂၀၁၅ တွင် ၂၁.၆% သို့ ကျဆင်းသွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေများ ဖြေလျှော့ချပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် ဖိလစ်ပိုင်လူမျိုးမှ မွေးဖွားသော နေထိုင်သူများမှာ သိသာစွာ တိုးပွားလာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ခန့်မှန်းထားသည်မှာ The U.S. Census Bureau 2007 American Community Survey counted 3,053,179 Filipinos; 2,445,126 native and naturalized citizens, 608,053 of whom were not U.S. citizens.နိုင်ငံရပ်ခြားတွင် နေထိုင်သော ဖိလစ်ပိုင်လူမျိုး ၁၂ သန်းမျှ ရှိသည်။ တရားဝင်လူဦးရေ ရေတွက်မှုအရ ဖိလစ်ပိုင်၏ လူဦးရေသည် ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၂၇ ရက် ညသန်းခေါင်တွင် သန်း ၁၀၀ ပြည့်ခဲ့ပြီး လူဦးရေ သန်း ၁၀၀ ပြည့်သော ၁၂ နိုင်ငံမြောက် နိုင်ငံ ဖြစ်သည်။ ဖိလစ်ပိုင်၏ လူဦးရေသည် ၂၀၁၈ ခုနှစ် တလျှောက်လုံးတွင် တိုးတက်လာခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ၁၀၇,၁၉၀,၀၈၁ ဦးသို့ ရောက်ရှိလာနိုင်ပြီး လူဦးရေ ကော်မရှင်မှ ၂၀၁၅ ခုနှစ် နောက်ဆုံး လူဦးရေစာရင်း ပေါ်တွင် အခြေခံပြီး ခန့်မှန်းထားခြင်း ဖြစ်သည်။ မြို့ကြီးများ မက်ထရို မနီလာ သည် ဖိလစ်ပိုင်ရှိ မက်ထရိုပိုလစ်တန်ဒေသ အဖြစ်သတ်မှတ်ထားသော နေရာ ၃ခုတွင် လူဦးရေ အများဆုံး ဖြစ်ပြီး ၂၀၁၈ ခုနှစ်၌ ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် လူဦးရေအများဆုံး မက်ထရိုပိုလစ်တန်ဒေသ ဖြစ်သည်။ ၂၀၁၅ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁၂,၈၇၇,၂၅၃ ဦး ရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၁၃% မျှ ရှိသည်။ ဘူလာကန်း၊ကာဗိုက်၊ လာဂူးနား နှင့် ရိုင်ဇယ် အစရှိသော အနီးအနားခရိုင်များရှိ ဆင်ခြေဖုံးများကိုပါ ထည့်တွက်မည်ဆိုပါက ဂရိတ်တား မနီလာဒေသ၏ လူဦးရေမှာ ၂၄,၆၅၀,၀၀၀ ဦးမျှ ရှိသည်။ Demographia. (July 2010). Demographia World Urban Areas (World Agglomerations) Population & Projections (Edition 6.1). Retrieved March 29, 2011. နိုင်ငံတဝှမ်းလုံးတွင် မြို့ပြလူနေထိုင်မှုနှုန်းမှာ ၅၁.၂% ရှိသည်။ မက်ထရိုမနီလာ၏ စုစုပေါင်းဒေသထုတ်ကုန်မှာ ၂၀၀၉ ခုနှစ် စာရင်းအရ ဖိလစ်ပိုင်ပီဆို ၄၆၈,၄ ဘီလီယံ (၁၉၈၅ ခုနှစ် ဈေးနှုန်းဖြင့်) ရှိပြီး တစ်နိုင်ငံလုံး ဂျီဒီပီ၏ ၃၃% မျှ ရှိသည်။ ၂၀၁၁ ခုနှစ်တွင် မနီလာသည် တကမ္ဘာလုံး၌ အချမ်းသာဆုံး မြို့ပြစုစည်းမှု အဆင့် ၂၈ ရှိပြီး အရှေ့တောင်အာရှတွင် ဒုတိယ ဖြစ်သည်။ လူမျိုးများ ၂၀၀၀ ခုနှစ် လူဦးရေစာရင်းအရ ဖိလစ်ပိုင်လူမျိုးများ၏ ၂၈.၁% မှာ တာဂါးလော့၊ ၁၃.၁% မှာ စီဘွာနို၊ ၉% မှာ အီလိုကာနို၊ ၇.၆ % မှာ ဗီဆာယန်း ၊ ၇.၅% မှာ ဟီလီဂိုင်နွန်၊ ၆% မှာ ဘိုင်ကော၊ ၃.၄% မှာ ဝါရေး နှင့် ၂၅.၃% မှာ အခြားလူမျိုးများ ဖြစ်ကြပြီး ၎င်းတို့ကို ထပ်မံ၍ ပိုမိုကွဲပြားသော လူမျိုးမဟုတ်သည့် အစုများ အနေနှင့် မိုရို၊ ကာပမ်ပါဂန်၊ ပန်ဂါးဆီနန်း၊ အီဗာနက် နှင့် အိုင်ဗာတန် ဟူ၍ ခွဲခြားနိုင်သည်။ ထို့ပြင် ရှေးရိုးနေ လူမျိုးစုများဖြစ်သည့် အီဂိုရော့၊ လူမက်၊ မိန်းဂျန်း၊ ဘာဂျောင်း နှင့် ပလာဝမ်တို့လည်း ရှိသည်။ ဖိလစ်ပိုင်လူမျိုးများသည် ယေဘုယျအားဖြင့် ဘာသာဗေဒဖြင့် ခွဲခြမ်းစိတ်ဖြာပါက အော်စထရိုနီးရှန်း နှင့် မလာယိုပိုလီနီးရှန်း စကားပြောသော အာရှလူမျိုးအချို့တွင် ပါဝင်သည်။ ယုံကြည်ထားကြသည်မှာ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက အော်စထရိုနီးရှန်း စကားပြောသော ထိုင်ဝမ်ရှေးဦးနေလူမျိုးများသည် ဖိလစ်ပိုင်သို့ ထိုင်ဝမ်မှ ပြောင်းရွှေ့လာပြီး ၎င်းတို့နှင့်အတူ စိုက်ပျိုးမွေးမြူရေး နှင့် ပင်လယ်သမုဒ္ဒရာ ရွက်လွှင့်ခြင်းနှင့် ဆက်စပ်သော ဗဟုသုတများ ပါလာခဲ့ပြီး နောက်ဆုံးတွင် ဖိလစ်ပိုင်ကျွန်းများ၌ ရှေးဦးနေထိုင်သော နယ်ဂရီတိုလူမျိုးများနေရာတွင် အစားထိုး ဝင်ရောက်လာကြသည်။ နယ်ဂရီတိုလူမျိုးများ ဖြစ်ကြသော အီတာ နှင့် အာတီတို့သည် ကျွန်းများတွင် အစောဆုံးနေထိုင်သူများ ဖြစ်မည်ဟု ယူဆကြသည်။ ထိုလူနည်းစု ရှေးဦးနေထိုင်သူ နယ်ဂရီတိုများမှာ အော်စထရာလွိုက် အနွယ်ဝင်များဖြစ်ကြပြီး ပထမဆုံး လူတို့ အာဖရိကမှ ဩစတြေးလျသို့ ပြောင်းရွှေ့ရာတွင် ကျန်နေရစ်ခဲ့သူများ ဖြစ်သည်။ ဖိလစ်ပိုင်ရှေးဦးနေ လူမျိုးများသည် ပါပူအာလူမျိုးများ၊ မီလာနီးရှန်းလူမျိုးများ နှင့် ဩစတြေးလျ ရှေးဦးနေ လူမျိုးများနှင့် အတူ ၎င်းတို့၏ မျိုးရိုးဗီဇထဲတွင် ဒယ်နီဆိုဗန်ခေါ် ရှေးဦးလူတို့၏ ဗီဇများ သိသိသာသာ ပါဝင်နေကြသည်။ အနောက်နှင့် အရှေ့တို့ လမ်းဖြတ်ရာတွင် ရှိသောကြောင့် ဖိလစ်ပိုင်သည် တရုတ်၊စပိန်၊ မက္ကဆီကို၊ ပီရူး၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဂျပန်အစရှိသည့် အမျိုးမျိုးကွဲပြားသော နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများ၏ အခြေချရာလည်း ဖြစ်သည်။ တရုတ်များမှာ အများအားဖြင့် တရုတ်ပြည် ဖူကျန့်ပြည်နယ် မှ ၁၈၉၈ နောက်ပိုင်း ရွှေ့ပြောင်းလာကြသူများ ဖြစ်ကြပြီး ၂ သန်းခန့်ရှိကာ ၂၇% မျှသော ဖိလစ်ပိုင်လူမျိုးတို့တွင် တစိတ်တပိုင်း တရုတ်သွေးပါမည်ဟု ယူဆရပြီး ကိုလိုနီခေတ် မတိုင်မီနှင့် ကိုလိုနီခေတ် တရုတ်များထံမှ သွေးနှောခဲ့ခြင်း ဖြစ်သည်။ အဓိကမြို့များနှင့် မြို့ပြဒေသများတွင် လူမျိုးစုမတူသော လူ အချင်းချင်း လက်ထပ်ကြသည်မှာ ထင်ရှားစွာ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဖိလစ်ပိုင်၌ မက္ကဆီကန် လူမျိုးများမှ ဆင်းသက်သူ ၁.၇သန်း ရှိသည်။ ထို့ပြင် စပိန်တို့ ဒေသခံတို့နှင့် ရောနှောခဲ့သည် လူဇွန်းရှိ လူဦးရေ၏ သုံးပုံတစ်ပုံ အပြင် ဗီဆာယားရှိ ရှေးခေတ်ဒေသများ (မက္ကဆီကန်လူမျိုးတို့ တည်ထောင်ခဲ့သည်။) နှင့် ဇမ်ဘိုရမ်းဂါးစီးတီး (ပီရူးတို့ ကိုလိုနီပြုခဲ့သည်။) သို့မဟုတ် ဖိလစ်ပိုင် လူဦးရေ၏ ၁၃.၃၃ % သည် စပိန်သွေး ပါကြပြီး အမေရိကတိုက် စပိန်တို့ထံမှ ဖြစ်သလို စပိန်နိုင်ငံမှလည်း ပါဝင်သည်။လတ်တလော မျိုးရိုးဗီဇ လေ့လာမှုများက ထိုသို့ ဥရောပသွေးပါခြင်း With a sample population of 105 Filipinos, the company of Applied Biosystems, analysed the Y-DNA of average Filipinos and it is discovered that about 13.33% of the samples have the Y-DNA Haplotype "R1b", which is most common in Western Europe and had spread to the Philippines via Spanish colonists. နှင့် အမေရိကရှိ စပိန်တို့ သွေးပါခြင်း ကို ခိုင်မာကြောင်း ထောက်ခံထားသည်။ ပီရူးနှင့် မက္ကဆီကိုမှ ပြောင်းရွှေ့လာသူတို့ကိုယ်တိုင် လူမျိုးတစ်မျိုးတည်း သွေးစစ်စစ် မဟုတ်ဘဲ သူတို့ကိုယ်တိုင် မက်စတီဇိုများ နှင့် မူလတ်တိုများ နှင့် သွေးနှောပြီး ဖြစ်နေသည်။ ထို့ပြင် အမေရိက ရှေးဦးနေ လူမျိုးအချို့လည်း ပါဝင်သည်။ အသုံးချဇီဝစနစ် (Applied Biosystems) ဟု အမည်ရသော ဒီအင်န်အေ ကုမ္ပဏီမှ ဝိုင်-ဒီအင်န်အေများကို ပေါင်းစပ်တွက်ချက်ထားမှုအရ ဖိလစ်ပိုင်တွင် တောင်အာရှသားတို့၏ ဝိုင်ဒီအင်န်အေ ဖြစ်သော အိတ်ချ်ဝမ်းအေ (H1A) ပါဝင်မှုနှုန်းမှာ ၁% ဖြစ်သည်။ ထို့အတွက်ကြောင့် ဖိလစ်ပိုင်လူမျိုး ၁% တွင် ထင်ရှားသော မိဘဘိုးဘွားမှ ပါဝင်သော အိန္ဒိယသွေးပါဝင်သည် ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို အိန္ဒိယ-ဖိလစ်ပိုင်လူမျိုးများမှာ ကိုလိုနီခေတ်မတိုင်မီက အနီးအနားတွင် ဟိန္ဒူတိုင်းပြည်များ ဖြစ်ကြသော စီဘူး နှင့် ဘွမ်တမ် ရာဂျာပြည် နှင့် ဘော်နီယိုရှိ ကူတိုင်းပြည်တို့ကို တည်ထောင်ခဲ့ကြသော စွန့်စားသွားလာသူများ ၊ ကိုလိုနီခေတ် စီပွိုင်းကုန်သည်များ သို့မဟုတ် ခေတ်သစ်ကုန်သည်များ မှဆင်းသက်သူများ ဖြစ်ကြသည်။ ဖိလစ်ပိုင်သည် ယခင်က အမေရိကန် ကိုလိုနီဖြစ်ခဲ့ပြီး အမေရိကန် ကိုလိုနီခေတ်ကာလ အတွင်းတွင် ဖိလစ်ပိုင်တွင် မွေးဖွားသော အမေရိကန်လူမျိုး ၈၀၀,၀၀၀ ဦး ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ဖိလစ်ပိုင်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ၂၂၀,၀၀၀ မှ ၆၀၀,၀၀၀ ဦး အထိ ရှိသည်။ ထို့ပြင် အန်ဂျလိစ်မြို့၊ မနီလာမြို့၊ ကလာ့ခ်မြို့ နှင့် အိုလွန်ဂါပိုမြို့တို့တွင် ပြန့်ကျဲနေထိုင်ကြသော အေမာအာရှ လူမျိုး ၂၅၀,၀၀၀ ခန့် ရှိသည်။ အခြားအရေးပါသော ဒေသရင်းနေမဟုတ်သော လူနည်းစုလူမျိုးများတွင် အာရပ်တို့လည်း ပါဝင်ပြီး ၎င်းတို့သည် ကိုလိုနီခေတ်မတိုင်မီက မွတ်ဆလင် စူလတန်ပြည်များ ဖြစ်ကြသော လာနောင်း၊ မာဂွင်ဒါနောင်း၊ ဆူလူး နှင့် ဘရူနိုင်း ပြည် တို့ကို ထူထောင်ခဲ့ကြသည်။ ထို့ပြင် ဂျပန်လူမျိုးများလည်း ရှိပြီး ၎င်းတို့မှာ ရှိုးဂန်း တိုကုဂါဝါ အီအဲယာဆု၏ ဖိနှိပ်မှုမှာ ထွက်ပြေးလွတ်မြောက်လာကြသော ခရစ်ယာန် (ကိရိရှိတန်) များ ဖြစ်ကြပြီး သူတို့အား ဖိလစ်ပိုင်ရှိ စပိန်အင်ပိုင်ယာမှ နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ လူမျိုးမတူသော မိဘမှ ပေါက်ဖွားလာသူများကို တီဆွိုင်းဟု ခေါ်ကြသည်။ Nicholas Trajano Molnar (2017), University of Missouri Press, "American Mestizos, The Philippines, and the Malleability of Race: 1898–1961" ဘာသာစကားအက်သနိုလော့ စာအုပ်အရ ဖိလစ်ပိုင်တွင် ဘာသာစကားပေါင်း ၁၈၆ ခုရှိပြီး ၁၈၂ ခုမှာ ယနေ့တိုင် သုံးစွဲနေဆဲ ဖြစ်ကာ ၄ ခုတွင် ပြောဆိုသူ မရှိတော့ပေ။ ဒေသခံ ဘာသာစကား အများစုမှာ အော်စထရိုနီးရှန်း ဘာသာစကား မိသားစုမှ မလာယို-ပိုလီနီးရှန်း ဘာသာစကား၏ ဖိလစ်ပိုင် ဘာသာခွဲမှ အစိတ်အပိုင်း ဖြစ်သည်။စပိန်စကားပေါ်တွင် အခြေခံသော ခရီရိုးခေါ် ဒေသတွင်း ပေါ်ပေါက်လာသော ဘာသာစကားအမျိုးမျိုးကို ကာဗာကာနိုး ဟု ခေါ်သည်။ ထို့ပြင် အော်စရိုနီးရှန်း ဘာသာစကား၏ လွှမ်းမိုးမှုတွင် ပါမသွားသော ဖိလစ်ပိုင် နီဂရီတို ဘာသာစကားများလည်း ရှိပြီး ၎င်းတို့တွင် သီးသန့်ဝေါဟာရများ ရှိသည်။ ဖိလစ်ပီနို ဘာသာစကားနှင့် အင်္ဂလိပ် ဘာသာစကားတို့သည် နိုင်ငံ၏ ရုံးသုံးဘာသာစကားများ ဖြစ်ကြသည်။ ဖိလစ်ပီနိုသည် တာဂါးလော့ ဘာသာစကားအား စံနှုန်းပြုထားခြင်းဖြစ်ပြီး မက်ထရို မနီလာ နှင့် အခြားမြို့ပြဒေသများတွင် ပြောဆိုလေ့ ရှိကြသည်။ ဖိလစ်ပီနို နှင့် အင်္ဂလိပ် ဘာသာစကား နှစ်ခုစလုံးကို အစိုးရ၊ ပညာရေး၊ ပုံနှိပ်ရေး၊ ရုပ်သံလွှင့် မီဒီယာ နှင့် စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုကြသည်။ ဖိလစ်ပိုင်၏ သမိုင်းကြောင်းတွင် တကမ္ဘာလုံးရှိ အစိတ်အပိုင်း အသီးသီးမှ ယဉ်ကျေးမှု အမျိုးမျိုးနှင့် ရှုပ်ထွေးစွာ ကူးလူးဆက်ဆံမှုများ ပြုခဲ့သည့် အပြင် ဒေသတွင်း လွှမ်းမိုးမှုများကြောင့် ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော ဒေသသုံးဘာသာစကားများထဲ၌ ဖိလစ်ပီနို ဘာသာစကားတွင် နေ့စဉ်သုံးစကားများတွင် အသုံးပြုသော နိုင်ငံရပ်ခြား ဝေါဟာရ အမြောက်အမြားပါဝင်နေကြသည်။ အကြောင်းမှာ ဖိလစ်ပိုင် ဘာသာစကားတွင် အင်္ဂလိပ်၊ လက်တင်၊ ဂရိ၊ စပိန် Hebrew, Arabic, Persian, Sanskrit, တမီးလ်၊ မလေး တရုတ်၊ ဂျပန်နှင့် နာဟွာတယ် အစရှိသော ဘာသာစကားမျိုးစုံတို့ မှ စကားလုံးများ ကြွယ်ဝစွာ ပေါင်းစပ်ပါဝင်နေကြသည်။ ထို့ပြင် မြို့အများစု၌ ဒေသခံ မူလ ဘာသာစကားများကိုလည်း ပြောလေ့ ရှိကြသည်။ ဖိလစ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ စပိန်ဘာသာစကား နှင့် အာရပ်ဘာသာစကားတို့ကို ဝေါဟာရတွင် တိုးမြှင့်သုံးစွဲရန် ဖော်ပြထားပြီး အသုံးပြုရန်မှာ ရွေးချယ်မှုတွင်သာ အခြေခံသည်။ သို့သော်လည်း ယခင်က ထိုဘာသာစကား နှစ်ခုစလုံးကို ကျယ်ပြန့်စွာ အသုံးပြုခဲ့ခြင်း မရှိပေ။ ၁၉ ရာစု နှောင်းပိုင်း အထိ နိုင်ငံခြား ဘာသာစကားအဖြစ် နေ့စဉ် သုံးစွဲနေကြသော်လည်း သုံးစွဲမှုမှာ သိသိသာသာ လျော့ကျလာခဲ့သော်လည်း စပိန်စကားမှ ငှားရမ်းသုံးစွဲထားသော စကားလုံး အများစုကိုမူ ဖိလစ်ပိုင် ဒေသခံ ဘာသာစကားများတွင် ထည့်သွင်း သုံးစွဲနေကြဆဲ ဖြစ်ကာ အာရပ်ဘာသာစကားမှာမူ မင်ဒါနောင်းရှိ အစ္စလာမ်ကျောင်းများတွင် သုံးစွဲနေကြသည်။ ဆူမတြာ၊ ဆူလာဝေစီ နှင့် ဖိလစ်ပိုင်တို့တွင် ဒေသခံ ဘာသာစကားများ၏ စာအရေးအသားများသည် အစောပိုင်း ဂူဂျာရာတီ စာအရေးအသားများမှ ဆင်းသက်လာသည် ဆိုသော သီအိုရီတစ်ခုကို ၂၀၁၀ ခုနှစ် ဘာကလေ ဘာသာဗေဒ အဖွဲ့အစည်း၏ အစည်းအဝေးတွင် တင်ပြသွားခဲ့သည်။ ဒေသခံ ဘာသာစကား ၁၉မျိုးကို အရန်ရုံးသုံးဘာသာစကားဖြင့် ညွှန်ကြားရေး သင်ကြားရေးတို့တွင် အသုံးပြုကြသည်။ ၎င်းတို့မှာ အက်ကလန်နွန်၊ ဘိုင်ကော၊ စီဘွာနို၊ ကာဗာကာနိုး၊ ဟီလဂိုင်နွန်၊ အီဘာနာ့ခ်၊ အီလိုကာနို၊ အီဗာတန်၊ ကာပန်ပန်ဂန်၊ ကင်းနရေး-အေ၊ မာဂွင်ဒါနောင်း၊ မာရာနောင်း၊ ပန်ဂါစီနန်၊ ဆမ်ဘယ်၊ ဆူရီဂေါင်နွန်၊ တာဂါးလော့၊ တောဆပ်ဂ်၊ ဝါရေး နှင့် ယာကန် တို့ ဖြစ်ကြသည်။ အခြားသော ဒေသခံ ဘာသာစကားများ ဖြစ်သော ကျူရိုနွန်၊ အီဖူဂေါင်း၊ အစ်ဘာယတ်၊ ကာလင်ဂါ၊ ကမာယို၊ ကန်းကနေ၊ မတ်စဘတ်တန်းညို၊ ရွမ်ဘလွန်မနွန်၊ မလေး နှင့် အချို့သော ဗီဆာယန်း ဘာသာစကားများမှာ သက်ဆိုင်ရာ ခရိုင်များတွင် အသုံးများကြသည်။ ကျွန်းများအတွင်း ဒေသခံမဟုတ်သော ဘာသာစကားများကိုလည်း အချို့ကျောင်းများတွင် သင်ကြားကြသည်။ မန်ဒရင်တရုတ်စကားကို ဖိလစ်ပိုင်တရုတ် အသိုင်းအဝိုင်းအတွက် ဖွင့်လှစ်သော တရုတ်ကျောင်းများတွင် အသုံးပြုကြသည်။ မင်ဒါနောင်းရှိ အစ္စလာမ်ကျောင်းများတွင် ယနေ့ခေတ် အာရပ် စံ ဘာသာစကားကို သင်ရိုးအတွင်း ထည့်သွင်း သင်ကြားသည်။ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ဟင်ဒီ၊ ကိုရီးယား နှင့် စပိန်ဘာသာစကားတို့ကိုလည်း နိုင်ငံရပ်ခြား ဘာသာစကားကျောင်းများ၏ အကူအညီဖြင့် သင်ကြားကြသည်။ ၂၀၁၃ ခုနှစ်တွင် ပညာရေး ဌာနမှ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံသုံး မလေးဘာသာစကားကို စတင်သင်ကြားခဲ့သည်။ ကိုးကွယ်ယုံကြည်မှု ဖိလစ်ပိုင်သည် တရားဝင်အားဖြင့် ဘာသာတရားတစ်ခုကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းထားသော နိုင်ငံမဟုတ်သော်လည်း ခရစ်ယာန်ဘာသာသည် အဓိက ကိုးကွယ်သည့် ဘာသာဖြစ်သည်။ အခွင့်အရေး ဥပဒေ၏ ပုဒ်မ ၅ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ တွင် "ဘာသာတရားတစ်ခုကို ကို ကိုးကွယ်ရန် သို့မဟုတ် လွတ်လပ်စွာကျင့်သုံးခြင်းကို တားမြစ်ရန် အတွက် ဥပဒေပြဋ္ဌာန်းမှု မပြုရ။ ဘာသာတရားဆိုင်ရာ ပြမူခြင်းနှင့် ရှိခိုးခြင်းကို မိမိပျော်မွေ့သလို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိပြီး ခွဲခြားဆက်ဆံမှု အရေးပေးမှု မပြုရမည့်အပြင် ထာဝရ ခွင့်ပြုရမည်။ နိုင်ငံသားဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအတွက် ပြုမူရန် မည်သည့်ဘာသာရေး စမ်းစစ်မှုမှ မပြုလုပ်ရ။" ဟု ဖော်ပြထားသည်။ ၂၀၁၀ခုနှစ် လူဦးရေစာရင်း အရ ၈၀.၅၈% သော လူဦးရေသည် ကက်သလစ်ဘာသာကို ကိုးကွယ်ကြသည်။ ၃၇% သော သူတို့သည် လူစုလူဝေးဝတ်ပြုပွဲသို့ ပုံမှန်တက်ရောက်လေ့ ရှိကြပြီး ၂၉% မှာ အလွန်ဘာသာရေး ကိုင်းရှိုင်းသည်ဟု သိရှိရသည်။Asian Americans: A Mosaic of Faiths, Pew Research. July 19, 2012. ဖိလစ်ပိုင် အင်ဒီပန်းဒန့် ဘုရားကျောင်းသည် လူသိများသော လွတ်လပ်သော ကက်သလစ် ဂိုဏ်းခွဲ တစ်ခု ဖြစ်သည်။ ပရိုတက်စတင့်မှာ လူဦးရေ၏ ၁၀.၈% ရှိသည်။ အများစုမှာ ဧဝံဂေလိ ပရိုတက်စတင့် ဂိုဏ်းခွဲကို ကိုးကွယ်ကြပြီး ၁၉ ရာစုနှင့် ၂၀ရာစုတို့တွင် အမေရိကန် သာသနာပြုများမှ မိတ်ဆက်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့သည် မြောက်လူဇွန်းနှင့် မင်ဒါနောင်းတောင်ပိုင်း တို့တွင် အများအပြား စုဝေးနေကြသည်။ အစ်ဂလဲရှား နီ ခရစ်စတိုသည် ဖိလစ်ပိုင်ရှိ တစ်ဆူတည်းသောဘုရားဝါဒနှင့် ပြန်လည်ထားသိုရေးဝါဒ ဆိုင်ရာ ထင်ရှားသော ဂိုဏ်းခွဲတစ်ခု ဖြစ်ပြီး လူဇွန်းအလယ်ပိုင်းတွင် ကိုးကွယ်သူများ စုစည်းနေကြသည်။ အစ္စလာမ်ဘာသာသည် ဖိလစ်ပိုင်တွင် ဒုတိယ အများဆုံး ကိုးကွယ်သော ဘာသာဖြစ်သည်။ ဖိလစ်ပိုင်တွင် မွတ်စလင်လူဦးရေသည် စုစုပေါင်း လူဦးရေ၏ ၅.၅၇% ရှိသည်ဟု ၂၀၁၀ ခုနှစ် လူဦးရေစာရင်းတွင် ဖော်ပြထားသည်။ ထိုဖော်ပြချက်နှင့် ဆန့်ကျင်လျှင် ၂၀၁၂ ခုနှစ်တွင် မွတ်ဆလင် ဖိလစ်ပိုင်တို့၏ နိုင်ငံတော် ကော်မရှင်မှ ဖိလစ်ပိုင် လူဦးရေမှ ၁၀,၇၀၀,၀၀၀ ဦး သို့မဟုတ် ၁၁% မှာ မွတ်ဆလင် ဖြစ်သည် ဟု ဖော်ပြထားသည်။ အချို့သော မွတ်ဆလင် ပညာရှင်များက ငြင်းချက်ထုတ်သည်မှာ ၂၀၀၀ ခုနှစ် လူဦးရေစာရင်းတွင် မွတ်ဆလင်ဦးရေသည် သိသာစွာ လျော့နည်းနေပြီး အကြောင်းမှာ မွတ်ဆလင်အများစု ရှိသော ဒေသတွင် နေထိုင်သူတို့မှာ လုံခြုံရေးအရ စိုးရိမ်ရမှုနှင့် အစိုးရ ဝန်ထမ်းများပေါ်တွင် မကြည်လင်မှု တို့ကြောင့် နိုင်ငံအတွင်း မွတ်ဆလင်လူဦးရေနှင့် ပတ်သက်၍ တိကျသော အချက်အလက်ကို ရရှိရန် ခက်ခဲသည် ဟု ဆိုသည်။ မွတ်ဆလင် အများစုသည် မင်ဒါနောင်းနှင့် အနီးအနားရှိ ကျွန်းများတွင် နေထိုင်ကြသည်။ RP closer to becoming observer-state in Organization of Islamic Conference . (May 29, 2009).The Philippine Star. Retrieved 2009-07-10, "Eight million Muslim Filipinos, representing 10 percent of the total Philippine population, ...".အများစုမှာ ရှဖီးကျောင်းတော်၏ အောက်မှ ဆွန်နီအစ္စလာမ်ဝါဒကို ကျင့်သုံးကြသည်။ တရားဝင် စာရင်းဇယား မရှိသဖြင့် ဘာသာမဲ့ ရာခိုင်နှုန်းကို မသိရပေ။ သို့သော်လည်း လူဦးရေ၏ ၂၁% အထိ ရှိနိုင်သည်။ Dentsu Communication Institute 電通総研・日本リサーチセンター編「世界60カ国価値観データブック ဖိလစ်ပိုင် ဘုရားမဲ့ဝါဒီများနှင့် ဘုရားမယုံဝါဒီများ အဖွဲ့ (PATAS) သည် အကျိုးအမြတ်မထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အများပြည်သူတို့အား ဘုရားမဲ့ဝါဒနှင့် ဘုရားမယုံဝါဒတို့နှင့် ပတ်သတ်၍ သိရှိနိုင်ရန် ရည်ရွယ်ကာ လူ့အဖွဲ့အစည်းအား အသိပညာပေးပြီး ဘုရားမဲ့ဝါဒနှင့် ဘုရားမယုံဝါဒတို့နှင့် ပတ်သက်သော ဒဏ္ဍာရီများ နှင့် နားလည်မှုအလွဲများကို ဖယ်ရှားပေးသည်။ ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးနေသော လူဦးရေမှာ ၂% ခန့်မျှ ရှိပြီး တရုတ်လူမျိုးမှ ဆင်းလက်လာသော ဖိလစ်ပိုင်များတွင် စုစည်းနေသည်။ စုစုပေါင်း လူဦးရေ၏ ခန့်မှန်းခြေ ၂% ခန့်မှာ ဖိလစ်ပိုင် ရိုးရာဘာသာတရားများကို ကိုးကွယ်နေကြပြီး ၎င်းတို့သည် ရိုးရာယုံကြည်မှုများကို ကိုးကွယ်နေကြကာ တစ်ခါတစ်ရံတွင် ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့နှင့် ရောနှောနေသည်။ Pew Research Center's Religion & Public Life Project: Philippines . Pew Research Center. 2010. ကျန်းမာရေး ဖိလစ်ပိုင်တွင် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ များပြားလာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ၆၇.၁% သော ကျန်းမာရေး အသုံးစရိတ်သည် ပုဂ္ဂလိက အသုံးစရိတ်မှ ရရှိပြီး ၃၂.၉% မှာ အစိုးရထံမှ ဖြစ်သည်။ ၂၀၁၃ တွင် ကျန်းမာရေး ကဏ္ဍတွင် စုစုပေါင်း အသုံးစရိတ်မှာ ဂျီဒီပီ၏ ၃.၈% မျှ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၅% အောက်တွင် ရှိသည်။ ကျန်းမာရေးနှင့် ပတ်သက်သော အသုံးစရိတ်မှာ အစိုးရ အသုံးစရိတ်၏ ၆.၁% ရှိသည်။ လူတစ်ဦးချင်းစီအလိုက် စုစုပေါင်း အသုံးစရိတ်မှာ ပျမ်းမျှငွေလဲနှုန်း ဖြင့် တွက်ချက်မည် ဆိုပါက အမေရိကန်ဒေါ်လာ ၅၂ ဒေါ်လာမျှ ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ကျန်းမာရေးအတွက် ဘတ်ဂျက်မှာ ပီဆို ၂၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၉၇ မီလီယံဒေါ်လာ) သို့မဟုတ် လူတစ်ဦးလျှင် ၃၁၀ ပီဆို (၇ဒေါ်လာ) မျှ ဖြစ်သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် ဘတ်ဂျက်တိုးမြင့်လာခဲ့ပြီး ဒုစရိုက်အခွန်ဥပဒေ ဟု အများသိကြသော လွှတ်တော် ဥပဒေ ၅၇၂၇ ကြောင့် အခွန်ကောက်ခံမှု တိုးမြှင့်လာသောကြောင့်လည်း ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ဆရာဝန်ပေါင်း ၉၀,၃၇၀ ဦး သို့မဟုတ် လူ ၈၃၃ ဦးလျှင် ဆရာဝန် တစ်ဦးမျှ ရှိပြီး၊ သူနာပြု ၄၈၀,၉၁၀ ဦး၊ သွားဆရာဝန် ၄၃,၂၂၀ ဦး နှင့် လူ ၇၆၉ဦး အတွက် ဆေးရုံ ခုတင် တစ်ခု ရှိသည်။ ကျွမ်းကျင်သော ဆေးကုသသူများကို ထိန်းသိမ်းထားနိုင်ရန် ပြဿနာ ရှိသည်။ သူနာပြု ဘွဲ့ရတို့၏ ၇၀ ရာခိုင်နှုန်းမှာ နိုင်ငံခြားသို့ သွား၍ အလုပ်လုပ်ကြသည်။ ဖိလစ်ပိုင်နိုင်ငံသည် သူနာပြုများ နိုင်ငံခြားသို့ တင်ပို့ရန် အကြီးဆုံး ဆပ်ပလိုင်ယာ ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ဆေးရုံပေါင်း ၁,၇၀၀ ရှိပြီး ၎င်းတို့ထဲတွင် ၄၀% မှာ အစိုးရက အုပ်ချုပ်လည်ပတ်သော ဆေးရုံများဖြစ်ကာ ၆၀% မှာ ပုဂ္ဂလိက ဆေးရုံများ ဖြစ်သည်။ လူသေဆုံးမှုအတွက် ၂၅% မှာ နှလုံးနှင့်ဆိုင်သော ရောဂါများ ကြောင့်ဖြစ်သည်။ တရားဝင် ခန့်မှန်းချက်အရ ၂၀၀၃ ခုနှစ်တွင် အိတ်ချ်အိုင်ဗွီ ရောဂါပိုးရှိသည်ဟု တင်ပြသူမှာ ၁,၉၆၅ ဦးရှိပြီး ၎င်းတို့ထဲတွင် ၆၃၆ ဦးမှာ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားကြသည်။ ၂၀၀၅ ခုနှစ် အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားသူ ၁၂,၀၀၀ မှ ၂၀၁၄ ခုနှစ်တွင် ၁၇,၄၅၀ဦးသို့ တိုးတက် များပြားလာပြီး ၅,၉၆၅ ဦးမှာ အန်တီရီထရိုဗိုင်ယယ် ကုသမှု ခံယူနေသော်လည်း ဖိလစ်ပိုင်နိုင်ငံသည် အိတ်ချ်အိုင်ဗွီရောဂါ ဖြစ်ပွားမှုနှုန်း နည်းပြီး လူကြီး လူဦးရေ၏ ၀.၁% အောက်သာလျှင် အိတ်ချ်အိုင်ဗွီ ပေါ့ဇတစ် ဖြစ်သည်ဟု ခန့်မှန်းရသည်။ ပညာရေး ဖိလစ်ပိုင်တွင် သာမန် စာတတ်မြောက်မှုနှုန်း ၉၅.၆% မျှ ရှိပြီး အမျိုးသား ၉၅.၁% နှင့် အမျိုးသမီး ၉၆.၁% တို့ ဖြစ်ကြသည်။ ၂၀၀၈တွင် ဖိလစ်ပိုင်၌ အလုပ်လုပ်နိုင်လောက်သော စာတတ်မြောက်မှုနှုန်း ၈၆.၄၅% ရှိပြီး ၈၄.၂% မှာ အမျိုးသားဖြစ်ပြီး ၈၈.၇% မှာ အမျိုးသမီး ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်၏ လျာထားချက်မှ ၁၆.၁၁% ကို ပညာရေးအတွက် အသုံးပြုခဲ့သည်။ ဖိလစ်ပိုင် အဆင့်မြင့် ပညာရေး ကော်မရှင်မှ တက္ကသိုလ် ကောလိပ်ပေါင်း ၂,၁၈၀ ရှိသည်ဟု စာရင်းပြုစုထားပြီး ၎င်းတို့ထဲတွင် ၆၀၇ ခုမှာ အများပြည်သူဆိုင်ရာ တက္ကသိုလ် ကောလိပ်များ ဖြစ်ကြပြီး ၁,၅၇၃ ခုနှစ်မှာ ပုဂ္ဂလိက ကျောင်းများ ဖြစ်သည်။ အတန်းများမှာ ဇွန်လတွင် စ၍ မတ်လတွင် ပြီးဆုံးသည်။ ကောလိပ်နှင့် တက္ကသိုလ်အများစုမှာ ဆမ်မက်စတာပြက္ခဒိန် အတိုင်း သွားကြပြီး ပထမ ဆမ်မက်စတာမှာ ဇွန်လမှ အောက်တိုဘာလ အထိ ဖြစ်ကာ ဒုတိယ ဆမ်မက်စတာမှ နိုဝင်ဘာလ မှ မတ်လ အထိ ဖြစ်သည်။ ပညာသင်ကြားနိုင်သော နိုင်ငံခြား ကျောင်းများလည်း ရှိသည်။ ၂၀၁၃ ခုနှစ် ကေ-၁၂ ပညာရေး အစီအစဉ်အရ မူလတန်း ၆ နှစ်၊ ဂျူနီယာ အထက်တန်း ၄ နှစ်နှင့် စီနီယာ အထက်တန်း ၂ နှစ်မှာ မသင်မနေရ ဖြစ်သည်။ ပညာရေးတွင် အစိုးရ၏ အေဂျင်စီအချို့ ပါဝင်ဆောင်ရွက်နေကြသည်။ ပညာရေးဌာနသည် မူလတန်း၊ အထက်တန်း နှင့် သင်ရိုးပြင်ပ ပညာရေးတို့တွင် ပါဝင်ဆောင်ရွက်သည်။ နည်းပညာဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး အာဏာပိုင် အဖွဲ့ (TESDA) အထက်တန်းနောက်ပိုင်း အလယ်အလတ်အဆင့် ပညာရေးဆိုင်ရာ လေ့ကျင်သင်ကြားမှုများနှင့် မြှင့်တင်မှုများတွင် ပါဝင်ဆောင်ရွက်သည်။ အဆင့်မြင်ပညာရေး ကော်မရှင် (CHED) က ကောလိပ်များနှင့် ဘွဲ့လွန် ပညာရေး အစီအစဉ်များ နှင့် ဘွဲ့များ ကို ကြီးကြပ်ပြီး အဆင့်မြင်ပညာရေးအတွက် စံနှုန်းကို ကြီးကြပ်ထိန်းချုပ်သည်။ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတဝှမ်းလုံးရှိ ဒေသ ၁၆ ခု အထူးသဖြင့် မင်ဒါနောင်းရှိ မွတ်ဆလင် ဒေသများတွင် ပညာရေးဌာန၏ အစီအစဉ်အောက်၌ မာဒရစ်ခေါ် မွတ်ဆလင်ကျောင်းများကို ဖွင့်လှစ်ခဲ့သည်။အများပြည်သူဆိုင်ရာ တက္ကသိုလ်များမှာ ဂိုဏ်းဂဏကင်းစင်သော အဖွဲ့အစည်းများ ဖြစ်ပြီး ထပ်မံ၍ နိုင်ငံတော်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များ နှင့် ဒေသဆိုင်ရာ တက္ကသိုလ်ကောလိပ်များဟူ၍ ခွဲခြားထားသည်။ ဖိလစ်ပိုင် တက္ကသိုလ် ဆိုသည်မှာ လက်အောက်ခံ တက္ကသိုလ် ၈ ခု ပါဝင်သော နိုင်ငံတော် ဆိုင်ရာ တက္ကသိုလ်စနစ် တစ်ခု ဖြစ်သည်။ ယဉ်ကျေးမှု ဖိလစ်ပိုင်ယဉ်ကျေးမှုသည် အရှေ့တိုင်းယဉ်ကျေးမှုနှင့် အနောက်တိုင်း ယဉ်ကျေးမှုတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဖိလစ်ပိုင်သည် အခြားအာရှနိုင်ငံများတွင် တွေ့ရသော အစိတ်အပိုင်းများကို မလေးတို့ ထံမှ ဆက်ခံသော အမွေဖြင့် ဖော်ပြလေ့ ရှိသလို ယဉ်ကျေးမှဒအတွင်းတွင် စပိန်နှင့် အမေရိကန်တို့၏ လွှမ်းမိုးမှုများကိုလည်း သိသာစွာ ဖော်ပြနေသည်။ ဘာရီယို ဖီစတာ (ဒိစတြိတ်ပွဲတော်) ဟု ခေါ်သော သူတော်စင်တို့၏ ကောက်သစ်စားပွဲတော်ကို ကျင်းပခြင်းမှာ နေရာအနှံ့တွေ့ရသည်။ ထိုသို့ လူ့အသိုင်းအဝိုင်းအတွင်း ပွဲတော်ကျင်းပေနေသည့်အချိန်မှာ ကောက်သစ်စားခြင်း၊ ဂီတ နှင့် အကတို့ပြုလုပ်ရန် အချိန်ဖြစ်သည်။ အာတီ-အာတီဟန်ပွဲတော်၊ မိုရီယွန်းပွဲတော် နှင့် စီနူလော့ပွဲတော်တို့မှာ လူသိများသော ပွဲတော်များ ဖြစ်သည်။ အချို့သော ရိုးရာများမှာ ပြောင်းလဲလာခြင်းနှင့် ခေတ်ပြောင်းခြင်းကြောင့် တဖြည်းဖြည်း မေ့ပျောက်လာကြခြင်းများ ဖြစ်လေ့ရှိသည်။ ဘာယာနီဟန် ဖိလစ်ပိုင် အမျိုးသား ရိုးရာ အက ကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းလုံးတွင် တွေ့ရသော ရိုးရာ အကအမျိုးမျိုးကို ထိန်းသိမ်းခြင်းကြောင့် ချီးကျူးကြသည်။ သူတို့သည် သူတို့၏ အထူး ဖျော်ဖြေမှုများဖြစ်သော ဖိလစ်ပိုင် အကများဖြစ်သည့် တီနီကလင်း နှင့် ဆင်ကေးလ် အစရှိသော ဝါးညှပ်အကများကြောင့် နာမည်ကြီးသည်။ စပိန်တို့၏ အမွေအနှစ်အကြွင်းအကျန် အဖြစ် အမြင်နိုင်ဆုံးမှာ ဖိလစ်ပိုင်တို့ကြားတွင် စပိန်အမည် နှင့် မျိုးရိုးအမည်များ ထည့်သွင်း မှည့်ခေါ်ကြခြင်း ဖြစ်ပြီး သို့သော်လည်း စပိန်အမည်နှင့် မျိုးရိုးအမည်ကို မှည့်ခေါ်သူတိုင်း စပိန်သွေးပါရှိကြသည် မဟုတ်ပေ။ ထိုထူးဆန်းသော အရာမှာ အာရှသားတို့ကြားတွင် တမူထူးခြားနေပြီး စပိန်ဘုရင်ခံချုပ် နာစီဆို ကလာဗယ်ရီရာ ဝိုင် ဇယ်လ်ဒွါ၏ ကိုလိုနီခေတ် အမိန့်ကြောင့် ဖြစ်ပြီး ထိုအမိန့်အရ မျိုးရိုးအမည်များကို စနစ်တကျသုံးစွဲရန်နှင့် စပိန်အမည်များကို အသုံးပြုရန် ပြည်သူများကို ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ လမ်းများ၊ မြို့များ နှင့် ခရိုင်များ၏ အမည် အများအပြား မှာလည်း စပိန်အမည်များ ဖြစ်ကြသည်။ အင်္ဂလိပ်ဘာသာစကားကို နေရာတကာ သုံးစွဲကြခြင်းမှာ ဖိလစ်ပိုင် လူ့အဖွဲ့အစည်းပေါ်တွင် အမေရိကန်တို့၏ ရိုက်ခတ်မှု ဖြစ်သည်။ ထို့အတွက်ကြောင့် အမေရိကန် ပေါ့ပ်ယဉ်ကျေးမှု ရေစီး၏ လွှမ်းမိုးမှုကို လက်ခံရန်အတွက် အသင့်ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် အမြန်ချက် အစားအသောက်များနှင့် အမေရိကန်ရုပ်ရှင်နှင့် ဂီတတို့အား သွေးသားထဲမှ နှစ်သက်ခြင်း ဖြစ်ပေါ်စေသည်။ အမြန်ချက် စားသောက်ဆိုင်များကို လမ်းအများအပြားပေါ်တွင် တွေ့ရသည်။ အမေရိကန်တို့၏ တကမ္ဘာလုံးတွင် ရှိနေသော အမြန်ချက် စားသောက်ဆိုင်များမှာ ဈေးကွက်အတွင်း ဝင်ရောက်လာကြသော်လည်း ပြည်တွင်း အမြန်ချက်စားသောက်ဆိုင်များ ဖြစ်ကြသော ဂိုးလ်ဒီလော့ခ် နှင့် အထူးသဖြင့် နိုင်ငံအတွင်း ဦးဆောင်နေသော အမြန်စားသောက်ဆိုင် ဂျော်လီဘီး တို့ ထွက်ပေါ်လာပြီး နိုင်ငံခြားပြိုင်ဘက်များကို အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ခဲ့ကြသည်။ ဗိသုကာပညာ စပိန်တို့၏ ဗိသုကာပညာသည် ဖိလစ်ပိုင်တွင် စွဲထင်ကျန်ရစ်ခဲ့ပြီး မြို့များစွာမှာ မြို့လယ် ရင်ပြင် တစ်ခု သို့မဟုတ် "ပလာဇာ မေယာ" ကို ဝိုင်းရံ၍ တည်ဆောက်ကြသည်။ သို့သော်လည်း စပိန်တို့၏ လွှမ်းမိုးမှုခံရသော အဆောက်အဦးပေါင်းများစွာမှာ ဒုတိယကမ္ဘာစစ် အတွင်းက ဖြိုဖျက်ခံခဲ့ရသည်။ အချို့သော ဥပမာများမှာ ယနေ့တိုင် ကျန်ရစ်ပြီး နိုင်ငံ၏ ဘုရားကျောင်းများ၊ အစိုးရ အဆောက်အဦးများနှင့် တက္ကသိုလ်များတွင် ဖြစ်သည်။ ဖိလစ်ပိုင်၏ ဘာရော့ခ် ဘုရားကျောင်း ၄ ခုမှာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ပါဝင်ခဲ့ပြီး မနီလာရှိ ဆန် အဂတ်စတင်း ဘုရားကျောင်း၊ အီလိုကော့စ် နော်တဲ ရှိ ပဝေးဘုရားကျောင်း ၊ အီလိုကော့စ်ဆား ရှိ ဆန်တာမာရီယာ ဘုရားကျောင်း၊ အီလိုအီလိုရှိ ဆန်တို တောမတ်စ် ဒီ ဗေလာနျူဗာ ဘုရားကျောင်းတို့ ဖြစ်ကြသည်။ အီလိုကော့စ် ဆား ရှိ ဗီဂန်မြို့မှာ ထိန်းသိမ်းထားသော စပိန်စတိုင်လ် အိမ်များ နှင့် အဆောက်အဦးများကြောင့် ထင်ရှားသည်။ ၁၈၉၈ အမေရိကန်တို့ သိမ်းပိုက်ပြီးနောက် ဖိလစ်ပိုင်တွင် ဗိသုကာ ပုံစံအသစ် မွေးဖွားလာခဲ့သည်။ ထို့အတွက်ကြောင့် အစိုးရ အဆောက်အဦးများနှင့် အာ့တ်ဒီကို စတိုင်လ် ပြဇာတ်ရုံများကို တည်ဆောက်ခဲ့ကြသည်။ အမေရိကန်တို့ ရှိနေစဉ်အချိန်တွင် မနီလာမြို့၏ အစိတ်အပိုင်း အချို့အား ဒန်နီယယ် ဘာဟမ်၏ ဗိသုကာ ဒီဇိုင်းနှင့် မာစတာပလန်များကို အသုံးပြု၍ မြို့ပြ အစီအစဉ် ရေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ဘာဟမ်၏ အစီအစဉ်များထဲတွင် အစိုးရ အဆောက်အဦးများကို ဂရိ နှင့် နီယိုကလပ်စစ်ကယ် ပုံစံ ဗိသုကာပုံစံများဖြင့် တည်ဆောက်ခြင်းလည်း ပါဝင်သည်။ အီလိုအီလိုမြို့တွင် အမေရိကန်တို့ သိမ်းပိုက်ထားစဉ်အချိန်က တည်ဆောက်ခဲ့သော ကိုလိုနီခေတ် အဆောက်အအုံများကို ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ စီးပွားရေးဆိုင်ရာ အဆောက်အဦးများ၊ အိမ်များ နှင့် ဘုရားရှိခိုးကျောင်းများလည်း အများအပြား ရှိပြီး အထူးသဖြင့် အီလိုအီလိုရှိ ကယ်လီရီးယဲလ် အရပ်တွင် တွေ့မြင်နိုင်သည်။ သို့သော်လည်း နိုင်ငံ၏ အချို့ဒေသများဖြစ်သော ဘာတားနစ် ကဲ့သို့သော ဒေသများတွင် အနည်းငယ်ကွဲပြားပြီး စပိန်ပုံစံ ဗိသုကာ ပညာနှင့် ဖိလစ်ပိုင်ပုံစံ ဗိသုကာများမှာ ကွဲပြားသောနည်းဖြင့် ရောနှောပေါင်းစပ်ကြပြီး ရာသီဥတုကြောင့် ဖြစ်သည်။ ထုံးကျောက်များနှင့် သန္တာကျောက်များကို အဆောက်အအုံသုံး ပစ္စည်းများ အဖြစ် အသုံးပြုကြသည်။ အစ်ဒ်ဂျန်း နှင့် အိုင်ဗာတန် ရဲတိုက်များမှာ ဖိလစ်ပိုင်တစ်နိုင်ငံလုံးကို စပိန်တို့ မသိမ်းပိုက်မီ အချိန်က လူတို့၏ အဓိက ခိုလှုံရာ နေရာများ ဖြစ်ခဲ့သည်။ ဂီတ ဖိလစ်ပိုင်ဂီတသည် အခြားနိုင်ငံများ၏ ကိုလိုနီပြုမှုအောက်တွင် ကွဲပြားသော လွှမ်းမိုးမှုများကြောင့် လျင်မြန်စွာ ပြောင်းလဲတိုးတက်လာခဲ့သည်။ စပိန်တို့ ကျွန်းများကို မအောင်နိုင်မီ အချိန်က ဂီတအများစုမှာ သဘာဝမှ အမှတ်ရစရာများ သို့မဟုတ် အလွန်အမင်း လွှမ်းမိုးမှုများ ရှိသည်။ လူမျိုးစုဂီတ၏ ဥပမာ အချို့မှာ အီဖူဂေါင်းရှိ တီဘိုလီလူမျိုး နှင့် အမ်ဘိုဟာတိုလူမျိုးတို့၏ ကိုယု နို တီဘူလာ ဖြစ်သည်။ ထိုအမျိုးအစားသည် မောင်းတီးသော ဂီတနှင့် တွဲဖက်လေ့ ရှိပြီး ထင်ရှားသော တူရိယာတစ်ခုမှာ ကူလင်တန်း ခေါ် ကြေးနောင်ပတ္တလားဖြစ်သည်။ စပိန်ခေတ်အတွင်းတွင် ရွန်ဒဲလျာဂီတ ဟု ခေါ်သော မယ်ဒလင်ကဲ့သို့သော တူရိယာများသုံးသည့် ရိုးရာကြိုးတပ်တူရိယာဝိုင်းမှာ နေရာအနှံ့ရှိသည်။ ဖိလစ်ပိုင်တွင် ရွန်ဒဲလျာ ဆိုသည်မှာ မည်သည့် ကြိုးတပ်တူရိယာကို မဆို ပလက်ထရွမ် သို့မဟုတ် လက်ခတ်ဖြင့် တီးခြင်းကို ဆိုလိုသည်။ ဖိလစ်ပိုင် တူရိယာများမှာ ဒေသတွင်းရှိသော ဖိလစ်ပိုင်သစ်များကို သုံး၍ ပြုလုပ်ကြပြီး ပလက်ထရွမ် သို့မဟုတ် လက်ခတ်မှာ လိပ်ခွံကို သုံး၍ ပြုလုပ်ကြသည်။ အခြား ရွန်ဒဲလျာတွင် သုံးသော ကြိုးတပ်တူရိယာများမှာ ဖိလစ်ပိုင်တွင်သာ တွေ့ရသော ၁၄ ကြိုးတပ် ဘန်ဒါရီယာခေါ် ကိရိယာ၊ လောက်ဒ်၊ အော်တေဗီနာ၊ ဆယ်နှစ်ကြိုးတပ် ဂစ်တာ၊ အူကူလီလီ၊ ဘာဂျို ဒီ အူးနပ်စ် သို့မဟုတ် ဒယ်ဘယ်ဘေ့စ်၊ ဂစ်တာရွန် မက္ကဆီကာနို နှင့် အခြား ဂစ်တာပေါ်တွင် အခြေခံ၍ ပုံစံထုတ် ပြုလုပ်ထားသော ဖိလစ်ပိုင်ထုတ် တူရိယာများ ဖြစ်သည်။ ဟာရာန လူပျိုလှည့် ဂီတ နှင့် ကွန်ဒီမန် ဂီတတို့မှာ လူပျိုလှည့်ရိုးရာများတွင် သီချင်းဆို တီးမှုတ်ရာ၌ အများအားဖြင့် တီးမှုတ်သီဆိုလေ့ ရှိကြသည်။ မာဆယ်လို အာဒိုနေ (အော်ဂင်သမား)၊ ဆင်ပလစ်စီယို ဆိုလစ် (အော်ဂင်သမား) ၊ ဒီယဲဂို စီ ပီရက်ဇ် (စန္ဒယားဆရာ)၊ ယိုဆေး ကွန်ဆဲကို (စန္ဒရားဆရာ) နှင့် ဒွန်နာ ဒိုလိုရက်စ် ပါတာနို (တေးရေးဆရာ) တို့မှာ ယနေ့ခေတ်တွင် နာမည်ကျော်သော ဂီတပညာရှင်များ ဖြစ်သည်။ ယနေ့ခေတ်တွင် အမေရိကန်တို့၏ ပေါ့ပ်ယဉ်ကျေးမှုမှာ ဖိလစ်ပိုင်တွင် အလွန်အမင်း နေရာယူထားပြီး စပိန်ခေတ်မှ အမေရိကန်တို့ သိမ်းပိုက်ရာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကိုရီးယား ပေါ့ပ်ဂီတနှင့် အတူ ထို ဂီတနှစ်ခုတို့မှာ လတ်တလော မီဒီယာရှိ ဂီတဇာတ်ခုံကို လွှမ်းမိုး နေရာယူထားကြသည်။ သို့သော်လည်း စပိန်လွှမ်းမိုးသော ရိုးရာဂီတမှာ ပြန်လည်ရှင်သန်လာနိုင်ပြီး ဖိလစ်ပိုင် မာဒရစ်ဂယ် ဆင်းဂါး ကဲ့သို့သော သံပြိုင်ဂီတအဖွဲ့များ နိုင်ငံအတွင်း အဝင်အထွက် ပြုနေမှု၏ ကျေးဇူးကြောင့် ဖြစ်သည်။ အက ဖိလစ်ပိုင်တို့၏ ဂီတ ပြောင်းလဲလာသကဲ့သို့ပင် အကသည်လည်း အစဉ်တစိုက် ပြောင်းလဲနေသည်။ ကိုလိုနီခေတ်မတိုင်မီက ဖိလစ်ပိုင်တွင် အမျိုးမျိုး ကွဲပြားသော လူမျိုးစုတို့မှာ များပြားလှစွာသော လူမျိုးစု အကများ ရှိခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဖိလစ်ပိုင်သည် ကျွန်းစုနိုင်ငံဖြစ်သောကြောင့် အမျိုးမျိုးကွဲပြားသော အကများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လူဇွန်းနှင့် ဗီဆာယားတို့တွင် စပိန်တို့ ရောက်မလာမီ အချိန်အထိ လူမျိုးစုအကများကို ပိုမိုရင်းနှီးကြသည်။ မင်ဒါနောင်းတွင်မူ မွတ်ဆလင်တို့ အတုကို ယူထားသော အကများ ပိုမိုများပြားပြီး စပိန်တို့၏ လွှမ်းမိုးမှုမှာ ဇမ်ဘိုရန်းဂါးတွင် အနည်းငယ်မျှသာ သက်ရောက်မှု ရှိသည်။ ဖိလစ်ပိုင်တွင် နေရာတကာတွေ့ရသော အကများကို လူမှုရေးအခမ်းအနားများဖြစ်ကြသော ရိုးရာပွဲများ၊ ဟာသပွဲများ၊ နေ့စဉ်ဘဝများ နှင့် ပါတီများတွင် တွေ့ရသည်။ စပိန်ခေတ်တွင် အကအများစုမှာ ရွန်ဒဲလျားဂီတဖြင့် တွဲဖက်လေ့ရှိပြီး အများအားဖြင့် ယဉ်ကျေးမှုအတွင်း တဖြည်းဖြည်း ပေါင်းစပ်လာသော ၁၄ကြိုးတပ် ဘန်ဒါရီယားခေါ် ဖိလစ်ပိုင်တို့ တီထွင်ထားသော တူရိယာ သို့မဟုတ် အခြားဒေသတွင်း တီထွင်ထားသော ကြိုးတပ်တူရိယာများကို အသုံးပြုလေ့ ရှိကြသည်။ ထင်ရှားသော အကတစ်ခုမှာ တီနီကလင်း ဟု ခေါ်ပြီး ရွန်ဒဲလျား ဂီတသမားအဖွဲ့မှာ ဝါးလုံးနှစ်ချောင်း၏ ရိုက်ခတ်သံနှင့်အတူ တီးခေတ်ကြသည်။ ပုံမှန်အားဖြင့် ထိုအက အစတွင် အမျိုးသားများနှင့် အမျိုးသမီးများ "ကျေးလက်နှင့် မြို့ပြသားတို့ ရောစပ်ခြင်း" ဇာတ်ကွက်ကို သရုပ်ဆောင်ကြသည်။ အကသမားများသည် တစ်ဖက်တစ်ချက်မှ ကိုင်ထားပြီး ရိုက်ခတ်နေသော ဝါးလုံးများကြားမှ လှုပ်ရှားကြသည်။ နောက်ဆုံးတွင် ဝါးလုံတစ်စုံ အချင်းချင်း ကန့်လန့်ဖြတ်ခြင်းကို ပြသသည်။ ထိုသို့ ဝါးလုံး အသုံးပြုသော မွတ်ဆလင် ပုံစံအကကို စင်ကေး ဟု ခေါ်သည်။ ကာရီညိုဆာခေါ် စပိန်ဖိလစ်ပိုင် အကမှာ "ဖိလစ်ပိုင်၏ အမျိုးသား အက" ဟု တရားဝင် မဟုတ်သော်လည်း သတ်မှတ်ကြသည်။ ၎င်းမှာ နှစ်ပါးသွားအကဖြစ်ပြီး အမျိုးသမီးမှာ ယပ်တောင် သို့မဟုတ် လက်ကိုင်ပုဝါကို ကိုင်ထားပြီး ၎င်းမှာ စုံတွဲအနေနှင့် သိင်္ဂါရရသမြောက်သော ဇာတ်ကွက်ကို ကပြရာ၌ အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့သည်။ ယနေ့ခေတ် မော်ဒန် နှင့် ပို့စ်မော်ဒန် ကာလတွင် ရှိသော အကများမှာ နူးညံ့သော ဘဲလေး အကမှ လမ်းပေါ်မှ အကစတိုင်လ် ဘရိတ်ဒန့်စ် အထိ အမျိုးမျိုး ရှိသည်။ မျက်မြင်အနုပညာ အိုးလုပ်ငန်းနှင့် ယက်ကန်းလုပ်ငန်းတို့သည် ဖိလစ်ပိုင်တို့၏ အနုပညာဆိုင်ရာ ဒီဇိုင်းကို ပထမဆုံး ဖော်ပြသော အနုပညာပုံစံများဖြစ်ပြီး နိုင်ငံတဝှမ်းရှိ ကျောက်ဂူနေထိုင်မှုများမှ သက်သေအဖြစ် ကျန်ခဲ့သည်။ ၎င်းတို့ထဲတွင် အများစုမှာ လူပုံစံ လုပ်ထားသော မြေထည်ခရားများဖြစ်ပြီး ဘီစီ ၅ ခုနှစ်မှ အေဒီ ၂၂၅ ခုနှစ်အတွင်းဟု ခန့်မှန်းရသည်။ ယက္ကန်းလုပ်ငန်းကို အမျိုးသမီးများက အများစု ပြုလုပ်ကြပြီး အဘာကာ၊ နာနတ်သီး၊ ဝါ နှင့် သစ်ခေါက်တို့မှ ရသော အမျှင်များကို သုံး၍ အဝတ်အထည်များ၊ ကော်ဇောများနှင့် ဦးထုပ်များ ပြုလုပ်ကြသည်။ ဆန်ပြောင်းစသော အစေ့များ နှင့် အခြားအစားအသောက်များကို သယ်ယူရန် ခြင်းတောင်းများကို သုံးကြသည်။ အစောပိုင်း ဖိလစ်ပိုင် ပန်းပုရုပ်များတွင် ရှေ့ပိုင်း ဝစ်လစ်စလစ်ပုံ ရှိကြသည်။ အစောဆုံး ပုံစံများထဲမှ တစ်ခုမှာ ဘူလိုး ဟု ခေါ်ပြီး အီဖူဂေါင်းလူမျိုးတို့မှ လယ်ယာမြေသာယာဝပြောမှု အတွက် သေချာစေရန် သုံးကြခြင်းဖြစ်သည်။ ထိုပန်းပုရုပ်များ၏ နဂိုမူလ အလုပ်မှာ ၎င်းတို့ကို ဖန်တီးသော လူမျိုးစုများ၏ ပွဲတော်များနှင့် ယုံကြည်မှုများနှင့် ဆက်စပ်နေသည်။ အာရပ်နှင့် ရုရှား သာသနာပြုများမှလည်း ဖန်သားဖြင့် ပြုလုပ်ထားသော အရုပ်များဖြစ်သော အိုကေး ပုံစံ အရုပ်များကို ယူဆောင်လာကြသည်။ ထိုသို့သော ပန်းပုရုပ်များမှာ ဆူလူးအား အစ္စလာမ်ဘာသာ အဖြစ် ပြောင်းလဲရာမှ စတင်ခဲ့သည်။ စပိန်တို့၏ ကိုလိုနီပြုခြင်းသည်လည်း ဖိလစ်ပိုင်တို့ အနေနှင့် ချစ်မြတ်နိုးသော အရာများကို ပန်းပုရုပ် ထုလုပ်ခြင်းအား မတားဆီးခဲ့ပေ။ ထိုအချိန်တွင် နတ်များနှင့် သူတော်စင်များ၏ ပန်းပုရုပ်များကို သုံး၍ ဖိလစ်ပိုင်လူမျိုးတို့အား ခရစ်ယာန် တရားစာများကို သင်ကြားပေးခဲ့ကြသည်။ အမေရိကန် ကိုလိုနီကာလ အတွင်းတွင်လည်း ကိုးကွယ်သူများအနေနှင့် ၎င်းတို့ ယုံကြည်မှုကို ပန်းပုထု၍ ဘုရားကျောင်းများကို အလှဆင်ရန် အတွက် တားဆီးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ပညာရေး တိုးတက်လာပြီး လူတို့ ချမ်းသာကြွယ်ဝလာကြပြီးနောက် အနုပညာရှင် အများစုသည် ဘာသာရေးဆိုင်ရာ အရုပ်များ ထုလုပ်ရာမှ ဘာသာရေးနှင့်မဆိုင်သော ပုံများဘက်သို့ ရွှေ့ပြောင်းလာခဲ့ကြသည်။ ဒါမီယန် ဒိုမင်ဂိုတို့ကဲ့သို့ အစောပိုင်း ခေတ်သစ်ပန်းချီဆရာတို့၏ ပန်းချီကားများတွင် ဘာသာရေးဆိုင်ရာ ဆက်နွယ်မှုများ အများအားဖြင့် ရှိနေသေးသော်လည်း ဂျွမ်လူနာနှင့် ဖဲလစ် ဟီဒယ်လ်ဂိုတို့၏ ပန်းချီကာများသည် နိုင်ငံရေးဘက်သို့ ပြသနေကြသည်။ ပထမဆုံး ဖိလစ်ပိုင် အမျိုးသား ပန်းချီဆရာ ဖာနန်ဒို အေမောဆိုလိုသည် ပို့စ်မော်ဒန် အနုပညာကို အသုံးပြု၍ ပန်းချီကားများကို ဖန်တီးခဲ့ပြီး ၎င်းတို့မှ ဖိလစ်ပိုင်၏ ယဉ်ကျေးမှုများကို ပြသနေကြကာ အခြားသော ပန်းချီဆရာများဖြစ်သော ဖာနန်ဒို ဇိုဘယ် အစရှိသူတို့သည် သရုပ်မှန်ဝါဒ နှင့် အက်စထရပ် နည်းစနစ်များကို သုံးခဲ့ကြသည်။ ယနေ့ခေတ်တွင် အာ့တ်ဒီကော် စတိုင်လ်တွင် ပန်းပုထုခြင်းအား ဗိသုကာ ပညာနှင့်ပေါင်းစပ်၍ ဖန်တီးကြသည်။ ထိုဥပမာများကို နိုင်ငံတဝှမ်းရှိ ပန်းပုရုပ်များတွင် တွေ့မြင်နိုင်ပြီး အထူးသဖြင့် အများပြည်သူဆိုင်ရာ ပန်းခြံများနှင့် ဟင်းလင်းပြင်များတွင် ဖြစ်သည်။ စံနှုန်းတန်ဖိုးများ ယေဘုယျအားဖြင့် ဖော်ပြရမည်ဆိုပါက ဖိလစ်ပိုင်လူမျိုးတို့၏ ထင်ရှားသော စံနှုန်းတန်ဖိုးများမှာ လူအချင်းချင်း မှီခိုဆက်နွယ်နေခြင်းစနစ်ဖြစ်ပြီး အထူးသဖြင့် အမျိုးတော်စပ်မှုများ၊ လုပ်ဆောင်ပေးရန်ရှိမှုများ၊ သူငယ်ချင်းဖြစ်မှုများ၊ ဘာသာရေး (အထူးသဖြင့် ခရစ်ယာန်ဘာသာ) နှင့် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုတို့ ဖြစ်ကြသည်။ ဖိလစ်ပိုင်တို့၏ တန်ဖိုးများမှာ အများစုသော အပိုင်းများတွင် လူမှုရေးဆိုင်ရာ သင့်မြတ်မှုများကို ထိန်းသိမ်းခြင်း၌ ဗဟိုပြုလျက် ရှိပြီး အဖွဲ့အစည်းအတွင်း အများကလက်ခံရန် ဆန္ဒက တွန်းအားပေးမှု အဖြစ်ရှိနေသည်။ ထိုတန်ဖိုးများမှ သွေဖည်မသွားစေရန် အဓိက အတားအဆီးမှာ "ဟီရာ" ဆိုသော အတားအဆီးဖြစ်ပြီး အကြမ်းအားဖြင့် ဘာသာပြန်မည် ဆိုပါက "ရှက်တတ်မှု" နှင့် "အာမို ပရိုပီရို " ခေါ် "ဂုဏ်သိက္ခာ" တို့ ဖြစ်ကြသည်။ လူမှုရေးဆိုင်ရာ လက်ခံနိုင်မှု၊ အစုအဖွဲ့မှ လက်ခံမှု နှင့် အဖွဲ့အစည်းအတွင်း ပါဝင်နိုင်မှုတို့သည် အဓိက ဂရုစိုက်ကြသော အချက်များ ဖြစ်သည်။ အခြားသူများက မည်သို့မည်ပုံ ထင်မြင်ယူရမည်၊ ပြောဆိုမည်၊ ပြုလုပ်မည် စသည်တို့ကို ဂရုစိုက်ခြင်းသည် ဖိလစ်ပိုင်လူမျိုးတို့ကြား လူမှုရေးဆိုင်ရာ အပြုအမူများကို အပြင်းအထန် လွှမ်းမိုးမှုရှိသည်။ ဖိလစ်ပိုင်လူမျိုးတို့၏ တန်ဖိုးများ၏ အခြားအစိတ်အပိုင်း တစ်ခုမှာ အနာဂတ်အတွက် အကောင်းမြင်မှု၊ လက်ရှိအခြေအနေ နှင့် အဖြစ်အပျက်များပေါ်တွင် အဆိုးမြင်မှု၊ အခြားသူများအပေါ်တွင် စိုးရိမ်ပူပန်မှု နှင့် ဂရုစိုက်မှု၊ သူငယ်ချင်းအပေါင်းအသင်းရှိမှုနှင့် ဖော်ရွေမှု၊ ဧည့်ဝတ်ပြူငှာသော အမူအကျင့်ရှိမှု၊ ဘာသာရေး ကိုင်းရှိုင်းမှု၊ မိမိဘာသာနှင့် အခြားသူများအပေါ် လေးစားမှု၊ အမျိုးသမီးများအား လေးစားမှု၊ ဘုရားသခင်အား ကြောက်ရွံ့မှု၊ လိမ်လည်မှုနှင့် ခိုးယူမှုတို့အား ရွံမုန်းခြင်း တို့ ဖြစ်ကြသည်။ ဟင်းလျာများ ဖိလစ်ပိုင် ဟင်းလျာများသည် မလာယို-ပိုလီနီးရှန်း မူလအစမှ ရာစုနှစ်ပေါင်းများစွာ အတွင်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကာ စပိန်၊ တရုတ်၊ အမေရိကန် နှင့် အခြား အာရှ အစားအသောက်တို့၏ လွှမ်းမိုးမှုများဖြင့် ဒေသတွင်း ရနိုင်သော ဟင်းချက်စရာများ နှင့် ဖိလစ်ပိုင် ဟင်းလျာများဖြင့် ပေါင်းစပ်၍ သီးသန့်ထင်ရှားသော ဖိလစ်ပိုင် ဟင်းလျာများ ဖြစ်အောင် ဖန်တီးလာနိုင်ခဲ့သည်။ ဟင်းလျာများတွင် အလွန်ရိုးရှင်းသော ငါးခြောက်ကြော် နှင့် ထမင်းမှစ၍ စားပွဲများအတွက် ချက်ပြုတ်ကြသော ပါအဲလာ နှင့် ကိုစီဒိုတို့ အထိ ကြီးကျယ်သော ဟင်းလျာများ အမျိုးမျိုး ပါဝင်ကြသည်။ ထင်ရှားသော ဟင်းလျာများမှာ လေချွန်း၊ အာဒိုဘို၊ ဆီးနီးဂန်း၊ ကာရီ-ကာရဲ၊ တာပါ၊ ပါတာအကြွပ်၊ ပန်ဆစ်၊ လွန်ပီယာ နှင့် ဟလိုဟလို တို့ဖြစ်ကြသည်။ ချက်ပြုတ်ရာတွင် သုံးကြသော ဒေသတွင်း ဟင်းချက်စရာများမှာ ကလာမန်စီ၊ အုန်းသီး၊ ဆာဘား ငှက်ပျောပု၊ သရက်သီး၊ အူဘေး၊ နို့ငါး နှင့် ငံပြာရည်တို့ ဖြစ်ကြသည်။ ဖိလစ်ပိုင်တို့၏ ရသာခံမှုမှ အရသာအပြည့်အဝရှိသော အစာများကို နှစ်သက်ကြသော်လည်း ဟင်းလျာများမှာ အိမ်နီးချင်းနိုင်ငံများကဲ့သို့ မစပ်ကြပေ။ ဖိလစ်ပိုင်တို့သည် အခြားသော အာရှသားများကဲ့သို့ တူကိုသုံး၍ စားသောက်လေ့ မရှိကြပဲ အနောက်တိုင်း စားသောက်ကိရိယာ တို့ကို အသုံးပြုကြသည်။ ဖြစ်နိုင်ခြေ ရှိသည့် အကြောင်းမှာ ထမင်းသည် အဓိက စားသောက်သည့် အစားအစာဖြစ်ပြီး ဖိလစ်ပိုင်ဟင်းလျာများတွင် လူကြိုက်များကြသည်မှာ စတူး နှင့် အရည်ပါသော ပင်မဟင်းလျာများဖြစ်ကြသောကြောင့် ဖြစ်နိုင်သည်။ ဖိလစ်ပိုင်တို့၏ ထမင်းစား စားပွဲတွင် တွေ့ရသော စားသောက်ကိရိယာမှာ ဇွန်းနှင့် ခက်ရင်းဖြစ်ပြီး ခက်ရင်းနှင့် ဓား မဟုတ်ပေ။ ရိုးရာအရ လက်ဖြင့်စားသော နည်းကို ကမာရန်း ဟုခေါ်ပြီး ညာဘက်လက်ကိုဆေး၍ လက်ဖြင့်စားခြင်း ဖြစ်ကာ ယခင်က မြို့ပြမဖြစ်သေးသောနေရာများအတွင် အမြဲတစေ တွေ့ရလေ့ ရှိသည်။ သို့သော်လည်း ဖိလစ်ပိုင်အစားအစာများကို အခြားလူမျိုးများသို့ မိတ်ဆက်ပေးကြသော ဖိလစ်ပိုင်စားသောက်ဆိုင်များကြောင့်လည်းကောင်း မြို့ပြသား ဖိလစ်ပိုင်များကြောင့် လည်းကောင်း ကမာရန်း စာသောက်ခြင်းမှာ ရေပန်းစားသည်။ လတ်တလော ဖြစ်နေသော ပုံစံတွင် "ဘူဒယ်ဖိုက်" (ဖိလစ်ပိုင် စစ်တပ်မှ စ၍ နာမည်ပေးပြီး ရေပန်းစားလာခဲ့သည်။) ဟု ခေါ်ပြီး ငှက်ပျောရွက်များကို ခင်း၍ ပန်းကန်ကြီးကဲ့သို့ ခင်းကျင်းပြီး ထိုအပေါ်တွင် ထမင်းနှင့် ဖိလစ်ပိုင်ဟင်းလျာများကို အတူတူခင်းကျင်း၍ ဆွေမျိုးများကြား၊ သူငယ်ချင်းများကြား နှင့် ရပ်ဆွေရပ်မျိုးများကြား ကမာရန်း အစားအသောက်အဖြစ် အတူစားကြခြင်း ဖြစ်သည်။ စာပေ ဖိလစ်ပိုင်တို့၏ ဒဏ္ဍာရီများသည် ဖိလစ်ပိုင်လူမျိုးတို့၏ ရိုးရာ ပါးစပ်ပြောများမှ တဆင့် အဆင့်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသည်။ တိုင်းရင်းသား မျိုးနွယ်စု တစ်ခုချင်းစီတို့၌ သီးသန့်ဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင် ပုံပြင်များနှင့် ဒဏ္ဍာရီများ ရှိကြသော်လည်း ဟိန္ဒူနှင့် စပိန်တို့၏ လွှမ်းမိုးမှုများကို အများအပြား တွေ့ရသည်။ ဖိလစ်ပိုင်တို့၏ ဒဏ္ဍာရီ များတွင် သဘာဝလွန် အကောင်ကြီးများအကြောင်း သို့မဟုတ် ၎င်းတို့ပါဝင်သော အကြောင်းများဖြစ်ပြီး အက်ဆဝမ် ခေါ် ဖိလစ်ပိုင်စုန်း၊ မနာနန်ဂယ်ခေါ် လူသားစား သွေးသောက်စုန်း၊ ဒီဝါတာ/အန်ကန်တို့ ခေါ်နတ်များ နှင့် သဘာဝ အကြောင်းတို့ ဖြစ်ကြသည်။ ဖိလစ်ပိုင် ဒဏ္ဍာရီများတွင် ထင်ရှားသော သူများမှာ မာရီယာ မာကီလင်းနတ်သမီး၊ လမ်အမ်းဇာတ်လမ်း၊ ဆရီမာနွတ်ငှက် တို့ဖြစ်ကြသည်။ ဖိလစ်ပိုင်စာပေများသည် ဖိလစ်ပိုင်ဘာသာ၊ စပိန်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ရှိကြသည်။ အထင်ရှားဆုံး စာပေများကို ၁၇ ရာစုနှင့် ၁၉ ရာစုအတွင်း ဖန်တီးခဲ့ကြသည်။ အဒါနာ သည် ဥပမာ တစ်ခု ဖြစ်ပြီး ၎င်းမှာ ကျော်ကြားသော ဇာတ်လမ်းရှည်ကြီးတစ်ခု ဖြစ်၍ ဟိုဆေး ဒီလာ ခရပ်ဇ် သို့ ဟူဆန် ဆီဆူးမှာ သူနှင့် နာမည်တူ ပဉ္စလက်ငှက် တစ်ကောင် အကြောင်းရေးဖွဲ့ထားခြင်း ဖြစ်သည်။ ဖလော်ရန်တေး အက် လောရာ ကို ရေးဖွဲ့သော ဖရန်စစ်စကို ဘာလာတပ်စ် အမည်ရသည့် ကဗျာဆရာနှင့် ပြဇာတ်ရေးဆရာမှာ ဖိလစ်ပိုင်စာပေတွင် အများထက် သာလွန်ထူးကဲစွာ ကျော်ကြားသူ တစ်ဦး ဖြစ်သည်။ ဟိုဇေး ရီဇား မှ နိုလီမီ တန်ဂျီရီ (ငါ့ကိုထိမှာလား) နှင့် အယ်လ် ဖလစ်ဘတ်စတာရစ်စမို (လွှတ်တော်တွင် ဥပဒေကိုပိတ်ဆို့ခြင်း သို့မဟုတ် လောဘရပ်ဝန်း) ဆိုသော ဝတ္ထုနှစ်ပုဒ်ကို ရေးခဲ့သည်။ သူ့အား နိုင်ငံတော် သူရဲကောင်းဟု သတ်မှတ်ကြသည်။ စပိန်တို့ အုပ်စိုးမှု၏ မတရားမှုများကို သူ၏ ဖော်ပြချက်နှင့် သေနတ်ဖြင့် ဝိုင်းပစ်သတ် ကွပ်မျက်ခံရခြင်းကြောင့် သေဆုံးရခြင်းတို့သည် အခြား ဖိလစ်ပိုင် တော်လှန်ရေး သမားတို့အား လွတ်လပ်ရေး ရယူရန် အားဖြစ်စေခဲ့သည်။အချို့သော ဖိလစ်ပိုင် စာရေးဆရာများ ဖြစ်သည့် အန်န် ဗွီ အမ် ဂွမ်ဇာလတ်၊ အမာဒို ဗွီ ဟာနန်ဒက်ဇ်၊ ဖရန်စစ်စကို အာဆဲလာနာ၊ နစ် ဂျိုရာကွင် ၊ အက်ဖ် ဆီအိုနေးလ် ဟိုဆေး နှင့် အခြားသူ အမြောက်အမြား တို့မှာ ဖိလစ်ပိုင် နိုင်ငံတော် အနုပညာရှင် ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ မီဒီယာ ဖိလစ်ပိုင်တို့သည် မီဒီယာများတွင် ဖိလစ်ပိုင်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ကို အသုံးပြုကြသည်။ အခြားသော ဖိလစ်ပိုင် ဘာသာစကားများဖြစ်ကြသော ဗီဆာယန်း ဘာသာစကားများကိုလည်း အသုံးပြုကြပြီး အထူးသဖြင့် ရေဒီယိုများတွင် ဖြစ်ကာ ၎င်းတို့အနေနှင့် အလွန်ဝေးလံခေါင်းပါးသော ကျေးလက်များအထိ ရောက်ရှိနိုင်ပြီး ထိုနေရာများသို့ အခြား မီဒီယာများ မရောက်ရှိနိုင်သောကြောင့် ဖြစ်သည်။ ထင်ရှားသော ရုပ်မြင်သံကြား ကွန်ယက်များဖြစ်သည့် အေဘီစီ-စီဘီအင်န်၊ ဂျီအမ်အေ နှင့် ကွန်ယက် ၅ တို့တွင်လည်း ကျယ်ပြန့်သော ရေဒီယို ကွန်ယက် ရှိကြသည်။ ဖျော်ဖြေရေးလုပ်ငန်းမှာ အမြဲတစေလှုပ်ရှားနေပြီး ဖိလစ်ပိုင် စာနယ်ဇင်းများအတွက် နာမည်ကြီးအနုပညာရှင်များနှင့် စိတ်လှုပ်ရှားစရာ နေ့စဉ်အညှီအဟောက်များ မပြီးနိုင် မစီးနိုင် အသေးစိတ် ပံ့ပိုးပေးလျက် ရှိသည်။ ဒရာမာ ဇာတ်လမ်း များနှင့် ဖန်တက်စီ ရှိုးများ ရှိသလို တယ်လီနိုဗယ်လာခေါ် အနောက်တိုင်း ရုပ်သံစီးရီးများ၊ ကိုရီးယားဇာတ်လမ်းတွဲများနှင့် အန်နီးမဲခေါ် ရုပ်ပြကာတွန်းများကိုလည်း နှစ်သက်ကြသည်။ နေ့ခင်းဘက် ရုပ်မြင်သံကြား အစီအစဉ်များတွင် ဂိမ်းရှိုးများ၊ အမျိုးမျိုးသော ရှိုးများ နှင့် တော့ခ်ရှိုးများ ရှိသည်။ ဖိလစ်ပိုင် ရုပ်ရှင်မှာ သက်တမ်းရှည်ကြာပြီး နိုင်ငံတွင်း ရေပန်းစားသော်လည်း အမေရိကန်၊ အာရှ နှင့် ဥရောပ ရုပ်ရှင်များ၏ ယှဉ်ပြိုင်မှုများ ပို၍ များပြားလာသည်။ နာမည်ကျော် ဒါရိုက်တာနှင့် မင်းသားများတွင် လီနိုဘရော့ကာ နှင့် နိုရာ အော်နာ ကဲ့သို့သော သူများမှာ Maynila: Sa mga Kuko ng Liwanag (မနီလာ။ အလင်းတန်းရဲ့ လက်သည်းကြားမှာ) နှင့် Himala (အံဩဘနန်း) အစရှိသော ရုပ်ရှင်များကြောင့် ထင်ရှားသည်။ လတ်တလောနှစ်များတွင် နာမည်ကျော်များမှာ ရုပ်မြင်သံကြားနှင့် ရုပ်ရှင် သို့ လူးလာခေါက်ပြန် ကူးပြောင်းနေကြပြီး ထို့နောက် နိုင်ငံရေးအတွင်း ဝင်ရောက်ကြခြင်းကြောင့် စိုးရိမ်စရာ ဖြစ်လာသည်။ ရုပ်ရှင်Salón de Pertierra သည် ၁၈၉၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ဖိလစ်ပိုင်တွင် ပထမဆုံး စတင်မိတ်ဆက်ခဲ့သော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ထိုစဉ်က ရုပ်ရှင်များ အားလုံးမှာ စပိန်ဘာသာစကားဖြင့် ဖြစ်ပြီး ရုပ်ရှင်များ စတင်မိတ်ဆက်စဉ် အချိန်က နိုင်ငံအတွင်း စပိန်ခေတ်၏ နောက်ဆုံးနှစ်များ ဖြစ်သည်။ ပထမဆုံး ရုပ်ရှင် ထုတ်လုပ်သူမှာ အန်တိုနီယို ရားမို့စ် ဖြစ်သည်။ သူသည် Panorama de Manila (မနီလာမြင်ကွင်းကျယ်) ၊ Fiesta de Quiapo (ကွီရာပို စားပွဲတော်) ၊ Puente de España (စပိန်တံတား) ၊ Escenas Callejeras (လမ်းမြင်ကွင်းများ) စသော ရုပ်ရှင်များကို ရိုက်ကူးစဉ်က လက်လှည့်ကင်မရာကို သုံး၍ ရိုက်ကူးခဲ့သည်။ ဟိုဆေး နီပိုမူဆီနို ကိုမူ ဖိလစ်ပိုင် ရုပ်ရှင်၏ ဖခင် အဖြစ် တင်စားခေါ်ဝေါ်လေ့ ရှိကြသည်။ ထိုသို့ ခေါ်ဝေါ်ခြင်း ခံရသည်မှာ သူ၏ ရုပ်ရှင်များသည် ဖိလစ်ပိုင်တွင် ပထမဆုံး အနုပညာပုံစံဖြင့် ရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်များ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သူ၏ ပထမဆုံး ဇာတ်ကားဖြစ်သော Dalagang Bukid (ကျေးလက်အပျိုမ) အမည်ရသော ဇာတ်ကားအား ၁၉၁၉တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည်။ အမေရိကန်ခေတ်တွင် ရုပ်ရှင်ပြသခြင်း ဆက်လက်ရှိနေခဲ့သည်။ ဗြိတိသျှ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဝေါဂရားမှ ဝေါဂရားရုပ်ရှင်ရုံကို မနီလာရှိ အင်ထရာမူရို့စ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်တွင် ရုပ်ရှင်ဈေးကွက်ကို အမှန်အကန် စတင်ဖန်တီးနေသော အချိန်ဖြစ်ပြီး အသံတိတ်ရုပ်ရှင်များ စတင်ပေါ်ပေါက်လာချိန် ဖြစ်သည်။ ထိုအသံတိတ် ရုပ်ရှင်များကို ဓာတ်စက်၊ စန္ဒယား၊ ကွားတက်ခေါ် အဆိုတော် ၄ ယောက်တွဲ ဝိုင်း နှင့် လူ ၂၀၀ သံပြိုင်ဆိုအဖွဲ့တို့ဖြင့် တွဲဖက်ပြသကြသည်။ ဂျပန်တို့ သိမ်းပိုက်စဉ် အချိန်က ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်တန့်ထားခဲ့သည်။ သို့သော်လည်း ၁၉၃၀ ခုနှစ်များမှ ၁၉၄၅ အထိ ဟောလိဝုဒ်ဈေးကွက်အား ဂျပန်ရုပ်ရှင်များဖြင့် အစားထိုးခဲ့သော်လည်း အောင်မြင်မှု နည်းပါးခဲ့သည်။ စစ်ပြီးခေတ် ၁၉၄၀ ခုနှစ်များနှင့် ၁၉၅၀ ခုနှစ်များမှာ ဖိလစ်ပိုင်ရုပ်ရှင်၏ ပထမဆုံး ရွှေရောင်နေ့များဟု ဆိုနိုင်ပြီး လာပူး-လာပူး ရုပ်ရှင်ထုတ်လုပ်ရးမှ ဗီဆာယန်းရုပ်ရှင်များ ပြန်လည် ခေတ်စားလာခဲ့သည်။ ၁၉၆၀ ခုနှစ်များတွင် ဂျိမ်းစ်ဘွန်း ဇာတ်ကားများ နှင့်အတူ ဆမ်ပါဂွီတာ ရုပ်ရှင်ထုတ်လုပ်ရေးမှ အများအားဖြင့် ထုတ်လုပ်သော ဘုမ်ဘာ ခေါ် အပြာကားအနုစား များနှင့် တေးဂီတရုပ်ရှင်များ၏ ခေတ်ဖြစ်သည်။ ဒုတိယ ရုပ်ရှင်ရွှေခေတ်မှာ ၁၉၇၀ ခုနှစ်များမှ ၁၉၈၀ ခုနှစ်များ အစောပိုင်း အထိဖြစ်သည်။ ထိုအချိန်တွင် ရုပ်ရှင်ထုတ်လုပ်သူတို့ အဖြူအမည်းရုပ်ရှင်များ ထုတ်လုပ်ခြင်းကို ရပ်တန့်ခဲ့ကြသည်။ ၁၉၈၀ ခုနှစ်များမှ ၂၀၀၀ ခုနှစ်များ အထိ ဟောလိဝုဒ်ရုပ်ရှင်များက ရုပ်ရှင်ရုံများကို လွှမ်းမိုးထားခဲ့ကြသည်။ ထိုခေတ်၏ အာရုဏ်ဦးအစတွင် ပုံမှန် ဖိလစ်ပိုင်ရုပ်ရှင်လောက၏ သိသာစွာ ကျဆင်းလာခြင်းကို မြင်လာရသည်။ ၂၀၀၉ ခုနှစ်တွင်မူ ဖိလစ်ပိုင် ရုပ်ရှင်ရုံများ၌ ဖိလစ်ပိုင်ရုပ်ရှင်များ ကြည့်ရှုသူများပြားလာခဲ့သည်။ ၂၀၁၀ ခုနှစ်များ အလယ်ပိုင်းတွင် သီးသန့်ရုပ်ရှင် စတူဒီယိုများမှ ရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်များ၏ ကျယ်ပြန့်သော အောင်မြင်မှုများကို တွေ့ရသည်။ အားကစား ဘက်စကက်ဘော၊ လက်ဝှေ့၊ ဘော်လီဘော၊ ဘောလုံး၊ အမေရိကန် ဘောလုံး၊ ရပ်ဘီဘောလုံးကစားနည်း နှစ်မျိုးစလုံး၊ ကြက်တောင်၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ တန်းပင် ဘိုးလင်း၊ စစ်တုရင် နှင့် စီပါ အစရှိသော အမျိုးမျိုးသော အားကစားတို့သည် ဖိလစ်ပိုင်တွင် ရေပန်းစားသည်။ လမ်းကြမ်းဆိုင်ကယ်စီးခြင်း၊ စက်ဘီးစီးခြင်း နှင့် တောင်တက်ခြင်းတို့မှာလည်း ရေပန်းစားလာနေပြီ ဖြစ်သည်။ ဘက်စကက်ဘောအား အပျော်တမ်းနှင့် ကြေးစား အဆင့် နှစ်ခုစလုံးတွင် ကစားကြပြီး ဖိလစ်ပိုင်၏ ရေပန်းအစားဆုံး ကစားနည်းဟုပင် ဆိုနိုင်သည်။Mga Kilalang Pilipino [Known Filipinos]. (n.d.) (in Filipino). Tagalog at NIU. Retrieved April 25, 2010 from the Northern Illinois University, Center for Southeast Asian Studies, SEAsite Project. ၂၀၁၀ တွင် မန်နီ ပက်ကီယို အား ၂၀၀၀ ခုနှစ်များအတွက် "ဆယ်စုနှစ်အတွင်း အကောင်းဆုံး သတ်ပုတ်သူအဖြစ်" အမေရိကန်လက်ဝှေ့စာရေးဆရာများအသင်း၊ ကမ္ဘာ့လက်ဝှေ့ကောင်စီ နှင့် ကမ္ဘာ့လက်ဝှေ့အသင်းတို့မှ အမည်ပေး သတ်မှတ်ခဲ့သည်။ အမျိုးသား ကိုယ်ခံပညာနှင့် အားကစားနည်းများမှာ အားနစ် ဖြစ်ပြီး အချို့ဒေသများတွင် အက်စခရီးမား နှင့် ကာလီ ဟု ခေါ်သည်။ ဖိလစ်ပိုင်သည် နွေရာသီအိုလံပစ် အားကစားပွဲတွင် ၁၉၂၄ ခုနှစ်မှ စတင်ပါဝင်ခဲ့ပြီး အရှေ့တောင်အာရှတွင် ပထမဆုံး ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ရရှိသော နိုင်ငံဖြစ်သည်။ ထိုအချိန်မှစ၍ နွေရာသီ အိုလံပစ်အားကစားပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၈၀ အမေရိကန် ဦးဆောင်၍ နွေရာသီ အိုလံပစ် အားကစားပွဲကို သပိတ်မှောက်သော အကြိမ် မှလွဲ၍ ဖြစ်သည်။ ဖိလစ်ပိုင်သည် အပူပိုင်းနိုင်ငံများထဲမှ ပထမဆုံး ဆောင်းရာသီ အိုလံပစ် အားကစားပွဲကို ပါဝင်ယှဉ်ပြိုင်သော နိုင်ငံဖြစ်ပြီး ပထမဆုံးအဖြစ် ၁၉၇၂ ခုနှစ် အားကစားပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ကစားခြင်းလွတ်ဆန် ဘာကာ၊ ပါတင်တယ်ရို၊ ပီကို နှင့် တွမ်ဘမ် ပရက်ဆို အစရှိသော ကလေးကစားနည်းများဖြစ်သည့် ဖိလစ်ပိုင်ရိုးရာ ကစားခြင်းများ ကို ဖိလစ်ပိုင် လူငယ်များအကြား ကစားနေကြဆဲပင် ဖြစ်သည်။ Mga Larong Pilipino [Philippine Games]. (2009). Tagalog at NIU. Retrieved December 19, 2009 from the Northern Illinois University, Center for Southeast Asian Studies, SEAsite Project. (archived from the original on June 28, 2014) ဆွန်ကာ သည် ဖိလစ်ပိုင်ရိုးရာ ကစားခုံဖြင့် ကစားနည်း ဖြစ်သည်။ ဖဲကစားနည်းများမှာ ပွဲတော်များအတွင်း ရေပန်းစားပြီး ပူဆွိုင် နှင့် တောင်အစ်'' စသည်တို့ကို တရားမဝင် လောင်းကစားခြင်း အနေနှင့် ကစားလေ့ရှိသည်။ မာဂျောင်းကို အချို့သော ဖိလစ်ပိုင် လူ့အဖွဲ့အစည်းများအတွင်း ကစားကြသည်။ ဆာဘောင်း သို့မဟုတ် ကြက်တိုက်ခြင်းသည် အထူးသဖြင့် ဖိလစ်ပိုင် အမျိုးသားများကြားတွင် ရေပန်းစားသော အပန်းဖြေနည်းဖြစ်ပြီး စပိန်တို့ ရောက်မလာမီကပင် ရှိခဲ့သည်။ မဂျဲလင်၏ မှတ်တမ်းရေးသူဖြစ်သော အန်တိုနီယို ပီဂါဖက်တာက တေးတေးတိုင်းပြည်တွင် ထိုသို့ အပျော်အပါး အနေနှင့် ကစားကြခြင်းကို ပထမဆုံး မှတ်တမ်းတင်ခဲ့သည်။ ယိုယို ကစားစရာမှာ ဖိလစ်ပိုင်တွင် လူကြိုက်များသော ကစားစရာဖြစ်ပြီး ယနေ့ခေတ်ပုံစံအား ပီဒယို ဖလော်ရက်စ် ကုမ္ပဏီမှ စတင် မိတ်ဆက်ခဲ့ပြီး ထိုအမည်မှာ ဖိလစ်ပိုင်ရှိ အီလိုကာနိုဘာသာစကားမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဆက်စပ်ကြည့်ရှုရန် ရည်ညွှန်းချက်များ မှတ်စု ဖိလစ်ပိုင်နိုင်ငံ အာဆီယံအသင်းဝင်နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကျွန်းနိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%AD%E1%80%9C%E1%80%85%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ဘရူနိုင်းနိုင်ငံ
ဘရူနိုင်းနိုင်ငံ ( ) တရားဝင်အမည်အားဖြင့် ဘရူနိုင်းနိုင်ငံ၊ ငြိမ်ချမ်းရေး၏စံအိမ်တော် သည် အရှေ့တောင်အာရှ အတွင်း ဘော်နီယိုကျွန်း ၏ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသော ကမ်းရိုးတန်းမှ အပ ဘရူနိုင်းနိုင်ငံသည် မလေးရှားနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ဆာရာဝပ်ပြည်နယ် က ဝန်းရံထားသည်။ ဆာရာဝပ်၏ ခရိုင်တစ်ခုဖြစ်သော လင်ဘန်းခရိုင်က နိုင်ငံကို နှစ်ပိုင်းပိုင်းခြားထားသည်။ ဘရူနိုင်းသည် ဘော်နီကျွန်းပေါ်တွင် တစ်နိုင်ငံလုံး ရှိသော တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ကျန်ရှိသော ကျွန်း၏နယ်မြေများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပိုင်ဆိုင်သည်။ ဘရူနိုင်းနိုင်ငံ၏ လူဦးရေမှာ တွင် ဦးဖြစ်သည်။ ဘရူနိုင်းအင်ပိုင်ယာ၏ အထွဋ်အထိပ် ရောက်ခဲ့ချိန်က စူလတန် ဘိုလ်ကျား (၁၄၈၅-၁၅၂၈ အုပ်ချုပ်)သည် ဘော်နီရို၏ ဒေသအများအပြားကို ထိန်းချုပ်အုပ်စိုးနိုင်ခဲ့ပြီး ယနေ့ခေတ် ဆာရာဝပ် နှင့် ဆာဘား အပါအဝင် ဖြစ်သလို ဘော်နီယိုကျွန်း၏ အရှေ့မြောက်အစွန်းမှ ပင်လယ်တွင်းရှိသော ဆူလူးကျွန်းစုများ၊ ဆီလူဒေါင်း (ယနေ့ခေတ် မနီလာ) နှင့် ဘော်နီယိုကျွန်း၏ အနောက်မြောက်အစွန်း ပင်လယ်တွင်း ရှိသော ကျွန်းများ အပါအဝင်ဖြစ်သည်။ ထိုပင်လယ်ကမ်းရိုးတန်း နိုင်ငံအား စပိန်မှ မဂျဲလင် မှ ၁၅၂၁ တွင် လာရောက်လည်ပတ်ခဲ့ပြီး စပိန်တို့အား ၁၅၇၈ ကက်စတီးလီးယန်း စစ်ပွဲတွင် တိုက်ခိုက်ခဲ့သည်။ ၁၉ ရာစုအတွင်းတွင် ဘရူနိုင်းအင်ပိုင်ယာ စတင် ယုတ်လျော့လာခဲ့သည်။ စူလတန်မှ ဆာရာဝပ် ကူချင်းအား ဂျိမ်းဘရွတ်ခ် သို့ပေးအပ်ခဲ့ပြီး ၎င်းအား ရာဂျာဖြူ အဖြစ် ခန့်အပ်ခဲ့သည်။ ထို့အတူ ဆာဘားအားလည်း ဗြိတိသျှတို့၏ မြောက်ဘော်နီယို ချာတာကုမ္ပဏီသို့ ပေးအပ်ခဲ့သည်။ ၁၈၈၈ တွင် ဘရူနိုင်းသည် ဗြိတိသျှတို့၏ အစောင့်အရှောက်ခံနိုင်ငံ ဖြစ်လာခဲ့ပြီး ဗြိတိသျှလူမျိုး အား ကိုလိုနီမန်နေဂျာ အဖြစ် ၁၉၀၆ ခုနှစ်တွင် ခန့်အပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့သိမ်းပိုက်ပြီးနောက် ၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲခဲ့သည်။ ၁၉၆၂ တွင် အရွယ်အစားမကြီးသော ဘုရင်အား လက်နက်ကိုင် ပုန်ကန်ခြင်းကို ဗြိတိသျှတို့၏ အကူအညီဖြင့် နှိမ်နင်းနိုင်ခဲ့သည်။ ဘရူနိုင်းသည် ယူနိုက်တက်ကင်းဒမ်းမှ လွတ်လပ်ရေးကို ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် ရရှိခဲ့သည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များအတွင်း စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်ခဲ့ပြီး ဂျီဒီပီမှာ ၁၉၉၉ မှ ၂၀၀၈ အတွင်း ၅၆% တိုးတက်ခဲ့ပြီး ဘရူနိုင်းအား စက်မှုဖွံ့ဖြိုးသောနိုင်ငံ အဖြစ် ရောက်ရှိလာစေခဲ့သည်။ ဘရူနိုင်းသည် များပြားလှစွာသော ရေနံတွင်းနှင့် သဘာဝဓာတ်ငွေ့တွင်းများမှ ချမ်းသာကြွယ်ဝမှု ဖြစ်ပေါ်စေခဲ့သည်။ ဘရူနိုင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံ ပြီးလျှင် ဒုတိယမြောက် လူထုဖွံ့ဖြိုးမှုညွှန်းကိန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် သတ်မှတ်ကြသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ ဘရူနိုင်းသည် ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း နှင့် တွက်လျှင် လူတစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန်အရ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်ပြီး နိုင်ငံ ၁၈၂ နိုင်ငံတွင် ဘရူနိုင်းအား ပဉ္စမမြောက် အချမ်းသာဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခဲ့ပြီး ရေနံတွင်းနှင့် သဘာဝဓာတ်ငွေ့တွင်းများကြောင့် ဖြစ်သည်။ အမည်ရင်းမြစ် ဒေသတွင်း သမိုင်းလေ့လာရေးသမားများ၏ အဆိုအရ ဘရူနိုင်းသည် အေဒီ ၁၄၀၀ ခန့်တွင် အုပ်စိုးခဲ့သော စူလတန်မိုဟာမက် ရှား ဖြစ်လာမည့် အာဝမ် အာလက် ဘီတာတာ မှ တည်ထောင်ခဲ့သည်။ သူသည် တန်ဘူရောင်းပြည်နယ် ရှိ ဂါရန်းအရပ်မှ ဘရူနိုင်းမြစ်ဝသို့ ရောက်ရှိလာခဲ့ပြီး ဘရူနိုင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ ဒဏ္ဍာရီများအရ ထိုနေရာသို့ ရောက်သော အခါတွင် "ဘာရူနား" (ဒီနေရာပဲ ဟု ဘာသာပြန်နိုင်သည်) ဟု ဟစ်ကြွေးသဖြင့် ၎င်းမှ ဘရူနိုင်းဆိုသော အမည်သို့ ပြောင်းလဲလာခဲ့သည်။ သူသည် ဘရူနိုင်း၏ ပထမဆုံး မွတ်စလင် ဘုရင် ဖြစ်သည်။ မွတ်စလင် ဘိုလ်ကျားမင်းဆက် အောက်တွင် ဘရူနိုင်းအင်ပိုင်ယာ မထွန်းကားလာမီ အချိန်က ဘရူနိုင်းသည် ဗုဒ္ဓဘာသာဘုရင်များ အုပ်ချုပ်မှုအောက်တွင် ရှိသည်ဟု ယုံကြည်ရသည်။ ၎င်းအား ၁၄ ရာစုတွင် "ဘာရူနိုင်း" ဟု အမည်ပြောင်းလဲခဲ့ပြီး သင်္သကရိုက်ဘာသာ စကားလုံး "" () မှ "ပင်လယ်ရေကြောင်းသွားသူ" ဟု အမည်ရသော စကားလုံးကို ယူထားခြင်း ဖြစ်နိုင်သည်။ ဘော်နီယိုဆိုသော စကားလုံး၏ ရင်းမြစ်သည်လည်း အတူတူ ဖြစ်သည်။ နိုင်ငံ၏ အမည်အပြည့်အစုံဖြစ်သော "နီဂါရာ ဘရူနိုင်း ဒါရူစလမ်" ဆိုသော အမည်တွင် ဒါရူစလမ် ဆိုသည်မှာ ငြိမ်းချမ်းရေး၏ စံအိမ်တော် ဟု အဓိပ္ပာယ်ရပြီး နီဂါရာ ဆိုသည်မှာ မလေးဘာသာစကားဖြင့် နိုင်ငံ ဖြစ်သည်။ အနောက်တိုင်းမှ ဘရူနိုင်းနှင့် ပတ်သက်သော အစောဆုံး မှတ်တမ်းမှာ အီတလီလူမျိုးဖြစ်သော လူဒိုဗီဆို ဗာသယ်မာ ၏ မှတ်တမ်းဖြစ်ပြီး ၎င်းမှ "ဘရူနိုင်းပြည်သားတို့သည် မာလူကူးကျွန်းများတွင် တွေ့ခဲ့ရသော သူများထက် ပို၍ အသားလတ်သည်" ဟု ရေးသားထားသည်။ သူ၏ ၁၅၅၀ ခုနှစ်မှ မှတ်တမ်းတွင် ကျွန်ုပ်တို့ ဘော်နေးကျွန်း (ဘရူနိုင်းသို့ ဘော်နီယို) သို့ ရောက်ခဲ့ပြီး ထိုနေရာမှာ "မာလုရှ်" မှ မိုင် ၂၀၀ ခန့်အကွာတွင် ရှိသည်။ ထိုနေရာသည် မာလုရှ်ထက် ပို၍ ကြီးပြီး အောက်ပိုင်းတွင် ရှိသည်။ ထိုနေရာရှိလူများမှာ ဘာသာမဲ့များ ဖြစ်ပြီး သဘောကောင်းသူများ ဖြစ်သည်။ အသားအရောင်မှာ အခြားသူများထက် ပိုဖြူပြီး နိုင်ငံအတွင်း တရားမျှတမှုကို ကောင်းစွာ စောင့်ထိန်းထားသည်။  ... ဟု ရေးသားထားခဲ့သည်။ သမိုင်း အစောပိုင်းသမိုင်း ဗုဒ္ဓဘာသာ သီရိဝိဇယအင်ပိုင်ယာ၏ ကိုလိုနီဖြစ်သော ဝိဇယပူရ အမည်ရှိသော နေရာ တစ်ခုသည် ဘော်နီယိုကျွန်း၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ၇ရာစု အတွင်းက တိုးတက်ထွန်းကားခဲ့သည်။ အိန္ဒိယ ချိုလာ တို့က သီရိဝိဇယပြည်အား ကျူးကျော် သိမ်းပိုက်ခဲ့ပြီးနောက် ဒါတု တစ်ဦးဖြစ်သူ ပူတီ သည် ဆူမတြာကျွန်းနှင့် ဘော်နီယိုကျွန်းတို့မှ တော်လှန်သူ ဒါတုများကို ဦးဆောင်၍ ချိုလာတို့ခန့်အပ်ထားသော ဒေသခံရာဂျာဖြစ်သည့် ရာဂျာ မာကာတူနောင်း အား ပုန်ကန်ခြားနား ကြသည်။ တော်လှန်သူများနှင့် ၎င်းတို့၏ နောက်လိုက်နောက်ပါများသည် ဗီဆာယားကျွန်းများ (သီရိဝိဇယ၏ အမည်ကို မှည့်ခေါ်ထားသော ကျွန်းများ)တွင် မတ်ဒ်ဂျာ-အက်စ် ဟု အမည်ရသော တိုင်းပြည်တစ်ခုကို တည်ထောင်၍ သီရိဝိဇယ ကို ပြန်လည် ထူထောင်ရန် ကြိုးစားကြသည်။ အစောဆုံး တရုတ်တို့၏ မှတ်တမ်းမှာ ၉၇၇ အေဒီတွင် ဘော်နီယိုရှိ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံမှ ပိုနီ၏ ဘုရင်မှ တရုတ်ဧကရာဇ်သို့ ပေးသော စာလွှာပေးပို့ခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ပညာရှင်တို့မှ ဘော်နီယိုကို ရည်ညွှန်းခြင်း ဖြစ်မည်ဟု ယုံကြည်ကြသည်။ ၁၂၂၅ တွင် တရုတ်အရာရှိ ချော ဂျူကွား (ချောင်ယူဂွါး) မှ ပိုနီတွင် ၎င်း၏ ကုန်သွယ်ရေးကို ကာကွယ်ရန် စစ်သင်္ဘော အစင်း ၁၀၀ မျှ ရှိသည် ဟု အစီရင်ခံတင်ပြထားပြီး ထိုတိုင်းပြည်မှာ အလွန်ချမ်းသာကြွယ်ဝသည် ဟု ဆိုသည်။ ၁၄ ရာစုအတွင်း ၁၃၆၅ ၌ ပရာပန်ကာ ရေးသားသော နာဂါရာကရီတာဂါမာ ဆိုသော ဂျာဗားဘာသာ လက်ရေးမူတွင် "ဘာရူနီ" အား ဟိန္ဒူ မာဂျာပါဟစ် ဧကရာဇ်နိုင်ငံတော်၏ လက်အောက်ခံနိုင်ငံ အဖြစ် ဖော်ပြခဲ့ပြီး ၎င်းမှ တစ်နှစ်လျှင် ၄၀ ကာတီ (တစ်ကာတီလျှင် ၆၀၄.၈ ဂရမ်ခန့်) ရှိသော ပရုတ်ကို ပဏ္ဍာဆက်ရသည်ဟု ရေးသားထားသည်။ ၁၃၆၉ တွင် ယခင်က မာဂျာပါဟစ်၏ အစိတ်အပိုင်းဖြစ်သော ဆူလူးတို့သည် အောင်မြင်စွာ ပုန်ကန်ခဲ့ကြကာ ပိုနီကို တိုက်ခိုက်ပြီး ၎င်း၏ ဘဏ္ဍာများနှင့် ရွှေများကို လုယူတိုက်ခိုက်ခဲ့ကြသည်။ မာဂျာပါဟစ်မှ သင်္ဘောအုပ်စုက ဆူလူးတို့ကို မောင်းထုတ်နိုင်ခဲ့သော်လည်း ပိုနီတို့ အနေဖြင့် ထိုတိုက်ခိုက်မှု အပြီးတွင် အင်အားယုတ်လျော့သွားခဲ့သည်။ တရုတ်တို့၏ ၁၃၇၁ ခုနှစ် အစီရင်ခံစာအရ ပိုနီတို့အား ဆင်းရဲပြီး မာဂျာပါဟစ်တို့မှ လုံးဝထိန်းချုပ်ထားသည်ဟု ဖော်ပြထားသည်။ ၁၅ ရာစုအတွင်း ပိုနီတို့သည် မာဂျာပါဟစ်မှ ခွဲထွက်ခဲ့ပြီး အစ္စလာမ်ဘာသာသို့ ပြောင်းလဲခဲ့သည်။ ထို့အတွက် လွတ်လပ်သော ဘရူနိုင်းစူလတန်ပြည် အဖြစ် ပြောင်းလဲလာခဲ့သည်။ ဘရူနိုင်းသည် ဟာရှီမိုက်တိုင်းပြည် ဖြစ်လာခဲ့ပြီး မက္ကာမှ အာရပ် အီမာစော်ဘွားဖြစ်သူ ရှာရစ်ဖ် အလီအား ၎င်း၏ တတိယမြောက် စူလတန် အဖြစ် အုပ်စိုးစေခဲ့သည်။ ပညာရှင်များ၏ အဆိုအရ ဘရူနိုင်းစူလတန်ပြည်သည် ၁၅ ရာစု မှ ၁၇ ရာစုများ အတွင်း အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ အာဏာစက်သည် မြောက်ဘော်နီယိုမှ ဖိလစ်ပိုင်တောင်ပိုင်း (စူလူး) အထိ ဖြန့်ကျက်နိုင်ခဲ့ပြီး ဖိလစ်ပိုင်မြောက်ပိုင်း (မနီလာ) တွင်ပင် ဘရူနိုင်းတို့သည် တော်ဝင်မိသားစုချင်း လက်ဆက်ထိမ်းမြားခြင်းဖြင့် နယ်မြေများကို ရယူနိုင်ခဲ့သည်။ စူလတန် ဘိုလ်ကယား သည် မနီလာနှင့် ဆူလူးကို အောင်မြင်နိုင်ခြင်းဖြင့် ဘရူနိုင်း၏ အာဏာကို အမြင့်ဆုံးအထိ ဖြန့်ကျက်နိုင်ခဲ့သော်လည်း ဗီဆာယားကျွန်းများကိုမူ မအောင်မြင်နိုင်ခဲ့ပေ။ စူလတန် ဘိုလ်ကယားသည် ဗီဆာယန်းလူမျိုး မိခင်မှ မွေးဖွားပြီး ဗီဆာယန်းသွေး တစ်ဝက်ပါသူ ဖြစ်ပြီး သူ့အား စူလတန်ရာဂမ် "သီချင်းဆိုသော သင်္ဘောကပ္ပတိန်" ဟူ၍ ကျော်ကြားသည်။ သူ၏ ဩဇာကောင်းသော သီချင်းဆိုသည့် အသံသည် ဗီဆာယန်း မျိုးရိုးမှ အမွေရခဲ့သော အရာဖြစ်ပြီး ဗီဆာယန်းတို့သည် ယဉ်ကျေးမှုအရ သီချင်းဆိုချင်းကို ဝါသနာထုံကြကာ ဗီဆာယန်း အဆိုတော်ကောင်းများသည် စစ်သူရဲမျိုးနွယ်များတွင် များစွာ ပါဝင်ကြသည်။ သို့သော်လည်း အစ္စလာမ် ဘရူနိုင်းတို့၏ အာဏာသည် ဘော်နီယိုတွင် ပြိုင်ဖက်မရှိသည်တော့ မဟုတ်ပေ။ ဟိန္ဒူအိန္ဒိယလူမျိုးတို့ တည်ထောင်ထားသော ကူတိုင်းဟု အမည်ရသော တိုင်းပြည်တစ်ခု ရှိပြီး ၎င်းတို့အား အနိုင်ရခဲ့သော်လည်း မဖျက်စီးပစ်ခဲ့ပေ။ ဖိလစ်ပိုင်တွင် ဘရူနိုင်းတို့၏ လွှမ်းမိုးမှုအား စိန်ခေါ်နေသော အိန္ဒိယ ယဉ်ကျေးမှု ရှိသည့် တိုင်းပြည်နှစ်ခု ရှိပြီး ၎င်းတို့မှာ စီဘူး ရာဂျာပြည်နှင့် ဘူတွမ် ရာဂျာပြည်တို့ ဖြစ်ကြသည်။ ထိုတိုင်းပြည် နှစ်ခုမှာ ကူတိုင်းနှင့် မဟာမိတ်ဖြစ်ကြပြီး ဘရူနိုင်း၏ လက်အောက်ခံပြည်များ ဖြစ်ကြသော ဆူလူး နှင့် မနီလာတို့နှင့် စစ်ဖြစ်နေသည့် အပြင် ၎င်းတို့နှစ်ခုနှင့် မဟာမိတ်များ ဖြစ်ကြသော မာဂွင်ဒါနောင်း စူလတန်ပြည် နှင့်လည်း စစ်ဖြစ်လျက် ရှိသည်။ မတ်ဂျာ-အက်စ် နှင့် ဒါပီတန် အစရှိသော ကီဒါတွမ်တိုင်းပြည်များမှာလည်း ဘရူနိုင်း နှင့် မတည့်ကြပေ။ အကြောင်းမှာ ၎င်းတိုင်းပြည်များအားလည်း မာဂွင်ဒါနောင်း နှင့် အိုရှန်းနီးယားရှိ ပါပူအာ စကားပြောပြီး ဟင်းခတ်အမွှေးအကြိုင် ထုတ်လုပ်ခြင်းကို လက်ဝါးကြီးအုပ်၍ ကြွယ်ဝချမ်းသာလာသော တာနိတ် စူလတန်ပြည်တို့မှ မွတ်စလင်တို့ကို အစဉ်တစိုက် တိုက်ခိုက်နေ၍ ဖြစ်သည်။ သို့သော်လည်း ၁၆ ရာစု၌ ဘရူနိုင်းတွင် အစ္စလာမ်ဘာသာသည် မြဲမြံစွာ အမြစ်တွယ်နေပြီ ဖြစ်ပြီး ဘရူနိုင်းသည် အကြီးဆုံးသော ဗလီတစ်ခုကို တည်ဆောက်ခဲ့သည်။ ၁၅၇၈ တွင် စပိန်ခရီးသွား အာလွန်ဆို ဘယ်ထရန်မှ ထိုဗလီအား ငါးထပ်မျှ မြင့်ပြီး ရေပေါ်တွင် တည်ဆောက်ထားသည်ဟု ဖော်ပြထားခဲ့သည်။ စပိန်နှင့် စစ်ဖြစ်ခြင်း နှင့် ဩဇာကျဆင်းလာခြင်း ပေါ်တူဂီတို့ မလက်ကာ အား သိမ်းပိုက်သဖြင့် ကြွယ်ဝ၍ ဩဇာရှိသော်လည်း နေရာပျောက်နေသော မွတ်စလင်ဒုက္ခသည်များသည် အနီးအနားရှိ အာချေး စူလတန်ပြည် နှင့် ဘရူနိုင်း စူလတန်ပြည်တို့သို့ ပြောင်းရွှေ့ကြသဖြင့် ဘရူနိုင်းသည် အရှေ့တောင်အာရှတွင် ထိပ်သီးနိုင်ငံအဖြစ် ခဏတာမျှ နေရာယူနိုင်ခဲ့သည်။ သို့သော်လည်း ဥရောပသားတို့၏ လွှမ်းမိုးမှုများကြောင့် ဒေသတွင်း အင်အားကြီးနိုင်ငံများကို နိဂုံးကမ္ပတ် အဆုံးသတ်စေခဲ့သည်။ ဘရူနိုင်းသည် ကျဆင်းသော အချိန်ကာလသို့ ရောက်ရှိလာပြီး ထီးနန်းဆက်ခံရေးနှင့်ပတ်သက်သော အတွင်းရေး ပဋိပက္ခများကလည်း အကြောင်းအဖြစ် ပါဝင်ခဲ့သည်။ ဥရောပ ခရစ်ယာန် အင်အားကြီးနိုင်ငံတို့၏ ကျူးကျော်မှု ဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် အော့တမန် အင်ပိုင်ယာ မှ အခက်အခဲနှင့် ရင်ဆိုင်နေရသော အရှေ့တောင်အာရှ စူလတန်ပြည်များကို ကူညီရန် အာချေးအား အစောင့်အရှောက်ခံ တိုင်းပြည် အဖြစ်သတ်မှတ်ပေးခဲ့ပြီး ဒေသတွင်း မူဂျာဟစ်များကို လေ့ကျင့်သင်ကြား လက်နက်တပ်ဆင်ပေးရန် တပ်များ စေလွှတ်ပေးခဲ့သည်။ စပိန်တို့မှ ၁၅၇၈တွင် စစ်ကြေညာခဲ့ပြီး ထိုစဉ်က ဘရူနိုင်း၏ မြို့တော်ဖြစ်သော ကိုတာဘာတူးအား တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ခဲ့သည်။ ထိုအကြံအစည် ဘရူနိုင်း သူကောင်းမျိုးနွယ်ဝင်ဖြစ်သော ပန်ဂီရန် ဆယ်ရီ လီလာ နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာ တို့၏ အကူအညီဖြင့် ဖြစ်သည်။ ပန်ဂီရန် ဆယ်ရီ လီလာသည် ထိုအချိန်က စပိန်ကိုလိုနီ၏ ဗဟိုချက်ဖြစ်သော မနီလာသို့ သွားရောက်ခဲ့သည်။ မနီလာသည်လည်း ဘရူနိုင်းတို့ထံမှ သိမ်းပိုက်၍ ခရစ်ယာန်ဘာသာသို့ သွတ်သွင်းပြီး မက္ကဆီကိုမြို့တော်တွင် အခြေစိုက်သော စပိန်ပြည်သစ်၏ နယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ပန်ဂီရန် ဆယ်ရီ လီလာမှ ဘရူနိုင်းအား စပိန်လက်အောက်ခံ တိုင်းပြည်အဖြစ် နေထိုင်ရန် ကမ်းလှမ်းခဲ့ပြီး သူ၏ ညီအစ်ကို တော်စပ်သူ ဆိုင်ဖူး ရီဂျယ်ထံမှ ထီးနန်းကို ပြန်လည်ရယူရန် အတွက် ဖြစ်သည်။ စပိန်တို့မှ သူတို့ အနေနှင့် ဘရူနိုင်းကို အနိုင်ရခဲ့ပါက ပန်ဂီရန် ဆယ်ရီ လီလာအား စူလတန်အဖြစ် ခန့်ထားရန်နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာ အား ဘန်ဒါဟာရာဟု ခေါ်သည့် အတိုင်ပင်ခံ ရာထူးဖြင့် ခန့်ထားရန် သဘောတူခဲ့သည်။ ၁၅၇၈ ခုနှစ် မတ်လတွင် မက္ကဆီကိုမှ စပိန်တို့၏ သင်္ဘောအုပ်စု အသစ်များ ရောက်ရှိလာပြီး ဖိလစ်ပိုင်တွင် တပ်စွဲထားခဲ့သည်။ ထိုသင်္ဘောအုပ်စုကို ဦးဆောင်သူမှာ ရေယာဉ်မှူးချုပ် ဖြစ်သော ဒီ စန်ဒီ ဖြစ်ပြီး သူသည် မနီလာမှ ဘရူနိုင်းသို့ ဦးဆောင်စစ်ချီခဲ့သည်။ ထိုသို့ ချီတက်ခဲ့ရာတွင် စပိန် နှင့် မက္ကဆီကန်လူမျိုး ၄၀၀၊ ဖိလစ်ပိုင်လူမျိုး ၄၀၀ နှင့် ဘော်နီယိုကျွန်းသား ၃၀၀ တို့ ပါဝင်သည်။ ထိုသို့ စစ်ချီရာတွင် ပစ်မှတ်မှာ တစ်ခု မကဘဲ မင်ဒါနောင်းနှင့် ဆူလူးကျွန်းတို့လည်း ပါဝင်သည်။ ခရစ်ယာန်တို့ဘက်တွင် ပါဝင်သော လူမျိုးစုများမှာ လူမျိုးပေါင်းစုံပါဝင်ပြီး စပိန်-အမေရိကန် ကပြားများ၊ လူဖြူ-လူမည်းကပြားများ နှင့် အမေရိကန် လူနီအင်ဒီးယန်းများ (အက်ဇ်တက်၊ မာယာ နှင့် အင်ကာလူမျိုးများ) တို့ပါဝင်ကာ ထိုသူများကို မက္ကဆီကိုတွင် စုဆောင်းပြီး စပိန်အရာရှိများက ဦးဆောင်ကာ ဒေသခံ ဖိလစ်ပိုင်လူမျိုးတို့နှင့် ပူးပေါင်း၍ အရှေ့တောင်အာရှတစ်ယောက် စစ်ပွဲများ ဆင်နွှဲကြခြင်း ဖြစ်သည်။ မွတ်စလင်များဘက်တွင်လည်း လူမျိုးပေါင်းစုံ​ပါဝင်သည်။ ဒေသခံ မလေး စစ်သူရဲတို့အပြင် အော့တမန် အင်ပိုင်ယာမှလည်း စစ်တပ်များကို အနီးအနားရှိ အာချေးသို့ ဆက်တိုက် ပို့လွှတ်ခဲ့သည်။ ထိုစစ်တပ်များတွင် တာ့ခ်လူမျိုးများ၊ အီဂျစ်၊ ဆွာဟီလီ၊ ဆိုမာလီ၊ဆင်ဒီ၊​ ဂူဂျာရတီ နှင့် မလာဘာလူမျိုးများ ပါဝင်သည်။ ထိုစစ်တပ်များသည် အနီးအနားရှိ ဘရူနိုင်း အစရှိသော စူလတန်ပြည်များသို့ သွားရောက်၍ တိုက်ခိုက်ရေး နည်းလမ်းသစ်များ နှင့် အမြောက်သွန်းလုပ်နည်း အစရှိသော နည်းလမ်းများကို သင်ကြားပေးခဲ့ကြသည်။ နောက်ဆုံး ၁၅၇၈ ဧပြီလ ၁၆ ရက်တွင် စပိန်တို့သည် ပန်ဂီရန် ဆယ်ရီ လီလာ နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာတို့၏ အကူအညီဖြင့် မြို့တော်ကို ကျူးကျော်ဝင်ရောက်နိုင်ခဲ့သည်။ စူလတန် ဆိုင်ဖူး ရိုင်ဂျယ် နှင့် ပန်ဒူကာ ဆယ်ရီ ဘဂါဝမ် ဆူလတန် အဘဒူ ကာဟာတို့သည် မီရာဂန်း မှတဆင့် ဂျေရူဒေါင်း အထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂျေရူဒေါင်းတွင် သူတို့သည် အနိုင်ရသော စစ်တပ်အား ဘရူနိုင်းမှ ပြန်လည်တိုက်ထုတ်ရန် စီစဉ်ခဲ့ကြသည်။ ကာလဝမ်းရောဂါနှင့် သွေးဝမ်းရောဂါ ပြန့်ပွားမှုကြောင့် သေကြေပျက်စီးမှုများပြား၍ စပိန်တို့သည် ၇၂ ရက်အကြာ ၁၅၇၈ ဇွန်လ ၂၆ ရက်တွင် ဘရူနိုင်းကို စွန့်ခွာပြီး မနီလာသို့ ပြန်ရန် ၁၅၇၈ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ ပြန်လည် မဆုတ်ခွာမီတွင် အထပ်ငါးဆင့်ရှိသော ဗလီ အား မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။ ပန်ဂီရန် ဆယ်ရီ လီလာသည် ၁၅၇၈ ခုနှစ် ဩဂုတ် သို့မဟုတ် စက်တင်ဘာလတွင် သေဆုံးခဲ့ပြီး သူ၏ စပိန်မဟာမိတ်များတွင် ဖြစ်ပွားခဲ့သော ရောဂါကြောင့် ဖြစ်နိုင်သည်။ တရားဝင် စူလတန်ဖြစ်သော သူ့အား ယခင်စူလတန်မှ အဆိပ်ခတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း သံသယ ရှိကြသည်။ ဆယ်ရီ လီလာ၏ သမီးဖြစ်သော ဘရူနိုင်း မင်းသမီး ပူထရီသည် စပိန်တို့နှင့် အတူ လိုက်ပါသွားခဲ့ပြီး သူမသည် ထီးနန်းမွေကို စွန့်လွှတ်ခဲ့သည့် အပြင် ကိုရ်အမ်ကျမ်း အရ မွတ်စလင် မဟုတ်သူနှင့် လက်ထပ်သည့် အမျိုးသမီးအား ကျောက်ခဲနှင့် ထုသတ်ရမည် ဆိုသည့် အပြစ်ပေးခြင်းကို မထေမဲ့မြင် ပြုကာ ဖိလစ်ပိုင် တာဂါးလော့ လူမျိုး ခရစ်ယာန် ဘာသာဝင် အဂူစတင် ဒီ လီဂက်ဇ်ပီ ဒီ တွန်ဒို နှင့် လက်ထပ်ခဲ့သည်။ ဒေသခံ ဘရူနိုင်းတို့ မှတ်တမ်းတင်ထားသော ကက်စတီလန် စစ်ပွဲ အဖြစ်အပျက်မှာ အမျာစုလက်ခံကြသော အဖြစ်မှ ကွဲပြားနေသည်။ ဘရူနိုင်းတို့ဘက်တွင် ကက်စတီလန် စစ်ပွဲမှာ သူရဲကောင်းပုံပြင် ဖြစ်ပြီး စပိန်တို့အား အုပ်ချုပ်သူ စူလတန်နှင့် ညီအစ်ကို တော်စပ်သူ ဘန်ဒါဟာရာ ဆာကန် မှ ထောင်ဂဏန်းမျှသော ဒေသခံ စစ်သူရဲများနှင့် အတူ စပိန်တို့အား တိုက်ထုတ်ခဲ့သည်ဟု ဖော်ပြထားသည်။ သမိုင်းပညာရှင် အများစုမှ ထိုဇာတ်လမ်းအား ရိုးရာသူရဲကောင်းပုံပြင် အဖြစ်သာ ရှုမြင်ကြပြီး ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ကြာမှသာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ ဘရူနိုင်းနိုင်ငံသည် နောက်ဆုံးတွင် မင်းမဲ့တိုင်းပြည် အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘရူနိုင်းသည် ၁၆၆၀ မှ ၁၆၇၃ အထိ ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရသည်။ ဗြိတိသျှတို့ ဝင်ရောက်စွက်ဖက်ခြင်း ဗြိတိသျှတို့သည် ဘရူနိုင်းနိုင်ငံ၏ ပြည်တွင်းရေးကို အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။ ၁၈၄၆ ဇူလိုင်လတွင် ဘရူနိုင်းပြည်အတွင်း မည်သူက စူလတန်ဖြစ်သင့်သည်ကို အငြင်းပွားရာတွင် ဗြိတိသျှတို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၁၈၈၀ ခုနှစ်များတွင် ဘရူနိုင်းအင်ပိုင်ယာသည် ပိုမို ယုတ်လျော့လာခဲ့သည်။ စူလတန်မှ ယခု ဆာရာဝပ်ဖြစ်လာမည့် နေရာအား ဂျိမ်းစ် ဘရွတ်ခ်သို့ ပေးအပ်ခဲ့ပြီး ဂျိမ်းစ်ဘရွတ်ခ်မှ စူလတန်အားကူညီ၍ သူပုန်များကို နှိမ်နင်းပေးခဲ့ကာ စူလတန်မှ ဆာရာဝပ်ပြည်ကို ထူထောင်ခွင့် ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့် အမျှ ဘရွတ်ခ် နှင့် ၎င်းကို ဆက်ခံသော သူ၏ တူတော်မောင်တို့သည် မြေများကို ထပ်မံ ငှားရမ်း၍ ၎င်းတို့နိုင်ငံအတွင်း ထပ်ပေါင်းထည့်ခဲ့သည်။ ဘရူနိုင်းတို့သည် အဖြူရောင်ရာဂျာများ ဟု ခေါ်ဆိုကြသော ဘရွတ်ခ်၏ မိသားစုသို့ နယ်မြေ အမြောက်အမြား လက်လွတ်ဆုံးရှုံးခဲ့ရသည်။ စူလတန် ဟာရှင် ဂျလီလူး အလမ် အက်ကွာမက်ဒင်မှ ဗြိတိသျှတို့အား ဘရွတ်ခ်၏ နယ်မြေထပ်မံချဲ့ထွင်မှုကို ရပ်တန့်ရန် မေတ္တာရပ်ခံခဲ့သည်။ အကာအကွယ်ပေးရေး စာချုပ် ကို ဆာ ဟျုလိုးမှ ညှိနှိုင်းပေးခဲ့ပြီး ၁၈၈၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်တွင် ဘရူနိုင်းစူလတန် အနေနှင့် ဗြိတိသျှတို့၏ ခွင့်ပြုချက်မရပဲ သူပိုင်ဆိုင်သော မည်သည့်နယ်မြေကိုမှ နိုင်ငံခြား အင်အားကြီးတိုင်းပြည်များသို့ ပေးအပ်ခွင့် သို့မဟုတ် ငှားရမ်းခွင့် မရှိကြောင်း ပါဝင်သည်။ ထို့အတွက်ကြောင့် ဗြိတိသျှတို့ အနေနှင့် ဘရူနိုင်းနိုင်ငံ၏ ပြင်ပနိုင်ငံများနှင့် ဆက်စပ်သော ကိစ္စရပ်များကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဗြိတိသျှတို့၏ အစောင့်အရှောက်ခံနိုင်ငံ အဖြစ် တည်ရှိစေခဲ့သည်မှာ ၁၉၈၄ ခုနှစ် အထိပင် ဖြစ်သည်။ ၁၈၉၀တွင် ဆာရာဝပ်ပြည်မှ ဘရူနိုင်း၏ ပန်ဒါရွမ် ပြည်နယ်ကို ၎င်းတို့ နယ်နိမိတ်အတွင်း ထည့်သွင်းရာတွင် ဗြိတိသျှတို့က မည်သို့မျှ အရေးမယူခဲ့ပေ။ သူတို့က စာချုပ်အရ ဘရူနိုင်း နှင့် ဆာရာဝပ်ပြည်ကို နိုင်ငံခြား တိုင်းပြည်ဟု အသိအမှတ် မပြုခဲ့ပေ။ နောက်ဆုံးတွင် ဆာရာဝပ်အား ဘရူနိုင်းနယ်နိမိတ်မှ ခွဲထုတ်လိုက်ခြင်းကြောင့် ဘရူနိုင်းအနေနှင့် အခုတည်ရှိသော ကုန်းမြေအသေးလေးသာ ကျန်ရှိခဲ့ပြီး နှစ်ခြမ်းကွဲသွားခဲ့သည်။ ဗြိတိသျှ အမြဲတမ်းနေထိုင်သူ စနစ်အား ၁၉၀၆ တွင် အစောင့်အရှောက်ခံ နိုင်ငံ​စာချုပ်၏ နောက်ဆက်တွဲ အနေဖြင့် စတင် ကျင့်သုံးခဲ့သည်။ ထိုသူများသည် စူလတန်အား အုပ်ချုပ်ရေး ကိစ္စအဝဝကို အကြံပေးကြသည်။ အချိန်ကြာလာသည်နှင့် အမျှ ဗြိတိသျှ နေထိုင်သူများသည် စူလတန်ထက်ပို၍ အုပ်ချုပ်ရေး အာဏာ ပိုယူလာခဲ့သည်။ အမြဲတမ်းနေထိုင်သူ စနစ်အား ၁၉၅၉ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။ ရေနံတွေ့ရှိခြင်း အရာမထင်သော ကြိုးစားမှု အချို့ ပြီးနောက် ၁၉၂၉ ခုနှစ်တွင် ရေနံအား ရှာဖွေ တွေ့ရှိခဲ့သည်။ အက်ဖ် အက်ဖ် မာရီးယော့ နှင့် တီ ဂျီ ကော့ကရိန်းတို့နှစ်ဦးသည် ၁၉၂၆ ခုနှစ် နှောင်းပိုင်းတွင် ဆီရီယာမြစ်အနီးတွင် ရေနံ၏ သဲလွန်စကို ရှာဖွေတွေရှိခဲ့သည်။ သူတို့နှစ်ဦးမှ ဘူမိရူပဗေဒပညာရှင်များအား အကြောင်းကြားခဲ့ပြီး ပညာရှင်များမှ ကွင်းဆင်းလေ့လာမှုများ ပြုခဲ့သည်။ ၁၉၂၇တွင် ထိုဒေသအတွင်း သဘာဝဓာတ်ငွေ့ စိမ့်ထွက်နေကြောင်း သတင်းရခဲ့သည်။ ဆီရီယာတွင်းအမှတ်(၁) (အက်စ်-၁) ကို ၁၉၂၈ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စတင် တူးဖော်ခဲ့သည်။ ရေနံကို တွင် ၁၉၂၉ ဧပြီလ ၅ ရက်၌ စတင် တွေ့ရှိခဲ့သည်။ ၁၉၂၉ ဩဂုတ် ၁၉ ရက်တွင် ဆီရီယာ တွင်း ၂ ကို တူးဖော်ခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ ရေနံထွက်ရှိဆဲ ဖြစ်သည်။ ၁၉၃၀ ခုနှစ်များတွင် ရေနံတွင်းများ ထပ်မံတူးဖော်၍ ရေနံထုတ်လုပ်မှု သိသာစွာ မြင့်တက်လာခဲ့သည်။​ ၁၉၄၀ ခုနှစ်တွင် ရေနံစည် ၆ သန်း အထိ ထုတ်လုပ်နိုင်ခဲ့သည်။ ဗြိတိသျှ မလာယန် ရေနံကုမ္ပဏီ (ယခု ဘရူနိုင်း ရှဲလ် ရေနံကုမ္ပဏီ) အား ၁၉၂၂ ခုနှစ် ဇူလိုင် ၂၂ တွင် တည်ထောင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပထမဆုံး ကမ်းလွန် ရေနံတွင်းကို စတင် တူးဖော်ခဲ့သည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တို့သည် ၂၀ ရာစုနှောင်းပိုင်းတွင် ဘရူနိုင်းနိုင်ငံ ဖွံဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် အခြေခံ ဖြစ်ခဲ့သည်။ ဂျပန်တို့ သိမ်းပိုက်ခြင်း ဂျပန်တို့သည် ပုလဲဆိပ်ကမ်းအား ဗုံးကြဲပြီး၍ အမေရိကန် ရေတပ်အား တိုက်ခိုက်အပြီး ရှစ်ရက်အကြာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဘရူနိုင်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ ကမ်းရန်ပင်လယ်အော်ရှိ ကာဝါဂူချီ၏ တပ်မဟာ မှ တပ်သား ၁၀,၀၀၀ သည် ဘရူနိုင်းနိုင်ငံ ကွာလာဘီလိတ် သို့ ကမ်းတက်ခဲ့ကြခြင်းဖြစ်သည်။​၆ ရက် အကြာတိုက်ခိုက်ပြီးနောက် တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။ ထိုဒေသရှိ တစ်ခုတည်းသော မဟာမိတ်တပ်မှာ ဆာရာဝပ်ပြည်နယ်၊​ကူချင်းတွင် အခြေစိုက်သော ပန်ဂျပ်ရယ်ဂျီမင့် တပ်မ ၁၅ ၏ တပ်ရင်း အမှတ် ၂ သာ ဖြစ်သည်။ ဂျပန်တို့သည် ဘရူနိုင်းကို သိမ်းပိုက်ပြီးနောက် ဘရူနိုင်း စူလတန်ဘုရင် အာမက် တာဂျတ်ဒင်း နှင့် နိုင်ငံကို အုပ်ချုပ်ရန် သဘောတူညီချက် ရယူခဲ့သည်။ အင့်ချ်အီဘရာဟင် (နောက်တွင် ပီဟင် ဒါတု ပါဒါနာ မန်တာရီ ဒါတို လိုင်လာ အူတားမား အာဝမ် ဟာဂျီ အီဘရာဟင် ဟု ခေါ်ကြသည်)သည် ဗြိတိသျှ အုပ်ချုပ်ရေးအရာရှိဖြစ်သော အားနပ်စ် အက်ဂါ ပန်ဂေးလီ ၏ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ဂျပန်ဘုရင်ခံချုပ်က အုပ်ချုပ်ရေးအရာရှိချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ ဂျပန်တို့သည် ပန်ဂေးလီ အား ၎င်းတို့၏ အုပ်ချုပ်ရေးတွင် ရာထူးကို ဆက်လက် ရယူရန် ကမ်းလှမ်းသော်လည်း သူက ငြင်းဆိုခဲ့သည်။​ သူနှင့် အခြားသော ဗြိတိသျှနိုင်ငံသားတို့က ဂျပန်တို့က ဆာရာဝပ်ရှိ ဘာတူး လင်တန် အကျဉ်းစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။​ ဗြိတိသျှ အရာရှိတို့အား ဂျပန်တို့၏ စောင့်ကြပ်ကြည့်ရှုခြင်း ခံနေရသော်လည်း အီဘရာဟင်မှ တစ်ဦးချင်းကို လက်ဆွဲနှုတ်ဆက်၍ သာစေမာစေကြောင်း ဆုတောင်းခဲ့သည်။ စူလတန်မှ ဂျပန်တို့လက်အောက်တွင် ထီးနန်းကို ဆက်လက် ဆက်ခံနေခဲ့ပြီး ဂျပန်တို့က ပင်စင်လစာပေး၍ လေးစားသမှု ပြခဲ့သည်။ ဂျပန်တို့ အုပ်ချုပ်ရေး နှောင်းပိုင်းတွင် သူသည် လင်ဘန်းရှိ တန်တူယာတွင် နေထိုင်ခဲ့ပြီး ဂျပန်တို့နှင့် အနည်းငယ်သာ အဆက်အဆံ ရှိခဲ့သည်။​မလေး အစိုးရ အရာရှိ အများစုအား ဂျပန်တို့က ဖမ်းဆီးခဲ့သည်။ ဘရူနိုင်း၏ အုပ်ချုပ်ရေးအား ဗြိတိသျှ ဘော်နီယို အပါအဝင် ဒေသ ၅ ခု အဖြစ် ပြန်လည်ဖွဲ့စည်းခဲသည်။ ထိုဒေသ ၅ ခုတွင် ဘာရမ်၊​လာဘွမ်၊​လာဝပ်စ် နှင့် လင်ဘန်းတို့ ပါဝင်သည်။ ဂျပန်တို့ သိမ်းပိုက်စဉ်ကာလ အတွင် အီဘရာဟင်သည် အရေးကြီးသော အစိုး စာရွက်စာတမ်းအမျိုးမျိုးကို ဖွက်ထားခဲ့သည်။ ပန်ဂီယမ် ယူစွတ် (နောက်တွင် ဝိုင်အေအမ် ဆယ်တီယာ နီဂါရာ ပန်ဂီယမ်) အား အခြားသော ဘရူနိုင်း လူမျိုးတို့နှင့် အတူ ဂျပန်သို့ သင်တန်းတက်ရန် စေလွှတ်ခဲ့သည်။ ဟီရိုရှီးမား ဗုံးကြဲခံရစဉ် အချိန်က ယူစွပ်သည် ထိုဒေသတွင် ရှိခဲ့သော်လည်း အသက်မသေဘဲ​ရှင်ကျန်ရစ်သည်။ ဗြိတိသျှတို့သည် ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်မည်ကို မျှော်လင့်ထားသော်လည်း ဥရောပတွင် စစ်ဆင်နွှဲနေခြင်းကြောင့် ထိုဒေသကို ကာကွယ်ရန် အင်အား မရှိခဲ့ပေ။ ပန်ဂျပ် ရယ်ဂျီမင့်၏ တပ်ရင်းများသည် ဆယ်ရီယာ ရေနံမြေရှိ ရေနံတွင်းများကို ၁၉၄၁ စက်တင်ဘာတွင် ကွန်ကရစ်လောင်းချ ပိတ်ဆို့ခဲ့ပြီး ဂျပန်တို့ အသုံးမပြုနိုင်ရန် ပြုလုပ်ခဲ့သည်။ ဂျပန်တို့ မလာယာသို့ ကျူးကျော်ဝင်ရောက်သည့် အခါတွင် ကျန်ရှိနေသော စက်ပစ္စည်းများနှင့် တပ်ဆင်ထားသည်များကို ဖျက်ဆီးပစ်ခဲ့သည်။ စစ်ပြီးနောက်တွင် မီရီ နှင့် ဆယ်ရီယာရှိ ရေနံတွင်း ၁၆တွင်းကို ပြန်လည်စတင်ခဲ့ပြီး ထုတ်လုပ်မှုမှာ စစ်မဖြစ်ခင် အချိန်က ထွက်နှုန်း၏ တစ်ဝက် အထိ ရောက်ရှိခဲ့သည်။ မွာရာတွင် ကျောက်မီးသွေးထုတ်လုပ်ရန် လုပ်ဆောင်ခဲ့သော်လည်း ထင်သလောက် မအောင်မြင်ခဲ့ပေ။ ဂျပန်တို့ သိမ်းပိုက်ထားစဉ် ကာလအတွင်း ဂျပန်တို့သည် ၎င်းတို့၏ ဘာသာစကားကို ကျောင်းများတွင် သင်ကြားခဲ့ပြီး အစိုးရ အရာရှိများကိုလည်း ဂျပန်စာ သင်ခိုင်းခဲ့သည်။ နိုင်ငံသုံး ငွေကြေးအား ဒူရစ် ပီဆန် (ငှက်ပျောသီး ပိုက်ဆံ) စု ခေါ်ကြသော ဂျပန်ပိုက်ဆံဖြင့် အစားထိုးခဲ့သည်။​၁၉၄၃ ခုနှစ်မှစ၍ ငွေကြေးဖောင်းပွမှု မတန်တဆ မြင့်တက်ခြင်းကြောင့် ငွေကြေးတန်ဖိုးကို ပျက်စီးစေခဲ့ပြီး စစ်ပြီးသော အခါတွင် ထိုပိုက်ဆံမှာ တန်ဖိုး မရှိတော့ပေ။ သင်္ဘောဖြင့် ကုန်သွယ်ခြင်းကို မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့သဖြင့် ကုန်သွယ်မှု နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ အစားအစာနှင့် ဆေးဝါး ရှားပါးသွားခဲ့ပြီး ပြည်သူများမှာ ငတ်မွတ်မှု နှင့် ရောဂါဘယများကို ကြုံတွေ့ခဲ့ရသည်။ ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပြေးလမ်းများကို ဂျပန်တို့ သိမ်းပိုက်ထားစဉ်ကာလအတွင်း ဂျပန်တို့မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၂တွင် ဂျပန် ရေတပ်စခန်းများသည် ဘရူနိုင်း ပင်လယ်အော် နှင့် လာဘွမ်းတွင် အခြေစိုက်ခဲ့ကြသည်။ ရေတပ်အခြေစိုက်စခန်းများမှာ မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော်လည်း လေဆိပ်ပြေးလမ်းမှာ မပျက်စီးဘဲ ကျန်ရှိသည်။ ထိုနေရာအား အများပြည်သူသုံး လေယာဉ်ကွင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့သည်။ ၁၉၄၄ တွင် မဟာမိတ်တို့မှ သိမ်းပိုက်ထားသော ဂျပန်များကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့၏ အစိတ်အပိုင်း အတော်များများ နှင့် ကွာလာဘာလိတ်တို့ ပျက်စီးခဲ့ရသော်လည်း ကမ်ပေါင်းအေရာမှာ မပျက်မစီး ကျန်ရှိခဲ့သည်။ ၁၉၄၅ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ဩစတြေးလျ တပ်မ ၉ သည် အိုဘိုး အမှတ် (၆) စစ်ဆင်ရေးဖြင့် မွာရာသို့ တက်ရောက်ခဲ့ပြီး ဂျပန်တို့ထံမှ ဘော်နီယိုကျွန်းကို ပြန်လည် သိမ်းပိုက်ခဲ့သည်။ ၎င်းတို့အား အမေရိကန်တို့၏ လေတပ် နှင့် ရေတပ်များမှ ကူညီ တိုက်ခိုက်ပေးခဲ့သည်။ ဘရူနိုင်းမြို့အား အပြင်းအထန် ဗုံးကြဲချပြီးနောက် သုံးရက်အကြာ အပြင်းအထန် တိုက်ခိုက်အပြီးတွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ဗလီ အပါအဝင် အဆောက်အဦး အများအပြား ပျက်စီးခဲ့ရသည်။ ဗိုလ်မှူးချုပ် မာဆာအို ဘာဘာ၏ လက်အောက်ရှိ ဘရူနိုင်း၊ ဘော်နီယို နှင့် ဆာရာဝပ်မှ ဂျပန်တပ်များသည် ၁၉၄၅ စက်တင်ဘာလ ၁၀ ရက်တွင် တရားဝင် လက်နက်ချခဲ့သည်။ ဗြိတိသျှ စစ်တပ် အုပ်ချုပ်ရေးအဖွဲ့ သည် ဂျပန်တို့ထံမှ အုပ်ချုပ်ရေးကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၄၆ ခုနှစ် ဇူလိုင်လ အထိ ဆက်လက်အုပ်ချုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီး ကာလ ဒုတိယကမ္ဘာစစ် အပြီးတွင် ဗြိတိသျှ စစ်တပ်အုပ်ချုပ်ရေးအဖွဲ့ (ဘီအမ်အေ) ၏ လက်အောက်တွင် အစိုးရ အသစ်ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဩစတြေးလျ အရာရှိများနှင့် စစ်သားများ အဓိက ပါဝင်သည်။ ဘရူနိုင်း၏ အုပ်ချုပ်ရေးအား အရပ်သားအုပ်ချုပ်ရေးသို့ ၁၉၄၅ ခုနှစ် ဇူလိုင် ၆ ရက်တွင် လွှဲပြောင်းပေးခဲ့သည်။ ဘရူနိုင်း နိုင်ငံတော် ကောင်စီသည်လည်း ထိုနှစ်တွင် ပြန်လည် အသက်ဝင်လာခဲ့သည်။ ဘီအမ်အေ၏ အဓိကတာဝန်မှာ ဂျပန်တို့ သိမ်းပိုက်ထားစဉ်ကာလက အကြီးအကျယ် ပျက်စီးသွားခဲ့သော ဘရူနိုင်း၏ စီးပွားရေးကို ပြန်လည် အသက်သွင်းရန် ဖြစ်သည်။ ထို့အပြင် သူတို့သည် ဂျပန်တို့ စစ်မရှုံးမီ မီးရှို့ပစ်ခဲ့သော ဆယ်ရီယာရှိ ရေနံတွင်းများတွင် လောင်ကျွမ်းနေသော မီးကိုလည်း ငြိမ်းသတ်ရသည်။ ၁၉၄၁ မတိုင်မီက စင်ကာပူတွင် အခြေစိုက်သော ရေလက်ကြားဒေသ ဘုရင်ခံချုပ်သည် ဘရူနိုင်း၊ ဆာရာဝပ်ပြည် နှင့် မြောက်ဘော်နီယို (ယခု ဆာဘားပြည်နယ်) တို့ရှိ ဗြိတိသျှ မဟာမင်းကြီး၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဘရူနိုင်းရှိ ပထမဆုံး ဗြိတိသျှ မဟာမင်းကြီးမှာ ဆာရာဝပ်၏ ဘုရင်ခံချုပ် ဆာ ချားလ် အာဒန် ကလပ်ခ် ဖြစ်သည်။ ဘာရစ်ဆန် ပါမျူဒါ (လူငယ်လှုပ်ရှားမှု) သည် ၁၉၄၆ ဧပြီလ ၁၂ ရက် တွင် ဘရူနိုင်း၌ ပထမဆုံး တည်ထောင်ခဲ့သော ပါတီ ဖြစ်သည်။ ပါတီ၏ ရည်ရွယ်ချက်မှာ "စူလတန်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန် နှင့် ဒေသခံ မလေးလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်ရန်" အတွက် ဖြစ်သည်။ ပါတီသည် နိုင်ငံတော် သီချင်း ရေးစပ်ရာတွင်လည်း အဓိက ပါဝင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် လှုပ်ရှားမှု မရှိသောကြောင့် ပါတီကို ဖျက်သိမ်းခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဘရူနိုင်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲခဲ့ပြီး ဘရူနိုင်းကို မိမိဘာသာ အုပ်ချုပ်သော နိုင်ငံအဖြစ် ကြေညာခဲ့သော်လည်း နိုင်ငံခြား ဆက်ဆံရေး၊ လုံခြုံရေး နှင့် ကာကွယ်ရေး ကိစ္စရပ်များမှာမူ ယူနိုက်တက် ကင်းဒမ်း၏ တာဝန်အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ဘရူနိုင်း အုံကြွမှုဟု ခေါ်သော ပုန်ကန်မှု အသေးစားတစ်ခု ၁၉၆၂ တွင် ပေါ်ပေါက်ခဲ့ပြီး ယူကေ၏ အကူအညီဖြင့် နှိမ်နင်းခဲ့သည်။ ထို့အတွက်ကြောင့် မြောက်ဘော်နီယို ဖက်ဒရေးရှင်း တည်ထောင်ရန် အကြံအစည် ပျက်ပြားခဲ့ရသည်။ ပုန်ကန်မှုသည် မလေးရှား ဖက်ဒရေးရှင်းတွင် ဘရူနိုင်း မပါဝင်ဘဲ ကျန်နေခဲ့သည့် ဆုံးဖြတ်ချက်ကို ဖြစ်စေခဲ့သည်။ ဘရူနိုင်းသည် ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ယူနိုက်တက်ကင်းဒမ်းမှ လွတ်လပ်ရေး ရခဲ့သည်။ နိုင်ငံ၏ လွတ်လပ်ရေးအတွက် ဆင်နွဲသော တရားဝင်အမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၃ တွင် ကျင်းပလေ့ ရှိသည်။ အခြေခံဥပဒေ ရေးဆွဲခြင်း ၁၉၅၃ ခုနှစ် ဇူလိုင်လတွင် စူလတန် တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန် သည် "တူဂျာ ဆယ်ရန်ကိုင်း" ဟု ခေါ်သော အဖွဲ့ဝင် ၇ ဦးပါဝင်သည့် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဘရူနိုင်းအတွက် အခြေခံဥပဒေ ရေးဆွဲရန် ပြည်သူတို့၏ အမြင်ကို သိရှိစေရန်အတွက် ဖြစ်သည်။ ၁၉၅၄ ခုနှစ် မေလတွင် စူလတန်၊ အုပ်ချုပ်ရေး အရာရှိ နှင့် မဟာမင်းကြီးတို့သည် ကော်မတီ၏ လေ့လာတွေ့ရှိချက်များကို ဆွေးနွေးခဲ့ကြသည်။ သူတို့သည် အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရန် အတွက် ခွင့်ပြုရန် သဘောတူညီခဲ့ကြသည်။ ၁၉၅၉ ခုနှစ် မတ်လတွင် စူလတန် တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန်သည် လန်ဒန်သို့ သွားရောက်၍ အဆိုပြုထားသော အခြေခံ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ဗြိတိသျှတို့၏ ကိုယ်စားလှယ်အဖွဲ့ကို ကိုလိုနီများ၏ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သော ဆာ အလန် လန်နော့-ဘွိုက် မှ ဦးဆောင်ခဲ့သည်။ နောက်တွင် ဗြိတိသျှ အစိုးရမှ အခြေခံ ဥပဒေ မူကြမ်းကို လက်ခံခဲ့သည်။ ၁၉၅၉ ခုနှစ် စက်တင်ဘာ ၂၉ တွင် အခြေခံ ဥပဒေ နှင့် ပတ်သက်သော သဘောတူညီချက်ကို ဘရူနိုင်းမြို့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထိုသဘောတူညီချက်အား စူလတန် တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန် နှင့် အရှေ့တောင်အာရှ၏ မဟာမင်းကြီးချုပ် ဆာ ရောဘတ် စကော့တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်တွင် အောက်ပါ အချက်များ ပါဝင်သည်။ စူလတန်အား နိုင်ငံတော်၏ ဥသျှောင် အဖြစ် ထားရှိရန် ဘရူနိုင်းသည် နိုင်ငံတွင်း အုပ်ချုပ်ရေး ကိစ္စရပ်များတွင် တာဝန်ယူရန် ဗြိတိသျှ အစိုးရသည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များ အတွက်သာ တာဝန်ယူရန် အုပ်ချုပ်ရေး အရာရှိ ရာထူးကို ပယ်ဖျက်၍ ဗြိတိသျှ မဟာမင်းကြီး ရာထူးဖြင့် အစားထိုးရန် အောက်ပါ ကောင်စီ ၅ ခုကို ဖွဲ့စည်းခဲ့သည်။ အုပ်ချုပ်ရေး ကောင်စီ ဘရူနိုင်း ဥပဒေ ပြုရေး ကောင်စီ ပရိုင်ဗီ ကောင်စီ အာဏာလွှဲပြောင်း ဆက်ခံရေး ကောင်စီ နိုင်ငံတော် ဘာသာရေးကောင်စီ နိုင်ငံတော် ဖွံဖြိုးရေး အစီအစဉ်များ ဘရူနိုင်းနိုင်ငံ၏ ၂၈ ယောက်မြောက် စူလတန်ဖြစ်သော တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန်သည် နိုင်ငံတော် ဖွံ့ဖြိုးရေး အစီအစဉ်များကို ဆက်တိုက် စတင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ပထမ တစ်ခုကို စတင်ခဲ့သည်။ ဘရူနိုင်းနိုင်ငံတော် ကောင်စီမှ ဘရူနိုင်း ဒေါ်လာ သန်း ၁၀၀ ကို ခွင့်ပြုပေးခဲ့ပြီး ဖီဂျီရှိ ကိုလိုနီရုံးမှ အီး အာရ် ဘီဗင်တန် အား အကောင်အထည် ဖော်ရန် တာဝန် ပေးအပ်ခဲ့သည်။ ထိုအစီအစဉ်ဖြင့် အမေရိကန် ဒေါ်လာ ၁၄ သန်းတန်သော သဘာဝဓာတ်ငွေ့ စက်ရုံကို တည်ဆောက်ခဲ့သည်။ ၁၉၅၄ တွင် ဘရူနိုင်း ရှဲလ် ရေနံကုမ္ပဏီမှ ကုန်းတွင်း နှင့် ကမ်းလွန် ရေနံမြေများတွင် ကွင်းဆင်းတိုင်းတာခြင်း နှင့် ရှာဖွေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ထုတ်လုပ်မှုသည် တစ်ရက်လျှင် ရေနံစည် ၁၁၄,၇၀၀ အထိ ရောက်ရှိခဲ့သည်။ ထိုအစီအစဉ်သည် အများပြည်သူဆိုင်ရာ ပညာရေးနှင့် ပတ်သက်၍လည်း ဖွံ့ဖြိုးရေး အစီအစဉ်များကို ပံ့ပိုးပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပညာရေးအတွက် အသုံးစရိတ်မှာ စုစုပေါင်း ၄ သန်း အထိ ရှိလာသည်။ လမ်းအသစ်များကို ဖောက်လုပ်ခဲ့ပြီး ဘီရာကက် လေဆိပ်ကို ၁၉၅၄ ခုနှစ်တွင် ပြန်လည် တည်ဆောက် ပြီးစီးခဲ့သဖြင့် ပို့ဆောင်ဆက်သွယ်ရေးမှာ တိုးတက်လာခဲ့သည်။ ဒုတိယမြောက် နိုင်ငံတော် ဖွံ့ဖြိုးရေး အစီအစဉ်ကို ၁၉၆၂ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အဓိကကျသော ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုတွေ့ရှိမှုကြောင့် သဘာဝဓာတ်ငွေ့ရည်မှာ အရေးပါ လာခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ထိုစဉ်မှစ၍ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ထိုအစီအစဉ် အရ နိုင်ငံသားတို့ စားသုံးရန် အသားနှင့် ဥများ ထုတ်လုပ်ရေးကိုလည်း တိုးချဲ့ခဲ့သည်။ ထိုအစီအစဉ် အကောင်အထည်ဖော်နေစဉ်ကာလတွင် ငါးလုပ်ငန်း၏ ထွက်နှုန်းမှာ ၂၅% အထိ မြင့်တက်လာခဲ့သည်။ ထိုအချိန်အတွင်း မွာရာတွင် ရေနက်ဆိပ်ကမ်းကို တည်ဆောက်ခဲ့သည်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အလျဉ်မီအောင် ထုတ်လုပ်နိုင်ခဲ့ပြီး ကျေးလက်ဒေသများတွင်လည်း လျှပ်စစ်မီး ပေးရန် လေ့လာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ အကူအညီဖြင့် ငှက်ဖျားနှင့် အခြားကူးစက်တတ်သော ရောဂါများကို လျှော့ချ ရှင်းလင်းနိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ငှက်ဖျားရောဂါ တွေ့ရှိမှု ၃၀၀ မှ ၁၉၅၉ ခုနှစ်တွင် ၆၆ ခု အထိ လျှော့ချနိုင်ခဲ့သည်။ သေဆုံးမှုအား ၁၉၄၇တွင် လူ ၁,၀၀၀ လျှင် ၂၀ မှ ၁၉၅၃ တွင် လူ ၁,၀၀၀ လျှင် ၁၁.၃ ယောက် အထိ လျှော့ချနိုင်ခဲ့သည်။အများပြည်သူဆိုင်ရာ မိလ္လာစနစ်၊ ရေမြောင်းများကို ကောင်းမွန်အောင် လုပ်ဆောင်ခြင်း နှင့် ပြည်သူများသို့ ရေပိုက်ဖြင့် ရေပေးဝေခြင်း တို့ဖြင့် ကူးစက်ရောဂါများကို တားဆီးနိုင်ခဲ့သည်။ လွတ်လပ်ရေး ရခြင်း ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် စူလတန် ဟာဆန်နယ် ဘိုလ်ကယား သည် လန်ဒန်သို့ သွားရောက်ခဲ့ပြီး ၁၉၅၉ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန် ကိစ္စရပ်များကို သွားရောက်ဆွေးနွေးခဲ့သည်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူညီချက် အသစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဗြိတိသျှဘက်မှ အန်သိုနီ ရွိုင်းက ကိုယ်စားလှယ် အဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်အရ အောက်ပါ အချက်များကို သဘောတူညီခဲ့ကြသည်။ ဘရူနိုင်းအား ပြည်တွင်း အုပ်ချုပ်ခွင့် အပြည့်အဝ ပေးရန် ယူကေ အနေနှင့် နိုင်ငံခြားရေး ကိစ္စရပ်များနှင့် ကာကွယ်ရေး ကိစ္စများကို ဆက်လက် တာဝန်ယူရန် လုံခြုံရေးနှင့် ကာကွယ်ရေးတို့နှင့် ပတ်သက်၍ ဘရူနိုင်းနှင့် ယူကေတို့ ပူးပေါင်းဆောင်ရွက်ရန် တို့ ဖြစ်ကြသည်။ ထိုသဘောတူညီချက်ကြောင့် ဂေါ်ရခါးတပ်များကို ဘရူနိုင်းတွင် တပ်စွဲစေခဲ့ပြီး ယနေ့တိုင် ရှိနေဆဲ ဖြစ်သည်။ ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ယူနိုက်တက် ကင်းဒမ်းနှင့် ဘရူနိုင်းတို့ အကြား နောက်ထပ် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ လော့ဒ် ဂိုရွန်ဝီ-ရောဘတ်က ယူကေ၏ ကိုယ်စားလှယ် အဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်မှ ဘရူနိုင်းအား နိုင်ငံတကာဆိုင်ရာ တာဝန်များကို လွတ်လပ်သော နိုင်ငံအဖြစ် လွှဲပြောင်းရယူရန် ဖြစ်သည်။ ဗြိတိသျှတို့မှ သံတမန်ရေးရာ ကိစ္စရပ်များတွင် ဘရူနိုင်းအား ကူညီရန် သဘောတူညီခဲ့သည်။ ၁၉၈၃ ခုနှစ် မေလတွင် ဘရူနိုင်းအား ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ လွတ်လပ်ရေးပေးရန် ယူကေမှ ကြေညာခဲ့သည်။ ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အဓိက ဗလီများတွင် နိုင်ငံ၏ ပြည်နယ် ၄ ခုစလုံးမှ လူများ စုဝေးခဲ့ကြပြီး ညသန်းခေါင်ယံ ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ ရက် သို့ ရောက်သောအခါ စူလတန် ဟာဆန်နယ် ဘိုလ်ကယားမှ လွတ်လပ်ရေး ကြေညာချက်ကို ဖတ်ကြားခဲ့သည်။ စူလတန်မှ ဆက်တိုက်ပင် ယခင်က တော်ဝင်မင်းသား အဖြစ်မှ ဘုရင်ဘွဲ့ကို ခံယူခဲ့သည်။ ဘရူနိုင်းသည် ၁၉၈၄ ခုနှစ် စက်တင်ဘာ ၂၂တွင် ကုလသမဂ္ဂ၏ ၁၅၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ၂၁ရာစုနှစ် ၂၀၁၃ ခုနှစ် အောက်တိုဘာ တွင် စူလတန် ဟာဆန်နယ် ဘိုလ်ကယားသည် ရှာရီယာဥပဒေမှ ရာဇဝတ် ပုဒ်မများကို နိုင်ငံရှိ သုံးပုံ နှစ်ပုံမျှသော မွတ်စလင်ပြည်သူများသို့ သက်ရောက်စေမည်ဟု ကြေညာခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းကို အဆင့် ၃ ဆင့်ဖြင့် ဖော်ဆောင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ကို ၂၀၁၆ တွင် ဖော်ဆောင်မည်ဟု ကြေညာခဲ့သဖြင့် ဘရူနိုင်းအား အရှေ့အာရှတွင် ရာဇဝတ်ပုဒ်မများအတွင်းသို့ ရှာရီယာ ဥပဒေ ထည့်သွင်းသော ပထမဆုံး နှင့် တစ်ခုတည်းသော နိုင်ငံ ဖြစ်လာစေခဲ့သည်။ ထိုလုပ်ဆောင်ချက်ကြောင့် နိုင်ငံတကာမှ ဝေဖန်ခဲ့ကြပြီး ကုလသမဂ္ဂမှ အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပထဝီဝင် ဘရူနိုင်းသည် အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်ပြီး ဆက်စပ်မနေသော အပိုင်း နှစ်ပိုင်းပါဝင်ကာ စုစုပေါင်း ဧရိယာမှာ ဘော်နီယိုကျွန်းပေါ်တွင် မျှ ရှိသည်။ တောင်တရုတ်ပင်လယ်နှင့် ဆက်စပ်နေသာ ကမ်းရိုးတန်းအရှည် မျှ ရှိပြီး မလေးရှားနှင့် ထိစပ်နေသော နယ်နိမိတ် မျှ ရှိသည်။ ရေပိုင်နက်မှာ ရှိပြီး သီးသန့် စီးပွားရေးဇုန်မှာ မျှ ရှိသည်။ ၉၇% သော လူဦးရေမှာ ကျယ်ပြန့်သော အနောက်ပိုင်းဒေသများ ဖြစ်ကြသော ဘီလိတ်ပြည်နယ်၊ တူတောင်းပြည်နယ် နှင့် ဘရူနိုင်း-မွာရာ တို့တွင် နေထိုင်ကြပြီး လူဦးရေ ၁၀,၀၀၀ မျှသာ တောင်ထူထပ်သော အရှေ့ပိုင်းဒေသဖြစ်သည့် တမ်ဘူရောင်းပြည်နယ်တွင် နေထိုင်ကြသည်။ ၂၀၁၀ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၏ စုစုပေါင်း လူဦးရေမှာ ၄၀၈,၀၀၀ ခန့် ရှိပြီး ၁၅၀,၀၀၀ ခန့်မှာ မြို့တော်ဖြစ်သော ဘန်ဒါဆရီဘဂါဝမ်မြို့ တွင် နေထိုင်ကြသည်။ အခြားမြို့ကြီးများမှာ ဆိပ်ကမ်းမြို့ဖြစ်သော မွာရာမြို့၊ ရေနံထုတ်လုပ်သည့် မြို့ဖြစ်သော ဆယ်ရီယာမြို့နှင့် ၎င်း၏ အိမ်နီးချင်းမြို့ဖြစ်သော ကွာလာဘီလိတ်မြို့တို့ ဖြစ်ကြသည်။ ဘီလိတ်ပြည်နယ်တွင် ပန်နာဂါဒေသသည် ဥရောပမှ ရွှေ့ပြောင်းလုပ်ကိုင်သူများ နေထိုင်ရာဒေသဖြစ်ပြီး တော်ဝင်ဒတ်ချ်ရှဲလ် ကုမ္ပဏီ နှင့် ဗြိတိသျှစစ်တပ် အိမ်ရာများ ရှိသောကြောင့် ဖြစ်သည်။ အချို့သော အပန်းဖြေရာနေရာများမှာ ထိုဒေသတွင် ရှိသည်။ ဘရူနိုင်း၏ အစိတ်အပိုင်း အတော်များများသည် ဘော်နီယို အနိမ့်ပိုင်း မိုးသစ်တော ဇီဝရပ်ဝန်း အတွင်း တည်ရှိပြီး ထိုသစ်တောများမှ ကျွန်း၏ အစိတ်အပိုင်း အတော်များများကို ဖုံးလွှမ်းထားသည်။ တောင်တန်းမိုးသစ်တောများမှာ ကုန်းတွင်းတွင် တည်ရှိသည်။ ရာသီဥတု ဘရူနိုင်းနိုင်ငံ၏ ရာသီဥတုသည် အပူပိုင်းအီကွေတာ ရာသီဥတုမျိုး ဖြစ်ပြီး အပူပိုင်းမိုးသစ်တော ရာသီဥတု အမျိုးအစား ဖြစ်သည်။ အပူပိုင်းဇုံဒေသကြား အပြောင်းအလဲများ ပေါ်တွင် ပိုမိုမူတည်ပြီး ကုန်သည်လေများပေါ်တွင် မူတည်ခြင်း မရှိပေ။ ဆိုင်ကလုန်းမုန်တိုင်း မရှိသလောက် ရှားသည်။ ဘရူနိုင်းသည် အခြားသော အာဆီယံနိုင်ငံများနည်းတူ ရာသီဥတု အပြောင်းအလဲ သက်ရောက်မှုအပေါ် စိုးရိမ်ရသည့် အနေအထား ရှိသည်။ နိုင်ငံရေးနှင့် အစိုးရ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံရေးကို အခြေခံဥပဒေ နှင့် တိုင်းပြည်၏ ရိုးရာဖြစ်သော မလေးအစ္စလာမ် ဘုရင်စနစ် တို့ဖြင့် အုပ်ချုပ်သည်။ မလေးအစ္စလာမ် ဘုရင်စနစ်တွင် မလေးယဉ်ကျေးမှု၊ အစ္စလာမ်ဘာသာ နှင့် ဘုရင်၏ လက်အောက်မှ နိုင်ငံရေးစနစ်တို့ ပါဝင်သည်။ အင်္ဂလိပ် ဓလေ့ထုံးတမ်း ဥပဒေ အပေါ် အခြေခံသည့် ဥပဒေ စနစ် ရှိပြီး အချို့သော ကိစ္စရပ်များတွင် အစ္စလာမ် ဥပဒေ ("ရှာရီယာ") က လွှမ်းမိုးသည်။ လွှတ်တော် ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပခြင်း မရှိပေ။ ဘရူနိုင်းနိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲကို ၁၉၆၂ ခုနှစ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဘရူနိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒအရ ဘုရင် ပါဒူကာ ဆယ်ရီ ဘာဂင်ဒါ စူလတန် ဟာဂျီ ဟာဆန်နယ် ဘိုလ်ကယား မူအီဇက်ဒင် ဝတ်ဒ်ဒေါလာ မှာ နိုင်ငံခေါင်းဆောင်ဖြစ်ပြီး အုပ်ချုပ်ရေး အာဏာ အပြည့်အဝ ရှိသည်။ ၁၉၆၂ ခုနှစ်မှစ၍ အာဏာတွင် အရေးပေါ် အာဏာ ပါရှိပြီး နှစ်နှစ်တစ်ကြိမ် သက်တမ်းတိုးသည်။ ဘရူနိုင်းသည် ၁၉၆၂ ခုနှစ် ဘရူနိုင်း အုံကြွမှု ဖြစ်သည့် အချိန်မှစ၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။ ဟာဆန်နယ် ဘိုလ်ကယား ဘုရင်သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး နေရများကိုပါ ရယူထားရှိသည်။ တော်ဝင်မိသားစုသည် ဘရူနိုင်းတွင် လူအများ လေးစားရသော အနေအထား ရှိသည်။ နိုင်ငံခြားဆက်ဆံရေး ၁၉၇၉ ခုနှစ် မတိုင်ခင်အချိန်အထိ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို ယူနိုက်တက်ကင်းဒမ်း အစိုးရက စီမံခန့်ခွဲသည်။ ၁၉၇၉ ခုနှစ်မှသာ ဘရူနိုင်း သံတမန်ဆက်ဆံရေး ဌာနက စီမံခန့်ခွဲခြင်း ဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် ဌာန မှ ဝန်ကြီးဌာန အဖြစ် ပြောင်းလဲခဲ့ပြီး ယခုအခါ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အဖြစ် လူသိများသည်။ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ အောက်ပါအတိုင်း ဖြစ်သည်။ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏ၊ သမာဓိ နှင့် လွတ်လပ်ရေး တို့ကို အပြန်အလည်လေးစားမှု ရှိသည်။ နိုင်ငံများအကြား ရင်းနှီးချစ်ကြည်မှုကို ထိန်သိမ်းသွားမည်။ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်း မပြု။ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် တည်ငြိမ်ရေး တို့ကို ထိန်းသိမ်းသွားမည်။ ယူနိုက်တက်ကင်းဒမ်းနှင့် မူလအစကတည်းက ဆက်ဆံရေး ရှိသဖြင့် လွတ်လပ်ရေးရပြီးသော ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်ပင် ဓနသဟာယနိုင်ငံများအဖွဲ့၏ ၄၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ဒေသတွင်း ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန် အစကနဦး ခြေလှမ်းအဖြစ် ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဆဋ္ဌမမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အချုပ်အခြာအာဏာ နှင့် လွတ်လပ်ရေးကို နိုင်ငံတကာမှ အသိအမှတ်ပြုစေရန် ထိုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ကုလသမဂ္ဂ သို့ ဝင်ရောက်ခဲ့သည်။ အစ္စလာမ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သဖြင့် ၁၉၈၄ ဇန်နဝါရီလတွင် ဘရူနိုင်းသည် အပြည်ပြည်ဆိုင်ရာ အစ္စလာမ် ကွန်ဖရင့် (ယခု အပြည်ပြည်ဆိုင်ရာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ သို့ အိုအိုင်စီ) သို့ မော်ရိုကိုနိုင်ငံတွင် ကျင်းပေသာ စတုတ္ထမြောက် အစ္စလာမ် ထိပ်သီးအစီးအဝေးတွင် ဝင်ရောက်ခဲ့သည်။ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အေးပက်) သို့ ၁၉၈၉ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီးနောက် ဘရူနိုင်းသည် အေးပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးပွဲကို ၂၀၀၀ ခုနှစ်တွင် လည်ကောင်း၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်ကို ၂၀၀၂ ဇူလိုင်လတွင် လည်းကောင်း အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။၁၉၉၅ ဇန်နဝါရီ ၁ ရက်တွင် ဘရူနိုင်းသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တည်ထောင်ရာတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ BIMP-EAGA ဟု ခေါ်သော ဘရူနိုင်း-အင်ဒိုနီးရှား-မလေးရှား-ဖိလစ်ပိုင် အရှေ့အာဆီယံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဧရိယာ အား ၁၉၉၄ ခုနှစ် မတ်လ ၂၄ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ ဒါဗောင်းမြို့ရှိ ဝန်ကြီးများ အစည်းအဝေးတွင် တည်ထောင်ပြီးနောက် အဓိက လှုပ်ရှားသူ တစ်ဦး ဖြစ်လာခဲ့သည်။ ဘရူနိုင်းနိုင်ငံသည် စင်ကာပူနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် နီးစပ်သော ဆက်ဆံရေး ရှိသည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် ဘရူနိုင်း နှင့် ဖိလစ်ပိုင်တို့သည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ နှင့် စိုက်ပျိုးရေးနှင့် ဆိုင်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မာအောင် ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ဘရူနိုင်းသည် ယခုအခါ အငြင်းပွားနေသော စပရက်ထလီကျွန်းများ ကို ပိုင်ဆိုင်ကြောင်း တောင်းဆိုသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လင်ဘန်းအား ဆာရာဝပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းကို ၁၈၉၀ တွင် ပထမအကြိမ် ဆာရာဝပ်သို့ သွတ်သွင်းစဉ်ကတည်းက အငြင်းပွားခဲ့သည်။ ထိုပြဿနာသည် ၂၀၀၉ တွင် ပြေလည်သွားခဲ့သည် ဟု ဆိုကြပြီး ဘရူနိုင်းက နယ်နိမိတ်ကို လက်ခံခဲ့၍ မလေးရှားက ဘရူနိုင်းရေပိုင်နက်အတွင်းရှိ ရေနံတွင်းများအား တောင်းဆိုမှုကို ရုပ်သိမ်းခဲ့သည်။ သို့သော်လည်း ဘရူနိုင်း အစိုးရက ထိုအချက်ကို ငြင်းပယ်ခဲ့ပြီး လင်ဘန်းသည် သူတို့ပိုင်နက် ဖြစ်ကြောင်း တောင်းဆိုမှုကို ဘယ်သောအခါမှ အလျှော့မပေးခဲ့ဟု ဆိုသည်။ ဘရူနိုင်းနိုင်ငံသည် ၂၀၁၃ တွင် အာဆီယံ ၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုနှစ်မှာပင် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ စစ်ရေး ဘရူနိုင်းနိုင်ငံသည် နိုင်ငံတဝှမ်းတွင် ကြည်းတပ် တပ်မ ၃ ခု ကို ထားရှိသည်။ ဘရူနိုင်းရေတပ်တွင် ဂျာမန်နိုင်ငံမှ ထုတ်လုပ်သော "အစ်ဂျ်တီဟက်ဒ်" အဆင့် ကင်းလှည့်ရေယာဉ် အချို့ ရှိသည်။ ယူနိုက်တက်ကင်းဒမ်းမှလည်း ဘရူနိုင်း ရေနံလုပ်ငန်း၏ ဗဟိုဖြစ်သော ဆယ်ရီယာတွင် အခြေစိုက်စခန်း ထားရှိသည်။ ထိုနေရာတွင် ဂေါ်ရခါး တပ်သား ၁,၅၀၀ ပါဝင်သော တပ်မ တစ်ခု ရှိသည်။ ယူနိုက်တက် ကင်းဒမ်းမှ စစ်သားအချို့သည်လည်း နှစ်နိုင်ငံကြား ကာကွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားမှုကြောင့် ထိုနေရာတွင် အခြေစိုက်ကြသည်။ လေတပ်မှ သုံးစွဲသော ဘဲလ် ၂၁၂ ရဟတ်ယာဉ် တစ်စင်းသည် ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်က ကွာလာဘီလိတ်တွင် ပျက်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ဝန်ထမ်း ၁၄ ဦးမှ ၁၂ ဦး သေဆုံးခဲ့သည်။ ပျက်ကျရသည့် အကြောင်းရင်းကို အတိအကျ မပြောနိုင်ပေ။ ထိုရဟတ်ယာဉ်ပျက်ကျမှုသည် ဘရူနိုင်း လေကြောင်းသွားလာရေးတွင် အဆိုးရွားဆုံး မတော်တဆမှု ဖြစ်သည်။ စစ်တပ်သည် ယခုအခါတွင် လက်နက်ကိရိယာ အသစ်များကို ဝယ်ယူလျှက် ပြီး မောင်းသူမဲ့ လေယာဉ်များနှင့် S70-i ဘလက်ဟော့ခ် ရဟတ်ယာဉ်များ ပါဝင်သည်။ ဘရူနိုင်း ဥပဒေပြုရေးကောင်စီမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက်ကို ၅% တိုးမြှင့်၍ ဘရူနိုင်းဒေါ်လာ ၅၆၄ သန်း (အမေရိကန် ဒေါ်လာ ၄၀၈သန်း) အထိ တိုးမြှင့်ရန် အဆိုပြုထားသည်။ ထိုပမာဏသည် နိုင်ငံတော်၏ တစ်နှစ်တာ အသုံးစရိတ်၏ ဆယ်ရာခိုင်နှုန်းခန့် ရှိပြီး ဂျီဒီပီ၏ ၂.၅ ရာခိုင်နှုန်းမျှ ရှိသည်။ ပြည်နယ်များ ဘရူနိုင်းနိုင်ငံအား ပြည်နယ် (ဒယ်ရာ) ၄ ခု နှင့် မြို့နယ် (မူကင်) ၃၈ ခု ဖြင့် ဖွဲ့စည်းထားသည်။ တမ်ဘူရောင်းပြည်နယ်သည် ဘရူနိုင်းနိုင်ငံတခြား အပိုင်းများနှင့် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ဖြင့် ကြားမှ ခံထားသဖြင့် ဆက်စပ်မနေပေ။ ဘရူနိုင်း-မွာရာပြည်နယ်တွင် ဘရူနိုင်း၏ မြို့တော်ဖြစ်သော ဘန်ဒါဆရီဘဂါဝမ်မြို့ ပါဝင်ပြီး ၎င်း၏ ဆင်ခြေဖုံးများတွင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ ခုမှ ၁၅ ခု ပါဝင်သည်။ ဘရူနိုင်းလူဦးရေ၏ ၉၀%သည် မြို့နယ် ၃၈ ခု အတွင်းမှ ၁၅ ခုတွင် နေထိုင်ကြသည်။ ဥပဒေစနစ် ဘရူနိုင်း၏ တရားစီရင်ရေး စနစ်တွင် တရားရုံး အမျိုးမျိုး ရှိသည်။ အမြင့်ဆုံး တရားရုံးမှာ တရားလွှတ်တော်ချုပ်ဖြစ်ပြီး ၎င်းတွင် အယူခံတရားရုံး နှင့် ဗဟိုတရားရုံးတို့ ပါဝင်သည်။ ထိုတရားရုံး နှစ်ခုစလုံးတွင် တရားသူကြီးချုပ် တစ်ဦးစီ နှင့် တရားသူကြီး နှစ်ဦးစီ ရှိသည်။ အမျိုးသမီးနှင့် ကလေးသူငယ်များ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းသည် ဘရူနိုင်းရှိ ပြဿနာ တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ဥပဒေ အရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုများကို တားမြစ်ထားပြီး မည်သူမဆို အဓမ္မ သို့မဟုတ် အားသုံး၍ ကာဣန္ဒြေပျက်ပြားအောင် သို့မဟုတ် ကာဣန္ဒြေပျက်ပြားနိုင်သည့် အနေအထားကို ကျူးလွန်လျှင် ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်နိုင်သည့်အပြင် ကြိမ်ဒဏ်လည်း ခံရနိုင်သည်။ ဥပဒေအရ မုဒိမ်းမှုအား ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်နိုင်ပြီး ကြိမ်ဒဏ် အနည်းဆုံး ၁၂ ချက် ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ အိမ်ထောင်ဖက်အချင်းချင်း အဓမ္မမှုကို ရာဇဝတ်မှုဟု မသတ်မှတ်ထားဘဲ ယောက်ျားတစ်ဦးသည် သူ၏ အိမ်ထောင်ဘက်နှင့် လိင်ဆက်ဆံပါက အိမ်ထောင်ဘက်သည် အသက် ၁၃ နှစ်အောက် မဟုတ်ခဲ့လျှင် မုဒိမ်းမှု မဟုတ်ဟု သတ်မှတ်ထားသည်။ သို့သော် ပြုပြင်ပြဋ္ဌာန်းထားသော ၂၀၁၀ အစ္စလာမ် မိသားစု ဥပဒေ အမိန့် နှင့် ၂၀၁၀ အိမ်ထောင်ရှိ အမျိုးသမီး ဥပဒေတွင် အိမ်ထောင်ဖက်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ကာကွယ်ပေးထားသည်။ ထိုကာကွယ်ပေးမှုကို ဖောက်ဖျက်ပါက ဘရူနိုင်း ဒေါ်လာ ၂၀၀၀ (အမေရိကန် ဒေါ်လာ ၁,၅၃၈) ထက်မပိုသော ဒဏ်ငွေ နှင့် ၆ လထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံသားဖြစ်မှုသည် မိဘအပေါ်တွင် မူတည်ပြီး နိုင်ငံ၏ နယ်နိမိတ်အတွင်း မွေးဖွားသည်နှင့် မဆိုင်ပေ။ နိုင်ငံမဲ့ ဖြစ်နေသော မိဘများ အနေနှင့် နိုင်ငံအတွင်း မွေးဖွားသော ကလေးသူငယ် အတွက် အထူးလက်မှတ်ကို လျှောက်ထားရသည်။ အကယ်၍ ကလေးအား မှတ်ပုံမတင်မိပါက ကျောင်းအပ်ရန် ခက်ခဲသည်။ ဥပဒေအရ အသက် ၁၄ နှစ်အောက် အမျိုးသမီးတစ်ဦး နှင့် လိင်ဆက်ဆံပါက မုဒိမ်းမှုဟု သတ်မှတ်ပြီး ၈ နှစ်ထက် မနည်း၍ နှစ် ၃၀ ထက် မပိုသော ထောင်ဒဏ် နှင့် ၁၂ ချက်ထက် မနည်းသော ကြိမ်ဒဏ်ဖြင့် အပြစ်ပေးခံရနိုင်သည်။ ဥပဒေ၏ ရည်ရွယ်ချက်မှာ အမျိုးသမီးငယ်များအား ပြည့်တန်ဆာ အဖြစ် အမြတ်ထုတ်မှုမှ ကာကွယ်ရန် နှင့် အခြားသော ညစ်ညမ်းဓာတ်ပုံဗွီဒီယို ရိုက်ကူးခြင်း အစရှိသော လူမဆန်သော ရည်ရွယ်ချက်များမှ ကာကွယ်ပေးနိုင်ရန် ဖြစ်သည်။ လိင်တူချစ်သူ အခွင့်အရေး အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လိင်တူဆက်ဆံခြင်းသည် ဘရူနိုင်းတွင် တရားမဝင်ပေ။ သို့သော်လည်း ၂၀၁၉ မေလ ၆ ရက်တွင် ဘရူနိုင်း စူလတန်မှ ရာမဒန် ဥပုသ်လအတွက် ထုတ်ပြန်သော အမိန့်တွင် ဘရူနိုင်းအနေနှင့် ရှာရီယာဥပဒေမှ အပြစ်ဒဏ်ကို ကျင့်သုံးမည် မဟုတ်ဟု ကြေညာခဲ့သည်။ ဘာသာရေးဆိုင်ရာ အခွင့်အရေး ဘရူနိုင်းနိုင်ငံ၏ ဥပဒေတွင် ၁၉၅၉ အခြေခံဥပဒေအရ မွတ်စလင် မဟုတ်သော သူများ အနေနှင့် သူတို့၏ သက်ဆိုင်ရာ ဘာသာများကို လိုက်နာ ကိုးကွယ်နိုင်ရန် အာမခံချက် ပေးထားသည်။ သို့သော်လည်း အခမ်းအနား ကျင်းပခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းတို့ကို ဘုရားရှိခိုးရာ နေရာ သို့မဟုတ် ပုဂ္ဂလိက နေအိမ်များတွင်သာ ပြုလုပ်ရမည်ဟု ဆိုသည်။ ရှာရီယာဥပဒေမှ ရာဇဝတ်ပုဒ်မများကို လက်ခံကျင့်သုံးပြီးနောက်တွင် ဘာသာရေးဝန်ကြီးဌာနမှ အများပြည်သူဆိုင်ရာ နေရာများတွင် ခရစ်စမတ် အလှဆင်ခြင်းကို တားမြစ်ခဲ့သော်လည်း ဘုရားရှိခိုးရာ နေရာများနှင့် ပုဂ္ဂလိက နေအိမ်များတွင် ခရစ္စမတ်ပွဲတော်ကျင်းပခြင်းကိုမူ မတားမြစ်ပေ။နိုင်ငံတကာမီဒီယာများမှ တင်ပြခဲ့၍ ၂၀၁၄ တွင် သတင်းပျံ့နှံ့လာသော ခရစ္စမတ်အား ပိတ်ပင်တားမြစ်ခြင်းမှာ ချဲ့ကားပြောခြင်းသာ ဖြစ်ပြီး ဘုရားရှိခိုးကျောင်းများ အတွင်းနှင့် အမျိုးမျိုး ကွဲပြားသော ခရစ်ယာန် လူ့အဖွဲ့အစည်းများအတွင်း ဆက်လက်ကျင်းပခဲ့သည်ကိုမူ ဖော်ပြမထားခဲ့ပေ။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၅တွင် ဒေသခံ ကက်သလစ်ဘာသာဝင် ၁၈,၀၀ တွင် ၄,၀၀၀ ခရစ္စမတ်နှင့် ခရစ္စမတ် အကြိုညတွင် ဆုတောင်းပွဲတက်ရောက်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၅တွင် ဘရူနိုင်းရှိ ကက်သလစ်ဂိုဏ်းချုပ်မှ ဘရူနိုင်းတိုင်းမ် သတင်းစာသို့ ပြောကြာခဲ့သည်မှာ "အရိုးသားဆုံး ပြောရရင် ဒီနှစ် ကျွန်တော်တို့အတွက် ဘာမှ ပြောင်းလဲတာ မရှိဘူး။ ကန့်သတ်ချက် အသစ် ထပ်ထုတ်တယ် ဆိုတာလည်း မရှိဘူး။ ကျွန်တော်တို့ကတော့ လက်ရှိ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လေးစားလိုက်နာတယ်။ ပွဲတော်ကျင်းပတာနဲ့ ဝတ်ပြုတာကို ဘုရားကျောင်းဝင်းနဲ့ ပုဂ္ဂလိကအိမ်တွေမှာပဲ လုပ်တယ်။" ဟူ၍ ဖြစ်သည်။ တိရစ္ဆာန် အခွင့်အရေး ဘရူနိုင်းသည် ငါးမန်းတောင် ခုတ်ဖြတ်ခြင်းကို တစ်နိုင်ငံလုံးတွင် တားမြစ်သည့် ပထမဆုံး အာရှနိုင်ငံ ဖြစ်သည်။ ဘရူနိုင်းသည် ဘော်နီယိုကျွန်းပေါ်တွင် အတူရှိနေသော အခြားအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၎င်း၏ သစ်တော အများစုကို ထိန်းသိမ်းထားသည်။ ဘရူနိုင်း၏ ခြိမ်းခြောက်ခံနေရသော ရတနာ ဟု သတ်မှတ်သည့် သင်းခွေချပ်ကို ကာကွယ်ထိန်းသိမ်းရန် အများပြည်သူသို့ တိုက်တွန်းနှိုးဆော်သည့် ကမ်ပိန်းလည်း ရှိသည်။ စီးပွားရေး ဘရူနိုင်း၏ သေးငယ်သော်လည်း ချမ်းသာကြွယ်ဝသည့် စီးပွားရေးတွင် နိုင်ငံခြားနှင့် ပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အစိုးရ ချမှတ်ထားသော မူဝါဒများ၊ အစိုးရ၏ လူမှုရေး အထောက်အပံ့များ နှင့် ကျေးရွာဓလေ့များ ရောနှောပါဝင်နေသည်။ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် ဂျီဒီပီ၏ ၉၀% ခန့် ရှိသည်။ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၆၇,၀၀၀ စည်(၂၆,၆၀၀ ကုဗမီတာ) ခန့်မျှ ထုတ်လုပ်သဖြင့် ဘရူနိုင်းသည် အရှေ့တောင်အာရှတွင် စတုတ္ထမြောက် အကြီးဆုံး ရေနံထုတ်လုပ်သူ ဖြစ်သည်။ ထို့ပြင် နေ့စဉ် ရေနံဓာတ်ငွေ့ရည် ထုတ်လုပ်မှုသည် ၂၅.၃ သန်း ကုဗမီတာ (၈၉ သန်း ကုဗပေ) ရှိသဖြင့် ကမ္ဘာပေါ်တွင် နဝမမြောက် အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်သည်။ နိုင်ငံခြားရှိ ရင်းနှီးမြှုပ်နှံမှုများမှ ရငွေမှာ ပြည်တွင်း ထုတ်လုပ်မှုကို အားဖြည့်ပေးသည်။ ထိုရင်းနှီးမြှုပ်နှံမှု အများစုကို ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လက်တံတစ်ခု ဖြစ်သော ဘရူနိုင်း ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ မှ စီမံခန့်ခွဲသည်။ အစိုးရသည် ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ ပြုလုပ်ပေးပြီး ဆန် နှင့် အိမ်ရာတို့အတွက် ထောက်ပံ့ပေးသည်။ အမျိုးသားလေကြောင်းလိုင်းဖြစ်သော တော်ဝင်ဘရူနိုင်းလေကြောင်းလိုင်းသည် ဥရောပနှင့် ဩစတြေးလျ/နယူးဇီလန်ကြား သွာလာမှုတွင် အသင့်အတင့် အသုံးပြုသော ဆုံမှတ်လေယာဉ်ကွင်း တစ်ခု ဖြစ်စေရန် ကြိုးစားအားထုတ်လျက် ရှိသည်။ ထိုဗျူဟာ၏ အဓိက သော့ချက်မှာ လန်ဒန်ရှိ ဟိသရိုးလေဆိပ်တွင် နေ့စဉ် ခရီးစဉ်တစ်ခု ရယူထားသည်။ ၎င်းသည် လေယာဉ်အရေအတွက်ကို အပြင်းအထန် ကန့်သတ်ထားသော လေဆိပ်တွင် နေ့စဉ် ခရီးစဉ်တစ်ခု ရယူပြီး ဒူဘိုင်းမှတဆင့် ဘန်ဒါဆရီဘဂါဝမ်သို့ ပြေးဆွဲသည်။ ထို့ပြင် လေကြောင်းလိုင်းသည် အခြား အဓိက အာရှ အဓိကနေရာများဖြစ်သည့် ရှန်ဟိုင်း၊ ဘန်ကောက်၊ စင်ကာပူ နှင့် မနီလာတို့သို့လည်း ပျံသန်းလျက် ရှိသည်။ ဘရူနိုင်းသည် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ (ဥပမာ ဆန်၊ စားသောက်ကုန်များ သားငါးများ စသည်ဖြင့်)၊အခြားနိုင်ငံမှ မော်တော်ကားနှင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွက် ကို တင်သွင်းကုန်ပေါ်တွင် ကြီးစွာ အားထားနေရသည်။ ဘရူနိုင်းသည် စားသောက်ကုန် လိုအပ်ချက်အတွက် ၆၀% ကို တင်သွင်းနေရပြီး ၇၅%သော သွင်းကုန်များမှာ အာဆီယံနိုင်ငံများမှ ဖြစ်သည်။ ဘရူနိုင်းခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေးစနစ် နှင့် တဖြည်းဖြည်း ပေါင်းစပ်လာခြင်းကြောင့် နိုင်ငံတွင်း စည်းလုံးမှုများ ထိခိုက်မည်ကို အလွန် စိုးရိမ်ကြသည်။ သို့သော်လည်း ၎င်းသည် ကမ္ဘာ့စီးပွားရေးတွင် ပိုမို ထင်ရှားစွာ ပါဝင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ခေါင်းဆောင်များသည် အလုပ်သမားများကို ပိုမိုစွမ်းရည်မြင့်လာစေရန်၊ ၂၀၁၄ တွင် ၆.၉%ရှိနေသာ အလုပ်လက်မဲ့နှုန်းကို လျှော့ချရန် ဘဏ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများကို ပိုမိုအားကောင်းလာစေရန် နှင့် ယေဘုယျအားဖြင့် စီးပွားရေး အခြေကို ချဲ့ထွင်ရန် စီစဉ်လျက် ရှိကြသည်။ ထို့ပြင် ဘရူနိုင်းအစိုးရသည် နိုင်ငံအတွင်း မိမိဘာသာ စားရေရိက္ခာဖူလုံစေရန် အတွက်လည်း တွန်းအားပေးလျက် ရှိပြီး အထူးသဖြင့် ဆန်စပါး ဖြစ်သည်။ ဘရူနိုင်းသည် ဝါဆန်စပါးခင်းများတွင် ၂၀၀၉ ဧပြီလတွင် ကျင်းပသော "ဘရူနိုင်းတွင် စပါးထုတ်လုပ်ရေး မိမိဘာသာ ဖူလုံစေရန် စပါးပင် စိုက်ပျိုးခြင်း" အခမ်းအနားတွင် ဘရူနိုင်း ဒါရူဆလမ် ဆန် အမှတ် (၁) အား "လိုင်လာဆန်" ဟု အမည်ပြောင်းခဲ့သည်။ လွန်ခဲ့သော ရာစုနှစ်တစ်ဝက်က ပန်းတိုင်သတ်မှတ် ကြိုးပမ်းခဲ့ပြီး နိုင်ငံတွင်း စပါးထုတ်လုပ်မှုကို မြှင့်တင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် တော်ဝင်မိသားစုမှ ပထမဆုံးသော လိုင်လာစပါးနှံများကို ရိတ်သိမ်းခဲ့သည်။ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ဘရူနိုင်းသည် ဘရူနိုင်းဟာလာ ဟု ခေါ်သော နိုင်ငံဆိုင်ရာ "ဟာလာ" တံဆိပ်သတ်မှတ်ခြင်း အစီအစဉ်ကို စတင်ခဲ့ပြီး နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချရန် အတွက် ဖြစ်သည်။ အခြေခံအဆောက်အအုံ နိုင်ငံအတွင်းရှိ လူဦးရေ ထူထပ်သော နေရာများအား ရှည်လျားသော လမ်းမများဖြင့် ကွန်ယက် ချိတ်ဆက်ထားသည်။ မွာရာမြို့မှ ကွာလာဘီလိတ်သို့ ဆက်သွယ်ထားသော အဝေးပြေးလမ်းမမှာ အသွားအပြန် နှစ်လမ်းတွဲ ဖောက်လုပ်ထားသည်။ တမ်ဘူရောင်းပြည်နယ်သို့ ခရီးသည်နှင့် ကုန်စည်များကို စပိဘုတ်များဖြင့် သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ ဘရူနိုင်းနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားသော အဓိက ဟိုင်းဝေးလမ်းမမှာ တူတောင်း-မွာရာ ဟိုင်းဝေးလမ်း ဖြစ်သည်။ နိုင်ငံအတွင်း လမ်းများ ဆက်သွယ်မှုမှာ ကောင်းမွန်စွာ တည်ဆောက်ပြီး ဖြစ်သည်။ မွာရာတွင် အဓိက ပင်လယ်ဆိပ်ကမ်း ရှိသည်။ ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခုအခါ အကြီးအကျယ် အဆင့်မြှင့်တင်လျက်ရှိသည်။ ချန်ဂီလေဆိပ် အပြည်ပြည်ဆိုင်ရာ သည် အဆိုပါ အဆင့်မြှင့်တင်မှု စီမံကိန်းအတွက် အကြံပေးအဖြစ် လုပ်ကိုင်နေသည်။ အဆင့်မြှင့်တင်မှု စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ ထိုစီမံကိန်းမှ တိုးချဲ့နေရာအသစ် မျှ ပိုမိုလာမည် ဖြစ်ပြီး တာမင်နယ် နှင့် ဆိုက်ရောက်ခန်းမ အသစ် ပါဝင်သည်။ စီမံကိန်း ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည် ၁.၅ သန်း ဝန်ဆောင်မှု ပေးနေရာမှ ၃ သန်း အထိ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်။ လူဦးရေ ၂.၀၉ ယောက်တွင် ကိုယ်ပိုင်ကား ၁ စီး ပိုင်ဆိုင်ကြသည်။ ဘရူနိုင်းနိုင်ငံသည် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး စနစ် ကျယ်ပြန့်စွာ မရှိခြင်း၊ တင်သွင်းခွန် နည်းပါးခြင်းနှင့် ဆီဈေး ပေါပြီး တစ်လီတာလျှင် ဘရူနိုင်းဒေါ်လာ ၀.၅၃ မျှသာ ရှိခြင်းတို့ကြောင့် ကမ္ဘာတွင် ကားပိုင်ဆိုင်မှု ရာခိုင်နှုန်း အများဆုံးနိုင်ငံ ဖြစ်သည်။ မွာရာမြို့နှင့် တန်ဘူရောင်းပြည်နယ်တို့ကို ဆက်သွယ်ထားသော မျှ ရှည်လျားသည့် လမ်းမသည် ၂၀၁၉ တွင် ပြီးစီးရန် ခန့်မှန်းထားသည်။ ထိုလမ်းမ၏ ၉မိုင် (၁၄ ကီလိုမီတာ) အရှည် မှာ ဘရူနိုင်းပင်လယ်အော်ကို ဖြတ်သန်းသွားမည် ဖြစ်သည်။ တံတားတန်ဖိုးမှာ ဒေါ်လာ ၁.၆ ဘီလီယံ ရှိသည်။ ဘဏ်လုပ်ငန်း တရုတ်နိုင်ငံဘဏ် (ဘန့်ခ်အော့ဖ်ချိုင်းနား) သည် ၂၀၁၆ ဧပြီလတွင် ဘဏ်ခွဲဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိသည်။ ၁၉၇၂ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့သော စီးတီးဘဏ်သည် ၂၀၁၄ တွင် လုပ်ငန်း ရပ်နားခဲ့သည်။ ၁၉၄၇ တွင် စတင်ဝင်ရောက်ခဲ့သော အိတ်ချ်အက်စ်ဘီစီ (ဟောင်ကောင် ရှန်ဟိုင်း ဘဏ် ကော်ပိုရေးရှင်း) သည် ၂၀၁၇ နိုဝင်ဘာတွင် လုပ်ငန်း ရပ်နားခဲ့သည်။ ယခုအခါ ဘရူနိုင်းတွင် လုပ်ငန်းလည်ပတ်နေသော နိုင်ငံတကာာဘဏ်များမှာ မလေးရှားနိုင်ငံမှ မေဘဏ် နှင့် အာရ်အိတ်ချ်ဘီဘဏ်၊ ယူနိုက်တက်ကင်းဒမ်းမှ စတန်းဒတ် ချာတာဘဏ်၊ စင်ကာပူမှ ယူနိုက်တက် အိုဗာဆီး ဘဏ် နှင့် ဘန့်ခ်အော့ဖ်ချိုင်းနား တို့ ဖြစ်ကြသည်။ လူဦးရေပျံနှံ့ နေထိုင်မှု ဘရူနိုင်း၏ ဒေသရင်းနေ လူမျိုးစုများမှာ ဘီလိတ်၊ ဘရူနိုင်း ဘီဆာယား (ဖိလစ်ပိုင်မှ ဗီဆာယားနှင့် မတူပါ။) တို့ပါဝင်ပြီး ဘရူနိုင်းမလေး၊ ဒူဆန်၊ ကီဒါယန်၊ လွန် ဘာဝမ်၊ မူရွတ် နှင့် တူတောင် တို့ ပါဝင်သည်။ ဘရူနိုင်း လူဦးရေ၏ ၇၆% မှာ မြို့ပြဒေသတွင် နေထိုင်ကြသည်။ မြို့ပြသို့ ပြောင်းရွှေ့နေထိုင်မှုမှာ ၂၀၁၀ မှ ၂၀၁၅ အတွင်း တစ်နှစ်လျှင် ၂.၁၃% ရှိသည်။ လူတစ်ဦးချင်း ပျမ်းမျှ သက်တမ်းမှာ ၇၇.၇ နှစ် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် လူဦးရေ၏ ၆၅.၇ မှာ မလေးလူမျိုး၊ ၁၀.၃ မှာ တရုတ်လူမျိုး နှင့် ၃.၄ မှာ ဒေသခံ လူမျိုးစုများ ဖြစ်ပြီး အခြား ၂၀.၆ ရာခိုင်နှုန်းမှာ အခြားလူမျိုးများ ပေါင်းစပ်ထားသည်။ နိုင်ငံအတွင်း နေထိုင်၍ အလုပ်လုပ်ကိုင်ကြသော နိုင်ငံခြားသားများ အများအပြား ရှိသည်။ ထိုနိုင်ငံခြားသား အများစုမှာ မွတ်စလင်နိုင်ငံ မဟုတ်သော နိုင်ငံများ ဖြစ်သည့် ဩစတြေးလျ၊ ယူနိုက်တက်ကင်းဒမ်း၊ တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် အိန္ဒိယတို့မှ ဖြစ်သည်။ ကိုးကွယ်ရာ ဘာသာများ အစ္စလာမ်ဘာသာသည် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံတော် ဘာသာဖြစ်သည်။ အထူးသဖြင့် ဆွန်နီဂိုဏ်း၏ ရှဖီအတွေးအခေါ်ကို လိုက်နာ ကိုးကွယ်ကြသည်။ ဘရူနိုင်းမလေး အများစု အပါအဝင် လူဦးရေ၏ ၃ ပုံ ၂ ပုံသည် မွတ်စလင်ဘာသာဝင် ဖြစ်ကြသည်။ တခြားကိုးကွယ်သည့် ဘာသာများမှာ ဗုဒ္ဓဘာသာ (၁၃% အဓိကအားဖြင့် တရုတ်လူမျိုးများ) နှင့် ခရစ်ယာန် (၁၀%) တို့ ဖြစ်ကြသည်။ ဘာသာရေး ကိုးကွယ်မှု မရှိဘဲ လွတ်လပ်စွာတွေးခေါ်သူများမှာ အများအားဖြင့် တရုတ်လူမျိုးများ ဖြစ်ပြီး လူဦးရေ၏ ၇% ရှိသည်။ သူတို့သည် ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဘာသာ နှင့် တာအိုဘာသာ၏ တစ်စိတ်တစ်ပိုင်းကို ကျင့်သုံးကြသော်လည်း သူတို့ဘာသာ မည်သည့်ဘာသာမှ မကိုးကွယ်သူဟုသာ သတ်မှတ်ကြပြီး နိုင်ငံတော် လူဦးရေစာရင်းတွင် ဘာသာမဲ့ အဖြစ် စာရင်းသွင်းကြသည်။ ရိုးရာဘာသာတရား ကိုးကွယ်သူသည် လူဦးရေ၏ ၂% ရှိသည်။ ဘာသာစကားများ ဘရူနိုင်းနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ စံနှုန်းဖြစ်သော မလေးဘာသာစကား ဖြစ်ပြီး လက်တင်အက္ခရာ နှင့် အာရပ်အက္ခရာ နှစ်မျိုးစလုံးကို သုံးစွဲကြသည်။ ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာနမှ ရုံးသုံးဘာသာစကား သုံးစွဲမှုကို မြှင့်တင်ရန် ဘာသာစကား လှုပ်ရှားမှုကို ထောက်ပံ့ပေးသည်။ အဓိက ပြောဆိုသော ဘာသာစကားမှာ "မလာယုဘရူနိုင်း (ဘရူနိုင်းမလေး) ဖြစ်သည်။ ဘရူနိုင်းမလေးသည် စံနှုန်းဖြစ်သော မလေးဘာသာစကား နှင့် အခြားသော မလေးစကားများမှ ကွဲပြားခြားနားပြီး စံနှုန်းဖြစ်သော မလေးဘာသာစကားနှင့် ၈၄% မျှ တူညီပြီး များသောအားဖြင့် ပြောသူ အချင်းချင်း နားလည်နိုင်စွမ်း မရှိပေ။ အင်္ဂလိပ်ဘာသာစကားသည် စီးပွားရေး နှင့် ရုံးသုံးဘာသာစကားအဖြစ် ကျယ်ပြန့်စွာ သုံးစွဲပြီး ဘရူနိုင်းပြည်သူအများစု ပြောဆိုကြသည်။ အင်္ဂလိပ်ဘာသာအား စီးပွားရေးနယ်ပယ်တွင် ဆက်သွယ်ပြောဆိုသည့် ဘာသာစကားအဖြစ် သုံးစွဲကြပြီး မူလတန်း နှင့် အထက်တန်းကျောင်းများတွင် ကြားခံ သင်ကြားရေး အဖြစ်လည်း သုံးစွဲကြသည်။ တရုတ်ဘာသာစကားများကိုလည်း ကျယ်ပြန့်စွာ ပြောဆိုကြသည်။ ဘရူနိုင်းရှိ တရုတ်လူမျိုးလူနည်းစုမှာ ကွဲပြားခြားနားသော တရုတ်ဘာသာစကား အမျိုးမျိုးကို ပြောဆိုသုံးစွဲကြသည်။ အာရပ်ဘာသာစကားသည် မွတ်စလင်တို့၏ ဘာသာရေး ဆိုင်ရာ ဘာသာစကား ဖြစ်သည်။ ထို့အတွက်ကြောင့် အာရပ်ဘာသာစကားကို ကျောင်းများတွင် သင်ကြားကြပြီး အထူးသဖြင့် ဘာသာရေးကျောင်းများ တွင် ဖြစ်ပြီး အဆင့်မြင့်ပညာကျောင်းများတွင်လည်း သင်ကြားကြသည်။ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်း၌ အာရပ်ကျောင်း ၆ ခု ရှိပြီး ဘာသာရေးဆရာကောလိပ် တစ်ခု ရှိသည်။ ဘရူနိုင်းရှိ မွတ်စလင်ပြည်သူ အများစုတွင် အာရပ်ဘာသာ ရေးခြင်း၊ ဖတ်ခြင်း နှင့် အသံထွက်ခြင်းတို့အတွက် ဘာသာရေးသင်ကြားမှု၏ အစိတ်အပိုင်းအဖြစ် စနစ်တကျ ဖြစ်စေ စနစ်တကျ မဟုတ်ဘဲ ဖြစ်စေ တတ်မြောက်ကြသည်။ အခြားဘာသာစကားနှင့် ဘာသာစကား မျိုးကွဲများတွင် ကီဒါယန်မလေးဘာသာစကား၊ တူတောင် မလေးဘာသာစကား၊ မူရွတ်ဘာသာစကား နှင့် ဒူဆန်းဘာသာစကားတို့ကို ပြောဆိုကြသည်။ ယဉ်ကျေးမှု ဘရူနိုင်းနိုင်ငံ၏ ယဉ်ကျေးမှုသည် အထူးသဖြင့် မလေးယဉ်ကျေးမှု ဖြစ်ပြီး လူမျိုးကို ထင်ဟင်နေကာ အစ္စလာမ်ဘာသာမှ လွှမ်းမိုးမှု အမြောက်အမြား ရှိပြီး အင်ဒိုနီးရှား နှင့် မလေးရှား တို့နှင့် နှိုင်းယှဉ်ပါက ပို၍ ရှေးရိုးဆန်သည်။ မလေးကျွန်းဆွယ်မှ မလေးယဉ်ကျေးမှုသည် ဘရူနိုင်းယဉ်ကျေးမှုကို လွှမ်းမိုးမှု ရှိသည်။ ယဉ်ကျေးမှု လွှမ်းမိုးခြင်း နှင့် ပတ်သက်၍ ခေတ် ၄ ခု ရှိခဲ့ပြီး ၎င်းတို့မှာ တန္တရာဇ်၊ ဟိန္ဒူ၊ အစ္စလာမ် နှင့် အနောက်တိုင်း တို့ ဖြစ်ကြသည်။ အစ္စလာမ် ဘာသာသည် အလွန်ကြီးကျယ်သော လွှမ်းမိုးမှု ရှိပြီး ဘရူနိုင်း၏ အတွေးအခေါ် အယူအဆ အဖြစ် မှတ်ယူထားသည်။ ဘရူနိုင်းနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ မလေးဘာသာစကား ဖြစ်သော်လည်း အင်္ဂလိပ်စကားကိုလည်း ကျယ်ပြန့်စွာ သုံးစွဲကြပြီး ကျောင်းအများစုတွင် မသင်မနေရ ဘာသာ ဖြစ်သည်။ ရှာရီယာဥပဒေ သက်ဝင်သော နိုင်ငံ ဖြစ်သဖြင့် အရက်ကို ရောင်းချခြင်းနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် သောက်သုံးခြင်းကို တားမြစ်ထားသည်။ မွတ်စလင် မဟုတ်သော သူများ အနေနှင့် နိုင်ငံခြားမှ လာရောက်ပါက မိမိဘာသာ သောက်သုံးရန် အရက်ကို အကန့်အသတ်ဖြင့် သယ်ယူခွင့် ပြုထားသည်။ မီဒီယာ ဘရူနိုင်းရှိ မီဒီယာမှာ အစိုးရဘက်ယိမ်းသည်ဟု ဆိုကြသည်။ ဖရီးဒမ်းဟောက်စ်မှ မီဒီယာအား "လွတ်လပ်မှုမရှိ" ဟု အဆင့်သတ်မှတ်ထားသည်။ သတင်းမီဒီယာမှ အစိုးရ နှင့် ဘုရင်တို့ကို ဝေဖန်ခြင်းမှာ ရှားပါးသည်။ သို့သော်လည်း သတင်းမီဒီယာများသည် တခြားသော အမြင်များကို တားမြစ်ထားခြင်း မရှိသလို အစိုးရနှင့် ပတ်သက်သော ဆောင်းပါးများကိုသာ ရိုက်နှိပ်ထုတ်ဝေသည် မဟုတ်ပေ။ အစိုးရမှ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေး ကုမ္ပဏီ ဘရူနိုင်း ပရက်စ် ပီအယ်လ်စီ အား ၁၉၅၃ ခုနှစ်တွင် တည်ထောင်ခွင့် ပြုခဲ့သည်။ ကုမ္ပဏီမှ အင်္ဂလိပ်စာ နေ့စဉ်သတင်းစာ "ဘော်နီယို ဘူလက်တင်" ကို ထုတ်ဝေနေဆဲ ဖြစ်သည်။ ထိုသတင်းစာသည် အပတ်စဉ် သတင်းစာအဖြစ် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် နေ့စဉ်သတင်းစာ ဖြစ်လာခဲ့သည်။ ဘော်နီယို ဘူလက်တင် အပြင် အခြားသော ပြည်တွင်း ထုတ်ဝေသည့် နေ့စဉ်သတင်းစာများ ဖြစ်သော "မီဒီယာ ပါမာတာ" နှင့် ပယ်လီတာ ဘရူနိုင်း တို့လည်း ရှိသည်။ အခြားသော နေ့စဉ်ထုတ် အင်္ဂလိပ်ဘာသာ သတင်းစာမှာ ဘရူနိုင်းတိုင်းမ် ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစ၍ လွတ်လပ်စွာ ထုတ်ဝေဖြန့်ချိခဲ့သည်။ ဘရူနိုင်းအစိုးရသည် ရုပ်မြင်သံကြား ချန်နယ် ၆ ခု နှင့် ရေဒီယို စတေရှင် ၅ ခုကို ပိုင်ဆိုင်လွှင့်ထုတ်နေပြီး ဒစ်ဂျစ်တယ် ရုပ်မြင်သံကြားစနစ်ကိုလည်း မိတ်ဆက်နေပြီ ဖြစ်သည်။ တီဗွီချန်နယ်များမှာ RTB 1၊ RTB 2၊ RTB 3 (HD)၊ RTB 4၊ RTB 5 နှင့် RTB နယူးမီဒီယာ (ဂိမ်းချန်နယ်) တို့ ဖြစ်ကြသည်။ ရေဒီယို စတေရှင်များမှာ နေရှင်နယ် အက်ဖ်အမ်၊ ပီလီဟန် အက်ဖ်အမ်၊ နာ အစ္စလာမ် အက်ဖ်အမ်၊ ဟာမိုနီ အက်ဖ်အမ် နှင့် ပီလန်ဂီ အက်ဖ်အမ် တို့ ဖြစ်သည်။ ပုဂ္ဂလိက ကုမ္ပဏီများမှ ကေဘယ်လ် တီဗွီ စနစ်ဖြစ်သော အက်စထရို-ခရစ်စတယ်ကို လွှင့်ထုတ်နေသကဲ့သို့ ခရစ်စတယ် အက်ဖ်အမ် အမည်ရှိသော ပုဂ္ဂလိက ရေဒီယို စတေရှင် တစ်ခုလည်း ရှိသည်။ ထို့ပြင် အွန်လိုင်း တက္ကသိုလ်တွင်း ရေဒီယို စတေရှင် တစ်ခု ဖြစ်သော ယူဘီဒီ အက်ဖ်အမ် လည်း ရှိပြီး ဘရူနိုင်း၏ ပထမဆုံး တက္ကသိုလ်ဖြစ်သော ယူနီဗာစီတီ ဘရူနိုင်း ဒါရူဆလမ် မှ ထုတ်လွှင့်ခြင်း ဖြစ်သည်။ အားကစား ဘရူနိုင်းနိုင်ငံတွင် ရေပန်းအစားဆုံး အားကစားနည်းမှာ ဘောလုံး ဖြစ်သည်။ ဘရူနိုင်း အမျိုးသား ဘောလုံးအသင်းသည် ဖီဖာသို့ ၁၉၆၉ ခုနှစ်တွင် ဝင်ရောက်ခဲ့သော်လည်း အောင်မြင်မှု များစွာ မရှိခဲ့ပေ။ ဘရူနိုင်းရှိ ထိပ်ဆုံး ဘောလုံး လိဂ်ပြိုင်ပွဲ နှစ်ခုမှာ ဘရူနိုင်း စူပါလိဂ် နှင့် ဘရူနိုင်း ပရီမီယာလိဂ် တို့ ဖြစ်သည်။ ဘရူနိုင်းနိုင်ငံသည် အိုလံပစ်ကစားပွဲသို့ ၁၉၉၆ ခုနှစ်မှ စတင် ဝင်ရောက်ခဲ့သည်။ ထို့နောက် နွေရာသီ အိုလံပစ်အားကစားပွဲများတွင် ၂၀၀၈ ခုနှစ်မှ အပ တောက်လျှောက် ဝင်ပြိုင်ခဲ့သည်။ ဘရူနိုင်း ပါဝင်ယှဉ်ပြိုင်သည့် ကစားနည်းများမှာ ကြက်တောင်၊ သေနတ်ပစ်၊ ရေကူး နှင့် ပြေးလမ်းနှင့် ကွင်းတွင် ယှဉ်ပြိုင်ရသည့် ကစားနည်းများ ဖြစ်သော်လည်း ဆုတံဆိပ် တစ်ခုမှ မရရှိသေးပေ။ ဘရူနိုင်းသည် အာရှအားကစားပြိုင်ပွဲတွင်မူ အောင်မြင်မူ အနည်းငယ်ရပြီး ကြေးတံဆိပ် ၄ ခု ရရှိခဲ့ဖူးသည်။ ဘရူနိုင်းတွင် ပထမဆုံး ကျင်းပသော နိုင်ငံတကာ အားကစားပြိုင်ပွဲမှာ ၁၉၉၉ အရှေ့တောင်အာရှ အားကစားပွဲ ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ တလျှောက်လုံး ဆုတံဆိပ် ဇယားအရ ဘရူနိုင်း အာကစားသမားများသည် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၅၅ ခုနှင့် ကြေးတံဆိပ် ၁၆၃ ခုကို ရရှိခဲ့ပြီး ဖြစ်သည်။ ဆက်စပ်ကြည့်ရှုရန် ရည်ညှန်းချက်များ ပြင်ပ လင့်ခ်များ နိုင်ငံ ဘရူနိုင်းနိုင်ငံ အာဆီယံအသင်းဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%9B%E1%80%B0%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
အရှေ့တီမောနိုင်ငံ
အရှေ့တီမောနိုင်ငံ () သည် တရားဝင်အားဖြင့် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သည် အရှေ့တောင်အာရှဒေသတွင် တည်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။ တီမောကျွန်း၏ အရှေ့ဘက်အပိုင်းတွင် တည်ရှိကာ အချုပ်အခြာအာဏာပိုင် ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံအပိုင် အနောက်တီမော တည်ရှိကာ တောင်ဘက်တွင် တီမောပင်လယ်ခြားလျက် ဩစတြေးလျနိုင်ငံ တည်ရှိသည်။ အရှေ့တီမောနိုင်ငံကို ရံဖန်ရံခါတွင် တီမောနိုင်ငံဟုလည်း သုံးစွဲကြသည်။ အရှေ့တီမောနိုင်ငံသည် စတုရန်းကီလိုမီတာပေါင်း (၁၅,၀၀၇) (၅,၄၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ ဒီလီမြို့ ဖြစ်သည်။ (၁၆)ရာစုအတွင်းက ပေါ်တူဂီတို့၏ ကိုလိုနီပြုမှုကို ခံခဲ့ရသော အရှေ့တီမောဒေသသည် ၁၉၇၅ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့မတိုင်မီအထိ ပေါ်တူဂစ်-တီမောဟု လူသိများခဲ့သည်။ ထိုနေ့တွင် အရှေ့တီမောတော်လှန်ရေး တပ်ပေါင်းစုက လွတ်လပ်ရေးကို ကြေညာခဲ့သည်။ ကိုးရက်အကြာတွင်မူ အင်ဒိုနီးရှားတပ်မတော်၏ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ အင်ဒိုနီးရှားစစ်တပ်နှင့် တီမောနယ်မြေ ခွဲထွက်ရေးအုပ်စုများကြား ပဋိပက္ခများသည် ကာလကြာရှည်စွာ တည်ရှိခဲ့သည်။ ကုလသမဂ္ဂ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဥပဒေအရ ၁၉၉၉ခုနှစ်တွင် အင်ဒိုနီးရှားတို့ လက်လွှတ်ခဲ့ရသည်။ အရှေ့တီမောနိုင်ငံသည် ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုဖြစ်လာကာ (၂၁) ရာစု၏ ပထမဆုံးပေါ်ထွက်လာသော အချုပ်အခြာအာဏာပိုင်တိုင်းပြည်ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပေါ်တူဂီဘာသာစကား ကျင့်သုံးသောနိုင်ငံများအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၁ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ (၁၁)နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာနိုင်ရန် ကြိုးပမ်းခဲ့ကြပြီး စောင့်ကြည့်သူအဖြစ် ရပ်တည်ခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ရက်နှင့်၁၁ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ ၌ ကျင်းပခဲ့သည့်  (၄၀)ကြိမ်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများအတွင်း အာဆီယံခေါင်းဆောင်များက တီမောလက်စ်နိုင်ငံ ကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ်  မူအားဖြင့်သဘောတူခဲ့ကြသည်။ အမည်ရင်းမြစ် တီမော (Timor) သည် အရှေ့ဟု အဓိပ္ပါယ်ရသော Timur ဟူသော မလေးစကားမှ ဆင်းသက်လာသည်။ ပေါ်တူဂီဘာသာစကားတွင်မူ တီမောဟု ဖြစ်လာခဲ့သည်။ အခြေခံဥပဒေအရ အရှေ့တီမောနိုင်ငံ၏ တရားဝင်အမည်မှာ အင်္ဂလိပ်ဘာသာဖြင့် Democratic Republic of Timor-Leste၊ ပေါ်တူဂီဘာသာဖြင့် República Democrática de Timor-Leste အဖြစ် အသုံးပြုသည်။ နိုင်ငံ၏ သက်ဆိုင်ရာကုတ်များကို TLS သို့မဟုတ် TL ဟု သတ်မှတ်ကြသည်။ သမိုင်း ​ပေါ်တူဂီတို့လက်​အောက်တွင် ကျ​ရောက်ခြင်း (၁၇၀၀)ပြည့်နှစ်မတိုင်မီက သမိုင်းကြောင်းများမှာမူ သိရှိရမှုနည်းပါးသည်။ ဒီလီမြို့အတွင်း ရုန်းရင်းဆန်ခတ်မှုများသည် သမိုင်းမှတ်တမ်းများကို ပျောက်ဆုံးစေခဲ့သည်။ ၁၇၇၉ခုနှစ်၊ ၁၈၉၀၊ ၁၉၇၅နှင့် ၁၉၉၉ခုနှစ်များတွင် မော်ကွန်းများ၊ သမိုင်းမှတ်တမ်းများ ဖျက်ဆီးခံခဲ့ရသည်။ (၁၅)ရာစုတွင် တီမောကျွန်းသည် နံ့သာဖြူပင်များပေါက်ရောက်ရာ ကျွန်းအဖြစ် လူသိများသည်။ အစောဆုံးမှတ်တမ်းများမှာ မလက်ကာမြို့ကို သိမ်းယူထားသော ပေါ်တူဂီတို့ ၁၅၁၆ခုနှစ်တွင် ဤကျွန်းသို့ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၅၂၁ခုနှစ်တွင် နံ့သာဖြူပင်များနှင့် ပြန်ခဲ့သည်။ ၁၅၂၀ဝန်းကျင်တွင် ပေါ်တူဂီနှင့် စပိန်တို့သည် တီမောကျွန်းကို စိတ်ဝင်စားခဲ့ပြီး ၁၅၂၄ခုနှစ်တွင် ကုန်သွယ်မှုများ စတင်ခဲ့သည်။ ၁၆ရာစုနှောင်းပိုင်းတွင် တီမောကျွန်းအနီးရှိ ဆောလောကျွန်းတွင် အုပ်ချုပ်ရေးအရာရှိများခန့်အပ်ပြီး ထိုကျွန်းနှစ်ကျွန်းကို စီမံခဲ့သည်။ ၁၆၁၃ခုနှစ်တွင် နယ်သာလန်တို့သည် အထူးသဖြင့် ကျွန်း၏အနောက်ဘက်ကို ထိန်းချုပ်နိုင်ရန် ပြိုင်ဆိုင်လာခဲ့သည်။ ပုန်ကန်မှုတစ်ခုကြောင့် ၁၆၂၁ခုနှစ်တွင် ပေါ်တူဂီတို့ ကျွန်းကို (၃)နှစ်ကြာ လက်လွှတ်ခဲ့ရသည်။ ၁၆၄၁ခုနှစ်တွင် ပေါ်တူဂီတို့၏ အကာအကွယ်ဖြင့် တီမောဘုရင်တော်တော်များများ ကက်သလစ်ဘာသာသို့ ပြောင်းခဲ့ကြသည်။ ဤသည်မှာ ယခင်က စီးပွားရေးအရလွှမ်းမိုးခဲ့သော ပေါ်တူဂီတို့ကို နိုင်ငံရေးအရ လွှမ်းမိုးနိုင်ရန် ပြောင်းလဲမှု ဖြစ်စေခဲ့သည်။ ၁၆၄၆ခုနှစ်တွင် တီမောကျွန်းကို ဆောလောမှခွဲထုတ်ကာ အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် မည်သို့အုပ်ချုပ်ခဲ့သည်ကို မသိရပေ။ ၁၇၀၂ခုနှစ်တွင် ၎င်း၏ ပထမဆုံးဘုရင်ခံ ခန့်အပ်ခံခဲ့ရပြီး သူသည် ယခုခေတ် အိုးကပ်စ်ခရိုင် လီဖုရွာတွင် နေထိုင်သည်။ ၁၇၄၉ခုနှစ်တွင် ဒတ်ချ်စစ်တပ်သည် တီမောကျွန်း၏ နေရာတော်တော်များများကို ထိန်းချုပ်ထားပြီး ယနေ့ခေတ် အင်ဒို-အရှေ့တီမော နယ်နိမိတ်နှင့် ဆင်တူသည်။ ၁၇၆၉ခုနှစ်တွင် လီဖုရွာတွင် ဒေသခံမျိုးနွယ်စုမှ မိသားစုများ လွှမ်းမိုးလာသဖြင့် ဘုရင်ခံသည် ယနေ့ခေတ် ဒီလီမြို့ဖြစ်လာမည့်နေရာသို့ ပြောင်းရွှေ့အုပ်ချုပ်ခဲ့သည်။ ၁၇၈၈မှ ၁၇၉၀အကြားတွင် ဒီလီအခြေစိုက် ဘုရင်ခံနှင့် မာနာတူတိုရှိ အရာရှိတို့အကြား ပြဿနာဖြစ်ပွားခဲ့ပြီး ဘုရင်ခံအသစ်ရောက်လာပြီး ဖြေရှင်းခဲ့ရသည်။ ဒတ်ချ်တို့၏ ရန်မှကာကွယ်ရန် ၁၈၁၈ခုနှစ်တွင် အမြဲတမ်းစစ်တပ်တစ်ခု ဖွဲ့စည်းခဲ့သည်။ ၁၈၄၄ခုနှစ်တွင် တီမော၊ မကာအိုနှင့် ဆောလောတို့ကို ပေါ်တူဂစ်အိန္ဒိယလက်အောက်မှခွဲထုတ်ကာ အုပ်ချုပ်ခဲ့သည်။ ပေါ်တူဂစ်အိန္ဒိယဆိုသဘ်မှာ ပေါ်တူဂီတို့ သိမ်းပိုက်ထားသော အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းများဖြစ်သည်။ ၁၈၅၀ပြည့်နှစ်တွင် တီမောကို ပေါ်တူဂစ်မကာအိုအုပ်ချုပ်မှုအောက်မှ ပြန်ခွဲထုတ်ကာ ၁၈၅၆ခုနှစ်တွင် ပေါ်တူဂစ်အိန္ဒိယအောက် ပြန်ရောက်ပြန်သည်။ ၁၈၆၃ခုနှစ်တွင် ဒီလီကို မြို့အဖြစ်သတ်မှတ်ပြီး အရှေ့တီမောသည် လစ်စဘွန်းအစိုးရ အောက်တွင် ပါဝင်လာသည်။ ၁၈၆၆ခုနှစ်တွင် မကာအိုအောက် ပြန်ရောက်ပြန်သည်။ ၁၈၉၆တွင် မကာအိုအောက်မှ နောက်ဆုံးအကြိမ်ခွဲထုတ်ပြီး လစ်စဘွန်းအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက် ပြန်သွင်းပြန်သည်။ ၁၉၀၉ခုနှစ်တွင် ပြည်နယ်တစ်ခုအဖြစ် ဖြစ်လာခဲ့သည်။ ၁၉၁၀ပြည့်နှစ်တွင် ပေါ်တူဂီနိုင်ငံ၌ တော်လှန်ရေးဖြစ်ပွားပြီး ဘုရင်စနစ်ပြုတ်ကျကာ အရပ်သားအစိုးရပေါ်ပေါက်လာခဲ့သည်။ အရပ်သားအစိုးရသစ်သည် ရေမြေခြားမှ ၎င်း၏ပြည်နယ်များကို ကိုလိုနီနယ်မြေအဆင့် လျှော့ချခဲ့သည်။ ဒီလီမြို့သည် ၁၉၄၀ပြည့်နှစ်တွင် တီမော၏ ပထမဆုံးမြူနီစီပယ်ဖြစ်သော ဒီလီမြူနီစီပယ်၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ထိုစဉ်ကမြူနီစီပယ်သည် ယနေ့ခေတ်ထက် ကြီးမားသည်။ ဒုတိယကမ္ဘာစစ်တွင် ပေါ်တူဂီနှင့် ၎င်း၏ကိုလိုနီများသည် သာမန်သာနေခဲ့သည်။ သို့သော် မဟာမိတ်တပ်များက တီမောကျွန်းသည် ဂျပန်၏ကျူးကျော်မှုခံရနိုင်သည်ဟု ထင်မြင်ခဲ့သည်။ တီမောကျွန်း၏ အရှေ့ပိုင်းသည် ပေါ်တူဂီတို့အပိုင်ဖြစ်ကာ ဒီလီမြို့သည် မြို့တော်ဖြစ်သည်။ အနောက်ပိုင်းသည် ဒတ်ချ်တို့၏အပိုင်ဖြစ်ကာ ကူပန်မြို့သည် မြို့တော်ဖြစ်သည်။ ၁၉၄၁ခုနှစ်တွင် ပစိဖိတ်စစ်ပွဲဖြစ်လာရာ ပေါ်တူဂီ၏ကန့်ကွက်မှုကြားမှ ဩစတြေးလျနှင့် ဒတ်ချ်တပ်များကို ဒီလီမြို့သို့ ပို့ခဲ့သည်။ ၎င်းကိုတုံ့ပြန်သည့်အနေဖြင့် ဂျပန်တို့သည် တီမောကျွန်းကို ကျူးကျော်ခဲ့ကြသည်။ ကျးးကျော်မှုမစမီကပင် ဒီလီမြို့ကို စွန့်ခွာမှုများရှိခဲ့သည်။ မဟာမိတ်တပ်များသည်လည်း မြို့ကို စွန့်ခွာကာ အင်အားအနည်းငယ်သာ ထားခဲ့သည်။ ဂျပန်တို့သည် ပေါ်တူဂီတို့၏ အုပ်ချုပ်ရေးမှူးကို ဆက်လက်ခန့်ထားခဲ့သည်။ သို့သော် ဂျပန်များကသာ အုပ်ချုပ်သည်။ မူလဂျပန်တို့ ကျူးကျော်စဉ်မှစ၍ မဟာမိတ်တို့ ပြန်လည်ဗုံးကျဲသည်အထိ ဒီလီမြို့မှာ ပျက်စီးခဲ့သည်။ စစ်ပွဲကြီးပြီးဆုံးချိန်တွင် ဂျပန်တပ်များ ဩစတြေးလျတို့ထံ လက်နက်ချခဲ့သည်။ စစ်ပွဲပြီးနောက် ၁၉၄၅ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့တွင် ဩစတြေးလျအရာရှိသည် ဒီလီမြို့သို့ ကိုယ်တိုင်သွားကာ စစ်ပွဲကြီးပြီးသွားကြောင်း သတင်းစကားပါးခဲ့သည်။ ၁၉၅၁ခုနှစ်တွင် ပေါ်တူဂစ်တီမောသည် ပေါ်တူဂီနိုင်ငံ၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ အရှေ့တီမောဒေသတွင် ဒီလီမြို့တစ်ခုသာ သိသာစွာ တိုးတက်မှုရှိခဲ့သည်။ ၁၉၆၀ပြည့်နှစ်တွင် ဒီလီမြို့၏လူဦးရေမှာ (၇,၀၀၀)ခန့် ရှိသည်။ ၁၉၇၄တွင် ပေါ်တူဂီ၌ တော်လှန်ရေးတစ်ခုဖြစ်ပွားပြီး အရှေ့တီမောတွင် ရုတ်တရက်ပြောင်းလဲသွားသည်။ လွတ်လပ်ရေးအရယူရန်အတွက် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့သည်။ ပါတီများအကြားမှ ဆက်ဆံရေးမှာမူ သဘောထားကွဲလွဲခဲ့ကြသည်။ တီမောဒီမိုကရက်တစ်ယူနီယံပါတီ (ယူဒီတီ)ကမူ အင်ဒိုနီးရှားနှင့် ပေါင်းချင်ခဲ့သည်။ ၁၉၇၅ခုနှစ် ဩဂုတ်လ ၁၁ရက်နေ့တွင် ယူဒီတီက အာဏာသိမ်းခဲ့သည်။ သို့သော် သူ၏အာဏာသည် ဒီလီအပြင်ဘက်၌ အကန့်အသတ်ရှိသည်။ ဩဂုတ် ၂၀ရက်နေ့တွင် ပြိုင်ဖက် ဖရတ်တီလင်းပါတီက မြို့ကိုထိန်းချုပ်ရန် ကြိုးစားပြန်သည်။ ပြဿနာများကြားတွင် အချို့အိမ်များ မီးရှို့ခံခဲ့ရသည်။ နောက်ဆုံးတွင် ဖရတ်တီလင်းတို့ ထိန်းချုပ်နိုင်ခဲ့သည်။ သို့ရာတွင် ပြည်တွင်းစစ်ဆက်ဖြစ်နေ၍ ပေါ်တူဂီတို့၏ နောက်ဆုံးဘုရင်ခံသည် တီမောကျွန်းနှင့် သီးခြားတည်ရှိသော အ​တော်ရိုကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ နိုဝင်ဘာ ၂၈ရက်နေ့တွင် ဖရတ်တီလင်းပါတီက ဒီလီမြို့၌ လွတ်လပ်ရေးကို ကြေညာသည်။ ဒီဇင်ဘာ ၇ရက်နေ့တွင် အင်ဒိုနီးရှားတို့က ဒီလီမြို့အတွင်း လေထီးတပ်သားများစေလွှတ်ခြင်း၊ အနောက်ဘက်တွင် ကုန်း၊ ရေနှစ်သွယ်တပ်များ စေလွှတ်ခြင်းဖြင့် အင်ဒိုနီးရှားသို့ ကျူးကျော်မှု စတင်ခဲ့သည်။ အင်ဒိုနီးရှားတို့လက်အောက်တွင် ကျရောက်ခြင်း (၁၉၇၅ - ၁၉၉၉) အင်ဒိုနီးရှားတို့၏ သိမ်းပိုက်ထားမှုကာလကို ရက်စက်မှုနှင့် အကြမ်းဖက်မှုများဖြင့် အမှတ်အသားပြုနိုက်သည်။ အရှေ့တီမောအရေးကော်မရှင်တစ်ခု၏ အစီရင်ခံစာအရ ၁၉၇၄ခုနှစ်မှ ၁၉၉၉ခုနှစ်အတွင်း ပဋိပက္ခများနှင့် ဆက်နွှယ်သည့် သေဆုံးမှုပေါင်း (၁၀၂,၈၀၀) ရှိခဲ့သည်။ ထိုအထဲတွင် ဖျားနာခြင်းနှင့် ငတ်မွတ်မှုများကြောင့်လည်း ပါဝင်သည်။ ပေါ်တူဂီ၊ အင်ဒိုနီးရှားနှင့် ရိုမန်ကတ်သလစ်များ၏ စာရင်းတွင်မူ (၂၀၀,၀၀၀) ကျော်သည်။ ဖိနှိပ်မှုများနှင့် ကန့်သတ်မှုများသည် အခြေခံအဆောက်အဦးများနှင့် ဝန်ဆောင်မှုကဏ္ဍကို နှောင့်နှေးစေခဲ့ကာ ရလဒ်အနေဖြင့် အရှေ့တီမောဒေသ၏ လူနေမှုအဆင့်အတန်းကို နိမ့်ကျစေခဲ့သည်။ စီးပွားရေးအကျိုးဖြစ်မှုများသည် အင်ဒိုနီးရှားမှ ရွှေ့ပြောင်းနေထိုင်သူများတွင်သာ ရှိခဲ့သည်။ အရှေ့တီမောပြောက်ကျားတပ်ဖွဲ့များသည် ၁၉၇၅ခုနှစ်မှစ၍ ၁၉၉၈ခုနှစ်အထိ အင်ဒိုနီးရှားစစ်တပ်အပေါ် ထိုးစစ်ဆင်ခဲ့ကြသည်။ ၁၉၉၁ခုနှစ် ဒီလီလူသတ်ပွဲသည် အရှေ့တီမော၏လွတ်လပ်ရေးအတွက် အချိုးအကွေ့တစ်ရပ်ဖြစ်ကာ ပေါ်တူဂီ၊ ဩစတြေးလျ၊ ဖိလစ်ပိုင်နှင့် အခြားသောအနောက်နိုင်ငံများတွင် တီမောကြံ့ခိုင်ရေးလှုပ်ရှားမှုများ ဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ဆူဟာတို နုတ်ထွက်ပြီးနောက် သမ္မတအသစ် ဘီဂျေ ဟာဘီဘီသည် နိုင်ငံတကာနှင့် ဆက်ဆံရေးဆိုးရွာနေမှုကို အဆုံးသတ်ချင်လာသည်။ သူ့ကို ဩစတြေးလျဝန်ကြီးချုပ်က စာမှတဆင့် တိုက်တွန်းချက်အရ အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဆန္ဒခံယူပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အင်ဒိုနီးရှားနှင့် ပေါ်တူဂီတို့အကြား ကုလသမဂ္ဂ၏ စေ့စပ်မှုအရ ၁၉၉၉ခုနှစ် ဩဂုတ်လတွင် အရှေ့တီမောအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရစေမည့် ဆန္ဒခံယူပွဲ ပေါ်ပေါက်လာသည်။ ထိုဆန္ဒခံယူပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အရှေ့တီမောလူထုက ပယ်ချခဲ့လျှင် အရှေ့တီမောကို အင်ဒိုနီးရှားကခွဲထုတ်၍ သီးခြားရပ်တည်ခွင့်ပေးမည်ဟု သူက ကတိပေးခဲ့သည်။ ဆန္ဒခံယူပွဲရလဒ်အရ အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဖြစ်လာခဲ့သည်။ ဆန္ဒခံယူပွဲပြီးနောက် လများတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်က ကျောထောက်နောက်ခံပြုထားသော အင်ဒိုလိုလားသည့် အရှေ့တီမောမှစစ်သွေးကြွများက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လူပေါင်း (၂,၀၀၀) ကျော်သေဆုံးခဲ့သည်။ ထိုကိစ္စများကို အင်ဒိုနီးရှားသမ္မတ ဟာဘီဘီလည်း မတတ်နိုင်ခဲ့ရာမှ အရှေ့တီမော၏ ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် ကုလသမဂ္ဂတပ်များကို ခေါ်ခဲ့ရတော့သည်။ ၁၉၉၉ခုနှစ် အောက်တိုဘာ ၂၅ရက်နေ့မှစ၍ အရှေ့တီမောဒေသကို ကုလသမဂ္ဂက စတင်အုပ်ချုပ်ခဲ့သည်။ မျက်မှောက်ခေတ် ၂၀၀၁ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့တွင် အရှေ့တီမောနိုင်ငံ၏ ပထမဆုံးသော ရွေးကောက်ပွဲကို ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲမှအခြေခံဥပဒေရေးဆွဲရေး ဥပဒေပြုလွှတ်တော်တစ်ရပ်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ခဲ့ကြသည်။ ၂၀၀၂ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် လွှတ်တော်က အခြေခံဥပဒေအား အတည်ပြုခဲ့သည်။ ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် အရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အခြေခံဥပဒေမှာ စတင်အသက်ဝင်ခဲ့ပြီး ထိုနေ့တွင်ပင် ကုလသမဂ္ဂက အရှေ့တီမော၏ လွတ်လပ်ရေးကို တရားဝင် အသိအမှတ်ပြုခဲ့ရာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။ အခြေခံဥပဒေပြုလွှတ်တော်ကို အမျိုးသားလွှတ်တော် (National Parliament) ဟု အမည်ပြောင်းခဲ့သည်။ ဇာနာနာ ဂတ်စမိုသည်လည်း ပထမဆုံးသမ္မတအဖြစ် ကျမ်းကျိန်သည်။ ၂၀၀၂ခုနှစ် စက်တင်ဘာ (၂၇) ရက်နေ့တွင် နိုင်ငံအမည် အရှေ့တီမော (East Timor) ကို တီမောလက်စ်တိ (Timor-Leste) အဖြစ် ပြောင်းလဲခဲ့သည်။ သမ္မတနှင့် ဝန်ကြီးချုပ် မာရီ အယ်လ်ကာတီရီတို့အကြားတွင်မူ မပြေလည်မှုများ ရှိခဲ့သည်။ ၂၀၀၆ခုနှစ် မတ်လတွင် နိုင်ငံအနောက်ပိုင်းမှ စစ်သားအများစုပါဝင်သော စစ်သားများက ဆူပူအုံကြွမှုများနှင့် ဂိုဏ်းခွဲမှုများကြောင့် လူဦးရေ၏ ၁၅ရာခိုင်နှုန်းဖြစ်သော လူပေါင်း (၁၅၅,၀၀၀) ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသဖြင့် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်များ စေလွှတ်ခဲ့ရသည်။ ဆူပူမှုအကြောင်းမှာ အစိုးရသည် အရှေ့ပိုင်းစစ်သားများကို ပို၍မျက်နှာသာပေးသည်ဟု အနောက်ပိုင်းမှ စစ်သားများက စွပ်စွဲ၍ဖြစ်သည်။ ၂၀၀၆ခုနှစ် မေလတွင် သမ္မတက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ၂၀၀၇ခုနှစ်တွင် သမ္မတ ဇာနာနာဂတ်စမိုက သူ့အနေဖြင့် နောက်ထပ်သမ္မတသက်တမ်းကို တာဝန်မထမ်းဆောင်တော့ကြောင်း ပြောကြားခဲ့သည်။ ထိုအကြားတွင် ဝန်ကြီးချုပ် မာရီ အယ်လ်ကာတီရီ နုတ်ထွက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဟိုဆေး ရာမို့စ်ဟောတာ ဝန်ကြီးချုပ်ခဖြစ်လာခဲ့သည်။ ထို့နောက် ရာမို့စ်ဟောတာသည် ၂၀၀၇ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာ သမ္မတဖြစ်လာခဲ့သည်။ ၂၀၀၇ခုနှစ် ဇွန်လ လွှတ်တော်ရွေးကောက်ပွဲများတွင် သမ္မတ ဇာနာနာ ဂတ်စမို က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရာမို့စ်ဟောတာသည် လုပ်ကြံသတ်ဖြတ်မှုအတွင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မိုသည်လည်း သီးခြားလုပ်ကြံခံခဲ့ရပြီး မထိခိုက်ဘဲ လွတ်မြောက်သွားခဲ့သည်။ အခြေအနေကို ထိန်းသိမ်းရန် ဩစတြေးလျတပ်ဖွဲ့များ ချက်ချင်းစေလွှတ်ခဲ့ရသည်။ သမ္မတ ရာမို့စ်ဟောတာက ၂၀၀၇ခုနှစ် စက်တင်ဘာလမှစတင်၍ အာဆီယံအသင်းကြီးသို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ သူ့အနေဖြင့် ထိုသို့လုပ်ငန်းများမှာ (၅) နှစ်ခန့်ကြာနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ၂၀၂၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် ၎င်း နောက်ထပ်သမ္မတ ပြန်လည်ဖြစ်လာချိန်အထိ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။ နိုင်ငံရေးနှင့် အစိုးရ အရှေ့တီမောနိုင်ငံသည် ပေါ်တူဂီနိုင်ငံရေးစနစ်အတိုင်း သမ္မတတစ်ပိုင်းစနစ် ကို ကျင့်သုံးသည်။ ဤစနစ်သည် ပါလီမန်စနစ်ကဲ့သို့ နိုင်ငံတော်အကြီးအကဲသည် ဟန်ပြသာနေရပြီး အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်သည်သာ အာဏာအများစုရှိသည့် စနစ်နှင့် ကွဲပြားသည်။ သို့သော် သမ္မတစနစ်ကျင့်သုံးသောတိုင်းပြည်များ၏ သမ္မတကဲ့သို့လည်း အာဏာအပြည့်အဝမရှိပေ။ သမ္မတနှင့် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တို့အကြား အာဏာခွဲဝေယှဉ်တွဲ ကျင့်သုံးသော စနစ်ဖြစ်သည်။ သမ္မတနှင့် ဝန်ကြီးချုပ်တို့အကြား အာဏာခွဲဝေမှုအပြင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား အာဏာခွဲဝေမှုများကို အခြေခံဥပဒေ၌ တိကျစွာ ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်သမ္မတ သည် နိုင်ငံတော်အကြီးအကဲဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာအတွက် အမှတ်သင်္ကေတနှင့် အာမခံသူဖြစ်သည်။ တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သည်။ သမ္မတကို ပြည်သူမှ တိုက်ရိုက်ရွေးချယ်ရသည်။ သမ္မတကိုအကြံပေးရန်အတွက် နိုင်ငံတော်ကောင်စီ ကို ဖွဲ့စည်းရသည်။ ထိုကောင်စီတွင် ရာထူးမှထုတ်ပယ်ခြင်းခံရမှုမရှိခဲ့သည့် သမ္မတအငြိမ်းစား၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ လွှတ်တော်မှရွေးသော ပြည်သူ (၅)ဦး၊ သမ္မတမှရွေးသော ပြည်သူ (၅)ဦးတို့ ပါဝင်သည်။ လွှတ်တော်သည် အနည်းဆုံး (၅၂)ဦးမှ အများဆုံး (၆၅)ဦးအထိရှိပြီး ပြည်သူမှ တိုက်ရိုက်ရွေးချယ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များ၏သက်တမ်းသည် (၅)နှစ် ဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်ကို လွှတ်တော်တွင် ရွေးချယ်ကာ သမ္မတက ခန့်အပ်သည်။ ဝန်ကြီးများကို ဝန်ကြီးချုပ်ကတင်သွင်းကာ သမ္မတက ခန့်အပ်သည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်ကာ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ နိုင်ငံတော်အတွင်းရေးမှူးတို့ ပါဝင်သည်။ ထို့အပြင် ဒုတိယဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများလည်း ပါဝင်နိုင်သည်။ ဝန်ကြီးများကောင်စီကို ဝန်ကြီးချုပ် ဦးဆောင်လျက် ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများဖြင့်ဖွဲ့စည်းသည်။ ကောင်စီအစည်းအဝေးသို့ ဒုတိယဝန်ကြီးများနှင့် နိုင်ငံတော်အတွင်းရေးမှူးတို့ တက်ရောက်နိုင်သော်လည်း မဲပေးပိုင်ခွင့်မရှိပေ။ အခြားအဖွဲ့ဝင်များကို ဝန်ကြီးချုပ်၏ တင်ပြချက်ဖြင့် သမ္မတက ခန့်အပ်နိုင်သည်။ နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ နိုင်ငံခြားဆက်ဆံရေး နိုင်ငံခြားဆက်ဆံရေးကောင်းမွန်မှုသည် အရှေ့တီမောနိုင်ငံအတွက် လွန်စွာ အရေးကြီးလှသည်။ ရေနံအခွန်များမှ အဓိက ဘဏ္ဍာငွေ မရရှိရှိခင်က နိုင်ငံခြားမှ ထောက်ပံ့လှူဒါန်းမှုများသည် တိုင်းပြည်ဘဏ္ဍာငွေ၏ (၈၀) ရာခိုင်နှုန်းဖြစ်သည်။ လုံခြုရေးအတွက်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့များမှ ထောက်ပံ့ပေးထားရသည်။ အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်လာရန်အတွက် ကာလအတော်ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည်။ ၂၀၁၁ခုနှစ်မှ စတင်ခဲ့သည်မှာ ၂၀၂၂ခုနှစ်တိုင်အောင်ဖြစ်သည်။ ပစိဖိတ်နိုင်ငံများနှင့် ယဉ်ကျေးမှုခြင်းနီးစပ်သော်လည်း အာဆီယံသို့သာ အဖွဲ့ဝင်နိုင်ရန် စိတ်ဝင်စားခဲ့သည်။ အာဆီယံသို့ဝင်ရောက်ရခြင်းမှာ အင်ဒိုနီးရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းလာစေရန် ရည်ရွယ်ပုံရသော်လည်း လက်တွေ့တွင် အဖွဲ့ဝင်ဖြစ်ရန်အတွက် အချို့အာဆီယံနိုင်ငံများက မထောက်ခံသေးပေ။ ထို့ကြောင့် ပစိဖိတ်ဒေသမှ ကျွန်းနိုင်ငံများနှင့် ဩစတြေးလျတို့၏ ပစိဖိတ်ကျွန်းများဖိုရမ်တွင် လေ့လာသူ ဖြစ်လာပြန်သည်။ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှားနှင့် ဩစတြေးလျတို့အား သံတမန်ကောင်းအဖြစ် ဆက်ဆံနိုင်ရေးသည် တီမောအစိုးရ၏ ရည်မှန်းချက်တစ်ခုဖြစ်သည်။ ယခင်က သမိုင်းကြောင်းအရ အနေအထားများ၊ လွန်ခဲ့သော ဆယ်စုနှစ်များက တင်းမာမှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကောင်းမွန်စွာ ဆက်ဆံနိုင်ခြင်းသည် အရှေ့တီမောအတွက် အကျိုးရှိလှသည်။ ထိုနိုင်ငံများသည် အဓိကစီးပွားရေးမိတ်ဖက်များလည်းဖြစ်ကာ နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးအချိတ်အဆက်အတွက် အဓိကနေရာမှ ကူညီနေသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံသည်လည်း မြို့တော်ဒီလီရှိ အခြေခံအဆောက်အဦးများ တည်ဆောက်ပြုပြင်ရန်အတွက် လှူဒါန်းမှုများ မြှင့်တင်ခဲ့သည်။ နိုင်ငံပေါင်း (၁၂၂)နိုင်ငံနှင့် သံတမန်အဆက်အသွယ်ရှိသည်။ စစ်ရေး တီမောလက်စ်တိ ကာကွယ်ရေးတပ်မတော်ကို ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့ကာ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ရန် တာဝန်ရှိသည်။ အုပ်ချုပ်​ရေးနယ်​မြေများ အရှေ့တီမောနိုင်ငံကို ခရိုင် (၁၄)ခု (ယခု Municipalities၊ ယခင် Districts) ဖြင့် ပိုင်းခြားထားသည်။ ၎င်းတို့ကို ခရိုင်ခွဲ (၆၄)ခုဖြင့် ထပ်မံပိုင်းခြားထားသည်။ ခရိုင် (၁၄)ခုမှာ အီလူ (Aileu) အီနာရို (Ainro) အထိုရို (Atauro) ဘာကော (Baucau) ဘိုဘိုနာရို (Bobonaro) Cova Lima (ကိုဗာလီမာ) ဒီလီ (Dili) အယ်မာရာ (Ermera) လော်တင်မ် (Lautém) လီကွီကာ (Liquiçá) မာနာတူတို (Manatuto) မာနူဖာဟိ (Manufahi) အိုးကပ်စ် (Oecusse) ဗိုက်ကွဲ (Viqueque) တို့ဖြစ်ကြသည်။ ဒီလီမြို့ သည် နိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့တော်ဖြစ်ကာ ဘာကောမြို့သည် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ ပထဝီဝင်အ​နေအထား တည်နေရာနှင့် အကျယ်အဝန်း အရှေ့တောင်အာရှဒေသနှင့် တောင်ပစိဖိတ်သမုဒ္ဒရာကြားတွင် တည်ရှိသော လက်ဆာဆူဒန်ကျွန်းများတွင် တီမောကျွန်းသည် အကြီးဆုံးဖြစ်သည်။ ထိုကျွန်းသည် အွမ်ဘိုင်နှင့် ဝက်တာ ရေလက်ကြားတို့ အကြားတွင် တည်ရှိသည်။ အရှေ့တီမောနိုင်ငံသည် တီမောကျွန်းကို အင်ဒိုနီးရှားနှင့် ခွဲ၍ အသုံးပြုရသည်။ ကျွန်း၏ အရှေ့ဘက်ခြမ်းသည် အရှေ့တီမောအပိုင်ဖြစ်သည်။ အိုးကပ်စ်ခရိုင်သည် ပင်မအရှေ့တီမောနိုင်ငံနှင့် သီးခြားတည်ရှိကာ ၎င်းတို့အကြားတွင် အင်ဒိုနီးရှား နယ်နိမိတ် တည်ရှိသည်။ အိုးကပ်စ်ခရိုင်သည် တိုင်းပြည်၏ အနောက်ဘက်အကျဆုံးဖြစ်ကာ လူမနေသော ဂျာကိုး ကျွန်းငယ်သည် အရှေ့ဘက်အကျဆုံးဖြစ်သည်။ အရှေ့တီမောသည် ၂၆၅ ကီလိုမီတာ ရှည်လျားပြီး ၉၇ ကီလိုမီတာ ကျယ်ဝန်းသည်။ ဧရိယာ (၁၄,၈၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ မြေမျက်နှာသွင်ပြင် နိုင်ငံ၏ အတွင်းပိုင်းသည် တောင်ကုန်းတောင်တန်းများဖြစ်ကာ မီးတောင်သေများလည်းရှိသည်။ တောင်ပိုင်းသည် တောင်ကုန်းတောင်တန်းနည်းကာ ကမ်းခြေများအနီးတွင် လွင်ပြင်များရှိသည်။ အမြင့်ဆုံးမှာ တာတာမယ်လူတောင်ဖြစ်ကာ ပေပေါင်း (၉၇,၉၇) မြင့်မားသည်။ မြစ်အများစုသည် ခြောက်သွေ့သော ရာသီတွင် ခမ်းခြောက်လေ့ရှိသည်။ ရာသီဥတု အရှေ့တီမောနိုင်ငံသည် အပူပိုင်းရာသီဥတုဖြစ်ကာ တစ်နှစ်ပတ်လုံး အပူချိန်ကွာခြားမှု မများပေ။ ဒီဇင်ဘာလမှ မေလအတွင်းတွင်မူ မိုးများတတ်သည်။ ထိုကာလများတွင် ပျမ်းမျှမိုးရေချိန်မှာ တစ်လလျှင် (၈.၇ - ၉.၉) လက်မရှိတတ်သည်။ စီးပွားရေး ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ အရှေ့တီမောနိုင်ငံ၏ စီးပွားရေးသည် နိမ့်ကျသည်။ နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်သည်။ တိုင်းပြည်လူဦးရေ၏ တစ်ဝက်ခန့်သည် စာတတ်မြောက်မှု မရှိပေ။ တိုက်းပြည်၏စီးပွားရေးသည် ကော်ဖီ၊ စကျင်ကျောက်၊ ရေနံနှင့် စန္ဒကူးပင်များအပေါ် မှီခိုသည်။ ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာကို သုံးစွဲကြသည်။ အစိုးရ၏ အသုံးစရိတ်သည် ငွေကြေးဖောင်းပွမှုတွင် များစွာ သက်ရောက်မှုရှိသည်။ နိုင်ငံသားများသည် ဆင်းရဲမွဲတေမှုနှင့် ကြုံနေရကာ အထူးသဖြင့် လယ်သမားများနှင့် ငါးဖမ်းသမားများ၏ ကျေးလက်ဒေသများတွင်ဖြစ်သည်။ မြို့ပြဧရိယာ၌ပင် အများစုမှာ ဆင်းရဲကြသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ဆင်းရဲကာ လုပ်အားခ အလွန်နည်းသော အလုပ်များတွင်သာ အလုပ်လုပ်ရသည်။ ကလေးငယ်များ၏ ကြီးထွားမှုနှေးကွေးပုံမှာ အာဟာရချို့တဲ့နေကြောင်း ပြသနေသည်။ လူမှု​ရေးဆိုင်ရာအချက်များ လူဦးရေ ၂၀၁၅ သန်းခေါင်စာရင်းအရ အရှေ့တီမောနိုင်ငံ၏ လူဦးရေမှာ (၁,၁၈၃,၆၄၃) ဖြစ်သည်။ အများစုမှာ ငယ်ရ်ယ်သူများဖြစ်သည်။ လူအများစုသည် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည်။ ငွေကြေးတတ်နိုင်သူများကမူ ကျန်းမာရေးနှင့် ပညာရေးကိစ္စများအတွက်လပြည်ပသို့ သွားတတ်ကြသည်။ ယဉ်​ကျေးမှု အားကစား အရှေ့တီမောနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ အဖွဲ့ဝင်ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်လည်းဖြစ်ကာ ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၀၃အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသို့ ၂၀၀၃ခုနှစ်တွင် ဝင်ရောက်နိုင်ခဲ့ပြီး ၂၀၀၄အေသင်ပွဲတော်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကိုးကား နိုင်ငံ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အရှေ့တီမောနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%AE%E1%80%99%E1%80%B1%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
အင်ဒိုနီးရှားနိုင်ငံ
အင်ဒိုနီးရှားနိုင်ငံ ၏ ရုံးသုံးအမည်မှာ အင်ဒိုနီးရှား သမ္မတနိုင်ငံဖြစ်ပြီး တိုက်တစ်ခုထက်ပို၍ နယ်မြေရှိသော တစည်းတလုံးတည်းရှိသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်ကာ အရှေ့တောင်အာရှတွင် အဓိက တည်ရှိပြီး အချို့နယ်မြေများမှာ အိုရှန်းနီးယား တွင် ရှိသည်။ အိန္ဒိယသမုဒ္ဒရာ နှင့် ပစိဖိတ်သမုဒ္ဒရာ ကြားတွင် တည်ရှိပြီး ကျွန်းပေါင်း တစ်သောင်းသုံးထောင်ကျော် ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျွန်းနိုင်ငံ ဖြစ်သည်။ စတုရန်းမိုင်ပေါင်း ၇၃၅,၃၅၈မိုင် (စတုရန်း ကီလိုမီတာ ၁,၉၀၄,၅၆၉ ကီလိုမီတာ) မျှ ရှိသဖြင့် အင်ဒိုနီးရှားသည် ကုန်းမြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ပင်လယ်ဧရိယာ နှင့် ကုန်းမြေဧရိယာ ပေါင်းပါက ကမ္ဘာပေါ်တွင် သတ္တမမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ ၂၆၁ သန်းမျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး အော်စထရိုနီးရှန်းနိုင်ငံ နှင့် မွတ်စလင်ဘာသာဝင် အများစုရှိသော နိုင်ငံများတွင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ လူဦးရေ အများဆုံးဖြစ်သော ဂျားဗားကျွန်းတွင် နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော် နေထိုင်ကြသည်။ အင်ဒိုနီးရှားတွင် ရီပတ်ဘလစ်ကင် ပုံစံ အစိုးရရှိပြီး ရွေးကောက်တင်မြှောက်ထားသော ပါလီမန် နှင့် သမ္မတတို့ ပါဝင်သည်။ အင်ဒိုနီးရှားတွင် ပြည်နယ် ၃၄ ခုရှိပြီး ၅ ခုမှာ အထူးအုပ်ချုပ်ရေး အဆင့်ရှိသည်။ မြို့တော်မှာ ဂျကာတာမြို့ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူဦးရေအများဆုံး မြို့ပြဒေသဖြစ်သည်။ အင်ဒိုနီးရှားသည် ပါပူအာနယူးဂီနီနိုင်ငံ ၊ အရှေ့တီမောနိုင်ငံ နှင့် မလေးရှားနိုင်ငံ အရှေ့ပိုင်းတို့နှင့် ကုန်းမြေ နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ အခြားသော အိမ်နီးချင်းနိုင်ငံများတွင် စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ပလောင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံပိုင် အက်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းတို့ ပါဝင်သည်။ လူဦးရေများပြားပြီး လူဦးရေသိပ်သည်းသည့် ဒေသများရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ကျယ်ပြောလှသော တောရိုင်းမြေများသည် ဇီဝမျိုးကွဲများကို များပြားစွာ အထောက်အပံ့ ပေးထားနိုင်သည်။ နိုင်ငံအတွင်း သဘာဝ အရင်းအမြစ် အလျှံပယ်ရှိပြီး ၎င်းတို့တွင် ရေနံ နှင့် သဘာဝဓာတ်ငွေ့၊ ခဲမဖြူ၊ ကြေးနီ နှင့် ရွှေတို့ပါဝင်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှာ ဆန်စပါး၊ ဆီအုန်း၊ လက်ဖက်၊ ကော်ဖီ၊ ကကေးအို ၊ ပရဆေး၊ ဟင်းခပ်အမွှေးအကြိုင် နှင့် ရာဘာတို့ ထွက်ရှိသည်။ အင်ဒိုနီးရှား၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြသည်။ အင်ဒိုနီးရှားကျွန်းစုသည် ၇ ရာစုလောက်မှ စ၍ပင် ကုန်သွယ်ရေးအတွက် အရေးပါသော ဒေသဖြစ်ခဲ့ပြီး ထိုအချိန်က သီရိဝိဟာရနိုင်ငံ နှင့် မာဂျာပါဟစ်နိုင်ငံ တို့သည် တရုတ်မင်းဆက်များ နှင့် အိန္ဒိယဘုရင့်နိုင်ငံတော်တို့အား ကုန်သွယ်မှု ပြုခဲ့ကြသည်။ ခရစ်တော်ပေါ်ပြီး အစောပိုင်းနှစ်များမှ စ၍ ဒေသခံ ဘုရင်တို့သည် နိုင်ငံခြားမှ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံရေး ပုံစံတို့ကို ဆက်ခံယူခဲ့ပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ နိုင်ငံတော်များ အဖြစ် စည်ပင်တိုးတက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမိုင်းတွင် ၎င်းတို့၏ သဘာဝအရင်းအမြစ်များကို မျက်စိကျသော နိုင်ငံရပ်ခြား အင်အားကြီးနိုင်ငံတို့၏ လွှမ်းမိုးမှုများ ပါဝင်ခဲ့သည်။ မွတ်ဆလင် ကုန်သည်များ နှင့် ဆူဖီပညာရှင်များက အစ္စလာမ်ဘာသာကို ယူဆောင်လာခဲ့ကြပြီး ဥရောပသားတို့က ခရစ်ယာန်ဘာသာကို ယူဆောင်လာခဲ့ကြကာ နယ်မြေသစ်စူးစမ်းရှာဖွေသော ခေတ်ကာလအတွင်း ဟင်းခတ်အမွေးအကြိုင်ကျွန်းများဖြစ်ကြသော မာလူကူးကျွန်းများပေါ်တွင် ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ရန် ကြိုးစားခဲ့ကြကာ တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်ခဲ့ကြသည်။ အမ်ဘိုးအီးနား နှင့် ဘာတာဗီးယားတို့ကို ဒတ်ချ်လူမျိုးတို့က ကိုလိုနီအဖြစ် သွတ်သွင်းခဲ့သည်က အစပြု၍ နောက်ဆုံးတွင် တီမော နှင့် အနောက်နယူးဂီနီ အပါအဝင် ကျွန်းစုအားလုံးကို ပေါ်တူဂီ၊ ပြင်သစ်နှင့် ဗြိတိသျှတို့က ကိုလိုနီအဖြစ် သိမ်းပိုက်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဒုတိယကမ္ဘာစစ် အပြီးတွင် လွတ်လပ်ရေးရခဲ့သည်။ အင်ဒိုနီးရှားတွင် ရာပေါင်းများစွာသော ဒေသခံလူမျိုးများနှင့် ဘာသာစကားများရှိပြီး အကြီးမားဆုံးနှင့် နိုင်ငံရေးအရ အလွှမ်းမိုးနိုင်ဆုံးမှာ ဂျာဗားလူမျိုးများ ဖြစ်သည်။ အမျိုးသားဘာသာစကား၊ လူအမျိုးမျိုးကွဲပြားမှု၊ မွတ်စလင်အများစုရှိသော နိုင်ငံအတွင်း ဘာသာပေါင်းစုံ ကိုးကွယ်နေမှု၊ ကိုလိုနီပြုခံရခြင်းသမိုင်းနှင့် ပုန်ကန်တော်လှန်ခြင်း စသည်တို့မှ တဆင့် အားလုံး ဝေမျှထားသော အမျိုးသားလက္ခဏာရပ်တစ်ခု ပေါ်ထွန်းလာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် ဆောင်ပုဒ်မှာ "ညီညွတ်ခြင်းနှင့် မတူကွဲပြားခြင်း ၊ စာစကားအားဖြင့်၊ အားလုံး သို့သော် တစ်ခုတည်း" ဟူ၍ ဖြစ်ပြီး နိုင်ငံကို ပုံဖော်ပေးနေသော မတူကွဲပြားခြင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးသည် စုစုပေါင်း ပြည်တွင်းထုတ်ကုန် အားဖြင့် ကမ္ဘာပေါ်တွင် ၁၆ ခုမြောက် အကြီးမားဆုံးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် တွင် ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းကို ထည့်သွင်းတွက်ချက်ပါက ကမ္ဘာပေါ်တွင် သတ္တမမြောက် အကြီးဆုံး ဖြစ်သည်။ အင်ဒိုနီးရှားသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသင်းဝင်ဖြစ်ပြီး ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ နှင့် ဂျီ၂၀ တို့တွင် ပါဝင်သည်။ ထို့ပြင် ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု အဖွဲ့၊ အရှေ့တောင်အာရှနိုင်ငံများအသင်း၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အရှေ့အာရှ ထိပ်သီးနိုင်ငံများအဖွဲ့၊ အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် နှင့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တို့တွင် စတင်တည်ထောင်သောနိုင်ငံ တစ်ခု အဖြစ်ပါဝင်ခဲ့သည်။ အမည်မှည့်ခေါ်ခြင်း "အင်ဒိုနီးရှား" ဆိုသော အမည်သည် ဂရိဘာသာစကား အင်ဒို (Indos) နှင့် နီဆော့စ် (nesos) တို့မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အိန္ဒိယကျွန်းများ ဟု အဓိပ္ပာယ်ရသည်။ ထိုအမည်သည် ၁၈ ရာစု မှ အစပြုခဲ့ပြီး လွတ်လပ်သော အင်ဒိုနီးရှားနိုင်ငံ မထူထောင်ခင် ရှေးအတီတေကပင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။၁၈၅၀ တွင် အင်္ဂလိပ် လူမျိုးစုဗေဒပညာရှင် ဂျော့ရှ်ဝင်ဆာအားရ်မှ အိန္ဒိယကျွန်းစုများပေါ်တွင် နေထိုင်သူများအား အင်ဒုနီးရှန်း (Indunesians) ဟုလည်းကောင်း မလာယန်ကျွန်းဆွယ်များပေါ်တွင် နေထိုင်သူများအား မလာယုနီးရှန်း (Malayunesians) ဟုလည်းကောင်း သူနှစ်သက်သည့် အသုံးအနှုန်းကို အဆိုပြုခဲ့သည်။ ထိုဂျာနယ်၌ပင် သူ၏ ကျောင်းသားတစ်ဦးဖြစ်သော ဂျိမ်းစ်ရစ်ချက်ဆန် လိုဂန် မှ အိန္ဒိယကျွန်းစု ဆိုသော အမည်အား အင်ဒိုနီးရှား ဟု အဓိပ္ပာယ်တူ အသုံးပြုခဲ့သည်။ သို့သော်လည်း ဒတ်ချ်ပညာရှင်တို့၏ အရှေ့အင်ဒီ နှင့် ပတ်သက်သော ဂျာနယ်များတွင် အင်ဒိုနီးရှား ဆိုသောအမည်ကို အသုံးမပြုချင်ကြဘဲ မလေးကျွန်းစုများ နှင့် နယ်သာလန် အရှေ့အင်ဒီဆိုသော အမည်များကိုသာ ပိုမိုနှစ်ခြိုက်ကြပြီး ရေပန်းစားသော အသုံးအနှုန်းမှာ အင်ဒီ အရှေ့ပိုင်း နှင့် အင်ဆူလင်ဒီ (Insulinde) တို့ ဖြစ်ကြသည်။ ၁၉၀၀ ပြည့်နှစ်များ၏ နောက်ပိုင်းတွင် နယ်သာလန်ပြင်ပရှိ ပညာရှင် အသိုင်းအဝိုင်းကြား၌ အင်ဒိုနီးရှား ဆိုသောအမည်မှာ ပို၍ အသုံးများလာခဲ့ကြပြီး ဒေသခံ မျိုးချစ်များက နိုင်ငံရေး အသုံးအနှုန်းအဖြစ် မွေးစားခဲ့ကြသည်။ ဘာလင်တက္ကသိုလ်မှ အဒေါ့ဖ် ဘတ်ရှန်း မှ ၎င်း၏စာအုပ် "အင်ဒိုနီးရှား သို့မဟုတ် မလေးကျွန်းစုမှကျွန်းများ ၁၈၈၄-၁၈၉၄" မှ တဆင့် ထိုအမည်ကို လူသိများလာစေခဲ့သည်။ ဒေသခံ ပညာရှင်များထဲမှ ထိုအမည်ကို စတင် အသုံးပြုသူမှာ ကီ ဟာဂျာ ဒီဝမ်တာရာ ဖြစ်ပြီး ၁၉၁၃ ခုနှစ်၌ သူသည် နယ်သာလန်နိုင်ငံ၌ "အင်ဒိုနီးရှား သတင်းစာတိုက်" အမည်ဖြင့် သတင်းစာတိုက်တစ်ခု ကို တည်ထောင်ခဲ့သည်။ သမိုင်း အစောပိုင်းသမိုင်း လွန်ခဲ့သော နှစ်ပေါင်း ၁.၅ သန်း နှင့် ၃၅,၀၀၀ နှစ် ကြားတွင် ဟိုမို အီရပ်တပ်စ် ဟု သိကြသော ဂျားဗားလူများ အင်ဒိုနီးရှားကျွန်းစုများတွင် နေထိုင်ကြသည်ဟု ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် လက်နက်ကိရိယာ အကြွင်းအကျန်များမှ ဖော်ပြနေသည်။ ဟိုမိုဆေးပီးယန်းတို့သည် ထိုဒေသသို့ လွန်ခဲ့သော နှစ်ပေါင်း ၄၅,၀၀၀ ခန့်က ရောက်ရှိခဲ့ကြသည်။ ယနေ့ခေတ်လူများ၏ အဓိက အစိတ်အပိုင်းဖြစ်သော အော်စထရိုနီးရှန်းလူမျိုးများသည် အရှေ့တောင်အာရှသို့ ယနေ့ခေတ် ထိုင်ဝမ်နေရာမှ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် ဘီစီ ၂,၀၀၀ ခုနှစ်ခန့်တွင် ရောက်ရှိလာခဲ့ပြီး ကျွန်းစုများတလျှောက် ပျံ့နှံ့သွားခဲ့ကြကာ ဒေသရင်း မီလာနီးရှန်းလူမျိုးများအား အရှေ့ပိုင်းဒေသများသို့ တွန်းပို့ခဲ့ကြသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ရန် ကောင်းသော အခြေအနေနှင့် ဘီစီ ၈ ရာစုမှ စ၍ ဆန်စပါးစိုက်ပျိုးရန်အတွက် ကျွမ်းကျင်လာမှုတို့ကြောင့် ကျေးရွာများ၊ မြို့များ နှင့် နိုင်ငံငယ်များ အေဒီ ၁ ရာစုတွင် စတင်ထွန်းကားလာခဲ့ကြသည်။ အင်ဒိုနီးရှား၏ မဟာဗျူဟာကျသော ပင်လယ်ရေကြောင်းသွားလမ်းပေါ်ရှိ နေရာသည် ကျွန်းများအချင်းချင်းကြားနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို အားပေးခဲ့ပြီး အိန္ဒိယဘုရင်နိုင်ငံများ နှင့် တရုတ်မင်းဆက် အုပ်ချုပ်သော နိုင်ငံများသို့ အဆက်အသွယ်ပြုနိုင်ခဲ့ကာ ခရစ်တော်မပေါ်မီ ရာစုနှစ်များကပင် ကုန်သွယ်ရေးကို စတင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ကုန်သွယ်ရေးသည် အင်ဒိုနီးရှားနိုင်ငံ၏ သမိုင်းကို ပုံဖော်ပေးခဲ့သည်။ အေဒီ ၇ ရာစုမှ အစပြု၍ အင်အားကြီးသော သီရီဝိဇယ ရေကြောင်းနိုင်ငံတော်သည် စည်ပင်ထွန်းကားလာခဲ့ပြီး ကုန်သွယ်မှု ဖွံ့ဖြိုးလာခြင်းမှာ ၎င်းတို့နှင့်အတူ တင်သွင်းလာသော ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာတို့ကြောင့် ဖြစ်သည်။ အေဒီ ၈ ရာစုနှစ် နှင့် ၁၀ ရာစုနှစ်ကြားတွင် စိုက်ပျိုးရေးကို အခြေခံသော ဗုဒ္ဓဘာသာ ဆေးလန်ဒရာ ဘုရင့်နိုင်ငံတော်နှင့် ဟိန္ဒူဘာသာ မာတရန် ဘုရင့်နိုင်ငံတော်တို့ ဂျားဗားကျွန်း ကုန်းတွင်းပိုင်းတွင် ဖွံ့ဖြိုးထွန်းကားလာခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာခဲ့သည်။ ၎င်းတို့ ချန်ထားရစ်ခဲ့သည်မှာ ကြီးမြတ်သော ဘာသာရေး အထိမ်းအမှတ် အဆောက်အဦးများ ဖြစ်ကြသည့် ဗောရောဗုဓော ၊ ဆီဝူး နှင့် ပရမ်ဘနန် တို့ ဖြစ်ကြသည်။ ထိုအချိန်သည် ရှေးဟောင်းဂျားဗားတွင် ဟိန္ဒူ နှင့် ဗုဒ္ဓအနုပညာတို့၏ ပြန်လည်စည်ပင်ထွန်းကားလာသော ခေတ်ဟု ဆိုနိုင်သည်။ ၁၀ရာစု၏ ပထမ လေးပုံတစ်ပုံတွင် အွမ်ပူးဆင်းဒေါက်မှ ဘုရင့်နိုင်ငံတော်၏ ဗဟို ကို ဂျားဗားကျွန်း အလယ်ပိုင်း မာတရန် ဒေသမှ အရှေ့ဂျားဗားရှိ ဘရန်တပ်စ် မြစ်ဝှမ်းသို့ ရွှေ့ပြောင်းခဲ့ကာ အစ်စယားနားမင်းဆက်ကို တည်ထောင်ခဲ့သည်။ ထို့နောက်တွင် ဟိန္ဒူ-ဗုဒ္ဓဘာသာတိုင်းပြည်များ ဆက်တိုက် ပေါ်ထွန်း ပြိုပျက်ခဲ့ပြီး အဲလင်ဂါအုပ်ချုပ်သော ကာဟူးရီပန်တိုင်းပြည်မှစ၍ ကာဒီရီ နှင့် ဆင်းဟာဆာရီတိုင်းပြည် တို့ အထိဖြစ်သည်။ အနောက်ဂျားဗားတွင် ဆန်ယန်တာပက် ကျောက်စာ အရ ၁၀၃၀ ခုနှစ်တွင် ဆွန်ဒါတိုင်းပြည်ကို ပြန်လည်ထူထောင်ခဲ့သည်ဟု သိရသည်။ ဘာလီတွင်မူ ဝါမာဒေဝ မင်းဆက်မှ ဘာလီတိုင်းပြည်ကို ၁၀ ရာစုတွင် တည်ထောင်ခဲ့သည်။ ဟိန္ဒူတို့၏ မာဂျာပါဟစ် တိုင်းပြည်အား ၁၃ ရာစု နှောင်းပိုင်းတွင် ဂါဂျာ မာဒါ၏ ဦးဆောင်မှုဖြင့် အရှေ့ဂျားဗား၌ တည်ထောင်ခဲ့ပြီး ၎င်း၏ ဩဇာလွှမ်းမိုးမှုသည် ယနေ့ခေတ် အင်ဒိုနီးရှား၏ နေရာ အတော်များများသို့ သက်ရောက်ခဲ့သည်။ အင်ဒိုနီးရှားကျွန်းစုများ အတွင်း မွတ်စလင်များ နေထိုင်မှု၏ အစောဆုံး အထောက်အထားမှာ ၁၃ ရာစု ဆူမတြာကျွန်း မြောက်ပိုင်းတွင် ဖြစ်ပြီး မွတ်စလင်ကုန်သည်များသည် အရှေ့တောင်အာရှမှတဆင့် အစ္စလာမ်ခေတ်တွင် ပထမဆုံး ရောက်ရှိလာခဲ့ကြသည်။ ထိုကျွန်းစုများ၏ အခြားအပိုင်းများတွင် အစ္စလာမ်ဘာသာကို တဖြည်းဖြည်း ကူးပြောင်း ကိုးကွယ်လာခဲ့ကြပြီး ၁၆ ရာစု အကုန်တွင် ဂျားဗားကျွန်း နှင့် ဆူမကြာကျွန်းတို့၌ အဓိက ဘာသာ ဖြစ်လာခဲ့သည်။ နေရာဒေသ အတော်များများတွင် အစ္စလာမ်ဘာသာသည် လက်ရှိ ယဉ်ကျေးမှု နှင့် ကိုးကွယ်ယုံကြည်မှုများအား ဖုံးလွှမ်းရောနှောလာခဲ့ပြီး ထို့အတွက်ကြောင့် အင်ဒိုနီးရှားတွင် အစ္စလာမ်ဘာသာ အဓိက ဖြစ်လာခဲ့ကာ အထူးသဖြင့် ဂျားဗားကျွန်းတွင် ဖြစ်သည်။ ကိုလိုနီခေတ် ဥရောပသားတို့နှင့် ကျွန်းစုနေ လူမျိုးများ ပုံမှန် အဆက်အသွယ်ပြုကြခြင်းသည် ၁၅၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ပေါ်တူဂီကုန်သည် ဖရန်စစ္စကို ဆေးဟုမ်း မှ ဇာတိပ္ဖိုလ်၊ လေးညှင်း နှင့် ကရဝေးတို့အား မာလူကူးကျွန်းတွင် တစ်ဦးတည်း ချုပ်ကိုင်နိုင်ရန် ကြိုးစားရာမှ စခဲ့သည်။ ဒတ်ချ် နှင့် ဗြိတိသျှကုန်သည်တို့သည် ၎င်း၏ နောက်မှ လိုက်လာခဲ့သည်။ ၁၆၀၂ တွင် ဒတ်ချ်တို့မှ ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး နောက်ပိုင်း ဆယ်စုနှစ်များတွင် ဒတ်ချ်တို့မှ အမ်ဘိုးအီးနား နှင့် ဘာတေးဗီးယားတို့တွင် ခြေကုပ်ရယူနိုင်ခဲ့သည်။ ၁၇ ရာစုနှင့် ၁၈ ရာစု နှစ်များတွင် ထိုကုမ္ပဏီသည် ကျွန်းစုများအတွင်း လွှမ်းမိုးသော အင်အားကြီး ဥရောပ အဖွဲ့ ဖြစ်လာခဲ့သည်။ ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီသည် ဒေဝါလီခံခဲ့ရပြီးနောက် ၁၈၀၀ တွင် တရားဝင် ဖျက်သိမ်းခဲ့ကာ ဒတ်ချ်အစိုးရမှ ဒတ်ချ်အရှေ့အင်ဒီ အဖြစ် နိုင်ငံပိုင် ကိုလိုနီ ထူထောင်ခဲ့သည်။ ဒတ်ချ်တို့၏ ကိုလိုနီခေတ် တလျှောက်တွင် ဒတ်ချ်တို့၏ ထိန်းချုပ်မှုသည် ကမ်းရိုးတန်း အခြေစိုက်နေရာများမှ အပ အခြားနေရာများတွင် အားနည်းခဲ့သည်။ ၂၀ ရာစု အစောပိုင်းတွင်မှ ဒတ်ချ်တို့၏ လွှမ်းမိုးမှုသည် အင်ဒိုနီးရှား၏ လက်ရှိ နယ်နိမိတ်သို့ ဖြန့်ကျက်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်တို့၏ သိမ်းပိုက်မှုမှ ဒတ်ချ်တို့၏ အုပ်စိုးမှုအား အဆုံးသတ်ခဲ့ပြီး ယခင်က ချုပ်ငြိမ်းခဲ့သော လွတ်လပ်ရေး လှုပ်ရှားမှုများကို ပြန်လည် အသက်ဝင်စေခဲ့သည်။ သို့သော်လည်း နောက်ပိုင်း ကုလသမဂ္ဂ အစီရင်ခံစာများ အရ ဂျပန်တို့ သိမ်းပိုက်ထားစဉ်အတွင်း လူ၄ သန်းမှာ အစာရေစာ ငတ်မွတ်မှုနှင့် အဓမ္မ အလုပ်ခိုင်းစေမှုတို့ကြောင့် သေဆုံးခဲ့ရသည် ဟု သိရသည်။ ယနေ့ခေတ် ဂျပန်တို့ လက်နက်ချပြီး ၂ ရက်အကြာတွင် ဩဇာတိက္ကမ ကြီးမားသော အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသည့် ဆူကာနိုနှင့် မိုဟာမက် ဟတ်တာ တို့သည် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၇ တွင် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးကို ကြေညာခဲ့ပြီး အင်ဒိုနီးရှား လွတ်လပ်ရေး ကြိုတင်ပြင်ဆင်မှု ကော်မတီမှ သမ္မတ နှင့် ဒုတိယ သမ္မတ အဖြစ် အသီးသီး ရွေးချယ်ခြင်း ခံခဲ့ရသည်။ နယ်သာလန်မှ ၎င်းတို့၏ အုပ်ချုပ်မှုကို ပြန်လည် အသက်သွင်းရန် ကြိုးစားခဲ့ပြီး လက်နက်ကိုင် တိုက်ခိုက်မှုနှင့် သံတမန် ရေးအရ ညှိနှိုင်းမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် နိုင်ငံတကာ ဖိအားကြောင့် ဒတ်ချ်တို့မှ အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ် ပြုခဲ့ရသော်လည်း နယ်သာလန် နယူးဂီနီ မပါဝင်ခဲ့ပေ။ ၁၉၆၂ ခုနှစ် နယူးယောက်သဘောတူညီချက် နှင့် အငြင်းပွားမှု အပြီးမှသာလျှင် အင်ဒိုနီးရှားနိုင်ငံ အတွင်းသို့ နယ်သာလန် နယူးဂီနီအား ပြန်လည် သွတ်သွင်းနိုင်ခဲ့သည်။ ကုလသမဂ္ဂမှ ချမှတ်ထားသော ၁၉၆၉ လွတ်လပ်စွာ ရွေးချယ်ခွင့် အက်ဥပဒေ အရ ပါပူအာ ပဋိပက္ခကို ဖြစ်ပွားစေခဲ့သည်။ ၄ နှစ်တာ တိုက်ပွဲဝင် ကာလအတွင်း အဓိက ပြည်တွင်း နိုင်ငံရေး၊ လူမှုရေး နှင့် ဂိုဏ်းဂဏ ကွဲပြားမှုများ ရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံသည် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရာတွင် ညီညွတ်ရေး ရရှိခဲ့သည်။ ၁၉၅၀ ခုနှစ် နှောင်းပိုင်းကာလများတွင် ဆူကာနိုသည် အင်ဒိုနီးရှားအား ဒီမိုကရေစီနိုင်ငံ အဖြစ်မှ အာဏာရှင်နိုင်ငံ အဖြစ်သို့ ပြောင်းလဲခဲ့ပြီး သူ၏ ဩဇာအာဏာကို ဆန့်ကျင့်ဘက် အဖွဲ့နှစ်ခု ဖြစ်သော စစ်တပ် နှင့် အင်ဒိုနီးရှား ကွန်မြူနစ် ပါတီ တို့ အကြား မျှခြေယူပြီး ထိန်းသိမ်းခဲ့သည်။ ၁၉၆၅ စက်တင်ဘာ ၃၀ အာဏာသိမ်းရန် ကြိုးပမ်းမှုအား စစ်တပ်မှ ရင်ဆိုင်ခဲ့ပြီးနောက် ထိုအာဏာသိမ်းရန် ကြိုးပမ်းမှုအတွက် အင်ဒိုနီးရှား ကွန်မြူနစ်ပါတီအား အပြစ်တင်ခဲ့ပြီး စနစ်တကျ ဖျက်ဆီးနိုင်ခဲ့ကာ ကွန်မြူနစ်များ၊ တရုတ်လူမျိုးများ၊ လက်ဝဲဝါဒီဟု စွပ်စွဲခံရသူများကို ကြမ်းတမ်းစွာ သတ်ဖြတ်ဖယ်ရှားမှုကြီး ဖြစ်ပေါ်ခဲ့သည်။ အများစု လက်ခံထားသော ကိန်းဂဏန်း အရ လူ ၅၀၀,၀၀၀ နှင့် ၁ သန်းကြား သတ်ဖြတ်ခြင်းခံရသည်ဟု ခန့်မှန်းကြပြီး အချို့မှ ၂ သန်းမှ ၃ သန်းအထိ သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ စစ်တပ်၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆူဟာတိုမှ နိုင်ငံရေးအရ အားနည်းနေသော ဆူဟာတိုအား အကွက်ရွှေ့ကာ ၁၉၆၈ ခုနှစ် မတ်လတွင် တရားဝင် ခန့်အပ်သော သမ္မတ ဖြစ်လာခဲ့သည်။ သူ၏ နယူးအော်ဒါအစိုးရ အား အမေရိကန် ပြည်ထောင်စုမှ ထောက်ခံခဲ့ပြီး ၎င်းတို့မှ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအား အားပေးခဲ့သဖြင့် နောက်ထပ် ဆယ်စုနှစ် ၃ ခုအတွင်း စီးပွားရေး သိသာစွာ တိုးတက်လာမှု အတွက် အဓိက အချက်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း ဆူဟာတို၏ အစိုးရအား အများစုမှ အကျင့်ပျက်ခြစားခြင်း နှင့် နိုင်ငံရေးအရ အတိုက်အခံများကို ဖိနှိပ်ခြင်း တို့အတွက် စွပ်စွဲခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၉၇ အာရှငွေကြေးဂယက်၏ ရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားရသော နိုင်ငံဖြစ်သည်။. ထို့အတွက်ကြောင့် နယူးအော်ဒါ အစိုးရအား မကျေနပ်မှုများ များပြားလာခဲ့ပြီး နိုင်ငံတဝှမ်းတွင် အုံနှင့်ကျင်းနှင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ နောက်ဆုံး ၁၉၉၈ မေလ ၂၁ ရက်တွင် ဆူဟာတို နုတ်ထွက်ပေးခဲ့ရသည်။ ၁၉၉၉ တွင် အရှေ့တီမောမှ အင်ဒိုနီးရှားမှ ခွဲထွက်ရန် ဆန္ဒခံယူပွဲတွင် ခွဲထွက်ရန် ဆန္ဒပြုခဲ့ကြပြီး အင်ဒိုနီးရှားတို့၏ ၂၅ နှစ်ကြာ စစ်ဘက်ကျူးကျော်မှု အပြီးတွင် ဖြစ်ကာ ထိုအဖြစ်အပျက်အား နိုင်ငံတကာမှ အရှေ့တီမောနိုင်ငံသားတို့အား ဖိနှိပ်မှုအဖြစ် ဝိုင်းဝန်းရှုံ့ချခဲ့ကြသည်။ ဆူဟာတို ပြုတ်ကျပြီးနောက်ပိုင်းတွင် ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ဖော်ဆောင်ရာ၌ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို ထည့်သွင်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပထမဆုံး သမ္မတ တိုက်ရိုက်ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သည်။ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများ၊ လူထု အုံကြွမှုများ၊ အကျင့်ပျက်ခြစားမှုများ နှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဖွံ့ဖြိုးမှု နှေးကွေးခဲ့သော်လည်း လတ်တလောနှစ်များတွင် စီးပွားရေးတိုးတက်မှုသည် အလွန်ပင် ကောင်းမွန်ခဲ့သည်။ မတူညီသော ဘာသာရေး နှင့် လူမျိုးစု အစုအဖွဲ့များကြားတွင် အများအားဖြင့် အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ကြသော်လည်း ဂိုဏ်းဂဏကွဲပြားမှုများနှင့် အကြမ်းဖက်မှုများမှာ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အာချေးရှိ ခွဲထွက်မှု အတွက် လက်နက်ကိုင် ပဋိပက္ခအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်။ ပထဝီဝင် အင်ဒိုနီးရှားနိုင်ငံသည် တောင်လတ္တီကျု ၁၁° မှ မြောက်လတ္တီကျု ၆° အတွင်း၊ အရှေ့လောင်ဂျီကျု ၉၅° မှ ၁၄၁° အတွင်း တည်ရှိသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး ကျွန်းစုနိုင်ငံဖြစ်ပြီး အရှေ့မှ အနောက်သို့ ၃,၁၈၁မိုင် (၅,၁၂၀ ကီလိုမီတာ) နှင့် မြောက်မှတောင်သို့ ၁,၀၉၄မိုင် (၁,၇၆၀ ကီလိုမီတာ) ရှည်လျားသည်။ နိုင်ငံတော် မြေပုံရေးဆွဲရေးအေဂျင်စီမှ ၂၀၀၇ ခုနှစ် မှ ၂၀၁၀ ခုနှစ်အတွင်း တိုင်းတာလေ့လာမှုများအရ အင်ဒိုနီးရှားတွင် ကျွန်းပေါင်း ၁၃,၄၆၆ ကျွန်း ရှိပြီး အီကွေတာ၏ နှစ်ဘက်စလုံးတွင် ဖြန့်ကျက် တည်ရှိကာ ကျွန်း ၆,၀၀၀ ကျော်တွင် လူနေထိုင်ကြသည်။ အကြီးဆုံးကျွန်းများမှာ ဆူမတြာကျွန်း၊ ဂျားဗားကျွန်း၊ ဘော်နီယိုကျွန်း (ဘရူနိုင်းနိုင်ငံ မလေးရှားနိုင်ငံ တို့နှင့် အတူ ပိုင်ဆိုင်သည်။) ၊ ဆူလာဝေစီကျွန်း နှင့် နယူးဂီနီကျွန်း (ပါပူအာနယူးဂီနီ နှင့် အတူတကွ ပိုင်ဆိုင်သည်။) တို့ ဖြစ်ကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဘော်နီယိုကျွန်းပေါ်တွင် မလေးရှားနှင့် လည်းကောင်း ၊ နယူးဂီနီကျွန်းပေါ်တွင် ပါပူအာ နယူးဂီနီနိုင်ငံ နှင့် လည်းကောင်း၊ တီမောကျွန်းပေါ်တွင် အရှေ့တီမောနိုင်ငံ နှင့် လည်းကောင်း ကုန်းမြေ နယ်နိမိတ် ချင်းထိစပ်လျက် ရှိသည်။ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် ပလောနိုင်ငံ တို့နှင့် မြောက်ဘက်တွင် ကျဉ်းမြောင်းသော ရေလက်ကြားဖြင့် ပင်လယ်ရေနယ်နိမိတ်ချင်း ထိစပ်နေပြီး တောင်ဘက်တွင် ဩစတြေးလျနိုင်ငံနှင့် ပင်လယ်ရေပြင်နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ ၁၆,၀၂၄ပေ (၄,၈၈၄ မီတာ) မြင့်သော ပွန်ချပ်ဂျာယားတောင်သည် အင်ဒိုနီးရှားနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်ပြီး ဆူမတြာကျွန်းရှိ တိုဘာရေကန်သည် အကြီးဆုံးရေကန်ဖြစ်ကာ ၄၄၂ စတုရန်းမိုင် (၁,၁၄၅ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ အင်ဒိုနီးရှား၏ အကြီးဆုံးမြစ်များမှာ ကာလီမန်တန် နှင့် နယူးဂီနီတို့တွင် ရှိပြီး ၎င်းတို့တွင် ကာပူဝါမြစ်၊ ဘာရီတိုမြစ်၊ မမ်ဘယ်ရာမိုမြစ်၊ ဆီပစ်မြစ် နှင့် မဟာကမ်မြစ်တို့ ပါဝင်ကာ ထိုမြစ်တို့သည် ကျွန်းအတွင်း မြစ်အနီး နေထိုင်ကြသူများအတွက် သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်ကြသည်။ ရာသီဥတု အီကွေတာတလျှောက်တွင် တည်ရှိသော အင်ဒိုနီးရှားနိုင်ငံ၏ ရာသီဥတုသည် တစ်နှစ်ပတ်လုံး သမမျှတသည်။ အင်ဒိုနီးရှားနိုင်ငံတွင် စိုစွတ်သော ရာသီဥတု နှင့် ခြောက်သွေ့သော ရာသီဥတု ဟူ၍ ရာသီဥတု နှစ်မျိုးသာ ရှိပြီး နွေရာသီ နှင့် ဆောင်းရာသီကဲ့သို့သော ရာသီဥတုမျိုးမရှိပေ။ အင်ဒိုနီးရှားနိုင်ငံ၏ နေရာတော်တော်များများတွင် ခြောက်သွေ့သော ရာသီဥတုသည် ဧပြီလမှ အောက်တိုဘာလ အတွင်း ဖြစ်ပြီး စိုစွတ်သော ရာသီဥတုသည် နိုဝင်ဘာလ မှ မတ်လအတွင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ရာသီဥတုမှာ လုံးဝနီးပါး အပူပိုင်းဖြစ်ပြီး အဓိက ကျွန်းတော်တော်များများတွင် အပူပိုင်းမိုးသစ်တောရာသီဥတု ကြီးစိုးသည်။ ဂျားဗားကျွန်း၏ မြောက်ဘက် ကမ်းရိုးတန်း၊ ဆူလာဝေစီကျွန်း၏ တောင်ဘက်နှင့် အရှေ့ဘက် ကမ်းရိုးတန်း နှင့် ဘာလီကျွန်းတို့တွင် အပူပိုင်းမုတ်သုံ ရာသီဥတု ရှိပြီး ဂျားဗားအလယ်ပိုင်း အချို့နေရာများ၊ ဂျားဗားအရှေ့ပိုင်းမြေနိမ့်ဒေသ၊ ပါပူအာ ကမ်းရိုးတန်းတောင်ပိုင်း နှင့် လုံဘောက်ကျွန်း အရှေ့ဘက်ရှိ ကျွန်းငယ်များတွင် ဆာဗားနား ရာသီဥတု ရှိသည်။ သို့သော်လည်း ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄,၃၀၀ မှ ၄,၉၀၀ ကြား (မီတာ ၁,၃၀၀ မှ မီတာ ၁,၅၀၀ကြား) မြင့်သော တောင်ကုန်း ထူထပ်သော နေရာများတွင် အေးမြသော ရာသီဥတု ရှိသည်။ မိုးသစ်တော ရာသီဥတုနှင့် နီးစပ်သော ကုန်းမြင့်ဒေသများတွင် သမုဒ္ဒရာရာသီဥတု (ကိုပန်ရာသီဥတု အမျိုးအစား "Cfb") ပို၍ ရှိတတ်ပြီး တစ်နှစ်ပတ်လုံး မိုးရေချိန် တသမတ်တည်း ရရှိသည်။ အပူပိုင်း မုတ်သုံရာသီဥတု နှင့် ဆဗားနား ရာသီဥတု တို့နှင့် နီးကပ်စွာ တည်ရှိပြီး ထင်ရှားသော ခြောက်သွေ့ရာသီဥတုရှိသည့် ကုန်းမြင့်ဒေသများတွင် အပူပိုင်းဆန်သော ကုန်းမြင့် ရာသီဥတု (ကိုပန်ရာသီဥတုအမျိုးအစား "Cwb") ရှိတတ်သည်။ ကာလီမန်တန် နှင့် ဆူမတြာကျွန်း ဒေသများသည် ရာသီဥတု တစ်ခုနှင့်တစ်ခု မိုးရေချိန် နှင့် အပူချိန် အနည်းငယ်သာ ကွာခြားလေ့ရှိပြီး အခြားကျွန်းများ ဖြစ်သော နူဆာ တန်ဂါရာတို့သည် ခြောက်သွေ့သော ရာသီဥတုတွင် မိုးခေါင်၍ အလွန်အမင်းခြောက်သွေ့ပြီး စိုစွတ်သော ရာသီဥတုတွင် ရေကြီးတတ်သည်။ အထူးသဖြင့် အနောက် ဆူမတြာ၊ အနောက် ကာလီမန်တန်၊ အနောက်ဂျားဗျား နှင့် ပါပူအာ တို့တွင် မိုးရွာကျမှု အလွန်အမင်း များပြားသည်။ ဆူလာဝေဆီ၏ တချို့အပိုင်းများနှင့် ဆွန်ဘာကဲ့သို့သော ဩစတြေးလျနှင့် နီးစပ်ေသာ အပိုင်းများသည် ခြောက်သွေ့သည်။ အင်ဒိုနီးရှား ဧရိယာ၏ ၈၁% ခန့်ရှိသော တသမတ်တည်းရှိသည့် ပူနွေးသော ရေထုကြောင့် ကုန်းမြေပေါ်ရှိ အပူချိန်သည် တသမတ်တည်း ရှိတတ်သည်။ ပျမ်းမျှ အပူချိန်မှာ ကမ်းရိုးတန်းလွင်ပြင်တွင် ၊ ကုန်းတွင်းပိုင်းနှင့် တောင်ကုန်းဒေသတို့တွင် ပျမ်းမျှအားဖြင့် ၊ မြင့်မားသော တောင်ကုန်းဒေသများတွင် ရှိသည်။ ပျမ်းမျှ စိုထိုင်းဆမှာ ၇၀% မှ ၉၀% အတွင်း ရှိသည်။ လေတိုက်ခတ်မှုသည် အတန်အသင့်သာ ဖြစ်ပြီး ယေဘုယျအားဖြင့် မှန်းဆနိုင်သည်။ ဇွန်လမှ အောက်တိုဘာလ အထိ မုတ်သုံလေသည် တောင်ဘက်နှင့် အရှေ့ဘက်တို့မှ တိုက်ခတ်ပြီး နိုဝင်ဘာလမှ မတ်လအထိ အနောက်မြောက်ဘက်မှ တိုက်ခတ်သည်။ အင်ဒိုနီးရှား ရေပြင်တွင် ရွက်လွှင့်သွားလာသူများအတွက် တိုင်ဖွန်း မုန်တိုင်းနှင့် ကြီးမာသော မုန်တိုင်းကြီးများ၏ အန္တရာယ်မှာ နည်းပါးသော်လည်း အဓိကအန္တရာယ်မှာ လုံဘောက် နှင့် ဆေ့ရပ် ရေလက်ကြားတို့မှ ရေစီးသန်သော ရေစီးကြောင်းများ ဖြစ်သည်။ ဘူမိဗေဒ တက်တိုနစ် သဘော အရ အင်ဒိုနီးရှားသည် အလွန်ပင် မတည်ငြိမ်သော ဒေသဖြစ်သဖြင့် အင်ဒိုနီးရှားတွင် များပြားလှစွာသော မီးတောင်များနှင့် မကြာခဏ လှုပ်ရှားသော မြေငလျင်များ ရှိသည်။ ၎င်းသည် အင်ဒို-ဩစတြေးလျ ကျောက်လွှာထု နှင့် ပစိဖိတ် ကျောက်လွှာထုတို့ ယူရေးရှန်းကျောက်လွှာထုအောက်သို့ တိုးဝင်ပြီး မြေအောက် ခန့်တွင် အရည်ပျော်နေသော ပစိဖိတ် အနားပတ်လည် ငလျင်ရပ်ဝန်းတွင် တည်ရှိသည်။ မီးတောင်များသည် ဆူမတြာ၊ ဂျားဗား၊ ဘာလီ၊ နူဆာတန်ဂရာ မှ တဆင့် မာလူကူးရှိ ဘန်ဒါကျွန်းများ၊ ထိုမှတဆင့် အရှေ့မြောက်ဘက်ရှိ ဆူလာဝေစီ အထိ ဆက်တိုက်ရှိသည်။ မီးတောင် ၄၀၀ တွင် ၁၃၀ မှာ မီးတောင်ရှင်များ ဖြစ်သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်ကြားတွင် မီးတောင် ပေါက်ကွဲမှု ၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုမှာ ဂျားဗားတွင် ဖြစ်သည်။ မီးတောင်ပြာများကြောင့် မြေဩဇာကောင်းမွန်သော မြေကြီးများ ဖြစ်ပေါ်စေပြီး (ဂျားဗားနှင့် ဘာလီတို့တွင် သမိုင်းအရ လူနေသိပ်သည်းရသည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။) အချို့ဒေသများတွင်မူ စိုက်ပျိုးမွေးမြူရေးအတွက် အခြေအနေကို ခန့်မှန်းမရ ဖြစ်စေသည်။ ယနေ့ခေတ် တိုဘာရေကန် နေရာတွင် ဘီစီ ၇၀,၀၀၀ ခန့်က အလွန်ကြီးမားသော ဧရာမ မီးတောင်ကြီးတစ်ခု ပေါက်ကွဲခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅ သန်းအတွင်း ကမ္ဘာမြေပေါ်တွင် အကြီးမားဆုံး မီးတောင်ပေါက်ကွဲမှု ဖြစ်ပြီး ၎င်း၏ အကျိုးဆက်ကြောင့် ကမ္ဘာတဝှမ်း ပြာများ ဖုံးလွှမ်းကာ နေရောင်ခြည်ကို ကာဆီးသဖြင့် မီးတောင်ကြောင့် ပေါ်ပေါက်သော ဆောင်းရာသီဥတု နှင့် အေးမြသော ရာသီဥတု ဖြစ်ပေါ်စေခဲ့ပြီး လူတို့၏ ဆင့်ကဲပြောင်းလဲမှုတွင် မျိုးရိုးဗီဇအပြောင်းအလဲကို အဟန့်အတား ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုပေါက်ကွဲမှု၏ သက်ရောက်မှု အတိအကျကိုမူ အငြင်းပွားနေကြဆဲ ဖြစ်သည်။ ယနေ့ခေတ်၏ အပြင်းထန်ဆုံးသော မီးတောင်ပေါက်ကွဲမှု ၂ ခုသည် အင်ဒိုနီးရှားကျွန်းစုတွင် ဖြစ်ပွားခဲ့သည်။ ယခင် နှစ် ၁၀,၀၀၀ အတွင်း အပြင်းထန်ဆုံးသော ပေါက်ကွဲမှုဖြစ်သည့် ၁၈၁၅ တမ်ဘိုရာ မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၉၂,၀၀၀ ဦး သေဆုံးခဲ့ရပြီး မီးတောင်ပေါက်ကွဲမှုမှ ထွက်လာသော ပြာမှုန့်များသည် အရှေ့တောင်အာရှပေါ်တွင် စောင်ဖြင့်အုပ်ထားသည့်ပမာ လွှမ်းခြုံသွားကာ တစ်ပတ်ခန့်မျှ အမှောင်ကျခဲ့သည်။ မြောက်ကမ္ဘာခြမ်းအား ၁၈၁၆ ခုနှစ်တွင် နွေရာသီ မရှိသောနှစ် ဖြစ်စေခဲ့သည်။ ၁၈၈၃ ကရာကတောင်း မီးတောင်ပေါက်ကွဲမှုသည် သမိုင်းတင်ပြီးခေတ်အတွင်း အကျယ်လောင်ဆုံးသော အသံ ကို ပေါ်ထွက်စေခဲ့ကာ ပေါက်ကွဲမှုနှင့် ၎င်းကြောင့် ဖြစ်ပွားသော ဆူနာမီ ကြောင့် လူပေါင်း ၄၀,၀၀၀ သေဆုံးခဲ့သည်။ ပေါက်ကွဲပြီး နှစ်များအတွင်း ကမ္ဘာတဝှမ်း၌ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ငလျင်နှင့် ပတ်သက်သော လတ်တလော ကပ်များမှာ ၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ငလျင် နှင့် ဆူနာမီ ဖြစ်ပြီး မြောက်ဆူမတြာတွင် လူပေါင်း ၁၆၇,၇၃၅ ဦးခန့် သေဆုံးခဲ့ကာ အခြားတစ်ခုမှဦ ၂၀၀၆ ခုနှစ် ယော့ယာကာတာ ငလျင်ဖြစ်သည်။ ဇီဝမျိုးကွဲများ အင်ဒိုနီးရှားနိုင်ငံ၏ အရွယ်အစား၊ အပူပိုင်း ရာသီဥတုနှင့် ကျွန်းပုံစံရှိသော ပထဝီဝင်တို့ကြောင့် ဇီဝမျိုးကွဲ အမြောက်အမြားကို ထောက်ပံ့ပေးထားနိုင်သည်။ ၎င်း၏ ဒေသရင်း အပင်များနှင့် ဒေသရင်းတိရစ္ဆာန်များသည် အာရှ နှင့် ဩစတြေးလျေးရှန်း မျိုးစိတ်များ ရောနှောထားခြင်း ဖြစ်သည်။ ဆွန်ဒါ ကမ်းဦးရေတိမ်ပိုင်း ပေါ်တွင်ရှိသော ကျွန်းများ (ဆူမတြ၊ ဂျားဗား၊ ဘော်နီယို၊ ဘာလီ) တို့သည် ယခင်က အာရှကုန်းမကြီးနှင့် ဆက်နေကြသဖြင့် အာရှမျိုးရင်း တိရစ္ဆာန် မြောက်မြားစွာ ရှိသည်။ အကောင်ကြီးများဖြစ်ကြသော ဆူမတြာကျား၊ ကြံ့၊ လူဝံ၊ အာရှဆင် နှင့် ကျားသစ်တို့မှာ တစ်ချိန်က အရှေ့ဘက် ဘာလီအထိပင် အများအပြား ပျံ့နှံ့နေခဲ့သော်လည်း အကောင်ရေနှင့် ပျံ့နှံ့မှုမှာ လတ်တလောတွင် သိသာစွာ ကျဆင်းလာသည်။ ဆူမတြာ နှင့် ကာလီမန်တန်တို့တွင် အာရှမျိုးစိတ်များ ပို၍များသည်။ သစ်တောများသည် နိုင်ငံ၏ ၇၀% ကို ဖုံးလွှမ်းလျက် ရှိသည်။ သို့သော်လည်း အရွယ်အစားအားဖြင့် သေးငယ်ပြီး လူနေထူထပ်သော ဂျားဗားတွင် လူတို့နေထိုင်ရန် နှင့် စိုက်ပျိုးမွေးမြူရန် အတွက် သစ်တောများစွာကို ခုတ်ထွင်ဖယ်ရှားပြီး ဖြစ်သည်။ တိုက်ကြီးများ၏ ကုန်းမြေထုမှ ကာလကြာမြင့်စွာကတည်းက ကွဲထွက်လာခဲ့သော ဆူလာဝေစီ၊ နူဆာ တန်ဂါရာ နှင့် မာလူကူး တို့တွင် ၎င်းတို့ဘာသာ သီးသန့်ဖြစ်နေသော ဒေသရင်း အပင်များ နှင့် တိရစ္ဆာန်များ ရှိကြသည်။ ပါပူအာသည် ဩစတြေးလျ ကုန်းမကြီး၏ အစိတ်အပိုင်း ဖြစ်သဖြင့် သီးသန့် ဒေသရင်း အပင်များနှင့် တိရစ္ဆာန်များ ရှိပြီး ဩစတြေးလျနှင့် နီးစပ်စွာ အမျိုးတော်ကြကာ ငှက်မျိုးစိတ် ၆၀၀လည်း အပါအဝင် ဖြစ်သည်။ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် ဩစတြေးလျပြီးလျှင် ဒုတိယမြောက် ဒေသိယ မျိုးစိတ် အများဆုံးရှိရာ ဒေသဖြစ်ပြီး ငှက်မျိုးစိတ် ၁,၅၃၁ ခုအတွင်းမှ ၃၆% နှင့် နို့တိုက်သတ္တဝါမျိုးစိတ် ၅၁၅ခု အတွင်းမှ ၃၉% တို့သည် ဒေသိယမျိုးစိတ်များ ဖြစ်သည်။အင်ဒိုနီးရှား၏ ရှည်လျားသော ကမ်းရိုးတန်းအား အပူပိုင်းပင်လယ်များမှ ဝန်းရံလျက် ရှိသည့်အတွက် နိုင်ငံ၏ ဇီဝမျိုးကွဲများ အလွန်များပြားခြင်းအတွက် အထောက်အပံ့ပေးနေသကဲ့သို့ပင် ရှိသည်။ အင်ဒိုနီးရှားတွင် ပင်လယ်အမျိုးမျိုးနှင့် ဂေဟစနစ် အမျိုးမျိုး ရှိကာ ပင်လယ်ကမ်းခြေများ၊ သဲသောင်ခုံများ၊ ပင်လယ်ဝများ၊ လမုတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်ရေအောက် မြက်ခင်းပြင်များ၊ ကမ်းရိုးတန်း လတာပြင်များ၊ ဒီလှိုင်းပြင်များ၊ အယ်လဂျီပြင်များ နှင့် ကျွန်းငယ်ဂေဟစနစ်များ ပါဝင်သည်။ အင်ဒိုနီးရှားသည် သန္တာတြိဂံနိုင်ငံများမှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရှေ့အင်ဒိုနီးရှားတွင်ပင် သန္တာကျောက်တန်းနေ ငါးမျိုးစိတ် ၁,၆၅၀ ကျော် ရှိသည်။ ဗြိတိသျှ သဘာဝပညာရှင် အဲဖရက် ရပ်ဆဲလ် ဝေါလေ့စ် မှ အင်ဒိုနီးရှားရှိ အာရှမျိုးစိတ်များ နှင့် ဩစတြေးလျေးရှန်းမျိုးစိတ်များ ပျံ့နှံ့နေမှုကို ပိုင်းခြားထားသောမျဉ်းကို ဖော်ပြခဲ့သည်။ ဝေါလေ့စ်မျဉ်းဟု ခေါ်သော ထိုမျဉ်းသည် ဆွန်ဒါရှဲ့ ၏ အစွန်းပိုင်းနားတွင် မြောက်မှတောင်သို့ ပြေးနေပြီး ကာလီမန်တန် နှင့် ဆူလာဝေစီကြား၊ ကျဉ်းမြောင်းသော လုံဘောက်ရေလက်ကြားတလျှောက်၊ လုံဘောက်နှင့် ဘာလီကြားတို့ ဖြစ်သည်။ မျဉ်း ၏ အနောက်ဘက်တွင် ဒေသရင်း အပင်များနှင့် တိရစ္ဆာန်များသည် အာရှဆန်ပြီး လုံဘောက်မှ အရှေ့သို့သွားသော အခါတွင် ဩစတြေးလျဆန်သွားသည်မှာ ဝီဘာမျဉ်း၏ ထိပ်သို့တိုင်အောင် ဖြစ်သည်။ ၁၈၆၉ခုနှစ်တွင် သူရေးသားခဲ့သော "မလေးကျွန်းစု" ဆိုသော စာအုပ်တွင် ဝေါလေ့စ်သည် ထိုဒေသတွင်သာ တွေ့ရသော မျိုးစိတ်အမျိုးမျိုးကို ဖော်ပြထားခဲ့သည်။ သူ၏ မျဉ်းနှင့် နယူးဂီနီကြားရှိ ကျွန်းများရှိရာ ဒေသကို အခုအခါ "ဝေါလေးရှား" ဟု အမည်ပေးထားကြသည်။ သဘာဝပတ်ဝန်းကျင် အင်ဒိုနီးရှား၏ များပြားလှပြီး တိုးပွားလျက် ရှိသော လူဦးရေ နှင့် အလျှင်အမြန် စက်မှုလုပ်ငန်း ဖွံ့ဖြိုးလာခြင်းကြောင့် ပြင်းထန်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေသည်။ ဆင်းရဲမွဲတေမှု မြင့်မားခြင်း နှင့် အရင်းအမြစ် မလုံလောက်သော အုပ်ချုပ်ရေးကြောင့် ထိုပြဿနာများသည် အမြဲဆိုသလို အရေးမကြီးသော အဆင့်တွင်သာ ရှိသည်။ ပြဿနာများတွင် မီးစိုက်ရသောမြေများ ပြုန်းတီးခြင်း၊ တရားမဝင်နည်းဖြင့် သစ်တောအကြီးအကျယ် ပြုန်းတီးစေခြင်း နှင့် ၎င်းတို့နှင့် သက်ဆိုင်သော တောမီးများကြောင့် သိပ်သည်းသော မီးခိုးမြူများ အင်ဒိုနီးရှား အနောက်ပိုင်း၊ မလေးရှား နှင့် စင်ကာပူ တို့အပေါ်တွင် ဖုံးလွှမ်းစေခြင်း၊ အဏ္ဏဝါ အရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း တို့အပြင် အလျှင်အမြန် မြို့ပြဖွံ့ဖြိုးခြင်း နှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်း တို့နှင့် ဆက်စပ်နေသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြစ်သည့် လေထုညစ်ညမ်းခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ အမှိုက်စီမံခန့်ခွဲမှု နှင့် စိတ်ချရသော ရေနှင့် အညစ်အကြေး ဝန်ဆောင်မှုတို့ ဖြစ်ကြသည်။ အင်ဒိုနီးရှားသည် ပျမ်းမျှအောက်တွင် ရှိသော်လည်း အနည်းငယ်မျှ တိုးတက်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ညွှန်းကိန်း ရှိကာ ၂၀၁၆ တွင် နိုင်ငံပေါင်း ၁၈၀ ၌ အဆင့် ၁၀၇ ရှိသည်။ ထိုအဆင့်သည် အာရှ-ပစိဖိတ် ဒေသတွင်လည်း ပျမ်းမျှအောက်တွင် ရှိပြီး ထိုင်းနိုင်ငံ၏ နောက်တွင် ရှိကာ တရုတ်နိုင်ငံထက်မူ အဆင့်ပိုမြင့်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သစ်တောပြုန်းတီးမှု အများစုမှာ ဆီအုန်းလုပ်ငန်းချဲ့ထွင်ခြင်းကြောင့် ဖြစ်ပြီး ထို လုပ်ငန်း အတွက် မြေယာများကို ပြန်လည်နေရာချရန် နှင့် သဘာဝ ဂေဟစနစ်ကို ပြောင်းလဲရန် လိုအပ်သည်။ ထိုသို့ လုပ်ငန်းချဲ့ထွင်ခြင်းသည် ဒေသခံ လူ့အသိုင်းအဝိုင်းအား ကြွယ်ဝစေသော်လည်း ဂေဟစနစ်ကို ပြုန်းတီးစေပြီး လူမှုရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားစေနိုင်သည်။ ထို့အတွက်ကြောင့် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အများဆုံး မှန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်သူ နေရာသို့ ရောက်ရှိစေသည်။ ထိုသို့ ပြုလုပ်ခြင်းများကြောင့် ကျွန်းတွင်နေထိုင်သော တိရစ္ဆာန်များနှင့် ဒေသရင်း မျိုးစိတ်များ ဆက်လက်ရှင်သန်နိုင်ရေးကို ခြိမ်းခြောက်လျက် ရှိပြီး အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂမှ နို့တိုက်သတ္တဝါ မျိုးစိတ် ၁၄၀ အား မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည်ဟု သတ်မှတ်ထားပြီး မျိုးစိတ် ၁၅ ခုအား မျိုးသုဉ်းရန် အလွန်အမင်း စိုးရိမ်ရသည်ဟု သတ်မှတ်ထားသည်။ ထိုမျိုးစိတ် ၁၅ ခုတွင် ဘာလီစတာလင်ဆက်ရက် ဆူမတြာလူဝံ နှင့် ဂျာဗားကြံ့ တို့ပါဝင်သည်။ နိုင်ငံရေးနှင့် အစိုးရ အင်ဒိုနီးရှားနိုင်ငံသည် သမ္မတစနစ်ရှိသော သမ္မတနိုင်ငံတစ်ခု ဖြစ်သည်။ တပေါင်းတစည်းတည်းဖြစ်သော နိုင်ငံတစ်ခုဖြစ်သည့် အားလျော်စွာ အာဏာသည် ဗဟိုအစိုးရတွင် စုစည်းနေသည်။ ၁၉၉၈ ခုနှစ် ဆူဟာတို နုတ်ထွက်ပြီးနောက် နိုင်ငံရေး နှင့် အစိုးရ ဖွဲ့စည်းပုံတွင် အဓိက အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး အခန်းကဏ္ဍများကို ပြန်လည်ပြုပြင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု ၄ ကြိမ်တိုင်အောင် ပြုလုပ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတသည် နိုင်ငံ၏ ဥသျှောင်နှင့် အစိုးရ အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည့်အပြင် အင်ဒိုနီးရှား အမျိုးသား တပ်မတော်၏ စစ်သေနာပတိချုပ် နှင့် ပြည်တွင်းအုပ်ချုပ်ရေး၊ ပေါ်လစီရေးဆွဲရေး နှင့် နိုင်ငံခြားရေးတို့တွင် ညွှန်ကြားရေးမှူး ဖြစ်သည်။ သမ္မတသည် ဝန်ကြီးအဖွဲ့ကို ခန့်အပ်ပြီး ဝန်ကြီးများသည် ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ် ဖြစ်ရန် မလိုပေ။ သမ္မတသည် အများဆုံး ငါးနှစ်သက်တမ်း ၂ ကြိမ်မျှ ဆက်တိုက်လုပ်ကိုင်ခွင့် ရှိသည်။ နိုင်ငံတော် အဆင့်တွင် အမြင့်ဆုံး ကိုယ်စားလှယ် အဖွဲ့မှာ ပြည်သူ့အတိုင်ပင်ခံ လွှတ်တော် (Majelis Permusyawaratan Rakyat, MPR) ဖြစ်သည်။ ၎င်းတို့၏ အဓိက တာဝန်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အထောက်အပံ့ပြုခြင်း နှင့် ပြင်ဆင်ခြင်း၊ သမ္မတအား စတင် တာဝန်ထမ်းဆောင်စေခြင်း နှင့် လိုအပ်ပါက စွပ်စွဲပြစ်တင်စစ်ဆေးခြင်း နှင့် နိုင်ငံတော်ဆိုင်ရာ ပေါ်လစီကြမ်းများအား တရားဝင် ဖြစ်စေခြင်း တို့ ဖြစ်ကြသည်။ ပြည်သူ့ အတိုင်ပင်ခံ လွှတ်တော်တွင် လွှတ်တော် နှစ်ရပ် ရှိသည်။ ပြည်သူ့ကိုယ်စားပြုကောင်စီ (Dewan Perwakilan Rakyat, DPR) တွင် ကိုယ်စားလှယ် ၅၆၀ ရှိပြီး ဒေသဆိုင်ရာကိုယ်စားပြုကောင်စီ (Dewan Perwakilan Daerah, DPD) တွင် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည်။ ပြည်သူ့ကိုယ်စားပြု ကောင်စီမှ ဥပဒေများကို အတည်ပြုပေးပြီး အုပ်ချုပ်ရေးကဏ္ဍကို စောင့်ကြပ်ကြည့်ရှုသည်။ ၁၉၉၈ ခုနှစ်မှ အစပြုသော ပြုပြင်ပြောင်းလဲရေးများကြောင့် နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးတွင် ၎င်း၏ အဆင့်အတန်းကို မြင့်မားစေခဲ့ပြီး ဒေသခံ ကိုယ်စားပြုကောင်စီမှာ ဒေသဆိုင်ရာ စီမံခန့်ခွဲခြင်းများနှင့် သက်ဆိုင်သော လွှတ်တော် အသစ် ဖြစ်သည်။ တရားမမှု အများစုအား ပြည်နယ် တရားရုံးများတွင် ကြားနာကြပြီး အယူခံလွှာများကို ဗဟိုတရားရုံးတွင် ကြားနာကြသည်။ အင်ဒိုနီးရှား ဗဟိုတရားရုံးချုပ်သည် နိုင်ငံ၏ အဆင့်အမြင့်ဆုံး တရားရုံး ဖြစ်ပြီး အယူခံလွှာများကို နောက်ဆုံး အဆင့် ကြားနာခြင်း နှင့် အမှုများအား ပြန်လည်သုံးသပ်ခြင်းတို့ကို လုပ်ဆောင်ကြသည်။ အခြားသော တရားရုံးများမှာ ဒေဝါလီခံခြင်း နှင့် ပတ်သက်၍ ကြားနာသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တရားရုံး၊ အစိုးရနှင့် သက်ဆိုင်သော အုပ်ချုပ်ရေး ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ကြားနာသော ပြည်နယ်အုပ်ချုပ်ရေးတရားရုံး၊ ဥပဒေ၏ တရားဝင်ဖြစ်မှု၊ အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ ဖျက်သိမ်းခြင်း၊ အစိုးရ အဖွဲ့များ၏ ဩဇာအာဏာသက်ရောက်မှု စသည်တို့နှင့် ဆက်စပ်သော အငြင်းပွားမှုများကို ကြားနာသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး ၊ ရှာရီယာ ဥပဒေနှင့် သက်ဆိုင်သော အမှုများကို ကြားနာသော ဘာသာရေးဆိုင်ရာ တရားရုံးတို့ ဖြစ်ကြသည်။ ထို့ပြင် တရားရေ ကော်မရှင်သည် တရားသူကြီးများ၏ လုပ်ဆောင်နိုင်စွမ်းကို စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။ ပါတီများနှင့် ရွေးကောက်ပွဲများ ၁၉၉၉ ခုနှစ်မှစ၍ အင်ဒိုနီးရှားတွင် ပါတီစုံ စနစ် ကျင့်သုံးခဲ့သည်။ နယူးအော်ဒါ အစိုးရပြုတ်ကျပြီးသည့် အချိန်မှစ၍ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများတွင် မည်သည့်ပါတီကမျှ အစိုးရဖွဲ့ရန် လုံလောက်သော အမတ်နေရာဖြင့် အနိုင်မရသဖြင့် ညွန့်ပေါင်းအစိုးရများသာ ဖွဲ့နိုင်ကြသည်။ အင်ဒိုနီးရှား ဒီမိုကရက်တစ် ကြိုးပမ်းမှု ပါတီ (PDI-P) သည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့ပြီး ယခုလက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒို၏ ပါတီလည်း ဖြစ်သည်။ မဟာ အင်ဒိုနီးရှား လှုပ်ရှားမှု ပါတီ (Gerindra) သည် အင်ဒိုနီးရှား၏ တတိယမြောက် အကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်သည်။ အခြားထင်ရှားသော ပါတီများမှာ လုပ်ငန်းဆောင်တာ အဖွဲ့များ၏ ပါတီ (Golkar) ၊ ဒီမိုကရက်တစ်ပါတီ နှင့် အမျိုးသား နိုးထရေးပါတီ (PKB) တို့ဖြစ်ကြသည်။ ယခုလက်ရှိ အမျိုးသား အတိုင်ပင်ခံလွှတ်တော်တွင် ပါတီ ၁၀ ခု ပါဝင်ပြီး ပါလီမန်၏ ကျော်လွန်စည်းမှာ တစ်နိုင်ငံလုံးမဲ၏ ၃.၅% ဖြစ်သည်။ ပထမဆုံး အထွေထွေရွေးကောက်ပွဲကို ၁၉၅၅ တွင်ကျင်းပခဲ့ပြီး အမျိုးသား အတိုင်ပင်ခံလွှတ်တော် နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လွှတ်တော် တို့အတွက် အမတ်များကို ရွေးချယ်ရန် အတွက် ဖြစ်သည်။ နိုင်ငံတော် အဆင့်တွင် ၂၀၀၄ ခုနှစ် အထိ အင်ဒိုနီးရှား နိုင်ငံသားများသည် သမ္မတကို မရွေးချယ်ခဲ့ပေ။ ထိုအချိန် နောက်ပိုင်းတွင် သမ္မတကို ၅ နှစ်သက်တမ်း တစ်ကြိမ် ရွေးချယ်ကြပြီး ပြည်သူ့ကိုယ်စားပြုကောင်စီအတွက် ပါတီကိုယ်စားပြု အမတ်များနှင့် ပါတီကိုယ်စားမပြုသော ဒေသခံကိုယ်စားပြု ကောင်စီ အမတ်များကိုလည်း ရွေးချယ်နိုင်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲမှစ၍ အင်ဒိုနီးရှားနိုင်ငံတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များကို တစ်နေ့တည်းတွင် ရွေးကောက်တင်မြှောက်ကြသည်။ နိုင်ငံရေး နယ်နိမိတ်များ အင်ဒိုနီးရှားနိုင်ငံတွင် ပြည်နယ် ၃၄ ခုရှိပြီး ၎င်းတို့ထဲတွင် ၅ခုမှာ အထူးအဆင့်အတန်း သတ်မှတ်ထားသည်။ ပြည်နယ်တိုင်းတွင် ကိုယ်ပိုင်လွှတ်တော် နှင့် ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်အုပ်ချုပ်ရေးမှူး တို့ ရှိကြသည်။ ပြည်နယ်များကို ရီဂျင်စီများနှင့် မြို့တော်များ အဖြစ် ထပ်မံပိုင်းခြားထားပြီး ရီးဂျင့်များနှင့် မြို့တော်ဝန်များမှ အသီးသီး ဦးဆောင်ကြကာ ကိုယ်ပိုင် ဥပဒေပြဋ္ဌာန်းနိုင်သည်။ ၎င်းတို့အား ခရိုင်များ အဖြစ် ထပ်မံခွဲခြားထားပြီး အုပ်ချုပ်ရေးကျေးရွာဒေသများ အဖြစ်ထပ်မံ ပိုင်းခြားထားကြသည်။ ထိုပြည်နယ်များမှာ အချိန်နှင့်အမျှ တိုးပွားလာခြင်းဖြစ်ပြီး နောက်ဆုံးပြောင်းလဲမှုမျာ ၂၀၁၂ ခုနှစ်အောက်တိုဘာလတွင် အရှေ့ကာလီမန်တန်မှ မြောက်ကာလီမန်တန်ကို ခွဲထုတ်ခဲ့ခြင်း ဖြစ်သည်။ ကျေးရွာအဆင့်သည် အစိုးရ၏ အုပ်ချုပ်ရေးတွင် အနိမ့်ဆုံးအဆင့် ဖြစ်ပြီး ၎င်းတို့အား ကွန်မြူနီတီအုပ်စု အဖြစ် ထပ်မံပိုင်းခြားထားပြီး ၎င်းတို့အား အိမ်နီးချင်းအုပ်စုများ အဖြစ် တဖန်ပြန်၍ ပိုင်းခြားထားသည်။ ဂျားဗားတွင် ကျေးရွာများအား ကျေးရွာငယ်များ အဖြစ် ထပ်မံ ပိုင်းခြားထားပြီး ၎င်းတို့သည် ကွန်မြူနီတီအုပ်စုနှင့် အတူတူပင် ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးများ စတင် အကောင်အထည်ဖော်ပြီးနောက်တွင် ရီဂျင်စီ များနှင့် မြို့တော်များသည် အဓိက အုပ်ချုပ်ရေး အစိတ်အပိုင်းများ ဖြစ်လာခဲ့ပြီး အစိုးရနှင့်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် တာဝန်ရှိလာခဲ့သည်။ ကျေးရွာအဆင့် အုပ်ချုပ်ရေးသည် နိုင်ငံသားတို့၏ နေ့စဉ်ဘဝတွင် အလွှမ်းမိုးနိုင်ဆုံးဖြစ်ပြီး ကျေးရွာနှင့် ပတ်သက်သော ကိစ္စများကို အိမ်နီးချင်းအုပ်စုများမှ တဆင့် ရွေးကောက်ထားသော ရွာသူကြီးက ကိုင်တွယ်ဆောင်ရွက်သည်။ ပြည်နယ်များထဲတွင် အာချေး၊ ဂျကာတာ၊ ယော့ယာကာတာ၊ ပါပူအာ နှင့် အနောက်ပါပူအာတို့တွင် ဥပဒေပြုရေးအာဏာ ပိုမိုရရှိကြပြီး အခြားသောပြည်နယ်များထက်စာလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဗဟိုအစိုးရထံမှ အခွင့်အရေး ပိုမိုရရှိသည်။ အာချေးတွင် လွတ်လပ်သော ဥပဒေစနစ် အတွက် အချို့သော ပြဋ္ဌာန်းချက်များကို ပြုလုပ်နိုင်သည့် အခွင့်အရေးရှိပြီး အချို့သော ဒေသခံပါတီများသည် ဒေသအတွင်းရှိ ရွေးကောက်ပွဲတွင်သာ ပါဝင်ယှဉ်ပြိုင်ကြသည်။ ၂၀၀၃ ခုနှစ်တွင် ၎င်းတို့သည် ရှာရီယာဥပဒေ ပုံစံတစ်ခုကို ပြဋ္ဌာန်းခဲ့သည်။ ယော့ယာကာတာအား အထူးဒေသ အဖြစ် အသိအမှတ်ပြုခဲ့သည်မှာ နိုင်ငံတော် တော်လှန်ရေးတွင် လွတ်လပ်ရေးကြိုးပမ်းသူများဘက်မှ ပါဝင်ခဲ့ပြီး အင်ဒိုနီးရှား သမ္မတနိုင်ငံတွင် စိတ်အားထက်သန်စွာ ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။c. ပါပူအာ ပြည်နယ်အား ယခင်က အီရီယန်ဂျာယားဟု ခေါ်ဆိုခဲ့ကြပြီး ၂၀၀၁ ခုနှစ်တွင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်ကို သတ်မှတ်ပေးခဲ့ကာ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပါပူအာ နှင့် အနောက်ပါပူအာဟူ၍ နှစ်ပိုင်း ပိုင်းခြားခဲ့သည်။ ဂျကာတာသည် နိုင်ငံ၏ အထူးမြို့တော်ဒေသ ဖြစ်သည်။ နိုင်ငံခြားဆက်ဆံရေး အင်ဒိုနီးရှားနိုင်ငံသည် လွတ်လပ်ရေး ရသည့်အချိန်မှစ၍ "လွတ်လပ်ပြီး တက်ကြွသော" နိုင်ငံခြားရေး ပေါ်လစီကို ကျင့်သုံးခဲ့ပြီး ဒေသတွင်း ကိစ္စရပ်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ အရွယ်အစားနှင့် နေရာပေါ်မူတည်၍ ပါဝင်ဆောင်ရွက်ခဲ့သော်လည်း အခြားနိုင်ငံများကြား ပဋိပက္ခများတွင် ပါဝင်ရန် လက်ရှောင်ခဲ့သည်။ ဆူကာနိုလက်ထက်တွင် အရင်းရှင်ဆန့်ကျင်ရေး မုန်းတီးမှုများဖြင့် အနောက်တိုင်း အင်အားကြီးနိုင်ငံများအား ဆန့်ကျင်ခဲ့ခြင်း၊ မလေးရှားနိုင်ငံနှင့် ဆက်ဆံရေး တင်းမာခဲ့ခြင်း များ ရှိသော်လည်း နယူးအော်ဒါ အစိုးရ လက်ထက်မှစ၍ အနောက်နိုင်ငံများနှင့် စီးပွားရေး နိုင်ငံရေး အရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ အင်ဒိုနီးရှားသည် အာရှအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်စွာ ဆက်ဆံခဲ့ပြီး အာဆီယံ၏ တည်ထောင်သူများတွင် လည်းကောင်း၊ အရှေ့အာရှထိပ်သီးအဖွဲ့ တည်ထောင်သူများတွင်လည်းကောင်း ပါဝင်ခဲ့သည်။ ဆူဟာတိုခေတ် အစောပိုင်းတွင် ကွန်မြူနစ်ဆန့်ကျင်ရေး နှိမ်နင်းမှုများ ပြုလုပ်ခဲ့သဖြင့် ရပ်တန့်နေသော တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ၁၉၉၀ တွင် ပြန်လည် တည်ဆောက်ခဲ့သည်။ အင်ဒိုနီးရှားသည် ၁၉၆၀ ခုနှစ်များ အစောပိုင်းနှင့် အလယ်ပိုင်းတို့တွင် ဆိုဗီယက်ပြည်ထောင်စု နှင့် နီးစပ်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၅၀ ခုနှစ်မှစ၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှု အဖွဲ့ နှင့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ကို တည်ထောင်ရာတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ အင်ဒိုနီးရှားသည် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုဧရိယာ၊ ကိန်းအဖွဲ့ နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့တွင် လက်မှတ်ရေးထိုးပါဝင်ထားပြီး အိုပက်အဖွဲ့တွင်လည်း ရံဖန်ရံခါ ပါဝင်တတ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၆၆ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ (အီးယူ)၊ ဩစတြေးလျနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့မှ လူသားချင်းစာနာမှု နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီများကို ရရှိခဲ့သည်။ ဥရောပသမဂ္ဂမှ လွန်ခဲ့သော ဆယ်နှစ်အတွင်း ဖွံဖြိုးမှုဆိုင်ရာ အထောက်အပံ့အဖြစ် ယူရိုဒေါ်လာ သန်း ၅၀၀ ကျော် သုံးစွဲ၍ ကူညီခဲ့ပြီး အထူးသဖြင့် အခြေခံပညာရေး မြှင့်တင်ရန်၊ အများပြည်သူဆိုင်ရာ ငွေကြေး စီမံခန့်မှု နှင့် တရားစီရင်ရေးတို့ တွင် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်စေရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောပြုန်းတီးမှုတို့ကို တိုက်ဖျက်ရန် တို့အတွက် ဖြစ်သည်။ အင်ဒိုနီးရှားအစိုးရသည် အခြားနိုင်ငံများနှင့် ပူးပေါင်း၍ အစ္စလာမ် စစ်သွေးကြွများနှင့် ဆက်စပ်နေသာ ဗုံးခွဲတိုက်ခိုက်မှုများအား စီစဉ်ဆောင်ရွက်သူများကို ဖမ်းဆီး၍ တရားစွဲခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဘာလီကျွန်း ကူလာ အပန်းဖြေစခန်းမြို့၌ အသက်ဆုံးရှုံးလောက်သည်အထိ ပြင်းထန်သော ဗုံးခွဲတိုက်ခိုက်မှုတွင် လူပေါင်း ၂၀၂ ဦးသေဆုံးခဲ့သည်။ (နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၆၄ ဦး ပါဝင်သည်။) ထိုတိုက်ခိုက်မှုများနှင့် ၎င်း၏ နောက်ဆက်တွဲအနေနှင့် အခြားနိုင်ငံများမှ ထုတ်ပြန်သော ခရီးသွား သတိပေးချက်များကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာတို့အား အကြီးအကျယ် ထိခိုက်စေခဲ့သည်။ စစ်ရေး သမမတ ပုံထည့် အင်ဒိုနီးရှားနိုင်ငံ၏ စစ်တပ်တွင် ကြည်းတပ်၊ ရေတပ် (မရိန်းတပ်လည်း ပါဝင်သည်။) နှင့် လေတပ်တို့ ပါဝင်သည်။ ကြည်းတပ်တွင် အမြဲတမ်းစစ်သား ၄၀၀,၀၀၀ ခန့် ရှိသည်။ နိုင်ငံတော် ဘတ်ဂျက်အတွင်း ကာကွယ်ရေး အသုံးစရိတ်မှာ ၂၀၁၅ ခုနှစ်တွင် ဂျီဒီပီ၏ ၀.၉% ရှိပြီး အငြင်းပွားစရာဖြစ်နေသည့် ကိစ္စမှာ ထိုဘတ်ဂျက်အား ထပ်မံပံ့ပိုးပေးနေသည့် စစ်တပ်၏ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရှိသည့် လုပ်ငန်းများနှင့် ဖောင်ဒေးရှင်းများ ဖြစ်သည်။ စစ်တပ်အား အင်ဒိုနီးရှား အမျိုးသားတော်လှန်ရေးကာလ အတွင်း စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ပြည်သူ့စစ်များနှင့် အတူ ပြောက်ကျားစစ် ဆင်နွှဲခဲ့သည်။ ထိုအကြောင်း အပါအဝင် နိုင်ငံတွင်း လုံခြုံရေးကို ထိန်းသိမ်းရန် အတွက် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ပါသော စစ်တပ်သည် နယ်စပ်မျဉ်းတလျှောက် အခြေစိုက်ထားကြပြီး နိုင်ငံ၏ ပြည်တွင်းရန်သူများနှင့် ပြင်ပမှ ကျူးကျော်လာသူများ အား ချေမှုန်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဆယ်စုနှစ် ၃ ခု အကြာမျှ ဆူဟာတို အစိုးရတွင် ပါဝင်ပြီး ထောက်ပံ့ပေးခဲ့ပြီးနောက် ၁၉၉၈ ခုနှစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အပြီးတွင် လွှတ်တော်အတွင်း စစ်တပ်၏ တရားဝင် ကိုယ်စားပြုမှုကို ဖယ်ရှားခဲ့သည်။ သို့သော်လည်း နိုင်ငံရေးတွင် ဩဇာသက်ရောက်မှုမှာ အင်အားကြီးနေဆဲပင် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးသည့် အချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတွင်း ပုန်ကန် မငြိမ်သက်မှုများနှင့် ခွဲထွက်ရေး လှုပ်ရှားမှုများ အကြား ရုန်းကန်လျှက် ထိန်းသိမ်းနေရသည်။ အာချေး နှင့် ပါပူအာ အပါဝင် အချို့သော လှုပ်ရှားမှုများသည် လက်နက်ကိုင် ပဋိပက္ခအဖြစ်သို့ ကူးပြောင်းသွားပြီး နောက်ဆက်တွဲ အနေနှင့် နှစ်ဘက်စလုံးမှ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ရက်စက်ကြမ်းကြုတ်မှုများ အတွက် စွပ်စွဲခံနေရသည်။ အာချေးပြဿနာကို ၂၀၀၅ ခုနှစ်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့သော်လည်း ပါပူအာ ပြဿနာမှာ ဆက်လက် ရှိနေဆဲပင် ဖြစ်သည်။ သို့သော် သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို အာဏာရယူပြီးသည့် အချိန်မှစ၍ ပြီးပြည့်စုံမှ မရှိသော်လည်း သိသာထင်ရှားသော ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥပဒေကို အကောင်အထည်ဖော်ပြီးနောက် ကြမ်းကြုတ်ရက်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျဆင်းလာသည်ဟု သိရှိရသည်။အခြားသော စစ်တပ်၏ ပါဝင်ပတ်သက်မှုများမှာ နယ်သာလန် နယူးဂီနီနှင့် တိုက်ခိုက်၍ အင်ဒိုနီးရှားနယ်နိမိတ် အတွင်းသို့ သွတ်သွင်းခြင်း၊ မလေးရှားနိုင်ငံ ထူထောင်ခြင်းအား ဆန့်ကျင်သော အင်ဒိုနီးရှား-မလေးရှား ထိပ်တိုက်ရင်ဆိုင် တွေ့ရှိမှု၊ ပီကေအိုင်အား တိုက်ခိုက်၍ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အင်ဒိုနီးရှား၏ အကြီးဆုံး စစ်ပွဲဖြစ်သော အရှေ့တီမောနိုင်ငံအား ကျူးကျော်ဝင်ရောက်ခြင်းတို့ ဖြစ်ကြသည်။ စီးပွားရေး အင်ဒိုနီးရှားနိုင်ငံတွင် ပုဂ္ဂလိက ကဏ္ဍ နှင့် အစိုးရ နှစ်ရပ်စလုံးမှ အရေးပါသောနေရာမှ ပါဝင်နေသည့် ရောပြွမ်းစီးပွားရေး စနစ် ရှိသည်။ နိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးသော စီးပွားရေး ရှိပြီး ဂျီ၂၀၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၁၇ ခုနှစ် အမည်ခံ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ ၁.၀၂၀ ထရီလီယံ ဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းဖြင့်(ပီပီပီ) တွက်ပါက ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၃.၂၅၇ ထရီလီယံ ရှိသည်။ ကမ္ဘာပေါ်တွင် အမည်ခံ ဂျီဒီပီ အနေနှင့် တွက်ချက်ပါက ၁၆ ခုမြောက် အကြီးဆုံး စီးပွားရေး ရှိသော နိုင်ငံဖြစ်ပြီး ဂျီဒီပီ(ပီပီပီ) အနေနှင့် သတ္တမမြောက် အကြီးဆုံး နိုင်ငံဖြစ်သည်။ ၂၀၁၇ ခုနှစ် ဂျီဒီပီ (ပီပီပီ) အား လူတစ်ဦးချင်း အနေနှင့် တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၁၂,၄၃၂ ဒေါ်လာ ရှိပြီး အမည်ခံ ဂျီဒီပီ အနေနှင့် လူတစ်ဦးချင်း အမေရိကန် ဒေါ်လာ ၃,၈၉၅ ဒေါ်လာ ရှိသည်။ ချေးငွေနှင့် ဂျီဒီပီ အချိုးမှာ ၂၆% ဖြစ်သည်။ ၂၀၁၆ ခုနှစ် စာရင်းအရ ဝန်ဆောင်မှုသည် ဂျီဒီပီ၏ အကြီးဆုံး ကဏ္ဍဖြစ်ပြီး ဂျီဒီပီ၏ ၄၃.၃% ရှိကာ ဒုတိယမြောက် အကြီးဆုံး ကဏ္ဍမှာ ကုန်ထုတ်လုပ်ငန်းဖြစ်ပြီး ၄၂.၉% ရှိ၍ စိုက်ပျိုးမွေးမြူရေးမှာ ၁၃.၇% ရှိသည်။ ၂၀၁၂ ခုနှစ်မှစ၍ ဝန်ဆောင်မှုကဏ္ဍသည် အခြား ကဏ္ဍများထက် အလုပ်အကိုင် ပိုမိုဖန်တီးပေးခဲ့ပြီး စုစုပေါင်း အလုပ်သမား၏ ၄၄.၈% ကို အလုပ်ပေးထားနိုင်ခဲ့ကာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် ၃၄.၃% ရှိပြီး ကုန်ထုတ်လုပ်ငန်းတွင် ၂၀.၉% ရှိသည်။ ခြုံငုံသုံးသပ်ခြင်း အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးသည် အချိန်နှင့်အမျှ သိသာစွာ ပြောင်းလဲလာခဲ့သည်။ သမိုင်းကြောင်းအရ စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေးသို့ လွန်စွာအလေးပေးခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးမှု အဆင့်တစ်ခု ၁၉၅၀ ခုနှစ်များ နှင့် ၁၉၆၀ ခုနှစ်များတွင် အစိုးရမှ စိုက်ပျိုးမွေးမြူရေးကို တကိုယ်ရေ ဖူလုံရေး အတွက် လှုံ့ဆော်ခဲ့သော ပေါ်လစီများကြောင့်လည်း ဖြစ်သည်။ ၁၉၆၀ ခုနှစ်များ၏ နှောင်းပိုင်းတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် မြို့ပြဖွံ့ဖြိုးလာခြင်းတို့ တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့ပြီး ၁၉၈၀ ခုနှစ်များထဲတွင် အရှိန်မြင့်လာခဲ့သည်။ ရေနံဈေးကျဆင်းလာခြင်းကြောင့် အစိုးရမှ ရေနံတင်ပို့ရောင်းချခြင်းမှ ထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချခြင်းသို့ ပြောင်းလဲကာ အာရုံစိုက်လုပ်ဆောင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ထိုသို့သော ဖွံ့ဖြိုးတိုးတက်မှုများသည် ၁၉၈၀ ခုနှစ်များ အတွင်းမှ နောက်ဆယ်စုနှစ်တစ်ခုသို့တိုင်အောင် ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး ၁၉၉၀ ခုနှစ် ရေနံဈေးလှုပ်ရှားခြင်း ဖြစ်စေကာမူ ထိုအချိန်၌ပင် ဂျီဒီပီသည် ပျမ်းမျှ ၇.၁% မျှ တိုးတက်နေခဲ့သည်။ အစဉ်တစိုက် တိုးတက်နေခြင်းကြောင့် တရားဝင် အသိအမှတ်ပြုထားသော ဆင်းရဲမွဲတေမှုနှုန်းမှာ ၆၀% မှ ၁၅% အထိ ကျဆင်းသွားသည်ကို မြင်ခဲ့ရသည်။ ၁၉၈၀ ခုနှစ်များ၏ အလယ်ပိုင်းမှစ၍ ကုန်သွယ်ရေး အတားအဆီးများ လျော့ကျလာသည်နှင့် အမျှ စီးပွားရေးသည် ကမ္ဘာနှင့် ပိုမို ချိတ်ဆက် ဆောင်ရွက်လာနိုင်ခဲ့သည်။ ၁၉၉၇ အာရှငွေကြေးဂယက်သည် အင်ဒိုနီးရှားအား စီးပွားရေးအရ တွင်သာမက နိုင်ငံရေး အရပါ သက်ရောက်ရိုက်ခတ်မှုများ ရှိခဲ့သည်။ အစိုးရ၏ အစောပိုင်းတုံ့ပြန်မှုမှာ အင်ဒိုနီးရှား ရူပီးယား ငွေကြေးအား ဈေးကွက်ပေါ်မူတည်၍ တန်ဖိုးအပြောင်းအလဲ ဖြစ်ခွင့်ပြုခြင်း၊ အဓိကပြည်တွင်းအတိုးနှုန်းများကို မြှင့်တင်ခြင်း နှင့် အခွန်ဘဏ္ဍာရေး ပေါ်လစီများကို တင်းကြပ်ခဲ့ခြင်းဖြစ်သည်။ ငွေကြေးဂယက်၏ ရိုက်ခတ်မှုမှာ အလွန်ပြင်းထန်ခဲ့သည်။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလသို့ ရောက်သောအခါ ငွေကြေးတန်ဖိုး အလျင်အမြန် ကျဆင်းမှုကြောင့် ပြည်သူ့ကြွေးမြီမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀ အထိ ရောက်ရှိလာခဲ့ပြီး အစိုးရ၏ ဘတ်ဂျက်အား အပြင်းအထန် ကျပ်တည်းစေခဲ့သည်။၁၉၉၈ တွင် ဂျီဒီပီမှာ ၁၃.၁% ကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇၂% သို့ ရောက်ရှိခဲ့သည်။ (၁၉၉၉ တွင် ၂% မျှ အထိ ပြန်လည် နှေးကွေးသွားသည်။) ၁၉၉၉ ခုနှစ် အလယ်ပိုင်းတွင် စီးပွားရေးသည် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့ပြီး ဂျီဒီပီ တိုးတက်မှုမှာ ၀.၈% မျှသာရှိခဲ့သည်။ လတ်တလော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများမှာ ပုံမှန်သာဖြစ်သော ငွေကြေးဖောင်းပွမှုနှုန်းနှင့် အတူရှိနေသည်။ ၂၀၀၀ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ရည်မှန်းချက်အား စတင်မိတ်ဆက်ခဲ့ပြီးနောက် ဂျီဒီပီ ဒီဖလေတာ နှင့် စားသုံးသူဈေးနှုန်းညွှန်းကိန်းတို့မှာ နှစ်စဉ်ပျမ်းမျှ ၁၀.၇၅% နှင့် ၉% နှုန်း အသီးသီးဖြင့် မြင့်တက်လာခဲ့ကြသည်။ ထိုနှုန်းမှာ ၁၉၉၇ ငွေကြေးဂယက် မတိုင်မီ ဆယ်စုနှစ် နှစ်ခုက မှတ်တမ်းတင်ထားခဲ့သော အဟုန်နှင့် တူညီပြီး ၁၉၆၀ ခုနှစ်များ နှင့် ၁၉၇၀ ခုနှစ်များမှ အဟုန်၏အောက်တွင် ရှိသည်။ ငွေကြေးဖောင်းပွမှုနှုန်းများ၏ လားရာမှ ၂၀၀၀ ခုနှစ်များ အတွင်း နိမ့်ကျနေခဲ့ပြီး ၂၀၀၅ ခုနှစ် နှင့် ၂၀၀၈ ခုနှစ် အစိုးရ၏ ဘဏ္ဍာရေး ထောက်ပံ့မှု အပြောင်းအလဲများကြောင့် ခဏတာ လှုပ်ရှားမှုများသာ ရှိသကဲ့သို့ စားသုံးသူ ဈေးနှုန်းညွှန်းကိန်း တွင်လည်း ခဏတာမျှ မြင့်တက်မှုများ ရှိခဲ့သည်။ ၂၀၀၇ ခုနှစ်မှစ၍ ဘဏ်လုပ်ငန်းကဏ္ဍ နှင့် ပြည်တွင်းသုံးစွဲမှုများတွင် တိုးတက်မှုများရှိခဲ့၍ စီးပွားရေး တိုးတက်မှုနှုန်းမှာ နှစ်စဉ် ၆% ကျော် အထိ ရှိလာခဲ့သည်။ ထို့အတွက်ကြောင့် အင်ဒိုနီးရှားအား ၂၀၀၈-၂၀၀၉ ကမ္ဘာ့စီးပွားကျဆင်းမှု အား အင်ဒိုနီးရှား အနေနှင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ထိုကာလာအတွင်း စီးပွားရေး အလွန်ကောင်းမွန်နေခဲ့၍ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံအနေနှင့် ၁၉၉၇ ခုနှစ်က ဆုံးရှုံးခဲ့သော ရင်းနှီးမြှုပ်နှံမှုအဆင့်ကို ပြန်လည် ရရှိခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်မှစ၍ စီးပွားရေးတိုးတက်မှုမှာ ၅% သို့ ပြန်လည်နှေးကွေးခဲ့ပြီး အကြောင်းမှာ မသန့်စင်ရသေးသော သတ္တုများကို တင်ပို့ခြင်းကို ပိတ်ပင်ခဲ့ခြင်းကြောင့် ဖြစ်၍ ပြည်တွင်းသတ္တုသန့်စင်လုပ်ငန်းများအား မြှင့်တင်ရန် ကြိုးစားခြင်း နှင့် တန်ဖိုးမြှင့်ထားသော သတ္တုပစ္စည်းများကို တင်ပို့ရန် အားပေးလှုံဆော်ခြင်း တို့အပြင် အတိုးနှုန်း မြင့်တက်လာခြင်း တို့ကြောင့် ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် လူဦးရေ၏ ၁၀.၈% သည် ဆင်းရဲမွဲတေမှုမျဉ်း၏ အောက်တွင် နေထိုင်ကြပြီး အလုပ်လက်မဲ့နှုန်းမှာ ၅.၅% ဖြစ်သည်။ ဆီအုန်းထုတ်လုပ်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ အဓိက စီးပွားရေး တစ်ခုဖြစ်ပြီး အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အများဆုံး ဆီအုန်းထုတ်လုပ်သူ ဖြစ်သကဲ့သို့ အများဆုံး စားသုံးသူလည်း ဖြစ်ပြီး တစ်ကမ္ဘာလုံး ရောင်းလိုအား၏ တစ်ဝက်ခန့်ကို ပံ့ပိုးပေးလျက် ရှိသည်။ ၂၀၀၇ ခုနှစ်တွင် တစ်နိုင်ငံလုံး စိုက်ခင်းပေါင်း ဟက်တာ ၆ သန်းမျှ ရှိပြီး ပြန်လည်စိုက်ပျိုးမှု အစီအစဉ် အရ ၂၀၁၇ တွင် ဟက်တာ ၄.၇သန်းမျှ ထပ်မံစိုက်ပျိုးရန် ခန့်မှန်းထားသည်။ ၂၀၁၇ ခုနှစ်တွင် အင်ဒိုနီးရှားသည် အနာဂတ်ကမ္ဘာအတွက် ထိန်းသိမ်းခြင်း လက်မှတ်ရထားသော ဆီအုန်း (Certified Sustainable Palm Oil သို့ CPSO) တကမ္ဘာလုံး၏ ၃၅% မျှ ထုတ်လုပ်သည်။ မော်တော်ကားလုပ်ငန်းမှ ၂၀၁၇ ခုနှစ်တွင် မော်တော်ကား ၁.၂ သန်းခန့်မျှ ထုတ်လုပ်သည့် အတွက် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မော်တော်ကားထုတ်လုပ်မှု၌ အဆင့် ၁၈ ရှိသည်။ ယခုအခါတွင် အင်ဒိုနီးရှားကုမ္ပဏီများ အနေနှင့် ပြည်တွင်းတွင် ထုတ်လုပ်သော ပစ္စည်း ၈၀% မှ ၉၀% အထိ ပါဝင်သော မော်တော်ကားများကို ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အင်ဒိုနီးရှားမှ အသင့်စားနိုင်သော ခေါက်ဆွဲခြောက်ထုပ် ၁၂ ဘီလီယံမျှ ထုတ်လုပ်ခဲ့သဖြင့် ထိုနှစ်တွင် အထုပ် ၄၀ ဘီလီယံ ထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက် အများဆုံး ထုတ်လုပ်သူ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး ခေါက်ဆွဲခြောက် ထုတ်လုပ်သူ ဖြစ်သော အင်ဒိုဖုဒ် သည် အင်ဒိုနီးရှားရှိ လူသိအများဆုံး အမှတ်တံဆိပ် တစ်ခုဖြစ်သော အင်ဒိုမီး အတွက် လူသိများသည်။ ၂၀၁၆ ခုနှစ် ဖော်ကျွန်းမဂ္ဂဇင်း၏ ကမ္ဘာ့ဝင်ငွေအများဆုံး ကုမ္ပဏီ ၅၀၀ စာရင်းတွင် အင်ဒိုနီးရှားမှ ပါတာမီနာ ကုမ္ပဏီ တစ်ခုသာ စာရင်းဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အင်ဒိုနီးရှား၌ ကုန်သွယ်ရေး ပိုငွေပြမှုရှိပြီး ပို့ကုန် နှင့် သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁၄၀ ဘီလီယံ နှင့် ၁၃၂ ဘီလီယံ အသီးသီး ရှိသည်။ လွန်ခဲ့သော ၅ နှစ် အတွင်းတွင် ပို့ကုန်နှင့် သွင်းကုန်တို့သည် နှစ်စဉ် ၃% မှ ၄.၈% အသီးသီး လျော့ကျလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၂၄ ဘီလီယံ နှင့် ၁၇၃ ဘီလီယံမှ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ၏ အဓိက ပို့ကုန်များတွင် ဆီအုန်း နှင့် ကျောက်မီးသွေးတုံးများမှ ဦးဆောင်နေပြီး ကျောက်မျက်ရတနာ၊ ကား၊ ကားပစ္စည်းများ၊ ရာဘာနှင့် ကြေးနီရိုင်းတို့သည် အဓိကပို့ကုန်များ၏ အများစု ဖြစ်သည်။ သွင်းကုန်များတွင် အဓိကအားဖြင့် သန့်စင်ထားသော စက်သုံးဆီနှင့် စက်သုံးဆီကြမ်းတို့ဖြစ်ပြီး တယ်လီဖုန်း၊ ကွန်ပျူတာ၊ ကားပစ္စည်းများ နှင့် ဂျုံတို့မှာ သွင်းကုန်အများစု ဖြစ်သည်။ နိုင်ငံ၏ အဓိက ပို့ကုန်ဈေးကွက်မှာ တရုတ်(၁၂%)၊ အမေရိကန်ပြည်ထောင်စု (၁၁%)၊ ဂျပန် (၁၁%)၊ စင်ကာပူ (၈%) နှင့် အိန္ဒိယ(၇.၂%) တို့ဖြစ်ပြီး အဓိကသွင်းကုန် မိတ်ဖက်များမှာ တရုတ် (၂၃%)၊ စင်ကာပူ(၁၁%)၊ ဂျပန် (၉.၈%)၊ ထိုင်း (၆.၅%) နှင့် မလေးရှား (၅.၄%) တို့ ဖြစ်ကြသည်။ သယ်ယူပို့ဆောင်ရေး ၂၀၁၅ ခုနှစ်စာရင်းအရ လမ်းဖြင့် ဆက်သွယ်ခြင်းသည် အဓိကဖြစ်ပြီး စုစုပေါင်း လမ်းအရှည် ရှိသည်။ မြို့တော်နှင့် မြို့အများအပြားတွင် ငှားရမ်းနိုင်သော တက္ကစီကဲ့သို့သော ယာဉ်များ ရှိသည်။ ကိုပါဂျာ ကဲ့သို့သော ဘတ်စ်ကား ဝန်ဆောင်မှုများလည်း ရှိပြီး ပို၍ ခေတ်မီသော ကမ္ဘာပေါ်တွင် အရှည်ဆုံးဖြစ်သည့် ထရန်စ်ဂျကာတာ ဆို့သည့် ဘတ်စ်ရက်ပစ်ထရန်စစ် (BRT) စနစ် ရှိကာ လမ်းကြောင်း ၁၃ ခုနှင့် လမ်းကြောင်းဆက် ၁၀ ခုတို့တွင် အရှည် မျှ ရှည်လျား၍ ၂၀၁၆ ခုနှစ်၌ နေ့စဉ် ခရီးသည် ၄၃၀,၀၀၀ ဦးကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။အခြားမြို့များဖြစ်သော ယော့ယာကာတာမြို့၊ ပလမ်ဘန်းမြို့၊ ဒန်ပါဆာမြို့ ၊ ပီကန်ဘာရူးမြို့၊ ဆယ်မာရန်းမြို့၊ မာကက်ဆာမြို့ နှင့် ပါဒန်းမြို့တို့တွင်လည်း ဘီအာရ်တီ စနစ်များ ရှိသည်။ အခြားသော အမြဲမြင်တွေ့ရလေ့ရှိသည့် သယ်ယူပို့ဆောင်ရေးမှာ ဘာဂျာ့ နှင့် ဘီဆပ်ဟု ခေါ်သော သုံးဘီးဆိုင်ကယ်များနှင့် အန်းကော့ ဟု ခေါ်သော ဝေမျှ စီးနင်းကြသည့် အငှားယာဉ်များ ဖြစ်သည်။ နိုင်ငံ၏ အဓိက ရထားလမ်းများမှာ ဂျားဗားကျွန်းပေါ်တွင် တည်ရှိပြီး ခရီးသည်နှင့် ကုန်စည် နှစ်မျိုးစလုံးကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ မြို့အချင်းချင်း ဆက်သွယ်ထားသော ရထားလမ်းများကို ထပ်ဆောင်း အားဖြည့်ပေးထားသည်မှာ ဂျကာတာ မက်ထရိုပိုလစ်တန် ဒေသ၊ ဆူရာဘာရား နှင့် ဘန်ဒေါင်းတို့ရှိ မြို့ပတ်ရထားများ ဖြစ်သည်။ ဂျကာတာနှင့် ပလမ်ဘမ်းတို့တွင် အကြီးစားအမြန် မြို့ပတ်ရထား နှင့် အပေါ့စား အမြန်မြို့ပတ်ရထားလမ်းများကို တည်ဆောက်လျက် ရှိပြီး ၂၀၁၅ တွင် အင်ဒိုနီးရှား ၏ ပထမဆုံးနှင့် အရှေ့တောင်အာရှတွင်လည်း ပထမဆုံး ဖြစ်သော မြန်နှုန်းမြင့်ရထားလမ်းကို တည်ဆောက်ရန် ကြေညာခဲ့သည်။ ထိုရထားသည် ဂျကာတာမြို့နှင့် ဘန်ဒေါင်းမြို့တို့ကို ဆက်သွယ်ရန် အတွင် ဖြစ်ပြီး အရှည်အားဖြင့် ၈၇မိုင် (၁၄၀ ကီလိုမီတာ) ရှိသည်။ အစီအစဉ်တွင် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သော ဆူရာဘာရားမြို့သို့ တိုးချဲ့ရန် အစီအစဉ်ကိုလည်း ဖော်ပြခဲ့သည်။ ရေကြောင်းပို့ဆောင်ရေးမှာ စီးပွားရေး ပေါင်းစည်းမှုအတွက် အရေးပါပြီး နိုင်ငံ၏ အစိတ်အပိုင်းများကို ပြည်တွင်းနှင့် ပြည်ပ ကုန်သွယ်ရေး အတွက် မရှိမဖြစ် ဆက်သွယ်ရေးလမ်းကြောင်းများ အဖြစ် ဆက်သွယ်ပေးထားကာ အဓိက ကျွန်းကြီးများတွင် အနည်းဆုံး ဆိပ်ကမ်းမြို့ တစ်မြို့စီ ရှိသည်။ အနီးအနားကျွန်းများသို့ ရေလက်ကြားကို ဖြတ်ကျော် ပြေးဆွဲသော လွန်းပျံယာဉ်များ ရှိပြီး အထူးသဖြင့် ဆူမတြာကျွန်းမှ ဂျားဗားကျွန်းကို ဖြတ်၍ လက်ဆားဆွန်ဒါကျွန်းများ အထိ ရှိသော ကျွန်းအတွဲလိုက်များတို့တွင် ဖြစ်ကာ ပိုမို၍ ဝေးကွာသော ကျွန်းများသို့ ဆက်သွယ်ပေးသော ရှည်လျားသည့် ခရီးလမ်းကြောင်းများတွင် သွားလာသည့် ခရီးသည်တင် သင်္ဘောများလည်း ရှိသည်။ အချို့အလုပ်များသော ကမ်းများတွင် ကားသယ်ပို့သော လွန်းပျံယာဉ်များမှာ တစ်နေ့လျှင် ၂၄ နာရီပတ်လုံး ပြေးဆွဲပေးလျက် ရှိသည်။ အပြည်ပြည်ဆိုင်ရာသို့ ဆက်သွယ်ပေးသော လွန်းပျံယာဉ်များလည်း ရှိပြီး မလက်ကာရေလက်ကြားကို ဖြတ်၍ ဆူမတြာကျွန်းနှင့် မလေးရှားကိုလည်းကောင်း၊ စင်ကာပူနှင့် အနီးအနားရှိ အင်ဒိုနီးရှား ကျွန်းများဖြစ်သော ရီအောကျွန်းများသို့လည်းကောင်း ဆက်သွယ်ပေးထားသည်။ ၂၀၁၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ လေဆိပ် ၂၃၇ ခုရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၁၇ ခု အပါအဝင် ဖြစ်သည်။ ဂျကာတာရှိ ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာပေါ်တွင် ၁၇ ခုမြောက် အလုပ်အများဆုံး လေဆိပ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ခရီးသည်ပေါင်း ၆၃ သန်းကို လက်ခံပို့ဆောင်ပေးခဲ့ကာ ဘာလီရှိ ငူရာရိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆူရာဘာရားရှိ ဂျွန်ဒါအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့သည် နိုင်ငံ၏ ဒုတိယ နှင့် တတိယမြောက် အလုပ်အများဆုံး လေဆိပ်များ ဖြစ်ကြသည်။ ၁၉၄၉ ခုနှစ်မှစ၍ နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သော ဂါရုဒါ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်ရှိ ရှေ့ဆောင်လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး တကမ္ဘာလုံးဆိုင်ရာ လေကြောင်းလိုင်း မဟာမိတ် အဖွဲ့ဖြစ်သော စကိုင်းတင်းမ်၏ ၂၀ ဦးမြောက် အဖွဲ့ဝင် ဖြစ်သည်။ ၂၀၀၉ ခုနှစ် လေကြောင်းလိုင်း ခေတ်မီအောင် ပြုလုပ်ရေး အစီအစဉ် အရ ဂါရုဒါ အင်ဒိုနီးရှား လေကြောင်းလိုင်းအတွက် ဆုများစွာ ရခဲ့ပြီး စကိုင်းထရက်စ်၏ ကြယ်ငါးပွင့်လေကြောင်းလိုင်း အဆင့်သတ်မှတ်ချက် နှင့် ကမ္ဘာ့အကောင်းဆုံး လေယာဉ်တွင်း အမှုထမ်း ဆုတို့ကို ရရှိခဲ့သည်။ စွမ်းအင် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ ၏ ထုတ်ပြန်ချက် အရ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ဒဿမမြောက်အများဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်သူ ဖြစ်သည်။ စုစုပေါင်း ၇၆ ဘီလီယံ ကုဗမီတာ ထုတ်လုပ်ခဲ့ပြီး တကမ္ဘာလုံး ထုတ်လုပ်မှု၏ ၂.၅% ဖြစ်ကာ ၃၆ ဘီလီယံ ကုဗမီတာအား ပြည်ပသို့ တင်ပို့ရောင်းချခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အင်ဒိုနီးရှားသည် ပဉ္စမမြောက် အများဆုံး ကျောက်မီးသွေး ထုတ်လုပ်သူ ဖြစ်ပြီး သက်ရင့်ကျောက်မီးသွေး တန်ချိန် ၂၆၃ သန်း နှင့် ကျောက်မီးသွေးနု တန်ချိန် ၃၈ သန်း ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှု၏ ရာခိုင်နှုန်း အများစု ဖြစ်သော သက်ရင့်ကျောက်မီးသွေး တန်ချိန် ၂၃၀ သန်းအား ပြည်ပသို့ တင်ပို့ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ရေနံမှစ၍ စွမ်းအင် အရင်းအမြစ် အမြောက်အမြားရှိပြီး ရေနံ နှင့် သဘာဝဓာတ်ငွေ့ စည်ပေါင်း ၂၂ ဘီလီယံမျှ အရန်သင့်ရှိပြီး ၎င်းတို့ထဲတွင် ၄ ဘီလီယံမှာ ထုတ်ယူ သုံးစွဲနိုင်သည့် ပမာဏဖြစ်သည်။ ထိုပမာဏသည် ၁၀ နှစ်တာမျှ ရေနံထုတ်လုပ်နိုင်သည့် ပမာဏနှင့် နှစ် ၅၀ စာမျှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်သည့် ပမာဏနှင့် ညီမျှသည်။ ထို့ပြင် ရေနံနှင့် အလားတူသော ကျောက်မီးသွေးအခြေခံ မီသိန်းဓာတ်ငွေ့ စည်ပေါင်း ၈ ဘီလီယံမျှ ရှိသည်။ ထုတ်ယူတူးဖော်နိုင်သော ကျောက်မီးသွေး ပမာဏမှာ တန်ချိန် ၂၈ ဘီလီယံရှိပြီး ဇီဝအပူဖြင့် စွမ်းအင်ထုတ်လုပ်နိုင်စွမ်းမှာ ၂၈ ဂစ်ဂါဝပ်မျှ ရှိသည်။ ၎င်းတို့တွင် ရှာဖွေမတွေ့ရှိသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့ တို့လည်း ပါဝင်သည်။ ထို့ပြင် နေရာင်ခြည်စွမ်းအင်၊ လေအားသုံးစွမ်းအင်၊ စွန့်ပစ်ပစ္စည်းမှ ထုတ်သော စွမ်းအင်နှင့် ဇီဝလောင်စာ ထုတ်လုပ်နိုင်စွမ်း အများအပြား ရှိသည်။ အင်ဒိုနီးရှား၏ ပြည်တွင်း လောင်စာဆီ သုံးစွဲမှုမှာ ၂၀၀၃ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁.၂ သန်း မှ ၂၀၁၃ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည် ၁.၆ သန်းသို့ တိုးတက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အင်ဒိုနီးရှား တစ်နိုင်ငံလုံးတွင် တပ်ဆင်ထားသော လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်အားမှာ ၅၅,၅၂၈.၅၁ မဂ္ဂါဝပ်မျှ ရှိသည်။ နိုင်ငံ၏ အကြီးဆုံး ဆည်ဖြစ်သော ဂျာတေးလူဟာဆည်သည် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ ရေရရှိရေး ဆောင်ရွက်ခြင်း၊ ရေကြီးရေလျှံမှုကို ထိန်းချုပ်ခြင်း၊ ဆည်မြောင်းစနစ်ဖြင့် ရေပေးဝေခြင်း နှင့် ရေနေအပင်သတ္တဝါများ ပေါက်ဖွားရှင်သန်စေခြင်း အပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးကို ပြီးမြောက်စေသည်။ ဓာတ်အားပေးစက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းမှာ ၁၈၆.၅ မဂ္ဂါဝပ်ဖြစ်ပြီး ထိုလျှပ်စစ်ဓာတ်အားကို ပြည်နယ်လျှပ်စစ် ကုမ္ပဏီမှ စီမံခန့်ခွဲသော ဂျာဗားဓာတ်အားလိုင်းထဲသို့ ပို့လွှတ်သည်။ ဂျာတေးလူဟာ၏ ရေသိုလှောင်ကန်သည် ၂၄၀,၀၀၀ဟက်တာ (၅၉၃,၀၅၃ ဧက) မျှသော စပါးခင်းများသို့ ရေပေးဝေလျက် ရှိသည်။ မြေကြီးဖြင့် တမံတုတ်ထားသော ဆည်သည် ၁၀၅မီတာ (၃၄၄ပေ) မျှ မြင့်မားပြီး ၃,၀၀၀,၀၀၀,၀၀၀ စတုရန်းမီတာ (၂,၄၃၂,၁၃၀ ဧကပေ) ရှိသော ရေကို သိုလှောင်ထားနိုင်သည်။ သိပ္ပံနှင့်နည်းပညာ အင်ဒိုနီးရှားနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာအတွက် အသုံးစရိတ်မှာ အလွန်နည်းပါးပြီး ၂၀၁၇ ခုနှစ်တွင် ဂျီဒီပီ၏ ၀.၁% မျှသာ ရှိသည်။ ထို့အတွက်ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ထိုနယ်ပယ်များတွင် ဦးဆောင်သော နိုင်ငံတစ်ခု မဟုတ်ပေ။ သို့သော်လည်း သိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများတွင် အင်ဒိုနီးရှားလူမျိုးတို့ ဆောင်ရွက်ခဲ့သော ထင်ရှားသော သာဓက များစွာရှိသည်။ စိုက်ပျိုးရေးနှင့် အဏ္ဏဝါဆိုင်ရာ ယဉ်ကျေးမှုတွင် ရှင်သန်ကြီးပြင်းကြသော အင်ဒိုနီးရှားလူမျိုးတို့သည် အချို့သော ရိုးရာနည်းပညာများ အထူးသဖြင့် စိုက်ပျိုးရေးနှင့် အဏ္ဏဝါ ဆိုင်ရာ တွင် ထင်ပေါ်ကျော်ကြားကြသည်။ စိုက်ပျိုးရေးတွင် အခြားသော အရှေ့တောင်အာရှနိုင်ငံများကဲ့သို့ပင် စပါးစိုက်ပျိုးသော နည်းပညာများတွင် ထင်ရှား ကျော်ကြားသည်။ အဏ္ဏဝါဆိုင်ရာ ကိစ္စရပ်များတွင်မူ ဘူဂစ်နှင့် မာကတ်ဆာ လူမျိုးများမှာ ထင်ရှားကြပြီး သစ်သားဖြင့်ပြုလုပ်ထားသော ပီနီစီလှေဟု ခေါ်သည့် ရွက်လှေများကို တည်ဆောက်ရာတွင် လူသိများသည်။ ၁၉၈၀ ခုနှစ်များတွင် အင်ဒိုနီးရှား အင်ဂျင်နီယာ ဂျိုကော်ဒါ ရာကာ ဆူကာဝါတီ မှ လက်ရှိအဓိကလမ်းမကြီးများ၏ အပေါ်တွင် ရှည်လျားသည့် ကုန်းကျော်တံတားများ ဆောက်လုပ်၍ ယာဉ်ကြောပိတ်ဆို့မှု အနည်းဆုံး ဖြစ်စေမည့် ဆောရိုဘာဟူး ဟု ခေါ်သည့် လမ်းဖောက်လုပ်ခြင်း နည်းပညာကို တည်ထွင်ခဲ့သည်။ နောင်တွင် ထိုနည်းစနစ်ကို နိုင်ငံအချို့တွင် ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ထို့ပြင် နိုင်ငံပိုင် ရထားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော အင်ဒိုနီးရှား ရထားလုပ်ငန်း (INKA) သည် ခရီးသည်တင် ရထား နှင့် ကုန်တင်ရထားများကို အမြဲတမ်း ထုတ်လုပ်နေသာ ကုမ္ပဏီဖြစ်ပြီး နိုင်ငံခြားသို့လည်း တင်ပို့ရောင်းချလျက် ရှိသည်။ အင်ဒိုနီးရှားနိုင်ငံသည် စစ်ဖက်သုံးနှင့် လူစီး လေယာဉ်များကို ဟိုးယခင်ကတည်းကပင် ထုတ်လုပ်ခဲ့ပြီး အရှေ့တောင်အာရှ တွင် ကိုယ်ပိုင်လေယာဉ် ထုတ်လုပ်နိုင်သည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။ နိုင်ငံပိုင် လေယာဉ်ကုမ္ပဏီဖြစ်သော အင်ဒိုနီးရှန်း အေရိုစပေ့စ် သည် စပိန်နိုင်ငံမှ အက်ဒ် ကာဆာ ကုမ္ပဏီနှင့် ပူးပေါင်း၍ ဘိုးအင်း နှင့် အဲယားဘတ်စ် တို့ အတွက် လေယာဉ် အစိတ်အပိုင်းများကို ထုတ်လုပ်ပြီး စီအင်န်-၂၃၅ လေယာဉ်ကိုလည်း ထုတ်လုပ်ပြီး နိုင်ငံအချို့သို့ တင်ပို့ ရောင်းချသည်။ ထို အောင်မြင်မှုအတွက် ယခင် အင်ဒိုနီးရှား သမ္မတ ဘီ ဂျေ ဟာဘီဘီသည် အရေးပါသော နေရာမှ ပါဝင် လုပ်ဆောင်ခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှား နိုင်ငံသည် တောင်ကိုရီးယား နှင့် ပူးပေါင်း၍ ပဉ္စမမြောက် မျိုးဆက် ဂျက်အင်ဂျင်တပ် တိုက်လေယာဉ် ကိုင် ကေအက်ဖ်-အိတ်စ်(KAI KF-X) အား ထုတ်လုပ်သည့် အစီအစဉ်တွင် ပါဝင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကိုယ်ပိုင် အာကာသ စူးစမ်းလေ့လာရေး အစီအစဉ် နှင့် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (အမျိုးသား လေကြောင်းနှင့်အာကာသ အင်စတီကျု) (LAPAN) ရှိသည်။ ၁၉၇၀ ခုနှစ်များတွင် အင်ဒိုနီးရှားသည် ပါလာပါ ဟု အမည်ရသည့် ကိုယ်ပိုင်ဂြိုဟ်တုကို လွှတ်တင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုယ်ပိုင်ဂြိုဟ်တိုကို လွှတ်တင် အသုံးပြုနိုင်သော ပထမဆုံး နိုင်ငံဖြစ်သည်။ ထိုဂြိုဟ်တုသည် အင်ဒိုဆက်-အော်ရီဒူးမှ ပိုင်ဆိုင်သည့် ဆက်သွယ်ရေး ဂြိုဟ်တု အစုအဝေးမှ တစ်ခု ဖြစ်သည်။ ပထမဆုံး ဂြိုဟ်တုဖြစ်သော ပါလာပါ အေဝမ်း အား ၁၉၇၆ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစခန်းမှ လွှတ်တင်ခဲ့သည်။ ၂၀၁၇ ခုနှစ် အထိ အင်ဒိုနီးရှားသည် အမျိုးမျိုး အသုံးပြုရန် အတွက် ဂြိုဟ်တု ၁၆ လုံးကို လွှတ်တင်ခဲ့ပြီး ဖြစ်ပြီး အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီမှ ၂၀၄၀ ခုနှစ်တွင် နိုင်ငံတွင်းမှ ကိုယ်ပိုင်လွှတ်တင်နိုင်သည့် ယာဉ်များဖြင့် ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ ပို့လွှတ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ၂၀၁၇ ခုနှစ်၌ အင်ဒိုနီးရှားနိုင်ငံ၏ ဂျီဒီပီတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၂၈.၂ ဘီလီယံ ဒေါ်လာ မျှ ပါဝင်ခဲ့သည်။ ထိုနှစ်တွင်ပင် အင်ဒိုနီးရှားနိုင်ငံမှ ဧည့်သည်ပေါင်း ၁၄.၀၄ သန်းမျှ လာရောက်ခဲ့ပြီး တစ်နှစ်အတွင်း ခရီးသည် ၁၆.၀၉ ရာခိုင်နှုန်း မျှတိုးတက်ခဲ့ကာ ခရီးသည်များမှ ၎င်းတို့ လာရောက်လည်ပတ်စဉ် အတွင်း ပျမ်းမျှ အမေရိကန် ဒေါ်လာ ၂,၀၀၉ ဒေါ်လာမျှ သုံးစွဲခဲ့သည်။ အင်ဒိုနီးရှားသို့ လာရောက်လည်ပတ်သော ခရီးသည်များမှာ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ဩစတြေးလျ နှင့် ဂျပန်နိုင်ငံတို့မှ အများဆုံး ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှစ၍ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် အတွက် ညွှန်ကြားထားသော နိုင်ငံတကာ ဈေးကွက်ဖော်ထုတ်ရေး ကမ်ပိန်း၏ ကြွေးကြော်သံမှာ "အံ့ဩဖွယ်ရာ အင်ဒိုနီးရှား" ဟူ၍ ဖြစ်သည်။ သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ လည်ပတ်စရာနေရာများမှာ အင်ဒိုနီးရှားနိုင်ငံ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၏ အဓိက အစိတ်အပိုင်းများ ဖြစ်သည်။ သဘာဝ ဆိုင်ရာ နေရာများသည် အပူပိုင်း ရာသီဥတု၊ ကျယ်ပြန့်လှသော ကျွန်းစုများနှင့် ရှည်လျားလှသော ပင်လယ်ကမ်းခြေများ ထူးခြားစွာ ပေါင်းစည်းထားခြင်းဖြစ်ပြီး ၎င်းတို့အား အင်ဒိုနီးရှား၏ တက်ကြွလှုပ်ရှားသော သမိုင်းကြောင်းနှင့် အမျိုးမျိုးကွဲပြားနေသာ လူမျိုးစုတို့ကို ထင်ဟပ်နေသော ကြွယ်ဝလှသည့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များ မှ ပံ့ပိုးပေးထားသည်။ အင်ဒိုနီးရှားတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားသော သဘာဝ ဂေဟစနစ် ရှိပြီး မိုးသစ်တောများသည် အင်ဒိုနီးရှား ကုန်းမြေ၏ ၅၇% (ဧက ၂၂၅ သန်း) ကို ဖြန့်ကျက်တည်ရှိသည်။ ဆူမတြာ နှင့် ကာလီမန်တန် ကျွန်းပေါ်ရှိ သစ်တောများသည် ရေပန်းစားသော ခရီးသွားဒေသများ ဖြစ်ပြီး မျောက်ဝံတောရိုင်းထိန်းသိမ်းရေး ဒေသမှာ ဥပမာ တစ်ခု ဖြစ်သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ကမ်းရိုးတန်းရှိပြီး ရှိသည်။ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းအတွက် ထင်ရှားသည်များမှာ ရှေးဟောင်း ပရမ်ဘနမ် ဟိန္ဒူ ဘုရားကျောင်း နှင့် ဗောရောဗုဓော စေတီ ၊ တိုရာဂျာနှင့် ဘာလီကျွန်းပေါ်ရှိ ဟိန္ဒူ ပွဲတော်များ ဖြစ်ကြသည်။ အင်ဒိုနီးရှားတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ၈ ခု မျှ ရှိပြီး ဗောရောဗုဓော စေတီဝန်း ၊ ကိုမိုဒို အမျိုးသား ဥယျာဉ် နှင့် အခြား ယာယီစာရင်းဝင် နေရာ ၁၉ ခုတွင် ဂျကာတာမြို့ဟောင်း၊ ဘူနကန် အမျိုးသားဥယျာဉ် နှင့် ရာဂျာအမ်ပတ်ကျွန်းများတို့ ပါဝင်သည်။ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် အင်ဒိုနီးရှား သမိုင်း၏ စိတ်ဝင်စားစရာ အကြောင်းတစ်ခုကို ဦးတည်ချဉ်းကပ်ပြီး ဥပမာအားဖြင့် ဒတ်ချ် အရှေ့အိန္ဒိယ၏ ကိုလိုနီ ဗိသုကာလက်ရာ အမွေအနှစ်ကဲ့သို့သော အရာ ဖြစ်သည်။ အခြား လည်ပတ်စရာ နေရာများမှာ ပြတိုက်များ၊ ဘုရားရှိခိုးကျောင်းများ၊ ခံတပ်များ နှင့် သမိုင်းဆိုင်ရာ ကိုလိုနီ အဆောက်အဦးများအား လည်ပတ်ကြည့်ရှုခြင်း နှင့် ကိုလိုနီ အမွေအနှစ် အဆောက်အဦးများတွင် တည်ရှိသော ဟိုတယ်များတွင် ညအိပ်တည်းခိုနိုင်ခြင်း တို့ ဖြစ်သည်။ ရေပန်းစားကျော်ကြားသော ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ခရီးသွားနေရာများမှာ ဂျကာတာ မြို့ဟောင်း၊ ယော့ယာကာတာ၊ ဆူရာကာတာ နှင့် မန်ကူနီဂါရန်ရှိ တော်ဝင်ဂျာဗားနန်းတော်များ ဖြစ်သည်။ ၂၀၁၇ ခုနှစ် ခရီးသွားနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်မှု အစီရင်ခံစာတွင် အင်ဒိုနီးရှားနိုင်ငံအား နိုင်ငံပေါင်း ၁၃၆ နိုင်ငံတွင် အဆင့် ၄၂ သတ်မှတ်ထားပြီး ရမှတ်မှာ ၄.၂ မှတ် ဖြစ်သည်။ ထိုအစီအရင်ခံစာ၌ အင်ဒိုနီးရှား ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကဏ္ဍ၏ ဈေးသက်သာမှုမှာ နိုင်ငံပေါင်း ၁၃၆ နိုင်ငံတွင် အဆင့် ၅ သတ်မှတ်ထားသည်။ ဗီဇာဆိုင်ရာ ပေါ်လစီတွင် ခိုင်မာမှု ရှိခြင်း အတွက် အဆင့် ၂ အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတကာဆိုင်ရာ ပွင့်လင်းမြင်သာမှုတွင် အဆင့် ၁၇ သတ်မှတ်ထားသည်။ သဘာဝဆိုင်ရာ အရင်းအမြစ်များတွင် အဆင့် ၁၇ ရရှိပြီး ယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များတွင် အဆင့် ၂၃ ရရှိသည်။ သို့သော်လည်း အင်ဒိုနီးရှားသည် အခြေခံ အဆောက်အအုံပိုင်းတွင် ရမှတ်နိမ့်ပြီး အဆင့် ၉၆ သာ ရရှိပြီး အချို့သော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများမှာ အဆင့်မမီကြောင်း ဖော်ပြထားသည်။ လူဦးရေပျံနှံ့ နေထိုင်မှု ၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေသည် ၂၃၇.၆ သန်း ရှိပြီး လူဦးရေ တိုးပွားမှုနှုန်းမှာ ၁.၉% မျှ ရှိသဖြင့် မြင့်မားသည်။ ၅၈% သော လူဦးရေသည် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး ဖြစ်သော ဂျားဗားကျွန်းပေါ်တွင် နေထိုင်သည်။ လူဦးရေ သိပ်သည်းမှုမှာ ၁ စတုရန်းမိုင်လျှင် ၃၅၇ ဦး (၁ စတုရန်းကီလိုမီတာလျှင် ၁၃၈ ဦး) မျှ ရှိပြီး ကမ္ဘာပေါ်တွင် အဆင့် ၈၈ ရှိသည်။ ဂျားဗားကျွန်းတွင်မူ လူဦးရေ သိပ်သည်းမှုမှာ ၁ စတုရန်းမိုင်လျှင် ၂,၄၃၅ဦး (၁ စတုရန်းကီလိုမီတာလျှင် ၁,၀၆၇ဦး) မျှ ရှိသည်။ လူဦးရေသည် ကျွန်းများပေါ်တွင် နေထိုင်မှု ပုံစုံ အမျိုးမျိုး၊ လူနေမှုအဆင့် အမျိုးမျိုးဖြင့် ကွဲပြားလျက် ရှိပြီး ဂျကာတာမြို့ ရှိ မြို့ပြနေထိုင်သူများမှ စ၍ ပါပူအာကျွန်းရှိ လူတို့နှင့် အဆက်အဆံမရှိသော လူမျိုးစုများ အထိ အမျိုးမျိုး ရှိသည်။ ၁၉၆၁ ခုနှစ် ကိုလိုနီခေတ်အပြီး ပထမဆုံး လူဦးရေစာရင်း ကောက်ယူခြင်းတွင် စုစုပေါင်းလူဦးရေ ၉၇ သန်းမျှ ရှိသည်။ နိုင်ငံအတွင်း လူဦးရေ၏ ရာခိုင်နှုန်း အများစုမှာ လူငယ်များဖြစ်ပြီး အသက်အပိုင်းအခြား အလယ်ကိန်းမှာ ၂၀၁၆ ခုနှစ် ခန့်မှန်းခြေ အရ ၂၈.၆ နှစ် ဖြစ်သည်။ လူဦးရေသည် ၂၀၃၀ တွင် ၂၉၅ သန်းခန့်သို့လည်းကောင်း ၂၀၅၀ တွင် ၃၂၁ သန်းခန့်သို့လည်းကောင်း တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ ၈ သန်းခန့်မျှသော အင်ဒိုနီးရှား လူမျိုးများသည် ပြည်ပနိုင်ငံများတွင် နေထိုင်ကြပြီး ၎င်းတို့အထဲမှ အများစုမှာ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ ဟောင်ကောင် ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု နှင့် ဩစတြေးလျနိုင်ငံ တို့တွင် အခြေချ နေထိုင်လျက် ရှိကြသည်။ လူမျိုးနှင့် ဘာသာစကားများ အင်ဒိုနီးရှားနိုင်ငံသည် လူမျိုးစုအားဖြင့် အလွန်များပြားသော နိုင်ငံဖြစ်ပြီး ထင်ရှားသော လူမျိုးစု ၃၀၀ ခန့် ရှိသည်။ အင်ဒိုနီးရှန်း အများစုသည် အော်စထရိုနီးရှန်း စကားပြောသော လူမျိုးများမှ ဆင်းသက်လာပြီး ၎င်းတို့၏ ဘာသာစကားကို ခြေရာခံလိုက်မယ် ဆိုပါက ပရိုတို-အော်စထရိုနီးရှန်း အဖြစ်တွေ့ရပြီး ယခု ထိုင်ဝမ်နိုင်ငံ နေရာမှ မြစ်ဖျားခံလာသော ဖြစ်နိုင်ခြေ ရှိသည်။ အခြားသော အဓိက လူမျိုးစုများမှာ မာလီနီးရှန်းများ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင် နေထိုင်ကြသည်။ ဂျားဗားလူမျိုးမျာမှာ အကြီးဆုံး လူမျိုးစု ဖြစ်ပြီး လူဦးရေ၏ ၄၀.၂% မျှ ရှိသည်။ အခြားသော ဂျားဗားမဟုတ်သည့် လူမျိုးစုကြီးများမှာ ဆူဒါးနိစ်၊ ဘာတတ် နှင့် မာဒူရိစ် တို့ ဖြစ်ကြသည်။ ခိုင်မာသော ဒေသစရိုက်လက္ခဏာနှင့် အတူ အင်ဒိုနီးရှားနိုင်ငံ အဖြစ် ပေါင်းစည်းထားသော စရိုက်လက္ခဏာလည်း ရှိကြသည်။ အင်ဒိုနီးရှားနိုင်ငံအတွင်း ဘာသာစကားနှင့် ဒေသသုံးစကား အမျိုးပေါင်း ၇၀၀ ကျော်ကို ပြောဆိုလျက် ရှိကြသည်။အချို့မှာ အော်စရိုနီးရှန်း ဘာသာစကားမိသားစုဝင် ဘာသာစကားများ ဖြစ်သော်လည်း အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာလူကူးကျွန်းများ နှင့် အနောက်နယူးဂီနီတို့တွင် ပါပူအန် ဘာသာစကား အမျိုးပေါင်း ၂၇၀ ကျော်ကို ပြောဆိုလျက် ရှိကြသည်။ ရုံးသုံးဘာသာစကားမှာ အင်ဒိုနီးရှားဘာသာစကားဖြစ်ပြီး မလေးစကားမျိုးကွဲတစ်ခု ဖြစ်ကာ စံနှုန်းသတ်မှတ်ထားသော ဒေသသုံးစကားဖြစ်၍ ရာစုနှစ်ပေါင်းများစွာပင် ကျွန်းစုများအတွင်း အချင်းချင်း ဆက်သွယ်ရန် အသုံးပြုခဲ့ကြသည်။ ၁၉၂၀ ခုနှစ်များတွင် မျိုးချစ်များမှ အသုံးပြုအောင် စည်းရုံးလှုံ့ဆော်ခဲ့ကြပြီး ၁၉၄၅ ခုနှစ်တွင် ဘဟာဆား အင်ဒိုနီးရှား အမည်ဖြင့် ရုံးသုံးဘာသာစကား အဖြစ်ကြေညာခဲ့သည်။ထိုဘာသာစကားတွင် ဂျာဗားနိစ်၊ ဆွန်ဒန်းနိစ်၊ မီနန်ကာဘောင်း၊ ဟိန္ဒီ၊ သက္ကတ၊ တရုတ်၊ အာရပ်၊ ဒတ်ချ်၊ ပေါ်တူဂီ နှင့် အင်္ဂလိပ် အစရှိသော ဒေသတွင်း နှင့် နိုင်ငံခြားဘာသာစကားများမှ လွှမ်းမိုးမှုများ အမြောက်အမြားပါဝင်သည်။ ပညာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး၊နိုင်ငံရေး နှင့် အများပြည်သူဆိုင်ရာ မီဒီယာများတွင် ကျယ်ပြန့်စွာ အသုံးပြုကြသဖြင့် အင်ဒိုနီးရှားလူမျိုးတိုင်းလိုလိုပင် ထိုစကားကို ဒုတိယဘာသာစကားအဖြစ် ဖြစ်စေ ပြောဆိုကြသည်။ ပထမဘာသာစကားမှာ ဒေသသုံး ဘာသာစကားများဖြစ်ပြီး ဂျာဗားနိစ် ဘာသာစကားမှာ အသုံးအများဆုံး ဖြစ်သည်။ ၁၉၃၀ ခုနှစ်တွင် ဒတ်ချ်လူမျိုးနှင့် အခြားဥရောပသားများ၊ ယူရေးရှန်းများနှင့် ကပြားဖြစ်သော အင်ဒိုလူမျိုးများသည် ၂၄၀,၀၀၀ သို့မဟုတ် လူဦးရေ၏ ၀.၄% မျှသာ ရှိသည်။ သမိုင်းကြောင်းအရ သူတို့သည် ဒေသခံလူမျိုးတို့၏ အနည်းငယ်မျှသာ ရှိခဲ့ပြီး ယနေ့တိုင်လည်း အနည်းငယ်သာ ရှိကြသည်။ ဒတ်ချ်တို့နေထိုင်သည်မှာ နှစ်ပေါင်း ၃၅၀ ခန့် ရှိပြီ ဖြစ်သော်လည်း ဒတ်ချ်ဘာသာစကားမှာ ရုံးသုံးအဆင့် သတ်မှတ်ချက် မရှိပေ။ ဒတ်ချ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သော လူနည်းစုမှာ ယခင်မျိုးဆက်က ပညာတတ်လူတန်းစားများသော်လည်းကောင်း၊ အချို့သော ဥပဒေများမှာ ဒတ်ချ်ဘာသာစကားဖြင့်သာ ရှိ၍ ဥပဒေဆိုင်ရာ အလုပ်လုပ်ကိုင်သူများသော်လည်းကောင်းဖြစ်ကြသည်။ မြို့ပြဒေသများ ကိုးကွယ်ယုံကြည်မှု နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်း ဘာသာရေး လွတ်လပ်မှုကို ထည့်သွင်းရေးသားထားသော်လည်း အစိုးရမှ အစ္စလာမ်၊ ပရိုတက်စတင့်၊ ရိုမန်ကက်သလစ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ နှင့် ကွန်ဖြူးရှပ်ဘာသာ ဘာသာကြီး ၆ ခုကိုသာ တရားဝင် အသိအမှတ်ပြုထားသည်။ ရိုးရာ ကိုးကွယ်ယုံကြည်မှုများကိုလည်း အသိအမှတ်ပြုထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် မွတ်စလင်ဘာသာဝင် အဓိကဖြစ်သော လူဦးရေ အများဆုံးနိုင်ငံဖြစ်၍ ၂၀၁၇ ခုနှစ်တွင် ဘာသာဝင် ၂၂၇ သန်းရှိကာ အများစုမှာ ဆွန်နီမွတ်စလင် (၉၉%) မျှ ဖြစ်သည်။ ရှိယာ့ မွတ်စလင် နှင့် အမာဒစ် မွတ်စလင် ၀.၅ % နှင့် ၀.၂% အသီးသီး ရှိကြသည်။ ခရစ်ယာန်ဘာသာဝင်မှာ လူဦးရေ၏ ၁၀% (ပရိုတက်စတင့် ၇% နှင့် ရိုမန်ကက်သလစ် ၂.၉%) ခန့်မျှ ရှိပြီး ၁.၆ % မှာ ဟိန္ဒူဘာသာဝင် ဖြစ်ကာ ဗုဒ္ဓဘာသာနှင့် အခြားဘာသာ ကိုးကွယ်သူ ၀.၈% မျှ ရှိသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ဟိန္ဒူဘာသာဝင်အများစုမှာ ဘာလီကျွန်းသားများ ဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင်များမှာ နိုင်ငံအတွင်းရှိ တရုတ်လူမျိုးများ ဖြစ်ကြသည်။ အင်ဒိုနီးရှားနိုင်ငံသို့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနှင့် အေဘရာဟမ် ဘာသာ မရောက်လာမီ အချိန်က အင်ဒိုနီးရှား ကျွန်းစုများတွင် နေထိုင်သူများသည် အော်စရိုနီးရှန်း လူမျိုးများ ကြားတွင် ထင်ရှားသော အန်နီမစ်ဆင် နှင့် ဒိုင်နမစ်ဆင်တို့ကို ယုံကြည်ကိုးကွယ်ကြသည်။ သူတို့သည် ဘိုးဘေးတို့၏ ဝိဉာဉ်များကို အလေးအမြတ်ထား ကိုးကွယ်ကြပြီး သဘာဝလွန် နတ်ဖြစ်သော ဟရန်ဆိုသော နတ်များသည် သစ်ပင်ကြီးများ၊ ကျောက်တုံးများ၊ သစ်တောများ၊ တောင်ကုန်းများ နှင့် မြင့်မြတ်သော နေရာများတွင် နေထိုင်ကြသည်ဟု ယုံကြည်ကြသည်။ အင်ဒိုနီးရှား ရိုးရာယုံကြည်ကိုးကွယ်မှုများတွင် ဆူဒါးနိစ်လူမျိုးတို့၏ ဆွန်ဒါဝီဝီတန် ကိုးကွယ်မှု၊ ဒါယတ်လူမျိုးတို့၏ ကာဟာရင်ဂန်ကိုးကွယ်မှု၊ တိုရာဂျာလူမျိုးတို့၏ အာလွတ်တိုဒိုလို ကိုးကွယ်မှု၊ မာနူဆီလာ နှင့် နျူအာလူး လူမျိုးတို့၏ နောရပ်စ် ကိုးကွယ်မှု၊ ဘာတတ်လူမျိုးတို့၏ ပါမာလင်မ် ယုံကြည်မှု၊ ဂျားဗားလူမျိုးတို့၏ ကီဂျာဝမ် ကိုးကွယ်မှုတို့ ဖြစ်ကြသည်။ ထိုသို့သော ရိုးရာ ဓလေ့ထုံးတမ်း နှင့် ယုံကြည်မှုတို့သည် အခြားသော ဘာသာကိုးကွယ်မှုများ လက်ခံကျင့်သုံးကြသည့် အပေါ်တွင် သက်ရောက်ရိုက်ခတ်မှုရှိပြီး သာဓကပြစရာ လူ အများအပြားပင် ရှိသည်။ ဂျားဗားကျွန်းသားတို့၏ အဘန်ဂန်ဘာသာ၊ ဘာလီကျွန်းသားတို့၏ ဟိန္ဒူဘာသာ နှင့် ဒါယတ်လူမျိုးတို့၏ ခရစ်ယာန်ဘာသာတို့တွင် နဂိုရ်ရှိရင်းစွဲ ဘာသာ အတိုင်း မဟုတ်ပဲ ရိုးရာယုံကြည်မှုများနှင့် ပေါင်းစပ် ကျင့်သုံး ကိုးကွယ်ကြသည်ကို တွေ့ရသည်။ ဟိန္ဒူဘာသာ၏ လွှမ်းမိုးမှုသည် အင်ဒိုနီးရှား ကျွန်းစုများသို့ အေဒီ ၁ ရာစုခန့်ကပင် အစောဆုံး ရောက်ရှိလာခဲ့သည်။ အေဒီ ၁၃၀ ခုနှစ်ခန့်တွင် ဆူဒါးနိစ်လူမျိုးတို့၏ ဘုရင့်နိုင်ငံတော်ဖြစ်သော ဆလာကာနာဂါရ နိုင်ငံသည် အနောက်ဂျားဗားတွင် ပေါ်ထွန်းလာခဲ့ပြီး ကျွန်းစုများအတွင်း ပထမဆုံး အိန္ဒိယဆန်သော နိုင်ငံတော် အဖြစ် သမိုင်းတင်သော နိုင်ငံ ဖြစ်ကာ အိန္ဒိယာ ကုန်သည် တစ်ဦးမှ ဒေသခံ ဆူဒါးနိစ် မင်းသမီးတစ်ပါးနှင့် လက်ဆက်၍ ထူထောင်ခဲ့ခြင်း ဖြစ်သည်။ အေဒီ ၆ ရာစုခန့်တွင် ရောက်ရှိလာသော အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာ သမိုင်းကြောင်းသည် ဟိန္ဒူဘာသာ သမိုင်းကြောင်းနှင့် နီးစပ်စွာ ဆက်နွယ်လျက် ရှိပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ဆက်နွယ်နေသော ဧကရာဇ်နိုင်ငံတော်များ ထိုအချိန်ခန့်တွင် တည်ထောင်ခဲ့ကြသည်။ ထိုကျွန်းစုများ အတွင်း အင်အားကြီး၍ ဩဇာလွှမ်းမိုးမှုရှိသော မာဂျာပါဟစ်၊ ဆေးလန်ဒရာ၊ သီရိဝိဇယ နှင့် မာတာယမ် အစရှိသော ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ဧကရာဇ်နိုင်ငံတော်များ တိုးတက်ခြင်း ပျက်သုဉ်းခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ လူများစုက မကိုးကွယ်ကြတော့သော်လည်း ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာတို့သည် အင်ဒိုနီးရှား၏ ယဉ်ကျေးမှုတွင် လွှမ်းမိုးမှု ဆက်လက် ရှိနေသေးသည် ကို တွေ့ရသည်။ ထိုကျွန်းစုများသို့ အစ္စလာမ်ဘာသာကို စတင်မိတ်ဆက်ခဲ့သည်မှာ ရှဖီး ဥပဒေသိပ္ပံပညာကျောင်းမှ အတွေးအခေါ်ကို စွဲကိုင်သော ဆွန်နီအစ္စလာမ်ဘာသာ ကိုးကွယ်သူ ကုန်သည်များ ပါဝင်သကဲ့သို့ အိန္ဒိယတိုက်ငယ် နှင့် အာရေဗျကျွန်းဆွယ် တောင်ပိုင်းမှ ဆူဖီအစ္စလာမ်ဘာသာ ကိုးကွယ်သူ ကုန်သည်များလည်း ပါဝင်သည်။ ဝါလီဆန်ဂါ အစ္စလာမ် သူတော်စင်များ၊ တရုတ်လူမျိုး စူးစမ်းရှာဖွေသူ ကျန်းဟီ နှင့် အချို့သော စူလတန်တို့၏ စစ်ပွဲများ အစရှိသော သာသနာပြုလုပ်ငန်းများကြောင့် အစ္စလာမ်ဘာသာ ပျံ့နှံ့မှုမှာ ပိုမိုမြန်ဆန်လာခဲ့သည်။ နေရာအတော်များများတွင် အစ္စလာမ်ဘာသာသည် အစ္စလာမ် မဟုတ်သော ဘာသာများ အပေါ်တွင် ဖုံးလွှမ်းခြင်း နှင့် ရောစပ်ခြင်းတို့ ဖြစ်ခဲ့သောကြောင့် နောက်ဆုံး ရလဒ်အနေနှင့် အများနှင့် မတူပဲ တမူထူးခြားသော အစ္စလာမ် ဘာသာ ပုံစံတစ်မျိုး ဖြစ်လာခဲ့သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် အစ္စလာမ်ဘာသာကိုးကွယ်ပုံ နှင့် နှိုင်းယှဉ်ပါက ပုံစံ မတူပေ။ နိုင်ငံအတွင်း အစ္စလာမ်ဘာသာနှင့် ပတ်သက်သော တွေးခေါ်စဉ်းစားမှုများကို ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက အဓိက အစုကြီး နှစ်ခု အဖြစ် ခြုံငုံသုံးသပ် တွေ့မြင်နိုင်သည်။ ပထမ အစုမှာ ရှေးရိုးဝါဒကို နီးစပ်စွာ လိုက်နာသော်လည်း ယနေ့ခေတ် သင်ယူမှုများကိုပါ လက်ခံသည့် "ခေတ်သစ်ဝါဒ" နှင့် အင်ဒိုနီးရှား၏ အကြီးဆုံး လူထုဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းကြီး နှစ်ခု ဖြစ်သည့် မူဟာမက်ဒီယာ နှင့် နာ့ဒ်လာတူး အူလမာ တို့မှ ကျောထောက်နောက်ခံပြုထားသော ဒေသခံ ဘာသာရေး ခေါင်းဆောင်များနှင့် အစ္စလာမ် ဘာသာရေးကျောင်းများမှ ဆရာများ၏ ပြန်ဆိုမှု အတိုင်း လိုက်နာကျင့်သုံးသော "ရိုးရာဝါဒ" တို့ ဖြစ်ကြသည်။ ကက်သလစ်ဝါဒကို ကျွန်းစုများသို့ စတင်သယ်ယူလာခဲ့သည်မှာ ပေါ်တူဂီကုန်သည်များနှင့် ဂျေရှု ဖရန်စစ် ဇေဗီယာ အစရှိသော သာသနာပြုများဖြစ်ကာ ၎င်းတို့သည် ကျွန်းစုသို့ လာရောက်၍ ထောင်နှင့်ချီသော ဒေသခံများကို နှစ်ခြင်းခံပေးခဲ့ကြသည်။ သို့သော်လည်း ဒတ်ချ်တို့ အနေနှင့် စပိန်ကက်သလစ်တို့၏ အုပ်ချုပ်မှုအား နှစ် ၈၀ တိုင်အောင် တော်လှန်ခဲ့သဖြင့် ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီမှ ထိုဘာသာအား တားမြစ်ပိတ်ပင်ထားခြင်းနှင့် ဒတ်ချ်တို့အနေနှင့် မနှစ်မြို့သော တုံ့ပြန်မှုများရှိခြင်းတို့ကြောင့် ဘာသာရေးပျံ့နှံ့မှု အတွက် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယနေ့ခေတ် ဖလောရက်စ် ကျွန်းနေရာတွင် လာရန်တူကာ တော်ဝင်မင်းဆက်မှ ၁၆ ရာစုခန့်တွင် အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ကက်သလစ် နိုင်ငံကို ထူထောင်ခဲ့ပြီး ပထမဆုံးသော ဘုရင်၏ အမည်မှာ လော်ရန်ဇိုဖြစ်သည်။ ပရိုတက်စတင့်ဝါဒမှာမူ ဒတ်ချ်တို့၏ ကိုလိုနီခေတ် အတွင်း ကာလ်ဗီနစ် နှင့် လူသာရီယံတို့၏ သာသာနာပြုလုပ်ငန်းများကြောင့် တည်ရှိခဲ့သည်။. ထိုနှစ်ခုမှာ ထင်ရှားသော ကိုးကွယ်မှုများဖြစ်သော်လည်း အခြားသော ခရစ်ယာန်ဂိုဏ်းခွဲအများအပြားကို အင်ဒိုနီးရှားနိုင်ငံ အနှံ့အပြားတွင် တွေ့ရသည်။ ၁၈၆၁ ခုနှစ်တွင် ဂျာမန် လူသာရီယံ သာသနာပြု လူးဝစ် အင်ဝါ နော်မန်ဆန်မှ တည်ထောင်ခဲ့သော ဘာတတ် ပရိုတက်စတင့် ခရစ်ယာန် ဘုရားကျောင်းတော်မှာ အကြီးဆုံး ဖြစ်သည်။ ပညာရေးနှင့်ကျန်းမာရေး အင်ဒိုနီးရှားနိုင်ငံ၏ ပညာရေးသည် ၁၂ နှစ် အထိ မသင်မနေရ ဖြစ်သည်။ မိဘများ အနေနှင့် အစိုးရမှ ဖွင့်လှစ်၍ ပညာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်တွင်ရှိသော ဘာသာရေးနှင့် မဆက်နွယ်သည့် ကျောင်းများကို ရွေးချယ်နိုင် သကဲ့သို့ ဘာသာရေး ဦးစီးဌာနမှ ကြီးကြပ် ကွပ်ကဲသော ပုဂ္ဂလိက သို့မဟုတ် ပုဂ္ဂလိက တစ်ပိုင်း ဘာသာရေးကျောင်း (အထူးသဖြင့် အစ္စလာမ် ဘာသာ) များကိုလည်း ရွေးချယ်နိုင်သည်။ နိုင်ငံတော် သင်ရိုးညွှန်းတမ်း ပေါ်တွင် အခြေမခံသော အင်တာနေရှင်နယ် ကျောင်းများလည်း ရှိသည်။ ကျောင်းတက်ရောက်မှုနှုန်းမှာ မူလတန်းအတွက် ၉၀% (၂၀၁၅) ၊ အထက်တန်းအတွက် ၇၆% နှင့် တက္ကသိုလ် ကောလိပ်အဆင့်အတွက် ၂၄% ဖြစ်သည်။ စာတတ်မြောက်မှုနှုန်းမှာ ၉၅.၂၂ % ဖြစ်ပြီး အစိုးရမှ ဂျီဒီပီ၏ ၃.၅၉% အား ပညာရေးအတွက် သုံးစွဲခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပြည်နယ် နိုင်ငံပိုင် တက္ကသိုလ် ၁၁၈ ခု ရှိပြီး ပုဂ္ဂလိကပိုင် အဆင်မြင့်ပညာဆိုင်ရာ ကျောင်း ၁,၈၉၀ ခု ရှိသည်။ ၂၀၁၈ ခုနှစ် ကျူအက်စ် ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက် စာရင်းအရ နိုင်ငံအတွင်း ထိပ်ဆုံးအဆင့် တက္ကသိုလ်များမှာ အင်ဒိုနီးရှားတက္ကသိုလ် (အဆင့် ၂၉၂)၊ ဘန်ဒေါင်း နည်းပညာတက္ကသိုလ် (အဆင့် ၃၅၉) နှင့် ဂတ်ဂျာ မာဒါ တက္ကသိုလ် (အဆင့် ၃၉၁) တို့ ဖြစ်ကြသည်။ ထိုတက္ကသိုလ်အားလုံးမှာ ဂျားဗားကျွန်းပေါ်တွင် တည်ရှိပြီး အန်ဒါလပ် တက္ကသိုလ်တစ်ခုသာ ဂျားဗားပြင်ပရှိ ဦးဆောင်ဦးရွက် တက္ကသိုလ် တစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အစိုးရ၏ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်သည် ဂျီဒီပီ၏ ၂.၉၈% ရှိပြီး တစ်နှစ်လျှင် ၁၁.၇% တိုးတက်မည်ဟု ခန့်မှန်းကာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၇.၁ ဘီလီယံ အထိ ရောက်ရှိမည်ဟု ခန့်မှန်းသည်။ နိုင်ငံသားများအား ၂၀၁၄ ခုနှစ်တွင် အလုံးစုံ ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် ရည်ရွယ် စတင်ခဲ့သော နိုင်ငံတော် ကျန်းမာရေး အာမခံ အစီအစဉ်ဖြင့် ကာကွယ်စောင့်ရှောက်မှု ပေးထားသည်။ထိုအစီအစဉ်အရ နိုင်ငံသားများသည် အများပြည်သူဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု အများအပြားကို ရရှိကြသကဲ့သို့ ထိုအစီအစဉ်သို့ ပါဝင်ပူးပေါင်းသော ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ရရှိကြသည်။ လတ်တလော ဆယ်စုနှစ်များတွင် ကျန်းမာရေးဆိုင်ရာ ညွှန်းကိန်းများသည် သိသာစွာ တိုးတက်လာခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် လူတစ်ဦးချင်း သက်တမ်းမှာ ၆၃ နှစ်ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၇၁ နှစ် သို့လည်းကောင်း၊ ကလေးသူငယ် သေဆုံးမှုနှုန်းမှာ ၁၉၉၀ ခုနှစ်တွင် ကလေး ၁,၀၀၀ လျှင် ၈၄ ယောက်မှ ၂၀၁၅ တွင် ကလေး ၁,၀၀၀ လျှင် ၂၇ ယောက်သို့ လည်းကောင်း တိုးတက်လာခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံသည် မိခင်နှင့် ကလေးဆိုင်ရာ ကျန်းမာရေး၊ လေထုအရည်အသွေး နိမ့်ကျမှု၊ အာဟာရ ချိုတဲ့မှု၊ ဆေးလိပ်သောက်နှုန်း မြင့်မားမှု နှင့် ကူးစက်ရောဂါများ အစရှိသော ကျန်းမာရေး ဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့နေရဆဲ ဖြစ်သည်။ ပြဿနာများ အင်ဒိုနီးရှား လူဦးရေ၏ ၈၀% သည် ကျွန်းစုများ၏ အနောက်ဘက်ပိုင်းတွင် နေထိုင်ကြပြီး ၎င်းတို့သည် နိုင်ငံ၏ အခြားအပိုင်းများနှင့် ယှဉ်လျှင် တိုးတက်မှုနှေးကွေးသည်။ ထို့အတွက်ကြောင့် လူဦးရေသိပ်သည်းသော ကျွန်းများနှင့် စီးပွားရေး ဗဟိုဌာနများ (ဆူမတြာ နှင့် ဂျားဗား) သည် လူဦးရေ ကျဲပါးပြီး အခွင့်အလမ်းမရှိသော ဒေသများ (မာလူကူး နှင့် ပါပူးအား) နှင့် နှိုင်းယှဉ်ပါက ချမ်းသာကြွယ်ဝမှု၊ အလုပ်လက်မဲ့နှုန်း နှင့် ကျန်းမာရေးတို့တွင် ကွာခြားမှု များစွာ ရှိသည်။ ကိုလိုနီခေတ်မှ အစပြုခဲ့သော လူမျိုးရေးမုန်းတီးမှု အထူးသဖြင့် အင်ဒိုနီးရှားတရုတ်လူမျိုးတို့ အပေါ်တွင် ရှိသော လူမျိုးရေးမုန်းတီးမှုသည် ယနေ့တိုင်အောင် ရှိနေသေးသည်။ ဘာသာရေးနှင့်ဆိုင်သော ဆတ်ဆတ်ထိ မခံမှုမှာ နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်း၏ စရိုက်လက္ခဏာအဖြစ် ကြာမြင့်စွာကတည်းကပင် ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဂျကာတာ၏ ပြည်နယ်အုပ်ချုပ်ရေးမှူး တရုတ်လူမျိုး ခရစ်ယာန်ဘာသာကိုးကွယ်သူ ဘာဆူကီ တာဟာဂျာ ပါနာမား အား ဘာသာရေးစော်ကားမှုဖြင့် အပြစ်ရှိကြောင်း ထင်ရှားသဖြင့် တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ လိင်တူချစ်သူကိစ္စများသည်လည်း အင်ဒိုနီးရှားတွင် လတ်တလော အာရုံစိုက်စရာ ကိစ္စတစ်ခု ဖြစ်လာနေသည်။ လိင်တူချစ်သူကိစ္စသည် နိုင်ငံ၏ နေရာအတော်များများတွင် တရားဝင် ဖြစ်သော်လည်း အာချေး နှင့် တောင်ဆူမတ်တြာတွင် တရားမဝင်ပေ။ လိင်တူချစ်သူများနှင့် ၎င်းတို့အတွက် အခွင့်အရေး လှုပ်ရှားသူများသည် ပြင်းထန်သော ဆန့်ကျင်မှု၊ ခြိမ်းခြောက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ခံကြရပြီး အချို့ကိစ္စများတွင် အာဏာပိုင်များကိုယ်တိုင် ပါဝင်ပတ်သက်လျက် ရှိသည်။ ယဉ်ကျေးမှု အင်ဒိုနီးရှားနိုင်ငံသည် ယဉ်ကျေးမှုမျိုးစုံ၊ ဘာသာစကားမျိုးစုံနှင့် လူမျိုးပေါင်းစုံ ရှိသော လူ့အဖွဲ့အစည်းဖြစ်သည်။ လူမျိုးစု တစ်ခုတိုင်းစီတွင် ၎င်းတို့၏ ကိုယ်ပိုင် ထုံးတမ်းစဉ်လာများ၊ အနုပညာများ၊ ဟင်းလျာများ၊ ရိုးရာဝတ်စုံများ နှင့် ဘာသာစကားတို့ ရှိသည်။ ယဉ်ကျေးမှုဆိုင်ရာ စရိုက်လက္ခဏာတို့သည် ရာစုနှစ်ပေါင်းများစွာ အတွင်း တိုးတက်လာခဲ့ပြီး အိန္ဒိယ၊ အာရပ်၊ တရုတ်နှင့် ဥရောပတို့မှ မြစ်ဖျားခံသော ယဉ်ကျေးမှုတို့၏ လွှမ်းမိုးခြင်းကို ခံရပြီး ထို့အတွက်ကြောင့် ယဉ်ကျေးမှုဆိုင်ရာ ရိုးရာများမှာ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ခရစ်ယာန်ဘာသာ အပါအဝင် ဘာသာတရားပေါင်း မြောက်မြားစွာ၏ လွှမ်းမိုးမှုမှ များစွာ သက်ရောက်မှု ရှိသည်။ ရလဒ်အနေနှင့် ရှုပ်ထွေးပြီး သီးသန့်ဖြစ်သော ယဉ်ကျေးမှု အရောအနှော ဖြစ်ပေါ်လာခဲ့ကာ မူလပထမ ဒေသရင်း ယဉ်ကျေးမှုတို့မှ ကွဲပြားခြားနားသွားသည်။ အင်ဒိုနီးရှားသည် လက်ရှိတွင် ယူနက်စကို၏ အကောင်အထည် ပြ၍မရသော ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ၉ ခု ပါဝင်လျက် ရှိပြီး ၎င်းတို့တွင် ဝါရန်ရုပ်သေးပြဇာတ်၊ ကရစ်ဓား၊ ပါတိတ်၊ အင်ဒိုနီးရှား ပါတိတ် ဖန်တီးရန်လိုအပ်သော ပညာရေးနှင့် သင်ကြားရေး၊ အန်ကလောင်း တူရိယာ၊ ဆာမန် အက၊ နိုကန်အိတ် နှင့် ဘာလီအက၏ မျိုးကွဲ ၃ မျိုးတို့ ပါဝင်သည်။ အနုပညာနှင့် ဗိသုကာပညာ အင်ဒိုနီးရှားနိုင်ငံ၏ အနုပညာတွင် ရာစုနှစ်များစွာအား ဖြတ်သန်းထွန်းကားလာသော သက်တမ်းရင့် အနုပညာနှင့် လတ်တလော ဖော်ထုတ်ခဲ့ကြသော ခေတ်ပြိုင်အနုပညာတို့ ပါဝင်သည်။ ဒေသတွင်း အရင်းခံ အနုပညာများကို မကြာခဏ ဆိုသလို တွေ့ရလေ့ရှိသော်လည်း အင်ဒိုနီးရှား အနုပညာသည် နိုင်ငံရပ်ခြားမှ လွှမ်းမိုးမှုများ ပါဝင်စီးဆင်းလျက် ရှိပြီး အထူးသဖြင့် အိန္ဒိယ၊ အာရပ်ကမ္ဘာ၊ တရုတ် နှင့် ဥရောပတို့မှ လွှမ်းမိုးမှုများပါဝင်သည်။ ရာစုနှစ်ပေါင်းများစွာ ဆက်သွယ်မှု နှင့် ထိတွေ့မှုတို့ကြောင့်ဖြစ်သလို မကြာခဏဆိုသလိုပင် ကုန်သွယ်မှု၏ တွန်းအားလည်း ပါဝင်သည်။ ပန်းချီအနုပညာသည် ဘာလီတွင် ထွန်းကားပြီး ဘာလီကျွန်းသားများမှာ ၎င်းတို့၏ အနုပညာမြောက်မှု အတွက် ကျော်ကြားသည်။ ၎င်းတို့၏ ပန်းချီ ယဉ်ကျေးမှုသည် ဂန္ထဝင် ကာမာဆန် နှင့် ဝါယံ စတိုင်လ် သရုပ်ဖော် ပုံပြောခြင်း တို့မှ အစပြုခဲ့ပြီး အရှေ့ဂျားဗားရှိ ကန်ဒီခေါ် ဘာသာရေးဆိုင်ရာ ဘုရားပုထိုးများတွင် တွေ့ရသော သရုပ်ဖော်အနုပညာမှ ဆင့်ပွားထားခြင်း ဖြစ်သည်။ ထိုပန်းချီများသည် အလွန်တက်ကြွလှုပ်ရှားရှိနေသော်လည်း အသေးစိတ် ရှုပ်ထွေးသော အနုပညာဖြစ်ကာ အပူပိုင်းပုံစံရှိသော ဘာရော့ခ်ရိုးရာပန်းချီနှင့် ဆင်တူသည်။ အင်ဒိုနီးရှားတွင် ဧရာမကျောက်တုံးပန်းပုများကို နေရာအချို့၌ ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆက်တွဲအနေနှင့် လူမျိုးစု အနုပညာများမှာ နိုင်အပ်စ်လူမျိုး၊ ဘာတတ်လူမျိုး၊ အက်စမတ်လူမျိုး၊ ဒါယတ်လူမျိုးနှင့် တိုရာဂျာလူမျိုးတို့၏ ယဉ်ကျေးမှုများအတွင်း ဖွံ့ဖြိုးထွန်းကားခဲ့သည်။ ထိုလူမျိုးစုများ အတွင်း ပန်းပုထုရန် အတွက် သစ်သားနှင့် ကျောက်တုံးတို့ကို အမြဲဆိုသလိုပင် အသုံးပြုလေ့ ရှိကြသည်။ ၈ ရာစုနှင့် ၁၅ ရာစု အတွင်းတွင် ဂျာဗား ယဉ်ကျေးမှုလောကသည် အသေးစိတ်သော ကျောက်တုံးပန်းပုထုခြင်း နှင့် ဗိသုကာပညာတို့တွင် တိုးတက်ထွန်းကားလာခဲ့ပြီး ဟိန္ဒူ-ဗုဒ္ဓဘာသာ ဒါမစ် ယဉ်ကျေးမှုလောက၏ လွှမ်းမိုးမှုများလည်း ပါဝင်သည်။ ဗောရောဗုဓော ဘုရား နှင့် ပရမ်ဘာနမ် တို့သည် ထိုအနုပညာအတွက် ထင်ရှားသော ဥပမာများ ဖြစ်ကြသည်။ အနုပညာကဲ့သို့ပင် အင်ဒိုနီးရှားနိုင်ငံ၏ ဗိသုကာပညာသည်လည်း နိုင်ငံရပ်ခြားမှ လွှမ်းမိုးမှုများ ပါဝင်နေ၍ ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်စေပြီး အဆောက်အဦးများ၏ စတိုင်လ်နှင့် နည်းစနစ်တို့ပေါ်တွင် သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ အထင်ရှားဆုံး လွှမ်းမိုးမှုမှာ အစဉ်အဆက်အားဖြင့် အိန္ဒိယတို့၏ ယဉ်ကျေးမှုဖြစ်သော်လည်း တရုတ်၊ အာရပ် နှင့် ဥရောပတို့၏ လွှမ်းမိုးမှုမှာလည်း အရေးပါသည်။ ရိုးရာ လက်သမားပညာ၊ ပန်းရန်ပညာ၊ ကျောက်ဆစ် နှင့် သစ်သား ထွင်းထုခြင်း နည်းစနစ် နှင့် တန်ဆာဆင်မှုများမှာ ရိုးရာနည်းဖြင့် တည်ဆောက်ထားသော ဗိသုကာပညာများ တွင် အများအပြား ပေါ်ထွန်းလာခဲ့ပြီး ရိုးရာအိမ်စတိုင် အများအပြား ထွန်းကားလာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ အတွင်းရှိ လူမျိုးစု အမျိုးမျိုး တို့၏ ရိုးရာအိမ်များနှင့် အခြေချ နေထိုင်မှုများမှာ အလွန်အမင်း ကွဲပြားခြားနားပြီး လူမျိုးစုတစ်ခုချင်းစီတွင် သီးသန့် သမိုင်းကြောင်း ရှိခဲ့သည်။ ထိုအိမ်များသည် ကျေးရွာတစ်ခုအဖြစ်ပေါင်းစုနေစေသော ဓလေ့ထုံးတမ်းများ၊ လူမှုဆက်ဆံရေးများ၊ ရိုးရာဥပဒေများ နှင့် ဘာသာတရားများ စုစည်းနေသော ကွန်ယက်၏ ဗဟိုချက်မပင် ဖြစ်သည်။ ဥပမာအားဖြင့် တိုရာဂျာ တို့၏ တောင်ကိုနန်အိမ်များ၊ မိနန်ကာဘောင်း တို့၏ ရူးမားဂါဒန် စံအိမ်များ နှင့် ရန်ကျန်း စပါးကျီများ၊ ဂျော့ဂလိုစတိုင်လ် အမိုးများ ပါဝင်သော ဂျားဗားစတိုင်လ် ပန်ဒိုပို မဏ္ဍပ်များ၊ ဒါရပ်လူမျိုးတို့၏ အိမ်ရှည်များ၊ အမျိုးမျိုးသော မလေးအိမ် များ၊ ဘာလီအိမ်များ နှင့် ပုထိုးများ အပြင် စတိုင်လ် အမျိုးမျိုးရှိသော စပါးကျီများ ပါဝင်သည်။ ဂီတနှင့်အက အင်ဒိုနီးရှား၏ ဂီတသည် သမိုင်းမှတ်တမ်းများ မရှိခင် အချိန်ကပင် ရှိခဲ့သည်။ အမျိုးမျိုးသော ရှေးဦးမူလနေ လူမျိုးစုတို့သည် ၎င်းတို့၏ ရိုးရာဓလေ့များတွင် တူရိယာပစ္စည်းများနှင့် တွဲဖက်သီဆိုရသော ရွတ်ဖတ်မှု နှင့် တေးသီချင်းများကို ထည့်သွင်းထားခဲ့သည်။ အင်ဒိုနီးရှားရိုးရာ တူရိယာများအား ဥပမာ အနေနှင့် ပြရမည် ဆိုပါက အန်းကလောင်း ခေါ် ဝါးဆစ်ဝိုင်း၊ ကာဆာပီ ဆူလင်း ခေါ် ရိုးရာမိကျောင်း တူရိယာ နှင့် ပုလွေ တွဲဖက် တီးမှုတ်မှု၊ ဆီတာရန် ဂီတ၊ မောင်း၊ ဂါးမီလန်း ခေါ် ကြေးမောင်းဝိုင်း၊ ဒီဂေါင်း၊ ကီဗျာမောင်း၊ ဘန်ဘောင်း၊ တာလန်ပေါင်း၊ ကူလင်တန် နှင့် ဆဆန်ဒိုတို့ ပါဝင်သည်။ အင်ဒိုနီးရှားတွင် ဂီတ အမျိုးအစား အမျိုးမျိုး ကွဲပြားနေမှုမှာ အင်ဒိုနီးရှား ပြည်သူတို့၏ ဂီတပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် နောက်ဆက်တွဲပါလာသည့် နိုင်ငံခြား လွှမ်းမိုးမှုများ နှင့် ယဉ်ကျေးမှုချင်း ထိတွေ့ခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့တွင် အရှေ့အလယ်ပိုင်းဒေသမှ ဂမ်းဘတ်စ် နှင့် ကာဆီဒါ ၊ ပေါ်တူဂီမှ ကီရောင်ကောင်း နှင့် အင်ဒိုနီးရှားတွင် ရေပန်းအစားဆုံးဖြစ်ပြီး ဟိန္ဒီ နှင့် မလေးသံစုံတီးဝိုင်းတို့မှ လွှမ်းမိုးမှုများ ပါဝင်နေသာ ဒန်ဒတ် ဂီတ တို့ ဖြစ်ကြသည်။ ယနေ့တွင် အင်ဒိုနီးရှား ဂီတလုပ်ငန်းသည် နိုင်ငံအဝှမ်း ရေပန်းစားရုံမျှသာ မကဘဲ ဒေသတွင်း ယဉ်ကျေးမှုတူညီသည့် အပြင် အင်ဒိုနီးရှား ဘာသာစကား နှင့် မလေးဘာသာစကားတို့မှာ ဆင်တူသဖြင့် မလေးရှား၊ စင်ကာပူနှင့် ဘရူနိုင်း နိုင်ငံတို့တွင်လည်း ထင်ရှားကျော်ကြားသည်။ နိုင်ငံ၏ ရှုပ်ထွေးလှသော သမိုင်းကြောင်းကြောင့် အင်ဒိုနီးရှားတွင် အကပုံစံအမျိုးမျိုး ကွဲပြားသည်။ နိုင်ငံအတွင်း မူလပထမ အကအမျိုးအစား ၃,၀၀၀ ကျော် ရှိသည်။ ပညာရှင်များက ထိုအကများသည် ရိုးရာဓလေ့ထုံးတမ်းများ နှင့် ဘာသာရေးဆိုင်ရာ ပူဇော်မှုများမှ စတင်ခဲ့သည်ဟု ယုံကြည်ထားကြသည်။ ထိုအကများတွင် စစ်ပွဲအက၊ စုန်းကုဆရာဝန် အက နှင့် မိုးခေါ်အကတို့ အပြင် ဟူဒေါက် ကဲ့သို့သော စိုက်ပျိုးမွေးမြူရေးနှင့်သက်ဆိုင်သော ဓလေ့ထုံးတမ်း များ ဖြစ်သည်။ နိုင်ငံအတွင်း အကများကို ခေတ် ၃ ခေတ်မှ လွှမ်းမိုးခဲ့ပြီး ၎င်းတို့မှာ သမိုင်းမတင်မီခေတ် နှင့် လူမျိုးစုခေတ်၊ ဟိန္ဒူ-ဗုဒ္ဓဘာသာခေတ်၊ အစ္စလာမ်ခေတ် တို့ ဖြစ်ကြသည်။ လတ်တလော အချိန်များတွင် ခေတ်ပေါ်အကများကိုလည်း ပွဲလမ်းသဘင်များတွင် ကခုန်ကြပြီး ဂီတဖျော်ဖြေပွဲ များနှင့် ဖျော်ဖြေဧည့်ခံပွဲကဲ့သို့သော ပွဲများတွင် ကခုန်ကြခြင်း ဖြစ်သည်။ အနောက်တိုင်းယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းကြောင့် အင်ဒိုနီးရှားလူငယ်များကြားတွင် မြို့ပြလူငယ် အကများဖြစ်သော လမ်းမပေါ်တွင် ကခုန်ခြင်းများ ခေတ်စားလာခဲ့သည်။ သို့သော်လည်း ရိုးရာအကများဖြစ်သော ဂျားဗားအက၊ ဆူဒါးနိစ်အက၊ မိနန်အက၊ ဘာလီအက နှင့် ဆာမန် အကတို့ကိုလည်း လှုပ်ရှားတက်ကြွနေသော ရိုးရာ ယဉ်ကျေးမှုအဖြစ် ဆက်လက်ကခုန်ဆဲဖြစ်သည်။ အဝတ်အစား အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံ၏ ရှည်လျား ရှုပ်ထွေးပြီး ယဉ်ကျေးမှုထွန်းကားသည့် သမိုင်းကြောင်းကြောင့် အမျိုးမျိုးသော စတိုင်လ်ရှိသည့် အဝတ်အစားများ ရှိသည်။ ၎င်း၏ အမျိုးသားဝတ်စုံသည် ဒေသရင်းနေ ယဉ်ကျေးမှု နှင့် ရိုးရာ အဝတ်အစားဆိုင်ရာ ယဉ်ကျေးမှုမှ ပြောင်းလဲပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဂျားဗားကျွန်းသည် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အချက်အချာနေရာ ဖြစ်လာသည့် အချိန်မှစ၍ ဂျားဗား ပါတိတ် နှင့် ကီဘာရာ တို့သည် အင်ဒိုနီးရှားနိုင်ငံ၏ လူသိအများဆုံး အမျိုးသား ဝတ်စုံ ဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုဝတ်စုံမှာ မူလက ဂျားဗားတို့နှင့်သာ သက်ဆိုင်သည် မဟုတ်ပဲ ဆူဒါးနိစ် နှင့် ဘာလီ တို့နှင့်လည်း ပတ်သက်လျက် ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ပါတိတ်အား ယူနက်စကိုမှ လူသားတို့၏ ပါးစပ်နှင့် လက်ဆုပ်လက်ကိုင်ပြ၍မရသော အမွေအနှစ်တို့၏ အကောင်းမွန်ဆုံးအရာ တစ်ခု အဖြစ် အသိအမှတ်ပြုခဲ့သည်။ နိုင်ငံအတွင်းရှိ ပြည်နယ်တစ်ခုချင်းစီတွင် ၎င်းတို့၏ ရိုးရာဝတ်စုံ သီးသန့် ရှိပြီး မြောက်ဆူမတ်တြာမှ ဘာတတ်တို့၏ အူလော့စ် ဝတ်စုံ၊ ဆူမတ်တြာမှ မလေး နှင့် မင်းနန်ကာဘောင်းတို့၏ ဆောင်းကက်၊ လုံဘောက်ရှိ ဆာဆက်တို့၏ အီကက်တို့ ဖြစ်ကြသည်။ အမျိုးသားဝတ်စုံများကို ရိုးရာ လက်ထပ်ပွဲများနှင့် အမှန်အကန်ကျင်းပသော ပွဲလမ်းသဘင်များတွင် ဝတ်ဆင်ကြပြီး ထိုပွဲများတွင် ဒေသဆိုင်ရာ ဝတ်စုံများကို ရိုးရာဝတ်စုံမှ ယနေ့ခေတ် ဝတ်စုံအထိ ထင်ရှားရှင်းလင်းစွာ မြင်နိုင်သည့် အပြင် အစိုးရ နှင့် တရားဝင်ပွဲများတွင်လည်း သံအမတ်များ၊ သမ္မတ နှင့် သမ္မတကတော်တို့မှ အမျိုးသားဝတ်စုံ ဝတ်ဆင်ကြသည်ကို ထင်ရှားစွာ မြင်နိုင်သည်။ အစားအစာများ အင်ဒိုနီးရှားနိုင်ငံ၏ အစားအစာသည် ကမ္ဘာပေါ်တွင် အမျိုးမျိုး အပေါင်းစပ်ဆုံး၊ အလှုပ်ရှားဆုံး နှင့် အရောင်အစုံဆုံး ဟင်းလျာများဖြစ်ကာ အရသာပြင်းပြင်းများဖြင့် ပြည့်နှက်နေသည်။ ဒေသခံ အစားအစာများ အများအပြားရှိပြီး အများစုမှာ ဒေသခံ ယဉ်ကျေးမှု နှင့် တရုတ်၊ဥရောပ၊အရှေ့အလယ်ပိုင်း နှင့် အိန္ဒိယ အစရှိသော နိုင်ငံခြား လွှမ်းမိုးမှုများ ပါဝင်ရောစပ်နေသည်။ ထမင်းသည် အဓိက စားစရာဖြစ်ပြီး အသားနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သော ဟင်းရံများနှင့် တွဲဖက်စားသောက်ကြသည်။ အဓိကပါဝင်သော ဟင်းချက်စရာများမှာ ဟင်းခတ်အမွှေးအကြိုင်များ (အထူးသဖြင့် ငရုတ်သီး)၊ အုန်းနို့၊ ငါး နှင့် ကြက်သားတို့ ဖြစ်သည်။ ထင်ရှားသော အစားအစာများဖြစ်သော နာဆီဂိုရင်း၊ ဂါဒိုး-ဂါဒိုး၊ ဆာတေး နှင့် ဆိုတို တို့ကို နိုင်ငံအနှံ့အပြားတွင် တွေ့ရပြီး အမျိုးသား ဟင်းလျာများဟု ယူဆကြသည်။ သို့သော်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်တွင် တန်ပန်း အား အမျိုးသားဟင်းလျာ အဖြစ်ရွေးချယ်ခဲ့ပြီး ထိုဟင်းလျာတွင် အမျိုးမျိုးသော ဟင်းချက်သည့် ရိုးရာပေါင်းစုံ ရောစပ်ပါဝင်နေသည်ဟု ဖော်ပြထားခဲ့သည်။ အခြား ရေပန်းစားသော အစားအစာတစ်ခုမှာ ရန်ဒန်း ဖြစ်ပြီး ဒန်ဒန်း နှင့် ဂူလိုင်းတို့ကဲ့သို့သော ပဒန်းအစားအစာတစ်မျိုး ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် စီအင်န်အင်န် သတင်းဌာန၏ ခရီးသွား စာဖတ်သူများ၏ ရွေးချယ်မှုမှ ရန်ဒန်းအား ကမ္ဘာပေါ်တွင် အရသာ အရှိဆုံး အစားအစာ အဖြစ်ရွေးချယ်ခဲ့သည်။ အခြားသော အချဉ်ဖောက်ထားသည့် အစားအစာ တစ်မျိုးမှာ အွန်ကွန်း ဖြစ်ပြီး တန်ပေး နှင့် အလားသဏ္ဍန်တူသော်လည်း တန်ပေးကဲ့သို့ ပဲပိစပ်တစ်မျိုးတည်းကို အခြေခံထားခြင်း မဟုတ်ဘဲ မှိုအမျိုးမျိုးမှ ပြုလုပ်ထားသော အစားအစာမျိုးစုံကို အခြေခံထားကာ အနောက်ဂျားဗားတွင် ပိုမိုလူကြိုက်များ ထင်ရှားသည်။ ပြဇာတ်နှင့်ရုပ်ရှင်များ ဂျားဗား၊ ဆွန်ဒါး နှင့် ဘာလီတို့၏ ရုပ်သေးပြဇာတ်ဖြစ်သော ဝါယန် ဇာတ်ရုံဖျော်ဖြေမှုတွင် ဒဏ္ဍာရီလာ ဇာတ်လမ်းများဖြစ်သော ရာမယဏ နှင့် မဟာဘာရတ တို့ကို ဖျော်ဖြေတင်ဆက်ကြသည်။အမျိုးမျိုးသော ဘာလီ အက ပြဇာတ်များသည်လည်း အင်ဒိုနီးရှားပြဇာတ်၏ ရိုးရာပုံစံတွင် ပါဝင်သည်။ အခြားသော ဒေသဆိုင်ရာ ပြဇာတ်များမှာ ဂျားဗားတို့၏ လူဒရက် နှင့် ကီတိုပရက်၊ ဆွန်ဒါး တို့၏ စန်ဒီဝါရာ နှင့် ဘီတာဝီ တို့၏ လီနောင်း တို့ ဖြစ်ကြသည်။ ထိုပြဇာတ်များတွင် ဟာသ နှင့် ပြက်လုံးများထည့်သွင်းထားပြီး မကြာခဏဆိုသလိုပင် ပရိသတ်များအား ဝင်ရောက်ကပြစေသည်။ အချို့သော ပြဇာတ်ရုံဆိုင်ရာ ယဉ်ကျေးမှုများတွင် ပြဇာတ်တစ်ခုတည်းသာ မကဘဲ ဂီတ၊ အက နှင့် အနောက်ဆူမတ်တြာမှ မင်နန်ကာဘောင်းလူမျိုးတို့၏ ရန်ဒိုင်း ကဲ့သို့သော ဆီလတ်ကိုယ်ခံပညာများလည်း ပါဝင်ကြသည်။ ထိုဖျော်ဖြေမှုများကို ပုံမှန်အားဖြင့် ရိုးရာအခမ်းအနားများနှင့် ပွဲတော်များတွင် တက်ဆက်လေ့ ရှိကြပြီး သမိုင်းကြောင်း တစိတ်တပိုင်းပါဝင်နေသော မင်နန်ကာဘောင်း ဒဏ္ဍာရီများ နှင့် အချစ်ဇာတ်လမ်းများပေါ်တွင် အခြေခံကြသည်။ ယနေ့ခေတ် ဖျော်ဖြေရေး အနုပညာများလည်း အင်ဒိုနီးရှားနိုင်ငံတွင် ထွန်းကားပြီး ၎င်းတို့တွင် သီးသန့် ပြဇာတ်စတိုင်လ် ရှိသည်။ ထင်ရှားသော ပြဇာတ်ရုံ၊ အကနှင့် ကဇာတ် အဖွဲ့များတွင် "တီးတာ ကိုမာ" ကဲ့သို့သော အဖွဲ့များသည် နိုင်ငံအတွင်း ထင်ရှားကျော်ကြားပြီး အင်ဒိုနီးရှား လူ့အဖွဲ့အစည်း၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ သရော်မှုများ ပါဝင် ဖျော်ဖြေလေ့ ရှိသည်။ အင်ဒိုနီးရှားနိုင်ငံတွင်း၌ ပထမဆုံး ထုတ်လုပ်ဖြန့်ချိခဲ့သော ရုပ်ရှင်မှာ ဒတ်ချ် ရုပ်ရှင် ဒါရိုက်တာ အယ်လ် ဟျူးဗယ်လ်ဒေါ့ပ် ရိုက်ကူးသည့် အသံတိတ် ရုပ်ရှင်ကား လိုတိုရန် ကာဆာရိုအန်း ဖြစ်သည်။ ဆူဒါးနိစ် ဒဏ္ဍာရီတစ်ခုကို ယူ၍ ရိုက်ကူးထားသော ထိုရုပ်ရှင်တွင် အင်ဒိုနီးရှား သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ကြပြီး ဘန်ဒေါင်းရှိ အင်န်ဂျေ ဂျားဗား ရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်သည်။ လွတ်လပ်ရေးရပြီးနောက် ရုပ်ရှင်လုပ်ငန်းမှာ အလျှင်အမြန် တိုးတက်ပြန့်ပွားလာခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် ရုပ်ရှင် ၆ ကားသာ ထုတ်လုပ်ရာမှာ ၁၉၅၅ ခုနှစ်တွင် ၅၈ ကား အထိ ထုတ်လုပ်လာခဲ့သည်။ ဂျာမာလူဒင် မာလစ် ၏ ပါဆာရီရုပ်ရှင် ကုမ္ပဏီသည် အမေရိကန်ပုံစံ ရုပ်ရှင်များနှင့် ဟောလိဝုဒ်၏ စတူဒီယိုစနစ် အလုပ်လုပ်ပုံများ ကို အတုခိုးရိုက်ကူးသည့် အပြင် ထင်ရှားသော အိန္ဒိယရုပ်ရှင်များကိုလည်း ပြန်လည် ရိုက်ကူးခဲ့သည်။ ဆူကာနို အစိုးရမှ ရုပ်ရှင်ရုံများကို အမျိုးသားရေး နှင့် အနောက်တိုင်းဆန့်ကျင်ရေး အတွက် အသုံးချခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် နိုင်ငံခြား ရုပ်ရှင်များကို ပိတ်ပင်ခဲ့သည်။ ဆူကာနိုအား ဖြုတ်ချပြီးနောက် နယူးအော်ဒါ အစိုးရလက်ထက်တွင် ရုပ်ရှင်များကို လူထုငြိမ်ဝပ်ပိပြားမှု ရှိစေရန် ဆင်ဆာဖြတ်ခဲ့သည်။ ရုပ်ရှင်လုပ်ငန်း၏ ရေပန်းစားမှုမှာ ၁၉၈၀ ခုနှစ်များတွင် အထွဋ်အထိပ်သို့ ရောက်ခဲ့ပြီး ရုပ်ရှင်ရုံများ အရေးပါထင်ရှားခဲ့သော်လည်း ၁၉၉၀ ခုနှစ်များတွင် သိသာစွာ ကျဆင်းသွားခဲ့သည်။ ထိုကာလ အတွင်း ရိုက်ကူးခဲ့သော ရုပ်ရှင်များတွင် ပင်တာ-ပင်တာ ဘိုးဒိုး (၁၉၈၂) ၊ မာဂျူး ကနား မွန်ဒါ ကနား (၁၉၈၄) ၊ နာဂါဘိုနာ (၁၉၈၇)၊ ကာတာတံ ဆီ ဘွိုင်း (၁၉၈၉) နှင့် ဝါးကော့ပ်၏ ဟာသကား များ ပါဝင်ခဲ့သည်။ ထိုခေတ်အခါက ကျော်ကြားသော သရုပ်ဆောင်များတွင် ဒက်ဒီ မစ်ဇဝါ၊ အီဗာ အာနက်ဇ်၊ မယ်ရီယံ ဘယ်လင်နာ နှင့် ရာနို ကာနို တို့ ပါဝင်ကြသည်။ ဆူဟာတိုခေတ်အပြီးတွင် လွတ်လပ်သောရုပ်ရှင်ရိုက်ကူးခြင်း ပြန်လည်ပေါ်ထွန်းလာခဲ့ပြီး ရုပ်ရှင်များသည် ယခင်က ပိတ်ပင်ထားသော ခေါင်းစဉ်များဖြစ်သည့် ဘာသာရေး၊ လူမျိုးရေး နှင့် အချစ်တို့ အကြောင်း စတင်ဖော်ပြလာခဲ့သည်။ ၂၀၀၀ ခုနှစ် နှင့် ၂၀၀၅ ခုနှစ်ကြားတွင် နှစ်တိုင်း ထုတ်လုပ်သော ရုပ်ရှင်များသည် တဖြည်းဖြည်း များပြားလာခဲ့သည်။ မျိုးဆက်သစ်ရုပ်ရှင်လောကသား ထင်ရှားသူများတွင် ရီရီ ရီဇာ နှင့် မီရာ လက်စ်မာနာတို့ ပါဝင်ခဲ့ပြီး ၎င်းတို့မှ ကာလ်ဒီဆက် (၁၉၉၉)၊ ပီတွာလန်ဂန် ရှယ်ရီနာ (၂၀၀၀)၊ အဒါ အပါ ဒန်ဂန် ဆင်တာ?(၂၀၀၂) နှင့် လက်ဆကာ ပီလန်ဂီ (၂၀၀၈) အစရှိသော ရုပ်ရှင်ကားများကို တွဲဖက် ရိုက်ကူးခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် "ဝါကော့ပ် ဒီကေအိုင် ရီဘွန်း ၊ ဂျန်ကရစ် ဘော့စ် အပိုင်း ၁ အမည်ရသော ရုပ်ရှင်ကားသည် ရုံတင်ကား စံချိန်ကို ချိုးခဲ့ပြီး လက်မှတ်ပေါင်း ၆.၈ သန်းမျှ ရောင်းရကာ အင်ဒိုနီးရှားတွင် လူကြည့်အများဆုံး ရုပ်ရှင် အဖြစ် စံချိန်တင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ရုပ်ရှင်ပွဲတော်များ နှင့် ဆုပေးပွဲများကို နှစ်စဉ်ကျင်းပခဲ့ကာ ၁၉၅၅ ခုနှစ်မှစ၍ ပြတ်တောင်းပြတ်တောင်း ကျင်းပခဲ့သော အင်ဒိုနီးရှား ရုပ်ရှင်ပွဲတော်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ရုပ်ရှင်လောကသားများကြားတွင် ဂုဏ်သိက္ခာအကြီးမားဆုံး ဖြစ်သော ဆီထရာ ဆုကိုလည်း ချီးမြှင့်လေ့ ရှိသည်။ ၁၉၇၃ မှ ၁၉၉၂ ခုနှစ် အထိ ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ပြီးနောက် ရပ်တန့်ခဲ့ကာ ၂၀၀၄ တွင်မှ တဖန်ပြန်လည် ကျင်းပခဲ့သည်။ အားကစား အားကစားများသည် ယေဘုယျအားဖြင့် ယောက်ျားလေးများ အတွက် ဖြစ်ပြီး ပွဲကြည့်သူများမှာ အများအားဖြင့် တရားမဝင် လောင်းကစားမှုနှင့် ဆက်စပ်နေကြသည်။ နိုင်ငံအတွင်း ရေပန်းအစားဆုံး အားကစားများမှာ ကြက်တောင်ရိုက် နှင့် ဘောလုံး ကစားနည်း တို့ ဖြစ်ကြသည်။ အင်ဒိုနီးရှား ကြက်တောင်ရိုက်ကစားသမားများသည် ကမ္ဘာ့ အမျိုးသား အသင်းလိုက် ကြက်တောင်ရိုက် ပြိုင်ပွဲဖြစ်သော သောမတ်စ် ဖလားအား ၁၉၄၉ ခုနှစ် စတင်သည့် အချိန်မှစ၍ ၁၃ ကြိမ်တိုင် ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ် အိုလံပစ် အားကစားအဖြစ် အပြည့်အဝ အသိအမှတ်ပြုခံရသည့် အချိန်မှစ၍ အိုလံပစ် ဆုတံဆိပ် အမျိုးမျိုးကို ရရှိခဲ့သည်။ အင်ဒိုနီးရှား အမျိုးသမီး ကြက်တောင်ရိုက် ကစားသမားများသည် အမျိုးသမီးများ အတွက် သောမတ်စ်ဖလား နှင့် အလားသဏ္ဍန် တူသော အူဘာ ဖလားကို ၁၉၇၅၊ ၁၉၉၄ နှင့် ၁၉၉၆ ခုနှစ်တို့တွင် ရရှိခဲ့သည်။ နိုင်ငံ၏ အဆင့်မြင့်တန်း ဘောလုံးလိဂ်မှာ လီဂါ ၁ ဖြစ်သည်။ အင်ဒိုနီးရှား ဘောလုံးအသင်းသည် ၁၉၃၈ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားတွင် ဒတ်ချ် အရှေ့အိန္ဒိယ အသင်း အဖြစ် ပထမဆုံး ခြေစစ်ပွဲအောင်ခဲ့သော အာရှဘောလုံး အသင်းဖြစ်ခဲ့သော်လည်း နိုင်ငံတကာအဆင့်တွင် အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။ အာရှတိုက်အတွင်း၌မူ အင်ဒိုနီးရှားနိုင်ငံ ဘောလုံးအသင်းသည် ၁၉၅၈ ခု အာရှ အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့သည်။ အင်ဒိုနီးရှားသည် အာရှ ဘောလုံးအဖွဲ့ချုပ် အာရှဖလားတွင် ပထမဆုံး ပါဝင်ခဲ့သော နှစ်မှာ ၁၉၉၆ ခုနှစ် ဖြစ်ပြီး နောက်ထပ် ၃ ကြိမ် ဆက်တိုက် ခြေစစ်ပွဲအောင်ခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်းတွင် နောက်ထပ်တဆင့်သို့ မတက်နိုင်ခဲ့ပေ။ အခြားရေပန်းစားသော အားကစားနည်းများတွင် လက်ဝှေ့နှင့် ဘတ်စကက်ဘောတို့ ပါဝင်ပြီး ၎င်းတို့မှာ အင်ဒိုနီးရှားတွင် ရှည်လျားသော သမိုင်းကြောင်းရှိကြကာ ၁၉၄၈ ခုနှစ် ပထမအကြိမ် အမျိုးသား အားကစားပွဲ ကတည်းကပင် ပါဝင်ခဲ့သည်။ ထင်ရှားသော အင်ဒိုနီးရှား လက်ဝှေ့ကစားသမား အချို့မှာ အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ်၏ စူပါဖလိုင်းဝိတ်တန်း ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့သူ အယ်လီယပ် ပီကယ် နှင့် အခြား လက်ဝှေ့ကစားသမားများ ဖြစ်သော နီကို သောမတ်စ်၊ မိုဟာမက် ရပ်ချ်မန်း နှင့် ခရစ် ဂျွန် တို့ ဖြစ်ကြသည်။ မော်တော်ယာဉ်ဆိုင်ရာ အားကစားနည်းတွင်မူ ရိုင်ယို ဟာရန်တို သည် ၂၀၁၆ ခုနှစ် ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်ခဲ့သော အင်ဒိုနီးရှားနိုင်ငံသား ဖြစ်သည်။ အင်ဒိုနီးရှား ရိုးရာ အားကစားနည်းများ အနေဖြင့် ဥပမာပြရမည် ဆိုလျှင် ဆီပတ် ကက်ခ်ရော ခေါ် ပိုက်ကျော်ခြင်း ကစားနည်း နှင့် မာဒူရာရှိ ကာရာပန် ဆာပီ ခေါ် နွားပြိုင်ပွဲတို့ ရှိသည်။ လူမျိုးစု စစ်ပွဲဖြစ်ပွားရာ သမိုင်းကြောင်းရှိသော ဒေသများတွင် ဟန်ပြတိုက်ခိုက်ခြင်း ပြိုင်ပွဲများကို ကျင်းပကြပြီး ဖလော်ရက်စ်ရှိ ကာစီ ကစားပွဲ နှင့် ဆွန်ဘာရှိ ပါဆိုလာ ကစားပွဲ အစရှိသည် တို့ ဖြစ်သည်။ ပန်ဆပ် ဆီလပ် သည် အင်ဒိုနီးရှား ကိုယ်ခံပညာ ကစားနည်းဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပွဲတွင် ပါဝင်သော ကစားနည်းတစ်မျိုး ဖြစ်လာခဲ့ကာ အင်ဒိုနီးရှားသည် ဦးဆောင်ကစားသော နိုင်ငံ ဖြစ်သည်။ အရှေ့တောင်အာရှတွင်မူ အင်ဒိုနီးရှားသည် အဓိက အာကစား စွမ်းအားစုရှိရာ နိုင်ငံ ဖြစ်ပြီး အရှေ့တောင်အာရှ အားကစားပွဲတွင် ၁၉၇၇ ခုနှစ်မှစ၍ ဆယ်ကြိမ်တိုင် အနိုင်ရခဲ့ကာ လတ်တလော အနေနှင့် ၂၀၁၁ တွင် ဖြစ်သည်။ မီဒီယာ နယူးအော်ဒါ အစိုးရ လက်ထက်တွင် ယခု ဖျက်သိမ်းလိုက်ပြီ ဖြစ်သော ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်တွင်းမီဒီယာများကို စောင့်ကြည့်ထိန်းချုပ်၍ ပြည်ပမီဒီယာများကို ကန့်သတ်ခဲ့သော်လည်း နယူးအော်ဒါ အစိုးရ အလွန်တွင် မီဒီယာ လွတ်လပ်ခွင့်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ရုပ်မြင်သံကြား ဈေးကွက်တွင် တစ်နိုင်ငံလုံးဆိုင်ရာ စီးပွားဖြစ် ထုတ်လွှင့်မှု ကွန်ယက်များ နှင့် ပြည်နယ်တွင်း ကွန်ယက်များ ရှိကာ ၎င်းတို့သည် အများပြည်သူသို့ အခမဲ့ ထုတ်လွှင့်သည့် တီဗီအာရ်အိုင် နှင့် ယှဉ်ပြိုင်ကြကာ တီဗီအာရ်အိုင်သည် ၁၉၆၂ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ ရုပ်မြင်သံကြားထုတ်လွှင့်မှုကို တစ်ဦးတည်း လက်ဝါးကြီး အုပ်ထားခဲ့သည်။ ၂၁ ရာစု အစောပိုင်းမှစ၍ တိုးတက်လာသော ဆက်သွယ်ရေးစနစ်ကြောင့် တီဗွီလွှင့်လှိုင်းများသည် နိုင်ငံအတွင်းရှိ ကျေးရွာတိုင်းသို့ ရောက်ရှိခဲ့ပြီး ပြည်သူများအနေနှင့် ချန်နယ် ၁၁ ခု အထိ ရွေးချယ်ကြည့်ရှုနိုင်ကြသည်။ ပုဂ္ဂလိက ရေဒီယို အသံလွှင့်ဌာနများမှ ၎င်းတို့၏ ကိုယ်ပိုင် သတင်းများကို ထုတ်လွှင့်သကဲ့သို့ နိုင်ငံခြား ထုတ်လွှင့်သူများမှ ပေးပို့သော အစီအစဉ်များကိုလည်း ထုတ်လွှင့်ကြသည်။ ပုံနှိပ်ထုတ်ဝေမှု အရေအတွက်မှာ ၁၉၈၈ ခုနှစ်မှစ၍ သိသာစွာ တိုးတက်လာခဲ့သည်။ နှစ်စဉ်ရောင်းချရသော မိုဘိုင်းဖုန်း အရေအတွဉ်မှာ သန်း ၃၀ ကျော်ရှိပြီး ၂၇% မှာ ပြည်တွင်း အမှတ်တံဆိပ်များ ဖြစ်ကြသည်။ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ပင် အင်ဒိုနီးရှားသည် ၁၉၉၀ ခုနှစ်များ အစောပိုင်းမှစ၍ အင်တာနက် ဖွံ့ဖြိုးမှု စတင်ခဲ့သည်။ ပထမဆုံး စီးပွားဖြစ် အင်တာနက်ဝန်ဆောင်မှုပေးသူမှာ ပီတီ အင်ဒို အင်တာနက်ဖြစ်ပြီး ၎င်း၏ လုပ်ငန်းလည်ပတ်မှုကို ၁၉၉၄ ခုနှစ်တွင် ဂျကာတာမြို့မှ စတင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အသုံးပြုသူပေါင်း ၈၈သန်းမျှ ရှိသဖြင့် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်ရှိ အင်တာနက်အသုံးပြုသူ အရေအတွက် အများဆုံး နိုင်ငံစာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း လူထုကြားသို့ အင်တာနက် ထိုးဖောက်နိုင်မှုမှာ နည်းပါးသေးသည်။ အင်တာနက်အသုံးပြုသူ အများစုမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်တွင်း ဖြစ်ပြီး တစ်နေ့လျှင် ပျမ်းမျှ အင်တာနက် အသုံးပြုချိန် ၄.၇ နာရီမျှ ရှိ၍။ အဓိကအားဖြင့် အင်တာနက် အသုံးပြုရန် မိုဘိုင်းဖုန်းကို အသုံးပြုကြပြီး မိုဘိုင်ဖုန်းဖြင့် အင်တာနက် အသုံးပြုသူမျာ လက်ပ်တော့ပ် ကွန်ပျူတာများ စားပွဲတင် တစ်ကိုယ်ရေသုံး ကွန်ပျူတာများဖြင့် အသုံးပြုသူများထက် ပို၍ များပြားသည်။ စာပေ အင်ဒိုနီးရှားနိုင်ငံရှိ စာပေအတွက် ရှေးအကျဆုံးသော သက်သေအထောက်အထားမှာ ၅ ရာစုမှ သင်္သကရိုက်ဘာသာ ဖြင့် ရေးသားထားသော ကျောက်ထွင်းစာများဖြစ်ကြသည်။ အင်ဒိုနီးရှားရှိ လူအများစုသည် ပါးစပ်ပြော ရိုးရာယဉ်ကျေးမှုများတွင် ခိုင်မာစွာ အမြစ်တွယ်နေကြပြီး ထိုအကြောင်းအရာမှပင် သူတို့၏ ယဉ်ကျေးမှုဆိုင်ရာ စရိုက်လက္ခဏာများကို ဖော်ပြနေသကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိသည်။ စာထက် အက္ခရာတင်ထားသော ကဗျာ နှင့်စာများတွင် ရိုးရာပုံစံ အချို့က ကြီးစိုးလျက် ရှိကြပြီး အဓိက အားဖြင့် ဆိုင်းအဲယား၊ ပန်တွန်း၊ ဂူရင်ဒမ်၊ ဟီကာယက် နှင့် ဘာဘက် ပုံစံတို့ ဖြစ်ကြသည်။ ထိုပုံစံထဲမှ ထင်ရှားသော စာအချို့မှာ ဆိုင်းအဲယား ရာဂျာ ဆီယက်၊ ဆိုင်းအဲယား အဘဒူ မူလက်၊ ဟီကာယက် အဘဒူလာ၊ ဟီကာယက် ဘာယန် ဘူဒီမန်၊ ဟီကာယက် ဟန်တွား၊ ဆူလာလာတပ်စ် ဆာလာတင် နှင့် ဘာဘက် တာနာ ဂျာဝီ တို့ ဖြစ်ကြသည်။ ခေတ်သစ် အင်ဒိုနီးရှား စာပေ၏ အစောပိုင်းစာများသည် ဆူမတ်တြာ ယဉ်ကျေးမှုမှ မြစ်ဖျားခံသည်။ ၁၉၂၀ ခုနှစ်ခန့်တွင် ဘာလိုင်း ပူစတာကာ ဟုခေါ်သော အစိုးရ၏ ခေတ်ပေါ်စာပေ ဗျူရိုကို စတင်တည်ထောင်ခဲ့ပြီး ဒေသတွင်း စာပေများ ဖွံ့ဖြိုးမှုအတွက် တွန်းအားပေး မြှင့်တင်ခဲ့ကာ မလေးစာကို အင်ဒိုနီးရှားတွင် ကူးလူးဆက်ဆံရာတွင်ကြားခံ အဖြစ် အဓိကသုံးရန် သတ်မှတ်ခဲ့သည်။ အင်ဒိုနီးရှား ခေတ်သစ်စာပေတွင် ထင်ရှားသူများမှာ ဒတ်ချ်တို့၏ ကိုလိုနီအုပ်ချုပ်မှုတွင် ဒေသခံတို့အား ဆက်ဆံပုံကို ဝေဖန်သော ဒတ်ချ်စာရေးဆရာ မာလ်တာတူလီ၊ လွတ်လပ်ရေးမရမီက ဩဇာလွှမ်းမိုးမှု ရှိသည့် မျိုးချစ်နှင့် နိုင်ငံရေးသမားများဖြစ်သည့် မိုဟာမက် ယာမင် နှင့် ဟမ်ကာ အင်ဒိုနီးရှား၏ အကျော်ကြားဆုံး ဝတ္ထုရေးဆရာ ပစ္စည်းမဲ့ စာရေးဆရာ ပရာမိုးဒြား အနန်တာ တိုယာ တို့ ပါဝဝင်သည်။ ပရာမိုးဒြားသည် စာပေဆိုင်ရာ ဆုအချို့ကို ရရှိခဲ့ပြီး အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှမှ စာပေဆိုင်ရာ နိုဘဲလ်ဆု ရသင့်သော စာရေးဆရာ တစ်ဦးအဖြစ် မကြာခဏ ဆွေးနွေးလေ့ ရှိကြသည်။ စာပေနှင့် ကဗျာတို့သည် ၂၀ ရာစု၏ ပထမတစ်ဝက်တွင် ပိုမို၍ ဖွံဖြိုးတိုးတက်ခဲ့သည်။ အဓိကစာရေးဆရာများတွင် ချိုင်ရေး အန်နဝါ၊ အာကူး၊ မာရာ ရိုစလီ၊ ဆီတီ နာဘာရာ၊ မယ်ရာရီ ဆီရဲဂါ၊ အာဇပ် ဒန် ဆန်ဆာရာ၊ အဘဒူ မြူးအစ်၊ ဆာလာ အဆူဟန်၊ ဂျာမာလူဒင် အဒီနီဂိုရို၊ ဒါရာမူဒါ၊ ဆူတန် တက်ဒါ အလစ်ဂျာဘာနာ၊ လာယာ တာကန်ဘမ် နှင့် အမီ ဟပ်ဇမာ (ညာညီ ဆူညီ) တို့ ပါဝင်ပြီး ၎င်းတို့၏ စာနှင့် ကဗျာများမှာ အဏ္ဏဝါ အရှေ့တောင်အာရှဒေသတွင် အထူးသဖြင့် လူသိများသည်။ အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်များ အင်ဒိုနီးရှားတွင် နှစ်စဉ် အများပြည်သူဆိုင်ရာ ရုံးပိတ်ရက် ၁၃ ရက်မှ ၁၇ ရက် အထိ ရှိသည်။ အစိုးရမှ တစ်ခါတစ်ရံတွင် ကျူတီ ဘာဆမာ'' ဟုခေါ်သော စုပေါင်းခွင့်ကို ကြေညာလေ့ ရှိပြီး နိုင်ငံတော် ရုံးပိတ်ရက် နှင့် ဆက်နေသော တနင်္လာ သို့မဟုတ် သောကြာနေ့ကို ခွင့်ရက် အဖြစ်သတ်မှတ်ကာ စနေတနင်္ဂနွေ ရုံးပိတ်ရက်ရှည် အဖြစ်ဖန်တီးပေးလေ့ ရှိသည်။ ရုံးပိတ်ရက် ၄ မျိုးရှိပြီး ၎င်းတို့မှာ ဘာသာရေးဆိုင်ရာ၊ နိုင်ငံတော်ဆိုင်ရာ၊ နိုင်ငံတကာ နှင့် အမှတ်တရ နေ့ရက်များ ဖြစ်သည်။ ဒေသတွင်းတွင် ထိုနေ့များအား တန်ဂယ် မီရာ သို့မဟုတ် ရက်စွဲနီ ဟု သုံးနှုန်းလေ့ ရှိကြပြီး ပြက္ခဒိန်ပေါ်တွင် အနီရောင် ရက်စွဲ အဖြစ် ဖော်ပြလေ့ ရှိသောကြောင့် ဖြစ်သည်။ ဘာသာရေးဆိုင်ရာ ရုံးပိတ်ရက်များမှာ ပြက္ခဒိန် အမျိုးမျိုးပေါ်တွင် အခြေခံ သဖြင့် တစ်နှစ်နှင့် တစ်နှစ် မတူကြပေ။ ဥပမာအားဖြင့် မွတ်စလင် ရုံးပိတ်ရက်များမှာ အစ္စလာမ် ပြက္ခဒိန်ကို အခြေခံသော်လည်း အခြားဘာသာရေးဆိုင်ရာ ပိတ်ရက်များ ဖြစ်သော ခရစ်ယာန် အီစတာ၊ တရုတ်နှစ်သစ်ကူး နှင့် ဗုဒ္ဓဘာသာ ကဆုန်လပြည့်နေ့တို့မှာ လ ပေါ် အခြေခံသော ပြက္ခဒိန်ဖြင့် တွက်ချက်လေ့ ရှိကြသောကြောင့် ဖြစ်သည်။ ဆက်စပ်ကြည့်ရှုရန် ဓာတ်ပုံများ ရည်ညှန်းချက်များ ပြင်ပလင့် နိုင်ငံ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအသင်းဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ကျွန်းနိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%94%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
မော်တာ
Motor (မော်တာ) may refer to: အင်ဂျင် မော်တော်ကား or automobile Motor vehicle မော်တော်ဆိုင်ကယ်, a term used by police officers to refer to their official duty motorcycles Motor system, the physiological system that is responsible for physical movement Motor neuron, neurons that originate in the spinal cord and synapse with muscle fibers Motor skill, the ability of an organism to use the motor system effectively The Motors, a British music group Motor language, extinct language of Siberia. See also လျှပ်စစ် မော်တာ, a machine that converts electricity into a mechanical motion Electrostatic motor Molecular motors, the essential agents of movement in living organisms Pneumatic motor, a machine that converts the energy of compressed air into mechanical motion Hydraulic motor, a machine that converts the energy of pressurized liquid flow into mechanical motion Nanomotor Synthetic molecular motors or nanomotors Actuator Heat engine, a machine that converts heat into mechanical motion Transducer Timeline of motor and engine technology
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%90%E1%80%AC
မြန်မာမျိုးပြပစ္စည်း
မြန်မာဘာသာစကားတွင် သက်ရှိသက်မဲ့တို့ကို အရေအတွက်ဖြင့်ဖော်ပြရာ၌ ယင်းတို့၏ပုံသဏ္ဌာန်နှင့် အမျိုးအစားတို့ကိုလိုက်၍ နာမ်ပစ္စည်းကို သင်္ချာပုဒ်များနှင့် တွဲ၍သုံးလေ့ရှိသည်။ အဆိုပါနာမ်ပစ္စည်းကို မျိုးပြပစ္စည်း (Classifier) ဟုခေါ်သည်။ သုံးစွဲပုံမှာ "နာမ် + သင်္ချာပုဒ် + မျိုးပြပစ္စည်း" ဟူ၍ဖြစ်သည် (သာဓက – မုန့်တစ်ခု၊ လူလေးယောက်၊ ကားငါးစီး)။ သင်္ချာပုဒ်သည် ၂၀ မှစ၍ ဆယ်ပြည့်ကိန်းဖြစ်လျှင် ထိုသင်္ချာပုဒ်ကို မျိုးပြပစ္စည်း၏အနောက်၌ထားရသည် (သာဓက – စပါးတင်း ၁၀၀၊ ပေတံအချောင်း ၂၀)။ စကားစပ်သည့်အခါများတွင် ‌မျိုးပြပစ္စည်းများကို ချန်လှပ်ထားနိုင်သည်။ မျိုးပြပစ္စည်းများ ဆက်စပ် နာမ်ပစ္စည်း မြန်မာဘာသာစကား
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%95%E1%80%BC%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8
အာဆီယံနေ့
အာဆီယံကြေညာချက် သို့မဟုတ် ဘန်ကောက်ကြေညာချက် သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်သည့် ကြေညာချက်စာတမ်းဖြစ်ကာ ၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ အာဆီယံကို စတင်တည်ထောင်သည့် ငါးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုကြေညာချက်တွင် အာဆီယံ၏ အခြေခံ မူဝါဒများ၊ ပူးပေါင်းဆောင်ရွက်ရေးများ၊ ချစ်ကြည်ရေးနှင့် မစွက်ဖက်ရေး များကို ဖော်ပြထားသည်။ ကြေညာခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကို ယခုအခါတွင် အာဆီယံနေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။ ကိုးကား ပြင်ပလင့်ခ်များ အရှေ့တောင်အာရှနိုင်ငံများအသင်း နေ့ထူးနေ့မြတ်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%94%E1%80%B1%E1%80%B7
အာဆီယံစံတော်ချိန်
အာဆီယံစံတော်ချိန်သည် အာဆီယံပါဝင်နိုင်ငံများအသုံးပြုဖို့အတွက် အကြံဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် အာဆီယံအသင်းဝင်နိုင်ငံများ၏ စံတော်ချိန်ဇုန်သည် UTC+၆:၃၀၊ UTC+၇၊ [[UTC+၈ နှင့် UTC+၉ ဖြစ်သည်။ UTC+၇, UTC+၈, UTC+၉ UTC+၈ UTC+၈ UTC+၈ UTC+၈ UTC+၇ UTC+၇ UTC+၇ UTC+၇ UTC+၆:၃၀ ပြင်ပလင့်များ အရှေ့တောင်အာရှနိုင်ငံများအသင်း အချိန်ဇုန်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%85%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA
အာဆီယံအလံတော်
အရှေ့တောင်အာရှနိုင်ငံများအသင်း၏ လက်ရှိအလံတော်သည် ၁၉၉၃ ခုနှစ် နိုဝင်ဘာလမှစတင်ကာ အဖွဲ့ဝင်အားလုံး၏ သဘောတူညီမှုဖြင့် စတင်အတည်ပြုသတ်မှတ်သည်။ အလံ၏ဖွဲ့စည်းပုံမှာ အပြာရောင်နောက်ခံအပေါ်တွင် စပါးနှံ ၁၀ ချောင်းပါရှိသည်။ စပါးတံများသည် အဝိုင်းအနီ၏အလယ်တွင် ဆွဲသားထားသည်။ အာဆီယံ၏ အသင်းဝင်နိုင်ငံ ၁၀ နိုင်ငံကို ကိုယ်စားပြုသောအားဖြင့် စပါးနှံ ၁၀ ချောင်းထားရှိခြင်း ဖြစ်သည်။ အာဆီယံ၏ ယခင်က သုံးစွဲခဲ့သော အလံမှာ မျက်မှောက်ကာလ အလံနှင့် ဆင်တူသည်။ အာဆီယံကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံ ငါးနိုင်ငံနှင့် ထပ်တိုး အဖွဲ့ဝင် ဘရူနိုင်း နိုင်ငံ စုစုပေါင်း ၆ နိုင်ငံကို ကိုယ်စားပြုကာ စပါးနှံ ၆ ချောင်း ရေးဆွဲထားပြီး အင်္ဂလိပ်စာလုံး ASEAN ကို စပါးနှံများ၏ အောက်တွင် ရေးသားပါရှိသည်။ ယခင်အလံ၏ နောက်ခံအရောင်သည် အဖြူရောင်ဖြစ်ပြီး စက်ဝိုင်း၏ အနားသတ်အရောင်သည် အပြာစိမ်းအရောင်ဖြစ်ကာ စက်ဝိုင်းသည် တောက်ပသောအဝါရောင် ဖြစ်သည်။ စပါးများ၏ အရောင်မှာ အညိုရောင်ဖြစ်သည်။ ပြင်ပလင့်ခ်များ ASEAN - Official description of the flag Flag of the World - Description at FotW along with history အရှေ့တောင်အာရှနိုင်ငံများအသင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အလံများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%A1%E1%80%9C%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
အာဆီယံတေးသီချင်း
အာဆီယံတေးသီချင်း (အာဆီယံညီညွတ်ရေး တေးသီချင်း)သည် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ တေးသီချင်းဖြစ်သည်။ နီကာနော်တီအုန်းစုန်သည် စာသားရေးပြီး ရိုင်ယန်ကာယာဗျပ် စာစီသည်။ အာဆီယံတေးသီချင်းသည် ဖန်ဖို့လိုသေးသည်။ သီချင်းသား ASEAN, oh, ASEAN Our voices rise as one. From land to land, from sea to sea Reach out to everyone. ASEAN, oh, ASEAN, Let's link our arms and stand. Behold the sun has risen to The level of our eyes. အောက်ခြေမှတ်ချက်များ External links Download the song (from ASEAN Homepage) အရှေ့တောင်အာရှနိုင်ငံများအသင်း
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%90%E1%80%B1%E1%80%B8%E1%80%9E%E1%80%AE%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8
ပရိုဂရမ်
ပရိုဂရမ်သဒ္ဒါလည်းကြည့်။ ကွန်ပြူတာပရိုဂရမ် ဆိုသည်မှာ အလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်ရန်အတွက်ညွှန်ကြား ချက်များကိုစုစည်းထား သော ညွှန်ကြားချက် အစုအဝေးကို ခေါ်ဆိုသည်။ အဆိုပါညွှန်ကြားချက် အစုအဝေးများပေါင်း စုထားသော ပရိုဂရမ်အစုအဝေးကို ကွန်ပြူတာဆော့ဝဲဟု ခေါ်ဆိုသည်။ ကွန်ပြူတာပရိုဂရမ်များသည် ယခုအချိန်ဆိုလျှင် စတုတ္ထမျိုးဆက်သို့ တိုင်ရောက်လာခဲ့ပြီဖြစ်သည်။ ကွန်ပြူတာ ပရိုဂရမ်တစ်ခု အခုအလုပ်လုပ်နိုင်ရန်အတွက် စက်မှ နားလည်နိုင်ရန်အတွက် ပြောင်းလဲပေးသော ကြားခံပရိုဂရမ်တစ်ခု လိုအပ်ပြန်ပါသည်။ ပရိုဂရမ် ဆိုသည်မှာ အမိန့်စာကြောင်းများစွာ (Instructions) ပါဝင်သော (သို့)ကွန်ပျူတာကို ခိုင်းစေနိုင်သော အမိန့်စာကြောင်းများ ပါဝင်သော ကွန်ပျူတာက နားလည်နိုင်တဲ့ ဘာသာစကား တစ်မျိုး ဖြစ်သည်။ ကွန်ပျူတာရဲ့ လုပ်ဆောင်မှု အားလုံးကို ထိန်းချုပ်ကိုင်တွယ် ခိုင်းစေနိုင်စွမ်းရှိသော ဘာသာရပ် ဖြစ်သည်။ ကွန်ပျူတာနည်းပညာတွင် ပရိုဂရမ်ဘာသာရပ် မြောက်မြားစွာ ရှိသည်။ လူတစ်ယောက် ၏ တွေးခေါ်မှု ၊ စိတ်ပုံဖော်မှု များကို ကွန်ပျူတာ နားလည်နိုင်သော command word (or) instruction (အမိန့်စာကြောင်း) များဖြင့် ပုံဖော်ခြင်း နည်းပညာ ဖြစ်သည်။ သင်္ချာနည်းပညာ တွက်ချက်မှုများအား မဏ္ဍိုင်ထား၍ လုပ်ဆောင်မှု အမျိုးမျိုး၊ တွက်ချက်မှု အမျိုးမျိုး၊ ရုပ်ပုံအမျိုးမျိုး ကို ဖန်တီးနိုင်ခြင်းများ လုပ်ဆောင်နိုင်သော Language ဟုလည်း အကြမ်းအားဖြင့် သိရှိနိုင်သည်။ Programming of Computer ကို အသုံးပြုသည့်နယ်ပယ်များမှာ အမြောက်အမြား ရှိသည်။ မည်သည့်နယ်ပယ်တွင် အသုံးပြု သည် ကိုတော့ အောက်တွင် ဖော်ပြထားသော ကွန်ပျူတာ သိပ္ပံနယ်ပယ် မှ ရွေးထုတ် ဖော်ပြရမည် ဖြစ်သည်။ Theoretical computer science( သီအိုရီ ပိုင်းဆိုင်ရာ) Algorithms and data structures(သင်္ချာနည်းပညာများအား ပုံစံချ ရေးဆွဲခြင်း) Programming methodology and languages(ပရိုဂရမ် လုပ်ရိုးလုပ်စဉ် နှင့် ၎င်း တို့၏ ဘာသာရပ် များ) Computer elements and architecture(ကွန်ပျူတာ ၏ အီလက်ထရောနစ်ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ) Numerical and symbolic computation(သင်္ချာဂဏန်း နှင့် သင်္ကေတများကို အသုံးပြုပြီး သိပ္ပံဘာသာရပ်များတွင် တွက်ချက်မှုစနစ် မှတဆင့် ပုံဖော်ရေးဆွဲခြင်း Applications(ကွန်ပျူတာတွင် အများပြည်သူသုံး အဖြစ် အသုံးချ ဆော့ဖ်ဝဲများ ရေးဆွဲတည်ဆောက်ခြင်း) အထက်ပါ နယ်ပယ်များ အားလုံး သည် field of Computer Science (ကွန်ပျူတာ သိပ္ပံနယ်ပယ်) ၌ ပါဝင် ပါသည်။ သို့ဖြစ်၍ ကွန်ပျူတာ ပရိုဂရမ်သမား တစ်ယောက်သည် အီလက်ထရောနစ် နည်းပညာ၊ ယုတ္တိ တန်သော တွေးခေါ်မှု ပိုင်းဆိုင်ရာ နှင့် သင်္ချာနည်းပညာ ကို အခြေခံ နှင့် အထက် တတ်မြောက်ထား မှ သာလျှင် အထစ်အငေါ့ မရှိ အဆင်ချော မည်သာ ဖြစ်သည်။ လူ၏ စိတ်ခံစားမှု စဉ်းစားတွေးခေါ်မှုများကို ပုံဖော်ခြင်း ဖြစ်သည့်အတွက် လူ့စိတ်ကဲ့ သို့ ပြောင်းလွယ် ပြင်လွယ် ဖြစ်နိုင်စွမ်း ရှိသည်။ ဆိုလိုသည်မှာ ပရိုဂရမ်အား စတင်လေ့လာ လိုက်စားသည်နှင့် တပြိုင်နက် မိမိသင်ထားသော အကြောင်းအရာများကို ပုံသေ မမှတ်စေလိုခြင်း ဖြစ်သည်။ ထပ်မံ၍ ရှင်းလင်းရသော် ဥပမာ။ ။ ပရိုဂရမ် တစ်ပုဒ် ၌ a=100; ဟု ရေးထားလျှင် a ၏ တန်ဖိုးသည် တစ်ရာ နှင့် ညီသည်။ သို့သော် a ၏ တန်ဖိုးသည် အမြဲတမ်း တစ်ရာ နှင့် မညီကြောင်း သိရှိထားရမည်။ a သည် ပထမ အခြေအနေတွင် တစ်ရာ နှင့် ညီထားသောလည်း ပရိုဂရမ်အရ ဒုတိယအခြေအနေတွင် တစ်ထောင် ၊တစ်သောင်း ၊တစ်သိန်း၊ တစ် စသည့် တန်ဖိုးများအဖြစ်လည်း ရောက်ရှိသွားနိုင်သည်။ ပရိုဂရမ် ၏ လိုလားချက် အရ ကိန်းရှင် ဖြစ်သော a ၏ တန်ဖိုးကို လိုအပ်သလို လှည့်စားပြောင်းလဲတွက်ချက်နိုင် ခြင်းကို ဆိုလိုသည်။ ရင်းမြစ် Myanmar Hero နည်းပညာ az:Kompüter proqramları io:Programo is:Tölvuforrit lt:Programa (kompiuterio)
https://my.wikipedia.org/wiki/%E1%80%95%E1%80%9B%E1%80%AD%E1%80%AF%E1%80%82%E1%80%9B%E1%80%99%E1%80%BA
စွယ်စုံကျမ်း
စွယ်စုံကျမ်းဆိုသည်မှာ အားလုံးသောဘာသာရပ်များကို ဖော်ပြရှင်းလင်းထားသော စာအုပ်အစုအဝေး တစ်ခုဖြစ်သည်။ အက္ခရာစဉ်လိုက် အကြောင်းအရာတွေကို ဖော်ပြထားသည်။ အေဒီ ၁ ရာစုမှ ဖလင်းနီးဆိုသူ ရောမမြို့သား ရေးသားခဲ့သော သက်တမ်းအရင့်ဆုံး စွယ်စုံကျမ်းကြီးသည် ယခုတိုင် ရှိနေဆဲ ဖြစ်သည်။ ထိုစာအုပ်ကြီးကို သဘာဝသမိုင်း စာအုပ်ကြီးဟု ခေါ်ဝေါ်ကြသည်။ အတွဲပေါင်း (၃၇)တွဲ ပါဝင်ပြီး ဆောင်းပါးပေါင်း နှစ်သောင်းကျော် ပါဝင်သည်။ အတွဲပေါင်း (၅၀၂၀)ပါဝင်သော အကြီးမားဆုံး စွယ်စုံကျမ်းကြီးမှာ တတိယအကြိမ် ပြုစုထားသော တရုတ်စွယ်စုံကျမ်းကြီး ဖြစ်သည်။ အက္ခရာစဉ်အလိုက် ဘာသာရပ်များကို စီစဉ်ဖော်ပြထားသော စွယ်စုံကျမ်းကို ၁၇၀၄-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အင်္ဂလိပ် ဓမ္မဆရာတစ်ဦး ဖြစ်သော ဂျွန်ဟာရစ်က ရေးသားခဲ့သည်။ စွယ်စုံကျမ်း အမည်မှာ တစ်လောကလုံးဆိုင်ရာ ဝိဇ္ဇာနှင့် သိပ္ပံ အင်္ဂလိပ် အဘိဓာန် ဖြစ်သည်။ လောကဓမ္မ၊ သိပ္ပကုံလုံ၊ ကျမ်းစွယ်စုံ ရှေးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတပါဝင်သောကျမ်းကို စွယ်စုံကျမ်းဟူ၍ အမည်မှည့်ခေါ်ခဲ့ ကြသည့်နည်းတူ ယခုခေတ်တွင် သိပ္ပံပညာ၊ ဝိဇ္ဇာပညာရပ်များ စုပေါင်းပါဝင်သော အင်္ဂလိပ်ဘာသာဖြင့် Encyclopedia ဟူသည့် ကျမ်းမျိုးကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။ ဗဟုသုတ အမျိုးမျိုးတို့ကို ဗဟုသုတရှာမှီးသူတို့ လွယ်လင့်တကူ ရှာဖွေဖတ်ရှု၍ အကိုးအကား ပြုနိုင်ကြစေခြင်းငှာ စုဆောင်းရေးသား ပြုစုထားသောကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် 'Encyclopedia'ဟု ခေါ်လေသည်။ လူတို့သည် မိမိနှင့် တကွ မိမိပတ်ဝန်းကျင်ကို သိလိုသောဆန္ဒဖြင့် သိမှတ်ပြုဖွယ်ရာတို့ကို ရှာဖွေစူးစမ်း၍ စာများကို ရေးသားကြလေသည်။ ဤ သည်တွင် စာအုပ်အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် လူတို့သိလိုသော ဗဟုသုတအချက်အလက်တို့ကို အလွယ်တကူ ရှာဖွေရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ဗဟုသုတအမျိုးမျိုးနှင့် ဆိုင်ရာ အချက်အလက်များကို စုဆောင်း၍၊ လူတို့ လွယ်လင့်တကူဖတ်ရှု ကိုးကားနိုင်ကြစေရန် စွယ်စုံကျမ်းဟူသည်ကို ပြုစုကြရသည်။ စွယ်စုံကျမ်းသည် လူ တိရစ္ဆာန် အရာဝတ္ထုတို့နှင့် တကွ ယင်းတို့တည်ရှိရာ နေရာဒေသအကြောင်းတို့ကို ဖော်ပြပေးသည်။ ထို့ကြောင့် စွယ်စုံကျမ်း၏ အခြေခံသဘောကား လူတို့က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်မှာလဲ၊ ဘယ်တော့လဲ၊ ဘယ်လိုလဲ၊ ဘာကြောင့်လဲဟူ၍ မေးလိုက်သော မေးခွန်းတို့ကို အဖြေရှာပေးရသည့် သဘောပင်ဖြစ်၏။ စွယ်စုံဟု မှည့်ခေါ်ရခြင်းအကြောင်း 'အင်စိုင်ကလိုပီးဒီးယား'ဟူသော စကားသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များကို သင်ကြားပေးခြင်းဟူသော အနက်အဓိပ္ပာယ်ရှိသည်။ ဤသဘောသည် ပညာဗဟုသုတအရာ၌ နှစ်ဖက်စွယ်စုံ ရှိသည်ဟူသော သဘောပင်ဖြစ်သည်။ မြန်မာ့ဂန္ထဝင်တွင် ကျည်းကန်ရွာ၌ သီတင်းသုံးသော အရှင်နန္ဒဓဇ သာမဏေသည် သက္ကရာဇ် ၁၁၅၈ခု နှစ်တွင် ပုစ္ဆာပေါင်းတစ်ထောင့်တစ်ရာပါဝင်သော စွယ်စုံကျော်ထင်အမည်ရှိ ပုစ္ဆာကျမ်းကို ပြုစုခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ ကျည်းကန်ရှင်ကြီးဟု တွင်၏။ ဤသို့ရေးသားရာ၌ ဆရာတော်ဘုရားသည် 'လောက ဓမ္မ၊ သိပ္ပကုံလုံ၊ ဉာဏ်စွယ်စုံ ဖြစ်စေခြင်းငှာ'ဟူ၍ ရည်ရွယ်ချက်ကို ပြဆိုခဲ့သည်။ ထိုပြဆိုခဲ့သော ရည်ရွယ်ချက်အတိုင်း စွယ်စုံကျော်ထင်ကျမ်းမှာ လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတတို့ဖြင့် ပြည့်ဝလျက်ရှိပေသည်။ ရှေးရိုးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်းတို့၌ စွယ်စုံဗဟုသုတရှိအောင် ရည်ရွယ်ချက်ထားကြဘိသကဲ့သို့ အနောက်နိုင်ငံတွင်ရှိသော ဗဟုသုတလိုလားသူ ပညာရှင်တို့သည်လည်း သိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များ၌ စွယ်စုံဗဟုသုတရှိရန် ရည်ရွယ်ကြလေသည်။ ယခုခေတ်မြန်မာနိုင်ငံရှိ ဗဟုသုတရှာမှီးလိုသော ပုဂ္ဂိုလ်တို့သည်လည်း အနောက်တိုင်း နိုင်ငံသားတို့နှင့် အလားတူသိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များနှင့်ဆိုင်ရာ ဗဟုသုတအချက်အလက်ကို လေ့လာ ရှာမှီးလိုကြပေသည်။ ထို့ကြောင့် လောက၊ ဓမ္မ နှစ်ချက်ပြည့်စုံခြင်းကြောင့် စွယ်စုံဟုခေါ်ဝေါ်ခဲ့သည်ကို အစွဲပြု၍၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှစ်ချက် ပြည့်စုံခြင်း၏ သဘောကိုယူပြီးလျှင်၊ 'အင်စိုင်ကလိုပီးဒီးယား' ဟူသော ကျမ်းမျိုးကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။ စွယ်စုံကျမ်းဂန္ထဝင် အနောက်နိုင်ငံသားတို့၏ အဆို၌၊ လောက၌ရှိသော ဗဟုသုတအရပ်ရပ်တို့ကို ကျမ်းစဉ်များဖြင့် ပထမဦးစွာရေးသားပြုစုသူမှာ အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) ဖြစ်သည်ဟု ဆိုသည်။ အရစ္စတိုတယ်ကို အနောက်တိုင်းသားတို့က 'စွယ်စုံကျမ်းတို့၏ဖခင်' ဟုသမုတ်ကြသည်။ သို့ရာတွင် ပညာစွယ်စုံကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က တရုတ်နိုင်ငံ၌ ပြုစုကြသည်ဟု တရုတ်ယဉ်ကျေးမှု သုတေသီ ပုဂ္ဂိုလ်တို့က ဆိုကြသည်၊ အချို့ကမူ ထိုကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က ပြုစုသည်ဟုပင်ဆိုကြသေး၏။ မည်သို့ပင်ဆိုစေကာမူ၊ တရုတ်ဘာသာအားဖြင့် 'အားယား'ဟုခေါ်သော အဆိုပါစွယ်စုံကျမ်းမှာ ရှေးဦးပေါ် စွယ်စုံကျမ်းအဖြစ်ဖြင့် ယနေ့တိုင်ထင်ရှားလျက်ရှိ သည်။ ယင်းကျမ်းတွင် ရှေးပညာရှိများ ပြုစုထားသော စာပေများမှ ကောင်းနိုးရာရာဗဟုသုတအရပ်ရပ်တို့ကို ထုတ်နုတ်၍ စုပေါင်းရေးသားပြုစုထားသည်။ ထိုခေတ်အခါလောက် တွင်ပင် အိန္ဒိယပြည်၌ ဗေဒကျမ်းကြီးများ ပေါ်ထွန်းခဲ့သည်။ ယင်းကျမ်းတို့မှာ သာမ၊ ယဇု၊ ဣသျှူ၊ အာတပ္ပနဟူလေသည်။ ဘီစီ ၁ဝဝဝ ခေတ်မတိုင်မီ ပေါ်ပေါက်သည်ဟု ပညာရှင်တို့ ခန့်မှန်းကြသည်။ ထိုဗေဒကျမ်းတို့တွင် ယဇ်ပူဇော်နည်း အကြောင်းများသာမက၊ ရှေးဂီတများနှင့် ထိုခေတ်က ထွန်းကားလျက်ရှိသော အယူအဆများလည်း ပါဝင်သည်။ ဗေဒကျမ်းတို့သည် လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတစွယ်စုံကျမ်းများဖြစ်၏။ ယခင်ကဆိုခဲ့သော အယ်ရစ္စတိုတယ်၏ စွယ်စုံကျမ်း၌မူ အာကာသကြောင်း၊ မိုးလေဝသအကြောင်း၊ တိရစ္ဆာန်များအကြောင်းစသည့် သုတေသနပြုထားသော အချက် အလက်တို့ ပါဝင်ကြသည်။ စွယ်စုံကျမ်းစီစဉ်ပုံများ ခရစ် ၁၄ဝဝ ပြည့်နှစ်မှအစပြု၍ စွယ်စုံကျမ်း၌ ဗဟုသုတအချက်အလက်တို့ကို အစီအစဉ်ဖြင့် စနစ် တကျရေးသားသည့် နည်းနိဿယတို့သည် တိုးတက်ကောင်းမွန်လာခဲ့သည်။ ပမာအားဖြင့်၊ ၁၄၈၁ ခုနှစ်တွင် ကက္ကစတန်ထုတ်ဝေသော စွယ်စုံကျမ်းမှာ အကိုးအကားအတွက် အသုံးကျသောကျမ်းဖြစ်သည်။ စွယ်စုံကျမ်းတွင် ရုပ်ပုံများထည့်သွင်းလာသည်မှာ ဤကျမ်းသည် ပထမဖြစ်သည်ဟု ဆိုရမည်။ သို့သော် ၁၅၄၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဗားလမြို့မှ ရင်းဂဲလဗတ်ပြုစုသော စွယ်စုံကျမ်း ပေါ်ထွက်လာမှပင် 'အင်စိုင်ကလိုပီးဒီးယား' ဟူသော အသုံးအနှုန်းကို ပထမတွေ့ရသည်။ ၁၅ဝ၆ ခုနှစ်တွင် အီတလီ၌ ထုတ်ဝေသော ရက်ဖာအယ်လီ မတ်ဖဲ၏ စွယ်စုံကျမ်း၌ လူပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိနှင့် အညွန်းစနစ်တို့ကို ပထမဦးစွာ တွေ့ရသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဖရန်းစစ်ဘေကင်ပြုစုသော စွယ်စုံကျမ်းမှာ ဗဟုသုတ အဝဝတို့ကို အမျိုးအစားအလိုက် အခန်း ကဏ္ဍခွဲ၍ပြဆိုရာတွင် ပထမဟုဆိုကြသည်။ ၁၇ဝ၄ ခုနှစ်၌ ဂျွန်ဟဲရစ်ဆိုသူပြုစုသော ဝိဇ္ဇာနှင့် သိပ္ပံစွယ်စုံကျမ်း၌ကား၊ အညွှန်းစနစ်ကို အက္ခရာဝလိနည်းနှင့် ညွှန်းသည့်အပြင်၊ ကျမ်းကိုးစာရင်းကိုလည်း ပြဆို၍၊ တတ်ကျွမ်းသူ ပညာရှင်တို့ ကိုယ်တိုင်ရေးသားပေးသော စာကိုယ်များပါဝင်လေသည်။ ၁၇ဝ၄ ခုနှစ်၌ပင် ဂျာမနီနိုင်ငံ၌ ပေါ်ပေါက်သော စွယ်စုံကျမ်းမှာကား၊ အကြောင်းရပ်တို့ကို ရေးသားသော ပညာရှင်အများတို့၏ ဆောင်းပါးချည်းသက်သက်ဖြင့် ရေးသားပြုစုသောကျမ်း ဖြစ်၍၊ ယင်းသို့ ဆောင်းပါးအများကို စွယ်စုံကျမ်းအဖြစ် ထုတ်ဝေသည်မှာ ပထမပင်ဖြစ်ပေသည်။ ၁၇၂၈ ခုနှစ်တွင် အိဖရိမ် ချိမ်းဗားက ထုတ်ဝေသော 'စိုင်ကလိုပီးဒီးယား'ခေါ် စွယ်စုံကျမ်းကား၊ အပြန်အလှန်ညွှန်းသောစနစ်ကို ပထမဦးစွာ အသုံးပြုသည့်ကျမ်း ဖြစ်ပေသည်။ ဘာသာစကားအလိုက် စွယ်စုံကျမ်းများ လက်တင်ဘာသာစွယ်စုံကျမ်းများ ထို့နောက်၌ကား၊ ဘီစီ ၃ဝ ခန့်တွင် မားကပ် တယ်ရင် ရှီယပ်ဗယ်ရို(ဘီစီ ၁၁၆-၂၇)သည် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ ပါဝင်သော စွယ်စုံကျမ်းကို အတွဲ ၉ တွဲဖြင့် ရေးသားစီရင်ခဲ့သည်။ အေဒီ၇ဝခုနှစ်ခန့်တွင် ပလင်နီသည် 'သဘာဝသမိုင်း' အမည်ရှိသော ကျမ်းကို အတွဲပေါင်း ၃၇ တွဲ၊ အခန်းပေါင်း ၁၄၉၃ ခန်းတို့ဖြင့် ရေးသားခဲ့သည်။ ၅ ရာစုအတွင်းတွင် မာတီယာနပ် ကပဲလားသည် စာသင်သားတို့ နှုတ်ငုံဆောင်ရန် လွယ်ကူသော ဗဟုသုတကျမ်းကို ကဗျာဖွဲ့၍ စီရင်ခဲ့သည်။ ထိုကျမ်း၌ သဒ္ဒါနည်းမှစ၍၊ ဂီတ အနုပညာထိ အမျိုးမျိုးသော ပညာရပ်တို့ ပါဝင်သည်။ ခရစ် ၆ဝဝ မှ ၆၃ဝ ပြည့်နှစ် အကြားတွင် အိဇီဒို အမည်ရှိသော ခရစ်ယန်ဘုန်းတော်ကြီးသည် ဗဟုသုတကျမ်းကိုပြုစုရာ၊ ထိုကျမ်းကို ၉ ရာစုနှစ် ကျမ်းပြု ပုဂ္ဂိုလ်တို့က မှီးယူကြရသည်။ ထို့နောက်၌လည်း ခရစ်ယန်ဘုန်းတော်ကြီးနှင့် လူပုဂ္ဂိုလ်များသည် စွယ်စုံကျမ်း သဘောသက်ရောက်သည့် ကျမ်းအမျိုးမျိုးတို့ကို ပြုစုခဲ့ကြသည်။ သို့သော် ထိုကျမ်းများမှာ များသောအားဖြင့် လက်တင်ဘာသာနှင့်သာရှိသည်။ တစ်ခါတစ်ရံ ဂရိဘာသာဖြင့် ရေးသားသော ကျမ်းများပေါ်ပေါက်ခဲ့သည်။ သို့သော် အကြောင်းရပ်ဟူသမျှတို့ကို စနစ်တကျ အခန်းပိုင်းခြား၍ ရေးသားထားသည်မဟုတ်ချေ။ ခရစ် ၁၂၆ဝ ပြည့်နှစ်သို့ ရောက်သောအခါမှ၊ ဗင်းဆင့်ဆိုသူသည် 'ကြေးမုံပြင်ကြီး'ဟူသော ကျမ်းကို စနစ်တကျအခန်းခွဲ၍၊ လက်တင်ဘာသာဖြင့် ရေးသားခဲ့သည်။ ဥရောပအလယ်ခေတ်၌ ထွက်ပေါ်လာသော စွယ်စုံကျမ်းတို့မှာ လက်တင်ဘာသာဖြင့်သာများပေသည်။ တရုတ်စွယ်စုံကျမ်းများ ၁၄ ရာစုနှစ်အတွင်းတွင် တရုတ်ပြည်၌လည်း မာတွာလင် ဆိုသူ တရုတ်ပညာရှိသည် စွယ်စုံကျမ်းတစ်စောင်ကို ပြုစုသည်။ ၁၅ ရာစုနှစ်၌မူ၊ ယွန်လိုဧကရာဇ်ဘုရင်၏ အမိန့်တော်ဖြင့် တရုတ်ပညာရှိများသည် စွယ်စုံကျမ်းကို ပြုစုသည်။ ယွန်လို၏ ရည်ရွယ်ချက်မှာ ကွန်ဖူးဇီး၏ အဆုံးအမများ၊ ရာဇဝင်များ၊ ယထာဘူတပညာရပ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ စသည် တို့ကို တစ်ပေါင်းတည်းပြုစုစေရန်ဖြစ်၏။ သို့သော် ထိုကျမ်းမှာစာအုပ်ပေါင်း ၂၂၉၄၇ အုပ်ရှိသည်ဖြစ်၍၊ ယင်းအနက်သုံးအုပ်မျှကိုသာ ပုံနှိပ်နိုင်ခဲ့ရာ၊ မင်မင်းဆက် ကုန်ဆုံးသောအခါ၊ နှစ်အုပ်မှာ ပျောက်ပျက်သွားပြီးလျှင် ဗောက်ဆာသူပုန် ထသောခေတ်၌ ကျန်တစ်အုပ်လည်း ပျောက်ပျက်သွားလေသည်။ ၁၈ ရာစုနှစ်ဦး၌ကား၊ တရုတ်ဧကရာဇ် ဘုရင် ကန်ရှီး၏ အမိန့်အရ အတွဲပေါင်း ၅ဝ၂ဝ ရှိသော စွယ်စုံကျမ်းကိုပြုစု၍၊ ကန်ရှီးဘုရင်အား ဆက်ခံသူ ယွန်ချင်း (ခရစ် ၁၇၂၃-၃၅ ခုနှစ်)လက်ထက်တွင် ထုတ်ဝေသည်။ ထိုစွယ်စုံကျမ်း အတွဲပေါင်း ၇ဝဝ တို့ကို ဗြိတိသျှပြတိုက်တွင် ယနေ့တိုင်ပြထားလေသည်။ ပြင်သစ်စွယ်စုံကျမ်းများ ယခင်ကဖော်ပြခဲ့သော ချမ်းဗား၏ 'စိုင်ကလိုပီးဒီးယား' စွယ်စုံကျမ်းကို ပြင်သစ်တို့က ပြင်သစ်ဘာသာသို့ ပြန်ဆိုကြသည်။ ထိုစွယ်စုံကျမ်း နမူနာကိုယူ၍ ဒီးဒရိုးသည် ၁၇၅၁-၁၇၇၂ ခုနှစ်အတွင်း အတွဲပေါင်း ၂၈ တွဲရှိသော ပြင်သစ်စွယ်စုံကျမ်းကြီး ပေါ်ပေါက်လာသည်။ ၁၉၂၈ ခုနှစ်၌မူ လာရုဆ ဆိုသူပြုစုသော ၂ဝ ရာစု စွယ်စုံကျမ်းဟူ၍ ပြင်သစ်ဘာသာဖြင့် ပေါ်ထွက်လာသည်။ ဂျာမန်စွယ်စုံကျမ်းများ ဂျာမနီနိုင်ငံတွင် ၁၇၃၂ ခုနှစ်မှ ၁၇၅ဝ ပြည့်နှစ်အထိ အတွဲပေါင်း ၆၄ တွဲရှိသော 'ယူနီဗာဆယ် လက္ကဇီကွန်'ခေါ် စွယ်စုံကျမ်းကို ဇက်ဒလာဆိုသူပြုစုသည်။ ယင်းကျမ်းတွင် ထိုခေတ်က အသက်ထင်ရှား ရှိသူများ၏ အတ္ထုပ္ပတ္တိများ ပါဝင်သည်။ ထို့ပြင် ၁၇၉၆ ခုနှစ်၌လည်းကောင်း၊ ၁၈၈၁ ခုနှစ်၌လည်းကောင်း၊ ပညာရှင်အသီးသီးတို့က ဂျာမန်စွယ်စုံကျမ်းကို ပြုစုကြသည်။ အင်္ဂလိပ်စွယ်စုံကျမ်းများ ယခင်ကပြဆိုခဲ့ပြီးသော အင်္ဂလိပ်စွယ်စုံကျမ်းများအပြင်၊ ယခုခေတ်တွင် အကိုးအကားပြုရန် ကျမ်းများအနက် အလွန်ထင်ရှားသော အင်္ဂလိပ်စွယ်စုံကျမ်းမှာ 'အင်စိုင်ကလိုပီးဒီးယား ဗြိတိနိကား' ဖြစ်လေသည်။ ယင်းကျမ်းကို ၁၇၆၈ ခုနှစ်မှသည် ၁၇၇၁ ခုနှစ်အတွင်း အတွဲ ၃ တွဲဖြင့် ပထမဦးစွာ စကော့တလန်နိုင်ငံ အက်ဒင်ဗာရာမြို့တွင် ရေးသားပြုစု ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ၁၇၇၈ ခုနှစ်မှသည် ၁၇၈၃ ခုနှစ် အတွင်း၊ ဒုတိယတည်းဖြတ်သော ပုံနှိပ်ထုတ်ဝေသည်။ အမေရိကန်စွယ်စုံကျမ်း အမေရိကန်ပြည်ထောင်စု၌ကား၊ ၁၈၂၉ ခုနှစ်မှ ၁၈၃၃ ခုနှစ်အတွင်း အမေရိကန်စွယ်စုံကျမ်းကို 'အင်စိုင်ကလိုပီးဒီးယား အမေရိကားနား'ဟူသောအမည်ဖြင့် ပြုစုထုတ်ဝေခဲ့လေသည်။ ဆိုဗီယက်ရုရှစွယ်စုံကျမ်း ဆိုဗီယက်ရုရှနိုင်ငံတွင် ၁၉၂၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ၂၂ နှစ်တိုင်တိုင်ပြုစုခဲ့သော 'ဗိုလရှာယာ ဆိုဗီယက်စကာယာ အင်စိုင်ကလိုပီးဒီးယား'မှာ ယနေ့တိုင်များစွာထင်ရှားလေသည်။ ယခုအခါ နိုင်ငံအသီးသီးတွင် စွယ်စုံကျမ်းများကို အမည်အမျိုးမျိုးဖြင့် ထုတ်ဝေလျက် ရှိကြသည်။ အထူးသဖြင့် ကလေးများအတွက် ရည်ရွယ်၍၊ ရုပ်ပုံပေါင်းများစွာပါဝင်သည့် စွယ်စုံကျမ်းတို့မှာ များစွာ ခေတ်စားလျက်ရှိသည်။ လက်တင်မှ တိုင်းရင်းဘာသာများသို့ ဥရောပနိုင်ငံတွင် မူလက စွယ်စုံကျမ်းကို ပြုစုကြရာ၌ လက်တင်ဘာသာဖြင့်သာ ပြုစုကြသည်။ သို့သော် ၁၄ ရာစုနှစ်မှ လွန်လာသောခေတ်သို့ ရောက်သော်၊ စွယ်စုံကျမ်းများကို ဥရောပနိုင်ငံ အသီးသီးတို့က မိမိတို့၏ တိုင်းရင်းဘာသာစကားဖြင့် ပြုစုလာကြ၏။ သာဓကအားဖြင့်ပြလျှင်၊ အင်္ဂလန်နိုင်ငံတွင် ဗာသော လိုမျူဒီ ဂလန်ဗီးသည် ၁၃၆ဝ ပြည့်နှစ်၌ စွယ်စုံကျမ်းတစ်ခုကို လက်တင်ဘာသာဖြင့် ပြုစုခဲ့သည်။ ယင်းကျမ်းကို ၁၃၉၈ ခုနှစ်တွင် ဂျွန်ထရေဗီဇာဆိုသူက အင်္ဂလိပ်ဘာသာ ပြန်ဆိုလေသည်။ မြန်မာ့စွယ်စုံကျမ်း မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်မှ ထုတ်ဝေသည်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ပြုစုသည်။ မြန်မာ့စွယ်စုံကျမ်းတွင် အကြောင်းရပ်ပေါင်း ၄ဝဝဝ ခန့် ပါရှိသည်။ စွယ်စုံကျမ်းတစ်တွဲလျှင် စာမျက်နှာ ၅ဝဝ ကျဖြင့် စီစဉ်ထားရာ၊ အတွဲပေါင်း ၁၅ တွဲရှိသည်။ ကလေးစွယ်စုံကျမ်း ယခုခေတ်၌ ကလေးလူငယ် လူရွယ်တို့၏ ပညာရေး အရေးကြီးပုံကို လူတို့သည် ပိုမိုလေးစားလာကြပြီ ဖြစ်သည်။ ထို့ကြောင့် ယင်းကလေးလူငယ်တို့အဖို့လည်း စွယ်စုံကျမ်းသည် အရေးကြီးသည်ဟု သဘော ပေါက်ကြပြီးဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ၁၉ဝ၈ ခုနှစ်ကအစပြု၍ 'ကလေးစွယ်စုံကျမ်း'ဟူ၍ ပေါ်ပေါက်ခဲ့ သည်။ ၁၉၁ဝ ပြည့်နှစ်၌ အမေရိကန်နိုင်ငံမှနေ၍ 'ဗဟုသုတကျမ်း' ဟူသောအမည်ဖြင့် စွယ်စုံကျမ်း ပေါ်ပေါက်လာပြန်သည်။ ကျောင်းသားသုံးအတွက် စွယ်စုံကျမ်းကိုမူ၊ ၁၈၉၃ ခုနှစ်တွင် 'ကျောင်းသား စွယ်စုံကျမ်း' ဟူသောအမည် ဖြင့် အင်္ဂလန်တွင်ထုတ်ဝေခဲ့ရာ၊ ၁၉၂၂ ခုနှစ်၌ ယင်းကိုပင် 'ကွမ်ပတန်၏ ရုပ်စုံ စွယ်စုံကျမ်း'ဟူသောအမည်သစ်ဖြင့် ပြန်လည်တည်းဖြတ် ထုတ်ဝေခဲ့ပြန်သည်။ ယခုခေတ်တွင် ကလေး တို့အဖို့ စွယ်စုံကျမ်းတို့၌ ရုပ်ပုံ ဓာတ်ပုံစသည်တို့ မပါဘဲမရှိချေ။ ဗြိတိသျှစွယ်စုံကျမ်းကို ထုတ်ဝေသူတို့သည် ပင်လျှင် ၁၉၃၄ ခုနှစ်မှအစပြု၍၊ ရုပ်ပုံဓာတ်ပုံတို့ပါဝင်သော ကလေးများအတွက် 'ဗြိတန္နိကား ဂျူနီယာ'ခေါ် စွယ်စုံကျမ်းကို ထုတ်ဝေလျက်ရှိသည်။ အွန်လိုင်းစွယ်စုံကျမ်းများ စွယ်စုံကျမ်းထုတ်လုပ်ရိုက်နှိပ်သည့် ကုမ္ပဏီကြီးများသည် အင်တာနက်ခေတ်တွင် အခမဲ့ဖြစ်စေ၊ အခကြေးနှင့်ဖြစ်စေ Online Encyclopedia အွန်လိုင်းစွယ်စုံကျမ်းများ ကို ပြုလုပ်ကြသည်။ ၂၀၂၀ အစောပိုင်းကာလအထိ အကြီးဆုံး အွန်လိုင်း စွယ်စုံကျမ်းများမှာ တရုတ်ဘာသာစကား၏ Baidu Baike (ဆောင်းပါး သန်း ၁၀-၂၀ ကြား) နှင့် Hudong Baike ( သန်း ၁၀-၂၀ ကြား) တို့ဖြစ်ကြပြီး ယင်းနောက်တွင် ဝီကီပီးဒီးယား၏ အင်္ဂလိပ်ဘာသာစကား (+၆ သန်း)၊ ဂျာမန်ဘာသာစကား (+၂ သန်း)၊ ပြင်သစ်ဘာသာစကား (+၂ သန်း) တို့ရှိကြသည်။ အခြားဘာသာစကားများဖြင့် ဝီကီပီးဒီးယား (၁၅) ခုတွင် ဆောင်းပါး အရည်အသွေးအမျိုးမျိုး၊ အတိုအရှည်အမျိုးမျိုးဖြင့် (၁) သန်းကျော်တည်ရှိသည်။ စွယ်စုံကျမ်း၏ အရွယ်အစားကို ဆောင်းပါး အရေအတွက်ဖြင့် တိုင်းတာခြင်းသည် မရေရာသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အထက်ဖော်ပြပါ တရုတ် စွယ်စုံကျမ်းများတွင် အကြောင်းအရာတစ်ခုတည်း၌ များစွာသော ဆောင်းပါးများရှိကြ၏။ တစ်ဖက်တွင် ဝီကီပီးဒီးယားများက အကြောင်းအရာတစ်ခုတွင် ဆောင်းပါးတစ်ခုကိုသာ လက်ခံသော်လည်း စာသားမရှိသလောက်နည်းပါးသည့် ဆောင်းပါးများကို ဖန်တီးခွင့်ပြုထားသည်။ ကိုးကား စွယ်စုံကျမ်းများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%BD%E1%80%9A%E1%80%BA%E1%80%85%E1%80%AF%E1%80%B6%E1%80%80%E1%80%BB%E1%80%99%E1%80%BA%E1%80%B8
သော်တာဆွေ
သော်တာဆွေသည် ကျော်ကြားသော ဟာသစာရေးဆရာတစ်ယောက်ဖြစ်သည်။ အမည်ရင်းမှာ ဦးကြင်ဆွေဖြစ်သည်။ ငယ်ဘဝ စာရေးဆရာကြီး သော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၂၆ရက် တနင်္လာနေ့တွင် ပေါင်းတည်မြို့ အလယ်ပိုင်း ကြို့ပင်ရွာနေ အဖ လယ်သမားကြီး ဦးဖိုးဆယ် အမိ ဒေါ်လှရင်တို့က ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် တတိယမြောက် ဖြစ်သည်။ ဇာတာအမည်မှာ မောင်ချစ်လှိုင် ဖြစ်ပြီး ငယ်မည်မှာ ဘိုနီ ဖြစ်သည်။ ကျောင်းနေရွယ် ကျောင်းအပ်သောအခါ မောင်ကျင်မောင် ဟူသောအမည်ဖြင့်ဖြစ်ပြီး ကြီးပြင်းလာသောအခါ မောင်ကြင်ဆွေဟု အမည်တွင်သည်။ ၁၉၂၆ ခုနှစ် ၇ နှစ်သား အရွယ်တွင် ကြို့ပင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သည့် မြန်မာစာသက်သက်သင်သော လောကဓာတ်ကျောင်းတွင် ပညာစသင်ခဲ့ရသည်။ ၁၄ နှစ်သားအရွယ်တွင် ကြို့ပင်ရွာ ဘုန်းကြီးကျောင်းတွင်ဖွင့်သည့် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကာ ၁၉၃၈ ခုနှစ်တွင် မြန်မာစာ ၁၀ တန်းအောင်ခဲ့သည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဆရာဖြစ်သင်ကျောင်းတွင် ပညာဆက်လက် သင်ယူကာ ဆရာဖြစ်သင်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ထိုခေတ်က ဟိုက်ယားဂရိတ် ခေါ် အထက်တန်း မြန်မာစာ ဆရာဖြစ် သင်တန်းအောင်ခဲ့ပြီး စမ်းချောင်း မအူပင်လမ်းရှိ ဒေါ်မမ၏ ခေတ်အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့သည်။ ထိုကျောင်းတွင် မောင်ကြင်ဆွေဟု အမည်ပြောင်းလိုက်သည်။ နှစ်⁠နှစ်မျှ အင်္ဂလိပ်စာ သင်ကြားခဲ့ရသည်။ အိမ်ထောင်ရေး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ကို ဂျပန်တို့ ဗုံးကြဲသဖြင့် ရန်ကုန်မှ ဇာတိရွာသို့ ပြန်လာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ဒေါ်နော်မာ နှင့် အိမ်ထောင်ကျကာ ဒေါ်ဦးဦးမေ၊ ဦးကျော်ကျော်၊ ဒေါက်တာ အောင်သော်၊ ဒေါ်မော်မော် နှင့် ဒေါ်သန်း⁠သန်းဆွေ စသည့် သားသမီးများ ထွန်းကားခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်ခေတ်တွင် မြင်းလှည်းသမားဘဝဖြင့် အသက်မွေး ကျင်လည်ခဲ့ပြီး မဟာမိတ်တို့ရန်ကုန်ကို ပြန်လည်သိမ်းပိုက်ပြီး ကက်စဘီခေတ်တွင် ကြို့ပင်ရွာသို့ ပြန်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဖခင်၏ စီစဉ်မှုဖြင့် ပေါင်းတည်မှ မန္တလေးသို့ ဆန်ကုန်ကူးခဲ့သည်။ ထိုနောက် ကသာ၊ မြစ်ကြီးနားမြို့များအထိ ဆန်ကုန်ကူးသည်။ အရင်းပြုတ်ပြီး ကသာတွင်ပင် မသူနှင့်ထပ်မံအိမ်ထောင်ကျသည်။ ၄ လခန့် ပေါင်းသင်းပြီး ဖခင်၏ ခေါ်ဆိုမှုကြောင့် မသူနှင့် ပေါင်းတည်သို့ ပြန်လာခဲ့သည်။ မသူနှင့်အိမ်ထောင်ပြုလာခဲ့သည်ကိုသိရှိသွားသော ဖခင်က ထိုခေတ်က ငွေ ၁၀၀ ကျပ်ပေးကာ အိမ်မှ ထပ်မံနှင်ချလိုက်သည်။ ထို့နောက် မသူနှင့် ကွာရှင်းခဲ့သည်။ ၁၉၅၅ တွင် ဒေါ်ခင်မေရီ (အန်တီမေ) နှင့် အိမ်ထောင်ပြုလိုက်သည်။ စာပေနယ်သို့ဝင်ရောက်ခြင်း ငယ်စဉ်ကပင် စာ၊ ကဗျာစသည်တို့ကို ဝါသနာပါခဲ့ပြီး ကျောင်းသားဘဝကတည်းက ကဗျာများ ရေးသားခဲ့ဖူးသည်။ ဖခင်ကြီးက အိမ်ပေါ်မှ နှင်ချသည့်အခါ စိတ်အညစ်ကြီးညစ်ကာ ရှုမဝမဂ္ဂဇင်းတွင် ဟာသဝတ္ထုများ စတင်ရေးသားသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လတွင် ရှုမဝတွင် ပထမဆုံး စာမူပါလာသည်။ ဘရန်ဒီတစ်ပုလင်း သည် အဦးဆုံးဝတ္ထုတို ဖြစ်သည်။ ယင်းနောက် ဆရာကြီး ရွှေဥဒေါင်းနှင့်တွေ့ကာ စာများ စရေးဖြစ်ခဲ့ပြီး စုံထောက်ဝတ္ထုများ ရေးဖြစ်လာသည်။ ရှုမဝမှ အပါယ်ရတနာ (၁၉၄၇)၊ ရန်အောင် ရတနာ (၁၉၄၈) စသော စာအုပ်များ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် အခြား စာစောင်မဂ္ဂဇင်းများတွင် ကူးပြောင်း ရေးသားခဲ့သည်။ ရှုမဝ စာအုပ်တိုက်မှ ဆရာသော်တာဆွေ၏ စာအုပ်များ ဆက်ထွက်လာသည်။ ၁၉၅၉ ခုနှစ်တွင် အဟိ လစဉ် ဟာသမဂ္ဂဇင်းကို ကိုယ်တိုင်စတင် တည်းဖြတ်ထုတ်ဝေသည်။ သော်တာစာပေ အမည်ဖြစ် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ စာပေခရီး ၁၉၆၁ ခုနှစ်တွင် “ဘဝထိုထို” စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဂျာမနီ နိုင်ငံများသို့ စာပေလေ့လာရေး ခရီးသွားခွင့် ရခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “သတ္တဝါတို့၏ သံသရာ” စာအုပ်ဖြင့် အနုပညာစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အဟိ မဂ္ဂဇင်း ရပ်ဆိုင်းသွားသည်။ လုံးချင်းစာအုပ်များ ဆက်လက်ရေးသား ထွက်ရှိခဲ့သည်။ ဘဝနိဂုံး ၁၉⁠၉၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် (၂) တပ်မတော်ဆေးရုံကြီးတွင် အာရုံကြောရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ပထမအိမ်​ထောင်မှ သားနှစ်ဦး သမီးသုံးဦး တတိယ အိမ်ထောင်နှင့် သားသမီးမရရှိခဲ့ပါ ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များ ဆရာသော်တာဆွေ ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များမှာ ကျွန်တော့်ဘဝဇာတ်ကြောင်း အတွဲများ၊ ကြက်ဋီကာ (၁၉၇၉)၊ မဟာစံအိမ်တော်ကြီး (၁၉၇၆)၊ ဘွန္တော ကြက်သူခိုး (၁၉၇၂)၊ ပုဂံ သူရဲကောင်းများ (ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လိုရေးသားသည်ကို မြန်မာပြန်၊ ၁၉၇၃)၊ ဟာသ ဝတ္ထုတိုများ (အတွဲ ၁၊ ၂၊ ၁၉၇၇ နှင့် ၁၉၇၈)၊ ဘဝထိုထို (၁၉၆၁)၊ သတ္တဝါတို့ သံသရာ (၁၉၆၄)၊ ဤလောက မြေမဟီဝယ် (၁၉၇၀)၊ ရသ ဝတ္ထုတိုပေါင်းချုပ်သစ် (၂၀⁠၀၀ ပြည့်နှစ်) နှင့် လောကလူ့ပြည် (၁၉၇၂) တို့ ဖြစ်ကြသည်။ ရေးသားခဲ့သည့် စာပေများ ၁၉၈၆ "ပိုးစုန်းကြူးနဲ့ ဖိုးလမင်း" ကဗျာ "ငယ်ကျွမ်းဆွေရယ်" "စေတနာမေတ္တာရှင်မလေး" "တစ္ဆေလား ... သူခိုးလား" "ရန်ကုန်မြို့၏ ညဘုရင်" "သားမိုက်အိမ်ပြန်" "အသွင်အပြင်နှင့် အထင်အမြင်" "အနှီရူပ" "နာတာရှည်ကြီးနှင့် ရုတ်တရက်ခေါက်ခနဲ" "နားဇိမ်ခံသူ" "ပြုံးရယ်ခြင်:" "သွားပိုးချ ဆရာကြီ:" "တောင်ကုတ်မြို့နယ် နှင့် မဉ္ဇူသကနတ်ပန်းပင်" "သူတို့ပြည် သူတို့ဓလေ့" "သေကံမရောက် သက်မပျောက်" "သည်နှစ် စာပေဟောပြောပွဲ" "အင်္ဂလိပ်ခေတ်က မြန်မာပြည်ပညာရေး" "ခေတ်နှင့် စာပေ" "စာပေရေးရာ အမေးအဖြေများ" "စာဖတ်နည်း စာရေးနည်း" "စာရေးဆရာ ဖြစ်ချင်လျှင်" "စာရေးရာတွင် ဘာအရေးအကြီးဆုံးလဲ" "ပန်းမြောက်မြေမှ စာပေဆွေးနွေးပွဲ" ၁၉၈၇ "ကြောင်ကြီ:စံနက်ကျော်" "ချစ်ကတိတော့ မပျက်ဘူး ကေသီ" "ခွေးကလေး နီးဘား" "ဇာယုနှင့် ဇော်ရဲ" "ထမုံဇောနှင့် အိုက်နွန်တို့ လင်မယား" "ဘုရားမှာ တစ်ခါဆုံတယ်" "အကြင် လင်မယားတို့သည်" "ရသေ့ကြီး သုံးပါး" (ဘာသာပြန်ဝတ္ထု) "ဖြူဝါပူစီ" "မျောက်ညိုနှင့် ညိုကြီး" "ဇရာအိုသော်" "မျက်စိတန်ဖိုး" "မြန်မာလူမျိုးနှင့် ငါးပိ" "အရက်ကြောင့်" "တို့ပြည်ထောင်စုသားတွေ" "ရောက်တတ်ရာရာ" "ခဝဲတစ်ပင်" "ကဗျာစာပေ" "ကျမ်းစကားနှင့် ဗန်းစကား" "ကျွန်တော်နှင့် မျှော်တလင့်လင့်" "နေ့ထူးရက်ထူးတစ်ရက်" "ယခုခေတ်ကဗျာ" "ရုပ်ရှင်မင်းသားရွှေဘမှ ဗီဒီယို" "အယ်ဒီတာနှင့် အဂတိ" ၁၉၈၈ "ချစ်တယ်ဆို ဒီလိုမှပေါ့" "နှစ်ဆန်းမှတ်တမ်းပဒေသာ" "ပတ္တမြားတစ်ပြည်" "မှောင်ထဲက လက်မည်းကြီး" "အရူးချစ်" "သားပျိုသမီးပျိုတို့ လှလိုလျှင်" "ကျွန်တော့်ဘဝ ဇာတ်ကြောင်း" "ညောင်တုန်းသို့ ခရီးတစ်ခေါက်" "ကျွန်တော် တရားထိုင်ခဲ့ဖူးပါ၏" "ကျွန်တော့်ဘဝ ဇာတ်ကြောင်း (၁၇၇)" "စာရေးဆရာနှင့် အယ်ဒီတာ" "ပုံပြင်လေးတစ်ပုဒ်" "ဟာသဝတ္ထုနှင့် အခြားဝတ္ထုများ" "ခေတ်ရေစီးကြောင်း" ၁၉၈၉ "ချစ်ချင်းမတူ" "နောင်တရသူ" "ဖဲထီးဆောရီ:" "ရှေးသရောအခါက" "ဝေးကမ္ဘာသူ" "ဪ သေသော်မှတည့်" "အိုဘယ့် အီကြာကွေး" "စာရေးဆရာနှင့် အရက်" "ဆေးတစ်ဖုံ ဓမ္မဒါန" "ငွေကြေးအသုံးအနှုန်း" "သေချာသော ငွေတစ်သိန်း" "ထူးထွေတည့်အံ့ရာသောဝ်" "အရွယ်နှင့် စာပေ" ၁၉၉၀ "ထန်းသမား ထေကြီး" "လှဂုဏ်မာန်" "သနားစရာ အဖိနှိပ်ခံသမက်များ" (ဘာသာပြန်ဝတ္ထု) "ချစ်၍ ခေါ်သည်" "စာပေ ဟောပြောပွဲ" "စာပေဟောပြောပွဲ အမှတ်(၂)" "စာရေးဆရာ စာရေးတဲ့အခါမှာ" ကလောင်အမည်ကွဲများ မိုးတိမ်တောင်(ပထမဆုံးကလောင်အမည်) ဦ:ကြင်ဆွေ ဝေလင်း အောင်နက် ရည်ညွှန်းကိုးကား သော်တာဆွေ စာစုစာရင်း (၁၉၈၆ − ၁၉၉၀)၊ စာကြည့်တိုက်နှင့် သုတပညာဌာန၊ ရန်ကုန်တက္ကသိုလ်။ မြန်မာ အမျိုးသား စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B1%E1%80%AC%E1%80%BA%E1%80%90%E1%80%AC%E1%80%86%E1%80%BD%E1%80%B1
မဟာဘုတ်
မဟာဘုတ်သည် မြန်မာဗေဒင်ပညာ၏ အခြေခံဖြစ်သည်။ လူတစ်ဦး၏ မွေးဖွားသည့် မြန်မာသက္ကရာဇ်နှင့် မွေးဖွားသည့်နေ့ရက် (Day of the week) အပေါ်မူတည်၍ ကောင်းကျိုး ဆိုးပြစ်တို့အား ဝေဖန် အကြံပြုခြင်း ဖြစ်သည်။ ထို့အပြင် ရောက်ရှိနေသည့် မြန်မာသက္ကရာဇ် အပေါ်တွင် မူတည်၍လည်း Natal Mahabote အရ ယခုနှစ်တွင်း သက်ဆိုင်ရာ နေ့ရက်ဖွားတို့ အတွက် ဆောင်ရန် ရှောင်များကို ဝေဝေဆာဆာ အကြံပေးနိုင်သည်။ မဟာဘုတ်၏ အားသာချက်မှာ တွက်ချက်လိုသူ၏ မွေးဖွားချိန် သိရှိရန်မလိုအပ်ခြင်းပင် ဖြစ်သည်။ မဟာဘုတ်အဖွား မည်သည့် ခုနစ်ရက် သားသမီးမဆို မဟာဘုတ် မွေးဖွားဇာတာ (၇) မျိုးထဲမှ ဇာတာတစ်ခုခုတွင် အကြုံးဝင်သည်။ ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ဟူ၍ မဟာဘုတ် အိမ် (၇)မျိုးရှိသည်။ ထို့ကြောင့် ဖွားဇာတာ (၇) မျိုး x မဟာဘုတ် အိမ် (၇) မျိုး = ၄၉ မျိုးဟူ၍ ဉာဏ်ပညာ နုနယ်သူများ အနေဖြင့် မှတ်ယူနိုင်သည်။ မဟာဘုတ် ပညာအား စတင်လေ့လာပါက ကသစ်မဟာဘုတ်၏ အခန်းကဏ္ဍကို အထူးဂရုပြု လေ့လာသင့်သည်။ 'ကသစ် မဟာဘုတ် လင်္ကာ" လှ ၊ တော၊ မြို့၊ သား၊ အ၊ ကြွား ၊ ဆင့် ၎င်း လင်္ကာအရ ကသစ်မဟာဘုတ်သည် အောက်ပါအတိုင်း မဟာဘုတ်ဇာတာခွင်တွင် တည်ရှိသည်။ ဂဏန်းသင်္ချာဖြင့် ပြဆိုပါက ကသစ် မဟာဘုတ် မဟာဘုတ် တွက်ချက်နည်း မဟာဘုတ်ဇာတာ တည်ဆောက်ရန်အတွက် တွက်ချက်လိုသူ၏ မြန်မာမွေးနေ့သက္ကရာဇ်ကို (၇) ဂဏန်းဖြင့် စားရသည်။ အကြွင်းပေါ်မူတည်၍ "အောင် , လံ, ထူ, စစ်, သူ, ကြီး, ပွဲ " လင်္ကာအတိုင်း ဘင်္ဂအိမ်မှ အစပြု၍ ၄ကြိမ်တိုးကိန်း (ဓာတ်ကြီး၄ပါး) ဖြင့် မဟာဘုတ်ဇာတာတွင် ထည့်သွင်းရသည်။ ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ အစီအစဉ်အတိုင်း ဖြစ်သည်။ မဟာဘုတ်တွင် ရာဟုကို ထည့်သွင်း တွက်ချက်ခြင်း မရှိသော်လည်း အထူးခြွင်းချက်အနေဖြင့် ရာဟုသည် ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၂:ဝဝ နာရီကျော်ချိန် မွေးဖွားသူများအတွက် မဟာဘုတ်မှတစ်ဆင့် တွက်ချက်ယူသည့် အခြားသော ဟောပြောမှုများ၌ Birth Lord အတွက် ဆုံးဖြတ်ရာ၌ အသုံးပြုသည်။ 'အောင်လံထူစစ်သူကြီးပွဲ' ဆိုသည်မှာ အောင် = ၁ (တနင်္ဂနွေ) လံ = ၄ (ဗုဒ္ဓဟူး) ထူ = ၀ (စနေ) စစ် = ၃ (အင်္ဂါ) သူ = ၆ (သောကြာ) ကြီး =၂ (တနင်္လာ) ပွဲ = ၅ (ကြာသပတေး) ကိုဆိုလိုသည်။ ဥပမာ မြန်မာမွေးသက္ကရာဇ် ၁၃၄၂ ခုနှစ်မွေးသည့် တနင်္လသား ကျော်ဦးကို မဟာဘုတ်ဇာတာ တွက်မည်ဆိုပါက ၁၃၄၂ ကို (၇) ဖြင့် စားပါက (၅)ကြွင်းပါမည်။ (၅) ဆိုသည်မှာ ကြာသပတေး (ပွဲ)ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂအိမ်မှ စတင်ပြီး " ပွဲ - အောင် - လံ - ထူ - စစ် - သူ - ကြီး " ဟူ၍ တည်ဆောက်ရမည်။ ဘင်္ဂအိမ် တွင် " ပွဲ " , မရဏ အိမ်တွင်" အောင် ", အထွန်းအိမ် တွင် "လံ", သိုက်အိမ်တွင် "ထူ" ရာဇ အိမ်တွင် "စစ်" , ပုတိအိမ်တွင် "သူ", အဓိပတိအိမ်တွင် "ကြီး" ဖြစ်သောကြောင့် ၁၃၄၂ ခုနှစ်မွေး တနင်္လာသားသည် အဓိပတိဖွားဖြစ်သည်။ ၁ ကြွင်း မဟာဘုတ် ဇာတာ ၂ကြွင်း မဟာဘုတ် ဇာတာ ၃ကြွင်း မဟာဘုတ် ဇာတာ ၄ကြွင်း မဟာဘုတ် ဇာတာ ၅ကြွင်း မဟာဘုတ်ဇာတာ ၆ကြွင်း မဟာဘုတ် ဇာတာ ၀ကြွင်း မဟာဘုတ် ဇာတာ ဗေဒင်
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%98%E1%80%AF%E1%80%90%E1%80%BA
ငှက်
ငှက် (မျိုးပေါင်း Aves) သည် အမွှေးအတောင်ရှိ၍ အတောင်ပံ နှစ်ဖက်ရှိသော သွေးနွေးသတ္တဝါအမျိုးအစားတွင်ပါဝင်သည်။ သို့သော် အားလုံး ပျံသန်းနိုင်စွမ်း မရှိကြပေ။ အချို့ငှက်များသည် အလွန်အပြေးသန်သူများဖြစ်ကြပြီး အချို့ကတော့ အလွန်ရေကူး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ငှက်သည် ကျောရိုးရှိသတ္တဝါဖြစ်ပြီး ဥ,ဥတတ်သော သတ္တဝါအမျိုးအစားလည်း ဖြစ်သည်။ ဥက ပေါက်ဖွားလာသော ကလေးငယ်များကို စောင့်ရှောက်လေ့ ရှိကြသည်။ အသက်ရှင်နေထိုင်လျက် ရှိသော ငှက်အမျိုးကွဲပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ကျောရိုးရှိသတ္တဝါများတွင် မျိုးကွဲအများဆုံးရှိသော တက်ထရာပေါ့ဒ်(tetrapod) အမျိုးအစားလည်းဖြစ်သည်။ သူတို့သည် အာတိတ်မှ အန္တာတိတ်အထိ ကမ္ဘာပေါ်ရှိ သဘာဝပတ်ဝန်းကျင် (ecosystems) အမျိုးမျိုးတွင် ပျံနှံ့နေထိုင်ကြသည်။ ငှက် များ၏ အရွယ်အစားမှာ ၅ စင်တီမီတာ(၂ လက်မ)မျှသာရှိသော ဘီးဟမ်းမင်းငှက် (Bee Hummingbird) မှသည် ၂.၇ မီတာ(၉ ပေ) အထိရှည်သော ငှက်ကုလားအုတ်အထိရှိသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းများအရ ငှက်များသည် သယ်ယိုပေါ့ဒ် ဒိုင်နိုဆောများမှ ဂျူရက်ဆစ်အချိန်ကာလမှ စ၍ဆင်းသက်လာသည်ဟု ခန့်မှန်းနိုင်ပြီး နှစ်ပေါင်း သန်း ၁၅၀ မှ သန်း၂၀၀ ခန့်တွင်ဖြစ်သည်။ နိခါတကဗေဒပညာရှင်အများစုက ငှက်တို့သည် Cretaceous–Tertiary မျိုးတုံးခြင်း အဖြစ်အပျက်အတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ဒိုင်နိုဆောတို့၏ တစ်ခုတည်းသော အဆက်အနွယ်များအဖြစ် ယူဆကြသည်။ ငှက်လောက ကျွန်ုပ်တို့သည် ငှက်များကို နေ့စဉ်တွေ့မြင်နေကြရသော်လည်း ငှက်၏အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် မသိကြပေ။ အလွန်ရှေးကျသောခေတ်က ငှက်များသည် ဖွတ်၊ ပုတက်တို့ကဲ့သို့သော တွားသွားကောင်များနှင့် တူသည်ဟုဆိုလျှင် ယုံနိုင်ဖွယ်ရာ ရှိမည် မဟုတ်ချေ။ ထိုကြောင့် ငှက်အကြောင်းကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ငှက်လောက၏ စိတ်ဝင်စားဖွယ်ရာ၊ မှတ်သားဖွယ်ရာ အချက်များကိုပို၍ သိရှိလာနိုင်မည် ဖြစ်ပေသည်။ ငှက် ငှက်သည် အမွှေးအတောင်ရှိသော ကျောရိုးရှိသတ္တဝါဖြစ်၏။ သို့သော် အခြားကျောရိုးရှိသတ္တဝါများဖြစ်သော တွားသွားသတ္တဝါ၊ နို့တိုက်သတ္တဝါတို့နှင့်ကား မတူချေ။ ထိုတွားသွားသတ္တဝါနှင့် နို့တိုက်သတ္တဝါတို့တွင် အရေပြား၌ အကြေးခွံနှင့် အမွှေးအမှင်တို့ ရှိကြသည်။ ငှက်မှာမူ လေထဲတွင် ပျံသန်းရသော တိရစ္ဆာန် ဖြစ်ခြင်းကြောင့် အရေပြားမှ အမွှေးအတောင်များ ဆန်းကြယ်စွာ ပေါက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ငှက်မျိုးပေါင်းမှာ ၁၃ဝဝဝ နှင့် ၁၄ဝဝဝ အကြားတွင် ရှိသည်။ ငှက်တို့ကို (မျိုးစိတ်၊ မျိုးစု၊ မျိုးရင်း၊ မျိုးစဉ်၊ မျိုးပေါင်း)ဟူ၍ အဆင့်ဆင့် ခွဲခြား ထားသည်။ ဤသို့ ခွဲခြား၍ကြည့်လိုက်သော်၊ ငှက်မျိုးပေါင်းသည် ကျောရိုးရှိ မျိုးပေါင်းစုတွင် အပါအဝင် ဖြစ်သည်ကို တွေ့ရလေသည်။ ငှက်အမျိုးပေါင်း(မျိုးစိတ်ပေါင်း) ၈၆၀၀-ကျော်အား မျိုးစု ၁၆၀၀-ခု၊ မျိုးရင်း ၁၅၅-ခု၊ မျိုးစဉ် ၂၇-ခု၊ မျိုးပေါင်း ၁-ခု အဖြစ် သတ်မှတ်ထားသည်။ တွားသွားရာမှ မိုးသို့ပျံခြင်း သို့ရာတွင် သိပ္ပံသုတေသီတို့၏အလို၌ ငှက်၏ မူလဘူတသည် တွားသွားသတ္တဝါတို့ပင် ဖြစ်မည်ဟုဆိုကြလေသည်။ ကမ္ဘာဦး ရှေးပဝေသဏီခေတ်က ရှိခဲ့ဘူးသော ငှက်၏ စကယ်လီတန်တို့ကို မြေအောက်မှ တူးဖော်ရရှိသောအခါ ထိုကမ္ဘာဦးငှက်များသည် တွားသွားတတ်သော ဖွတ်၊ ပုတတ်တို့၏ ပုံသဏ္ဌာန်ရှိသည်ကို တွေ့ရသည်။ ထိုငှက်တို့၏ နှုတ်သီး၌ သွားများပါရှိသည်။ တောင်ပံ၌လည်း လက်ချောင်းများရှိကြသည်။ ဤသည်ကို ထောက်ရှု၍ ယခုခေတ်ငှက်သည် တွားသွားသတ္တဝါနှင့်တူသည့် ရှေးခေတ် ငှက်ကြီးများမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ယခုခေတ်ငှက်တို့၏ နေထားသွင်ပြင်တို့ ပြောင်းလဲလာရခြင်းများမှာ ငှက်တို့သည် အတောင်ကိုအသုံးပြု၍ လေထဲ၌ ပျံသန်းတက်လာခြင်းကြောင့် ဖြစ်သည်ဟု ယူဆရသည်။ ငှက်သည် အဘယ်ကြောင့် ပျံနိုင်သနည်း သဘာဝသည် ငှက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို ကောင်းကင်၌ ပျံသန်းနိုင်စေရန် ဖန်တီးထား၏။ ငှက်၏ စကယ်လီတန်တို့ကို ကြည့်လေ။ ငှက်ရိုးတို့သည် ကျစ်လျစ်၏။ အခေါင်းရှိ၏။ ပေါ့ပါး၏။ ငှက်ကျောရိုး အဆစ်များသည် ပေါင်းစပ်နေသဖြင့် ကျောရိုးသည် မြီးထူးရိုးနှင့်လည်း နီးကပ်စွာ ဆက်စပ်တည်ရှိသည်။ ထို့ပြင် အခြားအရိုးတို့မှာ ငှက်၏ကိုယ်ထည်တစ်ခုလုံး အပေါ်၌ ပေါင်းကူးကဲ့သို့ အထပ်ထပ်ဖွဲ့၍ နေသဖြင့် ကိုယ်ထည်မှာ တောင့်တင်းခိုင်မာပါလျက်နှင့် ပေါ့ပါး၍ နေပေသည်။ လေယာဉ်ပျံတွင် လေးလံသော စက်ကိရိယာနှင့် ခရီးသည်တို့ကို ဟန်ချက်အနီးအနားတဝိုက်၌ ထားရှိရသည်။ ထို့အတူ ငှက်၏ လေးလံသော ခန္ဓာအစိတ်အပိုင်းပါသည့် ကိုယ်ထည်တစ်ခုလုံးသည် ဟန်ချက်တဝိုက်၌သာ တည်ရှိသည်။ ပေါ့ပါးသော အင်္ဂါများကို ဦးခေါင်း၊ အမြီး၊ အတောင်နှင့် ခြေထောက်တို့ကား ဟန်ချက်ဖြင့် ဝေးရာတွင် တည်ရှိပေသည်။ ထိုပေါ့ပါးသည့် အင်္ဂါများကို လှုပ်ရှားစေသော အသားစိုင်မှာ ကိုယ်ထည်နှင့်သာ ဆက်စပ်လျက်ရှိပေသည်။ အသားစိုင် အများဆုံးအပိုင်းမှာ ပေါင်ပိုင်းသာဖြစ်၍ ငှက်ကိုယ်ထည်၏ ဟန်ချက်နှင့် နီးကပ်စွာ တည်ရှိနေသည်။ ပေါင်အောက်ဘက်ရှိ ခြေတံမှာ သေးသွယ်ရှည်လျားသော အရိုးချောင်းဖြစ်သည်။ ထိုအရိုးနှင့် ခြေချောင်းကလေးများသည် ဆက်နေသည်။ ခြေပိုင်း၌ အများအားဖြင့် အမွှေးအတောင် မရှိချေ။ ငှက်တောင်မှာ စင်စစ်အားဖြင့် တွားသွားသတ္တဝါနှင့် နို့တိုက်သတ္တဝါတို့၏ ရှေ့လက်ဖျားများဖြစ်သည်ဟု ဆိုနိုင်သည်။ ပျံသန်းနိုင်ရန်အတွက် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေခြင်းသာ ဖြစ်၏။ တောင်ပံတို့ကို ခတ်နိုင်စေရန် ရင်အုပ်ရှိ ကြွက်သားတို့သည် ကြီးထွားလျက် ရှိ၏။ ထိုရင်အုပ်သားမှာလည်း ကိုယ်ထည်၏ ဟန်ချက်အနီး၌ပင် တည်ရှိသည်။ အသုံးမလိုသော လက်ကောက်ဝတ်ရိုးနှင့် လက်ဝါးရိုးတို့သည် ပူးပေါင်းလျက်၊ လက်ချောင်းတစ်ချောင်းသာလျှင် ထင်ရှားစွာ ကျန်ရစ်သည်။ ငှက်နှင့် တွားသွားသတ္တဝါတို့၏ ခြားနားချက် တွားသွားသတ္တဝါတို့သည် သွေးအေးသတ္တဝါများ ဖြစ်ကြ၏။ နို့တိုက်သတ္တဝါတို့မှာ သွေးနွေးသတ္တဝါများဖြစ်သည်။ သို့သော် ငှက်သည် တွားသွားရမည့်ဘဝမှ ကောင်းကင်၌ ပျံသန်းရသည့်ဘဝသို့ ရောက်လာသောအခါ နို့တိုက်သတ္တဝါကဲ့သို့ သွေးနွေးသတ္တဝါ ဖြစ်ခဲ့လေသည်။ သွေးနွေးသတ္တဝါတို့၌ အပူရှိန် တစ်သမတ်တည်း ရှိကြသည်။ သွေးအေးသတ္တဝါတို့ကား ပတ်ဝန်းကျင် အပူအအေးကို လိုက်၍ အပူရှိန် ပြောင်းလဲတတ်သည်။ ဆောင်းတွင်း၌ သွေးအေးသတ္တဝါတို့သည် လေးလံ ထိုင်းမှိုင်းလာကြသည်။ ငှက်တို့ကား အစဉ်သဖြင့် ပျံသန်းလှုပ်ရှားရသူများဖြစ်၍ လေးလံထိုင်းမှိုင်းသော သဘာဝနှင့် သဟဇာတ မဖြစ်ချေ။ ငှက်တို့သည် သွေးနွေးသတ္တဝါများ ဖြစ်လာကြသဖြင့် သူတို့၏ အမူအကျင့် အလေ့အထလည်း ပြောင်းလဲလာရသည်။ ငှက်ဥနှင့် ငှက်ငယ်များအတွက် အပူချိန်သည် တစ်သမတ်တည်း ညီရမည်ဖြစ်၍ ငှက်တို့သည် အသိုက်လုပ်ရသည်။ ဥအုပြီးနောက် ဝပ်ရသည်။ သွေးနွေးသတ္တဝါ ဖြစ်သည့်အလျောက် ဆောင်းဥတု၌ နွေးသောဒေသသို့ ပြောင်းရွှေ့ရသည်။ ငှက်တို့၏ ကိုယ်တွင်း အပူသည် လူတို့၏ကိုယ်တွင်းအပူထက် ပြင်းသည်ဖြစ်၍ အစာအကြေမြန်သည်။ ထို့ကြောင့် မနေမနား အစာ ရှာရသည်။ ငှက်၏ ခေါင်းခွံမှာ ပါး၍ မေးရိုးမပါရှိချေ။ သွားလည်း မရှိချေ။ အစာကို ကြေညက်အောင် ဝါးရသည်ဟု မရှိသောကြောင့် ငှက်၏ ဝမ်းတွင်းရှိ အမြစ်သည် အစာချေဖျက်နိုင်ရန် အလုပ်ကို လုပ်ပေးရလေသည်။ ဆင့်ကဲပြောင်းလဲမှုအရ ကွဲပြားသွားသော ငှက်မျိုးစဉ်များ "Braun & Kimball (2021) " သုတေသနစာတမ်းအပေါ်အခြေခံ၍ မျိုးရိုးဆင်းသက်မှု ဆင့်ကဲပြောင်းလဲသွားပုံအရ မျိုးစိတ်တစ်ခုနှင့် တစ်ခုအကြား နီးစပ်သော မျိုးရိုးဆက်နွယ်မှုကို ပြထားသော မျိုးရိုးဇယားဖြစ်သည် - ငှက်မျက်စိ ငှက်တို့သည် အလွန်မျက်စိရှင်ကြ၏။ ကြည်လင်ထက်မြက် သော မျက်လုံးများသည် ခရီးဝေးကို မြင်နိုင်ကြသည်။ ထို့အပြင် လေထဲ၌ အဟုန်ပြင်းစွာ ပျံသန်းနေသည်ဖြစ်စေကာမူ အလားတူ လျင်မြန်စွာ ပျံသန်းနေသော ပိုးမွှားတို့ကို မျက်ခြည်မပြတ် မြင် နိုင်စွမ်းရှိ၏။ လင်းယုန်ငှက်နှင့် လင်းတငှက်ကဲ့သို့ ငှက်ရဲများ သည် အလွန်မြင့်သော ကောင်းကင်အရပ်၌ ပျံဝဲကာ နေရာမှ မြေပြင်ပေါ်တွင်ရှိသည့် သေးငယ်သော အစာကောင်ကို မြင် သည်နှင့်တစ်ပြိုင်နက် အဟုန်ပြင်းစွာနှင့် စိုက်ထိုး သုတ်ယူ တတ်ကြသည်။ ထို့အပြင် ဤငှက်ရဲတို့တွင် မျက်ခွံလွှာအပို တစ်ထပ်ပါရှိသဖြင့် မျက်စိကို အလင်းရောင် မစူးနိုင် အောင် မျက်ခွံလွှာကို လိုသလို ရှုံ့ချည်ပိတ်ချည် ပြုလုပ်နိုင်သည့်အပြင် တင်းတိမ်ဖြင့် ကာသကဲ့သို့လည်း ကာထားနိုင်၏။ ထိုမျက်ခွံလွှာ အပိုကို မှိတ်ထားစေကာမူ မြင်နိုင်သောအစွမ်း ရှိသည်။ ထို့အပြင် ခရီးဝေးနီးတို့ကိုလည်း ပြတ်သားစွာ မြင်နိုင်အောင် မျက်စိကို ချိန်နိုင်ကြသည်။ ငှက်၏ စီးပွားရေးအကူအညီ ငှက်သည် မနားမနေ အစာရှာဖွေ စားသောက်တတ်သော ကြောင့် ယင်းတို့၏ အစာဖြစ်သော ပိုးမွှားတို့ကို ဖျက်ဆီးပေး ခြင်းအားဖြင့် လူ၏ စီးပွားကို အကျိုးပြုသည်။ ပိုးမွှားတို့သည် လူတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၌ ကြီးမားသော ရန်သူ ဖြစ်သည်။ အားလူးပင်ဖျက် ပိုးတောင်မာသည် သဘာဝ အလျောက် သားပေါက်ချိန်တချိန်အတွင်း သန်းပေါင်း ၆ဝ မျှ သော သားစဉ် မြေးဆက် ပိုးကောင်တို့ကို ပေါက်ပွားစေနိုင် သည်။ အပင်များတွင် ကျတတ်သော ပျကောင်များသည် သက်တမ်းတိုသဖြင့် တနှစ်အတွင်း ၁၃ ကြိမ်မျှ မျိုးပေါက်ပွား ကြသည်။ ပျအမ တစ်ကောင်မှ အနည်းဆုံး သားငယ် အကောင်ပေါင်း ၅ဝ အထိ မွေးတတ်ရာ ၁၃ ဆက်မြောက်သို့ ရောက်သည့်အခါ ပျကောင် အရေအတွက်မှာ ၁ဝ နောက်တွင် သုည ၃၆ လုံးရှိသော ကိန်း သို့ပင် ရောက်မည်ဖြစ်၏။ အပွားမြန်သော ပိုးကောင်တို့သည် အနှောင့်အယှက် တစ်စုံ တစ်ရာ မရှိဘဲ လိုသမျှအစာကို ဝဝလင်လင် စားကြရမည် ဆိုလျှင် ကမ္ဘာမြေကြီးပေါ်တွင် နှစ် အနည်းငယ်အတွင်း ပိုးမွှားတို့ဖြင့်သာ ပြည့်နှက်နေပေလိမ့်မည်။ ဤအချက် တစ်ရပ်နှင့်ပင် ပိုးမွှားတို့သည် လူ၏ ရန်သူဖြစ်သည်ကို သဘောပေါက်ကြပေလိမ့်မည်။ ထိုပိုမွှားတို့ကို ငှက်တို့သည် သုတ်သင်ပေးလေသည်။ စကားလက်တန်နဂျာ ခေါ် အမေရိကန်ငှက်တစ်မျိုးကို ပိုးဖလံ ကောင် အငယ်စားများ ကျရောက်၍ ဖျက်ဆီးနေသည့် အပင် တစ်ပင်၌ ကျက်စားနေစဉ် စောင့်၍ကြည့်ရာ ၁၈ မိနစ်အတွင်း ပေါက်ဖတ်အကောင်ပေါင်း ၆၃ဝ မျှကို စားပစ်ကြောင်း တွေ့ရ သည်။ တစ်ငှက် အဖိုနှင့်အမတစ်စုံကို စောင့်၍ ကြည့်ရာ၌ လည်း ပန်းသီးပင်များကို ဖျက်ဆီးတတ်သည့် ပိုးဖလံကောင် ပေါက်စ ပေါက်ဖတ်ကလေးများကို အသိုက်သို့ ကူသယ် ကောက်သယ်ချီယူနေသည်မှာ တစ်နာရီအတွင်း ၄၇ ခေါက်ရှိ၍ တစ်ကြိမ်တစ်ကြိမ်လျှင် ပေါက်ဖတ် နှစ်ကောင်သုံးကောင် ချီယူ သွားကြသည်။ အသိုက်တွင်း၌ သားငယ်များ ပေါက်ပွားနေချိန် တွင် မိုးလင်းမှ မိုးချုပ်အထိ သားငယ်တို့အား အစာရှာခွံလေ့ ရှိသဖြင့် တစ်နေ့လျှင် ပိုးကောင်ပေါင်း မည်မျှ ချီယူကြမည်ကို လွယ်ကူစွာ သဘောပေါက်နိုင်ပေ၏။ နှံပြီစုတ်ငှက်မတစ်ကောင် သည် သားငယ်တို့အား တစ်နာရီလျှင် ၃၈ ကြိမ်မျှ အစာခွံ့ သည်ကို တွေ့မြင်ရသည်။ ထိုငှက်မ ချီယူလာသော အစာများ တွင် သစ်ပင်များ၏ အရည်ကို စုတ်ယူတတ်သော ပျကောင် များ၊ အရွက်များကို ကိုတ်ဖြတ်တတ်သော ပေါက်ဖတ်များနှင့် ခြေတံရှည်ပိုးကောင်များ ပါဝင်လေသည်။ သီးနှံပင်နှင့် မြက်ပင်များ၏ အမြစ်များကို ကိုက်ဖြတ် ဖျက်ဆီးတတ်သော ခြေတံရှည် ပိုးကောင်ပေါက်စနှင့် ပိုး တောင်မာ ပေါက်စတို့ကဲ့သို့ သီးနှံဖျက်ပိုးများကို စားသောက် လေ့ရှိသော စတားလင်းခေါ် ငှက်တစ်မျိုးသည် တစ်နာရီလျှင် အကြိမ် ၃ဝ မျှ ထိုပိုးများကိုချီ၍ သားငယ်တို့အား အစာခွံ့ကြ သည်။ နှံပြီစုတ်ငှက်တစ်ကောင်သည် ၁၅ နာရီနှင့် ၄၅ မိနစ် အတွင်း သားကောင်ငယ်တို့အား ၁၂၁၇ ကြိမ်မျှ အစာခွံ ကျွေး သည်မှာ မှတ်သားဖွယ်ရာ အကောင်းဆုံးစံချိန်တစ်ရပ် ဖြစ် သည်။ ကောက်ပင်များ၏ အနှံတို့ကို ကိုက်ဖြတ်စားသောက် လေ့ရှိသော သာမန်စာကလေးများပင်လျှင် သားပေါက်ချိန်၌ သားငယ်တို့ကို ဆန်စေ့၊ စပါးများ မကျွေးမူ၍၊ ပေါက်ဖတ် များကို ရှာဖွေ ကျွေးမွေးတတ်ကြသည်။ ဤနည်းအားဖြင့် ငှက်တို့သည် တောင်သူလယ်သမားတို့အား ထိရောက်စွာ ကူညီကြပေသည်။ သိပ္ပံပညာစနစ်ဖြင့် စမ်းသပ်ကြည့်ရာတွင် ငှက်ငယ်များ ကြီးထွားလာရန်မှာ ယင်းကိုယ်ခန္ဓာ၏ အလေးချိန်ထက်ဝက်မှ အပြည့်အထိလေးသော အစာကို နေ့စဉ် စားသောက်ရမှ ကြီး ထွားနိုင်သည်ကို တွေ့ရသည်။ အချို့ငှက်တို့သည် လယ်ယာစိုက်ပျိုးမှုကို အနှောင့်အယှက် ပေးသည့် ပေါင်းပင် မျိုးစေ့များကို စားသောက်ကြခြင်းဖြင့်၊ တောင်သူလယ်သမားတို့ကို ကျေးဇူးပြုပေးသည်။ ပေါင်းပင် စေ့ကို စားသောက်သော ငှက်နှစ်မျိုး၏ စလုတ်မှ အစေ့ ပေါင်း ၁၇ဝဝ နှင့် ၅ဝဝဝ အသီးသီး ထုတ်ယူရရှိခဲ့ဘူး လေသည်။ ကြွက်ကဲ့သို့သော သီးနှံဖျက် တိရစ္ဆာန်တို့ကို ငှက်တို့က ဖမ်း၍ စားသောက်တတ်ကြသည်။ အကယ်၍ ကြွက်ဖိုမတစ်စုံမှ ပေါက်သောသားများ တစ်ကောင်မကျန် အဖတ်တင်သည်ဟု ဆိုငြားအံ့၊ ထိုသားအမိ သားအဖတစ်မြုံသည် ငါးနှစ်အတွင်း ကောင်ရေပေါင်း သန်းချီ၍ ပေါက်ပွားမည်ဖြစ်သည်။ သို့သော် ထိုအခြေအနေသို့ မရောက်စေရန် ဇီးကွက်နှင့် သိမ်းငှက်တို့သည် တောင်သူလယ်သမားဖက်မှနေ၍ ကူညီကြသည်။ ထိုမှတစ်ပါး ငှက်တို့သည် ဟင်းလျာအတွက်လည်း အသုံး ဝင်သည်။ ရစ်၊ ခါ၊ ချို၊ တောဘဲ၊ စစ်စလီ၊ ဘုမ္မတီး၊ တော ကြက် စသော ငှက်တို့မှာ မြန်မာနိုင်ငံတွင် ဟင်းလျာအတွက် ဖမ်းဆီးလေ့ရှိသော ငှက်မျိုးများ ဖြစ်ကြသည်။ ဥရောပနိုင်ငံ များ၌ ဂရောက်ရစ်၊ စနိုက်ငှက်၊ ရစ်၊ စနိုက်ကြီး၊ ကြက်ဆင်၊ တောဘဲနှင့် တောငန်းတို့ကို ဟင်းလျာအလို့ငှာ အမြတ်တနိုး ထားကြသည်။ လူ၏ ရန်သူငှက်များ လူတို့အတွက် ငှက်တို့သည် အသုံးဝင်သည် မှန်၏။ သို့သော် လူတို့ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော ငှက်တို့ လည်း ရှိသေး၏။ ငှက်တို့သည် ဆီးသီး၊ မာလကာသီး စသော အသီးငယ်များကို အလွန်ကြိုက်နှစ်သက်တတ်၏။ ဂျုံ၊ စပါး စသည့် ကောက်သီးကောက်နှံများကိုလည်း ကြိုက်နှစ်သက် တတ်၏။ အနောက်နိုင်ငံတွင် စထရော်ယယ်ရီ၊ ရပ်စဘေရီနှင့် ချယ်ရီသီးတို့ သီးချိန်တွင် ငှက်တို့၏ ရန်သူကို များစွာ စိုးရိမ် ရ၏။ မြန်မာနိုင်ငံ၌ စပါးမှည့်ချိန်တွင် တောငှက်နှင့် စာကလေးတို့၏ဘေးရန်ကို စိုးရိမ်ရသောကြောင့် လယ်ကွင်း များတွင် ခလောက်ဖြင့် အမြဲစာခြောက်ရသည်။ ထို့အပြင် ကြက် ငှက်မွေးမြူသူများ၏ ရန်သူတို့မှာ ကျီး၊ စွန်၊ သိမ်း စသော ငှက်များဖြစ်သည်။ ငှက်သုတေသီ ငှက်တို့၏ အကြောင်းခြင်းရာကို သုတေသနပြုသူ ပုဂ္ဂိုလ် အမြောက်အမြား ရှိလေသည်။ ငှက်တို့ကို တမင်သက်သက် အလှမွေးမြူသူတို့လည်း ရှိ၏။ ထိုပုဂ္ဂိုလ်တို့၏ ကျေးဇူးကြောင့် ငှက်အကြောင်းကို စနစ်တကျ ကျွန်ုပ်တို့ သိရှိရပေသည်။ ငှက် တို့၏ သီချင်းသံနှင့် အရောင်အဆင်းတို့ကို စူးစမ်းလေ့လာခြင်း အလုပ်သည် သဘာဝနှင့် နီးစပ်သော အလုပ်ဖြစ်၍ အလွန်စိတ် ကြည်လင်စေသော အလုပ်ဖြစ်သည်။ အိမ်ခြံဝင်းအတွင်း၌ သစ် ပင် ပန်းမာလ်များ စိုက်ပျိုးပေးထားခြင်း၊ ငှက်အိမ်များ ဆောက် လုပ်ပေးထားခြင်း စသည်ဖြင့် ငှက်အပေါင်းတို့ လာရောက် နေထိုင်စေရန် ငှက်မွေးမြူသူတို့က ဖန်တီးပေးလေ့ရှိသည်။ ငှက် သုတေသီတို့မှာ တောတောင်ရေမြေတို့ကိုလှည့်လည်၍ ငှက်တို့ ၏ အမူအကျင့်ကို လေ့လာကြသည်။ ငှက်အမျိုးအစားကိုလိုက်၍ ငှက်စားကျက် အမျိုးမျိုးရှိသည်။ အချို့ငှက်တို့သည် သစ်တော၊ ခြံကြီး၊ ဥယျာဉ်များကြီးထဲတွင် ကျက်စားသည်။ အချို့မှာ အင်းအိုင် ချောင်းမြောင်းအရပ်ကို မှီ၍ နေကြသည်။ အချို့ကားလယ်ကွင်းများ၊ မြက်ခင်းများ၌၎င်း၊ တောင်ကုန်းများ၌၎င်း အစာရှာဖွေကြသည်။ ငှက်ဒေသခြောက်ရပ် ငှက်သုတေသီတို့၏ အလိုအားဖြင့် ငှက်မျိုးများကို ဒေသ ခြောက်ပိုင်း ပိုင်း၍ တွေ့နိုင်သည်ဟု ဆိုကြသည်။ ထိုဒေသ ခြောက်ပိုင်းမှာ (၁) နယူးဇီလန်၊ (၂) ဩစတြေးလျ၊ (၃) အပူပိုင်းဇုန်သစ်(တောင်အမေရိက)၊ (၄) အိန္ဒိယ၊ (၅) အာဖရိကနှင့် (၆) အာတိတ်ဇုန်ဟောင်း(မြောက်အမေရိက၊ ဥရောပနှင့်အာရှမြောက်ပိုင်း) ဟူ၍ ဖြစ်ကြသည်။ ငှက်မျိုး အနည်းအငယ် တို့ကို ကမ္ဘာအရပ်ရပ်၌ အနှံ့အပြား တွေ့ရှိရ သော်ငြားလည်း ငှက်မျိုးစိတ်နှင့် မျိုးရင်းပေါင်း မြောက်မြားစွာ တို့ကိုမူ သူ့ဆိုင်ရာ ဒေသ၌သာ တွေ့ရှိနိုင်သည်။ ထို့ကြောင့် မြောက် အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ရှိ ငှက် တို့သည် မတူကြချေ။ ထို့အတူ အာဖရိကတိုက်ရှိ ငှက်တို့သည် ဥရောပတိုက်ရှိ ငှက်တို့နှင့် ခြားနားသည်။ သို့သော် မြောက် အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ ငှက်တို့မှာ ဆင်တူဖြစ် သည်။ အရှေ့အိန္ဒိယကျွန်းစုရှိ ငှက်တို့ကို လေ့လာကြည့်လျှင် တစ်ကျွန်းတွင်ရှိသော ငှက်မျိုးသည် အခြားကျွန်းရှိငှက်နှင့် မတူကွဲပြားသည်ကို တွေ့ရသည်။ ဖြစ်ရသည်မှာ အချို့ငှက်တို့ သည် ဩစတြေးလျ အစုထဲတွင် ပါဝင်၍ အချို့မှာ အိန္ဒိယအစု ထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။ သာဓက ပြရသော် ဗာလီကျွန်းနှင့် လွမ်းဗုတ်ကျွန်းတို့သည် တစ်ကျွန်းနှင့်တစ်ကျွန်း မိုင် ၂ဝ မျှသာ ကွာသည်။ သို့သော် ထိုကျွန်း နှစ်ကျွန်းရှိ ငှက် တို့ ခြားနားပုံမှာ အာဖရိကငှက်နှင့် တောင်အမေရိကငှက်တို့ ခြားနားသည့် ပုံအတိုင်းပင် ဖြစ်သည်။ ဤသည်ကို ထောက်ရူ လျှင် ထိုကျွန်းနှစ်ကျွန်းသည် ဘယ်သောအခါကမျှ တစပ်တည်း မတည်ခဲ့ကြောင်း ထင်ရှားသည်။ ထို နှစ်ကျွန်း၏ အကြားရှိ နက်ရှိုင်းသော ရေလက်ကြားသည် ဩစတြေးလျနှင့် အာရှကို ခွဲခြားပေးသော နယ်နိမိတ်ဖြစ်သည် ဟု ယူဆနိုင်သည်။ ဗာလီ ကျွန်းသည် အာရှ၌ အပါအဝင် ဖြစ်သော်လည်း လွမ်းဗုတ်ကျွန်း မှာ ဩစတြေးလျ ၌ အပါအဝင် ဖြစ်သည်။ ငှက်တို့ နေရာပြောင်းရွှေ့တတ်ခြင်း ငှက်တို့ကို ဒေသအလိုက် သတ်မှတ်ပေးရာ၌ ငှက်တို့ အသိုက်ဖွဲ့၍ သားမွေရာအရပ်ကို အခြေပြု၍ ငှက်၏ နေရင်း ဇာတိကို သိရသည်။ သို့သော် ငှက်မျိုးစိတ်ပေါင်းများစွာတို့မှာ ရာသီဥတုကိုလိုက်၍ တစ်နယ်မှတစ်နယ်သို့ ရွှေ့ပြောင်းနေထိုင် ကြသည်။ ဗြိတိန်တွင် အသိုက်ဖွဲ့၍ သားမွေးသောငှက်တို့သည် အာဖရိကတိုက်သို့ပြောင်းရွှေ့၍ ဆောင်းခိုလေ့ရှိသည်။ ဗြိတိန်မှ ပျံလွှားငှက်သည် ဆောင်းရာသီ၌ မိုင် ၅ဝဝဝ ဝေးသော တောင် အာဖရိကတိုက်သို့ ရွှေ့ပြောင်း နေထိုင်လေ့ရှိသည်။ ရွှေရောင် ငှက် တစ်လိုင်းမျိုးသည် လားဗရာဒေါနှင့် နိုဗာစကိုးရှား ပြည် နယ်များမှ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၍ မနေမနား ပျံ သန်းကာ မိုင် ၂ဝဝဝ ဝေးသောတောင် အမေရိကတိုက်သို့ ဆောင်းခိုရန် ရွှေ့ပြောင်းကြသည်။ ထို့အတူပင် အနောက် ပစိဖိတ်ကမ်းခြေတွင်နေသော ငှက်တလိုင်းတို့သည် အလာ စတာ ပြည်နယ်မှ မိုင် ၂ဝဝဝ ဝေးသော ဟာဝိုင်းယန်းကျွန်းသို့ နှစ်ဉ် ကူးချည်သန်းချည်ပြုကြသည်။ သို့သော် သစ်တောက် ငှက်၊ တောစာနှင့် ရစ်စသော ငှက်တို့သည် ဗြိတိန်မှ ထွက်ခွာ သွားလေ့ မရှိချေ။ ပျံလွှားငှက်၊ တောဘဲ၊ ပုစဉ်းထိုးနှင့် မြေလူး ငှက် စသည်တို့သာ နှစ်စဉ်နေရာပြောင်းကြသည်။ နွေဦးပေါက်သို့ ရောက်လာတိုင်း ကမ္ဘာမြောက်ပိုင်းရှိ ငှက် တို့သည် မြောက်ဘက်သို့ နေရာပြောင်း၍ တောင်ပိုင်းရှိ ငှက် တို့သည် တောင်ဘက်သို့ နေရာပြောင်းကြသည်။ နွေးရာအရပ် များသို့ ရွှေ့ပြောင်းခြင်းပင် ဖြစ်၏။ နေရာပြောင်းရာ၌ ငှက်ဖို တို့သည် ဦးစွာ ရွှေ့ပြောင်းကြသည်။ ငှက်ဖိုတို့က အသိုက်လုပ် ရန် နေရာကောင်းကို ရှာဖွေပြီးလျှင် အပြိုင်အဆိုင် လုကြသော အခြားငှက်တို့ကို မောင်းနှင်ဖယ်ရှားပြီးသည့်နောက်မှ ငှက်မ တို့က ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခြားပြီး ရောက်လာကြသည်။ ထိုအခါ ငှက်ဖိုတို့က ငှက်မများကို အတူနေကြရန် သွေး ဆောင်ကြသည်။ ငှက် 'လူပျိုလှည့်'ပုံ ငှက်တို့သည် သာမန်အားဖြင့် အဖိုတစ်ကောင်လျှင် အမ တစ်ကောင်နှင့်သာ တစ်နှစ်အတွင်း စုံဖက်ပေါင်းသင်း၍ နေလေ့ ရှိသည်။ သို့သော် ကြက်မျိုးတွင်အပါအဝင်ဖြစ်သည့် ကြက်ဆင်၊ ရစ် စသည့်ငှက်တို့သည် အဖိုတစ်ကောင်လျှင် အမများစွာနှင့် ပေါင်းသင်းသည်။ ဤကဲ့သို့ အမပေါင်းများစွာတို့နှင့် ဆက်ဆံ လေ့ ရှိသော အခြားငှက်မျိုးများမှာ နှံပြီစုတ်နှင့် ဗလက်ဗတ် ခေါ် ငှက်မည်းများ ဖြစ်လေသည်။ ဥဩငှက်တိုသည် အခြား ငှက်သိုက်များ၌ အု၍ ထိုဥများမှ ပေါက်ပွားလာသော သားငယ် များကိုလည် ထိန်းသိမ်းစောင့်ရှောက်လေ့ မရှိကြသဖြင့် တစ်နှစ် တစ်ရာသီအတွင်း၌ပင် အဖော်အလဲလဲဖြင့် ပေါင်းဖက် ကြလေ သည်။ အမေရိကတိုက် အပူပိုင်းဒေသများတွင် တွေ့ရသော အန်နစ်ခေါ် ငှက်တစ်မျိုးသည် ငှက်မများစွာ ဥအုနိုင်ရန် အသိုက် တစ်ခုတည်းကို ဝိုင်းဝန်းကူညီ ဆောက်လုပ်လျက် ပေါက်လာ သမျှသော သားငယ်တို့ကိုလည်း အားလုံးဝိုင်း၍ စောင့်ရှောက် ကြလေသည်။ ငှက်ဖိုများသည် မိတ်ဖက်ရှာသည့်အခါ၌ မိမိအား စိတ်ညွတ် လေအောင် ငှက်မများကို 'လူပျိုလှည့်'လေ့ ရှိကြသည်။ ထို အချိန်အတောအတွင်း၌ ငှက်ဖိုများသည် သာယာသောအသံများ ကျူးရင့်ခြင်းဖြင့်ဖြစ်စေ၊ အမွှေးအတောင်များ အလှပြ၍ ဖြစ်စေ၊ ငှက်မများရှေ့တွင် သူ့ထက်ငါထင်ပေါ်ရအောင် အပြိုင်အဆိုင် ပြုလုပ်တတ်ကြသဖြင့် ငှက်များ၏ အသံသာယာဆုံးနှင့် အမွှေး အတောင်များ အလှအပဆုံးအချိန် ဖြစ်ပေသည်။ သို့သော် ငှက်တိုင်း ဘာသာသဘာဝ သီဆို အော် မြည်ကြသည် မဟုတ်ချေ။ ငှက်ကြီးဝံပိုနှင့် ငှက်ကျားတို့မှာ အရွယ်ကြီး ရင့်လာသောအခါ အသံမမြည်နိုင်ကြရှာချေ။ ငှက်ဖိုများ လူပျိုလှည့်သည့်အခါ ဆန်းပြားထွေထူးသော ကိုယ်ဟန် အမူအရာ ပြုလုပ်ကြပုံမှာ ငှက်တို့၏ အသံကို လေ့လာရသည်ထက်ပင် စိတ်ပါဝင်စားဖွယ် ကောင်းပေသည်။ ဥဒေါင်း၊ ကြက်ဆင်နှင့် လူတို့ မွေးမြူထားသည့် အိမ်ကြက် များသည် အမများရှေ့တွင် ဟန်ရေး အမျိုးမျိုး ပြကြပုံကို လူတိုင်းတွေ့ဘူးမြင်ဘူးကြပေမည်။ ငှက်ကလေးများသည်လည်း ငှက်မတို့ရှေ့တွင် ဟန်ရေးပြ လေ့ ရှိကြသည်။ စလုတ်ပွခိုကဲ့သို့ ငှက်မျိုးတို့တွင် ကိုယ်တွင်း ၌ ဆန်းကြယ်သည့် လေအိတ်များကို အမကို မြှူသည့်အခါ ထိုလေအိတ်ကို ဖောင်းပွလာစေခြင်းဖြင့် အချိုးမကျသော ကိုယ် ဟန်အမူအရာကို ဆောင်တတ်ကြသည်။ မိုးစွေငှက် ခေါ် ပျံလွှားငှက် တို့သည် ငှက်မတို့ကို လေထဲတွင် ကျင်လည်စွာ အမျိုးမျိုး ပျံ၍ ပြကြသည်။ ထိုငှက်များသည် အထက်သို့ လူတို့ မျက်ခြည် ပြတ်လု ခမန်းအထိ ပျံတက်၍ အပေါ်တွင် ရစ်ဝဲကာ အသံ ကျူးရင့်ပြီးနောက် ရုတ်တရက် အတောင်နှစ်ဖက်တို့ကို ရုပ် သိမ်းပြီးလျှင် မိုးပေါ်မှ ကျောက်တုံးကျောက်ခဲများကို ပစ်ချ လိုက်သကဲ့သို့ မြေပေါ်သို့ ထိုးဆင်းလာသည်။ ထိုနောက် ငှက်သည် မြေပြင်နှင့် ရိုက်မိတော့မည်ကဲ့သို့ရှိစဉ် အတောင် နှစ်ဖက်တို့ကို တစ်ဖန် ဖြန့်ကား၍ လိုရာအရပ်တွင် အသာ အယာသက်ဆင်း နားနေလိုက်လေသည်။ ပင်လယ်ဇင်ယော် မျာနှင့် ကြိုးကြာငှက်များမှာမူ ခြေစုံထောက်၍ ခုန်သည်က တစ်ဖုံ၊ ခြေတစ်ချောင်း တည်ထောက်၍ ခုတ်သည်ကတစ်နည်း၊ လည်တံကို ကိုင်းညွတ်သည်က တစ်သွယ်အားဖြင့် ဟန်ရေးပြ တတ်ကြသည်။ ဩစတြေးလျတိုက်နှင့် နယူးဂင်းနီကျွန်းတို့တွင် တွေ့ရှိ ရသော ဗိုးဝါးငှက်မျိုးမှာကား မြေပြင်ပေါ်တွင် သစ်ခက်များ ဖြင့် အဆောက်အအုံကလေးများ ပြုလုပ်ကြ၍ ယင်းတို့ကို နီရဲရဲသစ်သီးများ၊ အကြေးခွံများနှင့် ပန်းပွင့်များဖြင့် မွမ်းမံ ခြယ်လှယ်ထားလေ့ရှိကြသည်။ ဗိုးဝါးခေါ် ငှက်မျိုးပေါင်းများစွာ ရှိသည့်အနက် တစ်မျိုးမှာ သစ်ကိုင်းသစ်ခက်တို့ဖြင့် အမြင့် ရှစ်ပေအထိရှိသော အဆောက်အအုံများကို ဆောက်လုပ်၍ အတွင်း၌ အခန်းငယ်များ ကန့်ထားပြီးလျှင် ငှက်ဖိုသည် ထို အခန်းများတွင် ဝင်ချည်ထွက်ချည်နှင့် နေတတ်ကြသည်။ အချို့ ဗိုးဝါးငှက်တို့ကလည်း အဆောက်အအုံကို အရောင်တောက် ပြောင်နေသော ငှက်မွှေး၊ ငှက်တောင်များ၊ လိပ်ပြာကောင်များ နှင့် ပိုးမွှားများဖြင့် မွမ်းမံထားတတ်ကြသည်။ ထိုအဆောက် အအုံများကို တန်ဆာဆင်ထားသည့် သစ်သီး၊ ပန်းပွင့်ကဲ့သို့ သော အရာများ ညှိုးနွမ်းရိရော်လာသည့်အခါ အသစ်ထပ်မံ ရှာဖွေ၍ လဲလှယ်ထားလေ့ရှိသည်။ ဤသစ်ခက်အဆောက်အအုံ ထဲမှ ဗိုးဝါးငှက်ဖိုတို့သည် ငှက်မများအား ဟန်ရေး အမျိုးမျိုး ပြတတ်ကြသည်။ ငှက်၏ တေးသံ ငှက်တို့တွင် အသံထွက်အင်္ဂါ အစိတ်အပိုင်း တည်ရာသည် လူတို့တွင် ထိုကဲ့သို့သော အစိတ်အပိုင်းတည်ရာနှင့် ကွာခြား သည်။ လူတို့တွင် လေပြွန်အထက်ဖျား၌ သံစုံထွက်နိုင်သည့် အကြောစုများ တည်ရှိသော်လည်း ငှက်များ၌မူ အသံထွက် အမြှေးများမှာ လေပြွန်၏ အောက်စွန်းတွင် တည်ရှိသည်။ ထိုအမြှေးစု အသွင်အပြင်နှင့် အမြှေးစုကို ချုပ်တည်းထားသော အကြောများမှာ ငှက်တစ်မျိုးနှင့် တစ်မျိုးတွင် ကွဲပြားနေသည် ဖြစ်၍ အသံတစ်မျိုးစီ ထွက်ကြသည်။ ငှက်တို့သည် တေးသီဆိုသည့်အပြင် အခြားအသံများကို လည်း အော်မြည်တတ်ကြသည်။ သစ်တောက်ငှက်များသည် မာသော နှုတ်သီးဖြင့် သစ်ခေါက်ကို ထိုးခေါက်နေသည့်အခါ ပလုပ်တုတ်အသံမျိုးကို ကြားရ၏။ ဂရောက်ရစ်ငှက်တို့ကလည်း လေကို အတောင်ပံများဖြင့် ပြင်းပြင်းရိုက်ခတ်၍ စည်တီးသံမျိုး ကို ထွက်ပေါ်လာစေသည်။ စနိုက်ငှက်မျိုးသည် လေထဲသို့ မြင့်စွာ ပျံတက်၍ အောက်သို့ ထိုးစိုက်လိုက်သည့်အခါ အမြီး ၏ အပြင်ဘက် အတောင်နှစ်ခုမှာ အရှိန်ကြောင့် လှုပ်ခါသွား သဖြင့် အသံဖြစ်ပေါ်သည်။ အသိုက် ငှက်တို့သည် တွားသွားသတ္တဝါအဖြစ်သို့ ပြောင်းလဲလာခါ စတွင် လိပ်နှင့် ဖွတ်တို့ကဲ့သို့ ဥကို မြေပြင်၌အု၍ သဲဖုံး၍ ဖြစ်စေ၊ သစ်ခေါင်းတွင်ထည့်၍ဖြစ်စေ ထားကြသည်ဟု အဆို ရှိသည်။ သို့သော် သွေးအေးသတ္တဝါမှ သွေးနွေးသတ္တဝါ အဖြစ် သို့ ပြောင်းလဲသောအခါ၌မူကား၊ သားကောင် ပေါက်ပွားစေရန် ဥကို အပူရှိန် တစ်သမတ်တည်းပေးဖို့ လိုလာသည်။ ထို့ကြောင့် ဥကို ဝပ်ပေးရန် အသိုက်လိုလာလေသည်။ ဦးစွာ၌ ငှက်တို့သည် အဆင်သင့်ရာမြေပေါ်၌ ဥအုကြသည်။ ဝပ်ကြသည်။ နောင်အခါ၌ ဥများမြေကြီးပေါ်တွင် လိမ့်မသွားစေရန် မြေကိုယက်ဖော်၍၎င်း၊ မြေချိုင်တွင်း၌ သစ်ခက်သစ်ရွက်ဖို့၍ ၎င်း အသိုက်လုပ်ပြီးမှ ဥအုတတ်ကြသည်။ တစ်ဖန်မြေကြီးသည် အပူအအေး အစိုအခြောက်ဟူ၍ ခဏခဏ ပြောင်းလဲတတ် သောကြောင့်တစ်ကြောင်း၊ ကုန်းသတ္တဝါများက အန္တရာယ်ပေး တတ်ကြသောကြောင့် တကြောင်း မြေပြင်မှ မြင့်ရာအရပ်တို့တွင် ငှက်တို့အသိုက်ဖွဲ့လာကြပြန်သည်။ ဤသဘောအတိုင်း ငှက်သိုက်တို့၏ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာကြပုံကို ယနေ့ မြင်တွေ့ကြရသော အသိုက်များကို လေ့လာခြင်းဖြင့် သိအပ်သည်။ ဗျိုင်းနှင့် ခိုတို့သည် အသိုက်ကို တုတ်တံငယ်ဖြင့် ပြီးစ လွယ်လုပ်ကြသည်။ ကျီးနှင့် သိမ်းငှက်တို့သည် အသိုက်ထဲ၌ ဥကျင်းနက်နက်ကို အတွင်းသားနုနုတထပ်ခံ၍ တည်ကြ သည်။ အသိုက်လုပ်ပုံ အဆင့်အတန်း မြင့်သောငှက်မှာ စာဗူးတောင်းများဖြစ်သည်။ စာဗူးတောင်းသိုက်များမှ ဗူးတောင်းကို စောက်ထိုးထားဘိသကဲ့သို့ ရှိသည်။ မြက်ခြောက်၊ လျှော် စသည်တို့ဖြင့် သိုက်မြိုက်စွာ အသိုက်လုပ်တတ်သည်။ အသိုက်လုပ်ရာ၌ ငှက်ဖိုသည် အသိုက်လုပ်ရန်သင့်သော အရပ်ကို ရွေးသည်။ ငှက်မသည် အသိုက်လုပ်ရန်နေရာ အတိအကျကို ရွေးသည်။ ထိုနောက် ငှက်ဖိုနှင့် ငှက်မတို့သည် အသိုက် လုပ်ရန် မြက်၊ သစ်ရွက်၊ သစ်ကိုင်း အမွှေးအတောင်၊ ကျူပင်၊ ကျူရိုး စသည်တို့ကို ရပ်ဝေးရပ်နီးမှ လိုက်လံ၍ စုဆောင်းသည်။ ငှက်မအသိုက်ဖွဲ့သည့်အခါ ငှက်ဖိုသည်ရန်သူ မလာစေရန် ကာကွယ်ပေးရသည်။ ငှက်ဥများ ငှက်တို့၏ ဥများသည် အဖြူရောင်မှ အမည်းရောင်အထိ အမျိုးမျိုးရှိကြသည်။ များစွာသော ငှက်ဥတို့မှာ မြေကြီးရောင် ရှိ၍ အရောင်ရင့်ရင့်အစက်နှင့် အစင်းများရှိကြသည်။ ဤကဲ့သို့ ဥများတွင် အရောင်ရှိနေရခြင်းနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုး ရှိလေသည်။ ဥများတွင် အရောင်ရှိခြင်းကြောင့် ဥများကို ထင်ရှားစွာ မမြင်နိုင်စေရန် ဖြစ်ကောင်းဖြစ်ပေမည်။ ပုံစံပြရလျှင် သစ်တောက်ငှက်နှင့် ပိန်ညင်းငှက်တို့သည် မှောင် မည်းနေသည့် သစ်ခေါင်းများအတွင်း၌ အစဉ် ဥအုလေ့ရှိသဖြင့် ဥများကို အရောင်ဖြင့် ဖျောက်ထားရန် မလိုသောကြောင့် ထိုငှက်တို့၏ ဥများမှာ ဆွတ်ဆွတ်ဖြူနေသည်။ ငှက်တလိုင်းနှင့် မြစ်တွေးခေါ် ဇင်ရော်ငှက်ငယ်မျိုးတို့သည် အသိုက်အအုံမရှိဘဲ မြေပြင်ပေါ်၌ လွတ်လပ်စွာ ဥအုချထားတတ်ကြသဖြင့် ထိုငှက် တို့၏ ဥများသည် မြေကြီးရောင် သို့မဟုတ် ကျောက်စရစ်ခဲ ရောင်နှင့် ထပ်တူထပ်မျှ ဖြစ်နေရာ ရုတ်တရက် တွေ့နိုင်ရန် ခဲယဉ်းလှသည်။ အသိုက်များအတွင်း၌ အုထားသောငှက်ဥတို့မှာ များသောအားဖြင့် အဖြူရောင်နှင့်ဖြစ်စေ၊ မြေကြီးရောင် ဖျော့ ဖျော့နှင့်ဖြစ်စေ ထင်ရှားပေါ်လွင်သော အဆင်းအရောင်များ ဖြင့်သာ တွေ့ရတတ်သည်။ ငှက်တို့သည် တစ်နေ့လျှင် ဥတစ်လုံးကျ ဥအုစမြဲဖြစ်သည်။ ဤသို့လျှင် ငှက်မျိုးအလိုက် ဥရသော အရေအတွက်ပြည့်သည် အထိ အုလေ့ရှိသည်။ သို့ရာတွင် ဥများနှင့် ထိုဥများမှ ပေါက် ပွားလာသည့် ငှက်ကလေးတို့အား ရန်ရှာဖျက်ဆီးမည့် ဘေး အန္တရာယ်အနည်းအများကိုလိုက်၍ အရေအတွက်မှာ တစ်သမတ် တည်း မရှိတတ်ချေ။ အလွန်မြင့်မားသော ကျောက်တောင် စောက်များတွင် ဥအုလေ့ရှိကြသည့် ပင်လယ်ငှက်များစွာတို့သည် တစ်မြုံတွင် တစ်လုံးချင်းသာ အုလေ့ရှိကြ၍ လူတို့ လိုက်လံ ပစ်ခတ်လေ့ရှိသော ရေကြက်ကဲ့သို့ ငှက်မျိုးတို့တွင် ဖျက်ဆီး မည့် ရန်သူပေါများသဖြင့် တစ်မြုံလျှင် ဥပေါင်း ၁ဝ လုံးမှ အလုံး ၂ဝ အထိ ဥအုတတ်ကြသည်။ ငှက်များစွာတို့တွင် တစ်မြုံလျှင် ဥ ၃ လုံးမှ ၅ လုံးအထိ ဥအုတတ်ကြသည်။ ငှက်တို့၏ ဥအရွယ်အစားမှာ ပဲစေ့ထက်ယောင်ယောင်မျှ ကြီးသော ပိတုန်းငှက်ဥအရွယ်မှသည် အချင်းအားဖြင့် ၅ လက်မနှင့် ၆ လက်မကြားရှိ ငှက်ကုလားအုပ်ဥအရွယ်ထိ ရှိ လေသည်။ အလွန်အရွယ်အိုနေသော အိမ်ကြက်မများသည်၎င်း၊ ဥအုချိန် ကုန်ဆုံးခါနီးတွင် အုသောငှက်တို့သည်၎င်း အလွန် သေးငယ်သော ဥများကို အုတတ်ကြပေမည်။ ရံဖန်ရံခါ ဥခွံ တစ်ခုထဲတွင် ဥ ၂ လုံးစာ ၃ လုံးစာ၊ အနှစ်များ စုဝေး တည်ရှိနေသည်ကို တွေ့ရသည်။ ထိုဥများကို အမြွှာပူးဥများဟု ခေါ်ကြသည်။ ယေဘုယျအားဖြင့် ငှက်ကောင်ကြီးလျှင် ဥများ လည်း ကြီး၍ ငှက်ကောင်ငယ်လျှင် ဥလည်း ငယ်လေသည်။ သို့သော် ပေါက်ခါစတွင် မျက်စိမပွင့်၍ မလှုပ်ရှားနိုင်သော ငှက်မျိုး၏ ဥများသည် ပေါက်ခါစတွင် လှုပ်ရှားသွားလာ နိုင်သော ငှက်မျိုး၏ ဥထက် ငယ်တတ်၏။ အများအားဖြင့် ငှက်တို့သည် နောက်ဆုံးဥကို အုပြီးနောက် အသိုက်ထဲတွင် ဝပ်ရတော့သည်။ ဇီးကွက်ကဲ့သို့ အချို့ ငှက် တို့မှာ ပထမဆုံးဥကို အုပြီးသည်နှင့်စ၍ ဝပ်ကြသဖြင့် ဥများမှ အကောင်ငယ်တို့၊ ရက်ခြားပေါက်လာကြသည်။ ငှက်တို့တွင် အကောင်ငယ်များ ပေါက်လာသည်အထိ ဝပ်ရသည့် အချိန်မှာ ဥအရွယ် အကြီးအသေးကိုလိုက်၍ ရက်ကြာသည်။ သို့သော် အရွယ်ပင်ငယ်သော်လည်း အရွယ်ကြီးသော အချို့ငှက်ဥများ ထက် အချိန်ကြာကြာဝပ်ပေးမှ အကောင်ငယ်များ ပေါက်လာ သည်လည်း ရှိသေးသည်။ လည်ဖြူရစ်ငှက်ဥများသည် ၁၂ ရက်၊ သပိတ်လွယ်ဥများသည် ၁၄ ရက်၊ ပိတုန်းငှက် ဥများ သည် ၁၅ ရက်၊ ကြက်ဥများသည် ၂၁ ရက်၊ ဝမ်းဘဲဥများ သည် ၂၇ ရက်၊ ငန်းဥများသည် ၃၅ ရက် စသည်ဖြင့် အကောင်ပေါက်ရန် ကြာမြင့်လေသည်။ ငှက်ကလေးများ ပေါက်ဖွားလာရန်အတွက် ဥများကို ငှက်ကြီး၏ ကိုယ်ငွေ့ဖြင့် အပူရှိန် တစ်သမတ်တည်း ရှိစေရမည့်အပြင် ဥများကို မှန်မှန် လှန်လှောပေးရသည်။ ထို့ပြင် အတွင်း၌ရှိသော သန္ဓေသား အသက်ရှူနိုင်ရန် ဥခွံကို စိုထိုင်းထိုင်းဖြစ်အောင် မကြာခဏ ပြုလုပ်ပေးရသည်။ သို့မှသာ ဥခွံတွင်ရှိသော အပေါက်ငယ်များ ပွင့်နေမည်ဖြစ်၍ ပြင်ပမှလေနှင့် အစိုဓာတ်သည် အတွင်း အမြှေးထပ်သို့ ရောက်ရှိနိုင်ပေမည်။ ငှက်တို့တွင် ငှက်မများ သာ ဥများကို ဝပ်လေ့ရှိသည်။ သို့သော် အချို့ငှက်များတွင် များသေားအားဖြင့် အမများကဲ့သို့ အရောင်အဆင်းမွဲသော ငှက်ဖိုတို့သည် ငှက်မများနှင့် တွဲဖက်၍ ဥဝပ်သည့်တာဝန်ကို ယူကြသည်။ ငှက်မတို့ထက် ငှက်ဖိုများက အချိန်များစွာပို၍ ဝပ်ပေးရသော ငှက်မျိုးလည်း အနည်းငယ်မျှ ရှိသေးသည်။ ငှက်ပေါက်စ ဥမှပေါက်သောငှက်တို့တွင် အချို့သည် အသိုက်တွင်း၌ မိဖတို့၏ ကျွေးမွေးသုတ်သင်ခြင်းကိုခံ၍ အတန်ကြာမျှ ကြီး ကောင်ဝင်အောင် အားမွေးကြရသည်။ အချို့မှာမူ ဥမှ ပေါက် သည်နှင့် တစ်ပြိုင်နက် ဟိုဟိုသည်သည် ပြေးလွှားသွားနိုင်ကြ သည်။ ပထမငှက်မျိုး၌ အကောင်ပေါက်စတွင် မျက်စိမပွင့် သေးချေ။ ကိုယ်ပေါ်၌ အမွှေးနုပါးပါးသာရှိသည်။ ထိုငှက်မျိုး မွေးဖွားရာ အသိုက်မှာ ခိုင်ခံ့လုံခြုံအောင်ဖွဲ့ထားရသော အသိုက် များဖြစ်သည်။ မြေပြင်၌ အသိုက်လုပ်တတ်သော မိုးစွေငှက်၏ သားငယ်တို့သည် အမိက ရက်သတ္တတစ်ပါတ်မျှ ထိန်းသိမ်း ကျွေးမွေးခြင်းကိုခံရသည်။ လင်းတနှင့် ဇင်ရော်ငှက်ပေါက်စ များကိုမူ အမိကတစ်နှစ်ခန့်အထိ စောင့်ရှောက်မွေးမြူရသည်။ ဒုတိယငှက်အမျိုးအစားတွင် သာဓကမှာ ငှက်၊ ဘဲ၊ ငန်း စသော သတ္တဝါများဖြစ်သည်။ အစာခွံ့ပုံ အသိုက်ထဲတွင် ရက်ကြာကြာ ကျွေးမွေးသုတ်သင်ခြင်းကို ခံယူသော ငှက်ပေါက်စကလေးများကို ငှက်ဖို၊ ငှက်မနှစ်ဦး စ လုံးက မိမိတို့၏ စလုတ်ထဲတွင် တစ်ဝက်တစ်ပျက် ချေဖျက် ထားသော အစာကို ခွံ့ပေးရသည်။ သို့သော် များသောအားဖြင့် ငှက်တို့သည် သားသမီးများကို အစိမ်းတိုင်း အစာကျွေးလေ့ ရှိသည်။ အစာကို နှုတ်သီးဖြင့်ဖြစ်စေ၊ ခြေသည်းဖြင့်ဖြစ်စေ သယ်ယူလာတတ်ကြသည်။ ငှက်တို့ အစာခွံ့ပုံမှာ ငှက်ပေါက်စတို့က ဖွင့်ပေးသော ပါးစပ်ပေါက်ထဲသို့ ငှက်ကြီးတို့က နှုတ်သီးဖြင့် ထိုး၍ ခွံ့ပေးလေ့ ရှိသည်။ လည်ချောင်းထဲသို့ အစာဆင်းနိုင်ရန် အာခေါင်တွင်းသို့ ရောက်အောင် အစာကို ထည့်ပေးသည်။ သို့သော် ခိုပေါက်စကလေးများမှာမူ မိဖတို့ကဖွင့်ပေးသော ပါးစပ်ပေါက်ထဲမှ အစာကို နှိုက်၍ စားတတ်ကြသည်။ ခို၏ စလုတ်ထဲ၌ နို့ရည်ကဲ့သို့ အစာရည်ကို စုတ်ယူစားသောက်ကြ သည်။ တင်ကူးငှက်တို့၏ စလုတ်တွင်း၌ တစ်ဝက်တစ်ပျက် ချေဖျက်ထားသော ငါးအပိုင်းအစတို့ ရှိကြသည်။ ထိုအစာကို တင်ကျီးပေါက်စသည် ခိုပေါက်စကဲ့သို့ နှိုက်၍ စားသောက် တတ်ကြသည်။ ပထမ၌ ငှက်ငယ်များသည် ပိုးကောင်မွှားကောင်တို့ကို စားသည်။ အနည်းငယ်ကြီးလာသော် သစ်သီး၊ ကောက်ပင်၊ ကောက်ဆန် စသည်တို့ကို စားသောက်နိုင်ကြသည်။ ငှက်ငယ် တို့သည် အစာကို ပါးစပ်ထဲသို့ ထည့်ပေးရုံနှင့် မျိုမချနိုင်၊ မိဖတို့က အာခေါင်အာရင်းသို့ရောက်အောင် အစာကို သွင်း ပေးနိုင်မှသာ လည်ချောင်းမှ ကြွက်သားများ လှုပ်ရှားမှုဖြင့် အစာသည် ဝမ်းတွင်းသို့ လျှောဆင်းနိုင်သည်။ ငှက်တို့ကို ဝမ်းနှင့်တန်ရုံချင့်၍ အစာကျွေးရသည်။ အစာပိုကျွေး၍ မဖြစ် နိုင်အောင် လည်ချောင်းကြွက်သားကို နာဗ်ကြောတို့က ထိန်း ထားသည်။ အစာပို၍ ကျွေးမိလျှင် ကြွက်သားများ မလှုပ်ရှား နိုင်တော့ချေ။ ငှက်ငယ်များ ကြီးထွားလာစေရန် တစ်နေ့ တစ်နေ့လျှင် ငှက်ငယ်၏ ကိုယ်အလေးချိန် တစ်ဝက်မှသည် ကိုယ်အလေးချိန် ဆတူအထိ အစာကျွေးရသည်။ ငှက်အမွေးအတောင် ငှက်ပေါက်စတို့၌ ကျောပြင်နှင့် ဦးခေါင်းထိပ်တွင် မွှေးနု များ ပါလာတတ်ကြသည်။ သို့သော် ပိန်ညင်းငှက်နှင့် ပျံလွှား ပေါက်စတို့မှာ ဦးပြည်းများသာ ဖြစ်သည်။ ငှက်တို့သည် ၇ ရက်မှ ၁ဝ ရက်အတွင်း အမွှေးအတောင် စုံတတ်သည်။ ၁ဝ ရက်မှ ၁၄ ရက်အတွင်း ပျံသန်းတတ်လာသည်။ လင်းတနှင့် ပင်လယ်ဇင်ရော်ငှက်တို့ကား တစ်နှစ်သားရှိမှ ပျံနိုင်ကြ၏။ ငှက်မွှေးများကို သုံးစားခွဲခြားပေးနိုင်သည်။ ပထမမှာ သား ရေပေါ်တွင် ကပ်၍ပေါက်သော မွှေးနုများဖြစ်သည်။ ထိုမွှေးနု များမှာ အချမ်းလုံစေသော မွှေးနုများဖြစ်တည်း။ ထိုမွှေးနု အပေါ်ထပ်တွင် မိုးရေခံငှက်မွှေးများ ဒုတိယအထပ်အနေနှင့် ပေါက်နေသည်။ တောင်ပံနှင့် အမြီးတို့တွင်ကား တတိယ အမျိုးအစားဖြစ်သော ငှက်တောင်များဖြစ်သည်။ ထိုငှက်တောင် တို့သည် ပျံသန်းရာတွင် အသုံးဝင်သည်။ ငှက်မွှေးလဲခြင်း ငှက်တို့သည် တနှစ်လျှင် နှစ်ကြိမ် အမွှေးအတောင်လဲကြ သည်။ နွေဦးပေါက်၌တစ်ကြိမ်၊ ဆောင်းဦးပေါက်၌တစ်ကြိမ် အမွှေးလဲတတ်သည်။ ဤသို့ အမွှေးလဲသည်မှာ အစီအစဉ် ရှိသည်။ ဦးစွာ၌ အတွင်းကျသောအမွှေးကို ပထမလဲသည်။ ထို အမွှေးတစ်ဝက်ခန့်ရှည်သောအခါ ပြင်ဖက်ကျသော အမွှေး ကျွတ်လေသည်။ အမွှေးကျွတ်၍ တစ်ဝက်ခန့်ပြန်ရှည်လာလျှင် ထိုထက်ပြင်ဖက်ကျသော အမွှေးသည် ကျွတ်ပြန်သည်။ ဤအစီ အစဉ်အတိုင်း အမွှေးလဲသည့် တောဘဲ စသည့်ငှက်တို့သည် တစ်ခါတစ်ရံမျှသာ တောင်ပံကိုအသုံးပြု၍ ပျံသန်းကြသည်။ ထိုငှက်မျိုး၌ အမွှေးလဲသည့်အခါ တစ်ကြိမ်တည်းနှင့် အပြီးလဲ တတ်ကြသည်။ နွေဥတု အမွှေးလဲချိန်၌ ငှက်တို့သည် တွေ့နေ မြင်နေကျ နေရာတွင် မတွေ့မမြင်ရတော့ချေ။ တစ်နေရာရာတွင် ပုန်းအောင်းနေလေ့ရှိသည်။ ငှက်၏ အသွေးအရောင် အချို့ငှက်တို့သည် အမွှေးအတောင် မလဲကြဘဲ အရောင် အသွေး ပြောင်းတတ်ကြသည်။ ဆောင်းဥတု၌ ဘလက်ဗတ်ခေါ် ငှက်မည်းတို့၏ အမွှေးအတောင်မှာ သံချေးရောင် ဖြစ်သည်။ နွေးဦးပေါက်သို့ ရောက်သော် တဖြည်းဖြည်း ညိုမှောင်လာ၍ ဥဥချိန်တွင် ပိတုန်းရောင်ကဲ့သို့ နက်ပြောင်ပြောင် ဖြစ်လာ သည်။ ငှက်မွှေးတွင် အရောင်ဆဲလ်များ၏ အခြေခံအရောင်မှာ အမည်း၊ အညို၊ အနီနှင့်အဝါသာ ဖြစ်သည်။ သို့သော် အာဖရိကတိုက်၌ တွေ့ရသော ငှက်တို့တွင် အစိမ်းရောင်ရှိသည်။ သို့သော် အစိမ်းရောင်၊ အပြာရောင် စသည်တို့မှာ အရောင်ဆဲလ် ကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်၊ အမွှေးအတောင်တို့ကို အလင်း ရောင် လာဟပ်ရာမှ ထွက်ပေါ်လာသည့် အရောင်များသာ ဖြစ် သည်။ တစ်ခါတစ်ရံ အရောင်ဆဲမဲ့သော ငှက်မျိုးကိုလည်း တွေ့ရတတ်သည်။ ထိုငှက်တို့သည် အဖြူ သို့မဟုတ် အပြောက် ပြောက် ရှိတတ်သည်။ အချို့ငှက်မျိုးတွင် အနီရောင် လွန်ကဲ၍ နေတတ်သည်။ ငှက်မျိုးတစ်မျိုးထဲတွင် အဖိုအမ အသွေးအရောင် ကွဲပြား ခြားနားခြင်းရှိလျှင် ငှက်ဖို၏ အရောင်အဆင်းသည် ငှက်မထက် ပို၍ တောက်ပြောင်တတ်သည်။ တစ်ငှက်နှင့် ဖင့်စာတို့၌ ထင်ရှားသော အသွေးအရောင်များရှိသည်။ ထိုကြောင့် လွယ် လင့်တကူ မြင်ရသည်။ သို့သော် ပတ်ဝန်းကျင်အရောင်နှင့် ရောနေတတ်သော စာကလေးများနှင့် ပင်လယ်ကမ်းရိုးတန်းရှိ ငှက်မျိုးတို့ကိုမူ ရုတ်တရက် သဲကွဲစွာ မြင်ရမည်မဟုတ်ချေ။ အသွေးအရောင် ထင်ထင်ရှားရှားရှိသော ငှက်မျိုးတို့သည် သာမန်အားဖြင့်ဆိုလျှင် ထိတ်လန့်လွယ်သည့်ငှက်များဖြစ်၍ အနီးအပါးသို့ ချဉ်းကပ်၍မရတတ်ချေ။ သို့ရာတွင် အရောင် ဖျောက်ဖျက်ထားနိုင်သော ငှက်များ၏အနီးအပါးသို့မူကား ချဉ်းကပ်မည်ဆိုက ချဉ်းကပ်နိုင်လေသည်။ ကိုးကား ဒိုင်နိုဆောများ ကျောရိုးရှိသတ္တဝါများ တိရစ္ဆာန် မျိုးပေါင်းများ
https://my.wikipedia.org/wiki/%E1%80%84%E1%80%BE%E1%80%80%E1%80%BA
ဝက်
ဝက်သည် ခြေချောင်းတွင် ခွာတစ်စုံစီ ရှိသည့် ခြေလေးချောင်းရှိ နို့တိုက်သတ္တဝါများဖြစ်သည်။ ဝက်ကို စီးပွားဖြစ် မွေးမြူကြသည်။ ဝက်တို့သည် အစုံစား သတ္တဝါများ ဖြစ်ကြသည်။ ဝက်ကို လူတိုင်းမြင်ဖူးကြမည်ဖြစ်သော်လည်း ဝက်မျိုး၏မူရင်းအစကို သိရှိသူကား နည်းပါးလှပေမည်။ ယခု ကမ္ဘာအနှံ့အပြားတွင် တွေ့ရှိနေရသော ဝက်များမှာ တောဝက်များကို ယဉ်ပါးအောင် အိမ်တွင် မွေးမြူကြရာမှ တဖြည်းဖြည်းပေါက်ဖွားလာသော ဝက်များဖြစ်ကြသည်။ မြေတွင်မြုပ်၍ ကျောက်သားဖြစ်နေသော ဝက်ရိုးအကြွင်းအကျန်များကို တူးဖော်တွေ့ရှိရခြင်းဖြင့် ရှေးဝက်ရိုင်းများကို ဥရောပတိုက်နှင့် အာရှတိုက်တွင်တွေ့ရကြောင်း သိရလေသည်။ အမေရိကတိုက်တွင်ကား မတွေ့ရချေ။ ယခု ဝက်များသည် ဥရောပတိုက်နှင့် အာရှတိုက်ရှိ တောဝက်ရိုင်းများမှ ဆင်းသက် ပေါက်ပွားလာကြသော ဝက်များဖြစ်ကြသည်။ ဘီစီ ၂၉ဝဝ နှစ်လောက်မှစ၍ တရုတ်တို့သည် ဝက်များကို ယဉ်ပါးအောင် မွေးမြူလာကြသည်ဟုဆိုသည်။ ဝက်များသည် ညစ်ပတ်၍ မသန့်ဟု အယူရှိကာ အချို့သောလူမျိုးတို့က ဝက်သားကို မစားကြသော်လည်း အခြားလူမျိုးများ အထူးသဖြင့် တရုတ်လူမျိုးသည် ဝက်သားကို အလွန်နှစ်သက်ကြလေသည်။ အမှန်မှာ ဝက်သည် ထင်သလောက် ညစ်ပတ်ပေကျံသော တိရစ္ဆာန် မဟုတ်ပေ။ သဘာဝအလျောက် ဝက်သည် အခြားသန့်ရှင်းသော တိရစ္ဆာန်များကဲ့သို့ပင် သန့်ရှင်းသော တိရစ္ဆာန်ဖြစ်သည်။ မညစ်ပတ်သည်သာမက ဝက်မွေးမြူသူတို့သည် ဝက်ကို သန့်ရှင်းစွာသာထားနိုင်ပါက အထူးပင်စင်ကြယ်သောတိရစ္ဆာန်ဖြစ်နိုင်သည်။ မွေးမြူသူတို့၏ ညစ်ပတ်စွာ ထားရှိမှုကြောင့်သာ ဝက်များကို ညစ်ပတ်သည်ဟု ထင်မှတ်ကြလေသည်။ ဝက်မွေးမြူရာ၌ သန့်ရှင်းစင်ကြယ်စွာ ကျန်းမာရေးနှင့်ကိုက်ညီအောင် ထားနိုင်လျှင် ကြီးလွယ်၍ ဝက်ဦးရေ များစွာတိုးပွားနိုင်လေသည်။ ကျန်းမာသန်စွမ်းသော ဝက်သိုးတစ်ကောင်သည် အသက် ရှစ်လအရွယ်မှစ၍ မိတ်လိုက်နိုင်စွမ်းရှိ၍ ဝက်မတန်းများမှာလည်း အသက်ရှစ်လ၊ ရှစ်လခွဲအရွယ်မှစ၍ မိတ်လိုက်နိုင်ပြီးလျှင် တစ်နှစ်အရွယ်တွင် ပထမသားများ မွေးကြလေသည်။ ထိုသို့မွေးပြီးနောက် တစ်နှစ်လျှင် နှစ်သားပေါက်သည်။ တစ်သားတစ်သားလျှင် ဝက်ရိုင်းဖြစ်ပါက ဝက်ကလေး လေးကောင်မှ ခြောက်ကောင်အထိမွေး၍ အိမ်မွေးဝက်မှာကား ရှစ်ကောင်မှ ဆယ်ကောင်အထိ မွေးလေသည်။ ဝက်ကလေးများသည် ရက်သတ္တခြောက်ပတ်မှ ဆယ်ပတ်အတွင်းတွင် မိခင်ဝက်မကြီးမှ သားခွဲလေသည်။ ဝက်သည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်သော ဝက်ကာလဝမ်းရောဂါ အထူးသဖြင့် စွဲကပ်တတ်၏။ ထိုရောဂါ စွဲကပ်သောဝက်၏ အဆုတ်နှင့် နှာခေါင်းတို့သည် ရောင်လာပြီးလျှင် များသောအားဖြင့် ထိုရောဂါကြောင့် သေတတ်သည်။ ထိုကြောင့် ဝက်မွေးမြူသူများသည် ဝက်ကလေးများ ရက်သတ္တပတ်အနည်းငယ် ကြီးပြင်းလာသောအခါတွင် ထိုကာလဝမ်းရောဂါ မကျရောက်စေရန် ဆေးထိုးပေးလေ့ရှိကြသည်။ အကယ်၍ ဝက်တွင် ကာလဝမ်းရောဂါကျရောက်လာလျှင် ဝက်အားလုံးကိုသတ်ပြီးလျှင် ထိုသတ်ပြီးဝက်များကို မီးရှို့ပစ်ရပေမည်။ ဝက်များနေထိုင်သည့် နေရာများကိုလည်း ပိုးများသေကုန်သည်အထိ ပိုးသတ်ဆေးများဖြင့် သုတ်သင်ရှင်းပစ်ရပေမည်။ ဝက်တစ်ကောင်လုံးသည် အသုံးဝင်၏။ အသားကိုစားရ၍ အဆီကို အိမ်သုံးဟင်းချက်ဆီအဖြစ် အသုံးပြုနိုင်ပြီးလျှင် အမွေးကို ဝက်မှင်ဘီး ပြုလုပ်ရာ၌လည်းကောင်း၊ ဝက်ရေကို မြင်းကုန်းနှီး၊ ပိုက်ဆံအိတ် စသည်တို့ကို ပြုလုပ်ရာ၌လည်းကောင်း၊ အသုံးပြုကြ၏။ ဝက်သည် အစာအကျွေးရနည်းပြီးလျှင် အသားအများဆုံးဖြစ်သော တိရစ္ဆာန်မျိုးဖြစ်၏။ ယင်းတို့ စားသောက်ရသော အစားအစာတို့၏ ၂ဝ သို့မဟုတ် ၂၅ ရာခိုင်နှုန်းမျှကို အသားဖြစ်စေနိုင်ကြသည်။ ပုံပမာ - ကောင်းမွန်သော အစာလေးပိဿာ သို့မဟုတ် ငါးပိဿာ ကျွေးတိုင်းကျွေးတိုင်း ဝက်တို့သည် အသားတင် ဝက်သားတစ်ပိဿာကျ ထွက်နိုင်ကြသည်။ နွားများမှာကား ၁ဝ ပိဿာ၊ ၁၂ ပိဿာကျွေးမှ အသားတင် နွားသားတစ်ပိဿာ ထွက်နိုင်သည်။ အခြားတိရစ္ဆာန်များကဲ့သို့ပင် ဝက်တွင်လည်း ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဓာတ်သတ္တုနှင့် ဗီတာမင်များ ယင်းတို့၏ အစာများ၌ပါဝင်ရန် အရေးကြီးလေသည်။ ဝက်သည် ဓာတ်သတ္တုများချို့တဲ့သည့် ကောက်နှံ အများအပြားကို စားသောက်၏။ ထိုကြောင့် ယင်း၏အစာတွင် ဓာတ်သတ္တု ထည့်ပေးရပေမည်။ အခြေအနေကိုလိုက်၍ ဝက်၏အစာကို ပြောင်းလဲပေးသင့်သည်။ ထင်ရှားအောင် ဖော်ပြရလျှင် ကိုယ်ဝန်ဆောင်ဝက်မကို သားငယ်များ၏ ခန္ဓာကိုယ်ထွားကျိုင်းစေမည့်အစာကို ကျွေးသင့်၍ အသားအတွက် ရောင်းစားမည့်ဝက်ကိုမူ အလေးချိန်လျင်မြန်စွာ တိုးတက်စေမည့် ကာဗိုဟိုက်ဒရိတ်နှင့် အဆီများကို ကျွေးသင့်သည်။ ကိုယ်ဝန်ဆောင် ဝက်မများကို တစ်ခါတစ်ရံ အိုင်အိုဒင်းပါသော အစာများကို ကျွေးသင့်၏။ သို့မှသာ မွေးဖွားလာမည့် သားငယ်များတွင် အမွေးများ လုံလောက်စွာ ပါလာ နိုင်ပေလိမ့်မည်။ အခြားတိရစ္ဆာန်များကဲ့သို့ပင် ဝက်သည်လည်း ဗီတာမင်များကို လုံလောက်စွာမရရှိလျှင် ဒုက္ခရောက်နိုင်လေသည်။ ဝက်အတွက် အထူးအရေးကြီးသော ဗီတာမင်များမှာ ဗီတာမင် အေ နှင့် ဒီတို့ ဖြစ်သည်။ လူကဲ့သို့ပင် ဝက်သည်လည်း ဗီတာမင် ဒီကိုသာ လုံလောက်စွာမရရှိလျှင် ရစ်ကက်ရောဂါ ဖြစ်တတ်ပေသည်။ ဝက်များမွေးမြူခြင်းနှင့် ဝက်သားစည်သွတ်လုပ်ငန်းသည် အမေရိကန်ပြည်ထောင်စုတွင် အလွန်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်၏။ ဝက်သားစည်သွတ်လုပ်ငန်းလုပ်ကိုင်သော မြို့ကြီးများမှာ ရှိကားဂိုးမြို့၊ ကင်းဆပ်မြို့နှင့် အိုမာဟာမြို့တို့ ဖြစ်ကြသည်။ အင်္ဂလန်နိုင်ငံတွင် မွေးမြူသော ထင်ရှားသည့် ဗြိတိသျှဝက်မျိုးများမှာ ယော့ရှိုင်ယားနယ်ရှိ ဝက်ကြီး၊ ဝက်လတ်၊ ဝက်ငယ်မျိုး၊ လင်ကွန်ရှိုင်ယားနယ်ရှိ အမွေးလိမ်ဝက်ဖြူမျိုးနှင့် ဗတ်ရှိုင်ယားနယ်ရှိ ဝက်မျိုးများဖြစ်ကြသည်။ ပါဏဗေဒအလိုအားဖြင့် ဝက်သည် ဆူအီဒီးမျိုးရင်းတွင် ပါဝင်၏။ ယခုအခါ၌ တွေ့မြင်နေကြရသော အိမ်မွေးဝက်များ များသောအားဖြင့် ဆင်းသက်ပေါက်ဖွားလာသည့် ရိုးရိုးဥရောပတိုက် တောဝက်သည် ဆပ်စဆကရိုဖာဖြစ်၍ တရုတ်ဝက်သည် ဆပ်စအင်ဒိကပ်ဖြစ်သည်။ ကိုးကား ခွာစုံပါသော တိရစ္ဆာန်များ အိမ်မွေး တိရစ္ဆာန်များ ဝက်မွေးမြူခြင်း ဝက်သား မွေးမြူရေး
https://my.wikipedia.org/wiki/%E1%80%9D%E1%80%80%E1%80%BA
နွား
နွားကို ရှေးအခါက မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ယခု စက်မှုလယ်ယာခေတ်တွင် နွားအစား လယ်ထွန်စက်ကို အသုံးချမှု များပြားလာသော်ငြား၊ ခေါင်းပါးသော အချို့ဒေသများဝယ် နွားဖက် ရုန်းကန်တုန်း ဖြစ်သည်။ အစားကောင်း၊ ထမ်းပိုးကောင်း၊ အခိုင်းကောင်းသော နွားမျိုးကို နွားကောင်းဟု သတ်မှတ်၍၊ အစားမကောင်း၊ ထမ်းပိုးမကောင်း၊ အခိုင်းမကောင်းသည့် ဆန့်ကျင်ဘက် သဘာဝရှိသော နွားမျိုးကို နွားညံ့ဟု ယေဘုယျ သမုတ်ကြသည်။ လယ်ယာလုပ်ငန်းခွင်၌ တောင်သူဦးကြီးများကို ကူညီပေးသော မိတ်ဆွေနွားများသည် တခါတရံ ပိုင်ရှင် မသိဘဲ နွားသူခိုးများ လက်ချက်ဖြင့် တနယ်တကျေး သို့မဟုတ် တဖက်နိုင်ငံသို့ မှောင်ခိုကူးခြင်း ခံရတတ်သည်။ မှောင်ခိုကို နှိမ်နင်းလိုသည့်သဘောဖြင့်၂၀၁၇ အောက်တိုဘာမှစ၍ ကျွဲနွားအရှင်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုသည်။ ခွာပါမျိုး ဖြစ်သော နွားများကို မွေးမြူ၍ ရသည်။ Bovinae ဘိုဗီနေး မျိုးရင်းသေးဝင် ဖြစ်သည်။ ၂၀၁၁ မှ အနီးစပ်ဆုံး ခန့်မှန်းချက်အရ၊ ကမ္ဘာတွင် နွားပေါင်း ၁.၄ ဘီလျံ ရှိသည်။ နွားသည် လူတစ်ယောက် ကြွယ်ဝချမ်းသာမှု ပြယုဂ် ဖြစ်သည်။ ရှေးခေတ်က နွားများများ ပိုင်ဆိုင်သူကို ကြည့်၍ မည်ရွေ့မည်မျှ ချမ်းသာသည်ကို သိနိုင်သည်။ ကျွဲကို ရေတွက်ပုံအတိုင်း နွားနှစ်ကောင် တစုံကို တရှဉ်းဟု ရေတွက်သည်။ နွားလည်ပင်းမှာ ဆွဲပေးထားသော ချူ (cowbell) ကို ခလောက်ဟုလည်း ခေါ်သည်။ နွားညီနောင် လေးချိုးကဗျာတွင် နွားကို ကြော့ရှင်းစွာ ကထားသော လှည်းယဉ်အကြောင်း စပ်ဆိုထားသည်။ မြင်းကသော လှည်းကို မြင်းရထား၊ မြင်းလှည်းဟု ခေါ်နိုင်သော်လည်း၊ နွားကသော လှည်းကို နွားရထားဟု မခေါ်ဘဲ နွားလှည်း ဟုသာ ခေါ်သည်။ ထိုလှည်းကို အလှမောင်းရန် တန်ဆာဆင်သော် လှည်းယဉ်ဟု ခေါ်သည်။ အဓိကအားဖြင့် မြက်နှင့် ကောက်ရိုး ကြိုက်သော နွားကို အသားနှင့် နို့အလို့ငှာ ခြံ၊ မြက်ခင်းပြင်များတွင် မွေးမြူကြသည်။ နို့စားနွားခြံ ဟူ၍ ရှိသည်။ နိုင်ငံခြားတွင် နွားနို့ကို အများနည်းတူ သမားရိုးကျ လက်ဖြင့် ညှစ်သည်လည်း ရှိသကဲ့သို့ စီးပွားဖြစ် နွားရုံများမှာ စက်ဖြင့် အလိုအလျောက် ညှစ်ယူ၍ သန့်စင်ပြီး၊ ပြန်လည် ရောင်းချကြသည်။ နို့စားနွားမသည် တရက်လျှင် ရေ ၉၀ ပိဿာထိ သောက်သုံးရပါက သားပေါက်နှုန်းနှင့် နို့ထွက်နှုန်း ကောင်းမွန်စေသည်။ နွားချေးသည် မြေဩဇာနှင့် လောင်စာအတွက် အသုံးဝင်သည်။ နွားသားရေကို အဝတ် ချုပ်ခြင်း မဟုတ်ပါက စာအုပ်ဖုံး ချုပ်ရာတွင် သုံးသည်။ နွားရှင်သည် မိမိနွားကို အငှားကျောင်းပေးရန် နွားကျောင်းသား cowboy ကို အလုပ်ပေးနိုင်သည်။ သိုးထိန်းခွေး ရှိသကဲ့သို့ နွားထိန်းခွေးလည်း ရှိသည်။ မြန်မာတင်မက ကမ္ဘာ့တိုင်းပြည်များ၌ နွားနှင့် ပတ်သက်သော ဆိုရိုးစကား များစွာရှိသည်။ နွားကြန် ကြန်အင်လက္ခဏာအနေဖြင့် နွား တကောင်သည် ထိပ်ကွက်လျှင် မြီးစွတ်များပြီး၊ ဆီးကြားလျှင်လည်း၊ ဝမ်းကြားတတ်သည်။ အလှမောင်း၊ ပြိုင်ပွဲဝင်၊ တောင်ယာလုပ်၊ ဆီဆုံတပ်ရာ၌ ကောင်းမွန်သော နွားပြာစိမ်းသည် ဦးချို အညိုများပြီး၊ နှင်တံလွတ်သော နွားပြာနက်သည် မျက်ကွင်း အညိုများသည်။ နွားအညံ့ဆုံးမှာ အဝါမွေးပါသော နွား ဖြစ်ပြီး၊ နီဝါမွေး၊ အနီမွေး နွားမျိုးသည် နွားကောင်းလက္ခဏာ မပြည့်စုံချေ။ တောင်သူဦးကြီးများ သတိထားရမည့် နွားမှာ တင်ပါးနိမ့်လျှောသော နွားမျိုး ဖြစ်ကာ၊ အစားအလွန် ရွေးသည်။ အလုပ်ခွင်၌ ပေကတ်နေတတ်ပြီး၊ ခိုင်းလျှင် အင်အားချည့်နဲ့သည်။ ဝါစေ့ပြောက် ပါသော နွားကား နွားသမင်ဟုလည်း ခေါ်ပြီး၊ အစာရွေးသည်။ မတ်တတ် အိပ်တတ်သည်။ အမြဲတမ်း စားမြုံ့ပြန်နေတတ်သည်။ ဝန်ပေါ့သာ ခိုင်းကောင်းပြီး၊ ဝန်လေး ခိုင်းမကောင်းချေ။ အသားပွသော နွားမှာ အကောင်ကြီးသော်လည်း၊ အားမသန်လှ။ ရေငန်ဆားငန်နှင့် အစာကျွေးလျှင် အလွန်သဘောကျကာ၊ နှာခေါင်းနစ်အောင် စားတတ်သည်။ ခိုင်းလျှင် ဝပ်တတ်သည်။ ရိုးရိုးလှမ်းသည့်အခါ ရှေ့လက်ခြေကို နောက်ခြေက မကျော်နိုင်သော နွားကို ခြေခွင်နွားဟု ခေါ်ကာ၊ တောင်ယာခိုင်းရာ၌ အသုံးမကျချေ။ ရှေ့သွားရှစ်ချောင်းသည် အဖျားတုတ်ပြီး အရင်းသေးနေသော နွားကို သွားကြားရေယိုနွားဟု ခေါ်သည်။ ဦးချို လှုပ်လီလှုပ်လဲ့ ဖြစ်နေလျှင် ရန်လိုတတ်သည့် ချိုတယ်လူးနွား ဖြစ်သည်။ နွားကောင်းသော်လည်း ရှောင်ကြသည်။ အစာကျွေးရာ၌ တဖက်နွားကို လုစားခြင်း၊ နွားချင်းဝှေ့ခြင်း ပြုတတ်သည်။ ခြေခါလက်ခါ နွားသည် နေရာသန့်ကြိုက်၍ လူကိုလည်း ကန်တတ်သည်။ ခြေလက်ဆာနွားမျိုးသည် ကုန်းတက်ဆင်း၊ တောင်တက်ဆင်း မထိန်းတတ်ပါက လူရောနွားပါ ဒုက္ခဖြစ်တတ်သည်။ ဦးခေါင်းတိုနွားသည် မိုးရိပ်လေရိပ်ကျလျှင် မြူးထူးခုန်ပေါက် ပြေးလွှားတတ်ကာ ထိန်းကျောင်းရ ခက်ခဲသည်။ ခရီးဝေးသွားလျှင် နှာခေါင်းကို ရေမှုတ်ပေးရသှ်။ နှာပွနွားသည် ကြိုးကိုက်၊ ကြိုးဖြတ်တတ်သည်။ လည်တိုနွားသည် စိတ်ရူးပေါက်လျှင် ထမ်းပိုးချိုးသည်။ အကြောင်းမသိသူ ခိုင်း၍ မရ။ လည်ရှည်နွားသည် သဲတော၊ ရွှံ့တော ခိုင်းရာ၌ သက်လုံမကောင်း၍ ရှောင်ကြသည်။ နွားကောင်း အမျိုးအစား ထိပ်ကွက် မြီးစွတ် ဆီးကြား၊ ဝမ်းကြား ကြန်စုံ ရှစ်စပိတ် နွားပြာနက် နွားပြာစိမ်း နှာရောင်ကြား နှာရောင်ရှည် စအု မျက်ကွင်းညို ဦးချိုညို နွားညံ့အမျိုးအစား နွားဝါမျက်ကြား နွားဝါဖင်ဖြူ သမင်မွေးချိုရှည် နွားဝါကြားချိုရှည် နွားဝါအမြီးနီ နွားနီချိုရင်းဝါ စအု မျိုးစိတ် နွားကို မူလက မျိုးစိတ်သုံးမျိုးအဖြစ် ခွဲခြားသည်။ Bos taurus; Bos indicus နှင့် မျိုးတုံးသွားပြီဖြစ်သော Bos primigenius တို့ ဖြစ်သည်။ Bos taurus မှာ ဥရောပနွားမျိုးဖြစ်ပြီး၊ အာရှနှင့် အာဖရိကမှ အလားတူနွားမျိုးလည်း ပါဝင်သည်။ Bos indicus မှာ ဇီဘူ ဝါ ဘင်္ဂလားနွား ဖြစ်သည်။ ဘင်္ဂလားနွားသည် ဘို့ပါသော အိန္ဒိယနွားလည်း ဟုတ်သည်။ Bos primigenius မှာ အော်ရို့စ် နွား ဖြစ်သည်။ အော်ရို့စ်သည် ဇီဘူနှင့် တော်ရင်းနွားတို့၏ ဘိုးအေ ဖြစ်သည်။ ထိုမျိုးစိတ် သုံးမျိုးလုံးကို ယခုအခါ Bos taurus မျိုးစိတ်ထဲ ပြန်သွင်းကာ Bos taurus primigenius, Bos taurus indicus, Bos taurus taurus မျိုးစိတ်ခွဲတို့အဖြစ် ပြန်ခွဲခြားထားလိုက်သည်။ အော်ရို့နွား Aurochs သည် မူလက ဥရောပ၊ မြောက်အာဖရိကနှင့် အာရှ အတော်များများတလျှောက် တည်ရှိသည်။ သမိုင်းတလျှောက် တဖြည်းဖြည်းနှင့် ဥရောပတိုက်တွင်သာ တွေ့ရှိရတော့သည်။ နောက်ဆုံးကျန်သော အကောင်ဟု သိရသော နွားမှာ ၁၆၂၇ ခုနှစ်လောက်တွင် ပိုလန်၊ မဇိုဗီယာ၌ သေဆုံးသွားသည်။ သားဖောက်သူများသည် အော်ရို့နွားနှင့် ဆင်တူသော နွားမျိုးရအောင် အခြား ရိုးရာမွေးမြူရေးနွားများကို မျိုးစပ်ဖန်တီးရာ ဟက်ခ်နွားများ Heck cattle ဖွားမြင် ပေါ်ပေါက်လာသည်။ အမည်သညာ နွားမ (အချို့ဒေသများဝယ် နမဟုဖတ်) ကို cow, နွားထီးကို bull, နွားကို ခြုံ၍ ခေါ်လျှင် cattle ဖြစ်သည်။ cattle သည် ကျွဲနွား အစုကို ရည်ညွှန်းသည်။ နွားကို တရုတ်လို 牛 niú နျို၊ ဂျပန်လို うし, ushi, အုရှိ၊ ကိုရီးယားလို 가축 ဂါချု ထိုင်းလို วัว ဝွော၊ မလေးလို lembu လင်းဘူ၊ ဟင်ဒီလို पशु ပရှူး ဟု ခေါ်သည်။ စကားလုံးရင်းမြစ် နာမ် cattle သည် အများကိန်း ဖြစ်ကာ၊ အနည်းကိန်းမဟုတ်ချေ။ အထီးအမ လိင်နှစ်မျိုးစလုံး ပါဝင်သည်။ အနည်းကိန်းအနေနှင့် cow သည် နွားမ ဖြစ်ကာ၊ bull သည် နွားထီးကို ဆိုလိုသည်။ အများကိန်း cows သည် အရပ်ပြောတွင် နွားအုပ်ထဲ၌ ရှိသော နွားထီးနွားမ အားလုံးကို ခြုံညွှန်းသည်။ ထို့ကြောင့် ပြောဆိုသူက အမများကိုသာ ညွှန်းဆိုလိုသည့်အခါ လွဲမှားမှု ဖြစ်လာသည်။ Cattle သည် bovine ဆိုသော အခေါ်မှ ဆင်းသက်မလာချေ။ ၎င်းကို အင်ဂလို-နော်မန် catel မှ ယူငင်သည်။ ထို catel သည်လည်း အလယ်ခေတ် လက်တင် capitale (ငွေပေါင်း)မှ လာသည်။ capitale သည်လည်း ခေါင်းဆိုသော caput မှ လာသည်။ Cattle ၏ မူရင်းအဓိပ္ပာယ်သည် ရွှေ့ပြောင်းနိုင်သော တကိုယ်ရေဥစ္စာ၊ အထူးသဖြင့် ကျွဲနွားသိုးဆိတ်ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များ ဖြစ်ကာ၊ အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်သော မြေယာ၊ ကြက် (ကြက်သည် မြေ၏ တစိတ်တပိုင်းအဖြစ် ရောင်းနိုင်သောကြောင့် အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်) တို့နှင့် ဆန့်ကျင်ဘက် ယူသည်။ Chattel (ပိုင်ဆိုင်မှု ယူနစ်) ၏ မူကွဲ ဖြစ်ကာ၊ စီးပွားရေးအမြင်အရ capitale နှင့် ပိုနီးစပ်သည်။ အင်္ဂလိပ်ဟောင်းတွင် feoh (cattle, property) နှင့် အစားထိုးခဲ့ပြီး၊ ယနေ့အခါ fee ဖြစ်လာသည်။ Cow စကားလုံးသည် အများသုံး အင်ဒို-ဥရောပ gous မှ၊ အင်္ဂလို-ဆက်ဆွန် cu (အများကိန်း cy)မှတဆင့် လာသည်။ ပါရှန်း gav သက္ကတ go- ဝေလ် buwch တို့နှင့် နှိုင်းယှဉ်နိုင်သည်။ အများကိန်း cy သည် အလယ်ခေတ်အင်္ဂလိပ်တွင် ki or kie ဖြစ်လာကာ၊ အများကိန်း အဆုံးသတ်အပိုကို ထည့်ပေါင်းကြရာမှ kine, kien, kies, kuin စသဖြင့် ပွားလာသည်။ ဤသည်မှာ ယခုပေါရာဏအင်္ဂလိပ် kine ၏ မူလအစ ဖြစ်လေသည်။ စကော့ဘာသာ အနည်းကိန်းမှာ coo or cou ဖြစ်ကာ၊ အများကိန်းမှာ kye ဟူ၏။ သမ္မာကျမ်းစာ၏ ဂျိမ်းဘုရင်ဗားရှင်းကဲ့သို့ ပိုရှေးကျသော အင်္ဂလိပ်စာအရင်းမြစ်တွင် cattle သည် မွေးမြူရေးနွားများကို ညွှန်းကာ၊ အရိုင်းကို ညွှန်းသော သမင်နှင့် ဆန့်ကျင်ဘက် သတ်မှတ်သည်။ Wild cattle သည် ငယ်မွေးခြံပေါက်မဟုတ်သည့် Bos အုပ်စုဝင် နွားရိုင်းများကို ညွှန်းပေမည်။ ယနေ့အခါ မည်သည့် မျိုးပြပစ္စည်းမှ မသုံးသောအခါ၊ cattle ၏ ခေတ်ပေါ်အဓိပ္ပာယ်သည် ခြံမွေးနွား bovines များကို အများအားဖြင့် ညွှန်းလေသည်။ ဝေါဟာရ အသုံးအနှုန်း သင်းပြီး နွားကို နွားပြီး ခေါ်သည်။ သင်းကွပ်ရာ မအောင်မြင်သော နွားကို နွားသင်းကြောင် ဝါ နွားသိုးကြောင် ခေါ်သည်။ နွားမပျိုကို နွားမတမ်းဟုလည်း ခေါ်သည်။ နွားကလေးကို နွားပေါက်စဟု ခေါ်သည်။ နွားကသော လှည်းကို နွားလှည်း ဝါ လှည်းယဉ် ခေါ်သည်။ နွားလည်တွင် ဆွဲသော ချူကို ခလောက် ဝါ ချူလုံးဟု ခေါ်သည်။ အရိုင်းဘဝ ရှိသော နွားကို နွားရိုင်း ခေါ်သည်။ မွေးမြူထားသော နွားရိုင်းကို နွားနောက် ခေါ်သည်။ နွားအများမွေးသော ခြံကို နွားခြံ၊ နို့စားနွားခြံ ခေါ်သည်။ ခြံ ငယ်လျှင် နွားတင်းကုပ်၊ တကောင်တည်းမွေးထားလျှင် နွားတဲ ဖြစ်သည်။ နွားနှာခေါင်း၌ ဖောက်ချည်ထားသော ကြိုးကို နဖားကြိုး ခေါ်သည်။ နွားလံကြိုးမှာ မြက်ခင်း စားကျက်တွင် ရှည်ရှည် လှန်ထားသော ငုတ်ဖြင့် စိုက်ထားသည့် ကြိုး ဖြစ်သည်။ ကျွဲနွားများ လှန်ထားသော မြက်ခင်းပြင် သို့မဟုတ် လွင်ပြင်သည် စားကျက် ဖြစ်သည်။ စားသော အစာခွက်သည် စားကျင်း ဝါ နွားစာခွက် ဖြစ်သည်။ မသန်စွမ်းသော နွားကို တုတ်နွား ခေါ်သည်။ နွား၏ ကျောကုန်းပေါ် ထိုးထွက်နေသော အလုံးကို လဘို့၊ နွားလဘို့၊ နွားဘို့၊ ဘို့ ခေါ်သည်။ နွား၏ ခြေသည်းကို ခွာဟု ခေါ်သည်။ အလွန်သန်မာ ထွားကျိုင်း၍ နွားအုပ်ကို ဦးဆောင်နိုင်သော နွားသည် ရာဇဝင်တွင် နွားလားဥသဘ ဝါ ဥသဘနွား ခေါ်သည်။ နွားများ တကောင်နှင့် တကောင် ချိုဖြင့် တိုက်ခိုက်လျှင် ဝှေ့သည် ခေါ်သည်။ ဝေါဟာရဗေဒ ယေဘုယျအားဖြင့် စကားလုံးတလုံးတည်းပင် ကမ္ဘာအနှံ့အပြား သုံးကြသော်လည်း အဓိပ္ပာယ်အားဖြင့် မဆိုစလောက်နှင့် မတိမ်းမယိမ်း ကွဲပြားသေးသည်။ ဗြိတိန်နှင့် ဗြိတိန်လွှမ်းမိုးသော ကမ္ဘာ၏ အခြားအစိတ်အပိုင်းများ ဖြစ်သည် ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိုင်ယာလန်နှင့် အမေရိကန်တို့နှင့် အသုံးအနှုန်း ကွာခြားထွေပြားမှုကို ဤနေရာတွင် ဖော်ပြထားသည်။ နွားထီးကြီး (သင်းကွပ်မထား) ကို ဘူးလ် bull ခေါ်သည်။ အရိုင်းဘဝ၊ ငယ်ရွယ်ပြီး၊ အမှတ်အသားမရှိသော နွားထီးကို ဩစတြေးလျဝယ် မစ်ကီ micky ဟု သိသည်။ အထီးဖြစ်စေ၊ အမဖြစ်စေ တံဆိပ်မကပ်သည့် bovine များကို ယူအက်စ်နှင့် ကနေဒါတွင် မာဗရစ် maverick ခေါ်သည်။ နွားပေါက်ကလေး calf တကောင်နှင့် အထက် ရှိသော နွားမကြီးသည် ကောင်းဝ် cow ဖြစ်သည်။ နွားမငယ်သည် ကိုယ်ပိုင်ကလေး မရှိသေး၊ အသက်ကလည်း သုံးနှစ်အောက်ဆိုလျှင် နွားမတမ်း၊ နွားမပျို၊ ဟက်ဖာ heifer ခေါ်သည်။ နွားပေါက်စ တကောင်တည်းသာ ရှိသော နွားမကလေးကိုလည်း ရံခါ သားဦးနွားမတမ်း first-calf heifer ခေါ်သည်။ အထီးအမ နွားပေါက်စကလေးကို နို့မဖြတ်ခင်ထိ calves ခေါ်သည်။ အချို့ဒေသမှာ နို့ဖြတ်ပြီးသော်လည်း တနှစ်အရွယ်ထိ ခေါ်သည်။ အချို့အချို့မှာမူ အမဲပေါ်၍ ရသော နွားထီးပေါက်စကိုသာ ခေါ်သည်။ သို့ ခေါ်လျှင် feeder calves သို့ feeders ဟု အလွယ် ခေါ်သည်။ ထို့နောက် တနှစ်မှ နှစ်နှစ်ကြားကို တနှစ်သားကလေး yearlings သို့မဟုတ် stirks ဟု ညွှန်းသည်။ သင်းကွပ်ပြီး အထီး (နွားပြီး) ကို အမေရိကန်တွင် စတီးရ် steer ခေါ်သည်။ သင်းကွပ်နွားအိုများကို ကမ္ဘာ့အချို့နေရာများတွင် ဘူးလတ် bullocks ဟု မကြာခဏ ခေါ်သည်။ သို့သော် မြောက်အမေရိကတွင် ထိုဝေါဟာရမှာ နွားထီးအငယ်ကို ညွှန်းသည်။ Piker bullocks ဆိုသည်မှာ ဖမ်းမိပြီး၊ သင်းကွပ်ပြီးနောက် ပြန်ပျောက်ဆုံးသွားသော micky bulls ပင် ဖြစ်သည်။ micky bulls မှာ သင်းမကွပ်ရသေးသော နွားထီးငယ် ဖြစ်သည်။ ဩစတြေးလျတွင် ဂျပန်နွား Japanese ox မှာ ဂျပန်အမဲသားရောင်းဝယ်ရေးအတွက် သီးသန့်မွေးမြူသော ကီလို ၅၀၀ မှ ၆၅၀ အလေးချိန်ကြားရှိသည့် ပြောင်းဆန်ကျွေး steers ကို ခေါ်သည်။ မြောက်အမေရိကတွင် လေးနှစ်အောက် draft cattle ကို working steers ခေါ်သည်။ မသင့်လျော်သော သို့မဟုတ် နောက်ကျမှ သင်းကွပ်ခံရသော နွားထီးမှာ ဩစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်တွင် stag ဟု ထင်ရှားကာ၊ ကမူးရှူးထိုးနိုင်သော ကြမ်းတမ်းသည့် နွားသိုး ကြောင် ဖြစ်လာသည်။ အချို့နိုင်ငံများတွင် အပြည့်အဝ သင်းမကွပ်မိသည့် အထီး (နွားသင်းကြောင်)ကို rig ဟုလည်း သိကြသည်။ ခိုင်းရန် သို့ စီးနင်းရန် ရည်ရွယ်မွေးထားသော သင်းကွပ်ပြီးအထီး ကို ox (အများကိန်း oxen) ဟု ခေါ်သည်။ ox ဆိုသော စကားလုံးသည် နွားသေကိုလည်း ညွှန်းသည်။ ဥပမာ နွားသားရေ ox-hide, နွားသွေး ox-blood, နွားမြီး oxtail, နွားအသည်း ox-liver။ Springer သည် နွားပေါက်နှင့် နီးစပ်သော cow သို့မဟုတ် heifer ဖြစ်သည်။ နွားမျိုးစိတ်အားလုံးတွင် နွားထီးတကောင်၏ အမြွှာ နွားမသည် မြုံတတ်လေ့ ရှိကာ၊ ဖရီးမာတင် freemartin ခေါ်သည်။ Neatsfood oil ဟူ၍ ဆင်းသက်လာသည့် ချိုနွား Neat, နွားငယ်ကို ဆိုသည့် beef နှင့် သားသတ်ရန် သင့်လျော်သည့် တိရစ္ဆာန်ငယ်များကို ဆိုသည့် beefing တို့သည် အသုံးမရှိတော့သော ဝေါဟာရများ ဖြစ်သော်လည်း၊ poll, pollard နှင့် polled cattle တို့မှာ သဘာဝအားဖြင့် ချိုမဲ့ တိရစ္ဆာန်များကို ယခုထက်ထိ ခေါ်တွင်နေသော အသုံးများ ဖြစ်သည်။ အချို့ဒေသများတွင် ချိုတိထားသော၊ ချိုနုတ်ထားသော အကောင်များကိုလည်း ခေါ်သည်။ လူတို့စားသုံးရန်အတွက် မွေးမြူထားသော နွားများကို သားစားနွား beef cattle ဟု ခေါ်သည်။ အမေရိကန် သားစားနွားမွေးမြူရေးလောကဝယ်၊ အမဲသား beef (အများကိန်း beeves)ဟူသော အခေါ်ဟောင်းသည် အထီးအမမရွေး တိရစ္ဆာန်တကောင်ကို ရည်ညွှန်းလိုသည့်အခါတွင် အသုံးပြုနေဆဲ ဖြစ်သည်။ ဩစတြေးလျန်း၊ ကနေဒီယန်း၊ နယူးဇီလန်နှင့် ဗြိတိန်က လူများကမူ ထိုသို့ ညွှန်းလိုသည့်အခါ သားရဲ beast ဝေါဟာရကို သုံးသည်။ နို့ထုတ်လုပ်ရန်အတွက် အထူးတလည် သားဖောက်သော နွားကို နို့ညှစ်နွား milking ဝါ နို့စားနွား dairy cattle ဟု ခေါ်သည်။ မိသားစုတစုတည်း နို့ရရှိရန် မွေးမြူထားသော နွားမကို အိမ်နွားမ house cow or milker ဟု ခေါ်ချင် ခေါ်မည်။ Fresh cow ဆိုသည်မှာ လောလောလတ်လတ် ပူပူနွေးနွေး မီးဖွားပြီးသော သားဦးဖွား နွားမကို ခေါ်သည့် ဝေါဟာရ ဖြစ်သည်။ ယေဘုယျအားဖြင့် နွားများကို ညွှန်းလိုသည့် နာမဝိသေသနမှာ bovine - နွားနှင့်ဆိုင်သော ဖြစ်သည်။ Bull, cow နှင့် calf တို့ကို ဝေလငါး၊ ရေမြင်း၊ ကုလားအုတ်၊ သမင်ကြီးနှင့် ဆင်အပါအဝင် အခြား သတ္တဝါကြီးများ၏ လိင် သို့မဟုတ် အသက်ကို ညွှန်ပြရန် ဖြန့်ကျက်၍လည်း သုံးသည်။ နွားစကားပုံ နွားပျိုသန်လှ နွားအိုပေါင်ကျိုး ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး သမီးတကောင် နွားတထောင် အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ခြံဝင် နွားပါ ငါ့စကား နွားရ ကျားသနားမှ နွားချမ်းသာ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား အလကားကျောင်း အပေါ်ယံရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ ဝှေ့တတ်သည့် နွားကို ရှောင်ပြန်၊ ကန်တတ်သည့် နွားနှင့် ညား နွားပိန်ထူ လူဝှေ့ အချိန်တန်တော့ နွားပိန်ကန်လိမ့် လုံ့လလည်းထူ မိုးလည်းကူ နွားချေးလည်းချ ကံလည်းမ ဆုံမတတ်ဘဲ နှမ်းဖတ်ကြိုက် ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုတ် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ကိုးကား အခြားကြည့်ရန် Bhattacharya, S. 2003. Cattle ownership makes it a man's world . Newscientist.com. Retrieved 26 December 2006. Cattle Today (CT). 2006. Website. Breeds of cattle. Cattle Today. Retrieved 26 December 2006 Clay, J. 2004. World Agriculture and the Environment: A Commodity-by-Commodity Guide to Impacts and Practices. Washington, DC: Island Press. . Clutton-Brock, J. 1999. A Natural History of Domesticated Mammals. Cambridge: Cambridge University Press. . – A visual textbook containing History/Origin, Phenotype & Statistics of 45 breeds. ခွာစုံပါသော တိရစ္ဆာန်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%BD%E1%80%AC%E1%80%B8
ခြင်္သေ့
ခြင်္သေ့သည် ပင်သီရာ လီအို မျိုးစိတ်(Panthera Leo) ဖြစ်၍ ကြောင်ကြီးမျိုးဖြစ်ပြီး၊ ကြောင်မျိုးရင်းဝင်များထဲ၌ ကျားပြီးလျှင် ဒုတိယအကြီးဆုံး ကြောင်မျိုးရင်းဝင်လည်းဖြစ်သည်။ ယခင်က အာရှတိုက်တွင်နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသော်လည်း အရေအတွက်လျင်မြန်စွာ တိုးပွားလာသော ကျားတို့ကြောင့် အာဖရိကတိုက်ဖက်သို့ ပြောင်းရွှေ့သွားကြသည်ဟု ယူဆရသည်။ ယခုအခါ အာဖရိကတိုက်တွင်သာ တွေ့နိုင်တော့သည်။ ခြင်္သေ့သည် ကျားထက်အရွယ်ငယ်သည်။ အကြီးဆုံး ခြင်္သေ့သည် အကြီးဆုံး ကျားထက် သေးငယ်သည်။ ခြင်္သေ့သည် တောဘုရင်ဖြစ်သည့်အားလျော်စွာ လွန်စွာဣန္ဒြေကြီးသည်။ ခြင်္သေ့သည် လွင်ပြင်တွင်ကျက်စားရန် သင့်လျော်သော သဘာဝရှိပြီး ကျားမှာမူ တောနက်ထဲတွင်ကျက်စားရန် သင့်လျော်သော သဘာဝရှိသည်။ ကျား နှင့် ခြင်္သေ့သည် မျိုးနွယ်တူသောကြောင့် မျိုးစပ်နိုင်သည်။ အဖက ကျား၊ အမိက ခြင်္သေ့ဖြစ်လျှင် ကျားခြင်္သေ့ ဟုခေါ်ပြီး အဖက ခြင်္သေ့၊ အမိက ကျားဖြစ်လျှင် ခြင်္သေ့ကျားဟု ခေါ်သည်။ သိပ္ပံနည်းကျ မျိုးရိုးခွဲခြားထားမှု အောက်ပါ ဇယားကားချပ်သည် ဇီဝမျိုးခွဲပညာရှင်များမှ သိပ္ပံနည်းကျ ခွဲခြားထားသော မျိုးရိုးဇယားဖြစ်သည်။ ကိုးကား ဗေဒင် ကြောင်ကြီးမျိုးစုဝင် တိရစ္ဆာန်များ ထိပ်တန်းသားရဲတိရစ္ဆာန်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B9%E1%80%9E%E1%80%B1%E1%80%B7
သစ်ကျုတ်
ချီတာ (ခေါ်) သစ်ကျုတ် () သည် အာဖရိကတိုက်နှင့် အာရှတိုက်တွင် အီရန်နိုင်ငံအလယ်ပိုင်းတို့၏ ဒေသရင်းမျိုးစိတ် ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ချီတာနှင့် ပူမာတို့သည် အရွယ်အစားအတန်အသင့် ကြီးမားသည့် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ ဖြစ်သော်လည်း ကျား၊ ခြင်္သေ့၊ ဂျိုက်ဂွါး၊ အင်းကျား စသည့် တိရစ္ဆာန်များနှင့် မျိုးရင်းခွဲ မတူကြဘဲ အိမ်မွေးကြောင်ကဲ့သို့ အရွယ်အစားသေးငယ်သည့် ကြောင်များနှင့် မျိုးရင်းခွဲတူ ဖြစ်လေသည်။ ချီတာသည် ကြောင်မျိုးရင်းခွဲ ဖဲလိုင်နီး(Felinae) တွင်ပါဝင်သော အစီနိုနိတ်စ်(Acinonyx) မျိုးစုမှဖြစ်ပြီး ၎င်း၏ သိပ္ပံအမည်မှာ "အစီနိုနိတ်စ် ဂျုဘာတတ်စ် (Acinonyx jubatus)" ဖြစ်သည်။ ချီတာများသည် ဆူညံသံပေးခြင်းမှလွှဲ၍ ဟိန်းသံ မပြုနိုင်ချေ။ ယင်းအချက်သည် ကြောင်မျိုးရင်းခွဲ (Felinae) နှင့် ကြောင်ကြီးမျိုးရင်းခွဲ (Pantherinae) ၏ အဓိကကွဲပြားချက်ပင် ဖြစ်လေသည်။ ကမ္ဘာ့အမြန်ဆုံး ကုန်းနေသတ္တဝါ "ချီတာ" ချီတာသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၈၀ (ကီလိုမီတာ ၈၀ မှ ၁၂၉) ကြား အမြန်နှုန်းပြေးနိုင်သဖြင့် "ကုန်းပေါ်တွင်နေထိုင်သော တိရစ္ဆာန်များထဲတွင် အမြန်ဆုံးတိရစ္ဆာန်" ဖြစ်လေ၏။ မှတ်တမ်းတင်ထားသည့် အမြန်နှုန်းများအနေဖြင့် ပျမ်းမျှရှိသည်ဟု သိရသည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ နှင့် သွင်ပြင်ပုံသဏ္ဌာန် သစ်ကျုတ်များသည် ဤကဲ့သို့သော အမြန်နှုန်းဖြင့်ပြေးနိုင်ရခြင်းမှာလည်း ၎င်းတို့၏ ပေါ့ပါးကျစ်လျစ်သော ခန္ဓာကိုယ်တည်ဆောက်မှု၊ သွယ်ပြီးရှည်လျားသော ခြေတံများနှင့် ပြေးသည့်အချိန်တွင် ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းပေးသော အမြီးရှည်များ ပါဝင်သောကြောင့် ဖြစ်လေ၏။ သွင်ပြင်ပုံသဏ္ဌာန် ၎င်း၏ ဦးခေါင်းသည် သေးငယ်၍လုံးဝန်းကာ နှာတံတိုပြီး မျက်နှာတစ်ဖက် တစ်ချက်စီတွင် မျက်လုံးရှေ့မှ နှာတံတလျှောက် အနက်ရောင်အစင်းကြောင်းပါရှိသည်။ ခန္ဓာကိုယ်၏ အရောင်အသွေးသည် များသောအားဖြင့် ခရင်မ်ဖြူ (သို့) နီညိုရောင် ခပ်ဖျော့ဖျော့ရှိပြီး ၎င်းအရောင်များဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအပေါ်တွင် အနက်ရောင်အစက်အပြောက်များဖြင့် အညီအမျှ ဖုံးအုပ်ထားသည်။ ဇီဝမျိုးရိုးခွဲခြားမှု ကိုးကား ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ နို့တိုက်သတ္တဝါ မျိုးစုများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%85%E1%80%BA%E1%80%80%E1%80%BB%E1%80%AF%E1%80%90%E1%80%BA
ကြောင် (တိရစ္ဆာန်)
ရှေးနှစ်ပေါင်းများစွာကတည်းက ကြောင်များသည် လူတွေရဲ့ ချစ်မြတ်နိုးမှု ၊ ဦးစားပေးမှု ၊ ရက်စက်စွာညှင်းပန်းနှိပ်စက်မှု တို့ကိုခံရပြီး ကြောင်များ၏ ကံကြမ္မာဟာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကြောင်များဟာ အသိရခက်ခြင်းကြောင့် ကြောင်ချစ်သူ ကြောင်ပိုင်ရှင်များအဖို့တော့ စိတ်အနည်းငယ်ရှုပ်ထွေးစေပါတယ်။ ခွေးများက သူတို့ပိုင်ရှင် သူတို့ရဲ့ သခင်ကိုချစ်လျှင်ချစ်ကြောင်း သိသာထင်ရှားစွာပြတတ်ကြပေမယ့် ကြောင် များကိုတော့ ဘယ်အရာကိုမှအတင်းအကြပ်စေခိုင်းလို့မရပါဘူး။ သူတို့ဘာသာ သူတို့စိတ်ဆန္ဒ ရှိမှသာလျှင် သူတို့လုပ်ချင်ရာကိုလုပ်တတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်အမျိုးအစားများပါပဲ။ ကြောင်ပိုင်ရှင် သခင်ကိုလည်း တွယ်ကပ်မနေကြဘဲ လွတ်လွတ်လပ်⁠လပ်နေတတ်ကြပါတယ်။ ကြောင်ချစ်သူများသိကြပြီးတဲ့အတိုင်းပါပဲ အိမ်မှာ ကြောင်မွေးထားပြီဆိုလျှင် ကြောင်ပိုင်ရှင် ကြောင်သခင်များက ကြောင်ကိုပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ဘဲ ကြောင်များကသာ ကြောင်ချစ်သူ ကြောင်ပိုင်ရှင်ကို ပိုင်ဆိုင်သွားကြပါတယ်။ ကြောင်ချစ်သူတွေက အလိုအလျောက်ပဲ ကြောင်များရဲ့ အလိုကျ လိုက်လုပ်ပေးနေရတော့ပါတယ်။ စာရေးဆရာ ဆာဝေါလ်တာစကော့တ်က “ကြောင်များဟာ လှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါများဖြစ်ကြပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ လိုအပ်ချက်တွေ အများအပြားရှိနေ တယ်လို့ ယူဆရတာကြောင့် ကျွန်တော်တို့လူသားတွေဟာ ကြောင်များကို ကိုင်တွယ် မွေးမြူတဲ့အခါမှာ သတိရှိရပါမယ်” လို့ပြောခဲ့ပါတယ်။ ကြောင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၀ ကျော်လောက်ကတည်းက ရှိခဲ့ကြပါတယ်။ ကြောင်အကြီးစားများဖြစ်ကြတဲ့ ကျား ၊ ခြင်္သေ့ များဟာ မီရာဆစ် (Miacids) အသားစားသတ္တဝါမျိုးနွယ်မှ ဆင်းသက်လာကြတာဖြစ်ပါတယ်။ ယနေ့ခေတ်ကြောင်ရိုင်းများကို မျိုးစိတ်အရ ဥရောပကြောင်ရိုင်း ၊ အာဖရိကကြောင်ရိုင်း ၊ အာရှကန္တာရကြောင်ရိုင်းဟု အမျိုးအစား (၃) မျိုးခွဲခြားထားပါတယ်။ အီဂျစ်လူမျိုးများဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀⁠၀၀ ကျော်လောက်ကတည်းက ကြောင်များကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူခဲ့ကြပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးများက ကြောင်များကို သီးသန့်နေရာပေးအလေးထားကာ မွေးမြူခဲ့ကြပါတယ်။ ကြောင်ဦးခေါင်း နဲ့ လူခန္ဓာကိုယ်ရှိသော နတ်ဘုရား Bast ကိုကိုးကွယ်ခဲ့ကြပါတယ်။ ကြောင်ကိုအီဂျစ်ဘာသာဖြင့် mau ဟုခေါ်ပြီး သိမြင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ နေ့အချိန်မှာ ကြောင်တွေရဲ့ မျက်လုံးတွေထဲမှာ နေအလင်းရောင်ကိုသိမ်းဆည်းထားကာ ညအချိန်မှာ လူသားတွေကိုဘေးရန်ကင်းရှင်းအောင် အလင်းရောင်ပြပေးတယ် လို့အယူရှိခဲ့ကြပါတယ်။ အိမ်မှာမွေးထားတဲ့ကြောင်တစ်ကောင်သေဆုံးသွားခဲ့လျှင် အိမ်မှာရှိတဲ့မိသားစုဝင်များ အားလုံးက မိမိတို့ရဲ့ မျက်ခုံးမွေးများကိုအပြောင်ရိတ်ပြီး ဝမ်းနည်းပူဆွေးမှုကို ပြသတဲ့ဓလေ့ရှိခဲ့ပါ တယ်။ အဲ ဒီခေတ်အခါက အီဂျစ်နိုင်ငံမှာ ကြောင်တစ်ကောင်ကို သတ်လျှင် သေဒဏ် ပေးတဲ့ ဥပဒေ ရှိခဲ့ပါတယ်။ ထိုအချိန်အခါက ကြောင်များဟာ အခွင့်ထူးခံ အိမ်မွေးတိရစ္ဆာန်များ ဖြစ်ကြပါတယ်။ အလယ်ခေတ်ကိုရောက်တဲ့အခါမှာတော့ ကြောင်များရဲ့ကံကြမ္မာ ဟာ အစစ အရာရာ ပြောင်းလဲသွားပါတယ်။ ကြောင်များအတွက် အဆိုးဝါးဆုံးကံကြမ္မာဖြစ်ခဲ့ပါတယ်။ ကြောင်များဟာ စုန်း ၊ တစ္ဆေ များရဲ့ အပေါင်းအဖော်များဖြစ်ကြပြီး စုန်း တစ္ဆေ များရဲ့ ကျိန်စာသင့်နေတဲ့တိရစ္ဆာန်များ ဖြစ်ကြတယ်လို့ အယူသီးခဲ့ကြပါတယ်။ စုန်း ၊ တစ္ဆေ များက သူတို့ ကိုယ်သူတို့ ကြောင်များအယောင်ဆောင်ထားပြီး လူတွေကိုလှည့်စား နေခဲ့ကြတယ်လို့ အယူရှိခဲ့ကြပါတယ်။ အထူးသဖြင့်အနက်ရောင်ကြောင်များဟာ မကောင်းဆိုးဝါးများဖြစ်တယ် လို့အယူရှိကြပြီး ကြောင်အနက်များကို သတ်ပစ်လေ့ရှိခဲ့ကြပါတယ်။ စိန့်ဂျွန်ပွဲတော် (Saint John Festival) မှာအနက်ရောင်ကြောင်များကို အရှင်လတ်လတ်မီးရှို့သတ်တဲ့ ဓလေ့ရှိခဲ့ပါတယ်။ အဲ ဒီနေ့ခေတ်အချိန်အခါကစပြီး အနက်ရောင်ကြောင်များဟာ မကောင်းဆိုးဝါးများ လို့ အချို့သောလူများက ဆက်လက်အယူသီးနေကြဆဲဖြစ်ပါတယ်။ ဥရောပတိုက်မှာ ကြောင်များကိုညှင်းဆဲသတ်ဖြစ်နေတဲ့အချိန်အခါမှာပဲ အရှေ့အလယ်ပိုင်းဒေသမှာတော့ ကြောင်များဟာ နှစ်သက်ဖွယ်ရာ အိမ်မွေးအကောင်လေးများ ဖြစ်နေခဲ့ပါတယ်။ ၁၈ ရာစုအရောက်မှာတော့ ဥရောပမှာကြောင်များရဲ့ကံကြမ္မာ ပြောင်းလဲလာခဲ့ပါတယ်။ ကြောင်များကို အိမ်မွေးတိရစ္ဆာန်များအဖြစ်မွေးမြူလာခဲ့ကြပြီး လူအများရဲ့ နှစ်သက်ချစ်ခင်ခြင်းကို ကြောင်များရရှိခဲ့ကြပါတယ်။ ၁၈၇၁ ခုနှစ်မှာ United Kingdom ရဲ့ Central Palace မှာ ကြောင်ပြပွဲကို ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ကြောင်များကိုခွေးထက်ပို မွေးမြူလာကြပြီး ကြောင်များဟာ လူတွေရဲ့ အချစ်တော် လေးများအဖြစ် ရေပန်းစား လျက်ရှိနေပါတယ်။ သိပ္ပံနည်းကျစမ်းသပ်လေ့လာမှုတွေအရ ကြောင်များကိုအိမ်မှာမွေးမြူထားခြင်းဖြင့် ကြောင်ပိုင်ရှင်လူတို့အတွက် စိတ်တင်းကြပ်မှု ၊ စိတ်ဖိစီးမှု နဲ့ သွေးတိုးရောဂါများ ကို လျော့ပါး သက်သာစေတယ်လို့ ဆိုပါတယ်။ ကြောင်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူ ထားခြင်းဖြင့် စိတ်ဖိစီးမှုရောဂါကို လျော့ပါးသက်သာစေတာ ကိုစမ်းသပ်မှု တွေအရ အထင်အရှား တွေ့ရပါတယ်။ လူကြိုက်အများဆုံး[[အိမ်မွေးကြောင်အမျိုးအစားကတော့ အဖြူရောင် နဲ့အနက်ရောင် နှစ်ရောင်စပ်တဲ့ (Moggie) ကြောင်မျိုးဖြစ်ပါတယ်။ အနက်ရောင်ကြောင် နဲ့တက်ဘီကြောင် (Tabby Cat) အမျိုးအစားများကလည်း ကမ္ဘာတဝှမ်းမှာ နာမည်ကြီးနေပါတယ်။ Siamese လို့ခေါ်တဲ့ ယိုးဒယားကြောင်အမျိုးအစားက ၁၉၈၀ ပြည့်နှစ်လောက်မှာ လူသိများလာပါတယ်။ ဝေါ့လ်ဒစ္စနီရဲ့ ကာတွန်းရုပ်ရှင်ဖြစ်တဲ့ The Lady and the Tramp မှာ Siamese ကြောင်များဟာ ဗီလိန်ဇာတ်ဆောင်များအဖြစ်ပါဝင်နေတာကြောင့် ကြောင်ချစ်သူများက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ ကြောင်များဟာ အသိဉာဏ်မြင့်မားပြီး စူးစမ်းလေ့လာတတ်တဲ့သဘာဝရှိပါတယ်။ ပြင်သစ်စာရေးဆရာမ Collette က သူမရဲ့အချစ်တော်ကြောင်လေးအကြောင်းကို - ကျွန်မရဲ့ ကြောင်လေးက သူ့ကို ကျွန်မက တလေးတစား ဆက်ဆံပြောဆိုသလိုမျိုး ကျွန်မကိုပြန်လည်မဆက်ဆံပါဘူး- လို့ ပြောခဲ့ပါတယ်။ ကြောင်တွေဟာမိန်းမတွေအတွက်ချစ်ခင်စရာဖြစ်ပြီး ခွေးများဟာ ယောက်ျားများချစ်ခင်တဲ့ အိမ်မွေး တိရစ္ဆာန်များဖြစ်တယ်ဆိုတဲ့ အင်္ဂလိပ်ရှေးဟောင်းဆိုရိုးစကားရှိပေမယ့်လည်း ဆာဝင်စတန်ချာချီ ၊ မာ့ခ်တွိင် ၊ ဆာအိုင်းဇက်နယူတန် ၊ သမ္မတကြီး အေဗရာဟမ်လင်ကွန်း စတဲ့ ကမ္ဘာကျော်အမျိုးသားများဟာ ကြောင်ချစ်သူများဖြစ်ကြပါတယ်။ အလက်ဇန်းဒါးသည်ဂရိတ် ၊ ဂျူးလိယပ်စ်ဆီဇာ ၊ ဂျင်ဂစ်ခန် ၊ နပိုလီယန်ဘိုနာပါတ် နဲ့ အဒေါ့ဟစ်တလာ တို့ကတော့ ကြောင်မုန်းတီးသူများဖြစ်ကြပါတယ်။ ထိုသို့သော ပုဂ္ဂိုလ်များကတော့ ကမ္ဘာကြီးကို ပိုင်စိုးလို သူ များဖြစ်ကြပြီး အင်မတန်ခေါင်းမာကြသူများဖြစ်ကြပါတယ်။ ကြောင်တွေရဲ့ ဆန္ဒတွေကို ဘယ်တော့မှခွင့်မပြုသူများဖြစ်ကြပါတယ်။ ကြောင်တွေကလည်းကြောင်ချစ်သူများကိုသာချစ်ခင်တတ်ကြပါတယ်။ ကြောင်ချစ်သူများ ကလွဲလို့ကြောင်များရဲ့ ချစ်ခင်မှုကိုမရနိုင်ကြပါဘူး။ ကမ္ဘာကျော်အင်္ဂလိပ်လူမျိုးစာရေးဆရာကြီး ချားလ်စ်ဒစ်ကန်က ကြောင်တစ်ကောင်ကို ချစ်ရတာလောက် ကြီးမားတဲ့ဆုလာဘ်ကြီးမရှိပါဘူး လို့ပြောခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြောင်များနဲ့လူများ အကြားမေတ္တာကို တွေ့နိုင်ပါတယ်။ ကြောင်ချစ်သူများဟာ စိတ်နှလုံးသိမ်မွေးနူးညံ့တတ်ကြပြီး စာပေ ၊ အနုပညာကို နှစ်သက် တတ်သူများဖြစ်တယ် လို့ယူဆလို့ရနိုင်ပါတယ်။ ကြောင်သည် ခွေးကဲ့သို့ လူနှင့် ရင်းရင်းနှီးနှီး နေထိုင်သော အိမ်မွေးတိရစ္ဆာန်ဖြစ်သည်။ သို့သော် ခွေးနှင့်ကြောင်တို့၏ အပြုအမူများမှာ လုံးဝမတူကြချေ။ ခွေးသည် မိမိအရှင်သခင်၏ ပစ္စည်းဥစ္စာကို အသက်စွန့်၍ စောင့်ရှောက်ကာကွယ်တတ်သည်။ သခင်အပါးမှ ထက်ကြပ်မကွာ လိုက်တတ်သည်။ သခင်အားအမြီးနန့်လျက် အားရဝမ်းသာ ခရီးဦးကြိုလည်း ပြုတတ်သည်။ ထိုသို့ ကျေးဇူးသိတတ်မှုကြောင့် လူတို့၏ ခင်မင်အားကိုးခြင်းကို ခံယူရပေသည်။ ကြောင်မှာမူ သခင်အပါးသို့ မချဉ်းကပ်၊ အမြီးနန့်ခြင်း၊ ကြိုဆိုခြင်းလည်း မလုပ်တတ်ပေ။ ကြောင်သည် ကျွန်ုပ်တို့နှင့်အတူ အိမ်တွင်နေထိုင်ခြင်းမှာ လူတို့၏အယုအယကို ခံယူလိုသောကြောင့်ပင် ဖြစ်၏။ အိမ်တွင်နေသည့်အခါ များသောအားဖြင့် နွေးသောနေရာမျိုးတွင် ချောင်ကုပ်၍ နေတတ်သည်။ လူတို့နှင့် များစွာရင်းနှီး ရောနှောခြင်းမရှိ။ အကယ်၍ ရောနှောနေပြန်ကလည်း ခင်မင်မှုကြောင့် မဟုတ်ဘဲ များသောအားဖြင့် စားစရာတစ်ခု⁠ခုကို အလိုရှိ၍သော်လည်းကောင်း၊ လူတို့၏ကိုယ်ငွေ့ကို ခံယူလို၍သော်လည်းကောင်း၊ နေခြင်းသာ ဖြစ်သည်။ လူတို့ကို ကျေးဇူးတုံ့ပြန်ခြင်း မရှိလှပေ။ ကြောင်သည် အိမ်တွင် နှောင့်ယှက်ဖျက်ဆီးနေသော ကြွက်များကို ဖမ်းဆီးတတ်သည်။ သို့သော် သူ့ဆန္ဒအလျောက် ဖမ်းယူခြင်းမျှသာ ဖြစ်၏။ ထို့ကြောင့်ပင် 'ခွေးသည် လူကိုခင်၍၊ ကြောင်မှာ အိမ်ကိုသာ ခင်သည်'ဟု ဆိုစမှတ်ပြုကြ ပေသည်။ ကြောင်ကား သားရဲတိရစ္ဆာန် မျိုးရင်းကြီးထဲကဖြစ်၏။ ခြင်္သေ့နှင့် ကျားတို့မှာ ကြောင်၏ မျိုးရင်းဝင်များ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ကြောင်သည် ဣန္ဒြေကြီးလှလျက် မိမိ၏ဇာတိမာန်ကိုလည်း မဖျောက်နိုင်ဘဲ၊ အခွင့်ကြုံမည့်အခါများတွင် အစွမ်းပြလေ့ရှိသည်။ ကြောင်၏မျိုးရိုးစဉ်ဆက်မှာ အထူးသဖြင့် အမဲလိုက် ကောင်းလေသည်။ ကြောင်၏ပုံသဏ္ဌာန်ကို ကြည့်လျှင်လည်း အမဲလိုက်ရာ၌ လျင်မြန်ပေါ့ပါးအောင် သဘာဝကဖန်တီးပေးထားပုံကို တွေ့နိုင်သည်။ ကြောင်၏ကိုယ်ခန္ဓာကို လေ့လာလျှင် လုံးသောဦးခေါင်း၊ ရှည်လျားသေးသွယ်သောကိုယ်၊ တိုတုတ် သန်မာသော ခြေလက်၊ အဖျားသွယ်သော အမြီးတို့ကို တွေ့ရပေမည်။ ခြေဖဝါးအောက်တွင် လမ်းလျှောက်သည့်အခါ အသံမကြားရအောင် ပျော့ပျောင်းသောအသားဖု ခံထားလျက်ရှိသည်။ ကြောင်လက်သည်းများမှာ ထက်မြက်မာကြော၍ အသုံးမလိုသည့်အခါ ဝှက်ထားနိုင်သည်။ ကြောင်တစ်ကိုယ်လုံးတွင် အထူးမှတ်သားဖွယ်ကောင်းသည်မှာ မျက်စိဖြစ်၏။ မျက်စိအတွင်းရှိ သူငယ်အိမ်သည် နေ့ခင်းဖက် အလင်းရောင်အားကြီးသည့်အချိန်၌ မျှင်⁠မျှင်ကလေး သေးသွယ်သွယ် ကျဉ်းမြောင်းသွား၏။ ညဖက်မှောင်မိုက်သည့်အချိန်တွင်မူ ကျယ်ဝန်းကြီးမားကာ ဝိုင်းစက်လာသည်။ ထို့ကြောင့် ကြောင်သည် ညဖက်တွင် အရာဝတ္ထုများကို ကောင်းစွာမြင်နိုင်သည်။ သို့သော် လုံးဝမှောင် မဲနေသည့်နေရာ၌ကား မြင်နိုင်စွမ်း မရှိချေ။ ကြောင်၏နှုတ်ခမ်းမွေးများမှာ အတွေ့အထိကို စမ်းသပ်နိုင်သည့် အင်္ဂါတစ်မျိုးပင် ဖြစ်လေသည်။ ကြောင်သည် ခွေးနည်းအတူ ခြေဖျားထောက်၍ လမ်း လျှောက်လေ့ရှိသည်။ သို့သော် ခွေးကဲ့သို့ အပြေးမသန်လှ။ အပြေးမသန်လှသော်လည်း ရန်သူလိုက်၍ ပြေးရသော အချိန်မျိုးတွင် သစ်ပင်ပေါ်သို့ တက်ပြေးခြင်းဖြင့်၊ နံရံတံတိုင်းတစ်ခု⁠ခုပေါ်သို့ ခုန်တက်ခြင်းဖြင့်၎င်း၊ လွတ်အောင် ရှောင်တိမ်းနိုင်သည်။ အလွန်ပေါ့ပါး လျင်မြန်သောခွေးပင်လျှင် ကြောင်ကို တော်ရုံလောက်နှင့် မိအောင် မလိုက်နိုင်ပေ။ ကြောင်သည် ခွေးလောက် သင်လွယ်တတ်လွယ်လှသော တိရစ္ဆာန်မဟုတ်သော်လည်း လိမ်မာပါးနပ်၏။ ငယ်ရွယ်စဉ်ကစ၍ စိတ်ရှည်လက်ရှည်နှင့် သင်ကြားလေ့ကျင့်ပေးလျှင် ကြီး ပြင်းလာသည့်တိုင်အောင် ကောင်းစွာ မှတ်သားလိုက်နာတတ်လေသည်။ ကြောင်တွင် အထူးသဖြင့် အမြင်၊ အတွေ့၊ အကြားအာရုံများ အလွန်ထက်သန်၍ ဝေး⁠ဝေးက ကြွက်၏ခြေသံကို ကောင်းစွာကြားနိုင်၏။ ကြောင်မျိုးရင်းထဲတွင် ကျား၊ ကျားသစ်၊ ခြင်္သေ့၊ တောကြောင် စသည်တို့ ပါဝင်ကြသည်။ ယင်းတို့အနက် အချို့၌ အမြီးတိုသည်။ အချို့မှာ အမြီးလုံးဝ မပါသည်ကို တွေ့ရသည်။ သို့ရာတွင် ကြောင်အနွယ်ဝင် တိရစ္ဆာန်အားလုံးတို့၏ အမူအကျင့်တို့မှာ အတူတူပင် ဖြစ်ကြသည်။ ကျားနှင့် ခြင်္သေ့တို့မှလွဲလျှင် ကြောင်မျိုးရင်ဝင် အားလုံးသည် သစ်ပင်အတက် ကောင်းသည်သာ များသည်။ ကြောင်မျိုးရင်းဝင် အားလုံးသည် ညအချိန်၌ အစာရှာရန် ပိုမိုနှစ်သက်ကြ၍၊ သားကောင်ကို ပုန်းကွယ်ကာ ရုတ်တရက် ခုန်အုပ်ပြီး ဖမ်းလေ့ရှိသည်၊ အစာရှာ ထွက်ရာ၌ အဖော်မပါဘဲ တစ်ကောင်တည်း ထွက်တတ်သည်။ အိမ်ကြောင်များနှင့် အမျိုးတော်စပ်သော တောကြောင်ရိုင်း များကို ဩစတြေးလျတိုက်မှလွဲလျှင် ကမ္ဘာပေါ်ရှိ တိုက်အသီးသီး၌ပင် အနှံ့အပြားတွေ့ရသည်။ ကြောင်အမျိုးဝင် တိရစ္ဆာန်တို့သည် သားတစ်ခါမွေးလျှင် အမျိုးအစားကိုလိုက်၍ ၂ ကောင်မှ ၇ ကောင်အထိ မွေးတတ်သည်။ ခြင်္သေ့များကား တစ်ကြိမ်မွေးလျှင် ၂ ကောင် ၃ ကောင်ထက် ပို၍ မမွေးတတ်ကြပေ။ အကောင်ကလေးများသည် အချို့အမျိုးတို့တွင် မျက်စိပွင့်လျက်သား မွေးကြ၍၊ အချို့အမျိုးမှာမူကား ၉ ရက်ခန့်ကြာမှ မျက်စိ ပွင့်လာကြသည်။ ကျွန်ုပ်တို့နှင့် ယဉ်ပါးသော အိမ်ကြောင်များ၏ ဇာစ်မြစ်ကို စိစစ်ရာတွင် သိပ္ပံကဝိအများပင် အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် သဘောအယူအဆ မတူညီကြပေ။ ထိုကြောင်များ၏ ဇာစ်မြစ်နှင့် စပ်လျဉ်း၍ ရှေးအကျဆုံးသော အထောက်အထားကို အီဂျစ်နိုင်ငံ၌ ကြောင်များသည် ရှေးနှစ်ပေါင်း ၃ဝ⁠ဝဝ ခန့်ကပင် အိမ်မွေးတိရစ္ဆာန်များ ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ ကြောင်အမျိုးအနွယ်ကို အာဖရိကတိုက်တွင် ယခုတိုင် တွေ့ရှိနိုင်သေးသည်။ ရှေးခေတ်အီဂျစ်လူမျိုးတို့သည် ကြောင်ကို အစွဲအလမ်းအလျောက် ထူးဆန်းစွာ ကြောက်ရွံ့ လေးစားကြသည်။ ကြောင်ကို အိမ်သားတစ်ယောက်ပမာ ပြုစုယုယကြ၏။ ရှေးခေတ်အီဂျစ် အဆောက်အအုံပျက်များအောက်တွင် ဆေးစိမ်ထားသောကြောင်အလောင်းများကို မကြာခဏ တွေ့ရလေသည်။ ရှေးခေတ် ခရစ်ယာန်တို့သည်လည်း စုန်းနှင့် ကြောင်နက်ရုပ်ပုံဖြင့် ဖော်ပြလေ့ရှိကြသည်။ ယဉ်ကျေးသော တိုင်းပြည်ကြီးများမှာပင် ကြောင်နှင့် စပ်လျဉ်းသည့် ထူးဆန်းသော အစွဲအလမ်းများ ယနေ့အထိ ရှိကြသေးသည်။ မြန်မာနိုင်ငံ၌မူ ကြောင်တစ်ကောင်လုံး နက်လျှင် ကာယသိဒ္ဓိအတွက် ကောင်းသည်ဟု အဆိုရှိသည်။ အိမ်ကြောင်အမျိုးမျိုးတွင် ယိုးဒယားကြောင်မှာ အရှားပါးဆုံးနှင့် အဖိုးအတန်ဆုံး ဖြစ်သည်။ ယင်း၏ မျက်နှာ ခြေလက်နှင့် အမြီးတို့မှာ အညိုရောင်ဖြစ်၍၊ ကိုယ်မှာ ဆွတ်ဆွတ်ဖြူလျက်၊ မျက်စိမှာ ပြာလဲ့လဲ့အရောင် သန်းလျက်ရှိသည်။ အန်ဂိုးရား သို့မဟုတ် ပါးရှင်းကြောင်မျိုးသည် အရွယ်ကြီးမားသောကြောင့်၎င်း၊ ရှည်လျား၍ သိုးမွေးကဲ့သို့သော အမွှေးများရှိသောကြောင့်၎င်း၊ အသားရောင်ရှိသော နှုတ်ခမ်းနှင့် ခြေဖဝါးလက်ဖဝါးများ ရှိသောကြောင့်၎င်း ထင်ရှားသည်။ စပိန်နိုင်ငံတွင် လိပ်ခွံကွက်ကြောင်မျိုးကို အသိဉာဏ်ကောင်းသောကြောင့် အလွန်လူကြိုက်များသည်။ ကြောင်ထဲတွင် အိုင်းအော့မန်းကျွန်းမှ မန့်ကြောင်မျိုးမှာ အမြီး လုံးဝမရှိသည့်အတွက် အကျည်းတန်ဆုံး ဖြစ်၏။ ကြောင်သည် ရေကိုကြောက်၏။ သို့သော် တိရစ္ဆာန်အပေါင်းတွင် ကြောင်လောက် သန့်ရှင်းသော အမျိုးမှာ မရှိသလောက်ရှားသည်။ ကြောင်သည် မိမိ၏အမွေးအမျှင်များကို လျှာဖြင့် အထပ်ထပ်လျက်၍ သန့်ရှင်းစင်ကြယ်စေသည်။ အကယ်၍ ကြောင်တစ်ကောင်တွင် အမွေးအမျှင်များ သပ်ယပ်စင်ကြယ်ခြင်း မရှိလျှင် ထိုကြောင်ကို မကျန်းမမာဖြစ်နေပြီဟု သိအပ်၏။ မိခင်ဖြစ်သော ကြောင်မကြီးသည် မိမိ၏ သားငယ်များကို လျှာဖြင့် မရမက လျက်ပေးခြင်းဖြင့် သန့်ရှင်းစင်ကြယ်စေတတ်သည်။ အထူးသဖြင့် ကြောင်ကလေးများကို လှပသောကြောင့် တစ်ကြောင်း၊ အမြဲမပြတ် မြူးတူးခုန်ပေါက်၍ ဆော့နေတတ်သောကြောင့် တစ်ကြောင်း၊ လူတိုင်းပင် ချစ်နှစ်သက်ကြသည်။ ယင်းတို့သည် ငယ်စဉ်မှ စ၍ သားကောင်ချောင်းဖမ်းသောအကျင့်ကို အလိုအလျောက် ရရှိလာကြသည်။ ကြောင်တို့သည် မွေးရှည်၊ မွေးတို၊ အဖြူ၊ အနက်၊ မြီးရှည်၊ မြီးတို စသည်ဖြင့် အမျိုးများပြားကြသည်။ အချို့ကြောင်များမှာ ၂ မျိုး ၃ မျိုး ရောစပ်ထားသော ကြောင်မျိုးစပ်များ ဖြစ်ကြ၏။ ယင်းတို့အနက် အမွေးတိုသော ကြောင်မျိုးမှာ အကြမ်းခံနိုင်ရည် အရှိဆုံးနှင့် ကြွက်လိုက်အကောင်းဆုံးဖြစ်သည်။ အပြုအမူ ကြောင်များသည် နေ့ရော ညပါ နိုးကြားထကြွနေတတ်ကြသော် လည်း၊ ညဘက်တွင် အနည်းငယ်ပို၍ နိုးကြားနေလေ့ရှိသည်။ ကြောင်များ၏ လှုပ်ရှားမှုအချိန်သည် အပြောင်းအလဲအမျိုးမျိုး ရှိပြီး၊ ကွဲပြားမှုများလည်း ရှိနိုင်သည်ဖြစ်ရာ၊ အိမ်မွေးကြောင်များသည် လူများ လှုပ်ရှားသွားလာမှု ရှိသည့် မနက်ပိုင်းနှင့် ညပိုင်းများတွင် ပို၍ နိုးကြားနေတတ်ကြသည်။ သူတို့သည် ၎င်း၏ အိမ်ပတ်ဝန်းကျင်တွေသာ နေထိုင်တတ်သော်လည်း၊ အချို့ အိမ်မွေးကြောင်များသည် ၎င်းအိမ်အား ဗဟိုချက်မထားလျှင် ၇ ဟက်တာမှ ၂၈ ဟက်တာအထိ ကျယ်ပြန့်သော နယ်မြေပိုင်းခြားမှုများ ရှိတတ်သည်။ ကြောင်များသည် အခြားသော တိရစ္ဆာန်များထက်ပို၍ အိပ်စက်ခြင်းဖြင့် စွမ်းအင်ကို ထိန်းသိမ်းပြီး၊ အထူးသဖြင့် အသက်ကြီးလာသည့်အခါ ပို၍ အိပ်စက်လေ့ရှိသည်။ တစ်နေ့ အိပ်စက်ချိန်သည် များသောအားဖြင် ၁၂ - ၁၆ နာရီကြား အမျိုးမျိုးရှိပြီး၊ ပျမ်းမျှ အိပ်စက်ချိန်သည် ၁၃ - ၁၄ နာရီ ရှိသည်။ ဆက်သွယ်မှု အိမ်မွေးကြောင်များသည် ဆက်သွယ်မှုအတွက် အသံအမျိုးမျိုးပြုကြပြီး၊ ညည်းသံပေးခြင်း၊ အသံတုန်ခါခြင်း၊ မာန်ဖီခြင်း၊ မသဲမကွဲအော်ခြင်းနှင့် ပုံစံအမျိုးမျိုးဖြင့် တစ်ညောင်ညောင်အော်ခြင်း တို့ဖြင့် ဆက်သွယ်မှု ပြုလုပ်ကြသည်။ နားရွက်နှင့် အမြီး အထားအသို၊ ခန္ဓာကိုယ် တစ်ခုလုံးအား ဖြေလျှော့နေခြင်း၊ ခြေချောင်းများကို ဆုပ်နယ်နေခြင်း စသည်တို့သည် သူတို့၏ စိတ်ခံစားမှုများကို ဖော်ပြနေခြင်း ဖြစ်သည်။ ကြောင်များသည် ခွေးများနှင့် သဘာဝအရ မတည့်ကြဟု ထင်မှတ်ထားကြသော်လည်း၊ အတူနေပုံ မှန်ကန်လျှင် အတူတူနေထိုင်နိုင်စွမ်း ရှိသည်။ ကြောင်များသည် ငယ်ငယ်လေးကတည်းက သူတို့၏ သခင်နှင့် ရင်းနှီးချစ်ခင်စွာ နေလာကြခဲ့လျှင် သူတို့၏ သခင်အား လွန်စွာ ခင်တွယ်တတ်ကြသည်။ လူသား သခင်များသည် ကြောင်များအတွက် မွေးစားအမေကဲ့သို့ ဆောင်ရွက်ပေးသည်ဖြစ်သောကြောင့် ကြောင်များသည် ကြောင်ပေါက်စလေးများကဲ့သို့ပင် ဆက်လက်ပြုမူနေထိုင်တတ်ကြသည်။ အချို့ သီအိုရီများအရ အချို့ကြောင်များ၏ အသံမြင့်ဖြင့် အစာတောင်းရန် အော်ခြင်းသည် လူသား ကလေးငယ်များ ဗိုက်ဆာ၍ ငိုနေသည့် အသံနှင့် တူသောကြောင့်၊ လူသားများမှ သူတို့အား ဂရုမပြုပဲ မနေနိုင်ဖြစ်စေသည်ဟု ဆိုကြသည်။ ကိုးကား ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%20%28%E1%80%90%E1%80%AD%E1%80%9B%E1%80%85%E1%80%B9%E1%80%86%E1%80%AC%E1%80%94%E1%80%BA%29
ကြောင်ကတိုး
ကြောင်ကတိုး ()သည် အာရှတိုက် အပူပိုင်းဒေသ နှင့် အာဖရိကတိုက်တွင် အထူးသဖြင့် အပူပိုင်းသစ်တောများ၌ နေထိုင်ကျက်စားသည့် ညဉ့်တိရစ္ဆာန်(ညအချိန်၌သာ လှုပ်ရှား၊ သွားလာ၊ အစာရှာခြင်း များသောအားဖြင့် ပြုလုပ်လေ့ရှိသော တိရစ္ဆာန်) နို့တိုက်သတ္တဝါများ ဖြစ်သည်။ ဘုံအမည် ကြောင်ကတိုး ဟူသော ဝေါဟာရသည် နို့တိုက်သတ္တဝါ မျိုးစိတ်ကွဲ တစ်ဒါဇင်ကျော်နှင့်သက်ဆိုင်သော ဘုံအမည်နာမဖြစ်သည်။ ၎င်း၏ မျိုးစိတ်ကွဲအများစုကို အရှေ့တောင်အာရှတွင်တွေ့ရသည်။  လူသိများသော ကြောင်ကတိုးမျိုးစိတ်မှာ အာဖရိကကြောင်ကတိုးကြီး ()ဖြစ်ပြီး မွှေးကြိုင်သောရနံ့အား အသုံးပြုရန်အလို့ငှါ အဓိကရယူခဲ့သည့် မျိုးစိတ်ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရသိရှိရသည်။ ဆင်းသက်လာသော မျိုးရိုးများ မတူညီခြင်း “ကတိုး” ဟူသောစကားလုံးသည် တိရစ္ဆာန်များမှ ထုတ်လုပ်သည့် ထူးခြားသော ရနံ့တစ်ခုကို ရည်ညွှန်းခြင်းဖြစ်ပြီး၊ ထိုအမည်ပါသော တိရစ္ဆာန်များသည် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးစုများမှ ရွေး၍ စုဖွဲ့ထားသော အုပ်စုတစ်ခုအား ရည်ညွှန်းခေါ်ဝေါ်ခြင်းဖြစ်သည်။ ကြောင်ကတိုးကို ကြောင်နံ့သာဟုလည်း ခေါ်ကြသည်။ ရှားပါးသတ္တဝါစာရင်းဝင် ဖြစ်သည်။ ပါဏဗေဒ အလိုအရ ခွဲခြားကြည့်ခြင်း ကြောင်ကတိုးဟူသော အမည်နာမနှင့် သက်ဆိုင်သော တိရစ္ဆာန်များမှာ အများအားဖြင့် အသားစားနို့တိုက်သတ္တဝါ Viverridae မျိုးရင်းဝင် မျိုးစိတ်များဖြစ်သည်။ အာဖရိကအုန်းကြောင်ကတိုး (Nandinia binotata)မှာ မတူညီသော မျိုးရိုးဗီဇရှိပြီး ၎င်း၏ကိုယ်ပိုင် monotypic မျိုးရင်းဝင် Nandiniidae မျိုးစုမှ ဖြစ်သည်။ ကြောင်ကတိုးအား ၊ ၊ ဟုခေါ်ဝေါ်ကြသည်။ စာရေးသားသူအချို့သည် Civettictis၊ Viverra နှင့် Viverricula civets များ အားလုံးကို ကြောင်ကတိုး()ဟုသာ ရည်ညွှန်းသုံးစွဲကြသည်။  ထို့အပြင် အင်္ဂလိပ်ဘာသာစကားတွင် ထိုအမည်နာမသည် Chrotogale၊ Cynogale, Diplogale, Hemigalus, Arctogalidia, Macrogalidia, Paguma နှင့် Paradoxurus civets အားလုံးကို ရည်ညွှန်းသော အသုံးအနှုန်းဖြစ်သည်။ ကိုးကား ဆက်စပ်ကြည့်ရန် ကြောင်ကတိုး ကော်ဖီ ဝံပိုင့်များ အသုံးများသော နို့တိုက်သတ္တဝါ အမည်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%90%E1%80%AD%E1%80%AF%E1%80%B8
ခွေး
ခွေး သည် လူသားတို့၏ ယဉ်ပါးအောင် မွေးမြူခြင်းခံရသည့် ပထမဆုံး အိမ်မွေး တိရစ္ဆာန်တစ်မျိုးဖြစ်သည်။ လူတို့၏ မိတ်ဆွေစစ် ရှေးကျောက်ခေတ်ကတည်းက လူတို့သည် ခွေးကို မွေးမြူခဲ့ကြသည်။ ခွေးသည် သခင်ကို သစ္စာဖောက်၍ စွန့်ပစ်လေ့မရှိချေ။ သခင်အတွက် အသက်ကိုပင် စွန့်တတ်သည်။ ကမ္ဘာပေါ်တွင် ခွေးအမျိုးမျိုးရှိရာ ယင်းတို့သည် ပါးနပ်စွာအသုံးချတတ်လျင် တစ်မျိုးစီအသုံးကျပေသည်။ သို့ရာတွင်လမ်းဘေးခွေးလေခွေးလွင့် ခေါ် ခွေးဝင်စားများမှာကား မည်သို့မည်ပုံနှင့်မျှအသုံးမကျ၊ ကောင်းကျိုးမပေးဘဲ ပတ်ဝန်းကျင်သန့်ရှင်းမှုကိုဆိုးရွားစွာထိခိုက်စေရုံတင်မက ခွေးရူးပြန်အစရှိသောရောဂါပေါင်းစုံတို့ကိုသယ်ဆောင်သူများပါဖြစ်၏။ လမ်းသွားလမ်းလာများ၊ အထူးသဖြင့်ကလေးသူငယ်များအတွက်လည်းလွန်စွာအန္တရာယ်များလှပြန်လေသည်။ လူတို့မွေးမြူအသုံးပြုသော တိရစ္ဆာန်များအနက် ခွေးသည် အားအကိုးရဆုံးသော မိတ်ဆွေ၊ သစ္စာ အရှိဆုံးသော ကျေးကျွန် မည်ပေသည်။ ရှေးကျောက်ခေတ်က လူတို့နေထိုင်ရာ ဂူလိုဏ်များကို တူးဖော်ကြည့်ရာတွင် လူရိုးနှင့် ခွေးရိုးများ အတူတကွ တွေ့ရှိခြင်းကို ထောက်ရှုသော် သမိုင်းမတင်မီ ခေတ်အခါကပင် ခွေးသည် လူတို့အတွက် ယဉ်ပါးလာသောတိရစ္ဆာန် ဖြစ်၏ဟု ဆိုရပေမည်။ အိမ်ခွေးတို့သည် ဝံပုလွေနှင့် ခွေးအများ အထူးသဖြင့် ဝံပုလွေများမှ တစ်စတစ်စ ဆင်းသက်လာသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ယူဆကြသည်။ ယင်းသိပ္ပံသုတေသီတို့၏ အဆိုအရ ရှေးခေတ်လူတို့သည် ရှေးဦးစွာ မိမိတို့ဒေသ ပတ်ဝန်းကျင်ရှိ ဝံပုလွေအရိုင်းများကို အမဲလိုက်ရာတွင် အသုံးပြုရန် မွေးမြူကြသည်။ ထို့နောက် လူတို့၏ ယဉ်ကျေးမှု အဆင့်အတန်း တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ အမဲလိုက်ရန်တစ်ခုတည်းအတွက် မဟုတ်ဘဲ သီးခြားကိစ္စအလိုက် မွေးမြူလေ့ကျင့်ပေးခဲ့ရာမှ အိမ်ခွေးအမျိုးမျိုး ပေါ်ပေါက်လာသည်ဟု ဆိုသည်။ အိမ်ခွေးများသည် လူတို့နှင့်အတူ နေထိုင်ယဉ်ပါးနေပြီဟု ဆိုရသော်လည်း မိမိတို့ ဘိုးစဉ်ဘောင်ဆက်မှ မျိုးရိုးဇာတိစရိုက် အချို့ကိုမူ ယနေ့တိုင်အောင် မဖျောက်နိုင်ကြသေးပေ။ ခွေးသည် မွေးစအရွယ်မှစ၍ အမဲလိုက်ရန် ဝါသနာထုံခဲ့သည့်အတိုင်း အငယ်ဆုံးသော ခွေးကလေးမျိုးပင်ဖြစ်စေကာမူ ပြေးလွှားနေ သည့်ကြက်၊ ငှက်၊ ကြွက်၊ ကြောင်မှစ၍ ယုန်၊ သိုး၊ ဆိတ်၊ ဝက်၊ သမင်၊ ဒရယ်၊ ချေ၊ ဆတ် စသည်တို့ကို မြင်ရုံနှင့် အပြေးလိုက်တတ်သည်။ ခွေးသည် အိပ်ခါနီး နှစ်ပတ် သုံးပတ်လှည့်ပြီးမှ အိပ်တတ်သည်။ ဤအကျင့်မှာ ရှေ့တွင်ဖော်ပြခဲ့သော မျိုးရိုးဇာတိစရိုက်ပင် ဖြစ်၏။ မယဉ်ပါးသေးသော အချိန်က ခွေးရိုင်းများသည် လုံခြုံသော ကိုင်းတော မြက်တောများ၌ အိပ်ရန်ကြံသောအခါ အိပ်မည့်နေရာရှိ မြက်နှင့် သစ်ရွက်များကို ပထမ သုံး၊ လေးပတ်မျှ လှည့်၍ နင်းပေးပြီး အိပ်ရာနေရာကို ပြင်လေ့ရှိသည်။ ညဖက်တွင် ခွေးများအူတတ်သည့် အကျင့်မှာလည်း ယင်းတို့၏ မျိုးရိုးဖြစ်သော ဝံပုလွေများသည် အစာရှာထွက်ချိန်၌ ဝံပုလွေအုပ်ကို အူ၍ ခေါ်သော အလေ့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အိမ်ခွေးများသည် မည်သည့်ရန်သူမျှ မရှိစေကာမူ မိမိတို့၏ အစာဖြစ်သော အရိုးများကို ဝှက်ထားတတ်သည်။ ဤအကျင့်မှာလည်း ရှေးခွေးရိုင်းများသည် မိမိတို့၏အစာကို ရန်သူ မတွေ့နိုင်အောင် ဝှက်ထားတတ်သည့် အလေ့မှ ဆင်းသက်ခဲ့ပေသည်။ ထိုမှတစ်ပါး အနံ့ခံ ကောင်းခြင်း၊ မျက်စိရှင်ခြင်း၊ နားပါးခြင်း၊ ချွန်ထက်သော သွားများရှိခြင်း၊ ပြေးလွှားနိုင်ရန် သန်စွမ်းသော ခြေထောက်များရှိခြင်း၊ ကိုယ်တွင် အမွေးကြမ်းများ ဖုံးလွှမ်းပါရှိခြင်း၊ သေးသွယ်၍ ကြံ့ခိုင်တောင့်တင်း သောကိုယ် ရှိခြင်း စသည်တို့မှာလည်း မုဆိုးများနှင့်အတူ အမဲလိုက်ရာ၌ သင့်တော်အောင် သဘာဝက ဖန်တီးပေးခဲ့သော ရှေးခွေးရိုင်းများမှ ဆက်ခံခဲ့သည့် မျိုးရိုးဇာတိအမွေများပေတည်း။ ခွေးတို့သည် လူသားတို့လက်ဖြင့် ဆင့်ကဲပြောင်းလဲခြင်းခံရသည့် တစ်ခုတည်းသော မျိုးစိပ်ပင် ဖြစ်သည်။ အာရှနှင့် အာဖရိကတိုက်ရှိ အမဲလိုက်ခွေးရိုင်းများနှင့် ယဉ်ပါးနေသော အိမ်ခွေးများ၏ ခြားနားချက် တစ်ခုမှာကား များသောအားဖြင့် အိမ်ခွေးများက ဟောင်တတ်၍ ခွေးရိုင်းများက အူရုံသာ အူတတ်ခြင်းပင် ဖြစ်သည်။ အမေရိကတိုက်ရှိ ဝံပုလွေနှင့်တူသောခွေးများသည် တစ်ခါတစ်ရံသာ ဟောင်တတ်သည်။ အက်စကီးမိုး လူမျိုးတို့ မွေးမြူထားသော 'ဟပ်စကီ' ခေါ် ခွေးများကမူ လုံးဝမဟောင်တတ်ချေ။ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးအားလုံးတွင် ခွေးတစ်မျိုးတည်းသာ ကမ္ဘာအရပ်ရပ်သို့ လူနှင့်အမြဲ လိုက်ပါကာ အမျိုးမျိုးသော ရာသီဥတုကို ခံနိုင်၍ လူအား ကူအညီပေးနိုင်သော တိရစ္ဆာန်ဖြစ်သည်။ အချို့သောခွေးမျိုးသည် ရဲရင့်သည်။ အချို့မှာ သိမ်မွေ့၏။ အချို့ကား လိမ်မာ၏။ အချို့ကား ထိုင်းမှိုင်း၏။ ဆိုးပေ၏။ သို့သော် အားလုံးသော တိရစ္ဆာန်များအနက် ခွေးသည် လူ၏သဘောကို နားအလည်ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။ ခွေးသည် ဝံပုလွေမှ ဆင်းသက်လာသည်ဟု ယုံကြည်ဖွယ် ရာ အကြောင်း ရှိလေသည်။ မြောက်အမေရိကတိုက် မြောက် ပိုင်းရှိ အက်စကီးလူမျိုးတို့၏ခွေးများသည် ဝံပုလွေနှင့် အလွန် တူသည်။ ပကတိဝံပုလွေနှင့် တူလှသောကြောင့် မကြာခဏပင် ခရီးသည်များ အထင်မှားကြရသည်။ ဖလော်ရီဒါပြည်နယ်ရှိ ခွေးအချို့မှာလည်း ဝံပုလွေနှင့် ရွေးမရအောင် တူသည်။ အာရှ၊ အာဖရိကနှင့် ဥရောပတောင်ပိုင်းနိုင်ငံများရှိ အိမ်ခွေးများမှာမူ ခွေးအတို့၏ အဆက်အနွယ်များ ဖြစ်သည်ဟု ယူဆရသည်။ အမေရိကနှင့် ဥရောပတိုက်မြောက်ပိုင်းရှိ အက်စကီးမိုး ခွေးများကို ရေခဲပြင်ပေါ်၌ စွတ်ဖားဆွဲရန် အသုံးပြုကြသည်။ ဝင်ရိုးစွန်းရှာဖွေသူတို့သည် ဤခွေးများ၏အကူအညီကို များစွာ ရရှိကြသည်။ ယင်းတို့သည် အလွန်အမင်း အေးသောဒဏ်ကို ခံနိုင်၍ အစာအာဟာရ အနည်းငယ်ဖြင့် အသက်ရှင်နေနိုင်ကြ သည်။ အားကောင်းသော ဤခွေးမျိုးတစ်စုသည် ခရီးလမ်း ကောင်းမွန်ပါက ရေခဲပြင်ပေါ်၌ ပေါင်ချိန် ၃၆၀ ရှိသောဝန်ကို တစ်နေ့လျှင် မိုင် ၄၀ ခန့် ခရီးပေါက်အောင် လွယ်ကူစွာ ဆွဲဆောင်နိုင်သည်။ ဗဲလဂျီယမ်နှင့် ဟော်လန်နိုင်ငံများတွင် လက်တွန်းလှည်း၊ ဟင်းသီးဟင်းရွက်လှည်းနှင့် နွားနို့လှည်းကလေးများကို သန်စွမ်းသောခွေးများအား ဆွဲစေသည်။ စကော့တလန်ပြည်၌ အလွန်စိတ်ချ အသုံးဝင်သော သိုးကျောင်းခွေးများ ရှိသည်။ ချွန်သောနှုတ်သီးနှင့် အမွေး ထူထပ်သော ကိုယ်ရှိပြီးလျှင် လည်ပင်းနှင့် အမြီးတွင် လည် အမွေးဖွားဖွား ပါရှိသဖြင့် အထူးပင် လှပသည်။ ဤခွေးများသည် မျက်စိလည် လမ်းမှား၍ အုပ်ကွဲသွားသောသိုးများကို သိုးအုပ်ရှိရာသို့ ပြန်ပို့ပေးခြင်း၊ နေဝင်ချိန်၌ သိုးများကို စုရုံး၍ ခြံသွင်းခြင်း စသည့် သိုးကျောင်းအလုပ်များကို လူနှင့်မခြား ဆောင်ရွက်နိုင်သည်။ အနံ့ခံလည်းကောင်းလှသဖြင့် အုပ်ကွဲနေ သောသိုးများကို ဆီးနှင်းမုန်တိုင်းများကြားထဲမှပင် မရမနေ တွေ့အောင် ရှာဖွေနိုင်ကြသည်။ အမဲလိုက်ခွေးမျးသည် အမဲကောင်ကို အနံ့ခံ၍ မျက်ခြည် မပြတ်အောင် လိုက်နိုင်သည်။ သွေးစက်ကို အနံ့ခံလိုက်၍ ထိမှန်သွားသောအမဲကောင်များကို တွေ့အောင် ရှာနိုင်သည်။ ခြေရာခံခွေးကြီးများသည် ထွက်ပြေး လွတ်မြောက်သွားသော ရာဇဝတ်သားများကို ခြေရာခံ၍ လိုက်လံဖမ်းဆီးပေးနိုင်သည်။ ဥရောပတိုက်အလယ်ပိုင်းရှိ မြင့်မား၍ ဆီးနှင်းများ ဖုံးအုပ် နေသည့် အဲ့လပတောင်တန်းများပေါ်တွင် သွားလာကြသော ခရီးသည်များသည် တစ်ခါတစ်ရံ မျက်စိလည်လမ်းမှား၍ ဖြစ်စေ၊ ဆီးနှင်းမုန်တိုင်းမိ၍ ဖြစ်စေ၊ ခြေကုန်လက်ပမ်းကျကာ အတိဒုက္ခရောက်နေတတ်သည်။ ထိုဒုက္ခသည်များအား လိုက်လံ ရှာဖွေ ကယ်ဆယ်ရန်အတွက် 'စိန်ဗားနတ်'ခေါ် ခွေးကြီးများကို တောင်ခြေရှိ ဘုန်းကြီးကျောင်းများ၌ မွေးမြူ လေ့ကျင့်ပေးထားကြသည်။ ရာသီဥတု ဆိုးရွားသောနေ့များတွင် ဤခွေးကြီးများကို လည်ပင်း၌ ခေါင်းလောင်း ကလေးများဆွဲကာ ဒုက္ခ သည်များအား ရှာဖွေရန် စေလွှတ်လိုက်သည်။ အများအားဖြင့် နှစ်ကောင်တွဲ စေလွှတ်လေ့ ရှိ၏။ ဒုက္ခသည် တစ်ဦး တစ်ယောက်ကို တွေ့သောအခါ တစ်ကောင်က အကူအညီ ပေးရရန် ဘုန်းကြီးများထံ ပြန်ပြေး၍ ကျန်တစ်ကောင်က ဒုက္ခသည်အား ဖုံးနေသော နှင်းခဲများကို ဖယ်ရှားပေးခြင်း၊ အနွေးဓာတ်ရစေရန် မျက်နှာနှင့် ခြေလက်များကို လျှာဖြင့် လျက်ပေးခြင်းဖြင့် စောင့်ရှောက်ကာ ကျန်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ပထမကမ္ဘာစစ်ကြီးအတွင်းက စိန်ဗားနတ်နှင့် အခြားခွေး မျိုးများအပါအဝင် ခွေးပေါင်း ၁၀၀၀၀ ကျော်တို့သည် စစ် မြေပြင်၌ အရေးကြီးသော အလုပ်များကို ဆောင်ရွက်ပေးခဲ့ကြ လေသည်။ တယ်ရီယာ ခွေးငယ်ကလေးများက မြေကတုတ် အတွင်းရှိ ကြွက်များကို နှိမ်နင်းပေးခဲ့သည်။ သန်မာထွားကျိုင်း သော ခွေးကြီးများက ကင်းစောင့်စစ်သားများထံ ပူနွေးသော စားသောက်ဖွယ်တို့ကို ပို့ဆောင်ပေးခဲ့သည်။ လူမသွားနိုင် လောက်အောင် ဘေးရန်ပေါသော နေရာများသို့ စစ်သတင်းများ ကို ပို့ဆောင်ပေးခဲ့သည်။ သူနာပြုခွေးများက ကြက်ခြေနီ သူနာပြုတပ်သားများအား ဒဏ်ရာဖြင့်လဲနေသော စစ်သား များထံသို့ ရောက်အောင် လမ်းပြပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဒုတိယကမ္ဘာစစ်ကြီးအတွင်းကလည်း အထက်ပါကိစ္စများ အပြင် ကင်းစောင့်ခြင်း၊ စစ်ပစ္စည်း စစ်စခန်းများ စောင့်ထိန်း ခြင်း၊ မြေမြှုပ်ဗုံးများ ရှာဖွေခြင်း စသည့် ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ခွေးပေါင်းမြောက်မြားစွာကို လေ့ကျင့် အသုံးချခဲ့ကြသည်။ အထူးသဖြင့် ကင်းစောင့်ခွေးများသည် စစ်သားတို့ထက် ဦးအောင် ချဉ်းကပ်လာသော ရန်သူကို အနံ့ဖြင့် သိရှိကြသည်။ အက်စကီးမိုးတို့၏ ဟပ်စကီခွေးမျိုးနည်းတူပင် အိမ်စောင့် ရာ၌ အထူးအားကိုးရသည့် 'ဂရိတ်ဒိန်း'ခေါ် ခွေးကြီးမျိုးနှင့် 'ခွေးဘီလူး'များလည်း ရှိသေးသည်။ ခွေးဘီလူးသည် မက်စတစ်မျိုးတွင် ပါဝင်၍ အရုပ်ဆိုးသလောက် စည်းကမ်း သေဝပ်ပြီးလျှင် သစ္စာရှိပေသည်။ သတ္တိအလွန်ကောင်း၍ ကိုက်မိလျှင် မလွှတ်တမ်း ခဲထားလေ့ရှိသဖြင့် ခွေးဘီလူးများကို ရှေးအခါက တောဝက်လိုက်ရာ၌၎င်း၊ ခွေးနှင့်နွား တိုက်ပွဲများ ၌၎င်း အသုံးပြုခဲ့ဘူးသည်။ ခွေးများသည် အနံ့ခံအကောင်းဆုံးခွေးမှာ အမဲလိုက်ခွေး များပင် ဖြစ်၏။ အမဲလိုက်ခွေးမျိုးတို့သည် အပြေးမြန်သည်။ အထူးသဖြင့် ခွေးသမင်မျိုးမှာ အပြေးအလွန်မြန်၏။ မြေခွေး လိုက်ရာတွင် အသုံးပြုသည့် ခွေးမျိုးမှာလည်း အလွန်လှပ၍ ယင်းတို့ကို အင်္ဂလန်ပြည်၌ အုပ်လိုက် မွေးမြူကာ အသုံးပြုလေ့ ရှိကြသည်။ ကမ္ဘာတွင် ယဉ်ပါးနေသော ခွေးမျိုးသန့်သန့်ပေါင်း ၂၂၅ မျိုးခန့်ရှိ၍ ယင်းတို့အနက် ၂၅ မျိုးခန့်မှာ အကြီးမျိုးထဲက ဖြစ်သည်။ ထိုသို့ အသိအမှတ်ပြုထားသော ခွေးများကို တစ်ဖန် အမျိုးအစားအလိုက် ၆ စု ခွဲထားပြန်သည်။ ပထမအစုမှာ ဝံပုလွေနှင့်တူသည့် ခွေးဝံပုလွေမျိုး ဖြစ်၍ ဤအစုတွင် အက်စကီးမိုးတို့၏ ခွေးများ၊ အမေရိကတိုက်မှ ခွေးဝံပုလွေများ၊ သိုးကျောင်းခွေးများ၊ တရုတ်တို့၏ 'ချောင်ချောင်'ခေါ် ခွေးများ နှင့် အထက်ကျော်ကာလက ဗဲလဂျီယမ်နိုင်ငံ၌ လှေများကို စောင့်ပေးသော အမြီးမပါသည့် 'စခစ်ပါကီ' ခွေးမျိုးများ ပါဝင်သည်။ ဒုတိယအစုမှာ ခွေးသမင်မျိုးဖြစ်၍ ဤအစုတွင် နိုင်ငံ အရပ်ရပ်မှ ခွေးသမင်အမျိုးမျိုး၊ အိုင်ရစ်နှင့် ရုရှဝံပုလွေခွေး သမင်များအပြင်၊ တောင်အမေရိကတိုက်၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံရှိ အမွေးမပါသည့် ထူးခြားသော ခွေးသမင်မျိုးတို့ အားလုံးပါဝင်သည်။ တတိယအစုမှာ စပန်နီယယ်ခေါ် သင်္ဘောခွေးမွေးရှည်မျိုး ဖြစ်၍ ဤခွေးမျိုးတွင် အမွေးရှည်ခြင်း၊ ခေါင်းကြီးခြင်း၊ နားရွက်ဖားခြင်းတို့၌ အခြားခွေးမျိုးများနှင့် ကွဲပြားသည်။ ဤအစုတွင် 'နယူးဖောင်းလန်း'ခွေးများ၊ တရုတ်နိုင်ငံမှ 'ပီကင်းဂိ'ခွေးမျိုးနှင့်တကွ ငှက်ပစ်ထွက်ရာတွင် လိုက်လေ့ ရှိသော တောလိုက်ခွေးအမျိုးမျိုး ပါဝင်သည်။ စတုတ္ထအစုမှာ အမဲလိုက်ခွေးမျိုး ဖြစ်၍ ဤအစုတွင် မြေခွေးလိုက်ခွေး၊ ဖျံလိုက်ခွေး၊ ဆတ်လိုက်ခွေး စသော အမဲလိုက်ခွေးအမျိုးမျိုး ပါဝင်သည်။ ပဉ္စမအစုမှာ မက်စတစ်ခေါ် အိမ်စောင့်ခွေးကြီးမျိုးဖြစ်၍ ဤအစုတွင် ဂရိတ်ဒိန်း ခွေးကြီးမျိုး၊ စိန်ဗား နတ်ခွေးကြီး မျိုးနှင့် ခွေးဘီလူးများ ပါဝင်သည်။ ယင်းတို့သည် သစ္စာရှိ၍ သတ္တိကောင်းသဖြင့် အလွန်စိတ်ချရ၏။ တယ်ရီယာခေါ် မြေတူးခွေးမျိုး ဖြစ်သည်။ မြေတူးခွေးမျိုးဟု ခေါ်ရခြင်းမှာ ကြွက်စသော တွင်းအောင်း သတ္တဝါများကို လိုက်လံဖော်ယူတတ်သောအလေ့ ရှိသောကြောင့် ဖြစ်၏။ ဤခွေးမျိုးသည် ဉာဏ်ကောင်းသည်။ လိမ်မာသည်။ လှလည်းလှသဖြင့် အလှမွေးခွေးလိမ္မာများအဖြစ်ဖြင့် လူကြိုက် များသည်။ ဤခွေးမျိုးတွင် စကော့တယ်ရီယား အိုင်ရစ်တယ် ရီယာ၊ အဲယားဒေးတယ်ရီယာ၊ ယော့ရှိုင်ယာတယ်ရီယာ၊ စံကိုင်း တယ်ရီယာ စသော တယ်ရီယာအမျိုးမျိုးအပြင် 'ပူးဒဲ'ခေါ် အလိမ်မာဆုံးဖြစ်သည့် ခွေးလည်ဆံရှည်မျိုးလည်း ပါဝင်သည်။ အထက်ပါ ခွေးမျိုးသန့်များအပြင် အလိုရှိသောခွေးမျိုးရ အောင် မျိုးကွဲချင်း စပ်ထားသော ခွေးမျိုးစပ်များလည်း ရှိ သေးသည်။ ခွေးမျိုးစပ်(ဝါ)ဗန္ဓတ်ခွေးတို့သည် ခွေးမျိုးသန့် တို့လောက် တန်ဖိုးမများပေ။ သို့သော် များသောအားဖြင့် အလွန်လိမ္မာ ဉာဏ်ကောင်းတတ်၍ ယင်းတို့၏သခင်များအဖို့ အဖော်လည်း ရတတ်သည်။ ခွေးဝင်စား နောက်ဆုံးတွင် မည်သူကမှ မပိုင်၊ တန်ဖိုးလည်းမထား သော ခွေးဝင်စားခေါ် အလေ့ပေါက်ခွေးများ ရှိသည်။ ယင်းတို့ ကို အထူးသဖြင့် ဥရောပတိုက်အရှေ့ပိုင်း၊ အာရှနှင့် အာဖရိက တိုက်တို့၌ ပေါများစွာ တွေ့ရသည်။ အိမ်ကြိုအိမ်ကြားများ တွင် နေထိုင်ကာ တွေ့ရာကို ရှာဖွေစားသောက်ကြ၏။ ဤ ခွေးလေများကြောင့် ကူးစက်တတ်သောရောဂါများ ပြန့်ပွားလေ့ ရှိသည့်အတိုင်း နိုင်ငံကြီးများ၌ ခွေးပိုင်ရှင်တို့သည် ခွေးများကို အစိုးရထံ အခွန်ဆောင်ရသော လိုင်စင်ဖြင့်သာ မွေးမြူနိုင်ပေ သည်။ ခွေးမှ ကူးစက်တတ်သောရောဂါများအနက် အထူးသဖြင့် ခွေးရူးပြန်ရောဂါမှာ ကြောက်မက်ဖွယ်အကောင်းဆုံးပင် ဖြစ်သည်။ သို့ဖြစ်၍ ခွေးဝင်စားများ၊ လမ်းဘေးခွေးများကိုအမြစ်ဖြုတ်သုတ်သင်ရှင်းလင်းရန်မှာ ကျန်းမာရေး၊ သန့်ရှင်းရေးရှုထောင့်များအရ လွန်စွာအရေးပါလှပေသည်။ မြန်မာနိုင်ငံ၌ အတွေ့ရများသော ခွေးများ မြန်မာနိုင်ငံ၌ အတွေ့ရများသော ခွေးများမှာ ခွေးဝင်စားများ ဖြစ်ကြသည်။ ထိုခွေးဝင်စားများအပြင် နိုင်ငံခြားခွေးမျိုးများကိုလည်း မွေးမြူတတ်ကြ၏။ နိုင်ငံခြားခွေးများနှင့် မြန်မာခွေးများ စပ်ရာမှ ပေါက်ပွားလာသော ခွေးဗန္ဓတ်မျိုးများလည်း ရှိသေးသည်။ မြန်မာတို့ မွေးမြူလေ့ရှိသော ခွေးမျိုးများမှာ သင်္ဘောခွေး၊ အင်းခွေး၊ ကမာဘီ၊ ခွေးသမင်၊ ပွေလီ၊ ခွေးဘီလူး စသည်တို့ ဖြစ်ကြသည်။ ထို့ပြင် ချင်းခွေးမျိုးဖြစ်သော ခွေးပုကလေးများကိုလည်း အလှမွေးမြူတတ်ကြသည်။ အင်္ဂလန်၊ အမေရိကန်နှင့် ဥရောပတိုက်ရှိ အချို့နိုင်ငံများတွင် ခွေးများကို ဂရုတစိုက် မွေးမြူကြသည်။ အသင်းအပင်းများ ဖွဲ့စည်း၍ ပြပွဲပြိုင်ပွဲများ ကျင်းပကာ အမျိုးမျိုး အားပေးကြသည်။ ခွေးသမင်အပြေးပြိုင်ပွဲမှာ အချို့နိုင်ငံ၌ မြင်းပွဲတစ်မျှပင် ခေတ်စားလျက်ရှိပေသည်။ ခွေးသည် အလွန်အားကိုးရသည်။ အလွန်လိမ်မာသည်ဟုဆိုသော်လည်း ကျွေးမွေးထားရုံနှင့် မလိမ်မာချေ။ ခွေးမွေးလိုသူတို့သည် ရှေးဦးစွာ မိမိတို့အလိုရှိသော ခွေးမျိုးသန့်သန့်ကို ရွေးချယ်၍ လသားအရွယ်က စတင်မွေးမြူသင့်သည်။ ထို့နောက် ဂရုတစိုက်စောင့်ရှောက်ပြုစု၍ ပြောစကား နားလည်စေရန်၊ ခိုင်းသည့်အတိုင်း လုပ်စေရန်၊ စည်းကမ်းရှိစေရန် စသည်တို့ကို စံနစ်တကျ စိတ်ရှည်လက်ရှည် လေ့ကျင့်သင်ကြားပေးရန် လိုပေသည်။ ခွေးများ စားတတ်သည်နှင့် မစားတတ်သည့် အစာများ ဆောင်ရန် ပန်းသီး ငှက်ပျောသီး ဘလူးဘယ်ရီ သခွားမွေး မုန်လာဥ ချိစ်(ပုံမှန်) ကြက်သား ဥများ ပဲစိမ်း (Green beans) ပျားရည် ကီဝီသီး သရက်သီး ပြောင်းဆန် မက်မွန်သီး ပဲထောပတ် သစ်တော်သီး နာနတ်သီး အာလူး (အခွံခွာပြီး ပြုတ်ထားသော) ရွှေဖရုံသီး ထမင်း ကန်စွန်းဥ ဒိန်ချဉ် ရှောင်ရန် အရက် ဩဇာသီး ကဖိန်းဓာတ် ချောကလက် ကော်ဖီ အဆီအခေါက်ဖတ်များ ကြက်သွန်ဖြူ ပီကေ စပျစ်သီး သစ်တောက်စေ့ (Macadamia nuts) နို့ မှို အသီးမှ ရသော အစေ့အဆံများ အာလူးခွံနှင့် အာလူးစိမ်း စပျစ်သီးခြောက် ရူဘားပင် (Rhubarb) ဆား မတရားငန်သော အစာများ လက်ဖက်ရည် သစ်ကြားသီး ဆေးသကြား (Xylitol) တဆေးနှင့် မုန့်ခြောက် (Dough) ခွေးသက်တမ်း ကိုးကား
https://my.wikipedia.org/wiki/%E1%80%81%E1%80%BD%E1%80%B1%E1%80%B8
ကျေး
ကျေးဆိုသည့် ငှက်များမှာ မြန်မာအလိုအရ ကြက်တူရွေးကို ခေါ်ဆိုရင်း ဖြစ်သည်။ မြန်မာမျိုးရင်းကြက်တူရွေး (၇)မျိုး နှင့် မြန်မာမျိုးရင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသလောက်ရှားနေပြီဖြစ်သော ကြက်တူရွေး ၂ မျိုးလည်း ရှိပါသေးသည်။ မြန်မာမျိုးရင်းကြက်တူရွေး (၇)မျိုး ကြက်တော(ခ)ကျေးဖောင်းကား(ခ)ကြက်ပေါင်ခ alexandrine parakeet ကျေးကျုတ်(ခ) Rose-ringed Parakeet (ခ) Indian Ringneck Parakeet ကျေးတမာ(ခ)Plum/Blossom-Headed Parakeet ကျေးကုလား(ခ)Grey Headed Parakeet ကျေးကုလားမ(ခ) Red-Breasted Parakeet ကျေးသန္တာ (vernal Hanging Parrot) မလေးကြက်တူရွေး (Blue-Crowned Hanging Parrot) မြန်မာမျိုးရင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသလောက်ရှားနေပြီဖြစ်သော ကြက်တူရွေး ၂ မျိုး။ ကျေးမြီးပြာ (Blue-Rumped Parrot) အမြီးရှည်ကြက်တူရွေး (Long-Tailed Parakeet) ကိုးကား ကျေးများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%B8
ကြက်တူရွေး
ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။ ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်း၊ စပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ဥ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။ 'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၉ မျိုး ခွဲပြသည်။ ယင်းတို့မှာ ကြက်တော၊ ကျေးကျုတ်၊ ကျေးတမာ၊ ကျေးကုလား၊ ကျေးကုလားမ၊ ကျေးသန္တာ၊ ကျေးမြီးပြာ (ခ) ကျေးသန္တာခေါင်းပြာ၊ မလေးကြက်တူရွေး (ခ)ကျေးသန္တာထိပ်ကွက်နှင့် အမြှီးရှည်ကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ ဖေါင်းကား၊ တမာ၊ ကျေးသန္တာ၊ ကျေးဝါ၊ ကျေးကျုတ်၊ ကြက်တော၊ ကုလား၊ ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။ ကိုးကား ကြက်တူရွေးများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B0%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8
ဇီးကွက်
ဇီးကွက်များသည် စတြစ်ဂျီဖောမိစ်-မျိုးစဉ်၌ ပါဝင်သော မျိုးစိတ်ပေါင်း ၂၀၀ ကျော်မှ ငှက်များဖြစ်သည်။ ဇီးကွက်များတွင် ခန္ဓာကိုယ် တည့်မတ်စွာရပ်နိုင်ခြင်း၊ ကြီးမားကျယ်ပြန့်သော ဦးခေါင်းရှိခြင်း၊ မှန်ဘီလူးဖြင့် ချဲ့၍မြင်ရသကဲ့သို့သော စူးရှကောင်းမွန်သည့် အမြင်အာရုံရှိခြင်း၊ ဒွိသဘာဝရှိသည့် အကြားအာရုံပါရှိခြင်း၊ ချွန်ထက်သည့် ခြေသည်း (သို့) အတက်များပါသော ခြေချောင်းများရှိခြင်းနှင့် တိတ်ဆိတ်စွာ ပျံသန်းရန် လိုက်လျောညီထွေရှိသော အမွှေးများဖြင့်ဖွဲ့စည်းထားသည့် တောင်ပံများပါရှိခြင်း၊ တစ်ကောင်တည်း ထီးတည်းနေလေ့ရှိခြင်း အစရှိသည့် သွင်ပြင်လက္ခဏာများပါရှိသော သားရဲညဉ့်ငှက်များ ဖြစ်သည်။  ညဉ့်ငှက်များဟု ဆိုရာတွင် နေ့အချိန် ကျက်စားသော မြောက်ပိုင်းဒေသမှ သိမ်းဇီးကွက်နှင့် လူသိများသော မြေအောင်းဇီးကွက်တို့မှာ ချွင်းချက်ဖြစ်သည်။ အများအားဖြင့် ဇီးကွက်များသည် နို့တိုက်သတ္တဝါငယ်များ၊ အင်းဆက်များနှင့် အခြားငှက်များကို အမဲလိုက်လေ့ရှိသည်။ သို့ရာတွင် အချို့မျိုးစိတ်များသည် ငါးကိုအမဲလိုက်ရာ၌ အထူးကျွမ်းကျင်ကြသည်။ သူတို့ကို ဝင်ရိုးစွန်းရေခဲဒေသများနှင့် အချို့သော ဝေးလံသည့်ကျွန်းများ မှလွဲလျှင် ကမ္ဘာဒေသအားလုံး၌ တွေ့ရှိနိုင်သည်။ ဇီးကွက်များ၏ မူလဇာစ်မြစ် တူညီစွာ ဆင်းသက်လာမှုနှင့်  မျိုးရိုးဗီဇဆက်နွယ်မှုစသည့် သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားမှုများအပေါ် မူတည်ကာ စတြစ်ဂျီဒီ-မျိုးရင်း (Strigidae) နှင့် တိုက်တွန်းနစ်ဒီး-မျိုးရင်း (Tytonidae) ဟူ၍ မျိုးရင်း(၂)ခု ခွဲခြားထားသည်။ ဇီးကွက် အစုအဖွဲ့တစ်ခုကို "ပါလီမန် (parliament)" ဟုခေါ်ကြသည်။ ခန္ဓာဗေဒ ဇီးကွက်များသည် ရှေ့သို့တူရှုနေသည့် ကြီးမားသော မျက်လုံးများနှင့် နားပေါက်များ၊ သိမ်းငှက်ကဲ့သို့ ချွန်သော နှုတ်သီး၊ ပြားချပ်သောမျက်နှာရှိပြီး အများစု၌ မျက်နှာနှင့် မျက်လုံးတဝိုက်သည် ထင်ရှားသော အရောင်အသွေးရှိသည့် အမွှေးအတောင်များဖြင့် စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်သည်။ သားရဲငှက်အများစု၏ မျက်လုံးများသည် ဦးခေါင်း၏ ဘေးနှစ်ဖက်တွင်ရှိကြသည်။ သို့သော် ဇီးကွက်၏ ရှေ့မူနေသော မျက်လုံးများသည် အလင်းရောင်အားနည်းချိန်တွင် သားကောင်ရှာဖွေရန် လိုအပ်သည့် နက်ရှိုင်းသော အမြင်အာရုံကို ရရှိစေသည်။ ဇီးကွက်များသည် မြင်ကွင်း ပုံရိပ်ချဲ့နိုင်စွမ်းရှိသည့်အလျောက်  ၎င်းတို့၏ ကြီးမားသော မျက်လုံးကြီးများသည် အခြားသော အလားတူ ငှက်များကဲ့သို့ပင် မျက်ခွက်အတွင်း၌ အံဝင်ခွင်ကျ ရှိနေလေသည်။ ထို့ကဲ့သို့ လှုပ်ရှား၍မရသော မျက်စိများကြောင့် မြင်ကွင်းပြောင်းလဲကြည့်ရှုရာ၌ ဦးခေါင်းတစ်ခုလုံး လှုပ်ရှား လှည့်လည်ရလေသည်။ ဇီးကွက်များသည် အဝေးမြင်ဖြစ်သောကြောင့် ၎င်းတို့၏မျက်လုံးမှ စင်တီမီတာအနည်းငယ်အတွင်း ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်ရပေ။ ၎င်းတို့ဖမ်းမိသော သားကောင်များကို နှုတ်သီးနှင့် ခြေဖဝါးများပေါ်ရှိ ဆံပင်ကဲ့သို့သော အမွေးများအား “သိမြင်ခံစားနိုင်မှု”အဖြစ် အသုံးပြု၍ သိရှိလေသည်။ ဇီးကွက်၏ အဝေးသို့ မြင်နိုင်စွမ်းသည် အလင်းရောင်နည်းချိန်တွင်သာ အလွန်ကောင်းမွန်သည်။ ဆင့်ကဲဖြစ်စဉ်နှင့် နည်းစနစ်ကျနမှု မကြာသေးမီက တွေ့ရှိခဲ့ရသော phylogenetic လေ့လာမှုများအရ ဇီးကွက်များသည် သီးခြားမျိုးနွယ် အစုအဖွဲ့ Telluraves အတွင်းသို့ အတိအကျပါဝင်ထည့်သွင်းနိုင်ခြင်းကြောင့် Accuraitrimorphae နှင့် Coraciimorphae တို့နှင့် အနီးကပ်ဆုံး ဆက်နွယ်ပတ်သက်နေကြောင်း သိရှိခဲ့ရသည်။ မျိုးစဉ်ဇယား အောက်ပါ မျိုးရိုးစဉ်ဇယား ရုပ်ပုံကားချပ်တွင် ကြည့်ပါ- Tytonidae (လင်ကောင်ပိုး မျိုးရင်း) မျိုးစု Tyto မျိုးစု Phodilus Strigidae (ဇီးကွက် အမှန်) မျိုးစု Aegolius မျိုးစု Asio မျိုးစု Athene မျိုးစု Bubo မျိုးစု Glaucidium မျိုးစု Gymnasio မျိုးစု Gymnoglaux မျိုးစု Lophostrix မျိုးစု Jubula မျိုးစု Megascops မျိုးစု Micrathene မျိုးစု Ninox မျိုးစု Otus မျိုးစု Pseudoscops မျိုးစု Psiloscops မျိုးစု Ptilopsis မျိုးစု Pulsatrix မျိုးစု Strix မျိုးစု Surnia မျိုးစု Taenioptynx မျိုးစု Uroglaux မျိုးစု Xenoglaux မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)မှ "ဇီးကွက်" အကြောင်း ဆောင်းပါး ဇီးကွက်သည် အိန္ဒိယနိုင်ငံမှ အရှေ့တောင်အာရှအထိ အပူပိုင်း အာရှဒေသတွင် တွေ့ရှိရသည့် ငှက်တစ်မျိုး ဖြစ်သည်။ ဇီးကွက်များသည် ယာတောများ လူနေရပ်ကွက်များတွင် ကျက်စားနေထိုင်ကြသည်။ ၎င်းတို့သည် သစ်ခေါင်းများ၊ ကျောက်ဆောင် သို့မဟုတ် အဆောက်အဦးများရှိ အပေါက်များတွင် အသိုက်ဖွဲ့ အိပ်တန်းတက်ကြသည်။ တစ်သားလျှင် ဥ ၃ လုံးမှ ၅ လုံးအထိ အုလေ့ရှိသည်။ ဇီးကွက်သည် မျိုးစဉ် 'စတြစ်ဂျီဖောမီး' တွင်၎င်း၊ မျိုးရင်း တိုက်တွန်းနိဒီး' တွင်၎င်း ပါဝင်၏။ ဇီးကွက်အမျိုးပေါင်း ၂၅ဝ ခန့်ရှိသည်။ ဇီးကွက်ကို သမပိုင်း၊ အပူပိုင်းနှင့် အအေးလျှော့ အာတိတ်ဒေသကဲ့သို့သော နေရာများတွင်သာမက၊ ကုန်းပြင်နှင့် အဆက်အသွယ်မရှိသော ပင်လယ်ကျွန်းများတွင်လည်းတွေ့ရ သည်။ ၆ လက်မမျှပင်မရှိသော ဇီးကွက်အငယ်ဆုံးကို အမေရိကန်ပြည်ထောင်စု၏ အနောက်တောင်ပိုင်းနှင့် မက္ကဆီကိုအနောက်ပိုင်းတို့တွင် တွေ့ရသည်။ အကြီးဆုံး ဇီးကွက်ကိုမူ ကနေဒါနှင့် အလာစကာကျွန်းဆွယ်ရှိ တောနက်များတွင် တွေ့ရ၏။ ထိုဇီးကွက်သည် အလျား လက်မ ၃ဝ ရှိ၍၊ အတောင်ကို ဖြန့်လိုက်သောအခါတွင် တစ်စွန်းမှ တစ်စွန်းသို့ ၅၄ လက်မမှ လက်မ ၆ဝ ထိရှိသည်။ ဇီးကွက်တွင် ကြီး၍ ကျယ်ပြန့်သော ဦးခေါင်းနှင့် မျက်လုံးပတ်လည်တွင် ဖြာထွက်နေသော အမွှေးများရှိခြင်းကြောင့် ယင်းကိုလွယ်ကူစွာ မှတ်မိနိုင်သည်။ ထိုအမွှေးများသည် နားတွင်လည်းရှိသည်။ ထိုမျက်လုံးများသည် အခြားငှက်များ၏ မျက်လုံးများကဲ့သို့ မဟုတ်ဘဲ၊ ရှေ့သို့သာ စိုက်ကြည့်နေတတ်သည်။ ဇီးကွက်၏ မျက်စိသည် လူ၏ မျက်စိကဲ့သို့ မျက်တွင်း၌ မလှုပ်ရှားနိုင်ချေ။ ထိုကြောင့် ရွေ့ရှားနေသည့် အရာတစ်ခုကို ကြည့်လိုသောအခါတွင် ခေါင်းကိုပါရွေ့ပေးရသည်။ ဇီးကွက်မျက်စိ၌ မျက်တောင်ရှည်များရှိသည်။ ဇီးကွက်၏ကိုယ်သည် တို၍တုတ်သည်။ နုတ်သီးကောက်သည်။ ခြေထောက်သန်၏။ ခြေသည်းထက်သည်။ အချို့ဇီးကွက်၏ ဦးခေါင်းပေါ်တွင် အမွှေးများစု၍ နေတတ်သည်။ ဇီးကွက်၌ ထူထပ်သော အမွှေးအတောင်များရှိသည်။ ထိုကြောင့် ဇီးကွက်သည် ကိုယ်ကြီးပုံရလေသည်။ ဇီးကွက်သည် မြန်မြန်ပျံသန်းနိုင်သော်လည်း အမွှေးနုများ ထူထပ်စွာရှိသဖြင့် အခြားငှက်များကဲ့သို့ ပျံသန်းသောအခါတွင် အသံမမြည်ချေ။ သားကောင်ကို အသံမကြားစေဘဲ ထိုးသုတ်နိုင်သည်။ များစွာသော ဇီးကွက်မျိုးတို့သည် နေ့အချိန်၌ မြင်နိုင်သော်လည်း အမြင်မသန်ချေ။ သို့သော် နေ့အချိန်တွင် ကောင်းစွာမြင်နိုင်သော ဇီးကွက်မျိုးလည်းရှိသည်။ ဇီးကွက်၏ လည်ပင်းသည်တို၍ တုတ်၏။ ခြေထောက်များသည် ကိုယ်၏ နောက်ပိုင်းခပ်ကျကျတွင် ရောက်နေသဖြင့် နားနေသည့်အခါ မတ်တတ်ရပ်နေသည်ဟု ထင်ရသည်။ ဇီးကွက်သည် ကိုယ်ဖြတ်သတ္တဝါများ၊ ဖားများ၊ တီများ၊ အင်းဆက်ပိုးများကို စားသည်။ အများအားဖြင့် အစာကို အရှင်လိုက်ဖမ်းလေ့ရှိသည်။ တစ်ခါတစ်ရံ လတ်ဆတ်သော အသေကောင်များတွေ့လျှင်လည်း ကောက်ယူလေ့ရှိသည်။ အချို့ဇီးကွက်တို့သည် ရေတိမ်၌ရှိသော ငါးများကို ဖမ်းယူတတ်သည်။ ဇီးကွက်သည် သိမ်းငှက်ကဲ့သို့ အစာကိုမစားမီ ကိုက်ဖဲ့လေ့ရှိသည်။ သားကောင်ငယ်ငယ်ကိုသာ တစ်ကောင်လုံး မျိုချတတ်သည်။ ထိုနောက်မှ မကြေနိုင်သည့် အရိုး၊ အကြေးခွံ၊ အမွေးအတောင်များကို ပြန်ထုတ်ပစ်သည်။ ဇီးကွက်သည် အသိုက်လုပ်ရာ၌ မကျွမ်းကျင်ချေ။ အများအားဖြင့် သစ်ခေါင်းများ၌ဖြစ်စေ၊ လိုဏ်ခေါင်းများ၌ဖြစ်စေ၊ မြေအောက်တွင်းများ၌ဖြစ်စေ၊ လူမနေဘဲ စွန့်ပစ်ထားသော အိမ်များ၌ဖြစ်စေ၊ ကျီများ၌ဖြစ်စေ၊ သိမ်းနှင့်ကျီးတို့၏ အသိုက်ဟောင်းများ၌ဖြစ်စေ အသိုက်ကို ဖြစ်ကတတ်ဆန်းလုပ်လေ့ရှိသည်။ ဇီးကွက်ဥသည် အဖြူရောင်တွင် အဝါရောင်သော်လည်းကောင်း၊ အပြာရောင်သော်လည်းကောင်း သန်းနေတတ်သည်။ အများအားဖြင့် ၃ ဥ၊ ၄ ဥ အုတတ်သော်လည်း အချို့ဇီးကွက်တို့သည် ၁၂ ဥထိ အုတတ်သည်။ အသိုက်ကို အဖိုနှင့် အမ နှစ်ဦးစလုံးက စောင့်ရှောက်သည်။ ဇီးကွက်ကြီးသည် အသိုက်ကိုလာ၍နှောင့်ယှက်သော ရန်သူများအား ရဲရင့်စွာကာကွယ်သည်။ ဇီးကွက်ကလေးများသည် ထူထဲသော မွေးနုဖြူများရှိ၍ ချစ်စဖွယ်ကောင်းသည်။ ထိုအကောင်ကလေးများသည် အခြားငှက်ငယ်များထက် ပို၍ကြာရှည်စွာ အသိုက်တွင်း၌ နေကြသည်။ မြန်မာနိုင်ငံရှိ ဇီးကွက်သည် ၈ လက်မခန့်ရှိသည်။ ထိုဇီးကွက်မျိုး၏ နားရွက်၌ အမွှေးစုများမရှိချေ။ မြန်မာနိုင်ငံအလယ်ပိုင်း၌ ဇီးကွက်ကို အတွေ့ရများသည်။ ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ ဟင်္သာတမြို့၊ ပဲခူးမြို့ တို့တွင်လည်း အတွေ့ရများသည်။ ခင်ပုပ် သို့မဟုတ် မြီးဝန်ငှက်၊ တောလုံ၊ တီးတုတ်(ဒီးဒုတ်)၊ ကုပ်ကလူး၊ လင်ကောင်ပိုး(ဝါ) ငှက်ဆိုးတို့သည် ဇီးကွက်မျိုးတွင် ပါဝင်ကြသည်။ ဆိုရိုး ဇီးကွက် သည် ရှေးဆိုရိုးဖြစ်သော မသူတော်ခုနစ်ပါး ဟုခေါ်သည့် တိရစ္ဆာန် ခုနစ်မျိုးတွင် အပါအဝင်ဖြစ်သည်။ ကိုးကား အရှေ့တောင်အာရှတွင် တွေ့ရှိရသော ငှက်များ တောင်အာရှတွင် တွေ့ရှိရသော ငှက်များ ငှက်မျိုးစဉ်များ
https://my.wikipedia.org/wiki/%E1%80%87%E1%80%AE%E1%80%B8%E1%80%80%E1%80%BD%E1%80%80%E1%80%BA
မြွေ
မြွေသည် ရက်ပတီလီယာ မျိုးပေါင်းတွင် စကွာမေတာမျိုးစဉ် ဆာပင်တီး မျိုးစဉ်ခွဲ၌ ပါဝင်၏။ မြွေကို ကိုင်ကြည့်လျှင် အေးခြင်းမှာ ယင်းသည် သွေးအေး သတ္တဝါဖြစ်ခြင်းကြောင့် ဖြစ်သည်။ လူတို့သည် မြွေကို များသောအားဖြင့် ကြောက်၏။ ထိုအချက်ကြောင့်ပင် မြွေကို ကြောက်စိတ်မရှိသူများအဖို့နှင့် ကြောက်စိတ်ကို ကျော်လွန်နိုင်သူများအဖို့ မြွေသည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာလေသည်။ မြွေကို လူသည် မွေးကတည်းက ကြောက်မလာချေ။ ကလေးသည် မြွေကို ကြောက်စိတ်နှင့် ကြည့်သည့်ထက် စိတ်ဝင်စားစွာ ကြည့်သည်က များသည်။ ခြေထောက် မရှိသော တွားသွားသတ္တဝါများတွင် မြွေကို လူသိအများဆုံးဖြစ်သည်။ မြွေကို အခြားဒေသများတွင် တွေ့ရသည်ထက် မြန်မာနိုင်ငံကဲ့သို့သော အပူပိုင်းဒေသများတွင် ပို၍ တွေ့ရသည်။ အကြီးဆုံး မြွေများကိုလည်း အပူပိုင်း ဒေသများတွင်သာ ပို၍ တွေ့ရသည်။ အချို့မြွေများသည် ပေ ၃ဝ အထိ ရှည်တတ်ကြသကဲ့သို့ ငါးလက်မထက်ပို၍ မရှည်သော မြွေကလေးများကိုလည်း တွေ့ရသည်။ နယူးဇီယန်၊ အိုင်ယာလန် နှင့် ဟာဝိုင်းယန်းကျွန်းများတွင် မြွေကို မတွေ့ရချေ။ ဟာဝိုင်းယန်းကျွန်းတွင်မူ နောင်အခါ၌ ဘေးမပြုသော မြွေများကို ယူဆောင်သွားကြသဖြင့် တွေ့ရလေသည်။ မျိုးစိတ်ပေါင်း ၂၃ဝဝ ခန့်ရှိသော မြွေများကို အနည်းငယ်မျှသော ကျွန်းများနှင့် အလွန်အေးသည့် ဒေသများမှအပ ကျန်ဒေသများတွင် တွေ့နိုင်သည်။ အပူပိုင်းဒေသရှိ အလွန်ထူထပ်သော တောများမှအစ၊ သဲကန္တာရများ၊ တောင်ထိပ်များနှင့် မြေကြီးအောက်ရှိ တွင်းများအဆုံးထိ တွေ့နိုင်၏။ အချို့သော မြွေများကို သစ်ပင်များပေါ်တွင် အနေများသည်။ အချို့ကို စိမ့်များ၊ ရေချိုအိုင်များနှင့် မြစ်များတွင် တွေ့ရသည်။ အချို့ကိုမူ ပင်လယ်များအတွင်း၌ တွေ့ရလေသည်။ ထိုပင်လယ်မြွေများကို အာရှတိုက်၊ အာဖရိကတိုက်နှင့် ထိစပ်လျက်ရှိသော အပူပိုင်းဒေသ ပင်လယ်များတွင် အတွေ့ရများသည်။ ပင်လယ်မြွေများ၏ နံဘေးသည် ပြားနေကြသဖြင့် ရေကူးရာ၌ လွန်စွာ သန်ကြသော်လည်း ကုန်းပေါ်တွင်မူ ကောင်းစွာ မသွားနိုင်ကြချေ။ ပင်လယ်မြွေများသည် မျိုးစိတ်အားဖြင့် ၅ဝ ခန့် ရှိ၍ အားလုံးသည် လွန်စွာ အဆိပ်ပြင်းကြလေသည်။ ယင်းတို့၌ အဆုတ်ကြီးများရှိသဖြင့် ရေနက်များတွင် နေနိုင်ကြ၍ စားရန် ငါးများကို လိုက်ဖမ်းကြလေသည်။ မြွေများ၌ မျက်ခွံများ မရှိကြချေ။ ထိုကြောင့် မည်သည့်အခါမျှ မျက်စိကို မမှိတ်ကြချေ။ မျက်စိများကို ကာကွယ်ရန် ပျဉ်းတွဲသော အလင်းပေါက်အမြှေးရှိသည်။ ထိုသို့သော မျက်စိမျိုးရှိခြင်းကြောင့် ယင်းအား သားကောင်ကို ညှို့နိုင်စွမ်းရှိသည်ဟု အများက ထင်ကြခြင်းဖြစ်သည်။ မြွေသည် ယင်း၌ အခြားတိရစ္ဆာန်များမှာကဲ့သို့ ခြေထောက်များ မရှိသဖြင့် နံရိုးများဖြင့်သာ သွားရသည်။ မြွေ၌ နံရိုးအမြောက်အမြားရှိ၍ တစ်ခုစီသည် ကျောရိုးအစိတ်အပိုင်းနှင့် ဆက်နေ၏။ ထိုသို့ ဆက်သည်မှာ လှုပ်ရှားမှု အများဆုံးကို ပေးနိုင်အောင် ဆက်နေကြသဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်လေသည်။ မြွေ၏ အစာများတွင် ပိုးကောင်များ၊ ငါး၊ ဖား၊ ဖွတ် ပုတတ်များ၊ ငှက်နှင့် ငှက်ဥ၊ မြေကြွက်နှင့် ကြွက်ဝမ်းဖြူ၊ တွင်းယုန်နှင့် အခြားနို့တိုက်သတ္တဝါငယ်များ ပါဝင်သည်။ မြွေအုပ်စု တစ်ခုကမူ အခြားမြွေမျိုးစိတ် များလောက်ကိုသာ စားသောက်ကြသည်။ စပါးကြီးမြွေနှင့် စပါးအုံးမြွေများကဲ့သို့သော အချို့ မြွေမျိုးစိတ်တို့သည် သားကောင်ကို ရစ်ပတ်၍ ချေပြီးမှ မျိုလေ့ရှိကြသည်။ အချို့ မျိုးစိတ်ကမူ သားကောင်ကို အဆိပ်ဖြင့် ပေါက်ပြှီး မျိုလေ့ရှိကြသည်။ သားကောင်ကို ရစ်ပတ်၍ ညှစ်လေ့ရှိသော မြွေမျိုးစိတ်သည် အကောင်တွင် ကြီးမားသော်လည်း လူကို အခြားမြွေမျိုးစိတ်များလောက် ဘေးအန္တရာယ် မပြုလှချေ။ အချို့မျိုးစိတ်သည် သားကောင်ကို ပထမ မသတ်ဘဲ အရှင်လိုက် မျိုချလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ မြွေအမျိုခံရသည့် သားကောင်များသည် မြွေ၏ ဝမ်းပိုက်အတွင်းသို့ ရောက်သွားသောအခါ ပျောက်ကွယ်သွားရလေသည်။ မြွေသည် မိမိထက် ကြီးမားသော သားကောင်များကို မျိုနိုင်ခြင်းမှာ မြွေ၏ ပါးစောင်ရိုး အနေအထားနှင့် အခြားပါးစပ်နှင့် လည်ချောင်းတို့၏ ပတ်ဝန်းကျင်ရှိ အရိုးအစိတ်အပိုင်းများသည် ယေဘုယျအားဖြင့် လျော့လျည်းလျည်း ဆက်နေကြခြင်းကြောင့်ဖြစ်သည်။ အစာကို မျိုချလိုက်ရာတွင် ပါးစောင်းရိုးသည် မနာမကျင်ဘဲ ပြုတ်သွားလေသည်။ ထိုကြောင့် အရှည်တွင် နှစ်ပေမျှသာရှိ၍ လုံးပတ်တွင် လူ၏ လက်ချောင်းထက် ပို၍ မကြီးသော တောင်အာဖရိကတိုက်ရှိ မြွေတစ်မျိုးသည် ကြက်ဥတစ်လုံးကို အခွံမကွဲစေဘဲ မျိုချနိုင်ခြင်းဖြစ်သည်။ သို့သော် ဥသည် မြွေ၏ လည်ချောင်းအလွန်လောက်သို့ ရောက်သွားသောအခါ ကျောရိုးမှ စွန်းထွက်နေသော အရိုးစွန်းနှင့် တိုက်မိပြီး ကွဲသွားလေသည်။ ထိုအခါတွင် ဥအခွံ၏ အစအနများသည် ထွက်လာကြလေသည်။ အဆိပ်အပြင်းထန်ဆုံး မြွေများမှာ မြွေဟောက် မျိုးရင်းဝင် မြွေများနှင့် မြွေပွေး မျိုးရင်းဝင် မြွေများ ဖြစ်ကြသည်။ မြွေဟောက်များ အကိုက် (အပေါက်)ခံရလျှင် မိနစ် အနည်းငယ်အတွင်း စကားမပြောနိုင်တော့ချေ။ အဆိပ်ပြင်းထန်သော မြွေမျိုးများရှိသကဲ့သို့ လုံးဝ ဘေးအန္တရာယ် မဖြစ်စေတတ်သော မြွေမျိုး အချို့လည်း ရှိသေးသည်။ အချို့ဒေသများတွင် ထိုကဲ့သို့ မြွေမျိုးကို ကြွက်ဝမ်းဖြူနှင့် မြွေကြွက်များ ဖမ်းယူစေရန် အိမ်၌ ချစ်စနိုး တိရစ္ဆာန်များအဖြစ်ပင် မွေးမြူထားကြလေသည်။ မြွေသည် များသောအားဖြင့် ဥအုလေ့ရှိသည်။ သို့သော် မြွေပွေးနှင့် ပင်လယ်မြွေမျိုးသည် အကောင်လိုက် မွေးဖွားတတ်ကြသည်။ အမိဝမ်းမှ ကျွတ်လာသော မြွေကလေးများသည် အမိ၊ အဖ၏ စောင့်ရှောက် ကျွေးမွေးမှုကို မခံယူဘဲ ဘာသာဘာဝ အစာများကို ရှာဖွေစားသောက်ကြလေသည်။ မြွေသည် တစ်နှစ်အတွင်း အရေခွံကို ကြိမ်ဖန်များစွာ လဲနိုင်၏။ ထိုသို့ လဲရာတွင် အရေခွံ၏ အတွင်းဘက်ကို အပြင်သို့ရောက်အောင် ထုတ်ပစ်ခဲ့ကြသည်။ မြွေသည် အစာကို တစ်နှစ်၊ သို့မဟုတ် တစ်နှစ်မက မစားဘဲ နေနိုင်သော်လည်း အချိန်မှန်မှန်နှင့် မကြာခဏ စားသောက်တတ်သည်။ ထိုသို့စား၍ ပိုသောအစာများကို အဆီအဖြစ်ဖြင့် ကိုယ်တွင်း၌ သိုလှောင်ထားတတ်သည်။ ရှေးခေတ်က လူများသည် မြွေကို ဥစ္စာဓနနှင့် ဉာဏ်ပညာကို ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ကာ ကိုးကွယ်ခဲ့ကြ၏။ အလယ်ခေတ်လောက်တွင်မူ စုန်းကဝေများနှင့် အဆက်အသွယ်ရှိသည်ဟု ယုံကြည်ခဲ့ကြလေသည်။ ထို့ပြင် ဂူများအတွင်း ဥစ္စာများကို စောင့်ရှောက်နေကြသော ဥစ္စာစောင့်မြွေကြီးများ၏ ဒဏ္ဍာရီများကိုလည်း မကြာခဏ ကြားကြရပေသည်။ ကိုးကား တွားသွားသတ္တဝါများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%BD%E1%80%B1
ကုပ်ကလူမည်း
ကပ်ကလူးငှက် (Dusky Eagle-owl) သည် ဇီးကွက် မျိုးစိတ်ဝင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့တွင် တွေ့ရလေ့ ရှိသည်။ အသိုက်ဆောက်ချိန်မှာ နိုဝင်ဘာလမှ ဧပြီလ အတွင်း ဖြစ်သည်။ အသိုက်ကို သစ်ကိုင်းခြောက်များဖြင့် ဆောက်လုပ်လေ့ ရှိပြီး သစ်ပင်ကြီးများ၏ ပင်စည် ခွကြား အထူးသဖြင့် ရေရှိရာနှင့် နီးစပ်သော နေရာများ နှင့် လူတို့နေထိုင်ရာ ဒေသပတ်ဝန်းကျင်တွင် ဆောက်လုပ်လေ့ ရှိသည်။ ကိုးကား ဇီးကွက်
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%9C%E1%80%B0%E1%80%99%E1%80%8A%E1%80%BA%E1%80%B8
နေ့နံ
မြန်မာ့ရိုးရာ အယူအဆတွင် ညသန်းခေါင်ကျော်လျှင်နေ့ကူးသည်ဟု မယူဆပဲ မနက်အာရုဏ်တက်မှသာ နေ့ကူးသည် ဟု ယူဆသည်။ ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန် (နေ့လယ် ၁၂နာရီခန့်) မှ ကြာသပတေးနေ့ အာရုဏ်တက်ချိန်အထိကို ရာဟု ဟု သတ်မှတ်သည်။ မိတ်ဖက်နှင့်ရန်ဖက် နေ့နံများ မြန်မာ့ရိုးရာ ဗေဒင်ပညာတွင် မတည့်သော မိတ်ဓာတ်နှင့် ရန်ဓာတ်များ ကို အောက်ဖော်ပြပါ နေရာတွင် အတိုအမည်နာမ မှတ်သား ထားလေ့ ရှိကြသည်။ မိတ် - အောင်ပ ကုလား ဆွေသား တော်ရင်း ရန် - ဦးညို ခေမာ သုတ ဝေရီ အိမ်ထောင်မိတ် - ဦးသာ စိန်ပန်း ဒန်းလှ ကိုရှာ အိမ်ထောင်ရန် - ဓမ္မာ သောက အင်း၀ ရာဇာ ဓာတ်မိတ် - အန္တော ဂဗ္ဘေ စရေ ဝံသေ ဓာတ်ရန် - ဦးဝေ စံကူး ရေဘူး တောသူ ဗေဒင်
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%B7%E1%80%94%E1%80%B6
ကြွက် (တိရစ္ဆာန်)
ကြွက်သည် အိမ်ထောင်ပစ္စည်း စသည်တို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်သော ခြေလေးချောင်း သတ္တဝါငယ်ဖြစ်သည်။ လူအများပင် ကြွက်ကို စက်ဆုပ်ရွံရှာကြလေသည်။ သို့ရာတွင် ကြွက်ကို လုံးဝပျောက်ကွယ်သွားအောင်ကား ယနေ့တိုင်အောင် မဆောင်ရွက်နိုင်သေးပေ။ ကြွက်သည် လူ့အသုံးအဆောင်ပစ္စည်းများကိုသာ ဖျက်ဆီးတတ်သည်မဟုတ်ချေ။ ပလိပ်ရောဂါကိုလည်း ကူးစက်ပြန့်ပွားစေကာ နှစ်စဉ်နှစ်တိုင်း အသက်ပေါင်းများစွာကို ဆုံးရှုံးစေသည်။ လူတို့ မွေးမြူထားသော တိရစ္ဆာန်များပင်လျှင် ကြွက်တို့ကြောင့် မမာမကျန်း ဖြစ်ရတတ်သည်။ ကြွက်မျိုးများ ကြွက်တွင် အမျိုးကွဲများ ရှိသော်လည်း အရင်းခံအားဖြင့် ကြွက်ကြီးမျိုး၊ ကြွက်ငယ်မျိုး ဟူ၍ နှစ်မျိုးသာ ရှိသည်။ ကြွက်ကြီးမျိုးသည် မြေတွင်နေလေ့ရှိ၍ ကြွက်ငယ်မျိုးသည် အိမ်စသော အဆောင်အဦးများတွင် နေလေ့ရှိသည်။ ကြွက်ကြီးမျိုးတွင် ကြွက်ညိုနှင့် ကြွက်နက်ဟူ၍ နှစ်မျိုးရှိသည်။ ကြွက်ညို၏ မူလဒေသမှာ အာရှတိုက်အလယ်ပိုင်းဖြစ်သည်။ ယခုအခါ ကြွက်ညိုကို ကမ္ဘာအနှံ့အပြားတွင် တွေ့ရလေသည်။ ကြွက်နက်၏ မူလဒေသမှာ အိန္ဒိယနိုင်ငံဖြစ်၍ ထိုနိုင်ငံမှတဆင့် ကမ္ဘာသို့ ပြန့်ပွားသွားသည်ဟု ဆိုသည်။ ကြွက်နက်သည် ကြွက်ညိုထက် အရွယ်ငယ်သော်လည်း အမြီးပို၍ ရှည်သည်။ ဤကြွက်နှစ်မျိုးစလုံးပင် မျိုးပွားမြန်၍ အဖျက်အဆီးသန်ကြသဖြင့် ယင်းတို့ကို မည်သည့်နိုင်ငံကမှ လက်မခံလိုကြပေ။ ထိုကြွက်တို့သည် တနိုင်ငံမှ တနိုင်ငံသို့ သင်္ဘောများဖြင့်လိုက်ပါသွားတတ်ကြသည်။ ထို့ကြောင့် သင်္ဘောများဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဉ် ကုန်းပေါ်မှ ကြွက်များ တက်မလာနိုင်စေရန် သင်္ဘောကြိုးများ၌ ကတော့ပုံ သံပြားဝိုင်းများ စွပ်ထားလေ့ ရှိကြသည်။ ကြွက်ငယ်မျိုးသည် အိမ်များတွင် အသိုက်ဖွဲ့ကာ နေလေ့ရှိသောကြောင့် ထိုကြွက်မျိုးကို အိမ်ကြွက်ဟူ၍ လူသိများသည်။ ကြွက်ဝမ်းဖြူ၊ ကြွက်စုတ် စသည်တို့မှာ အိမ်ကြွက်မျိုး ဖြစ်သည်။ ကြွက်ကယ်လောင်း သို့မဟုတ် ကြွက်ဖလောင်းဟုခေါ်သော ကြွက်ငယ်မျိုး တချို့သည် လယ်ကွင်းများနှင့် တောခြေတောင်ခြေများတွင် နေလေ့ရှိကြသည်။ ကြွက်ငယ်မျိုးသည် တစ်နှစ်လျှင် ၆ ကြိမ်မျှ သားပေါက်လေ့ ရှိ၍ ၁ ကြိမ်လျှင် ၆ကောင်ခန့် မွေးတတ်သည်။ ထိုကြွက်တို့ ၄ လ သားအရွယ်သို့ ရောက်သောအခါ တဖန်ဆက်၍ မျိုးပွားကြပြန်သည်။ ဤသို့ဖြင့် ကြွက်ဖိုကြွက်မ တစ်စုံသည် တစ်နှစ်အတွင် ကြွက်ကောင်ရေ ၃၀၀မှ ၄၀၀ အထိ တိုးပွားလာနိုင်သည်။ ထို့ပြင် ကြွက်ဖြူမျိုးများလည်း ရှိပြီး ကြွက်ငယ်မျိုးဝင်ကြသည်။ ၎င်းကြွက်ဖြူမျိုးများအား ပဋိဇီဝ ဆေးဝါးများ ထုတ်လုပ်ရာတွင်သော်လည်းကောင်း၊ ဓာတုဗေဒဆိုင်ရှာ ဓာတ်ခွဲခန်းများတွင်သော်လည်းကောင်း၊ ၎င်းတို့ တီထွင်ထားသည့် အရာများအား စမ်းသပ်ရန်အတွက် ကြွက်ဖြူများကို အသုံးချနေကြသည်။ ပြန့်ပွားမှုနှင့် ၎င်းတို့၏ ပြဿနာများ ကြွက်ငယ်မျိုး၏ မူလဒေသမှာ ကြွက်ကြီးမျိုးကဲ့သို့ အာရှတိုက်ပင် ဖြစ်သော်လည်း တစ်ရပ်မှ တရပ်သို့ မီးရထား၊ သင်္ဘောတို့ဖြင့် တစတစ ပြန့်ပွားသွားသောကြောင့်၊ ယခုအခါ ကမ္ဘာပေါ်တွင် လူတို့နေထိုင်ရာ အရပ်ဟူသမျှအရပ်မှာပင် ယင်းတို့ကို တွေ့ရတတ်သည်။ အိမ်ကြွက်များသည် အိမ်ရှင်တို့၏ အစားအစာ၊ အဝတ်အစား အိမ်ထောင်ပရိဘောဂနှင့် အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးကြသည့်နည်းတူ၊ လယ်ကွင်း ခြံစည်းရိုးနှင့် တောခြေတို့တွင် နေ့လေ့ရှိကြသော ကြွက်ငယ်တမျိုးတို့သည်လည်း လူတို့ကို များစွာ အနှောင့်အယှက်ပေးကြသည်။ ယင်းတို့သည် တောင်သူလယ်သမားတို့ ပြုစုထားသော ကောက်ပဲသီးနှံတို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်ကြရုံသာမက လယ်မြေယာမြေနှင့် လယ်ကန်သင်းတို့တွင်လည်း ကျင်းများတူးကာ မြေဆီလွှာကို ညံ့ဖျင်းအောင် ပြုတတ်ကြသည်။ ကြွက်သည် အလွန်မျိုးပွားမြန်သည့်အတိုင်း အိမ်၌ဖြစ်စေ၊ လယ်၌ဖြစ်စေ နေမိလျှင် ယင်းတို့ကို လုံးဝပျောက်အောင် သုတ်သင်ရန်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းပေသည်။ သို့ရာတွင် ကြောင်၊ ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ဘီလူး၊ မြွေပါစသော ကြွက်တို့၏ သဘာဝရန်သူများကြောင့် ကြွက်တို့၏ အရေအတွက်မှာ ရှိသင့်သည်ထက် များစွာ ယုတ်လျော့၍ နေသည်။ ထိုသို့သဘာဝရန်သူများ မရှိပါက နေရာတကာ၌ ကြွက်တို့ လွှမ်းမိုးနေမည်မှာ မလွဲပေ။ ကိုးကား ကိုက်ဖြတ် သတ္တဝါများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%BD%E1%80%80%E1%80%BA%20%28%E1%80%90%E1%80%AD%E1%80%9B%E1%80%85%E1%80%B9%E1%80%86%E1%80%AC%E1%80%94%E1%80%BA%29
ဂဠုန်
“ လေးသောဝန်ကို ဆောင်ယူတတ်သော သတ္တဝါသည် ဂဠုန် မည်၏ ” ဟု မဂဓအဘိဓာန်များက အဓိပ္ပာယ် ဖော်ပြသည်။ ထို့အပြင် ဂဠုန်သည် ငှက်တို့၏မင်း ဖြစ်သည်။ ပါဠိဘာသာအားဖြင့် ဂဠုနရာဇာဟု ခေါ်သည်။ နဂါးတို့ကို နှိမ်နင်း သတ်ဖြတ်နိုင်သည်ဟု ကျမ်းဂန်များ၌ဆို၏။ ယင်း၏ အတောင်များမှာ ရွှေအဆင်းကဲ့သို့ တောက်ပြောင်လှပသည်ဟု အဋ္ဌကထာကျမ်းများ၌ ဆိုသည်။ သက္ကတ ဘာသာဖြင့် ဂရုဍ (garuda) ဟုခေါ်ပြီး ဟိန္ဒူဘာသာတွင် ဗိဿနိုး (vishnu) ဘုရား၏ စီးတော်ယာဉ် ဖြစ်သည်။ ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဖော်ပြချက် ဂဠုန်ငှက်များသည် နိုင်ငံတည်ထောင်ကာ နေထိုင်ကြသလို အုပ်ချုပ်သော ဂဠုန်ငှက်မင်း များလည်း ရှိကြသည်။ ဂဠုန်ငှက်မင်းသည် ယူဇနာ ၁၅၀ ခန့်အရွယ်ရှိကြောင်း သုတ်မဟာဝါအဋ္ဌကထာ၊ မဟာနိဒါန သုတ်၌ ပါရှိသည်။ ဂဠုန်မင်းသည် ဂဠုန်လေကိုပြုအံ့သောငှာ အားထုတ်လတ်သော် ယူဇနာ ၆၀၀ ရှိသောအရပ်သည် မလောက်ဟူ၍ သံယုတ်အဋ္ဌကထာ၌ လာရှိလေသည်။ မုက္ခပါဌ် ငါးရာ့ငါးဆယ် ဖြစ်စဉ် တိံသနိပါတ်၊ ပဏ္ဍရကဇာတ်တော်၌ကား ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဂဠုန်မင်း ဖြစ်ဖူးခဲ့သည်ဟု တွေ့ရလေသည်။ ဘုရားဟော မုက္ခပါဌ် ငါးရာ့ငါးဆယ် ဖြစ်စဉ် တိံသနိပါတ်ပဏ္ဍရကဇာတ်တော်၌ကား ဂေါတမမြတ်စွာ ဘုရားအလောင်းတော်သည် ဂဠုန်မင်းဖြစ်ဖူးခဲ့သည်ဟု တွေ့ရ လေသည်။ ဗေဒင်ကျမ်းဂန်များ၌ ဖော်ပြချက် ဗေဒင်ကျမ်းဂန်များ၌ `တနင်္ဂနွေဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံခြောက်နှစ်မျှ´ ဟူသော သံပေါက်အရ တနင်္ဂနွေဂြိုဟ်၏ အမှတ်အသားမှာ ဂဠုန်ဖြစ်သည်။ ရဲရင့်ခြင်း၊ အားခွန်ဗလကြီး ခြင်း၊ အောင်မြင်ခြင်းတို့ကိုဆောင်သည်။ ဟိန္ဒူဘာသာကျမ်းဂန်များ၌ ဖော်ပြချက် ဟိန္ဒူဘာသာတွင် ဂရုဓ ခေါ် ဂဠုန်ငှက်သည် ရွှေရောင်အဆင်း ရှိသော လူသားကိုယ်၊ အဖြူရောင်မျက်နှာ၊ အနီရောင်တောင်ပံ နှင့် သိမ်းငှက်နှုတ်သီး ရှိသည်ဟု ဖော်ပြ ကြသည်။ ခေါင်းပေါ်တွင် သရဖူဆောင်းကာ နေရောင်အား ပိတ်ဆို့ထားနိုင်အောင်ပင် ကြီးမားသည်ဟု ဆိုသည်။ မဟာဘာရတ္တကျမ်းပါ ဂဠုန်ငှက် ဖန်ဆင်းရှင်ဗရဟ်မာ သည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှ ပေါက်ဖွားလာသော သားမှာ ဂဠုန်ဖြစ်ပြီး၊ ကဒရူမှ ပေါက်ဖွားလာသူများမှာ နဂါးများ ဖြစ်ကြသည်။ ဂဠုန်သည် ဥမှစပေါက်စဉ်တွင် ကမ္ဘာပျက်စဉ် ကောင်းကင်၌ ကျသောလောင်မီး ကဲ့သို့ အလျှံညီးညီး မီးလျှံကြီးဖြစ်သည် ဟုဆိုသည်။ နတ်သိကြားများမှ တောင်းပန်သောကြောင့် ၎င်း၏ အရွယ်အစားနှင့် ခွန်အားကို လျော့ချပေးသည် ဟုဆိုသည်။ ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ်ကာ ကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေးရည် ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ထိုမသေဆေးပျားရည်အား နတ်များမှ အစောင့်အကြတ် အစီအမံ ယန္တရား များဖြင့် ကာကွယ်ထားသည်။ ဂဠုန်သည် နတ်ပြည်သို့တက်၍ စစ်ခင်းရာ နတ်များနေရာအနှံအပြားသို့ ထွက်ပြေးကြရသည်။ ထို့နောက် ကိုယ်ခန္ဓာအား သေးငယ်အောင်ကြုံ၍ စက်ယန္တရား မျာကြားမှ ဖြတ်ကာ နောက်ဆုံးတွင် အစောင့်မြွေကြီးနှစ်ကောင်အား တိုက်ခိုက်အောင်မြင်သည်။ နတ်ပျားရည်အား နှုတ်သီးဖြင့် ဆောင်ယူရင်း နဂါးတို့ထံ ပြန်အလာ လမ်းတွင် ဗိဿနိုးဘုရားနှင့် ဆုံတွေ့သည်။ ထိုအခါ ဗိဿနိုးက ဂဠုန်အား နတ်ပျားရည် သောက်သုံးရန်မလိုပဲ ထာဝရအသက်ကို ပေးသနားလိုက်သည်။ ကျေးဇူးတုံ့ပြန်သောအားဖြင့် ဗိဿနိုး၏ စီးတော်ယာဉ်အဖြစ် အသုံးတော်ခံ မည်ဖြစ်ကြောင့် ဂဠုန်က ကတိစကားဆိုသည်။ ထို့နောက် ဆက်လက်ထွက်ခွါလာရာ လမ်းတွင် အိန္ဒြာသိကြားမင်း (indra) နှင့် ဆုံတွေ့ ပြန်သည်။ အသက်ရှည်ဆေးရည်အား နဂါးတို့အသုံးပြုပြီး ပါက နတ်ပြည်သို့ ပြန်ပေးရန် တောင်းဆိုရာ ဂဠုန်က သဘောတူ ကြောင်းဆိုသည်။ ထို့ကြောင့် သိကြားမင်းက ငှက်တို့၏ ဘုရင်အဖြစ် ဘွဲ့ပေးကာ၊ နဂါးအားလည်း အစာအဖြစ် အသုံးပြုရန် ခွင့်ပေးသည်။ နဂါးတို့ထံ ပြန်လည်ရောက်ရှိသော် မိခင်ဖြစ်သူအား နတ်ပျားရည်ဖြင့် ပြန်လည်ရွေးချယ်၍ ကျွန်အဖြစ်မှ လွတ်စေပြီး နဂါးတို့အားလည်း မသောက်သုံးမည် ပူဇော်မှု အခမ်းအနား ကျင်းပရန် လှည့်ဖျားတိုက်တွန်း လေသည်။ နဂါးတို့ အခမ်းအနား ဆောင်ရွက်နေချိန်တွင် အိန္ဒြာသိကြားမှ ပျားရည်အိုးအား နတ်ပြည်သို့ ပြည်လည် ဆောင်ယူသွားလေသည်။ ထိုနေ့မှ အစပြု၍ ဂဠုန်သည် နတ်ဘုရားတို့၏ ဘက်တော်သားဖြစ်ပြီး၊ ဗိဿနိုး၏ စီးတော်ယာဉ်ဖြစ်လာသည်။ နဂါးတို့၏ ရန်သူသာမက အလျင်းသင့်သလို စားသောက်သည် ဟုဆိုသည်။ ဂဠုန်နှင့် မြန်မာနိုင်ငံရေး ခရစ် ၁၉၃၀ ပြည့် နှစ်၌ မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရအား ပုန်ကန်တော်လှန်သော ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံ ခေါ် လယ်သမားသူပုန်ထမှုကြီး ပေါ်ပေါက်ခဲ့ဖူးသည်။ စနေနံ(နဂါးဏ္ဍုပ်)ဖြစ်သော အင်္ဂလိပ်ကိုအောင်နိုင်စေခြင်းငှာ ဆရာစံသည် သုပဏ္ဏက ဂဠုနရာဇာ (ဂဠုန်မင်း)ဘွဲ့ကို ခံယူခဲ့သည်။ မြန်မာစာပေလာ ဂဠုန် မြန်မာစာပေတို့တွင် ဂဠုန်အကြောင်းကို ဤသို့တွေ့ရသည်။ `ဂဠုန်နဂါး ပုံမခြား စုံများတဲ့ဏ္ဍုပ်ကောင်၊ မှန်စွာဖွေရှာ သေချာမှန်းထင်ကြည့်၊ လွမ်းချင်သည့်စိတ်က ဝိပ္ပလ္လာ´ ဟူ၍ စိန်ခြယ်ဖြာရောင်လင်း ကြိုးသီချင်းတွင် တိမ်ကို တင်စားနှိုင်းဖွဲ့ခဲ့သည်။ မြန်မာစာပေလောကတွင် စာဆိုအကျော်အမော်တစ်ပါးဖြစ်သော ရှင်ဥတ္တမကျော်၏ တောလားရတုတွင်လည်း `တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊ မရန်းဖက်၍၊ တိမ်သက်တံ့ရောင်၊ အဝါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တစ်မျိုး၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊ လေးဖက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးဏ္ဍုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့´ ဟူ၍ တိမ်ကိုပင် သက်ဝင်လှုပ်ရှား ဂဠုန်ငှက်အလား တင်စားနှုန်းဖွဲ့ခဲ့သည်။ “တောင်ဟုန်ပြင်းလျက်၊ ဂဠုန်စက်” “တနင်္ဂနွေဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံခြောက်နှစ်မျှ” “ဂဠုန်နဂါး၊ ပုံမခြား၊ စုံများတဲ့ရုပ်ကောင်၊ မှန်စွာဖွေရှာ၊ သေချာမှန်းထင်ကြည့်၊ လွမ်းချင်သည့်စိတ်က ဝိပ္ပလ္လာ” ဆက်စပ်သောဝေါဟာရ မြန်မာတို့ ဝေါဟာရ အသုံးအနှုန်းတွင် စစ်ဆင်စစ်တက်ရာ၌ ဂဠုန်တောင်ပံဖြန့်သည် ဟူ၍လည်းကောင်း၊ ဏ္ဍုန်းရင်းဆန်ခတ်ဖြစ်သည်ကို နဂါး ဂဠုန် လိုက်သည် ဟူ၍လည်းကောင်း၊ ဆေးပင်ဝါးပင်များတွင် ဂဠုန်လက်သည်းပင်ဟူ၍လည်းကောင်း၊ ဂဠုန်ဆိုသောငှက်ကို အထူးတင်စား၍ ဆိုလေ့ရှိကြသည်။ ပသီပုံပြင်များတွင်လည်း ဂဠုန်ကဲ့သို့ကြီးမားသောငှက်များရှိကြောင်း ဖော်ပြပါရှိလေသည်။ အခြားအာရှနိုင်ငံများမှဂဠုန်ငှက် ဂဠုန်ငှက်နှင့်ပတ်သက်သည့် ပုံပြင်၊ ဒဏ္ဍာရီ၊ ဆိုရိုးနှင့် အနုပညာလက်ရာများကို ဟိန္ဒူနှင့် ဗုဒ္ဓဘာသာပြန့်ပွားခဲ့ဖူးရာ ဒေသများတွင် အမည်အမျိုးမျိုး ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တွေ့ရသည်။ ထိုင်းနိုင်ငံတွင် ဂဠုန်ငှက်အား (ครุฑ krut) ဟုခေါ်ဆိုပြီး နိုင်ငံတော်အမှတ်တံဆိပ် အဖြစ် အသုံးပြုသည်။ ထိုင်းဘုရင့် မိသားစု၏အမှတ်တံဆိပ် အဖြစ်အသုံးပြုသော ဂဠုန်ငှက် ပုံသဏ္ဍန်မှာ (Krut Pha) ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ တွင်လည်း ဂဠုန်ငှက်အား နိုင်ငံတော် အမှတ်တံဆိပ်အဖြစ်ပင် အသုံးပြုသည်။ ထို့အပြင် အင်ဒိုနီးရှား နိုင်ငံပိုင် လေကြောင်းလိုင်းမှာလည်း ဂရုဓလေကြောင်း (Garuda Airways)ဖြစ်သည်။ မွန်ဂိုးလီးယား နိုင်ငံတွင် (Khangarid) ဟုခေါ်ဆိုပြီး မြို့တော် Ulan Bator၏တရားဝင် အမှတ်တံဆိပ် ဖြစ်သည်။ ဂျပန်ဘာသာဖြင့်မူ Karura ဟုခေါ်ကြသည်။ ကိုးကား စာပေ ယဉ်ကျေးမှု ဒဏ္ဍာရီလာ သတ္တဝါများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%A0%E1%80%AF%E1%80%94%E1%80%BA
ကိန္နရာ
ကိန္နရာဆိုသည်မှာ အဘိဓာန် ဋီကာတွင် "အဿမုခ, နယသဒိသတ္တာ၊ ဣစ္ဆိတော နရော၊ နယသဒိသ သရီရတာဝါ ကိန္နရော၊ ဧတာဒေဝ ယောယောနိယော"ဟု ဖွင့်သည်။အဓိပ္ပာယ်မှာ မြင်း၏မျက်နှာနှင့်တူသော မျက်နှာရှိ၍ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသော သတ္တဝါဟူ၍ဖြစ်သည်။ မြင်း၏မျက်နှာ၊ လူ၏ကိုယ်ရှိသကဲ့သို့ လူမျက်နှာ မြင်း၏ကိုယ်ရှိသော ကိန္နရာလည်းရှိသည်ဟုဆိုသည်။ ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။ ဗုဒ္ဓဘာသာစာပေများနှင့်အတူ ပေါ်ပေါက်လာသော ကိန္နရာဟူသော သတ္တဝါတစ်မျိုးသည် ဗုဒ္ဓဘာသာပျံ့နှံ့သွားခြင်းနှင့်အတူ နိုင်ငံအသီးသီးသို့ ရောက်ရှိသွားရာ ထိုနိုင်ငံများသည် မိမိနိုင်ငံ၏ ဓလေ့စရိုက်နှင့်ကိုက်ညီအောင် ကိန္နရာကို ပြန်လည်ဖန်တီးကြသည်။ နိုင်ငံယဉ်ကျေးမှုနှင့်လိုက်အောင် အနုပညာလက်ရာဖြင့် မွမ်းမံကြရာမှ ကိန္နရာဟန်အသီးသီးဖြစ်လာသည်။ ကိန္နရာရှစ်မျိုး ၁။ ဒေဝကိန္နရာ ၂။ စန္ဒကိန္နရာ ၃။ ဒုမကိန္နရာ ၄။ ဒဏ္ဍမာဏဝိကကိန္နရာ ၅။ ကောန္တကိန္နရာ ၆။ သကုဏကိန္နရာ ၇။ ကဏ္ဏပါဝုရဏကိန္နရာ ၈။ ကိမ္ပုရိသကိန္နရာ ဟူ၍ ကိန္နရာရှစ်မျိုးရှိသည်။ အသွင်သဏ္ဌာန် ကိမ္ပုရိသကိန္နရာသည် မြင်း၏မျက်နှာနှင့်တူသောမျက်နှာ၊ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသော စိုးစဉ်းလူနှင့်တူသော ကိန္နရာမျိုးဖြစ်သည်။ ထိုကိန္နရာမျိုးသည် နတ်မျိုးဖြစ်သောကြောင့် ဒေဝကိန္နရာဟုလည်းခေါ်ကြသည်။ ဒုမကိန္နရာ၊ စန္ဒကိန္နရာတို့၏ ရုပ်သဏ္ဌာန်သည် ရွှေဖြင့်ပြီးသော ဘယက်၊ လည်မာ၊ ဒွါဒရာ၊ ခါးကြိုး၊ ခြူးမျိုးရှက်ဆိုင်း၊ သင်တိုင်း၊ နားတောင်းအစရှိသော တန်ဆာတို့ဖြင့် တင့်တယ်စွာ ဆင်ထားသော ငှက်ကိုယ်၊ လူ့ဦးခေါင်းမျက်နှာဖြင့် ကိန္နရာမျိုးဖြစ်သည်။ ဒေသ၊ သက်တမ်းနှင့် ဓလေ့စရိုက် ကိန္နရာတို့ကို ဟိမဝန္တာဒေသအနီးအနားရှိ တောကြီးများတွင် တွေ့ရလေ့ရှိသည်ဟု ဆိုသည်။လူတို့ အနှစ်တစ်ရာသက်တမ်းတွင် ကိန္နရာတို့သည် အနှစ်တစ်ထောင်သက်တမ်းရှိသည်ဟုဆိုသည်။ ကိန္နရာတို့သည် လူစကားပြောတတ်သည်ဟု ယူဆရသည်။ သို့သော် အရာမရောက်က စကားမဆိုဘဲ နှုတ်ဆိတ်၍သာနေကြသည်။ ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ မြစ်၊ ချောင်း၊မြောင်းများ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်ဟု ဆိုကြသည်။ စာပေကျမ်းဂန်များမှ ကိန္နရီ၊ ကိန္နရာ ဝေဿဝဏ္ဏ(ကုဝေရ)နတ်မင်းကြီးစံရာ အာဠကမန္ဒာ၊ ဝီသာဏမြို့၊ ဓရဏီရေကန်တွင်လည်း လှံတံ တောင်ဝှေး စွဲကိုင်သည့် ဒဏ္ဍမာဏဝိကကိန္နရာမျိုး တို့ရှိကြသည်။ ပါဋလိပုတ်ပြည်သား တောသွားမုဆိုးတို့သည် ကိန္နရီကို လက်ရဖမ်းမိဖူးသည်။ထို ကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ဝရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။ တိဿရဟန္တာ(ကောန္တပုတ္တတိဿထေရ်)သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံသည်။ ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက်၊ တလား၊ အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည်။ ထို့ကြောင့် နောက်ပိုင်းဘုန်းကြီးပျံများတွင် လောင်တိုက်၊တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။ မန်လည်ဆရာတော်၏ မဃဒေဝလင်္ကာသစ် တွင် `ဟေမာလယ၊ တောမြိုင်ဝက၊ ဒေဝစန္ဒ၊ သကုဏနှင့်၊ ဒုမကောန္တ၊ ထိုပြီအပ၊ ကဏ္ဏပါဝု၊ အစပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက်ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါလူသွင်၊ ဆံပင်နောက်လန်၊ ယမံငယ်သွေး၊ ငှက်မွှေးတောင်ပေါက်၊ ရွယ်မဖောက်ဘဲ´စသည်ဖြင့် စပ်ဆိုထားသည်။ ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်းလက်ထက် အနောက်သလ္လာဝတီမြစ်၌ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်ဟု ဆိုသည်။ ထိုသဘောကို လက်ဝဲ သုန္ဒရ အမတ်က ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ နိဂုံး၌ ""နတ်ကိန္နရာ၊ ဟေဝန္တာက၊ ချိန်ခါရေဦး၊ မျောလာဘူးဟု၊ ချီးကျူးကျေညာ၊ ထင်ရှားစွာသား၊ သလ္လာဝတီ၊ ရေသီတာလျှမ်း၊ ထိုမြစ်ကမ်းမှ၊"" စသည်ဖြင့် ရေးစပ်ထားသည်ကိုတွေ့ရသည်။ ထိုမင်းလက်ထက် တောင်ဖီလာဆရာတော် ရေးသားသည့် ရာဇမနိ စူလာ ကျောက်စာတွင် "အသောကမင်းကြီးသည် ကိန္နရာတို့၏ ကခြင်း၊ သီခြင်းတို့ကို ကြည့်နာတော်မူလိုသည်ဖြစ်၍ ဟိမဝန္တာတောသို့ လက်စွပ်တော်ကို လွတ်တော်မူလျင်၊ မင်း၏အာဏာကြောင့် လာ၍ က လာကုန်သော ပက္ခိကိန္နရာ( ကိန္နရာရှစ်မျိုးတွင် မပါဝင်သော အခြားအမျိုးအစားတစ်မျိုးဟု ယူဆရ)တို့၏ အရုပ် သဏ္ဌာန်သည် ရွှေအတိပြီးသော အမြီးအတောင် ဘယက်တို့ဖြင့် ဆင်ယင်၍ ကစေ၏။"ဟု ပါရှိသည်။ မြန်မာနှင့် ကိန္နရာ ကိန္နရာများသည် နူးညံ့သည့် အမူအရာရှိခြင်း၊ ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊ ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊ ဘုရားပွင့်တော်မူသည့်နေ့တွင် ဝမ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့် မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လက်ျာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။ မြန်မာဗေဒင်ကျမ်း ၁၂-ရာသီတွင် မေထုန်ရာသီအိမ်၌ ကိန္နရာဖိုမအရုပ်နှင့် အမှတ်အသားပြုထားသည်။ ကယားလူမျိုးများသည် ကိန္နရာ၊ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု မိမိတို့ကိုယ်ကို ယူဆကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ကြသည်ဟုဆိုသည်။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။ ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။ ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။ မွန်ဘာသာဖြင့် ကိန္နရာကို ကောန်နှောင် ဟုခေါ်သည်။ အနုပညာလက်ရာဟန် အိန္ဒိယဟန် အဇန္တလိုဏ်ဂူမှ ပန်းချီပုံများအရ အိန္ဒိယကိန္နရာသည် ကိုယ်အထက်ပိုင်းတွင် လူပကတိအတိုင်း အဆင်တန်ဆာများကို ဆင်မြန်းထား၍ ပေါင်နှင့် ခြေထောက်မှာ ငှက်ပေါင်၊ ငှက်ခြေဖြစ်သည်။ အမြီးမှာ ဖောင်းဖောင်းပွပွနှင့် ဥဒေါင်းမြီးကဲ့သို့ရှိသည်။ ပျံဝဲနိုင်လောက်သော အတောင်နှစ်ဖက်ရှိသည်။ ယိုးဒယားဟန် ယိုးဒယားဟန်သည် အိန္ဒိယဟန်နှင့်မတူ ကွဲပြားသည်။ မျက်နှာသွင်ပြင် ချပ်ဝတ်တန်ဆာကအစ ယိုးဒယားဆန်သည့် ယိုးဒယားပန်းခက် ပန်းနွယ်တို့ဖြင့်အလှဆင်ထားသည်။ အခြားဟန်အမျိုးမျိုး တရုတ်၊ ဂျပန်၊ ကမ္ဗောဇ ရှမ်း၊ တိဗက်၊ မွန် ဟန်အမျိုးမျိုးရှိသည်။ မြန်မာဟန် မြန်မာဟန် ကိန္နရာမှာ ငှက်ကိန္နရာအမျိုးအစားသာဖြစ်သည်။ ကုန်းဘောင်ခေတ်မှတ်တမ်းများအရ ကိန္နရာနှစ်မျိုးနှစ်စားကို တွေ့ရသော်လည်း မြန်မာ့မျက်စိဖြင့် အစပ်တည့်သည့် ငှက်ကိန္နရာအမျိုးအစားကိုသာ အသုံးများခဲ့သည်ကို တွေ့ရသည်။ မြန်မာသက္ကရာဇ် ၁၁၀၅ခုနှစ်၊ ဟံသာဝတီရောက်မင်းလက်ထက်တွင် ဂေါ်ရခေါင်မြို့၌ စာရေးကြီး လမ္ဘာဒရနှင့် ပညာရှိ ကဝိစန္ဒရ ပုဏ္ဏားတို့က ဘင်္ဂါလီဘာသာဖြင့် ရုပ်ပုံစာတမ်း ရေးသားပြုစုခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ထိုရုပ်ပုံစာတမ်းများကို အလျား ၁-တောင် ၂-မိုက်ခန့်၊ အနံ ၁-ထွာခန့်ရှိသော ကရမက်သစ်ခေါက်ပုရပိုဒ်ပေါ်တွင် ရေး၍ ဆက်သလာသည်။ ထိုပုရပိုဒ်တွင်ပါရှိသည့် ကိန္နရာပုံစံမှာ ငှက် သဏ္ဌာန်ရေးပြီးလျင် လူဦးခေါင်းမျက်နှာတပ်သည့် သကုဏကိန္နရာမျိုးတစ်ပုံ၊ လူရုပ်တွင် မြင်း၏မျက်နှာကဲ့သို့ ရှည်သောမျက်နှာတပ်၍ရေးသော ကိမ္ပုရိသအမျိုးတစ်ပုံ နှစ်မျိုးဖြစ်သည်။ ကျမ်းကိုး ဒဏ္ဍာရီလာငှက်များ ၃၁-ဘုံ ယဉ်ကျေးမှု ဘာသာရေး
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%94%E1%80%9B%E1%80%AC
နဂါး
နဂါး (Nāga) ဆိုသည်မှာ သက္ကတနှင့် ပါဠိဘာသာ စကားဖြစ်ပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်လာ အလွန်ကြီးမားသော မြွေကြီးများကို ခေါ်ခြင်းဖြစ်သည်။ ဒဏ္ဍာရီများတွင် နဂါးသည် ခြေထောက်မပါပဲ မီးလျှံများကို အသက်ရှူသော၊ ကြည့်လိုက်ရုံနှင့် လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မြွေ ပုံသဏ္ဌာန် သတ္တဝါ ဖြစ်သည်။ ၎င်းအစွမ်းကြောင့် မျက်စောင်းထိုး၍ ညှို့အားကောင်းသော မိန်းကလေးတို့ကိုလည်း နဂါးဟု ယခုထိတိုင် တင်စား ခေါ်တပ်သည်။ မြန်မာ နိုင်ငံတွင် ခြေထောက်ပါသော နဂါးကိုမူ နယားဟု ခေါ်သည်။ မြန်မာတို့က နဂါးနှင့် ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိချင်း ဆင်တူသော အနောက်တိုင်း နှင့်တရုတ် (Dragon) များကိုလည်း နဂါးဟုပင် အလွယ် တကူ ခေါ်ဝေါ်ကြသည်။ ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဖော်ပြချက် နဂါး ပုံသဏ္ဌာန် နဂါးခေါင်းသည် ဒရယ်ချိုကဲ့သို့ ချိုရှိသည်။ နဂါးခေါင်းသည် ကုလားအုပ်ခေါင်းနှင့်တူသည်။ နဂါးမျက်လုံးသည် နတ်မိစ္ဆာမျက်လုံးနှင့် တူသည်။ နဂါးလည်ပင်းသည် မြွေနှင့် တူသည်။ နဂါးဝမ်းပိုက်သည် ခုံးခွံနှင့်တူသည်။ နဂါးအကြေးသည် ငါးကြင်းအကြေးခွံနှင့် တူသည်။ နဂါးလက်သည်းသည် လင်းယုန်ငှက်လက်သည်းနှင့် တူသည်။ နဂါးဖဝါးသည် ကျားဖဝါးနှင့် တူသည်။ နဂါးနားရွက်သည် နွားနားရွက်နှင့် တူသည်။ နဂါးအမျိုးမျိုး ကဌမုခ နဂါး = (ထိုနဂါး ကိုက်လျင် အဆစ်အမျက်များ မကွေးမဆန့်နိုင်တော့ဘဲ သံတံကျင်လို ခိုင်ခံ့မာကျောသွားသည်။) ပုတိမုခ နဂါး = (ထိုနဂါး ကိုက်လျင် ပိန္နဲပုပ်လို အသားထဲမှ အရည်များ ယိုထွက်ကျလာသည်။) အဂ္ဂိမုခ နဂါး = (ထိုနဂါး ကိုက်လျင် လူ၏ အသားတွေသည် မီးလောင်သလို အက်ကွဲလာသည်။) သတ္တသုခ နဂါး = (ထိုနဂါး ကိုက်လျင် လူ၏ အသားတွေသည် မိုးကြိုးပစ်သကဲ့သို့ ကွဲပြတ် ပျက်စီးသွားသည်။) အထက်ပါ လေးမျိုးထဲမှ တစ်မျိုးစီတွင် ဒဌဝိသ နဂါး =( ကိုက်မှ အဆိပ်သင့်စေတတ်သည်။) ဒိဌဝိသ နဂါး =( ကြည့်ရုံနှင့် အဆိပ်သင့်စေတတ်သည်။) ဖုဌဝိသ နဂါး =( ထိရုံနှင့် အဆိပ်သင့်စေတတ်သည်။) ဝါတဝိသ နဂါး =( နှာခေါင်းမှ လေမှုတ်ရုံနှင့် အဆိပ်သင့်စေတတ်သည်။) ကွဲသည်။ ပေါင်း(၁၆)မျိုး ထဲမှ တစ်မျိုးစီတွင် အဆိပ်မြန်ပြီး အဆိပ်မပြင်းသည့် အာဂတ ဝိသန လေဘရ ဝိသ နဂါးမျိုး၊ အဆိပ်ပြင်းပြီး အဆိပ်မမြန်သည့် ဃောရဝိသန အာဂတ ဝိသ နဂါးမျိုး၊ အဆိပ်လဲပြင်း အဆိပ်လဲမြန်သည့် အာဂတ ဝိသ ဃောရဝိသ နဂါးမျိုး၊ အဆိပ်လဲမပြင်း အဆိပ်လဲမမြန်သည့် နအာဂတဝိသန ဃောရဝိသ နဂါးမျိုး၊ ကွဲပြန်သည်။ ထိုနဂါးမျိုး(၆၄)မျိုးထဲမှာ တစ်မျိုးစီတွင် ဥကပေါက်သည့် အဏ္ဍဇ နဂါးမျိုး၊ ဝမ်းပိုက်ကမွေးဖွားသည့် ဇလာဗုဇ နဂါးမျိုး၊ အညှိကဖြစ်လာသည့် သံသေဒဇ နဂါးမျိုး၊ ကိုယ်ထင်ရှား အလိုလိုဖြစ်လာသည့် ဩပပါတိက နဂါးမျိုး၊ လေးမျိုးစီ ကွဲပြန်သည်။ ထိုနဂါးမျိုး(၂၅၆)မျိုးထဲမှာ တစ်မျိုးစီတွင် ရေ၌ဖြစ်သော ဇလဇ နဂါးမျိုး၊ ကုန်းမှာဖြစ်သော ထလဇ နဂါးမျိုး၊ နှစ်မျိုးစီ ကွဲပြန်သည်။ အထက်ပါ(၅၁၂)မျိုးထဲမှာ တစ်မျိုးစီတွင် ကာမဂုဏ်ခံစားသည့် ကာမရူပီ နဂါးမျိုး၊ ကာမဂုဏ်မခံစားသည့် အကာမရူပီ နဂါးမျိုး၊ နှစ်မျိုးစီ ကွဲပြန်သည်။ နဂါးမျိုးပေါင်း တစ်ထောင့်နှစ်ဆယ့်လေး (၁၀၂၄) မျိုး ရှိသည်။ ဂဠုန်ငှက်ဘေးမှ ကင်းဝေးသော နဂါးမျိုး ၇-ပါး ပဏီတ တရာ-ဇလာဗုဇ, ဂဗ္ဘသေယျက, ဥပပါတိက, ဟုဆိုအပ်သော မိမိတို့ဇာတ်သဘောအားဖြင့် မြတ်သော နဂါးတို့လည်း တစ်မျိုး၊ ကမ္ဗလဿ တရာနဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရနဂါး တို့လည်းတစ်မျိုး၊ ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင် တို့လည်းတစ်မျိုး၊ သတ္တသိဒန္တရ ဝါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါး တို့လည်းတစ်မျိုး၊ ပထဝိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါး တို့လည်းတစ်မျိုး၊ ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်းနေထိုင်ကြကုန်သော တောင်တွင်းနဂါး တို့လည်းတစ်မျိုး၊ ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါး တို့လည်းတစ်မျိုး။ ဘူရိဒတ္တနဂါးမင်း လူသဏ္ဌာန်ဖန်ဆင်းပြီး နတ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော နဂါးများကို ဘူရိဒတ္တနဂါးများ ဟုခေါ်သည်။ ဘူရိဒတ္တနဂါးမင်းများသည် လူမိန်းမများနှင့် အတူနေလျှင် နဂါးမှန်းမသိအောင် နဂါးသဏ္ဌာန်နှင့် မနေဘဲ လူသဏ္ဌာန်ဖန်ဆင်းပြီး နတ်ဝတ်တန်ဆာနှင့် နေကြသည်။ ထိုနဂါးတို့သည် အမြဲ လူသဏ္ဌာန်ဖန်ဆင်းပြီး နေလို့မရပါ။ ၁။ နဂါးမများ ကိုယ်ဝန်ရှိလာသောအခါ၊ ၂။ အရေလဲချိန်ကျသောအခါ၊ ၃။ ဇာတ်တူသော နဂါးချင်း မေထုန်မှီဝဲသောအခါ၊ ၄။ ကိုယ်လွတ်လက်လွတ် အိပ်ပျော်နေသောအခါ၊ ၅။ သေသောအခါ များတွင် နဂို နဂါးရုပ် ပြန်ပေါ်လာသည်။ နဂါးဌာနေ နဂါးများသည် - အိုင်ကြီးများ၊ သမုဒ္ဒရာကြီးများ၊ တောင်ကြီးများ၏ အောက်မှာလည်း နေတတ်သည်။ ဝေဘာရတောင်၏ အောက်တွင် မြေနေနဂါးများနေသည် ယူဇနာ(၅၀၀)ရှိသော နဂါးပြည် ရှိသည်။ ဟိမဝန္တာတော ဒဒ္ဒရတောင်ခြေတွင် မြေနေနဂါးများနေသည် နဂါးပြည် ရှိသည်။ မြင်းမိုရ်တောင် ခြေရင်းတွင် ရေနေနဂါးများနေသည်။ အနဝတတ်အိုင်တွင် ပဏ္ဏကနဂါးနေသည်။ မုစလိန္ဒအိုင်တွင် မုစလိန္ဒနဂါးနေသည်။ ဥရုဝေလမြစ်မှာ ဥရုဝေလနဂါးနေသည်။ ဂယာမြစ်မှာ အဂ္ဂိဒဎုနဂါးနေသည်။ နေရဉ္ဇရာမြစ်မှာ ကာလနဂါးနေသည်။ ဟိန္ဒူဘာသာကျမ်းဂန်များ၌ ဖော်ပြချက် မဟာဗြရတ္တကျမ်းပါနဂါး ဟိန္ဒူဘာသာတွင် နဂါးသည် အနှုတ်လက္ခဏာ ဆောင်သော သတ္တဝါဖြစ်ပြီး မြွေနဂါးယစ်ပူဇော် စတေးမှုနှင့် ဂဠုန်၏အစား ခံထိုက်သူများ အဖြစ် ဖော်ပြကြသည်။ ထို့အတူ ကျမ်းဂန်တွင် အလွန်အရေးပါသော ဇာတ်ကောင်များဖြစ်ကာ တခါတရံတွင် နတ်ဘုရားတို့၏ ဘက်တော်သားများလည်း ဖြစ်ကြ ပြန်သည်။ ဥပမာ နဂါးမင်းသား အနန္တ စကြာ (Ananta-Shesha)သည် မိမိကိုယ်ကို လူအသွင်ဖန်ဆင်း၍ ကောင်းသောဆံထုံး နှင့် သင်္ကန်း ဝတ်ဆင်က မြင့်မြတ်သော ရသေ့အကျင့်ကို ကျင့်၏။ ထိုအခါ ဗြဟ္မာမှ လွန်စွာ နှစ်သက်သဖြင့် ကမ္ဘာမြေကြီးအား သယ်ဆောင် ထမ်းပိုးရန် တာဝန်ပေး လိုက်သည် ဟုဆိုသည်။ နဂါးမင်းသားလည်း နဂါးအသွင်ဖြင့် တွင်းနက်ကြီး အတိုင်း မြေအဆုံးထိ ဆင်းကာ ကမ္ဘာကြီးအား ခေါင်းပေါ် တင်ထားလေသည်။ ထို့ကြောင့် ကမ္ဘာပျက်သည့် အချိန်ကျရောက်တိုင်းတွင် ထိုနဂါးမှာ အသက်ဘေးမှ လွတ်ကင်းကာ အတိုင်းအဆမရှိ အသက်ရှည်သူ "အနန္တ" ဟူသောဘွဲ့ကို ရသည်ဟု ဆိုထားသည်။ မဟာဗြရတ္တကျမ်းတွင် ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ နဂါးနှင့် ဂဠုန်တို့၏ ရန်ညှိး ဖွဲ့တည်ပုံ အားလည်း ဖော်ပြထားသည်။ ဖန်ဆင်းရှင်ဗြဟ္မသည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှာ ခွန်အားကြီးသော သားအနည်းငယ်သာ လိုချင်သူဖြစ်ပြီး၊ ကဒရူမှာ သားပေါင်း မြောက်မြားစွာကို တောင့်တသူဖြစ်သည်။ အချိန်တန်သော် ဗိနတ္တတွင် ဥနှစ်လုံးရ၍ နေနတ်သား နှင့်ဂဠုန်တို့ ပေါက်ဖွားလာကြသည်။ ကဒရူတွင် ဥပေါင်းတစ်ထောင်ရ၍ နဂါးများ ပေါက်ဖွားလာကြသည်။ ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ် ကာကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေး ပျားရည်ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ဂဠုန်သည် နတ်ပျား ရည်ကို အခက်အခဲအမျိုးမျိုး ကျော်ဖြတ်၍ ဆောင်ယူအပြီး နဂါးတို့အား ပေးကာ မသောက်သုံးမှီ ပူဇော်မှု အခမ်းအနားပြုရန်ပါ လှည့်ဖြားတိုက်တွန်းသည်။ နဂါးတို့ ပူဇော်မှု ဆောင်ရွက်နေချိန် တွင်အိန္ဒြာသိကြားမှာ နတ်ပျားရည် အားပြန်လည် ဆောင်ယူသွားတော့သည်။ သို့သော် ပျားရည်အိုးမှ ဖိတ်စဉ်ကျ လာသော ပျားရည်စက် အကြွင်း အကျန် များမှာ မြက်ခင်းပြင် ပေါ်တွင် ကျန်ခဲ့ရာ နဂါးတို့ လျှာဖြင့်လျက် ရာမှ ထာ၀ရအသက်ကို ရလာသည် ဟုဆိုသည်။ ထိုသို့မြက်ကို လျက်ခြင်းကြောင့် မြက်ပင်တို့ဖြင့် ထိရှကာ လျှာနှစ်ခွ ဖြစ်ရသည် ဟုလည်း ဆိုထားသည်။ မြန်မာ့နဂါး သမိုင်း ဗုဒ္ဓကျမ်းဂန်လာ ကာဠနဂါး (ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည်။ ရှေ့မှမဟာသဒ္ဒါထည့်၍ မဟာကာဠ-ဟု အသုံးများ၏။) ထိုမဟာကာဠ နဂါးမင်းသည် “ ကာဠော နာဂရာဇာ စတုန္နံ ဗုဒ္ဓါနံ သမ္မုခီဘာဝံ လဘိတွာ ဌိတော မေတ္တေယျဿပိ ဘဂ၀တော သမ္မုခီဘာဝံ လဘိဿတီတိ ၀ဒန္တိ၊ ယံ တဿ ကပ္ပါယုကတာ ဝုတ္တာ။” “ကာဠ နဂါးမင်းသည် ဘုရားလေးဆူတို့ကို မျက်မှောက်ထင်ထင် ဖူးမြင်ရပြီး၍ သူ၏အသက်တမ်းသည် တစ်ကမ္ဘာတိုင်တိုင် ရှည်ကြာသည် ၏ အဖြစ်ကြောင့် အရိမေတ္တေယျ ဘုရားရှင်တို့လည်း မျက်မှောက်ထင်ထင် ဖူးမြင်ခွင့်ရလတ္တံ့ ဟု ဆိုကြကုန်၏ -ဟု မဟာဝဂ္ဂဋီကာတွင် ဆိုထားသောကြောင့် ကာလနဂါးသည် ယခုထိ ရှိပါသေးသည်။ ကာလနဂါးသည် အဘယ်ကြောင့် ဘုရားတစ်ဆူပွင့်သည်အထိ အိပ်စက်ရပါသနည်း။ ဘုရားတစ်ဆူတစ်ဆူပွင့်သည်အထိ အိပ်စက်သည်ဟု မည်သည့် အဋ္ဌကထာ.ဋီကာကျမ်းတွင်မှ မပါပါ။ ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သော်လည်း ဘုရားတစ်ဆူနှင့် တစ်ဆူကြား အိပ်နေပြီး၊ ဘုရားတစ်ဆူပွင့်လာမှ အိပ်ရာမှ နိုးသည်ဆိုလျှင် ဤကမ္ဘာ၌ ဘုရားငါးဆူပွင့်သဖြင့် ငါးကြိမ်သာအိပ်ရရာ၏။ (ဘုရားငါးဆူထက်ပို၍ ပွင့်သောကမ္ဘာဟူ၍လည်းမရှိ။) ထိုမျှအအိပ်ကြီးသော သတ္တဝါဟူ၍ မကြားမသိရပါ။ ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့နှင့် ထိခတ်မိကာ အသံမြည်သောကြောင့်ဟု မှတ်အပ်၏။ မဟာဗုဒ္ဓဝင်၌ ဤသို့ဆိုထား၏- “ ဘုရားအလောင်းတော်သည် ထိုသုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်း ကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ရွှေခွက်ကို ကိုင်ယူကာ “ အကယ်၍ ငါသည် ယနေ့ ဘုရားဖြစ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား ဘုရားဖြစ်ခြင့်ငှါ မစွမ်းနိုင်ပါမူ ရေစုန်သို့ မျှောပါစေသား ” ဟု အဓိဋ္ဌာန်တော်မူပြီးသော် ထိုရွှေခွက်ကို နေရဉ္ဖရာမြစ်ကျောသို့ မျှောလိုက်လေ၏။ ထိုရွှေခွက်သည် ရေစီးရေယဉ်ကို ဖြတ်လျက် မြစ်လယ်သို့ တည့်တည့်မတ်မတ်သွားပြီးလျှင် မြစ်၏ အလယ် ချက်မ အရပ်မှပင် မြင်းလျင်ကိုစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွား၍ ဝဲဇလုပ်၌ နစ်မြုပ်ကာ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်၍ ကကုသန်-ကောဏာဂုံ- ကဿပတည်းဟူသော ပွင့်တော်မူပြီးကြသည့် ဘုရားသုံးဆူတို့၏ ( ဘုရားဖြစ်မည့်နေ့၌) အသုံးပြုအပ်သော ရွှေခွက်သုံးလုံးတို့၏ အောက်၌ တည်လေ၏။ ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ “ ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်တော်မူခဲ့လေပြီ ယနေ့တစ်ဖန် ဘုရားတစ်ဆူပွင့်တော်မူပြန်ပြီ ”ဟု ပြောဆိုကာ ပိုဒ်ပေါင်းများစွာ ဂါထာတို့ဖြင့် ထောမနာချီးမွမ်းစကားကို မြွက်ကြားရွတ်ဆို၍ ထလေ၏။ ( ကာဠနဂါး၏ အဖို့မှာ ကဿပ မြတ်စွာဘုရားနှင့် ဤငါတို့ မြတ်စွာဘုရား နှစ်ဆူတို့၏ အကြားကာလ မဟာပထဝီမြေကြီး တစ်ယူဇနာနှင့် သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျား လှသော အချိန်ကာလ သမယသည်ပင် ယမန်နေ့ကနှင့် ယနေ့ဟူ၍ ပြောဆိုရလောက်အောင် တိုတောင်းသကဲ့သို့ ဖြစ်ရှိနေပေ၏။) ( မဟာဗုဒ္ဓ္ဓဝင်၊ ဒု၊၂၇၈ ) (ကာဠ နာဂရာဇံ သုပန္တံ ဗောဓေသိ ” `“အိပ်ပျော်နေသော ကာဠနဂါးမင်းကို သိစေ နိုးစေပြီ ” ဟူသော ဗုဒ္ဓဝံသ အဋ္ဌကထာအရ ရွှေခွက်ချင်း ထိခတ်မိသောအချိန်တွင် ကာဠနဂါးအိပ်ပျော်နေကြောင်း ရေးကြပြောကြ၏။ သို့ရာတွင် အခြားကျမ်းများစွာတို့၌ကား `“ကာဠော နာဂရာဇံ တံ သဒ္ဒံ သုတွာ” `“ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ ” ဟု သာမညဆိုထားသောကြောင့် အိပ်ပျော်နေခိုက်ဖြစ်နိုင်သလို ပုံမှန် နဂါးစည်းစိမ် ခံစားနေခိုက်လည်း ဖြစ်နိုင်၏။) ကာလနဂါး၏ သက်တမ်းကား တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးဖြစ်သည်ဟု ဆိုသည်။ ကာဠနဂါး၏ အရွယ်ပမာဏကို ကျမ်းဂန်တို့၌ မတွေ့မိပါ။ သို့ရာတွင် ကာဠနဂါး မင်းသည် တန်ခိုးကြီးသော နဂါးဖြစ်၍ နဂါးချင်း မေထုန်မှီဝဲသောအခါ စိတ်ချလက်ချ အိပ်ပျော်သော အခါ ပဋိသန္ဓေနေစဉ်အခါ အရေဟောင်းကို စွန့်သောအခါ စုတေစိတ်ကျသောအခါ ဟူသော နဂါးတတ်ကို မစွန့်နိုင်ရာ အချိန်အခါ ငါးမျိုးမှတစ်ပါး များစွာသောအချိန်တို့၌ လူယောင်ဖန်ဆင်း၍သာ နေဖို့များ၏။ နဂါး ခန္ဓာကိုယ်နှင့် သွားလာလိုရာ၌လည်း အလိုရှိသလို ငယ်နိုင်ကြီးနိုင် ပြောင်းလဲနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးရှိ၏။ မည်သည့်မြစ် သို့မဟုတ် သမုဒ္ဒရာမြစ် သုပ္ပတိဋ္ဌိတဆိပ်ကမ်း ဟု ဆိုသောကြောင့် ထိုနေရဉ္ဖရာမြစ်၏ အောက်၌ ဟုရှိ၏ ဟုယူဆရ၏။ အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏။ သူ ဗုဒ္ဓဘာသာ ဖြစ်လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်းအဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ်တွင် ယူဇနာငါးရာကျယ်ဝန်းသော မေဉ္ဖရိက နဂါးဘုံတွင်နေ၏ -ဟု မှတ်သင့်၏။ မြစ် သမုဒ္ဒရာ တို့၌နေသော ဂင်္ဂါ၀ဟေယျ သာမုဒ္ဒိက နဂါးမျိုးမဟုတ်။ တော တောင်တို့၌ နေသော ဘူမိဂတ ပဗ္ဗတဋ္ဌ နဂါးမျိုးလည်း မဟုတ်။ ရွှေခွက်သံကြားသော အခိုက်ဂါထာပိုဒ် အထောင်တို့ဖြင့် ဝမ်းမြောက်ဝမ်းသာ ချီးကျူးထောမနာ ဂါထာများ ရွတ်ဆိုခြင်း မာရ်နတ်သားကို အောင်မြင်တော်မူခါနီး အချိန် ဗောဓိမဏ္ဍိုင်သို့ လာ၍ ဂါထာတစ်ရာကျော်တို့ဖြင့် လာရောက်ပူဇော်ခြင်း အသောကမင်းကြီးအား ဘုရာရှင်၏ ပုံသဏ္ဌာန်လာရောက်ဖန်းဆင်းပြခြင်း ရာမရွာတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏စွယ်တော်များ ရေတိုက်စား၍ သမုဒ္ဒရာသို့ မျော့ပါရောက်ရှိသွားရာ သမုဒ္ဒရာ ၌နေသော နဂါးတို့ လာရောက် အကြောင်းကြားသဖြင့် ဆယ်ယူစေကာ မိမိနေရာတွင် စေတီတည်၍ အကြီးအကျယ် ပူဇော်ထားရှိခြင်း စသော အကြောင်းတို့ကို ထောက်ဆ၍ ကာဠနဂါး အမြဲတမ်း အိပ်မနေပါ။ စည်းစိမ်ရှိသော ကာမရူပီ နဂါး စည်းစိမ်မရှိသော အကာမရူပီ နဂါး ဟု နဂါးနှစ်မျိုးရှိရာတွင် ကာဠနဂါးမင်း သည် စည်းစိမ်ရှိသော နဂါးမျိုးဖြစ်သောကြောင့် အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ကိုခံစားရသည်။ တစ် နံပါတ် ပုစ္ဆာအဖြေပါအတိုင်း ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးမျိုးဖြစ်သောကြောင့် ကကုသန် ဘုရားရှင် ပွင့်တော် မမူခင် ကာလကတည်းရှိ၏။ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းကြီး စသော ပျူနိုင်ငံများ ထွန်းကားခဲ့စဉ်ကပင် နဂါးရုပ်များ ရှိခဲ့သည်။ ပျူလူမျိုးတို့ ဝတ်ဆင်ခဲ့သော လက်ဝတ်တန်ဆာများတွင် နဂါးရုပ်များပါဝင်ပေသည်။ လက်ကောက်၊ ခြေကျင်း စသော ပန်းထိမ်လက်ရာများတွင် နဂါးခေါင်း၌ အချွန်အမောက်များ ပါရှိပြီး ကိုယ်ထည်တွင် ရွှေနန်းလိမ်များဖြင့် ကျစ်ကာ ဖော်ထားသည်။ တကောင်းခေတ် မင်းခမ်းတော် ပစ္စည်းများတွင် နဂါးကွမ်းအစ်၊ ကလပ်တို့အပြင် နဂါးရုပ်တုသည်လည်း ထီးသုံးနန်းသုံး အဆောင်အယောင်ပစ္စည်း တစ်ခုဖြစ်ပေသည်။ ပုဂံခေတ်တွင် နဂါးစသော အနုပညာအရုပ်များသည် မြန်မာဆန်ပြီး မြန်မာဟန် ပေါ်လွင်လာသည်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ခေတ်များတွင်လည်း တံကဲများနှင့် သာသနိက အဆောက်အဦများ၌ နဂါး၊ နယားရုပ်များဖြင့် မွမ်းမံမှုများ ပေါကြွယ်လာသည်။ ကုန်းဘောင်ခေတ်တွင် ကနုတ်ပန်းနှင့် ယှဉ်တွဲကာ နဂါးရုပ်များကို သစ်ထွင်းပန်းပုများ ထွင်းထုလာကြသည်။ ခေတ်အဆက်ဆက်မှ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ဘုဇင်္ဂါသန(မုစလိန္ဒာသန) ပုံတော်များတွင် နဂါးရုပ်တုများ သုံးခဲ့ကြသည်။ မုစလိန္ဒာအိုင်တွင် ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ်က နဂါးမင်းက ပါးပျဉ်းမိုး၍ ထားပုံများကို ပြုလုပ် ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နေ့နံအလိုက် ရုပ်ပုံရုပ်တုများ ထုလုပ်ခဲ့ရာ စနေနံကို နဂါးရုပ်ဖြင့် အမှတ်အသားပြုကြသည်။ မြန်မာတို့သည် နဂါးကြီး၏ ဦးခေါင်းလှည့်ပုံ`နဂါးလှည့်´ အယူအဆအရ သုံးလတစ်ကြိမ် ဦးခေါင်းပြုရာအရပ် ပြောင်းသည့် ယုံကြည်ချက်ဖြင့် (တော်၊ ကျွတ်၊ မုန်း = ရှေ့) ( နတ်၊ ပြာ၊ တွဲ = တောင်) ( ပေါင်း၊ ခူး၊ ဆုန် = နောက်) ( န၊ ဝါ၊ ဝါ = မြောက်) ဟူ၍ပင် သတ်မှတ်ကြသည်။ မြန်မာ့နက္ခတ်ပညာရှင်တို့ကလည်း ရောဟဏီနက္ခတ် နှင့် သွာတိနက္ခတ် တို့ကို မြွေဦးခေါင်း ဟူ၍လည်းကောင်း၊ ဇေဋ္ဌနက္ခတ်ကို နဂါးချက်ဟူ၍လည်းကောင်း ဖော်ညွှန်းကြသည်။ နဂါးသည် ဗေဒင်ပညာအရ စနေဂြိုဟ်၏ အမှတ်အသား ဖြစ်သည်။ ဂြိုဟ်သက် (၁၀)နှစ် ဖြစ်သည်။ အရပ်မျက်နှာမှာ အနောက်တောင် အရပ်ဖြစ်သည်။ ကမ္ဘာဦးအစက မြွေနဂါးကို ကိုးကွယ်မှုရှိခဲ့သည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီ ပုဂံခေတ်ကြိုကာလ သက္ကရာဇ် (၂၇၉)ခုနှစ်၊ ပုဂံခေတ် တောင်သူကြီးမင်းလက်ထက်တွင် နဂါးကိုးကွယ်မှုရှိခဲ့သည်။ နဂါးရုပ်တုကြီးကို စိတ်တိုင်းကျ ထုလုပ်စေပြီး ကိုးကွယ်ခဲ့သည် ဟုဆိုသည်။ အခြားအာရှနိုင်ငံများမှနဂါး အင်ဒိုနှင့်မလေးကျွန်းဆွယ် နဂါးကို အင်ဒိုနီးရှားနိုင်ငံတွင် နာဂါဟုခေါ်ပြီး၊ ဂျားဗားကျွန်းတွင် နိုဂိုဟုလည်း ခေါ်ကြသည်။ မလေးရှားသင်္ဘောသား ဒဏ္ဍာရီများတွင် နဂါးသည် ခေါင်းများစွာရှိသည် ဟုဆိုသည်။ မလေးရှားနိုင်ငံ ပါဟန်း(Pahang)ပြည်နည်ရှိ Chinniရေကန်ကြီးတွင် သီရိဂုမာမ်(Sri Gumum) အမည်ရှိ နဂါး နေထိုင်သည်ဟု ယုံကြည်ကြသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ကိုမိုဒို၊ ရင်ကာ၊ ဖလောရက်စ် နှင့် ဂီလီမိုတန်း နှင့် ပါဒါကျွန်းများပေါ်တွင် နေထိုင် ကျက်စားသော အဆိပ်အလွန်ပြင်းထန်သည့် ဖွတ်ကြီးတစ်မျိုးကိုလည်း ကိုမိုဒိုနဂါးဟု ခေါ်သည်။ ထိုဖွတ်များကိုတိရိစ္ဆာန်ရုံနှင့်ထိန်းသိမ်းရေးခြံများတွင်အလွယ်တကူ မြင်တွေ့နိုင်သည်။ အိန္ဒိယ အိန္ဒိယနိုင်ငံတွင် နဂါးသည် မြစ်၊ချောင်း၊ အင်းအိုင် နှင့် ရေတွင်း၊ ရေကန် များကို စောင့်ကြပ်သည်ဟု အယူရှိကြသည်။ ထို့အပြင် မိုးခေါ်ပေးသူများ လည်းဖြစ်သဖြင့် ကောက်ပဲသီးနှံများ ကိုအထွက်တိုးစေသူ ဟုလည်း ယုံကြည်ကြသည်။ သို့သော် ရေကြီး၊ ရေလျံခြင်း စသည့် သဘာ၀ ဘေးအန္တရာယ်များပါ ဆောင်ယူတတ်သည် ဟုလည်း ဆိုသည်။ ဒဏ္ဍာရီများ အရ နဂါးတို့မှာ လူသားတို့ မရိုမသေ ပြုသော အခါတွင်သာ အမျက်ထွက် တတ်ကြသည်။ အိန္ဒိယတောင်ပိုင်းတွင် သီးနှံများအောင်မြင်ရန်နှင့် ကြီးပွား တိုးတက်စေရန် နဂါးမန္တလ (Nagamandala) ဟူသော နဂါးပူဇော်ပွဲ များကျင်းပလေ့ရှိကြသည်။ ကမ္ဘောဒီးယား ခမာဘာသာဖြင့် နဂါးကို (neak) ဟုခေါ်ကြပြီး ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် နဂါးပြည် ရှိသည်ဟု ယုံကြည်ကြသည်။ နဂါးမင်းသမီးနှင့် ဗြဟ္မဏလုလင်တို့ ပေါင်းဖက်၍ ခမာလူမျိုးများ မွေးဖွားလာသောကြောင့် နဂါးအနွယ်များ ဖြစ်ကြသည်ဟုလည်း ယနေ့တိုင် ဆိုကြသည်။ အန်ကောဝတ် ကဲ့သို့ ဘုရားများတွင် ခေါင်းခုနှစ်လုံးပါ နဂါး ရုပ်တုများ တွေ့ရပြီး နဂါးမျိုးနွယ်ခုနှစ်မျိုးသာမက သက်တန့်ရောင်စဉ် ခုနှစ်သွယ်ကိုလည်း ကိုယ်စားပြုသည် ဟုဆိုသည်။ ကမ္ဘောဒီးယား နဂါး ယုံကြည် မှုများတွင် ခေါင်းမဂဏန်း အရေအတွက် ရှိသော နဂါးမှာ အဖိုဓာတ် ဆောင်ပြီး ခေါင်းစုံဂဏန်း အရေအတွက် ရှိသော နဂါးမှာ အမဓာတ် ဆောင်သည်ဟု ဖော်ပြထားသည်။ မဲခေါင်ဒေသ မဲခေါင်မြစ် တစ်လျှောက်ရှိ လာအိုနှင့်ထိုင်း လူမျိုးများတွင်လည်း ရိုးရာ နဂါးယုံကြည်မှု ပေါင်းများစွာ ရှိကြသည်။ ထိုဒေသ ခံများသည် မြစ်ချောင်းများအား နဂါးမင်း ပိုင်စိုးသည် ဟုယုံကြည် သောကြောင့် အထွဋ်အမြတ် ထားကြသည်။ နှစ်စဉ် ငါးနှင့်လှေသင်္ဘော လုပ်ငန်းများ လုပ်ကို်င်သော ကျေးရွာများတွင် အစဉ်အလာအရ နဂါးပူဇော်ပွဲ များကျင်းပ လေ့ရှိပြီး ရေလမ်းခရီးအား ဘေးအန္တရာယ် ကင်းရှင်းစေသည်ဟု ယုံကြည်ကြသည်။ အနောက်တိုင်းအယူအဆ အနောက်တိုင်းအယူအဆတွင်လည်း နဂါးရှိခဲ့သည်။ ရှေးယခင်အချိန်က နဂါးနှင့်လူတို့တိုက်ပွဲများဖြစ်ခဲ့ခြင်းနှင့် နဂါးစီးသူရဲကောင်းများအကြောင်း ဒဏ္ဍာရီများရှိသည်။ အနောက်တိုင်းအယူအဆအရ နဂါး၏ပုံသဏ္ဌန်မှာ ကြီးမားသော ဒိုင်နိုဆောကဲ့သို့ ခန္ဓာကိုယ်နှင့် အတောင်ပံပါဝင်သည်။ မြန်မာအယူအဆတွင် နဂါးပုံသဏ္ဍန်ကို မြွေခန္ဓာကိုယ်နှင့် ဦးခေါင်းတွင်အမောက်ပါရှိပြီး အမြီးမှာ ငါးကဲ့သို့ဖြစ်သည်ဟု ယူဆကြသည် … နဂါးရုပ်တုများပြုလုပ်ရာတွင်ပင် ထိုကဲ့သို့ပြုလုပ်ကြသည်။ နဂါးများသည် မီးမှုတ်နိုင်ခြင်း အမြုတေပိုင်ဆိုင်ခြင်း အဆိပ်ပြင်းခြင်း မျက်စောင်းထိုးလျှင် အရာဝတ္ထုများပြာကျနိုင်ခြင်းစသည့် အစွမ်းများရှိသည်ဟု အရှေ့တိုင်းတွင်သာမက အနောက်တိုင်းတွင်ပါယူဆကြသည်။ ကျမ်းကိုး ၃၁-ဘုံ ယဉ်ကျေးမှု ဒဏ္ဍာရီလာ သတ္တဝါများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%82%E1%80%AB%E1%80%B8
မကန်း
မကန်း ။ ။ အော်-ဆွေမစုံဖက်၊ ဖြေပုံခက်အောင်၊ မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲ၊ လက်ပုစွန်ရိုး အစ ချီသည့် ဦးကြင်ဥရေး ပဒေသာသီချင်းမှ တန်ခူးလဘွဲ့တွင် တိမ်များသည် မကန်းကောင်၏ အကြေးကွက်များသဖွယ် အထပ်ထပ် အကွက်ကွက် ထနေသည်ဟု ဆိုထားသည် တစ်ကြောင်း၊ မင်းပူးဆရာတော် ဦးဩဘာသရေး မဟာဇနကဇာတ်တော်ကြီးတွင် သင်္ဘောသား ခုနှစ်ရာတို့သည် ငါးလိပ် မကန်းတို့၏ အစာဖြစ်လေကုန်၏ဟု ဆိုထားသည် တစ်ကြောင်း၊ ပြာသိုလ မကာရရာသီခွင်တွင် မကန်းကောင် အရုပ်ရှိသည်ဟု ဆိုထားသည် တစ်ကြောင်းတို့ကြောင့် မကန်းသည် ရေသတ္တဝါ တစ်ကောင်ဖြစ်ကြောင်း သိနိုင်လေသည်။ မကန်းသည် ပါဠိ မကရ၊ သံသကြိုဋ် မကရ၊ မြန်မာ မကာရ ဟူသောစကားမှလာသည်။ ပေါရာဏ ကထာ အဘိဓာန်တွင် ပင်လယ် ငါးကြီးတစ်မျိုးဟု ဖော်ပြထား၍ အဘိဓာန်ဋီကာ ပါဌ်တွင် လက်နှင့်ဖမ်းလျှင် ပါးစပ်ဟတတ်သော ငါးဟူ၍လည်း ဖော်ပြထားသည်။ အချို့သော ဟိန္ဒူဘာသာ ကျမ်းများ၌ မကန်းကို ဝါရုဏမည်သော နတ်မင်း၏ စီးတော်ယာဉ်ဟု ဆိုထား၏။ အချို့ကျမ်းများတွင် ဂင်္ဂါမြစ်စောင့် နတ်သမီး၏ စီးတော်ယာဉ်ဟူ၍ ဆိုထားပြန်သည်။ ပုံသဏ္ဌာန်ကို ဖော်ပြရာ၌ ခြေလက်တို့သည် မြင်း၏ ခြေလက်ကဲ့သို့ရှိပြီးလျှင် ခွာမှာ ကွဲသောခွာရှိသည်။ သွားများသည် ကျား ခြင်္သေ့ကဲ့သို့ချွန်ထက်သည်။ ဆင်၏ နှာမောင်းရှိသည်။ ကိုယ်၏အမြီးပိုင်းသည် ငါး၏ ကိုယ်ကာယကဲ့သို့ရှိ၍ အမြီးမှာ ငါး၏ အမြီးကဲ့သို့ဖြစ်သည်။ ဝက်နားရွက်ရှိသည်။ ပါးစပ်အမြဲဖြဲထားသည်ဟု ဖော်ပြထားသည်။ အချို့က မကန်းကောင်၏ ဦးခေါင်းနှင့် နှာမောင်းမှာ ဆင်၏ နှာမောင်းနှင့် ဆင်၏ ဦးခေါင်းဖြစ်ပြီးလျှင် မျောက်၏ သွားကဲ့သို့သော သွားရှိသည်။ ခြင်္သေ့၏ ခြေလက်ကဲ့သို့သော ခြေလက်နှင့် ခြေသည်း လက်သည်းများရှိသည်။ ကိုယ်ကာယမှာ ငါး၏ ကိုယ်ကာယဖြစ်၍ အမြီးမှာ ဥဒေါင်း၏ အမြီး ကဲ့သို့ဖြစ်သည်ဟု ဖော်ပြထားပြန်သည်။ ထို့ကြောင့် အချို့က မကန်းကောင်သည် အကယ်ရှိသော သတ္တဝါမဟုတ်၊ ဒဏ္ဍာရီ ပုံပြင် စကားတွင်ပါသော စိတ်ကူးယဉ် ဖန်တီးယူသည့် ရေသတ္တဝါမျိုးသာ ဖြစ်သည်ဟု ယူဆကြသည်။ မည်သို့ပင် အမျိုးမျိုးတွေးသော ရေးသားကြစေကာမူ မကန်းဟုခေါ်သည့် ရေသတ္တဝါမျိုး ရှိနေသည်မှာ အမှန်ပင်ဖြစ်၏။ မကန်းများသည် ပငလယ်သမုဒ္ဒရာအောက်ရှိ ရွှံ့ညွန် မြေပျော့များအတွင်း လိုဏ်ခေါင်းကြီး တူးဖော်၍ လျှို့ဝှက်စွာ နေကြသည်။ အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်မျက်နှာရှိ ဗင်္ဂလားပင်လယ်အော်ဖြစ်သော မြိတ်ခရိုင် မြိတ်ကျွန်းစု ပင်လယ်ရွှံ့ကုန်းများ အတွင်းဝယ် ၃ လက်မ အရွယ်မှသည် တစ်ပေထက် မကြီးလွန်းသော မကန်းများကို တံငါသည်များ ဖမ်းယူရရှိကြသည်။ ယင်းတို့အား ပင်လယ်ကျားပါးစပ်တိုက်၌ လည်းကောင်း၊ ငါးပိလုပ်ရန်အတွက် ပုစွန်ဆိတ်ကလေးများကို ခွဖြင့်ထိုး၍ ဖမ်းသည့်အခါ၌ လည်းကောင်း၊ တစ်ကောင်စ၊ နှစ်ကောင်စ ဖမ်းဆီးရမိတတ်သည်။ အမြောက်အမြားကိုမူ ရွှံ့ကုန်းများအတွင်းမှ ပင်လယ်ဒီရေကျသော အချိန်တွင် လိုက်လံဖမ်းဆီးရသည်။ အလွန်ချိုသော အရသာရှိသဖြင့် သူဌေးများ ဈေးကြီးပေး၍ ဝယ်ယူစားသောက်တတ်ကြသည်။ မကန်းများသည် တစ်ကောင်ချင်း ပင်လယ်ရေအောက်၌ တွင်းဖော်နေတတ်ကြရာ ထိုတွင်းများသည် လိုဏ်ခေါင်းကြီးသဏ္ဌာန် ရှိ၏။ တွင်းပေါက်ဝမှာ တစ်ကောင်ဝင်ရုံသာ ဖောက်လုပ်ထားလျှက် အတွင်း၌ကား အကျယ်ကြီး ထားကာ လိုဏ်ခေါင်းများနှင့် လျှို့ဝှက်ဂူများလည်း ထားရှိကြသည်။ ယင်းတို့သည် ပင်လယ်ရေ အမြဲရှိသော နေရာ၌သာ နေထိုင်ကြသည်။ ပင်လယ်ရေမမီသော အရပ်တွင် မနေကြချေ။ ပင်လယ် ဒီရေကျသွားသည်တိုင်အောင် ထိုပင်လယ် ဒီရေများကို လိုဏ်ခေါင်းအတွင်း အလုံအလောက် ယူသွင်းထားကြသည်။ လိုဏ်ခေါင်းတွင်းကြီးများမှာ ၆ လက်မ အရွယ်ရှိ မကန်းလိုဏ်ခေါင်းအနက်ကို ၃ ပေမှ ၄ ပေအထိ တူးထားကြပြီးလျှင် တစ်ဖက်မှလည်း ထွက်ပေါက် လိုဏ်ခေါင်းတစ်ခုကို ဖောက်လုပ်ထားသေးသည်။ တစ်ပေ အရွယ်မျှရှိသော မကန်းကြီးများအတွက်မူကား ၄ ပေမှသည် ၆ ပေအထိ တွင်းနက်ကြီးများကို တူးလျက် ထွက်ပေါက် ဝင်ပေါက် လုပ်ထားကြလေသည်။ တွင်း၏ အဝကို ကြည့်ကာ အကောင်ကြီးသည် ငယ်သည်ကို ခန့်မှန်းနိုင်ကြသည့်ပြင် တွင်း၏ အနက်ကိုလည်း ခန့်မှန်းနိုင်ကြသည်။ တွင်းထဲတွင် ယင်းတို့ရှိသည် မရှိသည်ကိုလည်း သိနိုင်ပေသည်။ ယင်းတို့ရှိသော တွင်းတွင် သွင်းထားသောရေသည် ကြည်လင် သန့်ရှင်းနေ၏။ ယင်းတို့မရှိက ရေမှာ နောက်ကျိနေသည်။ ယင်းတို့သည် တွင်းတစ်တွင်းတွင် ကြာရှည်မနေဘဲ ၁၅ ရက်မှ တစ်လ အကြာဆုံးသော နေတတ်ပြီးလျှင် တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့နေတတ်ကြသည်။ လူလောက်ကြီးသော မကန်းကြီးများနှင့် လူထက် ကြီးမားသော မကန်းကြီးများကား ပင်လယ်သမုဒ္ဒရာ နက်ကြီးအတွင်း၌ ရှိကြောင်း သိရသည်။ ထိုသတ္တဝါကြီးများသည် ပင်လယ်ထဲ၌ ငါးကလေးများ၊ ပင်လယ်ပိုးများနှင့် ပင်လယ် ရွှံ့စေးတစ်မျိုး ကို စားသောက်ကြသည်။ မကန်း၏ အသားသည် ကင်းနှင့် ပုစွန်တို့၏ အသားနှင့် တူသော်လည်း ပုံသဏ္ဌာန်မှာ အလွန်ကွာခြား၏။ ပျော့ပျောင်းသော ကိုယ်ရေကို မာကျောသော အခွံဖြင့် ဖုံးအုပ် ထားရာတွင် အခွံလွှာမှာ အထပ်လိုက် ဖြစ်နေ အထပ်တိုင်းတွင် ချွန်ထက်သော ဆူးများရှိ၏။ စိမ်းပြာညိုရောင်နှင့် ခရမ်းရောင် အသွင်လည်းရှိကာ မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲဆိုသော စာဆိုအတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသည်။ ယင်းတို့၏ အကွက်အကြေးများအတိုင်း တန်ခူးလရာသီများတွင် ကြည်လင် တောက်ပသော မိုးသားတိမ်တိုက်များ၌ တွေ့ရတတ်သည်။ မကန်းကောင်၏ အခွံမှာ အဆက်လိုက် အဆက်လိုက် ပေါ်နေလျက် အမြီးပိုင်း၌ ကြီးလာသည်။ အမြီးပိုင်းမှာ ဝိုင်းပု၍ ကားနေသော ချွန်ထက်သော ဆူးများဖြင့် ဇောင်းတွန့်၍ ရှိနေသည်။ ထိုအမြီးများ၏ အနားတွင် လက်နှစ်ဖက်ကဲ့သို့သော လက်မနှစ်ခုရှိရာ ယင်းဖြင့် သွားလိုရာ ခရီးကို လှော်ခတ်သွားနိုင်သည့်ပြင် ပဲ့ကိုင်ပေးသေးသည်။ ဦးခေါင်းမှာ ပုလင်းတစ်လုံး၏ ဘူး၏ထိပ်သဏ္ဌာန်ကဲ့သို့ရှိပြီးလျှင် ခေါင်း၏အောက်၊ ပခုံး နေရာနားတွင် တစ်ဖက်လျှင် လက် ၃ ခုစီ၊ ၆ ခုထွက်နေ၏။ ထိုလက်များသည် ရေထဲ၌ ကူးခတ်နိုင်သည့်ပြင် ရွှံ့ပြင်ပေါ်၌လည်း တွား၍ပြေးနိုင်၏။ ကိုယ်ခန္ဓာအောက်ပိုင်း ဝမ်းပိုက်နေရာတွင် တစ်ဖက်လျှင် ဆူးတောင် ၈ ခုစီ၊ ပေါင်း ၁၆ ခုစီရှိရာ ပင်လယ်ထဲ၌ အလွန် လျင်မြန်စွာ ကူးနိုင်သော သတ္တဝါဖြစ်သည်။ ဦးခေါင်းထိပ်တွင် မျက်လုံး ၂ လုံးကို ကာကွယ်ပေးသည့် လက်ကဲ့သို့သော ဆူးတောင် ၂ ခု ရှိသေး သည်။ မျက်လုံး ၂ လုံးသည် ပုစွန်မျက်လုံးကဲ့သို့ တောက်ပြောင်ကာ ရှေ့သို့ပြူးထွက်နေသည်။ ထိုမျက်လုံးများရှေ့၌ ရန်သူကို ဖယ်ရှားနိုင်သည့် လက်သေးကလေး ၄ ချောင်းနှင့် တူသော အမွေးတန်း ၄ ပင်ရှိသည်။ ထိုအမွေးတန်း ၄ ပင်သည်လည်း မာကျော ပြီးလျှင် မျက်လုံးကိုပင် အကာအကွယ် ပြုထားလေသည်။ မျက်လုံး၏ အောက်အခွံရေအတွင်းဝယ် ပါးစပ်ပေါက်၊ ဦးနှောက်၊ ဦးနှောက်အိမ် စသည် အကုန်လုံးသည် ပုစွန်ဦးခေါင်းအတွင်း စုပေါင်းနေသကဲ့သို့ စုပေါင်းနေ၏။ ဦးခေါင်း၏ တစ်ဖက်တစ်ချက်တွင် အလွန်ခိုင်မာ ထက်မြက်သော မကန်းလက်ခေါ် လက်ကြီး ၂ ခုရှိသည်။ ထိုလက်ကြီး ၂ ခုမှာ အလွန်ကြီးမား၍ အခြားလက်များထက် ရှည်လည်းရှည်၏။ ထိုလက်ကြီး တစ်ဖက်စီတွင် မာကျောပြီးလျှင် အလွန်ထက်သန်၍ ချွန်မြနေသော ဆူးများအချောင်း ၂ဝ မျှရှိရာ၊ မကန်းတွင် ထိုလက် ကြီး ၂ ခုသည် ကြောက်မက် ဖွယ်ရာ အကောင်းဆုံး ဖြစ်တော့သည်။ အားလည်း အလွန်ကောင်းလျက် ထိုလက် ကြီးများဖြင့် ခုတ်မိလျှင် ပြတ်ပါသွားဖွယ်ရာ အကြောင်းရှိပြီးသော် အလွန်တက်သော ရောဂါ တစ်မျိုးကို ခံစားရ တတ်လေသည်။ မကန်းသည် ရန်ပြုမည်ဆိုလျှင် မိမိကိုယ်ကို ကွေးလိုက်ပြီးသည့်နောက်မှ တစ်ချက်တည်းဆန့်၍ ရန်သူထံ ပစ်သွင်းလိုက်လေသည်။ ထိုအကွေးကို အထူသတိထားရသည်။ ရေသတ္တဝါတိုင်းသည် ယင်းမကန်းကို ကြောက်ကြ၏။ အော့တိုပတ်ခေး ဘဝဲကောင်ပင် ယင်းကိုကြောက်ရသည်။ မကန်းကောင်ကို အခြောက်လှန်း၍ အိမ်၌ထားလျှင် တစ္ဆေသူရဲ မိစ္ဆာ မကောင်းဆိုးဝါးများ မချဉ်းကပ်နိုင်ဟု ရှေးလူများ အယူရှိကြသည်။ ကလေးပုခက်များတွင်လည်း မကန်းကောင် အခြောက်များကို ဆွဲပေးထားတတ်ကြသည်။ မကန်း၏ ထူးခြားသော အချက်တစ်ချက်မှာ အရွယ်နှင့် မမျှအောင် လေမှုတ်အား ကြီးခြင်းပင်ဖြစ်သည်။ မကန်းတွင်း တစ်တွင်းကို ခဏချင်းလေဖြင့်မှုတ်၍ ဖော်ပြီးသော် လိုဏ်ခေါင်းကြီးကိုလည်း လေဖြင့်ပင်မှုတ်ကာ ရွှံ့စေးများကို အပေါ်သို့မှုတ်ထုတ်လေသည်။ အတွင်းပိုင်းရှိ ရှည်လျားသော လိုဏ်ဂူ အရပ်ရပ်ကိုလည်း နာရီပိုင်းအတွင်း ဖောက်လုပ်နိုင်သော အစွမ်းသတ္တိရှိသည်။ မကန်းကို ဟင်းချိုပြုတ်၍ သောက်ရန်သာ ကောင်း၏။ အရှင်လတ်လတ်ကို ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့ထည့်ပြီးမှ အရည်ကိုသောက်လျှင် အလွန်ချို၏။ အသားကို စားလျှင်လည်း အလွန်ချိုမြသော ရသာထူးတစ်မျိုးကို ခံစားရသည်။ သေမှ ဟင်းချက်လျှင် အတွင်း၌ အချိုရည်ကို မရတော့သည့်ပြင် အသားလည်း မကျန်တတ်တော့ခြင်း ကြောင့် အရှင်ချက်စားတတ်ကြသည်။ မကန်းကို ဖမ်းရာ၌ ဖမ်းယူတတ်မှ ရသည်ဖြစ်၏။ သို့မဟုတ်ပါက ဖမ်းသူ၏ လက်မှာ မကန်းတွင်းအထဲ၌ အမှန်ကျန်ရစ်ခဲ့မည် ဖြစ်သည်။ ဟိန္ဒူ ဒဏ္ဍာရီအရ မကန်း ဆိုသည်မှာ ဒဏ္ဍာရီလာ သတ္တဝါတစ်ကောက်ဖြစ်ြပီး ဂင်္ဂါနတ်ဘုရားမနှင့် ဗာရုန နတ်ဘုရားတို့၏ ဗဟာဏ(စီးတော်ယာဉ်) ဖြစ်သည်။ ထို့ပြင် အချစ်နှင့်ရမ္မက်တို့နှင့်ဆိုင်သော ဟိန္ဒူနတ်ဘုရား ကာမဒေဝ၏ အမှတ်တံဆိပ်လည်းဖြစ်ပြီး ကာမဒေဝ၏ အလံ(ဒွာရ) ကို ကာကဗာရ ဟုလည်း သိကြပြီး ထိုအလံမှာ မကန်းတံဆိပ်ရိုက်နှိပ်ထားသော အလံဖြစ်သည်။ ရိုးရာအယူအဆအရ မကန်းကို ရေနေသတ္တဝါအဖြစ်ယူဆပြီး အချို့ ရိုးရာပုံပြင်တို့တွင် မိကျောင်းအဖြစ်သတ်မှတ်ကြပြီး အချို့က လင်းပိုင်အဖြစ်သတ်မှတ်ကြသည်။ အချို့ကလည်း ငါးကိုယ်နှင့် ဆင်ခေါင်းရှိသော သတ္တဝါဟု ပုံဖော်ကြသည်။ ရိုးရာအစဉ်အလာတွင် မကန်းကို အားလုံး၏ ရှင်သန်ကြီးထွားခြင်းနှင့် အသက်ရှင်ခြင်းတို့၏ အရင်းအမြစ်ဖြစ်သော ရေနှင့်တွဲ၍ မှတ်ယူကြသည်။ နက္ခတ္တဗေဒင်ပညာတွင် ဇိုးဒီးယိတ် ရာသီစက်ဝိုင်း၏ အမှတ်အသားတစ်ခုဖြစ်သော မကာရ (Capricorn) ၏ အမှတ်တံဆိပ်ဖြစ်သည်။ အိန္ဒိယပန်းချီပညာတွင် မကာရကို ထပ်တလဲလဲရေးဆွဲသော အရုပ်များ(motifs) အဖြစ်သုံးကြပြီး အောက်ပါနေရာ တို့အပါအဝင်စတိုင်လ်အမျိုးမျိုးဖြင့်ရေးဆွဲကြသည်။ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတို့၏ အဝင်ဝ (ကမ္ဘာ့ယဉ်ကျေးမှုအမွေခံနေရာတစ်ခုဖြစ်သော စန်ချီရှိ စတူပါ အပါအအဝင်) တော်ဝင်ပုလ္လင်များ ဒဏ္ဍာရီလာ သတ္တဝါများ ကိုးကား
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%94%E1%80%BA%E1%80%B8
မြင်း
မြင်း (Equus ferus caballus) သည် လူ၏ မိတ်ဆွေစစ် ဖြစ်သည်ဟု ဆိုရပေမည် ။ တိုင်းပြည် အေးချမ်းသာယာနေချိန်တွင် အနောက်နိုင်ငံများတွင် လယ်မြေများကို ထွန်ယက်ပြုပြင်ရာ၌ မြင်းကို အသုံးပြုရသလို စစ်မက်ဖြစ်ပွားလာသည့်အခါ၌လည်း မြင်းတပ်များ ဖွဲ့စည်းကာ ရန်သူကို တွန်းလှန် ချေမှုန်းခဲ့ ရလေသည်။ မြင်း၊ မြည်းနှင့် မြင်းကျားတို့သည် မျိုးတူသတ္တဝါများဖြစ်ကြ၍ ထို တိရစ္ဆာန် သုံးမျိုး၏ အတိတ်ရာဇဝင်မှာ ထူးဆန်းသဖြင့် စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည်။ မြင်း၏ ဇာတိအရပ်မှာ အာရှတိုက် ဖြစ်ဟန်တူသော်လည်း ကာလရွေ့လျောလာသဖြင့် မြင်း၏ ပုံပန်းသဏ္ဌာန် အဆင့်ဆင့် ပြောင်းလဲလာပုံကို အမေရိကတိုက်တွင် မြေအောက်မှ တူးဖော်ရရှိ သော ကျောက်ဖြစ်နေသည့် မြင်းရိုးတို့ကို တွေ့ရှိရခြင်းအားဖြင့် ပို၍ စုံလင်စွာသိရသည်။ ရှေးနှစ် သန်းပေါင်းငါးဆယ် အထက်က ကြောင်၏ အရွယ်မျှသာရှိ၍ ရှေ့တစ်ဖက်စီတွင် ခြေချောင်း ငါးချောင်းနှင့် နောက်ခြေတွင် ခြေချောင်း လေးချောင်းစီပါသော တိရစ္ဆာန်များ ရှိခဲ့ဘူးလေသည်။ ယခုခေတ် လူတို့၏ အမြင်အားဖြင့် ဆိုရလျှင် ထိုသတ္တဝါကလေးမှာ ထူဆန်းသော မြင်းကလေးမျှသာ ဖြစ်သော်လည်း ထိုသေးငယ်သော ကမ္ဘာဦးမြင်း မှ ယခု တွေ့မြင်ရသော မြင်းကြီးများ ပေါက်ပွားလာကြလေသည်။ ထိုကမ္ဘာဦး မြင်းကလေး များသည် ရန်သူ၏ ဘေးရန်မှ လွတ်မြောက်အောင် ပြေးလွှားရသည့် အခါတွင်ခြေဖျားထောက်၍ ပြေးမှ ပို၍ လျင်မြန်နိုင်မည်ဖြစ်ရာ တဖြည်းဖြည်းနှင့် အလယ်ခြေချောင်း ကိုသာ အသုံးများလာလေသည်။ နှစ်ပေါင်းများစွာ ကြာ လတ်သော် အသုံးများသော ခြေချောင်းသာလျှင် သန်သန် စွမ်းစွမ်းရှိ၍ အသုံး မချရသော ခြေချောင်းကလေးများသည် တဖြည်းဖြည်း သေးသိမ်လာပြီးလျှင် နောက်ဆုံး၌ လုံးဝကွယ် ပျောက်သွားလေသည်။ ထို့ကြောင့် ယခုခေတ်၌ တွေ့မြင် ရသောမြင်းတွင် မြင်းခွာအတွင်း၌ ခြေချောင်းတစ်ခုသာလျှင် ကျန်ရှိနေတော့သည်။ ခြေချောင်းများ တရွေ့ရွေ့ ပြောင်းလဲလာသည့်နည်းတူ မြင်း၏ ကိုယ်လုံးကိုယ်ထည်နှင့် ခြေတံလက်တံတို့သည်လည်း ကြီးထွားသန်စွမ်း၍လာသည်။ မြင်းသည် အချိုးအစားကျသော တိရစ္ဆာန်ဖြစ်သည်။ မြင်းတွင် သန်စွမ်းသော ခြေလက်တို့ ရှိသည့်အပြင် ရှည်လျားသော ဦးခေါင်းနှင့် တောက်ပသော မျက်လုံးများရှိသည်။ အဖျားချွန်၍ အဘက်ဘက်သို့ လှုပ်ရှား နိုင်သော နားရွက်များနှင့် ကျယ်၍ပွသော နှာခေါင်းပေါက် များ ရှိသည်။ အသားပြည့်၍ လုံးသောကိုယ်နှင့် ရှည်လျား သော လည်တံရှိသည်။ အမွှေးမှာ ကိုယ်နှင့်ကပ်၍ ပေါက် သည်။ မြင်းနှင့် မြင်းကျားတို့တွင် အမြီးဖျား၌သာ အမွှေးရှည်များရှိသည်။ ထိုကြောင့် မြင်း၏ လည်ဆံနှင့် အမြီးရှည်တို့သည် မြင်းကို အခြားတိရစ္ဆာန်တို့ထက် ပို၍ လှပတင့်တယ်စေသည်ဟု ဆိုရပေမည်။ မြင်းသည် မြက်နှင့်ကောက်ပင် ၊ ကောက်သီးများကို စားသော တိရစ္ဆာန်ဖြစ်သော်လည်း စားမြုံ့မပြန်တတ်ချေ။ သွား ၃၆ ချောင်းမှ အချောင်း ၄ဝ အထိရှိ၍ အထက်နှင့်အောက် ရှေ့သွား ၃ ချောင်းစီနှင့် အံသွား ၆ ချောင်းစီရှိသည်။ မြင်းအံသွားများ၏ ထူးခြားချက်တစ်ရပ်မှာ သွားအဖျားများ တိုသွားသည်နှင့်အမျှ သွားအရင်းမှ ရှည်ထွက်၍ လိုက်လာ သည်။ မြင်းထီးများတွင် အထက်ပါသွားများအပြင် ခွေးစွယ် ၄ ချောင်း အပိုပါသေးသည်။ ဤခွေးစွယ်များနှင့် အံသွားများအကြားရှိ နေရာလပ်တွင် မြင်းဇက်ကို ခွံ့ရသည်။ ကြမ်းတမ်းသော မြင်းကို ဇက် ခွံ့ထားမှသာ စီးသည့်အခါ ချုပ်ထိန်းနိုင်သည်။ မြင်း၏ သက်တမ်းမှာ ၁၈ နှစ်မှ အနှစ် ၂ဝ အထိ ဖြစ်သည်။ မြင်းကလေး မွေးသည့်အခါ မျက်စိ စုံလုံးပွင့်လျက် ကိုယ်တွင်လည်း အမွှေးများ အပြည့်ရှိသည်။ မွေးပြီး၍ ခဏခြင်းတွင်မြင်းကလေးသည် မတ်တတ်ထ၍ ပြေးလေ့ ရှိသည်။ မြင်းကလေး အသက် ရက်သတ္တနှစ်ပတ် အကြာတွင် ရှေ့သွားများ ထွက်လာသည်။ အသက် ၆ လခန့်ရှိလျှင် ငယ်သွားများ စုံလာသည်။ အသက် ၃ နှစ်အတွင်း ငယ်သွားများလဲသည်။ မြင်းထီး အသက် ၄ နှစ်ရှိလာလျှင် ခွေးစွယ်များ ပေါ်လာသည်။ မြင်းအသက် ၅ နှစ်တွင် သွားများစုံသည်။ အသက် ၁ဝ နှစ်အထိ သွားထွက်ပုံနှင့် သွားပြောင်း လဲပုံတို့မှာ တသမတ်တည်း ရှိသဖြင့် သွားများကို ကြည့်ရှု စစ်ဆေး၍မြင်း၏ အသက်ကို တွက်မည်ဆိုက တွက်နိုင်စရာ အကြောင်းရှိသည်။ ၂ နှစ်သား အရွယ်တွင် မြင်းကလေးသည် ငယ်မွှေးလဲသဖြင့် မွေးစက ပါသော ကောက်ကွေးကွေး အမွှေးများ ပျောက်၍ ပြောင်လက်သော အမွှေးများပေါ်ထွက် လာသည်။ လည်ဆံမွှေးနှင့် အမြီးမှတစ်ပါး ကိုယ်တွင်ရှိသော အခြားအမွှေးများမှာ နှစ်စဉ် အသစ်လဲသည်။ ရှေးအထက်ကျော် ကာရီက ဆိုက်ဗီးရီးယားနှင့် အလာစကာပြည်တို့သည် ကုန်းချင်း ဆက်စပ်လျက်ရှိသဖြင့် မြင်းရိုင်းများသည် အာရှတိုက်၊ ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် တစ်တိုက်နှင့်တစ်တိုက် ကူးလူးကျက်စားလျက်နေကြ၏။ ထိုကြောင့် ယနေ့ထက်တိုင် အာရှတိုက်၊ ဥရောပတိုက်နှင့် နှင့် အမေရိကတိုက်များတွင် မြင်းရိုင်းအုပ်ကြီးများကို တွေ့မြင်ရသေးသည်။ မြင်းရိုင်းများ သည် ကြီးမား၍ သန်စွမ်းသော တိရစ္ဆာန်များ ဖြစ်ကြ သော်လည်း ရန်သူကို ခွာစောင်းဖြင့် ကန်ကျောက်ရုံမှတစ်ပါး အခြားခုခံရန် နည်းများမရှိသဖြင့် ဝံပုလွေ၊ ကျားစသော သားရဲများနှင့် ရင်ဆိုင်တွေ့လျှင် အသက်ဘေးမှ လွတ်ရန် ခွာစုံပေါက် ပြေးလေ့ရှိသည်။ ထိုသားရဲများ၏ ရန်အပြင် နောက်ထပ် တိုးလာသော ရန်သူမှာ မြင်းရိုင်းများကို အသားစားရန်အတွက် လိုက်လံဖမ်းဆီးသတ်ဖြတ်သော ရှေးခေတ်လူများပင် ဖြစ်သည်။ နှစ်ပေါင်းသုံးသောင်းကျော် အထက် ကျောက်ခေတ်တွင် ဥရောပတိုက် တောင်ပိုင်း၌ ဂူများဖြင့်နေထိုင်ကြသော လူတို့၏ နေရာ ရပ်ကွက်များမှ မြင်းရိုးများကို တူးဖော် ရရှိခြင်းအားဖြင့် မြင်းရိုင်းများကို ရှေးခေတ် လူတို့ သတ်ဖြတ်စားသောက်ကြကြောင်း သိသာ ထင်ရှားလေသည်။ ထိုသူများ နေထိုင်ရာ ဂူများအတွင်း၌ အမဲလိုက်ရာ၌ အသုံးပြုကြသော အမဲရိုး၊ ကျောက်စသည်တို့ဖြင့် ပြုလုပ်ထားသည့် ဓား၊ လှံစသော လက်နက်တို့ကိုလည်း တွေ့ရှိရသည်။ သို့သော် ထိုအရာများထက် စိတ်ဝင်စားဖွယ် ဖြစ်သည်တို့မှာ ရှေးခေတ် လူတို့၏ ပုံများနှင့် တိရစ္ဆာန်ပုံများကို ခြစ်ဆွဲ၍ဖြစ်စေ၊ ကျောက်၊ သစ်သားတို့ဖြင့် ထုလုပ်ထား၍ဖြစ်စေ ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။ ယင်းကဲ့သို့ အရိုးများ၊ ကျောက်များပေါ်တွင် ထုထွင်းခဲ့သော ပုံများတွင် မြင်း၏ ပုံများကိုလည်း တွေ့ရှိရသည်။ အချို့ မြင်းပုံများတွင်မြင်း၏ ပုံများကိုလည်း တွေ့ရှိရသည်။ အချို့မြင်းပုံများတွင် မြင်း၏ ပါးစပ်၌ ဇက်ခွံ့၍ ဇက်ကြိုးများတပ်ဆင်ထားသည်ကိုပင် တွေ့ရှိရ သဖြင့် ထိုခေတ် ထိုအခါမှစ၍ လူတို့သည် မြင်းကို ချုပ်ထိန်းနိုင်စွမ်းရှိသည့် အလျောက် အလိုကျအသုံးပြုခဲ့ကြောင်း ထင်ရှားလေသည်။ ကက်စပျန် ပင်လယ်နှင့် ပင်လယ်နက် မြောက်ဘက်ရှိ မြက်ခင်းကြီးများ၌ လှည့်လည် ကျက်စားကုန်သော အာရိယန်လူမျိုးတို့သည် မြင်းကို ပထမဆုံး ယဉ်ပါးလာအောင် လေ့ကျင့်ပေးသည့် လူများ ဖြစ်လေသည်။ ဦးစွာ၌ မြင်းကို စစ်တိုက်ခိုက်ရာ၌သာ အသုံးများ၏။ နွားနှင့် မြည်းများကို ဝန်တင်တိရစ္ဆာန်အဖြစ်ဖြင့် အသုံးချကြသည်။ ဂရိလူမျိုးနှင့် ရောမလူမျိုးများ ကြီးစိုးစဉ်အခါက ဘုရင်များ၊ မင်းညီ မင်းသားများနှင့် စစ်ဗိုလ်ကြီးများသည် မြင်း ၂ ကောင်၊ သို့မဟုတ် တခါတရံ မြင်း ၃ ကောင် က သော စစ်တိုက် ထွက်ရထားများကို စီးနင်း၍ စစ်မြေပြင်သို့ ထွက်လေ့ရှိကြ သည်။ ထိုနောက်မှ မြင်းကို လူကိုယ်တိုင်စီး၍ စစ်ပွဲဝင်သည့် ခေတ်သို့ ရောက်ရှိလာသည်။ အာရှတိုက် အလယ်ပိုင်းတွင် မြည်းနှင့် ဆင်တူရိုးမှား တိရစ္ဆာန်ရိုင်းများကို ယနေ့တိုင် တွေ့မြင်ရသည်။ သို့သော် မြင်းရိုင်းစစ်စစ်ကို မွန်ဂိုးလီးယားပြည် အနောက်ပိုင်း၌သာ ယခုအချိန်တွင် တွေ့မြင်နိုင်သည်။ ထိုမြင်းရိုင်းများမှာ စင်စစ် မြင်းပုကလေးများသာ ဖြစ်သည့်အပြင်၊ အမြီးမှာ မြည်း၏ အမြီးကဲ့သို့ရှိသည်။ ယင်းတို့သည် ၅ ကောင် မှ ၁၅ ကောင် အထိ အအုပ်အသင်းဖွဲ့၍ နေတတ်သည်။ တစ်အုပ်လျှင် မြင်းလားအိုကြီး တစ်ကောင်စီ ခေါင်းဆောင် သည်။ ၁၈၇၉ ခုနှစ်တွင် ရုရှားလူမျိုးထဲမှ ဒေသသစ် ရှာဖွေသော ပါဇီဗားလစကီး ဆိုသူထံသို့ အထက်ထက်က မည်သူတစ်စုံတစ်ယောက်မျှ မတွေ့မြင်ဘူးသေးသော ဤမြင်းရိုင်းမျိုးရောက်ရှိလာသည်။ ထိုပုဂ္ဂိုလ်ကို အစွဲပြု၍ ဤမြင်းရိုင်းများကို ပါဇီဗားလစကီးမြင်းဟု ခေါ်ကြသည်။ အာဖရိကတိုက်၊ ဆီးရီးယားနှင့် ပါးရှားနိုင်ငံရှိ သဲကန္တာရများနှင့် အိန္ဒိယ နိုင်ငံအလယ်ပိုင်းရှိ လွင်ပြင်များတွင် မြင်းကျားနှင့် မြည်းရိုင်းများကို တွေ့ရှိနိုင်သည်။ မြင်းနှင့် မြည်းကို လူတို့နှင့် ယဉ်ပါးလာအောင် ပြုပြင်ရာ၌ အောင်မြင်လျက်ရှိပြီး ဖြစ်သော်လည်း မြင်းကျားမှာမူ ယနေ့ထက်တိုင် အရိုင်းသက်သက်ပင် ရှိနေသေး၏။ ဥရောပတိုက်မှ မျက်နှာဖြူ လူမျိုးများ အမေရိကတိုက်သို့ ပထမဦးဆုံးအကြိမ် သွားရောက်ကြစဉ်က ထိုတိုက်တွင် ရှိကြ သော တိုင်းရင်းသားတို့သည် မြင်းကို မမြင်ဘူး မကြားဘူးကြ ချေ။ ယခုအခါ၌ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက် အနောက်ပိုင်းတို့တွင် တွေ့ရှိရသော မြင်းရိုင်းများမှာ ၁၆ ရာစုနှစ်အတွင်း စပိန်လူမျိုး တို့ ယူဆောင်လာသော မြင်းယဉ်များထဲမှ တောဝင်သွားသော မြင်းများ၏ အဆက်အနွယ်များသာ စင်စစ်ဖြစ်ချေသည်။ ရှေးအခါက စစ်တိုက်ရာ၌သာ မြင်းကို အသုံးချခဲ့ကြ သော်လည်း လူတို့၏ ယဉ်ကျေးမှု အဆင့်အတန်းမှာ တဖြည်းဖြည်း တိုးတက်လာသည့်အလျောက် ဝန်တင်လှည်းများ ဆွဲရာတွင်လည်းကောင်း၊ လယ်မြေများကို ထွန်ယက် ပြုပြင်ရာတွင်လည်းကောင်း မြင်းကို အသုံးချလာကြသည်။ မီးရထားနှင့် မော်တော်ကားများ မပေါ်မီ ၁၉ ရာစုနှစ် အလယ်အထိ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားရာ၌ မြင်းများ မရှိလျှင် မဖြစ်သလောက် အသုံးဝင်လာလေသည်။ ယခုခေတ်မှ ဆိုလျှင် ရေနွေးငွေ့အား၊ လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ဆီအားတို့ကို သယ်ယူပို့ဆောင်ရေးဖက်တွင် ဖြစ်စေ၊ စိုက်ပျိုးရေးဖက်တွင် ဖြစ်စေ၊ အခြားလေးလံသော အရာဝတ္ထုတို့ကို သယ်ယူချီမရာတွင်ဖြစ်စေ တွင်ကျယ်စွာ အသုံးချလာပြီ ဖြစ်သောကြောင့် မြင်းကို အသုံးနည်း လာပြီဟု ဆိုရချေမည် ။ သို့ရာတွင် ဤမျှ စက်မှု ထွန်းကား တိုးတက်လာသော ခေတ်၌ ပင် မြင်းကို လုံးဝစွန့်ပယ်ရန် မဖြစ်နိုင်သေးချေ။ လူတို့သည် မြင်းကို အဘက်ဘက်တွင် တိုးတက် ကောင်းမွန်လာရအောင် ပြုပြင်၍ လာခဲ့ကြသဖြင့် အရွယ် အစားစားရှိသော မြင်းမျိုးများ ပေါ်ပေါက်လာခဲ့ပေသည်။ အချို့မြင်းများမှာ ဒေါက် ၆ ပေမှ ၇ ပေအထိ ရှိ၍ လှည်းဆွဲရာ၌ အသုံးပြုကြသည်။ အချို့မြင်းများမှာ ဒေါက်အလွန်ငယ်သော မြင်းပုကလေးများ ဖြစ်ကြသည်။ မြင်း ၃ မျိုး ၃ စားရှိသည်။ ပထမတစ်မျိုးမှာ လှည်းထွန်တုံး ထွန်သန်စသော လေးလံသည့် အရာတို့ကို ဆွဲရာ၌ အသုံးပြုနိုင်သော ခွန်အားကောင်းသည့် မြင်းကြီးမျိုး၊ ဒုတိယ မြင်းမျိုးမှာ ခြေတံလက်တံများ အလွန် ထွားကျိုင်း၍ အမွှေးရှည်များရှိသော မြင်းမျိုးနှင့် တတိယမြင်းမျိုးမှာ ခြေတံလက်တံနှင့် ကိုယ်လုံးကိုယ်ဖန် သေးသွယ်၍ အပြေးလျင်မြန်သော ပြိုင်မြင်းမျိုးတို့ ဖြစ်သည်။ ပထမနှင့်ဒုတိယ မြင်းမျိုးတို့မှာ ရှေးအခါက စစ်တိုက်ရာတွင် အသုံးပြုသော မြင်းများမှ ဆင်းသက်လာကြ သည်။ ရှေးခေတ်သူရဲကောင်းတို့သည် အလွန် လေးလံသော သံချပ် အင်္ကျီများကို ကိုယ်တွင် ဝတ်ဆင်ထားကြသဖြင့် ထိုစစ်သူရဲတို့ စီးနင်းမည့် မြင်းများသည် ခွန်အား အလွန်ရှိသော မြင်းများဖြစ်ရပေမည်။ ပြင်သစ်နိုင်ငံ၊ ဗဲလဂျီယမ်နှင့် ဂျာမနီ နိုင်ငံများမှ မြင်းကြီးမျိုးများကို မျိုးစပ်လိုက်သဖြင့် ဗဲလဂျီယန်မျိုး၊ ရှိုင်ယာမျိုး၏ ကလိုက် ဇဒေးမျိုး၊ ဆပ်ဖို့မျိုးနှင့် ပါရှရွန်မျိုး ဟူ၍ မြင်းမျိုးကောင်းများ ပေါ်ထွက်လာခဲ့လေသည်။ ထိုမြင်းမျိုးများ အနက် ရှိုင်ယာမြင်းမျိုးသည် ကိုယ်အလေးချိန် အားဖြင့် တတန်ကျော်ကျော်ရှိ၍ ခြေတံလက်တံနှင့် ခွာအိုးတို့မှာ အလွန် ထွားကျိုင်းသည်။ ခြေတစ်လက်ဆစ်တို့၏ အထက်နားမှ ရှည်လျားသော အမွှေးမှင်များ ကျလျက်ရှိသည်။ ဤ မြင်းမျိုးသည် သူတို့၏ ကိုယ်အလေးချိန် ၃ ဆမျှ ရှိသော ဝန်ကို ဆွဲနိုင်စွမ်းရှိသည်။ အင်္ဂလန်နိုင်ငံတွင် လယ်မြေများကို ထွန်ယက်ပြုပြင်ရာ၌ ရှိုင်ယာမြင်းမျိုးကို အသုံးများသည်။ ကနဦး အစတွင် ဤမြင်းမျိုးကို အနက်ရောင်ဖြင့်သာ တွေ့ရသော်လည်း ယခုအချိန်၌မူ အညိုရောင်နှင့် နီညိုရောင် မြင်းများကို အတွေ့ရများသည်။ မြင်းပုမျိုးထဲတွင် စကော့တလန်ပြည် မြောက်ဘက် ရှက်တလန်ကျွန်းစုမှ မြင်းမျိုးမှာ ထင်ရှားသည်။ ဤရှက်တလန်မြင်းပုမျိုးသည် အရွယ်ပင် ငယ်သော်လည်း ခွန်အားရှိသော မြင်းမျိုးဖြစ်သည့်အပြင် အစာမရွေးတတ်ချေ။ စိတ်ရှည်၍ သိမ်မွေ့သော မြင်းမျိုးဖြစ်သဖြင့် ခိုင်းစေရာ၌ ဒုက္ခပေးလေ့မရှိ။ ဤမြင်းမျိုး ပေါက်ပွားသည့် ကျွန်းစုမှာ ရာသီဥတုအလွန်အေးသော အပိုင်းတွင် တည်ရှိသဖြင့် သဘာဝ အခြေအနေကြောင့် ကြီးမားသင့်သလောက် မကြီးမား ဘဲ ပုကွကွဖြစ်နေသည်ဟု ဆိုရပေမည် ။ ရှက်တလန် မြင်းမျိုးတွင် ရှည်ဖားဖား လည်ဆံမွှေးကြမ်းနှင့် ထူထဲသော အမြီးရှိသည်။ အချို့ မြင်းပုများ၏ ဒေါက်မှာ ၃ ပေမျှပင် မရှိကြချေ။ စီးမြင်းများတွင် အာရပ်မြင်းမျိုးသည် စံထား လောက်အောင်ပင် အချိုးအစားကျ၍ အပြေး လျင်မြန်သည်။ ထိုမျှမက အာရပ်မြင်းသည် ပါးနပ်လိမ်မာ၍ အသင်ရလည်း လွယ်ကူသည်။ အာရေဗျ သဲကန္တာရထဲတွင် လှည့်လည် ကျက်စားကုန်သော ဗက်ဒူးအင်း အာရပ်တို့သည် သူတို့၏ မြင်းများကို အလွန် မြတ်နိုးကြ၏။ အစားအစာပြတ်၍ ငတ်မတတ်ဖြစ်ရမည့် အခြေသို့ ဆိုက်ရောက်စေကာ မူ သူတို့၏ မြင်းများကို စွန့်ပစ်ရောင်းချလေ့မရှိကြ။ အာရပ်တို့သည် သူတို့၏ သားသမီးများကို ခင်မင်သကဲ့သို့ မိမိတို့၏ မြင်းများကို ခင်တွယ်ကြသည်။ အာရပ် အိမ်သူအိမ်သားတို့သည် မြင်းများနှင့်အတူ တဲတစ်ခုတည်း၌ နေတတ်ကြသည်။ အာရပ်မြင်းဟု အမည်တွင်လျက်ရှိသော်လည်း စင်စစ်အားဖြင့် အာရေဗျနိုင်ငံတွင် မူလက ပေါက်ပွား လာခဲ့သော မြင်းမျိုးဟုမဆိုသာချေ။ အီဂျစ်လူမျိုးတို့သည် ခရစ်မပေါ်မီ နှစ်ပေါင်း ၁၅ဝဝ မှ စ၍ မြင်းကို အသုံးချခဲ့ကြ ၏။ သို့သော် အာရပ်တို့သည် ခရစ်ပေါ်ပြီးမှ မြင်းကို အသုံးပြု ကြကြောင်း သိရသည်။ အာရပ်မြင်းတို့၏ ပုံပန်းသဏ္ဌာန် သည် ထိုစဉ်အခါက အီဂျစ်တို့၏ မြင်းများနှင့် ဆင်ဆင်မျှ တူဟန်ရှိသည်။ ရှေးခေတ် နိုင်ငံများဖြစ်သော ဗက်ဗီလုံးနီးယား၊ ပယ်လက်စတိုင်နှင့် ဂရိတို့တွင် တွေ့ရှိရသော မြင်းများမှာ အမြင်အားဖြင့် ကြမ်းတမ်းထွားကျိုင်း၍ အာရပ်မြင်း ကဲ့သို့ ကြော့ကြော့ရှင်းရှင်း မရှိကြချေ။ ထို့ပြင် ရှေးဟောင်း စာပေများ၌ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်တွင် အာဖရိကတိုက် မြောက်ပိုင်းမှ မြင်းများသည် မြေထဲပင်လယ် တစ်ဝှန်းတွင် ကျော်ကြားခဲ့ကြောင်း ရေးသားထားချက်များကို ထောက်ရှုခြင်းအားဖြင့် ကမ္ဘာကျော် အာရပ်မြင်းများသည် အာဖရိကတိုက် မြောက်ပိုင်းမှ ပေါက်ပွားလာသော မျိုးဆက်များဖြစ်သည်ဟု ဆိုရပေမည် ။ အာဖရိကတိုက်မြောက်ဘက်ရှိ မိုရော့ကိုနယ်မှ ဗပ်မြင်းမျိုးသည် အာရပ်မြင်းကဲ့သို့ပင် ထင်ရှားသော မြင်းမျိုးဖြစ်လေသည်။ အာရပ်မြင်းမျိုးနှင့် ဗပ်မြင်းမျိုးတို့မှ ပြိုင်မြင်းများ ပေါက်ပွားလာသည်။ စီးမြင်း၊ အမဲလိုက်မြင်းနှင့် ပြိုင်မြင်း တို့ကို မျိုးစစ်သည်ထက် ပို၍ စစ်လာရအောင် အသုံးချနည်းကို လိုက်၍ ရွေးချယ် စိစစ်ပြီးလျှင် ဂရုတစိုက် မွေးမြူထားကြ ရသည်။ ထို့ပြင်စီးမြင်းကို လိုအပ်သော အရည်အချင်းများနှင့် ပြည်စုံရန် အလေ့အကျင်များ ပြုလုပ်ပေးရသည်။ ထိုနည်းအတူ အမဲလိုက်မြင်းနှင့် ပြိုင်မြင်းတို့ကိုလည်း ဆိုင်ရာ အရည်အချင်း များနှင့် ပြည်စုံနိုင်သမျှ ပြည့်စုံရန် စံနစ်တကျ လေ့ကျင့် ပေးရသည်။ ယင်းကဲ့သို့ ဂရုတစိုက်နှင့် မွေးမြူလာရသော မျိုးစစ် မြင်းများမှာ တန်ဖိုးအလွန်ရှိလေသည်။ ပုံစံဆိုလျှင် အင်္ဂလန် နိုင်ငံ၌ အလွန်နာမည်ကြီးသော ဒါဗီမြင်း ပြိုင်ပွဲနှင့် အလားတူ ထင်ရှားသော မြင်းပြိုင်ပွဲများတွင် အနိုင်ရသော မြင်းမှ ပေါက်ပွားလာသော မြင်းကလေးများကို တန်ဖိုးအလွန် ကြီးမြင့်စွာ ထားလျက် ရောင်းချလေ့ရှိသည်။ ထိုကြောင့် ပြိုင်မြင်းတို့၏ မှတ်တမ်းစဉ်တွင် နိုင်မြင်းတို့၏ သားစဉ် မြေးဆက်တို့သည် အဓွန့်ရှည်စွာ သတင်းပြောင်ခဲ့ ကြောင်း တွေ့ရှိရလေသည်။ ကိုးကား မြင်းများ မွေးမြူရေး ခွာမစုံသော တိရစ္ဆာန်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
ကြက်
ကြက် သည် ငှက် တိရစ္ဆာန် တမျိုး ဖြစ်ပြီး ထပ်မံအမျိုးခွဲခြားလျှင် တောကြက်၊ အိမ်ကြက်၊ ရေကြက်ဟု အစားစား ရှိသေးသည်။ ကြက်သည် ငှက်အမျိုးအစားထဲတွင် ပါဝင်သည့်အလျောက် ဥဥသော တိရစ္ဆာန် ဖြစ်ကာ အစောဆုံးသော အိမ်မွေးတိရစ္ဆာန် တစ်မျိုးအဖြစ် လူတို့မွေးမြူခဲ့သည့် အထောက်အထားများကို တွေ့ရသည်။ ကြက် မွေးမြူရေး တောကြက်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%80%E1%80%BA
မျောက်
မျောက် များသည် နို့တိုက်သတ္တဝါများဖြစ်ကြပြီး ပရိုင်းမိတ်ဟု ခေါ်ဆိုသည့် အုပ်စုထဲတွင် ပါဝင်သည်။ လူဝံသည် မျောက်မျိုးနွယ်စုတွင် မပါဝင်ပေ။ မျောက်များသည် တတ်သိနားလည်၍ ယဉ်ပါးသော သတ္တဝါများဖြစ်ကြပြီး သစ်ပင်များကို လျင်မြန်စွာ တက်နိုင်သည့်အချက်ကြောင့် လူသိများသည်။ မျောက်တိုင်း လိုလိုတွင် အလွန်တိုသော အမြီးမျှ ဖြစ်စေ ပါရှိတတ်သည်။ မျောက်အမျိုးအစား အမျိုးမျိုး ရှိကြသည်။ အချို့မျောက်များသည် သစ်ပင်ပေါ်တွင် နေထိုင်ကြပြီး အချို့မှာ မြေကြီးပေါ်တွင် နေထိုင်ကြသည်။ ကွဲပြားခြားနားသော ပရိုင်းမိတ် မိသားစုဝင်များမှ မျောက်မျိုးကွဲများသည် အစားအစာ အမျိုးမျိုးကို စားသုံးလေ့ ရှိကြသည်။ ထိုအစားအစာများတွင် သစ်သီးများ၊ သစ်ရွက်များ၊ အင်းဆက်များ၊ ပန်းပွင့်များ၊ အသေးစား နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေ သတ္တဝါများ၊ ကဏန်းများ ပါဝင်ပြီး အခြားမျောက်များကိုပင် စားသုံးသော မျောက်မျိုးကွဲများ ရှိသည်။ အချို့က မျောက်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလေ့ ရှိကြသော်လည်း သူတို့၏ ဉာဏ်ရည် ထက်မြက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု ပိုမို လိုအပ်ခြင်းတို့ကြောင့် မမွေးသင့်ပေ။ မျောက်များသည် သစ်တောများ၊ ဆာဗားနား မြက်ခင်းများ၊ သဲကန္တာရများတွင် နေထိုင်လေ့ ရှိကြပြီး ရေခဲနေသော တောင်များပေါ်တွင် နေထိုင်သော မျောက်များပင် ရှိသည်။ မျောက်ပြ၍ ဆန်တောင်းသည်၊ မျောက်အုန်းသီးရသလို၊ မျောက်မထားသည် ၊ မျေက်သားစားချင် မျောက်မျက်နှာ မကြည့်နှင့်၊ မျောက်ရှုံးသည့်ကလေးစသည်ဖြင့် မျောက်နှင့် ခိုင်းနှိုင်းသည့်စကားပုံများစွာပင် မြန်မာလူမျိုးတို့ ပြောဆိုခဲ့သည် ကိုထောက်၍ မျောက်များသည် လူတို့နှင့် မည်မျှ နီးစပ် ဆက်သွယ်နေကြောင်း သိသာနိုင်ပေသည်။ သက်ရှိ သတ္တဝါ တို့တွင် မျောက်သည် လူနှင့် အတူဆုံးတိရစ္ဆာန်ဖြစ်သဖြင့် အင်္ဂလိပ်လူမျိုး သိပ္ပံဆရာကြီး ဒါဝင်က လူများသည် မျောက်များမှ အဆင့်ဆင့်ယဉ်ကျေး တိုးတက်လာသူများ ဖြစ်သည်ဟုပင် ရေးသားဖော်ပြခဲ့လေသည်။ မျောက်များသည် လူတို့ ပြုလုပ်သမျှကို ခဏနှင့်ပင် အတုခိုး၍ လုပ်နိုင်သော သတ္တဝါမျိုးဖြစ်၏။ လူတို့က မဲ့ရွဲ့ပြလျှင် ပြန်၍ မဲ့ရွဲ့ပြတတ်၏။ လူတို့ လုပ်ခိုင်းသမျှ လုပ်တတ်၏။ နေထိုင်စားသောက်ပုံမှစ၍ လူတို့နှင့်အလွန်တူလေသည်။ မျောက်သည် လူကဲ့သို့ပင် လက်ချောင်းများ လက်မများပါရှိ၍ ကိုင်တွယ်သွားလာနိုင်သော သတ္တဝါဖြစ်၏။ သို့ရာတွင် လူတို့ကဲ့သို့ ခြေနှစ်ချောင်းနှင့် လက်နှစ်ဖက်ရှိသော သတ္တဝါမျိုးကား မဟုတ်ပေ။ မျောက်သည် မြေပြင်တွင် သွားသောအခါ လေးဖက်သွားတတ်သဖြင့် ခြေလေးချောင်းရှိသော သတ္တဝါမျိုးဟုလည်း ထင်ကောင်းထင်ကြပေမည်။ အမှန်တွင်မူ မျောက်သည် ခြေလေးချောင်းရှိသော သတ္တဝါမျိုးလည်း မဟုတ်၊ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိသော သတ္တဝါမျိုးလည်း မဟုတ်ချေ။ သူတို့၏နောက်ခြေဟု ထင်ရသည့် အချောင်း နှစ်ချောင်းမှာ လက်များကဲ့သို့ပင် မည်သည့် အရာဝတ္ထုကိုမဆို ဆုပ်နိုင်ကိုင်နိုင်ခြင်း၊ သစ်ကိုင်းစသော ကိုင်တွယ်စရာတို့ကို ဆုပ်ကိုင်ကာ ကိုယ်ကို စောက်ထိုးတွဲလဲပြုနိုင်ခြင်းစသည်တို့ကြောင့် ခြေမဟုတ် လက်များသာဖြစ်ကြသဖြင့် မျောက်သည် လက်လေးဖက်ရှိသောသတ္တဝါဖြစ်သည်ဟု ဆိုရပေမည် ။ ရှေ့လက်နှစ်ချောင်းကား နောက်လက်နှစ်ချောင်းထက် ပို၍ ရှည်ကြ၏။ မျောက်သည် လက်လေးဖက်ရှိသည့်အတိုင်း မြေပေါ်တွင် သွားသောအခါ လက်များကို ဆုပ်လျက်လက်ဖနောင့်ဖြင့်သာ သွားကြ၏။ သို့ရာတွင် သစ်ပင်များပေါ်တွင်လည်းကောင်း လှောင်အိမ်တွင်းရှိ တန်းများပေါ်တွင်လည်းကောင်း ပေါ့ပါးလျင်မြန်စွာ ခုန်ပေါက်ပြေးလွှား နိုင်ကြလေသည်။ မျောက်သည် အလွန်ပင်ပေါ့ပါးလျင်မြန် ဖျတ်လတ်၍ လိမ္မာမှုလည်းရှိသည်။ အစားအစာကိုပစ်ပေးက မြေသို့ မကျမီ ဖမ်းယူနိုင်ကြ၏။ မျောက်သည် အချိန်ရှိသရွေ့ အငြိမ်မနေ လှုပ်ရှားပြေးလွှားကစားနေတတ်သော သတ္တဝါမျိုး ဖြစ်လေသည်။ မျောက်ဆိုလျှင် လူအများမြင်ဘူးကြသော ခွေးငယ်အရွယ် အမွှေးဖွားဖွား အမြီးရှည်ရှည်နှင့် လူနှင့်အလွန်တူသော သတ္တဝါလေးများကိုသာ ထင်မြင်ကြပေမည် ။ အမှန်မှာ ကမ္ဘာပေါ်တွင် မျိုးပေါင်း မရေမတွက်နိုင်လောက်အောင် ကွဲပြား မြောက်မြားလှသဖြင့် ရုပ်ဆင်းသဏ္ဌာန်အမျိုးမျိုး ရှိကြသည်။ မျောက်အမျိုးတိုင်း၌ လက်လေးဖက်ရှိသည်မှလွဲ၍ အခြား ရုပ်ဆင်းသဏ္ဌာန်တို့ကား တူညီကြသည်မဟုတ်ပေ။ အချို့ မျောက်များသည် ရှဉ့်ကလေး အရွယ်မျှသာရှိ၍ အချို့ကား ခွေးအကြီးစား အရွယ်ခန့်ပင် ရှိ၏။ အချို့ မျောက်များ၏အမြီးတို့သည် ဖွား၍ အချို့ကား သာမန်အနေမျှသာ အမွှေးရှိသည်။ အချို့ကား အမြီးရှည်ဖြစ်ပြီးလျှင်၊ အချို့ကား အမြီးတိုဖြစ်ကြသည်။ အချို့ မျောက်မျိုး၏ မျက်နှာတွင် အမွှေးရှည် ဖုံးအုပ်နေ၍ အချို့ မျောက်မျိုး၏ မျက်နှာတွင် လုံးဝ အမွှေးမရှိချေ ။ ထိုမျှသာမကသေး၊ မျက်နှာပုံချင်းလည်း မတူကြချေ။ အချို့မှာ ခွေးနှင့်တူ၍၊ အချို့မှာ ဝက်နှင့်တူသည်၊ အချို့မှာ အမယ်အိုနှင့်ပင် တူကြသည်။ ထို့အပြင် နှာနီသောအမျိုး၊ ပါးစောင်နီသောအမျိုး၊ နှာခေါင်းလန်သောအမျိုး၊ ပါးမုန်းမွှေးရှိသော အမျိုး၊ လက်တံအလွန်ရှည်သော အမျိုးဟူ၍လည်းအမျိုးကွဲကြသေးသည်။ ထိုသို့ အိင်္ဂါရုပ် အမျိုးမျိုးကွဲပြားရုံမျှမက အမွှေးရောင်လည်း အမျိုးမျိုးရှိကြသည်။ အချို့မျောက်တို့၏ အမွှေး သည် နက်၏။ အချို့မှာ မီးခိုးရောင်ဖြစ်သည်။ အချို့မှာ ညို၍ အချို့မှာ အဖြူရောင်၊ အစိမ်းပုပ်ရောင်၊ လိမ်မော်ရောင်စသည် ရှိကြသည်။ မျောက်များသည် ပူအိုက်စွတ်စိုသော ဒေသများ၌ အထူး ပေါများကြသည်။ မြန်မာနိုင်ငံ သစ်တောကြီးများတွင် မျောက်အုပ်ကြီးများ ရှိကြရာ၊ အချို့ လူများသည် မျောက်သားစားရန် လိုက်လံပစ်ခတ်လေ့ ရှိကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုပ္ပါးတောင်နှင့်မုံရွာမြို့ အနောက်ဘက်ရှိ ဖိုးဝန်းတောင်တို့၌ မျောက်များစွာ ရှိရာ၊ ဘုရားဖူးလာသူများ၏ လက်တွင်းမှ သစ်သီးဝလံ အစားအစာများကိုပင် ယူငင် စားသောက်တတ်ကြလျက် ယဉ်ပါးနေကြလေသည်။ အာရိကတိုက်၊ အာရှတိုက် တောင်ပိုင်းနှင့် တောင်အမေရိကတိုက်ရှိ ပူအိုက်စွတ်စိုသည့် အရပ်များတွင် မျောက်အမျိုးမျိုး ရှိကြသော်လည်း မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ အလွန်အေးသောဒေသများတွင်မူ မျောက်ကို မတွေ့ရချေ။ မြောက်အမေရိကတိုက်တွင် မက္ကဆီကိုနယ်၌ လည်းကောင်း၊ ဥရောပတိုက်တွင် ဂျီဘရော်လ်တာ တောတောင်ဒေသများ၌ လည်းကောင်း မျောက်များကို အနည်းအကျဉ်းမျှသာ တွေ့ရှိရသည်။ မျောက်သည် အပူကြိုက်သော သတ္တဝါမျိုးဖြစ်သဖြင့် အေးမြသောဒေသများတွင် မနေနိုင်ကြချေ။ တောင်အမေရိကတိုက်ရှိ မျောက်မျိုးနှင့် အာဖရိကတိုက်၊ အာရှတိုက် တောင်ပိုင်းရှိ မျောက်မျိုးများမှာ အလွန် ကွဲပြား ခြားနားကြသည့်အလျောက် မျောက်တို့ကို မည်သည့် ဌာနေများ ဖြစ်ကြောင်း လွယ်ကူစွာပင် ခွဲခြားပြောပြနိုင်လေသည်။ အာဖရိကတိုက်နှင့် အာရှတိုက်ရှိ မျောက်များထက် တောင်အမေရိကတိုက်ရှိ မျောက်များသည် အမြီးကို လက်သဖွယ် အသုံးပြုနိုင်ကြသည် အမြီးဖြင့် သစ်ကိုင်းများကို ရစ်ပတ်ကာ ကိုယ်ကို တွဲလဲပြု၍ ကစားခုန်လွှားနိုင်ကြသည်။ အာရှ၊ အာဖရိက စသောဒေသများရှိ မျောက်များကား သူတို့၏ အမြီးကို ထိုသို့ အသုံးမပြုနိုင်ကြချေ။ တောင်အမေရိကတိုက်ရှိ မျောက်တို့၏ နှာခေါင်းမှာ ခပ်ပြားပြားဖြစ်၍ နှာခေါင်းပေါက်ချင်းလည်း ဝေးသည်။ အာရှ၊ အဖရိကတိုက်ရှိ မျောက်တို့၏ နှာခေါင်းပေါက်ချင်း အကွာအဝေးမှာ တောင်အမေရိကမျောက်တို့လောက် မဝေးလှချေ။ အာရှတိုက်နှင့် အာဖရိကတိုက်ရှိ မျောက်များ၏ ပါးစောင်တွင် အိတ်များပါရှိသဖြင့် အစားအစာများကို ထိုပါးစောင်အိတ်တွင် ထည့်ယူလျက် အလိုရှိမှ ထုတ်ယူ စားသုံးနိုင်ကြသည်။ သို့ရာတွင် တောင်အမေရိက မျောက်များ၌ကား ထိုကဲ့သို့ ပါးစောင်အိတ်များ မပါကြချေ။ အခြား ကွဲပြားချက် တစ်ခုကား အာရှ၊ အာဖရိကတိုက်တို့၌ နေထိုင်ကြသော မျောက်မျိုးတို့တွင် အမွှေးမပေါက်သည့် အရေထူ တင်ပါးအသားမာ ဖတ်ကြီးများရှိကြသဖြင့် သစ်ကိုင်းများပေါ်တွင် လွယ်ကူသက်သာစွာ ထိုင်လျက် စားသောက်နိုင်ကြလေသည်။ တောင်အမေရိက မျောက်များ၌ကားထိုကဲ့သို့ မပါရှိကြချေ။ အာရှနှင့် အာဖရိကတိုက်ရှိ မျောက်များသည် တောင်အမေရိကတိုက်ရှိ မျောက်များထက် အမွှေးရောင် မျိုးစုံလေသည်။ မျောက်များသည် သစ်တော်ထူထပ်ရာအရပ်တွင် နေထိုင်လျက် အများအားဖြင့် သစ်ဥသစ်သီးများကို စားသောက်ကြသည်။ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ဆူညံစွာ ဟစ်အော်လျက် သွားလာနေထိုင်ကြသဖြင့် မျောက်ရှိသောနေရာကို အဝေးကပင် သိနိုင်ကြသည်။ နေထွက်ချိန်နှင့် နေဝင်ချိန်တို့မှာ မျောက်တို့ အစာစားချိန်ဖြစ်သဖြင့် အဆူညံဆုံး ဖြစ်လေသည်။ မျောက်တို့သည် တောတွင်း ချောင်းကမ်းစပ်ရှိ သစ်ပင်များ၌ အထူးသဖြင့် နေထိုင်တတ်ကြသည်။ မျောက်အုပ်တိုင်းတွင် အကြီးအမှူးခေါင်းဆောင် တစ်ကောင်စီ ရှိမြဲဖြစ်သည်။ မျောက်ခေါင်းဆောင်သည် လိမ်မာပါးနပ်၍ သတ္တိရှိပြီးလျှင် မျောက်အပေါင်းတို့၏ ဘေးအန္တရာယ်ကို အမြဲပင် ဂရုစိုက် စောင့်ရှောက်တတ်သည်။ ထို ခေါင်းဆောင်အား မျောက်အုပ်တွင်းရှိ မျောက်တိုင်းကပင် ရိုသေလေးစားကြသည်။ ရန်သူနှင့် တွေ့သောအခါ ခေါင်းဆောင်ဖြစ်သော မျောက်သည် ကျယ်လောင်စွာ ဟစ်အော်ခြင်းဖြင့် မျောက်အုပ်အား သတိပေးလိုက်လျှင် မျောက်အပေါင်းတို့သည် ရုတ်တရက် အသံဆိတ်စွာနေထိုင်ကြလျက်ရန်သူမမြင်နိုင်စေရန် ငြိမ်နေတတ်ကြသည်။ မျောက်အုပ်တိုင်းပင် ကိုယ်ပိုင်ဟု သီးသန့်သတ်မှတ်ထားသော နယ်ပယ်အတွင်း၌သာ အစာရှာခြင်း၊ ကစားခြင်း၊ အိပ်ခြင်းပြုလုပ်လေ့ရှိသည်။ ယင်းတို့ အမြဲနေသော နေရာကိုသာ ယင်းတို့ပိုင်သည်ဟု ယူဆကြသည်။ တစ်ခါတစ်ရံ အခြားဖက်မှ မျောက်များသည် ထိုနယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သော် ဝိုင်းဝန်းတိုက်ခိုက်၍ မောင်းနှင် ထုတ်တတ်ကြသည်။ တစ်ခါတစ်ရံ မျောက်တစ်အုပ်နှင့်တစ်အုပ် အပြင်းအထန် တိုက်ခိုက်တတ်ကြ၍ နိုင်သည့် မျောက်အုပ်သည် ရှုံးသော မျောက်အုပ်ကိုမောင်းထုတ်ကာ ထိုနယ်ကို ကြီးစိုး လိုက်လေသည်။ မျောက်များသည် တောတောင်ရှိ သစ်သီး သစ်ဥများကိုသာ မှီဝဲစားသောက်ကြသော်လည်း အစားအစာ ရှားပါး၍ ငတ်မွတ်လာသောအခါ လူတို့စိုက်ပျိုးထားသော တောင်ယာပဲခင်းများသို့ ဝင်ရောက်၍ စားသောက် ဖျက်ဆီးတတ်ကြသည်။ ယင်းသို့ ဝင်ရောက်စားသောက်သည့် အခါလည်း ခေါင်းဆောင်မျောက်ကပင် ဦးဆောင်၍ သွားလေ့ရှိလေသည်။ အသီးအနှံများကို ယာတွင်း၌ မစားကြဘဲသူတို့၏ ပါးစောင်အိတ်များ၌ အပြည့်ထည့်ကာ ခေါင်းဆောင်နှင့်အတူ နေရင်းအရပ်သို့ပင် ပြန်သွားလေ့ရှိကြသည်။ မျောက်တိုင်းပင် သစ်ပင်ပေါ်၌ ခုန်လွှားပြေးသွားရာတွင် ကျင်လျင်လေသည်။ မျောက်မများသည် သားငယ်တို့ကို ပိုက်၍ ခုန်လွှားနိုင်ကြ၏။ တောင်အမေရိကတိုက်ရှိ မျောက်များသည် အခုန်အလွှားတွင် အခြားတိုင်းပြည်များရှိမျောက်များထက်ပို၍ ကျင်လျင်ကြသည်။ အမြီးကို လက်သဖွယ် သစ်ကိုင်းများတွင် ရစ်ပတ်၍ တွဲလဲပြုကာ အရှိန်ဖြင့် လွှဲလျက် တစ်ပင်မှတစ်ပင်သို့ ခုန်နိုင်ကြ၏။ မြေကြီးမှ ပေ ၄ဝ အမြင့်တို့၌ပင် ထိုသို့ လွှဲခုန်ကာ သွားလာ နေတတ်ကြသည်။ သစ်ပင်ပေါ်မှ ဆင်းသက်ခဲလှ၍ ရေသောက်သောအခါ၌ပင် အမြီးဖြင့် သစ်ကိုင်းကို ရစ်ပတ်ကာ တွဲလဲပြု၍ ရေသောက်တတ်ကြသည်။ တောင်အမေရိကတိုက်ရှိ မျောက်များသည်လူတို့၏ တောင်ယာပဲခင်းများကို ဝင်ရောက် စားသောက်ဖျက်ဆီးလေ့ မရှိကြချေ။ သို့ရာတွင် သူတို့၏ အသားနှင့် အမွှေးများအတွက်လိုက်လံဖမ်းဆီးခြင်း ခံကြရလေသည်။ ကမ္ဘာပေါ်တွင် မျက်နှာရှုံ့ မျောက်မျိုးထဲမှ အငယ်ဆုံးဖြစ်သော မျောက်မျိုးနှစ်မျိုးသည် အာဖရိကတိုက်]] တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ရှိကြသည်။ ထိုမျောက်မျိုးသည် အကောင်ရေများပြားစွာ အုပ်ဖွဲ့၍ နေတတ်ကြပြီးလျှင် အလွန်သတိရှိ၍ ပါးနပ်ကြသည်။ ယင်းတို့နယ်တွင်းသို့ သူစိမ်းတရံစာ လူသတ္တဝါတို့ရောက်လာလျှင် လုံးဝ အသံတိတ်လျက် မလှုပ်မယှက် ငြိမ်သက်စွာ နေတတ်ကြသဖြင့် ယင်းတို့ကို တွေ့ရန် ခက်လှပေသည်။ ထိုမျောက်မျိုး၏ မျက်နှာနှင့် လက်များသည် မည်းနေသည့်ပြင် ကိုယ်ရှိ အမွှေးမှာ အစိမ်း ရောင်သန်းသော မီးခိုးရောင်ဖြစ်သဖြင့် သစ်ရွက်များနှင့် ခွဲခြား၍ မရအောင် ရှိကြသည်။ အချို့ မျောက်များ၏ အမွှေးမှာ ရေညှိအစိမ်းပုပ်ရောင်ရှိ၍ အချို့ မျောက်တို့၏ မေးဖျားနှင့် ပါးမုန်းမွှေးတို့မှာ ဖြူနေကြသည်။ မျက်နှာရှုံ့ မျောက်မျိုးထဲမှ အကြီးဆုံးနှင့် အရဲရင့်ဆုံးသော မျောက်နီမျိုးကို အာဖရိကတိုက် အနောက်ပိုင်းတွင် တွေ့ရသည်။ ထိုမျောက်နီမျိုးသည်လည်း အုပ်ဖွဲ့ကာ နေထိုင်တတ်ကြ၏။ သို့ရာတွင် ရန်သူတစ်စုံတစ်ယောက်သည် ယင်းတို့ နယ်အတွင်း ချဉ်းနင်းဝင်ရောက်လာလျှင် အခြား မျောက်တို့ကဲ့သို့ ငြိမ်သက်စွာ ပုန်းအောင်းမနေဘဲ ကျူးကျော်ဝင်ရောက်လာသော ရန်သူတို့အား ယင်းတို့လက်လှမ်းမှီရာ သစ်သီးများ၊ တုတ်ချောင်းများ၊ သစ်ကိုင်းသစ်ခွများနှင့်ပစ်ခတ်လေ့ရှိကြသည်။ တစ်ခါတစ်ရံ ယင်းတို့နေထိုင်ရာ သစ်တောကို ဖြတ်သန်းစီးဆင်းသော မြစ်ချောင်းများအတွင်း၌ သွားလာသည့် လှေသမားများကိုပင် မျောက်နီ အုပ်ကြီးသည် မိုင်ပေါင်းများစွာ သစ်ပင်ခေါင်ဖျားမှလိုက်၍ အမျိုးမျိုး ပစ်ခတ်တတ်ကြသည်။ အာဖရိကတိုက်ရှိ မျက်ကွင်းဖြူ မျောက်ငယ်မျိုးများမှာမူ မျောက်နီများကဲ့သို့ ဆိုးသွမ်း ကြမ်းကြုတ်ခြင်းမရှိဘဲ၊ နှုးညံ့ သိမ်မွေ့သဖြင့် လူတို့မွေးမြူလေ့ ရှိကြသည်။ ထိုမျောက်မျိုးတို့ကို တိရစ္ဆာန်ရုံများတွင် တွေ့ရှိနိုင်သည်။ သင်ပြ၍ အလွန် တတ်လွယ်ကြသည်။ အချို့ မျက်ကွင်းဖြူ မျောက်များ၏ အမွှေးမှာ ရှည်၍ အရောင်မှာ မည်းနက်ကာ သပိတ်ရောင်ထနေသည်။ အချို့ မျောက်တို့၏ အမွှေးများမှာ အမည်းရောင်ပေါ်တွင် ဆွတ်ဆွတ်ဖြူ လည်ဆံမွှေးနှင့် အမြီးမွှေးတို့က ကျားလျက်ရှိသည်။ ယင်းတို့၏ အရေကို အဖိုးတန်သားမွှေးထည်များ ပြုလုပ်ရန်အတွက် မုဆိုးများသည် ထိုမျောက်များကို လိုက်လံဖမ်းဆီးကြလေသည်။ အီသီယိုးပီးယားနိုင်ငံမှ စစ်ဗိုလ်ကြီးများသည် ရာထူးအလိုက် ယင်းတို့၏ ဒိုင်းများကို ထိုမျောက်မွှေးရှည်များဖြင့် တန်ဆာဆင်ထားလေ့ရှိကြ၏။ ဥရောပနှင့် အမေရိကတိုက်တို့တွင် ခေတ်ဆန်သော အမျိုးသမီးများသည် ထိုမျောက်မွှေးရှည်များကို ယင်းတို့၏ အင်္ကျီရှည် အနားတစ်လျှောက်တွင် ကွပ်လျက် ဝတ်ဆင်လေ့ရှိကြသည်။ အမွှေးအဖြူများရှိသော မျောက်ကလေးများတွင် လက်မ မပါဘဲ၊ လက်ချောင်း ၄ ချောင်းသာပါသည်။ လက်မမှာအရာသာသာ ငုတ်တိုလေးမျှသာ ဖြစ်သဖြင့် ဆုပ်ကိုင်ရာ၌ အသုံးမပြုနိုင်ပေ။ သို့ရာတွင် ထိုမျောက်ကလေးများသည် အခြားမျောက်များကဲ့သို့ပင် လွယ်ကူစွာ သွားလာခုန်လွှားနိုင်ကြလေသည်။ မျောက်အပေါင်းတို့တွင် အိန္ဒိယနိုင်ငံရှိ ဟနုမန်ခေါ် မျောက်မျိုးတို့ကဲ့သို့ မည်သည့် မျောက်မျိုးမှ ကံမကောင်းနိုင်ချေ။ ဟနုမန် မျောက်များကို ဟိန္ဒူ လူမျိုးများသည် အထွတ်အမြတ် ထားကြ၏။ အနည်းငယ်မျှပင် နာကျဉ်အောက် မရိုက်ဝံ့ကြချေ။ ဟနုမန်မျောက်မျိုးမှာ အတော်အတန် ကြီးမားသည်။ ကိုယ်တွင်ညိုသော်လည်း၊ မျက်နှာနှင့်လက်များမှာ မည်းနေသည်။ အမြီးမှာ သေးသွယ်ရှည်လျားသည်။ ယင်းတို့သည် သစ်တောကြီးများတွင် နေသည်မှာ မှန်၏။ သို့ရာတွင် ယင်းတို့နေထိုင်ရာ အနီးရှိ တောလက်ကျေးရွာများသို့ အစုလိုက် အအုပ်လိုက် လာရောက်ကြလျက် ရွာတွင်းရှိ ပစ္စည်းများကို သူတို့ပိုင်သကဲ့သို့ ထင်သလိုပြုလုပ်တတ်ကြသည်။ ရွာဈေးများအတွင်းသို့ အုပ်လိုက်ဝင်ရောက်လျက် မုန့်များ၊ သစ်သီးများ၊ ထမင်းဟင်းများကို လုယူစားသောက်ကာ ပြန်သွားတတ်ကြသည်။ သို့ရာတွင် ဟိန္ဒူတို့သည် ထိုမျောက်များကို အထွတ်အမြတ် ထားကြသူများ ဖြစ်သဖြင့် မျောက်တို့လုပ်သမျှ ကြည့်နေ၍ အပျက်အစီးအဆုံးအရှုံးခံကြသည်။ တစ်ခါတစ်ရံ ထိုမျောက်တို့သည် ရွာတွင်းသို့ ဝင်၍ အိမ်ခေါင်မိုးများပေါ်သို့ တက်ကာ အိမ်များအတွင်းရှိ လိုရာပစ္စည်းမျာကို ဆွဲယူထွက်ပြေးတတ်ကြသည်။ တစ်ခါတစ်ရံ အမိုးများကို ဖျက်ဆီးပစ်ခဲ့ကြသဖြင့် မိုးအခါတွင် များစွာ ဒုက္ခရောက်ကြရသည်။ သို့ရာတွင် ဟနုမန်မျောက်မျိုးကား ဘေးမဲ့ထားခြင်းခံရသဖြင့် ထိုသို့သော နှောင့်ရှက်ဖျက်ဆီးမှုတို့ကြောင့် လူတို့၏ ရိုက်ပုတ်ညှဉ်းပန်းခြင်းကို မခံယူကြရပေ။ လူနှင့် ဝေးလှသော တောကြီးများတွင် နေကြသော ဟနုမန် မျောက်များပင်လျှင် လူကို တွေ့ရှိက မှတ်မိသည့် မိတ်ဆွေကဲ့သို့ပင် သစ်ပင်များပေါ်မှလာ၍ ဝမ်းသာအားရ နှုတ်ဆက်တတ်ကြလေသည်။ ကျား၊ ကျားသစ် စသော ရန်သူတို့နှင့် တွေ့သောအခါမူ လက်ညှိုးတထိုးထိုးပြုလျက် စူးရှစွာ ဟစ်အော်တတ်ကြသည်။ ဟနုမန်မျောက်များ၌ ပါးစောင်အိတ် မရှိကြချေ။ အခုန်သန်သည့် ဟနုမန်တို့ကဲ့သို့ အခုန်သန်သော မျောက်များသည် ပူအိုက်စွတ်စိုသော သစ်တောကြီးများတွင်သာ နေတတ်ကြသော်လည်း အချို့ အမျိုးတို့သည် ဟိမဝန္တာတောင်ပေါ်ရှိ ဆီးနှင်းလွှမ်းတတ်သည့် ထင်းရှူးတောများတွင် နေထိုင်တတ်ကြသေးသည်။ တရုတ် နိုင်ငံတွင်လည်း ထိုကဲ့သို့ ဆီးနှင်းရှိရာ မြင့်မားသော တောင်တန်းကြီးများတွင် နေနိုင်ကြသည့် မျောက်မျိုးရှိလေသည်။ တောင်အမေရိကတိုက်တွင် ရှဉ့်ထက် အနည်းငယ်မျှသာ ကြီး၍ အမွှေးရှည်သော အလွန်လှသည့် မျောက်ကလေးမျိုးရှိ၏။ ယင်းသည် ၈ လက်မခန့် ရှည်၏။ သူ၏ အမြီးမူကား တစ်ပေခန့် ရှည်၍ အမွှေးဖွားသည်။ ယင်း၏ ချွန်နေသော နားရွက်ကလေး၊ လူမျက်နှာနှင့် တူသော မျက်ခွက်နှင့် လက်များကြောင့်သာ မျောက်ဟုသိရသော်လည်း ရုတ်တရက်မူ ရှဉ့်ကလေးဟူ၍သာ အထင်မှားတတ်ပေသည်။ ထို့ကြောင့် ယင်းမျောက်ကလေးများကို ရှဉ့်မျောက်ဟု ခေါ်ကြသည်။ မိုးသည်းထန်စွာ ရွာသွန်းသောအခါ ဤရှဉ့်မျောက်ကလေး များသည် အနီးအနားရှိ အရွက်အထူဆုံး သစ်ပင်ကြီး တစ်ပင်ပေါ်တွင် တစ်စုတည်းနေလျက် တစ်ကောင်၏ လည်ပင်းပေါ်တွင် တစ်ကောင်၏ အမြီးကို ပတ်ထားကာ အချင်းချင်း မှီလျက်နေခြင်းဖြင့် အအေးဒဏ်မှ ကာကွယ်ကြသည်။ တောင်အမေရိကတိုက်ရှိ တောကြီးများတွင် ဆူညံစူးရှစွာ အူတတ်သော မျောက်တစ်မျိုးလည်း ရှိသေးသည်။ ထိုမျောက်မျိုးတွင်အသံကို ဖြစ်စေသော လေအိတ် ၆ ခုစီပါရှိသဖြင့် ယင်းတို့၏ အသံမှာ အထူးပင် ကြယ်လောင်စူးရှလှပေသည်။ တောင်အမေရိကတိုက်တွင် အခြား ထူးဆန်းသည့် မျောက်တစ်မျိုးမှာ ပင့်ကူမျောက်ပင်ဖြစ်သည်။ ကျောပေါ်တွင် အမွှေးထူထဲစွာ ပေါက်နေ၍ အမြီးနှင့် လက်တံများသည် သေးသွယ်ရှည်လျားရကား ရုတ်တရက်သော် ပင့်ကူကြီးနှင့်တူလှ၏။ ထို့အပြင် ကျောမွှေးနီရှိသော မျောက်မျိုးရှိသေး၏။ ထိုမျောက်မျိုးသည် လူတို့ကဲ့သို့ပင် ရေသောက်သောအခါ လက်ခုပ်ဖြင့်ယူ၍ သောက်တတ်ကြသည်။ ယင်းတို့သည် လွန်စွာနူးညံ့သဖြင့် လှောင်အိမ်နှင့် မွေး၍ မရသောကြောင့် တိရစ္ဆာန်ရုံများ၌ပင်မတွေ့မြင်ရချေ။ မြန်မာနိုင်ငံနှင့် အရှေ့အိန္ဒိယကျွန်းစုတို့တွင် ဝက်မြီးကဲ့သို့ အမြီးလုံးရှိသော မျောက်မျိုးလည်း ရှိသေးသည်။ ဤမျောက်မျိုးသည် ကြီးသည့်အခါ လွန်စွာ ရက်စက်ကြမ်းကြုတ်သော အမျိုးဖြစ်၏။ သို့ရာတွင် ထိုမျောက်မျိုးကို ငယ်စဉ်ကပင် ယဉ်ကျေးအောင်မွေးမြူလျက် အုန်းပင်တက်၍ ရင့်မှည့်သောအသီးများကို ဆွတ်ခူးရန် သင်ပေးကာ အချို့လူတို့က အသုံးချကြသည်။ ခြင်္သေ့၏အမြီးကဲ့သို့ အဖျားစွန်း၌အမွှေးဖွား ပါရှိသော မျောက်တစ်မျိုးကိုလည်း သီရိလင်္ကာနိုင်ငံ၌ တွေ့ရှိ၏။ အာဖရိကတိုက် အနောက်ပိုင်းတွင် တွေ့ရသော မျောက်မောင်းမမျိုးမှ အကြီးဆုံးနှင့် အဆိုးဆုံးမှာ မန်ဒရီးခေါ် မျောက်မျိုးဖြစ်သည်။ မျက်နှာပုံမှာ ခွေးနှင့် ဆင်ဆင်တူသည့် အပြင် ချွန်ထွက်နေသော အစွယ်များကြောင့် အတော်ပင်အရုပ်ဆိုးသည်။ အမြီးမှာနှစ်လက်မခန့်မျှ ရှည်သော အငုတ်ကလေးဖြစ်၏။ မြေပြင်ပေါ်တွင် လေးဖက်လျင်မြန်စွာ ပြေးနိုင်သော်လည်း သစ်ပင်တက်ရာတွင်လွယ်ကူစွာ မတက်နိုင်ချေ။ သစ်သီး သစ်ဥများအပြင် ပိုးမွှားများနှင့် တိရစ္ဆာန်ငယ်များကိုပါ စားသောက်တတ်ကြသည်။ တစ်ခါတစ်ရံ လူတို့ စိုက်ပျိုးထားသော တောင်ယာ ပဲခင်းများကို ဝင်ရောက်ဖျက်ဆီးတတ်ကြသည်။ အာရေဗျနိုင်ငံနှင့် အာဖရိကတိုက် အရှေ့မြောက်ပိုင်းရှိ မျောက်မောင်းမ တစ်မျိုးသည်လည်း ခွေးနှင့် ခပ်ဆင်ဆင် တူ၏။ ယင်းတို့ကို ရှေးအီဂျစ်လူမျိုးတို့ ကိုးကွယ်ရှိခိုးခဲ့ကြသည်။ တောင်အာဖရိကရှိ မျောက်ဝံထက် အနည်းငယ်ကြီးသော မျောက်တစ်မျိုးကို သိုးများထိန်းကျောင်းရန် ငယ်စဉ်ကပင် ယဉ်ကျေးအောင်မွေး၍ သင်ကြားပြသကာ အသုံးပြုကြသည်။ ယင်းတို့သည် ရဲရင့်၍ သစ္စာရှိသည်။ သိုးတို့အား ရန်မူလာသော မြွေကြီးများ၊ ကျား၊ ကျားသစ်စသည့် သတ္တဝါနှင့် လူများကိုပင် ရဲရင့်စွာ ခုခံတိုက်ခိုက်ကြသည်။ လူတို့လောက်ပင် သက်တမ်းရှည်သဖြင့် များစွာ အသုံးဝင်သော မျောက်မျိုး ဖြစ်သည်။ အာရှတိုက် အရှေ့တောင်ဘက်ရှိ ဘော်နီယိုကျွန်းတွင် ထူးဆန်းသော နှာတံရှည်မျောက်တစ်မျိုးရှိသေးသည်။ မျောက်ထီးကြီး၏ နှာတံမှာ ဆင်၏ နှာမောင်းကဲ့သို့ ရှေ့သို့ထိုးထွက်နေလျက် တစ်မိုက်ခန့်ရှည်ကာ ဆင်နှာမောင်းကဲ့သို့ ဘယ်ညာ အထက်အောက် ရွှေ့ပြောင်းလှုပ်ရှားနိုင်သည့်အပြင် အတိုအရှည် အလိုရှိသလို ရှုံ့နိုင် ဆန့်နိုင်သည်။ အပြည်ပြည်တွင် မိမိတို့ဆိုင်ရာ မျောက်နှင့် စပ်ဆိုင်သည့် ဝတ္ထုပုံပြင်များ ရှိကြလေသည်။ ကိုးကား ပရိုင်းမိတ်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA
ပူး
ပူး တို့သည် သေးငယ်သော သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် နို့တိုက်သတ္တဝါများ ဖြစ်ကြပြီး သူတို့၏ သိပ္ပံအမည်မှာ Cavia porcellus ဖြစ်သည်။ လက်တင်ဘာသာစကား အရ ဝက်အကောင်ငယ်ကလေးများ ဟု အဓိပ္ပာယ်ရသည်။ သို့သော်လည်း ပူးတို့သည် ဝက်နှင့် အမျိုးတူ မဟုတ်ကြပေ။ ကိုးကား ကိုက်ဖြတ် သတ္တဝါများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%B0%E1%80%B8
လိပ်
လိပ်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ ခန့် က ဒိုင်နိုဆောသတ္တဝါ (Dinosaurs) များ မပေါ်ပေါက်ခင် နှစ် သန်းပေါင်း ၃၉၅ မှ ၂၂၅ ပလီအို ဇိုအစ် (Paleozoic Era) ခေတ်အတွင်းရှိ ပါမီယမ် (Permian Period) ကာလ၊ လွန်ခဲ့သော နှစ် သန်းပေါင်း ၂၉၀ ခန့်က ကမ္ဘာမြေပေါ်သို့ ပထမဦးဆုံး အောင်မြင်စွာ လုံးလုံးလျားလျား ခြေချနိုင်ခဲ့သည့် ရှေးကျသော တွားသွားသတ္တဝါများ (Primitive Reptiles)မှတစ်ဆင့် ဆင့်ကဲဖြစ်စဉ်အရ တိုးတက်ပြောင်းလဲလာပြီး လွန်ခဲ့သောနှစ်သန်းပေါင်း ၂၆၀ ခန့်က ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားနေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများဖြစ်ကြသည်။ ဒိုင်နိုဆောများ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားခဲ့သော်လည်း လိပ်များသည် ယနေ့ထက်တိုင် ကမ္ဘာမြေပေါ်တွင် ရှင်သန်နေထိုင်နေရသည့် အကြောင်းရင်းမှာ ယင်းတို့၏ ထူးခြားသော ခန္ဓာကိုယ် သွင်ပြင်လက္ခဏာများ နှင့် လျှို့ဝှက်စွာနေထိုင်တတ်သည့် အပြုအမူ၊ အလေ့အထများကြောင့် ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ထင်မြင်ယူဆကြသည်။ သဏ္ဌာန် လိပ်များမှာ ထုံထိုင်းသော သတ္တဝါများဖြစ်သည်ဟု ထင်မှတ်ရသော်လည်း မျက်စိ၊ နား အလွန်အကင်းပါးသော သတ္တဝါများဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး မာကျောသော အရိုးခွံဖြင့် ဖုံးအုပ်နေသဖြင့် ပုံပန်းသဏ္ဌာန်ရော အနေအထိုင် အသွားအလာပါ ထူးဆန်းသော သတ္တဝါ မျိုးဖြစ်သည်။ အချို့သည် ကုန်းပေါ်၌နေကြ၍ အချို့သည် ရေထဲ၌သာ နေကြသည်။ လိပ်တစ်ကောင်လုံးသည် မာကျော၍ ဦးချိုကဲ့သို့ထူသော အရိုးခွံဖြင့် ဖုံးအုပ်လျက်ရှိသည်။ ထိုအရိုးခွံကြီးသည် သံချပ်ကာကားသဖွယ် ရန်သူ့ ဘေးမှ ကာကွယ်ပေးသည်။ အခွံမှာ တိရစ္ဆာန်၏ ဦးချိုသဖွယ်မာကျော၍ အတွင်းမှအသားနှင့် ဆက်စပ်လျက်ရှိနေရကား အကောင်သည် အခွံတွင်းမှ သက်သက်ထွက်၍ မလာနိုင်ချေ။ လိပ်၏ကျောရိုးမှာ အိမ်၏ဝန်ကို ထမ်းထားသော ခေါင်မကြီးကဲ့သို့လည်းကောင်း၊ နံရိုးများမှာ ထုတ်လျောက် ဒိုင်းမြားများကဲ့သို့လည်းကောင်း၊ အပေါ်ခွံနှင့်ကပ်နေသည့် အရိုးချပ်များမှာ အိမ် မိုးကိုခံထားသည့် မြားတန်းများသဖွယ်လည်းကောင်းရှိရာ အိမ်ကိုမပျက်စေဘဲ အမိုးကို သက်သက်ခွာထုတ်၍ မရသကဲ့သို့ပင်ရှိသည်။ လိပ်၏အောက်ပိုင်း၌ အခွံသည် ရင်ပတ်ရိုးနှင့် ပူးတွဲဆက်စပ် လျက်ရှိ၏။ ကုန်းလိပ်များ၌ အပေါ်ခွံနှင့် အောက်ခွံဆက်စပ်ရာတွင် ရှေ့ နောက်အပေါက်နှစ်ပေါက်ရှိရာ ရှေ့အပေါက်မှာ ဦးခေါင်းနှင့် လက်များဝင်ရန်ဖြစ်၍ နောက်အပေါက်မှာ အမြီးနှင့် ခြေထောက်ဝင်ရန်ဖြစ်သည်။ လိပ်သည် အခွံတွင်းသို့ ဦးခေါင်း၊ အမြီးနှင့် ခြေလက်တို့သွင်းမိ သောအခါ သံချပ်ကာကားအတွင်းသို့ ရောက်နေသူသည် ရန်သူကို အမှု မထားသကဲ့သို့ပင် ရှိချေသည်။ ဦးခေါင်းနှင့် ခြေလက်များ၌လည်း ဦးချိုနှင့် တူသည့် အလွန်မာကျောသော အကြေးများဖြင့် ဖုံးအုပ်နေပြီးလျှင် ကျား လက်သည်း၊ စွန်လက်သည်းများကဲ့သို့ သန်မာသော လက်သည်းများလည်း ရှိလေသည်။ အခွံမှာ အမျိုးကိုလိုက်၍ ပုံအမျိုးမျိုး၊ အကွက်အမျိုးမျိုးရှိပြီးလျှင် များသောအားဖြင့် ခုံးဝိုင်းခြမ်းသဏ္ဌာန်ရှိ၏။ အရောင်မှာ ညိုမွဲသောအရောင် ဖြစ်သည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော်လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်းယူနိုင်လေသည်။ မျိုးရင်း လိပ်သည် မြေပေါ်တွင် တွားသွားကောင် မျိုးစဉ်တွင်ပါဝင်၍ မြွေ၊ အိမ်မြှောင် အစရှိသော တွားသွားတိရစ္ဆာန်တို့နှင့် မျိုးစဉ်တစ်ခုတည်းဖြစ်၏။ ကုန်းလိပ်၊ ပင်လယ်လိပ်ဟူ၍ မျိုးစဉ်နှစ်ခု ခွဲခြားထားသည့်အနက်၊ ကုန်းမြေပြင်နှင့် ရေချိုများတွင်တွေ့ရသည့် လိပ်မျိုးများကို ကုန်းလိပ်ဟု အမည်ပေးထားပြီးလျှင်၊ ပင်လယ်၌တွေ့ရသော လိပ်မျိုးများကို ပင်လယ်လိပ် ဟု အမည်ပေးထားသည်။ ထိုရေချိုလိပ်မျိုးမှာ ကုန်းတွင်ပျော်မွေ့ကြ၍ ကုန်းလိပ်ပင် ဆိုရ လင့်ကစား နွံအိုင်များ၊ ပွက်များ၊ ရေစပ်စပ်ရှိသော နေရာများတွင် မည် သည့်အခါမျှမတွေ့ရချေ။ သူတို့၏ နောက်ခြေများ၌ ရေကူးနိုင်ရန် ဘဲခြေထောက်မှာကဲ့သို့ ခြေချောင်းအကြားတွင် ဆက်စပ်နေသည့် အရေပြားမျိုးရှိသည်။ ကုန်းလိပ်နှင့်ပင်လယ်လပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင်လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင်လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော်လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်းယူနိုင်လေသည်။ သဘာဝပတ်ဝန်းကျင်တွင် ပင်လယ်လိပ်များ၏ အရေးပါမှု ပင်လယ်လိပ်များသည် ၎င်းတို့နေထိုင်ကျက်စားရာ ဒေသများတွင် ပေါက်ရောက်လျက်ရှိသော ပင်လယ်မြက်၊ ရေညှိ၊ ရေမှော်များကို စားသုံး၍ ၎င်းတို့၏ စွန့်ပစ်အညစ်အကြေးများမှ ဩဇာဓာတ်များဖြစ်ပေါ်ကာ ငါး၊ ပုစွန် အစရှိသည့် ရေနေသက်ရှိ သတ္တဝါမျိုးစိပ်များစွာတို့သည် ထိုဩဇာဓာတ်များကို စားသုံးခြင်းဖြင့် ပေါက်ပွားရှင်သန်ရန် ပင်လယ်လိပ်များမှ ဖန်တီးပေးသကဲ့သို့ ဖြစ်သည်။ ပင်လယ်လိပ်များသည် ပင်လယ်ပြင် ဂေဟစနစ် (Marine Ecosystem) တွင် ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) တစ်ခုအဖြစ်ပါဝင်သည့်အလျှောက် အစာကွင်းဆက် (Food Chain)နှင့် အစာကွန်ယက် (Food Web)တွင်လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ပင်လယ်လိပ်များသည် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ (Red Tide)ဖြစ်ပေါ်စေနိုင်သော မျှောလှေးများဖြစ်သည့် Dinoflagellates နှင့် Diatoms များကို စားသုံးသည့် မျိုးစိပ်များဖြစ်သည့်အပြင် ပင်လယ်ပြင်ဂေဟစနစ် (Marine Ecosystem) ဆက်စပ်မှုတွင် အရေးပါအရာရောက်သည့် သတ္တဝါဖြစ်သည်။ ထို့ကြောင့် ပင်လယ်၌ နေထိုင်ကျက်စားသော အခြားရေနေသတ္တဝါမျိုးစိပ်များ အသက်ရှင်သန်ကြီးထွားမျိုးပွားရေးအတွက် အရေးပါသော သတ္တဝါပင်ဖြစ်သည်။ ကုန်းလိပ် နှင့် ရေလိပ် လိပ်များကို ယင်းတို့၏နေ ထိုင်ကျက်စားရာ နေရာ၊ အလေ့အထနှင့် ထူးခြားသော ဝိသေသသွင်ပြင်လက္ခဏာများကို ကြည့်၍ ကုန်းမြေပေါ်တွင် ကျက်စားနေထိုင်သည့် လိပ်များကို ကုန်းလိပ်(Tortoise)ဟု ခေါ်ကြပြီး ရေတွင်ကျက်စားနေထိုင်သော လိပ်များကို ရေလိပ် (Turtle) ဟုခေါ်ဆိုကြသည်။ လိပ်များ၏ ကျောခွံကိုကြည့်၍ ခွံပျော့ လိပ်နှင့် ခွံမာလိပ်ဟူ၍ ထပ်မံခွဲခြားပြန်ပါသည်။ ရေလိပ်ခွံမာ လိပ်များကို Terrapin ဟုလည်း ခေါ်ဆိုကြပြီး ရေချိုမြစ်၊ ချောင်းများတွင် နေထိုင်သောလိပ်များကို ရေချိုလိပ် (Fresh Water Turtle)နှင့် ပင်လယ်ရေငန်တွင် ကျက်စားနေထိုင်သော လိပ်များကို ပင်လယ်လိပ် (Sea Turtle) ဟူ၍လည်း ထပ်မံခွဲခြားခေါ်ဆိုကြသည်။ လိပ်မျိုးစိတ်အများစုမှာ အစုံစား (Omnivorous) လိပ်များဖြစ်ကြပြီး အချို့သော လိပ်မျိုးစိတ်များမှာ အသီးအရွက်စား (Herbivorous) လိပ်နှင့် အသားစား (Carnivorous) လိပ်မျိုးစိတ်များဖြစ်ကြသည်။ လိပ်များ၏ ပါးစပ်တွင် သွားများမပါရှိဘဲ အရိုးကဲ့သို့မာကျောသော နှုတ်ခမ်းများဖြင့် အစာကို ကိုက်ဖြတ်စားသောက်ကြသည်။ ကုန်းလိပ် (Tortoise) အများစုမှာ အသီးအရွက်စား လိပ်များ (Mostly vegetarian) ဖြစ်ကြပြီး ရေလိပ် (Turtle) အများစုမှာ အစုံစား (Generally omnivores) လိပ်များဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် လိပ် မျိုးစိတ်ပေါင်း ၃၀၀ ခန့် ပေါက်ပွားရှင်သန်နေထိုင်ကြောင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (International Union For Conservation Of Nature and Natural Resources - IUCN) ၏ မှတ်တမ်းများအရ သိရှိရပြီး မြန်မာနိုင်ငံတွင် ပင်လယ်လိပ်ငါးမျိုး၊ ကုန်းလိပ်နှင့် ရေလိပ် ၂၇ မျိုး စုစုပေါင်း ၃၂ မျိုးပေါက်ပွားရှင်သန်ကြောင်း၊ ကုန်းလိပ်နှင့်ရေလိပ်၂၇မျိုးတွင် ကမ္ဘာပေါ်တွင် မည်သည့်နေရာမျှမရှိ မြန်မာနိုင်ငံတွင်သာရှိသည့် ဒေသရင်းလိပ်မျိုးစိတ်ရှစ် မျိုးပါဝင်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) (Wildlife Conservation Society-WCS (Myanmar Program)) မှ ရေးသားပြုစုထားသည့် မြန်မာ့လိပ်များစာအုပ်မှ သိရှိရသည်။ ကုန်းလိပ် (Tortoise) များ၏ ရှေ့ခြေနှင့် နောက်ခြေထောက်တို့တွင် အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ခြေထောက်များမှာ တုတ်ခိုင်၍ ဆင်ခြေထောက်ပုံဏ္ဌာန်ရှိသည်။ ရေလိပ် (Turtle) များ၏ ရှေ့ခြေနှင့် နောက်ခြေထောက်တို့တွင် ကုန်းလိပ်များကဲ့သို့ အကြေးခွံများမပါရှိပေ။ ခြေချောင်းလေးများကို အရေပြားများနှင့် ဆက်သွယ်ထားပြီး ဘဲခြေထောက်ကဲ့သို့ ရေယက်တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) ရေယက်များအပြည့်ပါရှိသည့်အတွက် ကုန်းလိပ် (Tortoise) နှင့် ရေလိပ် (Turtle) ကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်သည်။ ကုန်းလိပ် (Tortoise) များသည် ကုန်းပေါ်တွင်သာ ရှင်သန်ကျက်စားနေထိုင်ပြီး ရေလိပ် (Turtle) များသည် ရေထဲတွင် သာ ရှင်သန်ကျက်စားနေထိုင်ပါ သည်။ ဥ အုသည့် ရာသီတွင် ကုန်းလိပ်၊ ရေလိပ်၊ ပင်လယ်လိပ်များအားလုံး ကုန်းပေါ်သို့တက်၍ ဥ အု မျိုးပွားကြသည်။ ပင်လယ်လိပ်များ ကုန်းလိပ်များမှာ လိပ်ကဲ့သို့နှေးသည် ဟု စကားပုံဖွဲ့လောက်အောင် နှေးကွေးသော်လည်း ပင်လယ်လိပ်မျာမှာမူ ရေကူးအလွန် ကျင်လျင်ကြ၍ ကမ်းမှအလွန်ဝေးသော နေရာများ၌ပင် တွေ့ရသည်။ သူတို့၌ လမ်းလျှောက်သည့် ခြေများအစား ခတ်တက်သဖွယ် အသုံးပြုသည့် ရေယက်ပါရှိ၍ ရေတွင် ကောင်းစွာကူးခတ်သွားလာနိုင်၏။ ကျွန်းများ၌ဖြစ်စေ၊ သဲသောင်များ၌ဖြစ်စေ၊ ကမ်းစပ်၌ဖြစ်စေ ဥများကို အုလိုသောအခါမှ ပြန်၍လာတတ်ကြသည်။ ပင်လယ်လိပ်ဆိုသည့်အတိုင်း ရေသာပျော်မွေ့၍ ရေ၌သာနေ၏။ အစာလည်းရှာ၏။ အိပ်လည်းအိပ်၏။ တစ်ခါတစ်ရံ ကမ်းခြေမှ မိုင် တစ်ရာ၊ နှစ်ရာမျှဝေးသည့် ပင်လယ်ပြင်၌ တွေ့ရ၏။ ကမ္ဘာနှင့်အဝှမ်း ပင်လယ်လိပ် မျိုးစိပ်များစွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝကျော်မှစတင်၍ လူသားပယောဂကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း သိသာထင်ရှား လျင်မြန်စွာ လျော့နည်းလာသည်ကို သုတေသနပညာရှင်များ၊ သိပ္ပံပညာရှင်များမှ သိရှိလာပြီး မျိုးသုဉ်းလုနီးပါး သတ္တဝါမျိုးစိပ် (Endangerd Species) အဖြစ် စာရင်းထည့်သွင်းသတ်မှတ်ကာ နိုင်ငံများစွာရှိ မျိုးထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းအသီးသီးမှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ပင်လယ်လိပ်သားပေါက်များသည် သားစားသတ္တဝါများဘေးအန္တရာယ်ကြောင့် သဘာဝပင်လယ်ပြင်တွင် ရှင်သန်ရန်အခွင်အလမ်းအလွန်နည်းပါးလှပါသည်။ ပင်လယ်လိပ်များသည် အရွယ်ရောက်မျိုးပွားရန် နှစ်ပေါင်း ၃ဝမှ ၅ဝအထိ ကြာမြင့်တတ်သည်။ ကုန်းလိပ်များ ကုန်းလိပ်ကြီးများသည် မြေပေါ်တွင် တွားသွားကောင်များအနက် အလွန်ပင်ရှေးကျသော သတ္တဝါများဖြစ်သည်။ ယခုခေတ်တွင် တိမ်ကောသွားပြီဖြစ်သော ပေ ၈ဝ ခန့်ရှည်သည့် ကျောက်ဖြစ်ရုပ်ကြွင်းကိုသာ တွေ့ရသော ဒိုင်နိုဆောခေါ် တွားသွားကောင်ကြီးများထက်ပင် ရှေးကျသေးသည်ဟု ဆိုလေသည်။ ကုန်းလိပ်များသည် များသောအားဖြင့် အလွန်သဘောကောင်းသော သတ္တဝါများဖြစ်ကြ၍ မြေထဲ၊ သဲထဲတွင် ကျစ်စာများ ယက်ထုတ်ရသည့် ကျင်းကလေးများကို တူးသည်မှ တစ်ပါး၊ အိပ်ခြင်း၊ စားခြင်း၊ အလဟဿနေခြင်းဖြင့်သာ အချိန်ကုန်စေသည့် အကောင်မျိုးဖြစ်၏။ ပိုးကောင် မွှားကောင်များကို ဟပ်မျိုသည်မှတစ်ပါး မည်သူ့ကိုမျှလည်း ရန်မမူတတ်ချေ။ သို့သော် အပြိုင်အဆိုင် အထီးနှစ်ကောင် တွေ့ဆုံမိကြသောအခါ တစ်ကောင်နှင့်တစ်ကောင် ကြောက်မက်ဖွယ်ကောင်းအောင် တိုက်ခိုက်သတ်ပုတ်တတ်လေသည်။ လိပ်ခွံချင်း ပြင်းထန်စွာ ရိုက်ခတ်ပြီးနောက် ဦးခေါင်းများကို ရှည်နိုင်သမျှ ဆန့်ထုတ်ကာ အသားပျော့ရှိရာ လည်တံ၌လည်းကောင်း၊ လက်ရင်း၌လည်းကောင်း တစ်ကောင်နှင့်တစ်ကောင် အကြိတ်အနယ်ကိုက်ခဲကြသည်။ ဤသို့ဖြင့် အပြင်းအထန် ဒဏ်ရာရကြသောအခါ စစ်ပွဲပြီး၍ မိမိတို့အလိုရှိရာလမ်းကို ဆက်လက်သွားကြ၏။ ထင်ရှားသော လိပ်ဘီလူး များဟု ခေါ်လောက်သည့် ကုန်းလိပ်ကြီးမျိုးများကို ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေနှင့် မိုင် ၅ဝ ကွာခန့်၌ရှိသည့် ဂလားပါးဂိုးကျွန်းစု၌ တစ်ကြိမ်က အမျိုးပေါင်းအတော်များများ တွေ့ရှိခဲ့သော်လည်း ယခုအခါ မတွေ့ရတော့ချေ။ အခြားအလားတူ အကောင်ကြီးများကို အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အချို့ကျွန်းများပေါ်၌တွေ့ရသည်။ အချို့မှာ ပေါင် ၅ဝဝ ခန့်ပင် အချိန်စီး၍ အခွံများပင် လေးငါးပေခန့် အလျားရှိလေသည်။ သို့သော် အကြီးဆုံးတွေ့ရသော လိပ်ဘီလူးကြီးတစ်ကောင်၏ အခွံစုကို ၁၉၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ကံအားလျော်စွာ တူးဖော်ရရှိလေသည်။ အခွံစုမှာ ကြေမွနေပြီဖြစ်၍ ရှားပါးသော ရှေးဟောင်းပစ္စည်းတစ်ခုအနေဖြင့် အဖိုးထိုက်တန်လှသောကြောင့် သိပ္ပံပညာရှင်များသည် နဂိုပကတိအတိုင်းဖြစ်စေရန် နှစ်နှစ်တိုင်တိုင် ကြိုးစားဆက်စပ်ယူရ၏။ ပြီးစီးသောအခါ လိပ်ကြီးကို နဂိုမြင်နေရသည့် ပုံအတိုင်းရရှိ၍ အခွံကြီး၏ အရှည်မှာ ရှေးအဖျားစွန်းမှ နောက်အဖျားစွန်းအထိ ခုနစ်ပေကျော်ကျော် ရှိလေသည်။ ထိုသတ္တဝါကြီးမှာ လူအများတွေ့ရသော ကုန်းလိပ်များထဲတွင် အကြီးဆုံးသော သတ္တဝါကြီးဖြစ်လေသည်။ အမူအကျင့် လိပ်များ၏ ထူးဆန်းသော အလေ့အကျင့်တစ်ခုမှာ နေ့ရော ညဉ့်ပါ မလှုပ်မရှား အိပ်စက်နေရုံနှင့် တင်းတိမ်အားရခြင်း မရှိသေးဘဲ တစ်နှစ်လျှင် တစ်ကြိမ်ကျ အနားယူအိပ်စက်တတ်ကြသေးခြင်းဖြစ်သည်။ အပူပိုင်းဒေသများ၌ အပူဆုံးလများကို ရွေးချယ်၍လည်းကောင်း၊ သမပိုင်းဒေသများ၌ ချမ်းအေးစပြုလာသော အချိန်မှစ၍ လည်းကောင်း မြေထဲတွင် လက်ယက်တွင်းများတူးကာ ငါးလ၊ ခြောက်လခန့် မည်သည့်အစာအာဟာရမျှ မစားသောက်ဘဲ မလှုပ်မရှက် အနားယူအိပ်တတ်ကြသည်။ လိပ်များ၌ သွားမရှိချေ။ သို့သော် သူတို့၏ နှုတ်သီးနှင့်တူသော ပါးစပ်တွင် ကိုက်ဖြတ်ရန်ထက်မြက်သော အစွန်းများရှိ၍ ထိုးအစွန်းများဖြင့် အစားအစာများကို လွယ်ကူစွာ ဖြတ်တောက်စားသောက်သည်။ သို့သော် ဝါးရာတွင် အလွန်အားစိုက်ရသည့် ဟန်ဖြင့်မြဲအောင် နင်းထားပြီးနောက် စားပိုးနင့်၍ နေဘိသကဲ့သို့ လည်မျိုကို အထက်သို့မြှောက်ချည်တစ်ခါ အောက်သို့နှိမ့်ချည် တစ်လှည့်မျိုဟပ်၍ ချတတ်လေသည်။ ရန်သူနှင့်တွေ့လျှင် လိပ်သည် အခွံတွင်းသို့ ဦးခေါင်းနှင့် ခြေလက်များကို သွင်းလိုက်ခြင်းဖြင့် ဘေးကင်း၍သွား၏။ ထိုအခါ သာမန် အသားစား တောတိရစ္ဆာန်တို့သည် မာကျောသော အခွံကြီးမှတစ်ပါး ကိုက်ဖဲ့ရန်နေရာ ရှာမတွေ့သည်နှင့် စိတ်ပျက်ကာ ထွက်ခွာသွားတတ်ကြသည်။ သို့သော် ကျားသစ်များ၊ တောကြောင်ကြီးများမှာမူ လိပ်ကို ပက်လက်လန်အောင်ပြုလုပ်ပြီးနောက် ဦးခေါင်းနှင့် အမြီးဝင်ရာ အပေါက်များကို စမ်းသပ်ရှာဖွေပြီးလျှင် ထိုအပေါက်တွင်းသို့ လက်သည်းရှည်ကြီးများဖြင့်နှိုက်ကာ ကော်ခြစ်ထုတ်ယူတတ်သည်။ လိပ်များမှာ ထုံထိုင်းသော သတ္တဝါများဖြစ်သည်ဟု ထင်မှတ်ရသော်လည်း မျက်စိ၊ နား အလွန်အကင်းပါးသော သတ္တဝါများဖြစ်သည်။ တီးသံ မှုတ်သံကို နှစ်ခြိုက်ကြ၏။ ဆွစ်ဇာလန်နိုင်ငံရှိ ဥယျာဉ်တစ်ခု၌ ဆရာဝန်တစ်ဦးသည် ဂရိနိုင်ငံမှ ယူလာသော လိပ်များကိုမွေးထားရာ ညနေဥယျာဉ်ထဲတွင် ဘင်ခရာတီးမှုတ်သောအချိန်၌ လိပ်များသည် ဘင်တီးသံကြားသည်နှင့်တစ်ပြိုင်နက် ဘင်တီးရာ ခြံစည်းရိုးဆီသို့ သူ့ထက်ငါဦးအောင် မြန်နိုင်သရွေ့မြန်စွာ လာရောက်ကြပြီးလျှင် လူများပွဲကြည့်သကဲ့သို့ လည်တံကြီးများကိုဆန့်တန်းကာ နားထောင်ကြပြီးနောက် ဘင်တီးပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့နေရာသို့ ပြန်ကြသည်။ ဤသို့ ယဉ်ပါးသောကြောင့်လည်း လေ့ကျင့်၍ သင်ပြထားလျှင် လူ၏လက်ထဲမှ အစာကိုပင် ယူ၍စားသောက်တတ်ကြ၏။ သားပေါက်ခြင်းနှင့် သက်တမ်း ပင်လယ်လိပ်များ၌ အထီးများသည်ရေနှင့် မခွဲခွာဘဲ နေကြသော်လည်း လိပ်မများမှာမူ သဲပေါသော ကမ်းစပ်၌ဖြစ်စေ၊ လူသူမရောက်သော ကျွန်းများ၌ဖြစ်စေ ဥများကို အုရန်လာရောက်ကြ၏။ ဤသို့လာသည့်အခါများ၌ လိပ်မသည် အလွန်လသာသောညဉ့်များကို ရွေးချယ်ပီးလျှင် ရေမှ တက်လာသည်နှင့်တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်သို့ သတိကြီးစွာဖြင့်ကြည့်ပြီးမှ ရန်သူများထွက်ပြေးစေရန် မြွေကဲ့သို့ကျယ်လောင်စွာ တွန်မြည်သည်။ ကုန်းသို့ရောက်လျှင် ဒီရေမမီသောနေရာ၊ ခြောက်သွေ့သော နေရာကို ရွေးချယ်ပြီးသော် ရှေ့လက်ပြားများဖြင့် မြေကိုတူးဆွခြင်း၊ နောက်ခြေဖြင့် ကျစ်စာများကို ယက်ထုတ်ခြင်းတို့ဖြင့် တွင်းကို အတန်နက်စွာ တူးပြီးနောက် ဥပေါင်းတစ်ရာ၊ တစ်ရာကျော်ခန့်ကိုအုသည်။ ထို့နောက် မြေကို နေသားတကျ ပြန်၍ ဖုံးထား၏။ နှစ်လခန့်အတွင်း၌ ဥများသည် နေ၏ အပူရှိန်ဖြင့်ပေါက်လာရာ ပေါက်စလိပ်ကလေးများသည် အသိုက်ဖြစ်သော တွင်းမှထွက်ခဲ့၍ သဘာဝအတိုင်း ရေသို့တဖြည်းဖြည်းတွားဆင်းကြသည်။ သို့သော် အချို့မှာ ကုန်းပေါ်တွင် သိမ်းများ၊ စင်ရော်များ၊ ကနန်းများ၊ မြွေများ၏ဘေးရန်ကြောင့် သေကြေကြ၍ ရေတွင် ငါးကြီးများ၊ မိကျောင်းများ ဝါးမျိုစားသောက်သဖြင့် ပျက်စီးကြရသည်။ ကုန်းလိပ်နှင့် ပင်လယ်လိပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင်လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင်လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ လိပ်များမှာ အလွန်အသက်ရှည်၍ နှစ်ပေါင်း ၂ဝဝ ကျော် ၃ဝဝ မျှပင် နေရသည်ဟုဆိုသည်။ အစားအစာ ကုန်းလိပ်မျိုးစဉ်အစစ်များမှာ ခြောက်သွေ့သော မြေပေါ်၌လည်းကောင်း၊ သဲစပ်သောင်ပြင်နှင့် သဲကန္တာရအစွန်အဖျားတို့၌လည်းကောင်း ကျစ်စာတွင်းကလေးများ တူးယက်ကာနေကြ၏။ သူတို့သည် နေ့အချိန်တွင် ထိုတွင်းကလေးများ၌ အောင်းကာညဉ့်အချိန်များ၌ တရွေ့ရွေ့ အစာရှာထွက်တတ်သည်။ သူတို့စားသော အစာမှာလည်း ဆူးရှိသောရှားစောင်းပင်များ၊ မြက်ခြောက်များ၊ နွယ်ပင်ကလေးများဖြစ်၏။ ရေချို၌နေသည့် လိပ်များမှာမူ တွေ့မြင်ရာ အကောင်ကလေးများကို စားသောက်တတ်၍ ထိုအစာများမှာ ခရု၊ ဖားလောင်း၊ ဖား၊ ငါးကလေးများနှင့် ပုစွန်များဖြစ်သည်။ ဟင်းသီးဟင်းရွက်သာစားသော လိပ်များလည်း ရှိသေးသည်။ မြန်မာဘုရင်များလက်ထက် မြန်မာဘုရင်များလက်ထက်က လိပ်တိုက်ပွဲဟူ၍ အပျော်အပါး ကျင်းပခဲ့ဖူးလေသည်။ ကျဉ်းမြောင်း သော ရေမြောင်းကလေးများထဲတွင် လိပ်များကို ရင်ဆိုင်ချကာ လိပ်တိုက်ပွဲများကို ရံဖန်ရံခါ ကျင်းပခဲ့ဖူးလေသည်။ မြန်မာ့လိပ်မျိုးစိတ်များ ကုန်းလိပ်များ - လိပ်ဝါ(Indotestudo elongata)၊ ကြယ်လိပ်(Geochelone platynota)၊ တောင်လိပ်ကြီး(Manouria impressa)၊ လိပ်မောင်း(Manouria emys phayrei)။ ရေချိုလိပ်များ - လိပ်ကြက်တူရွေး(Platysternon megacephalum peguense)၊ တောင်ပိုင်းသောင်လိပ်(Batagur affinis affinis)၊ မြောက်ပိုင်းသောင်လိပ်(Batagur baska)၊ တိုက်လိပ်(Batagur trivittata)၊ လိပ်ရင်ကျိုး(Cuora amboinensis lineata/ Cuora amboinensis kamaroma)၊ ကံလိပ်(Cuora mouhotii mouhotii)၊ ဖက်လိပ်(Cyclemys fusca/ Cyclemys oldhamii)၊ ဆောက်လိပ်(Morenia ocellata)၊ ရခိုင်တောင်လိပ်(Heosemys depressa)၊ သင်ပေါင်းလိပ်(Heosemys grandis)၊ နေကြာပန်းလိပ်(Heosemys spinosa)၊ လိပ်ချေးပန်း(Melanochelys trijuga edeniana)၊ ခေါင်းကျားလိပ်(Malayemys macrocephala)၊ လိပ်မည်း(Siebenrockiella crassicollis)။ ပင်လယ်လိပ်များ - လိပ်ခွေး(Caretta caretta)၊ ပြင်သာလိပ်(Chelonia mydas)၊ စောင်းလျားလိပ်(Dermochelys coriacea)၊ လိပ်စွန်/လိပ်ကြက်တူရွေး(Eretmochelys imbricata)၊ လိပ်လှောင်း(Lepidochelys olivacea)။ (မြန်မာ့လိပ်မျိုးစိတ်များအမျိုးအစားခွဲခြားခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအဖွဲ့အစည်း Turtles & Tortoises of Myanmar Facebook Group မှ ကူးယူတင်ပြသည်။) ကိုးကား တွားသွားသတ္တဝါများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%95%E1%80%BA
ကျွဲ
ကျွဲ () (Bubalus bubalis) သည် အာရှတိုက်တွင် အလွန်ပေါများသော သတ္တဝါဖြစ်ပြီး တောင်အမေရိက၊ ဥရောပတောင်ပိုင်းနှင့် အခြားဒေသများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ကျွဲသည် ungulate ခေါ် ကြီးမားပြီး ခွာတပ်ခံရသော သတ္တဝါအမျိုးအစားတွင် ပါဝင်ပြီး bovine မျိုးရင်းသေးတွင်လည်း ပါဝင်သည်။ ဩစတြေးလျ မြောက်ဘက်ပိုင်းတွင် feral ခေါ် အယဉ်မှ အရိုင်းပြန်ဖြစ်သွားသော ကျွဲများ အခြေတကျနေထိုင်နေကြပြီး အရှေ့တောင်အာရှတွင်မူ ကျွဲရိုင်းအမြောက်အမြားရှိသေးသည်။ ယဉ်ပါးသော ကျွဲအမျိုးမျိုးတို့သည် တူညီသော ဘိုးဘွားများမှ ဆင်းသက်လာကြပြီး ဘိုးစဉ်ဘောင်ဆက်တွင် အခုအခါ မျိုးတုံးပျောက်ကွယ်လုနီး ဖြစ်နေသော ကျွဲရိုင်း(wild Asian water buffalo) အပါအဝင် ဖြစ်သည်။ သူ၏ သဘာဝ ထို့ပြင် ကျွဲသည် ရွံ့ညွန်ရေကွက်တွင် လူးတတ်‌သောခြေလေးချောင်း တိရစ္ဆာန်ဖြစ်သည်။ ကျွဲသည် စားမြုံ့ပြန်နေတတ်သည်။ ကျွဲသည် နွားထက် ကိုယ်လုံးကိုယ်ထည် ထွားကြိုင်း၍ ခွန်အားဗလ ပိုမိုကြီးမားသည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် လယ်ထွန်ယက်ရာ၌ လည်းကောင်း၊ လေးလံသော သစ်လုံးကြီးများကို ဆွဲရာ၌ လည်းကောင်း ကျွဲယဉ်ကို အသုံးပြုကြသည်။ ကျွဲယဉ်များကို ခိုင်းစေလျက် ရှိနေကြပြီဖြစ်သော်လည်း အာဖရိကတိုက်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ တောနက်များတွင် ကျွဲရိုင်းအုပ်များကို ယနေ့တိုင် တွေ့မြင်ကြရသေးသည်။ အာဖရိကကျွဲရိုင်း အာဖရိကတိုက်၌ရှိသော အာဖရိကကျွဲရိုင်းတို့သည် အလွန်သန်စွမ်း ရဲရင့်ကြသဖြင့် မည်သည့်တိရစ္ဆာန်ကိုမျှ မကြောက်ရွံ့ချေ။ အာဖရိကတိုက်သို့ သွားရောက်၍ တိရစ္တာန်များကို အပျော်လိုက်လံ ပစ်ခတ်သူတို့ပင် ဤကျွဲရိုင်းများကို သေနတ်အားကိုးနှင့် မထီလေးစား မပြုလုပ်ရဲကြပေ။ ယင်းတို့ကို မြင်းပေါ်မှဖြစ်စေ၊ သစ်ပင်ထက်မှ ဖြစ်စေ၊ ပစ်ခတ်မှသာလျှင် အသက်ဘေးအတွက် စိတ်ချရသည်။ အဆိုပါ ကျွဲရိုင်းသည် တစ်ကောင်တည်းဖြစ်စေကာမူ ခြင်္သေ့ ၂ကောင် ၃ကောင်တို့နှင့် ဖက်ပြိုင်ရန်ပြုဝံ့သည်။ ထို့ကြောင့် ခြင်္သေ့တို့သည် ကျွဲရိုင်းအထီးများကို ရန်မူလေ့ မရှိကြချေ။ ကျွဲရိုင်းတို့သည် အနံ့ခံကောင်း၍ နားကင်းလည်း ပါးကြသည်။ ယင်းတို့သည် အုပ်စုဖွဲ့၍ နေတတ်ကြရာ အုပ်ထဲမှ ကွဲထွက်သွားသော ကျွဲတကောင်တလေကိုသာ ခြင်္သေ့တို့ သတ်ဖြတ် စားသောက်နိုင်ကြသည်။ ကျွဲရိုင်း၏ သားရေမှာ အလွန်ခိုင်မာသည့်အလျောက် အာဖရိကတိုင်းရင်းသား ကက်ဖာလူမျိုးတို့သည် ထိုကျွဲသားရေဖြင့် ဒိုင်းလွှားများ ပြုလုပ်ကြသည်။ အာရှကျွဲ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရှိသော ကျွဲရိုင်းများသည် အာဖရိကတိုက် တောင်ပိုင်း၌ တွေ့ရသော ကျွဲရိုင်းများကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ကျွဲသိုးကြီးများသည် ၆ ပေမျှ မြင့်၍ ဦးချိုများသည် ၆ ပေခန့်ပင်ရှည်လျားသည်။ ကျားများပင် ထိုကျွဲသိုးတို့ကို ရှောင်သွားတတ်ကြသည်။ ကျွဲယဉ်တို့သည် နွားတို့ထက် ခွန်အားပိုကြီးသည် မှန်သော်လည်း နွားတို့ကဲ့သို့ ကျိုးကျိုးနွံနွံ မရှိလှချေ။ ဝန်စည်ကို သယ်ဆောင်စေကာမူ ရေအိုင်မြင်လျှင် အတင်းဆင်းသွားတတ်သည်။ အသုံးဝင်ပုံ မြန်မာနိုင်ငံနှင့် အိန္ဒိယတို့တွင် နို့စားကျွဲမများကို မွေးမြူထားကြသည်။ မြန်မာနိုင်ငံတွင် ဗင်္ဂလားကျွဲခေါ် ချိုလိမ်ကျွဲများကို နို့စားရန်အတွက် မွေးမြူကြသည်။ ကျွဲသားရေကို ကျိုသော် ကျွဲကော်ရသည်။ ကျွဲ၏မစင်ကို မြေဩဇာအဖြစ် သုံးလေ့ရှိကြပြီး ခြောက်သွေ့သွားသောအခါတွင် လောင်စာအဖြစ်သုံးကြသည်။ ထိုင်းနိုင်ငံ ချောင်ဘူရီ (Chonburi, Thailand) နှင့် အိန္ဒိယနိုင်ငံ ကရာလာနယ် မလာဘာတောင်ပိုင်း (South Malabar Region in Kerala, India) ဒေသတို့တွင် နှစ်စဉ် ကျွဲပြိုင်ပွဲများရှိသည်။ အချို့သော ကျွဲများကို ဝန်တင်ကျွဲအဖြစ် အသုံးပြုကြသည်မှာ အထူးတပ်ဖွဲ့များပင် အပါအဝင်ဖြစ်သည်။ ကိုးကား ကျွဲ မွေးမြူရေး အရှေ့တောင်အာရှတွင် တွေ့ရသော နို့တိုက်သတ္တဝါများ အိန္ဒိယနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ မလေးရှားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ နီပေါနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ပါကစ္စတန်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ထိုင်းနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ဗီယက်နမ်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%BD%E1%80%B2
သိုး
သိုး (Ovis aries) သည် ခြေ ၄ ချောင်းရှိပြီး စားမြုံ့ပြန်တတ်သော နို့တိုက်သတ္တဝါဖြစ်သည်။ မွေးမြူရေးလုပ်ငန်းတွင် ပါဝင်သောသတ္တဝါလည်းဖြစ်သည်။ အခြားသော စားမြုံ့ပြန်သတ္တဝါများကဲ့သို့ပင် သိုးများတွင် ခွာနှစ်ခုရှိသည်။ အင်္ဂလိပ်ဘာသာစကားတွင် Sheep ကို သတ္တဝါမျိုးကွဲပေါင်းများစွာကို ရည်ညွှန်းခေါ်ဆိုလေ့ရှိသော်လည်း ပုံမှန်အားဖြင့် အိုဗစ် အေရီးစ်(Ovis aries) ခေါ် အိမ်မွေးသိုးကိုသာ အများအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည်။ အိမ်မွေးသိုးများသည် သူတို့နှင့် မျိုးစုတူသတ္တဝါများတွင် အရေအတွက်အများဆုံးဖြစ်ပြီး ကောင်ရေ ၁ ဘီလီယံကျော်မျှရှိမည်ဟု ယူဆရပြီး ဥရောပ နှင့် အာရှရှိ မိုဖလွန် (Mouflon) တောင်ဆိတ်ရိုင်း များမှ ဆင်းသက်သည်ဟု ယူဆကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် ပထမဦးဆုံးယဉ်ပါးအောင်မွေးမြူသော သတ္တဝါများတွင် အပါအဝင်ဖြစ်ပြီး၊ သိုးများ၏ အသားနှင့် သိုးမွှေး တို့သည် လူတို့အတွက်အကျိုးရှိသည်။ တိရစ္ဆာန်များမှ ရသောပစ္စည်းများတွင် သိုးမွှေးကို အကျယ်ပြန့်ဆုံး သုံးကြပြီး သိုးမွှေးကို သိုးမွှေးရိတ်ခြင်းဖြင့် ရရှိနိုင်သည်။ အင်္ဂလိပ်ဘာသာတွင် သိုးငယ်များမှ ရသော အသားကို (Lamb) ဟု ခေါ်ကြပြီး၊ သိုးကြီးများမှရသော အသားကို (Mutton) ဟုခေါ်ကြသည်။ သိုးများသည် သူတို့၏ အသားနှင့် အမွှေးများအတွက် ယနေ့တိုင် အရေးကြီးဆဲဖြစ်ပြီး၊ တစ်ခါတစ်ရံတွင် သိုးရေခွံ၊ နို့ထွက်ပစ္စည်းနှင့် သိပ္ပံဆိုင်ရာလေ့လာမှု တို့အတွက်လည်း မွေးမြူကြသည်။ သိုးရိုင်းများကိုအာရှတိုက်၊ အာဖရိကတိုက်၊ ဥရောပတိုက်နှင့်မြောက်အမေရိကတိုက်များတွင် ယနေ့တိုင် တွေ့မြင်ရသေးသည်။ သိုးရိုင်းများသည် တောင်ထူထပ်သော ကုန်းမြင့်ပိုင်းများပေါ်၌သာ နေတတ်ကြသဖြင့် မြေပြန့်တွင် မတွေ့နိုင်ချေ။ သိုးနှင့်ဆိတ်တို့သည် မျိုးချင်းအလွန် နီးစပ်ကြသဖြင့် သိုးရိုင်းအချို့တို့သည် ဆိတ်နှင့်ဆင်ဆင်တူကြ သည်။ သိုးကိုအလွယ်တကူနှင့် ယဉ်ပါးလာအောင် ပြုလုပ်နိုင်သည်ဟု ဆိုလျှင်ဆိုနိုင်သည်။ သို့ရာတွင် မည်သည့်တိုင်းပြည်ကစ၍ သိုးကိုယဉ်ပါးလာ အောင်ပြုလုပ် မွေးမြူခဲ့သည်ဟူ၍ကားမသိရချေ။ ယခုလူတို့မွေးမြူထားကြသော သိုးယဉ်များနှင့် အထက်တွင်ဖော်ပြခဲ့သော တိုင်းပြည်များ၌ တွေ့မြင်ရသည့်သိုးရိုင်းတို့မှာ ပုံပန်းသဏ္ဌာန်ခြင်းဆင်တူကြသည် ဟုမဆိုသာချေ။ ပုံစံဆိုလျှင် သိုးရိုင်းများတွင် ဦးချိုများထွက်လျက်ရှိကြသော်လည်း သိုးယဉ်များ၌ ဦးချို မပါသော သိုးမျိုးများစွာရှိလေသည်။ သိုးရိုင်းများတွင် အမွှေးကြမ်းရှိ၍ သိုးယဉ်တို့၌မူ သိုးမွှေးခေါ်အမွှေးနုများရှိကြသည်။ လူတို့သည် စာမရေးတတ်မီ ခေတ်မှစ၍ သိုးမွှေးဖြင့် ခြည်ငင်၍ အထည်အဝတ်များ ရက်လုပ် ခဲ့ကြသည်ကို ထောက်ရှုသောအားဖြင့် သိုးသည် လူတို့ ပထမဆုံးယဉ်ပါးလာအောင် ပြုလုပ်မွေးမြူကြသောတိရစ္ဆာန်ပင် ဖြစ်ဟန်တူသည်။ မည်သို့ပင်ဖြစ်စေ အမွှေးကြမ်းများသာရှိသော သိုးရိုင်းများကို အသုံးကျသော သိုးမွှေးနုများရှိသည့် သိုးယဉ်များ ဖြစ်လာစေရန် နှစ်ရာပေါင်းများစွာ လူတို့ပြုပြင် မွေးမြူလာခဲ့သည်ကိုကား ယုံမှားဖွယ်ရာ မရှိချေ။ ယနေ့ မြင်တွေ့နေရသော သိုးမွှေးအထွက်ကောင်းသည်ဆိုသော သိုးတစ်ကောင်မှ ရရှိသော သိုးမွှေးချိန်သည် လွန်ခဲ့သောအနှစ် ၅ဝ ကသိုးတစ်ကောင်မှထွက်သည့် သိုးမွှေးချိန်ထက် သုံးပုံတစ်ပုံမျှ ပိုကြောင်း သိရ၏။ ရောမစစ်သူကြီးဂျူးလယပ်ဆီဇာ အင်္ဂလန်နိုင်ငံသို့ သွားရောက်ချိန်တွင် အင်္ဂလန်ပြည်သားတို့သည် သိုးကို မွေးမြူလျက်ရှိကြပြီးဖြစ်၍ ရောမလူမျိုးများသည် ထိုတိုင်းပြည်၌ သိုးမွှေးရက်သည့်လုပ်ငန်း ကို စတင်တည်ထောင်ပေးခဲ့ကြသည်။ ထိုခေတ်အခါမှစ၍ ယနေ့ထက်တိုင် အင်္ဂလန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှု တစ်ရပ်သည် သိုးမွေးမြူခြင်းနှင့် သိုးမွှေးရက်လုပ်ခြင်းလုပ်ငန်းများတွင် တည်လျက်ရှိပေသည်။ အင်္ဂလန်နိုင်ငံ၏သမိုင်းသည် စင်စစ်အားဖြင့် သိုးမွှေးလုပ်ငန်းစဉ်သမိုင်းမျှဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ထိုကဲ့သို့ အင်္ဂလန်နိုင်ငံ၏ သမိုင်းတွင် သိုးမွှေးလုပ်ငန်းသည် အလွန်အရေးပါအရာရောက်သော အချက်တစ်ရပ် ဖြစ်သည့်အလျောက် ပါလီမန် အထက်လွှတ်တော် ဥက္ကဋ္ဌသည် သိုးမွှေးထိုင်ဖုံပေါ်တွင် ထိုင်လေ့ရှိသည့် ထုံးတမ်းစဉ်လာမှာ ယခုထက်တိုင် တည်လျက်ရှိနေလေသည်။ အမွှေးတိုသိုးမျိုးများတွင် ဆောက်ဒေါင်းသိုးမျိုးနှင့် ရှယော့ရှိုင်ယာသိုးမျိုးတို့သည် အသားအတွက်ထင်ရှားသည်။ ကျန်သိုးများမှာ ဟမ္ပရှိုင်ယာ၊ ဆပ်ဖိုနှင့်ဒေါဆက်ဟွန်းတို့ဖြစ်ကြ၍ ဒေါဆက် ဟွန်းသိုးမျိုးတွင် အထီးနှင့်အမ နှစ်မျိုးစလုံး၌ ဦးချိုများပါရှိသည်။ တောင်ကုန်းဒေသများတွင် ချဲဗီယော့ မျိုး၊ စကော့တစ်ဗလက်ဖေ့မျိုး၊ အက်စမိုးမျိုးနှင့် ဒတ်မိုးမျိုးတို့ကို မွေးမြူကြသည်။ ဝေလသိုးမျိုးမှာ အသားအတွက်ထင်ရှားသည်။ အင်္ဂလိပ်လူမျိုးတို့သည် သိုးမျိုးကောင်းများကို နှစ်ပေါင်းရှည် ကြာစွာမွေး မြူခဲ့ကြသည်ဖြစ်ရာ အင်္ဂလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သိုးမွှေးထည်အကောင်းဆုံး ရက်လုပ်နိုင်သော တိုင်းပြည်ဖြစ်သည်။ သိုးမွေးမြူသည့် လုပ်ငန်းကြီးကျယ် ထွန်းကားလျက် ရှိသောတိုင်းနိုင်ငံတို့မှာ ဩစတြေးလီးယား၊ နယူးဇီလန်၊ အာဂျင်တီးနား၊ အူရူဂွေး၊ ဗြိတိသျှကျွန်းစုနှင့်အမေရိကန် ပြည်ထောင်စုတို့ဖြစ်သည်။ ထိုတိုင်းနိုင်ငံများအနက် ဩစတြေးလီးယားနှင့်နယူးဇီလန်နိုင်ငံများသည် ယခုအချိန်တွင် ကမ္ဘာပေါ်၌သိုးမွှေးအများဆုံးထွက်သော တိုင်းပြည်များဖြစ်ကြ သည်။ ဩစတြေးလီးယားနိုင်ငံသည် အထူးသဖြင့် သိုး မွေးမြူရေးအတွက် သင့်တော်သည့် တိုင်းပြည်ဖြစ်ရာ သိုးမွေးမြူသည့် ဌာနတစ်ခုလျှင်မြေဧကပေါင်း ၁ဝဝဝဝဝ မျှပင် ကျယ်ဝန်းလေသည်။ ဩစတြေးလီးယားနိုင်ငံသည် သဘာဝအလျောက်သိုးစားကျက်ကြီး သဖွယ်ဖြစ်နေသည့်အပြင် ရာသီဥတုအခြေအနေမှာလည်း သိုးများအတွက် သင့်လျော်သဖြင့် ထိုတိုင်းပြည်တွင် ကောက်ပဲသီးနှံစိုက်ပျိုးရေးထက် သိုး မွေးမြူရေးက ပို၍အကျိုးဖြစ်ထွန်းပေသည်။ သိုးများသည် အအုပ်အသင်းဖွဲ့ကာ နေတတ်ကြ၍ ခေါင်းဆောင် သိုး ရှေ့ဆောင်ရာသို့သာ စုပြုံလျက် လိုက်တတ် လေသည်။ ရှေ့ဆောင်လမ်းပြသည့် သိုးမှာအသက်အရွယ် ကြီးရင့်သော သိုးထီးဖြစ်သည်။ သိုးသည် အလွန် ကြောက်အားပိုတတ်သော သတ္တဝါဖြစ်သဖြင့် ရန်သူနှင့် ရင်ဆိုင်မိလျှင်ရှောင်ဖယ်ပြေးတတ်၏။ သို့သော် မလွှဲမရှောင်သာသည့် အခါမျိုးနှင့်ကြုံလျှင် သိုးထီး များသာမက သိုးမများကပါ ရန်သူကိုခုခံတွန်းလှန်ပစ်ကြသည်။ တစ်ခါတစ်ရံမပြေးသာသည့်အခါ ရန်သူနှင့်တွေ့လျှင် တစ်ကောင်နှင့်တစ်ကောင်တိုးဝှေ့ကာစု၍ နေလေ့ရှိကြသည်။ သိုးများတစ်နေရာမှတစ်နေရာသို့သွားကြသည့် အခါ၌လည်းကောင်း၊ တစ်ကောင်ချင်း မဟုတ်ဘဲ အချင်းချင်း တိုးဝှေ့လျင် ခြေများရှုပ်ရှက်ခတ်မျှ ပူးတွဲ၍သွားလာတတ် ကြသည်။ သိုးများတွင် ယင်းကဲ့သို့အချင်းချင်းတိုးဝှေ့ပူးတွဲကာ နေတတ်သော အလေ့အထမျိုးရှိတတ်သဖြင့် သားရဲတိရစ္ဆာန် များသတ်ဖြတ်ကိုက်ဖြတ်စားရန် လွယ်ကူလေသည်။ ထို့ကြောင့်သာလျှင် ရှေးအခါမှစ၍ သိုးထိန်းသမား တို့သည် သူတို့၏သိုးစုကို ထိန်းကျောင်းရသည့်တာဝန်မှာ အလွန်ကြီးလေးလှပေ၏။ အဘက်ဘက်တွင်တိုး တက်လျက်ရှိသော ဤခေတ်၌ပင် သိုးထိန်းသမားတို့သည် တောသားရဲတို့၏ ရန်မှသော်လည်းကောင်း၊ သိုးသူခိုး များ၏အန္တရာယ်မှ သော်လည်းကောင်း၊ ကာကွယ်စောင့်ရှောက် ပေးရလေသည်။ ခွေးများသည် သိုးထိန်းသမားတို့၏ အားကိုး လောက်သောကူဖော်လောင်ဖက်များဖြစ်ကြသည်။ သိုးထိန်း သမားတို့သည် သိုးများကို ဂရုတစိုက်မွေးမြူကြသကဲ့သို့ သိုးစောင့်ခွေးမျိုးကိုလည်း လက်သပ်မွေးထားကြသည်။ သိုးများတွင်တစ်ကြိမ်လျှင်သားတစ်ကောင်၊ သို့မဟုတ် နှစ်ကောင်ကျစီပေါက်ဖွားတတ်ကြသည်။ သိုးကလေးများသည် ပေါက်ဖွား၍မကြာမီအတွင်း မိခင်နောက်သို့ တကောက်ကောက် လိုက်နေတတ်၏။ ဥရောပတိုက်တွင်ကော်စီကားနှင့် ဆာဒင်းနီးယားကျွန်းများ၌ မိုဖလွန်ခေါ်သိုးရိုင်းမျိုးကို တွေ့ရှိရသည်။ အာဖရိကတိုက်မြောက်ပိုင်း အက်တလပ်တောင်များတွင် ဦးဒတ်ခေါ်သိုးမျိုးများရှိသည်။ ထိုဦးဒတ်သိုးမျိုးမှာ အကောင်ကြီး၍ ဆိတ်နှင့်ဆင်ဆင်တူသည်။ ရင်အုပ်နှင့်ရှေ့လက်နှစ်ဘက်တွင် အမွှေးရှည်များရှိ၍ ဦးချို များမှာဆိတ်ချိုနှင့်ဆင်သည်။ တိဗက်နိုင်ငံတွင်ရှိသော အာဂလီ သိုးမျိုး၌ ချိုကားကြီးများရှိသည်။ သိုးရိုင်းများတွင် မာကိုပိုလိုသိုးမျိုးသည် အကောင်အထည်အကြီးဆုံးသိုး မျိုးဖြစ်၍ မြေပြင်အမြင့် ပေပေါင်း ၁၆ဝဝဝမျှရှိသော ပါမီယာကုန်းမြင့်ပေါ်၌ တွေ့ရှိရသည်။ ဤသိုးမျိုး တွင်အောက်သို့ ကုပ်ကျလျက် အပြင်ဘက်သို့ အဖျားကွေးလန်နေသော ဦးချိုကြီးများရှိသည်။ မြောက်အ မေရိကတိုက်တွင် ရော့ကီးတောင်ပေါ်ရှိ သိုးရိုင်းများမှာ ထင်ရှားသည်။ အာရှတိုက်နှင့်အာဖရိကတိုက်တို့တွင် အမြီး၌ အဆီဘူးများပါသော သိုးများရှိရာ ထိုအဆီကိုလူတို့ စားသုံးကြ သည်။ ထို့အပြင် အာရှတိုက်တွင်ရှိသော အက်စထရာခန်သိုးနှင့် ကရာကူသိုးတို့၏မွေးပြီးစ သိုးငယ်များမှ အလွန်နု၍အထက်သို့ လိမ်တွန့်နေသော သိုးမွှေးအကောင်းစားကိုရရှိလေသည်။ ထို သိုးမွှေးမျိုးမှာ ရတောင့်ရခဲသဖြင့် အလွန်အဖိုးထိုက်တန်သည်။ ကိုးကား ခွာစုံပါသော တိရစ္ဆာန်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%AF%E1%80%B8
ဝက်ဝံ
ဝက်ဝံ (မျိုးရင်း Ursidae) သည် နို့တိုက်သတ္တဝါဖြစ်ပြီး Carnivora မျိုးစစ်တွင် ပါဝင်သည်။ ဝက်ဝံများကို ခွေးနှင့်တူသော အသားစားသတ္တဝါ (caniforms) အဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ပြီး ပင်နီပက်ဒ် (pinnipeds) အမျိုးအစား ပင်လယ်ဖျံများသည် သူတို့နှင့် အနီးစပ်ဆုံးဆင်တူသော သတ္တဝါဖြစ်သည်။ ဝက်ဝံအမျိုးကွဲပေါင်း ၈ မျိုးမျှသာရှိသော်လည်း နေရာအနှံ့အပြားတွင် နေထိုင်ကြပြီး မြောက်ဘက်ကမ္ဘာခြမ်းရှိ နေရာဒေသအနှံ့အပြားနှင့် တောင်ဘက်ကမ္ဘာခြမ်းရှိ အချို့နေရာတို့တွင် တွေ့ရသည်။ ဝက်ဝံနှင့်သက်ဆိုင်သော အရာများကို အင်္ဂလိပ်ဘာသာတွင် ursine ဟုခေါ်သည်။ ဝက်ဝံများကို မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ ဥရောပတိုက် နှင့် အာရှတိုက်တို့တွင်တွေ့ရသည်။ ဝက်ဝံ၏ ထင်ရှားသော လက္ခဏာများမှာ ကြီးမားသော ခန္ဓာကိုယ်နှင့် တုတ်ခိုင်သော ခြေထောက်များ၊ ရှေ့သို့ချွန်ထွက်နေသော နှာခေါင်း၊ စုတ်ဖွားနေသော အမွှေးများ၊ မတ်တပ်ရပ်၍ လမ်းလျှောက်နိုင်သော ခြေချောင်းများနှင့် အတွင်းသို့ ကုတ်မသွင်းနိုင်သော ခြေသည်းများ၊ တိုသောအမြီးတို့ဖြစ်သည်။ ဝင်ရိုးစွန်းဝက်ဝံ သို့မဟုတ် ပိုလာဘဲ များမှာ အသားကို အဓိကစားသော သတ္တဝါများဖြစ်သော်လည်း ပန်ဒါဝက်ဝံကြီးများမှာ ဝါးပင်ကိုသာ အဓိကစားသုံးကြသည်။ အခြားသော အမျိုးကွဲ ၈ မျိုးမှာ အစုံစားသတ္တဝါများဖြစ်ပြီး အပင်များနှင့် တိရစ္ဆာန်များပါဝင်ပြီး အလွန်ပင်ကွဲပြားခြားနားသော အစားအစာများကို စားသုံးကြသည်။ မိတ်လိုက်နေသော ဝက်ဝံများနှင့် ကလေးငယ်ရှိသော မိခင်ဝက်ဝံများမှ လွဲ၍ ဝက်ဝံများမှာ တကောင်တည်းနေထိုင်တတ်သော သတ္တဝါများဖြစ်သည်။ ဝက်ဝံများသည် တစ်ခါတစ်ရံတွင် diurnal ခေါ် ညအိပ်နေ့စား အလေ့အကျင့်ရှိသော်လည်း ပုံမှန်အားဖြင့် ညဖက် သို့ မလင်းတလင်းအချိန်တွင် သွားလာလှုပ်ရှားတတ်သည်။ ဝက်ဝံများသည် ခန္ဓာကိုယ်ကြီးမားပြီး ကိုးရိုးကားယား သွားလာတတ်သော်လည်း သူတို့၏ အလွန်အနံ့ခံကောင်းခြင်း က အထောက်အကူပေးသည်။ သူတို့သည် အလွန်အပြေးမြန်ပြီး အတက်အဆင်းပြုခြင်းနှင့် ရေကူးခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဝက်ဝံများသည် ဂူများ နှင့် မြေတွင်းများကို သူတို့၏ နေထိုင်စရာအဖြစ် သုံးလေ့ရှိပြီး ဆောင်းတွင်းအခါတွင် ဆောင်းခိုခြင်း (hibernation)နှင့် တူသော ကာလကြာရှည်အိပ်စက်ခြင်း ကို ထိုနေရာများတွင် ပြုတတ်ကြသည်။ ဝက်ဝံများသည် သူတို့၏ အသားနှင့် အရေခွံအတွက် သမိုင်းမတင်မီအချိန်ကာလကပင် အမဲလိုက်ခြင်းခံခဲ့ရသည်။ ယနေ့တိုင်အောင်ပင် သူတို့သည် အနုပညာ၊ ဒဏ္ဍာရီနှင့် လူ့အဖွဲ့အစည်း၏ အခြားသောယဉ်ကျေးမှု ဆိုင်ရာနေရာများတွင် အထင်ကရနေရာတွင် ရှိနေဆဲပင်ဖြစ်သည်။ ခေတ်သစ်အချိန်ကာလများတွင် ဝက်ဝံတို့၏ နေထိုင်ကျက်စားရာ နေရာများ ပျောက်ကွယ်မှုနှင့် အာရှရှိ ဝက်ဝံသည်းခြေဈေးကွက်အပါအဝင် ဝက်ဝံနှင့် ဝက်ဝံမှရသော ပစ္စည်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တို့ကြောင့် ဝက်ဝံတို့ ဆက်လက်ရှင်သန်နေထိုင်ရန် ခြိမ်းခြောက်ခြင်း ခံနေရပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမ္မဂ္ဂမှ ဝက်ဝံမျိုးစိတ် ၆ မျိုးကို မျိုးတုံးပျောက်ကွယ်ရန် စိုးရိမ်ရသည်ဟု သတ်မှတ်ထားသော်လည်း စိုးရိမ်မှုအနည်းဆုံးအဆင့် သတ်မှတ်ထားသော ဝက်ဝံညိုများသည်ပင်လျှင် အချို့နိုင်ငံများတွင် ဒေသအလိုက် မျိုးတုံးပျောက်ကွယ်မှုအတွက် အန္တရာယ်ရှိနေပြီဖြစ်သည်။ ထိုသို့ခြိမ်းခြောက်ခံနေရသော ဝက်ဝံများအတွက် တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာတွင် ရောင်းဝယ်ဖောက်ကားမှု တို့ကို ပိတ်ပင်ထားသော်လည်း ပြုလုပ်နေကြဆဲပင်ဖြစ်သည်။ ဝက်ဝံမျိုးကွဲများ ဝက်ဝံညို အမေရိကန် ဝက်ဝံနက် အာရှ ဝက်ဝံနက် ပန်ဒါဝက်ဝံကြီး ဝင်ရိုးစွန်းဝက်ဝံ ပျားဖွတ်ဝက်ဝံ ဥရောပ၊ အာရှနှင့် မြောက်အမေရိကတိုက်များတွင်သာမက မြောက်အာဖရိကတိုက်ရှိ အချို့ဒေသများ၌လည်း ဝက်ဝံသည် ပျံ့နှံ့လျက်ရှိ၏။ တောင်အမေရိကတိုက်တွင်မူ ဝက်ဝံမျိုးတစ်မျိုးတည်းသာ ရှိသည်ကို တွေ့ရသည်။ သဘာဝအားဖြင့် ဝက်ဝံသည် ကြောက်တတ်၍ သဘောကောင်းပြီးလျှင် ရန်မမူတတ်ချေ။ လူကိုစားလိုသဖြင့် တိုက်ခိုက်ရန်ဝေးစွ၊ ဝက်ဝံသည် လူကိုရှောင်နိုင်သမျှ ရှောင်ကြဉ်လေ့ရှိသည်။ ထိုသို့ပြုလုပ်သည်မှာ သူရဲဘောနည်း၍ကားမဟုတ်၊ လိုအပ်လျှင် သူ့ကိုယ်ကိုသူ ကာကွယ်ရာ၌ ကြမ်းကြုတ်စွာပင် တိုက်ခိုက်တက်လေသည်။ အမြင်အားဖြင့် ဝက်ဝံသည် အချိုးအစားမကျချေ။ ကျောကုန်း၏ အလယ်သည် ဝက်ဝံ၏ တစ်ကိုယ်လုံးတွင် အမြင့်ဆုံးအစိတ်အပိုင်းဖြစ်သည်။ လည်တံတို၍ ဦးခေါင်းလုံးပြီးလျှင် နှာတံချွန်၏။ မျက်စိများမှာလည်း သေးငယ်ကြလေသည်။ ဝက်ဝံ၌ ခိုင်ခံသည့် ခြေထောက်များရှိရာ လမ်းလျှောက်ရာတွင် ခြေပြားချ၍လျှောက်သည်။ ဝင်ရိုးစွန်းဒေသရှိ ဝက်ဝံမျိုးမှအပ အခြားဝက်ဝံမျိုးများတွင် ခြေဖဝါးများ၌ အမွေးများမရှိကြချေ။ ဝင်ရိုးစွန်းဒေသရှိ ဝက်ဝံမျိုးတွင်မူ ရေခဲပြင်များပေါ်၌ လမ်းလျှောက်သောအခါ မချောစေရန် ခြေဖဝါးများ၌ အမွှေးများရှိသည်။ ခြေထောက်လေးဖက်၌ ခြေချောင်းကလေး ငါးချောင်းစီရှိရာ ယင်းတို့၌ သန်မာသည့် ခြေသည်းများ ရှိကြလေသည်။ ကြောင်၌လည်း ခြေချောင်းများတွင် ခြေသည်းများရှိပြီးလျှင် ယင်းတို့ကို မလိုသည့်အခါများ၌ ဝှက်ထားနိုင်လေသည်။ ဝက်ဝံတွင်မူရှိသည့် ခြေသည်းများကို ဝှက်မထားနိုင်ချေ။ ဝက်ဝံ၏အမွှေးများသည် ရှည်၍ ကြမ်းတမ်းကြ၏။ ထိုအမွှေးများကို နှစ်တိုင်း လဲလှယ်လေသည်။ ဝက်ဝံ၌ အမြီးရှိသော်လည်း ထိုအမြီးသည် လွန်စွာတို၏။ ဝက်ဝံသည် ဥဿုံစားကောင် ဖြစ်သည့်အတိုင်း ယင်း၏ သွားများသည်လည်း အလိုက်သင့်ရှိနေကြလေသည်။ ဝက်ဝံသည် လမ်းလျှောက်ရာ၌ မလျှောက်ချင် လျှောက်ချင်ဖြင့် ခြေနှစ်ချောင်းလုံးကို တစ်ပြိုင်တည်းမကာ လျှောက်လေ့ရှိသည်။ သို့သော် အရေးကြုံလာသောအခါတွင် အလျှင်အမြန်ဆုံးပြေးနိုင်သော လူတစ်ယောက်ကိုပင် မှီအောင်လိုက်နိုင်ရုံမက မြင်းတစ်ကောင်ကိုပင် မိနစ်အနည်းငယ်အတွင်း၌ မှီအောင်ပြေးနိုင်လေသည်။ ရန်သူကို တိုက်ခိုက်ရာ၌ ဝက်ဝံသည် များသောအားဖြင့် ပတက်ရပ်ပြီးလျှင် ရှေ့ခြေနှစ်ချောင်းနှင့် သွားများကို အသုံးပြုလေ့ရှိသည်။ ဝက်ဝံသည် အနံ့နှင့် အကြားတွင် သန်သော်လည်း ရှိသည့်မျက်စိများသည် သေးငယ်သဖြင့် ကောင်းမွန်စွာမမြင်နိုင်ချေ။ ဝက်ဝံအများအပြားသည် ယင်းတို့၌ရှိသော အမွှေးကြမ်းရှည်ကြီးများကြောင့် ယင်းတို့၏ ကိုယ်ထည်များသည် အမှန်ရှိသည်ထက် ပို၍ကြီးနေပုံရသည်။ ယင်းတို့၏ အရေပြားများသည်လည်း တင်းတင်းကျပ်ကျပ် မရှိချေ။ ဝက်ဝံမျိုး အမြောက်အမြားရှိသည့်အနက် အကြီးဆုံးဝက်ဝံမျိုးတွင် ဆယ်ပေကျော်သည်အထိ ကြီးနိုင်သည့်အပြင် ပေါင် ၁၅ဝဝ အထိ လေးနိုင်ပေသည်။ ဝက်ဝံတွင် ခြေသည်းရှည်ကြီးများရှိခြင်းကြောင့် တွင်းတူးခြင်း၊ သစ်ပင်တက်ခြင်းနှင့် မညီ ညာသော ကျောက်တောင်များပေါ်တွင် သွားလာခြင်းများကိုပြုလုပ်နိုင်သည်။ တိရစ္ဆာန်ရုံများရှိ ဝက်ဝံများသည် ဆောင်းခိုလေ့မရှိကြချေ။ သို့သော် ဝက်ဝံရိုင်းများကား နွေးသောဒေသများ၌ပင် အစာသာ တစ်နှစ်ပတ်လုံးပေါများလျှင် တစ်နှစ်တွင် နှစ်လမှ ခြောက်လတိုင်အောင် ဆောင်းခိုလေ့ရှိကြသည်။ ဆောင်းရာသီ နီးလာသောအခါတွင် ဝက်ဝံသည် ဆောင်းတွင်း၌ နေထိုင်ရန်သင့်လျော်မည့်နေရာကို ရွေးချယ်လေတော့သည်။ တစ်ခါတစ်ရံတွင် လဲနေသော သစ်ပင်ရင်းရှိ အမြစ်များ၏ အောက်ဘက်တွင်းကို ရွေးချယ်၍ တစ်ခါတစ်ရံတွင် သစ်ပင်ရှိအခေါင်းကို ရွေးချယ်တတ်သည်။ တစ်ခါတစ်ရံတွင်မူ သင့်လျော်မည့်နေရာတစ်ခုကို ရွေးချယ်ပြီးလျှင် တွင်းတူးလေ့ရှိသည်။ တွင်းတူးပြီးသောအခါတွင် အတွင်းသို့ဝင်ပြီးလျှင် ကိုယ်ကို သစ်ရွက်များ၊ မြက်များ သို့မဟုတ် မြေမှုန့်များဖြင့်ဖုံး၍ နေလေ့ရှိ၍ အသက်ရှူနိုင်ရန်အပေါက်သာ ချန်ထားလေ့ရှိသည်။ ထိုသို့နေသောအခါတွင် အစဉ်သဖြင့်ကား အိပ်၍မနေချေ။ အစာနှင့် ရေကိုသာ လုံးဝရှောင်ကြဉ်၍ နေလေသည်။ ထိုသို့ ငြိမ်သက်စွာနေစဉ်အတွင်း ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလ၌ ဝက်ဝံမသည် သားငယ်များကိုမွေးဖွားလေ့ရှိသည်။ ဝက်ဝံကလေးများကိုမွေးဖွားရာတွင် များသောအားဖြင့် နှစ်ကောင်သာ မွေးလေ့ရှိသည်။ မွေးစဝက်ဝံကလေးများသည် သေးငယ်ကြပြီးလျှင် ဝက်ဝံကြီးများနှင့် လုံးဝ မတူကြချေ။ အမွှေးများမှာလည်း မရှိသလောက်ဖြစ်၍ မိခင်ဖြစ်သော ဝက်ဝံမကြီး၏ အပြုအစု အစောင့်အရှောက်ကို လအတော်ကြာသည် အထိခံယူကြရသည်။ မိခင်ဖြစ်သော ဝက်ဝံမကလည်း သားငယ်များအား အသက်ကို ပဓာနမထားဘဲ ပြုစုစောင့်ရှောက်ပေးလေသည်။ ဝက်ဝံကို သားစားကောင်ဟု ခွဲခြားသတ်မှတ်လေ့ ရှိသော်လည်း ဝက်ဝံအများအပြားသည် ဟင်းရွက်ဟင်းသီးများကို များသောအားဖြင့် စား၍ နေလေ့ရှိကြသည်။ ဝက်ဝံသည် ပျားရည်ကို လွန်စွာကြိုက်နှစ်သက် လေသည်။ ခြများနှင့် ပရွက်ဆိတ် များကိုလည်းကြိုက်နှစ်သက်ကြသည်။ ဝက်ဝံသည် အမှန်အားဖြင့် ဥဿုံစားကောင် ဖြစ်သည့်အတိုင်း မြက်၊ ကောက်နှံ၊ သစ်မြစ်၊ ခွံမာသီး၊ သစ်သီး၊ ဗယ်ရီသီး၊ ပိုးကောင်၊ ဖား၊ မြွေ၊ ကြွက်၊ ခရု၊ ပက်ကျိ၊ ကြက်ဥ၊ ငှက်ဥ၊ ငါးနှင့် ငှက်များကို စားသောက်လေသည်။ ထို့ ပြင်ဖမ်း၍ရသမျှနှင့် ကောင်းမွန်သေးသော ရသမျှသားကောင် အသေးများကိုလည်း စားသောက်လေသည်။ မြောက်အမေရိကတိုက်တွင် တွေ့ရသော ဝက်ဝံမျိုးများအနက် ဝက်ဝံမည်းသည် ဝက်ဝံမျိုးတွင် အတွေ့ရအများဆုံးအမျိုးဖြစ်သည်။ တိရစ္ဆာန်ရုံများတွင် ထိုဝက်ဝံမျိုးကိုထားလေ့ရှိကြသည်။ ဘေးအန္တရာယ်မကင်းဟု ဆိုကြသော်လည်း လူတို့သည် ထိုဝက်ဝံမည်းမျိုးကလေးများကို ချစ်စနိုးတိရစ္ဆာန်အဖြစ် မွေးမြူလေ့ရှိကြသည်။ ထိုဝက်ဝံမျိုးသည် ကတတ်၊ ကင်းမြီးကောက်ထောင်တတ် ၊ ဖင်ချ၍ထိုင်တတ်ရုံမက လူကဲ့သို့ လက်များကို ဆန့်တန်းကာ အစာကို တောင်းတက်လေသည်။ ဆောင်းရာသီ၌ ဝက်ဝံမည်း၏ အမွှေးများသည် အကောင်းဆုံးဖြစ်သည်။ ဘေးဖြစ်စေနိုင်မည့် အသံနှင့်အနံ့ကို ကြားရရုံမျှနှင့် ဝက်ဝံမည်းကို မတွေ့နိုင်တော့ချေ။ တောကျွမ်းကျင်သည့် မုဆိုးသည်ပင် ဝက်ဝံမည်းမျိုးကို ရိုင်ဖယ်သေနတ်နှင့် ပစ်နိုင်အောင် ရှာရန်ခဲယဉ်းလေသည်။ ဝက်ဝံမည်းသည် ပေါင် ၅ဝဝ နှင့် ပေါင် ၅ဝဝ ကျော်အထိ ကြီးနိုင်သော်လည်း များသောအားဖြင့် ထိုမျှမကြီးချေ။ ဂရစ်ဇလီ ဝက်ဝံခေါ် မွဲပြာရောင်ရှိသည့် ဝက်ဝံမျိုးကိုလည်း မြောက်အမေရိကတိုက်တွင် တွေ့နိုင်သေးသည်။ ထိုဝက်ဝံမျိုးသည် အထက်ဖော်ပြပါ ဝက်ဝံမည်းခန့်သာကြီးလေ့ရှိသည်။ သို့သော် ဆယ်ပေ အထိကြီးသော ဂရစ်ဇလီဝက်ဝံမျိုးကို တွေ့ရပြီးလျှင် ထိုဝက်ဝံသည် ပေါင်ပေါင်း ၁၅ဝဝ အထိပင်လေးသည်ကိုတွေ့ရလေသည်။ ထိုဝက်ဝံကြီးသည် မြင်းကလေးများနှင့် ကျွဲနွားများကိုပင် သယ်ဆောင်သွားနိုင်လေသည်။ အမေရိကန်နိုင်ငံရှိ အင်ဒီးယန်းခေါ် တိုင်းရင်းသားများသည် ထိုဝက်ဝံမျိုးကို လွန်စွာကြောက်ရွံကြလေသည်။ ထိုဝက်ဝံမျိုးသည် ဝက်ဝံမည်းမျိုးထက်ပို၍ ဉာဏ်ရှိပြီးလျှင် ဒဏ်ရာရသောအခါ၌ဖြစ်စေ၊ အကျဉ်းအကြပ်တွေ့သောအခါ၌ဖြစ်စေ လွန်စွာကြောက်မက်ဖွယ်ကောင်းလေသည်။ အလာစကာဝက်ဝံညိုမျိုးကို အလာစကာ ကျွန်းဆွယ်တွင်သာတွေ့ နိုင်သည်။ ထိုဝက်ဝံမျိုးသည် ဝက်ဝံမျိုးတွင်သာ အကြီးဆုံးမဟုတ်သေး၊ ကုန်းပေါ်ရှိ သားစားတိရစ္ဆာန်များတွင်လည်း အကြီးဆုံး ဖြစ်သည်။ ထိုဝက်ဝံမျိုးရှိကြောင်းကို ၁၈၉၈ ခုနှစ်မတိုင်မီကမသိခဲ့ကြချေ။ ထိုဝက်ဝံမျိုးသည် လူကို ကြောက်တတ်ပြီးလျှင် ဝေးရာသို့ ရှောင်သွားတတ်သည်။ သို့သော် ဒဏ်ရာရလျှင်ဖြစ်စေ၊ လူနှင့်နီးနီးကပ်ကပ်တွေ့ရသောအခါမျိုးတွင်ဖြစ်စေ၊ လူကို ပြင်းထန်စွာ တိုက်ခိုက်တတ်လေသည်။ ထိုဝက်ဝံမျိုးသည် တိရစ္ဆာန်ငယ်ကလေးများနှင့် ကြွက်များကို ရှာဖွေခြင်းဖြင့် အချိန်ကုန်လွန်စေတတ်သည်။ ကြွက်များကို ယင်းတို့၏ တွင်းများကို တူး၍ဖမ်းယူလေ့ရှိသည်။ ငါးများအုရန် မြစ်အတွင်းမှတက်လာကြသောအခါ ငါးများကိုဖမ်း၍ စားသောက်သည်။ နွေရာသီအလယ်နှင့် ဆောင်းကူးရာသီအတွင်း၌မူ ကျွဲ၊ နွားများကဲ့သို့ မြက်များကိုစားသောက်လေသည်။ အာရှတိုက်တွင် အီရန်နိုင်ငံမှ ဂျပန်ကျွန်းများအထိ ဟိမဝန္တာ ဝက်ဝံမျိုးကို တွေ့နိုင်လေသည်။ ထိုဝက်ဝံမျိုးသည် အရွယ်၊ အရောင်နှင့် အလေ့အကျင့်များတွင် ဝက်ဝံမည်းမျိုးနှင့် တူလေသည်။ ဥရောပတိုက်ရှိ ဝက်ဝံညိုမျိုးသည် ဂရစ်ဇလီဝက်ဝံမျိုးနှင့်တူ၍ ဝက်ဝံမည်းမျိုးထက်ပို၍ကြီးသည်။ ထို့ပြင် ထိုဝက်ဝံမျိုးသည် လူအဖို့ အခြားဝက်ဝံမျိုးများထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။ သို့သော် ထိုဝက်ဝံမျိုးသည် အမျက်ထွက်သောအခါမျိုးနှင့် လွန်စွာဆာလောင်မွတ်သိပ်နေသောအခါမျိုးတို့တွင်သာ လူကိုရန်မူတက်လေသည်။ ထိုဝက်ဝံမျိုးသည် နွားတစ်ကောင်ကိုသတ်ပြီးလျှင် လက်နှစ်ဖက်ဖြင့်ကိုင်ကာ ချောင်းငယ်တစ်ခုကို ဖြတ်ကျော်၍သွားနိုင်သဖြင့် ယင်း၏အင်အားသည် မယုံကြည်နိုင်လောက်အောင်ပင်ကြီးမားလေသည်။ ထို့ပြင် တွင်းတစ်တွင်းမှပေါင် ၆ဝဝ လေးသော သမင်တစ်ကောင်ကို ပေပေါင်းသုံးလေးထောင်ခန့်ဝေးသည်အထိ ဆွဲသွားနိုင်သည်ကိုလည်း တွေ့ရလေသည်။ မလ္လာယုကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယကျွန်းစုများအနက် ကျွန်းကြီးများတွင် တွေ့ရသောဝက်ဝံမျိုးကို မလ္လာယုဝက်ဝံမျိုး၊ သို့မဟုတ် ပျားရည် ဝက်ဝံမျိုးဟုခေါ်သည်။ ထိုသို့ခေါ်ခြင်းမှာ ထိုဝက်ဝံမျိုးသည် ပျားရည်ကို လွန်စွာနှစ်ခြိုက်ခြင်းကြောင့်ဖြစ်သည်။ ထိုဝက်ဝံမျိုး၌ အလွန်ရှည်လျားပြီးလျှင် ပျော့ပျောင်းသည့်လျှာရှိသည်။ ထိုလျှာရှည်ကြီးဖြင့် သစ်ခေါင်းများအတွင်းရှိ ပျားသလက်များကိုဆွဲယူ၍ စားလေ့ရှိသည်။ ထိုဝက်ဝံမျိုးသည် ဟိမဝန္တာဝက်ဝံမျိုးထက် ပို၍သေးငယ်သည်။ ဝင်ရိုးစွန်းဒေသရှိဝက်ဝံမျိုးတွင် ပတ်ဝန်းကျင်အရောင်နှင့် ကိုက်ညီသော အဖြူရောင်အမွှေးများရှိသည်။ ထိုဝက်ဝံများ၌ အမွှေးများသည် နေရာအနှံ့အပြားတွင်ရှိကြလေသည်။ ထိုဒေသနေဝက်ဝံဖိုသည် ရှည်လျားသောဆောင်းရာသီညဉ့်များ၌ အစာကိုလိုက်လံရှာဖွေ၍နေလေသည်။ ငါး၊ ပင်လယ်ဖျံ၊ ဝါးလရပ်ဖျံနှင့် ရရာအစာများကိုစားသောက်လေသည်။ အစာရှာ၍မရနိုင်သည့်အဆုံးတွင် လူကိုပင်သတ်စားလေ့ရှိသည်။ အက်စကီးမိုးလူမျိုးအမြောက်အမြားသည် ဝင်ရိုးစွန်းဒေသရှိဝက်ဝံများ၏ အသတ်အဖြတ် အစားအသောက်ကို ခံကြရလေသည်။ အစာပေါများသော နွေရာသီ၌မူ ဝက်ဝံသည် လူကို သူ့ကိုယ်သူကာကွယ်ရန်မှတစ်ပါး မတိုက်ခိုက်ချေ။ ထိုဒေသနေဝက်ဝံမများကမူ ဆောင်းရာသီ၌ဆောင်းခိုကြလေသည်။ ထိုသို့ ဆောင်းခိုရာ၌ ရေခဲအောက်ရှိတွင်းကို အသုံးပြုလေ့ရှိသည်။ ထိုအခါ၌ ဝက်ဝံမသည် သားငယ်များကိုမွေးဖွားလေသည်။ ရေခဲများ အရည်ပျော်သွားသောအခါတွင် ဝက်ဝံကလေးများကို ပထမစ၍အပြင်သို့ထွက်စေသည်။ ထိုအခါသည် ထိုဒေသ၌ အလွန်အေးသည်မှာမှန်၏။ သို့သော် ထိုအချိန်တွင် ဝက်ဝံကလေးများ၌ အမွှေးထူများရှိနေလေပြီ။ မိခင်ဖြစ်သော ဝက်ဝံမသည် ထိုအခါ၌ ဆောင်းရာသီက အစာမစားရသဖြင့်ပိန်ကြုံ၍နေလေ ပြီ။ ထိုသို့ကြုံလှီ၍ပင် နေသော်လည်းမိခင်ဖြစ်သည့်အလျောက် သားငယ်များ အားနို့ချိုကို တိုက်ကျွေးလျက်ပင်ရှိသေးသည်။ ထို့ပြင်ရသမျှသော အစာများကိုလည်း မိမိစားသည်ထက် သားငယ်များအား ခွဲဝေ၍ပေးသည်က များလေသည်။ ထို့နောက် မကြာမီအတွင်းတွင် မိခင်ဝက်ဝံမသည် သားငယ်များအား အစာရှာနည်းကိုသင်ကြားပေးသည်။ ရေခဲပြင်ပေါ်၌ ပင်လယ်ဖျံများရှိရာသို့ မည်ကဲ့သို့ချောင်းမြောင်း၍သွားရပုံနှင့် နွေကူးရာသီ၌ ကျောက်ဆောင်များသို့ ဥ အုရန်လာကြသော ငှက်အုပ်ကြီးများအား မည်ကဲ့သို့လက်ဝါးဖြင့် ရိုက်ပုတ်ရပုံများကို သင်ကြား၍ပေးသည်။ ထိုမျှမကသေး ၊ရေခဲတစ်မျှ အေးလှသောရေတွင် ရေချိုးရန်ကိုလည်း သင်ကြားပေးသေးသည်။ ရေထဲသို့ ဆင်းရန်ငြင်းဆန်နေသော ဝက်ဝံငယ်အားလက်ဖြင့်ရိုက်တန်ရိုက်၊ ရေထဲသို့ တွန်းချတန်တွန်းချပြီးလျှင် ရဲရင့်လာစေသည်။ ကြောက်ရွံ့သော ဝက်ဝံငယ်ကိုမူ ရေထဲသို့ ချပြီးလျှင် ကမ်းနှင့်အတော်ဝေးဝေးသို့ ဆွဲခေါ်သွားလေ့ရှိသည်။ ထိုအခါမျိုးတွင် ဝက်ဝံငယ်ကလေးသည် မိခင်၏အမြီးကို သူ၏သွားများ ဖြင့်ကိုက်ကာ ပါသွားလေ့ရှိသည်။ ထိုနည်းဖြင့် ဝက်ဝံငယ်များအား ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်စေရန် သင်ကြားပေးသည်မှာ ဝက်ဝံငယ်ကလေးများကြီးပြင်းလာ၍ ကိုယ်တိုင်အစာရှာထွက်နိုင်သည်အထိ ဖြစ်လေသည်။ ဖခင်ဖြစ်သော ဝက်ဝံဖိုကမူ သားသမီးဖြစ်သော ဝက်ဝံငယ် ကလေးများအား ဂရုစိုက်လေ့မရှိချေ။ ပါဏဗေဒ အလိုအားဖြင့် ဝက်ဝံသည် အာဆီဒီးမျိုးရင်း၌ ပါဝင်လေသည်။ ကိုးကား သားရဲတိရစ္ဆာန်များ ဝက်ဝံများ နို့တိုက်သတ္တဝါ မျိုးရင်းများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%80%E1%80%BA%E1%80%9D%E1%80%B6
ခြင်
ခြင် (Mosquito) ဆိုသည် စပိန်ဘာသာစကားမှ ဆင်းသက်လာပြီး ယင်ကောင်အသေးစားလေးဟု အဓိပ္ပာယ်ရသည်။ ခြင်မျိုးစိတ်ပေါင်း ၃၆၀၀ နီးပါးခန့်ရှိပြီး မျိုးပွားမှု အင်မတန်မှ မြန်လေသည်။ မျိုးပွားဖို့ရန် ထုံးစံအတိုင်း ခြင်မများကသာ တာဝန်ယူရပြီး ခြင်မများကသာ လူသွေးကို စုပ်သည်။ ခြင်ထီးများက ပန်းဝတ်ရည်ကိုသာ စုပ်ယူလေ့ရှိသည်။ အေးဒီးစ်ခြင် (ခေါ်)ပုန်းခြင်ကျား အမကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ အနိုဖလိခြင်မကြောင့် ငှက်ဖျားရောဂါ၊ အသားဝါရောဂါ၊ ဘေလုံးကြီးရောဂါများ၊ ကျူးလက်ခြင်မကြောင့် ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါများ ဖြစ်ပွားနိုင်သည်။ ခြင်သွေးစုပ်ပုံ ခြင်မနှင့် ခြင်ထီးတွင် ခြင်ထီးက ပန်းဝတ်ရည်ကိုသာ စုပ်ယူသည်။ ခြင်မကမူ ပန်းဝတ်ရည်ကိုစွမ်းအင်အဖြစ် အသုံးချရန် စုပ်ယူပြီးသွေးကိုမူဥများအကောင်ပေါက်ရန်လိုအပ်သည့်ပရိုတိန်းဓာတ် ရရှိရန် စုပ်ယူသည်။ ခြင်မသည် သွေးကို လူထံမှသာစုပ်ယူခြင်း မဟုတ်ပါ။ ဆင်၊ ကြွက် စသောတိရစ္ဆာန်များမှလည်း စုပ်ယူသည်။ နယူးဂျာစီရှိ ခြင်တစ်မျိုးသည် လိပ်ခွံကိုဖောက်၍ပင် သွေးစုပ်သည်။ အာဖရိကတိုက်ရှိ ခြင်တစ်မျိုးမှာမူပုရွက်ဆိတ်ထံမှ ပျားရည်ကဲ့သို့သော အချိုရည်ကို စုပ်ယူကြသည်။ ခြင်များသွေးစုပ်သည့်အချိန်သည် တစ်ကောင်နှင့် တစ်ကောင် မတူညီကြပေ။ ခြင်အမျိုးအစားပေါင်း (၃၅၀၀) ကျော် ရှိသည့်အနက် အများစုသော ခြင်တို့သည် နေဝင်ချိန်နှင့် ညဘက်တွင် စုပ်ယူကြသည်။ ၎င်းတို့ သည် နေ့ဘက်တွင် အေးမြသောနေရာတွင် ခိုနားကြသည်။ အချို့သောခြင်များ (ဥပမာ - အာရှခြင်ကျား Asian tiger mosquito) သည် နေ့ဘက်တွင် အစာရှာကြသည်။ ခြင်သည် သူသွေးစုပ်မည့် သားကောင်ကိုရှာဖွေရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အောက်တနောလ် (1-octen-3-ol)၊လက်တစ်အက်ဆစ် စသောအောဂဲနစ်ဓာတ်ပေါင်းများ၊ စိုထိုင်းမှု၊ အပူချိန်၊ လှုပ်ရှားမှုတို့ကိုခြေရာခံ၍ ရှာဖွေသည်။ ၎င်းသည် သားကောင်အနီးတွင် တဝီဝီမြည်ကာ ပျံသန်းလျက် ထိုသားကောင်၏ အနံ့၊ ကိုယ်ငွေ့တို့ကိုခံယူကြည့်သည်။ အနံ့နှင့် ကိုယ်ငွေ့ကိုအနီးကပ်လေ့လာပြီး နှစ်သက်မှသာသွေးစုပ်ရန်ပြင် သည်။ သားကောင်၏ ခန္ဓာကိုယ် ဓာတုဖွဲ့စည်းပုံကိုမူတည်ကာဆုံးဖြတ်ခြင်း ဖြစ်သည်။ ခြင်၏စုပ်တံသည် တစ်ချောင်းတည်းမဟုတ်ပေ။ အချောင်း (၆) ချောင်းကိုစုထားခြင်း ဖြစ်သည်။ mandible ဟုခေါ်သောစုပ်တံ နှစ်ခု၊ maxillae ဟုခေါ်သောစုပ်တံ နှစ်ခု၊ အာခံတွင်းနောက်ဘက်စုပ်တံ (hypopharynx) တစ်ခုနှင့် labrum ဟုခေါ်သောစုပ်တံတစ်ခုတို့ဖြစ်သည်။ ရေတံလျှောက်သဏ္ဌာန် အမြှေးပါးအိတ်တစ်ခုကထိုပြွန်တံများအလျားအဆုံးထိလုံခြုံအောင် ဖုံးအုပ်ထားလေသည်။ နောက်ဆုံးတွင် ထိုအမြှေးပါးအိတ်နှင့် ကပ်လျက်ရှိသောညှပ်တစ်ခုကထိုပြွန်ချောင်းခြောက်ခုကိုစု၍ အထုပ်သဖွယ် ဆုပ်ညှပ်ထားသည်။ ဤကိရိယာတို့ဖြင့် ခြင်သည် သွေးစုပ်လေသည်။ ခြင်သည် သွေးစုပ်သောအခါ ၎င်း၏ ပြွန်ချောင်းခြောက်ခုလုံးကိုသားကောင်၏ အသားအတွင်းသို့ ထိုးသွင်းလိုက်၏။ ထိုပြွန်ချောင်းများသည် ဆံချည်မျှင် သွေးကြောများထဲသို့ စိုက်ဝင်သွားသည်။ ထို့နောက် ခြင်သည် တံတွေးပြွန်မှတစ်ဆင့် တံတွေးထွေးချလိုက်သည်။ ထိုတံတွေးသည် သွေးမခဲအောင် ပြုလုပ်ပေးသည်။ သွေးစုပ်ရာတွင် ချောချောမောမောစုပ်ယူနိုင်ရန်လည်းကူညီပေးသည်။ ပြီးနောက် သွေးကို ပြွန်ချောင်းအကြီးမှတဆင့် စုပ်ယူလေသည်။ ခြင်စုပ်ယူသောသွေးသည် အလွန်ပင် နည်းသည်။ ၎င်းသွေး၏ ၁၅ဆ/ ၂၀ဆ မှသာမျက်စဉ်းစုပ်တံမှ ညှစ်ချလိုက်သော မျက်စဉ်းတစ်စက်နှင့် ညီမျှသည်။ သွေးစုပ်ပြီးနောက် ယားယံသော ဝေဒနာကို ခံစားရခြင်းမှာ အရေပြားအောက်တွင် ကျန်ရစ်ခဲ့သော တံတွေးကြောင့် ဖြစ်သည်။ ခြင်မျိုးပွားပုံ ခြင်သည် လိင်ရှိမျိုးပွားနည်း (sexual reproduction) ဖြင့် မျိုးပွားသည်။ ခြင်မသည် သွေးမစုပ်မီ ၎င်း၏ တောင်ပံခတ်သံနှင့် ခြင်ဖိုတစ်ကောင်အား သွေးဆောင်ကာမိတ်လိုက်သည်။ တကြိမ်ဆက်ဆံပြီးရုံနှင့် သက်တမ်းတလျှောက်လုံး ဥဥနိုင်သည်။ မျိုးအောင်ပြီး ဖြစ်လာသော ဥလေးများကို ခြင်မက စိတ်ချရသည့် နေရာတွင် ဥရသည်။ ခြင်မျိုးစိတ်ပေါ်မူတည်ပြီး ခြင်ဥဥသည့် နေရာလည်း ကွဲပြားသွားသည်။ တချို့ခြင်များက ရေဆိုးရေညစ်ကို ကြိုက်သလို တချို့ခြင်များက ရေသန့်မှာမှ အသက်ရှင်ပေါက်ဖွားနိုင်ကြတာပါသည်။ ဥပေါက်ပြီး ချက်ချင်း ခြင် ဖြစ်မလာပါ။ ခြင်အားလုံးသည် ဥ၊ ပိုးလောင်း (larva)၊ ပိုးရုပ်ဖုံး (pupa)၊ အရွယ်ရောက်ခြင်ကောင် (adult or imago) ဟူသော ဘဝအဆင့် လေးဆင့်ကို ဖြတ်ကျော်ရသည်။ ခြင်ဥကြီးထွားဖို့ လူ့သွေးထဲမှ ပရိုတင်းဓာတ်ရဖို့ လိုအပ်၍ ခြင်မများသည် လူသွေးစုပ်ရခြင်း ဖြစ်သည်။ ခြင်ဥအားလုံးသည် ရေလိုအပ်သည်။ ဥမှ အရွယ်ရောက်သည်အထိ ကြာချိန်သည် မျိုးစိတ် (species) အပေါ်မူတည်၍ ကွဲပြားကြသည်။ ထို့ပြင် ပတ်ဝန်းကျင် အပူချိန်ပေါ်တွင်လည်း မူတည်သည်။ အချို့သောမျိုးစိတ်များသည် ဥမှ အရွယ်ရောက် ခြင်ကောင်ဖြစ်သည်အထိ ၅ရက်အတွင်း ဖွံ့ဖြိုးကြသည်။ အပူပိုင်းဒေသရှိ ခြင်အများစုမှာ ရက်၄၀ သို့မဟုတ် ထို့ထက် ပိုကြာသည့် အချိန်အတွင်း ဖွံ့ဖြိုးကြသည်။ မြစ်ရေချောင်းရေတွင် ဥထားသောဥများသည် ရေကျပြီးခြောက်သွေ့သွားသော်လည်းမပျက်စီးပေ။ ငါးနှစ်အထိခံသည်။ ရေပြန်တက်လာလျှင် ထိုဥမှ အကောင်ပေါက်ကြလေသည်။ ထို့ကြောင့် မိုးရာသီတွင် ခြင် အလွန်ပေါခြင်း ဖြစ်သည်။ ကြောက်စရာအကောင်းဆုံး ခြင် အနောဖိလစ်ဟုခေါ်သည့် ငှက်ဖျားရောဂါကို ဖြစ်ပွားစေသော ခြင်သည် ကြောက်စရာအကောင်းဆုံး ခြင်အဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စာအုပ်ကြီး၌ ဖော်ပြထားသည်။ ထိုခြင်ကြောင့် ကျောက်ခေတ်မှ ယနေ့ခေတ်အထိ လူ ၁၀၀-လျှင် အယောက် ၅၀-ခန့်သည် ငှက်ဖျားရောဂါဖြင့် သေဆုံးနေရသည်။ အာဖရိကရှိ ဆာဟာရဆင်ခြေဖုံး အရပ်ဒေသများတွင်မူ တနှစ်လျှင် ၁.၄ သန်းမှ ၂.၈-သန်းအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးနေကြသည်။ ယင်းအာဖရိကနိုင်ငံများအတွက် ငှက်ဖျားရောဂါကုသစရိတ်အဖြစ် တနှစ်လျှင် ဒေါ်လာ ၁၂-ဘီလျံဖိုးခန့် သုံးစွဲနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ခြင်သည် လူသားနှင့်တကွ သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားသောသက်ရောက်မှု ရှိသည်။ ခြင်ထီးများသည် ပန်းဝတ်ရည်ကို စုပ်ယူစားသုံးခြင်းဖြင့် အပင်များမျိုးပွားနိုင်အောင် ကူညီသည်။ လူသားတို့အပေါ် ခြင်၏ သက်ရောက်မှုသည်လည်း ကြီးမားသည်။ ခေတ်အဆက်ဆက်ပင် ခြင် များသည် လူများအတွက် သာမန်အနှောင့်အယှက် ဖြစ်စေရုံသာမက သေစေနိုင်သော ရောဂါပိုးများကိုလည်း ကူးစက်ပျံ့နှံ့စေသည်။ ခြင်မှတဆင့် ကူးစက်သောရောဂါများမှာအောက်ပါတို့ ဖြစ်ကြသည်။ အသားဝါရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ အစရှိသောဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ရောဂါများ။ ။ဤ ရောဂါများကိုAedesaegypti ခြင်မျိုးစိတ်ကအဓိကကူးစက်ပြန့်ပွားစေသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ကာရေဘီရန်၊ အလယ်အမေရိက၊ တောင်ဘက် အလယ်အာရှတို့တွင် အဖြစ်များသည်။ ထိုရောဂါသည် လူလူချင်းမကူးစက်နိုင်ပေ။ ခြင်မှတဆင့်သာကူးစက်နိုင်သည်။ ပြင်းထန်သောသွေးလွန်တုပ်ကွေးရောဂါသည် အသက်ကိုသေစေနိုင်သည်။ သို့သော် ကောင်းမွန်သောကုသမှုကိုခံယူပါက ၉၉%ကျော်သည် အသက်ရှင်ကြသည်။ ငှက်ဖျားရောဂါ။ ။ Plasmodium ပရိုတိုဇိုးဝါးကြောင့် ဤရောဂါဖြစ်ခြင်းဖြစ်သည်။ ထိုပိုးမွှားကို Anopheles ခြင်မျိုးရင်းက ကူးစက်သည်။ ဆင်ခြေထောက်ရောဂါ။ ။ ဤရောဂါကိုများစွာသော ခြင်မျိုးစိတ်တို့ကကူးစက်ပြန့်ပွားသည်။ West Nile ဗိုင်းရပ်စ်။ ။ဤဗိုင်းရပ်စ်ကိုအမေရိကန်ပြည်ထောင်စု၌သာတွေ့ရလေ့ရှိသည်။ Eastern Equine Enceephalitis ဗိုင်းရပ်စ်။ ။ ၎င်းသည်လည်း အရှေ့ပိုင်းအမေရိကန်ပြည်ထောင်စုတွင် သာတွေ့ရလေ့ရှိသောဗိုင်းရပ်စ် ဖြစ်သည်။ Tularemia ရောဂါ။ ။Francisellatularensis ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါဖြစ်သည်။ ရည်ညွှန်းကိုးကား အင်းဆက်များ ယင်ကောင်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BC%E1%80%84%E1%80%BA
မြသန်းတင့်
မြသန်းတင့် (၂၃ မေ ၁၉၂၉ - ၁၈ ဖေဖော်ဝါရီ ၁၉၉၈) သည် ဗမာလူမျိုး စာရေးဆရာနှင့် ဘာသာပြန်ဆိုရေးသားသူတဦး ဖြစ်သည်။ မြသန်းတင့်သည် မြန်မာစာပေလောကအပေါ်တွင် ဩဇာအရှိဆုံးစာရေးဆရာများထဲက တစ်ယောက်ဖြစ်ပြီး သူ၏ စာပေဖြတ်သန်းမှု၊ စာပေရေးသားမှုနှင့် ပတ်သက်၍ နှောင်းလူတို့ ပြောစမှတ်တွင်လျက်ရှိသည်။ ကမ္ဘာ့ဂန္ထဝင်စာပေများကို စဉ်ဆက်မပြတ် ပြန်ဆိုရေးသားသူအဖြစ် နာမည်ကျော်ကြားခဲ့သူလည်း ဖြစ်သည်။ ကိုယ်ရေးရာဇဝင် ဦးမြသန်း ခေါ် စာရေးဆရာမြသန်းတင့်ကို အဘ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉ ခုနှစ်၊ မေလ ၂၃ ရက်၊ ကြာသပတေးနေ့၌ မွေးဖွားသည်။ မွေးချင်းခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။ ငယ်စဉ် ၁၉၄၃ခုနှစ်တွင် အာရှလူငယ်အဖွဲ့၌တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၄၄-ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေး မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော် လှန်ရေးကြီးတွင် ပါဝင်ခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး(တော်လှန်ရေးတွင် ကျဆုံး)၊ သခင်မောင်တင်(ပြည်တွင်းစစ်တွင် ကျဆုံး) နှင့် မြိုင်မြို့ ဘုန်းတော်ကြီး ဦးစရိယ (မြိုင်ဖဆပလအမတ်ဟောင်း ဦးသက်ရှည်)တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မန္တလေးခရိုင်၊ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ ၁၉၅၄-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့နှင့် ၁၉၅၆-ခုနှစ်တွင် ဥပဒေဘွဲ့တို့ကို ရရှိခဲ့သည်။ ကျောက်ပန်းတောင်းတွင် အက်တူး သခင်အုန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး) နှင့်အတူ လယ်သမားများ သီးစားခ မပေးရေး တိုက်ပွဲ၊ လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏လယ်များကို အတင်းဝင်ထွန်ရေး တိုက်ပွဲများကို ဦးဆောင်ခဲ့သည်။ သီးစားခမပေးရေး တိုက်ပွဲတွင် အင်္ဂလိပ် အစိုးရသိမ်းယူထားသော လယ်သမားများ၏ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) အပြစ်ဒဏ်ကျခြင်း ခံခဲ့ရသည်။ မြင်းခြံခရိုင်တွင် တခြားသော ခေါင်းဆောင်များနှင့်အတူ မြသန်းတင့်ခေါင်းကို ဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိနှင့် မြေရှင်တို့က တိတ်တဆိတ် ဆုငွေထုတ်ခဲ့သည်။ အထွေထွေသပိတ်ကြီးတွင် မြင်းခြံ၊ မန္တလေး၊ ဒလသင်္ဘောကျင်း အလုပ်သမားထုကြီး ပါဝင်ရေးအတွက် တာဝန်ယူခဲ့သည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ်အမှုဆောင်အဖြစ်ဆောင်ရွက်ရင်း ဖြူးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ပထမဆုံးရေးသည့် 'ဒုက္ခသည်' ဝတ္ထုကို တာရာမဂ္ဂဇင်း (အတွဲ-၃၊ အမှတ် ၂၁)တွင် ပုံနှိပ် ဖော်ပြခြင်းခံရသည်။ ၁၉၅ဝ-ပြည့်နှစ်တွင် စာပေသည် ပြည်သူ့ အတွက်ဟူသော ကြွေးကြော်သံဖြင့် 'စာပေမဂ္ဂဇင်း'ကို ကိုသန်းတင့်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်း၊ ကျော်အောင်တို့နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့သည်။ ၁၉၅၁-ခုနှစ် တွင် ဂေါ်ကီ၏ 'မာလိဖောနှင့်အခြားဝတ္ထုတိုများ'ကို ပထမဆုံး ဘာသာပြန်ဆို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၅၂-ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး စာရေးဆရာအသင်းမှ ထုတ်ဝေသော 'စာပေမဂ္ဂဇင်း' တွင် တာဝန်ခံအယ်ဒီတာ အဖြစ်၎င်း၊ 'ပြည်တော်သစ်ဂျာနယ်'တွင် အယ်ဒီတာချုပ်အဖြစ်၎င်း၊ 'တိုးတက်ရေးသတင်းစာ'တွင် နိုင်ငံခြားရေးအယ်ဒီတာအဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။ ထိုနှစ်မှာပင် ဂေါ်ကီ၏အတ္ထုပ္ပတ္တိ 'ဂေါ်ကီ'ကို ဒုတိယမြောက် ဘာသာပြန်လက်ရာအဖြစ် ထုတ်ဝေခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် ပင်ကိုရေး လုံးချင်းဝတ္ထုအဖြစ် 'မေတ္တာအသင်္ချေ'ကို ရေးသားခဲ့သည်။ ၁၉၅၅-ခုနှစ်က သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၇-ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူးချုပ်နှင့် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဌာနချုပ်တည်ရှိသည့် 'ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'၏ ဗျူရိုအဖွဲ့ဝင် လူကြီးဖြစ်ခဲ့သည်။ ၁၉၆ဝ-ပြည့်နှစ်တွင် ရေးသားသော 'နွံထဲကကြာ' ဝတ္ထုမှစ၍ ကလောင်အမည် ကိုမြသန်းမှ မြသန်းတင့်သို့ ပြောင်းခဲ့သည်။ ထိုဝတ္ထုကို စာရေးဆရာ သိန်းဖေမြင့်နှင့် ပူးတွဲရေးသား၍ ဗိုလ်တထောင်သတင်းစာတွင် အခန်းဆက် ဖော်ပြရာ နှစ်နှစ်နီးပါး ဖော်ပြခဲ့ရသည်။ ၁၉၆၁-ခုနှစ်တွင် ဆွီဒင်နိုင်ငံ၊ စကော့ဟုမ်းမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးသို့ ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၏ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးကော်မတီများ ၏ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခဦးအောင်လှတို့ နှင့်အတူ သွားရောက်ခဲ့သည်။ မြသန်းတင့်၏ထင်ရှားသော ပင်ကိုရေးဝတ္ထုများမှာ မေတ္တာအသင်္ချေ၊ လိုက်ခဲ့တော့မြနန္ဒာ၊ အမှောင်ရိပ်ဝယ်၊ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း၊ နှင်းနု၊ မမ၊ နွံထဲက ကြာ၊ ထားကျွန်မလင်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ လေညင်းနှင့်လရောင် တို့ဖြစ်ပြီး နေထွက်သောည (ပြဇာတ်)ကိုလည်း ရေးသားခဲ့သည်။ စာပေဝေဖန်ရေးအဖြစ် 'ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ'နှင့် 'မြန်မာကျေးတောနေတို့၏ ကဗျာများ'၊ ခရီးသွားဆောင်းပါးအဖြစ် 'အရှေ့လေတိုက်သော အခါ' ၊ ' ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီဗိုဗေးနှင့် အီကွေတာညများ' စသည်တို့ကို ရေးသားခဲ့သည်။ ဘာသာပြန်လက်ရာများမှာ အထူး ထင်ရှားခဲ့ရာ နိုင်ငံရေးစာအုပ် ခြောက်အုပ်၊ အတ္ထုပ္ပတ္တိ တစ်အုပ်၊ သမိုင်း၊ ဒဿနိကဗေဒနှင့် အထွေထွေ ၁၄ အုပ်၊ ဝတ္ထု၃ဝ ကျော် ပြန်ဆိုခဲ့သည်။ ဘာသာပြန်များတွင် ပါရီကျဆုံးခန်း၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ချစ်သောယွန်းခင်ခင် စသည်တို့မှာလည်း ထင်ရှားခဲ့သည်။ နိုင်ငံတကာ ကဗျာများကိုလည်း ဘာသာပြန် ရေးသားခဲ့ရာ ရာဗင်ဒြာနတ်တဂိုး၏ကဗျာများအပါအဝင် စုစုပေါင်း ၁၄ အုပ်မျှ ထုတ်ဝေခဲ့သည်။ ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈-ခုနှစ်တွင် မြသန်းတင့် သည် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီးနောက် ဒဿနိက၊ နိုင်ငံရေးသိပ္ပံနှင့် အင်္ဂလိပ် အနုစာပေ စသော ဘာသာရပ်များဖြင့် ဘွဲ့ရရှိခဲ့သည်။ တာရာ မဂ္ဂဇင်း (အမှတ်စဉ် ၂၁၊ အတွဲ ၃၊ ၁၉၄၉) ၌ “ဒုက္ခသည်” ဟူသော သူ၏ ပထမဦးဆုံး ဝတ္ထုတိုဖြင့် မြသန်းတင့်သည် စာပေနယ်သို့ ၁၉၄၉-တွင် စတင်ဝင်ရောက် ခဲ့ပြီး သူ၏ စာရေးသက်အနှစ် ၅၀ အတွင်း ဝတ္ထုတိုနှင့် ဝတ္ထုရှည်များ၊ မှတ်တမ်းမှတ်ရာ များစွာ နှင့် ဘာသာပြန် ဆိုရေးသား မှုများကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၃ တွင် ရေးသားခဲ့သော ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဟူသော ဝတ္ထု သည် သူ၏ အကြီးကျယ်ဆုံး သော ပြောင်မြောက်သည့်လက်ရာဟုယူဆပြီး သူသည် “တောင်သမန် ရွှေအင်းကလေညင်းဆော်တော့” ကဲ့သို့သော သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာ များကိုပါ ရေးသားခဲ့သည်။ အနောက်တိုင်း စာပေများစွာကို မြန်မာဘာသာသို့ အရေးသွက်သွက်ဖြင့် ဘာသာပြန်ဆို ရေး သားသူဖြစ်သည့်အလျောက် မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီ အိပ်မက် ကဲ့သို့သော ကမ္ဘာ့ဂန္ထဝင်စာအုပ်များနှင့်သူ၏ စာဖတ်ပရိသတ် များကို မိတ်ဆက်ပေးခဲ့ သည်။ မြသန်းတင့်သည် ၁၉၆၂-ခုနှစ်တွင် အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း ၏ စစ်အစိုးရ လက်ထက်တွင် ၁၉၆၃-ခုနှစ်မှ ၁၉၇၂-ခုနှစ်ထိ အကျဉ်းကျခံရသည်။ ကနဦး ရန်ကုန် အင်းစိန်ထောင်တွင် နေခဲ့ရပြီး ၁၉၆၉-ခုနှစ်မှ ၎င်းလွတ်မြောက်သည့်အချိန်ကာလအထိ အိန္ဒိယသမုဒ္ဒရာရှိ ပြစ်ဒဏ်ပေးခြင်းခံရသူများကို တစ်နေရာတည်းတွင်ထားရှိသည့် ကိုးကိုးကျွန်းတွင် ၃-နှစ်ကြာနေထိုင်ခဲ့ရသည်။ ဘဝနိဂုံး ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၉ː၁၅ တွင် ဦးနှောက်၌ သွေးယိုစီးသည့်ရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဆုံးပါးချိန်တွင် ဇနီး ဒေါ်ခင်မမ နှင့် သားသမီးလေးဦး ကျန်ရစ်သည်။ ရေးသားလက်စ စာအုပ်များ ကွန်လွန်ချိန်၌ အောက်ပါစာအုပ်များမှာ ရေးသားဆဲ ဖြစ်သည် − ဒေါက်တာ မမိုးသူ အရှေ့တစ်ခွင်လုံး နီ မင်းပုန်းတောင်သိုင်းသမား အင်္ဂလိပ်လူနာ ကလောင် အမည်ကွဲများ မြသန်းတင့် ဇောတိက ထက်အောင် မေမေလှိုင် မင်းနန္ဒာ မြသန်း စောယွမ်း ရဲအောင်ဇေ မောင်သစ်တည် အုတ်လှငယ် ဝတ္ထုများ မြသန်းတင့်ရေးသားခဲ့သည့် ကျော်ကြားသော မြန်မာဝတ္ထုများမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် (၁၉၇၃) အမှောင်ရိပ်ဝယ် (၁၉၆၀) အညတရ ရုပ်ပုံလွှာများ လိုက်ခဲ့တော့ မြနန္ဒာ (၁၉၆၀) ခေတ်ပြိုင်ရုပ်ပုံလွှာများ ပုံတောင်ပုံညာတောလား တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ (၁၉၉၉) သူ၏ ဝတ္ထုတိုများကို စုစည်းထုတ်ဝေသော အညတရရုပ်ပုံလွှာများ (သာမန်လူတို့၏ ပုံရိပ်များ) အမည်ရှိ ဝတ္ထုတို ပေါင်းချုပ် စာအုပ်ကို On the Road to Mandalay: Tales of Ordinary People ခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ရေးသားထုတ်ဝေခဲ့သောစာအုပ်များ မြသန်းတင့် ရေးသားခဲ့သည့် စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ရေးသားပြုစုခဲ့သောဇာတ်လမ်းတွဲများ ရှားလော့ဟုမ်း(စ်) ဇာတ်လမ်းတွဲကို အတွဲ ၅ တွဲ ရေးသားပြုစုခဲ့သည်- ရှားလော့ဟုမ်း(စ်)၏ စွန့်စားခန်းများ ရှားလော့ဟုမ်း(စ်)၏ ကိုယ်တွေ့မှတ်တမ်းများ ရှားလော့ဟုမ်း(စ်) ပြန်လာပြီ ရှားလော့ဟုမ်း(စ်)၏ နောက်ဆုံးဦးညွှတ်ခြင်း ရှားလော့ဟုမ်း(စ်)၏ အမှုမှတ်တမ်း ကိုးကားချက်များ ပြင်ပလင့်ခ်များ Book review: On the Road to Mandalay On the Road to Mandalay: Tales of Ordinary People www.myanmarisp.com/Writer-Biography/myathantint မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ့နိုင်ငံရေးသမားများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%84%E1%80%B7%E1%80%BA
ရွှေဥဒေါင်း
ရွှေဥဒေါင်း (၁၈၈၉- ၁၉၇၃) သည် မြန်မာနိုင်ငံသား စာရေးဆရာ ဖြစ်ပြီး ကျောင်းဆရာ၊ သစ်တောစာရေး၊ တောလိုက်စာရေး၊ မဂ္ဂဇင်းအယ်ဒီတာ၊ သတင်းစာအယ်ဒီတာချုပ်အဖြစ် ကျင်လည်ခဲ့သည်။ ပင်ကိုရေး၊ အမှီးနှင့် ဘာသာပြန်ဝတ္ထုတိုရှည်များ၊ ဗုဒ္ဓဝါဒ၊ တွေးခေါ်မြော်မြင်ရေး၊ အတ္ထုပ္ပတ္တိစာအုပ်များ ရေးသားခဲ့သည်။ အထူးသဖြင့် စုံထောင်မောင်စံရှား အမှီးဝတ္ထုများ၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် စာအုပ်များမှာ ထင်ရှားသည်။ မြန်မာစာပေနယ်တွင် အမှီးဝတ္ထုပုံစံကို ထူးချွန်ပြောင်မြောက်စွာ တိုးချဲ့ဆန်းသစ်ခဲ့သည်။ ရရှိခဲ့သည့် စာပေဗိမာန်ဆုများမှာ မျှော်တလင့်လင့်ဖြင့် ၁၉၅၂ ခု ဘာသာပြန်ဆု၊ သွေးစုပ်မြေဖြင့် ၁၉၅၅ခု ဘာသာပြန်ဆု၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့် ၁၉၆၁ ခု သုတပဒေသာဆုများ ရရှိခဲ့သည်။ ငယ်ဘဝ ဆရာကြီး ရွှေဥဒေါင်းသည် ၁၂၅၁ ခု၊ တန်ဆောင်မုန်းလဆန်း ၂ ရက် (ခရစ်သက္ကရာဇ် ၁၈၈၉ ခု၊ အောက်တိုဘာ ၂၄ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ မန္တလေးမြို့ ဧချိုင့် (ဝါးတန်း) ရပ်ကွက်တွင် ဖွားမြင်၍ မိဘနှစ်ပါးမှာ ဦးဧရာနှင့် ဒေါ်ရွှေတို့ဖြစ်သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးဖေသိန်း ဖြစ်သည်။ ဖခင် ဦးဧရာသည် သီပေါမင်းလက်ထက်တွင် လွှတ်တော်စာရေးအဖြစ် အမှုထမ်းခဲ့ဖူးသည်။ ကိုလိုနီခေတ်တွင် ဖိနပ်ထောင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုသည်။ မိခင် ဒေါ်ရွှေသည်လည်း သီပေါမင်း လက်ထက်တွင် စာတော်ဖတ်အဖြစ် အမှုထမ်းခဲ့ဖူး၍ တနင်္ကသီ ရွာစားဘွဲ့ပင် ရခဲ့ဖူးသည်။ သီပေါမင်း ပါတော်မူပြီးနောက် ဦးဧရာနှင့် ဒေါ်ရွှေတို့ ဖူးစာဆုံပြီး ဆရာကြီးကို ဖွားမြင်ခြင်း ဖြစ်သည်။ ပညာရေး ဆရာကြီးသည် မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်းတွင် စတင်ပညာသင်ကြားသည်။ ထို့နောက် လူကျောင်း၊ မန္တလေးမြို့ ဒက္ခိဏဝံတိုက် ဘုန်းကြီးကျောင်း၊ အေဘီအမ်ကျောင်းတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့ ပညာသင်သည်။ ခရစ်သက္ကရာဇ် ၁၉ဝ၈ ခုတွင် ကာလကတ္တား တက္ကသိုလ် အသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်သည်။ ထို့နောက် မန္တလေး ဗုဒ္ဓဘာသာကျောင်းနှင့် အေဘီအမ်ကျောင်းတို့တွင် ကျောင်းဆရာ လုပ်သည်။ ထို့နောက် ရွှေဘိုအရေးပိုင်ရုံး၊ သစ်တောရုံး တို့၌ စာရေးလုပ်သည်။ ထို့နောက် မန္တလေးမြို့ လယ်ယာစိုက်ပျိုးခြင်းနှင့် သမဝါယမမင်းကြီးရုံး၌ တောလိုက်စာရေး ဝင်လုပ်ပြန်သည်။ တောလိုက်စာရေးဘဝ အသက် ၂၁ နှစ်တွင် ပထမအကြိမ် အိမ်ထောင်ကျသည်။ ၃ နှစ်ခန့် ပေါင်းသင်းပြီးနောက် အိမ်ထောင်နှင့်ကွဲသည်။ ၁၉၁၄ ခုနှစ်တွင် အလုပ်မှနုတ်ထွက်ပြီးနောက် ဒုတိယအိမ်ထောင်နှင့် ဖူးစာဆုံသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒုတိယ အိမ်ထောင်နှင့် ကွဲပြန်သည်။ ထို့နောက် ကသာခရိုင် မြတောင်ရွာရှိ မိတ်ဆွေတဦးထံ အလည်အပတ်သွားရောက်ရာမှ မြတောင်သူ ဒေါ်စိုးနှင့် တွေ့ကာ တတိယအကြိမ် အိမ်ထောင် ကျသည်။ ဆရာကြီးမှာ ဒေါ်စိုးနှင့်ကျမှ အိမ်ထောင်ရေးဘဝ စွဲမြဲတည်ငြိမ် သွားလေတော့သည်။ ဆရာကြီးသည် အေဘီအမ်ကျောင်းတွင် ပညာဆည်းပူးနေစဉ် ၈ တန်းတွင် စာဖတ်ဝါသနာ မျိုးစေ့ကိုရခဲ့ပြီး ကမ္ဘာ့ဂန္ထဝင်မြောက် အင်္ဂလိပ်ဝတ္ထုကြီးများကို ဖတ်ရှုနိုင်သည့် အခြေသို့ရောက်ခဲ့သည်။ စွဲစွဲမြဲမြဲလည်း ဖတ်ရှု ခဲ့သည်။ စာဖတ်သက် ရင့်ကျက်လာသည်နှင့်အမျှ ဘဝအတွေ့အကြုံလည်း များလာပြီ ဖြစ်သော ဆရာကြီးသည် ဝတ္ထုရေးလိုစိတ် ထက်သန်လာသည့် အလျောက် ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ညတွင် ‘ရန်ကြီးအောင်’ ဝတ္ထုကို စတင်ရေးသားသည်။ ရန်ကြီးအောင်မှာ ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသောဝတ္ထု ဖြစ်သည်။ သို့သော် ဇာတ်လိုက် မနှင်းမြိုင်အား ကာလသား ၄ ယောက် အလောင်းအစားပြုကာ လူပျိုလှည့်သည့် အခန်းကိုမူ ရေးနိုး (Raynolds)၏ ‘လန်ဒန်မြို့ အရှုပ်တော်ပုံ’ (The Mysteries of London) ဝတ္ထုမှ ယူခြင်း ဖြစ်သည်။ ရန်ကြီးအောင်ဝတ္ထုကို သူရိယသတင်းစာတိုက်က ပုံနှိပ်ထုတ်ဝေရန် ရွေးချယ်ပြီး ဉာဏ်ပူဇော်ခ ငွေတရာပေးသည်။ ဤသို့ဖြင့် ဆရာကြီးသည် စာရေးဆရာ ဖြစ်လာတော့သည်။ ထို့နောက် သူရိယဦးဘဘေ၏ တိုက်တွန်းချက်အရ မစ္စက် ဟင်နရီဝု (Mrs. Henry Wood) ၏ ‘အိစလင်း’ (East Lynne) ဝတ္ထုကို မှီငြမ်းပြုကာ ‘ရတနာပုံ’ ဝတ္ထုကို ရေးသားသည်။ ထိုဝတ္ထု နှစ်ပုဒ်ကို အကြောင်းပြု၍ ဆရာကြီးကို သူရိယမဂ္ဂဇင်းတွင် အယ်ဒီတာခန့်လိုက်သည့်အတွက် စာပေလောကထဲသို့ ဝင်ရောက်ကျင်လည် ရတော့သည်။ ဆရာကြီးကို စာပေလောကထဲသို့ ပို့ဆောင်ပေးခဲ့သော ‘သူရိယ’ (နေ) ၏ အထိမ်းအမှတ်ဖြစ်သော ‘ဒေါင်း’ ကို အစွဲပြု၍ ‘ရွှေဥဒေါင်း’ ဟူသော ကလောင်အမည်ကို ခံယူသည်။ အလုပ်အကိုင် ဆရာကြီးသည် သူရိယမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်နေစဉ် မြန်မာဂျာနယ်သမိုင်းတွင် ပထမဆုံးဂျာနယ် ဖြစ်သော ‘မြန်မာ့ဗျူဟာဂျာနယ်’ ကို မိတ်ဆွေတဦးနှင့်ပေါင်း၍ ထုတ်ဝေခဲ့သေးသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဆရာကြီးသည် သူရိယနှင့် မသင့်မတင့်ဖြစ်ကာ အလုပ်မှ နုတ်ပယ်ခံရသည်။ ဒေါ်စိုးနှင့် ဖူးစာဆုံပြီးနောက် ထီးချိုင့်မြို့နယ်၊ ကမ်းနီရွာ တွင် အင်္ဂလိပ်ကျောင်းဆရာအလုပ်ကို ၂ နှစ်မျှ လုပ်သေးသည်။ တရားအားထုတ်ရင်း အသက် ၃၆ နှစ်တွင် ရဟန်းဘောင်သို့ ဝင်သည်။ ရဟန်းအဖြစ် အရိုးထုတ်ရန် ကြံရွယ်သော်လည်း ငှက်ဖျားမိကာ အသည်းအသန် နာမကျန်း ဖြစ်သည့်အတွက် လူဝတ်လဲရသည်။ ဆရာကြီးသည် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း လခစားအလုပ်ကို ကြိုကြားကြိုကြား လုပ်ခဲ့သည်။ ၁၉၂၆ ခုတွင် နယူးဘားမားသတင်းစာတိုက်တွင် စက္ကရီထေရီအဖြစ် ခေတ္တဆောင်ရွက်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ပဲခူးမြို့ ခရစ်ယာန်စာပေအသင်း၌ ဘာသာပြန်ဆရာအဖြစ် ၃ နှစ်မျှ ဝင်လုပ်ကာ စာအုပ်ပေါင်း ၂ဝ ကျော်ခန့် ဘာသာပြန်ပေးခဲ့သည်။ ၁၉၃၆ ခုတွင် သူရိယက ပြန်ခေါ်ပြီး ဆရာကြီးကို သူရိယသတင်းစာတွင် အယ်ဒီတာခန့်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဆရာကြီးသည် ဆင်းရဲပင်ပန်းစွာ လှုပ်ရှားရုန်းကန်ရသည်။ စစ်ပြီးခေတ်တွင် ဆရာကြီး၏ဘဝသည် အထူးပြောင်းလဲခဲ့သည်။ ဆရာကြီးသည် ဗုဒ္ဓ၏ စိတ္တာဝိပဿနာကို ကျနစွာ ကျင့်သုံးသည်။ လက်ဝဲစာပေ အမြောက်အမြားကိုလည်း ဖတ်ရှုသည်။ မန္တလေးရှိ လူထုသတင်းစာတိုက်တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်စဉ် ၅ လ နီးပါးခန့် ဖဆပလအစိုးရ၏ အကျဉ်းချခြင်းကို ခံရသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေးအစိုးရလက်ထက်တွင် ဆရာကြီးသည် ‘လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ’ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပြီးနောက် ၁၉၆၈ ခုတွင် အငြိမ်းစားယူသည်။ ဆရာကြီးသည် အနောက်တိုင်းဝတ္ထုများကို ဆီလျော်အောင် မှီငြမ်း ပြုခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက် ဘာသာပြန်ခြင်းဖြင့် လည်းကောင်း မြန်မာစာပေ နယ်ပယ်ထဲသို့ ပို့ဆောင်ပေးသူ ဖြစ်သည်။ ရိုက်ဒါဟက်ဂတ် (Rider Haggard) ၏ ရှီ (She) ကို မှီငြမ်း ပြုသော ရူပနန္ဒီဝတ္ထု၊ ကိုနင်ဒွိုင်း (Conan Doyle) ၏ ရှားလော့ဟုမ်း (Sherlock Holmes) ကို မှီငြမ်း ပြုသော စုံထောက်မောင်စံရှားဝတ္ထုတို့သည် အထူး ထင်ရှားပြီး မှီငြမ်းပြုပုံ မြန်မာဆန်သည့်အတွက် အများနှစ်သက်ကြသည်။ အချို့ဆိုလျှင် မှီငြမ်းပြုမှန်းပင် မသိကြပေ။ ‘ဝင်္ကန္တ၊ ရတနာပူရ၊ ခင်စက်မေ၊ ပြည်ပေါက္ကံ၊ ဂျမဒါကိုကိုကြီး၊ ရူပကလျာဏီ၊ ပထမံဆရာသိန်း၊ ဇော်ဟိတ်’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော မှီငြမ်းပြု ဝတ္ထုများ ဖြစ်သည်။ ‘ရတနာသိုက်၊ ဗတ်စကာဗျီခွေးကြီး၊ သူရဲကောင်းသုံးယောက်၊ အန္နာကရီနီနာ၊ မျှော်တလင့်လင့်၊ ကိုယ်ရံတော်၊ စိတ်ထားဝတိံ၊ သွေးစုပ်မြေ’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော တိုက်ရိုက်ဘာသာပြန်ဝတ္ထုများ ဖြစ်သည်။ ‘မြတ်သက်မော်’ နှင့် ‘ဆုကြီးပန်’ တို့မှာမူ ဆရာကြီး၏ ပင်ကိုရေးဝတ္ထုများ ဖြစ်သည်။ ဆရာကြီးသည် ဝတ္ထုရှည် ၅ဝ ကျော်၊ ဝတ္ထုတို ၃ဝဝ ကျော်ကို မှီငြမ်းပြု၍လည်းကောင်း၊ တိုက်ရိုက် မြန်မာပြန်၍လည်းကောင်း ရေးသားခဲ့ကြောင်း သိရသည်။ ‘အာဟာရဖြင့်ကျန်းမာနည်း’၊ ‘အကြံဉာဏ်ဖြင့် ကြီးပွားရေး’ တို့ကိုလည်း မြန်မာ ပြန်ခဲ့သည်။ ‘ကိုယ်တွေ့တရုတ်ပြည်သစ်’ အမည်ဖြင့် ခရီးသွားမှတ်တမ်း၊ ‘တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ကို ရေးသားခဲ့သည်။ သတင်းစာခေါင်းကြီးများ၊ ဆွေးနွေးခန်းဆောင်းပါးများ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ အပါအဝင် လောကုတ္တရာဆောင်းပါးများ၊ စာပေ၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အထွေထွေဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ ဆရာကြီးသည် ချားလ်ဒစ်ကင်း (Charles Dicken) ၏ Great Expectation ကို မြန်မာပြန်သော မျှော်တလင့်လင့်ဝတ္ထုဖြင့် ၁၉၅၂ ခုနှစ်တွင် စာပေဗိမာန်ဘာသာပြန်ဆုကိုလည်းကောင်း၊ အပ္ပတန် ဆင်ကလဲယား (Upton Sinclair) ၏ The Jungle ဝတ္ထုကို မြန်မာပြန်သော သွေးစုပ်မြေဝတ္ထုဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန်ဘာသာပြန်ဆုကို လည်းကောင်း၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ဖြင့် ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန် သုတပဒေသာဆုကိုလည်းကောင်း ရရှိခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံတို့သို့ သွားရောက်ခဲ့ဖူးသည်။ (လုပ်သားသတင်းစာအယ်ဒီတာကို ဗန်းမော်တင်အောင်နှင့် ဗိုလ်သခင်ဆရာ တားသည့်ကြားလုပ်ခဲ့`ဗိုလ်သ္ခင်ဆရာ31st Jan2009။ `ဆရာကြီးကဒါမျိုးလုပ်ချင်တာတဲ့´ဆရာသော်တာဆွေ) ဘဝနိဂုံး ဆရာကြီးသည် ၁၃၃၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (ခရစ်သက္ကရာဇ် ၁၉၇၃ ခု၊ ဩဂုတ်လ ၁ဝ ရက်) သောကြာနေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ ။ ရွှေဥဒေါင်း ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း ရွှေဥဒေါင်း ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း (မူကွဲ ဘာသာပြန်စာအုပ်များ ရွှေဥဒေါင်းစာမူကိစ္စ ဆရာကြီး၏ ဇနီးဖြစ်သူ ဒေါ်စိုး မသေခင် ရွှေဥဒေါင်းစာမူကိစ္စနှင့် ပတ်သက်၍ သေတမ်းစာရေးခဲ့သည်။ သေတမ်းစာအရ စာမူများအတွက် ရသောငွေများကို- ဒါရိုက်တာဦးသုခ လူထုဦးလှ စာရေးဆရာ သော်တာဆွေ ဟံသာဝတီ ဦးဝင်းတင် တို့လေးဦး တိုင်ပင်ပြီး သင့်တော်သည့် လူငယ်စာရေးဆရာများအား သင့်တော်သလို စဉ်းစားပြီး သင့်တော်သည့် စာပေဆုများပေးဖို့ ကျွန်မက တာဝန်လွှဲအပ်ခဲ့သည်။ (ဒေါ်ကြီးစိုး၊ ကမ်းနီရွာ၊ ထီးချိုင့်မြို့နယ်၊ ကသာခရိုင်) ဓာတ်ပုံများ ကျမ်းကိုး မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%A5%E1%80%92%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8
တာရာမင်းဝေ
တာရာမင်းဝေ သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်ပြီး၊ ၁၉၆၆ စက်တင်ဘာ (၁၃) ရက်နေ့တွင် ရန်ကုန် တောင်ဥက္ကလာ၌ သတင်းထောက် ဦးကျော်ရှိန်နှင့် ဒေါ်လှကြည် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ ငယ်ဘဝ သူငယ်တန်း မှ စတုတ္ထတန်း အထိ အ.မ.က(၁ဝ)တောင်ဥက္ကလာ တွင်လည်းကောင်း၊ ပဉ္စမတန်းမှ ဒဿမတန်း အထိ အ.ထ.က(၂)ရန်ကင်း တွင်လည်းကောင်း ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၆-ခုနှစ်မှာ အခြေခံ အထက်တန်းကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် (လှိုင်)ကို အင်္ဂလိပ်စာ အဓိကနှင့် တက်ရောက် သင်ကြားခဲ့ပြီး အရေးအခင်းနှင့်အတူ ကျောင်းမပြီးခဲ့ပေ။ မြောက်ဒဂုံ (၄၅) ရပ်ကွက်၊ ပီမိုးနင်း(၁) လမ်းမှာ နေထိုင်သူ ဖြစ်သည်။ ရွှေဘုန်းလူ ဆိုသည့် နာမည်နှင့် ဗကသ အဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များတွင် ကဗျာများ စတင် ရေးသား ခဲ့သည်။ ရှစ်လေးလုံး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှာလည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဗကသ ပြန်ဖွဲ့ချိန်တွင် ဗကသ ခေါင်းဆောင် တစ်ယောက် အဖြစ် တာဝန် ယူခဲ့ပြီး၊ ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ဒုဥက္ကဋ္ဌတွေ ဖြစ်သည့် ကိုကိုကြီးနှင့် ကိုအောင်ဒင်တို့ အဖမ်း ခံရချိန်တွင် ဗကသ ခေါင်းဆောင်မှုကို တာဝန်အပြည့်ယူကာ ဒေါင်းအလံကို ဆက်ကိုင်ခဲ့သည်။ ၁၉၉ဝ-ခုနှစ်မှာ အဖမ်း ခံရပြီး၊ ၁၉၉၄-ခုနှစ် အထိ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီနှင့် သရက် ထောင်များတွင် ချုပ်နှောင်ခံခဲ့ရပြီး၊ ထောင်က လွတ်လာ ပြီးသောအခါ စာပေလောကတည်းကို ခြေစုံပစ် ဝင်ရောက် ခဲ့သည်။ ထင်ရှားသော ကဗျာများမှာ အကျဉ်းထောင်များ အတွင်း၌ ရေးစပ်ခဲ့သော ကျောင်းဖွင့်ချိန်၊ ဥဒါန်း နှင့် ကျောင်းသား အတ္ထုပ္ပတ္တိ တို့ ဖြစ်သည်။ ၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းတွင် လေစီးကြောင်းထဲမှ လူများ ဝတ္ထုတိုမှ တာရာမင်းဝေ ဆိုသော ကလောင် အမည်ကို စတင် အသုံးပြု ခဲ့သည်။ ၁၉၉၅-ခုနှစ်တွင် တာရာမင်းဝေ ကလောင် အမည်နှင့် ပန်းခေတ်က လမင်း ဆိုသော သူ့၏ ပထမဆုံး လုံးချင်း ဝတ္ထု ထွက်ရှိပြီးချိန်မှာ လူငယ် စာဖတ် ပရိသတ် တွေ၏ အားပေးမှုကို ရရှိ ခဲ့သည်။ ၁၉၉၆ - ၉၇ ထုတ် သရဖူ မဂ္ဂဇင်း များတွင် မောင်ယော ကလောင် အမည်နှင့်လည်းကောင်း၊ စုဖွဲ့ ကလောင် စန်တီယာဂို ကလောင် အမည်နှင့် လည်းကောင်း စာပေ ဝေဖန်ရေးများ၊ စာပေ သဘောတရား၊ သီဝရီများ ရေးသားခဲ့သည်။ မောင်ဓား အမည်နှင့် ဘောလုံးဆောင်းပါးများ ရေးခဲ့ဖူးပြီး၊ အံ့ဘွယ် ဆိုသော ကလောင်အမည်နှင့်လည်း အိုင်ဒီယာမဂ္ဂဇင်း က ထူးခြားသော အမေးအဖြေများကို ရေးခဲ့သည်။ မီးခိုးဖြူ၊ ညီလေးမွန် စသော ကလောင် အမည်များနှင့်လည်း ရေးသားခဲ့သည်။ စုစုပေါင်း လုံးချင်း ဝတ္ထု (၄၂) အုပ် ရေးသားခဲ့ပြီး၊ ဝတ္ထုတိုများ၊ ကဗျာများလည်း ရေးသား ခဲ့သည်။ ၁၉၉၅-ခုနှစ်၊ စာပေဂျာနယ် မဂ္ဂဇင်းပါ အားလူး စားသူများ ဝတ္ထုတိုနှင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။ အာလူး စားသူများ ဝတ္ထုတိုနှင့် တာရာမင်းဝေ အား လူသိများခဲ့သည်။ စာပေ အပြင် ပန်းချီ ဆွဲခြင်း၊ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်းများနှင့် သီချင်းများကိုလည်း ရေးသားခဲ့သည်။ တာရာမင်းဝေ အမည်နှင့် ရေးခဲ့သော ပထမဆုံး ဗီဒီယို ဇာတ်ညွှန်းမှာ ရွှေရောင် ဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ဖြစ်သည်။ အဲဒီ မတိုင်ခင်ကလည်း ကိုသူရ(ဇာဂနာ)တို့နဲ့ အတူ ဇာတ်ညွှန်းများကို ရေးသားခဲ့ပါသေးသည်။ တာရာမင်းဝေ၏ ဝတ္ထု အချို့ကို ဗီဒီယို ရုပ်ရှင် ရိုက်ကူး ခဲ့ရာမှာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူး၍ ဒွေး၊ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားသော ကောင်းကင်အကြွေ ကောက်တဲ့လက်၊ ဒါရိုက်တာ လွင်မင်း ရိုက်ကူး၍ နေတိုး၊ အိန္ဒြာကျော်ဇင်တို့ သရုပ် ဆောင်ထားသော တစ်ကိုယ်တော်ရေးတဲ့ ကကြီး ခခွေးတို့သည် ထင်ရှားခဲ့သည်။ ဒါရိုက်တာ မောင်သူရ (ဇာဂနာ) ရိုက်ကူးခဲ့သော မြင်းစီးထွက်သော အိပ်မက်များ ရုပ်ရှင် မှာ ပြည်တွင်းတွင် ပြသခွင့်မရခဲ့ပေ။ ၁၄ - ၂ - ၉၈ မှာ မခင်မေဝင်း (စာရေးဆရာမ မနော်ဟရီ)နှင့် လက်ထပ်ခဲ့သည်။ ဘဝနိဂုံး လူနံပါတ် (၁၃) ဝတ္ထုတို စုစည်းမှုနှင့် နက္ခတ် ရစ်သမ် ကဗျာ စာအုပ် တစ်အုပ် ရေးသား ထုတ်ဝေရန် စီစဉ်နေဆဲ၊ ၂ဝဝ၇ ခု၊ ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ဝ တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဖြစ်သူ စာရေးဆရာမ မနော်ဟရီနှင့် သားဖြစ်သူ ခေတ်နေ(ခ) ကြယ်စင်မင်းဝေတို့ ကျန်ရစ်ခဲ့သည်။ တာရာမင်းဝေ ကွယ်လွန်ပြီးမှ လူနံပါတ် (၁၃) စာအုပ်အား နောက်ဆုံးထုတ်ဝေခဲ့သည်။ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ ကိုးမရှိတဲ့နဝင်း ကောင်းကင်အကြွေ ကောက်တဲ့လက်၊ (ဇန်နဝါရီ ၂ဝဝ၆) ကိုယ်ရေးကိုယ်တာ ပုရပိုက်၊ (ဖေဖော်ဝါရီ ၂ဝဝ၇) ကိုယ့်လက်နဲ့ ဖမ်းမိတဲ့နဂါးငွေ့တန်း၊ (အောက်တိုဘာ ၂ဝဝ၂) ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ အကြောင်း၊ (စက်တင်ဘာ ၂ဝဝ၅) ကျွန်တော်နှင့် ဆောင်းရာသီ ဒဿန (ဇန်နဝါရီ ၂ဝဝရ) ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု၊ ကျွန်တော်နှင့် ကြယ်မြင်လမြင် လောကဓံ၊ ကျွန်တော်နှင့် ဧဒင်ကချေသည်၊ ကျွန်းတော်မှ အပြန်၊ (ဩဂုတ် ၂ဝဝ၆) ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် ရခဲ့သော်၊ (ဒီဇင်ဘာ ၂ဝဝ၆) ဒုတိယအကြိမ် နတ်ပျိုမအတွက် ပန်း၊ (ဒီဇင်ဘာ ၂ဝဝဝ) ပန်းခေတ်က လမင်း၊ ပန်းလက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင်လေး ပြာ၊ ပြိုင်မြင်းတို့ရဲ့ ခွာသံ၊ (ဇန်နဝါရီ ၂ဝဝ၅) ဒုတိယ အကြိမ် ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင်၊ (ဇွန် ၂ဝဝ၆) မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျက်နှာ၊ မိုးခေါင်လို့ တီးတဲ့ဗုံသံ၊ (ဇူလိုင် ၂ဝဝ၄) မြင်းစီးထွက်သော အိပ်မက်များ၊ (နိုဝင်ဘာ ၂ဝဝ၆) မှော်ဆရာရဲ့ ကျောင်းစာအုပ်၊ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး၊ (ဇန်နဝါရီ ၂ဝဝ၆) တတိယ အကြိမ် လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင်၊ ဝင်္ကပါကို ဖွင့်တဲ့သော့၊ (စက်တင်ဘာ ၂ဝဝ၆) သူ့အိုးပုတ်ကလေးကို ကျွန်တော် ပြန်မပေးပါ၊ (ဇူလှိုင် ၂ဝဝ၇) သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်၊ (ဇွန် ၂ဝဝ၇) တတိယ အကြိမ် အရှေ့မြို့ရိုးမှ မိုးရေစက်များ၊ အလံမထူခဲ့သော လက်များ၊ (မေ ၂ဝဝ၇) အာလာဒင်မသိလိုက်တဲ့ မီးခွက်၊ (ဇူလိုင် ၂ဝဝ၆) လူနံပါတ် (၁၃) ရည်ညွှန်း တာရာမင်းဝေ၏ ဈာပနာတွင် ဖြန့်ဝေသော အတ္ထုပ္ပတ္တိ လက်ကမ်း စာစောင်များ။ ပြင်ပအင်တာနက်စာမျက်နှာများ တာရာမင်းဝေ အမှတ်တရဘလော့ခ် မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%9B%E1%80%AC%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%B1
ဂျူး (စာရေးဆရာမ)
ဂျူးသည် မြန်မာစာရေးဆရာမ ဖြစ်သည်။ ဝေဖန်မှုများစွာနှင့် ရေးသားလာခဲ့ရသော အမျိုးသမီးစာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ ကိုယ်ရေးဖြစ်စဉ် ဆရာမဂျူးကို ရေနံချောင်းမြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ အမည်ရင်းမှာ တင်⁠တင်ဝင်း ဖြစ်သည်။ မွေးချင်း (၅)ယောက်အနက် တတိယမြောက်ဖြစ်သည်။ ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီ⁠ဘီအက်စ် ဘွဲ့ရရှိခဲ့သည်။ ၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝမဂ္ဂဇင်းပါ သက်ငင်ချစ် (ချစ်ကိုယ်တွေ့) ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံးလုံးချင်းဝတ္ထု ဖြစ်သော *အမှတ်တရ* ဝတ္ထု (ဝေဖန်ခံရသော စာအုပ်) ဖြင့် အောင်မြင်သော စာရေးဆရာမ ဖြစ်လာခဲ့သည်။ မဟေသီ၊ ဒဂုန်၊ ဟန်သစ်၊ ချယ်ရီ၊ ကလျာ၊ စပယ်ဖြူ မဂ္ဂဇင်း များတွင်လည်း ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်နှင့် ဆောင်းပါးများ ရေးသားသည်။ ဆရာမဂျူး ရေးသား ခဲ့သော စာအုပ်များအနက် *ကြာတော့သည်လည်း မောင့်စကား* ၊ *ကြေမွသွားသော တိမ်တိုက်များ အကြောင်း* ၊ *ပင်လယ်နှင့်တူသော မိန်းမများ* ၊ *မရှိမဖြစ်မိုး* ၊ *မြစ်တို့၏ မာယာ* ၊ *ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ* *မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်*စသည် ဝတ္ထုများကို ရုပ်ရှင်ကားများအဖြစ် ရိုက်ကူးခဲ့ရသည်။ စာပေရေးရာ စတုတ္ထတန်း အရွယ်တွင် မိခင် ဖြစ်သူက စာရေးဆရာ ဓူဝံ၏ မာလာ ဝတ္ထုကို ပေးဖတ် ခဲ့သည်။ ထိုအချိန်မှ စ၍ စာရေး ဆရာနှင့် ဝတ္ထု အတတ် ပညာကို စိတ်ဝင်စားကာ စာရေးဆရာ ဖြစ်ချင်ခဲ့သည်။ မူလရည်ရွယ်ချက်မှာ တက္ကသိုလ်တွင် ဆရာမ လုပ်ကိုင်ရင်း စာရေးဆရာမ ဖြစ်ရန်ရည်ရွယ်ခဲ့သည်။ ဆယ်တန်း ဖြေပြီးချိန် ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့သည်။ ၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ *ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့* ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြ ခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝ ရုပ်စုံမဂ္ဂဇင်းပါ *သက်ငင်ချစ် *(ချစ်ကိုယ်တွေ့) ဝတ္ထုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် *အမှတ်တရ* ဝတ္ထုဖြင့် အောင်မြင်သော စာရေးဆရာ (ဝေဖန်ခံရသော စာအုပ်) ဖြစ်လာသည်။ ၁၉⁠၉၄ ခုနှစ်တွင် ကိုယ်တိုင် ထုတ်ဝေသူ ဖြစ်လာ ခဲ့ပြီး ဂျူးစာပေတိုက်ကို တည်ထောင် ခဲ့သည်။ *အရောင်များနှင့်ကစားခြင်း* ဝတ္တတိုပေါင်းချုပ်အပါအဝင် ဝတ္တတိုပေါင်းချုပ် (၇)အုပ် *ကျွန်မချစ်သော မြို့တမြို့*၊ *ကျွန်မချစ်သောနိုင်ငံ*၊ *ကျွန်မချစ်သောကမ္ဘာမြေ* နှင့် *အစိမ်းရောင် အမွေအနှစ်* သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်းပါးများ စာအုပ်(၄)အုပ် ကို ရေးသားထုတ်ဝေခဲ့သည်။ မြန်မာစာပေနှင့် နိုင်ငံတကာစာပေအကြောင်းကို *ကျွန်မဖတ်ခဲ့သော စာအုပ်များ* အမည်ဖြင့် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ နိုင်ငံတကာရေးရာ နှင့်ပတ်သက်၍ *အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ*၊ *အောက်ခြေသန်းတထောင်*  စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ဂျူး ရေးသား ခဲ့သော စာအုပ်များ အနက် *ကြာတော့သည်လည်း မောင့်စကား*၊ *ကြေမွသွားသော တိမ်တိုက်များ အကြောင်း*၊ *ပင်လယ်နှင့်တူသော မိန်းမများ*၊ *မရှိမဖြစ်မိုး*၊ *မြစ်တို့၏ မာယာ* စသည် တို့ကို ရုပ်ရှင် ရိုက်ကူး ခဲ့ရသည်။ *တစ်ဦးတည်းသော သား* ဝတ္ထုကို (၁၉⁠၉၀) ပြည့်နှစ်တွင် ဗီဒီယို ရိုက်ကူးခဲ့သည်။ ဂျူး ရေးသား ခဲ့သော ဝတ္ထုများ အနက် *ရိုမန်တစ် တစ္ဆေ* (မြန်မာ အမျိုးသမီး စာရေး ဆရာမ ၁၂ ဦး) ကို ၁၉၈၆ ခုနှစ်က လည်းကောင်း၊ *အဝေးကြည့် မှန်ပြောင်း * (နားကြပ်ကိုဆောင် ကလောင်ကို ကိုင်ဆွဲ) ကို ၁၉၈၇ ခုနှစ်က လည်းကောင်း ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ယခုနောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်မှာ ၂၀၁၈ခုနှစ် ဇူလိုင်လထုတ် *သက်တန့်တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ* ဖြစ်၍ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ချီးမြှင့်ခြင်းခံရသည်။ ဆရာမဂျူးသည် ယခုအခါ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်လျက်ရှိသည်။ ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ အမှတ်တရ (၁၉၈၇) မြစ်တို့၏ မာယာ (၁၉⁠၉၀) ကြေမွသွားသော တိမ်တိုက်များအကြောင်း (၁၉⁠၉၁) ကောင်းကင်မပါသော ညနှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၁) မရှိမဖြစ်မိုး (၁၉⁠၉၂) နံရံ၏ အခြားတဖက် (၁၉⁠၉၃) မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် (၁၉⁠၉၄) ချစ်ခြင်း၏ အနုပညာနှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၄) ကံကြမ္မာကို မယုံကြည်ကြသူများ (၁၉⁠၉၅) မြစ်တစင်းကို ဖြတ်ကျော်ခြင်း (၁၉⁠၉၆) ပင်လယ်နှင့်တူသော မိန်းမများ (၁၉⁠၉၆) ရေမျောသီး (၁၉⁠၉၇) ကြာတော့သည်လည်း မောင့်စကား (၁၉⁠၉၇) ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၇) ကျွန်မ၏ သစ်ပင် (၁၉⁠၉၇) ကျွန်မဖတ်ခဲ့သော စာအုပ်များ (၁၉⁠၉၈) ဆရာဝန်တယောက်၏ မှတ်စုများ (၁၉⁠၉၉) ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ (၂၀၀၀) နိုဝင်ဘာမိုး (၂၀၀၁) ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ (၂၀၀၂) လရောင်အောက်ဘက် မိုင်အဝေးမှာ (၂၀၀၂) ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် (၂၀၀၂) တိမ်နဲ့ချည်တဲ့ကြိုး (၂၀၀၄) စောင့်နေမယ်လို့ မပြောလိုက်ဘူး (၂၀၀၆) ကြယ်ကြွေတို့ရဲ့ အတောင်ပံ (၂၀၀၆) သူမင်းကို ဘယ်တော့မှ (၂၀၀၈) ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ (၂၀၁၁) ဆုံနေရက်နဲ့လွမ်းလေခြင်း (၂၀၁၃) သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ (၂၀၁၈) အခြား စာရေးဆရာများနှင့် ရေးသားထုတ်ဝေခဲ့သောစာအုပ်များ ချစ်တယ် ကြိုက်တယ် ဆိုတာ ဘယ်လိုဟာမျိုး ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောပြစမ်းပါ နှမတော်လေးရယ်နှင့် အခြားဝတ္ထုများ (၁၉⁠၉၉) စာဆိုနှင့် စာ (ဆောင်းပါးပေါင်းချုပ်) ပျောက်ဆုံးနေသော (၁၉⁠၉၇) မြန်မာဝတ္ထုတို အဖွင့် အပိုင်း (၁) (၁၉⁠၉၈) ရာစုသစ်သို့ ပျံသန်းခြင်း (ဝတ္ထုတိုစု) အရောင်များနှင့် ကစားခြင်း ဥတ္တရလမင်း ခံစားသူအကြိုက် ဝတ္ထုတိုများ (၁၉⁠၉၉) ကြည်းတော၌မိုးခေါ်ခြင်း (ဂျူး၊ နေဝင်းမြင့်) ကိုးကား မြန်မာ အမျိုးသမီး စာရေးဆရာများ အမျိုးသားစာပေဆုရှင်များ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%B0%E1%80%B8%20%28%E1%80%85%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC%E1%80%99%29
တနင်္ဂနွေ
တနင်္ဂနွေ သည် စနေနှင့် တနင်္လာကြားဖြစ်ပြီး ဂရီဂိုရီပြက္ခဒိန် အရ အမေရိကနှင့် ခရစ်ယာန်နိုင်ငံများတွင် ပထမဆုံးနေ့စွဲဖြစ်သည်။ ရာဇမတ္တဏ်ကျမ်း၌ တနင်္ဂနွေဟူသော အမည်သည် တနင်္ဂနွေဂြိုဟ်ကို စွဲ၍ မှည့်ခေါ်သောအမည်ဖြစ်သည်။ တနင်္ဂနွေ ဂြိုဟ်သည် အင်္ဂတိုင်းသား ကဿပရသေ့၏ ဇနီး၊ အဒိတိတွင်မြင်သော သားဖြစ်သည်။ ဒိနင်္ကရ ဟူသောပါဠိမှ ပုဒ်ပျက်၍ တနင်္ဂနွေ ဖြစ်လာသည်။ အလားတူပင် တနင်္လာဟူသော အမည်မှာ ပါဠိလို သသ လဉ္စနောမှ အဆင့်ဆင့် ပုဒ်ပျက်၍ ယဝနတိုင်းရှိ ခီရောဒခေါ် နို့ရည်သမုဒ္ဒရာမှ ဖြစ်ထွန်းသော တနင်္လာဂြိုဟ် ကို အစွဲပြု၍ ခေါ်သော အမည် ဖြစ်၏ဟု ဆိုသည်။ ဦးဖိုးလတ်ကမူ ပုဂံကျောက်စာ အရေးအသား၌ "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊ တန်နှင်ကနွေ" ဟု ရှိသည်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်းဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပာယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပာယ် ရသည်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောသည်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပာယ် ရသည်။ နေမင်းကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၆)နှစ်၊ ဂဠုန်၊ အရှေ့မြောက်အရပ်၊ ပါပဂြိုဟ်၊ အနီ၊ အညို၊ အနီရောသောအဆင်း၊ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဂျွန်းလူမျိုး ကိုးကား ရက်သတ္တပတ်၏ နေ့များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%94%E1%80%BD%E1%80%B1
တနင်္လာ
တနင်္လာသည် ရဟူဒီ(ဂျူးဝစ်)-ခရစ်ယာန်ပြက္ခဒိန်၏ ဒုတိယနေ့စွဲ၍ တနင်္ဂနွေနှင့် အင်္ဂါကြားဖြစ်သည်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင်တည်း။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၅)နှစ်၊ ကျား၊ အရှေ့အရပ်၊ သောမဂြိုဟ်၊ အဖြူ၊ အဝါ၊ အဖြူရောသော အဆင်း၊ က၊ ခ၊ ဂ၊ ဃ၊ ရှမ်းလူမျိုး၊ ကိုးကား ရက်သတ္တပတ်၏ နေ့များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%84%E1%80%BA%E1%80%B9%E1%80%9C%E1%80%AC
အင်္ဂါ
အင်္ဂါသည် တနင်္လာနှင့် ဗုဒ္ဓဟူးကြားဖြစ်ပြီး အမေရိကနှင့် ခရစ်ယာန်နိုင်ငံများ၏ ပြက္ခဒိန်များတွင် တတိယနေ့စွဲဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာတို့မှလွဲ၍ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါသည်။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရသည်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့်"အင်္ဂါ" ဟူသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပာယ်ရသည်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆို၏။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၈)နှစ်၊ ခြင်္သေ့၊ အရှေ့တောင်အရပ်၊ ပါပဂြိုဟ်၊ အနီ၊ အဖြူ၊ အနီသောအဆင်း၊ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ တလိုင်းလူမျိုး ကိုးကား ရက်သတ္တပတ်၏ နေ့များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%AB