title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
စဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ)
စဝ်ရွှေသိုက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန်နဝါရီ ၄ ရက် မှ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ငယ်ဘဝ သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၎င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင်း မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲ ဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရ ခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။ မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ် လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက် ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရသည်။ ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဘားမားရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေနတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။ မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ စော်ဘွားကြီးသည် မိခင်ဘက်မှ ဝမ်းကွဲတော်စပ်သော ညီအစ်မလေးဦးနှင့် လက်ထပ်ခဲ့သည်။ သူတို့ဖခင်မှာ ညောင်ရွှေ၏ အခွန် ဦးလှဘူးဖြစ်ပြီး နမ့်ခုတ်မှ ရှမ်းလူမျိုးဖြစ်သည်။ ဦးလှဘူး၏ အကြီးဆုံးသမီးတော်မှာ စဝ်နန်းရီဖြစ်၍ သားတော်ကြီး စဝ်ဆဲင်ဖ (စဝ်စိုင်း) နှင့် စဝ်ဆဲအုံ (စိုင်းဆဲင်) သားတော်နှစ်ပါး ဖွားမြင်ခဲ့သည်။ သူမသည် စော်ဘွား၏ အကြီးဆုံး ဇနီးဖြစ်၍ မဟာဒေဝီအဖြစ် မြှောက်စားခံရသည်။ (ဦးလှဘူး၏) ဒုတိယသမီးတော်မှာ စဝ်နန်းစန္ဒာဖြစ်၍ စော်ဘွားကြီး၏ ဒုတိယဇနီးဖြစ်သည်။ သူမသည် သက်တော် ၂၁ နှစ်မှာ ကွယ်လွန်ခဲ့သည်။ သူမမှာ စဝ်စန္ဒာဟူ၍ သမီးတော် တစ်ပါး ဖွားမြင်သည်။ (နောင် Moon Princess စာအုပ်ရေးသူ) ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ပထမအိမ်ထောင်ဆက် ၄ ဆက် ရှိခဲ့ပြီး သားတော် ၃ ပါး၊ သမီးတော် ၂ ပါး ထွန်းကားခဲ့သည်။ ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွားကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ စဝ်နန်းဟိန်းခမ်းနှင့်အတူ သားသမီး ၆ ယောက် ထွန်းကားခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်း ၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှနယ်ချဲ့အရင်းရှင် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ တိုင်းရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရသောအခါ ယာယီ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါ လူမျိုးစုလွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။ ၁၉၄၇-၆ဝ ပြည့်နှစ်များတွင် လူမျိုးစု လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အုပ်ချုပ်သော နယ်မြေအတွင်း အသုံးလုံးကြေ (အရေး၊ အဖတ်၊ အတွက်) တတ်မြောက်ရန် မိသားစုအတွင်းရှိ အသက် (၆) နှစ်ပြည့်ပြီးသည့် ကလေးတိုင်း ကျောင်းမထားဘဲ မနေရဟု နားလည်ထားသည့် စက္ကူစိမ်းအမိန့်ကို ထုတ်ပြန်ထားသည်။ ထိုစက္ကူစိမ်းအမိန့်သည် ကျောင်းမထားပါက မိဘအုပ်ထိန်းသူကို အရေးယူမည့် ဥပဒေဖြစ်သည်။ ၁၉၄၆ ခုနှစ် နောက်ပိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။ လူတိုင်း စာတတ်မြောက်စေချင်သည့် စော်ဘွားကြီး၏ စေတနာဆန္ဒကို ပြသခြင်းဖြစ်သည်။ မင်းကွန်းဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ရေးသားတော်မူခဲ့သော (တိပိဋကဓရ၏ အမျှဝေစကားစဉ်) စာအုပ်၌လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ပြီးစ ပထမနှစ်၌ ပထမဆုံးအကြိမ် ကျင်းပသည့် "တိပိဋကရွှေးချယ်ပွဲ" အခမ်းအနားကို ထိုစဉ်က နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်က ဖွင့်လှစ်ပေးခဲ့သည်။ သမ္မတကြီးသည် ကားပေါ်မှ ဆင်းသည်မှ ဖွင့်လှစ်နေဆဲအချိန် ၂ နာရီကျော်ကျော်ခန့်မှာ မချသောလက်အုပ်ဖြင့် အမြဲတစေချီနေခဲ့ရာ သတိထားမိသော ဆရာတော်က "တိပိဋကဓရ ရှာပုံတော်လက်အုပ်" ဟု တင်စားခဲ့သည်။ ထို့အတွက် တိပိဋကဓရဘွဲ့တော်ကို ရယူခြင်းဖြင့် သမ္မတကြီး၏ တိပိဋကဓရ ရှာပုံတော် လက်အုပ်ကြွေးကို ဆပ်မည်ဟု စိတ်က ဆောက်တည်လိုက်ပြီး ၃ နှစ်မြှောက်ရွှေးချယ်ပွဲ၌ မင်းကွန်းဆရာတော်သည် ဂုဏ်ထူးဖြင့် အောင်မြင်တော်မူသဖြင့် နိုင်ငံတော်သမ္မတကြီး၏ တိပိဋကဓရရှာပုံတော် လက်အုပ်ကြွေးကို ဘုရားတပည့်တော် ယနေ့ပြေလည်စွာ ဆပ်မိပါပြီဘုရား ဟု သမ္မတကြီး၏ ဘာသာရေး စိတ်ထက်သန်ပုံကို မှတ်တမ်းပြုခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့်စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက် ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဘဝနိဂုံး အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီစောဝ်နန်းဟိန်ခမ်နှင့် ဦးယူဂျင်းသိုက် (ခ) စဝ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။ ဓာတ်ပုံများ ကိုးကား ပထမ မြန်မာများ မြန်မာနိုင်ငံ၏ သမ္မတများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%9D%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%9E%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%20%28%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%29
မြန်မာသရုပ်ဆောင်များစာရင်း
အောက်တွင် မြန်မာနိုင်ငံမှ အမျိုးသားအမျိုးသမီးသရုပ်ဆောင်များ၏အမည်များကို အက္ခရာစဉ်အလိုက်ဖော်ပြထားသည်။ အမျိုးသားသရုပ်ဆောင်များ က ကျော်ကျော်ဘို ဦးကျောက်လုံး (၁၉၁၇-၁၉၈၂) ကျော်ငြိမ်း(ရုပ်ရှင်သရုပ်ဆောင်) ကျော်စိုး (၁၉၁၀-၁၉၃၀) ကျော်ဆွေ (၁၉၂၄-၁၉၈၂) ကျော်ထက်ဇော် ကျော်ထက်အောင် ကျော်ရဲအောင် ကျော်ဟိုး ကျော်ဟိုးလေး ဦးကျော်ဝင်း (၁၉၁၈-၁၉၉၃) ကျော်သူ ​ကျော်သက် ကျော်သောင်း ကျော်ဟိန်း (၁၉၄၇-၂၀၂၀) ကျော်ညွန့် ကျော်မိုး ကျော်အေး ကင်းကောင် (၁၉၆၄-၂၀၁၉) ကွမ်းသီး ကိုကိုလင်းမောင် ခ ခင်မောင် ခင်မောင်ချင်း ခင်မောင်ဇင် ခင်မောင်ရင် ခန့်စည်သူ ချင်းစိန် ဝေါ်လတာချစ်ထွန်း ချစ်သူ ချစ်စရာ ချစ်ရွှေ ချစ်ဖွယ် ချမ်းသာ ခါရာ ဂ ဂျော်လီဆွေ ဂျွန်ဂို ဂျွန်နိုင်းအောင် စ စည်ဖြိုး စိန်ချစ် စိန်မြင့် စုတ်ဖွား လူရွင်တော် သရုပ်ဆောင် (၁၉၈၄-၁၉၉၂) စပ်စု စိုးသူ စိုင်းစိုင်းခမ်းလှိုင် ဦးစိန်ရိုး (ဟာသလူရွင်တော်) ဇ ဇင်ဝိုင်း ဇေရဲထက် (ရုပ်ရှင်သရုပ်ဆောင်) ဇေယျ (၁၉၁၆-၁၉၉၆) ဇေယျာ ဇော်လင်း ဇော်လွင် ဇော်ဝမ်း ဇော်ဦး ဇာဂနာ ဇော်ရဲထက် ဇဏ်ခီ ဇင်မျိုး ည ညွန့်ဝင်း ညွန့်မောင် ဦးညီပု (၁၉၀၀-၁၉၉၆) ညီဂျော် တ အေဝမ်း ဦးတင်မောင် ရုပ်ရှင်စတန့် မင်းသား ဦးတင်‌ငွေ တင်ဆွေ ထ ရွှေမန်းထွန်းတင် ထွန်းဝေ ထွန်းထွန်း ထွန်းထွန်းနိုင် ထွန်းထွန်းဝင်း ထွန်းလွင်အောင် ထူးကျော် ထူးသာ ထက်သျှား ဒ ဒွေး (၁၉၆၆-၂၀၀၇) န နေအောင် ကောလိပ်ဂျင်နေဝင်း နေတိုး နိုင်နိုင်း နေထူးနိုင် ပ ပြေဇင် ပြေငြိမ်း ပြေတီဦး ပြုံးမောင်မောင် ဖ ဖိုးချစ် ဖိုးသောကြာ ဖိုးပါကြီး ဖိုးပါလေး ဖိုးဖြူ ဖြိုးငွေစိုး ဗ ဗေလုဝ ဗိုလ်ဗကို ဘ ဦးဘကလေး ဘတင့် ဘမြင့် မ မင်းထက်ကျော်ဇင် မင်းခေတ် မင်းမော်ကွန်း မင်းသွေး (၁၉၈၆-၂၀၁၈) မြင့်မြတ် မြင့်ဖေ မြင့်အောင် (၁၉၃၁-၁၉၉၆) မြတ်လေး မြတ်သစ် မိုးမိုး၊ အဆိုတော် မိုးကျော်ကျော် မိုးအောင်ရင် မိုးဒီ မော့စ် (၁၉၅၄-၂၀၁၃) မောင်မောင်စိုး မောင်မောင်လေး မောင်မောင်အေး မေတ္တာ (လူရွှင်တော်) မိုးစက် (စတန့်) ယ မောင်ယဉ်ထွေး (ရှုမဝ) ရ ရာဇာနေဝင်း ရန်အောင် ရဲကိုကို ရဲအောင် ရဲရင့်အောင် ရဲတိုက် ရန်နောင် ရှိုင်းအောင် ရူပ ရွဲ့ကြီး(ခေါ်)ကြယ်တံခွန် ရှင်မွေလ ရွှေဘ ရွှေရိုး လ လင်းထင် လင်းအောင် လူမင်း လွင်မိုး လျှမ်းထက် လင်းအောင်ခေတ် ဝ ဝင်းဘို ဝင်းဦး (၁၉၃၅-၁၉၈၈) ဝင်းညွန့် ဝါဇင် ဝိုင်း မောင်ဝဏ္ဏ ဝေဠုကျော် သ မောင်သင် တွံတေးသိန်းတန် (၁၉၄၁-၁၉၉၉) သုမောင် (၁၉၅၁-၂၀၁၀) သာဂေါင် သာဆန်း သားညီ သန်းနွဲ့ သန်းနွဲ့လေး သန်းဖေလေး ဦးသိန်းမောင် မောင်သန်းဝင်း သီဟတင်စိုး (၁၉၆၇/၆၈-၂၀၂၃) သူထူးစံ သျှားညို ဟ ဟန်လင်းသန့် ဟိန်းစိုး ဟိန်းမင်း ဟိန်းဝေယံ အ အရိုင်း အရှည်ကြီး အလင်းရောင် အံ့ကျော် အေးကြူ အောင်ခိုင် အောင်ပိုင် အောင်လွင် အောင်သူ ဗဂျီအောင်စိုး အောင်ထွန်းလေး အောင်မင်းခန့် အောင်ရေချမ်း အောင်ရဲလင်း အောင်အောင်(မြင်စိုင်းသား) ဥ ဥက္ကာမင်းမောင် အမျိုးသမီးသရုပ်ဆောင်များ က ကေသွယ်မိုး ကေသီမြင့်အောင် ကေကေမိုးမြင့် ကြည်ကြည်ဌေး ကြည်လဲ့လဲ့ဦး ကြူကြူသင်း ကစ်ကစ် ခ ခင်ခင်ကြည် ခင်ခင်စု ခင်ခင်စိန် ခင်ခင်နု ခင်ခင်မြင့် ခင်ခင်ရီ ခင်ခင်အေး ခင်ခင်ဥ ခင်ခင်တင့် ခင်တင့် ခင်စန်း ခင်ဇာခြည်ကျော် စန္ဒယားခင်နုနု ခင်နှင်းရီ ခင်ပပလှိုင် ခင်မို့မို့ ခင်မို့မို့ ခင်မာအောင် ခင်မို့မို့အေး ခင်မေကြီး ခင်မေကလေး ခင်မေရီ ခင်မေလေး ခင်မြရင် ခင်မဉ္ဇူခိုင် ခင်ယုမေ ခင်လေးဆွေ ခင်သီတာထွန်း ခင်သန်းနု ခင်သန်းနွယ် ခင်လေးနွယ် ခင်စိုးပိုင် ခင်ဝင့်ဝါ ခင်ရူပ ခိုင်သင်းကြည် ခိုင်ဝါ ခိုင်မာအောင် ခိုင်ခင်ဦး ခိုင်နှင်းဝေ ချိုပြုံး ချစ်ချစ်ဇော် ချစ်စနိုးဦး ချစ်သုဝေ ချောရတနာ ခွန်းဆင့်နေခြည် ခရစ္စတီးနား ချမ်းမီမီကို ခြူးလေး ဂ ဂန္ထဝင် ဂျူးဂျူးကေ ဂွမ်းပုံကြီး တက္ကသိုလ်ဂွမ်းပုံ ဒေါ်ဂျမ်းစိန် င အင်္ဂလန်စိန် ငြိမ်းငြိမ်းအိ ငွေမှုံရတီ စ စန္ဒာ စန္ဒီမြင့်လွင် စိန်ခင် စံရှားတင် စံပယ်မိုး စံရတီမိုးမြင့် စုမြတ်ရွှေစင် စုမြတ်နိုင် စုလှိုင်နှင်း စုဒါလီ စိုးပြည့်သဇင် စိုးမြတ်ကလျာ စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးနန္ဒာကျော် စမ်းစမ်အေး(ရှုမဝ) စမ်းစမ်းဝင်း စိုးမိုးကြည် ဒေါ်စိန်ဂွက်ထော် စောမြတ်သန္တာ စောယုနန္ဒာ စမိုင်းလ် ဆ ဆွေဇင်ထိုက် ဆုပန်ထွာ ဆုရွှန်းလဲ့ ဆုအိမ့်စံ ဆုမြတ်နိုးဦး ဆုထက်ကုဋေ Sophia Everest ဇ ဇင်မာဦး ဇင်ဇင်ဇော်မြင့် ဇင်မာအောင် ဇူးဇူးမောင် တ တင်တင်ညို တင်တင်နွဲ့ တင်တင်မူ တင်တင်မြ တင်တင်လှ တင်တင်အေး တင်နီလာဝင်း တင့်တင့်ထွန်း တင်ဇာဝင်းပြည့် တိုးတိုးလွင် ထ ထက်ထက်မိုးဦး ထွန်းအိန္ဒြာဗို ထူးမွန် ထက်ထက်ထွန်း ဒ ဒေစီကျော်ဝင်း ဒေါ်ခင်စိန် ဒေါ်မြလေး ဒိန်းပိုပိုဒေါင် န နွဲ့နွဲ့မူ နှင်းဆီ နန္ဒာလှိုင် နဝရတ် နဒီဝင့်နိုင် နိုဘယ်ကျော်ကျော် နန်းဆုရတီစိုး နှင်းဝတ်ရည် နွဲ့နွဲ့စန်း နွယ်ဒါလီထွန်း နန်းကလျာလှိုင် နန်းခင်ဇေယျာ နန်းမြတ်ဖြိုးသင်း နန်းဆုဦး နန်းသူဇာ နော်လီဇာ ပ ပုလဲ ပုလဲဝင်း ပက်ထရစ်ရှာ ပန်းဖြူ ပွင့် ပပလင်း ပပဝင်းခင် ပြည့်ပြည့်သော် ပိုင်ဖြိုးသု ပိုးအိအိခန့် ပန်းရောင်ခြယ် ပိုပို ဘ ဘေဘီနွဲ့ ဘေဘီမောင် ဖ ဖွေးဖွေး ဖူးစုံ ဖူးဖူး မ မသန်းရွှေ (ဟာသမယ်) မာမာအေး မို့မို့မြင့်အောင် မျိုးစန္ဒီကျော် မျိုးသီရိကျော် မျိုးသန္တာထွန်း မယ်လိုဒီ မိုးဟေကို မိုးယုစံ မိုးဟေမာန်ခင် မေ မေကဗျာ မေပန်းချီ မေမြင့်မိုရ် မေတိုးခိုင် မေဆွိ မေနွဲ့ မေချစ် မေကြည် မေခလာ(ရုပ်ရှင်သရုပ်ဆောင်) မေမီကိုကို မေမေဝင်း မေမြင့် မေရှင် မေသက်ခိုင် မေသစ် မေသန်း မေသန်းနု မေသဉ္ဇာဦး မေလှ မေလွင် မေရီမြင့် မေရီမြ မေဝင်းမောင် မေထွဋ်ခေါင် မြယာ မြနှင်းရည်လွင် မြတ် မြတ်ကေသီအောင် မြတ်မွန် မြင့်မြင့် မြင့်မြင့်ခင် မြင့်မြင့်ခိုင် မိုးပြည့်ပြည့်မောင် မိစန္ဒီ မေဂရေ့စ် မာရီကိုးလ် ယ ယဉ်ယဉ်အေး ယဉ်လတ် ယုနန္ဒာမြင့် ယုသန္တာတင် ယွန်းရွှေရည် ယွန်းဝတီလွင်မိုး ယွန်းယွန်း ရ ရတနာခင် ရတနာပုံ (သရုပ်ဆောင်) ရတနာမိုင် ရတနာဘို ရတနာဖြူဖြူအောင် ရေဗက္ကာဝင်း ရွှေသမီး ရွှေပိုးအိမ် ရွှေမှုံရတီ လ လှလှမိုး လဲ့လဲ့ဝင်းလှိုင် လင်းလက် လင်းဇာနည်ဇော် လှအဥ္ဇလီတင့် လမင်းကဗျာ ဝ ဝါဆိုမိုးဦး ဝါဝါဝင်းရွှေ ဝါဝါအောင် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝင်းမင်းသန်း ဝင်းလဲ့ရွှေရည် ဝင့်ယမုံနိုင် သ သက်မွန်မြင့် သီသီ သီတာသိမ့် သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သင်ဇာမြင့်မိုရ် သန်းသန်းစိုး သိင်္ဂီထွန်း သဇင် သွန်းဆက် သန္တာဗိုလ် သင်းသင်းယုလှိုင် သံသာမိုးသိမ့် အ အိန္ဒြာကျော်ဇင် ဒေါ်အေးကြည် အေးအေးသင်း အေးမြတ်သူ အေးဝတ်ရည်သောင်း အိချောပို အယ်လ်ဆိုင်းဇီ အယ်လ်ဂျာတောင် အာကာမြင့်အောင် အေသင်ချိုဆွေ အဝေရာကြည် အေးမြဖြူ ဧ ဧငြိမ်းဖြူ မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8
ဝင်းမောင်
ဝင်းမောင် ဆိုသည်မှာ အောက်ပါ အမည်တို့မှ တစ်ခုခု ဖြစ်နိုင်သည်။ မန်းဝင်းမောင် (နိုင်ငံတော် သမ္မတဟောင်း) တမ္ပဝတီ ဦးဝင်းမောင် (မြန်မာမှုဗိသုကာပညာရှင်) ကာတွန်းဝင်းမောင် (ကာတွန်းဆရာ) သံတူကြောင်းကွဲ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ဘမြင့် (ရုပ်ရှင်သရုပ်ဆောင်)
ဘမြင့် (၁၉၀၈-၁၉၈၂) သည် မြန်မာ့ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။ ဘမြင့်သည် ၁၉၀၈ ခုနှစ်တွင် ရန်ကုန်တိုင်း ခရမ်းသုံးခွမြို့နယ်၊ ဣဿရရွာ၌ အဖဦးဘရှင်၊ အမိဒေါ်ဖွားရှိတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်လှ ဖြစ်သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဖြစ်သည်။ ရန်ကုန်မြို့ ရေကျော်ရပ် မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် (၂၅) နှစ်အရွယ် ပဲရော့ရုပ်ရှင်နှင့် ဆက်သွယ်ပြီး ရုပ်ရှင်စတင်ရိုက်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့ဆိပ်ကမ်းရုံး၌ စာရေးအဖြစ် ခေတ္တမျှ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်ဆက်လက်ရိုက်ကူးခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်လုပ်ရင်း ရန်ကုန်ရုပ်ရှင်ကုမ္ပဏီတွင် ကားငှားမန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၁-၃-၁၉၈၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွန်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ညွန့်နှင့် သားသမီးငါးယောက် ကျန်ရစ်ခဲ့သည်။ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားများ ရှင်ဥပဂုတ် ဒဂုံဆံတော်ရှင် (ရွှေတိဂုံဘုရားသမိုင်း) ဗုဒ္ဓရာဇာ ကျွန်းညိုရှင် ရွှေဖျဉ်းညီနောင် တောင်တော်သခင်မ ရွှေမန်းတောင် မိန်းမလှ ဘုရင်မ ဧကရီ ချစ်သမီး အမိုက်မ လွမ်းပိုအောင် မယ်နော်လ မိန်ရာသီ ဝေဘာဂီ ချစ်ရေစင် ပြဒါးရှင် သုဓမ္မစာရီ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%98%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%20%28%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%29
ဇေယျ (ရုပ်ရှင်သရုပ်ဆောင်)
‌‌မင်းသားကြီး ဇေယျ (အရှင်ဝဇီရာနန္ဒ) ဇေယျသည် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ငယ်ဘဝ ၁၉၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာတွင် အဖ ဦးမောင်၊ အမိ ဒေါ်ဆင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ လှမောင်ဖြစ်သည်။ မွေးချင်းဆယ့်တစ်ယောက်အနက် ဆဋ္ဌမမြောက်သားဖြစ်သည်။ မိဘများသည် ရွှေလှောင်စက္ကူ (ဘုရားတွင်ရွှေချသော ရွှေဆိုင်းများကို ကပ်သော စက္ကူ) လုပ်ငန်းလုပ်ရင်း ခြံထွက်သီးနှံ ရောင်းချလုပ်ကိုင်သူများ ဖြစ်ကြသည်။ ညောင်ကုန်းရွာ ဘုန်းတော်ကြီးကျောင်း နောက်မူလတန်း ကျောင်းပြောင်းရွှေ့၊ ပညာသင်ခဲ့ ရှစ်နှစ်သားတွင် မိခင်ကွယ်လွန် မိသားစု တကွဲတပြား ဖြစ်ပြီး မောင်လှမောင် တစ်ဦးသာ ဖခင်နှင့်ကျန်ခဲ့သည်။ သုံးတန်း အရောက်ကျောင်းထွက်ကာ ဖခင်ကို ခြံထွက်သီးနှံ ရောင်းကာ လုပ်ကိုင်ခဲ့သည်။ ၁၉၂၇-တွင်စစ်ကိုင်းတံတားတည်ဆောက်ရာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက် လေးငါးလကြာ မန္တလေးမှ ကြီးတော် တစ်ဝမ်းကွဲဒေါ်အေးမြက ရှင်ပြု ပေးမည် ဆိုသဖြင့် စစ်ကိုင်းတောင်ရိုးတော် ရှင်ပင်နံကိုင်းချောင် ဆရာတော်ထံတွင် ကိုရင်ဘဝဖြင့် စာဆက်သင်ခဲ့သည်။ မေတ္တာရေး တစ်နှစ်ခန့် ရှိသည့်အခါ ဒေါ်အေးမြက လာခေါ်သဖြင့် ကိုရင်ထွက်၍ မန္တလေးသို့ လိုက်သွားရသည်။ သင်္ဘောပေါ်တွင် ဈေးရောင်း အလုပ်ဝိုင်းလုပ်ကာ အဒေါ်နှင့် နေထိုင် လုပ်ကိုင်နေရင်း ဈေးချိုသူ၊ မန္တလေး၊ ကျောက်သွေးတန်းမှ မသန်းတင်နှင့် မေတ္တာမျှသဖြင့် ဒေါ်အေးမြနှင့် မသန်းတင်၏ အမေမှာ ဆွေမျိုး မကင်းသူများ ဖြစ်သည့်အတိုင်း အိမ်ထောင်ချပေးခဲ့ကြသည်။ မောင်လှမောင်မှာ အဒေါ်အိမ်တွင်နေ၊ လခ မရ၊ သမီးလေး(၂)ယေက်ရချိန် ယောက္ခမကလာခေါ်သည်။ တစ်နှစ်မပြည့်မီ နောက်ကလေးထပ်ရပြန်သည်။ ကျောက်သွေးပညာသင်ကြားနေစဉ် (၆)လကြာခန့် ဆရာက တစ်လငွေ (၂၀၀)ပေး ထားသည်။ မောင်လှမောင်မှဇေယျာမောင်ဘဝ ၁၉၃၆-တွင်မန္တလေးသို့ ကာယဗလ ဦးရှိန်နှင့် ဦးဇော်ဝိတ် ရာက်လာကာ လူငယ်များ ကာယဗလ လိုက်စား သင့်ကြောင်း ဟောပြောသဖြင့် ထိုအချိန်မှစ၍ ကာယဗလ လေ့ကျင့်ခဲ့သည်။ ၁၉၄၂-တွင် ဂျပန်က မန္တလေးကို ဗုံးကြဲပြန်သောအခါ မောင်လှမောင်တို့မိသားစု စစ်ကိုင်းသို့စစ်ပြေးခဲ့ရ ပြန်သည်။ နောက်ဂျပန် အဆုတ်တွင် မန္တလေးသို့ပြန်ခဲ့သော်လည်း အင်္ဂလိပ်ဗုံးကြဲပြန် သောကြောင့် စစ်ကိုင်းသို့ ပြန်ပြေးခဲ့ရပြန်သည်။ မောင်လှမောင်သည် စစ်ကိုင်းထွက်ဆေးလိပ်များ လားရှိုးတတ်ရောင်းရာမှ ငှက်ဖျားမိကာ ချည့်နဲ့သွားခဲ့သည်။ ပုံမှန် ပြန်ကောင်းလာရန် အပြင်းအထန်ပြန်လေ့ကျင့်ခဲ့ရသည်။ ၁၉၄၃-ခုတွင် ဂျပန်က လွတ်လပ်ရေးပေးသည့်အချိန် စစ်ကိုင်းတွင် မောင်ရွေးပွဲ ကျင်းပရာ မောင်လှမောင် ဝင်ပြိုင်ပြီး စစ်ကိုင်းတိုင်းမောင်(ခေါ်) ဇေယျာမောင်ဘွဲ့ဆွတ်ခူးခဲ့သည်။ ထိုအချိန်တွင် အသက် ၂၇-နှစ်အရွယ်သာ ရှိသေးသည်။ ရွှေမန်းမောင် ဖက်ဆစ်တော်လှန်ရေး ပြီး၍ စစ်ကိုင်းမှ မန္တလေးပြန်ပြောင်းခဲ့သည်။ ၁၉၄၆-တွင် မန္တလေး ၌ ကာယဗလမောင်ဝင်ပြိုင်ရာ ရွှေမန်းမောင် ဘွဲ့ရခဲ့ ပြန်သည်။ ထိုအချိန်တွင် အေဝမ်းက စစ်ပြီးခေတ် ပထမဆုံးရုပ်ရှင်ကား ရိုက်ရန် စိုင်းပြင်းနေချိန်ဖြစ်ပြီး ဒါရိုက်တာ ဦးဘရှင်က မောင်လှမောင်အား ကမ်းလှမ်းသဖြင့် ရုပ်ရှင်စရိုက်ဖြစ်ခဲ့သည်။ ခေတ်သစ်ဖာတစ်လုံးခေါင်းကျားရုပ်ရှင် ဇာတ်ကား (မောင်လှမောင် မေထွေး၊ မေမြ၊ သာဂေါင်ကြီး၊ မျိုးမြင့်၊ သန်းနွဲ့ ပါဝင်သရုပ်ဆောင်) မန္တလေး၊ ပုသိမ်၊ စစ်ကိုင်း၊ မော်လမြိုင်၊ ရန်ကုန်တွင် ပြခဲ့ရာ အထူးအောင်မြင်ခဲ့သည်။ အသံတိတ်ခေတ်မှ မင်းသားဇေယျ နောက် အေဝမ်းကပင် ဘာမထီနှင့် အောင်ဆုပန်၊ အသံတိတ်ဇာတ်ကားနှစ်ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ကူးရပြန်သည်။ ထိုဇာတ်ကားနှစ်ကား မှစ၍ ဇေယျ အမည်ခံယူခဲ့သည်။ နောက် ဗြိတိသျှ ဘားမားရုပ်ရှင်မှပင် မုဒုံမယ် တင်တင်မူနှင့် တွဲပြီး လင်နဲ့ အပျို ဇာတ်ကား ရိုက်ကူးပါဝင်ခဲ့သည်။ စစ်ပြီးခေတ် ပထမဆုံးအသံထွက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ နောက် မင်းသမီး မေမေဝင်းနှင့် မိုးကြယ်မို့လား၊ ဖြူနှင်းမာလာ စသည့် ဇာတ်ကားများရိုက်ကူးခဲ့ရသည်။ မင်းသား ဇေယျ အဖြစ် ရုပ်ရှင် ၆ ကားရှိပြီ ဖြစ်သော်လည်း အောင်မြင်သင့်သလောက် မအောင်မြင်သေးပေ။ ထို့ကြောင့် မန္တလေး ကျောက်သွေးတန်း၌ ကျောက်သွေးဆရာ ပြန်လုပ်ရပြန်သည်။ ခုနှစ်အလိုက်ထင်ရှားသောရုပ်ရှင်ဇာတ်ကားများ တစ်နှစ်ခန့်ကြာ ၁၉၅၁-တွင် အေဝမ်းဦးတင်မောင်ထံမှ အခေါ်စာရောက် လာသဖြင့် ဇေယျရန်ကုန်ပြန်ဆင်းခဲ့ပြန်သည်။ မြဲတဲ့သစ္စာ ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ရသည်။ မင်းသမီး မေသစ်၊ မြင့်မြင့်ခင်တို့ပါဝင်သော ထိုကားမှာ အောင်မြင်သည်။ ဇေယျနှင့် မေသစ်တွဲဆိုခဲ့သော လင်ဖုန်မိုသီချင်း ထိုအချိန်က အလွန် ခေတ်စားသည်။ ထိုကားမှစ၍ ကုမဏီများ ဒါရိုက်တာများက ဇေယျအား မင်းသားအဖြစ် ရိုက်ကူးရန် ကမ်းလှမ်းခဲ့ကြရာ ဇေယျသည် ကျောက်သွေးဆရာ အလုပ်ကိုစွန့်ပြီး ကားတစ်ကား ပြီးတစ်ကား ရိုက်ခဲ့ရသည်။ မြဲတဲ့သစ္စာ ကားရုံတင်ပြီး ခြောက်လ အကြာ ဇနီးမသန်းတင်သည် သားသမီးများနှင့် ရန်ကုန်လိုက်လာသည်။ သာဂေါင်အိမ်တွင် တည်းပြီးမှ အိမ်ရှာကြရာ ဇေယျ အိမ်ရသွားသည်။ အိမ်ရသည်နှင့်ယောက္ခမများနှင့်ဖခင်ကြီးကိုခေါ်ကာ အိမ်ဦးခန်းတွင်ထားပြီး လုပ်ကျွေးခဲ့သည်။ မြဲတဲ့သစ္စာ ကားအပြီး ဦးသုခက ဇေယျအား ပြဇာတ်မင်းသား အဖြစ်စတင်ရိုက်ခဲ့သည်။ တေးချိုချို ပြဇာတ်တွင် မေချစ်နှင့်တွဲ ပြီး သရုပ်ဆောင်ရာ အောင်မြင်ခဲ့သည်။ ၁၉၅၃ တွင်ဒါရိုက်တာ သုခက သည်ဆောင်းဟေမာန် ကားရိုက်ကူးသည်။ ဇေယျ၊ ကျော်ဆွေ၊ မေသစ်တို့ပါဝင်ကာ အထူးအောင်မြင်ခဲ့သော ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သည်။ ဇေယျသည် လက်မလည်အောင်ရုပ်ရှင်ရိုက်ရသည့်ကြားမှ ပြဇာတ်အနုပညာများကိုကူညီ အားပေးသည့် အနေဖြင့် ပြဇာတ်အချို့ ၌ပါဝင်ကပြခဲ့သည်။ ၁၉၅၅ ခုနှစ် ဝင်းဝင်းပြဇာတ် ခေတ်ဆုံးသည့် အခါ ဗိုလ်ကလေးတင့်အောင် မေတ္တာရပ်ခံချက်အရ မော်လမြိုင်၊ ပုသိမ်၊ မန္တလေး၊ နှင့်ဘိုကလေးမြို့ များသို့ ပြဇာတ်လိုက်ကပေးခဲ့သည်။ အခြားဒါရိုက်တာများ နှင့်လည်း ဇာတ်ကားများစွာရိုက်ခဲ့သည်။ ရန်သူ့ရင်သွေး၊ အသွင်မတူ၊ ချစ်ငွေ့ဝေဝေ၊ နှင်းဝေဝေ၊ စွန့်ဝံ့သူ စသည့်ဖြင့် ရုပ်ရှင်ကား အများအပြား ရိုက်ကူးခဲ့ရာ ၁၉၅၄-၅၅-၅၆ ခုနှစ်များသည် အများဆုံး ဇာတ်ကားရိုက်ရသောနှစ်များဖြစ်သလို အအောင်မြင်ဆုံး အချိန်ပင် ဖြစ်သည်။ ထိုအချိန်က ဇေယျ အသက်မှာ ၃၉-၄၀ ရွယ်ရှိပြီဖြစ်သည်။ ၁၉၅၄-ခုနှစ် တစ်နှစ်တည်းတွင် ရုပ်ရှင် ၁၁ ကားရိုက်ကူးခဲ့ရာ ထိုအထဲမှ ဒါရိုက်တာဦးချစ်ခင်ရိုက်သည့် ချစ်ပန်းသဇင် (ဇေယျ၊ မြင့်မြင့်ခင်) ကားသည် ရုရှား သို့စတာလင်ပေါင် နှစ်ထောင် ဖြင့်ရောင်းချခဲ့ရသည်။ ဦးသုခ ရိုက်သည့် ဩော်မိန်းမ (ဇေယျ၊ မြင့်မြင့်ခင်၊ ဖိုးပါကြီး) ကားလည်း အထူးအောင်မြင်ခဲ့သည်။ ၁၉၅၅ တွင် ဇာတ်ကား ၁၀ကား၊ ၁၉၅၆ တွင် ၁၂ ကား ရိုက်ကူးခဲ့ရသည်။ ထိုအထဲမှ ဒါရိုက်တာ သုခ ရိုက်သည့် ဘဝသံသရာ ကားတွင် ဇေယျ အကယ်ဒမီရခဲ့ သည်။ ဒါရိုက်တာလည်း ထိုကားအတွက် အကယ်ဒမီရခဲ့သည်။ ဝင်ငွေအကောင်းဆုံးကားလည်း ဖြစ်ခဲ့သည်။ ၁၉၅၇ တွင်ထိုကားကို တရုတ်ပြည်သို့ စတာလင်ပေါင် သုံးထောင်ဖြင့် ရောင်းချခဲ့ရသည်။ ဇေယျသည် ထိုခေတ်နာမည်ကြီး မင်းသမီးမျိုးစုံနှင့်တွဲခဲ့သည်။ မေရီမြင့်နှင့်အများဆုံးတွဲ ဖက်သရုပ်ဆောင်ခဲ့သည်။ ၁၉၅၇ တွင်အသက် ၄၁ နှစ်အရွယ်တွင် တစ်နှစ်တည်း ၁၅ ကားထိရိုက်ခဲ့ရသည်။ ၁၉၅၈ တွင် ၁၄-ကား၊ ၁၉၆၀ တွင် ၁၂-ကား ရိုက်ကူးခဲ့ရသည်။ ၁၉၅၈ တွင်မိသားစုပိုင် ဇေယျာရွှေပြည် ရုပ်ရှင်ထုတ်လုပ်ရေး ကိုတည်ထောင်ကာ ဇာတ်ကားအချို့ရိုက်ခဲ့ သား နှစ်ယောက်အား ခမ်းနားစွာ ရှင်ပြုခဲ့သည်။ ဒေါ်သန်းတင်နှင့် သားသမီး ကိုးယောက်အထိ ထွန်းကားခဲ့သည်။ ၁၉၆၁ မှ ၁၉၆၃(၄၇နှစ်အရွယ်) အထိ ၁၅ ကားရိုက်ခဲ့ပြီး ထိုအချိန်မှ စ၍ စွန်းလွန်းနည်းဖြင့် တရား အား ထုတ်ခဲ့သည်။ ၁၉၆၃ မှ ၁၉၇၁ (၅၅)နှစ်အရွယ်အထိ (၁၆)ကား ရိုက်ခဲ့သည်။ ဇေယျာရွှေပြည် မှ သား ယာမိုးနှင့်ဇော်မိုးကို မင်းသားတင်ကာ ဇာတ်ကားများ ရိုက်ခဲ့သည်။ ဇေယျသည် မချစ်လဲပြုံး ချစ်လဲပြုံး ဇာတ်ကားရိုက်ပြီး အသက် ၆၉ နှစ်အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူချိန်အထိ ဇာတ်ကားပေါင်း ၁၃၄ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဘဝသံသရာ၊ သည်ဆောင်းဟေမာန်၊ ဪမိန်းမ စသောဇာတ်ကားများမှာ အထူးထင်ရှားသည်။ ရဟန်းဘဝ ၂၇.၇.၁၉၈၁ တွင် ရဟန်းဝတ်ခဲ့ပြီး ရိုးရိုးကြီး ဇေယျ ဘဝမှ အရှင်ဝဇီရာနန္ဒ ဘဝရောက်ခဲ့သည်။ ပျံလွန်တော်မူခဲ့သောသက်တော် ၂၀၁၀-ခုနှစ် စက်တင်ဘာလ ၄-ရက်နေ့ သန်းကောင်ကျော်တွင် ပျံလွန်တော်မူခဲ့သည်။ သက်တော် ၈၆ ဝါတော် ၂၃ ဝါရချိန် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန်းတင်နှင့် သား ဦးရာညွန့်နှင့် ဦးရာမှုန်တို့ ကျန်ရစ်ခဲ့သည်။ ကျမ်းကိုး မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%87%E1%80%B1%E1%80%9A%E1%80%BB%20%28%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%29
ညီပု
ဦးညီပု (၁၉၁၅ - ၁၉၉၆) သည် မြန်မာသရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်သည်။ သူ၏ညီအငယ်ဆုံး တင်မောင်သည် အအောင်မြင်ဆုံး ဒါရိုက်တာတစ်ဦး ဖြစ်သည်။ အတ္ထုပတ္တိ သူသည် ၁၉၀၀ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြည်မြို့၌ အဖဦးဘညွန့် အမိ ဒေါ်ညိမ်းရှင်တို့မှ ဒုတိယမြောက်သားအဖြစ် မွေးဖွားခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ဦးမောင်မောင်နှင့် ပူးပေါင်းမိရာမှ မြန့်မာရုပ်ရှင်ကို တီထွင် ကြံဆရိုက်ကူးရန် ကြိုးစားနေသော ဦးအုန်းမောင်အားလူအား၊ ငွေအား၊ ဉာဏ်အားဖြင့် ပါဝင်ကူညီခဲ့သည်။ ၁၉၂၀ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ မေတ္တာနှင့် သူရာ မြန်မာရုပ်ရှင်ဇာတ်ကားတွင် ပထမဆုံး မြန်မာရုပ်ရှင်မင်းသားအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။ ရုပ်ရှင်အတ္ထုပ္ပတ္တိ မေတ္တာ နှင့် သူရာ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၀ ကျေးတောသူမနု (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၁ တောမြိုင်စွန်းကလွမ်းအောင်ဖန် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၃ တစ်ခိုင်လုံးရွှေ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၄ မှိုင်းဝေဝေ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၅ သမိုင်းညွှန့်ပေါင်း (ရုပ်ရှင်သရုပ်ဆောင်) ၁၉၃၃ ဆုထူးပန် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ ) ၁၉၂၉ ရွှေနှင်းဆီ (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ ) ၁၉၃၁ ဂျပန့်ရင်သွေး (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၃၅ ကျားသစ်မယ် ၁၉၂၃ ပလုပ်တုတ်တုတ် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၅ စင်္ကြာရှင် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၅ ရွှေမင်းဝံ (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၆ မြသဘက် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၇ မြအေးရင် ၁၉၂၇ မြိုင်နန်းစံ ၁၉၂၆ ချစ်သွေးညီညီ ၁၉၃၁ ချစ်ရေစင် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၃၅ ပန်သစ္စာ ၁၉၅၄ သံခမောက် ၁၉၃၅ စမ်းရေယဉ် ၁၉၃၆ ချစ်လူယုံ ၁၉၃၈ (အသံထွက်ရုပ်ရှင်) ကိုယ့်ရင်သွေး ၁၉၅၅ ချစ်သံသရာ ၁၉၅၇ ၅၂၈ ၊ ၁၉၅၈ နန်းထက်ကပန်းတစ်ခက် ၁၉၆၃ မမှောင်သောအလင်း ၁၉၆၅ သမန်းကျား ၁၉၇၀ ကိုးကား ပြင်ပလင့်ခ်များ THE STORY OF MOVIE-MAKING IN MYANMAR ပထမ မြန်မာများ မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ ရုပ်ရှင် ဒါရိုက်တာများ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%AE%E1%80%95%E1%80%AF
I love Trouble (ရုပ်ရှင်)
ပီတာဘရတ်ကတ်သည် ခရိုနစ်ကယ်သတင်းစာတိုက်မှ ပင်တိုင်ဆောင်းပါးရှင် ဖြစ်ပြီး ဆာဘရီးနားပီတာဆင်သည် ဂလုတ်ဘ်သတင်းစာတိုက်၏ ပင်တိုင်ဆောင်းပါးရှင် ဖြစ်သည်။ သူတို့ နှစ်ယောက်သည် ရထားအမှတ် ၄၁၇ မှောက်သော သတင်းကို အပြိုင်အဆိုင်လိုက်ကြရာမှ မမျှော်လင့်ဘဲ ရထားမှောက်မှုမှ မတော်တဆမဟုတ်ဘဲ ချက်စ်ဓာတုလုပ်ငန်းကြီး၏အကြီးအကဲ ဝီလီချက်စ်၏ လက်ချက်မှန်းသိခဲ့ရသည်။ ချက်စ်ကလည်း နည်းမျိုးစုံဖြင့် သူတို့စုံတွဲကို သတ်ဖြတ်ရန် ကြိုးစားခဲ့ပုံကို ရိုက်ကူးထားသော သတင်းထောက်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်သည်။ ကိုးကား ၁၉၉၄ ရုပ်ရှင်ဇာတ်ကားများ အမေရိကန် ရုပ်ရှင်ဇာတ်ကားများ အင်္ဂလိပ်ဘာသာစကား ရုပ်ရှင်ဇာတ်ကားများ
https://my.wikipedia.org/wiki/I%20love%20Trouble%20%28%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%29
ဝီကီ
ဝီကီ သည် ဝဘ်ဆိုဒ်ဖြစ်ပြီး အကြောင်းအရာများကို web browser များမှတဆင့် တည်းဖြတ်နိုင်သော အွန်လိုင်း စွယ်စုံကျမ်းဟု ခေါ်ဆိုနိုင်သည်။ ဟာဝေယံ ဘာသာစကားအရ Wiki ဟူသည်မှာ "မြန်သည်" ဟူသောအဓိပ္ပာယ်ရှိသည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AE%E1%80%80%E1%80%AE
သာသနဝံသ
သာသနဝံသကျောင်းတိုက်သည် ရတနာသီရိလမ်း၊ ပင်လုံလမ်း၊ စံပြလမ်းတို့၏ အကြားတွင်လည်းကောင်း၊ မြို့သစ်ရပ်ကွက် နှင့် ကြည်စုရပ်ကွက်တို့၏ အကြားတွင်လည်းကောင်း တည်ရှိ၍ ဒေါပုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသည်။ ကျောင်းထိုင် ဆရာတော်မှာ ဘဒ္ဒန္တ မာနိတာဘိဝံသ (မဟာဂန္ထဝါစက ပဏ္ဍိတ၊ စေတီယင်္ဂဏ ဓမ္မာစရိယ၊ အစိုးရ ဓမ္မာစရိယ၊ ကမ္ဘာအေး န ပ သ ကထိက-အဘိဓမ္မာဌာန) ဖြစ်သည်။ ကျောင်းတိုက်တွင် ဝါဆိုသံဃာမှာ နှစ်စဉ် ၇၀/၈၀ခန့် ရှိသည်။ ကိုးကား ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%9E%E1%80%94%E1%80%9D%E1%80%B6%E1%80%9E
ချင်းပြည်နယ်
ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်သည် အကျယ်အဝန်း ရှိပြီး တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ ဖြစ်သည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနေရာ ဖြစ်သည်။ တည်နေရာနှင့် အကျယ်အဝန်း ချင်းပြည်နယ်သည် ၁၃,၉၀၇ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေကျဲသော တောင်ပေါ်ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်တည်ရှိပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အိန္ဒိယနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ မှ ၂၄ ဒီဂရီ ၁၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅မိနစ် မှ ၉၄ ဒီဂရီ အတွင်း တည်ရှိသည်။ ရာသီဥတု တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းမြသော ရာသီဥတုရှိသည်။ အပူဆုံးသောလမှာ ဧပြီ နှင့် မေလများဖြစ်ပြီး ပျှမ်းမျှအပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက် မှ ၇၀ ဒီဂရီဖာရင်ဟိုက် သာရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်ထိ ကျဆင်းတတ်သည်။ ပျှမ်းမျှ မိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မအတွင်းရှိပြီး အထူးသဖြင့်တောင်ပိုင်းဒေသများမှာ မိုးပိုများတက်ပါသည်။ အုပ်ချုပ်ရေး မြို့တော် ချင်းပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်ကာ ချင်းပြည်နယ်ကို ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ချင်းပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ချင်းပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်ရှိမြို့နယ်များ မြို့​ပေါ်ရပ်ကွက်များ မြို့နယ်(၉)ခု၊ မြို့ (၁၈)မြို့၊ ရပ်ကွက် (၆၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၄) အုပ်စု နှင့် ရွာပေါင်း (၁၃၄၇) ရွာ ရှိသည်။ အခြား မြို့ရွာများ {{columns-list|3| အိုက်ကား စာလ်ထောင်(ဟာဆော်) ရွာဗါး ကျီခါး လက်မေ ထန်တလန် ထုတ်လိုင် ကန်ပက်လက် လိုထော် လုံလဲ မတူပီ ငဖိုင်းပီ ပလက်ဝ ပျဉ်ဝ ဖို့ဝှိုက် ရွာဖန်း ဆမီး ဆူရ်ခွား တေဇန် သိုင်းငင်း တီးတိန် တွန်းဇံ ဝေဘူလ ဆဘောင်း (ဆဘောင်းတယ်) ရိဒ်ခေါဒါရ် လုမ်ဘန် ဆတ်တား ဘွာလ်ခွါး တာရွှန်း လုမ်ပီး လိုင်ဇိုး ဖိုင်ဖူ အေ (ဖိုင်ဖား အေ) ဖိုင်ဖူ ဘီ (ဖိုင်ဖား ဘီ) ရေဇွာ ဒင်လာအိုပါး (ဒင်လိုပါး) ခပီး လုံးရန် ဟာအိုဆဲင် လုံခင်း ဘွာန်လုံး လောက်လုံး ရမ်ထလို ဟရင်ထန်း ပါရ်သဲ ih ရာရီတောင် ပါရာ ရှာအို ခိလှုံ(ဆဘောင်းပီ) ပထိန်တလန် ရွှေလိုက်ဝ ရှင်းလက်ဝ မီးဇာ မိတ်ဝ Kapteel လူဦး​ရေ ၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၄.၇သိန်း နေထိုင်သည်။ ကယားပြည်နယ်ပြီးလျှင် ဒုတိယမြောက် လူဦးရေ အနည်းဆုံးပြည်နယ်ဖြစ်သည်။ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ (၁၃.၃)ဦးဖြစ်သည်။ လူ (၁၀၀)လျှင် (၇၉)ဦးမှာ ကျေးလက်တွင် နေထိုင်သည်။ ပညာရေး ၂၀၁၆ခုနှစ် နိုဝင်ဘာလက ဖွင့်လှစ်ခဲ့သော ဟားခါးကောလိပ်အား ၂၀၂၀ပြည့်နှစ်တွင် တက္ကသိုလ်အဆက့် မြှင့်တင်ခဲ့သဖြင့် ပြည်နယ်၏ ပထမဆုံးသော တက္ကသိုလ်ဖြစ်လာသည်။၂၀၁၇ခုနှစ်တွင် ဟားခါးပညာရေးကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)လည်း တည်ရှိပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါး)ကိုလည်း တည်ဆောက်လျက်ရှိသည်။ စိတ်ဝင်စားဖွယ်နေရာများ ချင်းတောင်တန်းတွင် အမြင့်ဆုံးတောင်ထွဋ်ဖြစ်သော ဝိတိုရိယ (ခေါ်) နတ်မတောင် (ခေါ်) ခေါ်နူးစုမ်တောင်ထိပ် အသည်းပုံ ရိဒ်ရေကန် (Rih Lake) မတူပီမြို့နယ် ဘုံတလာရေတံခွန် ချင်းပြည်နယ် မြောက်ပိုင်း ကနေဒီဆင်စခန်း ကနေဒီတောင် အွေကျီး တနောင်းရေအိုင် Buanneel(ခေါ်)လင်မယားတောင် ဆက်သွယ်ရေး မင်းဖွားဖွားနဲ့တူတူသွား စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ဒေသထွက်ကုန်များ ချင်းပြည်နယ် ထွတ်ကုန် သီးနှံများမှာ ပြောင်းဖူး၊ပဲ တွင်းထွက်များ အောက်ပါတို့မှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာထားသော ချင်းပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်သည်။ ကိုးကား မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ် မြန်မာနိုင်ငံပြည်နယ်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ် သည် ရခိုင်လူမျိုးတို့ အစဉ်တစ်စိုက်‌နေထိုင်သော ပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိသည်။ သမိုင်း​​ကြောင်း ရှေးအခါက ရခိုင်ဘုရင်များ အုပ်စိုးရာ တိုင်းပြည်နိုင်ငံ ဖြစ်ခဲ့၏။ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရှေးရခိုင်ဘုရင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသတို့ကို လက်အောက်ခံ အဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ရခိုင်ဘုရင်များ တန်ခိုး အထွတ်အထိပ်သို့ ရောက်ရှိစဉ် ရခိုင်ဘုရင့်နိုင်ငံ၏ အကျယ်အဝန်းသည် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှ မော်လမြိုင် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ကျယ်ပြန့်ခဲ့သည်။ ရခိုင်လူမျိုးတို့၏ မူရင်း ရခိုင်ပြည် သည် ဘင်္ဂလားနယ်စပ် နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်းနယ်မြေ) အထိ ရှည်လျားသော ရခိုင်ကမ်းရိုးတန်းဒေသ ဖြစ်သည်။ ရခိုင်ပြည်နယ်အလံ ရခိုင်ပြည်နယ်အလံကို ရှေးခေတ်ကပင် အသုံးပြုခဲ့သော အောင်လံ၏ အခြေခံအမှတ်အသားကို မူတည်ခဲ့သည်၊၊ အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော အောင်လံ၊ ကောင်းရှည်ရေအတွက်နှင့် အခုခေတ်ကိုက်ညီအောင် အသုံးပြုနိုင်ဖို့အတွက် မူလအတိုင်းအတာကိုမှီပြီး အချိုးအစားအလိုက် ပြုပြင်ခဲ့ကြသည်။ မူလအတိုင်းအတာ အချိုးအစားမှာ အလျား ကိုးတောင် အနံ ခြောက်တောင် ဖြစ်သည်။ အောင်လံ၏ အရောင်အဆင်းကို မူလရောင်စုံအတိုင်း အတည်ပြုခဲ့ကြသည်။ မူလရောင်စဉ် အဆင်းမှာ ဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်ရေးစိတ်ဓာတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်ရေး စိတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်ရေး ကိုယ်ကျင့်တရားရှိခြင်းများ ဖြစ်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရေး သတ္တိနှင့် ခိုင်ခံ့တည်ကြည်ရေး ဇာတိသွေး၊ ဇာတိမာန် ရှိခြင်းများကို ဖော်ဆောင်သည်။ ရခိုင်ပြည်နယ်တံဆိပ် ရခိုင်လူမျိုးများ သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားရေး၊ အနုပညာ ဓနဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းကို ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ထိုဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွေ နှစ်ခက်ဖြင့် ခြံရံထားသည်။ ရခိုင်ပြည်နယ် တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဘက်တွင် "ရခိုင်ပြည်နယ်"ဟု ရေးသားဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားသည်။ တည်နေရာနှင့် အကျယ်အဝန်း ရခိုင်ပြည်နယ်‌သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသတွင်တည်ရှိသည်။ ရှေးရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၀မိနစ် နှင့် ၂၁ ဒီဂရီ ၃၀မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀မိနစ် နှင့် ၉၄ ဒီဂရီ ၂၀မိနစ်ကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၄,၂၀ဝ စတုရန်းမိုင်ကျယ်ဝန်းသည်။ ပထဝီဝင်အနေအထား ​မြေမျက်နှာသွင်ပြင် ရခိုင်ရိုးမတောင်တန်းသည် ပေ၃၀၀၀မြင့်ကာ ကမ်းရိုးတန်းနှင့်အပြိုင် သွယ်တန်းလာပြီး တောင်ဘက်သို့ နိမ့်ဆင်းသွားသည်။ စွန်တောင်သည် ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။ နတ်မြစ်၊ မယူမြစ်၊ကုလားတန်မြစ်၊ လေးမြို့မြစ်တို့ စီးဆင်းနေသည်။ ဖရုံကာကျွန်း၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများနှင့် ကျွန်းငယ်များစွာ တည်ရှိသည်။ ရာသီဥတု ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ အပူအအေးပြောင်းလဲမှုမပြင်းထန်ပေ။ ပျှမ်းမျှအပူချိန်မှာ အပူဆုံးဖြစ်သည့် မေလတွင် ၈၄° ဖာရင်ဟိုက် နှင့် အအေးဆုံးဖြစ်သည့် ဇန်နဝါရီလ ၇၀° ဖာရင်ဟိုက် ဖြစ်ကြသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ခြင်း၊ ရခိုင်ရိုးမတောင်တန်းက မုတ်သုံမိုးများ ရွာသွန်းစေခြင်းတို့ကြောင့် မိုးများသည့် ဒေသဖြစ်သည်။ နှစ်စဉ်ပျှမ်းမျှ မိုးရေချိန်များမှာ သံတွဲမြို့တွင် ၂၂၁ လက်မ၊ ကျောက်ဖြုမြို့တွင် ၁၈၆ လက်မ၊ စစ်တွေမြို့တွင် ၂၀၃ လက်မ အသီးသီးရှိကြသည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများဒဏ်များအဖြစ် နေအိမ်များ ပျက်စီးခြင်း နှင့် ရေကြီးခြင်းတို့ကိုလည်း မကြာခဏ ခံစားရတတ်သည်။ မုန်တိုင်းအများစုမှာ မိုးဦးနှင့် မိုးနှောင်းကာလများတွင် သာဖြစ်ပေါ်လေ့ရှိပြီး တခါတရံတွင်သာ မိုးလယ်ကာလများတွင် တိုက်ခတ်လေ့ရှိသည်။ အုပ်ချုပ်​ရေး မြို့တော် ရခိုင်ပြည်နယ်၏ မြို့တော်မှာ စစ်တွေမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၁၇)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ စစ်တွေခရိုင် မောင်တောခရိုင် ကျောက်ဖြူခရိုင် သံတွဲခရိုင် မြောက်ဦးခရိုင် အမ်းခရိုင် တောင်ကုတ်ခရိုင် မြို့နယ်များ ရခိုင်ပြည်နယ်တွင် ခရိုင် (၇)ခု၊ မြို့နယ် (၁၇) မြို့နယ်၊ မြို့ (၂၆) မြို့၊ ရပ်ကွက် (၁၇၀)၊ ကျေးရွာအုပ်စု (၁၀၃၅)။ ရွာပေါင်း (၃၇၃၈) ရှိသည်။ လူဦးရေ ၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃.၁သန်း နေထိုင်ကြသည်။ ရခိုင်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၈၆.၇ဦးဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လူ၁၀၀လျှင် ၈၃ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ ဘာသာတရား ရခိုင်ပြည်နယ်တွင်အကြီးဆုံးဘာသာတရားသည်ထေရဝါဒဗုဒ္ဓဘာသာဖြစ်ပြီးရခိုင်ပြည်နယ်လူဦးရေ၏၆၃.၃၂%ကိုးကွယ်သည်။အစ္စလာမ်ဘာသာမှာဒုတိယလူဦးရေအများဆုံးဘာသာဖြစ်ပြီး၃၄.၁၈%ကိုးကွယ်ကြသည်။ထို့ပြင်ခရစ်ယာန်၁.၄%၊ဟိန္ဒူ၀.၅%၊နတ်ကိုးကွယ်၀.၁%၊ဘာသာမဲ့သို့မဟုတ် အခြား၀.၀%တို့ကိုလည်းကိုးကွယ်ကြသည်။ရခိုင်ပြည်နယ်တွင်အစ္စလာမ်ဘာသာကိုကမန်လူမျိုးများနှင့်ရိုဟင်ဂျာလူမျိုးများကအဓိကကိုးကွယ်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ရခိုင်ပြည်နယ်၏ကုန်းလမ်းဆက်သွယ်ရေးမှာလွန်စွာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည်။ ကုန်းလမ်းဆက်သွယ်ရေးမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ၍ လေကြောင်းလမ်းနှင့် ရေလမ်းတို့ကိုသာ အဓိကအားထားကြရသည်။ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း နှင့် မာန်အောင် တို့တွင် လေယာဉ်ကွင်းရှိသည်။ စစ်တွေ-ရန်ကုန် ကားလမ်းမှာနှစ်လမ်းသွားကွန်ဂရစ်လမ်းကျဉ်းဖြစ်ပြီးမိုးရာသီရောက်လျှင်ကားဘီးများချော်သည်၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမှာလည်းထိုနည်းတူဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးသည် တစ်နှစ်ထက်တစ်နှစ် အနည်းငယ်စီ တိုးတက်လာလျက် ရှိသည်ဆိုသော်လည်း တခြားပြည်နယ် တိုင်းဒေသကြီးနဲ့ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုလွန်စွာနောက်ကျနေဆဲဖြစ်သည်။ စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ စာပေ ရခိုင် စာပေသည် ဓညဝတီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့အပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်သည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့သည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင်ကျောက်စာများအနက် လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့မှာ ထင်ရှားသည်။ လောင်းကြက်တောင်မောင် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ထင်ရှားသည်။ မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏- အောက်အာကာဗွီ၊ ဝါယောထွီ၍ ရီထက်ကားမြီ၊ မြီထက်လီနှင့် ပထဝီဟု၊ ထူထု နှစ်သိန်း၊ လေးသောင်းကိန်းထက်၊ ရံသိန်းစကြာ၀ဠာ ညီစွာဝန်းလည်၊ ကျောက်တိတည်ကား ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။ ယဉ်ကျေးမှု မယိမ်တက် ရခိုင်သမက်တက် ရိုးရာဓလေ့ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ကုန်းပြိုင်လောင်းပြိုင်ပွဲ သင်္ကြန်လ ရခိုင်ပြိုင်လောင်းပွဲ ပန်းရထားဆွဲပွဲ ပညာ​ရေး တက္ကသိုလ်နှင့် ကောလိပ်များ စစ်တွေတက္ကသိုလ် စစ်တွေနည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ကျောက်ဖြူပညာရေးကောလိပ် နည်းပညာတက္ကသိုလ် (ကျောက်ဖြူ) အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ) တောင်ကုတ်တက္ကသိုလ် နည်းပညာကောလိပ်(တောင်ကုတ်)ဆောက်လုပ်ဆဲ စီးပွား​ရေး ဒေသထွက်ကုန်များ ရခိုင်ကမ်းလွန်တွင် သဘာဝ ဓာတ်ငွေ့ထွက်ပြီး Shell၊ Total၊ Daewoo၊ Woodside အစရှိသည် နိုင်ငံခြားကုမ္ပဏီများက လုပ်ကိုင်လျက်ရှိသည်။ ရခိုင်ပြည်နယ်သည် မြန်မာတနိုင်ငံလုံး၏ စွမ်းအင်တူဖော်ထုတ်လုပ်မှုမှရရှိသော အခွန်ဘဏ္ဍငွေ၏ အရင်းအမြစ်ဖြစ်သော်လည်း ဆင်းရဲမွဲတေမှု နှုန်း ၄၁.၆ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံ၏ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သည်။ ဆန်စပါးစိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ဝါး၊ ဓနိ အစရှိသည့် သစ်တောထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများရှိသည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။ တွင်းထွက် ရခိုင်ကမ်းလွန်တွင် နာမည်ကျော် မြန်မာ့သဘာဝဓာတ်ငွေ့သိုက်များ ရှိသည်။ ရမ်းဗြဲကျွန်းနှင့် မိုးစည်ကျွန်းတို့တွင် ရေနံအနည်းငယ်ထွက်သည်။ တောင်ကုတ်မြို့နယ် နေပူတောင်မှ စကျင်ကျောက် ထွက်သည်။ စိတ်ဝင်စားဖွယ် နေရာများ မြောက်ဦးနန်းတော်ရာ နှင့် ဘုရားပုထိုးများ ငပလီကမ်းခြေ အပန်းဖြေစခန်း နှင့် ကမ်းသာယာကမ်းခြေ ဦးရာဇ်တော်ဓာတ်စေတီ ဓညဝတီမြို့ဟောင်းနှင့် ကျောက်တော်မဟာမုနိဘုရား ဝေသာလီဘုရားကြီး နှင့် ဝေသာလီမြို့ဟောင်း ဗျူးပွိုင့်ကမ်းခြေအပန်းဖြေစခန်း(စစ်တွေ) မြေပုံမြို့နယ် အငူကမ်းခြေ မြေငူကျွန်းရှိဆံတော်ရှင်စေတီနဲ့ကမ်းခြေ လေးချမ်းတောင်(မီးပြတိုက်) ငှက်ခေါင်းတောင် ပန်းနံ့သာကျွန်း မအီစက်တော်ရာ ပုဏ္ဏားကျွန်းမြို့ရှိဂူဝဘုရား ပေါက်တောမြို့ရှိဘုရားကြီး၊တောင်းဖူး၊တောင်ညို ရခိုင်ပြည်နယ်ရှိ ကျွန်းများ ဖရုံကာကျွန်းများ ရမ်းဗြဲကျွန်း မာန်အောင်ကျွန်း ပန်းထော်ကျွန်း စကုကျွန်း ပဒင်းကျွန်း ကုလရောင်ကျွန်း ဖောင်းခါးကျွန်း မကျည်းကျွန်း ခရိုင်ကျွန်း ကိုးကား မြန်မာနိုင်ငံပြည်နယ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
ကရင်ပြည်နယ်
ကရင်ပြည်နယ် သည် မြန်မာနိုင်ငံ၏ ပြည်နယ် တစ်ခု ဖြစ်သည်။မြို့တော် မှာ ဘားအံမြို့ ဖြစ်သည်။ တည်နေရာနှင့် အကျယ်အဝန်း ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၉ မိနစ် မှ ၁၉ ဒီဂရီ ၂၅ မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀မိနစ် မှ ၉၈ ဒီဂရီ ၅၅ မိနစ် အတွင်း တည်ရှိသည်။ ဧရိယာစုစုပေါင်း ၁၁၇၃၀.၈၅၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ ၇၀ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၂၆ မိုင် ရှည်လျားသည်။ သမိုင်းကြောင်း ကရင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၀)၊ ပုဒ်မခွဲ (၁)အရ ဗြိတိသျှအစိုးရ လက်ထက်က သံလွင်ခရိုင်ရှိ ဖာပွန်၊ သထုံခရိုင်ရှိ ဘားအံနှင့် လှိုင်းဘွဲ၊ ကျိုက်ခမီခရိုင်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ တောင်ငူခရိုင်ရှိ သံတောင်မြို့နယ်များကို စုစည်းပြီး ကရင်ပြည်နယ်ဟု ပြင်ဆင်သတ် မှတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာစာအမှတ် (၅၁)အရ ကရင်ပြည်နယ် အား ကော်သူးလေပြည်နယ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၆၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန စာအမှတ်၊ (၆၁၈)ဖြင့် ကရင်ပြည်နယ်မှ ဘားအံခရိုင်ကို မြို့နယ် (၄)မြို့နယ်ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ (၆၉၇)ဖြင့် ကော့ကရိတ် ခရိုင်ကို မြို့နယ် (၃)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၆)အရ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီကာလတွင် (၁၉၄၇) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)ဖြင့် ကော်သူးလေပြည်နယ်ကို ကရင်ပြည်နယ်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကော့ကရိတ်ခရိုင်ရှိ မြဝတီမြို့နယ်ကို ခရိုင်အဆင့်ဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာဖြင့် ဘားအံခရိုင် လက်အောက်ရှိ ဖာပွန်မြို့နယ်ကို ခရိုင်အဖြစ်အဆင့်တိုးမြှင့် ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလ (၃၀) နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင် အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ်တွင် လက်ရှိ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၈၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စုနှင့် ကျေးရွာ ၂၀၆၃ ရွာ ပါဝင်ဖွဲ့စည်းထားရှိသည်။ ပထဝီဝင်အ​နေအထား ​မြေမျက်နှာသွင်ပြင် ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ပေါများပြီး သစ်တောများ ဖုံးလွှမ်းနေသဖြင့် မြေပြန့်လွင်ပြင်နည်းပါးသည်။ ဘားအံမြို့နယ်တွင်မူ ဇွဲကပင်စသော တောင်တန်းများတည်ရှိရာ ဒေသမှတပါး ကျန်ရှိသော မြေမျက်နှာပြင်များသည် အများအားဖြင့် ညီညာပြန့်ပြူး၍ မြစ်ချောင်းများ စီးဆင်းရာဒေသ ဖြစ်သည်။ ကရင်ပြည်နယ်တွင် မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်း လျက်ရှိသည်။ ထင်ရှားသောမြစ်မှာ သောင်ရင်းမြစ်ဖြစ်ပြီး မြဝတီအနီးမှဖြတ်၍ တောင်မှ မြောက်သို့ စီးဆင်းသည်။ ဒေသတွင်းရှိ ဂျိုင်းမြစ်မှ ထူးခြားစွာ အရှေ့မှ အနောက်သို့ စီးဆင်း၍ သံလွင်မြစ်သို့ စီးဝင်သည်။ ကရင်ပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့်ပေ ၅၆ ပေကျော်မှ ပေ ၃၇၁၇ ပေ အထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ နတ်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၁၇ ကျော် အမြင့်ပေဖြစ်၍ ကရင်ပြည်နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ ဘားအံမြို့နယ်ဖြစ်သည်။ ရာသီဥတု ပူပြင်းစိုစွတ်သည့် ရာသီဥတုမျိုးရှိသည်။ အပူဆုံးလများ၏ ပျှမ်းမျှ အပူချိန်မှာ ၇၁.၉ ဒီဂရီဖာရင်ဟိုက်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၁၂၀လက်မဖြစ်သော်လည်း အမြင့်ဆုံးမိုးရေချိန်မှာ ၁၉၀လက်မထိရှိသည်။ အုပ်ချုပ်ရေး မြို့တော် ကရင်ပြည်နယ်၏ မြို့တော်မှာ ဘားအံမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ ဝန်ကြီးချုပ်ရုံးသည် ဘားအံမြို့တွင် ရုံးစိုက်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဟူ၍ အမည်ထပ်မံပြောင်းလဲလိုက်သည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှာ စ၍ ကရင်ပြည်နယ်၏ ဥပဒေပြုရေးအာဏာကို နစက မှ ထိန်းချုပ်လိုက်သည်။ တရားစီရင်ရေး ကရင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ခရိုင်များ ကရင်ပြည်နယ်တွင် ခရိုင်(၆)ခု ရှိသည်။ ခရိုင်ရှိမြို့နယ် မြို့နယ်များရှိမြို့များ ဘားအံမြို့ မြဝတီမြို့ ကော့ကရိတ်မြို့ ဖာပွန်မြို့ သံတောင်ကြီးမြို့ လှိုင်းဘွဲ့မြို့ ကြာအင်းဆိပ်ကြီးမြို့ သံတောင်မြို့ လိပ်သိုမြို့ ဘောဂလိမြို့ ပိုင်ကျုံမြို့ ရှမ်းရွာသစ်မြို့ စုကလိမြို့ ဝေါလေမြိုင်မြို့ ကျုံဒိုးမြို့ ဘုရားသုံးဆူမြို့ ကျိုက်ဒုံမြို့ ကမမောင်းမြို့ ၂၀၂၁ခုနှစ်တွင် ကရင်ပြည်နယ်၌ မြို့နယ် (၇)မြို့နယ်၊ မြို့ (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၈၆) ကွက်၊ကျေးရွာအုပ်စု (၃၇၆) အုပ်စုနှင့် ရွာပေါင်း (၂၀၉၇) ရွာ ရှိသည်။ ဤစာရင်းသည် မပြည့်စုံသေးပါ။ သင်မှ ဖြည့်စွက်ရေးသားခြင်းဖြင့် ကူညီနိုင်ပါသည်။ရွာများ နန်းခွီ အံဖလေး သုံးဆယ်သုံးဆူ ဘော့ဒိုင်း ကျိုက်သလိုက် သရက်တော အံကောင် တရိတခေါင်း သပြု ကျွန်းတော လောင်းကိုင် ဖားကျ သမိန်ဒွတ် ကမိုင်ကုန်း ရွာတန်းရှည် ထီးဟူးသံ မောကဲခီး ဝတ်ကြီး မိကရင် မင်းဇီ သိုက်တော ဥဒေါင်း မုက္ကဒိ လူဦး​ရေ ၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် လူဦးရေ ၁.၅သန်း နေထိုင်ကြသည်။ ကရင်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၅၁.၈ဦးဖြစ်သည်။ လူမျိုး ကရင်တိုင်းရင်းသား ဒေသခံလူမျိုးများမှာ အရှေ့ပိုးကရင်၊ စကောကရင်၊ ပလေချီး (ပလေကီး)၊ တလေပွာကရင် (တလှေပွာ)၊ ပကူးကရင်၊ ဘွဲကရင်၊ မောနေပွာကရင်၊ ကရင်ဖြူ၊ အနောက်ပိုးကရင်၊ ထိုကလိဘောင်ကရင် တို့ ဖြစ်ကြသည်။ ဘာသာ​ရေး ကရင်ပြည်နယ်တွင် အများဆုံး ကိုးကွယ်သည့်ဘာသာများမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ ဖြစ်သည်။ ကရင်အမျိုးသားများသည် ယုံကြည်ကိုးကွယ်မှုတွင် နတ်သည် အဓိကနေရာမှ ပါဝင်သည်။ ဘာသာရေးအယူဝါဒအနေနှင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ စသည်တို့ကို ယုံကြည်ကိုးကွယ်ကြသော်လည်း ရိုးရာနတ် အယူဝါဒကို စွဲမြဲယုံကြည်ကြသည်။ နတ်စားကရင် အမျိုးသားတို့က မြစ်၊ ချောင်း၊ တော၊ တောင်၊ သစ်ပင်၊ မုန်တိုင်း၊ မိုးကြိုး၊ နေ၊ လ စသော အရာများသည် မြင့်မြတ်ကြီးကျယ်သော တန်ခိုးတော် များကို ပိုင်ဆိုင်ကြပြီး တန်ခိုးရှိသော နတ်တို့၏ မှီခိုရာဖြစ်သည်ဟု ယူဆကြသည်။ ယင်းတို့က လူတို့၏ ပူဇော်ပသမှုကို နှစ်သက်ခံယူလိုကြသည် ဟူ၍လည်း ယုံကြည်ကြသည်။ ကရင်အမျိုးသားများ၌ ဘိုးဘွားအစဉ်အဆက်က ကိုးကွယ်လာခဲ့သော ရိုးရာနတ်များရှိသည်။ ယင်း တို့မှာ ဒူဝေရိုးရာနတ်၊ 'အောင်ခွဲ (အန်ဃှိုင်း)ခေါ် လိပ်ပြာနတ်စားရိုးရာ၊ အောင်စောကလို (အင်းဇို ကလပ်)ခေါ် ပန်းရိုးရာနတ်သို့မဟုတ် ဖူးဖာဒို (ဖူ့ဖာဒိုဝ်)ခေါ် ဘိုးဘိုးကြီးနတ်နှင့် ဒေသဆိုင်ရာနတ် ဟုခေါ်သော ရုက္ခစိုးနတ်စသည်တို့ဖြစ်ကြသည်။ ဘာသာစကား၊စာပေ ဘာသာစကားမှာ ကရင်စကား တစ်မျိုးတည်း သာရှိ၍ စကောကရင်၊ ပိုးကရင်နှင့် တောင်ပေါ်ဒေသ ကရင်တို့သည် မျိုးရိုးစုအလိုက် အသံအလေးအပေါ့ အနည်းငယ်စီ ကွာခြားကြသည်။ မြန်မာအက္ခရာနှင့် ကရင်စာပေ ရှိသည်။ ၎င်းစာပေကို ပြန်လည်ထွန်းကားလာရန် မြှင့်တင်နေသည်။ ဝတ်စားဆင်ယင်မှု ကရင်လူမျိုးတို့သည် မိရိုးဖလာရိုးရာအဝတ်အစားကိုစွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ကြသည်။ မျက်မှောက်အခါတွင်လည်း အချို့ဒေသတွင် နေ့စဉ်ဓူဝ ဝတ်ဆင်ကြသေးသည်ကိုလည်း တွေ့ရသည်။ မကြာသေးသော နှစ်ကာလအတွင်းက အနောက်ပိုးကရင်ဝတ်စုံများကဲ့သို့ သင်တိုင်းဝတ်စုံရှည် အဝတ်အစားကို ပွဲတော်ရက်များတွင် ဝတ်ဆင်လာကြသည်> ပညာ​ရေး ကွန်ပျူတာတက္ကသိုလ်(ဘားအံ) နည်းပညာတက္ကသိုလ်(ဘားအံ) ဘားအံပညာရေးဒီဂရီကောလိပ် ဘားအံတက္ကသိုလ် စိုက်ပျိူးရေးသိပ္ပံ (ဇွဲကပင်) စီးပွား​ရေး ဒေသထွက်ကုန်များ ကရင်ပြည်နယ်သည်အများအားဖြင့်ရော်ဘာ၊ဆန်စပါး၊ ဒူးရင်းသီး၊ဖာလာ၊ကွမ်းသီး၊​ကော်ဖီ၊လက်ဖက်ထွက်ရှိသည်။ ဖွံ့ဖြိုးမှု အချက်အလက်များ အောက်ပါတို့မှ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာထားသော ကရင်ပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်သည်။ စိတ်ဝင်စားဖွယ်နေရာများ ဇွဲကပင်တောင် ဇွဲကပင်ဆံတော်ရှင်စေတီတော် ဆဒ္ဒန်ဂူ ဘုရင့်ညီဂူ ကော့ဂွန်းဂူ ကော့ကသောင်ဂူ ရသေ့ပျံဂူ ကြောင့်ကမ်လာဘ်စေတီတော် တောင်ဝိုင်းတောင် ကြာအင်းတောင် ဖားပုတောင် ချစ်သူမြိုင်ပန်းခြံ ဘားအံ သံတောင်ကြီး ပသိချောင်း နော်ဘူဘောဆုတောင်းတောင် သံတောင်ကြီးရေပူစမ်း ပသိဆည် ပဒုံဂူ၊ လှိုင်းဘွဲ့ ကျုံထော်ရေတံခွန် ရေဘုတ်ဆည်၊ လှိုင်းဘွဲ ပရေကြေတိုရေတံခွန်၊ ရှမ်းရွာသစ် စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာ ကရင်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ကိုယ်ပိုင်စာပေဖြင့် ရှေးယခင်ကတည်းကနေထိုင်လာသည့်လူမျိုးဖြစ်သည်။ ကရင်လူမျိုးများ၏ အထိမ်းအမှတ်သင်္ကေတမှာ - "ဖားစည်" ဖြစ်သည်။ "ဒုံးအက" သည် ကရင်လူမျိုး၏ ယဉ်ကျေးမှုအကတစ်ခုဖြစ်ပါသည်။ ဝါခေါင်လတွင် ကရင်လူမျိုးများ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော "ကရင်ရိုးရာ ဝါခေါင်လခြည်ဖြူဖွဲ့မင်္ဂလာ" ကို ကရင်ပြည်နယ်ရှိနေရာတိုင်းတွင်ကျင်းပကြပါသည်။ ပြာသိုလဆန်း (၁)ရက်နေ့သည် ကရင်လူမျိူးများ၏ နှစ်သစ် မင်္ဂလာ"ကောက်သစ်စားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကျသည်။ နိုဝင်ဘာလ (၇) ရက်နေ့သည် "ကရင်ပြည်နယ်နေ့" ဖြစ်ပြီး ကရင်ပြည်နယ် "ဘားအံမြို့" သီရီကွင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပကျပြီး ဈေးရောင်းပွဲတော်များ၊ပြခန်းများ၊ကရင်ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ဒုံးအကပြိုင်ပွဲများကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ တွင်းထွက်များ ကိုးကား မြန်မာနိုင်ငံပြည်နယ်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
မွန်ပြည်နယ်
မွန်ပြည်နယ် () သည် မြန်မာနိုင်ငံရှိ ပြည်နယ်တစ်ခု ဖြစ်သည်။ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီးတို့ဖြင့် ဝန်းရံလျက်ရှိသည်။ ပြည်နယ်၏ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အနည်းငယ် ထိစပ်လျက်ရှိသည်။ ပြည်နယ်၏ မြို့တော်မှာ မော်လမြိုင်မြို့ ဖြစ်သည်။ သမိုင်းကြောင်း မွန်ပြည်နယ် ဟု ဖြစ်ပေါ်ခြင်း မရှိမီက မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသော နယ်မြေသည် တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် မြိတ်ခရိုင်ကို မြို့နယ် ၆ မြို့နယ်ဖြင့် လည်းကောင်း၊ ထားဝယ်ခရိုင်ကို မြို့နယ် ၄ မြို့နယ်ဖြင့် လည်းကောင်း တနင်္သာရီတိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေး ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၁ အဖြစ် လည်းကောင်း၊ ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၂ အဖြစ်လည်းကောင်း သတ်မှတ် ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ကောင်စီ ကာလ ၁၉၇၄ ခုနှစ်တွင် တနင်္သာရီတိုင်းအမှတ် ၁ ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ တည်နေရာ နှင့် အကျယ်အဝန်း မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် မုတ္တမကွေ့ ဖြင့် ထိစပ်နေသည်။ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂မိနစ် နှင့် ၁၇ ဒီဂရီ ၃၂မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၁မိနစ် နှင့် ၉၈ ဒီဂရီ ၁၃မိနစ်ကြားတွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၄၇၄၇.၇၆)၊ ဧကအားဖြင့် (၃၀၃၈၅၆၄) ကျယ်ဝန်းသည်။ အရှေ့အနောက် (၁၂၇)မိုင် ကျယ်ဝန်းပြီး တောင်မြောက်(၁၄၁.၈၈)မိုင်ရှည်လျားသည်။ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်သော မွန်ပြည်နယ်၏ အနောက်ဘက် နယ်နိမိတ်ကို ကပ္ပလီပင်လယ်၊ မြောက်ဘက်ကို ပဲခူး၊ အရှေ့ဘက်ကို ကရင် နှင့် တောင်ဘက်ကို တနင်္သာရီတို့က ဝိုင်းရံလျက်ရှိသည်။ မွန်ပြည်နယ်သည် စတုရန်းကီလိုမီတာ ၁၂၂၉ ကျယ်ဝန်းပြီး၊ မြို့နယ် ၁ဝ မြို့နယ်ပါဝင်ကာ၊ မော်လမြိုင်သည် မြို့တော်ဖြစ်သည်။ လူဦးရေမှာ ၂.၁၂ သန်း (၂ဝ၁၁ HMIS အချက်အလက် များအရ) ရှိပြီး၊ စတုရန်း ၁ ကီလိုမီတာလျှင် လူဦးရေ သိပ်သည်းမှုနှုန်း ၁၇၂ ဦးရှိသည်။ လူဦးရေ၏ ၂၃% သည် မြို့ပြ ဒေသများတွင် နေထိုင်ကြပြီး၊ ကျန်ရှိသော ၇၇% မှာ ကျေးလက် ဒေသများတွင် နေထိုင်ကြသည်။ အုပ်ချုပ်​ရေး မြို့​တော် မွန်ပြည်နယ်၏မြို့​တော်မှာ ​မော်လမြိုင်မြို့ဖြစ်သည်။ကားလမ်း ရေကြောင်းလမ်း လေကြောင်းလမ်း မီးရထားလမ်းများဆုံရာမြိူ့ ဖြစ်သည်။ အုပ်ချုပ်​ရေး ၂၀၁၁ခုနှစ်မှစတင်ကာ ဝန်ကြီးချုပ်အမှူးပြု​​သော ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်နယ်အား အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး မွန်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ခရိုင်များ မွန်ပြည်နယ်တွင် ခရိုင် (၄)ခု ရှိသည်။ သထုံခရိုင် မော်လမြိုင်ခရိုင် ရေးခရိုင် ကျိုက်ထိုခရိုင် မြို့နယ်များ မွန်ပြည်နယ်တွင် ခရိုင် (၄)ခု၊မြို့နယ် (၁၀) ခု၊ မြို့ပေါင်း (၁၆) မြို့၊ ရပ်ကွက်ပေါင်း (၁၀၀)၊ ကျေးရွာအုပ်စု (၃၆၈) အုပ်စုနှင့် ရွာပေါင်း (၁၁၅၂) ရှိသည်။ လူဦး​ရေ ၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် လူဦးရေ ၂သန်း နေထိုင်ကြသည်။မွန်လူမျိုး၃၈.၆%၊မြန်မာလူမျိုး၃၅.၇%၊ကရင်လူမျိုး၁၄.၂%၊အခြား၇.၂%အသီးသီးနေထိုင်ကြပါသည်။မော်လမြိုင်ခရိုင်သည်မွန်လူမျိုးအများဆုံးနေထိုင်ပြီး၊သထုံခရိုင်သည် မြန်မာလူမျိုးအများဆုံးနေထိုင်သည်ကိုတွေ့ရသည်။မွန်ပြည်နယ်မြောက်ပိုင်းသည် မြန်မာလူမျိုးအများဆုံးနေထိုင်ကြသည်။ဘီးလင်းမြို့နယ်သည် မြန်မာလူမျိုးအများဆုံးမြို့နယ်ဖြစ်ပြီးရေးမြို့နယ်သည်လည်း မွန်လူမျိုးအများဆုံးဖြစ်သည်။မွန်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၆၇ဦးဖြစ်သည်။ ရန်ကုန်၊မန္တလေးနှင့် ဧရာဝတီတိုင်းတို့ပြီးလျှင် စတုတ္ထမြောက် လူဦးရေ အသိပ်သည်းဆုံးဖြစ်သည်။ မွန်ပြည်နယ်တွင် လူ၁၀၀လျှင် ၇၂ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ ပညာရေး မော်လမြိုင်တက္ကသိုလ် နည်းပညာတက္ကသိုလ်(မော်လမြိုင်) မော်လမြိုင်ပညာရေးကောလိပ် ကွန်ပျူတာတက္ကသိုလ်(သထုံ) အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) စိုက်ပျိုးရေးသိပ္ပံ(သထုံ) ဆက်သွယ်ရေး နာမည်ကျော် စစ်တောင်းတံတားမှ ကားလမ်းခရီးဖြင့် လည်းကောင်း၊ သံလွင်တံတား(မော်လမြိုင်)မှ ရထားခရီးဖြင့်လည်းကောင်း မြန်မာနိုင်ငံအနှံ့အပြားသို့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။ မော်လမြိုင်တွင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် ဌာနခွဲတစ်ခုရှိကာ GSM ဖုန်းများကိုလည်း သုံးစွဲနိုင်ပြီဖြစ်သည်။ မွန်ပြည်နယ်တစ်ဝန်း တွင် မိုက်ခရိုဝေ့ဖ် စခန်း ၉ ခုတိတိ ရှိသည်။ မွန်ပြည်နယ်တွင် ဆက်သွယ်ရေးအတွက် မိုဘိုင်းအသုံးပြုနိုင်သော ကွန်ရက်များမှာ MPT, Telenor, Ooredoo, Mytel, MEC တို့ဖြစ်ကြသည်။ ထို့အပြင် အင်တာနက်ဆက်သွယ်ရေးအတွက် MPT, Telenor နှင့် Ooredoo တို့မှလည်း အင်တာနက်ဆက်သွယ်ရေးကို FTTH လိုင်းသာမက Wireless Broadband များဖြင့်လည်း အသုံးပြုနိုင်ပြီဖြစ်သည်။ စီးပွားရေး ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်း၊ ပင်လယ်ပြင်ငါးဖမ်းခြင်း၊ နေလှန်းဆားလုပ်ငန်း၊ငါးပိငါးခြောက်လုပ်ငန်းများ နှင့် နှစ်ရှည်သစ်တောထွက် သီးနှံပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းတို့ဖြင့် စီးပွားဖြစ်ထွန်းပါသည်။ ထို့ပြင် နိုင်ငံပိုင် စစ်တောင်းစက္ကူစက်၊ ဘီးလင်းသကြားစက်၊ ဘီးလင်း တာယာစက်ရုံ၊ သံဖြူဇရပ်ရာဘာစက်ရုံ၊ သထုံ တာယာစက်ရုံ တို့လည်း ရှိသည်။ တွင်းထွက်များ ပေါင်မြို့နယ်ရှိ ကာဒိုက်သတ္တုမိုင်း နှင့် မုဒုံရှိ နတ်စိမ်းသတ္တုမိုင်း တို့မှ ခဲမဖြူ ကိုလည်းကောင်း မုပ္ပလင်နှင့် ဇင်းကျိုက်တို့မှ ဂရက်နိုက် ကိုလည်းကောင်း တူးဖော်ရရှိသည်။ စိတ်ဝင်စားဖွယ်နေရာများ ကျိုက်ထီးရိုးဘုရား ကျိုက္ခမီရေလယ်ဘုရား ကျိုက်သံလန်စေတီတော် စက်စဲကမ်းခြေ အပန်းဖြေစခန်း သံဖြူဇရပ် စစ်သင်္ချိုင်း သေမင်းတမန် ရထားလမ်း ကဗျာဝကမ်းခြေ ချောင်းနှစ်ခွ အပန်းဖြေစခန်း ဝဲကလိရေပူစမ်း ဗျိုင်းနှစ်ကောင် ပေါ်တော်မူဘုရား ရွာလွတ် ကမ္ဘာ့အကြီးဆုံးဆေးတံ ကိုးကား မြန်မာနိုင်ငံပြည်နယ်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
ရှမ်းပြည်နယ်
ရှမ်းပြည်နယ် () သည် မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များအနက် အကြီးဆုံး(ဧရိယာအကျယ်ဆုံး) ပြည်နယ်ဖြစ်သည်။ ဗြိတိသျှအစိုးရလက်ထက်က ပဒေသရာဇ် ရှမ်းပြည်နယ်စုဟု ခေါ်တွင်ခဲ့သော နယ်များအား လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဟူ၍ ပေါက်ဖွားလာသောအခါ ပြည်ထောင်စု အခြေခံဥပဒေအပိုဒ် ၅ အရ အဆိုပါ နယ်များတွင် 'ဝ'နယ်များကို ပူးပေါင်း၍ ရှမ်းပြည်နယ်ဟု သတ်မှတ်ပိုင်းခြားခဲ့သော နယ်များကို ခေါ်ဝေါ်သမုတ်ခြင်း ဖြစ်ပေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိ၍ အကြီးဆုံးပြည်နယ်လည်း ဖြစ်၏။ ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း တောင်စခန်းတို့ဖြင့် သာယာလှပသောပြည်နယ်တစ်ခုဖြစ်သည်။ တည်နေရာနှင့် အကျယ်အဝန်း ရှမ်းပြည်နယ်သည် ၆၀,၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း ဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင်တည်ရှိပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ မှ ၂၂ဒီဂရီ ၁၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၆မိနစ် မှ ၉၈ ဒီဂရီ ၄၇မိနစ် အတွင်းတည်ရှိသည်။ ထိုပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိပြီးလျှင် အကြီးဆုံးပြည်နယ် ဖြစ်သည်။ ပြည်မ၏အရှေ့ဘက်၌ရှိသော ထိုပြည်နယ်သည် အကြမ်းဖျင်းအားဖြင့် ပဉ္စဂံပုံ ရှိလေရာ အနောက်ဘက်ရှိ ပြည်မ၏ လွင်ပြင်ဒေသများကို ပဉ္စဂံ၏ အခြေပြုထားကာ အရှေ့ဘက်ရှိ မဲခေါင်မြစ် (လာအိုနိုင်ငံ) ပေါ်တွင် ပဉ္စဂံ၏ ထိပ်ဖျားကျရောက်နေလေသည်။ ရှမ်းပြည်နယ်သည် မြောက်ဘက်တွင် ကချင်ပြည်နယ်၊ အရှေ့မြောက်ဘက်တွင် ယူနန်ပြည်နယ် (တရုတ်ပြည်သူ့သမ္မတနိုင်ငံ)၊ အရှေ့ဘက်တွင် ယူနန်ပြည်နယ်နှင့် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း၊ အနောက် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းတို့ဖြင့် ဝိုင်းရံလျက် ရှိသည်။ ထိုပြည်နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂ဝ မိနစ်နှင့် ၂၄ ဒီဂရီ ၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် နှင့် ၁ဝ၁ ဒီဂရီ ၉ မိနစ်တို့၏ အကြား၌ တည်ရှိလေသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ၇၀ရာခိုင်နှုန်းကို မူဆယ်မြို့နယ် မှ ရရှိသည်။ ပထဝီဝင် မြေမျက်နှာသွင်ပြင် ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း၊ တောင်စခန်းတို့ဖြင့် သာတောင့်သာယာ ရှိပေသည်။ ဧရာဝတီမြစ်ရိုး တစ်ခုဆီမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်ဟု အများခေါ်ဆိုကြသော တောင်စဉ်တောင်တန်းများကို တောင်ခိုးတောင်ငွေ့ တစ်ဝေဝေဖြင့် တွေ့မြင်ကြရပေလိမ့်မည်။ ရှမ်းရိုးမတောင်ဟု ခေါ်ဆိုနေကြသော်လည်း စင်စစ် ရှမ်းပြည်နယ်တစ်ခုလုံးသည် ကုန်းပြင်မြင့် ဖြစ်လေသည်။ ရှမ်းကုန်းပြင်မြင့်သည် ပျှမ်းမျှခြင်းအားဖြင့် ပင်လယ်ရေပြင်မှ ပေ ၃ဝဝဝ-၄ဝဝဝ ကျော်အထိ မြင့်ပြီးလျှင် နေရာ ဒေသများစွာတို့၌ မြေမျက်နှာပြင်သည် လှိုင်းအိထိုးနေဘိသကဲ့သို့ နိမ့်တုံမြင့်တုံ ဖြစ်နေလေသည်။ အရှေ့ဘက်ပိုင်း ကုန်းမြေမြင့်သည် အနောက်ဘက်ပိုင်းထက် ပို၍မြင့်သည်။ အမြင့်ဆုံးအပိုင်းသည် လားရှိုး၏ အနောက်တောင်ဘက်ပိုင်း ဖြစ်သည်။ ကုန်းမြေမြင့်မျက်နှာပြင်သည် သိန္နီနယ်၏ အလယ်ပိုင်းခန့်မှ စ၍ မန္တလေးခရိုင် အထက်နားရှိ တောင်ကုန်းဒေသသို့တိုင်အောင် ကျယ်ပြန့်သွားသော်လည်း မိုးနဲနယ်နှင့် မောက်မယ်နယ်စပ်သို့ အရောက်တွင်မူ ကျဉ်းမြောင်းသွားလေသည်။ တောင်ရိုးတောင်တန်းတို့သည် ရှမ်းပြည်မြောက်ပိုင်း အချို့ ဒေသများတွင် အရှေ့နှင့်အနောက်တန်းလျက် ရှိသည်မှ လွဲ၍ ပြည်နယ်တစ်ခုလုံး၌ များသောအားဖြင့် တောင်နှင့်မြောက် တန်းလျက်ရှိကြလေသည်။ တောင်ထိပ်များသည် ပေ ၆ဝဝဝ မှ ၈ဝဝဝ ကျော်အထိ မြင့်ကြ၍ အမြင့်ဆုံးတောင်ထွတ်သည် တောင်သိန္နီနယ် အတွင်းရှိ ပေပေါင်း ၈၇၇၇ မြင့်သော လွယ်လိန်းတောင်ထွတ်ဖြစ်သည်။ အခြားမြင့်မားသော တောင်ထွတ်များမှာ မြောက်သိန္နီနယ်အတွင်းရှိ လျန်ရှန်၊ ကျိုင်းတုံနယ်အရှေ့ပိုင်းရှိ လွယ်ပန်နောင်၊ မိုင်းကိုင်နယ်အတွင်း ရှိ လွယ်စန့်နှင့် လွယ်လမ် စသည်တို့ ဖြစ်ကြ၍ ပေ ၈ဝဝဝ ကျော် မြင့်ကြပေသည်။ ပင်းတယနယ်အတွင်းမှ မဲနယ်တောင်တန်းရှိ အရှေ့မြင် အနောက်မြင်တောင်ထွတ်သည် ၇၆၇၈ ပေ မြင့်သည်။ ထို့ပြင် နမ့်တမ်ဖတ် ချောင်းဝှမ်းနှင့် နမ့်ပွန်ချောင်းဝှမ်းကို ခြားလျက်ရှိသော လွယ်မောနှင့် လွယ်မောင်ဟု ခေါ်သည့် ပေ ၇ဝဝဝ မှ ၈ဝဝဝ ကျော်ရှိသော တောင်မြင့်ကြီးများလည်း ရှိပေသေးသည်။ ကလောမြို့အနီးရှိ ဆင်တောင်နှင့် မြင်းမထိတောင်တို့သည် ပေ ၅ဝဝဝ ကျော် မြင့်ကြလေသည်။ မြစ်ချောင်း ရှမ်းပြည်နယ်၏ မြစ်ချောင်းတို့သည် တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော်စီးဆင်းရသဖြင့် မြစ်ကမ်းပါးတို့သည် များသောအားဖြင့် ကျဉ်းမြောင်းမတ်စောက်ကြသည်။ မြစ်ချောင်းတို့အကြား၌ တောင်နှာမောင်းတို့သည် မြစ်ချောင်းများ ဆုံးသည့် တိုင်အောင် တည်ရှိကြလေသည်။ ရှမ်းပြည်နယ်တွင် သံလွင်မြစ်သည် အကြီးဆုံးဖြစ်သည်။ ထိုမြစ်ကို ရှမ်းဘာသာဖြင့် နမ့်ခုန်းမြစ်ဟု ခေါ်သည်။ ယင်းသည် ရှမ်းပြည်နယ်တစ်ခုလုံးကို မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းရာ အကြမ်းဖျဉ်းအားဖြင့် ပြည်နယ်ကို အရှေ့နှင့်အနောက် ပိုင်းခြားထားသကဲ့သို့ ရှိသည်။ မြစ်ရိုးတစ်လျှောက် ဧရာဝတီမြစ်ကဲ့သို့ မြေပြင် ပြန့်ဖြူးခြင်းမရှိဘဲ နက်ရှိုင်းမတ်စောက်သော ကမ်းပါးစောက်ကြီးများကို ဖြစ်ပေါ်စေလျက် အရှိန်ပြင်းစွာဖြင့် စီးဆင်းလေသည်။ သံလွင့်မြစ်အထက်ပိုင်း ဖြတ်သန်းစီးဆင်းရာ ရှမ်းပြည် မြောက်ပိုင်းသည် တောင်ထူထပ်၍ ပေ ၆ဝဝဝ ကျော် ၇ဝဝဝ နီးပါးမြင့်သော တောင်တန်းကြီးများ ရှိသည်။ ထိုတောင်တန်းကြီးများသည် တံတိုင်းကြီးများသဖွယ် ကာဆီးလျက်ရှိခြင်းကြောင့် ရှေးအခါက မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ရန် မလွယ်ကူခဲ့ခြင်း ဖြစ်ပေသည်။ တောင်ရိုးတောင်တန်းများသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ထပ်ဆင့်နေလေရာ မြေပြန့် မြေကျယ်များစွာ မရှိချေ။ ထိုကြောင့် ထိုအပိုင်းတွင် လူနေအိမ်ခြေလည်း နည်းပါးလေသည်။ အလယ်ပိုင်းနှင့် အောက်ပိုင်းတစ်လျောက် သံလွင်မြစ် ဖြတ်သန်း စီးဆင်းလာသောအခါ အနောက်ဘက်တွင် တောင်တန်းများသည် နီးကပ်စွာ ထပ်ဆင့်ခြင်းမရှိဘဲ နီးတစ်လှည့် ဝေးတစ်ခါရှိနေကြလေရာ တောင်တန်းတစ်ခုနှင့် တစ်ခုအကြားတွင် မြေပြန့်မြေကျယ်များကို တွေ့ရသည်။ ထိုမြေပြန့်မြေကျယ်များတွင် မြို့ရွာများကို တည်ထားကြလေသည်။ ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ထဲသို့ စီးဝင်သော မြစ်လက်တက်များမှာ လက်ဝဲဘက်ကမ်းမှ စီးဝင်သော နမ့်တင်(နမ့်တိန်း)၊ နမ့်မ၊ နမ့်ဆင် စသည်တို့လည်းကောင်း၊ လက်ယာဘက်ကမ်းမှ စီးဝင်သောနမ့်နင်း၊ နမ့်ပန်နှင့် နမ့်တန်စသည်တို့လည်းကောင်း ဖြစ်ကြလေသည်။ ရှမ်းပြည်နယ်၏ အခြားမြစ်ကြီးတစ်မြစ်သည် မဲခေါင်မြစ် ဖြစ်ပေသည်။ သို့သော် ရှမ်းပြည်နယ်နိမိတ်နှင့် လာအိုနိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ထားသည့် မိုင်ပေါင်း ၁၂ဝ ခန့်မျှသာ ထိုမြစ်ကြီးသည် ရှမ်းပြည်နယ်နှင့် သက်ဆိုင်လေသည်။ နမ္မတူ၊ မြစ်ငယ်၊ ဒုဋ္ဌဝတီဟူသော သုံးမည်ရ နမ္မတူမြစ်သည် ရှမ်းပြည်နယ်၏ ထင်ရှားသောမြစ်တစ်သွယ် ဖြစ်သည်။ ပြည်နယ်အတွင်း တစ်စိတ်တစ်ဒေသမျှသာ ဖြတ်သန်းသွားသော်လည်း မဖော်ပြဘဲ မနေအပ်သော မြစ်တစ်သွယ်မှာ နမ့်မင်းဟုလည်း ခေါ်သော ရွှေလီမြစ်ပေတည်း။ ထိုမြစ်၏ မြစ်ဖျား လက်ယာဘက်ကမ်းရှိ မိုင်းမောဒေသမှ စ၍ ရှမ်းပြည်ထောင် အများ ပေါ်ပေါက်ပြန့်ပွားခဲ့သည်ဟု ဆိုကြလေသည်။ ဖော်ပြခဲ့သော မြစ်များအပြင် ရှမ်းပြည်နယ်အလယ်ပိုင်း မြေလပ်ဒေသ၌ မြစ်ဖျားခံပြီးလျှင် ရပ်စောက်နယ်၊ ဘော်နယ်တို့ကို ဖြတ်ကျော်ကာ ပြည်မရှိ ကျောက်ဆည်ခရိုင်မှ တစ်ဆင့် ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သော ဇော်ဂျီမြစ်၊ ဟိုပုန်းမြို့နယ် နမ့်ခုတ်မြို့ငယ်လေး၏အနောက်ဘက်တွင် မြစ်ဖျားခံသော နမ့်တမ်ဖတ်ချောင်း၊ မြေလပ်ဒေသတစ်ဝိုက် စီးဆင်းကာ အင်းလေးထဲသို့ အနောက်ဘက်မှ စီးဝင်၍ တောင်ဘက်မှတစ်ဖန် ပြန်ထွက်ပြီးလျှင် ကယားပြည်နယ်အတွင်းသို့ စီးဝင်သော နမ့်ဘီလူးချောင်း၊ လဲချားနယ်တောင်ကုန်းများ၌ မြစ်ဖျားခံပြီးလျှင် တောင်ဘက်ကယား ပြည်နယ်အတွင်းသို့ စီးဝင်ပြီးနောက် သံလွင်မြစ်အတွင်းသို့ နမ့်ပွန်ချောင်း စသည်တို့လည်း ရှိပေသေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း မြစ်ရိုးချောင်းရိုး မြေပြန့် လွင်ပြင်များတွင် မြို့ရွာများကို များသောအားဖြင့် ရှမ်းလူမျိုးတို့က တည်ထောင်ထားကြရာ မြောက်ပိုင်း နမ္မတူမြစ်ရိုး မြေပြန့်တွင် သိန္နီနယ်၊ သီပေါနယ်တို့ကို တွေ့ရသည်။ ရပ်စောက်၊ ရေဦး၊ ရွာငံ၊ ပင်းတယ၊ ပွေးလှနယ်တို့သည် ဇော်ဂျီမြစ်ရိုး မြေပြန့်တစ်လျောက် တည်ထားသော မြို့ရွာများဖြစ်ကြသည်။ နမ့်ပွန်ချောင်းရိုးမြေပြန့်တွင် မိုင်းပွန်နယ်ကိုလည်းကောင်း နမ့်တမ်ဘက်ချောင်းရိုး မြေပြန့်တွင် ဟိုပုန်း၊ နမ့်ခုတ် ဘန်းယဉ်၊ ဆီဆိုင်(သထုံ) နယ်တို့ကိုလည်းကောင်း တွေ့ကြရလေသည်။ မြစ်ချောင်းများသည် တောင်စဉ် တောင်တန်းများကို ဖြတ်ကျော်စီးဆင်းကြသဖြင့် ရှမ်းပြည်နယ်တွင် ရေတံခွန်စိမ့်စမ်းများအနှံ့အပြား ရှိသည်။ သီပေါနှင့် လာရှိုးအကြားရှိ မန့်ဆမ်ရေတံခွန်ကြီးသည် အမြင့်ပေ ၁၅ဝဝ ကျော် ၂ဝဝဝ ခန့်မှ တောင်ခန့်မှ တောင်ခါးပန်းအဆင့်ဆင့်ကို စီးဆင်းလာခဲ့ရာ ကြည့်၍ မငြီးဖွယ်ရာ ဖြစ်ပေသည်။ ထိုရေတံခွန်ကြီးမှ ရေအားကို အသုံးပြု၍ နမ္မတူမြို့ရှိ ဘားမားကော်ပိုရေးရှင်း လီမီတက်၏ သတ္တုတွင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အခြားရေတံခွန်များလည်း အများအပြားရှိရာ ယင်းတို့မှ ရေအားကိုလည်း အသုံးချနိုင်ရန် ပြည်ထောင်စု အစိုးရက လေ့လာ စမ်းသပ်စေခဲ့သည်။ ရှမ်းပြည်တောင်ပိုင်းတွင် စက်မှုလုပ်ငန်း ဓာတ်အားပေးရေးအတွက် အလားအလာရှိသော ရေတံခွန်တို့မှာ မိုင်းပွန်မြို့အနီးရှိ ရေတံခွန်သုံးခု၊ ရပ်စောက်မြို့မှ ၁ဝ မိုင်ခန့်ကွာ အင်းတော်သွားလမ်းရှိ ဇော်ဂျီရေတံခွန်(မိုးဟင်းရေတံခွန်)၊ ညောင်ရွှေမြို့အနီးရှိ ရေတံခွန်ငယ်နှစ်ခုနှင့် လဲချားနယ်မှ နမ့်တွပ်ရေတံခွန်တို့ ဖြစ်ကြသည်။ ကျိုင်းတောင်း စီရင်စုအတွင်းရှိ နမ့်တိန်းရေတံခွန်မှ ရေအားကို ယူ၍ မြန်မာနိုင်ငံ၌ အကြီးဆုံးသော ရေအားလျှပ်စစ်ရုံကြီးတစ်ခု တည်ဆောက်နိုင်မည်ဟုလည်း ခန့်မှန်းထားကြလေသည်။ မြစ်ချောင်း ရေတံခွန်များအပြင် အင်းအိုင်များလည်း ရှိသေးရာ ယင်းတို့အနက် ညောင်ရွှေနယ်ရှိ အင်းလေးသည် အကြီးဆုံး အကျော်ကြားဆုံးဖြစ်သည်။ ရေထွက် ၂၀၁၆ ခုနှစ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကောက်ယူခဲ့သော စာရင်းအရ ရှမ်းပြည်နယ် (အထူးဒေသများမပါ) တွင် ရေထွက်ပေါင်း ၃,၇၀၀ ကျော် ရှိသည်။ ထို့ပြင် ဆိုင်ရာမြို့နယ်လူထုအတွက်ဆယ့်နှစ်ရာသီ မပြတ်သုံးစွဲရန် ရေရနိုင်သော ရေထွက်ခေါ် စမ်းရေပေါက်များလည်း ရှိသေးသည်။ ဟိုပုန်းရေထွက်၊ ဘော်ဆိုင်းရေထွက်၊ ရပ်စောက်ရေထွက် (ဗထူးစမ်း)၊ ကရင်မရေထွက် (တောင်ကြီး)တို့သည် လူသိ များသော စမ်းရေပေါက်များပေတည်း။ ရှမ်းပြည်နယ်၏ အောက်ခံကျောက်မြေသည် များသောအားဖြင့် ထုံးကျောက်များဖြစ်လေရာ ရွာချသော မိုးရေသည် မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။ ထိုစိမ့်ဝင်သွားသော ရေများသည် အချို့နေရာများတွင် စမ်းရေပေါက်များဖြစ်ကာ မြေပြင်သို့ ပြန်ထွက်လာကြရာ ယင်းတို့ကို ရေ ထွက်များဟု ခေါ်ဝေါ်ကြသည်။ မြစ်ချောင်းနှင့်လည်း မနီး၊ ရေထွက်များလည်း မရှိသော ဒေသများလည်း ရှိသေးရာ ထိုဒေသများတွင် ရေရှားပါးသဖြင့် မြေတွင်း သယံဇာတ ပစ္စည်းများဖြင့် ပေါများသည့်တိုင်အောင် စက်မှုလုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်း၊ စိုက်ပျိုးရေး ခက်ခဲခြင်းများ ရှိလေသည်။ ရေထွက် သို့မဟုတ် စမ်းရေပေါက်များအပြင် ရေပူစမ်းများလည်း ပေါများသည်။ ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်တွင် မြေလွှာကျွံခြင်း၊ သို့မဟုတ် မြေကြောအံလွှဲခြင်းများ ရှိပေရာ ထိုနေရာများတွင် ရေပူစမ်းများ ဖြစ်ပေါ်သည်။ သီပေါ၊ လားရှိုး၊ သိန္နီ၊ လင်းခေး၊ ကျိုင်းတုံ၊ အင်းလေးဒေသရှိ ခေါင်တိုင်ရွာ စသည်တို့တွင် ထိုကဲ့သို့သော ရေပူစမ်းများရှိလေသည်။ အောက်ခံမြေနှင့် ကျောက်အမျိုးမျိုး ရှမ်းပြည်နယ်၏ ဘူမိဗေဒကို သေချာစွာ စေ့ငုလေ့လာ၍ သုတေသန မပြုရသေးချေ။ အောက်ခံကျောက်မြေနှင့် စပ်လျဉ်း၍ ပြည်နယ်တစ်ခုလုံးကို ချုံ၍ဆိုရလျှင် ရှမ်းကုန်းပြင်မြင့်သည် များသောအားဖြင့် ထုံးကျောက်မြေ အောက်ခံဖြစ်သည်။ သို့သော် အာစီယန်ခေတ် (ရှေးအကျဆုံးခေတ်) ကျောက်များ၊ ပထမကပ်ကျောက်များ၊ ဒုတိယ ကပ်ကျောက်များနှင့် တတိယကပ် ကျောက်များ စသော ခေတ်အမျိုးမျိုးမှ ကျောက်များကိုလည်း ကြိုကြား ကြိုကြား တွေ့ရပေသည်။ ဘူမိဗေဒ ထုံးကျောက်ခေတ်ကာလက ရှမ်းပြည်နယ်သည် မြန်မာပြည်မနည်းတူ ပင်လယ်ရေတိမ်အောက်တွင် ကျရောက်နေခဲ့ရာ မြစ်များမှ သဲများ၊ ပင်လယ်ပိုးကောင်သေများ၊ ရေညှိရေမှော်ပုပ်များ စသည်တို့သည် တဖြည်းဖြည်း စုပုံလာပြီးလျှင် ပင်လယ်အောက် မြေသားသည် တဖြည်းဖြည်း ပို့တက်လာသည်။ ထိုကြောင့် ထိုခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများကို ထုံးကျောက်မြေများအကြား၌ ညှပ်လျက်တွေ့ကြရသည်။ ထုံးကျောက်ခေတ် ကုန်ဆုံးလုနီးကာလ၊ သို့မဟုတ် တတိယကပ် အစလောက်တွင် မြန်မာနိုင်ငံ၌ အပေါ်ယံ မြေလွှာပုံပြောင်းစေသော မြေလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ရာ ရှမ်းကုန်းပြင်မြင့်နှင့်ဆက်လျက်တောင်ဘက်သို့ မြန်မာနိုင်ငံ အောက်ပိုင်းအထိ တောင်ရိုးတောင်တန်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် မြေကြောများပြတ်၍ အချို့နေရာများတွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်ကာ မြေလွှာကျွံခြင်း၊ သို့မဟုတ် အံလွှဲများ ဖြစ်ပေါ်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း၌ သီပေါနယ် ဂုတ်ထိပ်ချိုင့်ဝှမ်းမှသည် သံလွင်မြစ်ကမ်းပေါ်ရှိ ကွမ်းလုံကူးတို့ဆိပ်တိုင်အောင် အရှေ့နှင့်အနောက် ရှည်လျားသော မြေလွှာကျွံချိုင့်ဝှမ်းကြီးတစ်ခုကို တွေ့ရ၍ ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်တွင် ထူးခြားပေါ်လွင်သော ဘူမိဗေဒလက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ညောင်ရွှေနှင့် ရွှေညောင်မြောက်ဘက်မှ အင်းလေး တောင်ဘက်အထိလည်း ကြီးမား၍ တောင်နှင့်မြောက်ရှည်လျားသော မြေလွှာကျွံချိုင့်ဝှမ်းကြီး တစ်ခုရှိလေသည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း ခေတ်အမျိုးမျိုးမှ သက်ရင့်ကျောက်များကို ရှမ်းပြည်နယ် အနှံ့အပြား၌ တွေ့ကြရသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် မိုးကုတ်နယ် ပတ္တမြားမြေ၏ လိပ်သည်းကျောက်မြေနှင့် ဆက်စပ်လျက် ဝေဘူကျောက်မြေမျိုးကိုတွေ့ကြရသည်။ ထိုမှ တောင်ဘက်သို့ ရွေ့လာခဲ့သော် ကမ်ဗရီယမ်ခေတ် ကျောက်မျိုးဖြစ်သော သလင်းကျောက်၊ သင်ပုန်းကျောက် စသည်တို့ကို တွေ့ရသည်။ သီပေါမြို့၏ အရှေ့ဘက်မှ ကျောက်မြေများသည် ထုံးကျောက်များတွင် သဲကျောက်နီများ ညှပ်လျက်ပါသောမြေမျိုးဖြစ်လေသည်။ လားရှိုးမှ မြောက်ဘက်ငါးမိုင်ကွာသော နမ့်ယော်မြစ်ဝှမ်းတွင်လည်းကောင်း၊ တောင်ဘက်နမ့်မမြစ်ဝှမ်းတွင်လည်းကောင်း ကျောက်မီးသွေးကြောများ ပါရှိသော တတိယကျောက်ခေတ်မှ မြေစေးနှင့် သံကျောက်များကို တွေ့ရလေသည်။ ရှမ်းပြည်တောင်ပိုင်းတွင် ဆိုင်ယင်နိုက်နှင့် နှမ်းဖတ်ကျောက်မျိုးတို့ ပါဝင်သော လိပ်သည်းကျောက်မြေမျိုးသည် ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက် နှုတ်ခမ်းသားအစွန်းများအဖြစ်ဖြင့် ပေါ်နေကြသည်။ သီပေါနှင့် လားရှိုးအကြား၌ တွေ့ရသော ဒုတိယကျောက်ခေတ်၏ ခရမ်းပြာသဲကျောက် တို့သည် ထုံးကျောက်များအကြား၌ ညပ်လျက်ရှိသည်။ ထုံးကျောက်တောင်တန်းများအကြား၌ သက်တမ်းမရင့်သေးသော စရစ်ဖြုန်း သဲကျောက်နှင့် နုံးမြေများသည် အလျားလိုက် အမြှောင်းလိုက် ဖြစ်ပေါ်နေကြသည်။ ယင်းတို့မှလွဲလျှင် ရှမ်းပြည်တောင်ပိုင်း၌လည်း များသောအားဖြင့် ထုံးကျောက်မြေများသာလျှင်ဖြစ်သည်။ မြစ်ဝှမ်းချောင်းဝှမ်းများ၌ တတိယကပ်ကျောက်များ ချထားစုပုံ၍ ယင်းတို့အတွင်း၌ ကျောက်မီးသွေးနုများလည်းရှိရာ ထိုချိုင့်ဝှမ်း မြစ်ဝှမ်းချောင်း ဝှမ်းတို့၌ နုံးမြေများဖြင့် ဖုံးအုပ်လျက် ရှိလေသည်။ တွင်းထွက်ပစ္စည်းများ နမ္မတူ သတ္တုတွင်းမှ ဘော်၊ ခဲ၊ ရွှေ နှင့် အခြားဓာတ်သတ္တုအနည်းငယ်တို့ထွက်ရှိသည်။ တီကျစ် ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများထုတ်လုပ်ပြီး တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လောင်စာကုန်ကြမ်း ထောက်ပံ့လျက်ရှိသည်။ အထူးထင်ရှားသည့် မြန်မာ့ပတ္တမြား၊ နီလာနှင့် ကျောက်မျက် ရတနာများကို မိုင်းရှူး နှင့် နမ့်ယားဆိမ့် ဒေသများမှ တူးဖော်ထုတ်ယူနိုင်သည်။ ဘူမိဗေဒအရဆိုလျှင် ရှမ်းပြည်နယ်သည် များသောအားဖြင့် သက်ရင့်ကျောက်မြေ ဖြစ်သည်။ ထိုကြောင့် ရေနံမှတပါး သတ္တု မျိုးစုံကို တွေ့ရသည်။ သို့သော် ရှမ်းပြည်မြောက်ပိုင်း နမ္မတူနှင့် ဘော်တွင်းရှိ ဘားမားကော်ပိုရေးရှင်းလီမီတက်၏ သတ္တုတွင်း လုပ်ငန်းသာလျှင် ကြီးကြီးကျယ်ကျယ် ဆောင်ရွက် နေသော လုပ်ငန်းကြီး ဖြစ်သည်။ အခြားသတ္တုလုပ်ငန်းများကို တိုင်းရင်း သားများက တတ်အားသမျှ ငွေအင်အား လူအင်အားတို့ဖြင့်သာ ဆောင်ရွက်နေကြခြင်း ဖြစ်၍ ကြီးကြီးကျယ်ကျယ် မရှိလှချေ။ ၁၉၆ဝ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်ထွက် သတ္တုများမှာ ခဲတန်ချိန် ၃၁,၆ဝဝ (တန်ဖိုးငွေကျပ် ၁၆,၅၂၉,ဝဝဝ)၊ သွပ်တန်ချိန် ၁၇,၇၄၃ (တန်ဖိုးငွေကျပ် ၁,၁၁၅,ဝဝဝ)၊ ကြေးနီတန်ချိန် ၅ဝ ခန့် (တန်ဖိုး ငွေကျပ် ၃၆၆,ဝဝဝ)၊ ခနောက်စိမ်းတန်ချိန် ၂ဝ၉ တန် (တန်ဖိုးငွေ ၈ဝ,ဝဝဝ)၊ သံရိုင်းတန်ချိန် ၂ဝ၉ တန် (တန်ဖိုးငွေ ၈ဝ,ဝဝဝ)၊ သံရိုင်းတန်ချိန် ၁၅,၆၇ဝ (တန်ဖိုးကျပ် ငွေ ၈၆၂,ဝဝဝ)၊ ငွေသတ္တု ၂,ဝ၄၁,၃၉၅ အောင်စ (တန်ဖိုးငွေ ကျပ် ၈,၂၈၉,ဝဝဝ) တို့အပြင် အခြားထွက်ရှိသော သတ္တုများမှာ တန်ချိန် ၄၁ဝ ခန့် ဖြစ်လေသည်။ နမ္မတူသတ္တုတွင်း၊ သို့မဟုတ် ဘော်တွင်းသည် ခဲ၊ သွပ်၊ ဘော် အများဆုံးထွက်သော ကမ္ဘာကျော် သတ္တုတွင်းပေတည်း။ နမ္မတူသတ္တုတွင်းမှလွဲလျှင် ဘော်ဆိုင်းသတ္တုတွင်းသည် အကျိုးအခံစားရဆုံးဟု ဆိုကြ သည်။ ဘော်ဆိုင်းသတ္တုကြောကြီးသည် မိုင် ၄ဝ ခန့် ရှည်လျား၍ ဟဲဟိုးတောင်ဘက် မဲနယ်တောင်မှ ရပ်စောက်နယ် အထိ ရောက်သည်ဟု သိရသည်။ ထိုသတ္တုကြော၏ အနောက်စူးစူး ကလောနှင့် မိတ္ထီလာခရိုင်အစပ်ရှိ မင်း ပလောင် တောင်တန်း၌လည်း ခဲအမြောက်အမြား ရနိုင်သည်ဟု ဆိုကြသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပင်းတယနယ် မြောက်ပိုင်းနှင့် မြင်ကြာဒိုးနယ်ရှိ တောင်မင်းကြီး၌လည်း ခဲများ တူးဖော်ရရှိလေသည်။ သွပ်ထွက်စံချိန်တွင် ဘော်တွင်းကို ချိုးနိုင်မည့် သွပ်သတ္တု တွင်းသည် မိုင်းပွန်မြို့၏ တောင်ဘက်မိုင် ၃ဝ ခန့်တွင် ရှိသော လုံချိန်သတ္တုတွင်း ဖြစ်သည်။ နမ့်တင်းရေတံခွန်နှင့်လည်း မဝေးလှသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ကိုင်နိုင်ရန် မဖြစ်သေးပေ။ ခနောက်စိမ်း သတ္တုများကို ရှမ်းပြည်နယ် နေရာအနှံ့ အပြား၌ တွေ့ရှိရသည်။ သို့သော် ဈေးကောင်းမရ၍ လုပ်ကိုင်သူ နည်းသည်။ ရွှေအနည်းငယ် ရောနှောပါသော ကြေးနီတူးဖော်ခြင်းကို ဟဲဟိုးနယ်အတွင်း၌ လုပ်ကိုင်ကြသည်။ သို့သော် ရေအခက်အခဲရှိ၍ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ကြချေ။ စံကားနှင့် လင်းခေးစီရင်စုတို့၌လည်း ကြေးနီများ တွေ့ရှိရသည်ဟု သိရလေသည်။ ဝင်ငွေဖြောင့်သော သတ္တုတစ်မျိုးသည် မန်းဂနီးဖြစ်၍ ဟိုပုန်းနယ်၌ တူးဖော်လုပ်ကိုင်ကြသည်။ ဘော်တွင်းနှင့် ဘော်ဆိုင်းနယ်များအပြင် ဝနယ်အချို့ဒေသများ၌လည်း ငွေသတ္တုကို တူးဖော်ရရှိလေသည်။ ကျောက်မီးသွေးကို လားရှိုး၊ သီပေါ၊ တောင်ကြီးနယ်များအနီး၌ တွေ့ရသော်လည်း အမျိုးအစား မကောင်းချေ။ သာစည် ကလော မီးရထားလမ်းအနီး မင်းပလောင်တောင်တန်းမှ တွေ့ရှိရသော ကျောက်မီးသွေးသည် အမျိုးအစားမညံ့လှသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တူးဖော်လုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။ ရှေးက မောက်မယ်နယ်မှ အလွန်ကောင်းသော သံများ တူးဖော်ရရှိ၍ မောက်မယ်နယ်ထွက် ဓားများသည် ကျော်ကြားလှသည်။ ကျိုင်းတုံနယ်နှင့် ကျိုင်းခမ်းစီရင်စုတို့မှလည်းကောင်း၊ ဝနယ်များမှလည်းကောင်း သံထွက်သည်ဟု ဆိုကြလေသည်။ မကြာသေးမီက (၁၉၆၃ ခုနှစ်) တောင်ကြီးမြို့အနီး ပင်းပက်တွင် သံတန်ချိန် ၆၃ သန်းခန့် ထွက်နိုင်မည့် သံတွင်းတစ်တွင်းကို တွေ့ရှိခဲ့ကြသည်။ သယ်ယူပို့ဆောင်ရေးလည်း မခက်ခဲသဖြင့် အလားအလာရှိသော သံရိုင်းတွင်းပေတည်း။ ရှမ်းပြည်နယ်အတွင်း၌ မလေ့လာ မတူးဖော်ရသေးသော သတ္တုရိုင်းအမျိုးမျိုးကို နေရာအနှံ့အပြား၌ တွေ့ရှိနိုင်သည်။ ရာသီဥတု တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းအေးသော ရာသီဥတုရှိသည်။ မိုးဥတုတွင် မိုးရေချိန်များလေ့လည်းရှိသည်။ အပူချိန်မှာ အအေးဆုံးလများဖြစ်သည့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် ၇၀ဒီဂရီ ဖာရင်ဟိုက် နှင့် ၈၀ဒီဂရီ ဖာရင်ဟိုက် ကြားတွင်သာရှိသည်။ အပူဆုံးအချိန်များတွင် ၁၀ဝ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ရှိသည်။ ကပ္ပလီပင်လယ်မှ အနောက်တောင်မုတ်သုံလေကြောင်းကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်မှ တခါတရံဝင်ရောက်လာတတ်သည့် မိုးသက်မုန်တိုင်းများ၊ လေကြောင်းများကြောင့် လည်းကောင်း မိုးများသည့် ဒေသအဖြစ် တည်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၄၀လက်မ ဝန်းကျင်ရွာသွန်းလေ့ရှိသည်။ ရှမ်းပြည်နယ်သည် ကုန်းပြင်မြင့်ဖြစ်၍ ယေဘူယျအားဖြင့် ဥတုသပ္ပါယ အေးချမ်းမျှတသည်။ နေရာ ဒေသ များစွာတို့တွင် အင်္ဂလန်ပြည်ကဲ့သို့ ဥရောပတိုက် ရေမြေအနေအထား ရာသီဥတုမျိုးဆန်ဆန် ရှိလေသည်။ သို့သော် ယခုအခါ တောရိပ်တောင်ရိပ်နည်းပါးလာ၍ အပူရှိန် အနည်းငယ်တက်လာသည်။ ကုန်းမြေအနိမ့်အမြင့် ပထဝီသဘာဝကိုလိုက်၍ တစ်နေရာနှင့် တစ်နေရာ ရာသီဥတုအေးမြ၍ ထင်းရှူးပင်တို့ဖြင့် ဝေဆာနေ သော်လည်း ယင်းတို့နှင့် နီးကပ်ပါလျက် မြေနိမ့်ပိုင်းတွင်ရှိကြသော ညောင်ရွှေ၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်စသော ဒေသများတွင် ရာသီဥတု ပူအိုက်ကာ မန်ကျည်းပင်၊ အုန်းပင်၊ သရက်ပင်တို့ ဖြစ်ထွန်းသည်ကို တွေ့ရသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် သီပေါနယ် ချိုင့်ဝှမ်းသည် အပူချိန်အများဆုံးတက်သော ဒေသဖြစ်သည်။ ဧပြီ လအတွင်း နေ့အခါ ဖာရင်ဟိုက် ၉၆ ဒီဂရီထက်ပင် ကျော်လွန်သော်လည်း ညဉ့်ဘက်တွင် ၆၅ ဒီဂရီအထိ ကျဆင်းသွားတတ်ပြန်သည်။ ဆောင်းရာသီတွင် နေထွက်ပြီး၍ နာရီအနည်းငယ်ကြာသည့် တိုင်အောင် မြူများ ဆိုင်းနေတတ်သည်။ လားရှိုးမြို့တွင်(၁၈၉၆ ခုနှစ်မှ ၁၉၄ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ)အပူဆုံး အချိန် ဧပြီလ၌ မဇ္ဈိမ အပူချိန် ၉၁ ဒီဂရီ ရှိ၍ ဇန်နဝါရီလ အအေးဆုံးအချိန်တွင် မဇ္ဈိမအပူချိန် ၅၉.၉ ဒီဂရီရှိလေသည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် (၁၉၅ဝ ပြည့်နှစ်မှ ၁၉၆ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ) ဧပြီလတွင် မဇ္ဈိမအပူချိန် ၈၄.၅ ဒီဂရီရှိ၍ ဇန်နဝါရီလတွင် မဇ္ဈိမ အပူချိန် ၅၈.၂ ဒီဂရီ ရှိလေသည်။ ကျိုင်းတုံမြို့တွင် (၁၉၅၁ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ) ဧပြီလတွင် မဇ္ဈိမအပူချိန် ၉၂.၅ ဒီဂရီရှိ၍ ဇန်နဝါရီလ အအေးဆုံးအချိန် တွင် မဇ္ဈိမအပူချိန် ၆၂.၆ ဒီဂရီရှိကြောင်း တွေ့ရလေသည်။ တောင်ပေါ်ဒေသများ၌ကား အအေးဓာတ် ပိုမိုလွန်ကဲလေသည်။ ရှမ်းပြည်နယ်တွင် မိုးသည်းထန်သည်ဟု မဆိုနိုင်သော် လည်း မိုးသည် တစိမ့်စိမ့်စွေ၍ ရွာနေတတ်လေသည်။ ပျှမ်းမျှ မိုးရေချိန်သည် တောင်ကြီးမြို့၌(၁၉၅ဝ-၆ဝ ပြည့်နှစ်များအတွင်း) ၅၇.ဝ၅ လက်မ၊ ကျိုင်းတုံ မြို့၌ (၁၉၅ဝ-၆ဝ ပြည့် နှစ်များအတွင်း) ၄၆.ဝ၅ လက်မ၊ လားရှိုးမြို့၌ (၁၈၉၆-၁၉၄ဝ ပြည့်နှစ်အတွင်း) ၆၁.၈၆ ဖြစ်ရာ ပြည်နယ်တစ်ခုလုံး ချုံ၍ဆိုရလျှင် ပျမ်းမျှမိုးရေချိန်သည် လက်မ ၇ဝ မှ ၉ဝ အတွင်းသာရှိသည်။ ယင်းသို့မိုးရေချိန်သည် မများလှသော်လည်း တောရိပ်တောင်ရိပ်ရှိသဖြင့် မိုးရာသီအခါတွင်စိုစွတ် ထိုင်းမှိုင်းပြီးလျှင် အေးစိမ့်နေတတ်လေသည်။ သစ်တော ဝါးတောများ ရာသီဥတု အေးချမ်းစိုစွတ်ပြီးလျှင် မြစ်ချောင်း၊ စိမ့်စမ်းများပြားသဖြင့် ရှမ်းပြည်နယ်တွင် ရှေးအခါက သစ်တော ဝါး တောကြီးများ ညို့မှိုင်းထူထပ်ခဲ့လေသည်။ နောင်အခါ တောင်ယာ ခုတ်ထွင် လုပ်ကိုင်ကြသည့် စံနစ်ကြောင့်၎င်း၊ မြို့ရွာ အိမ်ခြေ တိုးချဲ့လာကြသဖြင့်၎င်း၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း သစ်တောများကို စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ကြ ခြင်းကြောင့်၎င်း သစ်တော ဝါးတောများ ယခုအခါ နည်းပါးနေချေပြီ။ မြေနိမ့်ပိုင်းတွင် ကျွန်း၊ အင်၊ ပျဉ်းမ စသော အပူပိုင်း သစ်တောများ၊ ပေ ၄ဝဝဝ မှ ၆ဝဝဝ ကျော်သော အမြင့်ပိုင်းတွင် ဝါးတောများ၊ ထင်းရှုးတောများ ပေါက်ရောက်သည်။ ပင်ရင်းပေါက်သော အပင်များကို ခုတ်ထွင် ရှင်းလင်းခဲ့သော နေရာများ၌ မြက်ခင်းပြင်များကို တွေ့ရလေသည်။ ရှမ်းပြည်နယ်အတွင်း သစ်တောခရိုင်များကို မိုးမိတ်သစ် တောခရိုင်၊ ရှမ်းပြည်မြောက်ပိုင်း သစ်တောခရိုင်၊ ရှမ်းပြည် တောင်ပိုင်း သစ်တောခရိုင်ဟူ၍ သုံးပိုင်းခွဲခြားထားသည်။ ကြိုးဝိုင်းသစ်တောများ၏ အကျယ်အဝန်းသည် စုစုပေါင်း ၇,၁၃၇ စတုရန်းမိုင်ရှိလေရာ မိုးမိတ်နယ်၌ ၁,၁၁၄ စတုရန်းမိုင်၊ ရှမ်းပြည်မြောက် ပိုင်း၌ ၄၇၁ စတုရန်းမိုင်၊ တောင်ပိုင်း၌ ၁,၅၆၃ စတုရန်းမိုင် ဖြစ်သည်။ ကြိုးဝိုင်းပြင်၌ သစ်တောများ၏ အကျယ်အဝန်းသည် စုစုပေါင်း ၁၅,၉၆၈ စတုရန်းမိုင်ရှိလေရာ မိုးမိတ်နယ်၌ ၁,၅၆၃ စတုရန်းမိုင်၊ ရှမ်းပြည် မြောက်ပိုင်း၌ ၄,၃၉၆ စတုရန်းမိုင်၊ တောင်ပိုင်း၌ ၁ဝ,ဝ၁၁ စတုရန်းမိုင် ဖြစ်လေသည်။ သစ်တောဌာန အုပ်ချုပ်ခြင်းမှ လွတ်ကင်းသော သစ်တောများသည်မူ စုစုပေါင်း ၄၁,၆၇၉ စတုရန်းမိုင် ကျယ်ဝန်းလေသည်။ ရှမ်းပြည်နယ်၌ အဖိုးတန်ကျွန်းသစ်၊ အင်ကြင်း စသည့် သစ်တောများ မများလှချေ။ ထင်းရှူးပင်နှင့် အခြား သစ်ရိုင်းများက ပို၍ များပြားသည်။ ရှမ်းလူမျိုးများသည် ထင်းရှူးသားကို အသုံးများကြသည်။ ကြီးကျယ်သော ကျွန်းတောကြီးများ ရှိသည့်ဒေသများမှာ မိုးမိတ်၊ မောက်မယ်၊ မိုင်းပန်၊ မိုးနဲ၊ ကျိုင်းတောင်းအကြားရှိ ကျွန်းတောကြီးများသည် အပင်များ နုသေးသော်လည်း မိုင်ပေါင်း ၂ဝ ကျော်ခန့် ရှည်လျားသဖြင့် အနာဂတ်ကာလအတွက် အဖိုးတန်သစ်တောကြီးပေတည်း။ မိုင်းကိုင်နယ်ရှိ တုံလောဒေသတွင်လည်း ကျွန်းနှင့် အခြား သစ်ရိုင်းတောများကို တွေ့ရလေသည်။ ကျွန်းစသော သစ်များကို ခုတ်ယူပြီးနောက် သံလွင်မြစ်နှင့် ယင်း၏လက်တက်များ ဖြစ်ကြသည့် သစ်မျှောချောင်းများအားဖြင့် မော်လမြိုင် ဆိပ်ကမ်းအရောက် မျှောချရသည်။ သာမိုင်း ခမ်းနယ်မှ၎င်း၊ မြန်မာပြည်မရှိ ကြိုးဝိုင်းများနှင့် ဆက်စပ်လျက် ရှိသော ကလောအနောက်ဘက်ရှိ မကွေးကြိုးဝိုင်းမှ၎င်း ခုတ်ယူ သော သစ်များကိုမူ မီးရထားဖြင့် ပြည်မသို့ တင်ပို့ရလေသည်။ ရှမ်းပြည်နယ်အတွင်း သစ်တောများမှ သစ်စေး၊ ရှားစေး၊ ချိပ်၊ အင်တွဲ စသည့် သစ်တောထွက်ပစ္စည်း များလည်း ရရှိသည်။ ထင်းရှူးသားမှ စက္ကူထုတ်လုပ်၍ ဖြစ်မဖြစ်ကို စမ်းသပ်ကြည့်ခဲ့ရာ ကုန်ထုတ်စက္ကူညိုများ ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိ ရသည်။ ထို့ပြင် ထီးရှူးဆီကို စံနစ်တကျ ထုတ်ယူရန်လည်း စမ်းသပ်လေ့လာလျက် ရှိသည်။ စမ်းသပ်မှုများ အောင်မြင်ပါက သစ်တောထွက်ပစ္စည်း အမျိုးအမည် တိုးလာဖွယ်ရှိသည်။ ရှမ်း ပြည်နယ် သစ်တောဌာန၏ ဝင်ငွေသည် ၁၉၅၉-၆ဝ ပြည့်နှစ် အတွက် စုစုပေါင်း ကျပ် ၃,၂၉၃,၅၉၃ ဖြစ်ရာ တစ်နှစ်ထက် တစ်နှစ် တိုးလာနိုင်မည်ဟု မြှော်လင့်ချက် ရှိပေသည်။ အကျယ်အဝန်းနှင့် လူဦးရေ တောတောင် လျှိုမြောင် စိမ့်စမ်းတို့ဖြင့် သာမောဖွယ် ကောင်းလှသော ရှမ်းပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အကျယ်ဝန်းဆုံး ပြည်နယ်ဟု ဆိုခဲ့ပေသည်။ ထိုပြည်နယ်၏ အကျယ်အဝန်း သည် ၆၁,၁၂၃ စတုရန်းမိုင် ဖြစ်၍ ၁၉၆၇ ခုနှစ် နောက်ဆုံးစာရင်းအရ လူဦးရေသည် ၂,၄၉၇,ဝဝဝ ယောက်မျှသာ ဖြစ်ရာ စတုရန်းတစ်မိုင်လျှင် ပျမ်းမျှခြင်း လူ ၄၈ ယောက်နှုန်းမျှသာ နေထိုင်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် လူနေအိမ်မြေ ကျဲလှပေသည်။ ပြည်နယ်၏ အကျယ်အဝန်းနှင့် နှိုင်းစာလျှင် လူဦးရေ နည်းပါးလှသော်လည်း ရှမ်းပြည်နယ်တွင် တိုင်းရင်းသား တောင်ပေါ်သား လူမျိုးစုအစုံအလင်ဆုံး တွေ့ရပေသည်။ လူမျိုး ပေါင်းစုံ ရောနှောနေထိုင်ရာ လူမျိုးစုံ ဟင်းလေးအိုးဒေသဟု ခေါ်ဆိုရပေမည်။ တွေ့ရှိရသော လူမျိုးစုများကို မူလဆင်းသက် ဆက်နွယ်လာသော လူမျိုးကြီးများနှင့် ယင်းတို့မှ ခွဲထွက်လာသော လူမျိုးအုပ်စုအလိုက် ဖော်ပြရမည်ဆိုသော်- ၁။ တိဗက်-မြန်မာအနွယ်၊ မြန်မာအုပ်စုဝင်များ ဖြစ်ကြသော ဓနု၊ အင်းသား၊ တောင်ရိုး၊ အဇီး၊ လရှီ၊ မရူ၊ မိုင်းသာလူမျိုးစုတို့သည်၎င်း ၂။ တိဗက်-မြန်မာအနွယ်၊ လိုလိုအုပ်စုဝင်များဖြစ်ကြသော လီဆူး၊ လားဟူ၊ အာခါ (ကော်)၊ နုံ (ဒရူး) လူမျိုးစုတို့သည်လည်းကောင်း၊ ၃။ တိဗက်-မြန်မာအနွယ်၊ ကချင်အုပ်စုဝင် ကချင်၊ သို့မဟုတ် ဂျိန်ဖော့လူမျိုးစုတို့သည်လည်းကောင်း၊ ၄။ ထိုင်း-တရုတ်အနွယ်၊ တိုင်အုပ်စုဝင်များဖြစ်ကြသော ရှမ်း၊ ရှမ်းတရုတ်၊ ဒရယ်၊ ဂုံ၊ သို့မဟုတ်ခွန်၊ လူး (လု)၊ လဝ်၊ သို့မဟုတ် ယွန်း၊ တိုင်းလင် လူမျိုးစုတို့သည်လည်းကောင်း၊ ၅။ ထိုင်း-တရုတ်အနွယ်၊ ကရင်အုပ်စုဝင်များ ဖြစ်ကြ သော ပအိုဝ်း (တောင်သူ) လူမျိုးစုသည်လည်းကောင်း၊ ၆။ ထိုင်း-တရုတ်အနွယ်၊ တရုတ်အုပ်စုဝင်ဖြစ်သော ကိုးကန့်လူမျိုးနှင့် ယူနန်လူမျိုးစုတို့သည်လည်းကောင်း၊ ၇။ မွန်-ခမာအနွယ်၊ ပလောင်-ဝအုပ်စုဝင်များ ဖြစ်ကြသော လွယ်လ၊ ဝ၊ ထနော့၊ ခမွတ်၊ တိုင်းလွီ၊ ယင်းနက်၊ ယင်းကျား၊ ယင်းဆက်ဟူသော ယင်းသုံးမျိုး၊ ပလောင်၊ ပလေး လူမျိုးစုတို့သည်လည်းကောင်း ရှမ်းပြည်နယ်တွင် နေထိုင်လျက်ရှိကြပေသည်။ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် နေထိုင်ကြသော လူမျိုးစုတို့၏ အုပ်စုအလိုက် လူဦးရေနှင့် နေထိုင်ရာဒေသတို့မှာ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ အောက်ပါအတိုင်း ဖြစ်သည်။ အထက်ဖော်ပြရာတို့အပြင် အရေအတွက်အားဖြင့် မများပြား လတ္တံသော လူမျိုးစုငယ်များလည်း ရှိသေးသည်။ အချို့မှာမျိုးပျောက်လုမတတ်ပင် ရှိနေသည်။ ရှမ်းလူမျိုးများကို မြစ်ဝှမ်း မြေနိမ့်ဒေသများ၌ အများဆုံး တွေ့ကြရ၍ အင်းလေးဒေသမှ အင်းသားလူမျိုးများကလွဲလျှင် အခြားတိုင်းရင်းသား လူမျိုးစုတို့သည် များသောအားဖြင့် တောင်ပေါ်သားများ ဖြစ်ကြသည်။ မြန်မာလူမျိုးများနှင့် နိုင်ငံခြားသား တရုတ်၊ အိန္ဒိယ စသော လူမျိုးတို့ကို မြို့များ၌သာ အနှံ့အပြား တွေ့ရလေသည်။ စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများ ရှမ်းပြည် နယ်သူနယ်သားတို့၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ ငါးဒဿမခုနစ် (၅.၇)သန်းခန့် ရှိသည့်အနက် ဧက နှစ်သန်းခန့်သာ စိုက်ပျိုးလုပ်ကိုင်ကြ၍ ကျန်ဧက သုံးသန်းခွဲကျော်သည် ကောလျက်ရှိသည်။ လူဦးရေကျဲသော ဒေသများဖြစ်သောကြောင့် တစ်ကြောင်း၊ လက်ရှိစိုက်ပျိုး ရေးစံနစ်များကြောင့်တစ်ကြောင်း စိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်သဖြင့် ရှမ်းပြည်နယ် ဦးစီးအဖွဲ့သည် စက်ယန္တရားဖြင့် စိုက်ပျိုးရေးကို တိုးချဲ့ဆောင်ရွက်ရန် စီမံကြိုးပမ်းလျက်ရှိလေသည်။ ဆန်စပါး စိုက်ပျိုးရေးတွင် ဒုတိယကမ္ဘာစစ်မတိုင်မီကာလက ရှမ်းပြည်နယ်မှပင် ပြည်မသို့ ဆန်တင် ပို့နိုင်လောက်အောင် ဆန်စပါး ပိုပိုလျှံလျှံထွက်ခဲ့သော်လည်း ယခုအခါ ပြည်မမှပင် ရှမ်းပြည်သို့ ဆန်တင် သွင်းခဲ့ရလေသည်။ ယခင်က အင်းလေး ဒေသသည် ဆန်စပါးအထွက် များခဲ့သော်လည်း ယခုအခါ လယ်များ အပျက်အစီးများသဖြင့် စပါးထွက် ယုတ်လျော့ခဲ့ လေသည်။ ရှမ်းပြည်နယ်တွင် စပါးကို နည်းသုံးမျိုးဖြင့် စိုက်ပျိုးကြသည်။ ရှမ်းလူမျိုးတို့သည် မြေနိမ့်ဒေသများ၌ စိုက်ပျိုးကြရာ၊ ကန်သင်းဖို့၍ လယ်ကွက်အတွင်း ရေသွင်းစိုက်ပျိုးကြသည်။ သိန္နီ၊ လဲချား၊ မောက်မယ်နှင့် ကျိုင်းတုံနယ်များ၏ မြစ်ဝှမ်း ချောင်းဝှမ်း မြေနိမ့်ဒေသများ၌ ထိုနည်းဖြင့် စိုက်ပျိုးကြသည်။ ထိုဒေသများမှ စပါးအထွက်များ၍ လူနေအိမ်ခြေလည်း များပြားလေသည်။ ဒုတိယနည်းသည် တောင်ယာစပါး စိုက်ပျိုးရေး ဖြစ်၍ ထိုနည်းကို ပအိုဝ်း (တောင်သူ)လူမျိုးများနှင့် အခြားယင်းနက်၊ လွယ်လ၊ ပလောင်၊ ပလေး၊ ပဒေါင်၊ တောင်ရိုး၊ ဓနု၊ ဓနော့၊ လီဆူး စသော တောင်ပေါ်သားတို့ လုပ်ကိုင်ကြသည်။ စိုက်ပျိုးမည့် တောင်ကုန်းဆင်ခြေလျှောရှိ သစ်တော ဝါးတောများကို ခုတ်ထွင် မီးရှို့၍ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြစ်ရာ ပထမသုံးနှစ်တွင် စပါးအထွက်ကောင်းသော်လည်း နောင်အခါ မြေဩဇာ ခန်း ခြောက်လာသဖြင့် နေရာပြောင်း၍ စိုက်ပျိုးလုပ်ကိုင်ကြပြန်သည်။ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိ၍ ကောနေသော မြေဧကများတွင် ထိုကဲ့သို့ စွန့်ပစ်ခဲ့သော တောင်ယာများလည်း ပါဝင်လေသည်။ တတိယနည်းသည် လှေကားထစ် စိုက်ပျိုးနည်း ဖြစ်၍တောင်ပေါ်သားတို့ အသုံးပြုသည့် နည်းတစ်နည်းလည်း ဖြစ်သည်။ ထိုစိုက်ပျိုးနည်းအတွက် တောင်ပေါ်မှ စီးကျလာသော ချောင်းရေကို အမှီပြုရသည်။ လယ်ကွက်နှင့်စိုက်ခင်းများကိုတောင်စောင်းဆင်ခြေလျှော၌ လှေကားထစ်သဖွယ် အဆင့်ဆင့် ပြုလုပ်ထားပြီးလျှင် တောင်ပေါ်ချောင်းမှ ရေကို အဆင့်ဆင့် ရေသွယ်ယူကြရသည်။ ထိုစိုက်ပျိုးနည်းဖြင့် အချို့သော အရပ် ဒေသများတွင် သီးထပ်ပင် စိုက်ပျိုးနိုင်လေသည်။ အာလူး၊ ပဲ စသည်တို့ကို စိုက်ပျိုးရာ၌လည်း တောင်ယာစံနစ်၊ လှေကားထစ် စံနစ်မျိုးတို့ဖြင့် စိုက်ပျိုးကြလေသည်။ ရှမ်းပြည်နယ်၏ ကြီးကျယ်သော စိုက်ပျိုးရေးထွက်ကုန်တစ်ရပ်မှာ လက်ဖက်ဖြစ်၍ ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းနယ်မှ အများဆုံး ထွက်သည်။ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်နယ်၊ မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး မန်စံ၊ ပင်လောင်နှင့် ဘော်ဆိုင်းနယ်တို့မှလည်း ထွက်သည်။ စင်စစ် လက်ဖက်ပင်သည် ရှမ်းပြည်နယ်၌ ဖြစ်ထွန်းလွယ်သော အပင်မျိုးဖြစ်သည်။ တောင်ပိုင်းနယ်တွင် လက်ဖက်လုပ်ငန်း လုပ်ကိုင်သူများသည် များသော အားဖြင့် ပလောင်လူမျိုးများ ဖြစ်သည်။ ၁၉၅၉-၆ဝ ပြည့်နှစ်အတွင်း လက်ဖက်အစိုအခြောက် အချိုအခါးမှ ရရှိသော ခန့်မှန်းခြေဝင်ငွေသည် သိန်း ၂ဝဝ နီးပါး ဖြစ်လေသည်။ ရှမ်းပြည်တောင်ပိုင်း၏ အဓိကလုပ်ငန်းတစ်ရပ်သည် သနပ်ဖက်လုပ်ငန်း ဖြစ်သည်။ ပင်လုံအနောက်ဘက် တောင်တန်း၊ မိုင်းကိုင်၊ လဲချား၊ ရွာငံ၊ ရေဦး၊ ပင်လောင်းနယ်များနှင့် မဲနယ်တောင်တန်းတို့တွင် သနပ်ဖက်ခြံများ ရှိသည်။ ၁၉၅၉- ၆ဝ ပြည့်နှစ်အတွင်း သနပ်ဖက်လုပ်ငန်းမှ ရရှိသော ဝင်ငွေ ခန့်မှန်းခြေ ဝင်ငွေသည် သိန်း ၁၄ဝ နီးပါး ဖြစ်လေသည်။ ရှမ်းပြည်နယ်၏ ကျော်ကြားသော စိုက်ပျိုးရေးလုပ်ငန်း တစ်ရပ်မှာ အာလူးစိုက်ပျိုးရေး ဖြစ်သည်။ အထူးသဖြင့် မြေလပ်ပိုင်းဖြစ်သော ပင်းတယ၊ ပွေးလှ၊ အောင်ပန်း၊ သီဂျစ် စသည့် ဒေသများတွင် အားလူးစိုက်ပျိုးရေးသည် အဓိက လုပ်ငန်းတစ်ရပ်ပေတည်း။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးမှထွက်သော အာလူး ၈၅ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်မှ ထွက်၍ ၁၉၅၉-၆ဝ ပြည့်နှစ်အတွင်း အာလူးတန်ချိန် ၁၄,၈၂၈ ထွက်ရှိရာ သင့်ငွေတန်ဖိုးသည် သိန်း ၃ဝ နီးပါး ဖြစ်လေသည်။ မြေပဲစိုက်ပျိုးရေးမှ သိန်းပေါင်း ၅ဝ ကျော် ဝင်ငွေရှိ၍ ပြည်နယ်ဦးစီးအဖွဲ့သည် မြေပဲတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကြက်သွန်ဖြူမှ ဝင်ငွေ ၃၇ သိန်းကျော် ရှိ၍ ဂျုံ၊ ကာဖီစေ့၊ ဗာဂျီးနီးယားဆေးတို့မှလည်း သိန်းနှင့်ချီ၍ ဝင်ငွေရရှိလေသည်။ ရှမ်းပြည်မြောက်ပိုင်း သီပေါနယ်နှင့် တောင်ပိုင်းမှ ရပ်စောက်နှင့် မိုင်းကိုင်နယ်တို့မှ လိမ္မော်သီး အများအပြားထွက်သည်။ ရပ်စောက်နယ်ထွက် လိမ္မော်သီး အကြီးအကျယ် ထွက်သည်။ ရပ်စောက်နယ်ထွက် လိမ္မော်ကို ပြည်မ၌ အောင်ပန်း လိမ္မော်ဟု ခေါ်ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက သီပေါသည် ရပ်စောက်ထက် လိမ္မော်ထွက် ပိုသည်။ ယခု ရှမ်းပြည်နယ်မှထွက်သော လိမ္မော်သည် တန်ချိန် ၉ဝဝဝ ကျော်လေသည်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် သစ်သော့ခြံများကို တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက် စသော နယ်များတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအခါ ပြည်မသို့ အများအပြား တင်ပို့လျက်ရှိပေပြီ။ သံလွင်မြစ်၏ အရှေ့ဘက်နယ်ခြားဒေသတစ်လျောက် ဘိန်းပင်များကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော် လည်း ဘိန်းသည် တိုင်းရင်းသားများ၏ စာရိတ္တနှင့် ကျန်းမာသန်စွမ်းရေးကို အကြီးအကျယ် ထိခိုက်စေသဖြင့် ဘိန်းပင်စိုက်ပျိုးမှု ပပျောက်စေရန် သက်ဆိုင်ရာအာဏာပိုင်များက ကြိုးပမ်းလျက်ရှိလေသည်။ အင်းလေးရှိ ကျွန်းမျောများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည်။ ကျွန်းမျောများပေါ်တွင် စိုက်ပျိုးရေးသည် သက်သာလွယ်ကူသည် မဟုတ်ပေ။ အင်းသားတို့၏ ချီးကျူးဖွယ်ကောင်းသော ဇွဲသတ္တိနှင့် လုံ့လဝီရိယတို့ကြောင့် ဖြစ်ထွန်းခြင်းပင်တည်း။ စိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားစီးပွားရေးလုပ်ငန်းများလည်း ရှမ်းပြည်နယ်တွင် ဆောင်ရွက်လျက် ရှိကြသေးသည်။ အင်းလေးဒေသမှ ပိုးထည်လုပ်ငန်းသည် ကြီးကျယ်ကျော်ကြားလှပေသည်။ ပိုးထည် အများဆုံးလုပ်ကိုင်သော ရွာမှာ အင်းပေါခုံဖြစ်၍ နန်းပန်၊ သာလေးရွာများသည် ဒုတိယအများဆုံး လုပ်ကိုင်သည်။ ဟဲလုံး၊ ရွာကန့်လန့်၊ ပြားပင်၊ ကျွန်းကြီးရွာများတွင် ဖျင်ဖြူ၊ ဖျင်နီများ ရက်လုပ်ကြသည်။ ညောင်ရွှေမြို့ပေါ်တွင်လည်း ပိုးထည်များကို ရက်လုပ်ကြလေသည်။ အထည်ရက်လုပ်သော လုပ်ငန်းများအပြင် လဲချားနယ်မှ ယွန်းထည်လုပ်ငန်း၊ မိုင်းကိုင်နယ်မှ ရှမ်းစက္ကူ (မိုင်းကိုင်စက္ကူ) လုပ်ငန်းနှင့် အိုးခွက်လုပ်ငန်း၊ မိုင်းနောင်နယ်ထွက် ဝါးရက်ပစ္စည်း လုပ်ငန်းတို့လည်း ရှိပေသေးသည်။ ငွေထည်ပစ္စည်းများကိုလည်း ရှမ်းပြည်နယ် အနှံ့အပြား၌ လုပ်ကိုင်ကြသည်။ ဖော်ပြပါ လုပ်ငန်းများကို ရှေးသမားရိုးကျအတိုင်းပင် လုပ်ကိုင်နေကြ၍ အချို့သည် တွင်ကျယ်သင့်သလောက် မတွင်ကျယ်နိုင်ခြေ။ လမ်းပန်းဆက်သွယ်ရေး ခရီးလမ်းပန်းဆက်သွယ်ရေးအနေဖြင့် မြို့ကြီးများအတွက် အဆင်ပြေလွယ်ကူ သကဲ့သို့ အတန်ငယ်ခက်ခဲသည့် အစွန်အဖျားဒေသများလည်းရှိသည်။ လေကြောင်းဖြင့် တောင်ကြီးမြို့နှင့် ၂၄ မိုင်အကွာရှိ ဟဲဟိုးလေဆိပ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်လေဆိပ်သို့ သွားရောက်နိုင်သည်။ ရထားဖြင့် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့သို့ သွားရောက်နိုင်သည်။ ရှမ်းပြည်နယ်တွင် မြစ်ချောင်းများ ပေါများသော်လည်း ရေစီးမြန်ခြင်း၊ ရေတံခွန်များ ရှိခြင်းတို့ကြောင့် ရေလမ်းခရီးကို အသုံးနည်းသည်။ အင်းလေးတွင်မူ လှေများ၊ စက်တပ်လှေများဖြင့် တစ်နေရာမှတစ်နေရာ၊ တစ်ရွာမှ တစ်ရွာသို့ သွားလာကူးသန်းကြသည်။ အင်းလေးမှ အင်းသားတို့ ခြေဖြင့် လှေလှော်နည်းသည် ကမ္ဘာကျော် ဓလေ့ဆန်းတစ်ရပ် ဖြစ်ပေသည်။ ရှမ်းပြည်နယ်တွင် တောင်ကတုံးများ၊ ကုန်းမြင့်လွင်ပြင်များ တောင်ကြားလွင်ပြင်များသည် မြေမျက်နှာပြင်ကို နိမ့်တုံ မြင့်တုံ ဖြစ်စေလျက် ကျယ်လွင့်များပြားစွာ ရှိသဖြင့် မီးရထားလမ်းနှင့် မော်တော်ကားလမ်းများကို ဖောက်လုပ်ပြီးလျှင် ကုန်းလမ်းခရီးကို အသုံးများကြလေသည်။ ပြည်မနှင့်လည်းကောင်း၊ အခြားပြည်နယ်များ နှင့်လည်းကောင်း လေကြောင်းမှ လွဲလျှင် ကုန်းလမ်းခရီးဖြင့်သာ ဆက်သွယ်ကြရလေသည်။ မီးရထားလမ်းရှည်ကြီးများသည် ရှမ်းပြည်မြောက်ပိုင်းတွင် တစ်လမ်း၊ တောင်ပိုင်းတွင် တစ်လမ်း အသီးသီးရှိသည်။ မြောက်ပိုင်းလမ်းဖြစ်သော မန္တလေး-လားရှိုး (၁၇၁ မိုင်) လမ်းသည်လည်းကောင်း၊ တောင်ပိုင်းလမ်း ဖြစ်သော သာစည်-ရွှေညောင် (၉၈ မိုင်) မီးရထားလမ်းသည်လည်းကောင်း များသောအားဖြင့် မော်တော်ကားလမ်းနှင့် ယှဉ်ပြိုင်လျက်ရှိသည်။ မန္တလေး - လားရှိုး မီးရထားလမ်းကို ၁၉ဝ၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သာစည် -ရွှေညောင် မီးရထားလမ်းကိုမူ တစ်ဆင့်ပြီးတစ်ဆင့် ဖောက်လုပ်ခဲ့ရာ သာစည်-ကလောလမ်းကို ၁၉၁၅ ခုနှစ်တွင်လည်းကောင်း၊ ကလော-ဟဲဟိုးလမ်းကို ၁၉၂၁ ခုနှစ်တွင်လည်းကောင်း၊ ဟဲဟိုး- ရွှေညောင်လမ်းကို ၁၉၂၈ ခုနှစ်တွင်လည်းကောင်း၊ အသီးအသီး ဖွင့်လှစ် ခဲ့သည်။ မန္တလေး-လားရှိုးလမ်းသည် နမ့်ယော်တွင် နမ္မတူနှင့် ဘော်တွင်းသို့ လမ်းခွဲရှိသည်။ ထိုလမ်းခွဲကို ဘားမားကော်ပိုရေးရှင်း လီမီတက်က ဖောက်လုပ်ထားသဖြင့် ကုမ္ပဏီပိုင်ဖြစ်ပြီးလျှင် လမ်းကျဉ်းလေသည်။ ရှမ်းပြည်နယ်၏ မီးရထားလမ်းများကို တောအထပ်ထပ်၊ တောင်အလျှိုလျှိုကို ကျော်လွှား၍လည်းကောင်း၊ ဥမင်လိုဏ်ခေါင်းများကို ဖောက်ထွင်း၍လည်းကောင်း၊ တောင်ခါးပန်းများကို ရစ်ပတ်၍လည်းကောင်း၊ လျှိုမြောင်များကို ဖြတ်သန်း၍လည်းကောင်း ခဲရာခဲဆစ် ဖောက်လုပ်ထားသဖြင့် အချို့နေရာများတွင် သည်းထိတ်ရင်ဖိုဖွယ်ရာ သွားလာကြရသည်။ သို့သော် ဘေးတစ်ဖက်တစ်ချက်မှ တောစခန်း၊ တောင်စခန်း ရှုခင်း ရှုကွက်များကလည်း သာယာရှုမောဖွယ် ရာ ဖြစ်၍ နှစ်သိမ့်ကြည်နူးမှုကိုလည်း ခံစားကြရပေသည်။ မန္တလေး-လားရှိုးရထားလမ်းရှိ ဂုတ်ထိပ်တံတားသည် လှပထင်ရှားသော ကမ္ဘာကျော် တံတားပေတည်း။ မီးရထားလမ်းများဖြင့် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်မထားပေ။ မော်တော်ကားလမ်းအားဖြင့်မူ အဆက် အသွယ်ရှိပေသည်။ မော်တော်ကားလမ်း အများအပြားရှိရာ အချို့နေရာများတွင် ထိုလမ်းတို့သည် မီးရထားလမ်းနည်းတူ တောင်ခါးပန်းများကို ရစ်ပတ်ကွေ့ဝိုက်လျက် ဖောက်လုပ်ထား လေသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် မန္တလေးမှသည် မြန်မာ- တရုတ်နယ်ခြား မြို့ကလေးဖြစ်သော ကြူကုတ်အရောက် တောက်လျှောက်သွားနိုင်သော မော်တော်ကားလမ်း ရှိသည်။ ထိုလမ်းသည် ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မိုင်းယုတို့ကို ဖြတ်သန်းသွား၍ မန္တလေးမှ မိုင်းယုအထိ ၂၇၇ မိုင် ရှိလေသည်။ မိုင်းယုမှ အနောက်တောင်ဘက်ရှိ မူဆယ် သို့လည်းကောင်း၊ မူဆယ်မှတစ်ဖန် အနောက်တောင်ယွန်းယွန်းရှိ နမ်းခမ်းမြို့သို့လည်ကောင်း လမ်းခွဲရှိသည်။ နမ်းခမ်းမြို့မှတစ်ဆင့် ကချင်ပြည်နယ်ရှိ ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအိုအထိ သွားနိုင်လေသည်။ မန္တလေးမှ တရုတ်နယ်စပ်အရောက် ထိုမော်တော်ကားလမ်း တစ်လျှောက်တွင် လမ်းခွဲများရှိသေးရာ ကျောက်မဲမှ မိုးကုတ်၊ မိုးမိတ် သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ဗန်းမော်၊ မြစ်ကြီးနား သို့လည်းကောင်း၊ မိုးကုတ်မှတစ်ဆင့် သပိတ်ကျင်းသို့လည်းကောင်း သွားရောက်နိုင်သည်။ သီပေါမှ တောင်ပိုင်နယ်ရှိ နမ့်ဆန်သို့၎င်း၊ နမ္မတူနှင့် ဘော်တွင်း သို့လည်းကောင်း၊ လားရှိုးမှ နမ္မတူနှင့် ဘော်တွင်းသို့လည်းကောင်း လမ်းခွဲများ ရှိပေသေးသည်။ ရှမ်းပြည်တောင်ပိုင်းတွင် သာစည်မှ ယိုးဒယားနယ်စပ်ရှိ တာချီလိပ်သို့အရောက် ၄၈၅ မိုင်ခန့် ရှည်လျားသော မော်တော် ကားလမ်းရှည်ကြီးဖြင့် တောက်လျှောက်သွားနိုင်သည်။ ဖြတ်သန်းသွားသော မြို့များမှာ ကလေး၊ တောင်ကြီး၊ ဟိုပုန်း၊ လွိုင်ကော်၊ ကွမ်ဟိန်း၊ တာကော်၊ ကျိုင်းတုံ စသည်တို့ ဖြစ်သည်။ တာကော်တွင် သံလွင်မြစ်ကို ဖြတ်ကူးသော ပေ ၇၈ဝ ရှိ တာကော် ယာယီတံတားကို ၁၉၆၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဖွင့် လှစ်ခဲ့၏။ ထိုမော်တော်ကားလမ်း ရှည်ကြီးမှလည်း လမ်းခွဲများရှိလေရာ ကလောမှ ခြောက်မိုင်ဝေးသော အောင်ပန်းတွင် ပင်းတယ (၂၄ မိုင်) သို့ လမ်းခွဲရှိသေးသည်၊ ပင်းတယမှ တစ်ဖန် ၃၂ မိုင် ဝေးကွာသောရပ်စောက်သို့ ဆက်လက်သွားလာနိုင်၍ ရပ်စောက်တွင် ဗထူးတပ်မြို့ ရှိလေသည်။ ဟဲဟိုးမြို့မှလည်း သတ္တုတွင်းများ ရှိသော ဘော်ဆိုင်းသို့ လမ်းခွဲရှိ၍ ၁၉ မိုင်မျှ ရှည်လျားသည်။ တောင်ကြီး မရောက်မီ ရွှေညောင်တွင် ညောင်ရွှေမြို့ (၇ မိုင်) သို့လည်း လမ်းခွဲရှိလေသည်။ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသော မော်တော်ကားလမ်းများမှာ လွိုင်လင်-သီပေါ-လားရှိုး ၁၈၅ မိုင် တစ်လမ်းနှင့် လွိုင်လင်-ကျေးသီးမန်စံ-လားရှိုး ၂ဝ၂ မိုင် တစ်လမ်းတို့ ဖြစ်သည်။ ထိုလမ်းရှည်ကြီးများမှ လမ်းခွဲတိုများလည်း ရှိသေးသည်။ လွိုင်လင်အနီးရှိ နမ့်ဆင်မှ မိုးနဲ၊ လင်းခေး၊ မိုင်းပန်တို့သို့ ရောက်ရှိနိုင်သော လမ်းခွဲတစ်ခု ရှိသေးသည်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ကို ဆက်သွယ်နိုင်သော မော်တော်ကားလမ်းနှစ်လမ်းမှာ (၁) ဟိုပန်း မှ ကယားမြို့တော် လွိုင်ကော်သို့ အရောက် ၈၅ မိုင် ရှည်လျားသောလမ်း၊ (၂) အောင်ပန်းမှ လွိုင်ကော်သို့ အရောက် ၁ဝ၅ မိုင်ရှည်လျားသော လမ်းတို့ဖြစ်၍ အောင်ပန်း လွိုင်ကော်လမ်းသည် ပို၍ ကောင်းလေသည်။ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်သို့မကူးမီ တရုတ်-မြန်မာ လမ်းမကြီးသည် တရုတ်နိုင်ငံအား 'နောက်ဖေးပေါက်'မှ လက်နက်ခဲယမ်းမီးကျောက်များ တင်ပို့ရေးအတွက် အသက်သွေးကြောကြီး ဖြစ်ခဲ့သည်။ ထိုလမ်းမ ကြီးသည် မြန်မာဘက်မှ လားရှိုးနှင့် တရုတ်ဘက်မှ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့တို့ကို ဆက်သွယ်ထား၍ မိုင်ပေါင်း ၆၉ဝ ရှည်လျားသည်။ မြန်မာပြည်ဘက်မှ ကြူကုတ်သည် နယ်ခြားစခန်း ဖြစ်၍ တရုတ် တို့ဘက်မှ နယ်ခြားစခန်းသည် ဝမ်တိန် ဖြစ်လေသည်။ ထိုတရုတ်-မြန်မာလမ်းမကြီးကို ချန်ကေရှိတ်အစိုးရသည် ခေတ်မီစက်ကရိယာပစ္စည်း မသုံးဘဲ ရာထောင်မကသော တရုတ်-မြန်မာ အလုပ်သမားတို့၏ အသက်ကို စတေးကာ တောင်အထပ်ထပ်၊ လျှိုမြောင်အသွယ်သွယ်ကို ကျော်ဖြတ်ဝိုက် ပတ်လျက် ခဲယဉ်းပင်ပန်းလှစွာ ဆောက်လုပ်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် စတင်ဆောက်လုပ်ရာ ၁၆ လအတွင်း ပြီးစီး၍ ကမ္ဘာ့ သမိုင်းတွင် မှတ်တမ်းတင်ရသော လမ်းမကြီး ဖြစ်ပေသည်။ လက်နက်ပစ္စည်းများကို ရန်ကုန်မှ လားရှိုးအထိ မီးရထားဖြင့် သယ်ယူရလေရာ တရုတ်-မြန်မာလမ်းမကြီး၏ ကြမ်းတမ်း ခက်ခဲမှုကြောင့် မော်တော်ကားများ အလွန် အပျက်အစီးများခဲ့သဖြင့် ထိုလမ်းမကြီးသည် 'မော်တော်ကားသင်္ချိုင်း' ဟုပင် အမည်တွင်ခဲ့လေသည်။ စစ်မီးသည် မြန်မာပြည်သို့ ကူးစက်လာ၍ ၁၉၄၂ ခုနှစ် တွင် ဂျပန်တပ်များက လားရှိုးကို သိမ်းပိုက်လိုက်သောအခါ ထိုလမ်းမကြီးကို အသုံးမပြုနိုင်တော့သဖြင့် အာသံပြည်နယ်ရှိ လီဒိုမြို့မှ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်တို့သို့ ပေါက်ရောက်သော စတီးဝဲ၊ သို့မဟုတ် လီဒိုလမ်းမကြီးကို ဖောက်လုပ် အသုံးပြုခဲ့ရလေသည်။ ရှမ်းပြည်နယ်သည် အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ယိုးဒယားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိရာ ထိုနိုင်ငံများသို့ ပေါက်ရောက်သည့် တောင်ကြားလမ်းပေါက်များရှိသည်။ သို့သော် အသွားအလာလွယ်ကူသော လမ်းပေါက်များ မဟုတ်ချေ။ မြောက်ပိုင်း၌ ရွှေလီမြစ်ကြောင်းကို လိုက်၍ တရုတ်နယ် နိမိတ်တွင်းသို့ ရောက်နိုင်သော တောင်ကြားလမ်းရှိ၍ ရွှေလီလမ်းဟု ခေါ်သည်။ သံလွင်မြစ်တစ်ဖက်ကမ်း ကွမ်းလုံ ကူးတို့ဆိပ်မြို့ကလေးမှလည်း တရုတ်နယ်နိမိတ်အတွင်း ရောက်နိုင်ရာ ကွမ်းလုံမှ သံလွင်မြစ်ကို ဖြတ်ကျော် ဆောက်လုပ်ထား၍ ၈၉၈ ပေ ရှည်သော ကွမ်းလုံကြိုးတံတားကို ၁၉၆၅ ခုနှစ်တ ဒီဇင် ဘာလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့၏။ တောင်ပိုင်းတွင် တာချီလိပ်မှ မဲခေါင်မြစ်တစ်ဖက်ကမ်းကူးလျှင် ယိုးဒယားနယ်နိမိတ်အတွင်းသို့ ရောက်နိုင်သည်။ ထို့ပြင် ကျိုင်းတုံနယ်အတွင်းမှ တရုတ်၊ ယိုးဒယား၊ လာအိုနိုင်ငံ နယ်နိမိတ်များအတွင်းသို့ ကုန်းလမ်းခရီးဖြင့် ပေါက်ရောက်နိုင်သော လမ်းပေါက်များ ရှိသော်လည်း ခဲခဲယဉ်းယဉ်း သွားရောက်ရ၍ အသုံးပြုခြင်း နည်းပါးလှလေသည်။ ရှမ်းပြည်နယ်သည် ပြည်မနှင့် လေကြောင်းခရီး အဆက်အသွယ်လည်း ရှိသည်။ ရှမ်းပြည်မြောက်ပိုင်း၌ လားရှိုး၊ မိုးမိတ်၊ နမ့်ဆန်မြို့များတွင်ခည်းကောင်း၊ တောင်ပိုင်းတွင် ဟဲဟိုး၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်မြို့တို့တွင်လည်းကောင်း လေဆိပ်များ ရှိသည်။ စေတီပုထိုးများ ရှမ်းပြည်နယ်တွင် ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားကြသည့်အလျောက် စေတီပုထိုး၊ ကျောင်းကန် ဘုရားများလည်း ပေါများလှသည်။ ရွှေရောင်တဝင်းဝင်း၊ ထုံးဖြူတဖွေးဖွေးနှင့် စေတီပုထိုးများ၊ တိုင်တစ်ရာကျော် ရှိသော ဘုန်းကြီးကျောင်းများကို နေရာအနှံ့အပြား၌ ကြည်ညိုဖွယ်ရာ တွေ့ရသည်။ များသောအားဖြင့် ရှမ်းပြည်နယ်ရှိ တန်ခိုးကြီးစေတီပုထိုး အများအပြားကို မူလအိန္ဒိယနိုင်ငံ မဂဓတိုင်းရှင် သီရိဓမ္မာ သောကမင်း၏ ကုသိုလ်တော် စေတီပေါင်း ၈၄,ဝဝဝ တွင် ပါဝင်ခဲ့သည့် စေတီများဟူ၍လည်းကောင်း၊ အလောင်းစည်သူမင်း တိုင်းခမ်းလှည့်စဉ်က တည်ထားသော စေတီပုထိုးများဟူ၍လည်းကောင်း ယုံကြည်ကြသည်။ စေတီပုထိုးများကို ရှမ်းပြည်နယ်၌ မွေတော် ဟု များသောအားဖြင့် ခေါ်ဝေါ်ကြလေသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် ကျော်ကြားသော စေတီသည် ဘော်ကြိုရွာကြီးအနီးရှိ ဘော်ကြိုစေတီဖြစ်သည်။ တောင်ပိုင်နယ်၏ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် တည်ထားသော လွယ်ဆိုင်စေတီကို ပလောင်တို့ အထူးကြည်ညိုကြသည်။ ထိုစေတီအနီးတွင် တောင်ပိုင်နယ်အတွင်း ပထမဆုံး ပေါက်ခဲ့သည်ဟု ပလောင်တို့ ယူဆခဲ့ကြသော လက်ဖက်ပင်ကြီး ရှိလေသည်။ မြေလပ်ပိုင်းတွင် ပင်းတယမြို့၏ ရွှေဥမင်ဘုရားသည် ကျော်ကြားလှပေသည်။ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးညောင်ရွှေနယ်ရှိ စေတီပုထိုးများအနက် ဖောင်တော်ဦးဘုရား ငါးဆူသည် ရှမ်းပြည်နယ် တစ်ခုလုံးတွင်သာမက မြန်မာပြည်မ ဘက်၌ပါ ကျော်ကြားလှသော တန်ခိုးကြီးဘုရားများ ဖြစ်ပေသည်။ အချို့နယ်ရှင် စော်ဘွားများသည် မန္တလေးမြို့ရှိ မဟာမြတ်မုနိပုံတော်ပွားများကို သွန်းလုပ်စေ၍ ပူဇော်ကြသည်။ ညောင်ရွှေမြို့ရှိ စော်ဘွားကြီး ဆာစဝ်မောင်၏ ကုသိုလ်တော်ဖြစ်သော ရတနာမာန်အောင် စေတီသည် ရှမ်းပြည်နယ်တွင် ကြီးကျယ်ခမ်းနားသော ဘုရားတစ်ဆူဖြစ်၍ ဂန္ဓကုဋီတိုက် အတွင်း၌ ဉာဏ်တော်ကြီးမားသော ကြေးသွန်းရုပ်ပွားတော်ကြီး ကိန်းဝပ်စံပယ်လျက် ရှိလေသည်။ ၁၉၂၄ ခုနှစ် ရှမ်းပြည်လောင်းကစားဥပေဒအရ စော်ဘွားများသည် ဘုရားပွဲများ ကျင်းပသည့်အခါ လောင်းကစားဝိုင်းများ ထည့်သွင်းခွင့်ပြုသည်။ တစ်ကြိမ်လျှင် ခြောက်ရက် ကျင်းပခွင့်ရသည်။ ထည့်သွင်း ခွင့်ပြုသည့် အကြောင်းပြချက်မှာ ရှမ်းပြည်တွင် ပျော်ပွဲရွှင်ပွဲများ အလွန်နည်းသဖြင့် လူထုပျော်ရွှင်ခွင့် ရစေရန် ဖန်တီးရသည်ဟု ဆိုသည်။ စင်စစ်သော် စော်ဘွားများသည် ထိုကစားဝိုင်းများမှ ကစားဝိုင်းခွန်များ အမြောက်အမြား ရရှိသောကြောင့် ဖြစ်လေသည်။ ယင်းသို့ ဘုရားပွဲများ၌ ကစားဝိုင်းများ ထည့်သွင်းခြင်းသည် လူထု၏ စာရိတ္တရေး၊ စီးပွားရေးကို အလွန်တရာ ထိခိုက်စေခဲ့သဖြင့် ၁၉၆၂ ခုနှစ် မတ်လတွင် တော်လှန်ရေး အစိုးရ တက်လာသောအခါ ဘုရားပွဲများ၌ လောင်းကစားခွင့်ကို ပိတ်ပင်ခဲ့လေသည်။ ရှမ်းပြည်နယ်၏ မြို့ကြီးများတွင် နေ့စဉ် ဈေးမစည်ဘဲ ငါးရက်တစ်ဈေးများ ကျင်းပလေ့ရှိသည်။ ဈေးသည်များသည် တစ်ဈေးမှ တစ်ဈေးသို့ ဘတ်စကားများဖြင့် လှည့်လည်ရောင်းချကြသည်။ ဈေးရက်များမှာ စော်ဘွားနယ်များတွင် အောက်ပါမြို့များ၌ တစ်ပြိုင်နက်ဈေး ဖြစ်လေသည်။ ရှမ်းအခေါ်ဖြင့် ကတ်ဝိန်းဟူ၏။ (၁) ရပ်စောက်၊ (၂) ပင်းတယ၊ (၃) ညောင်ရွှေ၊ (၄) ဟိုပုန်း၊ (၅) မိုးနဲ၊ (၆) လဲချား၊ (၇) မိုင်းကိုင်၊ (၈) မိုင်းယွန်း၊ (၉) ဆီဆိုင် (သထုံ)တို့ ဖြစ်ကြသည်။ ထိုဈေးများ ပြီးသည့်အခါ (၁) ဟဲဟိုး၊ (၂) တောင်ကြီး၊ (၃) နန်းပန်၊ (၄) နောင်မွန်၊ (၅) လွိုင်လင်၊ (၆) အောင်ပန်း၊ (၇) ဘန်းယဉ်၊ (၈) ကလောမြို့တို့တွင် ဈေးဖြစ်ပြန်လေသည်။ အကြီးဆုံးဈေးများမှာ ပင်းတယနှင့် နန်းပန်တို့ ဖြစ်သည်။ ဈေးနေ့များတွင် ယောက်ျား မိန်းမ ကလေး လူကြီးမကျန် ဈေးသို့သွားလေ့ရှိကြသည်။ ယင်းတို့သည် ဈေးနေ့တွင် အခြားကိစ္စများကို မဆောင်ရွက်လိုကြချေ။ ရပ်ရွာကိစ္စ သာမှု နာမှု ကိစ္စများတွေ့ဆုံ တိုင်ပင်သည့် နေရာတစ်ခုဟု မှတ်ယူနိုင်သည်။ သမိုင်းကြောင်း ရှမ်းပြည်နယ်၏ အစောပိုင်းသမိုင်းသည် မြန်မာနိုင်ငံအစောပိုင်း သမိုင်းကဲ့သို့ ပုံပြင်ဒဏ္ဍာရီဆန်ကာ နတ်၊ နဂါး၊ ကျားများပါ ပါဝင် ရောနှောနေသည်။ယင်းသို့ ဒဏ္ဍာရီဆန် သော အချက်အလက်များကို ချန်လှပ်၍ မြန်မာရာဇဝင်သမိုင်းများ ကုန်းဘောင်သီပေါ ရာဇဝင်များအရ ဖော်ပြရလျှင် ရှမ်းပြည်ထောင်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကရာဇ်မင်းဟု ဆိုလေသည်။ ထိုကြောင့် ရှမ်းမင်းအစ၊ ဘိန္နက ဟုပင် ရေးသားခဲ့ကြ လေသည်။ ထိုရာဇဝင်အရ တကောင်းမင်း အဘိရာဇာ၏ အဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာလာပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက် မလယ်အရပ်၌ စံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသော ဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကို ခေါင်းဆောင်သော ထိုမင်း၏ ညီတော် ဘိန္နာကရာဇ်သည် ရွှေလီမြစ်အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာ ဘက်ကမ်းတွင် မိုင်းမောဟု ခေါ်တွင်သောဒေသ၌ အခြေချကာ ရှမ်းတစ်ဆဲ့ကိုးခရိုင်ကို စတင်တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။ ထိုကြောင့် ရှမ်းပြည်ထောင်အစ၊ မိုင်းမောက ဟုလည်း ဆိုရိုးပြုခဲ့ကြလေသည်။ သမိုင်းသုတေသီများ အထောက်အထား အခိုင်အလုံတွေ့ရသော ပဓာနအချက်အလက်များနှင့် ညီညွတ်သည့် အဆိုများအရမူ ရှမ်းလူမျိုးတို့သည် နန်ချောင် (နန်းကျောက်) ပြည်ကြီးမတည်ဆောက်မီ ခရစ်နှစ် တစ်ရာစု အစပိုင်းလောက်မှ စတင်၍ တရုတ်နိုင်ငံတောင်ပိုင်းဒေသများမှ တောင်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်ဒေသများသို့ တရွေ့ရွေ့ရွေ့ပြောင်း လာခဲ့ရာ နန်ချောင်ပြည်ကြီး စည်ပင်ဖွံ့ဖြိုးနေသည့် ခုနစ် ရာစု လောက်တွင် မိုင်းမောဒေသမှ စတင်၍ ရှမ်းပြည်ထောင်များကို တစ်စတစ်စ တိုးချဲ့တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။ ပုဂံပြည့်ရှင် အနော်ရထာမင်း လက်ထက်မတိုင်မီအထိ မိုင်းမောသည် နန်ချောင်အား ပဏ္ဏာဆက်သနေခဲ့ရသည်။ အနော်ရထာမင်းသည် နန်ချောင်၏မြို့တော် ယခု ယူနန်ပြည်နယ်ရှိ တာလီဖူသို့အရောက် ရဲမက် စစ်သည် အလုံးအရင်းနှင့် ချီတက်လာသောအခါ နန်ချောင်ပြည့်ရှင်သည် မြန်မာမင်းအား ခန့်ညားခဲ့ရသည်။ ထိုကြောင့် အပြန်ခရီးတွင် မိုင်းမောပြည့်ရှင်သည်လည်း အနော်ရထာမင်းအား သမီးတော် စောမွန်လှကို ဆက်သပြီးလျှင် ခန့်ညားဝပ်စင်းခဲ့လေသည်။ အနော်ရထာမင်း၏ လက်ထက်မှစ၍ စည်ပင်တိုးတက်လာသော ပုဂံပြည်သည် ခရစ်နှစ် ၁၃ ရာစု အလယ်ပိုင်းတွင် တိုင်းပြည်အား အုပ်ချုပ်မင်းလုပ်ကြသော ကျစွာမင်း၊ ဥဇနာမင်း၊ နရသီဟပတေ့မင်းတို့၏ လက်ထက်၌ ထိုမင်းတို့ အရည်အချင်းညံ့သဖြင့် ပုဂံပြည်ကြီး ယိမ်းယိုင်လာလေသည်။ ထိုအခါ မော ရှမ်းမင်းတို့သည် မြန်မာမင်းတို့အား မခန့်မညားတော့ချေ။ မြန်မာမင်းက မြို့စားရွာစား ခန့်ထားသော စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်းစား ရှမ်းညီနောင်သုံးဦးတို့သည် ပုဂံပြည်၏ နိုင်ငံရေးအင်အားကို သိမ်းပိုက်လိုက်ကြသည်။ ယင်းတို့နှင့် ယင်းတို့၏ အဆက်အနွယ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း၌ လွှမ်းမိုးကြီး စိုးနေခဲ့ကြလေသည်။ တောင်ပိုင် ရှမ်းပြည်နယ်ဟု ယခုခေါ်ဆိုကြသော ရှမ်းနယ် များသို့ ရှမ်းလူမျိုးများ မပျံ့နှံ့လာမီက ထိုဒေသများ၏ မူလ တိုင်းရင်းသားများသည် ကရင်အနွယ်များဟု ယူဆကြရ၍ ဝ၊ ပလောင်၊ ယင်းသုံးမျိုး (ယင်းနက်၊ ယင်းဆက်၊ ယင်းကျား)၊ တောင်သူနှင့် ပဒေါင်လူမျိုးစုများလည်း ရှိနေသည်။ ထိုနယ်များ ၏ အစောပိုင်း သမိုင်းတွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်း ဖောင်စကြာဖြင့် တိုင်းခမ်းလှည့်လည်စဉ်က အကြောင်းများလည်း ပါရှိ၍ မြန်မာနိုင်ငံအစောပိုင်း သမိုင်းနှင့် ဒွေးရောယှက်တင် ရှိနေခဲ့လေသည်။ အသေအချာ လေ့လာစိစစ်သည့်အခါ အထက်မြန်မာနိုင်ငံ၌ မောရှမ်းဆက်များ ဖြစ်ကြသော မိုး ကောင်း၊ မိုးညှင်း၊ ကလေးစားတို့ လွှမ်းမိုးနေစဉ် သမယမှ စတင်၍ မြောက်ပိုင်းနယ်များမှ စော်ဘွားအဆက်အနွယ်များကို ပင့် ခေါ်ပြီးလျှင် တောင်ပိုင်းနယ်များ၌ စိုးမိုးစေခဲ့သည်ဟု ယူဆရလေသည်။ မြေလပ်နယ်များရှိ လူမျိုးများဖြစ်ကြသော အင်းသား၊ ဓနု၊ တောင်သူ၊ တောင်ရိုးတို့သည် ထိုဒေသ၏ မူလတိုင်းရင်းသား များ မဟုတ်ချေ။ ယင်းတို့သည် မြန်မာအစုဝင် လူမျိုးများ ဖြစ်ကြပြီးလျှင် အခြားဒေသမှ ကြောင်းကြောင်းတို့ကြောင့် ထိုဒေသများသို့ ရောက်ရှိလာကြသူများ ဖြစ်ကြသည်။ သို့သော် မြေလပ်နယ်များသည် ပထဝီဝင်အရ ရှမ်းနယ်များနှင့် ပို၍နီးစပ်သဖြင့် မြန်မာတို့သည် ယင်းနယ်များအား ရှမ်းနယ်များကဲ့သို့ ယူဆဆက်ဆံခဲ့လေသည်။ မြေလပ်နယ်များမှ မြန်မာများကို ငွေပဏ္ဏာ ဆက်သွင်းရသဖြင့် ထိုနယ်ရှင်များအား ငွေခွန်မှူးများဟု ခေါ်ဆိုကြလေသည်။ စစ်ကိုင်း၊ ပင်းယတို့၌ မင်းပြုစိုးမိုးနေခဲ့ကြသော ရှမ်းညီနောင် သုံးဦးတို့၏အဆက်အနွယ်များသည် နောင်အခါ အချင်းချင်း မညီညွတ်သဖြင့် ပင်းယမင်းသည် စစ်ကိုင်းကို တိုက်ရန် မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဖျားတွင် အင်အားကြီးမားလျက် ရှိသော မောရှမ်းတို့ကို ဖိတ်ခေါ်သည်။ မောရှမ်းတို့သည် စစ်ကိုင်းကို သာမက ပင်းယကိုပါ တိုက်သဖြင့် နှစ်မြို့လုံးပျက်ရလေသည်။ ၁၃၆၄ ခုနှစ်တွင် စစ်ကိုင်းနှင့် ပင်းယပျက်ပြီးနောက်၌ စစ်ကိုင်းမင်း အသင်္ခယာစောယွန်း၏ မြေးတော်သတိုးမင်းဖျားသည် စစ်ကိုင်းနှင့် ပင်းယကို သိမ်းယူ၍ အင်းဝကို တည်ကာ မင်းပြုသည်။ ထိုမင်းလက်ထက်နှင့် ထိုမင်းအားဆက်ခံသော မင်းကြီးစွာစော်ကဲ၏လက်ထက်တွင် မောရှမ်းတို့နောက်ထပ်တိုက်ခိုက်လာခြင်းကို ဟန့်တားနိုင်ခဲ့သော်လည်းနောက် ဆက်ခံသော မင်းများလက်ထက်တွင်မူ ရှမ်းမင်းတို့ သည် အင်းဝကို ရံဖန်ရံခါ တိုက်လာသည်။ တရုတ်နိုင်ငံ ကိုလည်း သွားရောက်ထိပါးသည်။ အချင်းချင်းလည်း တိုက်ခိုက်ကြလေသည်။ တောင်ငူခေတ်တွင် မြန်မာတို့ ပြန်၍ အင်အားတောင့်လာသည်။ ထိုအချိန်၌ အင်းဝတွင် ရှမ်းမင်းခုံမှိုင်းငယ် (ခွန်မိုင်းငယ်) စိုးစံနေသည်။ မြန်မာတို့သည် ရှမ်းတို့၏ စိုးမိုးမှုကို တွန်းလှန်ရန် ကြိုးပမ်းလာသည်။ မြန်မာသက္ကရာဇ် ၉ဝ၆ ခုနှစ် (ခရစ် ၁၅၄၄ ခုနှစ်) တွင် တောင်ငူဘုရင် တပင်ရွှေထီးနှင့် ယောက်ဖတော် ဘုရင့်နောင်တို့ ခေါင်းဆောင်သော မွန်-မြန်မာများနှင့် သီပေါစော်ဘွား၊ အင်းဝခုံမှိုင်းငယ်၊ ဗန်းမော်စော်ဘွား၊ မိုးညှင်း စော်ဘွားတို့၏ တပ်များသည် ပြည်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ စော်ဘွားတို့ အရေးနိမ့်ကြလေသည်။ တပင်ရွှေထီးလွန်သောအခါ ဘုရင့်နောင်သည် ဟံသာဝတီ ထီးနန်းကို ဆက်ခံ၍ အင်းဝကို တိုက်ခိုက် အောင်နိုင်ပြီးသည့် နောက်တွင် မြန်မာသက္ကရာဇ် ၉၁၉ ခုနှစ် (ခရစ် ၁၅၅၅-၅၆) မှ စတင်ပြီးလျှင် မြောက်ပိုင်း ရှမ်းပြည်ထောင်တို့ကို သိမ်းသွင်းခဲ့ရာ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဗန်းမော်၊ ကလေး၊ မိုးမိတ်၊ သီပေါ၊ သုံးဆယ် စသော စော်ဘွားတို့သည် မြန်မာမင်း၏ သစ္စာကို ခံယူကြရသည်။ ထိုနယ်တို့နှင့် အင်းဝကို တရုတ် အစိုးရက မိမိတို့လက်အောက်ခံနယ်များကဲ့သို့ ယူဆဆက်ဆံခဲ့သဖြင့် ထိုကဲ့သို့ ဘုရင့်နောင်က တိုက်ခိုက် သိမ်းသွင်းသော အခါ တရုတ်အစိုးရနှင့် အရေးပေါ်ခဲ့လေသည်။ ထိုကြောင့် ဘုရင့်နောင်၏တပ်များသည် ယူနန်နယ် တောင်ပိုင်းသို့ တိုင်အောင် ချဉ်းနင်းတိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့လေသည်။ နောက်တစ်နှစ်တွင် ဘုရင့်နောင်၏ တပ်တို့သည် သံလွင်မြစ် အနောက်ဘက်ရှိ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက် စသော စော်ဘွားနယ်များနှင့် ရွာငံ၊ စကား၊ လဲချား၊ သာမိုင်း ခမ်း စသော မြို့စားနယ်များကို သိမ်းသွင်းသည်။ နောက်နှစ်တွင် ဇင်းမယ်၊ လပုန်း၊ ဗြဲ၊ ကျိုင်းရဲနယ်တို့ကို တိုက်ခိုက်သိမ်းပိုက်သည်။ ယင်းသို့ဖြင့် ခရစ်နှစ် ၁၅၅၆ မှသည် ၁၅၅၈ ခုနှစ်များ အတွင်း ဘုရင့်နောင်သည် မြန်မာနိုင်ငံမြောက်ပိုင်း သံလွင်မြစ် အနောက်ဘက်ဖြစ်သော ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်များ၊ ယိုးဒယားနိုင်ငံ မြောက်ပိုင်းနယ်များကို မြန်မာနိုင်ငံ တော်အတွင်းသို့ ပေါင်းစည်းနိုင်ခဲ့လေသည်။ ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး၏လက်နက်နိုင်ငံတော်တွင် ပါဝင်သော ရှမ်းပြည်ထောင်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။ ယခုအခါ တရုတ်နယ်စပ်ဘက်သို့ ကျရောက်၍ ရှမ်း တရုတ် နယ်များဖြစ်သော ကိုင်းမား၊ စန္ဒား၊ မိုးဝန်း၊ မိုးနား၊ ဟိုသာ၊ လာသာ၊ မိုင်းမော၊ စည်ခွင်ဟူသော မြောက်ရှမ်းရှစ် ပြည်ထောင်၊ ထိုနယ်များတွင် ဘုရင့်နောင်၏ မြန်မာရဲမက်များ တည်ထားခဲ့သော စေတီပုထိုးများ အထင်အရှားရှိခဲ့သည်ဟု ရာဇဝင်များ၌ ဖော်ပြသည်။ မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မိုးနဲ၊ သိန္နီ၊ သီပေါ၊ ညောင်ရွှေ၊ မိုးဗြဲ၊ ကလေး (သောင်သွပ်) နယ်တို့ကို ရှမ်းကိုး စော်ဘွားနယ်များဟု သီးခြားထားပြီးလျှင် ထိုနယ်ရှင် စော်ဘွား များကို စော်ဘွားကြီးများ၏ အစီးအနင်း အဆောင်အရွက်ပေးသည်။ မြန်မာမင်းအဆက်ဆက်တို့ကလည်း ထီးရံ နန်းရံ လက်နက်နိုင်ငံ များအဖြစ် အသိအမှတ်ပြုလေသည်။ ယင်းတို့အပြင် မှန်နန်းရာဇဝင်၌ ဟံသာဝတီ ဆင်ဖြူများရှင်မင်း၏ လက်နက်နိုင်ငံတွင် ပါဝင်သော ပြည်များအဖြစ် အောက်ပါ ရှမ်းနယ်နှင့် ရှမ်းအနွယ် နယ်များကိုလည်း ဖော်ပြသည်။ (၁) ဗန်းမော်၊ (၂) မိုင်းလျဉ်း၊ (၃) မိုင်းကိုင်၊ (၄) မိုင်းပတ်၊ (၅) ရပ်စောက်၊ (၆) နောင်မွန်၊ (၇) ကျိုင်းတုံ၊ (၈) ကျိုင်းရုံး၊ (၉) ကျိုင်းသေဉ်၊ (၁ဝ) မိုင်းလုံခပင်း၊ (၁၁) ဇင်းမယ်၊ (၁၂) လင်းဇင်း၊ (၁၃) မိုင်းစံ၊ (၁၄) အကျော်၊ သို့ မဟုတ် ကျော်ပုဂံ၊ (၁၅) လဝိုက်၊ (၁၆) မျက်နှာမည်း၊ (၁၇) သောက္ကတဲ၊ (၁၈) ပိဿလောက်တို့အပြင် ကလေးနှင့်ကသည်း ဟုန်း ရှမ်းစော်ဘွားတို့၏ မဏိပူရကသည်းပြည်လည်း ပါဝင်လေသည်။ ဘုရင့်နောင်၏ သားတော် နန္ဒဘုရင်လက်ထက်တွင် လက်နက်နိုင်ငံတော် ပြိုအက်၍လာရာ ရှမ်းပြည် နယ်တို့လည်း သီးခြားခွဲထွက်ကြသည်။ သို့သော် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းလက်ထက်တွင် ရှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းနယ်များကို ပြန်လည် သိမ်းသွင်းခဲ့လေသည်။ ညောင်ရမ်းမင်း၏သားတော် အနောက်ဘက်လွန်မင်းနှင့် ထိုမင်း၏ညီတော် သာလွန်မင်းတို့၏ လက်ထက်လွန်ပြီးနောက်တွင် မြန်မာမင်းတို့ အရည်အချင်း ပျော့ညံ့လာသဖြင့် နိုင်ငံတော် ယိမ်းယိုင်လာသည်။ အင်းဝမြို့တွင် မင်းပြုသော ဟံသာဝတီရောက်မင်းဟုလည်း ခေါ်သည့် မဟာဓမ္မရာဇာမင်း လက်ထက်တွင် မွန်တို့အင်အား တောင့်လာ၍ အင်းဝကို တိုက်လာသဖြင့် အင်းဝပျက်သည်။ ထိုအခါ ရှမ်းပြည်နယ်များသည် အင်းဝ၏ဩဇာကို မခံတော့ပေ။ ဇင်းမယ်နယ်သည်လည်း သီးခြားခွဲထွက်လေသည်။ ယိုးဒယားနှင့် မဏိပူရတို့ လည်း မြန်မာနိုင်ငံတွင်းသို့ပင် ဝင်ရောက်တိုက်ခိုက် လုယက်ခြင်း ပြုလေသည်။ ယင်းသို့သော အပြိုပြိုအကွဲကွဲ ဖြစ်နေသည့် မြန်မာနိုင်ငံတော်ကို အလောင်းမင်းတရားကြီးအမည်ခံ ဦးအောင်ဇေယျသည် ပြန်လည်စုစည်းခဲ့ရာ ရှမ်းပြည်နယ်ကို ပြန်လည်တိုက်ခိုက် သိမ်းသွင်းခဲ့လေသည်။ ယင်းသည်မှစ၍ ကုန်းဘောင်ခေတ်အတွင်းတွင် ရှမ်းပြည်နယ်များ၏လှုပ်ရှားမှုသည် နည်းပါးသွားလေသည်။ ကုန်းဘောင်ခေတ်အတွင်းမြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်က အင်းဝ ဆင်ဖြူရှင် ထိုးမှတ်သော ရွှေဘိုဘုံစံတုလွတ်ကျောင်း ကျောက်စာတွင် လက်နက်နိုင်ငံတော်ကို တိုင်း ၁၆ တိုင်း ခွဲ၍ ပြထားရာ၌ ရှမ်းနယ်နှင့်ရှမ်းအနွယ်နယ်များကို ဤသို့ ပိုင်းခြား ဖော်ပြထားလေသည်။ ၁။ တနင်္သာရီ၊ ပိဿလောက်၊ ကမန်ပိုက်၊ သောက္ကတဲ စသော ၇၉ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂျွမ်း ယိုးဒယားတို့နေရာ ဒွာရဝတီဟူသော အရုဇ္ဈပုရတိုင်း၊ (ယိုးဒယား) ၂။ ဗြဲ၊ အနန်း၊ ပရော၊ ကျိုင်းသေည်၊ လပုန်း စသော ၅၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ယွန်း လူမျိုးတို့နေရာ ဇင်းမယ်ဟူသော ဟရီဘုဉ္စတိုင်း၊ (ဇင်းမယ်) ၃။ မိုင်းမည်း၊ မိုင်းသတ်၊ မိုင်းချိုင်၊ မိုင်းပိုင်စသော ၃၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂုံလူမျိုးတို့ နေရာ ကျိုင်းတုံ ဟူသော ခေမာဝရတိုင်း၊ ၄။ မိုင်းစဲ့ (မိုင်းစံ)၊ ကျိုင်းဟွန်၊ မိုင်းယတ် စသော ၁၂ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော လူးလူမျိုးတို့နေရာ ကျိုင်းရုံး ဟူသော မဟာနဂရတိုင်း၊ ၅။ မိုင်းလုံး၊ မိုင်းကွန်း၊ လောသွတ်၊ တိုက်ခံ၊ တေသန်၊ တေသိန်၊ မိုင်းဆံကြီး၊ မိုင်းဆံငယ် စသော ၁ဝဝ သော မြို့တို့ ဖြင့် တန်ဆာဆင်အပ်သော လင်းဇင်းလူမျိုးတို့နေရာ စန္ဒပူရိ ဟူသော လဝရဋ္ဌတိုင်း၊ (လော နိုင်ငံ) ၆။ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ မိုးဗြဲ၊ သိန္နီ၊ ကိုင်းမား၊ သီပေါ၊ မိုးမိတ်၊ သုံးဆယ်ဟူသော မြို့ကြီး အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စော်ဘွားအပေါင်းတို့နေရာ ဖြစ်သည့် ကမ္ဗောဇတိုင်း၊ ၇။ မိုးတာ၊ မိုးစစ်၊ မိုးညှင်း၊ မိုးကောင်း၊ ခန္တီ၊ တက် ခေါင်၊ မိုင်းလုံဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ် သည့် ၃ဝ သော ရှမ်းစော်ဘွားတို့နေရာဖြစ်သော အာဠဝီတိုင်း၊ ၈။ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား၊ မိုးဝန်း စသောမြို့ကြီး ကိုးမြို့ဖြင့် တန်ဆာဆင်အပ်သော ရှမ်း တရုတ်လူမျိုးတို့နေရာ၊ မောကိုးခွင်ဟူသော မောရိယတိုင်း၊ ၉။ ကတို၊ ဝိုးငံ၊ ဆေးသစ်၊ ကောင်းစင်၊ ငရင်း၊ ငရုန်း၊ ယင်းကပ်ဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဗန်းမော် ရှမ်းစော်ဘွားတို့နေရာဖြစ်သော စိန့်တိုင်း၊ ၁ဝ။ မိုးကုတ်၊ ကျတ်ပြင်၊ ရေလျှံ စသော မြို့လတ်ရွာငယ်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စို့သူကြီးတို့နေရာ ဖြစ်သော မဟိံသကတိုင်း၊ ၁၁။ မွေးရည်၊ မည်ကယ်၊ ငစင်ကျယ်စသော မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ကသည်းကုလားဟုန်း စော်ဘွားတို့နေရာ ဖြစ်သော မဏိပူရတိုင်း၊ ၁၂။ ကလေး၊ သောင်သွပ်၊ ထီးလင်း၊ ယော၊ ဆော၊ စကု၊ စလင်း၊ မဖဲ၊ မင်းတုန်းစသော ၂၇ မြို့တို့ ဖြင့် တန်ဆာဆင်အပ်သော သုနာပရန္တတိုင်းဟူ၍ ဖြစ်ပေသည်။ မင်းတုန်းမင်းတရား နတ်ရွာစံပြီးနောက်တွင် ယခု တရုတ်နိုင်ငံအတွင်းရှိ ချေလီခေါ် ကျိုင်းရုံးကြီးနယ်၏ စော်ဘွားခန့် အပ်သည့်အရေးနှင့်စပ်လျဉ်း၍ ကျိုင်းတုံစော်ဘွားသည် စိတ်ဝမ်းကွဲပြားကာ မြန်မာဘုရင် သီပေါမင်းအား ထောင်ထားခြားနားသည်။ ထိုအရေးတွင် မိုးနဲ၊ မိုင်းနောင်နှင့် ရပ်စောက်စော်ဘွားတို့သည် ကျိုင်းတုံစော်ဘွားနှင့် တစ်စိတ်တစ်ဝမ်းတည်းပြု၍ ပါဝင်ကူညီကြသည်။ ထိုစော်ဘွားစုတို့သည် မင်းတုန်းမင်း၏ တူတော်တစ်ပါးဖြစ်သော လင်းပင်းမင်းသားအား နန်းတင်ရန် ရည်မှန်းခဲ့ကြသည်။ နောင်အခါ မြေလတ် နယ်အချို့ကလည်း ပူးပေါင်းပါဝင်သည်။ လင်းပင်အဖွဲ့သည် မိမိတို့နှင့် စိတ်ဝမ်း မညီသော ညောင်ရွှေကျေးသီး မန်စံ၊ မိုင်းလွန်းနှင့် လဲချားနယ်များကို တိုက်ကြသည်။ မြန်မာတပ်များကလည်း ထောင်ထား ခြားနားမှုကို လိုက်လံနှိပ်ကွပ်သော်လည်း များစွာ အရေးမလှခဲ့ပေ။ ထိုအချိန်တွင် အထက်မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက သိမ်းပိုက်လိုက်လေသည်။ နောင်အခါ လင်းပင်းအဖွဲ့သည်လည်း အားနည်းလာ၍ လင်းပင်မင်းသားကိုယ်တိုင် အညံ့ခံရသည်။ ခရစ် ၁၈၈၇ ခုနှစ်တွင် သံလွင်မြစ်အနောက်ဘက်ရှိ စော်ဘွားနယ်များသည် အင်္ဂလိပ်လက်အောက်သို့ ဝင်ရောက်ကြရသည်။ သံလွင်မြစ် အရှေ့ဘက်ရှိ နယ်တစ်နယ်ဖြစ်သော ကျိုင်းတုံသည် ၁၈၉ဝ ပြည့်နှစ်တွင်မှ လက်နက်ချလေသည်။ မောက်မယ်၊ မိုင်းပန်နှင့် ကရင်နီနယ်များနှင့် စပ်လျဉ်း၍ ယိုးဒယားအစိုးရနှင့် ပြဿနာများ ပေါ်သည်။ ၁၈၈၉-၉ဝ ပြည့်နှစ်တွင် အင်္ဂလိပ်နှင့် ယိုးဒယား နှစ်ဦးနှစ်ဘက် အဖွဲ့ဝင်များ ပါဝင်သော ကော်မီရှင်တစ်ခုကို ဖွဲ့စည်း၍ ထိုနယ်များ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ကာ ယိုးဒယားမပိုင်တော့သော အပိုင်းမှ ယိုးဒယား တပ်များကို ရုပ်သိမ်းစေသည်။ ၁၈၉၄-၄၅ ခုနှစ်တွင်လည်း ပြင်သစ်ပိုင် အင်ဒိုချိုင်းနားပြည်နှင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ်ကာ ကျိုင်းချိုင်းနယ်အား မဲခေါင်မြစ်ကို နယ်ခြားအဖြစ် ထားပြီးလျှင် မဲခေါင်မြစ်အနောက် ဘက်ကမ်းအပိုင်းကို ကျိုင်းတုံနယ်အတွင်းသို့ သွတ်သွင်း၍ အရှေ့ဘက် ကမ်းအပိုင်းကို အင်ဒိုချိုင်းနားအတွင်းသို့ သွတ်သွင်းသည်။ ကျိုင်းတုံနယ်နှင့် တရုတ်နိုင်ငံ နယ်နိမိတ်များကို ၁၈၈၉-၉ဝ ခုနှစ်တွင် အင်္ဂလိပ်-တရုတ် နယ်နိမိတ် သတ်မှတ်ရေး ကော်မီရှင်က ပိုင်းခြားသတ်မှတ်ခဲ့လေသည်။ အုပ်ချုပ်ရေး ရှမ်းပြည်နယ်များသည် မြန်မာမင်းတို့၏ သစ္စာတော်ခံနယ်များ ဖြစ်ခဲ့သော်လည်း အစောပိုင်းတွင် စံနစ်တကျ အုပ်ချုပ်ခြင်းကိုမူ မခံခဲ့ရပေ။ သို့သော် ရှမ်းနယ်များက မြန်မာမင်းတို့အား အခွန်ပဏ္ဏာများကိုမူ ဆက်သခဲ့ရရာ ဆက်သမြဲအခွန်ပဏ္ဏာ များကို ရွှေ၊ ငွေ၊ အသန့်သစ်စေး၊မြင်း၊ သိုး၊ ကတိုး၊အောင်း၊ ဖဲ၊ ဇာပယင်း၊ မော်ယော၊ ကတ္တီပါ မှိုင်းလုံး၊ ခဲမ၊ ဖယောင်း၊ ဆင်စွယ်၊ ကြေး၊ သံ၊ ကျောက်မျိုး၊ ထည်မျိုး၊ အုပ်မျိုးတို့အပြင်၊ သစ်သီး၊ ပန်းကံ့ကော်၊ သဇင်ပန်းမျိုးတို့ကိုလည်း အချို့နယ်များက ဆက်သကြရလေသည်။ သာလွန်မင်းတရားလက်ထက် ခရစ်နှစ် ၁၆၃၇ ခုတွင် နိုင်ငံတော်၏ လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ ထွက်သည့်သီးနှံ၊ ပေးဆောင်ရသည့် အခွန်အတုတ်တို့ကို စစ်ဆေးမှတ်တမ်းတင်ရာ ရှမ်းနယ်များကလည်း စစ်တမ်းများ ပေးရသည်။ ကုန်းဘောင်မင်းဆက် မင်းများတွင် အလောင်းမင်း တရားလက်ထက်မှတစ်ပါး အခြားမင်းများလက်ထက်တွင်လည်း စစ်တမ်းများကို အရေးယူဆောင်ရွက်ကြလေသည်။ အမရပူရ ပထမမြို့တည် နန်းတည် မင်းတရားကြီး (ဘိုးတော်ဘုရား) လက်ထက်တွင် ရှမ်းနယ်များကို အုပ်ချုပ်ပုံမှာ ရှမ်းနယ်ကြီးများတွင် စော်ဘွားထားသည်။ နယ်လတ်များတွင် မြို့စား၊ နယ်ငယ်များတွင် ငွေခွန်မှူးများထားသည်။ မြန်မာနယ်ကြီးများကို အုပ်ချုပ်ရသော ဘုရင်ခံများနှင့် စော်ဘွားအလား တူသည်။ ရှမ်းမြို့စားနှင့် မြန်မာမြို့စား အလားတူလေသည်။ သီပေါမင်းလက်ထက်တွင် ရှမ်းနယ်များအတွက် တပ်ရုံး သုံးရုံးထား၍ ခွဲခြားသတ်မှတ် အုပ်ချုပ်ရာ ထိုတပ်ရုံးများမှာ သိန္နီတပ်ရုံး၊ မိုးနဲတပ်ရုံး မိုးဗြဲတပ်ရုံးဟူ၍ ဖြစ်သည်။ ထိုတပ်ရုံး သုံးရုံးပိုင်နယ်များတွင် စော်ဘွား၊ မြို့စား၊ မြို့ဝန်၊ မြို့အုပ်တို့အပေါ် မြန်မာအရာရှိကြီး သုံးဦးထား၍ အုပ်ချုပ်စေသည်။ ထိုအရာရှိကြီးများသည် စစ်ဗိုလ်များဖြစ်စေ၊ ဝန်ကြီး၊ ဝန်မှူး၊ ဝန်ထောက်ဖြစ်စေ၊ ယင်းတို့နှင့် အဆင့်အတန်းတူ အရာရှိများ ဖြစ်စေ ခန့်ထား၍ ခန့်ထားခံရသူသည် ဆိုင်ရာတပ်ရုံးသို့ သွားရောက်နေထိုင်ရသည်။ မြန်မာ လက်အောက်ခံ ရှမ်းနယ်များ အတော်ကလေးကျယ်သေးစဉ်က ကျိုင်းရုံး၊ ကျိုင်းတုံ၊ ကျိုင်းသည်ကြီး၊ မိုင်းလျဉ်းကြီးများတွင် တပ်ရုံး၊ တပ်ဦးချုပ် သီးခြားထား၍ အုပ်ချုပ်ခဲ့သော်လည်း သီပေါမင်းလက်ထက်တွင် မဲခေါင်မြစ် အရှေ့ဘက်ကို လက်လွတ်ရုံမက သံလွင်မြစ် အနောက်ဘက် ရှမ်းနယ်များတွင် တပ်ရုံးများ မထားတော့ချေ။ မန္တလေးမြို့တည် မင်းတုန်းမင်းတရားလက်ထက်တိုင်အောင် ကျိုင်းရုံး၊ ကျိုင်းတုံ၊ ကျိုင်းချိုင်းနယ်တို့က သုံးနှစ် တစ်ကြိမ်၊ နှစ်နှစ်တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အခွန်ပဏ္ဏာများ ဆက်သမြဲဆက်သခဲ့သော်လည်း သီပေါမင်း လက်ထက်တွင်မူ မဆက်သတော့ချေ။ အထက်တွင် ဖော်ပြခဲ့သော တပ်ရုံးသုံးရုံးသည် မြန်မာမင်းဩဇာခံ ရှမ်းနယ်အားလုံးကို အုပ်ချုပ်ရသည်မဟုတ်ပေ။ တောင်ပိုင်၊ မိုးမိတ်၊ ဝန်းသို၊ သောင်သွပ်၊ကလေးမြို့များတွင် စော်ဘွားထားသော်လည်း ဦးတိုက်ထမ်းမှတ်သား၍ သီးခြားဆင့်ဆို အုပ်ချုပ်သည်။ စော်ဘွား၊ မထားတော့သော မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော် စသောမြို့များကို မြန်မာမြို့ရွာများတွင် အပါအဝင်ပြု၍ အဝေးမြို့ဝန်များ ခန့်ထားအုပ်ချုပ်လေသည်။ တပ်ရုံးများတွင် သွားရောက်နေထိုင် အုပ်ချုပ်ရသောမြန်မာ အရာရှိကြီးများကို စစ်ကဲတော်ကြီးဟု ခေါ်သည်။ ထိုစစ်ကဲတော်ကြီးများကို ဗိုလ်မှူးတစ်ဦးက တစ်ဖန် အုပ်ချုပ်ရသည်။ ထိုဗိုလ်မှူးများ အုပ်ချုပ်ရာတွင် မင်းညီမင်းသား ဝန်ထောက် များကို ခန့်ထားလေ့ရှိသဖြင့် ဗိုလ်မှူး မင်းသားဟု ခေါ်သည်။ ထိုဗိုလ်မှူး မင်းသားသည် အချက်အချာကျသော မိုးနဲမြို့တွင် ရုံးစိုက်လေသည်။ ဗိုလ်မှူးမင်းသားလက်အောက်တွင် တပ်သား ၁ဝဝဝ ခန့်ပါသော တပ်ရှိ၍ ထိုတပ်ကို စစ်ကဲတော်ကြီး၊ နားခံကြီး၊ ဗိုလ်ဓားရဲ စသော အရာရှိများက ဆင့်ကဲ ဆင့်ကဲ အုပ်ချုပ်ရလေသည်။ စော်ဘွားများလည်း ဓားပိုင်သည်ဖြစ်၍ အမိန့်တော်မခံဘဲ လူသတ်နိုင်သည်။ သို့သော် ဗိုလ်မှူးမင်းသားသည် စော်ဘွားများအထက်က ဖြစ်လေသည်။ စော်ဘွားဟူသည်မှာ ရှမ်းဘာသာဖြင့် 'စဝ်'နှင့် 'ဖ' ဟူသော စကားနှစ်လုံးပေါင်းစပ်ထားခြင်းမှ ဆင်းသက်လာသည်။ 'စဝ်' သည် ပိုင်ဆိုင်သူဟု အဓိပ္ပာယ်ရသည်။ 'စပ်' နှင့် 'ဖ'ကို ပေါင်းစပ်သောအခါ မိုးကောင်းကင်တမျှ မြင့်မြတ်သော ပိုင်ဆိုင်ခြင်း (ပိုင်ရှင်)ဟူ၍ အဓိပ္ပာယ်ဆောင်ပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် ကောင်းကင်တမျှ ပိုင်ဆိုင်သူ (အရှင်)ဟူ၍ ဖြစ်ပေသည်။ မြန်မာမင်းများက စော်ဘွားများအား ပဒေသရာဇ်မင်းငယ်များ အနေနှင့် ခွင့်ပြုခဲ့သဖြင့် စော်ဘွားတို့သည် ပဒေသရာဇ် မင်းငယ်များ၏ အဆောင်အယောင် အစီးအနင်းများကို အသုံးပြုနိုင်ကြပြီးလျှင် ပဒေသရာဇ်မင်းငယ်များကဲ့သို့ ပြုမူနေထိုင်ခဲ့ကြသည်။ စော်ဘွားတို့သည် မိမိတို့၏ရိုက်ရာကို ဆက်ခံရန် သားတော်၊ ညီတော်၊ တူတော်များအနက်မှ သင့်လျော်ရာတစ်ဦးဦးကို ထီးရံနန်းရံအဖြစ် ရွေးချယ်ထား၍ ယင်းကို ကျမိုင်းဟု ခေါ်သည်။ ဗြိတိသျှအစိုးရလက်ထက်တွင်မူ ကျမိုင်းအဖြစ် ရွေးချယ်ထားသူကို ဝန်ရှင်တော်မင်းကြီးနှင့် ဘုရင်ခံတို့ သဘောတူညီချက် ရပြီးမှသာလျှင် ခန့်ထားနိုင်လေသည်။ မြန်မာနိုင်ငံသား ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၈၈၆ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ရှမ်းနယ်များအား အိန္ဒိယပြည်နယ် အဖြစ် သိမ်းပိုက်ကြောင်း ဗြိတိသျှအစိုးရ ကျေညာသည်။ ၁၈၈၇ ခုနှစ်တွင် ရှမ်းနယ်များအား အောက်ပါအတိုင်း ပိုင်းခြား အုပ်ချုပ်သည်။ ၁။ ရှမ်းပြည်မြောက်ပိုင်း (ရှမ်းပြည် ဥတ္တရတိုင်းဝန်ရှင် တော်မင်းကြီး လက်အောက်ခံ) ၂။ ရှမ်းပြည်တောင်ပိုင်း (ဒက္ခိဏတိုင်း ဌာနချုပ်ဝန်နှင့် နိုင်ငံရေးအရာရှိ လက်အောက်ခံ) ၃။ မြေလပ်ပိုင်း (ဒက္ခိဏတိုင်း ဌာနချုပ်နှင့် နိုင်ငံရေး အရာရှိ လက်အောက်ခံ)ဟူ၍ ဖြစ်လေသည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရှမ်းနယ်များကို ပဒေသရာဇ် ရှမ်းပြည်နယ်စုဟု ခေါ်တွင်စေရန် ဘုရင်ခံချုပ်က ထုတ်ပြန်ကျေညာသည်။ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် မြေလပ်ပဒေသရာဇ် ရှမ်းနယ်များဟူ၍ အောက်ပါအတိုင်း ခွဲခြားပြီးလျှင် နယ်၏အကျယ်အဝန်းကို လိုက်၍ စော်ဘွားမြို့စား၊ နယ်စားများအား အသီးအသီး အုပ်ချုပ်စေသည်။ မြောက်ပိုင်း၌ စော်ဘွားအုပ်ချုပ်သော နယ်များမှာ- (၁) သီပေါနယ် (၄) တောင်သိန္နီနယ် (၂) တောင်ပိုင်နယ် (၅) မိုးမိတ်နယ် (၃) မြောက်သိန္နီနယ် (၆) မိုင်းလွန်းနယ် တို့ဖြစ်ကြလေသည်။ တောင်ပိုင်း၌ စော်ဘွားနယ်များမှာ (၁) ကျိုင်းတုံနယ် (၇) မောက်မယ်နယ် (၂) မိုးနဲနယ် (၈) မိုင်းပန်နယ် (၃) ညောင်ရွှေနယ် (၉) မိုင်းပွန်နယ် (၄) မိုးဗြဲနယ် (၁ဝ) စံကားနယ် (၅) ရပ်စောက်နယ် (၁၁) မိုင်းကိုင်နယ် (၆) လဲချားနယ် တို့ ဖြစ်ကြသည်။ စော်ဘွားနယ်များမှာ နှစ်စားရှိသည်။ စော်ဘွားကြီးနှင့် စော်ဘွားဟု ခွဲထားခြားပြီးလျှင် မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စံကားနယ်နှင့် မိုင်းကိုင်နယ်များသည် ဟော်နန်းမပိုင် ရာဇပလ္လင်နှင့် စော်ဘွားရာထူး ရရှိကြသည်။ အောက်ပါမြို့စားနယ်များသည် တောင်ပိုင်း၌ ပါဝင်ကြလေသည်။ (၁) နန်းခုတ်နောင်မွန်ငယ် (၇) ဘန်းယဉ်နယ် (၂) မိုင်းနောင်နယ် (၈) ဟိုပုန်းနယ် (၃) ဘော်နယ် (၉) စကွယ်နယ် (၄) ကျေးသီးမန်စံနယ် (၁ဝ) သာမိုင်းခမ်းနယ် (၅) ပင်လောင်း (လွယ်လုံနယ်) (၁၁) မိုင်းရှူးနယ် (၆) သထုံ (ဆီဆိုင်နယ်) (၁၂) ပွေးလှနယ် မြေလပ်ပိုင်းတွင် ရှိကြသော ရွာငံ၊ ပင်းတယ၊ ပင်မှီ၊ ကျုံးနယ်တို့သည် ငွေခွန်မှူးများ အုပ်ချုပ်သောနယ်များ ဖြစ်ကြလေသည် ရှမ်းပြည်မြောက်ပိုင်းမှ ကိုးကန့်နယ်သည် မြို့စားနယ်ဖြစ်သည်။ ယခင်က သိန္နီစော်ဘွား လက်အောက်ခံနယ် ဖြစ်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ် မတိုင်မီကာလတွင် အကြောင်းကြောင်းတို့ကြောင့် ဗြိတိသျှအစိုးရ မြောက်သိန္နီ စော်ဘွားအား ထိုနယ်ကို အုပ်ချုပ်ခွင့် မပြုတော့ပေ။ ဒုတိယကမ္ဘာစစ်ပြီးကာလတွင်မူ သီးခြားမြို့စား နယ်တစ်နယ်အဖြစ် ထားရှိခဲ့သည်။ နယ်သူနယ်သားများသည် များသောအားဖြင့် တရုတ်လူမျိုးများသာလျှင် ဖြစ်ကြ၍ မြို့စားသည် ရှမ်းတရုတ်အနွယ် ဖြစ်လေသည်။ နယ်များ၏ အကျယ်အဝန်းသည် အမျိုးမျိုး အစားစားဖြစ်ရာ ကျိုင်းတုံနယ်သည် အကြီးဆုံးဖြစ်၍ စတုရန်းမိုင် ၁၂,ဝဝဝ ကျော် ကျယ်ဝန်းသော်လည်း အငယ်ဆုံးဖြစ်သော ကျုံးနယ်သည် ၂၄ စတုရန်းမိုင်မျှသာ ရှိလေသည်။ ဗြိတိသျှအစိုးရတို့၏ မြောက်ပိုင်းဌာနချုပ်ရုံးစိုက်မြို့ ဖြစ် သော လားရှိုး၊ တောင်ပိုင်း ဌာနချုပ်ရုံးစိုက်မြို့ ဖြစ်သော တောင်ကြီး၊ နွေရာသီစခန်းမြို့များဖြစ်သော တောင်ပိုင်းမှ ကလောနှင့် လွိုင်လင်မြို့များသည် ပဒေသရာဇ် ရှမ်းနယ်များ အတွင်း တည်ရှိသော်လည်း ဗြိတိသျှအစိုးရ အရာရှိကြီးငယ်များ နေထိုင်ရာမြို့များ ဖြစ်သဖြင့် စော်ဘွား၊ မြို့စားတို့ အုပ်ချုပ်ပိုင်ခွင့် မရှိချေ။ ပြည်မရှိ မြို့ကြီးများကဲ့သို့ မြို့၏ စည်ပင်သာယာရေးကို မြို့ပြကော်မီတီများက အုပ်ချုပ်သည်။ ထိုမြို့များ၏မျူနီစီပယ် ဧရိယာအတွင်း၌ ပြည်မ၏ ရာဇဝတ် ကျင့်ထုံး ဥပဒေများ၊တရားမဥပဒေများဖြင့် ဆိုင်ရာအရာရှိတို့က အုပ်ချုပ်သကဲ့သို့ ကျန်ပဒေသရာဇ်နယ်များတွင် နယ်ရှင်စော်ဘွားနှင့် မြို့စားတို့က ဆိုင်ရာနယ်များ၌ ပြည်မ၏ ရာဇဝတ်ကျင့်ထုံး ဥပဒေများ၊ တရားမ ဥပဒေများအပြင် ရှမ်းပြည်ဓလေ့ ဥပဒေများဖြင့် အသီးအသီး စိုးမိုးခဲ့ကြသည်။ မြို့စားနှင့် ငွေခွန်မှူးများသည် တရားမနှင့် ရာဇဝတ် တရားစီရင်ရေး အခွင့်အာဏာတွင် ဒုတိယတန်း တရားသူကြီး အဆင့်အတန်းမျှသာ ရှိသည်။ အချို့စော်ဘွားနယ်ကြီးများတွင် ဆိုင်ရာနယ်ရှင်ကို ကူညီရန် အမတ်ချုပ်ကြီး (ရာဇဝတ်မှု- တရားမအပါအဝင်)၊ တရားရေးရာဌာနအမတ်၊ အခွန်တော် ဌာနအမတ်၊ နယ်ဝန်၊ ငွေတိုက်ဝန် စသည်ဖြင့် လစာရိက္ခာစား အရာရှိများ ခန့်ထားသည်။ ထို့ပြင် ရိုးရာအစဉ်အဆက်အားဖြင့် ခန့် ထားရသည့် ဟိန်၊ ထမုံ၊ ကျယ် စသော သူကြီးအဆင့် အတန်းမျိုး ရှိသည့် ကျေးလက်ပိုင်းမှ အုပ်ချုပ်သူအကြီးအကဲ များလည်း ရှိပေသေးသည်။ ၁၉၂၂ ခုနှစ်တွင် ပဒေသရာဇ် ရှမ်းပြည်နယ်စုကို ဖွဲ့စည်း ပြီးနောက် ပဒေသရာဇ်ကောင်စီအဖွဲ့ကို တည်ထောင်သည်။ ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌသည် တောင်ပိုင်းရှမ်းပြည်နယ်၏ ဌာနချုပ်ဝန်ဖြစ်သော ဝန်ရှင်တော်မင်းကြီးဖြစ်၍ ဒုတိယဥက္ကဋ္ဌ သည် မြောက်ပိုင်းဌာနချုပ်ဝန် ဖြစ်သည်။ ယင်းတို့သည် ဗြိတိသျှအစိုးရကို ကိုယ်စားပြုသော အကြီးမြင့်ဆုံး ဗြိတိသျှ အရာရှိကြီးများ ဖြစ်သည်။ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးများ သည် ထိုအဖွဲ့၌ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြလေသည်။ မြန်မာပြည်အား ဒိုင်အာခီအုပ်ချုပ်ရေးစံနစ်ဖြင့် ပြောင်းလဲအုပ်ချုပ်သောအခါ ဗြိတိသျှအစိုးရသည် ပဒေသရာဇ် ရှမ်းနယ်များအား မတိုးတက်သေးသော နယ်များအဖြစ် ဆက်လက်ထား ရှိကာ မြန်မာပြည်တွင်းသို့ မသွတ်သွင်းခဲ့ပေ။ သို့သော် ရှမ်းနယ်များ အုပ်ချုပ်ရေးအတွက် ပြည်မ၌ ၉၁ ဌာန အုပ်ချုပ်ရေး ရရှိလာသည်အထိ ပြည်မ၏ ငွေကြေးအထောက်အပံ့ကို အမှီ ပြုခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ကြိုးပမ်းသောအခါ ရှမ်းအမျိုးသားတို့သည်လည်း မြန်မာပြည်ဘွား အခြားတိုင်းရင်းသားများနည်းတူ သွေးစည်း ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေး ရအံ့ဆဲဆဲတွင် မသမာသူတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံး ရာ၌ ရှမ်းအမျိုးသား မိုင်းပွန်စော်ဘွားကြီးလည်း ပါဝင်ခဲ့လေသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ပဒေသရာဇ် ကောင်စီကို ဖျက်သိမ်း၍ လူထုကိုယ်စားလှယ်များ ပါဝင်သော ရှမ်းပြည်နယ်ကောင်စီအဖြစ်သို့ ကူးပြောင်းသောအချိန်ကာလ သတ်မှတ်နိုင်ခဲ့သော နေ့ထူး နေ့မြတ်ကြီးကို ရှမ်းအမျိုးသား နေ့ဟု ခေါ်တွင်ခဲ့သည်။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ပေါက်ရန် စတင်ပန္နက်ချသော နေရာသည် ရှမ်းပြည်တောင်ပိုင်း၊ လဲချားနယ်ရှိ ပင်လုံမြို့ကလေး ဖြစ်ပေသည်။ ပြည်မခေါင်းဆောင်များနှင့် တောင်တန်းဒေသ ခေါင်းဆောင်များသည် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးအတွက် ညီလာခံကျင်းပပြီးလျှင် လွတ်လပ်သော ပြည်ထောင်စုမှမြန်မာနိုင်ငံတော်ကြီး ထူထောင်ရန် သဘောတူကြောင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့၌ လက်မှတ်ရေးထိုးခဲ့ကြရာ ပြည်ထောင်စုစိတ်ဓာတ် ပေါ်ပေါက်ခဲ့သည့် ထိုနေ့ထူးနေ့မြတ်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့လေသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖြစ်လာသောအခါ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အား ပြည်ထောင်စုမြန်မာနိုင်ငံ၏ အထွတ်အထိပ် ပထမဆုံးသမ္မတ အဖြစ် တင်မြှောက်ခဲ့ကြလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ပြီးသည့်နောက်တွင် အုပ်ချုပ်ပုံစံနစ် ပြောင်းလဲခဲ့ရာ ရှမ်းနယ်များ အုပ်ချုပ်ရေးလည်း ပုံစံပြောင်းခဲ့သည်။ ပဒေသရာဇ်ရှမ်းပြည်နယ်ဟု မခေါ်တွင်တော့ဘဲ ရှမ်းနယ်များတွင် ဝနယ်များကိုပါ ပူးပေါင်းထည့်သွင်းကာ ရှမ်းပြည်နယ်ဟု ခေါ်တွင်စေပြီးလျှင် ပြည်ထောင်စု၏ ပြည်နယ်တစ်ခု အဖြစ်ဖြင့် အခြေခံဥပဒေ အပိုဒ် ၅ အရ သတ်မှတ်ပေးလိုက် လေသည်။ ပြည်ထောင်စု၏ ပြည်နယ်တစ်ခု ဖြစ်လာပြီးသည့်နောက်တွင် ရှမ်းပြည်နယ် အုပ်ချုပ်ရေးအတွက် ရှမ်းပြည်နယ်ကောင်စီ ဟူ၍ ဖွဲ့စည်းကာ အုပ်ချုပ်ရေးအသွင်ပြောင်းလိုက်သည်။ ထိုကောင်စီသည် ပြည်နယ်၏ ပါလီမန်ကလေး ဖြစ်သည်။ ယင်းတွင် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော လူမျိုးစုလွှတ်တော် အမတ် ၂၅ ဦး နှင့် ရှမ်းပြည်နယ်၏ လူဦးရေအလိုက် ပြည်သူ့ လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခံရသော အမတ် ၂၅ ဦး ပါဝင်သည်။ ကောင်စီ၏ ဥက္ကဋ္ဌ၊ သို့မဟုတ် ရှမ်းပြည်နယ် ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ်ကောင်စီနှင့် တိုင်ပင်၍ ခန့်အပ်သည်။ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်ထောင်စု အစိုးရအဖွဲ့တွင် ရှမ်းပြည်နယ်ဆိုင်ရာ ဝန်ကြီး ဖြစ်လေသည်။ ပြည်နယ်ကောင်စီသည် ပြည်နယ်ဆိုင်ရာ ဥပဒေများကို ပြုစု၍ ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး စသည်တို့ကို ဆောင်ရွက်ရသည်။ နိုင်ငံခြားနှင့် ဆက်သွယ်ရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့ကိုမူ ပြည်ထောင်စုအစိုးရက ဆောင်ရွက်လေသည်။ ပြည်ထောင်စု အခြေခံဥပဒေ ရေးဆွဲစဉ်က ရှမ်းစော်ဘွားများ၏ ပဒေသရာဇ်အာဏာအခွင့်အရေးနှင့် အုပ်ချုပ်ရေးနယ် အပိုင်းအခြားတို့ကို ဗြိတိသျှလက်ထက်ကအတိုင်း ထားရှိခဲ့သည်။ လူမျိုးစုလွှတ်တော်သို့ တင်မြှောက်သော ရှမ်းပြည် အမတ်များကို စော်ဘွားအချင်းချင်း ရွေးကောက်တင်မြှောက်ခွင့်ပြုခဲ့လေသည်။ ထိုကြောင့် ရှမ်းပြည်နယ် အုပ်ချုပ်ရေးသည် နယ်ရှင်စော်ဘွားများသာလျှင် လွှမ်းမိုးကြီးစိုးရာ ဖြစ်ခဲ့သည်။ လွတ်လပ်ရေးမရမီကလေးတွင် စော်ဘွားကြီးများက ခေါင်းဆောင်၍ စော်ဘွားအသင်းဟူ၍ တည်ထောင်ပြီးလျှင် မြို့စားများ၊ ငွေခွန်မှူးများကိုပါ စော်ဘွားအဆင့်အတန်းသို့ သိမ်းသွင်းခြင်းအလို့ငှာ နယ်ရှင်အားလုံး 'စဝ်ဖလုံ' ဟု ခေါ်တွင်စေရန် သတ်မှတ်ခဲ့လေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်မ၌ ဒီမိုကရေစီနည်းအရ အုပ်ချုပ်လျက်ရှိနေစဉ် ရှမ်းပြည်နယ်တွင် ပဒေသရာဇ်စနစ် တည်တံ့နေခြင်းသည် ခေတ်နှင့်မလျော်ညီခဲ့ပေ။ ထိုကြောင့် ရှမ်းပြည်နယ်၌ ဒီမိုကရေစီစံနစ်ကို သွတ်သွင်းရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ ဆွေးနွေးလာခဲ့ရာ ၁၉၅၂ ခုနှစ် တွင် နယ်ရှင်စော်ဘွားများက အုပ်ချုပ်ရေးအာဏာကို စွန့်လွှတ်ရန် သဘောတူညီခဲ့ကြသော်လည်း အကြောင်းကြောင်းတို့ ကြောင့် အာဏာစွန့်လွှတ်ရေးသည် အကောင်အထည် မပေါ်ခဲ့ပေ။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရ လက်ထက်၌ နယ်ရှင်စော်ဘွားများသည် အုပ်ချုပ်ရေးအာဏာ စွန့်လွှတ်ကြောင်းကို ထိုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်ကောင်စီက အတည်ပြုလိုက်ခြင်းကြောင့် ပြည်နယ်တွင် ရာစုနှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သော ပဒေသရာဇ်စံနစ်ကို ဖြတ်တောက်၍ ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ကို စိုက်ထူလိုက်ကြလေသည်။ ယင်းသို့ စော်ဘွားများ အာဏာစွန့်လွှတ်ပြီးနောက်တွင် အောက်ပါအတိုင်း ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များဟူ၍ ပိုင်းခြားပြီးလျှင် ပြည်မကဲ့သို့ အုပ်ချုပ်ရေးစံနစ်များ ထွင်လိုက်လေသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် အောက်ပါတို့ ပါဝင်သည်။ ၁။ လားရှိုးခရိုင် (၁) မြောက်သိန္နီနယ် (ရုံးစိုက်-လားရှိုးမြို့) (၂) တောင်သိန္နီနယ် ၂။ ကျောက်မဲခရိုင် (၁) သီပေါနယ် (ရုံးစိုက်-ကျောက်မဲမြို့) (၂) တောင်ပိုင်းနယ် (၃) မိုးမိတ်နယ် ၃။ ရှမ်းပြည်အရှေ့မြောက် (၁) ကိုးကန့်နယ် အထူးခရိုင် (၂) မိုင်းလွန်းနယ် (၃) ဝနယ်များ၊ လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်တို့ကို ပေါင်းစပ်၍ ရှမ်း ပြည်မြောက်ပိုင်းတိုင်းဟူ၍ သတ်မှတ်ကာ အထူးတိုင်းမင်းကြီး တစ်ဦးက ဆိုင်ရာခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင် စသော အုပ်ချုပ်ရေးအရာရှိများဖြင့် ကြပ်မတ်အုပ်ချုပ်သည်။ လားရှိုးမြို့သည် အထူးတိုင်းမင်းကြီး၏ ရုံးစိုက်မြို့ ဖြစ်လေသည်။ ရှမ်းပြည်တောင်ပိုင်း၏ ခရိုင်နှင့်နယ်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။ ၁။ တောင်ကြီးခရိုင် (၁) ညောင်ရွှေနယ် (ရုံးစိုက်-တော်ကြီးမြို့) (၂) ရပ်စောက်နယ် (၃) မိုင်းပွန်နယ် (၄) စံကားနယ် (၅) နန်းခုတ်နယ် (၆) နောင်မွန်နယ် (၇) လွယ်လုံနယ် (၈) သထုံနယ် (ဆီဆိုင်) (၉) ဘန်းယဉ်နယ် (၁ဝ) စကွယ်နယ် (၁၁) ဟိုပုန်းနယ် (၁၂) သာမိုင်းခမ်းနယ် (၁၃) ပွေးလှနယ် (၁၄) ဘော်နယ် (၁၅) ရွာငံနယ် (၁၆) ပင်းတယနယ် (၁၇) ပင်မှီနယ် (၁၈) ကျုံးနယ် ၂။ လွိုင်လင်ခရိုင် (ရုံးစိုက်-လွိုင်လင်မြို့) (၁) မိုးနဲနယ် (၂) မိုင်းပန်နယ် (၃) မောက်မယ်နယ် (၄) မိုင်းကိုင်နယ် (၅) မိုင်းနောင်နယ် (၆) မိုင်းရှုနယ် (၇) ကျေးသီးမန်စံနယ် (၈) လဲချူးနယ် (၉) ရေဦးနယ် ၃။ ရှမ်းပြည်အရှေ့ပိုင်းခရိုင် (၁) ကျိုင်းတုံနယ်ဟူ၍ဖြစ်သည်။ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့ကို ပေါင်းစပ်၍ ရှမ်းပြည်တောင်ပိုင်းတိုင်းဟု သတ်မှတ်ကာ တိုင်းမင်းကြီး တစ်ဦးက ဆိုင်ရာလက်အောက်ခံအရာရှိများနှင့် ကြပ်မတ် အုပ်ချုပ်သည်။ တိုင်းမင်းကြီး၏ရုံးစိုက်မြို့သည် တောင်ကြီး မြို့ဖြစ်၍ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တစ်ခုလုံး၏ မြို့တော်လည်း ဖြစ်လေသည်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လူမှုရေးတွင် အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိနေသည့် ရှမ်းပြည်မြောက်ပိုင်းမှ ဝနယ်များ၊ ကိုးကန့်နယ်၊ မိုင်းလွန်းနယ်၊ ပန်းဆန်းဒိုင် မြို့စားနယ်တို့ကို နယ်သူ နယ်သားများ၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ပြည်ထောင်စုအစိုးရက တိုက်ရိုက်အုပ်ချုပ်သော နယ်ခြားဒေသအုပ်ချုပ်ရေးသို့ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီ လ ၂ ရက်နေ့တွင် ထည့်သွင်းသည်၊ ထိုနည်းတူစွာ ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ (တော်လှန်ရေးကောင်စီ အစိုးရလက်ထက်) တွင် ရှမ်းပြည်အရှေ့ ပိုင်းခရိုင် ကျိုင်းတုံနယ်ကို လည်း နယ်ခြားဒေသ အုပ်ချုပ်ရေးသို့ လွှဲအပ်ပြီးလျှင် ကျိုင်းတုံ ခရိုင်၊ မိုင်းတုံခရိုင်နှင့် တာချီလိပ်ခရိုင်ဟူ၍ ပိုင်းခြားလိုက်လေသည်။ ၁၉၆၁ ခုနှစ် နောက်ပိုင်းမှစ၍ ရှမ်းစော်ဘွား အများစုနှင့် ကယားခေါင်းဆောင်များသည် ပြည်မကိုလည်း ပြည်နယ်တစ်ခု အဖြစ် ထားရှိပြီးလျှင် ပြည်ထောင်စု၏ ပြည်နယ်အားလုံးအား တန်းတူအုပ်ချုပ်ပေးရန်ဟူသော 'ဖက်ဒရေးရှင်း' မူကို တောင်းဆိုလာကြသည်။ ထိုမူကို ပြည်ထောင်စုအစိုးရ လက်မခံပါက ရှမ်း ပြည်နယ်သည် ပြည်ထောင်စုအတွင်းမှ ခွဲထွက်ရန် ခြိမ်းခြောက် အရေးဆိုလာကြပြီးလျှင် ရှမ်းပြည်နယ်အတွင်း ထကြွပုန်ကန်မှု၊ ဆူပူလှုပ်ရှားမှုများကိုလည်း လှုံ့ဆော်အားပေးလာကြသည်။ ထိုသို့ ပြည်ထောင်စုကြီး ယိမ်းယိုင်ပြိုကွဲမည့်အခြေအနေဆိုးကို ထိန်းသိမ်းရန် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တွင် ပြည်ထောင်စုအုပ်ချုပ်ရေးအာဏာကို သိမ်းယူလိုက်သည်။ တော်လှန်ရေးကောင်စီအစိုးရသည် သမ္မတကြီးနှင့်တကွ ဝန်ကြီး ချုပ် အမှူးပြုသော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု အား ထိန်းသိမ်းလိုက်သည့်နည်းတူ 'ဖက်ဒရေးရှင်းမူ' ကို ထောက်ခံသော ရှမ်းစော်ဘွား ၃ဝ ကျော်တို့ကိုလည်း ထိန်းသိမ်းလိုက်သည်။ ရှမ်းပြည်နယ်ကောင်စီကို မတ်လ ၃ ရက်နေ့ တွင် ဖျက်သိမ်းပြီးလျှင် ဦးစီးအဖွဲ့ဝင် ငါးဦးပါဝင်သော ရှမ်း ပြည်နယ်ဦးစီးအဖွဲ့ကို ဖွဲ့စည်း လိုက်သည်။ ထိုဦးစီးအဖွဲ့သည် ရှမ်းပြည်နယ်ကောင်စီနည်းတူ ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေး အဝဝကို ဆောင်ရွက်ရ၍ ထိုအဖွဲ့၏ ဥက္ကဋ္ဌအား ယခင်က ပြည်နယ်ဥက္ကဋ္ဌ၏ အခွင့်အာဏာများကို အပ်နှင်းလိုက်လေသည်။ တော်လှန်ရေးကောင်စီ အစိုးရသည် ပဒေသရာဇ် ရှမ်းပြည်နယ်အဖြစ်မှ ပြည်သူ့ရှမ်းပြည်နယ် ဖြစ်လာရေးအတွက် ရှမ်းပြည်နယ် ကျေးလက်များအထိ ပြည်မနည်းတူ တရားဥပဒေ စိုးမိုးနိုင်ရန် တရားရုံးများ၊တရားသူကြီးများ ခန့်ထားရေး၊ အုပ်ချုပ်ရေးနယ်မြေပိုင်းခြားမှု ပြန်လည် စိစစ်ရေးတို့ကို ဆောင်ရွက်လျက် ရှိသည်။ ယခင်က နယ်ပိုင်နယ်၊ မြို့ပိုင်နယ် ဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သော အချို့နယ်များသည် ကျေးရွာသာသာမျှ ရှိသဖြင့် စော်ဘွားတို့အလိုကျ မလိုအပ်ဘဲ ပိုင်းခြားခဲ့ခြင်း ဖြစ်ပေရာ အုပ်ချုပ်ရေးလွယ်ကူစေရန်နှင့် အုပ်ချုပ်ရေး စရိတ်ကျဉ်းစေရန် အချို့နယ်များကို ပူးပေါင်းခြင်း၊ ပြန်လည်ပိုင်းခြား ခြင်းပြုရန် ပြန်လည် စိစစ်ဆောင်ရွက်နေဆဲ ဖြစ်လေသည်။ မြန်မာ-တရုတ်-နယ်နိမိတ်အပြောင်းအလဲ ရှမ်းပြည်နယ်သည် အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံး ဆက်စပ်လျက်ရှိရာ ၁၉၆ဝ-၆၁ ခုနှစ်အတွင်း မြန်မာ-တရုတ် နယ်နိမိတ်ကို သမိုင်းဝင် မှတ်တမ်းတင်လောက်အောင် နှစ်ပြည်ထောင်အစိုးရတို့ သဘောတူ ပိုင်းခြားသတ်မှတ်လိုက်ပြီးနောက်တွင် ရှမ်းပြည်နယ်၏ နယ်နိမိတ်၌ အပြောင်းအလဲ အနည်းငယ်ရှိခဲ့လေသည်။ မြန်မာ-တရုတ်နယ်နိမိတ် သဘောတူစာချုပ်များအရ ခိုင်လုံသော သက်သေအထောက်အထားများရှိသဖြင့် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသများကို တရုတ်အစိုးရ ပိုင်ကြောင်း မြန်မာအစိုးရက အသိအမှတ်ပြုရသည်။ မိုင်းမောကြီး တြိဂံဒေသအတွက်မူ ထိုဒေသအား တရုတ်တို့က ပြန်၍ သိမ်းလိုက်ပါက ထိုနယ်ကို ဖြတ်သန်းသွားသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် ကူးလူးဆက်ဆံမှု လမ်းမကြီးကို အကြောင်းပြု၍ ထိုပြည်နယ်များအား ထိခိုက်ဖွယ်ရာ ရှိသဖြင့် ထိုတြိဂံဒေသကို တရုတ်အစိုးရက မြန်မာအစိုးရသို့ အပြီးအပိုင် လွှဲပြောင်းပေးသည်။ သို့သော် ထိုဒေသနှင့် လဲလှယ်သောအားဖြင့် ရှမ်းပြည်နယ်တွင်ပါဝင်သော ဝနယ်အတွင်းရှိ ပန်းဟုံးနှင့် ပန်းလောင်းဒေသတို့အား မြန်မာအစိုးရက တရုတ်အစိုးရ သို့ လွှဲအပ်ရလေသည်။ နှစ်ပြည်ထောင်အစိုးရတို့ အပြန်အလှန် အလဲအလှယ်ပြုကြသော နယ်မြေများကို ပိုင်းခြားသတ်မှတ်လိုက်ရာ မြန်မာ အစိုးရက ရရှိလိုက်သော မိုင်းမောတြိဂံဒေသ၏ အကျယ်အဝန်းသည် ၈၅ စတုရန်းမိုင်၊ ထိုဒေသနှင့် အလဲအလှယ်ပြုကာ တရုတ်အစိုးရသို့ လွဲအပ်လိုက်ရသော ပန်းဟုံး၊ ပန်လောင်း ဒေသမျာ၏ အကျယ်အဝန်းသည် ၇၃ စတုရန်းမိုင် စသဖြင့် အသီးသီး ဖြစ်ကြလေသည်။ ပန်ဟုံးနှင့် ပန်လောင်းဒေသတို့ကို အလဲအလှယ် ပြုလိုက်ရသဖြင့် ထိုနေရာတွင် ရှမ်းပြည်နယ် နယ် နိမိတ်မျဉ်းကြောင်းသည် အတန်ငယ် ပြောင်းလဲခဲ့သည်။ မိမိတို့၏ နယ်မြေကို တစ်လက်မမျှ အလျှော့မခံလိုသော်လည်း ရှမ်းအမျိုးသားတို့သည် နှစ်ပြည်ထောင်ချစ်ကြည်မှုကို ရှေ့ရှုကာ လွှဲအပ်ရန် သဘောတူညီခဲ့ကြသည်။ မိုင်းမောတြိဂံဒေသသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နှစ်ခုလုံး၌ ပါဝင်နေရာ ဆိုင်ရာအစိတ်အပိုင်းကို ဆိုင်ရာပြည်နယ်က အုပ်ချုပ်လျက် ရှိပေသည်။ တရုတ်အစိုးရသို့ လွှဲအပ်၍ အလဲအလှယ်ပြုကြသောဒေသများမှ တိုင်းရင်းသားလူမျိုးတို့က ထိုဒေသများကို စွန့်ခွာကာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌သာ နေလိုကြသဖြင့် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသရှိ လူမျိုးစုများနည်းတူ ပန်ဟုံးနှင့်ပန်လောင်းဒေသများမှ လူမျိုးစုများကိုလည်း ယင်းတို့၏ ဆန္ဒအတိုင်း ပြည်ထောင်စုအစိုးရသည် နယ်စပ်အနီး၌ ကျေးရွာအိုးအိမ်များကို သိုက်မြိုက်စွာ ထူထောင်ပေး ရပြီးလျှင် ယင်းတို့၏ အသက်မွေးမှု ဖူလုံရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးရလေသည်။ ပညာရေး ရှေးအခါက ရှမ်းပြည်နယ်၏ပညာရေးစံနစ်သည် စော်ဘွားများ၏ လက်ထဲတွင်သာ ရှိခဲ့သည်။ နယ်များတွင် စော်ဘွားများ သဘောအရ နယ်မှရရှိသော အခွန်တော်ငွေထဲမှ အကုန်အကျခံ၍ ဖွင့်လှစ်ထားသော မူလတန်း မြန်မာစာသင်ကျောင်းများသာ ရှိသည်။ ဘုန်းကြီးကျောင်းများကိုလည်း စော်ဘွားများက စာသင်ကျောင်းအဖြစ် အသိအမှတ်ပြုသည်။ ဗြိတိသျှခေတ် တစ်ခေတ်လုံးတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း နှစ်ရပ်လုံး၌ အစိုးရအသိအမှတ်ပြုသော အထက်တန်းကျောင်းဟူ၍ တောင်ကြီး၌ ဖွင့်လှစ်ထားသော ရှမ်းစော်ဘွားသားများကျောင်းနှင့် အမေရိကန် သာသနာပြုကျောင်းဟူ၍ နှစ်ကျောင်းသာ ရှိသည်။ အင်္ဂလိပ်စာသင်ကျောင်းနှင့် အင်္ဂလိပ်-မြန်မာ စာသင်ကျောင်းများ နည်းပါး၍ တောင်ကြီးမှလွဲလျှင် ကလော၊ လွိုင်လင်၊ လားရှိုး၊ နမ္မတူ၊ သီပေါနှင့် မိုးနဲတို့တွင်သာ အလယ်တန်းကျောင်းများ ရှိသည်။ ၁၉၂၃-၂၄ ခုနှစ်အထိ ဖော်ပြခဲ့သော ကျောင်းများမှလွဲလျှင် ရှမ်းပြည်နယ်တစ်ခုလုံး၌ မြန်မာအလယ်တန်း ၁၉ ကျောင်းနှင့် မူလတန်းကျောင်း ၁ဝ၈ ကျောင်းရှိသည်။ အထူးကျောင်းများမှာ တောင်ကြီးမြို့ရှိ တိရစ္ဆာန် အတတ်သင်ကျောင်း၊ လားရှိုး၊ ညောင်ရွှေမြို့တို့တွင် ဖွင့်လှစ်ထားသော အောက်တန်းဆရာဖြစ် သင်တန်းကျောင်းနှစ်ကျောင်း ဖြစ်လေသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ကာလတွင် ကျောင်းပေါင်း ၁၉ဝ ကျော်အထိ တိုးတက်လာ၍ ကျောင်းသားဦးရေ တစ်သောင်းနီးပါးအထိ ရှိလာသော်လည်း ပြည်နယ်တစ်ခုလုံး၏ လူဦးရေနှင့် နှိုင်းစာသော် စာတတ်သူများ ရာခိုင်နှုန်း အလွန်နိမ့်ကျနေခဲ့လေသည်။ ပြည်ထောင်စုခေတ်တွင် ပညာရေးစံနစ်သစ်အရ ရှမ်းပြည်နယ်တွင် တစ်နှစ်ထက် တစ်နှစ် ကျောင်းများကို တိုးတက် ဖွင့်လှစ်ပေးခဲ့သည်။ စော်ဘွားမြို့တိုင်း၌ အထက်တန်းကျောင်း တစ်ကျောင်းရှိစေရန်နှင့် လူဦးရေ ၁ဝဝဝ လျှင် စာသင်ကျောင်းတစ်ကျောင်းရှိစေရန် ရည်မှန်းခဲ့ကြသော်လည်း ပြည်နယ်၏ငွေ အင်အား နည်းပါးသေးသဖြင့် ခပ်ဆိုင်းဆိုင်း ဆောင်ရွက်ခဲ့ကြရသည်။ ၁၉၆ဝ-၆၁ ခုနှစ် နောက်ဆုံးစာရင်းအရ ရှမ်းပြည်နယ်၌ ဖွင့်လှစ်ပြီးသောကျောင်းများနှင့် ကျောင်းသားဦးရေစာရင်းမှာ-- ကျောင်းဦးရေ ကျောင်းသားဦးရေ ၁။ အထက်တန်းကျောင်း ၃၇ ၂၃၈၄၅ ၂။ အလယ်တန်းကျောင်း ၅၃ ၁၅၈၉၇ ၃။ မူလတန်းကျောင်း ၅၂၅ ၄၁၈၅၄ -------------- ၆၁၅ ၈၁၅၉၆ တောင်ကြီးမြို့တွင် ဥပစာကောလိပ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့၍ စော်ဘွားသားများ အထက်တန်းကျောင်းကိုလည်း စစ်ပြီးခေတ်တွင် စော်ဘွားအမျိုးအနွယ်များအတွက်သာ ကန့်သတ်ထားရှိခြင်းမှ ပြည်သူ့ကျောင်း တစ်ကျောင်းအဖြစ်သို့ ပြောင်းလဲစေခဲ့လေသည်။ အုပ်ချုပ်ရေး မြို့​တော် ရှမ်းပြည်နယ်၏ မြို့တော်မှာ တောင်ကြီးမြို့ဖြစ်သည်။ သို့သော် ၁၉၈၈​နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် အုပ်ချုပ်ရေး လွယ်ကူအဆင်ပြေစေရန် အတွက် ရှမ်းပြည်နယ်ကို မြောက်ပိုင်း၊ တောင်ပိုင်း နှင့် အရှေ့ပိုင်း ဟု စစ်တိုင်းဌာနချုပ်များရှိသည့် အတိုင်း ခွဲခြားလိုက်ပြီး မြောက်ပိုင်း၏ မြို့တော်အဖြစ် လားရှိုးမြို့၊ အရှေ့ပိုင်း၏မြို့တော်အဖြစ် ကျိုင်းတုံမြို့ နှင့် တောင်ပိုင်း၏ မြို့တော်အဖြစ် လက်ရှိမြို့တော် တောင်ကြီးမြို့ အဖြစ် အသီးသီး သတ်မှတ်ခဲ့သည်။ သို့သော် တရားဝင်အားဖြင့် ရှမ်းပြည်နယ်၏မြို့တော်မှာ တောင်ကြီးမြို့သာဖြစ်သည်။ အုပ်ချုပ်​ရေး ၂၀၁၁ခုနှစ်မှစ၍ ရှမ်းပြည်နယ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ ပြည်နယ်အစိုးရအဖွဲ့ရုံးသည် တောင်ကြီးမြို့တွင် တည်ရှိသည်။ ရှမ်းပြည်နယ်သည် နယ်မြေကျယ်ပြန့်သဖြင့် လားရှိုးမြို့နှင့် ကျိုင်းတုံမြို့များတွင် ဒုတိယအဆင့် ရုံးခွဲများစိုက်ကာ အုပ်ချုပ်သည်။ ဥပဒေပြုရေး ၂၀၁၁ ခုနှစ်မှ စတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ရှမ်းပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်း​ဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသတရားရုံးများ၊ မြို့နယ်တရားရုံးများရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ရှမ်းပြည်နယ်တွင် ခရိုင် (၂၁)ခရိုင်၊ ခရိုင်အဆင့်နှင့်ညီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃)ခု ရှိသည်။ ခရိုင်များအနက် ဟိုပန်နင့် မက်မန်းခရိုင်များကိုပေါင်းကာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဖွဲ့စည်းသည်။ မြို့နယ်ပေါင်း (၅၅)မြို့နယ်ရှိသည်။ ခရိုင်များ ခရိုင်ရှိ မြို့နယ် ရှမ်းပြည်နယ် အရှေ့ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း နေထိုင်သောလူမျိုးများ ရှမ်း၊ ဓနု၊ တောင်ရိုး၊ အာခါ၊ လားဟူ၊ အင်းသား၊ ပအိုဝ်း၊ ပဒေါင်၊ ပလောင်၊ ကိုးကန့်၊ ဝ၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ကယန်း၊ ယင်း၊ စိတ်ဝင်စားဖွယ်နေရာများ အင်းလေးကန် အင်းလေး ဖောင်တော်ဦးဘုရား ဂုတ်ထိပ်တံတား သီပေါ ဘော်ကြိုဘုရား ပင်းတယဂူ ဗဒလင်းဂူ(ပြဒါးလင်းဂူ) မွေတော်ကက္ကူဘုရားများ ထမ်ဆမ်းဂူ၊ ဟိုပုံးမြို့အနီး စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ရှမ်းပြည်နယ်သည် ရှမ်းလူမျိုးများသာမက အခြားတိုင်းရင်းသားများ၊တရုတ်၊ကုလား ပါရောနှောနေထိုင်သည့်အတွက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ များပြားသည်။ သို့သော် တိုင်းရင်းသားအများစု မှာရှမ်းစကားကိုအသုံးပြုကာ ဆက်ဆံလေ့ရှိသည်။ အောက်ပါဇယားမှာ ရှမ်းပြည်နယ်၏ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်၍ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။ ဒေသထွက်ကုန်များ အဓိကအားဖြင့် ကော်ဖီ၊ သစ်၊ လက်ဖက်နှင့် ရာဘာ အပါအဝင် သီးနှံများဖြစ်သော ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးနှင့် လူကြိုက်များသည့် အခြားသီးနှံများလည်း ထွက်ရှိသည်။ ကိုးကား ပြင်ပလင့်ခ်များ ရှမ်းပြည်နယ်အစိုးရဝက်ဘ်ဆိုဒ် မြန်မာနိုင်ငံပြည်နယ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
မန္တလေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။ သမိုင်းကြောင်း မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရသည်။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို "အညာသားယဉ်ကျေးမှု" (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်။ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ဗြိတိသျှခေတ်က မန္တလေးတိုင်းဒေသကြီးကို မန္တလေးပြည်နယ်နှင့်မိတ္ထီလာပြည်နယ်ဟူ၍ ပြည်နယ်(၂)ခုအဖြစ်အုပ်ချုပ်ခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် မိတ္ထီလာပြည်နယ်ကိုဖျက်သိမ်း၍ မန္တလေးတိုင်းအဖြစ်ပေါင်းစည်းခဲ့သည်။ ၁၉၅၅ခုနှစ်တွင်ချောက်မြို့ကို မိတ္ထီလာပြည်နယ်၊မြင်းခြံခရိုင်၊ညောင်ဦးစီရင်စုမှ မကွေးတိုင်း၊မကွေးခရိုင် ၊ရေနံချောင်းစီရင်စုလက်အောက်သို့ပြောင်းရွှေ့ခဲ့သည်။ တည်နေရာနှင့် အကျယ်အဝန်း မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၁၉၂၅.၉၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက် ရှိသည်။ ပထဝီဝင်အ​နေအထား မြေမျက်နှာသွင်ပြင် မန္တလေးတိုင်းဒေသကြီး၏ အနောက်ဘက်ပိုင်းတွင် ပုပ္ပါးမီးငြိမ်းတောင်ရှိသည်။ မန္တလေးနှင့် ကျောက်ဆည်ပတ်ဝန်းကျင်တွင် လွင်ပြင်များ တည်ရှိသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်တွင် ရှမ်းရိုးမတောင်တန်းများတည်ရှိသည်။ တိုင်းဒေသကြီး၏ အနောက်ခြမ်းတွင် ညောင်ဦးမြို့နယ်အထိ ဧရာဝတီမြစ်က စီးဆင်းနေသည်။ မြစ်ငယ်မြစ်၊ဇော်ဂျီမြစ်၊ပန်းလောင်မြစ်၊ စမုံမြစ်တို့မှာလည်း စီးဆင်းနေသည်။ ရာသီဥတု ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဘက်တောင်တန်းဒေသများ (မိုးကုတ် နှင့် ပြင်ဦးလွင်)တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၎င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိသည်။ တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်သည်။ အုပ်ချုပ်ရေး မြို့တော် မန္တလေးတိုင်းဒေသကြီး၏ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။ အုပ်ချုပ်ရေး မန္တ​လေးတိုင်းကို ယခင်က ၂၆ဘီလမ်းနှင့် ၆၆လမ်း​ထောင့်ရှိ တိုင်း​​အေးချမ်းသာယာ​ရေးနှင့် ဖွံ့ဖြိုး​ရေး​ကောင်စီမှ အုပ်ချုပ်ခဲ့သည်။၂၀၁၁ခုနှစ် အစိုးရအသစ်တက်လာချိန်မှစကာ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံးအဖြစ် ၆၄လမ်းနှင့် ၂၄လမ်း​ထောင့်တွင် ဖွင့်လှစ်ကာ တိုင်း​ဒေသကြီးဝန်ကြီးချုပ် အမှူးပြု​​သော တိုင်း​ဒေသကြီးဝန်ကြီးများမှ အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မန္တ​လေးတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ် စနစ်အသစ်မှစတင်ကာ မန္တ​လေးတိုင်း​ဒေသကြီးအတွက် တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်များနှင့် တပ်မ​တော်သားလွှတ်​တော်ကိုယ်စားလှယ်များပါဝင်​သော တိုင်း​ဒေသကြီးဥပ​ဒေပြုလွှတ်​တော် စတင်ကျင်းပခဲ့သည်။ မူလလွှတ်​တော်မှာ ၆၅လမ်းနှင့် ၂၄လမ်း​​ထောင့်ရှိ တိုင်းတရားလွှတ်​တော်အ​ဆောက်အအုံတွင် တည်ရှိခဲ့ကာ ဒုတိယအကြိမ်လွှတ်​တော်သက်တမ်းမှစ၍ ၉လမ်း လမ်း၇၀နှင့် ၇၃လမ်းကြားရှိ လွှတ်​တော်အ​ဆောက်အအုံတွင် ကျင်းပခဲ့သည်။ တရားစီရင်​ရေး မန္တ​လေးတိုင်း​ဒေသကြီးတရားလွှတ်​တော်လက်​​အောက်တွင် မန္တ​လေး၊​ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊​ ညောင်ဦး၊ ရမည်းသင်းနှင့် ဒက္ခိဏ ခရိုင်တရားရုံး (၈)ရုံးရှိသည်။ ပြည်​ထောင်စုနယ်​မြေအပါအဝင် မြို့နယ်တရားရုံး (၃၅)ရုံး၊ ​မော်​တော်ယာဉ်ဆိုင်ရာတရားရုံး၊ စည်ပင်တရားရုံး၊ က​လေးသူငယ်ဆိုင်ရာတရားရုံး စသည့် အထူးတရားရုံး (၅)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၁၁)ခု ရှိသည်။ ၂၀၁၀ပြည့်နှစ်မတိုင်မီက မန္တ​လေးတိုင်းတွင် ခရိုင် (၈)ခု ရှိခဲ့သည်။ ​​နောက်ပိုင်းတွင် ပျဉ်းမနားခရိုင်မှာ ပြည်ထောင်စုနယ်မြေအတွင်း ပါဝင်သွားခဲ့သည်။ ၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ခရိုင်အသစ်များ တိုးချဲ့ဖွဲ့စည်းခဲ့ရာ မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၁၁)ခရိုင်အထိ ရှိလာခဲ့သည်။ အောင်မြေသာစံခရိုင် မဟာအောင်မြေခရိုင် အမရပူရခရိုင် ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းခရိုင် ကျောက်ဆည်ခရိုင် တံတားဦးခရိုင် မြင်းခြံခရိုင် မိတ္ထီလာခရိုင် ညောင်ဦးခရိုင် ရမည်းသင်းခရိုင် ခရိုင်ရှိမြို့နယ် မြို့နယ်များရှိမြို့များ မန္တလေးမြို့ ကျောက်ဆည်မြို့ ပြင်ဦးလွင်မြို့ မိတ္ထီလာမြို့ မြင်းခြံမြို့ ညောင်ဦးမြို့ ရမည်းသင်းမြို့ အမရပူရမြို့ ပုသိမ်ကြီးမြို့ မြစ်ငယ်မြို့ စဥ့်ကိုင်မြို့ တံတားဦးမြို့ မြစ်သားမြို့ မိုးကုတ်မြို့ မတ္တရာမြို့ စဉ့်ကူးမြို့ သပိတ်ကျင်းမြို့ ဝမ်းတွင်းမြို့ သာစည်မြို့ မလှိုင်မြို့ ငါန်းဇွန်မြို့ နွားထိုးကြီးမြို့ တောင်သာမြို့ ကျောက်ပန်းတောင်းမြို့ ပျော်ဘွယ်မြို့ ကူမဲမြို့ တကောင်းမြို့ ဆီမီးခုံမြို့ ပုဂံမြို့ ငါ့သရောက်မြို့ ၂၀၂၁ခုနှစ်တွင် မန္တ​လေးတိုင်း​ဒေသကြီး၌ မြို့ပေါင်း (၃၀) မြို့၊ ရပ်ကွက်ပေါင်း (၂၈၀) ကွက်၊ ကျေးရွာအုပ်စု (၁၄၁၅) အုပ်စု၊ ရွာပေါင်း (၄၇၉၉) ရွာ ရှိသည်။ လူဦးရေ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်များကို တရားမဝင်ရကြသည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။ မြန်မာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် ဈေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။ ၂၀၁၄ခုနှစ် သန်း​ခေါင်စာရင်းအရ မန္တ​လေးတိုင်း​ဒေသကြီး၏ လူဦး​ရေသည် ၆၁၆၅၇၂၃ဦးဖြစ်ကာ ကျားဦး​ရေ ၂၉၂၈၃၆၇ မဦး​ရေမှာ ၃၂၃၇၃၅၆ဦးဖြစ်သည်။ မြန်မာနိုင်ငံလူဦး​ရေ ၅၄သန်း၏ ၁၂ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်တိုင်ဒေသကြီးနှင့် ဧရာဝတီတိုင်း‌ဒေသကြီးပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တ​လေးတိုင်းသည် ၁၉၇၃ခုနှစ် သန်း​ခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦး နှင့် ၁၉၈၃ခုနှစ် သန်း​ခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။ တိုင်းပြည်လူဦး​ရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။ အ​ကြောင်းမှာ ပြည်​ထောင်စုနယ်​မြေအား မန္တ​လေးတိုင်းမှခွဲထုတ်၍ ​ရေတွက်ထား​သော​ကြောင့်ဖြစ်သည်။ မန္တ​လေးတိုင်းသည် ၁၉၇၃သန်း​ခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦးနှင့် ၁၉၈၃သန်း​ခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။ တိုင်းပြည်လူဦး​ရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။ အ​ကြောင်းမှာ ပြည်​ထောင်စုနယ်​မြေအား မန္တ​လေးတိုင်းမှခွဲထုတ်၍ ​ရေတွက်ထား​သော​ကြောင့်ဖြစ်သည်။ မန္တ​လေးတိုင်းအတွင်းရှိ ခရိုင်များတွင် မန္တ​လေးခရိုင်မှာ လူဦး​ရေအများဆုံးဖြစ်ကာ ​ညောင်ဦးခရိုင်မှာ အနည်းဆုံးဖြစ်သည်။ သန်း​ခေါင်စာရင်း​ကောက်ယူစဉ်က ​ကျောက်ပန်း​တောင်းမြို့နယ်အား ​ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း မပြုရ​သေး​ပေ။ မန္တ​လေးတိုင်း၏ လူဦး​ရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၀၀ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၇၆ဦးနှင့် နှိုင်းယှဉ်ပါက အင်မတန်မြင့်မား​နေသည်။ ရန်ကုန်တိုင်းပြီးလျှင် ဒုတိယ​မြောက် လူဦး​ရေအသိပ်သည်းဆုံးနယ်ပယ်ဖြစ်သည်။ ၁၉၇၃တွင် ၉၉ဦး၊ ၁၉၈၃တွင် ၁၂၄ဦးရှိခဲ့ရာမှ ၂၀၀ဦးသို့ မြင့်တက်လာခြင်းဖြစ်သည်။ တိုင်း​ဒေသကြီးအတွင်း လူ၁၀၀၌ ၆၅ဦးသည် ​ကျေးလက်၌ ​နေထိုင်ကြပြီး ၃၅ဦးသည် မြို့ပြတွင် ​နေထိုင်ကြသည်။ မြို့ပြဦး​​ရေ ၇၀%ရှိ​သော ရန်ကုန်တိုင်းနှင့် ၃၆%ရှိ​သော ကချင်ပြည်နယ်ပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်း၏ လူဦးရေအများစုမှာ မြန်မာလူမျိုးများဖြစ်သည်။ သို့သော်မန္တလေးမြို့ပြဧရိယာတွင် ယူနန်ပြည်မှပြောင်းလာသော တရုတ်လူမျိုးများလည်းနေထိုင်ကြသည်။ အိန္ဒိယလူမျိုးများလည်း နေကြသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်နယ်စပ်တစ်လျောက်တွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။ ပညာရေး မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးအများစုမှာ ရန်ကုန်နှင့် မန္တလေးတွင်ရှိသည်။ အထက်မြန်မာပြည်၏ အဆင့်မြင့်တက္ကသိုလ်အများစုမှာ မန္တလေးတိုင်းတွင်ရှိသည်။ ထို့အပြင် စစ်ဖက်ဆိုင်ရာတက္ကသိုလ်များလည်းတည်ရှိသည်။ အဆင့်မြင့်ပညာဦးစီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန မန္တလေးနည်းပညာတက္ကသိုလ် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် နည်းပညာတက္ကသိုလ်(မန္တလေး) နည်းပညာတက္ကသိုလ်(ကျောက်ဆည်) နည်းပညာတက္ကသိုလ်(ရမည်းသင်း) မန္တလေးကွန်ပျူတာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်(မန္တလေး) မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် နည်းပညာတက္ကသိုလ်(မိတ္ထီလာ) ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ) ဆရာအတတ်သင်နှင့်လေ့ကျင့်ရေးဦးစီးဌာန မိတ္ထီလာပညာရေးကောလိပ် မန္တလေးပညာရေးကောလိပ် စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အစိုးရနည်းပညာကောလိပ်(မြင်းခြံ) မော်တော်ယာဉ်နည်းပညာသုတေသနဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း) နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ) အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (မန္တလေး) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တ​လေး) ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး) သူနာပြုတက္ကသိုလ် (မန္တလေး) ဆေးဝါးတက္ကသိုလ် (မန္တ​လေး) သားဖွားသင်တန်းကျောင်း ဘက်စုံသားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်) သူနာပြုသင်တန်း​ကျောင်း (မန္တ​လေး) သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ) တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်းရင်း​ဆေးတက္ကသိုလ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ (မန္တ​လေး) အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ယွန်းပညာကောလိပ် (ပုဂံ) ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) သမဝါယမဦးစီးဌာန သမဝါယမကောလိပ် (မန္တလေး) စိတ်ဝင်စားဖွယ်နေရာများ စီးပွား​ရေး ဒေသထွက်ကုန်များ ဒေသထွက်ကုန်များအနေဖြင့် မြင်းခြံဒေသမှ ကြက်သွန်၊ ငရုတ်၊ ကျောက်ပန်းတောင်းဒေသမှ အာလူး၊ စသည်တို့ထွက်ရှိသည်။ မြန်မာတို့၏ ဒြပ်ရှိယဉ်ကျေးမှုဟု သတ်မှတ်ခံထားရသော ယွန်းထည်များကို ပုဂံဒေသမှ ထွက်ရှိသည်။ တွင်းထွက်များ တွင်းထွက်ပစ္စည်း အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့ မှ ထွက်ရှိသော ပတ္တမြားသည် မြန်မာတွင်သာမက ကမ္ဘာမှာပါ နာမည်ကြီးသော တွင်းထွက်ရတနာတစ်မျိုးဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့အပြင်၊ နီလာ စသော ကျောက်မျက်ရတနာများလည်း ထွက်သည်။ ဘုရားစေတီများတွင် တင်လှူပူဇော်လေ့ရှိသော စိန်ဖူးတော်များကို မိုးကုတ်မြို့တွင်သာ ထွင်းထုပြုလုပ်လေ့ရှိသည်။ ကိုးကား ပြင်ပလင့်ခ်များ Official Website မြန်မာနိုင်ငံတိုင်းဒေသကြီးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး (၊ ယခင် အမည် - မကွေးတိုင်း)သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်းရှိ အုပ်ချုပ်ရေး နယ်မြေ တစ်ခု ဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ခုနစ်ခုအနက် ဒုတိယအကြီးဆုံးဖြစ်ကာ ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ ဖြစ်သည်။ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ အကြီးဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ပခုက္ကူ) သည် မြန်မာပြည်တွင် အရှည်ဆုံးတံတား ဖြစ်သည်။မြန်မာနိုင်ငံ၏ အဓိကဆီအိုးကြီးလည်း ဖြစ်ပါသည်။ တည်နေရာနှင့် အကျယ်အဝန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၀ မိနစ် နှင့် ၂၂ ဒီဂရီ ၄၇ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် နှင့် ၉၅ ဒီဂရီ ၅၅ မိနစ် ကြားတွင် တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းဒေသကြီးသည် ၁၇,၃၀၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ သမိုင်းကြောင်း မြန်မာဘုရင်များလက်ထက်က ယခုမကွေးတိုင်းဒေသကြီးကို ပုခန်းနယ်စား၊ ရေနံချောင်းနယ်စားနှင့် မင်းဘူးနယ်စားဟူ၍ နယ်စားမင်းများခန့်ထား အုပ်ချုပ်စေခဲ့သည်။ ကိုလိုနီခေတ်- ဗြိတိသျှအစိုးရလက်ထက် (၁၈၉၆) ခုနှစ်တွင် ပြည်နယ် (၂) ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ မင်းဘူးပြည်နယ်နှင့် ပခုက္ကူပြည်နယ်တို့ဖြစ်သည်။ မင်းဘူးပြည်နယ်ကို မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့ဖြင့် ဖွဲ့စည်းထားပြီး မြို့တော်မှာ ရေနံချောင်းမြို့ဖြစ်သည်။ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ဖြင့်ဖွဲ့စည်းထားပြီး မြို့တော်မှာ ပခုက္ကူမြို့ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ပခုက္ကူပြည်နယ်ကို မြောက်ပိုင်းချင်းတောင်တန်း၊ ကာရိုတောင်တန်း၊ လူရှိုင်းတောင်တန်း၊ ကချာနှင့်ဂျိန်းတိယတောင်တန်း၊ အက္ကပတ်တောင်တန်း၊ မဏိပူရတောင်တန်းတို့ဖြင့် တိုးချဲ့ဖွဲ့စည်း၍ ပခုက္ကူတောင်တန်းဒေသများပြည်နယ်အဖြစ် အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။ ပြည်နယ်မြို့တော်မှာ ပခုက္ကူမြို့ဖြစ်သည်။ ၁၉၃၆ခုနှစ်တွင် ပခုက္ကူပြည်နယ်၌ အိန္ဒိယနိုင်ငံ၏ ပြည်နယ်အဖြစ်ပူပေါင်းရေးနှင့် ဗမာပြည်မနဲ့ပူးပေါင်းရေး တွဲရေး၊ ခွဲရေးမဲခွဲရာ အိန္ဒိယနိုင်ငံနှင့်တွဲရန်ဘက်က မဲအသာစီးရခဲ့သော်လည်း ပခုက္ကူခရိုင်နှင့် ချင်းတောင်တန်းမှခေါင်းဆောင်များက ဗမာပြည်မနှင့်သာတွဲရန်တောင်းဆိုသဖြင့် ပခုက္ကူခရိုင်နှင့် ချင်းတောင်တန်းများကို ဗြိတိသျှဗမာပြည်၏ အစိတ်အပိုင်းများအဖြစ် ၁၉၃၇ ခုနှစ်တွင် ပါဝင်ဖွဲ့စည်းလိုက်သည်။ သို့သော် လူရှိုင်းတောင်တန်းဒေသမှ ချင်းခေါင်းဆောင်များကမူ အိန္ဒိယနိုင်ငံနှင့်သာပူးပေါင်းရန်ဆုံးဖြတ်ခဲ့သဖြင့် နောင်အခါ မီဇိုရမ်ပြည်နယ်ဟူ၍ ဖြစ်လာခဲ့သည်။ ကချာ၊ ဂျိန်းတိယ၊ မဏိပူရနှင့် အက္ကပတ်အပါအဝင် ကျန်ဒေသများမှာမူ အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းများသာဖြစ်လာခဲ့သည်။ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်၊ ဖလမ်းခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ဖြင့် ပြန်လည်ဖွဲ့စည်းသည်။ ၁၉၃၈ ခုနှစ်တွင် မင်းဘူးခရိုင်တွင်ပါဝင်သော တောင်တွင်းကြီးစီရင်စုနှင့် ရေနံချောင်းစီရင်စုတို့ကို မကွေးခရိုင်အဖြစ်ဖွဲ့စည်းလိုက်ပြီး မင်းဘူးပြည်နယ်ကို ခရိုင် (၃) ခုဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ဗြိတိသျှအစိုးရမှ အမိန့်ဒီဂရီထုတ်ပြန်ပြီး မကွေးတိုင်းဟု အမည်ပြောင်းလဲ သတ်မှတ်သည်။ တိုင်းမြို့တော်မှာမူ ရေနံချောင်းမြို့အဖြစ်သာ ဆက်လက်တည်ရှိသည်။ လွတ်လပ်ရေးခေတ်- ၁၉၄၉ခုနှစ်တွင် ပခုက္ကူပြည်နယ်မှ ဖလမ်းခရိုင်ကိုရခိုင်တောင်တန်းဒေသမှ ပလက်ဝမြို့နှင့်တွဲဖက်၍ ချင်းဝိသေသတိုင်းအဖြစ်ပြောင်းလဲဖွဲ့စည်းရာ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင် (၂) ခုဖြင့်သာ ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၂၂.၃.၁၉၄၉ တွင် မတူပီမြို့ကိုကန်ပက်လက်ခရိုင်၌ တည်ထောင်လိုက်သောအခါ ပခုက္ကူပြည်နယ်တွင် မြို့နယ် (၁၁) ခု ပါဝင်လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ချောက်မြို့ကို နောင်အခါ မန္တလေးတိုင်းတွင်ပါဝင်လာမည့် မိတ္ထီလာပြည်နယ်၊ မြင်းခြံခရိုင်၊ ညောင်ဦးစီရင်စုမှ မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းစီရင်စုလက်အောက်သို့ ပြောင်းရွှေ့လိုက်သည်။ ၁၉၅၈ ခုနှစ်တွင် ကန်ပက်လက်ခရိုင်ရုံးများကို မင်းတပ်မြို့သို့ ပြောင်းရွှေ့လိုက်ပြီး မင်းတပ်ခရိုင်အဖြစ် အမည်ပြောင်းလဲသတ်မှတ်သည်။ ယင်းနှစ်တွင်ပင် သရက်ခရိုင်မှ မြေထဲမြို့ကို အောင်လံမြို့ဟု အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။ ၁၉၇၄ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအရ နိုင်ငံတဝန်းရှိ ခရိုင်များနှင့်စီရင်စုများအားလုံးကို ဖျက်သိမ်းလိုက်သည်။မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် မတူပီမြို့တို့ကို ချင်းဝိသေသတိုင်းကို ပြောင်းလဲဖွဲ့စည်းသော ချင်းပြည်နယ်အတွင်း ထည့်သွင်းဖွဲ့စည်းလိုက်သည်။ ပခုက္ကူပြည်နယ်ကိုဖျက်သိမ်းပြီး ပခုက္ကူခရိုင်အတွင်းမှ မြို့နယ် (၈) ခုကို မကွေးတိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းလိုက်သည်။ ရေနံချောင်းမြို့မှ တိုင်းရုံးများကို မကွေးမြို့သို့ ပြောင်းရွှေ့စေသည်။ နဝတအစိုးရလက်ထက်တွင် မကွေးတိုင်းကို ပခုက္ကူခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်ဟူ၍ ခရိုင်(၄)ခု၊ မြို့နယ် (၂၅) ခုဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။ ထိုအချိန်မှစ၍ မကွေးခရိုင်ရုံးများသည် ရေနံချောင်းမြို့မှ မကွေးမြို့သို့ ပြောင်းရွှေ့သွားသည်။ တိုင်းမြို့တော်မှာမကွေးမြို့ဖြစ်သည်။ ၁၉၉၈ခုနှစ်တွင် နအဖအစိုးရမှ ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်နှင့် ထီးလင်းမြို့နယ်တို့ကို ပခုက္ကူခရိုင်မှဆွဲထုတ်၍ ဂန့်ဂေါခရိုင်အဖြစ်ဖွဲ့စည်းလိုက်သောအခါ မကွေးတိုင်းတွင်ခရိုင်(၅)ခု ဖြစ်လာခဲ့သည်။ ၂၀၀၆ခုနှစ်တွင် မြန်မာနိုင်ငံရှိအခြားတိုင်းမြို့များကဲ့သို့ မကွေးမြို့ရှိတိုင်းရုံးများကို တိုင်းအတွင်းရှိအခြားမြို့တစ်ခုသို့ ပြောင်းရွှေ့ရန်စီစဉ်ခဲ့သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ပေ။ ၂၀၁၀ခုနှစ်တွင် (၂၀၀၈)ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မကွေးတိုင်းဟူသောအမည်ကို မကွေးတိုင်းဒေသကြီးဟူ၍ အမည်ပြောင်းလဲ သတ်မှတ်လိုက်သည်။ ပထဝီဝင်အ​နေအထား မြေမျက်နှာသွင်ပြင် ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည်။ ဧရာဝတီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီးဝင်သော ချောင်းကြီးများမှာ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်း‌နေချောင်း တို့ဖြစ်ကြပြီး၊ အနောက်ဘက်မှ စီးဝင်ကြသော မြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ ဆင်ဖြူကျွန်းချောင်းခေါ် စလင်းချောင်း ၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းတို့ဖြစ်ကြသည်။ ရာသီဥတု မြန်မာပြည်အလယ်ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍၊ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။ အုပ်ချုပ်ရေး မြို့​တော် မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ ပခုက္ကူမြို့၊ အောင်လံမြို့၊ ရေနံချောင်းမြို့၊ တောင်တွင်းကြီးမြို့၊ ချောက်မြို့ များမှာ အဓိကအရေးပါသောမြို့များ ဖြစ်ကြသည်။ အုပ်ချုပ်​ရေး ၂၀၁၁ ခုနှစ်မှ စတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရရုံးသည် မ​ကွေးမြို့တွင်တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မ​ကွေးတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ ခုနှစ်မှ စတင်ကာ တိုင်း​ဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်း​ဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၂၅)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခု ရှိသည်။ မကွေးခရိုင် ချောက်ခရိုင် သရက်ခရိုင် အောင်လံခရိုင် မင်းဘူးခရိုင် ပခုက္ကူခရိုင် ဂန့်ဂေါခရိုင် ခရိုင်ရှိမြို့နယ် အခြားထင်ရှားသောမြို့နှင့် ရွာကြီးများ မကွေးတိုင်းဒေသကြီးကို ခရိုင် ၇ ခရိုင်နှင့် မြို့နယ်ပေါင်း ၂၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါင်း ၃၂ မြို့ ရပ်ကွက်ပေါင်း ၁၉၉ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နှင့် ကျေးရွာပေါင်း ၄၇၈၈ ရွာ ပါဝင်သည်။ လူဦး​ရေ ၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၃.၉သန်း နေထိုင်ကြသည်။ မကွေးတိုင်းတွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၇၆ ဦး ဖြစ်သည်။ မကွေးတိုင်းတွင် လူ ၁၀၀လျှင် ၈၅ ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ မြို့နေလူဦးရေ ၂၀၂၀ ပြည့်နှစ်ခန့်မှန်းလူဦးရေစာရင်းအရ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ မြို့နေလူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ငဖဲမြို့သည် မြို့နေလူဦးရေအနည်းပါးဆုံးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များ၏ မြို့နေလူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ {| class="wikitable sortable" ! ၂၀၂၀ အဆင့် !! မြို့ !! ၁၉၈၃ သန်းခေါင်စာရင်း !! ၂၀၁၄ သန်းခေါင်စာရင်း (၂၀၂၀ ခန့်မှန်း) !! ခရိုင် |- | ၁။ || ပခုက္ကူမြို့ || align=right | ၉၀,၇၈၃ || align=right | ၁၀၇,၈၉၀ || ပခုက္ကူခရိုင် |- | ၂။ || မကွေးမြို့ || align=right | ၇၂,၃၈၈ || align=right | ၈၄,၂၁၄ || မကွေးခရိုင် |- | ၃။ || အောင်လံမြို့ || align=right | ၄၃,၂၂၃|| align=right | ၅၂,၄၃၁ || သရက်ခရိုင် |- | ၄။ || ရေနံချောင်းမြို့ || align=right | ၉၀,၈၄၅ || align=right | ၄၉,၉၃၈ || မကွေးခရိုင် |- | ၅။ ||တောင်တွင်းကြီးမြို့ || align=right | ၅၂,၃၃၅ || align=right | ၄၇,၇၃၉ || မကွေးခရိုင် |- | ၆။ || ချောက်မြို့ || align=right | ၆၇,၈၄၅ || align=right | ၄၇၅,၆၈ || မကွေးခရိုင် |- | ၇။ ||မင်းဘူးမြို့ || align=right | ၃၂,၉၉၄ || align=right | ၄၀,၃၀၄ || မင်းဘူးခရိုင် |- | ၈။ || ရေစကြိုမြို့ || align=right | ၂၃,၃၂၉ || align=right | ၂၄,၄၃၈ || ပခုက္ကူခရိုင် |- | ၉။ || စလင်းမြို့ || align=right | ၃၅,၁၅၈ || align=right | ၂၀,၃၂၉ || မင်းဘူးခရိုင် |- | ၁၀။ || သရက်မြို့ || align=right | ၄၆,၃၆၁ || align=right | ၂၀,၁၈၂ || သရက်ခရိုင် |- | ၁၁။ || နတ်မောက်မြို့ || align=right | ၁၄,၇၃၇ || align=right | ၁၄,၅၂၃ || မကွေးခရိုင် |- | ၁၂။ || ဂန့်ဂေါမြို့ || align=right | ၁၃,၉၅၅ || align=right | ၁၂,၈၂၉ || ဂန့်ဂေါခရိုင် |- | ၁၃။ || မင်းလှမြို့ || align=right | ၁၂,၅၁၀ || align=right | ၁၂,၅၇၇ || သရက်ခရိုင် |- | ၁၄။ ||မြို့သစ်မြို့ || align=right | ၈,၀၈၀ || align=right | ၉,၁၉၇ || မကွေးခရိုင် |- | ၁၅။ || ဆိပ်ဖြူမြို့ || align=right | ၉,၀၈၁ || align=right | ၉,၁၆၅ || ပခုက္ကူခရိုင် |- | ၁၆။ ||မြိုင်မြို့ || align=right | ၇,၇၀၆ || align=right | ၈,၃၂၈ || ပခုက္ကူခရိုင် |- | ၁၇။ || ပေါက်မြို့ || align=right | ၇,၂၈၆ || align=right | ၈,၀၄၈ || ပခုက္ကူခရိုင် |- | ၁၈။ || ပွင့်ဖြူမြို့ || align=right | ၅,၃၅၀ || align=right | ၆,၅၇၅ || မင်းဘူးခရိုင် |- | ၁၉။ || ဆောမြို့ || align=right | ၇,၀၇၈ || align=right | ၅,၉၄၄ || ဂန့်ဂေါခရိုင် |- | ၂၀။ || စေတုတ္တရာမြို့ || align=right | ၆,၅၁၄ || align=right | ၅,၈၆၂ || မင်းဘူးခရိုင် |- | ၂၁။ || မင်းတုန်းမြို့ || align=right | ၅,၀၉၈ || align=right | ၅,၄၀၁ || သရက်ခရိုင် |- | ၂၂။ || ကံမမြို့ || align=right | ၅,၂၀၂ || align=right | ၅,၁၄၆ || သရက်ခရိုင် |- | ၂၃။ || ဆင်ပေါင်ဝဲမြို့ || align=right | ၄,၉၉၆ || align=right | ၅,၀၂၅ || သရက်ခရိုင် |- | ၂၄။ || ထီးလင်းမြို့ || align=right | ၄,၃၄၈ || align=right | ၄,၈၁၀ || ဂန့်ဂေါခရိုင် |- | ၂၅။ || ငဖဲမြို့ || align=right | ၆,၅၁၄ || align=right | ၄,၂၂၃ || သရက်ခရိုင် |- | ၂၆။ || ဆင်ဖြူကျွန်းမြို့ || align=right | ၅,၁၅၈ || align=right | ၂၀,၃၂၉ || မင်းဘူးခရိုင် |-} ပညာ​ရေး မကွေးတက္ကသိုလ် မကွေးဆေးတက္ကသိုလ် မကွေးပြည်သူ့ကျန်းမာရေးတက္ကသိုလ် နည်းပညာတက္ကသိုလ်(မကွေး) ကွန်ပျူတာတက္ကသိုလ်(မကွေး) မကွေးပညာရေးကောလိပ် ပခုက္ကူတက္ကသိုလ် ပခုက္ကူပညာရေးဒီဂရီကောလိပ် နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ) ရေနံချောင်းတက္ကသိုလ် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်) အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်) အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ) အစိုးရစက်မှုလက်မှုသိပ္ပံ (ပခုက္ကူ) စီးပွား​ရေး တွင်းထွက်များ မကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။ ချောက်ရေနံမြေ ရေနံချောင်းရေနံမြေ ထောက်ရှာပင်ရေနံမြေ မင်းဘူးရေနံမြေ မန်းရေနံမြေ ကျောက်ခွက်လက်ပံတိုရေနံမြေ ဒေသထွက်ကုန်များ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဆန်စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုး ဆင်ဖြူကျွန်းအာလူး စက်မှုလုပ်ငန်းများ ပခုက္ကူ စက်မှုဇုံ ရေနံချောင်း စက်မှုဇုံ ချောက် ရေနံချက်စက်ရုံ မန်းသံပရာကန် ရေနံချက်စက်ရုံ မန်း ရေနံမြေသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ စလေ ဓာတ်မြေဩဇာစက်ရုံ သရက်ဘိလပ်မြေစက်ရုံ ပခုက္ကူ ဗာဂျီးနီးယားဆေးပေါင်းစက်ရုံ ပွင့်ဖြူ ချည်မျှင်စက်ရုံ မကွေး ဆပ်ပြာစက်ရုံ စိတ်ဝင်စားဖွယ်နေရာများ မြသလွန်စေတီ ကံ့ကော်တစ်ထောင်ဘုရား(မကွေး) မန်းရွှေစက်တော်ရာဘုရား သီဟိုဠ်ရှင်ဘုရား(ပခုက္ကူမြို့) ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော်(ပခုက္ကူမြို့) ပုံတောင်၊ ပုံညာဒေသ (ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးလုပ်ငန်း) တန့်ကြည့်တောင်စေတီ မင်းဘူးနဂါးပွက်တောင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ပင်းစက္ကလံပစေတီတော်(ရေနံချောင်းမြို့) တိပိဋကတ်စုံကျောက်စာရုံတော်ကြီး(ရေနံချောင်းမြို့) စလေ ရုပ်စုံကျောင်း ဗိဿနိုးမြို့ဟောင်း လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိ နတ်မောက်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ပခုက္ကူမြို့ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(မြန်မာတစ်ပြည်လုံးတွင် စာသင်သားသံဃာ အများဆုံးစာသင်တိုက်ကြီး) မင်းလှခံတပ် ဂွေးချောင်းခံတပ် ယောဒေသ ဖောင်တော်ဦးဘုရားဆင်ဖြူကျွန်းမြို့ ငါးမျက်နှာစေတီနှင့်ငါးမျက်နှာကန် ဆင်ဖြူကျွန်းမြို့ ဆုတောင်းပြည့်ဘုရားဆင်ဖြူကျွန်းမြို့ ရှင်ပင်မုနိမဟာရံသီဘုရားကြီးဆင်ဖြူကျွန်း ပဉ္စလောဟာပြ​ည်တော်ပြန်ဘုရားကြီးဆင်ဖြူကျွန်းမြို့ စွန်တောင် (ချွန်းတောင်) (ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၆၅၂၇ ပေရှိသည်။) ထင်ရှားသောတံတားများ အနော်ရထာတံတား (ချောက်-ဆိပ်ဖြူ) ဧရာဝတီတံတား (မကွေး) (မကွေး-မင်းဘူး) ပခုက္ကူတံတား (ပခုက္ကူ-ပုဂံ) မုန်းချောင်းတံတား (ပွင့်ဖြူ-ရှောက်တော) မန်းချောင်းတံတား (စကု) ယင်းချောင်းတံတား (မကွေး) ပင်းချောင်းတံတား (ရေနံချောင်း) နွယ်တမယ်တံတား ဆင်ဖြူကျွန်းမြို့ ဒေါင်းနေချောင်းတံတား (ရေနံချောင်း) ဆားပွက်ချောင်းတံတား (မင်းဘူး) မုန်းချောင်းတံတား (မဲဇလီ) စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ ၃ မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသဟု ခေါ်တွင်သည်။ စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။ ဆင်ဖြူကျွန်းဒေသ ကျပင်းမြို့ဟောင်းရှိ ပျူခေတ် ရှေးဟောင်းအမွေအနှစ် မြေအိုးဆေးရိုးများတွေ့ရသည်။ ယင်းရှေးဟောင်းပစ္စည်းများအား ဆင်ဖြူကျွန်းပြတိုက်တွင် ပြသထားသည်။ ကိုးကား မြန်မာနိုင်ငံတိုင်းဒေသကြီးများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BD%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၃၆,၁၇၉.၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသကြီး ၇ ခုတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ မှ ၉၇ ဒီဂရီ မိနစ် အတွင်း တည်ရှိသည်။ မြို့တော်မှာ [မုံရွာမြို့] ဖြစ်သည်။ ရာသီဥတု တောင်တန်းဒေသများရှိရာ အနောက်မြောက်ဘက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။ ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။ မြောက်ဘက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀ လက်မမှ ၁၀ဝ လက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀ လက်မဝန်းကျင်သာရရှိသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁ လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄ လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆ လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။ အုပ်ချုပ်ရေး မြို့တော် လွတ်လပ်ရေးရပြီးခါစကာလတွင် စစ်ကိုင်းတိုင်းမြို့တော်သည် စစ်ကိုင်းမြို့ဖြစ်သော်လည်း ၁၉၈၀ နောက်ပိုင်းကာလများတွင် တိုင်းဒေသကြီး၏ အချက်အချာဖြစ်ခြင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် အောက်ပိုင်းတို့ပေါင်းဆုံရာ ဗဟိုအချက်အချာဖြစ်ခြင်း၊ တိုင်းဒေသကြီး၏ စီပွားရေး ဗဟိုချက်ဖြစ်နေခြင်း၊ အထက်အညာကျေးရွာများ၏ မှီခိုအားထားရာဖြစ်ခြင်း၊ အိန္ဒိယနိုင်ငံ၏ ကုန်စည်စီးဆင်းရာ အရပ်ဒေသဖြစ်နေခြင်းတို့ကြောင့် မုံရွာမြို့ သည် လူဦးရေးနှင့် စီပွားရေး တဟုန်ထိုး တိုးတက်လာသည့်အခါ စစ်ကိုင်းတိုင်း၏ စီပွားရေးမြို့တော်အဖြစ် မြန်မာတစ်နိုင်ငံလုံးမှ အသိမှတ်ပြုလာခဲ့ကြသည်။ ၂၀၀၆ ခုနှစ်အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအဆင့် အစိုးရရုံးများသည် စစ်ကိုင်းမြို့တွင် ရှိခဲ့သော်လည်း မန္တလေးတိုင်းနှင့်နီးကပ်စွာရှိနေခြင်းကြောင့် တိုင်းမြို့သည် မန္တလေးအားမှီခိုအားထားနေရခြင်း၊ တိုင်းနယ်နိမိတ်စည်း၏ အစွန်အဖျားတွင် ရှိနေခြင်းကြောင့် အုပ်ချုပ်မူကိစ္စများတွင် နှောင်နှေးရခြင်း၊ စစ်ကိုင်းအထက်ပိုင်းဒေသအား ကုန်းလမ်းဖြင့်သာ ဆက်သွယ်နိုင်ခြင်း၊ လေကြောင်းခရီးအတိုင်းအတာအရ မန္တလေးနှင့် နီးကပ်စွာ ရှိနေခြင်းကြောင့် လေကြောင်းခရီးမပေါက်ခြင်း၊ မြို့ပေါ်နေ လူဦးရေတိုးတက်နူန်းနှေးကွေးခြင်းနှင့် စစ်ကိုင်းမြို့စီပွားရေးသည် မန္တလေး၏လက်ဝေခံဖြစ်နေခြင်း စသည့် ဆိုးကျိုးများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအဆင့် အစိုးရရုံးများသည် တိုင်းဒေသကြီးဗဟိုအချက်အချာဖြစ်ရာ မုံရွာမြို့ သို့ ပြောင်းရွေ့လာခဲ့ကြသည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် မုံရွာမြို့အား မြန်မာနိုင်ငံအရပ်ရပ်မှ ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းမှ လွယ်ကူချောမွေ့စွာ သွားလာနိုင်နေပြီဖြစ်သည်။ ၂၀၀၂ ခုနှစ် မုံရွာမြို့ အနီးတွင် ဖွင့်လှစ်လိုက်သော ချင်းတွင်းတံတားသည် အနောက်ဘက်ချင်းတွင်းဒေသမှ ကုန်စည်စီးဆင်းများ ပိုမိုအားကောင်းသွားစေခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် မြို့တော်မြို့များမှ စစ်ဌာနချုပ်များရှိသော မြို့များသို့ ပြောင်းရွေ့ထားခဲ့ကြသော တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာတိုင်းမြို့များသို့ ပြန်လည်ပြောင်းရွေ့ သတ်မှတ်ခဲ့သော်လည်း စစ်ကိုင်းတိုင်းတွင်မူ စစ်ကိုင်းမြို့၌ မည်သည့်တိုင်းအဆင့်ရုံးမှ ပြန်လည်ပြောင်းရွှေ့ခြင်းများ မပြုလုပ်ခဲ့ကြဘဲ မြို့တော်မုံရွာမြို့တွင်သာ တိုင်းဒေသကြီးအစိုးရရုံးစိုက်ရာအဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ပြဋ္ဌာန်းလိုက်သော စတုတ္ထတန်း ပထဝီဖတ်စာတွင် စစ်ကိုင်းတိုင်း၏ မြို့တော်အား မုံရွာမြို့၊ မြန်မာနိုင်ငံမြေပုံများတွင်လည်းမုံရွာမြို့ အဖြစ်သာတွေ့ရှိရမည်ဖြစ်သည်။ အဆိုပါကိစ္စအတွက် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ မြန်မာနိုင်ငံ ပညာရေးဒုတိယဝန်ကြီးမှ အများသိရှိလက်ခံနေသောကြောင့် ပြဋ္ဌာန်းထားသည်ဟု အဖြစ်မှန်အတိုင်းသာ ပြောကြားခဲ့သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသည် မုံရွာမြို့၌ တည်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်း​ဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသတရားရုံး၊ မြို့နယ်တရားရုံးများရှိသည်။ လက်ရှိအခြေအနေ စစ်ကိုင်းတိုင်းဒေသကြီးသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ ၃၃ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ အပြင်းထန်ဆုံး ဒေသ လည်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ ဧရိယာ ၇၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားပြီး အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာမှာ မြို့ကြီးတချို့တွင်သာရှိတော့ပြီး အချို့နေရာများတွင် အာဏာလေဟာနယ်ဖြစ်နေသည်။ တော်လှန်ရေးအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်း၏ ၃၀ ရာနှုန်းကို ပြည်သူ့အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ်များ တည်ဆောက်နေသည်။ လက်ရှိ စစ်ကိုင်းတိုင်းတွင် စစ်ပွဲများကြောင့် စစ်ရှောင်လူဦးရေ သောင်းချီရှိနေပြီး အိမ်ခြေပေါင်းထောင်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။လက်ရှိတွင်လည်းအကြမ်းဖက်အာဏာသိမ်းစစ်တပ်က ကျေးရွာများမီးရှို့ဖျက်ဆီးခြင်း လေယာဉ်နဲ့ဗုံးကျဲခြင်း ဆေးရုံနှင့်စာသင်​ကျောင်းများ nug ၏ ပြည်သူ့အုပ်ချုပ်ရေးနယ်မြေများကို ဗုံးကျဲခြင်း ဝင်ရောက်စီးနင်းခြင်းများအမြဲအပြတ်ပြုလုပ်လျက်ရှိသည်။ ကျေးရွာများစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်းများ ဗုံးကျဲခြင်းများကို အကြမ်းဖက်စစ်တပ်မှ အမြဲပြုလုပ်နေသဖြင့် စစ်ဘေးရှောင်ဦးရေများတိုးသထက်တိုးလားခြင်း စားနပ်ရိက္ခာငတ်မွတ်ခေါင်းပါးလာခြင်းနှင့်အတူ ကပ်ဘေးများဆိုက်ရောက်နေခဲ့သည်။ တိုင်းမြို့တော်မုံရွာ၏ ပတ်ပတ်လည်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဝလှုပ်ရှားနယ်မြေများဝန်းရံထားသကဲ့သို့ စစ်ကိုင်းတိုင်း၏ အဓိကပင်မလမ်းမကြီးများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များစိုးမိုးထားသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင် (၁၃)ခရိုင်၊ ခရိုင်နှင့်အဆင့်တူညီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခု တည်ရှိသည်။ ထိုခရိုင်များကို မြို့နယ် (၃၈)မြို့နယ်ဖြင့် ထပ်မံပိုင်းခြားသည်။ မြို့ပေါင်း (၅၀)မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၅) အုပ်စုနှင့် ရွာပေါင်း (၅၉၉၁) ရွာ တည်ရှိသည်။ ခရိုင်ရှိမြို့နယ် အခြား မြို့ရွာများ .ပုတီး စိတ်ဝင်စားဖွယ်နေရာများ မင်းကွန်းခေါင်းလောင်းတော်ကြီး (ကမ္ဘာ့အကြီးဆုံး အသံမြည်ခေါင်းလောင်းကြီး) ကျောက္ကာရွှေဂူနီဘုရားကြီး မိုးညှင်းသမ္ဗုဒေဘုရား လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီး တွင်းတောင် အလောင်းတော် ကဿဖ နာဂနှစ်သစ်ကူးပွဲ ဖလံဂုဏ်ရွာ (နန်းမတော်မယ်နု ၏ဇာတိ) (လင်းနို့ဂူ)(ကန့်ဘလူမြို့ ဇင်းရွာ) ဆွမ်းဦးပုညရှင် (စစ်ကိုင်းတောင်ရိုး) ဉမင်သုံးဆယ် (စစ်ကိုင်းတောင်ရိုး) ဉမင်ကိုးဆယ် (စစ်ကိုင်းတောင်ရိုး) ရွှေတောင်ဦးမော် (စစ်ကိုင်းတောင်ရိုး) ရွှေဘိုမြို့ထောင့်စေတီ (ရွှေဘိုမြို့) ယူနက်စကိုကမ္ဘာ့အမွေအနှစ်ဟန်လင်းပျူမြို့ဟောင်း ဒေသထွက်ကုန်များ ပဲပြောင်း နှမ်းဝါ ကွမ်းနှင့်ကွမ်းယာပစ္စည်းများလည်း ထွက်ရှိသည်။ စပါး မြေပဲ နေကြာ စသည်တို့ကို စစ်ကိုင်းတိုင်းအထက်ပိုင်း၌ အစိုက်များကြသည်။ တွင်းထွက်များ ရွှေ(ကျောက်ပုထိုးဒေသ၊ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေထွက်ရာဒေသ)၊ ကျောက်စိမ်း(ခန္တီးမြို့) ရေနံ(ပန်းသာ၊ အင်းတော်ဒေသ) ကျောက်မီးသွေး(ကလေး၊ ကလေးဝ၊ မော်လိုက်တစ်ကြော) မြန်မာနိုင်ငံ၌ ကျောက်မီးသွေးအရည်အသွေး အကောင်းဆုံးနှင့် အများဆုံးထွက်ရှိသည့် တိုင်းဒေသကြီး ဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံတိုင်းဒေသကြီးများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး (၊ သို့မဟုတ် ၊ ယခင်အမည် တနင်္သာရီတိုင်း) သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့မှာ မြိတ်မြို့ဖြစ်သည်။ အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၄၀၈,၄၀၁ ဖြစ်သည်။ တည်နေရာနှင့် အကျယ်အဝန်း တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၁၆,၇၃၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိပြီး၊ လူနေကျဲပါးသော ဒေသလည်းဖြစ်သည်။ ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ် အတွင်း တည်ရှိသည်။ ပထဝီဝင်အ​နေအထား ​​မြေမျက်နှာသွင်ပြင် တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊တောင်တန်း၊ တောင်စွယ် ပေါများပြီး အနောက်ဘက်တွင် ကပ္ပလီပင်လယ်ရှိ၍ အရှေ့ဘက်၌ တနင်္သာရီ တောင်တန်းနှင့် ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုး တန်းလွင်ပြင်မှာ ကျဉ်းမြောင်းသည်။ တနင်္သာရီတောင်တန်းသည်ကမ်းရိုးတန်းနှင့်အပြိုင် တည်ရှိသည်။ ထားဝယ်မြစ်နှင့်တနင်္သာရီမြစ်တို့၏  ရေဝေကုန်းတန်း (Water Sheet)အဖြစ် တည်ရှိပြီး ထားဝယ်လွင်ပြင်နှင့် မြိတ်လွင်ပြင်မှာ တိုင်းဒေသကြီးအတွင်း  အမြင့်ပေ(၅၀)အောက် နိမ့်ဆင်းသွားသော လွင်ပြင်များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း (၈၄၀) ကျွန်းရှိပြီး တနင်္သာရီမြို့နယ်ရှိ အင်းတော်ကြီးအင်းမှာ ထင်ရှားပြီး ရေတံခွန်ငယ်များ ရေပူစမ်းများ အမြောက်အမြားရှိသည်။ ရာသီဥတု ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့် နီးသောဒေသ ဖြစ်သည့် အတွက်လည်း အပူချိန်မြင့်သည်။ ပျှမ်းမျှ အပူချိန်မှာ ၈၃ဒီဂရီ မှ ၇၈ဒီဂရီ ဖာရင်ဟိုက်အတွင်းရှိသည်။ တစ်နှစ်လုံးနီးပါးမိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မထိရှိသည်။ အုပ်ချုပ်ရေး မြို့တော် တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်းအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရအဖွဲ့ရုံးသည် ထားဝယ်မြို့၌ တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တနင်္သာရီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၃)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၄) ခုရှိသည်။ ခရိုင်ရှိမြို့နယ် မြို့ပေါင်း (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၉၀) ကွက်၊ ကျေးရွာအုပ်စု (၂၆၇) အုပ်စုနှင့် ရွာပေါင်း (၁၂၃၈)ရွာ ရှိသည်။ အခြား မြို့ရွာများ {{columns-list|3| ပန်းဒလဲကျေးရွာအုပ်စု မင်းဒပ် ရငဲ ကျွဲမင်းကုန်း ကနက်သိရီ ကျောက်ခမောက် ကတွဲ ဘန်ကချွန်း လိပ်ဥတောင် ဘုတ်ပြင်း ချောင်းဝပြင် ချူပန်း ဟာမြင်းကြီး ဟိန္ဒား နှမ်းကြဲ အလယ်စခန်း လောင်းလုံးမြို့ ကထောင်းနီ ကလိန်အောင် ပလောက်မြို့ ဆင်ထိုး ဆင်ထိုးကြီး ကံပေါက် ကရသူရီ ကျောက်မဲတောင် ကျောက်တောင် တောင်သုံးလုံး ကျွဲကူး လောင်းလုံး လေညာ မလိဝမ်း ​ ခမောက်ကြီးမြို့ မိန်းမမြို့ မရမ်း မောင်းမကန် မိကျောင်းလှောင် မြိတ် မေတ္တာ ပကာရီ နဘုလယ် နန်းသွန် နန်ဒင် နတ်ကြီးစင် အုန်းပင်ကွင်း ပလောက် ပုလော ပဲ ပလ စက်တော်ရာ မီးလောင်ချောင်း ပင်လယ်ကမ်း ပြင်ဘုံကြီး ခန္ဒတီ ဝါးကုန်း ပြည်ခြား လယ်ဖက် ထမင်းမစားရွာ ဆင်ဖြူတိုင် စုံစင်ဖျား ဆင်ကူး သရက်နှစ်ခွ ပိတိုင် သမုတ် တနင်္သာရီ တောင်ပျောက် သဘော့လိပ် သကျက်တော သမ်းလှ သရက်ချောင်း ကြာအင်းကျေးရွာ ညောင်ဇင် ဆင်​ဖြူပြင် ဝဇွမ်းချောင်း ရတနာပုံ ရေဖြူနောက်ဖက်ကမ်း ဇလွတ် သာရဘွင် လဲရှောင် ထိန်ကြိး ပရဒတ် ကတ္တလူကျေးရွာအုပ်စု လူဦးရေ ၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁.၄သန်း နေထိုင်ကြသည်။ တိုင်းဒေသကြီးအတွင်း မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၃၂.၅ဦးဖြစ်သည်။ တနင်္သာရီတိုင်းတွင် လူ၁၀၀လျှင် ၇၆ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ ပညာ​ရေး ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ကွန်ပျူတာတက္ကသိုလ်(မြိတ်) နည်းပညာတက္ကသိုလ်(ထားဝယ်) နည်းပညာတက္ကသိုလ်(မြိတ်) ထားဝယ်တက္ကသိုလ် ထားဝယ်ပညာရေးဒီဂရီကောလိပ် မြိတ်တက္ကသိုလ် အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်) စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ထင်ရှားသောနေရာများ မြိတ်ကျွန်းစု မောင်းမကန်ကမ်းခြေ ဆင်ခြေထောက်ကမ်းခြေ ဖိုးဖိုးကျောက်ကမ်းခြေ ကမ်းပနီကမ်းခြေ မျှော်ရစ်ကမ်းခြေ မြင်းခွာအော်ကမ်းခြေ ရှင်ကိုးရှင်ဘုရားဖူး Bamboo Garden မလိကျွန်းဘေးမဲ့တော သူဌေးကျွန်း (အက်ဒမန်ကလပ်) ဝိတိုရိယ အငူ လေးကျွန်းဆီမီးသိမ်တော်ကြီး ရွှေသာလျောင်း ဗူးဘုရား ကမ္ဘာလုံးစေတီ ကမ္ဘာ့အကြီးဆုံးနှီးဘုရား ပေါ်တော်မူစေတီ မဟာသိဒ္ဓိဇယစေတီ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် မြိတ်ကျွန်းစု ပါဒစက်တော်ရာ နဘုလယ်ဗုဒ္ဓခြေတော်ရာ (လဲရှောင်) စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ စာပေ ထားဝယ်လူမျိုး၊ မြိတ်လူမျိုး ၊ ဆလုံလူမျိုး များသည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည့် ဌာနေလူမျိုးစုများ ဖြစ်ကြသည်။ အဆိုပါ လူမျိုးများ၏ ဘာသာကို အဓိက ထားပြောဆိုကြသည်။ စာပေအနေဖြင့် မော်ကင်းစာပေ တီထွင်ခဲ့ပြီး သင်ရိုးပြဋ္ဌာန်းစာများ ရေးဆွဲသတ်မှတ်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။ ထားဝယ်စာပေအနေဖြင့် သင်ရိုးပြဋ္ဌာန်းစာများရေးဆွဲပြဋ္ဌာန်းနိုင်ရန် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ ထားဝယ်၊ ဆလုံ လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည်။ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ၊ အဝတ်အစား ဝတ်ဆင်မှု နှင့် ရိုးရာ အကများသည် အလွန်နာမည်ကျော်ကြားသော အကများ ဖြစ်သည်။ ရေအိုးရွက်အကနှင့်ဒိန်းယိမ်းအကသည် ထားဝယ်လူမျိုး များ၏ထင်ရှားသောရိုးရာအကများဖြစ်သည်။ စီးပွား​ရေး ဒေသထွက်ကုန်များ ဆန်-စပါး ရာဘာ ပုလဲ ဆီအုန်း ကွမ်းသီး ခဲမဖြူ အဖြိုက်နက် ငါး ပုဇွန် ငါးပိ ငါးခြောက် သစ်နှင့်သစ်တောထွက်ပစ္စည်း ဒူးရင်းသီး မင်းဂွတ်သီး ကြက်မောက်သီး ကျွဲကောသီး ငှက်သိုက် ကမ်းဇော်ဆီ တွင်းထွက်များ ခဲမဖြူ၊အဖြိုက်နက်၊ခနောက်စိမ်း နှင့် အခြားတွင်းထွက်များ ထွက်ရှိသည်။ ကိုးကား မြန်မာနိုင်ငံတိုင်းဒေသကြီးများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%84%E1%80%BA%E1%80%B9%E1%80%9E%E1%80%AC%E1%80%9B%E1%80%AE%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ငွေကြေး
ငွေကြေးဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် သို့မဟုတ် အကြွေးများကို ပြန်လည်ပေးဆပ်ရန်အတွက် ပေးချေမှုပြုနိုင်သော အရာဟူသမျှကို ခေါ်သည်။ ငွေကြေး၏ အဓိက အသုံးပြုမှုမှာ ကြားခံလဲလှယ်ရေးပစ္စည်း၊ စာရင်းတစ်ခု၏ ယူနစ်ပမာဏ နှင့် တန်ဖိုးသိုလှောင်သိမ်းဆည်းခြင်းတို့ ဖြစ်သည်။ အချို့သောသူများသည် ငွေကြေးကို ဆိုင်းငံပေးချေမှုအတွက် စံအဖြစ်လည်း သတ်မှတ်ကြသည်။ ပိုက်ဆံသည် ယေဘုယျအားဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုနှင့် တိုင်းပြည်အချို့ သို့မဟုတ် လူမှုစီးပွားအခြေအနေတွင် အကြွေးပြန်ဆပ်ရန် အသုံးပြုသောပစ္စည်း ဖြစ်သည်။ ပိုက်ဆံ၏ အဓိက လုပ်ငန်းဆောင်တာများအဖြစ် လဲလှယ်မှုကြားခံအဖြစ် အသုံးပြုခြင်း၊ အကောင့်တစ်ခု၏ ယူနစ် သို့မဟုတ် ငွေပေးချေမှု၏ စံသတ်မှတ်ချက် အဖြစ် အသုံးပြုကြသည်။ ဤလုပ်ဆောင်ချက်များ ပြည့်စုံသော မည်သည့်ပစ္စည်းကိုမဆို ပိုက်ဆံဟု စဉ်းစားသတ်မှတ်နိုင်သည်။ ပိုက်ဆံကို သမိုင်းကြောင်းအရ ပြန်ကြည့်ပါက ကုန်ပစ္စည်းတစ်ခုအတွက် တည်ထောင်ခဲ့သော ဈေးကွက် ဖြစ်ရပ်ဆန်းတစ်ခုပင် ဖြစ်သည်။ သို့သော် ခေတ်ပြိုင်ပိုက်ဆံစနစ်များ အားလုံးနီးပါးသည် အမိန့်အာဏာထုတ်ပြန်ခြင်း အပေါ်တွင် အခြေခံထားသည်။ ပိုက်ဆံသည် နိုင်ငံအတွင်း၌ လည်ပတ်နေသော အကြွေ နှင့် အကြွေစေ့များ အပါအဝင် ငွေကြေးအကုန် နှင့် ဘဏ်တွင်ရှိသော ငွေစု အကောင့်များလည်း ဘဏ်ပိုက်ဆံအဖြစ် ပါဝင်သည်။ ဘဏ်ပိုက်ဆံတွင် ကွန်ပျူတာစနစ်သုံး ဘဏ်လုပ်ငန်းများမှ အချက်အလက်သာ ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ငွေကြေးမှာ ကျပ်ငွေဖြစ်သည်။ ငွေကြေး
https://my.wikipedia.org/wiki/%E1%80%84%E1%80%BD%E1%80%B1%E1%80%80%E1%80%BC%E1%80%B1%E1%80%B8
ဇန်နဝါရီ
'ဇန်နဝါရီလ၊ Gregorian ပြက္ခဒိန်၏ ပထမလ။ ရောမနတ်ဘုရား ဂျနုစ် (Janus) ၏ အမည်ကို မှည့်ခေါ်ခဲ့သည်။ ဇန်နဝါရီသည် ၁၅၃ ဘီစီထက် နောက်မကျဘဲ ရောမနှစ်၏ ပထမလအဖြစ် မတ်လကို အစားထိုးခဲ့သည်။ ပွဲနေ့များ နှစ်ဆန်းတစ်ရက်နေ့ - ဇန်နဝါရီ ၁ ရက်နေ့ လွတ်လပ်ရေးနေ့ (မြန်မာပြည်) - ဇန်နဝါရီ ၄ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ - ဇန်နဝါရီ ၅ ရက်နေ့ ခေါ့တစ်ခရစ်ယာန်ခရစ္စမတ်နေ့ - ဇန်နဝါရီ ၇ ရက်နေ့ ဩစတြေလီအာနေ့ - ဇန်နဝါရီ ၂၆ ရက်နေ့ သမတမင်းနေ့ (အိန္ဒိယနိုင်ငံ) - ဇန်နဝါရီ ၂၆ ရက်နေ့ လများ ဇန်နဝါရီ
https://my.wikipedia.org/wiki/%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE
တန်ခူးလ
တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ တန်ခူးလ၏ အမည်ကို စန္ဒြာမာသ ဟုလည်း ခေါ်သည်။ တန်ခူးလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏။ တစ်ခါတစ်ရံ ပျို့၊ ကဗျာတို့၌ တာကူးလ ဟူ၍ရေးသည်ကို လည်းတွေ့ရ၏။ တာကူးဟူသောအရေးအသားမှာ မိန်ရာသီမှ မိဿရာသီသို့ ဂြိုဟ် ပြောင်းခြင်းကို စွဲ၍ ရေးသားကြောင်း ဝေါဟာရလိနတ်တဒီပနီကျမ်းပြုစုသူ လှေသင်းအတွင်းဝန်မင်းက ဆိုသည်။ ဤအဆိုကိုလိုက်၍ ဝေါဟာရ၏ ဇစ်မြစ်ကို ရှာဖွေသူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟုကြံဆကြ၏။ သို့ရာတွင် ပုဂံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သုတေသနပြုသော ဦးဖိုးလတ်ကမူ တာကူးဟူသောအသုံးအနှုန်းနှင့် တန်ခူးဟူသော အသုံးအနှုန်းသည် သူ့အဓိပ္ပာယ်နှင့်သူ တခြားစီဖြစ်သည်ဟုဆိုသည်။ တာ သည် အချိန်အခါ၊ ရာသီဥတု၊ နှစ်စသည်တို့ကိုဟောရာ ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည်။ ထို့ကြောင့် တာကူးလသည် နှစ်ကူးသောလ ဟုအဓိပ္ပာယ်ရသည်ဟုဆိုသည်။ တန်ခူးဟူသော ဝေါဟာရ၌ တန်(ဝါ) တန်းသည် ပါဠိ တာလနှင့်အနက်တူသောထန်းဖြစ်သည်။ ခူး ကားဆွတ်ခူး သည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် တန်ခူးလဆိုသည်မှာ ထန်းသီး ဆွတ်ခူးသောလဟု မှတ်ယူရမည်ဆိုသည်။ တန်ခူးလသည် နှစ်၏အစ၊ နှစ်ဦးလဖြစ်သည်။ သို့ရာတွင် မြန်မာနှစ်ဆန်းတစ်ရက်သည် အခါခပ်သိမ်း တန်ခူးလအတွင်း၌သာကျရောက်သည်မဟုတ်ချေ။ ထို့ကြောင့် နှစ်သစ်မကူးမီ တန်ခူးလတို့၏ ရက်တို့ကို နှောင်းရက်၊ နှစ်သစ်ကူးပြီးနောက် နှစ်ဆန်းစ တန်ခူးလ၏ရက်တို့ကို ဦးရက်ဟုသတ်မှတ်၍ နှောင်းတန်ခူး၊ ဦးတန်ခူးဟူ၍ခေါ်ဝေါ်ကြသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်းကျရောက်တတ်သည်။ ခြောက်သွေ့ဒေသများတွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာတို့အတွက် တန်ခူးလ ဆိုသည့် ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ထန်းပင်သည် အိန္ဒိယမှ မြန်မာနိုင်ငံအတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက်ကပင် ရောက်ရှိခဲ့သည့်အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။ ဘုန်းကြီးကျောင်း၊ ရေကန်၊လယ်ကွင်း ဝန်းကျင်တို့တွင် ထန်းပင်များအား အတန်းလိုက်စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှထွက်ရှိသည့် ထန်းလျက်ဖြင့် မုန့်အချိုပွဲများကို ပြုလုပ်ကြသကဲ့သို့ ယမကာ အဖျော်ကို ထန်းရည်ဖြင့် ပြုလုပ်ရသည်။ ရှေးမြန်မာတို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့်အခါတွင်လည်းကောင်း၊ သားသမီးများ အိမ်ထောင်ချသည့်အခါ အခမ်းအနားတွင်လည်းကောင်း အများသိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက်နဲ့ သေရည်ပါတဲ့ စားသောက်ပွဲကြီး ပေးလေ့ရှိကြောင်း ပုဂံခေတ်ဆိုင်ရာ ကျောက်စာအထောက်အထားများအရ သိရှိရသည်။ ထိုသို့သောအခမ်းအနားများတွင် သေရည်နှင့်အတူ ထန်းရည်မှချက်လုပ်သည့် ယမကာ အဖျော်ကိုလည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရသည်။ ထို့အပြင်ထန်းရွက်ကိုလည်း အိမ်အမိုး၊ ရဟန်းဆောင်၊ ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။ ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။ ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊ အဆောက်အဦး၊ ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်။ ဆည်ဖို့ရာ၌လည်း ထန်းလုံးများကို ဆည်ပိတ်ရာတွင် သုံးပြန်သည်။ တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပါသည်။ ကံ့ကော်ပန်း (Mesua ferrea)သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။ ကိုးကား မြန်မာလများ လများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%BA%E1%80%81%E1%80%B0%E1%80%B8%E1%80%9C
ဖေဖော်ဝါရီ
ဖေဖော်ဝါရီသည် Gregorian နှင့် Julian ပြက္ခဒိန်၏ ဒုတိယလဖြစ်သည်။ ပွဲနေ့များ ရှမ်းအမျိုးသားနေ့ (မြန်မာနိုင်ငံ) - ဖေဖော်ဝါရီ ၇ ရက်နေ့ ပြည်ထောင်စုနေ့ (မြန်မာပြည်) - ဖေဖော်ဝါရီ ၁၂ ရက်နေ့ သမ္မတနေ့ (အမေရိကနိုင်ငံ) - တတိယ တနင်္လာ အဖရိကလူမျိုး၏သမိုင်းလ (အမေရိကနိုင်ငံ) လများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%B1%E1%80%96%E1%80%B1%E1%80%AC%E1%80%BA%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE
မတ်
မတ်သည် Gregorian နှင့် Julian ပြက္ခဒိန်၏တတိယလဖြစ်သည်။ ပွဲနေ့များ တောင်သူလယ်သမားနေ့ (မြန်မာပြည်) - မတ် ၂ ရက်နေ့ တန်ပေါင်းလပြည့်နေ့ (မြန်မာပြည်) - မတ် ၂၁ ရက်နေ့ တပ်မတော်နေ့ (မြန်မာပြည်) - မတ် ၂၇ ရက်နေ့ လများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%90%E1%80%BA
ဧပြီ
ဧပြီသည် Gregorian နှင့် Julian ပြက္ခဒိန်၏ စတုတ္ထလဖြစ်သည်။ ပွဲနေ့များ မဟာသင်္ကြန် (ကမ္ဘောဒီးယားနိုင်ငံ) - ဧပြီ ၁၃ ရက်နေ့ သင်္ကြန် (မြန်မာပြည်၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ) - ဧပြီ ၁၁ - ၁၆ ရက်နေ့ နှစ်ဆန်းတရက်နေ့ (မြန်မာပြည်) - ဧပြီ ၁၇ - ၁၈ ရက်နေ့ လများ
https://my.wikipedia.org/wiki/%E1%80%A7%E1%80%95%E1%80%BC%E1%80%AE
မေ
မေသည် Gregorian နှင့် Julian ပြက္ခဒိန်၏ ပဉ္စမမြောက်လဖြစ်သည်။ ပွဲနေ့များ မေဒေး (နိုင်ငံများ) - မေ ၁ ရက်နေ့ အလုပ်သမားနေ့ (မြန်မာပြည်) - မေ ၁ ရက်နေ့ ကလေးနေ့ (ဂျပန်နှင့်ကိုရီယား) - မေ ၅ ရက်နေ့ ကဆုန်လပြည့်နေ့ (မြန်မာပြည်) - မေ ၁၉ ရက်နေ့ အမေနေ့ (အမေရိကနိုင်ငံ) - ဒုတိယ တနင်္ဂနွေ လများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1
ဇွန်
ဇွန်သည် Gregorian နှင့် Julian ပြက္ခဒိန်၏ဆဌမ (၆) မြောက်လဖြစ်သည်။ ပွဲနေ့များ အဖေနေ့ (အမေရိကနိုင်ငံ) - တတိယ တနင်္ဂနွေ လများ
https://my.wikipedia.org/wiki/%E1%80%87%E1%80%BD%E1%80%94%E1%80%BA
ဇူလိုင်
ဇူလိုင်သည် Gregorian နှင့် Julian ပြက္ခဒိန်၏သတ္တမလဖြစ်သည်။ ပွဲနေ့များ လွတ်လပ်ရေးနေ့ (အမေရိကနိုင်ငံ) - ဇူလိုင် ၁ ရက်နေ့ တာနာဗတာ (ဂျပန်နိုင်ငံ) - ဇူလိုင် ၇ ရက်နေ့ ဗောင်ပွဲတော် (ဂျပန်နိုင်ငံ) - ဇူလိုင် ၁၃ - ၁၆ ရက်နေ့ ဝါဆိုလပြည့်နေ့ (မြန်မာပြည်) - ဇူလိုင် ၁၇ ရက်နေ့ အာဇာနည်နေ့ (မြန်မာပြည်) - ဇူလိုင် ၁၉ ရက်နေ့ ဇူလိုင် လများ
https://my.wikipedia.org/wiki/%E1%80%87%E1%80%B0%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
ဩဂုတ်
ဩဂုတ်သည် Gregorian နှင့် Julian ပြက္ခဒိန်၏အဋ္ဌမလဖြစ်သည်။ ပွဲနေ့များ လများ
https://my.wikipedia.org/wiki/%E1%80%A9%E1%80%82%E1%80%AF%E1%80%90%E1%80%BA
စက်တင်ဘာ
စက်တင်ဘာသည် Gregorian နှင့် Julian ပြက္ခဒိန်၏နဝမလဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် September၊ အတိုကောက်အားဖြင့် Sep သို့မဟုတ် Sept ဟုသုံးနှုန်းကြသည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာလ သည် မိုးရာသီ ကုန်ဆုံးရာ လတစ်လဖြစ်ပြီး မြန်မာပြက္ခဒိန် အရ တော်သလင်းလတွင်လည်း ကျရောက်သည်။ ပွဲနေ့များ လပြည့်နေ့/ဆောင်းဦးအလယ်ပွဲတော် (တရုတ်ပြည်၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံ) စက်တင်ဘာလတွင်ကျင်းပသော ပွဲတော်များ စက်တင်ဘာလတွင် ပွင့်သောပန်းများ စက်တင်ဘာလတွင် မွေးဖွားသော ပုဂ္ဂိုလ်များ လများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%98%E1%80%AC
အောက်တိုဘာ
အောက်တိုဘာသည် Gregorian နှင့် Julian ပြက္ခဒိန်၏ ဒဿမမြောက် လဖြစ်သည်။ အောက်တိုဘာလတွင် ၃၁ ရက် ရှိသည်။ မြန်မာနိုင်ငံတွင် မိုးရာသီ အကုန်၊ ဆောင်းရာသီ အစ ဖြစ်သည်။ ပွဲနေ့များ သီတင်းကျွတ် လပြည့် မီးထွန်းပွဲ (မြန်မာပြည်) - ၁၄ အောက်တိုဘာ ရက်နေ့ ဒီပါဝလီ (အိန္ဒိယနိုင်ငံ) လများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%98%E1%80%AC
နိုဝင်ဘာ
နိုဝင်ဘာသည် Gregorian နှင့် Julian ပြက္ခဒိန်၏ဧကာဒသမလဖြစ်သည်။ ပွဲနေ့များ တန်ဆောင်မုန်းလ‌ပြည့်နေ့ (မြန်မာပြည်) - ၁၂ နိုဝင်ဘာ ရက်နေ့ အမျိုးသားနေ့ (မြန်မာပြည်) - ၂၂ နိုဝင်ဘာ ရက်နေ့ လများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%9D%E1%80%84%E1%80%BA%E1%80%98%E1%80%AC
ဒီဇင်ဘာ
ဒီဇင်ဘာသည် Gregorian နှင့် Julian ပြက္ခဒိန်၏လဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆောင်းရာသီဖြစ်သည်။ ဒီဇင်ဘာ” ဆိုသည် ‘လက်တင်’ စာလုံး Decem နေလာတာဖြစ်သည်။ အဓိပ္ပာယ်က (၁ဝ)၊ အရင်ပေါ်ကာစ ပြက္ခဒိန်မှာ (၁ဝ) လသာပါ၍ ဖြစ်သည်။ နှစ်ပါတ်လည်နေ့များနဲ့ ဆောင်ပုဒ်များ ဒီဇင်ဘာ ၁ = ကမ္ဘာ့ World AIDS Day နေ့။ ပေါ်တူကီ လွတ်လပ်ရေးပြန်ရခြင်းနေ့၊ ရူမေးနီးယား ပြည်ထောင်စုနေ့၊ Eat a Red Apple Day ပန်းသီးအနီတလုံးစားပါ။ ဒီဇင်ဘာ ၂ = ‘ယူအေအီး’ နိုင်ငံ အမျိုးသားနေ့။ ဒီဇင်ဘာ ၃ = International Day of People with Disability နိုင်ငံတကာ မသန်စွမ်းသူများနေ့။ ဒီဇင်ဘာ ၄ = World Wildlife Conservation Day ကမာ္ဘ့ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းရေးနေ့။ အိန္ဒိယ ရေတပ်မတော်နေ့။ ဒီဇင်ဘာ ၅ = Volunteer Day စေတနာ့ဝန်ထမ်းနေ့။ ထိုင်းနိုင်ငံ ဘုရင့်မွေးနေ့ (ဖခင်နေ့)။ ဒီဇင်ဘာ ၆ = ဖင်လန်နိုင်ငံ လွတ်လပ်ရေးနေ့။ စပိန်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့။ ဒီဇင်ဘာ ၇ = Pearl Harbor Day အမေရိကန် ပုလဲဆိပ်ကမ်းနေ့။ ဒီဇင်ဘာ ၈ = Christmas Card Day ခရစ္စမတ်ကပ်နေ့။ ဒီဇင်ဘာ ၈ = ပနားမားနိုင်ငံ မိခင်နေ့။ ရိုမေးနီးယားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့။ ဒီဇင်ဘာ ၁၀ = နိုဗယ်ဆုပေးတဲ့နေ့ (Alfred Nobel ကွယ်လွန်တဲ့နေ့)။ လူ့အခွင့်အရေးများနေ့။ ဒီဇင်ဘာ ၁၁ = Mountain Day တောင်များနေ့။ ဒီဇင်ဘာ ၁၂ = ကင်ညာနိုင်ငံ လွတ်လပ်ရေးနေ့။ ဒီဇင်ဘာ ၁၄ = Monkey Day မျောက်နေ့။ ဒီဇင်ဘာ ၁၆ = ဘာရိန်းဘုရင့်နိုင်ငံ အမျိုးသားနေ့။ ဘင်္ဂလားဒေ့ရှ် အောင်ပွဲနေ့။ တောင်အာဖရိကနိုင်ငံ ပြန်လည်သင့်မြတ်ရေးနေ့။ Beethoven's Birthday ဂီပညာရှင် "ဗီသိုဗင်" မွေးနေ့။ ဒီဇင်ဘာ ၁၇ = Maple Syrup Day မေပယ်အချိုရည်နေ့။ ဒီဇင်ဘာ ၂၅ = ခရစ္စမတ်နေ့။ ဒီဇင်ဘာ ၂၆ = Boxing Day အိမ်စေများ၊ တပည့်များအား လက်ဆောင်ပေးသည့်နေ့။ ဆလိုဗေးနီးယားနိုင်ငံ လွတ်လပ်ရေးနေ့။ ဒီဇင်ဘာ ၂၇ = Visit the Zoo Day တိရစ္ဆာန်ရုံလည်ပါ။ ဒီဇင်ဘာ ၂၈ = ဩစတေးလျတောင်ပိုင်း Proclamation Day နေ့။ Chocolate Day ချောကလက်နေ့။ ဒီဇင်ဘာ ၃၁ = New Year's Eve နှစ်သစ်ကူး အဖိတ်နေ့။ ဆောင်ရွက်ရန်များ World Aids Month ကမ္ဘာ့ အေအိုင်ဒီအက်စ်လ။ National Drunk & Drugged Driving Prevention Month မူးယစ်ဆေးနဲ့အရက်သုံးပြီး ကားမောင်းခြင်း ကာကွယ်ရေး အမျိုးသားလ။ Vegetables and Exotic Fruits Month အမြစ်ပါအသီးအနှံများနှင့် အရောင်အသွေးစုံ နှစ်သက်ဖွယ် အသီးများလ။ Safe Toys and Gifts Month ကလေးကစားရများနှင့် လက်ဆောင်ပစ္စည်းများစိတ်ချရမှုလ။ Spiritual Literacy Month ဝိညာဉ်ဆိုင်ရာစာပေလ။ Tomato and Winter Squash Month ခရမ်းချဉ်သီးနှင့် ဆောင်းဖယုံသီးလ။ Worldwide Food Service Safety Month ကမ္ဘာလုံးဆိုင်ရာ အစားအသောက်ဝန်ဆောင်မှု စိတ်ချရမှုလ။ အခြားနှစ်ပါတ်လည်နေ့များ ၁၈-၁၂-၁၉၉ဝ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ စတင်ဖွဲ့စည်းသည့်နေ့။ ဒီဇင်ဘာ (၁၂) = ကူကီးတော်လှန်ရေးနေ့။ ဒီဇင်ဘာ(၃၁) = ရခိုင်ဘုရင့်နိုင်ငံကျဆုံးသည့်နေ့။ ၂၁-၁၂-၁၉၉ဝ ပုလဲမြို့နယ်က NLD ပါတီဝင်များ အိန္ဒိယကိုရောက်ကြတဲ့နေ့။ သင်္ကေတ နိုင်ငံတကာ ဒီဇင်ဘာပန်း = Narcissus ပန်း (မြန်မာလိုမသိပါ)၊ မြန်မာ ဒီဇင်ဘာပန်း = (နတ်တော်လ = ဂမုန်းပန်း၊ သဇင်ပန်း၊ ပြာသိုလ = ခွာညိုပန်း)၊ ဒီဇင်ဘာ ဆယ့်နှစ်ရာသီခွင် = Sagittarius = ဓနု (၂၁ ရက်အထိ)၊ Capricorn = ဆိတ် (၂၂ မှစ၍) ဒီဇင်ဘာ အဖိုးတန်ကျောက်များ = Turquoise, Zircon, Tanzanite စိမ်းပြာကျောက်များ၊ (ဒေါက်တာတင့်ဆွေ) ပွဲနေ့များ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ - ဒီဇင်ဘာ ၁ ရက်နေ့ ခရစ္စမတ်နေ့ (နိုင်ငံများ) - ဒီဇင်ဘာ ၂၅ ရက်နေ့ အစ်နေ့ (မူဆလင်နိုင်ငံများ) ပညာရေးစုံညီပွဲတော် (မြန်မာနိုင်ငံ) လများ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC
ခရစ်ယာန်ဘာသာ
ခရစ်ယာန်သာသနာ (ဂရိ စာလုံး Xριστός မှ၊ ခရစ်စတို့စ်၊ “ယေရှု”၊ စာပေအရ “ ဘိသိက်ခံသောသူ”) သည်တွ ဓမ္မသစ်ကျမ်းင် ဖော်ပြထားသော နာဇရက်မြို့သား ယေရှု၏ ဘဝအသက်တာနှင့် သွန်သင်မှုများအပေါ် အခြေခံသော တစ်ဆူတည်းသော ထာဝရဘုရားကို ယုံကြည်သောဘာသာရေးဖြစ်သည်။ ခရစ်ယာန်များသည် ယေရှုကို ထာဝရဘုရားသခင်၏ သားတော်၊ လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသခင်နှင့် လူသားတို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် ယေရှုကို ခရစ်တော် သို့မဟုတ် မေရှိ ဟု အများအားဖြင့် ရည်ညွှန်းကြသည်။ ခရစ်ယာန်များဟု လူသိများသော ခရစ်ယာန်အယူဝါဒကိုထောက်ခံသူတို့က ယေရှုသည် ဟီဘရူးကျမ်းစာ (ခရစ်ယာန်သာသနာနှင့် ဂျူးဘာသာအယူဝါဒတို့တွင် တူညီသောသမ္မာကျမ်း၏ အပိုင်းတစ်ခုဖြစ်ပြီး ခရစ်ယာန်သာသနာတွင် "ဓမ္မဟောင်းကျမ်း"ဟု ရည်ညွှန်းသည်) တွင် နိမိတ်ဖတ်ထားသော မေရှိယဟု ယုံကြည်သည်။ ခရစ်ယာန်ယုံကြည်မှုကို သက်ဝင်လိုက်လျှောက်သူများက ကျယ်ပြန့်စွာ လက်ခံထားသော အချက်အလက်များပါရှိသည်ဟုဆိုသော ရှေးဦး ခရစ်ယာန်သာသနာ တစ်ရပ်လုံးနှင့်ဆိုင်သည့်အယူဝါဒများတွင် ခရစ်ယာန် ယုံကြည်မှုနှင့်ဆိုင်သော အခြေခံအုတ်မြစ်ကို ရှင်းလင်းစွာဖော်ပြထားသည်။ ဤဖွင့်ဟထုတ်ဖော်ချက်များက ယေရှုသည်ဝေဒနာခံစားပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့ကာမြှုပ်နှံခံခဲ့ရသည်။ ထို့နောက်မှယုံကြည်သူတို့အတွက်အပြစ်မှခွင့်လွှတ်ပြီး (ကယ်တင်ခြင်း) ကောင်းကင်ဘုံတံခါးဖွင့်ပေးရန် ပြန်လည်ရှင်ပြန်ထမြောက်ခဲ့သည်ဟုဖော်ပြသည်။ ၎င်းတို့က ယေရှုသည်ခမည်းတော်ထာဝရဘုရားသခင်နှင့်အတူ အုပ်ချုပ် စိုးစံသည့် ကောင်းကင်ဘုံသို့ ခန္ဓာကိုယ်နှင့်တကွ တက်ကြွသွားခဲ့သည်ကို ထပ်လောင်း ထိန်းသိမ်းဆုပ်ကိုင်ထားကြသည်။ ဧဝံဂေလိတရား ခရစ်ယာန်ဂိုဏ်းခွဲအများစုက ယေရှုသည် သက်ရှိနှင့်သေလွန်ပြီးလူသားအားလုံးကို တရားစီရင်ရန်နှင့် ယေရှုကို ယုံကြည်လက်ခံသူများအား ထာဝရအသက်တာပေးရန်တစ်ဖန်ပြန်လည်ကြွလာဦးမည်ဖြစ် ကြောင်း သွန်သင်ကြသည်။ ယေရှုကို မြတ်သောအကျင့်သီလနှင့် ပြည့်စုံသည့် ဘဝအသက်တာ၏ စံပြပုဂ္ဂိုလ်အဖြစ်သာမက ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဖော်ပြသောသူ၊ ဘုရားသခင်မှ လူ့ဇာတိအဖြစ်ခံယူခြင်းဟူ၍လည်းမှတ်ယူကြသည်။ ခရစ်ယာန်များကယေရှုခရစ်တော်၏တရားဒေသနာများကိုဧဝံဂေလိတရား(“သတင်းကောင်း”)ဟုခေါ်ဆိုသောကြောင့်ရှေးအကျဆုံးရေးသားဖော်ပြချက်များတွင် သူ၏ သာသနာပြု ခြင်းကို ဧဝံဂေလိတရားများအဖြစ် ရည်ညွှန်းသည်။ ခရစ်ယာန်သာသနာသည် ဂျူးဘာသာအယူဝါဒ ဂိုဏ်းခွဲတစ်ခုအဖြစ် စတင်ခဲ့ပြီး အာဗြဟံဘာသာတရားဟုသတ်မှတ်ခွဲခြားထားသည်။ အရှေ့မက်ဒီတာရေးနီးယမ်းတွင်အစပြုပြီးဆယ်စုနှစ်အနည်းငယ် အတွင်း လျင်မြန်စွာ ကြီးထွားလာပြီး ဩဇာလွှမ်းမိုးလာခဲ့သည်။ ၄ ရာစုတွင် ရောမအင်ပါယာအတွင်း၌ အဓိကလွှမ်းမိုးကြီးစိုးသော ဘာသာတရား ဖြစ်လာခဲ့သည်။ အလယ်ခေတ်တွင် ဥရောပတိုက်၌ ကျန်ရှိသောနိုင်ငံ အများစုကို ခရစ်ယာန်သာသနာအုပ်စိုးခဲ့သည်။ အရှေ့အလယ်ပိုင်း၊မြောက်အာဖရိကနှင့်အိန္ဒိယနိုင်ငံ၏အချို့ဒေသများတွင်လည်း ခရစ်ယာန်အနည်းစု(တစ်ခါတစ်ရံများသည်လည်းရှိသည်) ရှိလာသည်။ စတင်တွေ့ရှိရာနှစ်များနောက်တွင် သာသနာပြုလုပ်ငန်းနှင့် လက်အောက်ခံ ကိုလိုနီအဖြစ် သိမ်းယူခြင်းတို့မှတဆင့် ခရစ်ယာန်သာသနာသည် အမေရိကနိုင်ငံများ၊ ဩစထရေလာဆီးယားနှင့် ကျန်ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့သွားသောကြောင့် ခရစ်ယာန်သာသနာသည် အနောက်တိုင်း ယဉ်ကျေးမှုကို ပုံသွင်းရာတွင် အဓိက လွှမ်းမိုးရာ ဖြစ်ခဲ့သည်။ ၂၁ ရာစုအစောပိုင်းအထိ ခရစ်ယာန်ဘာသာ ယုံကြည်သူ သန်းထောင်ပေါင်း ၂.၂ ပတ်ဝန်းကျင်ခန့် ရှိနေခဲ့သည်။ ခရစ်ယာန်သာသနာသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုပြီး ကမ္ဘာ့အကျယ်ပြန့်ဆုံး ဘာသာတရား ဖြစ်သည်။ ထို့အပြင် ခရစ်ယာန်သာသနာသည် နိုင်ငံအတော်များများ၏ နိုင်ငံတော်ဘာသာလည်းဖြစ်သည်။ ခရစ်ယာန်သာသနာကို အဓိကအားဖြင့်သုံးအုပ်စုခွဲခြားနိုင်သည်။ ကက်သလစ်ဘာသာ၊ ပရိုတက်စတင့်ဘာသာ နှင့် အော်သိုဒေါ့က်စ် တို့ဖြစ်သည်။ ယေရှု ခရစ်တော် ခရစ်ယာန်များ၏ ယုံကြည်မှုမှာ ယေရှုကို ထာဝရဘုရားသခင်၏သားတော် အဖြစ်နှင့် မေရှိယ (ခရစ်တော်) အဖြစ် ယုံကြည်ခြင်းဖြစ်သည်။ “မေရှိယ” ဟူသော ဘွဲ့အမည်သည် ဟီဘရူးစာလုံး מָשִׁיחַ (māšiáħ) မှ ဆင်းသက်လာပြီး ဗျာဒိတ်ခံသောသူ ဟုအဓိပ္ပာယ်ရသည်။ ဂရိဘာသာပြန် Χριστός (Christos) သည် အင်္ဂလိပ်စာလုံး “Christ” ၏ အရင်းအမြစ်ဖြစ်သည်။ ခရစ်ယာန်များက မေရှိရ ဖြစ်သော ယေရှုသည် လူသားများ၏ ကယ်တင်ရှင်အဖြစ် အဖဘုရားသခင်က ဗျာဒိတ်ပေးထားသောသူဖြစ်သည်ဟု ယုံကြည်ကြပြီး ယေရှုသည် ဓမ္မဟောင်းကျမ်းတွင် ဖော်ပြပါရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်များကို ပြည့်စုံစေခြင်းငှာ လာသည်ဟု ယူဆကြသည်။ ခရစ်ယာန်တို့၏ မေရှိရ နှင့်ပတ်သက်သော အယူအဆသည် ခေတ်ပြိုင်ဖြစ်သော ဂျူးတို့၏ အယူအဆနှင့် သိသာထင်ရှားစွာ ကွဲပြားသည်။ ခရစ်ယာန်တို့၏ အဓိက ယုံကြည်မှုမှာ ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း၊ အပြစ်များသော လူသားများသည် ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ခွင့်ရနိုင်ပြီး၊ ထိုအကြောင်းကြောင့် ဘုရားသခင်ကပေးသည့် ထာဝရအသက်တာအတွက် ကယ်တင်ခြင်း ဆုကျေးဇူးနှင့် ကတိတော်ကိုလည်းကောင်း ယုံကြည်လက်ခံခြင်း ဖြစ်သည်။ သမ္မာကျမ်း ခရစ်ယာန်များ၏ ကျမ်းစာဖြစ်သည်။ ဓမ္မသစ်(၂၇ကျမ်း)နှင့် ဓမ္မဟောင်း(၃၉ကျမ်း) စုစုပေါင်း ၆၆ကျမ်းပါသည်။ သမ္မာကျမ်း ထာဝရဘုရား၏ နှုတ်ကပတ်တော်ဖြစ်သည်။ ရှင်ဘုရင်မှအစ တံငါသည်အထိ လူ၊ ကျမ်းတတ်ဆရာ၊ ပရောဖက်ပေါင်းများစွာ ရေးသားထားသည့် ကျမ်းစာဖြစ်သည်။ ခရစ်ယာန်များ၏ အခြေပြုကျမ်းစာဖြစ်သည်။ မြန်မာနိုင်ငံကျမ်းစာအသင်းမှ စာအုပ်များစွာ ထုတ်ဝေခဲ့သည်။ အွန်လိုင်းကျမ်းစာ Online Bible များစွာရှိသည်။ တရားစီရင်ခြင်းနှင့် ဘုရားသခင် ခရစ်ယာန် သမိုင်းကြောင်း၏ အစောဆုံးရာစုနှစ်များတွင် ယေရှု၏ သဘာဝနှင့် ပတ်သက်သော ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများ မြောက်မြားစွာရှိနေစဉ် အချိန်ကာလတွင် ခရစ်ယာန်များက ယေရှုသည် လူ့ဇာတိကို ခံယူသောဘုရားသခင်နှင့် “စစ်မှန်သော ဘုရားသခင်နှင့် စစ်မှန်သော လူသား” (သို့မဟုတ် တစ်ချိန်တည်းတွင် ဘုရားသခင်စစ်စစ်နှင့် လူစစ်စစ်ဖြစ်ခြင်း) ဖြစ်သည်ဟု အများအားဖြင့် ယူဆကြသည်။ ယေရှုသည် လူသားအဖြစ်လုံးလုံးရောက်ရှိပြီး သေမျိုးဖြစ်သော လူသားတို့ကဲ့သို့ နာကျင်မှုဝေဒနာနှင့် သွေးဆောင်မှုတို့ကို ခံစားခဲ့ရသော်လည်း အပြစ်မှကင်းစင်သူ ဖြစ်သည်။ ဘုရားသခင်အဖြစ်ဖြင့် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ သမ္မာကျမ်းစာအရ “ဘုရားသခင်က ယေရှုကို သေခြင်းမှ ထမြောက်စေခဲ့သည်”၊ ယေရှုသည် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ “ခမည်းတော်၏ လက်ယာဘက်၌ ထိုင်နေတော်မူသည်”၊ ကျန်ရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်ဖြစ်သည့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ နောက်ဆုံးသော တရားစီရင်ခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော်ကို နောက်ဆုံး ပြန်လည်တည်ထောင်ခြင်းကို ပြည့်စုံစေရန် နောက်ဆုံးအကြိမ် ပြန်လည် ကြွရောက်လာဦးမည် ဖြစ်သည်။ ရှင်မဿဲနှင့် ရှင်လုကာ ကျမ်းတို့အရ၊ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူ၍ အပျိုစင်မာရိ မှ ဖွားမြင်ခဲ့သည်။ ယေရှု၏ ငယ်စဉ်ဘဝကို ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသည်။ သို့သော် ရှေးယခင်ကာလများတွင် ငယ်စဉ်ဘဝအကြောင်း ကျမ်းစာများမှာ လူသိများခဲ့သည်။ နှိုင်းယှဉ်ရလျှင် ယေရှု၏ အရွယ်ရောက်ပြီးဘဝ၊ အထူးသဖြင့် မသေဆုံးမီ ရက်သတ္တပတ် တစ်ပတ်အတွင်း သူ၏ဘဝကို ဓမ္မသစ်ကျမ်းရှိ ကျမ်းများတွင် ကောင်းစွာ မှတ်တမ်းတင်ထားသည်။ သမ္မာကျမ်းစာကိုးကားချက်များအရ ယေရှု၏ ဓမ္မအမှုတော်ဆောင်ခြင်းများတွင် သူ၏ ဗတ္တိဇံခံယူခြင်း၊ သူပြုသော အံ့ဩဘွယ်ရာအမှုများ၊ ဒေသနာတော်ဟောကြားခြင်း၊ သွန်သင်ခြင်းနှင့် လုပ်ဆောင်ချက်များ ပါဝင်သည်။ ယေရှု၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ခရစ်ယာန်တို့က ယေရှု၏ သေလွန်ပြီးမှ ပြန်လည် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ၎င်းတို့ယုံကြည်ခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်ပြီး (၁ ကောရိန္သု ဩဝါဒစာပဌမစောင် ၁၅ တွင်ရှု) လူ့သမိုင်းကြောင်းတွင် အရေးအကြီးဆုံး ဖြစ်ရပ် ဖြစ်သည်ဟု မှတ်ယူကြသည်။ ခရစ်ယာန်ယုံကြည်မှုများထဲတွင် ယေရှု၏ အသေခံခြင်းနှင့် ပြန်လည် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ခရစ်ယာန် အယူဝါဒနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်မှုတို့ တွင်အခြေခံကျသော အဓိက ဖြစ်ရပ်နှစ်ခု ဖြစ်သည်။ ဓမ္မသစ်ကျမ်းအရ ယေရှုသည် လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံခဲ့ရပြီး ခန္ဓာကိုယ်အားဖြင့် သေဆုံးခဲ့သည်၊ သင်္ချိုင်းတွင် မြှပ်နှံခံခဲ့ပြီးမှ သုံးရက်အကြာတွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ [[[ရှင်ယောဟန်ခရစ်ဝင်|ယောဟန်]]. ၁၉၊ ၃၀-၃၁-] [[[ရှင်မာကုခရစ်ဝင်|မာကု]]. ၁၆၊ ၁-] [၁၆၊ ၆-] ယေရှု ကောင်းကင်သို့ တက်ကြွခြင်းမတိုင်မီ အချိန်အမျိုးမျိုးတွင် “တစ်ပြိုင်နက်ညီအစ်ကိုငါးရာမက” အပါအဝင် ကောတို့နှင့် နောက်လိုက်များအား ယေရှု ရှင်ပြန်ထမြောက်ပြီးမှ ကြိမ်ဖန်များစွာ ကိုယ်ထင်ရှားပြခြင်းအကြောင်း ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသည်။ ယေရှု၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ခရစ်ယာန်တို့က ဝတ်ပြုကိုးကွယ်ခြင်းအားလုံးတွင် အမှတ်ရကျင်းပသည်။ အထူးသဖြင့် မင်္ဂလာ သောကြာ နှင့် အီစတာတနင်္ဂနွေ အပါအဝင် သန့်ရှင်းသော ရက်သတ္တပတ် အတောအတွင်းတွင် ကျင်းပကြသည်။ ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို ခရစ်ယာန် ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွင် အရေးအကြီးဆုံးသော ဖြစ်ရပ်နှစ်ခုဟု အများအားဖြင့် ယူဆကြသည်။ ဤဖြစ်ရပ်တို့သည် ယေရှုတွင် အသက်ရှင်ခြင်းနှင့် သေခြင်းအပေါ် ပိုင်စိုးသောအစွမ်းရှိပြီး ထို့အတွက်ကြောင့် လူသားများကိုလည်း ထာဝရအသက်တာကို ပေးရန် အာဏာနှင့်အစွမ်း ရှိသည်ကို ဖော်ပြသောကြောင့် ဖြစ်သည်။ ခရစ်ယာန် အသင်းတော်များသည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြပါရှိသော ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ချွင်းချက် အနည်းငယ်မျှနှင့် လက်ခံပြီး သွန်သင်ကြသည်။ အချို့ ခေတ်သစ်ပညာရှင်များက ယေရှုနောက်လိုက်များ၏ ယုံကြည်ချက်ဖြစ်သော သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သမိုင်းဝင် ယေရှုကို ဆက်လက်တည်ရှိစေခြင်းနှင့် ရှေးကနဦး အသင်းတော်များ၏ကြေညာချက်များကိုဖယ်ရှားမှုအချက်တစ်ခုအဖြစ်အသုံးပြုသည်။ အချို့လွတ်လပ်ခွင့်ကို လိုလားသောခရစ်ယာန်များသည် ကိုယ်ခန္ဓာနှင့်တကွပြန်လည်ရှင်ပြန်ထမြောက်သည်ကို လက်မခံကြပေ။ ထိုအဖြစ်အပျက်ကို အလွန်သင်္ကေတဆန်ပြီး ဝိညာဉ်ရေးရာ အားပေးသော ဒဏ္ဍာရီအဖြစ် ရှုမြင်ကြသည်။ သေလွန်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့နှင့်ပတ်သက်၍ ပြောဆိုမှုများအပေါ် အငြင်းပွားမှုများသည် ဘာသာရေးဆိုင်ရာ စကားရည်လုပွဲများနှင့် ဘာသာရေးနှီးနှောဖလှယ်ပွဲများ အများအပြားတွင် ဖြစ်ပွားကြသည်။ ရှေးဦး ခရစ်ယာန်ပြောင်းလဲသူနှင့် သာသနာပြုဖြစ်သော တမန်တော် ရှင်ပေါလုက “ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။” ဟုရေးသားခဲ့သည်။ ဓမ္မမင်္ဂလာအမှုများ ခရစ်ယာန်ယုံကြည်မှုနှင့် အကျင့်တွင် ဓမ္မမင်္ဂလာအမှုသည် ခရစ်တော်က စတင်ခဲ့သော ဘုရားဝတ်ပြုခြင်း တစ်ခု ဖြစ်သည်။ ကျေးဇူးတော်နှင့် အထွတ်အမြတ်ထားသော ထူးခြားဆန်းကြယ်မှုကို ကိုယ်စားပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤဝေါဟာရသည် လက်တင်စကားလုံး sacramentum မှ ဆင်းသက်လာပြီး ထူးခြားဆန်းကြယ်မှု ဟူသော စကားလုံးကို ဂရိသို့ ဘာသာပြန်ရန် အသုံးပြုလေ့ ရှိသည်။ မည်သည့် ဘုရားဝတ်ပြုခြင်းများသည် မင်္ဂလာရှိသည် ဆိုသည်နှင့် ၎င်းသည် မင်္ဂလာရှိစေရန် မည်သည့် လုပ်ရပ်ကို ဆိုလိုသည်ဟူသော နှစ်ရပ်စလုံးအပေါ် ရှုမြင်မှုများသည် ခရစ်ယာန် ဂိုဏ်းများနှင့် ဓလေ့ထုံးစံများအကြားတွင် ကွဲပြားမှုရှိသည်။ ဓလေ့ထုံးစံအရ အများဆုံးပြုလုပ်သော ဓမ္မမင်္ဂလာအမှုတစ်ခု၏ လုပ်ဆောင်မှုဆိုင်ရာအဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ခရစ်တော်က စတင်ခဲ့သော အပြင်ပန်း အမှတ်အသားတစ်ခု ဖြစ်ပြီး အတွင်းကျသော အဓိပ္ပာယ်အားဖြင့် ခရစ်တော်မှတဆင့်ခံစားရရှိသော ဝိညာဉ်တော်ဆုကျေးဇူး ဖြစ်သည်။ အကျယ်ပြန့်ဆုံး လက်ခံထားသော ဓမ္မမင်္ဂလာအမှုနှစ်ခုမှာ ဗတ္တိဇံခံခြင်းနှင့် ပွဲတော်မင်္ဂလာယူခြင်း ဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်အများစုသည် ဓမ္မမင်္ဂလာအမှု သို့မဟုတ် မွန်မြတ်သော အံ့ဖွယ်ရာ ခုနစ်ခုကို အသိအမှတ်ပြုကြသည်- ဗတ္တိဇံခံခြင်း၊ အတည်ပြုခြင်း(အော်သိုဒေါ့က်စ် ဓလေ့တွင် ခရစ်ယာန်ဘာသာဝင်ခြင်း)၊နှင့် ပွဲတော်မင်္ဂလာယူခြင်း၊ သန့်ရှင်းသော အမိန့်တော်များ၊ အာပတ်ဖြေခြင်း (အပြစ်ဝန်ခံခြင်း)၊ နာမကျန်းသူကို ဆီမွှေးသုတ်လိမ်း၍ ဘိသိက်ပေး ခြင်း၊ နှင့် လက်ထပ်မင်္ဂလာပြုခြင်းတို့ ဖြစ်သည်။ အတူအကွအားဖြင့် ၎င်းတို့သည် အင်္ဂလိကန်ရိုးရာ အသင်းတော်များဖြစ်သည့်- ရိုမန်ကက်သလစ်၊ အရှေ့ပိုင်း အော်သိုဒေါ့က်စ်၊ အရှေ့တိုင်း အော်သိုဒေါ့က်စ်၊ လွတ်လပ်သော ကက်သလစ်၊ ကက်သလစ်ဟောင်းနှင့် အင်္ဂလိကန်အချို့ တို့က အသိအမှတ်ပြုထားသော ဓမ္မမင်္ဂလာအမှု ခုနစ်ခုဖြစ်သည်။ အခြားသော ဂိုဏ်းခွဲများနှင့် အစဉ်အလာ အများစုသည် ပုံမှန်အားဖြင့် ဗတ္တိဇံခံခြင်းနှင့် ပွဲတော်မင်္ဂလာယူခြင်းကိုသာ ဓမ္မမင်္ဂလာအမှုဟု အတည်ပြုကြသည်။ ကွေ့ကားစ်(Quakers) ကဲ့သို့ အချို့ ပရိုတက်စတင့် အုပ်စုများက ဓမ္မမင်္ဂလာအမှုဆိုင်ရာ ဘာသာရေးအယူဝါဒကို ငြင်းပယ်ကြသည်။ဤဓမ္မမင်္ဂလာအမှုတို့သည် ကျေးဇူးတော်တရားနှင့် ပတ်သက်မှုမရှိဟု ယုံကြည်သော အချို့ခရစ်ယာန် ဂိုဏ်းခွဲများက ၎င်းတို့ကို ဓလေ့ထုံးစံများဟု ခေါ်ရန် နှစ်သက်ကြသည်။ နိုင်ငံအလိုက် ခရစ်ယာန်သာသနာ ခရစ်ယာန်သာသနာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသော နိုင်ငံများအော်သိုဒေါ့က်စ် ခရစ်ယာန်သာသနာ ပရိုတက်စတင့်ဘာသာ ရိုမန်ကက်သလစ်ဘာသာ ကက်သလစ်၊ ပရိုတက်စတင့်နှင့် အော်သိုဒေါ့က်စ်ဟူသော အဓိက ဂိုဏ်းခွဲ၃ အုပ်စုကွဲပြားနေသည့် ယုံကြည်သူ ခန့်မှန်းအရေအတွက်ဖြစ်သော သန်းထောင်ပေါင်း ၂.၁ ခန့် ကြောင့်ခရစ်ယာန်သာသနာသည် ကမ္ဘာ့အကြီးဆုံး ဘာသာတရား ဖြစ်နေသည်။ လွန်ခဲ့သော နှစ်တစ်ရာအတွင်း ခရစ်ယာန်များသည် ကမ္ဘာ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းနှင့် ရပ်တည်နေခဲ့သည်။ ၎င်းသည် ခရစ်ယာန် ယုံကြည်သူလူဦးရေကို အဓိက ပြောင်းလဲစေခဲ့သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် (တစ်နေ့လျှင် ၂၃၀၀၀ ခန့်) ကျယ်ပြန့်စွာ ပွားများလာမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလွန်အမင်းကျဆင်းမှုနှင့် အတူတွဲလျက် ဖြစ်ပေါ်နေသည်။ အဓိကအားဖြင့် ဥရောပနှင့် မြောက်အမေရိက (တစ်နေ့လျှင် ၇၆၀၀ ခန့်) တွင် အများဆုံး ဖြစ်သည်။ ၎င်းသည် ဥရောပ၊ အမေရိကနိုင်ငံများ၊ ဖိလိပိုင်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့တွင် အဓိကကိုးကွယ်သည့်ဘာသာ ဖြစ်နေဆဲ ဖြစ်သည်။ သို့သော် အမေရိကန်ပြည်ထောင်စု ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်း၊ သမုဒ္ဒရာပိုင်းဒေသများ (ဩစတြေးလျနှင့် နယူးဇီလန်)၊ ဥရောပမြောက်ပိုင်း (ဂရိတ်ဗြိတိန်၊စကင်ဒီနေဗီးယားနှင့် အခြားနေရာများ အပါအဝင်)၊ ပြင်သစ်၊ ဂျာမနီ၊ အွန်တေးရီးယို၏ ကနေဒီးယန်း ပြည်နယ်များ၊ ဗြိတိသျှကိုလံဘီယာနှင့် ကွိဘက်နှင့် အာရှ၏အချို့အစိတ်အပိုင်းများ (အထူးသဖြင့် အရှေ့အလယ်ပိုင်း၊တောင်ကိုရီးယား၊ထိုင်ဝမ်နှင့် မကာအို) အပါအဝင် နေရာအများအပြားတွင် လျော့ပါးလာလျက် ရှိသည်။ ခရစ်ယာန်သာသနာကိုအခြေခံဘာသာရေးအဖြစ်ထားရှိသောနိုင်ငံများ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံအများစုတွင် ပြီးခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း ခရစ်ယာန် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်သူများအထဲမှ ခရစ်ယာန်ဟု မိမိကိုယ်မိမိ သတ်မှတ်သောသူများ လျော့ကျလျက် ရှိသည်။ အခြားသူများက ယေဘုယျအားဖြင့် ဘာသာရေး၏ အရေးကြီးမှုကို ယုံကြည်ခြင်းကို ငြင်းပယ်ခြင်း လက္ခဏာများနှင့် ဆက်စပ်ပြောဆိုကြ စဉ်တွင်အချို့အရင်းအမြစ်များက ၎င်းကို မိရိုးဖလာ အသင်းဝင်မှုမှ ဝေးလွင့်ခြင်း၏ တစ်စိတ်တစ်ဒေသသက်သက်သာ ဖြစ်သည်ဟု ရှုမြင်ကြသည်။ ခရစ်ယာန်သာသနာသည် အောက်ပါနိုင်ငံများ၏ နိုင်ငံတော် ကိုးကွယ်မှု အခြေခံ ဘာသာရေးအဖြစ် ပုံစံ တစ်မျိုးသို့မဟုတ်တစ်မျိုးဖြင့် တည်ရှိသည်- အာမေးနီးယား(အာမေးနီးယန်း အပိုစတော်လစ်)၊ဘိုလီးဗီးယား (ရိုမန်ကက်သလစ်)၊ကော်စတာရီကာ (ရိုမန်ကက်သလစ်)၊ဒိန်းမတ် (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊အယ်လ်ဆာဗေဒေါ (ရိုမန်ကက်သလစ်)၊အင်္ဂလန် (အင်္ဂလိကန်)၊ဖင်လန် (အီဗန်ဂျဲလ်လိကယ် လူသေးရန်းနှင့် အော်သိုဒေါ့က်စ်)၊ဂျော်ဂျီယာ(ဂျော်ဂျီယန် အော်သိုဒေါ့က်စ်)၊ဂရိ (ဂရိ အော်သိုဒေါ့က်စ်)၊အိုက်စ်လန် (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊လိချ်တန်စတိုင်း (ရိုမန်ကက်သလစ်)၊မဲလ်တာ (ရိုမန်ကက်သလစ်)၊မိုနာကို (ရိုမန်ကက်သလစ်)၊နော်ဝေ (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊ဆွစ်ဇာလန်(ရိုမန်ကက်သလစ်၊ ရှေးရိုးကက်သလစ်၊သို့မဟုတ် ပရိုတက်စတင့်- ပြည်နယ်အလိုက် ပြောင်းလဲမှုရှိသော ဘာသာရေးဂိုဏ်းခွဲ) နှင့် ဗာတီကန်စီးတီး (ရိုမန်ကက်သလစ်)။ တည်ဆောက်ထားသော ဘုရားရှိခိုးကျောင်း တစ်ခုမျှ မရှိသော်လည်း တစ်ခုသော ခရစ်ယာန်ဘာသာရေး ဂိုဏ်းအဖြစ် တရားဝင် အသိအမှတ်ပြုထားဆဲ ဖြစ်သည့် ဆိုက်ပရပ်စ် ကဲ့သို့သော အခြားနိုင်ငံများစွာလည်း ရှိသည်။ ခရစ်ယာန်သာသနာ၏ အဓိက ဂိုဏ်းခွဲများ ခရစ်ယာန်သာသနာ၏ အဓိက အစိတ်အပိုင်း သုံးမျိုးမှာ ရိုမန်ကက်သလစ်အသင်းတော်၊ အော်သိုဒေါ့က်စ် အသင်းတော်နှင့် ပရိုတက်စတင့်အသင်းတော်တို့ ဖြစ်သည်။ ပရိုတက်စတင့် အသင်းတော်သည် မြန်မာနိုင်ငံတွင် နှစ်ခြင်းခရစ်ယာန် အသင်းတော်ဟူ၍ ခေါ်ဆိုသည်။ ဤအမျိုးအစား သုံးခုထဲမှ တစ်ခုခုနှင့် မကိုက်ညီသော အခြား ခရစ်ယာန် အုပ်စုများရှိသည်။ နိုင်စင်းခရိဒ် (Nicene Creed) ကို “ရိုမန်ကက်သလစ်၊ အရှေ့ပိုင်း အော်သိုဒေါ့က်စ်၊ အင်္ဂလိကန် နှင့် အဓိက ပရိုတက်စတင့် အသင်းတော်များက ခိုင်လုံမှုရှိ၍ ယုံကြည်ထိုက်သည်ဟု လက်ခံထားသည်”။ ၎င်းတို့ကိုယ်ကို ၎င်းတို့ ခရစ်ယာန်ဟု ခေါ်ဆိုသော အုပ်စုများအကြား ခြားနားသော အယူဝါဒများနှင့် အလေ့အကျင့်များ ရှိသည်။ ဘာသာရေးဆိုင်ရာ အယူအဆများအရ အုပ်စုအများအပြားသည် ဤအမျိုးအစားခွဲခြားမှုစနစ်ကို ငြင်းပယ်သည်ဟု သုံးသပ်သော်လည်း ဤအုပ်စုများကို တစ်ခါတစ်ရံ ခရစ်ယာန်ဂိုဏ်းခွဲများအောက်တွင် သတ်မှတ်သည်။ အခြားကွဲပြားမှုမှာ အရှေ့ပိုင်း ခရစ်ယာန်သာသနာနှင့် အနောက်ပိုင်း ခရစ်ယာန်သာသနာအကြား အာရုံစိုက်စရာများ ရှိခြင်းဖြစ်သည်။ ယနေ့ခေတ်တွင်း ပါရာချာပ် ( ဂိုဏ်းကြီးများမှ ခွဲထွက်) ဟူသော အသင်းတော်ငယ်လေးများလည်း ပေါ်ပေါက်ပြီး သာသနာ ပြန့်ပွားရေးကို ဆောင်ရွက်နေကြသည်။ ထိုအသင်းတော်လေးများသည် မည်သည့်ဂိုဏ်းဟု တိကျစွာ မရှိပေ။ မြန်မာနိုင်ငံရှိ ခရစ်ယာန် အသင်းအဖွဲ့များ မြန်မာနိုင်ငံ ခရစ်ယာန် လူငယ်အဖွဲ့အစည်း YMCA မြန်မာ့နိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ MCC ဒေသအလိုက် ခရစ်ယာန် အသင်းချုပ်များ အခြားကြည့်ရန် မြန်မာနိုင်ငံရှိ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ ရည်ညွှန်းကိုးကား ခရစ်ယာန်ဘာသာ
https://my.wikipedia.org/wiki/%E1%80%81%E1%80%9B%E1%80%85%E1%80%BA%E1%80%9A%E1%80%AC%E1%80%94%E1%80%BA%E1%80%98%E1%80%AC%E1%80%9E%E1%80%AC
မြန်မာဘာသာစကား
မြန်မာဘာသာစကား ()သည် မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည်။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman Languages) ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၈သန်းကျော်ခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်သားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။ မြန်မာဘာသာစကားသည် တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုတွင် ပါဝင်သည်။ တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစု (Sino-Tibetan Languages Family) ထဲတွင် ပါသည်။ မြန်မာဘာသာသည် တက်ကျသံရှိသော (tonal) ၊ နိမ့်မြင့်အမှတ်အသားရှိ (pitch-register) ဖြစ်သော၊ ဧကဝဏ္ဏစကားလုံး (monosyllabic) အလွန်များသော ဘာသာစကား ဖြစ်သည်။ ကတ္တား-ကံ-တြိယာ စကားလုံးအစီအစဉ်ဖြင့် ရေးသော သရုပ်ခွဲဘာသာစကား (analytic language) လည်းဖြစ်သည်။ မြန်မာအက္ခရာများသည် ဗြာဟ္မီအက္ခရာ မှ ဆင်းသက်လာသည်။ အတန်းအစားခွဲခြင်း မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကား မိသားစု ၏ ဗမာနွယ်ဘာသာစကားများ (Burmish languages) မှ တစ်ခုဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲတွင် တရုတ်နွယ် ဘာသာစကား (Sinitic) မဟုတ်သည့် ဘာသာစကားများတွင် သုံးစွဲသူ အများဆုံး ဘာသာစကား ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲ၌ မြန်မာဘာသာစကားသည် စာပေအရေးအသားစနစ် ပေါ်ထွန်းခဲ့ရာတွင် တရုတ်စာ၊ ပျူစာ၊ တိဗက်စာနှင့် တောင်ဂွတ်စာ တို့နောက် ပဉ္စမမြောက် ဖြစ်သည်။ ဒေသိယစကားများ ဧရာဝတီမြစ်ဝှမ်း တစ်လျောက်တွင် နေထိုင်ကြသော မြန်မာစကား ပြောဆိုသူများသည် ကွဲပြားခြားနားမှု မပြောပလောက်သော စကားလုံးအသုံးအနှုန်း ကွာခြားမှုသာ ရှိသည်။ သို့သော် စံပြုမြန်မာစကားဖြင့် ကွာခြားသည့် ဒေသိယစကား ပြောဆိုသည့် လူနည်းစုများကို မြန်မာနိုင်ငံ၏ ဘေးအစွန် ဒေသများတွင် တွေ့ရသည်။ အဆိုပါ ဒေသိယစကားများမှာ တနင်္သာရီတိုင်းဒေသကြီး – ဘိတ်စကား၊ ထားဝယ်စကား၊ ပုလောစကား မကွေးတိုင်းဒေသကြီး – ယောစကား ရှမ်းပြည်နယ် – အင်းသားစကား၊ တောင်ရိုးစကား၊ ဓနုစကား ရခိုင်ပြည်နယ်တွင် ပြောဆိုကြသော ရခိုင်စကားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောဆိုကြသည့် မရမာစကား များအား မြန်မာ ဒေသိယစကားများအဖြစ် ယူဆကြသလို တခါတရံ သီးခြားဘာသာစကား များအဖြစ်လည်း ယူဆကြသည်။ ရခိုင်စကားသည် ရှေးဟောင်း မြန်မာစကားနှင့် အတူဆုံးဖြစ်သည် ( အသံသုံးသေးသည်)။ တနင်္သာရီတိုင်း၏သီးခြားစကားများမှာ သံရပ်ကိုတိုးသည်။ ထားဝယ်ဘာသာသည် (ရှေးဟောင်းမြန်မာစာမှ အသုံးပြုသည်) အလယ်သုံးသေးသည်။ စကားအသုံးအနှုန်းနှင့် အသံထွက်များတွင် ကွာခြားမှု ရှိကြသော်လည်း ဗမာဘာသာစကား၏ ဒေသိယစကားများတွင် အပြန်အလှန် နားလည်နိုင်စွမ်း ရှိကြသည်။ အများအားဖြင့် နိမ့်မြင့်သံ လေးမျိုးရှိခြင်းနှင့် ဗျည်းသံများတူခြင်းနှင့် စာရေးသားရန် မြန်မာအက္ခရာများကိုသာ သုံးကြခြင်း စသည်တို့တွင် တူညီကြသည်။ ဧရာဝတီ မြစ်ဝှမ်းဒေသ ရန်ကုန်-မန္တလေး တို့တွင် တစ်ဆက်တစ်စပ်တည်း ပြောဆိုကြသော စံပြု မြန်မာစကားသည် ဧရာဝတီ မြစ်ဝှမ်းတွင် သုံးသော စကားများပင် ဖြစ်သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကြားအဓိက စကားကွာခြားမှုမှာ အသံထွက်ကွာခြားခြင်း မဟုတ်ဘဲ စကားလုံးရွေးချယ်မှု ကွာခြားခြင်းဖြစ်သည်။ ဧရာတီမြစ်ဝှမ်းအတွင်း အသံထွက် ကွာခြားမှု အနည်းငယ် ရှိသည်။ ဥပမာ ရဟန်းသံဃာများကို ကပ်လှူသည့် ဆွမ်းကို အထက်မြန်မာပြည်က ဆွမ်း [sʰwáɴ] ဟု စာလုံးပေါင်းအတိုင်း အသံထွက်သော်လည်း အောက်မြန်မာပြည်တွင် ဆွန်း [sʰʊ́ɴ] ဟု အသံထွက်ပါသည်။ မန္တလေးတွင် ကျား၊ မ မရွေး မိမိကိုယ်ကို "ကျွန်တော်"ဟု ညွှန်းဆို ပြောကြားလေ့ရှိသည်။ ရန်ကုန်တွင်မူ ‘ကျွန်တော်’ကို အမျိုးသားများသာ သုံးကြပြီး အမျိုးသမီးများက "ကျွန်မ"ဟု သုံးနှုန်းသည်။ အထက်မြန်မာပြည်တွင် မိခင်နှင့် ဖခင်ဘက်မှ ဆွေမျိုးသားချင်းများကို ခွဲခြား ခေါ်ဝေါ်နေဆဲ ရှိပြီး အောက်မြန်မာပြည်တွင်မူ သိသိသာသာ ခွဲခြား ထားခြင်း မရှိပေ။ ဥပမာ အထက်မြန်မာပြည်တွင် ဖခင်၏ အမနှင့် ညီမအား အရီးကြီးနှင့် အရီးလေးဟု လည်းကောင်း၊ မိခင်၏ အမနှင့် ညီမအား ဒေါ်ကြီးနှင့် ဒေါ်လေးဟု ခေါ်ဝေါ်ကြသည်။ အောက်မြန်မာပြည်တွင် ဒေါ်ကြီးနှင့် ဒေါ်လေးဟုသာ ခေါ်ဝေါ်သည်။ မြန်မာစကားသည် အထက်မြန်မာပြည်တွင် မြစ်ဖျားခံခဲ့သည် ဆိုသော်လည်း ယနေ့ မြန်မာနိုင်ငံတွင် စံအဖြစ် အသိအမှတ်ပြုထားသည့် လေယူလေသိမ်းနှင့် အသုံးအနှုန်းမှာ ရန်ကုန်မြို့မှ လေယူလေသိမ်းနှင့် အသုံးအနှုန်းများ ဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာလည်း ရန်ကုန်မြို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြို့တော်ဖြစ်လာသည်က တစ်ကြောင်း သတင်းမီဒီယာများ၏ လွှမ်းမိုးမှုကြောင့် တစ်ကြောင်း တို့ကြောင့် ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် မင်းနေပြည်တော်မှာ မန္တလေးမြို့ဖြစ်သောကြောင့် ယခင်ကမူ မန္တလေးမြို့သူ မြို့သားများ ပြောကြားသည့် လေယူလေသိမ်းကို စံအဖြစ် ယူဆကြသည်။ အောက်မြန်မာပြည်တွင် ဘာသာစကားပျံ့နှံ့မှု မြန်မာစကား ပြောသူများ၊ အထူးသဖြင့် ဧရာဝတီ မြစ်ဝှမ်းတွင် နေထိုင်ကြသူများ ကြားတွင် အပြောစကားသည် မှတ်သားဖွယ်ရာပင် ညီညွတ်တူညီသည်။ အဓိကကျသော ပထမအကြောင်းအရင်းမှာ ရိုးရာ ဘုန်းတော်ကြီးကျောင်း ပညာရေး စနစ်ကြောင့် ဖြစ်သည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ပညာရေးကို များစွာ အားပေးပြီး စကားအပြောအဆို အရေးအသားကောင်းမွန် ညီညွတ်အောင် အလေးထား သင်ကြားပေးသည်။ ဗြိတိသျှတို့သည် မြန်မာပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီး ငါးနှစ်အကြာတွင် တစ်ပြည်လုံး ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ကုန်းဘောင်မင်းဆက် နယ်မြေအတွင်း အမျိုးသားများ စာတတ်မြောက်မှုနှုန်းများ ထူးခြားစွာ မြင့်မားနေပြီး ၆၂.၅ ရာခိုင်နှုန်းအထိ ရှိသည်။ စာတတ်မြောက်မှု မရှိသေးသော လူနည်းစုလူမျိုးများရှိရာ တောင်ပေါ်ဒေသအချို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုလျှင် ထိုကိန်းဂဏန်းထက် ပိုမိုများမည်ဖြစ်ရာ ထိုခေတ်အခါအနေဖြင့် အလွန်မြင့်မားသော နှုန်းထားဖြစ်သည်။ အထက်မြန်မာပြည်မှ ဗမာမျိုးနွယ် ဗမာစကားပြောသူများ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့နေထိုင်ကြသည်မှာ များစွာ မကြာသေးသော်လည်း အောက်မြန်မာပြည်တွက်လည်း ​ဗမာလူမျိုးများပျံ့နှံ့နေထိုက်ကြပြီး ၎င်းတို့ကို အောက်သားဟုခေါ်ကြသည်။ ၁၈ ရာစု အလယ်ပိုင်းအထိ အောက်မြန်မာပြည်တွင် မွန်လူမျို၊ ​ဗမာ နှင့်အခြာလူမျိုးများ နေထိုင်ကြပြီး ​ဗမာဘာသာစကားက လွှမ်းမိုးထားသည်။ ၁၇၅၇ ခုနှစ်တွင် မြန်မာစကားပြောသည့် ကုန်းဘောင်မင်းဆက်က ဟံသာဝတီပြည်ကို အနိုင်ရရှိပြီးနောက် စတင်၍ အောက်မြန်မာပြည်တွင် ဗမာစကားကိုသာ အဓိကထား သုံးစွဲလာကြသည်။ ၁၈၃၀ ခုနှစ်ရောက်သော အခါ ၎င်းဒေသတွင် နေထိုင်သူများ၏ ၉၀ ရာခိုင်နှုန်းက ကိုယ့်ကိုကိုယ် ဗမာ ဟု သတ်မှတ်ပြောဆိုကြသည်။ အကြောင်းရင်းမှာ အထက်မြန်မာပြည်မှ ဗမာများ ပြောင်း ရွေ့လာခြင်း၊ ယဉ်ကျေးမှုဓလေ့ ကူးပြောင်းခြင်း၊ မွန်လူမျိုးများ ယိုးဒယားသို့ရွှေ့ပြောင်းခြင်း၊ အပြန်အလှန်သွေးနှောခြင်းများကြောင့် ဖြစ်နိုင်သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ဆန်ထုတ်လုပ်မှု အရှိန်မြှင့်လာခြင်း၊ အထက်မြန်မာပြည်တွင် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းများကြောင့် ရွှေ့ပြောင်းမှုမှာ ပိုမိုများပြားလာခဲ့သည်။ ဧရာဝတီ မြစ်ဝှမ်းဒေသ၏ ပြင်ပ ဧရာဝတီမြစ်ဝှမ်းနှင့် ပိုမိုဝေးကွာလေ ဒေသိယစကားများသည် စံပြုမြန်မာဘာသာစကားနှင့် ပိုမိုဝေးကွာလေဖြစ်သည်။ ၎င်းတို့မှာ ယောစကား၊ ပလောစကား၊ ဘိတ်စကား၊ ထားဝယ်နှင့် အင်းသားစကားတို့ ဖြစ်သည်။ စကားအသုံးအနှုန်းနှင့် အသံထွက်ပုံတို့ များစွာ ကွဲပြားသော်လည်း ဒေသိယစကားများသည် တစ်ခုနှင့် တစ်ခု အပြန်အလှန်လေ့လာနားလည်နိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် တနင်္သာရီ ဒေသရှိ စကားများသည် စံပြုမြန်မာစကားနှင့် နှိုင်းယှဉ်လျှင် ပို၍ ရှေးဆန်သည်။ ရှေးဟောင်း မြန်မာစကားတွင်သာ တွေ့ရသော (လဆွဲ – ဥပမာ – အ္လ ) သံသည် စံပြုမြန်မာစကားတွင် မရှိတော့သော်လည်း ထားဝယ်စကားနှင့် အင်းသားစကားများတွင် ကျန်ရှိနေသေးသည်။ ဘိတ်စကားပြောသူများမှာ ၂၅၀၀၀၀ ခန့်ရှိပြီး ထားဝယ်စကား ပြောသူများမှာ ၄၀၀၀၀၀ ခန့် ရှိသည်။ ရခိုင်စကားတွင် အထင်ရှားဆုံးမှာ ရှေးမြန်မာစကားမှ မပြောင်းလဲပဲ ကျန်ရှိနေသော "ရ" သံ [ɹ]ဖြစ်သည်။ ၎င်းအသံသည် ခေတ်ပေါ် စံပြုမြန်မာစကားတွင် "ယ" သံ [j] အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ နောက်တစ်ခုမှာ 'ဧ' သရသံနှင့် 'ဣ' သရသံတို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် စံပြုမြန်မာစကားတွင် 'ခွေး' ဆိုသော အသံသည် ရခိုင်စကားသံအားဖြင့် "ခွီး" ဟု အသံထွက်ပါသည်။ အသုံးခွဲခြားခြင်း မြန်မာဘာသာစကားတွင် အသုံးမူကွဲ နှစ်မျိုးရှိသောကြောင့် စုံတွဲဘာသာစကား (Diglossia) ဖြစ်သည်။ စာပေဟန် – အမြင့်(မြန်မာစာ) → စာကြီးပေကြီးရေးသားခြင်း၊ သတင်းစာများ၊ အစိုးရ ဌာနဆိုင်ရာ ရုံးစာများ၊ ရုပ်သံ ရေဒီယို သတင်းကြေညာခြင်း၊ မိန့်ခွန်းပြောခြင်း စသည်တို့တွင် သုံးနှုန်းသည့် ပုံစံ ဖြစ်သည်။ စကားပြောဟန် – အနိမ့် (မြန်မာစကား) → နေ့စဉ်သုံး စကားပြောဆိုသောပုံစံ၊ သာမန်ရုပ်သံအစီအစဉ်များ၊ ကာတွန်း/ဝတ္ထုများ စသည်တို့တွင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြောဆိုနေကြသည့် ပုံစံ ဖြစ်သည်။ မြန်မာ စာပေပုံစံသည် သာမန်အားဖြင့် အသုံးမရှိတော့သည့် ရှေးရိုးဆန်သော သဒ္ဒါဆိုင်ရာ စကားလုံးများ (ဥပမာ – ပစ္စည်း၊ဝိဘတ်၊ နာမ်စား၊ သမ္ဗန္ဓ) ကို ဆက်လက်ထိန်းသိမ်းသုံးစွဲလျက် ရှိသည်။ အများအားဖြင့် အရေးပုံစံတွင် သုံးနှုန်းနေသော သဒ္ဒါဆိုင်ရာ စာကားလုံး တို့သည် မြန်မာစကားပြောပုံစံတွင်ရှိသော သဒ္ဒါဆိုင်ရာ စာကားလုံးတို့ဖြင့် လုံးဝ ဆက်စပ်မှုမရှိပါ။ ဥပမာ – နာမ်စား – (မြန်မာစာ အသုံး) ဤ → (မြန်မာစကား အသုံး) ဒီ နာမ်စား – (မြန်မာစာ အသုံး) ထို → (မြန်မာစကား အသုံး) ဟို ဝိဘတ် – (မြန်မာစာ အသုံး) ၌ → (မြန်မာစကား အသုံး) မှာ ပစ္စည်း – (မြန်မာစာ အသုံး) များ → (မြန်မာစကား အသုံး) တွေ ပစ္စည်း – (မြန်မာစာ အသုံး) ၏ → (မြန်မာစကား အသုံး) ရဲ့ သမ္ဗန္ဒ – (မြန်မာစာ အသုံး) နှင့် → (မြန်မာစကား အသုံး) နဲ့ သမ္ဗန္ဒ – (မြန်မာစာ အသုံး) လျှင် → (မြန်မာစကား အသုံး) ရင် စကားပြောဟန်သည် လေးနက်မှု၊ အာဏာခွန်အားနှင့် ခန်းနားထည်ဝါမှု မရှိသောကြောင့် သမိုင်းကြောင်းအားဖြင့် စာရေးသားခြင်းအတွက် စာပေဟန်ကို ပို၍သုံးခဲ့ကြသည်။ ၁၉၆၀ ကျော်အလယ်ပိုင်းနှစ်များမှ စတင်၍ အချို့သော မြန်မာစာရေးဆရာများသည် စာပေဟန်ကို ဖျောက်ဖျက်ပြီး စကားပြောဟန်ဖြင့် အစားထိုးရန် ကြိုးစားခဲ့ကြသည်။ မင်းလတ် ကဲ့သို့ မြန်မာ ဘာသာဗေဒပညာရှင် အချို့က စာပေဟန်မှ ခွဲထွက်ရန်အတွက် အဆိုပြုခဲ့ကြသည်။ စာရေးသားသည့်အခါမှာ စာပေဟန်ကို အတော်များများ အသုံးပြုနေကြ သော်လည်း များမကြာမီကစတင်ပြီး ဟိတ်ဟန်မလိုတဲ့ စာရေးသား ခြင်းကိစ္စတွေမှာ စကားပြောဟန်ကို အသုံးပြုခြင်းဟာ ခေတ်စားလာပြီ ဖြစ်ပါတယ်။ ယနေ့အခါမှာတော့ ရုပ်သံသတင်း၊ ရုပ်ပြစာအုပ်၊ ကြော်ငြာအရေးအသား စသည့် ကိစ္စတွေမှာ စကားပြောဟန် သို့မဟုတ် ပိုမိုရိုးရှင်းပြီး ပေါ့ပါးတဲ့ စာရေးဟန်တွေကို ပြောင်းလဲ အသုံးပြုနေကြပြီ ဖြစ်သည်။ အပြောစကားမှ ယဉ်ကျေးသိမ်မွေ့မှု အဆင့်အလိုက် စကားလုံးသတ်မှတ်ချက်များနှင့် စကားပြောသူတွေရဲ့ အသက်အရွယ်၊ ဆွေမျိုးတော်စပ်မှု စသည့် အနေအထားအရ အရိုအသေပြု ခေါ်ဝေါ်ရတဲ့ အသုံးအနှုန်းတွေ ရှိသည်။ ယဉ်ကျေးသိမ်မွေ့မှုကို ပြသရန်အတွက် "ပါတယ်"၊ "ပါခင်ဗျ" စသည့် ဝိဘတ် များကို မကြာခဏ အသုံးပြုကြသည်။ နာမ်စားတွေမှာလည်း အသုံးပုံစံ အမျိုးမျိုးရှိသည်။ ဆရာ/ဆရာမ၊ အရာရှိ၊ အသက်ကြီးသူ စသည့်သူများအား ခေါ်ဝေါ်ရန်အတွက် ယဉ်ကျေးတဲ့စကားအသုံးအနှုန်းပုံစံတွေ သတ်မှတ်ထားရှိသည်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး ပြောဆိုရေးသားတဲ့ အသုံးအနှုန်းများသည်လည်း သာမန် နေ့စဉ်သုံး စကားပြော အသုံးအနှုန်းများဖြင့် များစွာ ကွာခြားသည်။ ကြိယာနှင့် ကံပုဒ် ဆက်နွယ်ပုံ မြန်မာဘာသာစကားတွင် ကံပုဒ် လာပြီးမှ အနောက်တွင် ကြိယာပုဒ်လိုက်လေသည်။ ဥပမာအားဖြင့် - ထမင်းကို (ကံပုဒ်) + စားသည် (ကြိယာပုဒ်) ဥပမာအားဖြင့် ဂျပန်ဘာသာစကားနှင့် ဤစီရီမှုမျိုးတွင် တူညီသည်။ အင်္ဂလိပ်ဘာသာစကားနှင့် တရုတ်ဘာသာစကားစသည်တို့တွင်မူ ကြိယာပုဒ် လာပြီးမှ အနောက်တွင် ကံပုဒ် လိုက်လေသည်။ တက်ကျသံဘာသာစကား သွင်ပြင်လက္ခဏာတစ်ခုမှာ မြန်မာဘာသာစကားတွင် အသံအနိမ့်အမြင့်ပြောင်းလျှင် စကားလုံးအဓိပ္ပာယ်ပြောင်းခြင်း ဖြစ်သည်။ တက်ကျသံကို အင်္ဂလိပ်ဘာသာစကားတွင် tone ဟုခေါ်သည်။ က၊ ကာ၊ ကား၊ လု၊ လူ၊ လူး၊ ပန့်၊ ပန်၊ ပန်း စသည်ဖြင့် အသံအတက်အကျ ပြောင်းခြင်းသည် တက်ကျသံပြောင်းခြင်း ဖြစ်သည်။ က၊ ကာ၊ ကား ဟူသော စကားလုံးသုံးလုံးသည် ဗျည်းလည်းတူသည်၊ သရလည်းတူသည်၊ တက်ကျသံသာကွဲပြားသည်။ တက်ကျသံကွဲပြားသည်သာမက စကားလုံးတစ်လုံးစီ၏ အဓိပ္ပာယ်လည်း ကွဲပြားသွားသည်။ သူကနေသည်။ သူကာနေသည်။ သူကားနေသည်။ အထက်ပါဝါကျများတွင်တွေ့ရသည့်အတိုင်း တက်ကျသံပြောင်းပြောရုံဖြင့် အဓိပ္ပာယ်များ ပြောင်းသွားသည်။ ဤဘာသာစကားမျိုးကို တက်ကျသံဘာသာစကားဟု ခေါ်သည်။ ထို့ကြောင့် မြန်မာဘာသာစကားသည် တက်ကျသံဘာသာစကားဖြစ်သည်။ စကားလုံးအသံထွက်များ ဤအပိုင်းတွင် နိုင်ငံတကာ အသံထွက်သင်္ကေတ (နိုင်ငံတကာ သဒ္ဒဗေဒအက္ခရာ) များကိုအသုံးပြုထားခြင်းများပါဝသ်သည်။ ဗျည်းများ အောက်ပါတို့သည် ဗျည်းများဖြစ်ကြ၍ ဗျည်းစစ်စစ်ကို ပုံဖော်ရာ၌ "က်၊ ခ်၊ ဂ်..." ဟုရေးသားရသော်လည်း အမြင်ပိုင်းဆိုင်ရာနှင့် ဖတ်ရှုမှု လွယ်ကူစေရန် "က၊ ခ၊ ဂ..." ဟူ၍သာ ဇယားများထဲ၌ ဖော်ပြထားသည်။ ဂျန်နီနှင့် စန်းစန်းနှင်းထွန်း () တို့အရ 'သ' ၏ သင်္ကေတဖြစ်သော θ နှင့် ð တို့သည် ပွတ်တိုက်ဗျည်းများ () များဖြစ်ကြ၍ ထိုသင်္ကေတများနေရာ၌ သွားဌာန်ရပ်သံများဖြစ်သော () ကိုသာသုံးသင့်သည်ဟု ဆိုသည်။ (သရရွေ့) သွားရင်းဗျည်း 'ရ်' () သည် မွေးစားစကားလုံးအချို့တွင် 'ယ်' နေရာ၌ အစားထိုး(တူညီသော) ဗျည်းဖြစ်နိုင်သည်။ ​နောက်ဆုံးနှာသံ သည် မူရင်းနောက်ဆုံးနှာသံ လေးခုဖြစ်သော , , , တို့နှင့် လျှာဖျားကော့ဗျည်း (ပါဠိစာလုံးများ၌သုံးစွဲ) အတွက် အစားထိုးရေးသားနိုင်ကာ နှာသံပြုသင်္ကေတ သေးသေးတင် (ံ) သည် က→ကံ ဟု နှာသံပြရာတွင်သုံးစွဲကြ၍ အများအားဖြင့် နှာသံလယ်နေရာကို အစားထိုးနိုင်လေသည်။ ဥပမာ တံခါး (တန်ခါး, tankhá) ၊ တံတား (တန်တား, tantá) တို့နှင့် ပါဠိနှင့် မူရင်းမြန်မာစကားရှိ ကိုလည်း အစားထိုးနိုင်သည်။ အထူးသဖြင့် ငံ (ငမ်, ngam) ၊ သုံး (သုမ်း, thóum) ၊ ဆုံး (ဆုံးမ်, sóum) တို့ဖြစ်ကြသည်။ သို့သော်လည်း 'ည်' နေရာကိုမူ အစားမထိုးနိုင်ပေ။ 'ည' ကို နှာသံအဖြစ် အသိအမှတ်မပြုထားသောကြောင့်ဖြစ်ကာ 'ည်' သည် အရှေ့အဖွင့်/ပွင့် သရများဖြစ်သော အီး ()၊ အဲ () (သို့) အေး () တို့နှင့် ပို၍ နီးစပ်သည်။ နောက်ဆုံးနှာသံကို သရ၏နှာသံအဖြစ် သတ်မှတ်ယူဆကြသည်။ သံရင်းမျိုးပြားအရ 'လေလမ်းကြောင်းပိတ်ရပ်သံများ'၏ အရှေ့တွင် နှာသံအဖြစ်တည်ရှိနိုင်သည်။ သာဓကပြရလျှင် မုန်တိုင်း (မုန်ဒိုင်း) ကို သဒ္ဒဗေဒပုံစံဖြင့် ဟုရေးသားထားသည်ကို အသံထွက်ကြသည်မှာ အဖြစ် အသံပြုကြလေသည်။ သရများ သရတွဲများကို ပြသရာ၌ တစ်လုံးချင်းစီ၏ အသံကို ရေးသားထားခြင်းဖြစ်သည်။ ထိုအသံနှစ်ခုသည် ပူးပေါင်း၍ လျင်မြန်စွာရွတ်ဆိုရသည်။ ဥပမာ : ဆိုလျှင် အိတ်/အိပ် ၊ ဆိုလျှင် အုတ်/အုပ် ၊ ဆိုလျှင် အောင် စသဖြင့်ဖြစ်၏ ။ လေးသံ မြန်မာဘာသာ သံနေသံထားဘာသာဖြစ်တော့ phonemic ခြားနားချက် သရအသံပေါ်မှာမူတည်သည်။ မြန်မာဘာသာမှာ အသံခြားနားချက်များက လေသံ၊ phonation၊ အသံအ‌ရှိန်၊ အဓွန့်၊ နှင့် သရအရည် အားလုံးပေါ်မှာလည်းမူတည်သည်။ အသံခြားနားချက်လေးခုရှိသည်။ နမူနာမှာ ‌အသံတွေစကားလုံများ၏ အဓိပ္ပယ်ပျောင်းသည်။ နိမ့်သံ (ခါ) တက်သံ (ခါး) သက်သံ (ခ) တိုင်သံ (ခတ်) ပါတဲ့ဝဏ္ဏမှာ တိုင်သံမပါဘူး။ နိမ့်သံ (ခံ) တက်သံ (ခန်း) သက်သံ (ခန့်) အက္ခရာ ဝေါဟာရ မြန်မာဝေါဟာရ အများစုသည် တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) စကားမျိုးနွယ်ဝင်ဖြစ်ပြီး ဧကဝဏ္ဏစကားလုံး(monosyllabic) ဘာသာစကား ဖြစ်သည်။ ။ သို့ပေမဲ့ အချို့ဝေါဟာရများ အထူးသဖြင့် မွေးစားဝေါဟာရများမှာမူ အသံ တစ်သံထက် ပိုထွက်လေ့ရှိသည်။ မွေးစားဝေါဟာရများမှာ များသောအားဖြင့် နာမ် ပုံစံနများ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာ၏ ကျမ်းစာပေ ဘာသာစကားဖြစ်သော ပါဠိဘာသာစကားသည် မြန်မာဘာသာစကားအပေါ် အထူးလွှမ်းမိုးမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူ့အဖွဲ့အစည်းအား ဗုဒ္ဓဘာသာက အထူးလွှမ်းမိုးခြင်း၊ မြန်မာဘာသာစကားနှင့် ပါဠိဘာသာစကားကြား ဆင်တူသည့် အသံထွက်စနစ် ရှိခြင်း၊ မြန်မာစာရေးစနစ် ကိုအသုံးပြု၍ ပါဠိဘာသာစကားကို လုံးဝတိတိကျကျ ရေးသားနိုင်ခြင်း စသည့်အချက်များကြောင့် ဖြစ်သည်။ ပါဠိမှ ဆင်းသက်လာသော မွေးစားစကားလုံးများသည် ဘာသာတရား၊ အစိုးရ၊ ဝိဇ္ဇာ၊ သိပ္ပံ တို့နှင့် ဆက်နွယ်လေ့ ရှိသည်။ ပါဠိစကားလုံးများကို မွေးစားရာတွင် ပုံစံ လေးမျိုးဖြင့် မွေးစားသည်။ တိုက်ရိုက်မွေးစားခြင်း – ပါဠိစကားလုံးအား မူရင်း ပါဠိအတိုင်း ယူသုံးသည် ပါဠိဘာသာစကားဖြင့် "ဒေါသ" → မြန်မာဘာသာစကားဖြင့် "ဒေါသ" ပါဠိဘာသာစကားဖြင့် "လောဘ" → မြန်မာဘာသာစကားဖြင့် "လောဘ" အတိုကောက်မွေးစားခြင်း – ပါဠိစကားလုံးအား အတိုချုံ့၍ ယူသုံးသည် ပါဠိဘာသာစကားဖြင့် "ကမ္မ" → မြန်မာဘာသာစကားဖြင့် "ကံ" ပါဠိဘာသာစကားဖြင့် "အရုဏ" → မြန်မာဘာသာစကားဖြင့် "အာရုဏ်" ပါဠိဘာသာစကားဖြင့် "ကုသလ" → မြန်မာဘာသာစကားဖြင့် "ကုသိုလ်" နှစ်ခါမွေးစားခြင်း – မူရင်းပါဠိစကားလုံးအား မတူညီတဲ့ မြန်မာစကားလုံးနှစ်မျိုးအတွက် ယူသုံးသည် ပါဠိဘာသာစကားဖြင့် "မာန" → မြန်မာဘာသာစကားဖြင့် "မာန" နှင့် "မာန်" ပေါင်းစပ်မွေးစားခြင်း – မြန်မာစကားလုံးနှင့် ပါဠိစကားလုံးများအား ရောစပ်၍ စကားလုံးအသစ် တီထွင် အသုံးပြုသည် လေယာဉ်ပျံ – လေ←(မြန်မာစကားလုံး) + ယာဉ်←(ပါဠိစကားလုံး) + ပျံ←(မြန်မာစကားလုံး) အင်္ဂလိပ်ဘာသာမှ မွေးစားစကားလုံးများသည် သိပ္ပံနှင့်နည်းပညာ၊ တိုင်းတာ ခြင်တွယ်ခြင်း၊ ခေတ်သစ် ပညာရပ်များနှင့် ဆက်နွယ်သည်။ မွန်ဘာသာသည် မြန်မာဘာသာအပေါ် လွှမ်းမိုးမှု မရှိသောကြောင့် မွန်ဘာသာမှ မွေးစားထားသော ဝေါဟာရများနှင့် မြန်မာ ဝေါဟာရများကို ခွဲခြားနိုင်ရန် ခဲယဉ်းလှသည်။ သင်္သကရိုက်ဘာသာ (ဘာသာတရား)၊ တရုတ်ဘာသာ (ကစားနည်းနှင့် အစားအသောက်) နှင့် ဟိန္ဒီဘာသာ (အစားအသောက်၊ အုပ်ချုပ်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး) မွေးစားစကားလုံးများကိုလည်း တွေ့ရသည်။ တစ်ခြားဘာသာများမှ မွေးစားထားသည့် မြန်မာဝေါဟာရများလည်း ရှိသေးသည်။ သာဓက – ဒုက္ခ () – ပါဠိ "dukkha" ရေဒီယို () – အင်္ဂလိပ် "radio" စနစ် () – မွန် "စ္နတ်‌" ကော်ပြန့် () – အင်္ကျီတို (ဖူကျန့်) တရုတ် 潤餅 (jūn-piáⁿ) ဇနီး () – ဟိန္ဒီ पत्नी (jani) ခေါက်ဆွဲ () – ရှမ်း "ၶဝ်ႈသွႆး" ပေ () – ပေါ်တူဂယ် pé အလံ () – အာရပ် alam ပြင်ပလင့်ခ်များ Burmese/Myanmar script and pronunciation at Omniglot Myanmar Unicode Character Picker Myanmar Unicode Implementation Public Awareness Myanmar3 keyboard layout myWin2.2 Fonts supporting Burmese characters Burmese Wikipedia:Font page Burmese Unicode & NLP Research Centre Parabaik Myanmar Unicode Project GPLed and OFLed Myanmar-English Unicode dictionary ကျမ်းကိုး မြန်မာအဘိဓာန်
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%85%E1%80%80%E1%80%AC%E1%80%B8
တောင်အမေရိက
တောင်အမေရိကသည် အမေရိကတိုက်ကြီး (supercontinent) ၏ တောင်ဘက်အပိုင်း တိုက်ဖြစ်သည်။ တောင်အမေရိက သည် အနောက်နှင့်တောင်ကမ္ဘာလုံးခြမ်း၌ ရှိသည်။ အနောက်၌ ပစိဖိတ်သမုဒ္ဒရာ သည် အနားသတ်မျဉ်းအဖြစ်တည်ရှိပြီး အရှေ့နှင့်အမြောက်ဘက်၌ အတ္တလန္တိတ်သမုဒ္ဒရာ သည် အနားသတ်မျဉ်းအဖြစ်တည်ရှိသည်။ အနောက်မြောက်ဘက်၌ ကာရစ်ဘီယံပင်လယ် သည် အနားသတ်မျဉ်းအဖြစ်တည်ရှိသည်။ ၁၅၀၇ခုနှစ်၌ ‌မြေပုံဆွဲပညာရှင်နှစ်ဦး မာတင် ဗလ်ဒ်စီးမြူလာ (Martin Waldseemüller er skikkelig hot) နှင့် မာထီးယားစ် ရင်းမာန်း (Matthias Ringmann er stygg) အမေရီဂို ဗက်စ်ပုချီ (Amerigo Vespucci er pedo) ၏အမည်သုံးပြီး တိုက်ကိုအမည်ပညတ်သည်။ တောင်အမေရိကတိုက်၏ဧရိယာ ၁၇.၈၄ သန်း စတုရန်းကီလိုမီတာ (၆.၈၉ သန်း စတုရန်းမိုင်) ရှိသည်။ ကမ္ဘာမြေ၏ ၃.၅% ရှိသည်။ ၂၀၀၉ ခုနှစ်တွင် လူဦးရေ ၃၈၅ သန်း ကျော် ရှိသည်။ တိုက်များထဲ၌ တောင်အမေရိက၏ ဧရိယာသည် စတုတ္ထအကြီးဆုံး ဖြစ်ပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက တိုက်တို့၏ အနောက်မှ လိုက်သည်။ တိုက်များထဲ၌ တောင်အမေရိကတိုက် ၏လူဦးရေသည် ပဉ္စမမြောက်အများဆုံး ဖြစ်ပြီး အာရှ၊ အာဖရိက၊ ဥရောပ၊ မြောက်အမေရိက တို့၏ အနောက်မှ လိုက်သည်။ တောင်အ‌မေရိကတိုက်သည် ကမ္ဘာသစ်တွင်ပါဝင်‌သော တိုက်ကြီး နှစ်တိုက်အနက် တစ်တိုက်ဖြစ်သည်။ အ‌နောက် ‌လောင်ဂျီကျုမျဉ်း‌ကြောင်း ၃၄ ဒီဂရီနှင့် ၈၂ ဒီဂရီစပ်ကြား တွင်လည်းကောင်း၊ ‌မြောက်လတ္တီကျုမျဉ်း‌ကြောင်း ၁၃ ဒီဂရီနှင့် ‌တောင် လတ္တီကျုမျဉ်း‌ကြောင်း ၅၅ ဒီဂရီစပ်ကြားတွင် လည်းကောင်း တည်ရှိ သည်။ ‌တောင်အ‌မေရိကတိုက်သည် အကြမ်းအားဖြင့် တြိဂံ ပုံသဏ္ဌာန်ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၆.၈၉ သန်းမိုင်ဖြစ်၍ ကမ္ဘာ‌ပေါ်တွင် စတုတ္ထအကြီးဆုံး တိုက်ကြီးဖြစ်သည်။ ထိုအကျယ်အဝန်းသည် ကမ္ဘာကြီးတစ်ခုလုံး အကျယ်အဝန်း၏ ၁၄ ရာခိုင်နှုန်းဖြစ်၏။ လူဦး‌ရေမှာ ၃၈၅သန်း ခန့်မျှ ဖြစ်သည်။ ‌တောင်အ‌မေရိကတိုက်ကို ‌မြောက်အ‌မေရိကတိုက်နှင့် ပနားမား ကျွန်းဆက်က ဆက်သွယ်ထား၏။ သို့ရာတွင် ၁၉၁၄ ခုနှစ် တွင် ပနားမား တူးမြောင်းကို ‌ဖောက်လုပ်ပြီးစီးသည့် အချိန်က စ၍ ‌တောင်အ‌မေရိကတိုက်သည် ‌မြောက် အ‌မေရိကတိုက်နှင့် တဆက်တည်း မဟုတ်‌တော့ဘဲ ကြီးမား‌သော ကျွန်းကြီးတကျွန်း အဖြစ် တစ်ဦးတခြား တည်ရှိ‌နေ‌တော့သည်။ ကိုလံဗပ်သည် ၁၄၉၈ ခုနှစ်တွင် အ‌နောက်အိန္ဒိယကျွန်းစု များကို ရှာ‌ဖွေ‌တွေ့ရှိပြီး‌နောက် ‌အော်ရင်နိုးကိုးမြစ်ဝသို့ ‌ရောက်ခဲ့ဖူး၏။ ထို‌နောက် ဥ‌ရောပတိုက်သား စပိန်နှင့် ‌ပေါ်တူဂီလူမျိုး များသည် ‌တောင်အ‌မေရိကတိုက်သို့ ‌ရောက်ခဲ့ကြ၏။ သူတို့သည် တောင်အမေရိက မြောက်ဘက်ကမ်း‌ခြေသို့ တက်ပြီးလျှင် ‌တောင်ဘက်သို့ တဖြည်းဖြည်း ‌ပြောင်း‌ရွှေ့‌နေထိုင်ခြင်းဖြင့် ပီးရူး၊ အာဂျင်တီးနား၊ ချီလီ အစရှိ‌သောနယ်များကို တည် ‌ထောင်နိုင်ကြ‌လေသည်။ ဘရာဇီးနိုင်ငံ တည်ရှိရာ‌ဒေသကို ၁၅၀၀ ပြည့်နှစ်တွင် ပေါ်တူဂီ လူမျိုးများက ရှေးဦးစွာ ‌တွေ့ရှိခဲ့ကြ၏။ ထိုဥ‌ရောပတိုက်သားများသည် မိမိတို့‌ရောက်‌လေရာ ပြည်နယ်တို့၌ ‌တွေ့ရှိသမျှ‌သော တိုင်းရင်းသားများကို နည်းအမျိုးမျိုးတို့ဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ထိုအခါက ထွန်းကားလျက် ရှိ‌သော တိုင်းရင်း သားယဉ်‌ကျေးမှုများကို ဖျက်ဆီးပစ်ကြ‌လေသည်။ ဘရာဇီး၊ ပီးရူးနှင့် ဘိုလီဗီးယားနိုင်ငံများသည် ‌ရွှေ၊‌ငွေ၊ စိန်၊ ‌ကြေးနီ၊ သံဖြူစ‌သော တွင်းထွက်သတ္တုတို့ဖြင့် ကြွယ်၀‌သောနိုင်ငံများဖြစ်ရကား မျက်နှာဖြူ ဥ‌ရောပတိုက်သားများ သည် ‌တောင်အ‌မေရိကတိုက်ကြီး၏ ‌နေရာတကာ၌ လှည့်ပတ်‌မွှေ‌နှောက် ရှာ‌ဖွေခဲ့ကြ‌လေသည်။ တိုင်းရင်းသား လူမျိုးများမှာ မူကား လွှမ်းမိုးလာသူ လူဖြူတို့၏‌စေခိုင်းသမျှကိုသာ လုပ်ကိုင်‌ပေးကြ ရလေသည်။ ‌တောင်အ‌မေရိကတိုက်၏ အသွင်အပြင် အ‌နေအထားသည် အချို့‌နေရာများတွင် ‌မြောက်အ‌မေရိကတိုက်နှင့် ဆင်ဆင်တူ၏။ ဤတိုက်ကြီးသည် ‌မြောက်အ‌မေရိကတိုက်ကဲ့သို့ပင် ‌မြောက်ပိုင်း၌ ကျယ်ပြန့်၍ ‌တောင်ပိုင်းသို့ တဖြည်းဖြည်း ‌သေးငယ် ကျဉ်း‌မြောင်း သွား‌လေသည်။ အ‌နောက်ပိုင်းဖြစ်‌သော ပစိဖိတ်ကမ်း‌ခြေဘက်၌ ‌တောင်နှင့်‌မြောက် စီတန်းလျက်တည်ရှိ‌သော မြင့်မား ရှည်လျားသည့် ‌တောင်တန်းကြီးတစ်ခုရှိ၏။ ထို‌တောင်တန်းကြီးကို အန်းဒီး‌တောင်တန်းကြီးဟု‌ခေါ်သည်။ ဤအန်းဒီး‌တောင်တန်းသည် အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာ‌တောင်တန်းကလွဲလျှင် ကမ္ဘာ‌ပေါ်တွင် အမြင့်ဆုံး‌တောင်တန်းဖြစ်သည်။ အန်းဒီး‌တောင်တန်းထဲတွင်ပါဝင်၍ ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံ နှစ်ခုစပ်ကြားတွင်တည်ရှိ‌သော အားကွန်ကားဂွါး‌တောင်ထိပ်သည် အမြင့်‌ပေ‌ပေါင်း ၂၂,၈၃၅ ‌ပေရှိ၍ ကမ္ဘာသစ်တွင် အမြင့်မားဆုံး တောင်ထိပ်ဖြစ်သည်။ အန်းဒီး‌တောင်တန်းတွင် မီး‌တောင်‌ပေါများ၏။ မီး‌တောင်များ မကြာခဏ ‌ပေါက်ကွဲမှု ကြောင့် လူ တိရစ္ဆာန်နှင့်တကွ မြို့ရွာအ‌ဆောက်အအုံများ ပျက်စီးကြရလေသည်။ ‌တောင်အ‌မေရိကတိုက်သည် ဥ‌ရောပတိုက်ထက် သုံးဆ‌ကျော်မျှ ပိုမိုကြီးမား‌သော်လည်း ပင်လယ်ကမ်းရိုး၏ အလျားမှာမူကား ဥ‌ရောပတိုက် ပင်လယ်ကမ်းရိုးတန်းထက် တို‌လေသည်။ ကမ်းရိုးတန်းသည် ‌တောင်ဘက်အစွန်းမှတစ်ပါး ကျန်‌နေရာများတွင် အ‌ကွေ့အ‌ကောက် နည်းပါး၏။ ပင်လယ်‌ကွေ့များလည် နည်းပါးသဖြင့် ဆိပ်ကမ်း‌ကောင်းဟူ၍ မရှိလှ‌ချေ။ ပကတိအသွင်အပြင် အ‌နေအထားအရ ‌တောင်အ‌မေရိက တိုက်ကို အပိုင်း ၄ ပိုင်း ခွဲခြားနိုင်၏။ ယင်းတို့မှာ (၁) ပစိဖိတ်ကမ်း‌မြောင်‌ဒေသ (၂) အန်းဒီး‌တောင်တန်း‌ဒေသ (၃) အလယ်ပိုင်းလွင်ပြင်‌ဒေသ (၄) အ‌ရှေ့ပိုင်း ‌တောင်ကုန်း‌ဒေသဟူ၍ ဖြစ်‌လေသည်။ ၁၉ ရာစုနှစ်စက ‌တောင်အ‌မေရိက တိုင်းရင်းသားလူမျိုး များသည် နှစ်‌ပေါင်းသုံးရာနီးပါးမျှ စိုးမိုးအုပ်ချုပ်ခဲ့‌သော နယ် ချဲ့သမား စပိန်နှင့် ‌ပေါ်တူဂီလူမျိုးတို့ကို အပြင်းအထန် ‌တော်လှန်တိုက်ခိုက်ကြပြီးလျှင် လွတ်လပ်‌သော သမ္မတနိုင်ငံ များကို တည်‌ထောင်ခဲ့ကြ‌လေသည်။ ထို‌ကြောင့် ယခုအခါ ‌တောင်အ‌မေရိကတိုက်တွင် သမ္မတနိုင်ငံ‌ပေါင်း ၁၀ နိုင်ငံရှိ‌လေ သည်။ ယင်းတို့မှာ ဗရာဇီး၊ ဗင်နီဇွီးလား၊ ကိုလုံးဘီးယား၊ အက်ကွာ‌ဒေါ၊ ပီရူး၊ ဗိုလစ်ဗီးယား၊ ချီလီ၊ အာဂျင်တီးနား၊ အုရူ‌ဂွေးနှင့် ပါရဂွေးတို့ဖြစ်၏။ ကိုလိုနီနယ်များဟူ၍လည်း ယခုထက်တိုင် ကျန်ရှိ‌နေ‌သေးရာ ယင်းတို့မှာ ဗြိတိသျှ၊ ပြင်သစ်နှင့် ဒပ်ချအစိုးရတို့က အသီးသီးပိုင်ဆိုင်‌သော ဂီယား နားနယ် သုံးနယ်ဖြစ်‌လေသည်။ ပစိဖိတ် ကမ်း‌မြောင်‌ဒေသသည် အီ‌ကွေတာမျဉ်း‌ကြောင်း ‌မြောက်ဘက်၌ စိုစွတ်ထိုင်းမှိုင်း၍ ပူအိုက်‌သော ရာသီအစွမ်း ‌ကြောင့် သစ်‌တောကြီးများ ဖုံးအုပ်‌နေ၏။ ပီးရူးနှင့် ချီလီနိုင်ငံ ‌မြောက်ပိုင်း‌ဒေသတို့တွင် မိုးနည်းပါးသည်။ ဗယ်လပရိုက်မြို့ ပတ်ဝန်းကျင်ရှိအရပ်ကိုကား ‌မြေထဲပင်လယ် ရာသီဥတု‌ဒေသ ဟု‌ခေါ်၏။ ထို‌ဒေသ၌ ဓာတ်သတ္တု အ‌မြောက်အမြားထွက်၍ သစ်သီးဝလံများကိုလည်း စိုက်ပျိုးကြ‌လေသည်။ ‌တောင်ဘက် အစွန်ဆုံးသို့ ‌ရောက်‌သောအခါ သမပိုင်း သစ်‌တော‌ဒေသကို ‌တွေ့ရ၏။ ဤ‌ဒေသ၌ တစ်နှစ်ပတ်လုံး မိုးရွာသွန်း၍ သစ်‌တော ထူထပ်‌သော‌ကြောင့် သစ်အမျိုးမျိုးထွက်သည်။ အခြားထွက်ကုန် များမှာ အမဲသား၊ ငါးနှင့် သိုး‌မွေးတို့ဖြစ်၏။ အန်းဒီး‌တောင်တန်း‌ဒေသကို ‌မြောက်ပိုင်း အလယ်ပိုင်းနှင့် ‌တောင်ပိုင်းဟူ၍ သုံးပိုင်းခွဲခြားနိုင်၏။ ‌မြောက်ပိုင်းနှင့် ‌တောင် ပိုင်းမှာ ‌ကောင်းမွန်‌သော ရာသီဥတုရှိ၍ ထွက်ကုန်‌ပေါများ၏။ ‌မြောက်ပိုင်း‌တောင်တန်းများမှာ အီ‌ကွေတာမျဉ်း‌ကြောင်းကို ဖြတ် သန်းတည်ရှိ‌သော‌ကြောင့် အီ‌ကွေတာတစ်‌လျှောက်ရှိ ‌ဒေသများ၌ ‌တွေ့၇‌သော ရာသီဥတုမျိုးရှိ‌သော်လည်း ကုန်းမြင့်‌သော‌ကြောင့် အ‌အေးဓာတ် ပိုများ၏။ မိုးများစွာရွာသွန်း၍ အထူးသဖြင့် အ‌နောက်ဘက်ကမ်း‌ခြေပိုင်းတွင် ပို၍စိုစွတ်သည်။ မူလက အန်း ဒီး‌မြောက်ပိုင်း‌ဒေသတွင် ထူထပ်‌သော သစ်‌တောများရှိခဲ့ရာ၊ ယခုအခါ ထိုသစ်‌တောများကို ခုတ်ထွင်ရှင်းလင်းပြီးလျှင် ကိုကိုးပင်၊ ငှက်‌ပျောပင် စသည်တို့ကို စိုက်ပျိုးကြ‌လေသည်။ မြင့်‌သော ‌တောင်‌ပေါ်‌ဒေသများတွင်ကား မြက်ခင်းများရှိ၍ ကျွဲနွား ‌မွေးမြူခြင်း သို့မဟုတ် ကာဖီစိုက်ပျိုးခြင်းလုပ်ငန်း များကို လုပ်ကိုင်ကြ၏။ အက်ကွာ‌ဒေါနိုင်ငံ၏ ‌တောင်ပိုင်းတွင် ‌တောင်တန်းသုံးခု သည် ပီးရူးနိုင်ငံကိုဖြတ်၍ ‌တောင်ဘက်သို့ဆင်းသွား၏။ ထို ‌ဒေသတစ်ဝိုက်တွင် ဂျုံ၊ ဗာလီနှင့် အာလူးများကို စိုက်ပျိုးကြ ၏။ ‌ငွေ၊ ‌ကြေးနီစ‌သော ဓာတ်သတ္တုများလည်း ထွက်‌လေ သည်။ ဗိုလစ်ဗီးယားနိုင်ငံထဲတွင် အန်းဒီး‌တောင်တန်းသည် မိုင် ၄၀၀ မှ ၅၀၀ အထိကျယ်ပြန့်ရာ ဤ‌နေရာတွင် အကျယ်ပြန့် ဆုံးဖြစ်‌လေသည်။ အန်းဒီး‌တောင်ပိုင်း‌ဒေသသည် မိုးများ၍ သစ်‌တောထူထပ် ၏။ ချီလီနိုင်ငံ အလယ်ပိုင်းသည် အန်းဒီး‌တောင် တန်း‌ဒေသ တစ်‌လျှောက်တွင် လူဦး‌ရေ အများဆုံး‌နေရာဖြစ်၏။ ဗိုလစ်ဗီး ယားနိုင်ငံမှ လွန်‌သော် အန်းဒီးသည် ‌တောင်တန်းတစ်ခုလည်း ဖြစ်သွား၏။ အ‌မေရိကတိုက်တွင် အမြင့်ဆုံးဖြစ်‌သော အားကွန် ဂွါး‌တောင်ထိပ်သည် ဤ‌ဒေသ၌ တည်ရှိ၏။ ‌တောင်တန်းသည် ထို‌နေရာမှ ‌တောင်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွား‌လေ သည်။ အလယ်ပိုင်း လွင်ပြင်‌ဒေသတွင် မြစ်ဝှမ်းကြီး သုံးခုရှိ၏။ ယင်းတို့မှာ ‌အောင်ရင်နိုးကိုး မြစ်ဝှမ်း၊ အမ္မဇုန် မြစ်ဝှမ်းနှင့် ပလိတ်မြစ်ဝှမ်းတို့ဖြစ်သည်။ မြစ်ဝှမ်းတစ်ခုနှင့် တစ်ခုစပ်ကြား တွင် ကုန်းမြင့်တစ်ခုစီခြားလျက်ရှိ၏။ ‌အောင်ရင်နိုးကိုးမြစ်ဝှမ်း အ‌နောက်ပိုင်းသည် ကိုလုံးဗီးယားနိုင်ငံနှင့် ဗင်နီးဇွီးလားနိုင်ငံ နှစ်နိုင်ငံထဲသို့ ကျ‌ရောက်‌နေ၏။ ဤ‌ဒေသ၌ ပူအိုက်‌သော ရာသီဥတုရှိ၍ ကျယ်ပြန့်‌သော မြက်ခင်းကြီးများကို ‌တွေ့ရှိ နိုင်၏။ ထိုအရပ်၌ ‌နေထိုင်ကြ‌သောလူများသည် ကျွဲနွားသိုး ဆိတ်များ ‌မွေးမြူခြင်းဖြင့် ‌နေထိုင်စား‌သောက်ကြ၏။ ဤအပိုင်း မှာ လူ‌နေအလွန်နည်းပါး‌လေသည်။ ‌အော်ရင်နိုးကိုးမြစ်ဝှမ်း အ‌ရှေ့ပိုင်းမှာ စိုစွတ်၍ ရွှံ့‌စေး‌ပေါများပြီးလျှင် သစ်‌တောထူထပ် ‌လေသည်။ အမ္မဇုန်မြစ်ဝှမ်းသည် ဗရာဇီးနိုင်ငံ ‌မြောက်ပိုင်းတွင် တည် ရှိ၍ အ‌နောက်ဘက်သို့ အန်းဒီး‌တောင်တန်း‌ဒေသအထိ ကျယ် ပြန့်‌လေသည်။ ရာသီဥတုမှာ ပူအိုက်၍ ကျန်းမာခြင်းနှင့်မညီ ‌ချေ။ မိုးအ‌မြောက်အမြား ရွာသွန်း၏။ သစ်‌တောများ ထူထပ်စွာ ‌ပေါက်‌ရောက်၍ ရွှံ့နွံ‌ဒေသ‌ပေါများ‌လေသည်။ ဤ ‌ဒေသတွင်‌နေထိုင်ကြ‌သော လူမျိုးများမှာ ‌ရှေးကျ‌သော တိုင်း ရင်းသားလူမျိုးများဖြစ်၍ ‌ရှေးကျ‌သော လယ်ယာစိုက်ပျိုးခြင်း စံနစ်ကိုပင် အမှီပြုကာ ‌နေထိုင်စား‌သောက်ကြ‌လေသည်။ သစ်‌တောများတွင် အဖိုးတန်သစ်ပင်များ ရှိ‌သော်လည်း ခရီး လမ်း ခက်ခဲမှု‌ကြောင့် ထိုသစ်ပင်များကို ခုတ်လှဲ‌ရောင်းချခြင်း မပြုနိုင်‌ချေ။ လွင်ပြင်‌ဒေသ၏ တတိယအပိုင်းမှာ ပါရာနာ၊ ပါရဂွေးနှင့် အုရူ‌ဂွေး မြစ်ဝှမ်း‌ဒေသများပင်ဖြစ်၏။ ဤလွင်ပြင်‌ဒေသသည် အာဂျင်တီးနား၊ ပါရဂွေး၊ အူရူ‌ဂွေးနှင့် ဗရာဇီး‌တောင်ပိုင်း‌ဒေသ များကို လွှမ်းခြုံတည်ရှိ၏။ ‌မြေဩဇာထက်သန်​ကောင်းမွန်၍ ရှည်လျား‌သော မြက်ပင်များ ‌ပေါက်‌ရောက်‌လေသည်။ မိုးနည်း ပါးသည့်အပိုင်း၌ သာမန်မြက်ခင်းများရှိသည်။ အ‌ရှေ့‌တောင်ပိုင်း လွင်ပြင်‌ဒေသ၌ မိုး‌ကောင်း၍မျှတ၏။ သို့ရာတွင် အတွင်းဘက် အန်းဒီး‌တောင်တန်း၌မူကား မိုးနည်းပါးသည်။ ပါရဂွေးနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံ ‌မြောက်ပိုင်းတို့၌ ‌နွေရာသီတွင် အလွန်ပူ ပြင်း၏။ ၁၈၁၀ ပြည့်နှစ်မတိုင်မီက ဤလွင်ပြင်‌ဒေသများတွင် လူသူတစ်စုံ တစ်‌ယောက်မျှ မ‌နေထိုင်ခဲ့ကြ‌ချေ။ ထို‌နောက်မှသာ လူများလာ‌ရောက်‌နေထိုင်စ ပြုကြပြီးလျှင် လယ်ယာကိုင်းကျွန်း လုပ်ငန်းများကို လုပ်ကိုင်ကြ‌လေသည်။ မီးရထားလမ်းများကို ၁၈၇ဝ ပြည့်နှစ်တွင် စတင်‌ဆောက်လုပ်ခဲ့ကြရာ ယခုအခါ မီးရထားလမ်းများသည် ပိုက်ကွန်ကဲ့သို့ တစ်ခုနှင့်တစ်ခု ယှက် လျက်ပင် ရှိ‌နေ‌လေပြီ။ ဤ‌ဒေသ၌ နွား၊ သိုး၊ ဆိတ် ‌မွေးမြူခြင်းသည် အဓိက လုပ်ငန်းဖြစ်၏။ ပလိတ်မြစ်ဝကျွန်း‌ပေါ်‌ဒေသတွင် ဂျုံနှင့် ‌ပြောင်းဖူးကို အ‌မြောက်အမြား စိုက်ပျိုးလုပ်ကိုင်ကြ၏။ ‌မြောက် ပိုင်းဖြစ်‌သော ပါရာနာ မြစ်ကမ်းတစ်‌လျှောက်၌ကား ကြံခင်း များကို ‌တွေ့ရှိနိုင်‌ပေသည်။ အ‌ရှေ့ပိုင်း‌တောင်ကုန်း‌ဒေသ သို့မဟုတ် ဗရာဇီးကုန်းမြင့် ‌ဒေသတွင် ဗိုလစ်ဗီးယားနိုင်ငံအ‌နောက်ပိုင်းနှင့် ဗရာဇီးနိုင်ငံတို့ ပါဝင်ကြ၏။ ဤကုန်းပြင်မြင့်သည် အ‌ရှေ့ပိုင်း၌ ‌ပေ ၂၀၀၀ ‌ကျော်မြင့်၍၊ အတွင်းဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွား ‌လေသည်။ ထို‌ဒေသသည် တြိဂံကဲ့သို့ ပုံသဏ္ဌာန်ရှိ၍ အတ္တ လန္တိတ်ကမ်း‌ခြေပိုင်း၌ အကျယ်ပြန့်ဆုံးဖြစ်၏။ ဗရာဇီးကုန်းမြင့်‌ဒေသသည် ပူအိုက်‌သော ရာသီဥတုရှိ၍ မိုးများ၏။ ပူအိုက်၍ ရွှံ့နွံ‌ပေါများ‌သော အရပ်များ၌ ‌တောထူ ထပ်‌သော်လည်း ဤ‌နေရာများတွင် မြက်ခင်းများနှင့် ‌သေးငယ် ‌သော သစ်‌တောများကိုသာ ‌တွေ့ရှိနိုင်‌လေသည်။ ဤ‌ဒေသ၏ ‌တောင်ပိုင်း၌ နွား‌မွေးမြူသည့် လုပ်ငန်းများကို လုပ်ကိုင်ကြ၏။ ကာဖီပင် စိုက်ပျိုးခြင်းသည် ဗရာဇီးနိုင်ငံ၏ အဓိကလုပ်ငန်းကြီး ပင် ဖြစ်‌လေသည်။ စန်‌ပေါ်လိုနှင့် ဝိတိုရိယမြို့ နှစ်မြို့စပ်ကြားရှိ ဆင်‌ခြေ‌လျှော ‌တောင်‌စောင်းများတွင် ကာဖီအများဆုံးစိုက်ပျိုး ၏။ ထို‌ဒေသ၏ ‌မြောက်ဘက်၌ သံထွက်‌သော‌နေရာများကို ‌တွေ့ရှိကြ၏။ သို့ရာတွင် တူး‌ဖော်ခြင်း မပြုလုပ်နိုင်‌သေး‌ချေ။ ဗရာဇီးနိုင်ငံအတွင်း၌ ယခုအခါ လူဦး‌ရေ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာ၏။ ကာဖီစိုက်ပျိုးခင်းများရှိသည့် ‌နေရာများတွင် လူအ‌နေများ၏။ အထူးသဖြင့် ရီးအိုဒါဇနဲရိုး မြို့တစ်ဝိုက်သည် ‌တောင်အ‌မေရိကတိုက်တွင် လူဦး‌ရေ အထူ ထပ်ဆုံးဖြစ်သည်။ ‌တောင်အ‌မေရိကတိုက်တွင် ပင်လယ်ဆိပ်ကမ်းမြို့ လွန်စွာ နည်းပါး၏။ ရှိသမျှ ဆိပ်ကမ်းမြို့များမှာလည်း အများအားဖြင့် အတ္တလန္တိတ် ကမ်း‌ခြေဘက်တွင်သာ တည်ရှိကြ‌လေသည်။ အဘယ်‌ကြောင့်ဆို‌သော် နိုင်ငံခြားသို့တင်ပို့၇‌သော အ‌ရေးကြီး သည့် ထွက်ကုန်များမှာ အဆိုပါ ကမ်း‌ခြေတစ်‌လျှောက်တွင်သာ အများအပြား ထွက်‌သော‌ကြောင့်တည်း။ ‌တောင်အ‌မေရိကတိုက်ရှိ မြစ်ကြီးများသည် ပြည်တွင်း သယ်ယူပို့‌ဆောင်‌ရေးလုပ်ငန်းတွင် များစွာ အ‌ထောက်အပံ့ရ သည်။ ပင်လယ်ကူး သ‌င်္ဘောကြီးများသည် အမ္မဇုန်မြစ်အတွင်း သို့ မိုင်‌ပေါင်း ၁၀၀၀ အထိ ခုတ်‌မောင်းနိုင်၍ သ‌င်္ဘောအငယ် စားများမှာ မြစ်ဝမှ မိုင် ၁၇ဝ၀ ကွာ‌ဝေး‌သော ပီးရူးနိုင်ငံ အတွင်းရှိ အီကီးတိုးမြို့အထိ ဆန်တက်နိုင်ကြ‌လေသည်။ ဤ‌ဒေသ၌ မီးရထားလမ်း အနည်းငယ်သာရှိ၍ ‌မော်‌တော်ကားလမ်းလည်း မများလှ‌ချေ။ ‌တော‌တောင်ထူထပ် ခြင်းသည် မီးရထားလမ်း ‌ဖောက်လုပ်‌ရေးလုပ်ငန်းကို ခက်ခဲ ‌စေ၏။ သို့ဖြစ်၍ တစ်နယ်မှတစ်နယ်သို့ ကူးသန်းသွားလာ‌ရေး အတွက် ‌လေ‌ကြောင်းခရီးကို အားကိုးပြုကြရလေသည်။ ‌တောင်အ‌မေရိကတိုက်စာ‌ပေ။။ ‌တောင်အ‌မေရိကတိုက်၌ လွှမ်းမိုး‌သော ဘာသာစကားသည် စပိန်စကားဖြစ်သည်။ ထို့‌ကြောင့် ‌တောင်အ‌မေရိကတိုက်စာ‌ပေ ဟူရာ၌ ‌တောင်အ‌မေရိကတိုက်တွင် သုံးစွဲ‌သော စပိန်စာ‌ပေကို ဆိုလို‌ပေသည်။ ထိုစာ‌ပေသည် လွန်ခဲ့‌သော နှစ်‌ပေါင်း ၄၀၀ အထက်တွင် ‌တောင်အ‌မေရိကတိုက်သို့ နယ်သစ်တည်၍ သာသနာပြုရန်လာ‌ရောက်ကြ‌သော စပိန်နှင့် ‌ပေါ်တူဂီလူမျိုး တို့က မိမိတို့၏ဇာတိဌာ‌နေသို့ ‌ရေးသားတင်သွင်း အစီရင်ခံကြ ‌သောစာများမှ အစပြု၍ ဖြစ်ထွန်းလာ‌သော စာ‌ပေဖြစ်သည်။ ၁၆ ရာစုနှစ် ကုန်ဆုံးခါနီး၌ မက္ကဆီကိုပြည်နယ်နှင့် ပီးရူးနိုင်ငံ ရှိ လီမာမြို့‌တော်တို့သည် ပညာဗဟုသုတအရာတို့၌ အချက် အခြာ‌ဒေသများ ဖြစ်ခဲ့‌လေရာ၊ ထို‌ခေတ်၌ ‌ပေသရို‌သေအိုညာ (ခရစ် ၁၅၇၁ ခုနှစ်)အမည်ရှိ ချီလီပြည်နယ်သား ကဗျာ ဆရာ၏ အဲပစ်ကဗျာသည် ၁၅၉၆ ခုနှစ်တွင် များစွာ ထင်‌ပေါ် ‌ကျော်‌စော လာခဲ့သည်။ ၁၇ ရာစုနှစ်၌မူ ပြဇာတ်များ ‌ခေတ်စား လာ၍၊ ဟွန်းရူးအီး‌သေအားလားကွန်းသည် ထင်ရှား‌သော ပြဇာတ်ဆရာကြီးဖြစ်ခဲ့သည်။ ထို့ပြင် ထို‌ခေတ်က အဓိပ္ပာယ် နက်နဲ‌သော ဂမ္ဘီရကဗျာများလည်း များစွာ တွင်ကျယ်ခဲ့‌လေ သည်။ ဝတ္ထုအ‌ရေး အသားမှာကား ၁၈ ရာစုနှစ်တွင် ထင်‌ပေါ် လာခဲ့‌လေသည်။ မက္ကဆီကိုပြည်သား ဝတ္ထု‌ရေးဆရာ ဖာနန်း‌ဒေး ‌သေ လီဆားသီ၏ဝတ္ထုသည် ‌တောင်အ‌မေရိကတိုက်စာ‌ပေတွင် ထူးခြား‌သော ဝတ္ထုဖြစ်သည်။ ၁၉ ရာစုနှစ်သို့ ‌ရောက်‌သော် ‌တော်လှန်‌ရေးအမျိုးမျိုးများ ဖြစ်ပွား‌နေသည့်အထဲတွင် နိုင်ငံနှင့်အမျိုးကိုချစ်‌သော ရသ‌ပေါ်‌အောင် ဖွဲ့နွဲ့သည့်ကဗျာများ ‌ပေါ်‌ပေါက်လာပြီးလျှင် ‌တော်လှန်‌ရေးများ ပြီးစီးသွား‌သောအခါ တိုင်းရင်းသားတို့သည် စပိန်နိုင်ငံနှင့်စပ်ဆိုင်‌သော အ‌ကြောင်း အရာတို့ကို ဖွဲ့နွဲ့စပ်ဆိုခြင်းကို ငြီး‌ငွေ့ရွံရှာလာကြပြီးလျှင် မိမိ တို့‌နေရပ်ဌာနီနှင့် စပ်ဆိုင်ရာအ‌ကြောင်းတို့ကို ဖွဲ့နွဲ့‌ရေးသားလာ ကြ‌လေသည်။ ၁၉ ရာစုနှစ်‌နောက်ပိုင်း၌ ‌တောင်အ‌မေရိကတိုက် ၏ဇာတိကို ‌ဖော်ပြရာဖြစ်‌သော မြင်းစီးသူရဲ နွား‌ကျောင်းသား ‌ဂေါင်ချိုတို့၏ဘဝကို ဖွဲ့နွဲ့သည့်ကဗျာများသည် အာဂျင်တိုင်းပြည် နယ်တွင် ထွန်းကားလာ‌လေသည်။ ထို‌ခေတ်တို့မှ လွန်လာ‌သောအခါ စာ‌ပေ‌လောကတွင် ကဗျာ ကို ပိုမို၍ တိုးတက်ဖွံ့ဖြိုး‌အောင်လုပ်‌သော ‌ခေတ်သစ်စာ‌ပေဂိုဏ်း နှင့် အမျိုးသားစိတ်ဓာတ်ကိုလှုံ့‌ဆော်‌ပေး‌သော အမျိုးသားစာ‌ပေ ဂိုဏ်းဟူ၍ နှစ်မျိုးထွန်းကားလာ‌လေသည်။ သို့‌သော် ဤ‌ခေတ် တွင် ထွန်းကား‌သော ‌တောင်အ‌မေရိကတိုက်စာ‌ပေမှာမူ ခရစ် ၁၉၁၀ ပြည့်နှစ်တွင် စတင်ဖြစ်‌ပေါ်ခဲ့‌သော မက္ကဆီကို‌တော်လှန် ‌ရေးမှ အစပြုသည်။ ထို‌တော်လှန်‌ရေးမှာ ဆင်းရဲသားလူထု၏ ‌မြေယာ‌တော်လှန်‌ရေးဖြစ်‌လေရကား မာရီယာနိုအာ‌ဇွေးလားနှင့် လို‌ပေ့အီဖွိန်း‌တေးဟူ‌သော စာ‌ရေးဆရာတို့သည် အဖိနှိပ်ခံ လူတန်းစားတို့၏အ‌ကြောင်းကို ‌ရေးသားလာကြ‌လေသည်။ ထိုမှသည် ‌တောင်အ‌မေရိ ကတိုက်အတွင်းရှိ လူထုအ‌ကြောင်း၊ ထိုလူထုတို့ မှီတင်း‌နေထိုင်ရာ‌ဒေသအ‌ကြောင်း စသည့်တို့နှင့် ဆိုင်‌သော ဝတ္ထုတို့ ‌မြောက်မြားစွာ ‌ပေါ်‌ပေါက်လာ‌လေရာ၊ မျက်‌မှောက်ကာလတွင် ဝတ္ထု‌ခေတ်သည် ဖွံ့ဖြိုးလာသည်ဟု ဆိုရမည်ဖြစ်သည်။ ယခုအခါ ‌တောင်အ‌မေရိကတိုက်နှင့် စပ်လျဉ်းသမျှကို ‌မြောက်အ‌မေရိကတိုက်နှင့် ခြားနား‌လေ‌အောင် လက်တင် အ‌မေရိကဟု ‌ခေါ်‌ဝေါ်‌လေ့ရှိသည့်အား‌လျော်စွာ ‌တောင် အ‌မေရိကတိုက်စာ‌ပေကို လက်တင်အ‌မေရိက စာ‌ပေဟုလည်း ‌ခေါ်‌ဝေါ်ကြသည်။ စပိန်လူမျိုးတို့၏ အနွယ်ဖြစ်၍ စပိန် ဘာသာကိုမူတည်‌သော အချက်‌ကြောင့်လည်း စပင်းနစ် အ‌မေရိကန်စာ‌ပေဟုလည်း ‌ခေါ်‌ဝေါ်သည်။ နိုင်ငံများ ကိုးကား ပထဝီဝင် တိုက်ကြီးများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%99%E1%80%B1%E1%80%9B%E1%80%AD%E1%80%80
စနေဂြိုဟ်
စေတန် (စနေဂြိုဟ်) ()သည် နေမှခြောက်ခုမြောက်ဂြိုဟ် တစ်ခုဖြစ်ပြီး အစိုင်အခဲများထက် ဓာတ်ငွေ့ များဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။ စေတန်သည် နေအဖွဲ့အစည်းထဲတွင် ဂျူပီတာဂြိုဟ်ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးဂြိုဟ် ဖြစ်သည်။ စေတန် (Saturn) ဟူသော နာမည်မှာ ရောမနတ်ဘုရား စေတန်နတ်မှ ဆင်းသက်လာပြီး ဂရိနတ်ဘုရား ကရိုနိုစ် (Chronos)နှင့် အတူတူပင်ဖြစ်သည်။ စေတန်ဂြိုဟ်၏ သင်္ကေတမှာ ♄ ဖြစ်ပြီး စေတန် နတ်တံစဉ်ပုံမှ ယူထားခြင်း ဖြစ်သည်။ စေတန်ဂြိုဟ်တွင် ကျောက်ခဲ များ၊အမှုန် များ ပါဝင်သော ကြီးမားသော ရေခဲပတ်လမ်းကြောင်းကြီးများ ပါဝင်သည်။ ၎င်းတို့ထဲမှ ၅၉လုံးမှာ လများဖြစ်ပြီး နောက်ထပ်၃လုံးမှာ ၂၀၀၇ခုနှစ်ထိ အတည်ပြုမစစ်ဆေး ရသေးပါ။ ၎င်းတို့ထဲမှ အကြီးဆုံးလ တိုက်တန် ဟူသော အစိတ်အပိုင်းသည်ပင် ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီဂြိုဟ်) ထက် ကြီးမားသည်။ စနေဂြိုဟ် စနေဂြိုဟ်သည် နက္ခတ္တဗေဒအရ စေတန်ဂြိုဟ်ဖြစ်သည်။ နေစကြဝဠာတွင် ထိုဂြိုဟ်သည် ဂျူပီတာ(ကြာသပတေးဂြိုဟ်) မှလွဲလျှင် အကြီးဆုံးဂြိုဟ်ဖြစ်သည်။ စေတန်ဂြိုဟ်၏ မျက်နှာ ပြင်သည် ကမ္ဘာမြေမျက်နှာပြင်ထက် အဆပေါင်း ၈ဝ ခန့်ကြီး သည်။ စေတန်ဂြိုဟ်တွင် ကွင်းများ ပါရှိသဖြင့် အလွန် ထူးဆန်း အံ့ဩဖွယ်ကောင်းသည်။ စေတန်ဂြိုဟ်လုံး၏အချင်းမှာ မိုင်ပေါင်း ၇၃ဝဝဝ ရှိ၍ အကြီး ဆုံးကွင်း၏ အချင်းမှာ မိုင်ပေါင်း ၁၇ဝဝဝဝ ရှိသည်။ စေတန်ဂြိုဟ်သည် ကမ္ဘာ ဂြိုဟ်၏ ၈ ပုံ ၁ ပုံခန့်လောက်သာ သိပ်သည်း၏။ အကယ်၍ ထိုဂြိုဟ်ကို ရေထဲ၌ချ၍ရလျှင် ပေါလောပေါ်နေမည်ဖြစ်သည်။ စေတန်ဂြိုဟ်ပေါ်၌ သက်ရှိတို့ မနေနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်၏အပူချိန်သည် ဖာရင်ဟိုက်စကေးတွင် သုညဒီဂရီအောက် ၂၅ဝ လောက်ရှိသည်။ ယင်းကို ပတ် ထားသော လေထု၌လည်း သက်ရှိတို့ အသက်ရှင်နိုင်အောင် လုံလောက်သော အောက်ဆီဂျင် မပါရှိချေ။ စေတန်ဂြိုဟ်သည် နေနှင့်ကမ္ဘာတို့မှ အလွန်ဝေးကွာသည်။ နေမှ မိုင်ပေါင်း ၈၈၆ သန်းဝေး၍ ကမ္ဘာမှ မိုင်သန်းပေါင်း ၇၅ဝ ဝေးကွာသည်။ ထိုဂြိုဟ်သည် နေကို တစ်ပတ်လှည့်ပတ် ရန် ၂၉ ၁/၂ နှစ်ခန့် ကြာသည်။ စေတန်ဂြိုဟ်၌ တစ်နှစ် သည် ကမ္ဘာဂြိုဟ်၌ ၂၉ ၁/၂ နှစ်နှင့် ညီမျှသည်။ စေတန် ဂြိုဟ်၏ တစ်ရက်သည် ၁ဝ ၁/၄ နာရီခန့်သာရှိသည်။ စေတန်ဂြိုဟ်၌ ကွင်းပါရှိသည်ကို ခရစ် ၁၆၁ဝ ပြည့်နှစ်ကပင် သိပ္ပံပညာရှိ ဂယ်လီလေယိုက မြင်ခဲ့သည်။ ယခုတွင် စေတန်ဂြိုဟ်၌ ကွင်းသုံးကွင်း ပါရှိကြောင်း သိကြရပြီ။ ထိုကွင်းတို့သည် အလွန်သေးငယ်သော မြူမှုန်တို့ဖြင့် ပြည့် လျက် ရှိသည်။ ထိုမြူမှုန်တို့ကား စေတန်ဂြိုဟ်ကို အလွန် မြန်သော အလျင်နှင့် လှည့်ပတ်နေကြသည်။ စေတန်ဂြိုဟ်၌ အရံဂြိုဟ် ၉ လုံး ခြံရံလျက်ရှိသည်။ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ပြင်ပလေထု စနေဂြိုဟ်၏ ပြင်ပလေထုကို ၉၆% ဟိုက်ဒရိုဂျင်၊ ၃% ဟီလီယမ်၊ ၀.၄% မီသိန်းနှင့် ၀.၀၁%အမိုးနီးယားတို့ဖြင့် ဖွဲ့စည်းထားသည်။ အက်ဆီတိုင်လီးန်(acetylene)၊ အီသိန်း(ethane)နှင့် ဖစဖီးန်(phosphine)တို့လည်း အနည်းငယ်စီ ပါဝင်သည်။ မြန်မာနက္ခတ်ဗေဒင်ပညာအယူ မြန်မာကျမ်းဂန်အရ စနေဂြိုဟ်သည် ဂြိုဟ်ကြီး ၉ လုံး တွင် ၇ ခုမြောက် ဂြိုဟ် ဖြစ်သည်။ လှေသင်အတွင်းဝန် စီရင်သော ဝေါဟာရလိနတ္ထဒီပနီတွင် စနေဂြိုဟ်ကို မှန်ပြောင်းဖြင့် ကြည့်၍ မြင်ရသည်ကို ဤသို့ မှတ်သားထားသည်။ 'ထိုစနေကြယ် ဗိမာန်ကား ၁င်္ဝ ခန့်ကြီးသည်။ အလယ်တွင် ပတ္တမြားလုံး သဏ္ဌာန် ရှိသည်။ အနားမှာ ဖြူစင်လှသောပိတ် ရစ်သကဲ့သို့ ဖွေးဖွေးပြင်ပြင် မြင်သည်။ လက်ဝဲလက်ယာ ၂ ဖက်တွင် မည်းသောအဆင်းနှင့် တွင်းအပေါက်ကဲ့သို့ ထင်မြင်သည်။ အနီးအပါးတွင် အရံကြယ် ၅ လုံးရှိသည်။ အလုံးအဝန်းမဟုတ်၊ ကြက်ဥသဏ္ဌာန်ခပ်လျားလျား ထင်သည်။' စနေဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ်၏ ၇ ရက်မြောက် သောနေ့ကို စနေနေ့ဟုခေါ်သည်။ မြန်မာကျမ်းဂန်အရ ကဆုန်၊ တော်သလင်း၊ ပြာသိုလများတွင် စနေနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက် များဟူ၍ မှတ်ယူကြသည်။ စနေဂြိုဟ်နတ်မင်း စီးသော ဂြိုဟ်ကောင်မှာ နဂါးမင်း ဖြစ် သည်။ 'နောက်တောင် စနေ၊ နဂါးမြွေ၊ မှတ်လေဆယ်နှစ်ရ' ဟူသော ဂြိုဟ်လင်္ကာအရ စနေဂြိုဟ်သက်မှာ ၁ဝ နှစ်၊ တည်နေရာအရပ်မှာ အနောက်တောင်အရပ်ဖြစ်သည်။ ဗေဒင်အခေါ် အားဖြင့် စနေဂြိုဟ်ကို သောရိဟု ခေါ်၏။ မြန်မာအက္ခရာအားဖြင့် ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဟူသော ဋဝဂ်နှင့် တဝဂ် အက္ခရာများကို စနေနံအက္ခရာများဟုခေါ်သည်။ ဆက်စပ်ဖတ်ရှုရန် နက်ပကျွန်းဂြိုဟ် ဂျူပီတာဂြိုဟ် Oort Cloud ကိုးကား ပြင်ပလင့်ခ်များ Saturn at Space Wiki Saturn at ESA/Hubble Saturn Profile by NASA's Solar System Exploration Saturn - About Space NASA's Saturn fact sheet NASA's Cassini mission to Saturn Change of seasons on Saturn Theoretical description of the rings of Saturn Saturn Research News A Trip Into Space Description and photos of Saturn Planets - Saturn A kid's guide to Saturn. A WAV file of radio emissions from Saturn NASA's Cassini Images of Hexagon on Saturn စနေဂြိုဟ် နေအဖွဲ့အစည်း၏ ဂြိုဟ်များ ဓာတ်ငွေ့ဂြိုဟ်ဘီလူးများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%94%E1%80%B1%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
ကယားပြည်နယ်
ကယားပြည်နယ် (ယခင်အမည် ကရင်နီပြည်နယ်) သည် မြန်မာနိုင်ငံ၏ ပြည်နယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် တောင်ဘက်တွင် ကရင်ပြည်နယ်တို့ ဝန်းရံလျက်ရှိသည်။ မြို့တော်မှာ လွိုင်ကော်မြို့ဖြစ်ပြီး ၂၀၂၁ခုနှစ် မတ်လတွင် ကယားပြည်နယ်၏ လူဦးရေမှာ ၂၉၉,၀၂၃ ဖြစ်သည်။ ကယားပြည်နယ်လူဦးရေ၏ ၆၀ရာခိုင်နှုန်းသည် ကရင်နီလူမျိုးဟု ခေါ်ဝေါ်သော ကယားလူမျိုး များဖြစ်ကြသည်။ သမိုင်းကြောင်း ကယားပြည်နယ်သည် ရှေးမြန်မာမင်းများ အဆက်ဆက်ကတည်းက လူမျိုးနွယ်များ နေထိုင်ခဲ့သော ပြည်နယ်တစ်နယ်ဖြစ်သည်။ မြန်မာဘုရင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ ခေတ်ကာလအတွင်း ကရင်နီပြည်နယ်၌ ကန္ဒရဝတီ၊ ဘောလခဲ၊ ကြယ်ဖိုးကြီး နှင့်နောင်ပုလဲ (ကြယ်ဖိုးကလေး)နယ်တို့တွင် နယ်မြေအလိုက် နယ်ရှင် စော်ဘွားများက အုပ်ချုပ်ခဲ့သည်။ နယ်ရှင်စော်ဘွား များ၏ ရုံးသုံးစာပေမှာ မြန်မာစာဖြစ်၍ (သစ်မခုတ်ရ/ဝါးမခုတ်ရ)စသည့် တားမြစ်စာများ ထုတ်ပြန် ရာ၌ မန္တလေးမင်းနေပြည်တော်တွင် ထုတ်ပြန်သည့်အတိုင်း ကျွန်းသားပေါ်၌ စာလုံးကိုထွင်း၍ ထုတ်ပြန်သည်ကို တွေ့ရှိရသည်။ ၁၈၈၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဗြိတိသျှစစ်တပ်က အရှေ့ကရင်နီပြည်နယ် မြို့တော်စောလုံကို သိမ်းပိုက်ပြီးနောက် စော်ဘွားစဝ်လဝီအား ကန္ဒရဝတီ မြို့စားအဖြစ် ပြောင်းလဲ၍ အသိအမှတ်ပြုခဲ့သည်။ ထို့အပြင် မြို့စားများ၏ ဆန္ဒသဘောအတိုင်း မဟုတ်ဘဲ (ဘာနဒ်)စာချွန်တော် အမိန့်ပါစာများအရသာ အုပ်ချုပ်စေခဲ့သည်။ ထိုဘာနဒ် စာချွန်တော်အမိန့်များကို (၁၈၉၀)ပြည့်နှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ကန္ဒရဝတီမြို့စား စပ်လဝီထံ သို့လည်းကောင်း၊ (၁၈၉၁)ခုနှစ်၊ဇွန်လ(၁၈)ရက်နေ့တွင် ဘောလခဲမြို့စားဖဘန်ထံသို့ လည်းကောင်း ထုတ်ပြန်ပေးအပ်ပြီး တောင်ကြီးမြို့၌ ရုံးစိုက်သော ရှမ်းပြည်နယ်မင်းကြီး၏ လက်အောက်တွင် အုပ်ချုပ်မှုကို ထားရှိ၍ လွိုင်ကော်မြို့နယ်၌ ရုံးစိုက်သည့် လက်ထောက် နိုင်ငံရေးအရာရှိ(Assistant Political Officer) နောင်အခါ နယ်ခြားဝန်ထောက်(Assistant Resident)၏ သဘောတူညီမှုဖြင့် မြို့စားများက ဆောင်ရွက်နိုင်သည်။ ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ် မြေများဟု ဗြိတိသျှအစိုးရ လက်ထက်က သတ်မှတ်ခဲ့သော ကရင်နီပြည်နယ်များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကရင်နီပြည်နယ် အမည်နှင့်ပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ လူထု ဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၌ ကယားပြည်နယ်အတွင်းရှိ နယ်ရှင်စော်ဘွားများ အာဏာစွန့်လွှတ်ပြီးသည့်အခါ အထွေထွေအုပ်ချုပ်ရေးကို ကယားပြည်နယ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ၂ ပိုင်းခွဲခြားကာ ပြုပြင်ဖွဲ့စည်းခဲ့သည်။ ပြည်နယ်အရှေ့ပိုင်းတွင် လွိုင်ကော်နှင့် ရွာသစ်မြို့နယ်များပါဝင်ပြီး အနောက်ပိုင်းတွင် ဘောလခဲမြို့နယ်၊ ကြယ်ဖိုးကြီးနယ်နှင့် ဖားဆောင်းမြို့နယ် တို့ပါဝင်သည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် အုပ်ချုပ်ရေးမူသစ်အရ ကယားပြည်နယ်ကို လွိုင်ကော်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး လွိုင်ကော်နယ်ပိုင်နယ်၊ ရှားတောနယ်ပိုင်နယ်နှင့် ဖားဆောင်းနယ်ပိုင်နယ်ဟူ၍ ခွဲခြားသတ်မှတ်ခဲ့သည်။ ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တော်လှန်ရေး ကောင်စီကာလ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြန်လည် သတ်မှတ်ချက်အရ ကယားပြည်နယ်ကို ခရိုင်ခွဲ ၂ ခု၊ မြို့နယ် ၆ ခုနှင့် မြို့နယ်ခွဲ ၇ ခုတို့ဖြင့် ပြုပြင်ဖွဲ့စည်းခဲ့သည်။ ခရိုင်ခွဲ ၂ ခုမှာ လွိုင်ကော်ခရိုင်ခွဲနှင့် ဖားဆောင်းခရိုင်ခွဲတို့ ဖြစ်ပြီး မြို့နယ်ခွဲ ၇ ခုမှာ လွိုင်ကော်၊ ထီးစဲခါး၊ နန်းမယ်ခုံ၊ ကေကော၊ မော်ချီး၊ ရွာသစ်၊ မယ်စတယ် တို့ဖြစ်သည်။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ခေတ်ကာလတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၉၇၂ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့စွဲပါ စာအမှတ်၊ ၁၀၅/၇/ စိတ် ၁-အရ မယ်စဲ့နန်မြို့နယ်အစား ဘောလခဲမြို့နယ်ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ပြည်နယ်/တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာတွင် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ် ၆ မြို့နယ်တို့ကို လွိုင်ကော်မြို့နယ်စု အဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့သည်။ လွိုင်ကော်မြို့နယ်စုကို ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဘောလခဲခရိုင်ကို ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲပါဝင်လျက် ဧရိယာ အကျယ်အဝန်း အားဖြင့် ၁၉၉၄.၇၆ စတုရန်းမိုင် ၁၂၇၆၆၅၃ ဧကဖြင့် သတ်မှတ်ပေးခဲ့သည်။ ​ဒေသတွင်းအုပ်ချုပ်​ရေး အိမ်ထောင်စုတွင် ကြီးစဉ်ငယ်လိုက် ရိုသေလေးစားပြီး ဖခင်ကို ရိုသေ၍ ဩဇာခံယူသည့် နည်းတူ ရပ်ရွာတွင်လည်း သက်ရွယ်ကြီးသူ ကျေးရွာလူကြီးတို့၏ ဩဇာကို နာခံတတ်သည်။ ရပ်ရွာတွင်လည်း လူထုမှ လေးစားသော ကျေးရွာသက်ကြီးရွယ်အိုများက စီမံခန့်ခွဲ အုပ်ချုပ်မှုကို လိုက်နာသည်။ ယခုအခါတွင် ပြည်နယ်ဦးစီးအဖွဲ့နှင့် ကျေးရွာမြို့နယ် အဆင့်ဆင့် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မီတီများ ထားရှိသည်။ ဓလေ့ထုံးတမ်းများအရ လိုက်နာကြသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူများ ကယားပြည်နယ်အား ၁၉၁၀ ခုနှစ်မှ ယနေ့အထိ အုပ်ချုပ်ခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။ ပါလီမန်အုပ်ချုပ်ရေးကာလ စဝ်ခွန်လီ (ကန္ဒရဝတီနယ်) - ၁၉၁၀ မှ ၁၉၃၀ ထိ ကရင်နီပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးစဝ်ဝဏ္ဏ - ၁၉၄၈ မှ ၁၉၅၂ ထိ မဟာသရေစည်သူ ဦးစိန် (ပါလီမန်အတွင်းဝန်) - ၁၉၄၈ မှ ၁၉၆၀ ထိ စဝ်ငယ်ဒူး (ဘောလခဲနယ်) - ၁၉၅၂ မှ ၁၉၆၂ ထိ ကယားပြည်နယ်ကောင်စီနှင့်ဝန်ကြီး ဦးစဝ်ဝဏ္ဏ - ၁၉၅၆ မှ ၁၉၆၀ ထိ ကယားပြည်နယ်ဦးစီးအဖွဲ့ သီရိပျံချီ ဦးအေမြလေး - ၁၉၆၂ မှ ၁၉၇၄ ထိ ကယားပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးကျော်ဒင် - ၁၉၇၄ မှ ၁၉၈၈ ထိ ပြည်နယ်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့အုပ်ချုပ်ရေးကာလ ဗိုလ်မှူးချုပ် မောင်ကြည် - ၁၉၈၈ မှ ၁၆.၄.၁၉၉၆ ထိ ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအုပ်ချုပ်ရေးကာလ ဗိုလ်မှူးချုပ် ကျော်ဝင်း - ၂၃.၄.၁၉၉၆ မှ ၁၆.၄.၁၉၉၈ ထိ ဗိုလ်မှူးကြီး လှသောင်းမြင့် - ၁၉.၄.၁၉၉၈ မှ ၁၇.၁၂.၁၉၉၈ ထိ ဗိုလ်မှူးချုပ် မြင့်သိန်း - ၁၇.၁၂.၁၉၉၈ မှ ၂၃.၈.၁၉၉၉ ထိ ဗိုလ်မှူးချုပ် ညွှန့်လှိုင် - ၂၃.၈.၁၉၉၉ မှ ၁၄.၆.၂၀၀၂ ထိ ဗိုလ်မှူးကြီး သိန်းဆွေ - ၁၅.၆.၂၀၀၂ မှ ၃၀.၉.၂၀၀၃ ထိ ဗိုလ်မှူးကြီး မြင့်ဦး - ၁.၁၀.၂၀၀၃ မှ ၁၃. ၉. ၂၀၀၄ ထိ ဗိုလ်မှူးချုပ် လှမြင့်ရွှေ - ၈.၅.၂၀၀၅ မှ ၁၈.၈.၂၀၀၆ ထိ ဗိုလ်မှူးချုပ် ညွှန့်တင် - ၁၈.၈.၂၀၀၆ မှ ၂၂.၆.၂၀၀၈ ထိ ဗိုလ်မှူးချုပ် ဝင်းမြင့် - ၂၃.၆.၂၀၀၈ မှ ၃၀.၃. ၂၀၁၁ ထိ ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးကာလ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး - ၃၁.၃.၂၀၁၁ မှ ၃၀.၃. ၂၀၁၆ ထိ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို - ၃၁.၃.၂၀၁၆ မှ ၃.၉.၂၀၂၀ ထိ ယာယီဝန်ကြီးချုပ် ဦး​ဘော့စ်ကို - ၃.၉.၂၀၂၀ မှ ၁.၂.၂၀၂၁ ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီ အုပ်ချုပ်​ရေးကာလ ပြည်နယ်​ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး - ၂.၂.၂၀၂၁ မှ ၁.၈.၂၀၂၁ ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးကာလ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး - ၁.၈.၂၀၂၁ မှ ၃၁.၁.၂၀၂၂ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်မျိုးတင် - ၁.၂.၂၀၂၂ မှ လက်ရှိ တည်​နေရာနှင့် အကျယ်အဝန်း မြောက်လတ္တီတွဒ် ၁၈° ၀' နှင့် ၁၉° ၅၅' ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄° ၄၀' နှင့် ၉၇° ၉၃' ကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၂၈မိုင်၊ တောင်မှမြောက်သို့ ၁၃၅မိုင်ရှိပြီး ကျယ်ဝန်းသည်။ ပြည်နယ်၇ခုအနက် အ​သေးဆုံး​သော ပြည်နယ်ဖြစ်သည်။ ကယားပြည်နယ်၏ အ​ရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ ​တောင်ဘက်တွင် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ၊ အ​နောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်၊ ​မြောက်ဘက်တွင် ရှမ်းပြည်နယ်တို့ တည်ရှိသည်။ ပထဝီဝင်အ​နေအထား ​မြေမျက်နှာသွင်ပြင် ကယားပြည်နယ်သည် တောင်ကုန်းတောင်တန်းများပေါများပြီး တောင်စဉ်တောင်တန်းများ ကို တောင်ခိုးတောင်ငွေ့တစ်ဝေဝေဖြင့် တွေ့မြင်ကြရပေလိမ့်မည်။ ကုန်းလမ်းခရီးကိုသာ အဓိကအား ထားရပြီး ကုန်းပြင်မြင့်သည် ပျှမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် (၉၈၅)ပေ မှ (၆၀၀၀) ပေအထက်တွင် တည်ရှိသည်။ ကယားပြည်နယ်၏ အမြင်ဆုံးတောင်မှာ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ နတ်တောင်ဖြစ်၍ အနိမ့်ဆုံးအရပ်ဒေသမှာ ဘောလခဲခရိုင်၊ ဖားဆောင်း မြို့နယ်ဖြစ်သည်။ ကယားပြည်နယ်တွင်အထူး ထင်ရှားသောမြစ်မှာ သံလွင်မြစ်ဖြစ်ပြီး ရှားတောမြို့၊ ရွာသစ်မြို့၊ ဖားဆောင်းမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့စီးဆင်း လျက်ရှိသည်။ ရာသီဥတု ကယားပြည်နယ်၏ရာသီဥတုမှာ သုံးရာသီ ရာသီဥတုဖြစ်သည်။ ကုန်းမြေ အနိမ့်အမြင့် ပထဝီသဘာဝကိုလိုက်၍ တစ်နေရာနှင့်တစ်နေရာ ရာသီဥတုမှာ အနည်းငယ်မျှကွဲပြားလျက်ရှိသည်။ ရာသီဥတုကွဲပြားမှုရှိသော်လည်း ကျွန်း၊ သစ်မာ၊ ဝါး၊ ကြိမ်၊ မြက်သက်ကယ်၊ စန္ဒကူး၊ ဘုမ္မရာဇာ၊ သနပ်ခါး၊ ပျဉ်းကတိုး၊ လက်ပံမြောက်ချော၊ ရှား၊ သစ်စေး၊ လွန်ပို၊ အင်ကြင်း၊ ထင်းရူးနှင့် ဘရဆေးပင်များဖြစ်သော ကြက်လည်ဆံရွက်၊ ဧကရာဇ်၊ တောင်ကြာ၊ ကြက်သွေး၊ သက်ယင်းကြီး၊ ဆေးပုလဲ၊ ဒန့်ဒကူ၊ ကယားသဇင်ပန်း၊ သစ်ခွပန်းနှင့် ရောင်စုံရွက်လှပင်များ ပေါက်ရောက်ဖြစ်ထွန်းပါသည်။ အမြင့်ဆုံး ပျမ်းမျှအပူချိန် (၃၈ဒီဂရီစင်တီဂရိတ်)နှင့် အနိမ့်ဆုံး အပူချိန်မှာ(၅ဒီဂရီစင်တီဂရိတ်)ဖြစ်သည်။ ပြည်နယ်တစ်ခုလုံးခြုံ၍ဆိုရလျှင် ပျမ်းမျှမိုးရေချိန်သည် (၂၈.၄၈)လက်မရှိသည်။ ကုန်းမြင့်ဒေသများတွင် ခြောက်သွေ့သော ရာသီဥတုနှင့် မြေပြန့်ဒေသများတွင် မုတ်သုံရာသီ တို့ကို ရရှိသည်။ ဆောင်းရာသီ၏ ပျှမ်းမျှအပူချိန်မှာ ကုန်းမြင့်ဒေသများတွင် ၄၀ဒီဂရီဖာရင်ဟိုက်၊ မြေပြန့်ဒေသများတွင် ၆၂.၆ဒီဂရီဖာရင်ဟိုက် ရှိပြီး အပူဆုံးဖြစ်သည့် မေလတွင် ပျှမ်းမျှအပူချိန်မှာ ၇၇.၄ဒီဂရီဖာရင်ဟိုက်ရှိသည်။ ပျှမ်းမျှမိုးရေချိန်မှာ ၃၈.၄၃လက်မဖြစ်သည်။ လူဦး​ရေ ကယားပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ဗမာ၊ကရင်၊ရခိုင်၊ချင်း၊မွန်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာ၊အစ္စလာမ်ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၁.၄၆%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယ၊တရုတ်၊ဘင်္ဂလား​ဒေ့ရှ်၊ပါကစ္စတန်နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။ ကယားပြည်နယ်၏ လူဦး​ရေသိပ်သည်းဆသည် ၁၉၇၃ခုနှစ်တွင် တစ်စတုရန်းကီလိုမီတာ၌ ၁၁ဦး၊ ၁၉၈၃ခုနှစ်တွင် ၁၄ဦး၊ ၂၀၁၄ခုနှစ်တွင် ၂၄ဦးဖြစ်သည်။၁၉၈၃ခုနှစ် သန်း​ခေါင်စာရင်းနှင့် ၂၀၁၄ခုနှစ် သန်း​ခေါင်စာရင်းတို့အကြား ၇၀%တိုးတက်ခဲ့​သော်လည်း တိုင်းနှင့်ပြည်နယ်များအကြား လူဦး​ရေအနည်းဆုံးပြည်နယ်ဖြစ်​နေဆဲဖြစ်သည်။ လူမျိုး ကယားပြည်နယ်တွင် ကယားတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သော ကယား၊ ကယန်း(ပဒေါင်)၊ ကယန်း(လထ)၊ ကယော၊ ကယန်းယင်းဘော်၊ ယင်းတလဲ၊ ကယန်းဂေခို၊ ဂေဘား၊ ကယားမိုနု (မနုမနော) အပြင် ဗမာ၊ ရှမ်း၊ ကရင် စသည့် လူမျိုးစုများလည်း နေထိုင်ကြသည်။ အုပ်ချုပ်ရေး မြို့​တော် ကယားပြည်နယ်၏မြို့​တော်မှာ လွိုင်​ကော်မြို့ဖြစ်သည်။ အုပ်ချုပ်​ရေး ၂၀၁၁ခုနှစ် အုပ်ချုပ်မှုအသစ်စတင်ချိန်မှစ၍ ကန္ဒရဝတီလမ်း​ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးကို ဖွင့်လှစ်ကာ ကယားပြည်နယ်အစိုးရအဖွဲ့မှအုပ်ချုပ်သည်။ ဥပ​ဒေပြု​ရေး ၂၀၁၁ခုနှစ် စနစ်အသစ်မှစတင်ကာ ကယားပြည်နယ်အတွက် ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ်များနှင့် တပ်မ​တော်သားလွှတ်​တော်ကိုယ်စားလှယ်များပါဝင်​သော ပြည်နယ်ဥပ​ဒေပြုလွှတ်​တော် စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ကယားပြည်နယ်တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၂)ရုံး မြို့နယ်တရားရုံး (၇)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ ကယားပြည်နယ်တွင် ခရိုင်(၄)ခု ရှိသည်။ ခရိုင်ရှိ မြို့နယ် မြို့များ လွိုင်ကော်မြို့ လွိုင်လင်လေးမြို့ လောပိတမြို့ ဒီးမော့ဆိုမြို့ နန်းမယ်ခုံမြို့ ဖရူဆိုမြို့ ရှားတောမြို့နယ် ရှားတောမြို့ ဘောလခဲမြို့ ရွာသစ်မြို့ ဖားဆောင်းမြို့ မော်ချီးမြို့ မယ်စဲ့မြို့ ၂၀၂၁ခုနှစ်တွင် ကယားပြည်နယ်၌ မြို့ပေါင်း (၁၂)မြို့၊ ရပ်ကွက် (၅၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၄) အုပ်စု နှင့် ရွာပေါင်း( ၅၁၀)ရွာရှိသည်။ စီးပွား​ရေး ကယားပြည်နယ်သည် မြန်မာနိုင်ငံအတွင်း စီးပွား​ရေးဖွံ့ဖြိုးမှု ​နှေး​ကွေး​သော ပြည်နယ်ဖြစ်သည်။ ပြည်နယ်​နေလူထုသည် စိုက်ပျိုး​ရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ ပြည်နယ်၏အဓိကထွက်ကုန်မှာ ​ပြောင်းနှင့် ပဲစင်းငုံတို့ဖြစ်ကာ မန္တ​လေးတိုင်းသို့ အဓိကတင်ပို့​ရောင်းချကြသည်။ အဓိကသီးနှံ(၁၀)မျိုး အဖြစ် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊  ကြံနှင့် ဝါတို့ကို စိုက်ပျိုးကြသည်။ နှစ်ရှည်သီးနှံအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ငှက်ပျော၊ သရက်၊ ဇီး၊ လိမ္မော်၊ နဂါးမောက်၊ နာနတ်၊ ဒညှင်း၊ လိုင်ချီးနှင့် ထောပတ်ပင်တို့ကို စိုက်ပျိုးကြသည်။ စက်ရုံ ၁၁၅ရုံ၊အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၅၁ရုံ တည်ရှိသည်။ မယ်စဲ့မြို့တွင် နယ်စပ်ကုန်သွယ်​ရေးစခန်းကို ဖွင့်လှစ်ထား​သော်လည်း ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်​ရေးစခန်း တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသဖြင့် ကုနိသွယ်မှုမှာ မ​ကောင်းမွန်​​​ပေ။ တွင်းထွက်များ စီးပွားဖြစ်ထုတ်လုပ်နိုင်သော စကျင်ကျောက်များနှင့် ဘော်သတ္တုများ ထွက်ရှိသည်။ ဒေသထွက်ကုန်များ အဓိက စီးပွားရေးလုပ်ငန်းမှာ သစ်ထုတ်လုပ်ငန်းဖြစ်ရာ ကယားလူမျိုးတို့သည် များသောအားဖြင့် သစ်ထုတ်လုပ်ရေး၊ သစ်တောထွက်ပစ္စည်းများဖြစ်သော ရှား၊ ချိပ်၊ သစ်စေး စသည့်ပစ္စည်းများထုတ်လုပ်ရေးတို့ဖြင့် အသက်မွေး ဝမ်းကျောင်းကြသူများဖြစ်သည်။ ပြည်နယ်၏ အနောက်ပိုင်းဒေသ၌ မြေပြန့်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင် စားသောက်ကြသည်။ တူးမြောင်းတို့ဖြင့် ရေသွယ်ယူကာ စိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းတို့ကိုလည်း ပြုလုပ်ကြသည်။ ငွေတောင်နယ်၌ ရက်လုပ်သော ငွေတောင်လွယ်အိတ်တို့မှာ ထင်ပေါ်လှသည်။ ကယားတို့မှာ မိမိတို့ ဝတ်ဆင်ရန် ဝတ်စုံကို မိမိတို့ဖာသာ ရက်လုပ်ကြသူများဖြစ်သည်။ ကယားပြည်နယ်၏ ထူးခြားသော အထိမ်းအမှတ် ပစ္စည်းဖြစ်သည့် ဖားစည်ခေါ် ကြေးနက်စည်ကြီး များကိုလည်း ငွေတောင်နယ်တွင် သွန်းလုပ်ခဲ့ကြသည်။ ယခုအခါတွင် နိုးကြားလာပြီဖြစ်သော ကယားပြည်နယ်အမျိုးသားများသည် နိုင်ငံတော်၏ အခန်းကဏ္ဍအသီးသီး ဝင်ရောက်အမှုထမ်းလျက်ရှိသည်။ အလှအပ အနုအယဉ်ကို အဆန်းအကြယ်တို့ဖြင့် တန်ဆာဆင်ကာ ဖော်ပြသော ရှေးမြန်မာ ပျို့ကဗျာအချို့တို့တွင် ကယားပြည်နယ် ငွေတောင်နယ်ကို အခြေခံထား၍ ဇာတ်ကွက်ဆင်ထားသည်ကို တွေ့ရပေသည်။ ရှေးအခါက ငွေတောင်နယ်ဒေသမှာ ယွန်းထိုးခြင်း၊ မှန်စီရွှေချ၊ ရွှေဇဝါရေးခြင်း၊ သစ်စေးသားရိုးကိုင်းခြင်းစသော အနုပညာ လက်မှုပညာများ ထွန်းကားခဲ့သည်။ ကယားအမျိုးသား၊ အမျိုးသမီးတို့မှာ ခေတ်နှင့် ရင်ပေါင်တန်းလိုက်နိုင်ရန် အထူးလုံးပန်း ကြိုးစားလျက်ရှိခဲ့ရာ လူမျိုး၏ ပင်ရင်းယဉ်ကျေးမှုပေါ်တွင် အခြေတည်ကာ အရေးကြီးသော ယဉ်ကျေးမှုအချက်အလက်များ ဖြစ်သည့် ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ စာပေတို့ကို ခေတ်မှီအောင် ပြုပြင်ပြောင်းလဲလျက်ရှိကြသည်။ အောက်ပါဇယားမှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညားထားသော ကယားပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာများအား ဖော်ပြထားခြင်းဖြစ်သည်။ ပို့​ဆောင်ဆက်သွယ်​ရေး ကယားပြည်နယ်သည် ​တောင်ကုန်း၊​တောင်တန်း များပြား၍ ပြည်နယ်အတွင်းဆက်သွယ်​ရေး အနည်းငယ်ခက်ခဲသည်။ လွိုင်​ကော်မြို့တွင် ​လေဆိပ်ရှိကာ ရန်ကုန်မြို့နှင့် ​နေ့စဉ်​လေ​ကြောင်းခရီးစဉ်ရှိသည်။ ဘီလူး​ချောင်းကို လွိုင်​ကော်မြို့အထိ ​ရေ​ကြောင်းလမ်းခရီး သွားလာနိုင်သည်။ လွိုင်​ကော်မြို့တွင် ဘူတာရုံတစ်ခုရှိကာ သာစည်မြို့နှင့် ဆက်သွယ်ထားသည်။ ပြည်နယ်အတွင်းသို့ဝင်​ရောက်ရာ အဓိကလမ်းမများမှာ ​အောင်ပန်း-လွိုင်​ကော်လမ်း၊​တောင်ငူ-လိပ်သို-ယာဒို-လွိုင်​ကော်-ဟိုပုံးလမ်းတို့ဖြစ်သည်။ ပညာရေး ကျန်းမာ​ရေး လွိုင်​ကော်မြို့တွင် ပြည်နယ်ပြည်သူ့​ဆေးရုံကြီးအပါအဝင် ​မြို့နယ်​ဆေးရုံ၊တိုက်နယ်​ဆေးရုံ စုစု​ပေါင်း ၁၇ခုရှိသည်။ ​ဆေးရုံများ ပြည်နယ်ပြည်သူ့​ဆေးရုံ ဒီး​မော့ဆို မြို့နယ်​ဆေးရုံ ဖရူဆိုး မြို့နယ်​ဆေးရုံ ရှား​တော မြို့နယ်​ဆေးရုံ ​ဘောလခဲ မြို့နယ်​ဆေးရုံ ဖား​ဆောင်း မြို့နယ်​ဆေးရုံ မယ်စဲ့ မြို့နယ်​ဆေးရုံ ​​လောဓ​လေး တိုက်နယ်​ဆေးရုံ လွိုင်လင်​လေး တိုက်နယ်​ဆေးရုံ နန်းမယ်ခုံ တိုက်နယ်​ဆေးရုံ ​ဒေါတမကြီး တိုက်နယ်​ဆေးရုံ လိုဘာခို တိုက်နယ်​ဆေးရုံ ဟိုယာ တိုက်နယ်​ဆေးရုံ သရီးဒါး တိုက်နယ်​ဆေးရုံ ရွာသစ် တိုက်နယ်​ဆေးရုံ ပန်တိန်း တိုက်နယ်​ဆေးရုံ စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ကိုးကွယ်မှု ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူများနှင့် ခရစ်ယာန်ဘာသာ(Catholic)ဝင်များ ရှိကြသည်။ ဗုဒ္ဓဘာသာဝင်တို့အိမ်များတွင် ဘုရားဆင်းတုရုပ်ပွားတော်များ ထားရှိ ကိုးကွယ်သည်။ နတ်စင်ကို ရွာအပြင်တွင် ထားလေ့ရှိပြီး နတ်ရုပ်မရှိဘဲ နတ်စင်သာရှိကြသည်။ ခရစ်ယာန်ဘုရားကျောင်းများလည်း ရှိသည်။ မိမိကိုးကွယ်သော ဘာသာကို အထူးလေးစားကြသည်။ မည်သည့်ဘာသာဝင်ဖြစ်စေ စုန်းနတ် ကဝေ မှော်ပညာ စသည်တို့ကို ယုံကြည်ကြသည်။ ဘာသာစကား၊စာပေ လူမျိုးနွယ်အလိုက် မိမိပိုင်ဘာသာစကားများ ရှိသော်လည်း အနည်းငယ်မျှသာ ကွဲလွဲသည်။ ရှမ်းဘာသာ စကားကိုမူ အများအားဖြင့် နားလည်လေကြသည်။ ကိုယ်ပိုင်စာပေ မရှိပေ။ အချို့လူမျိုးနွယ်တို့တွင် ရောမအက္ခရာဖြင့် တီထွင်ထားသော စာပေရှိသော်လည်း အသုံးနည်းသည်။ မြန်မာအက္ခရာဖြင့် ကယားစာပေတီထွင်ပြီး ပြန့်ပွားရန် ဆောင်ရွက်လျက် ရှိသည်။ ဝတ်စားဆင်ယင်မှု ကယားအမျိုးသားတို့က ဖျင်ကြမ်းဘောင်းဘီတို/ရှည် ခပ်ပွပွ အပေါ်အင်္ကျီခပ်ကြမ်းကြမ်းဝတ်သည်။ အမျိုးသမီးတို့က ခေါင်းပေါင်းအနီ/အနက် ပေါင်း၏။ ကိုယ်တွင် ရင်စည်းဖုံး သင်တိုင်းဝတ်ဆင်ပြီး အပေါ်မှ ခြုံထည်ရှည်နှင့် ခါးစည်းကြိုးအနီ ချည်နှောင်ပြီး ရှေ့သို့ချထားလေ့ရှိသည်။ ကယန်းဂေခို၊ ကရင်ဂေဘား အမျိုးသားတို့က ဖျင်စဘောင်းဘီတိုနှင့် အင်္ကျီဖြူ ရင်ခွဲ ဝတ်ဆင်သည်။ အမျိုးသမီးတို့ကမူ ဂျပ်ခုတ်ထမီ နှင့် အင်္ကျီများကို ဝတ်ဆင်သည်။ ပဒေါင်(ခေါ်ကယန်းကခေါင်း)ကယန်းအမျိုးသားတို့မှာ ဘောင်းဘီပွနှင့် အပေါ်အင်္ကျီ ဝတ်ဆင်ပြီး အမျိုးသမီးများက အတွင်းခံအင်္ကျီ လက်စက ရင်ညွန့်အထိ ဟိုက်ခွဲထားပြီး ပေါင်လည်ထိ ရှည်သော သင်တိုင်း ဖြစ်သည်။ အပေါ်မှ တိုက်ပုံအင်္ကျီအနက်ကို ထပ်ဝတ်ဆင်သည်။ ပရဲကေယာအမျိုးသားများက အင်္ကျီ လက်တို အဖြူခံပေါ်တွင် အနီစင်း စိပ်စိပ်နှင့် ဘောင်းဘီတို အနီခံအစင်း ဒူးဆစ်သာသာထိ ဝတ်ဆင်သည်။ အမျိုးသမီးတို့ကမူ အင်္ကျီ အဖြူခံအနီစင်း လက်စက အမြိတ်နှင့်ဝတ်၍ ထမီကို အနက်ခံ အနီကန့်လန့်စင်း ဒူးဆစ်သာသာထိ ဝတ်ဆင်သည်။ ယင်းဘော်ခေါ်ကယန်းကငံ အမျိုးသားများက ဘောင်းဘီတို နှင့် အင်္ကျီလက်စက ဝတ်၍ အမျိုးသမီးတို့က ထမီအနက်တို့ကို ဒူးဆစ်အထိ ဝတ်ဆင်ပြီး အင်္ကျီမှာ လက်စကလည်ဟိုက် ဖြစ်၏။ အတွင်းတွင် သင်တိုင်းတစကို လည်ပင်းနှင့် ပခုံးသိုင်း၍ ခါးပတ်ကြိုးတစ်ခုနှင့် ရစ်ပတ်ထားသည်။ အပေါ်မှ ခြုံသင်တိုင်း လွှမ်းသည်။ ယင်းတလဲ အမျိုးသားများမှာ ဘောင်းဘီအဖြူ အနီစကွပ်သော အင်္ကျီအဖြူဝတ်၍ အမျိုးသမီးက အဖြူရောင်အင်္ကျီ၊ အနီရောင်ကွက်ကျား ထမီဝတ်ဆင်သည်။(မှတ်ချက်။ ။ အမျိုးသားများမှာ အများဖြင့် ခေါင်းပေါင်း ပေါင်းထားလေ့ရှိပြီး အမျိုးသမီးများကလည်း ငွေပြားပုတီးစေ့၊ ပန်းစည်းကြိုးတို့ကို လည်တွင် ဝတ်ဆင်လေ့ရှိကြသည်။ အပျိုအအိုခွဲသော ဝတ်ဆင်မှု ဒေသအလိုက် ကွဲပြားမှုရှိသည်။) ကယန်းလထာဇယိမ်ခေါ် ခေါင်းတို အမျိုးသားမှာ ရင်ခွဲအပေါ်အင်္ကျီနှင့် ဘောင်းဘီတို ကျပ်ကို ဝတ်ဆင်၍ အမျိုးသမီးများက ခေါင်းစွပ်ကို ကိုယ်ပွအင်္ကျီ ဂျပ်ခုတ်ထမီ ဝတ်ပြီး ကျားမအားလုံး တိရစ္ဆာန်အစွယ်များ၊ သစ်သားပုတီးများကို လည်ဆွဲ၊ နားဝတ်များ အဖြစ် ဝတ်ဆင်လေ့ ရှိသည်။ ရိုးရာယဉ်ကျေးမှု စုပေါင်းဆောင်ရွက်တတ်သော အလေ့အထရှိသည်။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရပ်ရွာစည်ပင်ရေး တို့ကို ပူးပေါင်းဝိုင်းဝန်း လုပ်ဆောင်တတ်သည့် အလေ့ရှိသည်။ လူမှုရေးနှင့် ပတ်သက်၍ ရှင်ပြုခြင်း၊ ထိမ်းမြားခြင်း၊ အိမ်သစ်တက်ခြင်း စသည့် မင်္ဂလာပွဲများရှိ၍ ရပ်ရွာမှ ဝိုင်းဝန်း လုပ်ဆောင်ကြသည်။ ရပ်ရွာစည်ပင်ရေးအတွက် နတ်ဆိုးများ တောထုတ်သည့် အလေ့ရှိသည်။ ဘာသာရေးနှင့်ပတ်သက်သော ပွဲများအဖြစ် တံခွန်တိုင်ပွဲတော်၊ ကောက်ညှင်းထုပ်ပွဲတော်၊ လိပ်ပြာခေါ်ပွဲများကို ကျင်းပ၍ ရွာသူရွာသားများက စုပေါင်းလုပ်ဆောင်လေ့ရှိသည်။ ပရောဂဆရာ နတ်ထိန်းများ၊ ဗိန္ဓောဆရာများမှာ ဩဇာရှိသူများ ဖြစ်ကြသည်။ ထင်ရှား​သောနေရာများ တောင်ကွဲစေတီတော် လောပိတ ရေတံခွန် ကန်ခုနစ်ဆင့် နှင့် ထီးပွင့်ဂူ ကြတ်ဂူ ငွေတောင်ဆည် ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ (လောပိတ) တောင်သုံးလုံး ဆင်ဖြူတောင် ထီးပရူနုလှိုဏ်ဂူ လွယ်တမူဂူ အောင်သပြေဂူ ‌ခြေတော်ရာဘုရား ထီးဝဲခါးရေတံခွန် ဟော်ကြီးကျောင်း လျောင်းတော်မူဘုရား ရွှေလက်ဝါးဘုရား ရေပြာကန်(ကယား) မယ်တော်ဂူ ကိုးကား မြန်မာနိုင်ငံပြည်နယ်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%9A%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
ကချင်ပြည်နယ်
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးအပိုင်းတွင် ရှိသည်။ ကချင်ပြည်နယ်၏အရှေ့နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။ ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ဖြစ်သည်။ အခြားသော အဓိကမြို့မှာ ဗန်းမော်မြို့၊ မိုးညှင်းမြို့ တို့ဖြစ်သည်။ ကချင်၊ ချင်း၊ မြန်မာ၊ ရှမ်း၊ ရှမ်းနီ နာဂ စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ ပူးပေါင်းနေထိုင်ကြပြီး ပြည်ထောင်စုငယ်တစ်ခုအသွင် တည်ရှိနေသည်။ သမိုင်းကြောင်း ယခင်ကကျေးရွာ အကြီးအကဲ အဖြစ် ကချင်ဒူဝါတစ်ဦးစီ ရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချိုတပ်ဆင်ထားသည်။ ကျေးရွာအုပ်စုများနှင့် ဒူဝါ နယ်မြေများကို အုပ်ချုပ်ရန် ပြည်နယ် အစိုးရက တောင်အုပ်များနှင့် တောင်တန်း ဝန်ထောက်များကို ခန့်ထားပေးသည်။ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီများကိုပါ ယခုအချိန်တွင် တွဲဘက်ပေးထားသည်။ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကြွေး ပေးဆပ်ခြင်း ပြုရသည်။ `ဖဂါ´ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိုးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ `ဖဂါ´အဖြစ် ကျွဲ၊ မောင်း၊ ငွေ၊ ဖိုခနောက်၊ အဝတ်အထည်၊ ဓား၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။ ကချင်ပြည်နယ်ဟူ၍ဖြစ်လာမည့် ဒေသတွင် ရှေးက ရှမ်းလူမျိုးများနေထိုင်ခဲ့ကြပြီး ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို စသည့် မြို့များကို ပုဂံခေတ်မတိုင်မီကပင် ရှမ်းစော်ဘွားများက အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ မိုးကောင်း၊ မိုးညှင်းမြို့များသည် အင်အားကောင်းပြီး ပြည်မ(အင်းဝ)ကို ထိပါးသည့်အခါထိပါးသည်။ အခြားထွန်းကားခဲ့သောမြို့များမှာ ဗန်းမော်၊ ကာမိုင်း၊ ဝိုင်းမော်စသည့်မြို့များဖြစ်သည်။ ဗန်းမော်သည် တရုတ်နှင့်ကုန်သွယ်သည့် နယ်စပ်မြို့ဖြစ်သည်။ ဘုရင်ခံအဆင့်ထားရှိပြီး ကင်းစခန်းများ၊ ခံတပ်များထားရှိသည်။ စော်ဘွားအဆက်ဆက်အုပ်စိုးခဲ့ကြပြီး တော်လှန်ပုန်ကန်မှုများကြောင့် ဘိုးတော်ဘုရားလက်ထက်တွင် စော်ဘွားစနစ်အားဖျက်သိမ်းပြီး မြို့ဝန်များ ထားရှိအုပ်ချုပ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မိုးကောင်းမြို့သည် မြန်မာနိုင်ငံမြောက်ဖျား၏အဓိကမြို့တော်ဖြစ်ခဲ့ပြီး တော်လှန်ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။၁၈၈၆ခုနှစ်တွင် မြန်မာမင်းတို့လက်ထက်က အုပ်ချုပ်မှုနယ်မြေအပိုင်းအခြားများအား ဖျက်သိမ်းကာ ၁၈၈၆ခုနှစ် ဇွန်လမှစ၍ အထက်မြန်မာနိုင်ငံတစ်ခုလုံးကို ဒီဗီးရှင်း (Division) ခရိုင်ကြီး (၄)ခု၊ ဒိစတြိတ် (District) စီရင်စု (၁၇)စုဖြင့် ခွဲခြားအုပ်ချုပ်ခဲ့သည်။ ထိုအထဲတွင် မြောက်ပိုင်းခရိုင်ကြီး၏ စီရင်စု (၅)ခု၌ ဗန်းမော်စီရင်စု ပါဝင်ကာ အရေးပိုင်ဟုခေါ်သော ဗြိတိသျှအရာရှိတစ်ဦးမှ အုပ်ချုပ်သည်။ အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ ခုနှစ်တွင် မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။ ကချင်လူမျိုးတွေ၏ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဥပဒေ ပြဋ္ဌာန်းကာ ပူတာအိုတောင်တန်းနယ်ခြားခရိုင်ဟူ၍ ဖွဲ့စည်းပြီး အုပ်ချုပ်ခဲ့သည်။ အင်္ဂလိပ်များ သိမ်းပိုက်ပြီးနောက်ပိုင်းအထိ အမတ်ကြီး ဦးဖိုးစောဦးဆောင်သည့် တော်လှန်ရေးများဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ချီတက်သိမ်းပိုက်သည့် အင်္ဂလိပ်တပ်များသည် မိုးကောင်းမြို့တွင်အခြေချရာတွင် ရာသီဥတုပူအိုက်စွတ်စိုသဖြင့် အဖျားအနာထူပြောလှသဖြင့် နေရာသစ်ရှာဖွေရာ ၁၈၉၁ခုနှစ်တွင် ဗန်း​မော်စီရင်စုအ​ရေးပိုင်က မြစ်ကြီးနားမြို့ကို တည်​ဆောက်ခဲ့သည်။၁၈၉၅တွင် မြစ်ကြီးနားဒေသအား ဗန်းမော်စီရင်စုမှ ခွဲထုတ်၍ မြစ်ကြီးနားစီရင်စုအဖြစ် တည်ထောင်ခဲ့ကာ အရေးပိုင်အုပ်ချုပ်သည့်မြို့အဖြစ် ထူထောင်ကြသည်။ မန္တလေး-မိုးကောင်းရထားလမ်းအား မြစ်ကြီးနားအထိ တိုးချဲ့ဖောက်လုပ်ခဲ့သဖြင့် မြစ်ကြီးနားမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်း၏ ရထားလမ်းဆုံးမြို့ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် မဟာမိတ်များက တရုတ်ချန်ကေချိတ်အစိုးရအားထောက်ပံ့ရန် တရုတ်မြန်မာလမ်းမကြီးဖောက်လုပ်ရာတွင် လီဒိုမှ မြစ်ကြီးနားမြို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူမင်းမြို့အထိဖောက်လုပ်ခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကြည်းတပ်၊ လေတပ်များအခြေချရာမှ မြစ်ကြီးနားမြို့သည့်အရေးပါလာသည်။၁၉၁၂တွင် ယခု ပူတာအိုဒေသဖြစ်သော ခန္တီးလုံဒေသအား သိမ်းပိုက်ကာ ၁၉၂၄တွင် လုပ်ခွန်စော်ဘွားမြို့ဖြစ်သော ပူတာအိုမြို့အား အခြေပြုကာ စီရင်စုအသစ် ဖွဲ့စည်းခဲ့သည်။ ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄၀၀ ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံးတောင်းခံခဲ့သည်။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ် (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V Force၊ Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် N.K.L၊ V Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ်ပြည် ယူနန်ပြည်နယ်ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထားသည်။ ၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆)ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင်တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံမနောပွဲ) ကျင်းပခဲ့ကြသည်။ အောက်မြန်မာပြည်၌ ကချင်စစ်တပ်ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ ခုနှစ် ဩဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။ စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် (၁၄-၁၉)ရက်ကြား ၆ ရက်တိတိ "အောင်ပွဲခံ မနော" (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။ ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် "နင်တို့ဂျိမ်းဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲ့တာကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး၊ နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံးမယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်။" ဟု ပြောခဲ့သည်။ တတိယအကြိမ်ဖြင့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့၊ မန်ခိန်ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။ ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက်နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသတို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား "Federal ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားမည်"ဟု အမျိုးသား တန်းတူညီမျှရေး ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ(၂၉) ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈) ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄) ဦးသွားရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက "တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။" ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း ပင်လုံစာချုပ် ကိုအခြေခံသည့် ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။ အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း "မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ကချင်ပြည်နယ် ဟုခေါ်ဆိုရမည်။" ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ၁၀.၁.၁၉၄၈တွင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကာ ထို​နေ့ကို ကချင်ပြည်နယ်​နေ့အဖြစ် သတ်မှတ်ကြသည်။ ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆° နှင့် ၉၈° ၄၇' ကြား၊ မြောက်လတ်တီတွဒ် ၂၃° ၃၇' နှင့် ၂၈° ၃၂' ကြားရှိပြီး ဧရိယာ စတုရန်း ၃၃,၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။ ၁၉၆၂နောက်ပိုင်းတွင် နယ်ခြားဒေသစနစ်ဖျက်သိမ်းပြီး ၈.၉.၁၉၆၅ ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်ထဲရေးဌာန၏ အမိန့်စာတွင် ကချင်ပြည်နယ်ကို မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို ခရိုင်များဖြင့် ဖွဲ့စည်းသည်။ န.အ.ဖအစိုးရလက်ထက် ၂၀၀၄ခုနှစ်တွင် မြစ်ကြီးနားခရိုင်မှ မိုးညှင်း၊မိုးကောင်း ဖားကန့်တို့အား ခွဲထုတ်၍ မိုးညှင်းခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။၂၀၂၀ပြည့်နှစ်အထိတွင် ကချင်ပြည်နယ်၌ ခရိုင်(၄)ခု၊ မြို့နယ် (၁၈)ခုဖြင့် ပါဝင်ဖွဲ့စည်းထားရှိသည်။ တည်နေရာနှင့် အကျယ်အဝန်း ကချင်ပြည်နယ်၏အရှေ့နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။ မြောက်လတ္တီတွဒ် ၂၃ ၂၇' နှင့် ၂၈ ၂၅' လောင်ဂျီတွဒ် ၉၆ ဝ' နှင့် ၉၈ ၄၄' ကြားတွင် တည်ရှိသည်။ ကချင်ပြည်နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း (၃၄၃၇၉ ဒသမ ၂၂ ) ကျယ်ဝန်းသည်။ ပထဝီဝင်အနေအထား ရာသီဥတု ကချင်ပြည်နယ်သည် ပူနွေးစွတ်စိုသော ရာသီဥတုရှိသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၈°Cဖြစ်ပြီး အနိမ့်ဆုံးမှာ ၅.၆°Cဖြစ်သည်။ မြေမျက်နှာသွင်ပြင် ကချင်ပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်များဖြစ်သော ခါကာဘိုရာဇီ (၁၉,၂၉၆ ပေ)နှင့် ဂမ်လန်ရာဇီ (၁၉,၁၄၂ ပေ) စသည့် တောင်ထိပ်များတည်ရှိကာ ဆီးနှင်းရေခဲများ အမြဲဖုံးလွှမ်းလျက်ရှိသည်။ အကျယ်ဆုံးလွင်ပြင်များမှာ ချင်းတွင်းမြစ်ဖျားရှိ တနိုင်းခမြစ်ဝှမ်းမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မလိခမြစ်ဝှမ်းရှိ ပူတာအိုလွင်ပြင်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဝန်းကျင်ဒေသများ၊ အင်းတော်ကြီးကန်၊ မိုးကောင်းချောင်း၊ ကောက်ကွေ့ချောင်း ပတ်ဝန်းကျင်ဒေသများဖြစ်ကြသည်။ မြစ်၊ချောင်းများ ပေါများပြီး ဧရာဝတီမြစ်၊ မေခမြစ်၊မလိခမြစ်၊ တာပိန်မြစ်နှင့် ဥရုချောင်းတို့မှာ ထင်ရှားသည်။ အုပ်ချုပ်ရေး မြို့တော် ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁) ရက် တပ်မတော်၏ အာဏာထိန်းသိမ်းမှုအပြီးတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ကချင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ ကချင်ပြည်နယ်တွင် ခရိုင် (၆) ခု ရှိသည်။ ခရိုင်ရှိမြို့နယ် မြို့များ ကချင်ပြည်နယ်တွင် မြို့ (၃၀) ရှိပြီး ပါဝင်သော မြို့များမှာ ရပ်ကွက် ရပ်ကွက်ပေါင်း (၁၆၀) ရှိပြီး ကျေးရွာအုပ်စု (၅၉၄) နှင့် ကျေးရွာပေါင်း (၂၅၅၃)ရွာ ရှိသည်။ လူဦးရေ ၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်တွင် လူဦးရေ ၁.၆သန်း နေထိုင်ကြသည်။ ကချင်ပြည်နယ်တွင် ကျားဦးရေသည် မဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၉ဦးဖြစ်သည်။ ချင်းပြည်နယ်ပြီးလျှင် ဒုတိယမြောက် လူဦးရေသိပ်သည်းဆ အနည်းဆုံးဖြစ်သည်။ လူမျိုး ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာ အုပ်စုဝင်များ ဖြစ်သည်။ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီး(လာချန်)၊ လီဆူ၊ ရဝမ် နှင့် မရူ(လော်ပေါ်) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟုခေါ်သည်။ ကချင်ပြည်နယ်တွင် တိုင်းလေ(တိုင်းနေ)၊ တိုင်းလိုင်(ရှမ်းနီ)၊ တိုင်းခမ်းတီ(ခန္တီးရှမ်း)၊ တိုင်းလုံ(ရှမ်းကြီး)နှင့် တိုင်းဆာ(မိုင်းသာရှမ်း) စသောမျိုးနွယ်(၅)မျိုးပါဝင်သော ရှမ်း များနှင့် ချင်း ၊ ပလောင်၊ နာဂ၊ ဂေါ်ရခါးတို့ပါ နေထိုင်ကြသည်။ ပညာ​ရေး ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား) နည်းပညာတက္ကသိုလ်(ဗန်းမော်) နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဗန်းမော်တက္ကသိုလ် မိုးညှင်းဒီဂရီကောလိပ် မြစ်ကြီးနားပညာရေးကောလိပ် မြစ်ကြီးနားတက္ကသိုလ် အစိုးရနည်းပညာကောလိပ်(မိုးညှင်း) တွင်းထွက်များ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း၊ တနိုင်း၊တောမှော်နှင့် ဟောင်ပါးဒေသတို့မှ အဖိုးတန်ကျောက်စိမ်းများထွက်ရှိသည်။‌ေရွှ၊ပယင်းများနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာများလည်းထွက်ရှိသည်။ စိတ်ဝင်စားဖွယ်နေရာများ အရှေ့တောင်အာရှ နှင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်သောခါကာဘိုရာဇီတောင် အင်းတော်ကြီးအိုင်နှင့် ရွှေမဉ္ဇူဘုရား ခေါင်ဖူးဘုရား မြစ်ဆုံဒေသ ပူတာအိုမြို့ ဝါရှောင်ဆည် စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ဘာသာစကား ဘာသာစကားမှာ ဂျိန်ဖော့စကား၊ မရူစကား၊ ရဝမ်စကား၊ လီဆူစကား ဟူ၍ စကားကြီး (၄) မျိုးရှိပြီး လရှီစကား နှင့် အဇီးစကားတို့မှာ မရူစကားမှ ခွဲထွက်လာသော စကားများ ဖြစ်သည်။ ဂျိန်ဖော့စကားကို လူသုံးများဆုံး ဖြစ်သည်။ မရူစကားမှာ ဒုတိယအများဆုံး ဖြစ်သည်။ ဝတ်စားဆင်ယင်မှု ကချင်တိုင်းရင်းသားများက အမည်းရောင်ဝတ်ပြီး ရဝမ်တိုင်းရင်းသားများက အဖြူရောင် ဝတ်သည်။ လရှီ၊ လီဆူ နှင့် အဇီးတို့က ခေါင်းပေါင်းကို ထူထူထည်းထည်း ပေါင်းထုပ်သဘွယ် ပေါင်းကြ၍ ဂျိန်ဖော့နှင့် မရူတို့က ပါးပါးပေါင်းကြသည်။ မြောက်ပိုင်းနေ တိုင်းရင်းသားများက လုံကွင်းကို တိုတိုဝတ်ကြ၍ တောင်ပိုင်းနေ တိုင်းရင်းသားများက လုံကွင်းကို ရှည်ရှည်ဝတ်ကြသည်။ ဘာသာ ကိုးကွယ်မှု ခရစ်ယာန်ဘာသာကိုးကွယ်သူများအဓိက ‌ေနထိုင်ပီးဗုဒ္ဓဘာသာကိုးကွယ်သူများ၊ အစ္စလာမ်ဘာသာ နင့် ဟိန္ဒူဘာသာဝင်တို့အနည်းငယ် ရှိကြသည်။ ဘာသာကိုးကွယ်သူများသည် သက်ဆိုင်ရာဘာသာကို လေးစားသမှု အထူးရှိကြသည်။ ကချင်ပြည်နယ်တွင် ခရစ်ယာန်ဘာသာကိုးကွယ်သူ များပြားသည်။ ခရစ်ယာန်ဘာသာမှာ အဓိကဖြစ်သည်။ ရှေးယခင်ကနတ်ကိုးကွယ်မူများပြားသော်လည်းယခု‌တွင်မရှိသလောက်နည်းပါးသည်။ ယခင်နတ်ကိုးကွယ်မူ့ပုံစံမှာ နတ်များကြေနပ်မှုရစေရန် အရေးကြီးသဖြင့် ယဇ်ကောင်များဖြင့် နတ်များကို ပူဇော်ပသရသည်။ ရွာအဝင်တွင် ကျေးရွာဆိုင်ရာ နတ်ကွန်းများ တွေ့နိုင်သည်။ နှစ်စဉ် နတ်ပူဇော်ပွဲ ကျင်းပချိန်တွင်သာ မွမ်းမံလေ့ရှိသည်။ အမြဲထိန်းသိမ်း ထားလေ့ရှိသော နတ်ကွန်းမှာ မြေနတ်၏ နတ်ကွန်းဖြစ်သည်။ ယင်းနတ်ကွန်းကို ကျောက်တုံးများဖြင့် ဝိုင်းရံထားခြင်း၊ ဝင်းခတ်ထားခြင်းများ ပြုလုပ်လေ့ရှိသည်။ အိမ်များတွင် နတ်ကွန်းကို အိမ်ရှေ့၌ထားပြီး နတ်စင်ကို အိမ်ဦးခန်း၌ ထားသည်။ အချို့ကျေးရွာ အိမ်များတွင် ရှေးယခင်ကတည်းက ပူဇော်ခဲ့သော ယဇ်ကောင်များ၏ ခေါင်းခွံများ ဆင့်ကဲ ချိတ်ဆွဲထားသည်ကို တွေ့ရပေမည်။ သို့သော် အနောက်တိုင်းမှခရစ်ယာန်သာသနာပြုသူများ လာရောက်သည့်နောက်မှ အစပြုကာ ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်သူ များအဖြစ်သို့‌ေပြာင်းလဲကုန်ကြ‌ေလသည်။ ရိုးရာ ယဉ်ကျေးမှု လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးသည် နတ်တို့နှင့် သက်ဆိုင်သည်ဟု ယုံကြည်သည်။ မကျန်းမာလျှင် နတ်ဟောဆရာထံ မေးမြန်း၍ သက်ဆိုင်ရာနတ်တို့အား ပူဇော်ပသ ရသည်။ ဆင်းရဲနွမ်းပါးသူများပင်လျှင် ကြွေးခံ၍ နတ်ကတော့ရသည်။ နတ်ဆရာများသည် ဘာသာရေးတွင်သာမက လူမှုရေးတွင်ပါ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အတိတ်နမိတ်ကောက်ခြင်း၊ အဆောင်များထားခြင်းတို့ကို ပြုတတ်၍ စုန်းများရှိပြီး ပြုစားတတ်သော အတတ်ပညာများ ရှိသည်ဟု ယုံကြည်ကြသည်။ မဒိုင်နတ်ခေါ် ကောင်းကင်နတ်ကို မူတည်၍ အကြောင်းအမျိုးမျိုးကြောင့် "မနောပွဲ"ကျင်းပကြသည်။ မနောပွဲ(MaNau Poi) အရေးကြီးသော မနောပွဲ(၅)မျိုး ရှိသည်။ ပဒန်မနော(Padang MaNaw) - စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။ ဆွတ်မနော(Sut MaNau) - ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုမှုများရှိ မရှိ၊ ပေးဆပ်ရန်ကြွေး ရှိ မရှိ၊ ရယူရန်ကြွေးရှိ မရှိ၊ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။ ဂျူမနော(Ju MaNau) - မကျန်းမာသည့်အခါ နှင့် အသက်အရွယ်ကြီးရင့်သော အဖိုးအို၊ အဖွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ။ ဂွမ်ရမ်မနော( Gumran MaNau) - အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်း ပင့်ဆောင်ယူသော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။ ရှဒပ်မနော(Shadip MaNau) - နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ်သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။ ယခုအခါတွင်မနောပွဲကိုရိုးရာပွဲအဖြစ်ကျင်းပကြလေသည်။ မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ နတ်ပူဇော်ပွဲ နှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများလည်း ရှိသေးသည်။ ဒေသထွက်ကုန်များ နာမည်ကျော် တိုင်းရင်းဆေး ဖြစ်သည့် ရှီးပဒီး သည် ကချင်ပြည်နယ် မြောက်ပိုင်း တောတောင်များမှ ထွက်ရှိသည်။ ကိုးကား မြန်မာနိုင်ငံပြည်နယ်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
နေ
နေ () သည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်းအတွင်းတွင် ရှိသော ကြယ် ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များသည် နေကို ဂြိုဟ်ပတ်လမ်းကြောင်းများအတိုင်း လှည့်ပတ်၍ သွားနေကြသည်။ ကျွန်ုပ်တို့၏ နေကို နေ့အခါတွင် ကောင်းကင်ယံတွင် မြင်နိုင်သည်။ နေသည် ကြီးမားသော အဝါရောင်ဘောလုံးကြီး တစ်ခုပမာပင်ဖြစ်သည်။ အမှန်စင်စစ်တွင် နေသည် မရပ်မနား ပေါက်ကွဲနေသော ဧရာမဘောလုံးကြီး တစ်ခုသာလျှင်ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှ စွမ်းအင်အမြောက်အမြားကို ထုတ်လွှတ်သည်။ နေသည် ကမ္ဘာမှ အလွန်ပင်ကွာဝေးသော်လည်း လူသားတို့အနေဖြင့် ထိုစွမ်းအင်ကို ခံစားသိရှိနိုင်သည်။ နေသည် အလွန်တောက်ပသဖြင့် ကြည့်ရုံမျှနှင့်ပင် မျက်စိကို ကျိန်းစပ်နာကျင်စေသည်။ နေမှ အလင်းရောင်၊ အပူဓာတ်နှင့် နေလှိုင်းများ (solar wind) ကို ထုတ်လုပ်သည်။ နေလှိုင်းများသည် လေထု၏ အပြင်ဘက်မှ ကမ္ဘာကို လှည့်ပတ်သွားနေကြသည်။ နေလှိုင်းများကို နေမှလွင့်ပျံ့ထွက်လာသော သေးငယ်သော အမှုန်အမွှားကလေးများဖြင့် ဖွဲ့စည်းထားသည်။ နေသည် ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။ နေသည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်း၏ အလယ်တွင် တည်ရှိသည်။ ဂြိုဟ်တို့သည် နေကိုဗဟိုပြု၍ စက်ဝိုင်းပုံ လှည့်ပတ်နေကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများသည် နေမှ အကွာအဝေးအမျိုးမျိုးရှိကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများမှာ လုံးဝဝိုင်းစက်သော စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်သည်။ နေနှင့်နီးသော ဂြိုဟ်တို့သည် အပူကို ပိုမိုရရှိပြီး ဝေးကွာသော ဂြိုဟ်တို့တွင် ပို၍ အေးသည်။ ကမ္ဘာပေါ်ရှိသက်ရှိအားလုံးတို့တွင် နေမှလာသော အလင်းရောင်နှင့် စွမ်းအင်တို့ကို လိုအပ်သည်။ ဂြိုဟ်တို့သည် နေ၏ရောင်ခြည်ကို စွမ်းအင်အဖြစ်သုံး၍ ဖွံ့ဖြိုးလာကြသည်။ အပင်များနှင့် သစ်ရွက်များတွင် အစိမ်းရောင်ရှိသည့် ကလိုရိုပလတ်စ်များဖြင့် နေရောင်ခြည်ကို အသုံးချကာ ဖိုတိုဆန်းသစ်စစ်ခေါ် နည်းလမ်းဖြင့် အစာချက်လုပ်ကြသည်။ နေ၏ အလယ်ဗဟိုတွင်ရှိသော ဗဟိုထုတွင် လွန်စွာပြင်းထန်သော အပူချိန်နှင့် ဖိအားတို့သည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို ဟီလီယမ်ဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးပြီး မြောက်မြားလှစွာသော စွမ်းအင်များကို ထုတ်လွှတ်သည်။ ထိုသို့ဖြစ်ခြင်းကို nuclear fusion ဟုခေါ်သည်။ နေတွင် အများဆုံးပါဝင်သည့် ဒြပ်ထုမှာ ဟိုက်ဒရိုဂျင်ဖြစ်ကာ ကျန်သည်မှာ ဟီလီယမ်ဖြစ်သည်။ လေးလံသောဒြပ်များဖြစ်ကြသည့် အောက်ဆီဂျင် ကာဗွန် နီယွန်နှင့် အိုင်းယွန်းတို အနည်းငယ် ပါဝင်သည်။ အချင်းသည် ၆၉၅,၀၀၀ ကီလိုမီတာခန့် (၄၃၂,၀၀၀ မိုင်) ရှိ၍ နှိုင်းယှဉ်လျှင် ကမ္ဘာ့အချင်းထက် ၁၀၉ ဆ ရှိသည်။ နေသည် နေအဖွဲ့အစည်း၏ ၉၉.၈၆ ရာခိုင်နှုန်းသော ထုထည်ရှိကာ ကမ္ဘာထက် အဆပေါင်း ၃၃၀၀၀၀ ခန့်ထုထည် ကြီးမားသည်။ လူတို့သည် အန္တရာယ်မဖြစ်စေရန် အထူးပြုလုပ်ထားသော မျက်မှန် (lens) များကို သုံး၍ နေကိုကြည့်နိုင်သည်။ ထိုသို့ကြည့်သောအခါ တွင် နေ၏မျက်နှာပြင်ပေါ်တွင် မည်းနက်သော အစက်အပျောက်များကို တခါတရံတွင် မြင်ရတတ်သည်။ ထို အစက်အပျောက်များကို ဆန်းစပေါ့ (sunspot) ဟုခေါ်သည်။ ဆန်းစပေါ့ များ၏အရေအတွက်သည် တဖြည်းဖြည်းများလာပြီးနောက် ၁၁ နှစ်တာကာလအတွင်း တဖြည်းဖြည်း ပြန်လည်၍နည်းသွားလေ့ရှိသည်။ ထိုအဖြစ်အပျက်မှာ ၁၁ နှစ်လျှင်တစ်ခါ ဖြစ်ပျက်နေပြီး ကမ္ဘာပေါ်ရှိ ရာသီဥတု နှင့် အီလက်ထရွန်းနစ်ပစ္စည်းတို့ကို အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။ နေ၏ကံကြမ္မာ အာကာသရူပဗေဒပညာရှင် ဟုခေါ်သော သိပ္ပံပညာရှင်တို့၏ အဆိုအရ နေသည် ကြယ်ပုဝါ (yellow dwarf) အမျိုးအစားဝင် ကြယ်ဖြစ်ပြီး သက်တမ်း၏ တစ်ဝက်ခန့်မျှ ကုန်လွန်ခဲ့ပြီဖြစ်သည်။ နောက်နှစ်ပေါင်း ၄ ဘီလီယံ သို့ ၅ ဘီလီယံမျှအကြာတွင် နေသည် တဖြည်းဖြည်းကြီးမားသည်ထက်ကြီးမားလာပြီး ဧရာမ ကြယ်နီ (red giant) အမျိုးအစားကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ နေသည် ယခုလက်ရှိ ပမာဏထက် ၂၅၀ ဆမျှကြီးမားလာမည်ဖြစ်ပြီး ၁.၄ AU (အာကာသယူနစ် ၁ ယူနစ်လျှင် ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် သို့ မိုင်ပေါင်း ၉၃ သန်းခန့်ရှိသည်။) အထိ ကြီးထွားလာမည်ဖြစ်သဖြင့် ယခုကမ္ဘာပတ်ကြောင်းကို ကျော်ဖြတ်သွားမည်ဖြစ်သည်။ ကမ္ဘာ၏ ကြမ္မာမှာလည်း ဖြေရှင်းရခက်သော ပြဿနာပင်ဖြစ်သည်။ ယခင်တွက်ချက်မှုများအရ စတယ်လာလှိုင်း (stellar wind) များကြောင့် နေ၏ ဒြပ်ထုကို ၃၀ ရာခိုင်နှုန်းမျှ လျော့ကျသွားစေမည် ဖြစ်ပြီး ကမ္ဘာသည် ပိုမိုဝေးလံသော ပတ်လမ်းကြောင်းသို့ လွတ်မြောက်သွားမည်ဖြစ်သည် ဟုဆိုကြသည်။ သို့သော် လေ့လာမှုအသစ်များတွင်မူ ဆွဲငင်မှု၏ ဒုတိယအား (tidal forces) များကြောင့် နေ၏ပမာဏ ကြီးထွားမလာခင်အချိန်ကပင် ဒြပ်ထုလျော့ကျသွားသော်လည်း ကမ္ဘာသည် ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နေသည် ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟုခေါ်သည့် ကြယ်အများစုတို့နှင့် တူညီသော ပုံသဏ္ဌန် အဖြစ် ဆက်လက်ရှိနေစေကာမူ ကမ္ဘာ၏ လေထုနှင့် ရေထုတို့သည် ပျောက်ပျက်သွားလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်နေသည် ကြယ်ဖြူပု (white dwarf) အဖြစ်ကျုံ့ဝင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ကြယ်ပုနက် (black dwarf) အဖြစ် မှေးမှိန်သွားမည်ဖြစ်သည်။ နေနှင့် အနီးဆုံးကြယ်မှာ ပရိုဆီမာ စင်တောရိဖြစ်သည်။ ကျမ်းကိုး နေ နေအဖွဲ့အစည်း အလင်း ပင်ရင်းများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1
ဗုဒ္ဓဟူးဂြိုဟ်
ဗုဒ္ဓဟူးဂြိုဟ် () သည် နေအဖွဲ့အစည်းအတွင်း၌ နေနှင့် အနီးဆုံးဂြိုဟ်ဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်သည် အလွန်သေးငယ်သော ဂြိုဟ်ဖြစ်ပြီး လကမ္ဘာကဲ့သို့ပင် မျက်နှာပြင်ပေါ်တွင် ချိုင့်ခွက်ကြီးများ ရှိသည်။ နေ့အခါတွင် အလွန်ပူပြီး ညအခါတွင် အလွန်အေးသည်။ အပြောင်းအလဲမှာ နေ့ဘက် ၄၂၇ ဒီဂရီ ဆဲဆီးယပ်စ်မှ ညဘက် အနုတ် ၁၇၃ ဆဲဆီးယပ်စ် ဖြစ်သည်။ ဝင်ရိုးစွန်းများမှာ အနုတ် ၉၃ ဒီဂရီ ဆဲဆီးယပ်စ်အောက်သို့ စဉ်ဆက်မပြတ် ရှိသည်။ မာကျူရီ၏ မြေမျက်နှာမှာ လကမ္ဘာကဲ့သို့ပင် ပေါ်လွင်သည်။ အလွန်ပြင်းထန်သော နေရောင်ခြည်တည်ရှိသော်လည်း မာကျူရီဂြိုဟ်ပေါ်တွင် နေရောင်ခြည်နှင့် မထိတွေ့သောနေရာ၌ ရေခဲတည်ရှိနိုင်သည်ဟု ရေစီးဆင်းသည့်ပုံစံများက ဖော်ပြနေသည်။ ၂ဝ၁၂ ခုနှစ်တွင် နာဆာ၏ MESSENGER အာကာသယာဉ်မှ ဝါရှင်တန်ဒီစီမြို့တော်နီးပါးခန့်ရှိသော ရေခဲလွှာကို မြောက်ဝင်ရိုးစွန်းတွင် ခြေရာခံမိသည်ဟု အတည်ပြုခဲ့သည်။ ပလူတိုကို ဂြိုဟ်များစာရင်းမှ ပယ်ဖျက်ခဲ့သော အချိန်မှစ၍ ဗုဒ္ဓဟူးဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အသေးဆုံးဂြိုဟ်ဖြစ်လာသည်။ နေနှင့် အနီးဆုံးဂြိုဟ်ဖြစ်သဖြင့် နေကို အမြန်ဆုံး လှည့်ပတ်နေသော ဂြိုဟ်ဖြစ်သည်။ နေကို တစ်ပတ်ပတ်ရန် ကမ္ဘာမြေရက် (၈၇.၉၇) ရက်မျှသာကြာသည်။ မာကျူရီဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ သိပ်သည်းမှုအများဆုံးဂြိုဟ်ဖြစ်ပြီး ကမ္ဘာမှာ သိပ်သည်းမှု ဒုတိယအများဆုံးဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်သည် သံသတ္တုများဖြင့်ဖွဲ့စည်းထားသဖြင့် အလွန်သိပ်သည်းမှုများသည်။ သို့သော် အလွန်အားနည်းသော သံလိုက်စက်ကွင်းရှိသည်။ ကမ္ဘာဂြိုဟ် သံလိုက်စက်ကွင်း၏ ၁.၁ ရာခိုင်နှုန်းသာ တည်ရှိသည်။ မက်ဆင်ဂျာ အာကာသယာဉ်မှ ညွန်ပြသည်မှာ သံလိုက်စက်ကွင်းသည် တည်ငြိမ်သည်ဟုဆိုသည်။ ဗုဒ္ဓဟူးဂြိုဟ်သို့ မရိန်နာ ၁၀ (Mariner 10) နှင့် မက်ဆင်ဂျာ (MESSENGER) ဆိုသော အာကာသယာဉ် ၂ စင်း ရောက်ရှိခဲ့သည်။ မက်ဆင်ဂျာ အာကာသယာဉ်သည် ဂြိုဟ်အနီးမှ ဖြတ်၍ တစ်ကြိမ် ပျံသန်းခဲ့ပြီးဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ ဂြိုဟ်ကို ၁ နှစ်ကြာမျှ လှည့်ပတ်ခဲ့သည်။ မက်ဆင်ဂျာ အာကာသယာဉ်သည် မာကျူရီဂြိုဟ်အား အကြိမ်ပေါင်း ၄၀၀၀ လှည့်ပတ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပရယ်လ ၃၀ တွင် လောင်စာကုန်ခမ်းကာ ဂြိုဟ်ပေါ်သို့ ထိုးကျခဲ့သည်။ ဗုဒ္ဓဟူးဂြိုဟ်၏ အင်္ဂလိပ်အမည် မာကျူရီကို ရောမဘုရား၏ အတောင်ပံပါသော တမန်တော် ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နေကို အလွန်လျင်မြန်စွာ လှည့်ပတ်သောကြောင့်ဖြစ်သည်။ မာကျူရီဂြိုဟ်အား မြေပြင်မှလေ့လာမယ်ဆိုပါက အလွန်ခက်ခဲမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မာကျူရီသည် နေနှင့် အလွန်နီးကပ်သောကြောင့် ဖြစ်သည်။ တရုတ်၊ ကိုရီးယားနှင့် ဂျပန်ယဉ်ကျေးမှု တို့၌ မာကျူရီဂြိုဟ်ကို ရေနှင့်ဆိုင်သောကြယ်ဟု ဖော်ပြကြသည်။ မာကျူရီဂြိုဟ်တွင် ဂြိုဟ်ရံလ မရှိပေ။ ကိုးကား အခြားဝက်ဆိုက်ဘ်များ SolarViews.Com MESSENGER Mission web site Mercury QuickMap from MESSENGER web site SolarViews.com – Mercury Astronomy Cast: Mercury ဗုဒ္ဓဟူးဂြိုဟ် နေအဖွဲ့အစည်း၏ ဂြိုဟ်များ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%9F%E1%80%B0%E1%80%B8%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
သောကြာဂြိုဟ်
သောကြာဂြိုဟ် ()သည် နေနှင့် ဒုတိယမြောက် အနီးဆုံးဂြိုဟ်ဖြစ်သည်။ ကျောက်တုံးကျောက်ခဲများ၊ ချိုင့်ခွက်ကြီးများ၊ အလွန်ကြီးမားသော မီးတောင်ကြီးများ ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နှင့် အဆိပ်ဓာတ်ဖြစ်သော ဆာလဖျူရစ်အက်ဆစ်တို့နှင့် ဖွဲ့စည်းထားသော သိပ်သည်းမှုအား မြင့်မားသော လေထုရှိသည်။ ဆာလဖျူရစ်အက်ဆစ်သည် ကမ္ဘာမြေ၏ အပူချိန်၌ အရည်အဖြစ် အသွင်သဏ္ဌာန် ရှိသော်လည်း သောကြာဂြိုဟ်၏ အပူချိန်မှာ အလွန်မြင့်မားသည့်အတွက် အငွေ့အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီး ထူထပ်သော ဓာတ်ငွေ့တိမ်တိုက်များ ဖြစ်ပေါ်နေသည်။ ထို အက်ဆစ်တိမ်တိုက်များသည် တစ်နာရီလျှင် ၃၆၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျက် ရှိကြသည်။ မှန်လုံအိမ်အကျိုးသက်ရောက်မှုကြောင့် သောကြာဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အပူပြင်းဆုံးဂြိုဟ် အဖြစ်တည်ရှိသည်။ အလွန်ပူပြင်းလှသည့် အတွက် ကမ္ဘာပေါ်ရှိ မည်သည့်အရာမျှ သောကြာဂြိုဟ်ပေါ်တွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ သောကြာဂြိုဟ်တွင် လွန်စွာထူထပ်သော တိမ်ထုရှိသည့်အတွက် ဂြိုဟ်၏မျက်နှာပြင်ကို ကမ္ဘာမြေပေါ်မှ ရေဒါ အကူအညီမပါပဲ မမြင်နိုင်ပေ။ သောကြာဂြိုဟ်၏ အမည် ဗီးနပ်စ်မှာ အချစ်နှင့် အလှတရားတို့နှင့်သက်ဆိုင်သော ရောမနတ်ဘုရားကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သောကြာဂြိုဟ်သည် နေကို တစ်ပတ်ပတ်ရန် ၂၂၄.၆၅ ရက်ကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၂၄၃ ရက်ကြာသည့်အတွက် သောကြာဂြိုဟ်၏ နေ့တစ်နေ့သည် နှစ်တစ်နှစ်ထက် ပို၍ ရှည်ကြာသည်။ သောကြာဂြိုဟ်နှင့် ကမ္ဘာတို့၏ကြားတွင် ကီလိုမီတာပေါင်း သန်း ၄၀မျှကွာဝေးသည်။ သောကြာဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာမြေ၏ ဆွဲငင်အားနှင့် အတူတူခန့်ရှိသည်။ သောကြာဂြိုဟ်သည် ကမ္ဘာနှင့် အလွန်နီးသည့်အတွက် ကောင်းကင်ယံတွင် အမြဲလိုပင်တွေ့မြင်နိုင်သည်။ မနက်မိုးမလင်းမီအချိန်နှင့် နေဝင်ပြီး နာရီအနည်းငယ်မျှ ကြာသောအချိန်တို့တွင် အထင်ရှားဆုံးဖြစ်သည်။ သောကြာဂြိုဟ်သည် ကောင်းကင်၌ နေနှင့်လတို့ မှအပ အလင်းလက်ဆုံး ဖြစ်သည်။ မနက်ခင်းနှင့် ညနေခင်းတို့တွင် မကြာခဏမြင်ရလေ့ ရှိသည့်အပြင် အဝေးကြည့်မှန်ပြောင်း ဖြင့် ကြည့်ရှုခြင်းမဟုတ်ပါက ကြယ်နှင့် ဆင်တူသည့်အတွက် ၎င်းကို မနက်ကြယ် သို့ ညနေကြယ်အနေဖြင့် အချို့က ခေါ်ဝေါ်ကြသည်။ အရုဏ်ကြယ် နေနှင့်ဒုတိယအနီးဆုံးကြယ်ကြီး၊ ကမ္ဘာထက်ပင် သောကြာဂြိုဟ်က နေကိုလှည့်ပတ်ရာ၌ပိုမြန်သည်။ လဆန်း လဆုတ် ပုံသဏ္ဌာန် ပြောင်းသကဲ့သို့ သောကြာ ဂြိုဟ်လည်းပုံသဏ္ဌာန်ပြောင်းသည်။ ယခုအခါ အာကသယာဉ်များပစ်လွှတ်၍ သောကြာဂြိုဟ်အကြောင်း စူးစမ်းမှုများ ပြုလုပ်လျက်ရှိသည်။ သောကြာဂြိုဟ် နံနက်နေမထွက်မီ အရုဏ်တက်အချိန်တွင် အရှေ့ကောင်းကင်ယံသို့ ကြည့်လိုက်လျှင် အလွန်တောက်ပသော ဂြိုဟ်တစ်လုံးကို တွေ့ရပေသည်။ အလွန်ထွန်းလင်းတောက်ပ သောကြောင့် ယင်းကို ကောင်းကင်တွင်အခြားဂြိုဟ်များထက် လွယ်ကူစွာမြင်ရသည်။ ထိုဂြိုဟ်ကား အရုဏ်ကြယ်၊သို့မဟုတ် သောက်ရှူးကြယ်ဟု ခေါ်လေ့ရှိသော သောကြာဂြိုဟ်ပင်ဖြစ်သည်။ ယင်းကို နေဝင်ပြီးနောက် ဆည်းဆာအချိန်တွင် အနောက်ကောင်းကင်ယံ၌လည်း မြင်ရတတ်သေးသည်။ သောကြာဂြိုဟ်ကို ရှေးဂရိလူမျိုးတို့က ဗီးနပ်အမည်ရှိသော သူတို့၏ သူရဿတီနတ်သမီးကို အစွဲပြု၍ 'ဗီးနပ်'ဟု ခေါ်ကြသည်။ နေကိုဗဟိုပြု၍ လှည့်ပတ်နေကြသော နေစကြဝဠာ မိသားစုထဲရှိ ဂြိုဟ်ကြီးကိုးလုံးအနက် သောကြာဂြိုဟ်သည် နေနှင့်ဒုတိယအနီးဆုံးသောဂြိုဟ်ဖြစ်၍ နေမှပျမ်းမျှမိုင်ပေါင်း ၆၇၂ဝဝဝဝဝ မျှသာကွာဝေးသည်။ အကယ်၍ နေ၏ တစ်ဖက်တွင်ကမ္ဘာရှိ၍ နေ၏အခြားတစ်ဘက်တွင် သောကြာဂြိုဟ်ရှိနေလျှင်ကား ကမ္ဘာနှင့်သောကြာဂြိုဟ်တို့၏ အကွာအဝေးသည် မိုင်ပေါင်း ၁၆ဝဝဝဝဝဝဝ အထိရှိသည်။ နေနှင့်လတို့ကလွဲလျှင် သောကြာဂြိုဟ်သည် ၂၂၅ ရက်နှင့်နေကို တစ်ပတ်ပြည့်အောင် လှည့်သဖြင့်ကျွန်ုပ်တို့ကမ္ဘာထက် နေကိုလှည့်ပတ်ရာ၌ မြန်သည်။ သောကြာဂြိုဟ်လုံး၏ အချင်းမှာမိုင် ၇၇ဝဝရှိသောကြောင့်အရွယ်အားဖြင့် ကျွန်ုပ်တို့ကမ္ဘာနီးပါးမျှရှိသည်။ လသည်လဆန်းလဆုတ်အလိုက် ပုံသဏ္ဌာန်မျိုးမျိုး ပြောင်းလဲသကဲ့သို့ သောကြာဂြိုဟ်သည်လည်း ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲသည်။ နေ၏တစ်ဖက်တွင် ကမ္ဘာလုံးရှိနေ၍ နေ၏အခြားတစ်ဖက်တွင် သောကြာဂြိုဟ်ရှိနေသည့်အခါ ယင်းသည်ကမ္ဘာနှင့်အလွန်ဝေးသောကြောင့် အလွန်သေးငယ်စွာ မြင်ရသည်။ သို့သော် နေ၏အလင်းရောင်ကိုအပြည့်အဝ ရသောကြောင့် ယင်း၏ပုံသဏ္ဌာန်မှာ လပြည့်ဝန်း ကဲ့သို့ရှိပြီးလျှင် တောက်ပ၏။ သောကြာဂြိုဟ်သည် ကမ္ဘာနှင့်နေအကြားတွင် တစ်တန်းတည်းဖြစ်၍ ကမ္ဘာနှင့်အနီးဆုံး ရှိနေသည့်အခါ ယင်းကိုသေးငယ်သော ဆန်းကာစလ ပုံသဏ္ဌာန်ကဲ့သို့ ရေးရေးလေးမျှသာမြင်ရသည်။ သို့သော် ဤသို့ကမ္ဘာနှင့်အနီးဆုံးနေရာသို့မရောက်မီ ၃၆ ရက်နှင့်ရောက်ပြီး ၃၆ ရက်အလွန်နေ့တို့၌သာသောကြာဂြိုဟ်၏ပုံသဏ္ဌာန်ကို ငါးရက်မြောက်လခြမ်းပုံအရွယ်အထိ ခပ်ကြီးကြီးမြင်ရပြီးလျှင် ထိုအချိန်ထိုအရွယ်တွင်သောကြာဂြိုဟ်သည် အထွန်းလင်းဆုံး ဖြစ်သည်။ နေ့ခင်းအချိန် တွင်ပင်ပကတိ မျက်စိဖြင့် မြင်နိုင်သည့်အပြင် နေဝင်ပြီးသည့်နောက်၌လည်း အရိပ် ပေါ်လောက်အောင် ထွန်းတောက်သည်။ သောကြာဂြိုဟ်သည် ၂၂၅ ရက်နှင့်နေကို တစ်ပတ်ပြည့်အောင်လှည့်ပတ်ကြောင်း သိရသော်လည်း ယင်း၏ဝန်ရိုးပေါ်၌ တစ်ပတ်လည်ရန်မည်မျှကြာသည်ကိုကား အငြင်းပွားလျက်ရှိသည်။ အချို့နက္ခတ်ဆရာများက နေကို တစ်ပတ်ပြည့်အောင် ၂၂၅ရက်ကြာသလောက်ယင်း၏ ဝန်ရိုးပေါ်၌လည်း တစ်ပတ်လည်အောင် ၂၂၅ရက်ပင်ကြာသည်ဟု ယူဆကြသည်။ အချို့ကမူဤမျှကြာ သည်မဟုတ်ဘဲ ရက်သတ္တသုံးပတ်မှလေးပတ်အထိသာ ကြာသည်ဟုဆိုကြသည်။ သို့သော်မည်သူမျှ အတိအကျမသိရှိကြသေးချေ။ သောကြာဂြိုဟ်၏ပတ်ဝန်းကျင်၌ တိမ်တောင် တိမ်လိပ်များ အမြဲဖုံးအုပ်နေသောကြောင့်လေ ရှိကြောင်း သိရသည်။ သို့သော်ထိုလေမှာ အလွန်ထူထပ်သော လေထုဖြစ်သောကြောင့် မှန်ပြောင်းဖြင့်ကြည့်သည့်အခါ ဂြိုဟ်၏ မျက်နှာပြင်ကိုထင်ထင်ရှားရှားမမြင်ရချေ။ နေမှရရှိသောဂြိုဟ်၏ အပူရှိ်န်သည် လည်းသက်ရှိသတ္တဝါ တစ်မျိုးမျိုးတို့ နေထိုင်ရန်အတွက် လုံလောက်သည်ဟု ယူဆနိုင်စရာအကြောင်းရှိ သည်။ သို့သော်လူတို့နေနိုင်ရန်အတွက် လိုအပ်သော ဓာတ်ငွေ့များလုံလောက်စွာရှိမရှိကိုမူကားမည် သူမျှသေချာစွာ မပြောနိုင်ချေ။ ယခု ကျွန်ုပ်တို့ခေတ်လူသားများသည် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာကြီး၏နေရာအနှံ့အပြားသို့ သွားလာရသည်ကို တင်းတိမ်ခြင်းမရှိတော့ချေ။ ထိုကြောင့်ယခုအခါ ကမ္ဘာ အပြင်ဘက်သို့ထွက်၍ အခြားဂြိုဟ်များသို့သွားရောက်ရန် ကြံစည်အားထုတ်လျက်ရှိနေကြလေသည်။ ယင်းသို့အားထုတ်ကြ ရာ၌ မရီးနား (၂) အာကာသယာဉ်ကိုအမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကင်နဒီအငူမှနေ၍ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂ရ ရက်နေ့တွင် အက်တလက်ဒုံးပျံကြီး၏ ထိပ်တွင်ထည့်၍ပစ်လွှတ်ခဲ့လေသည်။ မရီးနား (၂)၏ပန်းတိုင်မှာ သောကြာဂြိုဟ်ပင်ဖြစ်သည်။ သောကြာဂြိုဟ်အနီးမှ ဖြတ်သန်းသွားပြီးလျှင် အချက်အလက်များကို သိပ္ပံပညာရှင် များထံသို့ပို့ရမည်ဖြစ်သည်။ ယင်းတွင်ပါသွားသော ကရိယာများဖြင့် အာကာသကိုစူးစမ်းရှာဖွေသွားရပေမည်။ အမေရိကန်အာကာသယာဉ်မရီးနား(၂)သည် စီစဉ် ထားသည့်အတိုင်း ၁၉၆၂ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့၌ သောကြာ ဂြိုဟ်အားမိုင်ပေါင်း ၂၁၅၉၄ အကွာမှနေ၍ ၄၂မိနစ် ကြာမျှဖြတ်သန်း စူးစမ်းခဲ့ပြီးနောက် နေကိုလှည့်ပတ်လျက် အဆုံးမရှိသောခရီးကို ဆက်လက်ထွက်ခွာသွားလေသည်။ သောကြာဂြိုဟ် အနီးမှဖြတ်သန်းသွားခဲ့စဉ်မရီးနား (၂)ပေါ်တွင် ပါသွားသော သိပ္ပံပညာဆိုင်ရာ ကရိယာများ၏ တွေ့ရှိချက်များကို သိပ္ပံပညာရှင်များထံသို့ပြန်လည်ပေးပို့ခဲ့သည်။ ထိုနောက်တွင် မရီးနား (၂) အာကသယာဉ်သည်ကမ္ဘာမှ တဖြည်းဖြည်းဝေးသည်ထက်ဝေးကွာသွားပြီးလျှင် မြေပြင်ရှိ စခန်းများနှင့်အဆက်အသွယ်လုံးဝမရှိတော့ပေ။ ဆိုဗီယက်ပြည်ထောင်စုသည်လည်း သောကြာဂြိုဟ် စူးစမ်းမှုကို ၁၉၆၁ခုနှစ်မှစတင်ခဲ့သည်။ ယနေ့အထိ အာကာသယာဉ် ဆယ်စီးထက်မနည်းပစ်လွှတ်ခဲ့ပြီးဖြစ်ရာ ၁၉၇၂ခုနှစ် ဇူလိုင်လအတွင်း သောကြာဂြိုဟ်ပေါ်သို့ ရုရှလုပ်ဗီးနပ်အာကာသယာဉ် (၈)အောင်မြင်စွာဆင်းသက်ခဲ့သည်။ ထိုအချိန်မှစ၍ မိနစ် ၅ဝကြာမျှ ကမ္ဘာသို့သောကြာဂြိုဟ်၏ စိတ်ဝင်စားဖွယ်သိပ္ပံသတင်းဆန်းများကို ပြန်လည်ပေးပို့ခဲ့သည်။ ယခင်ဗီးနပ် (၇)ကိုပစ်လွှတ်ခဲ့စဉ်ကလည်း အလားတူပင် သက်ဆင်းနိုင်ခဲ့သော်လည်း ၂၃ မိနစ်မျှသာကမ္ဘာသို့ ပြန်လည်အသံလွှင့်ပေးနိုင်ခဲ့သည်။ သောကြာဂြိုဟ်ပေါ်ရှိ ဓာတ်ပစ္စည်းများမှာကမ္ဘာပေါ်ရှိ ဓာတ်ပစ္စည်းများနှင့်အလွန်တူသည်ဟုဆို၏။ သောကြာဂြိုဟ်၏ မျက်နှာပြင်အပူချိန်သည် ဖာရင်ဟိုက်ဒီဂရီ ၈၈ဝမျှရှိသည်။ ထိုအပူချိန်သည် လူနေ၍ ရေခဲပင်အရေပျော်ဝင်နိုင်သော အပူချိန်ဖြစ်သည်။ ဆိုဗီယက်သိပ္ပံပညာရှင်များ ခန့်မှန်းချက်အရသောကြာ ဂြိုဟ်ကြီးသည်ကမ္ဘာကဲ့သို့ပင် တစ်ချိန်က အရည်ပျော်ခဲ့ဖူး၍ နောင်မှတဖြည်းဖြည်းခဲကာ အပေါ်ယံမြေသားများ မာလာပြီးလျှင် ယခုမြင်တွေ့နေရသည့် အသွင်အပြင်အတိုင်း ဖြစ်လာသည်ဟု ဆို၏။ ထို့ပြင် နေမှလာသော ရောင်ခြည်သုံးပုံနှစ်ပုံသာ သောကြာဂြိုဟ်၏ တိမ်ထုကိုဖောက်၍မျက်နှာပြင် ပေါ်သို့ ရောက်နိုင်ကြသည်။ သို့သော် ထိုတိမ်ထုကာဆီးထားသည့်အတွက်ပင် ထိုရသောရောင်ခြည်များ အာကာသ အတွင်းသို့ ပြန်လည်ထုတ်လွှင့်သောအခါ၌ အတားအဆီးဖြစ် နေပြီးလျှင် ကျွန်ုပ်တို့ ကမ္ဘာကြီးကဲ့သို့ သောကြာဂြိုဟ်ပေါ်တွင် သမသောအပူချိန်မရှိဘဲ အပူချိန်လွန်ကဲ၍နေသည်ဟုဆိုသည်။ သောကြာဂြိုဟ်၏တစ်နေ့တာမှာ ကမ္ဘာမှရက်ပေါင်း ၁၁၆ရက်နှင့်ညီမျှအောင် ရှည်လျားလှ၏။ ညဉ့်များသည်လည်း အလားတူပင်ရှည်ကြာလှသည်။ ထိုသို့ဖြစ်ရသည်မှာ သောကြာ ဂြိုဟ်သည်မိမိဝင်ရိုး ပေါ်တွင် ၂၄၃ ရက်တွင်မှ တစ်ပတ်ပတ်နိုင်သောကြောင့်ဖြစ်သည်ဟုဆို၏။ သောကြာဂြိုဟ် ပေါ်တွင်တိုက် ခတ်နေသည့်လေအရှိန်မှာလည်း မုန်တိုင်း ကျနေသည်ဟုထင်ရလောက်အောင် ပြင်းလှသည်ဟုဆိုလေသည်။ ကျမ်းဂန်လာ သောကြာဂြိုဟ် လှေသင်းအတွင်းဝန်မင်းကြီး မဟာဇေယသင်္ခယာ ရေးသားစီရင်အပ်သော ဝေါဟာရလီနတ္ထဒီပနီတွင် 'သောကြာ ဂြိုဟ်ဟုခေါ်ဝေါ်ရေးသားကြသည်မှ ရာဇမတ္တဏ်ကျမ်း ဂဟာဘိဓာနတွင် ဘဂုဇော· သောကြာ၊ ဒေစ္စမန္တိ·သောကြာ၊ ဒစ္စဈက္ခိ·သောကြာ၊ ပုရောဟိတော·သောကြာ၊ ဥသနော· သောကြာ၊ ဘဂ္ဂဝေါ·သောကြာ၊ သုက္ကောသောကြာ၊ ဘဂု·သောကြာ၊ ဒေစ္စဂုရု·သောကြာဟူ၍ ပရိယာယ်ကိုးပါး ပြသည်။ အဘိဓာန်ဋီကာတွင်လည်း သုက္ကံ·သောကြာဟူ၍ ဂြိုဟ်ကိုးပါးအဖွင့်တွင်ဆိုသည်။ ထိုပရိယယ်အစုတွင် မြန်မာဘာသာမှသုက္ကဟူသောပုဒ်နှင့်အညီပုဂံ၊ အင်းဝမင်းတို့ လက်ထက်ရေးမှတ်သည့် ကျောက်စာများတွင်ဥသရနှင့် 'သုကြာနေ့'ဟုရေးမှတ်ကြကုန်သည်။ ယခုအခါ 'သု'တွင်ရှိသော 'ဥ'သရကို'ဩ'ပြု၍ သင်္သကရိုဋ်အလို ကအက္ခရာမှာ ရရစ်နှင့်သောကြာဂြိုဟ်ဟု ခေါ်ဝေါ်ရေးသားကြလေသည်။ သက္ကသဒ္ဒါ၏အနက်ကား ဖြူသောအရောင်အဆင်းကို ဟောသည်။ သောကြာဂြိုဟ်မှာ လည်းဖြူသောအရောင်အဆင်း ရှိသောကြောင့် ကမ္ဘာဦးသူတို့သက္ကဟူ၍ အမည်သုမုတ် ခေါ်ဝေါ်ကုန်သည်။ 'ထိုသောကြာကြယ်ဥဒည်းမူသောအခါ၊ တက်သောအခါ ရှေးသူဟောင်းတို့ဆေးဝါးရှာယူသည်။ ထိုသောကြာကြယ်ကိုပင် ရှေးမြန်မာသူဟောင်းတို့သောက်ရှူး ကြယ်ခေါ်ဝေါ်ကြကုန်သည်။ ကြေးနီကျောင်း ဒုတိယ ကျော်အောင်စံထားဆရာတော်စီရင်သည့် ဝေါဟာရတ္ထ ပကာသနီမှာ ·သောက်ရောင်အချိန်တွင် မြူးသောအရောင် ထင်သည်ကိုအစွဲပြု၍ခေါ်သည်ဟု ဆုံးဖြတ်လေသည်။ ကမ္ဘာတန်းဆာရာဇမန္တဏ် ယောဂယာတြာနှစ်ကျမ်းတွင် ဘောဇကဋတိုင်းသားသေတဗျအမျိုး ဘဂုရ ရသေ့မယား သုဇိတာသား သောကြာဖြစ်ကြောင်း ကိုဆိုသည်။ သောကြာဂြိုဟ်ကို အစွဲပြု၍ရက်သတ္တပတ်၏ ခြောက်ရက်နေ့ကို သောကြာနေ့ဟု ခေါ်သည်။ သောကြာဂြိုဟ်နတ်မင်းစီးသော ဂြိုဟ်ကောင်သည် ပူးဖြစ်သည်။ 'သောကြာမှာပူး၊ မြောက်စူးစူး၊ အထူးနှစ်ဆယ် စွန်းကယ်တစ်နှစ်မျှ'ဟူသောဂြိုဟ်လင်္ကာအရ သောကြာဂြိုဟ် သက်မှာ ၂၁နှစ်ဖြစ်၍ တည်ရာအရပ်သည် မြောက်အရပ်ဖြစ်၏။ ဗေဒင်အခေါ်အားဖြင့် သ၊ ဟ ဟူသော အက္ခရာနှစ်လုံးကို သောကြာနံ အက္ခရာဟုခေါ်သည်။ ကိုးကား အခြားဝက်ဘ်ဆိုက်ဒ်များ Nine Planets: Venus The Planet Venus Images of Venus သောကြာဂြိုဟ် နေအဖွဲ့အစည်း၏ ဂြိုဟ်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B1%E1%80%AC%E1%80%80%E1%80%BC%E1%80%AC%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
ကမ္ဘာဂြိုဟ်
ကမ္ဘာဂြိုဟ် () သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်များ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်ပြီး၊ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။ ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး ၎င်းကိုပင် တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲဖြင့် သက်တမ်းဖော်ထုတ်နည်း (Radiometric dating) အရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာအား ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူခြင်း၊ လေတိုက်ခြင်း၊ မိုးရွာခြင်း၊ နှင်းကျခြင်း၊ မုန်တိုင်းတိုက်ခြင်း) အခြေအနေများ ဖြစ်ပေါ်လာသည်။ ကမ္ဘာတွင် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ ကမ္ဘာ၏ ဝင်ရိုးစွန်းဒေသများကို ရေခဲများဖြင့် ဖုံးလွှမ်းထားသည်။ အပူပိုင်းဒေသတွင် ဝင်ရိုးစွန်းဒေသထက် နေရောင်ခြည်စွမ်းအင်ကို ပိုမိုရရှိပြီး လေထု၊ သမုဒ္ဒရာရေစီးကြောင်းများဖြင့် အပူကို ဖြန့်ဖြူးပေးသည်။ မှန်လုံအိမ်ဓာတ်ငွေ့သည် ကမ္ဘာ့မျက်နှာပြင်အပူချိန်ကို ထိန်းသိမ်းပေးရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဒေသတစ်ခု၏ ရာသီဥတုကို ဆုံးဖြတ်ရာ၌ လတ္တီကျုကိုသာမက ပင်လယ်ရေမျက်နှာပြင်အမြင့်၊ သမုဒ္ဒရာများနှင့် နီးကပ်မှု အစရှိသည်တို့ကိုပါ အသုံးပြုသည်။ အပူပိုင်း ဆိုင်ကလုန်းများ၊ မိုးကြိုးမုန်တိုင်းများ၊ အပူလှိုင်းဖြတ်ခြင်းစသော ပြင်းထန်သည့်ရာသီဥတုများသည် နေရာဒေသအများစုတွင် ဖြစ်ပေါ်လေ့ရှိပြီး သက်ရှိများအပေါ် ကြီးမားစွာ သက်ရောက်သည်။ ကမ္ဘာသည် နေအဖွဲ့အစည်းအတွင်း သက်ရှိများနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထန်သော ဒြပ်ဆွဲငင်အားက ကမ္ဘာကို ဥက္ကာပျံများနှင့် တိုက်မိနိုင်ချေမှ အတန်အသင့် အကာအကွယ်ပေးနေသည်ဟု ယူဆထားသည်။ ကမ္ဘာ ဖွဲ့တည်ပြီး ပထမ ဘီလီယံနှစ်များတွင် သက်ရှိဇီဝသည် ပင်လယ်သမုဒ္ဒရာ၌ စတင်ရှင်သန်ခဲ့ပြီး ကမ္ဘာ့လေထုနှင့် ကုန်းမြေများကို အကျိုးသက်ရောက်ခဲ့ကာ လွန်ခဲ့သောနှစ်ပေါင်း ၄.၁ ဘီလီယံမှစ၍ သက်ရှိတို့ ရှင်သန်ပေါက်ဖွားခဲ့ဟန် ရှိသည်။ ကမ္ဘာမြေ၏သမိုင်းတွင် မျိုးသုဉ်းမှုဖြစ်ရပ်များကြောင့် သက်ရှိမျိုးစိတ် ၉၉ ရာခိုင်နှုန်း ပျက်စီးပျောက်ကွယ်ခဲ့ဖူးသည်။ ယနေ့တိုင် တည်ရှိသော ခန့်မှန်းခြေ မျိုးစိတ်များမှာ ကျယ်ပြန့်လှကာ မျိုးစိတ်အများစုကို သိပ္ပံနည်းကျ ဖော်ပြထားနိုင်ခြင်း မရှိသေးပေ။ ကမ္ဘာပေါ်တွင် လူသားများ ၈ ဘီလီယံနီးပါးခန့် နေထိုင်ကြပြီး အသက်ရှင်သန်ရေးအတွက် ကမ္ဘာ၏ ဇီဝအလွှာ (biosphere) နှင့် သဘာဝရင်းမြစ်များပေါ်တွင် မှီခိုကြရသည်။ သမိုင်းကြောင်း ဖွဲ့တည်ခြင်း နေအဖွဲ့အစည်းရှိ သက်တမ်းအရင့်ဆုံးပစ္စည်းမှာ လွန်ခဲ့သော ၄.၅၆၇၂±၀.၀၀၀၆ ဘီလီယံနှစ်အကြာက ဖြစ်တည်သည်။ သီအိုရီအရ ကမ္ဘာသည် နေပေါက်ဖွားပြီး ယင်း၏အစိတ်အပိုင်းများမှ ဖွဲ့တည်ခြင်းဖြစ်သည်။ သုတေသနတစ်ခုအရ လွန်ခဲ့သောနှစ်​​ပေါင်း ၄.၅၃ ဘီလီယံအကြာက လကမ္ဘာ ဖြစ်တည်ခဲ့ဟုဆိုသည်။ အဆိုပြုချက်တစ်ခုအရမူ အင်္ဂါဂြိုဟ်အရွယ်အစားရှိ သီယာဟုခေါ်သည့် ဂြိုဟ်တစ်ခုက ကမ္ဘာမြေအား ဝင်တိုက်ခဲ့သေးသည်ဟုဆိုသည်။ ယင်းဂြိုဟ်သည် ကမ္ဘာ၏ ၁၀ ရာခိုင်နှုန်းသော အရွယ်အစားရှိသည်ဟုဆိုပြီး ထိတိုက်မှုကြောင့် ယင်း၏အစိတ်အပိုင်းအချို့သည် ကမ္ဘာမြေနှင့် ပေါင်းစပ်ခဲ့သည်ဟုဆိုသည်။ လွန်ခဲ့သောနှစ်ပေါင်း ၄.၁ ဘီလီယံနှင့် ၃.၈ ဘီလီယံအတွင်း လကမ္ဘာအား ဥက္ကာခဲများစွာ ဝင်တိုက်ခဲ့မှုက လကမ္ဘာ၏ ယနေ့ခေတ် မြေမျက်နှာသွင်ပြင်များကို ထုဆစ်ပုံဖော်ခဲ့သည်ဟုဆိုသည်။ ဘူမိဗေဒဆိုင်ရာ သမိုင်း ကမ္ဘာ့လေထုနှင့် သမုဒ္ဒရာများကို မီးတောင်လှုပ်ရှားမှုနှင့် အေးခဲနေသောဓာတ်ငွေ့များ ကမ္ဘာမြေမျက်နှာပြင်သို့ ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်လာသည်။ ယင်းရင်းမြစ်များမှ ရေငွေ့သည် သမုဒ္ဒရာများသို့ ငွေ့ရည်ဖွဲ့စုဖွဲ့ကြသည်။ ကြယ်တံခွန်၊ ဥက္ကာခဲများမှ ရေနှင့် ရေခဲများသည်လည်း သမုဒ္ဒရာများအတွင်းသို့ စုဝေးခဲ့ကြသည်။ ပင်လယ်များအတွက် လိုအပ်သောရေသည် ကမ္ဘာဖြစ်တည်ကတည်းက တည်ရှိခဲ့ဟန်ရှိသည်။ ဤစံနမူနာပုံစံတွင် နေသည် လက်ရှိတောက်ပမှု၏ ၇၀ ရာခိုင်နှုန်းမျှသာရှိသေးသောအချိန် လေထုထဲရှိ ဖန်လုံအိမ်ဓာတ်ငွေ့များသည် သမုဒ္ဒရာများကို အေးခဲမသွားစေရန် ထိန်းကျောင်းပေးခဲ့သည်။ ကမ္ဘာဖွဲ့တည်ပြီးနောက် နှစ်ပေါင်း ၃.၅ ဘီလီယံကြာသော် ကမ္ဘာ၏ သံလိုက်စက်ကွင်း ဖြစ်တည်လာခဲ့သည်။ ယင်းသံလိုက်စက်ကွင်းသည် လေထုကို နေလေ (solar wind) မှ နုတ်ယူမသွားစေရန် ကာကွယ်ပေးခဲ့သည်။ ကမ္ဘာ၏ အပြင်ဘက်ချော်ရည်အလွှာသည် အေးမြလာပြီး ပထမဆုံး အစိုင်အခဲလွှာကို ဖွဲ့တည်လာခဲ့သည်။ အနာဂတ် ကာဗွန်ဒိုင်အောက်ဆိုဒ် သည် လေထုထဲတွင် သက်တမ်းရှည်ကြာစွာ တည်ရှိနေနိုင်သောကြောင့် လူသားတို့၏ ထုတ်လွှတ်မှုသည် နောင်နှစ်ပေါင်း တစ်သိန်းတွင် ဖြစ်ပေါ်လာမည့် ရေခဲခေတ်တစ်ခုကို နှောင့်နှေးစေမည်ဖြစ်သည်။ ကမ္ဘာ၏ အနာဂတ်သည် နေနှင့် တိုက်ရိုက် သက်ဆိုင်လျက်ရှိသည်။ နောင်နှစ်ပေါင်း ၁.၁ ဘီလီယံတွင် နေ၏ တောက်ပမှုသည် ယခုလက်ရှိထက် ၁၀ ရာခိုင်နှုန်း၊ နှစ်ပေါင်း ၃.၅ ဘီလီယံတွင် ၄၀ ရာခိုင်နှုန်းသို့ တိုးလာမည်ဖြစ်သည်။ ကမ္ဘာ့မျက်နှာပြင် အပူချိန် တိုးပွားလာပြီး အင်အော်ဂဲနစ် ကာဗွန်သံသရာကို အရှိန်တင်စေကာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုစနစ်ကို လျှော့ကျစေမည်ဖြစ်သည်။ ယင်းကဲ့သို့ဖြစ်ပါက နှစ်ပေါင်း ၅၀၀ မှ ၉၀၀ မီလီယံအတွင်း အပင်များအတွက် အလင်းမှီစုနည်းဖြင့် အစာချက်လုပ်ရန် မဖြစ်နိုင်တော့ပေ။ အပင်များ နည်းပါးလာခြင်းသည် လေထုထဲရှိ အောက်ဆီဂျင် ပမာဏကို နည်းပါးသွားစေမည်ဖြစ်ကာ တိရိစ္ဆာန်လောက ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။ နောက်ထပ် နှစ်ပေါင်း ၁ ဘီလီယံကြာသော် မြေမျက်နှာပြင်ရှိ ရေအားလုံး ပျောက်ကွယ်သွားပြီး တစ်ကမ္ဘာလုံး အပူချိန်သည် ၇၀ °C (၁၅၈ °F) သို့ ရောက်ရှိမည်ဖြစ်သည်။ ယင်းအချိန်မှစ၍ နှစ်ပေါင်း ၅၀၀ မီလီယံခန့်အတွင်း ကမ္ဘာပေါ်တွင် သက်ရှိများ ရှင်သန်နိုင်သေးသည်ဟု ခန့်မှန်းထားသည်။ အကယ်၍ လေထုမှ နိုက်ထရိုဂျင်အား ဖယ်ထုတ်လိုက်ပါက နှစ်ပေါင်း ၂.၃ ဘီလီယံခန့်အတွင်း သက်ရှိများ ရှင်သန်နိုင်ကောင်းရှင်သန်နိုင်သေးသည်။ ထို့သို့မဟုတ်ဘဲ နေ၏အပူချိန်သည် တည်ငြိမ်မည်ဟု ယူဆပါကလည်း နှစ်ပေါင်း ၁ ဘီလီယံအတွင်း ခေတ်သစ်သမုဒ္ဒရာများမှ ၂၇ ရာခိုင်နှုန်းသော ရေထုတို့သည် ကမ္ဘာ့အတွင်းပိုင်းအလွှာသို့ ဆင်းသက်ကုန်မည်ဖြစ်သည်။ နေသည် နောင်နှစ်ပေါင်း ၅ ဘီလီယံကြာပါက ဧရာမ ကြယ်နီကြီးအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားမည်ဖြစ်ပြီး ယခုလက်ရှိအရွယ်အစားထက် အဆပေါင်း ၂၅၀ သို့ ရောက်ရှိကာ ၁ AU (မိုင်ပေါင်း ၉၃ မီလီယံခန့်) ကြီးထွားလာမည်ဖြစ်သည်။ ကမ္ဘာ၏ ကံကြမ္မာသည် မသေချာပေ။ ဧရာမ ကြယ်နီတစ်စင်းအနေဖြင့် နေသည် ယင်း၏ထုထည် ပမာဏ ၃၀ ရာခိုင်နှုန်းအား ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး ဒီရေအကျိုးသက်ရောက်မှု (tidal effect) မရှိပါက ကမ္ဘာပတ်လမ်းသည် နေမှ ၁.၇ AU အကွာသို့ ရွေ့သွားမည်ဖြစ်သည်။ သို့မဟုတ် ဒီရေအကျိုးသက်ရောက်မှု ရှိပါက ကမ္ဘာသည် နေ၏လေထုထဲသို့ တိုးဝင်ကာ အငွေ့ပျံသွားမည်ဖြစ်သည်။ နေ၏တောက်ပမှုသည် ယခုထက် အဆပေါင်း ၅၀၀ ပိုမိုတောက်ပလာမည်ဖြစ်ကာ ကမ္ဘာပေါ်ရှိ သက်ရှိများ အကုန်လုံး မဟုတ်သော်မှ အတော်များများကို လွန်ကဲသောအပူချိန်က ပျက်စီးစေမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သော ပုံတူဖန်တီးမှန်းဆမှု (simulation) တစ်ခုက ကမ္ဘာသည် ဒီရေအကျိုးသက်ရောက်မှုကြောင့် နေ၏လေထုသို့ ဝင်ရောက်ကာ လောင်ကျွမ်းသွားမည်ဟုဆိုသည်။ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ပုံသဏ္ဌာန် ကမ္ဘာ၏ပုံသဏ္ဌာန်သည် ထိပ်နှစ်ဘက်ပြား၍ အလယ်တွင် လုံးဝိုင်းသည်။ ကမ္ဘာ၏ လည်ပတ်မှုကြောင့် ဝင်ရိုးစွန်းဒေသများတွင် ပြားချပ်ပြီး အီကွေတာတွင် ဖောင်းကားသည်။ အီကွေတာရှိ ကမ္ဘာ၏အချင်းသည် ၄၃ ကီလိုမီတာ (၂၇ မိုင်) ရှိပြီး ဝင်ရိုးစွန်း တစ်ခုမှတစ်ခုသို့ အချင်းထက် ပိုများသည်။ ဓာတုပစ္စည်း ပါဝင်မှု ကမ္ဘာ့ထုထည်သည် ၅.၉၇×၁၀၂၄ ကီလိုဂရမ် နီးပါးခန့်ရှိပြီး အများစုမှာ သံ (၃၂.၁%)၊ အောက်ဆီဂျင် (၃၀.၁%)၊ ဆီလီကွန် (၁၅.၁%)၊ မဂ္ဂနီစီယမ် (၁၃.၉%)၊ ဆာလဖာ (၂.၉%)၊ နီကယ် (၁.၈%)၊ ကယ်လစီယမ် (၁.၅%)၊ အလူမီနီယမ် (၁.၄%) နှင့် ကျန်သော ဒြပ်စင်များ ၁.၂% ပါဝင်သည်။ ပင်မအူတိုင်တွင် သံ ၈၈.၈%၊ နီကယ် ၅.၈%၊ ဆာလဖာ ၄.၅% တို့ဖြင့် ဖွဲ့စည်းထားသည်ဟု ခန့်မှန်းရသည်။ ကျောက်မာလွှာတွင် တွေ့ရသော ကျောက်ခဲအများစုသည် အောက်ဆိုဒ်များ ဖြစ်ကြသည်။ အဓိကအားဖြင့် ကလိုရင်း၊ ဆာလဖာနှင့် ဖလိုရင်းတို့ဖြစ်ကြသည်။ ကျောက်မာလွှာ၏ ၉၉ ရာခိုင်နှုန်းကိုမူ ဆီလီကာ၊ အလူမီနာ၊ အိုင်းယွန်း အောက်ဆိုဒ်၊ ထုံး၊ မဂ္ဂနီဆီယာ၊ ပိုတက်နှင့် ဆိုဒါတို့ဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင် ကမ္ဘာ့ မျက်နှာပြင် စုစုပေါင်း ဧရိယာသည် စတုရန်းမိုင်ပေါင်း ၁၉၇ မီလီယံ ရှိသည်။ ယင်း၏ ၇၀.၈ ရာခိုင်နှုန်း (စတုရန်းမိုင်ပေါင်း ၁၃၉.၄၃ မီလီယံ) မှာ ပင်လယ်ရေ မျက်နှာပြင်အောက်တွင် တည်ရှိပြီး ပင်လယ်ရေဖြင့် ဖုံးလွှမ်းထားသည်။ ရေဖြင့် ဖုံးလွှမ်းမထားသော လက်ကျန် ၂၉.၂% များမှာ တောင်တန်းများ၊ ကန္တာရများနှင့် အခြားသော ကုန်းမြေများဖြစ်သည်။ ကုန်းမြေမျက်နှာပြင်၏ ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ အနိမ့်ဆုံးဖြစ်သော ပင်လယ်သေဒေသ၌ −၄၁၈ မီတာရှိပြီး အမြင့်ဆုံးဖြစ်သော ဧဝရတ်တောင်တွင် ၈၈၄၈ မီတာ ရှိသည်။ ကုန်းမြေ၏ ပင်လယ်ရေ မျက်နှာပြင်အမြင့် ပျမ်းမျှအမြင့်မှာ ၇၉၇ မီတာ ရှိသည်။ အနည်ကျကျောက်များသည် ကမ္ဘာ့အပြင်ဘက်ကျောက်လွှာ၏ ၅ ရာခိုင်နှုန်းသာ ပါဝင်ဖွဲ့စည်းထားသော်လည်း ကမ္ဘာ့တိုက်ကြီးများ၏ မျက်နှာပြင်ကိုမူ အနည်ကျကျောက်များက ၇၅ ရာခိုင်နှုန်း လွှမ်းမိုးထားသည်။ စုစုပေါင်း စိုက်ပျိုးနိုင်သောမြေသည် ကုန်းမြေ၏ ၁၀.၉ ရာခိုင်နှုန်းရှိပြီး ၁.၃ ရာခိုင်နှုန်းသည် အမြဲတမ်း စိုက်ပျိုးမြေများဖြစ်ကြသည်။ ကုန်းမြေမျက်နှာပြင်၏ ၄၀ ရာခိုင်နှုန်းအား စိုက်ပျိုးမွေးမြူရေးအတွက် အသုံးပြုသည်။ ခန့်မှန်းခြေ သီးနှံပင်စိုက်ပျိုးရေးအတွက် စတုရန်းမိုင် ၆.၄ သန်း၊ မွေးမြူရေးအတွက် စတုရန်းမိုင် ၁၂.၉ သန်း အသီးသီး အသုံးချသည်။ ရေထု ကမ္ဘာမျက်နှာပြင်၌ ရေပေါများခြင်းသည် နေအဖွဲ့အစည်းရှိ အခြားသောဂြိုဟ်များထဲမှ ဂြိုဟ်ပြာ ဟု ခွဲခြားနိုင်ခြင်းဖြစ်သည်။ ကမ္ဘာ့ရေထုတွင် အဓိကအားဖြင့် ပင်လယ်သမုဒ္ဒရာတို့ပါဝင်သည်။ သို့သော် နည်းစနစ်ကျကျဆိုပါက မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကုန်းတွင်းပိုင်းပင်လယ်နှင့် မြေအောက်ရေတို့ ပါဝင်သည်။ အနက်ဆုံး မြေအောက်ရေ တည်ရှိရာမှာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာရီနာချောက် (Mariana Trench) ၏ ချန်လင်ဂျာဒီး (Challenger Deep) ဖြစ်ပြီး မီတာ ၁၀၉၁၁.၁ (ပေ ၃၅၇၉၉) ရှိသည်။ သမုဒ္ဒရာများ၏ ထုထည်သည် ၁.၃၅×၁၀၁၈ နီးပါးခန့် သို့မဟုတ် ကမ္ဘာမြေ ထုထည်၏ ၁/၄၄၀၀ ဖြစ်သည်။ သမုဒ္ဒရာများသည် ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၁၃၉.၇ မီလီယံရှိပြီး ပျမ်းမျှအနက်မှာ ၃၆၈၂ မီတာ (၁၂၀၈၀ ပေ) ရှိကာ ကမ္ဘာ့မျက်နှာပြင်သည် ချောမွေ့နေမည်ဆိုပါက ပျမ်းမျှအနက်သည် ၂.၇ မှ ၂.၈ ကီလိုမီတာ ရှိမည်ဖြစ်သည်။ ရေအားလုံး၏ ၉၇.၅ ရာခိုင်နှုန်းသည် ရေငန်များဖြစ်ပြီး ကျန် ၂.၅ ရာခိုင်နှုန်းမှာ ရေချိုဖြစ်ကာ ရေချို ၆၈.၇ ရာခိုင်နှုန်းသည် ရေခဲလွှာများ၌ တည်ရှိသည်။ ကမ္ဘာ၏ အအေးဆုံးဒေသများတွင် နှင်းများသည် ပုံစံမပျက် ရေခဲအဖြစ် တည်ရှိကြသည်။ ယင်းနှင်းများ၊ ရေခဲများသည် ကြာလာသော် ရေခဲလွှာများဖြစ်တည်လာကြသည်။ အာတိတ်ဒေသရှိ ရေခဲပင်လယ်သည် အမေရိကန်ပြည်ထောင်စုနီးပါးခန့် ကြီးမားလှသည်။ သို့သော် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် လျင်မြန်စွာ ဆုတ်ယုတ်လျက်ရှိသည်။ ကမ္ဘာ့သမုဒ္ဒရာများ၏ ပျမ်းမျှ ရေငန်နှုန်းမှာ ပင်လယ်ရေ ၁ ကီလိုဂရမ်တွင် ၃၅ ဂရမ်နှုန်း ဖြစ်သည်။ ဆားအများစုကို မီးတောင်ပေါက်ကွဲခြင်းမှ ထွက်လာသည်။ သမုဒ္ဒရာများသည် လေထုထဲရှိ ဓာတ်ငွေ့များကို ပျော်ဝင်သွားစေသည့် သိုလှောင်ကန်များဖြစ်ကြပြီး ယင်းသည် ပင်လယ်နေသတ္တဝါများ ရှင်သန်ရန် အရေးပါသည်။ ပင်လယ်ရေများသည် ကမ္ဘာ့ရာသီဥတုများပေါ်တွင် လွှမ်းမိုးမှုရှိပြီး သမုဒ္ဒရာများသည် အပူလှောင်ကန်အဖြစ် ပြုမူပေးသည်။ သမုဒ္ဒရာများရှိ အပူချိန်ပြောင်းလဲမှုများသည် အယ်လ်နီညိုကဲ့သို့ သိသာသော ရာသီဥတု ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ လေထု မြေမျက်နှာပြင်အား သက်ရောက်သော ပျမ်းမျှ ကမ္ဘာ့လေထုဖိအားသည် ကီလိုမီတာ ၈.၅ အမြင့်၌ ၁၀၁.၃၂၅ KPa (၁၄.၆၉၅၉ psi) ဖြစ်သည်။ ခြောက်သွေ့သော လေထုတွင် နိုက်ထရိုဂျင် ၇၈%၊ အောက်ဆီဂျင် ၂၁%၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေငွေ့နှင့် အခြားဓာတ်ငွေ့များ ပါဝင်သည်။ရေငွေ့ ပါဝင်မှုသည် ၀.၀၁ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်းကြားတွင် ပြောင်းလဲလျက်တည်ရှိသည်။ သို့သော် ပျမ်းမျှမှာ ၁ ရာခိုင်နှုန်းဖြစ်သည်။ ထရိုပိုစဖီးယားလွှာ၏ အမြင့်သည် ဝင်ရိုးစွန်း၌ ၈ ကီလိုမီတာ (၅ မိုင်) နှင့် အီကွေတာတွင် ၁၇ ကီလိုမီတာ (၁၁ မိုင်) ဝန်းကျင်ရှိသည်။ ကမ္ဘာ့လေထု၏ ဘိုင်အိုစဖီးယားတွင် အိုဇုန်းလွှာ တည်ရှိပြီး သက်ရှိများ ရှင်သန်ရန်အတွက် အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသည်။ လေထုသည် ဥက္ကာခဲများအား မြေမျက်နှာပြင်သို့ မကျရောက်ခင် လောင်ကျွမ်းစေပြီး အပူချိန်ကို ချိန်ညှိပေးသည်။ ဤဖြစ်စဉ်အား ဖန်လုံအိမ် အကျိုးသက်ရောက်မှုဟုခေါ်ကာ မြေပြင်မှ ထုတ်လုပ်သော အပူများကို ဖမ်းယူထားခြင်းဖြစ်သည်။ ဖန်လုံအိမ် အကျိုးသက်ရောက်မှုကို အဓိကဖြစ်စေသောအရာများမှာ ရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရိုက်အောက်ဆိုဒ်နှင့် အိုဇုန်းတို့ ဖြစ်ကြသည်။ ဤကဲ့သို့ အပူသိုလှောင်သည့်ဖြစ်စဉ် မရှိပါက လက်ရှိအပူချိန် +၁၅ °C (၅၉ °F) နှင့် ဆန့်ကျင်ဘက် −၁၈ °C (၀ °F) သို့ ရောက်ရှိမည်ဖြစ်ပြီး သက်ရှိများ ဖြစ်တည်ခဲ့လိမ့်မည် မဟုတ်ပေ။ ၂၀၁၇ ခုနှစ် မေလတွင် ကမ္ဘာ့လေထုရှိ ရေခဲ ပုံဆောင်ခဲမှ ရောင်ပြန်ဟပ်သော အလင်းကို မိုင်ပေါင်းများစွာဝေးသော ဂြိုဟ်တုတစ်ခုမှ မြင်ခဲ့ရသည်။ မိုးလေဝသနှင့် ရာသီဥတု ကမ္ဘာ၏လေထုတွင် ပုံသေနယ်နိမိတ်မရှိဘဲ၊ အတွင်းဘက်မှ အပြင်ဘက်သို့ တဖြည်းဖြည်း ပါးလွှာလာပြီး အပြင်ဘက်အာကာသထဲသို့အရောက်တွင် မေးမှိန်သွားသည်။ လေထု၏ လေးပုံသုံးပုံသည် မြေမျက်နှာပြင်မှ ပထမဆုံး ၁၁ ကီလိုမီတာ (၆.၈ မိုင်) အတွင်း၌ ပါဝင်သည်။ အနိမ့်ဆုံးအလွှာကို ထရိုပိုစဖီးယားဟုခေါ်သည်။ နေမှလာသော စွမ်းအင်သည် ဤအလွှာကို အပူပေးပြီး လေကို ပြန့်ကားမှုဖြစ်စေသည်။ ဤသိပ်သည်းမှု နည်းသောလေသည် မြင့်တက်လာပြီး အေးမြ၍ သိပ်သည်းမှုများသောလေဖြင့် အစားထိုးသွားသည်။ ရလဒ်အနေဖြင့် အပူစွမ်းအင် ဖြန့်ဖြူးခြင်းမှတဆင့် လေထုလည်ပတ်မှုကိုဖြစ်စေကာ မိုးလေဝသနှင့် ရာသီဥတုများကို ဖြစ်ပေါ်စေသည်။ မြေမျက်နှာပြင်သို့ကျရောက်သော နေရောင်ခြည်စွမ်းအင်သည် လတ္တီကျု့ များလာသည်နှင့်အမျှ လျော့နည်းသွားသည်။ လတ္တီကျု အမြင့်ပိုင်းတွင် နေရောင်ခြည်သည် မြေမျက်နှာပြင်သို့ ထောင့်အနိမ့်ဖြင့် ရောက်ရှိသည်။ ထို့ကြောင့် နေရောင်ခြည်သည် ပိုမိုထူထပ်သော လေထုကို ဖြတ်သန်းရသည်။ ရလဒ်အဖြစ် ပင်လယ်ရေမျက်နှာပြင်အမြင့်ရှိ ပျမ်းမျှ နှစ်စဉ်အပူချိန်သည် အီကွေတာမှ လတ္တီကျု ၁ ဒီဂရီလျှင် ၀.၄ စင်တီဂရိတ် (၀.၇ ဖာရင်ဟိုက်) နှုန်းဖြင့် လျော့နည်းသွားသည်။ တည်နေရာ၏ ရာသီဥတုများကို သက်ရောက်စေသော အခြားအချက်မှာ သမုဒ္ဒရာများနှင့် နီးကပ်မှုဖြစ်သည်။ သမုဒ္ဒရာများနှင့် နီးကပ်သောနေရာများသည် ပုံမှန်အားဖြင့် အေးမြသောနွေရာသီနှင့် ပူနွေးသောဆောင်းရာသီများ ရှိတတ်ကြသည်။ အကြောင်းမှာ သမုဒ္ဒရာများသည် အပူပမာဏကို ပိုမိုသိုလှောင်နိုင်သောကြောင့် ဖြစ်သည်။ သမုဒ္ဒရာများ၏ အပူဓာတ် သို့မဟုတ် အအေးဓာတ်ကို လေတိုက်ခြင်းဖြင့် ကုန်းမြေသို့ ပို့ဆောင်ပေးသည်။ ရေငွေ့များသည် မြေမျက်နှာပြင်ရှိ အငွေ့ပျံခြင်းမှတဆင့် လေထုထဲသို့ လှည့်လည်ကြသည်။ လေထုအခြေအနေသည် ပူနွေးစိုထိုင်းပါက ရေသည် စုဖွဲ့ကာ မိုးရွာသွန်းခြင်းအဖြစ် မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်သည်။ ထိုအခါ ရေအများစုသည် အနိမ့်ပိုင်းသို့ မြစ်ချောင်းများမှတဆင့် သမုဒ္ဒရာများ သို့မဟုတ် ရေကန်များသို့ ပြန်လည်ရောက်ရှိသွားသည်။ ဤရေသံသရာသည် မြေပြင်ပေါ်ရှိ သက်ရှိများအတွက် မရှိမဖြစ် အရေးပါသော ယန္တရားဖြစ်သည်။ မိုးရွာသည့်ပုံစံသည် တစ်နှစ်လျှင် မီတာများစွာမှ မီလီမီတာအောက်အထိ ကျယ်ပြန့်စွာ ခြားနားကြသည်။ လေထုလည်ပတ်မှု၊ ပထဝီဝင် သွင်ပြင်များနှင့် အပူချိန်ကွဲပြားခြားနားချက်များသည် ဒေသတစ်ခု၏ ပျမ်းမျှ မိုးရွာသွန်းနှုန်းကို အဆုံးအဖြတ်ပေးသည်။ အသုံးများသော ကော့ပန် ရာသီဥတုခွဲမှုစနစ်တွင် အုပ်စု ၅ ခုပါဝင်ပြီး အပူပိုင်း ရာသီဥတု၊ ခြောက်သွေ့ ရာသီဥတု၊ သမပိုင်း ရာသီဥတု၊ တိုက်ကြီး ရာသီဥတုနှင့် ဝင်ရိုးစွန်း ရာသီဥတုဟူ၍ ဖြစ်ကြသည်။ ယင်းအုပ်စု ၅ ခုကိုလည်း ပိုမိုတိကျသော ရာသီဥတု အမျိုးအစားခွဲများအဖြစ် ထပ်မံခွဲခြားသေးသည်။ ကော့ပန် ရာသီဥတုခွဲမှုစနစ်သည် အပူချိန်နှင့် မိုးရွာသွန်းနှုန်းအပေါ် အခြေခံ၍ နယ်မြေဒေသများကို ခွဲခြားပေးသည်။ ပူပြင်းသော ကန္တာရများတွင် မျက်နှာပြင် လေအပူချိန်သည် ၅၅ ဒီဂရီ စင်တီဂရိတ် (၁၃၁ ဖာရင်ဟိုက်) အထိ မြင့်တက်နိုင်ပြီး အန္တာတိကဒေသတွင် အနုတ် ၈၉ ဒီဂရီ စင်တီဂရိတ် (−၁၂၈ ဖာရင်ဟိုက်) အထိ ကျဆင်းနိုင်သည်။ အပေါ်ပိုင်း လေထု ထရိုပိုစဖီးယား အလွှာ၏အပေါ်ရှိ လေထုကို စထရာတိုစဖီးယား အလွှာ၊ မီဆိုစဖီးယား အလွှာနှင့် သာမိုစဖီးယား အလွှာဟူ၍ ပိုင်းခြားထားသည်။ အလွှာတစ်ခုချင်းစီတွင် အမြင့်အလိုက် အပူချိန်ခြားနားမှု ရှိကြသည်။ ယင်း၏အလွန်တွင် အက်ဇိုစဖီးယား (exosphere) သည် ပါးလွာသော မဂ္ဂနတိုစဖီးယား (magnetosphere) အဖြစ်သို့ ရောက်ရှိသွားသည်။ ယင်းနယ်မြေတွင် ဘူမိသံလိုက်စက်ကွင်းများသည် နေလေများဖြင့် အပြန်အလှန်အကျိုးသက်ရောက်ကြသည်။ စထရာတိုစဖီးယားလွှာအတွင်း အိုဇုန်းလွှာတည်ရှိပြီး ကမ္ဘာမြေရှိ သက်ရှိများအတွက် အရေးပါကာ ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်မှ ကာကွယ်ပေးသည်။ ကမ္ဘာ့မျက်နှာပြင်မှ အကွာအဝေးကို လေထုနှင့် အပြင်ဘက် အာကာသဟု သတ်မှတ်ထားသည်။ ပတ်လမ်းနှင့် လည်ပတ်ခြင်း လည်ပတ်ခြင်း ကမ္ဘာသည် နေကို တူရူပြု၍ မိမိဝင်ရိုးပေါ်တွင် ၂၄ နာရီ (၈၆၄၀၀ စက္ကန့်) လျှင် တစ်ကြိမ်လည်ပတ်ပြီး အခြားဝေးကွာသောကြယ်များကို တူရူပြုပါက ၂၃ နာရီ ၅၆ မိနစ် ၄ စက္ကန့်လျင် တစ်ကြိမ်နှုန်း လည်ပတ်သည်။ ကမ္ဘာ၏ လည်ပတ်နှုန်းသည် အချိန်ကြာလာသည်နှင့်အမျှ နှေးကွေးလာသည်။ အတိတ်ကာလများ၏ တစ်ရက်တာသည် ယနေ့ခေတ်ထက် ပိုမိုတိုတောင်းခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကမ္ဘာနှင့် လကမ္ဘာကြားရှိ ဒီရေအကျိုးသက်ရောက်မှု (tidal effect) ကြောင့် ဖြစ်သည်။ ကမ္ဘာမြေ၏ လည်ပတ်နှုန်းသည် ၁၉ ရာစုနှစ်နှင့်စာလျှင် ပိုမိုရှည်ကြာပြီး ယခုအခါ ရက်တိုင်း၌ ၀ မှ ၂ မီလီစက္ကန့်ကြား ပြောင်းလဲလျက်ရှိသည်။ ပတ်လမ်း ကမ္ဘာသည် နေကိုဗဟိုပြု၍ ပျမ်းမျှ ကီလိုမီတာ ၁၅၀ မီလီယံ (၉၃ မီလီယံမိုင်) အကွာအဝေးမှ လှည့်ပတ်လျက်ရှိကာ မိမိဝင်ရိုးပေါ်တွင် ၁ ပတ် လှည့်ပတ်မိရန် ပျမ်းမျှ ၂၄ နာရီ ကြာမြင့်သည်။ ကမ္ဘာ၏ ပတ်လမ်းအမြန်နှုန်းသည် တစ်စက္ကန့်လျင် ၂၉.၇၈ ကီလိုမီတာ (တစ်နာရီလျင် မိုင်ပေါင်း ၆၆၆၀၀) နှုန်းဖြစ်သည်။ ယင်းအမြန်နှုန်းဖြင့် ကမ္ဘာ၏ အချင်း ၁၂၇၄၂ ကီလိုမီတာ (၇၉၁၈ မိုင်) အား ၇ မိနစ်အတွင်း၊ ၃၈၄၀၀၀ ကီလိုမီတာ (၂၃၉၀၀၀ မိုင်) ကွာဝေးသော လကမ္ဘာသို့ ၃.၅ နာရီတို့ဖြင့် ခရီးပေါက်နိုင်သည်။ ကမ္ဘာ၏ ဒြပ်ဆွဲငင်အား လွှမ်းမိုးသောနယ်မြေကို ဟေးလ်စဖီးယား (Hill sphere) ဟုခေါ်ပြီး အချင်းဝက်အားဖြင့် ၉၃၀,၀၀၀ မိုင် (၁.၅ မီလီယံ ကီလိုမီတာ) ရှိသည်။ ယင်းသည် အခြားပိုမိုဝေးကွာသော နေနှင့် ဂြိုဟ်များ၏ ဒြပ်ဆွဲငင်အားထက် ကမ္ဘာ၏ဒြပ်ဆွဲငင်အားက ပိုမိုအားပြင်းနိုင်သည့် အများဆုံးအကွာအဝေး ဖြစ်သည်။ အရာဝတ္ထုများသည် ဤအချင်းဝက်အတွင်း လည်ပတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက နေ၏ ဒြပ်ဆွဲငင်အားနှင့် သက်ဆိုင်သွားမည်ဖြစ်သည်။ ကမ္ဘာသည် နေအဖွဲ့အစည်းနှင့်အတူ နဂါးငွေ့တန်း ဂလက်ဆီ၌ တည်ရှိပြီး ဗဟိုမှ အလင်းနှစ် ၂၈၀၀ ကွာဝေးသည်။ ယင်းသည် အိုရိုင်ယွန် လက်မောင်းရှိ ဂလက်တစ်ပြင်ညီ (galactic plane) ၏ အလင်းနှစ် ၂၀ ခန့်တွင် တည်ရှိသည်။ ကမ္ဘာ-ဂြိုဟ်ရံလ စနစ် လကမ္ဘာ လကမ္ဘာ၏ မူလဇာတ်မြစ်နှင့်ပတ်သက်၍ လူအများစု လက်ခံထားသော သီအိုရီအရ သီယာဟုခေါ်သော အင်္ဂါဂြိုဟ်အရွယ် ဂြိုဟ်ပေါက်စတစ်စင်းနှင့် အစောပိုင်းကာလ ကမ္ဘာတို့ ထိတိုက်မိရာမှ ပေါက်ဖွားလာသည်ဟုဆိုသည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်း ရှိပြီး ယင်းသည် ကမ္ဘ့ာအချင်း၏ လေးပုံတစ်ပုံခန့် အရွယ်အစားရှိသည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပလူတို၏ ဂြိုဟ်ရံလတစ်စင်းဖြစ်သော ချာရွန်သည် မိခင်ဂြိုဟ်၏ အရွယ်အစားနှင့်နှိုင်းယှဉ်ပါက ပိုမိုကြီးမားသော်လည်း အခြားဂြိုဟ်များ၏ ဂြိုဟ်ရံလများကိုလည်း ကမ္ဘာ၏ လကမ္ဘာကဲ့သို့ပင် "ဂြိုဟ်ရံလများ" ("moons") ဟု ရည်ညွှန်းသည်။ လကမ္ဘာသည် မိခင်ဂြိုဟ်၏ အရွယ်အစားဖြင့် နှိုင်းယှဉ်ပါက နေအဖွဲ့အစည်းတွင် အကြီးဆုံး လတစ်စင်းဖြစ်သည်။ ကမ္ဘာနှင့် လကမ္ဘာကြားရှိ ဒြပ်ဆွဲအားသည် ကမ္ဘာပေါ်၌ ဒီရေများကို ဖြစ်ပေါ်စေသည်။ လကမ္ဘာပေါ်၌လည်း ဒီရေ အလုံပိတ် (tidal locking) အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး ယင်း၏ လည်ပတ်နှုန်းသည် ကမ္ဘာအား လှည့်ပတ်မှုနှင့် ထပ်တူကျစေသည်။ ရလဒ်အဖြစ် လ၏ မျက်နှာပြင်တစ်ခြမ်းသည် ကမ္ဘာသို့ အမြဲတမ်း မျက်နှာမူလျက်ရှိသည်။ လကမ္ဘာသည် ကမ္ဘာအားလည်ပတ်နေသောကြောင့် လကမ္ဘာ၏ မတူညီသောမျက်နှာပြင်များကို နေရောင်ထိုးသောအခါ လဆန်းခြင်း၊ လကွယ်ခြင်းများကို ဖြစ်စေသည်။ ကမ္ဘာနှင့်လတို့ကြား အပြန်အလှန် ဒီရေအကျိုးသက်ရောက်မှုကြောင့် လသည် တစ်နှစ်လျှင် ၁.၅ လက်မခန့် ကမ္ဘာနှင့် ဝေးကွာလျက်ရှိသည်။ လသည် ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တွင် တိမ်းစောင်းလျက် လည်ပတ်သောဖြစ်စဉ်အား တည်ငြိမ်စေသည်။ ကမ္ဘာမှ ကြည့်ပါက လကမ္ဘာကို နေ၏အရွယ်အစားကဲ့သို့ပင် မြင်ရသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ နေ၏အချင်းသည် လကမ္ဘာထက် အဆပေါင်း ၄၀၀ ပိုကြီးသော်လည်း အကွာဝေးမှာ အဆပေါင်း ၄၀၀ ပိုမိုဝေးကွာသောကြောင့်ဖြစ်သည်။ ယင်းသည် နှစ်စဉ်နှင့် နေအပြည့်ကြတ်ခြင်းကို ကမ္ဘာပေါ်၌ ဖြစ်စေသည်။ လကမ္ဘာသည် ကမ္ဘာ၏ ရာသီဥတုကို ထိန်းကျောင်းခြင်းဖြင့် ကမ္ဘာပေါ်ရှိ သက်ရှိများ ဖြစ်ထွန်းမှုကို အထောက်အကူပြုခဲ့ကောင်းပြုခဲ့နိုင်သည်။ ကျောက်ဖြစ်ရုပ်ကြွင်း သက်သေများနှင့် ကွန်ပျူတာဖြင့် ပုံတူဖန်တီးမှန်းဆချက် (computer simulation) များက ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တိမ်းစောင်းမှုသည် လကမ္ဘာနှင့်အပြန်အလှန်ဆက်နွယ်မှုကြောင့် တည်ငြိမ်သည်ဟု ပြသနေသည်။ အချို့သော သီအိုရီအဆိုရှင်များက လကမ္ဘာမရှိပါက ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တိမ်းစောင်းလည်ပတ်မှုသည် အင်္ဂါဂြိဟ်၏ ဂြိုဟ်ရံလ ဖြစ်ရပ်ကဲ့သို့ ကမောက်ကမဖြစ်ကာ မတည်ငြိမ်မှု ဖြစ်သွားနိုင်သည်ဟုဆိုသည်။ သို့သော်လည်း ယင်းအား အပြန်အလှန် ငြင်းခုံနေကြဆဲဖြစ်သည်။ လူလုပ် ဂြိုဟ်တုများ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ကမ္ဘာပတ်လမ်းထဲ၌ အလုပ်ဖြစ်နေဆဲ လူလုပ် ဂြိုဟ်တုများ ၂,၆၆၆ ခု ရှိသည်။ ယင်းတို့တွင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့သည့် ဂြိုဟ်တုများလည်း ပါဝင်ပြီး နောက်ယောင်ခံလိုက်ထားသည် အာကာသ အမှိုက် (Space debris) ၁၆,၀၀၀ ခုကျော် ရှိသည်။ ကမ္ဘာ၏ အကြီးဆုံး လူလုပ် ဂြိုဟ်တုမှာ နိုင်ငံတကာ အာကာသ စခန်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိ ဂြိုဟ်တစ်ခု၏ သက်ရှိပုံစံများသည် ဂေဟစနစ်တွင် နေထိုင်ကြပြီး ယင်း၏ပုံစံအားလုံးကို ဇီဝလွှာ (biosphere) ဟု ခေါ်ဆိုသည်။ ဇီဝလွှာကို ဇီဝအစုအဖွဲ့ (biomes) အဖြစ် ပိုင်းခြားပြီး အပင်နှင့် တိရစ္ဆာန်များ နေထိုင်ကြသည်။ မြေပြင်ပေါ်တွင် ဇီဝအစုအဖွဲ့များကို အဓိကအားဖြင့် ပင်လယ်ရေမျက်နှာပြင်အမြင့်နှင့် စိုထိုင်းဆတို့ဖြင့် ပိုင်းခြားထားသည်။ ကုန်းနေ ဇီဝအစုအဖွဲ့များသည် အာတိတ် သို့မဟုတ် အာတိတ်စက်ဝိုင်းအတွင်း တည်ရှိကြသည်။ မြင့်မားသောနေရာများ သို့မဟုတ် အင်မတန်ခြောက်သွေ့သောဒေသများတွင် အပင်နှင့် တိရစ္ဆာန်များ ကင်းမဲ့ကြသည်။ မျိုးစိတ် မူကွဲသည် စိုထိုင်းသောအနိမ့်ပိုင်းဒေသ အီကွေတာတွင် အများဆုံး ဖြစ်ထွန်းသည်။ ယနေ့ ကမ္ဘာပေါ်ရှိ ခန့်မှန်းခြေ မျိုးစိတ်အရေအတွက်သည် ပြောင်းလဲနေပြီး မျိုးစိတ်အများစုမှာ ဖော်ပြခြင်းမရှိသေးပေ။ ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားခဲ့ဖူးသော မျိုးစိတ်အားလုံး၏ ၉၉ ရာခိုင်နှုန်းကျော်သည် မျိုးသုဉ်းခဲ့ပြီးဖြစ်သည်။ နေမှ ကမ္ဘာသို့ အကွာအဝေး၊ ဂြိုဟ်ပတ်လမ်းကြောင်း ဗဟိုကျမှု၊ လှည့်ပတ်နှုန်း၊ ဝင်ရိုးပေါ်တွင် တိမ်းစောင်းမှု၊ ပထဝီဝင်ဆိုင်ရာ ရာဇဝင်၊ ရေရှည်တည်တံ့သော လေထုနှင့် သံလိုက်စက်ကွင်း အစရှိသည့် အားလုံးသော ရာသီဥတုအခြေနေများသည် မြေမျက်နှာပြင်ပေါ်တွင် အကျိုးသက်ရောက်လျက်ရှိသည်။ ကမ္ဘာသည် အရည်အဖြစ်တည်ရှိသော ရေကို ထောက်ပံ့ပေးပြီး ယင်းသည် ရှုပ်ထွေးသော အော်ဂဲနစ် မော်လီကျူးများ ဖြစ်တည်လာစေရန်၊ ဇီဝကမ္မဖြစ်စဉ်များအတွက် လိုအပ်သောစွမ်းအင်ကို အလုံအလောက် ထောက်ပံ့ပေးသည်။ အပင်များသည် လေထု၊ မြေဆီလွှာနှင့် ရေမှ အာဟာရဓာတ်ကို ယူသုံးနိုင်ကြသည်။ ယင်းအာဟာရဓာတ်များသည် မတူညီသောမျိုးစိတ်များကြားတွင် သံသရာလည်လျက်ရှိသည်။ ဟာရီကိန်းမုန်တိုင်းများနှင့် တိုင်ဖွန်းမုန်တိုင်းများအပါအဝင် အပူပိုင်း ဆိုင်ကလုန်းများကဲ့သို့ ပြင်းထန်သော မိုးလေဝသအခြေအနေများသည် ကမ္ဘာမြေ၏ မျက်နှာပြင်တိုင်းတွင် ဖြစ်ပေါ်လေ့ရှိပြီး ယင်းဒေသရှိ သက်ရှိများအပေါ် ကြီးမားသည့်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသည်။ ၁၉၈၀ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ယင်းဖြစ်ရပ်များသည် တစ်နှစ်လျှင် ပျမ်းမျှလူပေါင်း ၁၁၈၀၀ ဦးကို သေဆုံးစေခဲ့သည်။ အခြားနေရာများတွင် ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေလွှမ်းခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းနှင့် အခြားဘေးအန္တရာယ်များ ကျရောက်ရန် ရှိနေသည်။ လူသားတို့၏ ဆောင်ရွက်ချက်များကြောင့် တောရိုင်းတိရစ္ဆာန်များ ပျောက်ဆုံးခြင်း၊ မျိုးစိတ်များ မျိုးသုဉ်းခြင်း၊ မြေဆီလွှာ ခမ်းခြောက်ခြင်း၊ မြေတိုက်စားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ လူသားတို့၏ အပြုအမူသည် ဖန်လုံအိမ်ဓာတ်ငွေ့များကို လေထုထဲသို့ ရောက်စေပြီး ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်ပေါ်စေခဲ့သည်။ ရေခဲလွှာများ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ မိုးခေါင်ရေရှားခြင်းနှင့် တောမီးလောင်မှုအန္တရာယ်ရှိလာခြင်းတို့သည် မျိုးစိတ်များကို ပိုမိုအေးမြသောဒေသသို့ ပြောင်းရွေ့နေထိုင်ရန် တွန်းအားပေးမှု ဖြစ်လာစေသည်။ လူသား ပထဝီဝင် ကမ္ဘာမြေရှိ လူဦးရေသည် ၂၀၁၀ ပြည့်လွန်နှစ်များတွင် ၇ ဘီလီယံ ကျော်သွားခဲ့ပြီး ၂၁ ရာစု ဒုတိယထက်ဝက်ခန့်တွင် အမြင့်ဆုံး ၁၀ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ လူဦးရေ တိုးပွားမှု အများဆုံးမှာ အာဖရိကတိုက်တွင် ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ လူဦးရေ သိပ်သည်းဆသည် ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ကွဲပြားကြပြီး အများစုမှာ အာရှတိုက်တွင် နေထိုင်ကြသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၆၈ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများထက် မြို့ပြတွင် နေထိုင်ကြလိမ့်မည်ဟု မျှော်မှန်းရသည်။ မြောက်ကမ္ဘာလုံးခြမ်းတွင် ကမ္ဘာ့ကုန်းမြေထုထည်၏ ၆၈ ရာခိုင်နှုန်း ပါဝင်သည်။ ကုန်းမြေထုထည် များပြားသောအချက်ကြောင့်လည်း ၉၀ ရာခိုင်နှုန်းသော လူသားများသည် မြောက်ကမ္ဘာလုံးခြမ်းတွင် နေထိုင်ကြသည်။ ကမ္ဘာ့မျက်နှာပြင်၏ ၈ ပုံ ၁ ပုံသည် လူသားများနေထိုင်ရန် သင့်လျော်သည်ဟု ခန့်မှန်းချက်တစ်ခုက ဖော်ပြထားသည်။ ကမ္ဘာ့မျက်နှာပြင်၏ ၄ ပုံ ၃ ပုံကိုမူ သမုဒ္ဒရာများဖြင့် ဖုံးလွှမ်းထားပြီး ကုန်းမြေမှာ ၄ ပုံ ၁ ပုံ ဖြစ်သည်။ ယင်းကုန်းမြေဧရိယာ၏ ထက်ဝက်ခန့်သည် ကန္တာရများ (၁၄ ရာခိုင်နှုန်း)၊ တောင်တန်းများ (၂၇ ရာခိုင်နှုန်း) သို့မဟုတ် နေထိုင်ရန် မသင့်လျော်သော ကုန်းမြေများ ဖြစ်ကြသည်။ နိုင်ငံများက အန္တာတိကတိုက်၏ အစိတ်အပိုင်းအချို့နှင့် အခြားဧရိယာအချို့မှလွဲ၍ ဂြိုဟ်တခုလုံး၏ ကုန်းမြေကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုထားကြသည်။ ကမ္ဘာတွင် ဂြိုဟ်တခုလုံးကို အုပ်ချုပ်သောအစိုးရ မည်သည့်အချိန်ကမှ မရှိခဲ့ဖူးသော်လည်း ကမ္ဘာ့ကုလသမဂ္ဂသည် လက်ရှိတွင် ကမ္ဘာတဝှမ်းကို ဦးဆောင်နေသည့် နိုင်ငံတကာအစိုးရအဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာပတ်လမ်းကြောင်းသို့ ပထမဆုံး ရောက်ရှိသူမှာ ယူရီဂါဂါရင် ဖြစ်ပြီး ၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ပျံသန်းရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ လူပေါင်း ၅၅၀ ယောက် အပြင်ဘက် အာကာသသို့ရောက်ရှိပြီး ယင်းတို့ထဲမှ ၁၂ ယောက်သည် လကမ္ဘာပေါ်တွင် လမ်းလျှောက်ခဲ့ကြသည်။ ပုံမှန်အားဖြင့် လူသားများ အာကာသထဲတွင် ရောက်ရှိသည်ဆိုသည်မှာ နိုင်ငံတကာ အာကသ စခန်းတွင်ဖြစ်သည်။ အာကာသစခန်းတွင် နေထိုင်သော လူ ၆ ဦးသည် ပုံမှန်အားဖြင့် ခြောက်လကြာတိုင်း အလဲအလှယ် ပြုလုပ်ကြသည်။ လူသားများ ကမ္ဘာမြေမှ အဝေးဆုံး ခရီးသွားခဲ့သည့် အကွာအဝေးမှာ ၁၉၇၀ ခုနှစ် အပိုလို ၁၃ ၏ စီမံကိန်းအတွင်းဖြစ်ပြီး ၄၀၀,၁၇၁ ကီလိုမီတာ (၂၄၈,၆၅၅ မိုင်) ခရီးသွားခဲ့သည်။ ဆက်လက်ဖတ်ရှုရန် နေအဖွဲ့အစည်း ကမ္ဘာမြေ သိပ္ပံ မှတ်စု ကိုးကား ကမ္ဘာဂြိုဟ် နေအဖွဲ့အစည်း သဘာဝ နေအဖွဲ့အစည်း၏ ဂြိုဟ်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
အင်္ဂါဂြိုဟ်
အင်္ဂါဂြိုဟ် ()သည် နေအဖွဲ့အစည်းအတွင်းတွင် တည်ရှိပြီး နေမှစတင်ရေတွက်လျင် ၄ ခုမြောက်ဂြိုဟ်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏ အင်္ဂလိပ်အမည် မားစ်ကို ရောမတို့၏ စစ်ပွဲနှင့်ဆိုင်သော နတ်ဘုရား၏အမည်ကို ယူ၍ ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော အင်္ဂါဂြိုဟ်၏အရောင်မှာ အနီရောင်ဖြစ်ပြီး အနီရောင်မှာ သွေး၏အရောင်ဖြစ်သောကြောင့် ဂြိုဟ်နီကြီးဟုလည်း ခေါ်ဆိုကြသည်။ အင်္ဂါဂြိုဟ်၏သင်္ကေတသည် ဖြစ်သည်။ ပုံပန်းသဏ္ဌာန် အင်္ဂါဂြိုဟ်တွင် ဖိုဘော့စ် (Phobos) နှင့် ဒေမော့စ် (Deimos) ဟု ခေါ်သော ဂြိုဟ်ရံလ ၂စင်းရှိသည်။ အင်္ဂါဂြိုဟ်ကို ကျောက်ဆိုင်ကျောက်သားတို့ဖြင့် တည်ဆောက်ထားသည်။ အင်္ဂါဂြိုဟ်၏ မြေကြီးအရောင် အနီရောင်ဖြစ်ရခြင်းမှာ ဖုံမှုန့်များနှင့် ကျောက်သားအတွင်းရှိ သံအောက်ဆိုက်ဒ်(သံချေး) တို့ကြောင့်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏လေထုမှာ သေးငယ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်တို့ဖြင့် လွှမ်းခြုံထားသည်။ အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့တွင် ရေခဲအချို့ရှိပြီး ခဲနေသော ကာဘွန်ဒိုင်အောက်ဆိုဒ်များလည်းရှိသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ယခုလက်ရှိအချိန်၌ ဝင်ရိုးစွန်းဒေသများမှအပ ရေမရှိပေ။ သို့သော် သိပ္ပံပညာရှင်တို့က တစ်ချိန်က ရေရှိခဲ့ဖူးသည် ဟု ယူဆကြသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနေကြောင်းကို NASA က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြုခဲ့သည်။ အင်္ဂါဂြိုဟ်၏ အပေါ်ယံလွှာမြေသားသည် ပျမ်းမျှအားဖြင့် ၅၀ကီလိုမီတာ(၃၁မိုင်)မျှထူထပ်ပြီး အထူထပ်ဆုံးနေရာတွင် ၁၂၅ကီလိုမီတာ(၇၈မိုင်) မျှထူထပ်သည်။ ကမ္ဘာမြေ၏ အပေါ်ယံလွှာမြေသားမှာ ပျမ်းမျှအားဖြင့် ၄၀ကီလိုမီတာ(၂၅မိုင်)မျှထူထပ်သဖြင့် အင်္ဂါဂြိုဟ်နှင့် ကမ္ဘာတို့၏အရွယ်အစားကို ထည့်တွက်နှိုင်းယှဉ်ပါက အင်္ဂါဂြိုဟ်မြေသားထက် ၃ ဆမျှသေးငယ်သည်။ အင်္ဂါဂြိုဟ်ရှိ သက်ရှိများ၊ ရာသီဥတု၊ ရေ နှင့် လေထု အင်္ဂါဂြိုဟ်သည် နေအဖွဲ့အစည်းတွင် ကမ္ဘာနှင့် အနီးဆုံးဂြိုဟ်ဖြစ်သဖြင့် လူသားတို့က သက်ရှိများရှိနိုင်မရှိနိုင် မေးခွန်းထုတ်ကြသည်။ နေအဖွဲ့အစည်းမှ အခြားဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် ရာသီဥတုများမှာ အတူဆုံးဖြစ်သည်။ အင်္ဂါဂြိုဟ်၏ ဝင်ရိုးပေါ်၌ တိမ်းစောင်းသော ဒီဂရီမှာလည်း ကမ္ဘာနှင့် အတူဆုံးဖြစ်သည်။ သို့သော် အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့်စာလျှင် နေမှပိုဝေးသဖြင့် ရာသီဥတုများမှာ ကမ္ဘာထက်ပို၍ ရှည်ကြာသည်။ ရလဒ်အားဖြင့် အင်္ဂါဂြိုဟ်၏ နှစ်တစ်နှစ်မှာ ကမ္ဘာ၏နှစ်တစ်နှစ်ထက်ပို၍ ရှည်လျားသည်။ အင်္ဂါဂြိုဟ်၏လေထုမှာ ကမ္ဘာ၏လေထုထက်ပို၍ ပါးလွှာသည်။ အံဩစရာကောင်းလောက်အောင်ပင် အင်္ဂါဂြိုဟ်၏ အပူချိန်မှာ ဆောင်းရာသီတွင် ဝင်ရိုးစွန်းဒေသတို့တွင် အနှုတ် ၁၁၃ဒီဂရီဆဲလ်စီးယပ်မျှရှိပြီး နွေရာသီတွင် သုည ဒီဂရီဆဲလ်စီးယပ် မျှရှိသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနေကြောင်းကို နာဆာ (NASA) က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြုခဲ့သည်။ လူသိများသော ယဉ်ကျေးမှု အင်္ဂါဂြိုဟ်နှင့်ပတ်သက်၍ ဇာတ်လမ်းအချို့ကိုရေးခဲ့ကြသည်။ စာရေးဆရာများက အင်္ဂါဂြိုဟ်တွင်နေထိုင်သော အသိဉာဏ်ရှိသော သတ္တဝါများ "Martians" ဟုဖန်တီးရေးသားခဲ့ကြသည်။ ၁၉၃၈ ခုနှစ်တွင် အိတ်ချ်ဂျီဝဲလ်(H. G. Wells) က အင်္ဂါဂြိုဟ်သားတို့ ကမ္ဘာကို တိုက်ခိုက်သည့်အကြောင်းကို The War of the Worlds ဟူသော အမည်ဖြင့် ဝတ္ထုရေးခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အော်ဆန် ဝဲလက်စ် (Orson Welles) က ထိုဇာတ်လမ်းကို အမေရိကန်ပြည်ထောင်စုတွင် ရေဒီယိုမှထုတ်လွှင့်ခဲ့ပြီး လူအများစုက တကယ်ဖြစ်ပျက်နေသည်ဟုထင်ကာ ကြောက်ရွံ့ကြသည်။ ၁၉၁၂ မှစ၍ အက်ဂ်ဂါရိုက်စ်ဘားရော့ဂ် (Edgar Rice Burroughs) က အင်္ဂါဂြိုဟ်ပေါ်ရှိ စွန့်စားခန်းများနှင့် ပတ်သတ်၍ ဝတ္ထုများရေးခဲ့သည်။ ယနေ့အခြေအနေ ၂၀၀၈ ခုနှစ် မတ်လအချိန်ထိ သိပ္ပံပညာရှင်တို့ အနေဖြင့် အင်္ဂါဂြိုဟ်ပေါ်၌ ယခုလက်ရှိနေထိုင်သော သို့မဟုတ် မျိုးတုံးပျောက်ကွယ်သွားသော သက်ရှိဟူ၍ မတွေ့ရှိသေးပေ။ အချို့သော လူမပါသော အာကာသယာဉ်များသည် အင်္ဂါဂြိုဟ်သို့ ရောက်ရှိလေ့လာခဲ့ပြီးဖြစ်သည်။ အချို့မှာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်သွားလာခဲ့ကြပြီး အချို့မှာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ဆင်းသက်ခဲ့ကြသည်။ အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ကို ရိုက်ကူးထားသော ဓာတ်ပုံများကို အချို့သော အာကာသယာဉ်တို့မှ ရိုက်ယူပြီး ကမ္ဘာမြေပြင်သို့ ပြန်လည်ထုတ်လွှတ်ပေးပို့ခဲ့ကြသည်။ အချို့သောလူများက အင်္ဂါဂြိုဟ်ပေါ်သို့ လူများစေလွှတ်ရန်စိတ်ဝင်စားကြသည်။ သို့သော် အာကာသယာဉ်မှူးများအနေဖြင့် အာကာသထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေရမည်ဖြစ်၍ ထိုအကြံအစည်မှာ အကောင်အထည်ပေါ်ရန် ခက်ခဲသည်။ (၂ဝ၂ဝ) ခုနှစ်တွင် နာဆာမှ လူလိုက်ပါသော အာကာသယာဉ်များဖြင့် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများအားစေလွှတ်ရန် ရည်မှန်းထားသည်။ သို့​သော် (၂၀၂၁) ခုနှစ်အထိအ​ကောင်ထည်မ​ပေါ်​သေး​ပေ။NASA တွင်လက်ရှိတွင် (၂၀၂၀-၂၀၂၁) rovers နှစ်ခု (Curiosity and Perseverance)၊ Lander (InSight) နှင့် Mars (အင်္ဂါစပ်) တို့က Mars ၏မျက်နှာပြင်ကိုစူးစမ်းလေ့လာလျက်ရှိသည်။ ၂၀၂၁ ခုနှစ်မေလတွင်တရုတ်သည်၎င်း၏ Zhurong Mars rover ကိုထိမှန်သောအခါအင်္ဂါဂြိုဟ်ပေါ်တွင်အောင်မြင်စွာဆင်းသက်နိုင်သောဒုတိယမြောက်နိုင်ငံဖြစ်လာသည်။ ဆက်လက်ဖတ်ရှုရန် နေအဖွဲ့အစည်း ကမ္ဘာဂြိုဟ် ကျမ်းကိုး အင်္ဂါဂြိုဟ် နေအဖွဲ့အစည်း၏ ဂြိုဟ်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%AB%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
ကြာသပတေးဂြိုဟ်
ကြာသပတေးဂြိုဟ် ()သည် နေမှစတင်ရေတွက်လျှင် ၅ ခုမြောက်ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် အကြီးဆုံးဂြိုဟ်လည်း ဖြစ်သည်။ ထိုဂြိုဟ်မှာ အလွန်ကြီးမားသည့်အတွက် အခြားဂြိုဟ် ၇ လုံးကို ပေါင်းစပ်ထားသော ဒြပ်ထုထက်ပင် ပို၍ ကြီးမားသေးသည်။ ကြာသပတေးဂြိုဟ်သည် ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ထားသော ဓာတ်ငွေ့ အစိုင်အခဲကြီးတစ်ခုဖြစ်သည်။ ထိုဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာ၏ဆွဲငင်အားထက် အဆပေါင်းမြောက်မြားစွာ ကြီးမားသည်။ ဂြိုဟ်၏ လေထုထဲတွင် ဟီလီယမ်ပါဝင်သော်လည်း ဟိုက်ဒရိုဂျင်ပမာဏ အများဆုံးဖြစ်သည်။ ကြာသပတေးဂြိုဟ်၏ အင်္ဂလိပ်အမည် ဂျူပီတာမှာ ရောမဒဏ္ဍာရီထဲမှ နတ်ဘုရား ဇုစ်နတ်မင်းကြီးကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်အထိ ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလ ၈၀ စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ လ ၁၆ စင်းမှာ ကြီးမားသော လများဖြစ်သည်။ အကြီးဆုံးဂြိုဟ်ရံလ ၄ လုံးမှာ အိုင်အို (Io)၊ ယူရိုပါ (Europa)၊ ဂေနီမိဒ် (Ganymede) နှင့် ကယ်လီစတို(Callisto) တို့ဖြစ်ပြီး ဂယ်လီလီယန်လများ (Galilean moons) ဟုခေါ်သည်။ ထိုလများကို အီတလီလူမျိုး အာကာသပညာရှင် ဂယ်လီလီယို ဂယ်လီလီ(Galileo Galilei)က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ကြာသပတေးဂြိုဟ်၏ လေထုနှင့် အရွယ်အစားတို့ကြောင့် မြေပြင်ဖိအားမှာ အလွန်ပင်ကြီးမားသည်။ အကယ်၍ အာကာသယာဉ်တစ်စင်းကို ကြာသပတေးဂြိုဟ်သို့ ပို့လွှတ်မည်ဆိုပါက စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားနိုင်သည်။ ထို့အကြောင်းအရာသည် ကြာသပတေးဂြိုဟ်၏ လေထုအောက်တွင် မည်သည့်အရာများရှိသည်ကို အနည်းငယ်သာ သိနိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ ကြာသပတေးဂြိုဟ်တွင် ပါးလွှာသော ခါးပတ်လမ်းကြောင်း(ring) ၃ ခုရှိသည်။ တနင်္ဂနွေဂြိုဟ်ဟု ခေါ်တွင်သော နေမှလွဲလျှင် ကြာသပတေးဂြိုဟ်သည် ဂြိုဟ်များတွင် အကြီးဆုံး ဖြစ်သည်။ ထိုဂြိုဟ်ကို အနောက်တိုင်း နက္ခတ်ဆိုင်ရာတွင် ဂျူပီတာဟု ခေါ်သည်။ ထိုဂြိုဟ်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာမှ မိုင်ပေါင်းကုဋေ ၆ဝ ကွာဝေး၍ ထုထည်အားဖြင့် ကမ္ဘာထက် အဆပေါင်း ၁၃ဝဝ ပို၍ ကြီး၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆ သာ ပိုသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း ၈၂၉ဝဝ ရှိ၍၊ အီကွေတာ၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည် ဟု ဆိုသည်။ ဂျူပီတာသည် ဗီးနပ်ခေါ် သောကြာဂြိုဟ်မှ တစ်ပါး အထွန်းလင်းဆုံး ဂြိုဟ်ကြီးဖြစ်၍ တောက်ပသော အရံ ဂြိုဟ်ငယ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေး အလိုက် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို ၁၂ နှစ်ခန့်တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။ ကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်ဖြစ်သော နေမှ မိုင်ပေါင်း ၄၈၃၂ဝဝဝဝဝ ကျော်မျှ ကွာဝေးသည်။ ကမ္ဘာနှင့် နေ၏အကွာအဝေး ၅ ဆကျော်မျှ ဖြစ်သည်။ ထိုဂြိုဟ်သည် မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်နေရာ ၉ နာရီ နှင့် မိနစ် ၅ဝ တွင် တစ်ပတ်ပြည့်သည်။ ကြာသပတေးဂြိုဟ်သည် မြန်မာကျမ်းဂန်များအရ ဂြိုဟ် ကြီး ၉ လုံးတွင် ၅ လုံးမြောက် ဂြိုဟ်ဖြစ်သည်။ ကြယ်ငယ် အရံ ၄ လုံးရှိသော ကြယ်ကြီးဖြစ်၍ အချင်း ၁၇ ယူဇနာ ရှိသည်ဟု ဝေါဟာရလိနတ္ထဒီပနီ (လှေ သင်းအတွင်းဝန်)က ဆိုသည်။ ယင်းကြာသပတေးဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ် ၏ ၅ ရက်မြောက်နေ့ကို ကြာသပတေးနေ့ဟု ခေါ်သည်။ မြန်မာပြက္ခဒိန်ကျမ်းများအရ ကဆုန်၊ တော်သလင်း၊ ပြာသို၊ တပို့တွဲလများတွင် ကြာသပတေးနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက်များ ဖြစ်သည်ဟု မှတ်ယူကြသည်။ မြန်မာတို့သည် ကြာသပတေး ဂြိုဟ်ကို ပညာဂြိုဟ်အဖြစ် မှတ်ယူကြ၍ 'စာသင်ကြာသပတေး၊ စာရေးသောကြာ'ဟူ၍ ကြာသပတေးနေ့တွင် စတင်ကျောင်းအပ်လေ့ ပြုကြသည်။ ကြာသပတေး ဂြိုဟ်နတ်မင်း စီးသော ဂြိုဟ် ကောင်မှာ ကြွက်ဖြစ်၍ 'ကြာသပတေးကြွက်၊ ဆယ့်ကိုးသက်၊ နေချက် ပစ္ဆိမ'၊ ဆိုသော ဂြိုဟ်လင်္ကာအရ ကြာသပတေးဂြိုဟ် သက်မှာ ၁၉ နှစ်ပြီးလျှင်၊ ကြာသပတေး ဂြိုဟ်တည်ရာ အရပ်မှာ အနောက်အရပ်ဖြစ်သည်။ ဗေဒင် ဝေါဟာရအားဖြင့် ကြာသပတေးဂြိုဟ်ကို 'ဂုရု'ဟု ခေါ်မှတ်လေ့ ရှိသည်။ မြန်မာအက္ခရာအားဖြင့် ပ၊ ဖ၊ ဗ၊ ဘ၊ မ ဟူသော ပဝဂ်ဂြိုဟ်အက္ခရာ ၅ လုံးကို ကြာသပတေးနံဟု ခေါ်သည်။ ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလများ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အရွယ်အစား အကြီးမားဆုံးသော ဂြိုဟ်ကြီးတစ်ခုပင် ဖြစ်သည်။ ဆွဲငင်အားလည်း အကြီးမားဆုံးဖြစ်ပြီး ဂြိုဟ်ရံလများလည်း အများဆုံးဖြစ်သည်။ ဂြိုဟ်ရံလပေါင်း (၆၇) စင်းရှိသည်။ ထို လများထဲတွင် ကြီးမားသော လမင်း (၁၆) စင်းရှိသည်။ ထိုအထဲမှာမှ အကြီးမားပြီး ထင်ရှားသော ဂြိုဟ်ရံလကြီး (၄) ခုရှိသည်။ ထို လများကို သိပ္ပံပညာရှင် ဂယ်လီလီယို မှ ၁၆၁၀ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး “ဂယ်လီလီယို၏ လများ”ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။ ထိုလမင်းကြီး ၄ စင်းမှာ ဂန်မီဒီ၊ ကယ်လီစတို၊ အိုင်အို၊ ယူရိုပါ တိုဖြစ်ကြသည်။ ဂန်မီဒီ(သို့) နေအဖွဲ့အစည်း၏ အကြီးဆုံးသော ဂြိုဟ်ရံလ နေအဖွဲ့အစည်းမှာ အကြီးဆုံး လ ကတော့ ဂျူပီတာဂြိုဟ်ရဲ့ဂြိုဟ်ရံလ ဂန်မီဒီ (Ganymede) ပဲဖြစ်ပါတယ်။ အီကွေတာအချင်း ၅၂၆၈ ကီလိုမီတာရှိပြီး မာကျူရီဂြိုဟ် နဲ့ ပလူတိုဂြိုဟ်များထက် ကြီးမားပါတယ်။ ကမ္ဘာဂြိုဟ်ရဲ့‘လ’ ထက် သုံးဆ ပိုကြီးပါတယ်။ နာဆာမှ ပြောပြချက်အရဆိုလျှင် ဂန်မီဒီ ကို ဂျူပီတာဂြိုဟ်ကသာ ဆွဲငင်မထားရင် သူ့ကို ဂြိုဟ်တစ်ခု အနေနဲ့တောင် သတ်မှတ်လို့ ရပါတယ်။ ဂန်မီဒီ အတွင်းပိုင်းကို သံမဏိ ကျောက်သားများဖြင့် ဖွဲ့စည်းထားပြီး သံလိုက်စက်ကွင်းများလည်း ပစ်လွှတ်လျက် ရှိပါတယ်။ ၎င်းကိုယ်တွင်းပိုင်းကို ကျောက်သားများဖြင့် ထပ်မံဖုံးအုပ်ထားပြီး အပေါ်မှာတော့ ရေခဲနှင့် ကျောက်စောင်များ တည်ရှိပါတယ်။ ဟာဘယ် တယ်လီစကုပ်နှင့် ရိုက်ကူးထားသော ပုံများအရ ဂန်မီဒီ မှာ ပါးလွှာပြီး အောက်ဆီဂျင်ပါသော လေထုတစ်ခု ရှိပါတယ်။ ဒါပေမယ့် သက်ရှိတွေ နေနိုင်လောက်တဲ့အထိတော့ အထောက်အကူ မဖြစ်နိုင်ပါဘူး။ ဂန်မီဒီ ‘လ’ မှာ မြေအနေအထား နှစ်မျိုး ရှိပါတယ်။ လေးဆယ် ရာခိုင်နှုန်း လောက်က မဲနက်သော မြေသားနေရာများ ဖြစ်ပြီး၊ ကျန်မြေနေရာများမှာ သေးငယ်သော ချိုင့်မြောင်းများအဖြစ် တည်ရှိနေပါတယ်။ ဂန်မီဒီ ကို ၁၆၁၀ ခုနှစ် ဇန်နဝါရီလက ဂယ်လီလီယိုမှ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကဲ့သို့ အခြားသော ဂြိုဟ်များမှာ ဂြိုဟ်ရံလရှိကြောင်း ပထမဆုံး တွေ့ရှိခဲ့ခြင်းလဲ ဖြစ်ပါတယ်။ ကယ်လီစတို (သို့) နေအဖွဲ့အစည်း၏ တတိယအကြီးဆုံးဂြိုဟ်ရံလ ဂျူပီတာဂြိုဟ်၏ ဒုတိယအကြီးဆုံး ဂြိုဟ်ရံလဖြစ်သော ကယ်လီစတို (Callisto) မှာ နေအဖွဲ့အစည်း၏ တတိယမြောက် အကြီးဆုံး ဂြိုဟ်ရံလလည်း ဖြစ်သည်။ မာကျူရီဂြိုဟ်နှင့် အရွယ်အစား ၉၉% တူညီပါသည်။ သို့သော် သိပ်သည်းဆမှာ မာကျူရီ၏ သုံးပုံ တစ်ပုံသာ ရှိသည်။ အတွင်းပိုင်းမှာ ဂန်မီဒီ ဂြိုဟ်ရံလကဲ့သို့ ကျောက်စိုင်ကျောက်သားများ တည်ရှိပြီး မျက်နှာပြင်မှာ အခြားသော ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလများထက် ပိုပြီး မှောင်မိုက်သည်။ မည်သို့ပင်ဆိုစေ၊ ကျနော်တိုကမ္ဘာမှ လမင်းကြီးထက်တော့ နှစ်ဆ ပိုလင်းပါသေးသည်။ ကယ်လီစတိုသည် ဂြိုဟ်သေတစ်ခုလည်း ဖြစ်သည်။ ဂြိုဟ်၏သက်တမ်းမှာ နှစ်ပေါင်း ၄ ဘီလီယံခန့်ရှိပြီ ဖြစ်ပြီး နေအဖွဲ့အစည်းတွင်တော့ သက်တမ်းအရင့်ဆုံး ဂြိုဟ်ရံလ တစ်ခုပင် ဖြစ်ပေတော့သည်။ အိုင်အိုဂြိုဟ်ရံလ အိုင်အိုဟာ ဂျူပီတာရဲ့ တတိယမြောက် အကြီးဆုံးလဖြစ်ပြီး နေအဖွဲ့အစည်းမှာတော့ စတုတ္ထမြောက် အကြီးဆုံး ဂြိုဟ်ရံလ ဖြစ်ပါတယ်။ အချင်း ၃၆၄၂ ကီလိုမီတာ (၂၂၆၃ မိုင်) ရှည်လျှားပြီး အခြားဂြိုဟ်ရံလများထက် အတွင်းပိုင်းကျသော (ဂျူပီတာနှင့် ပိုမိုနီးကပ်သော) နေရာမှာ တည်ရှိပါတယ်။ အိုင်အိုမှာ မီးတောင်ရှင်ပေါင်း ၄၀၀ ကျော်ရှိတယ်။ နေအဖွဲ့အစည်းမှာတော့ လှုပ်ရှားတုန်ခါမှု အများဆုံးဂြိုဟ်ရံလ တစ်ခုပါဘဲ။ အချို့သော မီးတောင်များမှ ဆာလဖာ နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ၊ အရည်များဟာ မျက်နှာပြင်မှ ကီလိုမီတာ ၅၀၀ ခန့်အထိ ပန်းထွက်လို့နေပါတယ်။ မီးတောင်များပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တောင်ပူစာပေါင်းကလည်း ၁၀၀ ကျော်လောက် ရှိပါတယ်။ အချို့တောင်များဟာ ကမ္ဘာပေါ်က ဧဝရတ်တောင် ထက်တောင် မြင့်မားကြပါတယ်။ ရေ တို့ ရေခဲတို့ မရှိပါဘူး။ သံရည်ပူများနဲ့ ချော်ရည်များသာ ပြည့်နက်လို့ နေပါတယ်။ ဆာလဖာ၊ ချော်ရည်များ စီးဆင်းခြင်းကြောင့် အိုင်အို ရဲ့ အရောင်ဟာ အဝါ၊ အနီ၊ အဖြူ၊ အနက် နဲ့ အစိမ်းရောင်များ ရောလျက် နေကာ ဆေးရောင်ခြယ်ထားသလို ဖြစ်နေပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များမှာတော့ ဂယ်လီလီယို အာကာသယာဉ်ဟာ အိုင်အို အနီးကို ဖြတ်သန်းလို့ မှတ်တမ်းများ ရယူနိုင်ခဲ့ပါတယ်။ ယူရိုပါဂြိုဟ်ရံလ ယူရိုပါ ဂြိုဟ်ရံလသည် ကြာသပတေးဂြိုဟ် (ဂျူပီတာဂြိုဟ်) ၏ စတုတ္ထမြောက်အကြီးဆုံး ဂြိုဟ်ရံလတစ်ခုဖြစ်ပြီး ကမ္ဘာ၏ ဂြိုဟ်ရံလ (လမင်းကြီး) ထက် အနည်းငယ် သေးငယ်ပါသည်။ ကမ္ဘာကဲ့သို့ပင် ယူရိုပါ၏ အတွင်းပိုင်းအနှစ်မှာ သံ၊ နီကယ် များဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင်တွင် တောင်များရှိပြီး ဆားငံရေပါသော သမုဒ္ဒရာတစ်ခုလည်း ရှိသည်။ ကမ္ဘာနှင့် မတူသည်ကား ထို သမုဒ္ဒရာသည် ယူရိုပါ၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည်အထိ နက်ရှိုင်းလွန်းလှသည်။ နေမှလည်း အလွန် ဝေးကွာသောကြောင့် သမုဒ္ဒရာမျက်နှာပြင် အပေါ်ယံ နေရာတော်တော်များများ (တခုလုံးနီးပါး) သည် ရေခဲများအဖြစ် ဖုံးအုပ် တည်ရှိလျက် ရှိသည်။ ရေခဲပြင်များ၏ အောက်တွင်မူ ရေများ စီးဆင်းလျက် ရှိသည်။ သမုဒ္ဒရာကြီးသည် အနက် (၆၄) မိုင် အထိ ရှိသည်။ ယူရိုပါသည် ဂျူပီတာဂြိုဟ်အား ၃ ရက်ခွဲလျှင် တစ်ကြိမ် လှည့်ပတ်နေသည်။ ကမ္ဘာ၏ လကဲ့သို့ပင် ၎င်း၏ ဝင်ရိုးပေါ်တွင် လှည့်ပတ်နေခြင်း မရှိသည့်အတွက် ဂျူပီတာကို တစ်ဖက်ထဲကသာ မျက်နှာမူထားသည်။ ယူရိုပါသည် စက်ဝိုင်းပုံစံ အတိအကျ မရှိသောကြောင့် ဂျူပီတာနှင့် နီးကပ်ချိန်တွင် ဆွဲအားများကြောင့် ရေစီးဆင်းမှု ပို၍ မြင့်တက်တတ်သည်။ ရေခဲပြင်အောက်ရှိ ရေများ ထိုကဲ့သို့ စီးဆင်းသောအရှိန်ကြောင့် အပေါ်ယံရေခဲပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာတတ်သည်။ ရေခဲပြင်အောက်တွင် ထိုကဲ့သို့ စီးဆင်းနေသော သမုဒ္ဒရာရေကြောင့် ယူရိုပါတွင် အနွေးဓာတ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ၎င်း အနွေးဓာတ်သည်ပင်လျှင် သမုဒ္ဒရာအတွင်းရှိ သက်ရှိသတ္တဝါများ နေထိုင်နိုင်ရန် လမ်းစပင် ဖြစ်သည်။ သက်ဆိုင်သော ဆောင်းပါးများ နေအဖွဲ့အစည်း ကိုးကား ဂျူပီတာ နေအဖွဲ့အစည်း၏ ဂြိုဟ်များ ဓာတ်ငွေ့ဂြိုဟ်ဘီလူးများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%AC%E1%80%9E%E1%80%95%E1%80%90%E1%80%B1%E1%80%B8%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
ယူရေးနပ်စ်ဂြိုဟ်
ယူရေးနပ်စ် ()သည် နေအဖွဲ့အစည်းအတွင်းတွင် နေမှစ၍ ၇ ခုမြောက် ဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ်သည် ဧရာမဓာတ်ငွေ့အစိုင်အခဲ(gas giant) ကြီးတစ်ခုဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် တတိယမြောက်အကြီးဆုံးဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ်သည် ရေခဲများ၊ ဓာတ်ငွေ့များ နှင့် သံရည်များဖြင့် ဖွဲ့စည်းထားသည်။ လေထုထဲတွင် ဟိုက်ဒရိုဂျင်၊ ဟီလီယမ်နှင့် မီသိန်းဓာတ်ငွေ့တို့ပါဝင်သည်။ ယူရေးနပ်စ်ဂြိုဟ်ပေါ်ရှိ အပူချိန်မှာ အနှုတ် ၁၉၇ ဒီဂရီ ဆဲလ်စီးယပ် သို့ ၇၉ ကယ်လ်ဗင် ဖြစ်သည်။ ဂြိုဟ်ရံလပေါင်း ၂၇ စင်း ရှိပြီး အကြီးဆုံးလ ၅ စင်းမှာ မီရန်ဒါ(Miranda)၊ အေရီယယ်(Ariel)၊ အမ်ဘရီယယ်(Umbriel)၊ တိုက်တေးနီးယား(Titania) နှင့် အော်ဘီယွန် (Oberon) တို့ဖြစ်သည်။ ယူရေးနပ်စ်ဂြိုဟ်သည် သူ၏ ဝင်ရိုးပေါ်တွင် အလွန်ပင်တိမ်းစောင်းနေသဖြင့် ဒေါင်လိုက်လည်ပတ်နေသည့်ပမာပင် ဖြစ်သည်။ ယူရေးနပ်စ်သည် နေကိုတစ်ပတ်ပတ်နိုင်ရန်အတွက် ကမ္ဘာ၏နှစ်နှင့်တွက်လျှင် ၈၄ နှစ်မျှကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၁၇ နာရီ ၁၄ မိနစ်မျှသာ ကြာသည်။ ထို့ကြောင့် ယူရေးနပ်စ်ဂြိုဟ်၏ တစ်နှစ်တွင် ၄၂၀၀၀ ရက်မျှရှိသည်ဟု တွက်ချက်ရနိုင်သည်။ ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ကြားရှိ အကွာအဝေးမှာ ၁.၆ ဘီလီယံ ကီလိုမီတာဖြစ်သည်။ ယူရေးနပ်စ်ဂြိုဟ်ကို ၁၇၈၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယူရေးနပ်စ်ဂြိုဟ်တွင် ခါးပတ် (ring) ပေါင်း ၁၁ ခုရှိသော်လည်း ကမ္ဘာမှမြင်နိုင်ရန် ခဲယဉ်းသည်။ ယူရေးနပ်စ်ဂြိုဟ် ယူရေးနပ်စ်သည် ကျွန်ုပ်တို့ နေစကြဝဠာအတွင်းရှိ ဂြိုဟ်တစ်လုံး ဖြစ်သည်။ နေမှစ၍ အစဉ် လိုက်ရေတွက်လျှင် ထိုဂြိုဟ်သည် ခုနစ်ခုမြောက်ဂြိုဟ်ဖြစ်သည်။ ထိုဂြိုဟ်ကို ဂျာမန်-အင်္ဂလိပ် သွေးစပ်သည့် ဝီလီယံ ဟာရှယ်ဆိုသူ ထင်ရှားသော နက္ခတ္တဗေဒ ပညာရှင်တစ်ဦးက စတင်တွေ့ရှိခဲ့လေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် သူ၏ နက္ခတ်ကြည့် ကရိယာများကို မကျေနပ်သဖြင့် တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ ကြီးမား အားကောင်းသော နက္ခတ်ကြည့်မှန်ပြောင်းများကို ပြုလုပ်ခဲ့လေသည်။ ထိုသို့ အကြိမ်ကြိမ် ပြုလုပ်လာခဲ့ရာ ထိုခေတ်ရှိ အဝေးကြည့်မှန်ပြောင်းများအနက် အကောင်းဆုံးကို ပြုလုပ်ပြီးသော ၁၇၈၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ယူရေးနပ်စ်ကို ပထမဆုံး စတင်တွေ့ ခဲ့သည်။ စ၍ တွေ့စဉ်က ထိုဂြိုဟ်ကို ကြယ်တံခွန်တစ်ခုမျှ သာဖြစ်သည်ဟု ထင်မှတ်ခဲ့လေသည်။ ထိုနောက် ညဉ့်တိုင်းဆက်၍ ထိုကြယ်တံခွန်ဟု ထင်ရသည့် အရာကို ကြည့်သောအခါတွင် ထိုအရာသည် ကြယ်များအကြား၌ နေရာရွှေ့လျက်ရှိသည်ကို တွေ့ခဲ့လေသည်။ ထိုသို့ မြင်ရ သည့်တိုင်အောင် သူမြင်ရသည့် အရာသည် ဂြိုဟ်တစ်လုံး ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ချေ။ ထိုသို့ မထင်မိခဲ့သဖြင့် သူ့အား အပြစ် မတင်ထိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအခါက အဝေးကြည့်မှန်ပြောင်းများကို တီထွင်လာနိုင်ကြသည်မှာ နှစ်ပေါင်း တစ်ရာငါးဆယ်ကျော်လာပြီဖြစ်၍ ထိုအဝေးကြည့် မှန်ပြောင်းများဖြင့် ကောင်းကင်ပြင်ကို ရှာဖွေခဲ့ကြရာ ဂြိုဟ် အတော်များများကို တွေ့ရှိထားပြီးဖြစ်သောကြောင့် ဖြစ်ပေသည်။ ထိုကြောင့် သူသည် ကြယ်တံခွန်တစ်ခုကို တွေ့ရှိထားသည့်အကြောင်း ရေးသားကာ ထုတ်ဝေလိုက်လေသည်။ ဥရောပတိုက်ရှိ အဓိက နက္ခတ်မျှော်စင်ကြီးများမှ ထိုကြယ်တံခွန်ဟု ထင်ရသောအရာကို ဂရုတစိုက်နှင့်ကြည့်ကြရာတွင် ကြယ်တံခွန်တစ်ခုက ပြုမူထိုက်သည်တို့ကို မပြုမူဘဲနေသည်ကို တွေ့ခဲ့ကြလေသည်။ ထိုနောက် နေ့စဉ်ရက်ဆက် ဇွဲဖြင့် ကြည့်ရှုသောအခါတွင် ထိုကြယ်တံခွန်ဟု ထင်ရသော အရာသည် လမ်းတစ်ခုတွင် သွားလျက်ရှိသည်ကို တွေ့ခဲ့ကြလေသည်။ ထိုကြောင့် ဟာရှယ်အား ထိုဂြိုဟ်ကို စတင်၍ တွေ့ရှိသူဖြစ်သည်ဟု ဆိုကြလေသည်။ ထိုအခါ ဟာရှယ်က ပထမတွင် သူ့အား စောင့်ရှောက်ထားသည့် အင်္ဂလန်ပြည့်ရှင် ဘုရင်ကို အမွှမ်းတင်လိုသဖြင့် သူတွေ့ရှိခဲ့သည့် ထိုဂြိုဟ်ကို ဂျော်ဂျီ ယန်ဆိဒပ်ဟု အမည်ပေးလိုက်လေသည်။ ထိုအမည်ကို နက္ခတ္တဗေဒ ပညာရှင်များက သဘောမကျကြချေ။ ထိုကြောင့် နာမည်အမျိုးမျိုးကို ပေးခဲ့ကြရာ နောက်ဆုံးတွင် ဂျာမန်လူမျိုး နက္ခတ္တဗေဒ ပညာရှင်တစ်ဦးက ယူရေးနပ်စ်ဟူသော အမည်ကို အကြံပေး လိုက်လေသည်။ ထိုသို့ အကြံပေးရာတွင် ရှေးယခင်ဂြိုဟ်များအား အမည်ပေးရာတွင် အသုံးပြုသည့်နည်းကို အသုံးပြုထားသဖြင့် နက္ခတ္တေဒေ ပညာရှင်များက သဘောတူ လက်ခံလိုက်ကြလေသည်။ ရှေးပညာရှင်များကမူ အထူးသဖြင့် ဂရိလူမျိုးတို့က ယူရေးနပ်စ်မှာ ရှေးအကျဆုံးနတ်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ထိုအမည်အရ ကောင်းကင်ပြင်ဟု အဓိပ္ပာယ်ရနေလေသည်။ ဂရိလူမျိုးတို့၏ ယုံကြည်ချက်အရ ထိုနတ်ကြီးက ကမ္ဘာမြေကြီးသို့ အပူ၊ အလင်းနှင့် မိုးများကို ပေးခဲ့သည်။ ယူရေးနပ်စ်သည် ဂျီယာအမည်ရှိသော ကမ္ဘာမြေကြီး နတ်သမီး၏ လင်ယောက်ျား ဖြစ်သည်။ သူသည် ဆိုင်းကလုပ်၊ တိုင်တန်နှင့် ရီးအ ဆိုသည့် လက်ပေါင်းတစ်ရာစီရှိသော ဘီလူးတို့၏ ဖခင်ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ သားအငယ်ဆုံး ဆက်တန် (စနေဂြိုဟ်) က သူ၏ နန်းကို သိမ်းပိုက်ကာ သူ့အား သတ်ပစ်လိုက်သည်။ ဖျူရီးခေါ် ဒေါသတရားသည် ယူရေးနပ်စ်၏ သွေးမှ ဖြစ်ပေါ် လာခဲ့သည်။ ထိုဂြိုဟ်၏ လမ်းကြောင်း နက္ခတ္တဗေဒပညာရှင်များက ပြည့်စုံစွာ တွက်ချက်ပြီးသောအခါတွင် ထိုယူရေးနပ်ဂြိုဟ်ကို ယခင်ကလည်း အကြိမ်ကြိမ် တွေ့ခဲ့ကြဘူးကြောင်း သိလာကြလေသည်။ သို့သော် ထိုစဉ်က ထို ဂြိုဟ်ကို တည်မြဲကြယ် တစ်လုံးမျှသာ ဖြစ်သည်ဟု ယူဆခဲ့ကြလေသည်။ ယူရေးနပ်စ်ဂြိုဟ်သည် နေနှင့်မိုင်ပေါင်း ၁၇၈၂ဝဝဝဝဝဝ မျှ ဝေးကွာပြီးလျှင် ကိုယ်ပိုင်ဝင်ရိုးပေါ်၌ ၁ဝ နာရီနှင့် မိနစ် ၅ဝ မျှအကြာတွင် တစ်ပတ်ပြည့်အောင် လည်လျက်ရှိလေသည်။ ထို့ပြင် နေကို ပတ်သွား ရာတွင်တစ်ပတ်ပတ်မိစေရန် ၈၄ နှစ် နှင့် ၈ ရက်ကြာလေသည်။ ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာသည် ယူရေးနပ်စ်နှင့် နေ၏အကြားသို့ ၃၆၉ ရက်နှင့် ၉ နာရီ အကြာတွင် တစ်ကြိမ်ရောက်ရှိသွားလေသည်။ ယူရေး နပ်ဂြိုဟ်၏ လမ်းတွင် ထူခြားချက်ကို တွေ့ရှိကြရာမှ နက်ပကျွန်းဂြိုဟ်ကို တွေ့ရှိလာကြလေသည်။ ထိုနက်ပကျွန်းဂြိုဟ်၏ ပြုပြင်ပေးမှုကြောင့် ယူရေးနပ်၏ လမ်းတွင် ထူးခြားချက် ရှိနေခြင်း ဖြစ်ပေသည်။ ယူရေးနပ်စ်ဂြိုဟ်၏ အချင်းမှာ မိုင်ပေါင်း ၃၂ဝဝဝ မျှ ရှိသည်ဟု ယုံကြည်ကြ၏။ တစ်နည်းဆိုလျှင် ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာ၏ အချင်းထက် လေးဆမျှပို၍ ကြီးလေသည်။ အချို့ နက္ခတ်ပညာရှင်များ ကမူ ထိုဂြိုဟ်၏အချင်းသည် မိုင်ပေါင်း ၂၈၅ဝဝ ရှိသည်ဟု ယုံကြည်ကြသည်။ ထိုဂြိုဟ်၏ ထုထည်သည် ကျွန်ုပ်တို့ ကမ္ဘာထက်အဆပေါင်း ၆၄ ဆမက ကြီးသည်။ ယင်း၏ ဒြဗ်ထုမှာ ကျွန်ုပ်တို့ ကမ္ဘာထက် ၁၄ ၁/၂ ဆမျှ ပို၍၊ သိပ်သည်းမှုတွင် ယင်းသည် ကမ္ဘာ၏ လေးချိုးတစ်ချိုးမျှသာ ရှိသည်။ ထိုဂြိုဟ်သည် ဓာတ်ငွေ့တစ်ဝက်တစ်ပျက်အခြေ၌သာ ရှိကောင်းရှိလိမ့်မည်ဟု သိပ္ပံပညာရှင်များက ယူဆကြလေသည်။ ယူရေးနပ်စ်၌ လ၊ သို့မဟုတ် အရံဂြိုဟ် ၅ လုံးရှိသည်။ ထိုလများကို (၁) အေရီယမ်၊ (၂) အမ်ဗရီယယ်၊ (၃) တိုင်တန်းနီးယား၊ (၄) အိုဗရွန်နှင့် (၅) မီရန်ဒါဟု အမည် ပေးထားသည်။ နက္ခတ္တဗေဒပညာရှင်များက ခြောက်ခုမြောက် လတစ်လုံးပင် ရှိလိမ့်ဦးမည်ဟု ယူဆကြသည်။ ထိုအရန်ဂြိုဟ်ကလေးများသည် သေးငယ်လှသဖြင့် လွန်စွာ မိန်ကြသည်။ ယင်းတို့၏ လမ်းများမှာလည်း တစ်ခုနှင့်တစ်ခု နီးကပ်လျက် တည်ရှိနေကြသည်၊ ထိုအရန်ဂြိုဟ်များ၏ ထူးခြားချက်မှာ ယင်းတို့၏ ပြင်ညီသည် ယူရေးနပ်ဂြိုဟ်၏ ပြင်ညီတွင်၊ သို့မဟုတ် ပြင်ညီလောက်တွင် တည်ရှိမနေကြခြင်းဖြစ်သည်။ ထိုသို့ ယူရေးနပ်၏ ပြင်ညီတွင်မရှိဘဲ ထို့ပြင်ညီနှင့် မျဉ်းမတ်နီးနီးတွင် တည်ရှိနေကြသဖြင့် ထိုအရန်ဂြိုဟ်များသည် သွားလျက်ရှိသော ပြင်ညီများကို ကမ္ဘာမှ ကြည့်လျှင် တစ်ခါတစ်ရံတွင်မူ ပြားလိုက် မြင်ရလေသည်။ ထိုအရန်ဂြိုဟ်များ၏ လမ်းများသည် ၉၈ ဒီဂရီ မျှတွင် တည်ရှိကြသဖြင့် မျဉ်းမတ်ထက်ပင် ကျော်လွန်နေလေသည်။ ထိုကြောင့် ယူရေးနပ်၏ အရန်ဂြိုဟ်များသည် ယင်းတို့၏ လမ်းများကို သွားကြရာတွင် ပြောင်းပြန် သွားလျက်ရှိကြသည်ဟု ဆိုနိုင်သည်။ အခြားကြည့်ရန် အင်္ဂါဂြိုဟ် နက်ပကျွန်းဂြိုဟ် မှတ်စု ကိုးကား ယူရေးနပ်စ်ဂြိုဟ် နေအဖွဲ့အစည်း၏ ဂြိုဟ်များ ရေခဲဂြိုဟ်ဘီလူးများ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%B0%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%95%E1%80%BA%E1%80%85%E1%80%BA%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
နက်ပကျွန်းဂြိုဟ်
နက်ပကျွန်းဂြိုဟ်() သို့မဟုတ် ကေတုဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အဋ္ဌမမြောက် ဂြိုဟ်ဖြစ်ပြီး နေမှ အဝေးဆုံးဖြစ်သည်။ နက်ပကျွန်းသည် ဓာတ်ငွေ့အမြောက်အမြားနှင့် ဖွဲ့စည်းထားသော ဂြိုဟ်ဖြစ်ပြီး မြင်နိုင်ရန်ခက်ခဲသော ခါးပတ်ကွင်း ၄ ခုရှိသည်။ နေအဖွဲ့အစည်းအတွင် စတုတ္ထမြောက်အကြီးဆုံးနှင့် တတိယမြောက်အလေးဆုံးဂြိုဟ်ဖြစ်သည်။ ကမ္ဘာထက် ၁၇ ဆမျှပိုလေးပြီး ယူရေးနပ်စ်ဂြိုဟ်ထက်အနည်းငယ်မျှ ပိုလေးသည်။ နက်ပကျွန်းဂြိုဟ်သည် ဂရိနတ်ဘုရား ပိုဆီဒွန် (Poseidon) ကို အကြောင်းပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီး သူ၏ အာကာသဆိုင်ရာ သင်္ကေတမှာ ဖြစ်သည်။ နက်ပကျွန်းဂြိုဟ်သည် ကမ္ဘာဂြိုဟ်ထက် ၁၇ ဆပိုပြီးကာ ယူရေးနပ်စ်ဂြိုဟ်ထက် အနည်းငယ်ပိုကြီးသည်။ နေမှ ၃ဝ.၁ AU ကွာဝေးသည်။ နက်ပကျွန်းဂြိုဟ်သည် သာမန်မျက်စိနှင့် မမြင်ရပေ။ ယင်းအား ရှာဖွေလေ့လာမှုထက် သင်္ချာနည်းလမ်းအရ ကြိုတင်ခန့်မှန်းခြင်းဖြင့် တွေ့ရှိသည့် တစ်ခုတည်းသောဂြိုဟ်တစ်စင်းပင်ဖြစ်သည်။ နက်ပကျွန်းဂြိုဟ်အား ဗွိုင်ယေဂျာ ၂ အာကာသယာဉ်မှ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် လည်ပတ်ခဲ့သည်။ နောက်ပိုင်းတွင် ဟာဘဲလ် အာကာသမှန်ပြောင်းနှင့် မြေပြင်အခြေစိုက် တယ်လီစကုပ်ကြီးများက အသေးစိတ်ကျသော လေ့လာမှုများအား လုပ်ဆောင်နိုင်ခဲ့သည်။ ဖွဲ့စည်းပုံ နက်ပကျွန်းဂြိုဟ်၏လေထု (ဂြိုဟ်၏အပေါ်တွင်လွှင့်မျောနေသော ဓာတ်ငွေ့အလွှာ) မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ နှင့် ဟီလီယံဓာတ်ငွေ့တို့ဖြင့် ဖွဲ့စည်းထားပြီး မီသိန်းဓာတ်အနည်းငယ်မျှပါဝင်သည်။ ထို့ကြောင့် ဂြိုဟ်၏အရောင်မှာ အပြာရောင်ဖြစ်နေသည်။ နက်ပကျွန်းဂြိုဟ်၏ အပြာရောင်မှာ မီသိန်းဓာတ်ငွေ့ ဆတူမျှပါရှိသော ယူရေးနပ်ဂြိုဟ်၏အပြာရောင်ထက် များစွာပို၍တောက်ပသည်။ ထို့ကြောင့် နက်ပကျွန်းဂြိုဟ် အပြာရောင်တောက်ပခြင်းမှာ အခြားအကြောင်းများလည်း ရှိနိုင်သည်။ နက်ပကျွန်းဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် တိုက်ခတ်သော လေမှာ နေအဖွဲ့အစည်း အတွင်းရှိ အခြားဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် အပြင်းထန်ဆုံးဖြစ်ပြီး အမြန်ဆုံးအနေနှင့် တစ်နာရီလျှင် ၂၁၀၀ ကီလိုမီတာနှုန်း (မိုင် ၁၃၀၀ နှုန်း) အထိတိုက်ခတ်သည်ဟု တိုင်းတာရရှိသည်။ နက်ပကျွန်းဂြိုဟ်သည် ကမ္ဘာဂြိုဟ်ထက် ၁၇ ဆပိုမိုကြီးမားသော်လည်း ဂျူပီတာဂြိုဟ်၏ ၁၉ ပုံတစ်ပုံသာ ရှိသည်။ ရှာဖွေတွေ့ရှိမှု အချို့သော အစောဆုံး မှတ်တမ်းများအား တယ်လီစကုပ်များမှ ပြုလုပ်ခဲ့သည်။ ၁၆၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဂယ်လီလီယိုမှ မှတ်တမ်းတင်ခဲ့သည်။ သူသည် ကြယ်တစ်စင်းနှင့် နက်ပကျွန်းဂြိုဟ်အား မှားယွင်းခဲ့ဟန်တူသည်။ နက်ပကျွန်းဂြိုဟ်ကို အာကာသပညာရှင်များ ဖြစ်သော အာဘိန်လီဗဲရီယာ(Urbain Le Verrier) နှင့် ဂျွန်ကော့ရှ်အဒမ်(John Couch Adams) တို့က ရှာဖွေတွေ့ရှိခဲ့ခြင့်းဖြစ်ပြီး ၂ ဦးစလုံးမှာ ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ပြုခံခဲ့ရသည်။ ထိုဂြိုဟ်မှာ တယ်လီစကုပ်ကို သုံး၍ ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ပဲ သင်္ချာနည်းဖြင့်တွက်ချက်မှုကြောင့် ရှာဖွေတွေ့ရှိခဲ့သော ပထမဆုံးဂြိုဟ်ဖြစ်သည်။ ဂြိုဟ်ရံလများ နက်ပကျွန်းဂြိုဟ်တွင် ဂြိုဟ်ရံလ ၁၄ စင်းရှိသည်။ ထရီတွန် (Triton)သည် အကြီးဆုံးဖြစ်ပြီး ထိုဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ၁၇ ရက်အကြာတွင် ဝီလီယံ ဟာရှယ်ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တချိန်တုန်းကမူ ကျူးပါး ခါးပတ်ထဲမှ ဂြိုဟ်သိမ်ဟု သတ်မှတ်ခဲ့နိုင်ကောင်းပါသည်။ ၁၉၈၉ ခုနှစ်တွင် ထရိုင်တွန်သည် ကမ္ဘာမြေနှင့် အနီးဆုံးအကွာအဝေးသို့ ရောက်ရှိခဲ့သည်။ ထရိုင်တွန်သည် နောင်နှစ်ပေါင်း ၃.၆ ဘီလီယံအကြာတွင် ကျိုးကြေပျက်စီးသွားမည်ဖြစ်သည်။] ထရိုင်တွန်၏ ပတ်လမ်းမှာ အခြားသာမန်ဂြိုဟ်ရံလများနှင့်ဆန့်ကျင်ဘက် ပတ်လမ်းအတိုင်း ၂၃ ဒီဂရီတိမ်းစောင်းလျက် နက်ပကျွန်းဂြိုဟ်အား လှည့်ပတ်နေသည်။ ထရိုင်တန်သည် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရံလနှင့် ပလူတိုဂြိုဟ်သိမ်ထက်ပင် ကြီးမားသည်။ နက်ပကျွန်းဂြိုဟ်၏ အခြားဒုတိယအကြီးဆုံးဂြိုဟ်ရံလမှာ နီရီး (Nereid) ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ဗွိင်ယေဂျာ ၂ မှ တွေ့ရှိခဲ့သည်။ နီးရီးဂြိုဟ်ရံလသည် ထရိုင်တွန်၏ ဝ.၂၅ ရာခိုင်နှုန်းသော ထုထည်သာ ရှိသည်။ အခြားသော ပုံစံမမှန်သော အတွင်းဘက်ဂြိုဟ်ရံလများအား ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံးနှင့် အသေးငယ်ဆုံးသော ဂြိုဟ်ရံလကိုမူ ၂ဝ၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိအခြေနေ ယူရေးနပ်ဂြိုဟ်သည် သူ၏နေပတ်လမ်းကြောင်းအတွင်း ထူးခြားသော ရွေ့လျားမှုများကြောင့် အာကာသပညာရှင်များသည် ဂြိုဟ်အသစ်ကို ရှာဖွေစေခဲ့သည်။ နက်ပကျွန်းဂြိုဟ်ကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်တစ်စင်းကသာ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ရက်တွင် ရောက်ရှိခဲ့သေးသည်။ တစ်ခါတုန်းက နတ်ပကျွန်းမှာ အလွန်ကြီးမားတဲ့မုန်တိုင်း "မဟာမှောင်မဲသောအစက်"ဟု လူသိတဲ့မုန်တိုင်းကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်က ၁၉၈၉ ခုနှစ်မှာ တွေ့ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အမှောင်စက်ကြီးအား ၁၉၉၄ ခုနှစ်တွင် မြင်ခဲ့ရသည် မဟုတ်ပါ။ ထိုအချိန်နောက်ပိုင်းကတည်းက အသစ်သော အစက်များကိုလည်း မြင်ခဲ့ရသည်။ အဘယ်ကြောင့် အမည်းစက် ပျောက်ကွယ်ခဲ့သည်ကိုမူ မသိရပေ။ နာဆာ၏ အနာဂတ်အာကာသယာဉ်များက နက်ပကျွန်းဂြိုဟ်အကြောင်း ပိုမိုသိရှိရန် အကြံပေးထားသည်။ ကိုးကားချက်များ အခြား ကြည့်ရန် ယူရေးနပ်စ်ဂြိုဟ် အင်္ဂါဂြိုဟ် ပြင်ပ လင့် NASA's Neptune fact sheet Neptune Profile by NASA's Solar System Exploration MPC's List Of Neptune Trojans Planets - Neptune A kid's guide to Neptune. Neptune and global warming နက်ပကျွန်းဂြိုဟ် နေအဖွဲ့အစည်း၏ ဂြိုဟ်များ ရေခဲဂြိုဟ်ဘီလူးများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%80%E1%80%BA%E1%80%95%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA
ပလူတို
ပလူတို (; သင်္ကေတ: ၎င်း ) သည် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်ပြီး ကျောက်သား နှင့် ရေခဲတို့ဖြင့် ဖွဲ့စည်းထားသည်။ ပလူတိုဂြိုဟ်ပေါ်တွင် အလွန်အေးပြီး အပူချိန် အနှုတ် ၂၁၈ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၃၆၀ ဒီဂရီ ဖာရင်ဟိုက်) မှ အနှုတ် ၂၄၀ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၄၀၀ ဒီဂရီ ဖာရင်ဟိုက်) အထိရှိသည်။ ပလူတိုသည် ၂၃၉၀ ကီလိုမီတာအချင်းရှိပြီး လကမ္ဘာ ၏ သုံးပုံ နှစ်ပုံမျှရှိကာ ကမ္ဘာ၏ ၅ ပုံ ၁ ပုံမျှရှိသည်။ ပလူတိုဂြိုဟ်၏ အလေးချိန်မှာ တန်ချိန် ၁၃ သန်းမျှရှိသည်။ ကမ္ဘာသည် ပလူတိုဂြိုဟ်၏ အဆ ၄၆၀ မျှလေးပြီး ကမ္ဘာရံလသည် ပလူတိုဂြိုဟ်ထက် ၅ ဆခွဲမျှလေးသည်။ အရီဇိုးနား ပြည်နယ် Flagstaff ရှိ Lowell observatory မှ နက္ခတ္တဗေဒပညာရှင် ကလိုက်တွမ်ဘော့ (Clyde Tombaugh) မှ ပလူတိုဂြိုဟ်ကို ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရောမငရဲနှင့်ဆိုင်သော နတ်ဘုရား ပလူတို၏ အမည်ကို ပေးခဲ့သည်။ ထိုအမည်ကို အကြံပြုခဲ့သူမှာ အင်္ဂလန်မှ ဗဲနက်တီယာ ဘာနေး (Venetia Burney) ဖြစ်ပြီး သူမသည် ထိုအချိန်က ၁၁ နှစ် သမီးမျှသာရှိသေးသည်။ ပလူတိုတွင် ချာရွန် (Charon)၊ စတိုက် (Styrx)၊ ကီးဘရော့စ် (Kerberos)၊ နစ်စ် (Nix) နှင့် ဟိုက်ဒရာ (Hydra) ဟူသော ဂြိုဟ်ရံလ ၅ ခု ရှိသည်။ ချာရွန်မှာ ၁၁၉၀ ကီလိုမီတာ အချင်းရှိပြီး ပလူတိုဂြိုဟ်၏ အချင်း၏ တစ်ဝက်မျှရှိသည်။ ပလူတိုနှင့် ချာရွန်တို့သည် တစ်ခုကို တစ်ခု အပြန်အလှန်လှည့်ပတ်နေကြပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား ၂ ခုပမာရှိသည်။ နစ်စ်နှင့် ဟိုက်ဒရာတို့မှာ ပိုမိုသေးငယ်ပြီး ၄၅ ကီလိုမီတာမှ ၁၆၀ ကီလိုမီတာ အတွင်းသာ ကျယ်ဝန်းသော အချင်းရှိပြီး ပလူတိုဂြိုဟ်မှ ၄၄၀၀၀ ကီလိုမီတာမျှ ကွာဝေးသည်။ ချာရွန်ကို ၁၉၇၈ ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့ပြီး နစ်စ်နှင့် ဟိုက်ဒရာကို ၂၀၀၅ ခုနှစ် ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့သည်။ နေအဖွဲ့အစည်း အတွင်းတွင် ဂြိုဟ် ၈ ခု ရှိသည်။ ပလူတိုသည် ထိုဂြိုဟ် ၈ ခုနှင့် လွန်စွာမှပင် ကွဲပြားခြားနား နေသည်။ ၎င်းသည် အခြားဂြိုဟ်များထက် သေးငယ်နေပြီး နေ၏ ပတ်လည်တွင် ပုံစံကွဲပြားသော လမ်းကြောင်းဖြင့် သွားလာနေသည်။ ပလူတိုသည် ၎င်း သွားလာသော လမ်းကြောင်းကြောင့် တစ်ခါတစ်ရံတွင် နက်ပကျွန်းဂြိုဟ်ထက် ပို၍ နေနှင့် နီးကပ်နေလေ့ ရှိသည်။ ပလူတိုကို ဂြိုဟ်များစာရင်းမှ ပယ်ဖျက်ခဲ့သော အချိန်မှစ၍ မာကျူရီဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အသေးဆုံးဂြိုဟ်ဖြစ်လာသည်။ မာကျူရီဂြိုဟ်သည် ပလူတိုဂြိုဟ်ထက် ၂ ဆမျှ ပို၍ ကျယ်ဝန်းပြီး ဒြပ်ထု ပမာဏမှာ ပလူတိုထက် ၂၅ဆမျှ ပိုသည်။ ပလူတိုဂြိုဟ်အား ၉ ခုမြောက် ဂြိုဟ်အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ကြသော်လည်း ကျူးပါး ခါးပတ်မှ ပလူတိုထက် ပိုကြီးသောဂြိုဟ်များအား ထပ်မံတွေရှိခဲ့သောကြောင့် ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတကာ အာကာသ အဖွဲ့အစည်းမှ ပလူတိုကို ဂြိုဟ်ဟု မသတ်မှတ်သင့်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပလူတိုအား ဂြိုဟ်သိမ်ဂြိုဟ်မွှား အဖြစ်သာ သတ်မှတ်ခေါ်ဝေါ်သင့်သည်ဟု သဘောတူညီခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ တွင် New Horizons အာကာသယာဉ်သည် ပလူတိုအနီးဖြတ်၍ပျံသန်းသည့် ပထမဆုံးယာဉ် ဖြစ်ခဲ့သည်။ ယင်းကဲ့သို့ပျံသန်းစဉ် ပလူတိုအား အသေးစိတ် လေ့လာတိုင်းတာခဲ့သည်။ မှတ်စုများ ဆက်စပ်ဖတ်ရှုရန် နေအဖွဲ့အစည်း ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ကျူးပါး ခါးပတ် ကိုးကား ပလူတို နေအဖွဲ့အစည်း ဂြိုဟ်ငယ်များ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%9C%E1%80%B0%E1%80%90%E1%80%AD%E1%80%AF
အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)
အဲရစ် (အင်္ဂလိပ်:136199 Eris ယခင်အခေါ်အဝေါ် "2003 UB 313"; သင်္ကေတ: ) သည် နေအဖွဲ့အစည်းအတွင်းတွင် ရှိပြီး နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းအပြင်ဘက်မှ သွားလာနေသော (trans-Neptunian object or TNO) ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်သည်။ အဲရစ်သည် ယခုအထိရှာဖွေတွေ့ရှိသမျှသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင် အကြီးဆုံးဖြစ်ပြီး ပလူတိုဂြိုဟ်ထက်ပင် ကြီးမားသည်။ အဲရစ်ကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် မိုက်ကယ်အီးဘရောင်း (Michael E. Brown)၊ ချဒ်ထရူဂျေလို (Chad Trujillo) နှင့် ဒေးဗစ်ရာဗင်နိုဝစ် (David Rabinowitz) တို့မှ ရှာဖွေတွေ့ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နေအဖွဲ့အစည်း၏ ပြင်ပသို့ ရိုက်ကူးထားသော ပုံအဟောင်းများကို သေချာစွာကြည့်ရှုရင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိပြီးသော အချိန်တွင် အဲရစ်အား ဇီနာ(Xena)ဟုသာ တရားဝင်မဟုတ်သော အမည်နှင့် ညွှန်းဆိုခေါ်ဝေါ်ကြသည်။ တယ်လီဗီးရှင်း ဇာတ်လမ်းတွဲ စစ်မင်းသား ဇီနာ (Xena: Warrior Princess) မှ အဓိကဇာတ်ကောင်၏ အမည်ကိုပေးခြင်းဖြစ်သည်။ ထို့နောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ဂရိဒဏ္ဍာရီမှ နတ်ဘုရား၏အမည်ကို ယူ၍ အဲရစ်ဟု တရားဝင်အမည်ပေးခဲ့သည်။ အဲရစ်တွင် ဒစ်စ်နိုမီယာ (Dysnomia) အမည်ရှိသော ဂြိုဟ်ရံလ ၁စင်းရှိပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဒစ်စ်နိုမီယာတွင် ဂါဘရီယယ် (Gabrielle) ဟူသော နာမည်ပြောင်တစ်ခုရှိပြီး ဇီနာဇာတ်လမ်းတွဲထဲမှ အခြားဇာတ်ကောင်တစ်ကောင်၏ အမည်ဖြစ်သည်။ ဒစ်နိုမီယာ ဆိုသော အမည်မှာ ဂရိဒဏ္ဍာရီထဲမှ အဲရစ်၏ သမီးတော်၏အမည်ဖြစ်သည်။ အဲရစ်နှင့် ဒစ်စ်နိုမီယာကို ဇီနာနှင့် ဂါဘရီယယ် ဟူ၍ အမည်မပေးနိုင်သည့် အကြောင်းမှာ နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းကြောင်းအပြင်ဘက်တွင် လှည့်ပတ်နေသမျှသော အရာဝတ္ထုတို့ကို ဖန်တီးမှုဒဏ္ဍာရီနှင့် သက်ဆိုင်သော အမည်ပေးရမည် ဟူသည့် ဥပဒေသရှိသောကြောင့်ဖြစ်သည်။ အစကနဦး သတင်းများတွင် အဲရစ်အား ၁၀ ခုမြောက်ဂြိုဟ်အဖြစ် တင်ပြကြပြီး နာဆာ(NASA) မှ အချို့သော နက္ခတ္တဗေဒပညာရှင်နှင့် သိပ္ပံပညာရှင်တို့က ထိအယူအဆကို ထောက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော်အဲရစ်သည် ပလူတိုထက်ပို၍ကြီးသောကြောင့် ဖြစ်သည်။ သို့သော်လည်း အဲရစ်ကို မည်သည့်အခါကမှ ဂြိုဟ်အဖြစ် တရားဝင်သတ်မှတ်ခြင်းမရှိခဲ့ပေ။ ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ဂြိုဟ်ဟူသော ဝေါဟာရကို ပြန်လည်သတ်မှတ် ပြီးသည့် အချိန်တွင် အဲရစ်အား ဂြိုဟ်သိမ်ဂြိုဟ်မွှား အမျိုးအစား အသစ်တွင် ထည့်သွင်းခဲ့သည်။ ယနေ့တွင် သိပ္ပံပညာရှင်တို့သည် အဲရစ်နှင့် သူ၏ ဂြိုဟ်ရံလ ဒစ်စ်နိုမီယာတို့၏ အကြောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လများ သို့မဟုတ် ခါးပတ်များ ဆက်လက်ရှိမရှိကိုလည်း ရှာဖွေနေကြသည်။ အဲရစ်သည် ပြန့်ကျဲအချပ်ပြား အရာဝတ္ထု ဖြစ်ပါတယ် ၎င်းအား နေစင်္ကြာဝဠာရဲ့ ကျူးပါး ခါးပတ် ပတ်ဝန်းကျင်နှင့် ပလူတို ဂြိုဟ်ပတ်လမ်းကြောင်းရဲ့အလွန်မှာ တည်ရှိပါတယ်။ ဒါကို "ပလူတွန်" လို့လည်း ခေါ်ပါသေးတယ် ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အရွယ်အစား ဂြိုဟ်ပတ်လမ်းကြောင်းနဲ့ တည်နေရာဟာ ပလူတိုနဲ့ ဆင်တူနေတာမို့ကြောင့်ပါပဲ။ အဲရစ်ဂြိုဟ်သိမ်ဟာ နေကို ကမ္ဘာနှစ် (၅၅၇) နှစ်လျင် တစ်ပတ်နှုန်းနဲ့ လှည့်ပတ်ပါတယ်။ ယနေ့အချိန်မှာတော့ နေမင်းနဲ့ အဝေးဆုံးအနေအထားမှာ တည်ရှိနေပါတယ်။ ၎င်းဟာ ဘဲဥပုံ ဂြိုဟ်ပတ်လမ်းကြောင်း ဖြစ်ပါတယ် ဆိုလိုတာကတော့ စက်ဝိုင်းပုံပတ်လမ်း မဟုတ်ပါဘူး။ ၎င်းဟာ ထောင့် ၄၄ ဒီဂရီ တိမ်းစောင်းပါတယ်။ အဲရစ်ဟာ အချင်းအားဖြင့် ကီလိုမီတာ (၂၄၀၀) ရှိပြီး ပလူတိုထက် နည်းနည်းလေး ကြီးပါတယ်။ အခြားကြည့်ရန် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ပလူတို မှတ်စု ကိုးကား ဂြိုဟ်သိမ်ဂြိုဟ်မွှားများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B2%E1%80%9B%E1%80%85%E1%80%BA%20%28%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%29
စီးရပ်စ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)
စီးရပ်စ် (သင်္ကေတ: ; ; ) သည် နေအဖွဲ့အစည်းအတွင်းမှ အသေးငယ်ဆုံးသော ဂြိုဟ်သိမ်ဂြိုဟ်မွှားဖြစ်ပြီး ပင်မ ဥက္ကာခါးပတ် (asteroid belt) အတွင်းတွင် ရှိသော တစ်ခုတည်းသော ဂြိုဟ်သိမ်ဂြိုဟ်မွှားဖြစ်သည်။ အဲရစ်ကို ၁၈၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် Giuseppe Piazzi မှ ရှာဖွေတွေ့ရှိခဲ့သည်။ သစ်ပင်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနှင့် မိခင်မေတ္တာနှင့်ဆိုင်သော ရောမနတ်ဘုရားမ စီးရပ်စ်ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိပြီး နှစ်ပေါင်း ၂၀၀ ခန့်မျှကြာသော အချိန်တွင် နိုင်ငံတကာ နက္ခတ္တ သမဂ္ဂ (International Astronomical Union) မှ အဲရစ်စ်အား ဥက္ကာခဲ သို့မဟုတ် အသေးစားဂြိုဟ် (asteroid or minor planet) အဖြစ်မှ ဂြိုဟ်သိမ်ဂြိုဟ်မွှားအဆင့် (dwarf planetary status) သို့ ၂၀၀၆ ခုနှစ်တွင် တိုးမြှင့်ပေးခဲ့သည်။ အချင်းအားဖြင့် ၉၅၀ ကီလိုမီတာသာ ရှိသဖြင့် စီးရပ်စ်သည် ဥက္ကာခါးပတ်အတွင်းမှ အကြီးဆုံးအရာဝတ္ထုတစ်ခုဖြစ်ပြီး ခါးပတ်တစ်ခုလုံး အလေးချိန်၏ သုံးပုံတစ်ပုံမျှရှိသည်။ လတ်တလော လေ့လာမှုများအရ စီးရပ်သည် ပုံသဏ္ဌန်မမှန်ပဲ ဆွဲငင်အားနည်းသော အသေးစားအရာဝတ္တုများကဲ့သို့မဟုတ်ပဲ လုံးဝန်းသော ပုံသဏ္ဍန်ရှိကြောင်းတွေ့ရှိရသည်။ သူ၏ အလင်းလက်ဆုံး အချိန်၌ပင်လျှင် သာမန်မျက်စိဖြင့် မြင်နိုင်ရန် အလွန်မှုန်ဝါးနေသေးသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နာဆာမှ Dawn Mission အာကာသလေ့လာစူးစမ်းရေးယာဉ်ကို စီးရပ်စ် နှင့် ဗက်စ်တာ (Vesta) တို့ကို စူးစမ်းရန်အတွက် လွှတ်တင်ခဲ့သည်။ မှတ်စု ကိုးကားချက်များ နေအဖွဲ့အစည်း ဂြိုဟ်ငယ်များ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AE%E1%80%B8%E1%80%9B%E1%80%95%E1%80%BA%E1%80%85%E1%80%BA%20%28%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%29
နေအဖွဲ့အစည်း
နေအဖွဲ့အစည်း () ဆိုသည်မှာ နက္ခတ္တဗေဒ အခေါ်အဝေါ်ဖြစ်ပြီး နေ အပါအဝင် ဂြိုဟ်များ၊ဂြိုဟ်ရံလများ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် အခြားသောရွှေ့လျားနေသည့် အရာဝတ္တုများ၏ အစုအဝေးကြီးကို ခေါ်ဆိုခြင်းဖြစ်သည်။ ကျွန်ုတို့နေထိုင်ရာ ကမ္ဘာမြေကြီးအပါအဝင် နေအဖွဲ့အစည်းအတွင်းရှိ အားလုံးသော ဂြိုဟ်များသည် နေကို ဗဟိုပြု၍ ဘဲဥပုံလမ်းကြောင်း အတိုင်းလှည့်ပတ်သွားလာလျက်ရှိသည်။ အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို လူသားတို့၏ နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းမှုဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် နက္ခတာရာကြည့်မှန်ပြောင်းတီထွင်နိုင်မှုသည် အရေးပါသည့် သိပ္ပံဆိုင်ရာ တီထွင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ထိုသို့အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို ထပ်မံတွေ့ရှာဖွေတွေ့ရှိခြင်းမရှိတော့သည့်တိုင် နေအဖွဲ့အစည်းအတွင်းတွင် အခြားသောသေးငယ်သည့် အရာဝတ္တုများအား နှစ်စဉ်နှင့်အမျှ ရှာဖွေတွေ့ရှိလျက်ပင်ရှိသည်။ ထိုသို့သောတွေ့ရှိမှုများအနက် သက်ဆိုင်ရာ ဂြိုဟ်များ၏ ဂြိုဟ်ရံလများလည်း အပါအဝင်ဖြစ်ပေသည်။ လက်ရှိချိန်အထိ တွေ့ရှိရသည့် ဂြိုဟ်ရံလမှာ အရေအတွက်အားဖြင့် ၄၆၈ စင်းထိပင်ရှိနေပြီဖြစ်သည်။ ဂြိုဟ်တို့၏ အစီအစဉ် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို နေမှ အကွာအဝေးကိုလိုက်၍ ရေတွက်လျှင် (၁) ဗုဒ္ဓဟူးဂြိုဟ် (၂) သောကြာဂြိုဟ် (၃) ကမ္ဘာဂြိုဟ် (၄) အင်္ဂါဂြိုဟ် စီးရက်စ် ဂြိုဟ်ပဲ့ခါးပတ် (၅) ကြာသပတေးဂြိုဟ် (၆) စနေဂြိုဟ် (၇) ယူရေးနပ်စ်ဂြိုဟ် (၈) နက်ပကျွန်းဂြိုဟ် ပလူတို အီရစ်(စ်) ကွီးပါးဂြိုဟ်သိမ်အစုအဝေး Oort Cloud ကြယ်တံခွန် များ ဖွဲ့စည်းပုံ နေအဖွဲ့အစည်း၏ အဓိကကျသည့် အစိတ်အပိုင်းများကို အပိုင်း နှစ်ပိုင်းခွဲခြားသတ်မှတ်ကြသည်။ နေနှင့် နီးသော လမ်းကြောင်းများတွင် လှည့်ပတ်နေသည့် ဗုဒ္ဓဟူးဂြိုဟ်၊သောကြာဂြိုဟ်၊ကမ္ဘာဂြိုဟ် နှင့် အင်္ဂါဂြိုဟ် တို့ကို အတွင်းပိုင်းဂြိုဟ်များဟု ခေါ်ဆိုသတ်မှတ်သည်။ ထိုဂြိုဟ်များ၏ မျက်နှာပြင်များမှာ ကျစ်လျစ်သည့် ကျောက်သားများဖြင့် ဖွဲ့စည်းထားကြသည်။ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်အကြားတွင် ဂြိုဟ်ပဲ့ခါးပတ်က လှည့်ပတ်လျက်ရှိသည်။ ကြာသပတေးဂြိုဟ်၊စနေဂြိုဟ်၊ ယူရေးနတ်စ်ဂြိုဟ် နှင့် နက်ပကျွန်းဂြိုဟ်တို့မှာအပြင်ပိုင်းဂြိုဟ်များဖြစ်သည်။ ထိုဂြိုဟ်များသည် အရွယ်အစားအားဖြင့် ကမ္ဘာထက်ကြီးမားကာ နေအဖွဲ့အစည်းအတွင်း အကြီးဆုံးဂြိုဟ်များလည်းဖြစ်သည်။ ထို့ပြင် အဆိုပါဂြိုဟ်တို့၏ မျက်နှာပြင်များသည် ဓာတ်ငွေ့များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ထိုဂြိုဟ်များ၏နောက်ဖက်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၊ ဥက္ကာပျံများ၊ကြယ်တံခွန်များ အမြောက်အမြားပါဝင်သည့် ကွီးပါးဂြိုဟ်သိမ်အစုအဝေး တည်ရှိသည်။ ထိုအုပ်စုအတွင်းတွင် ပလူတို၊ အီရစ်(စ်) စသည်တို့ပါဝင်သည်။ ထိုအစုအဝေး၏ အပြင်ဘက်တွင် ပိုမိုကြီးမားသော၊မြင်တွေ့နိုင်ရန်ခက်ခဲသော အစုအဝေးကြီးဖြစ်သည့် Oort Cloud တည်ရှိသည်။ ပလူတိုအား ဂြိုဟ်အဖြစ်မှ လျော့ချခြင်း ပလူတိုဂြိုဟ်အား ၁၉၃၀ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ၂၀ဝ၆ခုနှစ်တွင် နက္ခတဗေဒပညာရှင်များက ဂြိုဟ်စာရင်းမှ ပယ်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ အရွယ်အစားသေးငယ်လွန်းခြင်း နှင့် ၎င်းနှင့် အနီးဆုံးတွင်တည်ရှိသည့် နံပါတ်(၈)ခုမြောက် နက်ပကျွန်းဂြိုဟ် နှင့်လှည့်ပတ်သွားလာသည့် လမ်းကြောင်းအနေအထားခြင်း မတူညီလှသောကြောင့် ဖြစ်သည်။ ယခုအခါ ပလူတိုသည် စီးရပ်စ် နှင့် အီရစ်(စ်) တို့ကဲ့သို့သော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုအဖြစ်သာ စာရင်းဝင်တော့သည်။ ဂြိုဟ်များအား ရှာဖွေတွေ့ရှိခဲ့ခြင်း ယူရေးနပ်စ်ဂြိုဟ်ကို လူတို့ရှာဖွေမတွေ့ရှိသေးမှီ၊ ရှေးကျသည့် အချိန်များကတည်းကပင် လူတို့သည် နေအဖွဲ့အစည်းအတွင်းရှိ အချို့သော ထင်ရှားသည့် အရာဝတ္တုတို့ကို သိရှိပြီးဖြစ်သည်။ နေ၊ လ၊ ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ဂျူပီတာဂြိုဟ် နှင့် စနေဂြိုဟ်တို့မှာ အစောပိုင်းရှေးဦးခေတ်နက္ခတဗေဒဆိုင်ရာ မှတ်တမ်းမှတ်ရာများတွင် ပါဝင်ခဲ့ပြီးဖြစ်ပေသည်။ သို့သော် လွှဲမှားနေသည့် အချက်မှာ နေဗဟိုပြုအနေအထားအစား ကမ္ဘာဗဟိုပြုအနေအထားကိုသာ လက်ခံတွေးဆခဲ့ခြင်းနှင့် သောကြာဂြိုဟ်ကို ကြယ်အဖြစ် အမှတ်မှားခဲ့ခြင်းတို့ဖြစ်သည်။ နေအဖွဲ့အစည်းသည် ကျွန်တော်တို့နေထိုင်ရာ မိခင်ဂယ်လက်ဆီတွင် သာမန်မျှဖြစ်သော အလယ်အလတ်တန်းစား ကြယ်တစ်စင်းသာဖြစ်သည်။ နောက်ပိုင်းခေတ်များ၏ ရှာဖွေတွေ့ရှိသောဂြိုဟ်များနှင့် တွေ့ရှိသည့် ခုနှစ်များမှာ- ယူရေးနပ်စ်ဂြိုဟ်- ၁၇၉၁ခုနှစ် ဆဲရပ်စ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)-၁၈၀၁ခုနှစ်၊သို့သော် ၂၀ဝ၆ ခုနှစ်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားအဖြစ် သတ်မှတ် နပ်ပကျွန်းဂြိုဟ်-၁၈၄၆ခုနှစ် ပလူတိုဂြိုဟ်-၁၉၃၀ခုနှစ် အီးရစ်(စ်) (ဂြိုဟ်သိမ်ဂြိုဟ်မွှား)-၂၀ဝ၅ခုနှစ် တို့ဖြစ်ကြသည်။ ပြင်ပစာမျက်နှာများ Views of the Solar System Your Weight on Other Worlds ကိုးကား နက္ခတ္တဗေဒ ဂြိုဟ်များ နေအဖွဲ့အစည်း
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8
နာဂစ်မုန်တိုင်း
နာဂစ်မုန်တိုင်း သည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည်။ မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၁၃၈,၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။ လပွတ္တာမြို့နယ်တစ်ခုတည်းမှာပင် ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့တွင် ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဖြစ်စဉ်အကျဉ်း ဧပြီလ ၂၈ ရက် တွင် နာဂစ်မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက်မှ ၎င်း၏ အနောက်မြောက် နှင့် အရှေ့တောင်ကြား ရှိနေစဉ်အတွင်း ငြိမ်သက်လုနီးပါး ရှိနေခဲ့သည်။ ထိုနေ့တွင် JTWC မှ လေပြင်းမုန်တိုင်း အဆင့်မှ ဆိုင်ကလုန်း အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြပြီး Saffir-Simpson hurricane scale ဆာဖာ-ဆင်မ်ဆန် ဟာရီကိန်းစကေးအရ အသေးငယ်ဆုံး ဟာရီကိန်း အဆင့်နှင့် ညီမျှသည်။ ထိုတစ်ချိန်တည်းတွင် IMD မှ နာဂစ်မုန်တိုင်းအား လေပွေလေပြင်းမုန်တိုင်း အကြီးစားတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ဆိုင်ကလုန်းသည် မုန်တိုင်း၏ ပြင်းအားပိုမိုကောင်းမွန်စေရန် အထောက် အကူပေးသည့် ရေနွေးများပါဝင်သော ဗဟိုတူ မျက်စိ အသွင်အပြင်ကို ဖြစ်ပေါ်စေပြီး ၎င်းသည် မုန်တိုင်း၏ အတွင်းဘက် အဓိကကျသော မျက်စိနံရံ အပြင်ဘက်တွင် ရှိသော မျက်စိနံရံ တစ်ခုဖြစ်သည် ဧပြီ ၂၉ ရက် အစောပိုင်းတွင် JTWC မှ ၎င်းအား ၁ နာရီ လျှင် ၁၆၀ ကီလိုမီတာ (၁ နာရီ လျှင် မိုင် ၁၀၀) လေတိုက် ခတ်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ပြီး တစ်ချိန်တည်းတွင် IMD မှလည်း အလွန်ပြင်းအားကြီးမည့် လေပွေမုန်တိုင်း ဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။ အစတွင် ၎င်းမှာ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းအား ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းခဲ့သော်လည်းနောက်ပိုင်းတွင် ပို၍ ခြောက်သွေ့သော လေထုနှင့် ကျွံဝင်ခြင်း ကြောင့် ပြန့်ကျဲလာခဲ့ပြီး အားလျော့လာသည်။ အကျိုးဆက် အားဖြင့် ဗဟို တစ်ဝိုက်တွင် နက်ရှိုင်းသော အပူစီးကူးခြင်းသည် သိသိသာသာလျော့သွားခဲ့သည်။ ထိုတစ်ချိန်တည်းတွင် မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက် အဖျားပိုင်းတစ်ဝိုက်၏ အရှေ့မြောက်ဘက်မှ အရှေ့ တောင်ဘက်ဆီသို့ ရွေ့လျားမှု စတင်ဖြစ်ပွားခဲ့သည်။ Dvorak technique ဒီဗိုရက်ခ် နည်းပညာသုံးကာ ဂြိုဟ်တုပြင်းအား တိုင်းတာမှုအရ လေပွေမုန်တိုင်းသည် အပူပိုင်းဒေသ မုန်တိုင်းအဆင့်သို့ လျော့ကျသွားကြောင်း ဖော်ပြခဲ့သော်လည်း အပူစီး ကူးခြင်း လျော့ နည်းသွားသည့်တိုင်အောင် မုန်တိုင်းမှာ ဆက်လက်၍ အားပြင်းနေဆဲဖြစ်သည်။ ဧပြီ ၂၉ ရက် နောက်ပိုင်းတွင် ရုတ်တရက် မုန်တိုင်းပြင်းထန်မှုကို တိုးလာသော လေလမ်းကြောင်းများဖြင့် တားဆီး ထားသော်လည်း အပူစီးကူးခြင်း ပြန်လည် ဖြစ် ပေါ်လာခဲ့သည်။ နာဂစ်မုန်တိုင်းဝင်ရောက်လာပုံ မေလ ၁ရက် တွင် အရှေ့ဘက် တည့်တည့်သို့ ဆက်လက်ရွေ့လျားပြီးနောက်ပိုင်း လေဖိအားနည်းရပ်ဝန်း အမြင့်ပိုင်းသို့ နီးကပ်လာသည် နှင့်အမျှ မုန်တိုင်းရွေ့လျားမှု တိုးလာပြီး နာဂစ်မုန်တိုင်းသည် လျင်မြန်စွာ ပြင်းအားကြီးလာခဲ့သည်။ အချင်း ၁၉ မီတာ (၁၂ မိုင်) ရှိသော မျက်စိနံရံမှာ ထင်ရှားမြင်သာလာသည်နှင့်အမျှ ပိုမိုအားကြီးလာခဲ့သည်။ မေလ ၂ ရက် အစောပိုင်းတွင် JWTC မှ မြန်မာနိုင်ငံကမ်းရိုးတန်းသို့ နီးကပ်လာသည်နှင့်အမျှ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၁၅ ကီလိုမီတာ ( တစ်နာရီလျှင် ၁၃၅ မိုင်) နှုန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းကာ အဆင့် ၄ မုန်တိုင်းအတွင်း သတ်မှတ်ခဲ့ သည်။ ထိုတစ်ချိန်တည်းတွင် IMD မှလည်း အမြင့်ဆုံးလေတိုက်ခတ်မှုနှုန်း တစ်နာရီလျှင် ၁၆၅ ကီလိုမီတာ (တစ်နာရီ လျှင် ၁၀၅ မိုင်) နှုန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ မေလ ၂ ရက် ကမ္ဘာစံတော်ချိန် ၁၂ နာရီ ခန့်တွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ကုန်းတွင်းပိုင်း သို့ ပြင်းအားအမြင့်ဆုံးနှင့် ဝင်ရောက်ခဲ့သည်။ အန်ဒမန် ပင်လယ် အနီးတစ်ဝိုက် မြန်မာနိုင်ငံ အရှေ့ပိုင်းသို့ နီးကပ်လာသည်နှင့် အမျှ တစ်ဖြည်းဖြည်းပြင်းအား လျော့နည်းလာခဲ့သည်။ အနောက်မြောက်ပိုင်း လေဖိအား နည်းရပ်ဝန်း လတ္တီကျူ အလယ်အလတ် ခန့်သို့ ရောက်ရှိလာသည်နှင့်အမျှ လေတိုက်ခတ်နှုန်း တစ်နာရီလျှင် ၁၃၀ ကီလိုမီတာ (တစ်နာ ရီလျှင် မိုင် ၈၀) နှုန်းဖြင့် ရန်ကုန်မြို့ မြောက်ပိုင်းကို ကျော်လွန်ကာ အရှေ့မြောက်ဘက်သို့ လမ်းကြောင်းပြောင်း သွားခဲ့သည်။ မေလ ၃ ရက် အစောပိုင်းတွင် IMD မှ မုန်တိုင်းအပေါ် နောက်ဆုံး ထင်မြင်ချက် ထုတ်ပေးခဲ့သည်။ မြန်မာ- ထိုင်း နယ်စပ် အနီး အရှေ့မြောက်ဘက်သို့ လမ်းကြောင်းပြောင်းသွားပြီးနောက် လျင်မြန်စွာ အားပျော့သွားခဲ့သည်။ အသေးစား အပူပိုင်း ဒေသ မုန်တိုင်းအဆင့်သို့ အားလျော့သွားပြီးနောက် JTWC မှ နာဂစ်မုန်တိုင်းအပေါ် နောက်ဆုံး အကြံပေး ထင်မြင်ချက် ထုတ်လုပ်ခဲ့သည်။ မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသောအခြေအနေများ ရန်ကုန်မြို့တော်မှ သံတမန်တစ်ဦးက အဖြစ်အပျက်ကို ရိုက်တာ သတင်းဋ္ဌာနသို့ ပြန်ပြောပြပါသည်။ မုန်တိုင်းသင့်ဒေသ တစ်ဝိုက်မှာ `စစ်မြေပြင်´ကဲ့သို့ ဖြစ်နေကြောင်းဖော်ပြထားခဲ့သည်။ မိလ္လာပိုက်လိုင်းများ ပေါက်ထွက်မှုကြောင့် မြေပြင်တစ်ခု လုံးတွင် အညစ်အကြေးမစင်များဖြင့် ပြည့်လျှံနေပြီး စပါးပင်များအား ပျက်စီးစေခဲ့သည်။ ကုလသမဂ္ဂ အရာရှိ တစ်ဦးက လည်း အဖြစ်အပျက်ဖြစ်ပွားနေသည့် အခြေအနေတွင် အနေအထား နှင့်ပတ်သက်ပြီး ထင်မြင်ချက်ပေးခဲ့သည်။ " တကယ့် အခြေအနေဆိုးတစ်ရပ်ပါပဲ။ အိမ်တွေအားလုံးနီးပါးလည်း ဖျက်ဆီးခံလိုက်ရတယ်။ လူတွေလည်း တကယ့်ကို ထိတ် လန့်စရာ အခြေအနေကို ရောက်နေပြီဗျာ" ဟု ပြောကြားခဲ့သည်။ အခြား ကုသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးကလည်း " ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသဟာ လေ၊ မိုး သာမကပဲ နှင့် မုန်တိုင်းလုံးကြီး ဝင်ရောက်မှုကြောင့် တော်တော် ဒဏ်ခံလိုက်ရသည် " ဟု ပြောဆိုခဲ့သည်။ ယူကေ သတင်းစာ တစ်စောင်ဖြစ်သော ဒေးလီး တယ်လီဂရပ်(ဖ်) မှ လည်း ဤ ဘေးဒဏ် ဆိုးကြောင့် မြန်မာနိုင်ငံ၏ အစားအစာ ဈေးနှုန်းကို ထိခိုက်နိုင်ကြောင်း ဖော်ပြထားခဲ့သည်။ ထိုင်းနိုင်ငံ သတင်းအချက်အလက် ဋ္ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Woradet Wirawekhin (th: วรเดช วีระเวคิน) (ဝိုရာဒက် ဝေရာဝီခင်) က ၂၀၀၈ ခုနှစ် မေလ ရ ရက် တွင် ထုတ်ပြန်ကြေညာသည်မှာ ရန်ကုန်ရှိ ထိုင်း သံအမတ်ဖြစ်သူ Bansan Bunnak (th: บรรสาน บุนนาค) (ဘန်ဆန် ဘန်နတ်) တင်ပြသော အစီရင်ခံစာအရ မြို့တော် တွင် ရှိသော အခြေအနေများသည် လည်ပတ်မှုမရှိပဲ စီးပွားရေး လုပ်ငန်းအများစုနှင့် ဈေးများ မှာ ပိတ်ထားရသည် ဟူ၍ ဖြစ်သည်။ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှလည်း ဒေသခံများသည် အခြေခံ ဝမ်းရေး ဖူလုံမှုတွင် ပို၍ ဆိုးရွားသော အခြေအနေများကို တိုး၍ ရင်ဆိုင်ကြုံတွေ့နေရကြောင်း နှင့် ပြည်တွင်း အစားအစာ ဈေးနှုန်းများသည် နှစ်ဆ သို့မဟုတ် သုံးဆ အထိ တက်ခဲ့ ကြောင်းကို အစီရင်ခံသည်။ အကူအညီအထောက်အပံ့များ နိုင်ငံအလိုက်ပစ္စည်းထောက်ပံ့မှုများ အီတလီ အီတလီ မှ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း၏ လေကြောင်းလိုင်းဖြင့် ယူရို ၄၆၅,၀၀၀ (ဒေါ်လာ ၇၃၂,၂၈၂) တန်ဖိုးရှိ အရေး ပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သော တန်ချိန် ၃၀ အလေးချိန် ရှိသည့် လူနာထမ်းစင်များ၊ ဂျင်နရေတာများ နှင့် ရေသန့် စက်များ ထောက်ပံ့ခဲ့သည်။ ထိုလေယာဉ်မှာ မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ၎င်းမှာ အနောက် နိုင်ငံများမှ ပထမဆုံး လေကြောင်းလိုင်း အကူအညီဖြစ်ပြီး ရှေ့ပိုင်းတွင် ထိုင်းနိုင်ငံမှသာ အကူအညီများ ပေးအပ်ခဲ့သည်။ ထို့အပြင် အီတလီ အစိုးရသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှတစ်ဆင့် ယူရို ၅၀၀,၀၀၀ နှင့် ကုလသမဂ္ဂ မှတစ်ဆင့် ကယ်ဆယ် ရေး အေဂျင်စီများ အား ရန်ပုံငွေ ထောက်ပံ့ရန် ယူရို ၅၀၀,၀၀၀ ပေးအပ်ခဲ့သည်။ နောက်ထပ် ယူရို ၁၂၃,၀၀၀ ကို ကြက်ခြေနီ အသင်းမှတစ်ဆင့် ပေးအပ်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများအတွက် ထောက်ပံ့ရန် ယူရို ၃၀၀,၀၀၀ ကို လည်းပေး အပ်ခဲ့သည်။ မလေးရှား မလေးရှားနိုင်ငံ မှလည်း အမေရိကန်ဒေါ်လာ ၁ သန်း (ရင်းဂစ် ၃.၂ သန်း) ငွေကြေးထောက်ပံ့မှု ရရှိခဲ့သည့်အပြင် ရင်းဂစ် ၅၀၀,၀၀၀ ကိုလည်း လူသားချင်းစာနာထောက်ထားသည့် ကူညီထောက်ပံ့မှုအဖြစ် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သည်။ လူသား ချင်းစာနာထောက်ထားသည့် ကူညီထောက်ပံ့မှုအား ဟာကျူလီ စီ ၁၃၀ ဖြင့် ပို့ဆောင်ခဲ့ပြီး စောင် ၅,၀၀၀၊ ရွက်ဖျင်တဲ ၃၀ နှင့် ရင်းဂစ် ၁၀၀,၀၀၀ တန်ဖိုးရှိ တီရှပ်များ၊ ပါတိတ် လုံချည်များ၊ ဘီစကစ်များ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ဆေးဝါးများ ပါဝင်ခဲ့သည်။ မာစီ မလေးရှား သည် မလေးရှားနိုင်ငံရှိ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအသင်းဖြစ်ပြီး မုန်တိုင်းတိုက်ခတ် ခဲ့မှုကြောင့် အခြေအနေများကို စစ်ဆေးရန် အဖွဲ့ဝင် လေးဦး ပါဝင်သော ကယ်ဆယ်ရေး အဖွဲ့ကို မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ စေလွှတ်ခဲ့သည်။ ၎င်းတို့သည် ရှေးဦးစွာ ခိုလှုံနိုင်သော အဆောက်အအုံနှင့် သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်း ရေးနှင့် အရေးပေါ် ဆေးဝါးကုသပေးနိုင်ရေးစသည့် ကဏ္ဍများကို စတင်စစ်ဆေးခဲ့သည်။ မာစီ မလေးရှား အဖွဲ့အစည်း သည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်ရန် ရန်ကုန်ရှိ မြန်မာနိုင်ငံ ဆေးဝါးဆိုင်ရာအဖွဲ့ အစည်းများမှဆရာဝန်ပေါင်း၁၈၀ကိုလည်း လေ့ကျင့်ပေးခဲ့သည်။ စတားမြန်မာ ကယ်ဆယ်ရေး ရန်ပုံငွေ အဖွဲ့ မှတစ်ဆင့် မြန်မာနိုင်ငံရှိ ဆိုင်ကလုံး ဒုက္ခသည် များကို ကယ်ဆယ်ရန် ရင်းဂစ် ၁.၈ သန်း စုဆောင်းရရှိခဲ့ပြီး မာစီ မလေးရှား အလုပ်အမှုဆောင် ကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ အာမတ် ဖေဇယ် ပါဒက်(ဇ်) ထံသို့ လွှဲအပ်ခဲ့သည်။ ဒုတိယ မလေးရှားနိုင်ငံ လခြမ်းနီအသင်း (MRCS) ဘေး ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့ကိုလည်း မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် မေလ ၂၁ ရက်တွင် စေလွှတ်ခဲ့သည်။ MRCS မှ စောင် ၁,၀၀၀၊ ငါးဂါလံဆံ့ ဓာတ်ဆီပုံး ရေပုံး ၁,၀၀၀၊ ခြင်ထောင် ၁,၀၀၀၊ ဖျာ ၅၀၀၊ ရေဘူး ၇,၀၀၀ နှင့် ဆေးဘူး အိတ်ပေါင်း ၅၀၀ ပါဝင်သော ၂.၅ တန် ရှိ ကယ်ဆယ်ရေး ပစ္စည်းများကို သယ်ဆောင်လာမည်ဟု ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ မှလည်း အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ၊ တန် သုံးဆယ်ရှိ ဆေးဝါးပစ္စည်းများ နှင့် ဆယ့်နှစ်တန် ရှိ အစားအသောက် ပစ္စည်းများကို ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်းမှတစ်ဆင့် ပို့ပေးခဲ့သည်။ ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Chaiya Sasomsap (ချိုင်ယာ ဆာဆွန်ဆပ်) မှလည်း ထိုင်းနိုင်ငံ အစိုးရသည် ဘတ် တစ်ကုဋေ (ဒေါ်လာ ၃၁.၃ သန်း) ကျော် တန် ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ပို့ခဲ့ပြီးကြောင်း ဖော်ပြထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ စစ်အစိုးရ၏ ခွင့်ပြုချက် အရ ဆေးဝါးအဖွဲ့ ၁၂ ဖွဲ့နှင့် ကူးစက်ရောဂါ အမြန်လျှော့ချရေးအဖွဲ့ ၂၀ ကို စေလွှတ်ခဲ့သည်။ Samak Sundaravej (ဆာမက်ခ် ဆွန်ဒါရေဗက်) က "မြန်မာနိုင်ငံကသာ ကျွန်တော်တို့ကို ကူညီခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လေတပ် က စီ-၁၃၀ လေယာဉ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပို့ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို ကမူးရှူးထိုး အလျင် စလို ဆောင်ရွက်မှာ မဟုတ်ပါဘူး။ အစိုးရရဲ့ ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင်မှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ ၂၀၀၈ မေလ ၇ ရက် တွင် အထက်ဖော်ပြပါ အဖွဲ့များ၏ ကိုယ်ပိုင်လေယာဉ်များအား ရန်ကုန်သို့ ဆင်းသက်ခွင့်ပြုခဲ့ပြီး သောက်သုံး ရေများနှင့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ဆောင်လာခဲ့သည်။ ဂရိတ် ဗြိတိန် အာမခံငွေ အများဆုံး လှူဒါန်းခဲ့သည့် နိုင်ငံမှာ ယူကေ ဖြစ်ပြီး ပေါင် ၁၇ သန်း ( အမေရိကန် ဒေါ်လာ ၃၃.၅ သန်းခန့်) လှူဒါန်း ခဲ့သည်။ ယူကေ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာန မှလည်း အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့စေလွှတ်ခဲ့သည်။ ထိုဋ္ဌာနမှအခြားအသင်းမှာ မြန်မာနိုင်ငံအတွင်းရောက်ရှိပြီးဖြစ်သည်။ တော်ဝင်ရေတပ် မှလည်း (အိပ်ခ်ျအမ်အက်စ် ဝက်(စ်)မင်စတာ) အား စေလွှတ်ခဲ့သည်။ ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုစနစ်အား အပြင်းအထန် ဝေဖန်နေဆဲဖြစ်ပြီး အကူအညီများပေးရန် လေကြောင်းပို့ဆောင်မှုများဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား ချိုးဖောက်ခဲ့ခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စု အမေရိကန်၏ ကိုယ်ပိုင်လေတပ်မှ မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး အထောက်အပံ့များ ပေးအပ်ခဲ့သည်။ မေလ ၅ ရက်တွင် မြန်မာနိုင်ငံရှိ အမေရိကန် သံမှူး ရှရီဗေလာရိုဆာ က နာဂစ်မုန်တိုင်း၏ ကြမ္မာဒုက္ခဆိုးများ ကို ကြေညာခဲ့ သည်။ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID မှ ဘေးဒုက္ခ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်မှု အသင်း (DART) ကို စေလွှတ်ခဲ့ပြီး အရေးပေါ် စားနပ်ရိက္ခာ ဖြည့်တင်းရေး၊ ရေ နှင့် သန့်ရှင်းရေး၊ အမိုးအကာ ထောက်ပံ့ရေးအတွက် ဒေါ်လာ ၂၅၁,၀၀၀ ကို UNICEF၊ WFP နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ ချက်ချင်း ထောက်ပံ့ခဲ့သည်။ မေ ၆ တွင် USAID မှ အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့မှု များအတွက် ဒေါ်လာ ၃ သန်း အား အမေရိကန် ကြက်ခြေနီ အသင်းသို့ ဒေါ်လာ ၁ သန်း၊ NGO မိတ်ဖက်များ ထံသို့ ဒေါ်လာ ၂ သန်း ခွဲဝေပေးအပ်ခဲ့သည်။ မေ ၁၂ ရက်တွင် USAID အုပ်ချုပ်ရေးတာဝန်ခံ Henrietta H. Fore (ဟန်နရီတာ အိပ်ခ်ျ ဖိုး) က အစားအသောက် ထောက်ပံ့မှု နှင့် ပြန်လည်နေရာ ချထားရေး အတွက် ဒေါ်လာ ၁၃ သန်း အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း မှ တစ်ဆင့်ပေးအပ်ပြီးကြောင်း ကြေညာခဲ့သည်။ မေလ ၁၂ ရက်မှ ၂၀ အထိ၊ USAID နှင့် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဋ္ဌာန (DOD) တို့ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်သို့ ၃၆ DOD စီ-၁၃၀ လေယာဉ်များဖြင့် ဒေါ်လာ ၁.၂ သန်း နီးပါး တန်ဖိုးရှိ အမေရိကန်ပြည်ထောင်စု ကယ်ဆယ်ရေး လူ့အသုံး အဆောင်ပစ္စည်းများ ပေးဝေခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများသည် 113,000 ထက်ပိုသော အကျိုးခံစားခွင့်ရှိသူများထံသို့ အကူအညီများ ထောက်ပံ့ပေးလိမ့်မည်။ DOD ဦးတည်ကြိုးပမ်း ဆောင်ရွက်ချက် များသည် ပြုစုစောင့်ရှောက်သောတုံ့ပြန်မှုပူးတွဲအထူးလုပ်ငန်းအဖွဲ့ ၏ လမ်းညွှန်မှု အောက်တွင် ဖြစ်ခဲ့သည်။ ၂၀၀၈၊ ဇွန်လ ၂၆ အထိ အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့သည် စုစုပေါင်း ဒေါ်လာ ၄၁,၁၆၉,၇၆၉ ရှိခဲ့ပြီး ဆက်လက်ထောက်ပံ့မှုများသည် ထိုင်းနိုင်ငံတွင် အခြေစိုက်သော USAID DART မှ ညွန်ကြားခဲ့သည်။ မေလ ၁၅ ရက်တွင်၊ ကုလသမဂ္ဂ [OCHA] သည် မြန်မာ HIC ဝက်(ဘ်)ဆိုဒ် ကို စတင်ဆောင်ရွက်ခဲ့သည် (http://myanmar.humanitarianinfo.org)။ ဝက်(ဘ်)ဆိုဒ်၏ ရည်ရွယ်ချက်သည် သတင်းအချက်အလက်များ အလဲအလှယ် လုပ်ခြင်းကို တိုးတက်ကောင်းမွန်အောင်လုပ်ရန် နှင့် ဆိုင်ကလုန်း နာဂစ် သို့ တုံ့ပြန်နေသည့် လုပ်ငန်းဆောင်ရွက်နေသော အေဂျင်စီများ အကြား ပူးတွဲဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့သည့် HIC သည် ရန်ကုန်ရှိ လူသား ချင်းစာနာထောက်ထားသော မိတ်ဖက် အသင်းအဖွဲ့ နှင့် အခြား လူသားချင်းစာနာထောက်ထားသော မိတ်ဖက်များ အပြင် ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့သော အဖွဲ့အစည်းများကိုလည်း အထောက်အပံ့ပေးသည်။ ၂၀၀၈၊မေလ ၈ အထိ မြန်မာပြည်သူလူထု အတွက် ဖောင်ဒေးရှင်းသည် ရန်ကုန်၌ ကွင်းဆင်းဆောင်ရွက်နေသော အသင်း အဖွဲ့တစ်ခုရှိပြီး ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို ကျော်လွန်၍ တိုက်ရိုက် အကူအညီ စီစဉ်ပေးနေသည်။ ဤအဖွဲ့အစည်းသည် ဗုဒ္ဓဘာသာ စေတနာ့ဝန်ထမ်းများမှ အုပ်ချုပ်ခဲ့ပြီး မြန်မာ အစိုးရ ထံမှ အပြန်အလှန်နားလည်မှု ခွင့်ပြုချက် ကို ရရှိပြီး ဖြစ်သဖြင့် လှူဒါန်းမှုများအားလုံးသည် အထောက်ပံ့ပစ္စည်းများအဖြစ် တိုက်ရိုက် ရောက်ရှိသည်။ မြန်မာ ပြည်သူလူထု အတွက် ဖောင်ဒေးရှင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ် နှင့် လခြမ်းနီ လူ့ဘောင်အဖွဲ့အစည်း တို့သည် ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၈၉,၀၀၀ ကို ကတိပြုခဲ့ကြသည်။ အဖွဲ့ချုပ်သည် နောက်ထပ် CHF ၅၀ သန်း ကို မေတ္တာရပ်ခံချက် တစ်ခုအနေဖြင့် စတင်ဆောင်ရွက်ပြီးခဲ့သည်။ ကြက်ခြေနီမှ ပြောရေးဆိုခွင့်ရှိသူ Matt Cochrane (မော့(တ်) ကော့ချရင်း) က ထို ဆိုင်ကလုန်းကြောင့် သေကံမရောက် သက်မပျောက်ဘဲ ကျန်ရစ်သူများသည် အလုံးစုံလိုအပ်သည်ဟု ပြောခဲ့သည်။ သူတို့ သည် အစားအစာ ထောက်ပံ့မှုများ အပါအဝင် သူတို့ကို ခြောက်သွေ့စွာ ထိန်းသိမ်းထားရန် အရေးပေါ် နားခိုရန် အဆောက် အအုံ လိုအပ်သည်။ ရေသေရေပုပ်များသည် ငှက်ဖျားခြင် အတွက် ပြည့်စုံကောင်းမွန်သော ပေါက်ဖွား ရာဒေသ တစ်ခု ဖြစ် သောကြောင့် ပိုးသတ်ဆေးဖြင့် စီရင်ထားသော ခြင်ထောင်များ သည် လိုအပ်သည် ဟု ၎င်းမှ ပြောကြားသည်။[၄၆] ငုပ်လျှိုး နေသော သစ်ပင်ကို တိုက်မိ သောအခါ လှေဖြင့် သယ်ဆောင်နေသော ထောက်ပံ့မှုများနစ်မြုပ်ခဲ့သော ကြောင့် ကြက်ခြေ နီသည် ဆုတ်ဆိုင်းမှုများနှင့် ကြုံခဲ့ရသည်။ လှေပေါ်ရှိလူတိုင်း အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ကုန်ပစ္စည်း အများစု ပျောက်ဆုံးခဲ့ သည်။ ကြက်ခြေနီ/လခြမ်းနီ ကယ်ဆယ်ရေး လေယာဉ် ဆယ်စီးသည် ဆေးကုသမှု နှင့် နားခိုရန် အဆောက်အအုံ ပစ္စည်းများကို သယ်ဆောင်လာပြီး၊ မေလ ၁၂ တွင် ရန်ကုန်သို့ ဆင်းသက်မည်။ Trocaire (ထရိုကိန်း) သည် ၁၉၉၅ ခုနှစ် ကတည်းက မြန်မာပြည်တွင် လှုပ်ရှားခဲ့ပြီး ဆိုင်ကလုံး နာဂစ် အပြီးတွင် ပထမဆုံး သော ဆက်သွယ်ရန် အခွင့်အလမ်း ရခဲ့သည့် အိုင်ယာလန် အကူအညီ အေဂျင်စီ ဖြစ်သည်။ ကယ်ဆယ်ရေး အလုပ်သည် အဓိကအားဖြင့် ပြည်တွင်း မိတ်ဖက်များ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ Caritas (ကာရီတ(စ်)) အပြည် ပြည်ဆိုင်ရာ များမှတစ်ဆင့် ဆောင်ရွက်ခဲ့သည်။ Trocaire ထရိုကိန်း သည် များမကြာမီက တရုတ်နိုင်ငံတွင် ဖြစ်ခဲ့သော ငလျင်ကြောင့် မြန်မာပြည်တွင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ မဆုံးရှုံးစေရန် အာရုံစိုက်မှု အတွက် မေတ္တာ ရပ်ခံခဲ့သည်။ ကလေးငယ်များ ကယ်ဆယ်ရေး (Save the Children) အေဂျင်စီသည် မြန်မာပြည်တွင် အလုပ်လုပ်ရန် ခွင့်ပြုခံရသည့် အေဂျင်စီအနည်းစုမှ တစ်ခုဖြစ်ပြီး ဆုံးရှုံးမှုများသည် သီးခြားဖြစ်နေသော ဧရိယာများသို့ အကူအညီ ရောက်ရှိသည့်အခါ နောက်ထပ်ရက်များ အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။ မေလ ၁၈ ရက်တွင်၊ အသက်ငါးနှစ်အောက် ကလေး သုံးသောင်းသည် အာဟာရချို့တဲ့ခြင်း နှင့် ရင်ဆိုင်နေရပြီး အကယ်၍ ၎င်းတို့ဆီသို့ အစားအစာများ မရောက်ရှိပါက တစ်လ အတွင်း အစာရေစာ ငတ်ပြတ်လိမ့်မည်ဖြစ်ကြောင်း ၎င်းမှ ယုံကြည်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နယ်စည်းမခြား ဆရာဝန်များ - MSF သည် ရန်ကုန်၌ တနင်္လာနေ့တွင် ကယ်ဆယ်ရေးနှင့် ဆေးဝါး အထောက်အပံ့ ပစ္စည်းများ တန် ၄၀ အပြည့်ပါသော လေယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ကြသည်။ အကောက်ခွန်ရုံးနှင့် စာရင်းရှင်းလင်းပြီးသော အခါ အထောက်အပံ့ပစ္စည်းများကို ပြည်တွင်း MSF ကုန်လှောင်ရုံ သို့ ပြောင်းရွေ့ခဲ့ကြသည်။ ၎င်းတို့တွင် ထိုဒေသ၌် ခန့်မှန်းခြေ အလုပ်သမား ၂၀၀ ရှိပြီး အများစုသည် ရေရှည် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ကြပြီး ထိုဒေသ အတွင်းတွင် ရှိနေပြီး ဖြစ်သည်။ ဝေါလ်ဗွီးရှင်း သည် အမေရိကန်ဒေါ်လာ ၃ သန်း နှင့် စတင် ဆောင်ရွက်ခဲ့ပြီး နိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ အကူအညီ ရရှိရန် ကြိုးစားရှာဖွေနေသည်။ မြေပြင်ဝန်ထမ်းများသည် အစားအစာ၊ ရေ နှင့် အခြား အစား အစာ မဟုတ်သည့် အရာများကို ဖြန့်ဖြူးရန် လုပ်နေစဉ်တွင် WV မြန်မာမန်နေဂျာများသည် အဆိုးရွားဆုံး ထိခိုက်သည့် ဧရိယာများတွင် အလုပ်လုပ်ရန် နှင့် ပြင်ပမှ အကူအညီများ လာရောက်စေရန် အစိုးရထံမှ အတည်ပြုချက်ရရန် ကြိုးပမ်းနေသည်။ Avaaz.org (အားဗဇ် အဖွဲ့အစည်း) သည် ပုဂ္ဂလိကသီးခြား အလှူပစ္စည်းများ ၂၅,၀၆၂ ကျော်မှတစ်ဆင့် မြန်မာပြည်တွင် ကယ် ဆယ်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်မှုများအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကျော် မတည်ခဲ့သည်။ သူတို့သည် ဗုဒ္ဓ ဘာသာရဟန်းများသို့ ယုံကြည်စိတ်ချရသော ဝေငှခြင်းနှင့် အကူအညီ ပေးဝေခြင်း တို့ကို စစ်အစိုးရကို ရှောင်လွဲ၍ ပြုလုပ် ခဲ့သည်။ ဤ တစ်မူထူးခြားသော ချဉ်းကပ်နည်းကို အောင်မြင်စွာ သက်သေပြခဲ့သည်။ ၂၄-၅-၂၀၀၈ အထိ၊ အမေရိကန် ဒေါ်လာ ၅၅၀,၀၀၀ သည် ဘာသာရေး၊ သာသနာ့ဝန်ဆောင် ထူထောင်ခြင်းသို့ ပေးဝေခဲ့မှုကို အတည်ပြုခဲ့ပြီး အခြား အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ သည် ခရီး လမ်းတွင် ရှိနေဆဲ ဖြစ်သည်။ ပုဂ္ဂလိက အကူအညီများ သတင်းအချက်အလက်အသစ်အတွက် တူညီသောအခြေခံတစ်ခုအဖြစ်အသုံးပြုသော အချက်အလက်- သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်း သတင်းအချက်အလက်အသစ်အတွက်တူညီသောအခြေခံတစ်ခုအဖြစ် အသုံးပြုသောအချက်အလက် - မသင့်လျော်သော လေသံ များစွာသောအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသည် နိုင်ငံအတွင်း လုပ်ဆောင်ရန် သဘောတူခြင်းခံခဲ့ကြရပြီး (မတိုင်မီ သို့မဟုတ် ပြီးနောက်အပါအဝင်) သို့မဟုတ် တစ်နည်းအားဖြင်ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်ချက်မှုများကို ပံ့ပိုးပေးရန် - ဧဝံဂေလိ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကယ်ဆယ်ရေး အေဂျင်စီ (ADRA) သည် ပြင်းထန်စွာ ထိခိုက်မှုရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို အစားအစာ အကူအညီ၊ရေရရှိသုံးစွဲမှု၊ဆေးဝါးကုသရေးအကူ အညီ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကူညီရန် အခြားနည်းလမ်းများ ပေးခြင်းဖြင့် ကူညီသည်။ မြန်မာဆိုင်ကလုန်းရန်ပုံငွေသို့ လျာထားသော အလှူငွေ ရရှိနိုင်သည်။ အေ့မက်ထရစ် (အေ့မက်ထရစ်ဖောင်ဒေးရှင်း) သည် ကြိုးစားအားထုတ်မှုရှိသော လုပ်ငန်းခွင် ကိုစီစဉ်လိုခြင်း သို့မဟုတ် ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများ၊ ငွေကြေးထည့်ဝင်မှုများကို ပေးလိုသော ကုမ္ပဏီများ၊ အုပ်စုများနှင့် တစ်ဦးတစ်ယောက်ချင်းကို ဆက်သွယ်ပေးသည့် အွန်လိုင်း ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ခြင်း တစ်ခုကို ပေးသည်။ အမေရိကန် ဂျူး ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု သည် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသော ဒေသခံအဖွဲ့အစည်းများကို အရေးပေါ်အထောက်အပံ့များပေးသည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ လူသားချင်းစာနာမှု အတွက် ဗိသုကာ ပုံစံ သည် ရေရှည်တည်တံ့ခိုင်မြဲသော အိမ်များ၊ကျောင်းများ၊ ဆေးခန်းများ နှင့် အခြားအရေးပါသော အခြေခံ အဆောက်အအုံများကို ပြည်လည်တည်ဆောက်ရာတွင် ထောက်ပံ့ပေးသည်။ လူသားချင်းစာနာမှု အတွက် ဗိသုကာ ပုံစံ⁄ မြန်မာ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ ကလေးသူငယ်များ၏ မျှော်လင့်ချက်ရောင်ခြည် တွင်အရေးပေါ် ထောက်ပံ့မှုများကို ပေးပို့သော အောက်ခြေတွင် ဆောင်ရွက်နေသည့် အဖွဲ့များနှင့် မိတ်ဖက်များ ရှိသည်။ ကဲလ် (Care) သည် ရန်ကုန်တွင် ရုံးများ ရှိ/ရှိခဲ့ပြီး ၎င်းတို့သည် ဖျက်ဆီးခြင်းခံရသော်လည်း လူအများမှာ ထိခိုက်မှုမရှိပါ။ ၎င်းတွင် အခြားအရင်းအမြစ်များ ရှိပြီး ဆောင်ရွက်ရန် အဆင်သင့်ရှိသည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ (ချယ်(လ်) ဗီရွန်) ကော်ပိုရေးရှင်း သည် အမေရိကန်ဒေါ်လာ ၂ သန်း ထည့်ဝင်လှူဒါန်းပြီး၊ တစ်ဝက်မှာ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ် အတွက်ဖြစ်ပြီး အခြားတစ်ဝက်မှာ တစ်ခြား အဖွဲ့အစည်း လေးခု အတွက် လျာထား သတ်မှတ်သည်- ရွှေ့ပြောင်းခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း၊ မာစီ ကော့(ပ်)(စ်)၊ ပက် နှင့် ကလေးသူငယ် များကို ကယ်ဆယ်ရေး အဖွဲ့အစည်း တို့ဖြစ်သည်။ ခရစ်ယာန်ဂိုဏ်းတော် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု သည် ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုအတွက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ နှင့် အတူ လက်တွဲ ဆောင်ရွက်သည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ အပြည်ပြည်ဆိုင်ရာ တိုက်ရိုက်ကယ်ဆယ်ရေး သည် အောက်ခြေတွင် မြောက်မြားစွာသော အုပ်စုများ၊ အဖွဲ့အစည်းများ နှင့် လက်တွဲဆောင်ရွက်သည်။ ၁၀၀ ရာခိုင်နှုန်းအပြည့် အစီအစဉ်များအတွက်သာ ဖြစ်ပြီး စီမံအုပ်ချုပ်ရေးအတွက် မဟုတ်ပေသော ယေဘုယျ လှူဒါန်းမှုများ ရရှိနိုင်သည်။ နယ်စည်မခြား ဆရာဝန်များ⁄ Médecins Sans Frontières တွင် အောက်ခြေ ၌ တုံ့ပြန်ဆောင်ရွက်နေသော အကူအညီ ပေးရေး အလုပ်သမားပေါင်း ၂၀၀ ကျော် ရှိသည်။ လှူဒါန်းမှုအတွက် ယေဘုယျ သတင်းအချက်အလက်များ ရရှိနိုင်သည်။ ပိုးစုန်းကြူး မစ်ရှင် သည် အောက်ခြေတွင် ဘုန်းတော်ကြီးများ ပါဝင်သော အုပ်စုများနှင့် အခြားသော အစိုးရမဟုတ် သော ပြည်တွင်း အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သည်။ လှူဒါန်းမှုများ၏ ၁၀၀ ရာခိုင်နှုန်းသည် ဒုက္ခခံစားရ သော သူများထံသို့ တိုက်ရိုက်သွားသည်။ ပိုးစုန်းကြူး မစ်ရှင်သည် ယဉ်ကျေးမှု နှိုင်းယှဉ်ခြင်း အခြေခံ သဘောတရားကို ယုံကြည်သက်ဝင်သည့်အလျောက် လက်ခံရယူမည့် သူများကို ပြောင်းလဲရန် ကြိုးစားခြင်း ပြုနိုင် သည့် သို့မဟုတ် ဒေသခံ ယဉ်ကျေးမှု အင်အားကို လေးစားခြင်း မရှိသည့် လုပ်ငန်းဆောင်တာများတွင် ပါဝင် ပတ်သက်နိုင်သော စီမံကိန်းများ သို့မဟုတ် အဖွဲ့အစည်းများကို အထောက်အပံ့မပြုပေ။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ မြန်မာပြည်သူများအတွက် ဖောင်ဒေးရှင်း သည် တိုက်ရိုက် အကူအညီများကို ဖြည့်ဆည်းပေးပြီး ရန်ကုန်တွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်သည်။ ၎င်းကို စေတနာ့ဝန်ထမ်းများက စီမံခန့်ခွဲပြီး အကူအညီအတွက် လှူဒါန်း မှုများကို ကြိုဆိုသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ပေးကမ်းခြင်း သည် မြန်မာနိုင်ငံတွင် အောက်ခြေ အဖွဲ့အစည်းများဖြင့် ကယ်ဆယ်ရေး စီမံကိန်း များစွာကို လျာထားဆောင်ရွက် လျက်ရှိပြီး ထိုအဖွဲ့အစည်းများတွင် အပြည်ပြည်ဆိုင်ရာ ဆေးဝါးကုသရေး ဆိုင်ရာ အဖွဲ့များ၊ CHF အပြည်ပြည်ဆိုင်ရာ နှင့် IDE တို့ ပါဝင်သည်။ ဟန်ဂေရီ နှစ်ခြင်း ခရစ်ယာန် အကူအညီ သည် ကမ္ဘာလုံးဆိုင်ရာ နှစ်ခြင်းခရစ်ယာန် အကူအညီ၏ ရှာဖွေခြင်း၊ ကယ်ဆယ်ခြင်း နှင့် ဆေးဝါးကုသရေးအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ လူသားချင်း စာနာထောက်ထားသော ကူညီကယ် ဆယ်မှုများ၊ ရေအထူးသန့်စင်ခြင်း နှင့် သန့်စင်သော ရေ ထုတ်ပိုးခြင်း (ရေအိတ်များ) ဋ္ဌာန တို့ကို စတင်ရန်လည်း အဆင်သင့်ရှိသည်။ Hewlett Packard (ဟောလက် ပက်ကတ်) ဖောင်ဒေးရှင်းသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ လှူဒါန်းခဲ့သည်။ Lutheran World Relief (လူသီရန် ကမ္ဘာ့ကယ်ဆယ်ရေး) သည် ခရစ်ယာန်အသင်းတော် ကမ္ဘာ့ဝန်ဆောင်မှု မှတစ်ဆင့် လုပ်ငန်းဆောင်ရွက်သည်။ ၎င်းတို့တွင် မြန်မာ/ဗမာ ဆိုင်ကလုန်း ကြိုးပမ်းအားထုတ်မှုရှိသည်။ LDS ခရစ်ယာန် အသင်းတော်သည် အစားအစာ၊ စောင်များ နှင့် အခြားအထောက်အပံ့ တန်ပေါင်းများစွာ ကို ဝေငှခဲ့ပြီးဖြစ်သည်။ LIRNEasia (လာနီအာရှ) သည် အာရှပစိဖိတ်တွင် အခြေစိုက်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြံပေး အဖွဲ့ဖြစ်ပြီး သိရိလင်္ကာရှိ အမရပူရ နိကာယ လင်္ကာ ဒီကရီ မှတစ်ဆင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ မင်္ဂလာ ဖောင်ဒေးရှင်း သည် မြန်မာနိုင်ငံ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိခိုက်ခံရ သော နယ်မြေဧရိယာ ၉ ခုရှိ ၃၇၀၀၀ + လက်လှမ်းမမီသောလူများ (မိသားစု ရ၀၀၀ ခန့် ) ကို အစားအစာ၊ သန့် ရှင်းသော ရေ၊ အဆောက်အအုံ နှင့် ဆေးဝါးများကို နေ့စဉ် ဖြန့်ဝေခြင်းဖြင့် ကူညီပြီး အွန်လိုင်း လှူဒါန်းမှုများကို ဆန်မျူးကျွန်း ဟိုတယ်များ (အမေရိကန်/ထိုင်း) အကူအညီ ဖြင့် လက်ခံသည်။ မြန်မာကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာ ဖယ်ဒရေးရှင်း ဝက်(ဘ်)ဆိုဒ်မှ တစ်ဆင့် အကူအညီ တောင်းခံ ပြီး၊ အောက်ခြေတွင် ဆောင်ရွက်သည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ “ကျွနု်ပ်၏ ထည့်ဝင် လှူဒါန်းမှုကို သို့ပေးရန်” အောက်တွင်ရှိ “မြန်မာဆိုင်ကလုန်းနာဂစ်” ကို ရွေးချယ်ပါ။ ကလေးငယ်များကယ်ဆယ်ရေးအဖွဲ့ (Save the Children) သည် “မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အကြီးဆုံးဖြစ်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများအနက် တစ်ခုဖြစ်ပြီး” ကယ်ဆယ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု အတိုင်းအတာ အပြည့်အဝ ကို ပေးခဲ့သည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ ဆယ်ဝါ အပြည်ပြည်ဆိုင်ရာ သည် မုန်တိုင်းဒဏ်ခံရသည့် နေရာဒေသများတွင် လှုပ်ရှားနေသော စေတနာ့ဝန်ထမ်း များနှင့် မိတ်ဖက်အဖွဲ့အစည်းများတို့နှင့် ဆက်သွယ်မှုကွန်ရက်ရှိသည်။ လျာထားသော လှူဒါန်းမှုများသည် ၎င်း၏ အဖွဲ့ခွဲများရှိသော အမေရိကန်ပြည်ထောင်စု၊ ယူကေ သို့မဟုတ် ဩစတြေးလျ သို့ထည့်ဝင်ကြခြင်းဖြစ်သည်။ ရှယ်တာဘောက်(စ်) ဩစတြေးလျ နှင့် အခြား ရိုထရီ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများကူညီကြသည်။ ရှယ်တာဘောက်(စ်)သည် မေလ ၁၀ ရက်နေ့တွင် စတင်ရောက်ရှိခဲ့သည်။ [၈၈] ယူနီဆက် (ဖ်) သည် တိုင်းပြည်အတွင်းတွင်ရှိပြီး ကယ်ဆယ်ရေးအထောက်အပံ့များကို ပေးပြီးဖြစ်သည်။ လျာထား သော လှူဒါန်းမှု ရရှိနိုင်သည်။ ယူနီတေးရီးရန်း ယူနီဗာဆယ်လစ် ဝန်ဆောင်မှု ကော်မတီ သည် ယူနီတေးရီးရန်း ယူနီဗာဆယ်လစ် အသင်းကြီး နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းဒဏ်ကြောင့် အသက်မသေဘဲ ကျန်ရစ်သူများကို ကူညီရန် လူသားချင်း စာနာ ထောက်ထားသော ကယ်ဆယ်ရေး ရန်ပုံငွေ တစ်ရပ်ထူထောင်ခဲ့သည်။ UUSC ယူယူအက်စ်စီသည် ဘေးဒုက္ခကပ်များကို နည်းဗျူဟာဖြင့် တုံ့ပြန်ကူညီသည်၊ အထူးသဖြင့် အကူအညီ လိုအပ်သောသူများသည် သမားရိုးကျဖြစ်သော ကယ်ဆယ်ရေး နည်းလမ်းများဖြင့် သတိမမူမိခြင်း သို့မဟုတ် လျစ်လျူရှုခြင်း ခံရသော အခါတွင် ဖြစ်သည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ ကမ္ဘာ့ ကယ်ဆယ်ရေး သည် ကမ္ဘာလုံးဆိုင်ရာ ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုရှိ မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ကာ မုန်တိုင်းအပြီးတွင် အကူအညီကို အလွန်အမင်းလိုအပ်နေသည့် ထောင်ပေါင်းများစွာသော လူတို့အတွက် အဓိကအကူအညီကိုပေးသည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ ဝေါလ်ဗွီးရှင်း တွင် အောက်ခြေ၌ ဆောင်ရွက်နေသော ဝန်ထမ်းများရှိသည် (ဗွီဒီယိုတွင် ကြည့်ပါ)။ လျာထားသော လှူဒါန်းမှု ရရှိသည်။ [နာဂစ်အရေးယူဆောင်ရွက်ခြင်းအုပ်စု] မြန်မာအီးဂရက်စ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ အပြင်းအထန် ပျက်စီးခဲ့သော မြို့နယ် ၄ ခုတွင် ဘေးအန္တရာယ် ကယ်ဆယ်ရေး ဆောင်ရွက်မှုများ၌ လက်ရှိပါဝင် ဆောင်ရွက်နေသည်။ ဤနည်းအားဖြင့် မြန်မာ အီးဂရက်စ်သည် မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်ခံရသော နေရာဒေသအများအပြားတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အာဏာပိုင်များက ခွင့်ပြုထားသည့် စီးပွားရေးကုမ္ပဏီအချို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ မြန်မာ အီးဂရက်စ်သည် နာဂစ်အရေးယူဆောင်ရွက်ခြင်း အုပ်စု မြန်မာ ဟူသော အမည်အောက်တွင် ထိုဘေးအန္တရာယ်ကယ်ဆယ်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်သည်။ ၁၀၀ ခန့် သောကျွန်ုပ်တို့၏ သင်တန်းသား အချို့ သည် ထိုအလုပ်အတွက် ၎င်းတို့ဆောင်ရွက်မည်ဟု တင်ပြကြပြီး သဘာဝ ပတ်ဝန်း ကျင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် အရေးယူဆောင်ရွက်ခြင်းအုပ်စုမှ သင်တန်းများပေးခဲ့သည်။ ဆန်သိုလှောင်ရေးနှင့် စားနပ်ရိက္ခာထိခိုက်ရေး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါး စိုက်ပျိုးရေးအတွက် မြေဆီမြေဩဇာကောင်းမွန်သောဒေသဖြစ်သည့် အားလျော်စွာ ဗြိတိသျှအင်ပါယာ လက်ထက်ကတည်းက “ဆန်အိုးကြီး” ဟုသိခဲ့ကြသည်။ ထုတ်လုပ်မှုမှာ မြင့်မားသည်နှင့်အညီ မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံသားများအတွက် မြင့်မားသော ဆန်ပမာဏကို ထောက်ပံ့ နိုင်သည့်အပြင် (အာရှစံနှုန်းများအရ) လုံလောက်သော ပိုလျှံမှုကို ဈေးကွက်သို့ ရောင်းချနိုင်သည်။ နာဂစ် မုန်တိုင်းသည် စပါးရိတ်သိမ်းချိန်ဝန်းကျင်တွင် တိုက်ခတ်ခဲ့ခြင်းကြောင့် ဆန်ရှားပါးမှုနှင့် အစားအစာ အလွန် အမင်းပြတ်လပ်မှုတို့ ဖြစ်ပေါ်နိုင်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး မှနေ၍ နာဂစ် မုန်တိုင်းသည် တိုင်းပြည်၏ စပါးစိုက်ခင်း ၆၅ ရာခိုင်နှုန်းကို ထိခိုက်ခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ အခြေအနေ သည် “ပျက်စီးနေသည်…… အကယ်၍ မကြာသေးမီက ဖြစ်ပွားသော ဘေးအန္တရာယ်သည် ဆန်အလွန်အမင်း မလုံလောက်မှုကို ဖြစ်ပေါ်စေခဲ့ပါက” ဟု ၎င်းတို့မှ ထင်မြင်ကြသည်။ ဤအရာသည် ဖြစ်ပွားနေပြီးဖြစ်သော ဘေးဒုက္ခကပ်ကို ပို၍ဆိုးရွားစေသော်လည်း အကယ်၍ ဆောင်းဦးနှင့် နွေနှောင်း စပါး ရိတ်သိမ်းချိန်တို့တွင် အထွက်နှုန်းကောင်းပါက ၎င်းကို တစ်စိတ်တစ်ဒေသ လျှော့ချနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါး စိုက်ပျိုးရန်အတွက် အကူအညီတောင်းခံခဲ့သည်မှာ ရာသီသီးနှံများမဆုံးရှုံးမီ မြန်မာလယ်သမားများအနေဖြင့် ရက်ပေါင်း ၄၀ မှ ၅၀ အထိသာ ကြားကာလအဖြစ် အခွင့်အလမ်းရှိသည့်အတွက် ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရှိသည်ဟု ခန့်မှန်းသည်။ ဆန္ဒခံယူပွဲ မြန်မာ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၊၂၀၀၈ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် အကျိုးဆက်များ ခံစားနေရစဉ်အတွင်း မြန်မာ အတိုက်အခံပါတီများနှင့် နိုင်ငံခြား တိုင်းပြည်များမှ ကန့်ကွက်မှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် ယခင်က စီစဉ်ထားခဲ့သည့်အတိုင်း (၂၀၀၈ ခုနှစ် မေလ ၁၀ ရက်) တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကို ဆက်လက်ပြုလုပ်ခဲ့သည်။ မည်သို့ ပင်ဆိုစေကာမူ မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသော အခြားနေရာများနှင့် ရန်ကုန် တွင် မဲပေးခြင်းကို ၂၀၀၈ ခုနှစ် မေလ ၂၄ ရက် သို့ ရွှေ့ဆိုင်းခဲ့သည်။ ၂၀၀၈ ခုနှစ် မေလ ၈ ရက် နေ့တွင် ဆန္ဒပြသူ ၃၀ ခန့်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာ ရှိ မြန်မာသံရုံးရှေ့တွင် စုရုံးပြီး စစ်အစိုးရ အား ဆန္ဒခံယူပွဲအတွက် မဲပေးခြင်းကို ရွှေ့ဆိုင်းပေးရန်နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို ချက်ချင်းလက်ခံရန် တောင်းဆိုခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံတွင် ဆန္ဒပြသူများမှ "ဤအချိန်သည် နိုင်ငံရေးအတွက် အချိန်မဟုတ်ပါ၊ သို့သော် လူများ ကို ကယ်ဆယ်ရန် အချိန်ဖြစ်သည်" ဟု ဖော်ပြသော ကြေညာချက်ကို ထုတ်ပြန် ဝေငှခဲ့သည်။ အမေရိကန် ပြည်ထောင်စု အစိုးရ မှလည်း ကုလသမဂ္ဂ အား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မထောက်ခံရန် တောင်းဆိုခဲ့သည်။မေလ ၁၀ ရက် နေ့ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူ ၅၀၀ ခန့် သည် ဆန္ဒပြခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားစေခဲ့သော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားခဲ့သော်လည်း မြန်မာစစ်အစိုးရအနေဖြင့် ၎င်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အား မဲဆန္ဒပေးခြင်းကို စတင်စေခဲ့ပြီးဖြစ်လင့်ကစား ဖျက်သိမ်းပစ်ရန် တောင်းဆိုခဲ့သည်။ မြန်မာ သတင်းအေဂျင်စီ တစ်ခုဖြစ်သော မဇ္ဈိမ မှ မြန်မာ တစ်ပြည်လုံးတွင် ၂၀၀၈ ခုနှစ် မေလ ၉ ရက် နေ့တွင် ကောက်ခံခဲ့ သော လူထုဆန္ဒ စစ်တမ်းကောက်ယူခြင်း၌ ဖော်ပြသည်မှာ၊ စစ်တမ်းကောက်ယူခဲ့သူများ၏ ၆၄ ရာခိုင်နှုန်းသည် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲထည့်ရန် ဆန္ဒရှိနေဆဲဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ရ၁ ရာခိုင်နှုန်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မှာ မည်သည့်အရာ ဖြစ်ကြောင်းကို မသိကြပဲ ၅၂ ရာခိုင်နှုန်းမှာ ၎င်းတို့ ထိုအရာကို ထောက်ခံရမည် သို့မဟုတ် ကန့်ကွက်ရ မည်ကို မဆုံးဖြတ်ရသေးပဲရှိသည်။ အကူအညီ ဝေငှရေးဝိဝါဒများ ဘေးအန္တရာယ် ခံရသော သူများကို ထောက်ပံ့သော နိုင်ငံခြား အကူအညီကို စစ်အစိုးရမှ ပေးသည့် ပုံစံဖြစ်အောင် ပြုပြင်မွမ်းမံပြီး နိုင်ငံတော်မှ လွှင့်ထုတ်သော ရုပ်မြင်သံကြားမှ နေ၍ ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဘေးအန္တရာယ် ကယ်ဆယ် ရေး ပစ္စည်းများကို အခမ်းအနားများဖြင့် လွှဲပြောင်းပေးနေပုံကို အဆက်မပြတ် လွှင့်ထုတ်နေသည်ဟု အေပီ သတင်းများမှ ဖော်ပြသည်။ ဘေးအန္တရာယ်ပြီးနောက် တစ်ပတ်မကအချိန်ကြာမြင့်သည်အထိ အိုးမဲ့အိမ်မဲ့၊ ထိခိုက်ဒဏ်ရာရခြင်း၊ သို့မဟုတ် ရောဂါဘယနှင့် ငတ် မွတ်မှုတို့ ခြိမ်းခြောက်ခြင်းခံရသော လူ ၁၀ ဦး လျှင် တစ်ယောက်သာ အကူအညီ အမျိုးအစား အချို့ကို လက်ခံရရှိ ခဲ့သည်။ ရက်သတ္တပတ် နှစ်ပတ် ထက်ပိုသော နောက်ပိုင်းအထိ အမှန်တကယ်လိုအပ်သော လူဦးရေ၏ ၂၅ ရာခိုင်နှုန်း ထံသို့သာ ကယ်ဆယ်ရေး အကူအညီများ ရောက်ရှိခဲ့သည်။ ဆိုင်ကလုန်း မုန်တိုင်းပြီးနောက် ကိုးရက်အကြာအထိ စစ်အစိုးရသည် အကူအညီပေးရေး လုပ်သားများကို ဗီဇာထုတ်ပေးရန် နှင့် မုန်တိုင်း ဒဏ်ခံရသော နေရာဒေသသို့ ဆက်သွယ် သွားရောက်ခွင့်ကို ငြင်းဆန်နေဆဲ ဖြစ်သည်။ အကူအညီ ပမာဏ အများအပြား ကို သယ်ဆောင်ရန် လေကြောင်း သို့မဟုတ် ပင်လယ်ရေကြောင်းလမ်းတစ်ခုကို ဖွင့်ပေးရန် ကုလသမဂ္ဂ သည် တောင်းဆိုခဲ့ပြီးအိပ်ခ်ျ အမ် အက်စ် ဝက်(စ်) မင်စတာ ကို ထိုနေရာဒေသသို့ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စု စစ်တပ်ပိုင် လေယာဉ်များ၊ သင်္ဘောများနှင့်အတူ စေလွှတ်ခဲ့သည်။ အကူအညီများကို တားမြစ်ပိတ်ပင်ထားမှု အပေါ်တွင် တက်ကြွစွာ လှုပ်ရှားသူများ၏ တုံ့ပြန်မှု အသင်းဝင် ၁၀,၀၀၀ ပါဝင်သော ဗမာ ( မြန်မာ) ဆိုင်ကလုန်းဘေးအန္တရာယ် ခံစားကြသူများအတွက် ကယ်ဆယ်ရေး ကြိုးပမ်းမှုများ ထောက်ပံ့ခြင်း ဟုခေါ်သည့် စာမျက်နှာသည် ၎င်း၏ အသင်းဝင်များကို အသုံးပြုပြီး မြန်မာနိုင်ငံ အတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်ခြင်းနေ့ကို ၂၀၀၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်ခဲ့ သည်။ မြန်မာ့အရေးဆိုင်ရာ ကမ္ဘာအနှံ့ အရေးယူဆောင်ရွက်မှုကွန်ရက်၊ မြန်မာ ကင်(န်)ပိန်း ယူကေ၊ မြန်မာ့ ကနေဒီ ယန် မိတ်ဆွေများ၊ မြန်မာနိုင်ငံ အတွက် အမေရိကန် ပြည်ထောင်စု ကင်(န်)ပိန်း၊ ဘာမင်နီ အင်ဖို နှင့် မရေမတွက်နိုင်သော ပြည်တွင်း မိတ်ဖက်များ၏ အကူအညီဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်ခြင်းကို တောင်းဆို သည့် မြန်မာနိုင်ငံ အတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူခြင်းနေ့ကို ကမ္ဘာအနှံ့ရှိမြို့ကြီးများတွင် ၂၀၀၈ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် ကျင်းပခဲ့သည်။ စစ်ခေါင်းဆောင် သန်းရွှေ နှင့် စစ်အစိုးရ၏ ဆိုင်ကလုန်း နာဂစ် ဒဏ်ခံရသော သူများအား အကူအညီပေးခြင်းကို တားမြစ်ခြင်းအား ထင်ရှားသော တုံ့ပြန်မှု တစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများမှ နေ၍ မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံးရိုက်ခတ်ခြင်း ခံရသည့် နေရာဒေသများသို့ အကူအညီများ ရောက်ရှိစေရန် လူသားချင်း စာနာထောက်ထားသည့် ဝင်ရောက်စွက်ဖက်မှုတစ်ရပ်ကို တောင်းဆိုခဲ့သည်။ စာရင်း နာဂစ်မုန်တိုင်းသည် ၎င်းကြောင့် သေဆုံးခဲ့ရမှုများကို မှတ်တမ်းများစွာ ပြုလုပ်ခဲ့သည့်အပြင် အခြားမှတ်တမ်းများကိုလည်း ပြုစုခဲ့သည်။ ပထမဦးဆုံးအနေဖြင့် နာဂစ်သည် ပြင်းအား အဆင့် ၄ ရှိသော မုန်တိုင်းဖြစ်ခဲ့ပြီး မြန်မာ့ သမိုင်းတွင် ထို့ပြင်းအားဖြင့် တိုက်ခတ်ခဲ့သည့် တစ်ခုတည်းသော မုန်တိုင်းဖြစ်သည်။ ဒုတိယအားဖြင့် မေလ ၂ ရက်နေ့တွင် SSHS အက်စ်အက်စ်အိခ်ျပေါ်တွင် ၎င်းသည် အဆင့် ၄ သို့ ရောက်ရှိခဲ့သောအခါ ထိုမြစ်ဝှမ်းဒေသတွင် ၃ နှစ် ဆက်တိုက် တစ်ဆက်တည်းအတွက် အဆင့် ၄ မုန်တိုင်း တစ်ကြိမ် သာ ဖြစ်ပေါ်ခဲ့ကြောင်း အမှတ်အသားပြုခဲ့သည် (2006's Mala ၂၀၀၆ ခုနှစ်တွင် မာလာ နှင့် စတင်ခြင်း)၊ ပြီးနောက် ၂၀၀၇ ခုနှစ်တွင် Sidr ဆီဒါ နှင့် Gonu ဂိုနု ဖြစ်ပြီး နာဂစ်နှင့် အဆုံးသတ်ခဲ့သည်။ ရည်ညွှန်းကိုးကား ^ India Meteorological Department (2008). "Deep Depression over southeast and adjoining Southwest Bay of Bengal". https://web.archive.org/web/20080424134142/http://www.imd.ernet.in/section/nhac/dynamic/cwind.htm. Retrieved 2008-05-02. http://en.wikipedia.org/wiki/Cyclone_Nargis#cite_note-12 ကိုးကား မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် သဘာဝ ဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များ မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်းများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%82%E1%80%85%E1%80%BA%E1%80%99%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ရှင်တိုဘာသာ
ရှင်တိုဘာသာ (ဂျပန်ဘာသာ: 神道 Shintō) သို့မဟုတ် ကာမီ နို မီချီ (ဂျပန်ဘာသာ: 神の道 Kami-no-michi) သည် ဂျပန်နိုင်ငံ၌ ကိုးကွယ်ကြ​သော ဘာသာတစ်ခု ဖြစ်သည်။ ရှင်တို ဟူသည့် ​ဝေါဟာရမှာ ရှန်း​တောက် (Shéndào, 神道) ဟူသည့် တရုတ်​ဝေါဟာရမှ ဆင်းသက်လာပြီး နတ်ဘုရားတို့၏ လမ်းစဉ်ဟု အဓိပ္ပာယ်ရသည်။ ရှင်တိုဘာသာကို စတင်တည်​ထောင်ခဲ့သူ လူပုဂ္ဂိုလ် ဟူ၍ မရှိပါ။ ရှင်တိုဘာသာသည် ဂျပန်လူမျိုးတို့၏ ​ရှေး​ဟောင်း ဒဏ္ဍာရီများ၊ ယုံကြည်မှုများ၊ အစွဲအလမ်းအယူအဆများ၊ ရှေးအစဉ်အလာ ဓလေ့ထုံးတမ်းများမှ ဖြစ်တည်​ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သဘာဝတရားကို အခြေခံကာ ဖြစ်တည်​ပေါ်​ပေါက်လာ​သော ဘာသာတရားလည်း ဖြစ်​ပေသည်။ သမိုင်း​ကြောင်း ကာမီ (kami, 神) ​ခေါ် နတ်ဘုရားတို့ကို ယုံကြည်ကိုးကွယ်ပသမှုများမှာ ယာယိုးအီ (Yayoi) ​ခေတ် (300 BCE – 300 CE) ကတည်းက ရှိနေခဲ့သည်။ ယာယိုးအီ​ခေတ်ကုန်၍ ကိုဖွန် (Kofun) ​ခေတ် (300 to 538 CE) ကို ​ရောက်သောအခါ ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာ ​ရောက်လာပြီး ရှိရင်းစွဲ ရှင်တိုဘာသာကို လွှမ်းမိုးခဲ့သည်။ ယင်း​ခေတ်မှစ၍ ​နောက်ပိုင်းကာလများတွင် ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာသည် ​ရော​ထွေးယှက်နွယ်လာခဲ့သည်။ ရှင်တိုဘာသာမှ ဂျပန်နတ်ဘုရားများကိုလည်း ဗုဒ္ဓဘာသာကျမ်းလာ ဘုရား​လောင်းများ၏ အသွင်​တော်များအဖြစ် ​ပြောင်းလဲကိုးကွယ်ခဲ့ကြသည်။ ဥပမာအားဖြင့် ​နေနတ်ဘုရားမ အမတဲရာဆု အိုမီကာမီ (Amaterasu-ōmikami, 天照大御神) ကို မဟာယာနကျမ်းလာ ​ဝေ​ရောစန ဘုရားရှင်၏ အသွင်​တော်အဖြစ် ယူဆခဲ့ကြသည်။ မဲဂျီ (Meiji) ​ခေတ် (1868 – 1912 CE) သို့ ​ရောက်​သောအခါတွင်ကား ဂျပန်အစိုးရသည် ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာ ​ရော​ထွေး​နေခြင်းကို ခွဲခြားဖယ်ထုတ်၍ ရှင်တိုဘာသာကို နိုင်ငံ​တော် ဘာသာအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဂျပန် မျိုးချစ်စိတ်ဓာတ် တက်ကြွလာ​စေရန် နှင့် ဂျပန်ဧကရာဇ်အတွက် သက်စွန့်ကြိုးပမ်း အမှုထမ်းကြ​စေရန် ရှင်တိုဘာသာကို အသုံးချခဲ့ကြသည်။ ရှင်တိုဘာသာ၏ ကျမ်းစာများအရ ဂျပန်ဧကရာဇ်သည် ​နေနတ်ဘုရားမ အမတဲရာဆု အိုမီကာမီ (Amaterasu-ōmikami, 天照大御神) မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ထို့​ကြောင့် ဂျပန်ဧကရာဇ်သည်လည်း သက်ရှိထင်ရှား နတ်ဘုရားဖြစ်သည်ဟု ဆိုနိုင်သည်။ ရှင်တိုအယူအဆများ ရှင်တိုဘာသာ၏ အယူအဆအရ ​လောကတွင် ရှိသမျှ အရာတို့၌ ကာမီ (kami, 神) ဟု​ခေါ်​သော နတ်များ ရှိသည်။ ဥပမာအားဖြင့် ​တော၊​တောင်၊မြစ်၊​ချောင်း၊​ကျောက်တုံးကြီးများ၊​ကောက်ပဲသီးနှံတို့တွင် သူတို့နှင့် သက်ဆိုင်​သော နတ်ဘုရားများ ရှိ​နေကြသည်ဟု ယုံကြည်ကြသည်။ ယင်းနတ်ဘုရားများကို နတ်ကွန်း​ဆောက်၍ ပူ​ဇော်ကိုးကွယ်ကြသည်။ ထို့အပြင် တချို့သော လူပုဂ္ဂိုလ်များ ၊ စစ်သူကြီးများ၊သူရဲကောင်းများကိုလည်း နတ်ဘုရားအဖြစ် သတ်မှတ်၍ ကိုးကွယ်ကြပြန်သည်။ ဂျပန် ဒဏ္ဍာရီအရ ဂျပန်ဧကရာဇ်သည် ​နေနတ်ဘုရားမမှ ဆင်းသက်​ပေါက်ဖွား​လော​သောသူ ဖြစ်သဖြင့် ဂျပန်လူမျိုးများအတွက် သက်ရှိထင်ရှား နတ်ဘုရားပင် ဖြစ်​လေသည်။ အချုပ်အားဖြင့် ဆို​သော် ရှင်တိုဘာသာသည် နတ်ဘုရားများကို ကိုးကွယ်ပူ​ဇော်ပသခြင်းပင် ဖြစ်လေသည်။ ဘာသာ​ရေး ကျမ်းစာများ ရှင်တိုဘာသာ၌ ဘာသာရေး ကျမ်းစာဟူ၍ သတ်သတ်မှတ်မှတ် မရှိသော်လည်း ကိုဂျီကီ (Kojiki) ​ခေါ် ရှေးဖြစ်မှတ်တမ်း နှင့် နီဟွန်းဂီ (Nihongi) (ဂျပန်ရာဇဝင်) ဟူ​သော ကျမ်းစာ နှစ်ခုမှာ ရှင်တိုဘာသာနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်​လေသည်။ ထိုကျမ်းစာနှစ်ခုမှာ ကမ္ဘာ​မြေနှင့် ​ကောင်းကင် ဖြစ်ပေါ်လာပုံ၊ နတ်ဘုရားများက ဂျပန်ကျွန်းများကို ဖန်ဆင်းပုံ၊ မရဏကမ္ဘာနှင့် သက်ရှိကမ္ဘာ ဖြစ်လာပုံ၊ ​နေ၊လနှင့်ပင်လယ် နတ်ဘုရားများ ​မွေးလာပုံ၊ ​နေနတ်ဘုရားမ အမတဲရာဆု (Amaterasu) ၏ မျိုးဆက်များက ဂျပန်ပြည်ကို ဧကရာဇ်အဖြစ် အုပ်ချုပ်ကြပုံ တို့ကို ​ရေးထားသည်။ ထိုကျမ်း နှစ်စောင်မှာ ​ရှေးကျပြီး ​အေဒီ ၈ရာစုက ​ရေးသားခဲ့ကြသည်။ နတ်ကွန်းများ ရှင်တိုဘာသာ၏ အ​ရေးကြီး​သော အစိတ်အပိုင်း တစ်ခုမှာ နတ်ကွန်းများ (Jinja, 神社) ဖြစ်သည်။ ဂျပန်နိုင်ငံတွင် နတ်ကွန်းမရှိ​သော ​ဒေသမရှိ ဟု ဆိုနိုင်သည်အထိ နတ်ကွန်း​ပေါများလှသည်။ အဆိုပါ နတ်ကွန်းများမှာ နတ်များကို ပူ​ဇော်​သော ​နေရာများ ဖြစ်ကြပြီး ရှင်တိုဘုန်းကြီးများက နတ်ကွန်းကို ​စောင့်ရှောက်ကြသည်။ ရှင်တိုဘာသာဝင်များအဖို့ ထိုနတ်ကွန်းများသို့ သွား​ရောက်လည်ပတ်၍ ပူဇော်ခြင်းသည် ဓ​လေ့ထုံးစံတစ်ခု ဖြစ်သည်။ ရှင်တိုနတ်ကွန်း အများစုတွင် တိုရီး (Torii) ​ခေါ် မုခ်ဝ၊ တဲမီဇူယ (Temizuya) ​ခေါ်  ကိုယ်လက် သန့်စင်ရန် ​ရေကန်ငယ်၊ ဟိုင်ဒဲန်း (Haiden) ​ခေါ် ပူဇော်​ဆောင်၊ ဟွန်ဒဲန်း (Honden) ​ခေါ်  ဌာပနာဆောင်တို့ အဓိကပါဝင်ကြသည်။ တိုရီး (Torii) မုခ်ဝမှာ ရှင်တိုနတ်ကွန်းတို့၏ မပါမဖြစ် အစိတ်အပိုင်း ဖြစ်ပြီး ရှင်တိုဘာသာ၏ သင်္ကေတ တစ်ခုလည်း ဖြစ်​ပေသည်။ ရှင်တိုနတ်ကွန်းတိုင်းတွင် တဲမီဇူယ (Temizuya) ​ရေကန်ငယ်လည်း ပါရသည်။ နတ်ကွန်းသို့ အလည်ပတ်လာသူတိုင်း နတ်ကွန်းထဲမဝင်ခင် ကန်မှ​ရေဖြင့် လက်များကို သန့်စင်​ဆေး​ကြောရသည်။ အ​ကြောင်းမှာ ရှင်တိုနတ်ကွန်းများသည် သန့်စင်​သော ​နေရာများ ဖြစ်၍ မ​ကောင်းမှုများ ကပ်ပါမလာ​စေရန် ​ရေနှင့်​ဆေးကြောပစ်ရခြင်း ဖြစ်သည်။ ရှင်တိုနတ်ကွန်းများမှာ အရွယ်အစား အကြီး၊အငယ်၊အလယ်အလတ် အမျိုးမျိုး ရှိကြသည်။ နာမည်ကြီး၍ ထင်ရှား​ကျော်ကြားသည့် နတ်ကွန်းများမှာ ​အောက်ပါအတိုင်း ဖြစ်သည်။ အီဆဲ နတ်ကွန်းကြီး (Ise Grand Shrine) အီစုကုရှီးမား နတ်ကွန်း (Itsukushima Shrine) အီဇူမို နတ်ကွန်း Izumo Taisha Shrine ဖူရှိမိ အီနာရီနတ်ကွန်း (Fushimi Inari Shrine) ဆဲန်ဂဲန် ဂျင်ဂျာနတ်ကွန်း (Sengen Jinja Shrine) ဒါဇာအိဖု တန်းဂျင်း နတ်ကွန်း (Dazaifu Tenman-gū Shrine) ကီတာနို တန်းဂျင်း နတ်ကွန်း (Kitano Tenman-gū Shrine) အူဆာ ဂျင်းဂု နတ်ကွန်း (Usa Jingū Shrine) ရှင်တိုဘာသာဝင် လူဦး​ရေ ယ​နေ့​ခေတ်အချိန်တွင် ရှင်တိုဘာသာသည် ဂျပန်ပြည်တွင် အဓိက ထွန်းကားလျက် ရှိ​နေသည်။ ဂျပန်နိုင်ငံအတွင်း၌ ရှင်တိုနတ်ကွန်းပေါင်း ၈၁၀၀၀ ရှိ၍ ရှင်တိုဘုန်းကြီး ၈၅၀၀၀ ရှိသည်။ ရှင်တိုဘာသာ ကိုးကွယ်သူလူဦး​ရေ အတိအကျ မသိရ​သော်လည်း နိုင်ငံလူဦး​ရေ၏ ၈၀ရာခိုင်နှုန်းသည် ရှင်တိုဘာသာ ဓလေ့ထုံးစံကို လက်ခံယုံကြည်ကျင့်သုံးကြသည်။ သို့သော်လည်း ရှင်တိုဘာသာဝင်ဟု ခံယူသူမှာကား အလွန်နည်းပါး​လေသည်။ ဂျပန်နတ်ဘုရားများ ရှင်တိုဘာသာ​တွင် ကိုးကွယ်​သော နတ်ဘုရားများ အနက်မှ ထင်ရှား​သော နတ်ဘုရားများမှာ- အီဇာနာဂီ (သက်ရှိကမ္ဘာ၏ နတ်ဘုရား) အီဇူနာမီ (မရဏကမ္ဘာ၏ နတ်ဘုရားမ) အမတဲရာဆု (​နေနတ်ဘုရားမ) စုကုယိုမီ (လနတ်ဘုရား) ဆူဆာနိုအို (မုန်တိုင်းနှင့်ပင်လယ်ကို စိုးပိုင်သောနတ်ဘုရား) ဖူကျင်း (လေနတ်ဘုရား) ဟာချီမန် (စစ်နတ်ဘုရား) ရိုင်ကျင်း (မိုးကြိုးနတ်ဘုရား) ဆူအိကျင်း (ရေနတ်ဘုရား) အီနာရီ (ဆန်စပါး နတ်ဘုရား) ရူကျင်း (ပင်လယ်ကိုအစိုးရသောနဂါး) တန်းဂျင်း (ပညာရေးနတ်ဘုရား) အိုကူနီနုရှီ (နိုင်ငံတည်​ထောင်ခြင်း နတ်ဘုရား) ကံကြမ္မာနတ်ဘုရား ခုနစ်ပါး အာမဲ နို အူဇူမဲ (အာရုဏ်ဦး နတ်ဘုရားမ) တိုယိုတာမာ ဟီမဲ (နဂါးမင်းသမီး) နိနိဂီ (​နေနတ်ဘုရားမ၏ ​မြေး​တော်) ဆက်စပ်ကြည့်ရှုရန် ဂျပန်ဒဏ္ဍာရီ ကိုးကား Shinto from Britannica
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%98%E1%80%AC%E1%80%9E%E1%80%AC
ရန်ကုန်မြို့
ရန်ကုန်မြို့ () သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ မတ်လ မှ စတင်၍ စစ်အစိုးရသည် နေပြည်တော်ကို မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊ လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။ ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။ ဝေါဟာရရင်းမြစ် ရန်ကုန်မြို့သည် ရှေးယခင်က ဒဂုံဟုခေါ်သော ရွာကြီးတရွာဖြစ်သည်။ ဒဂုံဟူသော အမည်သည် မွန် ဝေါဟာရ ဒဂုင်(မြန်မာအသံထွက်-ဒဂုန်)၊ လဂုင်(မြန်မာအသံထွက်-လဂုန်) တို့က ဆင်းသက်လာပြီး ဒဂုံဖြစ်လာသည်ဟု ယူဆကြသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့မည်တော်ဖြစ်သည်။ ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ ကျာ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပာယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တိဂုံ၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပာယ်ရသည်။ ခရစ်နှစ် ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ရန်အပေါင်းကုန်စင်ပြီဟုအဓိပ္ပာယ်ဖြင့် ရန်ကုန်မြို့ဟု အမည်ပေးခဲ့သည်။ တည်နေရာ မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်(ခေါ်)လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပင်လယ်ဝမှ ၂၁-မိုင်သာ ဝေးသည်။ ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာဌာနလည်း ဖြစ်လေသည်။ သမိုင်း ရန်ကုန်မြို့သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈)) လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ အထက်ကစ၍ မြတ်စွာဘုရားသခင်၏ ဆံတော်ဓာတ်မြတ်များနှင့် စပ်လျဉ်းပြီးလျှင် သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သည် ဟူ၍ မြန်မာတို့က ယုံကြည်ကြသော်လည်း အထောက်အထားမရှိပေ။ အေဒီ ၆ မှ ၁၈ ရာစု ရန်ကုန်မြို့အား အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့သော မွန်လူမျိုးများက ဒဂုံအဖြစ် အေဒီ ၆ ရာစုတွင် စတင်တည်ထောင်ခဲ့သည်။ မွန်တို့၏ ဟံသာဝတီခေတ် မဂဒူးမင်းဆက် ခေါ် (ဝါရီရူးမင်းဆက်)တွင် (၈) ဆက်မြောက်မင်းဖြစ်သော ဗညားဦးသည် အစ်မတော် မွေ့န ခေါ် (မဟာဒေဝီ)အား ဒဂုံကို စားစေသည်။ မွန်မင်းသမီး မဟာဒေဝီသည် ခရစ်နှစ် ၁၃၆၄ မှ ၁၃၉၂ အထိ ဒဂုံကိုအုပ်ချုပ်ခဲ့သည်။ မဂဒူးမင်းဆက် တွင် (၁၅) ဆက်မြောက်မင်းဖြစ်သော ဘုရင်မကြီး ရှင်စောပု ခေါ် (ဗညားထောဝ်) သည် သူမ၏ ဟံသာဝတီပဲခူးထီးနန်းကို သားမက်တော် ဓမ္မစေတီမင်းအားအပ်နှံ၍ ၁၄၆၀ခုနှစ်တွင် ဒဂုံရှိ ရွှေတိဂုံစေတီအနီးတွင် နန်းတော်ငယ်တည်ကာ ဟံသာဝတီပဲခူးထီးနန်းကို အဝေးမှထိန်းကွပ်ပေးရင်း တရားဓမ္မဖြင့် သူမဘဝ၏ နောက်ဆုံးလက်ကျန်နေ့ရက်များကို ဖြတ်သန်း စံနေတော်မူခဲ့သည်။ အေဒီ ၁၈ မှ ၁၉ ရာစု ၁၇၅၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ထူထောင်သော အလောင်းမင်းတရား သည် ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”ဟု အမည်သတ်မှတ်ခဲ့ပြီး ဒဂုံမြို့ပတ်လည်တွင် တိုးမြင့်၍ အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့သည်။ ဗြိတိသျှပိုင်အရှေ့အိန္ဒိယ ကုမ္ပဏီ သည် ၁၇၉၀ ခုနှစ်များတွင် စက်ရုံ တည်ဆောက်ခဲ့သည်။ ၁၈၂၃ ခုနှစ်တွင် လူဦးရေ ၃၀၀၀၀ နေထိုင်ခဲ့သည်။ ကုန်းဘောင်မင်းဆက် (၇) ဆက်မြောက်မင်းဖြစ်သော ဘကြီးတော်ဘုရား လက်ထက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၂၆) တွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း၊ စစ်ပြီးသည့်နောက် ရန္တပိုစာချုပ် အရ ရန်ကုန်မြို့ကို မြန်မာတို့လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ မြန်မာဘုရင် သာယာဝတီမင်း လက်ထက် ၁၈၄၁ ခုနှစ်တွင် ရန်ကုန်မြို့ သည် မီးသင့်ပြီး ပျက်စီးခဲ့သည်။ ကိုလိုနီခေတ် ရန်ကုန် (၁၈၅၂ မှ ၁၉၄၈) ဗြိတိသျှတို့ သည် ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကို ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်မြန်မာစစ် တွင် သိမ်းယူချုပ်ကိုင်နိုင်ခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မြို့သည် ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့သည်။ ဆက်လက်၍ ရန်ကုန်မြို့ကို ဗြိတိသျှဘားမား၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာကျသော မြို့တစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဗြိတိသျှများသည် ဂရစ်စီမံချက်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှတို့သည် ရန်ကုန် ကောလိပ် (ယခု ရန်ကုန် တက္ကသိုလ်)ကို ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတား တက္ကသိုလ် လက်အောက်ခံ အဖြစ် စတင် တည်ထောင် ခဲ့သည်။ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာစစ် တွင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းယူခဲ့ပြီးနောက် ရန်ကုန်မြို့သည် အားလုံးသော ဗြိတိသျှဘားမားတို့၏ မြို့တော်အဖြစ် တည်ရှိလာခဲ့သည်။ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့၏ တိုးပွားလာသည့် လူဦးရေများနှင့် ကုန်သွယ်မှုတို့သည် တော်ဝင်ကန်(ယခု ကန်တော်ကြီး)နှင့် အင်းယားကန် တို့၏ မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများကို မွေးဖွားပေးခဲ့သည်။ ဗြိတိသျှတို့သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံ အပါအဝင် ဆေးရုံများနှင့် ကောလိပ်များကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကိုလိုနီခေတ်ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက၊ ရန်ကုန်မြို့ရှိ လူဦးရေ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယ သို့မဟုတ် တောင်အာရှသားများဖြစ်၍ သုံးပုံတစ်ပုံခန့်သည် မြန်မာ၊ ကရင်၊ တရုတ်၊ အင်္ဂလိပ်-မြန်မာကပြားနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ပထမ ကမ္ဘာစစ်ပြီးနောက်၊ ရန်ကုန်သည် လက်ဝဲစွန်းရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ၏ ဗဟိုအချက်အချာနေရာ ဖြစ်လာခဲ့သည်။ ၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်တို့တွင် ဗြိတိသျှအစိုးရအား သုံးကြိမ်တိုင် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်သည် (၁၉၄၂ - ၄၅) တွင် ဂျပန်လက်အောက်သို့ ကျရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း ကြီးမားသော ပျက်စီးယိုယွင်းမှုများ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအင်ပါယာထံမှ နိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်နှင့် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့သည်။ လက်ရှိ ရန်ကုန် (၁၉၄၈ မှ ယခု) ၁၉၄၈ ခုနှစ် ဗမာ့လွတ်လပ်ရေးကို ရရှိပြီးလျှင်ပြီးခြင်း၊ ကိုလိုနီအမည်များဖြင့် ခေါ်ဝေါ်ခဲ့သည့်လမ်းများ၊ ပန်းခြံများတို့သည် အမျိုးသားရေးအသွင် ပိုမိုဆောင်သည့် မြန်မာအမည်များသို့ ပြောင်းလဲလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့အား နယ်ချဲ့အင်္ဂလိပ်တို့၏ အမည်နာမများကို အစွဲပြု၍ခေါ်ဝေါ်ထားသော မြန်မာအမည်များအဖြစ်ပြောင်းလဲခဲ့သည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြို့တော်၏ အင်္ဂလိပ်အမည်ကို “Yangon” ဟု ပြောင်းလဲခေါ်ဝေါ်စေခြင်းနှင့်အတူ အခြားသော အင်္ဂလိပ်အခေါ်အဝေါ်များကိုလည်း မြန်မာအမည်များသို့ ပြောင်းလဲခဲ့သည်။ လွတ်လပ်ရေးရသည့် အချိန်မှစတင်၍ ရန်ကုန်မြို့ကို ပြင်ပသို့ချဲ့ထွင်ခဲ့သည်။ အဆက်ဆက်သော အစိုးရများသည် ၁၉၅၀ ခုနှစ်များ၌ သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို လည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ကို လည်းကောင်း တိုးချဲ့ မြို့နယ်သစ်များကို တည်ဆောက်ခဲ့ကြသည်။ ယနေ့ ရန်ကုန်မြို့ကြီးသည် ဧရိယာ စတုရန်းကီလိုမီတာ ၆၀၀ ခန့် ကျယ်ဝန်းသည်။ ဗိုလ်ချုပ်နေဝင်း၏ အခြားနိုင်ငံများတို့၏အရေး၌ မစွက်ဖက်ရေးဝါဒဖြင့် အုပ်ချုပ်မှု (၁၉၆၂ - ၁၉၈၈) အတွင်း၊ ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံ သည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ တိုးပွားလာသည့် လူဦးရေနှင့်အညီ မြှင့်တင်နိုင်မှုမရှိခြင်းတို့ကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် စစ်အစိုးရ၏ ပိုမိုတံခါးဖွင့်လာသည့်ဈေးကွက် မူဝါဒများသည် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု ရှိလာခဲ့ပြီး၊ မြို့တော်၏ အခြေခံအဆောက်အအုံကိုလည်း ခေတ်မှီသစ်လွင်မှု၏ မျှတသည့်ပမာဏသို့ ဆောင်ယူလာနိုင်ခဲ့သည်။ မြို့တော်၏ အတွင်းပိုင်းတွင် နေထိုင်သူများကိုလည်း တိုးချဲ့မြို့များသို့ အတင်းအကြပ် လွှဲပြောင်းနေရာ ချထားပေးခဲ့သည်။ များပြားသော ကိုလိုနီခေတ် အဆောက်အအုံများကိုလည်း ဖျက်ဆီးစေ၍၊ မြင့်မားသော ဟိုတယ်များ၊ ရုံးအဆောက်အအုံများ၊ ဈေးရောင်းဆိုင်ခန်းများအတွက် နေရာပေးစေခြင်းဖြင့် မြို့တော်အုပ်ချုပ်သူများသည် ကျော်ကြားထင်ရှားသော ကိုလိုနီခေတ် အဆောက်အအုံ ၂၀၀ ခန့်ကိုလည်း ရန်ကုန်မြို့တော်၏ အမွေအနှစ် စာရင်းသို့ ထည့်သွင်းစေခဲ့သည်။ အဓိက ဆောက်လုပ်မှု အစီအစဉ်များသည် မြို့တော်နှင့် စက်မှုမြစ်ကမ်းပါးဒေသများကို ဆက်သွယ်ပေးသည့် တံတားအသစ်ခြောက်စင်းနှင့် လမ်းမကြီး အသစ် ငါးခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့တိုင်အောင် ရန်ကုန်၏ များစွာသော နေရာတို့တွင် အခြေခံ စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုဖြစ်သည့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားနှင့် ပုံမှန်အမှိုက်သိမ်းယူမှုတို့ မရှိသေးပဲ ရှိနေခဲ့သည်။ ရန်ကုန်သည် လွတ်လပ်ရေးရပြီးသည်မှ မျိုးနွယ်စုပြုမှုအရ တိုင်းရင်းသားဒေသခံ မြန်မာလူမျိုးများ ပိုမိုရှိလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် များစွာသော တောင်အာရှသားများနှင့် အင်္ဂလိပ်-မြန်မာကပြားများ ထွက်ခွါသွားခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များအတွင်း ဗိုလ်ချုပ်နေဝင်းအစိုးရ၏ နိုင်ငံခြားသားများကို ဖိအားပေးသောကြောင့် များပြားသော တောင်အာရှသားများကို ထွက်ခွာသွားစေခဲ့သည်။ သို့သော်လည်း များပြားသော တောင်အာရှသားများနှင့် တရုတ်လူမျိုးစုများသည် ရန်ကုန်၌ ဆက်လက်နေထိုင်လျက် ရှိနေသည်။ နိုင်ငံမှ ထွက်ခွါသွားခြင်း သို့တည်းမဟုတ် အခြားသော မြန်မာအုပ်စုတို့ဖြင့် မျိုးမတူသူများလက်ထပ်မှုပြုခြင်း တို့ကြောင့် အင်္ဂလိပ်-မြန်မာကပြားများသည် သိသာစွာပျောက်ကွယ်သွားခဲ့ကြသည်။ ရန်ကုန်မြို့သည် ၁၉၇၄၊ ၁၉၈၈နှင့် ၂၀၀၇ ခုနှစ်များတွင် အစိုးရဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုများ၏ ဗဟိုအချက်အချာဖြစ်ခဲ့သည်။ ဆန္ဒပြသူများအား အစိုးရမှ ပစ်ခတ်မှုပြုတိုင်း သွေးမြေကျမှုများကို မြို့တော်၏ လမ်းများပေါ်တွင် မြင်တွေ့ခဲ့ရသည်။ မေလ ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းနာဂစ်သည် ရန်ကုန်မြို့ ကိုတိုက်ခတ်ခဲ့သည်။ မြို့တော်၌ လူအသေအပျောက် အနည်းငယ်ရှိခဲ့ပြီး လေးပုံသုံးပုံသော ရန်ကုန်မြို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတို့ ဖျက်ဆီးခံရ၍၊ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရသည် ရန်ကုန်မြောက်ဘက် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) အကွာရှိ နေပြည်တော် ကို အုပ်ချုပ်မှုမြို့တော်အသစ်အဖြစ် သတ်မှတ်၍၊ တပြိုင်နက်တည်းမှာပင် များစွာသော အစိုးရဌာနများကို အသစ်တည်ဆောက်ပြီးသည့် မြို့တော်သို့ ပြောင်းရွှေ့စေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ရန်ကုန်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့တော်နှင့် အရေးကြီးဆုံးစီးပွားရေးဗဟိုအချက်အချာ အဖြစ် ဆက်လက်တည်ရှိနေသည်။ ပထဝီဝင်အနေအထား ရန်ကုန်မြို့သည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ စီးဝင်ရာ မုတ္တမပင်လယ်ကွေ့မှ ကွာဝေးသည်။ ရာသီဥတု ရန်ကုန်မြို့ဟာ ကိုပင်၏ ဥတုရာသီ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းစနစ်အရ အပူပိုင်းမုတ်သုံရာသီဥတုအတွင်း တည်ရှိသည်။ မြို့တော်တွင် မိုးရာသီကာလသည် ရှည်ကြာလေ့ရှိပြီး မေလမှ အောက်တိုဘာလအထိရှိတက်ကာ မိုးရေအများအပြား ရရှိသည်။ နိုဝင်ဘာလမှ ဧပြီလတိုင်အောင် ခြောက်သွေ့သောရာသီပင် မိုးဖွဲ့များ ကျတက်သေးသည်။ များသောအားဖြင့် ရန်ကုန်၌ မိုးများ သည်းထန်စွာရွာသွန်းခြင်းကို မုတ်သုံရာသီကာလအတွင်း တွေ့ရသည်။ တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းလာသည်နှင့် ရန်ကုန်မြို့၏ အပူချိန်သည် အနည်းငယ်ခြားနားလာတက်ကာ ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ထိ ရှိတက်ပြီး ပျမ်းမျှအနိမ့်ဆုံးအပူချိန်သည် ထိ ရှိတက်သည်။ မြို့တော်မြင်ကွင်း ၁၉၉၀ ခုနှစ် အလယ်နှစ်များတိုင်အောင် ရန်ကုန်သည် ပဲခူး၊ ရန်ကုန်နှင့် လှိုင်မြစ်တို့အကြား ရှေးရိုးကျွန်းဆွယ် နှင့်တူသော အသွင်သဏ္ဌာန်ဖြင့် ပင်ကိုအတိုင်း တည်ရှိနေခဲ့သည်။ လူအများအပြား ပြောင်းရွှေ့ဝင်ရောက်လာ ကြသော်လည်း မြို့တော်မှာ အပြင်ဘက်သို့ အနည်းငယ်မျှသာ ပြောင်းရွှေ့မှုရှိသည်။ ၁၉၄၄ ခုနှစ်၏ မြေပုံအနေအထားအရ အင်းယားကန်၏ မြောက်ဘက်တွင် အနည်းငယ်မျှသော ဖွံ့ဖြိုးတိုးတက်မှုသာရှိခဲ့ပြီး၊ ယခုဘိလပ်မြေဖြင့် ဖုံးလွှမ်းထားသော ဧရိယာများ၊ ပြည့်သိပ်နေသော နေအိမ်များသည် ယခင်က ခြုံနွယ် ပိတ်ပေါင်းတို့ဖြင့် ရှိနေခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းနှစ်များမှ စတင်၍ မြို့တော်သည် မြောက်ဘက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိနေသည့် နေရာအထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။ သို့ရာတွင် ထွက်ပေါ်လာသည့် အဖြေမှာ မြို့တော်ကို နောက်ပိုင်းသို့ ဖြန့်ချခြင်းဖြစ်၍၊ မြို့လယ်ခေါင် ဧရိယာကို ပထဝီဝင်အရ ဗဟိုနေရာမှ ရွှေ့ပြောင်းယူခြင်း ဖြစ်သည်။ မြို့တော်၏ ဧရိယာအကျယ်အဝန်းသည် ၁၉၀၁ ခုနှစ်တွင် ရ၂.၅၂ စတုရန်းကီလိုမီတာမှ ၁၉၄၀ ခုနှစ်တွင် ၈၆.၂ စတုရန်းကီလိုမီတာ၊ ၁၉၇၄ ခုနှစ်တွင် ၂၀၈.၅၁ စတုရန်းကီလိုမီတာ၊ ၁၉၈၅ ခုနှစ်တွင် ၃၄၆.၁၃ စတုရန်းကီလိုမီတာနှင့် ၂၀၀၈ ခုနှစ်တွင် ၅၉၈.၇၅ စတုရန်းကီလိုမီတာသို့ တစ်ဖြည်းဖြည်း တိုးမြှင့်လာသည်။ ရန်ကုန်မြို့ပြလူဦးရေ အုပ်ချုပ်ရေး ရန်ကုန်မြို့တော် စီမံခန့်ခွဲခြင်းကိစ္စရပ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Yangon City Development Committee) (YCDC) မှ တာဝန်ယူဆောင်ရွက်သည်။ ရန်ကုန်မြို့တော်၏ မြို့ပြစီမံကိန်းများကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထိန်းကြောင်းဆောင်ရွက်သည်။ ရန်ကုန်မြို့တော်ကို ခရိုင်လေးခုအဖြစ် ခွဲခြားထားသည်။ ထိုခရိုင်လေးခုတွင် မြို့နယ်ပေါင်း ၃၃ ခု ပါဝင်သည်။ လက်ရှိ ရန်ကုန်မြို့တော်ဝန်မှာ ဦးဗိုလ်ဌေးဖြစ်သည်။ (၂၀၂၁)ခုနှစ်အထိ ရန်ကုန်တိုင်း‌ဒေသကြီးအား ခရိုင် (၄)ခုခွဲ၍ အုပ်ချုပ်သည်။ (၂၀၂၂)ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အောက်ပါအတိုင်း ခရိုင်အသစ်များခွဲကာ စီမံအုပ်ချုပ်လျက်ရှိသည်။ ပညာရေး အခြေခံပညာ ရန်ကုန်မြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၀၀ ခန့် (ခန့်မှန်း) တည်ရှိသည်။ အဆင့်မြင့်ပညာ အစရှိသော အစိုးရပိုင်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များစွာ တည်ရှိသည်။ ကျန်းမာရေး အစိုးရဆေးရုံများ အစိုးရ အထွေထွေရောဂါကု ဆေးရုံများ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (ရန်ကုန်ပြည်သူ့ဆေးရုံကြီး) ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး သင်္ဃန်းကျွန်း စံပြ အထွေထွေရောဂါကု ဆေးရုံကြီး အင်းစိန် အထွေထွေရောဂါကု ဆေးရုံ ရန်ကုန် အရှေ့ပိုင်း အထွေထွေရောဂါကု ဆေးရုံ ရန်ကုန် အနောက်ပိုင်း အထွေထွေရောဂါကု ဆေးရုံ တက္ကသိုလ်များ ဆေးရုံ ခေါ် ရန်ကုန်တက္ကသိုလ် ဆေးရုံ(ခုတင်-၁၀၀) ဒဂုံတက္ကသိုလ်ဆေးရုံ (ခုတင်-၅၀) လှိုင်သာယာ မြို့နယ်ဆေးရုံ သာကေတ မြို့နယ်ဆေးရုံ သန်လျင် အထွေထွေရောဂါကုဆေးရုံကြီး အစိုးရ အထူးကု ဆေးရုံများ ရန်ကုန် ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး ရန်ကုန် ကလေး ဆေးရုံကြီး ရန်ကင်း ကလေး ဆေးရုံကြီး ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီး (ယခင်ကိုလိုနီခေတ် Dufferin Maternity ဆေးရုံ) ဗဟန်း အမျိုးသမီး ဆေးရုံ ခေါ် (ဒေါ်ခင်ကြည်ဆေးရုံ) တောင်ဥက္ကလာပ မိခင်နှင့်ကလေး ဆေးရုံ ရန်ကုန် အလုပ်သမား ဆေးရုံကြီး ရန်ကုန် နား နှာခေါင်း လည်ချောင်း ဆေးရုံကြီး ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီး ခေါ် (ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီး) ရန်ကုန် အရိုး ဆေးရုံကြီး ရန်ကုန် မျက်စိ အထူးကု ဆေးရုံကြီး ရန်ကုန် ကူးစက်ရောဂါကု ဆေးရုံ ရန်ကုန် တိုင်းရင်းဆေး ဆေးရုံ အင်းစိန် အောင်ဆန်း တီဘီရောဂါ အထူးကု ဆေးရုံ အားကစား နိုင်ငံတွင်းနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးနှင့် အခြားအားကစား ပြိုင်ပွဲများ ကျင်းပလေ့ရှိသော သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း၊ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း၊ ပဒုမ္မာ အားကစားကွင်း၊ စလင်း အားကစားကွင်း တည်ရှိသည်။ ၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် နှင့် ၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း တွင် ကျင်းပခဲ့သည်။ မြို့ခံအသင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်သည်။ အိမ်ကွင်းမှ ရန်ကုန်ယူနိုက်တက် အားကစားကွန်ပလပ် ဖြစ်သည်။ အထင်ကရနေရာများ ရွှေတိဂုံစေတီ(ကမ္ဘာ့အံ့ဖွယ်တစ်ခု အပါအဝင်) တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) လှော်ကားသဘာဝဥယျာဉ် ဗိုလ်ချုပ်အောင်ဆန်းဈေး ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် အာဇာနည်ဗိမာန် လွတ်လပ်ရေးကျောက်တိုင် အမျိုးသားပြတိုက် ရန်ကုန်တက္ကသိုလ် ဆူးလေစေတီတော် ကျိုက်ခေါက်စေတီတော် ကမ္ဘာအေးစေတီ ဗိုလ်တစ်ထောင်ဘုရား ဝန်ကြီးများရုံး တိုင်းမ်စီးတီး ရန်ကုန်မြို့တော်ခန်းမ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားဇာတ်ရုံ (ရန်ကုန်) စိန့်မေရီဝတ်ပြုကျောင်းကြီး ကရဝိက် သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း အောင်ဆန်းအားကစားကွင်း မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် ဆေးတက္ကသိုလ် (၁) ရန်ကုန် ညီအစ်မမြို့တော် ယန်ကျိုး၊ ကျန်းစူး ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၊ ယူနန်ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်းနင်မြို့၊ ကွမ်ရှီးကျွမ်းပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုချီမင်းစီးတီး၊ ဗီယက်နမ်နိုင်ငံ ဘူဆန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံ တျူးရင်းမြို့၊ အီတလီနိုင်ငံ ဖူကူအိုကာမြို့၊ ဂျပန်နိုင်ငံ ကွီဇုန်မြို့၊ ဖိလစ်ပိုင်နိုင်ငံ ဓာတ်ပုံများ အခြားကြည့်ရန် ရန်ကုန်မြို့ပြအမွေအနှစ် ပြောင်းလဲထားသော လမ်းနာမည်များ (ရန်ကုန်မြို့) ကိုးကား ပြင်ပလင့်ခ်များ Yangon City Hall website Yangon Travel Guide Satellite picture by Google Maps ရန်ကုန်မြို့ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ပသျှူးဘာသာစကား
ပသျှူးဘာသာစကား (Bahasa Melayu, بهاس ملايو)(မလေးဘာသာစကား) သည် ပသျှူးလူမျိုး၊ မလေးကျွန်းဆွယ်နေသူ၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ နှင့် ဘရူနိုင်းနိုင်ငံ ‌တို့တွင်အသုံးပြုသော ဘာသာစကားဖြစ်သည်။ ပသျှူးဘာသာစကား မလေးရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် အရှေ့တီမောနိုင်ငံ ရုံးသုံးဘာသာဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံနှင့်အရှေ့တီမောနိုင်ငံ၌ ပသျှူးဘာသာကို ဘာဟာစား အင်ဒိုနီးရှား (Bahasa Indonesia) ခေါ်တွင်သည်။ မလေးရှားနိုင်ငံ၌ ဘာဟာစား မလေးရှား (Bahasa Malaysia) ခေါ်တွင်သည်။ ကိုးကား ဘာသာစကား
https://my.wikipedia.org/wiki/%E1%80%95%E1%80%9E%E1%80%BB%E1%80%BE%E1%80%B0%E1%80%B8%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%85%E1%80%80%E1%80%AC%E1%80%B8
စာလုံးပုံစံ
စာလုံးပုံစံ () သည် ပုံစံ၊ အထူအပါးနှင့် အရွယ်အစား သတ်မှတ်ထားသော စာလုံးမျက်နှာ (typeface) တစ်ခု ဖြစ်သည်။ စာစီခြင်း ပုံနှိပ်ခြင်း
https://my.wikipedia.org/wiki/%E1%80%85%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%AF%E1%80%B6%E1%80%85%E1%80%B6
PHP
PHP ဆိုသည်မှာ reflective programming language ဖြစ်ပြီး dynamic web pages တွက် design လုပ်ကာ ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ PHP ဆိုသည်မှာ Hypertext Preprocessor ဖြစ်သည်။ PHP ကို အဓိကအားဖြင့် အောက်ပါ နယ်ပယ် (၃)ခုတွင် အသုံးပြုကြသည်။ Server-side scripting - PHP ၏ အဓိက field ဖြစ်သည်။ Scripts များကို CGI (သို့) server module၊ web server နှင့် web browser တို့အား အသုံးပြု၍ run ခြင်းဖြစ်သည်။ Command line scripting - PHP script ကို server နှင့် browser အသုံးမပြုဘဲ PHP parser(CGI) တစ်ခုသာ သုံး၍ run ခြင်းဖြစ်သည်။ Writing desktop application - PHP ၏ အဆင့်မြင့် features များကို အသုံးပြုပြီး client-side applications များကို ဖန်တီးနိုင်သည်။ ဥပမာ - PHP-GTK ကဲ့သို့သော extension ကို သုံးပြီး client-side အပြင် cross-platform application များကိုပါ ရေးသားနိုင်သည်။ သို့သော် PHP-GTK သည် PHP ၏ main distribution တွင်မပါဝင်သဖြင့် အသုံးပြုရန်လိုအပ်လျှင် သီးခြား ထည့်သွင်းရမည် ဖြစ်သည်။ PHP ကို အဓိက Operating System များဖြစ်ကြသော မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်၊ Linux နှင့် Unix အမျိုးအစား Platform များ Mac OS X နှင့် တခြားသော RISC OS တို့တွင် အသုံးပြုနိုင်သည်။ PHP သည် လက်ရှိတွင် Apache နှင့် IIS တို့အပါအဝင် web server များစွာကို ထောက်ပံ့ပေးနေပြီး ဖြစ်သည်။ တကယ်တမ်းအားဖြင့် PHP သည် ၎င်း၏ lighthttpd, nginx စသည့် FastCGI binary ကို အသုံးပြုထားသော မည်သည့် web server ကို မဆို support လုပ်သည်။ PHP ကို သုံးပြီး HTML output များ၊ pdf file များ၊ ရုပ်ပုံများ၊ flash movies များကို ထုတ်လုပ်ပေးနိုင်သည်။ ထို့အပြင် text file များဖြစ်ကြသော XHTML နှင့် XML ဖိုင်များကိုလည်း auto generate လုပ်ပေးနိုင်သည်။ ထို့အပြင် PHP သည် Database အမျိုးမျိုးကို support လုပ်ပေးနိုင်သည်။ MySQL extension နှင့် ပေါင်းစပ်ပြီး database-enable web page များကိုလည်း ဖန်တီးနိုင်သည်။ PHP သည် HTTP, POP3, SNMP, IMAP, NNTP, LDAP စသည့် protocols များကို အသုံးပြုထားသော services များနှင့်လည်း communicate လုပ်နိုင်သည်။ PHP Group သည် PHP ကိုအဓိက implementation လုပ်ကာ PHP License ဖြင့် ထုတ်လုပ်ထားသည်။ နောက်ဆုံး version မှာ PHP 5.6.8 ဖြစ်ပြီး 16 April 2015 တွင်ထုတ်ခဲ့သည်။ သမိုင်း PHP ကို Common Gateway Interface (CGI) အဖြစ် C programming Language ကို အသုံးပြုပြီး Danish/Greenlandic programmer Rasmus Lerdorf က 1994 မှာ ရေးသားခဲ့ပြီး သူ့ရဲ့ personal homepage တွင် Perl scripts နေရာအား အစားထိုးကာ အသုံးပြုခဲ့သည်။ Lerdorf က data များကို စုစည်းရန်နှင့် သူ၏ page ၏ traffic ကို လက်ခံရန်အတွက် PHP ကိုအသုံးပြုကာ ပြသခဲ့သည်။ Personal Home Page Tools အဖြစ် 8 June 1995 က ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် Lerdorf က သူရဲ့ ကိုယ်ပိုင် Form Interperter ကို ဖန်တီးကာ PHP/FI (PHP version 2 ဖြစ်သည်) ကို ပြုလုပ်ခဲ့သည်။ Zeev Suraski နှင့် Andi Gutmas ဆိုသော Technion IIT မှ Israeli develpoer နှစ်ယောက်သည် 1997 တွင် parser ကိုပြန်လည်ရေးသားကာ PHP 3 ကို ပြုလုပ်ခဲ့သည်။ ထို Language ကို PHP: Hypertext Preprocessor ဟုခေါ်ဆိုခဲ့သည်။ Development team ဟာ PHP/FI2 ကို November 1997 တွင် beta အနေနဲ့ စမ်းသပ်ခဲ့သည်။ PHP3 Public testing ကိုတော့ June 1998 မှ official launch လုပ်ခဲ့သည်။ Suraski နှင့် Gutmas သည် စတင်ပြီး PHP ရဲ့ core ကို ပြန်လည်ရေးသားကာ Zend Engine ကို 1999 တွင်ထုတ်လုပ်နိုင်ခဲ့သည်။ သူတို့ဟာ Zend Technologies ကို Ramat Gan , Israel တွင် စတင်ပြီး လုပ်ဆောင်ခဲ့ပြီး PHP ကို development များကို တစိုက်မတ်မတ်လုပ်ခဲ့သည်။ May 2000 တွင် PHP4 ကို Zend Engine 1.0 စွမ်းအားဖြင့် released လုပ်ခဲ့သည်။ PHP Group သည် အစိတ်အပိုင်းတော်တော်များများကို PHP အဟောင်းကနေ update လုပ်ခဲ့ပြီး version 4 အနေနဲ့ branch များကို ထုတ်လုပ်ခဲ့ကာ October 2007 တွင် 4.4.7 အထိ ဆောင်ရွက်နိုင်ခဲ့သည်။ PHP4 ဟာ security update များကို 8 August, 2008 အထိဆောင်ရွက်ပေးပါသည်။ 13 July ,2004 တွင် PHP 5 ကို Zend Engine II စွမ်းအားဖြင့် ထုတ်ခဲ့သည်။ PHP 5 တွင် လုပ်ဆောင်ချက်အသစ်များစွာ ပါဝင်ခဲ့သည်။ အချို့မှာက object-oriented programming ကို တိုးတက်လုပ်ဆောင်နိုင်ခြင်း PHP Data Objects extension နှင့် ပေါ့ပါးမြန်ဆန်သော interface များဖြင့် လွယ်လွယ်ကူကူ database များကို ချိတ်ဆက်အသုံးပြုနိုင်ခြင်း လုပ်ဆောင်ချက်တိုးမြှင့်လုပ်ဆောင်ထားခြင်း MySQL နှင့် MSSQL တို့ကို ပိုမိုကောင်းမွန်စွာ support လုပ်ထားခြင်း SQLite ကို ထည့်သွင်း support လုပ်ခြင်း SOAP ကိုပါ integrated လုပ်ကာ support လုပ်ခြင်း Data iterators Error handling via exceptions များပါဝင်ခဲ့သည်။ ယခုအခါ PHP ကို 5.x နှင့် 4.4.x တို့ကို developed လုပ်နေပါသည်။ 13 July,2007 တွင် PHP group သည် PHP 4 ကို December 31,2007 အထိသာ development လုပ်တော့မည် ဖြစ်ကြောင်း ကြော်ငြာပြောကြားခဲ့သည်။ သို့သော်လည်းပဲ 8 August,2008 အထိ အရေးပေါ် security update များကို ထောက်ပံ့သွားမည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။ PHP 6 ကိုထုပ်လုပ်ခြင်းမရှိပဲ PHP 7.0.0 Released: ကို 03 Dec 2015 တွင်ထုပ်လုပ်လိုက်ပါသည်။ ကိုးကား http://php.net/manual/en/intro-whatcando.php နည်းပညာ ကွန်ပျူတာ ပရိုဂရမ်းမင်း ဘာသာစကား
https://my.wikipedia.org/wiki/PHP
ဂူဂယ်
ဂူဂယ် () ဆိုသည်မှာ အင်တာနက်တွင် ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် အွန်လိုင်းကြော်ငြာလုပ်ငန်းများကို ကြီးမားကျယ်ပြန့်စွာ ဆောင်ရွက်နေသော အမေရိကန်နိုင်ငံရှိ အများနှင့်သက်ဆိုင်သော ကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ် Mountain View တွင်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ ၂၀၀၇ အထိ အချိန်ပြည့်အလုပ်သမား ၁၃၇၄၈ ဦး ရှိသည်ဟု သိရသည်။ ဂူဂယ်၏ဆောင်ပုဒ်မှာ ကမ္ဘာပေါ်ရှိသတင်းအချက်အလက်များကို စုစည်း၍ အားလုံးအသုံးချနိုင်ရန်နှင့် အကျိုးရှိအောင် သုံးနိုင်ရန် ("Organize the world's information and make it universally accessible and useful.") ဟူ၍ ဖြစ်သည်။ ဂူဂယ်ကိုစတင်တည်ထောင်သူများမှာ ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော ကျောင်းသားနှစ်ဦးဖြစ်သော လယ်ရီပေ့ချ် နှင့် ဆာဂေး ဘရင် တို့မှ ဂူဂယ်အား ရှာဖွေရေး စီမံကိန်းတစ်ခုအဖြစ် ၁၉၉၆ ဇန်နဝါရီလ တွင်စတင်ခဲ့ခြင်း ဖြစ်သည်။ ဂူဂယ်သည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ ပုဂ္ဂလိကကုမ္ပဏီ အဖြစ်စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သက်မှတ်ခဲ့သည်။ အစကနဦး ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် စီးပွားရေးကြော်ငြာ လုပ်ငန်း များအပြင် ဝက်ဘ်ဆိုဒ်အခြေပြု အီလက်ထရောနစ် စာပို့စနစ်များ၊ အွန်လိုင်း မြေပုံလမ်းညွှန်များ၊ ရုံးသုံး ဆော့ဖ်ဝဲလ်များနှင့် အွန်လိုင်းတွင် ဗီဒီယိုဖိုင်များ ဝေမျှခြင်းများ လုပ်ငန်းများ ကို လုပ်ကိုင်လျက် ရှိသည်။ ဂူဂယ်သည် ဝက်ဘ်ဆိုဒ်ရှာဖွေရေးကို အဓိက လုပ်ဆာင်သော်လည်း တခြားသော အွန်လိုင်းသုံး ပရိုဂရမ်များကိုလည်း ထုတ်လုပ်ခဲ့သည်။ အွန်လိုင်းစာပို့မှုအတွက် ဂျီမေးလ် ()၊ အွန်လိုင်းသိုလှောင်မှုအတွက် ဂူဂယ်ဒရိုက်ဖ် (Google Drive)၊ အွန်လိုင်း ရုံးသုံးပစ္စည်း ဂူဂယ်ဒေါ့စ် (Google Docs) နှင့် လူမှုကွန်ရက်တစ်ခုဖြစ်သော ဂူဂဲလ်ပလပ်စ် (Google+) တို့ထုတ်လုပ်ထားသည်။ ကွန်ပျူတာတွင် အသုံးပြရန်အတွက် အင်တာနက်ရှာဖွေရေး အက်ပလီကေးရှင်း၊ ဓာတ်ပုံတည်းဖြတ်ခြင်း အက်ပလီကေးရှင်း နှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများကိုလည်း ထုတ်ဝေထားသည်။ နောက်ထပ် အဓိက လုပ်ငန်းဖြစ်သောလုပ်ငန်းမှာ မိုဘိုင်းဖုန်းများတွင် လည်ပတ်မှု စနစ်ဖြစ်သော အန်းဒရွိုက် လည်ပတ်မှုစနစ် (Android OS) နှင့် ကွန်ပျူတာ လည်ပတ်မှုစနစ် ခရုန်း (Chrome OS) တို့ဖြစ်သည်။ အခုနောက်ပိုင်းတွင်အမာထည် လုပ်ငန်းများကိုလည်း တိုးချဲ့လာခဲ့သည်။ ပစ္စည်းကောင်း၍ ဈေးချိုသော နက်စပ်ဖုန်း (Nexus) နှင့် မိုတိုရိုလာ မိုဘိုင်းကို ၂၀၁၂ ခုနှစ် မေလတွင် ဝယ်ယူခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဂူဂယ် ဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို ကန်စမြို့တွင် စတည်ခဲ့သည်။ ဂူဂယ်သည် တစ်ကမ္ဘာလုံးတွင် အချက်အလက်စင်တာများ တည်ဆောက်ထားပြီး ဆာဗာပေါင်း ၁ သန်းကျော်နှင့် လည်ပတ်နေသည်။ ၁ ရက်လျှင် အွန်လိုင်းရှာဖွေမှုပေါင်း သန်း ၁၀၀၀ ကျော်ကို ရှာဖွေပေးနေသည် (၂၀၀၉ ခုနှစ် အချက်အလက်များအရ)။ ၂၀၁၃ ဒီဇင်ဘာလ အချက်အလက်များအရ ဂူဂယ်ဝက်ဘ်ဆိုဒ် သည် ကမ္ဘာပေါ်တွင် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် အဖြစ်ရပ်တည်ခဲ့သည်။ ဂူဂယ်ဝက်ဘ်ဆိုဒ်ကို ဘာသာစကား မျိုးစုံဖြင့် ဖတ်ရှုနိုင်ပြီး တခြားလူသုံးများသော ဝက်ဘ်ဆိုဒ်များမှာ ယူကျုဘ် (YouTube) နှင့် ဘလော့ဂါ (Blogger) တို့ဖြစ်သည်။ Google ဟာဆိုရင်ဖြင့်တစ်ကမ္ဘာလုံးကအသုံးပြုနေသောအက်ပ်တစ်ခုဖြစ်သည်။ Google သည်လူကြိုက်အများဆုံးနေရာတစ်နေရာသိုရာက်ခဲ့ပြီဖြစ်သည်။ Google ဟာအလွန်အသုံးဝင်သာအက်ပ်တစ်ခုဖြစ်သည်။ သမိုင်းကြောင်း ဂူဂယ်သည် ၁၉၉၆ ဇန်နဝါရီလတွင် လယ်ရီပေ့ချ် (Larry Page) နှင့် ဆာဂေး ဘရင် (Sergey Brin) ဟူသော စတန်းဖို့ဒ် တက္ကသိုလ်မှ ပီအိပ်ချ်ဒီ ကျောင်းသား ၂ ယောက် တင်သွင်းခဲ့သော Search Engine အကြောင်း ရေးသားထားတဲ့ စာတမ်းတစ်စောင်မှ စတင်ခဲ့သည်။ အစပိုင်းတွင် သူတို့၏ Search Engine ကို BackRub လို့ အမည်ပေးခဲ့သည်။ ဆိုဒ်တစ်ခု၏ အရေးပါမှုကို သူ့ကို ရည်ညွှန်းထားတဲ့ backlinks တွေပေါ်မူတည်ပြီး ခန့်မှန်း သတ်မှတ် ဖို့ ဒီဇိုင်းထုတ်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် ယင်းမတိုင်မီက ထိုနည်းစနစ်ကို သုံးထားသော Rankdex အမည်ရှိ search engine တစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ သူတို့ နှစ်ယောက်သည် သီးစစ်လုပ်နေစဉ်အတွင်း ဂူဂယ် ဖြစ်လာမည့် search engine အတွက် အခြေခံများ တည်ဆောက်နိုင်ခဲ့ကြသည်။ အစပိုင်းတွင် သူတို့ search engine ၏ လိပ်စာသည် စတန်းဖို့ဒ် တက္ကသိုလ်၏ subdomain တစ်ခုဖြစ်သော google.stanford.edu အနေဖြင့် စတင်ခဲ့သည်။ google.com ဒိုမိန်း ကို ၁၉၉၇ စက်တင်ဘာလ ၁၅ ရက်နေ့တွင်မှ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၈ စက်တင်ဘာလ ၄ ရက်နေ့တွင် Google Inc. ကို သူငယ်ချင်းတစ်ယောက်၏ ကားဂိုထောင်ထဲတွင် စတင်ခဲ့သည်။ ထိုကဲ့သို စတင်နိုင်ရန်အတွက် လိုအပ်သော ငွေ အရင်းအနှီးကို Sun Microsystems ကို စတင်တည်ထောင်ခဲ့သူ Andy Bechtolsheim က ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်တစ်ခု စတင် ထုတ်ပေးရာမှ အခြားရင်းနှီးမြုပ်နှံသူများ ပါဝင်လာပြီး စုစုပေါင်း ဒေါ်လာ ၁.၁ သန်းအထိ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ မတ်လ တွင် ဆီလီကွန် တောင်ကြားတွင် ရှိသော Palo Alto သို့ ကုမ္ပဏီကို ပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်းတွင် ထိုအဆောက်အဦးများကို ဂူဂယ်ပလက်စ်အဖြစ် လူသိများလာခဲ့သည်။ ဂူဂယ်သည် ရိုးစင်းသော ဒီဇိုင်းနှင့် လွယ်ကူစွာ အသုံးချနိုင်မှုတို့ကြောင့် အသုံးချသူ အများစုက နှစ်သက်ခဲ့ကြသည်။ ၂ဝဝဝ ခုနှစ်က စတင်ပြီး ဂူဂယ်တွင် Search Keywords တွေကို အခြေခံသော ကြော်ငြာများ စတင် ထည့်သွင်းလာခဲ့သည်။ ဂူဂယ် အမည် စတင်ဖြစ်ပေါ်လာပုံမှာ "googol" (၁ နောက်မှ သုည ၁၀၀ လုံး) ဟူသော စာလုံးကို "google" ဟု မှားပေါင်းရာက စလာခဲ့ခြင်းဖြစ်ကာ Merriam Webster Collegiate Dictionary နှင့် Oxford English Dictionary များတွင် google ၏ အဓိပ္ပာယ်ကို "အင်တာနက်မှ အချက်အလက်များရယူရန် ဂူဂယ် Search Engine ကို အသုံးပြုခြင်း" ဟု ၂၀၀၆ မှ စတင်ကာ ထည့်သွင်းခဲ့သည်။ အချက်အလက်စင်တာများ ၂၀၁၄ ခုနှစ်အထိ ဂူဂယ်သည် အမေရိကန်နိုင်ငံ တွင် အချက်အလက်စင်တာ ၆ ခု၊ ချီလီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် ထိုင်ဝမ်တို့တွင် စင်တာ ၁ ခုထိ ထားရှိလည်ပတ်နေသည်။ ၂၀၁၁ ခုနှစ်အတွင်းက နောက်ထပ် အာရှတိုက်တွင် အချက်အလက်စင်တာ ၃ ခု တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထပ်မံ ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ၎င်းအချက်အလက်စင်တာများကို စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့တွင် တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဝါရှင်တန်ပို့စ် သတင်းစာက ဂူဂယ်၏ အချက်အလက်စင်တာများကြား အချက်အလက်များပေးပို့မှုသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအေဂျင်စီမှ "MUSCULAR" ဟုခေါ်သော ပရိုဂရမ် နှင့် တားဆီးထားပြီး အချက်အလက်ပေးမှုများကြားတွင် မည်သို့မှ စာဝှက်ထားခြင်း (encrypt) မရှိကြောင်း ရေးသားခဲ့သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အချက်အလက်ပေးပို့မှုများတွင် စာဝှက်ထားမှုများ ပြုလုပ်ခဲ့သည်။ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဂူဂယ်၏ အဓိက ဆားဗစ်သည် Google web search engine ဖြစ်သော်လည်း အခြား ထင်ရှား လူကြိုက်များသော ဆားဗစ်များ ရှိသည်။ Google ၏အခြားဆားဗစ်တစ်ခုဖြစ်သော ဂျီမေးလ် သည်လည်း ထင်ရှားသော အီလက်ထရောနှစ် စာပို့စနစ်ဖြစ်သည်။ Google Reader၊ Google Document၊ Google Photo အစရှိသည်တို့သည် ၎င်း၏ အခမဲ့ ဆားဗစ်များဖြစ်ကြသည်။ အခမဲ့ ဆားဗစ်ဟုဆိုသော်လည်း ၎င်းတို့ သတ်မှတ်ပေးထားသော ၁၅ GB ပြည့်သွားပါက ငွေပေး၍ ဝယ်ယူအသုံးပြုနိုင်သည်။ Google Chrome သည်လည်း သွက်လက်ပေါ့ပါးသော Browser တစ်ခုဖြစ်သည်။ ဆော့ဖ်ဝဲများ ဂူဂယ်သည် သူ၏ Google Web Mail Service ထဲတွင် ဖုန်းဝန်ဆောင်မှုအသစ် ထပ်မံထည်သွင်းလိုက်သည်။ ယခင်က ဖုန်းခေါ်ဆိုနိုင်သော်လည်း Gtalk တွင် @gtalk2viop ဆိုသော address ကိုတဆင့်ခံပြီး ဖုန်းနံပါတ်ရိုက်ထည့်မှ ခေါ်ဆိုနိုင်ခဲ့သည်။ ယခု feature အသစ်တွင် Phone feature အပြည့်ပါဝင်လာသောကြောင့် ခေါ်ဆိုမှု ပိုမိုအဆင်ပြေလာသည်။ နိုင်ငံကုဒ် ကိုလည်း တပါတည်း တွဲထည့်ပေးထားသည်။ ၎င်း feature အသစ်တွင် ခေါ်ဆိုမှု မှတ်တမ်း၊ ဖုန်းခေါ်ဆိုမှုနှုန်းထားနှင့် အွန်လိုင်းမှ ငွေအလွယ်တကူခြေနိုင်သော လုပ်ဆောင်ချက်များ ထည့်ပေးထားသည်။ စီးပွားရေး ထုတ်ကုန်များ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဂူဂဲလ်ရှာဖွေရေးပစ္စည်း (Google Search Appliance) ဟု အမည်ရသော ပရိုဂရမ်ကို စတင်မိတ်ဆက်ခဲ့သည်။ ကြီးမားသော အဖွဲ့အစည်းများအတွက် နည်းပညာ ရှာဖွေမှုများကို ပိုမိုထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ ၃ နှစ်ကြာသောအခါ သေးငယ်သော အဖွဲ့အစည်းများအတွက် ရည်ရွယ်သော မီနီဗားရှင်း ကိုမိတ်ဆက်ခဲ့သည်။ ၂၀၀၆ ခုနှစ် နှောင်းပိုင်းတွင် စိတ်ကြိုက်ရှာဖွေရေး။ စီးပွားရေး အက်ဒီရှင် (Custom Search Business Edition) ကို စတင်ရောင်းချခဲ့သည်။ ယင်းသည် ဂူဂယ်ဝက်ဘ်ဆိုဒ်] ကို ကြော်ငြာများမပါဝင်ဘဲ အသုံးပြုနိုင်သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ဝန်ဆောင်မှုကို အွန်လိုင်းဝန်ဆောင်မှုအဖြစ် ပြောင်းလဲခဲ့သည်။ ဂူဂယ် အက်ပလီကေးရှင်း များကို ပိုမိုဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ဂျီမေးလ် နှင့် ဂူဂယ်ဒေါ့စ် တို့ကို ကိုယ်ပိုင်ဒိုမိန်းဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော ဝန်ဆောင်မှုများကို Edition အမြောက်အမြား ထုတ်ဝေခဲ့သည်။ အခြေခံ အခမဲ့ (စံသတ်မှတ်ထားသော Edition)၊ စီးပွားရေး၊ ပညာရေး နှင့် အစိုးရအတွက် စသည်ဖြင့် အမျိုးမျိုးထုတ်ဝေခဲ့သည်။ ကော်ပိုရိတ်ရေးရာ နှင့် ယဉ်ကျေးမှု ဖော်ကျွန်းမဂ္ဂဇင်း၏ ဖော်ပြချက်အရ ဂူဂယ်ကုမ္ပဏီသည် ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်တို့မှ အလုပ်လုပ်ရန်အတွက် အကောင်းဆုံးကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းခံရသည်။ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်တို့တွင် စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၀ တွင် ဘွဲ့ရလူငယ်များအတွက် အလုပ်လုပ်ရန် ဆွဲဆောင်မှုအရှိဆုံးကုမ္ပဏီအဖြစ်လည်း သတ်မှတ်ခံထားရသည်။ ဂူဂယ်၏ လုပ်ငန်းရေးရာ ဆောင်ပုဒ်များမှာ "မကောင်းတာမလုပ်ဘဲ ပိုက်ဆံရနိုင်တယ်"၊ "သင်ဟာ တူညီဝတ်စုံမဝတ်ဘဲ လူအများလေးစားရသောလူဖြစ်နိုင်သည်"၊ "အလုပ်ကို စိန်ခေါ်ရမည်ဖြစ်ပြီး၊ စိန်ခေါ်မှုဟာ ပျော်စရာဖြစ်သင့်ပါတယ်" တို့ ဖြစ်သည်။ ၂၀၁၃ ခုနှစ် အချက်အလက်များအရ ဂူဂယ်တွင် ဝန်ထမ်း ၄၇၇၅၆ ဦး အလုပ်လုပ်နေကြကာ ဆော့ဝဲလ် ရေးသူ ၁ သောင်းကျော် ပါဝင်ပြီး ရုံးခွဲ ၄၀ ကျော်တွင် ရုံးစိုက်ထားသည်။ ကိုးကား ဂူဂယ် ကွန်ပျူတာ ကော်ပိုရေးရှင်းများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%B0%E1%80%82%E1%80%9A%E1%80%BA
နက်စ်ဒက်ခ်
နက်စ်ဒက်ခ် စတော့ဈေးကွက် (; ) ဆိုသည်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စတော့ဈေးကွက်ဖြစ်သည်။ NASDAQ သည် အမေရိကန်ပြည်ထောင်စုရှိ အီလက်ထရွန်းနစ် ဖန်သားပြင်များဖြင့် စတော့ အရောင်းအဝယ်ပြုလုပ်သော ဈေးကွက်များတွင် အကြီးဆုံးဖြစ်သည်။ စုစုပေါင်း ကုမ္ပဏီ ၃၂၀၀ ကျော်မျှ စာရင်းရှိပြီး ကမ္ဘာပေါ်ရှိ အခြား စတော့ဈေးကွက်များထက် ပိုများသောစာရင်းရှိပြီး တစ်နေ့တာအတွက် ကုန်သွယ်မှုပမာဏ(trading volume)မှာလည်း ပို၍ များပြားသည်။ NASDAQ ကို ၁၉၇၁ ခုနှစ်တွင် စတော့ရှယ်ယာရောင်းဝယ်သူများ အဖွဲ့ (National Association of Securities Dealers) (NASD) မှ စတင်ထည်ထောင်ခဲ့ပြီး ထိုကုမ္ပဏီသည် ၂၀၀၀ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်အတွင်း အပိုင်းပိုင်းခွဲ၍ မိမိဘာသာရောင်းချခဲ့သည်။ ယခုအခါ NASDAQ OMX Groupမှ ပိုင်ဆိုင်၍ လည်ပတ်မှုပြုနေပြီး ထိုကုမ္ပဏီ၏ ရှယ်ယာမှာ သူပိုင်ဆိုင်သော စတော့ဈေးကွက်တွင် ၂၀၀၂ ခုနှစ်မှ စတင်၍ ရောင်းချနေခဲ့ပြီး Securities and Exchange Commission (SEC) မှ ဈေးကွက်အတွင်း စတော့ရောင်းဝယ်မှုများကို စောင့်ကြပ်ကြည့်ရှုနေသည်။ ကိုးကား စတော့ခ် အိတ်ချိန်း
https://my.wikipedia.org/wiki/%E1%80%94%E1%80%80%E1%80%BA%E1%80%85%E1%80%BA%E1%80%92%E1%80%80%E1%80%BA%E1%80%81%E1%80%BA
ပီမိုးနင်း
ရုပ်သွင် ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရည် စိုနေပြီး အတော်ပင်ဝသည်။ သူသည် ကတုံးဗိုကေကလေးနှင့် ဖြစ်လေ၏။ အင်္ကျီလက်တို ကော်လန်ကလေးဝတ်ထား၍ အပေါ်အင်္ကျီမပါ ရခိုင်လုံချည် အနီနှင့်အစိမ်းကွက်ကို ဝတ်ဆင်ထားလေသည်။ လက်တအုပ်ခန့်ရှိ အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏တုတ်ခိုင်သောခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်လျက်ရှိပေသည်။ သူ့ရုပ်ကိုကြည့်လျှင် တရုတ်ကပြားကြီးနှင့် တူလေသည်။ ဘဝဇာတ်ကြောင်း "ကျွန်ုပ်သည် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက် တနင်္လာနေ့ နံနက် ၉ နာရီ၊ ဆွမ်းတော်ဗျို့ ဟု အော်ပြီး ဘုန်းကြီးကျောင်းသားကလေးများ ဆွမ်းခံသောအချိန်၌ မွေးဖွားခဲ့လေသည်။ ကျွန်ုပ်ကို ဖွားမြင်သော ထိုနေ့နံနက်၌ မိုးနှင်းများ ထူထပ်စွာ ကျရောက်နေရကား အချိန် ၉ နာရီ၊ ၁ဝ နာရီ ထိသည်တိုင်အောင် နေရောင်ခြည်ကို ကောင်းစွာ မမြင်ရချေ။ ထိုမျှ ထူထပ်စွာ ကျရောက်နေသော မိုးနှင်းများကို အစွဲပြု၍ ကျွန်ုပ်အား မိုးနှင်း ဟူသော အမည်ဖြင့် ရပ်ရွာက အသိအမှတ်အမည်ပေးကာ ခေါ်ဝေါ်ခဲ့ကြလေသည်။" ဤသို့လျှင် ဆရာကြီး ပီမိုးနင်းသည် မိမိ၏ အတ္ထုပ္ပတ္တိ ဖြစ်သော ပီမိုးနင်း၏ပီမိုးနင်း စာအုပ်တွင် မှတ်တမ်း တင်ခဲ့သည့်အတိုင်း သက္ကရာဇ် ၁၂၄၅ ခုနှစ် အတွင်းက သုံးဆယ်မြို့ ရွာမရပ်တွင် ဖွားမြင်ခဲ့သူ ဖြစ်ပေသည်။ ငယ်မည်မှာ မိုးနှင်း ဖြစ်၍ ဇာတာအမည်မှာမူ မောင်ကျော်ညွန့် ဖြစ်သည်။ အမိ၊ အဖများမှာ ဆင်းရဲနွမ်းပါး ကြသည်။ ထို့ကြောင့်လည်း အမိလုပ်သူသည် တောင်းရွက်၍ ဈေးထွက်ရောင်းရသော အချိန်များတွင် မောင်ကျော်ညွန့် (ခေါ်) ပီမိုးနင်းသည် ငယ်ရွယ်သေးသူပင် ဖြစ်သောကြောင့် အိမ်တွင်နေရစ်ခဲ့ရ၍ ကွေးလေးနုနယ်သော နှမငယ်ကို ထိန်ကျောင်းရခြင်းများ ပြုလုပ်သည့်အပြင် အခြားအချိန်များ၌လည်း မိမိ အဝတ်၊ နှမငယ် အဝတ်၊ အမိအဝတ် တို့ကို လျှော်ဖွပ်ခြင်း၊ ဟင်းရွက် ဟင်းလျာ ရှာခြင်း ဖွေခြင်း၊ ညစာ နံနက်စာ ချက်ချင်း ပြုတ်ခြင်း စသော ဗာဟီရ အလုပ်များကို လုပ်ကိုင်ရရှာသည်။ သို့ကြောင့်ပင် အသက်အတန်ငယ်ရင့်မှသာ အာ-စီ-အင် (မ်) ခရစ်ယာန် သာသနာပြု ကျောင်းတွင် စာပေသင်ကြားခွင့် ရတော့သည်။ ထိုကျောင်းတွင် ၃ နှစ်ကျော် ၄ နှစ်ခန့် နေ၍ အင်္ဂလိပ် - မြန်မာ ၄ တန်း အောင်ပြီးနောက် ကျောင်းအုပ် ဖြစ်သော ခရစ်ယာန် ဘုန်းကြီး ဖာသာရ်-ဝဲလဝါး၏ စောင်မ ကြည့်ရှုမှုဖြင့် မော်လမြိုင်မြို့ရှိ ဆန်မင်နာရီကျောင်း (Seminary School) ခေါ် ဘုန်းကြီး အတတ်သင်ကျောင်းသို့ သွားရောက်သင်ကြားခွင့် ရခဲ့သည်။ ထိုကျောင်းတွင် လက်တင်ဘာသာ၊ လက်တင် သဒ္ဒါကို အထူး တတ်မြောက်ပေသောကြောင့်လည်း ပညာကို တိုးတက် သင်ကြားစေရန်အလို့ငှာ ၃ နှစ်ခန့် အကြာတွင် ပီနံ မြို့ရှိ ‘ဂျင်နရယ် ကောလိပ်' (General College) ခေါ် ပြင်သစ်ပြည် ပါရစ် မြို့တော်မှ တဆင့် ခွဲ၍ ထားသော သိပ္ပံ ကျောင်းကြီးသို့ ပို့လွှတ်ခြင်း ခံရသည်။ သို့ရာတွင် ဗရင်ဂျီဘုန်းကြီး လုပ်ရန်ကို များစွာ စိတ်မပါသောကြောင့် ပီနံသို့ ရောက်၍ များမကြာမီ အသက် ၁၉ နှစ် အရွယ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိ လာပြန်ကာ ရှေးဦးစွာ ငယ်ဆရာ ငယ်ကျောင်း ဖြစ်သော ဖာသာရ်-ဝဲလဝါး၏ အာ-စီ-အင် (မ်) ကျောင်းတွင်ပင် ဆရာအဖြစ် ခန့်ထား ချီးမြှင့်ခြင်း ခံရသည်။ သည့်နောက်ပိုင်း တွင်မူ ကြို့ပင်ကောက်သို့ ပြောင်း၍ အာ-စီ-အင် (မ်) ကျောင်းဆရာအဖြစ် ခေတ္တခဏမျှ လုပ်ကိုင်လိုက်သေး၏။ သို့ရာတွင် ဆင်းရဲ နွမ်းပါးသူတို့ အကြား စိတ်၏တည်ငြိမ်မှု မရရှိနိုင်သေးသောကြောင့် ထိုမှ ဤမှ လှည့်လည် သွားလာနေကာ နောက်ဆုံးတွင် ပြည်မြို့သို့ ရောက်သွားသည်။ ပြည်မြို့ တွင်လည်း ခေတ္တခဏမျှလောက်သာ ပြည်ဆေးရုံကြီး၌ စာရေးကြီးအဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး လယ်တီ ဆရာတော် ဘုရားကြီး ပြည်မြို့သို့ကြွလာတော်မူခိုက်တွင် အလုပ်မှထွက်ပြန်ကာ ဆရာတော်ဘုရားကြီး ထံတော်တွင် ရဟန်းခံလေသည်။ နောက် ပဉ္စင်းဝတ်နှင့်ပင် ရန်ကုန်မြို့သို့ ရောက်သွားပြီး တည်းစရာခိုစရာ မရှိသောကြောင့် ညောင်တုန်းကျောင်းတိုက်၊ ဦးဗျားတောရ ကျောင်းတိုက်၊ ဂျောင်ဝိုင်းကျောင်းတိုက် တို့သို့ လှည့်လည် နားနေပြီး နောက်ဆုံးတွင် သိက္ခာချ သင်္ကန်းချွတ်၍ လူဝတ်လဲ လိုက်လေသည်။ စာပေအရေးအသားတွင် အထူးဝါသနာထုံသော ဆရာကြီး ပီမိုးနင်း၏ စာရေးဆရာဘဝကား ဤတွင်စပေပြီ။ သင်္ကန်းဝတ်နှင့် ရှိစဉ် လောဂျစ် (ခေါ်) တက်ကျမ်း တစောင်ကို ပြုစုပြီးခဲ့လေသည်။ သို့သော် ဝမ်းရေးအတွက် ထိုကျမ်းကလေးကို ရောင်းရပေတော့မည်။ ထို့ကြောင့် ဟံသာဝတီ သတင်းစာတိုက်သို့ သွား၍ ထိုကျမ်းကလေးကို ပြရှာ၏။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့်စာပေဟူ၍ ပယ်ခြင်းခံရသည်။ သို့ရာတွင် ထိုတိုက်ရှင် သူဌေး မစ္စတာရစ်ပလေ၏ ညှာတာထောက်ထားမှုကြောင့် ထိုတိုက်တွင်ပင် တလလျှင် ၃ဝိ ဖြင့် ဘာသာပြန်အလုပ်ကို လုပ်ကိုင်ခွင့် ရခဲ့သည်။ ဤ သတင်းစာတိုက်တွင်လည်း များစွာ မကြာခဲ့။ ၆ လခန့် ရှိသောအခါ ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် အလုပ်မှ ထွက်လိုက်ရ ပြန်ကာ ကျန်းမာလာပြန်သော အခါ၌လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် အမြို့မြို့ အနယ်နယ်သို့ လှည့်လည် ရှာဖွေရ ပြန်သည်။ နောက်ဆုံးတွင် ဟင်္သာတမြို့အနီး ဓမ္ဘီမြို့သို့ ရောက်သွားကာ ငယ်ဆရာ ဖာသာရ်-ဝဲလဝါး၏ ကျေးဇူးကြောင့်ပင် ဓမ္ဘီကျောင်း၌ ဓမ္ဘီကျောင်းအုပ်ကြီးက ကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုအတွင်း ဒေါ်စိန်တင့် နှင့် ချစ်ကြိုက် ရည်ငံကာ များမကြာမီပင် လူကြီးမိဘများ၏ သဘောတူညီချက်အရ လက်ထပ်လိုက်ကြသည်။ ဆရာကြီးကား ထိုအချိန်တွင် အသက် (၂၄)နှစ်ခန့် ရှိလေသည်။ ချစ်စခင်စ ကြင်နာစ ဖြစ်သော ဇနီးကလေးအားလည်း မျက်စိအောက်က အပျောက် မခံနိုင်အောင် ချစ်လွန်းလှသည့်အပြင် ယောက္ခမလုပ်သူများကလည်း လယ်ယာချောင်းမြောင်းနှင့် အတော်အသင့် ပြည့်စုံသူများ ဖြစ်သဖြင့် အလုပ်မှ ထွက်လိုက်ပြန်လေသည်။ သို့နှင့် နောက်တနှစ်တွင် သားဦးကလေး မောင်ကျော်စိုးကို ဖွားမြင်ခဲ့ပေသည်။ ဆရာကြီး အသက် ၃ဝ ခန့်အရွယ်၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်၌ သုံးဆယ်မြို့တွင် မိတ်ဆွေများ အကူအညီဖြင့် စာပုံနှိပ်စက်တစက် ထောင်ကာ မြန်မာ့မိတ်ဆွေမဂ္ဂဇင်း ကို ထုတ်ဝေနေခိုက် ဖြစ်သည်။ သို့ရာတွင် စစ်၏ဒဏ်ကြောင့် စက္ကူများလည်း လုံလောက်စွာ မရ၊ ဈေးနှုန်းခ များလည်း အဆမတန် ကြီးလေးလာရသဖြင့် မဂ္ဂဇင်းထုတ်ဝေခြင်းကို ရပ်စဲပြီး ၆ နှစ်သား ဖြစ်သော သား မောင်ကျော်စိုးနှင့် ဇနီး ဒေါ်စိန်တင့် တို့ကို ထားခဲ့ကာ ရန်ကုန်မြို့သို့ အလုပ်ရှာ သွားပြန်သည်။ ရှေးဦးစွာ သူရိယသတင်းစာတိုက်တွင် စစ်သတင်းများကို ဘာသာပြန်ဆို ရေးသားသည့်ဘက်၌ အလုပ်ရ၏။ နောက် မြန်မာ့အလင်းသတင်းစာတိုက်သို့ ရောက်ရှိ သွားပြန်၏။ ထိုမှတဖန် သူရိယသတင်းစာ တိုက်သို့ သံသရာလည်လာပြန်၏။ သူရိယသတင်းစာတိုက်တွင် လုပ်ကိုင်နေခိုက် အလုံရပ်ရှိ ‘ဘက်ပတစ်’ ကျောင်း၌ လက်တင်ဆရာတယောက် အလိုရှိကြောင်း ကြော်ငြာစာ တွေ့သဖြင့် အမည်ရင်း ဖြစ်သော မောင်ကျော်ညွန့် အမည်နှင့် လျှောက်ထားရာ မြန်မာလူမျိုးကို မခန့်နိုင်ကြောင်း နောက်တစ်နေ့တွင် စာပြန်လာလေသည်။ ထို့ကြောင့် အင်္ဂလိပ် အမည်နှင့်တဆင်ယောင်ယောင်ရှိသော အရပ်အခေါ် မိုးနင်းကို သတိရလာကာ မော်လမြိုင်သွားစဉ်က ယူထားသော ဗရင်ဂျီဘာသာအမည် ဖီးလစ် (Philip) မှ အစလုံး အတိုကောက်ယူ၍ ပီမိုးနင်းဟု တစ်ကြိမ်ထပ်မံ၍ လျှောက်လွှာတင်ပြန်သောအခါကျမှသာလျှင် လက်တင်ဘာသာကိုလည်း နဂိုတတ်ကျွမ်းမှု ဓာတ်ခံရှိသည့်အလျောက် အလုပ်ရလေတော့သည်။ ထိုကျောင်းတွင် ဆရာကြီးသည် လက်တင်စာများကို ၄ တန်းမှ ၁ဝ တန်းအထိ တယောက်တည်းသင်ကြားပေးရ၏။ နောက် နွေလကျောင်းပိတ်ရက်သို့ ရောက်သော် ပေါ်ထွက်စ ဖြစ်သော ပညာ့အလင်းမဂ္ဂဇင်း နှင့် အခြားအခြားသောမဂ္ဂဇင်းတို့သို့ ဝတ္ထုများ၊ ဆောင်းပါးများကို ရေးသား ပေးပို့နေရာမှ ပညာ့အလင်းမဂ္ဂဇင်းပိုင်ရှင် ဦးတင်၏ တောင်းပန်ချက်အရ ထိုမဂ္ဂဇင်းတိုက်သို့ ဝင်ရောက်ကာ လစဉ်ဝတ္ထုနှင့် အခြားအခန်းပေါင်းများစွာကို တာဝန်ယူရ၏။ သို့နှင့် မဂ္ဂဇင်းမှတဆင့် သတင်းစာကိုပါ တိုးချဲ့ လိုက်သော အခါတွင် ဘက်ပတစ်ကျောင်းသို့ မပြန်တော့ဘဲ ထိုမဂ္ဂဇင်း၊ သတင်းစာနှစ်ခုစလုံးတွင်ပင် တည်းဖြတ်သည့်ဘက်မှ ဆက်လက် လုပ်ကိုင်သည်။ ပညာ့ အလင်း သတင်းစာ၌ ပိုက်ဆံကြီး အမည်ဖြင့် ဆောင်းပါးများကို လည်းကောင်း၊ နေရီရီ၊ ပွဲစားကြီးသားအဖနှင့် မြမြ စသော ဝတ္ထုရှည်ကြီးများကိုလည်းကောင်း ရေးသားခဲ့ပေ၏။ သို့ရာတွင် ပညာ့အလင်း ၌လည်း များစွာမကြာပဲ အလုပ်မှ ထွက်ပြီးနောက် အောင်တော်မူ ခေါ် တနင်္ဂနွေ တစ်ပတ်လျှင် တကြိမ်ထုတ် ဝတ္ထုကလေးများကို ထုတ်ဝေပြန်လေသည်။ ဤတွင်လည်း များစွာ အကျိုးမပေးသောကြောင့် ဝတ္ထုစာအုပ်ကလေး (၁၄)အုပ် ထုတ်ပြီးသည့် အဆုံးတွင် ရပ်စဲလိုက်ရသည်။ ဤသို့ အားဖြင့် စာရေးဆရာ၏ မြင့်တုံ နိမ့်တုံ ဘဝ နှင့်ပင် ဒဂုန်မဂ္ဂဇင်း၊ လန်ဒန်အတ်မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်း၊ ကဝိတံခွန် မဂ္ဂဇင်း၊ ဗြိတိသျှဘားမား မဂ္ဂဇင်း၊ တက္ကသိုလ်မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်း စသောမဂ္ဂဇင်းများ၊ သူရိယသတင်းစာ၊ မြန်မာ့ အလင်း သတင်းစာ၊ သစ္စာဝါဒီ သတင်းစာ၊ ဗန္ဓုလ သတင်းစာ စသော သတင်းစာများ၊ ဗန္ဓုလ ဂျာနယ်၊ ဒီးဒုတ် ဂျာနယ် စသော ဂျာနယ်များတွင် ဝတ္ထုများ၊ ဆောင်းပါးများကို အများအပြား ရေးသား လေတော့သည်။ ထိုအခိုက် ဗန္ဓုလ ဂျာနယ်တွင် ခေတ္တ ခဏမျှ ဝင်ရောက် လုပ်ကိုင်ရင်း ပိုင်ရှင်များက ဗန္ဓုလသတင်းစာနှင့် ဗန္ဓုလရုပ်ရှင် တို့ကိုပါ တိုးတက် ချဲ့ထွင်လိုက်သောအခါ သားဖြစ်သူ မောင်ကျော်စိုးက ရှေးဦး ပထမ ချစ်တဲ့သူရယ် ဇာတ်ကားတွင် ဇာတ်လိုက် အဖြစ် ပါဝင် ရိုက်ကူးသည်။ ထိုအခါတွင် ဆရာကြီးက ကိုယ်တိုင်ကိုယ်ကျ ဒါရိုက်တာအဖြစ် သင်ကြား ပြသသည်။ နောက် သား မောင်ကျော်စိုးသည် ဗြိတိသျှဘားမား ရုပ်ရှင်သို့ ရောက်သွားပြန်၍ တစ်ကိုယ်တော် ဇာတ်ကားကို ရိုက်ကူးသည်။ ထိုစဉ်အခါ တွင်လည်း ဆရာကြီးကိုယ်တိုင် အကူအညီများစွာ ပေးခဲ့သည်။ ထို့နောက် ဆယ်နာရီ ဇာတ်ကားကို ဆက်လက် ရိုက်ကူး နေစဉ်အတွင်း သားမောင်ကျော်စိုးမှာ လူ မသမာတစ်ဦး၏ ဓားချက်ကြောင့် အသက်ပါသွားရလေသည်။ ဆရာကြီးကား စုတ်တသပ်သပ်နှင့် အထူးတလည်ပင် နှမြောတသရှာမိ၏။ထို့ကြောင့် စိတ်အပျက်ကြီး ပျက်လျက် အလုပ်မှလည်း တခါတည်း ထွက်လိုက် ပေတော့သည်။ ဖခင်နည်းတူပင် မျက်စိအလင်း ချွတ်ယွင်းခဲ့ရသဖြင့် ပူဆွေးသောက ရောက်နေရှာသော မိခင် ဒေါ်စိန်တင့် မှာလည်း ၃ လ နီးပါးခန့် မစားနိုင် မသောက်နိုင် ဖြစ်ပြီးသည့်နောက် သား၏ နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွား ရှာလေသည်။ သားနှင့် ဇနီးတို့ မရှိလျှင် ဆရာကြီး ပီမိုးနင်းသည် ကြွင်းကျန်ရစ်ခဲ့သော သားသမီး တို့ကို ဒေါ်စိန်တင့်၏ ဆွေမျိုးများ ရှိရာ ဓမ္ဘီမြို့သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပို့အပ်ခဲ့ပြီးလျှင် ရန်ကုန်မြို့သို့ ပြန်လာကာ ဝါသနာ ရှိရင်းစွဲ အတိုင်း ဝတ္ထုများ၊ ဆောင်းပါးများ ရေး၍ ဝမ်းကျောင်းရရှာပြန်သည်။ ဘဝနိဂုံး သို့နှင့် မြန်မာ စာဖတ် ပရိသတ်၏ စိတ်နှလုံးကို ယခုထက် တိုင်အောင်ပင် ယူကျုံး စွဲမက်လျက် ရှိစေသည့် ဝတ္ထုရှည်၊ ဝတ္ထုတို အမြောက်အမြား၊ ဆောင်းပါး၊ ကဗျာ အမျိုးမျိုး၊ ကြီးပွား တိုးတက်ရေး ဆိုင်ရာ စာအုပ် စာတမ်း အဝဝကို ကျန သေချာ ရေးသား ဖြန့်ဖြူး ခဲ့ပေသော ဆရာကြီး ပီမိုးနင်းသည် အသက် ၅၆ နှစ် အရွယ် သက္ကရာဇ် ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဆူးလေဘုရားအနီး၌ စက်ဘီး တိုက်ခံသဖြင့် ဒူးဆစ်အထက်ပိုင်း သွင်သွင်ကျိုးသွားကာ ထိုဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ကုသရလေသည်။ ထိုသို့ အတွင်းလူနာအဖြစ် ကုသနေဆဲတွင် အဆုတ်အအေးမိရောဂါကြောင့် သက္ကရာဇ် ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၀၁ ခုနှစ် နတ်တော် လဆုတ် ၁၂ ရက်နေ့) နံနက် ၉ နာရီနှင့် ၁၉ မိနစ် အချိန်တွင် ဘဝဇာတ်ထုတ်ချုပ်ငြိမ်း ပျောက်ကွယ်သွားရရှာပါသတည်း။ ပီမိုးနင်း ရာပြည့်ပွဲ ၁၉၈၃-ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ ရာမခရစ်ရှနာ စာကြည့်တိုက်အဆောက်အဦ၌ စာရေးဆရာကြီး ပီမိုးနင်း ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပသည်။ ထင်ရှားသောလက်ရာအချို့ ကမ္ဘာ့မင်တံကျမ်း၊ လက်တွေ့ကြီးပွားရေးကျမ်း၊ အပျိုစိတ်ကျမ်း၊ လူပျိုစိတ်ကျမ်း၊ အောင်စိတ်၊ သားဂုဏ်ရည် သမီးဂုဏ်ရည်၊ မိန်းမစိတ်ကျမ်း၊ ကာမသိဒ္ဓိကျမ်း၊ လောကီလမ်းညွှန်၊ အစ္စလာမ်အလင်းပြကျမ်း၊ ကမ္ဘာ့အလင်း ကျမ်း၊ ထွက်သက်ဝင်သက်ကျမ်း၊ သိသူဖော်စား မသိသူကျော်သွား၊ နိုင်ငံရေးကျမ်း ဂဏန်းဗေဒင်ကျမ်း ကုန်သည်အိတ်ဆောင်ကျမ်း ဝတ္ထုများ နေရီရီ၊ ပွဲစားကြီးသားအဖနှင့်မြမြ၊ ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်၊ သဲမြညှာ၊ တစ်ကိုယ်တော်၊ နေညိုညို၊ ပင်လယ်ကူးဓာတ်ပုံ၊ သူရဲကောင်းသုံးယောက်(ဘာသာပြန်) ကျမ်းကိုး ပီမိုးနင်း၏ ပီမိုးနင်း။ တကိုယ်တော် ဝတ္ထုလာ ထုတ်ဝေသူ၏ နိဒါန်း။ ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၅၅ လာ ‘ဆရာဇေယျ’ ၏ ‘ဆရာ ပီမိုးနင်း’ ဆောင်းပါး။ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%94%E1%80%84%E1%80%BA%E1%80%B8
ဒိုမိန်းအမည်
အဓိပ္ပါယ်ဖွင့်ဆိုချက် ဒိုမိန်းအမည်ဆိုတာ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်ခု သို့မဟုတ် ကွန်ပျူတာအများကို ကိုယ်စားပြုတဲ့ အမည်တစ်ခုအနေနဲ့ ဆောင်ရွက်ပါတယ်။ ဒိုမိန်းအမည်ကို ဝဘ်ဆိုဒ်ရဲ့ URL မှာ တစ်စိတ်တစ်ပိုင်း ဖော်ပြပါတယ်။ ဒီလို ဒိုမိန်းအမည်မျိုးကို Host name လို့လည်း ခေါ်ပါသေးတယ်။ ဒိုမိန်းတွေဟာ ဒိုမိန်းအမည် မှတ်ပုံတင်လုပ်ငန်း တွေက အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုပေးတဲ့ ကုန်ပစ္စည်း (Product) တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို ဒိုမိန်းအမည်မျိုးကိုတော့ မှတ်ပုံတင်ပြီး ဒိုမိန်းအမည် (Registered domain name) လို့ ခေါ်နိုင်ပါတယ်။ 3.domain name အမည်ပေးစနစ် (Domain Name System - DNS) မှာ အခြားရည်ရွယ်ချက်တွေအတွက် လည်းသုံးပါတယ်။ဥပမာ e-mail လိပ်စာ တစ်ခုမှာ @ သင်္ကေတရဲ့ နောက်က အမည် နေရာမှာသုံးသလို .com လိုမျိုး Top-level domain name မှာလည်းသုံးပါတယ်။ Section Initiation Protocol (VoIP) တွေမှာလည်း သုံးပါတယ်။ DomainKeys တွေမှာလည်းသုံးပါတယ်။ 4.တစ်ခါတစ်လေမှာ domain name ကို web-address လို့လည်း အလွယ်တကူ နှုတ်ကျိုးပြီး ခေါ်လေ့ရှိပါတယ်။(တကယ်တော့ ဒီလိုခေါ်တာဟာ မမှန်ပါဘူး) နောက်ဖော်ပြမယ့် အကြောင်းအရာတွေဟာ မှတ်ပုံတင်ပြီး domain name များကိုပဲ အကျယ်တဝင့် ရှင်းထားတာဖြစ်ပါတယ်။ ခြုံငုံဖော်ပြချက်များ IP Address တွေကို ကိန်းဂဏန်းတွေနဲ့ ကိုယ်စားပြုပါတယ်။ IP Address တွေကိုပိုနားလည်နိုင်အောင် အမည်ပေးရာမှာdomain name များရဲ့ hostnames အမျိုးအစားကိုသုံးပါတယ်။ ဘယ်website ကိုမဆို Internet(သို့) Intranet အတွင်းက မတူညီတဲ့ IP Address ရှိတဲ့ တခြားနေရာတစ်ခုကို ကူးပြောင်းစေနိုင်ပါတယ်။ ကိန်းဂဏန်းတွေနဲ့ address အစား အက္ခရာများနဲ့ address ကိုသုံးခြင်းဖြင့် Internet သုံးစွဲသူများအနေနဲ့ website များနဲ့server-based ဝန်ဆောင်မှုများကို လွယ်လွယ်ကူကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ domain name system ရဲ့ အလျော့အတင်းလုပ်ပေးနိုင်တဲ့ စွမ်းရည်ကြောင့် IP Address များစွာကိုdomain name တစ်ခုတည်းအဖြစ်အသုံးပြုနိုင်ပြီး domain name များစွာကိုလည်း IP Address တစ်ခုတည်းအတွက် သုံးနိုင်ပါတယ်။ ဒါ့ကြောင့် server တစ်ခုဟာ လုပ်ငန်းများစွာ ဆောင်ရွက်နိုင်သလို (တစ်သီးပုဂ္ဂလ website များစွာကို host လုပ်နိုင်သလိုမျိုး) လုပ်ငန်းတစ်ခုတည်းကိုပဲ server များစွာ ဖြန်ေ့၀ခိုင်းစေနိုင်ပါတယ်။ IP Addressတစ်ခုတည်းကိုပဲ server များစွာကိုယ်စားပြုနိုင်ပါတယ်။ Host name များကိုASCIIစာလုံးများ -a မှ z (စာလုံးအကြီးအသေးမလို)၊ 0 မှ 9 ထိဂဏန်းများ၊ hyphen(-)စတာတွေနဲ့အသီးသီးဖြစ်စေ စုပေါင်းလျက်ဖြစ်စေ အမည်ပေးခွင့်ရှိပါတယ်။ မှတ်ပုံတင်လုပ်ငန်းတွေအနေနဲ့လည်း စည်းမျဉ်းများနဲ့ကိုက်ညီတဲ့ domain name များကိုသာ မှတ်ပုံတင်ပေးပါတယ်။ စည်းမျဉ်းမကိုက်ညီသော domain name တစ်ခုမှာ လုံး၀အသုံးမကျပါ။ နိုင်ငံတကာ domain name စနစ် (Internationalized Domain Name;IDN System) ကို host name များရှိ character အသုံးပြုခွင့် စည်းမျဉ်းများကို ကျော်လွှားနိုင်ဖို့ တီထွင်ထားပါတယ်။ domain name များကို domain ဟူ၍ တိုတိုတုတ်တုတ် ခေါ်လေ့ရှိပြီး domain name မှတ်ပုံတင်ဝယ်ယူသူများကို domain owner များဟုခေါ်ကြပါတယ်။ ယေဘူယျသဘောတရားအရ IP Address တစ်ခုနဲ့ server အမည်တစ်ခု အပြန်အလှန်ပြောင်းလဲနိုင်ပါတယ်။ Internet service တော်တော်များများမှာ sever တွေဟာ ဘယ်ဟာသုံးပြီးပြီလဲဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် web ကိုစိတ်ဝင်စားမှု အဆမတန် တိုးပွားလာတာကို ကြည့်ခြင်းအားဖြင့် server တွေထက် website အရေအတွက် ပိုများနေတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကိုလိုက်လျောညီထွေဖြစ်စေဖို့ hypertext transfer protocol(HTTP) ကနေ client မှ server ကို ဘယ်အမည်ကတော့ဖြင့်သုံးပြီးပြီ ဖြစ်ကြောင်း သတင်းပေးပို့စေပါတယ်။ ဒါကြောင့် IP Address တစ်ခုရှိတဲ့ server တစ်ခုဟာ ကွဲပြားတဲ့ domain name တွေနဲ့ site များစွာကိုဆောင်ရွက်နိုင်ပါတယ်။ ဒီစွမ်းရည်ကို virtual hosting လို့သုံးနှုန်းပြီး web hosts များအသုံးများပါတယ်။ ဥပမာ 208.77.188.166 ဆိုတဲ့ IP Address ဟာ အောက်ပါ site တွေကို ကိုယ်စားပြုနိုင်ပါတယ်။ example.com www.example.com example.net www.example.net example.org www.example.org domain name တစ်ခုကို မှတ်ပုံတင်လိုက်တာနဲ့ host name နဲ့ သက်ဆိုင်တဲ့ data တွေကို user ဆီပို့ပေးပါတယ်။ Top-level domains domain name တိုင်း Top-level domain(TLD) name နဲ့ အဆုံးသတ်ရပါတယ်။TLD name များဟာ (character အနဲဆုံး 3 လုံးပါဝင်တဲ့) မျိုးတူ အမည်စာရင်းထဲက တစ်ခုဖြစ်နိုင်သလို ISO - 3166 ကို အခြေခံထားတဲ့ character နှစ်လုံးပါ territory code လည်းဖြစ်နိုင်ပါတယ်။ Top-level domain များကို first-level domain လို့လည်းတစ်ခါတစ်ရံခေါ်ကြပါတယ်။ other-level domains top-level domain အပြင် second-level domain(SLD) လည်းရှိပါသေးတယ်။ SLD တွေဟာ .com .net တို့လို TLD တွေရဲ့ ဘယ်ဘက်မှာရှိပါတယ်။ နောက် third-level domain တွေကို second-level domain တွေရဲ့ ဘယ်ဘက်မှာ ဖော်ပြလေ့ရှိပါတယ်။ fourth level fifth-level စသည် အကန့်အသတ်မရှိ ရှိနိုင်ပါသေးတယ်။ level တစ်ခုစီကို အစက် (dot) (သို့မဟုတ်) ပုဒ်ဖြတ်သင်္ကေတ (period symbol) တစ်ခုစီနဲ့ ခြားထားပါတယ်။ third-level နဲ့ သူ့ရဲ့အထက် level များကို sub domain လို့လည်းခေါ်ပါတယ်။ ဒါပေမယ့် sub domain ဆိုတဲ့ term ကို technical အရ level အားလုံးမှာ သုံးပါတယ်။ ဘာကြောင့်လဲဆိုရင် top-level domain ကိုယ်တိုင်ကိုယ်က root domain (zeroth-level domain လို့ ခေါ်ပြီး dot တစ်ခုတည်းနဲ့ သတ်မှတ်ထားပါတယ်) ရဲ့ sub domain ဖြစ်နေလို့ပါ။ နည်းပညာ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AD%E1%80%AF%E1%80%99%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%8A%E1%80%BA
ဘီလ် ဂိတ်
ဝီလျံ ဟင်နရီ “ဘီလ်” ဂိတ်စ် (သုံး) (၁၉၅၅ ခု၊ အောက်တိုဘာ ၂၈ ရက်တွင် မွေးဖွားခဲ့သူ) သည် အမေရိကန်၏ ဩဇာတိက္ကမ ကြီးမားသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ပရဟိတ လုပ်ငန်းများတွင်လည်း နာမည်ကြီးသူဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။ ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲ ကုမ္ပဏီ ကို ပေါလ် အယ်လန် Paul Allen နှင့်အတူ ပူးတွဲ တည်ထောင်ခဲ့သည်။ သူသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ပထမ နေရာ၌ ၁၉၉၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ ( ၂၀၀၈ တွင်တတိယ အချမ်းသာဆုံးနေရာ ) အပြောင်းအလဲ မရှိဘဲ ရောက်ရှိနေခဲ့သည်။ မိုက်ခရိုဆော့ဖ်တွင်ရှိနေသည့် အချိန်တွင် ဂိတ်စ်သည် စီအီးအိုနှင့် အဓိကဆော့ဖ်ဝဲ ဖန်တီးသူ ရာထူးများ ရရှိခဲ့ပြီး၊ ဘုံရှယ်ယာဈေးကွက်၏ ၈% အထက် ပိုင်ဆိုင်သောကြောင့် တစ်ဦးချင်းရှယ်ယာပိုင်ဆိုင်သူအနေဖြင့် အမြင့်ဆုံးရှယ်ယာ ပိုင်ဆိုင်သူနေရာတွင် မပြောင်းမလဲပဲ ရှိနေခဲ့သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူများနှင့် ပေါင်းစပ်၍လည်းကောင်း စာအုပ်ပေါင်းများစွာ ကိုလည်း ရေးသားခဲ့သည်။ ဂိတ်စ် သည် ကိုယ်ပိုင်ကွန်ပြူတာ ခေတ်ပြောင်းတော်လှန်ရေး၏ ထင်ရှားကြော်ကြားသော စွန့်ဦးတီထွင်သူများအနက် တစ်ယောက် အပါအဝင် ဖြစ်သည်။ အများသူငါတို့၏ လေးစားမှုကို ရရှိသော်လည်း၊ အချို့သော စက်ရုံအတွင်းဝန်ထမ်းများက ဂိတ်စ်၏ လုပ်နည်းလုပ်ဟန်များသည် အများနှင့်ယှဉ်ပြိုင် နိုင်ခြင်းမရှိဟု သုံးသပ်ဝေဖန်ကြသည်။ ၎င်းအမြင်သည် တရားရုံးများမှ တချို့သော ကိစ္စရပ်များတွင် တရားသေ ကိုင်စွဲထားသကဲ့သို့ အမြင်မျိုး ဖြစ်သည်။ နောက်ပိုင်းတွင် ဂိတ်စ်သည် ပရဟိတ လုပ်ငန်းများကို အားထည့် လုပ်ဆောင်လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် Bill & Melinda Gates Foundation ကို အမျိုးမျိုးသော ပရဟိတ လုပ်ငန်းများနှင့် သိပ္ပံသုတေသန လုပ်ငန်းများအတွက် တည်ထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှ စ၍ ဘီလ်ဂိတ်စ်သည် မိုက်ခရိုဆော့ဖ်၏ စီအီးအို အဖြစ်သာ ဆက်လက် လုပ်ကိုင်တော့သည်။ မိုက်ခရိုဆော့ဖ်၏ ဥက္ကဋ္ဌ နေရာအဖြစ်ဆက်လက်နေပြီး၊ အဓိကဆော့ဖ်ဝဲ ဖန်တီးသူ နေရာကို စွန့်လွှတ်ဖို့ ကြိုးစားခဲ့သည်။ ၂၀၀၆ ဇွန်လတွင် ဂိတ်စ် သည် မိုက်ခရိုဆော့ဖ်၏ အချိန်ပြည့်အလုပ်မှ အချိန်ပိုင်းအလုပ်သို့ ကူးပြောင်း ပြီး၊ Bill & Melinda Gates Foundation၏ အချိန်ပြည့် အလုပ်သို့ ကူးပြောင်းတော့မည်ဟု ကြေညာခဲ့သည်။ သူ၏ လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်များကို Ray Ozzie နှင့် Craig Mundie တို့အား တဖြည်းဖြည်းချင်း လွှဲပြောင်းပေးခဲ့သည်။ Ray Ozzieသည် အဓိကဆော့ဖ်ဝဲ ဖန်တီးသူ ဖြစ်ပြီး၊ Craig Mundieသည် သုတေသန အကြီးအကဲနှင့် နည်းဗျူဟာအရာရှိ ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့သည် ဂိတ်စ်၏ မိုက်ခရိုဆော့ဖ်နှင့်ပက်သက်သည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ်၏ တရားဝင်ရာထူး မဟုတ်သည့် ဥက္ကဋ္ဌ နေရာကို ဆက်လက် တာဝန်ယူပေးထားသည်။ သူရညီ ၏ ငယ်စဉ်ဘဝ ဘီလ်ဂိတ်စ် ကို Washington ရှိ Seattle တွင် အဖေ William H. Gates နှင့် Mary Maxwell Gates တို့ထံမှ ဖွားမြင်ခဲ့သည်။ အဖေ William H. Gates သည် အင်္ဂလိပ်-ဂျာမန် လူမျိုးတစ်ဦးဖြစ်ပြီး၊ Mary Maxwell Gates သည် စကော့တလန်-အိုင်းရစ်ချ် လူမျိုး တစ်ဦးဖြစ်သည်။ လူလတ်တန်းစားအထက်တန်းလွှာ မိသားစုဖြစ်ပြီး၊ အဖေလုပ်သူမှာ ထင်ရှားသော ရှေ့နေတစ်ဦးဖြစ်သည်။ အမေလုပ်သူမှာ First Interstate BancSystem နှင့် the United Way မှ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူမ၏ အဖေ J. W. Maxwell မှာ အမျိုးသားဘဏ် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းခဲ့သူဖြစ်သည်။ ဂိတ်စ်တွင် Kristi (Kristianne) ဟုခေါ်သော အစ်မ တစ်ယောက်နှင့် Libby ဟုခေါ်သော ညီမ တစ်ယောက် ရှိသည်။ သူ၏ သူသည် ဂိတ်စ်မိသားစုတွင် လေးယောက်မြောက် နာမည်ဖြစ်သော်လည်း ဖခင်ဖြစ်သူ ထံ၌ နောက်ဆက်တွဲ အနေနှင့် III ပါရှိနေပြီး ဖြစ်သောကြောင့် William Gates III or "Trey" ဟုခေါ်ဆိုကြသည်။ အစောပိုင်းကာလ နှစ်များတွင် ဂိတ်စ်၏မိဘများမှာ အလယ်အလတ် တန်းစား ရုန်းကန်နေကြသူများ အဖြစ်သာ သူ၏ စိတ်ထဲတွင် မှတ်မိနေသည်။ ဘီလ်ဂိတ်စ်ကို အသက် ၁၃ နှစ်သားတွင် Lakeside မူလတန်းကြိုကျောင်း၌ စတင်အပ်နှံသည်။ ဘီလ်ဂိတ်စ် ကိုးတန်း (Eighth grade) ရောက်တော့ အမေများအသင်း မှ Lakeside ကျောင်းရှိ ကျောင်းသားများအတွက် အဆင့်မြင့် ပရင်တာတစ်မျိုးဖြစ်သည့် (ASR-33 teletype) (ဆာဗာထိုင်ထားသော ကွန်ပြုတာမှတဆင့် ပရင်တာလှမ်းထုတ်နိုင်သော) နှင့် ၎င်း၏ ဆက်စပ်ပစ္စည်းအဖြစ်သုံးရန် GE ကွန်ပြူတာ တစုံအား ဝယ်ယူရန် ရန်ပုံငွေရှာဖွေရေး ကျောင်းဈေးပွဲတော် ပြုလုပ်ခဲ့ကြသည်။ ဂိတ်စ်သည် GE စနစ်ကို ပရိုဂရမ်ရေးရန် အခြေခံမှစ၍ စိတ်ဝင်စားခဲ့သည်။ သူ၏ စိတ်ဝင်စားမှုကို အကောင်အထည်ဖော်ရန် အတွက် သင်္ချာဘာသာ အတန်းများအား လွတ်ငြိမ်းခွင့် ရခဲ့သည်။ သူ၏ ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်အား ၎င်းစက်နှင့် ရေးခဲ့ခြင်းဖြစ်သည်။ ယင်း ပရိုဂရမ်မှာ ကွန်ပြုတာနှင့် ကစားရသော ဂိမ်းတစ်မျိုး (tic-tac-toe) ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ဂိတ်စ်သည် ယင်းစက်( ကွန်ပြူတာ )အား အတော်လေး စိတ်ဝင်စားခဲ့ပြီး၊ ဆော့ဖ်ဝဲ ကုတ်နံပါတ်များကို မည်ကဲ့သို့ ပြည့်စုံစွာ မှတ်ထားသနည်း ဆိုသည့်ကိစ္စအား အသည်းအသန် စိတ်ဝင်စားခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက် သူမှတ်မိသွားသည့် အရာမှာ “ ဒီစက်နဲ့ပက်သက်ပြီး အထဲမှာ သေသေသပ်သပ် လုပ်ထားတဲ့ အရာတစ်ခုခု ရှိရမယ်” ဟူ၍ ဖြစ်သည်။ အမေများအသင်း၏ ရန်ပုံငွေ ပွဲ ပြီးသွားသောအခါ DEC PDP minicomputers (DEC PDP နည်းပညာ ကွန်ပြူတာငယ်လေးများ) အပါအဝင် ကွန်ပြူတာ၏ အချိန်နာရီ နှင့်ပက်သက်သည့် စနစ် များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းစနစ်များထဲမှ တစ်ခုမှာ ကွန်ပြူတာ ကုမ္ပဏီီ တစ်ခုဖြစ်သော Computer Center Corporation (CCC) ၏ PDP-10 နည်းပညာ ဖြစ်ပြီး၊ ထို ကုမ္ပဏီမှာ Lakeside ကျောင်းမှ ကျောင်းသားလေးယောက်ဖြစ်သော ဂိတ်စ်၊ ပေါလ် အယ်လမ်၊ ရစ် ဝီလန်း၊ နှင့် ကန့်တ်အီဗန်စ် တို့အား နွေရာသီ ကွန်ပြုတာ သင်တန်းတက်ရန် ပိတ်ပင်ထားသော ကုမ္ပဏီ ဖြစ်သည်။ ထိုပိတ်ပင်မှုမှာ ဂိတ်စ်တို့လေးယောက်၏ ပိုက်ဆံမပေးရဘဲ အသုံးပြုချိန် များများရစေရန် ကွန်ပြူတာ စနစ်တွေကို အဖျက်စနစ် ကလေးများထည့်သွင်းထားမှန်း သိရှိသွားချိန် မှစတင်ခဲ့သည်။ ထိုပိတ်ပင်မှု၏ အဆုံးတွင် ကျောင်းသားလေးယောက်က CCC ၏ဆော့ဖ်ဝဲ အတွင်းရှိ အဖျက်စနစ်ကလေးများ ကိုရှာပေးပြီး၊ အလဲအလှယ်အနေဖြင့် ကွန်ပြူတာ အသုံးပြုချိန် တိုးပေးခြင်း ကို ပြုလုပ်ခဲ့ရသည်။ တယ်လီနည်းပညာ (Teletype) မှတဆင့် သုံးခြင်းထက် ဂိတ်စ်တို့က CCC ရုံးခန်းများသို့ သွားရောက်၍ FORTRAN,LISP နှင့် အခြားစက်များ၏ စနစ်များ အပါအဝင် ထည့်သွင်း အသုံးပြုထားသော ပရိုဂရမ် အမျိုးမျိုး၏ ကုတ်အရင်းအမြစ်ကို လေ့လာခဲ့ကြသည်။ CCC ကုမ္ပဏီ နှင့် ပက်သက်ချိန်မှာ ၁၉၇၀ ခုနှစ် ထိ ဖြစ်ပြီး၊ နောက်ပိုင်းတွင် ကုမ္ပဏီ သည် စီးပွားရေးလောက မှ ထွက်ခွါသွားခဲ့သည်။ နောက်တစ်နှစ်တွင် Information Sciences, Inc. မှ COBOL ဝန်ထမ်းများနှင့် ၎င်းတို့၏ လစာများကို ဖော်ပြရန်အတွက် ကွန်ပြူတာ ပရိုဂရမ် တစ်ခုကို ရေးပေးရန် ကွန်ပြူတာအသုံးပြုချိန်နှင့် အခြားသော အဆင့်မြင့် အထောက်အပံ့ ပစ္စည်းများပါပေး၍ ငှားရမ်းခဲ့သည်။ ဂိတ်စ်၏ ပရိုဂရမ်ရေးနိုင်သော အရည်အချင်းကို ကျောင်းစီမံအုပ်ချူပ်သည့် အဖွဲ့မှ သိရှိသွားပြီးနောက် ဂိတ်စ်က ကျောင်းသားများနှင့်၎င်းတို့၏ အတန်းများကို အချိန်ဇယား ပြုလုပ်ပေးသည့် ကွန်ပြူတာ ပရိုဂရမ်ကို ရေးပေးခဲ့သည်။ ဂိတ်စ်က ပရိုဂရမ်ရေးရာတွင် သူ့ စိတ်ကြိုက်ပြင်ပြီး ကျောင်းသူများများ ပါဝင်သော အတန်းချိန်များတွင် တက်ရောက်နိုင်ရန် ရေးခဲ့သည်။ နောက်ပိုင်းတွင် “စက်(ကွန်ပြူတာ) နဲ့အတူနေမှ အောင်မြင်မှုဆိုတာကို ရှင်းရှင်းလင်းလင်း ပြနိုင်မှာမို့ ငါတော့ စက်နဲ့ဝေးရာမှာ နေဖို့ တော်တော်လေး ခက်မှာပဲ” လို့ ဂိတ်စ် က ပြောပြခဲ့သည်။ အသက် ၁၇ နှစ်တွင် ဂိတ်စ်သည် အယ်လမ်နှင့်အတူ အောင်မြင်မှုတစ်ခုကို ဖော်ဆောင်နိုင်ခဲ့သည်။ ယင်းမှာ Intel 8008 processor တွင် traffic counters များ ပြုလုပ်နိုင်သည့် Traf-O-Data ကိုရေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ အစောပိုင်းတွင် ဘီလ်ဂိတ်စ် သည် အမေရိကန် အောက်လွှတ်တော် အမတ်များအတွက် လွှတ်တော်နှင့်ပက်သက်သည့် ကိစ္စရပ်များ၌ လုပ်ပေးခဲ့သေးသည်။ ဂိတ်စ်သည် ၁၉၇၃ တွင် Lakeside School မှ ကျောင်းပြီးခဲ့သည်။ သူ၏ SAT စာမေးပွဲ ရမှတ်မှာ ၁၆၀၀ တွင် ၁၅၉၀ ရရှိပြီး၊ Harvard College ကျောင်းကို ၁၉၇၃ ခုနှစ် ဟားဒ်ဗတ်ကောလိပ်တွင် ကျောင်းတက်စဉ် ဂိတ်စ်အား နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ် ၏ စီအီးအို ဖြစ်လာစေရန် ပံ့ပိုးပေးသူ Steve Ballmer နှင့်တွေ့သည်။ ဒုတိယနှစ်ကျောင်းသားဘဝတွင် ဂိတ်စ်က algorithm for pancake ကို တီထွင်ခဲ့ပြီး၊ ၎င်းသည် ဖြေရှင်းမရသည့် ပြဿနာ စီးရီးထဲမှ တစ်ခုကို အဖြေထုတ်ပေးနိုင်ခဲ့သည်။ ယင်းကို သူ၏ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ Harry Lewis ၏ combinatorics ဘာသာရပ် အတန်းတစ်ချိန်တွင် ရှင်းလင်းတင်ပြခဲ့သည်။ ဂိတ်စ်၏ အဖြေကို နောက်ပိုင်းတွင် စနစ်တကျ ပြန်လည်ရေးသားပြီး ဟားဒ်ဗတ်ရှိ ကွန်ပြူတာ သိပ္ပံပညာရှင် Christos Papadimitriou ၏ စာတမ်းနှင့်တွဲ၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းသည် နှစ်သုံးဆယ်အတွင်း အမြန်ဆုံး ပုံစံတစ်ခု အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဂိတ်စ်သည် ဟားဒ်ဗတ်၌ ကျောင်းတက်စဉ်က ကျောင်းစာများအား အစီအစဉ်တကျ လေ့လာခဲ့သည် မဟုတ်ဘဲ အချိန်တော်တော်များများကို ကျောင်းရှိ ကွန်ပြူတာများနှင့်သာ ကုန်လွန်စေခဲ့ခြင်း ဖြစ်သည်။ သူသည် အယ်လမ် (Paul Allen) နှင့် အဆက်အသွယ် အမြဲရှိနေခဲ့ပြီး၊ ၁၉၇၄ နွေရာသီတွင် အယ်လမ်က Honeywell နည်းပညာ ကုမ္ပဏီ နှင့် ချိတ်ပေးခဲ့သည်။ နောက်ပိုင်းကပ်ရက် နှစ်တွင် Intel 8080 CPU တွင်အခြေခံသော MITS Altair 8800 နည်းပညာထွက်လာခဲ့သည်။ ဂိတ်စ် နှင့် အယ်လမ် (Paul Allen) တို့က ယင်းကို ၎င်းတို့၏ ကိုယ်ပိုင်ကွန်ပြူတာ ဆော့ဖ်ဝဲကုမ္ပဏီ တစ်ခု စတင်ထူထောင်ရန်အတွက် အခွင့်အလမ်းတစ်ခု အနေနှင့် မြင်နိုင်ခဲ့သည်။ ဂိတ်စ်ကသူ၏ ဆုံးဖြတ်ချက်ကို မိဘများနှင့် ပြောဆိုတိုင်ပင်ခဲ့သည်။ ဂိတ်စ် ၏ ကိုယ်ပိုင်ကွန်ပြူတာ ဆော့ဖ်ဝဲကုမ္ပဏီထောင်ရန်အတွက် ပြင်းပြသော စိတ်ရှိနေကြာင်း သိသွားသော အခါ များစွာ အထောက်အပံ့ ပေးခဲ့သည်။ မိုက်ခရိုဆော့ဖ် BASIC နည်းပညာဆိုင်ရာ ၁၉၇၅ ခုနှစ် ဇန်နဝါရီလ Altair 8800 အီလက်ထရောနစ် နည်းပညာများ ခေတ်စားလာချိန်တွင် ဂိတ်စ်သည် microcomputer ကိုတီထွင်ခဲ့သည့် မိုက်ခရိုရှိ Instrumentation and Telemetry Systems (MITS) သို့ လှမ်း၍ ချိတ်ဆက်ခဲ့သည်။ ကွန်ပြူတာနည်းစနစ်တစ်ခုအတွက် BASIC interpreter အဖြစ် သူနှင့် ကျန်အခြားသူများ လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း လှမ်း၍ အသိပေးခြင်းဖြစ်သည်။ အမှန်တကယ်မှာ Altairကို ဂိတ်စ် နှင့် အယ်လမ် တို့ ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ၎င်းအတွက် ကုတ်နံပါတ်ကိုလည်း ရေးခဲ့ကြသည် မဟုတ်ပေ။ သူတို့ အနေနှင့် MITS ၏ စိတ်ဝင်စားမှုကို သာ ရရှိလိုခဲ့ကြခြင်း ဖြစ်သည်။ MITS ၏ ဥက္ကဋ္ဌ ဖြစ်သူ Ed Roberts က ဂိတ်စ်တို့၏ တီထွင်မှုအစမ်းသရုပ်ပြကိုကြည့်ရန် သဘောတူပြီး၊ ရက်သတ္တပတ် အနည်းငယ်ကြာသည့် သင်တန်းကာလ အတွင်းတွင် ဂိတ်စ်တို့က minicomputer တွင် ထည့်သွင်းအသုံးပြုနိုင်သည့် Altair နှင့် အလားတူ နည်းပညာ တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ ထိုမှတဆင့် BASIC interpreter အဖြစ် အသုံးပြုနိုင်ခဲ့သည်။ Albuquerque ရှိ MITS ရုံးခန်းများတွင် ပြသခဲ့သော ဂိတ်စ်တို့၏ အစမ်းသရုပ်ပြမှုသည် အောင်မြင်ခဲ့ပြီး၊ ရလဒ်အနေနှင့် Altair BASIC အတွက် interpreter ကို တီထွင်ရန် MITS နှင့် ချိတ်ဆက်နိုင်ခဲ့သည်။ ၁၉၇၅ နိုဝင်ဘာလတွင် ပေါလ် အလ်လန်ကို MITS မှ အလုပ်ခန့်ခဲ့ပြီး၊ ဂိတ်စ်သည် Albuquerque ရှိ MITS တွင် ပေါလ်နှင့်အလုပ်လုပ်ရန် Harvard မှ ခဏခွင့်ယူခဲ့သည်။ သူတို့၏ စပ်တူ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်ကို “မိုက်ခရို-ဆော့ဖ်” ဟု အမည်ပေးခဲ့ပြီး၊ သူတို့၏ ပထမဆုံး ရုံးခန်းမှာ Albuquerque တွင် ဖြစ်သည်။ တစ်နှစ်အတွင်းတွင် hyphen ပြုတ်ကျသွားပြီး၊ ၁၉၇၆ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကုမ္ပဏီနာမည်ကို “မိုက်ခရိုဆော့ဖ်” အဖြစ် New Mexico ရှိပြည်နယ်လက်ထောက်ရုံးတွင် မှတ်ပုံတင်ခဲ့သည်။ ဂိတ်စ်သည်လည်း Harvard ကျောင်းသို့ ပြန်မသွားတော့ဘဲ ကျောင်းလည်းမပြီးဆုံးခဲ့ပေ။ အခြေခံ မိုက်ခရိုဆော့ဖ် (Microsoft's BASIC) သည် ကွန်ပြူတာ ဝါသနာရှင်များအကြား ရေပန်းစားခဲ့သည်။ သို့သော် ဈေးကွက်ထဲ မဖြန့်မီ ကော်ပီကို လူထုထံသို့ တိတ်တဆိတ် ဖြန့်လိုက်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကို အမြောက်အမြား ကော်ပီကူးပြီး ဆက်လက် ဖြန့်ချိခဲ့ကြသည်။ ၁၉၇၆ ဖေဖော်ဝါရီလတွင် MITS newsletter မှတဆင့် ကွန်ပြူတာ ဝါသနာရှင်များထံသို့ စာရေးခဲ့သည်။ အဆိုပါစာတွင် MITS မှ ဆက်လက် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုပဲ တန်ရာတန်ကြေး ရသည်အထိ အဆင့်မြင့် ဆော့ဖ်ဝဲများကို ထိန်းသိမ်းထားမည် ဟု ဖော်ပြပါရှိသည်။ ယင်းစာမှာ ကွန်ပြူတာ ဝါသနာရှင်များအကြား သိပ်ပြီး ရေပန်းမစားခဲ့သော်လည်း ဂိတ်စ်ကတော့ ဆော့ဖ်ဝဲ တီထွင်ထုတ်လုပ်သူများသည် တန်ရာတန်ကြေး ပြန်ရသင့်သည် ဟူသော သူ၏ ယုံကြည်ချက်အတိုင်းသာ ဆက်လက်ပြုလုပ်ခဲ့သည်။ ၁၉၇၆ ခုနှစ်နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ်သည် MITS ၏ အရိပ်အောက်မှ ထွက်ပြီး၊ အမျိုးမျိုးသော ဝင်းဒိုး စနစ်များ အတွက် ပရိုဂရမ်ဆော့ဖ်ဝဲ များကို ဆက်လက် ထုတ်လုပ်ခဲ့သည်။ ၁၉၇၉ ဇန်နဝါရီလ ၁ ရက်နေ့တွင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ကို Albuquerque မှ နေရာအသစ် ဖြစ်သော ဝါရှင်တန်ရှိ Bellevue သို့ ပြောင်းရွှေ့ခဲ့သည်။ မိုက်ခရိုဆော့ဖ် ၏ အစောပိုင်းနှစ်များတွင် ဝန်ထမ်းများအားလုံးသည် ကုမ္ပဏီ လုပ်ငန်းများအတွက် များပြားကျယ်ပြန့်လှသော လုပ်ငန်းတာဝန်များကို လုပ်ဆောင်ခဲ့ကြရသည်။ ဂိတ်စ်က လုပ်ငန်းအသေးစိတ်ကို အပေါ်စီးမှ မြင်နိုင်ခဲ့ပြီး၊ ကုမ္ပဏီစည်းမျဉ်း စည်းကမ်းများကို ရေးဆွဲခဲ့သည်။ ပထမ ငါးနှစ်တွင် ဂိတ်စ်က တောက်လျှောက် အသုံးပြုခဲ့သော ကုမ္ပဏီစည်းမျဉ်း စည်းကမ်းများကို တစ်လိုင်းချင်းစီ ပြန်လည် သုံးသပ်ပြီး၊ သူမြင်သမျှ လိုအပ်ချက်တိုင်းကို ပြန်လည် ပြင်ဆင် သတ်မှတ်ခဲ့သည်။ IBM ကုမ္ပဏီ နှင့် စပ်တူလုပ် ၁၉၈၀ တွင် IBM မှ ၎င်းအသစ်ထုတ်လုပ်မည့် IBM PC အတွက် လိုအပ်နေသော BASIC interpreter ရေးရန် မိုက်ခရိုဆော့ဖ်သို့ ချဉ်းကပ်ခဲ့သည်။ IBM ကိုယ်စားလှယ် များက Operating System လိုအပ်နေကြောင်း ပြောသောအခါ ဂိတ်စ်က CP/M Operating System များ၌ အသုံးပြုနေကြ ဖြစ်သော Digital Research ( DRI ) ကို ညွှန်းသည်။ IBM နှင့် DRI တို့ ဆွေးနွေးကြခြင်း၌ သိပ်အဆင်မပြေခဲ့ကြ၊ သဘောတူစာချူပ် ချူပ်ဆိုနိုင်ခြင်း မရှိခဲ့ကြပေ။ IBM ကိုယ်စားလှယ် Jack Sams မှ စာချူပ် ချူပ်ဆိုနိုင်ခြင်းမရှိသည့် အကြောင်းရင်းကို နောက်တစ်နေ့ ဂိတ်စ် နှင့် တွေ့ တွေ့ချင်းတွင် ပြောပြခဲ့သည်။ တဆက်တည်းပင် သင့်တော်သော Operating System တစ်ခု ကို ရှာပေးလိုက်ပါ ဟုလည်း ပြောခဲ့သည်။ ရက်သတ္တပတ် အနည်းငယ် ကျော်လွန် ပြီးနောက် ဂိတ်စ်က 86-DOS (QDOS) ကို အသုံးပြုဖို့ အဆိုပြုခဲ့သည်။ Seattle Computer Products (SCP) တွင်ရှိစဉ် Tim Paterson မှ PC ၏ Hardware ပိုင်းအတွက် ရည်ရွယ်၍ ထုတ်လုပ်ခဲ့သော စနစ်တစ်ခုဖြစ်ပြီး၊ CP/M နှင့် ခပ်ဆင်ဆင်တူသည့် Operating System တစ်ခုဖြစ်သည်။ မိုက်ခရိုဆော့ဖ်က SCP နှင့် ဆက်သွယ်ခဲ့ပြီး၊ SPC ၏ တစ်ခုတည်းသောလိုင်စင်ရ အေးဂျင့် အနေနှင့် လုပ်ကိုင်ခွင့် ရပြီး၊ နောက်ပိုင်းတွင် 86-DOS ၏ ပိုင်ရှင် ဖြစ်လာခဲ့သည်။ PC အတွက် Operating System အထိုင်ကျပြီးနောက် မိုက်ခရိုဆော့ဖ်က IBM သို့ PC-DOS အဖြစ် ဒေါ်လာ ၅၀,၀၀၀ နှင့် အပြတ် ရောင်းချခဲ့သည်။ ဂိတ်စ်က Operating System တွင် ကော်ပီ မူပိုင်ခွင့် ကိုတော့ လွှဲပြောင်းမပေးခဲ့ပေ။ အကြောင်းရင်းမှာ အခြားသော Hardware ရောင်းချသူများမှ IBM ၏ System ကို အတုပြုလုပ်ကြမည်ကို စိုးရိမ်၍ ဖြစ်သည်။ MS-DOS ၏ ရောင်းအားသည် မိုက်ခရိုဆော့ဖ်ကို ဆော့ဖ်ဝဲ ထုတ်လုပ်မှုများ၏ အဓိက ကစားသမား နေရာရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။ ၁၉၈၁ ဇွန်လ ၂၅ ရက်နေ့တွင် ဂိတ်စ်က မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ကို အစစအရာရာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ Washington ပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့ ရင်းနှီးမြှပ်နှံခဲ့ပြီး၊ ဂိတ်စ် မှ မိုက်ခရိုဆော့ဖ်၏ ဥက္ကဋ္ဌရာထူး နှင့်ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌရာထူးများဖြင့် ဆက်လက် လုပ်ကိုင်ခဲ့သည်။ Windows ၁၉၈၅ နိုဝင်ဘာ ၂၀ တွင် မိုက်ခရိုဆော့ဖ်ဝင်းဒိုး ကို ပထမဆုံး ဖြန့်ချိခဲ့သည်။ အခြားသော Operating System တစ်ခုဖြစ်သည့် OS/2 ကို ထုတ်လုပ်တော့မည် ဖြစ်၍ ဩဂုတ်လတွင်ပင် IBM နှင့် လက်တွဲ ဖြုတ်ခဲ့သည်။ ကုမ္ပဏီ နှစ်ခုစလုံးမှာ ပထမဆုံးသော System များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြသော်လည်း တိုးပွားလာသော တီထွင်ကြံဆမှု ခြားနားချက်များက ၎င်းတို့အကြားရှိ မိတ်ဆွေဖြစ်မှုကို အနည်းငယ် ပျက်စီးစေခဲ့သည်။ ၁၉၉၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ဂိတ်စ်က ကုမ္ပဏီ တွင်း မှတ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး၊ ၎င်းမှတ်တမ်းတွင် Operating System နှစ်ခု၏ အဆက်အစပ်မှာ ပြီးဆုံးပြီ ဖြစ်ကြောင်းနှင့် မိုက်ခရိုဆော့ဖ်သည် Windows NT kernel ထုတ်လုပ်ရန် အားထည့် လုပ်ဆောင်သွားမည် ဟု ကြေညာခဲ့သည်။ ဘီလ်ဂိတ်စ်၏ စီမံခန့်ခွဲမှု ပုံစံ မိုက်ခရိုဆော့ဖ် စတင်ခဲ့သည့်အချိန် ၁၉၇၅ ခုနှစ် မှ ၂၀၀၆ ခုနှစ်အထိတိုင်အောင် ဂိတ်စ်သည် ကုမ္ပဏီ၏ ထုတ်လုပ်မှု ဗျူဟာနှင့် ပက်သက်၍ အဓိက တာဝန်ယူထားသူ ဖြစ်သည်။ သူသည် ကုမ္ပဏီ၏ ထုတ်လုပ်မှုအတိုင်းအဆကို အလွန်အမင်း ချဲ့ထွင်ခဲ့ပြီး၊ မိုက်ခရိုဆော့ဖ်မှ ဩဇာကြီးမားသော အောင်မြင်မှုနေရာ တစ်နေရာ ရောက်တိုင်း ဂိတ်စ်က ဉာဏ်ကြီးကြီးနှင့် စောင့်ကြည့်ခဲ့သည်။ အုပ်ချုပ်ရေး အရာရှိ တစ်ယောက်အနေဖြင့် ဂိတ်စ်က မိုက်ခရိုဆော့ဖ်ရှိ အကြီးတန်း မန်နေဂျာများနှင့် ပရိုဂရမ် မန်နေဂျာများနှင့် မကြာခဏ ဆုံတွေ့တတ်သည်။ ၎င်း Meeting များမှ ပထမဆုံး ကောက်ချက်ချသည်များမှာ ဂိတ်စ်သည် မန်နေဂျာများ၏ လုပ်ငန်း ဗျူဟာများ၊ ရှေ့လုပ်ငန်းစဉ်များ နှင့် ပက်သက်၍ လိုအပ်နေသည့် အပေါက်များကို ကုမ္ပဏီ၏ ရေရှည် အကျိုးအတွက် ထိခိုက်နိုင်သည် ဟုယူဆသည်နှင့် တပြိုင်နက်တည်း စကားစစ်ထိုးရန် အမြဲအဆင်သင့် ဖြစ်နေသူ ဟူ၍ ဖြစ်သည်။ သူသည် အစည်းအဝေးများ၏ တင်ပြချက်များ၊ ဆွေးနွေးချက်များ နှင့်ပက်သက်၍ ထင်မြင်ချက်များ ပေးရာတွင် “အဲ့ဒါကတော့ ကျွန်တော်ကြားဖူး သမျှထဲမှာ အရူးသွပ်ဆုံး အရာပဲ” “ခင်ဗျားအနေနဲ့ လက်ရှိခင်ဗျားရဲ့နည်းလမ်းတွေကို ပစ်ချပြီး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ ပေါင်းသင့်တယ်” စသဖြင့် ပြောလေ့ ရှိသည်။ ယင်းကဲ့သို့ မထိန်းနိုင်မသိမ်းနိုင် ပွင့်ထွက်လာသော ပြင်းထန်သည့် ဝေဖန်ချက်များကြောင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ရေးရာတွင် ဂိတ်စ် စိတ်တိုင်းကျသည် အထိ အသေးစိတ် ဂရုတစိုက် လုပ်ကြစေရန် ရည်ရွယ်ရင်းဖြစ်သည်။ သူ၏ အရေးပါသော လက်အောက်ဝန်ထမ်း များ အလုပ်လုပ်ရာတွင် အချိန်ဆွဲ နေတာကိုမြင်တိုင်း ဂိတ်စ် က ထေ့ထေ့ငေါ့ငေါ့ နှင့် ပြောတတ်သည်မှာ “ငါတော့ ဒီအပတ်ကုန်သွားတဲ့အထိ ဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်ရမယ်” မိုက်ခရိုဆော့ဖ် မှာ ဂိတ်စ်လုပ်ခဲ့သလောက် အဓိက ကဏ္ဍကတော့ အုပ်ချူပ်ရေး နှင့် စီမံခန့်ခွဲခြင်း ပါပဲ။ သို့သော် သူသည် အစောပိုင်းကာလများတွင် ဆော့ဖ်ဝဲတီထွင် ထုတ်လုပ်သူ အဖြစ် တက်တက်ကြွကြွ လုပ်ပေးခဲ့သည်။ အထူးသဖြင့် မိုက်ခရိုဆော့ဖ်၏ programming ဘာသာရပ်ဆိုင်ရာ ထုတ်လုပ်မှု များတွင် ဖြစ်သည်။ TRS-80 Model 100 line တွင် လုပ်နေစဉ် ကတည်းက ဂိတ်စ်သည် ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ရှေးရှု့သော အဖွဲ့ တစ်ခုကို တရားဝင် တည်ထောင်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ၁၉၈၉ နောက်ပိုင်းတွင် ကုမ္ပဏီ၏ ထုတ်လုပ်မှုများနှင့် ပက်သက်၍ ဦးဆောင်မောင်းနှင်နိုင်မည့် Code ကို ရေးသားခဲ့သည်။၂၀၀၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ဂိတ်စ် က ဒီလို နေ့စဉ် နေ့တိုင်း အလုပ်တွေ လုပ်မနေတော့ပဲ လာမည့် နှစ် နှစ်အတွင်းမှာ ပရဟိတ အလုပ်တွေအတွက်ပဲ အချိန်ပိုပေးတော့မယ် လို့ ကြေညာခဲ့သည်။ သူ၏ တာဝန်အများအပြားကို အားကိုးရတဲ့သူ နှစ်ဦးဖြစ်တဲ့ Ray Ozzie နဲ့ Craig Mundie တို့ကို ခွဲပေးခဲ့သည်။ Ray Ozzie အား နေ့စဉ် အလုပ်များ( ရေတို ) စီမံခန့်ခွဲသည့် အပိုင်းကို လွှဲပေးပြီး၊ Craig Mundie ကိုတော့ ရေရှည် ထုတ်လုပ်မှုဗျူဟာ ပိုင်းဆိုင်ရာ အပိုင်းကို လွှဲပေးခဲ့သည်။ တရားရေးဆိုင်ရာ ကိစ္စရပ်များ မိုက်ခရိုဆော့ဖ် လုပ်ငန်းများ၏ တရားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပက်သက်၍ ဂိတ်စ် ကသာလျှင် အဆုံးသတ် ဆုံးဖြတ်ချက်ကို ချသူဖြစ်သည်။ ၁၉၉၈ အမေရိကန်ပြည်ထောင်စု နှင့် မိုင်ခရိုဆော့ဖ် ပြဿနာတွင်မူ ဂျာနယ်သမားများက ၎င်းသည် တမင်သက်သက် ကို မရေမရာ ထွက်ဆိုချက်ပေးခဲ့သည်ဟု မှတ်ချက်ပေးခဲ့ကြသည်။ ဂိတ်စ်က “ယှဉ်ပြိုင်ခြင်း”၊ “ပက်သက်ခြင်း” နှင့် “ကျွန်ုပ်တို့” ဟူသော ဝေါဟာရများ၏ အဓိက အဓိပ္ပာယ် နှင့်ပက်သက်၍ ဝေါဟာရ ဆရာ David Boies နှင့် အငြင်းပွားခဲ့သည်။ BusinessWeek ဂျာနယ်မှ ဖော်ပြသည်မှာ “ဂိတ်စ် ရဲ့ အစောပိုင်း သက်သေ ထွက်ဆိုချက် တွေမှာ “ကျွန်တော် မမှတ်မိတော့ဘူး” ဆိုတဲ့ ဇ ဝေဇဝါ အဖြေမျိုးကိုပဲ ပေးနေတဲ့အတွက် တရားသူကြီး အနေနဲ့တောင် ရယ်စရာဖြစ်ခဲ့ရပါတယ်။ ပိုဆိုးတာက နည်းပညာ ခေါင်းဆောင်တွေရဲ့ ဥပဒေကို မသိလို့ပါ ဆိုပြီးငြင်းပယ်ချက်တွေပေးတဲ့ အချက်တွေကို ဂိတ်စ် ရဲ့ အဝင်အထွက် အီးမေးလ် တွေက ရတဲ့ သတင်းအချက်အလက် အတိုအထွာ တွေပေါ် မူတည်ပြီး ပြုလုပ်တဲ့ တရားစွဲဆိုချက်တွေ က ပြန်လည် ချေပပြီးသား ဖြစ်နေတယ်လေ” ဂိတ်စ်က နောက်ပိုင်းတွင် ပြောပြသည်မှာ သူ့ရဲ့စကားတွေ၊ အပြုအမူတွေကို ကြည့်ပြီး သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ဖို့ကြိုးစားတဲ့ ကောင်ကလေးတွေရဲ့ တိုက်ခိုက်မှုတွေကို ရိုးရိုးလေးပဲ တုံ့ပြန်ခဲ့သည် ဟူ၍ ဖြစ်သည်။ သက်သေထွက်ဆိုနေစဉ် သူ့ရဲ့ အမူအရာနဲ့ပက်သက်၍ ပြောခဲ့သည်မှာ “ကျွန်တော်ဟာ ကောင်ကလေးတွေကို ခုခံနေခဲ့ရတာလား၊”…… ရှေ့နေခေါ်ပြီး ပြန်ချေပဖို့ကိုတောင် အပြစ်ရှိသလိုခံစားရတယ် ဟူ၍ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် “ကောင်းစွာ အရွယ်မရောက်သေးတဲ့ ကောင်ကလေးတွေကို အကြမ်းဖက်မှု” ဆိုတဲ့ ပြစ်ဒဏ်ဟာ ကျွန်တော့်ကို တော်တော်လေး စည်းကျပ် ခဲ့တာပဲ။ ဘယ်လိုပဲ ဂိတ်စ်အနေနဲ့ ငြင်းဆိုခဲ့ပေမယ့် တရားသူကြီးကတော့ မိုက်ခရိုဆော့ဖ်ဟာ လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ဆောင်ခဲ့ရုံသာမက ဈေးကွက် ယှဉ်ပြိုင်မှုကို ပိတ်ဆို့ခဲ့ပြီး၊ အဆိုပါ အချက် နှစ်ခုစလုံးဟာ ရှားမန်း အက်ဥပဒေ (Sherman Antitrust Act) ကို ချိုးဖောက်ထားသည် ဟု စီရင်ချက်ခဲ့သည်။ Appearance in ads ဂိတ်စ်သည် မိုက်ခရိုဆော့ဖ် ၂၀၀၈ ကို ကြော်ငြာရန် အတွက် ကြော်ငြာစီးရီး တစ်ခု ပြုလုပ်ခဲ့သည်။ ဂိတ်စ်အသုံးပြုခဲ့သည့် ပထမဆုံးသရုပ်ဆောင်မှာ Jerry Seinfeld ဖြစ်ပြီး ၎င်းနှင့် ဂိတ်စ်တို့သည် အစပိုင်းကသူစိမ်းများ ဖြစ်ကြပြီး၊သွားရင်းလာရင်း ရှော့ပင်းမောလ်တစ်ခုရှိ ဈေးလျှော့ထားသည့် ဖိနပ်ဆိုင်တစ်ဆိုင်ရှေ့တွင် ဖိနပ်ဝယ်ရန် ကြိုးစား နေသည့် ဂိတ်စ်ကို Jerry Seinfeld က သတိထားမိပြီး၊ စက္ကန့် ၉၀ကြာ စကားပြောပြီးနောက် ဂိတ်စ်နှင့် ပထမဆုံး မိုက်ခရိုဆော့ဖ် ကြော်ငြာခြင်း လုပ်ငန်း တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ တွေ့ဆုံချိန်မှာ ဖိနပ်ဆိုင်မှ ဝန်ထမ်းကောင်လေးသည် မစ္စတာဂိတ်စ်အား ဆိုဒ် တစ်ခုကြီးသည့် ဖိနပ်များကို ရောင်းချရန် ကြိုးစားနေသည့်အချိန် ဖြစ်သည်။ ဂိတ်စ်သည် ရှုးဖိနပ်များဝယ်ယူနေစဉ်တွင် သူ၏ Discount card ကို ကိုင်ဆောင်ထားခဲ့ပြီး၊ ယင်း Discount card ထဲမှ ဓာတ်ပုံမှာ ၁၉၇၇ ခုနှစ်က New Mexico ၌ ယဉ်တိုက်မှုနှင့် အဖမ်းခံရပြီးနောက် အနည်းငယ် ပြောင်းလဲထားခဲ့သော ပုံဖြစ်သည်။ သူတို့နှစ်ယောက် ရှော့ပင်းမော တစ်လျှောက်၌ လမ်းလျှောက်နေစဉ် Seinfeld က ဂိတ်စ် ကို ခင်ဗျားတခြားဆော့ဖ်ဝဲ တီထွင်ထုတ်လုပ်သူတွေကို စိတ်ဝင်စားပျော်ဝင်နေသလား လို့ မေးရာ ဂိတ်စ်က ဟုတ်ကဲ့ ဟု ဖြေသည်။ ထို့နောက် ထပ်မေးသည်မှာ “တကယ်လို့ သူတို့တွေက ကွန်ပြူတာတွေကို စားစရာတွေအဖြစ် ပြောင်းသွားအောင် လုပ်နေတယ်ဆိုရင်ရော” ဂိတ်စ်က ဟုတ်ကဲ့ ဟု ပဲ ဖြေပြန်သည်။ တချို့က Seinfeld ၏ တစ်ကိုယ်တော် ရှိုးပွဲဖြစ်သည့် “ဘာမှမရှိ (nothing)” နှင့်ပက်သက်၍ ဂါရဝပြုခြင်းတစ်မျိုး ဖြစ်သည် ဟု ပြောကြသည်။ ဒုတိယ အကြိမ် ကြော်ငြာစီးရီးတွင် ဂိတ်စ်နှင့် Seinfeld တို့သည် သာမန်မိသားစုတစ်စု၏ အိမ်လေးတွင် သာမန်လူတွေနှင့် အသားကျစေရန် ကြိုးစားနေသည့် အနေအထားဖြစ်သည်။ မိုက်ခရိုဆော့မှ နောက်ပိုင်းကာလ မိုက်ခရိုဆော့ဖ် မှ နားပြီးကတည်းကပင် ဂိတ်စ်သည် သူ၏ ပရဟိတ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ယင်းလုပ်ငန်းများထဲမှ တစ်ခုမှာ ယင်း ဗွီဒီယို အခွေများမှာ အများပြည်သူများအတွက် အွန်လိုင်း မှတဆင့် ကြည့်ချင်လျှင် မိုက်ခရိုဆော့ဖ်၏ Tuva ပရောဂျက် ၌သာ ကြည့် နိုင်ကြမည် ဖြစ်သည်။ ၂၀၁၀ ဧပြီလတွင် ဂိတ်စ် ကို Massachusetts Institute of Technology မှ လာရောက်လည်ပတ်၍ ကျောင်းသားများအား ဩဝါဒ စကားပြောကြားပေးရန် ဖိတ်ခေါ်ခဲ့သည်။ ဂိတ်စ်က ကျောင်းသားများအား အနာဂတ်တွင် ပေါ်ပေါက်လာမည့် ကမ္ဘာကြီး၏ အကျပ်အတည်းများ နှင့်ပက်သက်၍ မေးခွန်းထုတ်ခဲ့သည်။ ပုဂ္ဂိုလ်ရေး ဘဝ ဂိတ်စ်သည် Texas ရှိ Dallas တွင်နေထိုင်သော မလင်ဒါဖရက်ချ် နှင့် ၁၉၉၄ ခုနှစ် ဇန်နဝါရီလတွင် လက်ထပ်ခဲ့သည်။ သူတို့တွင် ကလေးသုံးယောက်ရှိပြီး၊ သမီးနှစ်ယောက်ဖြစ်သည့် အနက် Jennifer Katharine Gates ကို ၁၉၉၆ တွင် မွေး၍ Phoebe Adele Gates ကို ၂၀၀၂ တွင် မွေးခဲ့သည်။ သားဖြစ်သူ Rory John Gates ကိုတော့ ၁၉၉၉ တွင် မွေးဖွားခဲ့သည်။ ဂိတ်စ် မိသားစု အိမ်သည် သဘာဝပတ်ဝန်းကျင် နှင့် နီးစပ်သောအိမ်ကလေးဖြစ်ပြီး၊ Medina ရှိ Lake Washington ကို လှမ်းမြင်နိုင်သော တောင်တန်း ကလေးပေါ်၌ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဝါရှင်တန်၏ ပြည်နယ် အုပ်ချူပ်ရေးဌာနရှိ အများပြည်သူဆိုင်ရာ မှတ်တမ်းများအရ ၂၀၀၆ ခုနှစ် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု (အိမ်ရာ နှင့် လယ်မြေ) စုစုပေါင်း သည် ဒေါ်လာ၁၂၅ သန်း ရှိပြီး၊ တစ်နှစ်တာအတွက် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ငွေ မှာ ၉၉၁,၀၀၀ ဒေါ်လာ ရှိသည်။ ဂိတ်စ်၏ ၆၆,၀၀၀ စတုရန်းပေ (၆၁၀၀ စတုရန်းမီတာ) ကျယ်သော မြေတွင် ပေ ၆၀ ( ၁၈ မီတာ) ကျယ်သော ရေအောက်တေးဂီတစနစ်ပါ ရေကူးကန်၊ စတုရန်းပေ ၂၅၀၀(၂၃၀ စတုရန်းမီတာ)ကျယ်သော အားကစားခန်းမ နှင့် စတုရန်းပေ ၁၀၀၀(၉၃ စတုရန်းမီတာ)ကျယ်သော ထမင်းစားခန်း တို့ ပါရှိသည်။ ဂိတ်စ် ၏ပုဂ္ဂလိက ရှာဖွေရရှိသော ချမ်းသာမှုများ တွင် ၁၉၉၄ ခုနှစ် လေလံပွဲမှ ဝယ်ယူခဲ့သော ဒေါ်လာ ၃၀.၈ သန်း တန် Codex Leicester အမည်ရှိ Leonardo da Vinci ၏ လက်ရာ လည်း အပါအဝင် ဖြစ်သည်။ ဂိတ်စ်သည် စွန့်စားခန်းဝထ္ထုကြိုက်သူလည်း ဖြစ်သည်။ သူ့အိမ်ရှိ စာကြည့်တိုက် အကြီးကြီး၏ မျက်နှာကျက်ကို The Great Gatsby ဝထ္ထုထဲက အတိုင်း ဂူပေါက် လိုမျိုးဖြစ်အောင် ဆောက်လုပ်ထားခဲ့သည်။ သူသည် ကဒ်ဖြင့်ကစားနည်းအမျိုးမျိုး၊ တင်းနစ် နှင့် ဂေါက် ရိုက်ခြင်းများတွင် ပျော်မွေ့သည်။ ဂိတ်စ်သည် Forbes ၄၀၀ တွင် နံပါတ် ၁ နေရာ၌ ၁၉၉၃ မှ ၂၀၀၇ ခုနှစ်အထိ ရှိနေခဲ့ပြီး၊ Forbes ၏ ကမ္ဘာ့ အချမ်းသာဆုံးလူများ စာရင်းတွင် နံပါတ် ၁ နေရာကို ၁၉၉၅ မှ ၂၀၀၇ ခုနှစ် အထိ နှင့် ၂၀၀၉ တွင်တစ်ကြိမ် ရှိနေခဲ့သည်။ ၁၉၉၉ တွင် ဂိတ်စ်၏ ပိုင်ဆိုင်မှုမှာ အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံ အထိ ဖြစ်သွားခဲ့ရာ မီဒီယာများမှ “Centibillionaire” လို့ ခေါ်ဆိုခဲ့ကြသည်။ ၂၀၀၀ပြည့်နှစ်မှ ဒေါ့-ကွန်ပူဖောင်း ပေါက်ကွဲပြီး မိုက်ခရိုဆော့ဖ် စတော့ရှယ်ယာ ဈေးနှုန်းပြုတ်ကျချိန်နှင့် ပရဟိတ လုပ်ငန်းများစွာသို့ ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းအပြီး မိုက်ခရိုဆော့ဖ် အမည်ခံ အဆောက်အအုံများမှာ တန်ဖိုးများ ပြုတ်ကျခဲ့တော့သည်။ ၂၀၀၆ မေလ အင်တာဗျူးတစ်ခုတွင် ဂိတ်စ် က ပြောခဲ့သည်မှာ သူသည် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် တစ်ယောက်မဖြစ်ခဲ့ရင်ကောင်းမှာပဲ ဘာလို့ဆိုတော့ အဲ့ဒီစာရင်းဝင် အဖြစ် လူအများအာရုံစိုက်မှုကို ဝယ်ယူခဲ့သလို ဖြစ်နေလို့ပဲ ဟူ၍ ဖြစ်သည်။ ဂိတ်စ်တွင် မိုက်ခရိုဆော့ဖ် အပြင် အခြားသောရင်းနှီးမြှုပ်နှံမှုများလည်း ရှိသေးသည်။ ထိုလုပ်ငန်းများမှ ၂၀၀၆ တွင် လစာငွေ ၆၁၆,၆၆၇ ဒေါ်လာနှင့် အပိုငွေ ၃၅ဝ,ဝဝဝဒေါ်လာ စုစုပေါင်း ၉၆၆,၆၆၇ ဒေါ်လာ ရှာပေးနိုင်ခဲ့သည်။ 1989 တွင် Corbis ဒီဂျစ်တယ် ဓာတ်ပုံ ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ၂၀၀၄ တွင် ဂိတ်စ်သည် ရေရှည်လက်တွဲခဲ့သော သူငယ်ချင်းအရင်း ဖြစ်သူ Warren Buffett ဦးဆောင်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Berkshire Hathaway ၏ ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့သည်။ ၂၀၁၀ မတ်လတွင် ဘီလ်ဂိတ်စ်သည် ကားလို့စ်စလင်းမ် ၏ အောက် ဒုတိယ ကမ္ဘာ့အချမ်းသာဆုံး နေရာသို့ ကျဆင်းခဲ့သည်။ ပရဟိတ လုပ်ငန်းတွေများများ လုပ်ခြင်းအားဖြင့် လူအများရဲ့ အာရုံစိုက်မှု မြင့်တက်လာမှန်းသိသွားသောအခါ တခြားသူအများရဲ့ သူ့အပေါ်ထားရှိသော မျှော်လင့်ချက်တွေကို စတင်သိရှိလာခဲ့သည်။ Andrew Carnegie နှင့် John D. Rockefeller တို့၏ လုပ်ရပ်များကို လေ့လာခဲ့ပြီး၊ ၁၉၉၄တွင် မိုက်ခရိုဆော့ဖ် ၏ စတော့ရှယ်ယာအချို့ကို ရောင်းချ၍ William H. Gates Foundation ကို တည်ထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဂိတ်စ်နှင့် ဇနီးသည်တို့ နှစ်ဦးပေါင်းစပ်၍ မိသားစုသုံးခုစာ Foundations များကို တစ်ခုတည်းသော Bill & Melinda Gates ပရဟိတ Foundation ကြီးတစ်ခု အဖြစ်တည်ထောင်ခဲ့ကြသည်။ ၎င်းသည် ကမ္ဘာ့ပေါ်တွင် ပွင့်လင်းမြင်သာမှု အရှိဆုံး လုပ်ကိုင်လျက်ရှိသည့် ပရဟိတ လုပ်ငန်း အဖွဲ့အစည်းကြီးတစ်ခု အဖြစ် ရှိသည်။ အခြားသော Wellcome Trust (U.K ရှိပရဟိတ အဖွဲ့အစည်း) ကဲ့သို့သော ပရဟိတ လှူဒါန်းသည့် အဖွဲ့အစည်းကြီးများနှင့် မတူသည်မှာ ဂိတ်စ်သည် ငွေကြေးလှူဒါန်းရာတွင် အသုံးပြုသူအနေနှင့် မည်သို့ အသုံးချမည်နည်း ဆိုသည့်အချက် ပေါ်တွင်သာ မူတည်၍ အလှူငွေကို ပေးခြင်းဖြစ်သည်။ David Rockefeller ၏ ရက်ရောမှုနှင့် မြောက်မြားလှစွာသော ပရဟိတ အလှူများက အဓိက လွှမ်းမိုးမှု အနေနှင့် ဂုဏ်ပြုမှတ်တမ်း တင်ခံခဲ့ရသည်။ ဂိတ်စ်နှင့်သူ့အဖေက Rockefeller နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံကြပြီး၊ Rockefeller မိသားစု၏ ပရဟိတလုပ်ရခြင်း ရည်ရွယ်ချက် ဖြစ်သော “အစိုးရတွေနဲ့ တခြားအဖွဲ့အစည်း တွေက မျက်ကွယ်ပြုထားကြတဲ့ ကမ္ဘာ့ ပြဿနာတွေနှင့် ပက်သက်၍ လှူဒါန်းခြင်း” ဟူသည့် ရည်ရွယ်ချက်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပုံစံချခဲ့ကြသည်။ ၂၀၀၇ ခုနှစ်တွင် Bill and Melinda Gates ဖောင်ဒေးရှင်းသည် အမေရိကန်ဒေါ်လာ၂၈ဘီလီယံ လှူခဲ့ပြီးဖြစ်၍ အမေရိက ၏ ဒုတိယ အရက်ရောဆုံး ပရဟိတ လုပ်ငန်း ကြီး ဖြစ်ခဲ့သည်။ ၎င်းဖောင်ဒေးရှင်းကြီးသည် ဝေဖန်မှုတချို့ကိုလည်း ခံယူခဲ့ရသေးသည်။ ယင်းဝေဖန်မှုမှာ ဤလှူဒါန်းငွေများမှာ ငွေအရင်းအနှီးအများအပြားကို ရင်းနှီးမြုပ်နှံခြင်း ဖြစ်ပြီး၊ ထိုရင်းနှီးမြုပ်နှံမှုမှာ အမြင့်ဆုံးသော အမြတ်ကိုပြန်လည်ရရှိခြင်း မရှိသေးပဲ ဖြစ်နေသည် ဟူ၍ ဖြစ်သည်။ ၎င်းအတွက် ဖြေရှင်းချက်အနေနှင့် ဖောင်ဒေးရှင်းမှ ဆင်းရဲခြင်းကို တိုက်ဖျက်ရန်အတွက် လျာထားသော ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှ စီးပွားရေးကျဆင်းလာသည့် ကုမ္ပဏီ များတွင် ရင်းနှီးမတည်ပေးခြင်းကို ပြုလုပ်ခဲ့ရသည်။ ယင်း ကုမ္ပဏီများတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေသော ကုမ္ပဏီများနှင့် ဆေးဝါး ကုမ္ပဏီများ များပါဝင်ပြီး၊ ၎င်းတို့၏ထုတ်ကုန်များမှာ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တင်ပို့နေခြင်း မဟုတ်ကြပေ။ သတင်းမီဒီယာလောက၏ ဝေဖန်မှုများကို တုံ့ပြန်သောအားဖြင့် ၂၀၀၇ ခုနှစ်တွင် ဖောင်ဒေးရှင်းမှ ၎င်း၏ ရင်းနှီးမတည်မှုများ၊ လှူဒါန်းမှုများအား လူမှုရေး တာဝန်ဝတ္တရားရှုထောင့်မှ ပြန်လည် ဆန်းစစ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များအား ဆုံးဖြတ်သလို မဲပေးစနစ်ဖြင့် ဆုံးဖြတ်လိုက်ပြီး သောအခါ ပြန်လည်ဆန်းစစ်ခြင်းအား ရပ်လိုက်ပြီး၊ ဖောင်ဒေးရှင်း၏ မူရင်းမူဝါဒဖြစ်သည့် အမြင့်ဆုံး အမြတ်အတွက် ရင်းနှီးမြုပ်နှံခြင်းမူဝါဒဖြင့်သာ ပြန်လည်ရပ်တည်ခဲ့သည်။ သူ၏ ကြွယ်ဝချမ်းသာမှုများအနက် ထက်ဝက်ကျော်ကို အာမခံ ရင်းနှီးမြုပ်နှံ ခြင်း၌ သာ ထည့်သွင်းခဲ့သည်။ အသိအမှတ်ပြုခံရမှုများ ၁၉၈၇ ခုနှစ် သူ၏၃၂နှစ်မြောက် မွေးနေ့ မတိုင်မီ နေ့အနည်းငယ် အလိုတွင် ဂိတ်စ်သည် Forbes' 400 ကမ္ဘာ့အချမ်းသာဆုံးစာရင်းစာမျက်နှာများတွင် ဘီလျံနာ တစ်ယောက်အဖြစ် တရားဝင်ဖော်ပြခံရသည်။ မိမိဘာသာ ကြိုးစား၍ အောင်မြင်ခဲ့သော ဘီလျံနာများအနက် ကမ္ဘာ့အသက်အငယ်ဆုံး တစ်ယောက်အဖြစ် ၁.၂၅ ဘီလီယံ ဒေါ်လာ ပိုင်ဆိုင်ပြီး အရင်နှစ်က ပိုင်ဆိုင်မှု ( ပထမဆုံးပွဲဦးထွက်စာရင်းဝင်သည့် အချိန်) ထက် ဒေါ်လာသန်း၉၀၀ ကျော် ပိုခဲ့သည်။ တိုင်းမ် မဂ္ဂဇင်းမှ ဂိတ်စ်အား နှစ်ဆယ်ရာစုကို ကမ္ဘာ့လွှမ်းမိုးနိုင်ဆုံးသူ အယောက်တစ်ရာ အနက် တစ်ယောက် အဖြစ် သတ်မှတ်ထည့်သွင်းခဲ့ပြီး၊ ၂၀၀၄၊ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်များ အတွက်လည်း ကမ္ဘာ့လွှမ်းမိုးနိုင်ဆုံးသူ အယောက်တစ်ရာတွင် ပါဝင်ခဲ့သည်။ တိုင်းမ် မဂ္ဂဇင်းမှဆက်လက်၍ ဂိတ်စ်၊ ဇနီးဖြစ်သူ Melindaနှင့် U2 အဖွဲ့၏ ခေါင်းဆောင် အဆိုတော် Bano တို့အား သူတို့ပြုလုပ်ခဲ့သော လူသားချင်း ညှာတာထောက်ထားသည့် ကိစ္စရပ်များအတွက် ၂၀၀၅ ခုနှစ်၏ တစ်နှစ်တာအတွင်း အထူးချွန်ဆုံးသူများ အဖြစ် တစုတစည်းတည်း သတ်မှတ်ဖော်ပြခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် “ငါတို့ခေတ်ရဲ့သူရဲကောင်းများ” စာရင်းတွင် နံပါတ် ၁၈ နေရာ တွင် မဲ အများဆုံးရသည်။၁၉၉၉ ခုနှစ် Sunday Times Power စာရင်းတွင် ပါဝင်ခဲ့ရ၊ စီအီးအိုမဂ္ဂဇင်း၏ ၁၉၉၄ ခုနှစ် တစ်နှစ်တာအတွင်း အကောင်းဆုံး စီအီးအို အဖြစ်၊ ၁၉၉၈ တွင် တိုင်းမ်မဂ္ဂဇင်း၏ “ထိပ်သီး ဆိုက်ဘာ အီလစ် ၅၀” တွင် နံပါတ် တစ် နေရာ၊ ၁၉၉၉ တွင် “အဆင့်အမြင့်ဆုံးElite ၁၀၀” တွင် နံပါတ် နှစ် နေရာနှင့် Guardian သတင်းစာတွင် ၂၀၀၁ ခုနှစ်၏ “မီဒီယာတွင် လွှမ်းမိုးနိုင်ဆုံးသူ ထိပ်သီး ၁၀၀” များတွင် ရောက်ရှိနေခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဗြိတိန် ကွန်ပြူတာ အသိုင်းအဝိုင်း၏ နှစ်ဆယ်ယောက်မြောက် ထင်ရှားကျော်ကြားသော အဖွဲ့ဝင် အဖြစ် ဂုဏ်ပြုခံရသည်။ ဂိတ်စ်သည် ပါရဂူဘွဲ့များကို ၂၀၀၀ ပြည့်နှစ်တွင် Nyenrode Business Universiteit, Breukelen, The Netherlands မှ၊ ၂၀၀၂ ခုနှစ်တွင် the Royal Institute of Technology, Stockholm, Sweden မှ၊ ၂၀၀၅ ခုနှစ်တွင် Waseda University, Tokyo, Japan မှ၊ ၂၀၀၇ ခုနှစ်တွင် Harvard University နှင့် Tsinghua University, Beijing, China မှ၊ ၂၀၀၈ ခုနှစ်တွင် the Karolinska Institutet, Stockholm မှ၊ နှင့် ၂၀၀၉ ဇွန်လ တွင် Cambridge University တို့မှ ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Peking University ၏ ယုံကြည်ရသော စေတနာ့ဝန်ထမ်း အကျိုးဆောင် အဖြစ် ဂုဏ်ပြုခံရသည်။ ၂၀၀၅ ခုနှစ်တွင် Queen Elizabeth II ဘုရင်မကြီး၏ အမိန့်နှင့် စေတနာ့ဝန်ထမ်း အကျိုးဆောင် သူရဲကောင်း ဘွဲ့ကို ပေးအပ်ခြင်းခံရသည်။ ထပ်မံ၍ အင်းဆက်ပိုးကောင်များလေ့လာသော ပညာရှင်များကို ဘီလ်ဂိတ်စ် ပန်းယဉ်ကောင်၊ အရစ်စတဲလစ် ဂိတ်စီ စသဖြင့် ဘီလ်ဂိတ်စ်နာမည် အစွဲပြု ခေါ်ဝေါ်စေခဲ့သည်။ ၂၀၀၆ နိုဝင်ဘာလတွင် ဂိတ်စ်သည် ၎င်းတို့ ၏ကမ္ဘာတဝှန်း ပြုလုပ်ခဲ့ကြသော ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ပရဟိတ လုပ်ငန်းများ အတွက် Order of the Aztec Eagle ဆုကို ဇနီးဖြစ်သူနှင့် အတူ ရရှိခဲ့သည်။ အထူးသဖြင့် Mexico တွင်ပြုလုပ်ခဲ့သော Un país de lectores ပရိုဂရမ် အတွက် ဖြစ်သည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ဂိတ်စ်သည် Franklin Institute ၏၂၀၁၀ Bower Award for Business Leadership ကို ၎င်း၏ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်မှုများနှင့် ပရဟိတ လုပ်ငန်းများအတွက် ချီးမြှင့်ခံရသည်။ ၂၀၁၀ တွင် အမေရိကန် ကင်းထောက် လူငယ်များ၏ Silver Buffalo Award ကို ရရှိသည်။ ၎င်းသည် အရွယ်ရောက်ပြီးလူငယ်များမှ လူငယ်များအတွက် အကျိုးဆောင်မှုအတွက် ချီးမြှင့်သော အမြင့်ဆုံးဆုဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ အမေရိကန် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ပေါင်းစပ်ရင်းနှီးမြှုပ်နှံမှု ပြုထားသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု နှင့် အကျိုးတူစုပေါင်း ကုမ္ပဏီတစ်ခုဖြစ်သည့် LLC တွင် အမြောက်အမြား ရင်းနှီးခဲ့သည်။ LLC သည် ဘီလ်ဂိတ်စ်၏ ထိန်းချူပ်မှုအောက်တွင် ရှိပြီး၊ ရုံးချူပ်မှာ အမေရိကန် အနောက်မြောက်အရပ်ရှိ Kirkland မြို့တော်တွင် တည်ရှိသည်။ (က) ဘီလ်ဂိတ်စ်မှ bgC3 အမည်ရှိ အစိုးရ အကြံပေး ပညာရှင်များ ကုမ္ပဏီကို စတင်ထူထောင်ခဲ့ (ခ) Corbis အမည်ရှိ ဒီဂျစ်တယ် ဓာတ်ပုံ ဆိုင်ရာ လုပ်ငန်းလုပ်ပိုင်ခွင့်နှင့် လိုင်စင် အကျိုးဆောင် ကုမ္ပဏီ (ဂ) TerraPower အမည်ရှိ နျူကလီးယား ဓာတ်ပေါင်းဖို ဒီဇိုင်း ကုမ္ပဏီ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဂိတ်စ် အကြောင်းရေးထားသော စာအုပ်၂အုပ်ရှိသည်: The Road Ahead (1995) Business @ the Speed of Thought (1999) ရုပ်ရှင်များ Gates has appeared in at least one film: Waiting For Superman စာအုပ်များ ကိုးကား ကမ္ဘာကျော် လုပ်ငန်းရှင်များ အမေရိကန် ဘီလျံနာများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AE%E1%80%9C%E1%80%BA%20%E1%80%82%E1%80%AD%E1%80%90%E1%80%BA
ငွေထွန်း (Solveware Solution)
ငွေထွန်း (မွေးရက် - ၁၇ မေ ၁၉၇၆) သည် Solveware Solution ၏ စီအီးအိုဖြစ်သည်။ ဆောင်ရွက်မှုများ မြန်မာအန်အယ်လ်ပီတွင် ဦးဆောင်သူတစ်ဦးဖြစ်ပြီး မြန်မာယူနီကုဒ် လက်တွေ့အသုံးချနိုင်စေရန် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ယူနီကုဒ်ပွိုင့်များကို အသုံးပြုထားသည့် လက်တွေ့အသုံးချနိုင်သည့် မြစေတီဖောင့်ကို စတင်ထုတ်လုပ်သည်။ ၂၀၀၈ တွင် အခမဲ့လွတ်လပ်ယူနီကုဒ်ဖောင့်ဖြစ်သည့် ပုရပိုက်ဖောင့် ကို ထုတ်လုပ်သည်။ လက်ရှိတွင် မြန်မာဝီကီပီးဒီးယား၊ ယူနီကုဒ်အသုံးချမှုဖွံ့ဖြိုးရေးနှင့် မြန်မာဘာသာစကားဖြင့် ကွန်ပျူတာအသုံးချနိုင်ရန်တို့ကို ဆောင်ရွက်နေသည်။ မိသားစုဘဝ ဇနီးမှာ လေးလေးမြင့် ဖြစ်၍ သားတစ်ဦးရှိသည်။ သားဖြစ်သူအမည်မှာ ဇွဲနေလင်းထွန်းဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့တွင် နေထိုင်သည်။ ကိုးကား မြန်မာလူမျိုးများ အတ္ထုပ္ပတ္တိ‎
https://my.wikipedia.org/wiki/%E1%80%84%E1%80%BD%E1%80%B1%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%20%28Solveware%20Solution%29
Personal Computer Magazine
စတင် ထုတ်ဝေကာစနဲ့တင် မြန်မာနိုင်ငံတွင် အောင်မြင်ရခဲ့ရှိသော Maganzine ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ Computer အခြေအနေကို ထိထိမိမိရေးသားတင်ပြနိုင်သော Magazine ကောင်းတစ်ခုဖြစ်သည်။ ထို့အပြင် Computer ဆိုင်ရာ certificate အကြောင်းများကိုလည်း ရှင်းလင်းပြောပြထားသောကြောင့် ပညာသင်လိုသော လူငယ်များအတွက် အကြိုက်ဖြစ်သည်။ Profile Chief Editor : မျိုးမင်းထူး Editor-In-Charge: Naing Naing Aung Editor: အေးကျော်မင်း ၊ သောကြာအောင် Marketing: စိုးမြတ်ဝင်း ၊ ချောစု Publisher: ဦးမျိုးမင်းထူး Distribution : ဝေယံထွန်း Publishing House Price : ၁၅၀၀ ကျပ် Office: No.38(B) ၊ ဘောဂလမ်း ၊ ကြည်မြင့်တိုင် မြို့နယ် ၊ ရန်ကုန် ၊ မြန်မာ
https://my.wikipedia.org/wiki/Personal%20Computer%20Magazine
MYSTERY ZILLION
MYSTERY ZILLION သည် Computer နည်းပညာဆိုင်ရာ website တစ်ခုဖြစ်ပြီး အဓိကအားဖြင့် forum ကိုအသုံးပြုထားသည်။ MYSTERY ZILLION ကို အတိုကောက်အားဖြင့် MZ ဟု ခေါ်ဆိုကြသည်။ မြန်မာ ဘာသာဖြင့် ဆွေးနွေးနိုင်ပြီး Unicode Font ကိုအသုံးပြုထားသည်။ အဓိကအားဖြင့် computer ဆိုင်ရာ ပြဿနာများ မေးမြန်းထားခြင်းကို တွေ့ရသည်။ ရည်ရွယ်ချက် မြန်မာနိုင်ငံတွင် Computer နည်းပညာနှင့် ပတ်သက်ပြီး online တွင် ဆွေးနွေးပြောဆိုရန် နေရာနည်းပါးခြင်း ၊ မြန်မာနိုင်ငံ computer နည်းပညာ တိုးတက်ရေး ၊ လူတိုင်း computer အခြေခံ လွယ်လင့်တကူ တတ်မြောက်ရေးနှင့် computer ဆိုင်ရာ ပြဿနာများ၊ အခက်အခဲများကို ဆွေးနွေးရန်အတွက် စတင်ခဲ့ခြင်းဖြစ်သည်။ သမိုင်း ၂၀၀၇ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံတွင် forum များ တိုးတက်များပြားလာလေသည်။ forum များတိုးတက်လာသည်နှင့် အမျှ လူငယ်များသည် forum ပေါ်တွင် ဆွေးနွေးပြောဆိုခြင်းကို ပြုလုပ်လာကြသည်။ ထိုအချိန်တွင် saturngod သည် Planet , Padonma တွင် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပြောဆို မေးမြန်းနေမြဲဖြစ်သည်။ forum များပေါ်ချိန်ကတွင် သူသည် forum လုပ်နည်းကို စိတ်ဝင်စားကာ Phpbb ဖြင့် စမ်းသပ်ပြီး MYSTERY ZILLION အမည်ဖြင့် free hosting တွင် တင်၍ စမ်းသပ်နေချိန်ဖြစ်သည်။ ထိုစမ်းသပ်ချိန်တွင် မည်သူ့ကိုမှလည်း မပြသလို မည်သူမှလည်း မသိခဲ့ပေ။ forum ဆိုတာဘာလဲဆိုတာ လေ့လာနေချိန်ဖြစ်သည်။ တနေ့တွင် padonma တွင် မြန်မာမိသားစု forum အတွက် မြန်မာစာ သုံးချင်၍ ကူညီပေးပါရန် post တင်ထားသဖြင့် ကူညီရင်း forum အကြောင်း ကောင်းမွန်စွာသိလာသည်။ မြန်မာမိသားစု admin ကိုရဲနောင် ၏ သင်ကြားပေးမှုကြောင့် vbulletin forum ကို အသုံးပြုတတ်လာသည်။ မြန်မာမိသားစု forum တွင် မြန်မာစာ ထည့်ပြီးနောက် ကိုရဲနောင် အကူအညီဖြင့် MYSTERY ZILLION ကိုတည်ထောင်ခဲ့သည်။ MYSTERYZILLION.com ကို forum မရှိမီ hosting မရှိမီ ကတည်းက က ဝယ်ပေးထားခဲ့သော်လည်း မသုံးဖြစ်ခဲ့ပေ။ domain ဝယ်ပြီး ၃ လ ခန်၌အကြာတွင် ကိုရဲနောင်၏ ကူညီမှုဖြင့် MZ ကို စတင်ခဲ့သည်။ စတင်ကာစတွင် awardspace.com တွင် hosting လုပ်ကာ စခဲ့ပါတယ်။ နောက်ပိုင်း hosting အဆင်မပြေသောကြောင့် hostmonster webhosting ကိုပြောင်းခဲ့ပါတယ်။ အစောပိုင်းကာလ awardspace.com တွင် စတင်ကာစတွင် လူသိနည်းပါးခြင်း၊ နည်းပညာသီးသန့်ဖြစ်ခြင်းတို့ကြောင့် ဝင်ရောက်ကြည့်ရှု့သူ အလွန်နည်းပါးလှသည်။ သို့သော် site ၏ admin များ moderator များ လျင်မြန်စွာဖြေကြားပေးမှုတို့ကြောင့် ဝင်ရောက်လာသည့် ဦးရေမှာ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ သို့သော် awardspace ၏ hosting သည် Database ကို Limit သတ်မှတ်ထားသောကြောင့် မေလ ၂၀၀၇ တွင် hosting ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကို CM ၏ အကူအညီဖြင့် hostmonster ကို ပြောင်းရွေ့ခဲ့သည်။ hosting ပြောင်းရွှေ့ခြင်း အခက်အခဲများ Hosting ပြောင်းရွေ့ခဲ့သော်လည်း data များကို ပြန်လည်ရရှိရန် အပြင်းအထန်ကြိုးစားခဲ့ရသည်။ data backup ပြုလုပ်ခြင်း၊ data restore လုပ်ခြင်းတို့အတွက် ကြိုးစားခဲ့သော်လည်း database version မတူခြင်း data backup လုပ်ရသည်မှာ မလွယ်ကူခြင်းတို့ကြောင့် data အားလုံး ပြန်လည်မရရှိခဲ့ပေ။ ထို့ပြင် ဝင်ရောက်ထားသည့် member များလည်း ပျောက်ကုန်သည်။ ထို့အတွက်ကြောင့် နောက်တစ်ကြိမ် လူဝင်ရောက်မှု နည်းပါးသွားသေးပြန်သည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် ပုံမှန် အခြေအနေရောက်လာအောင် အားလုံး ဝိုင်းဝန်းကြိုးစားမှုကြောင့် ယခင် member များ တစတစ ပြန်လည်ရောက်ရှိလာသည်များရှိသော်လည်း၊ အချို့မှာ ပြန်လည် မရောက်ရှိလာကြတော့ပေ။ မြန်မာဝက်ဘ်ဆိုက် နည်းပညာကွန်ပျူတာအင်တာနက်
https://my.wikipedia.org/wiki/MYSTERY%20ZILLION
ဇော်ဂျီဖောင့်
ဇော်ဂျီမြန်မာဖောင့် (Zawgyi) စနစ်သည် ဇော်ဂျီဖောင့်နှင့် ဇော်ဂျီကီးဘုတ်ဖိုင်တို့ ပါဝင်သော ဗမာစာအက္ခရာနှင့် တိုင်းရင်းသားအက္ခရာတို့ကို ဗမာစာတစ်ခုတည်းအတွက် အသုံးပြုထားသည့် ယူနီကုဒ်စနစ်နှင့် မညီညွတ်သော မြန်မာစာစနစ်တစ်ခု ဖြစ်သည်။ ဇော်ဂျီမြန်မာဖောင့်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် စတင်၍ Planet.com.mm အမည်ရှိ မြန်မာဝက်ဘ်ဆိုက်တစ်ခုတွင် စတင်သုံးစွဲပြီး ပျံနှံလာခဲ့ရာ ယခုအခါ မြန်မာစာဖြင့် ရေးသားဖော်ပြသော ဝက်ဘ်ဆိုက်များစွာနှင့် blog များစွာတွင် ဇော်ဂျီဖောင့်ကို တွေ့မြင်နေရပြီဖြစ်သည်။ ဇော်ဂျီအဖွဲ့ ဇော်ဂျီအဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ အိုင်တီနယ်ပယ်မှ ပညာရှင် ၅ ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည်ဟု Zawgyi.net ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော်လည်း မည်သူများဟု ရှင်းလင်းစွာ မသိရပါ။ ဇော်ဂျီအဖွဲ့၏ ရည်မှန်းချက်မှာ မြန်မာစာသုံးစနစ်တစ်ခုကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။ ထိုရည်မှန်းချက်ကို အခြေခံ၍ မြန်မာစာသုံး အင်တာနက်ဝန်ဆောင်မှုများ (web service) နှင့် ဆော့ဖ်ဝဲများ (software applications) တို့ကို ထုတ်လုပ်သွားရန် ရည်ရွယ်ထားသည်။ ရည်မှန်းချက်အတိုင်း ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ဇော်ဂျီမြန်မာဖောင့်ကို စတင်ဖြန့်ချိခဲ့သည်။ ဇော်ဂျီစနစ်သည် အခမဲ့ဖြစ်သည်ဟုဆိုသော်လည်း ဆော့ဝဲလိုင်စင်ကို သေချာဖော်ပြမထားပါ။ ဖောင့်ဒီဇိုင်းရေးဆွဲသူ ArtHouse က ဇော်ဂျီစာလုံးပုံစံသည် ၎င်းတို့မူပိုင်ဖြစ်သည်ဟု အဆိုပြုထားပြီး MyMyanmar ကလည်း ဆော့ဝဲလိုင်စင်ကို ဝယ်ယူထားသည်ဟု ကွန်ပျူတာဂျာနယ်တွင် ဖော်ပြထားသည်။ ဇော်ဂျီ၏ ဖောင့်အက္ခရာများစီစဉ်ပုံမှာ အခပေးဖောင့်ဖြစ်သော မြစေတီဖောင့်ကို ကူးယူထားသည်ဟု မြစေတီဝက်ဘ်ဆိုက်တွင်လည်း ဖော်ပြထားသည်။ တွေ့ရှိချက်များ ယူနီကုဒ်လိုအပ်ချက်များ အားလုံး၏ တစိတ်အပိုင်းကိုသာ လိုက်နာထားသည်။ မလိုက်နာနိုင်သည့် အပိုင်းကို ယူနီကုဒ်က မွန်၊ ရှမ်း၊ ပိုးကရင်၊ စကောကရင် စသည်တို့၏ အတွက် သတ်မှတ် ပေးထားသော နေရာများမှ ရယူသုံးစွဲထားသည်။ ထို့ကြောင့် ဇော်ဂျီကိုသုံးစွဲလျှင် စံစနစ်အတိုင်းရေးထားသော စာများကို မှန်ကန်စွာ ဖတ်ရှုနိုင်မည် မဟုတ်ပါ။ စာလုံးများကို မှန်ကန်စွာ စီစဉ်နိုင်မည်မဟုတ်ပေ။ ကွန်ပျူတာတွင် ရှာရာ၌ ပြည့်စုံလုံလောက်သော ရလဒ်ကို ရရှိနိုင်မည်မဟုတ်ပါ။ ဤဖောင့်ဖြင့် သုံးထားသော ဝက်ဘ်ဌာနများ အပြည်ပြည်ဆိုင်ရာ စံလုပ်ထုံးနှင့် မကိုက်ညီပါ။ ဇော်ဂျီအဖွဲ့သည် မည်သူက မည်သို့ပြုလုပ်ထားသည်ဆိုသော အထောက်အထားကောင်းစွာပြသခြင်းမျိုးမရှိဘဲ ၎င်းတို့စိတ်တိုင်းကျ ဆောင်ရွက်နေသည်ကို သိရသည်။ မြန်မာစာဖွံဖြိုးရေးအတွက် ဆောင်ရွက်နေသော NLP ကဲ့သိုသော ကွန်ပြူတာ အသင်းကဲ့သို့သော အဖွဲ့အစည်းကြီးများနှင့် ပေါင်းစည်းဆောင်ရွက်မှု မရှိသည်မှာ အထင်ကရဖြစ်နေသည်။ ကိုစိုးမင်း မှ Zawgyi 2009 version ကို develop လုပ်ခဲ့သော်လည်း ဇော်ဂျီအဖွဲ့က တရားဝင် အဆင့်မြှင့်တင်မှုအဖြစ် လက်မခံခဲ့ပေ။ အနာဂတ်ရည်မှန်းချက် ဇော်ဂျီအဖွဲ့၏ မျှော်မှန်းချက်မှာ ကွန်ပျူတာသုံးမြန်မာစာသည် ဖွံ့ဖြိုးပြီးသား အခြားစာစကားများနှင့် တန်းတူရင်ဘောင်တန်းနိုင်ရန် ဖြစ်သည်။ OCR၊ ဘာသာပြန်၊ speech recognition၊ translation စသည်တို့ကို စွမ်းဆောင်နိုင်ရန်ဖြစ်သည်ဟု ဖော်ပြထားသည်။ သို့သော် ဇော်ဂျီသည် ၎င်း၏ ဖော်ပြချက်ဖြစ်သော ယူနီကုဒ်စနစ်သို့ အဆင့်မြှင့်သွားရန်ဟူသောအချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည်။ လက်ရှိအင်တာနက်မြန်မာဖောင့်များ ဇော်ဂျီဖောင့်သည် ရိုက်နှိပ်ရန် လွယ်ကူသောကြောင့် အင်တာနက် ဝက်ဆိုက်၊ ဘလောက်၊ ဖေ့စ်ဘွတ်ခ် သမားများ အသုံးများကြသည်။ ယခုအခါ ယူနီကုတ် ၅.၂ ဝက်ဆိုက်များ ပေါ်လာပြီဖြစ်သည်။ ဝင်းဒိုးစ် ၈ (Windows 8) တွင် ယူနီကုဒ် ၅.၂ကို အသုံးပြုထားသည်။ ဇော်ဂျီဖောင့်သည် မြန်မာစာ အင်တာနက်လောကကို ၁ဝ နှစ်ခန့် အကျိုးပြုခဲ့သည်။ ယူနီကုဒ်ဖောင့်များမှာ ပိတောက်၊ မြန်မာ ၃ စသည်တို့ဖြစ်သည်။ မြန်မာကွန်ပြူတာဖောင့်များ အစဦးတွင် ရွှေနှင့်မြ ဖောင့်ကို ၁၉၈၉ တွင် ခေတ္တတွေ့မြင်ခဲ့သည်။ နောက်ပိုင်းတွင် ဝင်းဘားမိစ် Winburmese သည် အင်တာနက်တွင် ခေတ်စားလာသည်။ မြန်မာနိုင်ငံအစိုးရနှင့် ရုံးသုံးအဖြစ် ဝင်းအင်းဝဖောင့် မျိုးဆက်များ ခေတ်စားခဲ့သည်။ ယခုအခါ အင်တာနက်တွင် ဇော်ဂျီဖောင့် ခေတ်စားနေပြီး၊ ယူနီကုတ် ၅.၂ ဖောင့်အမျိုးအနွယ်များ (ပိတောက်၊ မြန်မာ ၃) စသည်တို့ ထွက်ပေါ်နေသည်။ မြန်မာဖောင့်များကို တစ်ခုမှတစ်ခု ပြောင်းလိုလျင် Myanmar Font Converter ဟု ဂူဂယ်ဝက်ဆိုက်တွင် ရှာနိုင်သည်။ မြန်မာဖောင့်များကိုလည်း "Myanmar Fonts" ဟု ဂူဂယ် တွင် ရိုက်နှိပ်ရှာဖွေ ဒေါင်းလုပ်ရယူနိုင်သည်။ ကိုးကား ဖောင့်များ
https://my.wikipedia.org/wiki/%E1%80%87%E1%80%B1%E1%80%AC%E1%80%BA%E1%80%82%E1%80%BB%E1%80%AE%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA
စတိဗ် ဂျော့စ်
၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆန်ဖရန်စစ္စကို၌ တစ်ကိုယ်တည်းနေ မိခင်မှ မွေးဖွားခဲ့သော ဂျော့ဘ်စ်ကို ခုနစ်ရက်သားအရွယ်တွင် စုံတွဲတစ်တွဲက မွေးစားခဲ့ပြီး တစ်ချိန်တွင် စီလီကွန်တောင်ကြားဟု ထင်ရှားလာမည့် Cupertino နေရာတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ အထက်တန်းကျောင်းသား အရွယ်တွင် Palo Alto ရှိ William Hamlett ကို ဖုန်းဆက်ကာ ကျောင်းသင်ခန်းစာ ပရောဂျက်တစ်ခု အတွက် အစိတ်အပိုင်းများ လိုချင်ကြောင်း တောင်းဆိုခဲ့သူ ဖြစ်သည်။ ထို့နောက် HP ကုမ္ပဏီတွင် နွေရာသီ အလုပ်တစ်ခု ဝင်လုပ်ခဲ့ပြီး အင်ဂျင်နီယာ စတိဗ်ဝေါ့ဇနစ်နှင့် မိတ်ဆွေ ဖြစ်ခဲ့သည်။ ဂျော့ဘ်စ်သည် အော်ရီဂွန်ရှိ ပို့လန်းမြို့၌ Reed ကောလိပ်သို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလတစ်ပိုင်း အပြီးတွင် ကောလိပ်မှ ထွက်ခဲ့ပြီး သင်တန်းများ ဆက်လက် တက်နေခဲ့သည်။ ထိုသင်တန်းများထဲတွင် လက်ရေးလက်သား အတတ် သင်တန်း ပါဝင်သည်။ ထိုအချက်ကနောင်တွင် Macintosh ကွန်ပျူတာများ၏ လှပတင့်တယ်မှု အပေါ် သက်ရောက်မှု ရှိခဲ့သည်။ ကျောပိုးအိတ်တစ်လုံးလွယ်ကာ အိန္ဒိယသို့ ခရီးလှည့်ခဲ့ဖူးသည်။ ဂျော့ဘ်စ်သည် ဗီဒီယိုဂိမ်းများ ရှေ့ဆောင်လုပ်ငန်း Atari တွင် ပညာရှင်တစ်ဦး အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဂျော့ဘ်စ်၏မိသားစုအိမ်ဂိုဒေါင်တွင် Apple Computer ကို ၁၉၇၆ ခုနှစ်၌ စတင် တည်ထောင်ချိန်က ဂျော့ဘ်စ်က အသက် ၂၁ နှစ်၊ ဝေါ့ဇနစ်က အသက် ၂၆ နှစ် ဖြစ်သည်။ ဂျော့ဘ်စ်၏လက်အောက်တွင် ကုမ္ပဏီသည် ပထမဆုံးသော Apple ကွန်ပျူတာများနှင့် ၁၉၈၀ ပြည့်လွန် နှစ်များတွင် ကျော်ကြားခဲ့သည့် Macintosh ကွန်ပျူတာများကို မိတ်ဆက်ခဲ့သည်။ ထို့နောက် ဂျော့ဘ်စ်သည် ကျေးလက်အဆိုတော် ဂျုံးဗစ်နှင့် မေတ္တာမျှခဲ့ပြီး Palo Alto တွင် အခြေချခဲ့သည်။ ဂျော့ဘ်စ်သည် ၁၉၉၁ ခုနှစ်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး၏ ရှေ့မှောက်တွင် လက်ထပ် အခမ်းအနားကို ကျင်းပခဲ့သည်။ ဂျော့ဘ်စ်တွင် ထိုဇနီးနှင့်အတူ သားသမီးသုံးဦး ရရှိခဲ့သည်။ ထို့ပြင် လက်မထပ်ခင် ချိန်းတွေ့ခဲ့သော အမျိုးသမီးတစ်ဦးနှင့် သမီးတစ်ယောက် ရခဲ့သည်။ ဂျော့ဘ်စ်သည် ၁၉၈၅ ခုနှစ်တွင် Apple မှ ထွက်ခွာလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများအတွက် ခေတ်မီသည့် ကွန်ပျူတာကြီးများ အဓိက ထုတ်လုပ်သည့် NeXT ကွန်ပျူတာ ကုမ္ပဏီကို စတင် လုပ်ကိုင်ခဲ့သည်။ ဂျော့ဘ်စ်သည် လူးကပ်ရုပ်ရှင် ကွန်ပျူတာ ဂရပ်ဖစ်ပညာရှင် တစ်ဦးနှင့်အတူ Pixar ကို ၁၉၈၆ ခုနှစ်တွင် ပူးတွဲ တည်ထောင်ခဲ့သည်။ Apple သည် ၁၉၉၆ ခုနှစ်တွင် Next ကွန်ပျူတာကုမ္ပဏီကို ဒေါ်လာ ၄၂၉ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် ဂျော့ဘ်စ်နှင့် Apple ပြန်လည် ပေါင်းစည်းခဲ့သည်။ ဂျော့ဘ်စ်သည် ၂၀၀၄ ခုနှစ်တွင် ပန်ကရိယကင်ဆာ အတွက် ခွဲစိတ် ကုသခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆေးခွင့်ယူခဲ့ပြီးနောက် ဂျော့ဘ်စ်သည် ဇွန်လတွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ Steven Paul Jobs (ဖေဖော်ဝါရီ ၂၄၊ ၁၉၅၅ - အောက်တိုဘာ ၅၊ ၂၀၁၁) ဟာ Apple ကို တွဲဖက်ထူထောင်ခဲ့သူဖြစ်ပြီး နဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ကို Apple မှာ လုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် Pixar ကိုလည်း Disney မပိုင်ဆိုင်ခင်ကတည်း အမှုဆောင်အရာရှိချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ သူက Disney ရဲ့ ရှယ်ယာ အများဆုံးကို ပိုင်ဆိုင်သူ ဖြစ်ပြီး Disney ရဲ့ ဒါရိုက်တာဘုတ်မှာ အဖွဲ့ဝင်ဖြစ်ပါတယ်။ သူဟာ ကွန်ပြူတာ ဆိုင်ရာ နဲ့ ဖျော်ဖြေရေးဆိုင်ရာအပိုင်းတွေမှာ ဦးဆောင်နေတဲ့သူ တစ်ယောက်ပါ။ ၂၀၁၁ ခုနှစ်ဩဂုတ် ၂၄ ရက်တုန်းက ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ ရပါတယ်။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့တွင် ၎င်းတည်ထောင်ခဲ့သည့် နည်းပညာကုမ္ပဏီ Apple က ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း စတိဗ်ဂျော့စ် ကွယ်လွန်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဝင်တစ်ယောက် ဖြစ်တဲ့ စတိဗ်ဂျော့စ်ဟာ ကွယ်လွန်ချိန်မှာအသက် ၅၆ နှစ် ဖြစ်ပြီး ပန်ကရိယ ကင်ဆာ ဝေဒနာကို နာတာရှည် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ထက်မြက်မှု ၊ အလုပ်ကို မြတ်နိုးခုံမင်စွာ လုပ်ကိုင်တတ်မှုနဲ့ ကြိုးစားတဲ့ စွမ်းရည်တို့ဟာ တန်ဖိုး မဖြတ်နိုင်တဲ့ သူ့ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေရဲ့ အခြေခံ ဖြစ်ပါတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်က Silicon Valley မှာ ရှိတဲ့ သူ့ ကုမ္ပဏီ ရုံးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၅ ရက်က Apple ကုမ္ပဏီရဲ့အင်တာနက်စာမျက်နှာ ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် သူရဲ့ ဓာတ်ပုံကိုဖော်ပြထားပြီး အဲဒီ link ကိုနှိပ်ရာမှာ အောက်ပါအတိုင်း မြင်တွေ့နိုင်ပါတယ်။ "We are deeply saddened to announce that Steve Jobs passed away today. Steve's brilliance, passion and energy were the source of countless innovations that enrich and improve all of our lives. The world is immeasurably better because of Steve. His greatest love was for his wife, Laurene, and his family. Our hearts go out to them and to all who were touched by his extraordinary gifts" ငယ်ဘ၀ ဒီဆယ်ကျော်သက် လေးတွေက ဟက်ကာတွေပြုလုပ်ထားတဲ့ နယ်ဝေး ဖုန်းခေါ်ဆိုမှုကို အခမဲ့ ရအောင် ပြောင်းပေးတဲ့ Blue Box လေးတွေအကြောင်း ကြားမိတဲ့အခါ စာအုပ်ထဲကနေ ဖတ်ပြီး သူတို့လက်တွေ့ တပ်ဆင် ကြည့်ကြ ပါတယ်။ အောင်မြင် သွားပြီး စတိဗ်ဂျော့စ်ကစီးပွားဖြစ် တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ရောင်းချဖို့ အကြံရ ပါတယ်။ တရား ဥပဒေနဲ့ မညီညွတ် တာကြောင့် ရဲဖမ်းတော့မှ သူတို့ လုပ်ငန်းကို ရပ်နားလိုက် ပါတယ်။ စတိဗ်ဂျော့စ် အထက်တန်းကျောင်း ပြီးသွားတဲ့ အခါသူဟာ Oregon ပြည်နယ်က Reed ကောလိပ်ကို သွားခဲ့ပါတယ်။ သူ့မွေးစား မိဘတွေဟာ ငွေကြေး သိပ်မတတ် နိုင်ပေမယ့် သူ့ရဲ့ မွေးမိခင်ကို ပေးခဲ့တဲ့ ကတိအတိုင်း ဈေးကြီးတဲ့ ကျောင်းကို ထားပေးခဲ့ ကြပါတယ်။ ၁၉၇၄ခုနှစ် လောက်မှာ စတိဗ်ဂျော့စ်ဟာငွေလို လာ တာကြောင့် Video Game Companyတစ်ခုဖြစ်တဲ့ Atari မှာအလုပ် ဝင်ခဲ့ပြီး Pinball စက်ကို တီထွင်ခဲ့တဲ့ Atari တည်ထောင်သူ Nolan Bushnell ကိုအားကျခဲ့တာပါ။ သူဟာ အဲ့ဒီကတည်းက ကိုယ်ပိုင် Electronic စီးပွားရေး လုပ်ငန်းကို လုပ်ချင်တဲ့ စိတ်ကူး ရှိခဲ့တာပါ။ စတိဗ်ဂျော့စ်ဟာ Germany အထိသွားပြီး Atari ရဲ့စက်တွေကို ပြင်ဆင်ပေး ခဲ့ရသလို အိန္ဒိယ ကိုလဲ ပညာရှာဖို့ သွားခဲ့ပါ သေးတယ်။ အဲ့အချိန် တွေမှာ Wozကအင်ဂျင်နီယာတွေ စုစည်းရာ HP company မှာအလုပ်လုပ် နေခဲ့ပြီး ကီးဘုတ်ရယ်၊ စက်ခရင်ရယ်နဲ့ တွဲဖက် သုံးနိုင်တဲ့ ချပ်ပြားအနည်းငယ်သာ ပါဝင်တဲ့ ကိုယ်ပိုင် ကွန်ပြူတာဘောက် တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် ပန်းသီး ကုမ္ပဏီ Steve ကအင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီး သိပ်မသိ ပေမယ့် Woz နဲ့တိုင်ပင်ပြီး software ရေးဖို့အတွက် computer သုံးချင်ကြတဲ့ သူတွေအတွက် computer တွေတပ်ဆင် ရောင်းချခဲ့ ပါတယ်။ အဲ့တုန်းက Steve ကဘာပြောခဲ့ သလဲ ဆိုတော့ "တို့ပိုက်ဆံတွေ အရှုံးပေါ် ခဲ့ရင်တောင် ကိုယ်ပိုင် company ဆိုတာ ရှိသွားပြီ။ ဘ၀မှာ ပထမဆုံး ကိုယ်ပိုင် company ဖြစ်ပြီပေါ့တဲ့။ သူတို့ ကုမ္ပဏီ အတွက် လိုအပ်တဲ့ငွေ ဒေါ်လာ တစ်ထောင်ကို Steve ရဲ့ Volkswagen ကားနဲ့ Woz ရဲ့ HP 65 calculator ရောင်းပြီး ရှာဖွေခဲ့ရပါတယ်။ ကုမ္ပဏီ နာမည်ကို အမျိုးမျိုး စဉ်းစားပြီး နောက်ဆုံးမှာ Appleလို့ အမည်ပေးခဲ့ပါတယ်။ ပထမဆုံး မှာယူသူက Byte Shop Computer စတိုးဆိုင် ပိုင်ရှင်ပါ။ သူက ကွန်ပျူတာ အလုံးငါးရာ မှာပြီး တစ်လုံးကို ဒေါ်လာငါးရာ ပေးတာကြောင့် သူတို့ဟာ ဒေါ်လာ နှစ်သောင်းခွဲကို စတင် ရရှိပါတယ်။ ကွန်ပြူတာ တစ်လုံးအတွက် အမှန်တကယ် ကုန်ကျငွေက ဒေါ်လာ၂၂၀ ဖြစ်ပြီး ဆိုင်ရောင်းဈေးက ဒေါ်လာ ၆၆၀ပါ။ သူတို့ နှစ်ယောက်က တစ်ဆိုင်ပြီး တစ်ဆိုင် သွားပြီး လိုက်ရောင်းချခဲ့ ရပါတယ်။ ဒါက Apple ကွန်ပျူတာရဲ့ အစပါ။ နောက်တော့ Ron Wayne လို့ခေါ်တဲ့ သူတစ်ယောက်ပါ ပါဝင်လာပြီး သုံးယောက် ပေါင်းပြီး ၁၉၇၆ခုနှစ် ဧပြီ ၁ရက်နေ့မှာ Apple company ကိုစတင် တည်ထောင်ခဲ့ ကြပါတယ်။ ပန်းသီးလိုဂိုနှင့် ကွန်ပျူတာ အဲ့အချိန်မှာပဲ Woz ကသုံးရတာ ပိုမြန်ပြီး ရုပ်ထွက် Resolution ကောင်းကောင်း ပါတဲ့ Color TV တွေနဲ့ တွဲသုံးလို့ ရတဲ့ Apple II ကိုဒီဇိုင်းထွင်နေခဲ့ပြီး ထုတ်ဖို့ အဆင်သင့် ဖြစ်တဲ့ အချိန်မှာ  Steve ကရင်းနှီး မြှပ်နှံမယ့် ငွေရှင်တွေကို လိုက်လံ ရှာဖွေ ပါတယ်။ Mike Markkula ဆိုတဲ့ Steve Jobs ရှယ်ယာရှင်နဲ့ တွေ့ပြီး သူက ဒေါ်လာနှစ်သိန်းခွဲ အရင်းထည့် ပါတယ်။ Mike က Apple ကိုကြေညာ ချင်တာကြောင့် ကြော်ငြာသမား တွေနဲ့ ဆက်သွယ် ပါတယ်။ Steve ကတော့ logo ကိုချစ်စဖွယ် ပုံစံမျိုး မဖြစ်စေ ချင်တာကြောင့် Design ဆရာက ပန်းသီးကို ခရမ်းချဉ်သီးနဲ့ မတူအောင် ကိုက်ရာလေး ထည့်ပေး လိုက်ပါတယ်။ ပြီးတော့ Apple ရဲ့ Color Graphics Capability ကိုသက်သေပြဖို့ အရောင်စုံ အစင်းတွေ ထည့်လိုက် ပါတယ်။ သူတို့ရဲ့ Apple II ကို West Coast ကွန်ပျူတာ ပြပွဲမှာ ဝင်ရောက် ပြသခဲ့ပြီး သူတို့ကို လူကြိုက်များ သွားစေတာက VisiCalc လို့ခေါ်တဲ့ Spreadsheet Software ကြောင့်ပါ။ အဲ့ခေတ်က Personal Computer ဆိုတာ မရှိတော့ စာရင်းအင်းနဲ့ အလုပ်လုပ် ရတဲ့ သူတွေက အလုအယက် ဝယ်ယူ ကြပါတယ်။ Steve လည်းချမ်းသာ သွားပါတယ်။ ကုမ္ပဏီကလည်း ပိုကြီးလာပြီး ရှယ်ယာရှင် တွေလည်းတိုးလာ ပါတယ်။ သူတို့ထဲက ကွန်ပျူတာ သိပ္ပံပညာရှင် Raskin ကစပြီး ပေါင်မုန့် မီးကင်စက် (toaster) တစ်လုံးလို အသုံးပြုရ လွယ်တဲ့ ကွန်ပျူတာ ဖြစ်အောင် ဖန်တီးဖို့ စိတ်ကူး ရပြီးအဲဒီ project ကို Apple Macintosh လို့နာမည် ပေးလိုက် ပါတယ်။ စတိဗ်နှင့် နက်စ်ကုမ္ပဏီ Steve Jobs က၁၉၈၅မှာ ရှယ်ယာတွေ အားလုံး ရောင်းချပြီး Apple ကထွက်ခဲ့ ပါတယ်။ ဒါပေမယ့် သူ့မှာ အကြံ ရှိပြီးသား ဖြစ်ပြီး NeXT နဲ့ပူးပေါင်း လိုက်ပါ တော့တယ်။  NeXT ကိုအကောင်းဆုံး ဖြစ်စေချင်တဲ့ ရည်မှန်းချက် မြင့်မြင့် ထားခဲ့တာပါ။ အမှန်တကယ်လည်း NeXT Cube ကတကယ် ကောင်းပေမယ့်လည်း ဈေးကြီးလွန်းနေပါတယ်။ ဝယ်သူ ဘက်က ဒေါ်လာ၃၀၀၀ လောက်ပဲ သုံးချင် ပေမယ့် ဒေါ်လာ တစ်သောင်း လောက်ထိ ကျသင့် နေတာကြောင့် မရောင်းရ ပါဘူး။ နက်စ်ကုမ္ပဏီကလည်း ယိုင်လာပြီး နောက်ဆုံး Hardware ကနေ Software ဘက်ကို ကူးပြောင်း လိုက်ပါ တော့တယ်။ Steve ကနောက် တစ်ကြိမ် အရှုံးနဲ့ ထပ်ရင်ဆိုင် လိုက်ရတော့ အလုပ် တွေဘက် စိတ်လျှော့လိုက်ပြီး မိသားစုဘက် အချိန်ပေး ပါတော့တယ်။ သူ့ဇနီး Laurene နဲ့ ၁၉၉၁မှာ လက်ထပ်ခဲ့ပြီး Reed ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ နောက်တော့ Pixer နဲ့ဇာတ်လမ်း စပါတယ်။ အဲ့အချိန်မှာ George Lucas ကလင်မယား ကွာရှင်း စရိတ်ကြောင့် ငွေလိုနေ တာကြောင့် သူ့ Lucasfilm ရဲ့ Computer Graphics ဌာနကို ရောင်းချပါတယ်။ Apple ကရှယ်ယာ တွေကို ရောင်းချ လိုက်တဲ့ အခါ Steve လက်ထဲမှာ ငွေအများကြီး ရှိနေ ပြီးတော့ အဲ့အရောင်းအဝယ်ကို သူက စိတ်ဝင်စား ပါတယ်။ ၁၉၈၆မှာ ဌာနကိုဝယ်လိုက်ပြီး Pixar ဆိုတဲ့ နာမည်နဲ့ ပူးပေါင်း ဆောင်ရွက် ပါတယ်။ Pixar & Toy Story Cartoon Pixar မှာလည်း hardware ပိုင်းက အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ software ကုမ္ပဏီ အဖြစ် ပြောင်းလဲ ခဲ့ပြီး 3D TV ကြော်ငြာတွေ လုပ်ပြီး ငွေရှာခဲ့ ပါတယ်။ အလှည့်အပြောင်းက Disney နဲ့ computer-animated ဇာတ်ကားတွေ ထုတ်ဖို့ သဘောတူခဲ့ရာက စပါတယ်။ Disney ရဲ့ marketing ပိုင်းပံ့ပိုးမှုနဲ့ အတူ Toy Story ကာတွန်းကားက အောင်မြင် ခဲ့ပါတယ်။ Pixar ကိုကိုးနှစ် လုံးလုံး အိတ်စိုက် ခဲ့ရတဲ့ Steve ကခုမှ အကျိုး ပြန်ခံစား ရတာပါ။ Toy Story ရဲ့အောင်မြင်မှုနဲ့ အတူ Pixar ရဲ့ရှယ်ယာ တန်ဖိုး တွေက Wall Street မှာတက်လာ ပါတယ်။ Pixar ရဲ့ ၈၀ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ Steve ကဒေါ်လာ ၁.၅ဘီလီယံထိ ချမ်းသာ သွားပါ တော့တယ်။ အဲ့ပမာဏက ၁၉၈၀တုန်းက Apple မှာသူရှာဖွေ ခဲ့တဲ့ ပမာဏထက် ငါးဆလောက် ပိုများပါတယ်။ Steve ဘက်က အခြေအနေ ကောင်းနေပေမယ့် Apple ကတော့ ပြောင်းပြန်ပါ။ ၁၉၉၅မှာ Microsoft ရဲ့ Windows 95 ထွက်လာခဲ့ပြီး Macintosh ကိုအထိနာ စေခဲ့ပါတယ်။ CEO အသစ် Gil Amelio ရောက်လာခဲ့ပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေ ဖြတ်တောက် ပစ်ပြီး OS အသစ်ကို ရေးမယ့် အစား ရှိပြီးသား တစ်ခုကို ဝယ်ယူမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နောက်တော့ NeXT ရဲ့ OS ဖြစ်တဲ့ NeXTSTEP ကိုဒေါ်လာ $400 million နဲ့ဝယ်ယူ လိုက်ပြီး Steve လည်း Apple ကိုပြန်ရောက် သွားပါ တော့တယ်။ Apple ဘက်က ထိုးတက် ခဲ့သလို Pixer ဘက်ကလည်း Disney နဲ့ပေါင်းပြီး A Bug's Life (1998), Toy Story 2 (1999), Monsters Inc. (2001) နဲ့ Finding Nemo (2003) စတဲ့ ရုပ်ရှင်တွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရလာပါတယ်။ iPod (သို့) သင့်အိတ်ကပ်ထဲက သီချင်းပေါင်း ၁၀၀၀ Steve ပြန်ရောက်ပြီး ပထမ လေးလပတ်မှာ Apple က $700 million အရှုံးပေါ် ခဲ့ပြီးနောက် CEO Gil Amelio လည်းပြုတ်သွား ပါတယ်။ ဒီကာလတွေက Steve အတွက်တော့ အင်မတန် ခက်ခဲတဲ့ အချိန်တွေပါ။ Board အဖွဲ့က ဒါရိုက်တာတွေကို ပြန်လည် ဖွဲ့စည်း၊ အရေးကြီးတဲ့ Steve Jobs ဆုံးဖြတ်ချက် တွေချခဲ့ပြီး Steve ကိုယ်တိုင်လည်း CEO ရာထူးကို ပြန်ရခဲ့ ပါတယ်။ Mac OS X နဲ့ The Digital Hub strategy ကြောင့် Apple ကပြန် ဦးမော့ လာသလို retail stores တွေကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ တာကလည်း မှန်ကန်ခဲ့ပြီး Apple ကလမ်းကြောင်းမှန် ပေါ်ပြန်တက် လာပါပြီ။ အဲ့ဒါက ၂၀၀၀ ခုနှစ်ပိုင်း လောက်မှာပါ။ ဒါ့အပြင် လူငယ်ပိုင်းက ရုပ်ရှင်တွေ ဘက်က နေ MP3 သီချင်းတွေ ဘက်ကို အားသန် လာတာကို သတိထားမိတဲ့ Steve ကသူ့ကုမ္ပဏီ ဦးတည်ချက်ကို ရုပ်ရှင်တွေ ဘက်ကနေ တေးဂီတ ဘက်ကို ပြောင်းလဲ လိုက်ပြီး iTunes ပေါ်ပေါက် လာပါတယ်။ ခက်တာက သူနဲ့တွဲ သုံးမယ့် player တွေက အဆင်မပြေ တာပါ။ ၂၀၀၁ခုနှစ် မတ်လမှာ Apple တံဆိပ်နဲ့ MP3 player ကိုထုတ်ဖို့ ဆုံးဖြတ် လိုက်ပြီး အောက်တိုဘာမှာတော့ ဒီချစ်စရာ အဖြူရောင် player ကိုမိတ်ဆက်ခဲ့ပြီး '1,000 songs in your pocket' လို့ကြွေးခဲ့ပါတယ်။ ဒီပစ္စည်း သေးသေးလေးက ကုမ္ပဏီရဲ့ အနာဂတ်ကို ပြောင်းလဲ ပစ်နိုင်မယ်လို့ အဲ့အချိန်က Steve အပါအဝင် ဘယ်သူမှ မထင်မှတ် ထားခဲ့ပါဘူး။ ရေကန် အသင့်၊ ကြာအသင့် လို့ဆိုရမှာပါ။ အဲ့အချိန်မှာ လူတွေက သီချင်း နားထောင်ဖို့ player ကောင်းကောင်း တောင့်တ နေချိန်မှာ iPod ထွက်လာခဲ့ပြီး ဈေးကြီး ပေမယ့်လည်း လူတွေက အလုအယက် အားပေး ကြပါတယ်။ Apple ကလည်း သီချင်းတွေ ဘက်က အကျိုးအမြတ် ရနိုင်မှန်း သိသွားတဲ့ အခါမှာ တရားနည်းလမ်း ကျကျ သီချင်းတွေ ဒေါင်းလုတ် လုပ်ဖို့ Label တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး iTunes Music Store ကိုဧပြီ ၂၀၀၃မှာ စခဲ့ပါတယ်။ နောက်တော့ iPod mini, iPod shuffle, iPod nano, iPod video တွေဆက်ထုတ်ပြီး 'iPod nation' ကိုတည်ထောင် ခဲ့ပါတယ်။ ဒါတွေနဲ့ မရပ်တန့် သွားပါဘူး။ Steve ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ သူ Apple ကိုပြန်လာရတဲ့ အကြောင်းအရင်းက Apple နဲ့ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာ ဖြစ်အောင် တည်ဆောက်မယ်။ Apple မရှိလို့ မဖြစ်တဲ့ ကမ္ဘာတစ်ခုလို့ ဆိုသလိုပဲ သူနောက်ထပ် ရွေ့လိုက်တဲ့ အကွက်က Touch Screen နည်းပညာ ဘက်ပါ။ iPhone Steve Jobs၂၀၀၇မှာတော့ iPod, ဖုန်းနဲ့ အင်တာနက်ကို ပစ္စည်းတစ်ခုတည်းနဲ့ သုံးလို့ရမယ့် iPhone ထွက်လာပြီး Steve ရဲ့ career မှာအကောင်းဆုံးနဲ့ အမှတ်တရ အရှိဆုံး ပစ္စည်းတစ်ခုသာမက လူတွေရဲ့ ဖုန်း ယဉ်ကျေးမှု၊ ဖုန်းဈေးကွက် ကိုပါ ပြောင်းလဲပစ်ခဲ့ပါတယ်။ iPod တုန်းကလိုပဲ Steve ကဖုန်းဝန်ဆောင်မှု carrier ဖြစ်တဲ့ AT&T ညှိပြီး လုပ်ဆောင် ပါတယ်။ iPhone ကဈေးမြင့်ပေမယ့်လည်း အောင်မြင်ပြီးသားပါ။ ဒီအောင်မြင်မှုမှာ iPhone App Store ရဲ့အကျိုး သက်ရောက်မှု တွေပါဝင်သလို developer တွေကလည်း iPhone apps တွေရေးလာ တာတွေ ကြောင့်လည်း တခြား ကုမ္ပဏီတွေ လိုက်မမှီအောင် ရှေ့က ပြေးနိုင် ခဲ့တာပါ။ ၂၀၀၇ခုနှစ် မှာတော့ စတော့ တစ်ခုရဲ့ တန်ဖိုးဟာ $199.99 အထိ ရှိခဲ့ပြီး $1.58 billion အထိ အကျိုးအမြတ် ရရှိခဲ့ပြီး အကြွေး ကင်းရှင်းတယ် လို့ကုမ္ပဏီက ခပ်ကြွားကြွားလေး ပြောဆို နိုင်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ဝင်ငွေ တစ်ဝက် လောက်က iTunes နဲ့ iPod ကလာတာ ဖြစ်ပြီး iPod အလုံးပေါင်း သန်း၂၀၀နဲ့ သီချင်းပေါင်း ၆ကုဋေလောက် download ပြုလုပ်ရာမှ ရရှိတာ ဖြစ်ပါတယ်။ ဒီလိုအချက် တွေကြောင့် Fortune မဂ္ဂဇင်းက ပေးတဲ့ နံပါတ် ၁ နေရာ ရခဲ့ပါတယ်။ ကျန်းမာရေး Apple ဘက်က အောင်မြင်မှု ထိပ်တန်း ရောက်ချိန်မှာ ကျဆင်း လာတာက Steve ရဲ့ကျန်းမာရေး အခြေအနေပါ။ ၂၀၀၃ အောက်တိုဘာမှာ Steve ရဲ့ပန်ကရိယမှာ အကျိတ်တည်နေတာကို တွေ့ရှိခဲ့ ပါတယ်။ ခွဲစိတ် ကုသလို့ ရနိုင်ပေ မယ့်လည်း Steve Jobs သူကကိုးလ ကြာအောင် ကုဖို့ ငြင်းနေခဲ့ပြီး၂၀၀၄ ဩဂုတ်လမှ Stanford Medical Center မှာခွဲစိတ်မှု ခံယူခဲ့ တာပါ။ နောက်ငါးနှစ် လုံးလုံး ကျန်းမာနေပုံ ပေါက်ပြီး ကင်ဆာကို ကုသ ပျောက်ကင်း သွားခဲ့ပြီလို့ ထင်မှတ်ခဲ့ ကြပါတယ်။ ၂၀၀၈ခုနှစ်မှာ ပိန်ချုံးနေတဲ့ Steve ကိုမြင်တော့ အားလုံးက အံ့အားသင့် သွားကြပါတယ်။ Apple ကခြောက်လလောက် ခွင့်ယူခဲ့ပြီး အသည်း အစားထိုး ကုသခဲ့ပါတယ်။ ၂၀၀၉ နွေမှာ မပြီးပြတ် သေးတဲ့ iPad ပရောဂျက်ကို အချောသတ်ဖို့ Apple ကိုစိတ်အား ထက်သန်စွာနဲ့ ပြန်လာခဲ့ ပါတယ်။ ၂၀၁၀မှာတော့ သူ့ရဲ့ နောက်ထပ် ဂုဏ်ယူရမယ့် iPad ထွက်ရှိ လာပါတယ်။ ဒီကြားထဲမှာ သူ့ကျန်းမာရေး အခြေအနေက တက်လိုက်၊ ကျလိုက် အခြေအနေပါ။ ဒါပေမယ့် Apple ရဲ့တကယ့် အရေးကြီး ပွဲနှစ်ပွဲ ဖြစ်တဲ့ iPad2 နဲ့ iCloud မိတ်ဆက်ပွဲ တွေကို ပြုလုပ်ခဲ့ ပါသေးတယ်။Steve ကသူ့ကျန်းမာရေး အခြေအနေကို သူသိပြီး Apple ကိုသူမရှိလည်း ပုံမပျက် ဆက်သွား နိုင်အောင် ကြိုတင် စီမံခဲ့ ပါတယ်။ 'Apple University' တည်ထောင် ခဲ့သလို သူရဲ့ နောက်ဆက်ခံသူ Tim Cook ကိုလည်း Board အဖွဲ့တွေနဲ့ သဘော တူညီမှုယူ ရွေးချယ် ခဲ့ပါတယ်။ Steve ကိုလူမြင်ကွင်းမှာ နောက်ဆုံး တွေ့ခဲ့ရတာက ၂၀၁၁ ဇွန်မှာပါ။ ကျဆင်းလာတဲ့ ကျန်းမာရေး အခြေအနေကြောင့် ဩဂုတ်၂၄ မှာ Apple CEO အဖြစ်က အနားယူ ခဲ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး စီမံခဲ့သလို သူ့ကိုယ်ပိုင် ဘ၀ အတွက်လည်း အစီအစဉ်တွေ ထားရှိခဲ့ပါတယ်။ ဂျာနယ်လစ် Walter Isaacson နဲ့သူ့ရဲ့ ပထမဆုံး ကိုယ်ရေးစာအုပ် အတွက် အင်တာဗျူး ခံခဲ့ပါတယ်။ မိသားစုနဲ့ ခရီးထွက်ဖို့ သင်္ဘောတစ်စီးကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ ပေမယ့်လည်း သေခြင်းတရားက လက်ဦးသွား ပါတယ်။ အောက်တိုဘာလ ၄ရက်မှာ Apple ရဲ့ iPhone 4S မိတ်ဆက်ပွဲကို ကုတင်ပေါ်က ကြည့်ခဲ့ပါတယ်။ သေဆုံးခြင်း iPhone 4s မိတ်ဆက်ပွဲပြီး နောက်တစ်ရက်၂၀၁၁ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တွင်Steve Job သည် မိသားစုဝင်များ ဝန်းရံလျက် Palo Alto ရှိ နေအိမ်တွင် ကင်ဆာရောဂါကြောင့် အေးချမ်းစွာ ကွယ်လွန် သွားခဲ့သည်။ ဆယ်စုနှစ် တစ်ခုစာ ကင်ဆာရောဂါကို ရင်ဆိုင်ခဲ့ ရပြီး ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်သာ ရှိပါသေးသည်။ Apple က Steve Jobs ကွယ်လွန်ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး သူ၏ website တွင် Steve ဓာတ်ပုံဖြင့် "Steve Jobs 1955-2011" ဟု ရေးသား ခဲ့သည်။ CEO Tim Cook က Apple အနေဖြင့် အရာရာကို ကြိုတင်တွေမြင်နိုင်သည့် ပါရမီရှင် ခေါင်းဆောင် တစ်ဦး ဆုံးရှုံးခဲ့ရသလို၊ ကမ္ဘာကြီးအနေနဲ့ အံ့ဩဖို့အကောင်းဆုံး လူသားတစ်ဦး ဆုံးရှုံးခဲ့ ရပါပြီ။ သူမရှိတော့သော်လည်း သူရဲ့ ဝိညာဉ်သည် Apple နှင့်အတူ ရှိနေဦးမည်ဟု ရည်ညွှန်းခဲ့သည်။ Pixar ကုမ္ပဏီကလည်း ဝမ်းနည်းကြောင်းကို ထုတ်ပြန်ခဲ့သည်။ သူ၏ ဈာပနအခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ မိသားစုအသိုင်းအဝန်း အနည်းငယ်နှင့်သာ အကျဉ်းချုံးပြီး ကျင်းပခဲ့ပါတယ်။ Steve ကွယ်လွန်ခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် Apple နှင့် Microsoft ကုမ္ပဏီ နှစ်ခုလုံးက သူတို့ကုမ္ပဏီအလံများကို ရုံးချုပ်မှာ တစ်ဝက်ချပြီး ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ Bob Iger ကလည်း Disney ကုမ္ပဏီကလည်း Walt Disney World နှင့် Disneyland အပါအဝင် သူ့နေရာအကုန်လုံးမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ အလံတစ်ဝက်ချဖို့ညွှန်ကြားခဲ့ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ကို "Steve Jobs နေ့" အဖြစ် သတ်မှတ်ခဲ့ပါတယ်။ Fortune Magazine ကသူ့ကို CEO of the decade အဖြစ် သတ်မှတ် ပေးခဲ့သလို သူ့မွေးရပ်မြေ California က California Hall of Fame မှာသူ့ကို ထည့်သွင်း ထားခဲ့တာတွေ အပါအဝင် ဂုဏ်ပြုခံ ဆုတွေ အများကြီး ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါတင်မက တေးဂီတ ပိုင်းနဲ့ ပတ်သက်ပြီး သူလုပ်ခဲ့တဲ့ အပြောင်းအလဲ တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်မှာ Grammy Trustees Award ကိုချီးမြှင့် ခံခဲ့ရပါတယ်။ Disney ရဲ့ John Carter ဇာတ်ကားနဲ့ Pixer ရဲ့ Brave ဇာတ်ကား တွေက သူ့ကို ရည်ညွှန်းတဲ့ ရုပ်ရှင် တွေဖြစ်ပြီး Walter Isaacson ရေးသား ခဲ့တဲ့ သူ့ရဲ့ ဘ၀အကြောင်း စာအုပ် Steve Jobs က၂၀၁၁မှာ ထွက်ရှိခဲ့ ပါတယ်။ Steve Jobs ကွယ်လွန် ပြီးပြီးချင်း သူ့အကြောင်း ထွက်လာတဲ့ နာမည်ကြီး Documentary တစ်ခုပါ။ ကိုးကား ပြင်ပလင့် Steve Jobs' Executive Profile at Apple All about Steve extensive & short biographies, pictures, movies & interviews of or related to Steve Jobs. YouTube video of first Jobs' Macworld keynote in 1997, when he returned to Apple, where he announced partnership with Microsoft. YouTube video of Jobs' commencement address at Stanford University, 2005-06-12. Text of Jobs' commencement address at Stanford University, 2005-06-12. Steve Jobs Compensation "Thoughts on Music" by Steve Jobs, 2007-02-06 ကမ္ဘာကျော် လုပ်ငန်းရှင်များ အမေရိကန် ဘီလျံနာများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%90%E1%80%AD%E1%80%97%E1%80%BA%20%E1%80%82%E1%80%BB%E1%80%B1%E1%80%AC%E1%80%B7%E1%80%85%E1%80%BA
Ruby (programming language)
Ruby ဟာ reflective, Dynamic, Object-Oriented Programming Language ပါ။ သူ့ရဲ့ syntax ကတော့ Perl နဲ့ Smalltalk ကဲ့သို့တော့ Object-oriented Features တွေပါဝင်ပေါင်းစည်းထားပြီး Python, Lisp, Dylan နဲ့ CLU ရဲ့ features တွေကိုလည်း မျှဝေထားပါတယ်။ Ruby ဟာ single-pass interpreted language ပါ။ သူဟာ C နဲ့ ရေးထားတဲ့ free software မှ implementation လုပ်ထားပါတယ်။ သမိုင်း Ruby ကို Yukihiro "Matz" Matsumoto က ရေးသားခဲ့ခြင်းဖြစ်သည်။ February 24, 1993 က စတင်ခဲ့ရာ 1995 မှ Public လုပ်နိုင်ခဲ့သည်။ Ruby ဆိုတာ ကျောက်မျက်ရတနာ နာမည်ကို Perl ၏ နာမည်ကို နောက်တဲ့နေနဲ့ နာမည်ပေးခဲ့ခြင်းဖြစ်သည်။ March 2007 တွင် version 1.8.6 ကိုထုတ်ခဲ့သည်။ ယခုအခါ 1.9 ကို development လုပ်နေသည်။ ruby ကို Jruby အဖြစ် Java platform အတွက် နှင့် Microsoft က Iroruby ကို .NET Framework အတွက်ထုတ်လုပ်ပြီး rubinius ကတော့ Smalltalk virtual machines အတွက်ဖြစ်သည်။ ကိုးကား ပြင်ပလင့်ခ်များ Ruby language home page A ruby documentation community ruby documentation site ruby programming language at the Open Directory Project Ruby User Guide Mirror Ruby From Other Languages Riki: Ruby language and implementation specification Writing C Extensions to Ruby (MRI 1.8) ပရိုဂရမ်းမင်း ဘာသာစကား
https://my.wikipedia.org/wiki/Ruby%20%28programming%20language%29
နေပြည်တော်မြို့
နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ ၌ တည်ရှိသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ခဲ့သည်။ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) မျှကွာဝေးသည်။ မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ ရှိပြီး၊ ရန်ကုန် နှင့် မန္တလေး ပြီးလျှင် တတိယ လူဦးရေအများဆုံးမြို့ ဖြစ်သည်။ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ သမ္မတအိမ်တော် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ တို့သည် နေပြည်တော်၌ တည်ရှိသည်။ နေပြည်တော်သည် ၂၄ နှင့် ၂၅ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး၊ တတိယကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၊ နဝမကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ များကျင်းပခဲ့သည်။ ဝေါဟာရ ရင်းမြစ်ဗေဒ နေပြည်တော်ကို ယေဘုယျအားဖြင့် ဘာသာပြန်ဆိုရလျှင် “တော်ဝင်မြို့တော်”၊ “ဘုရင်နန်းစိုက်ရာ” သို့မဟုတ် “ဘုရင်နန်းစံရာ” ဖြစ်သည်။ ဓလေ့ထုံးတမ်းအရ မင်းနေပြည်များ၏ နောက်ဆက်စကားလုံးအဖြစ် သုံးစွဲသည်။ ဥပမာအားဖြင့် မန္တလေးကို ရတနာပုံနေပြည်တော် (Yadanabon Naypyidaw) ဟုခေါ်ဆိုခဲ့သည်။ သမိုင်း နေပြည်တော်ဟူ၍ ဖြစ်လာပြီးနောက်ပိုင်း နေပြည်တော်၏သမိုင်းသည် တိုတောင်းလှသော်လည်း နေပြည်တော်မြို့တော်တည်ထားသော ယခု လက်ရှိမြေနေရာများသည် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)၏ စစ်ဌာနချုပ်တည်ရှိခဲ့သောနေရာများဖြစ်သောကြောင့် ၎င်းမြေနေရာများ၏ သမိုင်းမှာ အလွန်ရှည်လျားလှသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ယိုးဒယားမှ ချီတက်လာပြီး ပျဉ်းမနား-လယ်ဝေးတွင် စစ်ဌာနချုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခု နေပြည်တော်မြို့တော်သည် ဗမာ့လွတ်လပ်ရေးအတွက် အစပြုခဲ့သော မြန်မာနိုင်ငံ၏ "အောင်မြေ" တွင် တည်ရှိနေခြင်းဖြစ်သည်။ နေပြည်တော်ကို ပျဉ်းမနားမြို့၏အနောက်ဘက် ၂ မိုင် (၃.၂ ကီလိုမီတာ ) အကွာတွင် တည်ထောင်ခဲ့သည်။ ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်ခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) အကွာတွင်တည်ဆောက်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ အေးရှားဝေါလ် နှင့် ထူးလီမိတက် အပါအဝင် အနည်းဆုံး ဆောက်လုပ်ရေးကုမ္ပဏီ ၂၅ ခုကို စစ်အစိုးရမှ ငှားရမ်းခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်စေခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းများအားလုံး ပြီးစီးမှုမရှိသေးသော်လည်း ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အစိုးရအဖွဲ့များ နေပြည်တော်သို့ အဖွဲ့များခွဲ၍ စတင်ပြောင်းရွှေ့ခဲ့သည်။ ငါးရက် ကြာပြီးနောက် နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီ တွင် စစ်တပ်ကုန်တင်ယာဉ် ၁၁၀၀ ပါသည့် ဒုတိယယာဉ်တန်းသည် အစိုးရဝန်ကြီးဌာန ၁၁ ခု ကိုတင်ဆောင်ပြီး ရန်ကုန်မြို့မှထွက်ခွါခဲ့သည်။ ဝန်ကြီးဌာနများအားလုံးကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် နေရာချထားပြီးဖြစ်ရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း ကတိုက်ကရိုက် ပြောင်းရွှေ့ခြင်းသည် ကျောင်းများနှင့် အခြားနေရာများ မပြည့်စုံခြင်းကိုဖြစ်စေပြီး၊ အစိုးရဝန်ထမ်းများကို ၎င်းတို့၏မိသားစုများနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ ခွဲခွာခြင်းကို ဖြစ်စေခဲ့သည်။ အစိုးရသည် အစပိုင်းတွင် အစိုးရအလုပ်သမားများ၏ မိသားစုများအား နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းကို တားဆီးခဲ့သည်။ စစ်တပ်ဌာနချုပ်များသည် အစိုးရ ဝန်ကြီးဌာနများမှ ခွဲခြားသည့်နေရာတွင် ထားရှိသည်။ အရပ်သားများကို စစ်တပ်နှင့် အစိုးရ နေရာများသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားသည်။ အစိုးရရုံးများ အနီးရှိ စီးပွားရေးဇုန်အတွင်းသို့ ဈေးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ အစိုးရအလုပ်များအတွက် အရာရှိများသည် အတိုကောက်အဖြစ် “နပတ” ဟုသုံးစွဲသည်။ ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက်တွင်၊ စစ်သည် ၁၂,၀၀၀ ကျော်သည် မြို့တော်အသစ်တွင် ပထမဆုံး လူထုဆောင်ရွက်လှုပ်ရှားမှုအဖြစ် ချီတက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်သိမ်းပိုက်မှုကို တော်လှန်ခဲ့သော နှစ်ပတ်လည်နေ့ဖြစ်သည့် တပ်မတော်နေ့ကိုဂုဏ်ပြုရန် ကြီးမားသည့် စစ်ရေးပြ ချီတက်ခြင်း ဖြစ်သည်။ ကွန်ကရစ် စစ်ရေးပြကွင်း အတွင်းသို့ ရုပ်ရှင်၊ ဗွီဒီယို၊ ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားပြီး၊ ကွင်းထဲတွင် မြန်မာမင်းများဖြစ်ကြသည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရား တို့၏ကြီးမားသည့် ရုပ်တုကြီးသုံးခု ရှိသည်။ ထိုမင်းသုံးပါးကို မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသောဘုရင်များအဖြစ် မှတ်ယူထားသည်။ မြို့၏အမည်ကို ထိုစစ်ရေးပြပွဲကျင်းပနေစဉ်အတွင်း တရားဝင်ခေါ်ဆိုခဲ့သည်။ မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။ နေပြည်တော်သို့ပြောင်းရွှေ့ခြင်း၏အခြေခံအကြောင်းအရင်း နေပြည်တော်သည် မြန်မာပြည်၏ အလယ်ဗဟိုနားတွင်တည်ရှိပြီး မြန်မာတစ်နိုင်ငံလုံးကို အုပ်ချုပ်ရန်အတွက် နေရာကောင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် ဗဟိုချက်မဖြစ်ပြီး၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို့နှင့် ထိစပ်နေသည်။ အစိုးရအဖွဲ့ အနီးအနားတွင်တည်ရှိနေခြင်းဖြင့် ကာလရှည်ကြာစွာ မငြိမ်သက်ခဲ့သည့်ဒေသများကို တည်ငြိမ်မှုရှိလာစေရန် ထောက်ကူပေးနိုင်သည်။ နေပြည်တော် မြို့တော်ပြောင်းရွှေ့ရခြင်းမှာ ရန်ကုန်မြို့သည် မြန်မာပြည်၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သဖြင့် လူဦးရေထူထပ်များပြားသောကြောင့်လည်းကောင်း၊ အစိုးရရုံးများနှင့် လူနေရပ်ကွက်များ ရောထွေးနေခြင်းကြောင့်လည်းကောင်း၊ မြို့အတွင်း စစ်တပ်ရှိနေခြင်းကြောင့်လည်းကောင်း၊ စသည်တို့အပြင် ဒီမိုကရေစီအသွင် ကူးပြောင်းရာတွင် လိုအပ်သည့် အခြေခံအဆောက်အအုံများ ရန်ကုန်မြို့တွင် စနစ်တကျမရှိခြင်းတို့ကြောင့် မြို့တော်သစ်သို့ ပြောင်းရွှေ့ အုပ်ချုပ်ခြင်းဖြစ်သည်။ ထို့အပြင် ယခုလက်ရှိ နေပြည်တော် တည်ရှိနေသော နေရာသည် ဗမာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏ စစ်ဌာနချုပ်တည်ရှိခဲ့ရာနေရာ (သို့မဟုတ်) မြန်မာပြည်၏ အောင်မြေ ဖြစ်သည်။ နောင်အနာဂတ်များတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲများ၊ အားကစားပြိုင်ပွဲများ စသည်တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ရန် ရည်ရွယ်သည့်အတွက် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ယခုအခါ နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီသည့် အစိုးရဧည့်ဂေဟာများ၊ နိုင်ငံတကာ အဆင့်မီသည့် ဟိုတယ်များ စသည့် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။ ဒီမိုကရေစီစနစ်အတွက် အလွန်ရေးပါသည့် လွှတ်တော်အဆောက်အအုံများလည်း ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းလွှတ်တော် အဆောက်အအုံများအတွင်း လွှတ်တော်အစည်းအဝေးများ ကျင်းပပြုလုပ်နေပြီဖြစ်သည်။ ပထဝီအနေအထား နေပြည်တော်သည် ပဲခူးရိုးမတောင်တန်းနှင့် ရှမ်းရိုးမတောင်တန်း နှစ်ခုတို့၏အကြားတွင် တည်ရှိသည်။ တရားဝင်စာရင်းများအရ မြို့တော်သည် ၇၀၅၄.၃၇ စတုရန်းမိုင်ကျယ်ဝန်းပြီး၊ လူဦးရေ ၉၂၄,၆၀၈ ရှိသည်။ ချောင်းမကြီးဆည်သည် နေပြည်တော်၏မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာအဝေးတွင်ရှိပြီး၊ ငလိုက်ဆည်သည် မြို့၏တောင်ဘက် ကီလိုမီတာအနည်းငယ် အကွာတွင်ရှိသည်။ ရေဆင်းဆည်သည် မြို့၏ အရှေ့မြောက် ခပ်လှမ်းလှမ်းတွင်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉° ၁၈' နှင့် ၂၀° ၂၅' အကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၅° ၄၅' နှင့် ၉၆° ၄၅' အကြားတွင် တည်ရှိသည်။ နေပြည်တော်သည် ရန်ကုန်နှင့် ၃၂၀ ကီလိုမီတာ (၁၉၈ မိုင်) ၊ မန္တလေးမြို့နှင့် ၁၃၈ မိုင် ကွာဝေးသည်။ မြို့တော်မြင်ကွင်း လူနေအိမ်ရာဇုန်များ လူနေအိမ်ရာအကွက်များသည် သေချာစွာဖွဲ့စည်းထားပြီး၊ အခန်းများကို ရာထူးအလိုက်နှင့် အိမ်ထောင်ရှိ/မရှိ အပေါ်မူတည်ပြီး ချထားပေးသည်။ မြို့တွင် လက်ရှိအခန်းတွဲ လေးထပ်တိုက် ၁၂၀၀ ရှိသည်။ ကြီးမားသည့် အခန်းတွဲတိုက်များစွာသည် ခေါင်မိုးအနီရောင်၊ အစိမ်းရောင် သို့မဟုတ် အပြာရောင်များဖြင့် ရှိနေကြသည်။ အချို့သောလူနေအခန်းတွဲတိုက်များ၏ ဆေးရောင်အမှတ်အသားကို ဝန်ကြီးဌာနအလိုက် ခွဲခြားထားသည်မှာ ဥပမာကျန်းမာရေး ဝန်ကြီးဌာနဝန်ထမ်းများသည် အပြာရောင်ခေါင်မိုးနှင့် တိုက်များတွင်နေကြပြီး၊ စိုက်ပျိုးရေးဝန်ကြီးဌာနဝန်ထမ်းများမှာမူ အစိမ်းရောင်ခေါင်မိုးများ နှင့်နေကြသည်။ အဆင့်မြင့်အရာရှိကြီးများသည် လုံးချင်းအိမ်ကြီးများတွင် နေထိုင်ကြသည်။ ဝန်ကြီးဌာနဇုန် ပြည်ထောင်စု လွှတ်တော် နှင့် သမ္မတအိမ်တော် တို့သည် ဝန်ကြီးဌာနဇုန်၌ တည်ရှိသည်။ မြို့တော်ခန်းမအဆောက်အဦးသည် ဆိုဗီယက်အစိုးရအဆောက်အဦးနှင့် ဆင်တူပြီး၊ ခေါင်မိုးပုံစံမှာမူ မြန်မာ့ဟန်ဖြစ်သည်။ မြို့တော်ခန်းမ၏ အနောက်ဘက်တွင် ကလေးကစားကွင်းနှင့် ရေတံခွန်အတုရှိပြီး၊ ထိုနေရာတွင် တေးဂီတလျှပ်စစ်မီးရောင်စဉ်ပွဲကို နေ့တိုင်းပြသသည်။ ဝန်ကြီးဌာန အဆောက်အအုံ အများစုသည် ပုံစံအားဖြင့် ဆင်တူကြသည်။ တပ်မတော်ဇုန်များ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် အခြားသောအရေးပါသည့် စစ်အရာရှိကြီးများသည် သာမန်ဝန်ထမ်း များနေထိုင်ရာမှ ၁၁ ကီလိုမီတာကွာဝေးသည့် စုပေါင်းဝင်းကြီးအတွင်းတွင် နေထိုင်ကြပြီး၊ ထိုဝင်းကြီးတွင် ဗုံးခိုကျင်းများ၊ မြေအောက်ဥမင်လှိုဏ်ခေါင်းများ ပါရှိသည်ဟုဆိုပြီး အများပြည်သူအတွက် ကန့်သတ်နယ်မြေဖြစ်သည်။ မြို့တွင် တပ်မတော်ဇုန်ဟုလည်း သီးသန့်ရှိပြီး၊ ခွင့်ပြုမိန့်မရှိပဲ နိုင်ငံသားများ သို့မဟုတ် အခြားသောလူပုဂ္ဂိုလ်များ ဝင်ရောက်ခွင့်မရှိပါ။ ဟိုတယ်ဇုန် ဟိုတယ်ဇုန်တွင် နားနေစံအိမ်ပုံစံ ဟော်တယ်များသည် လက်တစ်ဆုပ်စာလောက်သာရှိပြီး၊ မြို့၏ဆင်ခြေဖုံးရှိ တောင်ကုန်းများပေါ်တွင် ဟိုတစ်ခု ဒီတစ်ခု ရှိနေသည်။ ဤဇုန်သည် မြို့၏မြို့လယ်ခေါင် ဖြစ်လာမည်ဖြစ်သည်။ နေပြည်တော်အတွင်းနှင့် အနီးအနားတစ်ဝိုက်တွင် ယခုလက်ရှိ ဟိုတယ် ၁၂ ခုရှိသည်။ ထိုအထဲမှ ရှစ် ခုသည် နေပြည်တော်ဟိုတယ်ဇုန် အတွင်းတွင်ရှိနေပြီး၊ နှစ်ခုသည် ရန်ကုန်-မန္တလေးကားလမ်းမပေါ် လယ်ဝေးတွင် ရှိသည်။ နိုင်ငံတကာဇုန် အစိုးရသည် နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂကိုယ်စားလှယ်ရုံးများအတွက် မြေ နှစ်ဟက်တာ ပေးထားသည်။ ဈေးဝယ်ထွက်ခြင်း ဗဟိုလမ်းဆုံကုန်တိုက် နေပြည်တော် မြို့မဈေးသည် လတ်တစ်လောတွင် နေပြည်တော်၏ စီးပွားရေးအချက်အချာကျနေသည်။ အခြားသော ဈေးဝယ်ထွက်ရန်နေရာများမှာ သပြေကုန်းဈေးနှင့် ဗဟိုလမ်းဆုံကုန်တိုက် တို့ဖြစ်ကြသည်။ ဗဟိုလမ်းဆုံကုန်တိုက်ကို ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့ကာ နေပြည်တော်ရှိ ဈေးစီမံကိန်းအတွက် ပထမဆုံးပုဂ္ဂလိက ဖွင့်လှစ်ခဲ့သည့် ဈေးကုန်တိုက်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့သည်။ မြို့မဈေးတွင် စားသောက်ဆိုင်အနည်းငယ်နှင့် လမ်းဘေးအစားအစာဆိုင်တန်းများရှိပြီး၊ သပြေကုန်း ဈေးအနီးတွင်လည်း စားသောက်ဆိုင်များရှိသည်။ မိုင်အနည်းငယ်သွားလိုက်ရုံဖြင့် စိတ်ကြိုက်ညနေစာစားသုံးနိုင်သည့်ဆိုင်များ လယ်ဝေး နှင့် ပျဉ်းမနားတွင်ရှိသည်။ စိတ်ဝင်စားဖွယ်နေရာများ ငလိုက်ကန်ပန်းခြံများသည် အသေးစားရေကစားပန်းခြံဖြစ်ပြီး၊ ငလိုက်ဆည်၏ဘေး ကျွဲရှင်းရွာအနီး တွင်ရှိသည်။ (ခန့်မှန်းခြေအားဖြင့် နေပြည်တော်မှ ခုနှစ်မိုင်ခန့်ကွာဝေးသည်)။ ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ငလိုက်ကန်ပန်းခြံတွင် ရေလွှာလျှောစီး၊ သဘာဝအတိုင်းအပန်းဖြေစရာများ၊ နားနေဆောင်များနှင့် ကမ်းခြေတို့ပါဝင်သည်။ ပန်းခြံကို သင်္ကြန် ရုံးပိတ်ရက်များတွင် အများပြည်သူအတွက် ဖွင့်လှစ်ပေးသည်။ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကို တိရစ္ဆာန်ကောင်ရေ ၄၂၀ နှင့် ရာသီဥတု ထိန်းပေးထားသည့် ပင်ဂွင်း ငှက်အိမ်တို့ဖြင့် ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဤဥယျာဉ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးတိရစ္ဆာန်ဥယျာဉ် ဖြစ်သည်။ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သည် ပျဉ်းမနားမြို့မှ (၁၈) မိုင်အကွာ ၊ ပျဉ်းမနားနှင့် တပ်ကုန်းမြို့ အကြားတွင် တည်ရှိသည်။ (၆၁၂) ဧက ကျယ်ဝန်းပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၁၈) တွင် စတင် တည်ထောင်ခဲ့ကာ ၂၀၀၈ ခုနှစ် မတ်လ (၂၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ယနေ့အထိ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တဝါပေါင်း - (၃၂) မျိုး - (၂၈၀) ကောင် တွားသွားသတ္တဝါပေါင်း - (၁၂) မျိုး - (၆၂) ကောင် ငှက်မျိုးနွယ်ပေါင်း - (၄၃) မျိုး - (၂၇၄) ကောင် ရှားပါးစာရင်းဝင် ကျားဖြူနှင့် မြန်မာနိုင်ငံတွင် နေထိုင် ကျက်စားခြင်း မရှိသော ပင်ဂွင်း များလည်း မွေးမြူပြသထားသည်။ တနင်္လာနေ့မှအပ ကျန်နေ့တိုင်း ဖွင့်လှစ်သည်။ အမျိုးသားဆေးဖက်ဝင်အပင်များပန်းခြံကို ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဧက ၂၀၀ (ဝ.၈၁ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ ဆေးဖက်ဝင်အပင်များကို ပြသထားသည်။ ပရဆေးဥယျာဉ်တွင် ဆေးဖက်ဝင် ပရဆေးပင် မျိုးစိတ်ပေါင်း (၅၀၀) ကျော် စိုက်ပျိုးထားရှိသည်။ နေပြည်တော်မြို့တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်း ကျောက်မျက်ပြတိုက် နက္ခတ်တာရာပြခန်း (နေပြည်တော်) ဆာဖာရီဥယျာဉ် (နေပြည်တော်) ဥပါတသန္တိ စေတီ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် သတ္တသတ္တာဟ မဟာဗောဓိစေတီတော် နေပြည်တော်ရေပန်းဥယျာဉ် အမျိုးသားပြတိုက် (နေပြည်တော်) သူရဲကောင်းဗိမာန် (နေပြည်တော်) ယဉ်ကျေးမှု ဖျော်ဖြေရေး မြန်မာ့ရုပ်ရှင်အကောင်းဆုံးစွမ်းဆောင်နိုင်သူများအတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နေပြည်တော်တွင် တစ်ခါတစ်ရံ ကျင်းပသည်။ နေပြည်တော်ရှိ လမ်းဆုံဗဟိုကုန်တိုက်တွင် ရုပ်ရှင်ရုံ တစ်ရုံ၊‌ေနပြည်တော်ရေပန်းဥယျာဉ် အနီးရှိအောင်သ‌ေပြ ရုပ်ရှင်ရုံ နှင့် ပျဉ်းမနား နှင့် တပ်ကုန်း တို့တွင် တစ်ရုံစီ ရှိသည်။ မြို့တော်အုပ်ချုပ်ရေး နေပြည်တော် ပြည်ထောင်စုနယ်မြေသည် နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသည်။ နေပြည်တော်ကောင်စီကို ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦးနှင့် ကောင်စီဝင် ကိုးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ နေပြည်တော်မြို့တော် စီမံခန့်ခွဲခြင်းကိစ္စရပ်များကို နေပြည်တော်ကောင်စီ မှ တာဝန်ယူဆောင်ရွက်သည်။ နေပြည်တော်မြို့တော်ဒေသတွင် မြို့စစ်စစ် (မြို့လယ်ခေါင်)နှင့် ပတ်ဝန်းကျင်မြို့နယ် ရှစ်ခု ပါဝင်သည်။ မြို့လယ်ခေါင်ကို ဆက်၍ ရပ်ကွက်လေးခု ခွဲထားသည်။ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်း မြို့နယ်များသည် ယခင်က ရမည်းသင်းခရိုင်၏ တစ်စိတ်တစ်ဒေသများ ဖြစ်ကြသည်။ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ နှင့် ဇေယျာသီရိ တို့သည် မြို့နယ်အသစ်များ ဖြစ်သည်။ ဒီဇင်ဘာ၂၀၀၉ တွင် အားလုံးသော ဝန်ကြီးဌာနရုံးများသည် အုပ်ချုပ်ရေးမြို့တော်သို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်သည်။ ပညာရေး အခြေခံပညာ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၀ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၁ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၂ အခြေခံပညာအထက်တန်းကျောင်း အဆင့်မြင့်ပညာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရေဆင်းသစ်တောတက္ကသိုလ် သယ်ယူပို့ဆောင်ရေး ပြည်သူ သယ်ယူပို့ဆောင်သည့်လုပ်ငန်းများသည် အနီးအနားတစ်ဝိုက်အတွက် အကန့်အသတ်ရှိသည်။ အရှည်ကီလိုမီတာ ၃၂၃.၂ ရှိသော တစ်ဖက်နှစ်လမ်းသွား ရန်ကုန်နေပြည်တော်အမြန်လမ်းမကြီးသည် နေပြည်တော်ကို ရန်ကုန်နင့် တိုက်ရိုက်ချိတ်ဆက်ပေးထားပြီး၊ ၅၆၃ ကီလိုမီတာရှည်လျားသည့် ရန်ကုန် -နေပြည်တော် - မန္တလေး လမ်းမကြီး၏အစိတ်အပိုင်း ဖြစ်သည်။ ရိပ်သာလမ်းမကြီး ၂၀ ရှိပြီး၊ မြို့ထဲမှလမ်းများကဲ့သို့ ကြီးမားပြီးရှင်းလင်းနေသည်။ ရထားလမ်း နေပြည်တော်အတွက် ပျဉ်းမနားဘူတာ လယ်ဝေးဘူတာနှင့် နေပြည်တော်ဘူတာကြီးတို့ ရှိသည်။ ပျဉ်းမနားဘူတာသည် ရန်ကုန် - မန္တလေးရထားလမ်းပေါ်တွင် ရှိပြီး လယ်ဝေးဘူတာသည် ပျဉ်းမနားနှင့် ကျောက်ပန်းတောင်း လမ်းပေါ်တွင်ရှိသည်။ ရန်ကုန်မှ ပျဉ်းမနားသို့ ရထားဖြင့် ၆ နာရီကြာသွားရသည်။ မြို့တော်အသစ်တည်ဆောက်စဉ်က ရထားပို့ဆောင်ရေး ပြည့်စုံလာစေရန် ပျဉ်းမနား၏နောက် တစ်ဘူတာရွာတော်ဘူတာတွင် နေပြည်တော်ဘူတာစီမံကိန်းများကို တည်ဆောက်ခဲ့၍ ယခုအခါ နေပြည်တော်ဘူတာကြီးအဖြစ် တည်ရှိနေသည်။ လေကြောင်း နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (ယခင်အမည် အေလာလေဆိပ်) သည် နေပြည်တော်မြို့မှ အရှေ့တောင်ဘက် ၁၆ ကီလိုမီတာအကွာ အေလာနှင့်လယ်ဝေးမြို့ တို့အကြားတွင် တည်ရှိသည်။ ပြည်တွင်းလေကြောင်း လိုင်းများဖြစ်ကြသည့် မြန်မာ့လေကြောင်း နှင့် ရန်ကုန်လေကြောင်း တို့သည် ရန်ကုန် နှင့် နိုင်ငံအနှံ့ရှိ အခြားသောမြို့များသို့ ပုံမှန်ပြေးဆွဲရန်အတွက် ဤလေဆိပ်ကို အသုံးပြုကြသည်။ ၂၀၀၉ ခုနှစ် ဧပြီလ မှစတင်၍ အဓိကဆောက်လုပ်ရေးများကို တည်ဆောက်ဆဲဖြစ်ပြီး၊ တစ်နှစ်လျှင် ခရီးသည် ၃.၅ သန်း ဝင်ထွက်နိုင်ရန် ဖြစ်သည်။ ဘတ်စ်ကား နှင့် ကားများ အစိုးရဝန်ကြီးဌာနများသည် နံနက်ပိုင်း နှင့် ညနေပိုင်းတို့တွင် ၎င်းတို့၏သက်ဆိုင်ရာရုံးများသို့ လွန်းပျံဘတ်စ်ကားများ ပြေးဆွဲပေးသည်။ မြို့တွင် ဗဟိုဘတ်စ်ကားရပ်နားကွင်း နှင့် စစ်တပ်ပိုင်သည့် အငှားယာဉ်ကုမ္ပဏီတစ်ခု ရှိသည်။ ကျန်းမာရေး အစိုးရဆေးရုံများ နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး နေပြည်တော် မျက်စိ နား နှာခေါင်း လည်ချောင်း အထူးကု ဆေးရုံကြီး နေပြည်တော် အမျိုးသမီး ဆေးရုံ နေပြည်တော် အရိုး ဆေးရုံ နေပြည်တော် တိုင်းရင်းဆေး ဆေးရုံ ပျဉ်းမနား အထွေထွေရောဂါကု ဆေးရုံ တပ်ကုန်း အထွေထွေရောဂါကု ဆေးရုံ လယ်ဝေး အထွေထွေရောဂါကု ဆေးရုံ အားကစား ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံအားကစားကွင်း နှင့် ဇေယျာသီရိအားကစားကွင်း တို့သည် မြန်မာအသင်း၏ နိုင်ငံတကာ ပွဲများအတွက် နေပြည်တော်၌ တည်ရှိသည်။ နေပြည်တော် ဘောလုံး အသင်း သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ကိုယ်စားပြု အသင်း ဖြစ်သည်။ မြန်မာ နေရှင်နယ် လိဂ် (Myanmar National League) ခေါ် ပရိုစနစ်ဖြင့် ဘောလုံးပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ဆက်သွယ်ရေးများ ၂၀၀၉ ခုနှစ်မှစတင်ပြီး စီဒီအမ်အေ ကြိုးမဲ့ဖုန်း တစ်မြို့လုံးတွင် သုံးစွဲနိုင်သည်။ အစိုးရတိုက်ခန်းများတွင် နေထိုင်သည့် ဝန်ထမ်းများအား ကိုယ်ပိုင်ဖုန်းလိုင်း တပ်ဆင်ခွင့် မရှိပါ။ အများသုံးဖုန်းကိုသာ သုံးစွဲရမည်။ နေပြည်တော်သည် မြန်မာနိုင်ငံတွင် တစ်ရက် ၂၄ နာရီပတ်လုံး လျှပ်စစ်မီးရရှိသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ ဓာတ်ပုံများ ကိုးကား ပြင်ပလင့်ခ်များ Nay Pyi Daw - A photo album Inside Napyidaw မြန်မာနိုင်ငံရှိ မြို့များ မန္တလေးတိုင်းဒေသကြီး နေပြည်တော်
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ကျော်သူ
ကျော်သူသည် ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင်ဒါရိုက်တာ အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု နှစ်ခု ရရှိထားသူ ဖြစ်သည်။ ၁၉၅၉ နိုဝင်ဘာလ ၂ ရက် တွင်မွေးဖွားသည်။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း မြန်မာ့ရုပ်ရှင် ထိပ်ပိုင်းဦးဆောင်သူများထဲမှ တစ်ဦးအဖြစ် ရုပ်ရှင်များကို ရိုက်ကူးခဲ့သည်။ ကျော်သူသည် ဆင်းရဲသားများအတွက် လူမှုရေးလုပ်ငန်းများတွင် အချိန်များစွာ စိုက်ထုတ်နေပြီး၊ ထိုလုပ်ငန်းသည် မြန်မာစစ်အစိုးရအတွက် ပြောဆိုဝေဖန်မှုများဖြစ်စရာ တဖြည်းဖြည်း ဖြစ်လာသည်။ ကျော်သူသည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ငယ်ဘဝ ကျော်သူသည် ဦးစိန်တင်၊ ဒေါ်မြသန်း တို့မှ ရန်ကုန်တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ကျော်ဝင်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့ပြီး၊ ရုပ်ရှင်လုပ်ငန်းတွင် ဇောက်ချလုပ်ကိုင်လို၍ တက္ကသိုလ်နောက်ဆုံးနှစ်တွင် ကျောင်းထွက်ခဲ့သည်။ လှိုင်တက္ကသိုလ်ကျောင်းဝင်းတွင် ကျောင်းတက်နေစဉ် ဇနီးဖြစ်လာမည့် မြင့်မြင့်ခင်ဖေ နှင့် ၁၉၇၈ တွင် တွေ့ဆုံခဲ့သည်။ ကျော်သူသည် မြင့်မြင့်ခင်ဖေနှင့် လက်ထပ်ခဲ့ပြီး၊ သား ပြည်သိန်းကျော် နှင့် သမီး မြင်းမိုရ်ဦး တို့ မွေးဖွားခဲ့သည်။ သရုပ်ဆောင်ဘဝ ကျော်သူသည် ရုပ်ရှင်လောကသို့ ၁၉၈၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး၊ ရုပ်ရှင်သက်တမ်းအနှစ် နှစ်ဆယ်ကျော်အတွင်း ရုပ်ရှင်ကား ၂၀ဝ ကျော်တွင်ပါဝင်၍ ဒါရိုက်တာအဖြစ် ရုပ်ရှင် ၆ ကား ရိုက်ကူးခဲ့သည်။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များတွင် ကျော်သူသည် မြန်မာ့ရုပ်ရှင်တွင် အောင်မြင် ကျော်ကြားသူများထဲမှ တစ်ယောက်ဖြစ်သည်။ တပြည်သူမရွှေထား ရုပ်ရှင်တွင် အကောင်းဆုံးသရုပ်ဆောင်ခဲ့သည့်အတွက် ၁၉၉၄ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ကို ရရှိခဲ့သည်။ ၁၉၉၄ ခုနှစ်အထိ ဝါဒဖြန့်ကားများကို ငြင်းဆိုခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် သူ၏ရုပ်ရှင်ကားများထဲမှ တစ်ကားသည် လူကြိုက်များပြီး၊ ဆုရရှိမည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း ဆုတစ်ခုမှ မရရှိခဲ့ပါ။ ဒုတိယအကယ်ဒမီဆုကို ၂၀ဝ၃ ခုနှစ်၏ အမေ့နို့ဖိုး ရုပ်ရှင်ကားအတွက် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သည်။ နောက်ဆုံးတွင် အာဏာပိုင်များနှင့် စကားများရန်ဖြစ်သောကြောင့် – ရဟန်းသံဃာများဦးဆောင်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို အားပေးထောက်ခံခဲ့သည့်အတွက် ၂၀ဝ၇ အောက်တိုဘာလတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၂၀ဝ၇ အောက်တိုဘာလတွင် သူ၏နောက်ဆုံး ခုခံအားကျရောဂါ ပညာပေးရုပ်ရှင် အကြွင်းမဲ့လုံခြုံရာ ကို အစိုးရဆင်ဆာအဖွဲ့မှ ပြသရန် ပိတ်ပင်တားဆီးခဲ့သည်။ လူမှုရေးအလုပ် နှင့် နိုင်ငံရေးများ နိုင်ငံ၏ဆင်းရဲသားများကိုကူညီရန် သူ၏ထင်ပေါ်ကျော်ကြားမှုများကို အသုံးပြုခဲ့သည်။ သူသည် ဆင်းရဲသားများအား အခမဲ့နာရေးအကူအညီပေးသည့် အခမဲ့နာရေးကူညီမှုအသင်းကိုစတင်တည်ထောင်သူနှင့် ဒုတိယဥက္ကဋ္ဌ (ယခု ဥက္ကဋ္ဌ ) ဖြစ်သည်။ ၂၀ဝ၈ ဇွန်လအထိ အသင်းသည် နာရေး ၅၀ ဝဝဝ ကျော်ကို ကူညီခဲ့သည်။ ၂၀ဝ၃ ခုနှစ်မှစ၍ ရန်ကုန်အနီးအနားရှိ ဆင်းရဲသားများအား ကျန်းမာရေးစရိတ် ကူညီပေးကမ်းခဲ့ပြီး၊ ၂၀ဝ၇ မှစ၍ အခမဲ့ဆေးကုခန်းကို ဖွင့်လှစ်ခဲ့သည်။ သူ၏နာရေးကူညီမှု အသင်းမှတဆင့် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံးကို ပျက်စီးစေခဲ့ပြီး၊ လူ့အသက်ပေါင်း ၁၃၀ ဝဝဝ ကျော် ပေးဆပ်ခဲ့ရသည့် ၂၀ဝ၈ မေလ၏ နာဂစ်မုန်တိုင်းဒဏ်ခံရမှုများတွင် တက်ကြွစွာ ကယ်ဆယ်ရေး နှင့် အကူအညီပေးရေးများ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ ၂၀ဝ၈ ဇွန်လအရောက်တွင် ဒုက္ခသည်များအတွက် ကျပ်သန်း ၅၀ဝ ( အမေရိကန်ဒေါ်လာ ၄၀ဝ ဝဝဝ ) စုဆောင်းရှာဖွေ ကူညီခဲ့သည်။ ကျော်သူ နှင့် သူ၏ဇနီးတို့သည် ၂၀ဝ၇ စက်တင်ဘာ ရဟန်းသံဃာများ ဆန့်ကျင်ဆန္ဒပြမှုကို လူသိရှင်ကြား ကူညီထောက်ခံခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။ သူသည် လန်ဒန်ရှိ မြန်မာအဖွဲ့အစည်း၏ ၂၀ဝ၉ ခုနှစ်အတွက်ပေးသော "လူထုအတွက်ရပ်တည်ပေးသော အနုပညာရှင်" ဆုကို ရရှိခဲ့သည်။ ဦးကျော်သူဦးစီးဆောင်ရွက်နေသော အခမဲ့နာရေးကူညီမှုအသင်းသည် နိုင်ငံသားအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသောသူများစွာကိုအကူညီပေးခဲ့ကြ၍ ဆန္ဒပြပွဲများအတွင်း လုံခြုံရေးဆောင်ရွက်သူများက ဆန္ဒပြပြည်သူများကို သတ်ဖြတ်မှုများစွာပြုလုပ်ခဲ့ကြသည့်အတွက် ရဲနှင့်စစ်သားများအပါအဝင် ၎င်းတို့၏မိသားစုဝင်များအား နာရေး၊ ကျန်မာရေးအကူညီများမပေးတော့ဟုလည်း ကြေညာခဲ့သည်။ တစ်ဖက်တွင် အာဏာသိမ်းစစ်ကောင်စီက ရုံးမတက်သောဝန်ထမ်းများကို ဇွတ်အတင်းရုံးပြန်တက်ရန် ဖိအားပေးခြိမ်းခြောက်ကြ၏ ။ အကျိုးဆက်အနေဖြင့် အခမဲ့နာရေးကူညီမှုအသင်း၏ရုံးအား ညနက်သန်းခေါင်အချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ ထိုရုံးအတွင်းတွင် ရှိနေသောသူများကို ရိုက်နှက်နှိပ်စက်ခဲ့ကြသည့်အပြင် ကွန်ပျူတာနှင့် အခြားပစ္စည်းများကိုလည်း အဓမ္မသိမ်းယူသွားခဲ့ကြသည်။ ၂၀၂၁ မတ်လ ၄ ၌ ဦးကျော်သူကို ဝန်ထမ်းများရုံးမတက်ရာတွင် အားပေးအားမြှောက်ပြုသည်ဟုသော အကြောင်းပြချက်ဖြင့် ပုဒ်မ ၅၀၅ (က) ထုတ်ကာ ပြစ်တင်စွပ်စွဲထားသည်။ ၎င်း၏ဇနီးဖြစ်သူ၊ အသင်း၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေကိုလည်း ဖေဖော်ဝါရီ ၂၅ ၌ အဆိုပါပုဒ်မဖြင့်ပင် စစ်ကောင်စီက တရားစွဲဆိုခဲ့ကြသည်။ ဓာတ်ပုံများ ဒေါက်တာဘွဲ့ ၂၀၁၁-ခု၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ကိုးကား မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ မြန်မာ ရုပ်ရှင် ဒါရိုက်တာများ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%B0
မြို့တော်
မြို့တော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) ပြည်နယ်တစ်နယ် (သို့မဟုတ်) ဒေသတစ်ခု၏ အုပ်ချုပ်ရေးအရ အဆင့်အမြင့်ဆုံးသော အစိုးရရုံးထားရှိသည့် မြို့ကို ဆိုလိုသည်။ သို့သော် အချို့နိုင်ငံများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့တွင် အချင်းချင်းလွှမ်းမိုးမှုမရှိစေရန် အုပ်ချုပ်ရေးရုံးစိုက်ရန် တစ်မြို့၊ တရားရုံးချုပ်ရုံးစိုက်ရန် တစ်မြို့၊ လွှတ်တော်တည်ရှိရာ တစ်မြို့ သီးသန့်ခွဲထုတ်ထားတတ်သည်။ (ဥပမာ = တောင်အာဖရိကနိုင်ငံ) မြို့တော်များ တိုက်အသီးသီးရှိလူဦးရေအများဆုံးမြို့တော်များ (လူဦးရေ ပေါ်မှာ မူတည်)-- အာဖရိက:အီဂျစ်နိုင်ငံ၊ကိုင်ရိုမြို့ (၇,၉၃၃,၂၃၆) အာရှ:ဂျပန်နိုင်ငံ၊တိုကျိုမြို့ (၁၂,၇၉၀,၀၀၀) ဥရောပ: ရုရှားနိုင်ငံ၊မော်စကိုမြို့ (၂၀,၆၅၄,၀၀၀) မြောက်အမေရိက:မက္ကဆီကိုနိုင်ငံ၊မက္ကဆီကိုမြို့ (၈,၆၅၈,၅၇၆) အိုးရှင်းနီးယား:နယူးဇီလန်နိုင်ငံ၊ဝယ်လင်တန်မြို့ (၄၄၅,၄၀၀) တောင်အမေရိက:ကိုလံဘီယာနိုင်ငံ၊ဘိုဂိုတာမြို့ (၇,၅၅၄,၀၀၀) ဥရောပသမဂ္ဂ:အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့ (၈,၂၇၈,၂၅၁)
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
Portal:မြန်မာ့သမိုင်း
မြန်မာနိုင်ငံသမိုင်း ရှေးဦးသမိုင်း တကောင်းခေတ် ပျူမြို့ပြနိုင်ငံများ(ဘီစီ ၁၀၀-အေဒီ ၄၀၀) စစ်ကိုင်းခေတ် (အေဒီ ၁၃၁၅-၁၃၆၄) အင်းဝခေတ် (အေဒီ ၁၃၆၄-၁၅၅၅) တောင်ငူမင်းဆက် ပထမအင်္ဂလိပ်မြန်မာစစ် ဒုတိယအင်္ဂလိပ်မြန်မာစစ် တတိယအင်္ဂလိပ်မြန်မာစစ် မွန်မင်းဆက် (အေဒီ ၁၂၅-၁၇၄၇) ရခိုင်မင်းဆက် (အေဒီ ၈၇၈-၁၇၈၅) ကိုလိုနီခေတ် (အေဒီ ၁၈၈၅-၁၉၄၈) ပါလီမန်ဒီမိုကရေစီခေတ် (အေဒီ ၁၉၄၈-၁၉၆၂) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (အေဒီ ၁၉၆၂-၁၉၈၈) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ် (အေဒီ ၁၉၈၈-၁၉၉၇) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ် (အေဒီ ၁၉၉၇-) မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/Portal%3A%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး
နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး (Civil and Political Rights) များသည် လူသားတို့တွင် ရှိသော အခွင့်အရေးများ ဖြစ်ရုံမက နိုင်ငံတွင်းရှိ လူသားတိုင်းအပေါ် သက်ဆိုင်ရာ အစိုးရက လေးစားလိုက်နာရန် လိုအပ်သော လူတစ်ဦး တစ်ယောက်ချင်း၏ လွတ်လပ်ခွင့်များပင် ဖြစ်သည်။ ထို လူ့အခွင့်အရေးများနှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေ ညီလာခံမှ ၁၉၆၆ ခု ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ သဘောတူစာချုပ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ယေဘုယျပြောနိုင်သည်မှာ နိုင်ငံသား အခွင့်အရေးဆိုသည်မှာ နိုင်ငံသားတို့၏ အသက်ရှင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို အစိုးရက တရားလက်လွတ် ဝင်ရောက်နှောက်ယှက်ခြင်းမှ ကာကွယ်ပေးသော အခွင့်အရေးများကို ဆိုလိုသည်။ ဥပမာ - အသက်ရှင်ခွင့်၊ ကျွန်ပြုခြင်းမှ ကင်းလွတ်ခွင့်၊ နှိပ်စက်ခြင်းမှ ကင်းလွတ်ခွင့်၊ ပုဂ်ဂလိက လွတ်လပ်ခွင့်၊ လုံခြုံခွင့်၊ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ ယုံကြည် ကိုးကွယ်ခွင့်၊ တရားရေးအရ စီရင်ခံပိုင်ခွင့် စသည်တို့ ဖြစ်သည်။ နိုင်ငံရေး အခွင့်အရေးဆိုသည်မှာ တိုင်းပြည်အစိုးရ၏ လုပ်ငန်းရေးရာများတွင် နိုင်ငံသားများ ပါဝင်ပတ်သက်ခွင့်ကို ဆိုလိုသည်။ ဥပမာ - မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်၊ နိုင်ငံသား ဖြစ်ခွင့်၊ အစိုးရ ပေါ်လစီများ ချမှတ်ဆောင်ရွက်ရာတွင် သိရှိပါဝင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းဌာနများ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် စသည်တို့ ဖြစ်သည်။ ရည်ညှန်း Human Rights Terms, HREIB အခွင့်အရေးများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9E%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%20%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9B%E1%80%B1%E1%80%B8%20%E1%80%A1%E1%80%81%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8
ပူတာအိုမြို့
ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး ခရိုင်မြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ-၁၄၈၀ တွင်တည်ရှိသည်။ မြစ်ကြီးနားမြို့မှ (၂၁၈)မိုင် အကွာတွင် တည်ရှိသည်။ ပူတာအိုသည် ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုခရိုင်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ဆက်သွယ်သွားလာရေး လွန်စွာ ခက်ခဲခဲ့ပြီး နွေရာသီအတွင်းသာ ကားလမ်းဖြင့် သွားလာနိုင်ပြီး လေယာဉ်ဖြင့်သာ ဆယ်နှစ်ရာသီ သွားလာနိုင်သည်။ တောင်တန်းများဖြင့် ဝိုင်းရံထားသော ပူတာအို ချိုင့်ဝှမ်းဒေသတွင် တည်ရှိသော မြို့ဖြစ်သည်။ ယနေ့ NLD အစိုးရလက်ထက်တွင် ကားလမ်းသစ်ဖောက်လုပ်မူ‌့ကြောင့် ရာသီမရွေး ကားလမ်းဖြင့် သွားလာနိုင်ပြီဖြစ်‌ေလသည်။ သမိုင်းစဉ် ပူတာအိုဒေသကိုရှေးက ရှမ်းဒေသဟုခေါ်သည်။ အထက်ချင်းတွင်းရှိ ဇင်းကလိန်ခန္တီးနှင့်အမည်ကွဲလွဲစေရန် ခန္တီးကြီးဟုခေါ်ခြင်းဖြစ်သည်။ ရှမ်းဘာသာအားဖြင့် ရွှေထွက်သောဒေသဟူ၍ဖြစ်သည်။ နန်ချောင်ပြည် ပျက်သုန်းပြီးနောက် တိုင်ရှမ်းတို့သည် မြန်မာပြည်တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြကာ မြို့ပြနိုင်ငံများ တည်ထောင်ကြသည်။ မိုင်းမောကို မြို့တော်အဖြစ်သတ်မှတ်ပြီး မိုးကောင်းကို ဒုတိယမြို့တော်အဖြစ် သတ်မှတ်သည်။ မိုးကောင်းရှမ်းတို့သည် နယ်မြေသစ်များ ရှာဖွေထူထောင်ကြရာ ဟူးကောင်းနယ်၊ အာသံနယ်၊ ခန္တီးလုံနယ်တို့ ပေါ်ပေါက်လာကြသည်။ ခန္တီးလုံနယ်တွင် နေထိုင်သူများကို ခန္တီးရှမ်းများဟုခေါ်သည်။ ပူတောင်းနယ်တွင် စော်ဘွား ၄ ဦးရှိပြီး မိုးကောင်းစော်ဘွားအား ကျိုးနွံရသည်။ မိုးကောင်းအား မြန်မာဘုရင်များ သိမ်းပိုက်ချိန်မှစ၍ ပူတောင်းရှိ ခန္တီးစော်ဘွားတို့သည် မြန်မာဘုရင်အား သစ္စာခံခဲ့ကြသည်။ ပူတောင်းဆိုသည်မှာ ရှမ်းဘာသာအားဖြင့် ပူ -အဘိုး၊ တောင်း - စောင့်သည်(အဘိုးမျှော်မြို့)ဟုအဓိပ္ပာယ်ရသည်။ ပူတောင်းကို အင်္ဂလိပ်တို့သိမ်းပိုက်ချိန်တွင် အင်္ဂလိပ်ဘာသာဖြင့် ( PUTAO)ရေးရာမှ မြန်မာအသံထွက်မှာ ပူတာအို ဖြစ်သွားသည်ဟု ဆိုသည်။ ၁၉၁၄-ခုနှစ်တွင် ဗြိတိသျှ တပ်ဖွဲ့တို့သည် ပူတောင်းကျေးရွာ အနီး၌ စခန်းချ နေထိုင်ကြသည်။ ၁၉၁၆-ခုနှစ်တွင် မြေပုံအညွှန်း (အင်တီ-၀၁၈၅)သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှ ပူတာအိုဒေသကို ခရိုင်ဖွဲ့စည်းပြီး အုပ်ချုပ်ကြသည်။ ပထမဆုံး ခရိုင်ဝန်မှာ မစ္စတာ ဟတ်ဇ်(Mr. Heartz) ဖြစ်သည်။ ခရိုင်ဝန်နေထိုင်ခဲ့သော ခံတပ်ကို ဖိုဟတ်ဇ်() ခံတပ်ဟု ခေါ်တွင်ကြသည်။ ၁၉၂၅-ခုနှစ်တွင် ခရိုင်ကို ဖျက်သိမ်းပြီး မြစ်ကြီးနားခရိုင် အတွင်းသို့ ထည့်သွင်းကာ ခရိုင်ခွဲအဖြစ် ပူတောင်းကျေးရွာသို့ ပြောင်းရွေ့ တည်ထောင်ခဲ့ကြသည်။ ၁၉၆၅-ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ပူတာအိုမြို့ကို ခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ် စေခဲ့သည်။ ၁၉၇၂-ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး အရ ခရိုင်ကို ဖျက်သိမ်း၍ ပူတာအိုမြို့နယ်ကို (က)အဆင့်ရှိသော မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် (၂၈-၉-၉၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်(၁၄၂-၉၂)ဖြင့် ပူတာအိုခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ရှားပါးသော “တာကင်”ခေါ် သားမင်း ကောင်၊တောင်ဆိတ်၊ ကတိုးကောင်နှင့် ကမ္ဘာ့ရှားပါးလိပ်ပြာအမျိုးစုံနင့် ဝက်ဝံတို့ကိုလည်း ပူတာအိုခရိုင်တွင် တွေ့ရှိရသည်။ နေထိုင်သော လူမျိုးမျာ ဂျိန်ဖော့၊ လရှီ(လချိတ်)၊ ရဝမ်၊ လီဆူး၊ ရှမ်းနီ ခန္တီးရှမ်း စသည့်တိုင်းရင်းသားများ နေထိုင်ကြသည်။ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ရေခဲတောင်များ ဝန်းရံထားသဖြင့် ရာသီဥတုအေးမြသည်။ နွေရာသီတွင် တစ်ခါတစ်ရံ အပူချိန်မြင့်မားတတ်သည်။ ဆောင်းဥတုတွင် အေးမြလှသည်။ ရေခဲမှတ်အောက် ရောက်သည်အထိ အပူချိန်ကျဆင်းတတ်သည်။ စီးပွားရေး တောင်ယာလုပ်ငန်း သဘာဝတောထွက်ရှာဖွေရေးလုပ်ငန်း ခရီးသွားလမ်းပြလုပ်ငန်း ပူတာအို ခရီးသွားလုပ်ငန်း ပူတာအို ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအား ပိုမို အထောက်အကူဖြစ်စေသည်။ အဓိကအားဖြင့် သဘာဝ တောင်တောင်ရေမြေ သယံဇာတများ ပေါကြွယ်ဝသော ထို ဒေသအား သွားလာလည်ပတ်လိုသူများပြားလေ့ရှိသသည်။ အထူးသဖြင့် ပြည်ပခရီးသွားများ ဖုန်ကန်ရာဇီ ရေခဲတောင် ဒေသသို့ သွားရောက်လိုကြသည်။ လာရောက်လည်ပတ်လိုသူ နိုင်ငံခြားသားများ အနေဖြင့် မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း မှ ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်သည်။ အုပ်ချုပ်ရေး စိတ်ဝင်စားဖွယ်နေရာများ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ရှိသည်။ ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ၊ ဖုန်ကန်ရာဇီ၊ မဒွယ်ရာဇီ၊ ဖန်ဂရန်ရာဇီ၊ လွန်ခရူမာဒင် စသောနှင်းဖုံးတောင်များရှိသည်။ မူလာရှီးဒီချောင်းကို ဖြတ်သော ကိုက်(၂၀၀)ရှည်၍ (၆)ပေအကျယ် မူလာရှီးဒီကြိုးတံတား ရှိသည်။ နောင်ခိုင်တွင် ဒဏ္ဍာရီလာသဘာဝကျောက်နဂါးလည်းတည်ရှိလေသည်။ စာကိုး ဓာတ်ပုံ မြန်မာနိုင်ငံရှိ မြို့များ ကချင်ပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%B0%E1%80%90%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ဦးသန့်
မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။အင်္ဂလိပ်လိုမှာ U Thant ဖြစ်သည်။ ဖြစ်သည်။ ငယ်စဉ်ဘဝ ဦးသန့်ကို ၁၉ဝ၉- ခုနှစ်ဇန်နဝါရီလ ၂၂ ရက်သောကြာနေ့တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ အဖဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့ မှ ဖွားမြင်ခဲ့လေသည်။ မွေးချင်း ညီအစ်ကို လေးဦးအနက် အကြီးဆုံးဖြစ်သည်။ မိဘများမှာ အောင်မြင်သော မြေပိုင်ရှင်နှင့် ဆန်ကုန်သည်များဖြစ်ကြသည်။ ဖခင်ဦးဖိုးနှစ်သည် ကာလကတ္တား မြို့ (ယခု ကိုလ်းကားတား) အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကို ကောင်းစွာတတ်ကျွမ်းသူ ဖြစ်သည်။ ဦးသန့်၏ဖခင် ဦးဖိုးနှစ်၏ အမျိုးအနွယ်တို့မှာ ဗုဒ္ဓဘာသာကိုယုံကြည်ကြသူများ ဖြစ်ကြပြီး ရန်ကုန်မြို့၌ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။ ထိုခေတ်က မြန်မာလူမျိုးများတွင် အင်္ဂလိပ်စာ တတ်ကျွမ်းသူ ရှားပါးလှရာ၊ မောင်သန့်လေးမှာ ဖခင်ထံမှ အင်္ဂလိပ်စာနှင့် စာပေဗဟုသုတတို့ကို သင်ယူလေ့လာ ဆည်းပူးခွင့် ရရှိခဲ့လေသည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာတွင်လည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ မောင်သန့်သည် ငယ်စဉ်ကပင် စာရေးဆရာလုပ်ရန် ဝါသနာ ထုံခဲ့ရာ ရှေးခေတ်မြန်မာစာပေ ပညာရှင်ကြီးများရေးသားခဲ့သော ပျို့၊ ကဗျာ၊ မော်ကွန်းရာဇဝင်စသည့် ရှေးဟောင်းစာပေများနှင့် ရာဇဝင်များကို အချိန်ရလျှင်ရသလို လေ့လာလိုက်စားခဲ့သည်။ ဤသို့ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသမှ စ၍ နတ်ရှင်နောင်၊ နဝဒေး၊ လှိုင်ထိပ်ခေါင်တင်၊ မြဝတီမင်းကြီးဦးစ၊ စလေဦးပုည အဆုံး မြန်မာစာဆို တော်ကြီးများ၏ လက်ရာအဖုံဖုံကို လေ့လာဖတ်ရှုမှတ်သားခဲ့သည်။ မောင်သန့် ၁၂ နှစ်သားအရွယ်မှာပင် ဖခင်ဖြစ်သူ၏စာအုပ်စင်မှ ရှိတ်စပီးယား၊ နာမည်ကျော် စုံထောက် စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်း စသူတို့၏ အင်္ဂလိပ်ဝတ္တုကြီးများကို မွှေနှောက်ရှာဖွေ၍ ဖတ်ရှုတတ် နေလေပြီ။ သို့သော် မောင်သန့်အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့ရာ၊ မိခင်ဖြစ်သူ ဒေါ်နန်းသောင်မှာ သားလေးယောက်နှင့်ဘဝကို ရုန်းကန်ကြိုးစားရတော့သည်။ ပန်းတနော်အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို သင်ယူ လေ့လာခဲ့သည်။ တက္ကသိုလ် ပြီးဆုံးသောအခါ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ဆရာလုပ်ရန် ပြန်လာခဲ့သည်။ အသက် ၂၅ နှစ်တွင် ထိုကျောင်း၏ ကျောင်းအုပ် ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အနီးအနားရှိ မအူပင်မြို့တွင် နေထိုင်ပြီး ပညာအုပ်ဖြစ်သော နောင်တစ်ချိန်၌ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် သီလဝ ဟူသော ကလောင်အမည်ဖြင့် အချို့မဂ္ဂဇင်းနှင့် သတင်းစာအတွက် ဆောင်းပါး အပတ်စဉ်ရေးပေးသည်။ ဦးသန့်သည် စာအုပ်အချို့ကိုလည်း ဘာသာပြန်ခဲ့သည်။ ပြည်သူ့ဝန်ထမ်းဘဝ လွတ်လပ်ရေးရခါစမြန်မာနိုင်ငံတွင် ဦးနု ဝန်ကြီးချုပ် ဖြစ်လာသောအခါ ဦးသန့်ကို ရန်ကုန်သို့ ခေါ်ယူပြီး ၁၉၄၈ ခုနှစ်တွင် အသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ နောက်နှစ်များတွင် ဦးသန့်အား မြန်မာအစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဦးသန့်သည် ၁၉၅၁ ခုနှစ် မှ ၁၉၅၇ ခုနှစ်အထိ ဝန်ကြီးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မိန့်ခွန်းများ ရေးသားပေးခြင်း၊ နိုင်ငံခြား ခရီးစဉ်များ စီစဉ်ပေးခြင်း နှင့် နိုင်ငံခြားမှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ ကွန်ဖရင့် အများအပြားကို တက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ တွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု ကို မွေးဖွားပေးခဲ့သော ပထမအကြိမ် အာရှ - အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံတွင် အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။ မြို့မကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ နောင်တွင် တည့်တည့်မှန်မှန်လုပ်တတ်သော၊ မှန်သည်ထင်လျှင် အလျှော့မပေးတတ်သော ဦးသန့် နှင့် တိုင်းပြည်ခေါင်းဆောင်ဖြစ်သည့် ဦးနုတို့ မသင့်မမြတ်ဖြစ်ရာမှ ၁၉၅၇ ခုနှစ်တွင် ဦးသန့်အား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ စေလွတ်ခဲ့သည်။ ဦးသန့်သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အဖြစ်သာမက အယ်လ်ဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေး စေ့စပ်ဆွေးနွေးမှုများတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရသည် ဦးသန့်ကို ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်းအရ မဟာသရေစည်သူဘွဲ့နှင့် ဗိုလ်ရာထူး ပေးအပ်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်သည် ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး ယင်းရာထူးအား အာရှနိုင်ငံများထဲမှ ပထမဦးဆုံး ရရှိသူဖြစ်သည်။ ဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ စတင်ကာ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး၏ မကုန်ဆုံးသေးသော သက်တမ်းကို ဖြည့်ဆည်းရန် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံမှ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၁၉၆၂ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၃ ရက် သက်တမ်းအထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ပထမသက်တမ်းအတွင်းတွင် ကျူးဘားဒုံးပျံပြဿနာ (Cuban Missile Crisis) ကို ဖြေရှင်းပေးရာတွင် ပါဝင်စေ့စပ်ပေးမှု နှင့် ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးစေခဲ့ခြင်းတို့ကြောင့် အများက အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ဦးသန့်သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် လုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ထောက်ခံမှုဖြင့် အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် ထပ်မံခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းမှာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ သူအငြိမ်းစားယူမည့် အချိန်အထိ ဖြစ်သည်။ သူ၏ အတွင်းရေးမှူးချုပ် သက်တမ်းအတွင်းတွင် ကုလသမဂ္ဂသို့ အာရှ နှင့် အာဖရိကမှ ဒါဇင်မျှသော နိုင်ငံတို့ ဝင်ရောက်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ခဲ့ရပြီး သူသည် တောင်အာဖရိက အသားအရောင်ခွဲခြားမှု ကို အပြင်းအထန် ဆန့်ကျင်သူဖြစ်သည်။ ထို့အပြင်သူသည် UNDP, UN University, UNCTAD နှင့် UN Environmental Programme အပါအဝင် ယူအင်န် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သက်ဆိုင်သော အေဂျင်စီ၊ ရန်ပုံငွေအဖွဲ့နှင့် ပရိုဂရမ် အမြောက်အမြားကို တည်ထောင်ခဲ့သည်။ ဦးသန့်သည် မြောက်မြားလှသော ကြားဝင်ဖျန်ဖြေမှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဥပမာအားဖြင့် ၁၉၆၂တွင် ယီမင်အရေးနှင့် ၁၉၆၈တွင် ဘာရိန်းအရေးတို့ဖြစ်သည်။ ယင်းကိစ္စတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးကိုထိပါးစေနိုင်သည့် စစ်ဖြစ်ကြမည့် အရေးများဖြစ်ပြီး ဦးသန့်၏ လိမ္မာပါးနပ်စွာ ကြားဝင်စေ့စပ်ပေးမှုကြောင့်သာ စစ်ကိုရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။ သူ့အရင် အထွေအထွေအတွင်းရေးမှူးချုပ် နှစ်ယောက်နှင့်မတူပဲ သူသည် သက်တမ်းဆယ်နှစ်ပြည့်မြောက်သည်နှင့် အနားယူခဲ့သည်။ ဦးသန့်ကို တာဝန်ပေးခန့်အပ်ခဲ့စဉ် ၁၉၆၁ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုက အထွေထွေအတွင်းရေးမှူးချုပ်သုံးဦး ထားရှိမည့် Trioka အစီအစဉ်ကို ကြိုးပမ်းလာခဲ့ဖူးသည်။ ယင်းအစီအစဉ်မှာ စစ်အေးစစ်ပွဲ ဆင်နွှဲနေကြသော ဆိုဗီယက်နှင့် အမေရိကန် ဦးဆောင်သည့် နိုင်ငံများဘက်မှ အထွေထွေအတွင်းရေးမှူးချုပ်နှစ်ဦးနှင့် အခြားတစ်ဦး ပေါင်းသုံးဦးဖြစ်သည်။ ၁၉၆၆ ခုနှစ် ဦးသန့်အား ဒုတိယသက်တမ်းအတွက် ထပ်မံတာဝန်ပေးသောအခါ ဦးသန့်၏ ပထမအကြိမ်သက်တမ်းအတွင်း စွမ်းဆောင်မှုများကြောင့် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ဝတ္တရား၏ အရေးပါမှုကို သိရှိလာသော ဆိုဗီယက်တို့သည် ယင်းအစီအစဉ်ကို ထပ်မံမတင်ပြတော့ပဲ တစ်ဦးတည်းသာ ခန့်အပ်ရန် သဘောတူခဲ့သည်။ ဒုတိယသက်တမ်းအတွင်း ဦးသန့်သည် အာရပ်အစ္စရေးခြောက်ရက်စစ်ပွဲ (၁၉၆၇)၊ ပရာ့ဂ်နွေဦးတော်လှန်ရေးနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံ သို့ ဆိုဗီယက်ကျူးကျော်မှု အရေးအခင်း၊ ၁၉၇၁တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွတ်လပ်ရေး ရရှိစေမည့် အိန္ဒိယပါကစ္စတန်စစ်ပွဲ စသည်တို့ကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ အီဂျစ်သမ္မတ နာဆာ၏တောင်းဆိုမှုကြောင့် ၁၉၆၇တွင် ဆိုင်းနိုင်းကျွန်းဆွယ်မှ ကုလငြိမ်းချမ်းရေးတပ်များ ရုပ်သိမ်းပေးရန် သဘောတူညီခဲ့မှုအတွက် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့၏ ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရသည်။ ဦးသန့်သည် အစ္စရေးနိုင်ငံအား စစ်မတိုက်ရန် နောက်ဆုံးမိနစ်ပိုင်းအချိန်အထိ အီဂျစ်သမ္မတ နာဆာထံ သွားရောက်တွေ့ဆုံခဲ့သည်။ ဦးသန့်သည် ဗီယက်နမ်စစ်ပွဲ ကိစ္စတွင် အမေရိကန်ကို လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့သည့်အတွက် တစ်ချိန်က သူနှင့် အလွန်အင်မတန် ရင်းနှီးခဲ့သော အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဗီယက်နမ်တို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် သူ၏တိတ်တဆိတ်ကြိုးပမ်းမှုအား သမ္မတ ဂျွန်ဆင် အစိုးရအဖွဲ့၏ ငြင်းပယ်ခြင်းခံခဲ့ရသည်။ ဦးသန့်သည် အမျိုးအမည်မသိယာဉ်ပျံများ (UFO) ကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစားလေ့လာခဲ့သည်။ ၁၉၆၇တွင် သူသည် အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာဂျိမ်းစ်အီးမက္ကဒေါ်နယ်အား UFO နှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် စကားပြောနိုင်ရန် စီစဉ်ပေးခဲ့ဖူးသည်။ ၁၉၇၁ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဦးသန့်က သူသည် မည်သည့်အကြောင်းပြချက်နှင့်မျှ တတိယသက်တမ်း အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ကြောင်း ပြတ်သားစွာ ပြောဆိုလိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆက်ခံမည့်သူကို သီတင်းပါတ်ပေါင်းများစွာ အပူတပြင်း ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ကွတ်ဝါးလ်ဟိုင်း ကို ရွေးချယ်ခဲ့ကြသည်။ ဦးသန့်သည် ၎င်း၏သက်တမ်းမကုန်ဆုံးမီ ၁၀ ရက်အလို ကွတ်ဝါးလ်ဟိုင်း၏ ၅၃ နှစ်ပြည့်မွေးနေ့ဖြစ်သော ၁၉၇၁ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် တာဝန်ဝတ္တရားများကို လွှဲပြောင်းပေးခဲ့သည်။ ကုလသမဂ္ဂ၏ အထွေထွေညီလာခံတွင် သူ၏နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းပြောရာ၌ သူသည် သူ၏ဝန်ထုပ်ဝန်ပိုးကြီးအခုမှ ကျသွားကြောင်း၊ အခုမှ စိတ်သက်သာပြီး လွတ်မြောက်မှုကို ခံစားရကြောင်း ပြောကြားခဲ့သည်။ နယူးယောက်တိုင်းမ်စ် သတင်းစာ၏ ၁၉၇၁ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ အယ်ဒီတာ့အာဘော်တွင် ဦးသန့်လွတ်မြောက်ခြင်း The Liberation of U Thant ဟူသောခေါင်းစီးဖြင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးသန့်ကို အငြိမ်းစားယူပြီးနောက်တွင်လည်း လိုအပ်ဦးမည်ဖြစ်ကြောင်း ချီးကျူးဂုဏ်ပြု ရေးသားခဲ့သည်။ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဦးသန့်သည် Palisade နှင့် Douglas Avenues လမ်းကြား၊ ၂၃၂လမ်းအနီးရှိ ၄.၇၅ ဧကမျှကျယ်သော Riverdale, Bronx ခြံတွင် နေထိုင်ခဲ့သည်။ နောက်ဆုံးနေ့ရက် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်သည် နယူးယောက်မြို့၌ ပါးစောင်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ခဲ့သော်လည်း ထိုစဉ်က ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်ခြင်း မပြုခဲ့ပါ။ ထိုစဉ်က သမ္မတဖြစ်သူ ဦးနေဝင်းသည် ဦးသန့်အား မြန်မာပြည်သူများက ချစ်ခင်ကြသည်ကို စိုးရိမ်၍လည်းကောင်း၊ ဦးသန့်၏မိတ်ဆွေဖြစ်သော ဦးနုမှ ဦးသန့်အကြောင်းပြကာ ဒီမိုကရေစီရေး ဆန္ဒပြမည်ကို စိုးရိမ်၍လည်းကောင်း ဦးသန့်၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလား ရန်ကုန်လေဆိပ်သို့ ရောက်သည့်တိုင် အဆင့်မြင့်အရာရှိကြီးများက လာရောက် ကြိုဆိုခြင်း မရှိခဲ့ပေ။ လာရောက်ကြိုဆိုခဲ့သော ဒုတိယပညာရေးဝန်​ကြီး ဦးအောင်ထွန်းအား ထို့နောက် ရာထူးမှ အနားပေးခဲ့သည်။ ဦးနေဝင်းက ဦးသန့်၏ ရုပ်အလောင်းအား အစိုးရအဖွဲ့မှ မည်သူ့ကိုမျှ မပါဝင်စေပဲ သင်္ဂြိုဟ်စေခဲ့သည်။ ၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ဦးသန့်အားမမြှုပ်နှံမီ နာရီအနည်းငယ်မျှအလိုတွင် အများပြည်သူ နောက်ဆုံးဂါရဝပြုနိုင်ရန် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ပြသထားသည်။ ထိုစဉ်တွင် သာမန်သုဿာန်တွင် မြှုပ်နှံမည်ကို မလိုလားကြသော ကျောင်းသားနှင့်ပြည်သူအချို့က ဦးသန့်၏ ရုပ်အလောင်းအား လုယူသွားခဲ့သည်။ ထို့နောက်ကျောင်းသားများက ဦးသန့်၏ ရုပ်အလောင်းကို ယခင် ဦးနေဝင်းမှ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းတွင် မြှပ်နှံသင်္ဂြိုဟ်လိုက်သည်။ ဒီဇင်ဘာလ ၅ရက်နေ့မှ ၁၁ရက်နေ့အတွင်း ကျောင်းသားများသည် ယာယီဦးသန့်ဗိမ္မာန်ပြုလုပ်ကြပြီး အစိုးရဆန့်ကျင်ရေးတရားများ ဟောပြောကြသည်။ ၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် အစိုးရစစ်တပ်မှ ကျောင်းဝင်းအတွင်းရှိ ကျောင်းသားအချို့ကို ဝင်ရောက်ပစ်ခတ်ပြီး ဦးသန့်၏ ရုပ်အလောင်းကို ပြန်လည်ယူဆောင်သွားကာ ရွှေတိဂုံစေတီတော် ခြေရင်းတွင် မြှပ်နှံပေးလိုက်သည်။ ယင်းသို့ တရကြမ်း ဝင်ရောက်လုယူမှုကြောင့် ကျောင်းသားများနှင့် ပြည်သူအများပါဝင်သော အုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ ရန်ကုန်မြို့နှင့် အနီးဝန်းကျင်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ယင်းနောက် လူထုအုံကြွမှုကို အပြင်းအထန်နှိမ်နင်းခဲ့သဖြင့် ကျောင်းသားများနှင့် ပြည်သူများ သေဆုံးခဲ့သည်။ ယင်းကို ဦးသန့် အရေးအခင်း‎ဟု ခေါ်တွင်သည်။ ၁၉၇၈တွင် ဦးသန့်ရေးသော ကုလမှရှုမြင်ချက် (View from the UN) စာအုပ်ကို အမေရိကန်ပုံနှိပ်တိုက် (American publishing house) မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်အနီးရှိ မြစ်တွင်းမှ ဘဲလ်မောင့်ကျွန်း (Belmont Island) ကို ဦးသန့်အားဂုဏ်ပြုသောအားဖြင့် ဦးသန့်ကျွန်းဟု နာမည်ပြောင်းပေးခဲ့ကြသည်။ မိသားစု ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ထိမ်းမြားကာ သား သမီး၃ ဦး၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျား ဦးသန့်မြင့်ဦး သည် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနတွင် ဝါရင့်ဝန်ထမ်းဖြစ်ပြီး The River of Lost Footsteps (ခြေရာပျောက်မြစ်) ကို ရေးသားခဲ့သည်။ ဦးသန့်အားဂုဏ်ပြုခေါ်ဝေါ်ခဲ့သောနာမည်များ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် ရှေးရှုလုပ်ကိုင်ကြသော အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများအား ဦးသန့်ငြိမ်းချမ်းရေးဆု အားတီထွင်ချီးမြှင့်သည်။ မလေးရှား၏ မြို့တော်ကွာလာလမ်ပူမှ သံရုံးများရှိသောလမ်းကို Jalan U Thant (ဦးသန့်လမ်း) ဟု ဦးသန့်ကို ဂုဏ်ပြုသောအားဖြင့် နာမည်ပေးခဲ့သည်။ ကုလသမဂ္ဂရုံးချုပ်၏ အရှေ့ဘက် မျက်နှာချင်းဆိုင်တွင်ရှိသော မြစ်အတွင်းရှိ ကျွန်းငယ်လေးအား ဦးသန့်ကျွန်း ဟု ဦးသန့်အား ဂုဏ်ပြုသော အားဖြင့်ခေါ်တွင်ခဲ့သည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် ဦးသန့်ဂုဏ်ပြုသင်ကြားပို့ချချက်များဟူသော သင်ခန်းစာကို ပုံမှန် သင်ကြားပေးလျက် ရှိသည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် အဓိကကွန်ဖရင့်ခန်းမကြီးအား ဦးသန့်အမည်ဖြင့် မှည့်ခေါ်ထားသည်။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသင်တန်းကျောင်း (United Nations International School) တွင် ဦးသန့်ပညာသင်ဆုကို ပေးအပ်ချီးမြှင့်သည်။ ကိုးကား ပြင်ပလင့်ခ်များ UN Photos of U Thant Official U.N.S.G. biography Burma's Tomb Raiders ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်များ မြန်မာ သံအမတ်ကြီးများ
https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%9E%E1%80%94%E1%80%B7%E1%80%BA
လူ့အခွင့်အရေး
လူ့အခွင့်အရေးဆိုသည်မှာ လူသားများ၏ မွေးရာပါ အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ လူ့အခွင့်အရေးအချက်များ ဖြစ်သော အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ ဖြစ်ခွင့်၊ စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ဖြစ်သော မိမိကိုယ်ပိုင် ယဉ်ကျေးမှုတွင် လွတ်လပ်စွာ ပါဝင်ခွင့်၊ အစားအစာ ရရှိခွင့်၊ အလုပ် လုပ်ကိုင်ခွင့်နှင့်ပညာသင်ကြားခွင့် စသည်တို့ ဖြစ်သည်။ လူ့အခွင့်အရေးဆိုသည်မှာအဘယ်နည်း လူ့အခွင့်အရေးဆိုသည်မှာ ကြောက်ရွံခြင်းမှကင်းဝေးခြင်း (Freedom from Fear) နှင့် တောင့်တခြင်းမှကင်းဝေးခြင်း (Freedom from Wants) ဟု အဓိပ္ပာယ်ဖွင့်ဆိုသူများရှိသည်။ ကြောက်ရွံခြင်းမှကင်းဝေးခြင်းဆိုသည်မှာ လူသားတစ်ယောက်သည် မိမိ၏ အခြေခံလွတ်လပ်ခွင့်များ ကိုမည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်စော်ကားမည်ကို မကြောက်ရွံရဘဲ လုံခြုံစိတ်ချစွာနေနိုင်သလို တောင့်တခြင်းမှ ကင်းဝေးခြင်းဆိုသည်မှာလည်း မိမိ၏အသက်ရှင်ဖွံ့ဖြိုးမှုအတွက်လိုအပ်သည့် အခြေခံအထောက်အပံ့များကိုရရှိနိုင်သော အခြေအနေမျိုးဖြင့် မတောင့်မတမကြောင့်မကျဘဲ နေထိုင်နိုင်ခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ ချွင်းချက်အနေဖြင့် လူ့အခွင့်အရေးဆိုသော စကားလုံးကို ပညာရှင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ ယနေ့တိုင်ပြီးပြည့်စုံခြင်းမရှိပေ။ ကမ္ဘာကုလသမဂ္အဖွဲ့ကြီးက လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေသူတို့၏အခြေခံလွတ်လပ်များနှင့် သက်ဆိုင်သည့်တရားရေးဆိုင်ရာအာမခံချက် ဟု လူ့အခွင့်ရေးကို အဓိပ္ပာယ်ဖွင့်ထားသည်ကိုတွေ့ရသည်။ ထိုအဓိပ္ပာယ်အရဆိုလျှင် လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးချင်းခံစားခွင့်ရှိသလို တူရာအုပ်စုဝင်လိုက်လည်း ခံစားခွင့်ရကြောင်းတွေ့ရှိရသည်။ ထိုသို့ခံစားခွင့်ရစေရန် သက်ဆိုင်ရာအစိုးရများကလည်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းညွန်းများအတိုင်း အာမခံချက်ထားပြီး ကာကွယ်ပေးရမည်ဆိုသည့် အစိုးရများ၏ တာဝန်ရှိမှုကိုညွန်းဆိုပြသထားသည်။ လူ့အခွင့်အရေး၏ အခြေခံအချက်များ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့်သက်ဆိုင်သည်။ အသားရည်အရောင်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးသည် လူသားအားလုံးအပေါ်တန်းတူညီမျှမှုရှိသည်။ လူသားများသည် တစ်ယောက်နှင့်တစ်ယောက်ကွဲပြားနိုင်သော်လည်း လူဖြစ်ခြင်းဆိုသည်အချက်မှာ အားလုံးတူညီသည့်အတွက်လူ့အခွင့်အရေးမှာလည်းလူသားအားလုံးအတွက်ဖြစ်သည်။ လူ့အခွင့်အရေးသည် လူတိုင်းအတွက်မွေးရာပါအခွင့်အရေးဖြစ်သည်။ မွေးဖွားလာသည်မှစတင်ပြီး သေဆုံးတိုင်လူ့အခွင့်အရေးသည်အရေးပါသည်။ လူ့အခွင့်အရေးကိုမည်သူကမှယူဆောင်သိမ်းပိုက် မရ။ လူ့အခွင့်အရေးနှင့် တရားဥပဒေ လူ့အခွင့်အရေးနှင့် တရားဥပဒေပိုင်းဆိုင်ရာအချက်နှစ်မျိုးစလုံးဖြင့် အကျုံးဝင်လျက်ရှိပြီး တစ်ခါတစ်လေပင်ခွဲခြားခြင်းမပြုနိုင်ပေ။ လူ့အခွင့်အရေးဆိုသည်မှာ ဥပဒေအရ ခံစားခွင့်ရှိသလိုကျင့်ဝတ်အရ လုပ်ဆောင်သင့်သည်ဟူသော အချက်နှစ်ချက်စလုံးနှင့် သက်ဆိုင်သည်။ အချို့အခွင့်အရေးများကို ဥပဒေအရ ကာကွယ်ပေးထားသည့်အတွက် ထိုအခွင့်အရေးမျိုးကို တရားရေးဆိုင်ရာအခွင့်အရေး (Legal Rights) ဟုခေါ်လေ့ရှိသည်။ ထိုအခွင့်အရေးများကို နိုင်ငံတော်၏ တရားဥပဒေထဲများတွင်ခံစားနိုင်ခွင့်ရှိသည့်အတွက် ထိုဥပဒေကို တရားရေးဆိုင်ရာဥပဒေဟုသတ်မှတ်နိုင်သည်။ ခိုင်လုံသောအကြောင်းအရာမရှိမချင်း အပြစ်မရှိဟု ဥပဒေကဖွင့်ဆိုထားချက်များ၊ သက်သေ၊ အာမခံရရှိခွင့်များသည် တရားဥပဒေဆိုင်ရာ အခွင့်အရေးများဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အကိုးအကား လူ့အခွင့်အရေး
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%B7%E1%80%A1%E1%80%81%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8
အချစ်
True love မေတ္တာဆိုသည်မှာ ဒေါသကို ပယ်နှုတ်သော မေတ္တာ တရားကိုပိုင်ဆိုင်သူ- အရာရာတိုင်း၊ လူအားလုံး လောကသတ္တဝါအားလုံးအပေါ် အတိုင်း အဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ချစ်မြတ် နိုးတတ်သူ- မေတ္တာရှင်တို့နှင့် သက်ဆိုင်သော ခံစားချက် အတွေ့အကြုံများ ဖြစ်သည်။ ကိုယ်၊နှုတ်အမူအရာ ထိန်းသိမ်းနိုင်သောသူ၊ ဖြူစင်သူ လူကောင်းဖြစ်လာစေရန် မေတ္တာစိတ်ဖြင့်လေ့ကျင့် သွားရမည်။ လူသားတို့ အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသား ဖြောင့်မတ်သူ ဖြစ်လာစေရန် မေတ္တာ ဓမ္မ ကို ကျကျနန လေ့လာဆည်းပူးပြီး ဓမ္မ အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊၊ လောကသတ္တဝါအားလုံးတို့၏ ကောင်းကျိုးစီးပွား ဖြစ်ရန် အားထုတ် ခြင်း၊ မိမိရပ်ရွာ၊ ဆွေမျိုးမိတ်သင်္ဂဟ လူအားလုံး တို့၏ ကောင်းကျိုးစီးပွား ဖြစ်ရန် အား ထုတ်ခြင်း၊ ကိုယ်တိုင်၏ ကောင်းကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊ မိမိကိုယ်တိုင် ကိုယ်ကျင့်တရား၊ တတ်သိပညာ နှင့် ပြည့်စုံရန် အားထုတ်ခြင်း တို့ကို အခါမလပ် ကြိုးကုတ် လုပ်ကိုင်သင့်ပါသည်၊၊ ဗုဒ္ဓ ဘုရားရှင် သည် ဘီစီ ၅၈၈ မှစပြီး (၄၅) နှစ်တာကာလပတ်လုံးအချိန်မလပ် မေတ္တာတရားကို ဟောကြားဖြန့်ဝေခဲ့သည်။ ဇီဝဗေဒအခြေခံ အချစ်ဆိုသည်မှာ လူသားများ၏ ခံစားမှုများ၊ နှစ်သက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတို့နှင့် သက်ဆိုင်သော အတွေ့အကြုံများ ဖြစ်သည်။ အချစ် ဆိုသည့် စကားလုံးသည် အမျိုးမျိုးသော ခံစားချက်များ၊ အခြေအနေများ၊ သဘောထားများ၊ တူညီသော တစ်စုံတစ်ခု အချင်းချင်းကြား ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသော အရာများ ဖြစ်နိုင်သည်။ အဓိပ္ပာယ်ဖော်ကျူးမှု အမျိုးမျိုးဖြစ်ပေါ်စေသော၊ အမျိုးမျိုးသော စိတ်ခံစားမှု ဖြစ်ပေါ်ပေါင်းစည်းလာသော၊ ဖော်ပြရန် ခက်ခဲသော အချစ်ဖြစ်ပေါ်စေလာစေသော အဖြစ်အပျက်များ၊ စသည်တို့သည် အခြားစိတ်ခံစားမှု အခြေအနေများနှင့် အလွန်ကွာခြားနေနိုင်သည်။ အချစ်ကို ပုံဖော်ပြသရာတွင် အသည်းနှလုံးပုံနှင့် ပြသလေ့ ရှိသည်။ အချစ် နှင့်တွေ့သောအခါ နှလုံးခုန်မြန်လာသည့်အတွက်ဖြစ်သည်။ ကိုးကား အချစ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%81%E1%80%BB%E1%80%85%E1%80%BA
ခါကာဘိုရာဇီ
ခါကာဘိုရာဇီ‌တောင် (ဟန်ဂျာ: 卡加伯拉吉山)သည် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မြောက်ပိုင်း၊ နယ်စပ်တွင် တည်ရှိသည်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) မြင့်သည်။ အမြင့်ပေ ၁၉,၂၉၆ ရှိပြီး အချို့သော မှတ်တမ်းများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြသည်။ မြောက်လတ္တီတွဒ် ၂၈°၁၈' အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' အကြားတွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ တိဗက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားသည်။ တိဗက်နယ်စပ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည်။ မချမ်းဘောမြို့၏ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်တွင် ရှိသည်။ အမည်ရင်းမြစ် ခါကာဘိုရာဇီသည် တိဗက်စကား ခါခါဘိုရာဇီ မှဆင်းသက်လာ၍ တိဗက်ဘာသာအရ "ခါ" သည် နှင်း၊ "ခါဘို" သည် အဖြူ ဟုအနက်ရသည်။ ခါကာဘိုရာဇီသည် ကချင်ပြည်နယ်ရှိ ရဝမ်လူမျိုးများ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံများထွက်ခြင်း၊ ပြောခြင်း ရာဇီ ဆီသည်မှာ တောင် ဟု အဓိပ္ပာယ်ရ၍ အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရသည်။ တောင်ထိပ်သို့ တက်ရောက်ခြင်း ခါကာဘိုရာဇီတောင်ထိပ်သို့ ယနေ့အထိ ဂျပန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါဝင်သော တောင်တက်အဖွဲ့ တစ်ဖွဲ့သာလျှင် ခြေချနိုင်ခြင်းရှိသေးသည်။ ၁၉၂၃ ခုနှစ်တွင် အိန္ဒိယမြေတိုင်းအဖွဲ့ တစ်ဖွဲ့ ပူတာအိုမြို့မြောက်ပိုင်းသို့ လုပ်ငန်းသဘောအရ ရောက်ရှိခဲ့ရာ၌ ခါကာဘိုရာ ဇီတောင်ကို ပထမဦးဆုံး တွေ့ရှိခဲ့သည်။ ခါကာဘိုရာဇီ တောင်ကြောတစ်လျှောက်၌ ထင်းရှုး၊ ဝက်သစ်ချ၊ မေပယ်၊ ရိုဒိုဒင် ဒရမ်ခေါ် တောင်မြင့်ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွစသော အပင်များကို တွေ့ရသည်။ ထိုဒေသရေခဲပြင် အောက်တွင်လည်း အသက်ရှည်ဆေးဟု နာမည်ကျော်သော မချစ်ဥ ခေါ် ဂမုန်းကြက်သွန်ဖြူများကိုလည်း တွေ့ရသည်။ သားမင်းခေါ် တာကင်ကောင်၊ ကဒိုးကောင်နှင့် တောင်ဆိတ်များကို ခါကာဘိုရာဇီတောင်၌ တွေ့ရသည်။ ခါကာဘိုရာဇီ တောင်ကြောတစ်လျှောက်တွင် တိဗက်လူမျိုးများအပြင် ထလုနှင့် ထရုန် လူမျိုးများလည်း နေထိုင်ကြသည်။ ဩဂုတ် ၂၀၁၄ တွင် အားလုံး မြန်မာလူမျိုးများ ပါဝင်သော တောင်တက်အဖွဲ့သည် မြောက်ဘက်မျက်နှာမှ တက်ရရန် လမ်းကြောင်းသစ်ကို ရှာသည်။ အဖွဲ့ဝင် နှစ်ဦးဖြစ်သူ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့သည် ဩဂုတ် ၃၁ ၌ ဒုတိယအဆင့်တက်သည့်အခါ တောင်ထိပ်သို့ ရောက်ပြီး၊ အလံ၊ နာမည်ပါ စာတမ်းနှင့် ဘုရားပုံတို့ကို ထားခဲ့သည်။ တောင်တက်သူများသည် တောင်ထိပ်သို့ ရောက်ပြီးနောက် ရေဒီယိုအားကုန်သွားရာ ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားသည်။ အောက်ဘက် စခန်းသို့ ပြန်မဆင်းနိုင်သော်၊ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ရသည်။ ပျောက်ဆုံးနေသော တောင်တက်သူများကို ရှာဖွေရေးသည် အောက်တိုဘာလအထိ ပြုလုပ်နေဆဲ ဖြစ်သည်။ ဟယ်လီကော့ပတာလည်း ပျက်ကျပြီး၊ ပိုင်းလော့ တဦး သေဆုံးကာ၊ ကျန်ပိုင်းလော့နှင့် ခရီးသည် တောင်တက်သူတို့မှာ ရှင်သန်ရေးအတွက် ၁၁ ရက်တာ ကြိုးစားခဲ့ရသည်။ နိုဝင်ဘာ ၂၀၁၄ တွင်၊ National Geographic Society/ The North Face သည် ဂမ်လန်ရာဇီတောင်တက်အဖွဲ့ သုံးခဲ့သည့် အလားတူ ကိရိယာကို အသုံးပြု၍ ခါကာဘိုရာဇီ၏ အမြင့်ကို တိုင်းတာရန် အဖွဲ့တဖွဲ့ကို ထောက်ပံ့ စေလွှတ်ခဲ့သည်။၂၀၁၄ အုပ်စုကို ဟီလရီး အိုနေး ဦးဆောင်ကာ၊ မတ် ဒေးဗစ် ဂျင်ကင်း၊ ကိုရီ ရစ်ချတ်၊ ရီနန် အော့တာ့၊ အမ္မလီ ဟာရင်းတန်နှင့် တေလာ ရီးတို့ ပါဝင်သည်။ ၇ နိုဝင်ဘာ ၂၀၁၄ ၌ ဂျင်ကင်း၊ ရစ်ချတ်နှင့် အော့တာ့ တို့ နောက်ဆုံးအကြိမ် တောင်ထိပ် တက်ရန် ကြိုးစားသော်လည်း အမြင့်မီတာ ၅၇၄၂ (၁၈၈၄၉ ပေ)ဝယ် ပြန်ဆင်းလာခဲ့ရသည်။ တောင်ထိပ်သည် နောက်ထပ် အမြင့်ပေ ၈၀၀ ( ၂၄၀ မီတာ) လောက်ဝယ် တည်ရှိလိမ့်မည်ဟု သူတို့က တွက်ချက်သည်။ ကိုးကား မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ ကချင်ပြည်နယ် မြန်မာနိုင်ငံရှိ တောင်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%AB%E1%80%80%E1%80%AC%E1%80%98%E1%80%AD%E1%80%AF%E1%80%9B%E1%80%AC%E1%80%87%E1%80%AE
ရဝမ်လူမျိုး
ရဝမ်လူမျိုး များသည် ပူတာအိုချိုင့်ဝှမ်းလွင်ပြင်ဒေသ နောင်မွန် (ကဆန်ချောင်း) ချိုင့်ဝှမ်း ခေါင်လန်ဖူးဒေသမေခချိုင့်ဝှမ်း နှင့် ခရန်ခူးစသည့် ခါကာဘိုရာဇီ တောင်ခြေဒေသများတွင် နေထိုင်ကြသည်။ ရဝမ်လူမျိုးကို နုံလူမျိုးဟုလည်း ခေါ်ကြသည်။ တိဗက်မြန်မာအနွယ်ဝင် ဖြစ်၍၊ လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ မြန်မာနိုင်ငံ အထက်ပိုင်း၊ ပူတာအိုနယ်တစ်ဝိုက်၊ တိဆန်၊ တမိုင်၊ တရုန်၊ အင်မိုင်ခ မြစ်ဝှမ်းတစ်လျှောက်နှင့် အကျန် မြစ်ဝှမ်းအောက်ပိုင်း တို့တွင် နေထိုင်ကြသည်။ ရဝမ်လူမျိုးတို့ကို ကချင်နှင့် ရှမ်းတို့က နုံလူမျိုး၊ သို့မဟုတ် ခနုံဟူ၍ ခေါ်လေသည်။ ရဝမ်ဟူသည်မှာ ဖြူစင်သော အဝတ်ကို ဝတ်သည့် လူမျိုးဟူ၍ အဓိပ္ပာယ် ရသည်။ မရူလူမျိုးတို့က ယင်းတို့ကို နိုင်ဗောင်းဟု ခေါ်၏။ တရုတ်တို့ကမူ ကျူးဇီဟု ခေါ်လေသည်။ ကျူးဇီမှာ ဧရာဝတီမြစ်ကမ်း၌ နေသူများဟု အနက်ရ၏။ ရဝမ်လူမျိုးတို့သည် ကိုယ်ကာယ ကြီးထွားတုတ်ခိုင်၍၊ အသားလတ်၏။ မေးရိုးကြီး၏။ နှာတံပေါ်၏။ ယောက်ျားရော မိန်းမပါ အဝတ်ဖြူ ဝတ်ကြသည်။ နုံလူမျိုးအကြီးအကဲများသည် ကြိမ်ဖြင့် ရက်၍၊ ဝက်စွယ်ဖြင့် တန်ဆာဆင်ထားသော ဦးထုပ်များကို ဆောင်းလေ့ရှိ၏။ လှံရှည်ကြီးများနှင့် ဓားလွယ်များကို ကိုင်ဆောင်ကြသည်။ နုံလူမျိုးများသည် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိအောင် ဝီရိယကောင်း၏။ တောင်ယာခုတ်၊ စပါးထောင်း၊ ရက်ကန်းရက်နှင့် တစ်နေကုန် အလုပ်လုပ်လေ့ရှိသည်။ အဝတ်အစားအတွက် အဇီးအီးခေါ် ဂုံလျှော်ပင်တစ်မျိုးမှ ချည်မျှင်ထုတ်၍ ရက်လုပ်ယူကြ၏။ စားသုံးရန်အတွက် တောင်ယာတွင် စပါးစိုက်ပျိုးရုံ သာမက၊ တောင်စောင်းတွင် လှေကားထစ်သဖွယ် အဆင့်ဆင့် မြေကို ထွင်၍၊ အာလူး၊ မြေပဲ၊ မုန်ညင်း၊ နှမ်းစသည်တို့ကို စိုက်ပျိုးလေ့ရှိကြသည်။ ရှေးအခါက နုံလူမျိုးတို့သည် သံလွင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြ၏။ မူလကပင် ထိုဒေသ၌ အိုးအိမ်အခြေစိုက်၍၊ အတည်အမြဲ နေထိုင်ရန် ရည်သန်ရင်း ရှိဟန်တူသည်။ သို့ရာတွင် လီဆူးလူမျိုးတို့ကြောင့် တဖြည်းဖြည်း အနောက်ဘက်သို့ ရွှေ့လာရာမှ၊ ယခုနေထိုင်သော နေရာတို့ကို ရောက်ရှိ လာခြင်းဖြစ်သည်ဟု ယူဆရန် ရှိလေသည်။ ယခုအခါ၌မူ လီဆူးတို့ နှင့်ပင် ရောနှောနေထိုင်လျက်ရှိလေသည်။ အောက်ပိုင်းနမ့် တမိုင်၊ မတ်ဝမ်နှင့် အကျန်မြစ်ဝှမ်းတို့၌ နုံလူမျိုးနှင့် လီဆူးတို့၏ ရွာပေါင်း ၁၇၅ ရွာခန့်ရှိ၍၊ ရဝမ် အိမ်ခြေပေါင်း ၂ဝဝဝ ခန့်နှင့် လီဆူး အိမ်ခြေပေါင်း ၆ဝဝ ခန့်ရှိလေသည်။ စုစုပေါင်း လူဦးရေမှာ ၁၅,ဝဝဝ ခန့်ဟု ခန့်မှန်းရသည်။ ရဝမ်လူမျိုးတို့တွင် အမျိုးအနွယ်ပေါင်း ၈ဝ ခန့်ရှိသည်။ ရှေးအခါက တစ်စုနှင့်တစ်စု သီးသန့်နေလေ့ ရှိလေရာ၊ နေထိုင်ရာဒေသ၏ လမ်းပန်းအခြေအနေ မပြေပြစ်မှုကြောင့်၊ တစ်မျိုးနှင့်တစ်မျိုးပြောဆိုသောစကားတွင် အနည်းငယ် ကွဲလွဲမှုများ ရှိလေသည်။ သို့သော် စကားအစီအစဉ်မှာ မြန်မာစကားကဲ့သို့ပင် ဖြစ်၏။ ရဝမ်လူမျိုးကွဲများ ရဝမ်လူမျိုးများတွင် မျိုးကွဲများ ရှိသေးသည်။ ၎င်းတို့သည် ပြောဆိုသည့် စကားအလိုက် တူရာခွဲခြားသည့်အခါ လူမျိုးစုငယ် လေးစုအဖြစ်တွေ့ရသည်။ အဓိကအားဖြင့် မတ်ဝမ်၊ ဒရူ၊ တန်ဆာရ်နှင့် လုံမီ တို့ဖြစ်သည်။ ဒေသအလိုက် ပြောဆိုသည့် စကားနှင့် လေယူလေသိမ်း အနည်းငယ် ကွဲပြားကြသော်လည်း အခြေခံအားဖြင့် အုပ်စုတစ်ခုတည်းသာဖြစ်ကြောင်းကို ပြောဆိုသည့် စကား၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများဖြင့် အထောက်အထားများစွာတွေ့ရသည်။ အုပ်စုငယ်များနှင့် မိသားစုအလိုက် ပြောဆိုသည့် စကားလည်း အနည်းငယ် ကွဲပြားသည်။ ထိုလူမျိုးငယ် တစ်ခုအတွင်းရှိ မိသားစု တစ်ခုနှင့် တစ်ခုပင် ပြောဆိုသည့် လေယူလေသိမ်း၊ အသုံးပြုပုံ ကွဲပြားသည်။ အမည်မှည့်ပုံ ရဝမ်လူမျိုးများသည် မိမိတို့ သား သမီးများအား နာမည် မှည့်ရာတွင် အကြီးမှ အငယ်အလိုက်မှည့်ကြသည်။ ၎င်းမှာ အောက်ပါအလိုက်ဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံလူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%9D%E1%80%99%E1%80%BA%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
ချားချား (ရှာဖွေရေး အင်ဂျင်)
ChaCha ဆိုတာကတော့ search engine တစ်ခုဖြစ်ပြီး လူကိုယ်တိုင် guide လုပ်ကာ လိုချင်တဲ့ အဖြေများကို ပြန်လည်ဖြေကြားပေးနိုင် လေသည်။ အဲဒီနည်းပညာကို social searching နည်းပညာဟု လူသိများသည်။ ChaCha ကို Scott A. Jones က ဖန်တီးခဲ့ပြီး Bostech Corporation ရဲ့ chairman ဖြစ်သူ Brad Bostic က ရင်းနှီးမြုပ်နှံခဲ့သည်။ ChaCha ဟာ Carmel, Indiana မှာ အခြေစိုက်ခဲ့သည်။ alpha version ကို 1 September 2006 တွင် စတင်ခဲ့ပြီး beta version ကိုတော့ 6 November , 2006 တွင် မိတ်ဆက်ခဲ့သည်။ အင်တာနက် အင်တာနက် ရှာဖွေရေး အင်ဂျင်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%AC%E1%80%B8%E1%80%81%E1%80%BB%E1%80%AC%E1%80%B8%20%28%E1%80%9B%E1%80%BE%E1%80%AC%E1%80%96%E1%80%BD%E1%80%B1%E1%80%9B%E1%80%B1%E1%80%B8%20%E1%80%A1%E1%80%84%E1%80%BA%E1%80%82%E1%80%BB%E1%80%84%E1%80%BA%29
BNC connector
Bayonet Neill Concelman connector (သို့မဟုပ်) British Naval Connector (သို့မဟုပ်) Bayonet Nut Connector ဟု အမျိုးမျိုး ဖွင့်ဆိုကြသည်။ Coaxial cable များအတွက် connector တစ်ခုဖြစ်သည်။ Connector တစ်ခုကို အခြားတစ်ခုအတွင်းသို့ ထည့်သွင်းပြီး 90 ံ လှည့်သည့်အခါ Lock ကျသွားသည်။ BNC connector များကို ကွန်ပျူတာများနက်ဝက် ချိတ်ဆက်ရန် နှင့် closed circuit TV များတွင် အသုံးပြုသည်။ နည်းပညာ he:מחבר RF#BNC ja:コネクタ#同軸コネクタ ru:Коаксиальный радиочастотный разъём#BNC-коннектор
https://my.wikipedia.org/wiki/BNC%20connector
A Bend
ကွန်ပျူတာ ရုတ်တရက်ချို့ယွင်းသွားခြင်း/ပျက်သွားခြင်း (carsh) သို့မဟုတ် bomb ဟုလည်း ခေါ်သည်။ ကွန်ပျူတာက သူလက်ခံနေသော ညွှန်ကြားချက်များ (သို့) data များကို မမှတ်မိတော့သောအခါ (သို့) program တစ်ခုက အကာအကွယ်ပေးထားသော နယ်နိမိတ် (protective boundary) အပြင်ဘက်ကို ရောက် အောင် ကြိုးပမ်းလာသောအခါမျိုးတွင် ဤကဲ့သို့ ဖြစ်ပွားတတ်ပါသည်။ မမှန်ကန်သော software logic (သို့) hardware ချို့ယွင်းချက်တို့ကြောင့်လည်း ဤသို့ဖြစ်နိုင်သည်။
https://my.wikipedia.org/wiki/A%20Bend
Access method
အချက်အလက်များကို main storage နှင့် I/O device များအကြား ပေးပို့သည့် နည်းစနစ်တစ်ခုဖြစ်သည်။ System Network Architecture တွင် ၎သည် software တစ်ခုဖြစ်သည်။ ကွန်ရက်၏ information စီးဆင်း သွားလာမှုတွင် ထိန်းချုပ်ပေးသည်။ ဤစကားလုံးကို နည်းစနစ်တစ်ခုအတွက်လည်း အသုံးပြုသည်။ ဥပမာ Token/Collision Detection CSMA/CD တို့ဖြစ်သည်။ ၎င်းအား ကွန်ရက်၏ node များက မည်သည့်အစီအစဉ် မည်သို့ ချိတ်ဆက်ရမည်ကို ထိန်းချုပ်ပေးသည်။ နည်းပညာ
https://my.wikipedia.org/wiki/Access%20method
Apple TV
Apple TV သည် Appleမှ တီထွင်ထုတ်လုပ်လိုက်သော ထုတ်ကုန်တစ်ခုဖြစ်သည်။ လွန်ခဲသော ဆယ်စုနှစ်ကစ၍ နည်းပညာပိုင်းဆိုင်ရာတွင် complex simple ပုံစံ ပြုလုပ်ထားရှိခဲကြောင်း Apple ကို ရှုမြင်နိုင်သည်။ တစ်ကိုယ်ရေသုံးကွန်ပျူတာလောကတွင် iMac ဖြင့် ထင်ပေါ်ခဲ့သလို အလွယ်တကူသယ်သွားလို့ရသော တေးဂီတဖွင့်စက်လို consumer electronic များအလယ်တွင်လည်း iPod ဖြင့်ဂုဏ်တင့်ခဲ့သည်။ ဒါ့အပြင် Mobile Phone လောကကိုလည်း iPhone ဖြင့်ကိုင်လှုပ်ခဲ့သည်။ အိမ်တွင်းဖျော်ဖြေရေး အတွက် ၁၉၉ ကန်ဒေါ်လာတန် Apple TV ဖြင့် ဖြည့်ဆည်းနေရာယူလိုက်ပြန်သည်။ အဆိုပါကိရိယာ၏ အခြေခံသဘောတရားမှာ ရိုးရိုးရှင်းရှင်း လေးဖြစ်သည်။ ကွန်ပျူတာ ၅ လုံးအထိ ချိတ်ဆက်ယူ ထားသော iTunes မှ content များကိုလည်းကောင်း၊ 40GB ပမာဏရှိ hard drive ပါရှိသော box မှ တိုက်ရိုက်ထုပ်ပေးသည့် content များကိုလည်းကောင်း ကြိုးမဲ့လမ်းကြောင်းကြီးဖြင့် ဖွင့်ယူခံစားနိုင်စေခြင်းပင် ဖြစ်သည်။ ရုပ်ရှင်များ၊ ဓာတ်ပုံများ၊ products များနှင့် တေးဂီတ များအပါအဝင် ပီစီပေါ်မှ မီဒီယာအားလုံးနီနီးကို ရှုမြင်ခံစားခွင့် ရှိမည်ဖြစ်သည်။ Apple ၏လက်သုံးစကားအရ iTunes ရှိလျှင် Apple TV ရှိရမည် ဟုမှတ်ယူစေသည်။ Cables လိုင်း အများအပြားဖြင့် ချိတ်ဆက်ရမည့်အစား iTunes တစ်ခုတည်းဖြင့် ကြိုးမဲ့စနစ်ကို အသုံးချခွင့်ပေးထားသည့် သဘော တစ်ခုတည်းဖြင့် ကြိုးမဲ့စနစ်ကို အသုံးချခွင့်ပေးထားသည့် သဘောပင်ဖြစ်သည်။ Apple TV ၏ menu ပေါ်တွင် Library တစ်ခုအဖြစ် ထည့်သွင်းရန် ရွေးချယ်လိုက်သည်နှင့် iTunes အတွင်းက ကိရိယာတစ်ခုအနေဖြင့် ထွက်ပေါ်လာသည်။ ကြိုးမဲ့စနစ်မှ “b” , “g” သို့မဟုတ် “n” router နှင့် ဆက်သွယ်ထားသော iTunes လည်းပတ်နိုင်သော ကၽွန်ပျူတာတစ်လုံးရှိရန် တော့လိုအပ်သည်။ Apple က “g” ကိုသုံးပါကအကောင်ဆုံးဖြစ်မည်ဟု အကြံပေးထားသည်။ သို့သော်လည်း “b” နှင့် “g” ပေါ်ရှိကွန်ရက်ဖြင့်လည်း ဗီဒီယိုကြည့်နိုင်ကြောင်း တွေ့ရသည်။ မြင်ကွင်း အရည်အသွေးအရ 640 x 480 သာပေးထား သဖြင့် HD အရည်အသွေးကိုတော့ မမျော်မှန်းနိုင်ပါ။ နောက် အားနည်းချက်တစ်ခုကတော့ ED-TV enhanced definition သို့မဟုတ် HDTV (high-definition widescreen television) အတွက်သာ ခွင့်ပြုထားပြီး 4:3 set ပိုင်ရှင်များအတွက် အခွင့်အလမ်း မရှိဖြစ်နေသည်။ နောက်တစ်ချက် သတိပြုရမှာက Quick Time မရှိပါက iPod ပေါ်တွင်ဖြစ်စေ video filter မျှ ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်းပင်ဖြစ်သည်။ ထို့အတူ video content တိုင်း Apple TV နှင့် လိုက်လျောညီတွေဖြစ်နေခြင်း မရှိပေ။ ဈေးချိုသော Hi-Fi remote ကို သုံးထားခြင်းနှင့် wide screen TVs များတွင်သာ ကြည့်ရှုခြင်းတို့က အဓိကအားနည်းချက်အဖြစ်တွေနိုင်သည်။ အိမ်တွင်းဖျော်ဖြေရေးလောကတွင် Xbox 360 ကို အလွန်ကောင်းသော media extends အဖြစ် မှတ်ယူနိုင်သောလည်း။ Apple TV မှာမူ iPod ပိုင်ရှင်များအတွက်သာ အသုံးဝင်သော ကိရိယာ ဖြစ်စေပါလိမ့်မည်။ နည်းပညာ ရုပ်မြင်သံကြား နည်းပညာ
https://my.wikipedia.org/wiki/Apple%20TV
Bit
Binary digit ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ စက်တစ်လုံးပေါ်မှ အသေးငယ်ဆုံး သတင်းအချက်အလက်ယူနစ် ဖြစ်သည်။ ရှေ့ဆောင် စာရင်းအင်းပညာရှင် Claude Shannon က ဤဝါဟာရကို 1946 ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ ဆားကစ်ပတ်လမ်း တစ်ခုပေါ်တွင် လျှပ်စစ်ဓာတ်အား တစ်ခု ဖြတ်စီးခြင်း မစီးခြင်းကို သတ်မှတ်သည်။ အကယ်၍ ဆားကစ်တစ်ခုပေါ် လျှပ်စစ်ဖြတ်စီးလျှင် Bit ၏ တန်ဖိုးသည် ၁ ဖြစ်ပြီး လျှပ်စစ်ဖြတ်စီးမှုမရှိလျှင် Bit ၏ တန်ဖိုးသည် ၀ ဖြစ်နေသည်။ တစ်ခုတည်းသော Bit သည် ၀ သို့မဟုတ် ၁ ဆိုသည့် တန်ဖိုးနှစ်ခုအနက် တစ်ခုကိုသာ ဆောင်ထားနိုင်သည်။ ဆက်တိုက်လာသည့် Bit များကို ပို၍ ကြီးမားသည့် ယူနစ်များအဖြစ် ပေါင်းစပ်ပေးခြင်းဖြင့် ပို၍အဓိပ္ပာယ်ပြည့်၀သော သတင်းအချက်အလက်များကို ရရှိသည် ဥပမာအားဖြင့် Byte တစ်ခုကို ဆက်တိုက်လာသည့် Bit ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ တစ်ခါတရံတွင် ကွန်ပျူတာများကို တစ်ကြိမ်လျှင် ၎င်းတို့ တွက်ချက်မှုပြုလုပ်နိုင်သည့် Bit အရေအတွက်ဖြင့်ဖြစ်စေ၊ Address များအား ကိုယ်စားပြုရန် ၎င်းတို့အသုံးပြုသည့် Bit အရေအတွက်ဖြင့်ဖြစ်စေ အဆင့်အတန်းသတ်မှတ်သည်။ ဤတန်ဖိုးနှစ်ခုမှာ အမြဲတမ်းတူညီခြင်းမရှိသည့်အတွက် နားလည်မှုရှုပ်ထွေးသွားတတ်ကြသည်။ ဥပမာအားဖြင့် ကွန်ပျူတာတစ်လုံးအား 32 bit စက်တစ်လုံးအဖြစ် သတ်မှတ်ခြင်းသည် ယင်း၏ Data register မှာ 32 bits ကျယ်ဝန်းသည် သို့မဟုတ် စက်သည် မှတ်ဉာဏ်ထဲမှ Address တစ်ခုစီကို ရှာဖွေသတ်မှတ်ရာတွင် 32 bits အသုံးပြုသည်ဟု အဓိပ္ပာယ်ရသည်။ ပို၍အရွယ်ကြီးသည့် Data register များက Computer အား ပို၍ မြန်ဆန်စေသကဲ့သို့ Address များအတွက် Bits ပိုမိုသုံးစွဲခြင်းဖြင့် စက်တစ်လုံးသည် ပိုမိုကြီးမားသည့် ပရိုဂရမ်များကို အထောက်အကူပြုနိုင်သည်။ Graphic များကို မကြာခဏဆိုသကဲ့သို့ dot တစ်ခုချင်းအား ကိုယ်စားပြုရန် အသုံးပြုသည့် Bit အရေအတွက်ဖြင့်လည်း ဖော်ပြတတ်သည်။ 1-bit ပုံရိပ်တစ်ခုသည် Monochrome ဖြစ်သည်။ 8-bit ပုံရိပ်တစ်ခုသည် 256 color သို့မဟုတ် Grayscale များကို အထောက်အကူပြုသည်။ 24 သို့မဟုတ် 32 bit ဂရပ်ဖစ်များသည် True color ကို အထောက်အကူပြုသည်။ သတင်းအချက်အလက် ယူနစ်များ
https://my.wikipedia.org/wiki/Bit
Bit map
Pixel ဟုခေါ်သည့် အလင်းစက်ကလေး ထောင်ပေါင်းများစွာပါဝင်နေသော ကွန်ပျူတာ ဖန်သားပြင် ဖော်ပြချက်တစ်ခုဖြစ်သည်။ ဖန်သားပြင် ( Screen )ပေါ်တွင် ပုံရိပ်များကို ရေးခြယ်ရန် အသုံးပြုသည့် Program များတွင် Pixel များကို အဖွင့်အပိတ် လုပ်ပေးရသည်။ သို့မဟုတ် ပုံရိပ်တစ်ခု ဖန်တီးရန် အရိပ်နှင့် အရောင်များကို ပြောင်းလဲပေးရသည်။ သတင်းအချက်အလက် bit တစ်ခု သည် pixel ကို ဖွင့်ထားသလော (bit=1) သို့မဟုတ် pixel ကို ပိတ်ထားသလော (bit=0) ဆိုသည်ကို ပြသည်။ Bitmap ဆိုသည်မှာ အစက်ငယ်(dot) များကို မည်သည့်ပုံစံဖြင့် ဖော်ပြမည် သို့မဟုတ် ရိုက်ထုတ်ပေးမည်ကို ကွန်ပျူတာအား ပြန်ပြသော ဖိုင်တစ်ခုပင်ဖြစ်သည်။ နည်းပညာ
https://my.wikipedia.org/wiki/Bit%20map
အယုဒ္ဓယ
အယုဒ္ဓယ သို့မဟုတ် သီရိအယုဒ္ဓယ (, ) ထိုင်းနိုင်ငံ၊ အယုဒ္ဓယတိုင်း၏ ရှေးမြို့တော်ဟောင်းဖြစ်၍ ဘန်ကောက်မြို့မှ မြောက်ဘက်သို့ မိုင်၅ဝ ခန့်အကွာ၊ အောက်မဲနမ် ကျောက်ဖယားမြစ်မြစ်အတွင်းရှိ ကျွန်းပေါ်တွင် တည်ရှိသည်။ အယုဒ္ဓယ မြို့ဟောင်းကို ခရစ် ၁၃၅ဝ ပြည့်နှစ်၌ ပထမ ရာဇာဓိပတိဘွဲ့ခံ ဗြအုထုံအမည်ရှိ ယိုးဒယားဘုရင်တစ်ပါးက စတင်တည်ဆောက်ခဲ့ရာမှ ခမ်နားကြီးကျယ်သော မင်းနေပြည်တော်ကြီး ဖြစ်ခဲ့သည်။ တဖြည်းဖြည်းအင်အားကောင်းလာပြီး ရှေးဦးပိုင်း ထိုင်းမြို့ပြနိုင်ငံများဖြစ်ကြသည့် သောက္ကတဲ၊ ပိဿလောက်စသည်တို့ကို သိမ်းယူခဲ့သည်။ ယင်းသို့ ယိုးဒယားမင်း အဆက်ဆက် စိုးမိုး အုပ်ချုပ်ခဲ့၍ နှစ်ပေါင်း ၄၁၇ နှစ်တိုင်တိုင် မားမားမတ်မတ်တည်တံ့ခဲ့သော အယုဒ္ဓယနေပြည်တော်ကြီးသည် မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ်၌ နောက်ဆုံးဖြစ်ပွားခဲ့ သော ယိုးဒယား-မြန်မာစစ်ပွဲတွင် မြန်မာတို့လက်သို့ကျရောက်၍ ရာဇဝင်တင်လောက်အောင် ဆုံးရှုံး ပျက်စီးခဲ့ရလေသည်။ ယခုအခါ၌ကား ယခင်ကလောက် စည်ကားခြင်း မရှိတော့ဘဲ ဘုရားပျက် ကျောင်းပျက်များသာ ရှိနေသည်။ အယုဒ္ဓယမြို့သည် ကျွန်းပေါ်တွင် တည်ဆောက်ထားသည် ဖြစ်ရကား မြစ်ကမ်းနားတစ်လျှောက်ရှိ အဆောက်အအုံများမှာ မိုးရာသီ မြစ်လျှံတက်မှုမှ လွတ်ကင်းရန် တိုင်များဖြင့် အမြင့် ဆောက်လုပ်ထားကြသည်။ မြို့တွင်း၌ မဲနမ်မြစ်မှနေ၍ မြို့ကို ဖြတ်သန်းဖောက်လုပ်ထားသော တူးမြောင်း အမြောက်အမြားကို မြို့တွင်းကူးသန်းသွားလာရေးအတွက် အသုံးပြုကြသည်။ ကမ်းနားတစ်လျှောက်နှင့် တူးမြောင်းများထဲတွင် ဆင်းရဲသား များ နေထိုင်ကြသော လှေအိမ်နှင့် ရေပေါ်ဈေးဆိုင် အမြောက် အမြားရှိရာ ဈေးဝယ်ရာ၌ လည်းကောင်း၊ တစ်အိမ်နှင့်တစ်အိမ် ကူးသန်းသွားလာကြသည်။ မြို့အတွင်းဘက်၌ကား လမ်းကြီး၊ လမ်းငယ် အသွယ်သွယ် ဖောက်လုပ်ထားသဖြင့် ကုန်းလမ်းခရီးဖြင့်လည်း အခြားမြို့များသို့ လွယ်ကူစွာ သွားလာနိုင်သည်။ အယုဒ္ဓယမြို့သည် ယိုးဒယားနိုင်ငံ၏ ဆန်စပါး အများဆုံး ထွက်ရာ ဗဟိုဌာန ဖြစ်သည်။ ဆန်နှင့် ကျွန်းသစ်များကို အမြောက်အမြား လုပ်ကိုင်ကြ၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ ငါးဖမ်းခြင်း အလုပ်ဖြင့်လည်း အရေးပါသောမြို့ ဖြစ် သည်။ အယုဒ္ဓယမြို့မှ ဗန်ကောက်နှင့် အခြားရေလမ်းခရီးမြို့ များသို့ မော်တော်သင်္ဘောများဖြင့် အဆက်မပြတ် ကူးသန်း သွားလျက် ရှိကြသည်။ ထင်ရှားသော ရှေးမြို့ဟောင်းကြီး ဖြစ်သည့်ပြင် ပျက်စီးလျက်ရှိသော ဘုရားပျက်၊ ကျောင်းပျက် နှင့် အဆောက်အအုံပျက်များကို ရှေးကအတိုင်း လက်ရာမပျက် ယခုတိုင် တွေ့နေရသေးသောကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသည်များနှင့် ရှေးဟောင်းပစ္စည်းနှင့် ကမ္ဗည်းကျောက်စာ လေ့လာလိုက်စားသူ အမြောက်အမြား လာရောက်လည်ပတ် ကြည့်ရှုကြသည်။ အယုဓျာမြို့၏ ၁၉၅၇ ခုနှစ် ခန့်မှန်းခြေ လူဦးရေမျာ ၃ဝ၉၄၇ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၁ဝ ပြည်နှစ် တောင်ငူခေတ် တပင်ရွှေထီးလက်ထက်မှ စ၍ ယိုးဒယားနှင့် မြန်မာတို့သည် မကြာခဏ တိုက်ခိုက်လာခဲ့ကြရာ တစ်ခါတစ်ရံ မြန်မာတို့က အယုဒ္ဓယမြို့ကို ရောက်ခဲ့ကြ၍ တစ်ခါတစ်ရံ ယိုးဒယားတို့က တနင်္သာရီ၊ ထားဝယ်၊ မုတ္တမထိ ရောက်ခဲ့ကြသည်။ တပင်ရွှေထီး လက်ထက်တွင် အယုဒ္ဓယမြို့ကို တစ်လခန့် လုပ်ကြံသော်လည်း မြို့စီးပြစီး ထူထပ်လှသဖြင့် မအောင်မြင်ချေ။ ဘုရင့်နောင်(ဟံသာဝတီ ဆင်ဖြူများရှင်မင်းတရား) လက်ထက်၊ သက္ကရာဇ် ၉၂၅ ခုနှစ်တွင် တစ်ကြိမ်၊ ၉၃ဝ ပြည့်နှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် အယုဓျာမြို့ကို အလုံးအရင်း ကြီးစွာဖြင့် လုပ်ကြံတိုက်ခိုက်ရာ အောင်မြင်သဖြင့် မြို့နှင့်တကွ ရွှေငွေရတနာ ဘဏ္ဍာများစွာကို သိမ်းယူပြီးလျှင် မင်းညီ၊ မင်းသားများနှင့် မြို့စားမှူးမတ်များ အပါအဝင် သုံ့ပန်း အမြောက်အမြားကို ဟံသာဝတီသို့ ယူဆောင်လာခဲ့သည်။ သို့သော် မြို့ကြီးကား အပျက်အစီးများစွာ မရှိခဲ့ချေ။ အလောင်းမင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၁၂၁ ခုနှစ်တွင် အယုဒ္ဓယမြို့ကို ဝန်းရံလုပ်ကြံသော်လည်း မရခဲ့ချေ။ ဤသို့ လုပ်ကြံစဉ်တွင် ကိုယ်တော် မကျန်းမာသည်နှင့် ပြန်လာရာ မုတ္တမကျေးကင်းရွာသို့ အရောက်တွင် နတ်ရွာစံတော်မူသည်။ သက္ကရာဇ် ၁၁၂၈ ခုနှစ် အလောင်းမင်းတရားကြီးသားတော် ဆင်ဖြူရှင်မင်းတရား လက်ထက်တွင် တစ်ဖန် အယုဒ္ဓယမြို့ကြီးကို လုပ်ကြံ တိုက်ခိုက်ပြန်ရာ ဤအကြိမ်သည် အယုဒ္ဓယမြို့၏ ပျက်စီးခြင်းအကြောင်း နောက်ဆုံးအကြိမ်ပင်တည်း။ အယုဒ္ဓယမြို့ကြီးကို ဝိုင်းရံတိုက်ခိုက်ရာ၌ မြန်မာတို့က အယုဒ္ဓယမြို့အောက်သို့ ရောက်အောင် ဥမင်ကြီးများ ဖောက်၍ ထင်း၊ လောင်စာ အပြည့်သွင်း၍ မီးခိုးလျှံပြင်းလှသဖြင့် မြို့ရိုးပြိုသည်နှင့် မြန်မာရဲမက်များ ဝင်နိုင်သည်တွင် အယုဒ္ဓယမြို့ တစ်မြို့လုံးကိုရ၍ အယုဒ္ဓယမြို့သား မိန်းမ ယောက်ျားတို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသည်။ အိမ်ရာ၊ ကျောင်း၊ ကန်၊ ဇရပ်၊ တန်ဆောင်းများကို အနှံ့အစပ် မီးတိုက်ရှို့သည်။ ဤတွင် ယိုးဒယားဘာသာ ရာဇဝင်စာပေ အမြောက်အမြား ပျက်စီးဆုံးရှုံးသည်ဟု ဆိုသည်။ အယုဒ္ဓယမြို့မှာ မြို့ပျက်ကြီး အဖြစ်သို့ ရောက်သွား၍ နောက်ထပ်မြို့ကို မထူထောင်တော့ဘဲ ဘန်ကောက်မြို့သို့ ပြောင်း၍ မြို့နန်းထူထောင်လေတော့သည်။ မြို့မ အယုဒ္ဓယ သမိုင်းဝင်လေ့လာစရာဗဟိုဌာန ချန် ကသေမ် နန်းတော် ချောဝ် သမ် ဗြး အမျိုးသားပြတိုက် စိန့်.ဂျိုးဇက်စ် ဘုရားကျောင်း ဝင် လီုယာင် Wat Chai Watthanaram ဝတ် လောကယ သုဒရမ် Wat Mahathat ဝတ် နဗြးမေန် ဝတ်ဗနန် ချီုင် ျီုင်ခ Wat Phanan Choeng ဝတ် ဗြးရမ် ဝတ် ဗြးသိ သန်ဗေတ် ဝတ် ဗုဒ်ဒါယ်သဝန် ဝတ် ရတ်ချဘုရန ဝတ် သုဝန် ဒြရမ် ဝတ် ဒမ္မိကရတ် ဝိဟန် ဗြး မိုင်ခိုင် ဘိုဖိတ် The city is located at the junction of the Chao Phraya, Lopburi and Pa Sak rivers, and on the main north-south railway linking Chiang Mai to Bangkok. The old city is on an island formed by a bend of the Chao Phraya on the west and south sides, the Pa Sak on the east side and, on the northern side, the Klong Maung canal. The Empire was actually brought down in 1767 by the Burmese destruction of Ayudhya. ကိုးကား ပြင်ပလင့် Municipality website ရှေးဟောင်းမြို့များ ရှေးဟောင်းသုတေသန ထိုင်းနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9A%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%9A
ကဆုန်လ
ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ ပုဂံကျောက်စာသို့တွင် ကုဆုန်ဟူသောအရေးအပြင် ကုဆုန်၊ ခူဆုန်၊ ခုဆုန်ဟူသောကွဲလွဲချက်များကို တွေ့ရသော်လည်း သဘောမှာ အတူတူချည်းဖြစ် ၍ ကုဆုန်ကို အရင်းခံတာ၍ ဆိုပါမည်။ ကုဆုန်ဟူသော စကား၌ ကုသည် ရေကိုဟော၏။ ဆုန်ကား စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်းခြင်းကို ဟော၏။ ကုမှ က သို့ရွေ့လျောသည်။ အဓိပ္ပာယ်ကား ရေသွန်းလောင်းသောလ ဟူ၏။ လှေသင်းအတွင်းဝန်မင်းကမူ ကဆုန်ကို ဝိဂြိုဟ်ပြုသောအခါ၊ "ဥဒကံ ရေကို၊ ဆနတိဖြတ်တတ်၏" ဟုဆို၍ ယင်းလကို ရေပြတ်သောလဟု အဓိပ္ပာယ်ဖွင့်သည်။ သို့ရာတွင် ဆယ့်နှစ်လရာသီဘွဲ့များတွင် ကဆုန်ညောင်ရေသွန်းခြင်းကို မဓာပြု၍ ဖွဲ့ဆို ကြသောကြောင့် ရေသွန်းလောင်းခြင်းဟူသည် ညောင်ရေသွန်းခြင်းပင်ဖြစ်သည်ဟူ၍ မှတ်ယူခြင်းသည် သဘာဝကျလိမ့်မည် ဖြစ်သည်။ ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စံကားပန်း (Talauma Spongocarpa) ဖြစ်သည်။ ကိုးကား မြန်မာလများ လများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%86%E1%80%AF%E1%80%94%E1%80%BA%E1%80%9C
နယုန်လ
နယုန်သည် မြန်မာပြက္ခဒိန်၏တတိယလ ဖြစ်ပြီး မေလနှင့်ဇွန်လအတွင်း ကျရောက်ပါသည်။ နယုန်လတွင် ၂၉ ရက်ရှိသည်။ ပုံမှန်အားဖြင့် ရက်မစုံသောလဖြစ်သော်လည်း ဝါထပ်သောနှစ်၌ နယုန်လတွင် ၃၀ ရက်ရှိ၍ ရက်စုံသောလဖြစ်သည်။ နယုန်လဟူသောဝေါဟာရ၏ အနက်မှာ မိုးစတင် ရွာပြီဖြစ်သောကြောင့် 'နံ' ဆိုသည်မှာ 'အချိန်ကာလ' ကို ရည်ညွှန်းပြီး 'ယုန်' မှာ 'အရည်ယိုစီးခြင်း' အဓိပ္ပာယ်ဆောင်သဖြင့် 'မိုးကျပြီ' ဟုဆိုလိုခြင်းဖြစ်သည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ နရယုဂ အဓိပ္ပာယ်မှာ ယောက်ျား မိန်းမအစုံဟူလေသည်။ သို့သော် နရယုဂသည် ပါဠိ ဘာသာစကားရင်း မဟုတ်ချေ။ နွေအကုန် မိုးအကူး ဝသန်ကာလဖြစ်သဖြင့် မိုးသားကျူးစ အခါသမယဖြစ်သည်။ မိုးနံ့ကလေးရစပြုချိန်တွင် "ရွှေစာတော်ပြန်မေးလို့ မြတ်လေးတဲ့စံပယ်၊ မေထုန်ဆို ရာသီကူး၊ ပွင့်ဖူးဝတ်မှုန်နံ့၊ သင်းပျံ့တော့တယ်" ဟူသော ဖိုးသူတော်ဦးမင်း၏အဆိုအတိုင်း ရှေးမြန်မာမင်းများလက်ထက်အခါက နယုန်လတွင် ပဉ္စင်းလောင်း၊ ရှင်လောင်းတော်များအတွက် စာတော်ပြန်ပွဲများ ကျင်းပရိုးထုံးစံရှိခဲ့ပေသည်။ စာပြန်ပွဲသည် မြန်မာမင်းများလက်ထက်ကပင် စတင်ထွန်းကားခဲ့သည်။ စာတော်ပြန်သဘင်ကြီးဟု ခေါ်တွင်ခဲ့သည်။ ဤပွဲသဘင်ကြီးမှာ သာသနာ့အာဇာနည်များ ရွေးချယ်ပွဲဖြစ်သည်။ နိုင်ငံတော်၏ လွှတ်ရုံး၊ ဗြဲတိုက်တော်နှင့် အခြားအုပ်ချုပ်ရေးဌာနများအတွက် ပညာရှင်များ ရွေးချယ်ပွဲလည်းဖြစ်သည်။ စာတော်ပြန်ပွဲသဘင်တွင် ထူးချွန်ပေါက်မြောက်အောင်မြင်သူများသည် သာသနာတည်တံ့ခိုင်မာပြီးစည်ပင်ဖွံ့ဖြိုးရေးအတွက် သာသနာ့အာဇာနည်ရဟန်းတော်များ ဖြစ်လာပေမည်။ သို့မဟုတ် သာသနာ့ဘောင်မှထွက်၍ ဘုရင့်ထံတော်ပါး၌ အမှုထမ်းလျှင်လည်း အရာရောက်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်လာနိုင်ပေသည်။ ဤရည်ရွယ်ချက်ဖြင့် နယုန်လတွင် စာတော်ပြန်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ စာတော်ပြန်သဘင်ကို နယုန်လ၌ ကျင်းပရခြင်း၏ အခြေခံအကြောင်းရင်းလည်းရှိသည်။ ရဟန်း သံဃာတော်များသည် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိဖြစ်သော ဝါတွင်းသုံးလပတ်လုံး ညဉ့်အိပ်ညဉ့်နေ ခရီးအသွားအလာနည်းပါးသည်။ ရဟန်းသာမဏေများ၏ ပထမစာသင်လမှာ ဝါဆိုလဖြစ်၏။ ဝါတွင်းသုံးလပတ်လုံး ရဟန်းတော်များ စာဝါအသစ်များ ပို့ချသင်ယူရမြဲဖြစ်သည်။ ထို့ကြောင့် စာဝါအသစ်များမစမီ နယုန်လတွင် ယခင်သင်ယူခဲ့ပြီး စာဝါများကို နှုတ်တက်ရွရွ ရွတ်ဆိုရသော စာတော်ပြန်သဘင်ကို ကျင်းပရပေသည်။ နှုတ်ဖြင့် အာဂုံဆောင်ကာ စာတော်ပြန်ဆိုကြရသည်။ နယုန်လဟူရာ၌ 'နံ' သည် အချိန်ကာလကို ဆိုလိုသည်။ ပုဂံခေတ်ကျောက်စာများတွင် နယုန်ကို နံယုန်၊ နံမျုန်ဟုရေးသည်။ 'ယုန်' ဟူသည်မှာ မိုးကိုလည်ကောင်း၊ စီးဆင်းခြင်းကိုလည်းကောင်း အဓိပ္ပာယ်ယူ၍ရသည်။ ထို့ကြောင့် နယုန်လဟူသည် မိုးရွာသောလကို ဆိုလိုသည်။ နယုန်လသည် မိုးကျသောလပီပီ ဤလတွင် လယ်သမားတို့ ပျိုးကြဲကြသောကြောင့် စိန္တကျော်သူဦးဩက "နယုန်ဝါလ၊ ကြဲကြပျိုးထောင်" ဟု စပ်ဆိုခဲ့သည်။ တောင်သူလယ်သမားတို့ ပျိုးထောင်ပျိုးကြဲအလုပ်လုပ်ကြသောအခါ စိုက်ပျိုးရေးအောင်မြင်စေရန်အလို့ငှာ ပုန်းမကြည်ပွဲကိုကျင်းပကြသည်ဟူသော အစဉ်အလာယုံကြည်မှုလည်းရှိသည်။ နယုန်လ၏ရာသီပွဲဖြစ်သော စာပြန်ပွဲကို အင်းဝပြည့်ရှင် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ပြည့်နှစ်တွင် စတင်ကျင်းပသည်ဟု မြန်မာရာဇဝင်တို့တွင် ဆိုသည်။ လောကဗျူဟာအင်ရုံစာတမ်းတွင် စာတော်ပြန်သဘင်အကြောင်း မှတ်တမ်းတင်ရာ၌ "စာမေးပွဲအစီအစဉ်၊ ပဉ္စင်းလောင်း၊ ရှင်လောင်းအရေအတွက် စာမေးပွဲအောင်စာရင်း၊ ဆရာ၊ တပည့်တို့အား ချီးမြှင့်ခြင်း" ဟူသော ကဏ္ဍများဖြင့် ရေးသားထားသည်။ ပဉ္စင်းလောင်း၊ ရှင်လောင်းအရေအတွက်တွင် “မာရ်အောင်ရတနာ ဘုရားဒါယကာ မင်းတရားလက်ထက် ရွှေနန်းတော်တက်သည်နှစ်တွင် ပဉ္စင်း ၅၀၊ ရှင် ၂၀၊ ၂စု ၇၀ စ၍ခံသည် နှစ်ကသည် နှစ်စည်(နှစ်စဉ်) ပဉ္စင်းလောင်း၊ ရှင်လောင်း တစ်ပါးစီတိုး၍ ခံသည်” ဟု အမှတ်အသားပြုသည်။ စာမေးပွဲမေးပုံကို ကုန်းဘောင်ခေတ်ရာဇဝင်တော်ကြီးတွင် ဤသို့မှတ်သားရသည်။ ထိုနှစ် ၁၂၃၆ခုနှစ် နယုန်လဆန်း ၈ရက်ကစ၍ ဝါဆိုလဆန်း ၈ရက်တိုင် မန္တလေးတောင်၏အနီး သုဓမ္မာဇရပ်များသုဓမ္မာဇရပ်တော်နှင့် စန္ဒာမုနိဘုရားပြင်ယံရှိ ဇရပ်တော်များတွင် ဝဲ၊ ယာခွဲ၍ တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော်တို့ကြပ်မတ်လျက် ပထမကျော်တစ်၊ ပထမကြီးတစ်ကျိပ်ကိုး၊ ပထမလတ်၊ ပထမငယ်စသော အတန်းအဆင့်ရှိသည့် ပထမစာတော်ပြန် ပဉ္စင်းလောင်းတော်၊ ရှင်လောင်းတော်ဦးရေတစ်ထောင်တို့ တစ်လတိုင်တိုင် ပထမစာတော်ပြန်ဆိုမြဲ ပြန်ဆိုကြရသည်။ စာတော်ပြန်မည့်ပုဂ္ဂိုလ်တို့၏ အဆင်အပြင်ကို မှတ်သားရသည်မှာလည်း စိတ်ကြည်နူးလေးစားဖွယ်ကောင်းလှသည်။ “ပထမစာတော်ပြန်ဆိုသူတို့မှာ ပထမကျော်နှင့် ပထမကြီးများသည် ပတ္တမြားနားတောင်း၊ ပတ္တမြားလက်ကောက်၊ ပုတီးလက်စွပ်၊ စလွယ်ဆင်ယင်၍ ရွှေထီးလေးချက် ဆောင်းမိုး၍ လူဆွဲရွှေရထားတော်ထက်စီးရသည်။ အဆောင်အရွက်စုံကိုင် နောက်လိုက်နောက်ပါလူနှစ်ကျိပ်တို့က ဝတ်ကောင်းဝတ်သန့်နှင့် လိုက်ကြရသည်။ ပထမလတ်တို့မှာလည်း မြနားတောင်း၊ မြလက်ကောက်၊ ပုတီး၊ လက်စွပ်၊ စလွယ်ဆင်ယင်၍ ရွှေထီးနှစ်ချက်ဆောင်းမိုးရသည်။ ရွှေက၊ ရွှေကတောင်၊ ရွှေဦးခက်တို့ဖြင့် လှပစွာဆင်ယင်သော မြင်းတော်ကိုစီးရသည်” ဟူ၍ သရုပ်ဖော်သည်။ ထိုစဉ်အခါက ရွှေမြို့တော်လေးပြင်လေးရပ်ရှိ ကျောင်းတိုက်တော်ဟူသမျှက ပထမစာတော်ပြန်အသီးသီးထွက်ကြသောကြောင့် ရွှေထီးရောင်၊ ရွှေရထားရောင်တို့သည် ထိန်ပြောင်ဝင်းလက်၍ တစ်တိုက်နှင့်တစ်တိုက် တရောတယှက်တည်း ရှုမငြီးအောင်ရှိသည်ဟူ၍လည်း အဆိုရှိသည်။ မန္တလေးရတနာပုံခေတ် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးလက်ထက်တွင် စာတော်ပြန်ပွဲများကို ကြီးကျယ်ခမ်းနားစွာ ကျင်ပခဲ့သည်။ စာတော်ပြန်ဆိုနေချိန်၌ ဆရာတော်ကြီးများက အကဲခတ်နားထောင်ကာ အမှတ်ပေးတော်မူကြသည်။ သီပေါမင်းလက်ထက်တွင် ပထမလတ်တန်းကို ဖြုတ်ပစ်၍ ပထမငယ်တန်း၊ ပထမကြီးတန်းနှင့် ပထမကျော်တန်းဟူ၍ သတ်မှတ်ကာ စာတော်ပြန်ပွဲကို ဆက်လက်ဆင်ယင်ခဲ့သည်။ သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်ခေတ်တွင် စာပြန်ပွဲတော်များ ပျောက်ကွယ်ခဲ့ရသည်။ ၁၂၅၇ခုနှစ် နယုန်လတွင်မှ ပြန်လည်ကျင်ပနိုင်ခဲ့သည်။ ထို့နောက် ဒုတိယ ကမ္ဘာစစ်ဖြစ်သောအခါ ပျောက်ကွယ်ခဲ့ရပြန်သည်။ စပါးစိုက်ကြသည့်တောင်သူများ ပျိုးခင်းစတင်ပျိုးထောင်ရန်နှင့် ပျိုးပင်ငယ်တို့ကို ကျေညက်အောင် ထွန်ယက်ထားသည့် လယ်ကွက်အတွင်းသို့ နယုန်လ အလယ်ခန့်တွင် စတင်ပြောင်းရွှေ့ စိုက်ရလေ့ရှိသည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ စံပယ်ပန်း (Jasminum-decussatum) ဖြစ်သည်။ ကိုးကား မြန်မာလများ လများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%9A%E1%80%AF%E1%80%94%E1%80%BA%E1%80%9C
ဝါဆိုလ
မ္လွယ်တာလ (ဝါဆိုလ) ဝါဆိုသည် မြန်မာပြက္ခဒိန်၏စတုတ္ထလ ဖြစ်သည်။ ယခင်အမည်မှာ နွယ်တာဖြစ်သည်။ ဝါဆိုလတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ ဝါထပ်သောနှစ်တွင် ပထမဝါဆို နှင့် ဒုတိယဝါဆို ဟူ၍ နှစ်မျိုးရှိသည်။ ဝါဆိုလပြည့်ကျော် ၁၅-ရက်သည် မိုးရာသီ၌ အကျုံးဝင်သည်။ ဝါဆိုလတွင် မိုးများသည်းထန်စွာ ရွာသွန်းသဖြင့် လယ်ကွင်းပြင်တစ်ခုလုံး ရေတွေဖွေးနေသည်။ ထို့ကြောင့် "ဝါဆိုဝါခေါင် ရေဖောင်ဖောင်"ဟု ဆိုကြသည်။ ဝါဆိုလ ဟူသောအမည်၌ ရှေးနှင့်နှောင်းပညာရှင်တို့ဝိဝါဒကွဲပြားခြင်းမရှိချေ။ ဝါဆိုသည်မှာ ပါဠိ ဝါသမှတိုက်ရိုက်လာသောစကား ဖြစ်၍ နေခြင်းဟုအဓိပ္ပာယ် ရသည်။ ဆို ဟူသည်မှာ ရွတ်ဆိုခြင်း အနက်ရသည်။ မိုးတွင်းသုံးလအတွင်း ရဟန်းတော်များ ကျောင်း၌နေပါမည်ဟု အဆိုပြုသော လကို ဝါဆိုလဟုခေါ်သည်။ ကျောက်စာအဦးပိုင်းတွင် ဝါဆိုလကို မ္လွယ်တာဟူ၍လည်းကောင်း၊ မြွယ်တာဟူ၍လည်းကောင်း ရေးသည်။ နှောင်းပိုင်းတွင် နွယ်တာဟူ၍လည်းကောင်း၊ နွေတာဟူ၍ လည်းကောင်း ရေးလာကြသည်။ သို့သော် မ္လွယ်တာသည်သာလျှင် အရင်းခံဖြစ်သည်။ မ္လွယ် ကားလယ်ယာမိုးမြေကိုဟောသည်။ တာ ကား တိုင်းတာခြင်းပင်ဖြစ်သည်။ လယ်ယာမြေတို့ကို တိုင်းတာသောလဟူလေသည်။ မ္လွယ်တာ (ဝါဆို) အမည်ရှိသည့်စတုတ္ထလသည် ဇွန်-ဇူလိုင်တွင် ကျရောက်သည်။ 'မ္လွယ်' သည် “မြေ” ကို ရည်ညွှန်းပြီး 'တာ' က “ထွန်ယက်စိုက်ပျိုးသည့် မြေကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပာယ်ရသောကြောင့် ယခုလသည် ကောက်ပင် စိုက်ပျိုးမည့် မြေကို အကွက်ငယ်များအဖြစ် တိုင်းကာမြေကွက်များအား ကန်သင်းတင်သည့်လဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ထိုမြေကွက်အတွင်း ကောက်စိုက်ရသည်။ အခုအခါ ဝါဆိုဟု ပြောင်းလဲခေါ်ရခြင်းမှာ ယခုလကမှ အစပြုပြီး ရဟန်းသံဃာတို့အနေဖြင့် မိမိ သီတင်းသုံးမြဲ ကျောင်းသင်္ခမ်းကို ခွဲခွာ၍ အခြားအရပ်တစ်ပါးသို့ မသွားရဟု စတင် ကန့်သတ်သည့်ကာလ ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ မြတ်လေးပန်း (Pomea coccinea) ဖြစ်သည်။ ပုန်းညက်ပန်း၊ မုလေးပန်း၊ မိကျောင်းပန်းတို့ ပွင့်ကြသည်။ မြန်မာ တစ်ဆယ့်နှစ်လတွင် စတုတ္တလဖြစ်သော ဝါဆိုလ သည် မိုးဥတုတွင်ပါဝင်သည်။ ဝါထပ်သည့်နှစ်များတွင် ဝါဆိုလကို နှစ်လ ပြုကာ ပထမဝါဆို၊ ဒုတိယဝါဆို ဟူ၍ဝါထပ်၏။ ဝါဆိုလကို ပုဂံခေတ်ထိုး ကျောက်စာတို့၌ မ္လွယ်တာ၊ မြွယ်တာ ဟူ၍ရေးသားသည်။ တစ်ခါတစ်ရံ နွယ်တာ၊ နွေတာဟူ၍လည်းရေးသား၏။ ထိုနွယ်တာ၊ နွေတာတို့၏အနက်ကို ဝေါဟာရ လီနတ္တဒီပနီတွင် နွေတာမှ ရွေ့လျောပြီး နွယ်တာဖြစ်လာကာ နွေသည် နွေဥတုရာသီဟောသည်။ တာ သည် ပါဠိဘာသာ အတီတပုဒ်ပျက်၊ အတိတ်ဟောသော်လည်းကောင်း၊ အန္တာပုဒ်ပျက် အဆုံးအဖျား ဟောသော်လည်းကောင်းဖြစ်သည်။ ဝါဆိုလ ပြည့်တွင် နွေဥတုရာသီကုန်ဆုံး၍ အတိတ်ဖြစ်လာသောကြောင့် အဆုံးအဖျား အပိုင်းအခြားရောက်သည်ဖြစ်၍ နွေတာလဟုခေါ်သည် စသည်ဖြင့် ဖော်ပြ ထား၏။ ဝါ ဝါဆိုဟူသောစကားတွင် ဝါသည် ပါဠိဘာသာ နေခြင်းဟော ဝါသပုဒ် ဖြစ်သည်ဆိုသည်။ မြန်မာဘာသာ ရွတ်ခြင်း၊ ဟောခြင်း ဟော သည်။ ဝါဆိုဟူသည် မှာရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြား တစ်ပါးသို့ အကြောင်းမဲ့မသွားရဘဲ မိမိတို့၏ ကျောင်းအရံအတွင်း၌ နေခြင်း ဖြစ်လေသည်။ ဤသို့ရဟန်းတို့ ဝါဆိုသည်ကိုစွဲ၍ ဝါဆိုလ ဟုခေါ်သည်။ ဝါဆိုလကို ဗေဒင်အခေါ်အားဖြင့် ကရကဋ်ရာသီခေါ်သည်။ ထို ရာသီတွင် ပြုပ္ပာသန်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှ နက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ပုစွန်လုံးဖြစ်၏။ ရာသီပန်းမှာ ပုန်းညက်ပန်း၊ မြတ်လေးပန်းတည်း။ ဤကိုရည်၍ ဦးယာက· ပျံ့မွှေးဝတ်ဆံ၊ ရိုးတံမြရွက်၊ ပုန်းညက်ရွှေလှော်၊ မွှေးပေါင်းဖျော် ၍၊ တောင်တော်မြင့်ဖျား၊ မြင့်မိုခါးက၊ ပတ္တမြားဗိမာန်၊ ပြုပ္ပာသန်နှင့်၊ ယုဂန္ဓိုရ်မှ၊ လှည့်သွားကြသော်၊ နောက်ကမကွာ၊ ဗျိုင်းတာရာဝယ်၊ ညီညာ ခံသ၊ ရောင်ထွန်းပလျက်၊ ဖုသျှနက္ခတ်၊ ဖန်နေနတ်နှင့်၊ လှည့်ပတ်ညီစွာ၊ သွားသောခါတွင်၊ မမြင်ဘဝါး၊ အသုဉ်းညား၍၊ ပန်းများလှိုင်ကြူ၊ မဉ္စူ ရွှေခက်၊ ပုန်းညက်ကြိုင်သော် ဟူ၍ ဆယ့်နှစ်ရာသီဘွဲ့ လူးတား၌ရေးစပ် ထား၏။ ဝါဆိုလတွင် ရှေ့မြန်မာမင်းများ ရှိစဉ်အခါက ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ်၏။ ယင်းသို့ မြန်မာမင်းတို့ ပဉ္စင်းတော်ခံပွဲကျင်းပသည်ကို ရည်၍ ဦးအောင်ကြီးက အင်းဝမြို့ဘွဲ့ ဆယ်နှစ်ရာသီလူးတား ဝါဆိုလဘွဲ့ တွင်· သာစွလေ၊ မှိုင်းဝေညိုမျှ၊ ကောင်းကင်ဝဝယ်၊ လနှင့်အာသဠ်၊ ပြည့်ဝရန်လျက်၊ ယဉ်ထန်ရေရှူး၊ မိုးလေဦးနှင့်၊ ကြိုင်မြူးဧမြက်၊ ပုန်းညက် သရဖီ၊ ပွင့်ချင်းညီ၍၊ ရာသီလှည့်ပတ်၊ ကရကဋ်ဟူ၊ နတ်လည်းစက်လို၊ လဝါဆိုကား မြင့်မိုမာဃ၊ ဒေဝိန္ဒသို့၊ မင်မျာ့သခင်၊ဆင်စီရင်၍၊ ထမ်းစင် ယာဉ်သာ၊ ရွှေချက်ကာလျက်၊ ရတနာပေါင်းဖျင်၊ စီရင်ခင်းကျင်း၊ သိကြား မင်းသို့၊ တင့်ခြင်းဆောင်ရွက်၊ စံစေလျက်တည့်၊ ဘဝဂ်ထိန့်ကျော်၊ ပဉ္စင်း တော်ကို၊ ရွှေလှော်မွမ်းရုံ၊ ရွှေစည်းခုံဝယ်၊ သုံဘုံဝဋ်မှ၊ လွတ်စေရသား ဂေါတမမုနိ၊ သီရိကြိမ်ကြိမ်၊ မြတ်သည့်သိမ်သို့၊ ငြိမ်ဆိမ်လည်းဝင်၊ သိက္ခာ တင်သည်၊ ပဉ္စင်းတော်မြတ်ရဟန်းတည့်လေး ဟူ၍ ဘွဲ့ဆိုခဲ့၏။ ရွှေဗျိုင်းတာရာ ထွန်းပသည့် ဝါဆိုလတွင် နံနက်စက်နာရီ ၅ နာရီ ၂၉ မိနစ်တွင် နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၄၃ မိနစ်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့် နေ့ ၃၆ နာရီ၊ ည ၂၄ နာရီရှိသည်။ ဤကိုရည်၍ ဦးယာက ဆယ့်နှစ်ရာသီဘွဲ့ လူးတားဝါဆိုလဘွဲ့တွင်· သည်ရာသီတွင်၊ နာရီနေ့ကို၊ သုံးဆယ်ဆိုရှင့်၊ စွန်းပိုခြောက်ခု၊ ကြွင်းစုနာရီ၊ ညဉ့်သို့စီသော၊ မညီအရေး၊ နှစ်ဆယ့်လေးတည့် ဟူ၍ စပ်ဆိုခဲ့၏။ ဝါဆိုလတွင် အင်္ဂါနှင့် ရာဟုခေါ်သော ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပြဿဒါးရက်များဖြစ်၍ တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့များမှာ ရက်ရာဇာများဖြစ် သည်။ ဝါဆိုလတွင် ရက်စုံကွယ်သောကြောင့် ရက်ပေါင်း ၃ဝ ရှိသည်။ ဝါဆိုလတွင် ရဟန်းတော်များသည် အခြားတစ်ပါးသို့ အကြောင်းမဲ့မသွားဘဲ ဝါကပ်ဝါဆိုမြဲဖြစ်၏။ ကိုးကား လများ မြန်မာလများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AB%E1%80%86%E1%80%AD%E1%80%AF%E1%80%9C
ဝါခေါင်လ
ဝါခေါင်သည် မြန်မာပြက္ခဒိန်၏ ပဉ္စမမြောက် လ ဖြစ်သည်။ ၂၉ ရက်ရှိ၍၊ ရက်မစုံလ ဖြစ်သည်။ ရှေ့လသည် ဝါဆိုလ ဖြစ်ပြီး၊ နောက်လသည် တော်သလင်းလ ဖြစ်သည်။ ရာသီပန်းမှာ ခတ္တာပန်း၊ ရာသီခွင်မှာ သိဟ်ရာသီ ဖြစ်သည်။ နံကာလ ကျောက်စာတို့၌ ဝါခေါင်လအရေးအသားကိုတွေ့ရန် ခဲယဉ်း သည်။ ထို့ကြောင့် ဝါခေါင်လကို ယခုခေတ်သုံးစကားနှင့်ပင် ကြံဆ၍ ရနိုင်သည်။ ခေါင် ဟူသောဝေါဟာရသည် အထက်၊ အလယ်၊ ဗဟို၊ အတွင်း ဟူ၍ အဓိပ္ပာယ်ကောက်ယူနိုင်သည်။ ဝါခေါင်လသည် ဝါလယ်လပင် ဖြစ်သည်။ လှေသင်းအတွင်းဝန်မင်းကမူ ခေါင် ကို မိုးခေါင်သည် ဟူသော အနက်ကဲ့သို့ကောက်၍ ဝါခေါင်ဆိုသည်မှာ ဝါမဆို၊ ဝါမကပ်ဟူသော သဘောသို့ သက်ရောက်သည်။ စင်စစ် ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ရဟန်းတော်တို့သည် ပစ္ဆိမဝါကို ကပ်နိုင်သည်။ ဝါခေါင်လကိုကျောက်စာ၌ နံကာဟုအရေးများသည်။ နံ ဟူသောပုဒ်အတိုင်းပင် အချိန်ကာလကို ပြသည်။ ကာ ကို ကြံဆသောအခါ လယ်လုပ်ငန်းဟူ၍ ပြဆိုသည်။ ထို့ကြောင့် နံကာကား လယ်လုပ်ချိန် လယ်ထွန်ချိန်နှင့်ဆိုင်သောလဟု အဓိပ္ပယ်ရသည်။ ဝေါဟာရလိနတ္ထဒီပနီ၌ကား နံကာသည် နိက္ခမနိယဟူသော ပါဠိမှ လာသည်ဟုဆိုသည်။ အဓိပ္ပာယ်မှာ နေသည် အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်ခြင်းသည်။ မျက်မှောက်ခေတ်တွင် ဤကြံဆပုံ ကြံဆနည်းကို အတွေးခေါင်သည်ဟုဆိုကြလိမ့်မည်။ နံကာ (ဝါခေါင်) လမှာ ဇူလိုင်- ဩဂုတ်အတွင်းတွင် ကျရောက်သည်။ 'နံ' မှာ 'အချိန်ကာလ အပိုင်းအခြား' ကို ဖော်ပြပြီး 'ကာ' က 'အလုပ်တာဝန်' ကို ရည်ညွှန်းသည်ဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့် နံနှင့်ကာကို ပေါင်းလိုက်သောအခါ လယ်သမားများအလုပ်ရှုပ်ကြသည့် အချိန်ဟုဆိုလိုကြောင်းထင်ရှားပေသည်။ ကောက်စိုက်သောအခါ အပင်ငယ်များဖြစ်ထွန်းအောင် အထူး ကြပ်မက်ဂရုစိုက်ရပြီး ရေကို လိုသလောက် သွင်းပေးရသကဲ့သို့ အပင်ငယ်များရေမမွန်းစေရန်အတွက် ရေပိုမရှိအောင် ချိန်ရသည်မှာလည်း မလွယ်ကူပေ။ အခုအခါတွင် ဝါခေါင်လဟု ခေါ်ဝေါ်နေကြခြင်းမှာ ဝါတွင်း သုံးလ၏အလယ် ဖြစ်သောကြောင့် ဖြစ်သည်။ အထိမ်းအမှတ်ပန်းက ခတ္တာပန်း (Crinumamoenum) ဖြစ်သည်။ ဝါခေါင်လသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ပဉ္စမလဖြစ်၏။ မိုးဥတုတွင် ပါဝင်သော ဝါခေါင်လကို ရှေးအခါက နံကာလ ဟုလည်း ခေါ်ကြ၏။ ပုဂံခေတ် ကျောက်စာများတွင် ဝါခေါင်ဟူ၍လည်းကောင်း၊ နံကာလဟူ၍လည်းကောင်း အရေးအသားနှစ်မျိုးလုံးကို တွေ့ရ၏။ နံကာလအကြောင်းကို ဝေါဟာရလိနတ္ထ ဒီပနီကျမ်း၌- ထိုနံကာလ သဘောအဓိပ္ပာယ်ကို ကြံသော် အဘိဓာန်ကျမ်းတွင် သာဝဏော၊ နံကာလ၊ နိက္ခမနီယော၊ နံကာလဟူ၍ ပရိယာယ် နှစ်ပုဒ်ပြသည်။ အဘိဓာတ် ဋီကာတွင် အန္တော ဝီထိတော ဗဟိနိက္ခမတိ သူရိယော ဧတ္ထောတိ နိက္ခမနီယော၊ အဓိကရဏေ အနီယောဟူ၍ဖွင့်သည်။ အနက်ကား ဧတ္ထ၊ ဤကာလ၌။ သူရိယော၊ နေသည်။ အန္တော ဝီထိတော၊ အတွင်း ခရီးမှ။ ဗဟိဝီထိ၊ ပြင်ခရီးသို့။ နိက္ခမတိ၊ ထွက်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့် နိက္ခမနီယော၊ နိက္ခမ နီယမည်၏။ အဓိကရဏေ၊ အဓိကရဏ သာဓန၌၊ အနီယော၊ အနီယပစ္စည်းတည်း ဟူ၍ဆိုသည်။ နိက္ခမနီယ သဒ္ဒါ ရွေ့လျော၍ မြန်မာဘာသာ နံကာလဝေါဟာရဖြစ်သည် ယူရန်ရှိ၏ ဟူ၍ ဖော်ပြထားလေသည်။ နံကာလ၏ အနက်အဓိပ္ပာယ်ကို လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်၊ လယ်လုပ်ချိန်လ၊ ထွန်ထယ်ချိန်လ၊ စိုက်ပျိုးချိန်လ ဟူ၍ ယူဆသည်လည်းရှိ၏။ ဗေဒင်အခေါ်အားဖြင့် ဝါခေါင်လကို သိဟ်ရာသီဟုခေါ်၏။ ထိုရာသီတွင် သရဝဏ်နက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှနက္ခတ်နှင့် နေမင်း ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ခြင်္သေ့ရုပ်ဖြစ်၏။ ရာသီပန်းမှာ ခတ္တာပန်းတည်း။ ဝါခေါင်လဘွဲ့များ ဝါခေါင်လတွင် ရှေးမြန်မာမင်းများ ရှိစဉ်အခါက ရာသီပွဲတော် အဖြစ် စာရေးတံပွဲသဘင်ကို ဆင်ယင် ကျင်းပလေ့ရှိသည်။ ဤကိုရည် ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား ဝါခေါင်လဘွဲ့၌ - ရုတု ဝါခေါင်၊ တိမ်တောင်ပတ်ယှက်၊ သည်ရက်အခါ၊ မြတ်စွာထွတ်ထား၊ ရွှေစကားတွင်၊ ပွဲများခြိမ့်ခံ၊ စာရေးတံဟု၊ စီမံခင်းကျင်း၊ မင်းသားတသီး၊ မင်းသမီးနှင့်၊ မှူးကြီးမတ်ရာ၊ မြတ်သင်္ဃာတို့၊ ရတနာထွေပြား၊ အပါးပါးနှင့်၊ သကြား ကြံချို၊ ဆိမ့်ယိုအုန်းသီး၊ ပျောသီးရွှေရောင်၊ မြဒေါင်းပေါင်တွင်၊ အသာတင်၍၊ သဘင်ခံပွဲ၊ ညံမစဲသား၊ ပုလဲရွှေမြင်၊ ငါးအင် ကလျာ၊ မိုးသူဇာသို့၊ ဖလ်ပြာတကောင်း၊ ရှိစုံပေါင်း၍၊ ဝပ်ညောင်း ပန်ကြား၊ လျှောက်ဆိုထားသည်။ ။ ဟူ၍ စပ်ဆိုထား၏။ ထို့ပြင် ဝါခေါင်လသည် တောင်ပြုံးညီနောင် နတ်ပွဲများ ကျင်းပသောလဖြစ်သည်။ ထိုနတ်ပွဲအတွက် လှေပွဲများလည်း ပြုလုပ်သည်ဟုဆိုလေသည်။ ဤကိုရည်၍ ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား ဝါခေါင်လ ဘွဲ့၌- ဝါခေါင်လကား၊ ကျောင်းမှမကွာ၊ ထေရ်သံဃာတို့၊ သဒ္ဓါရွှင်လန်း၊ ဆွမ်းပန်းကျွေးဟန်၊ စာရေးတံနှင့် ကောင်းမွန်စီရင်၊ သဘင်ဒါန၊ လှူဒါန်းကြလျက်၊ ရှေးကထိမ်းမှတ်၊ ညီနောင်နတ်ကို၊ ရည်ညွတ်သောင်သဲ၊ တက်စမြဲနှင့်၊ လှေပွဲများစွာ၊ မြစ်ဧရာဝယ်၊ ကြော်ငြာသံကျူး၊ ပြိုင်ကြမြူးသည်။ ။ ဟူ၍ စပ်ဆိုထားလေသည်။ ဝါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄ဝ ၌ နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၂၉ မိနစ်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့်နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီရှိသည်။ ဤကို ရည်၍ ဦးယာက - တောင်လေသွဲ့၍၊ ရွာတဲ့မလို၊ ငွေသဲပျိုက၊ ရေညိုနဒီ၊ လှိုင်းလုံးချီ၍၊ ရာသီထိန၊ သည်မသတွင်၊ ဇယတြိ၊ နေ့ရှိနာရီ၊ မမှီညဉ့်ရောက်၊ နှစ်ဆယ့်ခြောက်တည်း။ ။ ဟူ၍ စပ်ဆိုခဲ့၏။ ဝါခေါင်လမှာ ရက်မစုံ ကွယ်သောလဖြစ်သောကြောင့် ရက်ပေါင်း ၂၉ ရက်ရှိသည်။ ဝါခေါင်လတွင် ကြာသပတေးနှင့် စနေမှာ ပြဿဒါးနေ့များဖြစ်၍ ဗုဒ္ဓဟူးနှင့် သောကြာမှာ ရက်ရာဇာများဖြစ်ကြသည်။ ကိုးကား မြန်မာလများလများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AB%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%9C
တော်သလင်းလ
တော်သလင်း (တဝ်သလင်း) သည် မြန်မာပြက္ခဒိန်၏ ခြောက်လမြောက် ဖြစ်ပြီး ဩဂုတ်နှင့်စက်တင်ဘာလအတွင်း ကျရောက်သည်။ တော်သလင်းလတွင် ရက် ၃၀ ရှိပြီး ရက်စုံသောလဖြစ်သည်။ အမည်ရင်းမြစ် တော် ဆိုသည်မှာ မြင့်မြတ်သည်၊ အထွတ်အထိပ် ဖြစ်သည်၊ အထက်ကောင်းကင် ဖြစ်သည်ဟူ၍ လည်းကောင်း၊ သလင်း ဆိုသည်မှာ သာလင်းမှ လာ၍ သာယာထွန်းလင်းဟူသော အဓိပ္ပာယ်ရှိသည်ဟူ၍လည်းကောင်း ကြံဆကြသည်။ သို့သော် အင်းဝခေတ်နှောင်းပိုင်းတွင် သစ်ဆင်းလဟူသောအရေးအသားကို ပျို့ကဗျာများ၌တွေ့ရပြန်သည်။ ယင်းကို အချို့သောပညာရှင်တို့က သစ်ဖောင် ဝါးဖောင်များ စုန်ဆင်းသောလဟု အဓိပ္ပာယ်ကောက်ကြသည်။ သို့ရာတွင် စာဆို ဦးအောင်ကြီး ၏လူးတားတွင် တိုင်လေးစင် ၏ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ခုန်ဆင်းသည့်ပျော်ပွဲသဘင်ကို အခိုင်အမာ ဖော်ပြထားသောကြောင့် ပန်းလုသဘင်၊ သစ်ဆင်းရင် သောပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ကြောင်း အဆိုကို အများကလက်ခံကြသည်။ ဤအချက်ကို လှေသင်းဝင်မင်းက သဘာမတူသည့်အပြင် တော်သလင်း ၏ဇာစ်မြစ်ကိုကြံဆရာ၌ ကောသိတုံအလံ ဟူသောပါဠိမှ ဆင်းသက်၍ တော်သလင်းဟူသော စကားဖြစ်လာသည်ဟု ဆိုသည်။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသီဟုခေါ်သည်။ ကန်ရာသီကား ကညာကိုစွဲခေါ်ခြင်းဖြစ်သည်။ ကညာသည် ယောက်ျားကိုနှစ်သက်စေခြင်း သဒ္ဒါသည် ပါဠိ၌ တောသဟူ၍လည်း ရှိသည်။ တောသမှတော်သလင်းသို့ရွေ့လျားသည်ဟု လှေသင်း အတွင်းဝန်က မိန့်ဆိုသည်။ 'သလင်' သည် 'ကြည်လင် သန့်ရှင်းခြင်း' ကို ရည်ညွှန်းပြီး 'တဝ်' မှာ “အမြင့်”အားရည်ညွှန်းသည် ဖြစ်သောကြောင့် 'မိုးကောင်းကင်' ဟုအဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် တဝ်သလင်းမှာ 'မိုးကောင်းကင် ကြည်လင်သာယာသည်' ဟူသောအနက်ကို ဆောင်လေသည်။ လေပြင်း မိုးပြင်း တိုက်ခတ် ရွာသွန်းသောကာလ ပြီးဆုံးလေပြီ ဟုလည်းဆိုလိုသည်။ ခရစ် ၁၆ ရာစုနှစ် အတွင်းက ယခုလအား 'သစ်ဆင်း' လို့လည်း ခေါ်ခဲ့ဖူးသည့်အထောက်အထားများ ရှိခဲ့သည်။ ပွဲတော်များ ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန် မြူးထူးပြီး ရေထဲကို ခုန်ချသည့်ပျော်ရွှင်ပွဲ၊ လှေပွဲများကို ကျင်းပကြသည်။ ကောက်စိုက်ချိန်ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့် တောင်သူများ အလုပ်ပြီးမြောက်ကုန်ဆုံး၍ မြူးထူး ပျော်ပါးသည့်လ ဟုလည်းဆိုနိုင်သည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ယင်းမာပန်း (Chukrosia tabulais) ကိုသတ်မှတ်သည်။ တော်သလင်းလသည် မြန်မာဓလေ့ရာသီပွဲတော် အစဉ်အလာအရ လှေပြိုင်ပွဲ ကျင်းပသည့်လဖြစ်သည်။ ဤလတွင် မြစ်ချောင်းတို့၌ လှိုင်းလေကင်းရှင်းပြီး ရေပြင်မှာ သင်ဖြူးဖျာ ခင်းထားသကဲ့သို့ ပြေပြစ်ငြိမ်သက်စွာ ရှိတတ်ရာ "တော်သလင်း မြစ်တွင်း သင်ဖြူးခင်း"ဟု ဆိုရိုး ရှိသည်။ ထို့ကြောင့် ဤလတွင် လှေပြိုင်ပွဲများ ကျင်းပကြသည်။ ရှေးက လှေပြိုင်ပွဲများကို ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်ရှုစားတော်မူလေ့ရှိသည်။ လှေလှော်သားတို့အား ဆုတော်လာဘ်တော်များလည်း ချီးမြှင့်လေ့ရှိသည်။ တော်သလင်းလသည် မိုးနှောင်းပိုင်း ကာလဖြစ်၍ ရွာသောမိုးသည် လယ်ကန်သင်းများ ကျိုးအောင် သည်းသည်းမည်းမည်း ရွာတတ်သည်။ "တော်သလင်းမိုး ကန်သင်းကျိုး" ဟူ၍ ဆိုရိုးရှိသည်။ မိုးများသဖြင့် စပါးကိုပင် နေလှန်းပြီးမှ ထမင်းချက်ရသည်။ ထို့ကြောင့် ရှေးစာဆိုတို့က "တော်သလင်းတိမ်ညို စားဖိုသည်ဆင်းရဲ မိုးမသဲ" ဟု ဆိုရိုးပြုခဲ့ကြသည်။ တော်သလင်းလတွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ကောင်းနေ့မြတ် ဖြစ်သော တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ ကျင်းပကြပြီး ကျောင်းကန်ဘုရားများတွင် ငါးပါးသီလ ဥပုသ်သီတင်း စောင့်ထိန်းကြခြင်း ဖြစ်သည်။ ဂရုဓမ္မအခါတော်နေ့ တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင် ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။ ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသော နည်းများရှိလျှင် ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန်သည်။ ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသုပြည်သားများ ကျင့်သုံးသော သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး သားမယားတို့ကို ကာမဂုဏ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို ရွှေပေလွှာ၌ ရေးပေးလိုက်သည်။ ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာ ရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာ ပေါများကာ သာယာဝပြောလာ၏။ ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံး ဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များ မှတ်ယူကြသည်။ ကိုးကား မြန်မာလများ လများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%9C
သီတင်းကျွတ်လ
သန်တူလ (သီတင်းကျွတ်လ) သီတင်းကျွတ် သည် မြန်မာပြက္ခဒိန်၏ ခုနစ်လမြောက် သန်တူ (သီတင်းကျွတ်)မှာ စက်တင်ဘာလ- အောက်တိုဘာလတွင် ကျရောက်ပါသည်။ သီတင်းကျွတ်လတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလ ဖြစ်သည်။ 'သန်' သည် 'စပါးပင်' ကို ရည်ညွှန်းကာ 'တူ' သည် 'ထူ' ဖြစ်ပြီး “စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်လျက် ရှိပြီ ”ဟုဆိုလိုသည်။ ထိုကဲ့သို့ အပင်များ အောင်မြင်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြန်သည်။ ယခု သီတင်းကျွတ် ဟူသည့်အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသောအဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြစ်သည်။ အထိမ်းအမှတ် ပန်းမှာ ကြာဖြူပန်း (Nymphaea lotus) ဖြစ်သည်။ သီတင်းကျွတ်လ သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမလဖြစ်၏။ မိုးဥတုတွင်ပါဝင်သည်။ ရှေးအခါကသီတင်းကျွတ်လဟူ၍ မခေါ်ကြဘဲ သန်တူလဟု ခေါ်ဆိုရေးသားကြသည်ကို တွေ့ရသည်။ သန်တူလအဓိပ္ပာယ်မှာ ဝဿာနမိုးဥတုရာသီကို သန်ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ကြသည်ဟု ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ဆိုသည်။ သီတင်း ကျွတ်လသည်မိုးဥတု၏ နောက်ပိုင်းချိန် လတစ်ခုဖြစ်လေသည်။ အချို့ပညာရှင်တို့ကမူ သန်ဟူသောပုဒ်သည် ကောက်·စပါးဟော·တိဗက်· မြန်မာ·တရုတ်· ထိုင်း·မွန်ခမာ ဘာသာအပေါင်းတို့လာ မြန်မာစကားဟုဆိုသည်။ တူပုဒ် သည်လည်း အသံချင်းအနီးစပ်ဆုံးဖြစ်သောထူပုဒ်နှင့် တွဲယူရပေမည်။ ထူသည်တစ်စုံတစ်ရာကိုထောင်သည်၊ စိုက်သည်၊ မတ်စေသည်၊ ဟောဖြစ်သဖြင့်သန်တူလသည် ကောက်စပါးပင်များပေါက်ဖွား၊ ထွက်ထ၊ ထောင်မတ် လာသောလဟု အဓိပ္ပာယ်ရသည်ယူဆကြသည်။ ပုဂံခေတ် ထိုးကျောက် စာတို့တွင် သီတင်းကျွတ် ဟူသောစကားကို အလျှင်းမတွေ့ရသလောက်ပင်ရှိ၍ သက္ကရာဇ် ၅၇၄ ခုနှစ်ထိုး တုရွင်း တောင်စောရဟန်း သိမ်ကျောက်စာအတွင်း စာသား တစ်နေရာ၌သာ သတင်းချွတ်ဟူသောအသုံးကို ရှေးဦးဆုံး တွေ့ရလေသည်။ သတင်းချွတ်ဟူသောစကားသည် သတင်းသီလစောင့်ထိမ်းသူတို့က ချွတ်လွှတ်ကုန်ဆုံးအောင် ပြုသည်ဟု အနက်ထွက်လေသည်။ သတင်းချွတ်နှင့် ဝါကျွတ် ဟူသော စကားကိုဖက်တွဲ၍ သတင်းကျွတ်ဟူသော စကားဖြစ်ပေါ်လာသည် ဟုတွေးထင်ဖွယ်ရှိသည်။ လှေသင်းအတွင်းဝန်ရေး ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်ဆိုသည်မှာ ဝါဆိုလပြည့်နေ့မှ စ၍ ဝါတွင်းသုံးလ၊ ရက်ပေါင်း၉ဝ၊ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လဟူ၍ သာသနာကျမ်းအလိုခေါ်ဆိုကြောင်းသိသာသည် ဟုပါရှိ လေ သည်။ ဗေဒင်အခေါ်အားဖြင့် သီတင်းကျွတ်လကို တူရာသီဟုခေါ်သည်။ တူရာသီ၏အရုပ်သည် ချိန်ကိုင်စွဲသော ယောက်ျား သဏ္ဌာန် ဖြစ်သည်။ ထိုရာသီကား အဿဝဏီနက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် အဿယုဇဟူ၍ဆိုသည်။ ကြာပန်းကို ရာသီပန်းဟူ၍ အသိအမှတ်ပြုကြ၏။ ကျီးတာရာထွန်းပသည့် သီတင်းကျွတ်လရာသီတွင် နံနက် စက်နာရီ ၅ နာရီ ၅၅ မိနစ်ခန့်တွင်နေထွက်၍ ညနေ စက်နာရီ ၅ နာရီ ၃၇ မိနစ်ခန့်တွင်နေဝင်သည်။ မြန်မာနာရီအားဖြင့် နေ့ညဉ့်နာရီ ၃ဝစီ အညီအမျှ ရှိလေသည်။ သီတင်းကျွတ်လတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်းတန်း၊ မီးမြင်းမိုရ်များထွန်းညှိကာ မီးပွဲသဘင်ကို ဆင်ယင်ကျင်းပကြရိုးဖြစ်လေသည်။ ဆယ့်နှစ်ရာသီပွဲတော်များ မြန်မာမင်းများလက်ထက် ခေတ်အခါကမူ သီတင်းကျွတ်လတွင် မင်းသားမင်းမြေးမှူးတော်မတ်တော်တို့၏ အဆင်တန်ဆာများကို အသစ်လဲလှယ်ပေးတော်မူခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုတိုင်းထွာစေခြင်း၊ ဆီမီးမြင်းမိုရ်ထွန်းခြင်း၊ ဘုရား စေတီများတွင်ဆီမီးပူဇော်ခြင်း၊ ဝါကျွတ်အကန်တော့ ခံခြင်းတို့ကိုပြုသည်။ ထိုကြောင့်ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်ရာသီ ဘွဲ့သဖြန်၌ ·· ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ပြောင်ထိန်။ ရွှေနန်းတောင်တော်ဦးမှာလ၊ ကွန့်မြူးမြင့်မိုမီးညီးတဲ့ခါချိန်။ ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပြောင်း။ သက္ကစ္စဂါရဝါနှင့်စဉ်အလာပူဇော်ပွဲကို၊ခဲ့ကြပေတောင်း ဟုစပ်ဆိုထား ခြင်းဖြစ်လေသည်။ သီတင်းကျွတ်လတွင် တနင်္ဂနွေနေ့ တနင်္လာနေ့ များသည် ပြဿဒါးရက်များဖြစ်ကြ၍ အင်္ဂါနှင့်ကြာသပတေး နေ့များသည် ရက်ရာဇာနေ့များဖြစ်ကြသည်။ သီတင်းကျွတ်လတွင် ရက်မစုံကွယ်သဖြင့် ရက်ပေါင်း ၂၉ ရက်သာရှိ၏။ ပွဲတော် သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သီတင်းကျွတ်လ၏ ထင်ရှားသောပွဲတော်ပင်ဖြစ်သည်။သီတင်းကျွတ်လ၏ လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ကိုးကား မြန်မာလများ လများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%BD%E1%80%90%E1%80%BA%E1%80%9C
တန်ဆောင်မုန်းလ
တန်ဆောင်မှုန်း ခေါ် တန်ဆောင်မုန်းသည် မြန်မာပြက္ခဒိန်၏ ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။ တန်ဆောင်မုန်းလတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလဖြစ်သည်။ 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတစ်ဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။ တောင်သူအများ ကောက်လျင် (ခေါ်) ကောက်ငယ်ရိတ်သိမ်းချိန် ကျရောက်သည့်ကာလလည်း ဖြစ်ပေသည်။ တန်ဆောင်မုန်းလအတွက် အထိမ်းအမှတ်ပန်းမှာ ခဝဲပန်း (Dysolobium grande) ဖြစ်သည်။ တန်​ဆောင်မုန်းလ၏ ထူးခြား​သော လက္ခဏာတစ်ရပ်မှာ ​ကောင်းကင် ကြည်လင်ခြင်း ဖြစ်သည်။ တန်​ဆောင်မုန်းလ၏ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်) ဖြစ်သည်။ တန်​ဆောင်မုန်း လပြည့်​နေ့ ညသန်း​ခေါင်အချိန်တွင် ဦး​ခေါင်းနှင့်တည့်တည့် ​ကောင်းကင်ကို ​မော့ကြည့်ပါ။ လပြည့်ဝန်းကြီး မွန်းတည့်​နေသည်ကို ​တွေ့ရမည်။ လပြည့်ဝန်း အနီးအနားတွင် ကြတ္တိကာနက္ခတ် (ဖျောက်ဆိပ်ကြယ်) ကို ​တွေ့ရမည်။ ပွဲတော်များ ကထိန်ပွဲ တန်ဆောင်မုန်းလသည် မီးရှုး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလဖြစ်၏။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလ၌ "ကထိန်ပွဲတော်" ကို အစဉ်အလာမပြတ် ကျင်းပခဲ့ကြသည်။ "ကထိန်" သည် "ကထိန " ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်၏။ ကထိန် ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသော အမည်ဝေါဟာရပင်ဖြစ်သည်။ မြတ်စွာဘုရားသည် ပါဝေယျတိုင်းသား၊ ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ "ရဟန်းတော်များ အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းစွာ သွားနိုင်ကြပါစေ၊ သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြပါစေ" ဟူသော ရည်ရွယ်ချက်ဖြင့် ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာအတိုင်း ကထိန်သင်္ကန်းအလှူသည် ထူးခြားသော ဝိနည်းကံနှင့်အညီ လှူရသောကြောင့် ထူးခြားသော အလှူဖြစ်၏။ ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသော ကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီ၊ ခါးဝတ်သင်းပိုင်ဟူသော သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်တည်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ပြုသည်။ ထိုသုံးထည်သော သင်္ကန်းတို့တွင်လည်း အလှူရှင်က မိမိအလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏတို့ကို ရည်မှန်း၍ လှူဒါန်းခြင်းမပြုရပေ။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကို လှူဒါန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ ထို့ကြောင့် ကထိန်အလှူရှင်သည် မိမိပိုင်သင်္ကန်းတစ်ထည်ထည်ကို သံဃာရှေ့မှောက်သို့ အရောက်ဆောင်၍ "ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏။" ဟူ၍ လည်းကောင်း၊ "ဤကထိန်လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ" ဟူ၍ လည်းကောင်း နှုတ်မြွက်၍ လှူဒါန်းရမည်ဖြစ်သည်။ ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရအပ်သည့်အကျိုးတရားများမှာ - ဒါယကာတစ်ဦးဦးက မအပ်သော အသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိရဟန်းများကို မပန်ကြားဘဲ ရွာတွင်းသို့ သွားနိုင်ခြင်း။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ သွားနိုင်ခြင်း။ ရလာသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း။ မအပ်သော ပင့်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း လေးပါး၊ လေးပါးထက်ပိုသော ရဟန်းတို့ စုပေါင်း ခံယူဘုဉ်းပေးနိုင်ခြင်း။ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့က သုံးစွဲနိုင်ခြင်း။ ဟူသော အကျိုးတရားငါးပါးတို့ကို ရရှိခံစားနိုင်သည်။ ဝါတွင်းကာလ၌ ဝါမကျိုးမပြတ်အောင် စောင့်စည်းထိန်းသိမ်းနေထိုင်ကြသည့် သံဃာတော်များအား ချီးမြှောက်ဂုဏ်ပြုသည့်အနေဖြင့် ထိုအာနိသင် (အကျိုးသက်ရောက်မှု) ငါးမျိုးကို တပေါင်းလပြည့်တိုင်အောင် ငါးလကျယ်ပြန့်စွာရရှိစေရန် ပြုလုပ်ခြင်းကို ကထိန်ခင်းခြင်းဟု ခေါ်ပေသည်။ ကထိန်အာနိသင် ငါးမျိုးသည် ကထိန်သင်္ကန်းတည်းဟူသော ဝတ္ထုပစ္စည်းကြောင့် ရဟန်းတော်များ လိုက်နာကျင့်သုံးရသည့် သိက္ခာပုဒ်အချို့ ခေတ္တခဏ ကင်းလွတ်သက်သာခွင့်ရသွားခြင်းဖြစ်သည်။ ဤသည်ကိုပင် ဘုရားရှင်တို့ ချီးမွမ်းခြင်းဖြစ်၏။ မြတ်စွာဘုရား၏ အာဏာစက်ဖြစ်သည့် ဝိနည်းသိက္ခာပုဒ်တို့ကို ခေတ္တခဏ ပယ်နုတ်နိုင်သည်မှာ ကထိန်အလှူတစ်ခုတည်းသာရှိပေသည်။ ကထိန်သင်္ကန်းလှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးတရားများကို ရရှိခံစားကြရမည်ဖြစ်ပေသည်။ ထိုအကျိုးတရားများကား- သွားလေရာရာ အရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာ သွားရခြင်း။ မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။ မိမိပိုင်ပစ္စည်များကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။ ပစ္စည်းများရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက် အပုံလိုက် ရခြင်း။ ရုပ်ရည်အဆင်း ချောမောလှပခြင်း။ ဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ပေသည်။ မသိုးသင်္ကန်း "မသိုးသင်္ကန်း" ဟူသည် သံဃာတော်များကိုယ်တိုင် သင်္ကန်းများကို ချုပ်ဆိုးဝတ်ကြရသည့်ခေတ်က ကထိန်သင်္ကန်း၏ နာမည်ထူးတစ်မျိုးပင်ဖြစ်သည်။ ထိုခေတ်က ရဟန်းသံဃာတော်များသည် ကထိန်ခင်းရန်အတွက် လှူဒါန်းသောအဝတ်ကို ညသိပ် သိမ်းဆည်းမထားဘဲ လှူဒါန်းသည့်နေ့ အရုဏ်မတက်မီအချိန်အတွင်း သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုးမှုကိစ္စများ ပြီးစီးအောင် ဆောင်ရွက်ကြရသည်။ ယင်းကဲ့သို့ ကိစ္စအားလုံးကို နေ့ချင်းပြီးအောင် လုပ်ဆောင်နိုင်သော သင်္ကန်းမျိုးကို "မသိုးသင်္ကန်း" ဟုခေါ်သည်။ သင်္ကန်းချုပ်ဆိုးနေစဉ် အရုဏ်တက်ခဲ့လျှင်ဖြစ်စေ၊ သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုးမှုတို့ကို လုံးဝမပြုဘဲ ညအိပ်ထားလျှင်ဖြစ်စေ သင်္ကန်းသိုးသည်ဟုဆိုသည်။ အချိန်မီအောင် မဆောင်ရွက်နိုင်သဖြင့် သင်္ကန်းသိုးသွားသည်အခါ ထိုသင်္ကန်းဖြင့် ကထိန်ခင်း၍ မရတော့ပေ။ ယခုမျက်မှောက်ကာလ၌ကား အလှူရှင် ဒါယကာ ဒါယိကာမများက ချုပ်ဆိုးပြီး သင်္ကန်းများကို ကထိန်သင်္ကန်းအဖြစ် လှူဒါန်းကြသဖြင့် ချုပ်ခြင်း၊ ဆိုးခြင်းကိစ္စများကို သံဃာတော်များကိုယ်တိုင်ပြုလုပ်ရန် မလိုတော့ပေ။ အသင့်ချုပ်ဆိုးပြီး လှူဒါန်းသော သင်္ကန်းဖြင့် ကထိန်ခင်းကြရန်သာရှိပေတော့သည်။ မသိုးသင်္ကန်းရက်လှူပွဲသည် ကထိန်ပွဲတော်မှ ဖြာထွက်လာသော ပွဲငယ်တစ်ခုဖြစ်၏။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများက မသိုးသင်္ကန်းရက်၍ မြတ်စွာဘုရားအား လှူဒါန်းပူဇော်ကြရာမှ "မသိုးသင်္ကန်းရက်လှူပွဲ" ဟူသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပံ့သကူပစ်ပွဲ "ပံ့သကူပစ်ပွဲ" သည်လည်း တန်ဆောင်းမုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပံ့သကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများကွယ်ရာမှာတွင်ဖြစ်စေ၊ ညမှောင်ချိန်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသောပွဲမျိုးဖြစ်သည်။ ပံ့သကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓုတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။ "ပံသုကူဓုတင်" အကျင့်ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး၊ ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။ ဤတန်ဆောင်မုန်းလသည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကုသိုလ်ကောင်းမှုပြုရာပွဲတော် အများဆုံးသော ကာလဖြစ်၏။ ကိုးကား မြန်မာလများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9C
ပြာသိုလ
ပ္လသိုဝ် (ပြာသို)သည် မြန်မာပြက္ခဒိန်၏ ဒသမမြောက်လ ဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ ပြာသိုလတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ 'ပ္လ' ကို 'ပျ' ဟုရေးသားကာ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်သည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ရနံ့ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်သည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။ ကိုးကား မြန်မာလများ လများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%AC%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C
နတ်တော်လ
မြန်မာပြက္ခဒိန်၏ ကိုးလမြောက်ဖြစ်သောနတ်တဝ် (နတ်တော်)လသည် နိုဝင်ဘာ၊ ဒီဇင်ဘာ အတွင်း ကျရောက်သည်။ နတ်တော်လတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ ရှေးမြန်မာတို့ နတ်ကိုးခြင်းမှာ ဗုဒ္ဓသာသနာအား လက်ခံရရှိခြင်း မရှိခဲ့စဉ်ကတည်းက ဖြစ်သောကြောင့် 'တဝ်' ဝေါဟာရသည် 'မြတ်သည်' ဟုအဓိပ္ပာယ် ရပြီး ယခုလအတွင်း ကောက်ပဲသီးနှံ ရိတ်သိမ်းသည့်အခါ သီးနှံ အများအပြား ရစေရန် နတ်ကိုးလေ့ရှိကြသလို ယခုလအတွင်း တောင်သူများ ကောက်ကြီးစပါး ရိတ်သိမ်းကြသည်။ အထိမ်းအမှတ် ပန်းမှာ သဇင်ပန်း (Bulbaphyllum-auricomum) ဖြစ်သည်။ ကိုးကား မြန်မာလများ လများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C
ရတနာသုံးပါး
ရတနာသုံးပါး() သို့မဟုတ် တြိရတန(, )ဆိုသည်မှာ ဗုဒ္ဓဘာသာအရ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာဟူသော သုံးပါးသော ရတနာကို ရည်ညွှန်းသော စကားရပ်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်မြတ်ဆုံး ကိုးကွယ်ဆည်းကပ်ရာ သုံးပါးလည်း ဖြစ်သည်။ အနက်အဓိပ္ပာယ်များ ရတနာသုံးပါးကို သင်္သကရိုက်ဘာသာစကားဖြင့် တြိရတ်န (Triratna) ဟူ၍ သုံးနှုန်းပြီး ပါဠိဘာသာဖြင့် တိရတန (Ti-ratana) ဟူ၍ ခေါ်ဝေါ်သည်။ ရတနာသည် နှစ်သက်ဖွယ်ကောင်းသော၊ မြတ်နိုးဖွယ်ကောင်းသော အရာဖြစ်သည်ဟု မြန်မာစာအဖွဲ့၏ အဘိဓာန်တွင် ဖွင့်ဆိုသည်။ ပါဠိဘာသာစကားဖြင့် ရတန ဟူ၍ သုံးနှုန်းသည်။ "စိတ္တိကတံမဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ" ဟူသော ပါဠိဂါထာတစ်ပုဒ်တွင် ရတနာ ခေါ်ဆိုပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်နိုင်သည်။ စိတ္တကတံ သည် လူတိုင်းနှစ်သက်၊ ကျေနပ်သောအရာဖြစ်သည်။ မဟဂ္ဃတ သည် တန်ဖိုးကြီး၏ ဟူ၍ အဓိပ္ပာယ်ရှိကာ အတုလ ၏ သဘောသည် နှိုင်းယှဉ်၍ မရနိုင်သော အဓိပ္ပာယ်ရပြီး ဒုလ္လဘဒဿန သည် တွေ့မြင်ရန်ခဲယဉ်းသော အနက်ရရှိ၏။ ရတနာကို လောကီရတနာနှင့် လောကုတ္တရာ ရတနာဟူ၍ အုပ်စုနှစ်ခုခွဲခြားနိုင်သည်။ လောကုတ္တရာရတနာနှင့် ပတ်သက်၍ ထေရဝါဒ၊ မဟာယာနနှင့် အခြားသော ဗုဒ္ဓဘာသာများတွင် ရတနာသုံးပါးရှိကြသည်။ ထိုရတနာသုံးပါးမှာ : ဗုဒ္ဓရတနာ (သို့) ဘုရားရတနာ ဓမ္မရတနာ (သို့) တရားရတနာ သံဃရတနာ (သို့) သံဃာရတနာ တို့ဖြစ်ကြသည်။ ဖော်ပြပါ ရတနာသုံးပါးကို သရဏဂုံသုံးပါးဟူ၍လည်း အမည်တစ်မျိုးဖြင့် ခေါ်ဝေါ်ကြ၏။ လောကီလောကုတ္တရာ ရတနာနှစ်မျိုးတို့ကို ရတနာခေါ်ဆိုခြင်း အကြောင်းမှာ− အရိုအသေပြုအပ်ခြင်း၊ အဖိုးများစွာ ထိုက်တန်ခြင်း၊ အတုမရှိခြင်း၊ မြင်ရခဲခြင်း၊ မြင့်မြတ်သောသူတို့ အသုံးအဆောင်ဖြစ်ခြင်း တို့ဖြစ်ကြသည်။ ရတနသုတ်တွင် ရတနာဟူသော အရာများသည် လူ့ပြည်တွင်သာမက ဗြဟ္မာပြည်၊ နတ်ပြည်၊ နဂါး၊ ဂဠုန်ပြည်တို့တွင်လည်း ရတနာများစွာရှိပေသည်။ သို့သော်လည်း ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဟုဆိုအပ်သော ရတနာသုံးပါးနှင့် တူသော၊ နှိုင်းယှဉ်နိုင်သော ရတနာမရှိဟု ဖော်ပြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ရတနာသုံးပါးကို အခြားရတနာများကဲ့သို့မဟုတ်ဘဲ အမြင့်ဆုံးအနေအထား၌ ထားရှိ၍ ကိုးကွယ်ဆည်းကပ်ကြသည်။ ဗုဒ္ဓဘာသာရွတ်ဆိုပုံများ ထေရဝါဒဗုဒ္ဓဘာသာ ထေရဝါဒဗုဒ္ဓဘာသာတွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာ၌ ဤသို့ တစ်ညီတည်း ရွတ်ဆိုကြသည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ Buddham saranam gacchāmi ဗုဒ္ဓဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဓမ္မံ သရဏံ ဂစ္ဆာမိ Dhammam saranam gacchāmi ဓမ္မတရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃံ သရဏံ ဂစ္ဆာမိ Sangham saranam gacchāmi သံဃာတော်များကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မဟာယာနဗုဒ္ဓဘာသာ မဟာယာနဗုဒ္ဓဘာသာတွင် တရုတ်ဘာသာစကားအားဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာ၌ ဤသို့ရွတ်ဆိုကြသည်။ ဗုဒ္ဓဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ များလူသတ္တဝါများ ဘုရားဟောကြားတရားများကို နားလည်ကြ၍ အကြီးမြတ်ဆုံး သံန္နိဋ္ဌာန် ရှိကြပါစေ။ 自皈依佛,當願眾生,體解大道,發無上心。 ဓမ္မတရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ များလူသတ္တဝါများ ဓမ္မတရားများ (သုတ္တံများ) ကို နားလည်ကြ၍ ဉာဏ်ပညာသည် ပင်လယ်အလား ကျယ်ပြန့်ကြပါစေ။ 自皈依法,當願眾生,深入經藏,智慧如海。 သံဃာတော်များကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ များလူသတ္တဝါများသည် သံဃာအား အနှောက်အယှက်မပြုမိစေဘဲ သံဃာညီညွတ်စေရန် ပြုမူနိုင်ကြပါစေ။ 自皈依僧,當願眾生,統理大眾,一切無礙。 </blockquote> တိဘက်ဗုဒ္ဓဘာသာ တိဘက်ဗုဒ္ဓဘာသာတွင် ကိုးကွယ်ဆည်းကပ်ရာ သုံးပါးကို ဖော်ထုတ် ဖော်ပြထားမှုရှိသည်။ ရတနာသုံးပါးကို ပုံစံအားဖြင့် သုံးခုထပ်မံ ခွဲခြားသောအခါ အပြင်၊ အတွင်း၊ လျှို့ဝှက် ပုံစံဟူ၍ ဖြစ်သည်။ အပြင်ပုံစံ မှာ တြိရတန ဟုခေါ်တွင်ပြီး ဘုရား၊ တရား၊ သံဃာ ဖြစ်သည်။ အတွင်းပုံစံမှာ အမြစ်သုံးသွယ် ဖြစ်၍ လျှို့ဝှက်ပုံစံမှာ တြိကာယ (trikaya or three bodies) ဖြစ်သည်။ ဂျိန်းဘာသာ ဂျိန်းဘာသာ၌ ရှိသောရတနာသုံးပါးကို ရတ်နထြယ (ratnatraya) ဟူ၍ ခေါ်ဆိုသည်။ ယင်းသုံးပါးမှာ မှန်ကန်သော ယုံကြည်မှု (Samyak Darshana)၊ မှန်ကန်သော အသိပညာ (Samyak Gyana သို့ samyagjnana) နှင့် မှန်ကန်သော အကျင့် (Samyak Charitra) တို့ဖြစ်ကြ၍ ဂျိန်းဘာသာအရ လွတ်မြောက်ရာလမ်း (သို့) ဝိမုတ္တိမဂ် ဖြစ်သည်။ ဂျိန်းဘာသာ၏ ရတနာသုံးပါးကို အနုပညာသရုပ်ဖော်ရာတွင် ခက်ရင်းခွသုံးချောင်း အဖြစ် ဖော်ပြကြသည်။ ဆက်စပ်ကြည့်ရှုရန် သရဏဂုံ ရတနသုတ် ဗုဒ္ဓဘာသာ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%AB%E1%80%B8
တိရစ္ဆာန်
တိရစ္ဆာန်သည် “ယူကာရိုတာ” ဒိုမိန်း ကြီးအောက်ရှိ Kingdom Animalia အတွင်း ပါဝင်သော သက်ရှိများ ဖြစ်သည်။ အဆိုပါ လောက (kingdom) တိရစ္ဆာန်လောကဟု သိရာ၏။ ဒိုမိန်း ယူကာရိုတာအောက်တွင် ၎င်းအပါအဝင် နောက်ထပ် လောက သုံးခု ရှိ၏။ ၎င်းတို့မှာ (၁) ပရိုတစ္စတာ လောက(၂) အပင် လောက (၃) မှို လောက ဟူ၍ မှတ်သားရသည်။ ဝေါဟာရ ဖြစ်ပေါ်ပုံ တိရစ္ဆာန်သည် ပါဠိသဒ္ဒါဖြစ်သည်။ အင်္ဂလိပ်အမည် "animal" သည် လက်တင်သဒ္ဒါ animale (ပင့်သက်အရှင်) မှ ဆင်းသက်လာသည်။ ဇီဝဗေဒတွင် အသုံးပြုသော သဒ္ဒါသည် လောက (Kingdom) ကိုညွှန်းသည်။ အချို့နိုင်ငံဒေသများ၌ သိပ္ပံနည်း မကျသော အသုံးအနှုန်းများကို ကိုင်စွဲကာ တိရစ္ဆာန်ဟူသော ဝေါဟာရမှ လူသားများကို ဖယ်ထုတ်ထားသည်။ အနှီသူတို့ ဆိုလိုသည်မှာ တိရစ္ဆာန် လောကတွင် လူသားမဟုတ်သော တိရစ္ဆာန်များ ပါဝင်ကာ လူသားနှင့် လွန်စွာ နီးစပ်သော အခြားနို့တိုက်သတ္တဝါများနှင့် ကျောရိုးရှိတိရစ္ဆာန်များကိုမူ ချွင်းချက် မရှိ ထည့်သွင်းထား၏။ (In everyday non-scientific usage the word excludes humans – that is, "animal" is often used to refer only to non-human members of the kingdom Animalia; often, only closer relatives of humans such as mammals, or mammals and other vertebrates, are meant.) တိရစ္ဆာန်ဟူသော ဝေါဟာရကို ဇီဝဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်၌ ရေမြှုပ်ကောင်များ၊ ပင်လယ်ခူ၊ အင်းဆက်များ နှင့် လူသားများအထိ လွှမ်းခြုံထားသော တိရစ္ဆာန် လောကအတွင်းရှိ အဖွဲ့ဝင်အားလုံးကို ဆိုလိုသည်ဟု ဖွင့်ဆို၏။ (The biological definition of the word refers to all members of the kingdom Animalia, encompassing creatures as diverse as sponges, jellyfish, insects, and humans.) တိရစ္ဆာန်လောက၌ ပါဝင်သော မျိုးအုံများ တိရစ္ဆာန်လောက (Kingdom Animalia) အတွင်း ပါဝင်သော သက်ရှိများကို အမျိုးအစားများ အဆင့်ဆင့် ခွဲခြားကြသေးရာ ၎င်းအတွင်း မျိုးအုံ (phyla) အမျိုးမျိုး ပါဝင်သည်။ ဥပမာအားဖြင့် အင်းဆက်၊ ပင့်ကူ စသည်တို့ ပါဝင်သော တိရစ္ဆာန်မျိုးအုံမှာ ခြေဆစ်ချိုး မျိုးအုံ ဖြစ်သည်။ လူသား၊ ခွေး၊ ငှက်များ၊ တွားသွားသတ္တဝါများ စသည်တို့ ပါဝင်သော တိရစ္ဆာန်မျိုးအုံမှာ ကျောတိုင်ရှိ မျိုးအုံ ဖြစ်သည်။ မူလ Вы сошли с ума. တိရစ္ဆာန် မျိုးကွဲပြားမှု Deuterostomes Deuterostomes ဒုတိယအပေါက် ပါရှိသော တိရစ္ဆာန်များတွင် အဓိကအားဖြင့် ပါဝင်လျက် ရှိသော Phylum များမှာ Echinoderm (ပင်လယ်မျှော့နှင့် ကြယ်ငါး) နှင့် ကျောရိုးရှိ တိရစ္ဆာန်များ (Chordata) ဟူ၍ နှစ်မျိုးခွဲထားသည်။ ကျောရိုးရှိ တိရစ္ဆာန်များတွင် ငါး၊ ကုန်းနေရေနေ သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်နှင့် နို့တိုက်သတ္တဝါများပါသည်။ Ecdysozoa Platyzoa Lophotrochozoa မှတ်စု ကိုးကား သတ္တဗေဒ လောက (ဇီဝဗေဒ)
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%9B%E1%80%85%E1%80%B9%E1%80%86%E1%80%AC%E1%80%94%E1%80%BA
မိဿ (ဗေဒင်)
မိဿ (; ) သည် ပထမဆုံးရာသီဖြစ်သည်။ အင်္ဂါဂြိုဟ်သည် မိဿ၏ ရာသီခွင်ဖြစ်သည်။ မတ်လ (၂၁) ရက်မှ ဧပြီလ (၂၀) ရက်အတွင်း မွေးဖွားသူများသည် မိဿရာသီဖွားများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%BF%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
ပြိဿ (ဗေဒင်)
ပြိဿ (; ; သင်္ကေတ: , ယူနီကုဒ်: ) သည် ဒုတိယရာသီဖြစ်သည်။ သောကြာဂြိုဟ်သည် ပြိဿ၏ ရာသီခွင်ဖြစ်သည်။ လက်တင်ဘာသာဖြင့် နွားသိုးဖြစ်သည်။ မည်သည့်နှစ်တွင်မဆို ဧပြီ (၂၁) မှ မေ (၂၁)ကြား မွေးဖွားသောသူများကို ပြိဿရာသီဖွားများဟူ၍ အနောက်တိုင်းသာယနနည်းစနစ်အရ ပုံသေသတ်မှတ်သည်။ ရာသီ (၁၂) ပါးအနက် ဒုတိယမြောက်သော ရာသီအိမ်ဖြစ်သည်။ စိုးမိုးဂြိုဟ် - သောကြာဂြိုဟ် (Venus) ဓာတ်သဘာဝ - ပထဝီမြေကြီး (Earth) ဓာတ်ဖို၊ မ သဘာဝ - ဓာတ်မ စိုးမိုးဂဏန်း - ၆ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%AD%E1%80%BF%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29
မေထုန် (ဗေဒင်)
မေထုန် (Gemini; သို့မဟုတ် ; သင်္ကေတ ) သည် တတိယရာသီဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်သည် မေထုန်၏ ရာသီခွင်ဖြစ်သည်။ မေလ(၂၂)ရက်မှ ဇွန်လ(၂၁)ရက်အတွင်း မွေးဖွားသူများသည် မေထုန်ရာသီဖွားများဖြစ်ကြသည်။ ဗေဒင်ရာသီခွင် သင်္ကေတများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%91%E1%80%AF%E1%80%94%E1%80%BA%20%28%E1%80%97%E1%80%B1%E1%80%92%E1%80%84%E1%80%BA%29