text
stringlengths
6
9.41k
ထန်းကုန်းရွာ (အင်္ဂလိပ်: Htankone)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ကြာနီကန်ကျေးရွာအုပ်စုတွင် ကျား ၁၈၉၈ ဦး၊ မ ၂၀၃၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၉၂၉ ဦးနေထိုင်သည်
အရှင်ဥဒေနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်
နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဥဒေနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏
မေလ၊ (၁၂)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၃၂)ရက်မြောက် (ရက်ထပ်နှစ်ဖြစ်လျှင် (၁၃၃)ရက်မြောက်)) နေ့ရက် ဖြစ်သည်
ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၂၃၃) ရက် ကျန်သေးသည်
ညောင်ကိုင်းရွာ (အင်္ဂလိပ်: Nyaungkaing)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ညောင်ကိုင်းကျေးရွာအုပ်စုတွင် ကျား ၁၅၁၉ ဦး၊ မ ၁၆၁၃ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၃၂ ဦးနေထိုင်သည်
အခြေခံဂျီဩမေတြီတွင် ဗဟုဂံ (ˈpɒlɪɡɒn) သည် ပြင်ညီသဏ္ဌာန်တစ်ခု ဖြစ်သည်
ဗဟုဂံသည် မျဉ်းဖြောင့်အပိုင်းများ၏ သတ်မှတ်ထားသည့်ချိတ်ဆက်မှုတို့ဖြင့် ဖွဲ့စည်းထား၏
ထိုမျဉ်းဖြောင့်အပိုင်းများသည် အကွင်းပုံစံ ကပ်လျက် တည်ရှိကာ ပတ်လမ်း သို့မဟုတ် ဗဟုဂံချိတ်ဆက်မှု (polygonal chain) ကို ဖြစ်ပေါ်စေသည်
မျဉ်းဖြောင့်အပိုင်းများကို အနားများဟု ခေါ်သည်
အနားနှစ်ခုဆုံရာနေရာကို ထောင့်ဟု ခေါ်သည်
ဗဟုဂံ၏ အတွင်းပိုင်းကို ကိုယ်ထည်(body) ဟု ခေါ်သည်
အနားအရေအတွက် n ခု ရှိသည့် ဗဟုဂံကို n-gon ဟုခေါ်သည်
3-gon - အနားသုံးနားရှိသည့် ဗဟုဂံကို တြိဂံ ဟု ခေါ်သည်
ဇနီးချောများ ကွန်ရက် သည် ၂၀၁၈ ခုနှစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ဇာတ်လမ်းတွဲ ဖြစ်သည်
လွန်းထားထား (ဆေးတက္ကသိုလ်) ၏ ဝတ္ထုကို အောင်ပြည် ဖျော်ဖြေရေးအတွက် ဇော်မြင့်ဦး ဇာတ်ညွှန်းရေးပြီး အောင်ဩဘာ ရိုက်ကူးသည်
နေယံ၊ ဖိုးသောကြာ၊ ဇေယျ၊ ကျော်ကျော်၊ စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ ခင်သဇင်နှင့် မေဘရဏီသော် တို့ အဓိကပါဝင်ထားသည်
ပထမဆုံး အပိုင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ်လွှင့်သည်
ဩဂုတ် ၂၃ တွင်ဇာတ်သိမ်းသည်
မာယာ၊ အမရာမောင်၊ မဒီပျိုမေနှင့် သမ္ဘူခင်ဟူသော အိမ်ထောင်သည် (၄) ဦးမှာ ဇနီးချောများကွန်ရက် (Beautiful Wives' Club) အမည်နှင့် ဖေ့ဘွတ်ပေါ်၌ အဖွဲ့ဖွဲ့ကာ အခြားအမျိုးသမီးများ၏ အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းပေးနေသည်
ကျော့ရှင်းကြွေ၊ ဇာမဏီမေ၊ သျှင်နှောင်း၊ ဖွေးလက်စင်ကြယ်၊ ပြာနုနှင်းဆီနှင့် ဆောင်းဆည်းဆာတို့၏ ပြဿနာတို့ကို ဖြေရှင်းပေးခဲ့သည်
တစ်ခါသော် နန်းဆန်ဆန် အမည်နှင့် မိန်းကလေးက သူတို့ (၄) ဦးထဲမှတစ်ဦး၏ ခင်ပွန်းနှင့် ပတ်သက်မိကြောင်း ကိုယ်တွင် မင်ကြောင်ရှိသည်ကို သတိပြုမိကြောင်း ဆိုလာသည်
လေးယောက်စလုံး ကိုယ့်ယောက်ျားကိုယ် တိတ်တဆိတ်ပြန်စစ်ရာ အားလုံးတွင်ပင် မင်ကြောင်ကို တွေ့ရသည်
ဝေခွဲမရဖြစ်နေစဉ် အမျိုးသား (၄) ယောက်ထံမှ အသီးသီးထံ ဖုန်းခေါ်ကာ တိုင်ပင်၍ စနောက်ခြင်းဖြစ်ကြောင်း ရေးသားကာ နိဂုံးချုပ်ထားသည်
မာယာ အဖြစ် ခင်သဇင်အမရာမောင် အဖြစ် မေဘရဏီသော်မဒီပျိုမေ အဖြစ် မြနှင်းရည်လွင်သမ္ဘူခင် အဖြစ် စိုးပြည့်သဇင်
ဖတ်တီ (နမ့်ဖာတဲ)ရွာ (အင်္ဂလိပ်: Hpatti (Namhpartei))သည် ရှမ်းပြည်နယ် (မြောက်)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ဒေါင်နောကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ဒေါင်နောကျေးရွာအုပ်စုတွင် ကျား ၆၄၈ ဦး၊ မ ၆၁၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၆၀ ဦးနေထိုင်သည်
မကျက်ကြီးရွာ (အင်္ဂလိပ်: Makyetgyi)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မကျက်ကြီးကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ မကျက်ကြီးကျေးရွာအုပ်စုတွင် ကျား ၁၇၁၈ ဦး၊ မ ၁၉၀၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၆၂၆ ဦးနေထိုင်သည်
ပိုလန်နိုင်ငံ သမ္မတ လက်ချ်ကက်ဇင့်စကီ အပါအဝင် စစ်ဘက်အကြီးအကဲများ၊ အဆင့်မြင့်အရာရှိများ တင်ဆောင်လာသော ဆိုဗီယက်ခေတ်လုပ် တူပိုလက်ဂျက်လေယာဉ်သည် ရုရှားနိုင်ငံ၌ ပျက်ကျခဲ့ရာ ပိုလန်သမ္မတ အပါအဝင် လေယာဉ်ပေါ် ပါလာသူ ၉၆ ဦးစလုံး သေဆုံးခဲ့သည်
ဟက်ရှ်တက်ခ် (အင်္ဂလိပ်: Hashtag) ဆိုသည်မှာ လူမှုကွန်ယက်များဖြစ်သည့် တွစ်တာ နှင့် အခြားဘလော့ဂ်များတွင် အလွယ်တကူရှာဖွေနိုင်ရန်ပြုလုပ်ထားသည့် အချက်အလက်များအကြောင်းကို မှတ်သားဖော်ပြသည့်အချက်အလက်ဖြစ်သည်
ဤသုတ်၌ သီတင်းသုံးဖော်ရဟန်းတို့၏ ချစ်ခင်မြတ်နိုးလေးစားမှုကို မခံယူနိုင် သောမထေရ်နှင့် ခံယူနိုင်သောမထေရ်တို့၏ အင်္ဂါငါးမျိုးစီကို ဟောကြားတော်မူသည်
မင်း၏အင်္ဂါအစိတ်အပိုင်း ဖြစ်သော်လည်း မင်းနှင့်မထိုက်တန်၊ မင်း၏အသုံး အဆောင် ဖြစ်ထိုက်မဖြစ်ထိုက်သော ဆင်နှင့် အာဟုနေယျ အစရှိသောသံဃာ့ဂုဏ်နှင့် ထိုက်မထိုက်သော ရဟန်းတို့ကို ခွဲခြား၍ အကျယ်ဟောကြားတော်မူသည့်သုတ်
အက္ခမသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်
ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးနှင့် သီတင်းသုံးဖာ်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်
ပင်လယ်ဖျံ (Pinniped or Seal) သည် ကမ္ဘာအနှံ့တွင် နေထိုင်သော အသားစားသတ္တဝါတမျိုးဖြစ်ပြီး ရေယက်ပါခြေထောက်များရှိသည်
ကုန်းနေရေနေ ရေငန်နေ နို့တိုက်သတ္တဝါလည်း ဖြစ်သည်
အစွယ်ရှည်ဖျံ၊ နားရွက်ရှည်ဖျံ၊ နားရွက်တိုဖျံဟူ၍ အသွင်အပြင်အရခွဲနိုင်သော မျိုးကွဲ ၃ ခု ရှိသည်
အသေးစိတ်ထပ်ခွဲပါက ၃၃ မျိုးရှိပြီး ကျောက်ဖြစ်ရုပ်ကြွင်းများအရ အမျိုး ၅၀ အထိ ရှိခဲ့ဖူးသည်
ဖျံတို့မှာ မူလမျိုးရင်း ၂ ခုမှ ကွဲပြားပေါက်ဖွားလာကြောင်း သမိုင်းစဉ်ဆက် ထင်မြင်ခဲ့ကြသော်လည်း မော်လီကျူးမှပြသော သက်သေတို့အရ အသားစား နို့တိုက်သတ္တဝါမျိုး မူစတယ်လွိုက်မှ ဆင်းသက်လာသည်ဟု သိရသည်
ယင်းမျိုးစုမှ လွန်ခဲ့သော နှစ် သန်း ၅၀၀ ခန့်က ကွဲထွက်လာခြင်းတည်း
ဖျံတို့သည် အလျား ၁ မီတာ (၃ ပေ ၃ လက်မ)၊ အလေးချိန် ၄၅ ကီလို (၉၉ ပေါင်) ရှိသော ဘိုင်ကယ်ဖျံတို့မှသည် အလျား ၅ မီတာ (၁၆ ပေ)၊ အလေးချိန် ၃၂၀၀ ကီလို (ပေါင် ၇၁၀၀) ရှိသည့် တောင်ပိုင်းဆင်ဖျံအထီးတို့အထိ အစားစားရှိ၏
ဖျံမျိုးစိတ်အားလုံး ဖိုမသဏ္ဌာန်ကွဲသည်
ခပ်စင်းစင်းကိုယ်ရှိပြီး ခြေ ၄ ဘက်ဖြင့် အလျားလိုက်ကူးနိုင်အောင် ပြုပြင်ထားသည်
ရေထဲတွင် လင်းပိုင်မျှ မမြန်သော်လည်း အတော်ပင် သက်လုံကောင်းကောင်းနှင့် ဖျတ်ဖျတ်လတ်လတ်ကူးနိုင်သည်
နားရွက်ရှည်ဖျံတို့မှာ ရှေ့ခြေဖြင့် အဓိကယက်သည်
ကျန် ၂ မျိုးတို့က နောက်ခြေကို အားပြုသည်
အစွယ်ရှည်ဖျံနှင့် နားရွက်ရှည်ဖျံတို့သည် ကုန်းပေါ်တက်ပါက နောက်ခြေကို ကိုယ်အောက်၌ထည့်ကာ ကုန်းနေသတ္တဝါများ ခြေလှမ်းသကဲ့သို့ သွားတတ်သည်
သို့ဖြစ်ရာ ယှဉ်ကြည့်ပါက နားရွက်တိုဖျံတို့ ကုန်း၌ လမ်းလျှောက်လျှင် ကြည့်ရဆိုးသည်
နားရွက်ရှည်ဖျံတမျိုးသာ မြင်သာသောနားရွက်ရှိသည်
ဖျံတို့သည် အာရုံခံကောင်းပြီး အမြင်အကြားအာရုံမှာ လေထဲတွင်ဖြစ်စေ ရေထဲတွင်ဖြစ်စေ စွမ်းသည်
နှုတ်သီး၌ အဆင့်မြင့်သော အနံ့ခံစနစ် ပါသည်
အချို့မျိုးစိတ်တို့မှာ ရေနက်ထဲနေနိုင်အောင် ပြုပြင်ယူထားသည်
အဆီပြင်ထူထူ သို့ ဝမ်းရှေ့အဆီပြင်ဖြင့် ကိုယ်ကို နွေးစေရန် လုပ်တတ်၏
အစွယ်ရှည်ဖျံမှလွဲ၍ ကျန်ဖျံမျိုးစိတ်တို့မှာ သားမွှေးရှိသည်
ထန်းကဲရွာ (အင်္ဂလိပ်: Htanke)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကြခတ်ကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ကြခတ်ကျေးရွာအုပ်စုတွင် ကျား ၈၄၈ ဦး၊ မ ၉၅၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၀၀ ဦးနေထိုင်သည်
မဟာဝင်၊ အာဒိကပ္ပကမ္ဘာဦးကျမ်းအစရှိသော မြန်မာကျမ်းဂန်များအရ၊ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောက သည် ဇမ္ဗူဒိပ်ကျွန်းဖြစ်သည်
ဇမ္ဗူဒိပ်ကျွန်းသည် မြင့်မိုရ်တောင် ၏ တောင်ဘက် မျက်နှာတွင်ရှိသော ကျွန်းကြီးဖြစ်သည်
ပါဠိ ဘာသာအားဖြင့် ဇမ္ဗူဒိပ်ကျွန်းဟု ခေါ်သည်
ယင်းကို မြန်မာမှု ပြုသော် ဇမ္ဗူဒိပ်ကျွန်းဖြစ်၏
မြင့်မိုရ်တောင်ကို ဗဟိုပြု၍ အရှေ့ ဘက်တွင် ပုဗ္ဗဝိဒေဟကျွန်း၊ အနောက်ဘက်တွင် အပရဂေါယာ နကျွန်း၊ တောင်ဘက်တွင် ဇမ္ဗူဒီပကျွန်း၊ မြောက်ဘက်တွင် ဥတ္တရကုရုကျွန်းဟူ၍၊ ကျွန်းကြီးလေးကျွန်းနှင့် အရံကျွန်းငယ် ၂ဝဝဝ ရှိသည်
ဇမ္ဗူဒိပ်ကျွန်းသားတို့သည် အခြားကျွန်းများသို့ မသွားရောက်နိုင်သကဲ့သို့ အခြားကျွန်းသားတို့သည်လည်း ဇမ္ဗူ ဒိပ်ကျွန်းသို့ မလာရောက်နိုင်ပေ
ဘုရားရဟန္တာနှင့် စကြဝတေး မင်းတို့သာလျှင် ကြွသွားနိုင်သည်ဟု ဆို၏
ဇမ္ဗူဒိပ်ကျွန်း၏ ပမာဏမှာ အရှေ့မျက်နှာအပြင်သည် ယူဇနာနှစ်ထောင်၊ အနောက်မျက်နှာအပြင်သည် ယူဇနာနှစ် ထောင်၊ မြောက်မျက်နှာအပြင်လည် ယူဇနာနှစ်ထောင်၊ တောင် မျက်နှာအပြင်သည် ယူဇနာလေး ထောင်ကျယ်သည်
ထောင့် ကြီးသုံးထောင့်၊ ထောင့်ငယ်သုံးထောင့်ရှိသည်ဖြစ်၍၊ လှည်းဦး နှိုက်ခင်းအပ်သော ကတ်သဏ္ဌာန်ကဲ့သို့ တည်သည်
အချင်း အားဖြင့် ယူဇနာတသောင်း၊ အဝန်းအားဖြင့် ယူဇနာသုံးသောင်း ရှိသည်ဟု လောကပညာတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတို့တွင် လာသည်
တယူဇနာလျှင် ခုနစ်မိုင်ခန့်ရှိသည်
ဇမ္ဗူဒိပ်ကျွန်းနှင့် အရံကျွန်းငယ် ၅ဝဝ တို့တွင် နေကြ သော ကျွန်းသားတို့၏ သက်တမ်းမှာ မတည်မမြဲချေ
ရံခါ လည်း အသင်္ချေရှည်သည်
ရံခါလည်း ဆယ်နှစ်သာရှည်သည်
ပုဗ္ဗဝိဒေဟကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်ခုနစ်ရာအမြဲ ရှည်၏
အပရဂေါယာနကျွန်းသားတို့၏ သက်တမ်းမှာ အနှစ် ငါးရာအမြဲ ရှည်၏
ဥတ္တရကုရုကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်တထောင်အမြဲရှည်၏
ဤသို့ သံယုတ္တနိကာယ်အဋ္ဌကထာ တွင်ဆိုလေသည်
ဇမ္ဗူဒိပ်ကျွန်းသားတို့၏ မျက်နှာမှာ ကျွန်း၏ပုံကိုလိုက်၍ သုံးထောင့်သဏ္ဌာန်ရှိသည်ဟု ဆိုကြ၏
အခြားကျွန်းသားတို့၏ မျက်နှာမှာလည်း ထိုအတူပင် ကျွန်းပုံကိုလိုက်၍ အသီးသီးရှိကြ သည်
ဇမ္ဗူဒိပ်ကျွန်းသားတို့၏ အဆင်းသဏ္ဌာန်သည် အထူး ထူးအပြားပြားရှိကုန်၏
ဇမ္ဗူဒိပ်ကျွန်းတွင် ဟောပြောဆုံးမမည့် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက စသော သူတော်သူမြတ် တို့ ရံခါရှိတတ်သောကြောင့် ဤကျွန်းသူကျွန်းသားတို့ သည် သုဂတိနတ်ရွာ အမြိုက်နိဗ္ဗာန်ချမ်းသာတိုင်အောင် လားရကုန် သည်
အခြားကျွန်းကြီး ၃ ကျွန်းတွင် ဟောပြောဆုံးမမည့်သူ မရှိသဖြင့် သံသရာဝဋ်ဆင်းရဲ၏ အကြောင်းသာများသည်
ထို ကြောင့် ကျွန်းကြီးလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်းသည် နိဗ္ဗာန်သို့ ကူးရာဆိပ်ကမ်းနှင့် တူသောကြောင့် ဘုရားအစရှိသော သူတော် ကောင်းတို့သည် အထူးချီးမွှမ်းတော်မူကုန်သည်
ဤကိုရည်၍ ရှင်မဟာသီလဝံသပုဂ္ဂိုလ်ကျော်က တံတားဦးတည်မော်ကွန်းတွင်၊ 'မိုးနတ်သိကြား၊ မြောက်ကျွန်းသားလည်း၊ တရားကုသိုလ်၊ နှိုင်း၍ဆိုမူ၊ မတူကြဘဲ၊ ရာဆကဲ၍၊ ဖြစ်ခဲစွာမှု၊ ဧဟိပြု၏၊ ဘိက္ခုသံဃာ၊ အရိယာသမိုက်၊ ရှင်တော်ရိုက်လျှင်၊ ဤ၌သီးခြား၊ တည်ထွန်းပွား၏၊ ဦးဖျားပေါပေါ၊ ဖိုလ်မဂ်ဇောဟု၊ သင်္ဘော ဗိမာန်၊ သည်ကခံမှ၊ နိဗ္ဗာန်တူရူ၊ ကူးမှတ်မူသား၊ ဇမ္ဗူ့လကျာ်၊ တို့ကျွန်းသာလျှင်၊ ဆိပ်ညာတဖြောင့် တန်းတန်းတည်း'ဟူ၍ စပ်ဆိုထားလေသည်
ဇမ္ဗူဒိပ်ကျွန်းဦးတွင် ဇမ္ဗူ့သပြေပင်ရှိသည်
ထိုဇမ္ဗူ့သပြေ ပင်မှ ဇမ္ဗူရာဇ်ရွှေကိုရရှိသည်
ဇမ္ဗူဒိပ်ကျွန်းနှင့်တကွသော ကျွန်းကြီးကျွန်းငယ်တို့၏ ဗဟို ပြုရာ မြင့်မိုတောင်တွင် ရောင်ခြည် ၄ ပါးရှိ၏
အရှေ့ဘက် ပိုင်းသည် ငွေအတိပြီး၏
အနောက်ဘက်ပိုင်းသည် ဖလ်အတိ ပြီး၏
တောင်ဘက်ပိုင်းသည် ပတ္တမြားညိုအတိပြီး၏
မြောက် ပိုင်းသည် ရွှေအတိပြီး၏
ဤသို့ သာရတ္ထဒီပနီဋီကာတွင်ဆို၏
ထိုရတနာတို့၏ အရောင်သည် မျက်နှာမူရာ ကျွန်းကြီးကျွန်း ငယ်တို့သို့ ထွန်းပ လွှမ်းမိုးနေလေသည်
ထိုကြောင့် အမြဲစိမ်း လန်းစိုပြည်နေသည်ဟု ဆိုသည်
ဇမ္ဗူဒိပ်ကျွန်းနှင့် တကွသော ကျွန်းကြီးကျွန်း ငယ်တို့ကို အုပ်စိုးသောမင်းကို စကြဝတေးမင်း ဟု ခေါ်သည်
ဇမ္ဗူဒိပ်ကျွန်းတွင် အချင်းယဇနာ ၃ဝဝဝ၊ အဝန်းယူဇနာ ၉ဝဝဝ၊ အမြင့်ယူဇနာ ၅ဝဝ ခန့်ရှိသော ဟိမဝန္တာတောင်နှင့် ၈၄ဝဝဝ မျှသော တောင်ငယ်တောင်ထွတ်တို့ရှိ၏
အချင်း ယူဇနာ ၅ဝ ခန့်၊ အဝန်း ယူဇနာ ၁၅ဝ ခန့်ရှိသော အနော တတ္တအိုင်၊ ဆဒ္ဒန္တအိုင်၊ ကုဏာလအိုင်၊ အန္ဒာကိနီအိုင်၊ သီဟပ္ပ ပါတအိုင်၊ ကဏ္ဏမုဏ္ဍအိုင်၊ ရထကာရအိုင်ဟူ၍ အိုင်ကြီး ၇ အိုင်တို့ရှိ၏
အနောတတ္တအိုင်ကိုရံလျက်၊ သုဒဿနတောင်၊ စိတ္တကူဋတောင်၊ ကာဠကူဋတောင်၊ ဂန္ဓမာဒနတောင်၊ ကေလာ သတောင်ဟူ၍ တောင် ၅ လုံးရှိသည်
အနောတတ္တအိုင်၌ ပြွန် လေးသွယ်ရှိ၍ တောင်ဘက်ပြွန်မှ ဂင်္ဂါ၊ ယမုနာ၊ အစီရဝတီ၊ မဟီ၊ သရဘူဟူသော မြစ်ကြီး ငါးစင်တို့ဖြစ်ပေါ်လာသည်ဟု ဆိုသည်
ဇမ္ဗူဒိပ်ကျွန်းတွင် မြို့သစ်ပေါင်း ပထမအကြိမ် ၆၃ဝဝဝ ဒုတိယအကြိမ် ၆၃ဝဝဝ၊ တတိယအကြိမ် ၆၃ဝဝဝ ပေါ်ထွန်းခဲ့ ၍၊ သီရိဓမ္မာသောကမင်းကြီးလက်ထက်တိုင်သော်၊ မြို့သစ် ၈၄ဝဝဝ တိုးပွားသည်ဟု ဆို၏

wiki-burmese-sentences

Simbolo wiki data is derived from the extensive collection of Wikipedia articles and serves diverse purposes, with a primary focus on text generation. The main contributor to this dataset is Sa Phyo Thu Htet, with valuable contributions also made by other dedicated individuals, including Kaung Khant Ko Ko and Phuu Pwint Thinzar Kyaing. This collaborative effort has resulted in a rich and comprehensive dataset that can be utilized across various applications in the realm of natural language processing and text-based tasks. It contains 100,000 burmese sentences. from datasets import load_dataset

How to use

dataset = load_dataset("Simbolo-Servicio/wiki-burmese-sentences")

Acknowledgment

We would like to thank Simbolo Servicio which is a branch of Simbolo under the Intello Tech Company for the financial support for this work. And thanks creators of Wikipedia and contributors of the articles on the Wikipedia Platform.

Cite

@misc{wiki-burmese-sentences,
  author = {{Sa Phyo Thu Htet}},
  title = {Wiki Burmese Sentences},
  url = {https://huggingface.co/datasets/Simbolo-Servicio/wiki-burmese-sentences},
  urldate = {2024-1-09},
  date = {2024-1-09}
}
Downloads last month
13
Edit dataset card