text
stringlengths
6
9.41k
ဘုရင် ရှားဂျာဟန်မှ တာ့ဂျ်မဟာရ်တွင် အောက်ဖော်ပြပါစာသားကို ရေးသားခဲ့သည်
"အပြစ်ကျူးလွန်သူတစ်ယောက် ဤနေရာတွင် ခိုလှုံလာပါက လွမ်းငြိမ်းချမ်းသာခွင့်ပေးခံရသူပမာ သူ၏ အပြစ်များအားလုံး ကျေပျောက်ရမည်
အကယ်၍ အပြစ်ရှိသူမှ ဤခန်းမသို့လာရောက်ပါက သူ၏အပြစ်များအားလုံးကို ဆေးကြောသန့်စင်စေရမည်
ဤအဆောက်အဦး၏ နေရာသည် ဝမ်းနည်းပူဆွေးမှု၏နေရာဖြစ်သည်
နေနှင့်လတို့ မျက်ရည်ကျရာနေရာဖြစ်သည်
ဤကမ္ဘာတွင် ဤအဆောက်အဦးဖြင့် တည်ဆောက်သူ၏ ဂုဏ်ကျက်သရေကို ဖော်ကျူးနေသည်
"တာ့ဂျ်မဟာရ်တွင် ပါရှန်းနှင့် အစောပိုင်းမဂိုဗိသုကာပညာတို့ကို ပေါင်းစပ်ရုံသာမက ဆန်းသစ်တီထွင်မှုပြုထားသည်
စိတ်ကူးစိတ်သန်းများမှာ အောင်မြင်ကျော်ကြားသော တီမူရစ်(Timurid) နှင့် မဂိုအဆောက်အဦးများဖြစ်သော ဂါအီအေမီရာ (Gur-e Amir) (ဆာမာခန် (Samarkand) ရှိ မဂိုမင်းဆက်ကိုဆက်ခံသူတစ်ဦးဖြစ်သော တီမူအာ(Timur) ၏ ဂူသင်္ချိုင်း)၊ ဟူမာရန်၏ ဂူသင်္ချိုင်း၊ အစ်တမတ်-အုဒ်-ဒါအုလာ(Itmad-Ud-Daulah) ၏ ဂူသင်္ချိုင်း (တစ်ခါတစ်ရံတွင် တာ့ဂျ်မဟာရ်အငယ်စားဟု ညွှန်းဆိုကြသည်
နှင့် ရှားဂျာဟန်တည်ဆောက်ခဲ့သော ဒေလီရှိ ဂျမားမတ်စ်ဂျစ် (Jama Masjid) ဗလီတို့ကို အတုယူထားသည်
အစောပိုင်းမဂိုအဆောက်အဦးများမျာ အနီရောင်သဲကျောက်တုန်းများဖြင့် တည်ဆောက်ခဲ့သော်လည်း ရှားဂျာဟန်ကစတင်၍ အဖြူရောင် စကျင်ကျောက်အောက်ခံနှင့် တန်ဖိုးနည်းသော ရတနာကျောက်တို့ကို အသုံးပြုခဲ့သည်
သူ၏အုပ်ချုပ်မှုအောက်တွင် ရှိသော အဆောက်အဦးတို့မှာ အဆင့်အတန်းတစ်ခုအထိ ပြင်ဆင်မွမ်းမံခြင်းရှိခဲ့သည်
တာ့ဂျ်မဟာရ် သင်္ချိုင်းဂူမှာ ကျောက်ဖြူဖြင့် တည်‌ဆောက်ထား‌သော ရှစ်‌မြှောင့်ပုံ အဆောက်အဦကြီးဖြစ်၍ ပေ ၇ဝ မြင့်ပြီးလျှင် သဲနီ‌ကျောက် အောက်ခြေ‌ပေါ်တွင် တည်ရှိ၏
သို့‌သော် ယင်းထိပ်တွင် ‌ပေ ၁၂၀ မြင့်‌သော ခုံဝိုင်းကြီး တပ်ဆင်ထားပြန်သဖြင့် စုစု‌ပေါင်း ပေ ၁၉၀ ခန့်မြင့်‌ပေသည်
အဆောက်အဦကြီး၏ ဘေးပတ်လည် သဲနီ‌ကျောက် အောက်ခြေ၏ ထောင့်များတွင် ၁၃၃ ပေ မြင့်သော ဘုရားရှိခိုး‌မျှော်စင် တစ်ခုစီရှိ၏
အဆောက်အဦကြီးမှာ သဲနီ‌ကျောက် တံတိုင်းဖြင့် ဝန်းရံထား‌သော ရှုချင်စဖွယ် ဥယျာဉ်တစ်ခု၏ အလယ်တွင် တည်ရှိ‌လေသည်
အတွင်းဘက်တွင် ဆင်ပြင်ထားပုံမှာ ခမ်းနား ဆန်းပြားလှ၏
ကျောက်ဖြူ ဂူ နှစ်ခုရှိ‌သော အခန်းကြီးကို အဖိုးတန်‌ကျောက်မျက်ရတနာ ၁၂ မျိုးဖြင့်ပြီးသည့် ခန်းဆီးများနှင့် ကာရံထားသည်
အတွင်းနံရံများတွင် တိရစ္ဆာန်ပုံနှင့် သစ်ပင်ပန်းပင်ပုံများ ဖော်ထားသည့် မှန်စီ‌ရွှေချ လက်ရာများမှာ အလှဆုံးပင်ဖြစ်သည်ဟုဆိုသည်
ထို့ပြင် ကိုရန်ကျမ်းထွက် တရားစာများကိုလည်း လှပဆန်းကျယ်စွာ ထွင်းထုထား၏
ဤအဆောက်အဦကြီးကို ဆောက်လုပ်ရာတွင် တွင် ပေါင် ၃ သန်းကျော် ကုန်ကျခဲ့သည်ဟု ဆို‌လေသည်
အလုပ်သမားပေါင်း နှစ်သောင်းကျော်ဖြင့် တည်ဆောက်ကာ နှစ်ပေါင်း ၂၀ ကြာအောင် ဆောက်လုပ်ခဲ့ရသည်
တာ့ဂျ်မဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်
ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်
အခြားသော မဂိုဂူသင်္ချိုင်း များကဲ့သို့ပင် အဆောက်အဦး၏ အခြေခံအစိတ်အပိုင်းများမှာ ပါရှန်းမှဆင်းသက်လာသော ပုံစံဖြစ်သည်
ပြင်ပမွမ်းမံမှု အတွင်းခန်းမွမ်းမံမှု ကမ္ဘာ့အံ့ဖွယ်များ
ကုန်းလိပ်များမှာ လိပ်ကဲ့သို့နှေးသည် ဟု စကားပုံဖွဲ့လောက် အောင် နှေးကွေးသော်လည်း ပင်လယ်လိပ်မျာမှာမူ ရေကူးအလွန် ကျင်လျင် ကြ၍ ကမ်းမှအလွန်ဝေးသော နေရာများ၌ပင် တွေ့ရသည်
သူတို့၌ လမ်း လျှောက်သည့် ခြေများအစား ခတ်တက်သဖွယ် အသုံးပြုသည့် ရေယက်ပါရှိ ၍ ရေတွင် ကောင်းစွာကူးခတ်သွားလာနိုင်၏
ကျွန်းများ၌ဖြစ်စေ၊ သဲ သောင်များ၌ဖြစ်စေ၊ ကမ်းစပ်၌ဖြစ်စေ ဥများကို အုလိုသောအခါမှ ပြန်၍လာ တတ်ကြသည်
ပင်လယ်လိပ်ဆိုသည့်အတိုင်း ရေသာပျော်မွေ့၍ ရေ၌သာနေ ၏
တစ်ခါတစ်ရံ ကမ်းခြေမှ မိုင် တစ်ရာ၊ နှစ်ရာမျှဝေးသည့် ပင်လယ်ပြင်၌ တွေ့ရ၏
ကမ္ဘာနှင့်အဝှမ်း ပင်လယ်လိပ် မျိုးစိပ်များစွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝကျော်မှစတင်၍ လူသားပယောဂကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း သိသာထင်ရှား လျင်မြန်စွာ လျော့နည်းလာသည်ကို သုတေသနပညာရှင်များ၊ သိပ္ပံပညာရှင်များမှ သိရှိလာပြီး မျိုးသုဉ်းလုနီးပါး သတ္တဝါမျိုးစိပ် (Endangerd Species) အဖြစ် စာရင်းထည့်သွင်း သတ်မှတ်ကာ နိုင်ငံများစွာရှိ မျိုးထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းအသီးသီးမှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်
ပင်လယ်လိပ်သားပေါက်များသည် သားစားသတ္တဝါများဘေးအန္တရာယ်ကြောင့် သဘာဝပင်လယ်ပြင်တွင် ရှင်သန်ရန်အခွင်အလမ်းအလွန်နည်းပါးလှပါသည်
ပင်လယ်လိပ်များသည် အရွယ်ရောက်မျိုးပွားရန် နှစ်ပေါင်း ၃ဝမှ ၅ဝအထိ ကြာမြင့်တတ်သည်
ပင်လယ်လိပ်ဥများအား တွေ့ရပုံပင်လယ်လိပ်များ၌ အထီးများသည်ရေနှင့် မခွဲခွာဘဲ နေကြသော် လည်း လိပ်မများမှာမူ သဲပေါသော ကမ်းစပ်၌ဖြစ်စေ၊ လူသူမရောက်သော ကျွန်းများ၌ဖြစ်စေ ဥများကို အုရန်လာရောက်ကြ၏
ဤသို့လာသည့်အခါ များ၌ လိပ်မသည် အလွန်လသာသောညဉ့်များကို ရွေးချယ်ပီးလျှင် ရေမှ တက်လာသည်နှင့်တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်သို့ သတိကြီးစွာဖြင့်ကြည့် ပြီးမှ ရန်သူများထွက်ပြေးစေရန် မြွေကဲ့သို့ကျယ်လောင်စွာ တွန်မြည်သည်
ကုန်းသို့ရောက်လျှင် ဒီရေမမီသောနေရာ၊ ခြောက်သွေ့သော နေရာကို ရွေးချယ်ပြီးသော် ရှေ့လက်ပြားများဖြင့် မြေကိုတူးဆွခြင်း၊ နောက် ခြေဖြင့် ကျစ်စာများကို ယက်ထုတ်ခြင်းတို့ဖြင့် တွင်းကို အတန်နက်စွာ တူး ပြီးနောက် ဥပေါင်းတစ်ရာ၊ တစ်ရာကျော်ခန့်ကိုအုသည်
ထို့နောက် မြေကို နေသားတကျ ပြန်၍ ဖုံးထား၏
နှစ်လခန့်အတွင်း၌ ဥများသည် နေ၏ အပူရှိန်ဖြင့်ပေါက်လာရာ ပေါက်စလိပ်ကလေးများသည် အသိုက်ဖြစ်သော တွင်းမှထွက်ခဲ့၍ သဘာဝ အတိုင်း ရေသို့တဖြည်းဖြည်းတွားဆင်းကြသည်
သို့သော် အချို့မှာ ကုန်း ပေါ်တွင် သိမ်းများ၊ စင်ရော်များ၊ ကနန်းများ၊ မြွေများ၏ဘေးရန်ကြောင့် သေကြေကြ၍ ရေတွင် ငါးကြီးများ၊ မိကျောင်းများ ဝါးမျိုစားသောက်သဖြင့် ပျက်စီးကြရသည်
ကုန်းလိပ်နှင့်ပင်လယ်လိပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင် လေသည်
အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင် လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်
လိပ်များမှာ အလွန်အသက်ရှည်၍ နှစ်ပေါင်း ၂ဝဝ ကျော် ၃ဝဝ မျှပင် နေရသည်ဟုဆိုသည်
ကမ္ဘာနှင့် အဝှမ်းတွင်လည်း ပင်လယ်လိပ်များသည် လူများ၏ ပယောဂကြောင့်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် လွန်ခဲ့ သည့် နှစ်ငါးဆယ်အတွင်းအ လျင်အမြန် လျော့နည်းလာခဲ့ပြီး မျိုးသုဉ်းလုနီးမျိုးစိတ် (Endan-gerd Species) အဖြစ်သတ် မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်း များ လုပ်ဆောင်နေရသည်
အဓိကအားဖြင့် ပင်လယ် လိပ်များသည် ငါးဖမ်းပိုက်များ တွင် မတော်တဆဖမ်းဆီးမိပြီး နောက်စားသုံးလိုက်ခြင်း၊ ဥများ စားသုံးခြင်း၊ လိပ်ဥရန် သောင်ရှား ပါးလာခြင်းတို့ကြောင့် တဖြည်း ဖြည်းရှားပါးကာ မျိုးသုဉ်းပျောက် ကွယ်မည့် အန္တရာယ် ရင်ဆိုင် လာရခြင်းဖြစ်သည်
မြန်မာနိုင်ငံတွင် လိပ်ဇောင်း လျား၊ လိပ်ကြက်တူရွေး၊ပြင် သာလိပ်၊ လိပ်လှောင်း၊ လိပ်ခွေး ဟူ၍ ပင်လယ်လိပ် ငါးမျိုးနေထိုင် ကျက်စားသည်
ပင်လယ်လိပ်များသည် ပင်လယ် ဂေဟစနစ်ကို အထောက်အပံ ပေးပြီး ယင်းတို့နေထိုင်ကျက် စားရာဒေသများတွင် ပေါက် ရောက်လျက်ရှိသည့် ပင်လယ် မြက်၊ ရေညှိရေမှော်များကို စား သုံး၍ အညစ်အကြေးပြန်စွန့် သည်
ယင်းအညစ်အကြေးများ ကို ငါးပုစွန်တို့ကပြန်လည်စားသုံးခြင်းဖြင့် အစာကွင်းဆက် လည်ပတ်လျက်ရှိသည်
ထို့အပြင် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ (Red Tide) ဖြစ်ပေါ်စေနိုင်သည့် အရာများကို စားသုံးသဖြင့် ပင်လယ်လိပ် များမှာ ပင်လယ်ပြင်ဂေဟ စနစ်အတွက် အရေးပါသည့် သတ္တဝါဖြစ်သည်
ပင်လယ်လိပ်များ၏ ထူးခြား ချက်သည် ဥသားပေါက်ခဲ့ရာ သောင်ပြင်၏ဓာတ်ကို နှစ်ကာလ ကြာမြင့်သည်ထိ မှတ်မိနေပြီး ယင်းလိပ် အရွယ်ရောက်သား ပေါက်သည့် အခါတွင်လည်း သားပေါက်ခဲ့ရာ သောင်ပြင်သို့ လာရောက်ဥဥလေ့ရှိသည်
ပင်လယ်လိပ်များ၏ သဘာဝအရ လိပ်မတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ ကျော်ဥပြီး၊ တစ်နှစ်လျှင်နှစ်ကြိမ်(သို့မဟုတ်) သုံးကြိမ်ခန့်ဥဥသည်
သို့သော် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများကြောင့် ယင်းနှုန်းအတိုင်းဥဥသော်လည်း ရှင်သန်မှုရာခိုင်နှုန်း နည်းပါးသွားသည်
အောင်မြင်စွာဥဥပြီး လိပ် ဥစားသုံးသူများ၏ရန်မှ ကင်းဝေး ကာသားပေါက်လာပါကလည်း လိပ်အကောင်ပေါက်လေးများ ကို ငှက်များနှင့် အသားစားငါး များ၏ အစာအဖြစ်စားသုံးမှု အန္တရာယ်က ရှိသေးသည်
ယင်း အန္တရာယ်များနှင့်မကြုံ တွေ့ပါ ကလည်း ပင်လယ်ထဲ မျောပါနေ သည့် ပလတ်စတစ်များနှင့် အမှိုက်များကို အစာမှတ်၍ စား သုံးခြင်းကြောင့် ထိခိုက်မှုက လည်း ရှိနေပြန်သည်
ပင်လယ်လိပ်များ မျိုးသုဉ်း မပျောက်ကွယ်စေရန် ငါးလုပ်ငန်း ဦးစီးဌာနသည် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS)၊ အပြည် ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန် နှင့် အပင်များအဖွဲ့(FFI) တို့နှင့် ပူးပေါင်း၍ ထိန်းသိမ်းရေးဆောင် ရွက်နေပြီး လိပ်ဥနှင့် လိပ်သား စားသုံးမှုလျော့ကျစေရန် ပညာ ပေးစည်းရုံးခြင်း၊ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ဟော ပြောခြင်း၊ ပညာပေးပိုစတာများ စိုက်ထူခြင်းတို့ ပြုလုပ်နေသည်
ထို့အပြင် ၁၉၉၇ က စတင် ၍ အရှေ့တောင်အာရှဒေသ ပင်လယ်လိပ် မျိုးထိန်းသိမ်း ခြင်းနှင့် ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ နားလည်မှုစာချွန် လွှာ၊ ၁၉၉၉ တွင်အရှေ့တောင် အာရှဒေသငါးလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဗဟိုအဖွဲ့၏ အဖွဲ့ဝင်၊ ၂၀၀၁ တွင် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှ ဒေသနိုင်ငံ များရှိ ပင်လယ်လိပ်များနှင့်၎င်း တို့နေထိုင်ကျက်စားသွားလာရာ ဒေသများအား ထိန်းသိမ်းကာ ကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုး ၍ ပင်လယ်လိပ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်
မျိုးသုဉ်းရန် အန္တရာယ်နီး ကပ်လာသည့် ပင်လယ်လိပ်များ မျိုးဆက်ပြန့်ပွားလာစေရန် ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ် သမီးလှကျွန်းပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ ဘိုကလေးမြို့နယ်ကဒုံ ကနိပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးသုတေသနနှင့် ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ တနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ် လောင်းလုံဘုတ်ကျွန်းတို့တွင်ထိန်းသိမ်းရေးလုပ်ဆောင်နေသည်
အဆိုပါနေရာများတွင် ပင် လယ်လိပ်များကို သဘာဝအ တိုင်းသားဖောက်ခြင်း၊ ရွှေ့ ပြောင်းသားဖောက်ခြင်းနှင့် Tag-ging ဟုခေါ်သည့် ပင်လယ်လိပ်များရွှေ့ပြောင်းသွားလာရာ လမ်း ကြောင်း၊ စားကျက်ဒေသများ၊ ဥကျင်းတက်ရောက်ရာ ဒေသ၊ ကြီးထွားမှုနှုန်း၊ သေဆုံးမှုနှုန်းများနှင့်မျိုးပွားမှုဆိုင်ရာဇီဝဗေဒ စသည့် အချက်အလက်များကို သိရှိနိုင်စေရန် လိပ်သောင်များသို့ ဥဥချရန် တက်ရောက်လာသော လိပ်မကြီးများနှင့် အခြားအ ကြောင်းအမျိုးမျိုးကြောင့် တက် လာသောလိပ်များကို အမှတ် အသား Tagging ပြုလုပ်၍ ပြန် လွှတ်ခြင်းများ ပြုလုပ်လျက် ရှိသည်
ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသော ပင်လယ် လိပ်ပြန့်ပွားရေး လုပ်ငန်းများဖြစ် သည့် သဘာဝအတိုင်းသား ဖောက်ခြင်း၊ ရွှေ့ပြောင်းသား ဖောက်ခြင်းများအရ သမီးလှကျွန်း ၌ ၂၀၁၇- ၂၀၁၈ တွင်ပင် လယ်လိပ်ဥ ၅,၃၁၅ ဥဥခဲ့ရာမှ ၃,၉၀၁ ကောင်၊ ကဒုံကနိကျွန်း တွင် ၁,၉၅၇ ဥဥခဲ့ရာမှ ၁,၆၂၂ ကောင်ကို ပင်လယ်တွင်းသို့ပြန်လွှတ်ပေးနိုင်ခဲ့သည်
မြန်မာနိုင်ငံရှိ ပင်လယ်လိပ် များ၏ ဥဥသားပေါက်ချိန်သည် နိုဝင်ဘာမှမတ်လအထိ ဖြစ်ပြီး ယင်းကာလတွင် ဥများကို စောင့်ကြည့်၍ ထိန်းသိမ်းရေး လုပ်ဆောင်ရသည်
သားငှက်ထိန်းသိမ်းရေးအဖွဲ့က ပင်လယ်လိပ်ထိန်းသိမ်းရေးကို သီးသန့် လုပ်ဆောင်ခြင်း မရှိသေးသော်လည်း၊ ပင်လယ်လိပ်ကျက်စားရာ ရခိုင်ပြည်နယ်နှင့် တနင်္သာရီရှိ ဒေသအချို့တွင် ထိန်းသိမ်းရေးနှင့် ပညာပေးသင်တန်းများ ပြုလုပ် နေသည်
ထို့ပြင် ဥပဒေများကို ခိုင် မာအောင်လုပ်ဆောင်၍ ထိန်း သိမ်းရေးလုပ်ငန်းများ ပိုမိုထိထိ ရောက်ရောက်ဆောင်ရွက်ပါက ရှားပါးမျိုးစိတ်ပင်လယ်လိပ်များ ကောင်ရေ ပြန်လည်ပွားများလာပေမည်
ပင်လယ်လိပ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး အတွက် ထိန်းသိမ်းရေးများ လုပ်ဆောင်သည့်အပြင် လိပ်များကိုအန္တရာယ်ပေးသည့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို စနစ်တကျ စည်းကမ်းတင်းကျပ်သင့်ပေသည်
ဗာလ်ဂွမ်းရွာ(အင်္ဂလိပ်: Valvum)သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ဗာလ်ဂွမ်းကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ဗာလ်ဂွမ်းကျေးရွာအုပ်စုတွင် ကျား ၉၂၂ ဦး၊ မ ၉၈၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၉၀၇ ဦး နေထိုင်သည်
မိဘတို့သည် သားသမီးတို့အပေါ် အမြဲကြည့်ရှု၍ သွန်သင်ဆုံးမ သကဲ့သို့ တပည့်အပေါ်၌ အမြဲ ကြည့်ရှု၍ သွန်သင်ဆုံးမသော ဆရာကို ဥပဇ္ဈာယ်ဆရာဟု ခေါ်သည်၊ ထိုဥပဇ္ဈာယ်ဆရာသည် သာသနာတော်၌ အရင်းနှီးဆုံး ဆရာဖြစ်သည်
ထို ဥပဇ္ဈာယ်၌ အတူနေတပည့်တို့က ပြုရသောဝတ် ဖြစ်သောကြောင့် ဥပဇ္ဈာယဝတ်ဟု ဆိုသည်
ဥပဇ္ဈာယ်နှင့် အတူနေတပည့်သည် မိမိကိုယ်တိုင် နေထိုင်ကောင်းလျှင် နံနက်စောစောထ၍ ဖိနပ်ချွတ်ခြင်း၊ ကိုယ်ဝတ်သင်္ကန်း လက်ကန်တော့ တင်ခြင်းပြု၍ ဥပဇ္ဈာယ်အား တံပူကပ်ရခြင်း၊ (ဤ၌ အကြီး, အလတ်, အငယ် တံပူသုံးမျိုးထားလျက် ကပ်ရမည်၊ နှစ်သက်သော တံပူတမျိုးမျိုးကိုသာ ကပ်ရ၏၊ အမှတ်မထား သုံးဆောင်ငြားအံ့၊ အမှတ်မရှိ ရသော တံပူကို ကပ်ရ၏
မျက်နှာသစ်ရေ ကပ်ခြင်း၊ ဤ၌ ရေနွေး, ရေအေး နှစ်မျိုးပြုလုပ်၍ကပ်ရမည်၊ သုံးရက်တိုင်တိုင် ယူသုံးသောရေကို လေးရက်မြောက်နေ့ကစ၍ ကပ်ရ၏၊ အမှတ်မရှိ သုံးအံ့၊ ရသည့်အားလျော်စွာ ကပ်သင့်၏၊ (နှစ်မျိုးစလုံး သုံးအံ့၊ နှစ်မျိုးစလုံးပင် ကပ်သင့်၏) မျက်နှာသစ်ရေ မျက်နှာသစ်သောနေရာ၌ ထား၍ ဝစ္စကုဋီမှစ၍ တံမြက်လှည်း ရခြင်း၊ ဥပဇ္ဈာယ် ကုဋီတက်သည်ရှိသော် ပရိဝုဏ်ကို တံမြက်လှည်းရခြင်း၊ (ဤသို့ လှည်းသည်ရှိသော် ပရိဝုဏ် မဆိတ်သည်ဖြစ်၏
ဥပဇ္ဈာယ်ကုဋီမှ မထွက်မီ နေရာထိုင်ရာများကို ခင်းထားရခြင်း၊ ကိုယ်လက်သုတ်သင်ခြင်း ကိစ္စပြီး၍ ခင်းထားသောနေရာ၌နေသော ဥပဇ္ဈာယ်အား ယာဂု ရှိအံ့၊ ခွက်ကို စင်ကြယ်အောင်ဆေး၍ ယာဂုကပ်ရခြင်း၊ ယာဂုဘုဉ်းပေးပြီး ဉပဇ္ဈာယ်အား ရေပေးရခြင်း၊ ယာဂုခွက်ကို ကောင်းမွန် ရိုသေစွာ မထိခိုက်စေပဲ ဆေးကြေ သိမ်းထားရခြင်း၊ ဥပဇ္ဈာယ် နေရာမှ ထသည် ရှိသော် နေရာကို ခေါက်သိမ်းရခြင်း၊ ထိုအရပ်၌ အမှိုက်သရိုက်တို့ ရှိအံ့၊ တံမြက်လှည်းရခြင်း၊ (အမှိုက်မရှိ ရေပေါက်, ရေစက်တို့သာရှိအံ့၊ လက်ဖြင့် ပွတ်တိုက်ရခြင်း) ဥပဇ္ဈာယ်ဆရာ ရွာသို့ ကြွလိုသည်ဖြစ်အံ့ ရွာဝတ်သင်းပိုင် ပေးရခြင်း၊ ကျောင်းဝတ်သင်းပိုင်ကို ယူရခြင်း၊ ခါးပန်း ပေးရခြင်း၊ အထပ်ပြု၍ ကိုယ်ရုံ ဒုကုဋ်တို့ကို ပေးရခြင်း၊ ဆေးကြော၍ ရေနှင့်တကွ သပိတ်ကို ပေးရခြင်း၊ (ဤ၌ သပိတ်တွင် ဆွမ်းမကပ်စေခြင်းငှာလည်းကောင်း၊ ရွာတွင်း၌ ရေငုံလိုက ငုံစေခြင်းငှာလည်းကောင်း ရေထည့်၍ ပေးရမည်
ဥပဇ္ဈာယ်ဆရာသည် နောက်ပါ အလိုရှိခဲ့အံ့၊ ဥပဇ္ဈာယ်နည်း အတိုင်း ပြုလုပ်၍ နောက်လိုက်ပြုရခြင်း၊ မဝေးလွန်း မနီးလွန်း လိုက်ရခြင်း၊ (နောက်ပြန်ကြည့်သော ဥပဇ္ဈာယ်ကို ခြေတလှမ်း နှစ်လှမ်းဖြင့် မှီနိုင်သော လိုက်ပါ သွားလာခြင်းသည် မဝေးလွန်း မနီးလွန်း လိုက်သည်ဟု မှတ်
ဥပဇ္ဈာယ်ဆရာ ယာဂုဆွမ်းတို့ကိုရ၍ သပိတ်ပူခြင်း၊ လေးခြင်းရှိခဲ့သော် မိမိသပိတ်ပေး၍ လဲယူရခြင်း ဥပဇ္ဈာယ်စကားပြောစဉ် ဝင်၍မပြောရခြင်း၊ အာပတ် နီးကပ်လာသော ဥပဇ္ဈာယ်စကားကို တားမြစ် ပိတ်ပင် ရခြင်း၊ (တားမြစ်ဆိုသော်လဲ ဤစကား ဆိုသင့်သလော, အာပတ် မသင့်သလောစသည်ဖြင့် မေးသည့်အနေဖြင့် မြစ်အပ်၏
အဖိုးအို... သည်စကားမပြောနှင့် စသည် ရိုင်းပြသောစကားမျိုးဖြင့် မတားမြစ် အပ်၊) နီးခဲ့သော်လည်းကောင်း၊ ကျောင်း၌ ဂိလာနရှိခဲ့သော်လည်းကောင်း ရှေးဦးစွာ ပြန်လာရခြင်း၊ ရွာဝေးခဲ့အံ့၊ ဥပဇ္ဈာယ်နှင့်အတူ ပြန်သူမရှိခဲ့သော် ဥပဇ္ဈာယ်နှင့်အတူ ရွာမှ ထွက်ရခြင်း၊ ကျောင်းနီးသောအခါ ရှေးဦးရောက်အောင်ပြန်လာ၍ နေရာခင်းခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ်အိုးခြမ်းတို့ကိုထားခြင်း၊ ခရီးဦးကြိုဆို၍ သပိတ် သင်္ကန်းလှမ်းယူခြင်း၊ ကျောင်းဝတ်သင်းပိုင်ကိုပေးခြင်း၊ ရွာဝတ်သင်းပိုင် ယူသိမ်းခြင်း၊ သင်္ကန်းချွေးစိုအံ့၊ ခေတ္တနေလှန်းရခြင်း၊ (ကြာကြာသင်္ကန်း နေမလှန်းအပ်၊) သင်္ကန်းများကို ခေါက်ရခြင်း၊ အလယ်ကျိုးမဖြစ်ရန် နှလုံးပြု၍ လက်လေးသစ်မျှသော အနားကိုချန်၍ သင်္ကန်းခေါက်သင့်၏
အညီပြု၍ ခေါက်ခဲ့အံ့၊ အလယ်၌ (ကျီး)ချိုးသည်ဖြစ်၍ နေ့စဉ် အမြဲ ချိုးခဲ့သောချိုးရာ၌ အားနည်း၍ ဆွေးမြေ့ခဲ့ရာ၏၊ ထိုအပြစ်ကို တားမြစ်ခြင်းငှာ လက်လေးသစ် ရှား၍ခေါက် ဟူသော စကားကို မိန့်သည်
ထို့ကြောင့် ယနေ့ ခေါက်ချိုးသောနေရာ၌ နက်ဖန်ခေါက်လျှင် မကျိုးစိမ့်သောငှာ မကျိုးရအောင် နေ့တိုင်း နေ့တိုင်း လက်လေးသစ် ရှား၍ ရွေ့၍ ခေါက်သင့်၏၊ သင်္ကန်းခွေထဲ၌ ခါးပန်းကြိုးထည့်ရခြင်း၊ ဆွမ်း ရှိ၍ ဥပဇ္ဈာယ်ဆရာ ဘုဉ်းပေးလိုသည်ဖြစ်အံ့၊ ရေနှင့် ဆွမ်းကပ်ခြင်းကို ပြုရခြင်း၊ ရေဘုဉ်းပေးလိုသလားဟု သုံးကြိမ်တိုင် မေးမြန်းရခြင်း၊ နေမလွဲသေးပဲ အချိန်ရပါသေးလျှင် ဥပဇ္ဈာယ် ဆွမ်းဘုဉ်းပေးပြီးမှ မိမိဆွမ်းစားရခြင်း၊ အချိန်နီးကပ်နေအံ့၊ သောက်ရေကို ဥပဇ္ဈာယ်၏ အနီး၌ထား၍ ဆွမ်းစားရခြင်း၊ ဆွမ်းစားပြီးသော ဥပဇ္ဈာယ်အား ရေကိုပေးရခြင်း၊ သပိတ်ယူ၍ ရိုသေကောင်းမွန်စွာ မထိခိုက်ရအောင် ဆေးကြောပြီး ရေမရှိအောင်ပြု၍ တခဏမျှ နေပူလှန်းရခြင်း၊ (နေပူ၌ သပိတ် ကြာရှည်မလှန်းရခြင်း၊) သပိတ် သင်္ကန်းကို နေရာချထားရခြင်း၊ (သပိတ်, သင်္ကန်းထားသင့် မသင့် အစီအရင်ကို သေနာသနဝတ်၌ ဆိုခဲ့ပြီ၊) ဥပဇ္ဈာယ် ထခဲ့သည်ရှိသော် နေရာစသည် သိမ်းရခြင်း၊ ဥပဇ္ဈာယ် ရေချိုးလိုအံ့၊ ရေနွေး, ရေအေး လိုလိုရာရာ စီရင်ရခြင်း၊ ဥပဇ္ဈာယ် ချွေးဇရုံးအိမ်သို့ ဝင်လိုအံ့၊ ရေချိုးကသယ်မှုန့်ကို လုံးရခြင်း၊ မြေညက်ကို ရေဆွတ်ရခြင်း၊ ဇရုံးအိမ် အင်းပျဉ်ကို ယူ၍ ဥပဇ္ဈာယ်နောက်မှ လိုက်ပါ
သွား၍ ဇရုံးအိမ် အင်းပျဉ်ကို ပေးရခြင်း၊ သင်္ကန်းကို ယူ၍ သင့်တော်ရာ မီးခိုးပြာ မရှိသောနေရာ၌ ထားရခြင်း၊ ရေချိုးကသယ်မှုန့် မြေညက်တို့ကို ပေးရခြင်း၊ စွမ်းနိုင်အံ့ ဇရုံးအိမ်သို့ ဝင်ရခြင်း၊ (ဇရုံးအိမ် ဝင်ပုံ ပြုကျင့်ပုံ ဝတ်တို့ကို ဇန္တာဃရဝတ်၌ ဆိုခဲ့ပြီ
ဥပဇ္ဈာယ်အား ရုံးအိမ်အတွင်း၌ ချေးတွန်းခြင်း စသောအမှု၊ နောင် ရေချိုးသောအခါ၌ ချေးတွန်းခြင်းစသော အမှုများပြုရခြင်း၊ မိမိကိုယ်ပါ ရေချိုးအံ့၊ ရှေးဦးစွာ တက်၍ မိမိကိုယ်ကို ရေမရှိအောင်ပြုခြင်း၊ သင်းပိုင်ဝတ်၍ ဥပဇ္ဈာယ်၏ ကိုယ်မှ ရေကို သုတ်ခြင်း သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ် ပေးခြင်း၊ ဇရုံးအင်းပျဉ် ယူ၍ ဥပဇ္ဈာယ်ဆရာ၏ ရှေးဦးပြန်လာလျက် နေရာခင်းခြင်း စသည်ပြုပြင်ခြင်း၊ ဇရုံးအိမ်၌ မီးပူသောကြောင့် ရေတ်သိပ်ခြင်းဖြစ်တတ်ရကား ဥပဇ္ဈာယ်အား သောက်ရေဖြင့်မေးမြန်း ရခြင်း၊ ဆက်ကပ်ရခြင်း၊ ဥပဇ္ဈာယ်ဆရာနေသော ကျောင်း၌ အမှိုက်ရှိအံ့၊ တံမြက်လှည်းရခြင်း၊ အနာရောဂါ မနှိပ်စက်သဖြင့် စွမ်းနိုင်ခဲ့အံ့၊ ဥပဇ္ဈာယ် နေသောကျောင်းကို သုတ်သင်အပ်၏၊ (ကျောင်းသုတ်သင်ပုံ စုံစုံစေ့စေ့ သေနာသနဝတ်၌ရေးခဲ့ပြီ၊ သန့်သက်ရေအိုး၌ ရေထည့်ရခြင်းတိုင် သိလေ) ဥပဇ္ဈာယ်သာသနာ၌ မမွေ့မပျော်သည် ဖြစ်အံ့၊ ကလျာဏမိတ္တ စသည် ပြည့်စုံသော သင့်ရာအခြားအရပ်သို့ခေါ်ဆောင်သွားရခြင်း၊ သူတပါးကိုမူလည်း ခိုင်းရခြင်း၊ တရားစကားကိုမူလည်း ဟောရခြင်း၊ ဥပဇ္ဈာယ် ကုက္က္ကုစ္စ အလို့လို့ ဖြစ်အံ့၊ မိမိကိုယ်တိုင်ပင် ပယ်ဖျောက်ခြင်း၊ သူတပါးကိုမူလည်း ပယ်ဖျောက်စေရခြင်း၊ ဥပဇ္ဈာယ်ဒိဋ္ဌိအယူဖြစ်နေအံ့၊ မိမိကိုယ်တိုင် စွန့်လွှတ်အောင်ပြုရခြင်း၊ သူတပါးကိုလည်း ခိုင်းရခြင်း၊ ဥပဇ္ဈာယ်သော သံဃာဒိသိသ်သို့ရောက်ခဲ့သော် သံဃာဒိသိသ်လွတ်ငြိမ်းရေး အားထုတ်ရခြင်း၊ တဇ္ဇနီယကံစသည် အပြုခံရရေးနှင့် စပ်၍ ပေါ့လျော့လွတ်ငြိမ်းခွင့်ရအောင် အားထုတ်ရခြင်း၊ ဥပဇ္ဈာယ်သင်္ကန်းဖွပ်လို, ချုပ်လို, ဆိုးရေချက်လို, ဆိုးရေ ဆိုးလိုအံ့ မိမိက အားလုံးပြုလုပ်ပေးခြင်း၊ အလိုပြည့်အောင်လည်း လုံ့လ ပြုခြင်း၊ သင်္ကန်းဆိုးသူသည် ကောင်းစွာ သင်္ကန်းကို ပြန်လှန် ပြန်လှန်၍ ဆိုးရခြင်း၊ လှန်းသောသင်္ကန်းဆိုးရည်ကျ မပြတ်သေးမီ ဖဲမသွားရခြင်း၊ (ဤဝတ်တိုင် မှတ်ခဲ့ပါ
ဥပဇ္ဈာယ်ဆရာ၏ မကြီးပွား မထွန်းကားခြင်းကို အလိုရှိသော ဥပဇ္ဈာယ်၏ ဝိသဘာဂပုဂ္ဂိုလ်အား ဥပဇ္ဈာယ် မပန်ကြားပဲ သပိတ်စသော ပရိက္ခရာ မပေးရခြင်း၊ မိမိကလဲ မယူရခြင်း၊ ဆံရိတ်ချေးတွန်းခြင်းစသော ဝေယျာဝစ္စတို့ကို ဥပဇ္ဈာယ် မပန်ကြားပဲ ပြုမပေးရခြင်း၊ မိမိအားလည်း မပြုလုပ်စေရခြင်း၊ နောက်လိုက်ရဟန်းမလုပ်ရခြင်း၊ ဆွမ်းဆောင် မပေးရခြင်း၊ မိမိအတွက်လည်း မလုပ်စေရ၊ ဥပဇ္ဈာယ် အလဇ္ဇီ ဖြစ်လျှင် သဒ္ဓိဝိဟာရိက တပည့်က ဆုံးမဟောပြောရမည်၊ မရလျှင် ဥပဇ္ဈာယ်၏ ဝိသဘာဂပုဂ္ဂိုလ် လဇ္ဇီနှင့် သမ္ဘောဂဆက်ဆံနိုင်၏၊ ဥပဇ္ဈာယ် အဖြစ် ပမာဏမဟုတ်ဟု ဝိမတိဆိုသည်၊ ဥပဇ္ဈာယ်မပန်ကြားပဲ ရွာမဝင်ရ
သုသာန် မသွားရ၊ အရပ်တပါး မဖဲရ၊ ဖဲလိုလျှင် ဥပဇ္ဈာယ်အား သုံးကြိမ်တိုင် လျှောက်ကြားရမည်၊ ရလျှင် သွားကောင်း၏
ခွင့်မရပဲ ဥပဇ္ဈာယ်နှင့် နေသော်လဲ စာသင်မှု ကမ္မဋ္ဌာန်းစီးဖြန်းမှုကို မပြည့်စုံပဲ ဥပဇ္ဈာယ်ကလည်း ဗာလဖြစ်လျှင် ခွင့်မရသော်လဲ သွားကောင်း၏၊ ဥပဇ္ဈာယ် မကျန်းမာလျှင် အသက်ထက်ဆုံး ဥပဇ္ဈာယ် ကျန်းမာအောင် လုပ်ကျွေး ငံ့လင့် စောင့်ဆိုင်းရ၏၊ လုပ်ကျွေးမည့်သူရှိအံ့ ဆေးများရှာပေး၍ ဤသူသည် အရှင်မြတ်အား လုပ်ကျွေးလတ္တံ့ ဟုဆို၍ ဖဲသွားနိုင်၏
သဒ္ဓိဝိဟာရိက တပည့် မကျန်းမာခဲ့သော် ဝါ-၆၀ ရှိသော်လည်း ဥပဇ္ဈာယ ဝတ်ကို ပြုထိုက်၏၊ မရိုသေ၍မပြုခဲ့လျှင် အပြစ်မလွတ်ဟု အဋ္ဌကထာဆိုသည်
ဥပဇ္ဈာယဝတ် မှတ်သားဖွယ် ပြီးပြီ