text
stringlengths
22
74.7k
id
int64
1
1.11k
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို မုန်လာကင်မ်ချီလုပ်နည်းလေး မျှဝေပေးပါရစေနော်။လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်လာဥ အရွက်ရောဥပါ အပင် ၂၀၊ ကောက်ညှင်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်၊ ချင်း လက်နှစ်ဆစ်၊ ကြက်သွန်ဖြူ ၁၀ မွှာ၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ငရုတ်သီးခြောက်အပုပွတောင့် ၅ တောင့်၊ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်တို့ပါနော်။မုန်လာဥတွေကို အရွက်သီးသန့်၊ ဥသီးသန့်ဖြစ်အောင် ဓားနဲ့ပိုင်းဖြတ်ပြီး သန့်စင် အောင် ဆေးကြောပေးပါ။ ပြီးရင် မုန်လာရွက်ရော ဥရောကိုပါ ဆားနဲ့ပက်ထားပေးပြီး ၁ နာရီလောက် ထားလိုက်ပါနော်။ ပြီးရင်တော့ မုန်လာရွက်တွေ မုန်လာဥတွေကို ရေနဲ့ ဆေးပေးပါ။ ပြီးတော့မှ မုန်လာရွက်တွေကို ရေစင်အောင် ညှစ်ပစ်၊ မုန်လာဥတွေကိုလည်း အခွံနွှာ၊ ကိုယ်နှစ်သက်တဲ့ပုံစံလှီးပေးထားပါနော်။ ကောက်ညှင်းမှုန့်ကို ရေလက်ဖက်ရည် ပန်းကန်လုံး တစ်လုံး ထည့်ပြီး ကျိုပေးပြီး အအေးခံထားပေးပါ။ အဲ့ဒီအချိန်မှာ ချင်းကြက်သွန်ဖြူတို့ကို အခွံနွှာ ရေဆေးပေးထား၊ ငရုတ်သီးစိမ်းကို ရေဆေးပေးထားပါ၊ ငရုတ်သီးအပုပွတောင့်ကိုလည်း အညှာချွေ၊ အစေ့ထုတ်ပြီး ရေနွေးနဲ့ စိမ်ပေးထား၊ ပြီးတော့မှ ငရုတ်သီးအပုပွတောင့်ကို ထောင်းပေးထားပါ။ ပြီးရင် ချင်း၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတို့ကို ကြိတ်ပေးထားပါ။အားလုံးအသင့်ဖြစ်တဲ့အခါ ဇလုံတစ်လုံးထဲ မုန်လာဥ၊ မုန်လာရွက်ရယ်၊ ထောင်းထား တဲ့ ငရုတ်သီး အရောင်၊ ကြိတ်ထားတဲ့ ချင်းကြက်သွန်ဖြူငရုတ်သီးစိမ်းတို့ရယ်၊ ကောက်ညှင်းကျိုထားတာရယ်၊ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်တို့ အားလုံးကို သမအောင် နယ်ပေးပါနော်။ ပြီးတော့မှ ဖန်ပုလင်း ဒါမှမဟုတ် ပလတ်စတစ်ဗူးသန့်သန့်ထဲ မုန်လာရွက် တွေ တစ်ထပ်၊ မုန်လာဥတွေ တစ်ထပ်စီထည့်ပြီး သိပ်ထားပါတယ်။ ရာသီဥတုပူတာနဲ့ပဲ ၁ ရက်နဲ့ ၁ ညလောက်ဆို စပြီး ချဉ်ပါပြီ။ ၂ ရက်ဆိုရင်တော့ ကောင်းကောင်းချဉ်ပါပြီနော်။ငရုတ်သီးစိမ်းလေးနဲ့မို့လေ စားရတာ ခပ်စပ်စပ်လေးနဲ့ မွှေးမွှေးလေး တော်တော်လေး စားလို့ကောင်းပါတယ်။ မုန်လာချဉ်လုပ်ပြီး သုပ်စားမယ်ဆိုရင်တောင် အဆင့်တွေ များနေဦးမယ်၊ ဒီနည်းလေးက ပိုသန့်ပြီး ပိုစားကောင်းတယ်လို့ အမေနဲ့ ညီမတွေက ပြောပါတယ်။ အဲ့ဒါနဲ့ပဲ ဒီနည်းလေးကို မောင်နှမတွေအတွက် လက်ဆင့်ကမ်း လိုက်တာပါနော်။မုန်လာရွက်မရှိလဲ မုန်လာဥချည်းသပ်သပ် ဒါမှမဟုတ် မုန်လာပင်ပေါက်တို့ကို ဒီနည်းနဲ့ အချဉ်တည်လို့ ရပါတယ်နော်။ ချဉ်ဖတ်ကြိုက်တဲ့ မောင်နှမတွေအတွက် ခံတွင်း တွေ့စေရပါမယ်နော်။
45
မနေ့ကချက်တဲ့ ဆိတ်ရိုးစွပ်ပြုတ် တင်လိုက်ပါတယ်နော်။ ခုတစ်လော ရုံးပိတ်ရက်ဆို ရာသီဥတုကလည်း ကိုယ်တော်ကြီးဘက် ပါပါနေတယ်။ အဟဲ ။ ဒီအပတ်ပါဆို ပိတ်ရက် ၂ ပတ် ဆက်တိုက်ရှိပြီ။ ပိတ်ရက် ဆို မိုးတွေကြီး လိမ့်ပိန့်ရွာနေတယ်။ မိုးလေးကလည်း အေးအေးလေးနဲ့ဆိုတော့ ကိုယ်တော်ကြီးလည်း အရည်သောက်မှ (ရေနွေးကြမ်း ပြောပါတယ်။ :D) ဖြစ်ပေတော့မည်။ ကိုယ်က အရည်ဦးအောင် တိုက်ထားမှ ဆိုပြီး ဆိတ်ရိုး စွပ်ပြုတ် အရည်သောက် ပူပူလေး လုပ်ပြီး တိုက်လိုက်ပါတယ်နော်။ ကိုယ်တော်ကြီးက မနက်တာ ရေနွေးကြမ်းသောက် လွတ်သွားပါတယ်။ ညနေတော့ကိုႀကီး ဒီဘီတို့နဲ့ အစည်းအဝေးရှိလို့ ချယ်ရီမေမှာ ရေနွေးကြမ်းသောက်လိုက်တာ သန်းခေါင်ယံမှ အိမ်ပြန်ရောက်ပါရောလား။ ဒီလို ရာသီဥတု အေးအေးလေးနဲ့ဆို အရည်သောက် ပူပူလေးတွေ ချက်စားတာ အလွန်ကောင်းပါတယ်နော်။ နောက်ထပ် အရည်သောက် ပူပူလေးတွေ ချက်စားမယ်ဆိုရင်တော့ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အာပူလျှာပူ (ခေါ်) ရခိုင်မုန့်တီ၊ မြေအိုး မြီးရှည်၊ စမူဆာ ပဲရည်သုပ် အဲဒါတွေ ချက်စားလည်း ရပါတယ်နော်။ နောက်ဆို သိပြီ ရေနွေးကြမ်းကြီးပဲ ကျိုကျို တိုက်ပလိုက်မယ်။ ဒီနေ့တော့ ဆိတ်ရိုး စွပ်ပြုတ် အရည်သောက်ပူပူလေးကိုပဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။မုန့်ဟင်းခါး ဒီမှာ တင်ဖူးပါတယ်နော်။ကြာဇံဟင်းခါး ဒီမှာ တင်ဖူးပါတယ်နော်။အုန်းနို့ခေါက်ဆွဲ ဒီမှာ တင်ဖူးပါတယ်နော်။အာပူလျှာပူ (ခေါ်) ရခိုင်မုန့်တီ ဒီမှာ တင်ဖူးပါတယ်နော်။စမူဆာ ပဲရည်သုပ် ဒီမှာ တင်ဖူးပါတယ်နော်။မြေအိုး မြီးရှည် ဒီမှာတင်ဖူးပါတယ်နော်။ဆိတ်ရိုးစွပ်ပြုတ်ရယ်၊ ကုလားဗယာကြော်ရယ်ဆိတ်ရိုးစွပ်ပြုတ် အနီးကပ်ပြင်းတော်သိမ်ရွက် နိုင်းချင်းနဲ့ ကြော်ထားတဲ့ ကုလားဗယာကြော် မွှေးမွှေးလေးဆိတ်ရိုးရယ်၊ ဂျင်းရယ်၊ ကြက်သွန်နီ လေးခြမ်းစိတ်တွေရယ်၊ ကြက်သွန်ဖြူ လုံးခွဲထောင်းရယ်၊ စပါးလင်ရယ်၊ ဆားရယ်၊ အချိုရယ် အရင်ဆုံး လုံးလိုက်ပါတယ်။ဆိတ်ရိုးစွပ် အတွက်လိုအပ်သောအရာဆိတ်ရိုး ၁ ကီလိုအာလူး ကီလိုဝက် (အာလူးကို မထည့်လဲ ရပါတယ်နော်)ကြက်သွန်နီ ကြီးကြီး ၆ လုံး (လေးခြမ်းစိတ်ထားပါ)ကြက်သွန်ဖြူ ၁ ဥ (လုံးခွဲထောင်းထားပါ)ဂျင်း လက် နှစ်ဆစ်စီ ၃ တက် (အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ)စပါးလင် ၂ ချောင်း (အပေါ်အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ)ဆိတ်ရိုး စွပ်ပြုတ်ချက်ပုံဆိတ်ရိုးကို ရေ စင်စင်ဆေးလိုက်ပါတယ်။ ပြီး ဇလုံထဲထည့် သံပရာသီး တစ်လုံးကို အရည်ညစ်၊ ဆားထည့်ပြီး နာရီဝက်လောက် နယ်နပ်ထားလိုက်ပါတယ်။ သံပရာသီးညစ်ရတာက အနံ မနံအောင်လို့ပါ။ ဆိတ်ရိုးကို နယ်နပ်ထားတဲ့အချိန် အာလူးကို အခွံခွာ ၂ ခြမ်းခြမ်းပြီး ရေစိမ်ထားလိုက်တယ်။ ရေစိမ်လိုက်တာက အာလူး အရောင်မမည်းသွားအောင်လို့ပါ။ ပြီးကြက်သွန်နီကို လေးခြမ်းစိတ်ထားပါ။ ကြက်သွန်ဖြူကို လုံးခွဲထောင်းထားပါ။ ဂျင်း အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ။ စပါးလင်ကို အပေါ်အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ။ ပြီး ဆိတ်ရိုးကို နောက်ထပ် ရေစင်စင်ပြန်ဆေးပါတယ်။ ပြီး ပြုတ်မယ်အိုးထဲသို့ဆိတ်ရိုးရယ်၊ ဂျင်းရယ်၊ ကြက်သွန်နီ လေးခြမ်းစိတ်တွေရယ်၊ ကြက်သွန်ဖြူ လုံးခွဲထောင်းရယ်၊ စပါးလင်ရယ်၊ ဆားရယ်၊ အချိုရယ် ထည့်ပြီး အရင်ဆုံး လုံးလိုက်ပါတယ်။မိနစ် ၂၀ လောက်ဆို  အားလူးထည့်၊ ရေနွေးထည့်ပြီး နူးအောင်တည်ထားပေးပါ။ ဒါဆိုရင်တော့ ဆိတ်ရိုး စွပ်ပြုတ် ပူပူလေး ရပါပြီနော်။ကျန်းမာ ချမ်းသာကြပါစေ။
1
ဒီနေ့ ရုံးပိတ်ရက်က လုပ်စားထားတဲ့ မနက်စာ လိုက်ပါတယ်နော်။ လုပ်စားထားတာတော့ အတော်ကြီးကို ကြာပါပြီ။ ဒီလို မနက်စာကို တစ်နစ်မှာ တစ်ခါ တစ်လမှာ တစ်ရက် ပွင့်တဲ့ ပိတောက်.......... အယ် ဟုတ်ပေါင်၊ တစ်နစ်မှာ တစ်ခါ တစ်လမှာ တစ်ရက် တာလုပ်စားတဲ့ နံနက်ခင်း မနက်စာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရုံးပိတ်ရက် ထတဲ့အချိန်တွေဆို နိုးတာနဲ့ နေ့လည်ရောက်သွားပြီ။ အဟဲ :P။ ဒီနေ့တော့ အားမနာတမ်းကို မနက်စာ ငချိတ်ပေါင်း သုံးဆောင်သွားပါအုံးလား။ငချိတ်ပေါင်းရယ်၊ ပဲပြုတ်ရယ်၊ ဗယာကြော်ရယ်၊ အာဗြဲခြောက်ရယ်၊ လက်ဖက်ရည်ရယ် (အဲနေ့ ရုံးပိတ်ရက် မနက်စာတော့ ရှယ်ပါပဲ။)အမေ့အိမ်ကနေ ထည့်ပေးလိုက်တဲ့ ပဲပြုတ်အမေ့အိမ်က ထည့်ပေးလိုက်တဲ့ အာဗြဲခြောက်ဖုတ်ငချိတ်ပေါင်းချက်ပုံငချိတ်ကိုရေဆေးပါ။ ပုံမှန် ထမင်းချက်သလို ရေထည့်ပြီး အလွယ်တကူ ချက်လိုက်ပါတယ်နော်။ ဒါဆိုရင် ငချိတ်ပေါင်း ရပါပြီ။ကျန်းမာ ချမ်းသာကြပါစေ။
2
ဒီနေ့ သပွတ်သီးချဉ်ဟင်း (သို့) ဂျီးတွန်းကျောက်ချဉ်ဟင်း ပို့စ်တင်လိုက်ပါတယ်နော်။ သပွတ်သီးကို ဂိုးဒင်းမိုင်းကနေ ဝယ်လာတာပါ။ မိုးကောင်းသူရယ် ရိုးရိုးတန်းတန်း သပွတ်သီးချဉ်ဟင်းလို့ပဲ ရေးရင်ရပါပြီ၊ ဘယ့်နယ်တော် ဂျီးတွန်းကျောက်ချဉ်ဟင်းဆိုတော့ ချက်စားရမှာ ခပ်ကြောက်ကြောက်ရယ်လို့ ပြောတော့မယ်။ ဒါမှလဲ သပွတ်သီးကို မျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်တော့မယ်လေ။ ဟုတ်ဘူးလား။ ဂျီးတွန်းကျောက်ချဉ်ဟင်းခေါ်ရတဲ့ ဇာတ်လမ်းအကြောင်းစုံလည်းပြောရအုံးမယ်။ အမေ့အိမ်မှာတုံးက သပွတ်သီးဟင်း စားချင်လွန်းလို့ သပွတ်သီးပင်ကို  ယုယုရရ အိမ်မှာ စိုက်ထားရတယ်။ သပွတ်သီးလေးတွေလဲ သီးရော ချဉ်ပေါင်နဲ့ရောပြီး အရည်ခပ်စပ်စပ်နဲ့ ချဉ်ဟင်းချက်တယ်။ (အရည် ခပ်စပ်စပ်ဆိုသည်မှာ ငရုတ်သီး စပ်တာကို ဆိုလိုချင်းမဟုတ်ပါ။ အရည် ပါလေရုံဆိုတာကိုပြောတာပါ။ ရှင်းပြမှ ရှုပ်ကုန်ပြီထင်ပါသည်။) ပြီးတော့ ရုံးကို သပွတ်သီးချဉ်ဟင်းနဲ့ တခြားဟင်း ထမင်းချိုင့်ထည့်သွားတယ်။ နေ့လည် ထမင်းစားချိန်လည်းရောက်ရော သူသူငှာငှာ သူ့ထမင်းချိုင့်၊ ငါ့ထမင်းချိုင့်ဖွင့်ကြတာပေါ့။ မိုးကောင်းသူ ထမင်းချိုင့်ကို ဖွင့်ရော အယ် ......... အစ်မဟင်းက ချဉ်ပေါင်ဟင်းနဲ့သခွားသီးဟင်းလား။ ဘာဟင်းကြီးတုံးမေးတော့ သပွတ်သီးချဉ်ဟင်းဆိုပြီး ကြွားကြွားဝင့်ဝင့်နဲ့ ပြောပလိုက်တယ်။ ရုံးကလူတွေ ပြန်ပြောလိုက်တာက အီးးးးးးးးးးး အစ်မဟင်းရည်က ဂျီးတွန်းကျောက်ကြီးလားတဲ့။ ကောင်းကြသေးလား အရပ်ကတို့ရေ။  သူတို့ပြောမှ သပွတ်သီးချဉ်ရည်ဟင်းကနေ ဂျီးတွန်းကျောက်ချဉ်ရည်ဟင်းဖြစ်သွားပါရောလား။ အဲလိုဆိုတော့လဲ ဟင်းနာမည် အခေါ်အဝေါ် ခပ်ဆန်းဆန်း တစ်ခုတိုးတာပေါ့လေ။ သူတို့က အဲလိုပြောတာလဲ ဟုတ်လဲ ဟုတ်တာကို သပွတ်သီးက ရင့်လွန်းသွားရင် အိုးတိုက် ပန်းကန်းဆေးလို့ ရသလို၊ ဂျီးလဲတွန်းလို့ ရတာကိုး။ သူတို့က ဂျီးတွန်းကျောက်နုနုရဲ့ အရသာကိုမှ မသိကြဘဲလေ။ ဂျီးတွန်းကျောက်အရသာက အဲ ....... ဟုတ်ပါဘူး သပွတ်သီး အရသာက အိအိစက်စက်နဲ့ စားလို့အင်မသိအင်မတန် အလွန့်အလွန် ကောင်းပါတယ်။ ဘယ်လို ပြောရမှန်းတောင်း မသိဘူး။ မယုံရင် ပုံပြင်မှတ်၊ ဟုတ်ပေါင် မယုံရင်ချဉ်ပေါင်နဲ့ရောပြီးချက်စားကြည့်လိုက်ပါလို့။ အဟဲ။ သပွတ်သီးနုနုကို သပွတ်ချဉ်တည်စားမလား၊ အခုလို ချဉ်ဟင်းချက်စားမလား၊ သားပြွင်းဟင်းချက်စားမလား၊ ငါးပိရည်ကျို နဲ့ အတို့အမြုပ် စားမလား ကြိုက်သလိုစားလို့ ရပါတယ်နော်။ တစ်ခြားဘယ်လို ချက်စားကြသေးလည်း မသိ။ ကျွန်မတော့ ဒီလိုလုပ်စားတာပဲ သိတယ်။ ဒီနေ့တော့ သပွတ်သီးချဉ်ဟင်း (သို့) ဂျီးတွန်းကျောက်ချဉ်ဟင်း ကိုအားမနာတမ်း သုံးဆောင်သွားပါအုံးလား။သပွတ်သီးချဉ်ဟင်းရယ်၊ ကြက်သားကြော်ကျွတ်ကျွတ်လေးရယ်၊ ငရုတ်သီးကြော်ရယ်၊ ငါးပိရည်ကျိုရယ်၊ (ငါးပိရည်ကျိုကလည်း မည်းချက်တော်လို့ပြောတော့မည်။ ကြူကြူမွှေး တံဆိပ်ကို ဆီမပါ၊ ဆနွင်းမပါဘဲ ရိုးရိုး ပလိန်းကျိုထားပါသည်။) ဆလပ်ရွက် နဲ့ သခွားသီး အတို့အမြုပ်ရယ် (ဒီနေ့ ထမင်းအိုးတော့ ထမင်းစေ့ တစ်စေ့မကျန် ပြောင်သွားတာပဲ။ ထမင်းအိုးတောင် ဆေးစရာ မလိုတော့ဘူး။ ဒီ မိုးကောင်းသူနယ် သူ့ဟင်းကို သိပ်ညွန်းတာ လို့ပြောတော့မယ်။ ဟဲဟဲ။)ဆီမပါ ပြားမပါတဲ့ သပွတ်သီးချဉ်ဟင်းပါ။သပွတ်သီးကို အခွံကို ဓားနဲ့ခြစ်ပြီး အဝိုင်းလိုက် လှီးထားပါတယ်။နောက်တစ်ရက်က သပွတ်သီး သားပြွင်းဟင်းချက်စားပါစတယ်။ ဒီလို သားပြွင်းဟင်းကလည်း ထမင်းမြိန်ချက်။ :D (သပွတ်သီးရယ်၊ ခရမ်းချွတ်သီးသေးသေးရယ်၊ ချဉ်ပေါင်ရယ် ရောချက်ထားတာပါ။)သပွတ်သီးချဉ်ဟင်းအတွက် လိုအပ်သောအရာသပွတ်သီး ၂ လုံး (ဂိုးဒင်းမိုင်း ပလာဇာကနေ ဝယ်လာပါတယ်။၄ လုံးဝယ်လာတာ နှစ်လုံးဆီ တစ်ခါတစ်မျိုးဆီ ချက်စားလိုက်ပါတယ်နော်။)ချဉ်ပေါင် ၁ စည်း၊ ၁ ထုပ်ပုဇွန်ခြောက်ထောင်းကြက်သွန်ဖြူ ၅ တက်ၾကက္သြန္နီ ၁ လုံးငါးပိ လက်တစ်ဆစ်နံနံပင် (လိုသလောက်ထည့်ပါ။ မထည့်လဲ ရပါတယ်။)ချဉ်ဟင်းချက်ပုံချဉ်ပေါင်ကို အရွက်တင်ပြီးသား ပင်နီဆိုလာက ဝယ်လာပါတယ်။ ပြီးရေစင်စင်ဆေးပါတယ်။ သပွတ်သီးကို ဓားနဲ့ အခွံခြစ်ပါတယ်။ အခွံမနွှာပါဘူး။ ခြစ်ရုံပဲခြစ်တာပါ။ ပြီး အဝိုင်းလိုက်လှီးလိုက်ပါတယ်။ ကြက်သွန်ဖြူကို ထောင်းလိုက်တယ်။ ကြက်သွန်နီကို ပါးပါးလှီးလိုက်တယ်။ ပြီးချဉ်ဟင်းတည်မယ့်အိုးထဲသို့ ချဉ်ပေါင်ရွက်ရယ်၊ သပွတ်သီးရယ်၊ ကြက်သွန်ဖြူ နီ ရယ်၊ ပုဇွန်ခြောက်ထောင်းရယ်၊ ငါးပိရယ်၊ ငံပြာရည်ရယ်၊ အချိုမှုန့်ရယ် ထည့်ပြီး ဒီအတိုင်း လုံးလိုက်ပါ။ (လုံးတယ်ဆိုတာ မီးပေါ်တင်ပြီး ဒီအတိုင်း သပွတ်သီးနဲ့ချဉ်ပေါင်အိသွားအထိပါ။) ပြီး ရေနွေးထည့်ပြီး ဆူတဲ့အထိ မီးဖိုပေါ်တင်ထားလိုက်ပါ။ မီးဖိုပေါ်ကနေ ချခါနီးမှ နံနံပင်ကို အုပ်လိုက်ပါ။ အရသာ ရိုးရိုးရှင်းရှင်းနဲ့ သပွတ်သီးချဉ်ဟင်းရပါပြီနော်။သားပြွင်းဟင်းအတွက်လိုအပ်သောအရာသပွတ်သီး ၂ လုံး (ဂိုးဒင်းမိုင်း ပလာဇာကနေ ဝယ်လာပါတယ်။၄ လုံးဝယ်လာတာ နှစ်လုံးဆီ တစ်ခါတစ်မျိုးဆီ ချက်စားလိုက်ပါတယ်နော်။)ချဉ်ပေါင် ၁ စည်း၊ ၁ ထုပ်ခရမ်းကျွတ်သီး သေးသေး ၁၅ လုံး (ဂိုးဒင်းမိုင်း ပလာဇာကနေ ဝယ်လာပါတယ်)ပုဇွန်ခြောက်ထောင်း (သို့) ငါးအသား ၂ တုံးကြက်သွန်ဖြူ ၅ တက်ၾကက္သြန္နီ ၁ လုံးငါးပိ လက်တစ်ဆစ်နံနံပင်ငရုတ်သီးစိမ်းတောင့် (မိမိလိုသလောက်ထည့်ပါ။)သားပြွင်းဟင်းချက်ပုံချဉ်ပေါင်ကို အရွက်တင်ပြီးသား ပင်နီဆိုလာက ဝယ်လာပါတယ်။ ပြီးရေစင်စင်ဆေးပါတယ်။ သပွတ်သီးကို ဓားနဲ့ အခွံခြစ်ပါတယ်။ အခွံမနွှာပါဘူး။ ခြစ်ရုံပဲခြစ်တာပါ။ ပြီး အဝိုင်းလိုက်လှီးလိုက်ပါတယ်။ ခရမ်းကျွတ်သီးကို ၂ ခြမ်းစီ ခြမ်းပြီး ရေစိမ်ထားလိုက်တယ်။ ရေမစိမ်ထားရင် မည်းသွားလို့ပါ။ ကြက်သွန်ဖြူ နီတို့ကို ထောင်းလိုက်တယ်။ ငါး ၂ တုံးကို ကြော်လိုက်ပါတယ်။ ပြီး အရိုးနွှင်ပါတယ်။ ပြီး ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့် ကြက်သွန်ဖြူ နီထောင်းကိုထည့် ဆီသတ်လိုက်တယ်။ ပြီး အရောင်တင် အနီမှုန့် နဲ့ ဆနွင်းနည်းနည်းဆီထည့်၊ ငါးပိထည့်၊ ငံပြာရည်ထည့်လိုက်တယ်။ ပြီး အရိုးနွှင်ထားတဲ့ ငါးကိုထည့်လိုက်တယ်။ ပြီး ချဉ်ပေါင်ကိုအရင်ထည့် အိအောင်အထိထားလိုက်တယ်။ ချဉ်ပေါင်အိသွားရင် သပွတ်သီး နဲ့ ခရမ်းကျွတ်သီးကိုထည့်လိုက်တယ်။ ဗွက်ဗွက် ........... ဗွက်ဗွက် ဆူတဲ့အထိ တည်ပေးပါ။ ပြီး ငရုတ်သီးစိမ်းထည့်ပါ။ မီးဖိုပေါ်က ချခါနီး နံနံပင်အုပ်ပေးပါ။ ဒါဆိုရင်တော့ သပွတ်သီး သားပြွင်းဟင်း ရပါပြီနော်။ကျန်းမာ ချမ်းသာကြပါစေ။
3
သင်္ဘောသီး အစိမ်းတစ်လုံး sheng siong ကနေ ဝယ်ထားတာရှိတယ်။ ဝယ်လာတုံးကတော့ သင်္ဘောသီးသုပ် (သို့) အစုံသုပ် လုပ်စားမယ်ဆိုပြီး ဝယ်လာတယ်။ သင်္ဘောသီးသုပ် လုပ်စားမယ်ဆိုရင် အဆာပလာတွေပါ အစုံလုပ်ရမယ်။ အဆာပလာ မစုံပြန်ရင်လည်း စားမကောင်းဘူး။ အဆာပလာဆိုလို့ အာလူးနဲ့ ပဲကြာဇံပဲရှိတယ်။ နောက်ထပ်လည်း သွားဝယ်ရမှာ ပျင်းပြီ။ နဂိုကတည်းက အပျင်းကလည်း ပေါ်နေတော့ သင်္ဘောသီးသုပ် လုပ်မစားတော့ဘဲ စိတ်ကူးပြောင်းလိုက်တယ်။ သင်္ဘောသီးကြော်က အဆာပလာတွေ ဘာမှ ထူးထူးခြားခြားလဲ ထည့်စရာမလိုဘဲ သူ့ကျည်းပဲကြော်စားတာပါ။ ကြော်စားတဲ့ အရသာက ချိုလဲချိုပါတယ်။ သဘောင်္သီးကြော်ကို ရေနွေးခြမ်းလေး အဆာပြေစားစား၊ ဒါမှမဟုတ် ထမင်းခြမ်းအေးအေးနဲ့ တွဲပြီးစားစား အလွန် ကောင်းပါတယ်။  ဒီနေ့တော့ သင်္ဘောသီးကြော် (သို့) ကမောင်းကြော် ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။သဘောင်္သီးကြော်ရယ်၊ မန်ကျည်းမှည့်အချဉ်ရည်ရယ်၊ ရေနွေးကြမ်းရယ်အကြော်အိုးပေါ်က ချချခြင်း သဘောင်္သီးကြော်ပါဗမာနံနံပင်လေးပါ ထည့်ထားတဲ့ မန်ကျည်းမှည့် အချဉ်ရည်ပါသဘောင်္သီးခြစ်ထားတာကရယ်၊ ကြက်သွန်နီပါးပါးရယ်(လေတိုက်ရင်လွင့်မတတ် လှီးထားပါတယ်။ :D ) ၊ ကြက်သွန်ဖြူထောင်းရယ် (ဆန်စိမ်းမှုန့်အောက် ရောက်နေပါတယ်။) ၊ ငရုတ်သီးစိမ်းပါးပါးရယ် (ကတ်ကြေးနဲ့ လက်တစ်ဆစ်စာလောက် ညှပ်ထားပါတယ်။ :D ၊ ဆန်စိမ်းမှုန့်ရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ်သဘောင်္သီးအစိမ်းကို ရေဆေးပြီး ခြစ်ထားတယ်။အဆာပလာတွေထည့်ပြီး နယ်ပြီးပုံယိုးဒယားတံဆိပ် ဆန်စိမ်းမှုန့်သင်္ဘောသီး ကြော်အတွက် လိုအပ်သောအရာသဘောင်္သီး အစိမ်း ၁ လုံးၾကက္သြန္နီ ႀကီးႀကီး ၃ လုံးကြက်သွန်ဖြူ ၇ တက်ဆန်စိမ်းမှုန့် (ယိုးဒယားတံဆိပ် ဆန်စိမ်းမှုန့် သုံးပုံ တစ်ပုံထည့်လိုက်ပါတယ်။ ဆန်စိမ်းမှုန့် ခပ်ထွေးထွေးလေး စားချင်ရင်တော့ ပိုထည့်ရင် ရပါတယ်နော်)ငရုတ်သီးစိမ်း (မိမိစိတ်ကြိုက်ထည့်ပါ။ မထည့်လဲ ရပါတယ်နော်။)သဘောင်္သီးကြော်ရန် အဆာပလာနယ်နည်းသင်္ဘောသီးကို အခွံနွှာပါ။ ပြီးရင် ရေဆေးပြီး သင်္ဘောသီးခြစ်နဲ့ ခြစ်ပါ။ ပြီး နယ်မယ့် ဇလုံထဲသို့သဘောင်္သီးခြစ်ထားတာကရယ်၊ ကြက်သွန်နီပါးပါးရယ်၊ ကြက်သွန်ဖြူထောင်းရယ်၊ ငရုတ်သီးစိမ်းပါးပါးညှပ်ထားတာရယ်၊ ဆန်စိမ်းမှုန့်ရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ် နယ်ပေးပါ။ အရအသာ အနေတော် သိချင်ရင်တော့ သဘောင်္သီးနယ်ထားတာကို လက်ညှိးနဲ့ တို့ပြီး ဆားပြား အနေတော် ဟုတ်မဟုတ် မြည်းကြည့်ပါ။ အရသာလဲ အနေတော်ဖြစ်ရင်တော့ ကြော်မယ့် ဒယ်အိုးထဲ ဆီထည့်ပြီး ကြော်နိုင်ပါပြီနော်။ ဒါဆိုရင်တော့ သဘောင်္သီးကြော် (သို့) သဘောင်္သီး ကမောင်းကြော် ရပါပြီနော်။ကျန်းမာ ချမ်းသာကြပါစေ။
4
ခုတစ်ခေါက်အမေ့အိမ်ပြန်တော့ မုန့်ညှင်းပေါင်း ၂ ခါ ပေါင်းစားခဲ့တယ်။ ဒီမှာက မုန့်ညှင်းပေါင်းချင်ရင် မုန့်ညှင်းဖူးသိပ်မတွေ့လို့ မပေါင်းစားဖြစ်ခဲ့ဘူး။ ယိုးဒယား ပလာဇာမှာတော့ မုန့်ညှင်းဖူးခပ်သေးသေးတွေ တွေ့တယ်။ အဲဒီ အဖူးတွေကိုပေါင်းစားပြန်ရင်လဲ မုန့်ညှင်းအရိုးကြီးပဲ စားရတာများမှာ။ အရွက်နဲ့ မုန့်ညှင်းရိုးက ခပ်ပိန်ပိန်လိန်လိန်မို့ ဝယ်ပြီး မပေါင်းစားဖြစ်ခဲ့ဘူး။ မုန့်ညှင်းပေါင်းစားရတဲ့ မုန့်ညှင်းဖူးက အရိုးကလဲ ခပ်တုပ်တုပ်၊ အရွက်ကလဲ နုနုထွားထွား အဲဒါမှ ပေါင်းစားရတာ အရမ်းချိုတာ။ ကျွန်မတို့က မုန့်ညှင်းပေါင်းစားရင် မုန့်ညှင်းကို ထိပ်ပိုင်းလေးပဲ ဓားနဲ့ဖြတ်ပြီး အပင်လိုက် အစည်းလိုက်ပေါင်းစားကြတယ်။ မုန့်ညှင်းပေါင်း စားပုံစားနည်းကလဲ ရှိသေးတယ်။ မုန့်ညှင်းအရိုးထိပ်ကို ပါးစပ်နဲ့ကိုက်ပြီး အရွက်နဲ့မုန့်ညှင်းရိုးက အဆီအနှစ်တွေကို လက်နဲ့ဆွဲစားတယ်ပြောမလား၊ ညစ်စားတယ်ပြောမလား၊ ဖြစ်စားတယ်ပြောမလား အဲလိုစားကြတယ်။ အရသာ အလွန်ရှိတာ။ ကျွန်မတို့က မုန့်ညှင်းပေါင်းနဲ့ တွဲစားတဲ့ မပါမဖြစ်ကလဲ ရှိသေး။ သူကတော့ ခရမ်းချဉ်သီး ပန်ထရွေဖျော်ပေါ့။ မုန့်ညှင်းပေါင်းကို ခရမ်းချဉ်သီး ပန်ထရွေဖျော်နဲ့တွဲပြီး စားလိုက်ရရင် လျှာ ဂျွမ်းပြန်ပြီး လည်ထွက်သွားလိမ့်မယ်နော့်။ မိုးကောင်းသူတို့ ကိုယ့်ငါးချဉ် ကိုယ် တအားကိုချဉ်ပလိုက်တယ်။ ဟဲဟဲ........... ။ အခါးရည် ရေနွေးကြမ်း တွဲသောက်ပါတယ်နော့်။ မုန့်ညှင်းပေါင်းကိုဒီလင္႔မှာလည်း တစ်ခါတင်ဖူးပါတယ်နော်။ ဒီနေ့တော့ အမေ့အိမ်မှာ စားခဲ့တဲ့ မုန့်ညှင်းပေါင်းကို အားမနားတမ်း သုံးဆောင်သွားပါအုံးလား။မုန့်ညှင်းပေါင်း နဲ့ ခရမ်းချဉ်သီး ပန်ထရွေဖျော်ရှိရင် ကျန်တဲ့ ဟင်းတွေတောင်မလိုပါဘူးနော်။ ထမင်းကို နည်းနည်းပဲ စားပါတယ်။ မုန့်ညှင်းပေါင်းကိုပဲ အားထားပြီး အဝအပြဲ စားပလိုက်တယ်။ရရချင်း ပူပူနွေးနွေး မုန့်ညှင်းပေါင်းပါ။ဒါတော့ မုန့်ညှင်းပေါင်းနဲ့ တွဲစားမယ့် ခရမ်းချဉ်သီးပန်ထရွေဖျော်ပါ။ပိုများလှမလားလို့ အလင်းဖွင့်ပြီး ရိုက်ကြည့်လိုက်တယ်။ပထမ တစ်ခါ မုန့်ညှင်းပေါင်းအိုး (စားလို့ ကုန်ခါနီးမှ ဓာတ်ပုံ ရိုက်လိုက်တယ်)ဒုတိယ တစ်ခါ အငွေ့တစ်ထောင်းထောင်း နဲ့ မုန့်ညှင်းပေါင်းအိုးမုန့်ညှင်းပေါင်းအတွက် လိုအပ်သောအရာမုန့်ညှင်းဖူး ၅ စည်း (မုန့်ညှင်း ရွေးနည်းကတော့ မုန့်ညှင်းစည်းထားတဲ့ဖက်ကနေ ကိုင်လိုက်ပါ။ မုန့်ညှင်းစည်းကို ကိုယ်လိုရာဘက် ယိမ်းနွဲ့ကြည့်လိုက်ပါ။ ပျော့ပျော့ ပျောင်းပျောင်းနဲ့ ကိုယ် ယိမ်းသလို နွဲ့နွဲ့နှောင်းနှောင်းနဲ့ ယိမ်းရင်တော့ မုန့်ညှင်း နုတယ်လို့ပြောလို့ရပါတယ်နော်။)ဆန်မုန့် (သို့) ဆန်လှော်မုန့်ၾကက္သြန္နီ ၇ လုံးကြက်သွန်ဖြူ ၂ ဥငရုတ်သီးစိမ်း (မိမိ လိုသလောက်ထည့်ပါ။)ပုဇွန်ခြောက် (ရှင်းရှင်းလေးစားချင်ရင် တစ်ချို့လဲ မထည့်ဘူး။)ငါးပိစိမ်း(သို့)ငါးပိဖုတ်ဆီငှက်ပျောဖက် (သို့) အဝတ်စ ပါးပါးမုန့်ညှင်းကို ထိပ်ပိုင်းလေးပဲဖြတ်ပြီး ရေစင်စင်ဆေးပါ။ အရှည်လိုက် မုန့်ညှင်းရိုးလေးကိုဆွဲဆွဲပြီး စားရတာကို ပိုပြီးအရသာရှိတယ်။ မုန့်ညှင်းကို ရေဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငါးပိ၊ ငရုတ်သီး တို့ကို ရောပြီးထောင်းထားပါ။ ဇလုံတခုထဲသို့ မုန့်ညှင်းထည့်၊ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငါးပိ၊ ငရုတ်သီးတို့ကိုထည့်၊ ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ဆီစိမ်း အနည်းနယ်၊ ဆန်မုန့်(သို့) ဆန်လှော်မုန့် ထည့် လက်အိတ်စွပ်ပြီး နာနာနယ်ပေးပါ။ လက်အိတ်စွတ်တာက ငရုတ်သီးပါလို့ လက်ပူမှာစိုးလို့ပါ။ အရသာအပေါ့အငံမြည်းကြည့်ချင်လဲ လက်ညိုးလေးနဲ့တို့ပြီး မြည်းကြည့်ပါ။ ကျွန်မကတော့ မြည်းကြည့်လိုက်တယ်။ တော်နေ ပေါင်းပြီးမှ အစပ်ဟတ်မတည့်မှာစိုးလို့ပါ။ အားလုံးအဆင်ပြေသွားပြီဆိုရင်တော့ ထမင်းအိုးရဲ့အန်၊ ပေါင်းချောင်လေးမှာ ငှက်ပျောဖက်(သို့) အဝတ်စပါးပါး ကိုအောက်ကခင်းပြီး စောစောက နယ်ထားသော မုန့်ညှင်းကိုတင်ပါ။ ထမင်းပေါင်းအိုးလေးရဲ့ အန်လေးနဲ့ပေါင်းစားလဲ အဆင်ပြေပါတယ်။ ကဲ ထမင်းအိုးထဲကို ရေထည့်ပြီး နာရီဝက်၊ ၁ နာရီလောက် နူးအိနေအောင်တည်ထားပါလေ။ အနံများလဲမွှေးကြိုင်လာပြီဆိုရင်တော့ မုန့်ညှင်းပေါင်း ရပါပြီနော်။ ကဲ သုံးဆောင်သွားပါအုံးလား။(အစပ်မကြိုက်သူများ ငရုတ်သီးမထည့်လဲရတယ်နော်။ ကျွန်မကတော့ ဘာဟင်းနေနေ ငရုတ်သီးစပ်စပ်လေး ထည့်တတ်တယ်။ ငှက်ပျောဖက်မရှိလဲ အလူမီနီယမ်ပြားသန့်သန့်လေးနဲ့ခင်းလို့ရပါတယ်နော်)ကျန်းမာ ချမ်းသာကြပါစေ။
5
ဒီအပတ် ရုံးပိတ်ရက် ငါးပိတစ်ချက် ချက်စားတာကို တင်လိုက်ပါတယ်နော်။ ငါးပိတစ်ကို ရိုးရိုး ရှင်းရှင်းချက်စားလို့ ရသလို၊ အုန်းနို့နဲ့လည်းချက်စားလို့ ရပါတယ်။ အုန်းနို့နဲ့ချက်တာကို အလှူ ငါးခြောက်ချက်လို့လဲ ခေါ်ကြတယ်။ ချက်စားတာမဟုတ်လဲ ငရုတ်သီး ခွဲခြမ်းဖတ်နဲ့ ခပ်စပ်စပ်လေး ကြော်စားလဲ ရပါတယ်။ ခုတစ်လော ရာသီဥတုကလည်း ပူတာမို့ အုန်းနို့နဲ့မချက်ဘဲ ရိုးရိုး ငါးပိတစ်ချက်ပဲ ချက်စားလိုက်ပါတယ်နော်။ နောက်တစ်ခါမှ အုန်းနို့နဲ့ချက်ပြီး ထပ်တင်ပါအုံးမယ်နော်။ ဒီနေ့တော့ ထမင်းမြိန်စေ့မယ် ငါးပိတစ်ချက် ခပ်စပ်စပ်လေးပဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။သခွားသီးအတို့ရယ်၊ ငါးပိတစ်ချက်ရယ်၊ မုန်လာဥချဉ်ဟင်းရယ်၊ သရက်သီး ငါးပိချက်ရယ်၊ ငါးရံ့ခြောက်ဖုတ်ရယ်၊ ငါးပိသုပ်ရယ် (အငန်တွေကြီးပဲ။ စားပြီးရင်တော့ သွေးတွေတက်လို့ အိပ်နေရုံပဲ။ :D )ငါးပိတစ်ချက်ရယ်၊ သခွားသီးအတို့ရယ်၊ ဝက်သားနဲ့ခရမ်းသီးအရောချက်ရယ်၊ ပဲဟင်းရယ် (ပထမရက်က ဟင်းပါ)ငါးပိတစ်ချက်မုန်လာဥ ချဉ်ဟင်းထမင်းမစားခင် အားနေတာနဲ့ ပုံစံခွက်ထဲ ထည့်ပြီး ပုံဖော်ထားတယ်။ ဟဲဟဲ.........ငါးပိတစ်ချက်အတွက် လိုအပ်သောအရာငါးပိတစ်ခြောက် (shing song ကနေ ဝယ်လာတာပါ။ ငမန်း ငါးခြောက်လို့ ရေးထားပါတယ်။အသားတွေကြီးပဲ တုံးထားတာပါ။ စားလို့ကောင်းတယ်။)ခရမ်းချဉ်သီး ကြီးကြီး ၇ လုံးကြက်သွန်ဖြူ ၁ ဥငါးပိစိမ်း လက်တစ်ဆစ်ငရုတ်သီးစိမ်း (မိမိလိုသလောက်ထည့်ပါ)ဗမာ နံနံငါးပိတစ်ချက် ချက်ပုံအရင်ဆုံး ငါးပိတစ်ချက်ကို ၁ နာရီလောက် ရေစိမ်ထားပေးပါ။ အငန်တွေထွက်သွားအောင်လို့ပါ။ ပြီး ခရမ်းချဉ်သီးကို မထူ မပါး လှီးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ငရုတ်သီးစိမ်း နဲ့ နံနံပင် ကိုလည်း လှီးထားပါ။ ငါးပိတစ်ချက်မယ့် အိုးတည်ပါတော့မယ်။ ဆီ နည်းနည်ထည့်ပါ။ ဆီကျက်ရင် ခရမ်းချဉ်သီးထည့်၊ ကြက်သွန်ဖြူထည့်၊ ငါးပိထည့်၊ ငရုတ်သီး အရောင်တင်မှုန့်ထည့်၊ ဆနွင်းမှုန့်ထည့်၊ အချိုမှုန့်ထည့်ပြီး ခရမ်းချဉ်သီး အိသွားအောင်အထိ ချက်ပေးပါ။ ခရမ်းချဉ်သီးလည်း ဗွက်ဗွက် ၊ ဗွက်ဗွက်ဆိုပြီး အသံတွေ ကြားရင် မွှေမယ့် ဇွန်းနဲ့ ခရမ်းချဉ်သီးများ ကြေသွားအောင် မွှေပေးပါ။ ပြီး ဆီပြန်လာရင် ရေစိမ်ထားတဲ့ ငါးပိတစ်ကို ထည့်ပေးပါ။ ပြီး ရေနွေး လက်တစ်ဆစ်လောက် ငါးပိတစ်မြုပ်အောင် ထည့်ပါ။ ပြီး ဆီပြန်လာအောင်ထားပါ။ ဆီပြန်လာရင် ငရုတ်သီးစိမ်းထည့်၊ နံနံပင်ထည့်ခဏထားပြီး မီးဖိုပေါ်ကနေ ချလို့ ရပါပြီနော်။ ထမင်းမြိန်စေမယ့် ငါးပိတစ်ဟင်းတစ်ခွက် ရပါပြီ။ကျန်းမာ ချမ်းသာကြပါစေ။
6
အမေ့အိမ်ပြန်တုံး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုအလွမ်းပြေ ကြည့်ရင်း ပဲမြစ်ပြုတ်ကိုပါ ဓာတ်ပုံရိုက်ထားတာ တွေ့တာနဲ့ စားချင်စိတ်ဖြစ်လာတယ်။ ဟင်းအသစ်လဲ မတင်ဖြစ်တာ ကြာနေပြီ။ ဟင်းအသစ်လဲ ချက်နည်းတွေနဲ့ ဘာနဲ့ ညာနဲ့ အရှည်ကြီးရေးရမှာ ပျင်းတင်းတင်းမို့ တိုတို တုပ်တုပ်ဖြစ်မယ့် ပဲမြစ်ပြုတ် ငုပ်တိုတွေကို တင်လိုက်ပါတယ်နော်။ ပဲမြစ်ပြုတ်နည်းတော့ မရေးလိုက်တော့ဘူးနော်။ ဒီနေ့တော ပဲမြစ်ပြုတ်လေးပဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ပဲမြစ်ပြုတ်ရယ်၊ ဆီနဲ့ဆားနဲ့ပန်းကန်ရယ်၊ ရေနွေးကြမ်းရယ် (ပဲမြစ်ပြုတ် ငုပ်တိုတွေက စီးသလားတော့ မမေးနဲ့နော်။ မန်ကျည်းတော ပဲမြစ်စစ်စစ် :D)စားချင်စိတ်တွေ တစ်ဖွားဖွားဖြစ်လာအောင် အနီးကပ်ကြီးတော်က ဘေးကနေပြီး စတင်ထုနေပါပြီ။ ထုထားတာကို ဘေးကနေ အသာလေး ဝင်စားလိုက်ရုံပါပဲ။ဟဲဟဲ ......ပဲမြစ်ပြုတ် ဆီလူး (သို့) ဆီပါလေရုံပွတ်ညကြတော့ လေလဲပွားရင်း လက်ကျန်ပဲမြစ်ပြုတ် ငုပ်တိုရယ်၊ ပူတင်းရယ်၊ ကျောက်ကျောရယ်၊ မုန့်လင်မယား(သို့) မုန့်မောင်နှမရယ် ထပ်မှန်ပြီး စားကြတယ်။မုန့်လင်မယား (သို့) မုန့်မောင်နှမ အနီးကပ်ကျန်းမာ ချမ်းသာကြပါစေ။
7
ဒီနေ့လည်း အမေ့အိမ်မှာစားခဲ့တဲ့ ကြက်အုံး (ခေါ်) ကြက်ပေါင်းထုပ်၊ ငါးအုံး (ခေါ်) ငါးပေါင်းထုပ်၊ ပုဇွန်အုံး (ခေါ်) ပုဇွန်ပေါင်းထုပ် စတဲ့ အအုံးပေါင်းစုံ (ခေါ်) အပေါင်းထုပ် အစုံစုံ တင်လိုက်ပါတယ်နော်။ လာလည်တဲ့သူတွေတော့သိဘူး ကျွန်မတော့ ကိုယ်တင်တဲ့ ဓာတ်ပုံတွေပြန်ကြည့်ပြီး ပြန်စားချင်တယ်။ အမေ့အိမ် မပြန်ခင်တော့ ဒါလေးစားမယ်၊ ဟိုဟာလေးလည်းစားမယ် ဆိုပြီး စားမယ့်စားရင်းတွေကို မှတ်ထားတယ်။ တကယ်လည် ပြန်ရောက်ရော ထင်ထားသလောက် အကုန်မစားနိုင်ဘူး။ အချိန်တွေ အများကြီး မရတာလည်း ပါတာပေါ့လေ။ ဒီလည်းပြန်ရောက်ရော ဒီဟာတော့ ငါမစားခဲ့ရဘူး၊ ဟိုဟာတော့ ငါမစားခဲ့ရဘူးပေါ့။ ဒါတောင် အချိန်ရှိသမျှ စားနေတာ လူလည်း လုံးတုပ်ပြီး ပါသွားတဲ့အကျင်္ ီ၊ ဘောင်းဘီတွေတောင် ချက်ချင်း လက်ငင်း ကြပ်သွားတဲ့အထိပဲ။(တကယ်ပါ လုံးဝ လုံးဝ မပို မပြောပါဘူး။) ဟဲဟဲ။ ဒါတောင် ဒီတစ်ခေါက် ဝက်သားစတူးတောင် သိပ်မစားခဲ့ဘူး။ ငါးတွေကြီးပဲ လိမ့်ပိန့် စားခဲ့တယ်။ ငါးကျည်းကြော်၊ ငါးသလဲတိုးကြော်၊ ငါးမွေတိုးကြော်၊ ငါးဖယ်ကြော်၊ ငါးဖယ်ချက်၊ ငါးသလောက်ချက်၊ ငါးရံ့ချက်၊ ငါးရံ့ခြောက် ဆီဆမ်း၊ အာဗြဲခြောက် ဆီဆမ်း၊ ငါးကြင်း ကချင်ချက်၊ ငါးကြင်း ကချင်ကြော်၊ ငါးကြင်းအုံး (ခေါ်) ငါးကြင်း ပေါင်းထုပ်၊ ငါးရံ့ခေါင်း ချည်ဟင်းချက်၊ ငါးခေါင်းဟင်းရည် (ငါးတန်ခေါင်း)၊ ငါးလေး ပေါက်စ ဖြူဖြူ ချည်ဟင်းချက် (အဲဒီ ငါးနာမည် မသိ) အဲဒါတွေ စားခဲ့တယ်။ အဟီး...... ။သြော် စားခဲ့တဲ့ ငါးတွေအကြောင်း ကြွားနေ၊ ဟဲဟုတ်ပေါင် ပြောနေတာနဲ့ ပေါင်းထုပ်အကြောင်းတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အမေ့အိမ်မှာက ဆီပြန်ဟင်းတွေ ချက်စားတာထက် ဒီလို အုံးမယ်၊ ပေါင်းမယ်၊ ကြော်မယ်၊ လှော်မယ်၊ ထောင်းမယ် အဲတာတွေ လုပ်စားတာများတယ်။ အဲဒီနေ့ကလည်း အမေ့ဘေးနားက တောက်တို မယ်ရလုပ်ပေးပြီး အပေါင်းရတာနဲ့ တို့အမေရဲ့ ဟင်းပေါင်းထုပ် အရသာ အနေတော်မှ ဟုတ်ရဲ့လားဆိုပြီး တစ်ထုပ်ပြီး တစ်ထုပ် ပလက်စတစ်နှီးကြိုး ဖြေပြီး ရေနွေးကြမ်းလေး နဲ့ စားတော့တာပါပဲ။ အင်း ............. အမေရေ .......... ကြက်ပေါင်းထုပ်ကတော့ ပုံမှန်ပါပဲ။ အလှည့် .......... အဲလို အဲလို။ ငါးပေါင်းထုပ် နဲ့ ပုဇွန်ပေါင်းထုပ်ကတော့ ရှယ်ပဲ အမေ ဆိုပြီး တစ်ခါတည်းစားလိုက်တာ သုံးထုပ်စလုံး ပြောင်းသွားပါလေရောလား။ ဒါနဲ့ နေ့လည်စာ ထမင်းစားတဲ့အခါမှ စားတော့မယ်ဆိုပြီး အောက်မေးရိုးကို ခဏအနားပေးလိုက်ရပါတော့တယ်။ နောက်နေ့များမှာလည်း အမေ့အိမ်က စားခဲ့သမျှ တင်ပါအုံးမယ်နော်။ ဒီနေ့တော့ ကြက်အုံး၊ ငါးအုံး၊ ပုဇွန်အုံးတွေကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ပေါင်းအိုးထဲက အထုပ်များ (ကြက်၊ငါး၊ပုဇွန်)ရေသတ္တဝါ နှစ်ကောင်ကို ပလက်စတစ် နှီးကြိုးအပြာရောင် ၊ နှီးကြိုးအနီရောင်နဲ့ ခွဲထားတယ်။ အပြာရောင်နှီးကြိုးက ငါး၊ အနီရောင်နှီးကြိုးက ပုဇွန်၊ ဘာနှီးကြိုးမှ မချေထားတာက ကြက်သားပါ။ မိမိ စားချင်တဲ့အထုပ် ယူစားသွားပါ။ကြက်အုံး (ခေါ်) ကြက်ပေါင်းထုပ်ငါးအုံး (ခေါ်) ငါးပေါင်းထုပ်ပုဇွန်အုံး (ခေါ်) ပုဇွန်ပေါင်းထုပ်ဒါတော့ ထမင်းစားတဲ့အခါ သုံးမျိူးစလုံးပေါင်းထည့်လိုက်တယ်။ဖက်ဖယ်ရွက် (ဒီမှာတော့ laksa leave ဆိုပြီးရောင်းတယ်။ ယိုးဒယားပလာဇာ ဂိုးဒင်းမိုင်း ဆိုင်တွေမှာလဲ ဝယ်လို့ ရပါတယ်။)ဒီလင္႔မှာလဲ ကျွန်မသိသော အရွက် အမွှေးအကြိုင်များကို ပုံနှင့်တကွတင်ဖူးပါတယ်။ရှမ်းနံနံပင်စိမ်းရွက်အအုံး ၊ အပေါင်း လုပ်နည်းအတွက် လိုအပ်သောအရာကြက်သား ၅၀ ကျပ်သား(ရင်ဖုံသား) (ကျွန်မတော့ ကြက်သားဆို အရိုးပိုကြိုက်ပါသည်။)ငါးကြင်း ၅၀ ကျပ်သားပုဇွန် ၅၀ ကျပ်သားၾကက္သြန္နီ ဥႀကီး အလုံး ၂၀ကြက်သွန်ဖြူ ၁၀ ဥရှမ်းနံနံ ၃ စည်း (အစည်းကြီးကြီး)ဗမာနံနံ ၃ စည်း (အစည်းကြီးကြီး)ပင်စိမ်း ၃ စည်း (အစည်းကြီးကြီး)ဖက်ဖယ် ၃ စည်း (အစည်းကြီးကြီး)ငရုတ်သီး (မိမိ စိတ်ကြိုက် ထည့်ပါ။)ဂျင်း တစ်တက်ဆီ အနည်းငယ်ငှက်ပျောဖက်ျပဳလုပ္ပုံကြက်ကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးတုံးထားပါ။ ငါးကြင်းကိုလည်း ငါးနံ့မနံရလေအောင် မန်ကျည်းမှည့်ရည်နဲ့ ရေစင်စင်ဆေး ပြီးခပ်သေးသေးတုံးထားပါ။ ပုဇွန်ကိုလည်း ရေစင်စင်ဆေးပြီး အခွံချွတ်ထားပါ။ ကြက်သားကိုလည်း ဇလုံ တစ်ခုတည်းထည့်ပြီး ဆား အချိုနယ်ထားပါ။ ငါးကိုလည်း ဇလုံ တစ်ခုတည်းထည့်ပြီး ဆား အချိုနယ်ထားပါ။ ပုဇွန်ကိုလည် ဇလုံ တစ်ခုတည်းထည့်ပြီး ဆား အချိုနယ်ထားပါ။ ပြီး အအုံး အပေါင်းထဲ ထည့်ဖို့ အစာပလာ လုပ်ပါတော့မယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ရှမ်းနံနံ၊ ဗမာနံနံ၊ ပင်စိမ်း၊ ဖက်ဖယ်၊ ငရုတ်သီးစိမ်း တို့ကို လက်လှည့် ကြိတ်ဆုံနဲ့ ကြိတ်ပါတယ်။ မဟုတ်လဲ ထောင်းလို့ရပါတယ်နော်။ ပြီး ကျိတ်ထားတဲ့ အစာပလာ အားလုံးကို ဇလုံတစ်ခုထဲထည့်ပါ။ ပြီးဆား၊ အချိုမှုန့်၊ ဆီအနည်းငယ်ထည့်ပြီး နယ်ပေးပါ။ (တစ်ချို့ကလည်း အစာပလာထဲမှာ ဆန်စိမ်းမှုန့်ထည့်တတ်ပါတယ်။ မှုန့်နှစ်လေးနဲ့ ခပ်ထွေးထွေးလေး စားချင်ရင်တော့ ဆန်စိမ်းမှုန့်ပါ ထည့်ပြီး နယ်ပေးပါ။ အိမ်မှာတော့ မထည့်တတ်ပါဘူး။ ဒီအစာပလာတွေပဲ ထည့်ပါတယ်။) လက်ညိုးလေးနဲ့တို့ပြီး ဆား ပြား အနေတော် မြည်းကြည့်ပါ။ ငရုတ်သီးစိမ်းတော့ များများထည့်ကြိတ်လိုက်တယ်။ အအုံး(ခေါ်) အပေါင်းထုပ်ဟင်းက ခပ်စပ်စပ်လေးမှ အရသာအလွန်ရှိပါတယ်။ အစပ်ကလည်း ကျွန်မအကြိုက်ထည့်လိုက်ပါတယ်။ ဆား ပြား အနေတော် ဖြစ်ပြီဆိုရင် သုံးပုံခွဲပြီး ကြက်သားဇလုံ၊ ငါးဇလုံ၊ ပုဇွန် ဇလုံထဲသို့ အစာပလာထည့်ပြီး အသားနဲ့ အစာပလာ ရောသမသွားအောင် နယ်ပေးပါ။ ပြီးရင် ငှက်ပျောဖက်ထဲသို့ အနေတော်ထည့်ပြီး ထုပ်ပါ။ ပြီး နှီးချည်ပါ။ ပြီး ပေါင်းမယ့်အိုးထဲသို့ တန်းစီးပြီး စီစီရီရီ ထည့်ပြီး စတင်ပေါင်းနိုင်ပါပြီနော်။ နောက် တစ်နာရီလောက်ဆိုရင် ဟင်းပေါင်းထုပ် အနံ့လေး လည်း စတင်ရပါပြီနော်။ ငါးမှာ အနွေး၊ ပုဇွန်မှာ အကွေးဆိုတဲ့ ဆိုရိုးစကားရှိတယ်မဟုတ်လား။ ဒီတော့ ငါးနဲ့ပုဇွန်က အရင် ကျတ်တာပါတယ်။ ဒါဆိုရင်တော့ အအုံး (ခေါ်) အပေါင်းထုပ်ဟင်း ရပါပြီနော်။ကျန်းမာ ချမ်းသာကြပါစေ။
8
ဒီကိုပြန်လာတော့ အမေ့အိမ်ကနေ စားစရာတွေအများကြီး ထည့်ပေးလိုက်တယ်။ အဲဒီထဲမှာ ငပူသီးလဲ ပါတယ်။ ငပူသီးက ခရမ်းချဉ်သီး လိုပုံစံ၊ သိပ်တော့မကြီးဘူး ခပ်သေးသေး၊ အရောင်က ဝါစိမ်းစိမ်းအရောင်ပါ။ ရန်ကုန်အခေါ် စိန်ခရမ်းချဉ်သီး ခေါ်လားတော့မသိဘူး။ သူ့ရဲ့ အရသာက ဗမာ ခရမ်းချဉ်သီးထက် ပိုပြီးချဉ်ပါတယ်။ အိမ်မှာတော့ ငပူသီးကို ထောင်းပဲစားတယ်။ ကျန်တာ ဘယ်လို လုပ်စားလို့ ရသေးလဲတော့ မပြောတတ်ဘူး။ ဟင်းချိုဟင်းရည်၊ ပဲဟင်းရည် စတဲ့ ဟင်းရည်တွေနဲ့ အလွန်လိုက်ဖက်လှပါတယ်။ ဒီနေ့လဲ ဆီမပါတဲ့ ငပူသီးထောင်းကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ငပူးသီးထောင်း၊ အမဲခြောက်ကြော်၊ ပဲနီလေးနဲ့ကြာဇံဟင်းရည်ငပူသီးထောင်း (ဒါက အမေ့အိမ်မှာတုံးက စားခဲ့တဲ့ ငပူသီးထောင်းပါ။)ငပူသီးထောင်း (ဒါက ကျွန်မထောင်းတဲ့ ငပူသီးထောင်းပါ။)ငပူသီးကို အညှာဖြတ်၊ လေးခြမ်းစိတ်ပြီး ရေနည်းနည်းနဲ့ ခမ်းအောင် ပြုတ်လိုက်ပါတယ်။ (မီးသွေးမီးနဲ့ဆို ဖုတ်လို့၊ကင်လို့ လဲရပါတယ်နော်။)ငပူသီးထောင်းအတွက် လိုအပ်သောအရာငပူသီး ၁၀ လုံးကြက်သွန်ဖြူ ၁ ဥပုဇွန်ခြောက် အနည်းငယ် (ရှင်းရှင်းလင်းလင်း စားချင်ရင်တော့ ပုဇွန်ခြောက်မထည့်လဲ ရပါတယ်နော်။)ငရုတ်သီး ၁၀ တောင့်ဆား အနည်းငယ်အချိုမှုန့် အနည်းငယ်ငပူသီးထောင်းပုံပထမဦးဆုံး ငပူသီးကို အညှာဖြတ်၊ လေးခြမ်းစိတ် ရေဆေးလိုက်တယ်။ ပြီး ငပူသီးပြုတ်ပါတော့မယ်။ ပြုတ်မယ့်အိုးထဲသို့ ရေနည်းနည်းထည့်၊ ငပူသီးထည့်ပြီး ရေခမ်းနေအောင် ပြုတ်ပေးပါ။ ငပူသီးပြုတ် ရပြီဆိုရင်တော့ ထောင်းပါတော့မယ်။ ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူထည့်၊ ငရုတ်သီးစိမ်းထည့်၊ ပုဇွန်ခြောက်ထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့် ပြီး အရင်ထောင်းလိုက်ပါ။ အားလုံး ညှက်သွားရင် ငပူသီးပြုတ်ကို ထည့်ပြီးထောင်းပါ။ ဆားလေး ပြားလေးမြည်းကြည့်ပါ။ ဆား ပြား အနေတော်ဖြစ်ရင်တော့ ခံတွင်းတွေ့စေမယ့် ငပူသီးထောင်း ရပါပြီနော်။ကျန်းမာ ချမ်းသာကြပါစေ။
9
ဒီနေ့တော့ ဆီမပါ ပြားမပါတဲ့ နှင်းမှိုပေါင်းဟင်း တင်လိုက်ပါတယ်နော်။ အမေ့အိမ်ပြန်တာ ဆောင်းတွင်းအချိန်ဆိုတော့ အသီးအရွက်တွေ၊ နှင်းမှိုတွေ၊ မုန့်ညှင်းတွေ ပေါတဲ့အချိန်ပေါ့။ မှိုကပ်ပေါင်း၊ နှင်းမှိုပေါင်း၊ မုန့်ညှင်းပေါင်းတွေ ကြိုက်တဲ့ ကျွန်မအတွက်တော့ အလွန်အင်မတန် ကောင်းလှပါတယ်။ ခုလဲ အမေက သမီးရေ....... ဒီနေ့ နှင်းမှိုပေါင်းစားမလားဟေ့ မေးတယ်။ ဒီတော့ မိုးကောင်းသူလဲ အောက်မေးရိုးလေး လုပ်ပြီး ဟုတ်ခဲ့အမေ အရည် ရွဲရွဲ နှစ်နှစ်လေးနဲ့ စားချင်တယ်လို့ အတွန့်တွေရော၊ အနားတွေရောပါတက်ပြီး ပြန်ဖြေလိုက်တယ်။ ဟဲဟဲ........။ ဒီနေ့တော့ နှင်းမှိုပေါင်းဟင်းကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။နှင်းမှိုပေါင်းကို ရရချင်း ရေနွေးကြမ်းနဲ့ မြည်းလိုက်တယ်။ အလိုလေး ရှမ်းနံနံ အနံ့လေးကလဲမွှေးလို့။ ငရုတ်သီး စပ်စပ်လေးနဲ့မို့ ကောင်းမှကောင်း။ အခုတောင် ပြန်စားချင်တယ်။ပိုပြီး သွားရည်ကြအောင် အနီးကပ် ရိုက်လိုက်တယ်။ :Dအနှစ်များများနဲ့မို့လို့ ပေါင်းအိုးမှာ ဒီလို ပေါင်းလိုက်ပါတယ်။ အနှစ်မများရင် ငှက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းလဲ ရပါတယ်နော်။ ငှက်ပျောဖတ်နံ့တောင် ပိုမွေးသေးတယ်။အမေ လက်အိတ်စွတ်ပြီး ဆား ပြား အရသာဝင်အောင် ပယ်ပယ်နယ်နယ် နယ်နေပါပြီ။နှင်းမှိုရယ်၊ ကြက်သွန်ဖြူ နီ ထောင်းရယ်၊ ငရုတ်သီးထောင်းရယ်၊ ဆန်လှော်မှုန့်ရယ်၊ ရှမ်းနံနံရယ်၊ ဆားရယ်၊ အချိုရယ် စတာတွေ ထည့်ပါတယ်။နှင်းမှိုနှင်းမှိုပေါင်း အတွက်လိုအပ်သောအရာနှင်းမှို ၁ ပိသာၾကက္သြန္နီ ဥႀကီး ၇ လုံးကြက်သွန်ဖြူ ၃ ဥငရုတ်သီးစိမ်း မိမိစိတ်ကြိုက်ထည့်ပါရှမ်းနံနံ ၂ စည်းဆန်လှော်မှုန့် မွှေး တံဆိပ် ၂ ထုပ် (အနှစ်မများချင်ရင်တော့ ၁ ထုပ်လောက်ထည့်လဲ ရပါတယ်နော်)ဆားအချိုမှုန့်ျပဳလုပ္ပုံပထမဦးစွာ နှင်းမှိုကို သဲစင်အောင် အမြီးတွေကို ကတ်ကြေးနဲ့ သေသေချာချာ ဖြတ်ပါ။ ပြီး ရေစင်ကြယ်အောင်ဆေးပါ။ ပြီး မှိုပွင့်ကြီးလျှင် နှစ်ခြမ်းစီ ခွဲပြီး ရေစစ်ထားလိုက်ပါ။ ပြီး ကြက်သွန်ဖြူ နီ၊ ငရုတ်သီးစိမ်းတို့ကို ထောင်းထား၊ ကြိတ်ထားပါ။ ပြီး ရှမ်းနံနံကို ရေဆေးပြီး လက်တစ်ဆစ်စာ အနေတော်လောက် လှီးထား၊ ဖြတ်ထားပါ။မဟုတ်လဲ မိမိစိတ်ကြိုက် လှီး၊ ဖြတ်နိုင်ပါတယ်နော်။ အဆင်သင့်ဖြစ်ရင် ဇလုံကြီးကြီးတစ်ခုထဲသို့ အားလုံးထည့်ပြီး နယ်ပါတော့မယ်။ ဆား၊ အချိုမှုန့်၊ ဆန်လှော်မှုန့်တို့ကိုပါ တစ်ခါတည်း ထည့်ပြီး နယ်ပါ။ ပြီး စတီးဇလုံ(သို့)ကြွေဇလုံ ထဲ နယ်ထားတဲ့မှိုကို ထည့်ပြီး ပေါင်းချောင်ထဲ ထည့်ပြီး စတင်ပေါင်းနိုင်ပါပြီနော်။ ပေါင်းအိုးထဲ ရေထည့်ဖို့လဲ မမေ့နဲ့အုံးနော်။ နာရီဝက်လောက်ဆိုရင်တော့ အနံ့လေး စတင်ရလာပါပြီနော်။ ကျွန်မတော့ အနံ့ရလာတာနဲ့ အရသာ အနေတော်ဟုတ်မဟုတ် အဖုံးလေး ဖွင့်လိုက် မြည်းလိုက်၊ အဖုံးလေး ပြန်ပိတ်လိုက်နဲ့ စတင်အလုပ်ရှုပ်နေပါပြီ။ နှင်းမှိုလေးလဲ နူးအိသွားရင်တော့ စတင် နှင်းမှိုပေါင်း ရပါပြီနော်။ ရှမ်းနံနံအနံ့မွှေးမွှေး နဲ့ ငရုတ်သီးစပ်စပ်လေးနဲ့မို့ အလွန်ကို စားကောင်းလှတဲ့ နှင်းမှိုပေါင်း ဟင်းတစ်ခွက်ရပါပြီ။ကျန်းမာ ချမ်းသာကြပါစေ။
10
မိုးကောင်းသူတို့ အမေ့အိမ်ကို ပြန်တုံး စားချင်တာလေးတွေ မှတ်သွားပြီး လုပ်ခိုင်းပြီး စားခဲ့တယ်။ ဒီနေ့ မနက်စာကို ဘာစားမယ်၊ ညာစားမယ်ဆိုပြီး ရှိသမျှ ပါဝါအပြည့်သုံးပြီး စားခဲ့တယ်။ ပါဝါမသုံးလဲ စားစေချင်လွန်းလို့ လုပ်ပေးတယ်။ ငါ့သမီးလေး အစားအသောက် ဆင်းရဲရှာမှာပဲဆိုပြီး မိုးလင်းကတည်းက မျက်စိနှစ်လုံးဖွင့်ပြီ ဆိုတာနဲ့ မနားတမ်း တစ်ခုပြီး တစ်ခု ကျွေးတော့တာပဲ။ အစားနဲ့ပါးစပ်နဲ့လက်နဲ့ကို မပြတ်စေရဘူး။ ကိုယ့်က အောက်မေးရိုးလေး အသာလေး လုပ်ပြီးစားရုံပဲ။ ဟဲဟဲ...........။ မိုးကောင်းသူတို့ ဇိမ်ကြနေတာ။ အမေရေ ခေါပုတ်ကြော်စားချင်တယ်ပြောတော့လဲ ခေါပုတ်ကြော်ပေးတယ်။ ကိုယ်က ဘေးကနေ တောက်တို လုပ်ပေးရုံပဲ။ မိုးကောင်းသူတို့က ခေါပုတ်ကြော် (သို့) ခေါပုတ်ကင်ကို ခရမ်းချဉ်သီး ပန်ထရွေဖျော်နဲ့တို့ စားရတာ အကြိုက်ဆုံးပဲ။ ဒုတိယ ဆီတိုပူးနဲ့တို့စား ရတာပေါ့။ ကိုယ်တော်ကြီးက ပဲပြုတ်လေးနဲ့မှ ဆိုလို ပဲပြုတ်လေးလဲ ပါသေးတယ်။ ကဲ ......... ဒီနေ့တော့ ခေါပုတ်ကြော်ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။္ခေါပုတ်ကြော်၊ ခရမ်းချဉ်သီး ပန်ထရွေဖျော်၊ ဆီတိုပူး၊ ပဲပြုတ် ဆီဆမ်း၊ ရေနွေးကြမ်းဒါက မိုးကုတ် ခေါပုတ်ပါ။ မိုးကုတ်က အစ်မတော်ကြီးရဲ့သူငယ်ချင်းက လက်ဆောင်ပေးလို့။ စားလို့အရမ်းကောင်းတယ်။ခေါပုတ်ကြော်ဆီတိုပူး ဆီဆမ်းခရမ်းချဉ်သီး ပန်ထရွေဖျော် စပ်စပ်လေးပဲပြုတ် ဆီဆမ်းခရမ်းချဉ်သီးက ဗမာခရမ်းချဉ်သီးနဲ့ဖျော်တာပါ။ (ခရမ်းချဉ်သီးကို မီးမဖုတ်ဘဲ ပြုတ်လိုက်တယ်။ ငရုတ်သီး နဲ့ ကြက်သွန်ဖြူပဲ တစ်ခါတည်း ထည့်ပြုတ်လိုက်ပါတယ်။)မိုးကုတ် ခေါပုတ်ပါ။ခေါပုတ် လုပ်ရန်အတွက်လိုအပ်သောအရာကောက်ညှင်းဆန် ၃ ဗူး (အဖြူ၊ အမည်း မိမိကြိုက်နှစ်သက်ရာ လုပ်စားနိုင်ပါတယ်။)ဆီနှမ်းလှော် (ထောင်းထားပါ)ဆားခေါပုတ်လုပ်နည်းပထမဆုံး ကောက်ညှင်းဆန်ကို ရေစင်စင်ဆေးပါ။ ပြီး ထမင်းအိုး ပေါင်းချောင်(သို့)အန် နဲ့ပေါင်းပေးပါ။ ကောက်ညှင်းကျက်ပြီဆိုရင် ငရုပ်ဆုံထဲသို့ထည့်ထောင်းပါမယ်။(ငရုတ်ဆုံ မရှိသူများလဲ ကြွတ်ကြွတ်အိတ်သန့်သန့်(သို့) ပလက်စတစ်အိတ်သန့်သန့်ထဲ ကောက်ညှင်းဆန် ထည့်ပြီး ထောင်းနိုင်၊ ထုနိုင်ပါတယ်နော်။)ငရုတ်ဆုံမကပ်စေရန် အရင်ဆုံး ဆီနည်းနည်း သုတ်ပေး(သို့)ပွတ်ပေးလိုက်ပါ။ ပြီး ဆားနည်းနည်ထည့်၊ ထောင်းထားတဲ့ နှမ်းလှော်နည်းနည်းထည့်၊ ကောက်ညှင်းဆန်ထည့်ပြီး ထောင်းပေးပါ။ ဆန်လုံးပျောက်သွားသည်အထိထောင်းပေးပါနော်။ ပြီး ခေါပုတ်ကို ပြားပါတော့မယ်။ လက်ကို အရင်ဆုံး ဆီနည်းနည်းနဲ့ ပွတ်လိုက်ပါ။ ပြီးမိမိလိုချင်သော ခေါပုတ် အပြား အကြီး အသေး ကို ပြားနိုင်ပါပြီ။ ပြီး ဆီသုတ်ထားတဲ့ လင်ပန်းထဲသို့ထည့်ပြီး ခဏအေးသွားအောင်အထိထားလိုက်ရင်ပဲ ခေါပုတ်ရပါပြီ။ တစ်ချို့လဲ ထောင်းထောင်းပြီးချင်း ခေါပုတ်ကိုလုံး၊ ပြီး နှမ်းလှော်ထောင်းနဲ့ စားပါတယ်။ ပူပူလေးနဲ့ကောင်းမှကောင်းပါ။ကျန်းမာ ချမ်းသာကြပါစေ။
11
မိုးကောင်းသူလေးလဲ အမေ့အိမ်ပြန်ပြီး ဟင်းအသစ်မတင်ဖြစ်ဘူး။ ပျင်းပျင်းနဲ့ နေပစေအုံးဆိုပြီး ထမင်းအိုးကို ဒီအတိုင်း ပစ်ထားလိုက်တယ်။ ဒီနေ့မှ စိတ်ကူးပေါက်ပေါက်နဲ့ အမေ့အိမ်က စားခဲ့တဲ့ဟင်းလေး တင်အုံးမှဆိုပြီး ဘလော့ဝင်လိုက်ပါတယ်။ မိုးကောင်းသူရဲ့ ထမင်းအိုး မှိုတက်နေရုံတင်မကဘဲ ၀ဲစားနေပါတယ်ဆိုပြီး စာတန်းတွေ့ရပါတယ်။ မိုးကောင်းသူတို့များ ကိုယ့်ထမင်းအိုး ၀ဲစား၊ ၀ဲကိုက် နေမှန်းမသိဘူး။ ဒီတော့မှ ဟိုဘလော့လဲ ၀ဲကိုက်တယ် ဒီဘလော့လဲ ၀ဲကိုက်တယ်နဲ့ ဟိုးလေးတစ်ကြော်ကြော်ဖြစ်နေတယ်။ မိုးကောင်းသူ အဖြစ်ကလဲ ဂလို ဂလို။ ဒါနဲ့ ဒီဝဲတော့ရှင်းအုံးမှ ဆိုပြီး ၀ဲရှင်းလင်းရေးစခန်း လုပ်ရပါတော့တယ်။ ၀ဲရှင်းလေးရေးလုပ်တာ အတော်လေးကြာသွားတယ်။ ဒီနေ့ ဟင်းတော့ အသစ်မတင်နိုင်တော့ဘူးကွယ်။ ပိတ်ရက်မှ အမေ့အိမ်က စားခဲ့သမျှဟင်းအသစ် တင်ပါတော့မယ်။ကျန်းမာ ချမ်းသာကြပါစေ။
12
ဒီနေ့ တစ်ကိုယ်လုံး ညောင်းပြီး ဖျားချင်သလိုလိုဖြစ်နေတယ်။ ဒါနဲ့ ချွေးလေး ဘာလေးထွက်သွားအောင် ရှူးရှူးရှဲရှဲဖြစ်မယ့် သရက်သီးသုပ်စားမယ်ဆိုပြီး သရက်သီးကို ခြစ်လိုက်တယ်။ ခြစ်နေရင်း မြည်းကြည့်လိုက်တော့ ချိုနေတာနဲ့ ဆက်မခြစ်တော့ဘဲ ရပ်လိုက်တယ်။ ခြစ်ထားတဲ့ တစ်ဝက်ကို ငရုတ်သီး ခွဲခြမ်းနဲ့ သံပရာရည်ပါထည့်ပြီး သုပ်လိုက်တယ်။ ကျန်တာကို အမြှောင်းရှည်ရှည် လှီးလိုက်တယ်။ လျောင်းရှားသီးလို့ ရေးလား စောင်းရှားသီးရေးလားမသိ ဘယ်လိုစာလုံးပေါင်းလဲ မသိ။ အဲဒါကိုပါ လှီးလိုက်တယ်။ ငရုတ်သီး ခွဲခြမ်းဖတ်နဲ့ ငံပြာရည်နဲ့ အချိုမှုန့်လေးထည့်ပြီး ငံပြာရည် ဖျော်လုပ်လိုက်တယ်။ ချို ချဉ် စပ် အချဉ်ပေါင်းလေး အားမနာတမ်း သုံးဆောင်သွားပါအုံးလား။သရက်သီး ငပျင်းသုပ်ရယ်၊ သရက်သီး အမြှောင်းလိုက်ရယ်၊ စောင်းရှားသီးရယ်၊ ငံပြာရည်ရယ် တို့ပြီးတာ စားသွားနော်။စားနေရင်း လမ်းတစ်ဝက်ရောက်မှ ပိုးကောင်ကြော် ရောက်လာတယ်။ပြောနေရင်း သိပ်တောင် မကျန်တော့ဘူး။ အချဉ်လေး စားလိုက်၊ ပိုးကောင်ကြော်အဆိမ့်လေး စားလိုက်နဲ့ အလုပ်ဖြစ်နေတာပဲ။ :Dကဲ နောက်ဆုံးမှာတော့ ဒါပဲ ကျန်တော့တယ်။ ခဏနေမှ ထပ်စားတော့မယ်။ သွားတွေလဲ ကျိန်းသွားပြီကွယ်။ :Dကျန်းမာ ချမ်းသာကြပါစေ။
13
ပျော်ပွဲစား စားချင်လို့ပါရှင့်၊ ပျော်ပွဲစား စားချင်လို့ပါခင်ဗျ။ မန္တလေးမှာနေတုန်းက တန်ဆောင်တိုင် လပြည့်နေ့ဆို ပျော်ပွဲစား စားချင်လို့ပါရှင့်၊ ပျော်ပွဲစား စားချင်လို့ပါ ခင်ဗျ ကလေးတွေ ပိုက်ဆံ လာတောင်းကြတယ်။ လူလတ်ပိုင်းတွေလဲ အုပ်စုလိုက် စုပြီး အိုးစည် ဒိုးပတ်တွေ၊ အရုပ်တွေ လာကပြီး ပိုက်ဆံတောင်းကြတယ်။ ညနေပိုင်းတော့ ရတဲ့ ပိုက်ဆံနဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆန်ပြုတ် အဲဒါတွေ ပြန်လုပ်ပြီး စတုဒီသာ ပြန်ကျွေးကြတယ်။ တစ်ချို့တတ်နိုင်တဲ့အိမ်များတော့လဲ ကြာဇံကြော်၊ မုန့်ဟင်းခါး၊ ထမင်း အဲဒါတွေ ကျွေးကြတယ်။ ပျော်စရာကြီး။ ဒီနေ့ တန်ဆောင်တိုင် လပြည့်နေ့မို့ ဆေးပေါင်းခအောင် မယ်ဇလီဖူးသုပ် လုပ်စားလိုက်ပါတယ်နော်။ ဇော်ဝင်းထွဋ် သီချင်းလို ဆေးပေါင်းခတဲ့ညပေါ့ကွယ် ........... ဆေးပေါင်းခတဲ့ည ............. ဆေးပေါင်းခတဲ့ည ............. ဆေးပေါင်းခတဲ့ည သီချင်းလေး နားထောင်ပြီး ဒီနေ့တော့ မယ်ဇလီဖူးသုပ်ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ချို ဆိမ့် ခါး သက် မယ်ဇလီဖူးသုပ်နဲ့ ရေနွေးကြမ်းနဲ့ အားမနားတမ်း သုံးဆောင်သွာပါ။ (ဒီနေ့ မယ်ဇလီဖူးသုပ်လဲ စားပြီးရော မျက်လုံးတွေလဲလေးနေပြီ။ ခေါင်းပြားနေအောင်အိပ်တော့မည်။ ဟီးဟီး)စားချင်စဖွယ်ဖြစ်အောင် အနီးကပ် မယ်ဇလီဖူးသုပ်မယ်ဇလီဖူး (ပင်နီဆိုလာကနေ ၃ ထုပ် ဝယ်လာပါတယ်နော်)လိုအပ်သောအရာမယ္ဇလီဖူးမြေပဲဆံထောင်း (သို့) နှမ်းထောင်းပုဇွန်ခြောက်ထောင်းၾကက္သြန္နီ ၂ လုံးမယ္ဇလီဖူး သုပ္ပုံ၀ယ်လဲတဲ့ မယ်ဇလီဖူးကို နောက်ထပ် ထပ်ပြီး ပြုတ်လိုက်ပါသေးတယ်။ ပထမ တစ်ရည်၊ ဒုတိယ တစ်ရည်၊ တတိယ တစ်ရည်၊ သုံးရည် ပြုတ်လိုက် သွန်လိုက် လုပ်လိုက်ပါတယ်။ အခါးဓာတ်ထွက်သွားအောင်ပါ။ပြီး လက်လှည့်ကျိတ်စက်လေးနဲ့ ကျိတ်လိုက်ပါတယ်။ ငရုတ်ဆုံနဲ့ ထောင်းလဲ ရပါတယ်။ ပြီး ကြက်သွန်နီကို ပါးပါးလှီးပြီး ဆနွင်းလေး နည်းနည်းထည့်ပြီး ကြက်သွန်နီ ဆီချက်လုပ်လိုက်ပါတယ်။ ပြီး သုပ်မယ့်ပန်းကန်ထဲသို့ ိထောင်းထားတဲ့ (သို့) ကျိတ်ထားတဲ့ မယ်ဇလီဖူးထည့်၊ မြေပဲဆံထောင်းထည့်၊ ပုဇွန်ခြောက်ထောင်းထည့်၊ ငံပြာရည်ထည့်၊ အချိုမှုန့် နည်းနည်းထည့်၊ ကြက်သွန်နီ ဆီကျက်ထည့်ပြီး နယ်လိုက်ပါတယ်နော်။ ဒါဆိုရင်တော့ ချိုဆိမ့်ခါးသက် မယ်ဇလီဖူးသုပ် ရပါပြီနော်။ကျန်းမာ ချမ်းသာကြပါစေ။
14
တနင်္ဂနွေနေ့ ညနေစောင်းပါလို့ ဘာလိုလို ညာလိုလို သောက်နေကြဆိုင်သို့ သွားဆို့ကွယ် လှမ်းဆို့ကွယ်။ အဲ .......... ဟုတ်ပါဘူး။ ဒါက ကိုယ်တော်ကြီး ဆိုတဲ့သီချင်းပါလေ။ တနင်္ဂနွေ ညနေလဲစောင်းလာပြီ။ လူလဲ ငူတူတူနဲ့ ပျင်းသလိုလို၊ ဖျားချင်သလိုလို၊ ဘာလုပ်ရမလိုလို၊ ညာလုပ်ရမလိုလိုနဲ့ လိုလိုတွေများနေပြီ။ ဒီအပတ် ၃ ရက်ရုံးပိတ်ကလဲ ခဏလေးလိုပါ့။ ဒါနဲ့ တနင်္ဂနွေညနေကို ငူတူတူ ဖြစ်နေမယ့်အစား တစ်ခုခုလုပ်စားလိုက်ပါလား ကိုယ့်ကိုယ်ကိုယ်ပြောလိုက်တယ် (စိတ်ထဲပါ)။ ကိုယ့်စိတ်ကို ပျော်အောင်ထားရမယ်။ ဒါနဲ့ စိတ်အလိုကို လိုက်ခါ လမ်းသရဲလုပ်စားလိုက်တယ်။ လမ်းသရဲ ပူပူစပ်စပ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့လည်း စားပြီးရော နည်းနည်းတော့ စိတ်ထဲကျေနပ်သွားတယ်။ လမ်းသရဲကို ရန်ကုန်ရောက်မှ စားဖူးတာ။ မန္တလေးမှာတုံးကတော့ မုန့်ရေပါးဆိုပြီး ခရမ်းချဉ်သီးနဲ့ ချဉ်စပ်စားဖူးတယ်။ ဂေါ်ဖီတော့ မပါဘူးထင်တယ်။ ရန်ကုန်မှာတော့ လမ်းသရဲလို့လဲခေါ်တယ်။ ရေမုန့်လို့လဲခေါ်တယ်။ လမ်းသရဲလုပ်နည်းကိုဒီမှာလဲ တင်ထားဖူးပါတယ်။ လုပ်နည်းတော့ အဲဒီကနေ ထပ်ကူးလိုက်တယ်။ ဒီနေ့တော့ အားမနာတမ်း လမ်းသရဲမုန့်လေး သုံးဆောင်သွားပါအုံးလား။ရေနွေးကြမ်းနဲ့ ချဉ်စပ် တစ်ခု ၊ ရိုးရိုးတစ်ခုဒါကတော့ ရှယ်လမ်းသရဲ (ကြက်ဥနဲ့)ဒါကတော့ ရိုးရိုး လမ်းသရဲဒါကတော့ ရှယ် မုန့်ရေပါး (ကြက်ဥနဲ့)ဒါကေတာ႔ ရုိးရုိး မုန္႔ေရပါးစတော်ပဲပြုတ် (ပင်နီဆိုလာက ဝယ်ခဲ့တယ်)အဆင်သင့် ပါးပါးလှီးထားပြီးသော (ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ နံနံပင်)ဆန်စိမ်းမုန့် ဖျော်ထားတဲဟာရယ်၊ ပဲပြုတ်ရယ်၊ ထည့်မယ် အဆာပလာတွေရယ်၊ ကုလားလေးမဆလာရယ်လိုအပ်သောအရာများဆန်စိမ်းမုန့်ကြက်ဥ (သို့) ဘဲဥျမန္မာနံနံခရမ်းချဉ်သီးအမှည့်ငရုတ်သီးစိမ်းစတော်ပဲပြုတ်ဂေါ်ဖီထုပ်ပဲပင်ပေါက်ကုလားလေး မဆလာပြုလုပ်နည်းဆန်စိမ်းမုန့်တစ်ဆ ရေနှစ်ဆထည့်ပါ။ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပါ။ စားတဲ့ ဆော်တာ နည်းနည်းလေး ပါလေရုံထည့် ပါ။ ပြီးရင်စိမ်းမုန့်ပျော်ပျော်လေဖြစ်အောင်မွှေပါ။ ပဲပင်ပေါက်၊ (ဒီနေ့တော့ ပဲပင်ပေါက်မရှိလို့ မထည့်လိုက်ဘူးနော်။) ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ မြန်မာနံနံ နှင့် ငရုတ်သီးစိမ်းတို့ကို ဆား၊ ကုလားလေး မဆလာ၊ အချိုမှုန့်ဖြင့်ရောနယ်ပါ။ မုန့်ရေပါးလုပ်ရန် အသင့်ဖြစ်နေပါပြီ။ အကြော်အိုးထဲ ဆီထည့်တည်ပါ။ ဆီကိုပါလေရုံပဲထည့်ပါ။ ဆီကျက်ရင် ဖျော်ထားသော ဆန်မုန့်ကိုဇွန်းကြီးကြီး တစ်ဇွန်းနဲ့ခပ်ပါ။ အကြော်အိုးထဲသို့ ဝှေ့ချလိုက်ပါ။ ဒါမှလဲ ခပ်ပြားပြားဖြစ်မှာလေ။ ပြီးရင် နယ်ထားတဲ့ အဆာပလာထည့်၊ စတော်ပဲပြုတ်ထည့်၊ ကြက်ဥကြိုက်တတ်ရင် ကြက်ဥဖောက်ထည့်၊ ပြီးရင်တော့ အကြော်အိုးအဖုံးကိုဖုံးပါ။ ခဏနေ တစ်မိနစ်၊ နှစ်မိဆိုရင် ဆီကို ခပ်နည်းနည်းလေးဖြန်းပေးပါ။ မဟုတ်လဲ ဆီနည်းနည်းပဲ အိုးထဲသို့ ပွတ်ပေးပါ။ ဆီလဲ တအားမများစေနဲ့နော်။ များလွန်းလဲ စားရတာအီတယ်။ နည်းလွန်းပြန်ရင်လဲ အိုးကပ်မှာပူရသေးတယ်။ သုံးမိနစ်လောက်ဆိုရင်တော့ ကုလားလေး မဆလာနံ့နဲ့ နံနံပင်အနံ့လေးလဲမွှေးလာပါပြီ။ လမ်းသရဲမုန့် ရပါပြီနော်။ကျန်းမာ ချမ်းသာကြပါစေ။
15
ဒီနေ့ မြေအိုးမြီးရှည် ပို့စ်တင်လိုက်ပါတယ်နော်။ မန္တလေးမှာ မြီးရှည်၊ မြေအိုးမြီးရှည်ဆိုပြီး ၂ မျိုးရှိတယ်။ မြေအိုး မြီးရှည်ကတော့ ခုနောက်ပိုင်းမှ ပေါ်လာတယ်ထင်တာပဲ။ အစတုံးကတော့ ဒီလို မြေအိုးမြီးရှည် အရည် မရှိသေးဘူးထင်တယ်။ မြေအိုးမြီးရှည် အရည်နဲ့ လုပ်စားနည်းကတော့ သိပ်မခက်ပါဘူး။ ကိုယ်စားတဲ့ အသီးအရွက် မှန်သမျှကို အကုန်ထည့်ပြီး ပြုတ်စားလိုက်တာပဲ။ မြေအိုးမြီးရှည် အနှစ်ကတော့ အလွယ်တကူ မာလာဟင်းအနှစ်ထုပ်ကိုထည့်လိုက်တာပါ။ မာလာဟင်းအနှစ်တွေတွေလဲ တံဆိပ်အမျိုးမျိုးနဲ့ ရှိပါတယ်။ မိမိကြိုက်တဲ့ တံဆိပ်နဲ့ချက်လို့ ရပါတယ်။ ဒီနေ့တော့ မန္တလေး မြေအိုးမြီးရှည် ကို အားမနားတမ်း သုံးဆောင်သွားပါအုံးလား။မာလာဟင်းအနှစ် ကိုလုပ်စားတဲ့နည်းများမာလာငါးဟင်း(တစ်ခြားတံဆိပ် မာလာဟင်းအနှစ်ထုပ် ဓာတ်ပုံကိုဒီမွာတင်ဖူးပါတယ်။ ဒီတံဆိပ်ထုပ် မဟုတ်လဲ တခြားမာလာဟင်းအနှစ်ထုပ်နဲ့လဲ ချက်စားလို့ ရပါတယ်နော်။)မာလာဟင်း အသီးအရွက်အစုံသုပ်မြေအိုးမြီးရှည်မြေအိုးမြီးရှည် ပူပူလေးပုဇွန်လေး ပြုတ်ထားတယ်ငုံးဥ စျေးကြီးလို့ ကြက်ဥပဲ ပြုတ်လိုက်တယ်ကြာစွယ်ရယ်၊ ပဲပြားရယ်၊ ဂဏန်းချောင်းရယ်၊ မှိုခြောက်ပန်းခြောက်လို့ခေါ်တဲ့ ပန်းခြောက်ရယ်၊ ဘေဘီ မုန့်ညှင်းရယ်ရွှေပဲသီးရယ်၊ ဘေဘီ ပြောင်းဖူးရယ်၊ ပန်းပွင့်ရယ်၊ ဥနီရယ်အရွက်ပြုတ်ထဲ ပိုလာတာက ကြွက်နားရွက်ရယ်၊ ပဲပင်ပေါက်ရယ်ပါ။ မြီးရှည်ဖတ်ကိုတော့ ဒီအထုပ်ဝယ်လိုက်ပါတယ်။ မြီးရှည်ဖတ် အစစ်တော့ မဟုတ်ဘူးပေါ့။မြေအိုးမြီးရှည် ဟင်းရည်ထဲ ကြက်သားလေး သေးသေးတုံးပြီးထည့်တယ်။ ကွမ်းမိတ် မာလာဟင်းအနှစ်ထုပ် ၂ ထုပ် ဖောက်ပြီးထည့်လိုက်တယ်။ ဒါပါပဲ။အမေ့အိမ်က ထည့်ပေးလိုက်တဲ့ ကွမ်းမိတ် မာလာဟင်းအနှစ်ထုပ်ပါ။ (မန္တလေးက ရွှေမူဆယ်ဆိုင်မှာ ဝယ်လို့ ရပါတယ်။)နောက်ကျောမှာ လုပ်နည်းပါ ထည့်ရေးထားပေးတယ်။ အလွယ်တကူ နည်းလေးဖတ်ကြည့်ပြီး လုပ်စားလို့ ရတာပေါ့။မြေအိုးမြီးရှည်အတွက် လိုအပ်သောအရာၾကက္သား (သုိ႔) ၀က္သားပုဇွန် (မထည့်လဲ ရပါတယ်)ငုံးဥ (ကြက်ဥပဲ ထည့်လိုက်တယ်)အသီးအရွက် အစုံ (မိမိကြိုက်သော အသီးအရွက် ထည့်လို့ရပါတယ်နော်။ အပေါ်မှာလဲ အရွက်တွေ ရေးပြီးပြီမို့ နောက်ထပ် မရေးတော့ဘူး)မြေအိုးမြီးရည် အရည်ချက်နည်းကြက်သား (သို့) ဝက်သားကို အတုံးသေးသေးတုံးပြီး ဆား ၊ အချိုမှုန့် နည်းနည်းထည့်ပြီး နယ်ပါ။ ပြီး ဟင်းရည်အိုးတည်ပါမယ်။ တုံးထားတဲ့ အသားထည့်၊ ရေထည့်ပြီး ဟင်းရည်အိုးကို ဆူနေအောင်အရင်ဆုံး တည်ပါတယ်။ ဆူလာရင် ကွမ်းမိတ် မာလာဟင်း အနှစ်ထုပ် ၂ ထုပ်ကိုဖောက်ပြီးထည့်လိုက်ပါတယ်။ ကွမ်းမိတ် အထုပ်မှာ ဆားထုပ်ရယ်၊ နောက်ထပ် ဟင်းခတ်မှုန့် သေးသေး ၂ ထုပ်ကိုဖောက်ထည့်လိုက်ပါတယ်။ နောက်ထပ် ဆား အချိုကို လိုမှ ထပ်ထည့်ပါ။ ငံသွားမှာစိုးလို့ပါ။ ဒါဆိုရင်တော့ မြေအိုးမြီးရှည် စားလို့ ရပါပြီ။ မြေအိုးမြီးရှည် ပြင်ပါပြီ။ မြေအိုးထဲ မြီးရှည်ဖတ်ရယ်၊ အသီးအရွက်အပြုတ်မှန်သမျှရယ်၊ ဟင်းရည်ရယ် ထည့်ပြီး စားလို့ ရပါပြီနော်။ ဒီနေ့ အားမနာတမ်း မြေအိုးမြီးရှည် သုံးဆောင်သွားပါအုံးလား။ကျန်းမာချမ်းသာကြပါစေ။
16
ဒီနေ့ မန်ကျည်းသီးအစိမ်းထောင်း တင်လိုက်ပါတယ်နော်။ မန်ကျည်းသီးကို အစိမ်းလဲ ထောင်းစားလို့ ရသလို အမှည့်ကိုလဲ ထောင်းစားပါတယ်။ မန်ကျည်းသီးအမှည့်က အချိန်မရွေးထောင်းစားလို့ရပါတယ်။ မန်ကျည်းသီးစိမ်းလေးတော့ ပေါ်တဲ့ရာသီမှ ထောင်းစားလို့ရတယ်လေ။ မန်ကျည်းသီးစိမ်းကို လုပ်စားလို့ရတဲ့နည်းတွေကတော့ ထောင်းစားတယ်။ ပလိန်းချက်စားတယ်။ ပလိန်းကြော်စားတယ်။ ရုံးပတေသီးလေးနဲ့ ပင်စိမ်းလေးနဲ့လဲ ရောပြီးချက်စားတယ်။ ပုဇွန်သေးသေးနဲ့လဲ ရောပြီးချက်စားတယ်။ မန်ကျည်းသီး ငါးပိချက်ဆိုပြီးလဲ ချက်စားလို့ရပါတယ်။ ဒီနေ့တော့ ဆီမပါ ပြားမပါတဲ့ အစိမ်းထောင်းလေး လုပ်စားလိုက်ပါတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ပိုပြီး သွားရည်ကျအောင် အနီးကပ်ရိုက်လိုက်တယ်။မန်ကျည်းသီးထောင်းလေး လှသွားအောင်လို့ ပန်ကန်းလုံးလေးထဲအရင်ထည့် ပြန်ပြီးတော့ ပန်းကန်ပြားပေါ်မှောက်ချက်လိုက်တယ်။ ဒါပေမယ့် ပန်းကန်တစ်လုံးပိုဆေးရတာပဲ အဖတ်တင်ပါတယ်။ လှလဲ လှပါဘူး။ (မန်ကျည်းသီးစိမ်းထောင်းကို ပဲဟင်းရည်နဲ့ ငါးကြော်(သို့) ကြက်ကြော်လေးနဲ့တွဲစားရင် အလွန်အင်မတန်မှ ဟင်းလိုက်ပါတယ်နော်။)မန်ကျည်းသီးစိမ်းအတွက်လိုအပ်သောအရာမန်ကျည်းသီးစိမ်း လက် ၂ ဆုပ်ၾကက္သြန္နီ ၁ လုံး ႀကီးႀကီးကြက်သွန်ဖြူ ၃ တက်ငရုတ်သီးစိမ်း ၁၀ ထောင့် (လိုသလောက်ထည့်ပါ)ပုဇွန်ခြောက်ထောင်းငါးပိကင်မန်ကျည်းသီးစိမ်းထောင်နည်းမန်ကျည်းသီးစိမ်းကို အရင်ဆုံးဆားနည်းနည်းထည့်ပြီးထောင်းပါ။ ဆားမထည့်ဘဲ ထောင်းရင် မန်ကျည်းသီးက မည်းသွားလို့ပါ။ မန်ကျည်းသီးအားလုံးထောင်းပြီးရင် ပန်ကန်းတစ်လုံးထည့်ထားလိုက်ပါ။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထောင်းပါမယ်။ ပြီးထောင်းထားတဲ့ ပုဇွန်ခြောက်နည်းနည်းထည့်၊ ပြီး ကြက်သွန်နီပါးပါးလှီးပြီးထည့်၊ ငါးပိကင်ထည့်၊ အချိုမှုန့်နည်းနည်းထည့်၊ ထောင်းထားတဲ့ မန်ကျည်းသီးထည့်ပြီး အရသာမြည်းကြည့်ပါ။ မန်ကျည်းသီးထောင်းထားတုံးက ဆားထည့်ပြီး ထောင်းထားတာမို့ ဆားကို နောက်ထပ် မထည့်တော့ပါဘူး။ ငန်သွားမှာစိုးလို့ပါ။ ဆားပေါ့လို့ လိုလဲ ထည့်ထပ်လို့ရပါတယ်နော်။ ဒါဆိုရင်တော့ မန်ကျည်းသီးအစိမ်းထောင်း ရပါပြီနော်။
17
ဒီနေ့ မျှစ်ဆူးထိုးချက်ဟင်း တင်လိုက်ပါတယ်နော်။ မျှစ်ဆူးထိုးချက်လို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ မျှစ် စိမ်းကို ဆူးချွန်ချွန် ဒါမှမဟုတ် ဓားချွန်ချွန်နဲ့ ထိုးလို့ မျှစ်ဆူးထိုးဟင်းလို့ခေါ်ရတာပါ။ အိမ်ကတော့ မျှစ်စိမ်းနုနု (ဝါးပိုးလို့မျှစ်ခေါ်လားမသိ) သေးသေးလေးတွေ ပေါတဲ့အချိန်ဆို များများ ဝယ်ပါတယ်။ ပြီး မျှစ်ဆန်လှော်ဟင်းရည်တစ်လှည့်၊ မျှစ်ပလောဟင်းရည်တစ်လှည့်၊ မျှစ်ဆူးထိုးဟင်းတွေကို တစ်လှည့် ပြီးတစ်လှည့် ချက်စားတော့တာပဲ။ အခု မျှစ်ဆူးထိုးလုပ်ပုံက မျှစ်ရဲ့အပြင်က အခွံမာမာအဖတ်တွေကို ခွာပလိုက်ပါတယ်။ ပြီးရေဆေးတယ်။ ပြီးတော့ မျှစ်တစ်ချောင်းလုံးကို စိတ်ရှည်လက်ရှည်နဲ့ သေးသေးနုတ်နုတ် ဟိုဖက် ဒီဖက်ပေါက်သွားအောင် ဓားချွန်ချွန်နဲ့ထိုးပါတယ်။ ပြီးဇလုံကြီးကြီးထဲ ရေစိမ်းထည့် တစ်ည နှစ်ည စိမ်ထားလိုက်တယ်။ မျှစ်အဆိပ်အတောက်တွေပြေသွားအောင်ပါ။ မျှစ်ကို နှစ်ညလောက် စိမ်ထားပြီးရင်တော့ (မျှစ် နှပ်သွားပြီလို့ပြောရမလားမသိဘူး) မျှစ်ဆူးထိုး ချက်စားလို့ ရပါပြီနော်။ ကျွန်မ အလုပ်မရှုပ်ရလေအောင်ဆိုပြီး တစ်ခါတည်း ထိုးပြီးသား မျှစ်စိမ်းကို ထည့်ပေးလိုက်တယ်။ သူနဲ့လိုက်ဖက်တဲ့ဟင်းတွေကတော့ မန်ကျည်းသီးစိမ်းထောင်းရယ်၊ ပဲဟင်းချိုချိုနဲ့ အင်မတန်လိုက်ဖက်လှပါတယ်။ ဒီနေ့တော့ အမျှစ်ဆူးထိုးချက်ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။မျှစ် ဆူးထိုးချက်။ (မစားရတာ ကြာနေလို့လားမသိဘူး။ မျှစ်က နုပြီး အရမ်းကို ချိုနေတာပဲ။ ဒီနေ့တော့ ထမင်းကို အားပါးတရ စားပလိုက်တယ်။)ဖြူဖြူဖွေးဖွေး မျှစ်ဆူးထိုးချက်လေးမျှစ်ဆူးထိုးချက် အတွက်လိုအပ်သောအရာမျှစ်စိမ်းကြက်သွန်နီ ၂ လုံး လေးခြမ်းစိတ်လှီးထားပါ။ကြက်သွန်ဖြူ ၂ တက်ထောင်းလိုက်ပါ။ပုဇွန်ခြောက်ထောင်း နည်းနည်းမျှစ်ဆူးထိုးချက်နည်းနှစ်ညလောက် စိမ်ထားတဲ့ မျှစ်ကို အရင်ဆုံး နူးနေအောင် အရင်ပြုတ်လိုက်ပါတယ်။ ပြီး ပြုတ်ထားတဲ့မျှစ်ကို ရေစစ်ထားလိုက်တယ်။ ပြီး ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူရယ်၊ လေးခြမ်းစိတ်ထားတဲ့ ကြက်သွန်နီတို့ကို ဆီသတ်လိုက်တယ်။ အနီရောင်သန်းလာရင်တော့ ပြုတ်ထားတဲ့မျှစ်ထည့်၊ ထောင်းထားတဲ့ ပုဇွန်ခြောက်ထည့်၊ ငံပြာရည်နည်းနည်းထည့်၊ အချိုမှုန့်နည်းနည်းထည့်ပြီး မီးဖြည်းဖြည်းနဲ့ဆီပြန်လာအောင် ချက်ပါတယ်။ ဆနွင်းတွေ အရောင်တင်တွေ မထည့်တော့ပါဘူး။ ဖြူနဲ့ဖွေးဖွေး မျှစ်ဆူးထိုးချက်လေး ရပါပြီရှင်။ကျန်းမာ ချမ်းသာကြပါစေ။
18

19

20

21

23

24

25

26

27

28

29

30

31

32

33

34
ဒီလတော့ အစ်ကိုတော်အိမ်ပြန်တာနဲ့ အမေ့အိမ်နဲ့ မေမေ့အိမ်မှ ထည့်ပေးလိုက်သော ပွကြောများများရထားပါတယ်။ အဲဒီပွကြောများထဲမှ ရှာမှရှား ဆတ်ရယ်၊ ပုတတ်ကြော် နဲ့ ကြွေးခြောက်တို့ကို အမေအိမ်မှ ထည့်ပေးလိုက်တယ်။ ဘာကြီးတွေဘာလိမ့်လို့ ထင်နေတော့မယ်။ ပုတတ်ကြော်ဆိုလို့ ကျိုက်ထီးရိုးမှာရောင်းတဲ့ သတ်သတ်လွတ်ကြော်စားလို့ရတဲ့ ပဒတ်ခြောက်နဲ့ မှားနိုင်ပါတယ်။ ဖွတ် ၊ ပုတတ်လို့ တွဲပြောရင်တော့ ပုတတ်ကို အကောင်မှန်းသိပါလိမ့်မယ်ထင်ပါတယ်။ ပုတတ် ရဲ့ အကောင်ပုံစံက ပုတ်သင်ညိုအကောင် နဲ့ တူပါတယ်။ အကောင်လိုက်ထည့်ပေးလိုက်ရင်လဲ စစ်ဆေးရင် ဘာကောင်တွေ လဲထင်မည်စိုးသောကြောင့် အိမ်ကကြော်ပြီးမှထည့်ပေးလိုက်တယ်။ ပုတတ်ရဲ့အရသာက တော်တော်လေးကို ချိုပါတယ်။ လေးလေးပင်ပင်ကြီးကို ချိုလှပါတယ်။ ဘယ်အသားရဲ့ အရသာနဲ့ ခိုင်းနှိုင်းရမလဲတော့ ကျွန်မလဲ မပြောတတ်ဘူး။ ပုတတ်ကိုလုပ်စားလို့ရတဲ့နည်းကတော့ အကောင်ကို နူးနေအောင်ပြုတ်တယ်။ ပြီး ကြော်စားတယ်။ ပြီး ကြက်သွန်နီလေးနဲ့ ချက်စားတယ်။ ပြီး ထောင်းစားတယ်။ ပြီး ပြုတ်ရည်ကို ဟင်းချိုရွက်နဲ့ ဟင်းချိုလုပ်တယ်။ အဟဲ......... လုပ်တဲ့နည်းဘာကျန်သေးလို့တုံး မိုးကောင်းသူရဲ့လို့ပြောတော့မယ်။ ကျွန်မလဲ အိမ်ကချက်နည်းမှန်သမျှကို အကုန်ပြောတာပဲ။ ဘာကျန်သေးလဲ သိတော့ဘူး။ ဒီနေ့တော့ အားမနားတမ်း ပုတတ်ကြော်ကို သုံးဆောင်သွားပါအုံးလား။ နောက်နေ့များမှ ဆတ်ရယ်၊ ကြွေးရယ် လာပါအုံးမယ်။ပုတတ်ကြော် ကျွတ်ကျွတ်လေး သုံးဆောင်သွားပါအုံးလား။ပုတတ် ပုံပါ။ ပုတတ် အကောင်မြင်ပြီး မစားရဲ ဘဲနေတော့မယ်။ (ကိုယ်တော်ကြီးက ပုတတ် မမြင်ဖူးဘူးဆိုလို့ အစ်မတော်ကို ဓာတ်ပုံရိုက်ခိုင်းလိုက်တယ်။ ပုံလဲမြင်ရော ကြောက်စရာကြီးတဲ့။ :D)ပုတတ်ကြော်နည်းပုတတ်ခြောက်ကို ရေဆေးပါတယ်။ ပြီး ပြုတ်မယ့်အိုးထဲသို့ ရေထည့် ၊ ပုတတ်ထည့်ပြီး နူးနေအောင်ပြုတ်ပါတယ်။ ပြုတ်ရည်ကို ဟင်းချိုရွက်ခတ်ပြီး ဟင်းချိုဟင်းလုပ်သောက်ပါတယ်။ (အိမ်က ကြော်ထည့်ပေးလိုက်တော့ ဟင်းချိုဟင်းတော့ လုပ်သောက်လို့မရဘူးပေါ့။) ပုတတ်နူးသွားရင် ငရုတ်ဆုံထဲထည့်ပြီး ထောင်းလိုက်ပါတယ်။ ပြီး ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါတယ်။ ဆီကျက်လာရင် ထောင်းထားတဲ့ ပုတတ်ထည့်ပါတယ်။ ဆားနည်းနည်း ထည့်ပြီး မီးဖြည်းဖြည်းနဲ့ ကျွတ်နေအောင် ကြော်ပါတော့တယ်။ ပုတတ်ကြော် များများ ပွားချင်ရင်တော့ ကြက်သွန်နီရယ် ၊ ကြက်သွန်ဖြူရယ် ရောပြီးကြော်ပါတယ်။ အခုက ပုတတ်အရသာကြီးပဲ ဖြစ်အောင်လို့ ပုတတ်ကို သူ့ကြီးပဲ ပလိန်းကြော်ပေးလိုက်တယ်။ (ဒီတစ်ခါတော့ ဟင်းချိုမှုန့် မထည့်တော့ပါဘူး။ နဂိုကတည်းက ပုတတ်က ချိုတော့ ဟင်းချိုမှုန့်ထည့်စရာ မလိုပါဘူး)အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
35
ဒီနေ့ပိတ်ရက်ကို မန်ကျည်းသီးစိမ်းလေး ရှိတာနဲ့ သင်္ဘောသီးသုပ် သုပ်စားလိုက်ပါတယ်နော်။ အယ်......... မန်ကျည်သီးစိမ်းကြီးနဲ့ ဘာဆိုင်လို့တုံးမေးနေအုံးမယ်။ မိုးကောင်းမှာတော့ ရခိုင်သင်္ဘောသီးသုပ်ကို သံပရာသီးအစား မန်ကျည်းသီးစိမ်းလေးနဲ့ သုပ်စားပါတယ်။ မန်ကျည်းသီးပေါ်တဲ့ အချိန်ရာသီမဟုတ်ရင်တော့ သံပရာသီးက အစားထိုးပေါ့။ ပြီးတော့လေ ရခိုင်သင်္ဘောသီးသုပ်ကို ရှမ်းသုပ်လို့လဲ မိုးကောင်းမှာခေါ်တယ်။ ရခိုင်သုပ်လို့ပြောရင် ချဉ် ငံ စစ် ဖြစ်မယ်ဆိုတာ မျက်စိတည်း ကွင်းခနဲ ကွက်ခနဲ တစ်ခါတည်း တမ်းပြီးမြင်သွားတာပေါ့လေ။ တတ်နိုင်ဘူး ရှမ်းသုပ်ရဲ့ ချဉ်ပုံ၊ စပ်ပုံကိုတော့ သေသေချာချာပြောထားရတယ်။ အမယ်လေး ဖတ်နေရင်း သွားရည်တွေတောင်ကျလာပြီဖြစ်နေတော့မယ်။ ဟိဟိ။ ရှမ်းသုပ်ကို ရေနွေးခြမ်းလေးရယ်၊ ထမင်းခြမ်းအေးအေးနဲ့ တွဲပြီးစားလို့ အင်မတိ အင်မတန် အလွန့်အလွန် ကောင်းပါတယ်။ ဒီနေ့တော့ ရှမ်းသုပ်ကို အားမနားတမ်း သုံးဆောင်သွားပါအုံးလား။ အယ်........... မေ့နေလို့ တစ်ခုတော့ သတိပေးလိုက်ပါရစေ။သင်္ဘောသီးသုပ်လေး စားတော့မယ်ဆိုလျှင် နှာရည်သုတ်ရအောင် တစ်ရှူးဖြစ်ဖြစ်၊ လက်ကိုင်ပဝါဖြစ်ဖြစ်ဆောင်ထားနော်။ ငရုတ်သီးက စပ်တော့ မျက်ရည်လည်းထွက်၊ နှာရည်ထွက်နဲ့ တစ်ရှူးရှူး တစ်ရှဲရှဲဖြစ်နေမှာစိုးလို့ပါနော်။ :Dရှမ်းသုပ် နဲ့ ရေနွေးခြမ်းနဲ့ သုံးဆောင်သွားပါအုံးလား။ရှူးရှူး ရှဲရှဲဖြစ်စေ့မယ် ရှမ်းသုပ် လာပါပြီနော်။ရှမ်းသုပ်အတွက် ပါဝင်မယ့် ပုဇွန်ခြောက်ထောင်းရယ်၊ ငရုတ်သီးအစိမ်းရောင်နဲ့အနီရောင် အတောင့်ထောင်းရယ်၊ ငါးပိထောင်းရယ်၊ မန်ကျည်သီးစိမ်းထောင်းရယ်၊ ရှမ်းနံနံရယ်ပါ။ရှမ်းနံနံ မသိမှာစိုးလို့ လှီးနေရင်း တန်းလန်း သတိရလို့ ဓာတ်ပုံရိုက်လိုက်တာပါ။ ရှမ်းနံနံကိုဒီမွာလဲပုံနှင့်တကွ တင်ဖူးပါတယ်နော်။ကြက်သွန်နီပါးပါး (ကြက်သွန်နီက ပါးလွန်လွန်းလို့ လေတိုက်ရင်တောင် လွင့်တော့မယ်လို့ ပြောကုန်တော့မည်။ ကျွန်မက စိတ်မြန်လို့တူပါရဲ့အဲလို ပါးပါးနုတ်နုတ်လေးတွေ မလှီးတတ်ဘူး။ သူများတွေလို ပါးပါးရားရား မလှီးတတ်ဘူး။ လှီးလိုက်လဲ ပုံမှန်ပဲ။)အကုန်ထည့်ပြီး နယ်ပါတော့မယ်။ စိတ်မြန် လက်မြန် ချက်ချင်းကြီး မနယ်လိုက်နဲ့အုံးနော်။ လက်ကို လက်အိတ်လေး စွတ်လိုက်ပါအုံး။ တော်နေ လက်တွေ ပူနေမှာစိုးလို့ပါ။ လက် မပူတတ်ဘူးဆိုရင်တော့ ဒီအတိုင်း နယ်လဲ ရပါတယ်နော်။ဟောဒီက သင်္ဘောသီးအချစ် အယ်.... အယ်..... သင်္ဘောသီးခြစ်ပါ။သင်္ဘောသီးသုပ် အတွက်လိုအပ်သောအရာ၁။ သင်္ဘောသီးစိမ်း တစ်လုံး၂။ ရှမ်းနံနံ(ခေါ်)ကုလားနံနံ တစ်ထုပ် (ပင်နီဆိုလာကဝယ်လာပါတယ်)၃။ မန်ကျည်းသီးစိမ်း လက်တစ်ဆုပ် (အမေ့အိမ်က ပါးလိုက်တာပါ)၄။ ပုဇွန်ခြောက်ထောင်း လက်တစ်ဆုပ်၅။ ငါးပိကင်၊ ငါးပိဖုတ်၊ ငါးပိထောင်း (ဂေါ်လီလုံးလောက် ၂ လုံးလောက်ထည့်ပါ)၆။ ငရုတ်သီးစိမ်း (များများစပ်ချင်တော့ များများတာ ထည့်ပေတော့။ ဒီနေ့တော့ ငရုတ်သီး အထည့်လွန်သွားတယ်။)၇။ ၾကက္သြန္နီ ၃ လုံးျပဳလုပ္ပုံသင်္ဘောသီးကို အခွံနွှာပါ။ ပြီးရင် သင်္ဘောသီးခြစ်နဲ့ ခြစ်ပါ။ ပြီးရင် ရေအေးအေး(ရေခဲရေဆိုလဲပိုကောင်းပါတယ်)နဲ့ ၁၀မိနစ်လောက်ခဏစိမ်ထားပါ။ ခြစ်ထားတဲ့ သင်္ဘောသီး ကျွတ်ကျွတ်လေးဖြစ်အောင်လို့ပါ။ ကျွတ်ကျွတ်လေးဆို စားရတာလဲ ပိုကောင်းပါတယ်။ သင်္ဘောသီးရေစိမ်ထားတုံး မန်ကျည်းသီးစိမ်းကိုထောင်းထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။ ကြက်သွန်နီ အခိုးအငွေ့ဓာတ် မကြိုက်သူများကတော့ ရေနဲ့ဆေးပလိုက်ပါ။ ကြက်သွန် အခိုးအငွေ့များကုန်သွားအောင်လို့ပါ။ ရှမ်းနံနံ(ခေါ်)ကုလားနံနံကိုလဲ ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းလဲ ထောင်းထားပါ။ ပုဇွန်ခြောက်လဲထောင်းထားပါ။သုပ္စားပုံခြစ်ထားသော သင်္ဘောသီး၊ ထောင်းထားသော ငရုတ်သီး၊ မန်ကျည်းသီးနဲ့ပုဇွန်ခြောက်၊ ငါးပိကင်၊ ပါးပါးလှီးထားသော ရှမ်းနံနံ နဲ့ ကြက်သွန်နီ၊ ငံပြာရည်၊ အချိုမုန့် အနည်းငယ်ထည့်ပြီး ရောနယ်ပါ။ ရေရေလည်လည် လျှာလည်စေမည့် ချဉ်ချဉ်စပ်စပ် မိုးကောင်း ရှမ်းသုပ် (ခေါ်) ရခိုင်သင်္ဘောသီးသုပ် ရပါပြီ။ ရေနွေးကြမ်းနဲ့ လွေးကအလွန်တရာမှ ကောင်းလှတယ်နော့်။(မန်ကျည်းသီးအစား သံပရာသီး၊ ရှမ်းနံနံအစား မြန်မာနံနံ နဲ့သုပ်စားနိုင်ပါတယ်။)ကျန်းမာ ချမ်းသာကြပါစေ။
36
ထမင်းအိုးဘလော့လဲ တော်တော်ကြီးကြာမှာ တစ်ခါလောက်ပဲ တင်နိုင်တော့တယ်။ သို့ပေမယ့်လည်း အိမ်ကထမင်းအိုးတော့ နေ့တိုင်းနားရတယ်လို့ မရှိပါဘူး။ ချက်တဲ့ဟင်းတွေက နောက်ပိုင်းထူးထူးခြားခြားမဟုတ်တော့တာရယ်၊ ဓာတ်ပုံမရိုက်ဖြစ်တာရယ်၊ အပျင်းကြီးနေတာနဲ့တင် ထမင်းအိုးဘလော့လေးလဲ မတင်ဖြစ်တော့ဘူး။ အယ် ဒါပေမယ့်.......... ပင်နီဆိုလာသွားတော့ ရနံ့သစ်မှာ စမူဆာပဲရည်သုပ်ရတယ်ဆိုလို့ မှာလိုက်တယ်။ ကုန်သွားပါပြီတဲ့။ ဒါနဲ့ စားချင်စိတ်က တားမရတာနဲ့ အိမ်မှာပဲလုပ်စားလိုက်ရတော့တယ်။ ဒီနေ့တော့ စမူဆာပဲရည်သုပ်ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။စမူဆာ ပဲရည်သုပ် ချဉ်ငံစပ်လေး ရပါပြီ။ သုံးဆောင်သွားပါအုံးလား။စမူဆာပဲရည်သုပ် နယ်ပြီး ဖတ်ပြီးပုံပါစမူဆာကြော် ကျွတ်ကျွတ်လေးပါ။ဟောဒီက ကုလားမ ဘယာကြော်စပ်စပ်မွှေးမွှေးလေးပါ။ အဲအဲ........ ကုလားဘယာကြော်စပ်စပ်မွှေးမွှေးလေးပါ။ (ကုလားဘယာကြော်နဲ့တူအောင် ပြင်းတော်သိမ်ရွက် နိုင်းချင်းထည့်ပြီး ကြော်ထားတယ်။)စမူဆာကြော်၊ ကုလားဘယာကြော်၊ ပဲရည်၊ ဂေါ်ဖီပါးပါး၊ ကြက်သွန်နီပါးပါး၊ ငရုတ်သီးပါးပါး၊ ငံပြာရည်၊ သံပရာရည် အကုန်ချထားပေးပါတယ်နော်။ ကြိုက်သလိုတာ ထည့်ပြီး သုပ်စားပါ။စမူဆာ ပဲရည်သုပ်အတွက် လိုအပ်သောအရာစမူဆာ ရယ်ဒီမိတ် ၁ ထုပ် (စမူဆာတော့ မလုပ်တတ်ပါဘူး။ ရယ်ဒီမိတ်ဝယ်ပြီး ကြော်လိုက်တာပါ။)ပဲကျက်မှုန့် (သို့) ပဲစိမ်းမှုန့် (မွှေးတံဆိပ်ထုပ် တစ်ဝက်ပါ။)ရယ်ဒီမိတ် ကုလားဘယာကြော် ၁ ထုပ် (မွှေးတံဆိပ် ၁ ထုပ်ပါ။)အာလူး ႀကီးႀကီး ၃ လုံးဂေါ်ဖီထုပ် သေးသေး ၁ ထုပ် (ရေဆေးပြီး ပါးပါးလှီးထားပါ။)ၾကက္သြန္နီ ႀကီးႀကီး ၅ လုံး (ေရေဆးၿပီး ပါးပါးလွီးထားပါ။)ငရုတ်သီးစိမ်း (လိုအပ်သလောက် ပါးပါးလှီးထားပါ။)ပူစီနံ တစ်စီး (လုပ်စားတဲ့နေ့က ပူစီနံ ဝယ်မရတာနဲ့ မထည့်လိုက်ရပါဘူး။)စမူဆာ ပဲရည်သုပ် လုပ်နည်းအာလူးကို အရင်ဆုံး နူးအိသွားအောင် ပြုတ်ထားပေးပါ။ ပြီးရင် အခွံနွှာ အတုံးသေးသေးတုံးထားပါ။အာလူးပြုတ်ထားတဲ့အချိန် ကုလားဘယာကြော် ကြော်ဖို့အတွက် ပြင်ပါတော့မယ်။ ကုလားဘယာကြော် ရယ်ဒီမိတ်တစ်ထုပ်ကို ထမင်းအိုချိန်တဲ့ ရေခွက်နဲ့ ၁ ခွက်ရယ်၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းရယ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ နည်းနည်းရယ်၊ ပါးပါးလှီးထားတဲ့ ပြင်းတော်သိမ်ရွက်ရွယ်၊ ဆားနည်းနည်းရယ်၊ အချိုမှုန့်နည်းနည်းရယ်၊ ဆော်တာ နည်းနည်းရယ် (လက်မနဲ့လက်ညိုးကို ညှပ်ပြီးကော်လိုက်ရင် ပါလာသလောက်နည်းနည်းပါ။) ထည့်ပြီးနယ်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ခဏနပ်ထားပေးပါ။ ကုလားပဲများပွသွားအောင်ပါ။ကုလားဘယာကြော်ဖို့ နပ်ထားတဲ့အချိန်မှာပဲ ပဲရည်ကျိုဖို့ပြင်ပါမယ်။ ပဲကျက်မှုန့် (သို့) ပဲစိမ်းမှုန့်ကို ရေစိမ်းနဲ့ ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း ထည့်ပြီး ပဲမှုန့်များ ပျော်သွားအောင်ဖျော်ရပါမယ်။ ပြီးရင် ပဲရည်လုပ်မယ့်အိုးတည်ပါ။ ပြီးရင် ဖျော်ထားတဲ့ ပဲရည်ကို ထည့်ပြီး မီးဖြည်းဖြည်းနဲ့ ဆူအောင်ကျိုပေးပါ။ အဆက်မပြတ်တော့ မွှေပေးပါ။ တော်နေ ပဲရည်ဝေကျသွားမှာ စိုးလို့ရယ်၊ အိုးကပ်သွားမှာ စိုးလို့ရယ်ပါ။ ဒါကတော့ ပဲရည်ကျိုနည်းပါ။ ပဲရည် ပိုပြီးမွှေးသွားစေရန် ဆီသတ်ရပါအုံးမယ်။ ကြက်သွန်နီ ပါးပါးလှီးထားတဲ့အထဲက ၂ လုံးစာလောက်ကို ဆီနည်းနည်းထည့်ပြီး ဆီသတ်ပေးပါ။ (ကြော်ပေးပါ။) ကြက်သွန်ဖြူများ အနီရောင်သန်းလာရင် ဆနွင်းမှုန့်ရယ်၊ အရောင်တင် ငရုတ်သီးမှုန့်ရယ်၊ ကုလားလေး မဆလာရယ် ထည့်ပြီး ဆီသတ်ပေးပါ။ ပြီးရင် ပဲရည်အိုးထဲသို့ ဆီသတ်ထားတဲ့ ကြက်သွန်နီဆီကျက်ကို ထည့်ပေးလိုက်ပါ။ ပြုတ်ထားတဲ့ အာလူးကိုထည့်ပြီး မီးဖြည်းဖြည်းနဲ့ ဆူနေအောင် တည်ထားပေးပါလေ။ ဒါဆိုရင်တော့ ပဲရည်ကျိုနည်း ရပါပြီရှင်။ပဲရည်ကျိုလို့ပြီးရင် စမူဆာနဲ့ ကုလားဘယာကြော် ကြော်ပါတော့မယ်နော်။ ကြော်မယ့်အိုးထဲသို့ ဆီထည့်ပြီး စမူဆာကို အရင်ကြော်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကုလားဘယာကြော်ကို အရင်ကြော်လိုက်ရင် ကုလားပဲလေးတွေ ကြွေကျလာအုံးမှာလေ။ ဒီတော့ ကုလားဘယာကြော် ကြော်ပြီးမှ စမူဆာကြော်ရင် အကြော်ကြေတွေဟိုကပ် ဒီကပ်ဖြစ်နေမှာစိုးလို့ပါ။ ဒါဆိုရင်တော့ စမူဆာကျွတ်ကျွတ်လေးရယ်၊ ကုလားဘယာကြော် မွှေးမွှေးစပ်စပ်လေးရယ် ရပါပြီနော်။စမူဆာပဲရည်သုပ် ပြင်စားပုံ ပြင်စားနည်းစမူဆာကို လိုသလောက် ကတ်ကြေးနဲ့ညှပ်ပါ။ ကတ်ကြေးမရှိလဲ၊ ရှာမတွေ့လဲ လက်နဲ့သာဖဲ့လိုက်ပါ။ ပြီး ပဲရည်ထည့်ပါ။ ဂေါ်ဖီပါးပါးထည့်ပါ။ ကြက်သွန်နီပါးပါးထည့်ပါ။ ငရုတ်သီးစိမ်းပါးပါးထည့်ပါ။ ကုလားဘယာကြော်ကိုလိုသလောက်ထည့်ပြီး စားနိုင်ပါပြီနော်။ အချဉ်အငံ ကြိုက်သူများ လိုအပ်သလိုထည့်စားပါနော်။ စမူဆာ ပဲရည်သုပ် စားလို့ရပါပြီရှင်။အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
37
ဒီပိတ်ရက် စနေနေ့ ဓညှင်းသီးပြုတ်စားတော့ မေမေ ယောက်ခမကြီးကို သတိရမိတယ်။ ကိုယ်တော်ကြီးနဲ့ မရခင်တုံးကပေါ့။ ကိုယ်တော်ကြီးအိမ် ထမင်းစားအလည်သွားတယ်။ ကိုယ်တော်ကြီးမေမေက ငါးပိရည် ဓညှင်းသီးပြုတ် အပါအဝင် အတို့အမြို့အစုံနဲ့ ပေါ့။ ကျန်တဲ့ဟင်းတွေတော့ မေ့ကုန်ပြီ။ ထမင်းစားတော့ ကျန်တဲ့အတို့ပဲ မိုးကောင်းသူတို့က စားပါတယ်။ အဲတော့ မေမေ ယောက်ခမကြီးက ဓညှင်းသီးပြုတ်လေး စီးမှစီး စားပါလား။ မစားတာလား။ ဘာလို့လဲပေါ့။ ဟုတ်ဆိုပြီး (လိုရင်းကို ခပ်တိုတိုပဲ)........... မစားတာလို့ပြောလိုက်တယ်။ အဲတော့ ကိုယ်တော်ကြီးက ကြားထဲကနေ မေမေ့ချွေးမက နည်းလို့မစားတာလို့ပြောလေရဲ့။ အမယ်လေး မနည်းဘူး ၁၀ လုံး ကြီးများတောင် ဝယ်ထားတာဆိုတော့ မိုးကောင်းသူ ကျွန်မလဲ ရယ်ပြီးတာ နေလိုက်တယ်။ အဲဒီတော့ ကိုယ်တော်ကြီးက သူတို့အိမ်မှာက ဓညှင်းသီးကို အလုံး ၁၀၀၊ ၂၀၀ လောက်ကို တနေ့တည်း ပြုတ်စားတာ။ အမေ့ ၁၀လုံးလောက်တော့ မစားသေးဘူးလို့ ကြားထဲကနေ ဖြေလေရဲ့။ ဟုတ်တယ်လေ နည်းနည်းစားလဲ ပါးစပ်နံတဲ့အတူတူ (ဟိုနံ ဒီနံ...........) အခါတည်း များများစားပြီး နံတာကမှ တော်သေးတယ်လေ။ အိမ်မှာက ဓညှင်းသီးကို နည်းနည်းဆို မစားဘူး။ တခါတည်း များများပြုတ်စားလိုက်တယ်။ ဓညှင်းသီးကို ပြုတ်ရပြီဆိုတာနဲ့ ဆီနဲ့ဆားနဲ့ တို့ပြီးစားတာများပါတယ်။ ထမင်းနဲ့စားချင်လဲ စားပေါ့။ ကျွန်မတို့အိမ်မှာတော့ ဓညှင်းသီးကို ထမင်းနဲ့စားတာထက် ဒီအတိုင်းဆီနဲ့ဆားနဲ့တို့ စားတာပိုကြိုက်ပါတယ်။ အမေ့အိမ်ပြန်တုံးက ဓညှင်းသီး မပေါ်သေးလို့ မစားခဲ့ရဘူး။ ခုတော့ ပင်နီဆိုလာကနေပဲ ဝယ်စားလိုက်တော့တယ်။ အလုံး ၁၀၀၊ ၂၀၀ တော့ မဟုတ်ဘူးပေါ့။ ဒီနေ့တော့ အလုံး ၅၀ ပဲ ပြုတ်စားလိုက်တယ်။ ကယ်.......... ဓညှင်းသီးကြိုက်သူများ အားမနာတမ်းကို ဆီနဲ့ဆားနဲ့ တို့စားသွားပါအုံးလား။ အဟီး ......... စားပြီးမှ ဆီးအောင့်တယ်လဲ မပြောနဲ့နော်။ ပြီး ရေများများသာ သောက်ပေတော့။ဓညှင်းသီးပြုတ် ရပြီဆိုတာနဲ့ ဆီနဲ့ဆားနဲ့တို့ဆားလိုက်ပါတယ်။ (အကျင့်မကောင်းဘူးပဲပြောပြော ဘယ်လိုပဲပြောကြပါစေ ဒီဓညှင်းသီးပြုတ်တစ်ပန်းကိုတော့ ဘယ်သူကိုမှ မကျွေး မိုးကောင်းသူ တစ်ယောက်တည်း တစ်ထိုင်တည်းနဲ့ စားပလိုက်တယ်။)ခလယ်က အဆံလေးတွေတော့ ဖယ်ပြီးစားပါတယ်။ အဲဒီ အဆံလေးတွေ ဖယ်စားရင် ဆီးမအောင့်ဘူးဆိုလား။၀ယ်လာတာကို အခွံခွာထားပါပြီ။ ပြုတ်ရန် အဆင်သင့်ဖြစ်နေပါပြီ။ဓညှင်းသီးပြုတ်ကို ညနေတော့ ထမင်းနဲ့ စားလိုက်ပါတယ်။ (ငါးပိရည်ရယ်၊ ပုဇွန်ငပွကြော်ရယ်၊ ငါးကြော်ရယ်၊ ဓညှင်းသီးပြုတ်ရယ်၊ ချဉ်ဟင်းရယ် စားလိုက်ပါတယ်။ ချဉ်ဟင်းတော့ ဘယ်နေမှန်းမသိလိုက်ဘူး။ ပုံထဲ မပါတော့ဘူး။ စိတ်မှန်းနဲ့တာ စားသွားတော့နော်)ငါးကြော် ကျွတ်ကျွတ်လေး (ငါးနာမည်တော့ မသိဘူးနော့်)နောက်နေ့မှ ဓညှင်းသီးပြုတ်နည်း ရေးပေးတော့မည်။ အတော်ကြီးနောက်ကျနေပြီမို့ အိပ်ပြီကွယ်။
38
ထမင်းအိုးဘလော့လေးလဲ ဟင်းအသစ်မတင်ဖြစ်တာ တော်တော်ကြာသွားပြီ။ အလုပ်များနေတာရော အပျင်းကြီးနေတာရော နဲ့ ဘာဟင်းမှ အသစ်မတင်ဖြစ်ဘူး။ အပျင်းကြီးနေတာက များနေတာပါလေ။ မိုးကောင်းသူကိုကော မှတ်မိကြပါအုံးမလားမသိဘူး။ လာလည်သူတွေလဲ အသစ်မရှိဘဲ ပြန်ပြန်သွားရတာ တကယ်ကြီးကို အားနာပါတယ်ရှင်။ လာလည်သူအားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ်။ ဒီနေ့တော့ ငါးခေါင်းဟင်းရည်ချက်ကို တင်လိုက်ပါတယ်ရှင်။ အားမနာတမ်းသုံးဆောင်သွားပါအုံးနော်။ငါးခေါင်းဟင်း ချိုချဉ်စပ်လေး သုံးဆောင်သွားပါအုံးလား။ငါးခေါင်းဟင်းအတွက် လိုအပ်သောအရာငါးခေါင်း တစ်ခြမ်းၾကက္သြန္နီ ၂ လုံး (ပါးပါးလွီးထားပါ)ကြက်သွန်ဖြူ ၇ တက် (ထောင်းထားပါ)ခရမ်းချဉ်သီး ၂ လုံး (လေးစိတ်ခြမ်းထားပါ)ခရမ်းသီး ၂ လုံး (အနေတော် တုံးထားပါ)ရုံးပတေသီး ၇ ချောင်း (နှစ်ပိုင်း ပိုင်းထားပါ)ငရုပ်သီးစိမ်း ၁၀ တောင့်ပြင်းတော်သိမ်ရွက်မကျည်းမှည့် ကွမ်းသီးလုံးလောက် (အရည်ဖျော်ထားပါ)ငါးခေါင်းဟင်း အနှစ်ထုပ် ၁ ထုပ် (ကျွန်မကတော့ စျေးထဲက ကုလားဆိုင်ကနေ ငါးခေါင်းဟင်းချက်ချင်လို့ စပ်ပေးပါလို့ ပြောပြီးဝယ်ခဲ့တယ်။ ရယ်ဒီမိတ်ထုပ်ထက် ကုလားဆိုင်ကစပ်ပေးတာက ပိုကောင်းပါတယ်။ကိုယ်လိုချင်တာကို လိုတိုးပိုလျှော့လုပ်လို့လဲရတယ်။ ကျွန်မက စပ်စပ်လေးစာချင်တော့ ငရုတ်သီးအနှစ်များများထည့်ပေးပါလို့ ပြောလိုက်တယ်။ )ငါးခေါင်းဟင်းချက်နည်းငါးခေါင်းကို ရေနဲ့သေချာစွာဆေးပါ။ ပြီး ဆား အချိုမှုန့်နဲ့ နယ်ထားပေးပါ။ ငါးခေါင်းဟင်းချက်မယ့်အိုးတည်ပါမယ်။ အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်ရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ နဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူကို အရင် ဆီသတ်လိုက်ပါတယ်။ အနီရောင်သန်းလာတဲ့အထိကြော်လိုက်ပါ။ ပြီး ပြင်းတော်သိမ်ရွက်ကို ရေဆေးပြီး ထည့်လိုက်ပါ။ သူ့ကို အရင် ဆီသတ်လိုက်တော့ အနံ့ကပိုပြီးမွှေးပါတယ်။ ပြီး ငါးခေါင်းဟင်း အနှစ်ထုပ်ကို ထည့်လိုက်ပါ။ ၃ မိနစ်လောက် ဆီသတ်ပြီးရင် ငံပြာရည်ထည့်၊ ရေနွေးအနည်းငယ်ထည့်လိုက်ပါ။ ဆူနေအောင်တည်လိုက်ပါ။ ပြီး ဖျော်ထားတဲ့ မကျည်းမှည့် အရည်ကိုထည့်ပါ။ ဆူနေအောင်တည်လိုက်ပါ။ ဆူလာရင် ငါးခေါင်းကိုထည့်ပါ။ ဆူလာအောင်တည်ပါ။ ဆူလာရင် လှီးဖြတ်ထားတဲ့ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ရုံးပတေသီး နဲ့ ငရုတ်သီးကိုထည့်ပြီး ၁၀ မိနစ်လောက်တည်ထားပါ။ ဒါဆိုရင်တော့ ငါးခေါင်းဟင်း(ခေါ်) Curry fish head ရပါပြီရှင်။ အားမနာတမ်း သုံးဆောင်သွားပါအုံးနော်။
39
Sheng Siong supermarket ကနေ ချဉ်ပေါင်သီးကို ရှားရှားပါးပါးတွေ့ခဲ့တယ်။ တွေ့တော့ ချဉ်ပေါင်သီးကော ဟုတ်ကော ဟုတ်ရဲ့လားလို့ သေသေချာချာပြန်ကြည့်ရတယ်။ ချဉ်ပေါင်သီးကို ဟင်းရည်လဲချက်စားလို့ရတယ်။ ချဉ်ပေါင်သီးယိုဆိုပြီး ယိုထိုးစားလို့လဲ ရတယ်။ ချဉ်ပေါင်သီးစပ်စပ်လေး ထောင်းစားလို့လဲ ရပါတယ်။ အဲဒီသုံးမျိုးထဲက ဘယ်လိုလုပ်စားရမလဲပေါ့။ ဟင်းရည်ချက်မယ်ဆိုရင်လဲ ချဉ်ပေါင်ရွက်ကို ဟင်းရည်ချက်စားလဲရတယ်ပဲ။ ဒီတော့ ချဉ်ဟင်းတော့ မချက်စားတော့ဘူး။ ယိုထိုးစားမယ်ဆိုရင်လဲ ပြောသလောက်မများ။ ဒါဆိုတော့ စပ်စပ်ကလေးထောင်းစားလိုက်မယ်ပေါ့။ ဟင်းရည်ချိုပူပူလေးနဲ့ဆို အလွန်လိုက်ပါတယ်။ ဒီတော့ မုန်းညှင်းနဲ့တိုပူးတုံးလေးထည့်ပြီးချက်လိုက်ပါတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ချဉ်ပေါင်သီး တော်တော်လေးကိုကြီးပါတယ်။ဒီလိုလေးထုပ်ထားတာကို မြင်ခဲ့ပြီး ဝယ်ခဲ့ပါတယ်။ချဉ်ပေါင်သီးထောင်း၀က်အူချောင်းကြော်၊ ချဉ်ပေါင်သီးထောင်း၊ မုန့်ညှင်းနဲ့တိုပူးဟင်းချိုပူပူလေးချဉ်ပေါင်းသီးထောင်းအတွက် လိုအပ်သောအရာချဉ်ပေါင်သီးငရုတ်သီးစိမ်း (မိမိလိုသလောက်ထည့်ပါ)ကြက်သွန်ဖြူငါးပိကင်ပုဇွန်ခြောက်ထောင်းချဉ်ပေါင်သီးထောင်းနည်းချဉ်ပေါင်သီးကို အရင်ဆုံးရေဆေးလိုက်ပါတယ်။ ပြီး ခလယ်ကနေ နှစ်ခြမ်း ခြမ်းလိုက်ပါတယ်။ ပြီး ခလယ်ကအဖူးကို ဖယ်ထုတ်ပြီး ပစ်လိုက်ပါတယ်။ ငရုတ်ဆုံထဲသို့ ချဉ်ပေါင်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငါးပိကင်၊ ပုဇွန်ခြောက်ထောင်း၊ ဆား၊ အချိုမှုန့် (အချိုမှုန့်က စားနေကြမို့လို့ ဖြတ်လို့ မရသေးပါဘူး။ လျှော့ပြီးတော့ ထည့်ပါတယ်။ အချိုမှုန့် မစားတဲ့သူတွေလဲ ဟင်းခတ်မှုန့်ထည့်စားနိုင်ပါတယ်နော်။) ထည့်ပြီး ထောင်းနိုင်ပါပြီရှင်။ ငရုတ်ဆုံမရှိလဲ ကြိတ်စက်ထဲ ထည့်ပြီးထည့်ကြိတ်လိုက်ပါ။ ဒါဆိုရင်တော့ ချဉ်ပေါင်သီးထောင်း စပ်စပ်လေးရပါပြီ။
40
ဟင်းအသစ်တင်မယ် တင်မယ်ဆိုပြီး မတင်ဖြစ်ဘူး။ ဒီလထဲ ဒီလင်ဒီမယားနှစ်ယောက်သား ကျန်းမာရေးအခြေအနေညံ့နေတယ်။ ကျန်းမာရေးကောင်းပြန်တော့လည်း ကွန်ပျူတာကြီးက မအား ကွန်ပျူတာကြီးအားပြန်တော့လည်း ကျန်းမာရေးကမကောင်းနဲ့ တစ်လှည့်စီဖြစ်နေသည်။ :D သို့ပေမယ့်လည်း ရုံးပိတ်ရက်ပဲ ကျန်းမာရေးမကောင်းလို့ တော်ပေသေးသည်။ စျေးသွားတော့ ငါးလတ်လဲလတ်တာနဲ့ (၄ ကောင်)ဝယ်လာတယ်။ တခြားဟာမဝယ်ရတာကလဲ ဆိုင်တွေက ပိတ်သွားပြီ။ မရှိ ရှိတာပဲ ဝယ်လာတယ်။ အိမ်မှာတော့ ငါးအကောင်လိုက်ဆိုရင် ကြော်စားရင်ကြော်စား မဟုတ်ရင်တာ့ ကင်စားတာများတယ်။ ငါးကင်ကိုတော့ ရေးဖူးပါတယ်။ အခုငါးက ကကထစ်ငါးထင်တာပဲ။ ရေကျိုလေးချက်စားလဲ ကောင်းတယ်လို့ပြောတာပဲ။ ကျွန်မတော့ ငါးကိုချက်တာထက် ဒီလို ကင်စားတာကိုပိုကြိုက်ပါတယ်။ အနှစ်လေးကိုစပ်စပ်လေးဆို ရှူးရှူးရှဲရှဲနဲ့စားလို့လဲကောင်းတယ်။ နေမကောင်းချင်တဲ့ အချိန်စားတော့ ချွေးတော့ပြန်သွားပါလိမ့်မယ်။ ကဲ ........... ဒီနေ့တော့ ငါးကင်လေးပဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ငါးကင် (အိမ် ငါးကင်)ငါးကင်ဒုတိယရက် ငါးကင်ပထမရက် ငါးကင်ငါးကင် အတွက် လိုအပ်သောအရာငါး (မိမိကြိုက်နှစ်သက်ရာ ငါး)ကြက်သွန်နီ ၃ လုံး (အနှစ်များများစားချင်ရင် ကြက်သွန်နီများများထည့်ပါနော်။ တစ်ခါတစ်လေ ငါးထက် အနှစ်ကိုပိုကြိုက်တဲ့သူတွေလဲ ရှိတယ်။)ကြက်သွန်ဖြူ ၇ တက်ဂျင်း လက် ၄ ဆစ်ငရုတ်သီး ၂၀ တောင့် (အစိမ်းတောင့် ပဲရှိလို့ များများလေးထည့်လိုက်တယ်။)ပင်စိမ်းရွက်ဖက်ဖယ်ရွက်နံနံပင်ရှမ်းနံနံငါးကင်အတွက် ပြင်ဆင်ပုံငါး အကြေးခွံကိုသေချာခွာရေနဲ့ဆေးလိုက်တယ်။ ပြီးရင် မန်ကျည်းမှည့် နည်းနည်းကို ရေဖျော်ပြီး ငါးကို ဆေးပါ။ အိမ်မှာတော့ ဘယ်ငါးချက်ချက် မန်ကျည်းမှည့်နဲ့ ဆေးတတ်ပါတယ်။ ငါး အညှီနံတွေ ပျောက်သွားအောင်ပါ။ ပြီးရင်တော့ ငါးကို ဆား၊ အချိုမှုန့်နဲ့ နယ်ထားပြီး ၁၅ မိနစ်လောက်နပ်ထားပါ။ ငါးထဲ ဆားလေး ပြားလေး ဝင်သွားအောင်ပါ။ ငါးကို နပ်ထားတဲ့အချိန် အဆာပလာကို လုပ်ပါမည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ နံနံပင်တို့ကို ဆား နဲ့ အချိုမှုန့် နည်းနည်းထည့်ပြီး တောက်တောက်စင်းပါ မဟုတ်လဲ ထောင်းနိုင်ပါတယ်နော်။ (ဆား နဲ့ အချိုမှုန့်ထည့်ဖို့ မမေ့နဲ့နော်။ မဟုတ်ရင် အဆာပလာက အရသာမရှိဘူးဖြစ်နေလိမ့်မယ်။) ပြီး ဆီစိမ်းနည်းနည်းနယ်လိုက်ပါတယ်။ ပြီးရင် ငါးဗိုက်ထဲသို့ အစာပလာသွတ်၊ ပါးဟက်ထဲသို့ အစာပလာသွတ်ပြီး ကင်နိုင်ပါပြီ။ ဆီလေးပါတော့ အဆာပလာအိသွားအောင်လို့။ ဆီမထည့်လဲရတယ်နော်။ ပြီး ကင်စက်ထဲထည့်လိုက်တယ်။ အပေါ်မီးအောက်မီးတပြိုက်နက်ဆို မိနစ် ၃၀ လောက်ကင်ပေးပါ။ အပူချိန် ၂၀၀ လောက်ထားလိုက်ပါတယ်။ ဒီလိုလေး လုပ်စားကြည့်ပါလား။
41
ဒီနေ့တော့ ချိုချဉ်ဖန်ခါးဟင်းလျှာများ တင်လိုက်ပါတယ်နော်။ ချိုချဉ်ဖန်ခါးဟင်းဆိုလို့ ဟင်းနာမည်လဲထင်နေအုံးမည်။ အမှန်က ဘယ်လိုခေါင်းစဉ်တပ်ရမလဲလို့ စဉ်းစားမရတာနဲ့ ချိုချဉ်ဖန်ခါးရုံးပိတ်ရက် ဟင်းလျှာများဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါတယ်နော်။ချိုတာလေးကတော့ ဝက်သားဟင်းနဲ့ ကုလားပဲဟင်းပေါ့။ချဉ်တာလေးကတော့ မုန်လာချဉ်သုပ်လေးပေါ့။ဖန်......... အဲ........ ဖန်တာလေးတော့ပါဘူးပေါ့။:D ခါးတာလေးကတော့ ကြက်ဟင်းခါးသီးကြော်လေးပေါ့။ ကြိုက်နှစ်သက်ရာ ဟင်းကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ချို ချဉ် ဖန် ခါး ဟင်းလျှားများ (ဝက်သားဟင်း၊ ကြက်ဟင်းခါးသီးကြော်၊ မုန်လာချဉ်သုပ်၊ ပဲဟင်း)၀က်သား ဗမာချက် (ဆီတော့နည်းနည်းများသွားတယ်။)မုန်လာချဉ်သုပ် (မုန်လာချဉ်တည်နည်းကိုဒီမွာရေးဖူးပါတယ်။ အောက်မှာလည်း ကူးယူပြီး တင်ထားပေးပါတယ်နော်။)ကြက်ဟင်းခါးသီးကြော် စပ်စပ်လေးကုလားပဲဟင်းချို ပူပူလေး (အိုးကလေး နဲ့ ပဲဟင်းပေါ့)၀က်သားချက်နည်း၀က်သားကို ရေဆေး ခပ်သေးသေးတုံးပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းနဲ့နယ်လိုက်ပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ၇ တက်၊ ကြက်သွန်နီ ၃ လုံးကို ရောပြီး ကြိတ်လိုက်ပါတယ်။ ဝက်သားချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီကို အရင် ဆီသတ်လိုက်ပါ။ အိပြီး အရောင်နီသွားအောင်အထိပေါ့။ ပြီးရင် အရောင်တင် ငရုတ်သီးမှုန့် နဲ့ ဆနွင်းထည့်ပါ။ ပြီးရင် နယ်ထားတဲ့ ဝက်သားကိုထည့်ပြီး ၁၀ မိနစ်လောက် လုံးလိုက်ပါ။ ပြီးရင် ရေနွေးကို ဝက်သားမြုတ်အောင်အထိထည့်ပြီး မီးဖိုပေါ်တည်ထားပေးပါ။ ဆီပြန်လာရင်တော့ ဝက်သားဗမာချက် ရပါပြီရှင်။မုန်လာချဉ်တည်နည်းမုန်လာဥကို အခွံနွှာပြီး အရှည်လိုက် လှီးလိုက်ပါတယ်နော်။ မုန်လာဥ အရိုးအရွက်တွေပါ ပါရင် ပိုကောင်းတယ်။ ဒီမှာ ကတော့ အရွက်ပါတာ သိပ်မတွေ့ဘူး။ ရှိတော့ ရှိတယ်။ ရှားတယ်။ ပြီးနယ်မယ့် ဇလုံထဲသို့ ထမင်း လက်တဆုပ်ထည့်၊ ဆားထည့်(ပုံမှန်ထက် ၂ ဆထည့်) ပြီးအရင်နယ်ပါ။ ဆားနည်းလွန်းရင်လဲ စားလို့မကောင်းဘူးနော့်။ မချဉ်ဘူး ဖြစ်တတ်တယ်။ ထမင်းနဲ့ ဆားနဲ့ ရောသွားအောင် နာနာနယ်ပေးပါ။ ပြီးရင် အရှည်လိုက်လှီးထားတဲ့ မုန်လာဥကို ထည့်ပြီးနယ်ပေးပါ။ နယ်ပြီးရင်တော့ ဗူးသန့်သန့်လေးထဲမှာထည့်ပါ။ အရည်နဲ့လိုချင်ရင်တော့ ရေအေးအေး (ရေခဲရေ ဆို ပိုကောင်းတယ်) ထည့်ပါ။ ရာသီဥတုပူရင်တော့ ၃ ရက်ဆိုရပါပြီ။ ရာသီဥတုအေးရင်တော့ ၄ ရက်၊ ၅ ရက်လောက်ထားပေးပါ။ အချဉ်ရရင်တော့ ပိုပြီးမချဉ်သွားစေရန် ရေခဲသေတ္တာထဲထည့်ထားပေးပါ။ စားချင်တဲ့အခါထုတ်ပြီး သုပ်စားနိုင်ပါပြီနော်။ကြက်ဟင်းခါးသီးကြော်နည်းကြက်ဟင်းခါးသီးကို နှစ်ခြမ်း ခြမ်းပြီး အစေ့ထုတ်လိုက်ပါတယ်။ ပြီးရင် ပါးပါးလှီးပါ။ ကြက်ဟင်းခါးသီး အရမ်းခါးနေဆိုးလို့ ဆားထည့်ပြီး အရင်နာနာနယ်လိုက်ပါတယ်။ ပြီးရင် ရေစင်အောင်ဆေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူ ၅ တက်၊ ကြက်သွန်နီ ၂ လုံးကို ပါးပါးလှီးထားပါ။ ပုဇွန်ခြောက်ကိုလည်း ထောင်းထားပါ။ ငါးပိ လက်တစ်ဆစ်လည်း လိုပါတယ်နော်။ စတင်ကြော်ပါတော့မယ်။ ကြော်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ နီကို အရင်ကြော်လိုက်ပါ။ အနီရောင်သမ်းလာတဲ့အထိပေါ့။ ပြီးရင် ကြက်ဟင်းခါးသီးကိုထည့်၊ ငါးပိထည့်၊ အရောင်တင် ငရုတ်သီးမှုန့်ထည်၊ ငန်ပြာရည်ထည့်၊ အချိုမှုန့်ထည့်၊ ပုဇွန်ခြောက်ထောင်းထည့်ပြီး ၁၀ မိနစ်လောက် လုံးပေးပါ။ ပြီးရင် ကြက်ဟင်းခါးသီးအိသွားအောင်လို့ ရေနွေးနည်းနည်းလေး ထည့် အဖုံးပိတ်ပြီး မီးဖြည်းဖြည်းနဲ့တည်ထားပါ။ ရေခမ်းသွားရင်တော့ ကြက်ဟင်းခါးသီးကို မွှေပေးပါ။ ဆား အချိုမြည်းပါ။ အရသာ အဆင်ပြေသွားပြီ ဆိုရင်တော့ ငရုတ်သီး ခွဲခြမ်းဖတ်ထည့်ပါ။ နောက် ၅ မိနစ်လောက်ဆို မီးဖိုပေါ်က ချနိုင်ပါပြီရှင်။ ကြက်ဟင်းသီး စပ်စပ်ကြော် ရပါပြီရှင်။ကုလားပဲဟင်းချို ချက်နည်းကုလားပဲကို ရေဆေးပြီး အရင်ပြုတ်ပါ။ပဲပြုတ်ရင် အရင်ဆုံး ဆား လုံးဝ မထည့်ပါနဲ့နော်။ ဆားထည့်ပြုတ်ရင် ပဲပြုတ်ရတာ ပိုကြာပြီး နူးမလွယ်ပါဘူး။ ပဲတွေ ဆတ်တောက်တောက်ဖြစ်တတ်ပါတယ်။ပဲနူးသွားပြီဆိုမှ ဆား အချိုမှုန့်တို့ ထည့်ပါ။ အဲ ............. ကြက်သွန်ဖြူနီ ဆီကျက်ချက်ရပါအုံးမည်။ ဆီအိုးတည်ပါ။ ကြက်သွန်ဖြူနီကို ပါးပါးလှီးပါ။ ဆီကျက်လာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနီကို ထည့်ပါ။ အနီရောင်သမ်းလာတဲ့အထိ ကြော်ပါ။ ပြီးရင် ဆနွင်းနည်းနည်း၊ အရောင်တင်နည်းနည်းထည့်ပြီး မွှေပါ။ မွှေပြီးရင် မီးဖိုပေါ်ကနေချက်ချင်းချလိုက်ပါ။ အရောင်တင်နဲ့ ဆနွင်းတူးသွားမှာဆိုးလို့ပါ။ ပဲပြုတ်ထားတဲ့ အိုးထဲသို့ ကြက်သွန်ဖြူနီ ဆီကျက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ ပဲဟင်းချို ပူပူလေး ရပါပြီရှင်။အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်။
42
Go Xi Fa Cai(Happy Chinese New Year!)ဆိုပြီးဘာတွေ ပါလိမ့်ပြီးထင်နေလိမ့်မည်။ မိုးကောင်းသူတို့လည်း သူများတွေ ကုန်းစီဖချိုင်ဆိုတော့ ဒီကလဲ ကုန်းစီဖချိုင်လုပ်လိုက်ပါသည်။
43
နောက်တစ်ပတ်ဆို တရုတ်နှစ်ကူးမို့လို့ အလုပ်တစ်ပတ်တဲ့သူ၊ ၁၀ ရက်ပိတ်တဲ့သူ၊ ၄ ရက်ပိတ်တဲ့သူများ ဒီနေ့ ဆီထမင်းနဲ့ အကြော်စုံလုပ်စားတာ တင်လိုက်ပါတယ်။ လုပ်စားထားတာတော့ တစ်လကြော်လောက် ရှိတော့ရောပေါ့။ သူများတွေ မန္တလေးပဲကြော် ကြော်တင်တာတွေ့ဖူးတယ်။ ဘယ်မှာမှန်းမမှတ်မိတော့ဘူး။ မန္တလေးပဲကြော်ကို ကြော်ကြည့်ပါတယ်။ မန္တလေးပဲကြော်ကို တမ်းတမ်းတတစားချင်နေကြသူများလဲ ဒီလိုလုပ်စားလို့ရပါတယ်။ ပင်နီဆိုလာလဲ မရောက်ဖြစ်တော့ ကိုယ်တိုင်ပဲ ကြော်စားလိုက်တယ်။ ကျွန်မက ကိုယ်တိုင်လုပ်စားရတာလဲ ဝါသနာတော့ လျှောက်ပြီးလုပ်စားလိုက်တယ်။ ဖြစ်တာ မဖြစ်တာ တော့ မသိဘူး။ တစ်ခါလောက်တော့ စမ်းလုပ်ကြည့်လိုက်တယ်။ ဖြစ်တော့လဲ လုပ်နည်းလေးမှတ်ထားလိုက်တယ်။ မဖြစ်တော့လဲ ဘယ်သူတွေဆီက ပြန်မေးရမလဲပေါ့။ ဒီနေ့ အကြော်အားလုံးကတော့ ကျွန်မကိုယ်တိုင်လုပ်ထားတာကြီးပဲ။ တိုပူးလဲ ကိုယ်တိုင်ကျိုတယ်။ ကုလားဘယာကြော်လဲ ကိုယ်တိုင်ရေစိမ်ပြီးကြိတ်တယ်။ အဲ ............ မန္တလေးပဲကြော်တော့ ပဲကိုကိုယ်တိုင်မပြုတ်ဘူးပေါ့။ ရယ်ဒီမိတ်ဗူးကိုပဲ သုံးလိုက်တယ်။ ပြီးတော့ ဆီထမင်းလဲ ကိုယ်တိုင်ထိုးလိုက်တယ်ပေါ့။ ဆီထမင်းကို အသားအရေလှသွားအောင်ဆိုပြီး ဆနွင်းများများထည့်လိုက်တယ်။ :D အမှန်တကယ်လဲ ဆီထမင်းက ဝါ၀ါဝင်းဝင်းလေး စားရတာမဟုတ်လားလေ။ နော်။ ဒီနေ့တော့ ဆီထမင်းဝါဝါနဲ့ အကြော်စုံတို့ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ဆီထမင်းနဲ့အကြော်စုံ ပူပူလေး (မန္တလေး ပဲကြော်ရယ်၊ ကုလားဘယာကြော်ရယ်၊ တိုပူးကြော်ရယ်၊ ဘူးသီးကြော်ရယ်)ပဲပြုတ်ကို အပေါ်ကနေ ဖြူးဖို့ မေ့နေလို့ နောက်တစ်ပုံ ထပ်ရိုက်လိုက်တယ်။ဆီထမင်းနဲ့ တစ်ခြားအကြော်တွေ မရခင် မန္တလေးပဲကြော်ကို အရင်ကြော်ပြီး စားလိုက်ပါတယ်။ (ရေနွေးကြမ်းတစ်ခွက် နဲ့ ကော်ဖီတစ်ခွက်ကို နှစ်ယောက်သား မျှပြီးသောက်ကြတယ်။)မန္တလေးပဲကြော်အတွက် ဒီ Red Kidney Beans ပဲဗူးကို သုံးပါတယ်။ ပဲပြုတ်စရာလဲ မလိုတော့ဘူးပေါ့။Red Kidney Beans ပဲဗူးကို ကောက်ညှင်းမှုန့်နဲ့ ရောပြီးနယ်ထားတဲ့ပုံဆီထမင်းအတွက် လိုအပ်သောအရာကောက်ညှင်းဆန် အဖြူ ၄ လုံး (ထမင်းအိုးမှာ ပါတဲ့ ခွက်နဲ့ ချိန်ပြီးချက်လိုက်ပါတယ်။)ကြက်သွန်နီ ၁ လုံး ပါးပါးလှီး၊ ကြက်သွန်ဖြူ ၅ မွှာ (ခေါ်) ၅ တက် ထောင်းထားဆီဆနွင်းဆားဆီထမင်း ထိုးနည်းကောက်ညှင်းဆန် ၄ လုံးကို ရေဆေးပြီး ရေစစ်ထားလိုက်ပါ။ ဆီထမင်းထိုးမယ့် အကြော်အိုးကို မီးဖိုပေါ်တင်ပါ။ ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်လာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ နဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူကို အရင်ကြော်လိုက်ပါ။ ကြက်သွန်ဖြူနီ အရောင် အနီရောင်ဖြစ်လာရင် ဆနွင်းမှုန့်ထည့်လိုက်ပါ။ ဆနွင်းမှုန့်ထည့်ပြီး ၁ မိနစ်လောက်ကြာလာရင် ရေဆေးထားတဲ့ ကောက်ညှင်းဆန်ကိုထည့်ပါ။ ဆီကျက်နဲ့ ခဏလုံးလိုက်ပါ။ ပြီးရင် ရေထည့်ပါ။ ရေကိုတော့ ထမင်းအိုးမှာပါတဲ့ခွက်နဲ့ချိန်ထည့်ပါတယ်။ ကောက်ညှင်းဆန် တစ်လုံး ၊ ရေ တစ်လုံးခွဲထည့်ပါတယ်။ (ကောက်ညှင်းဆန် တစ်ဆ၊ ရေတစ်ဆခွဲ) ပြီးရင် အကြော်အိုးကို အဖုံးအုပ်ပြီး မီးဖြည်းဖြည်းနဲ့ ၁၀ မိနစ်လောက်အုပ်ထားပေးပါ။ ၁၀ မိနစ်လောက်ကြာပြီးသွားရင် ကောက်ညှင်းကို အပေါ်အောက် လှန်ပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပါ။ အဲ ............... ဆီထမင်းကျွတ်ကျွတ်လေး စားချင်ရင်တော့ မီးဖြည်းဖြည်းနဲ့ ၁၅ မိနစ်လောက်ထားပေးပါ။ ဒါဆိုရင်တော့ ဆီထမင်း ဝါ၀ါဝင်းဝင်းလေး ရပါပြီရှင်။-------------------မန္တလေးပဲ ကြော်အတွက်လိုအပ်သောအရာRed Kidney Beans ၂ ဗူးကောက်ညှင်းဆန်မှုန့် ၄ ဗူး (ထမင်းအိုးမှာ ပါတဲ့ ခွက်နဲ့ ချိန်ပြီးချက်လိုက်ပါတယ်။)ဂျင်း လက်နှစ်ဆစ် ထောင်းကြက်သွန်ဖြူ ၇ တက် ထောင်းဆားဆော်တာမှုန့် (မရှိလဲ မထည့်လဲ ရပါတယ်နော်)မန္တလေးပဲကြော်နည်းRed Kidney Beans ၂ ဗူးကို အဖုံးပေါက်ပြီး ဇလုံတစ်ခုထဲသို့ ထည့်လိုက်ပါတယ်။ (ပဲဗူးမှာ ပါတဲ့အရည်တွေပါထည့်လိုက်ပါတယ်။) အရင်ဆုံး ပဲတွေကျေသွားအောင် နယ်လိုက်ပါ။ နယ်လို့ပြီးရင်ကောက်ညှင်းဆန်မှုန့် ၄ ဗူးကိုထည့်၊ ထောင်းထားတဲ့ ဂျင်း နဲ့ ကြက်သွန်ဖြူကို ထည့်၊ ဆော်တာမှုန့် နည်းနည်းလေးပဲထည့် (လက်မ နဲ့ လက်ညိုးနဲ့ကော်လိုက် ပါလာတဲ့ ဆော်တာမှုန့်ပဲ ထည့်ပါတယ်။ ချိန်လို့ ရအောင်ပြောတာပါ။ အဆင်ပြေသလိုသာထည့်ပါနော်။) နယ်ပြီးရင် ဆားလေး ဘာလေး အရင်မြည်းကြည့်ပါလား။ ပဲဗူးမှာလည်း နဂိုကတည်းက ဆားပါပြီးသားမို့လို့ပါ။ အငန်ကြိုက်သူများကတော့ ဆားနည်းနည်းထပ်ထည့်ပါ။ အငန်မကြိုက်သူများကတော့ ဆားထပ်ထည့်စရာ လိုတော့ဘူး။ ဒါဆိုရင်တော့ မန္တလေးပဲကြော် ကြော်ရန် အဆင်သင့်ဖြစ်ပါပြီ။ ကြော်မယ့်အိုးထဲသို့ ဆီ နည်းနည်းထည့်ပြီး တည်လိုက်ပါ။ ဆီကျက်လာရင် မိမိစိတ်တိုင်းကျ မန္တလေးပဲကြော်ကို ပြားပြီး ကြော်ပါလေ။ ဒါဆိုရင်တော့ မန္တလေးပဲကြော် မွှေးမွှေးလေးရပါပြီရှင်။---------------တိုပူးကြော် အတွက်လိုအပ်သောအရာတိုပူးမှုန့် (စိန်ဖြိုး တံဆိပ် တိုပူးမှုန့်ကို ကျိုပါတယ်။ ဒါမှ ရှမ်းတိုပူးကြော်နဲ့ တူတာပါ။ စိန်ဖြိုးတံဆိပ် မရှိလဲ ရှိတာနဲ့ကျိုပါနော်)ဆားတိုပူးကျိုနည်း နဲ့ ကြော်နည်းဇလုံ တစ်ခုထဲသို့ တိုပူးမှုန့်တစ်ဆ ရေတစ်ဆခွဲထည့်ပါ။ တိုပူးမှုန့်ထည့်တဲ့အပေါ်မူတည်ပြီး ရေထည့်ပေးပါ။ ပြီးရင် ဆားနည်းနည်းထည့်ပါ။ ပြီးရင် တိုပူးမှုန့်များ ကျေသွားအောင်အထိ မွှေပေးပါ (သို့) နယ်ပေးပါ။ တိုပူမှုန့်ကျေညှက်သွားအောင်အထိနယ်ပေးပါနော်။ ပြီးရင် ကော်ဖီ ဇကာစစ်နဲ့ စစ်လိုက်ပါတယ်။ အမှုန်ပါတယ် တိုပူးမှုန့် မကျေညှက်တာတွေ ဖယ်လို့ ရအောင်ပါ။ ပြီးရင် ၃၀ မိနစ်လောက်အဖုံးအုပ်ပြီး ထားထားပေးပါ။ တိုပူးမှုန့် အနည်ထိုင်သွားအောင်ပါ။ တိုပူးမှုန့်အနည်ထိုင်သွားရင်တော့ ကျိုမယ့်အိုးထဲသို့ တိုပူးမှုန့် အရည်ကြည်ပဲ အရင်ကျိုပေးပါ။ တိုပူးကျိုနေတုံးတော့ အဆက်မပြတ် မွှေပေးပါ။ မီးတူးသွားမှာစိုးလို့ပါ။ တိုပူးအရည်ကြည်ဆူပွက်လာအောင်အထိကျိုပေးပါ။ ဆူပွက်လာရင် တိုပူအနည်ထိုင်နေ့တဲ့ အရည်ပျစ်ပျစ်ကိုထည့်ပေးပါ။ အဆက်မပြတ်တာမွှေပါ။ ဗွက်ဗွက်ဆူလာအောင်အထိ တည်ပေးပါ။ ဗွက်ဗွက်ဆူပြီး မွှေရတာ ခက်လာရင်တော့ တိုပူးအအေးခံမယ့် ခွက်ထဲသို့ထည့်ထားပေးပါ။ နောက် တစ်နာရီလောက် ကြာရင်တော့ တိုပူးတုံး ရပါပြီရှင်။ ပြီးရင် မိမိစိတ်တိုင်းကျ အတုံးတုံးပြီး ကြော်စားနိုင်ပါပြီရှင်။-------------------ကုလားဘယာကြော် အတွက်လိုအပ်သောအရာကုလားပဲ ၂ ဗူးပြင်းတော်သိမ်ရွက်ငရုတ်သီးစိမ်း (မိမိလိုသလောက်ထည့်)ၾကက္သြန္နီ ၂ လုံးဆော်တာမှုန့်ဆားအချိုမှုန့်ကုလားဘယာကြော် ကြော်နည်းဒီနေ့လို ကုလားပဲကိုကြော်မယ်ဆိုရင် မနေ့ညကတည်းက ကုလားပဲကို ရေစိမ်ထားပါ။ (ကြာကြာစိမ်ထားတော့ ကုလားပဲထောင်းရတာ သက်သာတယ်လေ။ မဟုတ်လဲ ကျိတ်စက်နဲ့ ကျိတ်လဲ ရတာပါပဲ။) စိမ်ထားတဲ့ ကုလားပဲကိုထောင်းပါ။ ကြက်သွန်နီကို ပါးပါးနုတ်နုတ်လှီးထားပါ။ ကြက်သွန်နီက မထည့်လဲ ရပါတယ်။ ပိုပြီးချိုသွားအောင် ထည့်လိုက်တာပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီးထည့်၊ ပြင်းတော်သိမ်ရွက်လည်း ပါးပါးလှီးပြီးထည့်၊ ဆော်တာမှုန့်နည်းနည်းထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်ပြီး နယ်ပေးပါ။ ပြီးရင်တော့ ဆီအိုတည်ပြီး ကြော်စားနိုင်ပါပြီရှင်။ ကုလားဘယာကြော် မွှေးမွှေးစပ်စပ်လေး ရပါပြီနော်။မှက်ချက်။ ။ အဲနေ့က တစ်နေကုန် ထမင်းမချက်ဘဲ ဆီထမင်းနဲ့ အကြော်စုံပဲ စားပါသည်။ကျန်းမာချမ်းသာ ကြပါစေရှင်။
44
ကျွန်မက ကြက်ဆိုရင်အသားကို မကြိုက်ဘူး။ ရင်ဖုံမှလွဲလို့ ကျန်တဲအပိုင်းဆိုရင်တော့ ကြိုက်ပါတယ်။ ကြက်ဆိုအရိုးလေးကိုက်လိုက်ရမှကျေနပ်တယ်။ ရန်ကုန် ၁၉ လမ်း တရုတ်တန်းက ကြက်ခြေထောက်ပေါင်းဆိုအကြိုက်ဆုံးပေါ့။ အိမ်ပြန်တုံးက ၁၉ လမ်းမှာ သွားပြီး ဝါးတီးဆွဲခဲ့သေးတယ်။ ကြက်အသဲအမြစ်ဆိုလဲ အမြစ်ပဲကြိုက်တယ်။ ဒီမှာက အသဲကြီးပဲသတ်သတ် အမြစ်ကြီးပဲသတ်သတ်ဝယ်လို့ရတော့ပိုကောင်းတာပေါ့နော်။ ဘဲမြစ်ဆိုပိုပြီးတောင်ကောင်းသေးတယ်။ ကြီးလဲကြီးတယ် စားရတာလဲ မာမာကျွတ်ကျွတ်လေး။ အဟီး ပြီးတော့ ကြက်ဆီဖူး(ဖင်ဆီဖူး)နဲ့ ကြက်အူလဲ ကြိုက်တယ်။ ကြက်အူကို ကြက်ကချင်ချက် ချက်သလိုချဉ်စပ်လေးချက်စားရင်ကောင်းမှကောင်းပဲ။ ကြက်ကချင်ချက်ချက်နည်းကိုတော့ဒီမွာရေးဖူးပါတယ်။ (ကြက်အူကိုတော့ အသေအချာလေးရေဆေးရတာပေါ့နော်) ဒီမှာတော့ အဲဒါတွေဝယ်လို့မရတတ်ပါ။ ကြက်ဆီဖူးက ကြက်တကောင်လုံးဝယ်ရင်တော့ စားရပါသေးတယ်။ ဒီမှာ ကြက်အူကတော့ ရောင်ရမ်းပြီးတောင် မတွေ့မိ။ ဒီမိုးကောင်းသူတော့ ကိုယ့်အသားမဟုတ်တိုင်း သူများအသားကိုများပြောနေလိုက်တာ ဟိုဟာလေးကြိုက်တယ် ဒီဟာလေးကြိုက်တယ်နဲ့လို့ပြောတော့မှာပဲနော်။ ဒါမှ မဟုတ်လဲ ကြက်ဆီဖူးနဲ့ကြက်အူများ ပေါက်ပေါက်ရှာရှာကြိုက်လဲကြိုက်တတ်တယ် အံသြပါရဲ့နော် ဖြစ်နေတော့မည်။ အဟီး ပြောချင်တာက ကြက်ရင်ဖုံကိုချက်တာမစားချင်တာနဲ့ ဒီနေ့တော့ ကြက်သားသုပ်ချဉ်စပ်လေး လုပ်စားမှဆိုပြီးပြောချင်တာပါရှင်။ လေရှည်နေတာနဲ့ ကြက်သားသုပ်အကြောင်းပြောအုံးမှ။ကြက်သားသုပ်၊ ပဲတောင့်ရှည်သုပ်၊ ဘူးသီးဟင်းခါးကြက်သားသုပ် ချဉ်စပ်လေး သုံးဆောင်သွားပါအုံးလားပဲတောင့်ရှည်သုပ် (မြေပဲဆံထောင်း၊ ကြက်သွန်နီ ဆီကျက်၊ ပဲကျက်မှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်၊ အချိုမှုန့် ထည့်ပြီး သုပ်ထားပါတယ်ရှင်)ဘူးသီးဟင်းခါး (ကြက်သားပြုတ်ရည်ထဲ ဘူးသီးရယ်၊ ပဲကြာဇံရယ်ထည့်လိုက်ပါတယ်)လိုအပ်သောအရာကြက်ရင်ဖုံ (မိမိကြိုက်နှစ်သက်သောအသားဆိုလဲရပါတယ်)ခရမ်းချဉ်သီး ၂ လုံးဂေါ်ဖီထုပ်ၾကက္သြန္နီ ၂ လုံး ( ၁ လုံးကုိ ဆီက်က္ခ်က္)ကြက်သွန်ဖြူ ၂ တက်ငရုတ်သီးစိမ်း ၃ တောင့်သံပရာသီးသေးသေး ၄ လုံးဗမာ နံနံပင်သုပ်ပုံသုပ်နည်းကြက်သားကိုရေဆေး ဆား၊ အချိုမှုန့်ထည့်ပြီး အရင်ပြုတ်ထားပါ။ ဒီမှာက CP ကြက်တွေဆိုတော့ နာရီဝက်လောက်ဆိုရင်တော့ အသားများကျက်ပါပြီ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုပ်၊ နံနံတို့ကို ပါးပါးလှီးထားပါ။ သုပ်မယ့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ နံနံတို့ကိုထည့်၊ ပြုတ်ထားတဲ့ကြက်သားကို အမျှင်လေးတွေနွှာပြီးထည့်၊ ဆား၊ အချိုမှုန့်ထည့်၊ သံပရာသီးညှစ်ထည့်ပြီး နယ်ပေးပါ။ အပေါ်ကနေ ကြက်သွန်နီဆီကျက်လေးကိုထည့်ပြီး စားလို့ရပါပြီရှင်။ ချဉ်ချဉ်စပ်စပ်နဲ့ အလွန်မြန်ဆန်သော ကြက်သားသုပ်ဟင်းတစ်ခွက်ရပါပြီ။ သုံးဆောင်သွားပါအုံးလား။
45
မနေ့က ညကြီးမှ အိမ်က ပါလာသော လက်ဖက်ရွက်အညွန့်ကို ကမန်းကတမ်း နပ်လိုက်ပါတယ်။ မိုးကုပ်လက်ဖက်အညွန့်လို့ ခေါ်လားမသိ။ မန္တလေးမှာနေတုံးကတော့ ဒီလိုအညွန့်ကြီးပဲ သုပ်တာစားဖူးတယ်။ ပဲကြော်ဆံမပါဘဲ လက်ဖက်အညွန့် သုပ်တာ။ ခေါက်ဆွဲခေါက်စားသလိုကို အားပါးတရ စားကြတာ။ ဒီနေ့တော့ သုပ်စရာ ခရမ်းချဉ်သီး နဲ့ ဂေါ်ဖီထုပ်လဲ မရှိတော့ အဖိုးကြီး အဖွားကြီးသုပ်ပဲ လုပ်စားလိုက်ပါတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ အော် ........ ရေနွေးလေးတောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။ရှားရှားပါးပါး တွင်းပိုး သေးသေးလေး ၂ ထုပ်ပါလာတယ်။ မစားရတာကြာလို့လားမသိ အရသာတွေ ရှိနေတာ။ဘယ်ဓာတ်ပုံက ပိုစားချင်စရာကောင်းမလဲလို့ နှစ်ပုံတင်လိုက်တာ။ ကြိုက်တဲ့ ပုံကို ကြည့်ပြီး စားသွားနော်။လက်ဖက်နပ် အတွက်လိုအပ်သောအရာလက်ဖက် အညွန့်ကြက်သွန်ဖြူငရုတ်သီးစိမ်းသံပရာသီးဆားအချိုမှုန့်ဆီလက်ဖက် နပ်ပုံလက်ဖက်ကို ရေစင်အောင်ဆေးလိုက်ပါ။ အခါးဓာတ်တွေ ထွက်သွားအောင်။ ခါးခါးသက်သက်လေး ကြိုက်တဲ့သသတွေကတော့ ၁ ခါလောက်ပဲ ရေဆေးပေါ့။ ရေဆေးပြီးရင် ရေစင်အောင် ညှစ်လိုက်ပါ။ လက်ဖက်နပ်မယ့် ဇလုံသေးသေးထဲသို့ ရေဆေးထားသော လက်ဖက်ကိုထည့်၊ သံပရာသီးကိုညစ်၊ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်ကို ပါးပါးလှီးပြီးထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ဆီနည်းနည်းထည့်ပြီး နယ်လိုက်ပါ။ အရသာ အချိုအငန်အချဉ်မြည်းကြည့်ပါ။ လက်ဖက်ညွန့်နပ် ရပါပြီရှင်။
46
အမေ့အိမ်မှာတော့ မိုးကောင်း ရှမ်းခေါက်ဆွဲ အပြင် အစားအများဆုံးကတော့ ဝက်သားဟင်းပါပဲရှင်။ ဒီမှာဆိုရင် ဝက်သားကို ရိုးရိုးချက်စားဖြစ်တာပဲ ပိုများပါတယ်။ အမေ့အိမ်မှာတော့ ဝက်သားကို ဝက်စတူး ၊ ဝက်ခြေထောက်စတူး (သို့) ဝက်ခြေထောက်စွပ်ပြုတ်၊ ဝက်သားအိုးကြီးချက်ဆိုလား အဲဒါတွေ ပိုစားဖြစ်ခဲ့တယ်။ ဝက်သားဆို အဆီ၊ အခေါက်တွေကြီးပဲ လိမ့်စားခဲ့တာမို့ ကျွန်မမိုးကောင်းသူလေးမှာ မဲမဲ လုံးလုံး တုတ်တုတ်လေးဖြစ်ပြီးပြန်လာခဲ့ပါတယ်။ :Dဒီနေ့တော့ အချဉ်မပါဘဲ ဝက်သားဟင်းတွေကြီးပဲ တင်ပေးလိုက်တယ်နော်။ အားမနာတမ်းသုံးဆောင်သွားပါအုံးလား။၀က်ခြေထောက် စတူး။ အချဉ်မချထားပေးလို့ စိတ်ဆိုးနဲ့အုံးနော်။ ကျွန်မတော့ ဝက်သားကို ဒီအတိုင်းကြီးပဲ ကော်စားပလိုက်တယ်။၀က်စတူးချက်နောက်တစ်နေ့ ဝက်စတူး (ဆီနည်းသေးတယ်နော်)။ ဇွန်းဘေးနားမှာ နီနီလေးမြင်နေရတဲ့ အသီးကတော့ စောကောသီးပါ။ ရန်ကုန်မှာတော့ စောကောသီးကို ဒီအတိုင်းထည့်လိုက်တယ်။ ပိုပြီးမွှေးသွားတာပေါ့။၀က်နံရိုးကြော်စားချင်တယ်ပြောလို့ ဝက်နံရိုးနုဝယ်ပြီး ကြော်ပေးပါတယ်။နံရိုးကြော်ကြီးပဲ စားရတာ မကောင်းမှာစိုးလို့ ဝက်အူချိုလေးပါ တွဲလုပ်ထားပေးတယ်။ :D၀က်အူချိုက ဒုတ်ထိုးစတိုင်နော်။၀က်ခြေထောက်၊ ဝက်လက်ချက်နည်းကို တစ်ခါရေးဖူးပါတယ်။ နောက်တစ်ခါဒီနေရာက ကူးပြီး ပြန်တင်လိုက်ပါတယ်နော်။၀က်လက် စတူး အတွက် လိုအပ်သောအရာ၀က်လက်၊ ဝက်ခြေထောက်ကန်စွန်းရွက် ၁ စည်းရဲ့တဝက် (မထည့်လဲ ရပါတယ်နော်)နာနတ်ပွင့် တခြမ်းစောကောမှုန့်ဂျင်း လက်နှစ်ဆစ်ကြာညို့ (ခေါ်) ပဲငံရည်အနှောက်သကြား နည်းနည်း၀က်လက် စတူး ချက်ပုံအိမ်မှာတော့ အရင်ဆုံး ဝက်လက်ကို မီးမြိုက်လိုက်ပါတယ်။ ပြီး ဝက်လက်ကို ဓားနဲ့ခြစ်ပါတယ်။ ပြီး အမွှေးညှပ်တဲ့ ဟာနဲ့ ဝက်လက်က အမွှေးတွေကို စိမ်ပြေ နပြေ နုတ်ရပါတယ်။ ကျွန်မကတော့ ဓားနဲ့ပဲခြစ်ပါတယ်။ ပြီး ဝက်လက်ကို အနေတော် အတုံးတုံးပါ။ ပြီး ဆီအိုးတည်ပါ။ ဆီကျက်ရင် ဝက်လက်ကို နည်းနည်း နီလာအောင်အထိ ကြော်ပေးပါ။ ဝက်လက်ရခါနီး နာနတ်ပွင့် တခြမ်းကိုထည့်လိုက်ပါ။ အနံ့မွှေးသွားပါလိမ့်မယ်။ ပြီး ပြုတ်မယ့်အိုးထဲသို့ ကြော်ထားတဲ့ ဝက်လက်ကိုထည့်၊ ဂျင်းထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ သကြားနည်းနည်းထည့်၊ စောကောမှုန့်နည်းနည်းထည့်၊ ကြာညို့ (ခေါ်) ပဲငံရည်အနှောက်နည်းနည်းထည့်၊ ရေ ထည့်ပြီး နူးနေအောင်ပြုတ်ထားပေးပါ။ ဝက်လက်ပြုတ်နေချိန်မှာတော့ ကန်စွန်းရွက်ကို အနေတော် လှီးဖြတ်ပြီး ရေဆေးထားပါ။ ဝက်လက်များနူးအိပြီး ရေခမ်းနီး ကန်စွန်းရွက်ကို ထည့်၊ ၂ မိနစ်လောက်ဆို ရပါပြီ။ ဝက်လက် စတူး ရပါပြီနော်။
47
ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေ့အိမ်သို့ အလည်တစ်ခေါက်ပြန်ခဲ့ပါတယ်။ အမေ့အိမ်သို့ ရောက်ရောက်ချင်း ကြိုဆိုနေသော စားစရာကတော့ မိုးကောင်း ရှမ်းခေါက်ဆွဲပါပဲရှင်။ ဆောင်းတွင်းရာသီမို့လို့ ့ပဲရွက် (ခေါ်) ပဲလိပ်ပြာရွက်ပါ တွဲပြီးစားခဲ့ရပါတယ်။ အစားအသောက်မီးလိုတောက်သော မိုးကောင်းသူအတွက် မနက်စာတိုင်း ရှမ်းခေါက်ဆွဲပြင်ထားပေးတယ်။ မရိုးမအီနိုင်အောင် တစ်ပတ်ဆက်တိုက် မိုးကောင်းရှမ်းခေါက်ဆွဲကြီးပဲ စားခဲ့တယ်။ နောက်အပတ်တွေမှာတော့ ကျန်တဲ့ဟာတွေကို ပြောင်းပြီးစားပါတယ်။ ပဲပြုတ် နံပြား၊ ကောက်ညှင်းပေါင်းနဲ့ အကြော်၊ မုန့်ဟင်းခါး ဘာညာ ဘာညာ စတာတွေပေါ့။ ဒီနေ့တော့ မိုးကောင်းရှမ်းခေါက်ဆွဲကို အားပါးတရ သုံးဆောင်သွားပါအုံးလား။ပဲရွက်များများနဲ့ စားခဲ့တယ်။မျှစ်ချဉ်ပြုတ်၊ ရှမ်းချဉ်၊ ကုလားကြော်၊ ပဲရွက်ပြုတ် ကြိုက်ရာကို များများသာ ထည့်စားသွားနော်။ အားနာနဲ့။နောက်တစ်နေ့ ရှမ်းခေါက်ဆွဲအဲဒီနေ့က ဗမာ မုန့်ညှင်းချဉ် နဲ့ စားပါတယ်။ငါးများများထည့်လိုက်တယ်။ကုလားကြော်ရယ်၊ ဗမာချဉ်ကို နံနံပင်နိုင်းချင်းနဲ့ သုပ်ထားပါတယ်။စားမယ် သောက်မယ် ပျော်မယ် ပါးမယ်။မိုးကောင်း ရှမ်းခေါက်ဆွဲချက်နည်းကို တစ်ခါရေးဖူးပါတယ်။ဒီကေနပြန်ကူးလိုက်ပါတယ်နော်။လိုအပ်သောစာရင်း၁။ ဆန်ဆီးခေါက်ဆွဲ ၁ ပိသာ၂။ ငါးကြင်း ၂၅ ကျပ်သား၃။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၄။ မြန်မာနံနံ၊ ရှမ်းနံနံ၅။ မျှစ်ချဉ်(သေးသေးပါးပါးလှီးထားသော) ၁၅ ကျပ်သား (သို့) ရှမ်းချဉ်၆။ ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်း (မကြိုက်လို့ မထည့်လဲ ရပါတယ်)၇။ ပဲမုန့်စိမ်း၈။ ကုလားဗရာကြော် (မိမိကြိုက်နှစ်သက်ရာ အကြော်စုံထည့်စားနိုင်ပါတယ်)ခေါက်ဆွဲဟင်းရည်ပြုလုပ်ပုံခေါက်ဆွဲဟင်းရည်အတွက် ရေနွေးအိုးတည်ထားပါ။ငါးကြင်းကို ရေဆေးပြီး ဆား၊ အချိုမှုန့် အနည်းငယ်ထည့်နယ်ပြီး ၁၅ မိနစ်လောက် နပ်ထားပါ။ ပြီးရင် ငါးကြင်းကို မီးသွေးမီးနဲ့ကင်ပါ။ မီးဖြည်းဖြည်းနဲ့ကင်ပေးပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ဆို ရပါပြီ။ မီးသွေးမီး မရှိလဲ ဆီနည်းနည်းနဲ့ ကြော်ပေးပါ။ မီးကင်တာကတော့ ပိုပြီးမွှေးတာပေါ့။ ငါးကျက်ပြီဆိုရင် အအေးခံထားပြီး အရိုးနွင်ပါ။ ပြီးရင် ဟင်းရည်းအိုးလုပ်မယ့်အိုးထဲသို့ အရိုးနွင်ထားသော ငါးကြင်း၊ ကြက်သွန်နီ လေးခြမ်းစိတ် ၇ လုံး ကြက်သွန်ဖြူ တမွှာကို ဓားနဲ့ရိုက်ပြား၊ ဂျင်းလက် ၃ တစ်လောက်ကိုလဲ ဓားရိုက်ပြားပြီး ထည့်ပါ။ ဆား၊ အချို့မုန့် ထည့်ပါ။ ရေနွေးထည့်ပြီး ဆူအောင်ထည်ထားပါလေ။ ဟင်းရည်အိုးဆူလာလျှင်စတင် စားသုံးနိုင်ပါပြီ။ခေါက်ဆွဲနဲ့တွဲဖက်စားမည့်မျှစ်ချဉ်ပြုတ်လုပ်နည်းမျှစ်ချဉ်ကို ဆား၊ အချိုမုန့်၊ ဆနွင်း အနည်းငယ်၊ ရေထည့်ပြီး မိနစ် ၃၀ လောက်ရေခမ်းအောင်ပြုတ်ထားပါလေ။ ကြိုက်တတ်လျှင် ရှမ်းနံနံ (သို့) ပင်စိမ်းကို ရေခမ်းခါနီးထည့်အုပ်နိုင်ပါတယ်။ထည့်စားရမည့် အစာပလာများကကသွန်ဖြူ ဆီချက် ဆနွင်းနဲ့ ချက်ထားပါ။ငရုတ်ဆီ ဆီချက် နီနီ ချက်ထားပါ။ပဲမုန့်ကို ရေဖျော်ပြီး ဆား၊ အချိုမုန့်၊ ဆနွင်း အနည်းငယ်ထည့်ပြီး တိုးပူးနွေး ကျိုသလို မပျစ်မကျဲကျိုပါ။ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်း တို့ကို ရေနွေးဖျောထားပါ။နံနံပင္ကုိ ပါးပါးလွီးထားပါ။ရှမ်းခေါက်ဆွဲပြင်ဆင်ပုံဆန်ဆီးခေါက်ဆွဲကို ပြုတ်ပါ။စားမည့်ပန်ကန်လုံးထဲသို့ ပြုတ်ထားသော ဆန်ဆီးခေါက်ဆွဲထည့်၊ ကျိုထားသော ဟင်ဗျစ်(ခေါ်)တိုပူးကျဲကျဲ ၁ဇွန်းလောက်ထည့်၊ ရေဖျောထားသော ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်းထည့်၊ တိုပန်ကျန် (ခေါ်) တရုတ်ပဲငါးပိထည့်(ဆားကတော့ လိုမှထည့်တော့နော်)၊ အချိုမှုန့်ထည့်၊ ဆီကျက် နီနီထည့်၊ ဆီကျက် ဝါ၀ါထည့်၊ နံနံပင်ထည့်၊ ကုလားဗရာကြော်ကိုချေပြီးထည့်၊ ပြုတ်ထားသော မျှစ်ချဉ်နဲ့တွဲပြီး စားသုံးနိုင်ပါပြီ။ ဒါကတော့ အသုပ်စားတဲ့နည်းပါ။ အရည်နဲ့စားချင်ရင် ငါးဟင်းရည်ထည့် စားလိုက်ရင် အရည်နဲ့ရပါပြီ။
48
ဒီနေ့ ကိုယ်တော်ကြီးမွေးနေ့မို့လို့ နှစ်ယောက်သားအပြင်မှာ သွားစားဖြစ်တယ်။ စားမယ်ဆိုတော့လဲ ဘာစားရမှန်းမသိဘူး။ ခုတစ်လော ကျွန်မမိုးကောင်းသူလေးမှာ အစားလဲ ပျက်နေပါသည်။ ထမင်းတစ်ပြည်အိုးချက်တာ ကုန်ပါသည်။ :D ဒါနဲ့ ဘူးဂေ့နားက မီးရောင်ဖြိုးဖြိုးဖျက်ဖျက်လင်းတဲ့ (Iluma at Bugis) လေးလွှာကိုသွားပြီး လျှောက်ပတ်ကြည့်တယ်။ ဒီတစ်ခါ ပထမဆုံးရောက်ဖူးတာပဲ။ တစ်ခါမှ မရောက်ဖူးဘူး။ ဒါနဲ့ ရှိတဲ့ဆိုင်တွေထဲက ဟိုဆိုင်က မီနူးကြည့် ဒီဆိုင်က မီးနူးကြည့်နဲ့ အချိန်ကကြာသွားတယ် ဘာစားရမလဲ ဆုံးဖြတ်လို့မရဘူး။ အဲဒီဆိုင်တွေထဲက ကိုရီးယားဆိုင်ကိုပဲ ရွေးလိုက်ပါတယ်။ ကိုရီးယားအစားအစာဆိုတော့ ကင်ချီမ်မှာလိုက်တယ်။ ကျွန်မက အချဉ်ကြိုက်တာလဲ ပါတယ်။ ကင်ချီမ်ဟင်းရည်က အတော်လေးကို ကောင်းပါတယ်။ ဟိုတစ်ခါကိုရီးယားဆိုင်ထက် ပိုပြီးလဲ သားနားတယ်။ စားလို့လဲ ပိုကောင်းတယ်ထင်တယ်။ အရင်ဆိုင်တော့ မရှိတော့ဘူး။ ဘယ်နားပြောင်းသွားမှန်းမသိဘူး။ ဒီဆိုင်ရဲ့ ကင်ချီမ်ဟင်းရည်ကိုတော့ ကြိုက်သွားပြီ။ ကိုယ်တော်ကြီးတော့ ကြိုက်လေလားမသိ။ ကိုယ်စားချင်တာပဲ မှာစားပလိုက်တယ်။ :D အားမနာတမ်း သုံးဆောင်သွားပါအုံးလား။မိုးကောင်းသူလေးရဲ့ ကိုယ်တော်ကြီး မွေးနေ့မှာပျော်ရွှင်ပါစေ။ အသက်ရာကျော်ရှည်ပါစေ။ကောင်းသော လိုအင်ဆန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒများနဲ့ တစ်လုံးတစ်ဝပြည့်စုံပါစေ။ကင်ချီမ်ဟင်းရည် ပူပူလေး (ဝက်သားနဲ့နော်။ တော်နေ ဝက်သားမစားတဲ့သူများ အမြန်အဆန်သောက်မိမှာဆိုးလို့။)၀က်သားသုံးထပ်သားပေါင်းရယ်၊ ကင်ချီမ်ရယ် (မုန်လာဥ ကင်ချီမ်ပါ။ အတော်လေးစားကောင်းပါတယ်။ နောက်မှ လုပ်စားပြီး ပို့စ်တင်ပါအုံးမယ်နော်။)၊ ဆလပ်ရယ် (ကိုရီးယား ဇာတ်လမ်းထဲကလို ဝက်သားကို ဆလပ်ရွက်နဲ့ ထုပ်ပြီး စားပလိုက်တယ်။)ဟင်းအရန်တွေက (ပဲပင်ပေါက်ကြီးကြီးရယ်၊ ငါးနီတူး အချိုကြော်ရယ်၊ ဂေါ်ဖီထုပ်သုပ်ရယ်၊ သင်္ဘောသီးသုပ်ရယ်၊ ဟင်းနုနွယ်ရယ်၊ ကင်ချီရယ် ပါရှင်။)ကင်ချီမ်ဟင်းရည်ပူပူရယ် ၊ ထမင်းဖြူ တစ်ယောက်တစ်လုံးရယ် အားပါးတရ စားပလိုက်တယ်။အားလုံး ကျန်းမာချမ်းသာကြပါစေရှင်။
49
ထမင်းအိုး ဘလော့လေး မဝင်ဖြစ်တာလဲ အတော်ကြာသွားပြီ။ မိုးကောင်းသူလေးရဲ့ မွေးနေ့ပွဲမှာ သူငယ်ချင်းတွေကို ချက်ကျွေးဖြစ်တာကတော့ ကြာဆံဟင်းခါး နဲ့ ရှောက်သီးသုပ်ပါရှင်။ တခြားဘာချက်ကျွေးရမလဲ မှန်းမသိတာနဲ့ ကြာဆံဟင်းခါးလေးပဲချက်ကျွေးဖြစ်တယ်။ ကြာဆံဟင်းခါးဆိုတော့ သူနဲ့တွဲစားရတဲ့ ရှောက်သီးသုပ်လေးလဲ မပါမဖြစ်ပေါ့။ မွေးနေ့ပွဲကို ညကြီးမင်းကြီးမှ စီစဉ်လိုက်ရတာကြောင့် ရှောက်သီးကတော့ မရဘူးပေါ့။ မြန်မာကုန်တိုက်လဲ သွားမဝယ်ဖြစ်တော့ပါဘူး။ သံပရိုသီးကြီးကြီးကို ဝယ်ပြီး ရှောက်သီးအစား ထည့်သုပ်လိုက်ပါတယ်။ ရှောက်သီးကတော့ နည်းနည်းကြာရင် ခါးသွားတတ်ပါတယ်။ သံပရိုသီးကတော့ သုပ်တာ နည်းနည်းကြာသွားလဲ မခါးပါဘူး။ အတော်လေးကို အဆင်ပြေပါတယ်။ ရှောက်သီးသုပ် အလွမ်းပြေစားမယ်ဆိုရင် အဆင်ပြေပါတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ကြာဆံဟင်းခါး ပူပူလေး သုံးဆောင်သွားပါအုံးလား။ရှောက်သီးသုပ် စပ်စပ်လေးနဲ့ တွဲစားကြပါတယ်။ အချဉ်လိုက သံပရာသီးထည့်။ အငံလိုက ငံပြာရည်ထည့်။ အစပ်လိုက ငရုတ်သီးထည့်။ ပူပူလေးဖြစ်လိုက ငရုတ်ကောင်းထည့် ကြိုက်ရာစိတ်ကြိုက်ထည့်စားနိုင်ပါတယ်နော်။ီငုံးဥဝယ်လို့ မရလို့ ကြက်ဥပဲ ပြုတ်ထားပါတယ်။ကြိုက်ရာ ဝိုင်းထဲ ဝင်စားနိုင်ပါတယ်နော်။ကြာဆံဟင်းခါး မလောက်မှာ မပူနဲ့နော်။ နှစ်အိုးချက်ထားပါတယ်။အိုးလိုက်ချထားတယ်နော်။ကြာဆံဖတ်မပါသေးတဲ့ အရည်ကြီးပဲအိုး။ စားခါးနီးမှ ကြာဆံဖတ်ရောပါတယ်။ ဒီက ကြာဆံဖတ်တွေက တစ်ခါတည်းချက်လိုက်ရင် ကော်ရည်လိုဖြစ်သွားလို့ပါ။ကြာဆံဟင်းခါး အတွက်လိုအပ်သောအရာပဲၾကာဆံကြက်သား (ကျွန်မ ဝယ်ခဲ့တာကတော့ ရင်ဖုံသားရယ်၊ လည်ပင်းရိုးကြီးပဲ တတ်တတ်ရယ်၊ ကြက်ခြေတောက်ကြီးပဲ တတ်တတ်ရယ်ပါ။ အရိုးကြိုက်တဲ့ ကျွန်မ အတွက်ကတော့ လည်ပင်းနဲ့ ခြေတောက်က အကြိုက်ပေါ့။)ငါးဖယ် (ဒီက fish cake ကိုဝယ်ထည့်လိုက်ပါတယ်။ အလုပ် သိပ်မရှုပ်တော့ဘူးပေါ့။)ငုံးဥ (ငုံးဥ ဝယ်မရတာနဲ့ ကြက်ဥပဲ ပြုတ်လိုက်ပါတယ်။ စျေးလဲ ပိုသက်သာပါတယ်။ :D)ကြွက်နားရွက်မှို (သို့) မှိုတုံတုံမှိုခြောက် ပန်းခြောက် (အထုံးလေးတွေ ထုံးလိုက်ပါတယ်။)ပိတ်စွယ် (ဒီမှာတော့ ပိတ်စွယ် ဝယ်လို့ မရပါဘူး။ မရတော့လဲ မထည့်တော့ဘူးပေါ့။)အသားတု လုံး (အသားတုလဲ ဝယ်မရလို့ မထည့်လိုက်ပါဘူး။ အဟီး ဝယ်လို့မရတာတွေက များနေပြီ။)ပဲပြား (အထုံးလေးတွေ ထုံးထားတဲ့ ပဲပြားခြောက်ကို ဝယ်ပါတယ်။ အထုံးလေးက ပိုပြီး စားကောင်းပါတယ်။)ကြက်သွန်နီ အလုံးသေးသေး (အခွံခွာပြီးသားကို ဝယ်ခဲ့ပါတယ်။)ဗမာ နံနံပင်ကြက်သွန်မြိတ်ငရုတ်သီး အကျက်မှုန့် (အကျက်မှုန့် ဝယ်ထားတာ ကုန်သွားတာနဲ့ ကိုယ်တိုင်ကျိတ်ပြီး ကြော်ထားပါတယ်။)သံပရာသီးငရုတ်ကောင်းကြာဆံဟင်းခါး ချက်နည်းပဲကြာဆံဖတ်၊ ကြွက်နားရွက်မှို၊ မှိုခြောက်ပန်းခြောက်တို့ကို ရေစိမ်ထားပါတယ်။ ကြက်သားကို အနေတော် အတုံးသေးသေးလေးတွေ တုံးလိုက်ပါတယ်။ ကြာဆံဟင်းခါး ချက်မယ့်အိုးထဲသို့ ရေထည့်ပြီး ဆူနေအောင်တည်ထားလိုက်ပါတယ်။ ကြက်ခြေတောက်တွေကို ခြေသည်းတွေဖြတ်၊ လည်ပင်းရိုးကို အရေခွံခွာ၊ ရင်ဖုံအသားတွေ တုံးပြီး အရိုးတို့ကို ဆူနေတဲ့အိုးထဲသို့ ထည့်တည်ထားလိုက်ပါတယ်။ ငါးဖယ်ကိုလဲ ပါးပါးလှီးလိုက်ပါတယ်။ အတုံးသေးသေးတုံးထားတဲ့ ကြက်သားကို ဆား၊ အချိုမှုန့်ထည့်ပီးနယ်လိုက်ပါတယ်။ ကြက်သားကို ဆီသတ်တော့ပါမယ်။ ဆီသတ်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် တုံးထားတဲ့ ကြက်သားကိုထည့်ပါ။ ၁၀ မိနစ်လောက် ဆီနဲ့ကြော်သလို ၊ လုံးသလို လုပ်လိုက်ပါတယ်။ ပြီးရင် အရောင်တင် ငရုတ်သီးမှုန့်ကိုထည့်လိုက်ပါတယ်။ အခွံခွာထားတဲ့ ကြက်သွန်နီ အလုံးသေးသေးတွေကိုလဲထည့်ပြီး ဆီသတ်လိုက်ပါတယ်။ ပြီးရင် ဆူနေသော အိုးထဲသို့ ဆီသတ်ထားတဲ့ ကြက်သားကိုထည့်လိုက်ပါတယ်။ ရေစိမ်ထားတဲ့ ကြွက်နားရွက်မှို နဲ့ မှိုခြောက်ပန်းခြောက်၊ ပါးပါးလှီးထားတဲ့ ငါးဖယ်၊ ပဲပြားအထုံးလေးတွေကို ထည့်၊ ငံပြာရည်ထည့်ပြီး ဆူနေအောင် တည်ထားလိုက်ပါတော့တယ်ရှင်။ ကြာဆံဖတ်ကိုတော့ စားတော့မယ်ဆိုမှ အိုးအသေးထဲသို့ ထည့်ပြီး ရောလိုက်ပါတယ်။ ကြာဆံဟင်းခါး ရပါပြီရှင်။ရှောက်သီးသုပ်အတွက် လိုအပ်သောအရာ္ရှောက်သီး (ရှောက်သီးကို အခွံခွာ ပါးပါးလှီးပြီး ဆားရည်နဲ့ စိမ်လိုက်ပါတယ်။ ဒီနေ့တော့ သံပရိုသီးနဲ့သုပ်လိုက်ပါတယ်။)ငါးပိကင် (ခေါ်) ငါးပိဖုတ်ပုဇွန်ခြောက်ထောင်းငရုတ်သီးစိမ်း (ပါးပါးလှီးထားပါ)ငရုတ္သီး အက်က္မွဳန္႔မြေပဲဆံထောင်းၾကက္သြန္နီ ပါးပါးလီွးထားပါ။ငံပြာရည်အချိုမှုန့်ရှောက်သီးသုပ်နည်းသုပ်မယ့် ပန်းကန်ထဲသို့ ပါးပါးလှီးထားတဲ့ရှောက်သီးရယ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း၊ ငရုတ်သီး အကျက်မှုန့်၊ ငါးပိကင်၊ ပုဇွန်ခြောက်ထောင်း၊ မြေပဲဆံထောင်း၊ ငံပြာရည်၊ အချိုမှုန့်တို့ထည့်ပြီး ရောနယ်လိုက်ပါတယ်ရှင်။ ရှောက်သီးသုပ် စပ်စပ်လေး ရပြီးနော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်။
50
ဒီနေ့မှာ ကျွန်မ မိုးကောင်းသူ အပါအဝင် မွေးနေ့ရှင် ၃ ယောက်ရှင်ပါတယ်။မမဝါရယ်၊ ကျွန်မရဲ့ ငယ်သူငယ်ချင်းရယ်၊ ကျွန်မရယ်ပေါ့။ ကိုယ့်ဟာကိုယ်လဲ မွေးနေ့ဆုတောင်းရင်း ကျန်တဲ့သူကိုလဲ မွေးနေ့ဆုတောင်းရင်းပေါ့။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ အသက်ရာကျော်ရှည်စေသော်။ ကောင်းသော လိုအင်ဆန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒများနဲ့ တစ်လုံးတစ်ဝပြည့်စုံပါစေရှင်။ နောက်နေ့မှ မွေးလက်ဆောင်ဟင်း ကောင်းကောင်းလေးချက်ကျွေးမယ်နော်။ ဒီနေ့တော့ အိပ်ချင်ပြီကွယ်။လာလည်သူအားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်။
51
စက်တင်ဘာလမှ စ၍ ဒီဇင်ဘာလအထိ မွေးနေ့ပွဲများ ဆက်တိုက်ရှိနေပါသည်။ မိုးကောင်းသူတို့လင်မယားမှာလည်း ရုံးပိတ်ရက်ဆို ရက်ချိန်းများပြည့်နေပါသည်။ ခုလဲ ဘောလုံး တစ်သင်းစာရှိတဲ့အထဲက မိုးကုတ်သား နဲ့ မိုးကုတ်သူ ညီမလေး တုတ်တုတ်တို့ရဲ့မွေးနေ့ပွဲရယ်၊ ရန်ကုန်သား မောင်ငယ်လေးရဲ့မွေးနေ့ပွဲရယ် သုံးပွဲဆက်တိုက် ဝါးတီးဆွဲခဲ့ပါသည်။ ဒီလကုန်လဲ ကျွန်မတို့သူငယ်ချင်း မကွေးသားရဲ့နောက်ထပ်မွေးနေ့ပွဲရှိပါသေးသည်။ ဒီဇင်ဘာလလဲ အဂ္ဂဘုန်း မေမေ ကြိုတင်ဘိုကင်ရက်ချိန်းယူထားပါသေးသည်။ ကြားရက်တွေတော့ အားနေပါသေးသည်။ ဘယ်သူတွေများ ကြိုတင်ရက်ချိန်းယူချင်ပါသေးလဲရှင်။ အဟဲ .......... ကိုယ်တော်ကြီးနဲ့ကျွန်မတို့ရဲ့မွေးနေ့ပွဲကိုတော့ အားရက်မကျန်သောပါသောကြောင့် နောင်နှစ် နောင်နှစ်တွေမှပဲ ကျွေးပါတော့မည်။ သူငယ်ချင်းအားလုံးကလဲ သဘောတူပါသည်။ :D ဒီနေ့လဲ အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်ပါတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။မွေးနေ့ရှင်အားလုံး အသက်ရာကျော်ရှည်စေသော်။မိုးကုတ်သားရဲ့ မွေးနေ့ပွဲဟင်းရည်ကိုတော့ မာလဟင်းရည်ရယ်၊ ရိုးရိုး အချိုဟင်းရည်ရယ် ယူပါတယ်။အရိုးကြိုက်တဲ့ ကျွန်မ ကြက်ခြေထောက်ကို များများယူခဲ့ပါတယ်။ဂဏန်းရယ်၊ မှိုရယ်၊ ဝက်သားပြားရယ်ပုဇွန်ရယ်၊ ကင်းမွန်ရယ်၊ ဂဏန်းရယ်ခရုရယ်၊ ငါးခေါင်းရယ်၊ မျှစ်ရယ်၊ ကြာစွယ်ရယ်ကျွန်မကိုယ်တိုင် စပ်ထားတဲ့ငရုတ်သီးအချဉ်နောက်တစ်မျိုးအချဉ်------------------ရန်ကုန်သား မောင်ငယ်လေးရဲ့ မွေးနေ့ပွဲ့မွေးနေ့ကိတ်ယူရိုပီယမ် စတိုင်ကျွေးပါတယ်။ ဟာဝါရီ ပီဇာလား မသိ။အမဲသားနဲ့လား မသိငါးကြော် ကျွတ်ကျွတ်လေး္အားလူးချောင်းကြော် ကျွတ်ကျွတ်လေးလက်မနှေးစေနဲ့နော်။ :D-------------------မိုးကုတ်သူ ညီမလေး တုတ်တုတ်ရဲ့ မွေးနေ့ပွဲငရုတ်ကောင်းနဲ့ ကြက်ကင်ပါ။ ကျွန်မ စားတာပါ။အီတာလီယမ် ဟော့ဒေါ့ပါ။ ကိုယ်တော်ကြီးစားတာပါ။
52
ထမင်းအိုးပိုင်ရှင် ကျွန်မ မိုးကောင်းသူလေး အတော်ကြာကြီးပျောက်နေလို့ မှတ်မိကြပါအုံးမလားနော်။ တော်နေ သူတုံးလို့ မေးနေမှာစိုးလို့ပါ။ ထမင်းအိုးပိုင်ရှင်မှန်းမှတ်မိအောင် ပြန်သတိပေးရသေးတယ်လေ။ မပြောမဆိုနဲ့ အကြာကြီးပျောက်နေလို့လဲ ရွှေစိတ်တော်များမကောက်ကြပါနဲ့နော်။အဲ ......... ဒီနေ့ အထူးစပယ်ရှယ်ဟင်းလေး သုပ်စားပါတယ်။ အကောင်းစား ရှားရှားပါးပါး ပုဇွန်ချဉ်ပါရှင်။ ပင်နီဆိုလာက ဝယ်ပြီးသုပ်တာ မဟုတ်ပါဘူးနော်။ညီမငယ် မေလေးက လူကိုယ်တိုင် အိမ်အရောက်လာပေးတာပါရှင်။ ပုဇွန်ချဉ်ရယ်၊ ဇီးထုပ်ရယ်၊ ပဲပုပ်ရယ်၊ ဘာညာ ဘာညာတွေ ပါ။ ညီမလေးရေ ကျေးဇူးအထူးပါနော်။ ပုဇွန်ချဉ်က ကောင်းသလားတော့ မမေးနဲ့နော် ညီမလေးတို့အိမ်ကလုပ်ပေးလိုက်တာတဲ့။ စားချင်နေတာ အတော်တော့ ကြာနေပါပြီ။ ပင်နီဆိုလာက ဝယ်စားရင် ပုဇွန်က ပျော့ပျော့ကြီးမို့လို့ မဝယ်စားဖြစ်ဘူး။ ၃ ထုပ်ပေးတာ တစ်ခါတည်းသုပ်စားပလိုက်တယ်။ ကိုယ်တော်ကြီးကပြောသေးတယ်။ နောက်နေ့အတွက် တစ်ထုပ်လောက်ကျန်ထားပါလားတဲ့။ အိုး ............. စားမယ့်စား အဝပဲ စားတော့မယ်ဆိုပြီး တစ်ခါတည်း အကုန်သုပ်စားပလိုက်တယ်။ ပုဇွန်ချဉ်သုပ်လေး သုံးဆောင်သွားပါအုံးလား။အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်တယ်နော်။ :Dပုဇွန်ချဉ်သုပ် (ကြက်သွန်နီ ပါးပါးရယ်၊ ငရုတ်သီးစိမ်းရယ်၊ ဗမာ နံနံပင်ရယ်၊ ဆီစိမ်းရယ်၊ အချိုမှုန့်ရယ် (အဟီး အချိုမှုန့်က ငယ်ငယ်လေးကတည်းက စားနေကြမို့ ဖြတ်လို့မရသေးပါဘူးရှင်။ နည်းနည်းပဲ ထည့်တာပါ။) ဆားကတော့ မထည့်တော့ပါဘူး နဂိုကတည်းက ဆားပါပြီးသားမို့လို့ပါ။ ပုဇွန်ချဉ်ကို ဒီအတိုင်း အစိမ်းသုပ်စားလိုက်ပါတယ်နော်။)ပုဇွန်ချဉ်သုပ်ရယ်၊ ဟင်းစုံပေါင်းရယ်၊ ဗူးသီး ဟင်းခါးရယ်ပါရှင်။ သုံးဆောင်သွားပါအုံးလား။ဗူးသီး ဟင်းခါးပါရှင်ဟင်းစုံပေါင်း (အမဲရယ်၊ ဆိတ်ရယ်၊ ဝက်အူချိုအကျန်ကို ရောချက်ထားတာပါရှင်။ ရှိတဲ့ဟင်းကျန်အကုန်ကို ရောလိုက်တာပါရှင်။)လာလည်သူ အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်။
53
ခုတစ်လော ဟင်းအသစ်မတင်ဖြစ်ဘူး ဖြစ်နေတယ်။ ဟင်းအသစ် နေ့တိုင်းတင်တော့လဲ သူ ၊ မတင်ပြန်တော့လဲ သူလို့ ပြောကြတော့မယ်နော်။ မိုးကောင်းသူလေး အရှုပ်လုပ်မိလို့ လိတ်ပတ်မလည်သေးဘူးဖြစ်နေလို့ပါ။ ဘလော့တွေလဲ မလည်မိဘူး။ အချိန်လေးအားတာနဲ့ အိပ်မယ် ကြီးပဲဖြစ်နေတယ်။အစားအသောက် မီးလိုတောက်သော မိုးကောင်းသူလေးမှာ ခုတော့ အစားထက် အအိပ်ကြီးပဲ မက်နေမိတယ်။ လာလည်သူတွေလဲ အသစ်မရှိဘဲ ပြန်ပြန်သွားရတယ်။ ခုလဲ အိပ်ချင်နေမိတယ်။ ဟင်းအသစ်လေး တစ်ခုတော့ ပြီးမှ အိပ်တော့မယ်။ တော်ပါပြီ အိပ်ချင်တဲ့အကြောင်းကြီးပဲ မပြောတော့ဘူး ချက်တဲ့ဟင်းလေး အကြောင်းပြောအုံးမှ။ ယနေ့ဟင်းလျှာတွေကတော့ ကြက်ဥချက်၊ ပဲပုပ်ထောင်း၊ အရွက်ချွဲချွဲ ဟင်းချိုဟင်းတို့ဖြစ်ပါတယ်။ ကြိုက်တဲ့ဟင်းလေး သုံးဆောင်သွားပါအုံးလား။အားနာနဲ့နော်။ ဖြည်းဖြည်းချင်း သုံးဆောင်သွားပါအုံးလား။ရွှေခေါင်းပြောင်ချက် (ခေါ်) ကြက်ဥချက်ပါရှင်။ပဲပုပ်ထောင်းကြက်ဥချက် အတွက် လိုအပ်သောအရာကြက်ဥ ၆ လုံးၾကက္သြန္နီ ၂ လုံးကြက်သွန်ဖြူ ၃ တက်ခရမ်းချဉ်သီး ၂ လုံးငရုတ်သီးစိမ်းနံနံပင်ကြက်ဥ ချက်နည်းကြက်ဥ ၂၀ မိနစ်လောက် ပြုတ်ပြီး အခွံခွာထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အခွံခွာပြီးထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အရောင်နီလာအောင် ဆီသတ်ပါ။ အရောင်တင်မှုန့်အနီ၊ ဆနွင်းနည်းနည်းထည့်ပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်ပါ။ ငံပြာရည် နည်းနည်း ၊ အချိုမှုန့်နည်းနည်း ထည့်ပေးပါ။ ဆီပြန်လာအောင်ချက်ပေးပါ။ ဆီပြန်လာရင် ပြုတ်ထားတဲ့ ကြက်ဥကိုထည့်ပါ။ ၅ မိနစ်လောက် ကြာရင် မီးဖိုပေါ်က ချနိုင်ပါပြီ။ မီးဖိုပေါ်က မချခင် နံနံပင် နဲ့ ငရုတ်သီးစိမ်းတောင့်လေး ထည့်လိုက်ပါတယ်။ ကြက်ဥချက် ရပါပြီရှင်။---------------ပဲပုပ်ထောင်းနည်းပဲပုပ် ၅ ပြားကို မီးကင်လိုက်ပါ။ ကင်စရာ မီးသွေးမီး မရှိတော့ မီးမကင်ဘဲ ဆီနည်းနည်းထည့်ပြီး ကျွတ်နေအောင် ကြော်လိုက်ပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ၃ တက်၊ ဂျင်း လက်တစ်ဆစ်၊ ငရုတ်သီးစိမ်း ၅ တောင့်၊ ဆား၊ အချိုမှုန့်ထည့်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းလိုက်ပါတယ်ရှင်။ ငရုတ်ဆုံ မရှိလဲ စိတ်မပူနဲ့နော်။ blander ထဲ ထည့်ကျိတ်လိုက်ပါ။ ပဲပုပ်ထောင်း မွှေးမွှေးလေး ရပါပြီရှင်။---------------အရွက် ချွဲချွဲ ဟင်းချိုရည်အရွက်က ချွဲချွဲမို့ုလို့ အရွက်ချွဲချွဲလို့ ခေါ်လိုက်ပါတယ်။ ဟင်းချိုချက်မယ့် အိုးထဲသို့ မိမိလိုသလောက် ရေထည့်လိုက်ပါတယ်။ ပြီးရင် ကြက်သွန်နီ ၁ လုံးကို လေးခြမ်းစိတ်ပြီး ထည့်လိုက်တယ်။ ကြက်သွန်ဖြူ ၁ တက်ကို ထောင်းထည့်လိုက်တယ်။ ပုဇွန်ခြောက်နည်းနည်း ထောင်းထည့်လိုက်တယ်။ ဆား နဲ့ အချိုမှုန့် နည်းနည်းထည့်လိုက်တယ်။ ဟင်းချိုအိုး ဆူလာအောင် တည်ထားလိုက်ပါတယ်။ ဟင်းချိုအိုး ဆူလာရင်တော့ အရွက်ချွဲချွဲကို ထည့်လိုက်ပါတယ်။ ၃ မိနစ်လောက်ဆို ရပါပြီရှင်။
54
ဟိုနေ့က ဂဏန်းဟင်းချက်စားတဲ့ ၈ ယောက်ပေါ့။ ဂဏန်းနဲ့ ခရုချက်ကုန်လဲ မပြန်ကြလို့ နောက်နေ့မှာ ဆက်လက်ပြီးချက်စားကြတယ်။ ဒီနေ့ဟင်းမှာ ပဲထောင့်ရှည်သုပ်မှလွဲလို့ ကျန်တာတွေကိုအဂ္ဂဘုန်းမေမေချက်တာ ကျွန်မက ဘေးကနေ ကြက်သွန်ဖြူ နီခွာ တောက်တိုပေါ့။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ရှည်ရှည်ဝေးဝေး မရေးတော့ဘူးနော်။ ကျန်းမာ ချမ်းသာကြပါစေ။ဆိတ်သားချက်၊ ခရမ်းချဉ်သီး ငါးပိချက်၊ ငါးကြော်၊ ပဲထောင့်ရှည်သုပ်၊ ကန်စွန်းဥ အရွက်ကြီး ချဉ်ဟင်း (အားနာနဲ့နော်။ ဒီကနေပဲ ခေါ်ခေါ်ကျွေးလို့ ပြောကုန်ကြပြီ။ ဟီးဟီး )ပဲထောင့်ရှည်သုပ် (ပုဇွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီ ဆီချက်ဝါဝါနဲ့ ထည့်ပြီး သုပ်ထားပါတယ်။)ဆိတ်သားချက် (ပြင်းတော်သိမ်ရွက် ထည့်ပြီးအုပ်ထားပါတယ်)ကန်စွန်းဥ အရွက် ကြီးကြီး (ကန်စွန်းရွက်ကြီး လို့ခေါ်မလားဘဲ) ကို ချဉ်ဟင်းချက်လိုက်ပါတယ်။ ကန်စွန်းရွက်ကြီး အရသာက လေးလေးပင်ပင်ရှိတယ်။ ဒီအရွက်ကြီးကြီးက ချဉ်ဟင်းချက်စားလို့ ကောင်းတယ်။ငါးကြော် ကျွတ်ကျွတ်လေး
55
ပြီးခဲ့တဲ့ သောကြာနေ့ ညနေကပေါ့။ မင်းသားတို့ ဖုန်းဆက်လာတယ်။ တစ်ခုခုလုပ်စားကြမယ်တဲ့။ ဘာလုပ်စားကြမလဲပေါ့။ ကျွန်မလဲ အိမ်မှာ ရှိတာ မှန်သမျှရွတ်ပြတယ်။ ဒီတော့ ဂဏန်းချက်စားမယ်ပေါ့။ ဂဏန်းချက် ဓာတ်ကျနေကြတယ်။ လူပျိုသိုးကြီး နည်းအတိုင်းချက်တာ အကောင်းလွန်သွားလို့လားမသိဘူး။ စားကောင်းတယ်တဲ့။ အမှတ်တွေရနေတယ်။ ဟီးဟီး။ အရည်လေးနဲ့ချက်တော့ တစ်မျိုးစားလို့ကောင်းပါတယ်။ ချက်နည်းကတော့ ဟိုတစ်ခါတုံးက ရေးထားပြီးလို့ မရေးပေးလိုက်တော့ဘူးနော်။ ချက်နည်းကဒီမွာရေးဖူးပါတယ်ရှင်။ဒီနေ့မှာ ထူးထူးခြားခြားချက်စားဖြစ်တာက ခရုချက်ပါ။ မင်းသားတို့ဝယ်လာတာ။ ပြီးတော့ မင်းသားက မစားဘူး။ စားဖို့ နေနေသာသာ ထိတောင် မထိရဲဘူး။ မင်းသား သတ္တိရှိပုံများနော်။ အဟီး ပြောတော့ဘူး။ ခရုချက်တာတော့ ကျွန်မလဲ အရိုးသီးချင်းထဲကလို ရှိတာ အကုန်ပစ်ထည့်ပြီး ချက်လိုက်ပါတယ်။ ဒီခရုချက်ရဲ့ အရသာက ပြည်ကြီးငါး(ခေါ်)ကင်းမွန် စားရတဲ့အရသာနဲ့ တူပါတယ်။ အထူးသဖြင့် ပြည်ကြီးငါးရဲ့လက်တွေစားရတဲ့ အရတာနဲ့ ပိုတူသလားလို့။ စားရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ခရုတစ်ကောင်စားဖို့ တစ်နာရီလောက် ကြာမည်ထင်ပါသည်။ သွားကြားထိုးတံနဲ့ ချော့ ချော့ပြီး ကော်ထိုးမှ ထွက်လာပါတယ်။ ပထမ လေး ၊ ငါးကောင်လောက်ကတော့ တစ်ကောင်လုံး ထွက်မလားသေးပါဘူး။ စိတ်ရှည်ရှည်နဲ့ ကော်ထိုးမှ ရပါတယ်။ အလွန် အင်မတန် ခက်ခက်ခဲခဲ စားရတဲ့ ခရုပါ။ စားဖူးသမျှခရုထဲမှာ စားရတာ အခက်ဆုံးဖြစ်မယ် ထင်ပါတယ်။ စားတဲ့သူ ၈ ယောက်ထဲမှာ ကျွန်မ မိုးကောင်းသူသာလျှင် ခရုတစ်ကောင်လုံး ထွက်လာအောင် ကော်ထိုးနိုင်ပါတယ်။ ကျန်တဲ့သူများတော့ အပိုင်းအပြတ်လေးပဲ ရပါတယ်။ မိုးကောင်းသူတို့ တော်ပုံများနော်။ အဟဲ ချီးမွမ်းခမ်းထုတ်လိုက်အုံးမယ်။ အမှန်တကယ်က အစားအသောက်မီးလိုတောက်တဲ့သူမို့ပါ။ :Dအော်............ ခရုချက် နဲ့ ဂဏန်းချက် နဲ့ အားပြိုင်ကြရာမှာ ဂဏန်းချက်တာတင် အနိုင်ရရှိသွားပါကြောင်း။ပို့စ်တင်တာ နည်းနည်းကျဲသွားလည်း လာလည်ကြသူအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း။ခရုချက် နဲ့ ဂဏန်းချက် သုံးဆောင်သွားပါအုံးလား။သီးစုံကိတ် (အချိုပွဲပေါ့)ဂဏန်းချက် တစ်အိုးလုံးအကုန် ချပြထားပေးပါတယ်။ ကုန်ရင် ဧည့်သည်တွေ ပြန်အောင်လို့။ခရုချက် (ကြက်သွန်ဖြူ နီရယ်၊ ငရုတ်သီးဆော့ရယ်၊ ယိုးဒယား green curry paste ရယ်၊ ပဲပုတ်အငန်ရယ်၊ ခရုဆီရယ်၊ ကြက်သွန်မြိတ်ရယ်၊ ငရုတ်သီးစိမ်းရယ် ရှိတာ အကုန်ထည့်ချက်ထားပါတယ်။ ဘာချက်နည်းလို့ ပြောရမှန်းမသိပါ)
56
"ထမင်းအိုး"လဲ ပစ်ထားတာ ကြာသွားတယ်။ အလုပ်လေးရှုပ်နေတာနဲ့ ပို့စ်မတင်ဖြစ်ဘူးဖြစ်သွားတယ်။ ဒီနေ့တော့ ငါးလေး အိုးကပ်ဟင်းတင်လိုက်ပါတယ်နော်။ နောက်နေ့မှ ချက်နည်းရေးတော့မယ်။ စာရှည်ရှည်မရေးတော့ဘူးနော်။ လာလည်တဲ့သူတွေ အသစ်မရှိဘဲ ပြန်သွားရတာ အားနာလို့ ရှိတဲ့ဟင်းလေးတင်လိုက်ပါတယ်နော်။ အိမ်လည်ဖို့ အကြွေးတွေအများကြီး ကျန်နေပြီ။ ဒီနေ့တော့ အိပ်ချင်ပြီကွယ်။ နောက်နေ့များမှာမှ အိမ်အလည်လာပါအုံးမယ်။ကျန်းမာ ချမ်းသာကြပါစေ။sheng shiong supermarket က ငါးသေးသေးလေး တွေ့တာနဲ့ ငါးလေးအိုးကပ်ချက်လိုက်လိုက်ပါတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ငါးလေးအိုးကပ်ရယ်၊ ဟိုနေ့ကကျန်တဲ့ ကြက်ဟင်းခါးသီးကြော်ရယ်၊ ဆန်လှော်ဟင်းရည်ရယ်ပါ။ပိန်းဥ၊ ကန်စွန်းဥ၊ အာလူး၊ ဥနီ၊ ပဲတောင့်ရှည် ရှိသမျှ အသီးတွေကို ဆန်လှော်ခတ်ပြီး ထည့်ချက်ထားပါတယ်။ ပင်စိမ်းလေးရှိရင် ထည့်အုပ်လဲ ပိုကောင်းတယ်နော်။
57
ပြီးခဲ့တဲ့အပတ်က ကျွန်မတို့အိမ်ကို ဘောလုံးတစ်သင်းစာရှိတဲ့အသင်းထဲက သူငယ်ချင်း မိန်းမနှစ်ယောက် အိမ်လာလည်ကြပါတယ်။ တစ်ယောက်က ကျွန်မထက်ဟင်းချက်ကောင်းသူ ကျွန်မရဲ့သူငယ်ချင်းမိန်းမပါ။ နောက်တစ်ယောက်က ကျွန်မထက်ငယ်တော့ ညီမလေးပေါ့။ နေ့လည် အိမ်လာလည်မယ်ပြောတာနဲ့ ရှိတာကို ချက်လိုက်တယ်။ ပြီးပျော်ပျော်ပါးပါး ချက်ပြုတ်စားကြတယ်။ စကားတွေအများကြီးပြောကြတယ်။ ဟိုဟိုဒီဒီ တောင်တောင်မြှောက်မြှောက်ပေါ့။ နေ့လည်ကို ထမင်း အတူတူစားကြတယ်။ သူငယ်ချင်းမိန်းမကတော့ ဟော့ဒေါ့လုပ်စားမယ်ဆိုပြီး ဝက်သားချောင်းနဲ့ ပေါင်မုန့်ဝယ်လာတယ်။ ညီမငယ်လေးတော့ တိုပူးကြော်စားကြမယ်ဆိုပြီး စိန်ဖြိုးတိုပူးမုန့်ဝယ်လာတယ်။ စကားလေး တပြောပြောနဲ့ နည်းနည်းကြာလာတော့ တိုပူးကျိုကြတယ်။ ဒီလို ဒီလိုကျိုရတယ်ပေါ့။ အစ်မကြီး ၂ ယောက်က ဆရာကြီးလုပ်ပြီး ကျိုပြလိုက်တာ မပျက်လို့တော်သေး။ :D တိုပူးကို မြန်မြန်ရအောင်ဆိုပြီး လေပန်ကာမှုတ်ထားလိုက်တယ်။ ဒါမှ မြန်မြန်အေးပြီး မြန်မြန်ကြော်စားလို့ရမှာလေ။ တိုပူးလဲရရော ကြော်ကြ စားကြတယ်။ ဟော့ဒေါ့လဲ လုပ်စားကြတယ်။ကျွန်မမိုးကောင်းသူလေး ပိန်ဖို့ မြင်ရောင်မိပါသေးတယ်။ ဗိုက်ကပူပူ ချက်ကဆူဆူမို့ ဘယ်လို လုပ်ရပါ့။ ကဲပါလေ.......... ဒါတွေပြောနေရင် ကုန်မယ်မထင်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။သုံးယောက်သား စားကြတယ်။ မည်းမည်းက ပဲပုပ်ကြော်ကျန်ပါ။ ဟိုဘက်က ကြက်ဥချက်ကျန်ပါ။ ဟော.......ဟိုနားက ပဲပုပ်ထောင်းပါ။ ကြိုက်တဲ့ ပဲပုပ်ကိုစားပါနော်။ ပြီး ခေါင်းပြားအောင် အိပ်ပေတော့။ အားမနာနဲ့နော်။ သူငယ်ချင်းမိန်းမနဲ့ ညီမငယ်က မနက်ကကြော်ထားတဲ့ ပဲပြုတ်ထမင်းကို စားကြပါတယ်။ ကျွန်မ ထမင်းပန်းကန်က ရိုးရိုးထမင်းပါ။အမဲသားချဉ်စပ်သုပ်ရိုးရိုး ပဲပြား၊ ချိစ် ပဲပြား၊ ဥနီ၊ ဝက်သားလုံး၊ တုံယမ်းအနှစ်ထုပ်၊ water cress လို့ခေါ်တဲ့အရွက်(ကိုရီးယားဆိုင်သွားစားတုံး ဟင်းရည်မှာလဲ အဲဒါပါတယ်။) ရောပြီး ချက်ထားလိုက်ပါတယ်။ ဘာဟင်းရည်လို့ နာမည်တပ်ရမှန်းမသိ။တိုပူးကြော် ကျွတ်ကျွတ်လေး (တိုပူး တစ်ဆ၊ ရေ နှစ်ဆထည့်ပြီး ကျိုပါတယ်နော်)ငရုတ်သီးဆော့ရယ်၊ သံပရာရည်ရယ်၊ ငရုတ်သီးစိမ်းရယ်၊ ကြက်သွန်ဖြူထောင်းရယ်၊ နံနံပင်တို့နဲ့ ရောပြီး အချဉ်စပ်ထားပါတယ်။လာပြီနော် နောက်တစ်အိုးဟော့ဒေါ့ ။ ဝက်သားချောင်းကို ကြော်ပြီး မရောနိညစ်ထားတယ်။ ဟော့ဒေါ့တော့ ကျွန်မ မစားလိုက်ပါဘူး။ ညနေစာ မစားနိုင်တော့မှာစိုးလို့။ တော်နေ ကိုယ်တော်ကြီး တစ်ယောက်တည်းစားနေရမယ်လေ။ သူလေးပျင်းနေမှာစိုးလို့။ နောက်နေ့တော့ တစ်ယောက်တည်း ဟော့ဒေါ့ ၂ ချောင်းလုပ်စားလိုက်ပါတယ်နော်။ ဟီးဟီး
58
ညီမေလး ေထာပတ္သီးက ခုတလော တဂ်ပို့စ် ဆိုပြီး တက်ထားပါတယ်။ တဂ်ထားတာတော့ ကြာပါပြီ။ ဟိုလုပ် ဒီလုပ်နဲ့ နည်းနည်းကြာသွားတယ်။ ညီမလေးရေ နောက်ကျလို့ ခွင့်လွှတ်ပါနော်။ေတြးမိတာကဘာအလုပ် လုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေပါတယ်။ တွေးနေတာလဲ ကြာပါပြီ။ :Dကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ချင်မိတာကဒေါသေတွေလျော့လို့ကျန်းမာရေးနည်းနည်းတော့ ချူချာနေပါတယ်။ဖတ်ဖြစ်နေတဲ့ စာအုပ်တွေတစ်နေ့ တစ်နေ့ face book ထဲက ဂိမ်းတွေကိုရောက်နေတာနဲ့ စာအုပ်မဖတ်ဖြစ်ဘူး။ရောက်ဖြစ်နေတာကFarm Town (ဇက်ညောင်းခံပြီး ဆော့ရပါသည်။ :D)ရေးဖြစ်နေတာကမဟုတ်က ဟုတ်က ထမင်းအိုး ဟင်းချက်နည်းဘလော့နားထောင်ဖြစ်နေတာကအများကြီးပဲမို့ ရေးတော့ဘူးနော်ရွတ်နေမိတာကထူးထူးခြားခြားတော့ ရှိပါဘူးျဖစ္ခ်င္တာကသမီးအလိမ်မာနဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက် (တကယ်တမ်းတော့ အဆိုးဆုံး အပေဆုံး ရုပ်အဆိုးဆုံး)စားဖြစ်နေတာကဒီလိုပဲ အိမ်ထမင်းဟင်း ချက်စားလိုက်ပါတယ် (သရက်သီးစိမ်းတော့ ဓာတ်ကျနေတယ်။ တစ်ပတ် ၃ ခါလောက် စားဖြစ်နေတယ်။ :D)သနားမိတာကအမေ (သမီးငယ် ဖက်တီးပုပ်လေးကို တစ်နေ့တစ်နေ့ လွမ်းနေရလို့)လွမ်းနေမိတာကအမိမြေမေ့လျှော့ပစ်နေတာကကိန်း ဂဏန်းတွေခါးသက်မိနေတာကမြန်မာပြည်ကုန်စျေးနှုန်းတမ်းတနေမိတာကအမေ (တွေ့လဲ ရန်ဖြစ်တယ်။ မတွေ့ပြန်တော့လဲ လွမ်းတယ်။ :D)ကြိတ်ပြီး ချီးကျူးနေမိတာကမပြောဘူး အသေပဲခံမယ်။ ဟီးဟီးကြိတ်ပြီး အထင်သေးမိနေတာကရှိပါဘူးကွယ်ၵၵဆန္ဒ္ဒမရှိတဲ့နေရာမိမိ မချစ် မနှစ်သက်သောသူနဲ့ နေရခြင်းဆန္ဒ္ဒရှိတဲ့နေရာမိမိ ချစ်သောသူနဲ့ နေရခြင်းမုန်းတီးနေမိတာကကြ်န္မရဲ႕ အက်င္႔ဆိုးချစ်နေမိတာကသူ (သူစိမ်းတွေထဲမှာ ကိုယ်တော်ကြီးကို အချစ်ဆုံး။ အဲလိုမှ မပြောလဲ အရိုက်ခံနေရမယ်လေနော်။ :D)စိတ်ပျက်နေမိတာကကျွန်မကိုယ် ကျွန်မ (ဗိုက်ပူ ချက်ဆူ ဖက်တီးပုပ်ဖြစ်နေလို့။ အဲလစ် သီးချင်းထဲကလို........ ၀တုတ်ကြီး ၀တုတ်ကြီးးးးးးးးး :D)စွဲလမ်းနေမိတာကသူ (သူ့ကိုပဲ စွဲလမ်းနေပါသည်။ ဟီးဟီး)လိုအပ်နေတာကေငြ ေငြ ေငြတောင်းတနေမိတာကစိတ်လဲချမ်းသာ ကိုယ်လဲကျန်းမာ ရပါလို၏ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာကမင္႔ ရုပ္ဆုိး ။ မင္႔ ရုပ္ဆုိး၀န္ခံ ခ်င္တာကကျွန်မ ပြောမှား ဆိုမှား အရေးမှား တာများရှိရင် ခွင့်လွှတ်ကြပါလို့အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
59
ဘန်ကောက်က ကိုယ်တော်ကြီးနဲ့လူဆိုးတို့ သူငယ်ချင်း ဒီကိုလာတာနဲ့ China Town နားက တရုတ်ဆိုင်မှာ လိုက်ကျွေးကြတာပါ။ ၂ ပတ်တောင်ရှိတော့မယ်ထင်တယ်။ ပို့စ်မတင်ဖြစ်သေးတာ။ ကျွန်မတို့သွားတုံးကလဲ ကျွေးတာတွေမှ အများကြီးပဲ။ ကျွန်မတို့တော့ တစ်ခေါက်ပဲ လိုက်ကျွေးဖြစ်တယ်။ ၂ ရက်လာတော့ အချိန်လဲ မရတော့လို့။ နောက်တစ်ခေါက်လာမှ အိမ်မှာလဲ ချက်ကျွေးရအုံးမယ်။ ဒီတရုတ်ဆိုင်ကို လူဆိုးကကောင်းတယ်ပြောတာနဲ့ သွားကြတာ။ ပထမဆုံး စားဖူးတာပဲ။ စျေးလဲမဆိုးဘူး။ ဟင်းပွဲတွေမှာဖို့အတွက် မီနူးရယ်၊ ဟင်းတွေရဲ့စျေးနှုန်းကို ရေးထားတဲ့ စာရွက် တစ်ရွက်ရယ် လာချပေးတယ်။ အဲဒီစာရွက်မှာ ကိုယ်မှာချင်တဲ့ ဟင်းပွဲ အသေး အကြီးကို အမှန်ခြစ်လေးခြစ်လိုက်ယုံပါပဲ။ အရသာတွေလဲ အားလုံးနီးပါးကြိုက်တယ်။ ပထမ ထမင်းနဲ့စားကြတယ်။ ထမင်းလဲကုန်တော့ ပေါက်စီအလွတ်နဲ့စားကြတယ်။ ထမင်းနဲ့စားတာထက် ပေါက်စီအလွတ်နဲ့စားတာ ပိုလို့တောင်ကောင်းသေးတယ် ထင်တာပဲ။ အဲဒီဆိုင်က ဖက်ထုပ်ကြော်လဲ ကောင်းတယ် ပြောတယ်။ ဗိုက်လဲ တင်းလို့ နောက်ထပ် မမှာခဲ့တော့ဘူး။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။လေးယောက် စားကြပါတယ်။ (ဘန်ကောက်က သူငယ်ချင်းရယ်၊ လူဆိုးရယ်(နာမည်ပြောင်းအုံးမှ တော်နေ ပြောတော့မယ်။ဦးသိန်းမောင်လို့ပြောင်းလိုက်မယ်။ :D)၊ ကိုယ်တော်ကြီးရယ်၊ အချောအလှပဂေး မိုးကောင်းသူလေးရယ်(ဟီးဟီး)Seaweed saladအမဲဝမ်းတွင်းသားသုပ် (အမဲ ပုဆိုးကြမ်းခေါ်လားမသိ။ ဒီအသုပ်ကိုတော့ တော်တော်လေးကြိုက်တယ်။)Spicy & Sour Soup (ချဉ်လဲ ချဉ်တယ်။ စပ်လဲ စပ်တယ်) ကျွန်မမှာလိုက်တာ :DBBQ ထုတ်ထိုး (ကျွန်မ မှာလိုက်တာ။ ကြက်ခေါင်းကင်ကောပါတယ်။ ကြက်ခေါင်းကင်ကို သူမှ မစားဘူး။ ကျွန်မပဲစားတာ။ ပြောတော့ ဧည့်သည်လိုက်ကျွေးတာတဲ့။ :D)၀က်နံရိုးပေါင်း၀က်သားခြောက်ကြော်။ (နည်းနည်းတော့ မာတယ်။)စတင်ပြီး ဆွဲနေပါပြီ။သိပ်စားလို့ မကောင်းခဲ့ပါဘူး။ ပေါက်စီ သေးသေးလေးကျန်ခဲ့တာက ကျွန်မဟာပါ။
60
အဂ္ဂဘုန်းဖေဖေ၊အဂ္ဂဘုန်းမေမေ၊ အဂ္ဂဘုန်းဘွားဘွား နဲ့ သားသားအဂ္ဂဘုန်းတို့ စားသောက်စရာများစွာယူလာပြီး မိုးကောင်းသူလေးကျွန်မတို့အိမ်မှာ တစ်ပျော်တစ်ပါးစားသောက်ကြပါတယ်။ ကျွန်မကလဲ စာအရေးအသားမကောင်းတော့ ဘယ်လို ဆုတောင်းပေးရမှန်းကောင်းကောင်း မသိဘူး။ အဂ္ဂဘုန်းမေမေ ဆုတောင်းတဲ့အတိုင်း ဆုတောင်းပေးလိုက်ပါတယ်နော်။ သားသား အဂ္ဂဘုန်း ဖေဖေဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နေတာတွေ အားလုံး တစ်ထပ်တည်း စိတ်ချမ်းသာစွာ ဖြစ်နိုင်ပါစေ။ မွေးနေ့မှစ ပျော်ရွှင်မှု့များ အတော်မသတ်ရရှိပါစေ။အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်ပါတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။မွေးနေ့ကိတ် (.......၇နှစ်ပြည့်။ အသက်အမှန်မထည့်တော့ဘူးနော်) :Dဖယောင်းတိုင်စိုက်ထားပြီမွေးနေ့ကိတ်ဘဲပေါင်း (အဂ္ဂဘုန်းဖေဖေကိုယ်ချက်တဲ့ ဘဲပေါင်း။ ကျွန်မတော့ ဘဲပေါင်းတဲ့နီးတဲ့နေရာမှာ ထိုင်ပါတယ်။ :D ကျွန်မတို့ အားလုံးအကြိုက်(မင်းသားတို့လင်မယား၊ လူဆိုး၊ ကိုယ်တော်ကြီးနဲ့ကျွန်မ))၀က်သားလုံးကြော်ပဲနှပ် နဲ့ ငါးကြော်။ ငါးကြော်ထဲမှာ ဥတွေနဲ့ စားလို့ကောင်းမှကောင်းပဲပြုတ် (ဘာပဲမှန်းတော့ သိဘူး။ ဘန်ကောက်သွားတုံးကလဲ စားဖူးတယ်။)ပုဇွန်ချိုချဉ်ဘေးက ဝိုင်နှစ်ပုလင်းက အဂ္ဂဘုန်းဖေဖေတို့ယူလာတာ။ ဝိုင်က မိန်းကလေးများအတွက်ပေါ့။ အရက်ပုလင်းတော့ ဘန်ကောက်ကအပြန် လူဆိုးဝယ်လာတာ။ကြိုက်တာကိုတာ သုံးဆောင်သွားပါအုံးနော်။ဒီပုလင်းက မင်းသားတို့လင်မယား ဘန်ကောက်အပြန်လက်ဆောင်ပေါ့။ခုချိန်ထိ စားသောက်နေကြပါတယ်။ကြက်သား နဲ့ ကျန်မဆိုင်ဟင်းရည် (တုံယမ်းအနှစ်ထုပ်ပါထည့်ထားပါတယ်။)စာရှည်ရှည် မရေးတော့ဘူးနော်။ တော်နေ ဘာမှ မကျန်မှာစိုးလို့။ :Dအဂ္ဂဘုန်းဖေဖေအဂ္ဂဘုန်းမေမေအဂ္ဂဘုန်းသားသားဒီထက်မက ကျန်းမာချမ်းသာပါစေ။
61
ဒီနေ့မှာ ကျွန်မသိတဲ့ မွေးနေ့ရှင် ၂ ယောက်ရှိပါတယ်။အဂ္ဂဘုန်းဖေဖေနဲ့မဆုမွန်ပါ။ မွေးနေ့ရှင်များအတွက် အမှတ်တရ လက်ဆောင်ဟင်းလေး တင်ပေးလိုက်ပါတယ်ရှင်။ ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ။ ကျန်းမာပါစေ။ ချမ်းသာပါစေ။ အသက်ရာကျော်ရှည်ပါစေ။ လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေ။အားမနာတမ်းသုံးဆောင်သွားပါအုံးလား။Happy Birthday All!!!!!!!!!!!!!!!!!!!ထောပတ်ထမင်း ၊ ဆိတ်သားဟင်း ၊ သရက်သီးသနှပ် ၊ ပုဇွန်ခြောက် ငပွကြော် ၊ မလုတ်သနီဟင်းရည်ဆိတ်သားဟင်းထောပတ်ထမင်းသခွားသီး နဲ့ ငရုတ်သီးစိမ်း--------------ခေါက်ဆွဲကြော်ထမင်းကြော်၀က်နံရိုးပေါင်းငါးကြော် ကျွတ်ကွတ်လေးနဂါးမောက်သီး နဲ့ မက်မွန်သီး ချိုချိုလေးအဂ္ဂဘုန်းဖေဖေ အကြိုက်ကျန်းမာ ချမ်းသာကြပါစေ။
62
တစ်ချို့ရက်လဲ ဘာချက်စားလို့ ဘာချက်စားရမှန်းမသိဘူး။ ဒါတောင် အသားမျိုးစုံစားလို့ တော်သေးတယ် ပြောရမယ်။ ကြက်သားကလဲ မစားချင်။ ကြက်သားကလဲ ဗမာကြက်မဟုတ်တော့ စားရတာက ပေါ့တော့တော့နဲ့။ ဆီပြန်ချက်တွေ ချက်မစားဘဲနဲ့ အကြော်အလှော်တွေလုပ်စားအုံးမှ။ ဒါနဲ့ ငါးရံခြောက် တစ်ပြားကျန်သေးတာကို သတိရတယ်။ အိမ်ကပါးထားတာ။ နောက်ဆုံးလက်ကျန် ငါးရံခြောက်ကို ဒီတစ်ခါ ချက်စားလိုက်ပါတယ်။ ပြီးတဲ့ တစ်ခါတုံးက ကြော်ပြီး ထောင်းတာမာတာနဲ့ ဒီတစ်ခါ တစ်မျိုးချက်စားလိုက်ပါတယ်။ ဆီနည်းနည်း အရည်ကျဲကျဲလေးနဲ့ စပ်စပ်လေးချက်လိုက်တယ်။ ပြီးတော့ ချဉ်ပေါင်ရည်ကျဲဟင်းရည်နဲ့ တွဲစားလိုက်ပါတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ငါးရံခြောက် စပ်စပ်ချက်ချဉ်ပေါင်ရည်ကျဲ ဟင်းရည် (ပုဇွန်ခြောက် ငပွလေးတွေကို ခပ်ထားပါတယ်။ မဆိုးဘူးသောက်လို့ကောင်းတယ်။)ငါးရံခြောက်အတွက် လိုအပ်သောအရာငါးရံခြောက်ခရမ်းချဉ်သီး ၂ လုံးၾကက္သြန္နီ ၂ လုံးကြက်သွန်ဖြူ ၅ တက်ငရုတ်သီးစိမ်း ၅ တောင့်ဗမာ နံနံ အနည်းငယ်ငါးရံခြောက် စပ်စပ်ချက်နည်းငါးရံခြောက်ကို ရေစိမ်ထားပြီး အနေတော် အတုံးလေးတွေ တုံးပါ။ ကြက်သွန်ဖြူ နီကိုထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါ။ ချက်မယ့်အိုးတည်ပါ။ ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူနီကို ဆီသတ်ပါ။ ကြက်သွန်ဖြူနီများ အရောင်နည်းနည်း နီလာရင် လှီးထားတဲ့ ခရမ်းချဉ်သီးကိုထည့်ပါ။ အရောင်တင်မှုန့်အနီထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်ပါ။ ဆီပြန်လာအောင်ထားပါ။ ဆီပြန်လာရင် တုံးထားသော ငါးရံခြောက်ကိုထည့်ပါ။ ၃ မိနစ်လောက် ခဏလုံးလိုက်ပါ။ ပြီး ရေနွေးအနည်းငယ်ထည့်ပါ။ (အရည် စပ်စပ်လေးနဲ့ စားချင်လို့ ရေနွေးနည်းနည်းထည့်လိုက်တာပါ။ ဆီပြန်စားလဲရပါတယ်နော်။) ဆူလာအောင်ထားလိုက်ပါ။ ဆူလာပြီဆိုရင်တော့ ငရုတ်သီးစိမ်းထည့်၊ နံနံပင်ကို ထည့်အုပ်ပြီး မီးဖိုပေါ်ကချနိုင်ပါပြီရှင်။ ငါးရံခြောက်ချက်နည်း ရပါပြီရှင်။ သုံးဆောင်သွားပါအုံးလား။ီ
63
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျွန်မတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့မို့လို့ ညနေစာအပြင်မှာ ထွက်စားဖြစ်တယ်။ မြန်မာပြည်မှာ ကိုရီးယားဇာတ်လမ်းတွေကြည့်ပြီး သူတို့စားတဲ့ ပဲခေါက်ဆွဲ၊ ကင်မ်ချီ နဲ့ ဟင်းရည်ပူပူစပ်စပ်ကို သောက်ဖူးချင်နေတာ ကြာပါပြီ။ စင်ကာပူကို ရောက်ခါစက ကင်ချီမ်ကိုတော့ တစ်ခါလုပ်လိုက်သေးတယ်။ ရှိသမျှနည်းတွေကို အကုန်နီးပါးကြည့် ဘယ်လိုလုပ်သလဲဆိုပြီးပေါ့။ ဖြစ်တော့ဖြစ်တယ်။ ကိုရီးယားကင်မ်ချီကလဲ ဝယ်စားရင် စျေးကြီးတယ်လေ။ ကျွန်မကလဲ စပ်စပ်စုစု လုပ်ကြည့်ချင်တာလဲ ပါပါတယ်။ နောက်တစ်ခါထပ်လုပ်မှ ပို့စ်တင် ပါအုံးမယ်။ အမှန် မုန့်ညှင်းဖြူထုပ်ပဲ ပါတာကို စျေးကြီးနေတာ။ ကျွန်မတို့ မြန်မာပြည်က မုန့်ညှင်းချဉ် (ရှမ်းချဉ်) တွေဆိုရင် ဒီထက် အမယ်စုံသေးတယ်။ (ပိုပြီးစုံတာကို ပြောချင်တာပါ။) အဲနေ့က ဘာစားချင်လဲမေးလို့ ကျွန်မက ကိုယ်တော်ကြီးကို ကိုရီးယားအစားအစာချင်တယ်ပြောတာနဲ့ ကိုရီးယားဆိုင်ကိုခေါ်သွားတယ်။ ဆိုင်နာမည်က Mario Kitchen ( Korean Restaurant) ပါ။ Bugis နားမှာပါ။ လိပ်စာက 8 Liang Seah Street ။ အရသာကတော့ ကောင်းတယ်။ ဟင်းရည်ကိုတော့ အချဉ်အစပ်ဖြစ်မယ့် ကင်မ်ချီပါတဲ့ ဟာကိုမှာလိုက်ပါတယ်။ pork BBQ လဲကောင်းတယ်ပြောတာနဲ့ အဲဒါလေးမှာလိုက်ပါတယ်။ ထမင်း တစ်ယောက် တစ်ပွဲစီနဲ့ပေါ့။ ကျွန်မကတော့ ကိုရီးယား ရေနွေးကြမ်းမှာသောက်လိုက်တယ်။ ကိုယ်တော်ကြီးကတော့ Orange juice ပဲ မှာသောက်တယ်။ ကဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ကိုယ်တော်ကြီး နဲ့ ကျွန်မ ပုံပါ။ (အမှန်တကယ် ဓာတ်ပုံတင်လိုက်ရင် စားမဝင်ဖြစ်မှာစိုးလို့ ဒီပုံလေးကို အမှတ်တရ တင်ပေးလိုက်တယ်နော်။)Steamboad သုံးမျိုးတွေ့တယ်။ ကင်မ်ချီပါတဲ့ ဟင်းရည်မှာလိုက်ပါတယ်။ (ကင်မ်ချီ Steamboat ပေါ့။ ဝက်သားနဲ့မှာလိုက်တယ်။)BBQ Porkကိုရီးယား ရေနွေကြမ်း (ဒါတော့ ကျွန်မသောက်ခဲ့တယ်)ရေနွေးကြမ်းသောက်ပြီးသောအခါ (လက်ဖက်ရွက် နဲ့ ဆန်လှော်ထင်တာ အဲဒါပါတယ်)အရင်ဆုံး ဒါတွေ လာချသွားပေးတယ်။ ဘယ်ရမလဲ ကင်မ်ချီကို ဒီအတိုင်း စားပလိုက်တယ်။ (ကင်မ်ချီစားကောင်းလို့ ရေနွေးကြမ်းလေးနဲ့ စားလိုက်တာ ကုန်သွားတယ်။ ထမင်းနဲ့စားဖို့ နောက်တစ်ပွဲ ထပ်တောင်းလိုက်တယ်)ကင်မ်ချီ ၊ ငါးနီတူး အချိုကြော် ၊ ခရမ်းသီနှပ် အချိုချက်ကိုရီးယား ဇာတ်လမ်းထဲကအတိုင်း ပူပူလောလော စားကြတယ်ကွယ်။မကုန်ခဲ့ဘူး။ ဒါတွေကျန်ခဲ့တယ်။ :Dကိုရီးယား ပဲခေါက်ဆွဲ နဲ့ ပဲရွက်ဟင်းရည် (အိမ်မှာ တစ်ယောက်တည်းစားတုံးက ရိုက်ထားတယ်။ ရယ်ဒီမိတ်ခေါက်ဆွဲထုပ်ပါ။ ကိုရီးယားဇာတ်လမ်းတွေထဲမှာမြင်ပြီး စားချင်နေတာ။ တကယ်တမ်းကျတော့ အဲလောက်မကြိုက်ဘူး။ နည်းနည်းချိုသလိုပဲ။ ရယ်ဒီမိတ်ထုပ်ဖြစ်လို့လားတော့ မသိဘူး။ ကင်မ်ချီ ခေါက်ဆွဲတော့ ကြိုက်တယ်။)
64
Spaghetti လဲ ပြီးခဲ့တဲ့ ပိတ်ရက်တုံးက လုပ်စားတာပါ။ လုပ်စားဖြစ်တဲ့အကြောင်းအရင်းက ဘန်ကောက်က ကိုယ်တော်ကြီးရဲ့ သူငယ်ချင်းလာမယ်ဆိုတာနဲ့ ညနေစာမချက်ဘူး။ သူငယ်ချင်းနဲ့ အပြင်မှာစားမယ်ပေါ့။ ဒီတော့ ကျွန်မလဲ မနက်စာပဲချက်ပြီး ညနေစာကို ဘာမှ မချက်လိုက်တော့ဘူး။ ညနေ ၆ နာရီ ၊ ၇ နာရီလောက်တောင် ရှိနေပြီ သူငယ်ချင်းကလဲ ဖုန်းမဆက်။ ညနေစာချက်မယ်ဆိုလဲ နေပါအုံး ဖုန်းဆက်လိမ့်မယ် စောင့်ပါအုံး ဆိုတာနဲ့ ဆက်လက်ပြီး စောင့်နေလိုက်တယ်။ ၈ နာရီခွဲနေပြီ ဒါနဲ့ မဖြစ်ချေတော့ဘူး တစ်ခုခုတော့ လုပ်စားမှဆိုပြီး နှစ်ယောက်သား စျေးဆင်းဝယ်ကြတယ်။ ရောက်တော့လဲ ဟိုဟာချက်စားရင် ကောင်းနိုး၊ ဒီဟာ ချက်စားရင် ကောင်းနိုးနဲ့။ ကိုင်လိုက်ချလိုက်နဲ့ မပြီးတော့ဘူး။ ကဲကဲ ဆုံးဖြတ်ချက်ချဆိုပြီး စပါကတီလုပ်စားမယ်ဆိုပြီး ဖြစ်သွားတယ်။ ဘာမှ သိပ်လဲလုပ်စရာမလိုဘူး။ အားလုံး ရယ်ဒီမိတ်ဝယ်လာခဲ့တယ်။ အိမ်ရောက်မှ ဟိုရော ဒီရော လုပ်လိုက်ပါတယ်နော်။ မြန်ဆန် သွက်လက် စပါကတီ တစ်ခွက်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။ကျွန်မရဲ့ စပါကတီလေး သုံးဆောင်သွားပါအုံးလား။ကဲ ........ ဇွန်း ခရင်း နဲ့ ဆွဲမယ်ကွယ်။ ကိုယ်တော်ကြီး ပန်းကန်။ဒါကတော့ ကျွန်မ ပန်းကန်။ချိစ်တွေ ပျော်သွားအောင် ကင်စက်လေးထဲ အပေါ်မီးနဲ့ ၁၀ မိနစ် ထည့်လိုက်ပါတယ်နော်။အသားတလွှာ၊ ဆော့စ်တလွှာ၊ ချိစ်တလွှာ လုပ်လိုက်ပါတယ်။ဟိုနေ့က ကျန်တဲ့ အမဲသားတောက်တောက်ကြော်ရယ်၊ ဝက်သားတောက်တော်ရယ် ရောကြော်လိုက်ပါတယ်။ ပြီး ခေါက်ဆွဲပေါ်ကနေ တင်လိုက်တယ်နော်။ အမဲသား နဲ့ ဝက်သား မစားကြတဲ့သူတွေ ဘယ်လို လုပ်ရပါ့။ ရောလုပ်မိတယ်။ဒီ ဆော့စ်ကို ထည့်ပါတယ်နော်။ကျွန်မရဲ့ စပါကတီလုပ်နည်းခေါက်ဆွဲကို နူးနေအောင် ပြုတ်လိုက်ပါတယ်။ စပါကတီက အကျောမာတော့ ကြာကြာပြုတ်ရတယ်။ ပြီး ရေစစ်ပြီး ထားထားပါတယ်။ အသားတောက်တောက်ကို ဆား၊ အချိုမှုန့်ထည့်ပြီး ကြော်လိုက်ပါတယ်နော်။ ပြီးရင်တော့ ကင်စက်ထဲ ထည့်မယ် လင်ပန်းထဲသို့ ထောပတ်နည်းနည်းပွတ်လိုက်ပါတယ်နော်။ ခေါက်ဆွဲတွေ တူးသွားမှာစိုးလို့ပါ။ ဆီပွတ်လဲ ရပါတယ်နော်။ ထောပတ်ပွတ်လိုက်တော့ ပိုမွှေးမလားလို့ပါ။ ပြီး ခေါက်ဆွဲပြုတ်ထည့်ပြီး ဖြန့်ခင်းလိုက်ပါတယ်။ အသားတောက်တောက်ကြော် ဖြန့်ခင်းလိုက်ပါတယ်။ ဆော့စ်ဖြန့်ခင်းလိုက်ပါတယ်။ ချိစ့် ဖြန့်ခင်းလိုက်ပါတယ်။ အားလုံး ဖြန့်ခင်းပြီးရင်တော့ ကင်စက်လေးထဲ အပေါ်မီး ၁၀ မိနစ်ထားလိုက်ပါတယ်။ ချိစ့်လဲ ပျော်သွားပါပြီ။ ကျွန်မရဲ့ စပါကတီလုပ်နည်း လွယ်ဘူးလားလေ။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။
65
အာလူး ကတ်သလိတ်လို့ ရေးလား။ အာလူး ကတ်သလစ်လို့ရေးလားတော့ မသိဘူး။ အဆင်ပြေသလို ပေါင်းလိုက်ပါတယ်နော်။ ဟိုနေ့က ဘလော့ဂါ မောင်နှမတွေအတွက် မွေးနေ့ဟင်းလေး တင်ပေးတုံးကလဲ အာလူး ကတ်သလိပ်ကြော် တစ်ပွဲပါပြီးသားပါ။ အခု သတ်သတ်ပြန်တင်လိုက်ပါတယ်နော်။ညီမလေး နွေးနေခြည်ကြော်စားတာ မြင်ကတည်းက စားချင်နေတာ။ :D လုပ်စားမယ် လုပ်စားမယ်နဲ့ မလုပ်စားဖြစ်ဘူး။ ခုတော့ ပြီးခဲ့တဲ့ ပိတ်ရက်က လုပ်စားလိုက်ပါတယ်။ အခုက အာလူးကို ထောင်းထားတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူ နီကို လက်လှည့်ပြီးကျိတ်တဲ့ ကျိတ်စက်လေးနဲ့ လှည့်ပြီး ကျိတ်လိုက်ပါတယ်နော်။ ကဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ဒီမှာလဲ အာလူး ကပ်သလိပ် ကြော်နည်းတွေပါရှင်။မမလုရဲ့ အာလူး ကတ်သလိတ်ကြော်ကိုအန်ဒီရဲ့ အာလူး ကတ်သလိတ်ကြော်ညီမလေး နွေးနေခြည်ရဲ့ အာလူး ကတ်သလိတ်ကြော်ကြိုက်တာကို အားမနားတမ်း သုံးဆောင်သွားပါအုံးနော်။အာလူး ကတ်သလိတ် အမဲသား အစာသွတ်ကြော် ကျွတ်ကျွတ်လေး။အာလူး ကတ်သလိပ်ကြော် ကျွတ်ကျွတ်လေး။ (အမဲသားအစာသွတ်နဲ့ မစားတဲ့သူတွေအတွက် အထူးစပယ်ရှယ် သတ်သတ်လွတ်ကြော်ထားပေးတယ်နော်။)အစာသွတ်အတွက် အမဲသားတောက်တောာက်ကြော်။ မုန်လာဥနီ၊ ဂေါ်ဖီထုပ်ပါထပ်ထည့်ထားပါတယ်။ ကုလားလေး မဆလာပါထည့်ထားတယ်နော်။အမဲသား တောက်တောက်ကို ဆား၊ အချိုမှုန့်ထည့်ပြီး ကြက်သွန်နီနဲ့ ရောကြော်ထားပါတယ်။မန်ကျည်းမှည့် အချဉ်ရည် ( မန်ကျည်းမှည့်ရည်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်ထည့်ထားပါတယ်နော်။)အာလူးပြုတ်ပြီး ဆား၊ အချိုမှုန့်ထည့်ပြီး ဒီလိုထောင်းထားပါတယ်။ထမင်းပူပူနဲ့ အာလူး ကက်သလိပ်ကြော်နဲ့ စားကြပါတယ်။အာလူး ထောင်းပုံအာလူးကို အရင်နူးအိနေအောင် ပြုတ်ထားပါတယ်။ ပြီး အခွံခွာပြီး ကျိတ်စက်လေးနဲ့ လှည့်ပြီး ထောင်းထားလိုက်တယ်ပေါ့။ ပြီး ဆား၊ အချိုမှုန့်၊ ကော်မှုန့်ထည့်ပြီး စီးနေအောင် နာနာနယ်လိုက်ပါတယ်နော်။အာလူး ကတ်သလိပ် ကြော်နည်းကြော်မယ့်အိုးတည်ပါ။ ဆီထည့်ပါ။ ဆီကျက်လာရင် အာလူးကို ဂေါ်လီလုံးလောက်လုံးပြီး ပြန်ပြားပါ။ ပြီး မီးဖြည်းဖြည်းနဲ့ကြော်ပါ။ ကျွတ်မှ တစ်ဖက်သို့ ပြန်လှန်ပါ။ မဟုတ်ရင် ကပ်နေမှာစိုးလို့ပါ။ ဒါကတော့ ရိုးရိုး အာလူး ကတ်သလိပ်ကြော်နည်းပါရှင်။အစာသွတ်ပြီး ကြော်မယ်ဆိုရင် ကြိုက်ရာ အသားထည့်ပြီး အစာသွတ်နိုင်ပါတယ်နော်။ ဒီနေ့ ကျွန်မတော့ အစာသွတ်အတွက် လုပ်ထားတဲ့ အမဲသားတောက်တောက်ကြော် ထည့်လိုက်ပါတယ်နော်။
66
ဒီလထဲ ကျွန်မသိတဲ့ ဘလောဂါ မွေးနေ့ရှင် လေးယောက်ရှိပါတယ်။ ဒီနေ့မှာ မွေးနေ့ရှင် နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ကိုယ်တော်ကြီးနဲ့ကျွန်မတို့ရဲ့ သူငယ်ချင်းကိုသီဟသစ်ပါ။ နောက်တစ်ယောက်ကညီမလေး နွေးနေခြည်ပါ။ သူတို့က အဖေမတူ အမေကွဲ အမွှာပူး မောင်နှမတွေပေါ့။ အဘိုးကြီး နဲ့ မြေးမအရွယ်။ ဟီးဟီး။ နောက်နှစ်ယောက်က ၁၄ ရက်နေ့မှာမွေးကြတာပါ။ တစ်ယောက်က မေတ္တာရပ်ဝန်း မီးဖိုးဆောင်ပိုင်ရှင်မမလုပါ။ နောက်ထပ် တစ်ယောက်ကတော့ညီမေလးမေဇင်ပါ။ ဒီနှစ်ယောက်လဲ အဖေမတူ အမေကွဲ အမွှာပူး ညီအစ်မတွေပေါ့။ ဟီးဟီး။ညီမလေးမြူးက ဘလော့ဂါ မောင်နှမတွေအတွက် မွေးနေ့လက်ဆောင်ဟင်းလေးတွေ တင်ပေးတာနဲ့ ကျွန်မလဲ မြူးလေးရဲ့အတုကို ခိုးပြီး မွေးနေ့လက်ဆောင်တင်ပေးလိုက်ပါတယ်နော်။ အသက်ဘယ်လောက်ပြည့်ကြလဲလို့တော့ ထည့်မရေးပေးလိုက်တော့ဘူးနော်။ တော်နေ အရိုက်ခံနေရမှာစိုးလို့။ :D ။ မွေးနေ့ရှင်များ အသက် ၁၂၀ ရှည်စေသော်။Happy Birthday all !!!!!!!!!!!!!!!!!!!!!!ဂဏန်းချက် စပ်စပ်လေး သုံးဆောင်သွားပါအုံးလား။အရည်သောက် အဖတ်စား ချက်ထားပါတယ်။အိုးလိုက် ချထားပေးတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ချက်နည်းက လူပျိုသိုးကြီးရဲ့ ချက်နည်းကို တစ်သွေမတိန်းလိုက်နာပြီးချက်ထားပါတယ်နော်။ ကြက်သွန်ဖြူ နီကို ဒီလို အရင်ဆီသတ်ထားလိုက်ပါတယ်။ဂဏန်းတွေကို ရေနဲ့ပြုတ်ထားပါတယ်။ဂဏန်းတွေကို ရေဆေးပြီး လက်မတွေကို ထုထောင်းထားပါတယ်။ဂဏန်းချက် အတွက် လိုအပ်သောအရာများဂဏန်း (မိမိကြိုက်ရာ ဂဏန်း ချက်နိုင်ပါတယ်နော်။ ပျောက်ကျားလိုအကောင်တွေလဲ ရှိလို့ပါ။ ဒီနေ့ရေးလိုက်တာက လူ ၅ ယောက်စာချက်အတွက်ပါနော်။ )ပြင်းတော်သိမ်ရွက် ၂ ခက်ၾကက္သြန္နီ ၆ လုံးကြက်သွန်ဖြူ ၂ ဥငရုတ်သီးစိမ်း ၁၅ တောင့် ပါးပါးလှီးထားပါ။ ကျွန်မတော့ ခပ်ရှည်ရှည် အမြောင်းလိုက်လှီးလိုက်ပါတယ်။ (ဒီမှာက ငရုတ်သီးအနီထောင့်က ပိုစပ်ပါတယ်။ အစိမ်းထောင့်က အနံ့မွှေးပါတယ်။ အစပ်မကြိုက်လဲ လျှော့ထည့်နိုင်ပါတယ်နော်)မန်ကျည်းမှည့် ကွမ်းသီးလုံး ၂ လုံး လောက် (ရေနွေးနဲ့ စိမ်ထားပြီး အနှစ်ရည်လုပ်ထားပါ။)ကုလားလေး မဆလာငံပြာရည်ဂဏန်းချက်နည်းဂဏန်းတွေကို ရေသေချာဆေးပြီး လက်မတွေကို ထောင်းလိုက်ပါတယ်။ ဂဏန်း လက်မတွေက စားတဲ့အခါ ကိုက်နေရတာမာနေမှာစိုးလို့ပါ။ ဂဏန်းမှာပါတဲ့ အဆီအနှစ်တွေကို ပန်းကန်သတ်သတ်နဲ့ ဖယ်ထားလိုက်ပါ။ ပြီးရင် ရေထည့်ပြီး ပြုတ်ထားလိုက်ပါ။ ရေကတော့ မိမိလိုသလောက်ထည့်ပါနော်။ ကျွန်မကအရည်များများနဲ့ ကြိုက်လို့ အရည်ကိုများများထည့်လိုက်ပါတယ်။ ကြက်သွန်နီ ကို အခွံခွာပြီး လေးခြမ်းစိတ် စိတ်ထားပါ။ ကြက်သွန်ဖြူ ကိုလဲ အခွံခွာပြီး အလုံးကွဲလောက်အောင်ပဲ ထောင်းထားပါ။ ဂဏန်းချက်ထဲ ထည့်ဖို့ ဆီသတ်တော့မယ်နော်။ ချက်သတ်မယ့်အိုးတင်လိုက်ပါ။ ဆီ အနည်းငယ် ထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ လေးခြမ်းစိတ်ထားတဲ့ ကြက်သွန်နီကို နည်းနည်းအိအောင်အထိကြော်ပေးပါ။ ပန်းကန်သတ်သတ်နဲ့ဖယ်ထားတဲ့ ဂဏန်းအဆီအနှစ်ကိုထည့်လိုက်ပါ။ အနံ့မွှေးသွားပါလိမ့်မယ်။ ပြီးရင် မန်ကျည်းမှည့်ရည်ထည့်ပါ။ ပြင်းတော်သိမ်ရွက် ၂ ခက်ကို အရွက်ခြွေပြီး ထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်ပါ။ ဆားထက် ငံပြာရည်နဲ့ချက်တာ ပိုကောင်းပါတယ်နော်။ ဆားထည့်လဲ ရပါတယ်။ ဆားနည်းနည်း ငံပြာရည်နည်းနည်းဆီထည့်ပေါ့။ ဆီလေးပြန်လာရင် ကုလားလေး မဆာလာထည့်ပါ။ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းထည့်လိုက်ပါ။ ဆီသတ်လို့ပြီးပါပြီရှင်။ ပြီးရင် ဂဏန်းပြုတ်အိုးထဲသို့ ထည့်လိုက်ပါတယ်။ ပြီးရင်ဆူနေအောင်တည်ထားလိုက်ပါ။ အပေါ့ အငန့် မြည်းကြည့်ပါ။ အချဉ်အငံ ထပ်ထည့်ချင်လဲ ထည့်ပါအုံးနော်။ အရည်သောက် အဖတ်စား ဂဏန်းချက် ရပါပြီရှင်။ လူပျိုသိုးကြီးကတော့ ထမင်းနဲ့ စားတာထက် ဝီစကီနဲ့ မြည်းတာ အကောင်းဆုံးလို့ ပြောပါတယ်။ ဒီအတိုင်းလေးစားလဲကောင်းပါတယ်။ ကဲ သုံးဆောင်သွားပါအုံးနော်။-------------ကြက်ကြော် ကျွတ်ကျွတ်လေး (အသားကော အရိုးကော အားလုံးကြော်ထားပေးတယ်နော်)-------------၀က်ဦးနှောက်ကြော် ပျော့စိစိ-------------အာလူး ကတ်သလစ်ကြော် ကျွတ်ကျွတ်လေး (ဒါတော့ ညီမလေးနွေးနေခြည်အကြိုက်ထင်တယ်နော်)-------------အားဖြစ်စေမယ့် မှိုစွပ် (Mushroom soup)------------အသီးအနှံ နဲ့ အချိုပွဲကတော့ ဟိုနေ့က အပြင်မှာသွားစားတဲ့ဟာ တင်ပေးလိုက်တယ်နော်။အသီးအနှံ ထုတ်ထိုး (စတော်ပယ်ရီရိုးရိုး နဲ့ စတော်ပယ်ရီ ချောကလက်စိမ်၊ စပျစ်သီးရိုးရိုးနဲ့ စပျစ်သီး ချောကလက်စိမ်၊ ယိုယို့ ပျော့စိစိ နဲ့ ယိုယို့ ချောကလက်စိမ်၊ ဆမ်းကစ်သီး တစ်စိတ်၊ နဂါးမောက်သီးတစ်စိတ်၊ ဖရဲသီး တစ်စိတ်၊ ချိစ်ကိတ်၊ ချောကလက်ကိတ် နဲ့ ကျောက်ကျော တို့ပါနော်)စတော်ပယ်ရီ ရေခဲမုန့် (ထူးရေခဲမုန့်တော့ ဟုတ်ဘူးကွယ်)အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်။
67
အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုပြီးရှိတယ်။ ငါးမှာ ငါသလောက်ပေါ့နော့်။ တစ်ခါတစ်လေ စျေးသွားရင် ငါးတန်းမှာ ငါးသလောက်ကိုတွေ့ရတတ်တယ်။ ကိုယ်တော်ကြီးတော့ ငါးသလောက်ပေါင်း စားချင်သားလို့ပြောတယ်။ ငါးသလောက်ကို မြင်သာမြင်တယ် pressure cooker မရှိတာနဲ့ မချက်ဖြစ်ဘူး။ ဒီအတိုင်းချက်ပေးမယ်ဆိုတော့လဲ့ အရိုးနူးမှာမဟုတ်ဘူးတဲ့။ အိမ်မှာဆိုရင်တော့ ငါးသလောက်ကို ဗိုက်သားကြီးပဲတတ်ဝယ်ပြီး ဆီလည် ရေလည်လေးချက်စားတတ်တယ်။ ကျွန်မကတော့ အဆီ ၊ အခေါက် ၊ အရိုးဆို အရမ်းကြိုက်ပဲ။ ငါးဝမ်းတွင်းသားချက်ပေးလဲ ကြိုက်တာပဲ။ ငါးရံ့အူချက်လဲ ကြိုက်တာပဲ။ ငါးပူစီဖောင်းချက်လဲ ကြိုက်တာပဲ။ စားချင်တာတွေရေးနေရင် ကုန်မယ်မထင်။ ဒါနဲ့ လူဆိုးက Ready (ရယ်ဒီ) ငါးသလောက်ဗူး ၃ ဗူးဝယ်လာတယ်။ ဒါလေးကို ချက်အုံးမှဆိုပြီး ငါးသလောက်ကို ချက်လိုက်ပါတယ်။ ဒီမိုးကောင်းသူ အစတွေချီနေတာ နောက်ဆုံးတော့ ရယ်ဒီကြီးနဲ့ကိုးပြောတော့မယ်။ တတ်နိုင်ဘူး pressure cooker မှ မရှိတာကို။ ချက်နည်းတော့ သိပ်ပြောနေစရာမလိုဘူးထင်တယ်နော်။ တစ်ဗူးကို အတုံးသေးသေး ၃ သုံးပဲ ပါတာမို့ များသွားအောင် ကြက်သွန်နီနဲ့ရောပြီး ပွားလိုက်ပါတယ်နော်။ မြန်ဆန်သွက်လက် ငါးသလောက်ချက်ရပါပြီရှင်။ သွေးတိုးရှိသူများ မစားရ။ (အကျော မတက်စေရဘူး။ တက်ကျောနုတ်ထားတယ်နော်။ ရန်ကုန်တုံးက ငါးသည်တွေ အဲလိုပြောရောင်းတာပဲ။ ရန်ကုန်ရောက်မှ တက်ကျောနုတ်တယ်ဆိုတာ သိတော့တယ်။ ပြီးတော့ ကိုယ်လဲ တက်ကျောလေးနုတ်ထားတယ်ဆိုပြီး စားတော့တာပဲ။) အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ ပြီး ခေါင်းပြားအောင် အိပ်ပေတော့။ ဟီးဟီးငါးသလောက်ချက်လေး သုံးဆောင်သွားပါအုံးလား။ချဉ်ပေါင် ရည်ကျဲ နဲ့ ငရုတ်သီးထောင်းနဲ့တွဲ စားကြတယ်ကွယ်။
68
ဘဲဥ ဇာတ်လမ်းပြောပြပါအုံးမယ်။ ပြီးခဲ့တဲ့အပတ်တုံးက ပင်နီဆိုလာသွားတာ ဘဲဥရောင်းတာ တွေ့လို့ အားရဝမ်းသာနဲ့ ဝယ်မယ်ပေါ့။ ဘဲဥဘယ်လောက်လဲလို့မေးတော့ ၁၀ လုံး S$ 8 တဲ့။ စျေးမေးလိုက်တော့မှ ဘုရားတရတော့တယ်။ ဆေးဘဲဥ(ခေါ်)ဖီတန် ကိုပြောတာ မဟုတ်ဘူးလို့ ဘဲဥအစိမ်း အလတ်ကိုပြောတာပါလို့ ပြန်ပြောရတယ်။ ဟုတ်ပါတယ် ဘဲဥအစိမ်း ၁၀ လုံး S$ 8 ပါတဲ့။ ဒါနဲ့ စိတ်ဆိုးဆိုးနဲ့ ဝယ်ခဲ့သလားလို့ မထင်လိုက်နဲ့နော်။ မဝယ်ခဲ့ပါဘူး။ ကြက်ဥပဲ အလုံး ၄၀ လောက် စားတော့မယ်လို့။ ဟုတ်တယ်လေ စျေးကြီးလိုက်တာလဲ လွန်ပါရောတော်။ ပြား ၅၀ လောက်ဆိုလဲ မဆိုးသေးဘူး။ ဘဲဥရှိတော့ ရှိတယ်။ စျေးကြီးလို့ မဝယ်စားတော့ဘူး အမေ့အိမ်ပြန်မှ ဘဲဥချဉ်ဟင်း တဝကြီးစားပလိုက်မယ်လို့ စိတ်ထဲထားလိုက်တော့တယ်။ ချဉ်ပေါင်လေးဝယ်၊ ပဲကျက်မှုန့်လေးဝယ်၊ အကြော်ဆံလေးဝယ်၊ ဟိုဟာဝယ် ဒီဟာဝယ်ပြီးပဲ ပြန်လာခဲ့ပါတယ်။ အိမ်ရောက်လဲ ဘဲဥကိုမျက်လုံးထဲက မထွက်တာနဲ့ ကြက်ဥကို ချဉ်ဟင်းချက်လိုက်ပါတယ်နော်။ ခေါင်းစဉ်တော့က ဘဲဥတပ်လိုက်တယ်နော်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။ကြက်ဥ ချဉ်ဟင်းလေး သုံးဆောင်သွားပါအုံးလား။ပုဇွန်ကြော် (ပုဇွန်က ခဲနေတော့ အခွံမခွာပဲကြော်လိုက်တယ်နော်။ ငပျင်းကြော်လေး ကြော်လိုက်ပါတယ်။ ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်ထည့်နယ်ပြီးကြော်လိုက်ပါတယ်)ဘဲဥ ချဉ်ဟင်းအတွက်လိုအပ်သောအရာဘဲဥ ၆ လုံး (ဒီနေ့တော့ ဘဲဥနဲ့စိတ်ဆိုးခဲ့လို့ ကြက်ဥနဲ့ချက်လိုက်ပါတယ်နော်။)ၾကက္သြန္နီ ၂ လုံး ႀကီးႀကီးကြက်သွန်ဖြူ ၇ တက်ကုလားလေး မဆလာပြင်းတော်သိမ်ရွက်မန်ကျည်းမှည့် အနှစ် (လိုသလောက်ထည့်နော်။ ကျွန်မတော့ အချဉ်ကြိုက်တော့ များများခတ်လိုက်တယ်)ချက်နည်းချက်နည်းက ဘဲဥချက်နည်းအတိုင်းပဲရေးလိုက်ပါတယ်။ ဘဲဥကိုပြုတ်ထားလိုက်ပါတယ်။ ကျက်ရင် အခွံခွာပြီး နှစ်ခြမ်း ခြမ်းထားလိုက်ပါတယ်နော်။ကျွန်မရဲ့ ဘဲဥ ၊ ကြက်ဥခြမ်းနည်းပြောလိုက်ပါအုံးမယ်။ အပ်ချဉ်ကြိုး ကို တစ်ထွာကျော်ကျော်ဖြတ်ပြီး ကြက်ဥ ၊ ဘဲဥကို အလည်တည့်တည့်ကနေ လှီးဖြတ်လိုက်ပါတယ်။ ဘဲဥ ၊ ကြက်ဥ အနှစ်တွေ မကွာတော့ဘူး။ ဒီနည်းအတိုင်းဖြတ်ပါတယ်။ ကြာတယ်ထင်ရင်လဲ ဓားနဲ့လှီးလဲ ရပါတယ်နော်။ဘဲဥပြုတ်တုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုထောင်းထားလိုက်ပါတယ်။ ပြီး ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်ဖြူ ၊ နီကို ဆီသတ်ပါ။ အရောင်နီလာရင် ဆနွင်းမှုန့် နဲ့ အရောင်တင်မှုန့်နည်းနည်းထည့်ပါ။ ဆား(သို့) ငံပြာရည်ထည့်၊ အချိုမှုန့်ထည့်၊ မန်ကျည်းရည်အနှစ်ကိုထည့်ပါ။ နည်းနည်းဆီပြန်လာအောင်ထားလိုက်ပါ။ ပြီးခြမ်းထားသော ဘဲဥကိုထည့်ပါ။ ဘဲဥချဉ်ဟင်းကို အရည်လေးနဲ့ စားချင်ရင်တော့ ရေနွေးထပ်ထည့်ပါနော်။ အဲ..... ပြီး ပြင်းတော်သိမ်ထည့်လိုက်ပါ။ မီးဖိုပေါ်က ဘဲဥချဉ်ဟင်းချခါနီး ကုလားလေး မဆလာခတ်ပြီး စားနိုင်ပါပြီနော်။ ကြိုက်တတ်ရင် ငရုတ်သီးစိမ်းလေးပါ ထည့်လဲ ရပါတယ်နော်။ ဒီလိုလေး ချက်စားကြည့်ပါလား။ ထမင်းမြိန်စေ့မယ် ဟင်းတစ်ခွက်ပေါ့။
69
ပြီးခဲ့တဲ့ ၃ ပတ်လောက်ကဖြစ်မယ်ထင်တယ်။ တော်တော်တောင်ကြာနေပြီ။ ညနေစာလဲစားသောက်ပြီး အိုးခွက်တွေတောင်မှ ဆေးပြီးမှောက်ထားကြပြီ။ အိမ်က ကိုယ်တော်ကြီး နဲ့ လူဆိုးက ဘယ်မှ မသွားရတော့ ရွစိ ရွစိဖြစ်နေကြတယ်။ ဒါနဲ့မင်းသားတို့ လင်မယားကိုဖုန်းဆက်ပြီး ခေါ်ကြတယ်။ ဘာလုပ်ကျွေးမလဲပေါ့။ အမှန်က ညနေစာလဲ အဝအပြဲစားပြီးပြီ။ ဆာလို့လဲ မဟုတ်ဘူး။ လမ်းရှာတယ်ပြောရမှာပေါ့။ ညစာလဲစားထားပြီဆိုတော့ သိပ်လဲမစားနိုင်ကြတော့ဘူးလေ။ ဒါနဲ့ ဘိုစာသုပ် (Salad) စားကြမယ်ဆိုပြီး sheng siong supermarket မပိတ်ခင် သုပ်စားမယ့် အသီးအရွက် နဲ့ Mayonnaise & Fruit Salad Dressing ဆင်းဝယ်ကြတယ်။ ဒါနဲ့ ဂေါ်ဖီထုပ် ခရမ်းရောင်တစ်ထုပ်ပါလာပါတော့တယ်။ စုစုပေါင်း ၅ ရက်လုပ်စားလိုက်ရပါတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ပထမရက်(ဒီနေ့ သုပ်တာတွေက မင်းသားနဲ့ မင်းသမီးလက်ရာတွေနော်)ဒီဂေါ်ဖီ ခရမ်းတစ်ထုပ်ပေါ့။ဂေါ်ဖီခရမ်းရောင် ပါးပါးရယ်၊ ဘရိုကိုလီ သေးသေးလှီးထားတာရယ်၊ ခရမ်းချဉ်သီးစိမ်း ပါးပါးရယ်၊ သခွားသီး ပါးပါးရယ်၊ ဥနီ သေးသေးခြစ်ထားတာရယ်ကိုယ်တော်ကြီး နဲ့ လူဆိုး ကင်ကြတာ။ (ထောပတ်နဲ့ ဆားနဲ့ထည့်နယ်ထားတယ်) သူတို့ နှစ်ယောက်တော့ ဒီနေ့လုပ်သမျှထဲမှာ ဒါအကောင်းဆုံးတဲ့။ တစ်ခါတစ်လေလုပ်ပြီး ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေကြတာ။ :Dတော်နေ အရိုးတစ်ခြား အသားတစ်ခြားဖြစ်တော့မယ့် ကြက်သားပြုတ်အသီးအရွက်အစုံနဲ့ ဆား၊ ငရုတ်သီးစိမ်း၊ သံပရာသီးနဲ့ ထည့်သုပ်ထားတယ်။ ချဉ်စပ်လေးသုပ်ထားတယ်။ဒါကတော့ Mayonnaise & Fruit Salad Dressing ထည့်ပြီးသုပ်ထားတယ်။Mayonnaise နဲ့သုပ်ထားတဲ့ ကြက်သားပြုတ်အာလူးပြုတ်ကို Mayonnaise နဲ့ထောပတ် ထည့်သုပ်ထားတယ်။ ပြောင်းဖူးပြုတ်ကို ထောပတ်ရယ်၊ ဆားရယ်၊ သကြားနည်းနည်းနဲ့ ထည့်သုပ်ထားတယ်။Murhroom soup နဲ့ ကြက်ရိုးပြုတ်စွပ်သရက်သီး နဲ့ စပျစ်သီး-----------------------ဒုတိယရက်သူငယ်ချင်းတစ်ယောက် အိမ်လာလည်တယ်။ နေ့လည်စာ ကြက်ဥခေါက်ဆွဲ ကြော်ကျွေးလိုက်ပါတယ်။ (ဝက်သားတောက်တောက်ရယ်၊ ဂေါ်ဖီခရမ်းရောင်ရယ်၊ ဥနီရယ်၊ ပဲပင်ပေါက်ရယ်၊ တရုတ်နံနံရယ် ထည့်ပြီးကြော်ထားပါတယ်နော်)ကြက်ဥခေါက်ဆွဲကြော် ပူပူလေးကြက်ရိုးဟင်းရည်၊ ကျန်မဆိုင်အချဉ်နဲ့ စားကြပါတယ်။-------------------------တတိယရက်ငါးပိရည်ကျို နဲ့ အတို့စုံကိုတော့ ပြီးခဲ့တဲ့နဲ့ကတင် ပို့စ်တင်လိုက်ပါတယ်နော်။ဒီမွာပါရှင်။ီငါးပိရည် နဲ့ အတို့စုံ---------------------စတုဋ္ဌရက်(စာလုံးပေါင်းမှားနေတယ်ထင်တယ်နော့်။ မပေါင်းတတ်လို့ ဒီလိုပဲ ရေးလိုက်ပါတယ်။)အရောင်အသွေး စုံစုံလင်လင် လက်ဖက်သုပ် (ပြောင်းဖူးပြုတ်၊ ဂေါ်ဖီခရမ်း၊ ခရမ်းချဉ်သီး၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ဆီ၊ ငံပြာရည်၊ အချိုမှုန့်၊ လက်ဖက် နဲ့ ပဲကြော် ထည့်ထားပါတယ်)လက်ဖက်သုပ်------------------------ပဥ္စမရက်ဒီနေ့ ဂေါ်ဖီခရမ်းရောင် နောက်ဆုံးပိတ် အသုပ်စုံထဲထည့် စားလိုက်ပါတယ်။ အသုပ်နယ်ထားတဲ့ ဓာတ်ပုံ မရိုက်လိုက်မိဘူး။အစုံသုပ်
70
၁၂ နာရီ၃၄ မိနစ်၅၆ စကၲန္႕၀၇ ရက်၀၈ လ၀၉ ခုနှစ်၁၂၃၄၅၆၇၈၉............. ကိန်းဂဏန်တွေ အစဉ်လိုက်ဖြစ်နေတာနဲ့ အမှတ်တရ ပို့စ်တင်လိုက်ပါတယ်နော်။လာလည်သူအားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်။
71
ဒီအပတ် ကျန်းမာရေး ချူချာနေလို့ အိမ်တွေတောင်သိပ်မလည်ဖြစ်ဘူး။ လာလည်သူတွေလဲ ဟင်းအသစ်မျှော်နေရတာ မောတော့မယ်။ ဟင်းတွေ ဆက်တိုက်တင်ချင်လဲ သူပဲ။ ခုတော့လဲ ရက်ခြား ရက်ခြား တင်နေတယ်။ မိုးကောင်းသူတို့များ အကျင့်မကောင်းဘူးနော်။ ဒီနေ့တော့ ငါးပိရည်ကျိုလေး တင်လိုက်ပါတယ်နော်။ ငါးပိရည်ကိုတော့ စီးတီးဟောကနေ ဝယ်လာတာပါ။ ငါးပိရည်ကျိုကိုတော့ဒီမွာတစ်ခါကျိုစားပြီး ရေးတင်ဖူးတယ်။ အဲတုံးကတော့ ယိုးဒယား ငါးရည်ဗူးကို ဝယ်ပြီးကျိုစားဖူးတယ်။ အခုက အကောင်လိုက် ငါးပိရည်ကျို ကိုဝယ်ပြီး ကျိုစားတာပါ။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ငါးပိရည်ကျို နဲ့ အတို့စုံ (ဂေါ်ဖီထုပ် ခရမ်းရောင်ပြုတ်၊ ရုံပတေသီးပြုတ်၊ ပဲပင်ပေါက်ပြုတ်၊ သခွားသီး၊ ချယ်ရီ ခရမ်းချဉ်သီးသေးသေး)ဂေါ်ဖီခရမ်းရောင်တထုပ်ဝယ်ထားတာ မကုန်နိုင်ဘူးဖြစ်နေတယ်။ ဒီနေ့တော့ အတို့လုပ်ပလိုက်တယ်ကွယ်။ ဂေါ်ဖီခရမ်းရောင်ဝယ်ရတဲ့ ဇာတ်လမ်းလဲ ရေးပါအုံးမယ်နော်(မင်းသားစခဲ့တဲ့ဇာတ်လမ်းပေါ့) ။ညီမ မြရွက်ဝေရဲ့ ချစ်စရာထမင်းဗူးမှာ ချယ်ရီခရမ်းချဉ်သီးလေးတွေ တွေ့တွေ့နေလို့ ဝယ်စားကြည့်တာပါ။ ကိုယ်တော်ကြီးကတော့ မစားဘူး။ တဗူးဝယ်ထားတာ ကိုယ့်ဟာကိုယ်စားနေရတယ်။ အသားအရည်လှတယ်လို့ ပြောပြီး စားနေရတယ်။ :D ကျွန်မကတော့ အသီးအရွက်တော်တော်များများ ကြိုက်တော့ စားလို့ကောင်းပါတယ်။ ကျွန်မ ညီမဝမ်းကွဲတစ်ယောက်တော့ ခရမ်းချဉ်သီးဘယ်လောက်ကြိုက်လဲဆိုရင် အပင်ပေါ်မှာ ခရမ်းချဉ်သီးမြင်တာနဲ့ ခူးစားတော့တာပဲ။ သူ့ကိုတောင်မှ သွားသတိရတယ်။ ခုတော့ ကလေးတွဲလောင်းနဲ့ဖြစ်နေပြီ။အရောင်လေးတော့ စုံနေတာပဲ။ ဖြူ နီ ခရမ်း စိမ်း ။ ဟီးဟီး။ငါးပိရည်ကျို စပ်စပ်လေးချဉ်ပေါင်နဲ့မျှစ်ပြုတ်နဲ့ဟင်းရည်၊ ကြက်ဥကြော်၊ ငါးပိရည်ကျို နဲ့ အတို့စုံ ( ဒီနေ့တော့ အားလုံး ခေါင်းမဖော်တမ်း ထမင်းလွေးကြတယ်ကွယ်)ငါးပိရည်ကျို ကျိုနည်းအရင်ဆုံး ငါးပိရည်ကို ရေနည်းနည်းထည့် ဆနွင်းမှုန့်နည်းနည်းထည့် ပြီး အရင်ကျိုပါတယ်။ ဆူနေအောင်တည်ထားလိုက်ပါတယ်။ ပြီး အရိုးတွေကို ဇကာစစ်နဲ့စစ်ပါတယ်။ အရိုးစစ်ထားတဲ့ ငါးပိရည်ကိုပြန်တည်ထားလိုက်ပါတယ်။ သူငယ်ချင်းတစ်ယောက်က သူကျိုစားတာ ခါးတယ်ပြောတာနဲ့ ငါးပြုတ်ကြော်ပါ ထည့်ကျိုလိုက်ပါတယ်။ ငါးကြင်းလိုမျိုးငါးကိုဝယ်ပြီး ပြုတ်ကြော်လုပ်ပြီး ထည့်လိုက်တာပါ။ ငါးထည့်လို့လားတော့ မသိဘူး ချိုနေတာပဲ။ လိုအပ်ရင်အချိုမှုန့်နည်းနည်းထည့်ပါ။ ငါးထည့်ထားတော့ ဒီနေ့ အချိုမှုန့် မထည့်တော့ဘူး။ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူကိုတော့ ဆီနည်းနည်းလေးထည့်ပြီး လှော်လိုက်ပါတယ်။ ငရုတ်သီးကို အဲလို လှော်လိုက်ရင် ဗိုက်မနာဘူးလို့ ပြောတာနဲ့ လှော်ထည့်လိုက်ပါတယ်နော်။ ဒီအတိုင်း အစိမ်း ထောင်းထည့်လဲ ရပါတယ်။ ငရုတ်သီးအကျက်မှုန့်ကြိုက်လဲ ထည့်စားနိုင်ပါတယ်နော်။ ငါးပိရည်ကျို မွှေးမွှေးလေးရပါပြီ.........
72
သီးစုံ ကုလားဟင်းလုပ်စားထားတာ ၂ ပတ်ကျော်လောက်ရှိတော့မယ်။ မလေးရှားက သူငယ်ချင်းလာတုံးကပေါ့။ သူတောင် နောက်တစ်ခါပြန်လာလည်တော့မယ်။ ပဲကုလားဟင်းကို မတင်ဖြစ်သေးဘူး။ ဒီနေ့တော့ သီးစုံ ပဲကုလားဟင်းကို တင်လိုက်ပါတယ်နော်။ နောက်နေ့မှ ချက်နည်းရေးပေးတော့မယ်နော်။ ဒီနေ့တော့ သီးစုံ ပဲကုလားဟင်းလေးပဲ သုံးဆောင်သွားပါအုံးနော်။ ကျန်းမာ ချမ်းသာကြပါစေ။သီးစုံ ပဲကုလားဟင်းသီးစုံ ပဲကုလားဟင်း မလောက်မှာစိုးလို့ နောက်တစ်ခွက်နော်။ငါးရံခြောက် ဆီဆမ်းပုဇွန်ခြောက် ငပွကြော်စပ်စပ်လေး။ ညီမလေးမြူး ကြော်ကြော်စားနေတာ တွေ့လို့ စားချင်တာနဲ့ကြော်စားကြည့်တာ။ စားကောင်းတယ်။အားမနာနဲ့နော်။ သုံးဆောင်သွားပါအုံး။
73
မိုးကောင်းသူရဲ့ အစ်ကိုတော်က အပြင်မှာတစ်ခုခုကျွေးမယ်ဆိုပြီး ပြောနေတာကြာနေပါပြီ။ ဒီလင်မယားကလဲ ရက်ချိန်းတွေအများသားမို့ အစ်ကိုတော်ကို အလှည့်မပေးနိုင်ဘူး။ ဟိုရက်ရွေ့ဒီရက်ရွေ့လုပ်နေလိုက်တယ်။ အစ်ကိုဆိုတော့ ဘယ်အချိန်ကျွေးခိုင်း ကျွေးခိုင်းရတယ်လေ နော်။ အမေ့ကိုတောင် သူကပြောနေသေးတယ်။ အမေ့သမီးက ဒီမှာမအားဘူးတဲ့။ သူ့ကျွေးဖို့ကိုတောင် မနည်းရက်ချိန်းယူရတယ်တဲ့လေ။ ဒါနဲ့ မဖြစ်ချေတော့ဘူး သွားစားမှဆိုပြီး အစ်ကိုတော်လဲ သောကြာနေ့ညနေ ရုံးကစောပြန်လို့ရတယ်ဆိုတာနဲ့ သွားစားလိုက်ပါတယ်။ ပြောတာ ပြောရတယ် ဘာစားရမလဲ မသိဘူး။ ရောက်မှ သွားကြည့်ကြတာပေါ့ဆိုပြီး စီးတီးဟောဘူတာ (City Hall MRT) မှာပဲ ချိန်းလိုက်တယ်။ ၃ ယောက်သားစုံသာနဲ့ City Link ဘက်ကိုသွားကြတယ်။ ဘာစားမလဲလို့ ဟိုကြည့် ဒီကြည့်လုပ်တော့တာပေါ့။ပထမဆုံး Newyork Newyork ဆိုင်တော့တွေ့တယ်။ လူတန်းကြီး ရှည်တာနဲ့ ရှေ့ဆက်သွားလိုက်တယ်။ Xin Wang Hong Kong Cafe ဆိုင်တွေ့တယ်။ အဲဒီဆိုင်ရဲ့ Spaghetti တော့စားချင်သား။ ဟိုတစ်ခါကိုယ်တော်ကြီး စားတဲ့လိုမျိုးကို ပြန်စားချင်သား။ ဒါကလဲ လူတန်းကြီးရှည်လို့။ ရှေ့ဆက်တော့လဲ ဂျပန်ဆိုင်ရယ်၊ Thai Express ဆိုင်ရယ်ပဲရှိတော့တယ်။ ဂျပန်စာတော့ စားချင်ဘူးလို့။ အဲဒီထိုင်းဆိုင်ကြတော့လဲ အရမ်းကြီးမကောင်းဘူး။ အရသာက ပေါ့တော့တော့နဲ့လို့။ ဆက်သွားနေလဲ ဗိုက်ကမစောင့်နိုင်တော့ဘူး။ ဒါနဲ့ လာရာလမ်းကို ပြန်ကွေ့ပြီး Newyork Newyork ဆိုင်မှာပဲ တန်းစီလိုက်တယ်။ စောစောကတည်းက တစ်ခါတည်းစီလိုက်ရင်ပြီးပြီ လျှာရှည်တော့ ပြန်စောင့်ပေါ့။ တတ်နိုင်ဘူးလေနော်။ မိုးကောင်းသူတို့ ကံကောင်းချင်တော့လဲ ထိုင်ခုံက ၃ ယောက်စာလွတ်တာပဲ ရှိသေးတယ်တဲ့။ အရှေ့ကလူအုပ်က ၈ ယောက်အုပ်စု၊ ၁၀ ယောက်အုပ်စုမို့လို အရင်ဝင်လိုက်ရပါတော့တယ်။ အဲဆိုင်ရဲ့ Giant Burger ကို မြင်နေတာတော့ ကြာပေါ့။ ၂ ယောက်တည်းနဲ့စားမယ်ဆိုတော့လဲ မကုန်နိုင်တာနဲ့ မစားဖြစ်ဘူး။ အဲဒါကိုစားမယ်လို့။ ကိုယ်တော်ကြီးက ကုန်နိုင်လို့လားတဲ့။ ၄ ယောက်စာတဲ့။ အဲဒါပဲစားမှာလို့ ကုန်တယ်လို့။ ဒါနဲ့ Giant Burger ရယ်၊ တန်ပူရာ အကြော်ရယ် (နာမည်တောင်သေချာမသိတော့ဘူး)၊ coke ရယ်၊ ရေရယ်မှာပြီး စောင့်နေလိုက်ပါတော့တယ်။ ကျွန်မရဲ့ ဗိုက်တော့ အတော်လေးကိုဆာနေပါပြီ။အရင်ဆုံး ရေပုလင်း လာချပေးတယ်။ ရေသောက်ပေါ့။ coke ကသံဗူး ရိုးရိုးပါ။ နောက် တန်ပူရာအကြော်လာချပေးတယ်။ ပုံစံလေး မိုက်လို့မှာလိုက်တာ။ ဘာကြော်ကြီးများလဲလို့ သခွားသီးကြော်နဲ့ မှိုကြော်ကြီး။ ကိုယ့်ဟာကိုယ်ရီချင်တာလေ။ ဟီးဟီး တတ်နိုင်ဘူး မှာပြီးပြီ စားရတော့မှာပေါ့။ အရသာတော့ ကောင်းပါတယ်။ နောက်ဆိုသိပြီ အဲလိုမျိုး အိမ်မှာကြော်ကျွေးမယ်လို့ ပြောလိုက်တယ်။ နောက်ဆုံး Giant Burger လာချပေးပါတယ်။ အလိုလေး အာလူးတွေကလဲ ၁ ကီလိုတစ်ထုပ်လုံးများ ထည့်ကြော်ပေးထားသလား မှတ်ရတယ်။ များလိုက်တယ်။ အားလူကြိုက်တဲ့ကျွန်မ အဲဒါကြီးကို ကုန်အောင်မစားနိုင်ခဲ့ဘူး။ burger တစ်စိတ်ကိုတောင်မှ အအေးနဲ့မျှောချ ရေနဲ့မျှောချပြီး နားလိုက်စားလိုက်လုပ်ပြီး မနည်းစားရတယ်။ အစ်ကိုတော်နဲ့ ကိုယ်တော်ကြီးတို့ကတော့ တစ်စိတ်ခွဲစီစားကြတာပေါ့။ အစားကြီးကြတယ်နော်။ စားပြီးသောက်ပြီးတော့ ပြန်လာကြပါတော့တယ်ကွယ်။Giant Burger (သုံးဆောင်သွားပါအုံးလား) အလှူလက်ဖက်နဲ့မျက်နှာလုပ်လိုက်တယ်။ အစ်ကို ပိုက်ပိုက်လဲ ညီမပိုက်ပိုက်ပဲပေါ့။ :Dတစ်စိတ်တောင် မနည်းစားခဲ့ရတယ်ကွယ်။တန်ပူရာအကြော် (စားလို့တော့ကောင်းပါတယ်)ရေသန့် (ကိုရီးယားကထဲက အရက်ပုလင်းလေးတွေနဲ့တူတယ်နော်။ သူတို့ ၂ ယောက်တော့ အရက်မှတ်ပြီးသောက်ကြလားမသိ။ :D)
74
ပြီးခဲ့တဲ့ စနေနေ့ကပေါ့ east coast သွားကြတယ်။ ဝါးတီးတွေလဲ ပိတ်ရက်တိုင်း ဆက်တိုက်ဖြစ်နေတော့ ပိတ်ရက်ဆို အားတယ်လို့ မရှိဘူး။ အစားအသောက် မီးလိုတောက်သော ကျွန်မနဲ့ အိုကေမှာ စိုပြေနေတာပဲ။ ကျွေးတဲ့သူရှိတော့လဲ ကျွန်မတို့က လိုက်စားပေးရတာပေါ့။ ဒါမှ အလှူ့ရှင်ကလဲ ဝမ်းသာမှာလေ။ နော်။ ဒီတစ်ပတ်က ဘောလုံး တစ်သင်းစာရှိတဲ့ အုပ်စုနဲ့ပေါ့။ အဲနေ့က လူအုပ်စုက ၂၂ ယောက်လား၊ ၂၃ ယောက်လားမသိဘူး လာကြပါတယ်။ များလွန်းလို့တောင် မမှတ်မိတော့ဘူး။ ရွက်ဖြင်တဲတောင် ၈ လုံးထိုးပါတယ်။ ဒါတောင် မအိပ်ဘဲ ပြန်တဲ့လူလဲ ပြန်ကြသေးတယ်။ ကျွေးတာတွေ အားလုံးတောင် ဓာတ်ပုံ မရိုက်ခဲ့မိဘူး။ ငါးသလဲထိုးကြော်ရယ်၊ ငါးကျည်းခြောက်ကြော်ရယ်၊ လက်ဖက်ရယ်၊ အားလူးကြော်ရယ်၊ ဘာညာ ဘာညာတွေ ပါသေးတယ်။ မီနီဖူဖေးမှာတဲ့ဟာကိုပဲ ဓာတ်ပုံရိုက်ခဲ့လိုက်တယ်။ ဒီနေ့လဲ အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်အုံးမယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ကျွေးတဲ့ အလှူရှင်တွေကိုလဲ ဆုတောင်းပေးအုံးမှ။ စားတော့စားပြီးနော်။ ဒီထက်မက ကျွေးနိုင်ပါစေ။ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။အားမနာနဲ့နော်။ သုံးဆောင်သွားပါအုံး။နောက်တစ်မျိုးရိုက်လိုက်တယ်။ ဟိုနောက်နားက နှစ်ဘူးက ကြက်သားနဲ့အာလူးချက်နော်။အီကလဲ ။ တော်တော်လေးကောင်းတယ်။ အဲဒီဆိုင်ရဲ့ အထူးစပယ်ရှယ် ဆိုပဲ။ပေါက်စီ (စားလို့ကောင်းပါတယ်။)ကော်ပြန့်ကြော် ပူပူလေးထမင်းကြော် ပူပူလေး (တရုတ်လို ရောင်းစွန်းဆောင်ဖန့် ဆိုလား ဘာဆိုလား။ လျှာလဲ ခလုတ်တိုက်နေပြီ။ :D နာမည်ကို မှတ်တော့ မှတ်ခဲ့တာပဲ။ ဟုတ်မဟုတ် သိဘူးနော်)ငါးကြော်ကိုက်လန်ကြော် စိမ်းစိမ်းလေး။ ဘယ်လိုကြော်လဲ မသိဘူး။ စိမ်းနေတာပဲ။ စားကောင်းတယ်။ကျွန်မရဲ့ ပန်းကန်သစ်သီးစုံ အချိုရည် အေးအေးလေး (အချိုမကြိုက်တဲ့ ကျွန်မတောင် တစ်ခွက်သောက်ခဲ့သေးတယ်။ အချိုပေါ့လေး သောက်လို့ကောင်းတယ်)ဆော့စ်ဆော့စ်ဒီပန်းကန်တွေနဲ့ ထည့်စားတယ်။ကိုယ်တော်ကြီး နဲ့ ကျွန်မတို့ရဲ့တဲ (ဒီမှာတော့ တဲတစ်လုံးကြီးတောင် ပိုင်တယ်ကွယ်)
75
အရင်တစ်ခေါက်က အမဲသား ပုန်းရည်ကြီးချက်ဆိုပြီးဒီမွာပို့စ်တင်ဖူးပါတယ်။ ဝက်သား ဝယ်ထားတာ မရှိလို့ ရှိတာနဲ့ချက်တင်လိုက်တယ်။ နည်းတစ်မျိုးရတာပေါ့။ နော့်။ ဒီနေ့တော့ ဝက်သား ပုန်းရည်ကြီးချက်လေး ချက်စားလိုက်ပါတယ်နော်။၀က်ပုန်းရည်ကြီးချက် သုံးဆောင်သွားပါအုံးလား။ဆီတော့ နည်းနည်းများတယ်ကွယ်။လိုအပ်သောအရာ၀က်သား မိမိကြိုက်နှစ်သက်သော အပိုင်း (သုံးထပ်သားဆိုပိုကောင်းတယ်။ ဒီနေ့တော့ သုံးထပ်သား ဝယ်ထားတာ မရှိလို့ အသားကြီးပဲချက်လိုက်တယ်။)ပုံရည်ကြီးထုပ် ၂ ထုပ်ကြက်သွန်နီ ၃ လုံး၊ ကြက်သွန်ဖြူ ၅ တက် (အနှစ်များချင်ရင်တော့ ကြက်သွန်နီများများထည့်ပါနော်)ချက်ပြုတ်ပုံ၀က်သားကို အနေတော် အတုံးတုံးထားပြီး ဆား၊ အချို့မှုန့် အနည်းငယ်ထည့်ပြီး နယ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထောင်းထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပါ။ အရောင်နီအောင်ထိ ကြော်ပေးပါ။ အရောင်တင်မှုန့်၊ ဆနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ။ ပြီး နယ်ထားသော ဝက်သားကိုထည့်ပါ။ ၁၀ မိနစ်လောက်လုံးထားပေးပါ။ ပြီး ရေနွေးထည့်ပြီး အသားနူးအောင်တည်ထားပါ။ ဆီပြန်လာခါနီး ပုံရည်ကြီးထုပ်ကိုထည့်ပါ။ ပုံးရည်ကြီးကို စီးစီးလေးစားချင်လို့ မီးဖြည်းဖြည်းနဲ့ ကြာကြာချက်ထားပါတယ်နော်။ (အခြောက်ထုပ်ဆိုရင် ရေနွေးနဲ့အရင်ဖျော်လိုက်ပါနော်) ဆီပြန်လာရင် ဝက်ပုံးရည်ကြီးချက်ရပါပြီ။ မြည်းကြည့်သွားပါအုံးနော်။
76
ခုရက်ပိုင်း အချဉ်တွေ အသုပ်တွေကြီးပဲ လုပ်စားနေလိုက်တယ်။မမလုဆီကနေနည်းကြည့်ပြီး ဝက်သားချဉ် (ဝက်ခေါက်ချဉ်) လဲ တည်ထားပါသေးတယ်နော်။ ရနေပြီ။ နောက်နေ့စားမယ်။ ဒီလို မုန်လာချဉ်သုပ်နည်းကို မန္တလေးရောက်မှ စားဖူးတာပါ။ ကျွန်မ ၃ တန်းနှစ်တုံးကလားမသိဘူး။ မန္တလေးကို အလည်လာရင်း တည်းတဲ့အိမ်က ဝယ်ပြီးသုပ်ကျွေးလို့ ကြိုက်သွားတာ။ အိမ်မှာဆိုရင်တော့ ရိုးရိုးပဲသုပ်စားတတ်ပါတယ်။ မန္တလေးမှာဆိုရင် မောင်းထုပြီးရောင်းတဲ့ အချဉ်ပေါင်းတွန်းလှည်းနဲ့ အသည်တွေအများကြီးပဲ။ အဲဒီ တွန်းလှည်းသည်တွေမှာလဲ မုန်လာချဉ်သုပ်ပါရောင်းတယ်။ ဘယ်တွန်းလှည်းသည် နေနေ စားကောင်းတာကြီးပဲ။ နေ့လည် နေ့ခင်း ထမင်းအေးအေးနဲ့ မုန့်လာချဉ်သုပ်နဲ့ စားရတာလဲ ကောင်းမှကောင်းပဲ။ ပြီး ရေနွေးလေးပါ တည်ထားအုံး။ ရေနွေးကြမ်းလေးနဲ့ စားရင်လဲ ကောင်းတယ်နော့်။ ဒီလိုလေး လုပ်စားကြည့်ပါလား။မုန်လာချဉ်သုပ်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။ ပဲကျက်မှုန့် နဲ့ မြေပဲဆံထောင်း များများလေးထည့်သုပ်ထားပါတယ်။ ကိုယ်တော်ကြီးက ပဲကျက်မှုန့်ထွေးထွေးလေးနဲ့ ပိုကြိုက်လို့။မန္တလေး မုန်လာချဉ်သုပ်နည်းအတိုင်း သုပ်ထားပါတယ်နော်။ (မြေပဲဆံထောင်း၊ ပဲကျက်မှုန့်၊ ပုဇွန်ခြောက်ထောင်း၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအကျတ်မှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ထည့်ပြီး နယ်ထားပါတယ်နော်။)၃ ရက်ကြာသောအခါဗူးသန့်သန့်ထဲ လေလုံအောင်ပိတ်ထားလိုက်ပါတယ်နော်။မုန်လာချဉ်တည်နည်းမုန်လာဥကို အခွံနွှာပြီး အရှည်လိုက် လှီးလိုက်ပါတယ်နော်။ မုန်လာဥ အရိုးအရွက်တွေပါ ပါရင် ပိုကောင်းတယ်။ ဒီမှာ ကတော့ အရွက်ပါတာ သိပ်မတွေ့ဘူး။ ရှိတော့ ရှိတယ်။ ရှားတယ်။ ပြီးနယ်မယ့် ဇလုံထဲသို့ ထမင်း လက်တဆုပ်ထည့်၊ ဆားထည့်(ပုံမှန်ထက် ၂ ဆထည့်) ပြီးအရင်နယ်ပါ။ ဆားနည်းလွန်းရင်လဲ စားလို့မကောင်းဘူးနော့်။ မချဉ်ဘူး ဖြစ်တတ်တယ်။ ထမင်းနဲ့ ဆားနဲ့ ရောသွားအောင် နာနာနယ်ပေးပါ။ ပြီးရင် အရှည်လိုက်လှီးထားတဲ့ မုန်လာဥကို ထည့်ပြီးနယ်ပေးပါ။ နယ်ပြီးရင်တော့ ဗူးသန့်သန့်လေးထဲမှာထည့်ပါ။ အရည်နဲ့လိုချင်ရင်တော့ ရေအေးအေး (ရေခဲရေ ဆို ပိုကောင်းတယ်) ထည့်ပါ။ ရာသီဥတုပူရင်တော့ ၃ ရက်ဆိုရပါပြီ။ ရာသီဥတုအေးရင်တော့ ၄ ရက်၊ ၅ ရက်လောက်ထားပေးပါ။ အချဉ်ရရင်တော့ ပိုပြီးမချဉ်သွားစေရန် ရေခဲသေတ္တာထဲထည့်ထားပေးပါ။ စားချင်တဲ့အခါထုတ်ပြီး သုပ်စားနိုင်ပါပြီနော်။
77
ဆလပ်ရွက်ကို အတို့အနေနဲ့စားလို့ ရသလို သုပ်စားလဲ ရတယ်နော်။ ဆလပ်ရွက်သုပ်က သူငယ်ချင်းအိမ်သွားတုံးက သူငယ်ချင်းမိန်းမက သုပ်ကျွေးတာ။ သူ့အတိုင်းသုပ်ထားပါတယ်နော်။ အိမ်တစ်အိမ်လည်ရင် အနည်းဆုံးဟင်းတစ်မျိုးတော့ တိုးတယ်။ တစ်အိမ်နဲ့ တစ်အိမ်လဲ ဟင်းချက်နည်းတွေ မတူကြဘူးလေနော်။ ကြိုက်ပြီဆိုရင် ချက်နည်းလေးမေးခဲ့တယ်။ ဒီနေ့တော့ ဆလပ်ရွက်ကို သုပ်စားလိုက်ပါတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ဆလပ်ရွက်သုပ် (ဆလပ်ရွက်အနေတော်ပါးပါးလှီး၊ နှမ်းထောင်း (သို့) မြေပဲဆံထောင်း၊ ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီး၊ တစ်လုံးကို ဆီကျက် ဝါ၀ါချက်၊ ပဲကျက်မှုန့်၊ ပုဇွန်ခြောက်ထောင်း၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့် ထည့်ပြီး နယ်လိုက်ပါတယ်နော်)ပုဇွန်ငါးပိချက်ပုဇွန်ငါးပိချက်၊ ဆလက်ရွက်သုပ် နဲ့ ဗူးသီးချဉ်ဟင်းရည်။ သုံးဆောင်သွားပါအုံးလား။ပုဇွန် ငါးပိချက် အတွက် လိုအပ်သောအရာပုဇွန်ခရမ်းချဉ်သီး ၃ လုံးငရုတ်သီးစိမ်း ၅ တောင့်ဗမာနံနံငါးပိစိမ်း (သို့) ငါးပိကင်ခ်က္ပုံပုဇွန်ကို အခွံခွာရေဆေးပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်နည်းနည်းနဲ့နယ်ထားပါ။ အခွံကလေးနဲ့ကြိုက်လဲ မခွံမခွာပဲချက်စားလို့ရပါတယ်နော်။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ခရမ်းချဉ်သီးကိုထည့်ပါ။ ငါးပိထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ အရောင်တင်မှုန့်အနီထည့်ပါ။ ခရမ်းချဉ်သီးများ အိပြီး လိတ်သွားအောင်အထိချက်ပေးပါ။ ပြီးရင် နယ်ထားသော ပုဇွန်ထည့်ပါ။ ၁၀ မိနစ်လောက်နေရင် ပုဇွန်လဲရပါပြီနော်။ မီးဖိုပေါ်က ပုဇွန်အိုးချခါနီး ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ နံနံပင် ပါးပါးလှီးထည့်ပါ။ ဒီနေ့ ကျွန်မမှာ နံနံပင်မရှိလို့ မထည့်လိုက်ဘူးနော်။ ဒီ ပုဇွန်ငါးပိချက်နည်းကလဲ သူငယ်ချင်းမိန်းမရဲ့ ချက်နည်းပါပဲနော်။ ကြက်သွန်ဖြူ နီ မပါဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ စားကောင်းပါတယ်။ ဒီလိုလေးလဲ ချက်စားကြည့်ပါလား။
78
ဟိုရက်က စျေးသွားခဲ့တာ အမဲသားကို အသား၊ အရွတ်၊ အဆုတ်ဝယ်ခဲ့တယ်။ အဆုတ်ကို ပထမရက်က ချက်တာ မအောင်မြင်ပါ။ ထမင်းအိုးပိုင်ရှင် ကျွန်မ မိုးကောင်းသူ အမဲ အဆုတ်ချက် နဲ့တွေ့မှပဲ စာမေးပွဲကျတော့တယ်။ တတ်နိုင်ဘူး။ စိတ်ထဲ နံလို့ သွန်ပစ်လိုက်တယ်။ ခေါင်းတွေတောင်မှ ကိုက်သွားတယ်။ ဒုတိယတစ်ခါ ကြတော့ ကြော်လိုက်ပါတယ်။ အဆုတ်ကို တစ်ခါမှလဲ မစားဖူး၊ မကိုင်ဖူးတော့ ဘယ်လိုချက်စားရလဲ မသိဘူးလေ။ ပြီးတော့ ကိုယ်တော်ကြီးက အသဲဆိုလဲကြိုက်တယ်ဆိုတော့ အဆုတ်လဲ ကြိုက်ကောင်းရဲ့ဆိုပြီး လျှာရှည်ပြီးဝယ်လာခဲ့တာပါ။ သူက မကြိုက်ဘူးတဲ့။ တတ်နိုင်ဘူး ဝယ်ခဲ့တာကိုတော့ ချက်စားကြည့်ရမှာပဲလို့။ ဒါနဲ့ အဆုတ်က ပျော့စိစိကြီးနော်။ ခုမှသိတယ်။အမဲသားတွေကို ကျွမ်းကျင်စွာချက်တဲ့သူ(ကျွန်မထက် ဟင်းချက်ကောင်းသူ) ကျွန်မရဲ့သူငယ်ချင်း မိန်းမဆီ ဖုန်းဆက်မေးရတယ်။ အဆုတ်ကို ဘယ်လိုလုပ်ရမလဲပေါ့။ ကြော်တာ အကောင်းဆုံးဆိုလို့ ကြော်လိုက်ပါတော့တယ်။ မိုးကောင်းသူတို့ နောက်ကွယ်မှာဖြစ်ပျက်နေပုံများနော်။ အဲလို အဲလို .............. ပြောချင်ပါဘူး။ နောက်ခါများတော့ အမဲအဆုတ်မဝယ်တော့ပါ။ ကြောက်ပါပြီကွယ်။ ကဲ ခုလဲ အားမနာတမ်း သုံးဆောင်သွားပါအုံးနော်။ဒုတိယရက် ကြော်စားတာပါ။ကြက်ဥကြော်၊ ပုဇွန်သုပ်၊ အမဲအဆုတ်ကြော် (မလေးရှားက ကိုယ်တော်ကြီးတို့ သူငယ်ချင်း တစ်ယောက်လဲ ရောက်နေလို့ ညလည်စာကို လုပ်ပေးလိုက်ပါတယ်။ အဆုတ်ကို ကုန်အောင်ကြော်လိုက်ပါတယ်။ မိုးကောင်းသူရဲ့ စေတနာတွေ စေတနာတွေ) ဟီးဟီးးးးးးးပုဇွန်သုပ်။ မင်းသားသုပ်နည်း အတိုင်း သုပ်ထားပါတယ်။ လှပအောင်လို့ ဘေးနားကို ဆလပ်ရွတ်တွေထည့်လိုက်တယ်။ ဟီးဟီး (ပဲကြာဇံပြုတ်၊ ပုဇွန်ပြုတ်၊ ကြက်သွန်နီပါးပါး၊ ခရမ်းချဉ်သီးပါးပါး၊ ငရုတ်သီးဆော့၊ သံပရာသီး၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့နဲ့ရောပြီးသုပ်ထားပါတယ်နော်။)ကြက်ဥနဲ့ ဝက်အူချောင်း ကြော်ထားပါတယ်။အဆုတ်ကြော်---------------------------ပထမရက်ကြော်စားတာပါ။သုံးဆောင်သွားပါအုံးလား။(မှတ်ချက် ။ ။ ဒီနေ့ သူမှ ထမင်းပိုမထည့်ပါ။ နောက်ခါ အမဲ အဆုတ်ပဲ ချက်ကျွေးမည်။ အကုန်အကျသက်သာသည်။ :D)ဥနီသုပ် (ဥနီကိုခြစ်လိုက်တယ်။ ကြက်သွန်နီ ၁ လုံး ပါးပါးလှီးလိုက်တယ်။ ၁ လုံးကိုကြော်လိုက်တယ်။ နှမ်းထောင်းလိုက်တယ်။ ပြီး ဆား၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ သံပရာသီးနဲ့ ထည့်သုပ်လိုက်ပါတယ်နော်။)အမဲအဆုတ်ကြော် ။ (ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ဂျင်းထောင်းရည် နဲ့ ကျွတ်ကျွတ်လေး ကြော်ထားပါတယ်)
79
ဒီနေ့တော့ တမျိုးတဖုံဖြစ်အောင်ချက်လိုက်ပါတယ်နော်။ အမဲသားကို အသားကြီးပဲစားရတာလဲ ပျင်းလာပြီတဲ့။ သူတုံးရှိမတုံးနော်။ အမဲအရွတ်ကို စပ်စပ်ချက်လေးစားချင်တယ်တဲ့။ ပိုတောင် စျေးသက်သာသေးတယ်လို့။ နေ့တိုင်းချက်ကျွေးမယ်လို့။ ဟီးဟီး။ ဒါနဲ့ စျေးသွားပြီး အမဲသားကို မျိုးစုံဝယ်ခဲ့တယ်။ အမဲကို အသားကြီးပဲ တတ်တတ်ရယ်၊ အရွတ်ရယ်၊ အဆုတ်ရယ် (တစ်ခါမှ မစားဖူး၊ မချက်ဖူးပါ။ နောက်နေ့လိုက်တင်မယ်နော်)။ ဒါတောင် အသဲ မတွေ့ခဲ့လို့ မဝယ်ခဲ့ရဘူး။ ပိုဆိုးကြမ်းလို့ခေါ်လားမသိ အဲဒါတော့ တွေ့ခဲ့တယ်။ မလုပ်တတ်တော့ မဝယ်ခဲ့ဘူး။ ဒီနေ့တော့ အမဲအရွတ် စပ်စပ်ချက်လေးနဲ့ သုံးဆောင်သွားပါအုံးနော်။အမဲအရွတ် စပ်စပ်ချက်လေး သုံးဆောင်သွားပါအုံးလား။ပုံစံတမျိုး ရိုက်ထားတယ်။ စားချင်အောင်လို့။ :Dအမဲအရွတ် စပ်စပ်ချက်နဲ့ တွဲစားတဲ့ ဟင်းတွေကတော့ ပဲဝါလေး ဟင်းရည် (ကြာဇံလေးပါခတ်လိုက်တယ်)၊ ပဲတီချဉ် နဲ့ ဆလတ်ရွက် အတို့ ပါပဲ။လိုအပ်သောအရာအမဲအရွတ်ခရမ်းချဉ်သီး ၂ လုံးၾကက္သြန္နီ ၂ လုံးကြက်သွန်ဖြူ ၅ တက်ငရုတ်သီးစိမ်းငါးပိစိမ်းနံနံပင်ချက်နည်းအမဲအရွတ်ကို ရေသေချာဆေးပါ။ ကျွန်မတော့ ထုံးစံအတိုင်း မန်ကျည်းမှည့်နဲပါ ဆေးလိုက်ပါတယ်။ အမဲအရွတ်ကို ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်နဲ့ နယ်လိုက်ပါတယ်။ ကြက်သွန်ဖြူ နီကို ထောင်းထားပါ။ မဟုတ်လဲ တောက်တောက်စင်းထားပါ။ ခရမ်းချဉ်သီး ရေဆေးပြီး ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ဆီထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ နီထည့်ပြီး အရင် အိလာအောင်ကြော်လိုက်ပါ။ ပြီးရင် အရောင်တင်မှုန့် နဲ့ ဆနွင်းမှုန့် နည်းနည်းစီထည့်ပါ။ ပြီးရင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကိုထည့်ပါ။ ပြီးရင် ငါးပိစိမ်း၊ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပါ။ ပြီးရင် အမဲအရွတ်ကိုထည့်ပါ။ ၅ မိနစ်လောက် လုံးပေးပါ။ ပြီးရင် ရေနွေးနည်းနည်းထည့် ပြီးနူးနေအောင်တည်ထားပါလေ။ ဆီပြန်လာခါနီး ငရုတ်သီးစိမ်းများထည့်၊ နံနံပင်ထည့်ပါ။ အနံ့များ မွှေးကြိုင်လာလိမ့်မယ်။ ပြီးရင် ဆားအပေါ့ အငန်လေး မြည်းကြည့်လိုက်ပါနော်။ တစ်ခါတစ်လေ အမဲအရွတ်ကလေးချက်စားကြည့်ပါလား။ စားကောင်းတယ်နော်။ ကျွန်မတောင် ကြိုက်သွားပြီ။ နောက်ခါလဲ အဲလို ချက်ချက်ကျွေးအုံးမယ်။ ဟင်းတစ်မျိုးတိုးပြီ။
80
ငယ်ဘဝကို သတိရစေတဲ့ဟင်း တဂ်ပို့စ် - ၂ ဆက်ရေးလိုက်ပါအုံးမယ်နော်။ မိုးကောင်းမြို့မှာ သီတင်းကျွတ်ရင် ဘုန်းကြီး ကန်တော့ပွဲဆိုပြီး ရှိတယ်။ မိုးကောင်းတစ်မြို့လုံးမှာ ဘုန်းကြီးကျောင်း ၁၃ ကျောင်းလား ၁၄ ကျောင်းလား မသိဘူးရှိတယ်။ မမှတ်မိတော့ဘူး။ ဘုန်းကြီးကတော့ပွဲ ဆိုပြီး မြို့တွင်းတစ်ရက်၊ မြို့ပြင်တစ်ရက်ဆိုပြီး ဘုန်းကြီးကန်တော့ပွဲရှိတယ်။ ကျွန်မတော့ မြို့တွင်း ဘုန်းကြီးကန်တော့ပွဲရက်ပဲ သွားဖူးပါတယ်။ မြို့ပြင်ကန်တော့ပွဲကိုတော့ အိမ်ကဝေးလို့ မလွတ်ဘူး။ အဲတုံးက ကျွန်မ သုံးတန်းလား ၊ လေးတန်းလားမသိဘူး ၉ နှစ်၊ ၁၀ နှစ်အရွယ်ပဲ ရှိသေးတယ်။ တစ်ချို့လဲ လမ်းလျှောက်သွားတယ်။ တစ်ချို့လဲ စက်ဘီးစီးပြီးသွားကြတယ်။ မြို့တွင်း ဘုန်းကြီးကတော့ပွဲတော့ လမ်းလျှောက်ပြီးသွားကြတယ်။ ရပ်ကွက်အလိုက် သွားကြတာ တစ်ကျောင်းဝင် တစ်ကျောင်းထွက်နဲ့ ဘုရားကန်တော့ ကြတယ်။ မုန့်တွေကျွေးတော့ ပိုပျော်စရာကောင်းတယ်။ တကယ်ပါ ကလေးဘဝကမို့လို့ပဲလားမသိဘူး ဘုန်းကြီးကန်တော့ ဖို့ထက် မုန့်စားရမယ်ဆိုတော့ ပျော်စရာကြီး။ ပြီးတော့ အင်္ကျ ီအသစ်လဲဝယ်ပေးတယ်။ မဟုတ်လဲ အသစ်ချုပ်ပေးတယ်။ ပြီးတော့ ဆံပင်ကို တစ်ခေါင်းလုံးကောက် ဒါမှမဟုတ်ရှေ့ပဲကောက်ပေးသေးတယ်။(အကျည်းတန်မှန်ကြိုက်ဆိုပြီးရှိတော့ ကျွန်မလဲ ရုပ်ဆိုးလို့လားမသိဘူး လှချင်တာပေါ့လေ။ မြင်ယောင်ကြည့်ပါ။ တစ်ခေါင်းလုံးကို ဆံပင်ကောက်ထားတာ စာကလေး ငှက်သိုက်ထက်ဆိုးမယ်ထင်တယ်။ အဲဒီအချိန်တုံးကတော့ မိုးကောင်းမှာ ဆံပင်ကောက်တာ ခေတ်စားတယ်။ ရှင်ပြု အလှူရှိတယ်လို့ ကြားလိုက်တာနဲ့ ဆံပင်သွားကောက်ပြီးသားပဲ။ ကျွန်မက အလှပဂေးဆိုတော့ ကွန်းတောင်ကိုင် ပန်းတောင်ကန်ခေါ်တယ်လေ။ တစ်အိမ်တစ်ယောက်နှုန်းလိုက်ရတော့ ကျွန်မပါရတော့တာပေါ့။ အဲတုံးက ရိုက်ထားတဲ့ ဓာတ်ပုံတွေကြည့်ရင် ရီချင်တယ်ဆို။ အဲ .......... သတိရစေတဲ့ဟင်းကနေ ကျွန်မရဲ့ အလှအပ အကြောင်းရောက်သွားပြီ။ ဟီးဟီး။ စားတဲ့အကြောင်း ပြန်ဆက်မယ်နော်။) ဒီအချိန်က ဘယ်ရပ်ကွက်က ကန်တော့တဲ့အချိန်၊ ဘယ်အချိန်က ဘယ်ရပ်ကွက်က ကန်တော့တဲ့အချိန်ဆိုပြီးခွဲထားတယ်။ အဲ ........ ဘုန်းကြီးကျောင်းတိုင်း ကျောင်းတိုင်း လာပြီးကန်တော့ကြတဲ့သူတွေကို ထမင်း (သို့) မုန့်ပဲသားရေစာတွေကျွေးတတ်တယ်။ လက်ဖက်အသားကြီးပဲသုပ်၊ မယ်ဇလီဖူးသုပ်၊ ဇီးဖြူးသီးထောင်း စတာတွေလဲ ကျွေးတတ်တယ်။ ဇီးဖြူသီးထောင်းများပေးခဲ့ရင်တော့ လမ်းသွားရင်စားလိုက် ရေသောက်လိုက်နဲ့ အဆင်ကိုပြေလို့။ ကျောင်းတိုင်းက ကျွေးတာကို စားတယ်နော်။ မစားနိုင်လဲ လမ်းသွားရင်းစားဖို့ ဖက်နဲ့ထုပ်ပြီးပေးတယ်၊ မဟုတ်လဲ လက်ထဲထည့်ပေးခဲ့သေးတယ်။ အခုအချိန်ပြန်ပြီး သွားစားချင်ပါသေးတယ်။ အခုက အရမ်းကြီး မစည်ကားတော့ဘူးလို့တော့ ပြောတယ်။အဲဒီကျွေးတဲ့ ဘုန်းကြီးကျောင်းတွေထဲကမှ ဘုန်သာ ဘုန်းကြီးကျောင်းကတော့ အမြဲတမ်းလို ထမင်းကျွေးတယ်။ ဟင်းကတော့မျှစ်ချဉ်လှော်ရယ်၊ ပဒဲကော ငရုတ်သီးစပ်စပ်ကြော်ရယ်၊ မယ်ဇလီ ဆန်လှော်ဟင်းရည်ရယ်ဆိုပြီး နှစ်တိုင်း နှစ်တိုင်း ဒီဟင်းကျွေးတာများပါတယ်။ ခုတော့ ကျွေးသေးလား မသိတော့ဘူး။ ထမင်းချက်ထားတာဆိုရင်လေ အများကြီးပဲ။ ထမင်းနဲထိုးတဲ့ မိုးပြဲဒယ်အကြီးစားနဲ့ ထမင်းချက်တယ်။ ချက်ပြီး ထမင်းတွေကို ဖျာခင်းပြီးပုံထားတယ်။ တောင်ပုံရာပုံပဲနော်။ ဟင်းကိုကြည့်လိုက်ပါအုံး အချဉ်ရယ် အစပ်ရယ် အခါးရယ်ဆိုပြီး စားရတာ ကောင်းမှကောင်းပဲ။ စားပွဲဝိုင်းတွေနဲ့ သူအဖွဲ့ ငါ့အဖွဲ့ စားကြတယ်။ ဟင်းတွေကုန်လဲ ပြန်ပြီးသွားတောင်းလို့ ရတယ်။ မဝ မချင်းတောင်းနေကြတာပေါ့။ ကျွန်မ ညီမဝမ်းခွဲတစ်ယောက်ရှိတယ်။ ကိုယ့်ထက်ငယ်တယ်ဆိုတော့ ကလေးပီပီ နင်သွားတောင်းဆိုပြီးလွတ်လိုက်တယ်။ ပထမ တစ်ခေါက်၊ နှစ်ခေါက်တော့ သွားတောင်းပါတယ်။ နောက်တော့ မျှစ်ချဉ်လှော်ယူလဲ ဒီမျက်နှာ၊ ပဒဲကောကြော် ယူလဲ ဒီမျက်နှာ၊ ဆန်လှော်ဟင်းယူလဲ ဒီမျက်နှာ ဆိုပြီးသွားမယူတော့ဘူး။ အခုချိန်ထိ စကားကြုံကြိုက်ရင် သူ့ကို စကြတုံးပဲ။ "တစ်ခါလာလဲ ဒီမျက်နှာ တစ်ခါလာလဲ ဒီမျက်နှာ" လို့ဆိုပြီးပေါ့။မျှစ်ချဉ်လှော်နည်းလဲ ပြောအုံးမှ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လိုက်ပါအုံးမယ်နော်။ မျှစ်ချဉ်ဆိုရင် ခုချိန်ထိ ကချင်ပြည်နယ်က မျှစ်ချဉ်အကြိုက်ဆုံးပဲ။ မျှစ်ချဉ်မှာ ပုံစံ ၂ မျိုးရှိတယ်။ အဖူးလိုက်ရယ်၊ သေးသေးနုတ်နုတ်လေးတွေစင်းထားတဲ့မျှစ်ချဉ်ရယ် ဆိုပြီးပေါ့။ ဝက်သားနဲ့ချက်စားမယ်ဆိုရင် အဖူးကိုစားတာများပါတယ်။ ကြော်စားလှော်စားမယ်ဆိုရင် သေးသေးနုတ်နုတ်မျှစ်ချဉ်ကိုစားပါတယ်။ အခုက မျှစ်ချဉ်လှော်ဆိုတော့ အသေးစားကိုစားတာပေါ့နော်။ မျှစ်ချဉ်လှော်မယ်ဆိုရင် အရင်ဆုံးမျှစ်ချဉ်ကို နူးနေအောင်ပြုတ်ထားပါတယ်။ မျှစ်ချဉ်လှော်အတွက်လိုအပ်တာတွေကတော့ မျှစ်ချဉ်ရယ်၊ ကန်စွန်းရွက်ရယ်၊ ခစော့သီးသေးသေးရယ်၊ ငရုတ်သီးစိမ်းရယ်၊ ပင်စိမ်းရွက်ရယ်၊ ပုဇွန်ခြောက်ထောင်းရယ်၊ ငါးပိကင်ရယ်၊ ကြက်သွန် ဖြူ နီထောင်းရယ်၊ ဟင်းပြင်းရွက်ရယ် (ဟင်းပြင်းရွက်ကို ကချင်ပြည်နယ် နဲ့ ရှမ်းပြည်တော့ ရှိတာသိပါတယ်။ ကျန်တဲ့နေရာမှာတော့ ရှိမရှိ ကျွန်မ သေသေချာချာမသိဘူးနော်။ အခေါ်အဝေါ်ကွဲချင်လဲ ကွဲမှာပေါ့လေ။)မျှစ်ချဉ်လှော်တော့မယ်နော်။ မျှစ်ချဉ်လှော်မယ့်အိုးတည်ပြီ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ကြက်သွန်းဖြူ နီထောင်းထည့်ပြီး နည်းနည်းအိအောင်ကြော်လိုက်ပါ။ ပြီးရင် ပြုတ်ထားတဲ့မျှစ်ချဉ်ကို ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် ခစော့သီးကိုထည့်ပါ။ အလုံးလိုက်ထည့် ဒါမှမဟုတ် နှစ်ခြမ်း ခြမ်းပြီးထည့်လဲရပါတယ်။ ၃ မိနစ်လောက်ကြာအောင်ထားလိုက်တယ်။ ပြီးရင် ငါးပိကင်ထည့်၊ ပုဇွန်ခြောက်ထောင်းထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့် ပါ။ မွှေပေးပါ။ ပြီးရင် ကန်စွန်းရွက်ထည့်၊ ဟင်းပြင်းရွက်ထည့်၊ ငရုတ်သီးစိမ်းကို အရှည်လိုက် နှစ်ခြမ်းလောက်ခြမ်းပြီးထည့်ပါ။ မျှစ်ချဉ် နဲ့ အရွက်တွေနဲ့ အိသွားရင်တော့ မီးဖိုပေါ်က မျှစ်ချဉ်လှော်အိုး ချခါနီး ပင်စိမ်းအုပ်ပြီး မျှစ်ချဉ်လှော်စားနိုင်ပါပြီရှင်။ပဒဲကော ငရုတ်သီးကြော်နည်းကတော့ ပုဇွန်ခြောက်ကြော်နည်းအတိုင်းပါပဲနော်။ ပဒဲကောမှုန့် လေးပါထည့်ကြော်လိုက်တာပါ။ ပဒဲကောထည့်ထားတော့ အနံ့လဲ ပိုမွှေးတယ်။မယ်ဇလီ ဆန်လှော်ဟင်းရည်နည်းကတော့ သိကြမယ်ထင်ပါတယ်နော်။ ချက်နည်း ရေးတော့ဘူးနော်။အခုအချိန်မိုးလေးကလဲ အေးအေးနဲ့ ဒီဟင်းသုံးမျိုးနဲ့ လွေးလိုက်ရရင်ဖြင့် ......................နောက်ထပ် ရေးရအုံးမလား။ သတိရစေတဲ့ဟင်းတွေ ရှိသေးတယ်နော်။ :D
81
ညီမလေး မေကဆုန်ငယ်ဘဝကို သတိရစေတဲ့ဟင်းဆိုပြီး တဂ်ထားတာတော့ တစ်ပတ်ကြော်ရှိတော့မယ်။ ငယ်ဘဝကို သတိရစေတဲ့ဟင်းတွေကလဲ အများသားမို့ ဘယ်ဟင်းကို ဦးစားပေးရမလဲမသိဘူးဖြစ်နေတယ်။ ပြီးတော့ အိမ်ကို ဓာတ်ပုံလေးလှမ်းပို့ခိုင်းနေတာနဲ့ နည်းနည်းကြာသွားတယ်။ မစောင့်တော့ပါဘူး။ ဒါနဲ့ကြာတော့မယ်။ ဓာတ်ပုံရောက်လာမှ ပြန်တင်လိုက်မယ်။ ကချင်ပြည်နယ်သူဆိုတော့လဲ ကချင်ပြည်နယ်က အစားအစာတွေကို အရင်စပြောရတော့မယ်နော်။ အသက်အရွယ်ပဲ ကြီးလာလို့လားတော့မသိဘူး။ အသားဟင်းတွေထက် အသီးအရွက်ဟင်းတွေကို ပိုပြီးသတိရတယ်။ အိမ်မှာဆိုရင် ဟင်းတွေက ချက်ဟင်းထက် ပေါင်းတာ၊ ကင်တာ၊ အုံးတာ (မီးသွေးမီးလေးနဲ့ အုံးတာပါ)၊ ကြော်တာ၊ လှော်တာ၊ ထောင်းတာ၊ သုပ်တာ တွေ ပိုလုပ်စားတတ်ပါတယ်။ပေါင်းတာက စပြောမယ်နော်။မှိုကပ်ပေါင်းမုန့်ညှင်းပေါင်း (မုန့်ညှင်းပေါင်းကိုတော့ဒီမွာရေးဖူးပါတယ်နော်။)ပိန်းပေါင်း (ပိန်းပေါင်းတော့ ကျွန်မ မလုပ်တတ်ဘူး။ ပိန်းဥ နဲ့ ပိန်းရွက်က ကျွန်မလက်နဲ့လဲ မတည့်ဘူး။ လက်ယားတတ်လို့ပါ။ လက်အိတ်စွတ်လဲ ယားတယ်။ စားတာက စားလို့ရတယ်။ လျှာကတော့ မယားတတ်ဘူး။ :D)ဟင်းစုံပေါင်းမှိုကပ်ပေါင်းအရင်စားချင်တယ်ကွယ်။ ကချင်ပြည်နယ်သူ ကချင်ပြည်နယ်သားတွေတော့ မှိုကပ်ပေါင်း၊ မှိုကပ်ထောင်းဆိုရင် သိကြပါတယ်။ မှိုဆိုလို့ အကြီးစားကြီးမဟုတ်ဘူးနော်။ တကယ့် သေးသေးလေးပါ။ ဘယ်လောက်သေးသလဲလို့ပြောရရင်တော့ လက်သန်းရဲ့လက်သည်းခွံလောက်ပဲရှိမယ်ထင်တယ်။ ဒီထက်သေးချင်သေးအုံးမယ်နော်။ အဲမှိုက သစ်တုံးတွေမှာ ကပ်ပြီးပေါက်တတ်တယ်။ စျေးမှာရောင်းရင်တော့ နို့ဆီဗူးနဲ့ချိန်ပြီးရောင်းကြတယ်။ မှိုကပ်ပေါင်းက စားရတာ ကောင်းသလောက် လုပ်ရတာ လက်ပေါက်တော်တော်ကတ်တယ်ပြောရမယ်။ မှိုကို အရင်ဆုံး ၁ နာရီလောက် ရေစိမ်ထားပြီး စိတ်ရှည်လက်ရှည်နဲ့ မှိုကို ရေသေသေချာချာဆေးရတယ်။ လက်သန်းရဲ့လက်သည်းခွံလောက်သာရှိပေမယ့် သစ်တုံးမှာကပ်ပြီးပေါက်တတ်တာမို့ သဲတွေအရမ်းများပါတယ်။ အနည်းဆုံး ရေဆေးရတာ ၁၅ ခါကနေ အခါ ၂၀ ကြားတော့ အသာလေးရှိလိမ့်မယ်ထင်တယ်။ တကယ်လို့သဲမပြောင်ဘူးဆိုရင် စားရတဲ့အခါမှာ အရသာပျက်တယ်။ ပါးစပ်ထဲ သဲကျလိ ကျလိနဲ့။ အဲ........... မှိုကို ရေသေချာဆေးပြီးပြီဆိုရင် ငရုတ်ဆုံမှာထောင်းရပြန်တယ်။ပြီးရင် မှိုကပ်ပေါင်းထဲ ထည့်မယ့်အဆာပလာတွေလုပ်ကြပြန်တယ်။ ထည့်ရတဲ့ အဆာပလာတွေက ငှက်ပျောဖူးရယ်၊ ကန်စွန်းရွက်ရယ်၊ ဖရုံညွန့်ရယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ပုဇွန်ခြောက်ထောင်း၊ ငါးပိကင်၊ ဆား၊ အချိုမှုန့်၊ ဆီ၊ ဆန်ကြမ်းမှုန့် တို့ပဲဖြစ်ပါတယ်။ ငှက်ပျောဖက်လေးကိုလဲ မီးကင်ထားလိုက်ပါအုံးနော်။ အဆာပလာတွေနယ်ပြီးရင် ငှက်ပျောဖက်နဲ့ ထုပ်မှာမို့လို့ပါ။ ငှက်ပျောဖက်အစိမ်းဆိုရင် ကျွတ်လို့ ထုပ်လို့သိပ်မကောင်းဘူးနော်။ငှက်ပျောဖူးကို ရင့်တဲ့အဖတ်တွေအရင်ခွာလိုက်ရပါတယ်။ ပြီးရင် နှစ်ခြမ်းခြမ်းပြီး ဓားနဲ့ပါးပါးလှီး ရေဇလုံထဲ ထည့်ထားပါတယ်။ ဆားနည်းပါ ထည့်ထားရင်တော့ ပိုကောင်းတယ်နော်။ ငှက်ပျောဖူးအရမ်းကြီးမည်းမသွားအောင်လို့ပါ။ ပြီးရင် ရေ ၂ ခါ၊ ၃ ခါ ပြန်ဆေးလိုက်ပါအုံး။ အဖန်ရည်တွေထွက်သွားအောင်ပါ။ ကန်စွန်းရွက်လဲ ရေဆေး ပါးပါးလှီး၊ ဖရုံညွန့်လဲ ရေဆေး ပါးပါးလှီး၊ ကြက်သွန်ဖြူ နီကိုထောင်း၊ ခရမ်းချဉ်သီးကိုလဲ နုတ်နုတ်ဆင်း၊ ငရုတ်သီး နဲ့ ရှမ်းနံနံကိုလဲ ပါးပါးလှီးထားလိုက်တယ်။ ကဲ.......... အဆာပလာတွေကတော့ပြင်ထားပြီးပြီးကွယ်။ရောပြီးနယ်ဖို့ပြောတော့မယ်နော်။ ဇလုံကြီးကြီးနဲ့နယ်မယ်ကွယ်။ ဇလုံထဲသို့ ထောင်းထားတဲ့ မှိုကပ်ထည့်၊ အဖန်ရည်ထွက်အောင်ဆေးထားတဲ့ ငှက်ပျောဖူးထည့်၊ ကန်စွန်းထည့်၊ ဖရုံညွန့်ထည့်၊ ကြက်သွန်ဖြူ နီထောင်းထည့်၊ နုတ်နုတ်ဆင်းထားတဲ့ ခရမ်းချဉ်သီးထည့်၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံထည့်၊ ပုဇွန်ခြောက်ထောင်းထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ဆန်းကြမ်းမှုန့်ထည့်၊ ဆီနည်းနည်းလေးထည့်ပြီး သမသွားအောင် နာနာနယ်ပေးပါ။ (ဆီထည့်ရတာကတော့ အသီးအရွက်တွေ နည်းနည်းအိသွားအောင်ပါ။ ဆီမထည့်ပြန်လဲ ခြောက်ကပ်ကပ်ကြီးဖြစ်တယ်) နယ်ပြီး အပေါ့အငန် ဆားပြားလေး လက်ညိုးနဲ့ တို့ပြီး မြည်းချင်မြည်းလိုက်ပါအုံး။ အပေါ့ အငန် အစပ် အနေတော်ပဲဆိုရင်တော့ မီးကင်ထားတဲ့ ငှက်ပျောဖက်ထဲသို့ နယ်ထားတဲ့ မှိုကပ်ကိုအနေတော် ထည့်ပြီးထုပ်ပါ။ တစ်ခါစားလောက်ပေါ့။ ပြီးရင် ပေါင်းချောင်ထဲသို့ စီစီရီရီထည့်ပါ။ ပြီးရင် ဒယ်ပိုင်းထဲသို့ ရေထည့်ပါ။ ပေါင်းချောင်ကို အပေါ်ကနေတင်လိုက်ပါ။ ၁ နာရီလောက်ဆူနေအောင်တည်ထားပေးပါ။ ကျွန်မတို့တော့ အနံရလာတာနဲ့ တစ်ထုပ်လောက်အရင်ဆုံး မြည်းကြည့်လိုက်တာပဲ။ ၁နာရီလောက်ဆိုရင်တော့ အနံတွေလဲ မွှေးကြိုင်လာပါပြီ။ စားလို့လဲရပါပြီ။ မှိုကပ်ပေါင်းကို ထမင်းနဲ့တွဲစားရတာထက် ရေနွေးကြမ်းလေးနဲ့ ဒီအတိုင်းစားရတာကို အကြိုက်ဆုံးပဲ။ ပူပူလေးစားကောင်းမှကောင်းပဲ။ ရေးနေရင်း အိမ်ကိုတောင် သတိရလာပြီ။ အမေ့အိမ်ပြန်မှ ကချင်ပြည်နယ်အစားအစာတွေ တဝကြီးစားတော့မယ်။မှိုကပ်ကိုထောင်းစားလဲ ရသေးတယ်နော်။ ထောင်းစားရတာတော့ လွယ်ပါတယ်။ ငရုတ်သီး နဲ့ ကြက်သွန်ဖြူကို ဒယ်ပိုင်းမှာ မီးဖြည်းဖြည်းနဲ့လှော်လိုက်တယ်။ ပြီးရင် ရေသေချာဆေးထာတဲ့မှိုကိုလဲ လှော်လိုက်တယ်။ ပြီးရင် မှိုရယ်၊ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ် ထည့်ပြီး ထောင်းလိုက်ပါတယ်။နော်။ ဆီမပါဘဲနဲ့ စားကောင်းတယ်ကွယ်။ ဟိုနေ့က အမေ့အိမ်မှာ ဝါဆိုသင်္ကန်းကပ်တယ်။ အဲနေ့က ဖုန်းဆက်လိုက်သေးတယ်။ ဘုန်းကြီးကို ဘာဟင်းတွေနဲ့ကပ်လဲလို့ မေးလိုက်တော့ မှိုကပ်ပေါင်း၊ ငါးအုံး၊ ကြက်သားအုံး နဲ့ ဘာညာ ဘာညာတွေပေါ့။ တခြားဟင်းတွေထက် ဒီဟင်းကို ပိုပြီးစားချင်ပါတယ်။ အမျိုးတွေလဲ စုံလို့ပေါ့။ ကဲ ရှည်လဲ ရှည်သွားပြီ။ အသီးအရွက်ပေါင်းတာတွေကိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပြီနော်။ ကျန်တဲ့ဟင်းတွေလဲ ရှိသေးတာမို့ ဆက်လက်ပြီး ပို့စ်တင်ပါအုံးမယ်။ ညီမလေး မေကဆုန် နည်းနည်းကြာသွားလို့ စိတ်ဆိုးနဲ့နော်။ကျန်းမာ ချမ်းသာကြပါစေ။
82
ညီမလေးမြူးမုန့်ဟင်းခါးချက် တင်တုံးက ပဲခြမ်းကြော်လေးကိုယ်တိုင်ကြော်တယ်ဆိုလို့ လုပ်နည်း သိချင်ပါတယ်လို့ လှမ်းမေးလိုက်တယ်။ ပဲခြမ်းကို တစ်ခါမှ မကြော်ဖူးဘူး။ အိမ်မှာကြော်မယ်ဆိုရင်များများလဲ စားရတယ်။ ပြီးတော့ စမ်းကြော်ချင်တာလဲပါတယ်။ ကိုယ်တော်ကြီး နဲ့ ကျွန်မက မုန့်ဟင်းခါးစားရင် ပဲခြမ်းကြော်ထက် အီကြာကွေးတာ ဝယ်စားများတယ်။ သူက အီကြာကွေးထည့်စားတာ ပိုကြိုက်တယ်။ အီကြာကွေးလေးနဲ့တွဲစားတော့ အဆာလဲခံတယ်။ ဗိုက်ခဏ ခဏမဆာတော့ဘူးပေါ့။ အကြံနဲ့နော်။ နို့မို့လို့ရှိရင် ထမင်းဟင်းပြန်ချက်နေရမယ်လေ။ ကုန်သွားလို့ ပြန်ချက်ရတာက အရေမကြီးဘူး မကုန်ဘဲ တခြားဟာတွေ ပြန်မချက်ချင်ဘူး။ နှမျှောစရာကြီးလေ။အိမ်မှာဆိုရင် ကျွန်မကို ကျန်တာတွေ အကုန်သိမ်းကျုံးစားလို့ ကျန်ကျုံး (ခေါ်) စည်ပင်သာယာလို့လဲခေါ်တယ်။ နှမျှောလို့ စားတာနဲ့ လူလဲဖက်တီးပုပ်ဖြစ်နေပြီ။ :D ပင်နီဆိုလာရောက်တိုင်း မုန့်ဟင်းခြောက်ထုပ်နဲ့မုန့်ဖတ်ခြောက်တော့ အမြဲဝယ်ခဲ့တယ်။ အဆင်သင့်ဆိုတော့ ဘာမှသိပ်လုပ်စရာမလိုဘဲ ချက်စားလို့ရတယ်လေ။ လွယ်လဲလွယ်တယ်။ နောက်ပိုင်းဝယ်စားဖြစ်တဲ့ မုန့်ဟင်းခါးခြောက်ကတော့ ခင်ထွေးရီတံဆိပ်ပဲ ဝယ်စားဖြစ်တယ်။ ခင်ထွေးရီမှာ မုန့်ဖတ်ခြောက်လဲရှိတယ်။ ခုတစ်ခါမှ ခင်ထွေးရီမုန့်ဖတ်ခြောက်ဝယ်ခဲ့တာ။ မုန့်ဖတ်က နန်းသေးပါ။ နန်းသေးကြိုက်သူများ ခင်ထွေးရီမုန့်ဖတ်လဲ မဆိုးဘူးနော်။ စားကောင်းတယ်။ညီမလေး မြူးရဲ့မုန့်ဟင်းခါးညီမလေးမြူးရဲ့ပဲခြမ်းကြော်နည်း(ညီမလေးမြူးရေ ကျေးဇူးပါနော်။ ညီမလေးပြောတဲ့အတိုင်း ကြော်စားလိုက်ပါတယ်။ အစ်မကြော်တာ ဆီတော့များတယ်။ ဆီဘယ်လိုစစ်လဲဟင်။ အဲနေ့က အကြော်စားတာ တော်တော်လေး အီသွားတယ်။ ကြော်လိုက် မြည်းလိုက်နဲ့မို့လို့)အိမ်နီးလို့ မင်းသား နဲ့ မင်းသမီးကိုလဲ လှမ်းခေါ်လိုက်သေးတယ်။ အိမ်သားတစ်ယောက်လဲ တိုးလာပြီကွယ်။ လူဆိုးပေါ့။ :D ။အဂ္ဂဘုန်းဖေဖေနဲ့အဂ္ဂဘုန်းမေမေမခေါ်လို့ စိတ်ဆိုးနဲ့အုံးနော်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုပ်စားတာပါ။နောက်တစ်ကြိမ်စားတော့ ရခိုင်သုပ်လေး စားကြတယ်။ အိမ့်စည်းစိမ် အာပူလျှာပူ တံဆိပ်ပါ။ ကျန်တဲ့ ၄ ယောက်က အသုပ်စားကြတယ်။ (ငါးပိထောင်းစပ်စပ်ရယ်၊ ဆီကျက်ဝါဝါရယ်၊ ငံပြာရည်၊ အချိုမှုန့်၊ ပဲကျက်မှုန့်၊ မန်ကျည်းရည် ထည့်ပြီး သုပ်ထားပါတယ်။)ကျွန်မကတော့ အရည်နဲ့စားပါတယ်။ ငါးပိထောင်းက မြုပ်နေတယ်နော်။ (မန္တလေး အာပူလျှာပူလို ငါးပိထောင်းနဲ့စားတယ်ရှင်)အီကြာကွေးကိုယ်တိုင် ပထမဆုံး ကြော်ဖူးတဲ့ ပဲခြမ်းကြော်။ ဗူးသီးလဲရှိနေတာနဲ့ တစ်ခါတည်းကြော်လိုက်ပါတယ်။မုန့်ဟင်းခါး ဟင်းရည်အိုးပုံမလှ ပန်းမကျ ပဲခြမ်းကြော် ကျွတ်ကျွတ်လေး။ ပထမဆုံးဆိုတော့လဲ ဒီလောက်တော့ ရှိတော့မပေါ့လေ။
83
အမှန်ငါးကိုဝယ်ခဲ့တုံးက ကျွတ်ကျွတ်လေး ကြော်စားမယ်ပေါ့။ ငါးဆီလေးနဲ့ ထမင်းလေးနဲ့နယ်စားမယ်ပေါ့။ စိတ်ကူး စိတ်ကူး။ ပြီးတော့ စိတ်ကူးက တစ်မျိုးပြောင်းသွားတယ်။ ငါးကို ကင်ကြည့်မယ်ပေါ့။ မိုးကောင်းသူတို့ အုန်းသီးရထားလို့။ မျောက် အုန်းသီးရသလိုပေါ့။ ကင်စက်လေးဝယ်ထားပြီလေ။ ဒီမိုးကောင်းသူ ကြွားတာနော်။ ကင်စက်လေးဝယ်ပြီး မစမ်းသတ်ရသေးဘူး။ ကော်ပြန့်ကိုတော့ မကြော်ပဲ ကင်စက်ထဲထည့်ပြီးတော့ စားပြီးပြီ။ မဟုတ်က ဟုတ်က စမ်းချင်နေတာကြာပေါ့။ ငါး ကင်မယ်ဆိုတော့ အမွှေးအကြိုင်အရွက်လိုသေးတယ်။ အဓိက ဖက်ဖယ်ရွက်လေးပါရင် ရပါပြီ။ ဖက်ဖယ်ရွက်လေး ဆင်းဝယ်ပြီး ဒီလိုလေး ကင်လိုက်ပါတယ်နော်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။တခြား စားချင်စဖွယ် ငါးကင်များမမလုရဲ့လက်ရာညီမဂျာမုန်းဒန်ရဲ့လက်ရာကျွန်မ မိုးကောင်းသူရဲ့လက်ရာကင်ပြီးပုံ (စပ်စပ်လေးနော်)။ ပြီး ထမင်းပူပူနဲ့ ရေနွေးကြမ်းနဲ့ လွေးကြတယ်ကွယ်။ အိမ်သားတစ်ယောက်တိုးလာလို့ ငါးပိုကင်လိုက်တယ်နော်။မကင္ခင္ပုံအစပ်ပြေ နာနတ်သီးသုပ် (ဆား၊ ငရုတ်သီးမှုန့်နဲ့သုပ်ထားပါတယ်)ငါးကင် အတွက် လိုအပ်သောအရာငါး (မိမိကြိုက်နှစ်သက်ရာ ငါး။ အိမ်မှာတော့ စလားဖီးငါး ကင်တာများတယ်)ကြက်သွန်နီ ၃ လုံး (အနှစ်များများစားချင်ရင် ကြက်သွန်နီများများထည့်ပါနော်။ တစ်ခါတစ်လေ ငါးထက် အနှစ်ကိုပိုစားချင်တယ်။)ကြက်သွန်ဖြူ ၇ တက်ဂျင်း လက် ၄ ဆစ်ငရုတ်သီး ၁၀ တောင့် (စပ်စပ်လေးဖြစ်အောင်ထည့်လိုက်တယ်ကွယ်)ပင်စိမ်းရွက် (ကျွန်မမှာ မရှိလို့မထည့်လိုက်ပါဘူး)ဖက်ဖယ်ရွက်နံနံပင်ရှမ်းနံနံ (ကျွန်မမှာ မရှိလို့မထည့်လိုက်ပါဘူး)ငါးကင်အတွက် ပြင်ဆင်ပုံငါး အကြေးခွံကိုသေချာခွာရေနဲ့ဆေးလိုက်တယ်။ ပြီးရင် မန်ကျည်းမှည့် နည်းနည်းကို ရေဖျော်ပြီး ငါးကို ဆေးပါ။ အိမ်မှာတော့ ဘယ်ငါးချက်ချက် မန်ကျည်းမှည့်နဲ့ ဆေးတတ်ပါတယ်။ ငါး အညှီနံတွေ ပျောက်သွားအောင်ပါ။ ပြီးရင်တော့ ငါးကို ဆား၊ အချိုမှုန့်နဲ့ နယ်ထားပြီး ၁၅ မိနစ်လောက်နပ်ထားပါ။ ငါးထဲ ဆားလေး ပြားလေး ဝင်သွားအောင်ပါ။ ငါးကို နပ်ထားတဲ့အချိန် အဆာပလာကို လုပ်ပါမည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ နံနံပင်တို့ကို ဆား နဲ့ အချိုမှုန့် နည်းနည်းထည့်ပြီး တောက်တောက်စင်းပါ မဟုတ်လဲ ထောင်းနိုင်ပါတယ်နော်။ (ဆား နဲ့ အချိုမှုန့်ထည့်ဖို့ မမေ့နဲ့နော်။ မဟုတ်ရင် အဆာပလာက အရသာမရှိဘူးဖြစ်နေလိမ့်မယ်) ပြီးရင် ငါးဗိုက်ထဲသို့ အစာပလာသွတ်၊ ပါးဟက်ထဲသို့ အစာပလာသွတ်ပြီး ကင်နိုင်ပါပြီ။ ဒီနေ့ဝယ်ထားတဲ့ငါးက သေးတော့ အပေါ်ကနေပဲ အစာပလာဖြန့်ပြီးဖြူးလိုက်ပါတယ်။ ပြီး ဆီစိမ်းနည်းနည်းဆမ်းလိုက်တယ်။ ဆီလေးပါတော့ အဆာပလာအိသွားအောင်လို့။ ဆီမထည့်လဲရတယ်နော်။ ပြီး ကင်စက်ထဲထည့်လိုက်တယ်။ အပေါ်မီး မိနစ် ၂၀၊ အောက်မီး ၂၀ နဲ့ကင်လိုက်ပါတယ်နော်။ အပူချိန် ၂၀၀ လောက်ထားလိုက်ပါတယ်။ ဒီတစ်ခါ ကင်စက်လေးရှိသွားပြီကွယ်။ ကြုံတုံး ကြွားလိုက်တယ်နော်။ ဒီလိုလေး လုပ်စားကြည့်ပါလား။
84
ဒီဟင်းက အရင်အပတ်တုံးကချက်တဲ့ဟင်းနော်။ ကြွေးကျန်တွေတင်နေတာ။ တစ်ရက်တစ်လေလဲ ဘာဟင်းချက်စားရမှန်းမသိဘူး။ အိမ်ရှင်မတွေများ ဟင်းချက်ရတာထက် ဟင်းစဉ်းစားရတာကို ပိုခက်မယ်ထင်တယ်နော်။ အစတုံးကတော့ အမေကစျေးသွားရင် ဘာဟင်းစားကြမလဲလို့ အမြဲတမ်းမေးတယ်။ အာ......... အမေကလဲ အမေကြိုက်တာ အဆင်ပြေတာချက်လို့။ အကုန်စားတယ်လို့။ ခုတော့ အမေရဲ့ဝဋ်တွေလည်နေပါပြီ။ ကိုယ်တော်ကြီး ရုံးသွားခါနီး ညနေစာဘာစားမလဲလို့မေးမေးရတယ်။ သူလဲ ပြောရှာပါတယ် သဘော့ပါ့တဲ့။ အဲလို သဘောပါ့လို့တော့ မပြောနဲ့လို့။ စားချင်တာပြောလို့။ ဒါမှ ချက်ရမှာပေါ့လို့။ ၁၀ ခါမေးရင် တစ်ခါတော့ပြောရှာပါတယ်။ တစ်နေ့တာ ဟင်းစပ်နည်းစာအုပ်ထွက်ရင်ကောင်းမယ်နော်။ကျွန်မမှာ ငယ်ငယ်တုံးက မိုးကောင်းမြို့ တစ်ရပ်ကွပ်တည်းသားချင်းပဲ ယောကျာ်းလေးသူငယ်ချင်းတစ် ယောက်ရှိတယ်။ သူ မန္တလေးမှာ ကျောင်းတက်တော့ သူ့အမေက လိုက်လာလို့မအားဘူး။ အိမ်အလုပ်လဲရှိသေးတော့ အမျိုးတစ်ယောက်နဲ့ သူ့ကို မန္တလေးမှာကျောင်းထားတယ်။ ပြောချင်တာတွေဘယ်ရောက်သွားမှန်းမသိတော့ဘူး။ သူ့အမေက သူ့သားကို တစ်လလုံးစာ ချက်ရမယ့် ဟင်းစပ်တွေရေးပေးပြီးပို့တယ်။ နောက်တစ်လဆို နောက်တစ်ခါပြန်ပို့တယ်။ သူ့တွေ့ရင်တော့ သူ့အမေရေးပေးတဲ့ ဟင်းချက်နည်းစာအုပ်တောင်းပြီး ကော်ပီလေးကူးထားအုံးမှပဲ။ ကဲ ဒီနေ့တော့ ဝက်သားနဲ့ဗူးသီးအရော ဟင်းလေး သုံးဆောင်သွားပါအုံးလား။အားနာနဲ့နော်။၀က်သား သုံးထပ်သား နဲ့ ရောချက်ထားပါတယ်။ ဆီလည် ရေလည်ချက်လိုက်တယ်။ ဟင်းရည်ချက်စရာလိုတော့ဘူးပေါ့။ပဲပင်ပေါက်သုပ်။ ဒါက သူ့အကြိုက်။ (ပဲပင်ပေါက်ကို ရေနွေးဖျောလိုက်တယ်။ ပြီးရေစစ်လိုက်တယ်။ သုပ်မယ့်ပန်းကန်ထဲသို့ ပဲပင်ပေါက်ထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ပဲကျက်မှုန့်ထည့်၊ ငရုတ်သီးအကျက်မှုန့်ထည့်၊ ကြက်သွန်နီဆီကျက်ထည့်ပြီး သုပ်ထားပါတယ်။ ချဉ်စပ်လေးစားချင်ရင်တော့ သံပရာသီး (သို့) မန်ကျည်းမှည့်ရည်ထည့်ပါနော်။)အအီပြေ စားသွားပါအုံးလား။
85
ပဲထမင်းက ဟို တစ်ပတ် ပိတ်ရက်တုံးက စားတာပါ။ ဒီအပတ် ပိတ်ရက်က စားတာဟုတ်ဘူးနော်။ ပဲထမင်း စားတဲ့သူတွေကလဲ ဟိုနေ့က မျှစ်ချဉ်ခေါက်ဆွဲ စားတဲ့သူတွေပဲနော်။ မျှစ်ချဉ်ခေါက်ဆွဲက တစ်ခါခွဲပဲ စားလိုက်တာနဲ့ကုန်သွားတယ်။ ဒီတော့ ညနေစာကိုပါချက်ဖို့ ပြန်ပြင်ဆင်ကြတယ်။ ဒီတော့ ညနေစာ ဘာစားကြမလဲ။ ကျွန်မမှာ ရှိတာကို ရွတ်ပြလိုက်တယ်။ ပဲနီလေးပဲရှိတယ်။ ပဲထမင်းချက်စားမယ်ပေါ့။ ဒါနဲ့ ကျွန်မနဲ့ မင်းသမီးက Sheng Siong Supermarket သွားပြီး ကြက်သား နဲ့ လိုတာလေးတွေ သွားဝယ်ခဲ့တယ်။ ပြီး ညစာအတွက် ပဲထမင်းလေးချက်စားလိုက်ပါတယ်နော်။ သုံးဆောင်သွားပါအုံးလား။နေ့လည်စာကို ခေါက်ဆွဲစားကြတယ်။ ညနေကို ဧည့်သည်တွေက ပြန်သေးဘူး။ :D ဒီတော့ ညနေစာအတွက် ပဲထမင်း ပြန်ချက်ကြတယ်။ ခေါက်ဆွဲက ကုန်သွားပြီကွယ်။အဂ္ဂဘုန်းမေမေရေ လက်မတို့လို့ စိတ်စိုးနဲ့အုံးနော်။ အတင်းပြန်ခိုင်းလဲ မပြန်လို့။ ဟီးးးးးးးးးသရက်သီးအစိမ်း ကို ဗမာသုပ်လေး သုပ်ထားတယ်။ သရက်သီးသုပ်က မင်းသမီးလက်ရာပေါ့။ (ဆီကျက်၊ ပဲကျက်မုန့်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ ငါးပိကင်၊ ပုဇွန်ခြောက်ထောင်း၊ ဆား၊ အချိုမှုန့်ထည့်သုပ်ထားပါတယ်) ကျွန်မက ဘေးနားကနေ နှမ်းဖြူးလုပ်ပေးတယ်။ :Dပဲထမင်းနဲ့ တွဲစားဖို့ ကြက်သား ဆင်းဝယ်ပြီးချက်ထားကြတယ်။ ကြက်သားချက်က မင်းသားလက်ရာနော်။ ဒီပန်းကန်က အသားပန်းကန်အရိုးကြိုက်တဲ့ သူများအတွက် အရိုးကြီးပဲ သတ်သတ်ခူးထားတယ်။ ကျွန်မတော့ အရိုးကြီးပဲ စားတယ်။သခြားသီးအတုိ႔ပုဇွန်လေးကို ဆီပြန်ကြော်လိုက်တယ်။ဂေါ်ဖီထုပ် ဟင်းခါးပဲထမင်း ရပါပြီ။ ( ပဲနီလေး လက် ၂ ဆုပ်၊ ဆီစိမ်းနည်းနည်း၊ ဆားနည်းနည်း၊ သကြားနည်းနည်း၊ ကြက်သွန်နီ ၁ လုံးပါးပါးလှီး၊ ထောပတ်မရှိလို့ ချိစ်ပြား တစ်ပြားထည့်ချက်ထားပါတယ်။)အအီပြေ နဂါးမောက်သီး စားသွားပါအုံးလား။
86
ကျွန်မရဲ့အစ်ကိုတော်လဲ ဒီရောက်နေလို့ မိုးကောင်း မျှစ်ချဉ်ခေါက်ဆွဲလေး ချက်စားလိုက်ပါတယ်။မြန်မာ အစားအစာ တော်တော်များများကိုတော့ ဒီမှာ ဝယ်စားလို့ရပါတယ်။ ဒီခေါက်ဆွဲကိုတော့ အမေ့အိမ် (သို့) ကချင်ပြည်နယ်ထိ ပြန်မှသာလျှင်စားနိုင်ပါတယ်။ အဲဒီတော့ အစ်ကိုတော်ကို မျှစ်ချဉ်ခေါက်ဆွဲလေးလုပ်ကျွေးလိုက်ပါတယ်။ ကချင်ပြည်နယ် မျှစ်ချဉ်ခေါက်ဆွဲမှာ ထည့်တဲ့အစာပလာတွေကတော့ နည်းနည်းကွဲပြားတာချင်းရှိပါတယ်။ တချို့က တိုပန်ကျန် (ခေါ်) တရုတ်ပဲငါးပိအစား ဆီတိုပူးဟင်းချက်၊ ခရမ်းချဉ်သီးအနှစ်ချက် ထည့်စားတာလဲ ရှိပါတယ်။ အိမ်မှာတော့ တိုပန်ကျန်ပဲထည့်စားလေ့ရှိလို့ ကျွန်မလဲ အိမ်မှာစားတဲ့ အတိုင်းချက်စားလိုက်ပါတယ်နော်။ အိမ်မှာတော့ မျှစ်ချဉ်ကိုများများပြုတ်တယ်။ ခေါက်ဆွဲတစ်ပန်းကန် မျှစ်ချဥြ်ပုတ်တစ်ပန်း အဲလိုစားကြတာ။ ဒီလိုလေး လုပ်စားကြည့်ပါလား။ ဝက်သား၊ ကြက်သားတော့ မပါဘူးနော်။မိုးကောင်းမျှစ်ချဉ်ခေါက်ဆွဲ သုံးဆောင်သွားပါအုံးလား။ ကုလားဗရာကြော်နဲ့စားပါတယ်။ ကျန်တဲ့အကြော်ထဲ့စားလဲရတယ်နော်။တူမပါလို့ ပြန်တင်ထားတယ်နော်။ တူနဲ့နယ်စားပါရှင်။ကုလားဗရာကြော်၊ မျှစ်ချဉ်ကို ပင်စိမ်းရွက်ထည့်ပြုတ်ထားတယ်၊ ပဲကျက်မှုန့်၊ ဟင်းဗျစ် (ခေါ်) တိုပူးနွေးကျဲကျဲ၊ နံနံပင်၊ ဆီကျက် နီနီ၊ ငရုတ်သီးအမှုန့်ကြော်၊ တိုပန်ကျန် (ခေါ်) တရုတ်ပဲငါးပိ၊ နံနံပင်၊ ပဲပင်ပေါက်ပြတ် နဲ့ ဘေဘီမုန့်ညှင်းပြုတ်ဒီနေ့လဲ ခုံမလောက်လို့ အောက်ဆင်းစားကြတယ်ကွယ်။ စားပွဲဝိုင်းလေးတော့ လိုနေပြီ။ (မင်းသားတို့လင်မယားရယ်၊ အကိုတော်ရယ်၊ လူဆိုးရယ်၊ ကျွန်မတို့ လင်မယားရယ်။ မင်းသားတို့အိမ် နဲ့ အခုအိမ်အသစ်နဲ့ ကနီးတော့ တစ်ခုခုချက်တိုင်းလှမ်းခေါ်လိုက်တယ်။ လမ်းလျှောက်လာရင်ရတယ်လေ။ လာလဲမင်းသားကြီးပဲချက်တာများတယ်။ လူဆိုးတော့ အိမ်ပေါ်ရောက်နေပါပြီကွယ်။ တတ်နိုင်ဘူး ) အပေါ်မှာ မပါတာ တွေက ဆား၊ အချိုမှုန့်၊ ဆီကျက်ဝါဝါ၊ မုန့်ညှင်းချဉ်၊ ဟင်းရည်ပန်းကန်၊ ပြင်ထားတဲ့ခေါက်ဆွဲ တစ်ပန်းကန်ကိုယ်တိုင်ကြော် ကုလားဗရာကြော်ပါ။ ငရုတ်သီးစိမ်းလေးပါထည့်ကြော်ထားတယ်။မျှစ်ချဉ်ပြုတ် (၂ ကျပ်ဖိုး ဒါပဲရတယ်ကွယ်)ပဲပင်ပေါက်ပြုတ် နဲ့ ဘေဘီမုန့်ညှင်းပြုတ် ( ပဲရွက်လေးပါ ထည့်ရင်ပိုကောင်းတယ်)ဒီနေ့က ငါးဟင်းရည် ရိုးရိုး။ (ဆီတိုပူးထည့်ချက်တဲ့ ဟင်းရည်လဲ ချက်တတ်သေးတယ်နော်)ဆန်စီးခေါက်ဆွဲခြောက်ကို ၁ နာရီလောက် ရေစိမ်ထားပါတယ်။လိုအပ်သောစာရင်း၁။ ဆန်ဆီးခေါက်ဆွဲ ၁ ပိသာ၂။ ငါးကြင်း ၂၅ ကျပ်သား (ကျွန်မတော့ ငါးကြင်းနဲ့တူတဲ့ ငါးဝယ်ခဲ့တာပဲ။ Toman ဆိုလားပဲ)၃။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၄။ မြန်မာနံနံ၊ ရှမ်းနံနံ၅။ မျှစ်ချဉ်(သေးသေးပါးပါးလှီးထားသော) ၁၅ ကျပ်သား (သို့) ရှမ်းချဉ်၆။ ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်း (မကြိုက်လို့ မထည့်လဲ ရပါတယ်)၇။ ပဲမုန့်စိမ်း၈။ ကုလားဗရာကြော် (မိမိကြိုက်နှစ်သက်ရာ အကြော်စုံထည့်စားနိုင်ပါတယ်)ခေါက်ဆွဲဟင်းရည်ပြုလုပ်ပုံခေါက်ဆွဲဟင်းရည်အတွက် ရေနွေးအိုးတည်ထားပါ။ငါးကြင်းကို ရေဆေးပြီး ဆား၊ အချိုမှုန့် အနည်းငယ်ထည့်နယ်ပြီး ၁၅ မိနစ်လောက် နပ်ထားပါ။ပြီးရင် ငါးကြင်းကို မီးသွေးမီးနဲ့ကင်ပါ။ မီးဖြည်းဖြည်းနဲ့ကင်ပေးပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ဆို ရပါပြီ။ မီးသွေးမီး မရှိလဲ ဆီနည်းနည်းနဲ့ ကြော်ပေးပါ။ မီးကင်တာကတော့ ပိုပြီးမွှေးတာပေါ့။ ငါးကျက်ပြီဆိုရင် အအေးခံထားပြီး အရိုးနွင်ပါ။ ပြီးရင် ဟင်းရည်းအိုးလုပ်မယ့်အိုးထဲသို့ အရိုးနွင်ထားသော ငါးကြင်း၊ ကြက်သွန်နီ လေးခြမ်းစိတ် ၇ လုံး ကြက်သွန်ဖြူ တမွှာကို ဓားနဲ့ရိုက်ပြား၊ ဂျင်းလက် ၃ တစ်လောက်ကိုလဲ ဓားရိုက်ပြားပြီး ထည့်ပါ။ ဆား၊ အချို့မုန့် ထည့်ပါ။ ရေနွေးထည့်ပြီး ဆူအောင်ထည်ထားပါလေ။ ဟင်းရည်အိုးဆူလာလျှင်စတင် စားသုံးနိုင်ပါပြီ။ခေါက်ဆွဲနဲ့တွဲဖက်စားမည့်မျှစ်ချဉ်ပြုတ်လုပ်နည်းမျှစ်ချဉ်ကို ဆား၊ အချိုမုန့်၊ ဆနွင်း အနည်းငယ်၊ ရေထည့်ပြီး မိနစ် ၃၀ လောက်ရေခမ်းအောင်ပြုတ်ထားပါလေ။ ကြိုက်တတ်လျှင် ရှမ်းနံနံ (သို့) ပင်စိမ်းကို ရေခမ်းခါနီးထည့်အုပ်နိုင်ပါတယ်။ထည့်စားရမည့် အစာပလာများကြက်သွန်ဖြူ ဆီချက် ဆနွင်းနဲ့ဝါဝါချက်ထားပါ။ငရုတ်ဆီ ဆီချက် နီနီ ချက်ထားပါ။ပဲမုန့်ကို ရေဖျော်ပြီး ဆား၊ အချိုမုန့်၊ ဆနွင်း အနည်းငယ်ထည့်ပြီး တိုးပူးနွေး ကျိုသလို မပျစ်မကျဲကျိုပါ။ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်း တို့ကို ရေနွေးဖျောထားပါ။နံနံပင္ကုိ ပါးပါးလွီးထားပါ။ရှမ်းခေါက်ဆွဲပြင်ဆင်ပုံဆန်ဆီးခေါက်ဆွဲကို ပြုတ်ပါ။စားမည့်ပန်ကန်လုံးထဲသို့ ပြုတ်ထားသော ဆန်ဆီးခေါက်ဆွဲထည့်၊ ကျိုထားသော ဟင်ဗျစ်(ခေါ်)တိုပူးကျဲကျဲ ၁ဇွန်းလောက်ထည့်၊ ရေဖျောထားသော ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်းထည့်၊ တိုပန်ကျန် (ခေါ်) တရုတ်ပဲငါးပိထည့်(ဆားကတော့ လိုမှထည့်တော့နော်)၊ အချိုမှုန့်ထည့်၊ ဆီကျက် နီနီထည့်၊ ဆီကျက် ဝါ၀ါထည့်၊ နံနံပင်ထည့်၊ ကုလားဗရာကြော်ကိုချေပြီးထည့်၊ ပြုတ်ထားသော မျှစ်ချဉ်နဲ့တွဲပြီး စားသုံးနိုင်ပါပြီ။ ဒါကတော့ အသုပ်စားတဲ့နည်းပါ။ အရည်နဲ့စားချင်ရင် ငါးဟင်းရည်ထည့် စားလိုက်ရင် အရည်နဲ့ရပါပြီ။
87
ညီမလေး avocado က အစ်မလက်ဖက်နှပ်ရင် ဘယ်လိုနှပ်လဲလို့ မေးတာနဲ့ ပြီးခဲ့တဲ့အပတ်က လက်ဖက်နှပ်ထားတာကို တင်လိုက်ပါတယ်နော်။ လက်ဖက်မစားရလို့ တားမြစ်ထားလဲ စားလာတာကြာတော့ မထူးဘူး သေခါမှသေရော ဆက်လက်ပြီးစားနေလိုက်တယ်။ ကိုယ်တော်ကြီးက သောကြာ၊ စနေမှာ လက်ဖက်မစားရရင် မနေနိုင်တော့ တခါတည်းများများနှပ်ထားပေးလိုက်တယ်။ သူ့ကိုပဲ လွဲချလိုက်တယ်။ ပြီးမှ ကိုယ်ကဘေးကနေဝင်စားတာပေါ့။ :D လက်ဖက်နှပ်ပြီးသားဆိုရင် ရီမွန်လက်ဖက်ကိုဝယ်စားဖြစ်တယ်။ လက်ဖက်အစိမ်းဝယ်လာခဲ့ရင်တော့ ဒီလိုလေးနှပ်စားလိုက်ပါတယ်။ ဒီလိုလေး နှပ်စားကြည့်ပါလား။နယ်တော့မယ်နော်။ ငရုတ်သီးများသလားတော့ မမေးနဲ့။ ချဉ်ချဉ်စပ်စပ်ဖြစ်အောင်နှပ် တာမို့လို့ပါ။ငရုတ်သီးအနီထောင့်က လက်ပူတယ်။ ဒါကြောင့် လက်အိတ် ၂ ထပ်စွပ်ထားပြီး နယ်ပါတယ်။ဒီလို ဒီလိုလေး နယ်ပါတယ်။ကဲ စားလို့ရပါပြီရှင်။ အားမနာတမ်း သုံးဆောင်သွားပါအုံးမလား။ စပ်တယ်လို့ မပြောနဲ့နော်။ပြီးတော့ ဆီဆမ်းပြီး ပလက်စတစ်ဗူးထဲ ထည့်၊ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားလိုက်ပါတယ်။ စားချင်တဲ့အခါ လိုသလောက် ကော်စားရုံပါပဲနော်။လက်ဖက်ချဉ်စပ်နှပ်လေး သုံးဆောင်သွားပါအုံးလား။ ပုဇွန်ခြောက်လဲ ကုန်ပါပြီရှင်။ အိမ်ကိုပြန်မှာရအုံးမယ်။ လူကြုံမရှိခင်တော့ ဒီက ဝယ်စားရတော့မှာပေါ့။လက်ဖက်နှပ်ရန် လိုအပ်သောအရာလက်ဖက်အစိမ်း (၂၅ ကျပ်သားအထုပ်လားမသိဘူး)ကြက်သွန်ဖြူ ၁ ဥငရုတ်သီးစိမ်း ၁၅ တောင့်သံပရာသီး ၁လုံး ႀကီးႀကီးဆားအချိုမှုန့်ဆီနှပ်တော့မယ်ကွယ်လက်ဖက်စိမ်းကို ဇကာခုံးထဲထည့်ဆေးရင်ပိုကောင်းတယ်။ ဒါမှ လက်ဖက်သားကျန်မှာ။ အစတုံးက လက်ဖက်စိမ်းကို ဒီအတိုင်းဆေးလိုက်တာ။ တဝက်ပဲကျန်လိုက်တယ်။ ရေဆေးလိုက် သွန်လိုက် ၊ လက်ဖက်သားကပါသွားလိုက်နဲ့ ဘာမှ သိပ်မရလိုက်ဘူး။ ဇကာခုံးထဲထည့်တော့ လက်ဖက်သား သိပ်ပြီး အလေအလွင့်မဖြစ်တော့ဘူးပေါ့။ အဖန်ရည်ထွက်သွားအောင် ၃ ခါလောက်တော့ညစ်ဆေးပလိုက်တယ်။ ပြီး ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း၊ သံပရာသီး ၁ လုံးကြီးကြီးညစ်၊ ကြက်သွန်ဖြူ ၁ ဥ ပါးပါးလှီး၊ ငရုတ်သီးစိမ်း လိုသလောက်ပါးပါးလှီး အရင်နယ်လိုက်ပါတယ်။ ငရုတ်သီးပူမှာကြောက်ရင်တော့ လက်အိတ်လေးစွတ်နော်။ ကျွန်မတော့ နှစ်ထပ်စွတ်ပြီးနယ်လိုက်ပါတယ်။ နယ်ပြီးရင် ဆား အချို မြည်းကြည့်လိုက်တယ်။ အနေတော်ပဲဆိုရင်တော့ ဆီနည်းနည်းထည့်ပြီး ပြန်နယ်လိုက်တယ်။ ပြီးရင် ဗူးအလွတ်သန့်သန့်ထဲထည့်၊ အပေါ်ကနေ ဆီစိမ်းပြန်ဆမ်းပြီး ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါတော့တယ်။
88
စနေနေ့က ထမင်းအိုးကို အနားပေးလိုက်ပါတယ်နော်။ ဘောလုံးတစ်သင်းစာလောက်ရှိတဲ့ အုပ်စုထဲက တစ်တွဲက ပီအာကျလို့ ကျွေးတဲ့ပွဲပေါ့။ နေ့လည်စာကို ဂဏန်းချက်ကျွေးတယ်။ ထမင်းနဲ့စားကြတယ်။ ကိုယ်တော်ကြီး နဲ့ ကျွန်မတို့ ၂ ယောက် ရောက်တဲ့ အချိန်က ၃ နာရီရှိနေပြီ။ မနက်ကလဲ ဘာမှမစားထားဘူးဆိုတော့ ဆာဆာနဲ့ တစ်ခါတည်း စားလိုက်တာ ဂဏန်းချက်ကို ဓာတ်ပုံ မရိုက်လိုက်မိဘူး။ ပြီးတော့ သာကူလုပ်တိုက်သေးတယ်။ ချိုလို့ သောက်ခဲ့ဘူး။ ဒါနဲ့ နေလဲစောင်းရော ကျွန်မတို့ မိန်းမတွေလဲ အောက်ဆင်းပြီး ရှော့ပင်သွားကြတယ်။ ဘာမှ ထူးထူးခြားခြားဝယ်စရာတော့ရှိပါဘူး။ မျက်စိ အစာကျွေးပေါ့။အောက်ဆင်းပြီးစျေးလျှောက်ပတ်လိုက်တာ ည ၇နာရီလောက်ရှိသွားပြီ။ ဧည့်သည်တွေကလဲ မပြန်။ ဒီတော့ အိမ်ရှင်တွေလဲ ညနေစာကိုလုပ်ရတော့တာပေါ့။ ဒီလိုပဲ သူငယ်ချင်းအားလုံးက ဘယ်သူ့အိမ်သွားသွား နေ့လည်စာ၊ ညစာ၊ ညလည်စာ စားပြီးမှသာ အိမ်ပြန်တတ်ကြတယ်။ အိမ်ရှင်မနှင်မချင်း မပြန်ဘူး။ အိမ်ရှင်နှင်လဲ ပေကတ်ကတ်လုပ်နေကြတယ်။ ညစာကို ရယ်ဒီမိတ် ထမင်းသုပ်လုပ်စားလိုက်ကြပါတယ်။ အလှူလက်ဖက် မျက်နှာလုပ်လိုက်တယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ထမင်းသုပ် (ကြံခင်း ရယ်ဒီမိတ်ထုပ်ထဲမှာ ဆီကျက်ဝါဝါ၊ ငံပြာရည်ချက်၊ ပုဇွန်ခြောက်ထောင်း၊ ငရုတ်သီးအကျက်မှုန့်၊ မန်ကျည့်မှည့်ရည် တခါတည်းပါတယ်။ အဆင်သင့် အထုပ်လေးတွေ ဖောက်ပြီး သုပ်လိုက်ကြပါတယ်။ ပုဇွန်ခြောက်လေးနည်းနည်းထပ်ထည့်၊ ဆီကျက်နည်းနည်းထပ်ထည့်လိုက်ပါတယ်။)ဒီလို အားပါတရ နယ်ထားတယ်နော်။ငွေပင်လယ်ငါးမုန့်ကြော် နဲ့ စံမတူငါးမုန့်ကြော် (ကျွန်မကြော်ထားတာနော်)စွန်တန်ဟင်းရည် (ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်၊ ကင်းမွန်၊ ဆား၊ အချိုမှုန့်၊ စွန်တန်ခြောက်ထည့်ပြီး ချက်ထားပါတယ်)လက်တွေ ရှုပ်နေလို့ မော်တော်ပီကေ လိုနေပြီ။ :D
89
ပြီးခဲ့တဲ့သောကြာနေ့ကပေါ့။ သောကြာနေ့ညနေတိုင်း ဒီနေ့ ဘာအစီအစဉ်ရှိလဲလို့ ကိုယ်တော်ကြီးကို လှမ်းမေးရတယ်။ ညနေစာ ချက်ရမလား မချက်ရဘူးလား။ ဘယ်သူနဲ့ချိန်းထားသေးလဲ။ ဘယ်သွားအုံးမလဲပေါ့။ အဲနေ့ကလဲ မေးလိုက်သေးတယ် ဒီနေ့ အစီအစဉ်ရှိလားလို့။ ရှိဘူးတဲ့။ အိုကေပေါ့လေ။ ဒါဆို ထမင်းမချက်တော့ဘူး။ ကြာဇံကြော်လေး နဲ့ ဝက်သားဒုတ်ထိုးအဖြစ်(လျှာနဲ့နှလုံး ၂မျိုးတည်း) စားမယ်ပေါ့။ ဒါနဲ့ ကြာဇံလေးကြော်၊ ဒုတ်ထိုးအဖြစ်လေးလုပ်ပြီး ကိုယ်တော်ကြီး အပြန်ကို အလှပြင်ပြီးစောင့်နေတာပေါ့လေ။ ဟီးဟီး ဘာမှ အလှပြင်တာမဟုတ်ပါဘူးနော်။ညနေ ၇ နာရီကျော်လောက်တော့ ဖုန်းတစ်ခုဝင်လာတယ်။ မင်းသားရဲ့ဖုန်းပေါ့ (ဒန်ပေါက်ချက်ပေးတဲ့မင်းသားနော်)။ ဒီနေ့ညနေ အိမ်လာကြမလို့တဲ့ ဘယ်လိုမှ ထွက်ပြေးလို့မရတော့ဘူး။ :D (ဘန်ကောက်အုပ်စု ၃ တွဲ)။ ဒါတောင် ကလေးမွေးထားတဲ့အစ္မတို့လင်မယားလဲ ပါတယ်နော်။ အဲလို ကဲတာ။ အဲနေ့က ကဲတာက အိမ်ရှင်ပါ။ ဟီးဟီးးးးးးးး )။ ဘာစားချင်လဲ ချက်ပေးမယ်ပေါ့။ (မင်းသားက အချက်အပြုတ်အရမ်းကျွမ်းတယ်နော်) အယ်....ကျွန်မတော့ ကြာဇံနဲ့ဒုတ်ထိုး ၂ ယောက်စာပဲလုပ်ထားတယ်။ ကျန်တာတော့ ဘာမှရှိဘူးလို့။ ဘာဝယ်ထားရမလဲ လိုတာသွားဝယ်လိုက်မယ်ပြောလို့။ သူပဲကြည့်ပြီးဝယ်ခဲ့တော့မယ်တဲ့။ အိုကေ အိုကေလို့။ ည ၈ နာရီကျော်လောက်မှ မင်းသားတို့ဝယ်လာတာတဲ့ ပုဇွန်နဲ့ဆိတ်အသဲကို သုပ်စားကြတယ်။ မင်းသားသုပ်ထားတဲ့ ပုဇွန်သုပ် နဲ့ ဆိတ်အသဲသုပ်လေး သုံးဆောင်သွားပါအုံးလား။ဘေးနားက ပုလင်းက ဘန်ကောက်ပြန်လာတုံးက ဆွဲခဲ့တဲ့ပုလင်း။ (ထိုင်ခုံမလောက်တော့လို့ ဖျာခင်းပြီး စားကြတယ်)ဘန်ကောက်အပြန် ဒီ ၂ ပုလင်း ဆွဲခဲ့တယ်။ ဓာတ်ပုံပဲ ရှိတော့တယ်။ အရည်က ဘာမှ ကျန်တော့ဘူးနော်။ ကြိုတင်ပြောထားတာ။အာလူးချောင်းလဲ ကြော်ပေးလိုက်တယ်။ဒါ ကျွန်မရဲ့ ဒုတ်ထိုးအဖြစ်ကြာဇံကြော်ပုဇွန်ချဉ်စပ်သုပ် (မင်းသားသုပ်တာပါ)ဆိတ်အသဲသုပ် (အခုမှ ပထမဆုံးအကြိမ်စားဖူးတာ။ ဆိတ်သဲ တခါမှ မစားဖူးဘူး)သီးရွက်စုံ ဟင်းချိုမလောက်မှာစိုးလို့ ၂ ခွက်ချက်လိုက်တယ်။ဖရဲသီး ( fair price ကနေဝယ်လာတယ်။ အဝါပိုချိုတယ်ဆိုလို့။ အချိုတောင်လွန်နေသေးတယ်)
90
ဟင်းရည်ကို ချဉ်ဟင်းဆက်တိုက်ချက်လိုက်ပါတယ်နော်။ ဒီနေ့တော့ ဘူးသီးချဉ်ဟင်းနဲ့ ငါးပိထောင်းပေါ့။ ဂျူးမြစ်လေးပါ ထည့်စားရင်ကောင်းမှကောင်းပဲ။ ဒီမှာတော့ ဂျူးမြစ်တွေ့မိပါဘူး။ ပင်နီဆိုလာမှာ ရမရတော့ မသိဘူး။ မတွေ့မိဘူးထင်တာပဲနော်။ ပြီးတော့ ဝက်အူချိုကို အချိုချက်ချက်လိုက်တယ်။သုံးဆောင်သွားပါအုံးလား။၀က် အူချိုချက် (ဝက်အူချိုကို ရေသေချာဆေး။ vinegar ၂ ဇွန်းလောက်ထည့်ပြီး ၁၅ မိနစ်လောက်နပ်ထားပါ။ ပြီးရေပြန်ဆေးလိုက်တယ်။ ဆား၊ အချိုမှုန့်၊ သကြား၊ စောကောမှုန့် နည်းနည်းဆီထည့်ပြီးနယ်လိုက်ပါတယ်။ ပြီး ကြက်သွန်နီ ၂လုံး လေးခြမ်းစိတ်ပြီး ဆီနည်းနည်းနဲ့ကြော်လိုက်ပါ။ ပြီး ဝက်အူချိုလဲထည့်၊ ရေနွေးလဲထည့်ပြီး နူးနေအောင်တည်ထားပါ။ ဝက်အူချိုနူးခါနီး ကြက်သွန်ဖြူ ၅ တက်၊ ၆ တက်လောက်ကို အခွံနွှာပြီး ဒီအတိုင်းထည့်လိုက်ပါတယ်။ ညိုညိုလေးဖြစ်အောင် ကြာညို့နည်းနည်းထည့်လိုက်ပါတယ်။ငါးပိထောင်း (ငါးပိကင်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ အချိုမှုန့်ထည့်ပြီး ထောင်းထားပါတယ်။)ဘူးသီးချဉ်ဟင်း
91
ဒီနေ့တော့ ကန်စွန်းချဉ်ဟင်းလေး ပါလာပါပြီနော်။ ကန်စွန်းရွက်ကို အချဉ်ဟင်းလေးချက်လိုက်ပါတယ်။ ကန်စွန်းရွက်ဆို အရိုးပိုကြိုက်လို့ အရိုးများတဲ့အစီးတော့ ရွေးဝယ်ခဲ့လိုက်တယ်။ အမှန်တကယ် ကန်စွန်းချဉ်ဟင်းလေးကို ပုဇွန်စိတ်သေးသေးလေးနဲ့ ချက်စားရင် အကြိုက်ဆုံးပဲ။ ပုဇွန်စိတ်သေးသေး ပိစိကွေးလေးတွေတော့ တခါတလေ တွေ့တယ်။ အဲဒါနဲ့ချက်စားရင်တော့ ကောင်းမလားမသိဘူး။တွေ့မှ ချက်စားကြည့်အုံးမယ်။ ဒီနေ့တော့ ဒါလေးပဲ သုံးဆောင်သွားပါအုံးနော်။အားနာနဲ့နော်။အမဲသားနဲ့အာလူးချက် ( အမဲသားချက်နည်းကိုဒီမွာရေးဖူးပါတယ်နော်)ရိုးရိုးရှင်းရှင်းနဲ့ ကန်စွန်းချဉ်ဟင်းငရုတ်သီးထောင်း (ကြက်သွန်ဖြူ ၂ တက်၊ ငရုတ်သီး ၅ တောင့်၊ ပုဇွန်ခြောက်နည်းနည်း၊ ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း ထည့်ပြီးထောင်းထားပါတယ်။ နံနံပင်ရှိလဲ ထည့်ထောင်းစားနိုင်ပါတယ်။ ပိုမွှေးတယ်။ ဆီစိမ်းလေးကြိုက်လဲ ဆမ်းနိုင်ပါတယ်နော်။)
92
ဒီနေ့တော့ အရည်သောက်လေးပါလာပါပြီနော်။ ဟင်းရည်စစ်စစ်ကြီးတော့ မဟုတ်သေးဘူး။ မှိုရှည်ရှည်ကို အရည်သောက် အဖတ်စားလိုချက်ထားတာပါ။ဒီမှာလဲ နောက်ထပ် မှိုစပ်စပ်ချက်တွေနော်ကူးကူးရဲ့ မှိုအမြီးရှည်ချဉ်စပ်ချက်မိုးကောင်းသူရဲ့ မှိုနဲ့ကန်စွန်းစပ်စပ်ချက်သုံးဆောင်သွားပါအုံးလား။ပဲနှပ် (သူ့အကြိုက်။ ကုလားပဲ လက် ၂ ဆုပ်ကို ၁၅ မိနစ်လောက်ရေစိမ်ထားလိုက်တယ်။ ရေစိမ်ဖို့အချိန်မရလဲ။ တခါတည်း ပြုတ်လိုက်ပါ။ ပြီး ဘာမှမထည့်သေးဘဲ ကုလားပဲကို အရင်ပြုတ်လိုက်ပါ။ ဆားထည့်ပြီး ပြုတ်ရင် ကုလားပဲက ဆတ်တတ်တ်ကြီးဖြစ်တတ်တယ်။ မနူးမနပ်ဘူးလို့ပြောမလား။ ပဲနူးပြီဆိုမှ ကြက်သွန်နီ ၁ လုံး ကို ဆနွင်းနည်းနည်းထည့်ပြီး ကြော်လိုက်တယ်။ ဆားနည်းနည်းထည့်၊ အချိုမှုန့်နည်းနည်းထည့်၊ ပဲထည့်ပြီးရောမွှေလိုက်ပါတယ်။ အလွယ်တကူ ပဲနှပ်ရပါပြီ)မှိုရှည်ရှည်ကို အရည်သောက်အဖတ်စားချက်လိုက်ပါတယ်။ အရည်သောက်မပါတော့ အူတွေလဲ ခြောက်နေရောပေါ့။ (ကြက်သွန်ဖြူ ၂ တက်၊ ကြက်သွန်နီ ၁ လုံးသေးသေး၊ ခရမ်းချဉ်သီး ၁လုံးသေးသေး ကိုအရင် ဆီသတ်လိုက်ပါတယ်။ ပြီး မှိုထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ အရောင်တင်ထည့်၊ ရေနွေးနည်းနည်းထည့်လိုက်တယ်။ မီးဖိုပေါ်က ချခါနီး ငရုတ်သီးစိမ်းလေးလှီးပြီးထည့်လိုက်တယ်။ ကြက်သွန်မြိတ် ပါရှိလို့ ထည့်လိုက်တယ်။ အဲလိုချက်လိုက်ပါတယ်နော်။)ငါးကြော်။ (ငါးသေတ္တာ ငါးလားမသိ။ ခေါင်းတွေကိုပါဖြတ်ပလိုက်တယ်။ မန်ကျည်းမှည့်နဲ့ပါဆေးလိုက်တယ်။ ပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းနည်းနည်းထည့်ပြီး ကြော်လိုက်ပါတယ်။)
93
ဒီနေ့လဲ ဟင်းတွေက အခြောက်ပဲ။ စိုစိုဖတ်ဖတ်ပါဘူး။ နောက်နေ့တော့ ပါပါမယ်နော်။အားမနားတမ်း သုံးဆောင်သွားပါအုံးလား။ ဒီနေ့လဲ အရည်ပါဘူး။ အရည်ဓာတ်မကျဘူးဖြစ်နေတယ်။ ကိုယ်ဓာတ်ကျတဲ့ဟင်းပဲ ချက်လိုက်တယ်။ ဟီးဟီးငါးကြော် (ငါးအရောင်က နည်းနည်းနီသလိုလို၊ ပန်းရောင်ပဲသန်းသလိုလို ငါးပဲ။ နာမည်သိဘူး။ ကြော်စား ၊ ချက်စား၊ ကြော်ချက်လေးလုပ်စား ကောင်းတယ်။ ဆား၊ အချိုမှုန့်၊ ဆနွင်းထည့်ပြီး ကြော်လိုက်ပါတယ်။)ပဲပုတ်ကိုကြော်ချက်လုပ်ထားပါတယ်။ ဒါက ကိုယ်တော်ကြီးအကြိုက်။ ကျွန်မတော့ နည်းနည်းပဲ စားလိုက်တယ်။(Knife တံဆိပ်နဲ့ဗူးကိုဝယ်ခဲ့ပါတယ်။ အရည်တွေကို သွန်လိုက်တယ်။ အရည်ပါထည့်ချက်ရင် အရမ်းကြီးငန်လို့ပါ။ အငန်ကြိုက်လဲအရည်ပါထည့်ချက်နော်။ ကျွန်မကတော့ ပါတဲ့အရည်ကို သွန်ပြီး ပဲပုတ်လေးတွေကိုပဲချက်လိုက်ပါတယ်။ ချက်နည်းကတော့ .......... ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ကြက်သွန်ဖြူ ၃ တက်လောက်ထောင်းထည့်လိုက်ပါ။ ကြက်သွန်ဖြူ နည်းနည်းအိအောင်ကြော်လိုက်ပါ။ ပြီးရင် ဆနွင်းနည်းနည်းထည့် ၊ ပဲပုတ်ထည့် ၊ အချိုမှုန့်ထည့်ပြီး ကြော်လိုက်ပါတယ်။ (ဆားတော့ ထပ်မထည့်နဲ့တော့နော်) ၅ မိနစ် ၊ ၇ မိနစ်လောက်ဆိုရပါပြီ။ ငရုတ်သီးစိမ်းကြိုက်တတ်ရင်တော့ မီးဖိုပေါ်ကနေချခါးနီးထည့်လိုက်နော်။ ပင်စိမ်းရွက်လေးရှိလဲ ထည့်ပြီးအုပ်လိုက်ပါ။ ကျွန်မမှာတော့ မရှိလို့ ထည့်မအုပ်လိုက်ဘူး။အိမ်မှာတော့ စမွတ်လို့ခေါ်လားမသိဘူး။ အဲဒီအရွက်အမွှေးအကြိုင်လဲထည့်တတ်တယ်။ ပဲပုတ်ကလဲတက် ၊ စမွတ်ကလဲတက်နဲ့ သွေးတိုးရှိရင်တော့ သတိထားနော်။ကျန်မဆိုင်လား။ ကြံမဆိုင်လား။ ဘယ်လိုခေါ်လဲသိဘူး။ ကြံမဆိုင်သုပ် (ကြံမဆိုင်ကို ၁၀မိနစ်လောက် ရေစိမ်ထားလိုက်တယ်။ ဆားထွက်သွားအောင်လို့။ ပြီးရေဆေး၊ ပါးပါးလှီး၊ အချိုမှုန့်နည်းနည်းထည့်၊ ဆီစိမ်းနည်းနည်းထည့်၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပြီး သုပ်ထားပါတယ်)ကြံမဆိုင်ကို သုပ်စား၊ အသားနဲ့ကြော်စား၊ ငါးနဲ့ပေါင်းစား၊ ဝက်ရိုးနဲ့ကြက်ရိုးနဲ့ ဟင်းရည်သောက်လုပ်စားလို့ကောင်းပါတယ်။မက်မွန်သီး ချိုချိုအေးအေးလေး။ ချဉ်ရင်တော့ ငံပြာရည်နဲ့ငရုတ်သီးအကျက်မှုန့်နဲ့သုပ်စားမလို့ဘဲ။ ချိုတော့ ဒီအတိုင်းစားလိုက်တယ်။ (ကိုယ်တော်ကြီး ပြန်ရောက်လာရင် အဆင်သင့်ဖြစ်အောင်ဆိုပြီး ကြိုတင်လှီးထားတယ်။ ပြီးဗူးထဲထည့် ၊ ရေခဲသေတ္တာထဲထည့်ထားလိုက်တာ မည်းကုန်ပါပြီတော်။ တတ်နိုင်ဘူး ဒါလေးပဲ သုံးဆောင်သွားပါအုံးနော်။)
94
ခုတလော နေပူလို့ပဲလား ဘာလို့လဲသိဘူး ချက်ဟင်းတွေ သိပ်မစားချင်ဘူး။ ထမင်းလဲ စားမကောင်းတာ ဒီဘက်အိမ် ရောက်ကတည်းကပေါ့။ ထမင်း တစ်ပန်းကန်ကို တစ်ဝက်ပဲကုန်တယ်။ ဒီနေ့တော့ အရည်သောက်မပါဘူး။ ရေနဲ့သာ မျှောချလိုက်တယ်။ အရည်လဲသောက်ချင်ဘူးဆို။အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ြ၀က်သား အမွကြော် (ကြော်ပြီးသား ဝယ်ထားတာပါ)ကျန်မဆိုင် နဲ့ ကြက်သားနဲ့ကြော်(ကျန်မဆိုင်ကဆားများလို့ ရေစိမ်ထားလိုက်ပါတယ်။ ပြီးရေစစ်။ ကြက်သားကိုရေဆေးပြီး ပါးပါးလှီး၊ ဆား အချိုမှုန့်တို့နဲ့ နယ်လိုက်တယ်။ ကျန်မဆိုင်ကိုလဲ ပါးပါးလှီးထားလိုက်တယ်။ ကျန်မဆိုင်ဆိုရင် ကျွန်မက အရိုးတွေပိုကြိုက်လို့ အရွက်ပါတာ မဝယ်ခဲ့ဘူး။ အရွက်ပါတာလဲ ရှိတယ်နော်။ ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းနည်းထည့် ကြက်သားလေးကို အရင်ကြော်လိုက်ပါ။ ကြက်သားကျက်ပြီဆိုရင် ကျန်မဆိုင်ကိုထည့်ပါ။ ၃ မိနစ်လောက်ထပ်ကြော်လိုက်ရင် ရပါပြီ။ မီးဖိုပေါ်က ချခါနီး ငရုတ်သီးစိမ်းထည့်လိုက်ပါတယ်။ ဒါဆိုရင်တော့ ကြက်သားနဲ့ကျန်မဆိုင်ကြော် ရပါပြီ။ ဆား အချိုမှုန့်က လိုအပ်မှ ထပ်ထည့်တော့နော်။ )ရုံးပတေသီးကြော် (ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့် ဆီနည်းနည်းနဲ့ကြော်ထားပါတယ်)ဖရဲသီးလဲ စားသွားအုံးနော်။ အားနာနဲ့။
95
အုပ်စု ၁၅ ယောက်အုပ်စုထဲက တစ်ယောက်က မြန်မာပြည်မှာ မင်္ဂလာဆောင်ပြန်လာပြီးဒီမှာ BBQ လုပ်စားကြမယ်ဆိုလို့သွားကြတယ်။ ပြီးခဲ့တဲ့ စနေနေ့ညနေကပေါ့။ ထုံးစံအတိုင်း အဝတ်အစားထည့်၊ Tent ထည့်၊ အခင်းထည့်ပြီး သွားကြတယ်။ ခါတိုင်းသွားနေကြက East Coast Park ပဲသွားဖူးတယ်။ Changi Beach မှာအိပ်ဖူးတာကတော့ ပထမဆုံးပါပဲ။ East Coast လောက်တော့လူမစည်ဘူး။ ဝယ်စားစရာဆိုင်လဲ သိပ်မရှိဘူး။ အေးအေးဆေးဆေးတော့ရှိပါတယ်။ အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်တယ်။ အားမနားတမ်း သုံးဆောင်သွားပါအုံနော်။ သြော်သြော် .........မေ့လို့ မေ့လို့ ....... ဒီလင်ဒီမယား ချစ်ချစ်ခင်ခင်နဲ့ အိုအောင်မင်းအောင် ပေါင်းသင်းရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။အဲမှာ ရေသောက်တဲ့စဉ်လဲရှိတယ်။ကိုယ်တော်ကြီး နဲ့ ကျွန်မတို့တဲတန်းစီပြီး တဲထိုးထားတယ်။ (တဲ ၆လုံး ထိုးပါတယ်။ အတွဲ ၅တွဲ၊ လူပျိုသိုးကြီး နဲ့ လူဆိုးကတော့ အိပ်ကြတယ်။ တနင်္ဂနွေမနက်စာ စားသောက်ပြီးမှ ပြန်လာကြတယ်။ မအိပ်ဘဲ ပြန်တဲ့သူလဲရှိတယ်။ ၄ တွဲ နဲ့ တစ်ယောက်ကပြန်တယ်။ လူလဲတော်တော်လေးများလာပြီ။ ဘောလုံး ၂ သင်းစာလောက်ရှိနေပြီ)ပုဇွန်ကင်satay (ဆာတေး)Otak-otak (အူတလား၊ အူတောက်လားမသိ)ကြက်တောင်ပံဂဏန်းချောင်းကန်စွန်းဥအအေးတွေနဲ့ စပျစ်သီး။ ကျန်တဲ့ ပုလင်းတွေ ရှိသေးတယ်။ ဓာတ်ပုံရိုက်ခဲ့ဘူး။ ဟီးးးးးတရုတ်ဇီးသီးဖျော်ရည် (အရမ်းချိုတယ်ဆိုလို့ မမြည်းကြည့်ခဲ့ဘူး)ကြာဇံကြော်စတင်ပြီး ကင်နေပါပြီနော်။ကန်စွန်းဥကင်လေးလဲ စားလို့ကောင်းတယ်။ကြက်တောင်ပံကင် လာပါပြီ လာပါပြီ။အူတေခၚတာလားကြိုက်တဲ့ အချောင်းကင်စားသွားနော်။ကြက်အူချောင်းဆာတေးကင်
96
ဒီနေ့လုပ်စားတာ မဟုတ်ဘူးနော်။ ဟိုနေ့က ကိုယ်တော်ကြီးနေမကောင်းလို့ လုပ်စားဖြစ်တာ။ ခေါက်ဆွဲကြော်စားမလား ၊ ကြာဇံကြော်စားမလား ဆိုတော့လဲ မစားချင်ဘူးဘဲပြောနေတယ်။ မြူဆွမ်ပြုတ်ပေးမယ်ပြောတော့လဲ လူမမာစာကြီးတဲ့။ ဒါနဲ့ ဆန်ကို လက်တစ်ဆုပ်ပြုတ်လိုက်တယ်။ ဖျားရင် ဆန်ပြုတ်သောက်ရတယ်လေနော်။ ဒါလဲ မသောက်ဘူး။ တစ်ဇွန်း နှစ်ဇွန်းလောက်ပဲသောက်တယ်။ အင်းဘာလုပ်ပေးရမှန်းမသိတော့ဘူး။ ဒါနဲ့ ခေါက်ဆွဲ သုပ်ဆိုတော့ သူလဲကြိုက်တယ်ဆိုပြီး ကြက်သားလေးသွားဝယ်ပြီး ကြက်သွန်များများလေးနဲ့ ချက်လိုက်တယ်။ ခေါက်ဆွဲသုပ်မရခင် ဆာနေမှာစိုးလို့ ပေါက်ဆီလုပ်ပြီးသားဝယ်ခဲ့တာ(ကြက်သားနဲ့) ။ အိမ်ရောက်တော့ ထမင်းအိုးအန် (ပေါင်းချောင်)နဲ့ပေါင်းပေးလိုက်တယ်။ ဟီးးးးးးးးးး အထဲက ကြက်သားက ကုလားလိုချက်ထားတာကြီး။ တရုတ်လိုလဲဟုတ်ဘူး။ စားရတာတော့ မဆိုပါဘူး။ Puff တွေထဲ ထည့်တဲ့အရသာလိုမျိုးပဲ။ ပေါက်စီကို ကုလားလိုအရသာမျိုးခုမှ စားဖူးတယ်။ ကဲပါလေ ဒီနေ့တော့ခေါက်ဆွဲသုပ်လေးပဲ သုံးဆောင်သွားပါအုံးနော်။ခေါက်ဆွဲသုပ်လေး သုံးဆောင်သွားပါအုံးလား။ဒီနေ့တော့ ငရုတ်သီးကျက်မှုန့်မပါဘဲ သုပ်ပေးလိုက်တယ်။ ( ကြက်သားချက်ထည့်၊ ပဲပင်ပေါက်ပြုတ်ထည့်၊ ကြက်သွန်နီပါးပါးထည့်၊ ကြက်သွန်မြိတ်ပါးပါးထည့်ပြီးသုပ်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်တော့ဘူး။ ကြက်သားချက်ထည့် တခါတည်းထည့်ထားလိုက်လို့။ လိုအပ်ရင်တော့ ထပ်ထည့်စားနော်။)ပဲပင်ပေါက်ပြုတ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီပါးပါး၊ သံပရာသီးသေးသေးကြက်ဥခေါက်ဆွဲကို ပြုတ်ထားတယ်။ (ဒီကပြုတ်ပြီးသား ဝါ၀ါတွေလဲရှိတယ်။ ဆော်တာများလို့ သိပ်မဝယ်စားဖြစ်ဘူး)ကြက်သားချက် နဲ့ ကြက်ဥပြုတ်အအီပြေ စပျစ်သီး (ဒီနေ့တော့ သူငယ်ချင်းပေးတာ ဟုတ်ဘူးနော်။ ဝယ်ထားတာ။ သူငယ်ချင်းကိုအိမ်အလည်ပြန်ခေါ်လိုက်အုံးမယ်။ စပျစ်သီးပါလာအောင်လို့ :D)အပြင်သွားမှာမို့လို့ ချက်နည်းနောက်နေမှ ရေးတော့မယ်နော်။
97
ဒီနေ့တော့ ဟော့ပေါ့ စားဖူးတာတွေကို တင်လိုက်ပါတယ်။ ဟော့ပေါ့ကို ၄ ခါစားဖူးပါတယ်။ ၄ ခါစားလို့ အထင်မကြီးလိုက်နဲ့အုံး။ ၃ ခါစားတာက ကိုယ့်ပိုက်ဆံမကုန်ဘူး။ အဲလိုပါ။ တခါပဲ ကိုယ့်ပိုက်ဆံကုန်ဖူးတယ်။ ဟီးးးးးး အဲဒီစားဖူးတဲ့ ၃ ဆိုင်မှာ ပထမ အကြိုက်ဆုံးဆိုင်ကChuan Yi Pin (Chinese Restaurant)ပါ။ ဒုတိယအႀကိဳက္ဆုံးကေတာ႔Chong Pang BBQ Buffetပါ။ တတိယတော့ Chinese Garden နားကဆိုင်ပေါ့။Chuan Yi Pin (Chinese Restaurant)မှာက ဂဏန်းတွေကလဲ အကြီးစားကြီးတွေ ၊ ပုဇွန်ကလဲ ပုဇွန်ပျော့တွေ၊ ဝက်နံရိုးကလဲ ကောင်းမှကောင်း ၊ ဒါနဲ့တင် ကြိုက်သွားတယ်။ ဝက်၊ ဆိတ်၊ အမဲ တွေကိုလဲ လိုသလောက် ပါးပါးလွှာပေးပါတယ်။ ကျန်တာတွေလဲ တော်တော်လေးစုံပါတယ်။ ဒီဆိုင်ကို ပြီးခဲ့တဲ့ တနင်္ဂနွေက သွားစားတာ။ ကျွေးတဲ့သူက ကျွန်မရဲ့အစ်ကို ........ ကိုကိုပါ။ိChong Pang BBQ Buffetမှာက ဟိုတစ်ခါ ဒန်ပေါက်ချက်စားတုံးက မင်းသားတို့ လင်မယားနဲ့ သွားစားတာပါ။ ဒုတိယ အကြိမ် ဒီဆိုင်ကို စားဖူးချင်းပါ။ ဆိုင်က တော်တော်လေးကျယ်ပါတယ်။ ဒီဆိုင် သွားစားထားတာ တော်တော်လေးကြာနေပါပြီ။ ဒီဆိုင်ကိုလဲ ကြိုက်ပါတယ်။ ပထမ တစ်ခေါက်က လူဆိုးနဲ့ သွားစားကြသေးတယ်။ သူပဲကျွေးတာ။ ဟီးးးးးးးးChinese Garden နားကဆိုင်ကတော့ နေရာနည်းနည်းကျဉ်းပါတယ်။ ဂဏန်းပေးတာကလဲ ကွက်ကြားကောင်တွေပေးတာ။ ဒါနဲ့တင် ကြိုက်တော့ဘူး။ ဒီတစ်ခါသွားစားကြတဲ့ အုပ်စုက ဘောလုံးအသင်း တစ်သင်းကျော်ရှိတဲ့ အုပ်စုနဲ့ပါ။ အဲဒီနေ့က ၁၃ ယောက်ပါ။ ဒီဘက်အိမ်မပြောင်းခင် တစ်ပတ်အလိုက သွားစားကြတာ။ ၁၃ ယောက်စာလုံးကို လူဆိုးပဲ ကျွေးတာပါ။ လူဆိုးကြီး ကျန်းမာပါစေ ချမ်းသာပါစေရှင်။ ဒါမှ များများကျွေးနိုင်မှာလေ။ နော်။ဒီရက်ပိုင်း ဟင်းအသစ်တောင် မတင်ဖြစ်ဘူး။ လာလည်ကြသူတွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ ဟင်းအသစ်မတင်ဖြစ်ရတဲ့အကြောင်းက ကိုယ်တော်ကြီးက နေမကောင်းလို့ ခွင့် ၂ ရက်ယူလိုက်တာရယ်၊ အိမ်ကအလုပ်လေးတွေရှိနေလို့ အပြင်သွားနေရတာနဲ့ ဘလော့တောင် မဝင်နိုင်ဘူးဖြစ်သွားတယ်။ အဲလို အဲလိုတွေကြောင့်ပါ။Chuan Yi Pin ( Chinese Restaurant) မွာကြိုက်တာ သုံးဆောင်သွားနော်။ အားနာနဲ့။ ဟင်းရည်က အစပ်နဲ့ အချိုပါ။ဂဏန်းလက်မ တစ်ချောင်းတည်းနဲ့ အိုးတစ်ခြမ်းပြည့်နေတယ်။ကျွန်မ ပန်းကန်။ ဟီးးး အကြီးဆုံး ဂဏန်းလက်ကို ရွေးစားတယ်။ဂဏန်းလက်က တော်တော်လေးကိုကြီးပါတယ်။ ဒီဆိုင်မှာ အကြီးဆုံးစားဖူးတာပဲ။ ဂဏန်းလက်တစ်ဖက်တည်းနဲ့တင် လက်တစ်ဝါးစာလောက်ရှိမယ်။ ဒီထက်တောင်မကကြီးတယ် ထင်တယ်နော်။၀က်နံရိုးလဲ ဒီဆိုင်မှာမှ စားဖူးတာ။ တခြားဆိုင်မစားဖူးဘူး။ အသီးအရွက်ပေါ် အသားတင် ရှုပ်အောင်ထည့်ခဲ့တယ်။တွေ့တာ အကုန်ယူလာခဲ့တယ်။ ရေထဲက အကောင်တွေကြီးပဲ။၀က်သဲရယ်၊ အလုံးကြော်ရယ်၊ ငါးရယ်၊ အသားရယ်ဒီဆိုင်က ဂဏန်းတော်တော်လေးကောင်းပါတယ်။ လတ်လဲလတ်၊ ကြီးလဲကြီး။ ပုဇွန်ပျော့တွေတောင် နှောက်ဆုံးမှာတွေ့ခဲ့သေးတယ်။ မစားနိုင်လို့ မယူခဲ့တော့ဘူး။ ပုဇွန်ပျော့လဲ ဒီဆိုင်မှာပဲတွေ့ဖူးတယ်။အအေး ၄ မျိုးနဲ့ ရေခဲမုန့် ၂ မျိုး ကြိုက်သလောက်သောက်၊ ကြိုက်စားလို့ရပါတယ်။အသီးကတော့ ဖရဲသီး နဲ့ ဆန်းကစ်သီးပါ။ဆိုင်ရဲ့ လိပ်စာChuan Yi Pin(Bugis)530 North Bridge Road 01-01Singapore 188747Opening Hours (12:00 pm to 4:00 am)-----------------------Chinese Garden နားက ဆုိင္မွာဒီဆိုင်နာမည်ကိုတောင် မကြည့်ခဲ့မိဘူး။ Chinese Garden MRT ကနေ ဟိုဖက်အခြမ်းကိုကူးလိုက်ပြီး လမ်းနည်းနည်းလျှောက်လိုက်ရင် ဟော့ပေါ့ဆိုင်တွေ့ပါလိမ့်မယ်။တုံယမ်းဟင်းရည်တစ်ခြမ်း၊ ငါးဟင်းရည်တစ်ခြမ်းကြက်နှလုံး နဲ့ ဝက်သားသုပ်၀က်သားပါးပါး၊ ဝက်အစာအိတ်၊ အလုံးကြော်၊ ဂဏန်းချောင်းကြော်ဂဏန်းရယ်၊ ငါးရယ်၊ ဝက်သားပြားပါးပါးရယ်။ (ဂဏန်းက ဒီဂဏန်းပဲရှိတယ်)အအေး ၂ မျိုး၊ ဖရဲသီးနဲ့ မုန့်လုံးကြီးကြော်လိုမျိုးအချိုပါ ပါတယ်။ကင်မရာ ဘက်ထရီ ကုန်သွားလို့ ကျန်တာတွေ ရိုက်ခဲ့ရတော့ဘူး။-----------------------Chong Pang BBQ BuffetမွာChong Pang BBQ Buffet ဆိုင်စားထားတာ တော်တော်ကြာနေပါပြီ။ ကြုံတုံး တင်လိုက်တာပါ။ ဆိုင်က အတော်ကြီး ကျယ်ဝန်းပါတယ်။ ကျယ်ကျယ် ဝန်းဝန်းနဲ့ စားချင်တဲ့သူများ ဒီဆိုင်မှာ သွားစားနော်။ အဲဒီဆိုင်ရဲ့၀က္ဆုိက္လင္႔ေလးပါ။ ကြ်န္မတုိ႔ သြားစားတုံးက တိုပါးရိုးကေနFree Shuttle Bus စီးသွားပါတယ်။အအေး ၄ မျိုးလား၊ ၅ မျိုးလား မှတ်မိတော့ဘူး။ အသီးအနှံတော့မပါဘူး။
98
အမှန်တကယ်က ဆိတ်ရိုးပဲဟင်းနဲ့ ပလာတာချက်စားမလို့ဘဲ။ သွားဝယ်တော့မှ ပလာတာကနေ ချပါတီပဲ ဝယ်တော့မယ်ဆိုပြီး စိတ်ကူးပြောင်းသွားတာ။ ဆိတ်သားအာလူး နဲ့ ပလာတာချက်နည်းကိုတော့ဒီမွာတင်ဖူးပါတယ်နော်။ အခု ဆိတ်ရိုးပဲဟင်းချက်နည်းကလဲ ဆိတ်သားအာလူးချက်နည်းအတိုင်းပါပဲ သိပ်မကွာပါဘူး။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ဒီမှာလဲ စားစရာတွေညီမလေးမြူးရဲ့ ကြက်သားပလာတာကိုအန်ဒီရဲ့ ချာပါတီနှင့်ဆိတ်နို့ခဲဟင်းဆိတ်ရိုးပဲဟင်း နဲ့ ချပါတီဟင်း သုံးဆောင်သွားပါအုံးလား။ ဆိတ်ရိုးကတော့ ဘုရားစူးအရိုးကြီးပဲ။ ဇွန်း ခရင်းကို ဟန်နဲ့ပန်နဲ့တာ ထည့်ထားလိုက်တယ်။ ပြီးတော့ လက်နဲ့စားတယ်။ ဆိတ်ရိုးက လက်နဲ့စားမှ ပိုအဆင်ပြေတယ်။ ချပါတီ ၆ ချပ်ကြော်ထားပါတယ်။ ကိုယ်တော်ကြီးအတွက် ၄ချပ်၊ ကျွန်မအတွက် ၂ချပ်။ အစားအသောက်မက်တဲ့ ကျွန်မ ဒီ၂ချပ်ကို မကုန်ဘူး။ ခံတွင်းပျက်နေတယ်။ :(ဆီသိပ်မပါဘဲ ကြော်ထားတယ်။ (ချပါတီကို ရေခဲသေတ္တာအပေါ်ထပ်မှာ ထည့်ထားပါ၊ ကြော်မှ တခုချင်းသွားယူနော်။ ဒါမှ ပလက်စတစ်ခွာရတာ၊ ကြော်ရတာပိုအဆင်ပြေတယ်ထင်လို့။ အိုးပူလာမှ ဆီနည်းနည်းထည့် ၊ မီးရှိန်ဖြည်းဖြည်းနဲ့ စိတ်ရှည်လက်ရှည်ကြော်ပါ။ ကျွန်မကတော့ တူတစ်ဖက်၊ ဇွန်းပြားပြားတစ်ဖက်စီ ကိုင်ပြီးကြော်ပါတယ်။)ဆိတ်ရိုးနဲ့ပဲဟင်းရည်သခွားသီး အချဉ်သုပ် (ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း၊ သံပရာသီးညစ်ထည့်ထားပါတယ်ရှင်)ချပါတီကြော် ကျွတ်ကျွတ်လေး။ဒီဟာကိုဝယ်စားပါတယ်။ ၁၀ ချပ်ပါတယ်။ ပလာတာဆိုရင်လဲ ဒီတံဆိပ်ကောင်းပါတယ်။ ၅ ချပ်ပါတယ်။ အထုပ်မှာပါတဲ့ ဂရမ်ချင်းတော့ အတူတူပဲ။ ပလာတာက နည်းနည်းပိုထူတယ်။ ချပါတီက နည်းနည်းပါးတယ်။အအီပြေ စပျစ်သီး စားသွားပါအုံးလား။ သူငယ်ချင်း ၂ ယောက် အိမ်လာလည်တုံးက ဝယ်လာပေးခဲ့တာ။လိုအပ်သောအရာဆိတ်ရိုးကုလားပဲ လက် ၂ ဆုပ်ကြက်သွန်နီ ၂ လုံးလေးခြမ်းစိတ်၊ ကြက်သွန်ဖြူ ၃ တက်ထောင်း၊ ဂျင်း လက်တဆစ်ထောင်းအရည်သခွားသီး တခြမ်းငရုတ်သီးစိမ်းသံပရာသီးသေးသေးဆိတ်ရိုးပဲဟင်းချက်ပုံဆိတ်ရိုးကိုရေသေချာဆေးပါ။ ပြီးရင်လဲဆားနဲ့ နယ်ပြီးရေဆေးလိုက်တယ်။ ပြီးတော့ မန်ကျည်းမှည့်ကိုရေဖျော်ပြီး ဆိတ်ရိုးကိုပြန်ဆေးလိုက်တယ်။ (၃ ခါ ၊ ၄ ခါ လောက်ဆေးလိုက်ပါ) မဟုတ်လဲ ၅ မိနစ် လောက်မန်ကျည်းမှည့်ရေဖျော်ထဲ စိမ်ထားလိုက်ပါ။ ဆိတ်သားက တခြားအသားတွေနဲ့ မတူဘူး။ အနံ့နံမှားစိုးလို့။ ငါးတွေ မှန်သမျှလဲ မန်ကျည်းမှည့်နဲ့ဆေးတယ်။ အဲလိုဆေးလိုက်ရင် ငါးညှီတဲ့အနံတွေပျောက်သွားပါတယ်။ ပြီးရင်ဆိတ်ရိုးကို ဆား၊ အချိုမှုန့်၊ ဆနွင်း၊ အရောင်တင်မှုန့်၊ ဇီယာမှုန့်(ဆိတ်သားဆို ဇီယာမှုန့်ထည့်ရင်ကောင်းတယ်ပြောလို့)၊ ဂျင်းထောင်းရည်တို့နဲ့နယ်ပေးပါ။ ကုလားပဲကိုလဲ ရေစိမ်ထားလိုက်ပါ။ ပြီးချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်ပြီးဆီသတ်ပါ။ ပြီးနယ်ထားတဲ့ ဆိတ်ရိုးကိုထည့်ပါ။ ခဏလောက် လုံးထားပါ။ ( ၅မိနစ် ၁၀မိနစ်လောက်ပေါ့) ရေနွေးထည့်၊ ပဲထည့်ပြီး နူးနေအောင်တည်ထားပါ။ ဆီပြန်လာခါးနီး ကုလားလေး မဆလာပါနည်းနည်းထည့်လိုက်တယ်။ အနံများမွှေးကြိုင်လာရင်တော့ ဆိတ်ရိုးပဲဟင်းချက်ရပါပြီ။ ဒီလိုလေး ချက်စားကြည့်ပါလား။
99