text
stringlengths
22
74.7k
id
int64
1
1.11k
မိုးအုံ့အုံ့‌လေးမှာ ရှူးရှူးရှဲရှဲနဲ့ ချွေးပြန်သွားစေမယ့်အစားအစာအစာလေးတွေစားသင့်တယ်နော်။ ဒါ့ကြောင့် အိမ်မှာဘဲ သုပ်စားလို့လွယ်တဲ့ ချဉ်ငန်စပ်ရှူးရှဲ အပ်မှိုသုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ပါဝင်ပစ္စည်းများအပ်မှို ၁ထုပ်ထန်းလျှက် ၁ခဲငရုပ်သီးစိမ်း ၇တောင့်ကြက်သွန်ဖြူ ၅မွှာမုန်လာဥနီသေးသေး ၁လုံးသံပုရာသီး ၂လုံးပုစွန်ခြောက်မှုန့် အနည်းငယ်ကြက်သားမှုန့် အနည်းငယ်ငံပြာရည်အချို 3ဇွန်းခရမ်းချဉ်သီး၁လုံးပြုလုပ်နည်:အပ်မှိုကို ရေစင်စင်ဆေးပီး ဆားအနည်းငယ်ထည့်ပြုတ်ပါ။ ငရုပ်သီးစိမ်း/ထန်းလျှက်/ကြက်သွန်ဖြူကိုထောင်းထားပါ။ ခရမ်းချဉ်သီးကို ရှစ်စိတ်ခွဲထားပါ။ ပြီးလျှင် အပ်မှိုကို ‌ဆယ်ယူ ပြီး ရေစစ်ထားပါ။ နောက်ဆုံးတွင် ထောင်းထားသော ကြက်သွန်ဖြူ/ငရုပ်သီး /ထန်းလျှက် ပုစွန်ခြောက်မှုန့် တို့ကိုထည့်ပါ။မုန်လာဥနီကို အခွံခွာပြီး ခြစ်ထည့်ပါ။ သံပုရာရည်လေးညှစ်ပါ။ ပြီးလျှင် အားလုံးကိုရောနယ်ပါ။ ပဲထောင့်ရှည်သီးနှင့် သင်္ဘောသီးကိုလဲ ကြိုက်လျှင်ထည့်နိုင်ပါသည်။
1
ဖက်ထုပ်ပြုတ်ဆိုတာ လူကြိုက်များတဲ့ တရုတ် အစားအစာတစ်မျိုးပါ။ လုပ်ရတာ လွယ်ကူသလို စားလို့လည်းတကယ်ကောင်းပါတယ်။ ဆိုင်မှာစားရင် စားလို့ကလည်း မဝသေး၊ ပိုက်ဆံ ကုန်မှာလည်း စိုးတဲ့ သူတွေအတွက် အိမ်မှာ ၃၀၀၀ ကျပ် ဝန်းကျင်နဲ့ ဖက်ထုပ်ပြုတ်အဝ လုပ်စားကြည့်ရအောင်။ပါဝင်ပစ္စည်း နှင့် ကုန်ကျစရိတ်ဖက်ထုပ်ရွက် ၂ ထုပ်- ၈၀၀ ကျပ် (၄၀၀ကျပ် x ၂)(တစ်ထုတ်မှာ အခု ၂၀ ခန့်ပါပြီး စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။)ကြက်သား ၂၀၀ ဂရမ် – ၁၅၀၀ ကျပ်ကြက်ဥတစ်လုံး – ၁၅၀ ကျပ်ကုဆိုင် ၁ စည်း – ၃၀၀ ကျပ်ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ကော်မှုန့်၊ ကြက်သွန်ဖြူ – ၁၀၀၀ကျပ်ရေပြုလုပ်နည်းကြက်သားကို နှုတ်နှုတ်စင်းထားပြီး ကြက်သားမှုန့်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကော်မှုန့် ၄ ဇွန်းခန့် နဲ့ ရောနယ်ပါ။ ပြီးရင်တော့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ကုဆိုင်ကို ရောနယ်ပါ။ ဖက်ထုပ်ရွက်လေးတွေပေါ်မှာ နယ်ထားတဲ့ အသားကို ထည့်ပါ။ ပြီးရင်တော့ ဖက်ထုပ်ရွက်ကို တြိဂံ ပုံစံခေါက်ပြီး ဘေးနှစ်ဖက်က ဖက်ထုပ်ရွက်ကိုလိမ်ပြီး ခေါက်ထည့်လိုက်ပါ။ အိုးတစ်လုံးထဲသို့ ရေနဲ့ ကြက်သွန်ဖြူ ကို ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။ ပြီးရင်တော့ လိပ်ထားတဲ့ ဖက်ထုပ်လေးတွေကို ၅ မိနစ်ခန့်ထည့်ပြုတ်ပါ။ဖက်ထုပ်တွေ ကျက်ပြီဆိုရင်တော့ ပုဂံလုံးထဲ ထည့်ကာ ငရုတ်ကောင်းမှုန့်၊ ဟုဆိုင်အနည်းငယ် ခတ်ကာ သုံးဆောင်နိုင်ပါပြီ။ ချဉ်ငံစပ် ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီး အနည်းငယ်ညှပ်၊ သံပုရာသီးလေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။
2
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အထင်ကရ ဆွဲဆောင်မှုရှိ လှသော နေရာ တစ်ခုဖြစ်ပါသည်။  ထင်ရှားလှသော ရှမ်းရိုးရာ အစားအစာများ နှင့် လှပလှသော အင်းလေးကန်ကြောင့် အထူး ကျော်ကြားလှပါသည်။ အင်းလေးကန်ရှိ ရေပေါ် စိုက်ခင်း များမှာလည်း တစ်မူထူးခြားလှပြီး မြင်တွေ့ရခဲသော ခြေထောက် တစ်ဖက်တည်းကိုသာ အသုံးပြုပြီး လှေလှော်ခတ်သူများကို လည်း ရှမ်းပြည် နယ်တွင် သာ တွေ့ရှိနိုင်ပါသည်။ ရှမ်းပြည်နယ်တွင် ရိုးရာ အစားအစာမြောက်မြားစွာ ရှိုပြီး ရှမ်းထမင်းချဉ်၊ မြီးရှည်၊ ရှမ်းတို့ပူး နှင့် ရှမ်းခေါက်ဆွဲတို့မှာ အထူးကျော်ကြားသော အစားအစာများ ဖြစ်ကြသည်။ရှမ်းခေါက်ဆွဲသည် ရှမ်းလူမျိုးတို့၏ ရိုးရာ အစားအစာ ဖြစ်ပါသည်။ ရှမ်းခေါက်ဆွဲသည် ဆန်ခေါက်ဆွဲနှင့် ဝက်သား(သို့မဟုတ်) ကြက်သား ဖြင့်ရိုး ရှင်းစွာ ပြုလုပ်စားသုံးနိုင်ပါသည်။ မြန်မာနိုင်ငံ တွင် လူကြိုက်များလှသော အစားအစာ တစ်ခုဖြစ်ပြီး ထင်ရှားကျော်ကြားလှပြီး နေ့လည်စာ အဖြစ်လည်းကောင်း၊ ညစာ အဖြစ်လည်းကောင်း ၊ အဆာပြေစားသုံးစရာ အဖြစ်လည်းကောင်း စားသုံးလေ့ရှိကြသည်။ ရှမ်းခေါက်ဆွဲကို ချက်ပြုတ်ရာတွင်လည်း ဒေသအလိုက် ချက်ပြုတ်နည်းများ အမျိုးမျိုး ကွာခြားလှပါသည်။ ရှမ်းခေါက်ဆွဲကို စားသုံးရာတွင် မုန်ညှင်း ချဉ်နှင့်တွဲဖက်ကာ ရှမ်းခေါက်ဆွဲ အရည်နှင့် ရှမ်းခေါက်ဆွဲသုပ် ဟူ ၍ စတိုင် (၂)မျိုးဖြင့် စားသုံးနိုင်ပါသည်။ အရသာ ရှိလှတဲ့ ရှမ်းခေါက်ဆွဲကိုအိမ်မှာ ကိုယ့်ဘာသာကိုယ် ဘယ်လို ပြုလုပ်စားသုံးနိုင်မလဲ။ ရှမ်းခေါက်ဆွဲ ကြိုက်နှစ်သက်သူများအတွက် လွယ်လွယ်ကူကူ ချက်ပြုတ် စားသောက်နိုင်မဲ့ ရှမ်းခေါက်ဆွဲ ချက်နည်းလေးကို ပြောပြပေးပါမည်။ ပြုလုုပ်ရလွယ်ကူတဲ့ ရှမ်းခေါက်ဆွဲ လေးကို အတူတူ ပြင်ဆင်ကြည့်လိုက်ရအောင်။ မိမိနှစ်သက်ရာ ဝက်သား(သို့မဟုတ်) ကြက်သားကိုအသုံးပြုနိုင်ပါသည်။  အခုပဲ စတင်ပြီး ချက်ကြည့် လိုက်ရအောင်။ပါဝင်ပစ္စည်းများနှုတ်နှုတ်စင်း ထားသော ၂၀၀ ဂရမ် ကြက်သား (သို့မဟုတ်) ဝက်သား။ရှမ်းခေါက်ဆွဲခြောက် ၁ ထုပ်။ကြက်သွန်နီ (ပါးပါးလှီးထားပါ။)ထောင်းထားသော ဂျင်အနည်းငယ်။ထောင်းထားသော ကြက်သွန်ဖြူ အနည်းငယ်။ခရမ်းချဉ်သီး ၄ လုံး။ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်။ပဲပုပ်အနှစ် လက်ဖက်ရည်ဇွန်း  ၂ ဇွန်းခန့်။သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်။ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။မြေပဲမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်။နနွင်းမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။-ခရမ်းချဉ်သီး အချို့ကို ရေတစ်ခွက်ခန့်ထည်ကာ ဆားအနည်းငယ်ထည့်ကာခရမ်းချဉ်သီး အခွံများ ရှုံ့တွ လာသည်အထိ မိနစ်အနည်းငယ်ခန့် ပြုတ်ပါ။  ထို့နောက် ခရမ်းချဉ်သီးများကို ဆယ်ယူကာ အအေးခံထားပါ။-အအေးခံထားစဉ် အတွင်း ကြက်သားကို နှုတ်နှုတ်စင်းထားပါ။ ထို့နောက် ပဲငပိဆော့စ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်၊ ဆား နှင့် သကြားအနည်းငယ်ကို ကြက်သားတွင် နယ်ကာ အရသာသွင်းပါ။-ခရမ်းချဉ်သီးများအေးလာပြီဆိုလျှင် အခွံများကို ခွာပါ။ ခရမ်း ချဉ်သီးများကို အစေ့ဖယ်ထုတ်ကာ နှုတ်နှုတ်စင်းထားပါ။-ရှမ်းခေါက်ဆွဲခြောက်(သို့မဟုတ်) ဆန်ခေါက်ဆွဲခြောက်ကို ပျော့ပျောင်းနူးညံ့ လာသည်အထိ ပြုတ်ထားပါ။ ထို့နောက် ပန်းကန်ထဲတွင် ထည့်ထားပါ။-ဒယ်အိုးတွင် ဆီထည့်ကာ ဆီပူလာအောင် ပြုလုပ်ပါ။ ဆီပူလာလျှင် ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်များကို  အနံ့များမွှေးကြိုင်လာသည်အထိ ထားပါ။ ထို့နောက် နှုတ်နှုတ်စင်းထားသော အသားများကို ကျက်သည်အထိ ချက်ပြုတ်ကာ နှုတ်နှုတ်စင်းထားသော ပဲငပိ အနှစ်၊ ၊ ငံပြာရည်၊ ပဲငံပြာရည် အကြည်တို့ကို ရော ထည့်ကာခရမ်းချဉ်သီးအဖက်လေးများ လိပ်လာပြီးဆီပြန်လာသည်အထိ အနှစ်ပုံစံ ရရှိလာအောင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အထိထားကာ ချက်ပြုတ်ပါ။ ချက်ပြုတ်နေစဉ် အတွင်း ဟင်းအနှစ် သည် အလွန် ခြောက်ကပ်နေလျှင် ရေ အနည်းငယ်ထည့်ကာ ချက်ပြုတ်ပေးပါ။  ဆီပြန်ပြီး အနှစ်ရလာပြီဆိုလျှင် အိုးကိုချနိုင်ပါပြီ။-ပန်းကန်ပြားထဲရှိ ပြုတ်ထားပြီးသားသော ဆန်ခေါက်ဆွဲများကို ရှမ်းခေါက်ဆွဲ စားသုံးမည့် ပန်းကန်လုံးထဲသို့ထည့်ပါ။ ထို့နောက် မြေပဲမှုန့်၊ ပဲငံပြာရည် အရည်၊ ကြက်သား ဟင်းအနှစ်တို့ကို ထည့်ကာ ရောမွေပြီး စားသုံးနိုင်ပါပြီ။ ရှမ်းခေါက်ဆွဲ အရည် ကြိုက်နှစ်သက်သူများအတွက် ကြက်ပြုတ်ရည်ကို ဆမ်းကာ စားသုံးနိုင်ပါသည်။ ရှမ်းခေါက်ဆွဲကို မုန်ညှင်းချဉ်၊ ဝက်ခေါက်ကြော်တို့ဖြင့် တွဲဖက် စားသုံးနို်င်ပါသည်။-အရသာ ရှိလှတဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်းကို ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။
3
အိမ်ရှင်မများဟာ နေ့တိုင်းနေ့တိုင်း ကိုယ့်မိသားစုအတွက် အကောင်းဆုံးသော ဟင်းလျာများကို ချက်ပေးပြီး ပျော်ရွှင်မှုကို ဖန်တီးနေပေးကြတာဟာ အမှန်တရားပါပဲ။ ဒါပေမဲ့ ဘယ်သူကမှတော့ မွေးလာစတည်းက ပညာစုံမတတ်ပါဘူး။ အိမ်ရှင်မများဟာလည်း ဟင်းချက်တဲ့အနုပညာကို အမြဲသင်ယူနေကြသူတွေပါ။ မိခင်စိတ်ရဲ့ စေတနာဟာ ကြီးမားတဲ့အတွက် မိသားစုအတွက် သင်ယူဖို့ အသင့်ဖြစ်နေကြသူတွေပါ။ ယနေ့မှာတော့ အကောင်းစားဟင်းလျာတစ်ခွက်လို့ ခေါ်နိုင်တဲ့ ငါးသလောက်ပေါင်းနည်းကို ဖော်ပြပေးသွားမှာပါ။ အချိူ့အိမ်ရှင်မတွေ အတွက် ခက်ခဲသောဟင်းတစ်ခွက် မဖြစ်ရလေအောင် ဆက်လက်ဖတ်ရှူစေလိုပါတယ်။ ‌ဖတ်ရ‌တာအဆင်ပြေအောင် အဆင့်ဆင့်ခွဲ ရေးပေးထားပါတယ်နော်။ပြုလုပ်နည်း၁။ငါးသလောက်အားဆေးကြောသန့်စင်ပါ။၂။ထို့နောက် ဗီနီကာ၊ ဆား နှင့် နနွင်း တို့ကို လိုသလောက်မှန်းဆထည့်ကာ နယ်ပါ။၃။ သံပုရာသီးကို ငါးအချိန်အဆပေါ်မူတည်ကာ ညှစ်ထည့်ပြီး နှစ်နာရီကြာနှပ်ထားပါ။ အရိုးများပါပျော့စေရန် ဖြစ်ပါတယ်။၄။ ကြက်သွန်နီ၊ ဂျင်း နှင့် ကြက်သွန်ဖြူ တို့ကိုထောင်းထားပါ။၅။ ဆီလိုသလောက်ထည့်၍ ဆီပူလာလျှင် နနွင်းမှုန့်ထည့်ကာ ဆီသတ်ပါ။၆။ ကြက်သွန်နီ၊ဂျင်း နှင့် ကြက်သွန်ဖြူထောင်းပြီးသား အနစ်ဖြင့် ဆက်လက်ဆီသတ်ပါ။၇။ ကြက်သွန်နံ့မွှေးလာတဲ့အထိ ဆီသတ်ပါ။၈။ ထို့နောက်နှပ်ထားသော ငါးအသားတုံးများအား ထည့်ကာ အနည်းငယ်နှံ့အောင် လှိမ့်ပြီးပါက ရေများများထည့်ကာ    အဖုံးသာအုပ်ထားလိုက်ပါ။၉။ အဖုံးလုံစေဖို့လည်းသတိပြုပါ။၁၀။ ရေခမ်းတိုင်း ပြန်ပြန်ဖြည့်ကာ လေးနာရီကျော်ကြာအထိ ပြုတ်ထားပါ။၁၁။ ငါးအသားတုံးအား လက်နှင့်ဖိကြည့်ကာ အရိုးပျော့မပျော့စမ်းပါ။၁၂။ အရိုးများပျော့သည်အထိ ရေခမ်းတိုင်းထပ်လောင်းဖြည့်ကာ ပြုတ်ပါ။၁၃။ အရိုးများပျော့ပါက ခရမ်းချဉ်သီး နှင့် ကရဝေးရွက်တို့ထည့်ကာ ဟင်းအနှစ်ထွက်သည်အထိ ချက်ပါ။၁၄။ ဖြေးညင်းစွာ ယောင်းမနှင့် မွှေမှသာ အသားတွေ မကျေမှာမို့ သတိထားပါ။၁၅။ ဆီပြန်လျင် အောင်မြင်စွာပြီးဆုံးပါပြီ။ကဲ…..ခက်သလား။ အိမ်ရှင်မ‌တို့ရေ။ မီးအလျော့အတင်းလေးပဲသတိပြုရုံပါ။ပေါင်းအိုးမရှိလည်း ရိုးရိုးအိုးအသုံးပြုလည်း အဆင်ပြေပါတယ်။ အိမ်ရှင်မတို့အားလုံးကို လေးစားစွာအလေးပြုပြီး အကောင်းဆုံးစားဖိုမှူးတွေ ဖြစ်ကြပါစေ ဆုတောင်းရင် ဒီမှာပဲ ခနလေးရပ်နားပါရစေ။ပြန်ဆုံမယ်နော်။
4
ပါဝင်ပစ္စည်းများ၁. ကောက်ညှင်းမှုန့် ငါးဆယ်သား( အနည်းဆုံးတစ်မျိူးစီကိုငါးခုလောက်ရပါတယ်)၂. ထန်းလျက်အညို တစ်ဆယ်သား၃. နှမ်း နှင့် ကုလားပဲ တစ်ဆယ်သားစီ၄. ပဲဆီသန့် ငါးဆယ်သား ( ကျန်းမာရေးအရ ပဲဆီသန့်သာသင့်တော်ပါတယ်)။ပြုလုပ်နည်းဒီသုံးမျိူးက တစ်ပြိုင်နက်တည်း လုပ်လို့ရတဲ့ မုန့်တွေပါ။  အရင်ဆုံးဆန်မှုန့် ငါးဆယ်သားကို ရေ တစ်လီတာထည့််ပြီး မပျော့မမာအနေအထားအထိ ရေလိုအပ်သလောက်ထည့်ပြီးခနနှပ်ထားပေးပါ။ ဆီကိုအိုးထဲထည့်ပြီး ဆီပူလာတဲ့အထိစောင့်ပါ။ ဆီဆူတာနဲ့ နယ်ထားတဲ့ဆန်မှုန့် ကိုလက်တစ်ဆုတ်စာ ယူပြီး လက်ကောက်ပုံပြုလုပ်ပြီး ကြော်ပါရှင်။ နောက်လက်တစ်ဆုတ်စာယူပြီးအပြား ပုံစံလုပ်ပြီး နှမ်းစေ့လေးများကပ်ပြီး ကြော်ပါ။ ပဲကပ်ကြော်အားလည်း ထိုနည်၎င်း  ပြုလုပ်ပါ။ ကြော်ပြီး အနည်းငယ်ရဲလာပါကဆယ်ပါ။ ထန်းလျက်ကိုရေ အနည်းငယ်နှင့် ကြိုပါ ။ မုန့်လက်ကောက်နှင့် နှမ်းကပ်ကြော်ကို ထန်းလျက်ရည်နဲ့စားသုံးနိုင််ပြီး ပဲကပ်ကြော်ကိုတော့ သူ့အတိုင်းလေးစားသုံးနိင်ပါတယ်ရှင်။ကဲ အရမ်းလွယ်ပြီး ဗိုက်လည်းမြန်မြန်တင်းစေပါတယ်။
5
သိပ်ပြီး ပါဝင်ပစ္စည်းမပါပါဖူး။  အဓိကကတော့ အချိူပွဲ အတွက် အရမ်းသင့်တော်ပါတယ် ။ ပါဝင်ပစ္စည်းတွေကတော့၁. ရခိုင်ငှက်ပျောသီး ဆယ်လုံး၂. အုန်းနို့ ဗူးကြီး တစ်ဗူး( City Mart မှာဝယ်လို့ရပါတယ်)၃. သကြားနှစ်ဆယ်သား။ပြုလုပ်နည်းအရမ်းလွယ်ကူပါတယ် ။အုန်းနို့ကိုကြိုပါ။ အုန်းနို့ဆူလာပြီဆိုလျှင် ငှက်ပျောသီးကို အခွံနွှာပြီး သကြားနှင့်အတူရောထည့်ပြီးပြုတ်ပါ ။ အိုးကို  အဖုံးဖုံးထားဖိုု့ မမေ့ပါနှင့်။ ငှက်ပျောသီးများပန််းရောင် သန်းလာပါက စားသုံးရန် အသင့်ဖြစ်ပါပြီ။ ထမင်းစားပြီး အချိူအီအီလေးတည်းလို့ရတာပေါ့နော်။
6
မြန်မာမုန့်လေးတွေကိုမြန်မာပြည်နေချိန်မှာအမှတ်တမဲ့နေခဲ့ကျပေမဲ့အဝေးရောက်သွားတော့မှသတိရပြီးတမ်းတတတ်လာတယ်။ကိုယ်လုပ်တတ်သလောက်လေးလုပ်စားဖြစ်သလိုမတတ်တာလေးတွေကိုလည်းနီးစပ်ရာကိုမေးမြန်ပြီးစမ်းလုပ်စားဖြစ်ခဲ့တယ်။ဒီတခါတော့မြန်မာပြည်ပြန်ရင်းမုန့်ပျားသလက်လုပ်နည်းလေးကိုမုန့်ပျားသလက်ရောင်းတဲ့ဆိုင်မှာသွားပြီးသေသေချာချာအသေးစိတ်မေးပြီးပြန်လာလုပ်စားဖြစ်တာလေးမျှဝေပေးချင်ပါတယ်။မြန်မာမုန့်လေးတွေလုပ်ရာမှာမေးမြန်းပြီးလုပ်ပေမဲ့လို့ချက်ချင်းကြီးမုန့်ကောင်းကောင်းထွက်မလာခဲ့ပါဘူး။အကြိမ်ကြိမ်စမ်းသပ်ရင်းကရလာတဲ့မုန့်အချိုးလေးဖြစ်ပါတယ်။မုန့်နှစ်ကြိတ်တဲ့ခြံနဲ့ကပ်နေလို့သင်ပေးတဲ့ကြိတ်စက်ကအကိုကလည်းစိတ်ရှည်လက်ရှည်သင်ပေးပေမဲ့လို့မုန့်နှစ်စပ်တဲ့ရေအချိုးကိုသူတို့ကလက်မှန်းမျက်မှန်းနဲ့ထည့်ကြတော့ကိုယ်ဘာကိုယ်လိုက်လုပ်ချိန်မှာအခက်အခဲနည်းနည်းရှိပါတယ်။အရင်ကပြောခဲ့သလိုဘဲဆိုဖီယာအတွက်ခက်ခဲတဲ့အထဲမှာမြန်မာမုန့်လုပ်နည်းလေးတွေလည်းပါပါတယ်။အထူးသဖြင့်မြန်မာမုန့်လုပ်ရာမှာအချိုးအတိအကျသင်မပေးနိုင်တာကအဓိကပြသနာလို့ထင်ပါတယ်။မုန့်လုပ်တဲ့ဆန်အမျိုးအစားနဲ့အစိုအခြောက်ပေါ်မူတည်လို့အချိုးအတိအကျပေးဖို့လည်းခဲရင်းပါတယ်။အခုဆိုဖီယာလုပ်ထားတဲ့မုန့်အချိုးလေးမျှဝေပေးပါ့မယ်။အနီးစပ်ဆုံးရေကိုလိုတိုးပိုလျော့ထိန်းပြီးလိုက်လုပ်ဖို့လိုအပ်ပါတယ်။ပါဝင်ပစ္စည်း*********ဆန်မှုန့် - လေးဘူး(၆၀၀ဂရမ်) (နို့ဆီဘူး)ဆား - တစ်ဇွန်း လ္ဘက်ဇွန်းဆော်ဒါ - တစ်ဇွန်း လ္ဘက်ဇွန်းထန်းလျက် - ၁၀၀ ဂရမ်ေရ - ၆ဘူး (ႏို႔ဆီဘူး)ရေနွေးပူ - ၃ဇွန်း စားပွဲဇွန်းပဲပြုတ် - တစ်ပန်းကန်နံနံပင် - တစ်စည်းနှမ်းထောင်း-အနည်းငယ်အုန်းသီး - တစိတ်ဆီ - အနည်းငယ်တွဲဖက်စားရန်*********ခရမ်းချဉ်သီးထောင်းပြင်ဆင်ပြုလုပ်ပုံ************(၁)ဆန်တပြည်ကိုကောက်ညင်းလက်တစ်ဆုပ်ထည့်ပြီးရေစိမ်ကြိတ်ကာစစ်ထားအခြောက်ခံထားသောဆန်မှုန့်ကိုသုံထားခြင်းဖြစ်ပါတယ်။မုန့်ပြုလုပ်ရန်ငစိန်ဆန်ကြမ်းမှာအကောင်းဆုံးဖြစ်ပါတယ်။အခြားဆန်ကိုလည်းအသုံးပြုနိုင်ပေမဲ့ရေနွေးအချိုးကိုအထူးသတိပြုရန်လိုအပ်ပါတယ်။(၂)ထန်းလျက်ကိုရေနို့ဆီဘူးတဘူးခွဲဖြင့်ကျိုပြီးအမှိုက်စစ်ကာအအေးခံထားပါ။(လုံးဝအေးသည်ထိ)(၃)မုန့်ပျားသလက်အချိုအဖြူအတွက်ခွဲပြီး မုန့်နှစ်ရည်ဖျော်ရန်ဇလုံနှစ်ခုဖြင့်အချိုအတွ က်ဆန်မှုန့်တဘူးအဖြူအတွက်ဆန်မှုန့်၃ဘူးဆီခွဲထည့်ပါ။(၄)အချိုအတွက်ဆန်မှုန့်တဘူးတွင်ဆားအနည်းငယ်နှင့်အအေးခံထားသောထန်းလျက်ရည်နို့ဆီဘူးတဘူးခွဲဆော်ဒါလ္ဘက်ဇွန်းလေပုံသုံးပုံထည့်ပြီးမွေထားပါ။(၅)အဖြူမုန့်နှစ်ဖျော်ရန်ဆန်မှုန့်၃ဘူးတွင်ဆားအနည်းငယ်ဆော်ဒါလ္ဘက်ဇွန်းသုံးပုံတပုံထည့်ပါ။ရေနို့ဆီဘူးလေးဘူးခွဲတွင်ရေနွေးပူပူ၃ဇွန်းရောပြီးမွေပေးကာအဖြူမုန့်နှစ်ရည်ဖျော်ထားပါ။(၆)ဆန်ကိုရေစိမ်ရေစစ်ပြီးအမှုန့်ကြိတ်သုံးပါကမုန့်နှစ်ရည်နှပ်ထားရန်မလိုဘဲတန်းပြီးမုန့်လုပ်နိုင်ပါတယ်။ဆန်မှုန့်ခြောက်ကိုအသုံးပြုပါကနာရီဝက်ခန့်နှပ်ထားပေးဖို့လိုအပ်ပါတယ်။(၇)မုန့်ပြားသလက်ပြုလုပ်ရန်မုန့်နှစ်ရည်အသင့်ဖြစ်ပါနံနံပင်ပဲပြုတ်နှင့်နှမ်းထောင်းတို့ကိုအသင့်ပြင်ထားပါ။(၈)မုန်ြ့ပားသလက်ပြုလုပ်ရန်အိုးကိုတော့မြေအိုးကိုအသုံးပြုရပါတယ်။ကျင့်ပြီးသားအိုးကိုမီးဖိုတွင်တင်ပြီးအပူပေးထားပါ။(၉)အိုးပူလာပါကမုန့်နှစ်အဖြူရည်ကိုသမအောင်မွေပေးပြီးယောက်ချိုဖြင့်တဇွန်းခပ်ထည့်ပါ။ပဲပြုတ်နံနံပင်နှင့်နှမ်းထောင်းထည့်ပြီးအဖုံးအုပ်ထားပါ။(၁၀)မုန့်နှစ်ကျက်ပါကအပေါ်ဖက်မှဆီအနည်းငယ်ပုတ်ပေးပြီးခရမ်းချဉ်သီးထောင်းမပျစ်မကျဲဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။(၁၁)မုန့်အချိုအတွက်အောက်ခံမုန့်နှစ်ရည်အဖြူကိုဇွန်းတဝက်အရင်ထည့်ပါ။ပြီးမှသာအချိုမုန့်နှစ်ရည်အုန်းသီးဆံထည့်ပြီးအဖုံးအုပ်ထားပါ။မုန့်နှစ်ကျက်ပါကဆီပုတ်ပေးပြီထုတ်ယူသုံးဆောင်နိုင်ပါပြီ။❀❀မုန့်ပြားသလက်အချိုပြုလုပ်လျှင်အိုးမကပ်စေရန်အောက်ခံအဖြူခံပေးပါ။❀❀နေရာဒေသအရမြေအိုးရရှိရန်မလွယ်ကူပါကအိုးမကပ်သောဒယ်အသေးလေးတွေအသုံးပြုနိုင်ပါတယ်။❀❀မြေအိုးအသစ်ကိုအသုံးပြုလိုပါကမုန့်မကပ်စေရန်အိုးကိုမီးဖိုပေါ်တွင်အပူပေးပြီးဆားနှင့်ဆန်ကိုတူးနေအောင်ထည့်လှော်ပေးပြီးအိုးကျင့်ပြီးမှသာအသုံးပြုပါ။မုန့်ပျားသလက်ရောင်းတဲ့သူကတခါတည်းအိုးပါကျင့်ပေးလိုက်လို့မျှဝေပေးတာပါ။❀❀အသုံးပြုသောဆန်အမျိုးအစားပေါ်မူတည်ပြီးရေနွေးကိုချင့်ချိန်ထည့်ပါ။ဆန်နုဆန်ချောဖြစ်ပါကလျှော့ထည့်ပါ။ရေနွေးပူများလျှင်မုန့်ပျော့ခြင်းမနှပ်ခြင်းများဖြစ်နိုင်ပါတယ်။❀❀နေရာဒေသအလိုက်မုန့်ပြားသလက်ကိုခရမ်းချဉ်သီးထောင်းအစပ်ခပ်ကျဲကျဲလေးပြုလုပ်ပြီးတွဲဖက်စားလေ့ရှိကြပါတယ်။❀❀မုန့်ပျားသလက်အချိုကိုဆော်ဒါပိုထည့်ပေးရပြီးအငံတွင်လျော့ထည့်ပါ။အဖြူတွင်ဆော်ဒါများပါကမုန့်အရောင်ဝါသွားတတ်ပါတယ်။
7
ပါဝင်ပစ္စည်း*********ဆန်မှုန့် - ၃ဘူး(၄၅၀ဂရမ်) (နို့ဆီဘူး)ဆား - တစ်ဇွန်း လ္ဘက်ဇွန်းဆော်ဒါ - ဇွန်းတဝက် လ္ဘက်ဇွန်းေရ - ၄ဘူးခြဲ (နို့ဆီဘူး)ရေနွေးပူ - ၃ဇွန်း စားပွဲဇွန်းပဲပြုတ် - တစ်ပန်းကန်နံနံပင် - တစ်စည်းနှမ်းထောင်း-အနည်းငယ်ဆီ - အနည်းငယ်တွဲဖက်စားရန်**********အကြော်စုံပြင်ဆင်ပြုလုပ်ပုံ************(၁)ဆန်တပြည်ကိုကောက်ညင်းလက်တစ်ဆုပ်ထည့်ပြီးရေစိမ်ကြိတ်ကာစစ်ထားအခြောက်ခံထားသောဆန်မှုန့်ကိုသုံးထားခြင်းဖြစ်ပါတယ်။(၂)မုန့်ပြုလုပ်ရန်ငစိန်ဆန်ကြမ်းမှာအကောင်းဆုံးဖြစ်ပါတယ်။အခြားဆန်ကိုလည်းအသုံးပြုနိုင်ပေမဲ့ရေနွေးအချိုးကိုသတိပြုရန်လိုအပ်ပါတယ်။(၃)မုန့်နှစ်ဖျော်ရန်ဆန်မှုန့်၃ဘူးတွင်ဆားအနည်းငယ်ဆော်ဒါလ္ဘက်ဇွန်းတဝက်ထည့်ပါ။ရေနို့ဆီဘူးလေးဘူးခွဲတွင်ရေနွေးပူပူ၃ဇွန်းရောပြီးမွေပေးကာမုန့်နှစ်ရည်ဖျော်ထားပါ။(၄)ဆန်ကိုရေစိမ်ရေစစ်ပြီးအမှုန့်ကြိတ်သုံးပါကမုန့်နှစ်ရည်နှပ်ထားရန်မလိုဘဲတန်းပြီးမုန့်လုပ်နိုင်ပါတယ်။ဆန်မှုန့်ခြောက်ကိုအသုံးပြုပါကနာရီဝက်ခန့်နှပ်ထားပေးဖို့လိုအပ်ပါတယ်။(၅)ရေမုန့်ပြုလုပ်ရန်မုန့်နှစ်ရည်အသင့်ဖြစ်ပါနံနံပင်ပဲပြုတ်နှင့်နှမ်းထောင်းတို့ကိုအသင့်ပြင်ထားပါ။(၆)အိုးပူလာပါကဆီအနည်းငယ်လူးပြီးမုန့်နှစ်ရည်ကိုသမအောင်မွေပေးပြီးယောက်ချိုဖြင့်တဇွန်းခပ်ထည့်ကာအိုးအနှံံ့ရောက်အောင်ဖြန့်ပေးပါ။ပဲပြုတ်နံနံပင်နှင့်နှမ်းထောင်းထည့်ပါ။(၇)မုန့်နှစ်ကျက်ပါကအပေါ်ဖက်မှဆီအနည်းငယ်ပုတ်ပေးပြီးထုတ်ယူကာအကြော်စြုံဖင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။❀❀အသုံးပြုသောဆန်အမျိုးအစားပေါ်မူတည်ပြီးရေနွေးကိုချင့်ချိန်ထည့်ပါ။ဆန်နုဆန်ချောဖြစ်ပါကလျှော့ထည့်ပါ။❀❀မုန့်ရေပါးလမ်းသရဲမုန့်ပြုလုပ်လိုပါကဆီကိုပိုသုံးပြီးခရမ်းချဉ်သီးငရုပ်သီးမဆလာအုန်းသီးစိမ်းပဲပင်ပေါက်ဂေါ်ဖီစသည်တို့ကိုဒေသအလိုက်ထည့်ပြီးပြုလုပ်လေ့ရှိပါတယ်။
8
ပါဝင်ပစ္စည်း******ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်သာကူမှုန့် - ၆၀ ဂရမ်အုန်းနို့ -၃၀၀ mlေရ - ၁၅၀mlသကြား - ၃၀၀ ဂရမ်ဆီ - ၈၀ ဂရမ်ထောပတ် - ၈၀ ဂရမ်မြေပဲဆန်/သီဟိုဠ်စေ့/ဖရုံယို -လက်တစ်ဆုပ်မလိုင်အလွှာအတွက်ပါဝင်ပစ္စည်း***********************နွားနို့ - ၅၀၀ mlသကြား - ၁၀၀ ဂရမ်ထောပတ် - ၂ဇွန်း စားပွဲဇွန်းပြင်ဆင်ပြုလုပ်ပုံ***********1.ဦးစွာရေ၁၅၀ml၊အုန်းနို့ ၃၀၀mlရောပြီးအ ပူပေးပါ။ (ဆူပွက်ရန်မလို)2.ကောက်ညင်းမှုန့်နှင့်သာကူမှုန့်ကိုဇလုံတခုတွင်ထည့်ပြီးအပူပေးထားသောအုန်းနို့အရောဖြင့်နယ်ပေးပါ။မုန့်နှစ်ရပါကအဖုံးအုပ်ပြီးနာရီဝက်ခန့်ထားပါ။(အမှန်တော့ကောက်ညင်းဆန်ရေစိမ်ကြိတ်ပြီးမှလုပ်ပါတယ်။)3.အားလုံးအသင့်ဖြစ်ပါကဒယ်အိုးထဲတွင်ဆီနှင့်ထောပတ်ကိုအပူပေးပြီးပူလာပါကဖျော်ထားသောမုန့်နှစ်ကိုထည့်ပြီးအဆက်မပျက်မွေပေးပါ။4.ကောက်ညင်းအရောင်ပြောင်းပါကသကြားကိုဖြည်းဖြည်းချင်းထည့်မွေပါ။5.အားလုံးသမကာချောမွေ့လာပါကမြေပဲသို့နှစ်သက်ရာသစ်သီးစေ့နှင့်အုန်းသီး၊ဖရုံယိုတို့ကိုထည့်ကာသမအောင်ထိုးမွေပေးပါ။သမသွားပါကဆီသုပ်ထားေ သာဘမ်းတွင်ထည့်ပြီးအအေးခံကာရိုးရိုးထိုးမုန့်ကိုလိုသလိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။6.မလိုင်ထိုးမုန့်ပြုလုပ်ရန်အတွက်ထိုးမုန့်ကိုအအေးခံထားစဉ်မလိုင်ကျိုရန်ပြင်ဆင်ပါ။7.အိုးမကပ်သောဒယ်တွင်နွားနို့ထည့်ပြီးမီးသေးသေးဖြင့်ပျစ်လာသည်ထိကျိုပေးပါ။မကပ်အောင်နှင့်ဝေမကျစေရန်အဆက်မပျက်မွေပေးပါ။8.ပျစ်လာပါကသကြားနှင့်ထောပတ်ထည့်ကာအနည်းငယ်ခြောက်သည်ထိကျိုပေးပြီးအအေးခံထားသောထိုးမုန့်ပေါ်တွင်ဖြန့်ထည့်ကာအအေးခံပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀❀မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်လိုပါကပါဝင်ပစ္စည်းများကိုသမအောင်မွေပေးပြီးတမိနစ်နှစ်မိနစ်တစ်ကြိမ်ထုတ်ယူပြီးသမအောင်မွေပေးပါ။❀❀မုန့်သားကျက်ပြီးအရောင်ပြောင်းကာကြည်လာလျှင်ဘမ်းတွင်ထည့်ပြီးအအေးခံကာတည်ခင်းနိုင်ပါပြီ။❀❀အုန်းနို့မထည့်ဘဲရေဖြင့်သီးသန့်ပြုလုပ်လိုကလုပ်နိုင်ပါတယ်။❀ပါဝင်ပစ္စည်းများအားလုံးကိုထမင်းပေါင်းအိုးဖြင့်ကျက်အောင်ချက်ပြီးအိုးတွင်ပြောင်းထည့်ပြီးထိုးပါကလည်းလက်ညောင်းသက်သာစေပါတယ်။
9
အညာထန်းလျက်ထွက်တဲ့ဒေသတွေမှာလုပ်လေ့ရှိတဲ့အနုဆုပ်ခေါ်တဲ့ပဲဆုပ်လေးဘဲဖြစ်ပါတယ်။ငယ်စဉ်ခလေးဘဝတွေမှာသာစားခဲ့ဖူးကြမယ်ထင်ပါတယ်။ခုချိန်မှာတော့လုပ်ရောင်းတဲ့သူမတွေ့ရ သလောက်ဖြစ်နေပါပြီ။တနေ့ကယိုးဒယားစျေးသွားရင်လိုချင်တဲ့ပစ္စည်းမရခဲ့ဘဲသကာရည်ကိုတွေ့တော့အမေ့ကိုမေးတာသကာရည်ကဘာလုပ်တာလည်းပေါ့။အဲ့မှာအမေတို့ငယ်ငယ်တုန်းကဖိုးဖိုးရွာပြန်ရင်သကာရည်ပုံးလိုက်သယ်လာပြီးအနုဆုပ်လုပ်ရောင်းတဲ့အကြောင်းပြောပြတယ်။ဒါနဲ့ထုံးစံအတိုင်းစပ်စုစိန်လုပ်ပြီးမမြင်ဖူးမစားဖူးတဲ့အညာကမြန်မာမုန့်တခုက်ုလုပ်ဖြစ်ခဲ့ပါတယ်။လွယ်လွယ်လေးနဲ့ရိုးရာအချိုမုန့်လေးမို့လုပ်စားရအောင်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်...ပါဝင်ပစ္စည်း*********ကုလားပဲမှုန့် (အကျက်)- ၁၅၀ဂရမ်သကာရည် - ၂၀၀ ဂရမ်ပြင်ဆင်ပြုလုပ်ပုံ************1.သကာရည်ကိုခဲနေပါကရေနွေးတဇွန်းခန့်ထည့်ပြီးညောင်စေးပုံစံဖြစ်အောင်မွေပြီးချေထားပါ။(အချို့သကာရည်မှာလေသလပ်ပြီးခြောက်နေတတ်ပါတယ်)2.သကာရည်ပန်းကန်အတွင်းသို့ပဲမှုန့်အကျက်၁၂၀ဂရမ်ထည့်ပြီးသမအောင်မွေပေးပါ။ကျန်ပဲမှုန့်လက်ကျန်ကိုဘမ်းတခုတွင်ထည့်ထားပါ။3.လုံး၍ရသောအနေအထားထိနယ်ပေး ပြီးမိမိနှစ်သက်ရာအရွယ်ဆုပ်လုံးပေးပါ။4.လုံးပြီးသားအနုဆုပ်လေးများကိုပဲမှုန်ဖြူးထားသောဘမ်းတွင်ထည့်ပြီးလိမ့်ကာလူးပေးပါ။5.အားလုံးလုံးပြီးပါကဘမ်းကိုနေပူတွင်တရက်ပြပြီးခြောက်သွားပါကလေလုံသောဘူးတွင်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀အထက်ပါအချိုးမှာ၁၀လုံးမှ၁၅လုံးရရှိပါတယ်။❀ပုံစံဖြင့်ပြုလုပ်လိုပါကဘမ်းတွင်ဖြန့်ထ ည့်ပြီးပုံစံခွက်ဖြင့်ဖြတ်ကာအထက်ပါနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။
10
Coconut Candyအုန်းမှန်ကူကိုငယ်စဉ်ကလေးဘဝကျောင်းမုန့်စျေးတန်းတွေမှာရောင်းတာကိုဝယ်စားဖူးကြမယ်ထင်ပါတယ်။အခြားအိမ်နီးချင်းနိုင်ငံများတွင်လည်းပုံစံအမျိုးမျိုးပြုလုပ်ပြီးအချိုပွဲအဖြစ်တည်ခင်းတာတွေ့ရပါတယ်။မိမိအိမ်မှာထမင်းစားပြီးအချိုတည်းစရာအဖြစ်ပြုလုပ်နိုင်သလိုဆေးသကြားကင်းတဲ့အချိုမုန့်ကိုသားငယ်သမီးငယ်များအတွက်ပြုလုပ်ပေးနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်း*********အုန်းသီး - ၃၀၀ ဂရမ်သကြား - ၄၀၀ ဂရမ်ပြင်ဆင်ပြုလုပ်ပုံ************1.အုန်းသီးကိုအပြင်အမဲများလှီးထုတ်ပြီးအမျှင်ခြစ်ထားပါ။(ဒီမှာတော့ခြစ်ပြီးသားဝယ်ပြီးပြုလုပ်လို့အမျှင်မရပါ)2.ခြစ်ပြီးသားအုန်းသီးကိုမီးအေးအေးဖြင့်အရောင်မပြောင်းအောင်လှော်ပေးပါ။3.အုန်းသီးအတော်လေးခြောက်လာပါကသကြားထည့်ပြီးအဆက်မပျက်မွေပေးပါ။4.သကြားများအရည်ပျော်ပြီးခြောက်လာသည်ထိမွေပေးပါ။5.ခြောက်ပြီးခဲလာပါကဆီလူးထားသောဘမ်းတွင်ဖိထည့်ပြီးအအေးခံထားပါ။6.အတော်အသင့်အေးပါကလိုသလိုလှီးဖြတ်ကာဘမ်းတွင်ဖြန့်ထားပြီးလေသလပ်အခြောက်ခံထား ပါ။7.အားလုံးခြောက်ပြီးမာခဲလာပါကလေလုံသောဘူးတွင်ထည့်ပြီးသိမ်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀နှစ်သက်ရာအရောင်ထည့်ပြီးလည်းပြုလုပ်နိုင်ပါတယ်။❀အအေးခံထားစဉ်မာသွားသည်ထိမစောင့်ဘဲလှီးဖြတ်ပြီးမှသာလေသလပ်ထားပြီးအခြောက်ခံပါ။
11
Sweet Potato Puddingငယ်ငယ်တုန်းကကျောင်းမုန့်စျေးတန်းမှာကန်ဇွန်းဥယိုဆိုပြီးရောင်းတာလေးတွေရှိခဲ့ဖူးပါတယ်။အခုခေတ်တော့နိုင်ငံခြားဖြစ်မုန့်မျိုးစုံပုံစံအမျိုးမျိုးတွေကခလေးငယ်တွေကိုစွဲဆောင်နေကြတာမို့ကျောင်းတွေမှာရောင်းရင်တောင်ဝယ်စားဖြစ်ကြပါတော့မလားမသေချာတော့ပါ..... ဆိုဖီယာတော့ကလေးဘဝကတည်းကနှစ်သက်ခဲ့တဲ့မုန့်လေးဖြစ်သလိုဘယ်အချိန်စားစားမရိုးနိုင်တဲ့မုန့်လေးပေါ့။အိမ်ကသားငယ်သမီးငယ်လေးတွေလုပ်ကျွေးနိုင်အောင်လုပ်နည်းလေးမျှဝေပေး လိုက်ပါတယ်။ပါဝင်ပစ္စည်း********ကန်ဇွန်းဥ - ၈၀၀ ဂရမ်/၅၀ကျပ်သားကြံသကာ/သကြားညို - ၁၀၀ဂရမ်ဆား - လ႓က်ဇွန်းတဝက်ထောပတ်/ဆီ - ၅၀ ဂရမ်မြေပဲလှော် - ၅၀ ဂရမ်နှမ်းလှော် - ၂၀ဂရမ်ပြင်ဆင်ပြုလုပ်ပုံ************(၁)ဦးစွာကန်ဇွန်းဥကိုရေဆေးပြီးနူးအောင်ပြုတ်ထားပါ။(၂)နူးအိပါကအခွံသင်ပြီးကျေအောင်ခြေပါ။ကြံသကာသုံးလိုပါကညောင်စေးကျေ အာင်ကျိုထားပါ။မြေပဲလှော်ပြီးလုံးခြမ်းကွဲကြိတ်ထားပါ။နှမ်းလှော်ထားပါ။(၃)အိုးတခုတွင်ထောပတ်ထည့်ပြီးအပူပေးပါ။ကန်ဇွန်းဥချေထားသည်ကိုထည့်ပါ။သကြားညိုသို့မဟုတ်ကြံသကာဆားထည့်ပြီးသမအောင်မွေပေးပါ။(၄)လုံးပြီးဆီပြန်လာသည်ထိမွေပေးပါ။ဆီပြန်လုံးလာပါကမြေပဲလှော်လုံးခြမ်းကွဲကြိတ်ထားသည်နှင့်နှမ်းလှော်ထည့်ကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။(၅)ဘမ်းတွင်ပုံစံဖြင့်လှီးယူလိုပါကဆီလူးထားသောဘမ်းတခုတွင်ဖိထည့်ပေးပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ကာအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။
12
Tomato Jamခရမ်းချဉ်သီးပေါချိန်တွေမှာပြုလုပ်ပြီးအ ချိုပွဲအဖြစ်တည်ခင်းနိုင်သလိုမနက်ခင်းစာအတွက်ပေါင်မုန့်ဖြင့်လည်းတွဲဖက်သုံးဆောင်နိုင်မဲ့ခရမ်းချဉ်သီးယိုဖြစ်ပါတယ်။ပါဝင်ပစ္စည်း********ခရမ်းချဉ်သီး(အမာသီး)-တစ်ကီလိုကြံသကာ - ၂၅၀ ဂရမ်ထုံးရည်ကြည် - တလီတာ(ထုံးလ္ဘက်စားဇွန်းတဇွန်းရေတလီတာ)ပြင်ဆင်ပြုလုပ်ပုံ************(၁)ခရမ်းချဉ်သီးအသားထူပြီးမာသော အသီးကိုအစေ့ထုတ်ထားပါ။(၂)ထုံးရည်ဖျော်ထားသည်ကိုအပေါ်ရည်ကြည်စစ်ယူပြီးအစေ့ထုတ်ထားသောခရမ်းချဉ်သီးများမြုတ်အောင်တညစိမ်ထားပါ။(၃)မကြာမကြာအထက်အောက်လှန်ပေးပါ။(၄)တညစိမ်ထားသောခရမ်းချဉ်သီးကိုဆယ်ယူရေဆေးသန့်စင်ကာရေစစ်ထားပါ။(၅)ရေစစ်သွားပါကဇကာတခုတွင်ဖြန့်ထည့်ပြီးနေပူပူတွင်တနေလှန်းပါ။(၆)အနည်းငယ်ဖန့်သွားပါကအိုးတခုတွင်ကြံသကာကိုရေ၃ဇွန့်ခန့်ထည့်ပြီးအပူပေး ကာပျော်အောင်ပြုလုပ်ပါ။(၇)ကြံသကာပျော်သွားပါကနေပြပြီး သားခရမ်းချဉ်သီးတို့ကိုထည့်ပြီးမွေပါ။(၈)ကြံသကာရည်ခြောက်လာပါက မီးဖို မှချကာအအေးခံပြီးသန့်ရှင်းသောဘူးပု လင်းတို့ဖြင့်ထည့်ပြီးသိမ်းဆည်းသုံးေ ဆာင်နိုင်ပါပြီ။❀ထုံးရည်စိမ်ခြင်းဖြင့်မာဆပ်ဆပ်ခရမ်းချဉ်သီးယိုကိုရရှိမှာဖြစ်ပါတယ်။❀ထုံးရည်မစိမ်ဘဲခရမ်းချဉ်သီးယိုအကြေကိုကြိတ်ပြီးလည်းပြုလုပ်နိုင်ပါတယ်
13
Banana Pudding With Sagoငှက်ပျောပေါင်းကိုမြန်မာအချိုပွဲတခုအနေဖြင့်သတ်မှန်ကြသလိုမလေးရှားထိုင်းနိုင်ငံနှင့်အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလည်းပြုလုပ်တည်ခင်းလေ့ရှိပါတယ်။ငှက်ပျောပေါင်းသီးသန့်ပြုလုပ်နိုင်သလိုသာကူစေ့အနည်းငယ်ဖြင့်ရောပြီးသာကူငှက်ပျောပေါင်းလည်းပြုလုပ်နိုင်ပါတယ်။ပါဝင်ပစ္စည်း********ရခိုင်ငှက်ပျောသီးမှည့်- ၁၅ လုံးသကြား - ၅၀ ဂရမ်ဆား -အနည်းငယ်ဆွမ်းမွေးရွက် -နှစ်ပင် (optional)နွားနို့ - ၈၀၀ mlအုန်းနို့ - ၂၀၀ mlသာကူစေ့ - ၃ဇွန်း စားပွဲဇွန်းပြင်ဆင်ပြုလုပ်ပုံ***********(၁)ရခိုင်ငှက်ပျောသီးမှည့်ကိုအလုံးလိုက်ရေဆေးပြီးအိုးတခုတွင်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ရေမြုတ်ရုံထည့်ပြီးမီးဖိုပေါ်တွင်၁၅မိနစ်ခန့်ဆူပွက်အောင်တည်ပါ။(အချို့သူများကအဖန်ဓာတ်ထွက်ရန်ကင်ပွန်းချဉ်မန်ကျည်းရွက်တို့ကိုထည့်ပြုတ်လေ့ရှိပါတယ်။)(၂)ပြီးလျှင်ဆယ်ယူပြီးအခွံသင်ကာအိုးသန့်သန့်တခုတွင်ထည့်ပါ။(၃)နွားနို့အုန်းနို့သကြားနှင့်ဆွမ်းမွေးရွက်ထည့်ပြီးမီးအေးအေးဖြင့်ဆူပွက်အောင်တည်ပါ။(၄)ခမ်းသွားပါကရေအနည်းငယ်ဆီထည့်ပေးပြီး ငှက်ပျောသီးနီရောင်သမ်းလာသည်ထိတည်ပေးပါ။(၅)အဖြူရောင်သုံးဆောင်လိုပါကနို့အနည်းငယ်ပျစ်ပြီးငှက်ပျောသီးအိလာသည်နှင့်မီးဖိုမှချကာတည်ခင်းနိုင်ပါပြီ။(၆)လိုချင်သောအရောင်ရပါကသာကူစေ့ကိုရေဆေးပြီးရေနွေးပွက်ပွက်ဆူတွင်အဆံပျောက်ခါနီးထိပြုတ်ပြီးရေဆေးရေစစ်ကာငှက်ပျောပေါင်းထဲထည့်ပါ။သာကူစေ့များသမအောင်ပြုလုပ်ပြီးအပူဖြစ်စေအအေးဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀ဆွမ်းမွေးရွက်မှာအနံ့မွေးရန်အတွက်ထည့်ခြင်းဖြစ်၍အလွယ်တကူမရနိုင်ပါကမထည့်ဘဲပြုလုပ်နိုင်ပါတယ်။❀ငှက်ပျောပေါင်းပြုလုပ်ရန်ရခိုင်ငှက်သီး မှာအကောင်းဆုံးဖြစ်ပြီးဖီးကြမ်းငှက်ပျောသီးဖြင့်လည်းပြုလုပ်နိုင်ပါတယ်။
14
Pathein Halwaမြန်မာပြည်မှာရှိနေစဉ်အချိန်များမှာတောင်အမြဲမစားရတဲ့ပုသိမ်ဟာလဝါကိုအဝေးတနေရာကနေတမ်းတမိတော့ကိုယ်တိုင်လုပ်စားရုံကလွဲလို့အခြားနည်းလမ်းမရှိဖြစ်ပြီပေါ့နော်။ချောင်းသာသွားချိန်နဲ့အပြန်လက်ဆောင်ြ ဖစ်တဲ့ပုသိမ်ဟာလဝါလေးကိုတော့အတော်များများလည်းနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ဟာလဝါနဲ့ထိုးမုန့်များပြုလုပ်ရာမှာလက်ညောင်းအောင်မွေရတဲ့အခက်အခဲကြောင့်လုပ်မစားဖြစ်တာလည်းပါတယ်။ဆိုဖီယာပထမအခေါက်မှာလက်နဲ့မွေထိုးမိတာအရမ်းပင်ပန်းလို့တော်ရုံထပ်မလုပ်စားဖြစ်တော့ဘူး။နောက်ပိုင်းအတော်များများကသက်သာအောင်ပေါင်းအိုးနဲ့အရင်ချက်တယ်ပြီးမှအိုးမကပ်တဲ့ဒယ်နဲ့မီးဖိုပေါ်တင်ထိုးတယ်။မိုက်ခရိုဝေ့နဲ့လည်းသုံးပြီးလုပ်တယ်ဆိုတာတွေ့လာရတော့စမ်းလုပ်ကြည့်တာအတော်လေးသက်သာပြီးအချိန်မရွေးအလွယ်တကူလုပ်စားနိုင်သွားပါပြီ။ထိုးမုန့်လုပ်နည်းကိုအခြေခံလို့မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်ထားတဲ့ပုသိမ်ဟာလဝါလုပ်နည်းလေးကအဝေးရောက်နေသူများအဖို့တော့ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်း********ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်သာကူမှုန့် - ၈၀ ဂရမ်အုန်းနို့ -၂၀၀ mlနွားနို့ / ရေ - ၂၀၀mlသကြား - ၂၅၀ဂရမ်(သကြားညို ၁၅၀ ဂရမ် / သကြားဖြူ ၁၀၀ ဂရမ်)ဆီ - ၄၀ ဂရမ်ထောပတ် - ၄၀ ဂရမ်ဘိန်းစေ့ - ၂၀ ဂရမ် (လှော်ပြီးသား)ပြင်ဆင်ပြုလုပ်ပုံ***********(၁)ဇလုံတခုတွင်ဘိန်းစေ့မှလွဲပြီးကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေထားပါ။(၂)မီးဖိုတွင်ပြုလုပ်လိုပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပြီးအနေတော်မီးဖြင့်ချောမွေ့လာအောင်အဆက်မပြတ်မွေပေးပါ။(၃)မုန့်နှစ်ပျစ်လာပါကဘိန်းစေ့ထည့်ပါ။(၄)မုန့်နှစ်ကျက်ပြီးအရောင်ကြည်လာကာဆီပြန်ပြီးလုံးလာပါကဘမ်းတွင်ထည့်ပြီးအအေးခံကာသုံးဆောင်နိုင်ပါပြီ။(၅)မီးဖိုပေါ်တွင်အိုးဖြင့်ပြုလုပ်လျှင်မွေရသက်သာအောင်ပေါင်းအိုးဖြင့်ချက်ပြီးလည်းဒယ်တွင်ပြောင်းကာဆီပြန်အောင်ထိုးပေးနိုင်ပါတယ်။(၆)မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်လုံးကြီးကြီးတွင်ဖျော်ထားသောမုန့်နှစ်ကိုထည့်ပြီးမိုက်ခရိုဝေ့ဖ်တွင်၁မိနစ်-၂မိနစ်တကြိမ်ထည့်ပြီးထုတ်ယူကာသမအောင်မွေပေးပါ။ဘိန်းစေ့ထည့်ပါ။(၇)မိုက်ခရိုဝေ့အားပေါ်မူတည်ပြီး၆ကြိမ်မှရကြိမ်ပြုလုပ်ပြီးပါကလိုချင်သောမုန့်သားအနေထားရပီဖြစ်၍ဘမ်းတွင်ထည့်ပြီးအအေးခံကာလိုသလိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀❀ကြံသကာကိုအသုံးပြုပါကဦးစွာကြံသကာကိုညောင်စေ့ကျအောင်ကျိုပြီးထည့်ပါ။❀❀လွယ်ကူပြီးလိုချင်သောအရောင်ရရှိရန်သကြားညိုနှင့်သကြားဖြူရောသုံးထားခြင်းဖြစ်ပါတယ်။❀❀သကြားဖြူကြည့်သုံးလိုပါကသကြားကိုကရမလ်အရောင်ရအောင်ကျိုပြီးထည့်ပါ။❀❀အချိုနှစ်သက်ပါကသကြားအချိန်ကိုတိုးပေးနိုင်ပါတယ်။❀❀အပူချိန်ပြင်းပါကမုန့်သားချက်ချင်းကျက်ပြီးသမပြီးမုန့်သားချောအောင်မွေချိန်ကြာတတ်ပါတယ်။
15
Dry Pathein Halwaမြန်မာပြည်မှာရှိနေစဉ်အချိန်များမှာတောင်အမြဲမစားရတဲ့ပုသိမ်ဟာလဝါကိုအဝေးတနေရာကနေတမ်းတမိတော့ကိုယ်တိုင်လုပ်စားရုံကလွဲလို့အခြားနည်းလမ်းမရှိဖြစ်ပြီပေါ့နော်။ချောင်းသာသွားချိန်နဲ့အပြန်လက်ဆောင်ဖြစ်တဲ့ပုသိမ်ဟလဝါအခြောက်နှင့်ပုသိမ်ဟာလဝါလေးကိုတော့အတော်များများလည်းနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ဟာလဝါနဲ့ထိုးမုန့်များပြုလုပ်ရာမှာလက်ညောင်းအောင်မွေရတဲ့အခက်အခဲကြောင့်လုပ်မစားဖြစ်တာလည်းပါတယ်။ဆိုဖီယာပထမအခေါက်မှာလက်နဲ့မွေထိုးမိတာအရမ်းပင်ပန်းလို့တော်ရုံထပ်မလုပ်စားဖြစ်တော့ဘူး။နောက်ပိုင်းအတော်များများကသက်သာအောင်ပေါင်းအိုးနဲ့အရင်ချက်တယ်ပြီးမှအိုးမကပ်တဲ့ဒယ်နဲ့မီးဖိုပေါ်တင်ထိုးတယ်။မိုက်ခရိုဝေ့နဲ့လည်းသုံးပြီးလုပ်တယ်ဆိုတာတွေ့လာရတော့စမ်းလုပ်ကြည့်တာအတော်လေးသက်သာပြီးအချိန်မရွေးအလွယ်တကူလုပ်စားနိုင်သွားပါပြီ။ထိုးမုန့်လုပ်နည်းကိုအခြေခံလို့မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်ထားတဲ့ပုသိမ်ဟာလဝါလုပ်နည်းလေးကအဝေးရောက်နေသူများအဖို့တော့ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။အစိုနဲ့မတူတမူထူးတဲ့အရသာလေးရှိတဲ့ ပုသိမ်ဟာလဝါအခြောက်လေးလုပ်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်း********ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်သာကူမှုန့် - ၈၀ ဂရမ်အုန်းနို့ -၂၀၀ mlနွားနို့ / ရေ - ၂၀၀mlသကြား - ၂၅၀ဂရမ်(သကြားညို ၁၅၀ ဂရမ် / သကြားဖြူ ၁၀၀ ဂရမ်)ဆီ - ၄၀ ဂရမ်ထောပတ် - ၄၀ ဂရမ်ဘိန်းစေ့ - ၂၀ ဂရမ် (လှော်ပြီးသား)ပြင်ဆင်ပြုလုပ်ပုံ***********(၁)ဇလုံတခုတွင်ဘိန်းစေ့မှလွဲပြီးကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေထားပါ။(၂)မီးဖိုတွင်ပြုလုပ်လိုပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပြီးအနေတော်မီးဖြင့်ချောမွေ့လာအောင်အဆက်မပြတ်မွေပေးပါ။(၃)မုန့်နှစ်ပျစ်လာပါကဘိန်းစေ့ထည့်ပါ။(၄)မုန့်နှစ်ကျက်ပြီးအရောင်ကြည်လာကာဆီပြန်ပြီးလုံးလာပါကဘမ်းတွင်ထည့်ပြီးအအေးခံကာသုံးဆောင်နိုင်ပါပြီ။(၅)မီးဖိုပေါ်တွင်အိုးဖြင့်ပြုလုပ်လျှင်မွေရသက်သာအောင်ပေါင်းအိုးဖြင့်ချက်ပြီးလည်းဒယ်တွင်ပြောင်းကာဆီပြန်အောင်ထိုးပေးနိုင်ပါတယ်။(၆)မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်လုံးကြီးကြီးတွင်ဖျော်ထားသောမုန့်နှစ်ကိုထည့်ပြီးမိုက်ခရိုဝေ့ဖ်တွင်၁မိနစ်-၂မိနစ်တကြိမ်ထည့်ပြီးထုတ်ယူကာသမအောင်မွေပေးပါ။ဘိန်းစေ့ထည့်ပါ။(၇)မိုက်ခရိုဝေ့အားပေါ်မူတည်ပြီး၆ကြိမ်မှရကြိမ်ပြုလုပ်ပြီးပါကလိုချင်သောမုန့်သားအနေထားရပီဖြစ်၍ဘမ်းတွင်ထည့်ပြီးအအေးခံကာလိုသလိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။(၈)ပုသိမ်ဟာလဝါအခြောက်ပြုလုပ်ရန်အတွက်လုံးဝအေးသွားပြီးသောပါသိမ်ဟာလဝါကိုလိမ့်တုံးဖြင့်ပြန့်အောင်လိမ့်ပြီးဘမ်းထဲတွင်လေသလပ်ခံတဲ့နည်းနဲ့အခြောက်ခံထားခြင်းဖြစ်ပါတယ်။မကြာခဏအထက်အောက်လှန်ပေးပါ။(၉)အထားခံတဲ့ခြောက်သွားသောပုသိမ်ဟာလ ဝါမှာထုတ်ထုတ်တင်းတင်းလေးဖြစ်ပါတယ်။လိုသလိုလှီးဖြတ်ပြီးဘူးဖြင့်ထည့်ကာသိမ်းဆည်းသုံးဆောင်နိုင်ပါသည်။❀❀ကြံသကာကိုအသုံးပြုပါကဦးစွာကြံသကာကိုညောင်စေ့ကျအောင်ကျိုပြီးထည့်ပါ။❀❀လွယ်ကူပြီးလိုချင်သောအရောင်ရရှိရန်သကြားညိုနှင့်သကြားဖြူရောသုံးထားခြင်းဖြစ်ပါတယ်။❀❀သကြားဖြူကြည့်သုံးလိုပါကသကြားကိုကရမလ်အရောင်ရအောင်ကျိုပြီးထည့်ပါ။❀❀အချိုနှစ်သက်ပါကသကြားအချိန်ကိုတိုးပေးနိုင်ပါတယ်။❀❀အပူချိန်ပြင်းပါကမုန့်သားချက်ချင်းကျက်ပြီးသမပြီးမုန့်သားချောအောင်မွေချိန်ကြာတတ်ပါတယ်။❀❀အခြောက်ခံစဉ်အလွန်ခြောက်သည်ထိမထား ဘဲအတော်အတင့်ခြောက်သည်နှင့်လှီးဖြတ်သိမ်းဆည်းပါ။
16
Black Sticky Rice Cake..............မုန့်ကုလားမည်းလို့လူသိများတဲ့အချိုပွဲကိုများသောအားဖြင့်ထိုးမုန့်ဆိုင်များတွင်တွဲရောင်းလေ့ရှိတာမို့မန္တလေးပြန်မှသာစားဖြစ်တာများပါတယ်။အဝေးရောက်နေသူများနှင့်အလှူအတန်းများဧည့်ခံကျွေးမွေးနိုင်ရန်ကိုယ်တိုင်ပြုလုပ်လိုသူများအတွက်လုပ်နည်လေးမျှဝေပေးလိုက်ပါတယ်။ပါဝင်ပစ္စည်းကောက်ညင်းငချိတ် - ၂ခွက် (ပေါင်းအိုးဆန်ချိန်ခွက်)အုန်းနို့. - ၄၀၀ mlသကြား - ၂၅၀ ဂရမ်ထောပတ် - ၁၅၀ ဂရမ်ဘိန်းစေ့ - အနည်းငယ် (optional)ပြင်ဆင်ပြုလုပ်ပုံ(၁)ဦးစွာကောက်ညင်းငချိတ်ကိုရေဆေးသန့်စင်ပြီးတညသို့မဟုတ်၆နာရီခန့်စိမ်ထားပါ။(၂)ရေစိမ်ပြီးသားငချိတ်ကိုရေတကြိမ်ပြန်ေ ဆးကာရေစစ်ထားပါ။(၃)ကြိတ်စက်တွင်ရေစစ်ထားသောငချိတ်ကိုအုန်းနို့၄၀၀mlထည့်ပြီးချောမွေ့လာသည်ထိကြိတ်ပေးပါ။(၄)လိုအပ်သောအနေအထားထိချောမွေ့ပြီးညက်လာပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပါ။(၅)သကြားနှင့်ထောပတ်ထည့်ပြီးအနေတော်မီးဖြင့်တည်ကာအဆက်မပျက်မွေပေးပါ။(၆)မုန့်သားညက်ပြီးဆီပြန်လုံးလာသည်ထိမွေပေးကာဆီသုတ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပါ။ဘိန်းစေ့ဖြူးလိုပါကလှော်ပြီးသားဘိန်းစေ့ဖြူ းကာအအေးခံထားပါ။မုန့်သားလုံးဝအေးသွားလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀❀ တညထားပြီးမှသာလှီးဖြတ်ပါ။❀❀ဒယ်အိုးဖြင့်မတည်ဘဲမိုက်ခရိုဝေ့ဖ်တွင်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်တွင်ထည့်ပြီးနှစ်မိနစ်တကြိမ်ထုတ်ပြီးသမအောင်မွေပေးပါ။အသုံးပြုသည့်မိုက်ခရိုဝေ့ဖ်အားပေါ်မူတည်ပြီးဆယ်မိနစ်မှဆယ့်ငါးမိနစ်ကြာပါမယ်။
17
မုန့်ဦးနှောက်ကိုနေရာဒေသအလိုက်ပြုလုပ်နည်းရောပုံစံပါကွဲပြားစွာတွေ့ရှိရမှာဖြစ်ပါတယ်။မန္တလေးဘက်မှာတော့မုန့်ဦးနှောက်ကိုအခုလိုဆီချက်နဲ့ခပ်နုနုစိမ့်စိမ့်လေးသုံးဆောင်ကြပါတယ်။ရန်ကုန်ဘက်ကမုန့်ဦးနှောက်ကိုတော့အုန်းဆီချက်ပြီးအချိုသုံးဆောင်ကြလို့အနံ့ရောအရသာပါမတူကွဲပြားလို့နေပါတယ်။အညာကမုန့်ဦးနှောက်ကအမှန်တကယ်ဦးနှောက်စားရသလိုဘဲနူးညံ့ပြီးစိမ့်စိမ့်လေးမို့စားဖူးသူတိုင်းနှစ်သက်ကြမှာအမှန်ပါဘဲရှင်...အဝေးရောက်ချစ်မိတ်ဆွေများအတွက်ဆိုဖီယာရဲ့မုန့်ဦးနှောက်လုပ်နည်းမျှဝေပေးလိုက်ပါတယ်။ပါဝင်ပစ္စည်း********ဆန်မှုန့် (ဆန်ချော) - ၄၈၀ ဂရမ်ေရ - ၂လီတာထုံးရည်ကြည် - ၁လီတာဆား - တစ်ဇွန်း လ္ဘက်ဇွန်းငှက်ပျောဖက် - ပေါင်းရန်တွဲဖက်စားရန်**********ကြက်သွန်နီကြော်/ဆီမြေပဲထောင်းဆားမီးဖုတ်/ဆားလှော်ပြင်ဆင်ပြုလုပ်ပုံ************1.ဦးစွာပထမထုံးရည်ကြည်ပြုလုပ်ထားဖို့လိုပါတယ်။ရေတလီတာထုံးလ္ဘက်ဇွန်းတဇွန်းနှုန်းဖြင့်ဖျော်ပြီးအနည်ထိုင်ကာထုံးရည်ကြည်အသင့်ပြုလုပ်ထားပါ။(ထုံးကိုကွမ်းယာဆိုင်နှင့်စျေးဆိုင်များတွင်ဝယ်ယူနိုင်ပါတယ်။)2.ဆန်မှုန့်ကိုရေနှစ်လီတာဖြင့်ဆားထည့်ပြီးဖျော်ထားပါ။3.အားလုံးအသင့်ဖြစ်ပါကရေဖျော်ထားသောဆန်မှုန့်ကိုမီးဖိုပေါ်တင်ပြီးအဆက်မပျက်မွေပေးပါ။4.တဖြည်းဖြည်းပျစ်လာပါကထုံးရည်ကြည်ကိုတဖက်မှထည့်ပြီးမွေပေးပါ။5.မိနစ်၃၀ခန့်ထိမွေပေးပြီးမုန့်နှစ်ရည်ကိုအနည်းငယ်ယူပြီးရေဇလုံတွင်ချကြည့်ပါ။ခဲနိုင်သောအနေ အထားရပါကမီးပိတ်ပြီးခပ်နွေးနွေးအနေအထားရအောင်ထားပါ။6.အအေးခံထားစဉ်ငှက်ပျောဖက်ကိုရေဆေးသန့်စင်ပြီးမီးပြထားပါ။ရေနွေးပေါင်းအိုးအတင့်တည်ထား ပါ။7.မုန့်ဦးနှောက်အနှစ်အတော်အတင့်နွေးသောအနေရပါကတဇွန်းစာဆီခပ်ပြီးငှက်ပျောဖက်တွင်ထည့်ကာသေချာစွာထုပ်ပြီးပေါင်းမည့်ဘမ်းတွင်စီထည့်ပါ။8.အားလုံးထုပ်ပြီးပါကရေနွေးပေါင်းအိုးတွင်မိနစ်၂၀ခန့်ပေါင်းပြီးငှက်ပျောဖက်နံ့မွေးလာပါကမီးဖိုမှချကာလုံးဝအေးသွားသည်ထိအအေးခံထားပါ။9.တွဲဖက်သုံးဆောင်ရန်အတွက်ကြက်သွန်ကြော်နှင့်ဆီ၊မြေပဲထောင်း၊ဆားမီးဖုတ်တို့ကိုပြင်ဆင်ထားပါ ။10.လုံးဝအေးပြီးခဲသွားသောမုန့်ဦးနှောက်ကိုဓားဖြင့်စိတ်ပြီးအပေါ်မှကြက်သွန်ကြော်ဆီကြက်သွန်ကြော်ဆားမီးဖုတ်မြေပဲထောင်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀ဆန်ကိုကြိတ်ပြီးပြုလုပ်လိုပါကမကြမ်းတောဆန်ကိုအသုံးပြုပါ။❀ရေစိမ်ကြိတ်ပြီးပြုလုပ်သောဆန်မှုန့်ကိုအသုံးပြုပါကရေအချိုးကိုအနည်းငယ်လျော့ပေးပါ။❀ဆားမီးဖုတ်ပြုလုပ်ရန်မြေအိုးဖြင့်ဆားကိုမီးကင်ထားနိုင်သလိုဒယ်အိုးဖြင့်ဆားကိုအရောင်ပြောင်းသည်ထိလှော်ပေးနိုင်သည်။
18
ရှမ်းပြည်မှာသာတွေ့ရတဲ့ရှမ်းမုန့်ဖက်ထုပ်ဖြစ်ပါတယ်။ရိုးရိုးသကြားမုန့်ဖက်ထုပ်နဲ့အနံ့ရောအရသာပါ ကွဲပြားပါတယ်။ပြုလုပ်ရလွယ်ကူပြီးသင်းပျံတဲ့ငှက်ေ ပျာဖက်ရနံ့နဲ့ရှမ်းမုန့်ဖက်ထုပ်ကိုရှမ်းပြည်အလွမ်းပြေမကြာမကြာလုပ်စားဖြစ်ပါတယ်။လုပ်စားကြည့် ရအောင်နော်။ပါဝင်ပစ္စည်း*********ကောက်ညင်းမှုန့်-၃၀၀ဂရမ်ကြံသကာ - ၁၀၀ ဂရမ်ေရ - ၅၀mlငှက်ပျောဖက်ပြင်ဆင်ပြုလုပ်ပုံ***********1.ကြံသကာကိုရေထည့်ပြီးအပူပေးကာပျော်အောင်ပြုလုပ်ပြီးအမှိုက်စစ်အအေးခံထားပါ။2.ပန်းကန်တခုတွင်ကောက်ညင်းမှုန့်နှင့်ကြံသကာရည်ကိုရောနယ်ထားပါ။မာနေလျှင်ရေအနည်းင ယ်ထည့်ပေးနိုင်သည်။3.ပြီးလျှင်မီးပြထားသောငှက်ပျောဖက်ကိုသန့်စင်ပြီးရပုံခန့်အညီအမျှခွဲပြီးဖက်နဲ့ထုပ်ကာပေါင်းမည့်ဇကာတွင်စီထည့်ပါ။4.အသင့်တည်ထားသောရေနွေးပေါင်းခံအိုးတွင်ထည့်ပြီးမိနစ်၃၀မှ၄၅မိနစ်ပေါင်းကာအတွင်းသားကျက်မကျက်စစ်ကြည့်ပြီးအအေးခံကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
19
ရှမ်းပြည်တောင်ပိုင်းအစားအစာတခုဖြစ်တဲ့မျှစ်စိမ့်ဆန်လှော်ဟင်းဖြစ်ပါတယ်။ဒီဟင်းချက်နည်းလေး ကိုမျှဝေပေးလာတာကတော့တောင်ကြီးမြို့မှညီမယွန်းဖူးဖူးဘဲဖြစ်ပါတယ်။ချက်စားကြည့်ရအောင်ေ နာ်။ပါဝင်ပစ္စည်း********မျှစ် - ၁၅၀ ဂရမ်ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်းၾကက္သြန္နီ - ႏွစ္လံုးနနွင်း - အနည်းငယ်ငါးရံ့ - တစ်ကောင်ဆန်လှော်မှုန့် - နှစ်ဇွန်း စားပွဲဇွန်းဆီ - ငါးရံ့ကြော်ရန်ပူစီနံ - တစ်ပန်းကန်ဆား - ဇွန်းတဝက်ဟင်းခပ်မှုန့် - တစ်ဇွန်းပြင်ဆင်ပြူလုပ်ပုံ***********1.မျှစ်အစိမ်းကိုခြစ်ပြီးရေတရက်နှင့်တညစိမ်ထားပါ။2.မျှစ်ပျော့လာပါကအိုးတခုတွင်ဆားအနည်းငယ်ထည့်ပြီးပြုတ်ပါ။ဆူပွက်ပါကရေစစ်ထုတ်ပြီးဒုတိယအကြိမ်ပြုတ်ပြီးရေစစ်ထားပါ။❀ဆိုဖီယာတော့မျှစ်စိမ်းအစားမျှစ်ပြုတ်ကိုအသုံးပြုထားပါတယ်။3.ပြုတ်ထားသောမျှစ်အသင့်ဖြစ်ပါကအိုးတခုတွင်ပြုတ်ထားသောမျှစ်ဂျင်းကြက်သွန်ဖြူနှင့်ရေထည့်ပြီးတည်ပါ။နနွင်းအနည်းငယ်နှင့်ဆီအနည်းငယ်ထည့်ပါ။ ဆားဟင်းခပ်မှုန့်ထည့်ပြီးဆူပွက်အောင်တည်ထား ပါ။4.ဂျင်းကြက်သွန်ဖြူစိမ်းနံ့ပျောက်ပါကဆန်လှော်မှုန့်ထည့်ပါ။5.ကြက်သွန်နီနှစ်လုံးကိုဆီသပ်ပြီးထည့်ပါ။အရသာ အပေါ့အငံမြည်းပါ။အပျစ်အကျဲလိုသလိုပြုပြင်ပါ။6.ငါးရံ့ကိုအကွင်းလှီးပြီးအရသာအနည်းငယ်ဖြင့်နယ်ကာဆီပူတွင်ချကြော်ထားပါ။ပူစီနံများများကို သင်ထားပါ။7.မျှစ်စိမ့်ဆန်လှော်ဟင်းအပျစ်အကျဲအရသာအနေတော်ပါကသုံးဆောင်ခါနီးအချိန်တွင်ပူစီနံရွက်များများခပ်ထည့်ပြီးဆူပွက်အောင်တည်ကာငါးကြော်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ
20
လွယ်ကူမြန်ဆန်ပြီးကျန်းမာရေးနဲ့ညီတဲ့အဆီလွတ်ဟင်းတခွက်ဖြစ်ပါတယ်။နေရာဒေသအလိုက်ချ က်နည်းများအနည်းငယ်ကွဲပြားကြပြီးရှမ်းပြည်မှချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။တွဲဖက်အနေနဲ့ခရမ်းချဉ်သီးထောင်းပဲပုတ်ထောင်းငရုတ်သီးထောင်းတွေနဲ့လိုက်ဖက်တဲ့ဟင်းချိုတခွက်လည်းဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်း********ပဲပြင်းစေ့/ပဲကြား/ပဲလိပ်ပြာ-တစ်ခွက် နို့ဆီခွက်ခရမ်းချဉ်သီး - တစ်လုံးၾကက္သြန္နီ - တစ္လံုးရှမ်းပဲပုတ် - တစ်ချပ်ပြောင်းဖူး/ခရမ်းသီး - optionalဖရုံရွက် - တစ်စည်းပင်စိမ်းရွက် - ၂ခက်ဆား - အနည်းငယ်ပြင်ဆင်ချက်ပြုတ်ပုံ**************1.ဦးစွာပဲကိုရေစိမ်အခွံသင်ပြီးကြက်သွန်နီသေးသေးစိတ်ထည့်ပြီးနူးအိအောင်ပြုတ်ထားပါ။2.ပဲနူးပါကခရမ်းချဉ်သီးသေးသေးစိတ်ထည့်ပါ။ပြောင်းဖူးခရမ်းသီးထည့်လိုပါကသေးသေးလှီးပြီးလုံးချက်ပါ။ဆားထည့်ပါ။3.အသီးအနှံများနူးအိပါကရေကိုလိုသလောက်ထည့်ပါ။ရှမ်းပဲပုတ်ထောင်းထားသည်ကိုထ ည့်ကာဟင်းရည်ကျသည်ထိတည်ထားပါ။4.ဟင်းရည်ကျပါကအရသာအပေါ့အငံမြည်းကာရေဆေးသန့်စင်ထားသောဖရုံရွက်ထည့်ကာဆူပွက်အောင်တည်ပါ။5.ဆူပွက်ပါကပင်စိမ်းရွက်အုပ်ကာမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀ဟင်းရည်အိုးကိုအသင့်တည်ထားပြီးသုံးဆောင်ခါနီးမှသာအရွက်ခပ်ပြီးချက်ချင်းသုံးဆောင်ပါ။❀အထက်ပါနည်းအတိုင်းဖရုံရွက်အစားဘူးရွက်ဖြင့်လည်းချက်နိုင်ပါတယ်။
21
Shan Traditional Cow Foot Pickledရှမ်းရိုးရာအစားအစာတမျိုးဖြစ်တဲ့အမဲခြေထောက်ချဉ်လေးဖြစ်ပါတယ်။နွားခြေထောက်အစားမိမိနှစ်သ က်သလိုအစားထိုးပြုလုပ်နိုင်ပါတယ်။နွားခြေထောက်ကိုတော့နေရာတိုင်းအလွယ်တကူမရနိုင်တာကြောင့်မြန်မာပြည်အလည်ပြန်ရင်းလုပ်စားဖြစ်တာလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။အဆာပြေစာအဖြစ်တည်ခင်းနိုင်သလိုဟင်းတပွဲအနေနဲ့လည်းသုပ်ပြီးဖြစ်စေချက်ပြီးဖြစ်စေတည်ခင်းနိုင်ပါတယ်။ပါဝင်ပစ္စည်း********နွားခြေထောက် - တစ်ချောင်းထမင်းဖြူ - တစ်ပန်းကန်ဆား - အနည်းငယ်ငှက်ပျောဖက်/ပုလင်း - ထုပ်ရန်ပြင်ဆင်ပြုလုပ်ပုံ************1.သန့်စင်ပြီးနွားခြေထောက်ကိုခုတ်ထစ်လှီးဖြတ်ပြီးရေဆေးသန့်စင်ကာဆားနယ်ပြီးရေမြုတ်ရုံထည့်ကာပြုတ်ထားပါ။(ကျက်ရုံ)2.ပြုတ်ပြီးသားနွားခြေထောက်ကိုအရိုးဖယ်ထုတ်ပြီးသေးသေးနုတ်နုတ်စိတ်ထားပါ။3.ခပ်မာမာချက်ထားသောထမင်းကိုဆားအနည်းငယ်ထည့်ပြီးကြေအောင်နယ်ထားပါ။4.သေးသေးနုတ်နုတ်စင်းထားသောနွားခြေထောက်ကိုထမင်းဖြင့်ရောနယ်ပါ။5.ငှက်ပျောဖက်ကိုရေဆေးသန့်စင်မီးကင်ပြီးနယ်ထားသောအရောကိုထည့်ပြီးကျစ်ကျစ်လေးထုတ်ပေးကာဇကာဖြင့်ထည့်ပြီးလေလုံအောင်ထုတ်ပိုးပြီးအလေးဖြင့်အပေါ်မှဖိပေးထားပါ။ငှက်ပျောဖက်ဖြင့်မထုပ်ဘဲပုလင်းဖြင့်လည်းသိပ်ထားနိုင်ပါတယ်။6.ရာသီဥုတုပူအိုက်ပါကနှစ်ရက်ခန့်တည်ပြီးပါကချဉ်ပြီဖြစ်၍ရေခဲသေတ္တာတွင်သိမ်းဆည်းကာငရုတ်သီးကြော်ကြက်သွန်ဖြူဆီချက်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။ဟင်းတခွက်အဖြစ်ကြော်ချက်၍လည်းတ ည်ခင်းနိုင်ပါတယ်။
22
ရှမ်းပြည်ကအစားအစာတခုဖြစ်တဲ့အမဲခြေထောက်ချဉ်ကြော်လေးဖြစ်ပါတယ်။အဆာပြေစာအြ ဖစ်စားနိုင်သလိုဟင်းအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။ပါဝင်ပစ္စည်း********အမဲခြေထောက်ချဉ် - တစ်ပန်းကန်(၄ထုပ်)ၾကက္သြန္နီ -ႏွစ္လံုးကြက်သွန်ဖြူ - ၅ မြောင်းခရမ်းချဉ်သီး - နှစ်လုံးငရုပ်သီးစိမ်း - ၅တောင့်နံနံပင် - အနည်းငယ်ဆီ - အနည်းငယ်ဆား - အနည်းငယ်ဟင်းခပ်မှုန့် - အနည်းငယ်ပြင်ဆင်ချက်ပြုတ်ပုံ**************1.အမဲခြေထောက်ချဉ်ကြော်အတွက်ကြက်သွန်နီပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်၊ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။ငရုပ်သီးထက်ခြမ်းခြမ်းထားပါ။2.အားလုံးအဆင်သင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ကိုဆီသပ်ပါ။ကြက်သွန်ဖြူထည့်ပါ။3.ကြက်သွန်နွမ်းပါကခရမ်းချဉ်သီးထည့်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။အမဲခြေထောက်ချဉ်ထည့် ပါ။4.အားလုံးသမပြီးအနည်းငယ်ထွေးလာပါကအရသာအပေါ့အငံမြည်းပြီးငရုပ်သီးစိမ်းနှင့်နံနံပင်ထည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
23
ရှမ်းအစားအစာတမျိုးဖြစ်တဲ့သရက်သီးဟင်းရည်လေးဖြစ်ပါတယ်။သရက်သီးစိမ်းတလုံးရှိရုံနဲ့ဟင်း တခွက်အဖြစ်တည်ခင်းနိုင်မဲ့အချဉ်ဟင်းလေးဘဲဖြစ်ပါတယ်။ပဲပုတ်ထောင်းကြော်နဲ့လိုက်ဖက်တဲ့ထမင်းမြိန်စေမဲ့အဆီကင်းဟင်းတခွက်လည်းဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်း*********သရက်သီးစိမ်း - တစ်လုံးခရမ်းချဉ်သီး - တစ်လုံးၾကက္သြန္နီ - တစ္လံုးကြက်သွန်ဖြူ  - ၃မြောင်းမြေပဲလှော်ထောင်း - လက်တစ်ဆုပ်ဆား - ဇွန်းတဝက် စားပွဲဇွန်းဟင်းခပ်မှုန့် - အနည်းငယ်နံနံပင် - အနည်းငယ်ပြင်ဆင်ပြုလုပ်ပုံ************1. သရက်သီးစိမ်းကိုအခွံသင်ပြီးပါးပါးလှီးထားပါ။2.ကြက်သွန်နီခရမ်းချဉ်သီးပါးပါးစိတ်ထားပါ။မြေပဲဆံလှော်ပြီးထောင်းထားပါ။ကြက်သွန်ဖြူကိုရို က်ပြားထားပါ။3.အားလုံးအသင့်ဖြစ်ပါကဟင်းရည်ချက်မည့်အိုးတွင်သရက်သီးကြက်သွန်နီကြက်သွန်ဖြူခရမ်းချဉ်သီးတို့ကိုထည့်ပါ။ရေတစ်ပန်းလုံးထည့်ပြီးဆူပွက်အော င်တည်ပါ။4.ဆူပွက်ပါကဆားဟင်းခပ်မှုန့်နှင့်မြေပဲထောင်းထည့်ကာသရက်သီးအနည်းငယ်အိအောင်တည်ပေးပါ။5.သရက်သီးနူးအိပါကအရသာအပေါ့အငံမြည်းပြီးနံနံပင်ခပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
24
တာရှည်အထားခံပြီးအဝေးပို့ချင်သူများအတွက်အဆင်ပြေအကြိုက်တွေ့စေမဲ့ပဲပုတ်စေ့အစပ်ကြော်လေးဖြစ်ပါတယ်။များသောအားဖြင့်ရှမ်းပဲပုတ်အေြ ခာက်ကိုကြော်ကြတာများပေမဲ့အစိုကိုလည်းအခုလိုပုံစံတမျိုးနဲ့ကြော်စားနိုင်ပါတယ်။အနံ့အရသာလည်းမတူဘဲထမင်းမြိန်စေမဲ့ဟင်းရံတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတို့လိုအဝေးေ ရာက်နေသူတွေအတွက်တော့မရှိမဖြစ်ဆောင်ထားတတ်တဲ့အကြော်တမျိုးလည်းဖြစ်ပါသေးတယ်။အဝေးရောက်နေတဲ့မိသားစုမောင်နှမများအတွက်ပြုလုပ်ပေးနိုင်သလိုနေ့စဉ်အလုပ်တဖက်နဲ့ချက်ရပြုတ်ရအချိန်မပေးနိုင်သူများလည်းတခါကြော်ပြီးပုလင်းနဲ့ထည့်သိမ်းထားနိုင်ပြီးသုံးဆောင်နိုင်ပါတယ်။ပါဝင်ပစ္စည်း*********ရှမ်းပဲပုတ်စေ့ - ၄၀၀ ဂရမ်ငရုတ်သီးအကြမ်းမှုန့် - ၃ဇွန်းဆား - အနည်းငယ် (လိုအပ်က)ဆီ - တစ်ပန်းကန်ကြက်သွန်ကြော် (optional)ပြင်ဆင်ပြုလုပ်ပုံ************1.အိုးထဲတွင်ဆီထည့်ပြီးပဲပုတ်စေ့ကိုထည့်ကြော်ပါ။အရသာကိုမြည်းကြည့်ပြီးလိုအပ်မှသာထည့်ပါယအချို့ပဲပုတ်စေ့မှာဆားထည့်ပြီးသားဖြစ်နေတတ်ပါတယ်။2.မီးအေးအေးဖြင့်တဖြည်းဖြည်းကြွပ်လာအောင်ကြော်ပေးပါ။3.ရခါနီးတွင်ငရုတ်သီးကြမ်းမှုန့်ထည့်ကြော်ပါ။ကြက်သွန်ကြော်ရောလိုပါကရောပြိးသမအောင်မွေပေးကာမီးပိတ်ဆီစစ်အအေးခံထားပါ။4.ဆီစစ်ပြီးအေးသွားလျှင်သန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။5.အချဉ်ဟင်းအရွက်ကြော်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။❀အချဉ်ဖောက်ပြီးသားပဲပုတ်စေ့ကိုစျေးမှဝယ်ယူနိုင်ပါတယ်။
25
ပါဝင်ပစ္စည်း********ဂျုးမြစ် - ၃စည်းမန်ကျည်းမှည့် - အနည်းငယ်နနွင်း - အနည်းငယ်ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း စားပွဲဇွန်းခရမ်းချဉ်သီးချက် - သုံးဇွန်းဆား - အနည်းငယ်ဟင်းခပ်မှုန့် - အနည်းငယ်ငရုပ်သီးထောင်းကြော် - အနည်းငယ်မြေပဲထောင်း - ၂ဇွန်းနှမ်းထောင်း - တစ်ဇွန်းကြက်သွန်နီကြော် - ၂ဇွန်းကြက်သွန် - တလုံး (optional)နံနံပင် -အနည်းငယ်ပြင်ဆင်ပြုလုပ်ပုံ***********1.ဂျူးမြစ်ကိုရေဆေးသန့်စင်ပြီးလက်နှစ်ဆစ်ခန့်ဆီဖြတ်ကာနနွင်းနှင့်မန်ကျည်းမှည့်ထည့်ပြီးပြုတ်ပေးပါ။2.ပြုတ်ပြီးဆယ်ယူကာရေစစ်ထားပါ။3.ပြီးလျှင်ပါဝင်သောပစ္စည်းအားလုံးထည့်ပြီးနယ်ကာအရသာအပေါ့အငန်မြည်းပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
26
တိုဖူးခြောက်ချက်ရှမ်းပြည်ဒေသထွက်အစားအစာတခုဖြစ်တဲ့တိုဖူးခြောက်ကိုအတော်များများစားဖူးကြမှာပါ။များသောအားဖြင့်ကြော်စားလေ့ရှိပြီးသားရေစာအဖြစ်လည်းစားကြပါတယ်။တိုဖူးခြောက်ကိုကြော်စားတာအပြင်ချက်စားနိုင်သလိုဟင်းရည်တခွက်အဖြစ်လည်းလုပ်စားနိုင်ပါတယ်။အခုတိုဖူးခြောက်ချက်သက်သတ်လွတ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရအောင်နော် ။ပါဝင်ပစ္စည်း********တိုဖူးခြောက် - ၁၀၀ ဂရမ် (၂ချပ်)ၾကက္သြန္နီ - ၂လံုးခရမ်းချဉ်သီး - ၅လုံးငရုတ်သီးစိမ်း - အနည်းငယ်ကြက်သွန်ဖြူ - ၅မြောင်းနနွင်း - အနည်းငယ်အရောင်တင် - အနည်းငယ်ဆား - ဇွန်းတဝက် စားပွဲဇွန်းနံနံပင် - ၃ပင်ဆီ - အနည်းငယ်ပြင်ဆင်ပြုလုပ်ပုံ***********1.တိုဖူးခြောက်ကိုမချက်ခင်တနာရီခန့်ကြိုပြီးရေနွေးဖြင့်စိမ်ထားပါ။2.ကြက်သွန်ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။ငရုတ်သီးစိမ်းခြမ်းထားပါ။ကြက်သွန်ဖြူသေးသေးစိတ်ထားပါ။3.အားလုံးအသင့်ဖြစ်ပါကဒယ်အိုးထဲတွင်ကြက်သွန်နီကြော်ပြီးနနွင်းအရောင်တင်ထည့်ပါ။အရောင်ဝင်းလာပါကခရမ်းချဉ်သီးကြက်သွန်ဖြူတို့ကိုထည့်ပါ။4.ခရမ်းချဉ်သီးနွမ်းပါကရေအနည်းငယ်ထည့်ပေးပြီးတည်ထားပါ။5.ဟင်းအနှစ်ကြေပါကရေစိမ်ထားသောတိုဖူးခြောက်ကိုသေးသေးညပ်ထည့်ပါ။ဆားနှင့်ရေအနည်းငယ်ထည့်ကာသမအောင်မွေပေးပြီးတိုဖူးခြောက်အိအောင်တည်ပါ။6.တိုဖူးခြောက်အိလာပါကအပျစ်အကျဲလိုသလိုပြုပြင်ကာအပေါ့အငံမြည်းပြီးငရုတ်သီးစိမ်းနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
27
Wonton leafဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။ဖက်ထုပ်ကြော်ဖက်ထုပ်ပေါင်းကိုDimsum တွေမှာလည်းထည့်ပေးလေ့ရှိပါတယ်။အဓိကတချို့ဒေသတွေမှာဖက်ထုပ်ဖက်ဝယ်မရလို့လုပ်နည်းမေးထားသူများအတွက်ရည်ရွယ်ပြီးအားလပ်ရက်မှာမိသားစုတူတူလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ဖက်ထုပ်ဖက်ပြုလုပ်ရန်ပါဝင်ပစ္စည်း************************(အချပ် -၄၀)ဂျုံမှုန့် - ၂၀၀ဂရမ်ဆား - အနည်းငယ်ေရ - ၁၁၀mlကော်မှုန့် - ၃ဇွန်း (လက်ကိုင်လူးရန်)ပြင်ဆင်ပြုလုပ်ပုံ***********(၁)ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေကိုနည်းနည်းဆီထည့်မွေပါ။(၂)လုံးလာပါကလက်ဖြင့်ဆယ်မိနစ်ခန့်ချောမွတ်လာသည်ထိနယ်ပေးကာပလပ်စတစ်ဖြင့်တနာရီခန့်အုပ်ပြီးနှပ်ထားပါ။(၃)နှပ်ပြီးပါကဂျုံလုံးကိုလေးပုံအညီအမျှခွဲကာဖုံးအုပ်ထားပါ။(၄)တပုံကိုခပ်ရှည်ရှည်လိမ့်ပြီးဆယ်ပိုင်းညီတူမျှတူပိုင်းဖြတ်ပါ။(၅)တစ်ပိုင်းဆီကိုကော်မှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပြီးအဝိုင်းပြုလုပ်လိုပါကပုံစံခွက်ဖြင့်ဖြတ်ယူပါ။(၆)ပြီးလျှင်ကော်မှုန့်ဖြူးပြီးအားလုံးကိုထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။လေးထောင့်ပြုလုပ်လိုပါကအဝိုင်းကြီးဖြန့်ကာကော်မှုန့်ဖြူးပြီးခေါက်ပေးကာအထပ်လိုက်ဓားဖြင့်လှီးဖြတ်နိုင်ပါတယ်။**ဤအချိုးဖြင့်ပင်အိမ်လုပ်ဂျုံခေါက်ဆွဲပြုလုပ်နိုင်ပါတယ်။ပြုလုပ်ပြီးသောဖက်ထုပ်ရွက်ကိုလေလုံအောင်ထုပ်ပြီးရေခဲသေတ္တာတွင်၃ရက်ခန့်သိမ်းဆည်းထားနိုင်ပြီးမိမိမိစားလိုသောအချိန်တွင်အစာသွပ်ကာလိုချင်သောပုံစံထုပ်ပေးပါပြီးဆီပူတွင်ချကြော်ခြင်းအိုးကင်းကပ်ကြော်ခြင်းပြုတ်ခြင်းတို့ကိုနှစ်သက်သလိုပြင်ဆင်ပြီးအချဉ်ရည်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
28
Chinese Steamed Chickenကြက်ပေါင်းကိုအထိမ်းအမှတ်မိတ်ဆုံစားဝိုင်းကြီးတွေမှာအကောင်လိုက်တည်ခင်းတတ်ကြသလိုဒင်းမ်ဆမ်းတွေမှာလည်းပွဲသေးအနေနဲ့တည်ခင်းလေ့ရှိကြပါတယ်။ဒီကြက်ပေါင်းလေးပြင်ဆင်ပြုလုပ်ချိန်မှာဆိုဖီယာ့အဖွားကိုအမှတ်ရလွမ်းမိပါ တယ်။ငယ်ငယ်ကနယ်မြို့တွေမှာအခုလိုကြက်သားတွေကိုသန့်ရှင်းပြီးအဆင်သင့်တွေမရှိသေးတော့အိမ်မှာဧည့်ဖိတ်ရှိရင်ကြက်ပေါင်းတပွဲအမြဲပါတော့ကြက်အမွေးနုတ်တာကစလုပ်ရတာပေါ့ ။အိမ်မှာအဖွားတို့ရဲ့ကြက်ကိုင်နည်းပြောပြချင်တာပါ။အမွေးနုတ်ဖို့ရေနွေးဖျောတာကစလုပ်ခိုင်းတယ်။အမွေးမနုတ်ခင်ကိုဗိုက်ခွဲအူထုတ်သန့်ရှင်းပြီးရင်ဗိုက်ကိုအပ်နဲ့ပြန်ချုပ်(ရေညစ်ပတ်တွေဗိုက်ထဲမဝင်အောင်)ပြီးမှရေနွေးဖျောအမွေးနုတ်တယ်ပြီးရင်ကြက်တကောင်လုံးကိုရေနွေးနဲ့ဂျီးချွတ်ဖြူဖွေးနေအောင်ခြစ်ပေးရေချိုးပေးရတယ်။ငယ်ငယ်တုန်းကတော့အဲ့လိုလုပ်ရတာအကြာကြီးပျင်းတော့အဖွားကဆူတယ်မိန်းခလေးမို့မလုပ်တတ်လို့မရဘူးဆိုတော့အဖွားကိုပြန်ပြောခဲ့တာလေးအမှတ်ရမိတယ်။အဖွားရယ်အခုခေတ်လေမြို့ပေါ်မှာကြက်တွေအကောင်လိုက်အမွေးနုတ်သန့်ရှင်းပြီးသားကိုယ်တိုင်နုတ်စရာမလိုဘူးလို့အကွန့်တက်ခဲ့တာပေါ့ :-D :-Dဘာဘဲပြောပြောဒီလိုအချိန်မှာကြက်အကောင်လိုက်ချပေးလည်းလုပ်တတ်ကိုင်တတ်သွားခဲ့တာအဖွားကျေးဇူးတွေကြောင့်ပါ :-) ကြက်ပေါင်းပြုလုပ်ရန်ကြက်ကိုအကောင်လိုက်ရေဆေးသန့်စင်ပြီးရေစစ်ထားပါ။မွေးမြူရေးကြက်ကတော့အရသာအရှိဆုံးပေါ့...မလွယ်ရင်CPလည်းသုံးနိုင်ပါတယ်။ပါဝင်ပစ္စည်း********ကြက်တကောင် - တကီလိုခွဲခန့်ဆား - တစ်ဇွန်း စားပွဲဇွန်းဂျင်း - တတက်ကြက်သွန်ဖြူ -တဥရှောက်ကော - ၃လုံးနာနတ်ပွင့် - ၂ပွင့်ပြင်ဆင်ပြုလုပ်ပုံ***********1.ရေစစ်ထားသောကြက်ကိုဆားဖြင့်တကောင်လုံးအနှံ့လူးပြီးနယ်ထားကာဆားဝင်အောင်တနာရီခန့်နှပ်ထားပါ။ဂျင်းအတက်လိုက်ထုပြီးထည့်ပါ။ရှောက်ကောကိုလည်းထုထားပါ။ကြက်သွန်ဖြူထပ်ခြမ်းခြမ်းထားပါ။2.မွေးမြူရေးကြက်သုံးပါကကြက်နှင့်ရေတခါထဲထည့်ပြီးပြုတ်နိုင်ပါတယ်ကြက်တကောင်လုံးမြုတ်သည်ထိရေထည့်ကာနူးအိသည်ထိပြုတ်ပါ။CPကြက်ကိုသုံးပါကရေဆူပွက်မှသာကြက်သားကိုချပြီးဆယ်မိနစ်ပြုတ်ပါ။3.အသားနူးအိပါကလိုသလိုလှီးဖြတ်ပြီးကြက်ပေါင်းကြက်စွတ်ပြုတ်ကိုကြက်သွန်မိတ်ဖြူးကာတည်ခင်းနိုင်ပါပြီ။
29
အီကြာကွေးလုပ်နည်းကတယောက်နဲ့တယောက်မတူတဲ့လုပ်နည်းတွေရှိနိုင်ပါတယ်။ဒီနည်းလေးကတော့မိရိုးဖလာလုပ်လာတဲ့နည်းမို့နှစ်သက်တယ်အဆင်ပြေတယ်ဆိုရင် လိုက်လုပ်ကြည့်ပါနော်။ပါဝင်ပစ္စည်း  (၁၅ချောင်းစာ)******ဂျုံ - ၅၀၀ ဂရမ်ေရ - ၃၅၀ mlဆား - လ႓က်ဇွန်း တစ်ဇွန်းသကြား - စားပွဲတင်ဇွန်း ၂ ဇွန်းဆီ -  နှစ်ဇွန်းYeast - လ႓က်ဇွန်းတဝက်ဆော်ဒါ - လ႓က်ဇွန်းတဝက်ကြက်ဥ - တစ်လုံးပြုလုပ်နည်း******အီကြာကွေးပြုလုပ်ရာမှာအရေးကြီးဆုံးအချက်ကဂျုံနှယ်တဲ့အချိန်ဖြစ်ပါတယ်။ဇလုံတခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေပေးပါ။ ဂျံုသားများဟာအလွန်ပျော့နေရပါ့မယ်။ပြီးလျှင်ဂျံုသား အားလုံးကိုစားပွဲပေါ်တင်ကာလက်ဖြင့်ဖိချေပြီးရေခြောက်လာသည်ထိ၁၅မိနစ်ခန့်နှယ်ပေးပါ။ရေခြောက်ပြီးလက်တွင်မကပ်စားပွဲတွင်မကပ်တော့သောအနေထားရပါကဂျံုဖြူးပြီးလေးထောင့်အနေခေါက်ကာအဝတ်သို့မဟုတ်ပလပ်စတစ်ဖြင့်အုပ်ပြီးမိနစ် ၃၀ မှ ၄၅ မိနစ်ထိအပွခံထားပါ။လိုအပ်သောအပွအနေထားရပါကစားပွဲတွင်ဂျံုမှုန့်ဖြူးကာခေါက်ထားသောလေးထောင့်အနေထားအတိုင်းအောက်ဘက်မှလက်လျိုပြီးလိုအပ်သောအထူအနေထားထိ ဆွဲဖြန့်ပေးပါ။ အပေါ်ယံမျက်နှာပြင်မခြောက်အောင်အဝတ်ပါးအုပ်ထားပါ။ကြော်ရန်ဆီအိုးအဆင်သင့်တည်ထားပါ။ဆီပူပါကဖြန့်ထားသောဂျံုကိုတစ်လက္မအကျယ်ခန့်ဖြတ်ပေးပါ။ဖြတ်ပြီးသားဂျံုကိုအလယ်မှထပ်ပိုင်းပိုင်းကာတစ်ပိုင်းကိုရေစွတ်ပေးပြီးကျန်တပိုင်းကိုအပေါ်မှထပ်တင်ပေးပါ။အရှည်ပြုလုပ်လိုပါကနှစ်ချောင်းထပ်ပါ။ပြီးလျှင်ခေါက်ဆွဲစားသောတူဖြင့်ထပ်ထားသောဂျံုသားကိုအပေါ်မှဖိပေးပါ။ပြီးလျှင်လက်ဖြင့်ကိုင်ပြီးမိမိလိုချင်သောအရှည်အနေထားထိသာသာဆွဲပြီးဆီပူထည့်ချကြော်ပါ။ဆီပူထည်းချကြော်စဉ်တူတစုံဖြင့်မုန့်ကိုပွလာစေရန်လှုပ်ခပ်ထိုးဆွပေးရပါမယ်။ရွှေဝါရောင်ရသည်ထိကြော်ပြီဆယ်ယူဆီစစ်ကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။
30
Toothpick Muttonတရုတ်အစားအစာတမျိုးဖြစ်တဲ့ငါးမျိုးမဆလာတုတ်ထိုးအသားကြော်အစပ်ဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့အသားရဲ့နူးညံ့မှုရယ်အသားဖတ်လေးများကိုတုတ်ချောင်းလေးများဖြင့်ထိုးပြီးကြော်ထားသည့်အတွက်အဆာပြေစာအဖြစ်သုံးဆောင်နိုင်သလိုဟင်းတခွက်အဖြစ်လည်းတည်ခင်းနိုင်ပါတယ်။ဆိတ်သားအမဲသားတို့ဖြင့်ပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်း*********ဆိတ်သားနုနု - ၂၀၀ ဂရမ်ဂျင်း - လက်တဆစ်ငါးမျိုးမဆလာ - တစ်ဇွန်း စားပွဲဇွန်း(ရှောက်ကော၊ပါကော၊ဟွားကျောက်)ဆား - လ္ဘက်ဇွန်း တဝက်ဟင်းခပ်မှုန့် - အနည်းငယ်ၾကက္သြန္နီ - တစ္လံုး optionalငရုတ်ခြောက်/စိုနံနံပင် - အနည်းငယ်ဆီ - ၄ဇွန်းသြားၾကားထိုးတံပြင်ဆင်ပြုလုပ်ပုံ***********1.ဦးစွာနူးညံသောအသားကိုခပ်ပါးပါးစောင်းစောင်းလှီးဖြတ်ထားပါ။ဂျင်းမျှင်မျှင်လှီးထားပါ။ကြက်သွန်ထည့်လိုပါကအတုံးခပ်ကြီးကြီးလှီးဖြတ်ထားပါ။2.လှီးထားသောအသားကိုဆားဟင်းခပ်မှုန့်ငါးမျိုးမဆလာလှီးထားသောဂျင်းတို့ဖြင့်သမအောင်နယ်ပြီးမိနစ်၃၀ခန့်နှပ်ထားပါ။3.နှပ်ထားပြီးသောအသားကိုတဖတ်ဆီသွားကြားထိုးတံဖြင့်ထိုးထားပေးပါ။4.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ငရုတ်သီးကိုအရောင်ပြောင်းရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။5.လက်ကျန်ဆီဖြင့်အရသာနယ်တုတ်ထိုးထားသောအသားကိုမီးပြင်းပြင်းဖြင့်ကြော်ပေးပါ။6.အသားခြောက်သွားပါကဖယ်ထားသောကြက်သွန်ငရုတ်သီးနံနံပင်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
31
Thai Style Mince Chicken Saladယိုးဒယားစင်းကောသုပ်လေးကိုအဆာပြေဘဲစားစားဟင်းတခွက်အဖြစ်ဘဲလုပ်စားစားစားရတာအဆင်ပြေလှတဲ့အနံ့အရသာနဲ့ပြည့်စုံသောအသုပ်လေးဘဲဖြစ်ပါတယ်။ကြက်သားအစားနှစ်သက်ရာအ သားဖြင့်ပြောင်းပြီးသုပ်နိုင်ပါတယ်။သုပ်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်း******ကြက်သား - ၂၀၀  ဂရမ်  ( နှစ်သက်ရာအသား )ၾကက္သြန္နီ - တစ္လံုးကြက်သွန်မိတ် - ၃ပင်ပူစီနံ - လက်တဆုပ်ရှောက်ခါးရွက် - တစ်ရွက်စပါးလင် - တစ်ချောင်းငရုပ်သီး အလှော်မှုန့် - တစ်ဇွန်း စားပွဲဇွန်းငံပြာရည် - တစ် ဇွန်းသံပုရာရည် - တစ်ဇွန်းဆန်လှော်မှုန့်  - တစ်ဇွန်းအချိုမှုန့် သို့ ဟင်းခပ်မှုန့် - လ႓က်ဇွန်း တစ်ဇွန်းကြက်ပြုတ်ရည်သို့ ရေ - အနည်းငယ်ပြင်ဆင်ပြုလုပ်ပုံ*************1.ဦးစွာအသားကိုကြိတ်ပါသို့မဟုတ်ညက်အောင်စင်းထားပါ။2.စင်းထားသောအသားကိုလက်ကိုင်အိုးတခုတွင်ထည့်ပြီးရေအနည်းငယ်ဖြင့်မီးဖိုပေါ်တွင်အပူပေးပါ။အခဲများမဖြစ်အောင်မွေပေးပါ။ဆူပွက်ပြီးအသားကျက်ပါကမီးဖိုမှချထားပါ။3.ကြက်သွန်နီပါးပါးစိတ်၊ကြက်သွန်မိတ်၊ပူစီနံ၊စပါးလင်နုနုရှောက်ရွက်တို့ကိုသေးသေးစိတ်ပြီးကြက်သားစင်းကောပြုတ်ထားသောအိုးထည်းသို့ရောထည့်ပါ။4.ငံပြာရည်အချိုမှုန့်သံပုရာရည်တို့ဖြင့်အရသာဖြည့်စွက်ပြီးဆန်လှော်မှုန့်၊ငရုပ်သီးမှုန့်၊ထည့်ကာသမေ အာင်မွေပေးပါ။အရသာအပေါ့အငံမြည်းပြီးချဉ်ငံစပ်အသားစင်းကောသုတ်လေးကိုပန်းကန်တွင်တည်ခင်းပြီးပူစီနံအနည်းငယ်ဖြင့်အလှဆင်ကာသုံးဆောင်နိုင်ပါပြီ။5.တွဲဖက်အနေဖြင့်ဆလပ်ရွက်ကောက်ညင်းပေါင်းတို့ဖြင့်လည်းတည်ခင်းသုံးဆောင်လေ့ရှိကြပါတယ်။❀ဆန်လှော်မှုန့်မှာဆန်(သို့)ကောက်ညင်းဆန်ကိုစပါးလင်ရှောက်ရွက်သေးသေးစိတ်ဖြင့်အရောင်ရအောင်ရောလှော်ပြီးခပ်ကြမ်းကြမ်းအနေထားကြိတ်ထားခြင်းဖြစ်ပါတယ်။
32
Chinese Dumpling Soupဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။နှစ်သက်ရာအသားဖြင့်ပြုလုပ်နိုင်ပြီးအဓိကမှာအပြင်အခွံသားဖြစ်ပါတယ်။ဖက်ထုပ်ပြုလုပ်နည်းအမျိုးမျိးုရှိတဲ့အပေါ်မှာဖက်ရွက်မှာလည်းလုပ်နည်းကွဲပြားမှုများရှိပါတယ်။ဖက်ထုပ်ဖတ်ပြုလုပ်နည်းနှင့်ဖက်ထုပ်ပြုတ်ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ဖက်ထုပ်ရွက်ပြုလုပ်ပုံ***************(၂၅ခုစာ)ဂျုံမှုန့် (All purpose flour)- ၂၀၀ဂရမ်ဆား - တစ်ဇွန်း လ္ဘက်ဇွန်းေရဆူ - ၁၂၀ mlဆီ - တစ်ဇွန်း စားပွဲဇွန်းဂျုံ - တစ်ပန်းကန်(လက်ကိုင်ဂျံု)ပြင်ဆင်ပြုလုပ်ပုံ***********1.ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေဆူကိုနည်းနည်းဆီထည့်ပြီးဇွန်းဖြင့်သမအော င်မွေပေးပါ။2.လုံးလာပြီးလက်ဖြင့်ကိုင်၍ရသောအနေအထားရောက်ပါကလက်ဖြင့်နယ်ပေးပါ။ဂျုံအနည်းငယ်ြ ဖူးပြီးနယ်ပေးပါ။ချောမွေ့လာပါကဆယ်မိနစ်ခန့်ဖုံး အုပ်ပြီးနှပ်ထားပါ။3.နှပ်ပြီးပါကဂျုံလုံးကိုအရှည်လိုက်လိမ့်ပေးပြီး၂၅လုံးညီတူမျှတူပိုင်းဖြတ်ပါ။4.တစ်ပိုင်းဆီကိုဂျုံမှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပါ။5.ပြီးလျှင်ဂျုံမှုန့်ဖြူးပြီးထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။❀အများအပြားထပ်မထားရကပ်သွားတတ်သည်။ပါဝင်ပစ္စည်း*********ဖတ်ထုပ်ရွက် - ၂၅ရွက်ကြက်သား  - ၁၅၀ ဂရမ်မုန်ညင်းဖြူ - ၄ရွက်ကြက်သွန်မိတ်/ကျိုချိုက် - အနည်းငယ်ဆား -  တစ်ဇွန်း (လ္ဘက်ဇွန်း)သကြား- ဇွန်းတဝက်ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်းခရုဆီ - တစ်ဇွန်းပြောင်းဖူးမှုန့် - တစ်ဇွန်းဂျင်း - သေးသေးစိတ် တစ်ဇွန်းနှမ်းဆီမွေး - ၂ဇွန်းပြင်ဆင်ပြုလုပ်ပုံ***********1.ကြက်သားကိုနုတ်နုတ်စင်းထားပါ။မုန်ညင်းဖြူကိုရေနွေးဖျောပြီးရေညစ်ထားကာနုတ်နုတ်စင်းထည့်ပါ။ကြက်သွန်မိတ်/ကျုံချိုက်တို့ကိုေ သးသေးစိတ်ထည့်ပါ။2.ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်း မှုန့်ဂျင်းတို့ကိုထည့်ပြီးတူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်)3.ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီးနှပ်ထားသောအသားကိုထည့်ကာအနားသားလေးများခေါက်ကာပုံဖော်ပေးပါ။4.အားလုံးထုပ်ပြီးသွားပါကအိုးတလုံးဖြင့်ဟင်းချိုတည်ထားပါ။5.ပဲငံပြာရည်၊ခရုဆီ၊ဆား၊နှမ်းဆီမွေး၊ကြက်သွန်ဖြူဆီချက်တို့ဖြင့်အရသာဖြည့်စွက်ပေးပါ။6.ဆူပွက်ပါကအရသာအပေါ့အငံမြည်းပြီးထုပ်ထားသောဖက်ထုပ်ထည့်ပါ။ဆူပွက်ပြီးအပေါ်ပေါ်လာပါက၂မိနစ်ခန့်ထပ်တည်ထားပြီးမုန်ညင်းစိမ်းထည့်ကာမီးဖိုမှချကာပဲငံပြာရည်ရှာလကာရည်ငရုပ်သီးစိမ်းရောစပ်ထားသောအချဉ်ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။❀ဤနည်းဖြင့်ပြုလုပ်သောဖက်ထုပ်ပြုတ်မှာဟင်းရည်မပါဘဲပြုတ်ထားသောဖက်ထုပ်ကိုဆော့စ်ဖြင့်လည်းတွဲဖက်တည်ခင်းနိုင်ပါတယ်။
33
Chinese Dumpling with Garlic Oilဖက်ထုပ်ရွက်ပြုလုပ်ပုံ***************(၂၅ခုစာ)ဂျုံမှုန့် (All purpose flour)- ၂၀၀ဂရမ်ဆား - တစ်ဇွန်း လ္ဘက်ဇွန်းေရဆူ - ၁၂၀ mlဆီ - တစ်ဇွန်း စားပွဲဇွန်းဂျုံ - တစ်ပန်းကန်(လက်ကိုင်ဂျံု)ပြင်ဆင်ပြုလုပ်ပုံ***********1.ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေဆူကိုနည်းနည်းဆီထည့်ပြီးဇွန်းဖြင့်သမအော င်မွေပေးပါ။2.လုံးလာပြီးလက်ဖြင့်ကိုင်၍ရသောအနေအထားရောက်ပါကလက်ဖြင့်နယ်ပေးပါ။ဂျုံအနည်းငယ်ြ ဖူးပြီးနယ်ပေးပါ။ချောမွေ့လာပါကဆယ်မိနစ်ခန့်ဖုံး အုပ်ပြီးနှပ်ထားပါ။3.နှပ်ပြီးပါကဂျုံလုံးကိုအရှည်လိုက်လိမ့်ပေးပြီး၂၅လုံးညီတူမျှတူပိုင်းဖြတ်ပါ။4.တစ်ပိုင်းဆီကိုဂျုံမှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပါ။5.ပြီးလျှင်ဂျုံမှုန့်ဖြူးပြီးထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။❀အများအပြားထပ်မထားရကပ်သွားတတ်သည်။ပါဝင်ပစ္စည်း*********ဖတ်ထုပ်ရွက် - ၂၅ရွက်ကြက်သား  - ၁၅၀ ဂရမ်မုန်ညင်းဖြူ - ၄ရွက်ကြက်သွန်မိတ်/ကျိုချိုက် - အနည်းငယ်ဆား -  တစ်ဇွန်း (လ္ဘက်ဇွန်း)သကြား- ဇွန်းတဝက်ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်းခရုဆီ - တစ်ဇွန်းပြောင်းဖူးမှုန့် - တစ်ဇွန်းဂျင်း - သေးသေးစိတ် တစ်ဇွန်းနှမ်းဆီမွေး - ၂ဇွန်းပြင်ဆင်ပြုလုပ်ပုံ***********1.ကြက်သားကိုနုတ်နုတ်စင်းထားပါ။မုန်ညင်းဖြူကိုရေနွေးဖျောပြီးရေညစ်ထားကာနုတ်နုတ်စင်းထည့်ပါ။ကြက်သွန်မိတ်/ကျုံချိုက်တို့ကိုေ သးသေးစိတ်ထည့်ပါ။2.ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်း မှုန့်ဂျင်းတို့ကိုထည့်ပြီးတူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်)3.ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီးနှပ်ထားသောအသားကိုထည့်ကာအနားသားလေးများခေါက်ကာပုံဖော်ပေးပါ။4.အားလုံးထုပ်ပြီးသွားပါကအိုးတလုံးဖြင့်ရေနွေးတည်ထားပါယ5.ရေနွေးဆူပွက်ပါကဖက်ထုပ်များထည့်ပြီးပြုတ်ပေးပါ။နှစ်မိနှစ်ခန့်ဆူပွက်ပြီးပါကဆယ်ယူကာပန်းကန်တွင်ထည့်ပါ။(ခေါက်ဆွဲရောလိုပါကခေါက်ဆွဲကိုရေနွေးဖျောထည့်ပါ။)6.ပြီးလျှင်ဆားဟင်းခပ်မှုန့်နှင့်ကြက်သွန်ဖြူဆီချက်ထည့်ပြီးသမအောင်မွေပေးပါငရုတ်သီးဆီချက်နံနံပင်တို့ဖြင့်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
34
ဇီချွမ်းဖက်ထုပ်ချဉ်စပ်Sichuan Spicy Wontonsဖက်ထုပ်ကိုဒေသအလိုက်ပုံစံအမျိုးမျိုးသုံးဆောင်ကြတဲ့အထဲကဇီချွမ်းပုံစံဖက်ထုပ်ချဉ်စပ်ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။ဖက်ထုပ်ရွက်ပြုလုပ်ပုံ***************(၂၅ခုစာ)ဂျုံမှုန့် (All purpose flour)- ၂၀၀ဂရမ်ဆား - တစ်ဇွန်း လ္ဘက်ဇွန်းေရဆူ - ၁၂၀ mlဆီ - တစ်ဇွန်း စားပွဲဇွန်းဂျုံ - တစ်ပန်းကန်(လက်ကိုင်ဂျံု)ပြင်ဆင်ပြုလုပ်ပုံ***********1.ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေဆူကိုနည်းနည်းဆီထည့်ပြီးဇွန်းဖြင့်သမအော င်မွေပေးပါ။2.လုံးလာပြီးလက်ဖြင့်ကိုင်၍ရသောအနေအထားရောက်ပါကလက်ဖြင့်နယ်ပေးပါ။ဂျုံအနည်းငယ်ြ ဖူးပြီးနယ်ပေးပါ။ချောမွေ့လာပါကဆယ်မိနစ်ခန့်ဖုံး အုပ်ပြီးနှပ်ထားပါ။3.နှပ်ပြီးပါကဂျုံလုံးကိုအရှည်လိုက်လိမ့်ပေးပြီး၂၅လုံးညီတူမျှတူပိုင်းဖြတ်ပါ။4.တစ်ပိုင်းဆီကိုဂျုံမှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပါ။5.ပြီးလျှင်ဂျုံမှုန့်ဖြူးပြီးထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။❀အများအပြားထပ်မထားရကပ်သွားတတ်သည်။ပါဝင်ပစ္စည်း*********ဖတ်ထုပ်ရွက် - ၂၅ရွက်ကြက်သား  - ၁၅၀ ဂရမ်မုန်ညင်းဖြူ - ၄ရွက်ကြက်သွန်မိတ်/ကျိုချိုက် - အနည်းငယ်ဆား -  တစ်ဇွန်း (လ္ဘက်ဇွန်း)သကြား- ဇွန်းတဝက်ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်းခရုဆီ - တစ်ဇွန်းပြောင်းဖူးမှုန့် - တစ်ဇွန်းဂျင်း - သေးသေးစိတ် တစ်ဇွန်းနှမ်းဆီမွေး - ၂ဇွန်းပြင်ဆင်ပြုလုပ်ပုံ***********1.ကြက်သားကိုနုတ်နုတ်စင်းထားပါ။မုန်ညင်းဖြူကိုရေနွေးဖျောပြီးရေညစ်ထားကာနုတ်နုတ်စင်းထည့်ပါ။ကြက်သွန်မိတ်/ကျုံချိုက်တို့ကိုေ သးသေးစိတ်ထည့်ပါ။2.ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်း မှုန့်ဂျင်းတို့ကိုထည့်ပြီးတူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်)3.ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီးနှပ်ထားသောအသားကိုထည့်ကာအနားသားလေးများခေါက်ကာပုံဖော်ပေးပါ။4.အားလုံးထုပ်ပြီးသွားပါကအိုးတလုံးဖြင့်ရေနွေးတည်ထားပါ။5.ရေနွေးဆူပွက်ပါကဖက်ထုပ်များထည့်ပြီးပြုတ်ပေးပါ။နှစ်မိနှစ်ခန့်ဆူပွက်ပြီးပါကဆယ်ယူကာပန်းကန်တွင်ထည့်ပါ။(ခေါက်ဆွဲရောလိုပါကခေါက်ဆွဲကိုရေနွေးဖျောထည့်ပါ။)6.ပြီးလျှင်ဇီချွမ်းဆော့စ်ဖြင့်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ဇီချွမ်းဆော့ပြုလုပ်ပုံ**************ဇီချွမ်းငရုပ်ဆီ - နှစ်ဇွန်း စားပွဲဇွန်းပဲငံပြာရည် - နှစ်ဇွန်းရှာလကာရည် - ၂ဇွန်းနှမ်းဆီမွေး- အနည်းငယ်ကြက်သွန်ဖြူ - တစ်ဇွန်း (အစိမ်း/ဆီချက်)နှမ်းလှော် - အနည်းငယ်သကြား - ဇွန်းတဝက်နံနံပင် - အနည်းငယ်မြေပဲ - အနည်းငယ် (optional)ရေ - ၅ဇွန်း❀ပန်းကန်တခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေပေးကာအပေါ့အငံလိုသလိုပြုပြင်ပါ။❀ကြက်သွန်ဖြူအစိမ်းမနှစ်သက်ပါကဆီချက်ချက်ပြီးသားအစားထိုးသုံးနိုင်ပါတယ်။❀ဇီချွမ်းငရုပ်ဆီပြုလုပ်ရန်ဇီချွမ်းငရုပ်ကောင်းတစ်ဇွန်းနာနတ်ပွင့်၂ပွင့်ကိုဆီ၅ဇွန်းစာဖြင့်မွေးလာအောင်ဆီသပ်ပါ။မွေးလာပါကဆီကိုစစ်ယူပြီးငရုတ်သီးမှုန့်၃ဇွန်းထည့်ပြီးအပူပြန်ပေးပါ။မွေးလာပါကမွေပြီးမီးဖိုမှချပါ။မကျွမ်းအောင်ဂရုပြုပါ။ဇီချွမ်းငရုပ်ကောင်း(ဟွားကျောက်)တရုတ်ကုန်စုံဆိုင်များတွင်မေးဝယ်နိုင်ပါတယ်
35
ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံးအကုန်အရေးကြီးပါတယ်။တချို့မုန့်လုပ်နည်းများလိုပါဝင်ပစ္စည်းအချိုးအစားမှန်ရုံနဲ့ပေါက်စီလှလှကောင်းကောင်းမထွက်လာနိုင်တဲ့မုန့်တခုလည်းဖြစ်ပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုအရှင်းဆုံးရေးပေးထားတဲ့အတွက်တဆင့်ချင်းကိုသေချာဖတ်ပြီးလိုက်လုပ်မယ်ဆိုရင်အဆင်ပြေနိုင်ဖို့မျော်လင့်ပါတယ်။❀❀ဝါသနာရှင်များမေးထားတဲ့မေးခွန်းများအားလုံးကိုခြုံပြီးအတွေ့အကြံုများစွာကိုအခြေခံလို့အရေးကြီးလိုအပ်တဲ့သတိပြုရမဲ့အချက်တွေထပ်မံဖြည့်စွက်ပေးထားပါတယ်။အောင်မြင်ကြပါစေ....ပေးထားသောအချိုးဖြင့်ပြုလုပ်ပါကပုံတွင်ပြထားသောminiအလုံးလေးဆယ်ခန့်ရပါတယ်။ဂျုံသားအတွက်ပါဝင်ပစ္စည်း (၄၀လုံး)******************ဂျုံ - ၅၀၀ ဂရမ် (All Purpose Flour)Yeast ပွဆေး - ၁/၃ စားပွဲဇွန်းသကြား - ၅၀ဂရမ်ဆား - ၃ဂရမ် အနည်းငယ်ဆီ - ၅၀ ဂရမ်ကြက်ဥ - တလုံးေရ - ၂၀၀ mlပြင်ဆင်ပြုလုပ်ပုံ***********(၁)ဂျုံကိုဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးထည့်ပြီးဂျံုသားချောမွေ့လာသည်ထိနှယ်ပါ။❀❀ရေကိုအကုန်မထည့်ဘဲဖြည်းဖြည်းဆီထည့်နယ်ပါ၊ဂျံ ုအမျိုးအစားပေါ်မူတည်ပြီးအပျော့အမာကွဲနိုင်ပါတယ်။❀❀မုန့်သားဖြူရန်ဂျုံနယ်သားကျရန်အရေးကြီးပါတယ်။လက်ဖြင့်နယ်လျှင်မိနစ်၂၀နှင့်စက်ဖြင့်၁၂မိနစ်။(၂)ဂျုံသားညက်ပါကညီတူညီမျှ၁၂လုံးလုံးပြီးအစာသွပ်ရန်၅မိနစ်ခန့်နှပ်ထားပါ။(၃)မိမိနှစ်သက်ရာအစာကိုအဆင်သင့်လုပ်ထားပါ။❀❀ ပဲယို၊အုန်းသီး၊အသားတို့ကိုပူနွေးမနေစေရန်ဂရုပြုပါ။(၄)ဂျုံသားနှပ်ပါကလိမ့်တုန်းဖြင့်ပြားပြီးအစာသွပ်ပါ ။❀❀  လိမ့်တုံးဖြင့်ဖြန့်၍ရလျှင်ဂျုံနှပ်ပါပြီ။(၅)အစာသွပ်ပြီးသားပေါက်စီကိုမိမိပေါင်းမည့်ဘမ်းတွင်တခါတည်းစက္ကူခံပြီးတင်ပါ။❀❀ အစာသွပ်ပြီးအပွခံထားစဉ်မုန့်ကိုမထိရမကိုင်ရဘမ်းပြောင်းရွေ့ခြင်းမပြုရ။(၆)အားလုံးအစာသွပ်ပြီးပါကလေလုံအောင်ဖုံးအုပ်ပြီးပူနွေးသောနေရာတွင်အပွခံထားပါ။❀❀ အပွခံထားစဉ်လေလုံရပါ့မယ်လေသလပ်မိပါကမုန့်သားခြောက်ပြီးလိုသလောက်မပွနိုင်ပါ❀❀ရာသီဥတုပေါ်မူတည်ပြီးအပွခံချိန်ကြာမြင့်နိုင်ချိန်မှာအပူဆုံးရာသီတွင်၄၅မိနစ်စောင့်ရပြီးအေးလျှင်၃နာရီနှင့်အထက်ကြာတတ်သည်။ (၇)အပွအနေထားရခါနီးလျှင်ပေါင်းမည့်အိုးကိုရေအစဉ်သင့်တည်ထားပါ။❀❀ ပွပြီဆိုသည်နှင့်တပြိုင်တည်းပေါင်းနိုင်ရန်အပွမလွန်စေရန်အပွလွန်မှပေါင်းပါကမုန့်သားကြမ်းခြင်းအပွပြန်ကျပြီးမုန့်ပြားချပ်သွားခြင်းဖြစ်နိုင်ပါတယ်။(၈)အပွခံထားသောမုန့်လိုအပ်သောအပွအနေထားသို့ရောက်ပါကဆူပွက်နေသာရေပေါင်းခံအိုးသို့တင်ပြီးအဖုံးလုံလုံဖြင့်ဆယ်မိနစ်ခန့်ပေါင်းလျှင်မုန့်သားကျက်ပြီးပေါင်းမှချကာသုံးဆောင်နိုင်ပါပြီ။❀❀အပွခံထားသောပေါက်စီဘမ်းကိုပေါင်းအိုးပေါ်တင်စဉ်တိုက်မိပြုမိခြင်းမရှိအောင်ဂရုပြုပါတိုက်မိပါကအပွသေပြီးကျောက်ပေါက်ရာများပေါ်လာမည်။❀❀ပေါင်းသည့်မီးအရှိန်မှာအမြင့်ဆုံးဖြစ်ရမည်။❀❀ ပေါင်းထားစဉ်တွင်ဆယ်မိနစ်မပြည့်မချင်းဖွင့်မကြည့်ရဖွင့်ကြည့်မိပါကမုန့်သားမကျက်နိုင်တော့ပါ။❀❀ပေါင်းသည့်အိုးရေနွေးငွေ့လုံသောအိုးဖြစ်ရမည်။❀❀မလုံသောအိုးဖြစ်ပါကရေငွေ့အားမပြင်းသဖြင့်မုန့်သားမကျက်နိုင်။ရေနွေးငွေ့မလုံသည့်နေရာကိုအဝတ်ရေစိုဖြင့်ပတ်ထားပေးပါ။ပဲယိုပြုလုပ်နည်း*********ပဲလွန်း - ၂၅ကျပ်သားထန်းလျက် ၂၅ကျပ်သားဆီ - ၁၅ က်ပ္သားဆား - အနည်းငယ်(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ႓က်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။ကြက်သားအစာသွပ်ရန်အတွက်*********************(၁)ကြက်သွန်နီအတုံးသေးသေးစိတ်ပြီးကြော်ပါ။(၂)ကြက်သားစင်းကောထည့်ပါ။(၃)ဆားဟင်းခတ်မှုန့်ရှောက်ကောထည့်ပါ(၄)ကျိုချိုက် ထည့်ပါ။ နှစ်သက်ပါကပဲပင်ပေါက်ထည့်ပါ။(၅)အရသာမြည်းကာဆယ်ယူဆီစစ်ထားပါ(၆)အစာသွပ်မည့်အချိန်တွင်ကြက်ဥအစိမ်းတလုံးထည့်ကာမွေပေးပါ။
36
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှိပါတယ်။ပြုလုပ်ရလွယ်ကူပြီးအရသာထူးတဲ့ကြက်သားဟင်းလေးကိုချက်စားကြည့်ကြရအောင်နော်။ကြက်သားလုံးပြုလုပ်ရန်လိုပါဝင်ပစ္စည်း****************************ကြက်သား - ၃၀၀ ဂရမ်ဂျုံ -၂၅၀ ဂရမ်ကြက်ဥ- ငါးလုံးပြင်ဆင်ပြုလုပ်ပုံ*************1.ကြက်သားကိုအနေတော်အတုံးတုံးထားပါ ။2.ပန်းကန်တခုတွင်ဂျုံကိုကြက်ဥဖြင့်ဖျော်ပါ။ရေမပါ၍စေးပျစ်နေပါမယ် ။ 3.ဖျော်ပြီးသားမုန့်နှစ်ထည်းသို့ကြက်သားတုံးနှစ်ပြီးဆီပူတွင်အရောင်ရသည်ထိချကြော်ကာဆီစစ်ထားပါ။ဟင်းချက်ရန်လိုအပ်သောပစ္စည်း***********************ကြက်သားလုံးကြော်ကြက်သွန်နီ - အလုံးကြီး ၂လုံး (အမြောင်းကြီးကြီးလှီးပါ)ကြက်သွန်ဖြူ  - ၁၅ မြောင်းဂျင်း - တတက် (အမျှင်လှီးထားပါ)ရှောက်ကော - ၂လုံး (တရုပ်မဆလာ)ကြက်ပြုတ်ရည်/ရိုးရိုးရေ - လိုသလောက်ဆီ -အနည်းငယ်ကြက်သွန်မိတ် -ဖြူးရန်ပြင်ဆင်ချက်ပြုတ်ပုံ***************1.ဦးစွာပထမမိမိချက်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်အမြောင်းကြီးနှင့်ကြက်သွန်ဖြူအမြောင်းလိုက်တို့ကိုချကြော်ပါ။နီရောင်သမ်းပါကဆယ်ထုတ်ထားပါ ။ 2.လက်ကျန်ဆီတွင်ဂျင်းလှီးပြီးသားနှင့်ရှောက်ကောကိုထုပြီးဆီသပ်ပါ။3.ကြက်သားလုံးများကိုထည့်ပါ ။ ကြက်ပြုတ်ရည်(ရိုးရိုးရည်)ကြက်သားလုံးမြုပ်အောင်ထည့်ပါ။4.ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပြီးဆူပွက်အောင်တည်ပါ။5.ဆူပွက်လာပါကကြက်သွန်နီဖြူကြော်ထားသည်များကိုရောထည့်ပြီးမီးကိုအသေးဆုံးထိလျော့ချကာကြက်သားလုံးများနူးအိလာအောင်တည်ပေးပါ ။❀❀တည်ထားစဉ်ယောက်မဖြင့်မွေခြင်းကိုဂရုပြုပါ ။❀❀အသားလုံးပုံစံမပျက်အောင်ခဏခဏမမွေဘဲအိုးစောင်းလှုပ်ပေးရုံသာမွေပေးပါ။❀❀ဂျုံနဲ့ကြက်ဥဖျော်ပြီးကြော်ထားသော ကြက်သားလုံးမှာမာကျစ်နေ၍မီးအေးအေးဖြင့်အကြာကြီးတည်ရပါ့မယ်။❀❀မီးပြင်းပါကကြက်သားလုံးကွဲ၍ပွင့်သွားပြီးဟင်းပွဲမလှဖြစ်တတ်ပါတယ်။6.လိုအပ်ပါကရေထပ်ထည့်ပေးပါ။ ကြက်သားတုံးအိမအိကိုတူလေးဖြင့်ထိုးကြည့်ပါ။7.နူးအိပါကမီးဖိုမှချကာပန်းကန်တွင်ကြက်သားတုံးနှင့်ဟင်းရည်ကိုမျှအောင်ထည့်ပြီးကြက်သွန်မိတ်ဖြူးကာသုံးဆောင်နိုင်ပါပြီ ။
37
မုန့်လက်ကောက်ကြော်ကို အပြင်မှာဝယ်စားရင် ဆီ သန့် မသန့်စိတ်ပူရတာရယ် မုန့်မှာ ဆန်ကြမ်းများရင် မာတောင့်တောင့်နဲ့ဆိုရင် စားရတာ အရသာသိပ်မတွေ့တာမို့ ကျမကတော့ အိမ်မှာပဲ ကိုယ့်စိတ်ကြိုက်လုပ်စားလေ့ရှိတယ်။ မု့န်လက်ကောက်မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကလည်း လွယ်လွယ်ကူကူပဲ ဈေးမှာသော်လည်းကောင်း City Mark တွေမှာလည်း အလွယ်တကူဝယ်လို့တယ်ဆိုတော့လေ။ ဒါ့ကြောင့် ဟင်းချက်ဝါသနာရှင်တွေအတွက်လည်း အိမ်မှာ မြန်မာ့ရိုးရာစားစရာမုန့်တစ်မျိုးဖြစ်တဲ့ မုန့်လက်ကောက်ကို အိမ်မှာလုပ်စားလို့ရအောင် မုန့်လက်ကောက်ပြုလုပ်နည်းလေးကိုဝေမျှချင်ပါတယ်။အခုတင်ပြတဲ့ ပါဝင်ပစ္စည်း ထည့်တဲ့အချိုးကတော့ မိသားစု ၃/၄ယောက်စာ စားဖို့အတွက် မုန့်လုပ်ရာမှာထည့်တဲ့ ပါဝင်ပစ္စည်းအချိုးအဆပဲဖြစ်ပါတယ်။ မုန့်လက်ကောက် လုပ်မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေလိုအပ်မှာဖြစ်ပါတယ်-ကောက်ညှင်းမှုန့် ဟင်းစားဇွန်း(၈)ဇွန်းဆန်မှုန့်အစိမ်း ဟင်းစားဇွန်း(၄)ဇွန်းထန်းလျက်(၈)လုံးဆီ ဟင်းစားဇွန်း (၁၀)ဇွန်းဆားအနည်းငယ် လိုအပ်မှာ ဖြစ်ပါတယ်။ပထမဆုံး ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်နဲ့ ဆားအနည်းငယ်တို့ကို ခွက်တစ်ခုထဲရောထည့်ပြီး ရေအေး အနည်းငယ်ဖြင့် သမအောင်နယ်ပါ။ (ကောက်ညှင်းမှုန့် ဆန်မှုန့်ထဲကို အစကတည်းက ရေအများကြီး မထည့်သင့်ပါဘူး။ ရေအများကြီးထည့်မိရင် ပျော့ပြဲပြီး နယ်လို့မကောင်းလို့ ဆန့်မှုန့်တွေထည့်လိုက် ကောက်ညှင်းမှုန့်တွေ ထည့်လိုက်နဲ့ မုန့်တွေအများကြီးဖြစ်သွားတတ်ပါတယ်။ သတိထားရမှာက ကောက်ညှင်း(၂)ဆ၊ ဆန်မှုန့် (၁)ဆ ထည့်ရမှာပါနော်။)မုန့်နယ်တဲ့အချိန်မှာ ရေနည်းနည်းထည့်လိုက် နယ်လိုက်လုပ်ပေးရမှာပါ ။ ၁၅မိနစ်လောက် နယ်ပြီူတဲ့အချိန်မှာ မုန့်သားက မပျော့မမာ အနေအထားရပြီဆိုရင်တော့ မုန့်တစ်ခုစာ အလုံးလေးတွေလုံးပြီးထားပါ။ထန်းလျက်ခဲများကို ရေဆေးပြီး ထန်းလျက်ခဲများနှင့်အတူ ရေဖန်ခွက် တစ်ဝက်ခန့် ထည့်ပြီး ထန်းလျက်ရည် ဟင်းစားဇွန်း(၃)ဇွန်းခန့်ကျန်သည်အထိ ကြိုပါ။ ထန်းလျက်ရည်များ ရပါက ဇကာတစ်ခုဖြင့် အမှိုက်များ၊ သဲများမပါရှိစေရန် စစ်ထားပါ။မုန့်လက်ကောက်ကြော်မည့်ဒယ်ထဲသို့ ဆီများထည့်ပြီး ဆီပူအောင်တည်ထားပါ။ ဆီပူလာပါက လုံးထားသောမုန့်လုံးများ လက်ကောက်ပုံစံပြုလုပ်ပြီး မုန့်တစ်ကွင်းချင်း မီးအေးအေးဖြင့်ကြော်ပါ။(မုန့်လက်ကောက်ကြော်ရာမှာ မီးပြင်းပြင်းနဲ့ကြော်ရင် မုန့်တွေပေါက်ပြီးစင်တတ်လို့ သတိထားဖို့လိုပါလိမ့်မယ်နော်။)မုန့်လက်ကောက်များ မီးအေးအေးနဲ့ကြော်ပြီးပါက ထန်းလျက်ရည်ကို ဆမ်းပြီးစားကြသလို ထန်းလျက်ရည်နဲ့တို့ပြီးတော့လည်း စားသုံးလေ့ရှိတာမို့ မိမိတို့နှစ်သက်သလို စားသုံးနိုင်ပါပြီနော်။ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း ချစ်ခင်ရတဲ့ မိသားစုတွေကိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ မုန့်လက်ကောက်လေးကို အိမ်မှာ လုပ်စားလိုက်ကြတော့နော်။
38
ကင်းပုံသီးဆိုရင် အချိုနဲ့အခါးဆိုပြီး (၂)မျိုးရှိပါတယ်။ ကင်းပုံသီးအခါးမျိုးက မြန်မာ့ဆေးကျမ်း များရဲ့‌ဖော်ပြချက်အရ  အလွန်ခါးတယ်၊ အေးပြီး ဝမ်းသက်စေတယ်၊ ချောင်းဆိုးသွေးအန်ခြင်းနှင့် သွေးကျခြင်းကိုပျောက်စေတယ်၊ ခန္ဓာကိုယ်ကြီးထွားသန်မာမှု၊ အရိုးနှင့်သွားများတည်ဆောက်မှု ကို အားပေးတယ်၊ အာရုံကြောများကို လန်းဆန်းစေတယ်၊ သလိပ်နှင့်လေကိုကြေစေတယ်၊ ဆီးချိုရောဂါရှိသူများနဲ့ သင့်လျော်တယ်၊ အညစ်အကြေး ဆီး ၊ဝမ်းများကို သက်စေတယ်လို့ ဖော်ပြ ထားတာကိုတွေ့ဖူးပါတယ်။အခုချက်မည့် ကင်းပုံသီးမျှစ်ကြော်မှာတော့ ကင်းပုံသီးအခါးကိုပဲ အသုံးပြုသွားမှာပါ။ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသလိုနှုတ်မြိန်ပြီး ဆေးဖက်လည်းဝင်ပြီး စားလို့မြိန်မည့် ကင်းပုံသီးမျှစ် ကြော်ချက်နည်းလေးကို တင်ပြလိုက်ပါတယ်နော်။ကင်းပုံသီးမျှစ်ကြော်ချက်ဖို့ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့ကင်းပုံသီး (အခါး) ၁၂ လုံးခန့်မျှစ် ၂ ချောင်းပုဇွန်ခြောက် (အကောင်ကြီး ၆ ကောင်ခန့်)ငရုတ်သီးမှုန့် ဟင်းစားဇွန်း ၁ ဇွန်းဆီ ၃ ဇွန်းခန့်ဆားအနည်းငယ်အချိုမှုန့်အနည်းငယ်ငပိ ဟင်းစားဇွန်း တစ်ဝက်လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်အဆင့်ကင်းပုံသီးကို ၄ စိတ်ခွဲပြီး အစေ့များထွက်သွားစေရန် ငရုတ်ကျည်ပွေ့ဖြင့် ခပ်ဖွဖွထုပါ။ပြီးလျှင် ထုထားသော ကင်းပုံသီးများကို ခွက်တစ်ခုထဲသို့ ထည့်၍ ဆားဖြင့် အမြှုပ်များထွက်လာသည်အထိ လက်ဖြင့်နယ်ပါ။ (ကင်းပုံသီးကို ဆားဖြင့်နယ်၍ ရေများများဖြင့် ဆေးခြင်းဖြင့်  ကင်းပုံသီးတွင် ပါဝင်သော အခါးဓာတ်များ လျော့နည်းသွားမည်ဖြစ်ပါသည်)ပြီးလျှင် ရေအေးဖြင့် နယ်၍ (၃)ကြိမ် ရေဆေးပြီး ဇကာတစ်ခုဖြင့် ရေစစ်ထားပါ။မျှစ်များကို မိမိနှစ်သက်သလို လှီးပြီး ရေဖြင့် စင်ကြယ်စွာဆေးထားပါ။ပုဇွန်ခြောက်များ ရေဆေး၍ ထောင်းထားပါ။ကင်းပုံသီး မျှစ်ကြော်မည့်ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ငပိ၊ ငရုတ်သီးမှုန့်နှင့် ပုဇွန်ခြောက်အား ဆီသတ်ပါ။ ငပိနံ့မွှေးလာပြီး ငရုတ်ဆီအရောင်တက်လာပါက ရေဆေးထားသော ကင်းပုံသီး၊ မျှစ်တို့ကို ထည့်၍ နှံ့စပ်အောင်မွှေပါ။ထို့နောက် ရေဖန်ခွက်(၁)ခွက်ခန့်ထည့် အဖုံးအုပ်ပြီး တည်ထားပါ။ထို့နောက် ဆား၊ အချိုမှုန့်များထည့်၍ အရသာမြည်းကြည့်ပါ။ရေများခန်း၍ ဆီပြန်လာပါက စားသုံးနိုင်သော ကင်းပုံသီးမျှစ်ကြော်ဟင်း တစ်ခွက် ရရှိပြီဖြစ်ပါသည်။ကင်းပုံသီးမျှစ်ကြော်ကို ပဲနီလေးနဲ့ပဲကြာဇံဟင်းရည်သောက်၊ မန်ကျီးဖျောသုပ်နဲ့ ဝက်သား သို့မဟုတ် ကြက်သားချက်လေးတွေနဲ့ တွဲဖက်စားသုံးလိုက်ရင် စားမြိန်မှာ သေချာပါတယ်နော်။
39
ငပိကတော့ မြန်မာလူမျိုးတွေရဲ့ နှစ်သက်ခုံမင်တဲ့ အစားအစာတစ်ခုပါ။ ငပိချက်ကို အသား ငါး၊ အသီးအနှံတွေနဲ့လည်း ရောပြီး ချက်စားလေ့ရှိကြပါသေးတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြား ကို ရောက်နေပြီဆိုရင်တော့  မြန်မာပြည်ရဲ့ဘယ်အစားအစာကို အလွမ်းဆုံးလဲဆိုရင် ငပိချက်၊ ငပိရည်၊ လက်ဖက်သုပ်၊ မုန့်ဟင်းခါးစသဖြင့် အများစုက ဖြေကြမှာမလွဲပါဘူးနော်။ ဒီနေ့မှာ တော့ ခရမ်းချဉ်သီးငပိချက် ဆီပြန်ဟင်း ချက်နည်းလေး ဝေမျှချင်ပါတယ်။ ခရမ်းချဉ်သီး ငပိချက် အတွက် လိုအပ်မည့် ပစ္စည်းတွေကတော့-ခရမ်းချဉ်သီး(၅)လုံးကြက်သွန်နီ(၅ )လုံးငပိ လက်ဖက်စားဇွန်း(၁)ဇွန်းခန့်ပုဇွန်ခြောက် ဟင်းစားဇွန်း(၁)ဇွန်းငရုတ်သီးကြမ်းမှုန့် ဟင်းစားဇွန်း(၁)ဇွန်းနံနံပင်(၅)ပင်ငရုတ်သီးအစိမ်း(၅)တောင့်ဆီ ဟင်းစားဇွန်း(၃)ဇွန်းဆားဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်တို့ လိုအပ်ပါတယ်နော်။ပြုလုပ်ပုံအဆင့်ဆင့်ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကိုရေဆေး၍ လှီးထားပါ။ပုစွန်ခြောက်ကို ရေစိမ်ထားပါ။ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကိုရေဆေး၍ လှီးဖြတ်ထားပါ။ငပိချက်ချက်မည့်အိုးထဲသို့ ဆီထည့်၍ ဆီပူလာပါက ငပိ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအကြမ်းမှုန့်တို့ကို ထည့်၍ ဆီသတ်ပါ။ ငပိအနံ့မွှေးလာပြီး ငရုတ်သီးအရောင်များ တက်လာပါက ပုစွန်ခြောက်ထည့်ပြီး ခရမ်းချဉ်သီးများ နူးအိစေရန် ရေတစ်ဖန်ခွက်ခန့် ထည့် ပြီး အဖုံးအုပ်ထားပါ။ခရမ်းချဉ်သီးနှင့်ကြက်သွန်နီများ နူးအိစေရန် ဇွန်းဖြင့် မကြာခဏ ချေပြီးမွှေပေးပါ။ ကြက် သွန်နီ ခရမ်းချဉ်သီးများ မကျေသေးပါက ရေအနည်းငယ်ထပ်ဖြည့်၍ အဖုံးအုပ်ပြီးတည်    ထားပါ။(ခရမ်းချဉ်သီးငပိချက်တွင် ခရမ်းချဉ်သီးအနှစ်ရမှသာ စားသုံးရာတွင် ပိုမိုအရသာရှိပါသည်။ ခရမ်းချဉ်သီးကို ကြိတ်စက်ဖြင့် ကြိတ်ချေ၍ ချက်သော အရသာထက် ခရမ်းချဉ်သီးကို မီးဖြင့် နူးအိအောင် ချက်သော အရသာကို ပိုပြီးကြိုက်ပါတယ်နော်)ခရမ်းချဉ်သီးများနူးအိလာပြီး ဆီများထွက်လာပါက ဆား၊ ဟင်းချိုမှုန့်များထည့်၍ အရသာမြည်းစမ်းကြည့်ပါ။ အရသာ သင့်တင့်ပါက နံနံပင်နှင့် ငရုတ်သီးစိမ်းများထည့်၍ ဟင်းအိုးမီးပိတ်ကာ ခရမ်းချဉ်သီးငပိချက်ကို သုံးဆောင်နိုင်ပါပြီ။ခရမ်းချဉ်သီးငပိချက်ကို အတို့အမြှုပ်အစုံနဲ့ ပဲဟင်း၊ ကြက်ကြော် သို့မဟုတ် ဝက်သား၊ ဆိတ်  သားအကြွပ်ကြော်တို့နဲ့ တွဲဖက်စားသုံးမည်ဆိုပါက စားမြိန်စေမှာ အသေအချာပါပဲနော်။
40
အချို့သော လူတွေက အစပ်လည်းစားချင်တယ်၊ အများကြီးလည်း မစားနိုင်ကြဘူးဆိုတဲ့သူတွေ အတွက် ပုစွန်ခြောက်ငရုတ်သီးကြော်နည်းလေးကို မျှဝေချင်ပါတယ်နော်။ ပုစွန်ခြောက်ရဲ့ အချို  ဓာတ်ကြောင့် ငရုတ်သီးက အရမ်းကြီးမစပ်တော့ဘဲ ခပ်စိမ့်စိမ့်လေးဖြစ်တာကြောင့် စားပြီးရင် လည်း ဆက်စားချင်နေမှာပါနော်။ငရုတ်သီးရွေးချယ်မှုကလည်း အရေးကြီးပါတယ်နော်။  ငရုတ်သီးအတောင့်ရှည်မျိုးက စပ်ပေမဲ့ စားပြီးရင် ရင်ထဲမှာ ပူလောင်မှုသိပ်မရှိပေမဲ့ ငရုတ်သီးအပု အသေးမျိုး (တစ်ချို့ကလည်း မိုးပေါ် ကို ထောင်ပြီးသီးလို့ မိုးမျှော်ငရုတ်သီးလို့လည်းခေါ်သေးတယ်) ကတော့ စားပြီးရင် ပူလောင်တဲ့ အရသာကိုပါ ခံစားရလေ့ရှိတာမို့ ငရုတ်သီးရွေးချယ်စားသုံးဖို့လည်း လိုအပ်ပါတယ်နော်။ဒီနေ့တင်ပြမည့် ပုစွန်ခြောက် ငရုတ်သီးကြော်မှာဆိုရင် ငရုတ်သီးအတောင့်ရှည်မျိုးကို ကြိတ်ပြီး ရလာတဲ့ ငရုတ်သီးမှုန့်ကို အသုံးပြုသွားမှာပါနော်။ကျမကတော့ ငရုတ်သီးမှုန့်ကိုသုံးရင် ငရုတ်သီးအတောင့်ကို သေချာရွေးချယ်ပြီး ဝယ်ထားတယ်။ ပြီးရင် နေပူပူမှာ ကြွပ်နေအောင် အခြောက်လှန်းတယ်။ ငရုတ်သီးမှာ မှိုမပါအောင်လို့ အတတ်နိုင် ဆုံးသန့်စင်ပြီးမှပဲ ပြန်ကြိတ်ပြီးသုံးလေ့ရှိပါတယ်။ပုစွန်ခြောက် ငရုတ်သီးကြော်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ကြက်သွန်နီ(၃)လုံးပုဇွန်ခြောက်အကောင်ကြီး(၁၀)ကောင်ငရုတ်သီးအကြမ်းမှုန့်ဟင်းစားဇွန်း(၃)ဇွန်းဆားအနည်းငယ်ဟင်းချိုမှုန့်အနည်းငယ်ဆီ ဟင်းစားဇွန်း(၅)ဇွန်းပြုလုပ်ပုံအဆင့်ဆင့်ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးထားပါ။ပုစွန်ခြောက်ကို ရေစိမ်ပြီး မွနေအောင် ထောင်းထားပါ။ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီကျက်ပါက လှီးထားသော ကြက်သွန်နီများထည့်ပြီး ကြွပ်အောင် ကြော်ပါ။(ကြက်သွန်နီကိုကြော်နေတဲ့အချိန်မှာတော့ တူးမသွားအောင် သတိထားဖို့လိုပါတယ်။) အဝါရောင်သန်းပြီဆိုရင်တော့ ထောင်းထားတဲ့ပုဇွန်ခြောက်တွေထည့်ပြီး နှံ့အောင်မွှေပါ။ပုစွန်ခြောက်ထောင်းများ အနံ့မွှေးလာပါက ငရုတ်သီးအကြမ်းမှုန့်များကို ထည့်ပြီး မီးပြင်းပါက မီးပိတ်ထားပြီး ကြက်သွန်နီကြော်၊ ပုစွန်ခြောက်ထောင်းနှင့် ငရုတ်သီးအကြမ်းမှုန့်တို့ကို ပေါင်းစပ်သွားစေရန် နှံ့အောင် မွှေပြီး ဆား၊ အချိုမှုန့်ထည့်ပြီး ငရုတ်သီးအကျက်လိုပါက ကျက်အောင် ထပ်ကြော်ပါ။(မီးအပူရှိန်များရင်တော့ ဒယ်အိုးမှာ ကျန်တဲ့အပူရှိန်နဲ့ပဲ ငရုတ်သီးက တခါတရံ တူးသွားတတ်လို့ သတိထားပါနော်)ဒါဆိုရင်တော့ ပုဇွန်ခြောက်ငရုတ်သီးကြော်ကို သုံးဆောင်နိုင်ပါပြီနော်။ပုစွန်ခြောက်ငရုတ်သီးကြော်နဲ့ လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေကတော့ ကြက်သားဗူးသီးချက်၊ ကြက်သားအာလူး၊ ဝက်အာလူးချက်နဲ့ ပုစွန်ခြောက်ငရုတ်သီးကြော်လေးနဲ့ ဂေါ်ဖီထုပ်ဟင်းချိုလေးကို ငရုတ်ကောင်းလေးခပ်ပြီး စားလိုက်ရင်တော့ စားမြိန်မှာ သေချာပါတယ်နော်။
41
ပါဝင်ပစ္စည်းတွေကတော့ငရုတ်သီးအခြောက်တောင့် ၁၅တောင့် (ငရုတ်သီးအခြောက်တောင့် မရနိုင်ရင်တော့ ငရုတ်သီးအကြမ်းမှုန့် ဟင်းစားဇွန်း(၃)ဇွန်းခန့်ထည့်ပါ)ကြက်သွန်နီ(၃) လုံးဆားအနည်းငယ်ဆီ ဟင်းစားဇွန်း(၃)ဇွန်းပြုလုပ်ပုံအဆင့်ဆင့်ငရုတ်ဆုံထဲသို့ ငရုတ်သီးအခြောက်တောင့်များကို အလယ်ချိုးကြည့်ပြီး မှိုမတွေ့မှသာ ခွက်တစ်ခုထဲသို့ ထည့်၍ ရေဆေးပြီး ရေစစ်ထားပါ။ကြက်သွန်နီအခွံနွှာ၍ လေးစိတ်ခွဲထားပါ။ထို့နောက် ထောင်းမည့် ငရုတ်ဆုံထဲသို့ ရေဆေးထားသော ငရုတ်သီးခြောက်နှင့် ကြက်သွန်နီ လေးစိတ်ခွဲလှီးထားတာကို ထည့်ပါ။ ဆားထည့်ပြီး မညပ်တညက်ထောင်းပါ။ထောင်းပြီးပါက ပန်းကန်ထဲသို့ ထည့်၍ ဆီလောင်းပြီး စားသုံးနိုင်မည်ဖြစ်ပါသည်။ ငရုတ်သီးက ကြက်သွန်နီနဲ့ ထောင်းထားတဲ့အတွက် အစပ်ကိုလျော့စေတဲ့အပြင် ဆီရွှဲရွှဲလောင်းစားမယ်ဆိုရင် အစပ်ကိုပိုလျော့စေတာကြောင့် အစပ်ကြောက်သူတွေအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ အစပ်ကြိုက်တဲ့သူတွေကတော့ ဆီမဆမ်းဘဲ စားလည်း အကြိုက်တွေ့မှာပါနော်။
42
ပါဝင်ပစ္စည်းများငပိထောင်းဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ငပိ ဟင်းစားဇွန်းတစ်ဇွန်းခန့်( မိမိအိမ်ရဲ့ မိသားစုဝင် အနည်း/အများနဲ့ ၎င်းတို့ရဲ့ ကြိုက်နှစ်သက်မှုအပေါ် မူတည်၍ ပမာဏခန့်မှန်းပါ)၊ငရုတ်သီးစိမ်း ၁၅ တောင့်( အစပ်ကြိုက်နှစ်သက်ပါက ငရုတ်သီးပိုမိုထည့်သုံးနိုင်ပါသည်)ပုစွန်ခြောက် လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်းပြုလုပ်ပုံအဆင့်ဆင့်ပါဝင်ပစ္စည်းတွေစုံပြီဆိုရင်တော့ ပုစွန်ခြောက်ကို (၃)မိနစ်ခန့်ရေစိမ်လိုက်ပါ။ ပြီးရင် ဇကာတစ်ခုနဲ့ဆယ်ထားပါ။ငရုတ်သီးစိမ်းများကို ရေဆေး၍ အညှာများ ဖယ်ထားပြီး ‌ရေစစ်ထားပါ။ ရေမစစ်ထားမိရင် ငပိထောင်းတဲ့အခါ အရည်တွေနဲ့ စိုစွတ်ပြီး မျက်လုံးထဲဝင်တတ်ပါတယ်နော်။ငပိထောင်းဖို့အတွက် ငပိကို မီးသွေးမီးဖိုရှိရင်တော့ ငပိကို များများကင်ထားပြီး လိုသလောက်ပဲ ထောင်းပြီး ကျန်တာကို ဘူးသန့်သန့်နဲ့ထား၊ လိုအပ်လို့ယူသုံးရင်လည်း သီးသန့်ဇွန်းနဲ့ခပ်သုံးတာအဆင်ပြေပါတယ်နော်။ မီးသွေးမီးဖိုနဲ့ဖုတ်ထားတဲ့ ငပိကတော့ ပိုမွှေးတယ်လို့ ထင်တာပဲ။ မီးသွေးမီးဖိုမရှိရင်တော့ ဒယ်အိုးထဲမှာ ငပိကို ပြန့်နေအောင် ပြားထားပြီး အပူပေးလိုက်ပါ။ အနံမွှေးလာရင် အခြားတစ်ဖက်ကို ဇွန်းနဲ့ကော်ပြီး ပြောင်း၍ အပူပေးပါ။ ငပိကင်ပြီးရင် အဲ့အိုးထဲမှာပဲ ငရုတ်သီးစိမ်းများကို ထည့်၍ လှော်ပါ။ ငရုတ်သီးစိမ်းကို လှော်ပြီးမှစားသုံးခြင်းဟာ ဗိုက်အောင့်ဗိုက်နာ သိပ်မဖြစ်ပါဘူးနော်။ကင်ထားတဲ့ငပိလည်းရပြီ၊ ငရုတ်သီးစိမ်းနဲ့ ပုစွန်ခြောက်လည်း ရေစစ်ပြီးသွားရင် ငရုတ်ဆုံထဲမှာ အားလုံးကို ရောပြီး မညက်တညက် ထောင်းပါ။ဒါဆိုရင်တော့ ခံတွင်းမြိန်စေပြီး လုပ်ရတာလွယ်ကူတဲ့ ငပိထောင်းလေးရပါပြီနော်။ ငပိထောင်းထဲကို ဆီမထည့်ဘဲ စားသုံးရတာ ပိုပြီးအရသာရှိပါတယ်နော်။ ငပိထောင်းလေးနဲ့ ချဉ်ပေါင်ရွက်၊ မျှစ်၊ ရုံးပဒေသီးချဉ်ရည်လေးနဲ့ ကြက်သားသုပ် သို့မဟုတ် ဝက်သားသုပ်လေးနဲ့ တွဲဖက်စားသုံးလိုက်ရင်တော့ အင်မတန်စားမြိန်တဲ့ ဟင်းတစ်ခွက် ဖြစ်လာမှာ ဧကန်မလွဲပါဘူးနော်။
43
ပြောင်းဖူးဆိုရင်တော့ ရှမ်းပြောင်းဖူးနဲ့ သကြားပြောင်းဖူးဆိုပြီး (၂)မျိုးရှိပါတယ်။ ရှမ်းပြောင်းဖူး ကတော့ စေးစေးလေးနဲ့ ဝါးလိုက်ရင် ထုပ်ထုပ်လေးမို့ လူကြိုက်များကြသလိုပဲ သကြားပြောင်းဖူးကလည်း နူးညံပြီး အရသာက အချိုကဲတာမို့ အကြိုက်တွေ့ကြပြန်ပါတယ်။ ဒီနေ့တော့ ရှမ်းပြောင်းဖူးလေးကို ကြက်ဥနဲ့ အပြားငယ်ပုံစံလေးလုပ်ပြီး ကြော်တဲ့နည်းလေးကို တင်ပြချင်ပါတယ်။ပါဝင်ပစ္စည်းတွေကတော့ရှမ်းပြောင်းဖူး ၅ ဖူးသကြား ဟင်းစားဇွန်း ၁ ဇွန်းကြက်ဥ ၁ လုံးဆီ ၅ ကျပ်သားဆား အနည်းငယ်တို့ပဲဖြစ်ပါတယ်။ပြုလုပ်ပုံ အဆင့်အဆင့်ရှမ်းပြောင်းဖူးများကို အခွံခွာပြီး ပြောင်းဖူးအမွှေးများကို ဖယ်ရှားပါ။ ထို့နောက် ရေဆေးပြီး ခြစ်ဖြင့် ခြစ်ပါ။ကြက်ဥကို ဖောက်၍ ပန်းကန်တစ်ခုထဲတွင် နှံ့စပ်အောင် မွှေထားပါ။ထို့နောက်ခြစ်ထားသော ပြောင်းဖူးများထဲသို့  ကြက်ဥ၊ သကြား၊ ဆား အနည်းငယ်ထည့်၍ နှံ့စပ်အောင် နယ်ပါ။၎င်းနောက် အပြားငယ်များ ပြုလုပ်၍ ရေခဲသေတ္တာထဲတွင် (၁၀) မိနစ်ခန့် ထည့်၍ နှပ်ထားပါ။(၁၀)မိနစ်ကြာနှပ်ပြီးနောက် ပြောင်းဖူးအပြားငယ်များကို ထုတ်ထားပါ။ကြော်မည့် အိုးထဲသို့ ဆီများထည့်၍ ဆီပူလာပါက ပြောင်းဖူးအပြားငယ်များကို ထည့်၍ ကြော်ပါ။ ပြောင်းဖူးအပြားငယ်များ နီဝါရောင်သန်းလာပါက ဆယ်၍ ဆီစစ်ကာ နှစ်သက်ရာ အချဉ်ရည်ဖြင့် တွဲဖက် စားသုံးနိုင်မည်ဖြစ်ပါသည်။ရှမ်းပြောင်းဖူးကြော်ဟာ နူးညံ့တဲ့အတွက် ကလေးငယ်များနဲ့ လူကြီးမိဘများအတွက်လည်း သင့်တော်မည့် အစားအစာတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
44
အာလူးကို အသားနဲ့ ရောပြီး ချက်တယ်၊ သုပ်စားကြတဲ့အပြင် ကြော်နည်းအမျိုးမျိုးနဲ့ကြော်စားကြတဲ့အထဲမှာမှ အာလူးကတ်သလိပ်ကြော်နည်းလေးကို ဝေမျှချင်ပါတယ်။ အာလူးကတ်သလိပ်ကြော်ကို သတ်သတ်လွတ်ဟင်းအနေနဲ့စားလို့ရတဲ့အပြင် ကိုယ့်ရဲ့ သားသား မီးမီးလေးတွေကိုလည်း သွားရည်စာအနေနဲ့ ကျွေးလို့ရပါတယ်နော်။ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့အာလူး ၂၅ ကျပ်သားဂျုံမှုန့် ဟင်းစားဇွန်း ၃ ဇွန်းဆား အနည်းငယ်ဆီ ၁၀ သားပြုလုပ်ပုံ အဆင့်အဆင့်အာလူးများကို ရေဖြင့် စင်ကြယ်စွာ ဆေးကြော်၍ ပြုတ်ပါ။ထို့နောက် ပြုတ်ထားသော အာလူးများကို အခွံနွှာ၍ ထောင်းပါ။ထောင်းထားသော အာလူးများကို ဆား၊ ဂျုံမှုန့် အနည်းငယ်တို့ဖြင့် နှံ့စပ်အောင် နယ်ပါ။ထို့နောက် အပြားငယ်များ ပြုလုပ်ကာ ဂျုံမှုန့်များဖြင့် လိမ်းကျံ၍ ပန်းကန်တစ်ခုအတွင်းသို့ ထည့်ထားပါ။ကြော်မည့်အိုးထဲသို့ ဆီများထည့်ပါ။ဆီကျက်ပါက အားလူးအပြားငယ်များကို နီဝါရောင်သန်းသည်အထိ ကြော်ပါ။ထို့နောက် နီဝါရောင် သန်းလာပါက ဆယ်ယူ၍ ဇကာဖြင့် ဆီစစ်ထားပါ။ဒါဆိုရင်တော့ အာလူးကတ်သလိပ်ကြော်ကို နှစ်သက်ရာအချဉ်နဲ့ တွဲဖက်စားသုံးနိုင်ပြီဖြစ်ပါပြီနော်။ အညာဒေသမှာတော့ မန်ကျီးမှည့်အချဉ်ရည်လေးနဲ့ စားသုံးလေ့ရှိကြပါတယ်။ မန်ကျီးမှည့်ဟာ သဘာဝအချဉ်ဖြစ်လို့ နွေရာသီမှာဆိုရင် မန်ကျီးမှည့်နဲ့ ထန်းလျက်နဲ့ ဖျော်သီး မန်ကျီးဖျော်ရည်အဖြစ် ဆေးဝါးအနေနဲ့ရော ဖျော်ရည်တစ်မျိုးအနေနဲ့ပါ သောက်သုံးလေ့ရှိကြပါတယ်။ အခု အာလူးကတ်သလိပ်ကြော်နဲ့ တွဲဖက်စားသုံးနိုင်တဲ့ အချဉ်ရည်ကိုတော့ မန်ကျီးမှည့်နဲ့ ထန်းလျက်နဲ့ ပြုလုပ်ထားတဲ့ အချဉ်ရည်လေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင် အစာလည်းဆေး ဆေးလည်းအစာဖြစ်မှာမို့ လုပ်စားကြည့်ကြဖို့ တိုက်တွန်းပါတယ်နော်
45
ပဲငပိဆိုရင် ဈေးကွက်ထဲမှာ တရုတ်ပဲငပိနဲ့ ဗမာပဲငပိဆိုပြီး ရှိပါတယ်။ တရုတ်ပဲငပိကတော့ ရှမ်းအစားအစာတွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ မြီးရှည်နဲ့ အခြားတရုတ်အစားအစာတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ဗမာပဲငပိကို အချို့နေရာတွေမှာတော့ ပဲပုတ်ချက်လို့လည်း နေရာဒေသပေါ်မူတည်ပြီး ချက်ပုံချက်နည်းတွေလည်း အနည်းငယ်ကွာခြားပါတယ်။အခုချိန်မှာတော့ ဈေးကွက်မှာကော ကိုရီးယားမင်းသားမင်းသမီးတွေရဲ့ ဒရမ်မာစီးရီးတွေထဲမှာ စားသောက်ပြနေလို့ ကိုရီယားပဲငပိချဉ်စပ်ဟင်းရည်ကတော့ မသိသူမရှိသလောက်ဖြစ်မှာပါ။ကျမတို့မုံရွာဒေသဘက်မှာတော့ ရေဦးပဲငပိက အင်မတန်နာမည်ကြီးလှပါတယ်။ ပဲပုတ်ကို ဆားနဲ့နယ်ပြီး အပုတ်ခံပြီး ပြုလုပ်ထားတာဖြစ်လို့ သူ့အနံ့က ကြိုက်တဲ့သူအတွက်တော့ မွှေးပေမဲ့ မကြိုက်တဲ့သူအတွက် အနံ့ပြင်းလွန်းလှပါတယ်။ အညာဒေသဖြစ်တဲ့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အစိုလည်းချက်စားကြသလို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းမှုန့်တွေနဲ့နယ်ပြီးတော့လည်း ပဲငပိခြောက်လှန်းပြီး ပဲငပိပြားကြော် သို့မဟုတ် ပဲငပိခြောက်ကြော်အနေနဲ့လည်း ပြုလုပ်စားသောက်လေ့ရှိကြပါတယ်။ဒီနေ့တင်ပြမည့် ပဲငပိချက်ကတော့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အညာဒေသမှာ အထူးသဖြင့် မုံရွာနယ်တဝိုက်မှာ စားလေ့ရှိတဲ့ ချက်နည်းနဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ပဲငပိချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့-ပဲငပိ(၅)ကျပ်သားဆီဟင်းစားဇွန်း(၆)ဇွန်းငရုတ်သီးအရောင်တင်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်းကြက်သွန်နီ(၁)လုံးခရမ်းချဉ်သီး(အလုံးသေး) ၁ လုံးနံနံပင်(သို့မဟုတ်)ပင်စိမ်း (၃)ပင်ငရုတ်သီးစိမ်း ၇ တောင့်အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့်အနည်းငယ်ဆားအနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်ဆင့်ကြက်သွန်နီ၊ ခရမ်းချဉ်သီးများကို ရေဆေးပြီး လှီးထားပါ။နံနံပင် သို့မဟုတ် ပင်စိမ်းများ၊ ငရုတ်သီးစိမ်းများရေဆေးပြီး လှီးထားပါ။ပဲငပိချက်မည့် ဒယ်အိုးထဲသို့ ဆီများထည့်ပြီး ဆီပူလာပါက လှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ၊ ငရုတ်သီးအရောင်တင်မှုန့်များထည့်ပြီး ဆီသတ်ပါ။ ဆီပြန်လာပါက ပဲငပိထည့်ပြီး အထက်အောက်နှံ့အောင်မွှေပါ။ ထို့နောက် ရေတစ်ဝက်ခန့်(ဖန်ခွက်)ထည့်ပြီး အဖုံးအုပ်၍ တည်ထားပါ။ရေခမ်း၍ ဆီပြန်လာပါက နံနံပင် သို့မဟုတ် ပင်စိမ်းနှင့် ငရုတ်သီးစိမ်းများ၊ ဆား၊ အချိုမှုန့်တို့ကို ထည့်ပြီး အရသာမြည်းစမ်းကြည့်ပါ။ အရသာအဆင်ပြေပြီး ဆီပြန်လာပါက မီးပိတ်၍ ပဲငပိချက်ကို စားသုံးနိုင်ပြီဖြစ်ပါတယ်။ပဲငပိချက်နဲ့ လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်လေးကတော့ ချဉ်ပေါင်နဲ့ မျှစ်၊ ရုံးပဒေသီးချဉ်ရည်ဟင်းလေးရယ်၊ ငါးဖယ်ကြော်လေးရယ်၊ မှိုကန်စွန်းကြော်လေးရယ် တွဲဖက်စားသုံးလိုက်ရင်တော့ စားမြိန်မှာသေချာပါတယ်နော်။
46
ကျမတို့ အညာဒေသဘက်မှာတော့  အချို့သော မင်္ဂလာဆောင်တွေမှာ ဝက်သားဆီပြန်ချက်၊ ရွာကထွက်တဲ့ ကုလားပဲနှပ်နဲ့ ပဲတီစိမ်းကို အပင်ဖောက်ထားတဲ့ ပဲပင်ပေါက်အချဉ်နဲ့ ငရုတ်သီးကြော်၊ မှန်ရောင်ဟင်းချို စသဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။ ထမင်းကျွေးတဲ့ မင်္ဂလာဆောင်ဆိုရင်တော့ ဝက်သားချက်ကလည်း အိုးကြီးချက်ဆိုတော့ ရွာလုံးကျွတ် မီးခိုးတိတ် အားပေးကြတာပေါ့။အဲ့ဒီမင်္ဂလာဆောင်တွေမှာ ကျွေးတဲ့ ကုလားပဲနှပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကုလားပဲကို ပဲကုလားသီးစုံဟင်း၊ ကုလားပဲနဲ့ ကြာဆံဟင်းချိုဆိုပြီးလည်း ချက်လို့ရပါသေးတယ်နော်။ကုလားပဲနှပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ကုလားပဲနို့ဆီဘူးတစ်ဝက်ငရုတ်သီးအရောင်တင်မှုန့် မန်ကျည်းစေ့တစ်စေ့ခန့်ဂျင်းလက်တစ်ဆစ်ခန့်ကြက်သွန်ဖြူ(၃)မွှာ( အမွှာကြီး)မဆလာ အနည်းငယ်ဆီ ဟင်းစားဇွန်း (၆)ဇွန်းဆားအနည်းငယ်အချိုမှုန့်အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်ဆင့်ပထမဦးဆုံး ပဲနှပ်မည့် ကုလားပဲကို သဲနှင့် ဖုန်များ အမှိုက်များမပါရှိအောင် ရေဖြင့် (၃)ကြိမ်ခန့် ရေဆေးပေးပါ။ကုလားပဲပြုတ်ရန်အတွက် အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး ကုလားပဲထည့်ပြီး မိနစ်(၂၀)ခန့် နူးအိအောင် ပြုတ်ပါ။ကုလားပဲများ နူးအိလာပါက ကုလားပဲများကို ပန်းကန်တစ်ခုထဲသို့ ဆယ်ထားပါ။ဂျင်း၊ ကြက်သွန်ဖြူများ အခွံနွှာပြီး ထောင်းထားပါ။ကုလားပဲနှပ်ရန်အတွက် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီကျက်ပါက  ငရုတ်သီးအရောင်မှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတို့ဖြင့် ဆီသတ်ပါ။ ထို့နောက် ပြုတ်ထားသော ကုလားပဲများကို ထည့်ပြီးမွှေပါ။ဆီပြန်လာလျှင်  ဆား၊ အချိုမှုန့်နှင့် မဆလာအနည်းငယ်တို့ ထည့်ပြီး အရသာမြည်းစမ်းကြည့်၍ အရသာအနေအထားကောင်းမွန်ပါက ကုလားပဲနှပ်ကို စားသုံးနိုင်ပါပြီနော်။ကဲ ကိုယ့်ရဲ့ ချစ်ရတဲ့မိသားစုတွေ၊ သူငယ်ချင်းတွေကို ကုလားပဲနှပ်လေးရယ်၊ ဝက်သားနီချက်/အမဲသားချက် သို့မဟုတ် ကြက်သားဆီပြန်ဟင်းလေးရယ်၊ ပုစွန်ခြောက်ငရုတ်သီးကြော်လေးရယ်၊ သီးစုံချဉ် ရည်ဟင်းလေးတွေချက်ပြီး စားလိုက်ရင်တော့ လိုက်ဖက်တဲ့ ဟင်းတွဲဟင်းစပ်လေးတွေဖြစ်လို့ စားလို့မြိန်မှာ သေချာ ပါတယ်နော်။
47
ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-ပိန်းနှဲသီး ၂ ကွင်းဆူးပုတ် ၂ စည်းကြက်သွန်နီ ၁ လုံးခရမ်းချဉ်သီး ၁ ခြမ်းအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီ ဟင်းစားဇွန်း(၂)ဇွန်းဆား အနည်းငယ်ဟင်းချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံ အဆင့်အဆင့်ပိန်းနှဲသီး၊ ဆူးပုတ်ဟင်း မချက်ခင်မှာ ပိန်းနှဲသီးကို အလယ်အူများ ဖယ်ပြီး အတုံးငယ်များတုံး၍ ရေဆေးထားပါ။ ပိန်းနှဲသီးစိမ်းက အရမ်းနုတယ်ဆိုရင်တော့ အလယ်အူက ခပ်သေးသေးပဲပါ တာဖြစ်တဲ့အတွက် ထည့်ချက်ရင်လည်း အဆင်ပြေပါတယ်နော်။ဆူးပုတ်ရွက်များကို အရိုးအရင့်များနှင့် အရွက်ကြမ်းများ ဖယ်ထားပြီး အရွက်နုလေးများကို ရေဆေး၍ စစ်ထားပါ။ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ရေဆေး၍ အသင့်လှီးဖြတ်ထားပါ။ပိန်းနှဲသီး၊ ဆူးပုတ်ဟင်း ချက်မည့်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလာပါက လှီးဖြတ်ထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ထည့်၍ ဆီသတ်ပါ။ကြက်သွန်နီနှင့် ခရမ်းချဉ်သီးများ နွမ်းလာပါက အရောင်တင်မှုန့်ထည့်ပါ။ငရုတ်သီး အရောင်တက်လာပါက လှီးထားသော ပိန်းနှဲသီးများ ထည့်၍ နှံ့အောင်မွှေပြီး ရေ ဖန်ခွက်(၂)ခွက်စာခန့် ထည့်၍ အဖုံးအုပ်ထားပါ။ ၁၀ မိနစ်ခန့်ကြာပြီးနောက် ပိန်းနှဲသီးများ နူးအိလာပါက ဆူးပုတ်ရွက်များ ထည့်ပြီး အဖုံးဖွင့်ထားပါ။(အစိမ်းရောင်ရှိသော အရွက်များကို အဖုံးအုပ်ချက်ပြုတ်ပါက မူလအစိမ်းရောင်ထက် အ‌ရောင်ဖျော့သွားလို့ပါနော်)။ပိန်းနှဲသီးဟင်းထဲသို့ ဆူးပုတ်ရွက်ထည့်ပြီး ရေနည်းပါက ရေဖန်ခွက် တစ်ဝက်ခန့်ထည့်ပါ။ ဆား၊ အချိုမှုန့် သို့မဟုတ် နှစ်သက်ရာဟင်းခတ်မှုန့်များ ထည့်၍ ပွက်ပွက်ဆူအောင် အချိန် ၅ မိနစ်ခန့် ထားပါ။ထို့နောက် ဆီကျန်ရေကျန်အနေအထားဖြစ်ပြီ အရသာအနေအထားကလည်း သင့်ပြီဆိုရင်တော့ မီးပိတ်၍ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းကို သုံးဆောင်နိုင်ပြီဖြစ်ပါသည်။ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းကို သရက်သီးစပ်ချဉ်ထောင်းနဲ့ တွဲဖက်စားသုံးပါက လိုက်ဖက်တဲ့ ဟင်းတွဲဟင်းစပ်ဖြစ်လို့ စားမြိန်တဲ့ ဟင်းတစ်ခွက်ဖြစ်မှာသေချာပါကြောင်း တင်ပြလိုက်ရပါတယ်နော်။
48
မြန်မာနိုင်ငံမှာ မုန်ညှင်းမျိုးစိတ်အမျိုးမျိုးရှိပါတယ်။ မုန်ညှင်းအချိုနဲ့ အခါးဆိုပြီးတော့လည်း ကွဲပြားပါသေးတယ်။ ဒီနေ့တင်ပြမည့် မုန်ညှင်းကတော့ အရပ်ထဲမှာအလွယ်ခေါ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ပဲဖြစ်ပါတယ်။သားသတ်လွတ်ဟင်းလျာအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်နော်။ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-မုန့်ညင်း ၁ စည်းကြက်သွန်နီ ၁ လုံးဆီ ဟင်းစားဇွန်း ၁ ဇွန်းဆား အနည်းငယ်အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ငရုတ်သီးစိမ်း ၅ တောင့် လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်အဆင့်မုန့်ညင်းအခက်များကို တစ်ဖတ်ချင်းခွာ၍ ရေဖြင့် သေချာစွာ ဆေး၍ လှီးဖြတ်ထားပါ။ အခက်အလက်တွေကြားထဲမှာသဲတွေပါတတ်လို့ပါနော်။ကြက်သွန်နီကို အခွံခွာ၍ ရေဆေးပြီး ပါးပါလှီးထားပါ။ ငရုတ်သီးစိမ်းများကို နှစ်ခြမ်းခြမ်းထားပါ။မုန့်ညင်းကြော်မည့် ဒယ်အိုးထဲသို့ ဆီထည့်ပါ။ဆီပူလာပါက လှီးထားသော ကြက်သွန်နီများ ထည့်၍ နွမ်းအောင် ကြော်ပါ။ထို့နောက် မုန့်ညင်းရွက်များ ထည့်ပါ။ဆား၊ အချိုမှုန့်များ ထည့်ပါ။ အနံ့မွှေးစေရန်အတွက် ငရုတ်သီးစိမ်းများ ထည့်ပါ။ပြီးနောက် ဟင်းအိုးကို ပိတ်၍ မုန့်ညင်းရွက်ကြော် ပူပူနွေးနွေးကို အရံသင့် စားသုံးနိုင်မည် ဖြစ်ပါသည်။ (အကြံပြုချင်တာတစ်ခုကတော့ အရွက်ကြော်စိမ်းစိမ်းလေး ရချင်တယ်ဆိုရင်တော့ အဖုံးအုပ်ပြီး မကြော်သင့်ပါဘူးနော်)။မုန်ညှင်းရွက်ကြော်၊ အသား၊ငါးဆီပြန်ဟင်းတစ်ခွက်နဲ့ဆိုရင် တွဲဖက်စားသုံးမယ်ဆိုရင် အင်မတန်လိုက်ဖက်တဲ့ အရွက်ကြော်လေးဖြစ်မှာပါနော်။ ဒါ့အပြင် သားသား၊ မီးမီးတွေကို ကျွေးမယ်ဆိုရင်တော့ အရွက်ကြော်ကျွေးမယ်ဆိုရင်တော့ ငရုတ်သီးစိမ်းမထည့်ဘဲ မုန်ညှင်းရွက်အချိုကြော်လေးကို ကျွေးနိုင်ပါတယ်နော်။
49
သင်္ဘောပင်မှာ အဖိုပင်နဲ့ အမပင်ဆိုပြီးပေါက်လေ့ရှိတဲ့အထဲမှာ အဖိုပင်ကတော့ အပွင့်တွေတော့လှိုင်လှိုင်ပွင့်ပေမဲ့ အသုံးမဝင်ဘူးထင်ကြတဲ့သူတွေအတွက် သင်္ဘောဖိုအဖူးသုပ်သုပ်နည်းလေးကို မျှဝေချင်ပါတယ်။သင်္ဘောအဖူးအရသာက ခါးသက်သက်အရသာတော့ ရှိပါတယ်။ သင်္ဘောအဖူး အပွင့်ကို သုပ်စားရင်လည်း သွေးတိုးရောဂါကို သက်သာစေတယ်လို့ ဆိုပေမဲ့လည်းတန်ဆေး လွန်ဘေးဆိုတဲ့စကားပုံကိုလည်း မေ့ထားလို့မရဘူးပေါ့။သင်္ဘောဖူးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့-သင်္ဘောအဖူး ၅ခက်ခန့်မြေပဲထောင်း ဟင်းစားဇွန်း (၃)ဇွန်းကြက်သွန်ဖြူဆီချက် (၄)ဇွန်းဆားအနည်းငယ်အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်နော်။သင်္ဘောအဖူး အပွင့်တွေကို ရေဆေးထားပြီး ရေနွေးဆူဆူအိုးထဲသို့ မိနစ်(၁၀)မိနစ် ခန့်ကြာ အနည်းငယ် နူးအိအောင်ပြုတ်ပါ။ပြုတ်ထားပြီးတဲ့ သင်္ဘောအဖူး အပွင့်များကို ရေအေးနဲ့(၃/၄)ထပ်ခန့် ရေများများဖြင့် ရေဆေးပြီး ဇကာတစ်ခုဖြင့်စစ်ထားပါ။ကြက်သွန်ဖြူ ဆီချက်ထားပါ။ မြေပဲကြော် ထောင်းထားပါ။ပြုတ်ထားသော သင်္ဘောအဖူး အပွင့်များကို သုပ်မည့်ပန်းကန်ထဲသို့ ရေညှစ်ထည့်ပါ။ ထောင်းထားသောမြေပဲမှုန့်၊ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် ထည့်ပါ။ ကြက်သွန်ဖြူ ဆီချက်ထည့်ပြီး နှံ့စပ်အောင်နယ်ပါ။ (အသုပ်သုပ်တဲ့အချိန်မှာ အသုပ်မှာပါတဲ့ပါဝင်ပစ္စည်းတွေကို သမအောင် ပေါင်းစပ်ရောနှောသွားအောင် နယ်တာကလည်း အသုပ်ရဲ့အရသာကို ပိုမိုပေါ်လွင်စေပါတယ်နော် )နယ်ထားတဲ့အသုပ်ကိုမြည်းကြည့်လို့ အရသာအနေတော်ဆိုရင်တာ့ အသုပ်ပြင်မည့် ပန်းကန် ထဲကို အသုပ်ထည့်ပြီး အပေါ်က ကြက်သွန်ဖြူဆီချက် အဖတ်(ကြက်သွန်ဖြူကြော်)များ ဖြူးပြီးစားသုံးလို့ရပါပြီနော်။သင်္ဘောအဖူးရဲ့ အခါးဓာတ်ကို ပြုတ်တဲ့အချိန်နူးအောင်ပြုတ်ပြီး ရေအေးနဲအခါခါဆေးမယ်။ အရသာဝင်အောင်နယ်မယ်ဆိုရင် အခါးဓာတ်က လျော့သွားမှာပါနော်။အိမ်မှာမာလကာရွက်အဆင်သင့်ရှိမယ်ဆိုရင်တော့မာလကာရွက်၂ရွက် သို့မဟုတ် ၃ရွက်ကိုထည့်ပြီးပြုတ်ရင်အခါးသက်သာပါတယ်။သင်္ဘောအဖူးရဲ့အခါးဓာတ်ကို မြေပဲထောင်းနဲ့ ကြက်သွန်ဖြူဆီချက်တို့ရဲ့ အစိမ့်ဓာတ်က သင်္ဘောဖူးသုပ်ရဲ့ ခါးစိမ့်စိမ့်အရသာက ပိုပြီး ခံတွင်းတွေ့စေမှာပါ။ဒါ့အပြင် သင်္ဘောဖူးသုပ်ကို သားသတ်လွတ်ဟင်းအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်။ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း အိမ်မှာ သင်္ဘောအဖိုပင်က အဖူး အပွင့်တွေ့ပြီဆိုတာနဲ့ ခူးပြီး သုပ်စားလိုက်တော့နော်။
50
ကျမတို့ မြန်မာလူမျိုးတွေဟာ ချဉ်၊ ငန်၊ စပ် အသုပ်တွေကို နှစ်သက်စွာ စားသုံးလေ့ရှိကြပါ တယ်။ လူတစ်ချို့ကလည်း စိန်၊ရွှေတွေ ဝတ်ထားလို့ သွားရည်မကျပေမဲ့ အချဉ်မြင်ရင်တော့ သွားရည်ကျတယ်လို့လည်း ပြောတတ်ကြသေးတယ်။ကျမတို့နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက် တွေ ဖြစ်မှသာ ကျမတို့ရဲ့ ခန္ဓာကိုယ်ကို အထောက်အကူပြုမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ ရှောက်သီးသုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ နေမကောင်းဖြစ်ပြီး နလန်ပြန်ထခါစ လူတွေက အစားအသောက်မစားချင်လောက်အောင် ခံတွင်းပျက်နေပြီဆိုရင် တော့ ခံတွင်းတွေ့သွားအောင် ရှောက်သီးလေးကို ချဉ် ငန် စပ်သုပ်လေး သုပ်စားလိုက် ပါလားလို့လည်း အကြံပေးလေ့ရှိကြပါတယ်။ရှောက်သီးဟာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး အသီးဖြစ်ပါတယ်။ မြန်မာ ဆေးကျမ်း များ အရ ရှောက်သီးဟာနှလုံးကိုကြည်လင်စေပြီး သွေးသားကို သန့်ရှင်းစေတယ်၊ အစာကြေလွယ် စေတယ်၊ စိတ်ကိုပေါ့ပါးလန်းဆန်းစေပြီး မောပန်းခြင်းကို ပျောက်စေတယ်၊ ချောင်းဆိုးနာဖြစ်ခြင်း၊ ခံတွင်းမတွေ့နှုတ်မမြိန်ခြင်း ၊ အော့အန်ခြင်း ၊ အသံပျက်ခြင်း ၊ ဝမ်းကြောတင်းခြင်း ၊ အဖု အလုံး ပေါက်ခြင်းများကိုသက်သာစေနိုင်တဲ့အပြင် သလိပ်ကို ကြေ စေပြီး  ပျားရည်၊ ရှောက်ရည်၊ ဇဝက်သာ သုံးမျိုး ရောသောက်သုံးပေးလျှင် ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်၊ ပန်းနာ ပျောက်ကင်းစေနိုင်တယ်လို့လည်း လေ့လာမှတ်သားဖူးပါတယ်။ရှောက်သီးသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-ရှောက်သီးတစ်ခြမ်း ( အလုံးကြီးရင်တော့ တစ်စိပ်လောက်သာ သုံးသင့်ပါတယ်)ကြက်သွန်နီ(၅)လုံးမြေပဲဆံကြော် ဟင်းစားဇွန်း(၂)ဇွန်းအနည်းငယ်ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်းအနည်းငယ်ငပိဖုတ် အနည်းငယ်ငရုတ်သီးကြော်ထောင်းငရုတ်သီးစိမ်း(၅)တောင့်ကြက်သွန်ဖြူဆီချက် ဟင်းစားဇွန်း(၄)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်ဆင့်ပုစွန်ခြောက်ကို ရေစိမ်ထားပါ။မြေပဲဆံကြော်ကို မညက်တညက် ထောင်းထာပါ။ရေစိမ်ထားသော ပုဇွန်ခြောက်ကို ထောင်းထားပါ။​ ရှောက်သီးကို အခွံနွှာပြီး အမွှာလေးတွေ မွှာထားပါ။ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ထို့နောက် ရှောက်သီးသုပ်မည့် ပန်းကန်ထဲသို့ ရှောက်သီးအမွှာလေးများ၊ ထောင်းထားသော မြေပဲထောင်း၊ ပုဇွန်ခြောက်ထောင်း ငပိဖုတ်၊ပဲကျက်မှုန့် ၊ ငရုတ်သီးကြော်ထောင်း၊ လှီးထားတဲ့ ကြက်သွန်နီနှင့် ငရုတ်သီးအစိမ်း၊ ဆားအနည်းငယ်၊ဟင်းခပ်မှုန့် ၊ကြက်သွန်ဖြူဆီချက် တို့ ထည့်ပြီး နှံ့စပ်အောင် နယ်ပြီး အရသာ မြည်းကြည့်လို့ အဆင်ပြေပါက ချဉ် ငန် စပ်ရှောက်သီးသုပ်လေးကို စားသုံးလို့ရပါပြီနော်။ အချဉ်သိပ်မကြိုက်တဲ့သူတွေအနေနဲ့ကတော့ ရှောက်သီးကို အရည်နည်းနည်း ညှစ်ပြီးမှသုပ်သင့်ပြီး နှစ်ပြန်ကြော် သို့မဟုတ် အကြော်စုံတို့ထည့်ပြီး စားသုံးရင်လည်း ခံတွင်းတွေ့မယ်လို့ ယုံကြည်ပါတယ်။အညာဒေသတွေမှာတော့ မြေပဲကလည်းပေါတယ်ဆိုတော့ ရှောက်သီးရဲ့ အချဉ်အရသာကို မြေပဲဆံရဲ့ အဆိမ့်ဓာတ်နဲ့ ငပိဖုတ်နဲ့သုပ်တာက ရှောက်သီးသုပ်ကို ပိုပြီးအနံ့မွှေးစေပါတယ်နော်။ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း ရှောက်သီးသုပ်လေးကို ရေနွေးပူပူလေးနဲ့ သုံးဆောင်နိုင်သလို ကြာဆံချက်နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်နော်။
51
သရက်သီးအစိမ်းတွေ ပေါများနေတဲ့အချိန်မှာ တာရှည်ခံအောင်လို့ သရက်ချဉ်ပြုလုပ်ထားလေ့ ရှိကြပါတယ်။ သရက်ချဉ်ကို အချို့ကလည်း ပဲကျက်မှုန့်တို့ ငရုတ်သီးဆီချက်တို့နဲ့ သုပ်စားလေ့ ရှိကြပါတယ်။ ဒီနေ့မှာတော့ သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးနဲ့ ဆီရွှဲရွှဲလေးဆမ်း    ပြီး သုပ်စားတဲ့နည်းလေးကို မျှဝေချင်ပါတယ်။သရက်ချဉ်သုပ်ရန်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့သရက်ချဉ် ဟင်းစားဇွန်း(၁)ဇွန်းခန့်ကြက်သွန်နီ(၁)လုံးငရုတ်သီးစိမ်း(၃)တောင့် ဆားဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်ဆီ ဟင်းစားဇွန်း(၃)ဇွန်းပြုလုပ်ပုံအဆင့်ဆင့်သရက်ချဉ်ကို သဲနှင့် ဆားရည်များမပါရှိစေရန် ရေဆေးပါ။ကြက်သွန်နီကို အခွံနွှာ၍ ပါးပါးလှီးပါ။ ငရုတ်သီးစိမ်းများ ပါးပါးလှီးထားပါ။သရက်ချဉ်သုပ်မည့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ငရုတ်သီးစိမ်းနှင့် သရက်ချဉ်တို့ကိုထည့်ပြီး ဆား၊ ဟင်းချိုမှုန့် ၊ဆီတို့ဖြင့် နှံ့စပ်အောင် လက်ဖြင့် ဖိချေပြီးနယ်ပါ။(သရက်ချဉ်သည် မူလတွင် ဆားဖြင့် စိမ်ထားခြင်းကြောင့် သရက်ချဉ်သုပ်တွင် ဆားကိုအနည်းငယ်သာထည့်သင့်ပါသည်)သရက်ချဉ်နှင့်ကြက်သွန်နီ ကိုပေါင်းစည်းသွားအောင် နှံ့စပ်အောင် နယ်ခြင်းဖြင့် သရက်ချဉ်သုပ်အရသာမှာ ပိုမိုကောင်းမွန်စေမည့်အပြင် ကြက်သွန်နီရဲ့ အချိုဓာတ်၊ ဆီရဲ့ အဆိမ့်ဓာတ်တွေကလည်း သရက်ချဉ်သုပ်ကို ချို၊ ချဉ်စိမ့်အရသာဖြစ်ပြီး ငရုတ်သီးစိမ်းထည့်ထားတဲ့အတွက် အနံ့ကိုပိုမွှေးစေပါတယ်။သရက်ချဉ်သုပ်ကို ငါးဆားနယ်(ငါးပိတုံး)နှင့်ခရမ်းချဉ်သီးဆီပြန်ဟင်း၊ ပဲညှောင့်ပေါက် ပဲဟင်းတို့နဲ့ တွဲဖက်စားသုံးနိုင်ပါသည်။
52
မန်ကျီးရွက်ကို သာမန်အားဖြင့် ချဉ်ရည်ဟင်းနဲ့ မန်ကျီးရွက်အစိမ်းသုပ်ဆိုပြီး စားသုံးလေ့ရှိကြပါတယ်။ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်တွေမှာ သုပ်စားလေ့ရှိတဲ့ မန်ကျီးဖျောသုပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ အညာမန်ကျီးဖျောသုပ်လေးက လုပ်ရတာလွယ်ကူပြီး စားသုံးရာမှာလည်း ခံတွင်းရှင်းတာမို့ အကြိုက်တွေ့မှာသေချာပါတယ်နော်။မန်ကျီးဖျောသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့မန်ကျည်းရွက် ၅ ကျပ်သားကြက်သွန်နီ ၃ လုံးဆီ အနည်းငယ်ဆား အနည်းငယ် ဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်အဆင့်မန်ကျီးရွက်များကို အရိုးရင့်များနဲ့ အရွက်ကြမ်းများဖယ်၍ ရေဆေးပြီးစစ်ထားပါ။ဒယ်အိုးထဲတွင် ရေကို ပွက်ပွက်ဆူအောင်တည်ထားပါ။ ရေပွက်ပွက်ဆူပါက အဆိုပါအိုးထဲသို့ ရေစစ်ထားသော မန်ကျီးရွက်များကို ထည့်၍ နူးအိသည်အထိ ပြုတ်ပါ။ ထို့နောက် မန်ကျီးရွက်များဆယ်ယူ၍ ရေစစ်ထားပါ။ကြက်သွန်နီအခွံခွာ၍ ပါးပါးလှီးပါ။ ထို့နောက် ကြက်သွန်နီများ မမွန်စေရန်(မစပ်စေရန်) ရေဖြင့် နယ်၍ ဆေးပြီး ရေစစ်ထားပါ။မန်ကျည်းရွက်ဖျော သုပ်မည့် ပန်းကန်ထဲသို့ ရေစစ်ထားသော မန်ကျီးရွက်နှင့် ကြက်သွန်နီများ ထည့်ပါ။ ထို့နောက် ဆား၊ အချိုမှုန့်များ ထည့်၍ မန်ကျည်းရွက်နှင့် ကြက်သွန်နီများ သမသွားစေရန် ပွတ်ချေ၍ နယ်ပေးပါ။ဆီရွှဲရွဲဆမ်းပြီးပါက အညာမန်ကျည်းရွက်ဖျောသုပ်ကို စားသုံးနိုင်မည်ဖြစ်ပါသည်။အညာမန်ကျီးဖျောသုပ်ကို အညာဒေသကထွက်တဲ့ ရွှေသမင်ခရမ်းသီးနှပ်နဲ့ ပဲလှော်ကြော်နဲ့ ပဲလွန်းရွက်ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးရင် အင်မတန်လိုက်ဖက်ညီပြီး စားလို့မြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်မှာပါနော်။
53
သင်္ဘောပင်မှာ အဖိုပင်နဲ့ အမပင်ဆိုပြီးပေါက်လေ့ရှိတဲ့အထဲမှာ အဖိုပင်ကတော့ အပွင့်တွေတော့လှိုင်လှိုင်ပွင့်ပေမဲ့ အသုံးမဝင်ဘူးထင်ကြတဲ့သူတွေအတွက် သင်္ဘောဖိုအဖူးသုပ်သုပ်နည်းလေးကို မျှဝေချင်ပါတယ်။သင်္ဘောအဖူးအရသာက ခါးသက်သက်အရသာတော့ ရှိပါတယ်။ သင်္ဘောအဖူး အပွင့်ကို သုပ်စားရင်လည်း သွေးတိုးရောဂါကို သက်သာစေတယ်လို့ ဆိုပေမဲ့လည်းတန်ဆေး လွန်ဘေးဆိုတဲ့စကားပုံကိုလည်း မေ့ထားလို့မရဘူးပေါ့။သင်္ဘောဖူးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့-သင်္ဘောအဖူး ၅ခက်ခန့်မြေပဲထောင်း ဟင်းစားဇွန်း (၃)ဇွန်းကြက်သွန်ဖြူဆီချက် (၄)ဇွန်းဆားအနည်းငယ်အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်နော်။သင်္ဘောအဖူး အပွင့်တွေကို ရေဆေးထားပြီး ရေနွေးဆူဆူအိုးထဲသို့ မိနစ်(၁၀)မိနစ် ခန့်ကြာ အနည်းငယ် နူးအိအောင်ပြုတ်ပါ။ပြုတ်ထားပြီးတဲ့ သင်္ဘောအဖူး အပွင့်များကို ရေအေးနဲ့(၃/၄)ထပ်ခန့် ရေများများဖြင့် ရေဆေးပြီး ဇကာတစ်ခုဖြင့်စစ်ထားပါ။ကြက်သွန်ဖြူ ဆီချက်ထားပါ။ မြေပဲကြော် ထောင်းထားပါ။ပြုတ်ထားသော သင်္ဘောအဖူး အပွင့်များကို သုပ်မည့်ပန်းကန်ထဲသို့ ရေညှစ်ထည့်ပါ။ ထောင်းထားသောမြေပဲမှုန့်၊ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် ထည့်ပါ။ ကြက်သွန်ဖြူ ဆီချက်ထည့်ပြီး နှံ့စပ်အောင်နယ်ပါ။ (အသုပ်သုပ်တဲ့အချိန်မှာ အသုပ်မှာပါတဲ့ပါဝင်ပစ္စည်းတွေကို သမအောင် ပေါင်းစပ်ရောနှောသွားအောင် နယ်တာကလည်း အသုပ်ရဲ့အရသာကို ပိုမိုပေါ်လွင်စေပါတယ်နော် )နယ်ထားတဲ့အသုပ်ကိုမြည်းကြည့်လို့ အရသာအနေတော်ဆိုရင်တာ့ အသုပ်ပြင်မည့် ပန်းကန် ထဲကို အသုပ်ထည့်ပြီး အပေါ်က ကြက်သွန်ဖြူဆီချက် အဖတ်(ကြက်သွန်ဖြူကြော်)များ ဖြူးပြီးစားသုံးလို့ရပါပြီနော်။သင်္ဘောအဖူးရဲ့ အခါးဓာတ်ကို ပြုတ်တဲ့အချိန်နူးအောင်ပြုတ်ပြီး ရေအေးနဲအခါခါဆေးမယ်။ အရသာဝင်အောင်နယ်မယ်ဆိုရင် အခါးဓာတ်က လျော့သွားမှာပါနော်။အိမ်မှာမာလကာရွက်အဆင်သင့်ရှိမယ်ဆိုရင်တော့မာလကာရွက်၂ရွက် သို့မဟုတ် ၃ရွက်ကိုထည့်ပြီးပြုတ်ရင်အခါးသက်သာပါတယ်။သင်္ဘောအဖူးရဲ့အခါးဓာတ်ကို မြေပဲထောင်းနဲ့ ကြက်သွန်ဖြူဆီချက်တို့ရဲ့ အစိမ့်ဓာတ်က သင်္ဘောဖူးသုပ်ရဲ့ ခါးစိမ့်စိမ့်အရသာက ပိုပြီး ခံတွင်းတွေ့စေမှာပါ။ဒါ့အပြင် သင်္ဘောဖူးသုပ်ကို သားသတ်လွတ်ဟင်းအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်။ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း အိမ်မှာ သင်္ဘောအဖိုပင်က အဖူး အပွင့်တွေ့ပြီဆိုတာနဲ့ ခူးပြီး သုပ်စားလိုက်တော့နော်။
54
မိုးဦးကာလမျှစ်စိမ်းတွေ တွေ့ရင် ဘယ်လိုချက်စားရမှန်းမသိတဲ့ ဟင်းချက်ဝါသနာရှင်များအတွက် အထက်အညာဒေသမှာ ချက်စားလေ့ရှိတဲ့ မျှစ်ဆတ်ဟင်း ခေါ် မျှစ်စိမ်းဟင်း ချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ဆီပြန်ဟင်းတွေကို ရိုးအီနေတဲ့သူများအတွက်တော့ ဆီနည်းပြီး မျှစ်စိမ်းနုနုရဲ့ သဘာဝအချိုလေးကို ဆန်လှော်လေးနဲ့ ချက်စားနိုင်တဲ့အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ မျှစ်ဆတ်ဟင်း ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့မျှစ်စိမ်း ၃ ချောင်းကြက်သွန်နီ ၁ လုံးခရမ်းချဉ်သီး အသေး ၁ လုံးပုဇွန်ခြောက် ဟင်းစားဇွန်း ၁ ဇွန်းလုံးသွယ်မွှေးဆန် သို့မဟုတ် ပေါ်ဆန်းမွှေးဆန် ဟင်းစားဇွန်း ၁ ဇွန်းနနွင်းမှုန့်အနည်းငယ်ဆားအနည်းငယ်ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့် လဖက်ရည်ဇွန်း တစ်ဝက်ပင်စိမ်းရွက် သို့မဟုတ် ရှမ်းနံနံ ၅ ခက်ဆီ ဟင်းစားဇွန်း ၁ ဇွန်းပြုလုပ်ပုံအဆင့်ဆင့်မျှစ်စိမ်းကို အဖူးလိုက်ဝယ်လာရင် ခပ်ပါးပါးလှီးပါ။ ၎င်းနောက် လှီးပြီးသော မျှစ်စိမ်းများကို ရေဖြင့် ဆေးပြီးနောက် ရေအေးဖြင့် စိမ်ထားပါ။ကြက်သွန်နီကို ပါးပါးလှီးထားပါ။ခရမ်းချဉ်သီးကို အစေ့များထုတ်ပြီး ခပ်ပါးပါးလှီးထားပါ။ ကြက်သွန်ထည့်တာကတော့ မျှစ်စိမ်းကို ပိုချိုစေချင်တာဖြစ်ပြီး ခရမ်းချဉ်သီးကတော့ အရောင်လှစေဖို့အတွက် ထည့်တာပါနော်။ပုဇွန်ခြောက် ရေဆေး၍ ငရုတ်ဆုံဖြင့်ထောင်းပါ။ ဈေးထဲမှာအလွယ်တကူဝယ်လို့ရတဲ့ ပုစွန်ခြောက်မှုန့်တွေထက် ပုစွန်ခြောက်ကို ငရုတ်ဆုံနဲ့ မညက်တညက်ထောင်းထည့်တာကတော့ မြန်မာ့ရိုးရာနည်းမို့လို့လားမသိဘူး ပိုပြီးစားကောင်းသလိုပဲ။ ငရုတ်ဆုံနဲ့ထောင်းဖို့ အဆင်မပြေရင်လည်း ကြိက်စက်နဲ့ကြိတ်လည်းရပါတယ်နော်။ ပုစွန်ခြောက်မှုန့်ခပ်ရင်လည်း ရပါတယ်နော်။လုံးသွယ်မွှေး သို့မဟုတ် ပေါ်ဆန်းမွှေးဆန်ကို ရေစင်ကြယ်စွာ ဆေးပြီး  ငရုတ်ဆုံ သို့မဟုတ် ကြိတ်စက်နဲ့ အမှုန့်ပြုလုပ်ပါ။ အသင့်ထုတ်ထားတဲ့ ဆန်မှုန့်အစိမ်းကို သုံးရင်လည်းရပါတယ်။ချက်ပြုတ်မည့်အိုးထဲသို့ ပါဝင်ပစ္စည်းများဖြစ်တဲ့ ဆီ၊ မျှစ်စိမ်း၊ ဆန်မှုန့်နဲ့ နနွင်းမှုန့်၊ ပုစွန်ခြောက်မှုန့် တို့ကို ထည့်၍ လက်ဖြင့် နှံ့စပ်အောင်နယ်ပါ။ နနွင်းမှုန့်ကိုတော့ လက်ဖက်ရည်ဇွန်းဖျားလေးနဲ့ပဲထည့်သင့်ပါတယ်နော်၊ များသွားရင် နနွင်းနံ့ နံသွားမှာစိုးလို့ပါ။နှံ့စပ်အောင်နယ်ပြီးပါက လှီးထားတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီတို့ကို ထည့်ပါ။ ထို့နောက် ရေဖန်ခွက် ၃ ခွက်ခန့်ထည့်ပြီး ဟင်းအိုးကို အဖုံးအုပ်၍ အချိန် (၁၅)မိနစ်ခန့် တည်ထားပါ။ ရေအနည်းငယ်ကျန်ပါက ရေ(၁)ခွက်ခွဲခန့်ထည့်၍ အဖုံးအုပ်ပြီးဆက်၍ တည်ထားပါ။မျှစ်စိမ်းကျက်၍ ဟင်းရည်များ ပွက်ပွက်ဆူပြီး အနံ့များမွှေးကြိုင်လာပါက ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး မျှစ်စိမ်းကို မြည်းစမ်းကြည့်ပါက စပ်ရှားရှားအရသာမဟုတ်ဘဲ ချို၍ ခပ်ဆတ်ဆတ်နှင့် စားကောင်းသော အရသာရရှိပါက ပင်စိမ်း သို့မဟုတ် ရှမ်းနံနံထည့်ပြီး စားသုံးလို့ရပါပြီနော်မျှစ်ဆတ်ဟင်းကတော့ ပူပူနွေးနွေးလေးနဲ့ ငပိထောင်းစပ်စပ်လေးကို သံပုရာသီးလေးညှစ်ပြီး တွဲဖက်စားသုံးလို့ရသလို ငါးဖန်ဝိုင်းငါးပိကောင်ကြော်လေးကို သံပုရာသီးလေးညှစ်ပြီး ငရုတ်သီးအခြောက်တောင့်ကို ခပ်ကြွင်းကြွင်းလေးကြော်ထားတာလေးနဲ့လည်း တွဲဖက်စားသုံးလိုက်ရင် ထမင်းမြိန်စေမှာ အမှန်ပါပဲနော်။ ကဲ မျှစ်စိမ်းတွေ ရလာရင်တော့ ချက်စားလိုက်ကြတော့နော်
55
မန်ကျည်းရွက်ဆိုရင် ချဉ်ရည်ဟင်းချက်စားလို့ရသလို ၊ မန်ကျည်းရွက်သုပ်၊ မန်ကျည်းရွက်ချက်စသဖြင့် ချက်စားလေ့ရှိကြပါတယ်။  ဒန့်သလွန်သီးကိုတော့ ပဲကုလားဟင်းထဲမှာလည်း ထည့်ချက်ကြသလို ဒန့်သလွန်သီးမီးကင်ပြီးတော့လည်း ဟင်းခါးချက်စားကြသလို ငါးနဲ့တွဲဖက်ပြီးတော့လည်းချက်စားလေ့ရှိကြပါတယ်။ဒီနေ့မှာတော့ အညာဒေသ အထူးသဖြင့် မုံရွာဒေသဘက်မှာ ချက်စားလေ့ရှိတဲ့ မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်နည်းလေးကိုဝေမျှချင်ပါတယ်။မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-ဒန့်သလွန်သီး ၅ တောင့်မန်ကျည်းရွက် ၁၀ ကျပ်သားကြက်သွန်နီ ၁ လုံးငပိ အနည်းငယ်(မန်ကျီးစေ့ ၁ စေ့ခန့်)ဆားအနည်းငယ်အချိုမှုန့်အနည်းငယ်ဆီ ဟင်းစားဇွန်း(၁)ဇွန်းခန့်လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်ဆင့်ဒန့်သလွန်သီးကို လက်သုံးဆစ်ခန့် အရွယ်အစားများဖြတ်၍ အခွံနွှာ ရေဆေးထားပါ။မန်ကျည်းရွက်ကို အရွက်ကြမ်းများနှင့်အရိုးရင့်များ ဖယ်ထုတ်ပြီး ရေဆေး၍ စစ်ထားပါ။ကြက်သွန်နီအခွံနွှာပြီး ရေဆေး၍ လှီးထားပါ။ချဉ်ရည်ဟင်းချက်မည့်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ငပိထည့်ပြီး ဆီသတ်ပါ။ ငပိအနံ့မွှေးလာပါက လှီးထားသော ကြက်သွန်နီနှင့် ဒန့်သလွန်သီးများ၊ မန်ကျည်းရွက်များထည့်ပြီး အထက်အောက် နှံ့အောင်မွှေ၍ ရေဖန်ခွက်(၃)ခွက်ခန့်ထည့်ပြီး အဖုံးအုပ်၍ ချက်ပါ။မိနစ်(၂၀)ကြာပြီးနောက် ချဉ်ရည်ဟင်းရည်များပွက်ပွက်ဆူပြီး ဒန့်သလွန်သီးများ နူးအိလာပါက ဆား၊ အချိုမှုန့်ထည့်၍ အရသာမြည်းစမ်းကာ မီးပိတ်၍ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။မန်ကျည်းရွက်ရဲ့ အချဉ်ဓာတ်ကို ဒန့်သလွန်သီးရဲ့ အဆိမ့်ဓာတ်၊ ကြက်သွန်နီရဲ့ အချိုဓာတ်နဲ့ ငပိတို့ကြောင့် ချဉ်ရည်ဟင်းက အချဉ်မစူးဘဲ စားလို့ကောင်းမှာသေချာပါတယ်နော်။မန်ကျည်းရွက်ဒန့်သလွန်သီးချဉ်ရည်ဟင်းနဲ့ ဆိတ်သား၊ ကြက်သား၊ ဝက်သားချက်တို့နဲ့ အညာငရုတ်သီးထောင်း၊ ငရံ့ခြောက်ဖုတ်တို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် လိုက်ဖက်ညီတဲ့ ဟင်းတွဲဟင်းစပ်လေးတွေဖြစ်တာကြောင့် ခံတွင်းမြိန်မှာသေချာပါတယ်နော်။
56
ဘူးရွက်ကို သာမန်အားဖြင့် ကြော်စားတတ်ကြလေ့ရှိကြပါတယ်။ ကျမတို့ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်မှာ ချက်စားလေ့ရှိတဲ့ ဘူးရွက်ဟင်းချို ချက်နည်းလေးကို ဟင်းချက်ဝါသနာရှင်များအတွက် ဝေမျှချင်ပါတယ်။ဘူးရွက်ဟင်းချိုကတော့ ချက်ရတာလည်း လွယ်ကူသလို ဆီပါဝင်မှုလည်း နည်းပါတာမို့လို့ ကျန်းမာရေးအတွက်လည်း ပိုပြီးသင့်တော်ပါတယ်နော်။ ဘူးရွက်ဟင်းချို ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ -ဘူးရွက်(၂)စည်းနံနံပင်(၁)တစ်စည်းငပိ မန်ကျည်းစေ့ခန့်ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်းကြက်သွန်နီ(၁)လုံးဆားအနည်းငယ်ဟင်းခပ်မှုန့် (သို့) ဟင်းချိုမှုန့်အနည်းငယ်ဆီ ထမင်းဇွန်း(၁)ဇွန်းပြုလုပ်ပုံအဆင့်ဆင့်ပထမဆုံးအနေနဲ့ ဘူးရွက်ကို အရိုးရင့်များ၊ အရွက်ကြမ်းများကို ဖယ်ရှားပါ။ ဈေးကဝယ်လာတဲ့ ဘူးရွက်တွေမှာလည်း ဘူးသီးအနုအသေးလေးတွေလည်းပါလာတတ်တာမို့ အဲ့ဒီအသီးနုလေးတွေလည်း ထည့်ချက်လို့ရပါတယ်နော်။ ဒါ့အပြင် နှာမောင်းတံ(ဘူးနွယ်)လေးတွေကိုလည်း ထည့်ပြီးချက်လို့ရပါတယ်နော်။ဘူးရွက်၊ ဘူးညွန့်များ သင်ပြီးရင်တော့ ရေဆေးပြီး စစ်ထားပါ။ နံနံပင်ကို အမြစ်များ၊ သဲများ၊ အမှိုက်များ မပါရှိအောင် သန့်စင်၍ ရေဆေးထားပါ။ကြက်သွန်နီကို အခွံနွှာ ရေးဆေးပြီး လေးစိတ်ခွဲပြီး လှီးထားပါ။ ပုစွန်ခြောက်ကို ရေစိမ်ထားပါ။ဘူးရွက်ဟင်းချို ချက်မည့် အိုးထဲသို့ ရေဖန်ခွက်(၃)ခွက်၊ ငပိ ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်နှင့် ဆီတို့ကို ထည့်ပြီး မီးပြင်းပြင်းဖြင့် မိနစ် ၂၀ ခန့် ပွက်ပွက်ဆူအောင် တည်ထားပါ။ဟင်းရည်များ ပွက်ပွက်ဆူပြီး အနံ့များ မွှေးကြိုင်လာကာ ဟင်းအိုးထဲတွင် ရေဖန်ခွက်(၁)ခွက်ခွဲစာခန့် ကျန်ရှိပါက ရေစစ်ထားသော ဘူးရွက်များထည့်ပါ။( ဘူးရွက်ထည့်ပြီးပါက ဟင်းအိုးအဖုံးကို မဖုံးဘဲ ဖွင့်၍ ချက်ပါ။ ဒါမှသာ ဘူးရွက်အရောင်မှာ အစိမ်းရောင်ကို ရရှိမည်ဖြစ်ပါသည်)ဘူးရွက်များထည့်ပြီး အထက်အောက်မွှေပြီးနောက် ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ခပ်ပါ။ ထို့နောက် နံနံပင်ထည့်ပြီး အရသာမြည်းစမ်းကြည့်ပြီး အရသာ အဆင်ပြေပါက ဘူးရွက်ဟင်းချိုကို စားသုံးနိုင်ပြီဖြစ်ပါသည်။ဘူးရွက်ဟင်းချိုမှာ အဓိကကျတာကတော့ ဟင်းရည်ကို ခပ်ကြာကြာလေး ကျိုရင် ငပိအစိမ်းအနံ့ပျောက်ပြီး မွှေးကြိုင်လာသည်အထိ ကြိုပေးဖို့လိုမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းရည်ထဲကို ဘူးရွက်ထည့်ပြီး ငါးမိနစ်လောက်ပဲချက်သင့်ပါတယ်နော်။ဘူးရွက်ဟင်းချိုနဲ့ လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေကတော့ ဆိတ်သားခြောက်ဆီပြန်ဟင်း ၊ ဆိတ်သားဟင်း၊ ဝက်သားဆီပြန်ချက် ၊ နှမ်းဖတ်ချဉ်သုပ်လေးတွေနဲ့ တွဲဖက်စားသုံးရင် စားမြိန်ပြီး ခံတွင်းတွေ့မှာ သေချာပါတယ်နော်။ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေ ချက်ပြုတ်စားသုံးကြည့်လိုက်တော့နော်။
57
သာမန်အားဖြင့် ဘူးသီးကို ဟင်းခါး/ဟင်းချို ချက်စားလေ့ရှိကြသလို ကြက်သားနဲ့ရောပြီး ကြက်/ဘူးဆိုပြီး ချက်စားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဘူးသီးကို ချဉ်ရည်ဟင်းအနေနဲ့ ချက်စားလို့ ရတယ်ဆိုတာကိုတော့ အချို့သူတွေက မသိကြဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် ထမင်းမြိန်စေမည့် ဘူးသီးချဉ်ရည်ချက် နည်းလေးကို ဝေမျှပါရစေနော်။ ဘူးသီးချဉ်ရည်ဟင်းက ချက်ရတာလည်း လွယ်ကူရိုးရှင်းသလို ထမင်းစားကောင်းမည့် ဟင်းတစ်ခွက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုရင် မြန်မာအများစုကတော့ အသား၊ငါးဟင်းတွေ မပါချင်နေပါစေ၊ ချဉ်၊ ငန်၊ စပ်အရသာလေးသာ ပါလို့ကတော့ ထမင်းစားမြိန်တတ်ကြတဲ့ လူမျိုးတွေမို့လားကဲ ဒါဆို ဘူးသီးချဉ်ရည်လေးကို စချက်ကြည့်ကြရအောင်ဘူးသီးချဉ်ရည်ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ -ဘူးသီးအရွယ်တော် (၂) စိပ်ခရမ်းချဉ်သီးကိုင်းသီး (ဗမာသီး) (၇)လုံးငပိ မန်ကျီးစေ့(၁)စေ့ခန့်နံနံပင်အနည်းငယ်ဆားအနည်းငယ်ဟင်းချိုမှုန့် (သို့) ဟင်းခပ်မှုန့်အနည်းငယ်ဆီ ဟင်းစားဇွန်း(၁)ဇွန်းပြုလုပ်ပုံအဆင့်ဆင့်ပထမဦးဆုံး ဘူးသီးကို အခွံနွှာပါ။ ထို့နောက် ခပ်ပါးပါးအတုံးလေးတွေလှီးပြီး ‌ရေဆေးပြီး စစ်ထားပါ။ခရမ်းချဉ်သီး ကိုင်းသီးများကို ရေဆေး၍ ခပ်ပါးပါးလှီးထားပါ။(အခုလို ချဉ်ရည်ဟင်းချက်ရာမှာ ခရမ်းချဉ်သီး အချဉ်သီးကိုပဲ သုံးသင့်ပါတယ်နော်။ ဘာကြောင့်လဲဆိုရင် ခရမ်းချဉ်သီးအချဉ်သီးက သူ့ရဲ့ သဘာဝအချဉ်ဓာတ်က ပိုချဉ်တဲ့အပြင် ချက်ပြုတ်ရာမှာလည်း နူးအိလွယ်ပါတယ်၊ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးအချဉ်သီးနဲ့ချက်ရင် သူ့ရဲ့ အချဉ်နံ့က သဘာဝအချဉ်ဓာတ်ရရှိမှာမို့လို့ ခရမ်းချဉ်သီး အချဉ်သီးနဲ့ပဲ ချက်ဖို့ တိုက်တွန်းပါရစေနော်။ ဘူးသီးချဉ်ရည်လည်း ချက်စားချင်တယ်၊ ဒါပေမဲ့ ခရမ်းချဉ်သီး အချဉ်သီးလည်း မရနိုင်တဲ့ အခြေအနေမှာတော့ ရိုးရိုးခရမ်းချဉ်သီးနဲ့ချက်မယ်ဆိုရင် ရိုးရိုးခရမ်းချဉ်သီးက အနှစ်တွေများတာမို့ (၂)လုံးလောက်ပဲထည့်သင့်ပါတယ်၊ ဒါမှသာ ချဉ်ရည်ဟင်းက အရည်ခပ်ကြည်ကြည်လေးနဲ့ စားချင့်သဖွယ်ဖြစ်မှာပါနော်)နံနံပင်ကို အမြစ်နဲ့ အရွက်ဝါနေတာလေးတွေကို ဖယ်ထုတ်ပြီး သဲများမပါရှိစေရန် ရေဆေးထားပါ။အရင်ဆုံး ချက်ပြုတ်မည့်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။ဆီကျက်လာရင် မျှင်ငပိထည့်ပါ။ထို့နောက် ငပိကို အနည်းငယ်ချေပြီးနောက် ခရမ်းချဉ်သီးထည့်၍ နှံ့အောင်မွှေပါ။ ခရမ်းချဉ်သီးကို ကျေအောင်ချေရမှာမို့လို့ ရေဖန်ခွက် တစ်ခွက်ခန့်ထည့်၍ အဖုံးအုပ်ပြီး တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ ခရမ်းချဉ်သီးကို ကျေအောင်ချေပေးပါ။ ခရမ်းချဉ်သီးများကျေလျှင် ခပ်ပါးပါး တုံးထားသောဘူးသီးများကို ထည့်၍ ခရမ်းချဉ်သီးနှင့် ဘူးသီးကို နှံ့စပ်အောင်မွှေပါ။ပြီးလျှင် ရေ ဖန်ခွက် (၂)ခွက်ခန့်ထည့်၍ အဖုံးအုပ်၍ (၁၀)မိနစ်ခန့် တည်ထားပါ။ဟင်းရည်များ ပွက်ပွက်ဆူလာပြီး ချဉ်ရည်ဟင်းအနံ့များ မွှေးကြိုင်လာပါက ဆား၊ ဟင်းချိုမှုန့် သို့မဟုတ် ဟင်းခပ်မှုန့် တို့ကို ထည့်ပါ။ (အကယ်၍ ခရမ်းချဉ်သီးအချဉ်သီးနဲ့ ချက်တာမျိုးမဟုတ်ဘဲ ရိုးရိုးခရမ်းချဉ်သီးနဲ့ချက်တာဆိုရင်တော့ အချဉ်ဓာတ်ရရှိဖို့အတွက် မန်ကျီးသီးမှည့်အနည်းငယ်ကို ရေနွေးနဲ့စိမ်ပြီး မန်ကျီးမှည့်အနှစ်များကို ထည့်ဖို့လိုမှာ ဖြစ်ပါတယ်နော်။ ချဉ်ရည်ဟင်း အနံ့မွှေးကြိုင်နေဖို့ဆိုရင် ဟင်းရည်ကျအောင် ကျိုပေးဖို့လိုပါမယ်နော်၊ ဘူးသီးက နဂိုမူလသဘာဝအရသာက ချိုတာမို့လို့ အချဉ်ဟင်းရည်ကို ခပ်ကြာကြာတည်ထားမှသာ အချဉ်ဓာတ်တွေက ဘူးသီးထဲရောက်မှာဖြစ်သလို မျှင်ငပိနံ့ပျောက်ဖို့ဆိုရင် ဟင်းရည်ကို ခပ်ကြာကြာတည်ထားခြင်းဟာ လျှို့ဝှက်ချက်တစ်ခုပါပဲနော်။ချဉ်ရည်ဟင်းအိုး တည်ထားတာက အိုးထဲမှာ ဖန်ခွက်တစ်ခွက်ခွဲစာခန့်လောက် ကျန်နေပြီဆိုမှသာ ဟင်းအိုးကိုမီးပိတ်ပြီး နံနံပင်ထည့်ကာ ဘူးသီးချဉ်ရည်ဟင်းကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။ကဲ ဘူးသီးချဉ်ရည်ဟင်းရည်ရပြီဆိုတော့ သူနဲ့လိုက်ဖက်တဲ့ ဟင်းတွဲလေးကတော့ ငရုတ်သီးအခြောက်တောင့် သို့မဟုတ် ငရုတ်သီးခွဲခြမ်းမှုန့်နဲ့ ကြက်သွန်နီကို အစေးပေါက်အောင် ထောင်းထားတဲ့အညာငရုတ်သီးထောင်းလေးရယ်၊ ငါးရံ့ခြောက်ဖုတ်လေးနဲ့ တွဲဖက်စားလိုက်ရင်တော့ အသားဟင်းမပါတာတောင် ထမင်း(၂)ပန်းကန်လောက်တော့ အသာလေးဆွဲပြီးသားဖြစ်မှာပါနော်
58
ပါဝင်ပစ္စည်းများပဲကြာဆံ ၁၀ ကျပ်သားကြွက်နားရွက်မှို(မှိုခြောက်) ၅ပွင့်ပဲလိပ်ခြောက် အနည်းငယ်ကြက်သွန်နီ ၁ လုံးငုံးဥ ၁၀ လုံးဗမာကြက်သား ၅တုံးခရမ်းချဉ်သီး ၁လုံးပဲဆီ ၂ ဇွန်း(ဟင်းစားဇွန်း)ဆား အနည်းငယ်အချိုမှုန့် (သို့မဟုတ်) ဟင်းခတ်မှုန့် အနည်းငယ်ပြုလုပ်ပုံအဆင့်ဆင့်ကြာဆံချက်အတွက် လိုအပ်သော ပဲကြာဆံ၊ ကြွက်နားရွက်မှို၊ ပဲလိပ်ခြောက်တို့ကို ဟင်းရည် ချက်ပြုတ်ခြင်းမပြုမီ ရေဖြင့် (၁၅)မိနစ်ခန့် ကြိုတင်စိမ်ထားပါ။ ပြီးနောက် ရေစိမ်ထားသော ကြွက်နားရွက်မှိုများ ၊ ပဲလိပ်များကို ကတ်ကြေးဖြင့် အနေတော် လှီးဖြတ်ထားပါ။ငုံးဥများကို အချိန်(၁၀)မိနစ်ခန့် ပြုတ်၍ အခွံနွှာထားပါ။ကြက်သားကို ရေ(၄)ခွက်(ထမင်းပေါင်းအိုးတွင် ပါရှိသည့်ပုံစံခွက်)နှင့် ငံပြာရည်အနည်းငယ် ထည့်ပြီး နူးအိလာသည်အထိ ပြုတ်ပါ။ (ကြာဆံချက်မှာ အသုံးပြုတဲ့ ကြက်သားကိုတော့ ဗမာကြက်သားကိုပဲရွေးချယ်ထားပါတယ်နော်။ ဘာကြောင့် ဗမာကြက်သားကို ရွေးချယ်ရသလဲ ဆိုရင် ဗမာကြက်သားရဲ့ အရိုးထဲက အဆီအနှစ်တွေက သဘာဝအချိုဓာတ်ဖြစ်တဲ့အတွက် ကြာဆံချက်စားသုံးရာမှာ သဘာဝအချိုကို ရရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ ဗမာကြက်သား မရနိုင်တဲ့အခြေအနေမှာဆိုရင်တော့ မွေးမြူရေးကြက် သား(စီပီကြက်သား)ကို အသုံးပြုလည်း အဆင်ပြေပါတယ်နော်။ နောက်ပြီး ကြက်သားပြုတ်ထဲမှာ ထည့်တဲ့ငံပြာရည်ကိုတော့ ယိုးဒယား ကင်းမွန်ငံပြာရည်လေးကို အသုံးပြုထားပါတယ်နော်။)ပြုတ်ထားတဲ့ ကြက်သားတွေ နူးအိလာပြီဆိုရင်တော့ ကြက်သားနဲ့ ကြက်ပြုတ်ရည်တွေကို ပန်းကန်တစ်ခုနဲ့ ထည့်ထားပါ။မီးဖိုပေါ်တွင် ကြာဆံချက် ချက်မည့် အိုးတင်၍ ပဲဆီထည့်ပါ။ ၂ မိနစ်ခန့်ကြာပြီးနောက် ဆီကျက်ပါက ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး အရောင်တင်မှုန့်တို့ကို ထည့်၍ ဆီသတ်ပါ။ အရောင်တက်လာပါက ကြက်ပြုတ်ရည်နှင့် ကြက်သားများထည့်ပါ။ ကြက်ပြုတ်ရည် နည်းပါက ရေအနည်းငယ်ထပ်ထည့်၍ ၁၀ မိနစ်ခန့် တည်ထားပါ။၁၀ မိနစ်ခန့် ကြာပြီးနောက် ဟင်းရည်များ ပွက်ပွက်ဆူလာပါက လှီးဖြတ်ထားသည့် မှိုခြောက်များကို အရင်ဆုံးထည့်ပါ။ ထို့နောက် ပဲခြောက်များ၊ ပဲကြာဆံများထည်၍ ၁၀ မိနစ်ခန့် ထားပါ။(ကြာဆံချက်မှာ အသုံးပြုတဲ့ ကြာဆံကတော့ ပဲကြာဆံကိုသာ အသုံးပြုရပါမယ် နော်၊ကြာဆံကြော်လုပ်စားတဲ ့ကြာဆံကို အသုံးပြုလို့ မရပါဘူးနော်)ပွက်ပွက်ဆူနေသော ဟင်းရည်ထဲသို့ ထည့်ထားသည့် ပဲကြာဆံနှင့် မှိုခြောက်၊ ပဲခြောက်များသည် နူးအိလာပါက ပြုတ်ထားသော ငုံးဥများထည့်၍ ဆား၊ အချိုမှုန့်(သို့မဟုတ်) ဟင်းခတ်မှုန့်တို့ကို ထည့်၍ အရသာ မြည်းစမ်းကြည့်ပါ။ကြာဆံချက်တွင်ပါဝင်သည့်အမယ်များ နူးအိပြီး အရသာအနေအထားကောင်းမွန်ပါက မီးပိတ်၍ ကြာဆံချက်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။ကြာဆံချက်နှင့် တွဲဖက်သုံးဆောင်မည့် နံနံပင်၊ ငရုတ်သီးကြော်ထောင်း သို့မဟုတ် ငရုတ်သီး လှော်ထောင်း၊ ဗမာသံပုရာသီး(သံပုရာအစစ်က သံပုယိုသီးထက် ပိုပြီးမွှေးပါတယ်) များ ထည့်၍ သုံးဆောင်ပါက အနံ့အရသာနှင့်ပြည့်စုံသော ကြာဆံချက်လေးကို စားသုံးလို့ရပါပြီရှင်။
59
ဗုံလုံသီးကို ကျမတို့ဒေသဘက်မှာတော့ ပဲလင်းမြွေသီးလို့လည်း ခေါ်ပါတယ်။ ဗုံလုံသီး သီးတဲ့အခါ အုပ်မိုးထားတဲ့ အရွက်များအောက်မှာ တွဲလောင်းကျပြီး သီးတာကြောင့် အမှတ်တမဲ့ကြည့်ရင် မြွေနှင့်ခပ်ဆင်ဆင်တူပါတယ်။ အသီးရဲ့အရွယ်အစားကလည်း အလျားလိုက် ရှည်ထွက်ပြီးသီးတတ်သလို  တစ်ခါတစ်ရံမှာ ခွေပတ်တွန့်လိမ်ပြီးသီးတဲ့အပြင်  အစိမ်းရောင်အသီးပေါ်မှာ အစိမ်း နုရောင်နဲ့  အဖြူရောင် အကြောင်အကျားတွေပါလေ့ရှိလို့ ကျမတို့အရပ်ဒေသမှာတော့ ဗုံလုံသီးကို ပဲလင်းမြွေသီးလို့ပဲ ခေါ်တယ်လို့ သိရပါတယ်။ဗုံလုံသီးမှာ အမျှင်ဓာတ်၊ အရည်ဓာတ် ပါဝင်မှုများသလို သူ့ရဲ့အရသာက ချိုချိုလေးမို့ မြန်မာ လူမျိုးအများစု ကြိုက်နှစ်သက် ကြပါတယ်။ ဗုံလုံသီးအခေါင်းက ခပ်ပွပွမို့ အဲ့ဒီထဲမှာ နှစ်သက်ရာ အသား၊ငါး၊ ပုစွန်တို့ကို အစာသွပ် ချက်နိုင်ပါတယ်နော်။အခုတင်ပြမည့် ဟင်းကတော့ ဗုံလုံသီးထဲကို ဝက်သားကို အစာသွပ်ချက်နည်းလေးကို တင်ပြသွားမှာဖြစ်ပါတယ်။ ဗုံလုံသီး ဝက်သားအစာသွပ်ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်  ပစ္စည်း တွေကတော့-ဗုံလုံသီးတစ်တောင့်ဝက်သား(၁၀)ကျပ်သားကြက်သွန်နီ(၅)လုံး(အနေတော်အလုံး)ခရမ်းချဉ်သီး(၁)လုံးငရုတ်သီးအရောင်တင်မှုန့်(၁)ဇွန်းဆားအနည်းငယ်အချိုမှုန့်(သို့) ဟင်းခပ်မှုန့်အနည်းငယ်ဆီ ဟင်းစားဇွန်း(၄)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်ဆင့်ဝက်သားများကို ရေဖြင့် ဆေးပြီး ရေစစ်ကာ နုတ်နုတ်စင်းထားပါ။ ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပြီး နုတ်နုတ်စင်းပါ။ဗုံလုံသီးကို လက်နှစ်ဆစ် သို့မဟုတ် သုံးဆစ်ခန့်အရွယ် လှီးပြီး အတွင်းမှ အစေ့အရင့်များဖယ်ထုတ်ပြီး  ရေဆေး၍ စစ်ထားပါ။နုတ်နုတ်စင်းထားသော ဝက်သား၊ ကြက်သွန်နှင့် ခရမ်းချဉ်သီးတို့ကို ပန်းကန်တစ်ခုထဲသို့ ထည့်ပြီး ဆား၊ အချိုမှုန့်များထည့်၍ နှံ့စပ်အောင်နယ်ပြီး နှပ်ထားပါ။ရေစစ်ထားသော ဗုံလုံသီးထဲသို့ နှပ်ထားသော ဝက်သားများကို အစာသွပ်ပါ။ဗုံလုံသီးချက်မည့်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ငရုတ်သီးအရောင်တင်မှုန့်များထည့်ပြီး ငရုတ်ဆီအရောင်များတက်လာပါက အစာသွပ်ထားသော ဗုံလုံသီးထည့်ပြီး နှံ့စပ်အောင်မွှေပြီး ဆီအနည်းငယ်ပြန်လာပါက ရေဖန်ခွက်တစ်ဝက်ခန့်ထည့် အဖုံးအုပ်၍ (၂၀)မိနစ်ခန့် တည်ထား ပါ။ဗုံလုံသီးများ နူးအိပြီး အသားများလည်းနူးလာပါက ဆား၊ အချိုမှုန့် အရသာ ထည့်၍ မီးပိတ်ကာ ဗုံလုံသီးဝက်သားအစာသွပ်ချက်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်နော်။ဗုံလုံသီးဝက်သားအစာသွပ်ချက်နဲ့ သရက်ချဉ်သုပ်၊ ပဲနီလေးကြာဆံပဲဟင်းလေးတွေနဲ့ တွဲဖက်စားသုံးလိုက်ရင် ခံတွင်းမြိန်စေမှာ သေချာပါတယ်နော်။
60
ဝက်သားနဲ့ပတ်သက်လို့ ဆိုရိုးစကားတစ်ခုကတော့ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက် ၊ အသားမှာ ဝက်လို့ ပြောလေ့ရှိပါတယ်။ ဒါ့ကြောင့် ဝက်သားဟင်းဆိုရင် လူကြီး လူငယ်မရွေး အများစုကြိုက်နှစ်သက်တဲ့ အသားတစ်မျိုးလည်းဖြစ်ပါတယ်။ ဝက်သားချက်ရင် အခြားနယ်ဘက်တွေမှာတော့ ဆား၊ ဆနွင်း၊ငံပြာရည်စသဖြင့် ချက်လေ့ရှိပေမဲ့ မုံရွာနယ်တစ်ဝိုက်မှာတော့ ဝက်သားချက်ရင် ကြာညို့ကို အသုံးပြုပြီးချက်လေ့ရှိပါတယ်။ဝက်သားနီချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-ဝက်သား(၂၅)ကျပ်သားကြာညို့အနည်းငယ်ဆီအနည်းငယ်ဆားအနည်းငယ်ဟင်းချိုမှုန့်(သို့)ဟင်းခပ်မှုန့် အနည်းငယ်ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ဂျင်းတက်အနည်းငယ်ပြုလုပ်ပုံအဆင့်ဆင့်ဝက်သားကို အနေတော်တုံးလေးများ လှီးပါ။လှီးထားသော ဝက်သားတုံးများကို ရေစင်အောင်ဆေးကြောပါ။ထို့နောက် ဝက်သားတုံးများကို ကြာညို့အနည်းငယ်၊ဆား၊ဟင်းခပ်မှုန့်အနည်းငယ်တို့ဖြင့် နှပ်ထားပါ။ဝက်သားနီချက် ချက်မည့ဒယ်အိုးထဲသို့ ဆီကိုအရင်ထည့်ပြီး ဆီကျက်လာပါက ထောင်းထားသော ဂျင်းတက်နှင့်ကြက်သွန်ဖြူ တို့ ထည့်ပြီး ဆီသတ်ပါ။ဂျင်း၊ ကြက်သွန်ဖြူဆီသတ်တာ အနံ့များမွှေးကြိုင်လာပါက နှပ်ထားသောဝက်သားကို ထည့်ပြီး နှံ့စပ်အောင်မွှေ၍ ရေဖန်ခွက်(၃)ခွက်ခန့် ထည့်ပြီး မိနစ်(၃၀)ခန့်ကြာအောင် မီးပြင်းပြင်းနဲ့ ချက်ပါ။ဝက်သားအိပြီးဆီပြန်လာလျှင် အရသာမြည်းစမ်း၍ လိုအပ်ပါက ဆား၊ အချိုမှုန့်များထည့်ပြီး ဟင်းအိုးမီးပိတ်ကာ  ဝက်သားနီချက်ကို သုံးဆောင်နိုင်ပါပြီနော်။ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဝက်သားမှာ ပရိုတင်းဓာတ်ပါဝင်မှု အများဆုံး ဖြစ်ပေမဲ့ အခြားအသားတွေထက်တော့ အဆီဓာတ်များတဲ့အပြင် ဝက်သားမှာပါဝင်တဲ့ အဆီ အများစုက ပြည့်ဝဆီဖြစ်တာကြောင့် အများကြီးစားသုံးမယ်ဆိုရင်တော့ သွေးတွင်း အဆီဓာတ် ကို မြင့်တက်နိုင်တယ်လို့လည်း ကျန်းမာရေးဆောင်းပါးတွေမှာ ရေးထားတာ ဖတ်ဖူးပါတယ်။ဒါ့ကြောင့် ဝက်သားကို ကြိုက်လို့ စားမယ်ဆိုရင်တော့ အဆီနည်းပြီး အသားများတဲ့ဟာကို ရွေးချယ်စားသင့်ကြောင်း ကျန်းမာရေးရှုထောင့်ကနေ အကြံပေးချင်ပါတယ်နော်။
61
ကြက်သားကို ဆီပြန်ဟင်းတွေချက်စားရတာ ရိုးနေတဲ့ ဟင်းချက်ဝါသနာရှင်တွေအတွက် ကြက်သားဂွေးတောက်ဟင်းချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကြက်သား ဂွေးတောက်ဟင်းရည်ဆိုရင်တော့ စားသောက်ဆိုင်တွေမှာလည်း အမျိုးသားအများစု မှာစားလေ့ရှိကြတဲ့ ဟင်းတစ်မယ်လည်းဖြစ်ပါတယ်နော်။ကြက်သားဂွေးတောက်ဟင်းချက်ဖို့အတွက်ဆိုရင် -ကြက်သား(၁၀)သား၊ဂွေးတောက်ရွက်(၅)ကျပ်သား၊ကြက်သွန်နီ(အလုံးသေး) ၅ လုံး၊ခရမ်းချဉ်သီး(၁)လုံး၊ကြက်သွန်ဖြူ(ဗမာ) (၅)မွှာ၊ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်းတစ်ဝက်ခန့်၊ဆားအနည်းငယ်၊ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်၊ဆီဟင်းစားဇွန်း(၁)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်နော်။ပြုလုပ်ပုံအဆင့်ဆင့်ကြက်သားများကို အတုံးငယ်များဖြစ်အောင် တုံးပြီး ရေဆေးကာ ဆားအနည်းငယ်ဖြင့် နယ်၍ နှပ်ထား ပါ။ဂွေးတောက်ရွက်ကို အရွက်ရင့်/ကြမ်းများ မပါရှိစေရန် ဖယ်၍ ရေဆေးပြီး စစ်ထားပါ။ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ လှီးထားပါ။ ကြက်သွန်ဖြူ ထောင်းထားပါ။ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက ငရုတ်သီးအရောင်တင်မှုန့်နှင့် လှီးထားသော ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ဖြင့် ဆီသတ်ပါ။ထို့နောက် နှပ်ထားသော ကြက်သားထည့်၍ နှံ့စပ်အောင်မွှေ၍ ဆီပြန်လာပါက ရေဖန်ခွက်(၄)ခွက်ခန့်ထည့်ပြီး အဖုံးအုပ်၍ (၁၅)မိနစ်ခန့်တည်ထားပါ။ကြက်သားဟင်းရည်များ ပွက်ပွက်ဆူပြီး ကြက်သားနူး/မနူးမြည်းကြည့်ပါ။ ကြက်သားမနူးသေးပါက ရေ(၁)ဖန်ခွက်ခန့်ထပ်ဖြည့်၍ ဟင်းအိုးအဖုံးအုပ်ပြီး တည်ထားပါ။ကြက်သားနူးပြီး  ဟင်းရည်ရေဖန်ခွက်(၁)ခွက်ခွဲစာခန့် ကျန်ပါက ရေဆေးထား‌သော ဂွေးတောက်ရွက်များ ထည့်ပါ။(ဂွေးတောက်ရွက်အရောင် အစိမ်းရောင် မပျက်ရရှိစေရန်အတွက် ဟင်းအိုးအဖုံးမဖုံးရပါ)ထို့နောက် ထောင်းထားသော ကြက်သွန်ဖြူ၊ ဆား၊အချိုမှုန့်တို့ကို ခပ်၍ အရသာ မြည်းစမ်းကာ ဟင်းအိုးကို မီးပိတ်၍ သုံးဆောင်နိုင်မည်ဖြစ်ပါသည်။ (ဂွေးတောက်ရွက်ကို အချိန်ကြာကြာချက်ပါက အရသာပိုပြီးခါးတတ်သဖြင့် ကြက်သားထဲသို့ ထည့်ပြီး(၅)မိနစ်ခန့် ချက်ပြီးနောက် ပူပူနွေးနွေးသုံးဆောင်သင့်ပါသည်။ကြက်သားဂွေးတောက်ဟင်းရည်နှင့် သရက်သီးစပ်ချဉ်ထောင်း၊ အာလူးအစိုကြော် တို့ကတော့ လိုက်ဖက်တဲ့ ဟင်းအတွဲလေးဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်နော်။
62
အသားမှာဝက်၊ အသီးမှာသရက်၊ အရွက်မှာလက်ဖက်လို့တင်စားရလောက်အောင် ဝက်သားဟာ မြန်မာလူမျိုးအများစု ကြိုက်နှစ်တဲ့အသားတစ်မျိုးပါ။ ဝက်သားကို အမျိုးမျိုးချက်ပြုတ် ကြော်လှော် စားသောက်လို့ရတာကိုလည်း ဟင်းချက်ဝါသနာရှင်တွေသိရှိပြီးဖြစ်မှာပါ။ အချို့လူတွေကတော့ ဝက်သားဆိုရင် အဆီလေးနဲ့အရသာ ပိုရှိတယ်လို့ ဆိုကြပါတယ်။ ဝက်သားကို အဆီနဲ့လည်း စားချင်တယ်၊ အီမှာလည်းစိုးရိမ်ကြတဲ့သူတွေအတွက် ဝက်သားကို သရက်ချဉ်လေးနဲ့ အအီပြေအောင် ချက်စားတဲ့နည်းလေးကို ဝေမျှချင်ပါတယ်နော်။ဝက်သား သရက်ချဉ်ချက်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ဝက်သား ၁၅ ကျပ်သားသရက်ချဉ် ၇ ကျပ်ခွဲသား(အထုပ်သေး (၁)ထုပ်)ငပိ အနည်းငယ်အရောင်တင်မှုန့် အနည်းငယ်ကြက်သွန်နီ ၁ လုံးခရမ်းချဉ်သီး ၁ လုံးဆီ ဟင်းစားဇွန်း ၅ ဇွန်းခန့်ဆား အနည်းငယ်အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ပုံအဆင့်အဆင့်ဝက်သားကို အတုံးငယ်များ တုံး၍ ရေဆေးထားပါ။သရက်ချဉ်ကို သဲများ၊ အမှိုက်များ မပါရှိစေရန် ရေဆေးထားပါ။ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ရေဆေးပြီး လှီးထားပါ။ဟင်းချက်မည့် အိုးထဲတို့ ဆီအရင်ထည့်ပါ။ ဆီပူလာပါက လှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့်  ငပိ၊ အရောင်တင်မှုန့်တို့ကို ရော၍ ဆီသတ်ပါ။ထို့နောက် အတုံးငယ်များ တုံးထားသော ဝက်သားကို ထည့်၍ နှံ့စပ်အောင် မွှေပါ။ဝက်သား နူးအိစေရန်အတွက် ရေဖန်ခွက်(၃)ခွက်စာခန့်ထည့်၍ နူးအိသည်အထိ ချက်ပြုတ်ပါ။ဝက်သား နူးအိလာပါက ရေဆေးထားသော သရက်ချဉ်များ ထည့်ပါ။သရက်ချဉ်ထည့်ပြီး ဆီပြန်လာပါ ဆား၊ အချိုမှုန့်များထည့်၍ အရသာ မြည်းစမ်းကြည့်ပါ။အရသာ အနေအထား အဆင်ပြေပါက ဟင်းအိုးကို မီးပိတ်၍ ဝက်သားသရက်ချဉ်ဆီပျံဟင်းကို သုံးဆောင်နိုင်မည် ဖြစ်ပါသည်။ဝက်သားသရက်ချဉ်ဆီပျံဟင်းကို အညာဘက်မှာဖျော်လေ့ရှိတဲ့ ငံပြာရည်ဖျော်နဲ့ ကြက်သွန်နီနဲ့ အခြားအတို့အမြှုပ်အစုံလေးနဲ့ ဘူးရွက်ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးလိုက်မယ်ဆိုရင် စားမြိန် မှာ အသေအချာပါပဲနော်။
63
ဆိတ်သားစားချင်သော်လည်း ညှီနံ့ကြောက်လို့ ချက်မစားဖြစ်ကြတဲ့သူတွေအနေနဲ့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို မီးကင်စားလို့ရတယ်၊ ကြော်စားလို့ရတယ်။ ဒါ့အပြင် ဟင်းအနှစ်နဲ့ချက်စားလို့ ရပါသေးတယ်နော်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့ရကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းများဆိတ်သားခြောက် ၈ ချောင်းခန့်ခရမ်းချဉ်သီး ၅ လုံးကြက်သွန်နီအလုံးကြီး ၃လုံးဗမာကြက်သွန်ဖြူ ၅မွှာအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီ ၅ ကျပ်သားဆား အနည်းငယ်အချိုမှုန့်  သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်ပြုလုပ်ပုံအဆင့်ဆင့်ဆိတ်သားခြောက်ကို အတုံးငယ်လေးများ ဖြစ်အောင် ပါးပါးလှီးထားပြီး ရေဆေးထားပါ။ခရမ်းချဉ်သီးကို ရေဆေး၍ လှီးထားပါ။ ဟင်းချက်တဲ့နေရာမှာ ဗမာခရမ်းချဉ်သီးနဲ့ချက်ရင် နူးအိလွယ်ပြီး သဘာဝအချဉ်ဓာတ်ကို ပိုမိုရရှိတဲ့အတွက် အအီပြေပါတယ်။ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၍ ငရုတ်ဆုံတွင် ညက်အောင်ထောင်းပါ။ ငရုတ်ဆုံမရှိပါက ကြိတ်စက်ဖြင့် ကြိတ်ပါ။ချက်မည့်ဒယ်အိုးထဲသို့ ဆီများထည့်ပါ။ ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ။အနံ့များမွှေးလာပါက အရောင်တင်မှုန့်ကို ထည့်ပါ ။ အရောင်တက်လာပါက လှီးထားသော ခရမ်းချဉ်သီးများထည့်၍ နှံ့အောင် မွှေ၍ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။မိနစ်အနည်းငယ်ကြာပြီးနောက် ခရမ်းချဉ်သီးများ နူးအိပြီး အနှစ်ကျသည်အထိ ဇွန်းဖြင့် ချေပါ။ခရမ်းချဉ်သီးများ အနှစ်ကျလာပါက ပါးပါးလှီးထားသော ဆိတ်သားခြောက်များ ထည့်၍ ရေအနည်းငယ် ထည့်ပါ။ (မှတ်ချက်-ဆိတ်သားခြောက်နှင့် ခရမ်းချဉ်သီးကို အတူမထည့်ဘဲ သီးခြားစီခွဲထည့်ရပါမယ်နော်။ ခရမ်းချဉ်သီးနဲ့အတူ ဆိတ်သားခြောက်ကိုပါ အတူထည့်ပါက ခရမ်းချဉ်သီးများသည် အနှစ်မကျဘဲ အတုံးလိုက်ဖြစ်နေတတ်ပြီး ပါးပါးလှီးထားသော ဆိတ်သားခြောက်များ ကျေသွားတတ်ပါတယ်နော်။ ဒါ့အပြင် ခရမ်းချဉ်သီး နူးနပ်တဲ့အနံ့မဟုတ်ဘဲ စိမ်းနံ့နံတတ်ပါတယ်နော်။)ဆိပ်သားခြောက်များ နူးအိပြီး ဆီပြန်လာပါက မီးလျှော့၍ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်များထည့်၍ အိုးမကပ်စေရန် နှံ့အောင်မွှေပါ။ ကြိုက်နှစ်သက်ပါက နံနံပင်များထည့်နိုင်ပါတယ်နော်။ဒါဆိုရင် ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်းလေးကို သူနဲ့ ဟင်းတွဲဖြစ်တဲ့ဘူးရွက်ဟင်းချိုလေး သို့မဟုတ် ဘူးသီးဟင်းခါးလေးနဲ့သရက်ချဉ်သုပ်လေးနဲ့ တွဲဖက် စားသုံးလိုက်ရင် ထမင်းမြိန်စေမှာ အမှန်ပါပဲနော်။
64
ပုဇွန်အာလူးပတ်ကြော်နည်းမေးထားလို့ရေးပေးလိုက်တယ်နော်။ပုဇွန်အာလူးပတ်ကြော်ကတော့ လုပ်ရတာ လွယ်ကူပြီး စားလို့အလွန်ကောင်းတဲ့အကြော်တမျိုးပါ။ အတွင်းထဲက ပုဇွန်အရသာလေးရယ် အပြင်က အာလူးကြော် ကြွပ်ကြွပ်လေးနဲ့တော်တော် စားကောင်းပါတယ်။ ကလေးကောလူကြီးပါ နှစ်သက်တဲ့အကြော်တမျိုးလဲ ဖြစ်လို့လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ခေါင်းမပါသော ပုဇွန် - ၂၅ကျပ်သား (သို့) ၁ ပေါင်၂။ အာလူးအျကီး - ၂ လုုံး၃။ ဆနွင်း - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ၄။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံ တပုံ၆။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၇။ ကြော်ရန် ဆီ၈။ သွားကြားထိုးတံ(ထမင်းစားဇွန်း = 1 tablespoon = 15ml)(လက်ဖက်ရည်ဇွန်း =1 teaspoon = 5ml)ပြုလုပ်နည်း၁။ ပုဇွန်ကို အခွံခွာပြီး သန့်စင်ထားပါ။ အာလူးကို ဒေါင်လိုက် အပါးအပြားလေးတွေဖြစ်အောင် အာလူးခြစ်တာနဲ့ခြစ်ထားပါ။ (အာလူးကြော်သလိုမျိုး အဝိုင်းလိုက် မခြစ်ရပါ။)၂။ ပုဇွန်ကို ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံ၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံ၊ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်တို့ဖြင့် နယ်ထားပါ။ ပါးပါးခြစ်ထားသော အာလူးကို ဆနွင်း၊ ဆားလက်ဖက်ရည်ဇွန်း လေးပုံတပုံတို့ဖြင့် နယ်ထားပါ။၃။ ပုဇွန်တကောင်ကို အာလူး တပြားဖြင့် ပတ်ရျ် သွားကြားထိုးတံဖြင့်ထိုးပါ။ ကျန်သောပုဇွန်အားလုံးကိုလဲ အထက်ပါနည်းအတိုင်းလုပ်ထားပါ။၄။ အာလူးပတ်ထားသော ပုဇွန်များကို ဆီပူပူထဲထည့်ကြော်ပါ။ အာလူးများ ရွှေဝါရောင်သန်းလာလျှင် ဆီအိုးမှဆယ်ရျ် ဆီစစ်ထားပါ။၅။ ပူပူနွေးနွေး ပုဇွန်အာလူးပတ်ကြော်ကို ကြိုက်နှစ်သက်ရာဆော့ဖြင့် သုံးဆောင်နိုင်ပါပြီ။
1
အိစံတို့အိမ်ကလူတွေကလဲ အကြော်အလှော်သိပ်ကြိုက်ကြတာ။ ကျန်းမာရေးနဲ့သိပ်မညီညွတ်ပေမယ့် အပြင်စာတွေထက်စာရင် အိမ်မှာကြော်တဲ့ အစာကတော်သေးတယ်ဆိုတော့ ကြော်ပေးဖြစ်တာများပါတယ်။ အသားအစုံလုံးကြော်အကြောင်းမပြောခင် တချို့လာပြောထားတာတွေရှိလို့ပြောပြမယ်နော်။ တချို့ကပြောတယ် လျှောက်လုပ်နေတာဆိုပြီး တကယ်ပဲ အိစံ ဟင်းအစမ်းလေးတွေချက်စားတာ ဝါသနာပါတော့ စမ်းစမ်းချက်ကြည့်တာများတယ်။ ချက်ကြည့်တိုုင်းတော့ အားလုံးမအောင်မြင်ပါဘူး။ တချို့ဟင်းတွေလဲ အသစ်အစမ်းလုပ်တာဆိုတော့ အမှိုက်ပုံးထဲ ရောက်တာရောက်ပဲ။ အဲ့တာကြောင့် ဟင်းတွေလျှောက်ချက်ကြည့်တိုုင်း လျှောက်မတင်ပါဘူးရှင်။ တကယ်ကောင်းမှ တင်ပေးတာပါ။ အခု ဒီအသားလုံးကြော်လေးက သူငယ်ချင်းတယောက်စီက စိတ်ကူးရလာတာပါ။ အသားလုံးမှာက ပုဇွန်၊ ငါးဖယ်၊ အမဲသား၊ ကြက်သား နှင့် ဝက်သား ၅မျိုးကို အညီအမျှထည့်ပြီး ကြော်ထားတာပါ။ အသားလုံးမှာ အဓိကအနံ့တွေက ပုဇွန်၊ အမဲသားနှင့် ငါးဖယ်တို့ရဲ့မွှေးမွှေးလေးကြောင့် အတော်လေးစားကောင်းပါတယ်။ ဝက်သား နှင့် ကြက်သား ၂မျိုးထဲက တမျိုးကို ပဲထည့်ပြီးကြော်လို့ရလို့ဝက်သားမစားတဲ့သူတွေက ကြက်သားနှင့် ထည့်ကြော်နိုင်ပါတယ်။ အိစံ အိမ်ကလူတွေကတော့ ဒီအသားလုံးကြော်ကို စားကြည့်ပြီး တော်တော်လေးကောင်းတယ်ဆိုတော့ သူငယ်ချင်းတို့ပါ ကြော်စားကြည့်ရအောင်လို့ရေးပေးလိုက်တယ်နော်။ ကြော်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ျကက္သား - ၅ က်ပ္သား၂။ ၀က္သား - ၅ က်ပ္သား၃။ အမဲသား - ၅ က်ပ္သား၄။ ခေါင်းမပါ အခွံခွာထားသော ပုဇွန် - ၅ ကျပ်သား၅။ ငါးဖယ် - ၅ ကျပ်သား၆။ ကြက်သွန်ဖြူ - ၃ မွှာ၇။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၈။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း၉။ သကြား (သို့) ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၀။ ကြော်ရန်ဆီ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ပါဝင်သောအသားများနှင့် ကြက်သွန်ဖြူကို တောက်တောက်ဆင်းပါ။ ပြီးလျှင် ငံပြာရည်၊ ပဲငံပြာရည်အကျဲ၊ သကြား(သို့) ဟင်းချိုမှုန့်တို့ဖြင့် အသားများကို သမသွားအောင်နယ်ပါ။၂။ ပြီးလျှင် ဆီပူပူထဲမှာ အသားများကိုလုံးရျ် ရွှေဝါရောင်သန်းလာသည်အထိကြော္ပါ။၃။ ရွှေဝါရောင်သန်းလာသော အသားလုံးများကို ဆီစစ်ရျ် ကြိုက်နှစ်သက်ရာ ဆော့ဖြင့်သုံးဆောင်နိုင်ပါျပီ။
2
အုန်းထမင်းချက်နည်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါေရးပေးလိုက်ပါတယ်။အုန်းထမင်းချက်ရာမှာ ကြက်သွန်နီကြော်လေးထည့်ချက်ရင် ပိုမွှေးပြီး အရမ်းကိုစားလို့ကောင်းပါတယ်။ သူနဲ့တွဲစားဖို့အတွက် ကြက်သားဒိန်ချဉ်နှပ်လေးကိုပါရေးပေးလိုက်တယ်နော်။ ချက်စားကြည့်နော်။ပါဝင်သောပစ္စည်းများ (အုန်းထမင်း)၁။ ဆန် - ထမင်းပေါင်းအိုးမှာပါသော ဆန်ချိန်သော ခွက်ဖြင့် ၃ ခွက်၂။ အုန်းနို့- ၄၀၀ ml၃။ ရေ - ထမင်းပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့် ၂ ခွက်၄။ ျကက္သြန္နီ - အေသး ၄ လုုံး၅။ ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၄ ဇွန်း၆။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း၈။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ျကက္သြန္နီဥကိုု အခြံခြာထားပါ။၂။ ဆန်ကိုထမင်းပေါင်းအိုးထဲထည့် ရေဆေးပြီး အုန်းနို့၊ရေ၊ဆား၊သကြား၊ဆီတို့ကိုထည့်ပြီး သမသွားအောင်မွှေပါ။ထို့နောက် ကြက်သွန်နီ နှင့် ကြက်သွန်နီကြော်တို့ကို ထည့်ပြီးထမင်းချက်သလို ချက်ပါ။ ကျက်သွားလျှင် အနည်းဆုံး ၁၅ မိနစ်လောက်နှပ်ထားပါ။၃။ အုန်းထမင်းမွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။ပါဝင်သောပစ္စည်းများ (ကြက်သားဒိန်ချဉ်နှပ်)၁။ ကြက်သား - ၅၀ သား (သို့) ၂ ပေါင်၂။ ဒိန်ချဉ် - ထမင်းစားဇွန်း ၂ ဇွန်း၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံ ၃ ပုံ၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၂ ဇွန်း၅။ ကရဝေးရွက် - ၃ ရွက်၆။ သစ်ဂျပိုးခေါက် - ၁ ခု၇။ ဆနွင်းမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၈။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၉။ ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၁၀။ ျကက္သြန္နီ - ၃ လုုံး၁၁။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်းပြုလုပ်နည်း၁။ ကြက်သားကို ဒိန်ချဉ်၊ ဆား၊ သကြား(သို့) အချိုမှုန့်၊ ဆနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်တို့ဖြင့် နယ်ရျ် အနည်းဆုံး နာရီဝက်ခန့်နှပ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။၂။ ဒယ်အိုးထဲတွင် ဆီထည့်အပူပေးပြီး ဆီပူလာလျှင် ကရဝေးရွက်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ရျ် မွှေးလာသည်အထိဆီသတ်ပါ။ မွှေးလာလျှင် ကရဝေးရွက်နှင့် သစ်ဂျပိုးခေါက်တို့ကို ဖယ်ပြီး ကြက်သွန်နီများ နီလာသည်အထိကြော်ပါ။၃။ ကြက်သွန်နီများ နီလာလျှင် နှပ်ထားသော ကြက်သား ကိုထည့်ရျ်လုံးပါ။ ပြီးလျှင် ရေထည့်၊ ဆီသတ်ထားသော ကရဝေးရွက်နှင့် သစ်ဂျပိုးခေါက်တို့ကိုထည့်ရျ် ကြက်သားနူးပြီး ဆီပြန်လာသည်အထိတည်ပါ။ ဆီပြန်လာလျှင် အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပြီး အုန်းထမင်းနှင့်တွဲရျ် သုံးဆောင်နိုင်ပါပြီ။
3
မန္တလေးပဲကြော်ကတော့ လူကြိုက်များတဲ့ အကြော်တခုပါပဲ။ အိစံတို့အိမ်ကတော့ ပဲစအုကြော်လို့ခေါ်တယ်တဲ့။ မန္တလေးမှာတုံးကတော့ အကြော်ဆိုရင် ၂ မျိုးပဲစားတာများတယ် မန္တလေးခေါ်တဲ့ ဘယာကြော်ရယ် ဗူးသီးကြော်ရယ်။ တခါတလေမှပဲ ကြက်သွန်ကြော်၊ ပဲစအုကြော် နှင့် အာလူးကတ်တလိတ် တို့စားဖြစ်ပါတယ်။ အိမ်မှာ အခုတော့ အကုန်လုံး ကြော်ကြောစားဖြစ်ပါတယ်။ မြန်မာပြည်အလွမ်းပြေပေါ့။ မန္တလေးပဲကြော် ကအတွင်းက အိအိလေးနဲ့အပြင်က ကြွပ်ကြွပ်လေးနဲ့အတော်လေးစားကောင်းတဲ့အကြော်တမျိုးပါ။ လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ပဲလွန်း (red kidney beans) - ဆန်ချိန်သောခွက်ဖြင့် ၁ ခွက်၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၃။ ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း ၁၂ ဇွန်း၄။ ဆန်မှုန့်- ထမင်းစားဇွန်း ၄ ဇွန်း၅။ ဂျင်း - လက် ၂ ဆစ်၆။ ကြက်သွန်ဖြူ - ၃ မွှာ၇။ ကြော်ရန်ဆီ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဂျင်းနှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပါ။၂။ ပဲလွန်းကို နူးအိလာသည်အထိပြုတ်ပါ။ နူးအိလာလျှင် ပဲကိုရေမစစ်ခင် ပြုတ်ထားသော ရေထဲမှ ရေထမင်းစားဇွန်း ၄ ဇွန်းကို ယူထားပြီးမှ ပဲကိုရေစစ်ပါ။၃။ ပြီးလျှင် ပဲလွန်းကို ဇလုံတခုထဲထည့်ရျ် ကြေသွားအောင် ခြေပါ။ ပဲများကြေသွားလျှင် ဆား၊ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ညက်နေအောင်ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊ ချန်ထားသောပဲပြုတ်ရေတို့ကိုထည့်ရျ် နယ်ပါ။၄။ ထို့နောက် ဆီပူပူထဲမှာ မုန့်နှစ်များကို အလုံးလေးတွေဖြစ်အောင်လုပ်ပြီး ထည့်ကြော်ပါ။၅။ အပြင်သားများ မာလာလျှင် ဆီစစ်ပြီး အချဉ်ရည်လေးဖြင့် သုံးဆောင်နိုင်ပါပြီ။အချဉ်ရည်အတွက် - ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ မန်ကျည်းမှည့်ရည် ထမင်းစားဇွန်း ၂ ဇွန်း၊ ငရုတ်သီးအကြမ်းမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၊ ရေ ထမင်းစားဇွန်း ၈ ဇွန်း၊ နံနံပင် အနည်းငယ်တို့ကို သမအောင်လုပ်ပါ။
4
မုန်ညှင်းစောကတော့ ချဉ်ချဉ်ချိုချိုလေးနဲ့အရမ်းသောက်လို့ကောင်းတဲ့ဟင်းရည်တမျိုးပါပဲ။ အချဉ်အတွက်ကို တချို့ကမက်လင်ခေါက်နဲ့ချဉ်ကြတယ်။တချို့ကမန်ကျည်းမှည့်ရည်နဲ့ချဉ်ပါတယ်။ ကြိုက်နှစ်သက်ရာကိုအသုံးပြုနိုင်ပါတယ်။ လုပ်ရတာ အလွန်လွယ်ကူပြီး သောက်လို့ကောင်းတဲ့မုန်ညှင်းစောကို လုပ်ကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ မုန်ညှင်း - ၁ စီး၂။ ကြက်သွန်ဖြူ - ၂ မွှာ၃။ ဂျင်း - အနည်းငယ်၄။ ျကက္သြန္နီ - ၁ လုုံး၅။ ခရမ်းချဉ်သီး - ၁ လုံး၆။ ထန်းလျက်ခဲ - ၂ ခဲ၇။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်၈။ မန်ကျည်းမှည့်ရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (သို့) ၂ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ မုန်ညှင်းကို ရေဆေး သန့်စင်ထားပါ။၂။ ဂျင်း၊ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။၃။ အိုးတလုံးထဲတွင် ပါဝင်သောပစ္စည်းများအားလုံးထည့် ရေများများထည့်ပြီး မုန်ညှင်းရွက်များ နူးအိလာသည်အထိတည်ပါ။ မုန်ညှင်းရွက်များနူးအိလာလျှင် အပေါ့အငံ အချဉ်တို့ကိုမြည်းရျ် မီးဖိုပေါ်မှချပါ။၄။ ချိုချိုချဉ်ချဉ်နှင့် သောက်လို့ကောင်းတဲ့ မုန်ညှင်းစောကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ။
5
မနေ့တုံးက ညီမလေးတယောက်က လာပြောလို့ရန်ကုန်က ဆိုင်တဆိုင်မှာ အိစံ အာလူးကြော်ဆိုပြီးရောင်းတာအမလားတဲ့။ ဟီး အိစံ ဘာမှ မရောင်းဘူးရှင့်။ နောက်ကျ တခုခုရောင်းရင်လဲ ဒီကနေ အရင်ကြေငြာပြီးမှရောင်းမယ်။အဲ့ကျရင် အားပေးကြအုံးနော်။ အခုတော့ အာလူးကြွပ်ကြွပ်လေး ကြော်တဲ့နည်းအရင်ရေးပေးမယ်ေနာ်။ ဒီနည်းကတော့ ကြော်ပြီးတော်တော်ကြာတဲ့အထိလဲ မပျော့ပါဘူး။ စားလို့လဲတော်တော်ကောင်းပါတယ်။ ကြော်စားကြည့်နော်ပါဝင်သောပစ္စည်းများ၁။ အာလူး အျကီး - ၂လုုံး၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ၃။ ကွမ်းယာထဲထည့်တဲ့ စားထုံး - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ၄။ ရေ - ၃ ခွက် ခွဲ၅။ ကြော်ရန်ဆီ( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)ပြုလုပ်နည်း၁။ ထုံးကို ရေ ၃ ခွက်ခွဲထဲထည့်ဖျော်ပြီး ထုံးရည်ကြည်ရအောင် ထုံးအနည်ထိုင်သည်အထိထားပါ။ (အနည်းဆုံး ၄ နာရီလောက်ထားပါ။) ပြီးလျှင် ထုံးရည်ကြည်ကို ယူပါ။ ၃ ခွက်လောက် ရသည်အထိယူပါ။ အောက်ပိုင်း ထုံးအနည်ထိုင်နေသော အရည်များကိုသွန်ပစ်လိုက်ပါ။၂။ ထုံးရည်ကြည်ထဲကို ဆားထည့်ရျ်ဖျော်ပါ။ ပြီးလျှင် အာလူးမျာကို အခွံခွာ ပြီးပါးပါးလှီးပါ။၃။ ပါးပါးလှီးထားသော အာလူးများကို ထုံးရည်ကြည်ထဲထည့်ရျ် ရေခဲသေတ္တာအောက်ထပ် အအေးခန်းထဲတွင် တညထားပါ။၄။ မနက်ကျလျှှင် အာလူးကြော်ရန် အတွက် ဆီကို အပူပေးပြီး အာလူးများကို ထုံးရည်ထဲမှ ယူရျ် ရေစစ်ပြီး ထည့်ကြော်ပါ။၅။ အာလူးကြော်ရာတွင် ပထမဆီထဲထည့်ထည့်ချင်း အာလူးများကို အထပ်လိုက်မဖြစ်အောင် အနည်းငယ်ဖြန့်ပါ။ ပြီးလျှင် မမွှေပဲ အာလူးများ ရွှေဝါရောင်သန်းလာသည်အထိထားပါ။၆။ အာလူးများ ရွှေဝါရောင်သန်းလာမှ အနည်းငယ် မွှေကြော်ရျ် ဆီအိုးထဲမှဆယ်ရျ် ဆီစစ်ထားပါ။၇။ အာလူးများ ကို ဆယ်ပြီး ဆီစစ်ထားတုံးပူပူလေးမှာ ကြိုက်နှစ်သက်ရာ (အချိုမှုန့်၊ ငရုတ်သီးအကြမ်းမှုန်၊ ငရုတ်သီးမှုန့်တို့ဖြင့်သမအောင်လုပ်ပါ။၈။ အာလူးကြော် ကြွပ်ကြွပ်လေးကို သုံးဆောင်နိုင်ပါပြီ။ နောက်နေ့မှ စားမည်ဆိုလျှင် အာလူးကြော်ကို အေးသွားသည်အထိ ထားပြီးမှ လေလုံသောဗူးထဲထည့်ရျ် သိမ်းပါ။
6
ပဲထောပတ်ထမင်းမေးထားတဲ့သူတေွအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါေရးပေးလိုက်တယ်နော်။ပဲထောပတ်ထမင်းမွှေးမွှေးလေးက ငယ်ငယ်က ၈၄ လမ်း၊ ၃၅ နှင့် ၃၆ ကြားမှာ ခဏခဏ သွားစားဖြစ်တယ်။ ဖေဖေကလဲ ကြိုက်တော့ အဲ့မှာ သွားသွားဝယ်စားတယ်။ နောက်ပိုင်း အဲ့ဆိုင်ဘယ်ရောက်သွားလဲမသိဘူး။ မရှိတော့ဘူး။ အခုတော့ အိမ်မှာ ကိုယ်တိုင်လုပ်စားတာပေါ့နော်။ ပဲထောပတ်ထမင်းက လုပ်နည်းသိရင် အရမ်းကို လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ဆန် - ထမင်းပေါင်းအိုးမှာ ပါသောခွက်ဖြင့် ၃ ခွက်၂။ ကုလားပဲ - ထမင်းပေါင်းအိုးမှာ ပါသောခွက်ဖြင့် တ ဝက်၃။ ထောပတ် - ထမင်းစားဇွန်း ၂ ဇွန်း ခွဲ၄။ ကရဝေးရွက် - ၂ ရွက်၅။ သစ်ဂျပိုးခေါက် - ၁ ခု၆။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း၈။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၉။ ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၄ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ပဲထောပတ်ထမင်းကို မနက်ဖြန်မနက်ချက်မည် ဆိုလျှင် ကုလားပဲကို ရှေ့တရက် နေ့လည်လောက်ကတည်းက ရေနွေး၊ ဆော်ဒါ တို့ဖြင့် စိမ်ထားပါ။၂။ နောက်ရက် မနက်ချက်မည်ဆိုလျှင် ပဲကို ရေဖြင့် ပြန်ဆေးရျ် ရေစစ်ထားပါ။၃။ ဒယ်အိုးထဲတွင် ထောပတ်ကို အပူပေးပြီး ထောပတ်ပူလာလျှင် သစ်ဂျပိုးခေါက် နှင့် ကရဝေးရွက်ကို ထည့်ရျ် မွှေးလာသည်အထိဆီသတ်ပါ။ ထို့နောက် မီးဖိုပေါ်မှချထားပါ။၄။ ထမင်းပေါင်းအိုးထဲတွင် ခါတိုင်းထမင်းချက်သလောက်ရေထက် အနည်းငယ် ပိုထည့်ပါ။ ကုလားပဲ၊ ကြက်သွန်နီကြော်၊ ဆား၊ သကြား တို့ကိုထည့်ရျ် ဆား နှင့် သကြားများသမသွားအောင်မွှေပါ။၅။ ထို့နောက် ထမင်းပေါင်းအိုးထဲထည့်ပြီးခါတိုင်းထမင်းချက်သလိုချက္ပါ။၆။ ထမင်းပေါင်းအိုးမှ ပွက်လာပြီး အငွေ့များထွက်သောအချိန်မှ ထောပတ် နှင့် ဆီတ်ထားသော သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်များကို ထည့်ရျ် သမသွားအောင် မွှေပြီး အဖုံးပြန်ဖုံးရျ် ချက်ပါ။ (ပွက်မှ ထည့်လျှင် ထောပတ်အနံ့ပိုမွှေးစေလို့ပါ။ အလုပ်ရှုပ်မှာစိုးလျှင် မချက်ခင်ကတည်းက ထည့်ပြီး တခါတည်းချက်လဲရပါတယ်။)၇။ ပဲထောပတ်ထမင်းကျက်လျှင် ၁၅ မိနစ်လောက် နှပ်ထားပါ။၈။ ထောပတ်နံ့သင်းသင်းနှင့် ပဲထမင်းကို သုံးဆောင်နိုင်ပါပြီ။
7
မန္တလေးမှာနေတုန်းက ညပိုင်း ၈ နာရီ၊ ၉ နာရီလောက်ဆိုရင် စက်ဘီးနဲ့အသယ် လာလာရောင်းတယ်။ ဌာပနာထုပ် ပြန်ပေါင်းထုပ် ပူပူလေးဆိုပြီးတော့လေ။ ကိုယ်က စားချင်လို့အိမ်ရှေ့ထွက်အော်မယ်လုပ်ရင် သူကပျောက်ပျောက်သွားလို့မစားလိုက်ရနဲ့။ သူ့အသံကြားရင် အာပြဲစိန်ပြီး မကြည့်ပဲ လာအုံးဆိုပြီးအော်မှရောက်လာတယ်။ အဲ့တုံးကတော့ ဌာပနာထုပ် ဘယ်တော့မှဝယ်မစားဘူး။ ပြန်ပေါင်းထုပ်ပဲဝယ်စားတယ်။ ဌာပနာထုပ် ဝယ်မစားဆို အရင်က အုန်းသီးဖတ်လုံးဝ မကြိုက်ဘူး။ အခုကျတော့ အသက်လေးရလာလို့ထင်တယ်။ အုန်းသီးနဲ့လုပ်တဲ့ မုန့်တွေ ကြိုက်ကြိုက်လာတယ်။ ဌာပနာထုပ်သာ စားချင်တာ အဲ့ထုပ်ရတဲ့ အလုပ်ကိုလဲအချိန်ကြာလို့ မလုပ်ချင်ဘူး။ အလွယ်လမ်းကလဲ လိုက်ချင်သား။ အဲ့တာနဲ့အခုနည်းလေးကို စမ်းကြည့်တာ။ တော်တော်လေး အဆင်ပြေတယ်။ အချိန်ကုန်သက်သာတယ်။ စားလို့ကောင်းလို့လုပ်ပြီးပြီးချင်းစားလိုက်တာ ညစာတောင်မစားနိုင်တော့ဘူး။ဧည့်သည်ကျွေးဖို့ဆိုရင် ပိုတောင်အဆင်ပြေသေးတယ်။ အတုံးလေးတွေတုံးထားတော့ အတော်ပဲ။ အခုနည်းလေးကတော့ ဌာပနာထုပ်ရဲ့အနံ့အရသာအတိုင်းတူပြီး အချိန်ကုန်သက်သာတဲ့နည်းလေးပါ။ လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ကောက်ညှင်းမှုန့်- ၁ ပေါင် (သို့) ၅၀၀ ဂရမ် (သို့) ၂၅ ကျပ်သား၂။ ေရ - ၄၈၀ ml၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၄။ အုန်းသီးခြစ်ဖတ် - ၃ ခွက် (၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်)၅။ သကြား - ထမင်းစားဇွန်း ၁၀ ဇွန်း၆။ ရေ - ထမင်းစားဇွန်း ၄ ဇွန်း၇။ ဌက်ပျောရွက် - အကြီး ၁ ခုပြုလုပ်နည်း၁။ ကောက်ညှင်းကို ရေ၊ ဆားတို့ဖြင့် နှံ့အောင်နယ်ထားပါ။၂။ ဒယ်အိုးတခုထဲတွင် အုန်းသီး၊ ရေ၊ သကြားတို့ကိုထည့်ရျ် ရေခြောက်ပြီး အုန်းယို စိုစိုလေးဖြစ်လာသည်အထိလုပ္ပါ။၃။ ၈ လက်မ ပတ်လည် ကိတ်မုန့်လုပ်သည့် ခွက်ထဲတွင် ဌက်ပျောရွက် ကိုခင်းပါ။ ဖက်ပေါ်ကို ဆီသုတ်ပါ။ ပြီးလျှင် နယ်ထားသော ကောက်ညှင်းရဲ့တဝက်ကို ဖြန့်ရျ် ထည့်ပါ။ အနည်းငယ် ဖိပေးပါ။၄။ ပြီးလျှင် အုန်းယို အကုန်လုံးကို ကောက်ညှင်းပေါ် ဖြန့်ရျ် ထည့်ပြီး ဖိပေးပါ။ ထို့နောက် ကျန်သော ကောက်ညှင်းများကိုဖြန့်ထည့်ပါ။၅။ အပေါ်ကနေပြီး ဌက်ပျောဖတ်ဖြင့် ပြန်အုပ်ပါ။ ပြီးလျှင် ပေါင်းချောင်ထဲတွင် မိနစ် ၃၀ ခန့်ထည့်ပေါင်းပါ။ (အိစံကတော့ ကိတ်မုန့်လုပ်တဲ့ခွက်ကို အလူမီနီယံ အရွက်ဖြင့် အုပ်ပါတယ်။ လုံအောင်လို့ပါ။)၆။ ပေါင်းပြီးသား မုန့်ဌာပနာများကို အတုံးလေးတွေတုံးရျ် သုံးဆောင်နိုင်ပါပြီ။
8
ကြက်ဆီထမင်းချက်နည်း မေးထားတဲ့သူများပေမယ့် အခုမှပဲရေးဖြစ်တော့တယ်။ ကြက်ဆီထမင်းကတော့ လူကြိုက်များပြီး စားလို့ကောင်းတဲ့ အရာတခုပါပဲ။ ဒီနည်းလေးကတော့ လွယ်လဲလွယ်တယ်။ အိစံကတော့ ကြက်သားကို ပြုတ်ထားတာ ဒီတိုင်းမစားချင်လို့အရသာလေးနယ်ပြီး အိုးပူတိုက်လိုက်ပါတယ်။ စားလို့ကောင်းပြီး အရသာလဲတူလို့လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ၅၀ သားရှိသော ကြက် - ၁ ကောင်၂။ ဆန် - ပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့် ၃ ခွက်၃။ ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၄။ သကြား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း၅။ ကြက်သွန်ဖြူ - ၃ တက်၆။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း၇။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း၈။ ဂျင်း - လက်တဆစ်၉။ ျကက္သြန္နီ - ဥ အေသး ၂ ဥ၁၀။ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဆန်ကိုရေဆေးထားပါ။ ကြက်အရေခွံများကို ခွာထားပြီး ကြက်သားကို အတုံးကြီးကြီးတွေတုံးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ဂျင်းကို အပြားလိုက်လှီးထားပါ။၂။ အတုံးတုံးထားသော ကြက်သားများနှင့် ဂျင်းအပြားများ၊ ကြက်သွန်နီ ၂ ဥ တို့ကို အိုးထဲထည့်၊ ရေကို ကြက်သားများ မြုပ်အောင်ထည့်ပြီး ကြက်ပြုတ်ရည်လုပ်ပါ။ အနည်းဆုံး မိနစ် ၃၀ ခန့်တည်ပါ။ ရေကိုထပ်ထပ်ဖြည့်ပေးပါ။ (ကြက်ဆီထမင်းထဲထည့်မည့် ကြက်ပြုတ်ရည်ယူပြီးမှ ဆားအပေါ့အငံထည့်မှာပါ။)၃။ ကြက်အရေခွံများကို ဒယ်အိုးတခုထဲထည့်ရျ် ဆီထွက်လာသည်အထိ လှိမ့်ပါ။ ဆီထွက်လာလျှင် အရေခွံများ ညိုလာပါလိမ့်မည်။ အရေခွံများကို ဖယ်လိုက်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ရျ် ဆီသတ်ပါ။ ကြက်ဆီထမင်းအတွက်ဆီရပါပြီ။ (ကြက်ဆီထမင်းအတွက် ဆီမှာ ကြက်သွန်ဖြူ အပါအဝင် ထမင်းစားဇွန်း ၃ ဇွန်းခန့်ရှိရပါမည်။ ၃ ဇွန်း မရှိလျှင် ရိုးရိုးဆီကို ကြက်သွန်ဖြူ ဆီချက်နေတုံးထပ်ထည့်ထားပါ။)၄။ ရေဆေးထားသော ဆန်ကို ထမင်းပေါင်းအိုးထဲထည့်၊ ကြက်ပြုတ်ရည်ကို ထမင်းချက်ရင်ရေထည့်သလောက်ထည့်၊ ချက်ထားသော ကြက်ဆီ ထမင်းစားဇွန်း ၃ ဇွန်းထည့်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပါ။ ပြီးလျှင် ထမင်းချက်သလိုချက်ပါ။၅။ ပြုတ်ထားသော ကြက်သားများကို ဆယ်ပါ။ ပြီးလျှင် ကြက်သားများကို ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ဖြင့် နယ်ပါ။ ထို့နောက် ဒယ်အိုးတခုထဲမှာ ဆီ လက်ဖက်ရည် ဇွန်း ၁ ဇွန်း ကိုထည့်ရျ် နယ်ထားသော ကြက်သားများကို ထည့်ပြီး အရည်ခြောက်ပြီး ညိုလာသည်အထိ အိုးပူတိုက်ပါ။ (ကြက်သားများကို အိုးပူတိုက်လျှင် ဟိုဘက်ဒီဘက်ကိုပဲအသာလေးလှန်ပေးပါ။)၆။ ပြုတ်ထားသော ကြက်သားမျာကို ဒီအတိုင်းစားမည်ဆိုလျှင် ကြက်ပြုတ်ရည်ထဲကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်တို့ကိုထည့်ပြီး ၁၅ မိနစ်လောက် တည်ပြီးမှ ကြက်သားများကို ဆယ်ပါ။ (အိုးပူတိုက်ကြက်သားများကို သုံးမည်ဆိုလျှင် လဲ ကျန်သော ကြက်ပြုတ်ရည်ကို အထက်ပါအတိုင်းထည့်ပြီး ဟင်းရည်ရရန်အတွက် ခဏတည်ပါ။)၇။ ကြက်ဆီထမင်းပြင်ဆင်ရန်အတွက်ထမင်းကိုအရင်ထည့်၊ ပြီးလျှင် ကြက်သားများကိုခုတ်ပြီးထည့်၊ သခွားသီး၊ အချဉ်ရည်တို့ဖြင့်ပြုလုပ်ပါ။၈။ ကြက်ဆီထမင်း အတွက်ဆော့ကို ကိုယ်တိုင်ပြုလုပ်မည်ဆိုုလျှင် ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ နံနံပင်အရိုး၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ကြက်ပြုတ်ရည်အနည်းငယ်၊ ပဲငပိအချိုအနည်းငယ်တို့ကို ကြိတ်စက်ထဲထည့်ကြိတ်ရျ် ပြုလုပ်နိုင်ပါသည်။
9
ကုလားပဲအလုံးမပျက်ချက်နည်းလေးသိချင်တယ်လို့ညီမတယောက်ကလာမေးထားလို့ရေးပေးလိုက်ပါတယ်။ ဒီနည်းကတော့ အိစံနည်းလေးပါ။ တချို့တွေတော့ ဘယ်လိုချက်လဲမသိဘူးနော်။ အိစံကတော့ ဒီနည်းလေးနဲ့အဆင်ပြေပါတယ်။ ကုလားပဲကို ပြုတ်ပြီးတော့ တခါချက်ဖူးတယ်။ အလုံးလိုက်မရဘူး။ အကုန်ကွဲထွက်ကုန်တယ်။ အခုကျတော့ ဆော်ဒါနဲ့တညစိမ်ပြီးမှ မနက်မှချက်တော့ လုံးဝ ကွဲမထွက်ပဲ ကုလားပဲဟင်းအိအိလေးလဲရပါတယ္။ချက်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ကုလားပဲ - ထမင်းပေါင်းအိုးဆန်ချိန်သော ခွက်ဖြင့် ၁ ခွက်၂။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံ တဝက်၃။ ကရဝေးရွက် - ၂ ရွက်၄။ သစ်ဂျပိုးခေါက် - ၁ ခု၅။ လေးညှင်းပွင့် - ၃ ခု၆။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း၇။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၉။ ဆနွင်းမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၀။ ျကက္သြန္နီ - ၁ လုုံး( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကုလားပဲကို မချက်ခင်ရှေ့တရက် နေ့လည်ကတည်းက ဆော်ဒါ နှင့် ရေနွေးကိုထည့်ရျ် စိမ်ထားပါ။၂။ နောက်နေ့မနက်ချက်မည်ဆိုမှ ရေစိမ်ထားသော ကုလားပဲကို ရေဖြင့် တခါပြန်ဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။၃။ ချက်မည့်ဒယ်အိုးထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ လေးညှင်းပွင့်တို့ကိုထည့်ရျ် ှဆီသတ်ပါ။ မွှေးလာလျှင် လေးညှင်းပွင့်ကိုဆယ်ရျ် လွှင်ပစ်လိုက်ပါ။ သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်ကိုဆယ်ရျ် ပန်းကန်တခုထဲထည့်ထားပါ။ ထိုဆီထဲကို ကြက်သွန်နီကို ထည့်ရျ် နီလာသည်အထိကြော်ပါ။ နီလာလျှင် ဆနွင်းထည့်ပါ။၄။ ထို့နောက် ကုလားပဲ၊ ဆယ်ထားသော သစ်ဂျပိုးခေါက်၊ ကရဝေးရွက်၊ ဆား၊ သကြားတို့ကိုထည့်လုံးပါ။ ပြီးလျှှင် ရေကို ပဲမြုပ်အောင်ထည့်တည်ပါ။ ရေခမ်းခါနီးတွင် ပဲအိပြီလားစမ်းကြည့်ပြီး မအိသေးလျှင် ပဲမြုပ်အောင်ရေထပ်ထပ်ဖြည့်ေပးပါ။၅။ ပဲနူးလျှင် အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပါ။၆။ အလုံးမပျက်ပဲ စားလို့ကောင်းတဲ့ကုလားပဲဟင်းအိအိလေးကို သုံးဆောင်နိုင်ပါပြီ။
10
မလိုင်ကျောက်ကျော ကိုအရင်က သံပုရာသီးနှင့် လုပ်တဲ့နည်းတင်ထားဖူးပါတယ်။ ဒါမယ့် အဲ့ဒီနည်းက သံပုရာအနံ့ပါလို့တချို့ကမကြိုက်ကြလို့အခုနည်းလေးနဲ့ပြန်ပြောင်းပြီးလုပ်ကြည့်ပါတယ်။ အိစံရဲ့အန်တီအကြံပေးတဲ့နည်းလေးပါ။အခုနည်းလေးက ဒိန်ချဉ်နှင့် ပြုလုပ်ထားလို့ပိုကြိုက်ကြမယ်ထင်ပါတယ်။ဘုန်းကြီးကျောင်းမှာကပ်တုန်းက ဘုန်းဘုန်းတို့ကကောင်းတယ်လို့ပြောလို့ဒီနည်းလေးကိုရေးပေးလိုက်တယ်နော်။ အရမ်းလွယ်ကူလို့လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ချက်ပြီးသား နွားနို့- ၁ လီတာ၂။ ဒိန်ချဉ် - ထမင်းစားဇွန်း ၄ ဇွန်း၃။ ကျောက်ကျောမှုန့်- ၂၅ ဂရမ် တထုပ်၄။ သကြား - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း(၁ ခွက် = 240ml = ၇ိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဒိန်ချဉ် နှင့် နွားနို့ကို အိုးတခုထဲမှာ ထည့်ရျ် ဒိန်ချဉ်ခဲလေးများ ကြေပြီး သမသွားအောင် လုပ်ပါ။ သကြားနှင့် ကျောက်ကျောက်မှုန့်ကို ပန်းကန်တခုထဲထည့်ရျ် သမအောင်လုပ်ထားပါ။၂။ ထို့နောက်အိုးကို မီးဖိုပေါ်တင်ရျ် မီးအေးအေးဖြင့်ပွက်လာအောင် တည်ပါ။ ဆက်တိုက်မွှေပေးပါ။ ပွက်လာလျှင် မလိုင်ဖတ်သတ်သတ် အရည်ကြည်သတ်သတ် ဖြစ်လာပါလိမ့်မည်။၃။ မလိုင်ဖတ် သတ်သတ်ဖြစ်လာလျှင် သမအောင်လုပ်ထားသော သကြားနှင့် ကျောက်ကျောမှုန့်ကိုထည့်ပါ။၄။ တအောင့်လောက်နေလို့သကြားများအရည်ပျော်သွားလျှင် မီးဖိုပေါ်မှချရျ် ဗန်းထဲကိုထည့်ရျ် အအေးခံပါ။၅။ အေးလျှင် ကြိုက်နှစ်သက်ရာ အရွယ်လှီးရျ်သုံးဆောင်နိုင်ပါပြီ။
11
အိမ်မှာ မေမေကြော်နေကျနည်းလေးပါ။ အိစံ ၁၀တန်း guide သင်ပေးခဲ့တဲ့ညီမလေးပြောပြမှမှတ်မိလို့ပြန်ကြော်စားကြည့်တာ အရမ်းစားလို့ကောင်းလို့လုပ်နည်းလေးရေးပေးလိုက်ပါတယ်။ အိစံမေမေက ဟင်းချက်အရမ်းတော်ပါတယ်။ စေတနာလဲပါတယ်။ စိတ်လဲရှည်တယ်။ သူများကိုလဲကျွေးမွေးချင်တဲ့စိတ်လဲအရမ်းရှိတဲ့ နှလုံးလှတဲ့သူတယောက်ပေါ့။ အိစံတို့သူ့လက်ရာ မစားရတာတော့ ၁၆ နှစ်နည်းပါးရှိတော့မှာပါ။ ဟင်းချက်တိုင်းတော့ မဟုတ်ပေမယ့် ခဏခဏတော့ သတိရမိတယ်။ အခုနေ မေမေရှိရင် သမီးရေ ဒီဟင်းလေး ဘယ်လိုလေးချက်လိုက်ရင် ပိုကောင်းမှာဆိုပြီး ပြောနေလောက်ပြီ။ Drama ရေးသလိုဖြစ်နေပြီ။ ဟင်းချက်နည်းပဲရေးတော့မယ်နော်။ဒီငါးဖယ်စအုကြော်လေးက ကြက်ဥနှင့် အကြော်မှုန့်ထပ်ထည့်ပြီးကြော်ထားတာပါ။ ငါးဖယ်ကို ပိုနူးညံ့သွားပြီး ပိုစားလို့ကောင်းလို့ ကြော်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ငါးဖယ် - ၂၅ ကျပ်သား၂။ ကြက်ဥ - ၂ လုံး၃။ အကြော်မှုန့်- ထမင်းစားဇွန်း ၃ ဇွန်း၄။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ၅။ ကြော်ရန်ဆီ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြက်ဥကို ဆားထည့်ရျ် ခလောက်ပါ။ ထို့နောက် ငါးဖယ်များကိုထည့်နယ်ပါ။ ပြီးလျှင် အကြော်မှုန့်ကိုပါထည့်ရျ် သမအောင်နယ်ပါ။ (သို့) ပြန်ထောင်းပါ။၂။ ဆီပူပူထဲမှာ ငါးဖယ်များကို အပြားလိုက် (သို့) အလုံးလိုက်လေးတွေကြော်ပါ။၃။ အလွန်စားလို့ကောင်းတဲ့ ငါးဖယ်စအုကြော်ကို သုံးဆောင်နိုင်ပါပြီရှင်။
12
ဒီနေ့တော့ လူကြီးတွေအတွက် ဟင်းချက်နည်းမရေးပဲ ကလေးတွေအတွက် ဖြည့်စွက်စာ တမျိုးဖြစ်တဲ့ ပန်းသီးဆော့ ပြုလုပ်နည်းရေးပေးလိုက်ပါတယ်။ပန်းသီးဆော့ကတော့ ကလေးဖြည့်စွက်စာတွေထဲမှာ ဒီနိုင်ငံမှာတော့ အကျွေးအများဆုံး အစာထဲမှာပါပါတယ်။ ကလေးတွေကိုကျွေးသင့်တဲ့အသီးတမျိုးလဲဖြစ်တဲ့ ပန်းသီးနှင့် လုပ်ထားပြီး ကလေးတွေလဲအရမ်းကြိုက်ကြပါတယ်။ အပြင်မှာရောင်းတဲ့ ပန်းသီးဆော့က ကလေးနှင့် လူကြီးနှင့် ၂ မျိုးရှိပါတယ်။ လူကြီးစားတဲ့ ပန်းသီးဆော့ကို ကလေးတွေကို ကျွေးလို့မရပါဘူး။ လူကြီးတွေအတွက်ကျတော့ အခြားအမွှေးအနံ့ပစ္စည်းနှင့် သကြားတွေပါပါတယ်။ ကလေးတွေအတွက်ကျတော့ ဘာမှမထည့်ပဲ ပြုလုပ်ပါတယ်။ ကလေးတွေအပြင် အစာမဝါးနိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေအတွက်လဲ အထူးသင့်လျော်ပါတယ်။ပန်းသီးဆော့ကို ကျွေးခြင်းဖြင့်ရနိုင်တဲ့ ဗီတာမင်ကတော့ ဗီတာမင် အေ(vitamin A)၊ ဗီတာမင် စီ (Vitamin C) နှင့် Folate တို့ပါ။ အခြားဓါတ်များဖြစ်တဲ့ ပိုတက်စီယမ် (potassium)၊ မက်ကနီစီယမ် (Magnesium)၊ ကယ်လ်စီယမ် (Calcium) တို့လဲပါဝင်ပါတယ်။ကလေးတွေ အတွက်လဲ သင့်တော်ပြီး သူတို့လေးတွေကြိုက်တဲ့ ပန်းသီးဆော့ကို ပြုလုပ်ကြည့်ရအောင်နော်။ပြုလုပ်နည်း ( ၃ ခါမှ ၅ ခါကျွေးနိုင်သော ပမာဏ)၁။ အနာအဆာ မပါသော လတ်ဆတ်သော ပန်းသီး တလုံးကို ရေဆေး အခွံနွှာပြီး အလည်အူတိုင်ထုတ်ရျ် အတုံးလေးတွေတုံးပါ။၂။ တချို့ကပြုတ်ပါတယ်။ တချို့ကပေါင်းတယ်။ အိစံကတော့ ပေါင်းတဲ့နည်းကို ပိုအားပေးပါတယ်။ မီးဖိုနဲ့တိုက်ရိုက်မထိတဲ့နည်းမိုု့ပါ။ ပန်းသီးကို ပြုတ်မည်ဆိုလျှင် ရေကို ပန်းသီးမြုပ်ရုံထည့်ပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့်ပြုတ်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချရျ်အအေးခံထားပါ။ (ကျန်နေသောရေများကို မသွန်ပစ်ပါနဲ့)၃။ ပန်းသီးကိုပေါင်းမည်ဆိုလှျင် အတုံးတုံးထားသော ပန်းသီးကို ပန်းကန်တခုထဲထည့်၊ ရေ ထမင်းစားဇွန်း ၃ ဇွန်းကို ထည့်ရျ် မိနစ် ၂၀ မှ နာရီဝက်ခန့်ပေါင်းပါ။ ပြီးလျှင် အအေးခံထားပါ။၄။ အအေးခံထားသော ပန်းသီးများကို ကြိတ်စက် (blender) ထဲထည့်ရျ် ကြိတ်ပါ။ (ပန်းသီးပေါင်းရင်ဖြစ်ဖြစ် ပြုတ်ရင်ဖြစ်ဖြစ် ကျန်နေသော ရေများကိုပါထည့်ပါ။)၅။ ပြီးလျှင် အဖုံးပါသော ဗူးတခုထဲထည့်ရျ် ရေခဲသေတ္တာထဲမှာ တပတ်ခန့်သိမ်းထားနိုင်ပါတယ်။ ကလေးကို ကျွေးမည်ဆိုမှ ရေခဲသေတ္တာထဲမှ ထုတ်ပြီး အနည်းငယ်အပူပေးရျ် ကျွေးပါ။
13
ယိုးဒယား သင်္ဘောသီးထောင်းကို ကြိုက်လွန်းလို့သွားစားတိုင်း ဘယ်လိုလုပ်လဲ စပ်စပ်စုစုလုပ်နေကြပေါ့။တဆိုင်နဲ့တဆိုင်တော့ ထောင်းနည်းသိပ်မတူကြပေမယ့် အခြေခံကတော့ ဒါတွေပဲပါတာပါ။ အခုနည်းကတော့ နောက်ဆုံးအိစံသွားဝယ်စားတဲ့ ဆိုင်ကနည်းပါ။ သူ့နည်းနဲ့သူ့အရသာကတော်တော်ကောင်းပါတယ်။မကောင်းတာတော့ ကပ်စေးကုတ်တာပါ။ တပွဲကို ဘာမှမရဘူး။ ဘယ်ရမလဲ နောက်နေ့ကျတော့ သူ ထောင်းတဲ့နည်းအတိုုင်း သုပ်တော့ တပုံစံထဲပဲလေ။ အိမ်မှာပဲများများစားလို့ရတော့ ဝယ်စားတော့ဘူးပေါ့။ သူငယ်ချင်းတို့လဲ သုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ (၁ ပွဲစာအတွက်)၁။ ခြစ်ထားသော သင်္ဘောသီး - တရုတ်ထမင်းစား ပန်းကန်လုံး ၂ လုံးစာ၂။ ခြစ်ထားသော မုန်လာဥနီ - အနည်းငယ်၃။ ငပိ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၄။ ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၅။ ထန်းလျက်ခဲ - ၂ ခဲ (ထန်းလျက်ခဲမရှိလျှင် ကြံသကာကို အသုံးပြုနိုင်ပါတယ်။)၆။ သကြား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၇။ ပုဇွန်ခြောက် - ထမင်းစားဇွန်း ၂ ဇွန်း၈။ မြေပဲ - ထမင်းစားဇွန်း ၁ ဇွန်း၉။ ငရုတ်သီးစိမ်း - ၈ တောင့်၁၀။ ကြက်သွန်ဖြူ - ၅ မွှာ၁၁။ သံပုသီး - ၃ စိတ် (သို့) ၄ စိတ်၁၂။ ပဲသီးတောင့်ရှည် - ၂ တောင့်၁၃။ ခရမ်းချဉ်သီး - ၁ ခြမ်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ခရမ်းချဉ်သီး ၁ ခြမ်းကို လေးပိုင်းပိုင်းထားပါ။ ပဲသီးတောင့်ကို ၂ လက်မအရွယ်အပိုင်းပိုင်းထားပါ။၂။ ငရုတ်ဆုံကြီးကြီးတခုထဲကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ သကြား နှင့် ငပိတို့ကိုထည့်ရျ် ညက်နေအောင် ထောင်းပါ။ ညက်ပြီဆိုလျှင် ထန်းလျက်(သို့)ကြံသကာကိုထည့်ထောင်းပါ။ ပုဇွန်ခြောက်ကို ထည့်ရျ် ထောင်းပါ။၃။ ပြီးလျှင် သံပုရာသီးစိတ်များကိုထည့်ပြီး အရည်များထွက်အောင် ငရုတ်ကြည်ပွေ့ဖြင့် အတွင်းသားဖတ်ကို ဖိခြေလိုက်ပါ။ (မထောင်းရပါ။)၄။ သံပုရာရည်များထွက်လာပြီဆိုုမှ ခြစ်ထားသော သင်္ဘောသီး၊ မုန်လာဥနီကိုထည့်ထောင်းပါ။ (သံပုရာသီး အဖတ်များ မပစ်ပဲထောင်းတဲ့အထဲထည့်ထားပါ။) သင်္ဘောသီးတို့မုန်လာဥနီတို့ထည့်ပြီးပြီးဆိုလျှင် လက်တဖက်က ထောင်းနောက်လက်တဖက်က ဟင်းခတ်တဲ့ဇွန်းကြီးကြီးကိုု ကိုင်ပြီးငရုတ်ဆုံအထက်အောက် သမအောင်လှန်ပေးပါ။၃။ ထို့နောက် ယိုးဒယားငံပြာရည်ထည့်၊ မြေပဲလှော်တို့ကိုထည့်ရျ် သမအောင်ထပ်ထောင်းပါ။ ခရမ်းချဉ်သီးနှင့် ပဲသီးတောင့်ကိုထည့်ရျ်ထောင္းပါ။၄။ အပေါ့အငံမြည်းရျ် ယိုးဒယားသင်္ဘောသီးထောင်းကိုု သုံးဆောင်နိုင်ပါပြီ။
14
ဒီကစွန်းဥမုန့်လေးက ထိုင်းမုန့်ဆိုင်တခုမှာစားဖူးတာပါ။ ထိုင်းရိုးရာအစားအစာထဲရှာြကည့်တော့လဲ မရှိဘူး။ သူတို့ထွင်ထားတဲ့ မုန့်တခုပေါ့နော်။ သူတို့ဆိုင်မှာကတော့ ပြောင်းဖူးစေ့လေးတွေထည့်ပြီးလုပ်ပါတယ်။ အိစံကတော့ ပြောင်းဖူးစေ့မကြိုက်လို့ဒီအတိုင်းရိုးရိုးရှင်းရှင်းလေးလုပ်ပါတယ်။ အရသာကတော့ ကစွန်းဥ ဆနွင်းမကင်းအရသာနှင့်တူပါတယ်။ ဒယ်အိုးပေါ်မှာပဲလုပ်ရုံပဲဆိုတော့ အရမ်းလွယ်ကူပြီး စားလို့ကောင်းတဲ့မုန့်တမျိုးမို့လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ကစွန်းဥ (purple yam or sweet potato)- ၁၅ ကျပ်သား (သို့) ၉.၆ အောင်စ၂။ အုန်းသီးခြစ်ဖတ် (coconut flakes)- ထမင်းစားဇွန်း ၁၆ ဇွန်း၃။ အုန်းနို့(coconut milk)- ထမင်းစားဇွန်း ၈ ဇွန်း၄။ ဂျုံမှုန့်( all-purpose flour) - ထမင်းစားဇွန်း ၈ ဇွန်း၅။ သကြား - ထမင်းစားဇွန်း ၄ ဇွန်း၆။ ဆီ (သို့) ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း၇။ ဆား - အနည်းငယ်ပြုလုပ်နည်း၁။ ကန်စွန်းဥ ကိုနူးအိလာသည်အထိ ပေါင်းပါ။ (သို့) ပြုတ်ပါ။၂။ ပေါင်းထားသော ကန်စွန်းဥကို အအေးခံပြီး ခြေထားပါ။ ထို့နောက်ပါဝင်သောပစ္စည်းအားလုံးကို ရောရျ် သမအောင်နယ်ပါ။၃။ နယ်ပြီးလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားအလုံးလေးတွေလုံးထားပါ။၄။ ဒယ်အိုးတခုထဲတွင် တခါပြုလုပ်လျှင် ဆီ(သို့) ထောပတ် ထမင်းစားဇွန်း ၁ ဇွန်းထည့်၊ ကန်စွန်းဥအလုံးကို ထည့်ပြီး အပေါ်မှ ယောင်းမဖြင့် ပြားသွားအောင်လုပ်ပါ။ ပြီးလျှင် မျက်နှာပြင် ၂ ဖက်လုံး ညိုလာသည်အထိ မီးအပူပေးပါ။၅။ မျက်နှာပြင် ၂ ဖက်လုံးညိုလာလျှင် မီးဖိုပေါ်မှချရျ် အနံ့မွှေးမွှေး ကန်စွန်းဥမုန့်လေးကို သုံးဆောင်နိုင်ပါပြီ။
15
ငါးပဲငပိပေါင်းကတော့ စားကောင်းတဲ့ ဟင်းတခွက်ပါပဲ။ လုပ်နည်းလဲလွယ်ကူပါတယ်။ ကြိုက်နှစ်သက်ရာငါးကို အသုံးပြုနိုင်ပါတယ်။ ကြီးတဲ့ငါးကို ဆိုရင် အပိုင်းလိုက် ခုတ်ပြီးမှပေါင်းတာကောင်းပါတယ်။ ငါးကသေးရင်တော့ အကောင်လိုက်ပေါ့နော်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်ေသာပစ္စည်းများ၁။ ကြိုက်နှစ်သက်ရာငါး - ၃၀ သား (သို့) ၁ ပေါင် ၃.၂ အောင်စ၂။ ပဲငပိအချို - ထမင်းစားဇွန်း ၁ ဇွန်း၃။ သကြား - လက်ဖက်ရည်ဇွန်း တ ဝက်၄။ ခရမ်းချဉ်သီး - ၁ လုံး၅။ ျကက္သြန္နီ - ၁ လုုံး၆။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ၇။ ငရုတ်သီးစိမ်း - ၅ တောင့်၈။ ဂျင်း - လက်တဆစ်၉။ ကြက်သွန်ဖြူ - ၃ မွှာ၁၀။ ကြော်ရန်ဆီ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ငါးကို သန့်စင်ပြီး ဆားနှင့် နယ်ရျ် ဆီပူပူမှာထည့်ရျ် ကြွပ်အောင်ကြော်ပြီး ဆီစစ်ထားပါ။ ဂျင်းကို အချောင်းလေးတွေလှီးထားပါ။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို အကွင်းလိုက်ထူထူလှီးထားပါ။၂။ ဒယ်အိုးတခုထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ထည့် အပူပေးပါ။ ဆီပူလာလျှင် ဂျင်း နှင့် ကြက်သွန်ဖြူကို ထည့်၊ ပဲငပိအချိုကိုထည့်ရျ်ဆီသတ်ပါ။ မွှေးလာလျှင် ကြော်ထားသော ငါးကို ပြန်ထည့်၊ ရေထည့်ပါ။ သကြား၊ ငရုတ်သီးစိမ်းထည့်ပါ။၃။ အနှစ်ပွက်လာလျှင် ကြက်သွန်နီနှင့် ခရမ်းချဉ်သီး အကွင်းများထည့်ရျ်အုပ်ထားပါ။ အပေါ့အငံမြည်းရျ် ပေါ့နေလျှင် ပဲငံပြာရည်ထည့်ပြီး မီးဖိုပေါ်မှချရျ်သုံးဆောင်နိုင်ပါပြီ။
16
ကြာဇံကြော်နည်းမေးထားတဲ့သူများပေမယ့် မအားတာတကြောင်း အခြား အိမ်ကလူတွေစားချင်တာချက်နေတာတကြောင်းကြောင့်အခုမှပဲရေးဖြစ်တော့တယ်။ကြာဇံကြော်ကတော့ လူကြိုက်များတဲ့အစားအစာတမျိုးဖြစ်ပါတယ်။ အိစံတို့အိမ်မှာတော့ အဒေါ်ကပွဲလုပ်တိုင်း အမြဲကြော်ကြော်ပေးလေ့ရှိပါတယ်။ အိမ်မှာကတော့ မနက်ဖြန်မနက် ကြာဇံကြော်မယ်ဆိုရင် ရှေ့တရက်ကတည်းက ကြာဇံ အစီးလိုက်ကို ရေကန်ထဲ ပစ်ထည့်ထားတယ်။ မနက်ကျမှ အဲ့အစီးလိုက်ကို ဆယ်ပြီး ကြော်တာပေါ့နော်။ ရေကန်က ဟင်းချက်ဖို့အတွက် ရေအသန့်လှောင်တဲ့ကန်ထဲထားတာနော်။:)အိစံတို့အိမ်မှာ ကြော်နေကျ ပါဝင်ပစ္စည်းနည်းနည်းနဲ့စားလို့ကောင်းတဲ့နည်းလေးရေးပေးလိုက်ပါတယ်။လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ဆန်ကြာဇံ - ၁ ပေါင် (သို့) ၂၅ ကျပ်သား၂။ ကြက်သား (သို့) ဝက်သား - ၁ ပေါင် (သို့) ၂၅ ကျပ်သား၃။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၅ ဇွန်း၄။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၃ ဇွန်း၆။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ၇။ ဆီ - ထမင်းစားဇွန်း ၈ ဇွန်း၈။ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် - တရုတ်ထမင်းစားပန်းကန်လုံး၃ လုုံးစာ၉။ အချောင်းလေးတွေလှီးထားသော မုန်လာဥနီ - အနည်းငယ်၁၀။ ကြက်သွန်ဖြူ - ၃ မွှာပြုလုပ်နည်း၁။ ဆန်ကြာဇံကို တညရေစိမ်ထားပါ။ ကြော်ခါနီးတွင် ရေစစ်ထားပါ။ ရေစစ်ထားသော ဆန်ကြာဇံကို ပဲငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ဖြင့် နယ်ထားပါ။ ကြက်သွန်ဖြူ ၃ မွှာကို တောက်တောက်ဆင်းထားပါ။၂။ ကြက်သား (သို့) ဝက်သားကို ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ဝက် တို့ဖြင့် နယ်ရျ် ခဏ နှပ်ထားပါ။၃။ ကြော်မည့် ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၄ ဇွန်းကို ထည့်၊ ဆီပူလာလျှင် ကြာဇံကို ထည့်ကြော်ပါ။ ကြာဇံ အမျိုးအစားအပေါ်မူတည်ရျ် ရေကို နည်းနည်းချင်းဆီထည့်ပြီး လိုချင်သော အပျော့အမာရအောင်ကြော်ပါ။ ပြီးလျှင် ကြော်ထားသော ကြာဇံကို မီးဖိုပေါ်မှချရျ် ဇလုံတခုထဲထည့်ထားပါ။၄။ ကြာဇံကြော်ထားသော ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၄ ဇွန်း ထည့်အပူပေး၊ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။ ကြက်သွန်ဖြူအနံ့မွှေးလာလျှင် နှပ်ထားသော အသားများကို ထည့်ကြော်ပါ။ အသားမှ အရည်များထွက်လာပြီး ထိုအရည်များခြောက်သွားသည်အထိကြော်ပါ။၅။ အရည်များခြောက်သွားလျှင် ပါးပါးလှီးထားသော ဂေါ်ဖီထုပ်နှင့် မုန်လာဥနီကိုထည့်၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ထည့်ကြော်ပါ။၆။ အသီးအနှံ များ အနည်းငယ်နွမ်းလာလျှင် ကြော်ထားသော ကြာဇံကို ထည့်ရျ် သမသွားအောင်လုပ်ပြီး မီးဖိုပေါ်မှချပါ။၇။ အရသာရှိရှိကြာဇံကြော်ကို သုံးဆောင်နိုင်ပါပြီ။အချဉ်ရည်အတွက် - ငရုတ်ဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်ဆီထမင်းမှာပါတဲ့ ယိုးဒယားအချိုဆော့ ထမင်းစားဇွန်း ၁ ဇွန်း၊ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် (သို့) Hoisin sauce လက်ဖက်ရည်ဇွန်း လေးပုံတပုံ၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ ၂ တက်၊ ရေ ထမင်းစားဇွန်း ၄ ဇွန်းတို့ကို သမအောင်လုပ်ရျ် ကြာဇံကြော်နှင့် တွဲစားရန် ဆော့ကို ပြုလုပ်ပါ။
17
၀က်သားတုတ်ထိုး ပြုလုပ်နည်းမေးထားတဲ့သူတွေအတွက်ကော အခြားသူတွေအတွက်ပါ ရေးပေးလိုက်ပါတယ်။၀က်သားတုတ်ထိုး လုပ်နည်းရေးပေးမယ်ဆိုပြီးပုံကမရှိတော့ မရေးဖြစ်ဘူး။ အရင်ပုံတွေကလဲတပုံမှ ကြည့်မကောင်း၊ အခုထပ်လုပ်စားတော့လဲ အစုံမရခဲ့၊ မထူးပါဘူးဆိုပြီး တင်ပေးလိုက်တယ်နော်။ အရင်လုပ်စားရင်တော့ အူသိမ်တို့အူအဆီပိတ်တို့ပါထည့်ပါတယ်။ မြန်မာပြည်ကလုပ်စားတုံးကေတာ့ ကျောက်ကပ်ကိုပါထည့်ပေမယ့် ဒီရောက်တော့ ဘယ်နှခါလုပ်စားစားကျောက်ကပ်က စားလို့ကိုမကောင်းဘူး။ အရမ်းနံ တယ်။ မြန်မာပြည်က ဝက်သားက တရက်စာတရက်ဆိုတော့ လတ်ဆတ်ပေမယ့် ဒီမှာက အအေးခံထဲမှာ ထားတာကြာတော့ စားလို့မကောင်းပါဘူး။ ကျန်တာတွေကတော့ အတူတူပါပဲ။ အခုလုပ်စားတာမှာ အူအဆီပိတ်မပါပေမယ့် အူအဆီပိတ် သန့်စင်နည်းကော ရေးပေးလိုက်တယ်နော်။ အခုနည်းကတော့ အိစံ အမတယောက်ပေးတဲ့နည်းကော အိစံနည်းကော ရောသမမွှေပြီးရေးပေးလိုက်ပါတယ်။ အိစံအမတယောက်ပြောပြတဲ့ အချက်တခုကတော့ အူ၊ အသဲတွေနဲ့အခြား အရာတွေကို ရောမချက်ရတာပါပဲ။ အူ နှင့် အသဲကို သတ်သတ်ချက်ပြီး အားလုံးချက်ပြီးမှ ပြန်ရောတဲ့နည်းပါ။ တကယ်ကို အဲ့နည်းလေးက အရမ်းကိုကောင်းပါတယ်။ ရောချက်ရင် အူနှင့် အသဲက ထွက်တဲ့အနံ့ တွေက အခြား နှလုံးတို့လျှာတို့အသားတို့ကို နံသွားစေပါတယ်။ အနံ့မွှေးမွှေးနဲ့ဝက်သားတုတ်ထိုးကို ချက်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ လွ်ာ၊ နွလုုံး၊ အသား - ၅၀ သား၂။ အူအစုံ နှင့် အသဲ - ၅၀ သား၃။ ပဲငံပြာရည် အကျဲ- ထမင်းစားဇွန်း ၆ ဇွန်း၄။ ပဲငံပြာရည် အပျစ် -လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း၆။ ခရုဆီ - ထမင်းစားဇွန်း ၂ ဇွန်း၇။ တရုတ် ဖာလာစေ့ (ပါကော အလုံး) - ၂ လုံး၈။ နံနတ်ပွင့် (ရှောက်ကော) - ၂ ခု၉။ တရုတ် မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၀။ ကြက်သွန်ဖြူ - ၈ မွှာ၁၁။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း၁၂။ ကြိုက်နှစ်သက်ရာအရက် - လက်ဖက်ရည်ဇွန်း ၂ဇွန်းပြုလုပ်နည်း၁။ အိုးကြီးကြီး တခုတွင် ရေနွေးပွက်ပွက်ဆူအောင်တည်ထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်ဆင်းထားပါ။၂။ ဝက်နှလုံးကို သန့်စင်ရာတွင် ရေဖြင့် ဆေး၊ နှလုံးရဲ့အတွင်းထဲက သွေးခဲများကို ထုတ်ပါ။ ပြီးလျှင် ဇလုံတခုထဲထည့်ပြီး ပွက်နေတဲ့ ရေနွေးကိုလောင်းထည့်ပြီး ၂ မိနစ်လောက်စိမ်ပြီးမှ ရေပြန်ဆေးပါ။၃။ ဝက်လျှာကို သန့်စင်ရာတွင် ရေနွေးပွက်ပွက်ဆူထဲမှ ရေနွေး ကိုယူရျ် ဇလုံတခုထဲထည့် ဝက်လျှာကို ရေနွေးထဲ ချက်ချင်းစိမ်ပြီး ပြန်ဆယ်ပါ။ ထို့နောက် လျှာ အပေါ်ပိုင်းကို ဓါးဖြင့် ခြစ်ပါ။၄။ အူအဆီပိတ်ကို သန့်စင်ရာတွင် အူအဆီပိတ်ကို အကျီလက် ပြောင်းပြန်လှန်သလိုမျိုးလှန်ပါ။ အူအဆီပိတ်ရဲ့အတွင်းထဲမှာ အဆီတွေအညစ်အကြေးတွေကို တွေ့ပါလိမ့်မည်။ အဆီတွေနှင့် အညစ်အကြေးတွေကို ဖယ်ထုတ်လိုက်ပါ။ ပြီးလျှင် ရှာလကာရည်ဖြင့် နယ်ရျ် ခဏထားပါ။ ပြီးလျှင် အဝတ်လျှော်သလိုမျိုးပွက်တိုက်ပါ။ ထို့နောက် ရေဖြင့် သုံးခါပြန်ဆေးပါ။ အူအဆီပိတ်ကို အထပ်လိုက်ဖြစ်ရန် အတွက် အူအဆီပိတ်ရဲ့တဝက်မှနေရျ် နောက်တဖက်ရဲ့အူထဲကို ထည့်ပါ။ အူ၂ ထပ်ဖြစ်သွားပါလိမ့်မည်။၅။ အူသိမ်ကို သန့်စင်ရန် အတွက် အူသိမ်ရဲ့ဘေးမှာ ပါတဲ့အဆီများကို ဖယ်ပါ။ ပြီးလျှင် အူသိမ်ရဲ့အတွင်းပိုင်းကို တူဖြင့် ထိုးရျ် အညစ်အကြေးများထုတ်ပါ။ ပြီးလျှင် ရှာလကာရည်ဖြင့် နယ်ရျ် ခဏစိမထားပါ။ ထို့နောက် အဝတ်လျှော်သလိုမျိုးပွတ်တိုက်ရျ် သန့်စင်ပါ။ ရေဖြင့်သုံးခါပြန်ဆေးပါ။၆။ အူမကြီး (ဝက်အစာအိမ်)ကို သန့်စင်ရတာ အကြာဆုံးပါပဲ။ အူမကြီးရဲ့အတွင်းဖက်အပိုင်း အကျိအချွဲတွေကို ဓါးဖြင့် ခြစ်ချပါ။ ပြီးလျှင် ရှာလကာရည်ဖြင့် နယ်ရျ် ခဏနှပ်ထားပါ။ ထို့နောက် အဝတ်လျှော်သလိုပွက်တိုက်ေဆးပါ။ ပြီးလျှင် ကော်မှုန့်ကို အူမကြီး ရဲ့အတွင်းပိုင်းမှာဖြူးပြီး အဝတ်လျှော်သလို ပွက်တိုက်တခါထပ်ဆေးပါ။ နောက်ဆုံးတခါကိုတော့ ဆီဖြင့် အဝတ်လျှော်သလိုပွတ်တိုက်ေဆးပါ။ ဒါမျိုး သေချာဆေးရင် အူမကြီး အနံ့လုံးဝမနံတော့ပါဘူး။၇။ အူတွေအားလုံး သန့်စင်ပြီးလျှင် ဇလုံကြီးကြီး တခုထဲမှာ အူတွေထည့် ပြီးလျှင် ပွက်နေသော ရေနွေးကို လောင်းပြီး ၂ မိနစ်လောက်ခဏ စိမ်ပြီး ရေပြန်ဆေးထားပါ။၈။ အသည်းကိုလဲ ရေဆေးပြီးလျှင် ရေနွေးဖြင့် ၂ မိနစ်လောက်စိမ်ပြီး ရေပြန်ဆေးထားပါ။၉။ အားလုံး သန့်စင်ပြီး ချက်ဖို့အဆင်သင့်ဖြစ်လျှင် အူများနှင့် အသဲကို သတ်သတ် အခြား အရာများကို သတ်သတ်ထားပါ။၁၀။ ပြုလုပ်မည့် အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ထည့်ပါ။ ဆီပူလာလျှင် သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ တဝက်၊ တရုတ်ဖာလာစေ့(ပါကော) တလုံး၊ နံနတ်ပွင့် (ရှောက်ကော) - ၁ ခုတို့ကိုထည့်ရျ် ဆီသတ်ပါ။ သကြားများညိုလာလျှင် အူများနှင့် အသည်းကိုထည့်၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း တ ဝက်၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ တရုတ်မဆလာ လက်ဖက်ရည်ဇွန်း တ ဝက်၊ အရက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ရျ် လုံးပါ။ လုံးပြီးလျှင် ရေကို အူနှင့် အသည်းမြုတ်အောင်ထည့်ပြီး တည်ပါ။ အည်းက ခဏချက်ရင် ကျက်တာကြောင့် နာရီဝက်လောက်နေရင် ဆယ်ထားပါ။ ကျန်သော အူများကို ဆက်တည်ပါ။ အူမကြီးပါလျှင် ၂ နာရီလောက်တည်ပါ။ ရေကို ထပ်ထပ်ဖြည့်ပါ။ ရေကို အူတွေရဲ့ တဝက်လောက်မြုတ်တဲ့ အနေအထားမှာ မီးဖိုပေါ်မှချပါ။၁၁။ အခြား အိုးတခုတွင်လဲ ကျန်သော လျှာ၊ နှလုံး နှင့် အသားကို အထက်ပါနည်းအတို်င်းဆီသတ် လုံးရျ် ချက်ပါ။၁၂။ ၂ အိုးလုံးကျက်သွားလျှင် ထမင်းပေါင်းအိုးထဲကို အားလုံးထည့်ရျ် ထမင်းပေါင်းအိုးကို warm မှာထားပါ။ (ဘယ်ချိန်စားစား နွေးနေအောင်လို့ပါ။)၁၃။ သုံးဆောင် ခါနီးကျလျှင် ဟင်းရည်အတွက်ကို ပေါင်းအိုးထဲမှခတ်ပြီးရေနေြးေရာပါ။၁၄။ အချဉ်ရည် အတွက် မန်ကျည်းမှည့်ရည်၊ ငရုတ်ဆီ၊ ထန်းလျက်ရည်တို့ကိုရောရျ်ပြုလုပ်ပါ။
18
တရုတ်ခေါက်ဆွဲကြော်နည်းမေးထားတဲ့ သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုုက်ပါတယ်။တရုတ်ခေါက်ဆွဲကြော်နည်းကိုု နည်းအမျိုးမျိုးကြော်တဲ့ အထဲက အိစံရဲ့ကြော်နည်းကတော့ မြန်မာပြည်က ဆိုင်တွေလို အရသာအီအီလေးနဲ့စိုစိုလေးကြော်တဲ့နည်းပါ။ ခေါက်ဆွဲကြော်စိုစိုလေးဖြစ်ဖို့အတွက်ဆိုရင် ကြက်ပြုတ်ရည်လေးကို သုံးရင် ပိုအဆင်ပြေပါတယ်။ ကြက်ပြုတ်ရည် အလွယ်တကူမရှိလျှင် ရေကိုသုံးရင်လဲရပါတယ်။ တရုတ်ခေါက်ဆွဲကြော်လေးကြော်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဂျုံခေါက်ဆွဲဖတ် - ၁ ပေါင် (သို့) ၂၅ ကျပ်သား၂။ ဝက်သား (သို့) ကြက်သား - ၁ ပေါင် (သို့) ၂၅ ကျပ်သား၃။ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် - တရုတ်ထမင်းစားပန်းကန်လုံး၃ လုုံးစာ၄။ အချောင်းလိုက်လှီးထားသော မုန်လာဥနီ - အနည်းငယ်၅။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၅ ဇွန်း၆။ ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၈။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ၉။ သကြား - လက်ဖက်ရည်ဇွန်း ၄ ဇွန်း၁၀။ ဆီ - ထမင်းစားဇွန်း ၉ ဇွန်း၁၁။ ကြက်ပြုတ်ရည် (သို့) ရေ - ထမင်းစားဇွန်း ၈ ဇွန်း၁၂။ ကြက်သွန်ဖြူ - ၅ မွှာ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ အသားကို အချောင်းလိုက်ကလေးတွေ လှီးပြီး ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်၊ ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် နယ်ရျ် ခဏ နှပ်ထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်ဆင်းထားပါ။၂။ ခေါက်ဆွဲကို အစိုအသုံးပြုလျှင် ရေနွေးပွက်ပွက်ဆူတဲ့ထဲကို ချက်ချင်းထည့်ပြီး ဆယ်ပါ။ ပြီးလျှင် ရေအေးဖြင့် ပြန်ဆေးပြီး ရေစစ်ပါ။ ရေစစ်ထားတုံးမှာ ခေါက်ဆွဲကို ဆီ ထမင်းစားဇွန်း ၁ ဇွန်း ဖြင့် နယ်ရျ် ဖွထားပါ။၃။ ရေစစ်ပြီးသော ခေါက်ဆွဲကို ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ ပဲငံပြာရည် အပျစ် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့်နယ်ထားပါ။၄။ ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၈ ဇွန်းထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူကို ထည့်ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် အသားကို ထည့်ကြော်ပါ။ အသားများကျက်ပြီး အသားမှအရည်များမထွက်ခင် ခေါက်ဆွဲကိုထည့်ကြော်ပါ။ ကြက်ပြုတ်ရည် (သို့) ရေ ထမင်းစားဇါန်း ၄ ဇွန်းကိုထည့်ရျ် ကြော်ပါ။၅။ ထို့နောက် ပါးပါးလှီးထားသော ဂေါ်ဖီထုပ်နှင့် မုန်လာဥနီကိုထည့်၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ရျ် ကြော်ပါ။၆။ အသီးအနှံများနွမ်းလာလျှင် မီးဖိုပေါ်မှချခါနှီးတွင် ကျန်သော ကြက်ပြုတ်ရည် (သို့) ရေ ထမင်းစားဇွန်း ၄ ဇွန်းကို ထည့်ရျ် သမအောင် မွှေပြီ းမီးဖိုပေါ်မှချပါ။၇။ အရသာ ကောင်းကောင်း အနံ့မွှေးမွှေးနှင့် ခေါက်ဆွဲကြော် စိုစိုလေးကို သုံးဆောင်နို်င်ပါပြီ။
19
အသားစအုကြော်ကတော့ လူကြီးကော ကလေးပါ နှစ်သက်ကြပါတယ်။ စအုကြော် ကိုဒီအတိုင်းစားကောင်းသလို ချိုချဉ်ကြော်ကြော်စားရင်လဲကောင်းပါတယ်။ အိစံတို့အိမ်မှာတော့ ပထမ တရက်ကို စအုကြော်များများကြော်လိုက်ပြီး နောက်တရက်ကျမှ ချိုချဉ်ကြော် ကြော်စားကြတယ်။ စအုကြော် အတွင်းက အိအိလေးနဲ့အပြင်ကကြွပ်ကြွပ်လေးဖြစ်အောင် ကြော်စားရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ၀က္သား (သိုု ့) ျကက္သား - ၁၅ က်ပ္သား၂။ အကြော်မှုန့် - ၂ ခွက် (သို့) 240 g၃။ ရေ - ၁ ခွက် (သို့) ၂၄၀ ml၄။ ကော်မှုန့်- ထမင်းစားဇွန်း ၃ ဇွန်း၅။ ကြက်ဥ - ၁ လုံး၆။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၈။ နာနတ်ပွင့်အမှုန့် - အနည်းငယ်၉။ တရုတ်အစိမ်းရောင်ဖာလာစေ့ အမှုန့် - အနည်းငယ်၁၀။ ကြော်ရန်ဆီ( ၁ ခွက် = 240ml = ၇ိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ အသားကို ရေဆေး သန့်စင်ပြီး မထူမပါး အတုံးလေးများတုံးထားပါ။ အတုံးတုံးထားသော အသားကို ဆား လက်ဖက်ရည်ဇွန်း တဝက်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နာနတ်ပွင့်မှုန့် အနည်းငယ်၊ တရုတ်အစိမ်းရောင်ဖာလာစေ့အမှုန့်အနည်းငယ် တို့ဖြင့်နယ်ရျ် ၁၅ မိနစ်ခန့် နှပ်ထားပါ။၂။ ဇလုံတခုထဲတွင် အကြော်မှုန့်၊ ကော်မှုန့်၊ ကြက်ဥ၊ ဆား လက်ဖက်ရည်ဇွန်း တဝက် (တချို့အကြော်မှုန့်တွေက ဆားပါပြီးသားမို့လို့ဆားပါပြီးသားအကြော်မှုန့် ကို သုံးရင် ဆားကို လက်ဖက်ရည်ဇွန်း လေးပုံတပုံပဲထည့်ပါ။)နှင့် ရေ တို့ကို သမအောင်လုပ်ရျ် အရည်ဖျော်ထားပါ။၃။ နှပ်ထားသော အသားများကို မုန့်နှစ်ရည်ထဲထည့်ရျ် သမအောင်လုပ်ပါ။၄။ ကြော်ရန် ဆီကို အပူပေးပြီး ဆီပူလာလျှင် ဇလုံထဲက အသားကို ဇွန်းဖြင့် မုန့်နှစ်ရည်ပါ ပါအောင် ခပ်ရျ် ဆီပူပူထဲကို ထည့်ပါ။၅။ စအုကြော်များ အညိုရောင်သန်း လာလျှင် ဆီအိုးထဲမှဆယ်ရျ် ဆီစစ်ထားပါ။ ကြွပ်ကြွပ်လေးနဲ့စားလို့ကောင်းတဲ့စအုကြော်ကို အချဉ်ရည်ဖြင့် သုံးဆောင်နိုင်ပါပြီ။(အချဉ်ရည် အတွက် ငရုတ်ဆော့ နှင့် ခရမ်းချဉ်သီးဆော့ကို ဆတူရောရျ် ရေအနည်းငယ်ထည့်ပြီးဖျော်ပါ။)
20
အိစံ ဒီဟင်းကို မြန်မာပြည်မှာ ကတည်းစားဖူးပြီး အရမ်းကြိုက်တဲ့ ဟင်းတပွဲပါ။ ချဉ်စပ်ချို အရသာလေးနဲ့တမျိုးလေးစားကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ပုဇွန် - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ကြက်သွန်ဖြူ - ၃ မွှာ၃။ ရေ - ခွက်တဝက် (သို့) ထမင်းစားဇွန်း ၈ ဇွန်း၄။ ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၁ ဇွန်း၅။ ငရုတ်ဆော့ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၆။ သကြားအညို - ထမင်းစားဇွန်း ၁ ဇွန်း၇။ ပြောင်းဖူးမှုန့်- လက်ဖက်ရည်ဇွန်း ၂ ဇွန်း၈။ ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၂ ဇွန်း၉။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၀။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တဝက်၁၁။ ဟင်းချက် ဆန်ဝိုင် - ထမင်းစားဇွန်း တဝက်၁၂။ ရှာလကာရည် - ထမင်းစားဇွန်း တဝက်၁၃။ နှမ်းဆီမွှေး - ၅ စက်၁၄။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ပုဇွန်ကို ရေဆေးသန့်စင်ပြီး ပုဇွန် အမွှေးနဲ့ခေါင်းကို ကပ်ကျေးဖြင့် ညှပ်ထားပါ။ (အခွံသင်လဲရပါတယ်။ တချို့ဆိုင်တွေက အခွံနဲ့ပါ။ တချို့ဆိုင်တွေကတော့ အခွံသင်ထားတဲ့ ပုဇွန်ကို သုံးပါတယ်။) ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။၂။ ပန်းကန်အကြီးတခုထဲတွင် ထောင်းထားသော ကြက်သွန်ဖြူ၊ ရေ၊ ခရမ်းချဉ်သီးဆော့၊ ငရုတ်ဆော့၊ သကြားအညို ၊ ပြောင်းဖူးမှုန့်၊ ပဲငံပြာရည်အကြည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းချက်ဆန်ဝိုင်၊ ရှာလကာရည်၊ နှမ်းဆီမွှေးတို့ကို ထည့်ရျ် သကြားများ အရည်ပျော်ပြီး သမသွားအောင်လုုပ်ရျ် ဆော့အရည်ပြုလုပ်ပါ။၃။ ကြော်မည့်ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ထည့်ရျ်အပူပေးပါ။ ဆီပူလာလျှင် ပုဇွန်ကို ထည့်ရျ် ကြော်ပါ။ ပုဇွန်များ ကွေးလာပြီး ကျက်သွားသည်အထိ အိုးပေါ်မှာ လှိမ့်ရျ်ကြော်ပါ။၄။ ပုဇွန်များကျက်သွားလျှင် ပြုလုပ်ထားသော ဆော့ အရည်ထည့်ပြီး ဆော့အရည်ပွက်လာသည်အထိ တည်ပါ။၅။ ဆော့ အရည်ပွက်လာလျှင် မီးဖိုပေါ်မှချရျ် ထမင်းပူပူဖြင့် သုံးဆောင်နိုင်ပါပြီ။
21
ယိုးဒယား ကြက်ဥပေါင်းနည်းလေးမေးထားလို့ရေးပေးလိုက်တယ်နော်။ ယိုးဒယား ကြက်ဥပေါင်းက အခြားကြက်ဥပေါင်းနဲ့မတူတာက ပိုနူးညံ့ပါတယ်။ သူက ကြက်ဥပေါင်းမည့်ထဲကို ရေများများထည့်ပေါင်းတော့ ခါတိုင်းကြက်ဥပေါင်းတွေလိုုမျိုး မဟုတ်ပဲ တုံတုံလေးနဲ့စားလို့လဲကောင်းပါတယ်။ ကြက်ဥပေါင်းမှာ အသား နှင့် ကြက်သွန်ကိုထည့်ထားပါတယ်။ မကြိုက်ရင် ကြက်ဥပဲသတ်သတ်ကို ဒီနည်းနဲ့ပေါင်းလဲရပါတယ်။ လုပ်စားြကည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြက်ဥ - ၃ လုံး၂။ ကြိုက်နှစ်သက်ရာ တောက်တောက်ဆင်းထားသော အသား - ၅ ကျပ်သား၃။ ျကက္သြန္နီ - ၁ ဥ (ဥအေသး)၄။ ကြက်သွန်မြိတ် - ၁ ပင် (အစိမ်းရောင်အပိုင်းပဲယူပါ။)၅။ ငရုတ်သီးဆီချက် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၆။ သံပုရာသီး - တစိတ်၇။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၈။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၉။ ရေ - ထမင်းစားဇွန်း ၁၀ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြက်သွန်နီကို အတုံးအသေးလေးတွေတုံးထားပါ။ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ကြက်ဥကိုခလောက်ထားပါ။၂။ ပေါင်းမည့် ပန်းကန်ထဲတွင် ပါဝင်သောပစ္စည်းများအားလုံးကိုထည့်ရျ် သမအောင်လုပ်ပါ။ ထို့နောက် နာရီ ဝက်ခန့်ပေါင်းပါ။၃။ အနံ့မွှေးမွှေးနဲ့စားလို့ကောင်းတဲ့ကြက်ဥပေါင်းကို သုံးဆောင်နိုင်ပါပြီ။
22
ကိုရီးယား ထမင်းသုပ် လုပ်နည်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါေရးပေးလိုက်တယ်နော်။ ကိုရီးယားထမင်းသုပ်ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာထဲမှာ ပါပြီးစားလို့ကောင်းတဲ့ ထမင်းသုပ်တမျိုးပါ။ သူ ရဲ့ဆော့က စပ်စပ်လေးနဲ့စားလို့ကောင်းပါတယ်။ ကိုရီးယားတွေရဲ့အစားအစာ ကတော့ နည်းနည်းချိုပြီး နှမ်းဆီ အရမ်းသုံးပါတယ်။ နှမ်းဆီအနံ့မွှေးမွှေးလေးနဲ့ဆော့လေးနဲ့သုပ်ထားတဲ့ ကိုရီးယားထမင်းသုပ်ကို လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ထမင်း - ၃ ပွဲစာ၂။ ကြက်ဥ - ၃ လုံး၃။ ကြိုက်နှစ်သက်ရာအသား - ၁၀ သား (အိစံကတော့ တောက်တောက်ဆင်းထားသော အမဲသားကို အသုံးပြုပါတယ်။)၄။ မုုန္လာဥနီ - ၁ ဥ၅။ သခြားသီး အေသး - ၁ လုုံး၆။ ကြိုက်နှစ်သက်ရာ မှို - အနည်းငယ်၇။ ဟင်းနုနွယ်ရွက် - လက်တဆုပ်စာ၈။ ပဲပင်ပေါက် - လက်တဆုပ်စာ၉။ အသင့်စားလို့ရတဲ့ ရေညှိခြောက် (seasoned seaweed) - ၃ ချပ်၁၀။ ပဲငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း၁၁။ နှမ်းဆီမွှေး - ထမင်းစားဇွန်း ၂ ဇွန်း၁၂။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၁၃။ ကြက်သွန်ဖြူ - ၃ မွှာ၁၄။ ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၅။ ကိုရီးယား ငရုတ်အနှစ် - ထမင်းစားဇွန်း ၂ ဇွန်း (ပုံကို comment မှာ ကြည့်ပါ။)၁၆။ နှမ်းလှော် - ထမင်းစားဇွန်း ၁ ဇွန်း၁၇။ ရေ - ထမင်းစားဇွန်း ၂ ဇွန်း၁၈။ ဆီ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ အသားကို ပါးပါးလှီး (သို့) တောက်တောက်ဆင်းပါ။ ကြက်သွန်ဖြူ ၁ မွှာကို ညက်နေအောင်ထောင်းထားပါ။ ထို့နောက် အသားကို ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ နှမ်းဆီမွှေး ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊၊ ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ ၁ မွှာတို့ဖြင့် နှပ်ထားပါ။၂။ မုန်လာဥနီနှင့် သခွားသီးကို အချောင်းရှည်ရှည်လေးတွေလှီးထားပါ။ ဟင်းနုနွယ်ရွက်ကို သင်ထားပါ။ မှိုကို မထူမပါးလှီးထားပါ။ ရေညှိခြောက်ကို အချောင်းအရှည်လေးတွေဖြစ်အောင် ကပ်ကျေးဖြင့် ကိုက်ထားပါ။ ကျန်သော ကြက်သွန်ဖြူ ၂ မွှာကို လဲညက်နေအာင်ထောင်းပါ။၃။ ဆော့ပြုလုပ်ရန် ကိုရီးယား ငရုတ်အနှစ် ထမင်းစားဇွန်း ၂ ဇွန်း၊ ရေ ထမင်းစားဇွန်း ၂ ဇွန်း၊ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး ထမင်းစားဇွန်း ၁ ဇွန်း၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ထောင်းထားသော ကြက်သွန်ဖြူ၊ နှမ်းလှော် ထမင်းစားဇွန်း ၁ ဇွန်း တို့ကို သမအောင်လုပ်ပါ။၄။ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊ မှို ၊ ပဲပင်ပေါက်တို့ကို ဒယ်အိုးထဲမှာ တခုချင်းဆီ ကို ကြော်ပါ။ (ခဏပဲဒယ်အိုးထဲ ထည့်ကြော်ပါ။) ကြော်နည်းမှာ ဒယ်အိုးထဲကို ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်၊ ဆီပူလာလျှင် မုန်လာဥနီ / ဟင်းနုနွယ်ရွက် / မှို / ပဲပင်ပေါက် ထည့်၊ ဆားနည်းနည်းထည့်ပြီး အိုးပေါ်မှာ လှိမ့်ပါ။ အနည်းငယ်နွမ်းလာလျှင် မီးဖိုပေါ်မှချပါ။ (တခုချင်းဆီ သတ်သတ်ဆီကြော်ပါ။)၅။ အသားကိုလဲ ဒယ်အိုးထဲထည့်ရျ် ဆီ ထမင်းစားဇွန်း ၁ ဇွန်းဖြင့် အသားကျက်အောင် ကြော်ပါ။၆။ ကြက်ဥ ကို တလုံးစီ ကြော်ထားပါ။ (အနှစ်ကိုမကျက်အောင်ကြော်ပါ။) (တချို့ကထမင်းသုပ် ပြင်ဆင်ပြီးမှ ကြက်ဥကို အစိမ်းလိုက်ဖောက်ပြီး ထည့်ပါတယ်။)၇။ ထမင်းသုပ် ရန် အဆင်သင့်ဖြစ်ရင် ပန်းကန်တခုထဲမှာ ထမင်းကို အရင်ထည့် ပြီးလျှင် အပေါ်မှ ကြော်ထားသော မုန်လာဥနီ၊ ကြော်ထားသော ဟင်းနုနွယ်ရွက်၊ ကြော်ထားသော မှို၊ ကြော်ထားသော ပဲပင်ပေါက်၊ သခွားသီး၊ ရေညှိခြောက်၊ ဆော့အနှစ်တို့ကို တပုံဆီထည့်၊ ကြက်ဥကို အပေါ်က တင်ပြီး ပြင်ဆင်ပါ။ စားမည်ဆိုလျှင် ကြက်ဥကိုပါ ခြေပြီး ထမင်းထဲထည့်သုပ်ရျ် သုံးဆောင်နိုင်ပါပြီ။(ကိုရီးယား ထမင်းသုပ်ရန်မြေအိုးကို အသုံးပြုမည်ဆိုလျှင် မြေအိုးကို အရင် မီးအပူပေးပါ။ အရမ်းပူလာလျှင် မီးဖိုပေါ်မှချ ထမင်းထည့်ပြီး ကျန် တဲ့အဆာပလာထည့်၊ ကြက်ဥကို အစိမ်းလိုက်ထည့်ပြီး ချက်ချင်းသုပ်ပါ။ မြေအိုးရဲ့အပူနဲ့ကြက်ဥလဲ ကျက်သွားပါတယ်။)
23
ဒီကန်စွန်းရွက်ကြော်လေးကတော့ မြန်မာ ပါးစပ်နဲ့အလွန်အကြိုက်တွေ့စေမယ့် နည်းလေးပါ။ ငပိရယ်၊ မန်ကျည်းမှည့်ရည်ရယ် ၊ငရုတ်သီးရယ် သုံးထားတာ ကြောင့် ချဉ်ငံစပ်လေးဖြစ်နေပြီ အလွန်ထမင်းမြိန်စေတဲ့ဟင်းတခွက်ပါ။ ချက်ကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကန်စွန်းရွက် - အစီးကြီး - ၁ စီး၂။ ကြိုက်နှစ်သက်ရာ ငပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၃။ မန်ကျည်းမှည့်ရည် - ထမင်းစားဇွန်း ၁ ဇွန်း၄။ ပုဇွန်ခြောက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ ငရုတ်သီးစိမ်း - ၄ တောင့်၆။ ကြက်သွန်ဖြူ - ၃ မွှာ၇။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း(ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကန်ဇွန်းရွက်ကို သင်ပြီး သန့်စင်ထားပါ။ ငရုတ်သီးစိမ်း ၂ တောင့်ကို ပါးပါးလှီးထားပါ။ ငပိကို ရေအနည်းငယ်ဖြင့် ဖျော်ထားပါ။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ပုဇွန်ခြောက်ကို ရေစိမ်ပြီး ရေစစ်ထားပါ။၂။ ဒယ်အိုးတခုထဲတွင် ဆီထည့် အပူပေးပြီး ဆီပူလာလျှှင် တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူနှင့် ပါးပါးလှီးထားသော ငရုတ်သီးစိမ်း တို့ကို ထည့်ရျ် ဆီသတ်ပါ။၃။ အနံ့ မွှေးလာလျှင် ကန်စွန်းရွက်ကို ထည့်ကြော်ပါ။ ဖျော်ထားသော ငပိ၊ မန်ကျည်းမှည့်ရည်၊ ပုဇွန်ခြောက်တို့ကို ထည့်ပါ။ ၂ မိနစ်လောက်ကြော်ပြီးလျှင် ကျန်သော ငရုတ်သီးစိမ်းကို ထည့်ရျ် ၁ မိနစ်ခန့်ကြော်ပါ။၄။ မီးဖိုပေါ်မှချရျ် ချဉ်ငံစပ် ကန်စွန်းရွက်ကို သုံးဆောင်နိုင်ပါပြီ။
24
၀က်လက်စွပ်ပြုတ်မေးထားတဲ့သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုုက်တယ်နော်။၀က်လက်စွပ်ပြုတ်လေးကတော့ လူကြိုက်များပြီး အသားလဲစားလို့ရသလို အရည်သောက်အနေနဲ့လဲ သောက်လို့ကောင်းတဲ့ တမျိုးဖြစ်ပါတယ်။ ငရုတ်ကောင်းအနံ့မွှေးမွှေးလေးနဲ့ရာသီဥတုအေးအေးလေးမှာဆိုရင်တော့ တကယ်ကို ရှယ်ပဲပေ့ါ။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဝက်လက် - ၅၀ ကျပ်သား (သို့) ၂ ပေါင်၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ၃။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း၄။ ပဲငံပြာရည် အပျစ် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၅။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း၈။ ဂျင်း - လက်တဆစ်၉။ ကြက်သွန်ဖြူ - ၂ မွှာ၁၀။ နံနတ်ပွင့် - ၁ ခု၁၁။ နံနံပင္အရိုုး - ၁၅ ခုု၁၂။ ငရုတ်ကောင်း - အနည်းငယ်၁၃။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - အနည်းငယ်ပြုလုပ်နည်း၁။ ဝက်လက်ကို သန့်စင်ထားပါ။ ဂျင်းကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ နံနံပင်အရိုးကို နံနံပင်တစီးရဲ့တဝက်မှ ယူပြီး နှီးရိုးရှိလျှင် နှီးရိုးဖြင့် စီးထားပါ။၂။ သန့်စင်ထားသော ဝက်လက်ကို ဆား လက်ဖက်ရည်ဇွန်း တ ဝက်၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပျစ်၊ ခရုဆီ၊ သကြား တို့ဖြင့် နယ်ရျ် နာရီဝက်ခန့်နှပ်ထားပါ။၃။ ဒယ်အိုးတခုထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်း ကို ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် နှပ်ထားသော ဝက်လက်များကို ထည့်ရျ် လှော်ပါ။ ဝက်လက်များ ကျက်သွားပြီး အညိုရောင်ပြောင်းရျ် မွှေးလာလျှင် မီးဖိုပေါ်မှချပါ။ ( ၅ မိနစ်လောက်တော့ ဝက်လက်များကိုလှော်ရပါတယ်။)၄။ စွပ်ပြုတ်လုပ်မည့် အိုးထဲကို ရေကိုအိုးရျ် တဝက်လောက်ထည့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပါးပါးလှီးထားသော ဂျင်း၊ နံနံပွင့်၊ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကိုထည့်ရျ် ရေနွေးပွက်လာသည်အထိတည်ပါ။၅။ ရေနွေးပွက်လာလျှင် လှော်ထားသော ဝက်လက်များကို ဒယ်အိုးထဲမှ တခုချင်းဆီယူထည့်ပါ။ (ဒယ်အိုးထဲမှ တခါတည်းသွန်မထည့်ရပါ။ သွန်ထည့်လိုက်လျှင် ဒယ်အိုးထဲမှ ဆီများနှင့် ဝက်လက်ရဲ့အညစ်အကြေး အနှစ်များပါ ပါသွားပါလိမ့်မည်။)၆။ ထို့နောက် မီးအေးအေးဖြင့် ဝက်လက်များနူးသည်အထိတည်ပါ။ ၂ နာရီ (သို့) ၃ နာရီလောက်ကြပါတယ်။ (ရေက ဝက်လက်များကို မြုပ်အောင်ဖြည့်ဖြည့်ပေးပါ။)၇။ ဝက်လက်များ နူးခါနီးတွင် နံနံပင်အရိုးများကို အိုးထဲထည့်ရျ် နာရီဝက်ခန့်တည်ပါ။၇။ ဝက်လက် စွပ်ပြုတ်ရလျှင် ဟင်းရည်ခတ်ရာတွင် ဝက်လက်များကို ပန်းကန်ထဲအရင်ထည့် ပြီးလျှင် ဇကာခံရျ် အရည်များကို ထည့်ပါ။ (နံနတ်ပွင့်နှင့် နံနံပင်အရိုးများ ပါသွားမှာစိုးလို့ပါ။) ပြီးလျှင် စွပ်ပြုတ် အပေါ်မှာ ငရုတ်ကောင်းနှင့် ကြက်သွန်မြိတ်ဖြူးရျ် သုံးဆောင်နိုင်ပါပြီ။—
25
ကပ်ကြေးကိုက်ကြော်နည်း တကယ့်အစစ်ကတော့ ပင်လယ်စာအစုံနဲ့ပါ။ အိစံကတော့ ပင်လယ်စာ ၃ မျိုး၊ ကြက်သား၊ ဝက်အူချောင်းတို့နဲ့ကြော်ထားပါတယ်။ ကပ်ကြေးကိုက် ကတော့ လူတိုင်းနည်းပါးကြိုက်ကြပါတယ်။ သူ့အရသာက ချဉ်စပ်လေးနဲ့ပဲပြုတ်စိမ့်စိမ့်လေးနဲ့အရမ်းကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကပ်ကြေးကိုက်ခေါက်ဆွဲ (သို့) ညှပ်ခေါက်ဆွဲ - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ခေါင်းမပါသော ပုဇွန် - ၁၀ သား၃။ ပြည်ကြီးငါး - ၅ ကျပ်သား၄။ ဂဏာန်းအသား - ၅ ကျပ်သား၅။ ျကက္သား - ၅ က်ပ္သား၆။ ဝက်အူချောင်း - ၅ ကျပ်သား၇။ ပဲပြုတ် - လက်တဆုပ်စာ၈။ ပဲပင်ပေါက် - လက်တဆုပ်စာ၉။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း၁၀။ ပအုန်းရည် - ထမင်းစားဇွန်း ၃ ဇွန်း (မရှိလျှင် ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။)၁၁။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၁၂။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၁၃။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း၁၄။ ပဲငံပြာရည်အပျစ် (ကြာညို့) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၆။ ငရုတ်သီး အကြမ်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း (အစပ်မကြိုက်လျှင် လျော့ထည့်ပါ။)၁၇။ ကြက်ဥ - ၂ လုံး( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ခေါက်ဆွဲဖတ်များကို ဖွထားပြီး ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ ပအုန်းရည်တို့ဖြင့် နယ်ထားပါ။၂။ ပုဇွန်ကို အခွံနွှာရျ် သန့်စင်ထားပါ။ ပြည်ကြီးငါး၊ ကြက်သား၊ ဝက်အူချောင်းတို့ကို ကြိုက်နှစ်သက်ရာ အရွယ်လှီးထားပါ။၃။ ကြော်မည့် ဒယ်အိုးထဲကို ဆီထည့် အပူပေးပြီး ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥကို မွှေကြော်ပါ။ ထို့နောက် ဒယ်အိုးထဲမှ ဆယ်ထားပါ။၄။ ကြက်ဥကြော်ရျ် ကျန်သောဆီဖြင့် ငရုတ်သီးအကြမ်းမှုန့်ကို ထည့်ရျ် ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သားနှင့် ဝက်အူချောင်းကို ထည့်ကြော်ပါ။ ကြက်သားမှ အရည်များခမ်းသွားလျှင် ပင်လယ်စာများကို ထည့်ကြော်ပါ။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရျ် မွှေပါ။၅။ အသားများကျက်လျှင် ခေါက်ဆွဲဖတ်များထည့်ရျ် ကြော်ပါ။ (ခေါက်ဆွဲဖတ်များ နယ်ထားသော ဇလုံထဲမှ အရည်များပါအကုန်ထည့်ပါ။)၆။ ခေါက်ဆွဲဖတ်များ နှံ့အောင်ကြော်ပြီးမှ ပဲပြုတ်၊ ပဲပင်ပေါက် နှင့် မွှေကြော်ထားသော ကြက်ဥကြော်တို့ကို ထည့်ရျ် ၂ မိနစ်လောက် ခဏကြော်ပြီး မီးဖိုပေါ်မှချပါ။ ကပ်ကြေးကိုက်ကို သုံးဆောင်နိုင်ပါပြီရှင်။
26
ကပ်ကြေးကိုက်ကြော်နည်း တကယ့်အစစ်ကတော့ ပင်လယ်စာအစုံနဲ့ပါ။ အိစံကတော့ ပင်လယ်စာ ၃ မျိုး၊ ကြက်သား၊ ဝက်အူချောင်းတို့နဲ့ကြော်ထားပါတယ်။ ကပ်ကြေးကိုက် ကတော့ လူတိုင်းနည်းပါးကြိုက်ကြပါတယ်။ သူ့အရသာက ချဉ်စပ်လေးနဲ့ပဲပြုတ်စိမ့်စိမ့်လေးနဲ့အရမ်းကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကပ်ကြေးကိုက်ခေါက်ဆွဲ (သို့) ညှပ်ခေါက်ဆွဲ - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ခေါင်းမပါသော ပုဇွန် - ၁၀ သား၃။ ပြည်ကြီးငါး - ၅ ကျပ်သား၄။ ဂဏာန်းအသား - ၅ ကျပ်သား၅။ ျကက္သား - ၅ က်ပ္သား၆။ ဝက်အူချောင်း - ၅ ကျပ်သား၇။ ပဲပြုတ် - လက်တဆုပ်စာ၈။ ပဲပင်ပေါက် - လက်တဆုပ်စာ၉။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း၁၀။ ပအုန်းရည် - ထမင်းစားဇွန်း ၃ ဇွန်း (မရှိလျှင် ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။)၁၁။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၁၂။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၁၃။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း၁၄။ ပဲငံပြာရည်အပျစ် (ကြာညို့) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၆။ ငရုတ်သီး အကြမ်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း (အစပ်မကြိုက်လျှင် လျော့ထည့်ပါ။)၁၇။ ကြက်ဥ - ၂ လုံး( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ခေါက်ဆွဲဖတ်များကို ဖွထားပြီး ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ ပအုန်းရည်တို့ဖြင့် နယ်ထားပါ။၂။ ပုဇွန်ကို အခွံနွှာရျ် သန့်စင်ထားပါ။ ပြည်ကြီးငါး၊ ကြက်သား၊ ဝက်အူချောင်းတို့ကို ကြိုက်နှစ်သက်ရာ အရွယ်လှီးထားပါ။၃။ ကြော်မည့် ဒယ်အိုးထဲကို ဆီထည့် အပူပေးပြီး ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥကို မွှေကြော်ပါ။ ထို့နောက် ဒယ်အိုးထဲမှ ဆယ်ထားပါ။၄။ ကြက်ဥကြော်ရျ် ကျန်သောဆီဖြင့် ငရုတ်သီးအကြမ်းမှုန့်ကို ထည့်ရျ် ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သားနှင့် ဝက်အူချောင်းကို ထည့်ကြော်ပါ။ ကြက်သားမှ အရည်များခမ်းသွားလျှင် ပင်လယ်စာများကို ထည့်ကြော်ပါ။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရျ် မွှေပါ။၅။ အသားများကျက်လျှင် ခေါက်ဆွဲဖတ်များထည့်ရျ် ကြော်ပါ။ (ခေါက်ဆွဲဖတ်များ နယ်ထားသော ဇလုံထဲမှ အရည်များပါအကုန်ထည့်ပါ။)၆။ ခေါက်ဆွဲဖတ်များ နှံ့အောင်ကြော်ပြီးမှ ပဲပြုတ်၊ ပဲပင်ပေါက် နှင့် မွှေကြော်ထားသော ကြက်ဥကြော်တို့ကို ထည့်ရျ် ၂ မိနစ်လောက် ခဏကြော်ပြီး မီးဖိုပေါ်မှချပါ။ ကပ်ကြေးကိုက်ကို သုံးဆောင်နိုင်ပါပြီရှင်။
27
၀က်သားနီချက်နည်းမေးထားလို့ရေးပေးလိုက်တယ်နော်။၀က်သားနီချက် ကတော့ အနံ့မွှေးမွှေးနဲ့အသားအိအိလေးနဲ့အလွန်စားလို့ကောင်းတဲ့ဟင်းတခွက်ပါ။ ချက်နည်းအမျိုးမျိုး ရှိတဲ့အထဲက အိစံချက်နည်းကတော့ ကြက်သွန်ကိုကြော်ပြီးမှ ပြန်သုံးတာမို့ပိုမွှေးပါတယ်။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ၀က္သား - ၄၀ သား၂။ ဆီ - ထမင်းစားဇွန်း ၈ ဇွန်း၃။ ျကက္သြန္နီ - ၂ လုုံး၄။ ကြက်သွန်ဖြူ - ၄ မွှာ၅။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၆။ ပဲငံပြာရည်အပျစ် (ကြာညို့) - လက်ဖက်ရည်ဇွန်း တ ဝက်၇။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဝက်သားကို သန့်စင်ပြီး ငံပြာရည်၊ ပဲငံပြာရည်အပျစ် တို့ဖြင့် နယ်ရျ် ၁၅ မိနစ်ခန့်နှပ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။၂။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ ထည့်ကြော်ပါ။ ကြက်သွန်ဖြူ ရွှေဝါရောင် သန် းလာလျှင် ဆယ်ရျ် ဆီစစ်ထားပါ။ ထိုဒယ်အိုးထဲကို ကြက်သွန်နီ ထည့်ကြော်ပါ။ ရွှေဝါရောင်သန်းလာလျှင် ဆယ်ရျ် ဆီစစ်ထားပါ။၃။ ကြက်သွန်ဖြူ၊နီ ကြော်ထားသော ဆီထဲကို သကြား ထည့်ပါ။ (မီးဖိုကို မီးအေးအေးကို ခဏပြောင်းပါ။သကြားများတူးသွားမှာစိုးလို့ ပါ။) သကြားများ ညိုလာလျှင် နှပ်ထားသော အသားများကို ထည့်ရျ် လုံးပါ။ အသားများ နီလာသည်အထိလုံးပါ။ အသားများ နီလာလျှင် ရေကို အသားမြုပ်ရုံလောက်ထည့်ပြီးမီးအေးအေးဖြင့် တည်ပါ။၄။ ရေခန်းခါနီးတွင် ကြော်ထားသော ကြက်သွန်ဖြူ၊ နီများကို ခြေရျ်ထည့်ပြီး ရေ ကို ဝက်သားမြုပ်အောင်ထပ်ထည့်ရျ်တည္ပါ။၅။ ဆီပြန်လာလျှင် မီးဖိုပေါ်မှချရျ် အနံ့မွှေးမွှေး ဝက်သားနီချက်ကို သုံးဆောင်နိုင်ပါပြီ။
28
အခု ခရမ်းသီးဟင်းလေးက အနံ့မွှေးမွှေးနဲ့စားလို့အရမ်းကောင်းပါတယ်။ ဒိန်ချဉ်လေးပါလို့နည်းနည်းချဉ်နဲ့အရသာရယ်၊ ဇီယာအမှုန့်လေးကြောင့်မွှေးမွှေးလေးရယ်၊ ခရမ်းသီးရဲ့အချိုအရသာရယ်တို့ကြောင့် စားလို့တော်တော် အဆင်ပြေပြီး လွယ်ကူတဲ့ဟင်းတမျိုးပါ။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ အရွယ်တော် ခရမ်းသီး - ၂ လုံး၂။ ဒိန်ချဉ် - ထမင်းစားဇွန်း ၈ ဇွန်း၃။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက် (သို့) လေးပုံ ၃ ပုံ (ခရမ်းသီးအကြီးအသေးပေါ်မူတည်ပြီးထည့်ပါ။)၄။ ဇီယာမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၅။ ဆနွင်းမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၆။ ဂျင်း - တလက်မအရွယ်၇။ ကြက်သွန်ဖြူ - ၂ မွှာ၈။ ခရမ်းချဉ်သီး - ၁ လုံး၉။ ျကက္သြန္နီ - ၁ လုုံး၁၀။ ငရုတ်သီးစိမ်းတောင့် - ၁ တောင့်၁၁။ နံနံပင် - အနည်းငယ်၁၂။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ခရမ်းသီးကို မီးဖုတ်ထားပါ။ oven နဲ့ဖုတ်မည်ဆိုလျှင် oven ရဲ့အမြင့်ဆုံးအပူချိန်မှာ နာရီ ဝက်ခန့်ဖုတ်ပါ။၂။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ နှင့် ဂျင်းကို ညက်နေအောင်ထောင်းထားပါ။ ခရမ်းချဉ်သီးကို အတုံးလေးတွေတုံးထားပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။၃။ မီးဖုတ်ထားသော ခရမ်းသီးကို အတုံးကြီးကြီးတုံးထားပါ။၄။ ဒယ်အိုးတခုထဲတွင် ဆီထည့်ရျ် အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်နီကိုထည့်ရျ်ဆီသတ်ပါ။ ကြက်သွန်နီ နွမ်းလာလျှင် ဇီယာအမှုန့်နှင့် ဆနွင်းမှုန့်ကို ထည့်ပါ။ ခဏ မွှေပြီးနောက် ထောင်းထားသော ဂျင်း ကြက်သွန်ဖြူ၊ ဒိန်ချဉ် တို့ကို ထည့်ရျ် သမအောင်မွှေပါ။၅။ ပြီးလျှင် ခရမ်းသီးကိုထည့်၊ ဆား နှင့် ငရုတ်သီးကို ထည့်ရျ် ရေအနည်းငယ်ထည့်ချက်ပါ။ အဖုံးအုပ်ထားပါ။ ရေခမ်းခါနီးတွင် အဖုံးဖွင့်ရျ် ခြောက်ခြောက်ကလေးဖြစ်အောင် မွှေပါ။၆။ မီးဖိုပေါ်မှချခါနီးတွင် နံနံပင်ကို အုပ်ပါ။၇။ ခရမ်းသီး ဒိန်ချဉ်ဟင်း ကို သုံးဆောင်နိုင်ပါပြီ။
29
ပေါင်မုန့်ပူတင်းကတော့ အရသာလဲရှိ၊ စားလို့လဲကောင်း၊ အဟာရအပြည့်နဲ့ကလေးတွေအတွက်လဲ သင့်တော်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ပေါင်မုန့်- ၆ ချပ်၂။ ကြက်ဥ - ၄ လုံး၃။ ႏြားနိုု ့- ၅၀၀ ml၄။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ၅။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း၆။ စပျစ်သီးခြောက် - ထမင်းစားဇွန်း ၂ ဇွန်း (မထည့်လဲရ)၇။ ဗင်နီလာအနံ့အရည် (vanilla extract) - လက်ဖက်ရည်ဇွန်း တ ဝက်၈။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်းပြုလုပ်နည်း၁။ ပေါင်မုန့်ပူတင်းလုပ်ရန်အတွက် ၈ လက်မပတ်လည် လေးထောင့် ဗန်း နှင့် ပြုလုပ်ပါတယ်။ ပေါင်မုန့်ပူတင်းလုပ်မည့် ဗန်းကို ထောပတ် ၁ ဇွန်း ဖြင့် အနှံ့သုတ်ထားပါ။၂။ ပေါင်မုန့်ကို လေးပိုင်းပိုင်းပါ။ (အိစံကတော့ တြိဂံပုံလေးတွေဖြစ်အောင်လို့ပေါင်မုန့်ကို ကြက်ခြေခတ်လှီးလိုက်ပါတယ်။)၃။ ပိုင်းထားတဲ့ပေါင်မုန့်လေးတွေဗန်းထဲထည့်ပါ။ ပြီးလျှင် အပေါ်မှ ထောပတ် ၂ ဇွန်းကို နေရာအနှံ့ဆမ်းပါ။ စပျစ်သီးခြောက်တွေနေရာအနှံ့ဖြူးထားပါ။၄။ ဇလုံတခုထဲတွင် ကြက်ဥ၊နွားနို့၊ဆား၊ သကြားတို့ကိုထည့်ပြီး သကြားများအရည်ပျော်သည်အထိ ခလောက်ပါ။ ပြီးလျှင် ပေါင်မုန့်များအပေါ်မှဆမ်းပါ။ (အိစံက တြိဂံပုံလေးတွေထောင်လျက် စီထည့်ထားလို့တြိဂံပုံပေါင်မုန့်ထိပ်လေးတွေရဲ့အပေါ်ကိုလိုက်လောင်းပါတယ်။)၅။ ပေါင်မုန့်ပူတင်းမဖုတ်ခင် oven ကို ၃၅၀'F (175'C) မှာ ၁၀ မိနစ်ခန့်ဘာမှမထည့်ပဲအရင်အပူပေးထားပါ။ အပူပေးထားသော oven ထဲမှာ မုန့်ဗန်းကိုထည့်ပြီး ၁ နာရီဖုတ်ပါ။၆။ ပူပူနွေးနွေး ပေါင်မုန့်ပူတင်းကို ဆော့အချိုရည်၊ ခရမ်တို့ဖြင့်တွဲရျ်သုံးဆောင်နိုင်ပါသည်။
30
အခုဟင်းကတော့ မြန်မာဟင်းတွေချက်ရင် အရမ်းကိုစားကောင်းတဲ့ အန်တီကြီးတယောက်သင်ပေးတဲ့ဟင်းလေးပါ။ ထမင်းအလွန်မြိန်စေတဲ့ ဟင်းကောင်းတခွက်ပါ။ ထမင်းကို အရည်လေးဆမ်းစားရင်လဲကောင်းသလို ဟင်းရည်အနေနဲ့နဲ့လဲချဉ်စပ်လေးသောက်လို့ကောင်းပါတယ်။ စပါးလင်ထည့်ထားလို့ပိုမွှေးပြီး အရမ်းအရသာရှိတဲ့ဟင်းတမျိုးပါ။ ငါးခူကို အကောင်လိုက်ချက်ရင်အဆင်ပြေသလို ငါးခူခေါင်းကြိုက်သူများအတွက် ငါးခူခေါင်းချည်းပဲချက်လို့လဲရပါတယ်။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ငါးခူ - ၄၀ သား (သို့) ၁ ပေါင် ၆.၄ အောင်စ၂။ ကြက်သွန်ဖြူ - ၃ မွှာ၃။ ဂျင်း - လက်တဆစ်၄။ စပါးလင် - ၁ ချောင်း၅။ မကျည်းမှည့်ရည် - ထမင်းစားဇွန်း ၂ ဇွန်း ခွဲ၆။ မြန်မာငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း၇။ ဆနွင်း - လက်ဖက်ရည်ဇွန်း တ ဝက်၈။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၉။ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၀။ ငရုတ်သီးစိမ်း - ၅ တောင့်၁၁။ နံနံပင် - ၃ ပင်ပြုလုပ်နည်း၁။ ဂျင်း၊ ကြက်သွန်ဖြူ နှင့် စပါးလင်တို့ကို ညက်နေအောင်ထောင်းထားပါ။၂။ ငါးခူကို ရေဆေးသန့်စင်ပြီးလျှင် မကျည်းမှည့်ရည်ကို ထည့်ရျ် အရင်နှံ့အောင်နယ်ပါ။ ပြီးလျှင် ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်တို့မှ အရည်ကို ညှစ်ထည့်၊ အဖတ်များပါထည့်၊ အရောင်တင်မှုန့်၊ ဆနွင်း၊ မြန်မာငံပြာရည် တို့ကိုထည့်ပြီး နယ်ပါ။ အနည်းဆုံး နာရီဝက်ခန့်နှပ်ထားပါ။၃။ အိုးတခုထဲတွင် ဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် နှပ်ထားသော ငါးခူများကို ထည့်ရျ် လုံးပါ။ ပြီးလျှင် ရေကို ငါးခူများမြုပ်အောင်တည်ပါ။ ငရုတ်သီးစိမ်းကို ဓါးပြားရိုက်ရျ် ထည့်ပါ။ (အစပ်မကြိုက်လျှင် ငရုတ်သီးစိမ်းကို ဓါးပြားမရိုက်ပဲ ဒီအတိုင်းထည့်ပါ။)၄။ နာရီဝက်လောက်တည်ပြီးလျှင် အပေါ့အငံ မြည်းပြီးလျှင် နံနံပင်အုပ်ရျ် မီးဖိုပေါ်မှချပါ။၅။ ထမင်းအလွန်မြိန်စေမယ့် ငါးခူချဉ်ငံစပ်သောက်ဆမ်းကိုု သုံးဆောင်နိုင်ပါပြီ။
31
ပဲကြာဇံသုပ်နည်းမေးထားတဲ့သူတွေအတွက် ယိုးဒယားစတိုင်လ်သုပ်နည်းလေးရေးပေးလိုက်တယ်နော်။ယိုးဒယားပဲကြာဇံသုပ်ကတော့ချဉ်ငံစပ်လေးနဲ့မြန်မာပါးစပ်နဲ့အလွန်ကိုက်တဲ့အသုပ်တမျိုးဖြစ်ပါတယ်။ ဆီလဲမပါတဲ့အပြင်ကျန်းမာရေးနဲ့လဲညီညွတ်ပါတယ်။ အိစံတော့ ထမင်းလွတ်သုပ်စားလေ့ရှိပါတယ်။အိစံရဲ့ပုဇွန်က ပိုမွှေးအောင်လို့အိုးပူတိုက်ပြီးမှ သုပ်တဲ့အထဲထည့်ပါတယ်။ ပုဇွန်ကို အခြားနည်းတွေလိုမျိုးပြုတ်ပြီးမှ သုပ်လဲရပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ပဲကြာဇံ - ၅၀ ဂရမ် (သို့) ၂ ကျပ်ခွဲသား (အထုံးသေးတထုံး)၂။ ခေါင်းမပါတဲ့ပုဇွန် - ၅ ကောင် (သို့) ၆ ကောင်၃။ ခြစ်ထားသော မုန်လာဥနီ - အနည်းငယ်၄။ နံနံပင် - ၂ ပင်၅။ ငရုတ်သီးစိမ်း - ၅ ခု၆။ နှမ်းလှော် - လက်ဖက်ရည်ဇွန်း တ ဝက်၇။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၈။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၉။ ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၁၀။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံတပုံ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ပဲကြာဇံကို ရေစိမ်ထားပါ။ ပြီးလျှင်ရေနွေး ပွက်ပွက်ဆူတဲ့ထဲမှာ ၂ မိနစ် လောက်ထည့်ပြုတ်ပြီး ရေစစ်ထားပါ။၂။ နံနံပင် နှင့် ငရုတ်သီး ကို ပါးပါးလှီးထားပါ။၃။ ပုဇွန်ကို အခွံခွာသန့်စင်ပြီး ကျောရိုးကနေအရှည်လိုက် ၂ ပိုင်းပိုင်းပါ။ ထို့နောက် ငံပြာရည် ၂ စက်လောက်ဖြင့် နယ်ပါ။ ပြီးလျှင် မကပ်တဲ့ ဒယ်အိုးမှာ ဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုထည့်ပြီး အပူပေးပါ။ အိုးပူလာလျှင် ပုဇွန်ကိုထည့်ပြီး ပုဇွန်ကျက်သည်အထိ အိုးပူတိုက်ပါ။ (ပုဇွန်ကို ပြုတ်မည်ဆိုလျှင် ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲမှာ ၃ မိနစ်ခန့်ထည့်ပြုတ်ပါ။ ၃ မိနစ်ထပ်ထည့်ပြုတ်လျှင် အရမ်းကျက်ပြီး စားလို့မကောင်းပါဘူး။)၄။ ပဲကြာဇံသုပ်ရန် အဆင်သင့်ဖြစ်လျှင် ဇလုံတခုထဲတွင် ပဲကြာဇံ၊မုန်လာဥနီ နှင့် ပုဇွန်ကို ထည့်၊ ယိုးဒယားငံပြာရည်၊ သကြား၊ ရှာလကာရည်၊ ကြက်သားမှုန့် တို့ဖြင့် သမအောင်နယ်ပါ။ ပြီးမှ ပါးပါးလှီးထားသော ငရုတ်သီး၊ နံနံပင်၊ နှမ်းလှော်တို့ကို ထည့်ရျ် သမအောင်ထပ်နယ်ပြီး သုံးဆောင်နိုင်ပါပြီ။
32
ငါးသလောက်ပေါင်းလေးစားလိုက် အိပ်လိုက်နဲ့ဇိမ်ကို ကျနေတာပဲ။ ငါးသလောက်ပေါင်းနည်းထဲမှာ တချို့က အိုးထဲကို ကြံခံပြီးပေါင်းကြတယ်။ တချို့ကအနှစ်မပါပဲပေါင်းကြတယ်။ အိစံကတော့ အနှစ်လေးနဲ့ထမင်းစားချင်လို့အနှစ်နဲ့ပေါင်းပါတယ်။ ချက်နည်းကတော့ လွယ်ပါတယ်။ Pressure cooker မရှိရင်တော့ အချိန် အတော်ကြာကြာချက်ရပါတယ်။ အိစံ Pressure cooker ကို အရင်ကသုံးပေမယ့်နောက်ပိုင်း အိုးအဖုံး ပွင့်ထွက်တာတွေကြောက်လို့မသုံးဖြစ်တော့ဘူး။ ငါးသလောက်ပေါင်းကို pressure cooker နဲ့ကော ရိုးရိုးမီးဖိုပေါ်မှာကောslow cooker နဲ့ကော ချက်ကြည့်တဲ့အထဲက slow cooker နဲ့ကတော့ အိစံအဆင်ပြေဆုံးပါပဲ။ တူးမှာ ကပ်မှာ မပူရပဲ ရေလေးထည့်ပြီး ပစ်ထားလိုက်တာ တနေကုန်ကောပဲ။ မနက်ချက်ရင် ညနေလောက်မှစားရတယ်။ စိတ်မရှည်ရင်တော့ pressure cooker နဲ့ချက်ပေါ့နော်။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ငါးသလောက်ငါး - ၃၀ သား (သို့) ၁ ပေါင် ၃.၂ အောင်စ၂။ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၃။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း၄။ သကြား - လက်ဖက်ရည် ၁ ဇွန်း၅။ ဆနွင်းမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံတပုံ၆။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၇။ ျကက္သြန္နီ - ၄ လုုံး၈။ ခရမ်းချဉ်သီး - ၂ လုံး၉။ ကြက်သွန်ဖြူ - ၅ မွှာ၁၀။ ဂျင်း - လက်တဆစ်၁၁။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ငါးသလောက်ငါးကို အကြေးခွံထိုး သန့်စင်ပြီး အတုံးတုံးထားပါ။ ဂျင်းကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်နီ ၂ လုံးကို ပါးပါးလှီးထားပါ။ ကျန်သော ကြက်သွန်နီ ၂ လုံးကို အကွင်းလိုက်ထူထူလှီးထားပါ။ခရမ်းချဉ်သီးကိုလဲ အကွင်းလိုက် ထူထူလှီးထားပါ။၂။ သန့်စင်ထားသော ငါးများကို ရှာလကာရည်၊ ငံပြာရည်၊သကြားတို့ဖြင့် နယ်ရျ် အနည်းဆုံးနာရီဝက်ခန့်နှပ်ထားပါ။၃။ ဒယ်အိုးတခုထဲတွင် ဆီကို အပူပေးပြီး ဆီပူလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီကိုထည့်ကြော်ပါ။ကြက်သွန်နီ နီလာလျှင် ထောင်းထားသော ကြက်သွန်ဖြူနှင့် ဂျင်းကိုထည့်ဆီသတ်ပါ။ မွှေးလာလျှင်ဆနွင်းနှင့် အရောင်တင်မှုန့်ကိုထည့်ဆီသတ်ပါ။ ထို့နောက် နှပ်ထားသော ငါးများကို ထည့်လုံးပါ။၄။ မီးဖိုပေါ်မှာ ဒီအတိုင်းတည်မည်ဆိုလျှင် ရေကို ဖြည့်ဖြည့်ပြီး ငါးအရိုးများနူးသည်အထိ အနည်းဆုံး ၃ နာရီ၊ ၄ နာရီလောက်တည်ရပါတယ်။ အရိုးများနူးလာလျှင် အကွင်းလိုက်လှီးထားသော ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ထည့်၊ နောက်ထပ် ၁၅ မိနစ်လောက်တည်ပြီးလျှင် မီးဖိုပေါ်မှချပါ။(သိုု ့)Pressure cooker ဖြင့် တည်မည်ဆိုလျှင် လုံးထားသော ငါးများကို pressure cooker ထဲထည့် ရေကို ငါးမြုပ်အောင်ထည့်ပြီး အနည်းဆုံး နာရီ ဝက်ခန့် တည်ပါ။ နာရီ ဝက်တည်ပြီးလျှင် အရိုးနူးမနူးကြည့်ပါ။ မနူးသေးလျှင် ရေထပ်ဖြည့်ပြီး နောက်ထပ် နာရီဝက်ခန့်ထပ်တည်ပါ။ တနာရီလောက်တည်လျှင် တော့အရိုးပါနူးပါတယ်။ တည်ပြီးလျှင် အကွင်းလိုက်လှီးထားသော ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကိုထည့်ပြီး မီးဖိုပေါ်မှာ အဖုံးမဖုံးပဲ ၁၅ မိနစ်လောက်တည်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချပါ။(သိုု ့)slow cooker နဲ့တည်လျှင် အချိန်ကတော့ အကြာဆုံးပါ။ ဒါမယ့် ပစ်ထားလို့ရလို အိစံတော့ ဒီနည်းကိုသုံးပါတယ်။ slow cooker ထဲကို လုံးထားတဲ့ ငါးတွေထဲ ရေကို ငါးမြုပ်အောင်ထည့်ပြီး တည်ပါ။ ၃ နာရီလောက်ကြာရင် ရေခမ်းမခမ်းကြည့်ပြီး ရေခမ်းရင် ရေထပ်ထည့်ပြီး ထပ်တည်ပါ။ အိစံတော့ အနည်းဆုံး ၈ နာရီလောက်တည်ပါတယ်။ဆီလည်ရေလည်ကို ငါးရဲ့တဝက်လောက်ပဲကျန်တော့ရင် အကွင်းလိုက်လှီးထားသော ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတွေထည့်ပြီး နာရီဝက်လောက်ဆက်တည်ထားပါ။ ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။
33
ပဲကုလားဟင်းချက်နည်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါေရးပေးလိုက်ပါတယ်။ပဲကုလားဟင်းချက်မယ်ဆိုရင်ပျဉ်းတော်သိမ်းရွက်ကတော့ မပါမဖြစ်ပါပဲ။ နိုင်ငံရပ်ခြားမှာနေတဲ့သူေတွကတော့ ပျဉ်းတော်သိမ်းရွက်ကို အိန္ဒိယဆိုင်တွေမှာရနိုင်ပါတယ်။ ပဲကုလားဟင်းချက်ရင် အငံအတွက်တချို့က ငံပြာရည်ကိုထည့်သုံးပါတယ်။ တချို့ကတော့ ဆားနဲ့ပဲသုံးပါတယ်။ အိစံကတော့ ငံပြာရည်ကော ဆားကော ၂ မျိုးလုံးကိုသုံးထားပါတယ်။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကုလားပဲ - ထမင်းစားဇွန်း ၈ ဇွန်း၂။ အာလူး - ၂ လုုံး၃။ ခရမ်းသီး - ၁ လုံး၄။ ပဲသီးတောင့်ရှည် - ၄ ချောင်း၅။ ရုုံးပေတသီး - ၁၅ ခုု၆။ ပျဉ်းတော်သိမ်းရွက် - ၁၀ ရွက်၇။ ကုလားလေး မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၈။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၉။ ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၁၀။ ဆနွင်းမှုန့်-လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၁။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်၁၂။ ဗမာ ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၁၃။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း၁၄။ ဂျင်း - လက်တဆစ်၁၅။ ကြက်သွန်ဖြူ - ၅ မွှာ၁၆။ မန်ကျည်းမှည့်ရည်အနှစ် - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကုလားပဲကို ဆနွင်း နှင့် ရေထည့်ပြီး နူးလာသည်အထိပြုတ်ပါ။ နူးအိလာလျှှင် ကုလားပဲများကို ခြေထားပါ။ ဂျင်းနှင့်ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။၂။ အာလူး၊ ခရမ်းသီး တို့ကို အနေတော်တုံးထားပါ။ ပဲသီးတောင့်ကို ၂လက်မအရွယ် လှီးထားပါ။ ရုံးပတေသီးကို ကြီးလျှှင် ၂ ပိုင်းပိုင်းထားပါ။၃။ ဒယ်အိုးတခုထဲတွင် ဆီထည့် အပူပေးပြီး ဆီပူလာလျှင် ပျဉ်းတော်သိမ်းရွက် နှင့် ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်းတို့ကိုထည့်ပြီးဆီသတ်ပါ။ ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်ကိုထည့်မွှေပါ။၄။ ထို့နောက် ခြေထားသော ပဲများကိုထည့်ရျ် ဆီသတ်ပါ။ သမသွားလျှင် အာလူး၊ခရမ်းသီး၊ ပဲသီးတောင့်၊ ရုံးပတေသီးတို့ကိုထည့်လုံးပါ။ ငံပြာရည်နှင့် ဆားကိုထည့်ပါ။၅။ သမအောင်မွှေပြီးလျှင် ရေထည့်၊ မန်ကျည်းမှည့်ရည် ထည့်ပြီး အာလူးများအိလာသည်အထိတည်ပါ။ အာလူးများအိလာလျှင် အရသာအပေါ့အငံမြည်းပြီး မဆလာအုပ်ရျ် မီးဖိုပေါ်မှချပါ။၆။ အနံ့မွှေးမွှေး အရသာရှိရှိပဲကုလားဟင်းကိုသုံးဆောင်နိုင်ပါပြီ။
34
အိစံ အိမ်မှာ အိစံကလေးကို ကျွေးတဲ့ ဖြည့်စွက်စာလုပ်နည်းလေးတွေကိုရေးပေးမယ်နော်။ ကလေးတွေအတွက် ဖြည့်စွက်စာလုပ်ရင် ဆားတို့သကြားတို့အမွှေးအကြိုင်တို့ဘာမှမထည့်ပါနဲ့ ။ သဘာဝအတိုင်းရတဲ့ အချိုဓါတ်ကိုပဲကျွေးသင့်ပါတယ်။ နောက်တခုအကြံပေးချင်တာကတော့ တချို့တွေက ကလေးအတွက်ဖြည့်စွက်စာကို အမေရိကားတို့စင်ကာပူတို့အခြားနိုင်ငံကနေလာတဲ့ ပုလင်းလေးတွေ ဗူးလေးတွေကိုမှာကျွေးကြတယ်။ မိဘဆိုတော့ သားသမီးကို သူတို့သာမစားချင်မစားမယ် ကောင်းတာကျွေးချင်တာပေါ့နော်။ တကယ်က အိမ်မှာ ချက်ကျွေးတာ အကောင်းဆုံးပါ။ အိစံရဲ့ကလေး ပြတဲ့ဆရာဝန်က သေချာရေးပေးပါတယ်။ အိမ်မှာချက်ကျွေးတဲ့ အစာက အကောင်းဆုံးဆိုပြီး ပြောပါတယ်။ ပိုက်ဆံကုန်သက်သာပြီး လတ်လတ်ဆတ်ဆတ်လေးကျွေးလို့ရလို့ပါ။ အရမ်းအလုပ်ရှုပ်နေလို့ချက်ဖို့အချိန်မရှိရင်တော့ တမျိုးပေါ့နော်။အခုဖြည့်စွက်စာမှာ ပါတာကတော့ ဆန်၊ ပဲနီလေး၊ မုန်လာဥနီတို့ပါ။ ဆန်ကနေပြီး ကစီဓါတ်အများဆုံး ပါတယ်။ ပဲကနေပြီး ပရိုတင်းဓါတ်ပါတယ်။ မုန်လာဥနီကနေပြီး အမျှင်ဓါတ် (fiber) နှင့် မျက်စိအားကောင်းစေတဲ့ ဗင်တာမင် အေတို့ပါပါတယ်။ ကလေးတွေအတွက်သင့်လျှော်ပြီးပဲနီလေးကြောင့်မွှေးမွှေးလေးရယ်၊ မုန်လာဥနီကြောင့်မို့အနည်းငယ်ချိုတဲ့ အရသာလေးရယ်ကြောင့် သူတို့လေးတွေအတွက် စားလို့ကောင်းစေမှာပါ။ ချက်ကျွေးကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ (တရက်စာ ၂ နှပ်စာအတွက်)၁။ ဆန် - ထမင်းစားဇွန်း ၁ ဇွန်း၂။ ပဲနီလေး - ထမင်းစားဇွန်း ၁ ဇွန်း၃။ မုုန္လာဥနီ - အေသး ၁ ဥပြုလုပ်နည်း၁။ ဆန်နှင့်ပဲနီလေးကို ရေဆေးပြီး အိုးတခုထဲမှာ နူးလာသည်အထိပြုထားပါ။ (အနည်းဆုံး နာရီဝက်၊ တနာရီလောက်တည်ရပါတယ်။) ရေကိုလိုသလိုထပ်ထပ်ဖြည့်ေပးပါ။၂။ ပဲနီလေးနှင့်ဆန် နူးအိလာလျှင် မုန်လာဥနီကို ခြစ်နှင့် ခြစ်ပြီး အိုးထဲကိုထည့်ပြီး ရေခမ်းခါနီးအထိတည်ပါ။ ထို့နောက် အအေးခံထားပါ။၃။ မပူမအေးအနေအထားမှာ ကြိတ်စက်ထဲကိုထည့်ကြိတ်ပါ။၄။ ကလေးတွေအတွက် ဖြည့်စွက်စာမွှေးမွှေးလေးကို ကျွေးနိုင်ပါပြီ။
35
KFC ကြက်ကြော်ကို မေးထားတဲ့သူများလို့ရေးပေးလိုက်ပါတယ်။ ကြက်ကြော်ရဲ့အပြင်အကြွပ်သားကို ဂျုံနဲ့ပဲလုပ်ပါတယ်။ တချို့တွေက ပေါင်မုန့်ခြောက်နဲ့ကြွပ်အောင်လုပ်ကြပါတယ်။ တကယ့် KFC ဆိုင်ရဲ့နည်းကတော့ ဂျံုမှုန့်နဲ့ပဲလုပ်တာပါ။ KFC ရဲ့ပိုင်ရှင်ဖြစ်တဲ့ Colonel Sanders ရဲ့တူကနေပြီးတော့ သူ့ဦးလေးရဲ့recipe ဆိုပြီး interview တခုမှာဖော်ပြခဲ့လို့သူတို့ရဲ့11 secret spices တွေက အပြင်မှာအကုန်သိကုန်ကြတာပါ။ အခုလဲ အဲ့ဒီ 11 secret spices လေးတွေနဲ့လုပ်ကြည့်ရအောင်နော်။ အဲ့တာတွေ အကုန်မရှိရင် ရှိသလောက်နဲ့လုပ်လို့လဲရပါတယ်။ အနံ တပုံစံထဲတူချင်ရင်တော့ အဲ့တာတွေအကုန်ထည့်ပေါ့နော်။ သူ့ရဲ့အဓိကက ငရုတ်ကောင်းမှုန့်အဖြူနဲ့ပါ။ ပြီးတော့ သူတို့ပြောထားတဲ့အထဲမှာ ကြက်သားကို ဆားရည်စိမ်တုန်းမှာလဲ ဟင်းချိုမှုန့်ကိုပါထည့်တယ်လို့သိရပါတယ်။ KFC ကြက်ကြော် ကြော်စားကြည့်ရအောင်နော်။ဆားရည်စိမ်ရန် ပါဝင်သောပစ္စည်းများ၁။ CP ကြက် - ၁ ကောင်၂။ ေရေအး - ၂ လီတာ၃။ ဆား - ထမင်းစားဇွန်း ၁ ဇွန်း၄။ အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၂ ဇွန်းဆားရည်စိမ်နည်း၁။ ရေအေး နှင့် ဆား၊ အချိုမှုန့်တို့ကို ပျော်အောင်ဖျော်ပြီး သန့်စင်ပြီး ခုတ်ထားသော ကြက်သားများကို စိမ်ရျ် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီခန့်ထားပါ။၂။ ပြီးလျှင် ရေစစ်ရျ် ရေခြောက်အောင်သုပ်ထားပါ။ကြော်ရန် အတွက်ပါဝင်သောပစ္စည်းများ၁။ အဆီမထုတ်ရသေးသော နွားနို့- ၁ ခွက်၂။ သံပုရာသီး - ၁ စိတ်၃။ ကြက်ဥ - ၁ လုံး၄။ ဂျုံမှုန့်(all-purpose flour) - ၂ ခွက်11 secret spices၅။ ဆား - ထမင်းစားဇွန်း လေးပုံ ၃ ပုံ၆။ thyme အမှုန့်- ထမင်းစားဇွန်း တ ဝက်၇။ ပင်စိမ်း (basil) အမှုန့်- ထမင်းစားဇွန်း တ ဝက်၈။ oregano အမှုန့်- ထမင်းစားဇွန်း ၃ ပုံ ၁ ပုံ၉။ celery salt - ထမင်းစားဇွန်း ၁ ဇွန်း၁၀။ အမည်းရောင်ငရုတ်ကောင်း black pepper - ထမင်းစားဇွန်း ၁ ဇွန်း၁၁။ dried mustard - ထမင်းစားဇွန်း ၁ ဇွန်း၁၂။ အရောင်တင်မှုန့် paprika - ထမင်းစားဇွန်း ၄ ဇွန်း၁၃။ ကြက်သွန်ဖြူဆားမှုန့်garlic salt - ထမင်းစားဇွန်း ၂ ဇွန်း၁၄။ ဂျင်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း၁၅။ အဖြူရောင်ငရုတ်ကောင်းမှုန့်white pepper - ထမင်းစားဇွန်း ၃ ဇွန်း(၁ ခွက် = 240ml = ၇ိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ နွားနို့ထဲကို သံပုသီးတစိတ်မှ သံပုရာရည်ညှစ်ချပြီး သမအောင်လုပ်ရျ် Buttermilk အလွယ်လုပ်ပါ။ Buttermilk ရှိလျှင် နွားနို့အစားအသုံးပြုပါ။ ထို့နောက် ကြက်ဥကိုထည့်ရျ်ခလောက်ထားပါ။၂။ ဂျုံမှုန့် နှင့် နံပါတ် ၅ မှ ၁၅ ထိ ပါဝင်သောပစ္စည်းများကို သမအောင်လုပ်ထားပါ။၃။ ဆီအိုးကို အသုံးပြုရာတွင် ကြက်သားတွေအကုန်မြုတ်နိုင်သော ဟင်းချက်တဲ့အိုးကိုသုံးတာပိုကောင်းပါတယ်။၄။ အခြောက်သုတ်ထားသော ကြက်သားများကို နွားနို့နှင့်ကြက်ဥခလောက်ထားသော အရည်ထဲတွင်နှစ်ရျ် နာရီဝက်ခန့်စိမ်ထားပါ။ ထို့နောက် စိမ်ထားသောကြက်သားများကို အမှုန့်များဖြင့် များများရအောင်လူးပြီး ဆီပူပူတွင်ထည့်ကြော်ပါ။၅။ ကြက်သားများရွှေဝါရောင်သန်းလာလျှင် ဆီအိုးထဲမှဆယ်ရျ် ဆီစစ်ထားပါ။၆။ အရသာရှိရှိ KFC ကြက်ကြော် ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။
36