text
stringlengths
22
74.7k
id
int64
1
1.11k
ရွှေကြည်ဆနွင်းမကင်းမေးထားတဲ့သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုုက်ပါတယ်။ရွှေကြည်ဆနွင်းမကင်းကတော့ အိစံအမျိုးသား အကြိုက်ပေါ့နော်။ အိစံကတော့ ငှက်ပျော်သီးဆနွင်းမကင်းပိုုကြိုက်ပါတယ်။ ရွှေကြည်ဆနွင်းမကင်းကို နည်းအမျိုးမျိုးနဲ့စမ်းကြည့်တဲ့အထဲက အခုနောက်ဆုံးနည်းကျမှပဲ စိတ်တိုင်းကျတော့ တယ်။ ဒါတောင်မှ ပုံထဲက ရွှေကြည်ကိုမလှော်ထားပါဘူး။ လှော်တဲ့နည်းကပိုမွှေးလို့ရေးတော့လှော်တဲ့နည်းကိုရေးပေးလိုက်ပါတယ်။ အခုနည်းက အဖွားအမွေပေါ့နော်။ အိမ်မှာက ပွဲတွေလုပ်ရင် အဖွားက အမြဲဆနွင်းမကင်းမပါမပြီးဘူး။ ငယ်ငယ်ထဲက အဖွားလုပ်တာ လိုက်ကြည့်ပေမယ့် နည်းမသိခဲ့ပါဘူး။ အဖွားနည်းကို ရထားတဲ့ ဦးလေးကြီးတယောက်က ပြန်ပြောပြလို့အခုမှ ပြန်သိရတာပါ။ အဖွားက ဆနွင်းမကင်း မထိုးခင်မှာ အရင်နှပ်ထားတာပါ။ ပြီးမှဆနွင်းမကင်းကိုထိုးပါတယ်။ စားလို့ကောင်းတယ် မွှေးတယ်။ နှပ်ထားတဲ့ အတွက် ရွှေကြည်တွေက တခုနဲ့တခုစီးကပ်ကပ်မနေပဲစားလို့ကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ (ဘန်းအသေး ၁ ဘန်းစာအတွက်)၁။ ရွှေကြည် - ၂ ခွက် = ထမင်းစားဇွန်း ၃၂ ဇွန်း၂။ အုန်းနို့- ၈၀၀ ml၃။ ကြက်ဥ - ၅ လုံး၄။ သကြား - ၂ ခွက် = ထမင်းစားဇွန်း ၃၂ ဇွန်း၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၆။ ဆီ - ထမင်းစားဇွန်း ၈ ဇွန်း၇။ ထောပတ် - ထမင်းစားဇွန်း ၁၂ ဇွန်း၈။ ဘိန်းစေ့၉။ စပျစ်သီးခြောက် - ထမင်းစားဇွန်း ၂ ဇွန်း (မကြိုက်ရင်မထည့်ပါနဲ့)( ၁ ခွက် = 240ml = ၇ိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ရွှေကြည်ကို ဒယ်အိုးတခုထဲထည့်ပြီး မွှေးပြီး အနည်းငယ် ညိုလာအောင်လှော်ပါ။ (အရမ်းကြီးညိုရင် တူးနံ့နံလို့စပြီး ညိုလာတာနဲ့မီးဖိုပေါ်မှချပါ။) ပြီးလျှင် အအေးခံထားပါ။၂။ ဇလုံတခုထဲတွင် ကြက်ဥ ၅ လုံးကို ခလောက်ပါ။ ထို့နောက် ရွှေကြည်၊ သကြား၊ဆား နှင့် အုန်းနို့တို့ကိုထည့်ရျ် သမသွားအောင်မွှေပြီး ၃ နာရီခန့်နှပ်ထားပါ။ (နှပ်ထားခြင်းအားဖြင့် ဆနွင်းမကင်း စီးကပ်ကပ် မဖြစ်နေပဲ စားလို့ကောင်းပါတယ်။)၃။ ဆနွင်းမကင်းထိုးရန်အတွက်ဒယ်အိုးထဲတွင် ဆီ နှင့် ထောပတ် ၈ ဇွန်းကိုထည့်၊ နှပ်ထားသော အရာများကိုထည့်ပြီး အရည်ခမ်းရျ် ဆီပြန်လာသည်အထိ မွှေပါ။ ဆီပြန်လာလျှင် မီးဖိုပေါ်မှချပါ။ (ဆီပြန်လာတယ်ဆိုတာ အိုးရဲ့ပတ်ပတ်လည်မှာ ဆနွင်းမကင်းအနှစ်တွေမကပ်နေပဲ ဆီများထွက်လာတာပါ။ အဲ့လိုဆီထွက်လာတာနဲ့ချက်ချင်းမီးဖိုပေါ်မှချပါ။ နောက်မို့ဆနွင်းမကင်း အရမ်းဖွယ်သွားမှာဆိုးလို့ပါ။)၄။ မီးဖိုပေါ်မှချပြီး စပျစ်သီးခြောက်များထည့်ရျ်သမအောင်မွှေပါ။၅။ ဘန်းကိုဆီ (သို့)ထောပတ်သုတ်ထားပါ။ ဆနွင်းမကင်းများကို ဘန်းထဲကို ထည့်ရျ် မျက်နှာပြင်ညှိပါ။ ထို့နောက် ဘိန်းစေ့ကိုဖြူးပါ။၆။ အပူချိန် 350'F (180'C) မှာ အပူပေးထားသော oven ထဲကို ထည့်ရျ် အထက်မီးအောက်မီး (bake) ဖြင့် မိနစ် ၄၀ ခန့်ကင်ပါ။ ထို့နောက် အထက်မီး (broil) ဖြင့် မိနစ် ၂၀ ထက်ကင်ပါ။ အအေးခံရျ် ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးပြီး သုံးဆောင်နိုင်ပါပြီ။
37
ရွှေကြည်ဆနွင်းမကင်းမေးထားတဲ့သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုုက်ပါတယ်။ရွှေကြည်ဆနွင်းမကင်းကတော့ အိစံအမျိုးသား အကြိုက်ပေါ့နော်။ အိစံကတော့ ငှက်ပျော်သီးဆနွင်းမကင်းပိုုကြိုက်ပါတယ်။ ရွှေကြည်ဆနွင်းမကင်းကို နည်းအမျိုးမျိုးနဲ့စမ်းကြည့်တဲ့အထဲက အခုနောက်ဆုံးနည်းကျမှပဲ စိတ်တိုင်းကျတော့ တယ်။ ဒါတောင်မှ ပုံထဲက ရွှေကြည်ကိုမလှော်ထားပါဘူး။ လှော်တဲ့နည်းကပိုမွှေးလို့ရေးတော့လှော်တဲ့နည်းကိုရေးပေးလိုက်ပါတယ်။ အခုနည်းက အဖွားအမွေပေါ့နော်။ အိမ်မှာက ပွဲတွေလုပ်ရင် အဖွားက အမြဲဆနွင်းမကင်းမပါမပြီးဘူး။ ငယ်ငယ်ထဲက အဖွားလုပ်တာ လိုက်ကြည့်ပေမယ့် နည်းမသိခဲ့ပါဘူး။ အဖွားနည်းကို ရထားတဲ့ ဦးလေးကြီးတယောက်က ပြန်ပြောပြလို့အခုမှ ပြန်သိရတာပါ။ အဖွားက ဆနွင်းမကင်း မထိုးခင်မှာ အရင်နှပ်ထားတာပါ။ ပြီးမှဆနွင်းမကင်းကိုထိုးပါတယ်။ စားလို့ကောင်းတယ် မွှေးတယ်။ နှပ်ထားတဲ့ အတွက် ရွှေကြည်တွေက တခုနဲ့တခုစီးကပ်ကပ်မနေပဲစားလို့ကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ (ဘန်းအသေး ၁ ဘန်းစာအတွက်)၁။ ရွှေကြည် - ၂ ခွက် = ထမင်းစားဇွန်း ၃၂ ဇွန်း၂။ အုန်းနို့- ၈၀၀ ml၃။ ကြက်ဥ - ၅ လုံး၄။ သကြား - ၂ ခွက် = ထမင်းစားဇွန်း ၃၂ ဇွန်း၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၆။ ဆီ - ထမင်းစားဇွန်း ၈ ဇွန်း၇။ ထောပတ် - ထမင်းစားဇွန်း ၁၂ ဇွန်း၈။ ဘိန်းစေ့၉။ စပျစ်သီးခြောက် - ထမင်းစားဇွန်း ၂ ဇွန်း (မကြိုက်ရင်မထည့်ပါနဲ့)( ၁ ခွက် = 240ml = ၇ိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ရွှေကြည်ကို ဒယ်အိုးတခုထဲထည့်ပြီး မွှေးပြီး အနည်းငယ် ညိုလာအောင်လှော်ပါ။ (အရမ်းကြီးညိုရင် တူးနံ့နံလို့စပြီး ညိုလာတာနဲ့မီးဖိုပေါ်မှချပါ။) ပြီးလျှင် အအေးခံထားပါ။၂။ ဇလုံတခုထဲတွင် ကြက်ဥ ၅ လုံးကို ခလောက်ပါ။ ထို့နောက် ရွှေကြည်၊ သကြား၊ဆား နှင့် အုန်းနို့တို့ကိုထည့်ရျ် သမသွားအောင်မွှေပြီး ၃ နာရီခန့်နှပ်ထားပါ။ (နှပ်ထားခြင်းအားဖြင့် ဆနွင်းမကင်း စီးကပ်ကပ် မဖြစ်နေပဲ စားလို့ကောင်းပါတယ်။)၃။ ဆနွင်းမကင်းထိုးရန်အတွက်ဒယ်အိုးထဲတွင် ဆီ နှင့် ထောပတ် ၈ ဇွန်းကိုထည့်၊ နှပ်ထားသော အရာများကိုထည့်ပြီး အရည်ခမ်းရျ် ဆီပြန်လာသည်အထိ မွှေပါ။ ဆီပြန်လာလျှင် မီးဖိုပေါ်မှချပါ။ (ဆီပြန်လာတယ်ဆိုတာ အိုးရဲ့ပတ်ပတ်လည်မှာ ဆနွင်းမကင်းအနှစ်တွေမကပ်နေပဲ ဆီများထွက်လာတာပါ။ အဲ့လိုဆီထွက်လာတာနဲ့ချက်ချင်းမီးဖိုပေါ်မှချပါ။ နောက်မို့ဆနွင်းမကင်း အရမ်းဖွယ်သွားမှာဆိုးလို့ပါ။)၄။ မီးဖိုပေါ်မှချပြီး စပျစ်သီးခြောက်များထည့်ရျ်သမအောင်မွှေပါ။၅။ ဘန်းကိုဆီ (သို့)ထောပတ်သုတ်ထားပါ။ ဆနွင်းမကင်းများကို ဘန်းထဲကို ထည့်ရျ် မျက်နှာပြင်ညှိပါ။ ထို့နောက် ဘိန်းစေ့ကိုဖြူးပါ။၆။ အပူချိန် 350'F (180'C) မှာ အပူပေးထားသော oven ထဲကို ထည့်ရျ် အထက်မီးအောက်မီး (bake) ဖြင့် မိနစ် ၄၀ ခန့်ကင်ပါ။ ထို့နောက် အထက်မီး (broil) ဖြင့် မိနစ် ၂၀ ထက်ကင်ပါ။ အအေးခံရျ် ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးပြီး သုံးဆောင်နိုင်ပါပြီ။
38
မာလာဟင်းလုပ်စားတိုင်း ဓါတ်ပုံမရိုက်ဖြစ်တာများတယ်။ ဗိုက်ဆာနေတော့ လုပ်ပြီးရင်စားလိုက်ကုန်လိုက်နဲ့။ ဒီတခါလဲ ဒုတိယ တပွဲမှ ဓါတ်ပုံရိုက်ဖြစ်တော့ ဓါတ်ပုံထဲမှာသိပ်မစုံတော့ဘူး။ မထူးပါဘူးဆိုပြီးမေးထားတဲ့သူတွေလဲ များနေတော့ သိပ်မလှပေမယ့် တင်ပေးလိုက်တယ်နော်။ မာလာဟင်းမှာ ကြက်ပြုတ်ရည်ကို အသုံးပြုနိုင်ရင် ပိုကောင်းပါတယ်။ ကြက်ပြုတ်ရည် အလွယ်တကူမရနိုင်ရင် ကြက်သားမှုန့်ကို ရေနွေးလေးနဲ့ဖျော်ထားရင်လဲရပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ထူထူလှီးထားသော အာလူးသီး၂။ ထူထူလှီးထားသော ကြာစွယ်၃။ ကန်စွန်းရွက်၄။ ပန်းမုန်လာ၅။ မုန်ညှင်းဖြူ၆။ မာလာခေါက်ဆွဲခြောက်၇။ ခေါက်ဆွဲအပြားခြောက်၈။ ကြွက်နားရွက်အခြောက်၉။ ပဲပြားခြောက်၁၀။ ရွှေပဲသီး၁၁။ ဂေါ်ဒခါးညွန့်၁၂။ ပြောင်းဖူးအသေး၁၃။ မုုန္လာဥနီ၁၄။ ပန်းခြောက်၁၅။ အခြားကြိုက်နှစ်သက်ရာ အသီးအနှံများ၁၆။ ပါးပါးလှီးထားသော နံနံပင် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၁၇။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် -လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၁၈။ မာလာဟင်းအနှစ် -ထမင်းစားဇွန်း ၂ ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါတယ်။) (မာလာဟင်းအနှစ်လုပ်နည်းကိုုနောက်နေ့ရေးပေးပါမယ်)၁၉။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၂၀။ ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၂၁။ ကြက်ပြုတ်ရည် -ယောက်ချို ဖြင့် ၁ ဇွန်း၂၂။ မြေပဲထောင်း - ထမင်းစားဇွန်း ၁ ဇွန်း၂၃။ နှမ်းလှော် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၂၄။ ဆား - အနည်းငယ်၂၅။ ကြက်သွန်ဖြူ ဆီ ချက် - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ မာလာခေါက်ဆွဲခြောက်၊ ခေါက်ဆွဲအပြားခြောက်၊ ကြွက်နားရွက်အခြောက်နှင့် ပဲပြားခြောက်များကို ရေစိမ်ထားပါ။၂။ အသီးအနှံ နှင့် အရွက်များကို ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ တပွဲစာအတွက်ဆိုလျှင် မာလာဟင်းဆိုင်တွေကလို ခြင်းနဲ့တခြင်းမောက်မောက်စာလုပ်ထားပါ။၃။ ရေနွေးအိုးတည်ထားပါ။ ရေနွေးပွက်လျှင် ရေစိမ်ထားသော အရာများကိုထည့်ပြုတ်ပါ။ ၃ မိနစ်လောက်နေလျှင် အသီးအနှံ့နှင့် အရွက်များကို ထည့်ပါ။၄။ ပြုတ်နေတုံး အချိန်မှာ ဇလုံတခုထဲမှာ ကြက်ပြုတ်ရည်၊ ဆီချက်၊ မာလာဟင်းအနှစ်၊ မြေပဲထောင်း၊ ဆား၊ ဟင်းချိုမှုန့်၊ ကြက်သားမှုန့်၊ နှမ်းလှော်၊ ပါးပါးလှီးထားသော နံနံပင်နှင့် ကြက်သွန်မြိတ်တို့ကိုထည့်ပြီး သမအောင်လုပ်ထားပါ။၅။ အသီးအနှံ များကို လိုချင်သော အပျော့အမာအနေအထားမှာ ရေနွေးအိုးထဲမှဆယ်ရျ် မာလာဟင်းအနှစ်နှင့် အရည်များထည့်ထားသော ဇလုံထဲကို တခါထဲထည့်ပြီး သမအောင်နယ်ပါ။ (အသီးအနှံများကို ရေနွေးအိုးမှ ဆယ်ပြီး မာလာဟင်းအနှစ်နှင့် ကြက်ပြုတ်ရည်တို့ထဲကို ထည့်တာက အဲ့ထဲမှာရှိတဲ့ နှမ်းတို့မြေပဲထောင်းတို့ကို အပူပေးပြီးသားဖြစ်သွားစေပြီး ပိုမွှေးစေပါတယ်။အဲ့တာကြောင့် ပြီးမှ အနှစ်တွေကို စမ်းပြီး သုပ်တာမျိုးမလုပ်ရပဲ အနှစ်များကို ဇလုံထဲအရင်ထည့်ပြီး အပေါ်က ပူနေတာထည့်မှ ပိုမွှေးစေပါတယ်။)၆။ အပေါ့အငံမြည်းရျ် မာလာဟင်းမွှေးမွှေးစပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
39
ဒီတခါ ကလေးဖြည့်စွက်စာလေးကတော့ အစာတမျိုးထဲစားရင် ညီးငွေ့တဲ့ကလေးတွေအကြိုက်ပေါ့နော်။ ဒီနည်းလေးကတော့ ဆန်နှင့် အရွက်ကို ကြိတ်ပြီး ငါးကိုသတ်သတ်ကျွေးတာပေါ့နော်။ အိစံကလေးကိုကျွေးရင် ထမင်းကြိတ်ထားတာ ၃ ဇွန်း ၄ ဇွန်းလောက်ကျွေးလိုက် ငါးလေးကို လက်လေးနဲ့ခြေကျွေးလိုက်ကျွေးပါတယ်။သူတို့အတွက်လဲတမျိုးထဲစားစရာမလိုုပဲ အရသာ ၂မျိုးဆိုတော့ အကြိုက်တွေ့စေပါတယ်။ အိစံသားသားကတော့ ငါးလို့ပြောလိုက်ရင် ပါးစပ်ကိုအကျယ်ကြီး ဟပေးတော့တာပဲ။ အိစံကတော့ ငါးကို ကင်ကျွေးပါတယ်။ တူးနေအောင်ကင်တာမဟုတ်ပဲ။ မီးအေးအေးနဲ့ကျက်သွားအောင်ကင်တာပါ။ ငါးကို ပေါင်းကျွေးလဲရပါတယ်။ ငါးကို ကင်ကင် ပေါင်းပေါင်း ဆားတို့အခြားပစ္စည်းတွေဘာမှမထည့်ပါနဲ့။ ဒီအတိုင်းပဲပြုလုပ်ပါ။ ဒီဖြည့်စွက်စာမှာတော့ ဆန်ကနေ ကစီဓါတ်ရပါတယ်။ အရွက်ကနေပြီးတော့ အမျှင်ဓါတ်နှင့် ငါးကနေပြီးတော့ အသားဓါတ်တို့မျှတစွာပါဝင်ပါတယ်။ ဟိုတနေ့ကတယောက်ပြောလို့ပြောပြအုံးမယ်နော်။ တချို့တွေက ဆီဓါတ်ပါထည့်ချင်တယ်ဆိုပြီး ပြောကြတယ်။ ဆန်မှာလဲ fat လို့ခေါ်တဲ့ဆီဓါတ်ပါပါတယ်။ ငါးမှာလဲ အနည်းအကျဉ်းပါပါတယ်။ အဲ့တော့ အနည်းစုကလေးတွေဖြစ်တဲ့ ဆီဓါတ်အရမ်းလိုနေတဲ့ ကလေးတွေပဲ ဆီထည့်ကျွေးရတာပါ။ ပုံမှန်ကလေးတွေက ကျွေးစရာမလိုပါဘူး။ ဆီထည့်ကျွေးရမည့်ကလေးတွေကလဲတစက် ၂ စက်ထပ်ပိုမထည့်ရပါဘူး။ ဆီဓါတ်ကို ကျွေးချင်ရင် ထောပတ်သီးကိုကျွေးလို့ရပါတယ်။ ဒါကတော့ အိစံသိသလောက်ပြောပြတာပါ။ ကလေးဖြည့်စွက်စာ နည်းလေးလုပ်ကြည့်ရအောင်နော္ပါဝင်သောပစ္စည်းများ (ည မနက်စာအတွက်)၁။ ငါး - လက်တဆစ် အရွယ် ၁ တုံး၂။ ဆန် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ၃။ spinach ဟင်းနုနွယ်ရွက် (သို့) ကန်စွန်းရွက် - အရွက်ချည်းပဲ ၂၀ ရွက် (သို့) လက်တဆုပ်စာပြုလုပ်နည်း၁။ ဆန်ကို ရေဆေးပြီး ရေဖြင့် နူးအိလာသည်အထိ တည်ပါ။၂။ ထမင်းများ နူးအိပြီး ရေအနည်းငယ်ကျန်တဲ့ အချိန်မှာ အရွက်ကို ထည့်ရျ် အရွက်များ နွမ်းသွားသည်အထိမွှေပြီး မီးဖိုပေါ်မှချပါ။၃။ အအေးခံပြီး ခပ်နွေးနွေးအနေမှာ ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ထမင်းနှင့် အရွက်တခွက်ရပါပြီ။၄။ ငါးကို ဘာမှမထည့်ပဲ ဒီအတိုင်းကင် တာ (သို့) ပေါင်းတာလုပ်ပါ။ ငါးကိုအအေးခံပြီး အရိုးများမပါအောင် သေချာလေးခြေထားပါ။၅။ ကလေးကို ထမင်းနှင့်အရွက်လေး ၃ ဇွန်းလောက်ကျွေး ငါးလေးတခါကျွေးနှင့် ကျွေးပါ။ သူတို့လေးတွေအရမ်းကြိုက်ပါတယ်။
40
အခုနည်းလေးကတော့ အိစံ အဒေါ်လုပ်ကျွေးနေကျနည်းလေးပါ။ ငါးထမင်းနယ်ထဲမှာ တချို့က ပဲပုတ်ကိုထည့်နယ်ပြီးတချို့ကမထည့်ပါဘူး။ ပဲပုတ်ကို ထည့်နယ်တဲ့နည်းကတော့ ပဲပုတ်အနံ့ကိုမွှေးစေပေမယ့် ခရမ်းချဉ်သီးရဲ့ချဉ်တဲ့အရသာ နည်းနည်းပျောက်သွားပါတယ်။ ပဲပုတ်မထည့်တာကြတော့ ခရမ်းချဉ်သီးရဲ့ချဉ်တဲ့အရသာအပြည့်အဝရပြီး ပဲပုတ်အနံ့မွှေးမွှေးလေးတော့မရပါဘူး။ကြိုက်တဲ့နည်းကို အသုံးပြုနိုုင်ပါတယ်။ လုပ်နည်းကလဲလွယ်ကူလို့လုပ်စားကြည့်နော်ပါဝင်သောပစ္စည်းများ၁။ ရှမ်းဆန် (သို့) ပေါ်ဆန်းမွှေးဖြင့် ပျော့ပျော့ချက်ထားသော ထမင်း - တရုတ် ထမင်းစားပန်းကန်လုံး ၅ လုံးစာ၂။ ခရမ်းချဉ်သီး - ၅၀ သား (သို့) ၂ ပေါင်၃။ အာလူး - ၁၅ က်ပ္သား၄။ ငါး - ၂၀ သား၅။ ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၆။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံ ၃ ပုံ၇။ ကင်ထားသော ပဲပုတ် (ထည့်နယ်မည်ဆိုလျှင် ထောင်းထားပါ။)၈။ အချိုမှုန့် (သို့) သကြား - လက်ဖက်ရည်ဇွန်း တ ဝက်၉။ ကြက်သွန်ဖြူ ဆီချက်၁၀။ ငရုတ်သီးဆီချက်၁၁။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ အာလူးကို အိနေအောင်ပြုတ်ထားပါ။ ပြီးလျှင် အအေးခံရျ် အခွံခွာရျ် ခြေထားပါ။၂။ ခရမ်းချဉ်သီးကို ၂ ခြမ်းခြမ်းပါ။ ဒယ်အိုးထဲတွင် ခြမ်းထားသော ခရမ်းချဉ်သီးများကို မှောက်ရျ်ထားပြီးရေနည်းနည်းထည့်ရျ် အရေခွံများကွာလာအောင်ပြုတ်ပါ။ ခရမ်းချဉ်သီးမှအရေခွံများကွာလာလျှင် ခွာပြီး လွှင့်ပစ်လိုက်ပါ။ ထို့နောက် ပြုတ်ထားသော ခရမ်းချဉ်သီးအိုးထဲကို ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း ၁ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း တ ဝက်တို့ကိုထည့်ရျ် ခရမ်းချဉ်သီးများကြေရျ် ရေခမ်းသည်အထိ ချက်ပါ။၃။ ငါးကို ဆနွင်း၊ ယိုးဒယားငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း တို့ဖြင့် ရေခမ်းပြုတ်ပါ။ ထို့နောက် ငါးကို အရိုးနွှာပြီး အိုးထဲတွင် ဆီထမင်းစားဇွန်း ၁ ဇွန်းဖြင့် ငါးများခြောက်သွားအောင်လုံးပါ။၄။ ဇလုံတခုထဲတွင် ထမင်းထည့်၊ လုံးထားသော ငါး၊ ချက်ထားသော ခရမ်းချဉ်သီး၊ ခြေထားသော အာလူး၊ ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံ၊ ပဲပုတ်ထောင်း ထမင်းစားဇွန်း ၁ ဇွန်း တို့ဖြင့် နယ်ပါ။ အပေါ့အငံမြည်းရျ် နယ်ထားသော ထမင်းများကို အလုံးလေးတွေလုံးထားပါ။၅။ ငါးထမင်းနယ် စားခါနီးတွင် ထမင်းလုံးကို ပြားလိုက်ပြီး အပေါ်မှ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်တို့ကိုဆမ်း၊ ဂျူးမြစ်၊ ကြက်သွန်မြိတ်တို့ဖြင့် အရသာရှိစွာသုံးဆောင်နိုင်ပါပြီ။
41
ထမင်းသုပ်လုပ်နည်းမေးထားတဲ့သူတွေအတွက်ရေးပေးလိုက်ပါတယ်။ထမင်းသုပ်ကိုတချို့က အာလူးထည့်သုပ်ပါတယ်။ တချို့ကတော့ ထမင်းချည်းပဲသုပ်တယ်။ တချို့က ကြာဇံလေးနည်းနည်းထည့်သုပ်တယ်။ အိစံအခုသုပ်တဲ့နည်းကတော့ ထမင်းချည်းပဲကိုသုပ်တဲ့နည်းလေးပါ။ ပဲပုတ်နံ့လေးမွှေးမွှေးလေးနဲ့ထမင်းသုပ်ကိုသုပ်စားရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ချက်ထားသော ထမင်း - တရုတ်ထမင်းစားပန်းကန်လုံး၁ လုုံးခြဲစာ၂။ ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း တ ဝက်၃။ ငရုတ်သီး ဆီချက် - ထမင်းစားဇွန်း တ ဝက်၄။ မြန်မာငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ ကင်ထားသော ပဲပုတ်ထောင်း - လက်ဖက်ရည်ဇွန်း တ ဝက်၆။ ပဲမှုန့်အကျက် - ထမင်းစားဇွန်း ၁ ဇွန်း၇။ မကျည်းမှည့်ရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၈။ အချိုမှုန့်(သို့) သကြား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ထမင်းကို တချို့ဆိုင်တွေကလို နီနီလေးလိုချင်ရင် ထမင်းချက်ကတည်းက အနီရောင်ဆိုးဆေး ၃ စက် ၄ စက်လောက်ကို ထည့်ရျ်ချက်ပါ။၂။ ထမင်းပူပူလေးကို ပါဝင်သောပစ္စည်းများထည့်ရျ် နယ်ပြီး သုပ်နိုင်ပါတယ်။ ထမင်းပူပူလေးနှင့် သုပ်ရင် ပိုမွှေးပါတယ်။၃။ ထမင်းသုပ်မွှေးမွှေးလေးကိုု ငါးဖယ်ကြော်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ တို့နှင့် တွဲရျ်သုံးဆောင်နိုင်ပါပြီ။
42
အရင်က အာလူးဆနွင်းမကင်း ပထမနည်းက ရွှေကြည်မပါတဲ့နည်းပါ။ အခုနည်းကတော့ ရွှေကြည်ထည့်တဲ့နည်းလေးပါ။ ၂ မျိုးစလုံး သူ့အရသာနှင့် သူစားကောင်းလို့အိစံတော့ ၂ မျိုးစလုံးကို ခဏခဏလုပ်စားဖြစ်ပါတယ်။ လုပ်နည်းကလွယ်ပြီး အာလူးအနံ့မွှေးမွှေးလေးနဲ့စားကောင်းလို့လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ (7" X 11" ဘန်း တခုစာအတွက်)၁။ အာလူး- ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ရွှေကြည် (semolina) - ထမင်းစားဇွန်း ၄ ဇွန်း၃။ ဂျုံ (all-purpose flour) - ထမင်းစားဇွန်း ၈ ဇွန်း၄။ နို့ဆီ- ထမင်းစားဇွန်း ၂ ဇွန်း၅။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း၆။ အုံးနို့- ဗူး တဝက် (200 ml)၇။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း၈။ အုံးသီးခြစ်ဖတ် - ထမင်းစားဇွန်း ၈ ဇွန်း၉။ ဘိန်းစေ့- အနည်းငယ်၁၀။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ(ထမင်းစားဇွန်း= 1 tablespoon = 15ml)ပြုလုပ်နည်း၁။ ပြုလုပ်မည့် ဘန်းကို ထောပတ်သုပ်ထားပါ။ အာလူးကို နူးအိလာအောင်ပြုတ်ပါ။ ပြီးလျှင် အခွံခွာပါ။၂။ ပြုတ်ပြီးအခွံခွာထားသော အာလူးများကို အအေးခံရျ် ဇကာတိုက်ပါ။ (သို့) လက်ဖြင့်ခြေပါ။၃။ ဇလုံတခုထဲတွင် ခြေထားသော အာလူး၊ နို့ဆီ နှင့် သကြားတို့ကိုထည့်ရျ် နာနာလေးဖွပြီးနယ်ပေးပါ။ (အာလူးထဲကို အချိုအရသာဝင်သွားအောင်လို့ပါ။)၄။ အာလူးထည့် ထားသောဇလုံထဲကို ဘိန်းစေ့မှလွဲပြီးကျနါသောပစ္စည်းများထည့်၍သမအောင်လုပ်ပါ။၅။ ပြုလုပ်မည့် ဘန်းထဲကို ထည့်ရျ် မျက်နှာပြင် ညီအောင်ညှိပါ။ ပြီးလျှင် အပေါ်မှ ဘိန်းစေ့များဖြူးပါ။၆။ အပူချိန် 350'F (180'C) အထက်မီးအောက်မီးတွင် အပူပေးထားသော oven ထဲတွင် ၁ နာရီထည့်ရျ် ဖုတ်ပါ။ (oven ကို မုန့်မဖုတ်ခင် ၁၅ မိနစ်လောက် အပူပေးထားပါ။) ပြီးလျှင် အပေါ်မီး (broil) 450'F (230'C) တွင် ၁၅ မိနစ်ခန့်ဖုတ်ပါ။၇။ အာလူးှ ဆနွင်းမကင်းကို အအေးခံရျ် အေးလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးရျ် သုံးဆောင်နိုင်ပါပြီ။
43
အခုတင်တဲ့ ရှမ်းခေါက်ဆွဲလုပ်နည်းကိုတင်သင့်မတင်သင့်စဉ်းစားလိုက်သေးတယ်။ တချို့ကရှမ်းခေါက်ဆွဲလုပ်နည်းကဘာကြီးလဲတို့ဘာတို့လာလာပြောကြလို့လေ။ အခုနည်းလေးကတော့ လူတော်တော်များများ မစားဖူးလောက်ဘူးပေါ့နော်။ အိစံဆို ဒီအသက်အရွယ်ရောက်မှ မိုးကုတ်က အန်တီက ချက်ကျွေးလို့စားဖူးတာ။ တော်တော်စားကောင်းတယ်။ ကြွက်နားရွက်မှိုလေးက ကိုက်လိုက်ရင်ထုတ်ထုတ်ေလးနဲ့ အရသာအရမ်းကိုရှိပါတယ်။ ကျန်တာတွေကတော့ အခြားရှမ်းခေါက်ဆွဲလုပ်နည်းတွေနဲ့တူပါတယ်။ ဟင်းအနှစ်မှာ အသားရယ်၊ ခရမ်းချဉ်သီးများများရယ်၊ ကြွက်နားရွက်မှိုခြောက်လေးနဲ့ပြုလုပ်ထားတာပါ။ လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ( ၅ ပွဲမှ ၇ပွဲစာအတွက်)၁။ ရှမ်းခေါက်ဆွဲဖတ်- ၅၀ ကျပ်သား (သို့) ၂ ပေါင်၂။ တောက်တောက်ဆင်းထားသော အသား - ၂၅ ကျပ်သား (သို့) ၁ ပေါင်၃။ ဟင်းရည်အတွက် ကြက်ရိုး၄။ ကြွက်နားရွက်မှိုခြောက် - လက်တဆုပ်စာ၅။ ကြက်သွန်ဖြူဆီချက်၆။ ငရုတ်သီးအကြမ်းမှုန့်- ထမင်းစားဇွန်း ၆ ဇွန်း၇။ နံနံပင် (ပါးပါးလှီး)၈။ ကြက်သွန်မိတ် (ပါးပါးလှီး)၉။ ကြက်သွန်ဖြူ - ၄ မွှာ (တောက်တောက်ဆင်း)၁၀။ ခရမ်းချဉ်သီး - ၅၀ ကျပ်သား (သို့) ၂ ပေါင်၁၁။ သကြား (သို့) ဟင်းချိုမှုန့်၁၂။ ငရုတ်ကောင်း၁၃။ မြေပဲထောင်း၁၄။ နှမ်းလှော်၁၅။ ကြာညို့(ပဲငံပြာရည်အပျစ်)၁၆။ ပဲငံပြာရည်၁၇။ နာနတ်ပွင့် (ပါကော) - ၄ ခု၁၈။ အမည်းရောင်ဖာလာစေ့ခြောက်(ရေှာက်ကော) - ၄ ခု၁၉။ ဆီ၂၀။ ပဲငပိအစပ်ပြုလုပ်နည်း၁။ အရင်ဆုံး ငရုတ်သီးဆီချက်မွှေးမွှေးေလးချက်ရအောင်နော်။ ငရုတ်သီးဆီချက်အတွက် နံနတ်ပွင့်(ပါကော) ၃ ခု နှင့် တရုတ်အမဲရောင် ဖာလာစေ့ခြောက် (ရှောက်ကော) ၃ခု တို့ကို ကွဲသွားအောင် အနည်းငယ်ထုထားပါ။ ပြီးလျှင် အပူခံတဲ့ပန်းကန်တခုထဲမှာ ငရုတ်သီးအကြမ်းမှုန့်၊ထုထားသော ပါကော နှင့် ရှောက်ကောတို့ကိုထည့်ထားပါ။ ဒယ်အိုးတခုထဲမှာ ဆီ ထမင်းစားဇွန်း ၁၆ ဇွန်းကိုထည့်ပြီး အပူပေးပါ။ ဆီအရမ်းပူလာလျှင် ငရုတ်သီးအကြမ်းမှုန့်နှင့် ရှောက်ကောပါကော ထည့်ထားသော ပန်းကန်ထဲကို လောင်းချလိုက်ပြီး ငရုတ်သီးဆီချက်လုပ်ပါ။၂။ ကြွက်နားရွက်ခြောက်ကို ရေစိမ်ထားပါ။ ခရမ်းချဉ်သီးကိုပြုတ်ထားပါ။ ပြုတ်ထားသော ခရမ်းချဉ်သီးများကို အခွံခွာရျ်တောက်တောက်ဆင်းပါ။ ရေစိမ်ထားသော ကြွက်နားရွက်မှိုများကို ရေစစ် သန့်စင်ပြီး ပါးပါးလှီးထားပါ။၃။ ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၅ ဇွန်းကိုထည့်ပြီးအပူပေးပါ။ဆီပူလာလျှင် ကြက်သွန်ဖြူကို ထည့်ဆီသတ်ပါ။ တောက်တောက်ဆင်းထားသောခရမ်းချဉ်သီးထည့်ရျ်လုံးပါ။ အသား နှင့် ပါးပါးလှီးထားသော ကြွက်နားရွက်မှိုများကိုထည့်လုံးပါ။ နာနတ်ပွင့် ၁ခု၊ အမည်းရောင်ဖာလာစေ့ခြောက် ၁ခု၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်းခွဲ၊ နှမ်းဆီ ၂စက် ၃စက်၊ ကြာ်ညို့လက်ဖက်ရည်ဇွန်း တဝက်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် ကြက်သားကို ရေမြုပ်အောင် ရေထည့်ပြီး ပွက်ရင် ၁၅ မိနစ်လောက်တည်ထားပါ။ (နာနတ်ပွင့်ခြောက်နှင့် အမည်းရောင်ဖာလာစေ့ခြောက်ကိုအဝတ်စပါးပါးတခုနဲ့ထုတ်ပြီးအိုးထဲထည့်ရင် အသားစားရင်းနဲ့စားမိမှာမစိုးရိမ်ရပါ။)၃။ ဟင်းရည် အတွက် ကြက်ရိုးကို ဆား၊ သကြား (သို့) ဟင်းချို မှုန့်၊ ကြက်သွန်ဖြူ တို့နဲ့တည်ထားပါ။ရှမ်းခေါက်ဆွဲ တပွဲစာအတွက်ရေနွေးထဲ ခဏထည့်ပြုတ်ထားသော ရှမ်းခေါက်ဆွဲဖတ်ကို ပန်းကန်ထဲထည့်၁။ ပဲငံပြာရည်- ထမင်းစားဇွန်း တ ဝက်၂။ မြေပဲထောင်း- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၃။ နှမ်းလှော်- လက်ဖက်ရည်ဇွန်း တ ဝက်၄။ ကြက်သွန်ဖြူဆီချက်- လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၅။ ငရုတ်သီးဆီချက်- ထမင်းစားဇွန်း ၁ ဇွန်း၆။ ငရုတ်ကောင်းနည်းနည်း (တချို့မထည့်ပါဘူး)၇။ သကြား (သို့) ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တဝက်၈။ ကြာညို့(ပဲငံပြာရည်အပျစ်)နည်းနည်း၉။ ပဲငပိအစပ် - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ (သို့) လေးပုံတပုံ၁၀။ အသားနှင့် ကြွက်နားရွက်မှိုများကို အနှစ်ပါပါအောင် ဟင်းချက်တဲ့ဇွန် းနဲ့၁ ဇွန်း (ယောက်ချိုဇွန်း မဟုတ်ပါ...ဇောက်နည်းနည်းပဲနက်တဲ့ဟင်းချက်တဲ့ဇွန်း)၁၀။ ကြက်သွန်မြိတ်၁၁။ နံနံပင်အထက်ပါပစ္စည်းများထည့် နယ်လိုက်ရင်စားလို့ရပါပြီ။ ဟင်းရည်ကို ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းလေးထည့်ပါ။
44
အခု ဝက်ခေါင်းသုပ်နည်းကတော့ နာမည်ကြီးဆိုင်တဆိုင်ရဲ့နည်းလေးပါ။ကြက်သွန်ဖြူ နှင့် နံနံပင်ကို ရေနွေးလေးနဲ့ အနည်းငယ်ဖျော်ပြီးမှပြန်သုပ်ထားလို့အနံ့ မွှေးမွှေးလေးနဲ့စားလို့ကောင်းပါတယ်။ လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ဝက်နားရွက် သုပ်အတွက်ဆိုလျှင် ဝက်နားရွက် - ၁၀ သား (သို့) ပေါင်ဝက်မရှိတရှိ၀က်ခေါင်းသုပ်အတွက်ဆိုလျှင် ကြိုက်နှစ်သက်ရာ အသား - ၁၅ ကျပ်သား (သို့) ပေါင်ဝက်ကျော်ကျော်၂။ ကြက်သွန်နီ - ၁ ခြမ်း၃။ ကြက်သွန်ဖြူ - ၂ မွှာ၄။ နံနံပင် - ၄ ပင်၅။ ငရုတ်ဆီ - ထမင်းစားဇွန်း ၂ ဇွန်း၆။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း၇။ ရေနွေး - ထမင်းစားဇွန်း ၂ ဇွန်း၈။ ပဲငံပြာရည် အပျစ် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၉။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၁၀။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၁။ သံပုရာသီး - တစိတ်( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဝက်နားရွက်ကို ရေဆေးသန့်စင်ပြီး ဆားလက်ဖက်ရည်ဇွန်း လေးပုံတပုံထည့်ရျ် နူးလာအောင်ပြုတ်ပါ။ ဝက်ခေါင်းအတွက်ဆိုလျှင်လဲ ကြိုက်နှစ်သက်ရာ အသားကို သန့်စင်ပြီး ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံထည့်ရျ် ပြုတ်ပါ။ ပြုတ်ပြီးသား အသားများကို ပါးပါးလှီးထားပါ။၂။ ကြက်သွန်နီ နှင့် နံနံပင်ကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။၃။ ပန်းကန်လုံးတခုထဲကို ထောင်းထားသော ကြက်သွန်ဖြူ နှင့် ပါးပါးလှီးထားသော နံနံပင် တဝက်ကို ထည့်ပါ။ ပြီးလျှင် ရေနွေး ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ပါ။ (အနံ့မွှေးလာပါလိမ့်မည်။)၄။ ထိုပန်းကန်လုံးထဲကို ငရုတ်ဆီ၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပျစ်၊ သကြား(သို့) အချိုမှုန့်တို့ကိုထည့်ရျ် သမအောင်လုပ်ပါ။၅။ ပြီးလျှင် ပါးပါးလှီးထားသော အသားများဖြင့် ရောသုပ်ပါ။ အသုပ်အပေါ်မှ ကျန်သော နံနံပင် တဝက်ကို ထည့်ပါ။ သံပုရာသီးတစိတ်ကို ညှစ်ပါ။၆။ အနံ့မွှေးမွှေးလေးနဲ့စားလို့အလွန်ကောင်းတဲ့ ဝက်ခေါင်းသုပ်ကို သုံးဆောင်နိုင်ပါပြီ။
45
အခုဟင်းလေးကတော့ မြန်မာဟင်းကြိုက်သူများအတွက် အနံ့မွှေးမွှေးနဲ့စားကောင်းတဲ့ ဆိတ်သားနှပ်နည်းကို ရေးပေးလိုက်ပါတယ်။ အခုဟင်းလေးကလဲ မြန်မာဟင်းချက်ရင် အရမ်းစားကောင်းတဲ့ အန်တီကသင်ပေးတဲ့ဟင်းလေးပါ။ အိစံတို့အိမ်မှာတော့ စားကောင်းလို့ခဏခဏချက်စားဖြစ်ပါတယ်။ ချက်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ဆိတ်သား (သို့) အမဲသား - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ကြက်သွန်နီ - ၁ လုံး (အနှစ်များများကြိုက်လျှင်၂ လုံးထည့်ပါ။)၃။ ကြက်သွန်ဖြူ - ၄ မွှာ၄။ ဂျင်း - လက်တဆစ်၅။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၆။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၈။ မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၉။ သစ်ချပိုးခေါက် - ၁ ခု၁၀။ ပျဉ်းတော်သိမ်းရွက် - ၁၀ ရွက်၁၁။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ၁၂။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၃။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း၁၄။ ရှာလကာရည် - ထမင်းစားဇွန်း ၃ ဇွန်းပြုလုပ်နည်း၁။ ဆိတ်သား (သို့) အမဲသားကို သန့်စင်အောင်ဆေးပြီး ရှာလကာရည်ထည့်ရျ် နယ်ပြီး အနည်းဆုံး နာရီဝက်ခန့်နှပ်ထားပါ။ ပြီးလျှင် ရေဖြင့် ၃ ခါပြန်ဆေးပါ။ (ဆိတ်သားအညှီနံ့များပျောက်ပါတယ်။)၂။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။၃။ သန့်စင်ထားသော အသားများထဲကို ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ ထည့်၊ ငံပြာရည်၊ သကြားတို့ကိုထည့်ရျ် နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။၄။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်နီများကိုထည့်ကြော်ပါ။ ကြက်သွန်နီများ ရွှေဝါရောင်ပြောင်းလာလျှင် ဆနွင်း၊ အရောင်တင်မှုန့်နှင့် ငရုတ်သီးမှုန့်၊ သစ်ချပိုးခေါက်တို့ကိုထည့်ရျ် ဆီသတ်ပါ။၅။ ပြီးလျှင် နှပ်ထားသော အသားများကို ထည့်လုံးပါ။ အသားများလုံးပြီးလျှင် ရေကို အသားများမြုပ်အောင်ထည့်ပြီးတည္ထားပါ။၆။ ဆီလည်ရေလည် အနေအထားတွင် ပျဉ်းတော်သိမ်းရွက်များကိုထည့်ပါ။ ပြီးလျှင် အသားနူးမနူးကိုကြည့်ရျ် မနူးသေးလျှင် ရေထက်ထည့်ပါ။ ထို့နောက် ဆီပြန်လာသည်အထိတည်ပါ။၇။ ဆီပြန်လာလျှင် မီးဖိုပေါ်မှမချခင် မဆလာထည့်ပြီးမွှေပါ။ ထို့နောက်မီးဖိုပေါ်မှချပါ။၈။ အနံ့မွှေးမွှေးနဲ့အရသာအလွန်ရှိတဲ့ ဆိတ်သားနှပ်ဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။
46
ထိုင်း ကဏန်းသားထမင်းကြော်ကတော့ ထိုင်းစားသောက်ဆိုင်တွေမှာ လူကြိုက်များတဲ့ ထမင်းကြော်တမျိုးပါပဲ။ ကဏန်းသားသာ ခွာပြီးသားရှိလျှင် ကြော်ရန်အတွက် အခြားပါဝင်ပစ္စည်းနည်းနည်းနဲ့ကြော်စားလို့လွယ်ကူတဲ့ ထမင်းကြော်တမျိုးပါ။ အနံ့လေးက ငံပြာရည်နှင့် ငရုတ်ကောင်းအဖြူ တို့နဲ့ဆိုတော့ ပြောစရာမလိုအောင်ကို မွှေးနေပါတယ်။ လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ချက်ပြီး အအေးခံထားသော ထမင်း - တရုတ်ထမင်းစားပန်းကန် ၃ လုံး၂။ ကြက်ဥ - ၁ လုံး၃။ ကဏန်းသား - ထမင်းစားဇွန်း ၈ ဇွန်း၄။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ ကြက်သွန်ဖြူ - ၃ မွှာ၇။ ကြက်သွန်မြိတ် - ၃ ပင်၈။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း၉။ ငရုတ်ကောင်းအဖြူ - လက်ဖက်ရည်ဇွန်း တ ဝက် (ငရုတ်ကောင်း အဖြူ မရှိလျှင် ငရုတ်ကောင်းအမဲကိုလဲ အသုံးပြုနိုင်ပါတယ်။)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြက်သွန်ဖြူ ကို တောက်တောက်ဆင်းထားပါ။ ကြက်ဥကိုခလောက်ထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။၂။ ထမင်းကြော်မည့် ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူကိုဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် ထမင်းကို ထည့်ကြော်ပါ။၃။ ကဏန်းသား၊ ယိုးဒယား ငံပြာရည်၊ သကြား တိုု့ကိုထည့်ရျ် သမအောင်ကြော်ပါ။ ကြော်ထားသော ထမင်းများကို ဒယ်အိုး ရဲ့ဘေးပတ်ပတ်လည်ကပ်လိုက်ပြီးကြက်ဥကို ထည့်ရျ် မွှေကြော်ပါ။ ထို့နောက်ကြက်ဥကို ထမင်းများဖြင့် သမအောင်ပြုလုပ်ပါ။၄။ မီးဖိုပေါ်ကချခါနီးတွင် ငရုတ်ကောင်းအဖြူ ကိုထည့်ရျ် သမအောင်မွှေပါ။ ထို့နောက် ပါးပါးလှီးထားတာကိုထည့်မွေှပြီး မီးဖိုပေါ်ကချပါ။၅။ အနံ့မွှေးမွှေးနဲ့အလွန်စားကောင်းတဲ့ထိုင်းကဏန်းသားထမင်းကြော်ကိုသုံးဆောင်နိုင်ပါပြီရှင်။
47
ဗီယက်နမ်အသားလုံးကြော်နည်းကတော့ မြန်မာပါးစပ်နဲ့အလွန်ကိုက်ညီတဲ့နည်းပါ။ အသားလုံးထဲမှာ ငံပြာရည်ရယ် သကြားရယ်ထည့်ထားပြီး ကလေးတွေအတွက်ကတော့ အလွန်ကြိုက်ပေါ့နော်။ အိမ်မှာ တခါကြော်ကျွေးတာနဲ့ ခဏခဏကိုတောင်းဆိုနေကြတော့တာပါပဲ။ စားကြည့်လိုက်တာနဲ့အနံ့ကလဲ အလွန်မွှေးပြီး တခါစားဖူးတိုင်း ထပ်စားချင်နေမှာအမှန်ပါပဲ။ ဗီယက်နမ်အချဉ်လုပ်နည်းအလွယ်ကိုလဲရေးထားပါတယ်။ လုပ်စားကြည့်နော်။ပါ၀င်သောပစ္စည်းများ၁။ တောက်တောက်ဆင်းထားသော ကြက်သား (သို့) ဝက်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ကြက်ဥ - ၁ လုံး (အကာကိုပဲယူမှာပါ။)၃။ ကော်မှုန့်- ထမင်းစားဇွန်း ၁ ဇွန်း၄။ ကြက်သွန်ဖြူ - ၄ မွှာ၅။ ကြက်သွန်မြိတ် - ၃ ပင် (အစိမ်းပိုင်းပဲယူပါတယ်။)၆။ ငရုတ်ဆီ - ထမင်းစားဇွန်း ၁ ဇွန်း၇။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၈။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း၉။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တ ဝက်၁၀။ ကြော်ရန် ဆီ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။၂။ ဇလုံတခုထဲကို အသား၊ ကြက်ဥအကာ၊ ကော်မှုန့်၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ငရုတ်ဆီ၊ ယိုးဒယားငံပြာရည်၊ သကြား၊ နှမ်းဆီမွှေး တို့ကိုထည့်ရျ် သမအောင်နယ်ပါ။၃။ ဆီပူပူထဲတွင် အသားလုံးများထည့်ကြော်ပါ။၄။ ရွှေဝါရောင်သန်းလာလျှင် မီးဖိုပေါ်မှချရျ် ဗီယက်နမ်ဆော့ဖြင့် သုံးဆောင်နိုင်ပါပြီ။ဗီယက်နမ်ဆော့ ပြုလုပ်နည်း သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ယိုးဒယားငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်း တို့ကိုရောရျ် ရေထပ်ထည့်ပြီး ခြစ်ထားသော မုန်လာဥနီအနည်းငယ်ထည့်ရျ် ပြုလုပ်နိုင်ပါပြီ။
48
ရှောက်သီးသုပ်လုပ်နည်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါေရးပေးလိုက်တယ်နော်။ ရှောက်သီးသုပ် ချဉ်ငံစပ်လေးကို လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ လက်သီးဆုပ်အရွယ် ရှောက်သီး - ၁ လုံး၂။ ျကက္သြန္နီ - အျကီး ၁ လုုံး၃။ ငရုတ်သီးစိမ်း - ၃ တောင့်၄။ ငရုတ်သီးအကြမ်းမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း၆။ စိမ်းစားငပိ - လက်ဖက်ရည်ဇွန်း တ ဝက်၇။ မြန်မာငံပြာရည် - လက်ဖက်ရည်ဇွန်း တ ဝက်၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၉။ ပုဇွန်ခြောက်မှုန့်- ထမင်းစားဇွန်း ၁ ဇွန်း၁၀။ ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၂ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ရှောက်သီးကို အခွံခွာပြီး အတွင်းထဲက အသားများကို နွှာထားပါ။ ငရုတ်သီးစိမ်းနှင့် ကြက်သွန်နီကိုပါးပါးလှီးထားပါ။၂။ ပန်းကန်တခုထဲတွင် ငပိ၊ မြန်မာငံပြာရည်၊ ကြက်သွန်နီဆီချက်တို့ကိုထည့်ရျ် ငပိများ အနည်းငယ်ပျော်သွားအောင်ဖျော္ထားပါ။၃။ ဇလုံတခုထဲကို နွှာထားသော ရှောက်သီးဖတ်၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း၊ သကြား (သို့) အချိုမှုန့် ၊ ပုဇွန်ခြောက်မှုန့်၊ ဖျော်ထားသော ငပိ၊ ကြက်သွန်နီဆီချက်၊ ငံပြာရည်တို့ကိုထည့်ရျ် သုပ်ပါ။၄။ ရှောက်သီးသုပ်ကို ပန်းကန်ပြားထဲထည့်ရျ် အပေါ်မှ ကြက်သွန်ဖြူကြော်များ ဖြူးထည့်ပြီး စားခါနီးမှ ကြက်သွန်ဖြူကြော်များနှင့် သုပ်စားပါ။၅။ ရှူးရှူး ရှဲရှဲ နှင့် ချဉ်ငံစပ်ရှောက်သီးသုပ်ကိုု ကြာဇံဟင်းခါးလေးနဲ့သုံးဆောင်ရင် အလိုက်ဆုံးပါပဲရှင်။
49
မှိုသောက်ဆမ်းဟင်းကိုတော့ ဘုန်းကြီးကျောင်းသွားတုန်းက အန်တီတယောက်က ဘုန်းဘုန်းကြိုက်လို့ဆိုပြီး ချက်ချင်းချက်လိုက်တဲ့ဟင်းလေးကို မှတ်ထားပြီး အိမ်မှာပြန်ချက်တာပါ။ အခုနောက်ပိုင်းဆိုရင် ခဏခဏချက်ဖြစ်တယ်။ လွယ်ပြီး အရမ်းလဲမြန်တယ်။ စားလို့လဲအရမ်းကောင်းလို့လေ။ အနံ့အရသာကတော့ ရှယ်ပဲပေါ့နော်။ ဒီလိုလွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ဟင်းကို ချက်ကြည့်ဖို့မမေ့နဲ့နော်။ပါဝင်သောပစ္စည်းများ၁။ ကြိုက်နှစ်သက်ရာမှို - ၁၅ ကျပ်သား (သို့) ၉ အောင်စ၂။ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၃။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၄။ ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်၅။ ငရုတ်သီးစိမ်း - ၅ တောင့်၆။ နံနံပင် - ၅ ပင်၇။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ မှိုကို သန့်စင်ပြီး ကြိုက်နှစ်သက်ရာ အရွယ်လှီးရျ် သန့်စင်ထားပါ။၂။ ဒယ်အိုးထဲကို ဆီထည့် အပူပေးပြီး ဆီပူလာလျှင် ကြက်သွန်နီထည့်ရျ် ဆီသတ်ပါ။၃။ ကြက်သွန်နီ အနံ့မွှေးလာလျှင် မှိုများကိုထည့်ရျ် ခဏလှော်ပါ။ ငံပြာရည်နှင့် သကြား (သို့) အချိုမှုန့်ထည့်ပါ။ ရေကို မှိုများဖုံးသွားအောင်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပြီး အဖုံးအုပ်ထားပါ။၄။ ပွက်လာလျှင် နံနံပင်အုပ်ရျ် မီးဖိုပေါ်မှချပါ။၅။ လွယ်ကူမြန်ဆန်ရိုးရှင်းပြီး စားလို့အလွန်ကောင်းတဲ့ မှိုသောက်ဆမ်းဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။
50
လွယ်ကူပြီး စားလို့ကောင်းတဲ့ ဝက်သားမျှစ်ချဉ်သောက်ဆမ်းဟင်းလေးပါ။ မျှစ်ချဉ်ရဲ့အနံ့အရသာလေးနဲ့ဆိုတော့ ထမင်းစားလို့မြိန်စေမယ့် ဟင်းတခွက်ပါပဲ။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဝက်သား - ၅၀ သား (သို့) ၂ ပေါင်၂။ မျှစ်ချဉ် - တရုတ်ထမင်းစားပန်းကန်လုံးတလုုံးစာ၃။ မြန်မာငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၆။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၇။ ျကက္သြန္နီ - ၁ လုုံး၈။ ခရမ်းချဉ်သီး - ၁ လုံး၉။ ကြက်သွန်ဖြူ - ၃ မွှာ၁၀။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဝက်သားကို သန့်စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်တုံးထားပါ။ မျှစ်ချဉ်ကိုလဲ ကြိုက်နှသ်သက်ရာ အရွယ်လှီးထားပါ။ ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်နီ နှင့်ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။၂။ အိုးတခုထဲကို ပါဝင်သောပစ္စည်းများ အကုန်ထည့်ပြီး မီးဖိုပေါ်တင်ရျ် လုံးပါ။ ပြီးလျှင် ရေထည့်ပြီး ဝက်သားနူးသည်အထိတည်ပါ။ ဝက်သားနူးလာလျှင် အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပါ။၃။ ဝက်သားမျှစ်ချဉ် သောက်ဆမ်းဟင်းကို ထမင်းဖြင့် အရသာရှိစွာသုံးဆောင်နိုင်ပါပြီရှင်။
51
ကဏန်းမဆလာချက်မေးထားတဲ့သူတေွအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါေရးပေးလိုက်တယ်နော်။ ကဏန်းမဆာချက်ကိုမချက်ခင် ကဏန်းကိုတချို့ကပြုတ်လိုက်ပါတယ်။ တချို့ကပေါင်းပါတယ်။ အိစံကတော့ ပေါင်းပြီး သန့်စင်ပြီးမှ မဆလာချက် ချက်ပါတယ်။ ကဏန်းမဆလာချက်ရာမှာတော့ တချို့ကအကောင်အရှင်ကိုချက်ကြပါတယ်။ အိစံကတော့ တခါမှ ဘာအကောင်အရှင်မှမချက်ရဲတော့အသေထဲက အလတ်ဆုံးဟာကိုရွေးဝယ်ပါတယ်။ ကဏန်းအကောင်လတ်မလတ်ကတော့ အနံရှူကြည့်တာအကောင်းဆုံးပါပဲ။ ကဏန်းမဆလာချက်မွှေးမွှေးလေးချက်စားရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကဏန်းအကြီး ၁ ကောင်၂။ ခရမ်းချဉ်သီး - ၁ လုံး၃။ ျကက္သြန္နီ - ၁ လုုံး၅။ ကြက်သွန်ဖြူ - ၃ မွှာ၆။ ဂျင်း - လက်တဆစ်၇။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၈။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တဝက်၉။ ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက် (အစပ်မကြိုက်လျှင်မထည့်ပါနဲ ့)၁၀။ ကုလားလေး မဆလာ- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၁။ ငရုတ်သီးစိမ်း - ၅ တောင့်၁၂။ နံနံပင် - အနည်းငယ်၁၃။ ကြက်ဥ - ၁ လုံး၁၄။ မြန်မာငံပြာရည် (သို့) ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ၁၅။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၆။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကဏန်းကိုပေါင်းမည်ဆိုလျှင် ကဏန်းရဲ့ကိုယ်ပေါ်ကို အကွင်းလိုက်လှီးထားသော ဂျင်းတပြားတင်ပြီးပေါင်းပါ။ပြီးလျှင် ကဏန်းကိုအအေးခံပြီး သန့်စင်ပါ။၂။ ကဏန်းကို သန့်စင်ရာမှာ ကဏန်းရဲ့အပေါ်အခွံမာကိုခွာပါ။ အခွံမှာတွင်ကပ်နေသောအရာများကို ဒီအတိုင်းထားပါ။ ကဏန်းအတွင်းသားမှာကပ်နေတဲ့ လေအိပ်လို အရာများကိုဖယ်ထုတ်ရျ် သန့်စင်ပါ။ ပြီးလျှင် ကဏန်းလက်မများကို တူဖြင့် အနည်းငယ်ထုထားပါ။၃။ ကျန်သောဂျင်း နှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပါ။ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ကြက်ဥကို ခလောက်ထားပါ။၄။ ဒယ်အိုးတခုကို အပူပေးပြီး ဆီပူလာလျှင် ကြက်သွန်နီများကိုထည့်ကြော်ပါ။ ကြက်သွန်နီများ ရွှေဝါရောင်သန်းလာလျှင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူကို ထည့်ဆီသတ်ပါ။ ထို့နောက် ဆနွင်း၊ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ မဆလာ လက်ဖက်ရည်ဇွန်း တ ဝက်၊ ငံပြာရည်၊ သကြား(သို့) အချိုမှုန့် နှင့် ခရမ်းချဉ်သီးတို့ကိုထည့်ရျ် လုံးပါ။ အနှစ်များဖြစ်လာအောင်ချက်ပါ။ ရေထည့်ပါ။၅။ ထို့နောက် ကဏန်းကိုထည့်ချက်ပါ။ ကဏန်းကိုထည့်ပြီးလျှင် ငရုတ်သီးထည့်ပါ။ ရေထည့်ပြီး အုပ်ထားပါ။၆။ ဆီပြန်ခါနီးအချိန်တွင် ခလောက်ထားသော ကြက်ဥများကိုထည့်ရျ် မွှေပါ။ အပေါ့အငံမြည်းပြီး နံနံပင်အုပ်၊ ကျန်သောမဆလာ လက်ဖက်ရည်ဇွန်း တဝက်ကိုထည့်ရျ် မီးဖိုပေါ်မှချပါ။၇။ အနံမွှေးမွှေး ကဏန်းမဆလာချက်လေးကို သုံးဆောင်နိုင်ပါပြီ။
52
အခုပေါင်မုန့်နည်းလေးကတော့ ပိုပြီး ပွပွအိအိလေးဖြစ်စေတဲ့ နည်းလေးပါ။ မိုင်လိုလေးထည့်ထားတော့ ပေါင်မုန့် အနံ့လေးကို ပိုမွှေးစေပါတယ်။ မိုင်လိုမပါပဲနဲ့လဲ ပြုလုပ်နိုင်သလို မိုင်လို အစား အိုဗာတင်းကို လဲအသုံးပြုနိုင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဂျုံ (all- purpose flour) - ၃ ခွက်၂။ မိုင်လို (milo) - ထမင်းစားဇွန်း ၅ ဇွန်း၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံ သုံးပုံ၄။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း၅။ သကြား - ထမင်းစားဇွန်း ၅ ဇွန်း၆။ yeast (ပေါင်မုန့်ပွဆေး) - လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ၇။ ရေနွေး - ၁ ခွက်၈။ ကြက်ဥ - ၁ လုံး(၁ ခွက် = 240ml = ၇ိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ရေနွေး ၁ ခွက်ထဲကို သကြား နှင့် မိုင်လိုကို ထည့်ရျ် အရည်ပျော်အောင်ဖျော်ပါ။ ထို့နောက် yeast ကိုထည့်ရျ် သမအောင်မွှေပြီးလျှင်Comment ပုံမှာ ပြထားသည့်အတိုင်း အမြှုပ်များ ထလာသည်အထိ ထားပါ။ ( မိနစ် ၃၀ ခန့်)၂။ ဖျော်ထားသော ရေထဲကို ဆား၊ ခလောက်ထားသောကြက်ဥ နှင့် ဆီတို့ကိုထည့်ရျ် သမအောင်မွှေပါ။ ထို့နောက် ဂျုံကို လေးခါခွဲထည့်ပြီး သမအောင်လုပ်ပါ။ ဂျံု လုံးချောမွေ့လာသည်အထိ နယ်ပါ။ ထို့နောက် လက်ဖနောင့်ဖြင့် ဖိပြီး ၁၀ မိနစ်ခန့်ဂျံုနယ်ပါ။ ပြီးလျှင် ဂျံုလုံးကို ဇလုံတခုထဲထည့်ရျ် အပေါ်မှ ရေစွတ်ထားသော အဝတ်ကို အုပ်ပြီး ၁ နာရီခန့်ထားပါ။ (ဂျံုလုံး ၂ ဆလောက် ပွလာပါလိမ့်မည်။)၃။ ပွလာသော ဂျုံလုံးကို cutting board ပေါ်တင်ရျ် လက်ဖနောင့်ဖြင့် ၅ မိနစ်ခန့်ဂျံုနယ်ပါ။ (ဂျံုများကပ်မနေအောင် cutting board ပေါ်တွင် ဂျံုမှုန့်များဖြူးထားပါ။ )၄။ ပေါင်မုန့်ဖုတ်မည့် ခွက်ကို ဆီသုတ်ထားပါ။နယ်ထားသော ဂျုံလုံးကို မုန့်ဖုတ်မည့်ခွက်ထဲထည့်ပါ။ နောက်ထပ် မိနစ် ၃၀ ခန့်ပေါင်မုန့်ခွက်ထဲတွင်ထားပါ။ ထို့နောက် ပေါင်မုန့်အပေါ်ကို ဆီသုတ်ရျ် 350'F (180'C) မှာ အပူပေးထားသော oven ထဲတွင် မိနစ် ၃၀ ခန့်ထည့်ဖုတ်ပါ။၅။ ပေါင်မုန့်ဖုတ်ပြီးပြီးချင်း ပေါင်မုန့်ခွက် အပေါ်ကို Aluminium Foilဖြင့် ၁ နာရီခန့်လုံနေအောင် အုပ်ထားပါ။ (အပေါ်ပိုင်းပေါင်မုန့်အသားအိသွားအောင်လို့ပါ။) Aluminium Foil မရှိလျှင် တဘတ် အသေးဖြင့် အုပ်ပါ။ ထို့နောက် ပေါင်မုန့်ပူပူအိအိလေးကို သုံးဆောင်နိုင်ပါပြီ။
53
ဒီချက်နည်းလေးကတော့ အိစံရဲ့အဒေါ်အရင်းချက်နည်းလေးပါ။ အိစံရဲ့အဒေါ်က လူကြုံရှိတိုင်း မြန်မာပြည်ကနေ ပုဇွန်ထုပ်တွေကို ဒီချက်နည်းလေးနဲ့ချက်ချက်ပြီးထည့်ပေးလေ့ရှိပါတယ်။ စားလို့ကောင်းတဲ့ အပြင် ၂ ရက်လောက် အထားခံပါတယ်။ အိစံတို့တအိမ်လုံးကတော့ ပုဇွန်ဆီပြန်ချက်ရင်ဒီနည်းလေးကိုပဲ အရမ်းကြိုက်ကြပါတယ်။ အခုချက်နည်းမှာက ကြက်သွန်ဖြူကို များများသုံးထားလို့ပိုမွှေးစေပါတယ်။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ခေါင်းပါသောပုဇွန် - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ကြက်သွန်ဖြူ - ၁၂ မွှာ၃။ ဂျင်း - လက်တဆစ်ရဲ့တဝက်၄။ မြန်မာငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၅။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၇။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ ဝက်၈။ ဆီ - ထမင်းစားဇွန်း ၇ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ပုဇွန်ကို အခွံခွာပြီး သန့်စင်ထားပါ။ သန့်စင်ထားသော ပုဇွန်ကို ငံပြာရည်၊ သကြား(သို့) အချိုမှုန့်၊ ဆနွင်း၊ အရောင်တင်မှနု့်တို့ဖြင့် နယ်ရျ် အနည်းဆုံး နာရီဝက်ခန့်နှပ်ထားပါ။ ဂျင်း၊ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။၂။ ဒယ်အိုးတခုထဲကို ဆီထည့်အပူပေးပြီး ဆီပူလာလျှင် ညက်နေအောင်ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူကို ထည့်ရျ်ဆီသတ်ပါ။ ဂျင်း၊ကြက်သွန်ဖြူများ အနည်းငယ် ရွှေဝါရောင်သန်းလာလျှင် နှပ်ထားသော ပုဇွန်များကိုထည့်ပါ။ ရေ ထမင်းစားဇွန်း ၆ ဇွန်းလောက်ထည့်ပြီး အုပ်ထားပါ။၃။ ဆီပြန်လာလျှင် အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပါ။၄။ အနံအရမ်းမွှေး စားလို့အလွန်ကောင်း၊ လွယ်ကူမြန်ဆန်စွာချက်လို့ရတဲ့ ပုဇွန်ဟင်းကို ၂ ရက်လောက်ထားရျ် သုံးဆောင်နိုင်ပါပြီ။
54
သီးစုံချဉ်ရည်ဟင်းကတော့မြန်မာလူမျိုးအများစုကြိုက်တဲ့ချဉ်ရည်ဟင်းတမျိုးပါပဲ။ အရသာချဉ်ချဉ်လေးနဲ့အလွန်အအီပြေစေတဲ့ ဟင်းရည်လေးပါ။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ အာလူး - လက်သီးဆုပ်အရွယ် ၂ လုံး၂။ ရုုံးပေတသီး -၁၀ ခုု၃။ ခရမ်းသီး - ၁ လုံး၄။ ပဲသီးတောင့်ရှည် - ၁၀ တောင့်၅။ ခရမ်းချဉ်သီး - တ ခြမ်း၆။ ကြက်သွန်နီ - တ ခြမ်း၇။ ဂျင်း - အနည်းငယ်၈။ ကြက်သွန်ဖြူ - ၃ မွှာ၉။ ငပိ - လက်ဖက်ရည်ဇွန်း တ ဝက်၁၀။ မန်ကျည်းမှည့်အနှစ် - ထမင်းစားဇွန်း ၃ ဇွန်း၁၁။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၂။ မြန်မာငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၁၃။ ပုဇွန်ခြောက် - လက်တဆုပ်၁၄။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၅။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၆။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း၁၇။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဂျင်းနှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ အာလူးသီး၊ ရုံးပတေသီး နှင့် ခရမ်းသီးကို ကြိုက်နှစ်သက်ရာအရွယ်တုံးထားပါ။ ပဲသီးတောင့်ရှည်ကို ၂ လက်မအရွယ်ဖြတ်ထားပါ။ ငပိကို ရေအနည်းငယ်ဖြင့် ဖျော်ထားပါ။၂။ ချဉ်ရည်အိုးတည်မည့်အိုးထဲကို ဆီထည့်ပြီးအပူပေးပါ။ ဆီပူလာလျှင် ဂျင်း၊ ကြက်သွန်ဖြူထည့်ဆီသတ်ပါ။ မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကိုထည့်လုံးပါ။ ထို့နောက် အာလူးသီး၊ ခရမ်းသီး၊ ပဲသီးတောင့်ရှည်၊ ပုဇွန်ခြောက်တို့ကိုထည့်ရျ် လုံးပါ။ ဆနွင်းနှင့် အရောင်တင်မှုန့်ပါထည့်လုံးပါ။ ဖျော်ထားသော ငပိ၊ ကြက်သားမှုန့်၊ မြန်မာငံပြာရည်၊ သကြား(သို့) အချိုမှုန့်တို့ကိုထည့်ပါ။ ထို့နောက် ရေများများထည့်ရျ် အသီးအနှံ့များ နူးလာသည်အထိတည်ပါ။၃။ အသီးအနှံ့များနူးလာလျှင် မန်ကျည်းမှည့် အနှစ်နှင့် ရုံးပတေသီးတို့ကိုထည့်ရျ် ရုံးပတေသီးများ အိလာသည်အထိတည်ပါ။၄။ အပေါ့အငံအချဉ်အရသာမြည်းရျ် မီးဖိုပေါ်မှချပါ။ သီးစုံချည်ရည်ဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။
55
မလိုင်လုံးမေးထားတဲ့သူများပေမယ့် အခုမှပဲရေးဖြစ်တော့တယ်။ မလိုင်လုံးကတော့ လူတော်တော်များများကြိုက်ြကပါတယ်။ တချို့ဆိုင်တွေက မလိုင်လုံးထဲကို စက္ကူထည့်တယ်ပြောတယ်။ တချို့ဆိုင်တွေကတော့ ပဲမှုန့်ထဲကြတယ်။ ကိုယ်တွေ့ပေါ့နော်။ အခုအိမ်မှကျတော့ တကယ့်ကို မလိုင်အစစ်လေးတွေနဲ့လုပ်ကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ႏြားနိုု ့- ၂ လီတာ၂။ ရှာလကာရည် - ထမင်းစားဇွန်း ၁ ဇွန်း (တချို့ကသံပုရာရည်ကိုသုံးပါတယ်။ သံပုုရာရည္က သံပုုရာအနံ ့ပါတတ္လိုု ့အိစံကမသုုံးပါဘူး။)၃။ သကြား - ၃ ခွက်၄။ ရေ - ၂ ခွက်(၁ ခွက် = 240ml = ၇ိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)ပြုလုပ်နည်း၁။ နွားနို့ကို ဆူအောင်တည်ပါ။ ဆူလျှင် ရှာလကာရည် ကိုထည့်ပါ။ မွှေရျ် ဆက်တည်ပါ။ အဆက်မပျက်မွှေလျှင် မလိုင်ဖတ်နှင့်အရည်ကြည်ကွဲထွက်လာပါလိမ့်မည်။ အဲအချိန်ကျလျှင် မီးဖိုပေါ်မှချပါ။၂။ မလိုင်ဖတ်စစ်ရန်အတွက် အဝတ်ပါးတခုကို အိုးတခုပေါ်မှာတင်ထားပါ။ ထို့နောက် ကျိုထားသော အရည်များကို အဝတ်ပေါ်လောင်းချပါ။ အရည်စစ်ပါ။ အေးသွားလျှင် မလိုင်ဖတ်မှအရည်များကိုညှစ်ချပါ။ (အရည်များကို မသွန်ပစ်ပါနဲ့။ ဟင်းချက်ရာတွင်ထည့်လျှင် ဟင်းအရသာစိမ့်စိမ့်လေးဖြစ်ေစရန်အတွက် အသုံးပြုလို့ရပါတယ်။)၃။ မလိုင်ဖတ်မှ အရည်များကုန်လျှင် မလိုင်ဖတ်များကို ဇလုံတခုထဲထည့်ရျ် နူးညံ့လာအောင်လက်ဖြင့် ဖိရျ် နယ်ပါ။ ထို့နောက် လောက်စလုံးအရွယ်အလုံးလေးေတွလုံးထားပါ။ (အကြီးကြီးတွေမလုံးပါနဲ့သြကားရည်ထဲထည့်ပြုတ်လျှင် ကြီးလာမှာမို့ပါ။)၄။ သကြားရည် လုပ်ရန် အတွက် အိုးတခုထဲတွင် ရေနှင့် သကြားကို ထည့်ရျ် သကြား အရည်ပျော်လာပြီး ပွက်လာသည်အထိတည်ပါ။ ပွက်လာလျှင် သကြားရည် တဝက်ကိုဖယ်ရျ် အအေးခံထားပါ။၅။ အိုးထဲတွင် ကျန်သောသကြားရည်ကို မီးဖိုပေါ်ဆက်တည်ပါ။ လုံးထားသော မလိုင်လုံးများကို သကြားရည်အိုးထဲထည့်ရျ် ၁၀ မိနစ်- ၁၅ မိနစ်ခန့်ထည့်ပြုတ်ပါ။ (အကြာကြီးပြုတ်လျှင် မလိုင်လုံးများမာသွားတတ်ပါတယ်။)၆။ ထို့နောက်မလိုင်လုံးများကိုသကြားရည်အိုးထဲမှ ဆယ်ပြီး အအေးခံထားသော သကြားရည်ထဲကို စိမ်ထားပါ။ သကြားရည် နှင့်မလိုင်လုံးအေးသည်အထိအပြင်မှာထားပြီးအေးသွားလျှင် ပုလင်းအသန့်ထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲထည့်ပြီး ၂ ပတ်လောက်ထားလို့ရပါတယ်။၇။ မလိုင်လုံးချိုချိုကိုသံုးဆောင်နိုင်ပါပြီရှင်။
56
သခွားသီးကို ကြွပ်ကြွပ်လေးဖြစ်အောင်လုပ်ပြီး ချဉ်ငံစပ်လေးသုပ်ထားတာပါ။ စားလို့အလွန်မြိန်စေပြီး ကျန်းမာရေး နှင့်ညီညွတ်တယ်။ လုပ်စားရတာလဲ လွယ်ကူတာကြောင့်လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ သခြားသီး - ၁ လုုံး၂။ ငရုတ်သီးစိမ်း -၃ တောင့်၃။ ပုဇွန်ခြောက်ထောင်း - ထမင်းစားဇွန်း ၁ ဇွန်း၄။ ကြက်သွန်ဖြူ - ၃ မွှာ၅။ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၇။ သံပုရာသီး - တ စိတ်( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ သခွားသီးကို အခွံနွာရေဆေးပြီး အကွင်းလိုက် ပါးပါးအရင်လှီးပါ။ ထို့နောက် အကွင်းလိုက်ကို အလျားလိုက် လေးပိုင်းပိုင်းပါ။ ပြီးလျှင် ရေအေးထဲစိမ်ထားပါ။ (ကြွပ်လာပါလိမ့်မည်။)၂။ ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကို ညက်နေအောင်ထောင်းထားပါ။၃။ သုပ်ခါနီးတွင် သခွားသီးကို ရေစစ်ပါ။ ထို့နောက် သခွားသီးဖတ်များကို ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်ထောင်း၊ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်၊ သကြား(သို့) အချိုမှုန့် ၊ သံပုရာရည်တို့ဖြင့် နယ်ရျ် သုပ်ပါ။၄။ သခွားသီးကြွပ်ကြွပ် ချဉ်ငံစပ်သုပ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
57
ကြာဇံဟင်းကတော့ လူတော်တော်များများကြိုက်ြပီး ပွဲတွေမှာ ကျွေးတာများတဲ့ တခုလဲဖြစ်ပါတယ်။ အိစံအခုချက်တဲ့နည်းကတော့ အိမ်ချက်လေးပါ။ အသားများများနဲ့ကိုယ့်အိမ်မှာကိုယ်ချက်စားလို့ကောင်းတဲ့နည်းလေးပါ။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြက်သား - ၅၀ သား ( အသား ၂၅ ကျပ်သား + အရိုး ၂၅ ကျပ်သား)၂။ ကြာဇံ - ၅ ကျပ်သား (သို့) ၇ ကျပ်ခွဲသား၃။ ငုုံးဥ - အလုုံး ၂၀၄။ ငါးဖယ် - ၁၅ ကျပ်သား၅။ ကြွက်နားရွက်မှို - လက်တဆုပ်စာ၆။ ပန်းခြောက် (lily flower) - လက်တဆုပ်စာ၇။ ပဲပြားခြောက်အလိပ် - ၃ ချောင်း (သို့) ၄ ချောင်း၈။ ဂျင်း - ၃ ပြား၉။ ကြက်သွန်ဖြူ - ၅ မွှာ၁၀။ ျကက္သြန္နီ - ၅ ဥ၁၁။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း၁၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ၁၃။ သကြား (သို့) အချိုမှုန့်- ထမင်းစားဇွန်း ၄ ဇွန်း၁၄။ ငံပြာရည် - ထမင်းစားဇွန်း ၅ ဇွန်း၁၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၆။ အရောင်တင်မှုန့်-ထမင်းစားဇွန်း ၁ ဇွန်း၁၇။ ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြာဇံဟင်း ပြုလုပ်မည့်အိုးကို ၈ လီတာလောက်ဆံ့တဲ့အိုးကိုသုံးပါ။ ကြက်သားကို သန့်စင်ပြီး အတုံးကြီးကြီးတုံးထားပါ။ ကြာဇံ၊ ကြွက်နားရွက်၊ ပန်းခြောက် နှင့် ပဲပြားခြောက်တို့ကို သပ်သပ်စီ ရေစိမ်ထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံခွာထားပါ။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ကြက်သွန်နီကို ခပ်ကြမ်းကြမ်းအတုံးလေးတွေလွီးထားပါ။၂။ အိုးထဲကို ရေ ၃ လီတာလောက်ထည့်ရျ် ပွက်အောင်တည်ပါ။ ပွက်လာလျှင် ဂျင်း ၃ပြား၊ ဆား လက်ဖက်ရည်ဇွန်း တဝက်နှင့် တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ တဝက်ကို ထည့်ပါ။ ပြီးလျှင် ကြက်သားကို ထည့်ရျ် ပြုတ်ပါ။ ကြက်သားအရင့်အနုပေါ်မူတည်ပြီး မိနစ် ၂၀ မှ နာရီ ဝက်ခန့် ပြုတ်ပါ။ ပြီးလျှင် ကြက်သားနှင့် ဂျင်းဖတ်များကို ပြန်ဆယ်ပါ။ ဂျင်းဖတ်များကို လွှင့်ပစ်လိုက်ပါ။ ကြက်သားကို အသားများကို ခပ်ကြီးကြီးမွှာပါ။ အရိုးများကို အိုးထဲပြန် ထည့်ပြီး မီးအေးအေးဖြင့် ရေထပ်ဖြည့်ရျ်တည်ထားပါ။၃။ ကြွက်နားရွက်မှို၊ ပန်းခြောက်နှင့် ပဲပြားခြောက်များကို ရေစစ်ထားပါ။ ပန်းခြောက်များကို အထုံးလေးများလုပ်ပါ။ (အိစံကတော့ အထုံးလေးတွေမလုပ်ပါဘူး။) ကြွက်နားရွက်မှို နှင့် ပဲပြားခြောက်များကို ကြိုက်နှစ်သက်ရာ အရွယ်လှီးထားပါ။၄။ ဒယ်အိုးတခုထဲတွင် ဆီထည့်အပူပေးပြီး ဆီပူလာလျှင် ကြက်သွန်နီ၊ ကျန်သော ကြက်သွန်ဖြူ တဝက်တို့ကို ထည့်ဆီသတ်ပါ။ အနည်းငယ်နွမ်းလာလျှင် ငရုတ်ကောင်းမှုန့်နှင့် အရောင်တင်မှုန့်တို့ကို ထည့်ရျ် မွှေပါ။ ပြီးလျှှင် ကြက်သားထည့်ရျ် လုံးပါ။ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း၊ သကြား (သို့) အချိုမှုန့်ထမင်းစားဇွန်း ၂ ဇွန်း တို့ကို ထည့်ပါ။ ထို့နောက် ကြွက်နားရွက်မှို၊ ပန်းခြောက်၊ ပဲပြားခြောက်တို့ကို ထည့်ရျ် လုံးပါ။ ၅မိနစ်လောက် မွှေပြီးလျှင် မီးဖိုပေါ်မှချပါ။၅။ ကြက်ပြုတ်ရည်အိုးထဲက အရိုးများကို ကြာဇံဟင်းထဲမထည့်ချင်လျှင် ဆယ်ပြီးပစ်လိုက်ပါ။ ပြီးလျှင် ဆီသတ်ထားသော ဒယ်အိုးထဲက အရာများကို ကြက်ပြုတ်ရည်အိုးထဲကို ထည့်၊ ငုံးဥကိုလဲထည့်လိုက်ပါ။ ရေနောက်ထပ် ၂ လီတာလောက် ထပ်ထည့်ပါ။ ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ သကြား (သို့) အချိုမှုန့် ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ပါ။ ပွက်လာလျှင် ငါးဖယ်များကို အလုံးလေးများဖြစ်အောင်ထည့်ပြီး ၁၅ မိနစ်လောက်ဆက်တည်ပါ။ ပြီးလျှင် အပေါ့အငံမြည်းပြီး ရေစိမ်ထားသော ကြာဇံများကို ထည့် အဖုံးအုပ်ရျ် မီးဖိုပေါ်မှချပါ။ ပူပူလေးစားချင်လျှင် မီးအေးအေးလေးနဲ့ဆက်တည်ထားပါ။၆။ အရသာရှိရှိ အိမ်ချက် ကြာဇံဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။
58
အိစံ မန္တလေးမှာနေတုန်းကတော့ ရှမ်းခေါက်ဆွဲဆိုင်တွေတော်တော်များများသွားစားဖြစ်ပါတယ်။ ရှမ်းခေါက်ဆွဲက တဆိုင်နဲ့တဆိုင်ကိုက ပြုလုပ်နည်းတွေမတူကြပဲ အရသာတမျိုးဆီနဲ့စားကောင်းကြပါတယ်။ အခုနည်းလေးကတော့ အသားကို နူးအိနေအောင်ချက်ပြီး ခရမ်းချဉ်သီးအနှစ်လေးနဲ့ပြုလုပ်တဲ့ရှမ်းခေါက်ဆွဲပါ။ အရသာကတော့ မအီပဲ ခရမ်းချဉ်သီးအနှစ်ချဉ်ချဉ်ေလးနဲ့အသားအိအိလေးနဲ့အလွန်စားကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်ပါဝင်သောပစ္စည်းများ( ၅ ပွဲမှ ၇ပွဲစာအတွက်)၁။ ရှမ်းခေါက်ဆွဲဖတ်- ၅၀ ကျပ်သား (သို့) ၂ ပေါင်၂။ ကြက်သားအသားချည်း (သို့) ဝက်သား - ၂၅ ကျပ်သား (သို့)၁ ပေါင်၃။ ဟင်းရည်အတွက် ကြက်ရိုး (သို့) ဝက်ရိုး၄။ ကြက်သွန်ဖြူဆီချက်၅။ ငရုတ်သီးအကြမ်းမှုန့်- ထမင်းစားဇွန်း ၆ ဇွန်း၆။ နံနံပင် (ပါးပါးလှီး)၇။ ကြက်သွန်မိတ် (ပါးပါးလှီး)၈။ ကြက်သွန်ဖြူ - ၄ မွှာ (တောက်တောက်ဆင်း)၉။ ခရမ်းချဉ်သီးအချဉ်သီး - ၂၅ ကျပ်သား (သို့) ၁ ပေါင်၁၀။ သကြား (သို့) ဟင်းချိုမှုန့်၁၁။ ငရုတ်ကောင်း၁၂။ မြေပဲထောင်း၁၃။ နှမ်းလှော်၁၄။ ကြာညို့(ပဲငံပြာရည်အပျစ်)၁၅။ ပဲငံပြာရည်၁၆။ နာနတ်ပွင့် (ပါကော) - ၅ ခု၁၇။ အမည်းရောင်ဖာလာစေ့ခြောက်(ရေှာက်ကော) - ၅ ခု၁၈။ ဆီ၁၉။ ပဲငပိအစပ် - ထမင်းစားဇွန်း ၁ ဇွန်းပြုလုပ်နည်း၁။ အရင်ဆုံး ငရုတ်သီးဆီချက်မွှေးမွှေးေလးချက်ရအောင်နော်။ ငရုတ်သီးဆီချက်အတွက် နံနတ်ပွင့်(ပါကော) ၃ခု နှင့် တရုတ်အမဲရောင် ဖာလာစေ့ခြောက် (ရှောက်ကော) ၃ ခု တို့ကို ကွဲသွားအောင် အနည်းငယ်ထုထားပါ။ ပြီးလျှင် အပူခံတဲ့ပန်းကန်တခုထဲမှာ ငရုတ်သီးအကြမ်းမှုန့်ထုထားသော ပါကော နှင့် ရှောက်ကောတို့ကိုထည့်ထားပါ။ ဒယ်အိုးတခုထဲမှာ ဆီ ထမင်းစားဇွန်း ၁၆ ဇွန်းကိုထည့်ပြီး အပူပေးပါ။ ဆီအရမ်းပူလာလျှင် ငရုတ်သီးအကြမ်းမှုန့်နှင့် ရှောက်ကောပါကော ထည့်ထားသော ပန်းကန်ထဲကို လောင်းချလိုက်ပြီး ငရုတ်သီးဆီချက်လုပ်ပါ။၂။ ကြက်သား (သို့) ဝက်သား ကို အတုံးကြီးကြီးတုံး၊ ဆားလက်ဖက်ရည်ဇွန်း တဝက်၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နာနတ်ပွင့် ၂ ခု၊ အမည်းရောင်ဖာလာစေ့ခြောက် ၂ ခုတို့ဖြင့် ရေထည့်ပြီး အသားများနူးအိသွားသည်အထိပြုတ္ပါ။၃။ အခြားအိုးတခုထဲတွင် ခရမ်းချဉ်သီးများကို ထည့်ပြုတ်ပါ။ ပြုတ်ထားသော ခရမ်းချဉ်သီးများကို အအေးခံ၊ အခွံခွာပြီးတောက်တောက်စဉ်းထားပါ။ ခရမ်းချဉ်သီးပြုတ်ရည်များကိုလဲ အသားအိုးထဲကိုထည့်ပါ။ တောက်တောက်ဆင်းထားသော ခရမ်းချဉ်သီးများကိုထည့်၊ ပဲငပိအစပ် ထမင်းစားဇွန်း ၁ ဇွန်းကိုလဲထည့်ရျ် တည်ပါ။ အနှစ်အရည်များကို အသားရဲ့အောက်မရောက်ပါစေနဲ့။ အပေါ့အငံမြည်းရျ်မီးဖိုပေါ်မွခ်ပါ။၄။ ဟင်းရည် အတွက် ကြက်ရိုးကို ဆား၊ သကြား (သို့) ဟင်းချို မှုန့်၊ ကြက်သွန်ဖြူ တို့နဲ့တည်ထားပါ။ရှမ်းခေါက်ဆွဲ တပွဲစာအတွက်ရေနွေးထဲ ခဏထည့်ပြုတ်ထားသော ရှမ်းခေါက်ဆွဲဖတ်ကို ပန်းကန်ထဲထည့်၁။ ပဲငံပြာရည်- ထမင်းစားဇွန်း ၁ ဇွန်း၂။ မြေပဲထောင်း- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၃။ နှမ်းလှော်- လက်ဖက်ရည်ဇွန်း တ ဝက်၄။ ကြက်သွန်ဖြူဆီချက်- လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၅။ ငရုတ်သီးဆီချက်- ထမင်းစားဇွန်း ၁ ဇွန်း ခွဲ (ငရုတ်သီးဖတ်အပါအဝင်)၆။ ငရုတ်ကောင်းနည်းနည်း (တချို့မထည့်ပါဘူး)၇။ သကြား (သို့) ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တဝက်၈။ ကြာညို့(ပဲငံပြာရည်အပျစ်)နည်းနည်း၉။ ချက်ထားသော ကြက်သား (သို့) ဝက်သားတုံးကို အတုံးလိုက်မထည့်ပဲ အနည်းငယ် ပြားသွားအောင်လုပ်ပြီး အသားမျှင်လေးတွေထည့်ပါ။၁၀။ အသားချက်မှ ခရမ်းချဉ်သီးအနှစ်ရည် - ဟင်းခတ်ဇွန်းကြီး ၂ ဇွန်း (ယောက်ချိုမဟုတ်ပဲ ဟင်းအိုးထဲမှဟင်းခတ်ရာတွင်သုံးသောဇွန်းကြီး)၁၁။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၁၂။ ပါးပါးလှီးထားသော နံနံပင်အထက်ပါပစ္စည်းများထည့် နယ်လိုက်ရင်စားလို့ရပါပြီ။ ဟင်းရည်ကို ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းလေးထည့်ပါ။
59
ဒီဆန်ပြုတ်လေးကတော့ ပါဝင်ပစ္စည်းလေးမျိုးထဲနဲ့အလွန်စားလို့ကောင်းတဲ့နည်းလေးပါ။ အိစံ မြန်မာပြည်မှာနေတုံးက အပ်ချုပ်ဆိုင်ကအမကြီးက ကျွေးလို့စားဖူးခဲ့တာပါ။ အရမ်းကြိုက်လို့လုပ်နည်းမေးတော့ လုပ်နည်းလေးကလဲ လွယ်ကူနေပါတယ်။ အရိုးကို ဆေးတာက ကြေးအိုးဟင်းရည်မှာလုပ်သလိုမျိုးဆေးမှသာ ဆန်ပြုတ်က ဖြူဖြူလေးတွေရမှာပါ။ အရိုးကို တခါတည်းထည့်ပြုတ်ရင် အရိုးကထွက်လာတဲ့ သွေးခဲလေးတွေနဲ့ဆိုရင် ဆန်ပြုတ်က မဖြူပဲ နည်းနည်းညစ်ညစ်ကလေးတွေဖြစ်တတ်ပါတယ်။ လွယ်ကူပြီး စားလို့ကောင်းတဲ့ ဝက်ရိုးဆန်ပြုတ်ကို လုပ်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်းများ၁။ ဝက်ရိုး - ၅၀ သား (သို့) ၂ ပေါင်၂။ ဆန် - ထမင်းစားဇွန်း ၁၀ ဇွန်း၃။ ဆား - ထမင်းစားဇွန်း ၁ ဇွန်း၄။ သကြား (သို့) အချိုမှုန့်- ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း(ထမင်းစားဇွန်း = 1 tablespoon = 15 ml)ပြုလုပ်နည်း၁။ ဝက်ရိုးကို ရေဖြင့် ၃ ခါဆေးပါ။၂။ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲကို ဆေးထားသော ဝက်ရိုးတွေထည့်ပါ။ အရိုးများထည့်ရျ် ပွက်ပြီး အမြှုပ်လေးများ များလာလျှင် မီးဖိုပေါ်မှချပါ။ အရည်များကို သွန်ပစ်ပြီး ဝက်ရိုးများကို ရေအေးဖြင့် သွေးခဲလေးများပြောင်သွားအောင် ဆေးပါ။ (အိုးထဲမှာညစ်ပတ်နေလျှင်လဲအိုးကို ပြန်ဆေးထားပါ။)၃။ ထို့နောက်ဆေးထားသော အရိုးမျာကို အိုးထဲပြန်ထည့် ရေ ၄ လီတာထည့်၊ ဆား၊ သကြားတို့ကိုထည့်ပြီး တည်ပါ။၄။ ဆန်ကို ရေဆေးပြီး ထည့်ရျ် မီးအေးအေးဖြင့်အဖုံးဖွင့်ရျ်တည်ပါ။ ဆန်ပြုတ်အိုးထဲတွင်ရေနည်းသွားလျှင် ထပ်ထပ်ဖြည့်ပြီး ၂ နာရီလောက်တည်ပြီးလျှင် အလွန်စားကောင်းသော ဆန်ပြုတ်ကို သုံးဆောင်နိုင်ပါပြီ။
60
ဖိလစ်ပိုင်ဟင်းတွေထဲမှာ နာမည်ကြီးပြီး မြန်မာပါးစပ်နဲ့ကိုက်ညီတဲ့ ခရမ်းသီးကြက်ဥကြော်လေးပါ။ သူတို့ရဲ့နည်းတွေက ရိုးရိုးပဲကြော်တာရှိသလိုု၊ စဉ်းထားတဲ့ အသားလေးထည့်ကြော်တဲ့နည်းလဲ ရှိပါတယ်။ အိစံကတော့ မြန်မာပါးစပ်နဲ့ကိုက်ညီတဲ့ပုဇွန်ခြောက်ထောင်းလေးထည့်ကြော်ထားပါတယ်။ တကယ်ကို စားလို့ကောင်းလွန်းလို့လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ခရမ်းသီး - ၁ လုံး၂။ ကြက်ဥ - ၁ လုံး၃။ ရေ - ထမင်းစားဇွန်း ၂ ဇွန်း၄။ မြန်မာငံပြာရည် (သို့) ယိုးဒယား ငံပြာရည် - လက်ဖက်ရည်ဇွန်း တ ဇွန်း၅။ ပုဇွန်ခြောက်ထောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )ပြုလုပ်နည်း၁။ ခရမ်းသီးကို အလူမီနီယံပြားပတ်ပြီး မီးကင်ပါ။ oven ထဲကိုထည့်ကင်မည်ဆိုလျှင် အပူချိန်အမြင့်ဆုံးမှာ ၁ နာရီထည့်ကင်ပါ။၂။ ကြက်ဥကို ရေ၊ ပုဇွန်ခြောက်ထောင်း တို့ထည့်ပြီး ခလောက်ထားပါ။၃။ မီးကင်ပြီးသော ခရမ်းသီးကို အညှာမှလွဲပြီး ဇွန်းဖြင့် ပြားနေအောင်ဖိပေးပါ။ အညှာနားက အပိုင်းကိုတော့ ဒီအတိုင်းထားပါ။၄။ ပြားထားသော ခရမ်းသီးတဖက်ဆီကို ငံပြာရည် လက်ဖက်ရည်ဇွန်း တ ဝက်ဆီတို့ဖြင့် သုပ်ပါ။၅။ ခလောက်ထားသော ကြက်ဥကို ပန်းကန်ပြားထဲထည့်ပါ။ ထို့နောက် ပြားထားသော ခရမ်းသီးကို ကြက်ဥထဲထည့်နှစ်ပါ။၆။ ဒယ်အိုးထဲကို ဆီထည့် အပူပေးပြီး ဆီပူလာလျှင် ကြက်ဥထဲနှစ်ထားသော ခရမ်းသီးကို အညှာမှကိုင်ရျ် ဒယ်အိုးထဲကို အသာလေးလျှောထည့်ပါ။ ပြီးလျှင် ကျန်နေသော် ကြက်ဥများကို ခရမ်းသီးအပေါ်မှလောင်းပါ။၇။ ခရမ်းသီးကြက်ဥကြော်ရဲ့အောက်ဖက်က အညိုရောင်သန်းလာလျှင် နောက်တဖက်ကိုလှန်ရျ် နောက်တဖက် အညိုရောင်ပြောင်းလာသည်အထိေကြာ်ပါ။၈။ အလွန်စားလို့ကောင်းသော ခရမ်းသီးကြက်ဥကြော်ကို သုံးဆောင်နိုင်ပါပြီ။
61
ဒီနည်းလေးကတော့ ကြက်သားမွကြော်ကို မမာစေပဲ အိအိလေးနဲ့စားကောင်းတဲ့နည်းလေးပါ။ အိအိလေးဖြစ်အောင်ကြော်ထားတာမို့၃ ရက်လောက်ပဲအထားခံပါတယ်။ ဒီနည်းကိုပဲ ကြွပ်နေအောင်ကြော်ရင်တော့ ကြာကြာအထားခံပါတယ်။ အလုပ်နဲ့မအားတဲ့သူငယ်ချင်းများ တခါချက်ပြီး ၃ ရက်လောက်စားလို့ရတဲ့ ကြက်သားမွကြော် အိအိလေးကို လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြက်သားအသားချည်း - ၂၅ ကျပ်သား၂။ ျကက္သြန္နီ - ၂ ဥ (သိုု ့) ၃ ဥ၃။ ကြက်သွန်ဖြူ - ၅ မွှာ၄။ ဆနွင်း - လက်ဖက်ရည်ဇွန်း တ ဝက်၅။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၆။ မြန်မာငံပြာရည် (သို့) ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (သို့) ၂ ဇွန်း၇။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၈။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း (အကြွပ်ကြော်မည်ဆိုလျှင် ထမင်းစားဇွန်း ၁၂ ဇွန်းထည့်ပါ။)(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )ပြုလုပ်နည်း၁။ ကြက်သားကို ရေမြုပ်ရုံထည့်ပြီး ရေခမ်းပြုတ်ပါ။၂။ ပြုတ်ထားသော ကြက်သားများကို အအေးခံရျ် အမျှင်များဖြစ်အောင်မွပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်စဉ်းထားပါ။၃။ ဒယ်အိုးထဲတွင် ဆီကိုထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်နီများကိုထည့်ကြော်ပါ။ ကြက်သွန်နီများနွမ်းလာလျှင်ကြက်သွန်ဖြူကိုထည့်ရျ် ဆီသတ်ပါ။၄။ ထို့နောက် ကြက်သားမျှင်များကိုထည့်၊ ငံပြာရည်၊ သကြား(သို့) အချိုမှုန့်၊ ဆနွင်း၊ အရောင်တင်မှုန့်တို့ကိုထည့်ရျ် ကြော်ပါ။၅။ နည်းနည်းလေးခြောက်အောင်ကြော်ပြီးလျှင် မီးဖိုပေါ်မှချပါ။အကြွပ်ကြော်မည်ဆိုလျှင်၁။ ဆီ ကိုထည့်အပူပေး၊ ဆီပူလာလျှင် ကြက်သွန်နီများကို ကြွပ်နေအောင်ကြော်၊ ကြက်သွန်နီများကြွပ်လာလျှင်ဆယ်ရျ်ဆီစစ်ထားပါ။ ကြက်သွန်ဖြူများကိုလဲ ရွှေဝါရောင်သန်းလာသည်အထိကြော် ပြီး ဆီစစ်ထားပါ။၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကြော်ထားသော ဆီကို ပူကြပ်နေအောင်အပူပေးပါ။ ပူလာမှ ဒယ်အိုးထဲကို ကြက်သားများထည့်၊ငံပြာရည်၊ သကြား(သို့) အချိုမှုန့်၊ ဆနွင်း၊ အရောင်တင်မှုန့်တို့ကိုထည့်ပြီး ကြွပ်လာသည်အထိကြော်ပါ။ (ဆီတအားပူမှထည့်လျှင် ကြက်သားများကြွပ်ကြွပ်လေးရပါတယ်။ သိပ်မပူသေးပဲထည့်လျှင် ကြာကြာကြော်သလိုမျိုးဖြစ်ြပီး မာမာကြီးဖြစ်တတ်ပါတယ်။)
62
ကဏန်းကိုအမျိုးမျိုးချက်စားတဲ့အထဲက နာမည်ကြီးပြီးလူကြိုက်များတဲ့ ကဏန်းချဉ်စပ်ဟင်းလေးပါ။ ကဏန်းအသားထဲကို စိမ့်ဝင်နေတဲ့အရသာက အရမ်းကောင်းသလို ချဉ်စပ်အနှစ်လေးကို ထမင်းနဲ့နယ်စားရင်လဲ အရမ်းကို အရသာရှိလှပါတယ်။ အိစံကတော့ အရင်တခါ ကဏန်းမဆလာချက်ရေးတုန်းကပြောသလိုပါပဲ။ အရှင်ကိုတော့ ဘယ်တော့မှမချက်တော့။ အသေကို အနံ့မွှေးကြည့်ပြီးဝယ်တယ်။ ဒါမှမဟုတ် ဆိုင်တွေမှာ ပြုတ်ပြီးသားတွေရောင်းတာဝယ်ပါတယ်။ အရသာ အလွန်ရှိလှတဲ့ ကဏန်းချဉ်စပ်ဟင်းကို ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကဏန်း - ၁ ကောင် (၃၀ ကျပ်သား (သို့) ၁ ပေါင်ကျော်ကျော်)၂။ ကြက်သွန်ဖြူ - ၁ ဥ၃။ ျကက္သြန္နီ - ၁ ဥ၄။ ငရုတ်သီးစိမ်း အနီရောင် - ၇ တောင့်၅။ ငရုတ်သီးစိမ်း - ၅ တောင့်၆။ နံနံပင် (သို့) ရှမ်းနံနံ - ၇ ပင်၇။ ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၉။ ရှာလကာရည် - ထမင်းစားဇွန်း ၃ ဇွန်း၁၀။ ဆီ - ထမင်းစားဇွန်း ၇ ဇွန်း၁၁။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပုလုပ်နည်း၁။ ကဏန်းကိုပေါင်းမည်ဆိုလျှင် ကဏန်းရဲ့ကိုယ်ပေါ်ကို အကွင်းလိုက်လှီးထားသော ဂျင်းတပြားတင်ပြီးပေါင်းပါ။ပြီးလျှင် ကဏန်းကိုအအေးခံပြီး သန့်စင်ပါ။၂။ ကဏန်းကို သန့်စင်ရာမှာ ကဏန်းရဲ့အပေါ်အခွံမာကိုခွာပါ။ အခွံမှာတွင်ကပ်နေသောအရာများကို ဒီအတိုင်းထားပါ။ ကဏန်းအတွင်းသားမှာကပ်နေတဲ့ လေအိပ်လို အရာများကိုဖယ်ထုတ်ရျ် သန့်စင်ပါ။ ပြီးလျှင် ကဏန်းလက်မများကို တူဖြင့် အနည်းငယ်ထုထားပါ။ ကဏန်းရဲ့အလယ်ကိုယ်ပိုင်းကို လေးပိုင်းပိုင်းပါ။၃။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းအနီရောင်တို့ကိုညက်နေအောင်ထောင်းထားပါ။ နံနံပင် (သို့) ရှမ်းနံနံကို တလက်မအရွယ်လောက်လှီးထားပါ။၄။ ဒယ်အိုးထဲကို ဆီထည့်၊ အပူပေးပြီး ဆီပူလာလျှင်ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီရောင်တို့ကိုထည့်ရျ် ဆီသတ်ပါ။ မွှေးလာလျှင် အရောင်တင်မှုန့်ကိုထည့်ပါ။ ရေထည့်၊ ပဲငံပြာရည်အကြည်၊ သကြား(သို့) အချိုမှုန့်၊ ရှာလကာရည်တို့ကိုထည့်ရျ် ပွက်လာအောင်တည်ပါ။၅။ ပွက်လာလျှင် ကဏန်းများကိုထည့်ပါ။ ရေကို ကဏန်းကိုယ်ရဲ့တ ဝက်လောက်ဖုံးသွားအောင်ထည့်ပြီး အဖုံးအုပ်ရျ် တည်ပါ။၆။ ဆီလည်ရေလည်ဖြစ်လာလျှင် အပေါ့အငံမြည်းရျ် ငရုတ်သီးစိမ်းနှင့် နံနံပင် (သို့) ရှမ်းနံနံအုပ်ရျ် မီးဖိုပေါ်မှချပါ။၇။ အနံ့မွှေးမွှေးနဲ့အရသာအလွန်ရှိသော ကဏန်းချဉ်စပ်ဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။
63
ယိုးဒယား ကြက်ကင်ကတော့ လူအများစုုကြိုက်တဲ့ အကင်တမျိုးပါ။ သူရဲ့ယိုးဒယားငံပြာရည်နှင့် သကြားချိုချိုတို့ရဲ့အရသာ၊ စပါးလင်ပါတဲ့ အနံ့တို့ကြောင့် မွှေးပြီး အလွန်အရသာရှိပါတယ်။ ယိုးဒယားကြက်ကင်ကို ဗမာကြက်သေးသေး အကောင်လိုက်ကင်ရင်လဲ ရပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြက်သား - ၅၀ သား (သို့) ၂ ပေါင်၂။ ပျားရည် - ထမင်းစားဇွန်း ၂ ဇွန်း၃။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း၄။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း၅။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ ကြက်သွန်ဖြူ - ၆ မွှာ၇။ စပါးလင် - ၁ ချောင်း၈။ ဟင်းချက်ဆန်ဝိုင် - ထမင်းစားဇွန်း ၂ ဇွန်း၉။ သံပုရာသီး - ၁ စိတ်၁၀။ ဂျင်း - လက်တဆစ်( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြက်သားကို ရေဆေးရျ် သန့်စင်ထားပါ။ ကြက်သွန်ဖြူ၊ ဂျင်းနှင့် စပါးလင်ကို ညက်နေအောင်ထောင်းထားပါ။၂။ ကြက်သားကို ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ပျားရည်၊ သကြား၊ ယိုးဒယားငံပြာရည်၊ ငရုတ်ကောင်း၊ ဟင်းချက်ဆန်ဝိုင်၊ သံပုရာသီးတစိတ်မှ သံပုရာရည် တို့ဖြင့် နယ်ရျ် အနည်းဆုံး ၃ နာရီခန့်နှပ်ထားပါ။ (တညနှပ်လျှင် ပိုကောင်းပါတယ်။)၃။ နှပ်ပြီးသား ကြက်သားများကို မီးပြင်းပြင်း ဖြင့် ၂ ဖက်လုံးကျက်အောင်ကင်ပါ။၄။ အနံ့မွှေးမွှေးနဲ့အလွန်အရသာရှိတဲ့ ယိုးဒယား ကြက်ကင်ကို သုံးဆောင်နီုင်ပါပြီ။
64
အိစံ အကြိုက်ဆုံးဟင်းတွေထဲက တပွဲပါပဲ။ ဘယာကြော်ချက်ကို တချို့ကအတုံးလေးတွေတုံးချက်တယ်။ တချို့ကအကုန်လုံးကိုချေပြီးချက်တယ်။ အိစံတို့အိမ်ကတော့ ချေချက်ပါတယ်။ ဘယာကြော်ချက်ကို ဗမာနံနံပင် များများလေးရယ် ငရုတ်သီးစိမ်းလေးရယ်ထည့်တော့ အနံ့အလွန်မွှေးပြီး အရမ်းကို အရသာရှိလှပါတယ်။ ဘယာကြော်ချက်ကို သရက်ကင်းတို့တမာဖူးတို့နဲ့စားရင်လဲ အရမ်းကောင်းပါတယ်။ ချက်နည်းကတော့ခါတိုင်းဟင်းတွေလိုမျိုးပဲ အရမ်းကိုလွယ်ကူပါတယ်။ ဒီလို လွယ်ကူပြီး စားလို့ကောင်းတဲ့ဟင်းကို ချက်ကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဘယာကြော် (မတ်ပဲကြော်) - ၈ ခု၂။ ခရမ်းချဉ်သီး - ၁ လုံး၃။ ျကက္သြန္နီ - ၁ လုုံး၄။ ဗမာနံနံပင် - ၁၀ ပင်၅။ ငရုတ်သီးစိမ်း - ၇ တောင့်၆။ မြန်မာငံပြာရည် (သို့) ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (သို့) ၂ ဇွန်း၇။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ ဝက်၈။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၉။ ဆီ - ထမင်းစားဇွန်း ၈ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဘယာကြော်(မတ်ပဲကြော်)ကို အတုံးလေးတွေတုံးထားပါ။ ခရမ်းချဉ်သီး နှင့် ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ဗမာနံနံပင်ကို ပါးပါးလှီးထားပါ။၂။ ဒယ်အိုးထဲကို ဆီထည့်၊ အပူပေးပြီး ဆီပူလာလျှင် ကြက်သွန်နီထည့်ကြော်ပါ။၃။ ကြက်သွန်နီများနွမ်းလာလျှင်အရောင်တင်မှုန့်ထည့်ရျ်မွှေပါ။ ခရမ်းချဉ်သီးထည့်ပြီးလုံးပါ။ ရေထည့်ရျ်အနှစ်ဖြစ်လာအောင်ြပဳလုုပ္ပါ။၄။ အနှစ်များရပါက အတုံးတုံးထားသော ဘယာကြော်ကို ထည့်၊ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်၊ သကြား(သို့) အချိုမှုန့်ကိုထည့်ပါ။ ဘယာကြောများကိုချေပါ။ ငရုတ်သီးစိမ်းကိုထည့်ပါ။ ရေအနည်းငယ်ထပ်ထည့်ပါ။၅။ ရေခမ်းရျ် ဆီပြန်လာလျှင် ပါးပါးလှီးထားသော ဗမာနံနံပင်ကို အုပ်ရျ် မီးဖိုပေါ်မှချပါ။၆။ အလွန်အရသာရှိသော ဘယာကြော် (မတ်ပဲကြော်)ချက်ကို သုံးဆောင်နိုင်ပါပြီ။
65
ၾကာစွယ်ကိုဘယ်လိုချက်ရင်ရလဲမေးထားတဲ့သူတွေအတွက်ရေးပေးလိုက်တယ်နော်။ကြာစွယ်ကိုအမျိုးမျိုးချက်စားနည်းထဲကစားလို့ကောင်းတဲ့နည်းတခုပါပဲ။မုန်ညှင်းချဉ်အရသာက ကြာစွယ်ထဲကိုဝင်နေတော့ ချဉ်ချဉ်စိမ့်စိမ့်လေးနဲ့ပါ။ ကြော်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြာစွယ် - ၁ ခု (အရွယ်အစား ၁ ထွာကြော်ကြော်လောက်ရှိသော)၂။ မုန်ညှင်းချဉ် - ထမင်းစားဇွန်း ၅ ဇွန်း မောက်မောက်၃။ ျကက္သား - ၁၀ က်ပ္သား၄။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၅။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ ကြက်သွန်ဖြူ - ၂ မွှာ၇။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း(ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြက်သားကို ပါးပါးလေးတွေလှီးထားပါ။ ထို့နောက် ကြက်သားကို ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား (သို့) အချိုမှုန့် လက်ဖက်ရည်ဇွန်း တ ဝက်တို့ဖြင့် နယ်ထားပါ။၂။ ကြက်သွန်ဖြူကိုတောက်တောက်ဆင်းထားပါ။ မုန်ညှင်းချဉ်ကို ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ ကြာစွယ်ကို အခွံခွာရျ် အဝိုင်းလိုက်လှီးပြီးရေစိမ္ထားပါ။၃။ ဒယ်အိုးထဲတွင် ဆီကိုထည့်အပူပေး၊ ဆီပူလာလျှင် ကြက်သွန်ဖြူကိုထည့်ရျ် ဆီသတ်ပါ။၄။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် ကြာစွယ်ကိုထည့်ကြော်ပါ။ ပဲငံပြာရည်ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြားကို ထည့်၊ ရေထည့်ပြီး အုပ်ထားပါ။၅။ ကြာစွယ် နူးလာလျှင် မုန်ညှင်းချဉ်ကိုထည့်ကြော်ပါ။ ထို့နောက် ကြက်သားကိုထည့်ပြီး ကြက်သားများ ကျက်သည်အထိကြော်ပါ။၆။ ကြက်သားများ ကျက်လျှင် မီးဖိုပေါ်မှချပါ။၇။ ချဉ်ချဉ်မွှေးမွှေးနဲ့စားလို့ကောင်းတဲ့ကြာစွယ်ကြက်သားမုန်ညှင်းချဉ်ကြော်ကိုသုံးဆောင်နိုင်ပါပြီရှင်။
66
ဟိုတနေ့ကတင်ထားတဲ့ဆိတ်သားမွကြော်လေးကို ဆိုင်တွေကလို ထောင်းစားရအောင်နော်။ ဆိတ်သားထောင်းကတော့ လူတိုင်းကြိုက်တဲ့ ထဲက တခုပါပဲ။ စပ်စပ်ချဉ်ချဉ်မွှေးမွှေးလေးနဲ့အလွန်ထမင်းမြိန်စေပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဆိတ်သား (သို့) အမဲသား - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း (အမဲသားကို အသုံးပြုလျှင် ရှာလကာရည်မလိုပါဘူး။)၃။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ ကြက်သွန်ဖြူ - ၁၅ မွှာ၆။ ဂျင်း - လက်တဆစ်၇။ ဆီ - ထမင်းစားဇွန်း ၁၂ ဇွန်း၈။ ငရုတ်သီးစိမ်း - ၁၀ တောင့်၉။ သံပုရာသီး - ၂ စိတ်( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဆိတ်သားကို သန့်စင်၊ အတုံးတုံးပြီး ရှာလကာရည် ဖြင့် နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။ ပြီးလျှင် ရေအေးဖြင့် ၃ ခါ ပြန်ဆေးပါ။ (အမဲသားကို အသုံးပြုလျှင် ဒီအဆင့်ကို ပြုလုပ်ရန်မလိုပါ။)၂။ ဂျင်း၊ ကြက်သွန်ဖြူ ၅ မွှာကိုထောင်းထားပါ။၃။ ဆိတ်သားကို ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား (သို့) အချိုမှုန့်တို့ကိုထည့်ပြီး ရေများများဖြင့် အသားများနူးသွားသည်အထိရေခမ်းျပဳတ္ပါ။၄။ ပြုတ်ပြီးသော အသားများကို အအေးခံထားပါ။ အေးသွားလျှင် ငရုတ်ဆုံထဲတွင် အသားတုံးများ ကွဲသွားအောင် ၂ ချက် ၃ ချက်ထုထောင်းပါ။ အသားများ ပြားပြားလေးတွေဖြစ်သွားပါလိမ့်မည်။ (ကြေမွသွားအောင်မထောင်းရပါ။)၅။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ထုထားသော အသားများကို ထည့်ကြော်ပါ။ ကြွပ်ကြွပ်မွမွလေးဖြစ်လာသည်အထိကြော်ပါ။ ကြွပ်မွလာလျှင် မီးဖိုပေါ်မှချပြီး ဆီစစ်ရန် ဇကာထဲထည့်ရျ် ဆီစစ်ရျ် အအေးခံထားပါ။၆။ ငရုတ်ဆုံကြီးကြီးတခုထဲတွင် ငရုတ်သီးစိမ်းနှင့် ကျန်သော ကြက်သွန်ဖြူ ၁၀ မွှာကိုထည့်ရျ် ညက်နေအောင်ထေားပါ။ ညက်သွားလျှင် အအေးခံထားသော ဆိတ်သားမွှကြော် ကိုထည့်ထောင်းပါ။ တအားထောင်းစရာမလိုပဲ တဖက်က ဇွန်းကြီးကြီး တခုနှင့် အထက်အောက်လှန် နောက်တဖက်က ဖွဖွလေး နှံ့သွားအောင်ထောင်းပါ။ သံပုရာရည်ညှစ်ချပြီး အနည်းငယ်ထောင်းပါ။၇။ ချဉ်ချဉ်စပ်စပ် ဆိတ်သားထောင်းကို အရသာရှိရှိဖြင့် သုံးဆောင်နိုင်ပါပြီရှင်။
67
ဒီဆိတ်သားမွကြော်လေးကတော့ စားလိုက်တာနဲ့မာတာမဟုတ်ပဲ မွမွလေးနဲ့အလွန်စားကောင်းပါတယ်။ လုပ်နည်းလဲလွယ်ကူတယ် ပါဝင်ပစ္စည်းလဲနည်းတယ် ကြာရှည်လဲခံတဲ့အတွက် လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဆိတ်သား (သို့) အမဲသား - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း (အမဲသားကို အသုံးပြုလျှင် ရှာလကာရည်မလိုပါဘူး။)၃။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ ကြက်သွန်ဖြူ - ၅ မွှာ၆။ ဂျင်း - လက်တဆစ်၇။ ဆီ - ထမင်းစားဇွန်း ၁၂ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဆိတ်သားကို သန့်စင်၊ အတုံးတုံးပြီး ရှာလကာရည် ဖြင့် နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။ ပြီးလျှင် ရေအေးဖြင့် ၃ ခါ ပြန်ဆေးပါ။ (အမဲသားကို အသုံးပြုလျှင် ဒီအဆင့်ကို ပြုလုပ်ရန်မလိုပါ။)၂။ ဂျင်း၊ ကြက်သွန်ဖြူ ကိုထောင်းထားပါ။၃။ ဆိတ်သားကို ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား (သို့) အချိုမှုန့်တို့ကိုထည့်ပြီး ရေများများဖြင့် အသားများနူးသွားသည်အထိရေခမ်းျပဳတ္ပါ။၄။ ပြုတ်ပြီးသော အသားများကို အအေးခံထားပါ။ အေးသွားလျှင် ငရုတ်ဆုံထဲတွင် အသားတုံးများ ကွဲသွားအောင် ၂ ချက် ၃ ချက်ထုထောင်းပါ။ အသားများ ပြားပြားလေးတွေဖြစ်သွားပါလိမ့်မည်။ (ကြေမွသွားအောင်မထောင်းရပါ။)၅။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ထုထားသော အသားများကို ထည့်ကြော်ပါ။ ကြွပ်ကြွပ်မွမွလေးဖြစ်လာသည်အထိကြော်ပါ။ ကြွပ်မွလာလျှင် မီးဖိုပေါ်မှချပြီး ဆီစစ်ရန် ဇကာထဲထည့်ရျ် ဆီစစ်ထားပါ။၆။ ကြွပ်ကြွပ်မွမွဖြင့် အလွန်စားလို့ကောင်းသော ဆိတ်သားမွကြော်ကို သုံးဆောင်နို်င်ပါပြီရှင်။
68
အော်ဆွန်းသုပ်လုပ်နည်းကိုုရေးပေးမယ်ဆိုမှ အောဆွန်းသွားဝယ်တိုင်းတခါမှ အင်္ဂလိပ်လို ဘယ်လိုခေါ်လဲမကြည့်မိဘူး။ စာရေးမယ်ဆိုမှ အပြေးအလွှားဆိုင်ကိုသွားြကည့်ရတယ်။ အောဆွန်းမမြင်ဖူးတဲ့သူတွေအတွက် comment မှာလဲ အောဆွန်းပုံကိုပြထားပါတယ်။ အောဆွန်းသုပ်ကိုတော့ တရုတ်စားသောက်ဆိုင်တွေသွားတိုင်း များသောအားဖြင့် မှာစားလေ့ရှိပါတယ်။ ချဉ်စပ်လေးနဲ့စားလို့အရမ်းကောင်းလို့ကြိုက်တဲ့သူလဲများပါတယ်။ တရုတ်ဆိုင်တွေလိုမျိုး ချဉ်ချဉ်စပ်စပ်လေးသုပ်စားြကည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ အောဆွန်း - ၁ ပင် (သို့) ၁ ခု၂။ ငရုတ်သီးဆီချက် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ငရုတ်သီးဖတ်အပါအဝင်)၃။ ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း၄။ နှမ်းလှော် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၅။ မြေပဲထောင်း - ထမင်းစားဇွန်း ၁ ဇွန်း၆။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ ရှာလကာရည် - ထမင်းစားဇွန်း ၃ ဇွန်း၈။ ပဲငံပြာရည် အကျဲ(အကြည်) - ထမင်းစားဇွန်း ၁ ဇွန်း၉။ ရေ - ထမင်းစားဇွန်း ၁ ဇွန်း(ထမင်းစားဇွန်း = 1 tablespoon= 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)ပြုလုပ်နည်း၁။ အောဆွန်းကို အခွံမနွှာခင် အရင်ရေဆေး ပြီးမှ အခွံကို နွှာပါ။ အခွံကို နွှာရင် အတွင်းက အသားကြည်ကြည်လေးရောက်သည်အထိနွှာပါ။ အပြင်ခွံ ဖြူဖြူလေးတွေပါသွားရင် မာပြီး စားမကောင်းပါ။၂။ အခွံနွှာထားသော အောဆွန်းကို ဂျစ်ဖြင့် ခြစ်ပါ။၃။ ပန်းကန်တခုထဲကို ငရုတ်သီးဆီချက်၊ ကြက်သွန်ဖြူဆီချက်၊ နှမ်းလှော်၊ မြေပဲထောင်း၊ သကြား၊ ရှာလကာရည်၊ ပဲငံပြာရည်အကျဲ(အကြည်)၊ ရေ တို့ကိုထည့်ရျ် သမအောင်လုပ်ပါ။၄။ အောဆွန်းသုပ်မည့်ပန်းကန်ထဲကို အောဆွန်းအရင်ထည့်ပြီး ဖျော်ထားသော အချဉ်ရည်များကို လောင်းရျ် သုပ်ပါ။၅။ ချဉ်ချဉ်စပ်စပ်နဲ့အလွန်အရသာရှိတဲ့ အောဆွန်းသုပ်ကို သုံးဆောင်နီုင်ပါပြီရှင်။
69
ဟိုတလောက အိစံ တင်ထားတဲ့မှိုဟင်းလေးကို ကြည့်ပြီး အမ Khin Thandar Lwin ပြောပြလို့သူတို့ရ ဲ့မွန်ရိုးရာ မှိုဟင်းလေးကို လိုက်ချက်ကြည့်တာ လွယ်ကူရိုးရှင်းပြီး စားလို့အရမ်းကောင်းပါတယ်။ အနံ့အရသာကော ပြောစရာမရှိအောင်ကို ကောင်းလွန်းလို့လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ကြိုက်နှစ်သက်ရာ မှို - ၁၅ ကျပ်သား (သို့) ၉ အောင်စ၂။ ငပိ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၃။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၅။ ကြက်သွန်နီ - ၁ ခြမ်း၆။ ကြက်သွန်ဖြူ - ၂ မွှာ၇။ ငရုတ်သီး အကြမ်းမှုန့်- အနည်းငယ်၈။ ပါးပါးလှီးထားသော ရှောက်ရွက် - အနည်းငယ်၉။ သံပုရာသီး - တ ခြမ်း၁၀။ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ မှိုကို သန့်စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။၂။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ပါးပါးလှီးထားသော ကြက်သွန်နီ တ ဝက်နှင့် ကြက်သွန်ဖြူတို့ကို ညက်နေအောင်ထောင်းပါ။ ငပိကို ရေအနည်းငယ်ဖြင့် ဖျော်ထားပါ။၃။ ပြုလုပ်မည့် အိုးထဲကို ဆီထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ ၊နီကို ဆီသတ်ပါ။ မွှေးလာလျှင် ဖျော်ထားသော ငပိ နှင့် ရေများများထည့်ရျ် တည်ပါ။၄။ ရေပွက်လာလျှင် မှို ထည့်၊ ငံပြာရည်နှင့် သကြားတို့ကို ထည့်ပြီး ပွက်လာသည်အထိတည်ပါ။ ပွက်လာလျှင် အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပါ။၅။ မီးဖိုပေါ်မှချချခြင်း ပါးပါးလှီးထားသော ရှောက်ရွက်၊ ငရုတ်သီး အကြမ်းမှုန့်၊ ပါးပါးလှီးထားသော ကြက်သွန်နီ တို့ကိုထည့်၊ သံပုရာသီး ကိုအရည်ညှစ်ထည့်ပါ။၆။ ရှောက်ရွက်နံ့မွှေးမွှေးနဲ့ချဉ်ငံစပ်အရသာ မွန်ရိုးရာ မှိုသောက်ဆမ်းဟင်းလေးကို သုံးဆောင်နိုင်ပါပြီ။
70
မြန်မာပါးစပ်နဲ့အကြိုက်တွေ့စေမည့် ကြက်သည်းကြက်မြစ်ဟင်းမွှေးေမွှလေးချက်နည်းပါ။ အိစံငယ်ငယ်ကတော့ကြက်သည်းကိုု အရမ်းကြိုက်ပေမယ့် ကြီးလာတော့ ကြက်မြစ်ကို ပိုကြိုက်တယ်။ တကယ်ကတော့ ကြက်သည်းက ကျန်းမာရေးနဲ့မညီညွတ်ဖူးဆိုလို့သိပ်မစားဖြစ်တော့တာပါ။ တခါတလေကြုံရင်စားပါသေးတယ်။ ကြိုက်ရင်တော့ စားလို့ကောင်းတယ်နော်။ ဒီဟင်းလေးကလဲ မြန်မာဟင်းအချက်ကောင်းတဲ့အန်တီကြီး သင်ပေးတဲ့နည်းနဲ့ချက်ထားတာပါ။ ကြက်သည်းကြက်မြစ်ကြိုက်သူများ ချက်စားရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြက်သည်းကြက်မြစ် - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ျကက္သြန္နီ - ၂ လုုံး၃။ ကြက်သွန်ဖြူ - ၄ မွှာ၄။ ဂျင်း - လက်တဆစ်၅။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၆။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း(အစပ်ကြိုက်မှထည့်ပါ။)၈။ သစ်ချပိုးခေါက် - ၁ ခု၉။ ပျဉ်းတော်သိမ်းရွက် - ၁၀ ရွက်၁၀။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ၁၁။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၂။ ဆီ - ထမင်းစားဇွန်း ၇ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဂျင်း၊ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။၂။ ကြက်သည်းကြက်မြစ်ကို သန့်စင်ပြီး ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ မှအရည်ညှစ်ထည့်၊ ပြီးရင် အဖတ်များလဲထည့်၊ ဆနွင်း၊ အရောင်တင်မှုန့် ၊ ငရုတ်သီးမှုန့်၊ငံပြာရည်၊သကြား (သို့) အချိုမှုန့် တို့ကိုထည့်နယ်ရျ် နှပ်ထားပါ။၃။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်နီကိုထည့်ရျ် ကြော်ပါ။၄။ ကြက်သွန်နီများ နွမ်းလာလျှင် ကြက်မြစ်များကို ထည့်လုံးပါ။ သစ်ချပိုးခေါက်ထည့်ပါ။ ရေထည့်ပြီး ကြက်မြစ်များ နူးလာသည်အထိတည်ပါ။၅။ ကြက်မြစ်များ နူးလာပြီး ရေအနည်းငယ်ကျန်ချိန်ကြမှ ကြက်သည်းများကိုထည့်၊ ပျဉ်းတော်သိမ်းရွက်ကိုထည့်ရျ် ဆီပြန်လာသည်အထိတည်ပါ။ (ကြက်သည်းများကိုထည့်ပြီးလျှင် မွှေတာကို အသာလေးမွှေပါ။)၆။ ဆီပြန်လာလျှင် မီးဖိုပေါ်မှချရျ် သုံးဆောင်နိုင်ပါပြီ။
71
ငါးကောင်လုံး ချိုချဉ်ကြော်ကတော့ ငါးကြိုက်တဲ့သူတွေအတွက်အလွန်စားကောင်းတဲ့ ဟင်းတမျိုးပါပဲ။ အိစံတော့ တရုတ်ဆိုင်တချို့ကိုရောက်ရင် မှာစားဖြစ်ပါတယ်။ အခုတော့ အိမ်မှာလုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြိုက်နှစ်သက်ရာ ငါး - ၁ ကောင်၂။ ဆား - အနည်းငယ်၃။ မုန်လာဥ နီ - အနည်းငယ်၄။ ပန်းမုန်လာ(သို့) ပန်းပွင့်အစိမ်း - အနည်းငယ်၅။ ငရုတ်ပွ - အနည်းငယ်၆။ ဘိုစားပဲသီး - ၃ တောင့်၇။ ခရမ်းချဉ်သီး - တ ခြမ်း၈။ ကြက်သွန်ဖြူ - ၂ မွှာ၉။ ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၄ ဇွန်း၁၀။ ငရုတ်ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၁။ ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၂။ ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း၁၃။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း၁၄။ နှမ်းဆီမွှေး - အနည်းငယ်၁၅။ ရေ - ထမင်းစားဇွန်း ၁၀ ဇွန်း၁၆။ ကော်မှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၁၇။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၁၈။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ငါးကို သန့်စင်ပြီး ဆားအနည်းငယ်ဖြင့် ကြော်ထားပြီး ပန်းကန် တခုထဲထည့်ထားပါ။၂။ အသီးအနှံံ များကို သန့်စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။၃။ ပန်းကန်လုံးတခုထဲတွင် ခရမ်းချဉ်သီးဆော့၊ ငရုတ်ဆီ၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ နှမ်းဆီမွှေး၊ ရေ၊ ကော်မှုန့်၊ သကြားတို့ကိုထည့်ရျ် သကြားပျော်သိအထိ သမအောင်လုပ်ထားပါ။ချိုချဉ်ဆော့ရပါပြီ။၄။ ဒယ်အိုးတခုထဲတွင် ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို ထည့်ရျ် ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် အသီးအနှ ံ့များကို ထည့်ကြော်ပါ။၅။ အသီးအနှံ့များကိုထည့်ကြော်ပြီး ၁ မိနစ်လောက်နေလျှင် ဖျော်ထားသော ချိုချဉ်ဆော့ကို ထည့်ရျ် ပွက်လာသည်အထိတည်ပါ။၆။ ပွက်လာလျှင် ခရမ်းချဉ်သီးထည့်ပြီး မီးဖိုပေါ်မှချရျ် ငါးကြော်ထည့်ထားသော ပန်းကန်ထဲကို ဆမ်းလိုက်ပါ။၇။ ငါးကောင်လုံး ချိုချဉ်ကြော်ကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ။
72
ပိန်းဥ အော်ကွေ့ကြည်ကတော့ အမျိုးသားရဲ့အဖွားက တရုတ်နှစ်သစ်ကူးရောက်တိုင်းလုပ်နေကြလေးပါ။ အဲ့အဖွားကတော့ အိစံရဲ့မြင်ဆရာထဲက တယောက်ပါပဲ။ သူ့ဆီကနေ အများကြီးတတ်ခဲ့ပါတယ်။ အဖွားတို့နှစ်ကူးရောက်တိုင်းလုပ်ရင် အဖိုးက ပိန်းဥတွေကို အမြဲဂျစ်နဲ့ခြစ်ပေးတယ်။ ကြည်နူးစရာလေးတခုပါပဲ။ အခုကတော့ အဖွားအမြဲလုပ်နေကြနည်းလေးပါပဲ။ ရှေးရိုးဆိုတော့ ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့အရသာရှိရှိလုပ်တဲ့နည်းလေးပါ။ လုပ်စားကြည့်နော်။ပါဝင်သောပစ္စည်းများ၁။ ပိန်းဥ - ၁၅ ကျပ်သား (သို့) ၉ အောင်စ၂။ ညက်နေအောင်ထောင်းထားသော ပုဇွန်ခြောက် - ထမင်းစားဇွန်း ၃ ဇွန်း (သို့) ၄ ဇွန်း၃။ ကော်မှုန့်(tapioca starch) - ထမင်းစားဇွန်း ၃ ဇွန်း၄။ ဆန်မှုန့်(rice flour) - ၁ ခွက် နှင့် ထမင်းစားဇွန်း ၁၀ ဇွန်း (သို့) ထမင်းစားဇွန်း ၂၆ ဇွန်း၅။ ရေ - ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း (သို့) ၄၈၀ ml၆။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)(ထမင်းစားဇွန်း = 1 tablespoon= 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)ပြုလုပ်နည်း၁။ ပိန်းဥများကို အခွံနွှာ ရေဆေးပြီး ဂျစ်ဖြင့် ခြစ်ထားပါ။၂။ ခြစ်ထားသော ပိန်းဥများကို ပါဝင်သောပစ္စည်းများ အားလုံးဖြင့် နှံ့အောင်နယ်ပါ။၃။ အော်ကွေ့ကြည်ပေါင်းမည့် ကြိုက်နှစ်သက်ရာခွက်များကို ဆီသုတ်ထားပါ။ (စတီးချို င့်ကိုလဲ အသုံးပြုနိုင်ပါသည်။)၄။ ဆီသုတ်ထားသော ခွက်များထဲသို့နယ်ထားသော ပိန်းဥများကို ထည့်ပါ။ ပိန်းဥများ ကျစ်ကျစ်လေးဖြစ်စေရန်အတွက် ခွက်ရဲ့အောက်ခြေကို အနည်းငယ်ဆောင့်ပေးပါ။၅။ ထို့နောက် ပေါင်းအိုးထဲတွင် မိနစ် ၃၀ ခန့်ထည့်ပေါင်းပါ။၆။ အော်ကွေ့ကြည်ကို ဒီအတိုင်းစားရင် ကောင်းသလို ပါးပါးလှီးရျ် ကြက်ဥဖြင့် ကပ်ကြော်ရင်လဲ စားကောင်းပါတယ်။
73
အိစံတို့အိမ်မှာတော့ အိစံအဖိုးနဲ့အိစံက ငါးအရမ်းကြိုက်ကြတာလေ။ အိမ်မှာတော့ ငါးကိုအမျိုးမျိုး အဖိုးအတွက်ချက်ပေးနေတာ။ အိစံငါးကြိုက်တာမှ အရိုးဆူးတာတရက်ကြာတာတောင် ထပ်စားသေးတာပဲ။ အဲ့လောက်ငါးကြိုက်တာ။ အခုနည်းကလဲ အိမ်မှာ ချက်နေကျ ငါးအိုုးကပ်ချက်နည်းလေးပါ။အိစံတို့အိမ်မှာတော့ ငါးသလဲထိုးနဲ့ချက်ပါတယ်။ တချို့ချက်နည်းတွေမှာက အိုးကပ်ရုံလေးလုပ်စားကြပါတယ်။ အိမ်မှာကတော့ အနှစ်ကလေးတွေနဲ့ငါးကိုတော်တော်ကပ်အောင်လုုပ်ပါတယ်။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ငါးသလဲထိုုး - ၁၅ က်ပ္သား (သိုု ့) ၉ ေအာင္စ၂။ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၃။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၄။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၅။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အစပ်ကြိုက်လျှင် ငရုတ်သီးမှုန့်ပါထည့်ပါ။)၆။ ျကက္သြန္နီ - ၁ လုုံး၇။ ခရမ်းချဉ်သီး - ၁ လုံး၈။ ကြက်သွန်ဖြူ - ၃ မွှာ၉။ ငရုတ်သီးစိမ်း - ၅ တောင့်၁၀။ နံနံပင် - ၅ ပင်၁၁။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း၁၂။ ဂျင်း - လက်တဆစ်၁၃။ ကြက်သွန်ဖြူ - ၃ မွှာ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြက်သွန်ဖြူနှင့် ဂျင်း ကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။၂။ ငါးကို သန့်စင်ပြီး ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူမှ အရည်ညှစ်ထည့်၊ မြန်မာငံပြာရည် (သို့) ယိုးဒယား ငံပြာရည်၊ သကြား (သို့) အချို မှုန့်၊ ဆနွင်း၊ အရောင်တင်မှုန့်တို့ထည့်ရျ် နယ်ထားပါ။၃။ ဆီ ကို ဒယ်အိုးတခုထဲထည့် အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်နီကို ထည့်ကြော်ပါ။ ကြက်သွန်နီ နွမ်းလာလျှင်အရည်ညှစ်ထားသောဂျင်း၊ ကြက်သွန်ဖြူထည့်ပါ။ ပြီးလျှင် ခရမ်းချဉ်သီကိုထည့်လုံးပါ။ ရေနည်းနည်းထည့်ရျ် အနှစ်ဖြစ်အောင်ချေပါ။၄။ အနှစ်ဖြစ်လာလျှင် ငါးကိုထည့်ပါ။ ငါးထည့်ပြီးလျှင် ရေအနည်းငယ်ထည့်၊ ငရုတ်သီးစိမ်းထည့်ရျ် မီးအေးအေးဖြင့် တည်ပါ။ ရေခမ်းခါနီးတွင် ငါးကိုတဖက်သို့လှန်ပါ။ ငါးနှင့် အနှစ်များ အိုးကပ်လာလျှင် ယောင်းမဖြင့် အသာလေးကော်ရျ် တဖက်သို့လှန်ရျ် နံနံပင်အုပ်ရျ် မီးဖိုပေါ်မှချပါ။၅။ အလွန်အရသာရှိသော ငါးအိုးကပ်ဟင်းကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီရှင်။
74
အိစံတို့အိမ်မှာ ချက်နေကျ ဟင်းထဲက တမျိုးပါပဲ။ မန်ကျည်းရွက်စပ်ချက် ချက်တဲ့နေ့ဆိုရင် ထမင်းအများကြီးစားပြီပဲ။ စားလို့အလွန်ကောင်းတာကိုး။ ဟင်းရဲ့မန်ကျည်းရွက်အနှစ်လေးနဲ့နယ်စားရင် စားလို့ကောင်းမှကောင်းပဲ။ ဝက်သားကိုလုံးချက်ချက်တာမို့ချက်နည်းကလဲလွယ်ကူပါတယ်။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဝက်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ မန်ကျည်းရွက် - ၅ ကျပ်သား (ပြည်ပမှာနေလျှင် ဖန်ပုလင်းနဲ့လာတဲ့မန်ကျည်းရွက် တပုလင်းကို အသုံးပြုနိုင်ပါတယ်။)၃။ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်- ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း၄။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း၅။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၇။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တဝက်၈။ ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၉။ ျကက္သြန္နီ - ၁ လုုံး၁၀။ ခရမ်းချဉ်သီး - ၁ လုံး၁၁။ ဂျင်း - အနည်းငယ်၁၂။ ကြက်သွန်ဖြူ - ၃ မွှာ(ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဝက်သားကို ကြိုက်နှစ်သက်ရာအရွယ်တုံးရျ် သန့်စင်ထားပါ။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကိုပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ နှင့် ဂျင်းကို ညက်နေအောင်ထောင်းပါ။ မန်ကျည်းရွက်များကိုလဲ သန့်စင်ထားပါ။၂။ ချက်မည့်အိုးထဲကို ဝက်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ထောင်းထားသော ကြက်သွန်ဖြူ နှင့်ဂျင်းထည့်၊ အရောင်တင်မှုန့်၊ ဆနွင်း၊ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်၊ သကြား (သို့) အချိုမှုန့်၊ ငရုတ်သီးမှုန့်၊ ဆီ တို့ကိုထည့်ရျ် နယ်ပါ။၃။ ထို့နောက် မီးဖိုပေါ်တင်ရျ် လုံးပါ။ ရေကို ဝက်သားမြုပ်အောင်ထည့်ပြီး ဝက်သား နူးခါနီးအထိတည်ပါ။၄။ အသားနူးခါနီးတွင် သန့်စင်ထားသော မန်ကျည်းရွက်များကိုထည့်ပါ။ မန်ကျည်းရွက်များ နွမ်းလျှင် အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပါ။၅။ ချဉ်ချဉ်စပ်စပ်နှင့် ထမင်းအလွန်မြိန်စေတဲ့ ဝက်သားမန်ကျည်းရွက်စပ်ချက်ကိုသုံးဆောင်နိုင်ပါပြီရှင်။
75
အစိမ်းကြော်ကြော်နည်းမေးထားလို့ရေးပေးလိုက်တယ်နော်။ အစိမ်းကြော်ကတော့ အိစံငယ်ငယ် ၆ တန်းလောက်တုန်းကတည်းက မေမေသင်ပေးထားလို့ဖေဖေ့ကိုခဏခဏကြော်ကျွေးဖူးတယ်။ အိစံရဲ့ဖေဖေက ငယ်ငယ်တုံးဘာပဲချက်ချက် ကောင်းတယ်ဆိုပြီးအားပေးတာပဲ။ အဲ့လိုကျတော့ ချက်ရတာစိတ်ချမ်းသာတယ်လေ။ အစိမ်းကြော်ကတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီးစားလို့ကောင်းတယ်။တချို့ဆိုင်တွေက ကော်ရည်ထည့်တယ်။တချို့ဆိုင်တွေကမထည့်ဘူး။ အိစံရဲ့အစိမ်းကြော်ကတော့ ကော်ရည်ထည့်ထားပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ျကက္သား (သိုု ့) ဝက္သား - ၅ က်ပ္သား၂။ ပန်းမုန်လာ(သို့) ပန်းမုန်လာအစိမ်း- လက်တဆုပ်စာ၃။ မုုန္လာဥနီ - ၁ ဥ၄။ ဂေါ်ဖီထုပ် - အနည်းငယ်၅။ ဘိုစားပဲသီးတောင့် - ၁၅ တောင့်၆။ ပဲငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း၇။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၂ ဇွန်း၉။ ကြာညို့- လက်ဖက်ရည်ဇွန်း တ ဝက်၁၀။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၁။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း၁၂။ ကော်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း မောက်မောက်၁၃။ ကြက်သွန်ဖြူ - ၂ မွှာ၁၄။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ အသားကို အတုံးအသေးလေးတွေတုံးပြီး ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း တဝက်တို့ဖြင့်နယ်ထားပါ။ အသီးအနှံများကို ကြိုက်နှစ်သက်ရာအရွယ်အစားလှီးရျ် တမျိုးစီကို သတ်သတ်ဆီထားပါ။၂။ ကော်မှုန့်ကို တရုတ်ထမင်းစားပန်းကန်ထဲထည့်ရျ် ရေအပြည့်နီးပါးထည့်ပြီး ကော်မှုန့်များ ပျော်သွားအောင်ဖျော်ထားပါ။ ပန်းကန်လုံးတခုထဲတွင် ပဲငံပြာရည်၊ သကြား(သို့) အချိုမှုန့်၊ ကြက်သားမှုန့်၊ ကြာညို့၊ ခရုဆီ တို့ကိုထည့်ရျ် သမအောင်ရောမွှေထားပါ။ ကြက်သွန်ဖြူ ကို ဓါးပြားရိုက်ထားပါ။၃။ ဒယ်အိုးထဲတွင် ဆီထည့် အပူပေး၊ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှှင်အသားများကိုထည့်ကြော်ပါ။ အသားများကျက်သွားလျှင် မာသောအသီးအနှံများ (မုန်လာဥနီ၊ပန်းမုန်လာ၊ ပန်းမုန်လာစိမ်း၊ ဘိုစားပဲသီးတောင့်တို့ကိုထည့်ရျ် ကြော်ပါ။ ရေထည့်ပြီး ခနအုပ်ထားပါ။ (အမာကြိုက်ပါက ၃ မိနစ်လောက်ပဲ အုပ်ထားပါ။ ပျော့တာကြိုက်လျှင် ၅ မိနစ်လောက်အုပ်ထားပါ။)၄။ ထို့နောက် ဂေါ်ဖီထုပ်ကို ထည့်ပါ။ ဖျော်ထားသော ပဲငပြာရည်၊သကြား၊ကြက်သားမှုန့်၊ကြာညို့၊ခရုဆီတို့ကိုထည့်ပါ။ ၂ မိနစ်လောက် အဖုံးမအုပ်တော့ပဲ မွှေပါ။ ထို့နောက် ဖျော်ထားသော ကော်မှုန့်အရည်ကို ထည့်ပါ။၅။ ကော်မှုန့်အပစ်အကျဲ ကြိုက်နှစ်သက်တဲ့ အနေအထားရောက်အောင် ရေထည့်ပါ။ ထို့နောက် မီးဖိုပေါ်မှ ချခါနီးတွင် နှမ်းဆီမွှေးကိုထည့် မွှေရျ် မီးဖိုပေါ်မှချပါ။၆။ အစိမ်းကြော်ကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီရှင်။
76
ဖိလစ်ပိုင် ဝက်သားပြားကတော့ လူကြိုက်များပြီး နာမည်ကြီးပါတယ်။ ဖိလစ်ပိုင်လူမျိုးတွေကတော့မနက်စာကို ဝက်သားပြား ဆီချက်ထမင်းနှင့် ကြက်ဥကြော်တို့နဲ့စားကြပါတယ်။ နေ့လည်စာအနေနဲ့လဲဒီဝက်သားပြားကိုစားပါတယ်။ ဝက်သားပြားရဲ့အရသာက ချိုလို့ဝက်အူချောင်းအရသာနဲ့တော်တော်တူပါတယ်။ ကလေးကော လူကြီးပါကြိုက်နှစ်သက်စေမည့်အရသာမျိုးပါ။ လုပ်စားကြည့်ရအောင်နော်။ပါဝင်ေသာပစ္စည်းများ၁။ ဝက်သား - ၅၀ သား (သို့) ၂ ပေါင်၂။ ဆား - ထမင်းစားဇွန်း ၁ ဇွန်းခွဲ၃။ သကြားအညို - ထမင်းစားဇွန်း ၁၀ ဇွန်း၄။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း၅။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း၆။ နာနတ်သီးဖျော်ရည် (သို့) ပန်းသီးဖျော်ရည် (သို့) သစ်တော်သီးဖျော်ရည် (သို့) pepsi (သို့) ကိုကာကိုလာ - ထမင်းစားဇွန်း ၄ ဇွန်း၇။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၈။ စားသောဆိုးဆေး အနီရောင် - လက်ဖက်ရည်ဇွန်း ၃ စက်၉။ ကြက်သွန်ဖြူ - ၃ မွှာ(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )ပြုလုပ်နည်း၁။ ဝက်သားကို မထူမပါလှီးပြီး ပါဝင်သောပစ္စည်းများကိုထည့်ရျ် နယ်ပါ။ ကြက်သွန်ဖြူကိုတောက်တောက်စဥ္းထားပါ။၂။ ထို့နောက် လေလုံအောင်အုပ်ရျ် ရေခဲသေတတ္တာထဲတွင် အနည်းဆုံး ၂ ရက်မှ အများဆုံး ၅ ရက်ထိထားပြီး နှပ်ထားပါ။၃။ ဝက်သားပြားများကို ချက်မည်ဆိုလျှင် ဒယ်အိုးထဲကို နှပ်ထားသော အသားများထည့် ရေကို အသားများရဲ့တဝက်မြုပ်အောင်ထည့်ရျ် တည်ပါ။ အရည်များခမ်းခါနီးတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းလောက်ထည့်ပြီး ရေခမ်းသည်အထိအသားပြားများကို ချက်ပါ။ ထို့နောက်မီးဖိုပေါ်မှချပါ။၄။ ဖိလစ်ပိုင် ဝက်သားပြားချိုချို ကိုထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ။
77
ဒီကြက်သားဟင်းလေးကတော့ အနံ့အတွက် စပါးလင်၊ အငံအတွက် ငပိ၊ အစပ်အတွက် ငရုတ်သီးမှုန့်၊ အချဉ်အတွက် မန်ကျည်းမှည့်အနှစ်တို့ကိုသုံးထားတဲ့ အတွက် အစပ်အဟတ်အလွန်တည့်ပြီး ထမင်းမြိန်စေတဲ့ဟင်းလေးတခွက်ပါပဲ။ ကြက်သားကို အသားချည်းပဲ အတုံးအသေးလေးတွေတုံးပြီးချက်နိုင်သလို။ အရိုးနှင့် အသား ခပ်ကြီးကြီးတုံးပြီးချက်ရင်လဲ အဆင်ပြေပါတယ်။ ဒီဟင်းလေးက တကယ်ကိုစားလို့ကောင်းလို့ချက်စားကြည့်ဖို့မမေ့နဲ့နော်။ပါဝင်သောပစ္စည်းများ၁။ ကြက်သား - ၅၀ သား (သို့) ၂ ပေါင်၂။ စပါးလင် - ၁ ချောင်း၃။ ကြက်သွန်ဖြူ - ၃ မွှာ၄။ ဂျင်း - လက်တဆစ်၅။ ျကက္သြန္နီ - ၁ လုုံး၆။ ငပိ - လက်ဖက်ရည်ဇွန်း တ ဝက်၇။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၈။ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်း၉။ မန်ကျည်းမှည့် အနှစ် - ထမင်းစားဇွန်း ၂ ဇွန်း၁၀။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၁။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၁၂။ ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၁၃။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် စပါးလင်တို့ကို ညက်နေအောင်ထောင်းပါ။ ကြက်သားကို ကြိုက်နှစ်သက်ရာ အရွယ်တုံးထားပါ။ ငပိကိုရေ နည်းနည်းဖြင့်ဖျော်ထားပါ။၂။ တုံးထားသော ကြက်သားများကို ငံပြာရည်၊ သကြား(သို့) အချိုမှုန့် ၊ ဆနွင်း၊ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်တို့ဖြင့် နယ်ထားပါ။၃။ အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ထောင်းထားသော အရာများကိုထည့်ရျ် ဆီသတ်ပါ။ မွှေးလာလျှင် နယ်ထားသော ကြက်သားများကိုထည့်လုံးပါ။ အရည်ဖျော်ထားသော ငပိကိုထည့်ပါ။ ရေကိုကြက်သားမြုပ်အောင်ထည့်ပြီး ကြက်သားများ နူးတဲ့အထိတည်ပါ။ ရေတဝက်လောက်ခမ်းလျှင်မန်ကျည်းမှည့် အနှစ်ကိုထည့်ရျ် ရေလည်ဆီလည်ဖြစ်လာသည်အထိတည်ပါ။၄။ အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပါ။၅။ အနံ့မွှေးမွှေး ချဉ်ငံစပ် ကြက်သားဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။
78
ကြက်ခြေထောက်စွပ်ပြုတ်ကတော့အိစံအရမ်းကြိုက်တဲ့အစာတွေထဲကတခုပါပဲ။ ကြက်ခြေထောက်ကိုက်ရတာလဲ ဘယ်လိုအရသာရှိမှန်းကိုမသိဘူး။ ဟင်းရည်လေးကလဲမွှေးမွှေးလေးနဲ့သောက်လို့ကောင်းမှကောင်း။ ဒီလိုမျိုး အနံ့မွှေးမွှေး သောက်လို့ကောင်းပြီး စားလို့လဲကောင်းတဲ့ကြက်ခြေထောက်စွပ်ပြုတ်ကိုလုပ်စားရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြက်ခြေထောက် - ၅၀ သား (သို့) ၂ ပေါင်၂။ နံနတ်ပွင့် - ၂ ခု၃။ နံနံပင္အရိုုး - ၁၀ ခုု၄။ ကြက်သွန်ဖြူ - ၃ မွှာ၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၇။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း၈။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း၉။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၀။ ရှာလကာရည် (vinegar) - ထမင်းစားဇွန်း ၄ ဇွန်း၁၁။ ဂျင်း - လက်တဆစ်၁၂။ ငရုတ်ကောင်း - အနည်းငယ်၁၃။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - အနည်းငယ်( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ဂျင်းကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။၂။ အိုးကြီးကြီးတခုထဲကို ရေများများထည့်ပြီး ဆူလာအောင်တည်ထားပါ။၃။ ရေနွေးအိုး တည်ထားတုံးမှာ ကြက်ခြေထောက်ရဲ့ခြေသည်းများကို ကပ်ကျေးဖြင့် ညှပ်ရျ် သန့်စင်ထားပါ။၄။ ရေနွေးအိုးပွက်လာလျှင် ရှာလကာရည်နှင့် ပါးပါးလှီးထားသော ဂျင်းတို့ကိုထည့်ရျ် ၅ မိနစ်ခန့်တည်ထားပါ။ ပြီးလျှင် သန့်စင်ထားသော ကြက်ခြေထောက်များကို အိုးထဲထည့်ရျ် မီးဖိုပေါ်မှချပါ။ ကြက်ခြေထောက်များကို အိုးထဲတွင် ၁၀ မိနစ်ခန့်ထားပါ။ ပြီးလျှင် ရေအေးဖြင့် ပြန်ဆေးပါ။ (တချို့ကြက်ခြေထောက်တွေက အနံ့နံတတ်လို့မနံအောင်လုပ်တာပါ။)၅။ ဟင်းရည်လုပ်မည့်အိုးထဲကိုု ရေများများထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာလျှင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ နှင့် နံနတ်ပွင့်၊ နံနံပင်အရိုးတို့ကိုထည့်ပါ။ ၅ မိနစ်လောက်နေလျှင် ကြက်ခြေထောက်များကိုထည့်ပါ။ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်အကျဲတို့ကိုထည့်ရျ် ကြက်ခြေထောက်များ နူးအိလာသည်အထိတည်ပါ။ ရေလျော့သွားလျှင် ထပ်ထပ်ဖြည့်ပေးပါ။(၁ နာရီမှ ၂ နာရီလောက်ထိကြာတတ်ပါတယ်။)၆။ ကြက်ခြေထောက်များ နူးအိလာလျှင် ခရုဆီကိုထည့်ရျ် အသာလေးမွှေပါ။ အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပါ။၇။ ကြက်ခြေထောက်စွပ်ပြုတ်ကို ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မြိတ်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်။
79
ကိုရီးယားပဲခေါက်ဆွဲနည်းကို မေးတဲ့သူများပေမယ့် အခုမှရေးဖြစ်တော့တယ်။ တကယ်ကတော့ ပဲခေါက်ဆွဲလုပ်နည်းကလွယ်ကူပါတယ်။ ကိုရီးယားပဲခေါက်ဆွဲကတော့ ချိုချိုလေးနဲ့စားလို့ကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဂျုံခေါက်ဆွဲအစို - ၂၀ သား (သို့) ၁၃ အောင်ဆ၂။ ပဲငပိအချိုအနှစ် (black bean paste) - ထမင်းစားဇွန်း ၅ ဇွန်း (အနှစ်ကို အလွယ်တကူဝယ်လို့မရလျှင် ပဲငပိအချို ထမင်းစားဇွန်း ၅ ဇွန်းကို ကြိတ်ထားပါ။)၃။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း၄။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၅။ ဟင်းချက်ဝိုင် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၆။ ကြက်သား (သို့ ) ၀က်သား - ၅ ကျပ်သား၇။ အာလူး - ၁ လုံး၈။ ကြက်သွန်နီ - ၁ ဥ၉။ မုန်လာဥနီ - ၁ ဥ၁၀။ ကော်မှုန့်(သို့) ပြောင်းဖူးမှုန့်-ထမင်းစားဇွန်း ၁ ဇွန်း၁၁။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း၁၂။ ေရ -240 ml(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )ပြုလုပ်နည်း၁။ အသား၊ အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီများကို အတုံးအသေးလေးတွေတုံးထားပါ။ အသားတုံးကို ဆားနည်းနည်း (ပါတယ်ဆိုရုံ) ၊ ဟင်းချက်ဆန်ဝိုင်ဖြင့် နယ်ထားပါ။ ကော်မှုန့်ကို ရေနည်းနည်းနဲ့ပျော်အောင်ဖျော်ထားပါ။၂။ ဂျုံခေါက်ဆွဲအစိုကို ရေနွေးဖျောထားပါ။ မာလျှင် အနည်းငယ်ပြုတ်ရျ် ရေစစ်ထားပါ။၃။ ဒယ်အိုးတခုထဲကို ဆီထမင်းစားဇွန်း ၁ ဇွန်းထည့်အပူပေး ၊ ဆီပူလာလျှင် အသားများကို ထည့်ကြော်ပါ။ အသားများကျက်လာလျှင် မုန်လာဥနီ နှင့် အာလူးကိုထည့်ကြော်ပါ။ ရေနည်းနည်းထည့်ပါ။ မုန်လာဥနီနှင့် အာလူးအိလာလျှင် ကြက်သွန်နီထည့်ကြော်ပါ။ ၂ မိနစ်လောက်နေလျှင် မီးပိတ်ထားလိုက်ပါ။၄။ အခြားအိုးတခုတွင် ဆီထမင်းစားဇွန်း ၂ ဇွန်းကိုထည့်အပူူပေးပါ။ ဆီပူလာလျှင် ပဲငပိအချိုကိုမွှေးလာအောင်ဆီသတ်ပါ။ သကြားနှင့် ခရုဆီထည့်ပါ။ ထို့နောက်မီးဖိုပေါ်ကချပါ။၅။ ဆီသတ်ထားသော ပဲငပိများကို အသားနှင့် အသီးအနှံ့ကြော်ထားတဲ့အထဲထည့်ပါ။ ပဲငပိအိုးထဲကို ရေ ထည့်ကျင်းပြီး အသီးအနှံ့ဒယ်အိုးထဲသို့လောင်းထည့်ပါ။ ၄ မိနစ်လောက်တည်ပြီးလျှှင် ဖျော်ထားသော ကော်မှုန့်အရည်များကို လောင်းထည့်ပါ။ ပွက်ပြီး ပျစ်လာလျှင် အပေါ့အငံမြည်းရျ် မီးဖိုပေါ်မှချပါ။၆။ ပဲခေါက်ဆွဲ စားရန် အတွက် ဂျုံခေါက်ဆွဲကို အရင်ထည့်၊ ပဲအနှစ်ရည်များကို အပေါ်ကထည့်ပြီး နယ်ရျ် သုံးဆောင်နိုင်ပါသည်။ (သခွားသီးအမျှင်လေးများနှင့်လဲတွဲရျ်သုံးဆောင်နိုင်ပါသည်။)
80
ကိုရီးယား ကြက်သားအစပ်ကင်ကတော့ ကိုရီးယားအကင်တွေထဲမှာ နာမည်ကြီးတဲ့ တခုပါပဲ။ အစပ်လေးပါတော့ မြန်မာအကြိုက်လေးပေါ့နော်။မကပ်တဲ့ ဒယ်အိုးပေါ်မှလဲကင်လို့ရပြီး လုပ်နည်းကတော့ မခက်ပဲလွယ်ကူလို့လုပ်စားကြည့်ရအောင်နော်ပါဝင်သောပစ္စည်းများ၁။ ကြက်သား အသားချည်း - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ကိုရီးယား ငရုတ်သီးမှုန့်(korean red chili pepper flakes)- ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ကိုရီးယားငရုတ်သီးမှုန့်ကအစပ်မဟုတ်ပါ။ ကိုရီးယားငရုတ်သီးမှုန့်မရှိလျှင် အရောင်တင်မှုန့်ကို အသုံးပြုနိုင်ပါတယ်။)၃။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၄။ ပျားရည် - ထမင်းစားဇွန်း ၁ ဇွန်း၅။ ဟင်းချက်ဆန်ဝိုင် - ထမင်းစားဇွန်း ၁ ဇွန်း၆။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်းခွဲ၇။ ကိုရီးယား ငရုတ်သီးအနှစ် (koread red chili pepper paste) - ထမင်းစားဇွန်း ၁ ဇွန်း၈။ ပန်းသီးဖျော်ရည် (သို့) သစ်တော်သီးဖျော်ရည် (သို့) နာနတ်သီးဖျော်ရည် - ထမင်းစားဇွန်း ၂ ဇွန်း၉။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၀။ ကြက်သွန်ဖြူ - ၂ မွှာ၁၁။ ဂျင်း အနည်းငယ်၁၂။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၃။ ျကက္သြန္နီ - တလုုံးရဲ ့ေလးပုုံတပုုံ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ အသားကို ၁ စင်တီမီတာ အထူလောက်အသားလွှာလေးတွေလှှီးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းတို့ကို နှုတ်နှတ်စဉ်းထားပါ။၂။ ကြက်သားများကို နှုတ်နှုတ်စဉ်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် အခြားပါဝင်သောပစ္စည်းများအားလုံးကိုထည့်ပြီး နယ်ပါ။ အနည်းဆုံး ၄ နာရီခန့်နှပ်ထားပါ။ (တညနှပ်လျှင် ပိုကောင်းပါတယ်။)၃။ လှိုင်းတွန့်ပါသော ဒယ်အိုး (သို့) မကပ်သော ဒယ်အိုးကို ဆီသုတ်ရျ် နှပ်ထားသော အသားများကို ကင်ပါ။ အသားများကိုကင်ရာတွင် တလွှာဆီကင်ပါ။ အသားများအကုန်လုံးတခါထဲမထည့် အပြုံလိုက်မထည့်ပါနဲ့။
81
တရုတ် အသားအငံချက် (အချိုချက်)ကတော့ လူကြိုက်များတဲ့ဟင်းဖြစ်ပြီး လွယ်လွယ်ကူကူနဲ့အချိန်ကုန်သက်သာချက်လို့ရတဲ့နည်းပါ။ ဝက်သားနဲ့ချက်မည်ဆိုလျှင်တော့ အချိန်နည်းနည်းကြာပါတယ်။ ကြက်သားဆိုလျှင်တော့ မြန်ပါတယ်။ ပြုလုပ်နည်းကလဲလွယ်ကူလို့လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ကြက်သား (သို့) ဝက်သား - ၅၀ သား (သို့) ၂ ပေါင်၂။ ပဲငံပြာရည် အကြည် (အကျဲ) - ထမင်းစားဇွန်း ၄ ဇွန်း၃။ ဟင်းချက်ဆန်ဝိုင် - ထမင်းစားဇွန်း ၂ ဇွန်း၄။ သကြားအညို - ထမင်းစားဇွန်း ၄ ဇွန်း (သကြားအညိုမရှိလျှင်အဖြူကို အသုံးပြုနိုင်ပါသည်။)၅။ ေရ - ၁ လီတာ၆။ ပဲငံပြာရည်အနောက် (အပျစ်) - ထမင်းစားဇွန်း ၁ ဇွန်းခွဲ၇။ ကြက်သွန်မြိတ် - ၅ ပင်၈။ ဂျင်း - လက်တဆစ်(တချို့က မှိုခြောက်၊ ပဲပြားခြောက်၊ ကြွက်နားရွက်မှိုခြောက်တို့ကိုထည့်ပါတယ်။ ကြိုက်နှစ်သက်လျှင် ထည့်ပါ။)(ထမင်းစားဇွန်း = 1 tablespoon = 15 ml)ပြုလုပ်နည်း၁။ အသားများကို သန့်စင်အောင်ဆေးထားပါ။ ကြက်သွန်မြိတ်ကို ၂ ပိုင်းပိုင်းထားပါ။ ဂျင်းကို အပြားလိုက်လှီးထားပါ။၂။ အိုးတခုထဲကို အသား၊ ဂျင်း၊ ကြက်သွန်မြိတ်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက် တို့ကိုထည့်၊ မီးဖိုပေါ်တင်ရျ် လုံးပါ။ အသားများ အညိုရောင်သန်းလာသည်အထိလုံးပါ။၃။ ထို့နောက် ရေထည့်ပြီးတည်ပါ။ (ကြက်သားဆိုလျှင် မီးပြင်းပြင်းဖြင့်ချက်ပါ။ ဝက်သားဆိုလျှင် ပွက်လာအောင်အရင်တည်၊ ပွက်လာလျှင် မီးအေးအေးကိုပြောင်းပြီး အသားများနူးအိလာသည်အထိအနည်းဆုံး ၂ နာရီလောက်တည်ပါ။)၄။ လိုချင်သော အရည်အနေအထားကျန်လျှင် အပေါ့အငံမြည်းရျ်မီးဖိုပေါ်မှချပါ။ ထမင်းပူပူလေးဖြင့်သုံးဆောင်နိုင်ပါပြီ။
82
အခုဖြည့်စွက်စာလေးကတော့ ထမင်းကို ချိစ်လေးနဲ့လုပ်ထားပါတယ်။ အိမ်ကသားသားကတော့ အရမ်းကြိုက်တယ်။ အခြားကလေးတွေလဲ ကြိုက်ကြမယ်ထင်ပါတယ်။ ပုံထဲမှာ ပြထားသလိုမျိုးကတော့ မကြိတ်ပဲနဲ့ကျွေးတဲ့နည်းပါ။ ၉ လနဲ့အထက်ကို မကြိတ်ပဲကျွေးလို့ရပါပြီ။ ၉ လနဲ့အောက်ကိုတော့ အခုနည်းလေးနဲ့ကို ကြိတ်ပြီးကျွေးပါ။ ဒီနည်းလေးမှာ ကလေးတွေအတွက် သင့်တော်တဲ့ မုန်လာဥနီ၊ ရွှေပဲသီးတို့ကိုထည့်ထားပါတယ်။ချက်ကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ (၂ ခါ - ၃ ခါစာ)၁။ ဆန် - ထမင်းစားဇွန်း ၂ ဇွန်း၂။ မုုန္လာဥနီ - ၁ ဥ၃။ ရွှေပဲသီး - ၁၀ ခု၄။ ချိစ်အမျှင် (cheddar cheese) - လက်တဆုပ်စာပြုလုပ်နည်း၁။ ဆန်ကိုရေဆေးပြီး ရေထည့်ရျ် ပွက်အောင်တည်ပါ။၂။ ဆန်ကိုတည်ထားတုံးမှာ မုန်လာဥနီကို သေးသေးအတုံးလေးတွေတုံးပါ။ရွှေပဲသီးကို ပါးပါးလေးတွေလှီးပါ။ ပြီးလျှင် ဆန်တည်ထားသော အိုးထဲကိုထည့်ပါ။၃။ ဆန်များနူးအိလာပြီး ဆန်လုံးများကြေသွားသည်အထိတည္ပါ။၄။ ဆန်လုံးများကြေသွားလျှင် ရေခမ်းခါနီးအထိတည်ပါ။ ရေခမ်းခါနီးတွင် ချိစ်များကိုထည့်ပြီး မီးဖိုပိတ်လိုက်ပါ။ ချိစ်များထည့်ပြီးလျှင် သမသွားအောင် ဇွန်းဖြင့်မွှေပေးပါ။၅။ ကလေးများအတွက် ချိစ်ထမင်းကို အအေးခံပြီး နွေးနွေးလေးအနေအထားတွင်ကျွေးနိုင်ပါပြီရှင်။ (၉ လအောက်ကလေးများအတွက်ဆိုလျှင် ကြိတ်စက်ထဲထည့်ကြိတ်ပြီးမှေကြ်းပါ။)
83
အခုအသီးပေါင်းနည်းကတော့ ၉ လအထက်ကလေးတွေနှင့် သွားမကောင်းတဲ့သက်ကြီးရွယ်အိုတွေအတွက် သင့်တော်တဲ့ အသီးပေါင်းနည်းလေးပါ။ မာတဲ့အသီးလေးတွေအစုံထည့်ပေါင်းလို့ရပြီး ဒိန်ချဉ်နဲ့တွဲစားလို့လဲသင့်တော်ပါတယ်။ပါဝင်သောပစ္စည်းများ၁။ ပန်းသီး - ၁ လုံး၂။ သစ်တော်သီး - ၁ လုံး၃။ မက်မွန်သီး - ၁ လုံး (မရှိလျှင် မထည့်လဲရပါ။)ပြုလုပ်နည်း၁။ အသီးများကို အခွံနွှာသန့်စင်ပြီး အတုံးသေးသေးလေးတွေတုံးပါ။ပြီးလျှင် ပေါင်းအိုးထဲမှာထည့်ရျ် နာရီဝက်၊ တနာရီခန့်ပေါင်းပါ။၂။ အသီးပေါင်းများကို ဒိန်ချဉ်နဲ့တွဲစားရင်လဲအရမ်းသင့်တော်ပါတယ်။
84
တောင်အော်ရွက်ကို ဟော့ပေါ့ထဲထည့်စားရင်ကောင်းသလို သုပ်စားရင်လဲ အရမ်းစားကောင်းပါတယ်။ အိစံတို့အိမ်မှာတော့ ခဏခဏသုပ်စားဖြစ်ပါတယ်။ တခါတလေကျရင် ကြက်သွန်နီ ခရမ်းချဉ်သီးထည့်သုပ်ပြီး တခါတလေကျ အရွက်ချည်းသတ်သတ်သုပ်ပါတယ်။ ၂မျိုးလုံးကတော့ စားကောင်းပါတယ်။ လုပ်နည်းကလဲလွယ်တာမို့သုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ တောင်အော်ရွက် - လက် ၂ဆုပ်စာ ၁ စည်း၂။ ကြက်သွန်နီ - ၁ ခြမ်း၃။ ခရမ်းချဉ်သီး - ၁ ခြမ်း၄။ မြေပဲထောင်း - ထမင်းစားဇွန်း ၂ ဇွန်း၅။ မြန်မာငံပြာရည် (သို့) ယိုးဒယား ငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း၆။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၇။ သံပုရာသီး - ၁ ခြမ်း(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )ပြုလုပ်နည်း၁။ တောင်အော်ရွက်ကို မာသောအရိုးပိုင်းများကိုဖယ်ရျ် ရေဆေးသန့်စင်ထားပါ။ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။၂။ ရေနွေးအိုးတည်ရျ် ပွက်လာလျှင် တောင်အော်ရွက်များကိုထည့်ရျ် ၁ မိနစ်ထားပါ။ ထို့နောက် ရေနွေးအိုးမှ အရွကများကို ပြန်ဆယ်ပြီး ရေအေးဖြင့် ပြန်ဆေးပါ။ ပြီးလျှှင် ရေစစ်ထားပါ။၃။ ဇလုံတခုထဲကို ရေစစ်ထားသော တောင်အော်ရွက်များကိုထည့်၊ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မြေပဲထောင်း၊ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်၊ သကြား(သို့) အချိုမှုန့်၊ သံပုရာရည်တို့ဖြင့် သုပ်ပါ။ အလွန်စားလို့ကောင်းတဲ့တောင်အော်ရွက်သုပ်ကို သုံးဆောင်နိုင်ပါပြီ။
85
အိစံတို့ဒီနိုင်ငံရဲ့အိမ်ရှေ့မှာ ကိုယ်တွေလို မြန်မာအိမ်ရှိပါတယ်။ အဲ့အိမ်က ညီမက မြန်မာဟင်းတွေချက်ပြီး ချိုင့်ဆွဲသဘောမျိုးရောင်းတယ်။ တခါတလေမှဝယ်စားချင်လဲ တပွဲစီ ရောင်းပေးတယ်။ ပြောပြချင်တာက အခုနည်းလေးက သူချက်တဲ့နည်းလေးပါ။ အဲ့ညီမ လက်ရာနှင့် စေတနာက အရမ်းကောင်းတော့ စားတဲ့သူတော်တောများတယ်။ အိစံတရက်က ဟင်းမချက်လို့သူ့ဆီက ဝယ်စားတာ ဒီဟင်းလေးပါလာတယ်။ စားလို့တော်တော်ကောင်းလို့လိုက်ချက်ကြည့်တာ အရမ်းလွယ်တယ်။ အရမ်းလွယ်တော့ ခဏခဏချက်ဖြစ်တာပေါ့နော်။ အခုလဲ လွယ်ကူတဲ့နည်းလေးကို အကုန်လုံးသိရအောင်လို့ရေးပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ခရမ်းသီး - ၂ လုံး၂။ ျကက္သြန္နီ - ၁ လုုံး၃။ ပုဇွန်ခြောက်မှုန့်- ထမင်းစားဇွန်း ၃ ဇွန်း၄။ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း၅။ ဆီ - ထမင်းစားဇွန်း ၁၀ ဇွန်း၆။ ဆနွင်း - လက်ဖက်ရည်ဇွန်း တ ဝက်(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )ပြုလုပ်နည်း၁။ ခရမ်းသီးကို သန့်စင်ပြီး အတုံးတုံးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။၂။ ဒယ်အိုးထဲကို ဆီထည့် အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်နီကို ထည့်ကြော်ပါ။ ကြက်သွန်နီများနွမ်းလာလျှင်ဆနွင်းကိုထည့်မွှေပါ။၃။ ထို့နောက် ခရမ်းသီးများကိုထည့်၊ ပုဇွန်ခြောက်ကိုထည့်ပြီး လုံးပါ။ ရေကို ခရမ်းသီးမြုပ်အောင်ထည့်ပြီးမီးအေးအေးဖြင့် ဆီပြန်လာသည်အထိနှပ်ပါ။၄။ ဆီပြန်လာလျှင် မီးဖိုပေါ်မှချရျ် သုံးဆောင်နိုင်ပါပြီ။
86
မလိုင်လုံးဆိမ့်ဆိမ့်နွားနို့စိမ်ထားတဲ့ မလိုင်လုံးဆိမ့်ဆိမ့်လေးေတွကိုတော့ အချိုကြောက်တဲ့သူများ အလွန်ကြိုက်ကြပါတယ်။ မလိုင်လုံးဆိုင်တွေမှာ ရောင်းရတဲ့ မလိုင်လုံးတမျိုးလဲဖြစ်ပါတယ်။ အရင်တခါတင်ဖူးတဲ့ မလိုင်လုံးနဲ့တူပေမယ့် သူကသိပ်ပြီးတော့ အချိုရည်ထဲမပြုတ်ရပဲ အိအိလေးစားရတာပါ။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ နွားနို့- ၂ လီတာ နှင့် ၂၄၀ ml၂။ ရှာလကာရည် - ထမင်းစားဇွန်း ၁ ဇွန်း (တချို့ကသံပုရာရည်ကိုသုံးပါတယ်။ သံပုုရာရည္က သံပုုရာအနံ ့ပါတတ္လိုု ့အိစံကမသုုံးပါဘူး။)၃။ သကြား - ၁ ခွက် ခွဲ၄။ ရေ - ၁ ခွက်(၁ ခွက် = 240ml = ၇ိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)( ထမင်းစားဇွန်း = 1 tablespoon = 15 ml)ပြုလုပ်နည်း၁။ နွားနို့၂ လီတာ ကို ဆူအောင်တည်ပါ။ ဆူလျှင် ရှာလကာရည် ကိုထည့်ပါ။ မွှေရျ် ဆက်တည်ပါ။ အဆက်မပျက်မွှေလျှင် မလိုင်ဖတ်နှင့်အရည်ကြည်ကွဲထွက်လာပါလိမ့်မည်။ အဲအချိန်ကျလျှင် မီးဖိုပေါ်မှချပါ။၂။ မလိုင်ဖတ်စစ်ရန်အတွက် အဝတ်ပါးတခုကို အိုးတခုပေါ်မှာတင်ထားပါ။ ထို့နောက် ကျိုထားသော အရည်များကို အဝတ်ပေါ်လောင်းချပါ။ အရည်စစ်ပါ။ အေးသွားလျှင် မလိုင်ဖတ်မှအရည်များကိုညှစ်ချပါ။ (အရည်များကို မသွန်ပစ်ပါနဲ့။ ဟင်းချက်ရာတွင်ထည့်လျှင် ဟင်းအရသာစိမ့်စိမ့်လေးဖြစ်ေစရန်အတွက် အသုံးပြုလို့ရပါတယ်။)၃။ မလိုင်ဖတ်မှ အရည်များကုန်လျှင် မလိုင်ဖတ်များကို ဇလုံတခုထဲထည့်ရျ် နူးညံ့လာအောင်လက်ဖြင့် ဖိရျ် နယ်ပါ။ ထို့နောက် အလုံးများဖြစ်အောင်လုံးထားပါ။၄။ ကျန်သော နွားနို့၂၄၀ ml ကို ပွက်အောင်တည်ပြီး အအေးခံထားပါ။၅။ သကြားရည် လုပ်ရန် အတွက် အိုးတခုထဲတွင် ရေနှင့် သကြားကို ထည့်ရျ် သကြား အရည်ပျော်လာပြီး ပွက်လာသည်အထိတည်ပါ။ လုံးထားသော မလိုင်လုံးများကို သကြားရည်အိုးထဲထည့်ရျ် ၁၀ မိနစ်ခန့်ထည့်ပြုတ်ပါ။ (အကြာကြီးပြုတ်လျှင် မလိုင်လုံးများမာသွားတတ်ပါတယ်။)၆။ ထို့နောက်မလိုင်လုံးများကိုသကြားရည်အိုးထဲမှ ဆယ်ပြီး အအေးခံထားသော နွားနို့ထဲကို စိမ်ထားပါ။ မလိုင်လုံးအေးသည်အထိအပြင်မှာထားပြီးအေးသွားလျှင် ပုလင်းအသန့်ထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲထည့်ပြီး ၁ ပတ်လောက်ထားလို့ရပါတယ်။၇။ မလိုင်လုံးဆိမ့်ဆိမ့်လေးကိုသုံးဆောင်နိုင်ပါပြီရှင်။
87
ငရုတ်ပွ ငါးဖယ်အစာသွပ်ကင်အကင်ဆိုင်တွေမှာရောင်းတဲ့ ငရုတ်ပွအစာသွပ်ကင်လေးပါ။ ငရုတ်ပွကို ကင်ထားတဲ့ အနံ့မွှေးမွှေးလေးနဲ့အတွင်းက ငါးဖယ်လေးက အရမ်းကို အရသာရှိပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ငရုုတ္ပြ - ၁၀ သား၂။ ငါးဖယ် - ၁၀ သား၃။ ကြက်သွန်မြိတ် - ၁ ပင်၄။ ခြစ်ထားသော မုန်လာဥနီ - အနည်းငယ်၅။ ငရုတ်ကောင်း - အနည်းငယ်၆။ ဆီသုတ်ရန် အတွက် တရုတ်မ ငရုတ်သီးဆီချက်ပြုလုပ်နည်း၁။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ငရုတ်ပွကို ပုံမပျက် အစေ့ထုတ်ထားပါ။၂။ ငါးဖယ်ကို လှီးထားသော ကြက်သွန်မြိတ်၊ ခြစ်ထားသော မုန်လာဥနီ၊ ငရုတ်ကောင်းတို့ဖြင့် သမအောင်နယ်ပါ။၃။ အစေ့ထုတ်ထားသော ငရုတ်ပွထဲကို ငါးဖယ်များအစာသွပ်ပါ။၄။ ထို့နောက် မီးဖိုပေါ်တွင် ငရုတ်ပွကို ဆီသုတ်ရျ်ကင်ပါ။၅။ အနံ့မွှေးမွှေးနဲ့ငရုတ်ပွ ငါးဖယ်အစာသွပ်ကင်ကို သုံးဆောင်နိုင်ပါပြီ။
88
ဆိတ်ရိုးစွပ်ပြုတ် (သို့) ဆိတ်စွပ်ပြုတ်ဆိတ်ရိုးစွပ်ပြုတ်ကို အနံ့မွှေးမွှေးလေးနဲ့သောက်လို့အလွန်ကောင်းတဲ့နည်းလေးရေးေပးလိုက်ပါတယ်။ အိစံတို့ဆီမှာကတော့ ပလွေရိုးလေးတွေမရှိတော့ ရတဲ့အရိုးနဲ့ပဲချက်ထားပါတယ်။ အားလဲရှိ သောက်လို့လဲကောင်းတဲ့ ဆိတ်ရိုးစွပ်ပြုတ်ကို လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ၁။ ဆိတ်ရိုး (ပလေရိုး) - ၅၀ သား၂။ ေရ - ၅ လီတာ၃။ ကရဝေးရွက် - ၃ ရွက်၄။ သစ်ကြမ်းပိုးခေါက် -၁ ခု၅။ ဖာလာစေ့ - ၃ ခု၆။ လေးညှင်းပွင့် - ၃ ခု၇။ ဇီယာစေ့ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၈။ ပျဉ်းတော်သိမ်းရွက် - ၁၀ ရွက်၉။ မဆလာ - လက်ဖက်ရည်ဇွန်း တ ဝက်၁၀။ ကြက်သွန်နီကြော် - လက်တဆုပ်စာ၁၁။ ကြက်သွန်ဖြူ - ၃ မွှာ၁၂။ ဂျင်း - လက်တဆစ်၁၃။ ကြက်သွန်နီ - ၁ ခြမ်း၁၄။ ပဲမှုန့်အစိမ်း - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း၁၅။ ဆနွင်း - လက်ဖက်ရည်ဇွန်း တ ဝက်၁၆။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၇။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း၁၈။ ရှာလကာရည် - ၅ ဇွန်း၁၉။ ဆား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း၂၀။ သကြား - လက်ဖက်ရည်ဇွန်း ၄ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ အရိုးများကို ရေဖြင့် ၃ ခါဆေးပါ။ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ညက်နေအောင်ထောင်းထားပါ။၂။ ရေဆေးထားသော အရိုးများကို ရှာလကာရည် ၊ ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့မှာ အရည်များ ညှစ်ချပြီး နယ်ရျ် အနည်းဆုံး ၁ နာရီခန့်နှပ်ထားပါ။ (အညှီအနံ့များပျောက်အောင်လို့ပါ။) (အရည်ညှစ်ထားသော ဂျင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို မလွှင့်ပစ်ပါနဲ့)၃။ နှပ်ထားသော အရိုးများကို ရေအေးဖြင့် ၃ ခါလောက် ပြန်ဆေးပါ။၄။ အိုးကြီးကြီးတခုထဲမှာ ရေထည့်ပြီး ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ဆေးထားသော အရိုးများကိုထည့်ရျ် တည်ပါ။ အရိုးများထည့်ပြီး ပွက်လာလျှင် ၁၀ မိနစ်လောက်ထားလျှင် အညစ်အကြေးများထွက်လာပါလိမ့်မည်။ ထို့နောက် မီးဖိုပေါ်မှချပြီး အရိုးကိုလဲ ရေအေးအေးဖြင့် အညစ်အကြေးများစင်သွားအောင်ေဆးပါ။ တည်ထားသော အိုးကိုလဲဆေးပါ။၅။ စွပ်ပြုတ်လုပ်မည့်အိုးထဲကို ဆီ ထည့်၊ ဆီပူလာလျှင် ကရဝေးရွက်၊ သစ်ကြမ်းပိုးခေါက်၊ ဖာလာစေ့၊ ဇီယာစေ့၊ ဆနွင်း၊ အရောင်တင်မှုန့်၊ အရည်ညှစ်ထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုထည့်ရျ် ဆီသတ်ပါ။ မွှေးလာလျှင် ရေဆေးထားသော အရိုးများကိုထည့်ရျ်လုံးပါ။ ထို့နောက် ရေ ၅ လီတာကိုထည့်ရျ်တည်ပါ။ ဆား နှင့် သကြားကိုထည့်ပါ။၆။ ပဲမှုန့်အစိမ်းကို ရေဖြင့် ပျော်အောင်ဖျော်ထားပါ။ စွပ်ပြုတ်အိုးပွက်လာလျှင် ဖျော်ထားသော ပဲမှုန့်အစိမ်းများကိုထည့်ပါ။ (ဖျော်ထားသောပဲမှုန့်များကိုထည့်ရာတွင် ဇကာအစိတ်တခုကိုခံရျ် ထည့်ပါ။ ပဲမှုန့်အခဲလေးများ ဇကာပေါ်ကျန်နေခဲ့လျှင် ရေနည်းနည်းလောင်းရျ် ဖိခြေပြီး အိုးထဲထည့်ပါ။)၇။ စွပ်ပြုတ်အိုးကို ၁ နာရီလောက် မီးအေးအေးဖြင့် တည်ပါ။ အိုးထဲမှာရေလျော့သွားလျှင်ထပ်ထပ်ဖြည့်ပေးပါ။ ထို့နောက် ကရဝေးရွက်များကိုထည့်ပါ။ ပဲစိမ်းနံ့များပျောက်သွားလျှင် မီးဖိုပေါ်မှချလို့ရပါပြီ။ မီးဖိုပေါ်မှချခါနီးတွင် မဆာလာထည့်ရျ် မွှေပြီး မီးဖိုပေါ်မှချပါ။၈။ အနံ့မွှေးမွှေး အရသာရှိရှိ ဆိတ်စွပ်ပြုတ်ကို ကြက်သွန်နီကြော်လေးဖြူးရျ် သုံးဆောင်နိုင်ပါပြီ။
89
ေကြ ့တီယိုုကွေ့တီယို ပြုလုပ်နည်းကို မေးထားတဲ့သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုက်ပါတယ်။ ကွေ့တီယိုကတော့ လူကြိုက်များတဲ့ ခေါက်ဆွဲတမျိုးပါပဲ။ ပြုလုပ်ရတာလွယ်ကူသလို စားလို့လဲကောင်းပါတယ်။ ထိုင်းဆိုင်တွေမှာ သွားစားရင် ကွေ့တီယိုကို ကိုယ်ကြိုက်နှစ်သက်ရာ ခေါက်ဆွဲဖတ်နဲ့စားလို့ရပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်သောပစ္စည်းများ (၈ ပွဲစာ)၁။ ကြက်ရိုး - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ ကွေ့တီယိုဆန်ခေါက်ဆွဲဖတ် (သို့) ဆန်ပြား (သို့) ကြာဇံ - ၅၀ ကျပ်သား (သို့) ၂ ပေါင်၃။ ငါးဖယ်လုံး - ၂၅ ကျပ်သား (သို့) ၁ ပေါင်၄။ ၀က်သား (သို့ ) ကြက်သား - ၄၀ သား (သို့ ) ၁ ပေါင်ခွဲ၅။ တောက်တောက်စဉ်းထားသော ဝက်သား (သို့) ကြက်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်၆။ ပဲပင်ပေါက် - ၂၅ ကျပ်သား (သို့) ၁ ပေါင်၇။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၈။ ပါးပါးလှီးထားသော နံနံပင်၉။ ကြက်သွန်ဖြူကြော်၁၀။ နံနံပင္အရိုုး - အခုု ၂၀၁၁။ ကြက်သွန်ဖြူ - ၅ မွှာ၁၂။ ငရုတ်ကောင်းစေ့ - ၁၀ စေ့၁၃။ ဆား - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း တ ဝက်၁၄။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )ပြုလုပ်နည်း၁။ ကြက်ရိုးများကို သန့်စင်ထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ ဝက်သား (သို့) ကြက်သားကို ပါးပါးလှီးထားပါ။၂။ အိုးကြီးကြီးတလုံးထဲမှာ ရေ ၄ လီတာ ထည့်ရျ် ပွက်လာအောင်တည်ပါ။ ရေပွက်လာလျှင် နံနံပင်အရိုး၊ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ နှင့် ငရုတ်ကောင်းတို့ကိုထည့်ပါ။ ၂ မိနစ်လောက်နေ အနံ့မွှေးလာလျှင် သန့်စင်ထားသော ကြက်ရိုးများကိုထည့်ပါ။ ဆား ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြား ထမင်းစားဇွန်း ၂ ဇွန်းတို့ကိုထည့်ပါ။ ထို ေ့နာက် မီးအေးအေးဖြင့် အနည်းဆုံး ၁ နာရီလောက်တည်ပါ။ ရေလျော့သွားတိုင်း ထပ်ထပ်ဖြည့်ပေးပါ။၃။ မကပ်သောဒယ်အိုးထဲကို တောက်တောက်စဉ်းထားသော ဝက်သား (သို့) ကြက်သား ကိုထည့်၊ ဆား လက်ဖက်ရည်ဇွန်း တ ဝက်ကိုထည့်ရျ် အသားများ ကျက်သွားသည်အထိ အိုးပေါ်မှာလှိမ့်ပါ။ အသားလေးတွေတခုနဲ့တခုလုံးမသွားအောင် ခြေခြေပေးပါ။(ဆီမထည့်ပါ။ ခြောက်သွားအောင်လှိမ့်စရာမလိုပါ။ အသားကျက်သွားတာနဲ့မီးဖိုပေါ်ကချပါ။)၄။ စားခါနီးတွင် အိုးသေးသေးတလုံးထဲကို ပြုတ်ရည်အိုးထဲမှ တပွဲစာအတွက် ယောက်ချိုဇွန်း ၃ ဇွန်း ကိုယူရျ်ထည့်ပါ။ ငါးဖယ်လုံး ၄ လုံးကိုထည့်၊ ပါးပါးလှီးထားသော ဝက်သား (သို့) ကြက်သားကိုထည့် ရျ် ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ပဲပင်ပေါက်ကိုထည့်ပြီး မီးဖိုပေါ်မှချပါ။၅။ ဆန်ခေါက်ဆွဲအဖတ်ကိုသုံးလျှင် အခြားအိုးတခုထဲမှာ ဆန်ခေါက်ဆွဲအဖတ်ကို အရင်ပြုတ်ပြီးမှ ပန်းကန်ထဲကို ခေါက်ဆွဲဖတ် အရင်ထည့်၊ အသားအကျေကိုထည့်၊ ပြီးလျှင် ဟင်းရည်ကို နှင့် ငါးဖယ်လုံး ၊ အသားမျာကိုအပေါ်ကလောင်းထည့်၊ ကြက်သွန်မြိတ်၊နံနံပင်ထည့်၊ အပေါ်ဆုံးကနေ ကြက်သွန်ဖြူကြော်လေးဖြူးပြီး ပြုလုပ်ပါ။ (ကြက်သွန်ဖြူကြော်ကို ထည့်ဖြစ်အောင်ထည့်ပါ။ အနံ့လေးမွှေးမွှေးလေးနဲ့အလွန်အရသာရှိပါတယ်။)၆။ ကွေ့တီယို ခေါက်ဆွဲပြုတ်ကို သကြား၊ ငရုတ်သီး အကြမ်းမှုန့်၊ ငရုတ်သီးစိမ်းရှာလကာရည်ချဉ်တို့နှင့် တွဲဖတ်ရျ်သုံးဆောင်နိုင်ပါသည်။ တချို့ကတော့ မြေပဲထောင်းပါ ထည့်စားကြပါတယ်။
90
ကြေးအိုးဆီချက်ပြုလုပ်နည်းေျကးအိုးပြုလုပ်နည်းကိုေရးပေးဖူးပေးမယ့် ကြေးအိုးဆီချက်လုပ်နည်းအတွက်ပြည့်ပြည့်စုံစုံကို အခုမှရေးပေးဖြစ်တော့တယ်။ ကြေးအိုးလုပ်နည်းကတော့ အရင်တုံးက အိစံပြောထားသလိုပါပဲ ဆိုင်ဖွင့်တဲ့ အန်တီကြီးက ပညာစားမချန်ပဲသင်ပေးထားလို့တတ်တာပါ။ ကြေးအိုးဆီချက်ချည်းပဲသတ်သတ်လုပ်ရင် တချို့ကတော့ ဟင်းရည်မလုပ်ပေမယ့် ဟင်းရည်လေးနဲ့မှပိုစားကောင်းမှာမို့ဟင်းရည်ကိုလဲ ပြုလုပ်စေချင်ပါတယ်။ တကယ်လို့ဟင်းရည်မလုပ်ပဲဆိုရင် ရေနွေးချည်းသတ်သတ်မှာ အသားလုံးများကိုထည့်မပြုတ်ပဲ ရေနွေးထဲကို အသားမှုန့်၊ သကြားတို့ထည့်ပြီးမှ ပြုတ်မှကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ပါဝင်ပစ္စည်းများ (ကြေးအိုး ၅ ပွဲစာအတွက်)၁။ ဝက်ရိုး (သို့) ကြက်ရိုး - ၂၅ ကျပ်သား (သို့) ၁ ပေါင်၂။ တောက်တောက်ဆင်းထားသော အသား - ၅၀ သား (သို့) ၂ ပေါင်၃။ ကြက်သွန်ဖြူ - ၃ တက် (တောက်တောက်ဆင်း)၄။ မုန်ညင်းခါး - ၁ စည်း၅။ ဆန်ကြာဇံ(၂၅ကျပ်သား) (သို့) ဂျုံခေါက်ဆွဲ (၅၀ကျပ်သား)၆။ ငုံးဥ - ၁၀ လုံး၇။ ငါးဖယ္လုံး - ၁၀ လုံး၈။ ကြိုက်နှစ်သက်ရာ ကလီစာ (လျှာ၊ အူမကြီး၊ ကြက်မြစ်) - ၂၅ ကျပ်သား (သို့) ၁ ပေါင်၉။ ပဲငံပြာရည် -၁၀။ ဆား - ထမင်းစားဇွန်း ၁ ဇွန်း၁၁။ သကြား (သို့) ဟင်းချို မှုန့်၁၂။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၁၃။ ကြက်သားမှုန့်၁၄။ ငရုတ်ကောင်းမှုန့် -လက်ဖက်ရည်ဇွန်း တ ဝက်၁၅။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံ တပုံ၁၆။ ကြက်သွန်ဖြူ ဆီချက်(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )ပြုလုပ်နည်း၁။ ဟင်းရည်အိုးတည်နည်း၀က်ရိုး (သို့) ကြက်ရိုးများကို ရေဖြင့် သုံးခါဆေးပါ။ ပြီးလျှင် ရေနွေးအိုးတည်ပါ။ရေနွေးပွက်လာလျှင်အရိုးများကိုထည့်ပါ။ အရိုးများထည့်ရျ် ရေပွက်ပြီး အမြှုပ်များထလာလျှင် မီးဖိုပေါ်မှချပြီး အိုးထဲမှ အရည်များကိုသွန်ပစ်ပါ။ အရိုးများကို ရေအေးအေးတွင် ပြန်ဆေးပါ။ အိုးထဲမှာ ညစ်ပတ်နေလျှင် အိုးကိုလဲပြန်ဆေးပါ။ ထို့နောက် အရိုးများကို ပြန်ထည့် ရေ ၄ လီတာ ထည့်၊ ဆား ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား( သို့) ဟင်းချိုမှုန့်ထမင်းစားဇွန်း ၃ ဇွန်းတို့ဖြင့် ဟင်းရည်အိုးကို မီးအေးအေးဖြင့် ၃ နာရီ ခန့်တည်ထားပါ။ (အချိုသိပ်မကြိုက်လျှင် သကြား(သို့) ဟင်းချိုမှုန့်ကိုလျော့ ထည့်ပါ။) ရေနည်းသွားလျှင် ထပ်ဖြည့်ပါ။၂။ ကလီစာများကို ဆေးကျောပြီး သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်းတို့ဖြင့် ရေခမ်းပြုတ်ပြီး ပါးပါးလှီးထားပါ။၃။ ဆန်ကြာဇံကို ပြုတ်ထားပါ။ (ဂျုံခေါက်ဆွဲသုံးလျှင်လဲ ရေနွေးဖြင့် အနည်းငယ်ဖျောထားပါ။)၄။ ရေနွေးအိုးတခုတည်ရျ် ငါးဖယ်ကို ထည့်ပြုတ်ပါ။ ပြီးလျှင် ငါးဖယ်ကို ဆယ်ထားပါ။၅။ ငုံးဥကို ပြုတ်ပြီး အခွံခွာထားပါ။၆။ အသားလုံးလုပ်နည်းအသားကို ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ ၃ တက်၊ ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်၊သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်းလေးပုံတပုံ တို့ဖြင်နယ်ရျ် နှပ်ထားပါ။ ( တချို့ဆိုင်တွေက ကော်မှုန့်ထည့်နယ်ပါသည်။ ကော်မှုန့်ထည့်ချင်လျှင် ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ။) အသားလုံးကို သုံးဆောင်ခါနီးမှ ထည့်ပြုတ်ရပါသည်။ (အသားလုံးကို ပြုလုပ်ရာတွင် ပန်းကန်ပြားလိုမျိုးအပြားေပါ်တွင် အပြားလိုက်ဖိထားပြီး ဇွန်းဖြင့် ဖဲ့ဖဲ့ထည့်တာကောင်းပါတယ်။ လက်ဖြင့်လုံးမည်ဆိုလျှင် အရမ်းဖိသိပ်မလုံးရပါ။ ဖွဖွလေးလုံးပါ။ ဖိသိပ်လုံးလျှင် ကျစ်ကျစ်ကြီးနဲ့မာသွားတတ်ပါတယ်။)၇။ ကြေးအိုးဆီချက် (တပွဲစာအတွက်)အခြားအိုးသေးသေးတလုံးထဲတွင်ဟင်းရည်အိုးထဲမှ ဟင်းရည် ယောက်ချိုဇွန်း ၃ ဇွန်း ကို ထည့်ပြီး မီးဖိုပေါ်တွင်တည်ပါ။ ပြီးလျှင် ဝက်သားလုံး ၁၀ လုံး ထည့်ပြီးပြုတ်ပါ။ ပွက်လာလျှင် ငုံးဥ၊ ကလီစာ၊ငါးဖယ်များ ထည့်၊ နောက်ဆုံးမှ မုန်ညှင်းရွက်များကိုထည့်ပါ။ ပွက်လာလျှင် မီးဖိုပေါ်မှချပါ။ဆီချက်လုပ်မည့် ပန်းကန်ထဲတွင် ကြာဇံ (သို့) ဂျုံခေါက်ဆွဲကို ထည့် ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား (သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း တ ဝက် (သို့) ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်၊ ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်း နှင့် ပြုတ်ထားသော ဟင်းရည် ထမင်းစားဇွန်း ၄ ဇွန်းတို့ကိုထည့်ပြီး နယ်ပါ။ ဆီချက်ပေါ်ကို ဟင်းရည်ထဲမှ အသားလုံး၊ငါးဖယ်၊ ငုံးဥ၊ ကလီစာ၊ မုန်ညှင်းရွက်များကိုတင်ပါ။ ကြက်သွန်ဖြူ ကြော်နှင့် ကြက်သွန်မြိတ်ကို အပေါ်မှဖြူးပါ။ ဟင်းရည်လေးနှင့် တွဲရျ် သုံးဆောင်နိုင်ပါသည်။
91
ရန်ကုန်ထမင်းပေါင်း (၃ ပွဲ - ၄ ပွဲစာအတွက်)ရန်ကုန်ထမင်းပေါင်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ကောမန္တလေးသူပေမယ့် ရန်ကုန်ထမင်းပေါင်းလဲ ကြိုက်တယ်ရှင့်။ ဟင်းများများမချက်ချင်တဲ့ နေ့ဆို ရန်ကုန်ထမင်းပေါင်းလေးချက်စားလိုက်ရင် အားလုံးအဆင်ပြေတယ်။ အသီးအနှံလဲ ပါတယ်။ အသားလဲပါတယ်။ စားလို့လဲကောင်းတယ်။ လုပ်စားကြည့်ကြနော်။ပါဝင်သောပစ္စည်းများ၁။ ျကက္သား - ၁၀ သား၂။ ကြက်မြစ် ကြက်သည်း - ၁ စုံ၃။ ပုုဇြန္အေသး - ၁၀ သား၄။ ငုုံးဥ - ၆ လုုံး၅။ ကိုက်လန် - ၄ ပင်၆။ ပန်းမုန်လာ - လက်တဆုပ်စာ၇။ အစိမ်းရောင် ပန်းမုန်လာ - လက်တဆုပ်စာ၈။ မုုန္လာဥနီ - ၁ ဥ၉။ ဂေါ်ဖီထုပ် - လက်တဆုပ်စာ၁၀။ မုန်ညှင်းဖြူ - အနည်းငယ်၁၁။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၄ ဇွန်း၁၂။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၁၃။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်၁၄။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်၁၅။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း၁၆။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ၁၇။ ကော်မှုန့်(သို့) ပြောင်းဖူးမှုန့်- ထမင်းစားဇွန်း ၄ ဇွန်း၁၈။ ကြက်သွန်ဖြူ - ၂ မွှာ၁၉။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း( ထမင်းစားဇွန်း = 1 tablespoon = 15 ml)(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)ပြုလုပ်နည်း၁။ ကြက်သားကို အတုံးအသေးလေးတွေ (သို့) ရှည်ရှည်ပါးပါးလေးတွေလှီးထားပါ။ ကြက်မြစ် ကြက်သည်းကိုလဲ သန့်စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ ပုဇွန်ကို အခွံနွှာထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံနွှာထားပါ။၂။ အသီးအနှံများကို ရေဆေးသန့်စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ မာသော အသီးအနှံများဖြစ်တဲ့ မုန်လာဥနီ၊ ပန်းမုန်လာ၊ အစိမ်းရောင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ကို သတ်သတ်၊ ဂေါ်ဖီထုပ်၊ မုန်ညှင်းဖြူ နှင့် ကိုက်လန် အရွက်တို့ကိုသတ်သတ်စီထားပါ။ ကော်မှုန့်ကိုတရုတ်ထမင်းစားပန်းကန်လုံးထဲထည့်ရျ် ရေကို ပန်းကန်လုံးပြည့်ခါနီးထိထည့်ပြီး ကော်မှုန့်အရည်ပျော်အောင်ဖျော်ထားပါ။၃။ ဒယ်အိုးကြီးကြီး တခုထဲတွင် ဆီကိုထည့် အပူပေးပြီး ဆီပူလာလျှင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို ထည့်ရျ် ဆီသတ်ပါ။၄။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် အသား၊ ကြက်သည်းကြက်မြစ်ကို အရင်ထည့်ကြော်ပါ။ ကျက်လျှင် ပုဇွန်ကို ထည့်ပါ။ ပဲငံပြာရည်အကျဲကို ထမင်းစားဇွန်း ၁ ဇွန်းနှင့် သကြား (သို့) အချိုမှုန့်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ရျ် သမအောင်ကြော်ပါ။၅။ ပြီးလျှင် မာသော ဟင်းသီးဟင်းရွက်များဖြစ်တဲ့မုန်လာဥနီ ၊ ပန်းမုန်လာ၊ အစိမ်းရောင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ကိုထည့်ရျ် အရင်ကြော်ပါ။ ဆား၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ သကြား(သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ နှမ်းဆီမွှေး၊ ကြက်သားမှုန့်တို့ကို ထည့်ပါ။ ရေကို အသီးအနှံ့ များဖုံးရုံလောက်ထည့်ပါ။ ထို့နောက် ၂ မိနစ်လောက် အဖုံးမအုပ်ပဲ မွှေပြီးကြော်ပေးပါ။ (အဖုံးအုပ်လိုက်ရင် အစိမ်းရောင်များနွမ်းသွားလိုု ့ပါ။)၆။ ပြီးမှ ကျန်သော အရွက်များကို ထည့်၊ ခရုဆီ၊ ငုံးဥ၊ အရည်ဖျော်ထားသော ကော်မှုန့်တို့ကိုထည့်ပြီး ၂ မိနစ်လောက် မွှေကြော်ပါ။ အပေါ့အငံ မြည်းရျ် မီးဖိုပေါ်မှချပါ။၇။ ထမင်းပေါင်းလုပ်ရန်အတွက် ထမင်းကို အလယ်မှာထား အပေါ်ကနေ အသီးအနှံ ကြော်ထားတာကို ဆမ်းပြီး ကြက်ဥကြော်လေးဖြင့် သုံးဆောင်နိုင်ပါပြီ။
92
လှော်ထားတဲ့ပုစွန်လေးထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ဖြူနီဆီသတ်ဆီသတ်နံ့မွှေးလာပြီ့့လှော်ထားတဲ့ပုစွန်လေးတွေ ထည့်မွှေ့့စားလို့ရပါပြီ့့ချစ်သောမောင်နှ်မများအားလုံး မင်္ဂလာပါရှင့့်ဒီနေ့တော့ မိုးရာသီမှာ ပေါတဲ့ ပုစွန်ဘော့ချိတ်လေးကို ကြော်ကျွေးပါရစေနော် ့့လိုအပ်တဲ့ပစ္စည်းတွေကတော့ သန့်ပြီးသား ပုစွန်ဘော့ချိတ် ၃၀ သား၊ ရိတ်ရိတ်ပါအောင်လှီးထားသော ကြက်သွန်နီအကြမ်းပန်းကန်၁ လုံး၊ မညက်တညက်ကြိတ်ထားသော ကြက်သွန်ဖြူ ထမင်းစားဇွန်း ၃ ဇွန်း၊ ငရုတ်သီးခွဲကြမ်း ထမင်းစားဇွန်း ၂ ဇွန်း၊ ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ ဆီ ၅ ကျပ်သား၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ နနွင်းမှုန့်အနည်းငယ်တို့ပါ။သန့်ပြီးသား ပုစွန်ကို ရေစစ်ထားပြီး ဆား၊ ဟင်းခတ်မှုန့်နဲ့ နနွင်းမှုန့်အနည်းငယ်တို့နဲ့ နယ်ထားပါ။ငရုတ်သီးကြက်သွန်ဖြူနီတို့ကို သမအောင် ရောထောင်းပါ့့အသင့်ဖြစ်ပြီဆိုရင် ဒယ်အိုးတည်ပြီး အပူပေးပါ့့ ဒယ်အိုးတော်တော်လေး ပူလာပြီဆိုရင် ပုစွန်တွေ ထည့်ပြီး လှော်လိုက်ပါ့့ ပုစွန်လေးတွေ အရောင်လေးတွေ ရဲလာတဲ့အခါ အထက်အောက် သမအောင် အသာအယာမွှေပေးပြီး ဇလုံတစ်လုံးထဲ ပြောင်းထည့်ပါ့့ပြီးရင် ဒယ်အိုးထဲဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်အနည်းငယ်ထည့်၊ ထောင်းထားတဲ့ ငရုတ်သီးထည့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်စီနဲ့ ငံပြာရည်ထည့်ပြီး ဆီသတ်ပါ ့့ ဆီသတ်တာလေးတော်တော်မွှေးပြီး ခြောက်လာပြီဆိုရင် ခုနက လှော်ထားတဲ့ ပုစွန်တွေကို ထည့်ပြီး မွှေပေးပါ့့ တစ်ခါလှော်ထားပြီး ဖြစ်တဲ့အတွက် ပုစွန်ကနေ အရည်တွေလည်း ထပ်ထွက်မလာတော့ပါဘူး ့့ ပုစွန်ကလည်း လုံးဝကို ခြောက်ကပ်ပြီး အခွံမာ အသားခြောက်နဲ့ မာတောက်ကြီး ဝါးရတာမျိုးလုံးဝမဟုတ်ဘဲ ပုစွန်အသားလေးရော အခွံလေးပါ အလွယ်တကူ လတ်လတ်ဆတ်ဆတ်နဲ့ ဝါးစားလို့ကောင်းတဲ့အနေအထားလေးမျိုးရပါမယ် ့့ ပုစွန်အရသာ ပိုရှိတာပေါ့နော့့် ဒီလိုမျိုးပုစွန်ကြော်ကို ရှောက်သီး၊ ကြောင်လျှာသီးစိမ်းပါးပါးလှီးပြီးလည်း သုပ်စားလို့ကောင်းတယ်နော့့်ပုစွန်ကို ခြောက်နေတာမှ ကြိုက်တယ်ဆိုရင်တော့ ခြောက်နေအောင် ကြော်လို့လည်း ရပါတယ့့် ဒီတစ်ခါ နလုကတော့ ပုစွန်လေးကို ဟင်းချက်စားသလို အနေအထားမျိုးလေးရအောင် ကြော်ထားတာပါ့့ဒီဟင်းလေးနဲ့ လိုက်ဖက်မယ့် အခြားဟင်းလျာတွေကတော့ ဟင်းသီးဟင်းရွက်သုပ်၊ ရာသီပေါ် ဟင်းသီးဟင်းရွက်စုံတို့စရာ၊ ဆီးဖြူ၊ သရက်၊ မရမ်း စတဲ့ ဆားရည်စိမ်တို့စရာ၊ ဟင်းရွက်ကြော်၊ ပဲနီလေးကြာဇံဟင်းရည်၊ ပဲကြီးဆူးပုတ်ဟင်းရည်၊ ကြက်ရိုးခွေးတောက်ဟင်းရည်၊  ဟင်းခါး၊ ချဉ်ပေါင်/ကင်ပွန်း/ကန်စွန်းမှန်ရောင်ဟင်းရည် အစရှိသဖြင့် မိသားစုဝင်တွေအကြိုက်လည်းဖြစ်စေမယ့် ဟင်းလေးတွေနဲ့ တွဲဖက်ချက်ပြုတ်စားသောက်နိုင်ပါတယ်နော် ့့
1
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင် ့့ဒီနေ့တော့ မောင်နှမတွေအတွက် ဆိမ့်မွှေးပြီး အရသာ အင်မတန်ရှိလှတဲ့ ငါးဥဘာလချောင်ကြော်လေး လုပ်ကျွေးပါဦးမယ်နော့့်အခုလိုမိုးရာသီမှာ ငါးဥတွေ အရမ်းပေါပါတယ် ့့ ငါးမြစ်ချင်းဥတွေ စျေးတွေထဲမှာ အစိမ်းအတိုင်းရော ပြုတ်ပြီးသားရော အလွယ်တကူဝယ်လို့ရပါတယ်ရှင် ့့ငါးဥကို အဆိမ့်ကြော်၊ ငါးဥကြော်နှပ်၊ ငါးဥချက် အစရှိသဖြင့် ချက်ပြုတ်စားသောက်တတ်ကြပါတယ့့်ငါးဥအဆိမ့်ကြော်လေးနဲ့ ထမင်းဖြူပူပူလေးနဲ့ နယ်ပြီး ငါးဥထမင်းသုပ်လည်း လုပ်စားကြသေးတယ်လေ ့ဒီနေ့တော့ ငါးဥကို တစ်မျိုးလေးချက်စားကြရအောင်နော် ့့ ငါးဥကို အနံ့ပြင်းလို့ မကြိုက်ကြတဲ့ သူတွေ အခုချက်ဖြစ်တဲ့ ဘာလချောင်ကြော်လေးဆိုရင်တော့ ကြိုက်မှာသေချာပါတယ်လို့ အာမခံပါရစေ့့ငါးဥဘာလချောင်အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို အရင်ပြင်လိုက်ကြရအောင်နော့့်ငါးဥ ၂၅ ကျပ်သား၊ မညက်တညက်ကြိတ်ထားတဲ့ ပုစွန်ခြောက် ၅ ကျပ်သား၊ ငရုတ်သီးခွဲကြမ်း ၅ ကျပ်သား (ပိုထည့်လည်းရ)၊ ဆီ ၁၅ ကျပ်သား၊ ကြက်သွန်ဖြူကြိတ်ပြီးသား ထမင်းစားဇွန်း ၃ ဇွန်းမောက်မောက်၊ ကြက်သွန်နီထောင်းပြီးသား ယောက်ချိုဇွန်း ၂ ဇွန်း၊ ဆားနဲ့ ဟင်းခပ်မှုန့်အနည်းငယ်၊ ငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း၊ နနွင်းမှုန့်အနည်းငယ်၊ သကြားအနည်းငယ်တို့ပါ့့ငါးဥကို ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းငယ်၊ ကြက်သွန်ဖြူအရည်နည်းနည်းတို့နဲ့ အရသာသွင်းပေးပါ။ ပြီးလျှင် အရသာသွင်းပြီးသားငါးဥကို ဒယ်အိုးထဲထည့်၊ အပေါ်ကနေ ငါးဥမြုပ်အောင် ရေထည့်ပြီး ပြုတ်ပေးပါ။ ငါးဥလေးတွေပြုတ်တဲ့အခါ အိုးကပ်တတ်တာမို့ သတိထားပြီး ဟိုဘက်ဒီဘက်လှန်ပေးပါ။ ငါးဥကို ၅ မိနစ်လောက်ပြုတ်ရင် ရပါပြီ။ ပြုတ်ပြီးသား ငါးဥကို အအေးခံပြီး ခြေပေးပါ။ငရုတ်သီးခွဲကြမ်းနဲ့ ကြက်သွန်ဖြူနီတို့ သမအောင် ထောင်းထားပေးပါ။အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်နဲ့ ထောင်ထားတဲ့ငရုတ်သီး ကြက်သွန်တွေထည့် ဆီသတ်ပါ။ ငရုတ်သီးဆီသတ်နွမ်းလာပြီဆိုရင် ပုစွန်ခြောက်နဲ့ ခြေထားတဲ့ ငါးဥတို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။ အရသာအတွက် ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့် စတာတွေ ဖြည့်ပေးပါ။ ငါးဥနဲ့ ပုစွန်ခြောက်တို့အထဲ အရသာဝင်အောင် အထက်အောက် သမအောင်မွှေပေးပါ။ မီးအရှိန်ပုံမှန်နဲ့ အကြော်အိုးကို ဆက်မွှေပေးပါ။ စိုစိုအိအိလေးကို နယ်ဖတ်စားဖို့ ကြိုက်တတ်သူတွေအတွက်တော့ ကိုယ့်စိတ်ကြိုက်အနေအထား စိုအိလေးအချိန်ရောက်ရင် အကြော်အိုး ချလိုက်လို့ရပါတယ့့် ရေနွေးကြမ်းနဲ့ မြည်းမယ်၊ နံနက်ခင်း အဆာပြေ ထမင်းကြော်၊ ထမင်းဆီဆမ်းပဲပြုတ်တို့နဲ့ စားမယ်ဆိုရင်တော့ မီးခပ်အေးအေးနဲ့ အချိန်ယူပြီး ခပ်ခြောက်ခြောက်လေးရအောင် ကြော်ပေါ့။ ရာသီပေါ် အသီးအနှံတွေကို အတို့အမြှုပ်အနေနဲ့ အစိမ်းဖြစ်ဖြစ်၊ အပြုတ်ဖြစ်ဖြစ်၊ ချဉ်ဖတ်လေးတွေ တွဲစားလည်း ထမင်းမြိန်တာပေါ့နေ်ာ့့တစ်ခါကြော်ရင် ၂ မျိုးစားလို့ရတာပေါ့နော့့်ငါးဥတွေပေါတဲ့အချိန် ဒီလိုငါးဥဘာလချောင်လေးလုပ်စားတော့ ငွေကုန်ကြေးကျလည်းသက်သာ၊ ဟင်းတစ်မယ်လည်းတိုး ၊ ရာသီစာလေးကို တာရှည်အစားခံအောင်လုပ်ထားလို့ အဆောင်နေကျောင်းသား ကျောင်းသူတွေအတွက်လည်း အဆင်ပြေတယ်လေနော့့်ဘာလချောင်ဆိုတော့ ဟင်းရံတစ်မျိုးဖြစ်တဲ့အတွက် တွဲဖက်စားလို့ရမယ့်ဟင်းလျာတွေကတော့ အများကြီးပဲနော့့် မိသားစုအကြိုက် ဟင်းလျာတွေချက်ပြုတ်တဲ့အခါ ဒီလိုဘာလချောင်လေးတစ်ပွဲရှိထားရင်တော့ ဆီပြန်ဟင်းတွေ မစားချင်တဲ့အခါ ထမင်းဖြူပူပူလေးနဲ့လည်း တွဲစားလို့ရသလို အသုပ်လေးတွေ သုပ်တဲ့အခါလည်း ထည့်သုပ်ကြည့်နော့့်သိပ်စားကောင်းတယ်လို့့ချစ်သော မောင်နှမတွေအားလုံးလည်း ပိတ်ရက်လေး စျေးသွားဖြစ်လို့ ငါးဥလေးတွေ့တဲ့အခါ ငါးဥဘာလချောင်လေး ကြော်စားကြည့်ပါဦးနော့့်Have a nice weekend!
2
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါနော့့်မေတ္တာရပ်ဝန်းမီးဖိုဆောင်လေးထဲ မရောက်ဖြစ်တာ အတော်ကြာသွားခဲ့ပါပြီ့ ့ဖုန်တက်နေတဲ့ မီးဖိုဆောင်လေးကို သန့်ရှင်းရေးလေးလုပ့့် အခု ဟင်းပွဲလေးတွေနဲ့ ပြန်လာပါပြီရှင့့့်ဒီနေ့တော့ ချစ်တဲ့မောင်နှမတွေကို ဥပုန်းလို့ခေါ်တဲ့ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ကြိုက်ရာသုံးပြီး ပုန်းရည်ကြီးနဲ့ချက်တဲ့ ဟင်းလေး ချက်ကျွေးပါရစေနော့့်ဒီဟင်းပွဲလေးက မနက်ဖြန်မနက်အာရုဏ်ဆွမ်းလောင်းလှူဖို့အတွက် ချက်ဖြစ်တဲ့ဟင်းလျာထဲက တစ်မျိုးပါရှင့့် ဟင်းပွဲလေးက ရိုးရှင်းလှတယ်ဆိုပေမယ့် အိမ်မှာရှိတဲ့ လူကြီးလူငယ်ကလေးမရွေး ကြိုက်နှစ်သက်ပြီး ထမင်းမြိန်စေမယ်ဆိုတာ အာမခံပါတယ်ရှင်႕ ႕ ႕အခု နလုချက်ထားတာက ဘဲဥ ၁၅ လုံး၊ ပုန်းရည်ကြီး ၅ ထုပ်၊ ပုစွန်ခြောက် လက်တစ်ဆုပ်၊ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ငံပြာရည်၊ မန်ကျည်းမှည့်၊ ဟင်းခတ်မှုန့်၊ ဆီတို့ပါနော်။ဘဲဥ ၁၅ လုံးကို ပြုတ်ပြီးအခွံနွှာထားပါ။ ပြီးရင် ဘေးပတ်လည်ကို ဓားနဲ့ မွှန်းပေးပါ။ ပုန်းရည်ကြီး အနှစ်ထုပ် ၅ ထုပ်ကို ရေလက်ဖက်ရည်ပန်းကန်လုံး ၃ လုံးနဲ့ ရောပြီးဖျော်ထားပေးပါ။ (ပုန်းရည်ကြီးအမှုန့်ထုပ်လည်း သုံးလို့ရပါတယ်)။ ပုစွန်ခြောက် လက်တစ်ဆုပ်လောက်ကို ရေစိမ်ပေးထားပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပေးပါ။ မန်ကျည်းမှည့်ကို ရေနွေးစိမ်ပြီး အနှစ်ယူထားပေးပါ။အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ပူလာရင် ဆီထည့်၊ ဆီပူလာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနီထည့်၊ နနွင်းမှုန့်လေး အနည်းငယ်ထည့်၊ ဆီသတ်နံ့မွှေးလာရင် ပုစွန်ခြောက်ထည့်၊ ပုစွန်ခြောက်နဲ့ ငံပြာရည်ဆီသတ်နံ့ထပ်မွှေးလာရင် ဘဲဥလေးတွေထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးတက်လာပါလာတဲ့အထိ မွှေပေးပါ။ ပြီးရင် ပုန်းရည်ကြီးတွေထည့်မွှေပေးပါ။ အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်ထည့်ပါ။ မန်ကျည်းနှစ်ထည့်ပါ။ ပြီးရင်အားလုံးဆီပြန်သည်အထိ မီးနွေးနွေးနဲ့ တည်ပေးပါ။ ဆီပြန်လာပြီဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဥပုန်းချက်လေး ရပါပြီနော့့် အစပ်အရသာကြိုက်တဲ့သူတွေ အတွက် အပေါ်ကနေ ငရုတ်သီးစိမ်းပါးပါးလေးလှီးပြီးထည့် ့့ နံနံပင်လေးအုပ်ပြီး စိတ်ကြိုက်သုံးဆောင်ပါနော့့်ထမင်းနဲ့နယ်ပြီး ပုန်ရည်ကြီးထမင်းနယ်လိုလည်း သုပ်စားလို့ရပါတယ်နော် ့့အားလုံးပဲ တစ်နေ့တာကို ကောင်းမွန်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေရှင် ့့
3
ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင့့်ဒီနေ့တော့ မောင်နှမများကို ဝက်အူချိုနဲ့ မှိုမျိုးစုံ ကော်ရည်ဆမ်းလေး ချက်ကျွေးပါရစေဦးလားရှင့့်ရှီတာကေးမှိုနဲ့ ကြက်နားရွက်မှိုတို့ကို ရေနွေးနဲ့ ၁ နာရီလောက် အရင်စိမ်ပေးပါ။ ပြီးတော့မှ မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူအောင် တည်၊ ရေအေးနဲ့ ထပ်ဆေးပြီး လိုသလို အရွယ်အစား ညှပ်ပေးထားပါ။ဝက်အူချိုကို ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး ကြက်သားမှုန့်၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပျစ်၊ သကြား၊ ခရုဆီ၊ နှမ်းဆီမွှေး၊ တရုတ်မာဆလာ၊ ငရုတ်ကောင်းမှုန့်တို့နဲ့ နယ်ပြီး နာရီဝက်လောက် နှပ်ပေးထားပါ။ပြီးရင် ဒယ်အိုးတစ်လုံးထဲ ဆီနည်းနည်းထည့်၊ ပြီးတော့ ဝက်အူချိုကို ကြော်ပေးပါ။ အရောင်လေး ရဲရဲလေး ရလာတဲ့အခါ ဆယ်ထားလိုက်ပါ။ အေးသွားတဲ့အခါ တစ်လက်မခွဲ အရှည်လောက်လေးတွေ ညှပ်ထားပါ။ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ကြက်သွန်နီကို လေးစိတ်ထိုးပြီး ခုနက အူချိုကြော်တဲ့ ဆီထဲထည့်ပြီး ဆီမွှေးသတ်ပါ၊ မွှေးလာပြီ ဆိုရင် မှိုတွေထည့်ပါ၊ ကြက်သားမှုန့်အနည်းငယ်ထည့်ပါ။ သမအောင် မွှေပေးပါ၊ ရေလေးအနည်းငယ်ထည့်ပြီး မှိုလေးတွေ အိသွားအောင် အဖုံးအုပ်ပြီးတည်ပါ။ မှိုလေးတွေ အိတာနဲ့ ဝက်အူချိုတွေကို ထည့်ပါ၊ ကော်မှုန့်ကို ရေလေးနဲ့ ခပ်ကျဲကျဲဖျော်ပြီး ဟင်းအိုးထဲ လောင်း ထည့်ပြီး မွှေပေးပါ၊ ကော်ရည်ပျစ်လာပြီဆိုရင် တရုတ်နံနံလေး အုပ်လိုက်ပါ။ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဝက်အူချိုနဲ့ မှိုမျိုးစုံ ကော်ရည်ဆမ်းလေး ရပါပြီ့ ့ထမင်းပူပူနဲ့ ထမင်းပေါင်းလိုလည်း သုံးဆောင်နိုင်ပါတယ့့် အူချိုလေးတွေ ကြော်ပြီး လှီးဖြတ်ပေးထားတာလေးတွေကို ဝက်သားဒုတ်ထိုးလိုလည်း လုပ်စားလို့ရတယ့့်အချဉ်ကတော့ လွယ်ကူမြန်ဆန်လှတဲ့ ဘိတ်ချဉ်လေးနဲ့ ဆတ်လတ်ရွက်၊ ကြက်သွန်မြိတ်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်ရှင့့်
4
အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင့့် ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေထဲက ပြည်ပရောက် မောင်လေးရန်နိုင်က အသားဟင်းတွေချက်တဲ့အခါ နူးအိအိလေး ဖြစ်ချင်လို့ မေးလာတဲ့ မေးခွန်းလေးနဲ့ ကျွန်မ ပြန်ဖြေထားတဲ့အမေးအဖြေလေးကို အခြားသော မောင်နှမတွေအားလုံးအတွက် မျှဝေပေးလိုက်ရပါတယ်ရှင့်ကိုရန်နိုင်က ကျွန်မတို့မီးဖိုဆောင်ကို ဖေ့စ်ဘွတ်ခ်ကနေ ဒီလိုလေး မက်ဆေ့ချ်ပို့လာပါတယ်နော် ့့မင်္ဂလာပါခင်ဗျာ။ ကျနော် ပြည်ပ ရောက်ကတည်းက အစ်မရဲ့ blog လေးကနေ ဟင်းချက်နည်းလေးတွေ ကြည့်ပြီး အမြဲ ချက်စားခဲ့ပါတယ်။ ကျနော်တို့လို အဝေးရောက် မြန်မာတွေအတွက် အလွန် အဖိုးတန်တဲ့ blog လေးပါ။ အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ပြီးတော့ အစ်မကို မေးစရာလေးတစ်ခုရှိလို့ပါခင်ဗျ။ ကျနော် အသားဟင်း (အမဲ၊ ဝက်) ဆိုရင် နူးအိနေမှ ကြိုက်တတ်ပါတယ်။ စိတ်ထဲမှာ ယေဘုယျ နားလည်ထားတာတော့ ကြာကြာ ချက်လေနူးလေပေါ့လေ။ အဲဒါနဲ့ နူးအိနေအောင်ဆိုပြီး ဟင်းအိုးကို အကြာကြီးတည်လေ့ရှိပါတယ်။ ရေခမ်းခါနီးရင်ရေထပ်ထပ်ထည့်ပြီးတော့။ ဒါပေမယ့်လေ။ အချိန်တန်လို့ ဟင်းအိုးချတဲ့အခါ အသားတွေက နူးတော့ နူးပါရဲ့။ မအိဘူးအစ်မ။ ဖွယ်တယ်တယ်ကြီးတွေဖြစ်ကုန်တယ်။ ဇွန်းနဲ့ထိုးလိုက်ရင် အိကျမသွားပဲ ကြေမွကုန်တယ်အစ်မ။ အထဲမှာ အဆီအနှစ်မပါတော့သလိုပဲ။ တကယ်ဆို အသားလေးက ဂျယ်လီဆန်ဆန်လေး အိသွားရမယ့်ဟာကို ခုဟာက ခြ တောင်ပို့ကို ခြေလိုက်ရသလို ဖွယ်ကနဲ ကြေသွားတာ။ အဲဒါဘာဖြစ်လို့လဲခင်ဗျာ။ ပြီးတော့ နူးနူးအိအိလေးဖြစ်အောင် ဘယ်လို ချက်ရမလဲ အချိန်ရရင် ဖြေပေးစေလိုပါတယ်ခင်ဗျာ။ အစ်မ အားမှပါ။ေက်းဇူးတင္ပါတယ္ခင္ဗ်ကျွန်မတို့ မီးဖိုဆောင်က မောင်လေး ရန်နိုင်ရဲ့ မေးခွန်းကို အခုလိုပဲ ပြန်ဖြေပေးခဲ့ပါတယ်ရှင့့်မောင်လေး ရန်နိုင်ရေ့့ ဒီလိုနော့့် အသားတွေ နူးနူးအိအိဖြစ်အောင် ချက်တာ မောင်လေးချက်တဲ့အဆင့်တွေ မှန်တယ်နော်။အမက နည်းနည်းလေး မေးချင်တာက အသားက အခဲလုပ်ထားတဲ့ အသားကို ချက်တာလား၊ ချက်ချင်း လတ်လတ်ဆတ်ဆတ် အသားကို ချက်တာလား သိချင်ပါတယ်။Freeze လုပ်ထားတဲ့အသားကို ချက်မယ်ဆိုရင် အရင်ဦးဆုံး Defrost လုပ်ဖို့ လိုပါတယ်။ မနက်ချက်မယ်ဆိုရင် ညအိပ်ယာမဝင်ခင်ကတည်းက အသားကို အခဲကန့်ကနေ ထုတ်ပြီး ပြင်ပအပူချိန်မှာ ဇလုံလေးတစ်လုံးထဲ ထည့်ပြီး အရည်ပျော်အောင် လုပ်ဖို့လိုပါတယ်။ လုံးဝ အခဲအာနိသင်ပျက်ပြီးမှ ချက်ဖို့ပြင်ရပါမယ်၊အသားတွေကို အရသာဝင်အောင် မနယ်ခင်မှာ တတ်နိုင်သလောက် အသားမှာ ရေတွေ စွတ်စိုမှုမရှိအောင် လုပ်ပြီးမှ အရသာနယ်ပါနော်၊နောက်တစ်ချက်ကတော့ ဟင်းအသားနူးအိလေး ဖြစ်ချင်တယ်ဆိုရင် ဟင်းအိုးကို ရေခမ်းပြီး ဆီပြန်ခါနီးကျရင် ရေမဟုတ်ဘဲ ရေနွေးပူပူလေးကို ထည့်စေချင်ပါတယ်၊ နောက်တစ်ခုက ဟင်းအိုးအဖုံးကို လုံအောင်ပိတ်ပါ။ အငွေ့တွေ အပြင်မထွက်အောင်ရော၊ အသားနူးလွယ်အောင်ရောအတွက် မီးကို အသင့်အတင့်ထားပြီး ဟင်းအိုးအဖုံးပေါ်မှာ တတ်နိုင်ရင် ဝိတ်ပါတဲ့ ငရုတ်ဆုံလိုဟာမျိုး တင်ထားလိုက်ရင် ဟင်းအိုးအငွေ့လုံပြီး အသားလည်း နူးလွယ်၊ အိလွယ်ပါတယ်၊နောက်ဆုံး အရေးကြီးဆုံးအချက်ကတော့ ဟင်းအိုးကို ကိုယ့်စိတ်ကြိုက် နူးအိနေအောင် ချက်သွားပြီးတာနဲ့ ဟင်းအိုးကို အင်္ဂတေသမံတလင်းပေါ်၊ ကြွေပြားပေါ် ချက်ချင်း မချပစ်ပါနဲ့၊ အဲ့ဒီလို လုပ်တာ ဟင်းတွေလည်း ပျက်တတ်တယ်၊ ဟင်းအိုးလည်း သိုးတတ်တယ်နော်။ ဟင်းနူးနပ်မှုကိုလည်း ထိခိုက်စေတယ်နော်။ တတ်နိုင်သလောက် မီးဖိုပေါ် တင်ထား၊ တကယ်လို့များ နောက်တစ်အိုး ထပ်ချက်မယ်ဆိုရင် ဟင်းအိုးလေးတွေကို သစ်သားခုံလေးတွေပေါ် တင်ပေးပါ၊ ဒါမှမဟုတ် နောက်ဟင်းတအိုးချက်ခဲ့ အိုးပေါ် ဆင့်တင်လိုက်ရင်လည်း အောက်က ဟင်းအိုးအပူနဲ့ အသားလေးတွေ နူးအိပြီး ပိုအရသာ ရှိစေမှာ ဖြစ်ပါတယ်နော်၊မောင်လေး အမကို ပြောတဲ့ ပုံစံလေး ဖြစ်နေတယ်ဆိုတာလေး အခု အမပြောသလို နည်းနည်းလေး ပြုပြင်လိုက်မယ်ဆိုရင် မောင်လေး စားချင်တဲ့ နူးအိပြီး အရသာရှိလှတဲ့ ဟင်းပွဲလေးတွေ ရရှိလာမှာ မလွဲမသွေပါပဲနော်။မောင်လေးရန်နိုင်ဆီက ကျွန်မတို့မီးဖိုဆောင်ဆီ ထပ်ပြီး မက်ဆေ့ချ်ပြန်ရတာကတော့ ဒီလိုပါနော်ခုလိုစိတ်ရှည်လက်ရှည်နဲ့စာပြန်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဝမ်းလည်းသာမိပါတယ်။ ကျနော်ဟင်းချက်ရင် မီးအမြဲပြင်းတယ်ခင်ဗျ။ မီးပြင်းတော့ အငွေ့တွေက အဖုံးကို တွန်းထွက်တာနဲ့ အဖုံးကို ဟဟ ထားတတ်ပါတယ်။ မဟုတ်ရင်ရေတွေ မီးဖိုပေါ်စီးကျလို့ပါ။ အစ်မပြောသလိုဆို ကျနော်ချက်တဲ့ အသားတွေ မအိတာ အဲဒါကြောင့်ထင်ပါတယ်နော်။ နောက်ဆို မီးကိုနည်းနည်းလျှော့ပြီး အစ်မပြောတဲ့ ကျန်တဲ့အပိုင်းလေးတွေလည်း ကိုက်ညီအောင် ချက်ကြည့်ပါဦးမယ်။ အသားကတော့ လတ်လတ် ဆတ်ဆတ်ပဲချက်ဖြစ်တာများပါတယ်။ ကျနော်ဟင်းချက်တဲ့နေရာမှာ လိုအပ်တာတွေအများကြီးရှိနေတာ ခုမှပိုသိလာရပါတယ်။ အစ်မ မအားတဲ့ကြားက သေချာရှင်းပြပေးတာ တကယ်ကျေးဇူးပါခင်ဗျာ။အစ်မပြောတဲ့နည်းအတိုင်း ချက်ကြည့်တာ အားလုံးအဆင်ပြေသွားတယ်ခင်ဗျာ။ အသားတွေက နူးအိသွားတာပဲ။ ကျေးဇူးတင်လို့မဆုံးပါဘူးခင်ဗျာ။ အသားဟင်း ချက်တိုင်း အစ်မကို ကျေးဇူးတင်မိနေတောမှာပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျမောင်လေးရန်နိုင်လိုပဲ အသားဟင်းကို နူးနူးအိအိလေး ချက်ချင်တဲ့ မောင်နှမတွေအတွက် ဗဟုသုတ တစ်ခုအနေနဲ့ ပြန်လည်မျှဝေလိုက်ရပါတယ်နော့့်
5
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်ဒီနေ့မှာတော့ မောင်နှမတွေအားလုံးအတွက် ကြက်သားမုန်ညင်းချဉ်ချက်လေး မျှဝေပေးပါရစေဦးရှင်လိုအပ်တဲ့ပစ္စည်းတွေက ကြက်သား ရင်ပုံသား(၂၅) ကျပ်သား၊ မုန်ညင်းချဉ်(၅) ကျပ်သား၊ ကြက်သွန်ဖြူ (၇) မြွှာ၊ ကြက်သွန်နီ အရွယ်တော် (၂) လုံး၊ ငရုတ်သီးပုပွတောင့် (၃) တောင့်၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း (၁) ဇွန်း၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်၊ ပဲငံပြာရည်အပျစ် (ကြာညို့) လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆီ ဟင်းမွှေဇွန်းကြီး (၁) ဇွန်းတို့ပါနော်။ကြက်သားကို သန့်ရှင်းအောင်ဆေးပြီး အတုံးသေးလေးတွေ တုံးပေးပါ။ ပြီးရင် ကြက်သားမှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲတို့နဲ့ သမအောင်နယ်ပေးပါ။ ငရုတ်သီ၊ ကြက်သွန်ဖြူနီတို့ကို ထောင်းပါ။ မုန်ညင်းချဉ်ကိုလည်း အရမ်းချဉ်မှာစိုးရင် နည်းည်းလောက် အရည်ညှစ်ပစ်ပြီးတော့မှ မထူးမပါးလေးတွေ လှီးပေးထားပါ။အားလုံးအသင့်ဖြစ်ရင် ဆီအိုးတည်၊ ဆီပူလာရင် ငရုတ်သီးကြက်သွန်ထောင်းထားတာကို ထည့်ပြီး ဆီသတ်၊ မွှေးလာရင် ကြက်သားထည့်၊ သမအောင် မွှေ၊ ပြီးရင် အဖုံးအုပ်ပြီး အသားထဲက ထွက်တဲ့ အရည် ခမ်းအောင်တည်၊ ဟင်းအိုးဖျစ်ဖျစ်မြည်လာရင် မုန်ညင်းချဉ်ထည့်ပြီး သမအောင်မွှေ၊ ရေကို အသားမြုပ်အောင် ထည့်၊ အဖုံးအုပ်ပြီး မီးအသင့်အတင့်နဲ့ ပွက်ပွက်ဆူအောင်တည်၊ ဆီကျန်ရေကျန်လေးဖြစ်တဲ့အချိန်ကျ အဖုံးဖွင့်၊ အရသာ အပေါ့အငန်ကို မြည်း၊ ပဲငံပြာရည် အပျစ်လေးထည့် (အရသာအချိုလေးပြီး ဟင်းရောင် ပိုလှတယ်) ပြီး မီးခလုပ်ပိတ်ပြီး အဖုံးလေးအုပ်ပြီး နှပ်ထားလိုက်ရုံပဲနော့့်အရမ်းလွယ်တဲ့ ဟင်းလေးပါ။ ကြိုက်တတ်ရင် ရှမ်းခေါက်ဆွဲဖတ်တွေနဲ့ ရှမ်းခေါက်ဆွဲသုပ်၊ မြီးရှည်သုပ် အလွယ်တကူ သုပ်စားလို့ရပါတယ်။ ဟင်းအဖြစ်လည်း စားလို့ရပါတယ်နော့့် ချက်စားကြည့်ကြပါဦးလို့
6
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်ဒီနေ့မှာတော့ မောင်နှမတွေအားလုံးအတွက် ပျားရည်ဆမ်းကြက်ပေါင်းကြော်လုပ်နည်းလေး မျှဝေပေးပါရစေရှင် ့့ကြက်ပေါင်နယ်နှပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေက အရွယ်လှလှ ကြက်ပေါင် (၇) တုံး၊ ချင်း လက်နှစ်ဆစ်၊ ကြက်သွန်ဖြူ (၇) မွှာ၊ (ချင်းနဲ့ ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းပြီး အရည်ကိုပဲ ယူပါမယ်) ကြက်သားမှုန့် လက်ဘက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း (၁) ဇွန်း၊ ပျားရည် ထမင်းစားဇွန်း (၂) ဇွန်း၊ နှမ်းဆီမွှေး လက်ဘက်ရည်ဇွန်း (၁) ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဘက်ရည် ဇွန်းတစ်ဝက် (အနံ့မကြိုက်ရင် မထည့်လည်း ရပါတယ်နော်) တို့ပါနော်။ကြက်ပေါင်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးပြီး ရေတွေခြောက်သွားအောင် တစ်သျှူးနဲ့ သုပ်ပေးပါ။ ကြက်ပေါင်တွေမှာ လုံးဝ ရေမရှိတော့ဘဲ ခြောက်သွားတဲ့အခါ အခုနက ပြောထားတဲ့ အဆာပလာတွေနဲ့ သေချာ သမအောင် နယ်ပြီး ရေခဲသေတ္တာထဲထည့်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ။အဲ့ဒီအချိန်မှာ ရေနွေးအိုးပွက်ပွက်ဆူအောင် တည်ထားပါ။ ရေနွေးအိုးတည်ထားတဲ့အချိန် ကြက်သားတွေကို ပေါင်းအိုးမှာ ပေါင်းမယ့် ဇကာအဆင့်မှာ အောက်မှာ မုန်ညင်းဖြူရွက်လေး သို့မဟုတ် ဂေါ်ဖီရွက်ခင်းပါ။ ရေနွေးဆူတာနဲ့ ခုနက နှပ်ထားတဲ့ ကြက်သားတွေကို ပေါင်းမယ့်ဇကာထဲမှာ ပေါင်တွေကို အရင်းပိုင်းနဲ့ အဖျားပိုင်း တစ်လှည့်စီ ထည့်ပြီး စီပေးပါနော်။ ပြီးတော့ ရေနွေးငွေ့နဲ့ မိနစ် (၂၀) ပေါင်းပေးပါ။ မိနစ် (၂၀) ပြီးရင် ဟိုဘက်ဒီဘက်လှန်ပြီး နောက်ထပ် (၁၀) မိနစ်ပေါင်းပါ။ ပေါင်လေးတွေ စီပြီးတဲ့အခါ နယ်နှပ်ထားတဲ့ အရည်တွေ ကျန်နေပါမယ် မသွန်ပစ်ပါနဲ့နော်။ကြက်ပေါင်းကြော်အတွက် ဆီ (၅) ကျပ်သား ဒယ်အိုးထဲထည့်ပါ။ ဒယ်အိုးနဲ့ ဆီပူလာရအောင် မီးအား အမြင့်ဆုံးနဲ့ အပူပေးပါ။ ပြီးရင် ပေါင်းထားတဲ့ ကြက်ပေါင်တွေကို ထည့်ကြော်ပါ။ မီးပြင်းနဲ့ ကြော်ရတာ ပေါင်းထားတဲ့အသားတွေ မပဲ့သွားရအောင်နဲ့ ကြက်ပေါင်လုံး မပျက်ဖို့ပါ။ အကြာကြီး ကြော်စရာ မလိုပါဘူး၊ အပေါ်ယံကြောလေး တင်းသွားရအောင်လို့ပါ။ ပြီးတာနဲ့ ဒယ်အိုးထဲမှာ ထမင်းစားဇွန်း (၂) ဇွန်းစာလောက် ဆီချန်ခဲ့ပြီး ကျန်တဲ့ဆီတွေကို ခပ်ထုပ်ပစ်လိုက်ပါ။ ပြီးတော့မှ ကြက်ပေါင်နယ်နှပ်ပြီး ကျန်တဲ့အရည်တွေကို ထည့်ပြီး မြန်မြန်လေး သမအောင်မွှေ၊ ဒယ်အိုးထဲမှာ အဲ့ဒီအရည်လေးတွေ ပျစ်လာတဲ့အချိန် မီးကို လုံးဝပိတ်၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းလောင်းထည့်ပြီး အားလုံး သမအောင် မွှေပေးလိုက်ရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပျားရည်ဆမ်း ကြက်ပေါင်းကြော်လေး ရပါပြီနော့့်နာလန်ထခါစ လူမမာများအတွက်လည်း အရမ်းကို အားရှိစေပါတယ့့် ကလေး၊ လူကြီးများအတွက်လည်း စားဖို့ သင့်တော်တဲ့ ဟင်းလေးပါပဲ။ လုပ်ရတာ လက်ဝင်တယ်လို့ ထင်ရပေမယ့် တကယ့်ကို ပျားရည်နံ့မွှေးမွှေးလေးနဲ့ အိအိလေးမို့ တစ်လမှာ တစ်ခါလောက် စမ်းပြီး လုပ်စားကြည့်ပါဦးလို့့အချဉ်အတွက် ဘိတ်ချဉ်လေး လုပ်၊ ဆတ်လတ်ရွက်သုပ်လေး၊ တုံယမ်းဟင်းရည်သောက်လေးနဲ့ဆိုရင် အရမ်းကို လိုက်ဖက်တဲ့ ဟင်းပွဲလေး ရပါပြီနော့့်
7
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် ဒီနေ့တော့ မောင်နှမတို့ကို ငှက်ပျောဖူးချဉ်စပ်ချက်လေး ချက်ကျွေးပါရစေရှင့့်ငှက်ပျောဖူး လတ်လတ်ဆတ်ဆတ် အခုပဲ အပင်ကနေ ချိုင်လိုက်တာ လက်ဆောင်ရလို့ ချက်ချင်းချက်လိုက်တာပါ့့ငှက်ပျောဖူးကို အပေါ်က အရင့်ပိုင်းတွေ နွှာပစ်ပြီး အတွင်းက အဖူးအနုပိုင်းလေး ကို ပါးပါးလှီးပြီး မန်ကျည်းသီးထည့်ဖျော်ထားတဲ့ရေထဲမှာ စိမ်ပေးပါ (အဲ့ဒီလို စိမ်လိုက်ခြင်းအားဖြင့် ငှက်ပျောဖူး မဲမသွားစေတဲ့ အပြင် ငှက်ပျောဖူးမှာရှိတဲ့ အစေးတွေလည်း သက်သာသွားစေပါတယ်)။ ပြီးတော့ ဆားနဲ့နယ်ပြီး ၃ ခါလောက် ရေဆေးပစ်ပါ၊ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ စပါးလင်ကို အပြင်က အခွံကြမ်းတွေဖယ်ပစ်၊ အတွင်းက အနုပိုင်းလေးတွေကို ခပ်ပါးပါးလှီး ပေးထားပါ။ကြက်သွန်နီထဲက အရွယ်တော်အလုံး နှစ်လုံးလောက်ကို ခပ်ပါးပါးလှီးပေးထားပြီး ကျန်တဲ့ အလုံးသေးလေးတွေကို ဒီအတိုင်း သပ်သပ်ဖယ်ထားပါ။ ပြီးရင် ငရုတ်ဆုံထဲကို ပုစွန်ခြောက်၊ မရမ်းပြား (မရမ်းပြားမရှိရင် မန်ကျည်းနှစ်ကို ထည့်နိုင်ပါတယ်)နဲ့ စပါးလင်ထည့်ပြီး ထောင်းပေးပါ၊ စပါးလင်ညက်ပြီဆိုရင်တော့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထည့်ထောင်းပါ၊ ပြီးရင်တော့ ကြက်သွန်နီ ထည့်ထောင်းပေးပါ။ ပြီးတော့မှ ငှက်ပျောဖူးတွေကို ရေထဲကနေဆယ်ယူပြီး ရေစင်အောင် စကာထဲထည့်ပြီး ရေစစ်ပေးထားပါ။ပြီးရင် အိုးတစ်လုံးထဲကို ငှက်ပျောဖူးနဲ့ အဆာပလာအားလုံးထည့်၊ ဆား၊ ငါးပိစိမ်းစားအနည်းငယ်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ကိုပါ ထည့်ပြီး သမအောင် နယ်ပေးပြီး တည်ပေးပါ။ ငှက်ပျောဖူးက ထွက်လာတဲ့အရည်နဲ့ အရင်တည်ပေးပါ။ အဲ့ဒီအရည်ခမ်းပြီဆိုရင်တော့နောက်ထပ် ငှက်ပျောဖူးမြုပ်ရုံရေထည့်ြပီး မီးအသင့်အတင့်နဲ့ နှပ်ပေးပါ။ ငှက်ပျောဖူးထဲ အရသာလည်းဝင်ပြီး နူးအိနေစေပါ တယ်။စပါးလင်နံ့သင်းပြီး ချဉ်ငံစပ်အရသာလေးနဲ့ စားရတာ အလွန်ထမင်းမြိန် စေပါတယ်နော်။ စမ်းပြီး ချက်ကြည့်ကြပါဦးလို့။
8
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်ဒီနေ့တော့ မောင်နှမတွေအတွက် ပုစွန်မရမ်းပြားချဉ်စပ်ဟင်းရည်သောက်လေး ချက်ကျွေးပါဦးမယ်နော့်ပုစွန်လတ်လတ်ဆတ်ဆတ်များကို ခေါင်းက အခွံမာခွာ၊ မစင်အိတ်ဖယ် ထုတ်ပစ်ပါ။ပီးရင် နောက်ကျောကနေ မစင်ကြောင်း ဖယ်ထုတ်ပစ်ပါ။ ပြီးရင် ကြက်သားမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်နဲ့ ရောနယ်ထားပေးပါ။အိုးတစ်လုံး ရေ အသင့်အတင့်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါ။မရမ်းပြားကို ရေနွေးနဲ့ ပွလာအောင် စိမ်ထားပေးပါ။ (မရမ်းပြားမရှိရင် မထည့်ဘဲ သံပရာရည်ညှစ်သောက်ပါ။ ကျွန်မက အမှန်တကယ် သံပရာရည်ညှစ်ထည့်ပြီး သောက်ချင်တာ၊ ဒါပေမယ့် ဘုန်းကြီးဆွမ်းဟင်းလောင်းဖုိ့လည်း ချက်တာမို့ သံပရာသီးအလုံးလိုက်ထည့်ပေးလုိ့လည်း မဖြစ်တာမို့ မရမ်းပြားထည့်ရတာပါ)။ရေနွေးပွက်ပွက်ဆူလာရင် ငံပြာရည်၊ ဆားအနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်ထည့်၊ ပုစွန်ထည့်၊ ပါးပါးလှီးထားတာတွေထည့်၊ မရမ်းပြားတွေထည့်၊ ပွက်ပွက်ဆူအောင်တည်၊ ဆူလာရင် အရသာမြည်းပြီး ချလိုက်ရုံပဲ။နံနံပင်လေးအုပ်တာပဲဖြစ်ဖြစ်၊ ရှောက်ရွက်လေးပဲဖြစ်ဖြစ် ထည့်နော်။ စပါးလင်ရှိရင်/ကြိုက်တတ်ရင် နည်းနည်းလေး လှီးပြီးထည့်လိုက်။ချက်စားကြည့်လိုက်ပါဦး့့ လျှာလည်သွားမယ်နော့့်
9
ချိုအိမွှေးဆိမ့် အရသာနဲ့ စားလို့ကောင်းတဲ့ ကဏန်းအချိုပေါင်းချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင် ...မောင်နှမတွေ အတွက် စားလို့ကောင်းမယ့် ကဏန်း အချိုပေါင်းလေး ချက်နည်းလေး မျှဝေပေးပါရစေဦးရှင် ...ဘလော့ဂ်မှ ပို့စ်တွေ update လုပ်ဖို့က ဒီက ကွန်နက်ရှင်နဲ့ လုပ်လို့မရဘူး၊ အဲ့ဒါကြောင့်မို့ Facebook မှာ အရင်တင်ပြီးမှ ဘလော့ဂ်မှာ တင်ရသလို ဖြစ်နေပါတယ် ... ဘလော့ဂ်မှာ လာရောက် ကြည့်ရှု အားပေးကြတဲ့ မောင်နှမများ အဲ့ဒီ အခြေအနေလေးကို နားလည် ခွင့်လွှတ်ပေးစေ လိုပါတယ်နော် ... ဝိုင်းတော်သားများရဲ့ အကူအညီနဲ့ ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နေအောင် ပို့စ်တွေ တင်ပေးနေမှာပါနော် ...လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကဏန်း (၇) ကောင်၊ ကြက်သွန်ဖြူ (၅) မွှာ ဓားပြားရိုက်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း (၂) ဇွန်း၊ နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ခရုဆီ ထမင်းစားဇွန်း (၁) ဇွန်း၊ ဟင်းရွက်ဆီ ထမင်းစားဇွန်း (၂) ဇွန်းတို့ပါနော် ...ကဏန်းတွေကို သန့်ရှင်းရေးလုပ်၊ ဝမ်းဗိုက်ဘက်က အဖတ်တွေ ဖယ်ရှားပစ်ပြီး ရေနဲ့ သန့်စင်အောင် ဆေးပေးပါ။ ပြီးရင် လက်မက အခွံမာတွေကို ငရုတ်ကျည်ပွေ့နဲ့ ထုပေးပါ။ ပက်လက်လှန်ထားတဲ့ အနေအထားရှိတဲ့ ကိုယ်ထည်ကို ခလယ်ကနေ အသာယာ နှစ်ခြမ်းခြမ်းပေးပါ။ ကျောကုန်းဘက်က အခွံမာရှိနေတော့ ၂ ခြမ်းပြတ်မသွားဘဲ ရှိနေမယ်။သန့်ရှင်းရေး လုပ်ပြီးသား ကဏန်းကို ကြက်သားမှုန့်ရယ် နှမ်းဆီမွှေးရယ်နဲ့ နယ်ပေးပါ။ ပြီးတော့မှ ကဏန်း ပေါင်းဖို့ ပြင်ရအောင်။ လွယ်လွယ် မြင်အောင်ပြော ရရင် အိုးကြီးကြီး တစ်လုံးထဲ ရေနွေးပွက်ပွက် ဆူအောင် တည်ထားပေးပါ။ ဇကာထဲမှာ အောက်ကနေ ငှက်ပျောဖက်ခင်းပြီး ကဏန်းတွေကို စီစီရီရီ တင်ထားပါ။ ရေနွေး ပွက်တာနဲ့ ကဏန်းတွေ စီထားတဲ့ ဇကာကို ထည့်ပြီး အဖုံးလုံအောင် ပိတ်ပြီး မိနစ် (၂၀) ပေါင်းပေးပါ။ အချိန် ပြည့်သွားရင် ကဏန်းတွေကို တစ်ဘက်လှန်ပြီး နောက်ထပ် (၁၀) မိနစ် ပေါင်းပေးပါ။အဲ့ဒီ အချိန်မှာ တစ်ဘက်က မီးဖိုမှာ ဒယ်အိုးလေးတင်၊ ဟင်းရွက်ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူ ဓားပြားရိုက် ထည့် ဆီသတ်၊ မွှေးလာတာနဲ့ ပဲငံပြာရည်က အကျဲနဲ့ ခရုဆီတို့ကို ထည့်ပြီး မွှေ၊ မီးပိတ်ပြီး ဒယ်အိုးချ။တစ်ဘက်မှာလည်း ပေါင်းထားတဲ့ ကဏန်းပေါင်း ရပြီ။ ပန်းကန်ထဲ ကဏန်းပေါင်းတွေကို စီစီရီရီ ထည့်၊ ပြီးတော့ ခုနက ကြက်သွန်ဖြူ ဆီမွှေးသတ်ထားတဲ့ အရည်လေးတွေကို ကဏန်းပေါင်း အပေါ် နှံ့အောင် အသာအယာ လောင်းချ ပေးလိုက်ပါနော်။အဲ့ဒါဆိုရင်တော့ ကဏန်းပေါင်း ချိုအိဆိမ့်မွှေး အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကဏန်းပေါင်းလေးကို စားလို့ ရပါပြီနော် ... ကြိုက်တတ်ရင် တရုတ်နံနံ၊ ကြက်သွန်မြိတ် အဲ့ဒါတွေ ထည့်လို့ရသေးတယ် ...အချဉ်ကတော့ မလုရဲ့ အကြိုက် လွယ်ကူရိုးရှင်းပြီး အရသာရှိလှတဲ့ ဘိတ်ချဉ်နဲ့ပေါ့ ...ဒါဆိုရင် မောင်နှမတွေ အားလုံး အိုကေလောက်ပြီလို့ ထင်ပါတယ် … ချက်စားရတာ လွယ်တယ်လေနော် ... မောင်နှမတွေ ချက်စားဖြစ်ရင် မလုကိုလည်း ကျွေးကြပါဦးလို့ ...
10
ချစ်သော မောင်နှမများ အားလုံး မင်္ဂလာပါရှင် ...ဒီနေ့တော့ မောင်နှမတွေကို ရေခူ ဆေးဘဲဥသုပ်လေး သုပ်ကျွေး ပါရစေရှင် …ရေခူ (Jelly Fish) ကို  Junction Center မှာတွေ့တော့ မောင်နှမတွေ အတွက် ဆန်းဆန်းပြားပြားလေး လုပ်ကျွေးလို့ ရအောင်လို့ ဝယ်ခဲ့မိတယ် …အသုပ်အတွက် ပြင်ဆင်ဖို့ ရေခူကို ရေအေးနဲ့ အနည်းဆုံး (၅) နာရီကနေ (၈) နာရီထိ စိမ်ပေးပါ။ အဲ့ဒီလို စိမ်တဲ့ အခါမှာလည်း အခါအခွင့်သင့်ရင် ၂ နာရီခြား တစ်ခါလောက် ရေအသစ်လဲပြီး စိမ်ပေးပါနော် ... အဲ့ဒီလို စိမ်ပေးခြင်းဖြင့် ရေခူမှာ ကပ်နေတဲ့ သဲတွေနဲ့ အနံ့တွေ ထွက်သွားစေတယ်နော် ...သုပ်ခါနီးကျရင် ရေနွေး ပွက်ပွက်ဆူအောင် တည်ထားတဲ့ အိုးထဲကို ရေခူကို ထည့်ပြီး ၃ မိနစ်လောက် ထည့်ပြီး အဖုံးအုပ်ထားပါ။ အဲ့ဒီလိုအချိန်မှာ ရေခူက ပွတက်လာပြီး အတွန့်လေး၊ အလိပ်လေးတွေ ကျောက်ခက်လို ဝေဝေဖြာဖြာ ထွက်လာတာ တွေ့ရမယ်။ ပြီးတော့ ငါးခြောက်နံ့လို အနံ့တွေ ပြုတ်ရည်ထဲ ပါသွားမယ်၊ သဲတွေ ပါသွားမယ်နော်၊ ပြီးတော့မှ ရေနွေးပူထဲကနေ ရေခူကို ပြန်ဆယ်၊ ပြီးတော့ ရေအေးနဲ့ ပြန်ဆေးပြီး တစ်လက်မ အရှည်လောက်လေးတွေ ဖြတ်ပေးထား၊ ဇကာထဲ ထည့်စစ်ထားပါနော်။ရေခူချည်းပဲ နည်းနေမှာစိုးလို့ ကျွန်မ ဆေးဘဲဥလေးတွေပါ ထည့်သုပ်လိုက်တာပါ … ဆေးဘဲဥ မထည့်လည်း ရပါတယ်။ ဆေးဘဲဥလေးတွေ အခွံနွှာပြီး အစိတ်လေးတွေ ရအောင် လှီးပေးထားပါ။ရေခူသုပ်အတွက် ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ အနီကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထား၊ အဖြူနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပေး၊ တရုတ်နံနံ / မြန်မာနံနံ နည်းနည်းလှီးထည့်၊  ကြက်သွန်မြိတ်ထည့်ဖို့ ပြင်ထား။ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ တရုတ်နံနံ အရိုးတို့ကို မညက်တညက် ထုထောင်းပြီး ရလာတဲ့ paste ကို ပန်းကန်လုံးလေး တစ်ခုထဲကိုထည့်၊ ပြီးရင် ဆားအနည်းငယ်၊ သကြား အနည်းငယ်၊ အရသာမှုန့် အနည်းငယ်၊ ပဲငံပြာရည် အပျစ်အကျဲ နှစ်မျိုးလုံးကို ရေနွေးလေးနဲ့ စပ်ဖျော်ပြီး မွှေလိုက်နော်၊ ပြီးတော့ သံပရာရည် ရွွှဲရွှဲလေး ညှစ်ပြီးတော့ထပ်မွှေထား၊ အနံ့လေး ပိုကောင်းသွားရအောင်လို့ နှမ်းဆီမွှေးလည်း တစ်စက်နှစ်စက်ပေါက်ထည့်။အားလုံး အသင့်ဖြစ်ရင် ဇလုံ တစ်လုံးထဲကို အဆာပလာတွေထည့်၊ ရေခူထည့်၊ ဆေးဘဲဥထည့်၊ ပြီးတော့ ဖျော်ထားတဲ့ အရသာရည်တွေ အားလုံးနဲ့ သမအောင် ရောမွှေလိုက်ပါနော် ... အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ချိုချဉ်ငံစပ်မွှေး ရေခူ ဆေးဘဲဥသုပ်လေး ရပါပြီနော် ... အပေါ်ကနေ ကြက်သွန်ကြော်နဲ့ နှမ်းစေ့ ဖြူးဖို့ မေ့သွားလို့ မောင်နှမတို့ ကြိုက်တတ်ရင် ထည့်လိုက်ပါဦးလို့နော်
11
ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင် ...ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများအတွက် မြေအိုးမြီးရှည် လုပ်နည်းလေးကို မျှဝေပေးပါရစေရှင် ...ကျွန်မချက်ဖြစ်တဲ့ မြေအိုးမြီးရှည်လေးကတော့ လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းက ပြင်ဦးလွင်မှာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု သွားတက်တုန်း ကျွန်မတို့သူငယ်ချင်းများနဲ့ အတူ ဆိုင်တစ်ဆိုင်မှာ သွားစားခဲ့တဲ့ ပုံစံမျိုးလေးပါနော် ...ကျွန်မဘဝမှာ စစချင်း စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ပဲ ဆိုပါတော့နော် အဲ့ဒီမှာ စားခဲ့ပြီး ကြိုက်သွားပြီး ရန်ကုန် ပြန်ရောက်တော့လည်း ဆိုင်တွေမှာ မြေအိုးမြီးရှည်စားချင်လို့ မှာစားခဲ့ပါတယ် … ဒါပေမယ့်လေ လုံးဝကို အရသာမတူ၊ ပါဝင်ပစ္စည်းတွေလည်း မတူဘဲ လုံးဝကိုမှ စားလို့မရဘဲ ပြင်ဦးလွင်မှာ စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ကိုပဲ တမ်းတမိနေတော့တာပေါ့ ...ဒီလိုနဲ့ အိမ်မှာလည်း မြေအိုးမြီးရှည်ကို အဆင်ပြေသလို မကြာခဏ ချက်စားဖြစ်တယ် … ဒါပေမယ့် ပို့စ်လည်း မတင်ဖြစ်ခဲ့ဘူး ... ဘလော့ဂ်ကို အမြဲတမ်းအားပေးနေတဲ့ မောင်နှမတစ်ယောက်က မြေအိုးမြီးရှည် လုပ်နည်းလေး မျှပေးပါဦးနော် ဆိုလို့ မနေ့မနက်က အစောထပြီး လုပ်ဖြစ်ခဲ့တာလေးကို မောင်နှမများ အားလုံးအတွက် မျှဝေပေးလိုက်ရပါတယ် ရှင် ...လိုအပ်တဲ့ ပစ္စည်းတွေကတော့ အရည်အတွက် ကြက်ရိုးကို သန့်စင်ပြီး ကြက်သားမှုန့်၊ ဆားတို့နဲ့ နယ်ပြီး ချင်း၊ ကြက်သွန်ဖြူတို့နဲ့ အရည်ဖြူလေးတွေ ရလာတဲ့ အထိ ပြုတ်ပေးထားပါနော် ...အခြား လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်၊ ဝက်၊ ပင်လယ်စာ (နှစ်သက်သလိုထည့်ပါ)၊ ငုံးဥ၊ ကြက်နားရွက်မှို၊ ပန်းခြောက်၊ ပဲပြားလိပ်၊ (ရေခဲမှိုလို့ခေါ်တဲ့ ကျောက်ပွင့်ကိုလည်း ထည့်နိုင်ပါတယ်) အသီးအရွက်အစုံ (မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ဘရိုကိုလီ၊ မှို၊ မုန်လာဥနီ၊ ကြာစွယ်၊ ပဲပင်ပေါက်၊ ရွှေပဲသီး၊ ဘေဘီပြောင်းဖူး၊ ကန်စွန်းရွက် …. ကြိုက်နှစ်သက်ရာ) ပဲပြား၊ မာလာအနှစ် (သို့မဟုတ်) ရွှေပဲတံဆိပ် ငရုတ်သီးအနှစ်၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ရှားကော ပတ်ကော၊ ရှမ်းမုန်ညင်းချဉ် စတာတွေပါနော် ...ထည့်လိုတဲ့ အသားတွေကို အနေတော် တုံးထားပေးပြီး ကြက်သားမှုန့်လေးနဲ့ နယ်ပေးထားပါ။ ဝက်ကလီစာကို ထည့်မယ်ဆိုရင် ကလီစာတွေကို မန်ကျည်းမှည့်နဲ့ အသေအချာ ဆေးကြောပြီးမှ ကြက်သားမှုန့်၊ ရှားကောပတ်ကောမှုန့်၊ သကြား၊ ပဲငံပြာရည် အကြည်တို့နဲ့ နယ်ပြီး နူးအောင် ပြုတ်ထားပေးပါ။ နူးအိပြီ ဆိုရင်တော့ ကိုယ်လိုသလောက် အရွယ် အစားလေးတွေ လှီးပေးထားပါ။ငုံးဥပြုတ်ထားပေးပါ။ အခွံနွှာထားပေးပါ။ မှိုခြောက်ပန်းခြောက် ပဲလိပ်တို့ကို သန့်ရှင်းရေးလုပ်ပြီး တစ်ကြိမ် ပြုတ်ပစ်ပါ။ (ရေနွေးနဲ့ တစ်ကြိမ်ပြုတ်ပစ်မှသာ မှိုခြောက်ပန်းခြောက် ပဲလိပ်ခြောက်တို့မှာ ရှိနေတဲ့ အနံ့တွေ၊ အထူးသဖြင့် ပန်းခြောက်က အခုနောက်ပိုင်း လာတဲ့အခါ ကြာကြာ အထားခံအောင် အချဉ်မှုန့်နဲ့ နယ်တယ်လို့ ကျွန်မ ခံစားရပါတယ် ... ပန်းခြောက် ကို ရေနဲ့ စင်အောင်ဆေး၊ ဝတ်ဆံဖယ်ပြီး ဟင်းထဲ ထည့်လိုက်ပြီးတဲ့အခါ ဟင်းက အချဉ်အရသာရှိလာတာကို ကျွန်မ သတိထားမိလို့ပါ။) ပြီးမှ မှိုခြောက်ကို အရွယ်တော်ညှပ်၊ ပန်းခြောက်ကို ဝတ်ဆံလေးတွေဖယ်ပြီး အထုံးလေးထုံး၊ ပဲလိပ်ကို ချိုချဉ်ပုံလေး ချည်ပါ။ ပဲပြားလေးတွေ အရွယ်တော် တုံးထားပေးပါ။အသီးအရွက်တွေကို သန့်စင်အောင် ရေဆေးပြီး အရွယ်တော် လှီးဖြတ်ပေးထားပါ။ရယ်ဒီမိတ် မာလာအနှစ်ကို သုံးမယ်ဆိုရင် သတိပြုစရာ ရှိပါတယ် ... မာလာအနှစ်မှာ ၂ မျိုးရှိပါတယ်။ တစ်မျိုးက မာလာဟင်းချက်တဲ့အထဲမှာ သုံးမယ့် အဆီပါတဲ့ဟာပါ။ ငရုတ်သီးများပါတယ်။ (အသီးအရွက်၊ ကြက်သား၊ ငါး စတာတွေကို ချက်တဲ့ ဟာမျိုးပါ)။ နောက်တစ်မျိုးက Soup အတွက် သုံးတဲ့ မာလာအနှစ်ပါ။ သူက ဆီမပါ၊ ငရုတ်သီးပါဝင်မှု နည်းပါတယ်။ စျေးဝယ်တဲ့အခါ အဲ့ဒီအထုပ်တွေရဲ့ နောက်ကျောက စာကို သေချာဖတ်ပြီး soup အတွက်လား၊ ဟင်းအတွက်လား ဆိုတာကို ရွေးဝယ်နိုင်ပါတယ်။ မောင်နှမတွေက အဆီပါတာနဲ့ စပ်တာကို ကြိုက်တတ်ရင် ဟင်းအနှစ်ထုပ်ကို သုံးသင့်ပြီး အစပ်သိပ်မစားနိုင်ဘူး၊ အဆီပါရင် သောက်ရတာ ခက်တယ်ဆိုတဲ့ မောင်နှမတွေကတော့ Soup အနှစ်ကို သုံးသင့်ပါတယ်။ ကျွန်မကတော့ ရွှေပဲတံဆိပ် ငရုတ်နှစ်ဗူးကို သုံးထားပါတယ်။ တစ်ခု သတိပေးချင်တာက ဟင်းရည်အိုးထဲကို မာလာဟင်းအနှစ် ထည့်ပြီးမှ ကျန်အရသာကို ထပ်ဖြည့်ပါ။ ငန်သွားမှာ စိုးလို့ပါ။ကြက်ရိုးဟင်းရည်အိုး ပွက်ပွက်ဆူလာပြီ ဆိုရင် အသားတွေနယ်ထားတာကို ထည့်ပါမယ်၊ ပြီးတော့ ငရုတ်နှစ်/ မာလာအနှစ်ကိုထည့်ပါ။ မာလာအနှစ်ထည့်တဲ့အခါ လောဘမကြီးမိစေဖို့ သတိပေးပါရစေ။ (အရသာပေါ့တာက ထပ်ဖြည့်လို့ရတယ်၊ ငန်သွားရင်ကျ ဟင်းပျက်တတ်တယ်လေ) ကျွန်မက အချိုးအစားကို ဖော်ပြမထားဘူးဆိုတာက တစ်ယောက်နဲ့တစ်ယောက် သုံးမယ့်ပစ္စည်းချင်း မတူတဲ့အခါ အရသာမတူနိုင်လို့ ကိုယ့်စိတ်ကြိုက် အရသာရအောင် ကိုယ့်ရဲ့ လျှာစွမ်းနဲ့ပဲ မြည်းကြမယ်လေနော် ... ဟင်းပွက်ပွက်ဆူပြီ ဆိုရင် ပဲပြားနဲ့ အသီးအရွက်တွေ စိတ်ကြိုက်ထည့်ပါ။ ကလီစာတွေထည့်၊ ငုံးဥတွေထည့်ပါ။ အရသာ အပေါ့အငန် မြည်းပါ။ ကျွန်မက မုန်ညင်းချဉ်ကို ဒီအတိုင်း စားတာထက် ဟင်းရည်ထဲ ထည့်သောက်ရတာ ကြိုက်တာမို့ ကိုယ့်အတွက် ပွဲပြင်တဲ့အခါ မုန်ညင်းချဉ်ကိုပါ ဟင်းရည်ထဲ တစ်ခါတည်း ထည့်ပြီးပြင်လေ့ရှိပါတယ်။ အသီးအရွက်တွေကို ကိုယ်တစ်ခါစားခါနီးမှ တစ်ခါပြုတ်ပြီး ထည့်လို့ရတယ်နော် ...မြီးရှည်ဖတ်က ရယ်ဒီမိတ်အခြောက်ထုပ်ကို အညွှန်းပါအတိုင်း ပြုတ်ပြီး သုံးလို့ရသလို အစိုကိုလည်း ဝယ်ပြီး သုံးလို့ရပါတယ်။စားပွဲပြင်တဲ့အခါ မြေအိုးလေးယူ မြီးရှည်ဖတ်လေးထည့်၊ ဟင်းရည်ထည့်၊ ပွက်ပွက်ဆူအောင်တည်၊ အသီးအရွက်တွေ ထည့်၊ အရသာအပေါ့အငန်မြည်း၊ ကြိုက်တတ်ရင် ကြက်သွန်မြိတ်လေး ပါးပါးလှီးပြီးအုပ်၊ နှမ်းစေ့လေး ဖြူးဖို့တောင် မေ့သွားတယ် ... အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မြေအိုး မြီးရှည်လေး ရပါပြီနော် ... ခပ်စပ်စပ်လေး စားချင်ရင် ငရုတ်သီးထောင်းကြော်လေး ထည့်လိုက်ပါဦးနော် ...မောင်နှမတွေ ကြိုက်နှစ်သက်မယ့် အခြား အဆာပလာများလည်း ထပ်ဖြည့်ပြီး သုံးဆောင်နိုင်ပါတယ်နော် ...ဝက်ခေါက်ကြော်လေးနဲ့အတူ တွဲဖက်သုံးဆောင်ပါဦးလားလို့ ...မောင်နှမများ အားလုံးလည်း ပိတ်ရက်မှာ မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနဲ့ အတူ မြေအိုးမြီးရှည်လေး ချက်စားပြီး ကောင်းမွန်ပျော်ရွှင်သော အချိန်လေးများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ခြွေရင်း ...
12
သုံးဆောင်ရန် အသင့်ဖြစ်နေတဲ့ ကော်ပြန့်စိမ်းလေးပါရှင်...ကော်ပြန့်ရွက် (ညှပ်ခေါက်ဆွဲဖြစ်မယ့် အဖတ်ကြီး / ကွေ့တီရိုဖတ်) အပေါ် အဆာထည့်ပြီးပုံ …အဆာထည့်ပြီးရင် ဒီလိုလေး ခေါက်ရမယ်နော် … ဘယ်အရင် … ညာထပ် …ပြီးတော့ ကျန်တဲ့ နှစ်ဘက်အစကို သိမ်းပြီး ထုပ်လိုက်တော့ ခေါင်းအုံးပုံစံလေး ဖြစ်သွားရော …ဒါလေးတွေက ခေါင်းအုံးဖြူလေးတွေ စီထားတာနဲ့ မတူဘူးလား …အထဲက အဆာလေးတွေကိုရော မြင်ရအောင်လို့ ဒီလိုလေး ပြင် …ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင် … ဘလော့ဂ်မှာ ဟင်းအသစ် မတင်လည်းပဲ အမြဲတမ်း အလည်လာပေးနေကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်နော် … ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလေး လုပ်ကျွေးပါရစေနော် …ကျွန်မက ဒီမုန့်နာမည်ကို ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလို့ လွယ်လွယ်လေး နာမည်ပေးလိုက်ပေမယ့် ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ လာပြောသွားတာက တရုတ်လိုတော့ ဒီမုန့်ကို ဟွမ်းဟွမ်းလို့ ခေါ်တယ်လို့ ပြောတယ်နော် …ဒီမုန့်လေးကို ကျွန်မ လွန်ခဲ့တဲ့ 2000 ခုနှစ်လောက်က ဗိုလ်တထောင်ဘုရားနားမှာ ရှိတဲ့ စာကြည့်တိုက်သင်တန်းကို သွားတက်တုန်း အဲ့ဒီသင်တန်းမှာ ခင်မင်ကြတဲ့ သူငယ်ချင်းများနဲ့ အတူ လက်ဖက်ရည်ဆိုင် ထိုင်ရင်း အဲ့ဒီမှာ စပြီး စားခဲ့ဖူးတာပါ … နောက်ပိုင်း သင်တန်းပြီးသွားတော့ ဒီမုန့်လေးနဲ့ ဝေးသွားရော …ဒီလိုနဲ့ အလုပ်တွေ လုပ်ရင်း အချိန်တွေ ကုန်လွန်ရင်းနဲ့ အခု နေပြည်တော်မှာ တာဝန်ထမ်းနေရတာပေါ့ … နေပြည်တော်က Capital Hyper Mart မှာ ဒီမုန့်ရောင်းတယ် … သူငယ်ချင်းတစ်ယောက်က အဲ့ဒီမုန့်လေး ဝယ်စားမိပြီး စားကောင်းတယ် ပြောတယ် … နောက်ထပ် အလုပ်ထဲက ညီမလေးတစ်ယောက်က အမ အဲ့ဒီမုန့်ကို သိလား … လုပ်တတ်လား … လုပ်တတ်ရင် လုပ်ကျွေးပါဦး ဆိုပြီး ပြောတော့ ကျွန်မလည်း လွန်ခဲ့တဲ့ (၁ဝ) နှစ်ကျော်က စားခဲ့တဲ့ မုန့်လေးကို သတိရပြီး ပြန်လည် စမ်းသပ်ထားတာပါနော် …အောက်ခံကော်ပြန့်ရွက် …မုန့်အတွက် လိုအပ်တာကတော့ အပေါ်က ကော်ပြန့်ရွက်အတွက် ညှပ်ခေါက်ဆွဲဖတ်ကြီး (မြင်အောင် ပြောရရင် ညှပ်ခေါက်ဆွဲ ဖြစ်အောင် ကပ်ကျေးနဲ့ မဖြတ်ခင် လက်ကိုင်ပုဝါလို လေးထောင့်ကြီး ဖြစ်အောင် လုပ်ထားတဲ့ အဖြူရောင် အဖတ်ကြီး) ကို ဝယ်ရတာပါ၊ နေပြည်တော်မှာဆိုရင် မြို့မစျေးက မုန့်ဖတ်ဆိုင်မှာ ရနိုင်ပါတယ် … အာဟာရသုခစျေးမှာလည်း မုန့်ဖတ်ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်လို့ရပါတယ် … ကွေ့တီရိုဖတ်လို့လည်း တစ်ချို့က ခေါ်ကြတယ်နော် … အဲ့ဒီအရွက်ကို မိမိလိုချင်တဲ့ အရွယ်အစားရအောင် ဖြတ်ထားပေးပါနော် …အဆာပြုလုပ်နည်း …အဆာအတွက် လိုတဲ့ပစ္စည်းတွေကတော့ ကြက်သား/ဝက်သား/ပုစွန်/ကဏန်း/ပင်လယ်စာ၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ မုန်လာဥနီ၊ ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်ကအကျဲ၊ နှမ်းဆီမွှေး၊ တရုတ်မာဆလာ၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်နဲ့ ဆီတို့ပါနော်။ကြက်သားကို ခပ်သေးသေးလှီးပါ၊ ချင်း၊ ကြက်သွန်ဖြူတို့ကို နုတ်နုတ်စင်းပါ၊ ကြက်သွန်နီကို ဘလော့ခ်ပုံ အတုံးသေးလေးတွေ ရအောင် လှီးပါ၊ မုန်လာဥနီ ပါးပါးလှီးပါ၊ ပြီးရင် ကြက်သား၊ မုန်လာဥနီ၊ ကြက်သွန်ဖြူနီ ချင်းတို့ကို ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ နှမ်းဆီမွှေးအနည်းငယ်၊ တရုတ်မာဆလာအနည်းငယ်၊ ကော်မှုန့်၊ ဆီ၊ တရုတ်နံနံ၊ ငရုတ်ကောင်း အနည်းငယ်တို့နဲ့ သမအောင် ရောနယ်ပါ၊ပြီးတော့ ဒယ်အိုးထဲ ဆီလေး နည်းနည်းထည့်ပြီး အဆာပလာတွေကိုကြော်ပါ။ အဆာပလာတွေက ခဏလေးနဲ့ ကျက်ပါတယ် … ပြီးတော့ ကော်ရည်လေး ဖျော်ထားပေးပါ၊ ကော်ရည်ခပ်ပျစ်ပျစ်နဲ့ပဲ လုလုက လုပ်ထားပါတယ်၊ အထားခံရအောင်ရော၊ စားကောင်းရအောင်ရောမို့ပါ။ ကော်ရည် ဆမ်းလိုက်တဲ့ အချိန်ကျရင် မီးလျှော့လိုက်ပါ။ ကော်ရည် ပျစ်လာပြီဆိုရင် ပါးပါးလှီးထားတဲ့ တရုတ်နံနံကို ထည့်ပြီး အုပ်၊ မွှေပြီး မီးပိတ်လိုက်ရင် ရပြီ၊ အဆာတွေကို ခဏလေး အအေးခံထားလိုက်ပါ။ဆိုင်က အဆာတွေက အသားနည်းတယ်၊ အရွက်များတယ်၊ ကော်ရည်ကျဲတယ်၊မုန့်လေးတွေ ထုပ်ရအောင် …ကွေ့တီရိုရွက်ကို လေးထောင့်ပုံလေးတွေ ရအောင် ဖြတ်ထား၊ ပြီးတော့ ပုံမှာ ပြထားသလိုပဲ ဗန်းတစ်ခုထဲ ထည့်ခင်းလိုက်ပါ၊ ပြီးတော့ အဖတ်ထဲကို အပေါ်ကနေ အဆာပလာထည့်၊ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းဆီ ခေါက်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလေး ရပါပြီနော် … လုပ်ရတာ သိပ်လွယ်တာပဲ … အချိန်ကုန်လည်း သက်သာတယ် … ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်နော် … အချဉ်အတွက်က Chito ငရုတ်ဆီလေးနဲ့ပဲ တွဲလိုက်တယ် … ကြက်သွန်မြိတ်လေးလည်း ကိုက်စားလိုက်ပါဦးနော် … လုပ်ရတာ လွယ်လွန်းလို့ မောင်နှမတို့ အားလပ်ရက်မှာ လုပ်စားကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော် …
13
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်ဒီနေ့တော့ မောင်နှမများအားလုံးကို ဝက်နံရိုးနုနဲ့ ဒညင်းသီးလေးကို ချဉ်ချဉ်စပ်စပ်လေး ချက်ကျွေးပါ ဦးမယ်နော့့် ဝက်သားနဲ့ ဒညင်းသီးချက်ဆိုရင် ကြားရုံနဲ့တင် စားချင်တတ်တာ ့့ ဒါပေမယ့် ဝက်နံရိုးနု လေးနဲ့ ချက်စားရအောင်လို့ တွေးပြီး ချက်မိတဲ့ ဟင်းလေးတစ်ခွက်ပါရှင့့်လိုအပ်တဲ့ပစ္စည်းတွေကတော့ ဝက်နံရိုးနု (၂၅) ကျပ်သား၊ တညင်းသီး (၁၅) လုံး၊ အချဉ်အရသာ အတွက် (သရက်ပြား/မရမ်းပြားခြောက်) အချဉ်မကြိုက်ရင် မထည့်လည်း ရပါတယ်နော်၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ ငရုတ်သီးစိမ်း အနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။တညင်းသီးတွေကို ပြုတ်တဲ့အခါ အိုးတစ်လုံးထဲ ရေနဲ့တညင်းသီးကို အတူရောထည့်ပြီး ပြုတ်ပါ။ ပွက်ပွက် ဆူလာရင် ပထမရည်တွေ သွန်ပစ်ပါ။ ပြီးရင် နောက်တစ်ရေထပ်ထည့်ပြီး ပြုတ်ပါ။ (၁၀) မိနစ်လောက် တည်ပါ။ ပြီးရင် အဲ့ဒီအရည်တွေ သွန်ပစ်ပါ။ အဲ့ဒီအချိန်ကျရင် တညင်းသီး အခွံတွေလည်း အလိုလို ကျွတ်ထွက်ကုန်ပါပြီ။ ပြီးတော့မှ အသီးတွေကို ထက်ခြမ်းခြမ်းပါ။ ပြီးရင် နောက်တစ်ရည်ထည့်ပြီး တည်ပါ။ မိနစ် (၂၀) လောက် တည်ပြီးတော့ အိုးကို မီးဖိုပေါ်က ချထားပေးပါ။ အဖုံးလုံးဝ မဖွင့်ပါနဲ့ဦး။ အထဲမှာ သူ့အပူနဲ့သူ နပ်သွားရအောင်လို့ပါနော်။တညင်းသီးပြုတ်ထားတဲ့အချိန်တွင်းမှာ လုပ်ရမှာက ဝက်နံရိုးကို သန့်စင်အောင် ဆေးကြောပြီး  ရေစစ်ပေးထားပါ။ ချင်းကို ညက်အောင်ထောင်းပေးပါ၊ ပြီးရင် ဇလုံတစ်လုံးယူ၊ ဝက်နံရိုးထည့်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်ထည့်၊ ပြီးရင် ချင်းရည်ကို ညှစ်ထည့်ပြီး အားလုံးသမအောင် နယ်ပြီး နာရီဝက်ခန့် နှပ်ပေးထားပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်ဖြူနီတို့ကို ညက်အောင်ထောင်းပေးပါ။ သရက်ပြား/မရမ်းပြားကို ရေနွေးနဲ့ စိမ်ပေးထားပါ။ ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲထားပေးပါ။အားလုံးအသင့်ဖြစ်တဲ့အခါ အိုးတစ်လုံးထဲကို ထောင်းထားတဲ့ ကြက်သွန်ဖြူနီ၊ ခုနက အရည် ညှစ်ယူထားတဲ့ ချင်းဖတ်လေးတွေ၊ နယ်နှပ်ထားတဲ့ ဝက်နံရိုးတို့ထည့်ပြီး မီးအားကောင်းကောင်းနဲ့ လှော်ပေးပါ။ ဝက်နံရိုးထဲက ထွက်လာတဲ့အရည်တွေ ခမ်းသွားတဲ့အခါကျမှ ရေလေး လက်ဖက်ရည်ကြမ်းတစ်လုံးစာလောက် ထည့်၊ အိုးအဖုံးဖုံးပြီး မီးအသင့်အတင့်နဲ့ တည်ပေးပါ။ အဲ့ဒီရေခမ်းခါနီး ဟင်းအိုးက ဖျစ်ဖျစ်မြည်တဲ့အသံထွက် လာရင် တညင်းသီးတွေထည့်ပြီး သမအောင် မွှေ၊ ပြီးရင် ရေနွေးနဲ့ စိမ်ထားတဲ့ သရက်ပြား/မရမ်းပြားကို ထည့်၊ နောက်ထပ် ရေ လက်ဖက်ရည်ကြမ်းတစ်လုံးခွဲစာလောက် ထည့်၊ မီးမျှင်းမျှင်းလေးနဲ့ ဆီပြန်တဲ့အထိ တည်ပေးပါ။ ဟင်းအိုးဖျစ်ဖျစ်မြည်တဲ့အသံထွက်လာရင် အပေါ့အငန်အရသာကိုမြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်၊ ငရုတ်သီးစိမ်းလေးအုပ်၊ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချလို့ပါပြီနော့့်ဒါဆိုရင် အားလုံးအတွက် ထမင်းမြိန်စေမယ့် ဝက်နံရိုးနုတညင်းသီးချဉ်စပ်ချက်လေး ရပါပြီရှင့့် လိုက်ဖက်တဲ့ဟင်းအမယ်တွေကတော့ ဟင်းရွက်ကြော်တစ်မျိုးမျိုး၊ ပဲနီလေး ကြာဆံဟင်းရည်သောက်လို အရည်သောက်တစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်ပါနော့့် မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ့့ဒီဟင်းထဲမှာ ဆီလုံးဝထည့်မချက်ထားပါဘူး့့ ဝက်နံရိုးကနေ ဆီတွေ ထွက်လာတာမို့ ဟင်းပွဲပြင်တဲ့ အခါလည်း ဆီတွေ ခပ်ထုပ်ပစ်ပါနော့့်
14
သန့်စင်ပြီး ပြုတ်ထားသော အင်ဥများဆိမ့်မွှေးရသာနဲ့ အင်ဥပုစွန်ကြော်ချဉ်ငန်စပ်အရသာနဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပုစွန်အင်ဥသုပ်အရသာရှိလှတဲ့ အင်ဥဟင်းရည်သောက်မောင်နှမများအားလုံး မင်္ဂလာပါရှင့့် ဆိုးလိုက်တဲ့ ကွန်နက်ရှင်ကြားကနေ ့့ ဒီနေ့တော့ အင်မထုသော အမှန်အကန် အရသာရှိတဲ့ အင်ဥဟင်းလျာများနဲ့ မိတ်ဆက်ပေးပါရစေရှင့့်အင်ဥ့့ အင်ဥဆိုတာ ဘာလဲလို့ ငယ်တုန်းက သေချာမသိခဲ့ပေမယ့် စားလို့အလွန်ကောင်းပေမယ့် သန့်ရှင်းရေးလုပ်ရတာ အလွန်အချိန်ယူရသော စားစရာတစ်မျိုးလို့ သိခဲ့တာပါ့့တကယ်တော့ အင်ဥဆုိတော့ မှိုတစ်မျိုးပါပဲ့့ အင်ပင် (မြင်အောင်ပြောရရင် ငယ်ငယ် တုန်းက ခေါက်ဆွဲကြော်ဝယ်ရင် ခေါက်ဆွဲကြော်ဆိုင်က အင်ဖက်နဲ့ ထုပ်ပေးလိုက်တာလေ့့ အင်ဖက် အရွက်အကြီးကြီးပေါ့့ အင်ဖက်နံ့သင်းနေတဲ့ ခေါက်ဆွဲကြော်ပူပူလေးဆိုရင်သိပ်ကို စားလို့ကောင်း တာ၊ အခုခေတ်ကတော့ ဖော့ဗူးတွေနဲ့ပေါ့) ကနေ ထွက်တဲ့ အစေးတွေက မြေကြီးပေါ်ကို ကျကုန်ရောတဲ့့ အဲ့ဒီအခါ အဲ့ဒီအစေးတွေက မြေကြီးရဲ့ အစိုဓာတ်နဲ့ တွေ့ပြီးတဲ့အခါ အခုလို အင်ဥလေးတွေ ဖြစ်လာရောတဲ့့ အင်ဥရာဇဝင်က အဲ့ဒီလို ့့ငယ်တုန်းက အင်ဥကို အဘွားက ဝယ်လာပြီး သန့်ရှင်းရေးလုပ်ခိုင်းပြီဆိုရင် ကျွန်မ တစ်ယောက် နှုတ်ခမ်းကို တစ်ခါတည်း စူပစ်လိုက်တာ့့ ဝက်နှုတ်ခမ်းကျနေတာပဲ့့ ပြီးတော့ မြေကြီးတွေ၊ သဲတွေနဲ့ အင်ဥကို ဆေးရတာ အလွန်မုန်းခဲ့တာ့့အဘွားက အင်ဥကို သန့်ရှင်းရေးလုပ်နည်း သင်ပေးခဲ့တဲ့အခါကျတော့မှ အလုပ်ရှုပ်တာ နည်းနည်း သက်သာသွားတော့တယ့့် အင်ဥတွေကို စကာထဲထည့်ပြီး ရေဘုံဘိုင်ကို ဖွင့်ချ့့ အင်ဥတွေကို စကာနဲ့ တိုက်ဆေးပေး့့အဲ့ဒါဆိုရင် အင်ဥမှာ ကပ်နေတဲ့ သဲတွေ မြေကြီးတွေ အားလုံးပါသွားရော့့ အနည်းဆုံး ၅ ကြိမ်လောက် တိုက်ဆေးပေးရတယ့့် နောက်ဆုံးကျတော့မှ အင်ဥလေးတွေရဲ့ အပေါ်မှာ ကပ်နေတဲ့ သဲတွေကို ဓားသေးသေးလေးရဲ့ ထိပ်ချွန်လေးနဲ့ အသာခြစ်ပစ်ရတာ့့ ပြီးတော့မှ အဲ့ဒီ သန့်ရှင်းရေး လုပ်ပြီးသား ဥလေးတွေကို ရေတစ်ခါထပ်ဆေးရပါတယ့့် အဲ့ဒါဆို အားလုံး သန့်စင်သွားတဲ့ အင်ဥလေး ဖြစ်သွားပြီ့့အင်ဥတွေကို အစိမ်းအတိုင်း စားရင်လည်း စားလို့ရတယ့့် ဝါးလိုက် ရင် ဖောက်ကနဲ ဖောက်ကနဲ မြည်နေတာပဲ့့အင်ဥ အထဲထဲက အနှစ်လေးတွေကလည်းလေ ဆိမ့်နေတာပဲ ့့ အင်ဥမှာ အညိုရောင် လေးတွေရော့့ အဖြူရောင်လေးတွေရော့ ့အမည်းရောင်လေးတွေရော ဥလေးတွေ ရောင်စုံရှိတယ့့် အပြင်အခွံက မည်းလို့ အထဲက အနှစ် မည်းမယ်၊ အပြင်အခွံဖြူလို့ အထဲက အနှစ် ဖြူမယ်လို့ မှတ်ယူလို့လည်း မရပြန်ဘူး့့ အပြင်ခွံအရောင်နဲ့ အတွင်းအနှစ်အရောင် တူတာလေးလည်း ရှိနိုင်သလို မတူတာလည်းရှိတယ်နော့့်အင်ဥကို အစိမ်းအတိုင်း စားနိုင်သလို ကြော်တာရော၊ သုပ်တာရော၊ ဟင်းချက်တာရော၊ အရည်သောက်ချက်တာရော အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်တယ်နော့့်အင်ဥကို ဟင်းလျာအဖြစ်မချက်ပြုတ်ခင်မှာ မမလုကတော့ အရင်ပြုတ်လိုက်ပါတယ့့် ပြုတ်လိုက်ခြင်း အားဖြင့် အင်ဥကို ချက်ပြုတ်သုတ်ဖို့ လှီးတဲ့အခါ အထဲက အနှစ်တွေ ပျော်ပြီး ထွက်မသွားတော့ဘူး့ ့ ချက်တဲ့အခါမှာလည်း အင်ဥနူးဖို့ တစ်ခါ ရေထည့်ပြီး တည်ရင် အနှစ်တွေနဲ့ အရောင်ကြီး မည်းသွားပြီး ဟင်းလျာအမြင်ရဲ့ ဆွဲဆောင်မှုကို လျော့နည်းစေတယ့် ့ ပြီးတော့ အပြင်ခွံမှာ ကပ်ပြီး ရှိနေတတ်တဲ့ သဲတွေက ပြုတ်လိုက်တဲ့အခါ တစ်ခါ ထပ်ပြီး စင်ကြယ်သွားတော့ စားတဲ့အခါ ကျလိကျလိ ဖြစ်မနေတော့ဘူးလေ့့ ပြုတ်ထားပြီး အင်ဥကို အခဲထဲ ထည့်ထားပြီး နောက်များ အင်ဥရာသီကုန်သွားလို့ စားချင်တဲ့အခါ စားဖို့ သိမ်းထားလို့လည်း ရတာပေါ့့အင်ဥပြုတ်လေးတွေကို လှီးတဲ့အခါမှာ ကိုယ်က ကြော်မှာလား့့ သုပ်မှာလား့ ့ ဟင်းရည်သောက် လား့့ ဒီလိုလေး စဉ်းစားလိုက့့် ကြော်မယ့်ဟင်းလျာနဲ့ အရည်သောက်အတွက် နည်းနည်းရင့်တဲ့ အင်ဥကို သုံးပါ့့ အင်ဥနုလေးတွေတော့ အသုပ်အတွက်သုံးမယ်ဆိုရင် အကောင်းဆုံးပဲ့့ အဲ့ဒီတော့ အင်ဥလှီးကတည်းက ပန်းကန်လေးတွေ သီးသန့်စီထား့့ ဒါက အင်ဥကြော်မယ့်အတွက့် ့ ဒါက သုပ်မယ့်အတွက့့် ဒါက အရည်သောက်အတွက်ဆိုပြီး လှီးတဲ့အခါ အင်ဥအနုအရင့်အလိုက် သီးသန့်စီ ထည့်ထားနော့့် ဒါဆို အဆင်ပြေစေတယ်ဟုတ့် ့အင်ဥကြော်တာကလည်း ရိုးပါတယ့့် ပြုတ်ထားပြီးတဲ့ အင်ဥတွေကို ပါးပါးလေးတွေလှီးပါ့့ သတ်သတ်လွတ်ကြော်နိုင်သလို ရောပြီး ကြော်ချင်တဲ့ အသား၊ ပုစွန် စတာတွေကိုလည်း အသင့်ပြင်ထားပေးပါ နော့့် ကြက်သွန်ဖြူကို မညက်တညက်ထောင်း၊ ကြက်သွန်နီကို လေးစိပ်ထိုးပါ့့ ငရုတ်သီးစိမ်းလေး လည်း ထက်ခြမ်းခွဲပေးထားပါ့့ အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင့့်ဆီအနည်းငယ်ထည့့့့် ဆီပူလာရင် (နနွင်းမှုန့်ကြိုက်ရင်ထည့်ပါ) ကြက်သွန်ဖြူနီထည့်ပြီး မွှေပါ့့ ကြက်သွန်စိမ်းနံ့ပျောက်သွားပြီးရင် ထည့်လိုတဲ့ အသား၊ ပုစွန်ထည့်ကြော်ပါ့့ အသားကျက်ပြီဆိုရင်တော့ အင်ဥလေးတွေကို ထည့့့် ဆား၊ ကြက်သားမှုန့်လေးခပ့့်အိုးအဖုံး ခဏအုပ်ထား၊ ၂ မိနစ်လောက်နေလို့ အင်ဥထဲ အရသာဝင်ပြီလား မြည်းကြည့့့် စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင် ငရုတ်သီးစိမ်းလေးတွေ အုပ့့် ကမန်းကတန်းမွှေပြီး ဟင်းအိုးချ့့ အဲ့ဒါဆို မွှေးဆိမ့်လှတဲ့ အင်ဥကြော်တစ်ခွက်ရပြီပေါ့့ တို့ကတော့ ဒီလို ဟင်းလျာမျိုးကို ဟိုတယ်စာနဲ့ မလဲနိုင်ပေါင့့်အင်ဥသုပ့့် ့ ပြုတ်ထားတဲ့ အင်ဥလေးတွေ လှီး့့ ပုစွန်နဲ့ သုပ်မလား့့ကြက်သားနဲ့ သုပ်မလား့့ ကိုယ်စားချင်တဲ့ အသားကို အသင့်ပြင်ထားပေါ့့ မမလုကတော့ ပုစွန်နဲ့ သုပ်မှာမို့ ပုစွန်ကို သန့်ရှင်းရေးလုပ် ့့ ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြီး ကွေးသွားတာနဲ့ ပြန်ဆယ်ယူထားလိုက်တယ့့် ပြီးတော့ ကြက်သွန်နီအစိမ်းကို ပါးပါးလှီး့့ရေဆေး့့ ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တညက် လေးထောင်း့့ ငါးပိစိမ်းစားလေး မီးဖုတ့့် ငရုတ်သီးစိမ်းလေး ပါးပါးလှီး့့ သံပရာသီးလေး ထက်ခြမ်းခွဲထား့့ အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို လှီးထားတဲ့ အင်ဥ၊ ပုစွန်နဲ့ အဆာပလာတွေ ထည့့့် သံပရာရည်လေးရွှဲရွှဲလေးညှစ့့် ငံပြာရည်ရယ့် ့ဟင်းချိုမှုန့်လေးနည်းနည်းရယ်ထည့်ပြီး သမအောင် နယ့့် အရသာက ချဉ်ငန်စပ့့် ဒါက တို့က တောသုပ်ပေါ့့ ဆီချက်နဲ့ သုပ်တာ မဟုတ့့် ဆီချက်နဲ့ သုပ်ချင်ရင်လည်း ရတာပဲ့့ ငါးပိစိမ်းစားမထည့်နဲ့့ ငံပြာရည်နဲ့ ပဲမှုန့်ထည့်ပြီး သုပ့့် ဒါပေမယ့် အင်ဥက တောသုပ်လေးက ပိုစားကောင်းတယ်နော့့် ဒါဆိုရင်တော့ ဟောဒီဘက်က ချဉ်ငန်စပ်အရသာနဲ့ ပုစွန်အင်ဥသုပ်မွှေးမွှေးလေး ရပြီနော့့်အင်ဥဟင်းရည်သောက့့် ကြက်ရိုးပြုတ်ရည်လေးကို ဟင်းချိုရည်အဖြစ်ယူ့့ ပြီးတော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့့့် ပွက်ပွက်ဆူရင် ပုစွန်နဲ့ အင်ဥထည့့့် နံနံပင်လေးအုပ့့် ငရုတ်သီးစိမ်းလေးအုပ့့် သောက်ခါနီးကျရင် သံပရာရည်လေးညှစ့့် ကြိုက်တတ်ရင့့် အလွယ်တကူ ရှိရင် ရှောက်ရွက်လေး ပါးပါးလှီးပြီး ထည့်သောက်နော့့် အဲ့ဒါဆိုရင် ထမင်းမြိန်စေမယ့့့် အင်ဥဟင်းရည် တစ်ခွက်ရတာပေါ့့အင်ဥနဲ့ မတည့်တဲ့သူတွေတော့ မစားနဲ့နော့့် တကယ်လို့ စားချင်တယ်ဆိုရင်လည်း ကန်စွန်းရွက် ကြော်လေးနဲ့အတူ တွဲစားနော့့်ဒီလောက်ဆိုရင်တော့ မောင်နှမတွေ အင်ဥဟင်းလျာအတွက် စိတ်ကျေနပ်မယ် ထင်ပါတယ်နော့့် မောင်နှမအားလုံး အင်ဥဟင်းလျာနဲ့ ထမင်းမြိန်စေတဲ့ နေ့သစ်လေး ဖြတ်သန်းနိုင်ပါစေလို့ လုလုတို့ ဝိုင်းတော်သားများအားလုံးက မေတ္တာရပ်ဝန်းမီးဖိုဆောင်ကနေဆုမွန်ကောင်းများ ပို့သလိုက်ပါတယ်ရှင်
15
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်ဒီနေတော့ မောင်နှမတို့ကို ဗုံလုံသီး ပုစွန်အဆာသွပ်နဲ့ ငပိသုပ်လေး သုပ်ကျွေးရဦးမယ်နော့့် အချို့ဒေသတွေမှာတော့ ပဲလင်းမြွေသီးလို့ ခေါ်ကြတယ်နော့့်စျေးထဲမှာ ဗုံလုံသီးတွေ တွေ့တော့ အဆာသွပ်စားချင်တာ အရမ်းပါပဲ့့ ပြီးခဲ့တဲ့အပတ် အိမ်ပြန်တုန်းက အမေ့ကို ဗုံလုံသီးအဆာသွပ်ပြီး ချက်စားကြရအောင်လို့ ပြောတော့ အမေက စားချင်ရင် ကိုယ့်ဘာသာကိုယ်ချက်တဲ့့ လက်ဝင်လွန်းလို့တဲ့ ့့ ကျွန်မလည်း ချင်ခြင်းတပ်တာ ့့ အဲ့ဒါကို စားချင်လိုက်တာ့့ အိမ်မှာရှိတဲ့လူတွေကို ဒီဟင်းကြိုက်/မကြိုက် မဲခွဲဆုံးဖြတ်ရင် ကျွန်မရှုံးမှာ သေချာပေါက့့် ချက်ရတာ လက်ဝင်လည်း ကိုယ့်ဘာသာကိုယ်ချက်မှာပဲ ဘာဖြစ်လဲပေါ့့ (အစား အသောက် သောင်းကျန်းတတ်တဲ့့ ့စားချင်ပြီဆိုရင်  ဘယ်လောက်ပဲ အချိန်ကုန်ကုန့့် ချက်စားတတ်တာက ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ)မနေ့က ရုံးကအပြန်စျေးဝင်တော့ ဗုံလုံသီး (၂) တောင့် ဝယ်လာခဲ့တယ့့် ပုစွန် (၁၅) ကျပ်သား ဝယ်ခဲ့တယ့့် အဲ့ဒါနဲ့ပဲ မနက်က အစောကြီးထပြီး ကျွန်မရဲ့ ချင်ခြင်းတပ်ခြင်း ဝေဒနာကို ကုသဖို့ရာ မဟာစီမံကိန်းကြီးကို အကောင်အထည်ဖော်တော့တာပေါ့့လိုအပ်တဲ့ပစ္စည်းတွေကတော့ ဗုံလုံသီး (၂) တောင့်၊ ပုစွန် (၁၅) ကျပ်သား၊ ကြက်သွန်ဖြူ (၇) မွှာ၊ ကြက်သွန်နီ အလတ် (၃) လုံး၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ဆီအနည်းငယ်တို့ပါနော် ့့ဗုံလုံသီးတွေရဲ့ အပြင်လွှာကို ဓားနဲ့ ခြစ်ပစ်၊ လေးလက်မအရှည်လောက်လေးတွေဖြတ်ပြီးတော့ အထဲက အစေ့တွေကို တူနဲ့ ထိုးထုတ်ပစ်၊ ရေဆေးပြီး စစ်ထားလိုက်ပါတယ်။ကြက်သွန်ဖြူနီနဲ့ ပုစွန်တို့ကို တောက်တောက်စင်းလို့ရသလို ဘလင်ဒါထဲ ထည့်ကြိတ်လိုက်လို့လည်း ရပါတယ့် ့ အဆာသွပ်ဖို့ပုစွန်ကြိတ်ထားတဲ့အထဲ ဆားနဲ့ သကြားနည်းနည်းထည့်နယ်ပြီး အသင့်ပြင်ထား လိုက်ပါတယ့့် ပြီးတော့မှ ဗုံလုံသီးတစ်ပိုင်းချင်းစီထဲကို ပုစွန်တွေကို စိတ်ရှည်လက်ရှည် အဆာသွပ်ပါတယ့့်အသင့်ဖြစ်ပြီဆိုရင် ခပ်ကျယ်ကျယ်အိုးတစ်လုံး (သို့မဟုတ်) ဒယ်အိုးကျယ်ကျယ်ထဲ ဗုံလုံသီးတွေကို စီစီရီရီထည့်၊ ဆီထည့် (ဆီများများစားတတ်ရင် များများထည့်လို့ရပါတယ်ပြီး မီးဖိုပေါ်တင်ပြီး ချက်ပါ။ ရေလုံးဝ မထည့်ဘဲ ချက်ပါနော့့် ဗုံလုံသီးဆိုတဲ့အမျိုးက သူ့ဟာသူ ရေတွေ ထွက်လာတဲ့အတွက်ပါ့့၇ မိနစ် လောက်တည်ပြီးတဲ့အခါ အဖုံးဖွင့်ကြည့်လိုက်ရင် အသီးထဲက ရေတွေထွက်လာတာတွေ့မှာပါ့့ အဲ့ဒီအခါကျ ကြေမွသွားသော ဗုံလုံသီးများ ဖြစ်မသွားရလေအောင် သတိထားပြီး အသီးတွေကို ဟိုဘက် ဒီဘက်လှန်ပေးပါ့့ ပြီးတော့မှ နောက်ထပ် ၅ မိနစ်လောက် ထပ်တည့့် ရေအခမ်း အသီးနူး့့အပိုလိုမရှိ ကွက်တိ ဖြစ်သွားတာပေါ့့ ဒီဟင်းက အချိုလေး့့ အနံ့လေးကလည်း မွှေးနေတာပဲ့့ အရသာလေး ကတော့ ပြောမနေနဲ့့ အရမ်းကောင်း့့ (အရည်လေးဆမ်းစားချင်ရင်တော့ ရေနည်းနည်းထည့်ပြီးချက်လို့ ရတယ်နော်)ဒီဟင်းနဲ့ လိုက်ဖက်တာကတော့ ငပိသုပ်ပါ့့ ငပိစိမ်းစား ထမင်းစားဇွန်းတစ်ဇွန်းကို မီးကင်လိုက်ပါ့့ ပြီးတော့ ကြက်သွန်နီဥကြီးတစ်လုံးကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထား ့့ ငရုတ်သီးစိမ်းလေး ပါးပါးလှီး့့ (ဗိုက်နာမှာစိုးရင် အိုးကင်ပူတိုက်ပြီး ထောင်းလိုက်)၊ ပုစွန်ခြောက်မှုန့်လေး လက်ဖက်စားဇွန်း ၃ ဇွန်းလောက် ထည့့့် သံပရာရည်ရွှဲရွှဲလေးညှစ်ပြီး အားလုံးသမအောင် နယ်လိုက့့် အဲ့ဒါဆို အနံအရသာနဲ့ ပြည့်စုံပြီး သားရည်တောက်တောက်ကျစေမယ့်  ငပိသုပ်လေးရပြီ့့ချိုဆိမ့်မွှေးနေတဲ့ ဗုံလုံသီးအဆာသွပ်နှပ်နဲ့ သံပရာနံ့မွှေးမွှေး့့ချဉ်ငံစပ်အရသာနဲ့ ငပိသုပ့့် ဒီနှစ်မျိုးနဲ့ဆို ဆွေမျိုးမေ့ပြီပေါ့့ဒီနေ့ထမင်းချိုင့်ကိုအဲ့ဒါနဲ့ ထည့်ခဲ့တာ့့ စားလို့တော့ သိပ်ကောင်းပါတယ့့် အဆာသွပ်ရတာ လက်ဝင်ပြီး အချိန်ယူတာမို့ နောက်တစ်ခါ အဲ့ဒီဟင်းချက်စားချင်ရင်တော့ ပိတ်ရက်မှ လုပ်ဖြစ်တော့မယ် ့့ပုစွန်အစား ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ ပုစွန်ခြောက် ကြိုက်နှစ်သက်ရာနဲ့ ချက်စားနိုင်ပါတယ့့် အဆာသွပ်ရမှာ အချိန်ကုန်မှာစိုးရင်တော့ ဗုံလုံသီးတွေကို မထူးမပါးလှီးပြီးတော့ နှစ်သက်ရာ အသား နဲ့ ရောချက်လိုက်လည်း စားလို့ကောင်းတာပါပဲ့့တစ်ခါတလေ အစားအစာလေးကို ကွန့်ပြီး လှတပတဖြစ်အောင် တန်ဆာဆင်ပြီး စားရတာလည်း ပင်ပန်းပေမယ့် စားလို့ ပိုဝင်တယ်လို့ ထင်မိပြန်ရော့့ ကျွန်မရဲ့ ချင်ခြင်းတပ်တဲ့ စိတ်လေးလည်း အာသာ ပြေသွားပြီပေါ့့မောင်နှမတို့ရေ့့ ပင်ပန်းတယ်လို့တော့ မထင်ပါနဲ့့ တစ်ခါတလေ ရာသီပေါ် ဗုံလုံသီးလေးကို ဒီလိုလေးနှပ်ပြီး ငပိသုပ်လေးနဲ့ တွဲဖက်စားသုံးကြည့်ကြပါဦးလို့့့
16
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်ဒီနေတော့ မောင်နှမတို့ကို ဗုံလုံသီး ပုစွန်အဆာသွပ်နဲ့ ငပိသုပ်လေး သုပ်ကျွေးရဦးမယ်နော့့် အချို့ဒေသတွေမှာတော့ ပဲလင်းမြွေသီးလို့ ခေါ်ကြတယ်နော့့်စျေးထဲမှာ ဗုံလုံသီးတွေ တွေ့တော့ အဆာသွပ်စားချင်တာ အရမ်းပါပဲ့့ ပြီးခဲ့တဲ့အပတ် အိမ်ပြန်တုန်းက အမေ့ကို ဗုံလုံသီးအဆာသွပ်ပြီး ချက်စားကြရအောင်လို့ ပြောတော့ အမေက စားချင်ရင် ကိုယ့်ဘာသာကိုယ်ချက်တဲ့့ လက်ဝင်လွန်းလို့တဲ့ ့့ ကျွန်မလည်း ချင်ခြင်းတပ်တာ ့့ အဲ့ဒါကို စားချင်လိုက်တာ့့ အိမ်မှာရှိတဲ့လူတွေကို ဒီဟင်းကြိုက်/မကြိုက် မဲခွဲဆုံးဖြတ်ရင် ကျွန်မရှုံးမှာ သေချာပေါက့့် ချက်ရတာ လက်ဝင်လည်း ကိုယ့်ဘာသာကိုယ်ချက်မှာပဲ ဘာဖြစ်လဲပေါ့့ (အစား အသောက် သောင်းကျန်းတတ်တဲ့့ ့စားချင်ပြီဆိုရင်  ဘယ်လောက်ပဲ အချိန်ကုန်ကုန့့် ချက်စားတတ်တာက ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ)မနေ့က ရုံးကအပြန်စျေးဝင်တော့ ဗုံလုံသီး (၂) တောင့် ဝယ်လာခဲ့တယ့့် ပုစွန် (၁၅) ကျပ်သား ဝယ်ခဲ့တယ့့် အဲ့ဒါနဲ့ပဲ မနက်က အစောကြီးထပြီး ကျွန်မရဲ့ ချင်ခြင်းတပ်ခြင်း ဝေဒနာကို ကုသဖို့ရာ မဟာစီမံကိန်းကြီးကို အကောင်အထည်ဖော်တော့တာပေါ့့လိုအပ်တဲ့ပစ္စည်းတွေကတော့ ဗုံလုံသီး (၂) တောင့်၊ ပုစွန် (၁၅) ကျပ်သား၊ ကြက်သွန်ဖြူ (၇) မွှာ၊ ကြက်သွန်နီ အလတ် (၃) လုံး၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ဆီအနည်းငယ်တို့ပါနော် ့့ဗုံလုံသီးတွေရဲ့ အပြင်လွှာကို ဓားနဲ့ ခြစ်ပစ်၊ လေးလက်မအရှည်လောက်လေးတွေဖြတ်ပြီးတော့ အထဲက အစေ့တွေကို တူနဲ့ ထိုးထုတ်ပစ်၊ ရေဆေးပြီး စစ်ထားလိုက်ပါတယ်။ကြက်သွန်ဖြူနီနဲ့ ပုစွန်တို့ကို တောက်တောက်စင်းလို့ရသလို ဘလင်ဒါထဲ ထည့်ကြိတ်လိုက်လို့လည်း ရပါတယ့် ့ အဆာသွပ်ဖို့ပုစွန်ကြိတ်ထားတဲ့အထဲ ဆားနဲ့ သကြားနည်းနည်းထည့်နယ်ပြီး အသင့်ပြင်ထား လိုက်ပါတယ့့် ပြီးတော့မှ ဗုံလုံသီးတစ်ပိုင်းချင်းစီထဲကို ပုစွန်တွေကို စိတ်ရှည်လက်ရှည် အဆာသွပ်ပါတယ့့်အသင့်ဖြစ်ပြီဆိုရင် ခပ်ကျယ်ကျယ်အိုးတစ်လုံး (သို့မဟုတ်) ဒယ်အိုးကျယ်ကျယ်ထဲ ဗုံလုံသီးတွေကို စီစီရီရီထည့်၊ ဆီထည့် (ဆီများများစားတတ်ရင် များများထည့်လို့ရပါတယ်ပြီး မီးဖိုပေါ်တင်ပြီး ချက်ပါ။ ရေလုံးဝ မထည့်ဘဲ ချက်ပါနော့့် ဗုံလုံသီးဆိုတဲ့အမျိုးက သူ့ဟာသူ ရေတွေ ထွက်လာတဲ့အတွက်ပါ့့၇ မိနစ် လောက်တည်ပြီးတဲ့အခါ အဖုံးဖွင့်ကြည့်လိုက်ရင် အသီးထဲက ရေတွေထွက်လာတာတွေ့မှာပါ့့ အဲ့ဒီအခါကျ ကြေမွသွားသော ဗုံလုံသီးများ ဖြစ်မသွားရလေအောင် သတိထားပြီး အသီးတွေကို ဟိုဘက် ဒီဘက်လှန်ပေးပါ့့ ပြီးတော့မှ နောက်ထပ် ၅ မိနစ်လောက် ထပ်တည့့် ရေအခမ်း အသီးနူး့့အပိုလိုမရှိ ကွက်တိ ဖြစ်သွားတာပေါ့့ ဒီဟင်းက အချိုလေး့့ အနံ့လေးကလည်း မွှေးနေတာပဲ့့ အရသာလေး ကတော့ ပြောမနေနဲ့့ အရမ်းကောင်း့့ (အရည်လေးဆမ်းစားချင်ရင်တော့ ရေနည်းနည်းထည့်ပြီးချက်လို့ ရတယ်နော်)ဒီဟင်းနဲ့ လိုက်ဖက်တာကတော့ ငပိသုပ်ပါ့့ ငပိစိမ်းစား ထမင်းစားဇွန်းတစ်ဇွန်းကို မီးကင်လိုက်ပါ့့ ပြီးတော့ ကြက်သွန်နီဥကြီးတစ်လုံးကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထား ့့ ငရုတ်သီးစိမ်းလေး ပါးပါးလှီး့့ (ဗိုက်နာမှာစိုးရင် အိုးကင်ပူတိုက်ပြီး ထောင်းလိုက်)၊ ပုစွန်ခြောက်မှုန့်လေး လက်ဖက်စားဇွန်း ၃ ဇွန်းလောက် ထည့့့် သံပရာရည်ရွှဲရွှဲလေးညှစ်ပြီး အားလုံးသမအောင် နယ်လိုက့့် အဲ့ဒါဆို အနံအရသာနဲ့ ပြည့်စုံပြီး သားရည်တောက်တောက်ကျစေမယ့်  ငပိသုပ်လေးရပြီ့့ချိုဆိမ့်မွှေးနေတဲ့ ဗုံလုံသီးအဆာသွပ်နှပ်နဲ့ သံပရာနံ့မွှေးမွှေး့့ချဉ်ငံစပ်အရသာနဲ့ ငပိသုပ့့် ဒီနှစ်မျိုးနဲ့ဆို ဆွေမျိုးမေ့ပြီပေါ့့ဒီနေ့ထမင်းချိုင့်ကိုအဲ့ဒါနဲ့ ထည့်ခဲ့တာ့့ စားလို့တော့ သိပ်ကောင်းပါတယ့့် အဆာသွပ်ရတာ လက်ဝင်ပြီး အချိန်ယူတာမို့ နောက်တစ်ခါ အဲ့ဒီဟင်းချက်စားချင်ရင်တော့ ပိတ်ရက်မှ လုပ်ဖြစ်တော့မယ် ့့ပုစွန်အစား ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ ပုစွန်ခြောက် ကြိုက်နှစ်သက်ရာနဲ့ ချက်စားနိုင်ပါတယ့့် အဆာသွပ်ရမှာ အချိန်ကုန်မှာစိုးရင်တော့ ဗုံလုံသီးတွေကို မထူးမပါးလှီးပြီးတော့ နှစ်သက်ရာ အသား နဲ့ ရောချက်လိုက်လည်း စားလို့ကောင်းတာပါပဲ့့တစ်ခါတလေ အစားအစာလေးကို ကွန့်ပြီး လှတပတဖြစ်အောင် တန်ဆာဆင်ပြီး စားရတာလည်း ပင်ပန်းပေမယ့် စားလို့ ပိုဝင်တယ်လို့ ထင်မိပြန်ရော့့ ကျွန်မရဲ့ ချင်ခြင်းတပ်တဲ့ စိတ်လေးလည်း အာသာ ပြေသွားပြီပေါ့့မောင်နှမတို့ရေ့့ ပင်ပန်းတယ်လို့တော့ မထင်ပါနဲ့့ တစ်ခါတလေ ရာသီပေါ် ဗုံလုံသီးလေးကို ဒီလိုလေးနှပ်ပြီး ငပိသုပ်လေးနဲ့ တွဲဖက်စားသုံးကြည့်ကြပါဦးလို့့့
17
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်မနေ့က အိမ်ပြန်ရောက်တော့ အခန်းဘေးကပ်လျက်က သူငယ်ချင်းက ပြောတယ့့်  ဂျပန်မှာ ကျောင်းအတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေက မြန်မာကို အလည်ရောက်နေတာ မနက် ၃ နာရီလောက် ပုဂံ -ညောင်ဦး ကနေ နေပြည်တော်ကို ရောက်မယ်တဲ့ ့  မနက်ဖြန်က နေပြည်တော်မှာ လျှောက်လည်မယ်တဲ့့ အဲ့ဒါ အမနဲ့ သူတို့တွေ တွေ့လို့ရအောင် ပြောပြတာတဲ့့အဲ့ဒါနဲ့ ကျွန်မကလည်း သူငယ်ချင်းတွေ ရောက်တုန်းလေး မြန်မာအစားအစာလေး ချက်ကျွေးချင်တယ်လို့ စိတ်ကူးမိတယ့့် ကျွန်မက ရုံးသွားရမှာမို့ မနက်အစောစာကို ချက်ရလည်းလွယ်၊ နိုင်ငံခြားသားခံတွင်းနဲ့လည်း စားလို့ အဆင်ပြေစေမယ့် ကြာဆံချက်လေး ချက်လိုက်မယ့့် ပြီးတော့ အချိုပွဲအတွက် အုန်းစိမ်းတွေ ဝယ်ထားတာရှိတယ့့် ဒူးရင်းယိုကလည်း မော်လမြိုင်အိမ်က ထည့်ပေးလိုက်တာ ရှိတယ့့်  ကျောက်ကျော မှုန့်ကလည်း အိမ်မှာ အသင့်ရှိတယ်ဆိုတော့ ကျောက်ကျောလေး ၂ မျိုးလောက် ကျိုလိုက်မယ့်  ကောက်ညှင်းမွှေးလက်ဖက်ခြောက်လေး ခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ဆိုရင် မနက်စာအတွက် အဆင်ပြေလောက်မယ်လို့ တွေးလိုက်မိတယ့့် အပြင်မှာ လိုက်ကျွေးဖို့လည်း အချိန်မရတာရော့့ လကုန်ခါနီးပြီဆိုတော့ ပေသီးခေါက်တာလည်း ပါတာပေါ့နော့့် အဲ့ဒီတော့ အိမ်မှာ ရှိတာလေးတွေနဲ့ သူငယ်ချင်းတွေကို ဖွယ်ဖွယ်ရာရာလေး ကျွေးချင်လို့ ချက်ဖြစ်ခဲ့ပါတယ့့်ကြာဆံချက် ချက်နည်းကိုတော့ မကြာခဏ ရေးပေးခဲ့ဖူးလို့ ပြန်မရေးပေးတော့ဘူးနော့့်http://lulucooking.blogspot.com/2009/06/blog-post.htmlhttp://www.lulucooking.blogspot.com/2010/06/blog-post_22.htmlhttp://lulucooking.blogspot.com/2007/08/blog-post_13.htmlအဲ့ဒီလင့်ခ်တွေမှာ သွားကြည့်လို့ ရတယ်နော်။အုန်းစိမ်းကျောက်ကျောလုပ်နည်းလည်း မကြာခဏရေးပေးခဲ့ဖူးပါတယ်နော့့်http://lulucooking.blogspot.com/2007/11/blog-post.htmlနဲ႕http://lulucooking.blogspot.com/2008/03/blog-post_04.htmlတို့မှာ ရေးခဲ့ဖူးပါတယ်။http://lulucooking.blogspot.com/2009/01/blog-post_09.htmlအဲ့ဒီမှာတုန်းကတော့အုန်းစိမ်းပင်ပွား ကျောက်ကျောလေး လုပ်ခဲ့ဖူးတယ်နော်။ဒီတစ်ခါတော့ အုန်းစိမ်းဒူးရင်းယိုကျောက်ကျောလုပ်နည်းလေးကို အသေးစိတ် ရေးပေးပါဦးမယ်နော့့် ပိတ်ရက်မှာ သူငယ်ချင်းတွေစုံတုန်းလေး လုပ်စားမယ်ဆိုရင် အဆင်ပြေအောင်လို့ပေါ့နော်။လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အုန်းနို့ကျောက်ကျောအစိမ်းထုပ် (၁) ထုပ်၊ အုန်းစိမ်းရည် (၂) လီတာ၊ ဒူးရင်းယို (၅) ကျပ်သား၊ သကြား (၁၅) ကျပ်သား၊ ဆားအနည်းငယ်တို့ပါနော်။ရေလီတာဝက်ကို အိုးတစ်လုံးထဲထည့်၊ သကြားထည့်ပြီး သကြားတွေ ပျော်သွားအောင် ကျိုပြီး အမှိုက်တွေ မပါအောင် စစ်ယူပါနော်။ ဒူးရင်းယိုလေးတွေကိုလည်း ငုံးဥအနှစ်လေးလိုဖြစ်အောင် လုံးပေးပြီး ပုံစံဖော်မယ့် ခွက်လေးတွေထဲ ထည့်ပေးထားပါ။ အုန်းစိမ်းရည် ၁ လီတာခွဲကိုလည်း အသင့်ပြင်ပေးထားပါ။အားလုံးအသင့်ဖြစ်ပြီဖြစ်ရင်တော့ အိုးတစ်လုံးထဲကို အုန်းစိမ်းရည်၊ သကြားရည်၊ ကျောက်ကျောမှုန့်နဲ့ ဆား အနည်းငယ်တို့ ထည့်ပြီး အားလုံးသမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါ။ ကျောက်ကျောအိုး အဆူမြန်အောင် အိုးအဖုံးပိတ်ပြီး တည်ပေးပါတယ်။ အချိန် (၁၀) မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးဖွင့်ပြီး ကျောက်ကျောအိုး ကပ်မသွားအောင် မွှေပေးပါတယ်။ ပြီးရင် အိုးအဖုံးပြန်ပိတ်ပြီး (၅) မိနစ်လောက် ကြာအောင် ထပ်တည်ပါတယ်။ အဲ့ဒီအချိန်မှာ ကျောက်ကျောထည့်မယ့် ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို ဒူးရင်းယိုလေးတွေ ထည့်ထားပေး ပါနော်။ ပြီးတော့မှ အိုးအဖုံးကို ဖွင့်၊ ပင်ပွားတွေကို ထည့်ပြီး ကျောက်ကျောအိုးကို (၁၀) မိနစ်လောက် အဆက် မပြတ် မွှေပေးပါတယ်။ ပြီးရင်တော့ ကျောက်ကျောကို ပန်းကန်ပြားလေးတစ်ခုထဲ ထည့်ပြီး အအေးခံကြည့်ပြီး ခဲ၊ မခဲ စမ်းသပ်ပါ။ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်ထည့်ချင်တဲ့ ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲ ကို လောင်းထည့်လိုက်ပြီး အအေးခံထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အရသာလည်းရှိ အမြင်လည်း လှတဲ့ အုန်းစိမ်းဒူးရင်းယိုကျောက်ကျောလေး ရပါပြီနော်။ကျွန်မရဲ့ သူငယ်ချင်းတွေလည်း ပျော်ကြပါတယ့့် သူတို့ပျော်သလို ကျွန်မလည်း ပျော်ပါတယ့့်အဲ့ဒီနေ့က ဆွမ်းတော်လည်း ကပ်လိုက်ရတယ့့်ကျွန်မရဲ့ ရုံးက လုပ်ဖော် ကိုင်ဖက်တွေကို လည်း ကျွေးလိုက်ရသေးတယ့့် ပျော်စရာလည်းကောင်းပါတယ့် ့  ကုသိုလ်လည်း ရပါတယ့့်  မောင်နှမတွေ အဆင်ပြေအောင်လို့ မျှဝေလိုက်ရပါတယ်နော့့်
18
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်မောင်နှမများကို ဒီနေ့တော့ ဖားသားကို ငရုတ်သီးစိမ်းနဲ့ စပ်စပ်လေးချက်ပြီး ပင်စိမ်းမွှေးလေး အုပ်ပြီး ချက်ကျွေးပါဦးမယ်နော့့်မော်လမြိုင်က သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိတော့ သူက တရုတ်ဆိုင်မှာ ဟင်းသွားဝယ်ရင်းနဲ့ ဖားသားကြော်ကို တွေ့ခဲ့တယ်တဲ့့ အဲ့ဒီဆိုင်မှာချက်ထားတာက ဖားသားကို တန်ပူရာမှုန့်နဲ့ ကပ်ကြော် ထားတာတဲ့့ သူချက်စားဖြစ်တာကျတော့ ဖားကို ချင်းများများနဲ့ ကြွပ်နေအောင်ကြော်၊ ပြီးတော့မှ ငရုတ်သီးခွဲကြမ်းနဲ့ ကြက်သွန်ဖြူနီလေးတွေ ထည့်ပြီး မီးနွေးနွေးနဲ့ ကြော်ပြီး အကြွပ်ကြော်လိုမျိုးပဲ စားဖူးတယ်တဲ့့ အဲ့ဒါ ဖားသားဟင်းကို မော်လမြိုင်လိုမျိုး ချက်စားချင်တာ ့့ နည်းလမ်းလေးပေးပါဦးတဲ့့အဲ့ဒါနဲ့ပဲ ပင်စိမ်းမွှေးဖားသားလေးကို အစပ်ချက်လေးချက်ပြီး မျှဝေပေးလိုက်ရပါတယ်ရှင့် ့လိုအပ်တဲ့ပစ္စည်းတွေက ဖားသား (၂၅) ကျပ်သား၊  ကြက်သွန်ဖြူဥတစ်လုံး (၇) လုံး၊ ချင်း လက်တစ်ဆစ်၊ စပါးလင် (၁) ပင်၊ နီအရွယ်တော် (၃) လုံး၊ ငရုတ်သီးစိမ်း (၁၅) တောင့်၊ ပင်စိမ်း (၇) ခက်၊ ငံပြာရည် ထမင်းစားဇွန်း (၂) ဇွန်း၊ ဆား လက်ဖက်ရည် ဇွန်း  ဇွန်းတစ်ဝက်၊ ဟင်းခတ်မှုန့် နဲ့ သကြား လက်ဖက်ဇွန်း တစ်ဝက်စီ၊ ငရုတ်သီး အပုပွတောင့် (၅) တောင့်၊ နနွင်းမှုန့် အနည်းငယ်နဲ့ ဆီ နှစ်ကျပ်ခွဲသားတို့ပါနော့့်၀ယ်လာခဲ့တဲ့ ဖားက ဥလေးတွေပါတယ့့် တော်တော်လေးကို အကောင်လည်းကြီးတယ့့် ဖားကို သန့်စင်ပြီးတော့ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ငံပြာရည်တို့နဲ့ နယ်နှပ်ထားပါ့့ငရုတ်သီးပုပွတောင့်ကို အစေ့ထုတ်၊ ရေနွေးနဲ့စိမ်ပြီး ထောင်း၊ ချင်းနဲ့ စပါးလင်ကို ထည့်ထောင်း၊ ပြီးတော့ ငရုတ်သီးစိမ်းထည့်ထောင်း၊ ကြက်သွန်ဖြူနီထည့်ထောင်းပါတယ့့်အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးထည့်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တွေဆီသတ်၊ ကြက်သွန်တွေနွမ်းပြီး မွှေးလာရင် နယ်နှပ်ထားတဲ့ဖားတွေကို ထည့်ပြီး ဆီသတ်ပါတယ်။ပြီးတော့ မီးအသင့်အတင့်နဲ့ ဖားတွေကို ခပ်ခြောက်ခြောက်လေး ဖြစ်အောင်ထိ ချက်ပါတယ်။ နောက်ဆုံး ကျမှ ပင်စိမ်းမွှေးလေးတွေ အုပ်လိုက်ပြီး ရောမွှေလိုက်ပါနော်။အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံပြီး အရမ်းကို စားလို့ကောင်းတဲ့ ဖားသားဟင်းစပ်စပ်လေးတစ်ခွက်ရပါပြီနော်။သူငယ်ချင်းရေ့့မော်လမြိုင်အလွမ်းပြေ ပင်စိမ်းမွှေးဖားသားအစပ်ချက်လေးကို ချက်စားကြည့်ပါဦးနော့့် ချက်စားဖြစ်တဲ့အခါ တို့ကိုလည်း မမေ့နဲ့နော့့်တွဲဖက်စားသုံးနိုင်တာက ကင်ပွန်းရွက်ချဉ်ရည်ဟင်း၊ မန်ကျည်းရွက်ချဉ်ရည်ဟင်း၊ ချဉ်ပေါင်ဟင်း၊ ပဲနီလေးကြာဆံဟင်း၊ အသီးအရွက်ကြော်တို့နဲ့ပါနော့့်ချစ်သောမောင်နှမများအားလုံးလည်း ဖားသားလေးများ ဝယ်ဖြစ်ခဲ့ရင် ဒီလိုလေး ချက်စားကြည့်ကြပါဦးနော့့်
19
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် မောင်နှမတွေနဲ့ စီဘောက်စ်ကနေလည်း စကား မပြောရ၊ ကော်မန့်လည်း ပြောလို့မရတဲ့ဘဝဖြစ်ပေမယ့့့် မောင်နှမတွေအတွက် ဟင်းပွဲလေးတွေ တင်ပေးချင်တဲ့စိတ်က အမြဲတမ်း ရှိပါတယ်နော့့ဒီနေ့ မောင်နှမတွေကို ပဲပင်ပေါက်သနပ်လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော့့် ဒီနည်းလေးကို facebook မှာ တင်ပေးပြီးပေမယ့် ဘလော့ဂ်ကို အလည်လာကြတဲ့မောင်နှမတွေအတွက်လည်း မျှဝေပေးချင်လို့ပါနော့့်ဒီသနပ်လေး လုပ်ရင်း မော်လမြိုင်က အစ်ကိုတစ်ယောက်ကို သတိရမိတယ့့်ဒီနေ့ ဘာချက်စားလဲ ညီမလေးလို့ မေးတော့့ ပဲပင်ပေါက်သနပ်လို့ ပြောတော့ အစ်ကိုက့့မိလုရေ့့ နင်က အခုတော့ နေပြည်တော်ရွှေမြို့သူကြီးဖြစ်နေပြီဆိုတော့ မော်လမြိုင်လေသံပျောက်နေပြီး အသံတွေတောင်ပြောင်းကုန်ပါလားတဲ့့  တကယ်တော့ ကိုယ့်ဇာတိရဲ့ လေသံဆိုတာလေ ဘယ်လိုမှ ဖျောက်ဖျက်လို့မရပါဘူး့့အော့့် မော်လမြိုင်မှာ ပဲပင်ပေါက်လို့မှ မခေါ်တာပဲနော့့် ပဲတီလို့ ခေါ်တာ ဟုတ်တယ့့် ဟုတ်တယ့့်မနက်ခင်းမိုးလင်းရင် အထမ်းသယ်က အော်ရောင်းတယ်လေ့့ ပဲတီပဲမှုန့် (ပဲပင်ပေါက်+ပဲပြားကို ဆိုလိုတာပါ) လို့လေ့့ အဲ့ဒါဆိုရင် မော်လမြိုင်လေသံမပျောက်တော့ဘူး ဟုတ်တယ်ဟုတ့့် လို့ ပြန်ပြောလိုက်တယ့်အစ်ကိုက အဲ့ဒါမှ ငါတို့ မော်လမြိုင်သံစစ်စစ်တဲ့့ ဒါနဲ့လေ့့ အဲ့ဒီပဲတီသနပ်လုပ်နည်းလေး ကို ပြောပြပါဦးတဲ့့အဲ့ဒါနဲ့ပဲ ပဲတီသနပ်လို့ ခေါ်တဲ့ ပဲပင်ပေါက်သနပ်ကို အားလုံးအတွက် မျှဝေပေးလိုက်ရပါတယ်နော့့်ပဲပင်ပေါက်များကို အမည်းရောင် ပဲဖတ်လေးတွေ အရင်သန့်စင်ပေးရမယ်နော့့် ပြီးမှ ရေနဲ့ သန့်စင်အောင်ဆေးပါမယ့့် ပြီးရင် ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အထဲမှာ နနွင်းမှုန့်လေး အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာရင် ပဲပင်ပေါက်တွေကို ထည့်ပြီး ရေနွေးဖျောပြီး ပြန်ဆယ်ပါတယ်။အဆာပလာအတွက် စပါးလင်လတ်လတ်ဆတ်ဆတ်ကို ပါးပါးလှီးထားပါ။ မြေပဲဆန်လှော်ထောင်းထားပါ။ ငါးပိစိမ်းစားအနည်းငယ် မီးကင်ထားပါ။ မီးမကင်ဖြစ်ရင် ကြက်သွန်နီဆီချက်ချက်ပြီးတဲ့အခါ ကြက်သွန်ကြော်တွေကို ဆယ်ယူပြီးတော့ မီးဖိုမီးပိတ်ပြီး အဲ့ဒီဆီပူထဲမှာ ငါးပိလေးကို အသာလေး ထည့်ပြီး ကြော်ထားပါ။ဇလုံတစ်လုံးထဲ ပဲပင်ပေါက်ရောနွေးဖျောကိုထည့်ပြီး စပါးလင်၊ ဆား၊ သကြား အနည်းငယ်၊ ငါးပိစိမ်းစား၊ မြေပဲဆန်လှော်ထောင်း၊ ကြက်သွန်နီဆီချက်၊ အချဉ် အရသာအတွက် ရှာလကာရည် (သို့မဟုတ်) သံပရာရည် (သို့မဟုတ်) မရမ်းပြား ကိုထည့်ပြီး သမအောင် နယ်ပေးပါ။ အရသာအပေါ့အငန်မြည်းပြီး နှမ်းစေ့လေးတွေပါ ထည့်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပဲပင်ပေါက်သနပ် အရန်ဟင်းတစ်ခွက်ကို ရရှိစေမှာပါ။အုန်းထမင်း၊ ထောပတ်ထမင်း၊ ဆီပြန်ဟင်း၊ ဘာလချောင်ကြော်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။မောင်နှမတို့လည်း တစ်ခါတလေကျရင် ပဲပင်ပေါက်ပဲပြားကြော်အစား ပဲပင်ပေါက်သနပ်လေး လုပ်ပြီး စမ်းသပ်စားသုံးကြည့်ကြပါဦး။
20
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ဝက်သားကင်နည်းလေး မျှဝေပေးပါရစေရှင်။၀က်သားကို သန့်စင်အောင်ဆေးကြောပြီး တစ်လက်မအထူ၊ အလျားအရှည်ကတော့ ကိုယ်လိုချင်သလောက် အရှည်  ထားနိုင်ပါတယ်။ သုံးထပ်သားဖြစ်ဖြစ်၊ အသားဖြစ်ဖြစ်၊ ဝက်နံရိုးပဲဖြစ်ဖြစ်ပေါ့။ ပြီးရင် ဝက်သားတွေကို ဆူးချွန်နဲ့ ထိုးပေးပါ။ သုံးထပ်သားကင်မယ်ဆိုရင် အခေါက်ဘက်ကို အဓိကသတိထားပြီး ဆူးချွန်နဲ့ထိုးပေးပါ။စပါးလင်အနည်းငယ်၊ ချင်းအနည်း ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ညက်အောင်ထောင်းပါ။ ပြီးရင် ဇလုံတစ်ခုထဲ ဝက်သား (အသား/သုံးထပ်သား/ဝက်နံရိုး နှစ်သက်ရာကို) ကို ထည့်ပြီး ခုနက ထောင်းထားတဲ့ အဆာပလာတွေထည့်၊ ပြီးရင် ဆား၊ သကြား၊ ပဲငံပြာရည်အပျစ် (သိပ်များရင် အရောင်မည်းသွားတတ်ပါတယ်)၊ ပဲငံပြာရည်အကြည်၊ တရုတ် မာဆလာ၊ တရုတ် နံနံရွက်နုတ်နုတ်စင်း (အနံ့မကြိုက်ရင် မထည့်ပါနဲ့)၊ ငရုတ်ဆော့စ်အနည်းငယ်၊ နှမ်းဆီမွှေး အနည်းငယ်တို့ပါထည့်ပြီး သမအောင် နယ်ပေးပြီး ပလတ်စတစ်ဗူးထဲထည့်၊ လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်ပြီး အနည်း ဆုံး ခြောက်နာရီလောက်  နှပ်ပေးထားတာပါ။(ဝက်သိုးစော်နံတယ်လို့ ပြောတဲ့ကျွန်မရဲ့ မိတ်ဆွေအတွက် ဒီနည်းကို စမ်းကြည့်ဖို့ တိုက်တွန်းပါရစေ။ ဝက်သိုးစော် လုံးဝမနံစေရပါဘူးနော်။ အာမခံပါတယ်။) အဆာပလာများကို မိမိ ကြိုက်နှစ်သက်တဲ့ အနံ့အရသာဖြစ်အောင် ညှိပြီး ထည့်နိုင်ပါတယ်။ကင်တဲ့အခါ ကျွန်မက Grill စနစ်ပါတဲ့ Microwave ကို သုံးပါတယ်။ Grill system ရဲ့ အပူချိန်က Medium ဖြစ်ပါတယ်။ ကင်ဖို့အတွက် မိုက်ကရိုဝေ့ဖ်ထဲ ကင်စင်ကို အရင်ထည့်ပါတယ်။ ကင်စင်ရဲ့အောက်မှာ ပန်းကန်ပြားတစ်ချပ်ခံလိုက်ပါ တယ်။ အသားကင်တဲ့အခါ အဆီတွေထွက်လာတဲ့အခါ မိုက်ကရိုဝေ့ဖ်ကို ညစ်ပတ်မသွားရအောင်လို့ပါ။ Grill setting ကို ရွေးပြီး ပထမအနေနဲ့ ၁၅ မိနစ် အပူပေးပြီး အရင်ကင်ပါတယ်။ ပြီးရင် နောက်တစ်ဖက်ကိုလှန်ပြီး နောက်ထပ် ၁၅ မိနစ် ထပ်ကင်ပါတယ်။ ပြီးတော့မှ နောက်ထပ်တစ်ဖက်ကို ၅ မိနစ်စီ ထပ်ကင်နိုင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ကြွတ်ရွမှုအပေါ် မူတည်ပြီး ကင်တဲ့အချိန်အတိုးအလျှော့ကို လုပ်နိုင်ပါတယ်။ အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝက်သားကင်ရပါပြီနော်။မီးသွေး၊ဂက်စ်၊ လျှပ်စစ်မီး ကြိုက်တာနဲ့ ကင်နိုင်ပါတယ်နော်။ အဲ့ဒါတွေနဲ့ ကင်တဲ့အခါ အပေါ်မှာ ကင်မယ့် မီးကင်ပြားပေါ် မှာ ဆီသုပ်ပြီးမှ အသားတွေကို တင်ပြီး ကင်ပါမယ်နော်။ မီးသိပ်မများစေဘဲ အကျက်ညီအောင် မီးအသင့်အတင့်နဲ့ ကင်ပေးပါ။ မီးသိပ်များရင် တူးတဲ့နေရာတူးပြီး အတွင်းသား မကျက်ဖြစ်တတ်ပါတယ်။ ဒါဆိုရင် စားမကောင်းဘူးနော်။အချဉ်အတွက် ဘိတ်ချဉ်လုပ်ပါမယ်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပေးပါ။ ပဲငံပြာရည်အကြည် ၂ ဆကို ရှာလကာရည် ၁ ဆထည့်ပါ။ ပြီးရင် ဆားနည်းနည်း၊ သကြားနည်းနည်းထည့်ပြီး ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ထည့်ပြီး မွှေလိုက်ပါ။ အဲ့ဒါဆိုရင် အချဉ်ရပါပြီ။အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝက်သားကင်ရယ်၊ ဘိတ်ချဉ်ရယ်၊ အသီးအရွက်အတွက် ဆတ်လတ်ရွက်၊ ချယ်ရီ ခရမ်းချဉ်၊ ကြက်သွန်မြိတ်စတာတွေနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ကင်မ်ချီနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။ အဆင်ပြေကြပါစေရှင့့်
21
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် အမဲခြောက်လုပ်နည်းကို ဟိုနေ့က ဘလော့ဂ်မှာ ရေးပြီး draft မှာ ဆေ့ဖ်လုပ်ခဲ့ပြီး အပြင်သွားလိုက်တာ ပြန်လည်းလာရော တစ်လုံးမှ မကျန်တော့လို့ ထိုင်ငိုလိုက် ရသေးတယ်။ စိတ်နာနာနဲ့ ဒီနေ့ ဒီမှာ အပြီးရေးပြီး ပြန်တင်မယ်။အမဲသား အသားကောင်းကောင်းကို ဝယ်ပြီး ရေမဆေးဘဲ တစ်သျှူးနဲ့ သန့်စင် ပေးပါ။ ပြီးတော့ အမဲသားကို လက်နှစ်လုံးအထူ ခြောက်လက်မ အရှည်လောက်ရအောင် လှီးပေးပါ။ ပြီးတော့ ဆား၊ သကြား၊ သံပရာသီးတစ်လုံးရဲ့ အရည်နဲ့ ချင်းစိမ်း လက်သုံးဆစ်ကို ထောင်းပြီး အားလုံးရောပြီး အမဲသားထဲ ထည့်နယ်ပေးပါ။ပြီးရင် အမဲသားတွေ ကို သီတံနဲ့ပဲ လှန်းလှန်း၊ ဇကာနဲ့ပဲလှန်းလှန်း ခြောက်အောင် လှန်းပါ။ မြန်မာနိုင်ငံ မှာ နေကျဲကျဲတောက်ပူရင် နှစ်ရက်လှန်းရင် ကောင်းကောင်းခြောက်ပါတယ်။ ချင်းရယ် သံပရာရည်ရယ် ပါတဲ့အတွက် အမဲသားခြောက်လှန်းနေတဲ့အချိန်မှာကတည်းက အနံ့က တော်တော်လေး ဆွဲဆောင်မှု အားကောင်းပါတယ်။ တစ်ရက်နေလှန်းပြီးရတဲ့အသားကိုလေ ကင်စားရယ် အမဲသား ရို့စ်လေး လိုပဲ မွှေးမွှေးအိအိလေးနဲ့ စားလို့ကောင်းသလို ၂ ရက်နေလှန်းပြီး ကောင်းကောင်းခြောက်နေတဲ့ အမဲခြောက်ကို မီးသွေးမီးနဲ့ပဲ ကင်ကင်၊ မိုက်ကရိုဝေ့ဖ်နဲ့ကင်ကင် အနံ့အရသာနဲ့ အရမ်း ကို ပြည့်စုံပါတယ်။ ရလာတဲ့ အမဲခြောက်ကို သတင်းစာစက္ကူပတ်၊ ပလတ်စတစ်အိတ် နဲ့ လေလုံ အောင်ထုပ်ပြီး အကြာကြီး သိမ်းထားနိုင်ပါတယ်နော်။ကင်တဲ့အခါမှာ ပထမ ၇ မိနစ်လောက် ကင်ပြီးတော့ အမဲခြောက်ကို မွမွလေးဖြစ်အောင် ငရုပ်ကျည်ပွေ့နဲ့ ထုပေးပါတယ်။ ပြီးတော့မှ နောက် တစ်ဘက်ကို လှည့်ပြီး ကင်ပါတယ်။ ၃ မိနစ်လောက်ကင်လိုက်၊ ထုပေးလိုက်၊ အဲ့ဒီလိုနဲ့ အားလုံး အကျက်ညီအောင် ကင်ပြီးတော့မှ ပဲဆီမွှေးလေးဆမ်းပါ နော်။ အဲ့ဒါကို ကောက်ညှင်းပေါင်းနဲ့ဖြစ်ဖြစ်၊ ထမင်းဖြူ ပူပူလေးနဲ့ဖြစ်ဖြစ် တွဲဖက်သုံးဆောင်နိုင် သလို ကောက်ညှင်းမွှေးလက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းပူပူလေးနဲ့လည်း သုံးဆောင်နိုင်ပါတယ်။ အဖျော်ယမကာ ကြိုက်နှစ်သက်သူတွေအတွက်လည်း အမြည်းတစ်လက်ပေါ့။မိုက်ကရိုဝေ့ဖ်နဲ့ ကင်တဲ့အခါမှာ Grill Setting ကို ရွေးလိုက်ပါ။ Grill Setting  က မီးအားက Medium အဆင့်မှာ ရှိပါတယ်။ Grill Setting  ရွေးပြီးတဲ့အခါ စတီးစင်လေးကို တင်လိုက်ပါ။ အဲ့ဒီအပေါ်ကနေမှ အမဲခြောက်လေးတွေကို တန်းစီပြီး တင်ပါတယ်။ ပြီးတော့ မလုက ၁၀ မိနစ် အပူပေးလိုက်ပါတယ်။ ၁၀ မိနစ်ပြည့်ရင် အမဲခြောက်တွေကို ငရုတ်ကျည်ပွေ့နဲ့ အသာထုပေးပါတယ်။ ပြီးမှ ၃ မိနစ်တစ်ခါ တစ်လှည့်စီ လှည့်ကင်ရင်းနဲ့ ထုလိုက် ကင်လိုက် လုပ်ပေးပါတယ်။ အားလုံး မိနစ် ၂၀ လောက်ဆိုရင်တော့ အနံ့အရသာနဲ့ အလွန်ပြည့်စုံလှတဲ့ အမဲခြောက်ကင်လေး ရပါပြီနော်။ ချင်းရည်နဲ့ ချင်းဖတ်လေးတွေပါတဲ့ အတွက် အမဲခြောက်ရဲ့ အနံ့အရသာက အရမ်းကို ကောင်းမွန်လှပါတယ်။ စမ်းသပ်ကြည့်ကြပါဦးနော်။အမဲခြောက်ကို မီးဖုတ်တာအပြင် ခရမ်းချဉ်သီးနဲ့ချက်တာရော၊ ပြုတ်ကြော်လုပ် တာရော၊ ဘာလချောင် ကြော်တာပဲဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ချက်စားလို့ ရပါတယ်။ အမဲသားနံ့ညှီလို့ မခံနိုင်ဘူး ဆိုတဲ့ မောင်နှမတွေအတွက်၊ အမဲသား ချက်ရတာ အနူးခက်တယ်ဆိုတဲ့ မောင်နှမတွေအတွက် ဒီ နည်းလေးက အရမ်းကို အဆင်ပြေပါတယ်နော်။ နောက်ပြီး အမဲသားဟင်းချက်ရင် အဆီတွေနဲ့ ခဲသွားတဲ့ ပြဿနာမျိုးလည်း မကြုံရတော့ဘူးလေ။ စမ်းသပ်ကြည့်ကြပါနော်။အမဲသားမစားတဲ့ မောင်နှမတွေကတော့ ဆတ်သား၊ ဆိတ်သားတို့ကို ဒီနည်းနဲ့ အခြောက်လှန်းပြီး လုပ်စားနိုင်ပါတယ်နော်။
22
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် အမဲခြောက်လုပ်နည်းကို ဟိုနေ့က ဘလော့ဂ်မှာ ရေးပြီး draft မှာ ဆေ့ဖ်လုပ်ခဲ့ပြီး အပြင်သွားလိုက်တာ ပြန်လည်းလာရော တစ်လုံးမှ မကျန်တော့လို့ ထိုင်ငိုလိုက် ရသေးတယ်။ စိတ်နာနာနဲ့ ဒီနေ့ ဒီမှာ အပြီးရေးပြီး ပြန်တင်မယ်။အမဲသား အသားကောင်းကောင်းကို ဝယ်ပြီး ရေမဆေးဘဲ တစ်သျှူးနဲ့ သန့်စင် ပေးပါ။ ပြီးတော့ အမဲသားကို လက်နှစ်လုံးအထူ ခြောက်လက်မ အရှည်လောက်ရအောင် လှီးပေးပါ။ ပြီးတော့ ဆား၊ သကြား၊ သံပရာသီးတစ်လုံးရဲ့ အရည်နဲ့ ချင်းစိမ်း လက်သုံးဆစ်ကို ထောင်းပြီး အားလုံးရောပြီး အမဲသားထဲ ထည့်နယ်ပေးပါ။ပြီးရင် အမဲသားတွေ ကို သီတံနဲ့ပဲ လှန်းလှန်း၊ ဇကာနဲ့ပဲလှန်းလှန်း ခြောက်အောင် လှန်းပါ။ မြန်မာနိုင်ငံ မှာ နေကျဲကျဲတောက်ပူရင် နှစ်ရက်လှန်းရင် ကောင်းကောင်းခြောက်ပါတယ်။ ချင်းရယ် သံပရာရည်ရယ် ပါတဲ့အတွက် အမဲသားခြောက်လှန်းနေတဲ့အချိန်မှာကတည်းက အနံ့က တော်တော်လေး ဆွဲဆောင်မှု အားကောင်းပါတယ်။ တစ်ရက်နေလှန်းပြီးရတဲ့အသားကိုလေ ကင်စားရယ် အမဲသား ရို့စ်လေး လိုပဲ မွှေးမွှေးအိအိလေးနဲ့ စားလို့ကောင်းသလို ၂ ရက်နေလှန်းပြီး ကောင်းကောင်းခြောက်နေတဲ့ အမဲခြောက်ကို မီးသွေးမီးနဲ့ပဲ ကင်ကင်၊ မိုက်ကရိုဝေ့ဖ်နဲ့ကင်ကင် အနံ့အရသာနဲ့ အရမ်း ကို ပြည့်စုံပါတယ်။ ရလာတဲ့ အမဲခြောက်ကို သတင်းစာစက္ကူပတ်၊ ပလတ်စတစ်အိတ် နဲ့ လေလုံ အောင်ထုပ်ပြီး အကြာကြီး သိမ်းထားနိုင်ပါတယ်နော်။ကင်တဲ့အခါမှာ ပထမ ၇ မိနစ်လောက် ကင်ပြီးတော့ အမဲခြောက်ကို မွမွလေးဖြစ်အောင် ငရုပ်ကျည်ပွေ့နဲ့ ထုပေးပါတယ်။ ပြီးတော့မှ နောက် တစ်ဘက်ကို လှည့်ပြီး ကင်ပါတယ်။ ၃ မိနစ်လောက်ကင်လိုက်၊ ထုပေးလိုက်၊ အဲ့ဒီလိုနဲ့ အားလုံး အကျက်ညီအောင် ကင်ပြီးတော့မှ ပဲဆီမွှေးလေးဆမ်းပါ နော်။ အဲ့ဒါကို ကောက်ညှင်းပေါင်းနဲ့ဖြစ်ဖြစ်၊ ထမင်းဖြူ ပူပူလေးနဲ့ဖြစ်ဖြစ် တွဲဖက်သုံးဆောင်နိုင် သလို ကောက်ညှင်းမွှေးလက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းပူပူလေးနဲ့လည်း သုံးဆောင်နိုင်ပါတယ်။ အဖျော်ယမကာ ကြိုက်နှစ်သက်သူတွေအတွက်လည်း အမြည်းတစ်လက်ပေါ့။မိုက်ကရိုဝေ့ဖ်နဲ့ ကင်တဲ့အခါမှာ Grill Setting ကို ရွေးလိုက်ပါ။ Grill Setting  က မီးအားက Medium အဆင့်မှာ ရှိပါတယ်။ Grill Setting  ရွေးပြီးတဲ့အခါ စတီးစင်လေးကို တင်လိုက်ပါ။ အဲ့ဒီအပေါ်ကနေမှ အမဲခြောက်လေးတွေကို တန်းစီပြီး တင်ပါတယ်။ ပြီးတော့ မလုက ၁၀ မိနစ် အပူပေးလိုက်ပါတယ်။ ၁၀ မိနစ်ပြည့်ရင် အမဲခြောက်တွေကို ငရုတ်ကျည်ပွေ့နဲ့ အသာထုပေးပါတယ်။ ပြီးမှ ၃ မိနစ်တစ်ခါ တစ်လှည့်စီ လှည့်ကင်ရင်းနဲ့ ထုလိုက် ကင်လိုက် လုပ်ပေးပါတယ်။ အားလုံး မိနစ် ၂၀ လောက်ဆိုရင်တော့ အနံ့အရသာနဲ့ အလွန်ပြည့်စုံလှတဲ့ အမဲခြောက်ကင်လေး ရပါပြီနော်။ ချင်းရည်နဲ့ ချင်းဖတ်လေးတွေပါတဲ့ အတွက် အမဲခြောက်ရဲ့ အနံ့အရသာက အရမ်းကို ကောင်းမွန်လှပါတယ်။ စမ်းသပ်ကြည့်ကြပါဦးနော်။အမဲခြောက်ကို မီးဖုတ်တာအပြင် ခရမ်းချဉ်သီးနဲ့ချက်တာရော၊ ပြုတ်ကြော်လုပ် တာရော၊ ဘာလချောင် ကြော်တာပဲဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ချက်စားလို့ ရပါတယ်။ အမဲသားနံ့ညှီလို့ မခံနိုင်ဘူး ဆိုတဲ့ မောင်နှမတွေအတွက်၊ အမဲသား ချက်ရတာ အနူးခက်တယ်ဆိုတဲ့ မောင်နှမတွေအတွက် ဒီ နည်းလေးက အရမ်းကို အဆင်ပြေပါတယ်နော်။ နောက်ပြီး အမဲသားဟင်းချက်ရင် အဆီတွေနဲ့ ခဲသွားတဲ့ ပြဿနာမျိုးလည်း မကြုံရတော့ဘူးလေ။ စမ်းသပ်ကြည့်ကြပါနော်။အမဲသားမစားတဲ့ မောင်နှမတွေကတော့ ဆတ်သား၊ ဆိတ်သားတို့ကို ဒီနည်းနဲ့ အခြောက်လှန်းပြီး လုပ်စားနိုင်ပါတယ်နော်။
23
ဒီနေ့တော့ မောင်နှမတွေနဲ့အတူ အမဲအူပြုတ်၊ အမဲအူသုပ်လေး လုပ်စားကြမလားလို့လေ။လိုအပ်တဲ့ပစ္စည်းလေးတွေအရင်ပြောရအောင်နော်။အမဲအူချို (၅၀) ကျပ်သား၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မုန်လာဥနီ၊ နံနံပင်၊ နှမ်းဆီမွှေးအနည်းငယ်၊ ငံပြာရည်နဲ့ ကြက်သွန်ကြော်တို့ပါနော်။အမဲအူချိုဘေးနားမှာ ကပ်နေတဲ့ အဆီတွေအားလုံးကို လှီးပစ်လိုက်ရအောင်။ ပြီးရင် အမဲအူကို မန်ကျည်း သီးမှည့်အနှစ်နဲ့ ဆားနဲ့ နယ်ပြီးတော့ အချွဲတွေကုန်အောင် ဆေးပေးပါ။ ပြီးရင် အူအတွင်းပိုင်းကိုလည်း သန့်စင်သွားရအောင်လို့ အူကို လှန်ပြီးတော့ နောက်ထပ်တစ်ကြိမ် မန်ကျည်းသီးမှည့်အနှစ်နဲ့ ဆားနဲ့ နယ်ပြီး ဆေးပေးပါ။ အညှီနံ့နဲ့ အချွဲတွေအားလုံး ကင်းစင်ပြီး ဖြူဖွေးသွားတာကို တွေ့ရမယ်နော်။အမဲအူကို သန့်စင်နေတဲ့အချိန်မှာ မီးဖိုပေါ်မှာ ရေနွေးပွက်ပွက်ဆူအောင် တည်ထားပေးပါ။ အမဲအူ သန့်စင်ပြီးတာနဲ့ ရေနွေးအိုးဆူချိန်နဲ့ ကွက်တိပဲ ဖြစ်မှာမို့ သန့်စင်ပြီးတဲ့ အမဲအူတွေ   ကို ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြီး ၅ မိနစ်လောက် ပြုတ်ပြီး ပြုတ်ရည်တွေကို သွန်ပစ်လိုက်ပါ။ အမဲထဲက အညှီနံ့တွေ ပျောက်ကင်းသွားစေပါတယ်နော်။ပြီးတော့မှ အမဲအူကို ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်၊  နှမ်းဆီမွှေးအနည်းငယ်တို့နဲ့ နယ်ထားပေးပါ။ ပြီးရင် စပါးလင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းထားပေးပြီး အမဲအူနဲ့ ထပ်နယ်ပေးပါ။အားလုံးအသင့်ဖြစ်ရင် ပရက်ရှာကွက်ကာထဲကို အမဲအူကိုထည့်၊ ရေကို အမဲအူမြုပ်အောင်ထည့်ပြီး မိနစ် ၃၀ ပြုတ်ပေးပါနော်။ ပြီးရင်တော့ မီးပိတ်ပြီး မိနစ် ၂၀ လောက် ထားပေး၊ ပြီးတော့မှ အဖုံးဖွင့်ပြီး အထက်အောက်လှန်ပြီး ရေထပ်ထည့်ပြီး နောက်ထပ် မိနစ် ၂၀ လောက် ထပ်ပြုတ်ပေးပါ။နံနံပင်ကို သန့်စင်တဲ့အခါ နံနံပင်အမြစ်ပိုင်းကိုလည်း ယူထားပြီး သေချာရေဆေးပြီး ထုထောင်းထားပါ။ နံနံပင်အရွက်လေးတွေကိုတော့ အပြုတ်ထဲထည့်သောက်တာတို့၊ အသုပ်ထဲ ထည့်တာတို့လုပ်ပေါ့လေ။မုန်လာဥနီကို ကျွန်မက ကြိုက်လို့ အစိမ်းအတိုင်း ပါးပါးလေးလှီးပြီးအသုပ်ထဲလည်း ထည့်သုပ်တယ်၊  စွပ်ပြုတ်တွေထဲမှာလည်း အပေါ်ကနေ ကြက်သွန်စိမ်းထည့်စားသလိုပဲ ထည့်စားလေ့ရှိတာမို့ ထည့်တာပါ။ အနံ့မကြိုက်တဲ့သူတွေ မထည့်လည်း ရပါတယ်နော်။ကြက်သွန်နီကိုလည်း အခွံနွှာပြီး ပါးပါးလှီးပေးထားပါ။အမဲအူပြုတ်အိုး ပွက်ပွက်ဆူပြီဆိုရင်တော့ မီးပိတ်၊ နောက်ထပ် မိနစ် ၂၀ လောက် အခိုးသေသွားအောင် ထား၊ ပြီးတော့မှ အဖုံးဖွင့်၊ ပြီးရင်အပေါ့အငန်မြည်းပြီးတော့ ထောင်းထားတဲ့ နံနံမြစ်လေးတွေ ထည့်ပြီး မွှေပေးလိုက်ပါ။အမဲညှီနံ့လုံးဝကို မရဘူး၊ အပေါ်မှာ အမဲဆီလည်း ဝေ့မနေဘူး၊ အေးသွားရင်တောင် ခဲမသွားတဲ့  အနံ့တသင်းသင်းလေးနဲ့ သောက်ချင်စဖွယ်အပြည့်ရှိတဲ့ အမဲအူပြုတ်  ရမှာပါ။ သောက်ခါနီးကျရင် တော့ အမဲအူပြုတ်ကို ကိုယ်လိုချင်တဲ့ အရွယ်လောက်လေးရအောင် ညှပ်ထည့်၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ကြက်သွန်စိမ်း၊ နံနံပင်၊ မုန်လာဥနီတို့ထည့်၊ ငံပြာရည်လေး အနည်းငယ်နဲ့ သံပုရာ ရည်မွှေးမွှေးလေးညှစ်ပြီး သောက်လိုက်မယ် ဆိုရင်တော့ အရမ်းကို အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ အမဲ အူပြုတ် တစ်ပွဲရရှိမှာနော်။အမဲအူသုပ်အတွက်လည်း လွယ်ပါတယ်။ အမဲအူလေးတွေကို အရွယ်တော်လေးလှီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်းလှီးထည့်၊ ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်၊ သံပုရာရည်လေး ညှစ်ထည့်၊ ကြက်သွန်ကြော်ဆီချက်လေး ထည့်ပြီး သမအောင်နယ်ပေးလိုက်ပါနော်။ ချိုချဉ်ငံစပ် အရသာ အပြည့်နဲ့ အမဲအူသုပ်တစ်ပွဲရပါပြီရှင်။မောင်နှမတို့လည်း ကျွန်မနဲ့အတူ ဝိုင်းပြီး အားပေးကြပါဦး။မောင်နှမတို့လည်း ပိတ်ရက်မှာ တစ်ခါတလေ ဆီပြန်ဟင်းချက်မစားချင်ဘူးဆိုရင်တော့ အမဲအူပြုတ် အမဲအူသုပ်လေး လုပ်စားကြည့်ကြပါလားနော်။
24
အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမများကို မိုက်ကရိုဝေ့ဖ်နဲ့ ဘာလချောင်ကြော်နည်းလေး မျှဝေပေးပါရစေနော်။ ကျွန်မရဲ့ မိုက်ကရိုဝေ့ဖ်က 1100 W အားရှိပါ တယ်နော်။ဘာလချောင်ကြော်ကိုတော့  အုန်းထမင်း၊ ပဲထောပတ်ထမင်း စတာတွေနဲ့ တွဲစားကြသလို နေ့စဉ် အစားအစာစားတဲ့အခါမှာလည်း ဘာဟင်းမှ မရှိရင်လည်း အလွယ်တကူစားလို့ရတယ်နော်။လုလုတို့ရေဆင်းမှာ ကျောင်းတက်တုန်းက အဆောင်မှာနေတယ်ဆိုရင် ဘာလချောင်ကြော်ကို အိမ်ကနေ အမြဲယူသွားရတယ်နော်။အဆောင်ကကျွေးတဲ့ ပဲဟင်း၊ သရက်ချဉ်သုပ်၊ အိမ်ကထည့်ပေးလိုက်တဲ့ ဘာလချောင်ကြော်နဲ့စားရတာ နတ်သုဒ္ဓါနဲ့ မလဲနိုင်ခဲ့ပါဘူးနော်။လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန်ခြောက် (၂၅) ကျပ်သား၊ ကြက်သွန်နီ (၅၀) ကျပ်သား၊ ကြက်သွန်ဖြူ (၂၅) ကျပ်သား၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ငရုတ်သီးအကြမ်းဖတ် (၁၀) ကျပ်သား၊ သကြားအနည်းငယ်၊ ဆီ၊ ဆားနဲ့ နနွင်းမှုန့် အနည်းငယ်တို့ပါနော်။ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ပါးပါးလေး လှီးပေးထားပါ၊ ပုစွန်ခြောက်လေးတွေကို ရေအနည်းငယ်စိမ်ပြီး တစ်ဝက်ကို မညက်တညက်ထောင်းပြီး ကျန်တစ်ဝက်ကို ညက်အောင်ထောင်းပါ။ပန်ကန်းကန်လုံးကို ဆီ ၁၀ ကျပ်သားလောက်ထည့်၊ ပြီးရင် မိုက်ကရိုဝေ့ဖ်ထဲ ထည့်ပြီး ဆီကို ၇ မိနစ် အပူပေးပါ။ ဆီပူလာရင် နနွင်းမှုန့်ထည့်ပြီး လှီးထားတဲ့ကြက်သွန်နီတစ်ဝက်ကို ထည့်ပြီး မွှေပေးလိုက် ပါ။ ပြီးရင် ၁၀ မိနစ် အပူပေးပါ။ ၁၀ မိနစ်ပြည့်ရင် ကြက်သွန်တွေကို မွှေပေးပြီး နောက်ထပ် ၇ မိနစ် အပူပေးလိုက်ပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်နီလေးတွေက ဝါရောင်သန်းနေပါပြီ။ အဲ့ဒီအပူနဲ့ပဲ ကြက်သွန်လေးတွေ ရွှေဝါရောင်သန်းလာတဲ့အထိ မွှေပေးပြီး ကြက်သွန်ကြော်ဖတ်တွေကို ဆယ်ပြီးတော့  ဆီစစ်ပေးထားပါ။ ဒီလိုနည်းနဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို ကြော်ပြီး ဇကာထဲထည့်ပြီး ဆီစစ်ထားလိုက်ပါနော်။ကြက်သွန်တွေအားလုံးကြော်ပြီးသွားရင် ပုစွန်ခြောက်မညက်တညက်ကို အရင်ကြော်ပါ့မယ်နော်။ ပုစွန်ခြောက်ထဲကို သကြားလေးနည်းနည်းနဲ့ ဟင်းခပ်မှုန့်လေးနည်းနည်းထည့်ပြီး နယ်ပေးထားပါ။ ပြီးရင် ဖန်ပန်းကန်လုံးထဲ ဆီထည့်၊ ပြီးရင် ၇ မိနစ်လောက်အပူပေး၊ ဆီပူလာရင် နနွင်းမှုန့်လေး ထည့်ပြီး မွှေပေး၊   ပြီးရင်တော့ ပုစွန်ခြောက်တွေထည့်ပြီး ၇ မိနစ်ကနေ ၁၀ မိနစ်လောက် ထိ ကြော်ပေးပါ။   ပြီးရင်တော့ အားလုံး သမအောင်မွှေပြီးတော့ နောက်ထပ် ၃ မိနစ်လောက် အပူထပ်ပေးပါ။ ပြီးရင် အကျက်ညီအောင် မွှေပေးပါ။ အဲ့ဒါဆိုရင် ကြာကြာအထားခံပြီး စားရတာ မွမွလေးမို့ သိပ်ကောင်းပါတယ်နော်။ ပြီးရင်တော့ ပုစွန်ခြောက် တွေကို ဆယ်ပြီးတော့ ဆီစစ်ထားပါ။ ကြက်သွန်ကြော် ဆီစစ်ထားတဲ့အထဲက ထွက်လာတဲ့ ဆီတွေကိုလည်း ပြန်ထည့်ပြီး သုံးလို့ရတယ်နော်။ နောက် တစ်ခေါက်ကျရင် ဖန်ပန်းကန်က အပူရှိန်လည်း ရှိသေးတာမို့ အပူကို ၃ မိနစ်လောက်ထပ်ပေး၊ ဆီပူလာရင် နနွင်းမှုန့်ခပ်ပြီး ညက်အောင်ထေားထားတဲ့ ပုစွန်ခြောက်တွေထည့်၊ သကြားနဲ့ ဟင်းခတ် မှုန့်လေး နည်းနည်းစီထည့်ပြီး ၁၀ မိနစ်အရင် အပူပေးပါနော်။ ပြီးရင် ပန်ကန်းလုံးကို အပြင်ထုတ်ပြီး အထက်အောက် သမအောင်မွှေပြီး နောက်ထပ် ၇ မိနစ်လောက် ထပ်အပူပေးပါနော်။ ပြီးရင်တော့ ပုဇွန်ခြောက်တွေကို ဆယ်ပြီး ဆီစစ်ထားပါ။နောက်ဆုံးတစ်ခေါက်အတွက် ဖန်ပန်ကန်လုံးထဲ စစ်ထားတဲ့ အထဲက ထွက်လာတဲ့ဆီတွေကို ထည့်၊ ပြီးတော့ အပူပေး၊ နောက်ဆုံးကျန်တဲ့ ငရုတ်သီးအကြမ်းဖတ်တွေ ထည့်ပြီး ၁၀ မိနစ်အပူပေးပါ၊ ပြီးရင် ငရုတ်သီးကြော်ပန်းကန်လုံးကို အပြင်ထုပ်ပြီး အားလုံးသမအောင် မွှေပေးပါ၊ ငရုတ်သီးတွေ အေးသွားရင် ကြွပ်သွားမှာနဲ့ အတော်ပဲပေါ့။ပြီးတော့မှ ကြက်သွန်ကြော်နဲ့ ပုစွန်ခြောက်မွထောင်းကြော်တွေကို တစ်ခါရော၊ ငရုတ်သီးရယ်၊ ပုစွန်ခြောက်မညက်တညက်ထောင်းကြော်ရယ်၊ ကြက်သွန်ကြော်ရယ်နဲ့ တစ်ခါရောပေါ့နော်။ ၂ မျိုးစားလို့ရတာပေါ့နော်။ (ရောပြီးတဲ့ပုံကို ဓာတ်ပုံမရိုက်လိုက်ရဘူး၊ :P ဒီပုံလေးနဲ့ပဲ တင်းတိမ်ပေးပါနော်)မိုက်ကရိုဝေ့ဖ်နဲ့ ကြော်တဲ့အတွက် ဆီကုန်သက်သာတယ်၊ အညှော်သက်သာတယ်၊ ဆီစင်တာလည်း သက်သာတယ်နော်။ နိုင်ငံခြားရောက်နေကြတဲ့ မောင်နှမတွေအတွက် ပိုပြီး အဆင်ပြေစေမယ်နော်။ဘာလချောင်ကြော်လိုပဲ တခြား အမဲသား၊ ဆိတ်သား၊ ဝက်သား၊ ကြက်သား တို့ကိုလည်း ပြုတ်ပြီးရင် အသားတွေကို ထောင်းပြီး၊ မွှပြီး အခုနည်းအတိုင်း ကြော်နိုင်ပါတယ်နော်။ စမ်းသပ်ကြည့်ကြပါဦးနော်။ အကြိုက်တွေ့မှာ သေချာပါတယ်နော်။
25
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများကို ငါးသလဲထိုး အိုးကပ်လေး ချက်ကျွေးပါဦးမယ်နော်။ငါးသလဲထိုး အိုးကပ်ဆိုပေမယ့် ဒီတစ်ခါမှာ မိုက်ကရိုဝေ့ဖ်နဲ့ ချက်နည်းလေးကို မျှဝေမှာဖြစ်ပါတယ်။ကျွန်မ ပြီးခဲ့တဲ့နှစ်တုန်းက ကျန်းမာရေးအရ ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်မှာ အညှော်လုပ်လို့မရပါဘူး။အဲ့ဒီတော့ ကျွန်မက ဟင်းတွေတော်တော်များများကို မိုက်ကရိုဝေ့ဖ်နဲ့ စမ်းပြီးချက်ပြုတ်ရင်းနဲ့ပဲ ရလာတဲ့ အတွေ့အကြုံအသစ်လေးတွေပါ။မိုက်ကရိုဝေ့ဖ်နဲ့ ချက်ရတာက အညှော်မိသက်သာတယ်၊ ပြီးတော့ လူပင်ပန်းလည်း သက်သာသလို မီးဖိုဆောင်မှာလည်း သိပ်ပြီး ညစ်ပတ်တာမျိုး မဖြစ်စေဘူး။ ချက်ပြုတ်ပြီးရင်တော့ မိုက်ကရိုဝေ့ဖ်ကို သန့်ရှင်းရေး ပြန်လုပ်ရတာပေ့ါလေ။ငါးသလဲထိုးအိုးကပ်အတွက်ကတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူနီချင်းစပါးလင် ညက်အောင်ထောင်းပြီး ငါးကို ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်နည်းနည်းရယ်၊ နနွင်းမှုန့်ရယ်၊ ထောင်းထားတဲ့ အဆာ ပလာရယ်နဲ့ ရောနယ်ပေးပါနော်။ ပြီးရင် ဇောက်သိပ်မနက်တဲ့ အဝကျယ် ဖန်ဇလုံကြီးကြီးတစ်ခုကိုယူ၊ ဆီလေးထည့်ပြီး နယ်ထားတဲ့ ငါးတွေကို အသာအယာ ညီညီညာညာလေး ဖြန့်ပြီး ထည့်ပေးပါနော်။အားလုံးအသင့်ဖြစ်ပြီဆိုရင် အဲ့ဒီဖန်ဇလုံကို မိုက်ကရိုဝေ့ဖ်ထဲထည့်ပါ။ (ကျွန်မသုံးတဲ့ မိုက်ကရိုဝေ့ဖ်ရဲ့အားက 1100 W ပါရှင်။ ) ပြီးရင် ၁၀ မိနစ် အရင် အပူပေးလိုက်ပါ။ ၁ဝ မိနစ်ပြီးခဲ့အခါမှာ ငါးတွေကို ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပြီး နောက်ထပ် ၅ မိနစ်ထပ်ပြီး အပူပေးလိုက်ပါ။ ကိုယ်ကြိုက်တဲ့ အကြွပ်အနေအထားရအောင် အပူချိန်ထပ်ပေးပါ။ ခပ်ပျော့ပျော့ကြိုက်ရင် အချိန်နည်းနည်းလျော့ပေးပါ။ ငါးနဲ့ ပါဝင်တဲ့အဆာပလာ အနည်းအများရယ်၊ ကိုယ်ပေးတဲ့အချိန်ရယ်မူတည်ပြီးတော့ ငါးကို ကြွပ်ကြွပ်လေး ဖြစ်ဖို့ ချိန်ညှိရုံပါပဲနော်။ အရမ်းလွယ်ကူလွန်းလို့ ခဏခဏ ငါးအိုးကပ် ချက်စားဖြစ်တယ်။ငါးအိုးကပ်ထဲမှာ ကိုယ့်စိတ်ကြိုက်ဖြစ်စေမယ့် ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ နံနံပင် စတာတွေကိုလည်း ထည့်နိုင်ပါတယ်နော်။နောက်ပိုင်းမှာ မိုက်ကရိုဝေ့ဖ်နဲ့ ဘာလချောင်ကြော်တာတွေ၊ အမဲသားမွကြော်တွေ ကြော်တာလေးတွေပါ မျှဝေပေးပါဦးမယ်နော်။ မောင်နှမများလည်း အဆင်ပြေမယ်ဆိုရင် မိုက်ကရိုဝေ့ဖ်နဲ့ ငါးအိုးကပ်လေး ချက်စားကြည့်ကြပါဦးလားနော်။
26
ကင်မ်ချီထမင်းကြော်ကိုယ်တိုင်လုပ် ကင်မ်ချီချစ်သောမောင်နှမများအားလုံး မင်္ဂလာပါ။ဘလော့ဂ်က ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတာမို့ ဘလော့ဂ်လေး ပွင့်တုန်း ရှိတာလေး ကမန်းကတမ်း တင်လိုက်တာပါ။ကင်မ်ချီထမင်းကြော်လေးပါနော်။ကင်မ်ချီက ကိုယ်တိုင်လုပ်တဲ့ ကင်မ်ချီပါ။ အဲ့ဒါကို ပါးပါးလေးတွေ လှီးပါတယ်။ ပြီးတော့ ပြည်ကြီးငါးရယ်၊ ပုစွန်ရယ်၊ ပဲပြားရယ်၊ ကြွက်နားရွက်မှိုရယ်၊ မုန်လာဥနီရယ်၊ တရုတ်နံနံတို့ရယ်ကို အရွယ်တော်လေးတွေ လှီးသင်ထားပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူလေးဓားပြားရိုက်ဆီပူထဲထည့် ဆီသတ်ပြီးတော့ ပဲပြားထည့်၊ ပြည်ကြီးငါးရယ် ပုစွန်ရယ်ထည့်၊ ပြီးတော့ မုန်လာဥနီရယ်၊ ကြွက်နားရွက်မှိုလေးရယ်ထည့်ေကြာ်၊ နည်းနည်းလေးနွမ်းသွားပြီဆိုတာနဲ့ ကင်မ်ချီထည့်၊ ထမင်းတွေထည့်၊ ကြက်သားမှုန့်လေးထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ကြော်။ ပြီးရင် အပေ့ါအငန်မြည်း၊ အနံ့မွှေးရအောင်လို့ တရုတ်နံနံရွက်လေး ရိတ်ရိတ်ပါအောင် လှီးထားတာလေး ထည့်လိုက်တယ်။ အဲ့ဒါဆို ကင်မ်ချီထမင်းကြော် ချဉ်ငံစပ်လေး ရပြီနော်။ လွယ်တယ်၊ စားလို့ကောင်းတယ်နော်။ လုပ်စားကြည့်ကြပါဦးနော်။ဖေ့စ်ဘွတ်ခ်က မောင်နှမတွေအတွက် ရေးထားပြီးသားပေမယ့် ဘလော့ဂ်မှာ မတင်ရသေးလို့ တင်ပေးလိုက်တာပါနော်၊အားလုံးအဆင်ပြေကြပါစေ။
27
ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ဒီနေ့တော့ မောင်နှမများအတွက် လွယ်ကူမြန်ဆန်ပြီးအရသာရှိလှတဲ့ ငါးကင်လေး လုပ်ကျွေးပါဦးမယ် နော်။ငါးကင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆလားဗီးယား (၅၀) ကျပ်သားတစ်ကောင်၊ ကြက်သွန်ဖြူ ၇ မွှာ၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ချင်း တစ်တစ်ဆစ်၊ စပါးလင်တစ်ပင်၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ရွှေပဲတံဆိပ် ငရုတ်သီးအနှစ် အနည်းငယ် (မရှိခဲ့ရင်လည်း ငရုတ်သီးအပွတောင့်ကို အစေ့ထုတ်ညက်အောင်ထောင်းပြီး ထည့်ပါ)၊ ပင်စိမ်း လက်တစ်ဆုပ် စတာတွေပါနော်။ငါးကို သန့်ရှင်းအောင် ဆေးကြောပြီး ဗိုက်ထဲက ကလီစာတွေထုတ်ပစ်ပါ။ ငါးခေါင်းပိုင်းကို  လည်း သေချာဆေးကြောပြီး ငါးကို ၂ ချက်စီလောက် မွှန်းပေးပါ။ ပြီးရင် အဆာပလာများဖြစ်တဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ စပါးလင် စတာတွေကို ညက်အောင်ထောင်းပါ။ ပင်စိမ်းကိုလည်း ပါးပါးလှီးပြီးနောက် ထည့်ထောင်းပေးပါ။ အရသာအတွက် ဆား၊ သကြား၊ အချိုမှုန့်စတာတွေကို ထည့်ပါ။ ငရုတ်နှစ်ကိုလည်း ထည့်ပေးပါ။ အဆာပလာအားလုံးသမအောင် နယ်ပေးပါ။ပြီးရင် ငါးထဲကို အဲ့ဒီအဆာပလာတွေအားလုံးစိမ့်ဝင်သွားအောင် နယ်ပေးပါ။ ငါးဗိုက်ထဲကိုလည်း အဆာတွေ သွပ်ပေးပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး အနည်းဆုံး ၁ နာရီလောက်ကြာအောင် နှပ်ပေးထားပါ။စားခါနီးနာရီဝက်လောက်အလိုမှာတော့ ငါးကို ရေခဲသေတ္တာထဲကနေ ထုတ်ယူပြီး ကြွေပန်းကန်ပြားထဲ ထည့်ပါ။ ပြီးတော့မှ မိုက်ကရိုဝေ့ဖ်ထဲကို ထည့်ပြီး ၁၀ မိနစ်အရင်အပူပေးလိုက်ပါ။ ပြီးရင် နောက်တစ်ဖက်ကို လှန်ပြီး ၁၀ မိနစ်ထပ်အပူပေးပါ။ ပြီးရင်တော့ Grill System နဲ့ ကင်ဖို့အတွက် တစ်ဖက်ကို နောက်ထပ် ၅ မိနစ်လောက်စီ ပေးလိုက်ပါနော်။အဲ့ဒါဆိုရင်တော့ သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့လေးနဲ့ အရသာရှိလှတဲ့ ငါးကင်လေးရပါပြီနော်။(မိုက်ကရိုဝေ့ဖ်နဲ့ ကင်တာမို့ မီးသွေးနဲ့ ကင်သလိုတော့ သိပ်ပြီး မမွှေးလှဘူးလို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် မီးသွေးနဲ့ ကင်သလို တူးမသွားဘူး။ အညှော်သိပ်မထွက်ဘူး။ ငါးကိုပေါင်းပြီး ကင်သလိုလေးဖြစ်တာမို့ အရသာလည်းရှိ၊ မီးဖိုဆောင်လည်း မညစ်ပတ်ဘူးပေါ့နော်။အဲ့တော့ အချဉ်လုပ်နည်းလေး ရေးပေးဖို့မေ့သွားလို့။မန်ကျည်းသီးကို ရေနွေးနဲ့ဖျော်ပြီး အနှစ်ယူထားနော်။ ပြီးရင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင်း ထား ပေး။ ပြီးရင်တော့ မန်ကျည်းနှစ်ရယ်၊ ထောင်းထားတဲ့အဆာပလာရယ်၊ ထန်းလျက်ခဲလေးနည်းနည်း ထည့်၊ ဆားနည်းနည်းထည့်၊ ငံပြာရည်လေးနည်းနည်းထည့်၊ ရေနွေးလေးထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ပြီးရင် အချဉ်အပေါ့အငန်အရသာကိုမြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်၊ မွှေးသွားရ အောင်လို့ ပင်စိမ်းရွက်လေး ရိတ်ရိတ်ပါအောင်လှီးပြီးအုပ်လိုက်။ အဲ့ဒါဆိုရင် အချဉ်လေး ရပြီ။ထမင်းဖြူပူပူလေးရယ်၊ ဆတ်လတ်၊ ဂေါ်ဖီ၊ မုန်လာဥနီ စတဲ့အသီးအရွက်တွေနဲ့အတူ တွဲဘက် သုံးဆောင်နိုင်ပါတယ်။  ကောက်ညှင်းမွှေးလက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးလေးနဲ့ သုံးဆောင်နိုင် သလို အချိန်ရမယ်ဆိုရင်တော့ ဗူးသီးဟင်းခါးလေးချက်၊ ပဲကြာဆံလေးခပ်ပြီး ဟင်းခါးလေးနဲ့ဆိုရင်တော့လည်း ပိုပြီး ပြည့်စုံသွားစေတာပေါ့နော်။အဲ့ဒီနည်းက လွယ်လို့ မကြာခဏ အိမ်မှာလုပ်စားဖြစ်ပါတယ်။ ဧည့်သည်လာတဲ့အခါကျရင်လည်း ငါးဟင်းချက်မယ့်အစား ဒီလိုလေးလုပ်ကျွေးလိုက်တော့ အထူးအဆန်းလေးလည်းဖြစ်စေတော့ မျက်နှာပန်းလှတာပေါ့နော်။
28
ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။မတွေ့ဖြစ်တာ အတော်ကြာပေမယ့် မာင်နှမများအားလုံးကို အမြဲသတိရလျက်ပါနော်။မေတ္တာရပ်ဝန်းမီးဖိုဆောင်မှာ ဟင်းလျာအသစ်တွေ မတင်ဖြစ်ပေမယ့် အမြဲတမ်းလာရောက် အားပေးနေတဲ့ မောင်နှမတွေကိုလည်း ကျေးဇူးအထူးတင်လျက်ပါနော်။ဒီနေ့တော့ မောင်နှမတွေကို မိုက်ကရိုဝေ့ဖ်နဲ့ အလွယ်တကူပြုလုပ်နိုင်မယ့် ဆနွင်းမကင်းလုပ်နည်းလေးကို မျှဝေပေးပါရစေဦးနော်။တစ်နေ့လည် ကျွန်မ ရုံးမှာ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ နေ့လည်စာစားနေရင်း ညီမလေး တစ်ယောက်က ကျွန်မကို ပူဆာပါတယ်။ အမရယ့့် ညီမလေးကို ငှက်ပျောသီးဆနွင်းမကင်းလေး လုပ်ကျွေးပါလား့့အမအလုပ်များတာသိပေမယ့် ဗန်းသေးသေးလေးနဲ့တစ်ယောက်စာလောက်ပဲဖစ်ဖြစ် လုပ်ကျွေးပါ လားဟင်တဲ့့ကျွန်မလည်း လက်ဆောင်ရထားတဲ့ ငှက်ပျောသီးကလည်း အသင့်ရှိ၊ ဂျုံမှုန့်၊ အုန်းသီး၊ သကြား၊ ထောပတ်စတာတွေလည်း အသင့်ရှိတာနဲ့ ဒီတစ်ပတ်ပိတ်ရက်ကျရင် လုပ်ပေးမယ်လို့ ကတိပေး လိုက်ပါတယ်၊ လုပ်မယ့်လုပ် တစ်ယောက်စာတော့မဟုတ်ဘူးနော်၊ အားလုံးစားလို့ရအောင် တစ်ခါတည်း များများလေး လုပ်လိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နေပြည်တော်မှာ အခြေချနေရတာမို့ မုန့်ဖုတ်ရမယ့် ဗန်းလည်းမရှိ၊ အပေါ်မီးအောက်မီးနဲ့ ဖုတ်ရမှာ မို့ မုန့်ဖုတ်ရမယ့်ဗန်းကို Capital မှာ အပြေးသွားဝယ်ခဲ့ပါသေးတယ်။ စစချင်း မုန့်လုပ်တုန်းက မီးသွေးနဲ့ အပေါ်မီးအောက်မီးဖုတ်မယ်လို့ စိတ်ကူးထားခဲ့ပေမယ့် ကျွန်မရဲ့ မီးဖိုဆောင်လေးထဲမှာ မီးသွေး ဖိုမွှေးလိုက်ရင် ညစ်ပတ်သွားမှာစိုးတာနဲ့ပဲ မိုက်ကရိုဝေ့ဖ်နဲ့ အရင် စမ်းသပ်ကြည့်မယ်ဆိုပြီး လုပ်ကြည့်ရာကနေ အောင်မြင်ခဲ့တဲ့ မုန့်လေးမို့လို့ မောင်နှမတွေအတွက် လည်း မျှဝေလိုက်ရပါတယ်ရှင်။လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုံမှန်ငှက်ပျောသီးဆနွင်းမကင်းလုပ်နည်းအတိုင်းပါပဲနော်။ရခိုင်ငှက်ပျောသီး တစ်ဖီး၊ ဂျုံမှုန့် ၁၅ ကျပ်သား၊ အုန်းသီး တစ်လုံး၊ ထောပတ် ၁၀ ကျပ်သား၊ သကြား ၁၀ ကျပ်သား၊ (အချိုအရသာ ပါဝင်မှုကို ကြိုက်နှစ်သက်တဲ့အပေါ် မူတည်ပြီး ထည့်နိုင်ပါ တယ်နော်) ဆားအနည်းငယ်၊ မုန့်လုပ်ရာမှာ သုံးတဲ့ ပန်းရောင်အမှုန့်နဲ့ ဘိန်းစေ့တို့ဖြစ်ပါတယ်နော်။အုန်းသီးကိုခြစ်ပြီးတဲ့အခါ အုန်းနို့ရည်ညှစ်ယူထားပြီး အုန်းသီးဖတ်တွေကို ဖယ်ထားပါ။ ငှက်ပျော သီးကို အခွံနွှာပေးထားပါ။ပြီးတဲ့အခါ ဇလုံကြီးကြီးတစ်လုံးကို ယူပြီးတော့ ဂျုံမှုန့်၊ ငှက်ပျောသီးရယ်၊ အုန်းနို့ ရည်ရယ်၊ အုန်းသီးဖတ်ရယ်၊ ထောပတ် သုံးပုံနှစ်ပုံရယ်၊ ဆား၊ သကြားတို့ကို ထည့်ပြီး သမအောင် နာနာ နယ်ပေးပါနော်။ နယ်တာသမသွားပြီဆိုရင်တော့ နယ်ထားတဲ့မုန့်ထဲကို ပန်းရောင်မှုန့် ထည့်ပြီး  ရောနယ်ပေးပါနော်။ပြီးရင် ပုံစံခွက်လေးတွေကို စုတ်တံလေးနဲ့ ထောပတ်တွေကို သုတ်ပေးပါ။ ပြီးရင်တော့ ဘိန်းစေ့လေးတွေဖြူးပေးပါ။ ပြီးတော့မှမုန့်နှစ်လေးတွေကို ပုံစံခွက်ရဲ့ သုံးပုံနှစ်ပုံလောက်ထည့်ပေးပါ။ ပြီးရင် မိုက်ကရိုဝေ့ဖ်ထဲမှာ ၃ မိနစ်အပူပေးလိုက်ပါ။ အပူပေးလိုက်တဲ့အခါ မုန့်လေးတွေ ပွတက်လာပါ လိမ့်မယ်။ ၃ မိနစ်အပူပေးပြီးတဲ့အခါကျရင် မုန့်တွေကို ကြွေပန်းကန်ပြားထဲ မှောက်ထည့်လိုက်ပါ။ ပြီးတော့မှ နောက်ထပ် ၇ မိနစ် အပူပြန်ပေးပါ။ မုန့်သားကျက်မကျက်ကို သွားကြားထိုးတံလေးနဲ့ မုန့်ကို ထိုးကြည့်ပါ။ မုန့်သားတွေက သွားကြားထိုးတံမှာ ကပ်ပါမလာဘူးဆိုရင် မုန့်ကျက်ပါပြီနော်။ တကယ်လို့ ကပ်ပါလာ တယ်ဆိုရင်နောက်ထပ် ၂ မိနစ်လောက် အပူထပ်ပေးလိုက်ပါနော်။ ဒါဆိုရင်တော့ အနံ့အရသာနဲ့ လည်း ပြည့်စုံ၊ မိမိကြိုက်နှစ်သက်တဲ့ပုံစံခွက်လေးနဲ့ လှပဆန်းကြယ်တဲ့ ငှက်ပျောသီးဆနွင်းမကင်းလေးကို သုံးဆောင်နိုင်ပါပြီရှင်။အလှူမင်္ဂလာပွဲများအတွက်ဆိုရင်တော့ အမြင်လည်းလှပြီး လှီးရတာ အတုံး မညီမှာ၊ မုန့်သား ပဲ့ထွက်သွားမှာ မစိုးရိမ်ရတဲ့အတွက် သိပ်ကို မျက်နှာပန်းလှစေတဲ့ မြန်မာ့ရိုးရာ မုန့်စစ်စစ်ပါ။  မီးသွေး မီးဖိုမရှိတဲ့ မောင်နှမတွေအတွက် သိပ်ကိုအဆင်ပြေပါတယ်။ မီးသွေးပြာတွေလွင့်ပြီး မီးဖိုဆောင် ညစ်ပတ်မှာလည်း မစိုးရိမ်ရတော့သလို မီးသွေးနဲ့ဖုတ်ရသလို အကျက်မညီမှာတို့၊ မုန့်တူးသွားမှာတို့ မစိုးရိမ်ရတော့ဘူးလေ။ကျွန်မတို့မောင်နှမများလည်း  မြန်မာ့ရိုးရာမုန့်တစ်မျိုးုဖြစ်တဲ့ ငှက်ပျောသီးဆနွင်းမကင်း လေးကို အဆင်းရော အနံအရသာပါ ပြည့်စုံစွာနဲ့ စားသုံးနိုင်ဖို့အတွက် ပိတ်ရက်မှာ လုပ်စားကြပါဦးစို့လားနော်။ချစ်စဖွယ်မုန့်ပုံစံလေးတွေရခဲ့တာကတော့ ရပ်ဝေးမြေကနေ ပုံစံခွက်လေးတွေကို ကျွန်မဆီ တကူးတကပို့ပေးရှာတဲ့ မုန့်စိမ်းပေါင်းမဖြစ်ရင် အိပ်လို့မပျော်ပါဘူးပြောခဲ့ဖူးတဲ့ ညီမလေး မာရီယာပါနော်။ ညီမလေးမာရီယာကိုလည်း မုန့်ပုံလှလှလေးတွေရအောင် ပုံစံခွက်လေးတွေ သတိတရနဲ့ ပို့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။
29
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ နေပြည်တော်ကိုရောက်တော့ ကွန်နက်ရှင်ကလည်း သိပ်မကောင်းတော့ ပို့စ်တွေလည်း မတင်ဖြစ်ဘူးနော်။ မီးဖိုဆောင်လေးကို ပစ်ထားရတာ ကြာပါပြီ။ မောင်နှမတွေကိုလည်း ပစ်ထားရသလို ဖြစ်နေတာ ကြာနေပြီနော်။ ဒီနေ့တော့ မောင်နှမတွေထဲက ငါးပေါင်းထုပ်ထုပ်နည်းလေး လာမေးထားလို့ ဖေ့စ်ဘွတ်ခ်မှာတုန်းက မပြုံးပြံုးရီ မေးထားတာလေးကို ဖြေပေးထားတဲ့အဖြေလေးကို မောင်နှမတွေအားလုံးအတွက်မျှဝေပေးလိုက်ရပါတယ်နော်။ငါးပေါင်းထုပ်ချက်တော့မယ်ဆိုရင် ငါးပေါင်းထုပ်လိုမျိုး အထုပ်ထုပ်ပြီး ချက်ချင်တာလား၊ ဒါမှမဟုတ် ငါးရံ့ကိုဆီပြန်ချက်ပြီး ရဲယိုရွက်အုပ်သလိုမျိုးလား၊ ဒါမှမဟုတ် ငါးရံ့ကို အသားလွှာပြီးတော့ ဆီပြန် ချက်ပြီးတော့မှ ရဲယိုရွက်တွေနဲ့ ရောမွှေချက်တာမျိုးလားနော်။ငါးပေါင်းထုပ်လိုချက်မယ်ဆိုရင်တော့ ဗူးသီး၊ ငှက်ပျောဖူး၊ ကြက်သွန်နီ၊ ဖြူ၊ ချင်း၊ ဆန်မှုန့်လေး နည်းနည်း၊ ကော်မှုန့်လေးနည်းနည်း၊ စပါးလင်၊ ငရုတ်သီးအဲ့ဒါတွေ လိုမယ်နော်။ ဗူးသီးကို လက်တစ်လုံး အရွယ်လေးတွေလှီး၊ ငှက်ပျောဖူးပါးပါးလှီး၊ ကြက်သွန်ဥနီသေးသေးလေးတွေထည့်၊ ငါးရံ့ကို သန့်စင်အောင် ရေဆေးပြီးတော့ ဘေးဆူးတောင်ကို လှီးထုတ်ပစ် အလယ်ရိုးမပါအောင် အသားလွှာလှီးယူပြီးတော့ လက်တစ်လုံးအရွယ်လေး တွေလှီး၊ ငါးရံ့ရယ်၊ ဗူးသီး၊ ငှက်ပျောဖူး၊ ဆား၊ ဟင်းခတ်မှုန့်၊ကော်မှုန့်၊ဆန်မှုန့်၊ နနွင်း၊ ဆီလေးနည်းနည်းထည့်၊ ထောင်းထားတဲ့ငရုတ်သီး ကြက်သွန်ဖြူနီ၊ စပါးလင် အားလုံးသမအောင်နယ်၊ ပြီးတော့မှ ရဲယိုရွက်ထဲ အဲ့ဒီအစာတွေထည့်၊ သေချာပြန်ထုပ်ထားပါနော်။ပြီးရင် ပေါင်းအိုးအောက်မှာ ရေထည့်၊အပေါ်က စကာထဲမှာ ရဲယိုရွက်တွေခင်းလိုက် ပြီးရင် ထုပ်ထား တဲ့ ငါးပေါင်းထုပ်လေးတွေတင်ပြီး နာရီဝက်လောက်ပေါင်းပေး၊ ပြီးရင်တော့ ငါးထုပ်တွေကို ဟိုဘက်ဒီဘက် တစ်ခါလှန်ပြီးထပ်ပေါင်းပေးနော်။အဲ့ဒါကတစ်နည်းပေါ့။ ပေါင်းရခက်မယ် ထင်ရင်တော့ ခုနက အဆာပလာ တွေကို လုံးချက်ချက်၊ ပြီးတော့မှ ရဲယိုရွက်အုပ်။ အဲ့ဒီလိုလည်းရတယ်နော်။နောက်တစ်နည်းက ငါးရံ့ကို အကွင်းလိုက်ပဲလှီးတယ်၊ ပြီးတော့ ငရုတ်သီးကြက်သွန်ဖြူနီချင်း စပါးလင်ထောင်းထားတာနဲ့ ဆီပြန်ချက်၊ ကြက်သွန်နီဥလေးတွေပါ ထည့်ချက်၊ ပြီးတော့မှ ရွဲယိုရွက်အုပ်တာ။ အဲ့ဒါက တစ်နည်းနော်။နောက်တစ်နည်းက ငါးရံ့ကို အသားလေးတွေချည်းပဲလွှာယူ၊ ပြီးရင်အတုံးသေးသေးလေးတွေ ဖြစ်အောင်လှီး၊ ပြီးတော့မှ ထောင်းထားတဲ့ငရုတ်သီးကြက်သွန်ဖြူနီချင်းစပါးလင်နဲ့ ဆီသတ်၊ ကြက်သွန်နီဥ လေးတွေပါထည့်၊ ငါးလေးတွေ ကြေအောင်မွှေ၊ ပြီးတော့မှ ရွဲယိုရွက်အုပ်ချက်၊ အဲ့ဒါ ကတော့ တစ်နည်းနော်။ မောင်နှမတွေ အဆင်ပြေမယ့်နည်းနဲ့ချက်ပါနော်။ ငါးပေါင်းထုပ်ဟင်းချက်တဲ့အခါ လက်ဝင်တယ်လို့ ထင်ရပေမယ့် တစ်ခါတလေ ချက်စားတဲ့အခါ သိပ်ကို စားမြိန်တာမို့ ပိတ်ရက်လေးတွေမှာ မောင်နှမတွေ လက်တည့်စမ်းကြည့်ကြပါဦးနော်။ မမလုကတော့ နေပြည်တော်မှာ အခြေမကျသေးတာမို့ နောက်မှပဲ ဟင်းပွဲလေးတွေကို ဓာတ်ပုံလေးတွေနဲ့တကွ ထပ်ပြီး တင်ပေး ပါ့မယ်နော်။ ဒီဟင်းပွဲလေးမှာ ဓာတ်ပုံမတင်နိုင်လို့ ဒီစာလေးနဲ့ပဲ ကျေနပ်ပေးပါလို့ မောင်နှမတွေကို တောင်းဆိုပါတယ်နော်။
30
ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို မမကြီး Guiness တို့ အလှူမှာ ဧည့်ခံတုန်းက မီနူးထဲက ဟင်းအမယ်တစ်မျိုးဖြစ်တဲ့ ပုစွန်ကြာဆံဟင်းချက်နည်းလေးကို မျှဝေပေးပါရစေ နော်။ပုစွန်ကြာဆံဟင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန် (မိမိနှစ်သက်မယ့် အရွယ်အစားကို ဝယ်ပါ နော်၊ အကောင်ကြီးရင်တော့ ပိုပြီး စားကောင်းပါတယ်)၊ ပဲကြာဆံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငံပြာရည်၊ ငရုတ်သီးအရောင်မှုန့်၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ပါနော်။ပုစွန်ကို သန့်စင်အောင် ဆေးကြောပြီးတဲ့အခါ ဆားနဲ့ထပ်နယ်ပြီး ဆေးပစ်ပါ၊ ပြီးတော့မှ ပုစွန်ကို ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့နဲ့အတူရောနယ်ပြီးနှပ်ပေးထားပါနော်။ ပြီးရင် ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီးတော့ငရုတ်သီးအရောင်မှုန့်နဲ့ ရောထောင်းပေးပါနော်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပေးထားပါ နော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေရေဆေးပေးထားပါနော်။ ပဲကြာဆံကိုလည်း ရေစိမ်ထားပေးပါနော်။အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေ ဆီသတ်ပါ နော်။ ကြက်သွန်တွေနွမ်းပြီဆိုရင် ငံပြာရည်ရယ်၊ လှီးထားတဲ့ခရမ်းချဉ်သီးကို ထည့်မွှေပြီး ခရမ်းချဉ်သီး ဆီလိမ်တဲ့အထိ တည်ပေးပါ။ နောက်မဟုတ်ရင် ခရမ်းချဉ်သီးစော်နံပြီး ဟင်းစားမကောင်းတတ်ဘူး ဖြစ်တတ်ပါတယ်။ ခရမ်းချဉ်သီး ဆီလိမ်ပြီဆိုရင် ပုစွန်တွေထည့်ပြီး မွှေပေး၊ ပုစွန်က ထွက်လာတဲ့စိမ့်ထွက် ရည်တွေ ခမ်းတဲ့အထိ တည်ပေးပါနော်။ ပုစွန်တွေပါ ဆီပြန်လာပြီဆိုရင်တော့ ရေစိမ်ထားတဲ့ ပဲကြာဆံတွေ ကို ထည့်ပေးပါ။ (အလှူအတွက်ဆိုရင်တော့ ညဘက်မှာ ပုစွန်ဟင်းကိုချက်ထား ပြီးမနက်ကျမှ ဟင်းအိုး ပြန်နွှေးပြီးတဲ့အခါကျ ပဲကြာဆံကို ထည့်ချက်ပေးပါနော်)။ ပဲကြာဆံ ထည့်ပြီးတဲ့အခါကျ ကြာဆံအနူးအတွက် ရေနွေးလေး နည်းနည်းထည့်ပေးပြီးတည်ပေးပါနော်။ ကြာဆံက အပူရှိန်နဲ့ကို ကျက်နိုင်တာမို့ ကြာဆံထည့်ပြီး ခဏနေရင် ငရုတ်သီးစိမ်းအုပ်၊ ကြိုက်တတ်ရင်   ပင်စိမ်းရွက်လေးအုပ်ပြီး ဟင်းအိုးချနိုင်ပါ တယ်နော်။ဟင်းပွဲပြင်တဲ့အခါကျ လှအောင်လို့ ပင်စိမ်းရွက်/နံနံရွက် အုပ်ပေးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ပုစွန် ကြာဆံဟင်းလေးရပါပြီနော်။
31
ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို ကဏန်း ငရုပ်ကောင်းချက် လေး ချက်ကျွေးပါရစေနော်။လိုအပ်တဲ့ပစ္စည်းတွေကတော့ ကဏန်း၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ ငရုတ်ကောင်း၊ ပဲငံပြာရည် အကြည်၊ ဆား၊ နနွင်းမှုန့် အနည်းငယ်၊ ဆီနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။ကဏန်းကို ဝယ်ပြီးတော့ အပေါ်က အခွံမာရယ်၊ အခွံမာအောက်က ရေယက်တွေလိုဟာတွေ ကို ဖယ်ပစ်လိုက်ပါနော်။ ပြီးရင် ပက်လက်လှန်လိုက်ပြီးတော့ ဗိုက်ပေါ်က အဝိုက်ကလေးကို ဖယ်ထုတ်ပစ်ပါ။ ကဏန်းလက်ချောင်းသားလေးတွေ ဖယ်ရှားပစ်ပါ၊  လက်မကြီးကို သီးသန့်ယူထားပါ။ အားလုံးပြီးရင် ရေစင်အောင်ဆေးပေးပါနော်။  ပြီးတော့ ကဏန်းကိုယ္ထည်တွေကို ဆားလေးနည်းနည်းနဲ့ နယ်ပေး ထားပါနော်။  ကြက်သွန်ဖြူနီချင်း စတာတွေကို အခွံနွှာ၊ ရေဆေးပြီး ထောင်းပါနော်။ ပြီးရင် ငရုတ်ကောင်းစေ့ လေးပါ ထည့်ထောင်းလိုက်ပါနော်။အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးထည့်၊ ပြီးရင် ထောင်းထားတဲ့ ချင်းကြက်သွန်ဖြူနီတို့ကို ထည့်ပြီး ဆီသတ်၊ မွှေးလာရင် ကဏန်းတွေထည့် သမအောင် မွှေ၊ ပြီးရင် ရေလေးပါ နည်းနည်းထည့်ပေး၊ ပဲငံပြာရည် အကြည်လေးထည့်၊ အရသာအတွက် အပေါ့အငန် ထည့်ပြီး အုပ်ထားပြီး တည်ပေးပါနော်။ ရေလေးခမ်းသွားရင်နောက်ထပ် နည်းနည်းချင်း ရေထပ်ဖျန်းပြီး ချက်နော်။ အနှစ်များများလေးနဲ့ နယ်စားလို့ကောင်းအောင် ကြက်သွန်ဖြူနီများများလေး ထည့်ထောင်းပြီး ချက်ပါနော်။ ပြီးတော့ငရုပ်ကောင်းလေးနဲ့ဆိုတော့ မွှေးမွှေးလေးပေါ့နော်။ အရသာကတော့ ချိုအီပူစပ်လေးပေါ့။ ငရုတ်ကောင်းပါလို့ နည်းနည်းလေး ပူချင်တယ်ဆိုပေမယ့် ကလေးတွေ စားနိုင်တဲ့ အရသာလောက်ရှိတော့ အဆင်ပြေပါတယ်နော်။အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကဏန်း ငရုတ်ကောင်းမွှေးချက်လေး ရပါပြီနော်။ မောင်နှမများအားလုံးလည်း အဆင်ပြေတဲ့အခါ ကဏန်းငရုတ်ကောင်းမွှေးလေး ချက်စားကြည့်ပါဦးနော်။
32
ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေကို လက်ဖက်သုပ်လေး လုပ်ကျွေး ပါမယ်နော်။ ပြည်ပမှာရှိတဲ့ မောင်နှမတွေက လက်ဖက်ကို အမြဲတမ်းရဖို့ ခဲယဉ်းတတ်ပါတယ်။ မမလုက တော့ တို့အမြဲတမ်းမရနိုင်တဲ့ လက်ဖက်နဲ့ နှိပ်စက်လေခြင်းလို့ အပြစ်မပြောရလေအောင် လက်ဖက်လုပ် နည်းလေးကိုလည်း မျှဝေပေးဦးမှာနော်။လက်ဖက်ခြောက် (ဂရင်းတီးတော့မဟုတ်ဘူးပေါ့နော်) လက်တစ် ဆုပ်ကို ယူပြီး ဇလုံတစ်လုံးထဲ ထည့်ပြီး ရေနွေးပွက်ပွက်ဆူ လက်ဖက်ရည် ပန်းကန်လုံးတစ်လုံးခွဲကို လောင်း ထည့်ပြီး စိမ်လိုက်ရင် ပွတက်လာပါလိမ့်မယ်နော်။ ပြီးတဲ့အခါကျရင် အဲ့ဒီ ပွလာတဲ့လက်ဖက်ဇလုံကို ရေနွေးငွေ့နဲ့ နာရီဝက်လောက် ပေါင်းလိုက်ပါနော်။ နာရီဝက်ကြာရင် အောက်က အပူပေးတာကို ရပ်လိုက် ပြီးတော့ အဖုံးမဖွင့်သေးဘဲ အအေးခံထားလိုက်ပါနော်။ အေးပြီဆိုတော့မှ အိုးအဖုံးကို ဖွင့်လိုက်ပြီး လက်ဖက် ထဲက အရည်ကို နည်းနည်းညှစ်ထုတ်ပစ်လိုက်ပါနော်။ ပြီးရင် ရိုးရိုးလက်ဖက်နှပ်သလိုပဲ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ အချိုမှုန့်၊ပုစွန်ခြောက်တို့နဲ့ပြန်နှပ်လိုက်ပေါ့နော်။ ချဉ်ငံစပ်ပဲနှပ်နှပ်၊ ရိုးရိုးအဆိမ့်ပဲနှပ်နှပ်၊ နှပ်ချင်သလိုသာ နှပ်ပေတော့နော်။အခုပြထားတဲ့ လက်ဖက်သုပ်လေးကတော့ 18 x 2 မွေးနေ့ပွဲတုန်းက ဧည့်ခံခဲ့တာ အဲ့ဒီပုံစံအတိုင်းပါပဲနော်။ ဒါကတော့ အကြော်စုံ (နှစ်ပြန်ကြော်)ကို မကြိုက်တတ်တဲ့သူတွေ၊ ပဲမကြိုက်တဲ့သူတွေ၊ သွားမှာ အပေါက် တွေပါလို့ အကြော်ဆိုရင် ဝါးလို့မရဘူးဆိုတဲ့ မောင်နှမတွေအတွက် ရည်ရွယ်ပါတယ်နော်။ကျွန်မက လက်ဖက်ဆိုရင် နှစ်ပြန်ကြော်နဲ့ စားရတာကို သိပ်မကြိုက်လို့ ဒီနည်းလေးနဲ့ လက်ဖက်သုပ် စားကြည့်ရင်း ကောင်းတယ်လို့ အိမ်သားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောလို့ မောင်နှမတွေကို မျှဝေလိုက်ရတာပါရှင်။လက်ဖက်နှပ်တော့မယ်ဆိုရင် လက်ဖက်ညွန့်လေးတွေကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရေနွေးပွက်ပွက် ဆူလောင်းထည့်ထားပြီး အဖုံးအုပ်ထားပြီး အနည်းဆုံး ၁၅မိနစ်ကနေ နာရီဝက်လောက်ထိ ထားလို့ ရပါတယ်။  ပြီးတော့မှ အဲ့ဒီအရည်တွေ သွန်ပစ်ပြီး လက်ဖက်ထဲက အရည်တွေကို ညှစ်ပစ်ပါ။ ပြီးတော့မှ လက်ဖက်ကို ဆား၊ ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက် မညက်တညက်လေးထောင်း၊ ဟင်းချိုမှုန့်တို့နဲ့ နာနာနယ်ပါ။ ပြီးရင်တော့ နှမ်းဆီလေးဆမ်းပြီး ခပ်ကြာကြာလေး စိမ်ပေးထားပါနော်။ ဒါကတော့ အဆိမ့်နှပ် ပေါ့နော်။ ဒါကတော့ လူကြီးတွေအကြိုက်များကြတယ်လေ။~ ~ ~ ~ ~ ~ ~ ~ ~လုံမပျိုတွေအကြိုက်ကတော့ ချဉ်ငံစပ်ရှယ်ပေါ့လေးပေါ့။ အဲ့ဒါကျတော့ လက်ဖက်နှပ် တဲ့အခါ ခုနကလိုပဲ အညွန့်လေးတွေကို ရေနွေးနဲ့စိမ်၊ အရည်တွေညှစ်ထုပ်ပြီး တော့မှ ငံပြာရည်အနည်းငယ်၊ ဆား၊ ဟင်းချိုမှုန့်၊ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်လေးကို မညက်တညက်လေးထောင်း၊ ရှောက်ရည်/သံပရာရည်၊ ငရုပ်သီးစိမ်း မညက်တညက်ထောင်းလေး တို့နဲ့နယ်ပေး၊ ပြီးတော့ ခရမ်းချဉ်သီးလေးရယ်၊ နံနံပင်လေးရယ် တို့ကို ပါးပါးလှီးပြီး ထည့်နယ်ပါနော်။ ပြီးတော့မှ နှမ်းဆီလေး ဆမ်းပြီး စိမ်ပေးထား။ စားခါနီး ၁ နာရီလောက် အလိုမှာ နှပ်ရင် ရပြီနော်။ အဲ့ဒီလက်ဖက်လေးကိုတော့ တစ်ဇွန်းလောက်စားလိုက်ရင် လျှာကို လည်ထွက်သွားမှာနော်။မြေပဲဆန်ကို ပြုတ်တဲ့အခါ မြေပဲဆန်အခြောက်ကို သန့်စင်အောင် ရေဆေးပြီး တော့ မြေပဲဆန်မြုပ်အောင် ရေထည့်ပြီး rice cooker နဲ့ပဲ ပြုတ်ပေးပါ။ ပထမတစ်ရည် ကုန်သွားတဲ့ အခါကျရင် ပဲတွေကို အပေါ်အောက်လေး နှံ့အောင် မွှေပြီးတော့ ဆားလေးနည်းနည်းထည့်၊ ပြီးရင်နောက် တစ်ခါ ပဲမြုပ်အောင် ရေထည့်ပြီး ထပ်ပြုတ်ပေးပါနော်။ ပဲက လတ်ဆတ်တယ်၊ ဓာတုဆေးတွေလည်း မသုံးထားဘူးဆိုရင် နှစ်ရည်ခမ်းတာနဲ့ နူးပါတယ်။ ဒါပေမယ့် ရေခမ်းလို့ ခလုပ်တက်သွားတာနဲ့ အဖုံးကို မဖွင့်ဘဲ အငွေ့လုံအောင် ဒီအတိုင်းထားပြီး အေးတော့မှပဲ ဖွင့်ပါနော်။ တချို့မြေပဲဆန် တွေက ပိုးထိုးမှာ စိုးလို့ လှောင်လက် သမားတွေက ဆေးသုံးထားရင် တော်ရုံနဲ့ မနူးတတ်ပါဘူး။ ပဲက ဆတ်တောက်ကြီး ဖြစ်နေတတ်တာမို့ သတိထားပါနော်။ပြလို့ပြောင်းဖူးကိုလည်း နူးနေအောင်ပြုတ်ပြီး အအေးခံပြီး ချွေပေး ထားပါနော်။တညင်းသီး အစေးသီးကိုလည်း ပြုတ်တဲ့အခါ ပထမတစ်ကြိမ် ပွက်ပွက်ဆူလာပြီးရင် ရေတွေကို သွန်ပစ်လိုက်ပါနော်။ နောက် တစ်ကြိမ် ရေထပ်ထည့်ပြီး ပြုတ်ပါ။ အဲ့ဒီအတိုင်း ၃ ကြိမ်တိုင်တိုင်ပြုတ်ပြီး ပွက်ပွက်ဆူတဲ့အခါ ရေတွေ သွန်ပစ်လိုက်ပါ။ ပြီးရင် တညင်းသီးကို အခွံနွှာပြီး အလယ်မှာရှိတဲ့ အညှာလေး ကို ဖဲ့ပစ်လိုက်ပါ။ ပြီးတော့မှ တညင်းသီးတွေကို အိုးထဲထည့်၊ ရေမြုပ် အောင်ထည့်၊ ဆားလေးနည်းနည်း၊ ထန်းညက်ခဲလေး ၃ လုံးလောက် ပစ်ထည့်၊ ဆီလေးနည်းနည်းထည့်ပြီး rice cooker နဲ့ ပြုတ်လိုက်ပါနော်။ ရေခမ်းသွားလို့ ခလုပ်တက်သွားရင် ထုံးစံအတိုင်း မဖွင့်လိုက်ဘဲ အအေးခံထားလိုက်ပြီး အေးတော့မှ ပါးပါးလှီးထားလိုက်ပါနော်။အားလုံးအသင့်ဖြစ်ရင်တော့ ကိုယ့်စိတ်ကြိုက်လေး ပြင်စားကြတာပေါ့နော်။ ပြလို့ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ တညင်းသီးပြုတ် တို့ ရှိသလို ကြက်သွန်ကြော်နှမ်းကြော်လေးနဲ့ သီဟိုဠ်ဆန်ကြော်တို့လည်း ရှိတာမို့ မောင်နှမတွေ  စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်နော်။
33
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ တစ်လောတုန်းက အလုပ်ကများ၊ လူကလည်း နည်းနည်း နေမကောင်းဖြစ်သွားတာမို့ ဘလော့ဂ်ဘက်ရော ဖေ့်စ်ဘွတ်ခ် ဘက်ရော မလှည့်နိုင်ဖြစ်သွားတယ်နော်။ အချိန် အကြာကြီး ပစ်ထားလို့ စိတ်မဆိုးပါနဲ့နော်။ ဒီနေ့တော့ မောင်နှမတို့ကို သတ်သတ်လွတ်ဟင်းလျာလည်းဖြစ်၊ ထမင်းလည်းမြိန်စေမယ့် မှိုပင်စိမ်းမွှေး အစပ်ချက်လေး ချက်ကျွေးပါရစေဦးနော်။မှိုဝယ်လို့ရပြီဆိုရင် ကန်စွန်းရွက်နဲ့တွဲပြီး ကြော်လိုက်တာက အမြဲလိုလိုမို့ ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်ရအောင် မှိုကို ဟင်းလေးလို ချက်စားမယ်ဆိုပြီး ချက်ဖြစ်တဲ့ဟင်းလျာလေးပါနော်။ အမေက ကန်စွန်းရွက် နဲ့ကြော်မယ်တဲ့၊ လုကတော့ အမေရယ် အပြောင်းအလဲ ဖြစ်သွားရအောင် ချက်စားရအောင်နောလို့ဆိုတော့ သူပဲ ထွင်နိုင် လွန်းတယ်တဲ့။ မှိုကို အသုပ်လည်း လုပ်သေး၊ အရည်သောက်လည်း လုပ်သေး၊ အခု ဟင်းလိုမျိုး ချက်ဦးမယ်တဲ့။ စိတ်ကြိုက်ပဲ၊ သဘောရှိပဲတဲ့ ချက်ချင်သလိုသာချက်၊ တစ်ခါတည်း များများချက်၊ ဆွမ်းဟင်း လည်းလောင်းရအောင်၊ ထမင်းချိုင့်လည်းထည့်၊ အိမ်သားတွေအားလုံး စားကောင်းအောင်လို့ ချက်ပါတဲ့။ ပါမစ်ရပြီဆိုတော့ ချက်ပြီပေါ့နော်။လိုအပ်သောပစ္စည်းများကတော့ ကောက်ရိုးမှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နီ၊ ပင်စိမ်း ရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆီအနည်းငယ် တို့ပါနော်။ကောက်ရိုးမှိုအလုံးလေးတွေကို သန့်ရှင်းရေးလုပ်ပြီးတော့ လေးစိတ်ရအောင် လှီးပါနော်။ ခရမ်းချဉ်သီးကိုလည်း မထူမပါးလေးလှီးပေးပါနော်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါနော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါ။ ပင်စိမ်းရွက်လေးလည်း ရေဆေးပေးပြီး အညွန့်လေးတွေနဲ့ အရွက်လေးတွေ ခြွေယူထားပါနော်။အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်၊ မီးအားကိုလျှော့ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးစိမ်း တွေထည့်ပြီး ဆီသတ်၊ ငရုတ်သီးစိမ်းပါတာမို့ သတိထားပြီး မီးအားကို လျှော့နော် မဟုတ်ရင် မွှန်ကုန်မှာစိုးလို့နော်။ ပြီးရင် ခရမ်းချဉ်သီးတွေထည့်ပြီး ဆီသတ်၊ ခရမ်းချဉ်သီးက အားလုံး ကြေစရာမလိုတော့ နွမ်းပြီဆိုရင် မှိုလေးတွေထည့်၊ မီးအားကို ပုံမှန်ပြန်ထား၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲလေး ထည့်ပြီးတော့ အားလုံးသမအောင်မွှေပြီး ဒယ်အိုးဖုံးအုပ်ပြီး တည်ပေး ပါနော်။ သုံးမိနစ်လောက်ကြာရင် ဒယ်အိုးအဖုံးဖွင့်ပြီး တစ်ခါထပ်မွှေ၊ ပြီးတော့မှ မှိုအိပြီလား ကြည့်၊ အအိလိုသေးရင် ရေနွေးလေး နည်းနည်းလေးဖျန်းထည့်ပြီး အိအောင်ချက်၊ ပြီးတော့ အပေါ့အငန်မြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်ပြီး ပင်စိမ်းလေး အုပ်လိုက်ပါနော်။အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ မှိုပင်စိမ်းမွှေးအစပ်ချက်လေး ရပါပြီ နော်။ ရုံးကို ထမင်းချိုင့်ထည့်လာတော့ မိတ်ဆွေတွေက စားကောင်းတယ်ပြောလို့ အရမ်းကို ပျော်သွားတာ။ မောင်နှမတွေလည်း ချက်စားလို့ရအောင်လို့ နည်းလေး မျှဝေလိုက်ပါပြီနော်။ အားပေးကြပါဦးနော်။
34
ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ မောင်နှမများအားလုံးကို ဒီနေ့မှာတော့ ငှက်ပျောသီးဆနွင်းမကင်းလုပ်နည်း လေး မျှဝေပါရစေဦးရှင်။ မောင်နှမအချို့ ကျွန်မကို တောင်းဆိုထားတာလည်း ကြာပြီမို့ ဒီနေ့အလှည့်ကျအနေနဲ့ မျှဝေခွင့်ပြုပါနော်။လိုအပ်တဲ့ပစ္စည်းတွေကတော့ ရခိုင်ငှက်ပျောသီး တစ်ဖီး (ပြည်ပရောက်နေတဲ့ မောင်နှမတွေ အဖို့ ရခိုင်ငှက်ပျောသီးအစား သီးမွေးငှက်ပျောသီးကို အသုံးပြုနိုင်ပါတယ်ရှင်) တစ်ဖီး၊ ဂျုံမှုန့် ၁၅ ကျပ်သား၊ အုန်းသီး တစ်လုံး၊ ထောပတ် ၁၀ ကျပ်သား၊ သကြား ၁၀ ကျပ်သား၊ (အချိုအရသာ ပါဝင်မှုကို ကြိုက်နှစ်သက်တဲ့အပေါ် မူတည်ပြီး ထည့်နိုင်ပါတယ် နော်) ဆားအနည်းငယ်၊ မုန့်လုပ်ရာမှာ သုံးတဲ့ အရောင်မှုန့်(ဒီတစ်ခါ ၂ လွှာလုပ်မှာမို့ အနီရောင်နဲ့ အဝါရောင် အနည်းငယ်) တို့ဖြစ်ပါတယ်နော်။ငှက်ပျောသီးကို အလုံးလိုက် အခွံနွှာပေးထားပါ။ ကျွန်မအခုလုပ်မယ့်နည်းလေးက ကျွန်မတို့ ငယ်ငယ်တုန်းကတည်းက စားဖူးလာတဲ့ ငှက်ပျောသီး ဆနွင်းမကင်းမျိုးနဲ့မတူတာ မို့ ငှက်ပျောသီးတွေကို ကြေအောင် ခြေစရာမလိုဘဲ အလုံးလိုက်ထည့်ပြီး ဖုတ်မှာ ဖြစ်ပါ တယ်နော်။ အုန်းသီးကိုလည်း ခြစ်ပြီးတဲ့အခါ ဦးရေ ညှစ်ယူထားပြီး ကျန်တဲ့အုန်းသီးဖတ် တွေကို ဇလုံတစ်လုံထဲ သီးသန့်ထည့်ပေးထားပါနော်။ပြီးတဲ့အခါ ဇလုံကြီးကြီးတစ်လုံးကို ယူပြီးတော့ ဂျုံမှုန့်၊ အုန်းသီးဖတ်ရယ်၊ ထောပတ် သုံးပုံတစ်ပုံရယ်၊ ဆား၊ သကြားတို့ကို ထည့်ပြီး သမအောင် နာနာနယ်ပေးပါနော်။ နယ်တာ သမသွားပြီဆိုရင်တော့ နယ်ထားတဲ့ မုန့်တစ်ဝက်ကို အရောင်မှုန့်အနီနည်းနည်းကို ရေလေးနဲ့ ထည့်ဖျော်ပြီး ရောနယ်ပြီး ကျန်မုန့်တစ်ဝက်ကိုတော့ အရောင်မှုန့် အဝါရောင် နည်းနည်းကို ရေထည့်ဖျော်ပြီး ရောနယ်ပေးပါနော်။ပြီးရင် မုန့်ဖုတ်မယ့် အိုးထဲကို ထောပတ်သုံးပုံတစ်ပုံနဲ့ သုပ်လိမ်းပေးပါနော်။ ပြီးရင် အနီရောင်မုန့်သားကို ပါးပါးလေးထည့်ပြီး ငှက်ပျောသီးတစ်ဝက်ကို အလုံးလိုက်လေးတွေ ညီညီစီပေးပါ။ တစ်လုံးနဲ့တစ်လုံးလည်း နည်းနည်းလေးစီခြားပေးပေါ့နော်။ ပြီးတဲ့အခါ မုန့်သားအနီရောင်တွေကို ညီအောင်ဖြည့်ပြီး ထပ်ထည့်ပေးပါနော်။ အနီရောင်မုန့်သားပြီးရင် အဝါရောင်မုန့်သားနဲ့ ငှက်ပျောသီးတွေကိုလည်း ခုနကလိုပဲ ထည့်ပေးပါနော်။ မုန့်သားထည့် တဲ့အခါ ကျစ်ကျစ်လစ်လစ်လေး ထည့်ပေးရမှာဖြစ်ပါတယ်။ နောက်မဟုတ်ရင် မုန့်ပွပြီး လှီးတဲ့ အခါ ကြေကုန်မှာ စိုးလို့ပါနော်။ မုန့်သားထည့်ပြီးရင်တော့ အုန်းနို့ဦးရည်လေးတွေကို မုန့်ဗန်းအနှံ့ညီညီညာညာလေး ဖျန်းပက်ပေးပါနော်။မုန့်ဖုတ်တော့မယ်ဆိုရင်တော့ အပေါ်မီးများများနဲ့ အောက်မီးနည်းနည်းထားပြီး ဖုတ်ရ မှာဖြစ်ပါတယ်နော်။ Oven နဲ့ ဖုတ်မယ်ဆိုရင်တော့ အပေါ်မီး ၂၂၀ နဲ့ အောက်မီး ၁၅၀ လောက်ထားပြီး နာရီဝက်လောက် အရင်ဖုတ်ပေးပါနော်။ နာရီဝက်ပြီးရင် မုန့်အိုးကို ခဏ အပြင်ထုတ်ပြီးတော့ ကျန်တဲ့ထောပတ်နဲ့မုန့်သားမျက်နှာပြင်ကို သုပ်ပေးပါနော်။ ပြီးတဲ့အခါ မုန့်သားအကျက်ညီအောင် အောက်မီးကို ထပ်လျှော့ ၁၀၀လောက်၊ အပေါ်မီးကိုလည်း ထပ်လျှော့ ၁၈၀ လောက်နဲ့ ထားပြီး နောက်ထပ် နာရီဝက်လောက်ကြာအောင် ထပ်ဖုတ်ပေးပါ နော်။ ကိုယ့်စိတ်ထဲ မုန့်သားမနပ်သေးဘူးလို့ ထင်ရင်တော့ နောက်ထပ် ၁၅ မိနစ်လောက် ထပ်ပြီး ထားလို့ရပါတယ်နော်။ မုန့်သားကျက်မကျက်သိချင်ရင်တော့ ဓားဦးချွန်လေးနဲ့ မုန့်ဗန်းထဲ ထိုးထည့်လိုက်၊ မုန့်သားတွေ ဓားမှာ ကပ်ပါမလာဘူးဆိုရင်တော့ အိုကေပြီနော်။ ပြီးရင်တော့ မုန့်သားလုံးဝအေးသွားအောင် စောင့်ပြီးမှ မုန့်လှီးပါနော်။ နောက်မဟုတ် ရင် မုန့်သားတွေ ပဲ့ကြေပြီး အတုံးမပေါ်ဘဲ ဖြစ်တတ်ပါတယ်နော်။အဲ့ဒါဆိုရင်တော့ အောက်ခြေ အနီရောင်၊ အပေါ်လွှာ အဝါရောင်လေးနဲ့ ငှက်ပျောသီး ဆနွင်းမကင်းရပါပြီနော်။ ငှက်ပျောသီးလေးတွေက လှီးလိုက်တိုင်း အကွင်းလေးလိုက်လေး တွေနဲ့မို့ စားချင်စဖွယ် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ငှက်ပျောသီး နှစ်လွှာဆနွင်းမကင်းလေး ရပါပြီနော်။ ဘိန်းစေ့ /နှမ်းစေ့ ထည့်ချင်ရင်လည်း ထည့်နိုင်ပါတယ်နော်။ နောက်ပြီး အုန်းဆီချက်နဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။မှတ်ချက်။ ။ ငှက်ပျောသီးဘာလို့မခြေလဲ ဆိုတော့ ပြည်ပရောက် မောင်နှမတွေအဖို့ ရခိုင်ငှက်ပျောသီးရဖို့ အင်မတန်ခဲယဉ်းပါတယ်။ သီးမွှေးငှက်ပျောသီးကျတော့ အလုံးလိုက် အတိုင်းဆိုရင် သိပ်မွှေးပြီး သူ့ကို  ခြေလိုက်လို့ရှိရင် အခန့်မသင့်ရင် မမွှေးတော့ဘဲ ရော်ဘာနဲ့ ထွက်သွားတတ်ပါတယ်။ အဲ့ဒီအခါ မုန့်ပျက်တယ်တော့ မဟုတ်ဘဲ အနံ့က ဆွဲဆောင်မှု မရှိတော့ဘဲ ဖြစ်တတ်ပါတယ်နော်။ နောက်တစ်ခုက တစ်ချို့က မုန့်ဖုတ်ရင် ကိတ်မုန့်ဖုတ်သလို ရနံ့မွှေးထည့်တတ်ပါတယ်။ ကျွန်မကတော့ မြန်မာ့ရိုးရာမုန့်မို့လို့ အဲ့ဒီလို ရနံ့မွှေးကို အသုံးပြုဖို့ အားမပေးလိုပါဘူးနော်။ မြန်မာ့ရိုးရာအတိုင်း အုန်းသီးနဲ့ထောပတ်လေး ကိုပဲ သုံးပြီး ဆနွင်းမကင်းနံ့ အီအီမွှေးမွှေးလေးအတိုင်း ရရှိအောင်မို့ပါနော်။
35
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ၁၈ x ၂ မွေးနေ့ပွဲမှာ ပရိတ်သတ်တွေကို တည်ခင်းဧည့်ခံခဲ့တဲ့ ကော်ရည်ခေါက်ဆွဲက ဓာတ်ပုံမရိုက်လိုက်ရဘူးလေ။ တစ်အိမ်လုံး လက်မလည်ရအောင် အလုပ်တွေက ရှုပ်နေတာဆိုတော့  ဓာတ်ပုံလည်း မရိုက်မိပါဘူး။ သူရိုက်နိုး၊ ကိုယ်ရိုက်နိုးနဲ့ပဲ ဘယ်သူ့ကင်မရာမှာမှ မပါလာမှန်းသိရတယ်။ အိမ်က ညီမလေးတွေက ဧည့်သည်လာရင် ဒီလိုပြောတယ်၊အားလုံး သူ့လက်ရာချည်းပဲ၊ ဒါပေမယ့် တစ်အိမ်လုံး ဘယ်သူမှ မအိပ်ရဘူးလေတဲ့။ အဲ့ဒီလိုချစ်တာ။ သြဘာပေးတာ။ ဟိဟိ။ကျွန်မနေတဲ့နေရာက လှိုင်သာယာ၊ မီးခွက်စျေးနားဆိုတော့ မွေးနေ့အလှူတုန်းက ရုံးက အဖွဲ့သားများထဲက အသက်ကြီးပုဂ္ဂိုလ်တွေက မလာနိုင်ဘူးလေ။ ဝေးတာကိုးနော့်။ အဲ့ဒါနဲ့ပဲ ရုံးအဖွဲ့သားများရယ်၊ ကျွန်မရုံးက လုပ်ဖော်ကိုင်ဖက် ညီမလေး တစ်ယောက်က မွတ်ဆလင်ဘာသာဝင်မို့လို့ သူတို့ညနေဘက် ဝါဖြေရင် စားလို့ရအောင်လို့အတွက်ရယ် ရည်ရွယ်ပြီး ငါးဖယ်လုံးနဲ့ ကော်ရည်ချက်ပေးဖို့ ရုတ်တရက်ကြီး စီစဉ်ပေးလိုက်ပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကတော့ ခေါက်ဆွဲ၊ ငါးဖယ်၊ ငါးဖယ်ရိုး၊ ပဲပြား၊ ကြွက်နားရွက်မှို၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ချင်း၊ ဟင်းခတ်မှုန့်၊ ဆား၊ သကြား၊ ရှာလကာရည်၊ ကြက်သွန်ကြော်၊ ငရုတ်ကောင်းမှုန့်တို့ပါနော်။အချဉ်အတွက်တော့ ငရုတ်သီးစိမ်း၊ ငါးပိစိမ်းစားနဲ့ ရှောက်သီး/သံပရာသီးတို့ပါနော်။ငရုတ်သီးစိမ်းလေးတွေကို အညှာခြွေ၊ ရေဆေးပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲ ထည့်လိုက်ပါ၊ ပြီးတော့မှ ပြန်ဆယ်၊ အအေးခံပြီး မထူမပါးလေးလှီး၊ ဆားလေးနည်းနည်း၊ သကြားလေး နည်းနည်းနဲ့နယ်ပြီး ရှာလကာရည်လေးနဲ့ စိမ်ပေးထားပါနော်။ (ဒါကတော့ တစ်ညကြို လုပ်ထားရင် ပိုကောင်းပါတယ်နော်)။ပထမဆုံးမှာတော့ အိုးကြီးကြီးတစ်လုံးထဲမှာ ရေထည့်ပြီး ရေနွေးပွက်ပွက်ဆူအောင် တည်ပေးထားပါ။ အဲ့ဒီအချိန်မှာ ငါးဖယ်တွေကို ကြက်သွန်ဖြူချင်း၊ ဆား၊ သကြား၊ ဟင်းခတ် မှုန့်တို့နဲ့ ရောပြီး နာနာထောင်းပေးပါနော်။ ပြီးတော့မှ အလုံးလေးတွေ လုံးပေးထားပါ။ ပဲပြားကို လည်း ရေဆေးပြီး အတုံးသေးသေးလေးတွေ ဖြစ်အောင် တုံးပေးထားပါ။ ကြွက်နားရွက်မှိုကို ရေနွေးနဲ့ စိမ်၊ ရေအေးနဲ့ ဆေးပြီးတော့ မျှင်မျှင်လေးတွေ ရအောင် လှီးပေးထားပါ။ မုန်လာဥနီကို အခွံနွှာပြီး သေးသေးလေးတွေ ဖြစ်အောင် လှီးပေးထားပါ။ ကန်စွန်းရွက်တွေကိုတော့ အရိုးနဲ့ အရွက် သပ်သပ်စီ ချွေပေးထားပါနော်။ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်တို့ကိုလည်း သန့်စင်အောင် ရေဆေး၊ ရေစစ်ပြီးတော့မှ ပါးပါးလှီးပေးထား ပါနော်။ရေနွေးပွက်ပွက်ဆူလာရင် ချင်းနဲ့ ကြက်သွန်ဖြူတို့ကို မညက်တညက်လေးထောင်းပြီး ရေနွေးအိုးထဲ ထည့်ပေးပါ။  ပြီးရင် ငါးဖယ်ရိုးတွေကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ငါးဖယ်ရိုးအိုး ပွက်ပွက်ဆူပြီဆိုရင်တော့ ငါးအရိုးတွေ မပါအောင် ရေစစ်လေးနဲ့ အချိုရည် တွေကို သေချာစစ်ယူပြီးမှ အရိုးတွေကို လွှင့်ပစ်ပေးပါနော်။ ပြီးရင် ပွက်ပွက်ဆူအောင် ထပ် တည်ပေးပါ။ ဟင်းအိုးဆူပြီ ဆိုရင်တော့ လုံးထားတဲ့ ငါးဖယ်လုံးတွေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ငါးဖယ်လုံးလေး တွေက ဟင်းရည်အိုးထဲ ထည့်လိုက်တဲ့အချိန်မှာ ကျက်ပြီ ဆိုရင် ငါးဖယ်လုံးလေးတွေက ဟင်းအိုးအပေါ်တက်လာမှာနော်။ ပြီးရင်တော့ ဟင်းရည်အိုး ထဲကို တုံးထားတဲ့ ပဲပြားရယ်၊ ကြွက်နားရွက်မှိုလေးရယ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပေးပြီး ဟင်းရည်လေး နည်းနည်းကျအောင် တည်ပေးထားပါ။ ပြီးရင်တော့ ကော်မှုန့် တွေကို ရေဖျော်ထားပြီးတော့ ဟင်းရည်အိုးထဲ ထည့်ပေးပါ။ ကော်ရည်ကို ဟင်းအိုးထဲ ထည့်တဲ့ အချိန်မှာ ကော်ရည်တွေ တစ်နေရာထဲမှာ ကျပြီး ခဲမသွားရလေအောင် ဟင်းရည်အိုးကို သတိထားပြီး မွှေပေးပါ။  ကော်ရည်တွေ ပွက်ပွက် ဆူလာအောင် တည်ပေးပါ။ ငါးဖယ်ရိုး၊ ငါးဖယ်လုံးနဲ့ ချက်ထားတာမို့ ငါးညှီနံ့ဖြစ်နေမှာကို မစိုးနဲ့နော်။ ချင်းများများ၊ ကြက်သွန်ဖြူ နိုင်နိုင်ထည့်ထားတာမို့ ငါးနံ့မလွှမ်းနေပါဘူးနော်။ ငရုတ်ကောင်းမှုန့်လေးလည်း ထည့်ပေးလို့ ရတယ်နော်။စားခါနီးကျမှ ဟင်းရည်အိုးထဲကို မုန်လာဥနီနဲ့ ကန်စွန်းရိုးကို အရင်ထည့်ပြီး တည်ပါ။ ကန်စွန်းရွက်ကိုတော့ နောက်ဆုံး မှ ထည့်ပြီး ဆူပြီဆိုရင် အပေါ့ အငန်မြည်းပြီး ဟင်းအိုးချလို့ ရပါပြီနော်။ အသီးအရွက်ထဲမှာက ကိုယ်စိတ်ကြိုက်ဖြစ်မယ့် အသီး အရွက်တွေလည်း ထည့်လို့ ရသေးတယ်နော်။ ဥပမာ မုန်ညင်း၊ ပဲပင်ပေါက်တို့ ပန်းမုန်လာတို့ပေါ့နော်။ ဒါ့အပြင် ငုံးဥတို့ ဖက်ထုပ်တို့လည်း ထည့်ချင်ရင် ထည့်လို့ရတယ်နော်။ ကိုယ့်စိတ်ကြိုက်ပေါ့နော်။မီးအုံးထားတဲ့ ငါးပိစိမ်းစားထဲကို ကြက်သွန်ဖြူထောင်းလေးထည့်၊ သံပုရာရည်ရွှဲရွှဲ လေးဆမ်းပေးပါ။အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်လုံးထဲကို ခေါက်ဆွဲထည့်၊ ကော်ရည်ခပ်ထည့်၊ ငါးဖယ်လုံး၊ ပဲပြား အဆာ ပလာနဲ့ ဟင်းသီးဟင်းရွက် မျှအောင် ခပ်ထည့်ပါ။ ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်ကြော်လေးထည့်၊ ကြက်သွန် မြိတ်၊ တရုတ်နံနံလေးထည့်ပြီး ပွဲပြင်ပေးပါ။ ပြီးရင်တော့  ကင်မ်ချီလေးနဲ့ ဖြစ်ဖြစ်၊ ငါးပိထောင်း မီးကင် သံပုရာရည်ဆမ်း၊ ငရုတ်ချဉ်လေးနဲ့ တွဲဖက်ပြီး ပူပူနွေးနွေးလေး သုံးဆောင်ပါနော်။အရင်တစ်ခါရေးဖူးတဲ့ အသားနဲ့ ချက်တဲ့ ကော်ရည်ခေါက်ဆွဲလင့်ခ်ကလေးကတော့http://lulucooking.blogspot.com/2007/12/blog-post_31.htmlပါနော်။
36
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ မောင်နှမတို့ကို ကဏန်းလက်မအသားတွေကို ဘဲဥလေးနဲ့ ကြော်ကျွေးပါဦးမယ်နော်။ ဒီဟင်းလျာလေး ကတော့ ကျွန်မရဲ့ ၁၈ x ၂ မွေးနေ့အလှူပွဲမှာ ဘုန်းတော်ကြီးများကို ဆက်ကပ်ခဲ့တဲ့ ဟင်းလျာ တစ်မယ်ပါနော်။ဒီဟင်းချက်ဖြစ်တာကလည်း မေတ္တာရပ်ဝန်းမီးဖိုဆောင်ရဲ့ ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ နယူးမင်းက တစ်နေ့ ကျွန်မကို ပြောပါတယ်။ မမလုကို ဖေ့စ်ဘွတ်ခ်မှာ hide လုပ်ထားရမယ် တဲ့။ အဲ့ဒါနဲ့ ဘာလို့လဲဆိုတော့ ဟင်းတွေကို မြင်သာမြင်ရ၊ မကြင်ရ ဖြစ်နေလို့တဲ့လေ။ ဒါနဲ့ပဲ မြန်မာပြန်လာရင် မမလုကို ကြိုပြောပါ။ ချက်ကျွေးပါမယ် ကတိပေးခဲ့ပါတယ်။ ပြီးတော့ ဘာစားချင်တာလဲလို့ မေးကြည့်တော့ ကဏန်းဟူရောင်ကြော်လား ဘာလား နာမည်တော့ သေချာမမှတ်မိတော့ဘူးတဲ့၊ ကဏန်းသားကို ဘဲဥ/ကြက်ဥနဲ့ ကြော်တာတဲ့လေ။ အဲ့ဒါနဲ့ သူနဲ့ ကျွန်မ ဒီဟင်းလျာစားဖူးတဲ့အရသာကို confirm လုပ်ကြပါတယ်။ အလှူလုပ်မယ်လည်း ဆိုရော ဒီဟင်းလျာလေးကို ဘုန်းဘုန်းတွေအနေနဲ့ ဘုဉ်းပေးရခဲတယ်ဆိုပြီး ထည့်ဖြစ်ခဲ့တာပါ နော်။ ကျွန်မမွေးနေ့အလှူဆိုပေမယ့် ဟင်းလျာများအားလုံးကို ကျွန်မစိတ်ကြိုက် ရွေးချယ် ဆုံးဖြတ်ခွင့်မရှိပါ၊ ဒိုင်လူကြီးဖြစ်တဲ့ ကျွန်မအမေက ကျွန်မတို့ မောင်နှမတွေ တင်သွင်းတဲ့ ဟင်းလျာတွေကို ကြည့်ပြီး သူ့စိတ်ကြိုက်ဆုံးဖြတ်တာကို ကျွန်မတို့က အလိုလိုက်ရပါတယ် :P  အိမ်မှာ အမေ့ရှေ့ ပြောရင် အဆူခံရမှာ စိုးလို့ အားလုံးသိအောင် ဘလော့ဂ်ပေါ်ကနေ အမေ့အကြောင်း ပြောလိုက်တာ။လိုအပ်တဲ့ပစ္စည်းတွေကတော့ အသားနွှင်ထားတဲ့ကဏန်းလက်မ၊ ဘဲဥ/ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးခြောက် အပုပွတောင့်၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည် အပျစ်၊ ဆီ၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုပ်မာဆလာအနည်းငယ်နဲ့ ကြက်သွန်မြိတ်အနည်းငယ်တို့ပါနော်။ကဏန်းလက်မအသားချည်းသက်သက်ကတော့ စီးတီးမတ်တွေမှာ ဝယ်လို့ရပါတယ်။ freeze လုပ်ထားပေမယ့် တော်တော့်ကို လတ်ပါတယ်။ ကျွန်မက အလှူမှာ ဘုန်းကြီးဆွမ်းပွဲ ဟင်းလျာအတွက် ထည့်ချက်ချင်ပေမယ့် ကဏန်းက မလတ်ရင် ဗိုက်နာတတ်တာမို့ စိုးရိမ်ပြီး ပထမတစ်ရက် ကဏန်းသားကို ဝယ်ပြီး အစမ်းချက်စားကြည့်ပါတယ်။ အိမ်သားအားလုံးက စားကောင်းတယ်၊ ဗိုက်လည်းမနာဘူးဆိုပြီး အတည်ပြုတော့မှ ဘုန်းကြီးဆွမ်းပွဲဟင်းလျာထဲ ထည့်ဖို့ ဆုံးဖြတ်ချက်ကျပါတယ်။ကဏန်းလက်မက သန့်ပြီးသားဆိုတော့ ခဲတာလေးတွေ ပျော်အောင်ပဲ အပြင်မှာ ခဏထားပါတယ်။ အဲ့ဒီအချိန်မှာ ငရုတ်သီးအပုပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီးတော့ ရေနွေးပူပူနဲ့ စိမ်ပြီး ဆေးပစ်ပါတယ်။ ပြီးတော့မှ ငရုတ်သီးတွေကို ညက်နေအောင် ထောင်းပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကိုလည်း အခွံနွှာ ရေဆေး၊ ကြက်သွန်နီကို အကွင်းလိုက်လေး လှီးပါတယ်၊ ကြက်သွန်ဖြူကို မညက်တညက်ကြိတ်ထားပါတယ်။ ချင်းကို ပါးပါးလွှာလွှာလေးတွေလှီးပြီးတော့မှ အရှည်လိုက် အချောင်းလေးတွေရအောင် ပြန်လှီးပါ တယ်။ ကြက်သွန်မြိတ်လေးတွေကိုတော့ သန့်ရှင်းရေးလုပ်ပြီးတော့ တစ်လက်မအရှည် လောက်လေးတွေ လှီးပေးထားပါနော်။ ဘဲဥ/ကြက်ဥကိုလည်း မွမွလေးဖြစ်နေအောင် ခေါက်ပေးထားပါနော်။အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီချင်းတို့ကို ထည့်ပြီး အရင် ဆီသတ်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်တာနဲ့ ငရုတ်သီးအနှစ်လေး တွေကို ရေနွေးလေးနဲ့ ရောဖျော်ပြီး ထည့်ပြီး ဆီသတ်ပေးပါနော်။ ပြီးရင် ကဏန်းသားလေးတွေကို ထည့်ပေး၊ တစ်လက်စတည်း ပဲငံပြာရည်အကျဲ၊ ဆားအနည်းငယ်နဲ့ ဟင်းခတ်မှုန့်လေးတို့ကိုပါ ထည့်ပြီး ကဏန်းသားလေးတွေ မကြေရအောင် သတိလေးနဲ့ ဖြေးဖြေးချင်း အထက်အောက် သမအောင်လှန်ပေးပါနော်။ ပြီးရင်တော့ အိုးမကပ်ရအောင်ရော အသားလေးတွေ အကျက်မှန်ရအောင် ရေလေးဖျန်းဖျန်းပြီးတော့ချက်ပေးနော်။ အပေါ့အငန် အရသာကိုလည်း မြည်းပြီးတော့ စိတ်ကြိုက်ဖြစ်အောင် အရသာထည့်ပေးပါနော်။ ပြီးတော့မှ ခေါက်ထားတဲ့ ဘဲဥတွေကို နှံ့အောင် ထည့်ပေးပြီး တရုတ်မာဆလာလေး အနည်းငယ်ကို ထည့်ပေးလိုက်ပါ။ ပြီးရင် ကဏန်းသားနဲ့ ဘဲဥအားလုံးနှံ့အောင် အသာအယာ မွှေပေးပါနော်။ ပြီးတော့မှ ကြက်သွန်မြိတ်လေး အပေါ်ကနေ ဖြူးလိုက်ပေ့ါနော်။ အဲ့ဒါဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ကဏန်းလက်မဘဲဥကြော်လေး ရပါပြီနော်။တကယ်လို့ မြန်မာလိုချက်ချင်တယ်ဆိုရင်လည်း တရုတ်မာဆလာမထည့်ဘဲ ကုလားလေး မာဆလာရယ်၊ ငရုတ်သီးစိမ်းလေးတွေရယ်ထည့်ချက်ပါ၊ ပြီးတော့မှ မန်ကျည်း သီးနှစ်လေး အုပ်ပေးပါ။ ကျွန်မက အချဉ်မထည့်ဘဲ ချက်ရခြင်းအကြောင်းက ဟင်းရည် သောက်က ကင်မ်ချီဟင်းရည်ဖြစ်နေတာရယ်၊ ကျောက်ပွင့်ပုစွန်သုပ်ကလည်း အချဉ် ပါဦးမှာမို့ ကဏန်းသားဘဲဥကို ကြော်လိုက်တာပါနော်။မောင်နှမများအားလုံးလည်း အဆင်ပြေတဲ့အခါကျ ကဏန်းသားဘဲဥကြော်လေး လုပ်စားကြည့်ကြပါဦးနော်။
37
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ မောင်နှမတို့ကို ကဏန်းလက်မအသားတွေကို ဘဲဥလေးနဲ့ ကြော်ကျွေးပါဦးမယ်နော်။ ဒီဟင်းလျာလေး ကတော့ ကျွန်မရဲ့ ၁၈ x ၂ မွေးနေ့အလှူပွဲမှာ ဘုန်းတော်ကြီးများကို ဆက်ကပ်ခဲ့တဲ့ ဟင်းလျာ တစ်မယ်ပါနော်။ဒီဟင်းချက်ဖြစ်တာကလည်း မေတ္တာရပ်ဝန်းမီးဖိုဆောင်ရဲ့ ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ နယူးမင်းက တစ်နေ့ ကျွန်မကို ပြောပါတယ်။ မမလုကို ဖေ့စ်ဘွတ်ခ်မှာ hide လုပ်ထားရမယ် တဲ့။ အဲ့ဒါနဲ့ ဘာလို့လဲဆိုတော့ ဟင်းတွေကို မြင်သာမြင်ရ၊ မကြင်ရ ဖြစ်နေလို့တဲ့လေ။ ဒါနဲ့ပဲ မြန်မာပြန်လာရင် မမလုကို ကြိုပြောပါ။ ချက်ကျွေးပါမယ် ကတိပေးခဲ့ပါတယ်။ ပြီးတော့ ဘာစားချင်တာလဲလို့ မေးကြည့်တော့ ကဏန်းဟူရောင်ကြော်လား ဘာလား နာမည်တော့ သေချာမမှတ်မိတော့ဘူးတဲ့၊ ကဏန်းသားကို ဘဲဥ/ကြက်ဥနဲ့ ကြော်တာတဲ့လေ။ အဲ့ဒါနဲ့ သူနဲ့ ကျွန်မ ဒီဟင်းလျာစားဖူးတဲ့အရသာကို confirm လုပ်ကြပါတယ်။ အလှူလုပ်မယ်လည်း ဆိုရော ဒီဟင်းလျာလေးကို ဘုန်းဘုန်းတွေအနေနဲ့ ဘုဉ်းပေးရခဲတယ်ဆိုပြီး ထည့်ဖြစ်ခဲ့တာပါ နော်။ ကျွန်မမွေးနေ့အလှူဆိုပေမယ့် ဟင်းလျာများအားလုံးကို ကျွန်မစိတ်ကြိုက် ရွေးချယ် ဆုံးဖြတ်ခွင့်မရှိပါ၊ ဒိုင်လူကြီးဖြစ်တဲ့ ကျွန်မအမေက ကျွန်မတို့ မောင်နှမတွေ တင်သွင်းတဲ့ ဟင်းလျာတွေကို ကြည့်ပြီး သူ့စိတ်ကြိုက်ဆုံးဖြတ်တာကို ကျွန်မတို့က အလိုလိုက်ရပါတယ် :P  အိမ်မှာ အမေ့ရှေ့ ပြောရင် အဆူခံရမှာ စိုးလို့ အားလုံးသိအောင် ဘလော့ဂ်ပေါ်ကနေ အမေ့အကြောင်း ပြောလိုက်တာ။လိုအပ်တဲ့ပစ္စည်းတွေကတော့ အသားနွှင်ထားတဲ့ကဏန်းလက်မ၊ ဘဲဥ/ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးခြောက် အပုပွတောင့်၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည် အပျစ်၊ ဆီ၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုပ်မာဆလာအနည်းငယ်နဲ့ ကြက်သွန်မြိတ်အနည်းငယ်တို့ပါနော်။ကဏန်းလက်မအသားချည်းသက်သက်ကတော့ စီးတီးမတ်တွေမှာ ဝယ်လို့ရပါတယ်။ freeze လုပ်ထားပေမယ့် တော်တော့်ကို လတ်ပါတယ်။ ကျွန်မက အလှူမှာ ဘုန်းကြီးဆွမ်းပွဲ ဟင်းလျာအတွက် ထည့်ချက်ချင်ပေမယ့် ကဏန်းက မလတ်ရင် ဗိုက်နာတတ်တာမို့ စိုးရိမ်ပြီး ပထမတစ်ရက် ကဏန်းသားကို ဝယ်ပြီး အစမ်းချက်စားကြည့်ပါတယ်။ အိမ်သားအားလုံးက စားကောင်းတယ်၊ ဗိုက်လည်းမနာဘူးဆိုပြီး အတည်ပြုတော့မှ ဘုန်းကြီးဆွမ်းပွဲဟင်းလျာထဲ ထည့်ဖို့ ဆုံးဖြတ်ချက်ကျပါတယ်။ကဏန်းလက်မက သန့်ပြီးသားဆိုတော့ ခဲတာလေးတွေ ပျော်အောင်ပဲ အပြင်မှာ ခဏထားပါတယ်။ အဲ့ဒီအချိန်မှာ ငရုတ်သီးအပုပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီးတော့ ရေနွေးပူပူနဲ့ စိမ်ပြီး ဆေးပစ်ပါတယ်။ ပြီးတော့မှ ငရုတ်သီးတွေကို ညက်နေအောင် ထောင်းပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကိုလည်း အခွံနွှာ ရေဆေး၊ ကြက်သွန်နီကို အကွင်းလိုက်လေး လှီးပါတယ်၊ ကြက်သွန်ဖြူကို မညက်တညက်ကြိတ်ထားပါတယ်။ ချင်းကို ပါးပါးလွှာလွှာလေးတွေလှီးပြီးတော့မှ အရှည်လိုက် အချောင်းလေးတွေရအောင် ပြန်လှီးပါ တယ်။ ကြက်သွန်မြိတ်လေးတွေကိုတော့ သန့်ရှင်းရေးလုပ်ပြီးတော့ တစ်လက်မအရှည် လောက်လေးတွေ လှီးပေးထားပါနော်။ ဘဲဥ/ကြက်ဥကိုလည်း မွမွလေးဖြစ်နေအောင် ခေါက်ပေးထားပါနော်။အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီချင်းတို့ကို ထည့်ပြီး အရင် ဆီသတ်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်တာနဲ့ ငရုတ်သီးအနှစ်လေး တွေကို ရေနွေးလေးနဲ့ ရောဖျော်ပြီး ထည့်ပြီး ဆီသတ်ပေးပါနော်။ ပြီးရင် ကဏန်းသားလေးတွေကို ထည့်ပေး၊ တစ်လက်စတည်း ပဲငံပြာရည်အကျဲ၊ ဆားအနည်းငယ်နဲ့ ဟင်းခတ်မှုန့်လေးတို့ကိုပါ ထည့်ပြီး ကဏန်းသားလေးတွေ မကြေရအောင် သတိလေးနဲ့ ဖြေးဖြေးချင်း အထက်အောက် သမအောင်လှန်ပေးပါနော်။ ပြီးရင်တော့ အိုးမကပ်ရအောင်ရော အသားလေးတွေ အကျက်မှန်ရအောင် ရေလေးဖျန်းဖျန်းပြီးတော့ချက်ပေးနော်။ အပေါ့အငန် အရသာကိုလည်း မြည်းပြီးတော့ စိတ်ကြိုက်ဖြစ်အောင် အရသာထည့်ပေးပါနော်။ ပြီးတော့မှ ခေါက်ထားတဲ့ ဘဲဥတွေကို နှံ့အောင် ထည့်ပေးပြီး တရုတ်မာဆလာလေး အနည်းငယ်ကို ထည့်ပေးလိုက်ပါ။ ပြီးရင် ကဏန်းသားနဲ့ ဘဲဥအားလုံးနှံ့အောင် အသာအယာ မွှေပေးပါနော်။ ပြီးတော့မှ ကြက်သွန်မြိတ်လေး အပေါ်ကနေ ဖြူးလိုက်ပေ့ါနော်။ အဲ့ဒါဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ကဏန်းလက်မဘဲဥကြော်လေး ရပါပြီနော်။တကယ်လို့ မြန်မာလိုချက်ချင်တယ်ဆိုရင်လည်း တရုတ်မာဆလာမထည့်ဘဲ ကုလားလေး မာဆလာရယ်၊ ငရုတ်သီးစိမ်းလေးတွေရယ်ထည့်ချက်ပါ၊ ပြီးတော့မှ မန်ကျည်း သီးနှစ်လေး အုပ်ပေးပါ။ ကျွန်မက အချဉ်မထည့်ဘဲ ချက်ရခြင်းအကြောင်းက ဟင်းရည် သောက်က ကင်မ်ချီဟင်းရည်ဖြစ်နေတာရယ်၊ ကျောက်ပွင့်ပုစွန်သုပ်ကလည်း အချဉ် ပါဦးမှာမို့ ကဏန်းသားဘဲဥကို ကြော်လိုက်တာပါနော်။မောင်နှမများအားလုံးလည်း အဆင်ပြေတဲ့အခါကျ ကဏန်းသားဘဲဥကြော်လေး လုပ်စားကြည့်ကြပါဦးနော်။
38
သြဂုတ်လ ၁၃ ရက်နေ့ ့သောကြာနေ့့ မနက်အိပ်ရာ နိုးကတည်းက ဆန်းဒေး အလှူလေးအတွက် ကင်မ်ချီတည်၊ ပြီးတော့ ရေချိုးခန်း၊ အိမ်သာဆေး၊ ခေါင်းလျှော်ရေချိုး၊ သနပ်ခါးကို ဘဲကျားရိုက်၊ တွေ့တဲ့ရှပ်အကျီင်္ကို ကမန်းကတန်း ကောက်စွပ်၊ အညိုရောင် ထဘီတစ်ထည်ကို ကမန်းကတမ်းစွပ်ပြီး ရုံးဖယ်ရီအမီ ပြေးလိုက်ရတာ။ လမ်းထိပ်ရောက်တော့ ဖယ်ရီမရောက်သေးလို့ တော်သေးတယ်။ ဒီနေ့ ဖယ်ရီမှီတယ်၊ ဘတ်စ်ကားတိုးစီးစရာ မလိုဘူးဆိုတော့ ၂၀၀ တန် အသစ်ကလေးကို ဆွဲခြင်းထဲ ပြန်ထည့်လိုက်ပါတယ်။ ဖယ်ရီလည်း လာရော နေရာလေးမှာထိုင်ရင်း မနက်ဖြန်ဆိုရင် ငါ ဆယ့်ရှစ်နှစ်လီ ဖြစ်နေပြီလို့ တွေးရင်း ရှေ့ဆက်ရမယ့် အနာဂတ်အတွက် အတွေးနယ်ကျွံလာလိုက်တာ ရုံးရောက်လို့ ရောက်မှန်းတောင် မသိလိုက်ဘူး။ရုံးရောက်တော့ ကွန်ပျူတာအရှေ့မှာ ထိုင်လိုက်တုန်းပြီး ကြီးတော်ကို ဝင်၊ ချစ်လှစွာ သော မောင်နှမများကို နှုတ်ဆက်၊ ဖေ့စ်ဘွတ်ခ်ကလည်း ဖွင့်လို့မရ၊ ဘလော့ဂ်ကလည်း ကျော်လို့မရတာနဲ့၊ အလုပ်လုပ်မယ်ကြံကာရှိသေး ဖုန်းက ဝင်လာပါရော။မ့့ နဲ့ ပြောချင်လို့ပါရှင်တဲ့။ ဟုတ်ကဲ့ ပြောနေပါတယ်ရှင်လို့ ပြန်ဖြေလိုက်တော့ တစ်ဖက်က ကောင်မလေးက မမအတွက် ပန်းစည်းနဲ့ အရုပ် လက်ဆောင်လာပို့မလို့ လမ်းညွှန်ပေးပါဦးရှင်တဲ့။ ဖုန်းနားထောင်ရင်းနဲ့ပဲ ရင်တွေ တဒိန်းဒိန်းခုန်၊ ဒူးတွေ တဆတ်ဆတ် တုန်၊ နှုတ်ဖျားကလည်း ရှင့့် နောက်တစ်ခေါက်လောက် ထပ်ပြောပေးပါဦးလားရှင့့် လို့ ပြောမိတော့ မမမွေးနေ့အတွက် ပန်းစည်းနဲ့အရုပ် လက်ဆောင်လာပို့မလို့ပါရှင်တဲ့့ စိတ်ထဲမှာ ဘယ်သူပို့တာလဲလို့ မေးမလို့ရှိသေး  ့့ တစ်ဘက်က ကောင်မလေးက လိပ်စာကို ရွတ်ပြပြီး အဲ့ဒီလိပ်စာမှန်ပါလားရှင်တဲ့့ဟုတ်ကဲ့ မှန်ပါတယ်ရှင်ဆိုတော့ ညနေ ၃ နာရီလောက်ကို လာပို့ပေးပါမယ်ဆိုပြီး ဖုန်းချသွားရော။အခန်းထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဝမ်းသာအားရ ရင်တုန်ပန်းတုန်နဲ့ ပြောလိုက်တယ့် အရပ်ကတို့ရေ့့ တို့ကို မွေးနေ့လက်ဆောင်ပန်းစည်းနဲ့ အရုပ် လာပို့မလို့တဲ့တော့့ ဘယ်သူများလဲ မသိဘူးတော့့  အမလေးနော့် ရင်ခုန်လိုက်တာလို့ ပြောတုန်း့့ နောက်တစ်ခါ ဖုန်းမြည်လာတော့ ဘာရမလဲ့့ ဘယ်သူပို့လဲလို့ မေးလိုက်တော့ ့ ခုနက ရင်ခုန်တာတွေ့့ ဒူးတုန်တာတွေ့့ဘေးချိတ့့်  ကြီးတော်ကို အမြန်ဝင့်  ပို့တဲ့သူရဲ့ အကောင့်ကို ဖွင့်ပြီး့့ မေးခွန်းလဲ မေးလိုက်ရော့့ တစ်ဘက်က ပြန်ပြောပါတယ့် အန်တီမရှိပါဘူးရှင့် အပြင်သွားပါတယ်ရှင့် တဲ့။  စုလေးကျတော့ အွန်လိုင်းရှိမနေဘူး။ ဟွန့့် တရားခံက နှစ်ယောက်ရှင့်  ဘယ်သူလဲ သိလားနော့် အဲ့ဒါလေ မမကြီး (မြန်မာအစားအစာ ဘူဖေးလ်ကျွေးချင်တဲ့ မလေးရှားက မမ)နဲ့ အလှူရှိရာ ဓာတ်စက်သံကို နားစွင့်နေတဲ့ ဖိုးပါကြီးရဲ့ မြေးမလေး စုလေးခေါ် စုစပယ်တို့ပေါ့။ ဟွန့့် သူများမှာ ကြီးမှ ဝက်သက်ပေါက်လား့့ အသက်က ဆယ့်ရှစ်နှစ်လီဖြစ်နေပြီရှင့့့်ဒီလိုရင်ခုန်အောင် လုပ်လို့ရရိုးလားလို့ ရန်တွေ့စာလေး မေးလ်ပို့လိုက်တယ်။ပြီးတော့ ချစ်လှစွာသော အန်တီတစ်ယောက်ဆီက ဘောပင် တစ်ချောင်း၊ နုတ်ဘွတ်ခ်လေးတစ်အုပ်၊ နောက်ထပ်သူငယ်ချင်းတစ်ယောက်ဆီက အရုပ်လေး တစ်ရုပ်၊ အလုပ်ထဲက သူငယ်ချင်းတွေကတော့ သူတို့အတူ ငွေဆောင်သွားတုန်းက ရိုက်ခဲ့တဲ့ပုံလေးကို သူတို့စိတ်ကြိုက်အမှတ်တရလေးလုပ်ပေးတယ့် မှန်ဘောင်လေးနဲ့ ဓာတ်ပုံနဲ့ တခြား လက်ဆောင်လေးတွေကို အမှတ်ရ စုပြီး ဓာတ်ပုံရိုက်ထားလိုက်တယ်။အမှန်တကယ် မွေးနေ့က သြဂုတ်လ (၁၄) ရက်နေ့ပါ၊ ဒီနေ့ပေါ့။ မနေ့ညကလည်း ရင်ခုန်ပြီး အိပ်မပျော်ဘူး၊ မနက်ကလည်း အစောကြီးနိုးနေတော့ ဘုရားဝတ်ပြု၊ အမေ့ကို ကန်တော့၊ အိမ်သန့်ရှင်းရေး လုပ်ပြီး ရုံးကို ခဏထွက်ခဲ့တာပါ။ မနက်ဖြန် အလှူအတွက် ဒီညနေ ချက်ပြုတ် ရဦးမယ်လေ။ မောင်နှမတွေအားလုံးကိုလည်း မနက်ဖြန်အလှူအတွက် ဖိတ်ပါတယ်နော်။ မွေးနေ့ဆုမွန်ချွေကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးအများကြီးအများကြီးတင်ပါတယ်နော်။အမှန်အတိုင်းပြောရမယ်ဆိုရင် ဆယ့်ရှစ်နှစ်လီပြည့်ခဲ့တဲ့ ဒီမွေးနေ့ကတော့ ကျွန်မ တစ်သက်တာမှာ မကြုံဖူးသေး မရခဲ့ဖူးသေးတဲ့ မောင်နှမတွေရဲ့ နွေးထွေးတဲ့အကြင်နာတွေကို အများကြီး ရလိုက်တဲ့ ဝမ်းသာပီတိဖြစ်ရမဆုံးပါ။ အထူးသဖြင့် မေတ္တာရပ်ဝန်းမီးဖိုဆောင်က ဝိုင်းတော်သားများ (သူတို့သာ မရှိရင် ကျွန်မမှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ မောင်နှမတွေနဲ့ ဆုံတွေ့ခွင့်၊ ခင်မင်ခွင့်ရှိမှာ မဟုတ်ဘူးလေ၊ ကျွန်မ သူတို့ကို အမြဲတမ်း ကျေးဇူးတင်ပါတယ်)၊ မွေးနေ့ဆုမွန်ခြွေပေးကြတဲ့ ဖေ့စ်ဘွတ်ခ်က မောင်နှမများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ဆယ့်ရှစ်နှစ်လီ့့ ဒီနေ့ ကျွန်မ အပျော်ဆုံးနေ့တစ်နေ့ပါပဲရှင်။ :P:P
39
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမထဲတွေက မာရီယာက ဘိန်းမုန့်လုပ်စားတာ အောင်မြင်သွားတဲ့အတွက် ပို့လာတဲ့ မေးလ်လေးကို မျှဝေပါရစေရှင်။ မာရီယာရဲ့ မေးလ်လေးထဲမှာ သူ့အတွေ့အကြုံတွေနဲ့ ဘိန်းမုန့်အတွက် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပုံလေးတွေကို ရေးပြထားပါတယ်နော်။ မာရီယာ့လက်ရာ ဘိန်းမုန့်လေးနဲ့ ရေနွေးကြမ်းလေးကို သုံးဆောင်ရင်း မာရီယာရဲ့ ၁၀၁ ကြိမ်မြောက် ဘိန်းမုန့်အောင်ပွဲလေးကို အားပေးဖတ်ရှုကြပါဦးနော်။မလုလုရေ ဘိန်းမုန်.ကတော့ အောင်ပြီသွားပြီနော်။  အမပေးတဲ့ idea ကိုယူပြီးတော့ maria လုပ်တာပါနော်။ အမက ဆန်မှုန်.ကို ကျိူလို.ရတယ် လို. ပြောထားတော့ mariaလည်း ဘိန်းမုန်.ကိုပြန်လုပ်ဖို.ပြန်အားတက်သွားပါတယ်။ maria ဒီမှာလုပ်တာ လုံးဝကို မရတာပါ နော်။ နောက်မှ maria ဘယ်လိုလုပ်ရင် ဘိန်းမုန်.မဖြစ်တဲ့ အတွေ.အကြုံလေး ရေးပေးမယ် နော်။ အခုတော့ အောင်မြင်သွားတဲ့ ဘိန်းမုန်.အကြောင်းကို ရေးမယ်နော် အမ။ပထမဦးဆုံး ချက်ပြီးသားထမင်းကိုနည်းနည်းယူပြီးကျိူလိုက်ပါတယ်။ maria မှာ ဘိန်းမုန်.မဖြစ်တဲ့ အတွေ.အကြုံရှိနေတော့ ဒီက ဆန်မှုန်.ကိုကျိုရင် အချဉ်မပေါက်မှာဆိုလို. ပါ။ maria ကတော့ ထမင်းကိုပဲသုံးလိုက်တာပါ။ ပြီးတော့မှ ဆန်မှုန်.နို.ဆီဘူးတစ်လုံးခွဲနဲ. ရောလိုက်ပါတယ်။ ထန်းညက်ရေ ထည့်ပါတယ်။ ဆားထည့်ပါတယ်။ နှပ်ထားလိုက်ပါတယ်။ လုပ်ခါနီးမှ maria ကြက်ဥတစ်လုံးထည့်ပါတယ်။ မုန်.လုပ်မယ့်ဗန်းကို ထောပတ်အနည်းသုပ် ပါတယ်။မုန်.နှစ်ထည့်ပါတယ်။ ပြီးတော့မှ အုန်းသီးကိုဖြူးပါတယ်။ ဘိန်းစေ့နဲ. မြေပဲစိမ်းကို ထည့်ပါတယ်။ မုန်.သားကို ပွလာရင်း သိသာပါတယ် အမ။ မုန်.သားမျက်နှာပြင် အပေါက် ကလေးတွေ ဖြစ်လာပါတယ်။ အောက်မျက်နှာပြင်သားရရင် မုန်.ကိုလှန်လိုက်ပါတယ်။ပြီးတော့ အပေါ်ကို နည်းနည်း အပူပေးပါတယ်။ အဆင်ပြေတယ်နော် အမ။ စားလို.လည်း ကောင်းပါတယ်။ မုန်.လည်းပွပါတယ်။ ဒါကတော့ maria ရဲ. အောင်မြင်သွားတဲ့ ဘိန်းမုန်. လုပ်နည်းလေးပါ။မအောင်မြင်တာကတော့(1) ကြိမ်၊ ဆန်မှုန်.ကို ရေနဲ့ဖျော်တယ်။ ထန်းညက်နဲ.ရော ဆားထည့်။ ဆော်ဒါနဲ.ကြက်ဥ ထည့်ပါတယ်။ ဆားထည့်တာများလို.လားမသိဘူး၊ ငန်သွားတယ်။ 1နာရီနှပ်ထားတယ်နော် မဖြစ်ပါ။(2) ကြိမ်၊ ပထမကြိမ်အချိူးကိုဘဲပြန်သုံးပါတယ်၊ နှပ်တဲ့ အချိန်ကို5နာရီထားပါတယ်၊ မဖြစ်ပါ။(3) ကြိမ်၊ ဒီလောက်မဖြစ်တဲ့ ဘိန်းမုန်.ဆိုပြီးတော့ ဒီမှာတိုရှည် (ready make) အထုပ်ကို ဝယ်ပြီး ထန်းညက်နဲ.ရောပါတယ်။ သူကလည်းဆန်မှုန်.ဆိုပြီးတော့လေ။ မဖြစ်ဘူး။(4) ကြိမ်၊ ဆန်မှုန်.နဲ.ဂျံူမှုန်.ရောပါတယ်။ မဖြစ်ပါ။(5) ကြိမ်၊ ဆန်မှုန်.ကို ပြောင်းဖူူးမှုန်.နဲ.ရောပါတယ်။ မဖြစ်ပါ။(6) ကြိမ်၊ ဒီလောက်မဖြစ်တဲ့ ဘိန်းမုန်.ဆိုပြီးတော့ ရန်ကုန်ကနည်းလိုပဲ ဆန်ကို ထမင်းကြမ်း နဲ့အတူစိမ်ပြီး တစ်ညသိပ်ပါတယ်။ food processor ကိုသုံးပြီးတော့ ရောကြိတ်ပါတယ်။ ဆန်မှုန်.တွေက အစေ့တွေဖြစ်နေပါတယ်။ အားမလျော့ပါဘူး ထန်းညက်ရေတွေနဲ. ရောပြီး လုပ်ပါတယ်။ မဖြစ်ပါ။(7) ကြိမ်၊ pan cake အမှုန်.ကိုဝယ်ပြီးတော့ လုပ်ပါတယ်။ မုန်.က plant cake လုပ်ဖြစ်နေပါတယ်။ မုန်.ကို ညှပ်လိုက်ရင် မုန်.သား ဖွာပြီးတော့ ထွက်ပါတယ်၊ အဆင်မပြေပါ။ maria မကြိူက်ပါ။နောက်ဆုံးတော့ ဆုတောင်းမိပါသည်၊ ကူညီမယ့်သူ ပေါ်လာပါစေဆိုတော့ maria ဆုတောင်းပြည့်ပါသည်။ မလုလု ရဲ. idea ကို သုံးလိုက်တော့ maria စိတ်တိုင်းကျ ဘိန်းမုန်. ရရှိသွားပါတယ်။ယခုစာနဲ.အတူ မလုလုကို ကျေးဇူးအများကြီးတင်မိပါတယ်။ maria ရဲ. 101 ကြိမ်မြောက် ဘိန်းမုန်.အောင်ပွဲပါ။  ဟီး ဟီး။
40
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမထဲတွေက မာရီယာက ဘိန်းမုန့်လုပ်စားတာ အောင်မြင်သွားတဲ့အတွက် ပို့လာတဲ့ မေးလ်လေးကို မျှဝေပါရစေရှင်။ မာရီယာရဲ့ မေးလ်လေးထဲမှာ သူ့အတွေ့အကြုံတွေနဲ့ ဘိန်းမုန့်အတွက် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပုံလေးတွေကို ရေးပြထားပါတယ်နော်။ မာရီယာ့လက်ရာ ဘိန်းမုန့်လေးနဲ့ ရေနွေးကြမ်းလေးကို သုံးဆောင်ရင်း မာရီယာရဲ့ ၁၀၁ ကြိမ်မြောက် ဘိန်းမုန့်အောင်ပွဲလေးကို အားပေးဖတ်ရှုကြပါဦးနော်။မလုလုရေ ဘိန်းမုန်.ကတော့ အောင်ပြီသွားပြီနော်။  အမပေးတဲ့ idea ကိုယူပြီးတော့ maria လုပ်တာပါနော်။ အမက ဆန်မှုန်.ကို ကျိူလို.ရတယ် လို. ပြောထားတော့ mariaလည်း ဘိန်းမုန်.ကိုပြန်လုပ်ဖို.ပြန်အားတက်သွားပါတယ်။ maria ဒီမှာလုပ်တာ လုံးဝကို မရတာပါ နော်။ နောက်မှ maria ဘယ်လိုလုပ်ရင် ဘိန်းမုန်.မဖြစ်တဲ့ အတွေ.အကြုံလေး ရေးပေးမယ် နော်။ အခုတော့ အောင်မြင်သွားတဲ့ ဘိန်းမုန်.အကြောင်းကို ရေးမယ်နော် အမ။ပထမဦးဆုံး ချက်ပြီးသားထမင်းကိုနည်းနည်းယူပြီးကျိူလိုက်ပါတယ်။ maria မှာ ဘိန်းမုန်.မဖြစ်တဲ့ အတွေ.အကြုံရှိနေတော့ ဒီက ဆန်မှုန်.ကိုကျိုရင် အချဉ်မပေါက်မှာဆိုလို. ပါ။ maria ကတော့ ထမင်းကိုပဲသုံးလိုက်တာပါ။ ပြီးတော့မှ ဆန်မှုန်.နို.ဆီဘူးတစ်လုံးခွဲနဲ. ရောလိုက်ပါတယ်။ ထန်းညက်ရေ ထည့်ပါတယ်။ ဆားထည့်ပါတယ်။ နှပ်ထားလိုက်ပါတယ်။ လုပ်ခါနီးမှ maria ကြက်ဥတစ်လုံးထည့်ပါတယ်။ မုန်.လုပ်မယ့်ဗန်းကို ထောပတ်အနည်းသုပ် ပါတယ်။မုန်.နှစ်ထည့်ပါတယ်။ ပြီးတော့မှ အုန်းသီးကိုဖြူးပါတယ်။ ဘိန်းစေ့နဲ. မြေပဲစိမ်းကို ထည့်ပါတယ်။ မုန်.သားကို ပွလာရင်း သိသာပါတယ် အမ။ မုန်.သားမျက်နှာပြင် အပေါက် ကလေးတွေ ဖြစ်လာပါတယ်။ အောက်မျက်နှာပြင်သားရရင် မုန်.ကိုလှန်လိုက်ပါတယ်။ပြီးတော့ အပေါ်ကို နည်းနည်း အပူပေးပါတယ်။ အဆင်ပြေတယ်နော် အမ။ စားလို.လည်း ကောင်းပါတယ်။ မုန်.လည်းပွပါတယ်။ ဒါကတော့ maria ရဲ. အောင်မြင်သွားတဲ့ ဘိန်းမုန်. လုပ်နည်းလေးပါ။မအောင်မြင်တာကတော့(1) ကြိမ်၊ ဆန်မှုန်.ကို ရေနဲ့ဖျော်တယ်။ ထန်းညက်နဲ.ရော ဆားထည့်။ ဆော်ဒါနဲ.ကြက်ဥ ထည့်ပါတယ်။ ဆားထည့်တာများလို.လားမသိဘူး၊ ငန်သွားတယ်။ 1နာရီနှပ်ထားတယ်နော် မဖြစ်ပါ။(2) ကြိမ်၊ ပထမကြိမ်အချိူးကိုဘဲပြန်သုံးပါတယ်၊ နှပ်တဲ့ အချိန်ကို5နာရီထားပါတယ်၊ မဖြစ်ပါ။(3) ကြိမ်၊ ဒီလောက်မဖြစ်တဲ့ ဘိန်းမုန်.ဆိုပြီးတော့ ဒီမှာတိုရှည် (ready make) အထုပ်ကို ဝယ်ပြီး ထန်းညက်နဲ.ရောပါတယ်။ သူကလည်းဆန်မှုန်.ဆိုပြီးတော့လေ။ မဖြစ်ဘူး။(4) ကြိမ်၊ ဆန်မှုန်.နဲ.ဂျံူမှုန်.ရောပါတယ်။ မဖြစ်ပါ။(5) ကြိမ်၊ ဆန်မှုန်.ကို ပြောင်းဖူူးမှုန်.နဲ.ရောပါတယ်။ မဖြစ်ပါ။(6) ကြိမ်၊ ဒီလောက်မဖြစ်တဲ့ ဘိန်းမုန်.ဆိုပြီးတော့ ရန်ကုန်ကနည်းလိုပဲ ဆန်ကို ထမင်းကြမ်း နဲ့အတူစိမ်ပြီး တစ်ညသိပ်ပါတယ်။ food processor ကိုသုံးပြီးတော့ ရောကြိတ်ပါတယ်။ ဆန်မှုန်.တွေက အစေ့တွေဖြစ်နေပါတယ်။ အားမလျော့ပါဘူး ထန်းညက်ရေတွေနဲ. ရောပြီး လုပ်ပါတယ်။ မဖြစ်ပါ။(7) ကြိမ်၊ pan cake အမှုန်.ကိုဝယ်ပြီးတော့ လုပ်ပါတယ်။ မုန်.က plant cake လုပ်ဖြစ်နေပါတယ်။ မုန်.ကို ညှပ်လိုက်ရင် မုန်.သား ဖွာပြီးတော့ ထွက်ပါတယ်၊ အဆင်မပြေပါ။ maria မကြိူက်ပါ။နောက်ဆုံးတော့ ဆုတောင်းမိပါသည်၊ ကူညီမယ့်သူ ပေါ်လာပါစေဆိုတော့ maria ဆုတောင်းပြည့်ပါသည်။ မလုလု ရဲ. idea ကို သုံးလိုက်တော့ maria စိတ်တိုင်းကျ ဘိန်းမုန်. ရရှိသွားပါတယ်။ယခုစာနဲ.အတူ မလုလုကို ကျေးဇူးအများကြီးတင်မိပါတယ်။ maria ရဲ. 101 ကြိမ်မြောက် ဘိန်းမုန်.အောင်ပွဲပါ။  ဟီး ဟီး။
41
ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေ မေးထားတဲ့ ဘိန်းမုန့်ထဲက အလွယ်တကူလုပ်လို့ရပြီး စားလို့လည်းကောင်းမယ့် ဆန်ဘိန်းမုန့်လေး လုပ်စားရအောင်နော်။ အခုပြောပြမယ့်နည်းက ကျွန်မရဲ့ မွေးရပ်မြေက လုပ်တဲ့ ဘိန်းမုန့် လုပ်နည်းလေးပါနော်။ ရန်ကုန်မှာ ရောင်းတဲ့ ဘိန်းမုန့်လုပ်နည်းနဲ့ ကွဲပြားပါတယ်နော်။ဆန်ဘိန်းမုန့်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန် နို့ဆီဗူးတစ်ဗူး၊ ထမင်းကြမ်းအနည်းငယ်၊ ကြက်ဥတစ်လုံး၊ စားဆိုဒါ လက်ဖက်စားဇွန်း (၁) ဇွန်း၊ သကြား အနည်းငယ်၊ အုန်းသီး တစ်ခြမ်း၊ မြေပဲ အနည်းငယ်၊ ဆားအနည်းငယ်၊ နှမ်းစေ့အနက် အနည်းငယ်၊ ထောပတ်/ဆီအနည်းငယ်တို့ပါနော်။ဆန်ကိုမနက်ကျရင် ကြိတ်မယ်ဆိုရင် ညကတည်းက ရေစိမ်ထားပေါ့နော်။ပြီးတော့မှ မုန့်ကြိတ်ပါနော်၊ မုန့်ကြိတ်တဲ့အခါ ထမင်းကြမ်းလေး ထည့်ကြိတ်မှ မုန့်ပွတယ်လို့ လူကြီးတွေက ဆိုကြတယ်နော်။ မုန့်ကြိတ်တဲ့အခါ မုန့်ရည်ပျစ်ပျစ်လေးဖြစ်နေအောင် ကြိတ်ပေးထားပါနော်။ ပြီးတော့မှ ဆိုဒါမှုန့်လေးရောပြီးတော့ အနည်းဆုံး သုံးနာရီလောက် မုန့်ကို နှပ်ပေးထားလိုက်ပါနော်။ ပြီးရင် ကြက်ဥတစ်လုံးလောက်ကို မွနေအောင်ခေါက်ပြီး မုန့်နှစ်ထဲ ထည့်နှပ်ပေးပြီး တစ်နာရီလောက် ထပ်နှပ်ပေးထားပါနော်။မြေပဲနဲ့ နှမ်းကို လှော်ထားပေးပြီး မြေပဲကိုလေးစိတ်ကွဲလေးရအောင်ထုပေးထား၊ နှမ်းလေးကိုလည်း ပန်းကန်လုံးလေး တစ်လုံးထဲ ထည့်ပေးထားပါနော်။ အုန်းသီးလေးတွေကို မျှင်မျှင်လေးရနေအောင် ခြစ်ပေးထားပါနော်။အားလုံးအသင့်ဖြစ်တဲ့အခါ မုန့်ဖုတ်ဖို့အတွက် မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင်ထောပတ်လေးနည်းနည်း သုပ်လိုက်ပါနော်။ ပြီးရင် မုန့်ရည်ကို ဟင်းချိုခပ်တဲ့ ယောက်ချိုဇွန်း လတ် တစ်ဇွန်းစာလောက် ဒယ်အိုးထဲ လှလှပပ ထည့်လိုက်ပါနော်။ ပြီးရင် အပေါ်ကနေ မြေပဲဆန်ရယ်၊ နှမ်းအနက်စေ့လှော်လေးတွေရယ်၊ အုန်းသီးဖတ်လေးတွေရယ် ဖြူးလိုက်ပါ နော်။ ပြီးတော့မှ အပေါ်ကျဲကျဲ၊ အောက်မီးသင့်ရုံနဲ့ ဖုတ်ပေးပါနော်။ ၃ မိနစ်လောက်နေရင် မုန့်လေးတွေ ပွလာတဲ့အခါကျရင် မုန့်ကို ကလော်ပြီးတော့ ဗန်းထဲထည့်၊ ပူပူနွေးနွေးလေးနဲ့ ဆိမ့်ဆိမ့်လေး သုံးဆောင်နိုင်ပါတယ်နော်။ နောက်ထပ်မုန့်တစ်ခု ထပ်လုပ်တော့မယ်ဆိုရင် ဒယ်အိုးမှာ ကပ်နေတဲ့ မုန့်ဖတ်လေးတွေ မရှိတော့အောင် စုတ်တံလေးနဲ့ သုပ်ပစ်ပြီး၊ ထောပတ်လေး ထပ်သုပ်ပြီးတော့ နောက်တစ်ခု ထပ်လုပ်ပေါ့နော်။ မော်လမြိုင်ဘိန်းမုန့်က အချိုအရသာက ပါတယ်ဆိုရုံလေးပါပဲ၊ ဆိမ့်ဆိမ့်လေးပေါ့နော်။ ပြီးတော့ နှမ်းနက်စေ့လေးနဲ့ ဆိုတော့ အနံ့အရသာရော၊ မုန့်ရဲ့အလှကလည်း မုန့်ဖြူဖြူဖွေးလေးပေါ်မှာ မြေပဲဆန် ညိုတိုတိုရယ်၊ နှမ်းစေ့နက်လေးရယ်၊ အုန်းသီးမျှင်ဖြူဖြူလေးတွေနဲ့ဆိုတော့ ကြည့်ရတာ အမြင်လည်းလှတယ်၊ တစ်မျိုးလေးမို့လို့လုပ်စားကြည့်ကြပါဦးလို့ မောင်နှမတွေကို တိုက်တွန်းလိုက်ပါတယ်နော်။ မမလုကတော့ ဒီပို့စ်အတွက် တင်စရာ ဓာတ်ပုံမရှိသေးပါ၊ ဘိန်းမုန့်လုပ်နည်းတောင်းဆိုထားတဲ့ မောင်နှမတွေအတွက် အကြွေးဆပ်ပေးတာပါနော်။ မောင်နှမတွေထဲက ဘိန်းမုန့်လုပ်ပြီးတဲ့သူဆီက ဓာတ်ပုံရရင် ပြန်တင်ပေးမှာမို့ ဘိန်းမုန့်လုပ်စားဖြစ်ရင် မုန့်လုပ်စဉ်မှာ တွေ့ရခဲ့ အခက်အခဲတွေနဲ့ကြုံရတဲ့ အတွေ့အကြံုရယ်၊ ဓာတ်ပုံလေးရယ် ပို့ပေးကြပါနော်။ မမလု မျှော်နေမယ်နော်မောင်နှမတို့ရေ့့(မမလုရေ့ ကျွန်တော်/ကျွန်မတို့က ဆန်ဘိန်းမုန့်လုပ်စားချင်ပါတယ်၊ ဆန်ကို မကြိတ်ဘဲ ဆန်မှုန့်ကိုသုံးရင် ရမလားဆိုရင်လည်း ရပါတယ်နော်။ ဆန်မှုန့်ကိုသုံးမယ့်အတွက် မုန့်ပွဖို့ ထမင်းကြမ်းကို ဘယ်လိုကြိတ်ပြီး ထည့်ရမလဲဟင့့်ဆိုရင်တော့ ဆန်မှုန့်ကို ခပ်ကျဲကျဲကျိိုထားပြီး တစ်ရက်ကြိုတင်ပြီး အချဉ်ဖောက်ထားလိုက်ပါနော်၊ ပြီးတော့မှ မုန့်နှစ်ဖျော်တဲ့အထဲ ထည့်ပြီး သမအောင် မွှေလိုက်ပြီးရင် သုံးနာရီလောက် အနည်းဆုံးနှပ်ထားပေးလိုက်ရင် ရပါတယ်နော်။)
42
ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေ မေးထားတဲ့ ဘိန်းမုန့်ထဲက အလွယ်တကူလုပ်လို့ရပြီး စားလို့လည်းကောင်းမယ့် ဆန်ဘိန်းမုန့်လေး လုပ်စားရအောင်နော်။ အခုပြောပြမယ့်နည်းက ကျွန်မရဲ့ မွေးရပ်မြေက လုပ်တဲ့ ဘိန်းမုန့် လုပ်နည်းလေးပါနော်။ ရန်ကုန်မှာ ရောင်းတဲ့ ဘိန်းမုန့်လုပ်နည်းနဲ့ ကွဲပြားပါတယ်နော်။ဆန်ဘိန်းမုန့်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန် နို့ဆီဗူးတစ်ဗူး၊ ထမင်းကြမ်းအနည်းငယ်၊ ကြက်ဥတစ်လုံး၊ စားဆိုဒါ လက်ဖက်စားဇွန်း (၁) ဇွန်း၊ သကြား အနည်းငယ်၊ အုန်းသီး တစ်ခြမ်း၊ မြေပဲ အနည်းငယ်၊ ဆားအနည်းငယ်၊ နှမ်းစေ့အနက် အနည်းငယ်၊ ထောပတ်/ဆီအနည်းငယ်တို့ပါနော်။ဆန်ကိုမနက်ကျရင် ကြိတ်မယ်ဆိုရင် ညကတည်းက ရေစိမ်ထားပေါ့နော်။ပြီးတော့မှ မုန့်ကြိတ်ပါနော်၊ မုန့်ကြိတ်တဲ့အခါ ထမင်းကြမ်းလေး ထည့်ကြိတ်မှ မုန့်ပွတယ်လို့ လူကြီးတွေက ဆိုကြတယ်နော်။ မုန့်ကြိတ်တဲ့အခါ မုန့်ရည်ပျစ်ပျစ်လေးဖြစ်နေအောင် ကြိတ်ပေးထားပါနော်။ ပြီးတော့မှ ဆိုဒါမှုန့်လေးရောပြီးတော့ အနည်းဆုံး သုံးနာရီလောက် မုန့်ကို နှပ်ပေးထားလိုက်ပါနော်။ ပြီးရင် ကြက်ဥတစ်လုံးလောက်ကို မွနေအောင်ခေါက်ပြီး မုန့်နှစ်ထဲ ထည့်နှပ်ပေးပြီး တစ်နာရီလောက် ထပ်နှပ်ပေးထားပါနော်။မြေပဲနဲ့ နှမ်းကို လှော်ထားပေးပြီး မြေပဲကိုလေးစိတ်ကွဲလေးရအောင်ထုပေးထား၊ နှမ်းလေးကိုလည်း ပန်းကန်လုံးလေး တစ်လုံးထဲ ထည့်ပေးထားပါနော်။ အုန်းသီးလေးတွေကို မျှင်မျှင်လေးရနေအောင် ခြစ်ပေးထားပါနော်။အားလုံးအသင့်ဖြစ်တဲ့အခါ မုန့်ဖုတ်ဖို့အတွက် မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင်ထောပတ်လေးနည်းနည်း သုပ်လိုက်ပါနော်။ ပြီးရင် မုန့်ရည်ကို ဟင်းချိုခပ်တဲ့ ယောက်ချိုဇွန်း လတ် တစ်ဇွန်းစာလောက် ဒယ်အိုးထဲ လှလှပပ ထည့်လိုက်ပါနော်။ ပြီးရင် အပေါ်ကနေ မြေပဲဆန်ရယ်၊ နှမ်းအနက်စေ့လှော်လေးတွေရယ်၊ အုန်းသီးဖတ်လေးတွေရယ် ဖြူးလိုက်ပါ နော်။ ပြီးတော့မှ အပေါ်ကျဲကျဲ၊ အောက်မီးသင့်ရုံနဲ့ ဖုတ်ပေးပါနော်။ ၃ မိနစ်လောက်နေရင် မုန့်လေးတွေ ပွလာတဲ့အခါကျရင် မုန့်ကို ကလော်ပြီးတော့ ဗန်းထဲထည့်၊ ပူပူနွေးနွေးလေးနဲ့ ဆိမ့်ဆိမ့်လေး သုံးဆောင်နိုင်ပါတယ်နော်။ နောက်ထပ်မုန့်တစ်ခု ထပ်လုပ်တော့မယ်ဆိုရင် ဒယ်အိုးမှာ ကပ်နေတဲ့ မုန့်ဖတ်လေးတွေ မရှိတော့အောင် စုတ်တံလေးနဲ့ သုပ်ပစ်ပြီး၊ ထောပတ်လေး ထပ်သုပ်ပြီးတော့ နောက်တစ်ခု ထပ်လုပ်ပေါ့နော်။ မော်လမြိုင်ဘိန်းမုန့်က အချိုအရသာက ပါတယ်ဆိုရုံလေးပါပဲ၊ ဆိမ့်ဆိမ့်လေးပေါ့နော်။ ပြီးတော့ နှမ်းနက်စေ့လေးနဲ့ ဆိုတော့ အနံ့အရသာရော၊ မုန့်ရဲ့အလှကလည်း မုန့်ဖြူဖြူဖွေးလေးပေါ်မှာ မြေပဲဆန် ညိုတိုတိုရယ်၊ နှမ်းစေ့နက်လေးရယ်၊ အုန်းသီးမျှင်ဖြူဖြူလေးတွေနဲ့ဆိုတော့ ကြည့်ရတာ အမြင်လည်းလှတယ်၊ တစ်မျိုးလေးမို့လို့လုပ်စားကြည့်ကြပါဦးလို့ မောင်နှမတွေကို တိုက်တွန်းလိုက်ပါတယ်နော်။ မမလုကတော့ ဒီပို့စ်အတွက် တင်စရာ ဓာတ်ပုံမရှိသေးပါ၊ ဘိန်းမုန့်လုပ်နည်းတောင်းဆိုထားတဲ့ မောင်နှမတွေအတွက် အကြွေးဆပ်ပေးတာပါနော်။ မောင်နှမတွေထဲက ဘိန်းမုန့်လုပ်ပြီးတဲ့သူဆီက ဓာတ်ပုံရရင် ပြန်တင်ပေးမှာမို့ ဘိန်းမုန့်လုပ်စားဖြစ်ရင် မုန့်လုပ်စဉ်မှာ တွေ့ရခဲ့ အခက်အခဲတွေနဲ့ကြုံရတဲ့ အတွေ့အကြံုရယ်၊ ဓာတ်ပုံလေးရယ် ပို့ပေးကြပါနော်။ မမလု မျှော်နေမယ်နော်မောင်နှမတို့ရေ့့(မမလုရေ့ ကျွန်တော်/ကျွန်မတို့က ဆန်ဘိန်းမုန့်လုပ်စားချင်ပါတယ်၊ ဆန်ကို မကြိတ်ဘဲ ဆန်မှုန့်ကိုသုံးရင် ရမလားဆိုရင်လည်း ရပါတယ်နော်။ ဆန်မှုန့်ကိုသုံးမယ့်အတွက် မုန့်ပွဖို့ ထမင်းကြမ်းကို ဘယ်လိုကြိတ်ပြီး ထည့်ရမလဲဟင့့်ဆိုရင်တော့ ဆန်မှုန့်ကို ခပ်ကျဲကျဲကျိိုထားပြီး တစ်ရက်ကြိုတင်ပြီး အချဉ်ဖောက်ထားလိုက်ပါနော်၊ ပြီးတော့မှ မုန့်နှစ်ဖျော်တဲ့အထဲ ထည့်ပြီး သမအောင် မွှေလိုက်ပြီးရင် သုံးနာရီလောက် အနည်းဆုံးနှပ်ထားပေးလိုက်ရင် ရပါတယ်နော်။)
43
ချစ်သော မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို ဝက်ကလီစာသုပ်လေး မျှဝေပေး ပါရစေဦးနော်။ ဒီဟင်းအမယ်ကိုတော့ မမကြီး Guniess ရဲ့ အလှူတုန်းက ရေးပေးခဲ့တာလေးပါနော်။ မောင်နှမတွေလည်း အဆင်ပြေခဲ့ရင် သုပ်စားလို့ရအောင်လို့မျှဝေပေးလိုက်ရတာပါနော်။လိုအပ်တဲ့ပစ္စည်းတွေကတော့ ဝက်ကလီစာ အစုံ အသည်း၊ နှလုံး၊ အူချို၊ အချင်း၊ အူပိတ်၊ အူမကြီး၊ နားရွက် စတာတွေကို ဝယ်ပါ။ နာနတ်ပွင့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ရှောက်သီး/သံပရာသီး/ရှာလကာရည်၊ ငရုတ်သီးအကျက်မှုန့်၊ ဆီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ရှောက်ရွက်/တရုတ်နံနပင်/ ကြက်သွန်မြိတ်၊ ကြက်သွန်နီဆီချက်ကြော်တို့ပါနော်။ကလီစာတွေကို မန်ကျည်းသီးမှည့်ရယ်၊ ဆားရယ်နဲ့ နယ်ဆေးပေးပါနော်။ အူချိုနဲ့ အချင်းကိုလည်း သီးသန့် သေချာဆေးပေးပါ။ အားလုံးကို သေချာ သန့်ရှင်းရေးလုပ်ပြီးတဲ့ အခါကျရင် ကလီစာတွေကို ဆား၊ သကြားတို့နဲ့ နယ်ပေးပါနော်။ပြီးရင် ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့် ဆီပူလာရင် အူမကြီး၊ အူချို၊ အူပိတ်နဲ့ အချင်း တို့ကို ထည့်ပြီး ကြော်ပါ၊ နာနတ်ပွင့် လေးငါးဖဲ့လောက် ထည့်ပါ။ ကလီစာတွေထဲက စိမ့်ထွက်ရည်တွေ ကုန်တဲ့အထိ ကြော်၊ ပြီးရင်တော့ အသည်းနှလုံးနဲ့ နားရွက်တွေကို ထည့်ကြော်ပါနော်။ အရောင်လှအောင်ရယ်၊ အရသာချိုအောင်ရယ်လို့ ပဲငံပြာရည်အပျစ်ကို အသားစိမ်းထွက်ရည်ခမ်းခါနီးကျထည့်ပေးပါနော်။ ရေခမ်းပြီဆိုရင် အသည်းနှလုံးနဲ့ နားရွက် တွေကို ဆယ်ပြီး သီးသန့်ဖယ်ထား၊ ကျန်တဲ့ကလီစာတွေ နူးအောင်လို့ရေလေးထည့်ထည့်ပြီး ထပ်တည်ပေး၊ အဲ့ဒါတွေ နူးတဲ့အခါကျမှ အသည်းနှလုံးနဲ့ နားရွက်တွေ ပြန်ထည့်ပြီး အားလုံးနူးအောင် တည်ပေးပါနော်။ (အသုပ်အတွက်ဖြစ်တဲ့အတွက် နူးအိနေအောင် တည်ရမှာမဟုတ်ဘဲ ဝါးလို့ကောင်းရုံ နူးအောင်ပဲ တည်ရမှာပါနော်။)ပြီးတော့မှ ကလီစာတွေကိုအေးအောင် အအေးခံပြီးတော့ အသုပ်သုပ်ဖို့ မထူမပါးလေးလှီးပေးပါနော်။ အသုပ်ထဲထည့်သုပ်မယ့် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်တို့ကိုလည်း မထူမပါးလှီးပေးထားနော်။အားလုံးအသင့်ဖြစ်တော့မှ ဇလုံတစ်လုံးထဲမှာ လှီးထားတဲ့အသားတွေရယ်၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း စတာတွေထည့်၊ အချဉ်အတွက် ရှောက်ရည်/သံပရာရည်/ ရှာလကာရည် ကြိုက်တာထည့်၊ ငရုတ်သီးအကျက်မှုန့်ရောထည့်၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ဆား အားလုံးထည့်ပြီး သမအောင်ရောနယ်ပေးပါနော်။ အပေါ့အငန်ကတော့ ကိုယ့်စိတ်ကြိုက် ထည့်ပေးပြီး အပေါ်ကနေ တရုတ်နံနံ/ကြက်သွန်မြိတ်/ရှောက်ရွက်ဖြူး၊ ကြက်သွန်နီကြော်လေး ဖြူးပေးလိုက်ပါနော်။ အဲ့ဒါဆို အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဝက်ကလီစာသုပ်လေး ရပါပြီနော်။အဲ့ဒါဆိုရင်တော့ စားမြိန်စေမယ့် ဝက်ကလီစာသုပ်လေးရပါပြီနော်။ ထမင်းဖြူနဲ့ပဲ စားစား၊ ဆန်ပြုတ်လေးနဲ့ပဲ တွဲဖက်ပြီး သုံးဆောင်တာပဲဖြစ်ဖြစ် သိပ်ကို အဆင်ပြေစေပါတယ်နော်။
44