title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
မာတုပေါသကဇာတ်
ဧကာဒသကနိပါတ် - ၄၅၅။ မာတုပေါသကဇာတ် တောအလယ်တွင် မျက်စိလည်နေသောသူအား ကယ်မမိသဖြင့် မိမိအား ဘေးသင့်ရကြောင်း မင်းကြီးနှင့်တကွ ကျေးဇူးရှင်ပြစ်မှားသော မူဆိုးမိုက်ကို တရားပြကာ ဆိုဆုံးမသည့် အမိလုပ်ကျွေးသော ဆင်မင်းအကြောင်း။ ပစ္စုပ္ပန်ဝတ္ထု အမိအိုကျွေးမှု အကြောင်းပြု နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာ ဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ်အမိကိုလုပ်ကျွေးသော မထေရ်တပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု အမိမွေးမြူ ဆင်မင်းဖြူ လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာတောဝယ် ဆင်မျိုး၌ဖြစ်၍ တကိုယ်လုံး ဆွတ်ဆွတ်ဖြူ၏၊ အလွန်အဆင်းလှ၏၊ ကြည်ညိုဘွယ်ရှိ၏၊ ဆင်နှစ်သောင်း အခြံအရံ ရှိ၏။ မယ်တော်ကား မျက်စိအလင်းမရချေ၊ ဆင်မင်းသည် ချိုနိုးရာ ကောင်းနိုးရာသော သစ်သီးတို့ကို ရှာဖွေကာ မယ်တော်ထံ ပို့စေ၏၊ ဆင်တို့သည် မယ်တော်အား မပေးမူ၍ မိမိတို့သာ စားကြကုန်၏၊ ဆင်မင်းသည် စုံစမ်းလတ်သော် ထိုအကြောင်းကို သိ၍ ဆင်အပေါင်းကို စွန့်လွှတ်ကာ မယ်တော်ကိုသာ မွေးမြူတော့မည် ကြံစည်လျက် ညအခါ ဆင်တို့ကို မသိစေဘဲ မယ်တော်ကို ယူဆောင်ခဲ့၍ ခဏ္ဍောရဏ တောင်ခြေရှိ တခုသောပဒုမာကြာအိုင်ကို အမှီပြု၍ တောင် ဝှမ်းတခု၌ထားကာ လုပ်ကျွေးမွေးမြူလေ၏။ ထိုအခါ ဗာရာဏသီပြည်၌နေသော မူဆိုးတယောက်သည် တောအရပ်ဝယ် မျက်စိလည်လမ်းမှားကာ မသွား တတ်တော့ဘဲ သည်းစွာသောအသံဖြင့် ငိုကြွေးလေ၏၊ ဆင်မင်းကြားလတ်သော် ဤသူကား ကိုးကွယ်ရာမရှိသူတည်း၊ ငါထင်ရှားရှိစဉ် မပျက်စီးစေပါလင့် ဟုကြံစည်လျက် မုဆိုး အနီးသို့သွားလေ၏၊ ကြောက်သဖြင့်ပြေးသော မူဆိုးကိုမြင်လျှင်– “အိုယောက်ျားမပြေးလင့်၊ ဘေးမရှိ၊ သင်အဘယ်ကြောင့် ငိုကြွေးသနည်း”ဟု မေး၏၊ “အရှင်...အကျွန်ုပ် မျက်စိလည်လမ်းမှား၍ မသွားတတ်ဘဲနေရာ ခုနစ်ရက်ရှိ ပါပြီ”ဟု ပြော၏၊ “အို-ယောက်ျား...မကြောက်လင့်၊ ငါ လိုက်ပို့မည်”ဟု ပြောဆိုကာ ကျောပေါ်သို့ တင်ပြီးလျှင် လူတို့လမ်းခရီးသို့ ပို့၍ ပြန်ခဲ့၏။ ဆင်မင်းဖန်းရန် မူဆိုးကြံ မုဆိုးယုတ်လည်း မင်းကြီးကိုပြောကြားမည် ဟုကြံစည်ကာ တလမ်းလုံးသစ်ပင် တောတောင် စသည်တို့ကိုမှတ်ခဲ့၍ လူ တို့ ခရီးသို့ရောက်သဖြင့် ပြန်ခဲ့ရာ ဗာရာဏသီပြည်သို့ရောက်လေ၏၊ တနေ့သ၌ မင်းကြီး၏ မင်္ဂလာဆင်တော်သည် သေခဲ့၏၊ ထိုအခါမင်းကြီးသည် မင်္ဂလာဆင်တော်ပြုရန် လျောက်ပတ်သော ဆင်ကိုမြင်သောသူတို့သည် ပြောကြားကြပါဟု မြို့အလုံးကို စည်လည်စေ၏။ ဆင်မင်းဖမ်းမှု ရှေ့ဆောင်ပြု မုဆိုးကြားလျှင် ... မင်းကြီးထံ ကပ်၍ “အရှင်မင်းကြီး ကိုယ်လုံး ဖြူသော ဆင်ကို အကျွန်ုပ် မြင်ခဲ့ပါသည်၊ လမ်းညွှန်ပါမည် အကျွန်ုပ်နှင့်တကွ ဆင်ဆရာတို့ကို စေလွှတ်တော်မူပါ”ဟု လျှောက်ထားလေ၏၊ မင်းကြီးလည်း အလွန်ဝမ်း မြောက်တော်မူသဖြင့် ကောင်းပြီဟု ပြောဆိုပြီးလျှင် ဆင်ဆရာကို ဖမ်းရန် စေလွှတ်လေ၏။ ဆင်ဆရာလည်း အခြံအရံများစွာဖြင့် မုဆိုးကိုလမ်း ညွှန်ပြု၍ သွားလေရာ ပဒုမာကြာအိုင်၌ ကျက်စားနေ သောဆင်မင်းကိုမြင်၏၊ ဆင်မင်းလည်း ဆင်ဆရာကိုမြင်လျှင် ဤဘေးကား အခြားသောသူကြောင့်ဖြစ်သည် မဟုတ်၊ ငါအသက်ကို ကယ်ဆယ်လိုက်သော မုဆိုးယုတ်ကြောင့် ဖြစ်၏၊ ငါကားအားကြီး၏၊ ဆင်တထောင်ကို ဖျက်ဆီးနိုင်၏၊ အမျက်ထွက်လတ်သော် တနိုင်ငံလုံးရှိစစ်သည် ဗိုလ်ပါကိုလည်း ချေမှုန်းဖျက်ဆီးနိုင်၏၊ သို့သော်လည်း ငါအမျက် ထွက်ချေက သီလပျက်စီးတော့မည်၊ ဦးခေါင်းကို လှံမဖြင့် ထိုးသော်လည်း အမျက်မထွက်တော့ပါဟု အဓိဋ္ဌာန်ပြုတော်မူ၍ ဦးကင်းကိုညွတ်၍ ရပ်လေ၏။ သားနှင့်ကွေကွင်း ငိုကြွေးခြင်း ဆင်ဆရာလည်း ပဒုမာ ကြာအိုင်သို့ ဆင်းသက်ကာ ဆင်မင်း၏ ကြန်အင် လက္ခဏာကို မြင်လျှင်သိ၍ ချစ်သား လာလှည့်ဟု ခေါ်ယူပြီးလျှင် နှာမောင်းကိုကိုင်၍ မင်းကြီး ထံဆောင်လေ၏၊ မယ်တော်လည်း သားတော် ဆင်မင်း မလာလျှင် မင်းအမတ်ကြီးစသည်တို့သည် ယူဆောင်၍ သွားကြလိမ့်မည်၊ ထို့ကြောင့် ငါသည် ဤတော၌ပင် ပျက်စီးရမည်ဟု အောက်မေ့လျက်– “အချင်းတို့...သားဆင်မင်းနှင့်ကင်း၍ ပေါက်ကုန်သော နှံပဲပင် လက်ထုပ်ပင်တို့သည်၎င်း၊ ကုရုဝိန္ဒမည်သော သစ်ပင် ကရဝီရမည်သော မြက်ပင် ကြီးတို့သည်၎င်း၊ ကြာစွယ်ကြာရင်း မြက်စပါးတို့ သည်၎င်း၊ လေဆိတ်ရာ၌ ပွင့်သော မဟာလှေကား ပန်းတို့သည်၎င်း ပွားများကုန်လတံ့”— “ရွှေတန်ဆာကို ဆင်သော မင်း၏အမတ်တို့သည် တစုံတခုသော အရပ်၌လျှင် ငါ့သားဆင်မင်းကို ထမင်းထုပ်ဖြင့် ကျွေးမွေးကြကုန်လတံ့၊ မင်းကြီးနှင့် မင်းသားတို့သည် ငါ့သားဆင်မင်းကို စီးနင်းကာ မကြောက်မရွံ့ ရန်သူ၏ချပ်ဝတ်တန်ဆာကို ဖျက်ဆီးလတံ့”။ ဟု ငိုကြွေးမြည်တမ်းလေ၏။ မိအိုကြောင့်ပူ အစာမယူ ဆင်ဆရာလည်း လမ်းခရီးမှပင် မင်းကြီးအား ဆင်တော်ရတနာရခဲ့ကြောင်း ယူကို ကြားလျှောက်စေ၏၊ မင်းကြီးလည်း မြို့ကို တန်ဆာဆင်၍ ထားနှင့်၏၊ ဆင်ဆရာလည်း ရောက်လျှင် ပန်းနံ့သာတို့ဖြင့် ထုံမွှမ်းအပ်သော ဆင်တင်းကုပ်သို့ ဆင်မင်းကိုသွင်း၍ မင်းကြီးကိုကြားလျှောက်စေ၏၊ မင်းကြီးလည်း အထူးထူးသော ခဲဖွယ်ဘောဇဉ်တို့ကို ဆောင်ယူ ကာသွား၍ ဆင်မင်းအားကျွေးစေ၏၊ ဆင်မင်းလည်း မယ်တော်နှင့်ကင်း၍ အစာမစားတော့ပြီ ဟုဓိဋ္ဌာန်ထားသဖြင့် မစားလေ၊ ထိုအခါ မင်းကြီးသည်– “အို-ဆင်မင်း... အစာကိုစားပါလော၊ ပိန်ကြုံ သည်မဖြစ်ပါစေလင့်။ မင်းမှုကိစ္စတို့သည် များကုန်၏၊ သင်ဆင်မင်းသည် ထိုမင်းမှုကိစ္စတို့ကို ပြုလုပ်ရလတ္တံ့”။ ဟု အစာစားရန် တောင်းပန်လေ၏၊ ဆင်မင်းသည် မင်းကြီး၏ စကားကိုကြားလျှင်– “မြတ်သောမင်းကြီး... မျက်စိမမြင် ဆောင်သူ မရှိ အထီးကျန်သော ဆင်အိုမသည် ခဏ္ဍောာရဏ တောင်သို့ ရှေးရှသည်ဖြစ်၍ သစ်ငုတ်ကို ခြေဖြင့် ခတ်မိလေအံ့တကား”- ဟု ပြောကြားလေ၏၊ ထိုအခါမင်းကြီးသည် မသိသဖြင့်- “အို-ဆင်မင်း... မျက်စိမမြင် ဆောင်သူမရှိ၊ အထီး ကျန်သော ဆင်အိုမသည် ခဏ္ဍောရဏ တောင်သို့ ရှေးရှုသည်ဖြစ်၍ သစ်ငုတ်ကို ခြေဖြင့်ခတ်မိလေအံ့ ဆိုဘိ၏၊ ထိုဆင်မကား သင်နှင့် အသို့စပ်တော်သနည်း”— ဟု မေးတော်မူ၏။ မိအိုကျွေးသမှု လွှတ်ခြင်းပြု ထိုအခါ ဆင်မင်းသည် မြတ်သောမင်းကြီး...အကျွန်ုပ်၏ အမိဖြစ်ပါသည်၊ အကျွန်ုပ်ကား အမိအိုကို လုပ်ကျွေး၍ နေပါသည် ဟုပြောကြားလေ၏၊ ထိုအခါ မင်းကြီးသည် မင်းချင်းအား “အမောင်တို့...ဤဆင်မင်းကား အမိအိုကို လုပ်ကျွေးနေသော ဆင်မြတ်ဖြစ်သည်၊ အနှောင်အဖွဲ့မှ လွှတ်ကြကုန်”ဟု အခွင့်ပေးလေ၏။ ဆင်မင်းလည်း အနှောင်အဖွဲ့မှလွတ်လျှင် မင်းကြီးအား မင်းကျင့်တရားဆယ်ပါးကို ဟောကြားကာ အဆုံးအမပေးပြီးလျှင် ဟိမဝန္တာတောသို့ သွားလေ၏၊ မင်းကြီးနှင့်တကွ လူအပေါင်းတို့လည်း ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ကာ လိုက်၍ပို့ကြကုန်၏၊ ဆင်မင်းလည်းထိုနေ့ပင် ပဒုမာကြာအိုင် သို့ရောက်၍ ကြာစွယ်ကြာရင်းတို့ကို ယူပြီးလျှင် နှာမောင်း အပြည့်ရေကိုလည်းယူ၍ အမိအိုထံသွားကာ ခုနစ်ရက် ပတ်လုံး အစာမစားရ၍ အားနည်းနေသော အမိအား အင်အား ပြည့်လာစေရန် ဦးခေါင်းထက်၌ ရေသွန်း လောင်း၏၊ ထိုအခါ ဆင်မအိုသည် မိုဃ်းရွာ၏ ဟူသော အထိမ်းအမှတ်ဖြင့်– “ငါ့ရင်မှဖြစ်၍ ငါ့ကို လုပ်ကျွေး မွေးမြူသော သားကောင်းဆင်မင်းသည် အရပ်တပါးသို့ သွားလေ၏၊ အခါမဟုတ်ဘဲ ရွာသော မိုဃ်းယုတ်မာကား အဘယ်မိုဃ်းတဲ့နည်း” ဟုမိုဃ်းကို ဆဲရေးလေ၏၊ ထိုအခါ ဆင်မင်းသည်- “မိခင်...ထပါ။ အဘယ်ကြောင့်ဤမျှလောက် အိပ်သနည်း၊ မိခင်သားတော် အကျွန်ုပ်သည် ရောက်လာခဲ့ပြီ၊ လျင်မြန်သော ဉာဏ်ရှိလျက် အခြံအရံများသော ကာသိမင်းသည်လွှတ်လိုက်ပေပြီ”-ဟုမိခင်အား အကြောင်းစုံပြောကြားလေ၏၊ သား၏ စကားကိုကြားလျှင် မိခင်ဆင်အိုမသည်- “ကာသိတိုင်းကြီး၏ အကျိုးစီးပွားကိုဆောင် ရွက်တော်မူသော မင်းမြတ်သည် အခါခပ်သိမ်း မိခင်ကို အရိုအသေလုပ်ကျွေးသော သားမြတ်ကို လွှတ်လိုက်ပေ၏၊ ထိုမင်းမြတ်သည် ရှည်မြင့်စွာ အသက်ရှည်ပါစေ”— ဟုဂုဏ်ကျေးဇူးကို ချီးကျူးကာဆုမွန်ကောင်းတောင်းလေ၏။ ဆင်မင်းကိုမှီ မြို့တော်တည် မင်းကြီးလည်း ဆင်မင်းကို ကြည်ညို၍ ပဒုမာကြာအိုင်၏ မနီးမဝေးသော အရပ်မှာပင် မြို့ရွာ တည်ပြီးလျှင် ဆင်မင်းအား၎င်း, မယ်တော်အား၎င်း နိဗဒ္ဓဝတ်ပြု၍ အမြဲလုပ်ကျွေးလေ၏၊ နောက်အခါ မယ်တော်သေလွန်လျှင် ဆင်မင်းသည် ကရဏ္ဍကမည်သော သင်္ခမ်းကျောင်း သို့သွား၍ ရသေ့ငါးရာတို့ကို လုပ်ကျွေးကာ ကုသိုလ်ကောင်းမှုကို ပြု၍နေ၏။ မင်းကြီးလည်း ဆင်မင်းမရှိလျှင် ဆင်မင်းသဏ္ဌာန် ကျောက်ရုပ်ကို ထုလုပ်စေပြီးလျှင် ကြီးစွာသော ပူဇော် သက္ကာရကိုပြု၏၊ ဇမ္ဗူဒိပ်ကျွန်း၌နေကုန်သော သူတို့သည် နှစ်တိုင်း နှစ်တိုင်းစုဝေးကာ ဆင်ပူဇော်ပွဲပြုလုပ်ကြကုန်၏။ ဤဒေသနာတော်ကို ဟောတော်မူ၍ သစ္စာကိုပြသည်၏အဆုံး၌ အမိကိုလုပ်ကျွေးသောမထေရ်သည် သောတာပတ္တိဖိုလ်၌တည်လေ၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်- ရဟန်းတို့... *ထိုအခါ ဗာရာဏသီမင်းသည်-ယခုအခါအာနန္ဒာ။ *မုဆိုးသည်-ဒေဝဒတ်။ *ဆင်ဆရာသည်-သာရိပုတ္တရာ။ *ဆင်မင်းသည်-ငါဘုရားဖြစ်လာပြီ– ဟုဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ကျေးဇူးကြီးလှ၊ မိနှင့်ဘ၊ နိစ္စလုပ်ကျွေးရာ။ (၂) ပစ္စုပ်တမလွန်၊ ကျိုးနှစ်တန်၊ ဧကန်ပြီးသည်သာ။ (၃) မိခင်ကျွေးမှု၊ ကျောက်ဆင်တု၊ ဇမ္ဗူကိုးကွယ်ရာ။ မာတုပေါသကဇာတ်ပြီး၏။*** ကိုးကား ဇာတ်နိပါတ်တော်
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%90%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%9E%E1%80%80%E1%80%87%E1%80%AC%E1%80%90%E1%80%BA
ဇုဏှဇာတ်
ဧကာဒသကနိပါတ် - ၄၅၆။ ဇုဏှဇာတ် မင်းကြီးနှင့် ပုဏ္ဏား ငယ်ရွယ်စဉ်က မှောင်မိုက် တွင်းတိုက်မိ၍ ပျက်စီးခဲ့သောအကြောင်းကို ပုဏ္ဏား ကပြန်လည်လျှောက်ထားသဖြင့် ရွာဆုနှင့်တကွ များစွာသောအခြံအရံကို ချီးမြှင့်သော ဗာရာဏသီမင်း အကြောင်း။ ပစ္စုပ္ပန်ဝတ္ထု အမြဲအလုပ်ကျွေး မရှိသေး နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ်အာနန္ဒာမထေရ်အား မြတ်စွာဘုရားထံမှ ဆုရှစ်ပါးကိုရသတတ်၊ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားအား ပဌမဗောဓိ၌ ဝါတော် နှစ်ဆယ်တို့ပတ်လုံး အလုပ်အကျွေးအမြဲမရှိ။ တနေ့သ၌ မြတ်စွာဘုရားသည် ရဟန်းသံဃာ ခြံရံလျက် ဂန္ဓကုဋိတိုက်၌ နေတော်မူ၍ “ချစ်သားရဟန်းတို့ ငါဘုရားကား ကြီးရင့်တော်မူပြီ၊ အမြဲ လုပ်ကျွေးမည့်သူကို သိကြကုန်”ဟု မိန့်တော်မူ၏၊ ထိုအခါ ရှင်သာရိပုတ္တရာသည် ထ၍ရှိခိုးလျက် “လုပ်ကျွေးပါမည်”ဟု လျှောက်ထား၏၊ မြတ်စွာဘုရားသည် ပယ်တော်မူ၏၊ ထို့နောက်ရှင် မောဂ္ဂလာန်စသော မဟာသာဝကကြီးတို့သည် အသီး အသီး လုပ်ကျွေးပါမည်ဟု လျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ပယ်တော်မူ၏၊ ညီတော်အာနန္ဒာကား တစုံတရာလျှောက်ထားခြင်းမရှိ၊ ဆိတ်ဆိတ်သာ နေ၏၊ ထို့နောင်မှ ရဟန်းတို့သည် ညီတော်အာနန္ဒာအား အလုပ်အကျွေးရာထူးကို တောင်းရန် တိုက်တွန်းကြကုန်၏။ ပယ်လေတောင်းလေ ဆုရှစ်ထွေ ထိုအခါ ညီတော် အာနန္ဒာ သည်ထ၍ လက်အုပ်ချီမိုး ရှိခိုးဦးတင် ကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... မြတ်စွာဘုရားသည် အကျွန်ုပ်အား– ပယ်သောဆုလေးပါး (၁) ကိုယ်တော်ရအပ်သောသင်္ကန်းကို မပေးခြင်း, (၂) ဘုဉ်းပေးတော်မူသောဆွမ်းကို မပေးခြင်း, (၃) ဂန္ဓကုဋိ တိုက်ခန်းတခုတည်း၌ အတူနေရန် မပေးခြင်း, (၄) အကျွန်ုပ်ကိုခေါ်၍ ပင့်ဖိတ်ရာသို့ မကြွခြင်း, တောင်းသောဆုလေးပါး (၁) အကျွန်ုပ်ပင့်ရာသို့ ကြွတော်မူခြင်း, (၂) အရှင်ဘုရားကို ဖူးမျှော်ရန်လာသော ပရိသတ် ကိုလာသောခဏ၌ ဖူးမျှော်စေခြင်းငှါခွင့်ရခြင်း, (၃) ယုံမှားသင်္ကာဖြစ်သောခဏ၌ မေးလျှောက်ခြင်း ငှါခွင့်ရခြင်း, (၄) မျက်ကွယ်၌ဟောအပ်သောတရားတို့ကိုအကျွန်ုပ်အား ဟောကြားခြင်း, ဤသို့ပယ်အပ်သော ဆုလေးပါး၊ တောင်းအပ်သော ဆုလေးပါးအားဖြင့် ရှစ်ပါးသောဆုတို့ကို ခွင့်ပြုပေးသနားတော်မူပါလျှင် အကျွန်ုပ် အမြဲလုပ်ကျွေးပါမည်” ဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားလည်း ရှေးဆုတောင်း ပါလျက်ဖြည့်ဆည်းပူးအပ်သော ပါရမီရှိသော ပုဂ္ဂိုလ် ထူးဖြစ်ရကား တောင်းသောဆုရှစ်ပါးကို ပေးပြီးလျှင် အမြဲလုပ်ကျွေးရန် ခွင့်ပြုတော်မူ၏။ ရှင်အာနန္ဒာဂုဏ်အင်္ဂါ ရှင်အာနန္ဒာလည်း ထိုအခါမှစ၍ နှစ်ဆယ့်ငါးဝါတို့ပတ်လုံး မြဲသောအလုပ် အကျွေးဖြစ်လေ၏၊ ရှင်အာနန္ဒာကား ငါးပါးသောဌာန၌ ဧတဒဂ်ရတော်မူ၍ ခုနစ်ပါးသော ဂုဏ်အင်္ဂါနှင့်လည်း ပြည့်စုံ၏။ ဂုဏ်အင်္ဂါ ၇-ပါး (၁) သောတာပတ္တိဖိုလ်ကိုရသည်နှင့် ပြည့်စုံခြင်း, (၂) ရှေးကောင်းမှုအကြောင်းနှင့် ပြည့်စုံခြင်း, (၃) မိမိစီးပွားကိုပေးသည်နှင့် ပြည့်စုံခြင်း, (၄) ဘုရားမျက်မှောက်၌နေရသည်နှင့် ပြည့်စုံခြင်း, (၅) အသင့်အတင့် နှလုံးသွင်းခြင်းနှင့်ပြည့်စုံခြင်း, (၆) ဘုရားကိုမှီရသည်နှင့် ပြည့်စုံခြင်း, (၇) ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်ကို ဆောင်နိုင် သည်နှင့် ပြည့်စုံခြင်း, ဤသို့လျှင် ရှင်အာနန္ဒာသည် ဆုရှစ်ပါး ဂုဏ်အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ သာသနာတော်ဝယ် ကောင်းကင်၌ နေလအသွင် အလွန်ထင်ရှားလေ၏။ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် မြတ်စွာဘုရားသခင်သည် ရှင်အာနန္ဒာအား ဆုရှစ်ပါးကိုပေးသဖြင့် ရောင့်ရဲစေကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ သိတော်မူလျှင်– “ရဟန်းတို့... ငါဘုရားသည် အာနန္ဒာအား ယခုအခါ၌သာလျှင် တောင်းသောဆုကို ပေးသည်မဟုတ်၊ ရှေးအခါ၌လည်း ပေးဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု ညမှောင်အမိုက် နှစ်ဦးတိုက် လွန်လေပြီးသောအခါ ဗာရာဏသီ၊ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ သားဖြစ်၍ ဇုဏှအမည်ရှိ၏၊ ထိုဇုဏှမင်းသားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာသင်ကြားနေစဉ် တနေ့သ၌ ညအခါဝယ် ဆင်ဆရာအိမ်မှ မိမိ နေရာသို့ပြန်လာရာ မှောင်မိုက်သဖြင့် မမြင်၍ ထမင်းခွက် ကိုင်လာသော ပုဏ္ဏားတယောက်ကို တိုက်မိလေ၏၊ ပုဏ္ဏားသည် လဲသဖြင့် ထမင်းခွက်ကျ၍ ကွဲလေ၏၊ ထိုအခါပုဏ္ဏားသည် လူးလည်း၍ ငိုကြွေးမြည်တမ်းလေ၏။ မင်းသားသည် ပုဏ္ဏားကိုသနားသဖြင့် လက်ကိုကိုင်၍ထူမ၏၊ ပုဏ္ဏားလည်း “ချစ်သားသင်သည် ငါ့ထမင်း ခွက်ကို တိုက်မိ၍ ကွဲဘိ၏၊ ထမင်းခွက်ဘိုးကိုပေးပါ” ဟု တောင်းလေ၏၊ “ပုဏ္ဏား... ယခုငါသည် သင်၏ထမင်း ခွက်ဘိုးကိုမပေးနိုင်၊ ငါကား ဗာရာဏသီမင်း၏သားတော် ဇူလှမည်သော မင်းသားဖြစ်၏၊ ငါမင်းဖြစ်သောအခါလာ၍တောင်းပါ ပေးမည်”ဟု ကတိထားလေ၏၊ မင်းသားလည်း အတတ်ပညာ ပြည့်စုံတတ်မြောက်လတ်သော် ဗာရာဏသီပြည်သို့ ပြန်လေ၏။ ရှေးကဖြစ်ဟောင်းထမင်းဘိုးတောင်း မင်းကြီးလည်း သားတော်ရောက်လာလျှင် ငါအသက်ရှင်စဉ်ပင် သားတော်၏မင်းအဖြစ်ကို ကြည့်ရှု လိုသည်ဟု ပြောဆိုကာ မိမိ၏ထီးနန်းစည်းစိမ်ကို သားတော်ဇုဏှမင်းသားအား လွှဲအပ်ပြီးလျှင်, အဘိသိက်သွန်း၍ မင်းမြှောက်လေ၏၊ ဇုဏှမင်းလည်း တရားနှင့်အညီမင်းပြု၏၊ ထိုအကြောင်းကို ထမင်းခွက်ကွဲဘူးသော ပုဏ္ဏားကြားလျှင် ငါ့ထမင်းခွက်ဘိုးကို တောင်းမည်ဟုကြံစည်ကာ ဗာရာဏသီပြည်သို့သွား၍ မြို့တော်ကို ဆင်တော်ဖြင့် လက်ျာရစ် လှည့်လည်တော်မူသော မင်းကြီးကို မြင်လောက်ရာအရပ် တခုမှနေ၍ လက်ကိုမြှောက်လျက် (အောင်စေသတည်း-အောင်စေသတည်း)ဟု ဆုတောင်းလေ၏၊ မင်းကြီးသည် မမြင်သဖြင့် လွန်၍သွားလေ၏၊ ပုဏ္ဏားသည် မင်းကြီးမ သောအဖြစ်ကိုသိလျှင်– “အို-မင်းမြတ်...အကျွန်ုပ်စကားကို နာတော် မူဦးလော၊ အရှင်မင်းကြီးထံ ... အလှူခံလိုသောကြောင့် ဤအရပ်သို့ရောက်လာပါ၏၊ အိုမင်းမြတ် အရပ်ဝေးမှလာ၍ အလှူခံခြင်းငှါ ရပ်ကုန်သော ပုဏ္ဏားတို့ကို မကြည့်ရှုဘဲမသွားသင့်ဟု ပညာရှိတို့ ပြောဆိုကြကုန်၏” – ဟု အသံကျယ်စွာဖြင့် ပဋိသန္ဓာရစကား ပြောကြားလေလေ၏။ အလှူခံပုဏ္ဏား မင်းမေးငြား မင်းကြီးကြားလျှင် ဆင်ကို ချွန်းအုပ်၍ နောက်သို့လှည့်စေပြီးလျှင်– “အို-ပုဏ္ဏား... ငါနားထောင်ပါအံ့၊ ရပ်တည် ပါအံ့၊ ဤအရပ်သို့ ရောက်လာခြင်းအကြောင်းကို ပြောဆိုပါ၊ ငါ့ထံ၌ ဘာကိုအလိုရှိ၍ ဤအရပ်သို့ လာသနည်း၊ ငါတိုက်တွန်းပါ၏၊ အလိုရှိရာကိုပြောဆိုပါ” ဟု အကြောင်းကိုမေးမြန်းကာ ဘိတ်မန္တကပြုလေ၏၊ ထိုအခါပုဏ္ဏားသည်– “အို-မင်းမြတ်... အကျွန်ုပ်အား ငါးရာသော ရွာဆုကို၎င်း, ကျွန်မတရာကို၎င်း, နို့ညှစ်နွားမ ခုနစ် ရာကို၎င်း, အထောင်မကသော ရွှေစင်နိက္ခုကို၎င်း, အဆင်းသဏ္ဌာန် အမျိုးဇာတ်တူသော မယားနှစ်ယောက်တို့ကို၎င်း ပေးလှူတော်မူပါ။ ” “အို-ပုဏ္ဏားသင့်အား ဂုဏ်ကျေးဇူးကြီးသော အကျင့်သည်၎င်း, ဆန်းကြယ်သောသဘောရှိသော မန္တရားသည်၎င်း, သင့်စကားကို လိုက်နာသော နတ်အချို့သည်၎င်း ရှိပါကုန်သလော ငါမင်းမြတ်၏ အကျိုးစီးပွားကို ပြုခဲ့ဘူးပါသလော။” နောက်ကြောင်းဖြစ်ရပ် လျှောက်တင်အပ် “အို-မင်းမြတ်... အကျွန်ုပ်အား ဂုဏ်ကျေးဇူးကြီးသော အကျင့်သည်၎င်း, ဆန်းကြယ်သော သဘောရှိသောမန္တရားသည်၎င်း, အကျွန်ုပ်စကားကို လိုက် နာသော နတ်အချို့သည်၎င်း မရှိပါကုန်၊ အရှင်မင်းမြတ်၏ အကျိုးစီးပွားကိုလည်း မပြုခဲ့ဘူးပါ၊ ရှေးအခါ ပေါင်းဆုံမိကာမျှ ဖြစ်ဘူးပါ၏”။ “အို-ပုဏ္ဏား... ငါ့အား ယခုမြင်ရခြင်းကား ရှေးဦးစွာမြင်ခြင်းတည်း၊ ရှေးအခါ၌ မသိစဖူး၊ ဘယ်အခါ ဘယ်အရပ်၌ သင်နှင့်ပေါင်းဆုံမိကာမျှ ဖြစ်ဘူးသနည်း၊ ပြောကြားပါ။” “အို-မင်းမြတ်...ဂန္ဓာရမင်း၏ နှလုံးမွေ့လျော် ဘွယ်ရှိသော တက္ကသိုလ်ပြည်၌ နေဘူးပါကုန်၏၊ ထိုပြည်ဝယ် အလွန်မှောင်မိုက်သော ညအခါ၌ သင်မင်းကြီး၏ ပခုံးစွန်းနှင့် ကျွန်ုပ်၏ပခုံးစွန်းသည် တိုက်ခတ် မိပါ၏၊ ထိုသို့တိုက်ခတ်မိရာ၌ နှစ်ဦးသောအကျွန်ုပ်တို့သည် ရပ်ကုန်လျက် အသက်ထက်ဆုံးအောက်မေ့အပ်သောစကားကို ပြောဘူးပါကုန်၏၊ ထိုအခါ ပေါင်းဆုံမိကာမျှဖြစ်ဘူးပါ၏။ ထိုမှနောက်၌၎င်း, ရှေး၌၎င်း မသိဘူးကြပါ”။ မိတ်ဆွေဖြစ်လင့် ဆုချီးမြှင့် “အို-ပုဏ္ဏား... လူတို့၌ အမှတ်မရှိသောအခါ ... သူတော်ကောင်း တို့နှင့် ပေါင်းဖော်မိ၏၊ ပညာရှိတို့သည် ခဏ ပေါင်းခြင်း, အရှည်ပေါင်းခြင်းကို၎င်း, ရှေး၌ပြဘူးသောကျေးဇူးကို၎င်း, မဖျက်ဆီးကြကုန်၊ မိုက်သောသူတို့သည်သာ ခဏပေါင်းခြင်းအရှည်ပေါင်း ခြင်းကို၎င်း, ရှေး၌ပြုဘူးသောကျေးဇူးကို၎င်း ဖျက်ဆီးကြကုန်၏။ သူမိုက်တို့ကား ပြုဘူးသော ကျေးဇူးကို မသိတတ်သော သဘောရှိကြကုန်၏။ ပညာရှိ တို့ကား ခဏပေါင်းဘော်ခြင်း အရှည်ပေါင်းဘော် ခြင်းကို၎င်း, ရှေး၌ပြဘူးသော ကျေးဇူးကို၎င်းမဖျက် ဆီးကြကုန်၊ ပညာရှိတို့ကား ပြုဘူးသောကျေးဇူးကို သိတတ်သောသဘော ရှိကြကုန်၏၊ အနည်းငယ်မျှ ပြုဘူးသော ကျေးဇူးကိုသော်လည်း မဖျက်ဆီးကြကုန်။ အို-ပုဏ္ဏား... သင့်အား ငါးရာသော ရွာဆုကို၎င်း, ကျွန်မတရာကို၎င်း, နို့ညှစ်နွားမခုနစ်ရာကို၎င်း, အထောင်မကသော ရွှေစင်နိက္ခကို၎င်း, အဆင်းသဏ္ဌာန် အမျိုးဇာတ်တူသော မယား နှစ်ယောက်တို့ကို၎င်း ငါပေးပါ၏။ အို-မင်းမြတ်... ဤသို့ သူတော်ကောင်းတို့နှင့် ကပ်၍ ပေါင်းဖော်မိ၏၊ အိုမင်းမြတ်... ကောင်းကင်အလယ်၌ လမင်းသည်ပြည့်သကဲ့သို့၊ ထို့အတူ အကျွန်ုပ်သည်လည်း ရွာဆုစသည်တို့ဖြင့် ပြည့်ပေ၏၊ အို-မင်းမြတ်... အကျွန်ုပ်သည် အရှင်မင်းမြတ်နှင့် ပေါင်းဖော်ခြင်းကို ယခုအခါ ရပေပြီ”-ဟု ပုဏ္ဏားသည် မင်းကြီးအား လျှောက်ထားလေ၏၊ မင်းကြီးလည်း ပုဏ္ဏားအား တောင်းသောဆု များစွာသော စည်းစိမ် အခြံအရံကို ပေးလေ၏၊ ပုဏ္ဏားလည်း-မင်းကြီးပေးသောဆုဖြင့် ရောင့်ရဲလေသတည်း။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်– ရဟန်းတို့ ... *ထိုအခါ ပုဏ္ဏားသည်–ယခုအခါ အာနန္ဒာ၊ *ဗာရာဏသီမင်းသည်–ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) တခဏပေါင်း၊ အရှည်ပေါင်း၊ သူကောင်းမိတ်မဖျက်။ (၂) နည်းငယ်ပြုဘူး၊ ကျေးဇူး၊ အထူးသိပြန်လျက်။ (၃) ရွာ, ကျွန်, ပေးနွား၊ ရွှေ, မယား၊ ဘိုးထားထမင်းခွက်။ ဇုဏှဇာတ်ပြီး၏။*** ကိုးကား ဇာတ်နိပါတ်တော်
https://my.wikipedia.org/wiki/%E1%80%87%E1%80%AF%E1%80%8F%E1%80%BE%E1%80%87%E1%80%AC%E1%80%90%E1%80%BA
ဓမ္မဒေဝပုတ္တဇာတ်
ဧကာဒသကနိပါတ် - ၄၅၇။ ဓမ္မဒေဝပုတ္တဇာတ် သုစရိုက်တရား ပွားများရန် လူအများအား ကောင်းကင်ခရီးဖြင့်ကြွေးကြော်သော ဓမ္မနတ်သားအား အဓမ္မနတ်သားက လမ်းမပေးဘဲ စစ်တိုက်ရန် ပြောသည်ကိုပင် ... သည်းခံခြင်းဖြင့် အနိုင်ရရှိသော ဓမ္မနတ်သားအကြောင်း။ ပစ္စုပ္ပန်ဝတ္ထု ဂရုကံထိုက် ငရဲဆိုက် နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ် မြေမျိုခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု ကောင်းမှုပြုဘော် ဓမ္မကြွေးကြော် လွန်လေ ပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း ... မင်းပြုသည် ရှိသော် ဘုရားအလောင်းသည် ကာမာဝစရနတ်ပြည်ဝယ် ဓမ္မနတ်သားဖြစ်၏၊ ဒေဝဒတ်အလောင်းကား အဓမ္မနတ်သားဖြစ်လေ၏။ ထိုနတ်သားတို့တွင် ဓမ္မနတ်သားသည် ညအခါလူတို့ ထမင်းစားပြီး၍ အိမ်၌နေကုန်စဉ်... နတ်တ်တန်ဆာတို့ကို ဝတ်ဆင်လျက် ရထားမြတ်ကိုစီး၍ အမတ်အပေါင်းခြံရံကာ ရွာနိဂုံးဇနပုဒ် မင်းနေပြည်ဝယ် ... ကောင်းကင်၌ရပ်လျက် - “အို-လူအပေါင်းတို့... အကုသိုလ်ဒုစရိုက် ဆယ်ပါးကို ရှောင်ကြဉ်ကြကုန်၊ ကုသိုလ်သုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်ကြကုန်၊ အမိအဘကို လုပ်ကျွေးကြကုန်၊ ဤသို့ ပြုသည်ရှိသော် နတ်ပြည်သို့လား၍ ကြီးမားသော စည်းစိမ်ချမ်းသာခံစားကြရကုန်လတ္တံ့”ဟု ကြွေးကြော်လျက် ဇမ္ဗူဒိပ်ကို လက်ျာရစ်လှည့်လည်လေ၏။ တရားဖျက်လတ် အဓမ္မနတ် အဓမ္မနတ်သားလည်း ရထားမြတ်ကို စီးလျက် အမတ် အပေါင်း ခြံရံ၍ အကုသိုလ်ဒုစရိုက်ကို ပြုကြကုန် စသည်ဖြင့် ကြွေးကြော်လျက် ဇမ္ဗူဒိပ်ကျွန်းကို လက်ဝဲရစ်လှည့်လည်လေ၏၊ ထိုနှစ်ယောက်သော နတ်သားတို့၏ ရထားတို့သည် ကောင်းကင်တနေရာတွင် ရှေးရှု ဆိုင်မိကြကုန်၏၊ အချင်းချင်းမေးကြရာ ငါတို့ကား ဓမ္မနတ်သား၏ ပရိသတ်ဖြစ်သည်၊ ငါတို့ကား အဓမ္မနတ်သား၏ ပရိသတ် ဖြစ်သည်ဟု အသီးအသီးပြောဆိုလျက် လမ်းခရီးမှ ဆင်းသက်ကြကုန်၏၊ ထိုအခါ ဓမ္မနတ်သားသည် “အို-အဓမ္မနတ်သား...ငါကားလူတို့၏စည်းစိမ် ချမ်းသာကိုပြု၏၊ လူတို့အား ကုသိုလ်ကောင်းမှုကို ပြုစေ၏၊ ရဟန်းပုဏ္ဏားတို့အား အမြဲချီးမွမ်း၏၊ ဓမ္မနတ်သားဖြစ်သောငါသည် လူနတ်တို့အပူဇော် ကိုခံရ၏၊ ငါ့အား ခရီးလမ်းသည်ထိုက်၏၊ ခရီးလမ်း ကိုပေးပါလော့” ဟု ရှေးဦးစွာပြောဆိုလေ၏၊ ထိုအခါ အဓမ္မနတ်သား သည်– “အို-ဓမ္မနတ်သား...ငါကား အဓမ္မရထားကို မြဲစွာစီး၏၊ မကြောက်ရွံ့၊ အားကြီး၏၊ ဘယ် အကြောင်းကြောင့် ငါသည် မပေးဘူးသော လမ်း ခရီးကို သင့်အား ယခုပေးရအံ့နည်း”။ ဓမ္မ-အဓမ္မ လမ်းလုကြ “အို-အဓမ္မနတ်သား...လောက၌ စင်စစ်ရှေးဦးစွာ ကုသိုလ်တရားသည် ထင်ရှားဖြစ်ခဲ့၏၊ နောက်မှ အကုသိုလ်တရားသည် ထင်ရှားဖြစ်ခဲ့၏၊ ငါသည် ကြီးလည်းကြီး၏၊ မြတ်လည်းမြတ်၏၊ ရှေးလည်းဖြစ်၏၊ ငယ် သောသင်သည် ကြီးသော ငါ့အား လမ်းခရီးမှ ဖယ်ပါလော့”။ “အို-ဓမ္မနတ်သား... တောင်းရမ်းသဖြင့်၎င်း၊ သင့်တင့်စွာ ပြောဆိုသဖြင့်၎င်း သင့်အားလမ်းခရီးကို ငါမပေး၊ သင်နှင့်မထိုက်၊ ယခုငါတို့နှစ်ယောက်အား စစ်ထိုးခြင်းဖြစ်ပါစေ၊ စစ်ထိုးရာ၌ အောင် နိုင်သူအား လမ်းခရီးလည်း ဖြစ်ပါစေ”။ အို-အဓမ္မနတ်သား...ငါသည် အရပ်ရှစ် မျက်နှာတို့၌ ပျံ့နှံ့ထင်ရှား၏၊ ခွန်အားကြီး၏၊ မနှိုင်းယှဉ်အပ်သောအခြံအရံရှိ၏၊ ငါနှင့်တူသူမရှိ၊ ဂုဏ်အင်္ဂါအလုံးစုံနှင့် ပြည့်စုံသော ငါဓမ္မနတ်သားကို သင်အဘယ်ကြောင့် အောင်နိုင်လိမ့်မည်နည်း”။ “အို-ဓမ္မနတ်သား စင်စစ်သံဖြင့်ရွှေကို ဖြတ် နိုင်၏၊ ရွှေဖြင့် သံကိုမဖြတ်နိုင်၊ အကယ်၍ယခုအခါ ငါအဓမ္မနတ်သားသည် သင်ဓမ္မနတ်သားကို သတ်ငြားအံ့ သံသည် ရွှေကို ဖျက်ဆီးသကဲ့သို့ ဖြစ်ပေမည်”။ “အို-အဓမ္မနတ်သား... အကယ်၍ သင်သည် စစ်ထိုးခြင်း၌ အားရှိသည်ဖြစ်အံ့၊ သင်အားကြီးသူ အရိုအသေပြုသူတို့မရှိကုန်၊ ချစ်သည်ဖြစ်စေ, မချစ် သည်ဖြစ်စေ သင့်အားလမ်းခရီးကို ငါပေး၏၊ သင်၏ကြမ်းကြုတ်သောစကားတို့ကိုလည်း ငါသည်း ခံ၏။ အကုကံကြီးလှ အဝီစိကျ ဤသို့ ပြောဆိုသောခဏ၌ အဓမ္မနတ်သားသည် ရထားထက်၌ မတည်နိုင်ဘဲ ဦးခေါင်းစောက်ထိုး မြေသို့ကျ၍ မြေမျိုပြီးလျှင် အဝီစိငရဲ၌ ခံရလေ၏။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍– “ရဟန်းတို့... စစ်ထိုးလိုသော အဓမ္မနတ်သားသည် ဓမ္မနတ်သား၏စကားကို ကြားရ၍ ဦးခေါင်း စောက်ထိုး ခြေမိုးမျှော်ဖြစ်လျက် စစ်မထိုးရပြီ ပြောဆိုကာ အောက်သို့ကျလေ၏၊ ဤသို့ကျသဖြင့် အဓမ္မနတ်သားကို သတ်အပ်သည်မည်၏”။ “ရဟန်းတို့ သည်းခံခြင်းအားနှင့် ပြည့်စုံ၍ အလွန် အားကြီးလျက် မှန်ကန်သော လုံ့လရှိသဖြင့် စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသော ဓမ္မနတ်သားသည် အဓမ္မနတ်သား၏ စစ်ဗိုလ်ထုကို အောင်နိုင်၍ အဓမ္မနတ်သားကိုသတ်ကာ မြေသို့ ကျစေပြီးလျှင် မြှုပ်သတ်၍ ရထားကိုစီးလျက် လမ်းခရီးဖြင့် သွားလေ၏”။ “ရဟန်းတို့... အိမ်၌ရှိသော အမိအဘနှင့် ရဟန်းပုဏ္ဏားတို့ကို အရိုအသေ မပြုသောသူသည် ဤလောက၌ပင် ကိုယ်ခန္ဓာကို စွန့်ပစ်၍ အဓမ္မ နတ်သားသည် ဦးခေါင်းစောက်ထိုး ကျသကဲ့သို့ ထို့အတူ သေလွန်သောအခါ ငရဲသို့ လားရ၏”၊ “ရဟန်းတို့... အိမ်၌ရှိသော အမိအဘနှင့် ရဟန်းပုဏ္ဏားတို့ကို အရိုအသေ ပြုသောသူသည် ဤလောက၌ပင် ကိုယ်ခန္ဓာကို စွန့်ပစ်၍ ဓမ္မနတ်သားသည် မိမိရထားကို စီး၍သွားရသကဲ့သို့ ထိုအတူ သေလွန်သောအခါ သုဂတိသို့ လားရ၏”။ ဟု ရဟန်းတို့အား ဟောကြားဆုံးမတော်မူ၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်– ရဟန်းတို့... *ထိုအခါ အဓမ္မနတ်သားသည်-ယခုအခါဒေဝဒတ်။ *အဓမ္မနတ်သား၏ ပရိသတ်သည်-ဒေဝဒတ်၏ ပရိသတ်။ *ဓမ္မနတ်သား၏ ပရိသတ်သည်-ငါဘုရား၏ပရိသတ်။ *ဓမ္မနတ်သားသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ဓမ္မနတ်ကား၊ လူအများ၊ ပြောကြားပြကုသိုလ်။ (၂) အဓမ္မနတ်ဆိုး၊ လူတရိုး၊ နှိုးဆော်အကုသိုလ်၊ (၃) နတ်နှစ်ဦးသား၊ တွေ့ဆုံငြား၊ ကြုံးဝါးစစ်ထိုးလို။ (၄) ဓမ္မသည်းခံ၊ အားကြီးပြန်၊ ရန်စစ်အောင်သကို။ (၅) မြေမျိုအဓမ္မ၊ ဝီစိကျ၊ ခံရရှုံးသကို။ (၆) ရဟန်း, ပုဏ္ဏား၊ မိဘအား၊ ညွှတ်တွားကြစေလို။ (၇) တရားမသက်၊ အမှားဘက်၊ ပျက်လိမ့်မလွဲဆို။ ဓမ္မဒေဝပုတ္တဇာတ် ပြီး၏။*** ကိုးကား ဇာတ်နိပါတ်တော်
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%92%E1%80%B1%E1%80%9D%E1%80%95%E1%80%AF%E1%80%90%E1%80%B9%E1%80%90%E1%80%87%E1%80%AC%E1%80%90%E1%80%BA
ဥဒယဘဒ္ဒဇာတ်
'''ဧကာဒသကနိပါတ် - ၄၅၈။ ဥဒယဘဒ္ဒဇာတ် ပစ္စုပ္ပန်ဝတ္ထု သာသနာလွန်ပျင်း ရဟန်းဖျင်း နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌၌ သီတင်းသုံးတော်မူစဉ် ကိလေသာ၏ အစွမ်းဖြင့် သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတပါးကိုအကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် ကုသဇာတ်၌ ထင်စွာဖြစ်လတံ့။ ] အတိတ်ဝတ္ထု သားတော်ဖွားမြင် လွန်ချစ်ခင် လွန်လေ ပြီးသောအခါ ကာသိတိုင်း သုရုန္ဓနမြို့ဝယ် ကာသိကရာဇ်မင်း မင်း ပြုသည်ရှိသော် ထိုမင်းအား သားသမီး မရှိ၊ မင်းကြီးသည် မိဖုရားတို့အား သားဆုကိုတောင်းစေ၏၊ ဘုရားအလောင်းသည် ဗြဟ္မာပြည်မှ စုတေ၍ မိဖုရားကြီး၏ ဝမ်း၌ ဖြစ်၏၊ ဖွားမြင်သောအခါ သတို့သားကိုလူတို့ စိတ်နှလုံးကို ပွားစေတတ်သောကြောင့် ဥဒယဘဒ္ဒဟူသောအမည်ကိုမှည့်ကုန်၏၊ မင်းသားသည် ခြေဖြင့်သွားနိုင်သောအခါ တပါးသောသတ္တဝါသည် ဗြဟ္မာပြည်မှပင် စုတေ၍ မိဖုရားတယောက်၏ ဝမ်း၌ဖြစ်၏၊ ဖွားမြင်သောအခါ သတို့သမီးကိုလည်း ဥဒယဘဒ္ဒါ ဟူသော အမည်ကိုမှည့်ကုန်၏။ ဥဒယဘဒ္ဒမင်းသားသည် ဖွားမြင်သည်မှစ၍ မြတ်သောအကျင့်နှင့်ပြည့်စုံ၏၊ အရွယ်ရောက်သောအခါ အတတ် ပညာနှင့် ပြည့်စုံခြင်းသို့ရောက်၏၊ အိမ်မက်ဖြင့်သော်လည်း မေထုန်အကျင့်ကို မသိစဖူး၊ ကိလေသာ ကာမဂုဏ်တို့၌ ကပ်ငြိခြင်းမရှိ၊ အဘမင်းကြီးသည် အဘိသိက်သွန်း၍ မင်းမြှောက်ပြီးလျှင် ကချေသည်မတို့ကို လုပ်ကျွေးစေမည် ဟု သားတော်ထံ အကြောင်းကြား၏၊ မင်းသားလည်း မင်း အဖြစ်ကိုအလိုမရှိ၊ ကိလေသာကာမဂုဏ်တို့၌ မကပ်ငြိ ဟု အဖန်ဖန်ပယ်၏။ မင်းကြီးလည်း အဖန်ဖန် တိုက်တွန်း၏၊ မင်းသားလည်း နားအေးစေတော့ဟုကြံစည်ကာ ဇမ္ဗူရာဇ် ရွှေစင်မိန်းမရုပ်ကို ထုလုပ်၍ ဤအရုပ်နှင့်တူသော မိန်းမ ကိုရလျှင် မင်းပြုမည် ဟု မယ်တော် ခမည်တော်တို့ထံပို့စေ၏။ ထီးနန်းအပ်နှင်း မင်းမြှောက်ခြင်း မယ်တော် ခမည်းတော်တို့လည်း ထို‌ရွှေစင်ရုပ်နှင့် တူသော မိန်းမကို ရရှိရန် ရွှေစင်ရုပ်ကို ယူဆောင်လျက် ဇမ္ဗူဒိပ် တကျွန်းလုံးနှံ့အောင် ရှာစေသော်လည်း မရကုန်၊ နောက် ဆုံး၌ မကြံတတ်သဖြင့် ဥဒယဘဒ္ဒါမင်းသမီးကို တန်ဆာ ဆင်စေလျက်ရွှေစင်ရုပ်နှင့်ယှဉ်၍ ကြည့်ကုန်၏၊ ဥဒယဘဒ္ဒါ မင်းသမီးသည် ရွှေစင်ရုပ်ထက် သာလွန်နေသည်ကို တွေ့ရကုန်၏၊ ထိုအခါ မယ်တော်ခမည်းတော်တို့သည် နှစ်ယောက်လုံး အလိုမရှိကြကုန်ဘဲလျက် အဘတူ အမိကွဲဖြစ်သော ဥဒယဘဒ္ဒါမင်းသမီးကို မိဖုရားကြီးပြုကာ ဥဒယ ဘဒ္ဒမင်းသားကို အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်၏၊ မင်းမိဖုရားတို့သည် တဦးနှင့်တဦး ကိလေသာကာမဂုဏ်၏ အစွမ်းဖြင့် မရောယှက်ကြဘဲ မြတ်သောအကျင့်ကို ကျင့်၍သာ နေကြကုန်၏၊ အယုတ်အားဖြင့် ကိလေသာ၏အစွမ်းဖြင့် ဣန္ဒြေကိုဖျက်၍ အချင်းချင်း မကြည့်ဘူးကုန်၊ စင်စစ်သော်ကား ငါတို့နှစ်ယောက်တို့တွင် ရှေးဦးစွာ သေလွန်သူက လာ၍ မည်သည့်အရပ်မှာ ဖြစ်သည်ဟု ဖြစ်ရာအရပ်ကို ပြောကြားစတမ်း]ဟု ကတိကဝတ်ကိုပြု၍ထားကုန်၏။ လူ့ဘဝ ရွှေ့ချိန် သိကြားစည်းစိမ် ဥဒယဘဒ္ဒ မင်းကြီးသည် အဘိသိက် ခံသည်မှ အနှစ်ခုနစ်ရာ လွန်သောအခါ နတ်ရွာစံလေ၏၊ ဥဒယဘဒ္ဒါ မိဖုရားကြီးသည် တိုင်းပြည်ကို အုပ်ချုပ်လျက် မင်းလုပ်လေ၏၊ မင်းကြီးသည် တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်၍ စည်းစိမ် အခြံအရံ များပြားလှသဖြင့် စည်းစိမ်ယစ်ကာ ခုနစ်ရက်ပတ်လုံး သတိမရဘဲ နေ၏၊ လူတို့အရေအတွက်အားဖြင့် အနှစ်ခုနစ်ရာလွန်၍ ဆင်ခြင်လတ်သော် နောက် ဘဝက အဖြစ်အပျက် ကတိကဝတ်ထားခဲ့သည်ကို အမှတ်ရ၍ ဥဒယဘဒ္ဒါမိဖုရားကြီးကို ဥစ္စာဖြင့်ဖြားယောင်းစုံစမ်း ကာတရားဟော၍ ကတိကဝတ်မှ လွတ်စေအံ့ဟု ကြံစည်၏ [ထိုအခါ လူတို့အား အနှစ်တသောင်း အသက်ရှည်သောအခါဖြစ်သတတ်။] အတိတ်ဆင်ခြင် မိဖုရားမြင် မိဖုရားကြီးသည် နေ့ညဉ့်အဖို့၌ တံခါးပိတ်ကာ အစောင့်အရှောက် လုံစွာ ထားပြီးသော် ဘုံခုနစ်ဆင့်၌ ရှိသော မြတ်သောကြက်သရေတိုက်ခန်းဝယ် တယောက်ထီးတည်း မတုန်မလှုပ် မိမိသီလကို ဆင်ခြင်လျက်နေ၏၊ ထိုအခါ သိကြားမင်းသည် ရွှေပဲရုပ်ဖြင့် ပြည့်သော ရွှေခွက်ကိုယူ လာပြီးလျှင် အိပ်ရာတိုက်ခန်းသို့ဝင်၍ လျောက်ပတ်သော အရပ်၌နေလျက်- “စင်ကြယ်သောအဝတ်၌ ကောင်းစွာဝတ်ထားအပ်သော ပေါင်ရှိလျက် မကဲ့ရဲ့အပ်သောကိုယ်ရှိကာ ကိန္နရာ မျက်စိနှင့်တူသော မျက်စိရှိသော မင်း သမီး... ပြာသာဒ်ထက်သို့တက်၍ တယောက်ထီးတည်းနေဘိ၏၊ သင့်ကိုတောင်းပန်ပါ၏၊ ဤတညဉ့် ပတ်လုံး ငါတို့နှစ်ယောက် အတူတကွ နေလိုပါကုန်၏” ဟု မင်းသမီးအား ရှေးဦးစွာ စကားစပ်၍ ပြောဆိုလေ၏။ ထိုစကားကိုကြားလျှင် မင်းသမီးသည် အလွန်အံ့ဩလျက်— ဤသုရုန္ဓရမြို့ကြီးကား ကျုံးသုံးတန် ခြံရံဘိ၏၊ မြဲမြံသောပြအိုး, ပစ်စင်, တံခါးမုတ်လည်းရှိ၏၊ သန်လျက်လက်စွဲသော သူရဲကောင်းတို့ စောင့်ရှောက် အပ်သဖြင့် ဝင်နိုင်ခဲ၏။ ငယ်သူ၏၎င်း, သူရဲသူဘက်၏၎င်း လာခြင်းမည် သည်မရှိစဖူး၊ သို့ပါလျက် ဘယ်အကြောင်းကြောင့် ငါနှင့်ပေါင်းဘက် ယှဉ်တွဲ၍ နေလိုဘိသနည်း— ဟု မေးလေ၏။ ဥစ္စာပေးစွမ်းအကျင့်စမ်း ထိုအခါ သိကြားမင်းသည် မိဖုရားအား ဥစ္စာဖြင့်ဖြားယောင်းလျက် စုံစမ်းသောအနေဖြင့်- “ကောင်းသောအဆင်းအင်္ဂါလက္ခဏာနှင့်ပြည့် စုံလိုသော အို-မင်းသမီး... အကျွန်ုပ်ကား နတ်သားတည်း၊ သင်၏အထံသို့လာခဲ့၏၊ သင့်အား ကောင်းခြင်းမင်္ဂလာဖြစ်ပါစေ၊ သင်သည် အကျွန်ုပ်ကို ကြိုက်နှစ်သက်ပါလော၊ ဤသို့ကြိုက်နှစ်သက်သည် ရှိသော် ရွှေပဲရုပ်ပြည့်သောဤရွှေခွက်ကိုပေးပါအံ့” ဟု ချစ်ကြိုက်စေလိုကြောင်းကို ပြောဆိုလေ၏၊ ထိုအခါ မင်းသမီးသည်– “အို-တန်ခိုးကြီးသော နတ်မင်း...အကျွန်ုပ်သည် နတ်ကို၎င်း, ဘီလူးကို၎င်း, လူကို၎င်း, ဥဒယ ဘဒ္ဒမင်းကိုကျော်လွန်၍ တပါးသောသူကိုမတောင့် တပါ၊ မြန်မြန်သွားပါ၊ နောက်တဖန် ပြန်မလာ ပါလင့်” ဟု နှင်ထုတ်လေ၏၊ သိကြားမင်းလည်း မင်းသမီး စကားကိုကြားလျှင် မရပ်မူ၍သွားသကဲ့သို့ ထိုအရပ်မှာပင် ကွယ်ပျောက်လေ၏။ ကာမဂုဏ်အစွမ်း သိကြားစမ်း နောက်တနေ့ ညဉ့်အခါ၌ ရှေးနည်းတူ ရွှေပဲရုပ်ဖြင့် ပြည့်သော ငွေခွက်ကို ယူဆောင် လာပြီးလျှင် ဖြားယောင်းပြန်လိုသဖြင့်– အို-နှမ... ကာမဂုဏ်စည်းစိမ်ကို ခံစားကုန်သောသူတို့အား မွေ့လျော်ခြင်းတို့တွင် မေထုန်၌ မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်၏၊ ထို့ကြောင့် သတ္တဝါတို့သည် မကောင်းမှုဒုစရိုက်ကို ပြုကျင့်ကြကုန်၏၊ နှစ်သက်ဘွယ် ပြုံးရယ်သောမင်းသမီး... ဤမေထုန်၌ မွေ့လျော်ခြင်းကို မပျက်ပါစေလင့်၊ ရွှေပဲရုပ်ပြည့်သော ဤငွေခွက်ကိုပေးပါအံ့” ဟုပြောဆိုပြန်၏။ ထိုအခါ မင်းသမီးသည် ဤသူကား ငါနှင့် စကားပြောရသည်ရှိသော် ... အဖန်ဖန် လာလတံ့၊ ထို့ကြောင့် ယခုအခါ၌ ငါသည် စကားမပြောဘဲနေအံ့ဟု ကြံစည်ကာ တခွန်းတပါဒမျှ စကားမပြောလတ်သော်-သိကြားမင်းသည် ထိုအရပ်မှာပင် ကွယ်ပျောက်ပြန်၏။ လူ့ ဘဝပြစ်ဖော် နတ်ဘဝခေါ် နောက်တနေ့ ညဉ့်အခါ၌လည်း ရှေးနည်းအတူ အသပြာပြည့်သော ကြေး ခွက်ကိုယူလာပြီးလျှင် “အို-နှမ သင်သည် ငါ့ကိုမေထုန်ဖြင့် မွေ့လျော်စေခြင်းဖြင့် ရောင့်ရဲစေ လော၊ ဤအသပြာပြည့်သော ကြေးခွက်ကို ပေးပါအံ့”ဟု ခွင့်တောင်းပြန်၏၊ ထိုအခါမင်းသမီးသည်– “အို-ယောက်ျားမိန်းမကို ဥစ္စာလက်ဆောင်ဖြင့် ဖြားယောင်းသောယောက်ျားမည်သည် အလိုဆန္ဒရှိလာစေရန် ထိုမိန်းမကို ချီးမွမ်းကာများသည်ထက် များသောဥစ္စာဖြင့် လာသင့်၏၊ သင်ကားထို သဘောနှင့်ဆန့်ကျင်ဘိ၏၊ ယခုမျက်မှောက်မှာပင် အလွန်နည်းသောဥစ္စာဖြင့် လာဘိ၏"- ဟု ပြောဆိုလေ၏၊ မင်းသမီး စကားကိုကြားလျှင် သိကြားမင်းသည်– “ကောင်းသောကိုယ်ရှိသော အို-မင်းသမီး... လူ့ပြည်၌လူတို့အား အသက်နှင့် အဆင်းသည် တနေ့တခြား ဆုတ်ယုတ်ဘိ၏၊ ထို့ကြောင့်သာလျှင် သင့်အား ဥစ္စာကိုလည်းဆုတ်ယုတ်စေဘိ၏၊ ယနေ့ အလွန်အိုမင်းပြီ”- “အခြံအရံများသော အို-မင်းသမီး... ဤသို့ ငါမြင်စဉ်လျှင် သင်၏အဆင်းသည် ဆုတ်ယုတ်သည် သာတည်း၊ နေ့ညဉ့်တို့ ကုန်လွန်သည်ရှိသော် ခေါ် ဝေါ်စရာ အကောင်အထည်မရှိသော အဖြစ်သို့ ရောက်လတံ့၊ ကောင်းသော ပညာရှိသောအိုမင်း သမီး... သင်သည် ဤအရွယ်ဖြင့် မြတ်သောအကျင့် ကိုကျင့်လော့၊ လွန်စွာ အဆင်းလည်း ပြည့်စုံရာ၏”- ဟု မင်းသမီးအား ဥစ္စာတဖြည်းဖြည်း နည်းခြင်းအကြောင်းကို ပြောကြားလေ၏။ ကျင့်တရားစုံစမ်း သိကြားမေးမြန်း ထိုအခါ မင်းသမီးသည် နတ်ပြည်၌ရှိသော စည်းစိမ်ချမ်းသာကိုသိကြားမင်း အားမေးမြန်းလိုသောကြောင့်– “အို-တန်ခိုးကြီးသောနတ်မင်း...လူတို့အိုကုန် သကဲ့သို့ နတ်တို့မအိုကုန်ဘူးလော၊ နတ်တို့ကိုယ်၌ အရေမတွန့်လိပ်ကုန်ဘူးလော၊ နတ်တို့ခန္ဓာကိုယ်သည် အဘယ့်ကြောင့် မအိုသနည်း” ဟု သိကြားမင်းကို မေးပြန်၏၊ ထိုအခါ သိကြားမင်းသည်- “အို-မင်းသမီး...လူတို့အိုကုန်သကဲ့သို့နတ်တို့ မအိုကုန်၊ လူတို့ကိုယ်၌ အရေ တွန့်လိပ်ကုန်၏၊ နတ်တို့အားကား နေ့တိုင်းနေ့တိုင်း အလွန်အဆင်း လှကုန်၏၊ စည်းစိမ်ဥစ္စာ ပွားများလာကုန်၏”— ဟု နတ်တို့ဂုဏ်ကျေးဇူးကို ပြောကြားလေ၏၊ ထိုစကားကိုကြားလျှင် မင်းသမီးသည်— “အို-တန်ခိုးကြီးသောနတ်မင်း...ဤလူ့ပြည်၌ လူပေါင်းများစွာတို့သည် ဘယ်အရာကိုကြောက်၍ နတ်ပြည်သို့မရောက်ကြသနည်း၊ များသောတည်ရာ ရှိ၍ ပညာရှိတို့ဟောကြားအပ်သော နတ်ရွာလမ်း ခရီးသည် အဘယ်မှာနည်း၊ ဘယ်အရပ်၌ တည်သောသူသာလျှင် တမလွန်လောကကို မကြောက်သနည်း”- ဟု နတ်ပြည်သို့ ရောက်ရာရောက်ကြောင်းလမ်းခရီးကိုမေးမြန်းပြန်၏။ နူးညံ့ သိမ်မွေ့ နတ်အတွေ ထိုအခါ သိကြားမင်းသည် နတ်ရွာသို့ လားစေတတ်သော အကျင့်တရားတို့ကို ပြောဆိုဆုံးမလို၍– “အို-နှမ... ကိုယ်, နှုတ်, နှလုံး သုံးပါးတို့ဖြင့် မကောင်းမှုကိုမပြုရာ၊ အိမ်၌နေရသော်လည်း များစွာသော ထမင်းအဖျော်စသည်တို့ကို ပေးလှူရာ၏၊ ယုံကြည်သောစိတ်, နူးညံ့သောစိတ် ရှိသည်ဖြစ်၍ အလှူအဖို့ကို အမျှပေးဝေလျက် အဆုံးအမကို လိုက်နာကာ လေးပါးသော သင်္ဂဟဝတ္ထုတို့ဖြင့် သင်္ဂြိုဟ်ရာ၏၊ ချစ်ဘွယ်သောစကား ပြေပြစ်နူးညံ့သော စကားကို ပြောဆိုရာ၏၊ ဤဆိုအပ်ပြီးသော ဂုဏ်ကျေးဇူး၌ တည်သောသူသည် တမလွန်လော ကကိုမကြောက်” ဟု ပြောကြားလေ၏၊ ထို့နောက်မင်းသမီးသည်– “အို-မြတ်သော ကိုယ်ရှိသောနတ်မင်း...သင်သည် အမိအဘကဲ့သို့ အကျွန်ုပ်ကို ဆုံးမပေ၏၊ တင့်တယ်သော အဆင်းရှိသော သင်နတ်မင်းကို မေးလိုပါ၏၊ သင်သည်အဘယ်သူဖြစ်ပါသနည်း” ဟု မေးမြန်းပြန်၏။ ခင်ပွန်းဟောင်းဘဝ သိကြားပြောပြ ထိုအခါ သိကြားမင်းသည် မိမိဖြစ်ခဲ့သောနောက်ဘဝကို မိဖုရားအားပြောကြားလိုသဖြင့်– “အိုမင်းသမီး ငါကားလူဖြစ်စဉ်အခါ သင်၏ချစ်လင် ဥဒယဘဒ္ဒမင်းသားဖြစ်၏၊ ဖြစ်ရာအရပ်မှ လာ၍ ပြောကြားစတမ်းဟူသော ကတိကဝတ်ကြောင့် သင့်ထံလာခဲ့၏၊ သင်နှမကို ခေါ်၍ငါသွားမည်၊ သင်၏ကတိကဝတ်မှ လွတ်ပေပြီ”- ဟု ရှေးအကြောင်းရင်းကို ထုတ်ဘော်ပြောဆိုလေ၏၊ ထိုအခါ မင်းသမီးသည် အလွန်နှစ်သက်ဝမ်းမြောက်သည် ဖြစ်၍– “အရှင်အရှင်သည် ဥဒယမင်းသားအကယ်၍ဖြစ်ပါအံ့၊ ကတိကဝတ်ကြောင့် ဤအိပ်ရာတိုက်ခန်းသို့ လာသည်ဖြစ်ပါအံ့၊ သင် မင်းသားနှင့် နောက်တဖန်ပြန်၍ လင်မယားအဖြစ် ပေါင်းဖော် ရအောင် အဆုံးအမ ပေးတော်မူပါ”— ဟု ခယတောင်းပန်လေ၏။ ဖြစ်ပျက်သဘော သိကြားဟော ထိုအခါသိကြားမင်းသည် ကုသိုလ်ကမ္မပထတရားတို့အား နေ့, ညမပြတ်ပွား များရန် တိုက်တွန်းလိုသဖြင့်— “အို-ဥဒယဘဒ္ဒါ မင်းသမီး... သတ္တဝါတို့ အရွယ်သုံးပါးသည် လျင်မြန်စွာလွန်၏၊ ခဏသုံး ပါးသည် အလွန်လျင်မြန်၏၊ အမြဲတည်ရာအရပ် မရှိ၊ မချွတ်သေရကုန်၏၊ အိုမင်းရကုန်၏၊ ခန္ဓာ ကိုယ်သည်မမြဲ၊ မမေ့မလျော့ပါလင့်၊ ကုသိုလ်ကမ္မ ပထတရား ဆယ်ပါးကိုကျင့်ပါလော့”- အို-ဥဒယဘဒ္ဒါမင်းသမီး...သူတပါးနှင့်မစပ်သော ဥစ္စာဖြင့်ပြည့်သော ပထဝီမြေပြင်ဝယ် တယောက်တည်း ဧကရာဇ်မင်း ဖြစ်ငြားသော်လည်း တဏှာ၏အလိုသို့ လိုက်သောသူသည် ထိုဧကရာဇ် မင်းအဖြစ်ကိုလည်း စွန့်လွှတ်ရ၏၊ မမေ့မလျော့ ပါလင့်၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကျင့် ပါလော့”- “အို-ဥဒယဘဒ္ဒါ မင်းသမီး...အမိ အဘ ညီအကို သားမယားတို့သည် ဥစ္စာဖြင့် မရောင့်ရဲနိုင်ကုန်၊ အချင်းချင်းလည်းစွန့်ရကုန်၏၊ မမေ့မလျော့ပါလင့်၊ ကုသိုလ်ကမ္မပထတရားဆယ်ပါးကို ကျင့်ပါလော့”- “အို-ဥဒယဘဒ္ဒါမင်းသမီး... ခန္ဓာကိုယ်သည် တပါးသောသတ္တဝါတို့၏အစာအာဟာရဖြစ်၏ဟူ၍၎င်း, သံသရာဝယ် သုဂတိ, ဒုဂ္ဂတိဘဝတို့၌ နေရ ခြင်းလည်း အနည်းငယ်မျှသော နေခြင်းဟူ၍၎င်း သိမြင်၍ မမေ့မလျော့ပါလင့်၊ ကုသိုလ်ကမ္မပထ တရားဆယ်ပါးကိုကျင့်ပါလော့” ဟု အကြောင်းအကျိုးကိုပြကာ အဆုံးမဩဝါဒပေးလေ၏။ ထီးနန်းစွန့်သော် တရားနှင့်ပျော် မင်းသမီးလည်း သိကြားမင်း ဟောကြားသောတရားစကားကို ကြားနာရသဖြင့် အလွန်ကြည်ညိုသည်ဖြစ်၍-“အရှင်မင်းသား... သတ္တဝါတို့အသက်သည် နည်းလှ၏၊ ဆင်းလည်းဆင်းရဲ၏၊ တို့လည်းတိုလှ၏။ ထိုအသက်သည်လည်း ဝဋ်ဆင်းရဲနှင့်ယှဉ်၏ဟု နတ်မင်းသည်ပြောဆိုဘိ၏၊ ကောင်းလေစွတကား၊ အကျွန်ုပ်သည်သုရုန္ဓနမြို့ကြီးကို စွန့်ပစ်၍တယောက် ထီးတည်း ရဟန်းပြုပါတော့အံ့”— ဟု သိကြားမင်းထံ ဝန်ခံလေ၏၊ သိကြားမင်းလည်းအ ဆုံးမဩဝါဒပေးပြီးလျှင် မိမိနေရာတာဝတိံသာနတ်ရွာသို့ သွားလေ၏၊ မင်းသမီးလည်း မိုးသောက်သောအခါ တိုင်းပြည်ကို အမတ်တို့အားအပ်နှင်း၍ ရသေ့ရဟန်းပြုပြီးလျှင် မြို့တွင်းဥယျာဉ်တော်၌ နေလျက် ရဟန်းတရားကိုအားထုတ်၍ သေလွန်သောအခါ သိကြားမင်း၏အလုပ်အကျွေး နတ်မိဖုရား ဖြစ်လေ၏။ ဤဒေသနာတော်ကို ဆောင်၍သစ္စာကို ပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ် ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်- ရဟန်းတို့... *ထိုအခါ ဥဒယဘဒ္ဒါမင်းသမီးသည်-ယခုအခါ ရာဟုလာမယ်တော်။ *သိကြားမင်းသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ဗြဟ္မာထက်ဖျား၊ ကူးပြောင်းငြား၊ နည်းပါးကိလေသာ။ (၂) ဥဒယမောင်မယ်၊ နန်းရိဝလယ်၊ စင်ကြယ်တရားရှင်။ (၃) တဏှာကိလေ၊ ဆားငန်ရေ၊ သောက်လေငတ်သည်သာ။ ဥဒယဘဒ္ဒဇာတ်ပြီး၏။*** ကိုးကား ဇာတ်နိပါတ်တော်
https://my.wikipedia.org/wiki/%E1%80%A5%E1%80%92%E1%80%9A%E1%80%98%E1%80%92%E1%80%B9%E1%80%92%E1%80%87%E1%80%AC%E1%80%90%E1%80%BA
ပါနီယဇာတ်
'''ဧကာဒသကနိပါတ် - ၄၅၉။ ပါနီယဇာတ် ပစ္စုပ္ပန်ဝတ္ထု ဝိတက်အာရုံ ဆုံးမပုံ နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ နေ၍ အဆွေခင်ပွန်း ဖြစ်ကုန်သော ရဟန်းငါးရာတို့သည် ညသန်းခေါင်ယာမ်ဝယ် ကာမဝိတက်ကြံစည်ခြင်းကို အကြောင်းပြ၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူ သတည်း။ အတိတ်ဝတ္ထု ဝိတက်ပယ်ပစ် ပစ္စေကဖြစ် လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ကာသိကတိုင်း တခုသောရွာ၌ အဆွေခင်ပွန်း နှစ်ယောက်တို့သည် ရေဘူးကိုယူ၍ လယ်တောသို့သွားကာ လျောက်ပတ်သောနေရာ၌ ထားပြီးလျှင် လယ်ကို ခုတ်ထွင်ကုန်၏၊ ရေငတ်သောအခါ ရေကို သောက်ကုန်၏၊ ထိုအဆွေခင်ပွန်း နှစ်ယောက်တို့တွင် အဆွေခင်ပွန်း တယောက်သည် ရေသောက်သောအခါ မိမိရေကုန်မည်ကို စိုးရိမ်၍ အဆွေခင်ပွန်း၏ရေကို ခိုး၍သောက်၏။ ညချမ်းသောအခါ လယ်တောမှထွက်၍ ရေချိုးလတ်သော် ငါ့အား ကာယဒွါရ, ဝစီဒွါရစသည်၌ တစုံတရာ မကောင်းမှုပြုခြင်း ရှိသလောဟု စိုးရိမ်ဆင်ခြင်သောအခါ ရေကိုခိုး၍သောက်မိသော မကောင်းမှုကိုမြင်၍ ငါ့သန္တာန်၌ တဏှာပွားလတ်သော် အပါယ်သို့ကျလတံ့ဟု ကြံစည် ကာ ရေခိုးသောက်မိသော အပြစ်ကို အာရုံပြုလျက် ဝိပဿနာကိုပွားစေလျှင် ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်လေ၏။ လူဘောင်ပြစ်မြင် တောသို့ဝင် ရေချိုးပြီးသောအခါ ထိုပစ္စေကဗုဒ္ဓါကို အဘော်ဖြစ်သော အဆွေခင်ပွန်းသည် “အဆွေ...လာပါ၊ အိမ်သို့ သွားမည်”ဟုပြောလေ၏၊ “အဆွေ...ငါ့မှာအိမ်သို့သွား ရန်ကိစ္စမရှိ၊ ပစ္စေကဗုဒ္ဓါဖြစ်ပြီ”ဟုပြော၏၊ “အဆွေ... ပစ္စေကဗုဒ္ဓါမည်သည် အဆွေကဲ့သို့မဟုတ်၊ ဆံပင်လက် နှစ်သစ်သာရှိ၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်သည်” ဟု ပြောလျှင် သတိရ၍ ဦးခေါင်းကို လက်ဖြင့်သုံးသပ်သောအခါ လူ့အသွင်ကွယ်ပျောက်လျက် ဆံလက်နှစ်သစ် သာရှိ၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် ရဟန်း အသွင်ဖြစ်၍ ကောင်းကင်၌ရပ်လျက် တရားဟောပြီးလျှင် နန္ဒမူလိုဏ်ဂူသို့ ကြွလေ၏။ ကာမအာရုံ စွန့်ပယ်ပုံ ထိုမှတပါး ကာသိကရွာ၌ပင် သူကြွယ် တယောက်သည် နေရာ၌ ထိုင်နေစဉ် ယောက်ျားတယောက်သည် မယားကို ခေါ်၍သွားရာ မြင်လေလျှင် ထိုမိန်းမကို ဣန္ဒြေဖျက်ကာ တစိန်းစိန်းကြည့်လတ်သော် လိုချင်တပ်စွန်းသောလောဘ သည်ဖြစ်လေ၏၊ ထိုအခါသူကြွယ်သည် သတိရ၍ ထိုလောဘ ပွားလတ်သော် . အပါယ်သို့ကျလတံ့ဟု ထိတ်လန့်လျက် လောဘကိုအာရုံပြုကာ ဝိပဿနာကို ပွားစေလျှင် ပစ္စေကဗုဒ္ဓါဖြစ်၍ နန္ဒမူလိုဏ်သို့ကြွလေ၏။ သားဘအတူသွား ကတိဝတ်ထား ထိုမှတပါး ကာသိကတိုင်း ကာသိကရွာ၌ နေကုန်သော သားအဖ နှစ် ယောက်တို့သည် အတူတကွ ခရီးသွားကုန်၏၊ လမ်းခရီးတောအုပ်၌လည်း သူခိုးတို့သည်ရှိကုန်၏၊ ထိုသူခိုးတို့သည် သားအဖနှစ်ယောက်ကို ဖမ်း၍ရလျှင် သားကိုချုပ်နှောင်၍ အဘကို ဥစ္စာယူလွှတ်ကုန်၏၊ ညီအစ်ကိုနှစ်ယောက်ရလျှင် ညီကိုချုပ်နှောင်၍ အစ်ကိုကို ဥစ္စာယူလွှတ်ကုန်၏၊ ဆရာတပည့်ကိုရလျှင် ဆရာကို ချုပ်နှောင်၍ တပည့်ကို ဥစ္စာယူလွှတ်ကုန်၏၊ ထိုသားအဖ နှစ်ယောက်တို့လည်း ထိုအရပ်သို့ရောက်လျှင် တယောက် နှင့်တယောက် သားအဖမပြောစတမ်းဟု ကတိကဝတ်ကို ပြုလုပ်၍သွားကုန်၏။ ဒုစရိုက်ပယ်ထွင် မဂ်ဖိုလ်ဝင် ထိုမှတပါး သူခိုးတို့မြင်၍ ဖမ်းပြီးလျှင် “သင်တို့အချင်းချင်း အဘယ်သို့ စပ်တော်ကြသနည်း”ဟု မေးလျှင် ငါတို့ တဦးနှင့်တဦး စိုးစဉ်းမျှမစပ်တော်ကြကုန်”ဟုမဟုတ်မမှန် မုသားဆိုကုန်၏၊ သူခိုးတို့လည်း လွှတ်လိုက်ကုန်၏၊ တောအုပ်မှထွက်၍ ညချမ်းသောအခါ သားသည် မိမိသီလကို ဆင်ခြင်လတ်သော် မုသားကို မြင်လေ၏၊ ထိုအခါ ငါ့မှာ မုသားဟူသော မကောင်းမှုသည် ပွားလတ်သော် အပါယ် သို့ကျလတံ့၊ နှိမ်မည်ဟု ကြံစည်ကာ ထိုမုသားကို အာရုံ ပြ၍ ဝိပဿနာကိုပွားစေလျှင် ပစ္စေကဗုဒ္ဓါဖြစ်၍ နန္ဒမူ လိုဏ်သို့ကြွလေ၏။ သံသယဆင်ခြင် တောရပ်ဝင် ထိုမှတပါး ကာသိကရွာမှ ရွာစားတယောက်သည် သားကြီး ငါးကြီးတို့ကို မသတ်ရဟု စည်မောင်းခတ်ခြင်း ကိုပြုစေ၏၊ ထိုအခါ ရွာသားတို့သည်စုဝေး၍ “အရှင်— ယခုအခါ ဗလိနတ်စာကျွေးသောအခါဖြစ်၏၊ ထို့ကြောင့် သမင်ဝက် စသည်တို့ကို သတ်၍ ဗလိနတ်စာကျွေးလိုသည်” ဟုပြော၏၊ “အမောင်တို့... ရှေးထုံးစံရှိသည့်အတိုင်းပြု ကုန်လော့”ဟု အမိန့်ပေးလေ၏၊ ရွာသားတို့သည် များစွာသော သတ္တဝါတို့ကိုသတ်၍ ... ဗလိနတ်စာ ကျွေးကုန်၏၊ ရွာစားမြင်လျှင် ငါ့စကားကြောင့် သတ္တဝါတို့ကို သတ်ကြကုန်သည်ဟု သံသယဖြစ်ကာ လေသာပြုတင်းကို မှီလျက် ဝိပဿနာကို ပွားစေလျှင် ပစ္စေကဗုဒ္ဓါဖြစ်၍ နန္ဒမူလိုဏ်သို့ ကြွလေ၏။ ဒုစရိုက်ဆင်ခြင် တောတွင်းဝင် ထိုမှတပါး ကာသိကတိုင်းမှာပင်ရွာစား တယောက်သည် သေအရက်ရောင်းဝယ်ခြင်းကို တားမြစ်၏၊ ထိုအခါ လူတို့သည် အရှင်...ရှေးအခါ သေသောက်ပွဲဖြစ်၏၊ ယခုပြု လိုကြ၏၊ “အမောင်တို့... ရှေးထုံးစံအတိုင်း ပြုကြကုန်– ဟု ခွင့်ပြုလေ၏၊ လူတို့သည် သေသောက်ပွဲ ပြုလတ်သော် ခိုက်ရန်ဖြစ်ကုန်၏၊ ခြေကျိုး လက်ကျိုး ခေါင်းကွဲ နားပဲ့ ဖြစ်ကုန်လျက် များစွာသော ဆင်းရဲကို ခံစားရကုန်၏၊ ထိုအခါ ရွာစားမြင်လျှင် ငါခွင့်ပြုသောကြောင့် ဤသို့ သော ဆင်းရဲကိုရကြသည်၊ ခွင့်မပြုသည်ရှိသော် မရကုန်ရာ ဟု ကြံစည်ကာ ... လေသာပြူတင်းကိုမှီ၍ ဝိပဿနာကို ပွားစေလျှင် ပစ္စေကဗုဒ္ဓါဖြစ်၍ နန္ဒမူလိုဏ်သို့ကြွလေ၏။ မင်းကိုဟောပြ ဖြစ်စဉ်ဘဝ နောက်အဖို့၌ ထိုပစ္စေကဗုဒ္ဓါငါးဆူတို့သည် တပေါင်းတည်း ဖြစ်ကုန်လျက် ဗာရာဏသီပြည်၌ ဆွမ်းခံလှည့်လည်လတ်သော် မင်းအိမ်တခါးသို့ ရောက်ကုန်၏၊ မင်းကြီးသည် ကြည်ညို၍အိမ်ထက်သို့ပင့်ဆောင်ကာ ဆွမ်းဘောဇဉ်တို့ကို ကပ်လှူ၏၊ ဆွမ်းဘုဉ်းပေးပြီးလျှင် “အရှင်ဘုရားတို့— အရှင်ဘုရားတို့သည် ပဌမအရွယ်၌ ရဟန်းပြုကြသည်ကား တင့်တယ်ကုန်၏၊ ကာမဂုဏ်ငါးပါး၌ ဘယ်အပြစ်ကို မြင်၍ ရဟန်းပြုကြသနည်း” ဟု အသီးသီး မေးလျှောက်လေ၏၊ ပစ္စေကဗုဒ္ဓါ ငါးဆူတို့လည်း ရဟန်းပြုခြင်း အကြောင်းကို အသီးသီး ဖြေကြားကုန်၏။ ပဌမ ပစ္စေကဗုဒ္ဓါ “မြတ်သောမင်းကြီး” ငါသည်လယ်တောခုတ် ထွင်ရာ၌ အဆွေခင်ပွန်း တယောက်၏ ရေကိုအရှင်မပေးဘဲ ခိုး၍သောက်မိ၏၊ ထိုမကောင်းမှုကို စက် ဆုပ်သောကြောင့် နောက်ထပ်တဖန် မပြုတော့ ပြီ”ဟု ရဟန်းပြုခဲ့၏။ ဒုတိယ ပစ္စေကဗုဒ္ဓါ “မြတ်သောမင်းကြီး ငါ့အားသူတပါးမယားကို မြင်ရာ တပ်နှစ်သက်သောတဏှာသည်ဖြစ်ခဲ့၏၊ ထိုမကောင်းမှုကို စက်ဆုပ်သောကြောင့် နောက်ထပ်တဖန်မပြုတော့ပြီ”ဟု ရဟန်းပြုခဲ့၏။ တတိယ ပစ္စေကဗုဒ္ဓါ “မြတ်သော မင်းကြီး ... ငါသည် သားအဖ နှစ်ယောက် ခရီးသွားရာ သူခိုးတို့ ဖမ်း၍မေးသောအခါ သိလျက်နှင့် အဘကို စိုးစဉ်းမျှမစပ်တော်ဘူး ဟု မုသားဆိုမိ၏၊ ထိုမကောင်းမှုကို စက်ဆုပ်သော နောက်ထပ်တဖန် မပြုတော့ပြီ” ဟုကြောင့် ရဟန်းပြုခဲ့၏။ စတုတ္ထ ပစ္စေကဗုဒ္ဓါ “မြတ်သောမင်းကြီးငါသည်ဗလိနတ်စာကျွေး၍ ယဇ်ပူဇော်ချိန်အခါ၌ လူတို့သည်သတ္တဝါတို့ကို သတ်ရန် ခွင့်တောင်းလတ်သော် ခွင့် ပြုမိ၏၊ ထိုမကောင်းမှုကိုစက်ဆုပ်သောကြောင့် နောက်တဖန် မပြုတော့ပြီ” ဟု ရဟန်းပြုခဲ့၏။ ပဉ္စမ ပစ္စေကဗုဒ္ဓါ “မြတ်သောမင်းကြီး...ငါသည်သေသောက်ပွဲ သဘင်ပြုချိန်အခါ၌ လူတို့အား သေသောက်ရန်ခွင့် ပြုမိ၏။ လူတို့သည် ခိုက်ရန်ဖြစ်၍ နာကျင်ဆင်းရဲ ကုန်ပြီ၊ ထိုမကောင်းမှုကို စက်ဆုပ်သောကြောင့် နောက်ထပ်တဖန် မပြုတော့ပြီ” ဟု ရဟန်းပြုခဲ့၏။ မင်းကြီးသည် ပစ္စေကဗုဒ္ဓါငါးဆူတို့ ဖြေကြားသော ရဟန်းပြုခြင်းအကြောင်းတို့ကို ကြားသိရလျှင် “အရှင်ဘုရား တို့ရဟန်းအဖြစ်သည် အရှင်ဘုရားတို့နှင့်သာ လျောက်ပတ်၏ဟု ချီးမွမ်းလျှောက်ထားလေ၏၊ သင်္ကန်း ဆေး စသော အထူးထူးသော လှူဘွယ်ဝတ္ထုတို့ကို လှူဒါန်း၏၊ ပစ္စေကဗုဒ္ဓါတို့လည်း အနုမောဒနာပြုပြီးလျှင် နန္ဒမူလိုဏ် သို့ကြွကုန်၏။ မင်းသီလစွမ်း မိဖုရားစမ်း မင်းကြီးသည် ထိုအခါမှစ၍ ဝတ္ထုကာ မတို့၌ တပ်ခြင်း ငဲ့ကွက်ခြင်းမရှိ၊ မိန်းမတို့ကို စကားမပြော ကြည့်ရှုခြင်းမရှိလေ၊ ကြက်သရေတိုက်သို့ဝင်ကာ ကျောက်ဖြူနံရံကို ဩဒါ တကသိုဏ်းရှုလျက် ဈာန်ကိုရလေ၏၊ ထိုမင်းကြီးသည် ဈာန်ကိုရသောအခါ... “အချင်းတို့... ကာမဂုဏ်တို့သည် စက်ဆုပ်ဘွယ်ရှိစွာကား၊ ငါကား မကောင်းသော အနံ့ များစွာသော ဆူးငြောင့် ဘေးရန်ရှိသော ကာ မဂုဏ်တို့ကို မှီဝဲမိ၍ ဤသို့သဘောရှိသော ဈာန် ချမ်းသာကို မရခဲ့ပေ”။ ဟု ကာမဂုဏ်တို့ကို ပြစ်တင်ကဲ့ရဲ့လေ၏၊ ထိုအခါမိဖုရားကြီးသည် ဤမင်းကား ပစ္စေကဗုဒ္ဓါတို့စကားကို ကြားရ သည်မှစ၍ ဆန့်ကျင်သော သဘောရှိ၏၊ ငါတို့နှင့်စကား မပြောဘဲ ကြက်သရေတိုက်၌သာနေ၏၊ ထိုမင်းကို စုံစမ်းမည် ဟု ကြက်သရေတိုက်ခန်းတံခါး၌ ရပ်လျက် ကာမ ဂုဏ်တို့ကို ကဲ့ရဲ့သောမင်း၏ ဥဒါန်းစကားကို ကြားလျှင်– “မြတ်သောမင်းကြီး... ကာမဂုဏ်တို့သည် သာယာဘွယ် အလွန်ကောင်းမြတ်သောချမ်းသာ မည်ကုန်၏၊ ကာမဂုဏ်တို့ထက် လွန်မြတ်သော ချမ်းသာမရှိ၊ ကာမဂုဏ်တို့ကို မှီဝဲသောသူတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏”။ ဟု မင်းကြီးကြားအောင် ကာမဂုဏ်တို့ကိုချီးမွမ်းလေ၏။ ကာမစက်ဆုပ် မိဖုရားနှင်ထုတ် ထိုအခါ မင်းကြီးသည် မိဖုရားကြီး စကားကိုကြားလျှင်— “ဟယ်သူယုတ်မ ပျောက်လေ၊ ပျက်လေ၊ အဘယ်သို့ပြောဆိုသနည်း”ဟု ခြိမ်းချောက်ပြီးလျှင်– “မိဖုရား... ကာမဂုဏ်တို့သည် မသာယာ အပ်ကုန်၊ အလွန်ဆင်းရဲကုန်၏၊ ကာမဂုဏ်တို့ထက် လွန်ကဲသော ဆင်းရဲမရှိ၊ ကာမဂုဏ်တို့ကို မှီဝဲသော သူတို့သည် ငရဲသို့ရောက်ရကုန်၏။ ကာမဂုဏ်တို့သည် ထက်စွာ သွေးအပ်သော သန်လျက်နှင့် တူကုန်၏၊ လူတို့သွေးကို အလွန် သောက်သော သန်လျက်ကြီးနှင့် တူကုန်၏၊၌ ထိုးအပ်သော လှံမနှင့်တူကုန်၏၊ ကာမဂုဏ်တို့သည် ထိုသန်လျက်ဖြင့်ခုတ်ခြင်း လှံမဖြင့် ထိုးခြင်းထက် လွန်စွာဆင်းရဲကုန်၏”။ ကာမချမ်းသာ ဆိပ်သီးပမာ “ကာမဂုဏ်တို့သည် တရပ်တသူလောက် မြင့်အောင် ပြောင်ပြောင် တောက်လောင်နေသော မီးကျီးခဲ မီး ကျီးတွင်းနှင့်တူကုန်၏၊ နေ့ အခါပြင်းထန်စွာပူသော နေလုလင်နှင့်တူကုန်၏၊ ကာမဂုဏ်တို့သည် ထိုမီး ကျီးတွင်းနေပူထက် လွန်စွာဆင်းရဲကုန်၏။ ကာမဂုဏ်တို့သည် လတ်တလော သေစေတတ်သော အဆိပ်နှင့် တူကုန်၏၊ ကျိုက်ကျိုက်ဆူ ဝေနေသော ဆီနှင့်တူကုန်၏။ မီးဖြင့်ချက်ကျိုအပ်သော ကြေးနီရည်နှင့် တူကုန်၏၊ ကာမဂုဏ်တို့သည် ထိုအဆိပ်, ဆီကြေးနီပူတို့ထက် လွန်စွာ ဆင်းရဲကုန်၏”— ဟု ကာမဂုဏ်တို့ကို ကဲ့ရဲ့ရှုတ်ချကာ တရားဟောပြီးလျှင် အမတ်တို့အား တိုင်းပြည်ကိုအပ်နှင်း၍ ကောင်းကင် ခရီးဖြင့် ဟိမဝန္တာသို့သွားပြီးလျှင် ရသေ့ရဟန်းပြုလေ၏၊ သေလွန်သောအခါ ဗြဟ္မာပြည်သို့လားရ၏။ ဇာတ်ပေါင်း ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်— ရဟန်းတို့... *ထိုအခါ မိဖုရားကြီးသည်-ယခုအခါ ရာဟုလာ မယ်တော်။ *မင်းကြီးသည်–ငါဘုရားဖြစ်လာပြီဟု– ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ကာမဂုဏ်မှာ၊ မသာယာ၊ လွန်စွာဆင်းရဲဟူ။ (၂) ကာမဂုဏ်စွဲ၊ အမိုက်ခဲ၊ ငရဲကျ၏ဟူ၊ (၃) သန်လျက်, လှံမ၊ ဆီပူမျှ၊ တူလှနေ့နေပူ။ (၄) အဆိပ်မကွဲ၊ ဆီပူနဲ၊ မလွှဲကြေးရည်တူ။ ပါနီယဇာတ်ပြီး၏။*** ကိုးကား ဇာတ်နိပါတ်တော်
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%94%E1%80%AE%E1%80%9A%E1%80%87%E1%80%AC%E1%80%90%E1%80%BA
ယုဓဉ္ဇယဇာတ်
'''ဧကာဒသကနိပါတ် - ၄၆၀။ ယုဓဉ္စယဇာတ် ပစ္စုပ္ပန်ဝတ္ထု လောကစွန့်ခွါ ဗုဒ္ဓစရိယာ နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် စည်းဝေးကုန်သည်ရှိသော် “ငါ့ရှင်တို့... မြတ်စွာဘုရားသည် လူ့ဘောင်၌ နေသည်ဖြစ်အံ့၊ စကြာမင်းဖြစ်ရာ၏၊ ထိုသို့ဖြစ်ပါလျက် စကြာမင်း၏ အသရေကို စွန့်ပယ်ကာ ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ ညသန်းခေါင် ယာမ်အခါ ဆန္ဒအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းကိုစီးလျက် တောထွက်တော်မူ၍ အနောမာမြစ်ကမ်း၌ ရဟန်းပြုပြီးလျှင် ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူရ၏”ဟု စကား စပ်မိ၍ ပြောဆိုနေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားကြွလာတော်မူ၍ ထိုအကြောင်း ကိုသိတော်မူလျှင်— “ရဟန်းတို့...ငါဘုရားသည်ယခုအခါ၌သာ မြတ်သောတောထွက်ခြင်းကို ပြုတော်မူသည်မဟုတ်၊ ရှေးအခါ၌ ဗာရာဏသီပြည်ကြီးကိုစွန့်၍ တောထွက်ဘူးသည်သာတည်း”ဟု မိန့်တော်မူကာ အောက်ပါအတိတ် ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု ဥယျာဉ်ထွက်လျှင် သံဝေဝင် လွန်လေပြီးသောအခါ ရမ္မပြည်ဝယ် သဗ္ဗဒတ္တ မည်သော ရမ္မမင်း မင်းပြုသည်ရှိသော် ထိုမင်းအား သားတထောင်ရှိ၏၊ ယုဓဉ္စယမည်သော သားအကြီးဆုံးကို အိမ် မင်းအဖြစ်ကိုပေး၏၊ ထိုအိမ်ရှေ့မင်းသည် နေ့တိုင်းနေ့တိုင်း ကြီးစွာသော အလှူကြီးကိုပေး၏။ ကာလကြာမြင့်လတ်သော် အိမ်ရှေ့မင်းသည် တနေ့သ၌ မြတ်သောရထားကိုစီးလျက် ဥယျာဉ်ကစား သွား လတ်သော် သစ်ပင်ဖျား မြက်ပင်ဖျား ပင့်ကူအိမ်တို့၌ကပ် ငြိလျက် ပုလဲလုံးသဏ္ဌာန်ရှိသော ဆီးနှင်းပေါက်တို့ကိုမြင်၍ “အချင်းရထားထိန်း ဤအပေါက်တို့ကား အဘယ် အပေါက်တို့နည်း”ဟုမေး၏၊ “အရှင်မင်းသားဆီးနှင်း ပေါက်တို့ဖြစ်ပါ၏”ဟု လျှောက်ထားလေ၏၊ ညချမ်းသောအခါ ဥယျာဉ်တော်မှ ပြန်ခဲ့သည်ရှိသော် ဆီးနှင်းပေါက်တို့ကို မမြင်ပြန်၍ “အချင်းရထားထိန်း... ဆီးနှင်းပေါက်တို့ အဘယ်မှာနည်း”ဟု မေး၏၊ “အရှင်မင်းသားနေ ထွက်သည်ရှိသော် အလုံးစုံသော ဆီးနှင်းပေါက်တို့သည် ပျက်စီး၍ မြေသို့ကျကုန်၏”ဟု...လျှောက်ထားပြန်၏၊ ထိုအခါ မင်းသားသည် ထိတ်လန့်တုန်လှုပ်လျက် သတ္တဝါ သင်္ခါရတို့ကား ဆီးနှင်းပေါက်နှင့်တူကုန်၏တကား။ ခမည်းတော်ထံဝင် ရဟန်းပြုချင် ငါသည် အိုခြင်း, နာခြင်း, သေခြင်းတို့ မနှိပ်စက်မီလျှင် မယ်တော် ခမည်းတော်တို့ကို တောင်းပန်၍ ရဟန်းပြု ရန်သင့်၏ဟု ဆီးနှင်းပေါက်တို့ ပျက်စီးခြင်းကို အာရုံ ပြု၍ ဘဝသုံးပါးကို ရဲရဲပြောင်ပြောင် တောက်လောင်သော မီးပုံကြီးကဲ့သို့ ရှုဆင်ခြင်ကာ အိမ်သို့မပြန်တော့ဘဲ တရားလွှတ်တော်တွင် တရားစီရင်၍နေသောခမည်းကော်၏ အထံသို့ သွား၍ရှိခိုးလျက်- “အို-ခမည်းတော် မင်းကြီး... ချစ်အပ်သော အမတ်အပေါင်းခြံရံလျက်နေသော ခမည်းတော် မင်းကြီးကို ရှိခိုးပါ၏၊ အကျွန်ုပ်သည် ရဟန်းပြု ပါအံ့၊ ရဟန်းပြုခြင်းကို အရှင်ခမည်းတော် မင်းကြီးသည် ခွင့်ပြုတော်မူပါ” ဟု ခမည်းတော်မင်းကြီးအား တောင်းပန်လေ၏၊ ထိုအခါ ခမည်းတော်မင်းကြီးသည်– “အို-ချစ်သား... သင်ချစ်သားအား ကာမဂုဏ်တို့ဖြင့် အကယ်၍ယုတ်လျော့ငြားအံ့၊ ငါသည် ပြည့်စေအံ့၊ သင်ချစ်သားကို ညှဉ်းဆဲနှိပ်စက်သူကိုလည်း တားမြစ်အံ့၊ ချစ်သားယုဓဉ္စယ... ရဟန်း မပြုပါလင့်”— ဟုသားတော်ကို တားမြစ်တော်မူ၏။ ရဟန်းပြုလိုမှု ခွင့်မပြု သားတော်သည် ခမည်းတော်မင်းကြီး တားမြစ်သောစကားကို ကြားလျှင်– “အို-မည်းတော် မင်းကြီး... အကျွန်ုပ်အား ကာမဂုဏ်တို့ဖြင့် ယုတ်လျော့ခြင်းမရှိပါ၊ အကျွန်ုပ်ကို ညှဉ်းဆဲနှိပ်စက်သူလည်းမရှိပါ၊ စင်စစ်ကား အိုခြင်း, နာခြင်း, သေခြင်းတို့မဖျက်ဆီးနိုင်သော မှီခိုရာကိုင်းကျွန်းကို ပြုလိုပါ၏၊” ဟု တောင်းပန်ပြန်၏၊ ခမည်းတော်မင်းကြီးလည်းက- “အို-ချစ်သား...ငါဖခင်သည် ရဟန်းမပြုရန် တောင်းပန်ပါ၏၊ ပြည်ရွာတိုင်းကား ဇနပုဒ်သားတို့လည်း တောင်းပန်ကြကုန်၏၊ သို့အတွက်ရဟန်း မပြုပါလင့်” ဟုအဖန်တလဲလဲ တားမြစ်ပြန်၏၊ ထိုအခါ မင်းသားသည်- “အို-ခမည်းတော်မင်းကြီး... အကျွန်ုပ်ရဟန်း ပြုခြင်းကို မတားမြစ်ပါလင့်၊ အကျွန်ုပ်ကို ကာမဂုဏ်တို့ဖြင့် မယစ်မူးပါစေလင့်၊ အဖန်တလဲလဲ အိုခြင်း, နာခြင်း, သေခြင်း၏ အလိုသို့လိုက်ရသည် မဖြစ်ပါစေလင့်” ဟု အဖန်တလဲလဲ တောင်းပန်ပြန်၏၊ ဤသို့ မင်းသား သည်ပြောဆိုတောင်းပန်သည်ရှိသော် ခမည်းတော်မင်းကြီး သည်စကားဆိုရာမရလေ။ မယ်တော်လာငြား သားမြစ်တား ထိုအခါ မယ်တော် မိဖုရားကြီးသည် ထိုအကြောင်းကို ကြားလျှင် ရွှေထမ်းစင်ဖြင့် သားတော်ထံအတင်းသွားကာ-“ချစ်သား...ငါသည် ချစ်သားကို တောင်းပန်ပါ၏၊ ငါသည် တားမြစ်ပါ၏၊ ငါ့သားကို ငါသည် ကြာမြင့်စွာ မြင်ခြင်းငှါ အလိုရှိပါ၏၊ ငါ့သားယုဓဉ္စယ...ရဟန်းမပြုပါလင့်”— ဟုသားတော်အား အတင်းတားမြစ်ပြန်၏၊ မင်းသားသည် မယ်တော်စကားကို ကြားပြန်လျှင်– “အို-မိခင်... နေထွက်သည်ရှိသော် မြက်သစ် ပင်ဖျား၌တင်သော ဆီးနှင်းပေါက်တို့သည် ကျသကဲ့သို့ လူတို့အသက်သည် နည်းလှ၏၊ အကျွန်ုပ် ကိုမတားမြစ်ပါလင့်” ဟု မယ်တော်အား တောင်းပန်ပြန်၏။ ခမည်းတော်ခွင့်မှု ရဟန်းပြု မယ်တော်လည်း အဖန်တလဲလဲ တားမြစ်သည်သာတည်း၊ ထို့နောက် မင်းသားသည်- “အို-ခမည်းတော်မင်းကြီး ဤမယ်တော်ကို ယခုအမြန် ယာဉ်သို့ တင်စေပါလော့၊ မယ်တော်သည် ခရီးခဲကိုကူးသော အကျွန်ုပ်၏ အန္တရာယ်ကို မပြုပါစေလင့်”- ဟု ခမည်းတော် မင်းကြီးအား လျှောက်ထားပြန်၏၊ ထိုအခါ မင်းကြီးသည် သားတော် စကားကို ကြား၍ “မိဖုရားကြီး သင်ယခုသွားလော့၊ သင်၏ ရတိဝဍ္ဎန ပြာသာဒ်သို့တက်လော့”ဟု နှင်လေ၏၊ မိဖုရားကြီးလည်း မင်းကြီးစကားကိုကြားလျှင် မတည်တံ့နိုင်သဖြင့်မိမိအခြွေ အရံနှင့်တကွ ပြာသာဒ်သို့တက်ကာ သတင်းစကားကိုသာ နားထောင်၍နေရ၏၊ မင်းကြီးလည်း တားမြစ်၍ မရသဖြင့် ရဟန်းပြုရန်ခွင့်ပြုရလေ၏၊ ညီတော်ယုဓိဋ္ဌိလလည်း နောင်တော်အား ခွင့်ပေးကြောင်းကိုသိလျှင် ရဟန်းပြုရန် တောင်းပန်ပြန်၏၊ ခမည်းတော်လည်း ခွင့်ပြုရပြန်၏။ ထီးနန်းစွန့်ခွါ တောကြွရာ ထို့နောက် မင်းသား ညီနောင်တို့သည် ခမည်းတော်ထံမှခွင့်ရလျှင်လူအပေါင်း ခြံရံကာ တရားလွှတ်တော်မှ ထွက်ကြကုန်၏၊ မယ်တော်မိဖုရားကြီးလည်း သားတော်ကိုပြာသာဒ်ထက်မှ ကြည့်၍ ငါ့သားရဟန်းပြုလျှင် ဤရမ္မမြို့ကြီးဆိတ်ညံ လတံ့ဟုအောက်မေ့ကာ- “အို-မောင်းမအပေါင်းတို့...သင်တို့သည်လျင်စွာပြေးကြကုန်၊ အရှင်မင်းကြီးအား ကောင်းခြင်းမင်္ဂလာဖြစ်ပါစေဟု ဆိုပါချေကုန်၊ သဗ္ဗဒတ္တ မည်သောမင်းသည် ငါ့သား ယုဓဉ္စယကို ခွင့်ပြုလိုက်ပြီ၊ ရမ္မမြို့ကြီးသည် ဆိတ်ညံပေတော့မည်”။ “နုပျို၍ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ယုဓဉ္စယမင်းသားကား သားတထောင်တို့တွင် အမြတ်ဆုံးဖြစ်၏၊ ခွန်အားအကြီးဆုံးဖြစ်၏၊ ထိုမင်းသားကား ဖန်ရည်စွန်းသော အဝတ်ကိုဝတ်၍ ရဟန်း ပြုလေပြီတကား” ဟု ငိုကြွေး မြည်တမ်းလေ၏၊ မင်းသား ညီနောင်တို့လည်း မြို့ပြင်သို့ရောက်လျှင် လူအပေါင်းကို ပြန်စေ၍ ဟိမဝန္တာသို့ ဝင်ကာ ရသေ့ ရဟန်း ပြုပြီးလျှင် ဈာန် အဘိညာဉ်ကို ဖြစ်စေလျက် သစ်သီး ကြီးငယ်ဖြင့် မျှဘ၍ နေ၏၊ သေလွန်သည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရကုန်၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသခန္ဓဆက်စပ်တော်မူလျက်- *ထိုအခါ မယ်တော် ခမည်းတော်တို့သည်-ယခုအခါ သာကီဝင်မင်းမျိုးများ။ *ယုဓိဋ္ဌိလမင်းသားသည်-အာနန္ဒာ။ *ယုယမင်းသားသည်–ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) နေထွက်လာငြား၊ နှင်းပေါက်များ၊ ပျက်ပြားရလေသည်။ (၂) တေဘူမက၊ သင်္ခါရ၊ မုချပျက်ရသည်။ (၃) အို, နာ, သေတန်း၊ မညှဉ်းပန်း၊ ကိုင်းကျွန်းရှာရမည်။ (၄) ယုဓဉ္စယ၊ မင်းသားလှ၊ နန်းမှစွန့်ခွါသည်။ (၅) နှင်းပေါက်မြင်ရွှေ၊ တရားမွေ့၊ ရသေ့ပြုတော့သည်။ ယုဓဉ္စယဇာတ်ပြီး၏။*** ကိုးကား ဇာတ်နိပါတ်တော်
https://my.wikipedia.org/wiki/%E1%80%9A%E1%80%AF%E1%80%93%E1%80%89%E1%80%B9%E1%80%87%E1%80%9A%E1%80%87%E1%80%AC%E1%80%90%E1%80%BA
ဒသရထဇာတ်
'''ဧကာဒသကနိပါတ် - ၄၆၁။ ဒသရထဇာတ် ပစ္စုပ္ပန်ဝတ္ထု သောကပြင်းလှ တရားကျ နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဘသေလွန်သဖြင့် စိုးရိမ်ခြင်းနှိပ်စက်သော သူကြွယ်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု မိဖုရားချစ်ရေး ထီးနန်းပေး လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဒသရထမင်း မင်းပြုသည်ရှိသော် ထိုမင်းအား တသောင်းခြောက်ထောင်သော မောင်းမတို့သည် ရှိကုန်၏၊ ထိုမောင်းမတို့၏ အကြီးဖြစ်သော မိဖုရားကြီးသည် သားတော်နှစ်ယောက် နှင့် သမီးတော်တယောက်ကို ဖွားမြင်၏၊ သားကြီးကား ရာမမင်းသားမည်၏၊ သားငယ်ကား ... လက္ခဏမင်းသား မည်၏၊ သမီးတော်ကား သီတာမင်းသမီးမည်၏။ အခါတပါး၌ မိဖုရားကြီးသည်နတ်ရွာစံခဲ့၏၊ မင်းကြီးသည် မိဖုရားကြီးအား သင်္ဂြိုဟ်ခြင်းကိစ္စပြုပြီးလျှင် မင်းသမီးတယောက်ကို မိဖုရားကြီးအရာ၌ ထားလေ၏၊ မင်းကြီးသည် ထိုမိဖုရားကြီးကို အလွန်ချစ်မြတ်နိုးတော်မူ၏၊ နောက်အခါ သားတယောက်ကို ဖွားမြင်၏၊ ထိုသတို့သားကို ဘရတမင်းသားဟူသော အမည်ကိုမှည့်ကုန်၏၊ မင်းကြီးသည် သားတော်၌ ချစ်ခြင်းဖြင့် မိဖုရားကြီးအား “ရှင်မ... ဆုကိုငါပေးမည် ယူလော့”ဟုဆို၏၊ မိဖုရားကြီးလည်း ယူ၍ထားလိုက်၏။ သားသမီးသုံးပါး တောနှင်ငြား မိဖုရားကြီးသည် သားတော်ဘရတမင်းသား ခုနစ်နှစ်အရွယ်ရှိသောအခါ မင်းကြီးထံ ကပ်၍ “အရှင်မင်းကြီး... ဆုကို ပေးဘူးပါ၏၊ ယခုအခါ အကျွန်ုပ်သားတော် ဘရတမင်းသားအား မင်းအဖြစ်ကို ပေးတော်မူပါ”ဟု လျှောက်ထားလေ၏၊ မင်းကြီးလည်း လက်ဖျစ်တီးကာ “ဟယ်-အယုတ်မ... ဘာစကားကိုပြောသနည်း၊ သွားလော့ ငါ့ သားတော်ကြီးတို့ကား မီးပုံကြီးကဲ့သို့ ထွန်းလင်းကုန်၏၊ သို့ပါလျက် ငါ့သားတော်ကြီးတို့ကို သတ်၍ သင့်သားငယ်အား မင်းအဖြစ်ကိုပေးရမည်လော”ဟု ခြိမ်းချောက်လေ၏၊ မိဖုရားကြီးလည်း လက်မလျှော့ဘဲ အဖန်ဖန်တောင်း၍သာ နေ၏။ တနေ့သ၌ မင်းကြီးသည် မိန်းမတို့မည်သည်ကား သူ့ကျေးဇူးကိုမသိတတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်ကုန်၏၊ ဤမိဖုရားလည်း ကောက်ကျစ်စဉ်းလဲကာ တံစိုးလက်ဆောင်ပေး၍ ငါ့သားတော်ကြီးတို့ကို သတ်စေမည်လည်း မသိနိုင်ဟုကြံစည်ကာ သားတော်ကြီးတို့ကို ခေါ်၍ “ချစ်သားတို့... ဤပြည်၌နေလျှင် သင်တို့အား ဘေးရန်ဖြစ်ရာသည်၊ အရပ်တပါးသို့သွား၍ နေကြကုန်၊ ငါနတ်ရွာစံသောအခါမှ လာ၍ မင်းပြုကြကုန်”ဟု မိန့်တော်မူပြီးလျှင် တဖန် ပုဏ္ဏားတို့ကို ခေါ်၍ အသက်အပိုင်း အခြားကိုမေး ပြန်၏၊ ပုဏ္ဏားတို့လည်း ဆယ့်နှစ်နှစ်သာ အသက်ရှည် မည်ဟု လျှောက်ထားကြကုန်၏။ ထီးနန်းရိုက်ရာ သားတော်မှာ ထိုအခါ မင်းကြီးသည် သားတော်တို့အား တဖန် “ချစ်သားတို့... ဆယ့် နှစ်နှစ်လွန်မှလာ၍ မင်းပြုကြကုန်” ဟု မှာထားတော်မူ၏၊ သားတော်တို့လည်း အဘမင်းကြီးကို ရှိခိုးကန်တော့ပြီးလျှင် ငိုကြွေးကုန်လျက် ပြာသာဒ်မှဆင်း သက်ကြကုန်၏၊ သီတာမင်းသမီးမြင်လျှင် ငိုကြွေးလျက် ခမည်းတော်ထံရှိခိုးခွင့်ပန်ကာ မောင်တော်တို့နှင့် အတူ လိုက်လေ၏၊ မင်းသုံးပါးတို့လည်း အခြံအရံများစွာဖြင့် တိုင်းပြည်မှ ထွက်ကြကုန်၏၊ လူအများပြန်စေ၍ အစဉ်သဖြင့်ဟိမဝန္တာတောသို့ဝင်ကာ သင်္ခမ်းကျောင်း ဆောက် လုပ်၍ သစ်သီးကြီးငယ်တို့ဖြင့် မျှတကာ နေကြကုန်၏။ ထီးနန်းအပ်ရေး သားငယ်မပေး ထိုအခါ လက္ခဏသုခမိန်သည် နှမတော် သီတာမင်းသမီးနှင့်အတူ နောင်တော် ရာမသုခမိန်ထံ ချဉ်းကပ်ကာ “နောင်တော်...နောင်တော်ကား အကျွန်ုပ်တို့ အဘအရာ၌ တည်ပါသည်၊ သစ်သီးရှာမလိုက်ပါလင့်၊ ကျောင်းတွင် ချမ်းသာစွာနေပါ၊ အကျွန်ုပ်တို့ လုပ်ကျွေးပါမည်”ဟု ဝန်ခံကြ၏၊ ထိုနေ့မှစ၍ လက္ခဏသုခမိန်နှင့် သီတာမင်းသမီးတို့သာ တောသို့သွား၍ သစ်သီးရှာကာ လုပ်ကျွေးကြ၏၊ ရာမသုခမိန်ကား ကျောင်းတွင်သာ အလုပ်အကျွေးခံ၍ နေရစ်လေ၏။ ဒသရထမင်းကြီးလည်း သားတော် သမီးတော်တို့ကို လွမ်းဆွတ်စိုးရိမ်တော်မူသဖြင့် ဆယ့်နှစ်နှစ် အသက်မရှည်တော့ဘဲ ကိုးနှစ်မြောက်တွင် နတ်ရွာစံလေ၏၊ မိဖုရားကြီးလည်း သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေပြီးလျှင် “အမတ်တို့... သားတော် ဘရတမင်းသားအား မင်းမြောက်ကြကုန်”ဟု ဆို၏၊ အမတ်တို့လည်း “အရှင်မိဖုရား ထီးနန်းရှင်တို့ကား တော၌ရှိကုန်၏”ဟုဆို၍ မပေးကြကုန်။ ဖခင် နတ်ရွာဝင် နောင်တော်တိုင်ပင် ဘရတမင်းသားလည်းငါ၏နောင်တော်ကြီး ရာမသုခမိန်ကိုပင့်ဆောင်၍ မင်းမြှောက်မည်ဟု မင်းမြှောက် တန်ဆာငါးပါးကိုယူ၍ စစ်သည်ဗိုလ်ပါနှင့်တကွ ရာမသုခမိန်နေရာသို့ သွားလေ၏၊ အနီးသို့ရောက်လျှင် သစ်တပ်တည်ဆောက်၍ တည်းခိုပြီးလျှင် နောက်အမတ်နှစ်ယောက်သုံးယောက် နှင့်တကွ ရာမသုခမိန်ထံဆည်းကပ်ကာ ရှိခိုးလျက် ခမည်းတော်မင်းတရားကြီး နတ်ရွာစံကြောင်း လျှောက်ထားကာ ခြေရင်း၌ဝပ်၍ ငိုကြွေးလေ၏၊ ရာမသုခမိန်ကား မငိုကြွေးလေ၊ ဣန္ဒြေမျှပင် ဘောက်ပြန်ခြင်းမရှိလေ။ ချမ်းသောအခါ လက္ခဏသုခမိန်နှင့် သီတာမင်းသမီး မောင်နှမနှစ်ယောက်တို့သည် သစ်သီးရှာရာမှ ပြန်လာကုန်၏၊ ထိုအခါရာမသုခမိန်သည် ငါ့ညီနှင့်နှမတို့ကား ငယ်ရွယ်ကုန်၏၊ ငါကဲ့သို့ ပညာအဆင်အခြင်မရှိကြ၊ ခမည်းတော်နတ်ရွာစံခဲ့ပြီဟု ရုတ်တရက်ပြောလိုက်လျှင်အလွန်စိုးရိမ်လျက် နှလုံးကွဲကုန်ရာ၏၊ သို့အတွက်ဥပါယ်တမျဉ်ဖြင့် ရေသို့ဆင်းသက်စေပြီးမှ ဤအကြောင်းကို ပြောကြား တော့မည်ဟု ကြံစည်စိတ်ကူးကာ- သောကငြိမ်းဘွယ် နည်းပရိယာယ် မောင်နှမနှစ်ယောက်တို့ကိုခေါ်၍ သင်တို့သည် ယနေ့ကြာမြင့်မှ လာကြသည်၊ ဒဏ်ပေးမည်၊ ရေကန်၌ ဆင်း၍နေကြ လော့ဟု အမိန့်ပေးလေ၏။ မောင်နှမ နှစ်ယောက်တို့လည်း နောင်တော်၏ တခွန်ထည်းသော စကားဖြင့်လျှင် ရေကန်သို့ ဆင်းသက်ကာ နေကြကုန်၏၊ ထိုအခါ ရာမသုခမိန်သည် ခမည်းတော် ဒသရထမင်းကြီး နတ်ရွာလားကြောင်းကို ပြောကြားလေ၏၊ မောင် နှမနှစ်ယောက်တို့ကြားလျှင် တွေဝေမိန်းမောကြကုန်၏၊ ထိုအကြောင်းကို သုံးကြိမ်တိုင်အောင်ပြောကြားရာ သုံးကြိမ်တိုင်အောင်ပင် တွေဝေမိန်းမောကြကုန်၏၊ ထိုအခါ မောင် နှမနှစ်ယောက်တို့ကို ရေမှဆယ်ယူကာ သက်သာရာကို ရစေကုန်၏၊ အချင်းချင်းလည်း ငိုကြွေးကြကုန်၏။ သောကကင်းဝေး အကြောင်းမေး ထိုအခါဘရတမင်းသားသည် လက္ခဏသုခမိန်မှစ၍ အလုံးစုံသော သူတို့သည် စိုးရိမ်ပူဆွေး ငိုကြွေးကုန်၏၊ နောင်တော် ရာမသုခမိန်ကား စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမရှိ၊ အကြောင်းအသို့ရှိသနည်း၊ ရာမသုခမိန်ကိုမေးမည်ဟုစဉ်း စားဆင်ခြင်ကာ– “အို-နောင်တော်ကြီး အဘယ်ကြောင့် စိုးရိမ်အပ်သောအရာကို မစိုးရိမ်ဘိသနည်း၊ ခမည်းတော် မင်းကြီး နတ်ရွာလားကြောင်းကို ကြား၍လည်း နောင်တော်ကြီးကို အဘယ်ကြောင့် စိုးရိမ်ခြင်းမ နှိပ်စက်သနည်း”- ဟု နောင်တော်ကြီးအား မစိုးရိမ်ခြင်း အကြောင်းကို မေးလေ၏။ နောင်တော်ဆုံးမ ပရိဒေဝ ထိုအခါ ရာမသုခမိန်သည် ညီငယ် နှမငယ်များအား တရားပြဆုံးမကာ ဖြေ ဆိုပြောကြားလို၍– “အို-ညီထွေးဘရတ... ပိန်ချုံးသဖြင့် ငိုကြွေး မြည်တမ်းသောသူတို့တွင် တစုံတယောက်သော သူမျှလည်း သေသူ အသက်တဖန်ရှင်လာအောင် မတတ်နိုင်၊ ထိုသို့ဖြစ်လျက် သိကျွမ်းလိမ်မာသော ပညာရှိသည် မိမိကိုယ်ကို အဘယ်ကြောင့်ပူပန်စေအံ့နည်း”- “အို-ညီထွေးဘရတ... “အသက်အရွယ်ငယ်သော သူ, ကြီးသောသူ, မိုက်သောသူ, ပညာရှိသောသူ, စည်းစိမ်ဥစ္စာကြွယ်ဝသောသူ, ဆင်းရဲသောသူ ဤ အလုံးစုံသော သူတို့သည် သေမင်းခံတွင်း၌လည်း လျောင်းရကုန်၏” “အို-ညီထွေးဘရတ... မှည့်သောသစ်သီးတို့အား အမြဲကြွေကျရခြင်း ဘေးဖြစ်လာသကဲ့သို့ ထို့အတူ ဖြစ်လာကုန်သောသတ္တဝါတို့အား အမြဲ သေရခြင်းဘေးသည် ဖြစ်လာ၏”- ဖြစ်ပျက်စဉ်ပြ ဆိုဆုံးမ ရာမမင်းသားသည် ညီငယ် နှမငယ်တို့အား ဖြစ်ပျက်တရားကို ပြသ ဆုံးမလိုသဖြင့်— “အို-ညီထွေးဘရတ... “နံနက်အခါ များစွာသောသူတို့ကို မြင်ရကုန်၏၊ ထိုသူတို့တွင် အချို့သူတို့ကို ညချမ်းအခါမမြင်ရကုန်၊ ညချမ်းအခါများစွာသောသူတို့ကို မြင်ရကုန်၏၊ ထိုသူတို့တွင် အချို့ သူတို့ကို နံနက်အခါမမြင်ရကုန်”- “အို-ညီထွေးဘရတ... အကယ်၍ ငိုကြွေး မည်တမ်းသောသူသည် မိမိကိုယ်ကို ညှဉ်းဆဲတွေဝေစေ၍ စင်စစ်တစုံတခုသော အကျိုးစီးပွားကိုဆောင် နိုင်ငြားအံ့၊ ပညာရှိသောသူသည် ထိုငိုကြွေးမြည် တမ်းခြင်းကို ပြုလုပ်ရာ၏” “အို-ညီထွေးဘရတ... ငိုကြွေး မြည်တမ်းသဖြင့် မိမိကိုယ်ကိုညှဉ်းဆဲသဖြင့် ပိန်ချုံးစေဘိ၏၊ အဆင်းမလှချေ၊ ထိုငိုကြွေးမြည်တမ်းခြင်းဖြင့် တမလွန်ဘဝသို့ ပြောင်းသွားသောသူတို့သည် မစောင့်နိုင်ကုန်၊ ထို့ကြောင့် ငိုကြွေး မြည်တမ်းခြင်းသည် အကျိုးမရှိ”- ပညာဆင်ခြင်ပြု လောကဓံမှု ပညာဖြင့်ဆင်ခြင်လျှင် သောကတရား လွင့်စင်ကြောင်းကို ဆုံးမလိုသဖြင့်– “အို-ညီထွေးဘရတ... ဥပမာကား နေရာ အိမ်ကို မီးလောင်သည်ရှိသော် ရေအိုး ရာထောင်ဖြင့် ထိုငြိမ်းစေသကဲ့သို့၊ ထို့အတူ မြဲမြံ တည်ကြည် လျက်အကြားအမြင်ရှိသော ပညာရှိသည် ဖြစ်သော စိုးရိမ်ပူဆွေးခြင်းကို လျင်စွာငြိမ်းစေရာ၏၊ လေသည် လဲဝါဂွမ်းကို လွှင့်ဖျောက်သကဲ့သို့ စိုးရိမ်ပူပန်ခြင်းကို လွှင့်ဖျောက်ရာ၏” “အို-ညီထွေးဘရတ.. သတ္တဝါသည် တယောက် ထည်းသာသေလွန်ရ၏၊ တယောက်ထည်းသာ အမျိုးလေးပါး၌ ဖြစ်ရ၏၊ အလုံးစုံသော သတ္တဝါတို့အား ဆွေမျိုးတို့နှင့် ယှဉ်ခြင်းသာလျှင် အလွန်ဖြစ်ကုန်၏၊ ဆွေမျိုးတို့၏ သုံးဆောင်ခြင်းမျှသာ ရှိကုန်၏။ ထို့ကြောင့် များသော အကြားအမြင်ရှိလျက် ပစ္စုပ္ပန်တမလွန် နှစ်တန်သော လောကကို ကောင်းစွာသိမြင်သော ပညာရှိအား လောကဓံတရား ရှစ်ပါးကို သိမြင်၍ များစွာ မစိုးရိမ်မပူပန်ခြင်းတို့သည် ဟဒယဝတ္ထု၊ ရုပ်ကို၎င်း, စိတ်ကို၎င်း မပူပန်စေနိုင်ကုန်” “ငါသည်၊ အခြံအရံကို၎င်း, စည်းစိမ်ဥစ္စာကို၎င်း, မယားကို၎င်း, ဆွေမျိုးတို့ကို၎င်း, ကြွင်းသော ဥစ္စာကို၎င်း ကောင်းစွာစောင့်ရှောက်အံ့၊ သိမြင်သောသူအား ဤသို့ စောင့်ရှောက်ခြင်းသည် လျှောက်ပတ်၏”- ဟု ညီထွေးဘရတအား အမြဲမရှိသော အနိစ္စတရားကို ဟောကြား ဆုံးမတော်မူ၏။ ဖခင်မှာကြားမှု လိုက်နာပြု များစွာသော ပရိသတ်သည် တရားဒေသနာကို ကြားနာရလျှင် စိုးရိမ်ပူဆွေးခြင်း ကင်းကုန်၏၊ ထို့နောင်မှ ဘရတမင်းသားသည် နောင်တော်အား “အို-နောင်တော် ရာမသုခမိန်.. ဗာရာဏသီပြည်၌ မင်းပြုတော်မူပါ”ဟုပြော၏၊ “ညီထွေး ဘရတ.. လက္ခဏသုခမိန်နှင့် သီတာမင်းသမီးတို့ကို ခေါ်၍မင်းပြုကြကုန်”ဟု ပြော၏၊ “နောင်တော်တို့ကား အဘယ်သို့ ပြုကုန်အံ့နည်း” “ညီထွေးဘရတ... ခမည်းတော် မင်းကြီးသည် တဆယ့်နှစ်နှစ် လွန်မှလာ၍ မင်းပြုလောဟု မှာတော်မူခဲ့၏၊ ငါသည် ယခုလိုက်၍ မင်းပြုပါလျှင် ခမည်းတော်စကားကို နားမထောင်ရာ ရောက်၏၊ သို့အတွက် ငါသည် သုံးနှစ်လွန်မှ လာ၍ မင်းပြုမည်”ဟု မှာကြား၏ “နောင်တော်... သုံးနှစ်ပတ်လုံး အဘယ်သူ မင်းပြုလိမ့်မည်နည်း”ဟုမေး၏၊ “ညီထွေး ဘရတ... သင်တို့ ပြုကြကုန်”ဟု မှာကြား၏၊ “နောင်တော်...အကျွန်ုပ်တို့မင်းမပြုလိုပါကုန်” ဟု ပြောကြား၏၊ “ညီထွေးဘရတ...မပြုလိုကြလျှင် ငါလာသည်တိုင်အောင် ဤမြက်ခြေနင်းတို့သည် မင်းပြုကြကုန်လတံ့”ဟုဆို၍ မြက်ခြေနင်းကိုချွတ်၍ပေးလိုက်၏။ ဖခင်နန်းမွေ အတူနေ မောင်နှစ်မ သုံးယောက်တို့သည် မြက်ခြေနင်းတို့ကိုယူကာ လူအပေါင်း ခြံရံလျက် ဗာရာဏသီပြည်သို့ ပြန်ကြကုန်၏၊ ရောက်လျှင် သုံးနှစ်ပတ်လုံး မြက်ခြေနင်းတို့သည် မင်းပြုကုန်၏၊ အမတ်တို့သည် မြက်ခြေနင်းတို့ကို ရာဇပလ္လင်ပေါ် ၌ထား၍ တရားဆုံးဖြတ်ကုန်၏၊ မကောင်းသဖြင့် ဆုံးဖြတ်လျှင် မြက်ခြေနင်းတို့သည် အချင်းချင်း တိုက်ခတ်ကြကုန်၏၊ ထိုအထိန်းအမှတ်ဖြင့် တဖန်ပြင်၍ ဆုံးဖြတ်ကြရကုန်၏၊ ကောင်းစွာဆုံးဖြတ်လျှင် အသံမရှိကုန်၊ ငြိမ်သက်စွာတည်ကုန်၏။ ရာမသုခမိန်လည်း သုံးနှစ်လွန်လျှင် တိုင်းပြည်သို့ ပြန်လာ၍ ဥယျာဉ်တော်သို့ ဝင်၏၊ ရာမသုခမိန်လာသောအဖြစ်ကို သိလျှင် မင်းသားတို့သည် အမတ်အပေါင်း ခြံရံကာ ဥယျာဉ်တော်သို့ သွား၍ သီတာမင်းသမီးကို မိဖုရားကြီး ပြု၍ မင်းနှင့်မိဖုရားတို့ကို အဘိသိက်သွန်းကြကုန်၏၊ ထိုနောက် တန်ဆာဆင်အပ်သော ရထားဖြင့် မြို့တော်သို့ ဝင်၍ စန္ဒကပြာသာဒ်တော်၌ စံနေတော်မူကာ နှစ်ပေါင်းတသောင်းခြောက်ထောင်တို့ ပတ်လုံး တရားနှင့်အညီ မင်းပြုတော်မူပြီးလျှင် အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေတော်မူ၏။ မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ အဘသေသော သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်– ရဟန်းတို့... *ထိုအခါ ဒသရထမင်းသည်–ယခုအခါသီရိသုဒ္ဓေါဒနမင်း။ *မိဖုရားကြီးသည်–မယ်တော်မာယာ။ *သီတာဒေဝီသည်–ရာဟုလာမယ်တော်။ *ဘရတမင်းသားသည်-အာနန္ဒာ။ *လက္ခဏသုခမိန်သည်–သာရိပုတ္တရာ။ *ရာမမင်း၏ပရိသတ်သည်–ဘုရားပရိသတ်။ *ရာမမင်းကြီးသည်ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ကြီး, ငယ်, မိုက်စွာ၊ လူလိမ္မာ၊ ချမ်းသာ, ဆင်းရဲဟူ။ (၂) လုံးစုံခပင်း၊ သေခံတွင်း၊ သက်ဆင်းရ၏ဟူ။ (၃) နေ့မြင်, ညကွယ်၊ သီးမှည့်နှယ်၊ သေလွယ်ဘေးတွေ့ဟူ။ (၄) လောကဓံကြိမ်၊ မစိုးရိမ်၊ ကဝိန်ဉာဏ်ရှိသူ။ (၅) သေသူမထ၊ နေသူကျ၊ ပြင်းပြငိုကြွေးသူ။ ဒသရထဇာတ်ပြီး၏။*** ကိုးကား ဇာတ်နိပါတ်တော်
https://my.wikipedia.org/wiki/%E1%80%92%E1%80%9E%E1%80%9B%E1%80%91%E1%80%87%E1%80%AC%E1%80%90%E1%80%BA
ဖယ်ကွန်မဲ
ကိုးကား
https://my.wikipedia.org/wiki/%E1%80%96%E1%80%9A%E1%80%BA%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%B2
စွန်ပုခုံးဖြူ
ကိုးကား
https://my.wikipedia.org/wiki/%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%AF%E1%80%81%E1%80%AF%E1%80%B6%E1%80%B8%E1%80%96%E1%80%BC%E1%80%B0
ဘန်ကောက်မြို့၏ ခရိုင်များစာရင်း
မြို့တော်ဘန်ကောက်ကို ထိုင်းစကားဖြင့် "‌‌‌ခေတ်" (khet ၊ เขต ၊ အသံထွက် [kʰèːt]) လို့ခေါ်တဲ့ ခရိုင် (၅၀) ခုဖြင့် ဖွဲ့စည်းထားသည်။ "‌‌ခေတ်" ဟူသည့် စကားလုံးသည် ပါဠိစကား "ခေတ္တ" မှဆင်းသက်လာပြီး သက္ကတဘာသာစကား Ksetra (ခေတ္တရာ)နှင့် ဆင်တူသည်။ မြန်မာနိုင်ငံတွင် သရေခေတ္တရာ (Sri Ksetra) နာမည်ဖြင့် ပျူမြို့ ရှိခဲ့သည်။ ခရိုင် (၅၀) ခုကို ခရိုင်ခွဲ (၁၈၀) ဖြင့် အုပ်ချုပ်ရေးအရ ပြန်လည်ပိုင်းခြားသည်။
https://my.wikipedia.org/wiki/%E1%80%98%E1%80%94%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8F%20%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8
အမရဝတီမြို့
အမရဝတီမြို့ (အမရာဝတီ ဟူ၍လည်း စာလုံးပေါင်း) သည် တာဝတိံသာ နတ်ပြည်၌ တည်ရှိသော သိကြားမင်း၏ စံရာ မြို့တော်အမည် ဖြစ်သလို ဒီပင်္ကရာ မြတ်စွာဘုရား လက်ထက် ဘုရားအလောင်း သုမေဓာ၏ မွေးဖွားရာမြို့ကို အမရမြို့ဟုလည်း ခေါ်သည်။ ဘုရားလေးဆူတို့အနက် တဏှင်္ကရာ, မေဓင်္ကရာ, သရဏင်္ကရာ- ဘုရားသုံးဆူတို့ပွင့်ပြီး နောက်ဖြစ်သော အချိန်ကာလမှာ အမရဝတီပြည် ဖြစ်ပေါ်ထွန်းကားသည်ဟု မှတ်အပ်၏။ အမရဝတီခေါ်ကြောင်း အမရ= နတ် (မသေနိုင်သောလူမျိုး)၊ ဝတီ= ရှိသည်၊ နတ်များရှိသော နေပြည်တော်ကြီးဟု ဆိုလိုသည်။ ဤသို့ အမည်မှည့်ရခြင်းမှာ.. ဝိနယ မဟာဝဂ္ဂ ဘေသဇ္ဇခန္ဓက စသည်တို့၌- ပါဋလိပုတ်ပြည် တည်ထောင်မည်ဟု သုနိဓပုဏ္ဏား, ဝဿကာရပုဏ္ဏားတို့ စီမံကြသည်နှင့်တပြိုင်နက် နတ်များက ရှေးဦးစွာလာ၍ နေရာသတ်မှတ် ယူငင်ကြကြောင်း…၊ တန်းခိုးကြီးသောနတ်များ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံကြီးမားသော မင်း အမတ် သူဌေး သူကြွယ်တို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...၊ ဘုန်းတန်းခိုး အလတ်စားရှိသောနတ်တို့ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံ အလတ်စားရှိသောလူတို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...၊ ဘုန်းတန်းခိုးသေးငယ်သော နတ်တို့ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံသေးငယ်သော လူတို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...များကို ဟောကြားတော်မူသည်။ ဤစကားရပ်ကို ထောက်၍ အကြီးအကျယ်ဆုံးသော မင်းနေပြည် တည်မည့်နေရာမှာ နတ်အများပင် အကြီးအကျယ်လာ၍ နေရာသတ်မှတ် ယူငင်ကြပေမည်။ ဤသို့ နေရာသတ်မှတ် ယူငင်စောင့်ရှောက် နေထိုင်လာကြသော နတ်အများ တည်ရှိကြောင်းကို သိသာစေရန် “အမရဝတီ”ဟူသော အမည်ကို မှည့်ခေါ်ခြင်းဖြစ်သည်။ (ဝတီ)ဟူသော ပါဠိ (ရှိသည်)ဟူသော မြန်မာစကားတို့ဖြင့် များစွာရှိကြောင်းကို ဖော်ပြသည်။ လောက၌ ဥစ္စာအနည်းငယ်မျှ ရှိသောသူကို ဥစ္စာရှိသူ (ဓနရှင်)ဟူ၍ ခေါ်ဝေါ်ရိုးမရှိ၊ သူတပါးတို့ထက် လွန်ကဲပိုမို၍ ဥစ္စာရှိသောသူကိုသာ ဥစ္စာရှိသူ (ဓနရှင်)ဟု ခေါ်ဆိုရိုးရှိသည်။ သို့ဖြစ်၍ ထိုမြို့တော်ကြီးမှာ ကြီးကျယ်သော မင်းနေပြည်ကြီး ဖြစ်သည့်အတိုင်း တန်းခိုးကြီးသော နတ်အများပင် လာရောက် စောင့်ရှောက် နေထိုင်ရာ မြို့တော်ကြီးဖြစ်ကြောင်းကို အမရဝတီဟူသော အမည်က သိစေအပ်ပေသည်။ အသံ ဆယ်ပါးနှင့် ပြည့်စုံသောမြို့ ယင်းမြို့သည်–(၁) ဆင်သံ (၂) မြင်းသံ (၃) ရထားသံ, (၄) စည်ကြီးသံ, (၅) ခရုသင်းသံ, (၆) မုရိုးစည်သံ (၇) စောင်းသံ (၈) သီချင်းသံ (၉) ခွက်ခွင်း (သစ်သားချပ်) ကြေးနင်း (မောင်း) သံ (၁၀ သုံးဆောင်ကြပါ စားကြပါ သောက်ကြပါ ဟူသော အသံ” ဤ အသံ ဆယ်ပါးတို့ဖြင့် တယံမစဲ သဲသဲညံလျက်ရှိ၏၊ ထမင်း, ဟင်း အဖျော်ယမကာ စားသောက်ဖွယ်ရာ အမျိုးမျိုးနှင့်လည်း ပြည့်စုံ၏၊ ယင်းမြို့သည် တံတိုင်း, မြို့တံခါး, တံခါး, မုခ်, ပစ္စင်, ပြအိုး စသော မြို့၏ အင်္ဂါတို့နှင့်လည်း ပြည့်စုံ၏၊ အဖက်ဖက်မှ ပြည့်စုံသောမြို့ ဥစ္စာ, စပါး, မြက်, ထင်း, ရေ-စသော မြို့၏ ရိက္ခာ သုံးဆောင်ဖွယ်ရာတို့နှင့်လည်း ပြည့်စုံ၏၊ အလုံးစုံသော လယ်ယာလုပ်ငန်း လက်မှုလုပ်ငန်း, စက်မှုလုပ်ငန်း စသော) လုပ်ငန်းကိုင်ငန်း-တို့နှင့်လည်း ပြည့်စုံ၏။ ပုလဲ, သန္တာ-စသော ရတနာ ခုနစ်ပါး, ဆင်ရတနာ-စသော ရတနာခုနစ်ပါးနှင့်လည်း ပြည့်စုံ၏၊ ဘာသာစကား အမျိုးစုံပြောသော နိုင်ငံအမျိုးစုံမှ လူတို့နှင့်လည်း ပြွမ်း၏၊ လူတို့ သုံးဆောင်ဖွယ် ပစ္စည်းဝတ္ထုတို့နှင့်လည်း ပြည့်နှက်ပေါဌေး၏၊ အာဠကမန္ဒာမည်သော နတ် မြို့ကဲ့သို့ စည်ကားသာယာ၏၊ အမျိုးဂုဏ် အဆင်းဂုဏ်, စည်းစိမ်ဂုဏ်, အစိုးရခြင်းဂုဏ်ဖြင့် ထင်ရှားသူ, ဘုန်းကံ ပါရမီရှိသူတို့၏ နေရာဖြစ်၏။) ကိုးကား ဗုဒ္ဓဘာသာ သမိုင်း ဗုဒ္ဓခေတ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%9B%E1%80%9D%E1%80%90%E1%80%AE%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ဗျာဒိတ်
ဗျာဒိတ်ဟူသော စကားမှာ ဗျာကရဏဟူသော ပါဠိမှ ဖြစ်ပွါးလာ၍၊ တဆူဆူသော ဘုရားရှင်က တဦးဦးသော ဘုရားအလောင်း ပစ္စေကဗုဒ္ဓါအလောင်း သာ၀ကအလောင်းအတွက် ဤမည်သော ကမ္ဘာ၌ ဤအမည်ဖြင့် ဘုရားဖြစ်လိမ့်မည် ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မည်... အစရှိသည်ဖြင့် မြေလက်ခတ်မလွဲ မှန်ကန်သည့် အထူးပိုင်းခြား မိန့်ကြားအပ်သော စကားကို ဗျာဒိတ်ဟူ၍ ခေါ်ဆိုသည်။ ဗျာဒိတ်စကား ဘယ်ကလာသလဲ ဗျာဒိတ်ဟူသော စကားကို ပါဠိမှ ဆင်းသက်လာသော စကားဟူ၍ အများ ယူဆလျက် ရှိသည်။ အလောင်းမင်းတရားလက်ထက် စိန္တကျော်သူဘွဲ့ခံ စာဆိုပညာရှိ ဦးဩသည် မိမိရေးသားသော ကဝိလက္ခဏသတ်ပုံကျမ်းအဆုံး အမှာစကားရပ်တွင် - “ဗျာဒိတ်ဟူသော စကားနှင့်စပ်၍ ရှေးသတ်ပုံကြီးက (ပ)သတ်နှင့် (ဗျာဒိပ်)ဟု စပ်ဆိုထားသည်၊ ပညာရှိအများတို့က (တ)သတ်နှင့် (ဗျာဒိတ်)ဟုသာ စပ်ဆိုကြသည့်အပြင် သဒ္ဒါမှာလည်း ဗျာဒိတဟူ၍၎င်း ဗျာကတဟူ၍၎င်း ရှိသည်။ သို့ဖြစ်၍ (တ)သတ်ကိုသာ မှတ်ယူသင့်ကြောင်း” ရေးသားထား၏။ ဤရေးသားချက်အလို (ကောဇ၀)ဟူသော ပါဠိမှ(ကော်ဇဝ် = ကော်ဇော)ဟူသော မြန်မာဝေါဟာရ ဖြစ်ပေါ်လာသကဲ့သို့၊ (ဗျာဒိတ)ဟူသော ပါဠိမှ (ဗျာဒိတ်)ဟူသော မြန်မာဝေါဟာရ ဖြစ်ပေါ်လာသည်ဟု ဆိုလိုရင်းဖြစ်သည်။ ကျမ်းဂန်၌ လာသော ပါဠိစာလုံး ကျမ်းဂန်တို့၌ ဘုရား အထူးဟောကြားတော်မူအပ်သော စကားတော်ကို ဗျာကရဏဟူ၍၎င်း ဗျာကတဟူ၍၎င်း သုံးစွဲရိုးရှိသည်၊ (ဗျာဒိတဟူ၍ သုံးစွဲရိုးမရှိ။) ဗျာဒိတ်ရသော ပုဂ္ဂိုလ်ဟု ပြဆိုလိုလျှင်“လဒ္ဓဗျာကရဏော”ဟု ကျမ်းဂန်တို့၌ ပြဆိုသည်။ ထိုပါဠိကို ရအပ်သော ဗျာဒိတ်ရှိသော (သို့မဟုတ်) ဗျာဒိတ်ရပြီးသောသူဟူ၍ ဆရာ့ဆရာတို့ အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြ၏။ သို့ဖြစ်၍- ယခု အများသုံးနှုန်းနေသော ဗျာဒိတ်ဟူသော မြန်မာစကားသည် ပါဠိမဟုတ်၊ ဗျာကရဏဟူသော ပါဠိ ဗျာကတဟူသော ပါဠိတို့ကို ရှေးဆရာကြီးများ ပါဠိနှင့် အဆင်တူရုံ လိုက်နိုင်သမျှလိုက်၍ အနက်မြန်မာ ပြန်ဆိုခဲ့ကြသော စကားဖြစ်သည်။ အရှေ့ကျွန်းဦး သစ်ပင် ဥပမာပြရသော်.. ကမ္ဘာ့သစ်ပင်(ကျွန်းဦးသစ်ပင်)တို့တွင် အရှေ့ကျွန်းဦး၌ ပေါက်သောသစ်ပင်မှာ ကမ္ဘာ့သစ်ပင်ပင် ဖြစ်သော်လည်း ၎င်းကို ကပ္ပရုက္ခဟု မခေါ်၊ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော (ပါဠိလို) သိရိသခေါ် သစ်ပင်ဖြစ်၍၊ မြန်မာလို ကုက္ကိုပင်ပင် ဖြစ်ရကား ပါဠိ၌ ထိုကျွန်းဦးသစ်ပင်ကို သိရိသရုက္ခဟုသာ ခေါ်ဆိုသုံးစွဲသည်။ မြန်မာဘာသာ ပြန်ဆိုရာ၌လည်း ကုက္ကိုပင်ဟူ၍သာ ပြန်ဆိုတော်မူကြသည်။ တောင်ကျွန်းဦး သစ်ပင် ထို့အတူ တောင်ကျွန်းဦး၌ပေါက်သော သစ်ပင်မှာလည်း ကမ္ဘာ့သစ်ပင်ပင် ဖြစ်သော်လည်း ကပ္ပရုက္ခဟု ပါဠိလို မခေါ်ပဲ၊ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော ပါဠိလို ဇမ္ဗု = မြန်မာလို သပြေပင်ဖြစ်ရကား ပါဠိ၌ ဇမ္ဗုရုက္ခ = မြန်မာလို သပြေပင်ဟူ၍ ခေါ်ဆိုသုံးစွဲသည်။ ။ဤအရာ၌- တောင်ကျွန်းဦးမှာပေါက်သော သစ်ပင်ကို သပြေပင်ဟူ၍သာ မခေါ်ကြပဲ “ဇမ္ဗုသပြေ”ဟု ခေါ်နေပြီးလျှင် သပြေပင်သာမညမဟုတ်၊ ထူးဆန်းသော သပြေဟု မှတ်ယူနေကြ၏။ အမှန်မှာ သပြေတမျိုးမဟုတ်၊ ပါဠိအခေါ် ဇမ္ဗုနှင့် မြန်မာအခေါ် သပြေတို့ကို တွဲစပ်ကာ ဇမ္ဗုသပြေဟု ခေါ်ခြင်းဖြစ်သည်။ (ဗုဒ္ဓဘုရားဟု ခေါ်ခြင်းနှင့် တူ၏။) အနောက်ကျွန်းဦး သစ်ပင် အနောက်ကျွန်းဦးမှာပေါက်သော သစ်ပင်သည်လည်း ကမ္ဘာ့သစ်ပင်ပင် ဖြစ်စေကာမူ ကပ္ပရုက္ခဟု ပါဠိလိုမခေါ်ပဲ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော ပါဠိလို ကဒမ္ဗ = မြန်မာလို ထိန်ပင်ဖြစ်ရကား ပါဠိ၌ ကဒမ္ဗ = မြန်မာလို ထိန်ပင်ဟူ၍ ခေါ်ဆိုသုံးစွဲသည်။ မြောက်ကျွန်းဦး သစ်ပင် မြောက်ကျွန်းဦးမှာပေါက်သော သစ်ပင်သည်ကား .. ဤအပင်မျိုး မည်သည့်မြေမှာမှ မရှိချေ။ အခြား သစ်ပင်ဟူသမျှသည် မိမိတို့ဆိုင်ရာ ဗီဇနိယာမအတိုင်း အပွင့်အသီး တမျိုးတို့ကိုသာ ပွင့်ကြသီးကြ၍ ဤမြောက်ကျွန်းဦး သစ်ပင်သည်ကား အလိုရှိသောသူတို့၏ လိုလားရာကို သီးပွင့်ပေးသော အပင်ဖြစ်၏။ သို့ဖြစ်၍ ဤအပင်ကို တခုတည်းသော အကြောင်းဗျုပ္ပတ်ဖြင့် အမည်ထူးမှည့်ရန် မဖြစ်နိုင်သည့်အတွက် “ကပ္ပရုက္ခ = ကမ္ဘာ့သစ်ပင်”ဟူ၍သာ အမည်ပေးခဲ့ကြလေသည်။ ပဒေသာဟူသည် မြန်မာစကား ရှေးဆရာကြီးများက ဤ ကပ္ပရုက္ခဟူသော ပါဠိကို မြန်မာဝေါဟာရ သီးခြားတည်ထွင်၍ “ပဒေသာပင်” ဟု မြန်မာပြန်ဆိုခဲ့ကြ၏။ ထိုသို့ ပြန်ဆိုခဲ့ကြသည့် ပဒေသာဟူသော စကားမှာ ပါဠိပင်ဖြစ်သည်ဟု ထင်မှတ်ဖွယ်ရှိ၏။ စင်စစ်မှာ ပါဠိမဟုတ်။ ပါဠိဖြစ်သော ပဒေသသဒ္ဒါကား.. (၁) လက်ညှိုးဖြင့် ထွာရသော အတိုင်းအရှည်ပမာဏ၊ (၂) တစိတ်တပိုင်းအရပ် ဤအနက်နှစ်ပါးကို ဟောသည်။ မြောက်ကျွန်းဦး သစ်ပင်၏ အခြင်းအရာမှာ လက်ညှိုးထွာနှင့်လည်း မဆက်စပ်၊ တစိတ်တပိုင်းအရပ်လည်း မဟုတ်။ ဤသစ်ပင်မှာ အလိုရှိအပ်သော ဝတ္ထုပစ္စည်းကို ရနိုင်ခြင်းသာ သစ်ပင်၏ ဂုဏ်ထူးဖြစ်သည်။ သို့ဖြစ်၍ ပဒေသာဟူသော စကားသည် ပါဠိမဟုတ်၊ ရှေးဆရာကြီးများ ဝေါဟာရတခုအဖြစ် သတ်မှတ် ခေါ်ဆိုအပ်သော မြန်မာစကားသာ ဖြစ်သည်ဟု ယူဆထိုက်ပေသည်။ ဗျာဒိတ်ဟူသည်မှာလည်း ပါဠိစကား မဟုတ် ဤ ပဒေသာဟူသော စကားနှင့် ဗျာဒိတ်ဟူသော စကားတို့သည် တနည်းအားဖြင့် ပါဠိမဟုတ်ပဲလျက် ပါဠိဟု ထင်မြင်ရခြင်း သဘောတူညီကြ၏။ ဤသို့လျှင် ဗျာဒိတ်ဟူသော စကားသည် ဗျာဒိတဟူသော ပါဠိမှ တိုက်ရိုက် ဆင်းသက်လာသော စကားမဟုတ်၊ ဗျာကရဏဟူသော ပါဠိနှင့်သာ နှီးနွယ် ဆက်သွယ် နေသည်ဖြစ်၍ ပါဠိရင်းဖြစ်သော ဗျာကရဏသဒ္ဒါ၏ အနက်အဓိပ္ပါယ်ကိုသာ စိစစ်နားလည်ဘို့ လိုပေသည်။ ဗျာကရဏ အဓိပ္ပါယ် စိစစ်သော်ကား.. ဗျာကရဏဟူသော ပုဒ်မှာ ဝိ၊ အာ၊ ကရဏ သုံးပုဒ်တို့ကို တွဲစပ်ထားသော ပါဠိဖြစ်၏။ (ဝိ = အထူး၊ အာ = ပိုင်းခြား၍ ကရဏ = ဟောဆိုခြင်း) မြတ်စွာဘုရားက အထူးပိုင်းခြား၍ ဟောကြားတော်မူခြင်းကို ဤအရာ၌ ဗျာကရဏဟု ခေါ်သည်။ ဤ သုမေဓာရသေ့သည် မည်သည့်အခါ၌ ဘုရားဖြစ်လိမ့်မည် စသည်ဖြင့် အထူးပိုင်းခြား ဟောကြားတော်မူခြင်းဟု ဆိုလိုသည်။ ထိုသို့ ဟောကြားခြင်းကိုပင် မြန်မာရှေးဆရာကြီးများက ဗျာဒိတ်ကြားခြင်းဟု အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြသည်။ ဤ ဗျာကရဏဟူသော ပုဒ်မှာ နာမ်ပုဒ်ဖြစ်၍ ကြိယာပုဒ်အနေအားဖြင့် ပါဠိတော် စသည်တို့၌ “ဗျာကာသိ”ဟူ၍ သုံးနှုန်းသည်၊ “ဗျာဒိတ်ကြားတော်မူပြီဟု မြန်မာပြန်ဆိုတော်မူကြသည်။ ဆိုလိုရင်းမှာ အထူးပိုင်းခြား ဟောကြားတော်မူပြီဟု ဆိုလိုသည်။ ဤ ဗျာကရဏဟူသော ပုဒ်မှာ မြတ်စွာဘုရား၏ အထူးပိုင်းခြား ဟောကြားအပ်သော (ဗျာဒိတ်)စကားကိုသာ ဟောသည်မဟုတ်သေး၊ ပါဏိနီ-စသော လောကီသဒ္ဒါကျမ်းများကိုလည်း ဆိုသည်၊ အမေးအဖြေ အရာ၌လည်း ဧကံသဗျာကရဏ = တဖို့တစုအားဖြင့် ဖြေကြားခြင်း စသည်ဖြင့် ဖြေကြားခြင်းကို ဗျာကရဏသဒ္ဒါက ဟောသည်။ မြတ်စွာဘုရား၏ တရားတော်တို့ကို အင်္ဂါအားဖြင့် (၉)ပါး ပိုင်းခြားရာ၌ ခေါ်ဝေါ်အပ်သည့် အင်္ဂါအစိတ်အပိုင်း တပါးဖြစ်သော ဝေယျာကရဏ ဟူသည်လည်း ဤဗျာကရဏပုဒ်ပင်တည်း၊ တရားတော်၏ အင်္ဂါကိုးတန်၌ ပါရှိသော ဝေယျာကရဏ အစိတ်အပိုင်းမှာ ဂါထာမဖက် စုဏ္ဏိယ (ပါဠိစကားပြေ) သက်သက်ဖြင့် အထူးပိုင်းခြား ဟောကြားအပ်သော တရားတော်စု ဖြစ်ပေသည်။ ဆိုလိုရင်းမှာ... ဗျာကရဏသဒ္ဒါက ဗျာဒိတ်ကြားခြင်း အနက်၊ လောကီသဒ္ဒါ ဗျာကရိုဏ်းကျမ်းဟူသော အနက်၊ ဖြေကြားခြင်းဟူသော အနက်၊ ဂါထာမဖက် စုဏ္ဏိယ (ဓမ္မစကြာပါဠိတော်ကဲ့သို့) ပါဠိစကားသက်သက်ဖြင့် ဟောအပ်သော တရားအစိတ်အပိုင်းဟူသော အနက်တို့ကို ဟောသည်ဟု ဆိုလိုသည်။ ရှေးမင်းများလက်ထက် ဗျာဒိတ်စကားကို သုံးကြပုံ ရှေးဘုရင်မင်းများ လက်ထက်အခါ လူအများသည် ဘုရင်မင်းမြတ်ကို မြတ်စွာဘုရားနီးနီးလောက် မြှောက်စားကြပြီးလျှင် ဘုရင်မင်းမြတ် ပြောဆိုရာကို “ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရား”ဟူ၍ ဝန်ခံကာ ဘုရင်မင်းမြတ်၏ အမိန့်စကားကိုပင် ဗျာဒိတ်ဟူသော ဝေါဟာရဖြင့် သုံးနှုန်း ခေါ်ဝေါ် ပြောဆိုကြသည်။ ဗျာဒိတ်၏ အဓိပ္ပါယ် ဤဆိုအပ်ပြီးသော စကားအရပ်ရပ်တို့ကို စဉ်းစား စိစစ်ပြီးလျှင် မြတ်စွာဘုရားနှင့်စပ်၍ သုံးနှုန်းခေါ်ဆိုအပ်သည့် ဗျာဒိတ်ဟူသော စကားမှာ ဗျာကရဏဟူသော ပါဠိမှ ဖြစ်ပွါးလာ၍၊ တဆူဆူသော ဘုရားရှင်က တဦးဦးသော ဘုရားအလောင်း ပစ္စေကဗုဒ္ဓါအလောင်း သာ၀ကအလောင်းအတွက် ဤမည်သော ကမ္ဘာ၌ ဤအမည်ဖြင့် ဘုရားဖြစ်လိမ့်မည် ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မည်... အစရှိသည်ဖြင့် မြေလက်ခတ်မလွဲ မှန်ကန်သည့် အထူးပိုင်းခြား မိန့်ကြားအပ်သော စကားကို ဗျာဒိတ်ဟူ၍ ခေါ်ဆိုကြောင်း ယုံမှားမရှိ မှတ်ယူရာ၏။ ကိုးကား ဗုဒ္ဓဘာသာ ဝေါဟာရများ မြန်မာစာပေ
https://my.wikipedia.org/wiki/%E1%80%97%E1%80%BB%E1%80%AC%E1%80%92%E1%80%AD%E1%80%90%E1%80%BA
ညောင်ရေအိုး
ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်းတို့၏ အိမ်ဦးမှာ တတ်နိုင်သည့်အလျောက် စင်ဆောက်လုပ်ပြီးလျှင် ထိုစင်ပေါ်၌ အိုးသုံးလုံးကို ရေထည့်၍ သင့်လျော်သော ပန်းများကို ထိုးစိုက်ထားတတ်ကြ၏။ ထိုစင်ကို “ညောင်ရေအိုးစင်”၊ ထိုအိုးများကို “ညောင်ရေအိုး”၊ စိုက်ထားသောပန်းများကို “ညောင်ရေအိုးပန်း”၊ အိုးထဲ၌ ထည့်ထားသောရေကို ညောင်ရေဟူ၍ အများပင် တညီတညွတ်တည်း ခေါ်ဝေါ်ကြသည်။ ရတနာသုံးပါးအား ပူဇော်ရန် ဤသို့ အိမ်တွင် ထားသော ညောင်ရေအိုးမှ ရေဖြင့် ညောင်ပင်သို့သွား၍ သွန်းလောင်းရန် ရည်သန်ခြင်း မရှိသော်လည်း ရတနာသုံးပါးကိုသာ ပူဇော်လှူဒါန်းရန် ရည်သန်ထားကြခြင်း ဖြစ်သည်။ ဈေးထဲမှာ စုပုံ၍ ရောင်းချနေစဉ်ကပင်လျှင် ညောင်ရေအိုး ညောင်ရေအိုးပန်းဟူ၍ ခေါ်ဆိုကြသည်။ ဘုရားမပွင့်မီ အစဉ်အလာ ဤသို့ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာသော အခါမှစ၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ရတနာသုံးပါးအား လှူဒါန်းကာ ဆုတောင်းဆုယူ ပြုလုပ်အပ်သော ရေကို ညောင်ရေဟူ၍ အထင်အရှား အများပြုလုပ်ကြသည် ဆိုသော်လည်း ဘုရားမပွင့်မီ အစဉ်အလာအားဖြင့်ပင် ညောင်ပင်စောင့် ရုက္ခစိုးနတ်ကြီးများကို ရည်သန်ပူဇော် ရေသွန်းလောင်းကာ ဆုတောင်းဆုယူ ပြုလုပ်ခဲ့သော အလေ့အထ အားကြီးစွာ ထုံခဲ့ကြသဖြင့် လူတို့၏စိတ်မှာ ယခုအခါတိုင်အောင်ပင် ညောင်ပင်ကြီးများကိုမြင်လျှင် အခြားသစ်ပင်တို့ထက် ပိုမိုအရေးယူခြင်း ညောင်ပင်ကြီးများ၌ ပန်းတင်ခြင်း ဆီမီးညှိထွန်းခြင်း အစရှိသော အလေ့အထသည်ကား ထင်ရှားပင် ရှိနေသေး၏။ ထိုသို့ ပြုလုပ်ကြသော သူတို့သည် ဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်ရွယ်သည်မဟုတ်၊ ရုက္ခစိုးနတ်ကြီးနေရာ ညောင်ပင်ဖြစ်သည်ကိုသာ အသိအမှတ် ထားကြသည်။ ထိုသူတို့အား ဘုရားမပွင့်မီ ရှေးအစဉ်အလာအတိုင်း (အထူးမစိစစ်တော့ပဲ) လိုက်နာသူများသာ ဖြစ်၏။ ညောင်ရေသွန်းကြောင်း သမိုင်းကြောင်း ဧကနိပါတ် ဦးရေ (၅၀)မြောက်ဖြစ်သော ဒုမ္မေဓဇာတ်၌ကား ရေသွန်းလောင်းကြောင်း တိုက်ရိုက်ပင် လာရှိသည်။ ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းတော်သည် ဗြဟ္မဒတ်ဟူသော အမည်ဖြင့်ပင် ထိုမင်း၏ သားတော်ဖြစ်၍ အိမ်ရှေ့မင်းအဖြစ် စံနေစဉ် တိုင်းသူပြည်သားတို့သည် နတ်များကို အထူးကိုးစားကာ ဆိတ် ကြက် ဝက် စသည်တို့ကို သတ်ဖြတ်၍ အသွေးအသားတို့ဖြင့်၎င်း ပန်းနံ့သာ စသည်တို့ဖြင့်၎င်း နတ်ပူဇော်မှု ပြုကြကုန်၏။ အလောင်းတော် အိမ်ရှေ့မင်းသားသည် “ငါမင်းဖြစ်လျှင် ဤဒုစရိုက်ကိစ္စတွေကို (တဦးတယောက်ကိုမျှ မနှိပ်စက် မညှဉ်းပန်းပဲ) ပပျောက် ငြိမ်းချမ်းစေမည်”ဟု ကြံစည်တော်မူကာ လူအများတို့ ညောင်ပင်ကြီး၌ နတ်ပူဇော်ပွဲ ကျင်းပနေသည်ကို မြင်၍ ညောင်ပင်သို့ဝင်လျက် ပန်းနံ့သာ စသည်တို့ဖြင့် (လူအများနည်းတူ) ပူဇော်၍ ရေသွန်းလောင်းကာ ညောင်ပင်ကို လကျ်ာရစ် လှည့်လည်ရှိခိုး၍ ပြန်ခဲ့လေသည်။ ဤနည်းဖြင့် ရခါရံခါ ထိုညောင်ပင်သို့ သွား၍ တကယ်ပင် နတ်ကို ကိုးစားသောသူကဲ့သို့ ပူဇော်မှုကို ပြုပြီးသည့်နောက် ခမည်းတော်လွန်မြောက်သဖြင့် မင်းအဖြစ်သို့ ရောက်သောအခါ မှူးမတ်အားလုံးကို စည်းဝေးစေပြီးလျှင် "မှူးမတ်အပေါင်းတို့… ငါ အိမ်ရှေ့မင်းဖြစ်စဉ်အခါ ညောင်ပင်ကြီးမှာ သွားရောက်၍ ရေသွန်းလောင်း ပူဇော်ခဲ့သည်ကို သင်တို့ သိမြင်ကြသည် မဟုတ်လော၊ ထိုအခါက ငါသည် “အကျွန်ုပ်ခမည်းတော်၏ အရိပ်အရာကို ကောင်းမွန်စွာ ရရှိမူကား အထောင်မျှသော လူမိုက်တို့၏ အသွေးအသားဖြင့် အရှင်နတ်မင်းအား ပူဇော်ပါမည်”ဟု ဝန်ခံခဲ့သည့်အတိုင်း လူမိုက်တို့၏ အသွေးအသားဖြင့် ညောင်စောင့်နတ်မင်းအား ပူဇော်လိုသည်။ ယနေ့မှစ၍ နိုင်ငံတော်အတွင်းမှာ လူမိုက်များကို စစ်ဆေးမေးမြန်း စာရင်းကောက်ယူ၍ ပေးကြရမည်”ဟု အမိန့်ထုတ်ပြန်လေသည်။ ထိုအခါ သူ့ အသက်သတ်ခြင်း စသည်ကို ပြုဝံ့သော သူမိုက်ဟူ၍ မရှိအောင် တိုင်းပြည် သာယာကောင်းမွန်သွားကြောင်း ဟောပြသော ဇာတ်တော်ဖြစ်သည်။ ကဆုန်လပြည့် ညောင်ရေသွန်းနေ့ ဤဇာတ်တော်၌ ဘုရားအလောင်းတော် ကိုယ်တိုင်ပင် (လူအများနည်းတူ ပရိယာယ်ဆောင်တော်မူ၍) ရေသွန်းလောင်းကြောင်း တိုက်ရိုက်လာရှိသည်။ သုဇာတာဝတ္ထုက ညောင်ပင်ကို ပူဇော်ပသသော နေ့လသည် ကဆုန်လပြည့်နေ့ဖြစ်ကြောင်း ဖော်ပြ၍၊ ဒုမ္မေဓဇာတ်က ညောင်ရေသွန်းလောင်းကြောင်း ဖော်ပြသည်။ ဤစကားနှစ်ရပ်ကို တွဲစပ်လိုက်လျှင် ဘုရားမပွင့်မီက လောကမှာ အများအားထား ကိုးကွယ်ကြသော ညောင်စောင့် ရုက္ခစိုးနတ်များထံ ချဉ်းကပ်၍ နှစ်ဦးအစဖြစ်သော ကဆုန်လပြည့်နေ့တွင် ညောင်ပင်မှာ ရေသွန်းလောင်းခြင်း စသည်ဖြင့် ပူဇော်ပသပွဲ ကျင်းပကြကြောင်း ထင်ရှားပေသည်။ နောင် ဘုရားပွင့်လာသောအခါ ညောင်ပင်စောင့် ရုက္ခစိုးနတ်ကို မပူဇော်တော့ပဲ မြတ်စွာဘုရားအားသာ ပူဇော်မှု ပြုကြသည်။ သို့ရာတွင် ဘုရားမပွင့်မီက ညောင်ပင်မှာ ရေသွန်းလောင်းရသည့်အတွက် “ညောင်ရေသွန်း”ဟူသော ဝေါဟာရကိုကား မပြောင်းလဲတော့ပဲ ဘုရားအားလှူသော ရေကိုလည်း “ညောင်ရေ”ဟုပင် ခေါ်ကြသည်။ ကိုးကား ဗုဒ္ဓဘာသာ အလေ့အကျင့်များ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8
ညောင်ရေ
ညောင်ရေဟူသည် ဗောဓိညောင်ဗုဒ္ဓဟေပင်ကို သွန်းလောင်းသော ရေပင်ဖြစ်သည်၊ ဤဗောဓိညောင်ပင်ကို ကဆုန်လမှာမှ ရေသွန်းလောင်းခြင်း၏ အကြောင်းကား... ကဆိန္နပါဠိမှ ကဆုန်ဖြစ်လာသလား? (က) ကဆုန်လဟူသည်မှာ (ကဆိန္န)ဟူသော ပါဠိမှ ဆင်းသက်လာသော စကားဖြစ်၏။ (က = ရေ၊ ဆိန္န = ပြတ်သည်)၊ ကဆိန္န = မြေဓာတ်မှာ ရေပြတ်သောလ-ဟု အဓိပ္ပါယ်ရသည်၊ (ကဆိန္နဟူသော ပါဠိမှ ဖြစ်လာသော) ထိုကဆုန်လမှာ လွန်ခဲ့သောနှစ်က မိုယ်းနှင့်လည်း အလွန်ဝေးကွာ လာမည့်နှစ် မိုဃ်းကလည်း မရွာသေးသည့်အတွက် မြေဓာတ်မှာ ရေအပြတ်ဆုံးလဖြစ်၍ ဗောဓိပင် သေမသွားစေရန် ရေသွန်းလောင်းပေးရသည်ဟု ဝေါဟာရလီနတ္ထဒီပနီ ကျမ်းဆရာက ပြဆိုထားသည်။ (ကဆိန္နဟူသောပါဠိ ကဆုန်လဟောကြောင်း ပိဋကကျမ်းတို့၌ မရှိသည့်ပြင်၊ အတော်အတန် ရေပြတ်သော တပေါင်း တန်းခူးလတို့၌ ညောင်ရေမသွန်းပဲ ဗောဓိပင် အလွန်အားနည်းမှ အားဆက်၍ ပေးသလောဟုပင် ပညာရှင်တို့ အပြစ်တင်ဘွယ် ရှိပေသည်။) အရှင်အာနန္ဒာ ဗောဓိပင် ပူဇော်ပုံ (ခ) အချို့ ပညာရှင်များကလည်း တေရသကနိပါတ် ခြောက်ခုမြောက် ကာလိင်္ဂဗောဓိဇာတ် နိဒါန်းမှာ လာရှိသော (ဇေတဝန်ကျောင်းတိုက်အတွင်း အရှင်အာနန္ဒာ စိုက်ပျိုးအပ်သည့်) အာနန္ဒာဗောဓိပင်ကို အကြောင်းပြု၍ ညောင်ရေသွန်းပွဲ ဖြစ်ပေါ်လာသည်ဟု ပြောဆိုကြ၏။ (ထို ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာ၌ အရှင်အာနန္ဒာစီမံသော ဗောဓိပင်မှာ (မြန်မာစာမူများအလို) ရွှေအိုး ငွေအိုး တဆယ့်ရှစ်လုံး၊ (သီဟိုဠ်စာမူများအလို) တရာ့ရှစ်လုံးတို့အထဲမှာ နံ့သာရေတို့ကို ထည့်ပြီးလျှင် ကြာညိုပန်းစသည် အမျိုးမျိုး စိုက်ထိုးလျက် ညောင်ပင်ကို ဝိုင်းဝန်းစီစဉ် ပူဇော်ထားကြောင်း စသည်သာ အထူးလာရှိသည်၊ ညောင်ရေသွန်းသည်ဟူ၍ကား အထူးမရှိ၊ သို့သော် ထိုဗောဓိညောင်ပင်အား ရေသွန်းလောင်းမည် အမှန်ပင်ဖြစ်၏။ သို့သော်လည်း ရေသွန်းခြင်းကိစ္စထက် နံ့သာပန်းအိုးတို့ကို ဝိုင်းဝန်း စီစဉ် ပူဇော်ခြင်း, ရတနာ (၇)ပါးဖြင့်ပြီးသော ပွတ်လုံးရံခြင်,၊ ရွှေနှင့်ရော၍ သဲဖြူဖြန့်ခင်းခြင်း, တံတိုင်းအရံပြုလုပ်ခြင်း, ရတနာ (၇)ပါးဖြင့် ချယ်စီအပ်သော တံခါးမုခ်တည်ခြင်း ကိစ္စတို့ကသာ ထူးကဲသောကိစ္စဖြစ်၍ ထိုကိစ္စတို့ကိုသာ အဋ္ဌကထာဆရာ အထူး ဖွင့်ပြတော်မူသည်။ ထိုအချိန်ကမှစ၍ ညောင်ရေသွန်းခြင်းကိစ္စအထူး ဖြစ်လာပါလျှင် အဋ္ဌကထ၌ အထူးဖွင့်ပြလေရာ၏၊ ပြကား မပြခဲ့၊ ဤသို့ ရေသွန်းလောင်းခြင်းကို တိုက်ရိုက်မပြသော အာနန္ဒာဗောဓိကို အရင်းခံထား၍ ညောင်ရေသွန်းပွဲသဘင် စတင်ဖြစ်သည်ဟု ဆိုရန်မှာလည်း ခဲယဉ်းသောအချက်ပင် ဖြစ်သည်။) ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်လို့ (ဂ) အချို့ ပညာရှင်များကမူ ကဆုန်လပြည့်နေ့သည် ပြဆိုခဲ့ပြီးသောအတိုင်း ဘုရားအလောင်းတော်များ ဗျာဒိတ်ခံတော်မူရာနေ့ ဘုရားဖြစ်မည့်ဘ၀တွင် ဖွားတော်မူရာနေ့ ဘုရားဖြစ်တော်မူရာနေ့ ပရိနိဗ္ဗာန် စံတော်မူရာနေ့အားဖြင့် နေ့ထူးနေ့မြတ်ကြီး ဖြစ်သောကြောင့် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းခြင်းကောင်းမှု ပြုလုပ်ကြသည်ဟု ဆိုကြပြန်၏။ (ညောင်ရေသွန်းခြင်းကိစ္စကား ဘုရားမပွင့်မီကပင် ရှေး၌ ဆိုအပ်ပြီးသောအတိုင်း ဖြစ်ပေါ်ခဲ့သည်။ ဘုရားပွင့်တော်မူလာသောအခါမှ နတ်အား ပူဇော်ခြင်းမှ ပြောင်းလဲ၍ ဖော်ပြပါအတိုင်း နေ့ထူးနေ့မြတ်ကြီးဖြစ်သည်ကို အာရုံပြုကာ ဗုဒ္ဓဘာသာဝင်တို့ မြတ်စွာဘုရားအား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်ဟု မှတ်ယူထိုက်ပေသည်။) ကိုးကား မြန်မာ့ ဓလေ့ထုံးစံ ဗုဒ္ဓဘာသာ ဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%B1
နိမိတ်ကြီး (၃၂)ပါး
ဘုရားအလောင်းတော် ဗျာဒိတ်ခံသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီးများနှင့်၊ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေသောအခါ၊ ဖွားတော်မူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါ၊ ဓမ္မစကြာတရားဦး ဟောတော်မူသောအခါတို့၌ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါးတို့မှာ မတူကြပေ၊ တမျိုးစီသာဖြစ်သည်၊ ဗျာဒိတ်ခံသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါး အလောင်းတော် သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါးတို့ကို မုံရွေးဇေတဝန် ဆရာတော်က မိမိ၏ ရာဇောဝါဒကျမ်း၌- “မြစ်ရေပြန့်ပြန့်၊ တန့်၍ရှည်ကြာ၊ မနေရာသော်လည်း၊ ရွှေဗျာဒိတ်ပွဲ၊ ကာလဆဲတွင်၊ လွှဲ၍မစီး၊ ငရဲမီးချမ်းသာ၊ သုမေဓာ၏၊ ဂုဏ်အာနုဘော်၊ ဉာဏ်တော်ရင့်ညောင်း၊ သူတော်ကောင်းကြောင့်၊ အပေါင်းသတ္တဝါ၊ ဒုက္ခကွာ၍၊ ချမ်းသာ ရောက်ဘူးကြလေသည်”.. ဟူသော စာပိုဒ်၏ အဓိပ္ပါယ်ကို အကျယ်ဖော်ပြရာ၌ နိမိတ်ကြီး (၃၂)ပါးတို့၏ သရုပ်ကို.. (၁) အချမ်းအအေး ကင်း၏၊ (၂) အပူငြိမ်း၏၊ (၃) တသောင်းသော စကြဝဠာ၌ အသံမရှိ ဆိတ်၏၊ နှောက်ရှက်ခြင်း ကင်း၏၊ (၄) ပြင်းစွာသော လေတို့သည် မလာကုန်၊ (၅) အယဉ်ထန်စွာစီးသော မြစ်ကြီးတို့သည် မစီးကုန်၊ (၆) ကြည်းပန်း ရေပန်း ဟူသမျှတို့သည် အလုံးစုံ ပွင့်ကုန်၏၊ (၇) နွယ်ပင် သစ်ပင် (ပင်စောက်)တို့သည် အသီး သီးကုန်၏၊ (၈) ကောင်းကင်ရတနာ မြေပြင်ရတနာတို့သည် ကောင်းစွာ ထွန်းထောက်ပကုန်၏၊ (၉) လူ၌ဖြစ်သော တူရိယာ နတ်၌ဖြစ်သော တူရိယာတို့သည် အလိုလို မြည်ကုန်၏၊ (၁ဝ) ကောင်းကင်မှ ဆန်းကြယ်သော ပန်းမိုယ်းတို့သည် ရွာကုန်၏၊ (၁၁) မဟာသမုဒြာသည် ဝဲလည်၏၊ (၁၂) တသောင်းသော စကြဝဠာတိုက် တုန်လှုပ်၏၊ (၁၃) တသောင်းသော စကြဝဠာတိုက်၌ ငရဲမီးတောက်တို့သည် ငြိမ်းအေးကုန်၏၊ (၁၄) နေသည် ကင်းသော အညစ်အကြေးရှိ၏ (အညစ်အကြေးကင်း၏)၊ (၁၅) ကြယ်တို့သည် နေ့အခါ၌ ထင်ကုန်၏၊ (၁၆) မိုဃ်းမရွာပဲ ရေသည် မြေမှထွက်၏၊ (၁၇) ကြယ်အပေါင်းနှင့် နက္ခတ် နှစ်ဆယ့်ခုနှစ်လုံးတို့သည် အလွန်ထွန်းပ တင့်တယ်ကြကုန်၏၊ (၁၈) ဝိသာခါနက္ခတ်သည် လပြည့်ဝန်း (စန်း)နှင့် ယှဉ်၏၊ (၁၉) တွင်း၌နေသော မြွေ, မြွေဘာ၊ ချောက်၌နေသော မြေခွေး, ဝံ, သစ် အစရှိသော သတ္တဝါတို့သည် မိမိတို့နေရာမှ ထွက်ကုန်၏၊ (၂၀) သတ္တဝါတို့ မမွေ့လျော်ခြင်းပျောက်၍ မွေ့လျော်ခြင်း ရှိကြကုန်၏၊ (၂၁) အနာတို့သည် ငြိမ်းကုန်၏၊ (၂၂) မွတ်သိပ်ဆာလောင်ခြင်း ကင်းကုန်၏၊ (၂၃) ရာဂ, ဒေါသ, မောဟ ပျောက်ကင်း၏၊ (၂၄) ဘေးကင်းကြ၏၊ (၂၅) မြူထခြင်း မရှိ၊ (၂၆) မကောင်းသော အနံ့တို့သည် ပျောက်ကုန်၏၊ (၂၇) နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏၊ (၂၈) (အရူပ-ဗြဟ္မာတို့ကို ထား၍) ခပ်သိမ်းသော နတ်ဗြဟ္မာတို့သည် ထင်ကုန်၏၊ (၂၉) တသောင်းသော လောကဓာတ်၌ ငရဲတို့သည် ထင်ကုန်၏၊ (၃ဝ) တံတိုင်း တိုက်နံရံ တံခါးရွက် ကျောက်တောင်တို့ဖြင့် ပိတ်ပင်ဆီးတားခြင်း မရှိကုန်၊ (၃၁) စုတေခြင်း မရှိကုန်၊ (၃၂) ပဋိသန္ဓေနေခြင်း မရှိကုန် ဟူ၍ ရေတွက်ဖော်ပြထားသည်။ အချို့ဆရာကြီးတို့ကမူကား မုံရွေးဇေတဝန်ဆရာတော် ပြအပ်သည့် (၃)အမှတ် နိမိတ်တခုကို နှစ်ခုခွဲ၍ ယူလိုကြ၏၊ ယူလိုကြရင်း နှလုံးသွင်း အာဘော်မှာ... မုံရွေးဆရာတော် မိန့်ဆိုသည့်အတိုင်း တခုတည်းယူလိုက်လျှင် အနှောက်အရှက်မရှိဆိုသော စကားအရ အသံတိတ်ဆိတ်နေသည့်အတွက် မည်သူ့နားမှာမှ အသံရှုပ်ထွေး နှောက်ရှက်ခြင်းမရှိဟု ဆိုရာရောက်၏၊ ဤအတိုင်းလျှင် အနှောက်အရှက်မရှိဟူသော စကား၏ အဓိပ္ပါယ်မှာ လေးလေးနက်နက် မရှိလှ၊ လူတို့၏နားမှာ အသံကြားရပုံ ရှုပ်ထွေးနှောက်ရှက်မှုကိုသာ အနှောက်အရှက်ဟူ၍ မယူပဲ မည်သည့်နည်းနှင့်မဆို တဦးအပေါ်မှာ အခြားသူ တဦးကဖြစ်စေ၊ အများကဖြစ်စေ နှောက်ရှက်မှု မရှိနိုင်ဟု ယူလိုက်လျှင် သာလွန်၍ အဓိပ္ပါယ် လေးနက်မည်ဖြစ်၏။ သို့ဖြစ်၍ ဤ အနှောက်အရှက်မရှိဟူသော စကားကို နိမိတ်သီးခြား တပါးအဖြစ် ယူသင့်သည်။ ထိုသို့ ယူလိုက်သည်ရှိသော် နိမိတ်တပါး ပိုသွားမည်ဖြစ်၍ မပိုစေရန် (၂၆) အမှတ်နှင့် (၂၇)အမှတ် နိမိတ်တို့ကို နိမိတ်တခုတည်းအဖြစ် စုပေါင်း၍ ယူလိုက်လျှင် တပါးမပိုတော့ပေ။ စုပေါင်းယူရန်လည်း သင့်ပေသည်… (၂၇)အရ နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏ဟု ဆိုလိုက်လျှင်ပင် မကောင်းသော အနံ့တို့သည် ပျောက်ကုန်၏ဟူသော စကားကို နိမိတ်သီးခြား တပါးအဖြစ် ယူရန် မလိုတော့ပေ၊ နတ်၌ဖြစ်သော ရနံ့လှိုင်သည်ဟူသော စကား၏ ဝိသေသနအဖြစ်ဖြင့်သာ မကောင်းသောအနံ့ ပျောက်ကင်း၍ နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏ဟူ၍ နိမိတ်တပါးတည်းသာ ယူလိုက်ပါလျှင် (၃၂)ပါးပင်ဖြစ်၍ အဋ္ဌကထာတို့နှင့်လည်း မဆန့်ကျင်ချေဟူ၍ မိန့်ဆိုတော်မူကြ၏။ နိမိတ်ထင်ပုံနှင့်စပ်၍ မှတ်ဖွယ် “နိမိတ်ကြီး (၃၂)ပါးတို့ ထင်မြင်ကြသည်” ဆိုရာ၌ အချို့သော နိမိတ်တို့မှာ အပြိုင်အဆိုင် တချိန်တည်းမှာ ထင်မြင်ကြ၍ အချို့သော နိမိတ်ကြီးတို့မှာ သဘောချင်း ဆန့်ကျင်သဖြင့် အပြိုင်အဆိုင် တချိန်တည်းမှာ မထင်မြင်ပဲ အလှည့်ကျ ထင်မြင်သည်ဟု မှတ်ရာ၏။ ပုံစံမှာ.. ကုန်းပန်း ရေပန်းတို့ တပြိုင်နက် ပွင့်ကြသည်။ အသီးပင်တို့သည် တပြိုင်နက် သီးကြသည် ဆိုရာ၌ အပွင့်နှင့် အသီးတို့သည် သဘောချင်း မဆန့်ကျင်ပဲ အထည် ဝတ္ထုကိုယ် တခြားစီ ထင်ရှားကြသော အရာများဖြစ်၍ အပြိုင်အဆိုင် တချိန်တည်းမှာပင် ထင်မြင်နိုင်ကြကုန်၏။ တသောင်းသော လောကဓာတ် အသံဆိတ်သည်၊ တူရိယာများ အလိုလို မြည်ကြသည် ဆိုရာ၌ အသံဆိတ်ခြင်းနှင့် အသံမြည်ခြင်းတို့မှာ သဘောချင်း ဆန့်ကျင်၍ အထည် ဝတ္ထုကိုယ် သီးခြားမရှိကြသော အရာမျိုးဖြစ်၍ (အပွင့်နှင့် အသီးမှာကဲ့သို့) တွဲဖက်ယှဉ်ပြိုင် တချိန်တည်း တပြိုင်တည်း တည်နေနိုင်ကြသည် မဟုတ်၊ အသံ တိတ်ဆိတ်သွားသည့် အခိုက်အတန့်မှာ နတ်လူအများ ထင်ရှားသိရှိနိုင်အောင်ပင် တိတ်ဆိတ် သွား၍၊ တူရိယာတို့ မြည်သောအခါ နတ်လူအများ ထင်ရှားသိရှိအောင် မြည်ကြသည်ဟူ၍ မှတ်ယူရာ၏။ ဤနည်းအတူ စီးဆင်းနေကျ မြစ်ရေများ ရပ်တန့်သွားသည်၊ သမုဒြာရေ ဝဲလှည့်သည် ဆိုရာ၌ တပြိုင်နက်တည်း မရနိုင်၊ မြစ်ရေ ရပ်တန့်နေဆဲမှာ(လှည့်နေကျမဟုတ်သော) သမုဒြာထဲမှာ ဝဲလှည့်နိုင်မည်မဟုတ်၊ အမှန်မှာ ဗျာဒိတ်ပွဲနှင့် ကြုံကြိုက်သဖြင့် မဖြစ်စဘူး ထူးကဲအံ့ဩဘွယ်ရာ မြစ်ရေမှာ မစီးပဲ ရပ်စဲ၍ နိမိတ်ပြသည်၊ ဤကဲ့သို့ နိမိတ်ပြနေသည့်အတွင်း သမုဒြာထဲမှာလည်း ဝဲလှည့်ရန်ကို မဆိုထားဘိ ရေပြင်ပေါ်၌ လှိုင်းတံပိုးမျှ မထပဲ မြစ်ရေအသွင် ငြိမ်သက်၍ပင် နေရပေမည်။ သမုဒြာက နိမိတ်ပြဘို့ အလှည့်ရောက်သဖြင့် ဝဲလှည့်၍ နိမိတ်ပြလိုက်သောအခါ မြစ်ရေမှာ မရပ်တန့်ပဲ စီးမြဲ စီးဆင်းနေသည်ဟု မှတ်ယူရာ၏။ ပါရမီတော်ခဏ်းပျို့ ဤနိမိတ်ကြီး (၃၂)ပါးအကြောင်း ပါရမီတော်ခဏ်းပျို့ ပိုဒ်ရေ (၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃)တို့၌ စပ်ဆိုထားသည်ကို သိမှတ်လွယ်ကူရန် ထုတ်ဆောင်ပြပေဦးအံ့..၊ ရှေးတွင်သောခါ၊ ဘုရားလျာတို့၊ ပတ္ထနာဆုံး၊ ထက်ဝယ်ကြုံးလျက်၊ နှလုံးသာယှဉ်၊ နေသော်စဉ်၌၊ တမျဉ်နိမိတ်၊ ထင်မြဲဟိတ်သို့၊ ဗျာဒိတ်ရခါ၊ တို့မြတ်စွာ၏၊ ၁-၂။ အခါခပ်သိမ်း၊ မငြိမ်းဘူးပဲ၊ နှစ်ကွဲရတု၊ ပူချမ်းမှုလည်း၊ သာဓုနုမော်၊ ခေါ်ကြလာဘိ၊ အညီညှိသို့၊ မရှိဘန်ပြု၊ သာယာနု၏။ ၃။ မြတ်ဆုတောင်းရာ၊ နာခံပါသို့၊ စကြဝဠာခပင်း၊ သောင်းတွင်း လောကဓာတ်၊ ထက်ဝန်းပတ်လည်း၊ အမှတ်တရ၊ ရုတ်ဆန်းမျှလျှင်၊ နိစ္စအဓွန့်၊ လိုလွန့်သောင်းသဲ၊ မြည်ကုန်မြဲလျက်၊ ညံစဲတိတ်တိတ်၊ အသံဆိတ်၏။ ၄။ မထိတ်အားနည်း၊ မုန်တိုင်းသည်းလည်း၊ ယမ်းပည်းထွေငေါ်၊ ကျွန်လျှင်တော်သို့၊ ထိုရော်အခါ၊ ညောင်းလျက်လာ၏။ ၅။ ဂင်္ဂါမကြွင်း၊ မြစ်ခပင်းလည်း၊ စီးခြင်းမရှိ၊ တုံ့ဘိညာရေ၊ အကြေမသွား၊ တန့်၍နား၏။ ၆။ နုထွားနှင်နှင်၊ ပန်းသစ်ပင်လည်း၊ ရေပြင်မြေလုံး၊ မိုးဖုံးပိတ်ကာ၊ ဗျာဒိတ်ခါဝယ်၊ ကြိုက်ပါသဖြင့်၊ ကြို့၍ပွင့်၏။ ၇။ လှတင့်လှတယ်၊ သစ်ပင်နွယ်လည်း၊ ကြီးငယ်မလွတ်၊ ပင်လုံးကျွတ်လျှင်၊ ခိုင်ပြွတ်လက်ဆောင်၊ သစ်သီးတောင်သို့၊ ကုန်အောင်ထိုမျှ၊ သီးခွင့်ရ၏။ အံ့ဩဘနန်း၊ ဤသို့ထွန်းသည်၊ ၊ပွင့်ခန်းဆုတောင်း ခေါက်ရက်တည်း။ ၈။ မိုးရပ်ဆုံးစွန်၊ ဗိမာန်တခွင်၊ ဤမြေပြင်၌၊ အကြင်မျှလောက်၊ မြတ်ထွတ်မြောက်သား၊ လျှံတောက်ကြက်သရေ၊ မြုတေဘဏ္ဍာ၊ ရတနာလည်း၊ ထိုခါအရောင်၊ လွန်၍ဆောင်၏။ ၉။ လူ့ဘောင်နတ်ဘောင်၊ မှုများဆောင်လျက်၊ သာအောင်မှုတ်သီ၊ အညီပြုပြင်၊ ပွဲသဘင်သို့၊ ပဉ္စင်တူရိယာ၊ မှုတ်တီးရာသား၊ အင်္ဂါငါးမည်၊ လူနတ်စည်လည်း၊ ဧမြည်သံချို၊ အလိုလိုလျှင်၊ ထိုထိုရပ်သား၊ ခြိမ့်မျှကြား၏။ ၁၀။ ပေါက်သားမုန်အိုက်၊ ခိုက်၍ကျကြွေ၊ ပင်ခြေထက်ဝန်း၊ အင်ကြင်းပန်းသို့၊ ထူးဆန်းတရိုး၊ နတ်ပန်းမျိုးလည်း၊ ဖြိုးဖြိုးမြေထက်၊ ဖမျက်ပုဆစ်၊ ကျွံဘွယ်နစ်၏။ ၁၁။ ကြွေးဟစ်သံရင့်၊ ချီးမွမ်းလင့်သို့၊ မြည်ခွင့်ရရ၊ ပင်လယ်မနှင့်၊ ၁၂။ ညီကြနဂိုရ်၊ မြင်းမိုရ်တသောင်း၊ တိုက်အပေါင်းအား၊ ကြည်းကောင်းခံပေ၊ ဤသည့်မြေလည်း၊ ရိုသေလှစွာ၊ ကြည်းနာသံဟည်း၊ တော်တိလည်း၏။ စနည်းဤသို့၊ အံ့ဘွယ်မြို့လည်း၊ ၊ငါတို့ မြင်ကုန်လိုက်လျက်တည်း။ ၁၃။ စကြဝဠာ၊ ရိုက်ရာအပေါင်း၊တိုက်တသောင်းတွင်၊ ဆိုးကောင်းခံမြဲ၊ မီးငရဲလည်း၊ ရေကြဲလက်ဖျန်း၊ မယ်ဖျူးပန်းသို့၊ ပူမှန်းမသိ၊ တောက်ညိမထိန်၊ အရှိန်စဲလေ၊ တိတ်တိတ်သေလျက်၊ ပြေ၏ထိုမြို့- ၁၄။ နေရောင်ပျို့လည်း၊ မဆို့ထိန်လင်း၊ မြူမိုက်ကင်း၍၊ သန့်ရှင်းကောင်းကင်၊ ကြည်ကြည်စင်၏။ ၁၅။ ပေါ်ထင်မိုးလယ်၊ ခပ်သိမ်းကြယ်လည်း၊ နန်းဝယ်ကြက်ဟန်၊ မျက်ဗိတာန်သို့၊ တသွန်ဝန်းကျင်၊ ပြဲ့ပြဲ့မြင်၏။ ၁၆။ မြေပြင်မျက်နှာ၊ မိုဃ်းမရွာလည်း၊ ရွံရှာစွာဘိ၊ အညှိစေးညှော်၊ ဆေးပေးလျှော်သို့၊ လျှံပေါ်ရေကြီး၊ ပြင်းခပ်စီး၏။ ၁၇။ ဖြင်ညီးရိပ်ရိပ်၊ ကောင်းကင်ထိပ်၌၊ အနိပ်အပြ၊ မရှနတည့်၊ ထွန်းပရောင်ဝါ၊ သောကြာစိုင်ရှူး၊ ဗုဒ္ဓဟူးက၊ စသည်အလို၊ လူတို့ဂြိုဟ်လည်း၊ မပြိုမကွဲ၊ ပြိုင်တွဲမခွပ်၊ ထိန်ဝါလျှပ်၏။ ၁၈။ ခပ်စပ်နက္ခတ်၊ သမသတ်နှင့်၊ ပါဒ်ဗီဇနာ၊ ဝိသာခါလည်း၊ တရာမရွေ့၊ ပြည့်သည့်နေ့လည်း၊ ဖြစ်မြေ့ဧကန်၊ ကြိုက်မြဲမှန်၏။ တသွန်ဤသို့၊ စနည်းမြို့လည်း၊ ၊ငါတို့ မြင်တိုင်းပင်ပက်တည်း။ ၁၉။ ခပ်သိမ်းတသွန်၊ တိရစ္ဆာန်များ၊ ချောက်ကမ်းပါးနှင့်၊ တွင်းနားလိုဏ်ခေါင်း၊ မြေထဲအောင်းလည်း၊ ဝပ်ညောင်းပြင်းစွာ၊ ဗျာဒိတ်ခါမှ၊ ထွက်ပါလွင်ကျင်း၊ ပြင်သန့်ရှင်း၏။ ၂၀။ အခြင်းထူးခြား၊ ကြံဘွယ်များကို၊ သိကြားမည်မှည့်၊ သူ့လိုဖြည့်လည်း၊ မပြည့်တန်ပဲ၊ အင်ယုတ်မြဲလျက်၊ ရောင့်ရဲခြင်းပြေ၊ လူဗိုလ်ခြေအား၊ ကောင်းတေစုံမက်၊ လွန်နှစ်သက်၏။ ၂၁။ နှိပ်စက်အနာ၊ လူတကာလည်း၊ သက်သာအီကျန်း၊ လန်းလန်းထူထ၊ လွတ်ခွင့်ရ၏။ ၂၂။ မဝရေစာ၊ ငတ်စွာသသူ၊ ပြိတ္တာမူလည်း၊ မပူမလောင်၊ ဝမ်းခေါင်တက်ဆို့၊ ပြည့်၏သို့လျှင်၊ နှစ်လို့သောလျောက်၊ မွတ်သိပ်ပျောက်၏။ ၂၃။ မွှေနှောက်ရမ္မက်၊ ခေါင်းပါးလျက်လျှင်၊ အမျက်ဒေါသ၊ မိုက်မဲစသား၊ မာန်မျှမကျန်း၊ ရေသို့ခန်း၏။ အဆန်းထူးပြား၊ တံဘောင်များကို၊မှတ်သားငါတို့၊ ယခုမြို့လည်း၊ ၊တချို့ မမေ့စေရက်တည်း။ ၂၄။ လူ့ရပ်ခန်းဝါ၊ ပါယ်လေးရွာကား၊ အခါခပ်သိမ်း၊ ဘေးမုဒိမ်းဖြင့်၊ ကြောက်ကြိမ်းသရဲ၊ လွန်စွာမြဲလျက်၊ရန်လွှဲကာရွတ်၊ နတ်မှုတတ်သို့၊ သတ်ခတ်နိုင်နင်း၊ ဘေးဒဏ်ကင်းလျက်၊ ၂၅။ မိုးဝင်းစဉ်၌၊ အခါကြိုက်သို့၊ ခိုးမှိုက်မြူမှက်၊ အထက်မဝှန်၊ ရတုမွန်၏။ ၂၆။ လေသွန်တကြောင်း၊ နံ့မကောင်းလည်း၊ ဆဲမောင်းသောခါ၊ ကျွန်နှယ်ခွါလျက်၊ ၂၇။ လေညာဘက်ပြည်၊ လွင်မှုန့်တည်သို့၊ မွန်ရည်စွာရှောင်း၊ နတ်နံ့လှောင်း၏။ ၂၈။ ဆိုးကောင်းသတ္တဝါ၊ ဗြဟ္မာထုတ်ချင်း၊ လင်းလင်းတရှက်၊ ဘဝဂ်လေးထပ်၊ ရုပ်မဲ့ရပ်ကို၊ လပ်စေထိုမှ၊ ကြွင်းသမျှကား၊ ကြည့်ကထင်ထင်၊ ရှိတိုင်းမြင်၏။ ၂၉၊ အောက်ခွင်တလွှား၊ ငရဲများလည်း၊ ကြိုးကြားတိမ်မြုပ်၊ မငုပ်မကွယ်၊ ကြောက်ကြိမ်းဘွယ်လျှင်၊ ကြီးငယ်မကျန်၊ တင်ပြညွှန်သို့၊ တုံးသန်ရင်တား၊ မခြားနားတည့်၊ ၃၀။ တံခါးနံထောင်၊ တောင်လည်းမတန်း၊ စောင်ရန်းထရံ၊ အကြံရရ၊ ညှာတာကြသို့၊ ပိတ်တွမတည်း၊ ဟင်းလင်းချည်းလျှင်၊ စည်းလည်းမသား။ ၃၁။ မလားသေဟိတ်၊ စုတိစိတ်ဖြင့်၊ မဖိတ်မစဉ်၊ ၃၂။ ဝိညာဉ်လှဲဘောက်၊ မရောက်သူသစ်၊ မဖြစ်လာတွန်၊ ကိုယ်ဝန်မစွဲ၊ ဤခပဲလည်း၊ ဖြစ်မြဲပင်ပက်၊ ရှင်လက်ထက်တုံ၊ ယခုကြုံ၏၊ ၊စေ့စုံဆိုရိုး မပျက်တည်း။ ကိုးကား ဗုဒ္ဓဘာသာ သမိုင်း ဗုဒ္ဓဘာသာ ဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%99%E1%80%AD%E1%80%90%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%20%28%E1%81%83%E1%81%82%29%E1%80%95%E1%80%AB%E1%80%B8
လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်
ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် ရုပ်တရား နာမ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဤလေးချက်ဖြင့် ပိုင်နိုင်စွာသိရှိမှ ဒိဋ္ဌိဝိသုဒ္ဓိ (စင်ကြယ်သန့်ရှင်းသော အသိဉာဏ်)သို့ ရောက်သည် ဓမ္မာနုပဿနာသတိပဋ္ဌာန်ကျင့်စဉ် ကောက်နုတ်ချက် ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းတော်သည် .. ၁။ (က) ဤကား ရုပ်တရားတည်း၊ ( ခ ) ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊ ( ဂ ) ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။ ၂။ ဝေဒနာ ၃။ သညာ ၄။ သင်္ခါရ ၅။ ဝိညာဏ ဤသို့လျှင် ဥပါဒါနက္ခန္ဓာ (၅)ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍နေရန် ယောဂါဝစရ ရဟန်းတော်အား ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှုပါ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားအားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိရမည် သိအောင်ရှုရမည်ဟု ဆိုလိုသည်။ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားတော်မူချက် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ် (၂၈)ပါးကိုလည်းကောင်း, ပထဝီ-အာပေါ-တေဇော-ဝါယော စသော ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာ ဆိုင်ရာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာကိုလည်းကောင်း, ယင်းဝေဒနာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္ဓသညာဟူသော သညာအပြားကို လည်းကောင်း, ယင်းသညာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၄။ ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ စသော သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော စေတသိက် အလုံး (၅၀)ကိုလည်းကောင်း, ယင်းစေတသိက် အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟူသော ဝိညာဏ်အပြားကိုလည်းကောင်း, ယင်းအသီးအသီးသော ဝိညာဏ်၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း သိအောင် ရှုရမည်။ ၁။ လက္ခဏ လက္ခဏာသည် သဘာဝလက္ခဏာ သာမညလက္ခဏာဟု လက္ခဏာနှစ်မျိုး ရှိ၏၊အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာသုံးပါးတို့သည် သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏၊ ယင်း အများဆိုင် သာမညလက္ခဏာကား ဝိပဿနာပိုင်းနှင့်သာ သက်ဆိုင်သဖြင့် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုပွားသုံးသပ်ရမည် ဖြစ်၏၊ ရုပ်တရားအားလုံးတို့၏ သီတ-ဥဏှ = အအေး-အပူစသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးက ဖြစ်သွားသော ရုပ်သန္တတိအစဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းဟူသော ဖြစ်ပုံအခြင်းအရာ မတူညီဘဲ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ဖြစ်ခြင်း = ရုပ္ပနလက္ခဏာသည် ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏၊ နာမ်တရားအားလုံးတို့၏လည်း မိမိတို့၏ အာရုံပြုရာ ဆိုင်ရာဆိုင်ရာ အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းခြင်းသဘော = နမနလက္ခဏာသည်လည်း နာမ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏၊ ဤရုပ်တရား နာမ်တရားတို့၏ ရုပ္ပနလက္ခဏာ, နမနလက္ခဏာဟူသော သာမညလက္ခဏာကား ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်းနှင့် သက်ဆိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်း၌ပင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏၊ ထိုထို ရုပ်တရား နာမ်တရားတို့၏ အများနှင့် မဆက်ဆံသော မိမိ၏ ကိုယ်ပိုင်အမှတ်အသား သဘောရင်းကို သဘာဝလက္ခဏာဟု ခေါ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ ယင်းပရမတ္ထဓမ္မ အသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏၊ ၂။ ရသ ထိုထို ရုပ်တရား နာမ်တရား၏ မိမိ၏အကျိုးကို အစွဲပြု၍ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို ရသဟု ခေါ်ဆိုသည်။ ယင်းရသသည်လည်း ပရမတ္ထဓာတ်သားတရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ, အကြောင်းစုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသ, တစ်နည်း - ထင်ရှားရှိနေသော ဂုဏ်ဟူသော သမ္ပတ္တိရသဟု ရသနှစ်မျိုး ရှိ၏၊ ထိုတွင် အချို့တရား၌ ကိစ္စရသ ထင်ရှား၍ အချို့တရား၌ သမ္ပတ္တိရသ ထင်ရှားကာ အချို့တရား၌ ကိစ္စရသ သမ္ပတ္တိရသ နှစ်မျိုးလုံး ထင်ရှား၏၊ ထိုရသများသည် ဆိုင်ရာတရား၌ ထင်ရှားလတ္တံ့။ ၃။ ပစ္စုပဋ္ဌာန် ထိုထို ရုပ်တရား နာမ်တရား၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဟုတ်တိုင်း မှန်စွာ ဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်ကို ပစ္စုပဋ္ဌာန်ဟု ခေါ်ဆိုသည်။ ထိုပစ္စုပဋ္ဌာန်သည်လည်း ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်, ဖလပစ္စုပဋ္ဌာန်ဟု (၂)မျိုး ရှိ၏၊ ထိုတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်ဟူသည် ထိုထို ပရမတ္ထဓာတ်သား တရားတစ်ခုခုကို ရှုဆင်ခြင်သည့်အခါ ဉာဏ်ဖြင့် ယူထိုက်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်လာမြင်လာသော အခြင်းအရာတည်း။ ဖလပစ္စုပဋ္ဌာန်ဟူသည် မိမိ၏အကြောင်းတရားကို အစွဲပြု၍ ထိုအကြောင်း တရားနှင့် တူသည်၏ အဖြစ်ဖြင့် အကြောင်းတရားသို့ ရှေးရှုတည်နေတတ်သော သဘောတရားတည်း၊ ကိစ္စရသကြောင့် ရထိုက်သော အကျိုးတရားပင်တည်း။ ၄။ ပဒဋ္ဌာန် ထိုထိုပရမတ္ထဓာတ်သားကို ဖြစ်ပေါ်စေတတ်သော ဝေးသောအကြောင်းတရား နီးသောအကြောင်း တရားဟူသော အကြောင်းတရားများစွာတို့တွင် အနီးကပ်ဆုံးသော အကြောင်းတရားသည် ပဒဋ္ဌာန် မည်၏၊ ထိုပဒဋ္ဌာန်ဟူသော စကားဖြင့် ထိုပရမတ်တရား၏ အကြောင်းတရားနှင့် စပ်သော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို ညွှန်ပြလျက် ရှိ၏၊ ကြိုတင်သိမှတ်ရန် ရုပ်တရား နာမ်တရားတို့ကို ယင်းတို့၏ အမျိုးအစားများကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရမည် ရှုပွားရမည်ဖြစ်ရာ, ရုပ်တရား နာမ်တရားတို့မည်သည်မှာလည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိဘဲ ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိသည့်အလျောက် ရုပ်ကလာပ် နာမ်ကလာပ်များကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲနိုင်ပါမှ ဤ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပြည့်ပြည့်စုံစုံ ပုံစံမှန် သဘောပေါက်နိုင်မည် ရှုနိုင်မည် ဖြစ်ပေသည်။ ကိုးကား ဗုဒ္ဓဘာသာ ဝေါဟာရများ ဝိပဿနာ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%B9%E1%80%81%E1%80%8F%20%E1%80%9B%E1%80%9E%20%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%AF%E1%80%95%E1%80%8B%E1%80%B9%E1%80%8C%E1%80%AC%E1%80%94%E1%80%BA%20%E1%80%95%E1%80%92%E1%80%8B%E1%80%B9%E1%80%8C%E1%80%AC%E1%80%94%E1%80%BA
တော်
အရှင်သခင်ကို (တော်)ဟု ခေါ်ဆိုသုံးစွဲသည်။ ထိုအရှင်သခင်ကို ပြန်လှန်ခြင်းကိုပင် တော်လှန်ခြင်းဟု ဆိုသည်။ လောက၌ အစိုးရသူ အရှင်တို့၏အမိန့်ကို မနာခံပဲ ခုခံပြန်လှန်နေသူများကို တော်လှန်သူများဟု ခေါ်လျက်ရှိသည်။ တော်ဆိုတာ ရှေးသုံး ရှေးအခါက သုံးစွဲခဲ့သည့် အရှင်သခင်ဟူသော အနက်ကို ဖော်ပြသည့် (တော်)ဟူသော စကား၏အစား နောက်ကာလ ရောက်သောအခါ (အရှင်)ဟု သုံးစွဲ ခေါ်ဆိုလာကြသည်။ မိန်းမများ စကားပြောရာမှာလည်း ယောက်ျားများကို ရိုသေသောအားဖြင့် ရှေးအခါက (တော်)ဟူ၍ စကားတုံ့ ပေးကြသည်။ အရှင်သခင်ဟူ၍ ရိုသေစွာ ပြန်၍ခေါ်လိုက်သော စကားတုံ့ပင် ဖြစ်၏။ နောက်ကာလ၌ကား အရှင်ဟူ၍ တိုက်ရိုက်သုံးလိုလျက် (အ)ကို ဖျောက်ကာ (ရှင်)ဟူ၍ သုံးစွဲကြသည်။ အဓိပ္ပါယ်အားဖြင့် အရိုအသေ စကားတုံ့ပြန်လိုက်မှုချည်းပင် ဖြစ်၏။ အသုံးပြုပုံ မှတ်ချက် အရှင်ရှိသောအရာကိုသာ (တော်)တပ်၍ သုံးစွဲရိုး ဖြစ်သည်။ အရှင်မရှိသော အရာတို့ကိုကား (တော်)တပ်၍ မသုံးစွဲပေ၊ (ဥပမာ) ရတနာသုံးပါးရှိသည့်အနက် တရားကို တရားတော်၊ သံဃာကို သံဃာတော်ဟူ၍ သုံးစွဲသော်လည်း ဘုရားကို ဘုရားတော်ဟူ၍ မသုံးစွဲကြ။ လောကကြောင်းဖက်၌လည်း ခမည်းတော် မယ်တော် သားတော် သမီးတော် ဆွေတော် မျိုးတော် စသည်ဖြင့် ဘုရင်နှင့် ဆက်သွယ်သမျှ ဆွေမျိုးများကို (တော်)တပ်၍ သုံးသော်လည်း ဘုရင်နှင့် မိဖုရားကိုကား ဘုရင်တော် မိဖုရားတော်ဟု (တော်)တပ်၍ မသုံးစွဲကြ။ အကြောင်းကိုရှာသော်.... တရား သံဃာတို့မှာ ဘုရားတည်းဟူသော အရှင်ရှိသဖြင့် တရားတော် (ဗုဒ္ဓအရှင်၏ တရား)၊ သံဃာတော် (ဗုဒ္ဓအရှင်၏ တပည့်သံဃာ)ဟူ၍ အရှင်ရှိသော အရာမှာသာ ထိုအရှင်ဟူသော အနက်ကို ဖော်ပြသည့် (တော်)ဟူသော စကားကို သုံးစွဲသည်။ ဘုရားအပေါ်မှာကား မည်သူကမျှ အရှင်သခင် မဖြစ်တော့ သောကြောင့် တော်တပ်ကာ ဘုရားတော်ဟူ၍ မသုံးစွဲကြပေ။ လောကကြောင်းဖက်၌လည်း အရှင်သခင်ဖြစ်သော ဘုရင်မိဖုရားတို့နှင့်စပ်၍ အမိအဖ သားသမီး ဆွေမျိုးတို့ကို မယ်တော် ခမည်းတော် သားတော် သမီးတော် ဆွေတော် မျိုးတော်ဟူ၍ သုံးစွဲသည်။ အရှင်ဖြစ်သော မင်းမိဖုရားတို့၏ မယ်တော်စသည်ဟု ဆိုလိုရင်းဖြစ်သည်။ ဘုရင်နှင့် မိဖုရားတို့ အပေါ်ကအုပ်စိုးသည့် အရှင်မရှိတော့သောကြောင့် ဘုရင်တော် မိဖုရားတော်ဟူ၍ (တော်)တပ်ကာ မသုံးကြသည်ကိုလည်း မှတ်သားရာ၏။ ကိုးကား မြန်မာစာပေ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
သံဃာ့ဒါန
ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်လာ ပုဂ္ဂလိကဒါန (၁၄)မျိုး၊ သံဃိကဒါန (၇)မျိုးတို့ကို မှတ်သားသိရှိရာ၏၊ သံဃိကအလှူ ခုနစ်ပါး (၁) မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ ဘိက္ခုနီသံဃာတို့အား လှူဒါန်းခြင်း၊ (၂) ဘုရားပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအစုံတို့အား လှူဒါန်းခြင်း၊ (၃) ဘိက္ခုသံဃာ သက်သက်အားသာ လှူဒါန်းခြင်း၊ (၄) ဘိက္ခုနီသံဃာ သက်သက်အားသာ လှူဒါန်းခြင်း၊ (၅) နှစ်ဖက်သော သံဃာအလုံးစုံအား မလှူဒါန်းနိုင်သည့်အတွက် မိမိတတ်နိုင်သလောက်“ဘိက္ခုနှင့် ဘိက္ခုနီသံဃာ နှစ်ဖက်မှ ဦးရေမည်ရွေ့မည်မျှ ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်စုအား (သံဃာကို စိတ်အာရုံထား၍) လှူဒါန်းခြင်း၊ (၆) ဘိက္ခုသံဃာ တဖက်၌သာ မိမိတတ်နိုင်သမျှ “ဤရွေ့ ဤမျှ ညွှန်ကြား တော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်အား (သံဃာ စိတ်ထားဖြင့်) လှူဒါန်းခြင်း၊ (၇) ဘိက္ခုနီသံဃာ တဖက်၌သာ မိမိတတ်နိုင်သမျှ “ဤရွေ့ဤမျှ ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်စုအား (သံဃာစိတ်ထားဖြင့်) လှူဒါန်းခြင်း- ဟူ၍ (၇)ပါး ဟောတော်မူလေသည်။ ဘုရားပရိနိဗ္ဗာန် စံပြီးသော်လည်း ရနိုင်တဲ့ သံဃိကဒါန ဤသံဃိကဒါန ခုနစ်မျိုးတို့တွင် (၁)အမှတ်ပါ “ဘုရားအမှူးရှိသည့် နှစ်ဖက်သော သံဃာအား လှူဒါန်းသည့် ပဌမသံဃိကဒါနမျိုး ဘုရားပရိနိဗ္ဗာန် စံပြီးသည့်နောက် လှူဒါန်းနိုင်ပါသလောဟု မေးရန်ရှိ၏။ လှူဒါန်းနိုင်ပါ၏ဟူ၍ ဖြေ။ လှူဒါန်းနိုင်ပုံမှာ.. နှစ်ဖက်သော သံဃာ၏ ရှေ့မှောက်မှာ ဓာတ်တော်နှင့်တကွသော ဆင်းတုရုပ်ပွါးကို ထားပြီးလျှင်“ဘုရားအမှူးရှိသော နှစ်ဖက်သော သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ လှူရာ၏။ ထိုသို့ လှူဒါန်းရာ၌ မြတ်စွာဘုရားအား လှူဒါန်းအပ်သော လှူဘွယ်ဝတ္ထုကို အဘယ်သို့ ပြုမည်နည်းဟု မေးရန်ရှိပြန်၏။ ဘုရားအား လှူဒါန်းအပ်သော လှူဘွယ်ဝတ္ထုကို ဖခင်၏ဥစ္စာသည် သားအားသာ ရောက်မြဲဖြစ်ရကား မြတ်စွာဘုရားအား ဝတ်ပြုသော ရဟန်းအားဖြစ်စေ ရဟန်းသံဃာအားဖြစ်စေ လှူဒါန်းရာ၏။ အထူးအားဖြင့် ဘုရားအား လှူအပ်သည့် အလှူဝတ္ထုထည်းမှ ဆီ ထောပတ် ပါရှိလျှင် ထိုဆီထောပတ်တို့ဖြင့် မြတ်စွာဘုရားအား ဆီမီးတင်လှူရာ၏၊ အဝတ်အထည် ပါရှိခဲ့သော် တမ်းခွန်ပြု၍ လှူဒါန်းရာ၏။ သံဃိကဒါနကြောင့် သံယောဇဉ် အဖြစ်နည်း မြတ်စွာဘုရား လက်ထက်တော်အခါက လူအပေါင်းတို့သည် များသောအားဖြင့် ပုဂ္ဂိုလ်ကို မစွဲလမ်း မငဲ့ကွက်ပဲ သံဃာတော်ကိုသာ အာရုံထားကြသည့်အတွက် ဒါနပြုရာမှာ မြတ်သော သံဃိကဒါနကို များစွာ ပြုနိုင်ကြပေသည်။ ထိုသို့ သံဃိကဒါန အပြုများကြသည့်အတွက် ရဟန်းတော်များဘက်မှာလည်း သံဃာမှ ဝေဘန်၍ ရအပ်သော ပစ္စည်းလေးပါးကိုသာ အသုံးအစွဲ များကြသဖြင့် ဤသူကား ငါ၏ ကျောင်းဒါယကာ ဒါယိကာမ ဖြစ်သည်၊ သင်္ကန်းဒါယကာ ဒါယိကာမဖြစ်သည် အစရှိသည်ဖြင့် ဒါယကာ ဒါယိကာမတို့ အပေါ်မှာ သံယောဇဉ် အဖြစ်နည်း၍ ထိုသံယောဇဉ် အနှောင်အဖွဲ့မှ လွတ်မြောက်တော်မူကြရပေသည်။ သို့ဖြစ်၍ သံဃိကဒါန ပြုလုပ်လိုသော ပုဂ္ဂိုလ်တို့သည် စင်ကြယ်သော သံဃိကဒါနဖြစ်ရန် (အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယသုတ်လာ) ဥဂ္ဂသူကြွယ်၏ ကျင့်နည်းကို များစွာ အတုယူထိုက်လှပေ၏။ အရိယာ သီလဝန္တ ဒုဿီလ သုံးမျိုးလုံး၌ တူညီသော စိတ်ထား ဤဥဂ္ဂသူကြွယ် လျှောက်ထားအပ်သည့် အံ့ဖွယ်ရှစ်ပါးတို့အနက် (၆)အမှတ်ပြ ဆဋ္ဌအံ့ဖွယ်တရား၌ ဥဂ္ဂသူကြွယ်သည် အရိယာ သီလဝန္တ ဒုဿီလ သုံးမျိုးလုံး၌ တူညီသော စိတ်ထားဖြင့် လှူဒါန်းသည်ဟု လာရှိရာ အဘယ်သို့သောနည်းဖြင့် တူမျှနိုင်သည်ကို သိရှိရန် လိုအပ်ပေသည်။ တူနိုင်ခြင်း၏ အကြောင်းရင်း နှလုံးသွင်းမှာ.. ပင့်ဖိတ်ရင်းအခါက သံဃာတော်ကို ပင့်ဖိတ်သည့်အတိုင်း ရဟန္တာကြီးများအား လှူဒါန်းသည့်အခါမှာလည်း ရဟန္တာကြီးများ၏ မျက်နှာကို မကြည့်၊ ရဟန္တာ (ပုဂ္ဂိုလ်)ကြီးများအား ငါလှူရသည်ဟု အမှတ်မထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာအားသာ ငါလှူသည်ဟူ၍ သဘောထားပြီးလျှင်၊ ဒုဿီလအား လှူဒါန်းသောအခါမှာလည်း ဒုဿီလပုဂ္ဂိုလ်၏ မျက်နှာကို မကြည့် ငါသည် ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းရသည်ဟု သဘောမထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာတော်မြတ်အားသာ ငါလှူဒါန်းသည်ဟူ၍ သဘောထားသဖြင့် စိတ်သဘောထားချင်း တထပ်တည်း တူညီနိုင်ပေသည်။ ဥဂ္ဂသူကြွယ်ထုံး နှလုံးထားပါ ဤဥဂ္ဂသူကြွယ်၏ထုံးကို နှလုံးထားကာ မြင့်မြတ်သော သံဃိကဒါနဖြစ်ရန်အတွက် ပုဂ္ဂိုလ်မျက်နှာကို ကြည့်ခြင်း၊ ပုဂ္ဂိုလ်စွဲ စွဲခြင်းကို လုံးဝပယ်ဖျောက်ပြီးလျှင် သံဃာ့အာရုံသို့ စိတ်ဖြောင့်မတ်စွာ သက်ရောက်အောင် အားထုတ်သင့်လှပေသည်။ မှန်၏.. သင်္ကန်းလည်ရောက် အမည်ခံလောက်သာဖြစ်သည့် ဒုဿီလပုဂ္ဂိုလ်တို့၌ပင်သော်လည်း သံဃာကို အာရုံပြု၍ သံဃိကဒါနမြောက်အောင် လှူဒါန်းနိုင်ပါမူ အသင်္ချေယျ အပ္ပမေယျ အကျိုးရင်း ဒက္ခိဏာဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား တိုက်ရိုက် ဟောထားပေသည်။ သံဃာ၌ အရိုအသေပြုခြင်းငှါ စွမ်းနိုင်လျှင် သံဃိကဒါန မြောက်တော့သည်။ ထိုသို့ သံဃာ၌ အရိုအသေပြုရန် ကား လွယ်ကူသောအရာ မဟုတ်ပေ။ မလွယ်ကူပုံမှာ.. အကြင်သူသည် “သံဃိကအလှူကို လှူအံ့”ဟု ကြံ၍ လှူရန်ဝတ္ထုများကို စီမံပြီးလျှင် ကျောင်းတိုက်သို့ သွားရောက်ပြီးခါ “အရှင်တို့… သံဃိကအလှူ လှူလိုပါသည်၊ သံဃာတော်မှ တပါးကို ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား တောင်းပန်သဖြင့် သံဃာမှ အလှည့်ကျသဖြင့် သာမဏေကို ညွှန်ကြား၍ ရခဲ့လျှင် နှလုံးမသာမယာ ရှိတတ်၏၊ မထေရ်ကြီးကို ရလျှင်လည်း “ငါသည် မထေရ်ကြီးကို ရအပ်လေပြီ”ဟု အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ပုဂ္ဂိုလ်စွဲဖြင့် ဖြစ်တတ်၏။ ထိုသူတို့၏ ပုဂ္ဂိုလ်မျက်နှာကို ကြည့်၍ လှူအပ်သော အလှူများသည် သံဃိက မမြောက်နိုင်ပေ။ သာမဏေကို ဖြစ်စေ၊ ရဟန်းကို ဖြစ်စေ၊ ရဟန်းငယ်ကို ဖြစ်စေ၊ မထေရ်ကြီးကို ဖြစ်စေ၊ ပညာမရှိသော ရဟန်းကိုဖြစ်စေ၊ ပညာရှိသော ရဟန်းကိုဖြစ်စေ၊ တဦးဦးကို သံဃာက သံဃာ့ကိုယ်စား အလှည့်ကျသဖြင့် ညွှန်ကြား၍ ရလာလျှင် ထွေရာစဉ်းစား ယုံမှားခြင်းမရှိပဲ “သံဃာတော်အား ငါသည် လှူ၏”ဟု နှလုံးသွင်း၍ သံဃာ၌ ရိုသေခြင်းကို ပြုနိုင်သောသူ၏ အလှူမှသာလျှင် သိဃိကဒါနမြောက်သည်။ ပုဂ္ဂလိကဒါန၌သာ ကောင်း, မကောင်း ရှိသည် ဤသို့ လှူဒါန်းခြင်းနှင့်စပ်၍ အရှုပ်အထွေး အခက်အခဲ တွေ့တတ်သည်မှာလည်း ပုဂ္ဂလိကဒါန၌သာ ဖြစ်သည်။ အကြောင်းကား ပုဂ္ဂိုလ်ဟူသည် ကောင်း မကောင်း အမျိုးမျိုး ရှိသောကြောင့်တည်း။ သံဃိကဒါန အရာမှာကား... သံဃာတော်သည် တမျိုးတစားတည်းသာ ဖြစ်၏။ ကောင်းမကောင်း နှစ်ထွေမပြား၊ (မြတ်စွာဘုရား၏ တပည့်သား အရိယာအပေါင်းကို ဆိုလိုသည်။) ဘုရားတပည့်သား အရိယာအပေါင်းမှာ အယုတ် အမြတ်ဟူ၍ မရှိပြီ၊ မြတ်သော သံဃာချည်းသာ ဖြစ်သည်၊ ထို့ကြောင့် ပြဆိုခဲ့ပြီးသောအတိုင်း မိမိထံမှောက် အလှူခံရောက်လာလျှင် ထိုအလှူခံ၏ မျက်နှာကို မကြည့် (ကိုယ်ကျင့်တရားကို မစဉ်းစား)ပဲ ငါသည် ဘုရားတပည့်သား အရိယာအပေါင်းအား လှူပါ၏ဟူ၍သာ စိတ်က သံဃာကိုအာရုံပြု၍ ထိုပုဂ္ဂိုလ်ထံ လှူဒါန်းလိုက်ပါက ထိုအလှူသည် သံဃိကဒါနဖြစ်၍ ထိုအလှူမှာ သံဃာသာလျှင် အလှူခံဖြစ်သည်။ မြတ်သော သံဃာ့ကိုယ်စားလှယ်ကို လှူဒါန်းခြင်း ရှေ့တွင်ရောက်နေသော ပုဂ္ဂိုလ်ကား သံဃာ့ကိုယ်စားမျှသာဖြစ်၍ ထိုကိုယ်စားမှာ မည်သို့ပင် ယုတ်ညံ့နေစေကာမူ အရင်းအလှူခံ သံဃာတော်က မြင့်မြတ်နေသောကြောင့် မြတ်သောဒါနသာ ဖြစ်သည်ဟု မှတ်ယူရာ၏။ ဤအရာ၌၊ ၊မိမိရှေ့မှောက် ရောက်နေသော အလှူခံမှာ သံဃာ့ကိုယ်စားမျှသာ ဖြစ်သည်ဟု နှလုံးသွင်းကာ လှူဒါန်းရမည် ဆိုသော်လည်း ဒုဿီလပုဂ္ဂိုလ်ကိုယ်တိုင်က မိမိရှေ့မှောက် ရောက်နေပြီဖြစ်၍ မိမိစိတ်ကို ဤပုဂ္ဂိုလ်တွင်သာ မထားပဲ သံဃာတော်မြတ်ထံ ပေါက်ရောက်အောင် နှလုံးသွင်းကာ ရှေ့မှောက်ရှိ ဒုဿီလပုဂ္ဂိုလ်ကို သံဃာ့ကိုယ်စား စိတ်မှတ်ထားရန် ခဲယဉ်းလှသည်ဟူ၍ ယူဆပြောဆိုတတ်ကြပေသည်။ ထိုသို့ ခဲယဉ်းနေမှုမှာ အလေ့အထ မရှိသောကြောင့်သာ ဖြစ်သည်။ ဆင်းတု ရုပ်ပွါးတော်များကို မြတ်စွာဘုရား၏ ကိုယ်တော်စားထား၍ ရှိခိုးပူဇော်မှုတို့မှာ အလေ့အထ ရနေပြီဖြစ်သောကြောင့် ခဲယဉ်းသည်ဟု မည်သူမျှ မပြောကြားကြ။ ဆင်းတု ရုပ်ပွါးတော်များမှ အစဉ်လျှောက်၍ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားသို့ စိတ်ရောက်ကာ ပူဇော်ကြပေသည်။ ဘုရားလက်ထက်တော်က ဥဂ္ဂသူကြွယ်နှင့် ဇမ္ဗူဒိပ်ကျွန်းသား ဆိုအပ်ပြီးသော ကျောင်းဒါယကာတို့မှာ အလေ့အထ အထုံရနေပြီဖြစ်ကြသဖြင့် ဒုဿီလပုဂ္ဂိုလ်ကိုပင် သံဃာ့ကိုယ်စားထား၍ ပူဇော်နိုင်ကြသကဲ့သို့၊ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့သည်လည်း ထိုသူတို့ကဲ့သို့ နှလုံးသွင်းနိုင်ရန် အလေ့အထ ပြုသင့်လှပေသည်။ ဆက်စပ်ဖက်ရှုရန် ဝိနည်းဒေသနာတော်လာ သံဃိက ကိုးကား ဗုဒ္ဓဘာသာ ဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B6%E1%80%83%E1%80%AC%E1%80%B7%E1%80%92%E1%80%AB%E1%80%94
သီတာဝုန်ကျောင်း
သီတဝန သပ္ပသောဏ္ဍိက ပဗ္ဗာရ သီတာဝုန် သပ္ပသောဏ္ဍိက တောင်ဝှမ်းကျောင်းတိုက် သီတာဝုန်ကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီးသည် ရာဇဂြိုဟ်မြို့သို့ တစ်စုံတစ်ခုပြုဖွယ်ကိစ္စနှင့်ရောက်လာ၍ ဗုဒ္ဓမြတ်စွာဘုရား လောကတွင် ထင်ရှားပွင့်ထွန်းပေါ်လာတော်မူကြောင်း ကြားသိရ၍ အတိုင်းမရှိသော ပီတိအဟုန်အားဖြင့် မိုးမလင်းမီ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်၍ အစဉ်အတိုင်း ဖြစ်သော ဒေသနာတော်မြတ် ဟောကြားတော်မူကာ ကိုယ်တိုင်ထုတ်ဖော် ဟောကြားအပ်သော သာမုက္ကံသိက ဒေသနာတော်အားဖြင့်, သစ္စာ ၄-ပါးသိ၍ တသက်ပန် ဥပါသကာအဖြစ် လျှောက်ထားလျက် ဆွမ်းလုပ်ကျွေးလှူဒါန်းပြီးနောက် သာဝတ္ထိသို့ ကြွရောက်တော် မူရန် ပင့်ဖိတ်လျှောက်ထားကြောင်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူပြီး သည်းခံတော်မူကြောင်း— ဝိနည်းစူဠဝါ၊ သေနာသနက္ခန္ဓက၌၎င်း— အခြားသုတ္တန်များ၌၎င်း— ထင်ရှားစွာလာသောကြောင့်၎င်းသီတာဝုန်ကျောင်းတိုက်မှာ အနာထပိဏ်သူဌေးကြီးနှင့် ပဌမတွေ့တော်မူရာကျောင်းတိုက်ဖြစ်၍ ထင်ရှားသည့်အပြင် ရာဇဂြိုဟ်မြို့တော်ကြီးကို ဂေါစရဂါမ်ပြုသောကျောင်းတိုက်ဟူ၍လည်း မှတ်အပ်၏။ ကိုးကား ဗုဒ္ဓခေတ် ဗုဒ္ဓဘာသာ သမိုင်း
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%90%E1%80%AC%E1%80%9D%E1%80%AF%E1%80%94%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
သီတဝနိယထေရ်
သီတဝနိယမည်သော (သီတဝနသုသာန်၌ နေထိုင်သော) ထေရ်ဖြစ်သည်။ ပါရမီဖြည့်ရာ ဘဝများ (ဤကမ္ဘာမှပြန်၍ရေတွက်သော်(၁၁၈) ကမ္ဘာထက်၌ “အတ္ထဒဿီ” ဘုရားရှင်ပွင့်တော်မူသည်၊ တစ်နေ့သောအခါ ရဟန်းသံဃာများစွာနှင့်အတူ ဂင်္ဂါမြစ်ကမ်းသို့ ကြွတော်မူသည်။ “သီတဝနိယ” မထေရ်၏ အလောင်းအလျာသည် သူကြွယ်မျိုး၌ ဖြစ်၍ မြတ်စွာဘုရားကို ဖူးမြင်ပြီးနောက် ဂင်္ဂါမြစ်တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့ပြီး, နောက်တစ်နေ့၌ ဘုရားအမှူးရှိသော သံဃာတော်ကို အလှူကြီးပေးလှူခဲ့သည်။ ထိုကောင်းမှုကြောင့်ပင် လူ့ပြည်နတ်ပြည် ကျင်လည်ပြီးနောက် ဤကမ္ဘာမှ ပြန်၍ရေတွက်သော် (၁၁၃) ကမ္ဘာထက်၌ စကြဝတေးမင်း ဖြစ်ခဲ့သည်။ ထို့နောက် (၉၁) ကမ္ဘာထက်၌ ဝိပဿီဘုရားရှင်လက်ထက်တွင် ရဟန်းပြုပြီး ဓုတင်ဆောက်တည်ကာ သုသာန်၌ နေလျက် ရဟန်းတရား ပွားများအားထုတ်ခဲ့သည်။ နောက်ဆုံးဘဝ ရဟန်းပြုခြင်း တဖန် ကဿပဘုရားရှင်လက်ထက်၌လည်း အနှစ် (၂၀၀၀၀) ပတ်လုံး ရဟန်းတရား အားထုတ်ပြီး ဗုဒ္ဓန္တရတစ်ခုကာလပတ်လုံး နတ် ပြည်, လူ့ပြည်တို့၌ ကျင်လည်ကာ ဂေါတမ ဘုရားရှင်လက်ထက်၌ ရာဇဂြိုဟ်ပြည်ဝယ် ဗြဟ္မဏမဟာသာလမျိုး၌ ဖြစ်ပြီး ငယ်နာမည်မှာ “သမ္ဘူတ” ဖြစ်သည်။ လူလားမြောက်သောအခါ ဗြာဟ္မဏအတတ်ပညာတို့၌ ပါရဂူမြောက် အပြီးအဆုံးထိ တတ်မြောက်ပြီးလျှင် ဘူမိဇ, ဇေယျသေန, အဘိရာဓန-မည်သော သူငယ်ချင်း ၃-ယောက်တို့နှင့်အတူ ဘုရားရှင်ထံ၌ ရှင်ရဟန်းပြုသည်။ ထို့နောက် သမ္ဘူတမထေရ်သည် ဘုရားရှင်ထံမှ “ကာယဂတာသတိ” ကမ္မဋ္ဌာန်းကို ယူပြီးလျှင် ရာဇဂြိုဟ်မြို့အနီးရှိ အလွန်ကြောက်မက်ဖွယ်ကောင်းသော “သီတဝန” အမည်ရှိသော သုသာန်၌ နေထိုင်သည်၊ ထိုအခါမှစ၍ “သီတဝနိယမထေရ်” ဟု ထပ်ဆင့်အမည်ဖြင့် ထင်ရှားလေသည်။ ဝေဿဝဏ်နတ်မင်းကြီးသည် ကိစ္စတစ်ခု နှင့် ခရီးသွားစဉ် ကမ္မဋ္ဌာန်းတရားအားထုတ် နေသော မထေရ်မြတ်ကိုမြင်ပြီး ကြည်ညိုသောကြောင့် နတ်ဘီလူး ၂-ယောက် အစောင့် အရှောင့်အဖြစ် ထားရစ်ခဲ့သည်။ ရဟန္တာဖြစ်ခြင်း မထေရ်မြတ် တရားအားထုတ်ပြီးနောက် “သတိဟူသော အစောင့်အရှောက်ရှိပြီးဖြစ်၍ အစောင့်အရှောက်မလိုကြောင်း” ဝေဿဝဏ် နတ်မင်းကြီးက အစောင့်အရှောက်ထားခဲ့သော နတ်ဘီလူး ၂-ယောက်ကို ပြောဆိုပြီး ပြန်လွှတ်ခဲ့သည်။ ထိုခဏမှာပင် ဝိပဿနာပွားများပြီး ဝိဇ္ဇာ ၃-ပါးကို မျက်မှောက်ပြုကာ “တေဝိဇ္ဇ” ရဟန္တာဖြစ်လေသည်။ မထေရ်မြတ်၏ မျက်နှာတော်ကို ဖူးမြင်ရုံမျှဖြင့် ဝေဿဝဏ်နတ်မင်းကြီး အပြန်ခရီးတွင် ရဟန်းကိစ္စပြီးစီးကြောင်း သိရကာ တစ်စုံတစ်ခု မေးမြန်းလျှောက်ထားမှုပင် မပြုတော့ဘဲ သာဝတ္ထိပြည်သို့ သွားပြီး ဘုရားရှင်အား လျှောက်ထား၍ ဘုရားရှင်မျက်မှောက်မှာပင် မထေရ်မြတ်ကို ချီးမွမ်းထောမနာလိုသည်ဖြစ်၍- “သတိအာရက္ခသမ္ပန္နော” စသော ဂါထာဖြင့် မထေရ်မြတ်၏ဂုဏ်တို့ကို ချီးကျူးလေသည်။ ကိုးကား ဗုဒ္ဓဝင် ပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%90%E1%80%9D%E1%80%94%E1%80%AD%E1%80%9A%E1%80%91%E1%80%B1%E1%80%9B%E1%80%BA
Selena
; April 16, 1971 – March 31, 1995), known mononymously as Selena, was an American Tejano singer. Selena သည် ရှစ်လဆက်တိုက် US Billboard Regional Mexican Albums chart တွင် နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့သော Entre a Mi Mundo (1992) ကို ထုတ်ဝေခဲ့သည်။ အယ်လ်ဘမ်၏ စီးပွားဖြစ်အောင်မြင်မှုကြောင့် ဂီတဝေဖန်သူများက ၎င်းအား သူမ၏ဂီတအသက်မွေးဝမ်းကြောင်း၏ "အောင်မြင်မှု" အသံသွင်းခြင်းဟု ခေါ်ဆိုခဲ့ကြသည်။ ၎င်း၏ single များထဲမှ တစ်ခုဖြစ်သော " Como la Flor " သည် သူမ၏ နာမည်အကြီးဆုံး လက်မှတ်သီချင်း များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
https://my.wikipedia.org/wiki/Selena
ဥပုသ် အမေး + အဖြေ
သံဃာတော်များ သံဃဥပုသ်ပြုသောအခါ ပါတိမောက်မပြမီ အမေး+အဖြေပြု၍ ဆိုကြသော စကားရပ်များ ဖြစ်သည်။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ‌မေး။ ။ သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ အဟံ အာယသ္မန္တံ (ဝိမလံ) ဝိနယံ ပုစ္ဆေယျံ။ ဖြေ ။ ။ သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ အဟံ အာယသ္မတာ(ဝိစာရေန) ဝိနယံ ပုဋ္ဌော ဝိသဇ္ဇေယျံ။ မေး။ ။ သမ္မဇ္ဇနီ ပဒီပေါစ၊ ဥဒကံ အာသနေနစ၊ ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကရဏန္တိ ဝုစ္စတိ။ ဟူ၍ မိန့်ဆိုတော်မူအပ်သော အဋ္ဌကထာပါဌ်နှင့်အညီ- ဥပုသ်အိမ် သိမ် အပြင်၌ တံမြက်လှည်းခြင်း၊ ဆီမီးညှိထွန်းခြင်း၊ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း၊ နေရာခင်းခြင်း၊ ဤလေးပါးသော ပြုဖွယ်ကိစ္စတို့ကို သံဃာမစည်းဝေးမီ ရှေးအဖို့၌ ပြုအပ်,ပြုသင့်,ပြုထိုက်သည်၏ အဖြစ်ကြောင့် ပုဗ္ဗကရဏ မည်၏ဟူ၍ အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုတော်မူအပ်သောကြောင့် ဤလေးပါးသော ပြုဖွယ်ကိစ္စတို့တွင်- တံမြက်လှည်းခြင်းကိစ္စ ပြီးပြီလော။ ဖြေ။ ။ တံမြက်လှည်းခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။ မေး ။ ။ ဆီမီးညှိထွန်းခြင်းကိစ္စပြီးပြီလော။ ဖြေ ။ ။ ဆီမီးညှိထွန်းခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။ (နေ့ဖြစ်လျှင် ယခုအခါ နေတည်းဟူသော အရောင်အလင်း ရှိသည်ဖြစ်၍ ဆီမီးညှိထွန်းဖွယ် ကိစ္စမရှိ၊ ပြီးပါပြီ အရှင်ဘုရား” ဟုဖြေဆိုပါ) မေး ။ ။ သောက်ရေသုံးဆောင်ရေ တည်ထားခြင်းကိစ္စပြီးပြီလော။ ဖြေ။ ။ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။ မေး။ ။ နေရာခင်းခြင်းကိစ္စ ပြီးပြီလော။ ဖြေ ။ ။ နေရာခင်းခြင်းကိစ္စ ပြီးပါပြီအရှင်ဘုရား။ မေး။ ။ ဆန္ဒပါရိသုဒ္ဓိ ဥတုက္ခာနံ၊ ဘိက္ခု ဂဏနာ စ သြဝါဒေါ၊ ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကိစ္စန္တိ ဝုစ္စတိ။ ။ ဟူ၍ မိန့်ဆိုတော်မူအပ်သော အဋ္ဌကထာပါဌ်နှင့် အညီ- ဆောင်အပ်သော ဆန္ဒကို လျှောက်ထားခြင်း၊ ဆောင်အပ်သော ပါရိသုဒ္ဓိကို လျှောက်ထားခြင်း၊ ဆောင်း,နွေ,မိုး-ဟုဆိုအပ်သော သုံးပါးသော ဥတုတို့တွင် အခုရောက်ဆဲ ဥပုသ်ကို ရေတွက်၍ လျောက်ထားခြင်း၊ ဥပုသ်အိမ် သိမ်အပြင် နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ စည်းဝေး ရောက်လာကြကုန်သော ရဟန်းအပေါင်းတို့ကို ရေတွက်၍ လျှောက်ထားခြင်း၊ ဘိက္ခုနီမတို့က အကျွန်ုပ်တို့သည် အရှင်ဘုရားတို့၏အထံ၌ အဆုံးအမကို ခံလာပါကုန်အံ့ဟု တောင်းပန်လျှောက်ထားသော စကားကို သံဃာတော်တို့အား လျှောက်ထားခြင်း။ ဤငါးပါးသော ပြုဖွယ်ကိစ္စတို့ကို သံဃာစည်းဝေးပြီးသည်မှနောက် ပါတိမောက် မပြမီ ရှေးအဖို့၌ ပြုအပ် ပြုသင့် ပြုထိုက်သည့်၏ အဖြစ်ကြောင့် ပုဗ္ဗကိစ္စမည်၏ ဟူ၍ အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုတော်မူအပ်သောကြောင့် ဤငါးပါးသော ပြုဖွယ်ကိစ္စတို့တွင်- ဆန္ဒကိုလျှောက်ထားခြင်းကိစ္စ ပြီးပြီလော။ ဖြေ။ ။ ဤသိမ်ကား မဟာသိမ်မဟုတ်၊ ခဏ္ဍသိမ်ဖြစ်သောကြောင့် ဆန္ဒကို လျှောက်ထားဖွယ် ကိစ္စမရှိ၊ ပြီးပါပြီအရှင်ဘုရား။ မေး ။ ။ ပါရိသုဒ္ဓိကို လျှောက်ထားခြင်းကိစ္စ ပြီးပြီလော။ ဖြေ။ ။ ဤသိမ်ကား မဟာသိမ်မဟုတ်၊ ခဏ္ဍသိမ်ဖြစ်သောကြောင့် ပါရိသုဒ္ဓိကို လျှောက်ထားဖွယ်ကိစ္စမရှိ။ ပြီးပါပြီ အရှင်ဘုရား။ မေး။ ။ ဆောင်း,နွေ,မိုး-ဟုဆိုအပ်သော သုံးပါးသော ဥတုတို့တွင် ယခုရောက်ဆဲဖြစ်သော ဥတုသည် အဘယ် ဥတု၊ အဘယ်ပက္ခ၊ အဘယ်ဥပုသ်ဖြစ်ပါသနည်း။ ဖြေ။ ။ ယခုရောက်ဆဲ ဥတုကား ဟေမန္တဥတု (ဂိမှာနဥတု, ဝဿာနဥတု)၊ ပထမပက္ခ(ဒုတိယပက္ခ)၊ ပန္နရသီဥပုသ် (စာတုဒ္ဒသီဥပုသ်)ဖြစ်ပါသည်အရှင်ဘုရား။ “မှတ်ချက်”ရောက်ဆဲဖြစ်သော ဥတု၊ ပက္ခ၊ ဥပုသ်ကိုပြင်၍ဆိုပါ။ မေး။ ။ ဥပုသ်အိမ် သိမ်အပြင်၌ နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်း၌ စည်းဝေးရောက်လာကြကုန်သော ရဟန်းအပေါင်းတို့၏ အရေအတွက်ကား အဘယ်မျှ အတိုင်း အရှည်ရှိပါသနည်း။ ဖြေ။ ။ ဥပုသ်အိမ် သိမ်အပြင် နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်း၌ စည်းဝေးရောက်လာကြကုန်သော ရဟန်းအပေါင်းတို့၏ အရေအတွက်ကား (သုံးကျိပ်ငါးပါး) အတိုင်းအရှည်ရှိပါ သည်အရှင်ဘုရား။ မေး။ ။ ဘိက္ခုနီမတို့က အကျွန်ုပ်တို့သည် အရှင်ဘုရားတို့၏ အထံ၌ အဆုံးအမကို ခံလာပါကုန်အံ့ဟု တောင်းပန် လျှောက်ထား သောစကားကို သံဃာတော်တို့အား လျှောက်ထားခြင်းကိစ္စ ပြီးပြီလော။ ဖြေ။ ။ ယ္ခုအခါ သာသနာတော်အတွင်း၌ ဘိက္ခုနီမတို့ မရှိသောကြောင့် ဘိက္ခုနီမတို့က အကျွန်ုပ်တို့သည် အရှင်ဘုရားတို့ အထံ၌ အဆုံးအမကို ခံလာပါကုန်အံ့ဟု တောင်းပန် လျှောက်ထားသော စကားကို သံဃာတော်တို့အား လျှောက်ထားဖွယ်ကိစ္စမရှိ ပြီးပါပြီ အရှင်ဘုရား။ မေး။ ။ ဥပေါသထော ယာဝတိကာစ ဘိက္ခု၊ ကမ္မပတ္တာ သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ၊ ဝဇ္ဇနိယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊ ပတ္တကန္တိ ဝုစ္စတိ။ ဟူ၍ မိန့်ဆို တော်မူအပ်သော အဌကထာပါဌ်နှင့်အညီ ဥပုသ်သည် - နေ့၏အစွမ်းအားဖြင့် စာတုဒ္ဒသီဥပုသ်၊ ပန္နရသီဥပုသ်၊ သာမဂ္ဂီဥပုသ်ဟူ၍ သုံးပါးအပြားရှိ၏။ ထိုသုံးပါးတို့တွင် (ပန္နရသီဥပုသ်)ဖြစ်ခြင်း၊ ကာရကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် သံဃဥပုသ်၊ ဂဏဥပုသ်၊ ပုဂ္ဂလဥပုသ်ဟူ၍ သုံးပါးအပြားရှိ၏။ ထိုသုံးပါးတို့တွင် သံဃဥပုသ်ဖြစ်ခြင်း၊ ကတ္တဗ္ဗာကာရ၏ အစွမ်းအားဖြင့် သုတ္တုဒ္ဒေသဥပုသ်၊ ပါရိသုဒ္ဓိဥပုသ်၊ အဓိဋ္ဌာန်ဥပုသ်ဟူ၍ သုံးပါးအပြားရှိ၏။ ထိုသုံးပါးတို့တွင် သုတ္တုဒ္ဒေသဥပုသ် ဖြစ်ခြင်း၊ ဤသုံးပါးသော လက္ခဏာနှင့် ပြည့်စုံခြင်း၊ အယုတ်ဆုံး လေးယောက်, လေးယောက်ထက် အလွန်ရှိကုန်သော ရဟန်းအပေါင်းတို့၏ နှစ်ထောင့်ထွာ ဟတ္ထပါသ်ကို မစွန့်မူ၍ တစ်သိမ်တည်း၌ တည်သဖြင့် သတ္တုဒ္ဒေသ သံဃဥပုသ်ကံအား လျောက်ပတ်ခြင်း၊ ဤ ဥပုသ်အိမ် သိမ်အပြင် နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်း၌ စည်းဝေးရောက်လာ ကြကုန်သော ရဟန်းအပေါင်းတို့အား နေ့လွဲညစာ စားခြင်းအစရှိသော သဘောတူ ဝတ္ထုကြောင့်သင့်သော အာပတ်မရှိခြင်း၊ ဤဥပုသ်အိမ် သိမ်အပြင် နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ အပပြုသဖြင့် ကြဉ်အပ်ကုန်သော လူ,ဘိက္ခုနီ အစရှိသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်တို့၏ ဤဥပုသ်အိမ် သိမ်အပြင် နှစ်ထောင့်ထွာ ဟတ္ထပါသ် အတွင်း၌ မရှိခြင်း၊ ဤလေးပါးသော အင်္ဂါနှင့် ပြည့်စုံသော ဥပုသ်ကံကို ပတ္တကလ္လဖြစ်၏ဟူ၍ အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုတော်မူအပ်သောကြောင့် ယခုပြုလတ္တံ့သော ဥပုသ်ကံသည် ပတ္တကလ္လဖြစ်ပါ၏လော။ ဖြေ။ ။ ယခုပြုလတ္တံ့သော ဥပုသ်ကံသည် အင်္ဂါလေးလီပြည့်စုံ သောကြောင့် ပတ္တကလ္လဖြစ်ပါ၏ အရှင်ဘုရား။ မေး ။ ။ ပုဗ္ဗကရဏ ပုဗ္ဗကိစ္စာနိ သမာဒပေတွာ ဒေသိတာပတ္တိကဿ သမဂ္ဂဿ ဘိက္ခုသံဃဿ အနုမတိယာ ပါတိမောက္ခံ ဥဒ္ဒိသိတုံ အာရာဓနံ ကရောမ။ ဖြေ။ ။ သံဃော ဘန္တေ အာယသ္မန္တံ ပါတိမောက္ခုဒ္ဒေသံ အဇ္ဈေသတိ ဥဒ္ဒိသတု အာယသ္မာ ပါတိမောက္ခံ။ ဒုတိယမ္ပိ ဘန္တေ သံဃော အာယသ္မန္တံ (ပ) ပါတိမောက္ခံ။ တတိယမ္ပိ ဘန္တေ သံဃော အာယသ္မန္တံ (ပ) ပါတိမောက္ခံ။ မေး။ ။ သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော ပန္နရသော ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဥပေါသထံ ကရေယျ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ။ ကိံ သံဃဿ ပုဗ္ဗကိစ္စံ ပါရိသုဒ္ဓိံ အာယသ္မန္တော (ပ) နိဒါနုဒ္ဒေသော ပထမော။ တတြိမေ စတ္တာရော ပါရာဇိကာ ဓမ္မာ -(ပ)- ပါရာဇိကုဒ္ဒေသော ဒုတိယော။ ဥဒ္ဒိဋ္ဌံ ခေါ အာယသမ္မန္တော နိဒါနံ၊ ဥဒ္ဒိဋ္ဌာ စတ္တာရော ပါရာဇိကာ ဓမ္မာ၊ သုတာ ခေါ ပနာယသ္မန္တေဟိ တေရသ သံဃာဒိသေသာ ဓမ္မာ၊ သုတာ ဒွေ အနိယတာ ဓမ္မာ၊ သုတာ တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ၊ သုတာ ဒွေနဝုတိ ပါစိတ္တိယာ ဓမ္မာ၊ သုတာ စတ္တာရော ပါဋိဒေသနိယာဓမ္မာ၊ သုတာ သေခိယာ ဓမ္မာ၊ သုတာ သတ္တ အဓိကရဏသမထာ ဓမ္မာ။ ဧတ္ထကံ တဿ ဘဂဝတော သုတ္တာဂတံ သုတ္တပရိယာပန္နံ အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတိ။ တတ္ထ သဗ္ဗေဟေဝ သမ္မဂ္ဂေဟိ သမ္မောဒမာနေဟိ အဝိဝဒမာနေဟိ သိက္ခိတဗ္ဗန္တိ။ ပါရာဇိကုဒ္ဒေသော ဒုတိယော။ ။ ဥပုသ်အမေးအဖြေ ပြီးပြီ။ ကိုးကား ဗုဒ္ဓဘာသာ ဝေါဟာရများ ရဟန်းဝိနည်းများ
https://my.wikipedia.org/wiki/%E1%80%A5%E1%80%95%E1%80%AF%E1%80%9E%E1%80%BA%20%E1%80%A1%E1%80%99%E1%80%B1%E1%80%B8%20%2B%20%E1%80%A1%E1%80%96%E1%80%BC%E1%80%B1
၁၀၂၇ စစ်ဆင်ရေး
၁၀၂၇ စစ်ဆင်ရေး () သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့အဖွဲ့ဝင်များဖြစ်သော ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များအား တိုက်ခိုက်သော စစ်ဆင်ရေးဖြစ်သည်။ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသတွင် ကြီးထွားလာနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းမျာအား ထိန်းချုပ်ရန်နှင့် ပါဝင်ပတ်သက်နေသော စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များအား နှိမ်နှင်းရန်အတွက် စစ်ဆင်ရေး ၁၀၂၇ ကို စတင်ကြောင်း ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲများ မဟာမိတ်အဖွဲ့များက ချင်းရွှေဟော်တံတားထိပ်၊ ဖောင်ဆိပ်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုးမြို့ပြင်ရှိ စစ်ကောင်စီ အထိုင်ချ စခန်းများကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် တချိန်တည်းစီးနင်းတိုက်ခိုက်ခဲ့သည်။ ကိုးကန့်ရှိ စစ်ကောင်စီအထိုင်စခန်းအချို့ကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးပြီး အချို့ကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း The Kokang က ထုတ်ပြန်ခဲ့သည်။ နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖတ်ကာလမ်းရှိ စစ်ကောင်စီ၏ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝိတ် တပ်စခန်း နှစ်ခုကို TNLA က သိမ်းပိုက်ခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် လားရှိုး၊ သိန္နီအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့စခန်းနှင့် ပြည်သူ့စစ်စခန်းအချို့ ကျဆုံးခဲ့သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ သက်ရောက်မှုများ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် လားရှိုးလေဆိပ်ကို ပိတ်ထားခဲ့သည်။ ထို့အပြင် ကိုးကန့်၊ ဝ ဒေသ နှင့် လားရှိုးမြို့အကြား လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားကာ ခရီးသည်နှင့် ကုန်ကား အသွားအလာများ ရပ်တန့်သွားခဲ့သည်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာသို့ လက်နက်ကြီးကျသဖြင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ကိုးကား မြန်မာနိုင်ငံ၏_ပြည်တွင်းပဋိပက္ခများ
https://my.wikipedia.org/wiki/%E1%81%81%E1%81%80%E1%81%82%E1%81%87%20%E1%80%85%E1%80%85%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8
ပဝါရဏာ အမေး+အဖြေ
(မြတောင်တိုက်၊ မန္တလေး) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အမေးပုဂ္ဂိုလ်ဆိုရန် သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကမ္မံ၊ အဟံ အာယသ္မန္တံ (နာဂ) ပဝါရဏံ ပုစ္ဆေယျံ။ (ပုစ္ဆကဉတ်) အဖြေပုဂ္ဂိုလ်ဆိုရန် သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ အာယသ္မတာ (ဒတ္တေန) ပဝါရဏံ ပုဋ္ဌော ဝိသဇ္ဇေယျံ။ (ဝိဿဇ္ဇကဉတ်) မေး။ ။ ပဝါရိယန္တေ နိဝါရိယန္တေ ဧတာယာတိ ပဝါရဏာ။ ဧတာယ သမဏစရိယာယ =ဤသို့ ရဟန်းတော်တို့၏ အချင်းချင်း ပြောဆိုဆုံးမခြင်းတည်းဟူသော သမဏဓမ္မ စာရိတ္တ သိက္ခာ အမူအရာဖြင့်။ ပါကကာ =ဆိုးသွမ်းယုတ်မာကုန်သော။ အကုသလာ ဓမ္မာ =အကုသလပါပမိစ္ဆာ ရန်ယုတ်မာတို့ကို။ ပဝါရိယန္တေ =ကောင်းစွာ ပိတ်ဆို့တားမြစ်အပ်ကုန်၏။ ဣတိ-တသ္မာ =ထိုသို့ အကုသလပါပမိစ္ဆာ ရန်ယုတ်မာတို့ကို ကောင်းစွာ ပိတ်ဆို့ တားမြစ်ကြောင်းဖြစ်သော သတ္တိကြောင့်။ ဧတာယာတိ ပဒေန =“ဧတာယ”ဟူသော ကရုဏာပုဒ်ဖြင့်။ နိဒ္ဒိဋ္ဌာ =ညွှန်ပြအပ်သော။ သာ သမဏစရိယာ =ထို ရဟန်းတော်တို့၏ အချင်းချင်း ပြောဆိုဆုံးမခြင်းတည်းဟူသော သမဏဓမ္မ စာရိတ္တသိက္ခာ အမူအရာသည်။ ပဝါရဏာ =ပဝါရဏာမည်၏။ ယင်းသို့ဖွင့်လှစ် ကျူးရင့်မိန့်မှာ ပဝါရဏာကို သမ္မာသမ္ဗုဒ္ဓ သုံးလောကသင်းကျစ် ဓမ္မရာဇ်မှန်ကူ သယမ္ဘူထွဋ်တင် ဘုရားရှင်သည် အဘယ်ပြည်ဌာန အဘယ်ဒေသ၌ သီတင်းသုံး နေတော်မူသောအခါ ခွင့်ပြု ပညတ်တော်မူအပ်ပါသနည်း။ ဖြေ။ ။ “တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သဝတ္ထိယံ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ” အစဖြာသဖြင့် ဝိနည်းမဟာဝါ ပဝါရဏာက္ခန္ဓကပါဠိ လာရှိသည်နှင့်အညီ သာဝတ္ထိနဂရ ပြည်ဌာန၌ အနာထပိဏ် ဂုဏ်သိန်ပြန့်မွှေး ရှင်သူဌေးသည် ငါးဆယ့်လေးကုဋေ အသပြာငွေကို မစ္ဆေမဖက် ရက်ရက်ရောရော သဒ္ဓါဇောဖြင့် မက်မောမတွန့် ပေးစွန့်လွှတ်၍ စွတ်စွတ်ကြည်ဖြူ ပေးလှူ ဆောက်လုပ်အပ်သော ဇေတဝန် ဝိဟာရ၌ မျှတကြည်ဖြူ စံနေတော်မူသောအခါဝယ် သုံးလောကမျက်ရှု သဗ္ဗညုသည် ခွင့်ပြု ပညတ်တော်မူအပ်ပါသည် အရှင်ဘုရား။ မေး။ ။ ထိုသို့ ခွင့်ပြုပညတ်တော်မူအပ်သော သမဏဓမ္မ စာရိတ္တသိက္ခာ ပဝါရဏာကို တစ်စုံတစ်ခုသော အမှုအခင်း အကြောင်းရင်းဝတ္ထု ရှိမှသာလျှင် ခွင့်ပြု ပညတ်တော်မူအပ်သည်ဖြစ်၍ အဘယ်သို့သော အမှုအခင်း အကြောင်းရင်းဝတ္ထုကြောင့် ခွင့်ပြုပညတ်တော်မူအပ်ပါသနည်း။ ဖြေ။ ။ “တေန ခေါ ပန သမယေန သမ္ဗဟုလာ သန္ဒိဋ္ဌာ သမ္ဘတ္တာ ဘိက္ခူ ကောသလေသု ဇနပဒေသု အညတရသ္မိံ အာဝါသေ” အစဖြာသဖြင့် မဟာဝါပါဠိ လာရှိသည်နှင့်အညီ ကောသလ တိုင်းသား ရဟန်းများတို့သည် စကားမပြော တုဏီဘောဖြင့် နှီးနှောမရှိ တိတ္ထိယသမာဒါနဖြင့် နေထိုင်ကြခြင်းကို အကြောင်းပြု၍ ထိုသို့ အချင်းချင်း စကားမပြော တုဏီဘောဖြင့် နှီးနှောမရှိ တိတ္ထိယသမာဒါနဖြင့် နေထိုင်ကြသည့် အခြင်းအရာမှာ သူတော်ကောင်းတရားတို့၏ ပေါင်းဖော်နေထိုင်ခြင်း မဟုတ်၊ ကျွဲနွားစသော တိရစ္ဆာန်တို့၏ ပေါင်းဖော်နေထိုင်ခြင်းသာ ဖြစ်သောကြောင့် ထိုရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ “န ဘိက္ခဝေ မူဂဗ္ဗတံ တိတ္ထိယသမာဒါနံ သမာဒိယိတဗ္ဗံ၊ ယော သမာဒိယေယျ၊ အာပတ္တိ ဒုက္ကဋဿ”ဟု သိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် “အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ဝုတ္ထာနံ ဘိက္ခူနံ တီဟိ ဌာနေဟိ ပဝါရေတုံ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ” အစဖြာသဖြင့် သမ္မာသမ္ဗုဒ္ဓ အတုလသခင် ဘုရားရှင်သည် အချင်းချင်း စကားမပြော တုဏှီဘောဖြင့် နှီးနှောမရှိ တိတ္ထိယသမာဒါနကို ပြုကျင့်ကြခြင်းဟူသော အမှုအခင်း အကြောင်းရင်း ဝတ္ထုကြောင့် ခွင့်ပြုပညတ်တော်မူ အပ်ပါသည် အရှင်ဘုရား။ မေး။ ။ ထိုသို့ ခွင့်ပြု ပညတ်တော်မူအပ်သော သမဏဓမ္မ စာရိတ္တသိက္ခာ ပဝါရဏာသည် သင်္ချာအရေအတွက်အားဖြင့် အဘယ်မျှ အပြားရှိပါသနည်း။ ဖြေ။ ။ ပဝါရဏာသည် သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ၊ တန်ဆောင်မုန်းလပြည့်နေ့၌ ပြုအပ်သော ပစ္ဆိမကတ္တိက စူဠပဝါရဏာ-အားဖြင့် နှစ်ပါး အပြားရှိပါသည် အရှင်ဘုရား။ မေး။ ။ သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ၊ တန်ဆောင်မုန်းလပြည့်နေ့၌ ပြုအပ်သော ပစ္ဆိမကတ္တိက စူဠပဝါရဏာ-အားဖြင့် နှစ်ပါး အပြားတို့တွင် ယခုပြုလတ္တံ့သော ပဝါရဏာသည် အဘယ်ပဝါရဏာ ဖြစ်ပါ သနည်း။ ဖြေ။ ။ သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ၊ တန်ဆောင်မုန်းလပြည့်နေ့၌ ပြုအပ်သော ပစ္ဆိမကတ္တိက စူဠပဝါရဏာ-အားဖြင့် နှစ်ပါး အပြားတို့တွင် ယခုပြုလတ္တံ့ သော ပဝါရဏာသည် သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ ဖြစ်ပါသည် အရှင်ဘုရား။ ပုဗ္ဗကရဏ(၄)ပါး သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ ဖြစ်ခဲ့လျှင်- မေး။ ။ သမ္မဇ္ဇနီ ပဒီပေါ စ၊ ဥဒကံ အာသနေန စ။ ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကရဏန္တိ ဝုစ္စတိ။ --ဟူ၍ အဋ္ဌကထာဆရာ အရှင်မြတ်တို့ မိန့်မှာတော်မူအပ်သည်နှင့် အညီ ပဝါရဏာအိမ် သိမ်အပြင်၌ တံမျက်လှည်းခြင်းကိစ္စ ပြီးပြီလော့။ ဖြေ။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ တံမျက်လှည်းခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။ မေး။ ။ ဆီမီးညှိထွန်းခြင်းကိစ္စ ပြီးပြီလော့။ ဖြေ။ ။ ဆီမီးညှိထွန်းခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။ (အလင်းရောင် ကောင်းစွာမြင်ရ၍ ဆီမီးမထွန်းလျှင်) “နေတည်းဟူသော အလင်းရောင်ရှိသည်ဖြစ်၍ ဆီမီးညှိထွန်းဖွယ်ကိစ္စမရှိ ပြီးပါပြီဘုရား”ဟု ဖြေပါ။ မေး။ ။ နေရာခင်းခြင်းနှင့်တကွ သောက်ရေ၊ သုံးဆောင်ရေ တည်ထားခြင်းကိစ္စ ပြီးပြီလော့။ ဖြေ။ ။ နေရာခင်းခြင်းနှင့်တကွ သောက်ရေ၊ သုံးဆောင်ရေ တည်ထားခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။ အမေးပုဂ္ဂိုလ်ဆိုရန် သာဓု သာဓု သာဓု။ ဤ(၄)ပါးသော ပြုဖွယ်ကိစ္စတို့ကို သံဃာ မစည်းဝေးမီ ရှေးအဖို့၌ ပြုအပ် ပြုသင့် ပြုထိုက် ပြုကောင်းသည်၏ အဖြစ်ကြောင့် ‘ပဝါရဏာကံ’၏ “ပုဗ္ဗကရဏတို့”ဟူ၍ မိန့်ဆိုတော်မူအပ် ကုန်၏။ ။ ပုဗ္ဗကိစ္စ(၅)ပါး မေး။ ။ ဆန္ဒပါရိသုဒ္ဓိဥတုက္ခာနံ၊ ဘိက္ခုဂဏာ စ သြဝါဒေါ။ ဥပေါသထဿ ဧတာနိ၊ “ပုဗ္ဗကိစ္စ”န္တိ ဝုစ္စတိ။ --ဟူ၍ အဋ္ဌကထာဆရာ အရှင်မြတ်တို့ မိန့်မှာတော်မူအပ်သည် နှင့်အညီ--- ဆန္ဒဆောင်ခြင်း၊ ပါရိသုဒ္ဓိဆောင်ခြင်း ဆောင်အပ်ပြီးသော ဆန္ဒ+ပါရိသုဒ္ဓိတို့ကို သံဃာတော်အား လျှေက်ထားခြင်းကိစ္စ ပြီးပြီလော့။ ဖြေ။ ။ ခဏ္ဍသိမ်ဖြစ်၍ မဟာသိမ် မဟုတ်သောကြောင့် ဆောင်အပ်ပြီးသော ဆန္ဒ+ပါရိသုဒ္ဓိတို့ကို သံဃာအား လျှေက်ထားဖွယ် ကိစ္စမရှိ ပြီးပါပြီ အရှင်ဘုရား။ မေး။ ။ ဥတုသည် ဂိမှာနဥတု၊ ဝဿာနဥတု၊ ဟေမန္တဥတုအားဖြင့် (၃)ပါးအပြားရှိ၏။ ထို(၃)ပါးသော ဥတုတို့တွင် ယခု ရောက်ဆဲဖြစ်သော ဥတုကား အဘယ်ဥတု ဖြစ်ပါသနည်း။ ဖြေ။ ။ ယခုရောက်ဆဲဖြစ်သော ဥတုကား ( )ဥတု ဖြစ်ပါသည် အရှင်ဘုရား။ မေး။ ။ တစ်ဥတု တစ်ဥတု၌ ရှစ်ပက္ခ ရှစ်ပက္ခ ရှိသည်တို့တွင် လွန်လေပြီးသော ပက္ခကား အဘယ်မျှ၊ ကြွင်းကျန်သေးသော ပက္ခကား အဘယ်မျှ၊ ယခုရောက်ဆဲပက္ခကား အဘယ်ပက္ခ ဖြစ်ပါသနည်း။ ဖြေ။ ။ လွန်လေပြီးသောပက္ခကား ( )ပက္ခ၊ ကြွင်းကျန်သေးသော ပက္ခကား ( )ပက္ခ၊ ယခုရောက်ဆဲဖြစ်သော ပက္ခကား ( ) ပက္ခ ဖြစ်ပါသည် အရှင်ဘုရား။ မေး။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ စည်းဝေးညီညာ ကြွရောက်တော်မူ လာကြကုန်သော ရဟန်းတော်တို့၏ အပေါင်းကား အဘယ်မျှ အတိုင်းအရှည် ရှိပါသနည်း။ ဖြေ။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ စည်းဝေးညီညာ ကြွရောက်လာကြကုန်သော ရဟန်းတော်တို့၏ အပေါင်းကား ( )ပါး အတိုင်းအရှည် ရှိပါသည် အရှင်ဘုရား။ မေး။ ။ ဘိက္ခုနီမတို့က “အကျွန်ုပ်တို့သည် အဘယ်မထေရ်၏ အထံ၌ အဆုံးအမကို ရပါအံ့လော့”ဟု တောင်းပန် လျှောက်ထားသော စကားကို သံဃာတော်အား လျှောက်ထားခြင်းကိစ္စ ပြီးပြီလော့။ ဖြေ။ ။ ယခုအခါ သာသနာတော်ဝယ် ဘိက္ခုနီမတို့ မရှိသည် ဖြစ်၍ ဘိက္ခုနီမတို့ လျှောက်ထားသော စကားကို သံဃာအား လျှောက်ထားဖွယ်ကိစ္စ မရှိ၊ ပြီးပါပြီ အရှင်ဘုရား။ အမေးပုဂ္ဂိုလ်ဆိုရန် သာဓု သာဓု သာဓု။ ဤ(၅)ပါးသော ပြုဖွယ်ကိစ္စတို့ကို သံဃာ စည်းဝေးပြီသည်မှနောက် ပဝါရဏာမပြုမီ ရှေးအဖို့၌ ပြုအပ် ပြုသင့် ပြုထိုက် ပြုကောင်းသည်၏ အဖြစ်ကြောင့် ပဝါရဏာကံ၏ “ပုဗ္ဗကိစ္စတို့” ဟူ၌ မိန့်ဆိုတော်မူအပ်ကုန်၏။ ပတ္တကလ္လ အင်္ဂါ(၄)ပါး မေး။ ။ ပဝါရဏာ ယာဝတိကာ စ ဘိက္ခု ကမ္မပ္ပတ္တာ၊ သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ။ ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊ “ပတ္တကလ္လ”န္တိ ဝုစ္စတိ။ --ဟူ၍ အဋ္ဌကထာဆရာ အရှင်မြတ်တို့ မိန့်ဆိုတော်မူအပ်သည်နှင့်အညီ ပဝါရဏာသည် သာမညအားဖြင့် တစ်ပါးသာ ဝိသေသအားဖြင့်သော်ကား- စာတုဒ္ဒသီပဝါရဏာ၊ ပန္နရသီပဝါရဏာ၊ သာမဂ္ဂီပဝါရဏာ ဟူ၍ နေ့၏အစွမ်းအားဖြင့် (၃)ပါး။ ပုဂ္ဂလပဝါရဏာ၊ ဂဏပဝါရဏာ၊ သံဃပဝါရဏာ-ဟူ၍ ပြုတတ်သော ကာရကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် (၃)ပါး။ တေဝါစိကပဝါရဏာ၊ ဒွေဝါစိကပဝါရဏာ၊ ဧကဝါစိက ပဝါရဏာ-ဟူ၍ ပြုအပ်သော ကတ္တဗ္ဗာကာရ၏ အစွမ်းအားဖြင့် (၃)ပါး။ ဤသို့အားဖြင့် (၉)ပါးအပြား ရှိ၏။ ထို(၉)ပါးသော ပဝါရဏာတို့တွင် ယခုပြုအပ်လတ္တံ့သော ပဝါရဏာသည် နေ့၏အစွမ်းအားဖြင့် အဘယ် ပဝါရဏာ ဖြစ်ပါသနည်း။ ဖြေ။ ။ ယခုပြုလတ္တံ့သော ပဝါရဏာသည်နေ့၏အစွမ်းအားဖြင့် ပန္နရသီ ပဝါရဏာ ဖြစ်ပါသည် အရှင်ဘုရား။ မေး။ ။ ပြုတတ်သော ကာရကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် အဘယ် ပဝါရဏာ ဖြစ်ပါသနည်း။ ဖြေ။ ။ ပြုတတ်သော ကာရကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် သံဃပဝါရဏာ ဖြစ်ပါသည် အရှင်ဘုရား။ မေး။ ။ ပြုအပ်သော ကတ္တဗ္ဗာကာရ၏ အစွမ်းအားဖြင့် အဘယ် ပဝါရဏာ ဖြစ်ပါသနည်း။ ဖြေ။ ။ ပြုအပ်သော ကတ္တဗ္ဗာကာရ၏ အစွမ်းအားဖြင့် တေဝါစိကပဝါရဏာ ဖြစ်ပါသည် အရှင်ဘုရား။ မေး။ ။ တေဝါစိကပဝါရဏာ-ဟူ၍ ဆိုအပ်ပြီ။ ထို တေဝါစိက ‘ပဝါရဏာ’ကံအား လျောက်ပတ်ကုန်သော အယုတ်ဆုံး (၄)ပါး၊ (၄)ပါးထက် အလွန်ရှိကုန်သော ပကတတ် ရဟန်းတို့သည် နှစ်တောင့်ထွာ ဟတ္ထပါသ်ကို မစွန့်မူ၍ တစ်သိမ်တည်း၌ တညီတညွတ်တည်း စည်းဝေးတည်နေကြပါ ကုန်ပြီလော့။ ဖြေ။ ။ ထို တေဝါစိက ပဝါရဏာကံအား လျောက်ပတ်ကုန်သော အယုတ်ဆုံး (၄)ပါး၊ (၄)ပါးထက် အလွန်ရှိကုန်သော ပကတတ် ရဟန်းတို့သည် တစ်သိမ်တည်း၌ နှစ်တောင့်ထွာ ဟတ္ထပါသ်ကို မစွန့်မူ၍ တစ်သိမ်တည်း၌ တညီတညွတ်တည်း စည်းဝေး တည်နေကြပါကုန်ပြီ အရှင်ဘုရား။ မေး။ ။ ထိုရဟန်းတို့အား နေ့လွဲသောအခါ ယာဝကာလိက ဘောဇဉ်ကို စားခြင်း အစရှိသော သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်မရှိ၊ ကင်းစင်ကြပါကုန်ပြီလော့။ ဖြေ။ ။ အချင်းချင်း ဒေသနာကြားပြီးသည်ဖြစ်၍ သဘောတူ ဝတ္ထုကြောင့်သင့်သော အာပတ်မရှိ၊ ကင်းစင်ကြပါကုန်ပြီ အရှင်ဘုရား။ ဖြေ။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ လူအစရှိသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်တို့ကို သံဃာတို့ဘောင် နှစ်တောင့်ထွာ ဟတ္ထပါသ်မှ အပပြုသဖြင့် ကြဉ်အပ်ပါကုန်ပြီလော့။ ဖြေ။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ လူအစရှိသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်တို့ကို သံဃာတို့ဘောင် နှစ်တောင့်ထွာ ဟတ္ထပါသ်မှ အပပြုသဖြင့် ကြဉ်အပ်ပါကုန်ပြီ အရှင်ဘုရား။ အမေးပုဂ္ဂိုလ်ဆိုရန် သာဓု သာဓု သာဓု။ ဤ(၄)ပါးသော အင်္ဂါနှင့် ပြည့်စုံသော ပဝါရဏာကံကို “ပတ္တကလ္လမည်၏”ဟူ၍ မိန့်ဆိုတော်မူအပ်ကုန်၏။ ပုဗ္ဗကရဏ,ပုဗ္ဗကိစ္စာနိ သမာပေတွာ ဒေသိတာပတ္တိကဿ သမဂ္ဂဿ ဘိက္ခုသံဃဿ အနုမတိယာ ပဝါရဏာ ဉတ္တိံ ဌပေတုံ အာရာဓနံ ကရောမ။ သံဃာတော်များ။ ။ သာဓု သာဓု သာဓု။ အဇ္ဈေသနဉတ် သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကမ္မံ၊ အဟံ အာယသ္မန္တံ (နာဂံ) ပဝါရဏာဉတ္တိဌပနံ အဇ္ဈေသေယျံ။ တောင်းပန်ရန် သံဃော ဘန္တေ အာယသ္မန္တံ (နာဂံ) ပဝါရဏာဉတ္တိဌပနံ အဇ္ဈေသတိ။ ဌပေတု အာယသ္မာ (နာဂေါ) ပဝါရဏာ ဉတ္တိံ။ ဒုတိယမ္ပိ သံဃော ဘန္တေ အာယသ္မန္တံ (နာဂံ) ပဝါရဏာဉတ္တိဌပနံ အဇ္ဈေသတိ။ ဌပေတု အာယသ္မာ (နာဂေါ) ပဝါရဏာ ဉတ္တိံ၊ တတိယမ္ပိ သံဃော ဘန္တေ အာယသ္မန္တံ (နာဂံ) ပဝါရဏာဉ တ္တိဌပနံ အဇ္ဈေသတိ။ ဌပေတု အာယသ္မာ (နာဂေါ) ပဝါရဏာ ဉတ္တိံ။ ပဝါရဏာဉာတ် (အဖြေပုဂ္ဂိုလ် ဆိုရန်) သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇ ပဝါရဏာ ပန္နရသီ၊ ယဒိ သံဃဿ ပတ္တကမ္မံ၊ သံဃော ပဝါရဏံ ပဝါရေယျ။ သံဃာတော်များ။ ။ သာဓု သာဓု သာဓု။ ပဝါရဏာပြုပုံ ပါဠိ (ထေရ်စဉ်ဝါလိုက် ပြုရန်) (သီတင်းကြီး) သံဃံ အာဝုသော ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ၊ ဝဒန္တု မံ အာယသ္မန္တော အနုကမ္မံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ သုံးခေါက်ဆို) (သီတင်းငယ်) သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ၊ ဝဒန္တု မံ အာယသ္မန္တော အနုကမ္မံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ သုံးခေါက်ဆို) ပဝါရဏာ အမေး+အဖြေ ပြီး၏။ ကိုးကား ဗုဒ္ဓဘာသာ ဝေါဟာရများ ရဟန်းဝိနည်းများ မြန်မာ့ ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%95%E1%80%9D%E1%80%AB%E1%80%9B%E1%80%8F%E1%80%AC%20%E1%80%A1%E1%80%99%E1%80%B1%E1%80%B8%2B%E1%80%A1%E1%80%96%E1%80%BC%E1%80%B1
ဒုဋ္ဌဋ္ဌကသုတ်
၇၈၅။ စွပ်စွဲမှု သဘာဝနှင့် ဘုရားရှင်အား ဖြစ်ပေါ်လာသော စွပ်စွဲမှု မရောက်ပုံ၊ ၇၈၈။ မိစ္ဆာအယူကို မကျော်လွန်နိုင်သူ၊ ၇၈၉။ သူယုတ်မာတို့၏ သဘော၊ ၇၉၀။ သူတော်ကောင်းတို့၏ သဘော၊ ၇၉၁။ မိစ္ဆာအယူကို မှီပုံ ၇၉၂။ မိစ္ဆာအယူရှိသူ ၇၉၃။ ၇၉၄။ ရဟန္တာပုဂ္ဂိုလ်၏ သဘောတို့ကို အရှင်အာနန္ဒာနှင့် ကောသလ မင်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဒုဋ္ဌဋ္ဌကသုတ် ဖြစ်ပေါ်လာပုံ သုန္ဒရီပရိဗိုဇ်မဝတ္ထု ကဲ့ရဲ့ ဆဲရေးမှု၏သဘာဝနှင့် ဂါထာတို့၏ အဓိပ္ပါယ်များကို ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%8B%E1%80%B9%E1%80%8C%E1%80%8B%E1%80%B9%E1%80%8C%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
တုဝဋ္ဋကသုတ်
ကာယဝိဝေကအစရှိသော ဆိတ်ငြိမ်မှု “ဝိဝေကကိုဖြစ်စေ၊ ရာဂအစရှိသည်ကို ငြိမ်းအေးရာနိဗ္ဗာန်ကိုဖြစ်စေ၊ အဘယ်ကဲ့သို့ ရှုမြင်လျှင် မိမိသန္တာန်၌ ရာဂအစရှိသော တရားတို့ကို ငြိမ်းအေးစေနိုင်ပါသနည်းဟု နိမ္မိတဘုရားရှင်၏ မေးမြန်းချက်ကို အရဟတ္တဖိုလ်ကို အထွဋ်တပ်၍ ငါးဂါထာဖြင့် ဘုရားရှင်က ဖြေကြားတော်မူပါသည်။ နိမ္မိတဘုရားရှင်၏ မေးလျှောက်ချက်အရ မဂ်ဖိုလ်နိဗ္ဗာန်နှင့် လျော်သော ကျင့်စဉ်၊ ပါတိမောက္ခသံဝရသီလ၊ သမာဓိတို့ကို မေးလျှောက်သဖြင့် “စက္ကူဟိ” အစရှိသော ဂါထာတို့ဖြင့် ဖြေကြားတော်မူပါသည်။ ဤတုဝဋ္ဋကသုတ်တော်သည် သဒ္ဓါ အားကောင်းသော နတ်ဗြဟ္မာများအား ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုသင့်သောပုဒ်တို့ကို ဖွင့်ဆိုပြီးအဆုံး၌ ဆိုလိုရင်းအကျဉ်းချုပ်ကို ပြဆိုထားပါသည်။ ဤသုတ္တန်၏အဆုံး၌ နတ်ဗြဟ္မာ ကုဋေတစ်သိန်း ရဟန္တာ ဖြစ်ကြောင်း ပြဆိုထားပါသည်။ ဤတုဝဋ္ဋကသုတ်တော်ကို အရှင်သာရိပုတ္တရာထေရ်က (မဟာနိဒ္ဒေသ၊၂၆၃-၃၁၅)အထိလည်းကောင်း၊ အရှင်ဥပသေနမထေရ်က မဟာနိ၊ဋ္ဌ၊၃၂၆-၃၅၃ အထိလည်းကောင်း ဖွင့်ဆိုတော်မူကြပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%90%E1%80%AF%E1%80%9D%E1%80%8B%E1%80%B9%E1%80%8B%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
တောဒေယျမာဏဝပုစ္ဆာ
တောဒေယျလုလင်၏ မေးလျှောက်ချက်အရ ကာမတို့မကိန်းအောင်း၊ တပ်မက်မှုတဏှာမရှိ၊ ဝိစိကိစ္ဆာကို လွန်မြောက်ပြီးသူသည် အခြားတစ်ပါးသော ဝိမောက္ခကို အလိုမရှိအပ်၊ တွယ်တာမှုအာသာကင်းပြီးသူ၊ တွယ်တာမှုအာသာမရှိတော့သူ၊ ပညာရှိသူ၊ သမာပတ္တိအစရှိသောဉာဏ်ဖြင့် တဏှာကပ္ပ၊ ဒိဋ္ဌိကပ္ပကို မဖြစ်စေတော့သူ၊ ကြောင့်ကြမရှိသူ၊ ကာမ၌လည်းကောင်း ဘဝ၌လည်းကောင်း ကပ်ငြိမှုတဏှာမရှိတော့သူဖြစ်၍ ထိုသူကို “မုနိ”ဟု သိလေလော့ဟု ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။ ဒေသနာတော်၏အဆုံး၌ အန္တေဝါသိက တပည့် တစ်ထောင်နှင့် တောဒေယျလုလင် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်လေသည်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။ စူဠနိဒ္ဒေသ(၁၃၀-၄)၌ တောဒေယျမာဏဝ ပုစ္ဆာနိဒ္ဒေသဟု အရှင်သာရိပုတ္တရာ ဖွင့်ဆိုဟောကြားတော်မူပါသည်။ စူဠနိ၊ဋ္ဌ၊၃၂။ ၌လည်း အရှင်ဥပသေနက ဖွင့်ဆိုထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%92%E1%80%B1%E1%80%9A%E1%80%BB%E1%80%99%E1%80%AC%E1%80%8F%E1%80%9D%E1%80%95%E1%80%AF%E1%80%85%E1%80%B9%E1%80%86%E1%80%AC
ဒွယတာနုပဿနာသုတ်
-ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတော် မိဂါရမာတု ပါသာဒ၌ ကုသိုလ်ဖြစ်ကုန်သော ဖြူစင်ကုန်သောလောကမှ ထွက်မြောက်စေတတ်ကုန်သော အရဟတ္တဖိုလ်သို့ ရောက်စေတတ်ကုန်သော နှစ်မျိုးသော အစိတ်အပိုင်း ရှိသော တရား(၁၆)မျိုးကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။ တစ်ဝါရပြီးတိုင်း ရဟန်း (၆)ကျိပ် ရဟန္တာဖြစ်တော်မူသည်။ (၁၆)ဝါရပြီးသည့်အခါ ရဟန်းတော် (၉၆၀) ရဟန္တာဖြစ်သည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%BD%E1%80%9A%E1%80%90%E1%80%AC%E1%80%94%E1%80%AF%E1%80%95%E1%80%BF%E1%80%94%E1%80%AC%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဓနီယသုတ်
ဘုရားရှင်သည် သာဝတ္ထိမြို့တော်မှ ယူဇနာ (၇၀၀)ဝေးကွာသော ဓနိယ ဂေါပါ၏ နွားခြံသို့ကြွရောက်တော်မူပြီး မဟီမြစ်ကမ်း၌ သုံးသောင်းသောနွားအုပ်၊ ဇနီးနှင့်တကွ သား(၅)ယောက်၊ သမီး(၅)ယောက်၊ ချွေးမ(၅)ယောက်၊ အလုပ်သမား ပေါင်း များစွာဖြင့် ဝိဒေဟ(တိုင်း)နိုင်ငံ၊ ပဗ္ဗတတိုင်း၊ ဓမ္မကောဏ္ဍမြို့သား နွားသူဌေး ဓနိယ၏ မိုးကြီးရွာတော့မည်ကို သိသဖြင့် မိုးကြီးရွာခြင်းကြောင့် မိုးတွင်းကာလ၌ ပြုလုပ်သင့်သည့်လုပ်ငန်းတို့ကို ပြုလုပ်ပြီးခြင်းကြောင့် မိုးအတွက် ကြောင့်ကြဖွယ်မရှိပုံ မိမိ နွားအုပ်၏ခံနိုင်ရည်ရှိပုံ၊ အိမ်ရှင်မဂေါပီ၏ဂုဏ်ရည်၊ ကိုယ်ပိုင်လုပ်ငန်းနှင့် ကျန်းမာရေး ကောင်းမွန်သော သားလိမ္မာ, သမီးလိမ္မာတို့၏ဂုဏ်ရည်၊ နွားအုပ်ရှိ နွားတို့ အကြောင်း ဆောင်ရွက်ဖွယ်အသွယ်သွယ်တို့ ပြီးစီးနေပုံတို့ကိုလည်းကောင်း ဘုရားရှင်က သဒ္ဒါတူ အနက်အဓိပ္ပါယ်မတူသည့် လောကုတ္တရာဂုဏ်ရည်ပြ ဂါထာတို့ဖြင့် လည်းကောင်း တစ်ဂါထာစီ ဓနိယသီဆိုသည့် ဂါထာပြီးတိုင်း မိန့်ကြားတော်မူပါသည်။ သစ္စာလေးပါးကို ပြဆိုသည့် ဂါထာအဆုံး၌ ဓနိယဇနီးမောင်နှံနှစ်ဦးနှင့် သမီး နှစ်ယောက်တို့ သောတာပန် အရိယာသာဝကဖြစ်ကြသည်။ ဓနိယနှင့် ဇနီးတို့က ရဟန်းပြုပေးရန် တောင်းပန်သည့်အခါ မာရ်နတ်လာရောက် နှောက်ယှက်သဖြင့် ဘုရားရှင်က “သောစတိ ပုတ္တေဟိ ပုတ္တိမာ” အစရှိသော ဂါထာဖြင့် အရဟတ္တဖိုလ် အထွဋ်တပ်၍ ဟောတော်မူပါသည်။ ဓနိယဇနီးမောင်နှံတို့ ရဟန်းပြုကြပြီး အရဟတ္တဖိုလ် ရောက်ရှိပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ်ရာများစွာ ရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%93%E1%80%94%E1%80%AE%E1%80%9A%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဓမ္မစရိယသုတ်
ကောသလဘုရင်၏ လျှောက်ထားချက်အရ ကပိလငါးကြီးကို အကြောင်းပြု၍ အရဟတ္တဖိုလ်ကို အထွတ်တပ်၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။ ဤသုတ်၌ အမြတ်ဆုံးဥစ္စာဖြစ်သော အကျင့်မြတ်(၂)ပါး၊ သားသမင်နှင့် တူသောရဟန်း၊ ဘုရားရှင်၏တရားတော်ကို မသိနိုင်သောရဟန်း၊ ငရဲရောက်ကြောင်း အကုသိုလ်ခရီးလမ်းကို မသိသောရဟန်း၊ တမလွန်ဘဝ၌ ဆင်းရဲရောက်မည့်ရဟန်း၊ ဆေးကြော၍ မစင်နိုင်သည့် အကုသိုလ်အညစ်အကြေး လိမ်းကျံနေသောရဟန်း၊ သာသနာတော်မှ ထုတ်ပယ်ရမည့်ရဟန်း၊ ဆင်းရဲ၏အဆုံးသို့ ရောက်အောင်ပြုကျင့်ရန် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူပါသည်။ ဒေသနာတော်၏အဆုံး၌ ကပိလ(ရွှေ) ငါးကြီးဖမ်းဆီး ယူဆောင်လာသော တံငါသည်ငါးရာတို့ ဘုရားရှင်အထံတော်၌ ရဟန်းပြုကြပြီး အရဟတ္တဖိုလ်သို့ ရောက်ရှိကြပြီး ဘုရားရှင်နှင့်အတူ အာနေဉ္ဇဝိဟာရသမာပတ်ကို သုံးဆောင်ကြသူများဖြစ်ကြပုံ။ ဥဒါနပါဠိတော်၌ ယသောဇသုတ် အမည်ရှိပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌ ကပိလငါးကြီး၏ အတိတ်ဝတ္ထုနှင့် ပစ္စုပ္ပန်ဝတ္ထု တံငါသည် ငါးရာ၏ အတိတ်ဝတ္ထုနှင့် ပစ္စုပ္ပန်ဝတ္ထုများ ပါရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%85%E1%80%9B%E1%80%AD%E1%80%9A%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဓောကမာဏဝကပုစ္ဆာ
ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော်အနီး ပါသာဏကစေတီ၌ သီတင်းသုံးတော်မူလျက် ဗာဝရီဗြာဟ္မဏဆရာကြီး၏တပည့် ဓောတကလုလင်၏ မေး လျှောက်သည့် မေးခွန်းတို့ကို ဖြေကြားတော်မူသည့်သုတ်။ မိမိ၏ရာဂစသည် ငြိမ်းအေးရန် သမ္မပ္ပဓာန် လုံ့လဖြင့် ပြင်းထန်စွာ အားထုတ်ရမည် ရင့်ကျက်သောပညာ, အောက်မေ့မှု သတိရှိရမည်။ သင်သည် မြတ်သော နိဗ္ဗာန်တရားကို သိမြင်လျှင် သံသရာအယဉ် “ဩဃ”ကို လွန်မြောက်နိုင်လိမ့်မည်။ ငြိမ်းအေးမှု နိဗ္ဗာန်တရားကို ကိုယ်တိုင်မြင်သိ၍ သတိရှိလျက် ကျင့်ကြံ အားထုတ်သူသည် တဏှာကို လွန်မြောက်နိုင်လိမ့်မည်။ ကာလသုံးပါး တရားအားလုံးကို အနိစ္စအစရှိသော အခြင်းအရာအားဖြင့် သိလျှင် ကပ်ငြိတွယ်တာမှုတဏှာကို မပြုလေလင့် အစရှိသည်ဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်၊ ဒေသနာတော်အဆုံး၌ ဓောတကလုလင်သည် တပည့်တစ်ထောင်နှင့်အတူ ရဟန္တာဖြစ်၍ ဧဟိဘိက္ခုရဟန်း ဖြစ်ကြသည်။ အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%93%E1%80%B1%E1%80%AC%E1%80%80%E1%80%99%E1%80%AC%E1%80%8F%E1%80%9D%E1%80%80%E1%80%95%E1%80%AF%E1%80%85%E1%80%B9%E1%80%86%E1%80%AC
နန္ဒမာဏဝကပုစ္ဆာ
ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော်အနီး ပါသာဏစေတီ၌ သီတင်းသုံးတော်မူစဉ် ဗာဝရီဗြာဟ္မဏ ဆရာကြီး၏တပည့် (၁၆)ယောက်အနက် နန္ဒလုလင် မေးလျှောက်သဖြင့် ဖြေဆိုတော်မူအပ်သော ဂါထာများ။ စူဠနိ၊၁၃-၄၁၁၂-၁၂၄။ စူဠနိ၊ဋ္ဌ၊၃၀-၁။တို့၌ အရှင်သာရိပုတ္တရာမထေရ်သည် သုတ္တနိဒ္ဒေသ၊ ပါရာယနဝဂ်၊ နန္ဒမာဏဝ ပုစ္ဆာဂါထာနှင့် ဘုရားရှင်၏ ဝိဿဇ္ဇနာဂါထာတို့ကို ဖွင့်ဆိုဟောကြားတော်မူပါသည်။ ယင်းဖွင့်ဆိုချက်များကို အရှင်ဥပသေနထေရ်က စူဠနိဒ္ဒေသအဋ္ဌကထာဟု ဆက်လက် ဖွင့်ဆိုထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%B9%E1%80%92%E1%80%99%E1%80%AC%E1%80%8F%E1%80%9D%E1%80%80%E1%80%95%E1%80%AF%E1%80%85%E1%80%B9%E1%80%86%E1%80%AC
နာလကသုတ်
ဘုရားရှင် ကာသိနိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတနတောအုပ်၌ သီတင်းသုံးတော်မူနေစဉ် ဓမ္မစက္ကပ္ပဝတ္တနသုတ်တော် ဟောတော်မူပြီး (၇)ရက်မြောက်နေ့၌ အသိတအမည်ရှိသော ကာဠဒေဝီလရသေ့၏ တူဖြစ်သော နာလက ရသေ့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ ဤနာလကသုတ်၌ (၆၈၄)ဂါထာမှ (၇ဝ၃)ဂါထာအထိ ဂါထာ (၂၀)သည်ဝတ္ထုဂါထာများဖြစ်ပါသည်။ (၇၀၄) (၇၀၅) နှစ်ဂါထာသည် ပုစ္ဆာဂါထာများ ဖြစ်ပါသည်။ (၇၀၆) ဂါထာသည် ဘုရားရှင်၏ ဥယျောဇနဂါထာဖြစ်ပါသည်။ (၇၀၇) ဂါထာမှ (၇၂၈) ဂါထာအထိ (၂၂)ဂါထာသည် မောနေယျအကျင့်ကို ဟောတော်မူသော ဂါထာများ ဖြစ်ပါသည်။ အဋ္ဌကထာ၌ နာလကသုတ်တော်အကြောင်း၊ အသိတ (ကာဠဒေဝီလ) ရသေ့အကြောင်း၊ တာဝတိံသာနတ်ပြည်အကြောင်း၊ အလောင်းတော် သိဒ္ဓတ္ထ မင်းသားငယ်အကြောင်း၊ နာလကထေရ်အကြောင်း၊ နာလကပဋိပဒါပုဒ်များအဖွင့်၊ နာလကပဋိပဒါကျင့်သည့် ပုဂ္ဂိုလ်သုံးမျိုးတို့တွင် အရှင်နာလကထေရ်သည် ဥက္ကဋ္ဌ ပဋိပဒါဖြစ်ပုံ၊ ရဟန္တာဖြစ်ပုံ၊ ပရိနိဗ္ဗာန်စံပုံ၊ ဘုရားရှင်ကိုယ်တော်တိုင် သရီရကိစ္စ ပြုစေပြီး ဓါတ်တော်တို့ကို စေတီတည်ပုံတို့ကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%9C%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
နိဂြောဓကပ္ပ(ဝင်္ဂီသ)သုတ်
ဘုရားရှင် အာဠဝီနိုင်ငံ အာဠဝီမြို့တော် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ဥပဇ္ဈာယ်ဆရာ နိဂြောဓကပ္ပထေရ် ပရိနိဗ္ဗာန်ဝင်စံမှုနှင့်ဆက်စပ်၍ အရှင်ဝင်္ဂီသထေရ် (၁၂) ဂါထာတို့ဖြင့် ဘုရားရှင်၏ဂုဏ်တော်တို့ကို ချီးမွမ်းတော်မူ၍ လျှောက်ထားပါသည်။ အမှတ် (၁၃) ဂါထာဖြင့် ဘုရားရှင်က ဖြေကြားတော်မူပါသည်။ အမှတ် (၁၄၊ ၁၅၊ ၁၆) ဂါထာတို့ဖြင့် နိဂြောဓကပ္ပထေရဂုဏ်ရည်တို့ကို လျှောက်ထားပါသည်။ အဋ္ဌကထာ၌ ဖွင့်သင့်သမျှ ပြည့်ပြည့်စုံစုံ ဖွင့်ထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%82%E1%80%BC%E1%80%B1%E1%80%AC%E1%80%93%E1%80%80%E1%80%95%E1%80%B9%E1%80%95%28%E1%80%9D%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%AE%E1%80%9E%29%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပရမဋ္ဌကသုတ်
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဆင်ကိုစမ်း၍ ဆင်၏ပုံဟန်ကိုပြောပြ၍ အချင်းချင်းငြင်းခုံကြသော မျက်မမြင်တို့ကဲ့သို့ ဝိမောက္ခန္တိက ဓမ္မကို မသိကြကုန်သော တိတ္ထိယတို့သည် ထိုထိုမိစ္ဆာအယူကို မှားမှားယွင်းယွင်း သုံးသပ်၍ ငြင်းခုံကြကုန်၏-ဟု မိန့်ကြားတော်မူပြီး ဤသုတ်ကို ဟောတော်မူပါသည်။ ဤသုတ်၌ မိစ္ဆာအယူကိုအကြောင်းပြု၍ အညတိတ္ထိယတို့ ငြင်းခုံနေကြပုံ၊ ရဟန္တာ ပုဂ္ဂိုလ်၏သဘာဝကို ဟောတော်မူပါသည်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%9B%E1%80%99%E1%80%8B%E1%80%B9%E1%80%8C%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပါရာယနတ္ထုတိဂါထာ
ပါရာယနတ္ထုတိ ၇-ဂါထာ။ ပါရာယနဒေသနာတော်ကို ချီးမွမ်းတော်မူလိုခြင်းကြောင့် သံဂါယနာတင် မထေရ်မြတ်များ ချီးမွမ်းတော်မူသည့် ၇-ဂါထာဖြစ်ပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%9B%E1%80%AC%E1%80%9A%E1%80%94%E1%80%90%E1%80%B9%E1%80%91%E1%80%AF%E1%80%90%E1%80%AD%E1%80%82%E1%80%AB%E1%80%91%E1%80%AC
ပါရာယနာနုဂီတိဂါထာ
အရှင်ပိင်္ဂိယထေရ် ဂေါဓာဝတီမြစ်ကမ်း ဗာဝရီသင်္ခမ်းကျောင်းသို့ကြွ၍ ဦးရီတော် ဗာဝရီဗြာဟ္မဏ ဆရာကြီးအား “ဘုရားရှင် ပွင့်တော်မူနေပြီ”ဟု မိန့်ကြား၍ ပါသာဏစေတီ၌ မိမိတို့ ၁၆-ယောက် ဦးဆောင်သောရသေ့တို့နှင့် ပရိသတ်တို့အား ဘုရားရှင် ဟောကြားတော်မူသော ပါရာယနဒေသနာတော်ကို ဟောကြားတော်မူပါသည်။ ဘုရားရှင် သာဝတ္ထိမြို့တော်၌ သီတင်းသုံးတော်မူလျက် ရောင်ခြည်တော် လွှတ်တော်မူပြီး ဂါထာပေါင်း (၁၁၅၂)ဂါထာကို အရှင်ပိင်္ဂိယထေရ်အား ဟောကြားတော်သည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%9B%E1%80%AC%E1%80%9A%E1%80%94%E1%80%AC%E1%80%94%E1%80%AF%E1%80%82%E1%80%AE%E1%80%90%E1%80%AD%E1%80%82%E1%80%AB%E1%80%91%E1%80%AC
ပိင်္ဂိယ(မာဏဝပုစ္ဆာ)သုတ်
ဘုရားရှင် မဂဓနိုင်ငံ ပါသာဏကစေတီ၌ သီတင်းသုံးတော်မူစဉ် ဗာဝရီ ဗြာဟ္မဏ ဆရာကြီး၏တပည့် အသက် (၁၂၀)ရှိ ပိင်္ဂိယပုဏ္ဏား၏ မေးလျှောက် ချက်အရ ရုပ်၏ အပြစ်ကိုပြ၍ တဖန်ဘဝသစ်၌ မဖြစ်ခြင်းငှါ ရုပ်ကိုပယ်စွန့်လော ဟုလည်းကောင်း၊ နောက်ထပ် လျှောက်ထားချက်အရ “တဏှာ၏အပြစ်ကို ပြတော်မူ၍ ဘဝသစ်၌ တဖန်မဖြစ်စေရန် တဏှာကို ပယ်စွန့်လေလော့ဟုလည်းကောင်း ဘုရားရှင် ဟောကြားတော်မူပါသည်။ ဘုရားရှင်သည် အရဟတ္တဖိုလ်ကို အထွတ်တပ်၍ တရားတော်ကို ဟောကြားတော်မူပါသော်လည်း ဦးရီးဗာဝရီပုဏ္ဏား၌ ချစ်ခင်သောစိတ်ကြောင့် ပိင်္ဂိယပုဏ္ဏားသည် အနာဂါမိဖိုလ်၌သာ တည်ရှိသော်လည်း ယင်း၏တပည့်ရသေ့ တစ်ထောင်သည်ကား အရဟတ္တဖိုလ်၌တည်ကြပြီး “ဧဟိ ဘိက္ခု”ရဟန်းတော်များ ဖြစ်ကြပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%AD%E1%80%9A%28%E1%80%99%E1%80%AC%E1%80%8F%E1%80%9D%E1%80%95%E1%80%AF%E1%80%85%E1%80%B9%E1%80%86%E1%80%AC%29%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပုရာဘေဒသုတ်
ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့တော်အနီး မဟာဝုန်တောအုပ်ကြီး အတွင်း၌ သီတင်းသုံးနေတော်မူစဉ် ဤသုတ်တော်ကို “ဗုဒ္ဓိစရိုက်”ရှိသော နတ်ဗြဟ္မာတို့အား ဟောကြားတော်မူ ပါရန် နိမ္မိတဘုရားရှင်က မေးတော်မူသောပြဿနာကို သဗ္ဗညုဘုရားရှင်က (၁၃) ဂါထာဖြင့် ဖြေကြားတော်မူသည့်သုတ်။ (၈)ဂါထာတို့ဖြင့် မသေခင် ငြိမ်းအေးစွာနေနိုင်သော “ဥပသန္တပုဂ္ဂိုလ်”ကို ဟောတော်မူပါသည်။ ယင်းပုဂ္ဂိုလ်ကိုပင် (၄)ဂါထာဖြင့် “သန္တပုဂ္ဂိုလ်”ဟု ဟောတော်မူပါသည်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ များစွာပါရှိပါသည်။ ပုရဘေဒသုတ်တော်ကို နာယူကြသော နတ်ဗြဟ္မာ ကုဋေ(၁)သိန်း ရဟန္တာ ဖြစ်ပုံ၊ သောတာပန်စသော နတ်ဗြဟ္မာများ မရေမတွက်နိုင်အောင် ကျွတ်တမ်းဝင်ပုံတို့ကို ဖွင့်ပြပါသည်။ ဤပုရာဘေဒသုတ်ကို အရှင်သာရိပုတ္တရာမထေရ်က မဟာ နိဒ္ဒေသပါဠိတော်၌ “ပုရာဘေဒသုတ္တနိဒ္ဒေသ”အမည်ဖြင့် ဖွင့်ဆို ဟောကြားတော်မူခဲ့ပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%9B%E1%80%AC%E1%80%98%E1%80%B1%E1%80%92%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဗြဟ္မဏဓမ္မိကသုတ်
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗြာဟ္မဏမဟာသာလ ကြီးများရောက်လာပြီး ပေါရာဏဗြာဟ္မဏတို့၏ ဗြာဟ္မဏဓမ္မများကို ဟောတော်မူ ပါရန် လျှောက်ထားကြသဖြင့် “ဣသယော ပုဗ္ဗကာ” အစရှိသော (၃၂)ဂါထာတို့ဖြင့် ရှေးဟောင်းဗြာဟ္မဏကြီးတို့၏ ဗြာဟ္မဏဓမ္မများကို ဘုရားရှင်က ဟောတော်မူရာ ဗြာဟ္မဏမဟာသာလကြီးများက လက်ခံကြပြီး ဥပါသကာအဖြစ် ခံယူကြပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ မှတ်သားဖွယ် ဖွင့်ဆိုချက်များ များစွာရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%9F%E1%80%B9%E1%80%99%E1%80%8F%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%AD%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဘဒြဝုဓမာဏဝ (သုတ္တ)ပုစ္ဆာ
ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော်အနီး ပါသာဏကစေတီ၌ သီတင်းသုံးတော်မူစဉ် ဗာဝရီဗြာဟ္မဏဆရာကြီး၏ ၁၂-ဦးမြောက်တပည့် ဘဒြာဝုဓလုလင် မေးလျှောက်သဖြင့် ဟောတော်မူသည့် နှစ်ဂါထာ။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%98%E1%80%92%E1%80%BC%E1%80%9D%E1%80%AF%E1%80%93%E1%80%99%E1%80%AC%E1%80%8F%E1%80%9D%20%28%E1%80%9E%E1%80%AF%E1%80%90%E1%80%B9%E1%80%90%29%E1%80%95%E1%80%AF%E1%80%85%E1%80%B9%E1%80%86%E1%80%AC
မဟာဗျူဟသုတ်
ဘုရားရှင် ကပိလဝတ္ထုမြို့တော်အနီး မဟာဝုန်တော၌ သီတင်းသုံးတော်မူစဉ် စကြဝဠာလောကဓာတ်ပေါင်း တိုက်တစ်သောင်းမှ ရောက်ရှိလာကြသော နတ်ဗြဟ္မာတို့တွင် မောဟစရိုက်ရှိသော နတ်ဗြဟ္မာတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ မဟာဗျူဟသုတ်တော်ကို နာယူပြီးချိန်၌ နတ် ဗြဟ္မာ ကုဋေတစ်သိန်း ရဟန္တာဖြစ်ကြသည်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်သူ မရေမတွက်နိုင်ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထားပါသည်။ ဤသုတ်၌ မိစ္ဆာဝါဒ သဘာဝနှင့် ရဟန္တာပုဂ္ဂိုလ်တို့ သဘာဝကို ဟောကြားတော်မူပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%97%E1%80%BB%E1%80%B0%E1%80%9F%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မုနိသုတ်
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ၁၅၀-ဂါထာတို့ကို ရဟန်းတို့အား အကြောင်းအတ္ထုပ္ပတ်များစွာတို့ကိုစုစည်း၍ ဘုရားရှင် ဟောတော်မူပါသည်။ (က) ထိုတွင် ဘိက္ခု၊ ဘိက္ခုနီသားအမိနှစ်ဦးတို့ အမြဲမပြတ်တွေ့ဆုံမှုကို အကြောင်းပြု၍ သာသနာတော်၌ပျက်စီးကြပုံကို(၂၀၉) ဂါထာ ရှေ့ထက်ဝက်ဖြင့် ပုထုဇဉ်တို့၏အမြင်ကို ကဲ့ရဲ့တော်မူပြီးနောက်ထက်ဝက်ဖြင့် မိမိ(ဘုရားရှင်)၏အမြင်ကို ချီးမွမ်း၍ဟောတော်မူပါသည်။ (၂၁၀) ကိလေသာတို့ကြောင့် ပုထုဇဉ်၏ မငြိမ်းအေး, မငြိမ်သက်ပုံ, ကိလေသာ မရှိခြင်းကြောင့် မိမိ(ဘုရားရှင်)၏ နိဗ္ဗာန်သို့ရောက်ခြင်းကို ချီးမွမ်း၍ဟောတော် မူပါသည်။ (၂၁၁) အကြံအစည်ကို မပယ်စွန့်နိုင်ခြင်းကြောင့် ပုထုဇဉ်၏ တောင်တောင်အီအီ ကြံစည်တွေးတော ယုံမှားခြင်းဖြစ်ပုံ, စတုသစ္စဘာဝနာဖြင့် အကြံအစည်ကို ပယ်စွန့်၍ မိမိ(ဘုရားရှင်)၏ တွေးတောယုံမှားခြင်းသို့ မကပ်ရောက်တော့ပုံကို ဟောတော်မူပါသည်။ (၂၁၂) နောင်အခါ၌ တဏှာ၏တည်နေရာကို အလိုရှိသော ပုထုဇဉ်၏ဘဝတဏှာဖြင့် အားထုတ်ပုံ၊ တဏှာ၏တည်နေရာတို့၌ တဏှာမရှိ တော့ခြင်းကြောင့် မိမိ(ဘုရားရှင်)၏ အားထုတ်မှုမရှိတော့ပုံကို ချီးမွမ်း၍ ဟောတော်မူပါသည်။ (၂၁၃) ဥပကတက္ကတွန်းအကြောင်း ဘုရားရှင်၏ ဒေသနာတော်ကြောင့် ဥပက တက္ကတွန်း၏ အနာဂါမ် အရိယာသာဝကဖြစ်ပုံကို ဟောတော်မူပါသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၄၉-၃၆၀) (၂၁၄) ခါရဝနိယ အရှင်ရေဝတထေရ်သည် နဝကမ္မိကအလုပ်ကို အားမထုတ်ပုံ၊ ရဟန္တာဖြစ်ပုံကို ဟောတော်မူပါသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၆-၄၀၃) (၂၁၅) ပံသုကူသင်္ကန်းတော် ဝတ်ရုံမှုကိုအကြောင်းပြု၍ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးအား ဟောတော်မူသည့်ဂါထာ။ (၂၁၆) စိဉ္စမာဏဝိကာ၏ စွပ်စွဲမှုကိုအကြောင်းပြု၍ ဘုရားရှင်တို့သည် လောကဓမ္မတို့ကို သည်းခံတော်မူနိုင်ပုံကို ဟောတော်မူသည့်ဂါထာ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၆-၉) (၂၁၇) သာဝတ္ထိမြို့၌ ပြာသာဒ်မှဆင်းသက်၍ ယက်ဖောက်ယောက်နေကြသော ရက်ကန်းသည်တို့ကိုကြည့်ရှု၍ လက္ခဏာယဉ်သုံးချက်တင်၍ ဝိပဿနာ ဉာဏ် ဖြစ်ပေါ်နေသော သူဌေးသမီးအား တရားဟောတော်မူပုံ၊ ဒေသနာတော်အဆုံး၌ သူဌေးသမီး သောတာပန် အရိယာသာဝိကာဖြစ်ပုံကို ဟောတော်မူသည့် ဂါထာ။ (၂၁၈) အာဠဝီနိုင်ငံ၊ အာဠဝီမြို့ သောတာပန် ရက်ကန်းသည်သမီး ကွယ်လွန်မှုကို အကြောင်းပြု၍ ရဟန္တာရဟန်းကို လူတို့သိနိုင်ခဲပုံကို ဟောတော်မူသည့် ဂါထာ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၁-၅) (၂၁၉) ပဉ္စဂ္ဂဒါယကာ ပုဏ္ဏားဇနီးမောင်နှံ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၅-၉) သောတာပန် အရိယာသာဝကများဖြစ်သည်အထိ ဘုရားရှင် ဟောတော်မူသည့်ဂါထာ။ (၂၂၀) သာဝတ္ထိမြို့၌ ဥတုသုံးလီ လှည့်လည်ပျော်လတ် ပြာသာဒ်သုံးဆောင်တို့ဖြင့် စည်းစိမ်ခံစား၍ ငယ်စဉ်ကပင် မိဖတို့ထံခွင့်ပန်၍ သုံးကြိမ် ရဟန်းပြု၊ သုံးကြိမ် လူထွက်ခဲ့ပြီး လေးကြိမ်မြောက်၌ အရဟတ္တဖိုလ်သို့ရောက်ရှိသော အညတရ သူဌေးသားကိုအကြောင်းပြု၍ ဟောတော်မူသည့် ဂါထာ။ (၂၂၁) ရဟန်းတို့၏ကဲ့ရဲ့မှုကိုအကြောင်းပြု၍ အရဟတ္တဖိုလ်သို့ရောက်ရှိသွားသော ညီတော်နန္ဒကိုအကြောင်းပြု၍ ဘုရားရှင်ဟောတော်မူသည့် ဂါထာ။ (ဓမ္မ၊ဋ္ဌ၊၁၊၇၇) (၂၂၂) ကောသလနိုင်ငံ ပစ္စန္တရွာကို ဂေါစရဂါမ်ပြု၍နေသော မုဆိုး၏အသားလှူဒါန်းမှုကိုခံယူသော ရဟန္တာမထေရ်ကိုအကြောင်းပြု၍ ဟောတော်မူသည့်ဂါထာ။ (၂၂၃) ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့တော်၌ သီတင်းသုံးတော်မူစဉ် “နောက်မှ သောတာပန်ဖြစ်သောရဟန်းသည် မိမိထက် ရှေးဦးစွာ သောတာပန်ဖြစ်သောလူကို ရှိခိုးရမည်”ဟု ပြောဆိုနေသောစကားကို ကြားသိရ၍ ဆွမ်းခံကြွလာသော အညတရရဟန်း၏လျှောက်ထားမှုကို “အနာဂါမ် လူဒါယကာသည် ထိုနေ့၌ ရှင်ပြုသောသာမဏေငယ်အား ရှိခိုးရမည်”ဟု ဘုရားရှင်ဟောတော်မူသည့်ဂါထာ။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%AF%E1%80%94%E1%80%AD%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မောဃရာဇမာဏဝပုစ္ဆာ
ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ပါသာဏကစေတီ၌ သီတင်းသုံးတော်မူ နေစဉ် မောဃရာဇလုလင်၏ မေးလျှောက်ချက်အရ “သေမင်း မမြင်နိုင်ရာ”ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%83%E1%80%9B%E1%80%AC%E1%80%87%E1%80%99%E1%80%AC%E1%80%8F%E1%80%9D%E1%80%95%E1%80%AF%E1%80%85%E1%80%B9%E1%80%86%E1%80%AC
အတ္တဒဏ္ဍသုတ်
ဤသုတ်၌ (ဇရာ-စသည်တို့ဖြင့်) မလွှမ်းမိုးနိုင်သည့် တစုံတခုသောအရပ် မရှိနိုင်ပုံ၊ စိတ်နှလုံး၌ စူးဝင်နစ်မြုပ်နေသော ရာဂ-စသော ဆူးငြောင့်ကို နှုတ်ပယ်ပြီးသူသည် မပြေးသွားရတော့သူ (ဩဃလေးပါ၌) မနစ်မြုပ်ရတော့သူဖြစ်ပုံ၊ မိမိ၏ (ရာဂစသည်ကို) ငြိမ်းစေရန်ကျင့်သင့်ပုံ၊ ရဟန်းတော်များ ပြည့်စုံအောင် ကျင့်သုံးရမည့်တရား၊ ရှောင်ကြဉ်ရမည့်တရား၊ လွန်မြောက်နိုင်ခဲသောအရာ၊ ငြိမ်းအေးပြီးသူ၊ ပညာရှိသူ၊ မဂ်ဉာဏ်သို့ ရောက်ပြီးသူ၊ မပူဆွေး မကြံမှိုင်ရတော့သူ၊ လောက၌ မဆုံးရှုံး မဆုတ်ယုတ်သူ၊ စိုးရိမ်ပူပန်မှု မရှိသူ၊ အကျိုးအာနိသင်လေးပါးရသူ၊ အလုံးစုံသော အရာဌာနတို့၌ ဘေးမရှိသူ၊ စွန့်လွှတ်နိုင်သူတို့ကို ဟောတော်မူသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%90%E1%80%B9%E1%80%90%E1%80%92%E1%80%8F%E1%80%B9%E1%80%8D%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အာမဂန္ဓသုတ်
ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ဝယ် တရားနာပရိသတ်အား တရားဟောကြားတော်မူစဉ် တပည့်ပရိသတ်ငါးရာနှင့် အတူရောက်ရှိလာသော အာမဂန္ဓရသေ့မေးလျှောက်သဖြင့် ကဿပဘုရားရှင်က တိဿဗြာဟ္မဏကြီးအား ဟောကြားတော်မူအပ်သော အာမဂန္ဓတရားတို့ကို (၁၄)ဂါထာတို့ဖြင့် ဟောတော်မူသည့်သုတ်။ အာမဂန္ဓရသေ့အလို အာမဂဠ-ဟူသည် “ငါးနှင့် အသား”တို့ကို ဆိုသည်။ ဘုရားရှင်အလိုတော်အားဖြင့် အာမဂန္ဓ-ဟူသည် အလုံးစုံသောကိလေသာတရားများ နှင့် အကုသိုလ်တရားများကို ဆိုလိုပါသည်။ အဋ္ဌကထာ၌ -အာမဂန္ဓရသေ့အကြောင်း၊ တိဿရသေ့နှင့် ကဿပဘုရားရှင် အကြောင်း၊ ပါဠိတော် (၁၄)ဂါထာ အဖွင့်၊ အာမဂန္ဓရသေ့နှင့် ပရိသတ်တို့ ဧဟိ ဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန္တာဖြစ်ကြပုံတို့ကို ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%99%E1%80%82%E1%80%94%E1%80%B9%E1%80%93%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဥဋ္ဌာနသုတ်
ကောသလနိုင်ငံ သာဝတ္ထိမြို့ မိဂါရမာတုပြသာဒ်အောက်ထပ် အခန်းငါးရာ၌ သီတင်းသုံးနေကြသည့် နေ့ပိုင်းတစ်ချိန်လုံးအိပ်စက်ကြပြီး ညနေပိုင်း၌ အိပ်ရာမှထ၍ အာမိသကထာကို ပြောဆိုနေကြသော ရဟန်းသစ်တို့အား အရှင်မောဂ္ဂလ္လာန်ထေရ်ကို ထိုရဟန်းများထိတ်လန့်ကြောက်ရွံ့အောင်ပြုစေသဖြင့် ကြောက်ရွံ့ ထိတ်လန့်နေကြသည့် အခါ ဘုရားရှင်က “နိဗ္ဗာန်အကျိုးငှာ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြရန်၊ သေမင်း ၏အလိုသို့ မလိုက်ပါနိုင်ကြစေရန်၊ တဏှာ၏နယ်ပယ်ကို လွန်မြောက်စေရန်၊ ဗုဒ္ဓုပ္ပါဒ နဝမခဏ (လူအခွင့် အရေး)ကို လက်မလွတ် မဆုံးရှုံးစေရန်၊ မေ့လျော့ခြင်းသည် အညစ်အကြေးများ ဖြစ်ပုံ၊ မမေ့မလျော့ခြင်း အာသဝက္ခယဉာဏ်ဖြင့် မိမိ၏စိတ်နှလုံး၌ စူးဝင်နေသော မြားငြောင့်ကို နှုတ်ပယ်နိုင်ရေးအတွက် ကမ္မဋ္ဌာန်းအလုပ် အားထုတ်ကြရန်” ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌-ဇေတဝနဝိဟာရနှင့် မိဂါရမာတုပသာဒတို့၌ ဘုရားရှင် အလှည့်အလည် သီတင်းသုံးတော်မူပုံ၊ မိဂါရမာတုပါသာဒအကြောင်း အရှင်မောဂ္ဂလ္လာန် တန်ခိုးဖြင့်တုန်လှုပ်စေပုံ၊ သုတ်တော်အဆုံး၌ ရဟန်းတော်ငါးရာတို့ အရဟတ္တဖိုလ် ဆိုက်ရောက်ပုံတို့ကို ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A5%E1%80%8B%E1%80%B9%E1%80%8C%E1%80%AC%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဥရဂသုတ်
ဤသုတ်လာဂါထာ (၁၇)ဂါထာတို့တွင်-ပဌမဂါထာကို “ဘူတဂါမသိက္ခာပုဒ်ကို ပညတ်တော်မူပြီး ရုက္ခဇိုဝ်းနတ်သမီး၏ ဒေါသကိုပယ်ဖျောက်နိုင်ရန် ဟောတော်မူပါသည်၊ ဤဂါထာသည် ပါစိတ္တိယပါဠိ၊ ဓမ္မပဒ၊ သုတ္တနိပါတ ပါဠိတော် ၃-ဌာန၌ သံဂါယနာ တင်ထားပါသည်။ ဒုတိယဂါထာကို “အရှင်သာရိပုတ္တရာ၏ တပည့် ရွှေပန်းထိမ်သည်သား ရဟန်းတော် အရဟတ္တဖိုလ်ပန်းကို ပန်ဆင်စေရန်” ဟောတော်မူပါသည်။ တတိယဂါထာကို “ဂဂ္ဂရာရေကန်အနီး၌ တဏှာ၏အစွမ်းဖြင့် အကုသလ ဝိတက်ကိုကြံစည်နေသော အညတရ ရဟန်း အရဟတ္တဖိုလ်ရရှိရေးအတွက်” ဟောတော်မူပါသည်။ စတုတ္ထဂါထာကို “ဂင်္ဂါမြစ်ကမ်း၌ နွေအခါဆောက်လုပ်ထားသည့် ကျူရိုးတံတား ရေ၌မျောပါသွားသည်ကို ကြည့်၍ သံဝေဂဉာဏ်ဖြစ်ပေါ်နေသော အညတရ ရဟန်း အရဟတ္တဖိုလ်ရဖို့ရန်” ဟောတော်မူပါသည်။ ပဉ္စမဂါထာနှင့် ကျန် ၁၂-ဂါထာတို့ကို သာဝတ္ထိမြို့ ရေသဖန်းတော၌ ရေသဖန်းပွင့်ရှာနေသော ပုဏ္ဏားနှင့် စကားပြောဆိုနေသော အညတရ ရဟန်း အရဟတ္တဖိုလ်ရရှိရေးအတွက် ဟောတော်မူပါသည်။ ဂါထာတို့၏အဆုံး၌ “ဥရဂေါ ဇိဏ္ဏ မိဝတ္တစံ ပုရာဏံ”ဟု ဟောတော်မူသောကြောင့် “ဥရဂသုတ်”ဟု သံဂါယနာတင်ထားတော်မူပါသည်။ ။ အဋ္ဌကထာ၌-ဝတ္တမာနုပ္ပန္န-အစရှိသော ဥပ္ပန္နလေးပါး၊ သမုဒါစာရုပ္ပန္နအစရှိသော ဥပ္ပန္နလေးပါး၊ သီလသံဝရ-အစရှိသော သံဝရဝိနယ ၅-ပါး၊ တဒင်္ဂပဟာန်အစရှိသော ၅-ပါး အကျယ်ဖွင့်ပြချက်၊ အာဃာတပယ်ဖျောက်ပုံနည်းများ၊ မြွေအမျိုးမျိုး နှင့် စပ်၍ သိမှတ်ဖွယ်၊ အရှင်သာရိပုတ္တရာ၏ တပည့် ရွှေပန်းထိမ်သည် ရဟန်းဝတ္ထု၊ မာန ၉-မျိုး၊ ရေသဖန်းပင်၌ အပွင့်မရှိပုံ၊ အနုသယကို မဂ်ဖြင့်ပယ်ပုံ၊ တဏှာ၏ ပရိယာယ်များ၊ နီဝရဏကို မဂ်ဖြင့်ပယ်ပုံ-အစရှိသော ဖွင့်ဆိုချက်များကို အကျယ် ဖွင့်ဆိုထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A5%E1%80%9B%E1%80%82%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ကပိလ (ဓမ္မစရိယ) သုတ်
ဤသုတ်သည် ပါဠိတော်၌ ဓမ္မစရိယသုတ်ဟုလည်းကောင်း, အဋ္ဌကထာ၌ ကပိလသုတ်ဟုလည်းကောင်း ခေါ်ဝေါ်ပါသည်။ ဤသုတ်ကို ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ကပိလငါးနှင့်အတူ စည်းဝေးရောက်လာကြသော ကောသလမင်းနှင့် လူအပေါင်းအား ကပိလငါးကို အကြောင်းပြု၍ ဟောကြားတော် မူပါသည်။ ဤသုတ်၌ မြတ်သောဥစ္စာရတနာ၊ ယုတ်ညံ့စွာအသက်ရှင်နေသော ရဟန်း၊ ဘုရားရှင် ဟောကြားတော်မူသည့်တရားတော်ကို မသိနိုင်သောရဟန်း၊ တမလွန်ဘဝ၌ ဆင်းရဲသို့ရောက်မည့် ရဟန်း၊ ဆေးကြော၍ မစင်ကြယ်စေနိုင်သော အကုသိုလ်မစင်ဖြင့် ပြည့်သောရဟန်း၊ ယုတ်ညံ့သောရဟန်းတို့ကို သံဃာညီညွတ်မှုကိုရယူလျက် အမှိုက်, ယောက်သွားပုပ်တို့ကဲ့သို့ သံဃာ့ဘောင်မှ နှင်ထုတ်ကြကုန်လျက် ဆင်းရဲကုန်ဆုံး အောင် အားထုတ်ကြကုန်လော့-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌-ကပိလရဟန်းအကြောင်းနှင့် မှတ်သားဖွယ်ဖွင့်ဆိုချက်များကို လေ့လာနိုင်ပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%95%E1%80%AD%E1%80%9C%20%28%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%85%E1%80%9B%E1%80%AD%E1%80%9A%29%20%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ကလဟဝိဝါဒသုတ်
ကလဟ, ဝိဝါဒ, မစ္ဆရိယ, ပရိဒေဝ, သောက, ပိသုဏ, မာနာတိမာန, ပိယ, အာသာ, နိဋ္ဌာ, ဆန္ဒ, ဝိနိစ္ဆယ, ကောဓ, မောသဝဇ္ဇ, ကထံကထီ, သာတ, အသာတ, ဝိဘဝ, ဘဝ, ဖဿ, ပရိဂ္ဂဟ, မမတ္တ, ရူပဝိဘောတိ-အစရှိသောတရားတို့ ဖြစ်ခြင်း၏ အကြောင်းတရားတို့ကို နိမ္မိတရုပ်ပွားတော်က မေးလျှောက်သဖြင့် ဘုရားရှင် ဖြေကြားတော်မူသည်။ ဤသုတ်ကို ဒေါသစရိုက်ရှိနေသော နတ်ဗြဟ္မာတို့အား ဘုရားရှင် ဟောကြားတော်မူပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%9F%E1%80%9D%E1%80%AD%E1%80%9D%E1%80%AB%E1%80%92%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ကိံသီလသုတ်
သာသနာတော်၌ စွဲမြဲစွာတည်၍ အရဟတ္တဖိုလ်သို့ရောက်နိုင်သော ဝါရိတ္တ သီလ, စာရိတ္တသီလ ပွားများအပ်သောကံတို့ကို အရှင်သာရိပုတ္တရာထေရ်က မေးလျှောက်သဖြင့် ဘုရားရှင်က “၃၂၇-ဂါထာမှ ၃၃၂-ဂါထာ ပထမပါဒဖြင့် ပုဗ္ဗဘာဂပဋိပဒါကိုလည်းကောင်း, ကြွင်းသုံးပါဒတို့ဖြင့် (သီလက္ခန္ဓ, သမာဓိက္ခန္ဓ, ပညာက္ခန္ဓ-ဟူသော) အပရဘာဂပဋိပဒါကိုလည်းကောင်း ဟောတော်မူပါသည်။ အရဟတ္တဖိုလ်ဟူသော အထွတ်ရှိသော ဒေသနာတော်အဆုံး၌ ၅၆၀-ကုဋေသော ပစ္စည်း ဥစ္စာတို့ကိုစွန့်၍ သာသနာတော်တွင်းသို့ဝင်ရောက်လာသော ဖခင် ဝင်္ဂန္တပုဏ္ဏား မိတ်ဆွေ၏သားဖြစ်သော တပည့်ရဟန်းတော်သည် သောတာပန်အရိယာသာဝက ဖြစ်ပြီး မကြာမီ အရဟတ္တဖိုလ်သို့ရောက်ရှိသွားပုံကို ဟောတော်မူသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%B6%E1%80%9E%E1%80%AE%E1%80%9C%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ခဂ္ဂဝိသာဏသုတ်
ပစ္စေကဗုဒ္ဓါ အရှင်မြတ် (၄၃)ပါးတို့၏ ပစ္စေကဗုဒ္ဓါဖြစ်ခဲ့သော ကျင့်စဉ်များကို တစ်ဂါထာစီအားဖြင့် (၁) ပစ္စေကဗောဓိဉာဏ်ကို ထိုးထွင်း၍ သိမြင်တော်မူရာအခါ၌၊ (၂) ဂန္ဓမာဒနတောင် မဉ္ဇူသကသစ်ပင်ရင်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ စည်းဝေးရာ အရပ်၊ (၃) အရှင်အာနန္ဒာထေရ်က ဘုရားရှင်အား မေးမြန်းလျှောက်ထားရာအခါ၊ (၄) ပဌမသံဂါယနာတင်ရာအခါ-တို့၌ လေးကြိမ်တိုင်တိုင် ဟောကြားအပ်သော ဒေသနာတော်များဖြစ်ပါသည်။ ။ သုတ္တနိပါတပါဠိတော်၌ “ခဂ္ဂဝိသာဏသုတ္တ”ဟု ပါရှိသည်။ ယင်း၏အဖွင့် အဋ္ဌကထာကို “ပရမတ္ထ ဇောတိကာ”အမည်ဖြင့် အရှင်ဗုဒ္ဓဃောသကထေရ် ဖွင့်ဆိုခဲ့ပါသည်။ အဋ္ဌကထာ၌ -ဤသုတ်တော် ဖြစ်ပေါ်လာပုံ၊ သဗ္ဗညုဗုဒ္ဓ သုံးမျိုး, ပစ္စေကဗုဒ္ဓ, အဂ္ဂသာဝက, မဟာသာဝကလောင်းလျာတို့ ပါရမီတော်ဖြည့်ကျင့်ပုံ အပိုင်း အခြား၊ ယင်းဗုဒ္ဓတို့နှင့် ဆက်စပ်၍ အသေးစိတ်သိမှတ်ဖွယ်ရာများ၊ ဂတပစ္စာဂတဝတ် ကျင့်စဉ် နှင့် သာဓကဝတ္ထု အကျိုးဆက်များ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဖြစ်တော်စဉ် အကျဉ်းများ၊ ဂါထာ၌ ပါရှိသောပုဒ်တို့၏ အဖွင့်များ၊ အခြားသိမှတ်ဖွယ် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပြတော်မူထားပါသည်။ အပဒါနပါဠိတော်၌ “ပစ္စေကဗုဒ္ဓအပဒါန”ဟု ကဏ္ဍတစ်ခုထား၍ ဟောတော်မူထားပါသည်။ ယင်း၏ အဋ္ဌကထာကို “ဝိသုဒ္ဓဇနဝိလာသိနီ”ဟု အမည်တပ်၍ ရှေးမထေရ်တစ်ပါး ဖွင့်ဆိုတော်မူခဲ့ပါသည်။ အဋ္ဌကထာရှေ့ပိုင်း၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ် (၆၄)ပါးတို့၏ အမည်များကို ပြဆိုထားပါသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဖြစ်တော်စဉ်နှင့် ဂါထာ၌ပါရှိသောပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။ စူဠနိဒ္ဒေသပါဠိတော်၌ သုတ္တနိပါတလာ ခဂ္ဂဝိသာဏသုတ်ကို အရှင်သာရိပုတ္တရာထေရ်က “ခဂ္ဂဝိသာဏသုတ္တနိဒ္ဒေသ”ဟု ပါရာယနာနုဂီတိဂါထာနိဒ္ဒေသအမည်ဖြင့် အရှင်ဥပသေနမထေရ်က ဖွင့်ဆိုခဲ့ပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%81%E1%80%82%E1%80%B9%E1%80%82%E1%80%9D%E1%80%AD%E1%80%9E%E1%80%AC%E1%80%8F%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဂူဟဋ္ဌကသုတ်
ဥတေနမင်း၏ ရိုင်းပျသောအပြုအမူနှင့် ဆက်စပ်၍ အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်အား ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ/ဋီကာတို့၌-ပထမဂါထာဖြင့် အဿာဒကို၊ ထို့နောက် လေးဂါထာတို့ဖြင့် အာဒီနဝကို၊ နောက် ၂-ဂါထာတို့ဖြင့် သဥပါယ နိဿရဏ နိဿရဏာနိသံသကို ဟောတော်မူကြောင်း (တနည်း) အထက်ပါဂါထာအားလုံးတို့ဖြင့် ကာမဂုဏ်တို့၏ အာဒီနဝ, ဩကာရ, သံကိလေသကို ပြုပြီး၍ နောက်ဆုံး ၂-ဂါထာတို့ဖြင့် နေက္ခမ္မအာနိသံသကို ဟောတော်မူကြောင်း ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%82%E1%80%B0%E1%80%9F%E1%80%8B%E1%80%B9%E1%80%8C%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
စူဠဗျူဟသုတ်
ဘုရားရှင် သက္ကနိုင်ငံ ကပိလဝတ္ထုမြို့တော်အနီး မဟာဝုန် တောအုပ်ကြီး အတွင်း၌ မင်းမျိုးချည်း, ရဟန္တာပုဂ္ဂိုလ်ချည်းဖြစ်ကြသော ရဟန်းတော်ငါးရာနှင့် စကြာဝဠာ လောကဓာတ်ပေါင်း တိုက်တစ်သောင်းမှ ရောက်လာကြသော ဝိတက် စရိုက်များသော နတ်ဗြဟ္မာအပေါင်းတို့အား နိမ္မိတဘုရားရှင်က မေးမြန်းသဖြင့် ဖြေကြားဟောတော်မူသည့်သုတ်။ ဒေသနာတော်အဆုံး၌ နတ်, ဗြဟ္မာ ကုဋေ တစ်သိန်း အရဟတ္တဖိုလ် ရရှိကြသည်။ သောတာပန်အစရှိသော အရိယာပုဂ္ဂိုလ်တို့ မရေမတွက်နိုင်အောင် ကျွတ်တမ်းဝင်ကြသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%85%E1%80%B0%E1%80%A0%E1%80%97%E1%80%BB%E1%80%B0%E1%80%9F%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
တိဿမေတ္တေယျသုတ်
အရှင်မေတ္တေယျ၏လျှောက်ထားချက်အရ တိဿလုလင်အား မေထုန် အကျင့်ကို ပြုကျင့်သူ၏အပြစ်ကိုးပါးနှင့် မေထုန်အကျင့်သည် အရိယာတို့၏ အကျင့် မဟုတ်၊ ယုတ်ညံ့သော ပုထုဇဉ်၏အကျင့်ဖြစ်ပုံ၊ ဝိဝေကအကျင့်သည်သာ အရိယာတို့၏ အကျင့်ဖြစ်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ တိဿနှင့် မေတ္တေယျဟု သူငယ်ချင်းနှစ်ယောက်အကြောင်းနှင့် ဖွင့်သင့်သောပုဒ်တို့ကို ဖွင့်ပြထားပါသည်။ မေတ္တေယျသည် ထိုနှစ်မှာပင် ရဟန္တာဖြစ်ပုံ၊ တိဿသည် လူထွက်ပြီး ဤဒေသနာတော်အဆုံး၌ သောတာပန်အရိယာသာဝက ဖြစ်၍ ရဟန်းပြုပြီး မကြာမီ ရဟန္တာဖြစ်ပုံကို ဖွင့်ပြထားပါသည်။ ဤသုတ်ကို မဟာနိ၊၁၀၇-၁၂၄။ မဟာနိ၊ဋ္ဌ၊၂၂၆-၂၄၅။တို့၌ အရှင်သာရိပုတ္တရာထေရ်နှင့် မဟာနာမထေရ်တို့ ဖွင့်ဆိုထားကြပါသည်။ မှတ်သားဖွယ် များစွာ ပါရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%BF%E1%80%99%E1%80%B1%E1%80%90%E1%80%B9%E1%80%90%E1%80%B1%E1%80%9A%E1%80%BB%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အဇာတသုတ်
ပရမတ္ထသဘာဝအားဖြင့် နိဗ္ဗာန်ထင်ရှားရှိပုံ၊ နိဗ္ဗာန်၏ သဘောလက္ခဏာတို့ကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောပြသည့်သုတ်။ အဋ္ဌကထာ၌ -နိဗ္ဗာန်၏ သဘာဝများကို အကျယ်တဝင့် ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%87%E1%80%AC%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အဋ္ဌိပုဉ္ဇသုတ်
စုဆောင်းထားသူလည်းရှိခဲ့မူ စုဆောင်းထားတိုင်းလည်း မပျက်စီးခဲ့မူ တစ်ကမ္ဘာ ပတ်လုံးဖြစ်ရသော ပုဂ္ဂိုလ်တစ်ယောက်၏ အရိုးပုံ အရိုးစုသည် (ဂိဇ္ဈကုဋ်တောင်၏ မြောက်ဖက်ရှိ) ဤဝေပုလ္လတောင်ကြီးမျှပင် ရှိရာ၏ဟု ဘုရားရှင် ဟောတော်မူကြောင်းကို ခုဇ္ဇုတ္တရာကသာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောပြသည့်သုတ်။ အဋ္ဌကထာ၌ -သမ္မုတိဒေသနာနှင့် ပရမတ္ထဒေသနာတို့ အကြောင်း၊ ဘုရားရှင်သည် အကြောင်းရှစ်မျိုးကြောင့် ပုဂ္ဂလကထာကို ဟောတော်မူပုံ၊ အဋ္ဌိပုဉ္ဇ အကြောင်းတို့ကို ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%8B%E1%80%B9%E1%80%8C%E1%80%AD%E1%80%95%E1%80%AF%E1%80%89%E1%80%B9%E1%80%87%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အဒ္ဓါသုတ်
ဤသုတ်၌ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဟု ကာလသုံးပါးရှိပုံ, ခန္ဓာငါးပါး၌ ငါ, သူတပါးအစရှိသည်ဖြင့် မှတ်ထင်နေကုန်သော သတ္တဝါတို့သည် ခန္ဓာငါးပါး၌ တည်လျက် ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်းနှင့် စပ်ယှဉ်ခြင်းသို့ ရောက်ရ၏။ ခန္ဓာငါးပါးကို ပိုင်းခြား၍သိသော ရဟန္တာပုဂ္ဂိုလ်သည် ငါ သူတပါးအစရှိသည်ဖြင့် မအောက်မေ့, ကိလေသာမှ လွတ်သည်ဖြစ်၍ နိဗ္ဗာန်ကို သိမြင်၏ အစရှိသည်ဖြင့် ဘုရားရှင် ဟောကြားတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားများအား ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%92%E1%80%B9%E1%80%93%E1%80%AB%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အန္တရာမလေသုတ်
လောဘ, ဒေါသ, မောဟတို့သည် စိတ်၏အညစ်အကြေး၊ စိတ်၏ရန်သူ၊ စိတ်၏ သူသတ်သမား၊ စိတ်၏ဆန့်ကျင်ဘက်ကိုလိုလားသော သဘာဝတို့ဖြစ်ကုန်၏ဟု (အံ၊၂၊၄၇၁။)လာ (၉) ဂါထာတို့ဖြင့် ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ပြန်လည်ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%B9%E1%80%90%E1%80%9B%E1%80%AC%E1%80%99%E1%80%9C%E1%80%B1%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အန္ဓကရဏသုတ်
ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်-ဟူသော အကုသလဝိတက် သုံးပါးတို့သည် ပညာဉာဏ်ကိုကန်းအောင် ပြုတတ်ကုန်၏၊ ပညာမျက်စိကို မပြုတတ်ကုန်၊ မသိခြင်းကို ပြုတတ်ကုန်၏၊ ဆင်းရဲခြင်းအဖို့ ရှိကုန်၏၊ ကိလေသာငြိမ်းအေးမှုကို မပြုတတ်ကုန်၊ နေက္ခမ္မဝိတက်, အဗျာပါဒဝိတက်, အဝိဟိံသာဝိတက်-ဟူသော ကုသိုလ်ဝိတက် သုံးပါးတို့သည် ဉာဏ်ပညာကန်းအောင် မပြုတတ်ကုန်၊ ပညာမျက်စိကို ပြုတတ်ကုန်၏။ သိခြင်းကို ပြုတတ်ကုန်၏၊ ပညာကို တိုးပွားစေတတ်ကုန်၏၊ ဆင်းရဲခြင်းအဖို့မရှိကုန်၊ ကိလေသာငြိမ်းအေးခြင်းကို ဖြစ်စေတတ်ကုန်၏-အစရှိသည်ဖြင့် ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ပြန်လည်ဟောကြားသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%B9%E1%80%93%E1%80%80%E1%80%9B%E1%80%8F%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အဝိဇ္ဇာနီဝရဏသုတ်
အဝိဇ္ဇာနီဝရဏဖြင့် တားမြစ်ပိတ်ပင်ခံရသော သတ္တဝါတို့သည် ရှည်မြင့်စွာသော နေ့ညဉ့်တို့ပတ်လုံး သံသရာ၌ ပြေးသွား ကျင်လည်ကြရကုန်၏ဟု ဘုရားရှင် ဟောတော်မူကြောင်းကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ -သန္ဓာဝနနှင့် သံသရဏတို့ထူးခြားပုံ၊ အဝိဇ္ဇာနီဝရဏ၏ အစွမ်းသတ္တိကြောင့် ကာမစ္ဆန္ဒအစရှိသော နီဝရဏတို့ ဖြစ်ပုံ၊ သံသရာ၏ မူလအကြောင်းသည် အဝိဇ္ဇာဖြစ်ပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9D%E1%80%AD%E1%80%87%E1%80%B9%E1%80%87%E1%80%AC%E1%80%94%E1%80%AE%E1%80%9D%E1%80%9B%E1%80%8F%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အဝုဋ္ဌိကသုတ်
ဘုရားရှင်ထံတော်မှ နာယူခဲ့ရသော -(၁) အဝုဋ္ဌိကသမ (မရွာသောမိုးနှင့် တူသော)ပုဂ္ဂိုလ်၊ (၂) ပဒေသဝဿီ (တစိတ်တဒေသ၌ ရွာသောမိုးနှင့် တူသော) ပုဂ္ဂိုလ်၊ (၃) သဗ္ဗတ္တာဘိဝဿီ (အရပ်မျက်နှာအားလုံး ပျံ့နှံ့အောင် ရွာသောမိုးနှင့် တူသော)ပုဂ္ဂိုလ်-ဟူသော ပုဂ္ဂိုလ်သုံးမျိုးကို သာမာဝတီအမှူးရှိသော ဥတေနမင်း၏ မိဖုရားငါးရာတို့အား ခုဇ္ဇုတ္တရာက အကျယ်ဝေဖန်၍ ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9D%E1%80%AF%E1%80%8B%E1%80%B9%E1%80%8C%E1%80%AD%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အသုဘာနုပဿီသုတ်
ခန္ဓာကိုယ်၌ အသုဘ အခြင်းအရာကို ရှုမှတ်နေသူအား ရာဂါနုသယကင်း ပျောက်ပုံ၊ အာနာပါနဿတိ ရှုမှတ်သူအား မိစ္ဆာဝိတက်တို့ မဖြစ်ပုံ၊ သင်္ခါရအားလုံးတို့၌ အနိစ္စ-ဟု ရှုမှတ်မှုကြောင့် အဝိဇ္ဇာပျောက်၍ ဝိဇ္ဇာဉာဏ်ရောက်လာပုံကို ဘုရားရှင် ဟောတော်မူသည်ကို နာယူခဲ့ပါကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီအမှူး ရှိသော မိဖုရားငါးရာတို့အား ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9E%E1%80%AF%E1%80%98%E1%80%AC%E1%80%94%E1%80%AF%E1%80%95%E1%80%BF%E1%80%AE%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အာတပနီယသုတ်
ကောင်းမှု “ကုသိုလ်ပြုပြီးသူသည် “ငါကောင်းမှု ပြုပြီးပြီ”ဟု မပူပန်ရ၊ “ငါမကောင်းမှု မပြုရ”ဟု မပူပန်ရ-ဟူသော အနက်အဓိပ္ပါယ်ကို ဘုရားရှင် ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာအား ပြန်လည်ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%90%E1%80%95%E1%80%94%E1%80%AE%E1%80%9A%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
အာတာပီသုတ်
ကိလေသာကို ပူပန်စေတတ်သော ထက်သန်သောလုံ့လမရှိသူနှင့် မကောင်းမှုမှ မထိတ်လန့်သူတို့သည် သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်း၊ အနုတ္တရယောဂက္ခမ ဖြစ်သော နိဗ္ဗာန်သို့ရောက်ခြင်းငှာ မဖြစ်ထိုက်ပုံ၊ ကိလေသာကို ပူပန်စေတတ်သော ထက်သန်သောလုံ့လရှိသူနှင့် မကောင်းမှုမှ ထိတ်လန့်သူတို့သည် သစ္စာလေးပါးကို ထိုးထွင်း၍ သိရန်၊ အနုတ္တရယောဂက္ခမဖြစ်သော နိဗ္ဗာန်သို့ရောက်နိုင်ပုံကို ဘုရားရှင် ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ပြန်လည် ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%90%E1%80%AC%E1%80%95%E1%80%AE%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဥဘယတ္တသုတ်
ကုသိုလ်ကောင်းမှုတို့၌ မမေ့လျော့မှု “အပ္ပမာဒတရားကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုး၊ တမလွန်ဘဝ၌ ခံစားအပ်သော အကျိုး-နှစ်မျိုးကို ပြည့်စုံစွာယူ(ခံစား)နိုင်၏-ဟု ဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီမိဖုရားအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌-လူနှင့် ရှင်ရဟန်းတို့ သီးခြားစီ ဒိဋ္ဌဓမ္မိကအကျိုးနှင့် တူညီ သော ဒိဋ္ဌဓမ္မိကအကျိုး၊ အပ္ပမာဒဓမ္မတို့ကို ဖွင့်ဆိုထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%A5%E1%80%98%E1%80%9A%E1%80%90%E1%80%B9%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ကာမယောဂသုတ်
(၁) ကာမယောဂယုတ္တ, ဘဝယောဂယုတ္တ ပုဂ္ဂိုလ်သည် “အာဂါမီ” (ဤလူ့ပြည်သို့ ပြန်လာမည့်ပုဂ္ဂိုလ်၊ (၂) ကာမယောဂဝိသံယုတ္တ, ဘဝယောဂဝိသံယုတ္တ အနာဂါမ် ပုဂ္ဂိုလ်သည် ဤလူ့ပြည် ပြန်မလာသော “အနာဂါမီ” ပုဂ္ဂိုလ်၊ (၃) ကာမယောဂဝိသံယုတ္တ, ဘဝယောဂဝိသံယုတ္တ ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်ဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီမိဖုရား အမှူးရှိသော မိဖုရားတို့အား ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%AC%E1%80%99%E1%80%9A%E1%80%B1%E1%80%AC%E1%80%82%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ကမူပပတ္တိသုတ်
ကာမမှီဝဲသူ သုံးမျိုးရှိပုံကို ဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီမိဖုရား အမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌-ကာမခံစားမှုနှင့် ဆက်စပ်သည့် ဖွင့်ပြချက်များ ပါရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B0%E1%80%95%E1%80%95%E1%80%90%E1%80%B9%E1%80%90%E1%80%AD%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ကူဟနသုတ်
ပဌမသုတ်၌ -ကုဟန, လပန, လာဘသက္ကာကသိလောကအတွက် ဗြဟ္မစရိယကို မကျင့်သုံးရပုံ၊ သံဝရတ္ထ, ပဟာနတ္ထအကျိုးငှာသာ ဗြဟ္မစရိယကို ကျင့်သုံးရပုံကို လည်းကောင်း၊ ဒုတိယသုတ်၌ -အဘိညတ္ထ, ပရိညတ္ထအကျိုးငှာသာ ဗြဟ္မစရိယကို ကျင့်သုံးရပုံကိုလည်းကောင်း ခုဇ္ဇုတ္တရာက သာမာဝတီမိဖုရားအမှူးရှိသော နန်းတွင်းသူတို့အား ဘုရားရှင် ဟောတော်မူပုံကို ဟောပြသည့်သုတ်။ အဋ္ဌကထာ၌-“ဣဒံ” နှင့် “ဗြဟ္မစရိယ” သဒ္ဒါတို့၏ အတ္ထုဒ္ဓါရများ၊ သံဝရငါးမျိုး ပဟာနငါးမျိုးတို့နှင့်တကွ မှတ်သားဖွယ်ဖွင့်ပြချက်များ ပါရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%B0%E1%80%9F%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ကောဓသုတ်
“ကောဓကို ပယ်စွန့် (နိုင်အောင် ဝိပဿနာကို အားထုတ်)ကြကုန်လော့၊ (ကောဓကို ပယ်စွန့်နိုင်လျှင်) သင်ချစ်သားတို့ အနာဂါမ်ဖြစ်ဖို့ ငါဘုရား အာမခံတော်မူ ၏”ဟု ဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီမိဖုရား အမှူးရှိသော မိဖုရားတို့အား ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%93%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဇာဂရိယသုတ်
သတိသမ္ပဇည, သမာဟိတ, ပမုဒိတ, ဝိပ္ပသန္န ဟူသော ဇာဂရ တရားငါးပါး ဖြင့်နေ၍ ကုသိုလ်တရားတို့၌ ဝိပဿနာရှုနေသော ရဟန်းတော်သည် မျက်မှောက် ဘဝ၌ပင် အနာဂါမ် ရဟန္တာဖြစ်နိုင်ကြောင်း ဘုရားရှင်ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ အကျယ်ဖွင့်ပြချက်ပါရှိပါသည်။ သဒ္ဓါအစရှိသော ဇာဂရ တရားတို့နှင့် ပြည့်စုံနေသူသည် အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး၊ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေး၊ အလုံးစုံသော ဝဋ်ဘေးတို့ မရှိနိုင်ပုံကိုလည်း ဖွင့်ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%87%E1%80%AC%E1%80%82%E1%80%9B%E1%80%AD%E1%80%9A%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဇီဝိကသုတ်
ဆွမ်းခံစား၍ အသက်မွေးခြင်းသည် ယုတ်ညံ့သော အသက်မွေးခြင်းဖြစ်ပုံ ဆဲရေးခံရပုံ၊ ကုလပုတ္တတို့သည် အကျိုးနှင့်စပ်သောအကြောင်း (အကြောင်းနှင့် စပ်သောအကျိုးထူး)ကိုစွဲ၍ ထိုအသက်မွေးမှုကို ပြုကြကုန်၏။ မင်းဘေး, ခိုးသူဘေး, ကြွေးမြီမဆပ်နိုင်ခြင်း၊ ကြွင်းသောဘေး အန္တရာယ် နှိပ်စက်ခြင်းနဲ့ အသက်မွေးရန်ခက်ခဲခြင်းဟူသော အကြောင်းတို့ကြောင့် ရဟန်းပြု သူများသည် အခြေအနေကြောင့် ရဟန်းပြုကြရခြင်းကြောင့် သဒ္ဓါပဗ္ဗဇိတမဟုတ်၊ ဘယာပဗ္ဗဇိတများ ဖြစ်ကြသည်။ ကုလပုတ္တများသည် ဆင်းရဲဒုက္ခကုန်ဆုံးရေးအတွက် ရဟန်း ပြုကြသည်။ ထိုကဲ့သို့ ရည်ရွယ်ချက်ကောင်းခဲ့သော်လည်း အဘိဇ္ဈာများခြင်း၊ ကာမဂုဏ်တို့၌ ပြင်းထန်စွာတပ်မက်ခြင်း၊ ဖောက်ပြန်သော စိတ်ရှိခြင်း၊ ပြစ်မှားလိုသော စိတ်အကြံ ရှိခြင်း သတိလွတ်ခြင်း၊ ပညာအဆင်အခြင်မရှိခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ ဣန္ဒြေမစောင့်စည်းခြင်းဟူသော တရားတို့ဖြစ်နေသောရဟန်းသည် လူသေကောင်ကို မီးရှို့ရာ အသုံးပြုထားသဖြင့် အစွန်းနှစ်ဖက်၌ မီးလောင်ထားသော အလယ်၌ မစင်လိမ်းကျံပေနေသော ထင်း(ကုလား) တုံးသည် ရွာ၌ထင်းအဖြစ်လည်း သုံး၍မရ၊ တော၌လည်း အသုံးမကျသကဲ့သို့ လူ့စည်းစိမ်မှလည်း ဆုတ် ယုတ်၊ ရဟန်းပြုခြင်းအကျိုးမှလည်း ဆုံးရှုံးပျက်စီး၏ဟု ဘုရားရှင် ဟောတော်မူသည်ကို နာယူခဲ့ရကြောင်းကို ခုဇ္ဈတ္တုရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ ဤသုတ်တော်ဖြစ်ပေါ်လာခဲ့ပုံ အဋ္ဌုပ္ပတ္တိနှင့်တကွ မှတ်သားဖွယ်ရာများကို အကျယ်ဖွင့်ဆို၍ ပြထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%87%E1%80%AE%E1%80%9D%E1%80%AD%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
တဏှာသံယောဇနသုတ်
တဏှာသံယောဇဉ်ဖြင့် နှောင်ဖွဲ့ခံရသော သတ္တဝါတို့သည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး သံသရာ၌ ပြေးသွား ကျင်လည်ကြရကုန်၏ဟု ဘုရားရှင်အထံတော်မှ နာယူခဲ့ကြောင်းနှင့် တဏှာဒုတိယောအစရှိသော ဂါထာကို ဘုရားရှင်ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ဟောကြားသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%90%E1%80%8F%E1%80%BE%E1%80%AC%E1%80%9E%E1%80%B6%E1%80%9A%E1%80%B1%E1%80%AC%E1%80%87%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဒိဋ္ဌိဂတသုတ်
(သဿတ, ဥစ္ဆေဒ) ဒိဋ္ဌိနှစ်ပါးတို့ လွှမ်းမိုးထားအပ်သော အချို့သော နတ်, လူတို့သည် ဘဝချုပ်ငြိမ်းသည့် ဓမ္မကိုဟောတော်မူအပ်သည်ရှိသော် ဘဝ၌ မွေ့လျော်ပျော်ပိုက်နေသောပုဂ္ဂိုလ်တို့သည် စိတ်မဝင်စား, စိတ်မကြည်လင်, မသက်ဝင် နှလုံးမသွင်းကြပဲ သဿတအယူကို ယူကြသည်။ ဘဝကို စက်ဆုတ်ရွံမုန်းသော ပုဂ္ဂိုလ်တို့သည် သေလျှင်ပြတ်၏-ဟု ဥစ္ဆေဒအယူကို ယူကြသည်။ ဉာဏ်ပညာစက္ခုအမြင်ရှိသော နတ်လူတို့သည် မှန်ကန်သော ခန္ဓာငါးပါးကို ခန္ဓာငါးပါးဟု မှန်ကန်သည့်အတိုင်း သိမြင်ကြပြီး ခန္ဓာငါးပါး၌ ငြီးငွေ့ရန်၊ တပ်မက်မှု ကင်းရန်၊ ချုပ်ငြိမ်းရန် သမ္မာပဋိပတ်ကို ကျင့်သုံးကြသည်ဟု ဘုရားရှင်ထံတော်မှ နာယူခဲ့ရသောတရားကို ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့၊ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာအား ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%AD%E1%80%8B%E1%80%B9%E1%80%8C%E1%80%AD%E1%80%82%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဒေဝသဒ္ဒသုတ်
အရိယသာဝက၏ (၁) ရှင်ရဟန်းပြုခြင်း၊ (၂) ဗောဓိပက္ခိယတရား (၇)ပါးကို အားထုတ်ခြင်း၊ (၃) အာသဝေါကုန်ခမ်း ရဟန္တာပြစ်မှုတို့ကို အကြောင်းပြု၍ နတ်ပြည်တို့၌ နတ်တို့အချင်းချင်း ပြောဆိုသံ “ဒေဝသဒ္ဒါတို့ ဖြစ်ပေါ်လာကုန်၏ဟု ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%9D%E1%80%9E%E1%80%92%E1%80%B9%E1%80%92%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဒေသနာသုတ်
ဘုရားရှင်၏ ပရိယာယဒေသနာတော် (၂)မျိုးကို သာမာဝတီအမှူးရှိသော မိဖုရားတို့အား ခုဇ္ဇုတ္တရာက ပြန်၍ ဟောသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%9E%E1%80%94%E1%80%AC%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဒေါသသုတ်
ဒေါသကိုပယ်စွန့်ကြ အနာဂါမ်ဖြစ်ရန် ငါဘုရားတာဝန်ယူသည်ဟု ဘုရားရှင် ဟောတော်မူပုံ၊ ဒေါသ၏ အစွမ်းသတ္တိ၊ ဒေါသကို ပယ်စွန့်နိုင်သောအကျင့်၊ ဒေါသကို ပယ်စွန့်နိုင်လျှင် ကာမဘုံသို့ ဘယ်တော့မှ ပြန်မလာတော့ပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ ဒေါသနှင့်ဆက်စပ်၍ သိသင့်သောသုတ်တို့ကို ထုတ်ပြ၍ ဖွင့်ဆိုထားပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%9E%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဒေါသပရိညာသုတ်
ဒေါသနှင့်ဆက်စပ်၍ ဆင်းရဲကုန်ခြင်းငှါ မထိုက်သူနှင့် ထိုက်သူတို့ကို ဘုရားရှင် ဟောတော်မူကြောင်းကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%9E%E1%80%95%E1%80%9B%E1%80%AD%E1%80%8A%E1%80%AC%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဓမ္မာနုဓမ္မဋိပန္နသုတ်
ဓမ္မာနုဓမ္မပဋိပန္နကရဟန်း၏ ဓမ္မာနုဓမ္မပုဂ္ဂိုလ်အဖြစ် လျော်လျောက် ပတ်သော ဖြေဆိုချက်များကို ဓမ္မာရာမောအစရှိသော ဂါထာတို့ကို ထောက်ထား၍ ဘုရားရှင် ဟောကြားတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%AC%E1%80%94%E1%80%AF%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%8B%E1%80%AD%E1%80%95%E1%80%94%E1%80%B9%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဓာတုသောသံသန္ဒနသုတ်
အတိတ်, အနာဂါတ်, ပစ္စုပ္ပန်ကာလတို့၌ ယုတ်ညံ့သော နှလုံးသွင်းရှိသူ အချင်းချင်း, မြင့်မြတ်သော နှလုံးသွင်းရှိသူ အချင်းချင်း ဓာတ်သဘောတူကြသူ သတ္တဝါများ နှီးနှောကြ ပေါင်းဆုံကြသည်။ ရှောင်သင့်သူ, ပေါင်းသင့်သူတို့ကို ဘုရားရှင် ဟောတော်မူပုံကို အသီးအသီး ကာလအလိုက် ခုဇ္ဇုတ္တရာက သာမာဝတီ အမှူးရှိသော မိဖုရားငါးရာတို့အား ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်း နန်းတော်၌ ဟောပြသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%93%E1%80%AC%E1%80%90%E1%80%AF%E1%80%9E%E1%80%B1%E1%80%AC%E1%80%9E%E1%80%B6%E1%80%9E%E1%80%94%E1%80%B9%E1%80%92%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
နဒီသောတသုတ်
မြစ်ထဲ၌ မျောပါလာသော ယောက်ျားအား မြစ်အတွင်းရှိ ဘေးအန္တရာယ် များရှိပုံကို ပြောကြားသော ယောက်ျားဥပမာဖြင့် မြစ်ရေအယဉ်၊ ပိယရူပ သာတရူပ၊ ဟေဋ္ဌာရဟဒ၊ ဦမီဘယ၊ အာဝဋ္ဋ၊ ဂဟရက္ခသ၊ ပဋိသောတ၊ ဟတ္ထေဟိစ ပါဒေဟိစ ဝါယာမ၊ တီရေဌိတ စက္ခုမာပုရိသတို့၏ အဓိပ္ပါယ်များကို ဖွင့်ဆိုလျက် ခုဇ္ဇုတ္တရာက ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥဒေနမင်းနန်းတော်၌ သာမာဝတီအမှူးရှိသော မိဖုရား ငါးရာတို့အား ဟောပြသည့်သုတ်။ အဋ္ဌကထာ၌ အကျယ်ဖွင့်ဆိုချက်များ ရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%92%E1%80%AE%E1%80%9E%E1%80%B1%E1%80%AC%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
နိဗ္ဗာနဓာတုသုတ်
ဘုရားရှင်ဟောကြားတော်မူအပ်သော နိဗ္ဗာနဓာတ် (၂)မျိုးကို ရဟန္တာ အရှင်မြတ်တို့ထံမှ နာယူခဲ့ရသည့်အတိုင်း ခုဇ္ဇုတ္တရာက ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ သာမာဝတီအမှူးရှိသော မိဖုရား (၅၀၀)တို့အား ပြည့်ပြည့်စုံစုံ ဟောသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%97%E1%80%B9%E1%80%97%E1%80%AC%E1%80%94%E1%80%93%E1%80%AC%E1%80%90%E1%80%AF%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
နိဿရဏိယသုတ်
(က) ကာမမှ ထွက်မြောက်ရာ နေက္ခမ္မဓာတ်၊ (ခ) ရုပ်တရားတို့မှ ထွက်မြောက်ရာ အရူပဈာန်၊ (ဂ) သင်္ခါရတရားတို့၏ ချုပ်ရာ နိဗ္ဗာနဓာတ်-ဟူသော နိဿရဏိယ ဓာတ်တို့ကို ရဟန်းတော်တို့အား ဘုရားရှင် ဟောတော်မူသည်ဟု ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ဟောပြသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%BF%E1%80%9B%E1%80%8F%E1%80%AD%E1%80%9A%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပဉ္စပုဗ္ဗနိမိတ္တသုတ်
ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့၊ ဥတေနမင်းနန်းတော်၌ နတ်ဘဝမှ စုတေမည့်နတ်တို့အား နိမိတ်ငါးပါးထင်ပုံ, အညတရ ရဟန်း၏လျှောက်ထားချက်အရ (၁) လူဘဝရရှိခြင်းသည် -သုဂတိဂမနသင်္ခါတ နတ်တို့၏ အနုမောဒနာ (သက်သာရာ ရစေသောစကား)သုံးခွန်း, (၂) ဓမ္မဝိနယသာသနာတော်၌ သဒ္ဓါတရားကို ရရှိခြင်းသည် သုလဒ္ဓလာဘ သင်္ခါတ, (၃) ယင်းသဒ္ဓါတရား၌ မတုန်မလှုပ် စွဲမြဲစွာတည်ရှိခြင်းသည် သုပတိဋ္ဌိတ သင်္ခါတဖြစ်ပုံကို ဘုရားရှင် ဟောတော်မူသော ဒေသနာတော်ကို ကြားနာခဲ့ရသော အကြောင်းကို သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ခုဇ္ဇုတ္တရာက ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ် အကျယ်ဖွင့်ဆိုချက်များ ရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%89%E1%80%B9%E1%80%85%E1%80%95%E1%80%AF%E1%80%97%E1%80%B9%E1%80%97%E1%80%94%E1%80%AD%E1%80%99%E1%80%AD%E1%80%90%E1%80%B9%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပညာမရိဟီနသုတ်
ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ သီတင်းသုံးတော်မူစဉ် စင်ကြယ်သော ဝိပဿနာပညာ, မဂ်ပညာမှ ဆုတ်ယုတ်ကုန်သောသူတို့သည် ယခုဘဝ၌ပင် ပင်ပမ်း, အလွန်ပင်ပမ်း, ပူပန်ဆင်းရဲစွာ နေကြရကုန်၏။ ကွယ်လွန်သည့်အခါ ဒုဂ္ဂတိဘဝ၌ဖြစ်ကုန်၏။ စင်ကြယ်သောဝိပဿနာပညာ, မဂ်ပညာမှ မဆုတ်ယုတ်ကုန်သောသူတို့သည် မျက်မှောက်ဘဝ၌ မပင်မပမ်း, အပူအပင်မရှိ ချမ်းသာစွာနေရ၏။ ကွယ်လွန်သည့်အခါ သုဂတိဘဝ၌ ဖြစ်ကြရန်ကုန်၏-ဟု ဘုရားရှင် ဟောကြားတော်မူအပ်သောတရားတော်ကို ဘုရားရှင်ထံမှ နာယူခဲ့ရပုံကို ခုဇ္ဇုတ္တရာ က သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ဟောပြသည့်သုတ်။ အဋ္ဌကထာ ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%8A%E1%80%AC%E1%80%99%E1%80%9B%E1%80%AD%E1%80%9F%E1%80%AE%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပဒုဋ္ဌစိတ္တသုတ်
ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ဒေါသစိတ်ကြောင့် သတ္တဝါများ ကွယ်လွန်လျှင် ငရဲ၌ဖြစ်ကြရကြောင်း ဘုရားရှင် ဟောကြားတော်မူသည်ကို ကြားနာခဲ့ရကြောင်းကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ဟောပြသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%92%E1%80%AF%E1%80%8B%E1%80%B9%E1%80%8C%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ပသန္နစိတ္တသုတ်
(ရတနတ္တယသဒ္ဓါ, ကမ္မဖလသဒ္ဓါ-ဟူသော) ကြည်လင်သောစိတ်ဖြင့် ကွယ်လွန်သောပုဂ္ဂိုလ်တို့ သုဂတိဘဝကိုရောက်နိုင်ပုံကို ရဟန်းတော်တို့အား ဘုရားရှင် ဟောတော်မူသည့်တရားတော်ကို ကြားနာရပါကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီ အမှူးရှိသော မိဖုရားတို့အား ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ဟောကြားပုံကို ပြဆိုသည့်သုတ်။ ဤဒေသနာ၏ မူရင်းပါဠိတော်ကို (အံ၊၁၊၈)၌ ဘုရားရှင် ဟောတော်မူပါသည်။ (နေတ္တိ၊၁၁၈)၌လည်း ပါရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%95%E1%80%9E%E1%80%94%E1%80%B9%E1%80%94%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဗဟုဇနဟိတသုတ်
အရဟံဂုဏ်ရှင် ဘုရားရှင်, ရဟန္တာပုဂ္ဂိုလ်, ဗဟုဿုတ, သီလဝန္တ, သေခ သာဝကတို့သည် အာဒိကလျာဏ, မဇ္ဈေကလျာဏ, ပရိယောသာနကလျာဏ, သာတ္ထ, သဗျဉ္ဇနဂုဏ်နှင့်ပြည့်စုံသော ပရိယတ္တိဓမ္မနှင့် ကေဝလပရိပုဏ္ဏ, ပရိသုဒ္ဓဖြစ်သော ဗြဟ္မစရိယတို့ကို ထင်ရှားအောင် ဟောပြကြခြင်းကြောင့် ဗဟုဇနဟိတ, ဗဟုဇနသုခဖြစ်ပုံကို ဘုရားရှင်ထံတော်မှ နာယူခဲ့ရကြောင်းကို ခုဇ္ဇုတ္တရာက ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%97%E1%80%9F%E1%80%AF%E1%80%87%E1%80%94%E1%80%9F%E1%80%AD%E1%80%90%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဗြာဟ္မဏဓမ္မယာဂသုတ်
ဘုရားရှင်က “ငါဘုရားသည် ဗြာဟ္မဏ၊ ယာစယောဂ၊ သဒါပယတပါဏိ၊ အန္တိမဒေဟဓရ၊ အနုတ္တရဘိသက္က သလ္လကတ္တ” ဖြစ်တော်မူပုံ၊ သင်တို့သည် ထို ငါဘုရား၏ ဩရသ၊ မုခဇ၊ ဓမ္မဇ၊ ဓမ္မနိမ္မိတ၊ ဓမ္မဒါယာဒ ဖြစ်ကြကုန်၊ အာမိသဒါယာဒ မဖြစ်ကုန်လင့်-ဟု မိန့်တော်မူပြီး ဒါနနှစ်မျိုး၊ သံဝိဘာဂနှစ်မျိုး၊ အနုဂ္ဂဟနှစ်မျိုး၊ ယာဂနှစ်မျိုးတို့ကို မိန့်တော်မူပြီး-ထိုတွင်-ဓမ္မဒါန၊ ဓမ္မသံဝိကာဂ၊ ဓမ္မာနုဂ္ဂဟ၊ ဓမ္မယာဂတို့သည်သာ အကောင်းဆုံးတို့ဖြစ်ပုံကို ဘုရားရှင်ဟောတော်မူသည်ကို ကြားနာခဲ့ပါသောကြောင့် ခုဇ္ဇုတ္တရာက သာမာဝတီမဟေသီအမှူးရှိသော မိဖုရားတို့အား ဟောပြသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များ များစွာရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%AC%E1%80%9F%E1%80%B9%E1%80%99%E1%80%8F%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%9A%E1%80%AC%E1%80%82%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ဘိဒုရသုတ်
ရဟန်းတို့ ဤခန္ဓာကိုယ်သည် ကွဲပြိုခြင်းသဘောရှိ၏၊ ဝိညာဉ်သည်လည်း တပ်မက်မှုကင်း ပျက်စီးခြင်းသဘောရှိ၏။ ခန္ဓ, ကိလေသ, အဘိသင်္ခါရ, ကာမုပဓိ အားလုံးတို့သည် မမြဲခြင်း, ဆင်းရဲခြင်း, ဖောက်ပြန်ခြင်းသဘောရှိကုန်၏ဟု ဘုရားရှင် ဟောတော်မူကြောင်းကို ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥဒေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%98%E1%80%AD%E1%80%92%E1%80%AF%E1%80%9B%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မက္ခသုတ်
ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥဒေနမင်းနန်းတော်၌ “ရဟန်းတို့ သူ့ကျေးဇူးကို ချေဖျက်မှု “မက္ခ”တရားကိုပယ်နိုင်သော သင်တို့ အနာဂါမ်ဖြစ်ရန် ငါဘုရား တာဝန်ယူ၏ အစရှိသည်ဖြင့် မက္ခတရားပယ်ဖျက်ရန် မြတ်စွာဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%B9%E1%80%81%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မက္ခပရိညာသုတ်
ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့၊ ဥဒေနမင်းနန်းတော်၌ “ရဟန်းတို့-သူ့ကျေးဇူး ချေဖျက်မှု “မက္ခကို ထူးသောဉာဏ်ဖြင့် မသိသူ, ပိုင်းခြား၍မသိသူ, ထိုမက္ခ၌စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ မရောက်နိုင်။ မက္ခကို ထူးသောဉာဏ်ဖြင့်သိသူ, ပိုင်းခြား၍သိသူ, ထိုမက္ခ၌ စိတ်ကို တပ်မက်မှုကင်းအောင်ပြုနိုင်သူ, ပယ်စွန့်နိုင်သူ ဆင်းရဲကုန်ရာနိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ရန်ဖြစ်၏-ဟု ဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီအမှူး ရှိသော မိဖုရားတို့အား ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%B9%E1%80%81%E1%80%95%E1%80%9B%E1%80%AD%E1%80%8A%E1%80%AC%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မာနသုတ်
မာနတစ်မျိုးကို ပယ်နိုင်လျှင် အနာဂါမ်ဖြစ်ဖို့ တာဝန်ယူပုံကို ဘုရားရှင်ဟောတော်မူကြောင်းကို ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ဟောပြသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မာနပရိညာသုတ်
ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ “ဆင်းရဲကုန်ခြင်းငှာထိုက်သူ မထိုက်သူ၊ ဘဝသစ်၌ ပဋိသန္ဓေနေမည့်သူနှင့် ဆင်းရဲလွန်မြောက်သူတို့ကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဘုရားရှင်ထံမှ ကြားနာရကြောင်းကို ဟောပြသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%94%E1%80%95%E1%80%9B%E1%80%AD%E1%80%8A%E1%80%AC%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မာရဓေယျသုတ်
မာရ်မင်း၏နိုင်ငံကိုကျော်လွန်၍ နေမင်းကဲ့သို့တင့်တယ်သော တရားသုံးပါးတို့ကို ဘုရားရှင်ထံမှ နာယူခဲ့ကြောင်းကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ဟောကြားပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%9B%E1%80%93%E1%80%B1%E1%80%9A%E1%80%BB%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မူလသုတ်
လောဘ၊ ဒေါသ၊ မောဟ-ဟူသော အကုသိုလ်ဖြစ်ခြင်း၏ အခြေခံအကြောင်း သုံးပါးကို ဘုရားရှင်ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ဟောကြားသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%B0%E1%80%9C%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မေတ္တာဘာဝနာသုတ်
(၂)သုတ်ရှိပါသည်။ လရောင်၊ နေရောင်၊ သောက်ရှူးကြယ်ရောင် ဥပမာတို့ဖြင့် အထက်နတ်ပြည် ဗြဟ္မာပြည်သို့ရောက်ကြောင်း ကောင်းမှုတို့ထက် မေတ္တာစေတောဝိမုတို့ကသာလွန် တောက်ပ ထွန်းလင်းတင့်တယ်ပုံကို ဘုရားရှင်ထံက နာယူခဲ့ပါကြောင်း ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောပြောပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ မေတ္တာသဟဂတသုတ္တ (= ဟလိဒ္ဓိဝသနသုတ္တ-ဝိသုဒ္ဓိ၊၁၊၃၁၇) ဘုရားရှင် သကျနိုင်ငံ ကောလိယမြို့ ဟလိဒ္ဓိဝသနနိဂုံး၌ သီတင်းသုံးတော်မူ နေစဉ်-ရဟန်းတော်များ ဆွမ်းခံချိန်စောနေ၍ တိတ္ထိယတို့၏ကျောင်းသို့ဝင်ရောက်စဉ် တိတ္ထိယတို့က “ရဟန်းဂေါတမသည် တပည့်တို့အား မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားလေးပါးတို့ကို ပွားများကြရန် ဟောကြားသကဲ့သို့ မိမိတို့လည်း တပည့်များအား ထိုတရားလေးပါးပွားများကြရန် ဟောကြားကြောင်း၊ ထို့ကြောင့် ရဟန်း ဂေါတမ၏ ဓမ္မဒေသနာ အနုသာသနီနှင့် မိမိတို့၏ဓမ္မဒေသနာ အနုသာသနီ တူကြကြောင်း ပြောကြားကြပါသည်။ ရဟန်းတော်များသည် တိတ္ထိယတို့၏ပြော စကားကို မနှစ်သက်သော်လည်း မတားမြစ် မကန့်ကွက်ဘဲ ပြန်လာခဲ့ကြပါသည်။ ရဟန်းတို့သည် ဆွမ်းဘုဉ်းပေးပြီးနောက် ဘုရားရှင်ထံမှောက်သို့သွားရောက်ကြပြီး ထိုအကြောင်းအရာကို လျှောက်ထားကြပါသည်။ ဘုရားရှင်က ထိုတရားလေးပါးတို့ကို (၁) အဘယ်ကဲ့သို့ ပွားများရမည်နည်း၊ (၂) အဘယ်ကဲ့သို့ ဖြစ်ရာရှိမည်နည်း၊ (၃) အဘယ်တရားလျှင် အမွန်အမြတ်ရှိပါသနည်း၊ (၄) အဘယ်တရားလျှင် အပြီးအဆုံးရှိပါသနည်း-ဟု မေးမြန်းလျှင် အညတိတ္ထိယတို့ ပြည့်ပြည့်စုံစုံ ဖြေဆိုနိုင်ကြမည်မဟုတ်ကြ၊ အလွန်ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ဖြေဆိုနိုင်သည့် အရာမဟုတ်။ ဤ သတ္တလောက၊ ဩကာသလောက၌ မြတ်စွာဘုရား ... မြတ်စွာဘုရား၏ တပည့်သာဝက ဤသာသနာတော်၌ နာယူသင်ကြားဖူးသောပုဂ္ဂိုလ်တို့မှ တစ်ပါးသောသူတို့ ပြည့်စုံစွာ မဖြေနိုင်ပုံ။ ယင်းစေတောဝိမုတ္တိလေးပါးတို့ကို ပွားများနည်း၊ ယင်းတို့၏ ပရမအမြတ်ဆုံးအကျိုးသက်ရောက်မှုတို့ကို အကျယ်အားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%90%E1%80%B9%E1%80%90%E1%80%AC%E1%80%98%E1%80%AC%E1%80%9D%E1%80%94%E1%80%AC%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မောဟသုတ်
“မောဟကိုပယ်နိုင်လျှင် အနာဂါမ်ဖြစ်ဖို့ ငါဘုရား အာမခံကြောင်း၊ မောဟ၏ အကျိုး, အပြစ်တို့ကို ဘုရားရှင်အထံတော်မှ နာယူခဲ့ကြောင်း” ခုဇ္ဇုတ္တရာက ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောကြားပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%9F%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
မောဟပရိညာသုတ်
“မောဟနှင့်ဆက်စပ်၍ ဆင်းရဲမကုန်နိုင်သောပုဂ္ဂိုလ်, ဆင်းရဲကုန်ဆုံးသော ပုဂ္ဂိုလ်တို့နှင့် အထက်သုတ်ဒေသနာတော်အတိုင်း မောဟ၏အကျိုး အပြစ်တို့ကို ဘုရားရှင်အထံတော်၌ နာယူခဲ့ပုံ”ကို ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောပုံကို ပြဆိုသည့်သုတ်။ ကိုးကား ခုဒ္ဒကနိကာယ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%9F%E1%80%95%E1%80%9B%E1%80%AD%E1%80%8A%E1%80%AC%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
တလုပ်ပင်ကျေးရွာအုပ်စု
တလုပ်ပင်ကျေးရွာအုပ်စု တလုပ်ပင်ကျေးရွာအုပ်စု သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း၌ တည်ရှိပါသည်၊ တလုပ်ပင်ကျေးရွာသည် တလုပ်ပင်ကျေးရွာအုပ်စုတွင် အုပ်စုရွာကြီး ဖြစ်ပြီး အခြားအုပ်စုဝင်ရွာများမှာ ကန်ကြီးကျေးရွာ၊ ကန်သာကျေးရွာ၊ မြေခြား (အရှေ့)ကျေးရွာ နှင့် မြေခြား (အနောက်)ကျေးရွာတို့ဖြစ်ပါသည်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁ ဦး နှင့် ရွာခွဲတာဝန်ခံ ၃ ဦးတို့က တလုပ်ပင်ကျေးရွာအုပ်စု ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ လမ်းညွှန်ချက်များဖြင့် အုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။
https://my.wikipedia.org/wiki/%E1%80%90%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%85%E1%80%AF