text
stringlengths
6
9.41k
မွတ်ခမွန်ထရီလမ်းပေါတွင် နဂရရာဇသီမာ ဘူတာရုံနှင့် ဝက်အာရာစရစ်လမ်းပေါ်တွင် သနွန်ချီရလမ်းဆုံ ဘူတာရုံတို့ တည်ရှိသည်
နဂရရာဇသီမာ ဘူတာရုံမှာ ၁၉၀၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကပင် ခိုရတ် ဘူတာရုံအဖြစ် ဖွင့်လှစ်ထားသည်
၁၉၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ချူလာလောင်ကွန်းဘုရင်မှ ဘန်ကောက်မှ နဂရရာဇသီမာ လမ်းကို ဖွင့်လှစ်ပေးခဲ့သည်
ထိုဘူတာရုံမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အုဘွန် ရတ်ချသနီမြို့ရှိ သချန် ဘူတာရုံ မဖွင့်မီ အထိ နှစ်ပေါင်း ၂၀ မက ရထားလမ်းဆုံး ဘူတာဖြစ်ခဲ့သည်
၁၉၃၄ ခုနှစ်တွင် ခိုရတ် ဘူတာရုံမှ နဂရရာဇသီမာ ဘူတာရုံအဖြစ် အမည် ပြောင်းလဲခဲ့သည်
ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် မူလ သစ်သားဆောင် နေရာတွင် အသစ်ပြန်လည် တည်ဆောက်ခဲ့သည်
၂၀၁၇ ခုနှစ်တွင် ၆၀ ကီလိုမီတာ အရှည်ရှိသော ကိုရတ်-ခွန်ခမ် ၂ လမ်းသွား မီးရထားလမ်းကို ဖွင့်လှစ်ခဲ့သည်
ထိုင်းနိုင်ငံ၏ အဓိက အဝေးပြေးလမ်းမ လေးခုမှ တစ်ခုအပါအဝင်ဖြစ်သော ထိုင်းအဝေးပြေးလမ်းမ၂ သည် နဂရရာဇသီမာမြို့ အနီးက ဖြတ်သွားသည်
၂၀၁၆ ခုနှစ်တွင် ဘန်ကောက်မြို့နှင့် နဂရရာဇသီမာမြို့တို့ကို ဆက်သွယ်ပေးမည့် ကားလမ်းမတစ်ခုကို ဖောက်လုပ်နေပြီး ၂၅၀ ကီလိုမီတာခရီးကို ၂ နာရီအထိ လျော့ချနိုင်မည် ဖြစ်သည်
နဂရရာဇသီမာမြို့ ဧရိယာအတွင်း တက္ကသိုလ် ၄ ခုရှိသည်
ဆူရနရီ နည်းပညာတက္ကသိုလ်နဂရရာဇသီမာ ရာဂျာဘတ် တက္ကသိုလ်ရာဇမင်္ဂလ အီဆန် နည်းပညာတက္ကသိုလ်ဗွန်ချဗာလစ်ခူ တက္ကသိုလ်နဂရရာဇသီမာ စိန့်မေရီ ကောလိပ်ဆူရာသမ် ပီတစ်ကျောင်းရတ်ချ်ဆီမာကျောင်းဆူရာနရီ ဝတ်သရကျောင်းအမှတ် (၂) ဆူရနရီ နဂရရာဇသီမာကျောင်းဘွန်ဝပ်သနာကျောင်းစိန့်မေရီ စီးပွားရေးဆိုင်ရာ အုပ်ချုပ်ရေးကောလိပ်နဂရရာဇသီမာ Assumptionကျောင်းမာရီ ဗစ်သရကျောင်း-နဂရရာဇသီမာဆာရာဆတ် ဝီတေ့ နဂရရာဇသီမာကိုရတ်ပစ်တရာခွန် နဂရရာဇသီမာကျောင်းအန်ဂလို စင်ကာပူ နိုင်ငံတကာကျောင်း (ကိုရတ် နယ်မြေ)Fort Suranaree HospitalSaint Mary's HospitalKorat Memorial HospitalBangkok-Ratchasima HospitalPo-Pat HospitalPo-Pat 2 HospitalMaharat Nakhon Ratchasima HospitalThe Golden Gate Hospitalနှစ် (၈၀)ပြည့် အထိမ်းအမှတ် အားကစားကွင်းမှာ ဘုရင်မင်းမြတ်၏ သက်တော်၈၀ပြည့် အထိမ်းအမှတ် အားကစား အဆောက်အဦးများတွင် အဓိက အားကစားကွင်းဖြစ်သည်
၎င်းကို ၂၀၀၇ နဂရရာဇသီမာပွဲတော်အတွက် တည်ဆောက်ခဲ့ပြီး ဘုရင်ကြီး ဘူမိဗလအတုလျတေဇ၏ နှစ် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမည်ပေးခဲ့သည်
ထိုကွင်းမှာ ထိုင်းနိုင်ငံ၏ ပထမတန်း ဘောလုံးလိဂ်ဖြစ်သော ထိုင်း ပရီးမီးယားလိဂ်တွင် ယှဉ်ပြိုင်နေသည့် နဂရရာဇသီမာ ဘောလုံးအသင်း၏ အိမ်ကွင်းအဖြစ်လည်း အသုံးပြုသည်
ထိုကွင်းမှာ ပရိသတ် ၂၄၆၄၁ ဝင်ဆံ့သည်
ထိုင်း ဘောလီဘော လိဂ်၏ လေးထပ်ကွမ်း ချန်ပီယံဖြစ်သော Nakhon Ratchasima the Mall နှင့် ထိုင်း အမျိုးသမီး ဘောလီဘောလိဂ်၏ သုံးထပ်ကွမ်း ချန်ပီယံ Nakhon Ratchasima the Mallတို့မှာ နဂရရာဇသီမာမြို့မှ ဖြစ်သည်
နဂရရာဇသီမာမြို့၏ နေ့စဉ်သတင်းစာမှာ ကိုရတ်နေ့စဉ် ဖြစ်သည်
အင်္ဂလိပ်စာဖြင့် ရေးသားထုတ်ဝေသော ကိုရတ်ပို့စ်မှာ တစ်လတစ်ခါ ထုတ်ဝေသည်
ကိုရတ်ပို့စ်မှာ အင်္ဂလိပ်ဘာသာ ဝက်ဆိုဒ်နှင့် လူမုကွန်ယက် စာမျက်နှာ ရှိပြီး ပွဲများ၊ အစားအသောက်များ၊ အားကစားနှင့် ဒေသတွင်း ဝန်ဆောင်မှုများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားလေ့ရှိသည်
"Expats in Korat Nakhon Ratchasima"သည် လူမှုကွန်ယက်ပေါ်တွင် လွန်စွာ စည်ကားလှသော အဖွဲ့ဖြစ်ကာ နဂရရာဇသီမာ၏ နေ့စဉ်ဘဝများနှင့် ပက်သက်၍ ဆွေးနွေးလေ့ ရှိကြသည်
ဝက်ကြီးအင်း (အလယ်)ရွာ (အင်္ဂလိပ်: Wetgyiinn(Middle))သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်းကျေးရွာအုပ်စု၌ တည်ရှိသည်
ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်
အောက်ပါတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်းတော်များ စာရင်း ဖြစ်သည်
Wikimedia Commons ရှိ Buddhist monasteries in Bangladesh နှင့်ပတ်သက်သော မီဒီယာများ
ဝက်တောပြင်ရွာမရွာ
ဆခုံယန်ရွာ(အင်္ဂလိပ်: Sakhonyang)သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဖော့ဒေါ့ကျေးရွာအုပ်စု၌ တည်ရှိသည်
တက္ကသိုလ်ကြယ်ပွင့် (၃၀ အောက်တိုဘာ ၂၀၂၂ ကွယ်လွန်) သည် အမျိုးသား စာပေဆုရ တက္ကသိုလ် ကထိက၊ သိပ္ပံစာရေးဆရာတစ်ဦး ဖြစ်သည်
အမည်ရင်းမှာ ဦးမြင့်ဝေဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ အငြိမ်းစား ကထိက ဖြစ်သည်
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် နေအိမ်တိုက်ခန်းအတွင်း ဇနီးဖြစ်သူနှင့် အတူ သတ်ဖြတ်ခံခဲ့ရသည်
ရီလေတီဗီတီသီအိုရီ စာအုပ်ဖြင့် ၁၉၇၃ ခုနှစ် စာပေဗိမာန်စာမူ ဒုတိယဆုရရှိခဲ့ပြီး စူပါကြိုးမျှင်လေးသီအိုရီ စာအုပ်ဖြင့် ၂၀၀၁ ခုနှစ် အမျိုးသား စာပေဆု (သုတပဒေသာ၊ ရိုးရိုးသိပ္ပံ) ရရှိခဲ့သည်
ထို့အပြင် အိုင်းစတိုင်း၊ ကွမ်တမ်သီအိုရီ၊ စကြဝဠာ အနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း၊ M-သီအိုရီနှင့် ကော်စမောလော်ဂျီ အစရှိသဖြင့် ရူပဗေဒ ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည်
ရီလေတီဗီတီသီအိုရီ (၁၉၇၃)ကွမ်တမ်သီအိုရီ (၂၀၀၀)စူပါကြိုးမျှင်လေးသီအိုရီ (၂၀၀၁)အိုင်းစတိုင်း သူ့ဘဝ၊ သူ့အလုပ်၊ သူ့ဩဇာ (၂၀၀၂)နယူထရီနို (၂၀၀၅)စကြဝဠာကြီး၏ ခေတ်ကြီး ငါးခေတ် (၂၀၀၉)'စကြဝဠာစုံအနှံ့ သက်ရှိရှာပုံတော်ဖွင့်ခြင်း (၂၀၁၁)ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် အိုင်းစတိုင်း သဘောချင်းတိုက်ဆိုင်အဆို (၂၀၁၂)စကြဝဠာ အနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း (၂၀၁၄)M-သီအိုရီနှင့် ကော်စမောလော်ဂျီ (၂၀၁၄)သိပ္ပံပညာရှင် မွေးမြူနည်းနှင့် အိုင်းစတိုင်း (၂၀၀၁၊ အခြားစာရေးဆရာများနှင့်)
ဩမသဝါဒသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏
ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်တို့သည် သီလကို ချစ်မြတ်နိုးသည့် ရဟန်းတို့နှင့် ငြင်းခုံကြ၏
ထိုသို့ ငြင်းခုံသည့်အခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလမြတ်နိုးသည့် ရဟန်းတို့ကို အမျိုးဇာတ်အားဖြင့် လည်းကောင်း၊ အမည်အားဖြင့် လည်းကောင်း၊ အတတ်ပည်အားဖြင့် လည်းကောင်း၊ အနွယ်အားဖြင့် လည်းကောင်း၊ အလုပ်အကိုင်အားဖြင့် လည်းကောင်း၊ အသွင် ‘ပုံသဏ္ဌာန်’ ဖြင့် လည်းကောင်း၊ ဆဲရေးခြင်းဖြင့် လည်းကောင်း ကဲ့ရဲ့ရှုတ်ချ၏
ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ကြ၏
ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏
ထိုအခါ မြတ်စွာဘုရားသည် “ဟုတ်မှန်ပါသလား” ဟု မေး၏
ဆဗ္ဗဂ္ဂီရဟန်းတို့လည်း “ဟုတ်မှန်ပါသည်” ဟု ဖြေ၏
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏
“ထိခိုက်နာကျင်အောင် ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏
ဆင်စခန်းရွာ သည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ရှိ ရွာတစ်ရွာ ဖြစ်သည်
ဇမ္ဗူ့သပြေ (Syzygium) သည် မျိုးရင်း Myrtaceae ရှိ ပန်းပွင့်သော အပင် မျိုးစုတခုဖြစ်သည်
ယင်းမျိုးစုတွင် မျိုးစိတ်ပေါင်း ၁၂၀၀ ခန့်ပါဝင်ပြီး အာဖရိကတိုက်၊ တောင်အာရှနှင့် ပစိဖိတ်အထိ တွေ့ရှိရသည်
အပင်အများစုသည် အမြဲစိမ်းသစ်ပင်များဖြစ်ကြသည်
ဓနသိဒ္ဓိရွာ (အင်္ဂလိပ်: Danatheikdi)သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နေရဉ္စယျကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ နေရဉ္စယျကျေးရွာအုပ်စုတွင် ကျား ၁၆၃၇ ဦး၊ မ ၁၇၅၉ ဦး၊ လူဦးရေ စုစုပေါင်း ၃၃၉၆ ဦးနေထိုင်သည်
ထန်းဇင်ရွာ (အင်္ဂလိပ်: Htanzin)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၌ တည်ရှိသည်
ဗန်းမော်ရွာ၊ ကျုံကြိုက်
ခင်သာရွာ (အင်္ဂလိပ်: Khinthar)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ မကျီးပင်ကျေးရွာအုပ်စုတွင် ကျား ၁၉၇၄ ဦး၊ မ ၂၀၉၇ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၇၁ ဦးနေထိုင်သည်
Monosodium glutamate (MSG) လို့ခေါ်တဲ့ ဟင်းခတ်မှုန့်ပါ
ဟင်းထဲ ထည့်ချိုပါတယ်
တရုတ်ဆိုင်တွေမှာ သိပ်သုံးပါတယ်
ဂတ်မော်ရွာ (အင်္ဂလိပ်: Gatmaw)သည် ရှမ်းပြည်နယ် (မြောက်)၊ ဝိန်းကောင်-ဝအထူးဒေသ (၂)၊ ပန်ယန်းမြို့နယ်၊ ဂတ် မော်ကျေးရွာအုပ်စု၌ တည်ရှိသည်
ဝက်ဖိုးရွာ (အင်္ဂလိပ်: Wethpoe)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မြင်းပေါက်ကျေးရွာအုပ်စု၌ တည်ရှိသည်
နဂဝမြို့ (長和町 နဂဝ −မချိ ) သည် ဂျပန်နိုင်ငံ၊ နဂါနိုခရိုင် တွင် တည်ရှိသည်
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြို့နေလူဦးရေသည် ၆၀၀၃ ဦး ရှိသည်
လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၃၂.၆ ဦး ရှိသည်
စုစုပေါင်း ဧရိယာသည် ၁၈၃.၈၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်
န-လက်ခုပ်ပင်ရွာ (အင်္ဂလိပ်: Na-Letkhokepin)သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ န-လက်ခုပ်ပင်ကျေးရွာအုပ်စုတွင် ကျား ၁၆၅၁ ဦး၊ မ ၁၉၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၅၆၂ ဦးနေထိုင်သည်
ရစ်ကံလေးရွာ (အင်္ဂလိပ်: Yitkanlay)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ရစ်ကံလေးကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ရစ်ကံလေးကျေးရွာအုပ်စုတွင် ကျား ၁၀၇၇ ဦး၊ မ ၁၂၀၀ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၇၇ ဦးနေထိုင်သည်
ငှက်မရှိသော ဗာဝေရု တိုင်းပြည်၌ ဦးစွာ ရောက်သော ကျီးငှက်သည် ဥဒေါင်းမရောက်မီ လာဘ်လာဘပေါများ၍ ဥဒေါင်းငှက် ရောက်သောအခါ လာဘ်လာဘ ဆုတ်ယုတ်ခြင်း အကြောင်း
နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တိတ္ထိတို့သည် ဘုရားမပွင့်မီ လာဘသက္ကာရကို များစွာရကုန်၏
ဘုရားပွင့်တော်မူသည်ရှိသော် နေထွက်သောအခါ ပိုးစုန်းကြူးတို့ကဲ့သို့ လာဘသက္ကာရ ဆုတ်ယုတ်ကုန်၏
ရဟန်းတို့သည် တရားသဘင်၌ တိတ္ထိတို့အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သာ ဂုဏ်ရှိသူတို့ မဖြစ်ပေါ်မီ ဂုဏ်မရှိသူ မြတ်သောလာဘ် မြတ်သော အခြံအရံကိုရ၍ ဂုဏ်ရှိသူတို့ ဖြစ်ပေါ်လာသောအခါ ပျောက်သော လာဘသက္ကာရ၊ ပျောက်သော အခြံအရံ ရှိသည်မဟုတ်၊ ရှေးအခါ၌လည်း ဤသို့ဖြစ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒေါင်းမျိုး၌ဖြစ်၍ ကြီးပြင်းလတ်သော် လှပတင့်တယ်လျက် တော၌ ကျက်စားကာ နေ၏
ထိုအခါ အချို့ကုန်သည်တို့သည် ဒိသာကာက ကျီးကိုယူ၍ ဗာဝေရုတိုင်းသို့ သွားကြကုန်၏
ထိအခါ ဗာဝေရုတိုင်းဝယ် ငှက်မည်သည် မရှိလေ
လာတိုင်း၊ လာတိုင်းသော သူတို့သ် တောင်း၌ထားသော ကျီးကိုမြင်းလျှင် ဤငှက်သည် အဆင်းအင်္ဂါနှင့် ပြည့်စုံ၏ဟု ချီးမွမ်းကြကုန်လျက် ကုန်သည်တို့ကို “အဆွေတို့ ... ဤငှက်ကို အကျွန်ုပ်တို့အား ပေးခဲ့ကြပါကုန်၊ အဆွေတို့တိုင်းပြည်မှာ တစ်ပါးသော ငှက်ကို ရကြပါလတ္တံ့” ဟု ပြောကြ၏
“အမောင်တို့ ... ယူလိုလျှင် အဖိုးဖြင့် ယူကြကုန်လော” ဟု ပြော၏
“အမောင်တို့ ... မပေးနိုင်ပါ” ဟု ပြောသောအခါ၊ နှစ်သပြာ ပေးပါမည်၊ သုံးသပြာ ပေးပါမည် စသည်ဖြင့် အစဉ်အတိုင်း တိုး၍ တိုး၍ ပေးသွားရာ အသပြာတစ်ရာ တိုင်အောင် ပေး၍ ဝယ်ယူကြရကုန်၏
ကျီးကိုရလျှင် ထိုဗာဝေရုတျိုင်းသားတို့သည် ရွှေချိုင့်တွင်ထည့်၍ အထူးထူးသော ငါး၊ အမဲ၊ သစ်သီးတို့ဖြင့် ကျွေးမွေးပြုစုကြကုနတ်၏
အခြားငှက် မရှိရာအရပ်၌ မသူတော်တရား ဆယ်ပါးနှင့် ပြည့်စုံသော ကျီးသည်ပင်လျှင် မြတ်သော လာဘ်လာဘ အခြံအရံ အကျော်အစောကို ရလေ၏
နောက်တစ်ဖန် ကုန်သည်တို့သည် ဥဒေါင်းတစ်ကောင်ကို ဖမ်းယူပြီးလျှင် လက်ဖျစ်တီးသံဖြင့် တွန်မြည်အောင်၊ လက်ခုပ်တီးသံဖြင့် ကအောင် သင်ပြကာ ဗာဝေရုတိုင်းသို့ ယူသွားကြပြန်၏
လူအများ စည်းဝေးရောက်လာကြသော အခါ ထိုဥဒေါင်းသည် လှည်းဦးတွင် ရပ်ပြီးလျှင် သာယာစွာသော အသံဖြင့် တွန်မြည်ကာ ကလေ၏
လူတို့သည် ဥဒေါင်းကိုမြင်လျှင် ဝမ်းမြောက်ကြကုန်၏
ထိုအခါ လူတို့သည် “အဆွေတို့ ... ဤငှက်ကိုလည်း အကျွန်ုပ်တို့အား ပေးပါကုန်” ဟု တောင်းကြပြန်၏
ကုန်သည်တို့သည် “အမောင်တို့ .... ကျီးကိုလည်း ယူကြပြီ၊ ယခု ဥဒေါင်းကိုလည်း တောင်းကြပြန်ပြီ၊ သင်တို့နေရာသို့ ငှက်ကို ယူမလာဝံ့အောင် ဖြစ်နေပြီ” ဟု ပြော၏
“အဆွေတို့ ... မှန်ပါသည်၊ သို့သော်လည်း ဤငှက်ကို ပေးပါကုန်” ဟု တောင်းကြပြန်၏
ထိုအခါ ကုန်သည်တို့သည် အဖိုးကို တဖြည်းဖြည်း တိုးပွားစေသဖြင့် အသပြာ တစ်ထောင်တိုင်အောင် ပေး၍ ဝယ်ကြရကုန်၏
ဥဒေါင်းကိုကား ရတနာ ခုနစ်ပါးဖြင့် စီခြယ်အပ်သော ရွှေချိုင့်၌ထား၍ ငါး၊ အမဲ၊ သစ်သီးကြီးငယ်၊ ပျားရည်၊ ပေါက်ပေါက်၊ သကြား စသည်တို့ဖြင့် ကျွေးမွေး ပြုစုကြကုန်၏
ဥဒေါင်းသည် မြတ်သော လာဘ်လာဘ အခြံအရံ အကျော်အစောတို့ကို ရလေ၏
ဥဒေါင်းရောက်သောအခါမှ စ၍ ကျီးအား လာဘသက္ကာရ ဆုန်ယုတ်လေ၏
ကြည့်ရှုရုံမျှပင် အလိုမရှိကြကုန်
ကျီးသည် ခဲဖွယ်ဘောဇဉ်ကို မရလတ်သော် (ကာကာ) ဟု မြည်လျက် ပျံသွား၍ မစင်စွန့်ရာ မြေ၌ ကျက်စားရလေ၏
မြတ်စွာဘုရားသည် နှစ်ပါးသော ဝတ္ထုတို့ကို ဆက်စပ်ပြီးလျှင် ဘုရားဖြစ်တော်မူသောအခါ -“ရဟန်းတို့ ... ဦးစွန်းရှိ၍ အသံသာသော ဥဒေါင်းကို မမြင်ရသေးခြင်းကြောင့် ဗာဝေရုတိုင်းသားတို့သည် ကျီးကိုပင် ငါး၊ အမဲ၊ သစ်သီးကြီးငယ်တို့ဖြင့် ပူဇော်ကြကုန်ပြီ၊ ဦးစွန်းရှိ၍ အသံသာသော ဥဒေါင်းငှက် ဗာဝေရုတိုင်းသို့ ရောက်လာကြသောအခါ၌ကား ကျီးအား လာဘသက္ကာရ ဆုတ်ယုတ်ခဲ့၏၊ တရားမင်းဖြစ်၍ လောကသုံးပါး၌ အရောင်အဝါကို ပြုတတ်သော မြတ်စွာဘုရားသည် မပွင့်ပေါ်သေးသမျှ ကာလပတ်လုံး များစွာသော ရဟန်းပုဏ္ဏားတို့ကို ပူဇော်ကြကုန်၏၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော သံရှိတော်မူသော မြတ်စွာဘုရားသည် သစ္စာလေးပါး တရာတော်ကို ဟောသောအခါ၌ကား တိတ္ထိတို့အား လာဘသက္ကာရသည် ဆုတ်ယုတ်ခဲ့၏” –ဟု ရဟန်းတို့အား ဟောကြားဆုံးမမူ၏
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -ရဟန်းတို့ -ထိုအခါ ကျီးသည် - ယခုအခါ နိဂဏ္ဌနာဋပုတ္တ
ဥဒေါင်းသည် - ငါဘုရားဖြစ်လာပြီ -ဟု ဇာတ်ကို ပေါင်းတော်မူသတည်း
(၁) ဒေါင်းကိုမမြင်း၊ ကျီးကိုပင်၊ များဖြင်ပူဇော်ကာ
(၂) ဒေါင်းရောက်လာငြား၊ ကျီးလာဘ်ပါး၊ ဒေါင်းအားပူဇော်ကာ
(၃) ဘုရားပွင့်ငြား၊ တိတ္ထိများ၊ ယုတ်ပါးလာဘ်လာဘ
(၄) ဘုရားကိုပင်၊ လာကတွင်၊ များဖြင့်ပူဇော်ကာ
ဗာဝေရုဇာတ် ပြီး၏
ယန်းလူး (လမ်းခွဲအာခါ)ရွာ (အင်္ဂလိပ်: Yanglu (Lankhweahkar))သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းဇင်းကျေးရွာအုပ်စုတွင် ကျား ၈၂၁၅ ဦး၊ မ ၈၀၉၃ ဦး၊ လူဦးရေ စုစုပေါင်း ၁၆၃၀၈ ဦးနေထိုင်သည်
ဆင်ကူးရွာ(အင်္ဂလိပ်: Sinku)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၌ တည်ရှိသည်
အာစီ ပေ ၁၂၀ ရှည် ၁၂၁ (ဆင်ကူး)ကို ၂၀၁၆-၁၇ တွင် တည်ဆောက်ပြီး၊ ကားသွားလာနိုင်သည်