text
stringlengths
6
9.41k
မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဘဒ္ဒန္တဦးကောဝိဒါဘိဝံသ သက်တော် (၈၁) နှစ်၊ သိက္ခာတော် (၆၂) ဝါသည် ယမန်နေ့ နေ့လယ် ဒေသစံတော်ချိန် (၁) နာရီ (၇) မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်ရှိ ဆေးရုံတခု၌ နှလုံးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ဂင့်ဂဲကျေးရွာအုပ်စုတွင် ကျား ၅၁၆ ဦး၊ မ ၆၃၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၅၀ ဦးနေထိုင်သည်
ပင်လယ်သက်ရွာ (အင်္ဂလိပ်: Pinlelthet)သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ပင်လယ်သက်ကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ပင်လယ်သက်ကျေးရွာအုပ်စုတွင် ကျား ၆၇၆ ဦး၊ မ ၇၇၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၄၅၀ ဦးနေထိုင်သည်
ဦးလောက်ရွာ(အင်္ဂလိပ်: Ulauk)သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ခေါင်ဖူးရွာသစ်ကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ ခေါင်ဖူးရွာသစ်ကျေးရွာအုပ်စုတွင် ကျား ၉၀၆ ဦး၊ မ ၈၈၇ ဦး၊ လူဦးရေစုစုပေါင်း ၁၇၉၃ ဦး နေထိုင်သည်
ယန်းမိုင်ရွာ (အင်္ဂလိပ်: Yangmai)သည် ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းပေါက်-ဝအထူးဒေသ (၂)၊ မိုင်းဖျန်မြို့နယ်၊ မိုင်းတွီးကျေးရွာအုပ်စု၌ တည်ရှိသည်
ဟတဘူတာ (波田駅 ဟတ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ နဂါနိုခရိုင်၊ မဆွတ်မိုတိုမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်
ဥတ္တရအလင်းတန်း (northern lights) ဆိုသည်မှာ ညဉ့်ကောင်းကင်ယံတွင် လှပစွာ ဖြာထွက်သော ရောင်စုံ အလင်းတန်းများကို ခေါ်ဆိုခြင်း ဖြစ်သည်
၎င်းအလင်းတန်းများကို Aurora အလင်းတန်းများဟုလည်း ခေါ်ဆိုကြသေးသည်
ဥတ္တရအလင်းတန်းများသည် လွန်စွာ ထူခြားဆန်းပြားသည်သာမက မှော်ပညာဖြင့် ဖန်တီးထားသည်ဟုပင် ထင်မှတ်မှားလောက်အောင် လှပပေသည်
သို့သော် မြန်မာနိုင်ငံအတွင်း၌ အပြင်ဘက်တွင် မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ
အဘယ်ကြောင့်ဆိုသော် ဥတ္တရအလင်းတန်းများကို ကမ္ဘာမြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်း ဒေသများတွင်သာ မြင်တွေ့ရလေ့ရှိသောကြောင့် ဖြစ်သည်
အကြမ်းဖျင်းအားဖြင့် aurora (သို့) northern lights ဖြစ်ပေါ်လာရခြင်းမှာ နေမှ ထုတ်လွှတ်လိုက်သည့် လျှပ်စစ်ဓာတ်ဆောင် အမှုန်ကလေးများ ကမ္ဘာလေထုထဲသို့ရောက်ရှိလာပြီး လေထုထဲမှ မော်လီကျူးများနှင့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည်
ဥတ္တရအလင်းတန်းများနှင့် နေပြောက်ဖြစ်စဉ် (sunspot activity) ဆက်နွယ်မှုကို ၁၈⁠၈၀ ခုနှစ်တွင် စတင်လေ့လာတွေ့ရှိခဲ့သည်
၁၉၅၀ ပြည့်နှစ်များတွင် ပြုလုပ်သော သုတေသနလုပ်ငန်းများ၏ အကျိုးကျေးဇူးကြောင့် နေမှ အီလက်ထရွန်နှင့် ပရိုတွန်အမှုန်လေးများသည် solar wind ဟုသော ဖြစ်စဉ်ဖြင့် ကမ္ဘာလေထုထဲသို့ ဝင်ရောက်ကြောင်း သိရှိလာခဲ့ကြသည်
နေ၏ မျက်နှာပြင် အပူချိန်သည် ၅၈၀၀ ကယ်ဗင်ထိ ပူပြင်းပြီး ၎င်းအပူချိန်သည် ဓာတ်ငွေ့မော်လီကျူးများ အချင်းချင်း ပွတ်တိုက်မှု အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်၍ ပြင်းထန်စွာ ပေါက်ကွဲကြသည်
နေသည် မိမိဝင်ရိုးပေါ်တွင် လှည့်ပါတ်နေသည်ဖြစ်ရာ ပေါက်ကွဲမှုဖြစ်ချိန်တွင် အီလက်ထရွန်နှင့် ပရိုတွန်အမှုန်များသည် နေမှ လွတ်ကာ အာကာသသို့ လွင့်စဉ်သွားကြသည်
ထိုဖြစ်စဉ်ကို solar wind ဟုခေါ်ပြီး အဆိုပါနည်းလမ်းဖြင့် ကမ္ဘာလေထုထဲသို့ လျှပ်စစ်ဆောင် အမှုန်များ ရောက်ရှိလာကြသည်
သို့သော် အားပြင်းသော ကမ္ဘာသံလိုက်စက်ကွင်းကြောင့် ၎င်းလျှပ်စစ်ဆောင် အမှုန်များသည် ကမ္ဘာမြေပေါ်သို့တိုက်ရိုက် မကျရောက်နိုင်ပဲ သံလိုက်စက်ကွင်းအားအပျော့ဆုံးဖြစ်သည့် ဝင်ရိုးစွန်းဒေသများသို့ လမ်းကြောင်းသွေဖည်သွားကြသည်
ဝင်ရိုးစွန်းဒေသများသို့ ရောက်ရှိသောအခါ ကမ္ဘာပေါ်မှ ဓာတ်ငွေ့အမှုန်များနှင့် နေမှ လွင့်စဉ်လာသော လျှပ်စစ်ဆောင် အမှုန်များ ပွတ်တိုက်မှုဖြစ်ပြီး northern lights ဟုခေါ်သော ဥတ္တရအလင်းတန်းများ ထွက်ပေါ်လာကြသည်
Northern Lights ကို ကမ္ဘာတောင်ဘက်စွန်း နှင့် မြောက်ဘက်စွန်းတွင် တွေ့နိုင်ပြီး မြောက်ဘက်စွန်းဒေသများတွင် ဖြစ်ပေါ်နေသော northern lights များကို 'aurora borealis' ဟုခေါ်ပြီး တောင်ပိုင်းတွင် 'aurora australis' ဟုခေါ်ဝေါ်ကြသည်
aurora အလင်းတန်းများကို အရောင်မျိုးစုံဖြင့် တွေ့မြင်နိုင်ပြီး အစိမ်းနုရောင်နှင့် ပန်းရောင်များမှာ အတွေ့ရအများဆုံးဖြစ်သည်
ထို့ပြင် အနီ၊ အဝါ၊ အစိမ်း၊ အပြာ နှင့် မရမ်းရောင် များကိုလည်း တွေ့ရတက်သည်
လျှပ်စစ်ဓာတ်ဆောင် အမှုန်များနှင့် ပွတ်တိုက်သော ဓာတ်ငွေ့အမျိုးအစားပေါ်မူတည်၍ ဥတ္တရအလင်းတန်းများ၏ အရောင်သည် ပြောင်းလဲလေ့ရှိသည်
တွေ့ရအများဆုံးဖြစ်သော ဥတ္တရအလင်းတန်းအရောင်ဖြစ်သည့် စိမ်းဝါရောင်နု⁠နုသည် ကမ္ဘာမြေပြင်အထက် မိုင် ၆၀ တွင်ရှိသော အောက်ဆီဂျင် မော်လီကျူးများ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည်
အလွန်တွေ့ရခဲသော အနီရောင် သီးသန့် Aurora အလင်းတန်းများသည် အမြင့်ပေ မိုင် ၂၀၀ ဝန်းကျင်တွင်ရှိသော အောက်ဆီဂျင် ဓာတ်ငွေ့မှုန်များ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်သည်
နိုက်ထရိုဂျင်ဓာတ်ငွေ့များသည် အပြာနှင့် ကြက်သွေးအလင်းတန်းများ ဖြစ်ပေါ်စေသည်
အလင်းတန်းများသည် ပုံစံမျိုးစုံဖြင့် တည်ရှိနိုင်ပြီး အချို့မှာ အကွက်ပုံစံ (သို့မဟုတ်) ပြန့်ကျဲနေသော တိမ်တိုက်ပုံစံ၊ အချို့မှာ တံခွန်ပုံစံ၊ စက်ဝန်းပြတ်ပုံစံ၊ လှိုင်းထလှုပ်ရှားနေသော ပြတင်းပေါက်ခန်းဆီး ပုံစံ အစရှိသဖြင့် ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ကောင်းကင်ယံတွင် ခပ်မှိန်မှိန် အရောင်များဖြာထွက်လေ့ရှိသည်
ဥတ္တရအလင်းတန်းဖြာထွက်မှုသည် အမြင့်ပေ မိုင် ၅၀ မှ မိုင် ၄၀၀ အတွင်းတွင် ဖြစ်ပေါ်လေ့ရှိသည်
အထက်တွင် ဖော်ပြထားသည့်အတိုင်း ဥတ္တရအလင်းတန်းများကို တောင်ဘက်စွန်းနှင့် မြောက်ဘက်စွန်းဒေသများတွင် အတွေ့ရများသည်
ကမ္ဘာအနောက်ဘက်ခြမ်း တောင်ဘက်စွန်းတွင်ရှိသော ဒေသတစ်ခုဖြစ်သည့် နယူးအော့လန်း(New Orleans) ဒေသများတွင် တွေ့ရသော်လည်း ကမ္ဘာအရှေ့ခြမ်း တောင်ဘက်စွန်းဒေသများတွင်မှာ ဥတ္တရအလင်းတန်းများကို တွေ့မြင်နိုင်ခြင်းမရှိပေ
ဥတ္တရအလင်းတန်းများကို ကြည့်ရှုခံစားရန် အကောင်းဆုံးနေရာများမှာ မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ(Yukon၊ Nunavut အစရှိသော ဒေသများ) နှင့် အလက်စကာပြည်နယ်(Alaska) အနောက်မြောက်ဘက်တို့ဖြစ်ကြသည်
ထို့ပြင် ဥတ္တရအလင်းတန်းများကို ဂရင်းလန်ကျွန်း(Greenland) နှင့် အိုက်စလန်နိုင်ငံ(Iceland) တောင်ဘက်စွန်းဒေသများ၊ နော်ဝေးနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းနှင့် ဆိုက်ဘေးရီးယား(Siberia)၏ ကမ်းရိုးတန်းဒေသများတွင်လည်း တွေ့မြင်နိုင်ပေသည်
ကမ္ဘာတောင်ဘက်ခြမ်းတွင် ဖြစ်ပေါ်လေ့ရှိသော Aurora အလင်းတန်းများသည် အန္တာတိကတိုက် နှင့် အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်သာ ဖြစ်ပေါ်လေ့ရှိသောကြောင့် မြင်တွေ့ခဲလှသည်
ယေဘုယျအားဖြင့် ဥတ္တရအလင်းတန်းများကို အလင်းရောင်နည်းပါးသော နေရာများတွင်လည်း ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည်
လူနေနည်းသော မြောက်ဘက်ပိုင်းဒေသများသည် ဥတ္တရအလင်းတန်းများ ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည်
Aurora ရောင်စဉ်ဖြာထွက်မှုဖြစ်စဉ်သည် ရာသီစက်ဝန်းကဲ့သို့ ထပ်ကာတလဲ⁠လဲဖြစ်နေသည်ကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြပြီး အချိန် ၁၁ နှစ်ကြာတိုင်း တစ်ကြိမ် ရောင်စဉ်ဖြာထွက်မှု အထွဋ်အထိပ်သို့ ရောက်လေ့ရှိသည်
နောက်ဆုံးရောင်စဉ်ဖြာထွက်မှု အမြင့်ဆုံးအချိန်မှာ ၂၀၁၃ ခုနှစ် ဖြစ်သည်
မြောက်ဘက်ပိုင်း ဒေသများတွင် ဆောင်းရာသီသည် ရောင်စဉ်တန်းများကို ကြည့်ရှုရန် အလွန်ကောင်းသော ရာသီဖြစ်သည်
ညတာရှည်ပြီး တိမ်ကင်းစင်သောညများသည် ဥတ္တရအလင်းတန်းများကို ကြည့်ရှုရန် အခွင့်ကောင်းဖြစ်သည်
ဥတ္တရအလင်းတန်း ကြည့်ရှုရန် အကောင်းဆုံးအချိန်မှာ ဒေသစံတော်ချိန် ညသန်းခေါင် အချိန်ဖြစ်ပေသည်
ကမ္ဘာမြောက်ဘက်ခြမ်းတွင် တွေ့ရသော အလင်းတန်း 'Aurora borealis' သည် 'မြောက်ဘက်ဒေသ၏ အရုဏ်ဦး' ဟု အဓိပ္ပာယ်ရလေသည်
ရောမတို့၏ ဒဏ္ဍာရီလာ Aurora သည် အရုဏ်ဦးနတ်သမီးတစ်ပါး ဖြစ်လေသည်
လူမျိုးစုအသီးသီးတွင် ရောင်စဉ်တန်းများနှင့် ပတ်သက်၍ ဒဏ္ဍာရီများရှိကြသည်
အေဒီ ၁⁠၁၀၀ မှ ၁၄၀၀ ခန့်က ရောင်စဉ်တန်းများဖြစ်ပေါ်ခြင်းသည် စစ် သို့မဟုတ် အငတ်ဘေး၏ ရှေ့ပြေးနိမိတ်ဟု မှတ်ယူကြသည်
နယူးဇီလန်ကျွန်းမှ Maori ဟုခေါ်သော ဒေသခံတိုင်းရင်းသားများနှင့် မြောက်အမေရိကတိုက် အပါအဝင် အချို့ ဥရောပတိုက်သားများသည် ဥတ္တရအလင်းတန်းများသည် မီးရှူးမီးတိုင် သို့မဟုတ် မီးပုံပွဲမှ ရောင်ပြန်ဟပ်သော အလင်းများဟုပင် ထင်မြင်ယူဆခဲ့ကြသည်
Winconsin ဒေသရှိ Menominee အင်ဒီးယန်းမျိုးနွယ်စုတို့ကမူ အလင်းတန်းများသည် manbai'wok ဟုခေါ်သော မုဆိုးနှင့် တံငါသည်များ၏ ဝိဉာဉ်များ တည်နေရာကို ညွှန်ပြသည်ဟု ယုံကြည်ကြသည်
အလာစကာဒေသရှိ Inuit လူမျိုးတို့ကလည်း အလင်းတန်းများသည် ၎င်းတို့ အမဲလိုက်ရာမှ ရရှိလာသော သားကောင်များ၏ ဝိဉာဉ်များဟု ယုံကြည်ကြသည်
Aurora ရောင်စဉ်တန်းများသည် ၎င်းတို့လူမျိုးစု၏ စိတ်ဓာတ်ကို ဖော်ကြူးနေသည်ဟု ယုံကြည်သော မျိုးနွယ်များလည်းရှိကြပေသည်
နဂရရာဇသီမာမြို့ (Nakhon Ratchasima) သည် ထိုင်းနိုင်ငံ၊ အီဆန်ဒေသ၏ အဓိက မြို့ကြီးလေးမြို့မှ တစ်မြို့ဖြစ်သည်
big four of Isanဟု လူသိများကြသည်
ကိုရတ် korat ဟုလည်း အများကခေါ်ကြသည်
နဂရရာဇသီမာပြည်နယ်နှင့် မောင်နဂရရာဇသီမာခရိုင်တို့၏ ရုံးစိုက်ရာမြို့ဖြစ်သည်
နဂရရာဇသီမာ မက်ထရိုပိုလစ်တန်၏ အဓိကနေရာလည်းဖြစ်သည်
ကိုရတ် ကုန်းပြင်မြင့်၏ အနောက်ဘက်အစွန်းတွင် တည်ရှိသည်
သမိုင်းတွင် ယခင်က လာအိုတိုင်းပြည်နှင့် ဆိုင်ယမ်တိုင်းပြည်တို့၏ နယ်နိမိတ် ခွဲခြားသတ်မှတ်ရာ လည်းဖြစ်သည်
လာအိုစကားပြောကြသည့် အီဆန်တို့၏ နေရာလည်းဖြစ်သည်
လက်ရှိအချိန်တွင် မြို့၏ တည်နေရာမှာ 14°58.5′N 102°6′Eတွင် တည်ရှိသည်
၂၀၁၀ ခုနှစ်တွင် မြို့၏ မြူနီစီပယ် ဧရိယာတွင် လူဦးရေ ၁၄၂၆၄၅ ဦး ရှိသည်
ရှေးဟောင်းသုတေသန ပညာရှင်များက ယနေ့ခေတ် နဂရရာဇသီမာ၏ အနောက်ဘက် ၃၂ ကီလိုမီတာ အကွာရှိ ဆန်နိုအမ် ခရိုင်တွင် သီမာ (သိမ်) နှင့် ကိုရတ်ခပူရ ဆိုသော မြို့၂မြို့ တည်ရှိခဲ့ကြောင်း ဆိုသည်
ထိုအမည်များမှ နာမည်ယူထားကြခြင်းများလည်း ဖြစ်သည်
မြို့ကို ခိုရတ် (Thai: โคราช) အဖြစ် လူသိများကြပြီး ရှေးခမာတို့၏ အတိုကောက် နာမည် တစ်မျိုးဖြစ်သည်
၁၄ ရာစုနှစ်များ မတိုင်မီက နဂရရာဇသီမာဒေသများသည် ခမာလူမျိုးတို့၏ လက်အောက်တွင် တည်ရှိသည်
ခမာဘာသာစကားအရ Nokor Reach Seyma သို့မဟုတ် Nokor Reach Boreiနှင့် Koreach.ဟု သိကြသည်
၁၇ ရာစုနှစ်တွင် အယုဒ္ဓယဘုရင် နရီလက်ထက်၌ ထိုဒေသအနီးတွင် မြို့သစ်တည်စေပြီး အယုဒ္ဓယ၏ အရှေ့မြောက် မျက်နှာစာအတွက် ခံတပ်တစ်ခုဖြစ်စေခဲ့သည်
ထို့နောက်တွင် ထိုင်းနိုင်ငံ သမိုင်းများ၌ နခွန် ရတ်ချာစီမာကို အယုဒ္ဓယ၏ ဒုတိယ အဆင့်ရှိ မြို့အဖြစ် ဖော်ပြကြသည်
၁၇၆၇ ခုနှစ်တွင် မြန်မာတို့၏ တိုက်ခိုက်မှုဖြင့် အယုဒ္ဓယ ပြိုကွဲခဲ့ပြီး ဘိုရိုမကော့ဘုရင်၏ သားတော်တစ်ပါးမှ ခိုရတ်နှင့် အခြား အရှေ့ဘက်ဒေသများကို စိုးစံရန် ကြိုးပမ်းခဲ့သည်
သို့သော် သွန်ဘူရီ နိုင်ငံ၏ ဘုရင်ဖြစ်သူ ဘုရင်သက်ဆင်မှ သူ၏ ဗိုလ် ၂ ဦးဖြစ်သူ ညီအစ်ကို နှစ်ယောက်ဖြစ်သော သွန်ဒေါင်း နှင့် ဘွန်မတို့ကို သွားရောက် သိမ်းပိုက်ခိုင်းလေသည်
မင်းသားကို ဖမ်းဆီးရမိပြီး ၁၇၆၈ တွင် ကွပ်မျက်လိုက်လေသည်
နောက်ပိုင်းတွင် သွန်ဒေါင်းမှာ ယနေ့ခေတ် ထိုင်းနိုင်ငံဘုရင်မင်းဆက်ဖြစ်သော ရာမမင်းဆက်၏ ပထမမြောက် ရာမဘုရင်ဖြစ်လာသည်
ခိုရတ်မြို့မှာ ၎င်း၏ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မဟာဗျူဟာမြောက် တည်ရှိမှုကြောင့် လာအိုနှင့် ခမာတို့၏ နယ်မြေများကို စောင့်ကြည့်ရန် တည်ရှိသည်
၁၈၂၆ ခုနှစ်တွင် ဗီယင်ကျန်းဘုရင် အန်နိုဗောင်က ဆိုင်ယမ်တို့ အင်အားနည်းနေသည်ကို အခွင့်ကောင်းယူကာ ခိုရတ်မြို့ကို ရာမ ၃ ဘုရင် လက်အတွင်းမှ သိမ်းပိုက်ခဲ့သည်
ထိုစဉ်က လက်ထောက် အုပ်ချုပ်ရေးမှူး၏ အမျိုးသမီးဖြစ်သူ လေဒီမို၏ စွမ်းဆောင်ချက်များကြောင့် မြို့လယ်ခေါင်တွင် ရုပ်တုထား၍ ဂုဏ်ပြုခံခဲ့ရသည်
မြို့၏ အရှေ့ဘက်မြို့ရိုးဟောင်းကို ပြင်သစ်အင်ဂျင်နီယာ တစ်ဦးမှ ပုံစံရေးဆွဲ တည်ဆောက်ခဲ့သည်
ထိုသူမှာ နရီဘုရင်၏ နရီမဟာရာဇာနန်းတော်ကို တည်ဆောက်ခဲ့သူလည်းဖြစ်သည်
၁၉ ရာစုနှောင်းပိုင်း မွန်သွန်အုပ်ချုပ်မှု ပြန်လည်ပြုပြင်ရေးတွင်လည်း နဂရရာဇသီမာမြို့မှာ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍတွင် အရေးပါခဲ့သည်
၁၉၀၀ပြည့်နှစ် နိုဝင်ဘာလတွင် ဆိုင်ယမ် တော်ဝင်နိုင်ငံ ရထားလမ်းစီမံကိန်းများအရ နဂရရာဇသီမာနှင့် ဘန်ကောက်ဆက်သွယ်သော ရထားလိုင်းအတွက် နဂရရာဇသီမာမြို့မှာ လမ်းဆုံးဘူတာ ဖြစ်လာသည်
၁၉၃၂ ထိုင်းတော်လှန်ရေးအရ ထိုင်းနိုင်ငံ၏ သက်ဦးဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်းခဲ့ရသည်
၁၉၃၃ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ အာဏာသိမ်းမှုအတွက် နဂရရာဇသီမာမြို့မှာ ဌာနချုပ်ဖြစ်လာသည်
၁၉၆၂ မှ ၁၉၇၆ အထိ ဗီယက်နမ်စစ်အတွင်း ကိုရတ်တော်ဝင်လေကြောင်းလိုင်းဌာနချုပ်မှာ ထိုင်းတော်ဝင်လေတပ်၊ အမေရိကန်လေတပ်၊ နယူးဇီလန် တော်ဝင်လေတပ်များ ဆင်းသက်ရာ နေရာဖြစ်လာသည်
၁၉၈၀ နှင့် ၁၉၉၀ အစောပိုင်းကာလများအတွင်း လေဆိပ်မှာ အရပ်ဘက်လေဆိပ် ဖြစ်လာခဲ့ပြီး ၁၉၉၀ အစောပိုင်းတွင် နဂရရာဇသီမာလေဆိပ် ဖြစ်လာသည်
၁၉၉၃ ခုနှစ် ဩဂုတ်လ ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အဆိုးရွားဆုံး ဟိုတယ်မတော်တဆမှုဖြစ်သည့် တော်ဝင် ပလာဇာ ဟိုတယ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ၁၃၇ ယောက် သေဆုံးခဲ့သည်
နဂရရာဇသီမာဒေသတွင် ယေဘုယျအားဖြင့် ရာသီ ၃ ခုရှိသည်
နွေရာသီမှာ ဖေဖော်ဝါရီလမှ မေလအထိ၊ မိုးရာသီမှာ မေလမှ အောက်တိုဘာလအထိ၊ ဆောင်းရာသီမှာ အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်သည်
ဆောင်းရာသီတွင် ကိုရတ်ဒေသ၏ အနိမ့်ဆုံး အပူချိန်မှာ ၁၈ ဒီဂရီ စင်တီဂရိတ် (၆၄ ဒီဂရီ ဖာရင်ဟိုက်)နှင့် ကျေးလက်ဒေသတွင် ၁၂ ဒီဂရီ စင်တီဂရိတ် (၅၄ ဒီဂရီ ဖာရင်ဟိုက်)အထိ ကျဆင်းတတ်သည်
နဂရရာဇသီမာဒေသ၏ စီးပွားရေးမှာ အစဉ်အလာအရ စိုက်ပျိုးရေးပေါ်တွင် မှီခိုနေသည်
အီဆန်ဒေသ၏ စပါး၊အုံး (tapioca)နှင့် သကြားထုတ်လုပ်ရာ အဓိကနေရာဖြစ်သည်
အီဆန်ဒေသသည် ၎င်းကုန်စည်များအတွက် ထိုင်းနိုင်ငံ၏ ထုတ်ကုန်အပိုင်းတွင် တစ်ဝက်မျှအထိ ထုတ်လုပ်ရာဒေသဖြစ်သည်
ထိုထုတ်ကုန် ၃ မျိုးသည် အီဆန်ဒေသတွင်း ၇၀၀၀၀၀ မိသားစုကို အလုပ်အကိုင် အခင့်အလမ်းများ ဖန်တီးပေးနိုင်သည်
ထို့အပြင် နခွန် ရတ်ချာစီမာမှာ Seagate Technology၏ disk drives ထုတ်လုပ်ရာ ၂ မြို့မှ တစ်မြို့ဖြစ်သည်
ထိုလုပ်ငန်းသည် နခွန် ရတ်ချာစီမာ၌ အလုပ်သမားပေါင်း ၁၂၁၀၀ကို အလုပ်အကိုင်ပေးနိုင်သည်
နခွန် ရတ်ချာစီမာမှာ အီဆန်ဒေသ အတွက်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အတွက်ပါ စီးပွားရေး အချက်အချာ နေရာ ဖြစ်လာသည်
ဘန်ကောက်မြို့တွင် အခြေစိုက်သည့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်တိုက် ၃ ခုလုံးမှာ မြို့၏ ဈေးအကြီးဆုံး ဆိုင်များတွင် ရင်းနှီးမြှပ်နှံထားသည်
၂၀၁၇ နောက်ပိုင်းတွင် စတုရန်းမီတာ ၁ သန်းရှိသော လက်လီအရောင်းနေရာကို ဖွင့်လှစ်ထားသည်
နဂရရာဇသီမာလေဆိပ်သည် မြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာ အကွာတွင် တည်ရှိသည်
လက်ရှိ အချိန်တွင် ဘန်ကောက်-ဒွန်မောင်းနှင့် ချင်းမိုင်သို့ လေကြောင်းခရီးစဉ်များ ရှိသည်
၂၀၁၈ ခုနှစ်တွင် ခရာဘီနှင့် ဟတ်ယိုင်သို့ ပြည်တွင်း ခရီးစဉ်၊ ဆိုးလ်-အင်ချွန်းနှင့် တရုတ်နိုင်ငံမှ မြို့ တစ်ခုခုသို့ နိုင်ငံတကာ ခရီးစဉ်အဖြစ် တိုးချဲ့ရန် ရည်ရွယ်ထားသည်
နခွန် ရတ်ချာစီမာမြို့သည် အရှေ့မြောက်ပိုင်း ရထားလမ်းပိုင်းဖြစ်သော ဘန်ကောက်နှင့် အုဘွန် ရတ်ချသနီမြို့နှင့် နွိုင်ခိုင်မြို့ တို့ကို ဆက်သွယ်ထားသော ရထားလမ်းပိုင်းပေါ်တွင် တည်ရှိသည်
မြို့တွင် အဓိက ဘူတာရုံ နှစ်ရုံရှိသည်