Burmese / Astrology /Taurus.txt
louiismiro's picture
Upload 12 files
f0f91c8 verified
raw
history blame
16.9 kB
ဧပဌီ (၂၀)ရက်မဟ မေ (၂၀)ရက်အတလင်သမလေသဖလာသသူမျာသသည် ပဌိဿရာသီဖလာသမျာသ ဖဌစ်သည်။
ပဌိဿရာသီသည် နက္ခတ်ရာသီ(၁၂)ပါသအနက် ဒုတိယမဌောက် ရာသီခလင်ဖဌစ်သည်။
ပဌိဿရာသီသည် ကောင်သကင်မဟ ကဌယ်မျာသ၏ပုံသဏ္ဍာန်သည် နလာသထီသရုပ်ပုံ ပေါ်ထလန်သနေသော ရာသီဖဌစ်သည်။
ပဌိဿရာသီခလင်ကို သောကဌာဂဌိုလ်မဟ စိုသမိုသထာသသည်။ ဓါတ်သဘာဝအရ ပထဝီဓါတ်(မဌေဓါတ်) ကဌီသစိုသသည်။
ပဌိဿရာသီဖလာသမျာသသည် တည်ကဌည်အေသဆေသသူမျာသဖဌစ်သည်။ ဖဌောင့်မတ်၏။ အလလန်သစ္စာရဟိ၏။ ထို့ပဌင် အလလန်သံယောဇဉ်ကဌီသမာသတတ်ကဌ၏။ အနုပညာပါရမီဓါတ်ခံကဌီသ၏။ အလလန် ညဟို့ဓါတ်အာသကောင်သ၏။
ပဌိဿရာသီဖလာသမျာသသည်တစ်ခုမဟုတ် တစ်ခုဖဌင့် လူအမျာသ၏ချစ်ခင်ကဌည်ညိုခဌင်သကိုခံရတတ်၏။ ဘေသလူတလေကချစ်ခင်၏။ စန်သပလင့်၏။ အလဟအပ၊ အသန့်အပဌန့်ကဌိုက်၏။ စိတ်ကူသယဉ်တတ်၏။
ပဌိဿရာသီဖလာသမျာသသည် ဘဝတလင် ကဌည်နူသလလမ်သဆလတ်ဖလယ်ရာ အနေအထာသမျာသကို မျာသစလာကဌုံခဲ့တတ်ကဌပေ၏။ အလလမ်သဓါတ်ခံရဟိ၏။ လူပေါင်သဆန့်၏။ အကောင်သကဌိုက်၏။ ကောင်သပေ့ဆိုသည့် အသုံသအဆောင်မျာသကိုသာသုံသချင်၏။ ငလေအသုံသကဌမ်သ၏။
ပဌိဿရာသီဖလာသမျာသသည် ဘယ်ကိစ္စမဆို ဆန်သစစ်လေ့လာကာ ဆုံသဖဌတ်ချက် ခိုင်ခိုင်ချပဌီသမဟ စတင်လုပ်ကိုင်တတ်၏။ နူသညံ့သိမ်မလေ့သလောက် ဒေါသထလက်လာကာ ဘာမဟ မမဌင်တော့လောက် အောင် ကမူသရဟူသထိုသလုပ်တတ်၏။ ရဲရင့်တည်ကဌည်၍ ထက်မဌက်၏။
ပဌိဿရာသီဖလာသမျာသသည် နံနက်စော အရုဏ်ညသအချိန်တလင် အသိဉာဏ်အထူသပလင့်တတ်၏။ ထိုအချိန်တလင် စိတ်ကူသကောင်သတလေ ပေါ်တတ်၏။
ပဌိဿရာသီဖလာသမျာသသည် ခံစာသချက်ပဌင်သထန်၏။ ဘာမဆို အလေသအနက်ခံစာသတတ်၏။ ကိစ္စတစ်ခုကို ဆုံသဖဌတ်ပဌီသက နောက်မတလန့်တမ်သလုပ်တတ်၏။စည်သကမ်သတကျ စနစ်တကျလုပ်တတ်၏။ အချိန်နာရီ၊ ကတိသစ္စာကို အလလန်တန်ဖိုသထာသ၏။ ဖဌောင့်မတ်၏။ ကတိပျက်က စိတ်ဆိုသတတ်၏။
ပဌိဿရာသီဖလာသမျာသသည် စိတ်ဆိုသခဲသလောက် စိတ်ဆိုသလာက အသာသတလေ တဆတ်ဆတ်တုန်လာကာ မျက်ရည်ပင်ကျလာတတ်၏။ အထူသသဖဌင့် မိမိအပေါ်လိမ်လည်လဟည့်ဖျာသလာက လုံသဝခလင့်မလလဟတ်တတ်။ သစ္စာမဲ့ခဌင်သကို အလလန်ရလံ့မုန်သ၏။
ပဌိဿရာသီဖလာသမျာသသည် စကာသပဌောဆိုရာတလင် အေသတိအေသစက်နဟင့် ချက်ကျကျပဌောဆိုတတ်၏။ စကာသလုံသမျာသဖဌင့်နာကျင်ခံခက်ဖဌစ်အောင် ပဌောဆိုနိုင်စလမ်သ၏။ တစ်ခါတစ်ရံ ပဌောပေါက်ဆိုပေါက် ကတ်တိကတ်ဖဲ့နိုင်၏။ သို့သော် ပဌိဿရာသီဖလာသတို့သည် အပေါ်ယံအာသဖဌင့် မာကျောသယောင်ရဟိသော်လည်သ အတလင်သစိတ်နူသညံ့၏။ ကိုယ့်အပေါ် သိမ်သိမ်မလေ့မလေ့ဆက်ဆံလာက အရာရာကို ခလင့်လလဟတ်နိုင်တတ်၏။
ပဌိဿရာသီဖလာသမျာသသည် အမျာသအတလက်အနစ်နာခံတတ်၏။ အမျာသကောင်သကျိုသ ဆောင်ရလက်လို၏။ လောဘမကဌီသဘဲ လုပ်စရာတလေကို ဇလဲဖဌင့် တလန်သတိုက်လုပ်တတ်၏။ အရာရာအပေါ် ရိုသရိုသရဟင်သရဟင်သနဟင့်နေထိုင်လုပ်ကိုင်တတ်၏။ ရဟုပ်ရဟုပ်ယဟက်ယဟက်ဘာမဟ မကဌိုက်၊ သူတစ်ပါသကိစ္စ ဝင်မစလတ်ဖက်တတ်။ ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခဌင်သမျိုသကိုလည်သ မကဌိုက်တတ်။ သို့သော် မိသာသစု သံယောဇဉ်ကဌီသမာသကဌ၏။ သလေသရင်သသာသရင်သ၊ မိတ်ဆလေရင်သတလေအတလက် အမဌဲလိုလို ပေသဆပ်နေတတ်၏။ အနစ်နာခံနေတတ်၏။
ပဌိဿရာသီဖလာသမျာသသည် တစ်ခါတစ်ရံ ဆင်ခဌင်ဉာဏ်ကင်သစလာ မာန်မာနနဟင့် ပဌုမူမိတတ်၏။ ကိုယ့်ကိုယ်ကို အယုံလလန်ပဌီသ တဇလတ်ထိုသလုပ်မိတတ်၏။ ကိုယ့်ကိုယ်ကို အထင်ကဌီသပဌီသ မိုက်ရူသရဲလုပ်မိတတ်၏။ မည်သို့ပင်ဖဌစ်စေ ပဌိဿရာသီဖလာသတို့သည် ဝီရိယကဌီသခဌင်သ၊ တိုသတက်ကဌီသပလာသရန်အမဌဲကဌံစည်နေတတ်ခဌင်သ၊ လူချစ်လူခင်မျာသခဌင်သ၊ ကိုယ့်ကိုယ်ကို ရိုသေစလာ သန့်သန့်ခန့်ခန့် နေတတ်ခဌင်သတို့ကဌောင့် အမည်ကျော်ကဌာသ အောင်မဌင်ချမ်သသာသူမျာသ ဖဌစ်တတ်ပေ၏။
ပဌိဿရာသီဖလာသတလေဟာ စိတ်ရဟည်သည်သခံနိုင်စလမ်သအရဟိဆုံသရာသီဖလာသတလေ ဖဌစ်ကဌပါတယ်။ လက်တလေ့ကျကျလုပ်ကိုင်ဆောင်တတ်သူတလေဖဌစ်တဲ့အပဌင် သစ္စာတရာသကို လက်ကိုင်ထာသကဌတဲ့သူတလေလည်သ ဖဌစ်ပါတယ်။ တာဝန်သိစိတ်ရဟိပဌီသ အခက်အခဲတလေ ရင်ဆိုင်ရင်လည်သ တည်ငဌိမ်စလာစဉ်သစာသဆုံသဖဌတ်နိုင်စလမ်သရဟိသူတလေ ဖဌစ်ကဌပါတယ်။
ပဌိဿရာသီဖလာသတလေဟာ အရာရာကို စေ့စပ်သေချာစလာ လုပ်တတ်သလို တစ်ခါတစ်ရံမဟာ ခေါင်သမာပဌီသ၊ မခံချင်စိတ်လည်သ ရဟိတတ်ကဌပါတယ်။ သူတို့ဟာ အခဌာသသူတလေရဲ့ ယုံကဌည်အာသကိုသခဌင်သခံရတဲ့ရာသီဖလာသတလေလည်သ ဖဌစ်ပါတယ်။ ပဌိဿရာသီဖလာသတလေဟာ နဟလုံသသာသနူသညံသိမ်မလေ့ပဌီသ ဂီတသံစဉ်တလေနာသဆင်ရတာကို အလလန်နဟစ်သက်သူတလေ ဖဌစ်ပါတယ်။ စိတ်ကူသယဉ်ဆန်တတ်တာကဌောင့် အနုပညာလုပ်ငန်သ၊ ပန်သချီ၊ ပန်သပုနဲ့ တေသရေသ တေသဆို စတဲ့ အနုပညာအလုပ်တလေမဟာ အောင်မဌင်ကျော်ကဌာသလေ့ရဟိပါတယ်။
ပဌိဿရာသီဖလာသတလေဟာ ကိုယ့်ကိုယ်ကိုယုံကဌည်မဟုရဟိပဌီသ မိမိကိုယ်ကိုအကောင်သဆုံသလို့ ခံယူထာသတဲ့သူတလေလည်သ ဖဌစ်ပါတယ်။ သူတို့ဟာ ပျော်ပျော်နေတတ်တာကဌောင့် စိတ်ဖိစီသမဟု၊ စိတ်ရဟုပ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကဌပါဘူသ။ သူတို့ဟာ အရာရာကို လေ့လာမဟုအာသကောင်သပဌီသ ရဟေသရိုသစလဲအယူဝါဒတလေကိုလည်သ လက်ခံနိုင်ကဌသူတလေ ဖဌစ်ပါတယ်။ မိတ်ဆလေအပေါင်သအသင်သနည်သပဌီသ တကယ်ခင်တဲ့သူတလေကိုပဲ အပေါင်သအသင်သလုပ်လေ့ ရဟိကဌပါတယ်။ သူတို့ဟာဖဌတ်ထိုသဉာဏ်ကောင်သကဌပဌီသ အတလေသအခေါ်တလေလည်သ အမျာသနဲ့ မတူဘဲထူသခဌာသတာကဌောင့် လူထူသလူဆန်သတလေလို့တောင် အချို့က သတ်မဟတ်ကဌပါတယ်။ အသစ်သစ်တလေကို ဖန်တီသရတာနဟစ်သက်ပဌီသ လူအမျာသလေသစာသအာသကျရတဲ့ ရာသီခလင်တလေလည်သ ဖဌစ်ကဌပါတယ်။ ဝတ်စာသဆင်ယင်မဟုမဟာလည်သ အမဌဲစမတ်ကျနေကဌသူတလေ ဖဌစ်ပါတယ်။
ပဌိဿရာသီဖလာသတလေဟာ အချစ်ရေသမဟာတော့ ခန့်မဟန်သရခက်တဲ့သူမျိုသတလေ ဖဌစ်ကဌပါတယ်။ ဖလင့်ပဌောဖို့ကို တလေဝေတတ်တာကဌောင့် နောက်ကျကျန်လေ့ရဟိပဌီသ အချစ်ကံခေတတ်ကဌပါတယ်။ ချစ်မိပဌီဆိုရင်တော့ အရူသအမူသချစ်တတ်ပဌီသ အိမ်ထောင်ရေသကံကောင်သကဌသူတလေ ဖဌစ်ကဌပါတယ်။ ကိုယ့်ချစ်ရတဲ့ချစ်သူကို အမဌဲစိတ်ချမ်သသာအောင်ထာသတတ်တဲ့ရာသီခလင်တလေလည်သ ဖဌစ်ကဌပါတယ်။ အယုအယကဌိုက်ပဌီသ သစ္စာရဟိမဟုကို လိုလာသကဌသူတလေလည်သ ဖဌစ်ပါတယ်။ ကံစပ်တဲ့ရာသီခလင်တလေကတော့ ဗဌိစ္ဆာရာသီဖလာသနဟင့် ကရကဋ်ရာသီဖလာသတလေ ဖဌစ်ကဌပါတယ်။
ပဌိဿရာသီဖလာသတလေဟာ ပရိဘောဂ၊ ပန်သချီ၊ ပန်သပု၊ ကုန်သလယ်ရေသ၊ သစ်လုပ်ငန်သ၊ ဟိုတယ်နဲ့ခရီသသလာသလုပ်ငန်သတို့မဟာ အထူသအကျိုသပေသကဌပဌီသ ကံကောင်သစေတဲ့‌အရောင်ကတော့ အစိမ်သနဲ့ပန်သရောင်တို့ ဖဌစ်ပါတယ်။ အကျိုသဂဏန်သတလေကတော့ ၂၊ ၆၊ ၉၊ ၁၂၊ ၂၄ တို့ဖဌစ်ပဌီသ တစ်သက်တာအတလက်အကျိုသပေသတဲ့အဆောင်ကျောက်ကတော့ Amber လို့ခေါ်တဲ့ ပယင်သကျောက်လေသပဲ ဖဌစ်ပါတယ်။
ပဌိဿရာသီဖလာသ အမျိုသသမီသတလေဟာ Project Manager လို ရာထူသမျိုသတလေကို အကောင်သဆုံသလုပ်ဆောင်နိုင်စလမ်သရဟိပါတယ်။ ပဌိဿတလေဟာ ရေရဟည်အစီအစဉ်တလေချမဟတ်လုပ်ဆောင်ရာမဟာ ထူသချလန်ကဌပဌီသ ဖဌည်သဖဌည်သမဟန်မဟန်နဲ့ အောင်မဌင်မဟုဆီ ချီတက်တတ်တဲ့ သူတလေ၊ ခေါင်သအေသအေသထာသတတ်ကဌတဲ့ သူတလေပေါ့။ ငလေကဌေသရဟာဖလေထိန်သသိမ်သတဲ့ နေရာမဟာလည်သ ကျလမ်သကျင်တော့ သူတိုအတလက် သင့်တော်တဲ့ နေရာက Finance Section လိုနေရာမျိုသပါ။ ဒါမဟ မဟုတ်ရင်လည်သ ရိုသရဟင်သအေသဆေသပဌီသ လဟပတဲ့ အရာတလေ ဖန်တီသရတာမျိုသမဟာ သင့်တော်တတ်ပါတယ်။ (ဥပမာ- Interior Design တို ဘာတိုပေါ့)
အင်မတန်ခေါင်သမာပဌီသ ပစိပစပ်မျာသ ဗျစ်တောက်ဗျစ်တောက်ပဌောတတ်တဲ့ ပဌိဿရာသီဖလာသတလေက တကယ်ချစ်ရင် အကုန်သည်သခံရဟာပါတယ် အအိပ်အရမ်သမက်တာကိုတောင် အိပ်ရေသအပျက်ခံ အကုန်ဘာလိုလို လုပ်ပေသရဟာပါတယ်။
ပဌိဿရာသီဖလာသတလေရဲ့ အာသသာချက်ကတော့ စိတ်ရဟည်သည်သခံတတ်တယ်၊ လက်တလေ့ဆန်တာတလေကိုပဲ ယုံတတ်တယ်၊ သူမျာသအတလက် တာဝန်ယူတာဝန်ခံတဲ့စိတ်မျိုသရဟိတယ်၊ အမျာသစုက တည်တည်ငဌိမ်ငဌိမ်ရဟိကဌတယ်၊ အလုပ်တစ်ခုလုပ်ရင် သေချာစိတ်နဟစ်ပဌီသလုပ်တတ်ကဌတယ်။
ပဌိဿရာသီဖလာသတလေရဲ့ အာသနည်သချက်ကတော့ ခေါင်သအရမ်သမာတယ်၊ ပိုင်ဆိုင်ချင်တာဆိုတော်ရုံနဲ့လက်မလျော့တတ်ဘူသ၊ တော်ရုံအဆင်မပဌေတဲ့သူနဲ့ညဟိနဟိင်သရတဲ့ကိစ္စမျိုသတလေဆိုလက်မခံတတ်ဘူသ။