sentence_id
int64
1
15.7M
text
stringlengths
3
11.1k
501
ဘူဖေး buffet မှာလည်း အာလူး ကို မပါမဖြစ် တစ်နေရာ ထည့်ကြရပြန်တယ်။
502
နံနက်စာ breakfast၊ နေ့လယ်စာ lunch၊ ညစာ dinner တွေမှာ သတိထားမိရင် တွေ့ပါလိမ့်မယ်။
503
အားလူးကို အခွံမခွာပဲနဲ့လည်း စားကြတယ်။
504
သုတေသီတွေရဲ့ တွေ့ရှိချက်အရ အာလူးအခွံမှာလည်း အကျိုးပိုဖြစ်ထွန်းစေတဲ့ ဓါတ် ရှိလို့ပါ။
505
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံမှာ အပြောင်းအလဲ တော်တော်များများ ဖြစ်ပေါ်လာ နေတာကို ဖူးငုံတို့လည်း သတိထား မိကြမှာပါ။
506
မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဆိုသလို ငြိမ်းချမ်းရေး သဘော တူညီချက်တွေ၊ စေ့စပ် ညှိနှိုင်းမှု တွေ ရယူ နိုင်ခဲ့တာဟာလည်း နိုင်ငံသား အားလုံးအတွက် ဝမ်းသာစရာ ကောင်းတဲ့ သတင်းကောင်းတွေပါပဲ။
507
မြန်မာနိုင်ငံမှာ တိုင်းရင်းသား အမျိုးပေါင်း စုံလင် လှပါတယ်။
508
အများစုကတော့ ဗမာ လူမျိုးတွေ ဆိုတာ အားလုံး သိကြပြီးသားပါ။
509
တကယ်တမ်း ပြောရမယ် ဆိုရင် ဗမာ ဆိုတာဟာလည်း မြန်မာနိုင်ငံ အတွင်းမှာ မှီတင်း နေထိုင်နေတဲ့ တိုင်းရင်းသား တစ်မျိုးပါပဲ။
510
ဒါပေမဲ့လည်း လူတချို့ အပြောအရ ဗမာဆိုရင် ဘယ်နေရာမဆို အရေးပေးခံရတယ်။
511
ဗမာတွေဟာ တခြား တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံကြတယ် စသဖြင့် တော်တော်လေး ပြောဆိုကြတာ တွေ့ရတော့ ဗမာ ဖြစ်ရတာတောင် အားငယ်သလို ခံစားမိပါတယ်။
512
မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ မည်သည့် တိုင်းရင်းသား မဆို မြန်မာ နိုင်ငံသားပါပဲ။
513
အဲဒီလို တစ်စိတ် တစ်သဘောတည်း မထားနိုင်ကြတဲ့ အခါ၊ တစ်ယောက်နဲ့ တစ်ယောက်အကြား နားလည်မှုတွေ လွဲတဲ့အခါ ပဋိပက္ခတွေ ဖြစ်ပွားရပြီး၊ အဲဒီ ပဋိပက္ခ အစိုင်အခဲတွေဟာ တဖြည်းဖြည်းနဲ့ ကြီးထွား လာပြန်တော့ မဆုံးနိုင်တဲ့ စစ်ဘေး သံသရာတွေကို ခံစားကြရပါတယ်။
514
စစ်ပွဲတွေ ဖြစ်ကြတဲ့အခါ အဲဒီ စစ်ပွဲတွေရဲ့ ဆိုးကျိုးကို ဒေသ တစ်ခုတည်းက ခံကြရတာ မဟုတ်ဘဲ၊ တစ်နိုင်ငံလုံးက ခံစားကြရတယ် ဆိုတာကို သတိပြုသင့်ပါတယ်။
515
တချို့ တိုင်းရင်းသားတွေရဲ့အမြင်မှာလည်း ကိုယ့်တိုင်းရင်းသား အရေးကိစ္စ ကိုယ်တိုင်ပဲ တွေးပူရ၊ ဖြေရှင်းရနေ တယ်လို့ မြင်နေကြတာရှိပါတယ်။
516
တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။
517
ငြိမ်းချမ်းရေး တည်ဆောက်မှု (Peace Building) ဆိုတာကို အားလုံးက တတ်နိုင်တဲ့ ဘက်ကနေ ဝိုင်းဝန်းကြိုးပမ်း အားထုတ် နေကြတယ်ဆိုတာ မျက်မြင် သက်သေပါပဲ။
518
သူ့အတိုင်း အတာနဲ့သူ ဆောင်ရွက်ကြတဲ့ အချိန်မှာ လူငယ်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်ကနေ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပါဝင်အားဖြည့်၊ ကူညီဆောင်ရွက် လာကြတာတွေ တွေ့ရပါတယ်။
519
ဒီတစ်လ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကဏ္ဍအတွက် လူငယ်တွေ ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ အနုပညာပွဲလေး တစ်ခု အကြောင်းကို ဖော်ပြပေးဖို့ရွေးချယ် ထားပါတယ်။
520
အဲဒီ ငြိမ်းချမ်းရေး အနုပညာပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြင်သစ် ယဉ်ကျေးမှု ဌာနမှာ မနက် ၁၀ နာရီကနေ ည ၁၁ နာရီ အထိ ကျင်းပခဲ့တာပါ။
521
မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အထိကတော့ အခမဲ့ ဝင်ရောက်နိုင်တဲ့ အစီအစဉ် ဖြစ်ပြီး၊ ညနေ ၆ နာရီမှာ စတင်ခဲ့တဲ့ တိုင်းရင်းသားရိုးရာ အဆိုအကတွေ၊ နာမည်ကြီး တိုင်းရင်းသား အဆိုတော်တွေ ဖျော်ဖြေတဲ့ ရန်ပုံငွေပွဲ အစီအစဉ်ကိုတော့ ဝင်ကြေး ၂၅၀၀ အဖြစ် သတ်မှတ်ထားပါတယ်။
522
မနက် ၁၀ နာရီမှာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ကချင်ပြည်နယ် WPN (Wunpawng Nighton) အမည်ရအဖွဲ့က စစ်ဘေး ဒုက္ခသည် စခန်းတွေရဲ့ လက်ရှိ အခြေအနေကို နာရီဝက်စာ Presentation ပေးပါတယ်။
523
အဲဒီနောက် ဆရာ မောင်စိမ်းနီ၊ ဆရာ သစ္စာနီတို့ အပါအဝင် မြန်မာနိုင်ငံ ကဗျာဆရာများသမဂ်္ဂမှ ကဗျာဆရာများရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ် သက်တဲ့ ကဗျာများနဲ့ ကဗျာရွတ်ပွဲ အစီအစဉ်ကို တစ်နာရီကြာ တင်ဆက်ခဲ့ ပါတယ်။
524
ကဗျာရွတ်ပွဲ အပြီးမှာတော့ ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ မြက်ခင်း ပြင်မှာ လူငယ်အနုပညာရှင်များ (Performance Artists) ရဲ့ Performance Art တင်ဆက်မှုများနဲ့အတူ တစ်ပြိုင်နက်တည်းမှာပဲYangon Film School မှ တိုင်းရင်းသားများအကြောင်း ရိုက်ကူးထားတဲ့မှတ်တမ်း ရုပ်ရှင် ၄ ကားတို့ ကိုလည်း ပြသခဲ့ပါသေးတယ်။
525
တစ်နေကုန်ပြသထားတဲ့ Art Ehibition မှာတော့ ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံ၊ ကဗျာနဲ့ Digital Art တို့ကို ပြသ၊ ရောင်းချပေးခဲ့ပါတယ်။
526
မနက်ပိုင်း အစီအစဉ်မှာ အဝတ်အစား၊ အမှတ်တရ လက်ဆောင်ပစ္စည်း၊ ပို့စ်ကဒ်နဲ့ အစားအသောက်တွေကို ရောင်းချပေးတဲ့ ဈေးဆိုင်ခန်းတွေလည်း ပါဝင်ပါတယ်။
527
ဒီအနုပညာပြပွဲ တစ်လျှောက်ပြသ၊ ရောင်းချတဲ့ ပစ္စည်း အားလုံးဟာ ငြိမ်းချမ်းရေးနှင့် ဆက်နွယ်တဲ့အနုပညာ ပစ္စည်းများ ဖြစ်ပါတယ်။
528
Performance Art များနဲ့ တင်ဆက်လို့အပြီးမှာတော့ ပန်းချီဆရာဆန်း ဦးရဲ့လက်ရာတစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဆေးနဲ့ရေးပြီး၊ နောက်ခံမှာ Peace ဆိုတဲ့ စကားလုံးများ ရိုက်နှိပ်ထားတဲ့တီရှပ်ကို ကျပ်ငွေ တစ်သိန်း တစ်သောင်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
529
မနက်ပိုင်း အစီအစဉ်ကိုတော့ လူငယ် ကဗျာဆရာ တစ်ဦးက ကဗျာရွတ်ဆိုကာ အဆုံး သတ်ခဲ့ပါတယ်။
530
ညနေ ၆ နာရီမှာတော့ တိုင်းရင်းသား ရိုးရာ အဆိုအကများနဲ့ စတင်ခဲ့ပြီး၊ ဂီတမိတ်ရဲ့ Music Performance တင်ဆက်မှု၊ DCC ကလေး စောင့်ရှောက်ရေး ဂေဟာမှ ကလေးများရဲ့ ဖျော်ဖြေတင်ဆက်မှုတို့နဲ့အတူ undergroundband ၂ ခုကလည်း ပါဝင် တီးခတ်ပေးထားပါတယ်။
531
မေတ္တာ နဲ့ ပါဝင်သီဆို ဖျော်ဖြေပေးကြတဲ့ အဆိုတော်တွေကတော့ ချိုပြုံး၊ ကေဂျာနူး၊ နောနော်၊ ဂျီလတ်၊ အောင်းလာ၊ ချစ်သုဝေနဲ့ စိုင်းအောင်ထီးခမ်းတို့ဖြစ်ပါ တယ်။
532
ညပိုင်းဖျော်ဖြေတင်ဆက်မှုများ အပြီးမှာတော့ ပွဲကိုလာရောက် ကြည့်ရှုကြတဲ့ ပရိတ်သတ်များ၊ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်များနဲ့ အနုပညာရှင်များက မြက်ခင်းပြင်အလယ်မှာ ပြုလုပ်ထားတဲ့ ကျောက်တိုင်မှာ ပန်းများ ချိတ်ဆွဲကြပြီး၊ နှစ်မိနစ်ခန့် ငြိမ်သက်ကာ ငြိမ်းချမ်းရေးအတွက် ဆုတောင်း ခဲ့ကြပါတယ်။
533
ဒီငြိမ်းချမ်းရေး ဆိုင်ရာ အနုပညာ ပွဲလေးကို ဖြစ်ပေါ်လာအောင် အဓိက ဦးဆောင် လှုပ်ရှား ခဲ့သူတွေကတော့ နောနော်၊ ခင်စန္ဒာညွန့်နဲ့ ဇွန်စီဆိုတဲ့ လူငယ် ၃ ဦး ပဲဖြစ်ပါတယ်။
534
ဒီ ၃ ယောက်ထဲမှာ ဆိုရင် ဇွန်စီ ဟာ Performance Artist တစ်ယောက် ဖြစ်ပြီး၊ နောနော်ကတော့ Professional Graphic Designer တစ်ယောက် ဖြစ်ပါတယ်။
535
ခင်စန္ဒာညွန့်ကတော့ Civic Education Trainer တစ်ယောက် ဖြစ်ပါ တယ်။
536
အခုလို အနုပညာကိုအခြေခံတဲ့ ငြိမ်းချမ်း ရေးပွဲလေး စတင်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဒီပွဲကို လုပ်ဖြစ်ဖို့ နောနော်ဆီက အိုင်ဒီယာ ရတာ ပါ။
537
သူက သူတတ်တဲ့ အနုပညာနဲ့ သူ့ဒေသ၊ သူ့လူမျိုးတွေ ဒုက္ခရောက်နေတာကို ကူညီပေးချင်တယ်ပေါ့။
538
အစ တုန်းကတော့ သူက ပို့စ်ကဒ်လေးတွေ ထုတ်မယ် ရောင်းပေးကြမယ်ပေါ့။
539
ဒါပေမဲ့လည်း လုပ်မယ့် လုပ်တော့ ပွဲလေးတစ်ခု ဖြစ်အောင် လုပ်မယ်ဆို ပြီးတော့ လုပ်ဖြစ်သွားတာလို့ ပွဲစီစဉ်သူ တစ်ဦး ဖြစ်တဲ့ ခင်စန္ဒာညွန့်က ဆိုပါတယ်။
540
ဒီပွဲကို ကျင်းပဖြစ်ခဲ့ရတာဟာ စစ်ဘေး သင့် ပြည်သူတွေကို ကိုယ် တတ်နိုင်တဲ့ဘက် ကနေ အားပေးကူညီ ပေးနိုင်စေဖို့၊ ပြည်သူလူ ထုကြားမှာ ငြိမ်းချမ်းရေးတည်ဆောက်မှု (Peace Building) နဲ့ ပတ်သက်တဲ့အသိပညာတွေ တိုးလာစေဖို့အပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ တာဝန်ယူစိတ်ကို ပြသတဲ့ လှုပ်ရှားမှုတစ် ခုအဖြစ် ဆောင်ရွက်လိုခြင်းစတဲ့ ရည်ရွယ်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။
541
စစ်ဘေးသင့်ပြည်သူ တွေအတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ညလိုအပ်နေတဲ့ ငွေကြေးကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တယ်။
542
စိတ်ထဲမှာ ဒီပွဲကို လုပ်ဖြစ်သွားအောင် ပံ့ပိုးပေးတဲ့ အဓိက အကြောင်းအရင်းကတော့ လူထုကြားထဲ မှာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ အသိအားနည်းနေသေးတယ်လို့ မြင်တယ်။
543
ဒီအစီ အစဉ်ကို လုပ်တော့မယ်ဆိုတော့ အဲဒီဒေသက လူတော်တော်များများနဲ့လည်း စကားပြောဖြစ် တယ်။
544
စစ်ဘေး ဒုက္ခ သည် စခန်းတွေမှာ လုပ်နေ တဲ့ သူတွေရော၊ ပွဲစီစဉ်ဖို့ စလုပ်ပြီ ဆိုကတည်းက တခြားသူတွေရော လူတော်တော်များများနဲ့ စကားပြောဖြစ်တဲ့ အခါကျတော့ လူထုကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အများစု သိထားတာက အရမ်းကို အားနည်းနေတယ်။
545
ငြိမ်းချမ်း ရေးလက်မှတ်တွေ ထိုးပြီးနေကြပြီပဲ။
546
ငြိမ်းချမ်းနေ ပြီ မဟုတ်ဘူးလား။
547
နင်တို့က ဘာလုပ်ဦးမှာလဲ ဆိုပြီး မေးကြတယ်လို့ ခင်စန်္ဒာညွန့်က သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
548
ဟုတ်ပါတယ်။
549
အခု လက်ရှိ ငြိမ်းချမ်းရေး သဘော တူညီမှု လက်မှတ် ရေးထိုးကြတာတွေ၊ အပစ်အခတ် ရပ်စဲရေး ဆိုတာတွေဟာ ငြိမ်းချမ်းရေး တည်ဆောက်မှု (Peace Building) ခရီးရှည် ကြီးရဲ့အစပြုဖြစ်စဉ်၊ ပထမ ခြေလှမ်းပဲ ဖြစ်ပါ တယ်။
550
တစ်ခဏတွင်းချင်း၊ အချိန်တို အတွင်းမှာပဲ ပြီးမြောက် သွားနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။
551
အဲဒါ တွေကို သိမထားဘူး။
552
အသိပညာ အားနည်းသွား ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အဲဒီလို အသိပညာ အားနည်းသွားရင် စိုးရိမ်မိတာက အခု အပစ်အခတ် ရပ်စဲရေး ကိစ္စတွေပြီးသွားရင် နောက်ပိုင်း Political Dialogue တွေ လာတော့မယ်။
553
အဲဒီ အခါကျရင် အစိုးရမူ ဝါဒပိုင်းအရရော ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေကို စနစ်တကျ လုပ်လာ ရတော့မယ်။
554
အဲဒီလို အချိန်မှာ ပြည်သူလူထု အနေနဲ့ ပါဝင်စောင့်ကြည့် မှု၊ ပံ့ပိုးပေးနိုင်မှု မရှိဘူး။
555
မီဒီယာ ပိုင်းကလည်း အားနည်းနေမယ် ဆိုရင် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေပါ အားနည်း သွားနိုင်တယ်လို့ သူမ ရဲ့အမြင်ကို ပြောပါတယ်။
556
ဒီငြိမ်းချမ်းရေး အနုပညာပြပွဲ ဖြစ်ပေါ်လာ အောင် ၃ လ နီးပါး အချိန်ယူခဲ့ရတယ်လို့ သိရ ပါတယ်။
557
စစ်ဘေး ဒုက္ခသည် စခန်းတွေကို သွား ရောက် ကူညီဖို့ ဆုံးဖြတ်ပြီးတဲ့နောက်၊ အဲဒီ စိတ် ဓာတ်ခွန်အားတွေနဲ့ အတူ လူသားအားလုံး ပါဝင် စီးမျောနိုင်တဲ့ အနုပညာကို အခြေခံပြီး ဆောင် ရွက်ဖို့ ရွေးချယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
558
ပွဲကို စတင် အကောင်အထည် ဖော်ဖို့အတွက် ပထမဆုံး အနေနဲ့ Facebook မှာ Page တစ်ခု ဖွင့်ဖြစ်ခဲ့ပါ တယ်။
559
အဲဒီ Page ကတစ်ဆင့် လက်ရှိ Facebook မှာ Peace Campaign လုပ်နေတဲ့အဖွဲ့တွေနဲ့ ချိတ် ဆက်မိခဲ့ပြီး၊ စိတ်ပါဝင်စားသူ အလှူရှင်များနဲ့ အကူအညီပေးချင်တဲ့ သူငယ်ချင်းတွေကိုလည်း အသိပေးနိုင်ခဲ့ပါတယ်။
560
Facebook မှာ Peace Campaign လုပ်နေတဲ့အဖွဲ့ ၄ ဖွဲ့ကသူတို့အတွက် ဆိုင်ခန်းခင်းပေးစရာ မလိုဘူး။
561
နေရာစီစဉ်ပေးရုံ ပဲပေါ့။
562
ရောင်းလို့ရသမျှ အမြတ်အားလုံးကို လှူ မယ်ဆိုပြီးတော့ ကမ်းလှမ်း လာကြပါတယ်။
563
ငြိမ်း ချမ်းရေးနဲ့ပတ်သက်တဲ့ အဝတ်အထည်၊ အိတ်နဲ့လက်ဆောင်ပစ္စည်းတွေ အပြင် အစားအသောက် တွေလည်း ရောင်းချ ပေးပါတယ်။
564
Art Exhibition မှာ ရောင်းချလို့ရတဲ့ အနုပညာပစ္စည်း အားလုံးကိုလည်း အနုပညာရှင်တွေက သူတို့သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအလိုက် လှူဒါန်းပါတယ်။
565
တချို့ကလည်း ၁၀၀ ရာခိုင်နှုန်း အကုန်လှူပါတယ်။
566
၇၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း အသီးသီး လှူဒါန်းကြပါတယ်။
567
စုစုပေါင်း အနုပညာ ပစ္စည်း ၁၁ ခုရောင်းရပါတယ်လို့ မခင်စန္ဒာညွန့်က ပွဲနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။
568
ငြိမ်းချမ်းရေး အနုပညာ ပြပွဲကို အဓိကဦးဆောင်သူ ၃ ယောက်ဟာ တစ်ဦးချင်းစီအနေနဲ့ အတွေ့အကြုံ ရှိပေမဲ့လည်း အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ လူငယ်တွေ ကိုယ်တိုင်ဦး ဆောင် လှုပ်ရှားခဲ့ရတာမို့ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။
569
ပွဲစီစဉ်တာ၊ အဖွဲ့အစည်းတွေနဲ့ လုပ်ကိုင်ရတာ၊ ပရဟိတလုပ်ငန်းတွေ လုပ်တာက တစ်ဦး ချင်းစီမှာတော့ အတွေ့အကြုံတွေ ရှိပါတယ်။
570
ဒါပေမဲ့ ဒီလိုပွဲအမျိုးအစားမျိုး၊ အနုပညာကိုအခြေခံထားတဲ့ တစ်နေကုန်စီစဉ်ရတဲ့ ပွဲကြီးမျိုးကတော့ ပထမဆုံးပဲ။
571
စတိတ်ရှိုးလည်း ပါသေးတယ်ဆိုတော့ တီးဝိုင်းတွေ၊ မီး(Lighting)တွေနဲ့ နောက်ပြီး ဝင်ကြေးသတ်မှတ်ရတာစတဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုကို အရင်က တစ်ခါမှ မစီစဉ်ဖူးပါဘူး။
572
တကယ့်ကို ကြီးမား၊ ကောင်းမွန်တဲ့ အတွေ့အကြုံ တစ်ခုကို ရလိုက်တာပါပဲ။
573
Commercial Music Concert တွေလို တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် နာမည်ကြီး အနုပညာရှင် တွေကို အခြေခံပြီး လုပ်တာလည်း မဟုတ်ဘူး။
574
ရန်ပုံငွေပွဲလည်း ဖြစ်တယ်ဆို တော့ ဝင်ကြေး ၂၅၀၀ ဆိုတာ များနေသလား ဆိုပြီး ပြန်ကြားရတာတွေ ရှိပါ တယ်။
575
တကယ်တော့ လက်မှတ်စီစဉ် လိုက်ရတယ်ဆိုတာကလည်း လာကူညီ ပေးတဲ့ သူတွေ၊ မေတ္တာနဲ့ပါဝင် သီဆိုဖျော်ဖြေ ပေးသူတွေ၊ တီးခတ် ပေးတဲ့သူ တွေကို ကျွေးမွေးဖို့နဲ့ အလှူငွေ အတွက်လည်း ရအောင်ဆိုပြီး သတ်မှတ်လိုက် ရတာပါလို့ ပွဲနဲ့ပတ်သက်တဲ့ အခက်အခဲတချို့ကို ပြောပြခဲ့ပါတယ်။
576
ဒီအနုပညာပြပွဲဟာ ထင်ထားတာထက် ပိုပြီး ကြီးကြီးကျယ်ကျယ်လည်း ဖြစ်သွားတယ်၊ အောင်အောင်မြင်မြင်နဲ့လည်း ပြီးဆုံး သွားခဲ့တယ်၊ လူထုကြားထဲမှာလည်း အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့သွားစေခဲ့တယ် ဆိုတဲ့ အချက်တွေကြောင့် လူငယ်တွေရဲ့ ဆန္ဒတွေလည်း ပြည့်ဝနိုင်ခဲ့မှာ သေချာပါတယ်။
577
အဲဒီ အနုပညာ ပြပွဲမတိုင်ခင်ကတော့ တကယ့် ကိုခေါင်းစားခဲ့ကြရမဲ့ အချိန်တွေပါပဲ။
578
ကျွန်မ မကြာခဏ ပြောလေ့ရှိတဲ့ လူငယ်တွေရဲ့ သဘာ၀ တစ်ခုဖြစ်တဲ့ ဖြစ်ချင်တာကို ဖြစ်အောင်၊ မရရ အောင် ကြိုးစား အားထုတ်တတ်တဲ့ သူတို့တွေရဲ့ ဇွဲကြောင့်ပါပဲ။
579
တကယ်တမ်း ဒီပွဲကိုတာဝန်ခံပြီး လုပ်တဲ့သူကတော့ ၃ ယောက်ပဲ။
580
တကယ်တမ်း လုပ်ဖြစ်တဲ့ အခါကျတော့ လူငယ် အယောက် ၂၀ ကျော် ၃၀ နီးပါး လောက်က ပါဝင်ခဲ့ကြပါ တယ်။
581
ဝိုင်းဝန်းလုပ်ဆောင်ကြတာပေါ့။
582
အခက် အခဲကတော့ လူငယ်တွေချည်းပဲ လုပ်တာ လည်း ဖြစ်တယ်။
583
အဖွဲ့အစည်းအနေနဲ့လည်း မဟုတ် တော့ ငွေကြေးအခက်အခဲရှိတယ်။
584
မတည်ငွေ ဆိုတာလည်း မရှိဘူး။
585
အလုပ်စပြီးလုပ်ဖြစ်သွား အောင် ဆိုပြီး၊ အလှူလိုက်ခံဖို့အတွက် ပွဲအကြောင်းရေးထားတဲ့ Commercial Music Concert တွေ လုပ်တယ်။
586
ဒီစာရွက်စာတမ်းတွေ အတွက်အရင်ဆုံး နှစ်သောင်းခွဲ၊ သုံးသောင်း လောက်ကို အားလုံးစိုက်ပြီး အရင်းအနှီးလုပ်ခဲ့ တာပေါ့။
587
လှူတဲ့အခါ တစ်ဦးတစ်ယောက်ချင်းစီ က လှူတာ ပိုများတယ်။
588
အားလုံး စုစုပေါင်း လှူဒါန်းကြတာ ၁၅ သိန်း ၁ သောင်း ရှိပါတယ်။
589
တကယ်တမ်း ပွဲကုန်ကျစရိတ်က သိန်း၂၀ ကျော် ပါတယ်။
590
ပွဲမတိုင်ခင် အားလုံးလှူဒါန်းထားတဲ့ အထဲက ပို့စ်ကဒ်လေးတွေလုပ်ပြီး ရောင်းပါ တယ်။
591
ပွဲလုပ်ပြီး ဈေးရောင်းရတဲ့ ငွေတွေလည်း ရှိတော့ နည်းနည်းတော့ ကာမိပါတယ်လို့ ဆိုပါ တယ်။
592
ငွေကြေး အခက်အခဲကြောင့် တချို့အစီအစဉ် တွေကို စိတ်ရှိတာထက် တတ်နိုင်သမျှချုံ့ပြီး လုပ်ရတာ၊ ဟာကွက်လေးတွေ ရှိခဲ့တယ် ဆိုပေ မဲ့ ဒီပွဲကို စီစဉ်ပြီးတဲ့ အခါမှာတော့ အတွေ့အကြုံ၊ သင်ခန်းစာ ယူစရာတွေ ရခဲ့ပါတယ်။
593
ဟာကွက် တွေ အများကြီး ဖြစ်သွားတာ ရှိပါတယ်။
594
ဥပမာအဆိုတော်တွေ၊ လာရောက် ကူညီအားပေးတဲ့ သူတွေအတွက် နေရာထိုင်ခင်းက အစ တခြား ဂုဏ်ပြုလက်ဆောင်လိုမျိုးလည်း ဘာတစ်ခုမှ ပြန် မပေးလိုက်နိုင်ဘူး။
595
ကျွန်မတို့ရတဲ့ သင်ခန်းစာ တစ်ခုကတော့ အစီအစဉ်တွေ လုပ်တဲ့နေရာမှာ အားနည်းနေပါသေးတယ်။
596
နောက်ပိုင်းပွဲတွေ စီစဉ်ဖို့အတွက် စိတ်ရဲသွားတာပေါ့။
597
နောက်ထပ် စီစဉ်တဲ့အခါ ဒီထက်ပိုပြီး အောင်မြင်တဲ့ ပွဲတွေကို စီစဉ်နိုင်မယ်လို့ ယူဆပါတယ်။
598
အစပိုင်းမှာ Volunteer ပိုင်း အရမ်းလိုအပ်တယ်။
599
ဒါကတော့ ပွဲနဲ့ပတ်သက်တဲ့ အတွေ့အကြုံ တွေကို မခင်စန္ဒာညွန့်က ပြောပြခဲ့တာဖြစ်ပါ တယ်။
600
လှူဒါန်းမယ့် စခန်းတွေနဲ့အရေအတွက်တွေ ကို ကြိုတင် ရွေးချယ် ထားတာမျိုး မဟုတ်ဘဲ စခန်းတွေမှာ လက်ရှိ လုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပြီး၊ နောက်ဆုံး သိရတဲ့ သတင်းအချက် အလက်တွေ အရ ရရှိထားတဲ့ ငွေပမာဏနဲ့ အမှန် တကယ်ပံ့ပိုးဖို့ လိုအပ်နေတဲ့ စခန်းတွေကို ဆုံးဖြတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။