sentence_id
int64
1
15.7M
text
stringlengths
3
11.1k
301
ချစ်သွားရမယ်။
302
အဲဒီနောက် မှာတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုရင်တော့ စာဖတ်ပရိသတ်က အချိန်ကုန်ခံပြီး ဒီဝတ္ထုမျိုးကို ဖတ်နေမှာ မဟုတ်ပါဘူး။
303
၀တ္ထုကောင်း တစ်ပုဒ်မှာ ပြဿနာ ဖြစ်တဲ့ ဇာတ်ကွက် တစ်ခုနဲ့ စရပါမယ်။
304
အဲဒီ ပြဿနာကို သူ သို့မဟုတ် သူမက ကျော်လွှား နိုင်ရပါမယ်။
305
ဒါတွေကို အတွင်း ပဋိပက္ခနဲ့ အပြင် ပဋိပက္ခရယ်လို့ နှစ်ပိုင်း ခွဲခြားပြီး ပြောနိုင်ပါတယ်။
306
တကယ်လို့ ကိုယ်က သည်းထိတ် ရင်ဖို အချစ် ဇာတ်လမ်းကို ရေးမယ်ဆိုရင် ဒီဇာတ်လမ်းမှာ စိတ်ရောဂါသည် လူသတ်သမားများ၊ ဒုစရိုက်သမားများ၊ ပညာတတ် အန္တရာယ်များသော ပုဂ္ဂိုလ်များ စသည်တို့က သူ သို့မဟုတ် သူမ ကို ခြိမ်းခြောက်နေတာ ဖြစ်ပါမယ်။
307
ဒါပေမဲ့ ထိပ်တိုက်ရင်ဆိုင်မှု သို့ မဟုတ် ပဋိပက္ခက အချစ်ဝတ္ထုများမှာ မပါမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ် ပါတယ်။
308
ဆိုကြပါစို့။
309
အမျိုးသမီးဇာတ် ကောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားဖြစ်ပြီး အမျိုးသားဇာတ်ကောင်က တောမီးရှို့ကာ စိုက်ခင်းဖော်ဆောင်တဲ့ သူ ဖြစ်တယ်ဆိုရင် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိကြပြီပေါ့။
310
ဒါမှမဟုတ် အမျိုးသမီးကလေးက စီးပွား ရေးလုပ်ငန်း ခပ်သေးသေးလေးတစ်ခု ကို ကြိုးစားလုပ်ဆောင်နေတဲ့သူဖြစ်ပြီး အမျိုးသားဇာတ်ကောင်ကတော့ ကျိကျိ တက်ချမ်းသာကာ စီးပွားရေးလုပ်ငန်း ကြီးတစ်ခုကို အမွေဆက်ခံထားသူ ဖြစ် မယ်ဆိုရင်လည်း သူတို့နှစ်ယောက် ထိပ် တိုက်ရင် ဆိုင်တွေ့မှာပါပဲ။
311
ဒီကျောရိုးမျိုး ဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်မှုက အတွင်းရော အပြင်ပါ ပါဝင်မှာ ဖြစ်ပါ တယ်။
312
သို့သော် ခိုင်မာတဲ့ အချစ် ဝတ္ထုများမှာ စာဖတ်သူကို စိတ်လှုပ်ရှားမှု အပြည့်အ၀ ပေးတဲ့ ဇာတ်လမ်းများ ဖြစ်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။
313
ဒီဇာတ်လမ်းမျိုးမှာ အတွင်းရော အပြင်ပါ ပဋိပက္ခတွေ ရှိတဲ့အတွက် စာဖတ်သူရဲ့ ရင်ထဲမှာ ဒီအမျိုးသား ဇာတ်ကောင်နဲ့ အမျိုးသမီး ဇာတ်ကောင်တို့ဟာ ဆုံ စည်းနိုင်မှာ မဟုတ်ဘူးလို့ ခံစားသွားရ အောင် ရေးဖွဲ့နိုင်ရပါမယ်။
314
အမျိုးသမီး ဇာတ်ကောင်ရဲ့ ခင်ပွန်းက ရဲတစ်ယောက် ရဲ့ မတော်တဆ ပစ်ခတ်မှုနဲ့ ကွယ်လွန် သွားခဲ့ရပြီး အမျိုးသားဇာတ်ကောင်က အဲဒီရဲကို ပစ်လိုက်တယ်ဆိုရင် ရှေ့ဆက် ရမယ့်ဇာတ်လမ်းက သူတို့နှစ်ယောက် ချစ်ကြလေသတည်းပေါ့။
315
ဒါပေမဲ့ အမျိုးသားဇာတ်ဆောင်က နောက်ကြောင်းတစ်စုံ တစ်ရာရှိတဲ့သူ ဖြစ်နေမယ် ဆိုရင် သူတို့နှစ်ယောက် ဒီအခက် အခဲကို ကျော်လွှားကြပုံများက အချစ် ဝတ္ထု ဖတ်နေတဲ့ စာဖတ် ပရိသတ်ကို ဆွဲဆောင်နိုင် ပါလိမ့်မယ်။
316
လူတွေလိုက် သတ်နေတဲ့ လူသတ်သမား တစ်ယောက် ဖော်ထုတ်ဖို့ အမျိုး သားဇာတ်ကောင် စုံထောက်ကို ငှားရမ်း လိုက်ကြတယ်။
317
စုံထောက်ရဲ့အမြင်မှာ လူသတ်သမားဟာ သူ ချစ်မိတဲ့ မိန်း ကလေးရဲ့မောင် ဖြစ်နေတယ်။
318
ဒါမှ မဟုတ် မိန်းကလေး ကိုယ်တိုင် ဖြစ်နေတယ်။
319
ဒီလိုဇာတ်လမ်းမျိုးတွေက သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းမှာ ပရိသတ်အကြိုက် ဖြစ်ပါတယ်။
320
၀တ္ထု စရေးတော့မယ်လို့ ရည်ရွယ် ကတည်းက ကိုယ့်ဇာတ်ကောင်တွေ ဟာ သက်ရှိများနဲ့မခြား လှုပ်ရှားမှုတွေ ရှိရပါတယ်။
321
ဒါမှသာ စာဖတ် ပရိသတ်က ဇာတ်ကောင်များနဲ့ တစ်သားတည်း ဖြစ်မှာပါ။
322
ဒါကြောင့် ဇာတ်ကောင်ဖန် တီးမှုမှာ ဇာတ်ကောင်များရဲ့ စရိုက်ဟာ ပကတိ လူသားဆန်ရမှာ ဖြစ်ပြီး သုံးဖက်မြင် ရုပ်လုံးကြွလို ရှိနေရမှာ ဖြစ်ပါ တယ်။
323
အချစ်ဝတ္ထုများမှာ ဇာတ်ကောင် များရဲ့ အတွင်းစိတ်များက ချစ်ရမှာကို ကြောက်နေသူများ၊ သို့တည်းမဟုတ် ချစ်ကြောင်းဖွင့်ပြောရမှာကို စိုးရွံ့နေသူ များ ဖြစ်ပါမယ်။
324
သူတို့နှစ်ယောက်ကြားက ပြဿနာ များဟာလည်း အလွယ် တကူ ဖြေရှင်းလို့ ရနိုင်မယ့် ပြဿနာ မဖြစ်စေရပါဘူး။
325
ဇာတ်လမ်းဆုံးတဲ့ အထိ သူတို့ပြဿနာများက လိပ်ခဲ တည်းလည်း ဖြစ်နေရပါမယ်။
326
ဒါမှသာ စာဖတ်ပရိသတ်ကို ဝတ္ထုဆုံးတဲ့အထိ ဆွဲ ခေါ်သွားနိုင်မှာ ဖြစ်ပါတယ်။
327
အချစ်ဝတ္ထုများမှာ ထင်ရှားတဲ့ အချက်တစ်ခုကတော့ အချစ်ရဲ့ခွန်အား ပါပဲ။
328
ဇာတ်ကောင်များဟာ အကြောင်း တစ်စုံတစ်ခုကြောင့် ရင်ထဲမှာ ထိခိုက် နာကျင်နေကြပေမဲ့ အချစ်ရဲ့ခွန်အားနဲ့ ကုစားပြီး အရာရာကို ကျော်လွှားနိုင် ကြပါတယ်။
329
ကျွန်မ ဝတ္ထုများမှာတော့ အမျိုးသားဇာတ်ကောင်က အမြဲတမ်း ပြဿနာတွေဖြစ်ပြီး သူတစ်ယောက် တည်းရဲ့ အင်အားနဲ့ မကျော်လွှားနိုင်သူ ဖြစ်ပါတယ်။
330
ဥပမာလေးတွေ ကြည့် ကြရအောင်ပါ။
331
ဆုရတဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာမ ရုသ်ဝင်းဒ်ရဲ့ Meant to be Marriet မှာဆိုရင် အမျိုးသား ကလေးနဲ့ အမျိုးသမီးကလေးတို့ဟာ လက်ထပ်ပေါင်းသင်းနေထိုင်ကြဖို့ အတွက် ထွက်ပြေးပြီး အိမ်ထောင် ပြုကြပါတယ်။
332
မိန်းကလေးရဲ့ဖခင်က သူ့ သမီးကို ခင်ပွန်းသည်ဆီကနေ အတင်း အကျပ် ခွဲခွာစေပြီး မွေးလာတဲ့ ကလေးကိုလည်း မိဘမဲ့ ကလေးဂေဟာကို ပို့ လိုက်ပါတယ်။
333
နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အပြစ်ရှိ တယ်လို့ မြင်ကြပြီး စိတ်နာနေကြပါ တယ်။
334
နောင်နှစ်ပေါင်းများစွာ ကြာတဲ့ အခါ မြို့တစ်မြို့ထဲမှာ ဆုံမိကြပြီး ခံစား ခဲ့ကြရတဲ့ ဝေဒနာတွေကို ထုတ်ဖော် မပြောနိုင်ခဲ့ကြပါဘူး။
335
ကျွန်မ ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ Never Too Late ဆိုတဲ့ ဝတ္ထုမှာဆိုရင် အမျိုးသားလေးက အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံ တစ်ခုမှာ နေပြီး တိတ်တခိုး မှတ်တမ်း ရုပ်ရှင်ကားတွေ ရိုက်ကူး နေပါတယ်။
336
သူ့ချစ်သူက အကြောင်း တစ်ခုကြောင့် သူ့ကို သစ္စာ ဖောက်လိုက်ရ ပါတယ်။
337
ဒီလို သစ္စာဖောက်လိုက်ရခြင်း ဟာ သူ့အသက်ကို ကယ်ဖို့အတွက် လုပ်လိုက်ရခြင်း ဖြစ်ကြောင်း အမျိုးသား ကလေးက မသိခဲ့ပါဘူး။
338
ရလဒ်က တော့ အမျိုးသားကလေး ထောင်ကျ သွားပြီး နှိပ်စက် ညှဉ်းပန်းခံရတဲ့ အပြင် ပြည်နှင်ဒဏ်လည်း ပေးခံရပါတယ်။
339
အခု ကျွန်မ ဥပမာပေးခဲ့တဲ့ ဝတ္ထု နှစ်ပုဒ်စလုံးမှာ တူညီတဲ့အချက်ကတော့ အချစ်ကြောင့် စွန့်လွှတ်ကြတယ်ဆိုတဲ့ အချက်ပါပဲ။
340
အချစ်ရဲ့ အားအင်ကြောင့် ကြောက်ရွံ့စိတ်တွေကို ဘေးဖယ်ပြီး စွန့် စားခဲ့ကြတယ်။
341
အမျိုးသားရော အမျိုး သမီးပါ အချစ်ရဲ့ခွန်အားများနဲ့ သူတို့ ရည်မှန်းချက်ကို ရောက်အောင် သွားနိုင် ခဲ့ကြတယ်။
342
တချို့အချစ်ဝတ္ထုများမှာတော့ ဒီလို ခဲယဉ်းပင်ပန်းတဲ့ ဇာတ်ကွက်တွေ မပါ ဘဲ ပေါ့ပေါ့ပါးပါး ဟာသများနှောကာ ရေးသားတတ်တဲ့ စာရေးဆရာများ လည်း ရှိပါတယ်။
343
ပြင်းထန်ခွန်အား ကြီးမားတဲ့ အချစ် ဝတ္ထုများမှာ နောက်ထပ်အချက်တစ် ချက် ရှိပါသေးတယ်။
344
ဘေးအန္တရာယ် အကြီးမားဆုံး ကြုံတွေ့ပြီး သေဘေး နဲ့ ရင်ဆိုင်ရတော့မယ့်အခါမှာ မိန်းက လေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အမျိုးသားလေးက အသက်ကို စွန့်လွှတ် စွန့်စားပြတတ်တဲ့ အချက်ပါပဲ။
345
ဒီလို စွန့်စား လိုက်ခြင်းကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပိုမိုနက်ရှိုင်းတဲ့ အချစ်စိတ် တွေနဲ့ ချစ်သွားတတ်ကြပါတယ်။
346
ဘာဖြစ်လို့ အဲဒီလို အသက် အန္တရာယ် ကြုံတဲ့အထိ ကြီးမားတဲ့ဇာတ် ကွက်မျိုးကို ဖန်တီးရတာလဲလို့ မေးစရာ ရှိပါတယ်။
347
ဘာကြောင့်လဲဆိုတော့ ဒီလို ဇာတ်ကွက်မျိုးသာ မပါရင် အောင်မြင်မှု မရနိုင်လို့ပါပဲ။
348
တခြားနည်းတစ်ခုနဲ့ ဖြေ ရှင်းလိုက်နိုင်တဲ့အတွက် မင်းသားနဲ့ မင်း သမီးတို့ရဲ့ ဇာတ်သိမ်းမှာ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုတဲ့ဇာတ် သိမ်းမျိုး ရေးနိုင်မှာ ဖြစ်ပြီး စာဖတ်ပရိ သတ်လည်း ကျေနပ်မှု ရသွားမှာ ဖြစ် ပါတယ်။
349
စိတ်လှုပ်ရှားခြင်းဟာ အချစ် ဝတ္ထုများ အတွက် နှလုံးသားနဲ့ ဝိညာဉ်ဖြစ် တယ်လို့ ဆိုရင် မမှားပါဘူး။
350
စာဖတ် သူက ဇာတ်ကောင်များ ဘယ်လို ခံစား ရတယ်။
351
ဘာကြောင့် ဒီလိုခံစားရတယ် ဆိုတာတွေကို သိချင်ပါတယ်။
352
စာဖတ် သူက ဇာတ်ကောင်များနဲ့ အတူ စီးဝင် မျောပါခံစားစေလို့ ဖြစ်ပါတယ်။
353
ဒါ ကြောင့် စာရေးဆရာက သူ့ဇာတ်ကောင် များနဲ့ စာဖတ်ပရိသတ်ကို တစ်သား တည်း ဖြစ်နေအောင် ဖန်တီးတတ်ရပါ မယ်။
354
အအောင်မြင်ဆုံး အချစ်ဝတ္ထုရေး ဆရာများက သူ့ဇာတ်ကောင်တွေ ဘယ်လို ခံစားနေရတယ် ဆိုတာကို စာဖတ်ပရိသတ် သိအောင် အလွယ်တကူ ပြောမပြ ပါဘူး။
355
ဒါပေမဲ့ ဇာတ်ကောင်များရဲ့ စိတ်လှုပ်ရှားမှုကို စာဖတ်ပရိသတ် သိအောင် နည်းပရိယာယ်များနဲ့ ရေးဖွဲ့ပြ ကြပါတယ်။
356
နည်းတစ်နည်းကတော့ သူ သို့မ ဟုတ် သူမရဲ့ စိတ်ခံစားတုံ့ပြန်မှုကို ရေး ဖွဲ့ပြခြင်းပါပဲ။
357
ရင်ခုန်တဲ့အခါမှာ ဘယ် လိုခံစားရသလဲ။
358
ကြောက်တဲ့အခါ၊ ဝမ်း နည်းတဲ့အခါ၊ ချစ်တဲ့အခါ ခံစားရတာ တွေကို ရေးဖွဲ့ပြခြင်းအားဖြင့် သူ့ဇာတ် ကောင်ရဲ့ စိတ်ခံစားမှုကို စာဖတ်ပရိ သတ် နားလည်အောင် ရေးပြပါတယ်။
359
ဒီလိုရေးပြလိုက်တဲ့အတွက် စာဖတ်သူ က ဇာတ်ကောင်ရဲ့ ရင်ခုန်သံကိုတောင် ကြားနိုင်ပါတယ်။
360
ကြက်သီးမွေးညင်း ထတာကိုလည်း ခံစားနိုင်တယ်။
361
ကြောက်လွန်းလို့ အာခေါင်ထဲမှာ ခြောက် သွေ့လာတာကိုလည်း စာဖတ်သူက ခံ စားလို့ ရသွားပါပြီ။
362
ဒီနည်းနဲ့ ဆရာကြီး၊ ဆရာမကြီးများက သူတို့ဇာတ်ကောင် ရဲ့ စိတ်လှုပ်ရှားမှုများကို စာဖတ်သူ သိ အောင် ရေးဖွဲ့ကြပါတယ်။
363
ဒီလို ရေးဖွဲ့ရာမှာ သတိထားဖို့က တော့ ဇာတ်ကောင်ရဲ့ ခံစားမှုတိုင်းကို ရေးဖွဲ့ရပါမယ်။
364
သူ မြင်တာလေး လောက်ကို ကွက်ပြီး ရေးလို့ မရပါဘူး။
365
သူ ဘာကြားတယ်။
366
ဘာအနံ့ရတယ်။
367
ဘယ်အရသာကို ခံစားနေတယ်။
368
ဘယ် အထိအတွေ့ကို ခံစားနေရတယ်က အစ ရေးပြဖို့ လိုပါတယ်။
369
အချစ်ဝတ္ထုတွေက စိတ်ခံစားမှုကို ဖော်ပြတဲ့ ဇာတ်လမ်းများ ဖြစ်ပြီး ဖြစ်ရပ် တိုင်းမှာ ဇာတ်ကောင်တွေက ဘယ်လို တုံ့ပြန်တယ် ဆိုတာကို ဖော်ပြရပါတယ်။
370
အမျိုးသားဇာတ်ကောင်တစ် ယောက်က တောင်စွန်းတစ်ခုမှာ တွဲလောင်း ဖြစ်နေတယ် ဆိုကြပါစို့။
371
ဒါမျိုး ကတော့ တကယ့်ကို သည်းထိတ်ရင်ဖို မြင်ကွင်းပါပဲ။
372
သူ့အောက်ကို ငုံ့ကြည့် လိုက်ရင် ပေ ၁၀၀ လောက်မှာ စီးဆင်း နေတဲ့ မြစ်တစ်စင်းကို မြင်ရတယ်ဆို ကြပါစို့။
373
သူ မြင်ရတဲ့ ခံစားချက်ထက် သူ့ကို မြင်ရတဲ့ သူ့ချစ်သူကောင်မလေး ဘယ်လိုခံစားရမယ်ဆိုတဲ့ ခံစားချက်က ပိုပြီးအရေးကြီးပါတယ်။
374
ပျာယာခတ် ပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားမလား။
375
ဘာမှ မလုပ်ဘဲ ကြောင်ပြီး ကြည့်နေမလား။
376
စာရေးဆရာမ အဲလစ်ဇဘက် အက်ရှ်ထရီး ရေးခဲ့တဲ့ The Captian and the Kid ဝတ္ထုမှာ မင်းသားရဲ့သား က နှလုံးခွဲစိတ်ကုသမှု မခံရဘူးဆိုရင် အသက် ဆုံးရှုံးတော့မယ်။
377
ဒါပေမဲ့ သူတို့နေအိမ်က ရုရှားမှာ ဖြစ်ပြီး အဲဒီ မှာက ကောင်းမွန်ထိရောက်တဲ့ ဆေးဝါး ကုသမှုကလည်း မရနိုင်ဘူး။
378
အဲဒီတော့ အဖေတစ်ယောက်အနေနဲ့ သားရဲ့ အသက်ကို ကယ်နိုင်ဖို့အတွက် အမေရိ ကန်ပြည်ထောင်စုထဲကို ခိုးဝင်ဖို့ နည်း လမ်းတစ်လမ်းပဲ ရှိတော့တယ်။
379
အဲဒီ အချိန်မှာ အဖေတစ်ယောက် အနေနဲ့ ဘယ်လို ခံစားရမလဲ။
380
မင်းသားရဲ့ချစ်သူ မင်းသမီးက အမေရိကန် ပြည်ထောင်စုရဲ့ ရဲတပ်ဖွဲ့က အရာရှိတစ်ယောက် လည်း ဖြစ်နေပြန်ရင် ဒီမိန်းကလေး အနေနဲ့ သူ့ချစ်သူရဲ့ ဥပဒေချိုးဖောက် မှုကို အရေးယူဆောင်ရွက်မလား။
381
လျစ် လျူရှုမလား။
382
အဲဒီလို စိတ်ခံစားမှု အထွေထွေကို အချစ်ဝတ္ထုများက ပေး နိုင်မှသာလျှင် စာဖတ်ပရိသတ်ကို ဆွဲ ဆောင်နိုင်မှာပါ။
383
အချစ်ဝတ္ထု အများစုမှာ စာရေး ဆရာများက အမျိုးသမီးဇာတ်ကောင် ဘက်က ရေးသလို အမျိုးသားဇာတ် ကောင်များထဲက ခံစားချက်ကိုလည်း ရေးကြပါတယ်။
384
ဒီလိုဘာကြောင့် ရေးရသလဲ ဆိုတော့ စာဖတ်သူများက ဇာတ်ကောင်များရဲ့ ရင်တွင်း ခံစားချက်ကို သိလိုကြခြင်းကြောင့် ဖြစ်ပါတယ်။
385
အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာများမှာ အမြဲတစေ ကြုံရတဲ့ ပြဿနာကတော့ ချစ်သူနှစ်ဦးရဲ့ ချစ်ခန်းကြိုက်ခန်း များပါပဲ။
386
ကျွန်မ ရေးခဲ့တဲ့ ဝတ္ထုတစ်ပုဒ် အခန်း ၁၀ မှာ ကျွန်မက မင်းသားနဲ့ မင်းသမီးကို ခုတင်ပေါ် ပို့လိုက်ပါတယ်။
387
ခုတင်ပေါ်ရောက်သွားတယ်ဆို ကတည်းက နောက်ထပ် ဘာဆက်ဖြစ် ကြမယ်ဆိုတာ အထူးတလည် ရေးဖွဲ့ ပြစရာ မလိုတော့ပါဘူး။
388
ကျွန်မကတော့ ခုတင်ပေါ်က ချစ်ခန်း ကြိုက်ခန်းကို မရေးဘဲ နှစ်ယောက်သား တစ်ယောက် အကြောင်း တစ်ယောက် ပွင့်ပွင့်လင်း လင်း ပြောပြကြတဲ့ အခန်းအဖြစ် ရေး ဖွဲ့လိုက်ပါတယ်။
389
ဒီအခန်းကို ဖတ်ခြင်းအားဖြင့် မင်းသားနဲ့ မင်းသမီးရဲ့ နောက် ခံအကြောင်းအရာများကို စာဖတ်သူက သဘောပေါက် နားလည်သွားစေပါတယ်။
390
အချစ် ဝတ္ထုများမှာ စာရေးဆရာက ချစ်ခန်း ကြိုက်ခန်းကို ဘယ်လောက် အထိ ရေးမလဲ၊ ဘယ်လို စကားလုံးတွေ သုံးမလဲ ဆိုတာကတော့ ကိုယ့်စာအုပ်ကို ထုတ်ဝေမယ့်သူက လိုင်းချပေးတတ်ကြ ပါတယ်။
391
ကျွန်မဝတ္ထု ဖြစ်တဲ့ Harlequin Intrigues မှာဆိုရင် အယ်ဒီတာရဲ့ လမ်း ညွှန်မှုနဲ့ ကျွန်မ ရေးခဲ့ရပါတယ်။
392
စာအုပ် ထုတ်ဝေတဲ့ တိုက်တစ်တိုက်တည်းနဲ့ အလုပ်လုပ်တဲ့ စာရေးဆရာများအနေနဲ့ အခုလိုပဲ အယ်ဒီတာ၊ ထုတ်ဝေသူများရဲ့ အလိုကို လိုက်ရတာတွေ ရှိပါတယ်။
393
တစ်ခါတလေမှာ ကိုယ်က မရေးချင် ပေမဲ့ သူတို့က တောင်းဆိုတဲ့ အခါ ရေး ရပါတယ်။
394
ရေးပြီးတဲ့ အခါတိုင်းမှာလည်း ငါ့အမေများ ဖတ်မိရင် ဘာပြော မလဲ။
395
ငါ့ကလေးတွေ ဖတ်မိရင် ဘယ် လိုထင်ကြမလဲ။
396
စိတ်တထင့်ထင့် ဖြစ်ရပါတယ်။
397
ဘယ်သူ ဘာထင်ထင် ဂရု မစိုက်ဘူးဆိုတဲ့ သူများအတွက်ကတော့ တစ်မျိုးပေါ့။
398
အချစ်ဝတ္ထုများ အတွက် နောက် ဆုံးလိုအပ်ချက်တစ်ခုကတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုတဲ့ ဇာတ် သိမ်းမျိုး ဖြစ်ပါတယ်။
399
ပျော်ရွှင်စွာ ပေါင်းကြလေသတည်း မဟုတ်ရင် ဒီ ဝတ္ထုဟာ အချစ်ဝတ္ထု မဟုတ်ဘူးလို့ သတ်မှတ်တဲ့ သူတွေတောင် ရှိပါတယ်။
400
အချစ်ဝတ္ထု ဆိုတာက လူနှစ်ယောက် ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရေးဖွဲ့ပြီး နောက်ဆုံးမှာ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲသွားကြ တာမျိုး မဟုတ်ပါဘူး။