alphabet
stringclasses
35 values
word
stringlengths
1
33
phonetics
stringlengths
1
69
meaning
stringlengths
2
602
pos
stringclasses
98 values
origin
stringlengths
1
68
က
ကုန်စလယ်
ကုန်စလယ်
ကုန်သွယ်သည်။
ကြိယာ
null
က
ကုန်စလယ်
ကုန်စလယ်
ရောင်းဝယ်မှု။
နာမ်
null
က
ကုန်စင်
ကုန်စင်
တစ်ခုမျှ မကျန်သောအဖြစ်သို့ ရောက်သည်။ အလုံးစုံ ကုန်ပျောက်သည်။
ကြိယာ
null
က
ကုန်စည်
ကုန်ဇီ
ကုန်များ။
နာမ်
null
က
ကုန်စည်ဒိုင်
ကုန်ဇီဒိုင်
ကုန်လက်ကားရောင်းဝယ်သော ဆိုင်ကြီး။ပွဲရုံ။
နာမ်
null
က
ကုန်စိမ်း
ကုန်ဇိန်း
ဟင်းသီးဟင်းရွက် စသော ကုန်မျိုး။
နာမ်
null
က
ကုန်တိုက်
ကုန်ဒိုက်
ကုန်အမျိုးမျိုးရောင်းချရာ အဆောက်အအုံကြီး။
နာမ်
null
က
ကုန်ထုတ်ကိရိယာ
ကုန်ထုတ်ကရိယာ
ကုန်ထုတ် အရင်းအနှီး များတွင် ပါဝင်သည့် စက်ကိရိယာ၊ စက်ရုံစသည်။
နာမ်
null
က
ကုန်ထုတ်စွမ်းအား
ကုန်ထုတ်စွမ်းအား
လူ၏ကြံစည်အားထုတ်မှု၊ အတတ်ပညာ၊ ကျွမ်းကျင်လိမ္မာမှု စသောလူ့စွမ်းရည်နှင့်ကုန်ထုတ်အရင်းအနှီးများ။
နာမ်
null
က
ကုန်ထုတ်အရင်းအနှီး
ကုန်ထုတ်အရင်းအနှီး
ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အရင်းအနှီး အဖြစ် ပါဝင်သည့် မြေယာများ၊ သစ်တောကြီးများ၊ မြစ်ချောင်းများ၊ ဘဏ်တိုက်များ၊ အစုရှယ်ယာများ အစရှိသည်တို့ကို ခြုံ၍ခေါ်သော အမည်။
နာမ်
null
က
ကုန်နုပ်
ကုန်နုပ်
ကုန်သေး နှင့် အတူတူ။
နာမ်
null
က
ကုန်ပဒေသာဆိုင်
ကုန်ဗဒေသှာဇိုင်
ကုန်မျိုးစုံရောင်းသော ဆိုင်ကြီး။
နာမ်
null
က
ကုန်ပုပ်
ကုန်ဗုတ်
မရောင်းရဘဲ ကြွင်းကျန်နေသော ကုန်ဟောင်း။
နာမ်
null
က
ကုန်မာ
ကုန်မာ
ပတ္တာ၊ သံ၊ ဝက်အူ စသော အဆောက်အအုံသုံး ကုန်မျိုး။
နာမ်
null
က
ကုန်လုပ်ဆက်ဆံရေး
ကုန်လုပ်ဆက်ဆံရေး
ကုန်ထုတ်လုပ်ငန်းအတွင်းရှိ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်သမားအချင်းချင်း စသည်တို့၏ ဆက်ဆံရေး။
နာမ်
null
က
ကုန်သေး
ကုန်သှေး
တွယ်ချိတ်၊ ဆံညှပ် စသော အသေးအဖွဲ ကုန်ပစ္စည်း။
နာမ်
null
က
ကုန်သည်
ကုန်သှယ်
ကူးသန်းရောင်းဝယ်ခြင်းဖြင့် အသက်မွေးသူ။
နာမ်
null
က
ကုန်သည်လေ
ကုန်သှယ်လေ
ယဉ်စွန်းတန်းနှစ်ခုမှ အီကွေတာ ဆီသို့ မှန်မှန်တိုက်ခတ်သောလေ။
နာမ် [ ပထဝီ ]
null
က
ကုန်သွယ်
ကုန်သွယ်
ကုန်ကူးသန်းရောင်းဝယ်သည်။
ကြိယာ
null
က
ကုန်း
ကုန်း
၁၊ ကိုယ်ခန္ဓာကိုင်းညွှတ်သည်။ ၂၊ ကိုယ်ခန္ဓာကို ကိုင်းညွတ် အောင်လုပ်သည်။ ၃၊ မိုမောက်မြင့်တက်သည်။ “လက်ပြင်ကုန်း သည်။”
ကြိယာ
null
က
ကုန်း
ကုန်း
၁၊ မိုမောက်သောမြေအရပ်။ ၂၊ မြေပြင်။ ၃၊ ကျောကုန်း။ ၄၊ ကုန်းနှီး။
နာမ်
null
က
ကုန်း
ကုန်း
အစွမ်းကုန် (ကြိုးစားအားထုတ်သည်)။ “အလုပ်ကို ကုန်း လုပ်မှ တော်ကာကျမည်။”
ကြိယာဝိသေသန
null
က
ကုန်းကြောင်း
ကုန်းဂျောင်း
ကုန်းလမ်းခရီး။ ခြေကျင်ခရီး။
နာမ်
null
က
ကုန်းချော
ဂုန်းချော
တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် အကြား အခင်အမင်ပျက်အောင် ပြောသည်။
ကြိယာ
null
က
ကုန်းတိုက်
ဂုန်းတိုက်
ကုန်းချောသည်။
ကြိယာ
null
က
ကုန်းတပ်
ကုန်းဒတ်
ကြည်းတပ် နှင့် အတူတူ။
နာမ်
null
က
ကုန်းနှီး
ကုန်းနှီး
ဆင်၊ မြင်း စသည်၏ကျောပေါ်တွင် ထိုင်ရန်အခင်း။
နာမ်
null
က
ကုန်းပိုး
ဂုန်းပိုး
လူ့ကျောကုန်းပေါ် တင်၍ သယ်ဆောင်သည်။
ကြိယာ
null
က
ကုန်းပေါင်
ကုန်းဗောင်
၁၊ မို့မောက်သော ကုန်းမြေတန်း။ ကုန်းရိုး။ ၂၊ လှေ၊ ဖောင်စသည်နှင့် ကမ်းကို ဆက်ခင်းရသောပျဉ်ချပ်။
နာမ်
null
က
ကုန်းပတ်
ကုန်းဗတ်
လှေ၊ သင်္ဘော စသည်တို့၏ ဝမ်း အထက်ရှိ အခင်းကြမ်းပြင်။
နာမ်
null
က
ကုန်းပတ်ကြိုး
ကုန်းဗတ်ကျိုး
ကုန်းနှီးကိုခိုင်အောင် ချည်ရသော ကြိုး။
နာမ်
null
က
ကုန်းပြင်မြင့်
ကုန်းဗျင်မျင့်
ကျယ်ပြန့်သော ကုန်းမြင့်ဒေသ။
နာမ်
null
က
ကုန်းပြန်
ကုန်းပြန်
အဝတ်အထည်၏ ချုပ်ရိုးဟောင်းကိုဖြုတ်၍ အတွင်း အပြင် လှန်ချုပ်သည်။
ကြိယာ
null
က
ကုန်းဘောင်ကြီး
ကုန်းဗောင်ဂျီး
ကြက်သားကိုတုံး၍ ကြက်သွန် အကွင်းလိုက်၊ ငရုတ်သီးအတောင့်လိုက်တို့ဖြင့် အခြောက်ကြော် ထားသော စားဖွယ်။
နာမ်
တရုတ်၊ gong baoji
က
ကုန်းဘောင်ခေတ်
ကုန်းဘောင်ခေတ်
မြန်မာ့သမိုင်းတွင် အလောင်းမင်းတရားမှ သီပေါ မင်းအထိ မင်း ၁၁ ဆက် အုပ်စိုးခဲ့သောခေတ်။
နာမ်
null
က
ကုန်းမ
ဂုန်းမာ့
၁၊ ကျောကုန်း ကိုင်းညွတ်သော မိန်းမ။ ၂၊ ကုန်းတိုက်တတ်သော မိန်းမ။
နာမ်
null
က
ကုန်းမူ
ကုန်းမူ
ကမူ။
နာမ်
null
က
ကုန်းလမ်း
ကုန်းလမ်း
ခြေကျင်၊ လှည်း၊ ရထား စသည်ဖြင့် သွားရသော မြေလမ်းခရီး။
နာမ်
null
က
ကုန်းလယ်စီး
ကုန်းလယ်ဇီး
ဆင်ကျောက်ကုန်း၏ အလယ်တွင် စီးရသော အမှုထမ်း။
နာမ်
null
က
ကပ်၁
ကပ်
၁၊ နီးသည်။ နီးစေသည်။ ၂၊ ငြိတွယ်သည်။ ငြိတွယ်စေ သည်။ ၃၊ (ရတနာသုံးပါးအား) ရိုသေစွာပေးဆက်သည်။ ကပ်လှူ သည်။ ၄၊ အခွင့်အလမ်း တစ်စုံတစ်ရာကိုမျှော်၍ ပေါင်းသင်း ဆက်ဆံသည်။
ကြိယာ
null
က
ကပ်၁
ကပ်
၁၊ ဝါးကိုခွဲဖြာ၍ ရက်ထားသောအချပ်။ ၂၊ လူနာ၊ လူသေ ကောင်ကို သယ်ဆောင်ရသော ထမ်းစင်တစ်မျိုး။
နာမ်
null
က
ကပ်၂
ကပ်
၁၊ ကာလအပိုင်းအခြား။ (၁၊ အာယုကပ် ၂၊ အန္တရကပ် ၃၊ အသင်္ချေယျကပ် ၄၊ မဟာကပ် ဟူ၍ လေးမျိုးရှိသည်။) ၂၊ ဘေးဆိုက်သောကာလ။ ဘေးဆိုက်ချိန်။ (၁၊ သတ္ထန္တရကပ် ၂၊ ရောဂန္တရကပ် ၃၊ ဒုဗိ္ဘက္ခန္တရ ကပ်ဟူ၍ သုံးမျိုးရှိသည်။) ၃၊ ဘေးဥပဒ်။ “ကပ် သင့်သည်။”
နာမ်
ပါ၊ ကပ္ပ
က
ကပ်ကလူ
ကပ်ကလူ
ဒီးဒုတ်မျိုးစုဝင် မွဲခြောက်ခြောက်အရောင်ရှိသော ညဉ့်ငှက်တစ်မျိုး။ ကုပ်ကလူ။
နာမ်
null
က
ကပ်ကိုး
ကပ်ကိုး
ဆင်ခြေပေး၍ ရှောင်တိမ်းသည်။
ကြိယာ
null
က
ကပ်ကျော်ဘုရား
ကတ်ကျော်ဖယား
ကပ်ကြီးသုံးပါး လွန်မြောက် ရန်အတွက် တည်ထားကိုးကွယ်သော စေတီဘုရား။
နာမ်
null
က
ကပ်စေးနှဲ
ကတ်စေးနဲ၊ ကတ်စီးနဲ
နှမြောတတ်သော။
နာမဝိသေသန
null
က
ကပ်စေးနှဲ
ကတ်စေးနဲ၊ ကတ်စီးနဲ
၁၊ တွယ်ကပ်တတ်သော အသီးရှိသည့် အပင်ငယ်မျိုး။ ၂၊ အချို့သောမုန့်ပြုလုပ်ရာ၌ ထည့်သုံးရသော ကောက်ညှင်းနှင့် လုပ်သည့်အစေး။ ၃၊ စေးကပ်သော မုန့်တစ်မျိုး။
နာမ်
null
က
ကပ်ဆေး
ကပ်ဆေး
၁၊ ကပ်ကြီးတစ်ပါးပါး ကျရောက်၍ မကောင်း သူများကို ဖယ်ရှင်းသည်။ ၂၊ ကပ်တိုက်ပြီးနောက် မိုးကြီး ရွာချ၍ သန့်စင်စေသည်။
ကြိယာ
null
က
ကပ်ဆိုက်
ကပ်ဆိုက်
၁၊ ကပ်ကြီးသုံးပါးဘေး ကျရောက်သည်။ ၂၊ ဒုက္ခ ရောက်သည်။
ကြိယာ
null
က
ကပ်တိုက်
ကပ်တိုက်
ကပ်ကြီးသုံးပါးတွင် တစ်ပါးပါးဆိုက်ရောက်သည်။
ကြိယာ
null
က
ကပ်နာ
ကပ်နာ
အခိုက်အတန့်အားလျော်စွာ အများအပြား ဖြစ်ပေါ်တတ် သော ရောဂါဆိုး။
နာမ်
null
က
ကပ္ပကျမ်း
ကတ်ပါ့ကျန်း
ပုဏ္ဏားတို့၏ ယဇ်ပူဇော်ခြင်း အခမ်းအနား စည်းကမ်းများကို ပြဆိုသောကျမ်း။
နာမ်
ပါ၊ ကပ္ပ+ မြန်၊ ကျမ်း
က
ကပ္ပနာ
ကပ္ပနာ
အထီးကျန်သူ။
နာမ် [ ရှေး ]
ပါ၊ ကပဏ
က
ကပ္ပဗိန္ဒု
ကတ်ပါ့ဗိန်ဒု
သင်္ကန်းထောင့်စွန်း၌ အပ်စပ်အောင် ရေးမှတ်ရသော အစက်အပြောက်။
နာမ်
ပါ၊ ကပ္ပ + ဗိန္ဒု
က
ကပ္ပလီ
ကပ္ပလီ
အာဖရိကတိုက်ဇာတိ၊ အသားမည်း၊ ဆံပင်ကောက်၊ နှုတ်ခမ်းထူလူမျိုးများ။
နာမ်
အရဗီ၊ kāfir
က
ကပ်ပါး
ကပ်ပါး
၁၊ တစ်ရပ်တစ်ကျေးမှ လာရောက်နေထိုင်သူ။ (အသည်၊ အလာ တို့လည်း ရှု) ၂၊ အခြားသက်ရှိကို မှီတွယ်၍ အသက်ရှင် သော (သန်ကောင်၊ ခွေးလှေး၊ မွှား စသည်) အကောင်မျိုး။ ၃၊အခြား သစ်ပင်ကိုကပ်တွယ်၍ ထိုအပင်မှ အာဟာရ ရယူသောအပင်မျိုး။ (သစ်ကပ်ပင် နှင့် နှိုင်းယှဉ်)
နာမ်
null
က
ကပ်ပါးရပ်ပါး
ကပ်ပါးရပ်ပါး
သူတစ်ပါးထံတွင် ကပ်မြှောင်၍ နေထိုင်သူ။
နာမ်
null
က
ကပ္ပိ
ကပ္ပိ
ရဟန်းတော်နှင့် အပ်စပ်အောင် ဆောင်ရွက်ပေးသည်။
ကြိယာ
ပါ၊ ကပ္ပိယ
က
ကပ္ပိယ
ကပ္ပိယ
ရဟန်းတော်နှင့် အပ်စပ်အောင် ဆောင်ရွက်ပေးသူ။
နာမ်
ပါ၊ ကပ္ပိယ
က
ကပ္ပိယကာရက
ကတ်ပိယာ့ ကာရကာ့
ကပ္ပိယ နှင့် အတူတူ။
နာမ်
ပါ၊ ကပ္ပိယ ကာရက
က
ကပ္ပိယဝတ္ထု
ကတ်ပိယာ့ဝတ်ထု
ရဟန်းတို့နှင့် အပ်စပ်သော ဝတ္ထုပစ္စည်း။
နာမ်
null
က
ကပ္ပီတန်
ကပ္ပီတန်
သင်္ဘောကို ကွပ်ကဲသူ။
နာမ်
ပေါ်တူဂီ၊ capitana
က
ကပ္ပဋ္ဌီတိ
ကတ်ပါ့ထီတိ
ကမ္ဘာပတ်လုံး တည်သောအရာ။ (၁၊ လဗိမာန်ရှိ ယုန်ရုပ်အရေး ၂၊ ငုံးမင်းဇာတ်လာ မီးကွင်းရာအရပ် ၃၊ ဃဋိကာရ အိုးထိန်းသည်၏ အိမ်နေရာ ၄၊ နဠပါနကန်အနီးရှိ ကျူပင်တို့ အဆစ်မရှိဘဲ တည်ခြင်းဟူ၍ လေးပါးရှိသည်။)
နာမ်
ပါ၊ ကပ္ပဋ္ဌီတိ
က
ကပ်ပယ်
ကပ်ပယ်
၁၊ ချိန်ခွင်ငယ်တစ်မျိုး။ ၂၊ ဝှေးစေ့။
နာမ်
မွန်၊ ကပါ်
က
ကပ်ပြုမိုး
ကပ်ပြုမိုး
ကမ္ဘာလောင်မီး အေးငြိမ်းသောအခါ ရွာသောမိုး။ ကမ္ဘာပြုမိုး။
နာမ်
null
က
ကပ်မြှောင်
ကပ်မြှောင်
မှီခိုအားကိုးသည်။
ကြိယာ
null
က
ကပ်ရောဂါ
ကပ်ရောဂါ
ပလိပ်ရောဂါ၊ ကျောက်ရောဂါ စသော ရောဂါဆိုးမျိုး။
နာမ်
null
က
ကပ်ရပ်
ကပ်ရပ်
ကပ်မြှောင်သည်။
ကြိယာ
null
က
ကပ်လှူ
ကပ်လှူ
(ရတနာသုံးပါးအား) ရိုသေစွာ ပေးဆက်သည်။
ကြိယာ
null
က
ကုပ်
ကုပ်
၁၊ ကွေးညွတ်သည်။ ၂၊ မြဲမြံစွာတွယ်သည်။ ၃၊ အိမ် စသည်မှ ပြင်ပသို့ မထွက်ဘဲနေသည်။ ၄၊ [ အရပ် ] ဖမ်းဆီးသည်။
ကြိယာ [ အရပ် ]
null
က
ကုပ်
ဂုတ်
၁၊ လည်ပင်း၏ နောက်ဘက်။ ၂၊ ငါးပိ စသည်ကို ဖိနှိပ်ရန် ဝါးနှီးစသော အရာ။ ၃၊ သားငှက်ထောင်သော ကိရိယာ တစ်မျိုး။
နာမ်
null
က
ကုပ်ကမြင်း
ကုပ်ကမြင်း
အမြင်အားဖြင့် ပိပြားရိုးသားဟန် ရှိသော်လည်း ပိပြား ရိုးသားခြင်းမရှိသူ။
နာမ်
null
က
ကုပ်ကရူး
ကုတ်ကရူး
ကိုယ်ထည်ညိုမွဲခြောက်ပြီး မီးခိုရောင် သန်းသည့်အမြီးရှိသော ငှက်ကြီး။
နာမ်
null
က
ကုပ်ကလူ
ကုပ်ကလူ
ကပ်ကလူ နှင့် အတူတူ။
နာမ်
null
က
ကုပ်ကလောင်
ကုပ်ကလောင်
အပြာရောင် လည်မျိုရှိသော ဖိုးခေါင်ငှက်မျိုး။
နာမ်
null
က
ကုပ်ကုပ်ရုပ်ရုပ်
ကုပ်ကုပ်ရုပ်ရုပ်
ပိပြားသေဝပ်စွာ။
ကြိယာဝိသေသန
null
က
ကုပ်ကျစ်
ကုပ်ကျစ်
ပိပြားသေဝပ်သည်။
ကြိယာ
null
က
ကုပ်ချောင်းချောင်း
ကုတ်ချောင်းဂျောင်း
ကြောက်သလို ရွံ့သလို မပွင့်လင်းသော အမူအရာဖြင့်။
ကြိယာဝိသေသန
null
က
ကုပ်ဆက်
ဂုတ်ဆက်
ကျောရိုးနှင့်လည်ကုပ်ရိုးဆက်ရာ အစိတ်အပိုင်း။
နာမ်
null
က
ကုပ်နှိပ်
ဂုတ်နှိတ်
(ငါးပိစသည်ကို) ကုပ်ဖြင့်ဖိနှိပ်သည်။
ကြိယာ
null
က
ကုပ်နှိပ်ကြိုး
ဂုတ်နှိတ်ကျိုး
လှည်းစည်းကုံးတွင်စွပ်ကာ ထမ်းပိုး တုံးကို ဖိနှိပ်ထားသော သစ်သားချောင်းနှင့် လှည်းသန်တို့ကို ပူးတွဲ တုပ်နှောင်သည့်ကြိုး။
နာမ် [လှည်း]
null
က
ကုပ်ပိုး
ဂုတ်ပိုး
ပခုံးရိုးနှစ်ခုဆက်စပ်ရာ၌ မို့မောက်နေသော အသားစိုင်။
နာမ်
null
က
ကုပ်သလုပ်
ကုပ်သလုပ်
ကပ်ကလူ နှင့် အတူတူ။
နာမ်
null
က
ကုပ်အိမ်
ဂုတ်အိန်
လမ်း ထောင့် အိမ်၏ ဘေးချင်းကပ်အိမ်။
နာမ်
null
က
ကုဗ္ဘီး
ကုတ်ဗီး၊ ဂုတ်ဗီး
၁၊ နတ် တင်သော ဘောဇဉ်။ ၂၊ သေသူ အားရည်စူး၍ ကျွေးသော စားဖွယ်။ ၃၊ အိမ်တိုင် ၆ လုံး တွင် အနောက်မြောက်ထောင့်ရှိ တိုင်၏အမည်။
နာမ်
သ၊ ကဝျ
က
ကမ္ပလွေ
ဂဗလွေ၊ ကမလွေ
ဝါးခြမ်း၊ ဖျင် စသည်ဖြင့် ရက်ထား သော ပေစာထုပ်သည့် ပစ္စည်း။
နာမ်
null
က
ကမ္ပည်း
ဂဗျီး
၁၊ အက္ခရာအရေးအသား။ ၂၊ စာ အမှတ်အသား။
နာမ်
null
က
ကမ္ပတ်
ကန်ဗတ်၊ ဂဗတ်
၁၊ အဝတ်အထည် စသည်၏ အနားပတ်။ ၂၊ စာပေကျမ်းဂန်၏နိဂုံး။
နာမ်
မွန်၊ ကမာတ်
က
ကမ္ပတ်သီး
ဂဗတ်သီး
သင်္ကန်းကမ္ပတ်၏ကွင်းတွင် တပ်ရသော အသီး။
နာမ်
null
က
ကမ္ဗလာ၁
ဂဗလာ
သားမွေးစသည်ဖြင့် ရက်သောအထည်။
နာမ်
ပါ၊ ကမ္ဗလ
က
ကမ္ဗလာ၂
ကမ္ဗလာ
ရှောက်သံပရာမျိုးဝင် အပင်တစ်မျိုး။
နာမ်
ဟိန္ဒီ၊ ကမလာ
က
ကမ္ဘာ
ဂဗာ
၁၊ အလွန်ရှည်လျားသော ကာလအပိုင်းအခြား။ ၂၊ သတ္တဝါများနေထိုင်ရာ တောတောင်ရေမြေ။ ၃၊ [ သိပ္ပံ ] နေရှိရာမှ အစဉ်အားဖြင့် တတိယဖြစ်၍ အရံဂြိုဟ်တစ်လုံး ရှိသော ဂြိုဟ်။
နာမ် [ သိပ္ပံ ]
ပါ၊ ကပ္ပ
က
ကမ္ဘာနာ
ဂဗာနာ
လူတို့တွင် ကျရောက်မြဲ ဖြစ်သည်ဟု အယူရှိသော ကျောက်၊ ဝက်သက် စသည့် အနာမျိုး။
နာမ်
null
က
ကမ္ဘာပြုမိုး
ဂဗာပျုမိုး
ကပ်ပြုမိုး နှင့် အတူတူ။
နာမ်
null
က
ကမ္ဘာလေးရပ်
ဂဗာလေးယတ်
မီးထွန်းခြင်း၊ ဆန်ဝါးခြင်း၊ ရေလားခြင်း၊ ခဲထောက်ခြင်း ဟူသော ရှေးခေတ် တရားစီရင်နည်း တစ်မျိုး။
နာမ် [ဓမ္မသတ်]
null
က
ကမ္ဘာ့ရက်သတ်မျဉ်း
ကဗာ့ယက်သတ်မျင်း
လောင်ဂျီတွဒ် ၁၈ဝံ၌ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ကမ္ဘာ့တောင်ဝင်ရိုးစွန်းနှင့် မြောက် ဝင်ရိုးစွန်းတို့ကို ဆက်ဆွဲထားသော စိတ်မှန်းမျဉ်း။ (၎င်းမျဉ်းကို ဖြတ်၍ အရှေ့မှ အနောက်သို့သွားလျှင် တစ်ရက်တိုးရ၍ အနောက်မှ အရှေ့သို့သွားလျှင် တစ်ရက်နောက်ဆုတ် ရသည်။)
နာမ်
null
က
ကမ္မဇရုပ်
ကမဇာ့ယုတ်
ကံကြောင့်ဖြစ်သော ရုပ်။
နာမ်
ပါ၊ ကမ္မဇ + ရူပ
က
ကမ္မဇလေ
ကမဇာ့လေ
သားဖွားနိုင်အောင် တွန်းပေးသော လေ။
နာမ်
ပါ၊ ကမ္မဇ + မြန်၊ လေ
က
ကမ္မဇိဒ္ဓိ
ကမဇိတ်ဒိ
ကံကြောင့်ဖြစ်သော တန်ခိုး။
နာမ်
ပါ၊ ကမ္မဇိဒိ္ဓ
က
ကမ္မဝါ
ကမဝါ
၁၊ ဝိနည်းကံပြုရာ၌ ရဟန်းတော်တို့ ရွတ်ဖတ်ရ သော ဆိုင်ရာဆိုင်ရာ ပါဠိတော်။(ကမ္မဝါစာ ဟုလည်းခေါ်သည်။) ၂၊ ယင်းပါဠိတော် ရေးသားထားသော စာထုပ်။
နာမ်
ပါ၊ကမ္မ+ဝါစာ