alphabet
stringclasses 35
values | word
stringlengths 1
33
⌀ | phonetics
stringlengths 1
69
⌀ | meaning
stringlengths 2
602
| pos
stringclasses 98
values | origin
stringlengths 1
68
⌀ |
---|---|---|---|---|---|
က | ကိစ္စမရှိ | ကိတ်စာ့မယှိ | အမှုမထားလောက်ဖြစ်သည်။ | ကြိယာ | null |
က | ကိစ္စများ | ကိတ်စာ့များ | ဒုက္ခရောက်သည်။ | ကြိယာ | null |
က | ကိစ္စဝိစ္စ | ကိတ်စာ့ဝိတ်စာ့ | ကိစ္စအထွေထွေ။ | နာမ် | null |
က | ကုဋ္ဌ | ကုတ်ထာ့ | အနာကြီးရောဂါ။ နူနာ။ | နာမ် | ပါ၊ ကုဋ္ဌ |
က | ကောဋ္ဌာသ | ကွတ်ထာသာ့ | ခန္ဓာကိုယ်တွင်ပါသော ဆံပင်၊ မွေးညင်း စသော အဖို့အစု။ | နာမ် | ပါ၊ ကောဋ္ဌာသ |
က | ကဏ္ဌကောစ | ကန်ဒဂေါဇာ့ | ဆန့်ကျင်လျက်။ ဖီဆန်လျက်။ | ကြိယာဝိသေသန | ပါ၊ ကဏ္ဌက |
က | ကဏ္ဍဌာန် | ကန်ထာ့ထန် | အ၊ အာ၊ က၊ ခ၊ ဂ၊ ဃ၊ င၊ ဟ ဟူသော အက္ခရာရှစ်လုံးအသံဖြစ်ရာ လည်ချောင်း အရပ်။ | နာမ် | ပါ၊ ကဏ္ဍ + ဌာန |
က | ကဏ္ဍ | ကန်ဒါ့ | အပိုင်း။ အခန်း။ | နာမ် | ပါ၊ ကဏ္ဍ |
က | ကဏ္ဍကမြင်း | ကန်ဒကာ့မျင်း | ဘုရားလောင်း သိဒ္ဓတ္ထ မင်းသား၏ ဖွားဖက်တော် ခုနစ်ပါးတွင် ပါဝင်သော စီးတော်မြင်း၏ အမည်။ | နာမ် | ပါ၊ ကဏ္ဍက + မြန်၊ မြင်း |
က | ကဏ္ဏသုခ | ကန်နာ့သုခါ့ | နားဝင်ချိုခြင်း။ | နာမ် | ပါ၊ ကဏ္ဏ+ သုခ |
က | ကတ်၁ | ကတ် | ၁၊ ခဲယဉ်းသည်။ ခဲယဉ်းအောင်လုပ်သည်။ ကုတ် ကတ် သည်။ “ငွေပေးရန် ကတ် နေသည်။”
၂၊ မနှစ်မြို့ဖွယ် ဖြစ်သည်။ “အကြား ကတ် သည်။ အမြင် ကတ် သည်။” | ကြိယာ | null |
က | ကတ်၂ | ကတ် | စက္ကူချပ်ပြားစသည်။ | နာမ် | null |
က | ကတ်ကြေး | ကတ်ကျီး | အသွားအစုံကို စို့ရိုက်ပူးတွဲထားသော ကိုက်ဖြတ်ရသည့် ကိရိယာ။ | နာမ် | ပါ၊ ကတ္တရိကာ |
က | ကတ္တရသင်္ချေ | ကတ်တရာ့သင်ချေ | အရွက်ပေါ်တွင် ဂဏန်း လက်မသဏ္ဍာန် ဆေးဖက်ဝင်ပိုးအိမ် ဖြစ်ပေါ်စေသော ပင်လတ် သစ်မာပင်။ | နာမ် | သ၊ ကကဵဋ + ၐိင်္ဂီ |
က | ကတ္တရာ | ကတ္တရာ | ခတ္တာကြီးပင်။ | နာမ် | null |
က | ကတ္တရာစေး | ကတ်တယာဇီး | ကျောက်မီးသွေး၊ ရေနံ စသည်တို့မှ ထုတ်ယူသော မည်းနက်သည့်အစေး။ | နာမ် | null |
က | ကတ္တရီ | ကတ္တရီ | ခတ္တာကလေးပင်။ | နာမ် | null |
က | ကတ္တဝါ | ကတ္တဝါ | အမောက်ရှိသော ကြက်တူ ရွေးကြီးတစ်မျိုး။ | နာမ် | ဟိန္ဒီ၊ ကတ္တဝါ |
က | ကတ္တား၁ | ကတ္တား | ပြုသူ၊ ဖြစ်သူ၊ ရှိသူကို ပြသောပုဒ်။ | နာမ် [ သဒ္ဒါ ] | ပါ၊ ကတ္တု |
က | ကတ္တား၂ | ကတ္တား | ဝန်ချိန်ကိရိယာတစ်မျိုး။ | နာမ် | ဟိန္ဒီ၊ ကံဋာ |
က | ကတ္တားခြား | ကတ္တားခြား | ၁၊ တသီးတခြားဖြစ်အောင် ပြုသည်။
၂၊ တသီး တခြား ဖြစ်သည်။ | ကြိယာ | ပါ၊ ကဏ္ဍ ကတ္တု + မြန်၊ ခြား |
က | ကတ္တီပါ | ဂဒီဗာ | တစ်ဖက်တွင် နူးညံ့သော အမွေးရှိသည့် ပိုးစသည် အထည်။ | နာမ် | အရဗီ၊ qatifa |
က | ကတ်တီးကတ်ဖဲ့ | ကတ်တီးကတ်ဖဲ့ | ဆင်ခြေဆင်လက်ထူစွာ။ “ကတ်တီး ကတ်ဖဲ့ ပြောသည်။” | ကြိယာဝိသေသန | null |
က | ကတ္တူ | ကတ္တူ | ရွက်လှေကြီးတစ်မျိုး။ | နာမ် | မွန်၊ ကာတ်တူ |
က | ကတ်ဖဲ့ | ကတ်ဖဲ့ | ဆန့်ကျင်၍။ | ကြိယာဝိသေသန | null |
က | ကတ်ဖို | ကတ်ဖို | အနံ့မွှေးသော ဆေးပင်ငယ်တစ်မျိုး။ | နာမ် | သ၊ ကဋ်ဖလ |
က | ကတ်ဖိုကတ်မ | ကတ်ဖိုကတ်မ | ကတ်ဖို နှင့် အတူတူ။ | နာမ် | null |
က | ကတ်ဖိုးကတ်ဖဲ့ | ကတ်ဖိုးကတ်ဖဲ့ | ကတ်တီးကတ်ဖဲ့။ | ကြိယာဝိသေသန | null |
က | ကတ်သီးကတ်သတ် | ကတ်သီးကတ်သတ် | ၁၊ ကျဉ်းမြောင်းကျပ်တည်းစွာ။ “အခန်း ကျဉ်း၍ ကတ်သီးကတ်သတ် နေရသည်။”
၂၊ ခဲယဉ်းစွာ။ “စက်ကို ကတ်သီးကတ်သတ် ပြင်ရသည်။”
၃၊ ကတ်တီးကတ်ဖဲ့။ | ကြိယာဝိသေသန | null |
က | ကတ်သတ် | ကတ်သတ် | ခဲယဉ်းသည်။ ခဲယဉ်းအောင်လုပ်သည်။ | ကြိယာ | null |
က | ကိတ် | ကိတ် | ဂြိုဟ်ကြီးကိုးလုံးတွင် နဝမဂြိုဟ်။ | နာမ် [ ဗေဒင် ] | သ၊ ကေတု |
က | ကိတ္တိမ | ကိတ္တိမ | မွေးစားသော (သားသမီး)။ | နာမဝိသေသန | ပါ၊ ကိတ္တိမ |
က | ကိတ်မုန့် | ကိတ်မုန့် | ဂျုံမုန့်ညက်၊ ထောပတ်၊ သကြား စသည်တို့ကို ရောဖုတ် ထားသော မုန့်တစ်မျိုး။ | နာမ် | လိပ်၊ cake + မြန်၊ မုန့် |
က | ကုတ်၁ | ကုတ် | လက်သည်း၊ ခြေသည်းတို့ဖြင့် ခြစ်သည်။ | ကြိယာ | null |
က | ကုတ်၁ | ကုတ် | ကော် မရာတွင် သုံးသောတုတ်။ | နာမ် | null |
က | ကုတ်၂ | ကုတ် | ၁၊ ကိန်းချင်းစားသည်။ ကျဉ်းသည်။ “အမြှောက် အကုတ်၊ စားယူနုတ်၊ ရုတ်ရုတ်လျင်လျင်ပီ။”
၂၊ ကိန်းချင်းနုတ် သည်။ “အစ်ကုတ်ဒွေးကုတ် မလုပ်စပါးနှော၊” | ကြိယာ [ ရှေး ] | null |
က | ကုတ်ကတ် | ကုတ်ကတ် | ၁၊ ခဲယဉ်းသည်။
၂၊ နှမြောတွန့်တိုသည်။ | ကြိယာ | null |
က | ကုတ်သဲ | ကုတ်သဲ | မြေပြင်ကို ညှိသည်။ | ကြိယာ [ ရှေး ] | null |
က | ကုတ်ဟီး | ကုတ်ဟီး | အသက်ရှူပြင်းသော ချောင်းဆိုးနာတစ်မျိုး။ | နာမ် | null |
က | ကုတ်ဟည်း | ကုတ်ဟည်း | လက်ပံပင်နှင့် ဆင်တူသော လဲဝါပင်ကြီး။ | နာမ် | null |
က | ကုတ်အင်္ကျီ | ကုတ်အင်းဂျီ | အနောက်နိုင်ငံသားတို့၏ အပေါ်အင်္ကျီ တစ်မျိုး။ | နာမ် | လိပ်၊ coat + ဟိန္ဒီ၊ အံဂိယ |
က | ကန်၁ | ကန် | သတ်မှတ်ဖော်ပြသည်။ “သံပိုင်းကန် သည်။ အနက်ကန် သည်။” | ကြိယာ | null |
က | ကန်၂ | ကန် | ၁၊ ခြေဖြင့်ခတ်သည်။
၂၊ တစ်စုံတစ်ရာဖြင့် ထောက်တွန်း သည်။
၃၊ အရှိန်ဖြင့် ပြန်လှန်တွန်းသည်။ “စပရင် ကန် သည်။ မောင်းကန် သည်။”
၄၊ ခွာသည်။ “ဆိပ်ကမ်းမှ ဖောင်တော် ကန် သည်။”
၅၊ ပွင့်ထွက်သည်။ “အပူ ကန် သည်။ အခိုးကန် သည်။” | ကြိယာ | null |
က | ကန်၃ | ကန် | တူးဆည်ထားသော ရေအိုင်။ | နာမ် | null |
က | ကန်၃ | ကန် | ဆံ့သည်။ ကာသည်။ “ဤအခန်းနှင့် မကန် ပါ။” | ကြိယာ | null |
က | ကန်၄ | ကန် | ဆယ့်နှစ်ရာသီတွင် လှေစီး သတို့သမီးရုပ်ဖြင့် မှတ်အပ်သော ဆဋ္ဌမရာသီ။ | နာမ် | သ၊ ကနျာ |
က | ကန်ကြိုး | ကန်ဂျိုး | လှည်းမောင်းရာတွင် နွားကိုထိန်းချုပ်သော လက်ကိုင်ကြိုးရှည်။ | နာမ် | null |
က | ကန်ကြိုးဆက် | ကန်ဂျိုးဇက် | ခေါက်ထားသော ကြိုးနှစ်ခုကို တစ်ခုနှင့် တစ်ခု လျှိုသွင်း၍ ချည်သော ချည်နည်း။ | နာမ် | null |
က | ကန်စွန်း | ဂဇွန်း | အများအားဖြင့် ရေတွင်ပေါက်သော ခေါင်းပွ ဟင်းရွက် နွယ်ပင်တစ်မျိုး။ | နာမ် | null |
က | ကန်စွန်းကြီး | ဂဇွန်းဂျီး | ဥစား ကုန်းကန်စွန်း တစ်မျိုး။ | နာမ် | null |
က | ကန်ဆင်းမိုး | ကန်ဇင်းမိုး | အတာတက်ပြီးနောက် ၁၅၄ ရက် အရောက် ကန်ရာသီ တော်သလင်းလတွင် ရွာသောမိုး။ | နာမ် | null |
က | ကန္တာရ | ကန်တာရာ့၊ ကန်ဒါယာ့ | သွားလာရန်ခက်ခဲသော ခရီး။ | နာမ် | ပါ၊ ကန္တာရ |
က | ကန္တိဂုဏ် | ကန္တိဂုဏ် | အဆိုအမိန့် မလွန်ကဲသဖြင့် နှစ်သက်ဖွယ် ဖြစ်သောဂုဏ်။ | နာမ် [ စာပေ ] | ပါ၊ ကန္တိ + ဂုဏ |
က | ကန်တော့ | ဂဒေါ့ | လက်အုပ်ချီ၍ အရိုအသေပြုသည်။ ဦးညွှတ်သည်။ | ကြိယာ | null |
က | ကန်တော့ဆွမ်း | ဂဒေါ့ဆွန်း | လှူရန် အကြောင်းမညီညွတ်သဖြင့် ရဟန်းအား အရိုအသေ လျှောက်ထားသော စကား။ | နာမ် | null |
က | ကန်တော့ပွဲ | ဂဒေါ့ဗွဲ | ပူဇော်ရန် ပြင်ဆင်ထားသော အုန်း၊ ငှက်ပျော စသည့် ပစ္စည်းစု။ | နာမ် | null |
က | ကန်ထရိုက်တာ | ကန်ထရိုက်တာ | လုပ်ငန်းဆောင်တာ တစ်ခုခု အတွက် အလုပ်ရှင်နှင့် သဘောတူစာချုပ် ချုပ်ဆို၍ အလုပ်လုပ်သူ။ | နာမ် | လိပ်၊ contractor |
က | ကန္ဒရဝတီ | ကန်ဒရာ့ဝဒီ | ကယားလူမျိုးတို့ နေထိုင်ရာဒေသကို ခေါ်သောအမည်။ | နာမ် | ပါ၊ ကန္ဒရ + ဝန္တု |
က | ကန်ပေါင် | ကန်ဗောင် | ရေကန်ပတ်လည်တွင် ဆည်ဖို့ထားသော မြေရိုး။ | နာမ် | null |
က | ကန်ပိုင် | ကန်ဗိုင် | ကန်ပေါင်ရိုး။ | နာမ် [ ရှေး ] | null |
က | ကန်သင်း | ဂဇင်း | လယ်ကွက်အဖြစ် ခြားကန့်ထားသော မြေရိုး။ | နာမ် | null |
က | ကန်သင်းဆွဲ | ဂဇင်းဆွဲ | လယ်ကွက်ထဲရှိ မို့နေသော မြေများကို ထွန်ဖြင့် တိုက်၍ ကန်သင်းရိုးကို ဖို့သည်။ | ကြိယာ | null |
က | ကန့်၁ | ကန့် | ဝါဖျော့သော အဆင်းရှိ၍ မီးတောက်လောင်တတ်သည့် ဆေးဖက်ဝင်သော ကျောက်တစ်မျိုး။ | နာမ် | သ၊ ဂန္ဓက |
က | ကန့်၂ | ကန့် | ၁၊ ဆီးတားသည်။
၂၊ သီးသန့်ခွဲခြားထားသည်။ | ကြိယာ | null |
က | ကန့်ကလာ | ဂန့်ဂလာ | ခါးသော အရသာရှိသည့် မြေဝပ်ပင်ငယ် တစ်မျိုး။ | နာမ် | null |
က | ကန့်ကွက် | ကန့်ဂွက် | သဘောမတူကြောင်း ပြသည်။ | ကြိယာ | null |
က | ကန့်ချုပ် | ကန့်ဂျုတ် | ပရဆေးပင်တစ်မျိုး။ (အပွင့်အရောင်ကိုစွဲ၍ ကန့်ချုပ်နီ၊ ကန့်ချုပ်နက်၊ ကန့်ချုပ်ဖြူ ဟူ၍ ပြားသည်။) | နာမ် | null |
က | ကန့်ထောက် | ကန့်ဒေါက် | လှေတွင် လှေသမားထိုင်ရန် လှေနံတွင် ကန့်လန့်ရိုက်ထားသော ပျဉ်ချပ်။ (လှေပုံရှု) | နာမ် | null |
က | ကန့်ပလူ | ကန့်ဗလူ | ဥမွှေးသော နံ့သာပင်ငယ်တစ်မျိုး။ | နာမ် | null |
က | ကန့်လန့် | ကန့်လန့် | ဖီလာပြုလျက်။ ဆန့်ကျင်လျက်။ “ကန့်လန့် ပြော သည်။” | ကြိယာဝိသေသန | null |
က | ကန့်လန့် | ဂလန့် | တံခါးကိုပိတ်ရသော အချောင်း၊ အတံ။ တံခါးကျင်။ ကန့်လန့်ကျင်။ | နာမ် | null |
က | ကန့်လန့်ကာ | ကလဂါ | ဆီးကန့်ကာရံရသော ဖျင်စသည်။ | နာမ် | null |
က | ကန့်လန့်ကျင် | ဂလန့်ဂျင် | ကန့်လန့်။ တံခါးကျင်။ | နာမ် | null |
က | ကန့်သတ် | ကန့်သတ် | ပိုင်းခြားသတ်မှတ်သည်။ | ကြိယာ | null |
က | ကန့်အိတ် | ကန့်အိတ် | ဝမ်းဖောဝမ်းရောင် ပျောက်စေတတ်သော ဆေးပင် တစ်မျိုး။ | နာမ် | null |
က | ကန်း | ကန်း | ၁၊ မျက်စိကွယ်သည်။
၂၊ ကောသည်။ ပပျောက်သည်။ “ရေတွင်း ကန်း သည်။” | ကြိယာ | null |
က | ကန်းမ | ဂန်းမာ့ | မိန်းမတစ်ဦးဦးအား ရှုတ်ချ ဆဲရေးသောစကား။ | နာမ် | null |
က | ကိန္နရာ | ကိန္နရာ | လူခေါင်းနှင့် ငှက်ကိုယ်ရှိသည်ဆိုသော သတ္တဝါ။ [ ပုံ ] | နာမ် | ပါ၊ ကိန္နရ |
က | ကိန္နရီ | ကိန္နရီ | ကိန္နရာအမ။ | နာမ် | ပါ၊ ကိန္နရီ |
က | ကိန်း၁ | ကိန်း | အတွင်း၌ တည်သည်။ | ကြိယာ | null |
က | ကိန်း၂ | ကိန်း | ၁၊ အရေအတွက်။ တွက်ချက်ရန် အခြေခံဂဏန်း။
၂၊ ဖြစ်ပျက်ရန် အကြောင်းအခွင့်။ “ထီပေါက်ကိန်းရှိသည်။” | နာမ် | သ၊ ကေန္ဒြ |
က | ကိန်းကြီးခန်းကြီး | ကိန်းဂျီးခန်းဂျီး | ဟန်ကြီးပန်ကြီး။ | ကြိယာဝိသေသန | null |
က | ကိန်းခန်း | ကိန်းခန်း | ဂြိုဟ်နက္ခတ်တာရာတို့၏ အနေအထားအရ ဖြစ်ပျက် လာမည့် အခြေအနေ။ | နာမ် | သ၊ ကေန္ဒြ + ခဏ္ဍ |
က | ကိန်းပြည့် | ကိန်းဗျိ၊ ကိန်းဗျေ့ | အပိုင်း မဟုတ်သော ကိန်း။ | နာမ် [ သင်္ချာ ] | null |
က | ကိန်းရော | ကိန်းရော | ကိန်းပြည့်နှင့် အပိုင်းကိန်း ရောထားသော ကိန်း။ | နာမ် [ သင်္ချာ ] | null |
က | ကိန်းရင်း | ကိန်းရင်း | ထပ်ကိန်း၏ မူလကိန်း။ | နာမ် [ သင်္ချာ ] | null |
က | ကိန်းရှင် | ကိန်းရှင် | မည်သည့်ကိန်းဂဏန်းကိုမဆို အစားထိုး တွက်နိုင်သဖြင့် တန်ဖိုးပြောင်းလဲနိုင်သော ဂဏန်း။ | နာမ် [ သင်္ချာ ] | null |
က | ကိန်းဝပ် | ကိန်းဝတ် | အတွင်း၌ (မြင့်မြတ်သောအရာ) တည်နေသည်။ | ကြိယာ | null |
က | ကိန်းသေ | ကိန်းသေ | သေချာသည်။ ကျိန်းသေသည်။ | ကြိယာ | null |
က | ကိန်းသေ | ကိန်းသှေ | မည်သည့်ကိန်းဂဏန်းကိုမျှ ထည့်သွင်း နိုင်ခွင့်မရှိသော တန်ဖိုးပြောင်းလဲမရသည့် ဂဏန်း။ | နာမ် [ သင်္ချာ ] | null |
က | ကိန်းသေပေါက် | ကိန်းသှေဗောက် | အမှန်တကယ် မလွဲမသွေ။ ဧကန် မုချ။ ကျိန်းသေပေါက်။ | ကြိယာဝိသေသန | null |
က | ကိန်းအောင်း | ကိန်းအောင်း | အတွင်း၌ တည်နေသည်။ | ကြိယာ | null |
က | ကုန်၁ | ကုန် | ရောင်းဝယ်ရန်ပစ္စည်း။ | နာမ် | null |
က | ကုန်၂ | ကုန် | ၁၊ အကြွင်းအကျန် မရှိဖြစ်သည်။
၂၊ ငွေကြေး စသည် အထွက်ရှိသည်။ | ကြိယာ | null |
က | ကုန်၂ | ကုန် | အများပြကြိယာပစ္စည်း။ | ပစ္စည်း | null |
က | ကုန်ကုန် | ကုန်ဂုန် | တစ်ခုမကျန်အောင်။ အဆုံးစွန်။ | ကြိယာဝိသေသန | null |
က | ကုန်ကျ | ကုန်ကျ | ကြေးငွေအထွက်ရှိသည်။ ကြေးငွေပေးရသည်။ | ကြိယာ | null |
က | ကုန်ကြမ်း | ကုန်ဂျန်း | ကုန်ချောပြုလုပ်ရန် ကုန်အရိုင်း။ | နာမ် | null |
က | ကုန်ချော | ကုန်ဂျော | ကုန်ကြမ်းမှ လူသုံးပစ္စည်းဖြစ်အောင် ပြုလုပ် ထားသောကုန်။ | နာမ် | null |
က | ကုန်ခြောက် | ကုန်ဂျောက် | ငရုတ်၊ ကြက်သွန်စသော ခြောက်သွေ့ သည့် ကုန်မျိုး။ | နာမ် | null |