title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ဩဂုတ် ၁၉၄၀
(၁) ရက် (၂) ရက် (၃) ရက် (၄) ရက် (၅) ရက် (၆) ရက် (၇) ရက် (၈) ရက် (၉) ရက် (၁၀) ရက် (၁၁) ရက် (၁၂) ရက် (၁၃) ရက် (၁၄) ရက် (၁၅) ရက် (၁၆) ရက် (၁၇) ရက် (၁၈) ရက် (၁၉) ရက် (၂၀) ရက် (၂၁) ရက် (၂၂) ရက် (၂၃) ရက် (၂၄) ရက် (၂၅) ရက် (၂၆) ရက် (၂၇) ရက် (၂၈) ရက် (၂၉) ရက် (၃၀) ရက် (၃၁) ရက် ကိုးကား ဩဂုတ် ၁၉၄၀
https://my.wikipedia.org/wiki/%E1%80%A9%E1%80%82%E1%80%AF%E1%80%90%E1%80%BA%20%E1%81%81%E1%81%89%E1%81%84%E1%81%80
နှုံးဘူးတောင်ရွာ၊ ပလက်ဝမြို့နယ်
နှုံးဘူးတောင်ရွာ()သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၄၂၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သာယာကုန်းကျေးရွာအုပ်စုတွင် ကျား ၇၄၃ ဦး၊ မ ၇၂၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၄၇၀ ဦး နေထိုင်သည်။ ကိုးကား ပလက်ဝမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%BE%E1%80%AF%E1%80%B6%E1%80%B8%E1%80%98%E1%80%B0%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အင်းရဲကြီးရွာ၊ အင်းရဲ
အင်းရဲကြီးရွာ၊ အင်းရဲ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B2%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B2
တိုဝဒကန်
တိုဝဒကန် (十和田湖, Towada-ko) သည် ဂျပန်နိုင်ငံရှိ ကန်တစ်ခု ဖြစ်ပြီး ဟွန်းရှူးကျွန်းတွင် အကြီးဆုံးကန်လည်း ဖြစ်သည်။ အအိုမိုရိနှင့် အခိတစီရင်စုများ၏ နယ်နိမိတ်အကြားတွင် တည်ရှိသည်။ ကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၀ မီတာ (၁၀၇၃ ပေ) ရှိပြီး ကန်၏ အနက်မှာ ၃၂၇ မီတာ (၁၀၇၃ ပေ) ရှိသည်။ ကန်၏ မျက်နှာပြင်ဧရိယာသည် ၆၁.၁ စတုရန်းကီလိုမီတာ ရှိသည်။ တိုဝဒကန်သည် ဂျပန်နိုင်ငံ၏ ၁၂ ခုမြောက် အကြီးဆုံးကန် ဖြစ်သည်။ ကန်သည် နက်သဖြင့် ရေပြင်အရောင်မှာ အပြာရောင် တောက်နေသည်။ ကန်၏ ပုံသဏ္ဌာန်သည် အကြမ်းအားဖြင့် လုံးဝန်းသည့်ပုံစံ ဖြစ်သည်။ ဤကန်သည် ခရီးသွားသူများအကြား ထင်ရှားသည့်နေရာတစ်ခု ဖြစ်သည်။ တည်နေရာ တိုဝဒကန်သည် ခန့်မှန်းခြေအားဖြင့် တိုကျို၏ အရှေ့မြောက်ဘက် ၅၄၀ ကီလိုမီတာ (၃၄၀ မိုင်) အကွာတွင် တည်ရှိသည်။ ဤကန်သည် တိုဝဒမြို့၊ အအိုမိုရိနှင့် ခိုဆကမြို့များကို ခွဲခြားထားက တည်ရှိနေသည်။ ဤကန်သည် တိုဝဒ-ဟခိမန်တိုင်အမျိုးသားဥယျာဉ်၏ မြောက်ဘက်အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ပြင်ပလင့်များ Towada - Japan Meteorological Agency - Japan Meteorological Agency Towada - Geological Survey of Japan ကိုးကား ဂျပန်နိုင်ငံရှိ ရေကန်များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%9D%E1%80%92%E1%80%80%E1%80%94%E1%80%BA
ဆင်သေရွာ၊ အင်ပင်ကုန်း
ဆင်သေရွာ၊ အင်ပင်ကုန်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%86%E1%80%84%E1%80%BA%E1%80%9E%E1%80%B1%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%84%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
ကံကြီးကုန်း
ကံကြီးကုန်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%B6%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
မကျီးကုန်းရွာ၊ ပုလဲမြို့နယ်
မကျီးကုန်းရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၄၁၂၆ ဖြစ်သည်။ ကိုးကား ပုလဲမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BB%E1%80%AE%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%AF%E1%80%9C%E1%80%B2%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အင်းတမိဇီးကုန်းရွာ၊ အင်းတမိ
အင်းတမိဇီးကုန်းရွာ၊ အင်းတမိ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%99%E1%80%AD%E1%80%87%E1%80%AE%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%99%E1%80%AD
ကျန်တောရွာ၊ နတ်တလင်းမြို့နယ်
ကျန်တောရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၉၂၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျန်တောကျေးရွာအုပ်စုတွင် ကျား ၅၃၁ ဦး၊ မ ၅၅၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၈၆ ဦးနေထိုင်သည်။ ကိုးကား နတ်တလင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%90%E1%80%BA%E1%80%90%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရှမ်းတောရွာ၊ ဒိုက်ဦးမြို့နယ်
ရှမ်းတောရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ တောင်သလဲမြောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၉၃၉၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်သလဲမြောင်ကျေးရွာအုပ်စုတွင် ကျား ၉၂၇ ဦး၊ မ ၁၀၃၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၉၆၂ ဦးနေထိုင်သည်။ ကိုးကား ဒိုက်ဦးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%92%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အီးဒအိုခဘူတာ
အီးဒအိုခဘူတာ (飯田岡駅 အီးဒအိုခ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ခါနာဂါဝါခရိုင်၊ အိုဒဝရမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AE%E1%80%B8%E1%80%92%E1%80%A1%E1%80%AD%E1%80%AF%E1%80%81%E1%80%98%E1%80%B0%E1%80%90%E1%80%AC
မင်းလှကိုင်းရွာ၊ ကညင်ချောင်း
မင်းလှကိုင်းရွာ၊ ကညင်ချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%BE%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%8A%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ရွှေစစ်သင် မြင်းဖြူရှင်နတ်
ရွှေစစ်သင်နတ်သည် ပုဂံစောမွန်နစ်မင်း (၆၈၇-၇၃ဝ) ၏ သားတော်ဖြစ်သည်။ ခမည်းတော်က စစ်ချီစေရာတွင် ပေါ့လျော့စွာ ကြက်တိုက်ကစားနေသည်နှင့် ခမည်းတော်က ခြေထိပ်ခတ်ထားရာတွင် အနိစ္စရောက်သည်မှ နတ်ဖြစ်သည်ဟူ၏။ မြင်းဖြူရှင်နတ်ဟုလည်း ခေါ်ကြသည်။ နတ်ရုပ်မှာဇွန်းရိုးပလ္လင်ခံ၊ ယာဒူးထောင်၊ ဝဲဒူးလှဲ၊ ယာလက် ဓားထမ်း၊ ဝဲလက်ကဒူးပေါ်အုပ်၊ ခေါင်းစလွယ်၊ ရှေ့ဘယက်နောက်ဘယက်နှင့် ထုလုပ်ရသည်။ ကိုးကား နတ် မြန်မာ့ ဓလေ့ထုံးစံ အပြင် ၃၇ မင်း
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%85%E1%80%85%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%20%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BC%E1%80%B0%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%94%E1%80%90%E1%80%BA
ခေါပျဉ်
ခေါပျဉ် သည် ကောက်ညှင်းနှင့် လုပ်ထားသော မြန်မာမုန့် တစ်မျိုးဖြစ်သည်။ ပြုလုပ်ပုံ ပထမ ကောက်ညှင်းဆန်ကို ရေနှင့် စင်အောင်ဆေး၍ ပေါင်းအိုးတွင် ထည့်ပြီး ပေါင်းရသည်။ နူးနပ်သောအခါ ပေါင်းအိုးမှ ကောက်ညှင်းကို ယူ၍ အသင့်ဆေးထားသော မောင်းဆုံ(သို့) လက်ဆုံတွင် ထည့်ပြီးညက်အောင် ထောင်းပေးရသည်။ ညက်၍စေးလာသောအခါ ဆုံတွင်းမှ တစ်ဖန်ယူပြီး သန့်ရှင်းစွာ ဆေးထားသော ဇကာများတွင် ထည့်၍ အထူလက်မဝက် သာသာမျှ ရှိသော အပြားဖြစ်စေရန် လက်(သို့)ဒလိမ့်တုံးဖြင့် ဖိပေးရသည်။ တစ်ခါတစ်ရံ အပေါ်ယံ၌ နှမ်းလုံးကလေးများကို ဖြူး၍လည်း ခေါပျဉ်မုန့်များကို လုပ်လေ့ရှိသည်။ ထို့နောက် ကတ်ကျေးဖြင့် အလိုရှိသော ပုံစံအချိုးအစား အတိုင်း ဖြတ်တောက်ရသည်။ စားသောအခါတွင် အုန်းသီးမှုန့်၊ နှမ်းထောင်းများဖြင့် ရော၍ စားလေ့ရှိကြသည်။ ပို၍အရသာ ရှိစေရန် နှမ်းဆီအစိမ်းဆမ်း၍လည်း စားကြသည်။ ခေါပျဉ်တွင် ချိုဆိမ့်သော အရသာရှိသည်။ ရှမ်းလူမျိုးတို့သည် ခေါပျဉ်ကို နေဖြင့် အခြောက်လှန်း၍ စားလိုသောအခါ ဆီဖြင့် ကြော်စား၏။ သို့မဟုတ် မီးကင်၍လည်းစားသည်။ ထိုခေါပျဉ်ခြောက်များကို ခေါပုပ် ဟုလည်းခေါ်သည်။ ထိုသို့ခေါ်ခြင်းသည် ပုပ်သောအနံ့ရှိခြင်းကြောင့်မဟုတ်၊ အချိန်ကြာရှည်၍ ရက်ပုပ်ခံနိုင်သောကြောင့်သာ ဖြစ်တန်ရာသည်။ ကိုးကား မြန်မာ အစားအသောက်
https://my.wikipedia.org/wiki/%E1%80%81%E1%80%B1%E1%80%AB%E1%80%95%E1%80%BB%E1%80%89%E1%80%BA
ညောင်ကန်ဆရာတော်များ
ညောင်ကန်ဆရာတော်များ သက္ကရာဇ် ၁၂၁၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက် ကြာသပတေးနေ့၊ မင်းလှသီရိသီဟသူ ရေးသားကောက်နုတ်အပ် သော ဆရာတော်များဦးရေစာရင်းအရ ညောင်ကန်ဆရာတော် သည် (၁) ညောင်ကန်ဆရာတော်ရှင်ပုညသေဋ္ဌ (၂) ညောင်ကန်ဆရာတော်ရှင်သဒ္ဓမ္မရံသီ(ဦးညွန့်) (၃) ညောင်ကန်ဆရာတော်ရှင်ကဝိန္ဒ(ဦးရောင်) (၄) ညောင်ကန်ဆရာတော်ရှင်ပုညရံသီ(ဦးပိုး) (၅) ညောင်ကန်ဆရာတော်ရှင်ဇမ္ဗုဓဇ(ဦးပုတ်) (၆) ညောင်ကန်ဆရာတော်ရှင်မေဓာလင်္ကာရ(ဦးကျီး) (၇) ညောင်ကန်ဆရာတော်ရှင်ဒီပ(ဦးကံ) ဟူ၍ ၇ ပါးရှိခဲ့ရာ၊ အလွန်ထင်ရှား၍ သာသနာတော်နှင့် လောကအား ကျေးဇူးများသော ရှင်သဒ္ဓမ္မရံသီ၊ ရှင်ကဝိန္ဒ၊ ရှင်ပုညရံသီ၊ ရှင်ဇမ္ဗုဓဇ၊ ရှင်မေဓာလင်္ကာရဟူသော ညောင်ကန် ဆရာတော်ငါးပါးတို့၏ အကြောင်းအရာ ထေရုပ္ပတ္တိကိုသာ ထုတ်နုတ်ရေးသားပါအံ့။ ညောင်ကန်ဆရာတော်ရှင်သဒ္ဓမ္မရံသီ(ဦးညွန့်) ညောင်ကန်ဆရာတော် ရှင်သဒ္ဓမ္မရံသီကား သက္ကရာဇ် ၁၁၁ဝ ပြည့်နှစ်တွင် ဖွားမြင်တော်မူသည်။ နံတော် သောကြာ သား၊ ဇာတိ မင်းအိုရွာ၊ လူမည် ဦးညွန့်၊ သက်တော်စေ့တွင် ရဟန်းပြုသည်။ ရဟန်မည် ရှင်သဒ္ဓမ္မ ရံသီတည်း။ ထိုဆရာတော်သည် သာသနာပိုင် မင်းအိုဆရာတော်ဘုရား ကြီး၏တပည့်ရင်းဖြစ်၏။ ဥဘတောဝိဘင်းကို ပြန်ဆိုနိုင်သဖြင့် အလုံမြို့ အထက်တိုက်အောက်တိုက် သံဃာစုတွင် နိဿယည်း ဆရာအဖြစ် သာသနာပိုင် မောင်းထောင်ဆရာတော်ဘုရားကြီး စာချွန်တော်ပေးအပ်ခြင်းကို ခံရသည်။ ထိုဆရာတော်သည် သမာဓိအထူးရှိသည်ဟု ဆရာစဉ်ဆက် ချီးမွမ်းတော်မူကြ၏။ ရတနာပူရ စတုတ္ထမြို့တည်နန်းတည် မင်းတရားကြီး နန်း တက်တော်မူစက ရွှေမြို့တော်သို့ပင့်၍၊ အရှေ့မြောက်ယွန်းအရပ် တွင် ဆောက်လုပ်အပ်သော အောင်မြေဘုံကျော်ကျောင်းတိုက်ကို ညောင်ကန်ဆရာတော်ဘုရား အား တင်လှူတော်မူသည်။ သီရိ သဒ္ဓမ္မာဘိပရမဓဇမဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်နာမံကိုလည်း လှူတော်မူသည်။ ရတနာပုရအဝမြို့တော်သို့ရောက်သောအခါ၊ မြို့တော်အရှေ့ မြောက်ထောင့်အရပ် မဟာအောင်မြေဘုံစံ အုတ်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသည်။ နောက်မကျန်းမမာရှိလျှင်၊ ရတနာပုရ အဝမြို့တွင် အနောက်တောင် ယွန်းအရပ် ဘုံကျော်ကျောင်းကြီး မြောက်ဘက်ရှိ ဝါဆိုကျောင်းသို့ပြောင်း၍ သီတင်းသုံးတော်မူ သည်။ သက်တော် ၈၄ နှစ်၊ ဝါတော် ၆၄ ဝါ၊ သက္ကရာဇ် ၁၁၉၄ ခုနှစ်တွင် သီတင်းသုံးရာ ဝါဆိုကျောင်း၌ပင် ဘဝ ပြောင်းတော်မူသည်။ ညောင်ကန်ဆရာတော်ရှင်ကဝိန္ဒ (ဦးရောင်) ညောင်ကန်ဆရာတော် ရှင်ကဝိန္ဒ၊ ဒုတိယညောင်ကန် ဆရာတော်ကား သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် ဖွားမြင်တော်မူ သည်။ နံတော် တနင်္လာသား၊ ဇာတိ အလုံမြို့ကျေး ညောင်ကန် ရွာ၊ လူမည် ဦးရောင်၊ အသက် ၁၅ နှစ်တွင်သာမဏေပြုသည်။ ရှင်သာမဏေမည် ရှင်ကဝိန္ဒ၊ သာမဏေ ၆ ဝါသက်တော်စေ့ တွင် ရဟန်းပြုသည်။ ရဟန်းမည်လည်း ရှင်ကဝိန္ဒပင်တည်း။ ထိုဆရာတော်သည် အသိပညာနှင့် အထူးပြည့်စုံ၏ဟု ဆရာစဉ် ဆက်ချီးမွမ်းကြသည်။ စတ္တာလီသနိပါတ်ဇာတ် အဋ္ဌကထာ နိဿယ၊ ပဏ္ဏသနိပါတ်ဇာတ် အဋ္ဌကထာနိဿယ၊ ငါးရာငါး ဆယ်ဇာတ်ဝတ္ထု၊ မင်္ဂလတ္ထဒီပနီစကားပြေ၊ သင်္ချာပကာသက စာကိုယ်နိဿယ စသော ကျမ်းဂန်များကို ရေးသားတော်မူ သည်။ ယခုအသုံးပြုနေသော ငါးရာငါးဆယ်ဇာတ်ဝတ္ထုမှာ ယင်းဆရာတော်ရေးသားသော ဇာတ်ဝတ္ထုဖြစ်သည်။ အမရပုရမြို့တည်နန်းတည်မင်းတရားကြီး၏ မြောက်နန်းမ တော်မိဖုရားဆောက်လုပ်အပ်သော အမိုးဘုံ ၄ ဆင့်ကျောင်းမ၊ မာရဘင်ဆီး၊ ဦးကင်ရာဇပလ္လင်တည်း၊ ဝဲယာထီးဖြူစိုက်၊ အတွင်းအပြင် အထက်အောက် ရွှေပိန်းချကျောင်းတော်ကြီးကို သက္ကရာဇ် ၁၁၅၃ ခုနှစ် ပြာသိုလဆန်း ၁ဝ ရက် အင်္ဂါနေ့တွင် မင်္ဂလာဘုံကျောင်းဟု ကမ္ပည်းမော်ကွန်းထိုးဖြင့် ရေစက်သွန်း ချ၍၊ ညောင်ကန်ဆရာတော်အား တင်လှူတော်မူသည်။ သက်တော် ၆၈ နှစ်၊ ဝါတော် ၄၈ ဝါ၊ သက္ကရာဇ် ၁၁၇၃ ခုနှစ်တွင်၊ မင်္ဂလာဘုံကျော်ကျောင်းတော်ကြီး၌ပင် ဘဝပြောင်းတော်မူသည်။ ဘွဲ့တံဆိပ်တော်ကား ကဝိန္ဒာဘိသဒ္ဓမ္မ ဓဇမဟာဓမ္မရာဇာဓိရာဇဂုရု ဖြစ်သည်။ ထိုဆရာတော်ကား ကျောင်းအမ မြောက်နန်းမတော်မိဖုရား အမိန့်တော်နှင့် သားတော်ပြည်မင်းသား မဟာသီရိသီဟသူဓမ္မ ရာဇာ သင်္ကန်းအများကပ်လှူလာသည်ကို စကားတခွန်းမျှမြွက် တော်မမူ၊ အလှူခံ၍တရားဟောပြီးလျှင် မင်းသားပြန်၍သွားရ တော့သည်။ နှုတ်ခွန်းဆက်မည်ကိုထားဘိ၊ မော်၍မျှကြည့်တော် မမူချေ။ သိုစဉ် ဣန္ဒြေကို သိမ်းဆည်းတော်မူနိုင်သည်။ ညောင်ကန်ဆရာတော်ရှင်ပုညရံသီ(ဦးပိုး) ညောင်ကန်ဆရာတော် ရှင်ပုံညရံသီ အုတ်ကျောင်းဆရာ တော်ကား သက္ကရာဇ် ၁၁၄ဝ ပြည့်နှစ်တွင် ဖွားမြင်တော်မူ သည်။ နံတော် ကြာသပတေးသား၊ အဖ မောင်ဖြူ၊ အမိ ရှင်ညက်၊ လူမည် ဦးပိုး၊ အသက် ၁၅ နှစ်က ရှင်သာမဏေ ပြုသည်။ သာမဏေမည် ရှင်ပုည၊ သာမဏေဝါ ၆ ဝါရသည့် ကာလ သက်တော်စေ့ ၍ ရဟန်းပြုသည်၊ ရဟန်းအမည် ရှင်ပုညရံသီ ဖြစ်သည်။ အမရပုရ မြို့တည်နန်းတည်မင်းတရားကြီး၏ နန်းမတော် အရှင်မိဖုရားခေါင်ကြီးက ကိုးကွယ်တော်မူသည်။ အမရပုရ ရွှေမြို့တော်တွင်း အရှေ့မြောက်ထောင့်အရပ် မင်းအိုတိုက်တွင် သီတင်းသုံးတော်မူသည်။ ရတနာပုရ အဝရွှေမြို့တော်ကြီးသိုူ့ရောက်သောအခါ၊ ရွှေမြို့တော် အရှေ့မြောက်ထောင့် ထီးလှိုင်ရှင်ဘုရား ရွှေစေတီ ဘုရားအနီး ကျောင်းဦးပြာဿာဒ်နှင့် အမိုး ဘုံသုံးထပ်ကျောင်းမ မာရဘင်ဆီး၊ ဦးကင်ရာဇပလ္လင်တည်၊ ဝဲယာထီးဖြူစိုက်၊ သရွတ် အင်္ဂတေတို့ဖြင့် အုတ်ကျောင်းတော်ကြီး ဆောက်လုပ်၍ပြီးသော အခါ၊ သက္ကရာဇ် ၁၁၈၉ ခုနှစ် တပို့တွဲလဆန်း ၃ ရက်နေ့ ကျောင်းတော်ကြီးအနောက်မြောက်မြေလပ်၌ မင်းတဲကြီးစွာ ဆောက်လုပ်စေ၍၊ အရှင်နှစ်ပါးထွက်တော်မူပြီးလျှင်၊ ကြီးကျယ် စွာ မင်းပွဲသဘင် ဆင်ယင်ကျင်းပလျက်၊ တံဆိပ်တော်ရ မရ ဆရာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံး အဆောင် ပဒေသာပင်ရေတရာကျော် လှူဒါန်းတော်မူလျက်၊ အုတ်ကျောင်းတော်ကြီးကို မဟာအောင်မြေဘုံစံကမ္ပည်းမော်ကွန်း ထိုးမှတ်သမုတ်တော်မူ၍၊ မင်းဧကရာဇ်ကိုယ်တော်တိုင် ရွှေ ကရားဖြင့် ရေစက်သွန်းချတော်မူပြီးလျှင်၊ ညောင်ကန်ဆရာတော် ဦးပိုးအား တင်လှူတော်မူသည်။ ဆရာတော်သည် သက်တော် ၅၁ နှစ်၊ ဝါတော် ၃၂ ဝါ တွင် သီတင်းသုံးတော်မူရင်း အုတ်ကျောင်းတော်ကြီး၌ပင်၊ သက္ကရာဇ် ၁၁၉၁ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၅ ရက်နေ့ ဘဝပြောင်းတော်မူသည်၊ ဘွဲ့တံဆိပ်တော်ကား ပုညာဘိသီရိ သဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု ဖြစ်သည်။ ယင်းဆရာတော်ပြုစုသော ကျမ်းဂန်များကား အဘိဓမ္မတ္ထ သင်္ဂဟအဋ္ဌကထာနိဿယနှင့် သုဗောဓာလင်္ကာရ နိဿယ နှစ်စောင်သာ ပိဋကတ်သမိုင်းတွင် တွေ့ရသည်။ ညောင်ကန်ဆရာတော်ရှင်ဇမ္ဗုဓဇ (ဦးပုတ်) ညောင်ကန်ဆရာတော်ရှင်ဇမ္ဗုဓဇ ဦးပုတ်၊ ဒုတိယအုတ် ကျောင်းဆရာတော်ကား သက္ကရာဇ် ၁၁၄၉ ခုနှစ် နယုန်လ ဆုတ် ၅ ရက် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။ ဇာတိအလုံ မြို့ကျေး ညောင်ကန်ရွာ အဖ မောင်အို၊ အမိ ရှင်မွှေး၊ လူမည် ဦးပုတ်၊ အသက် ၁၃ နှစ် ရှင်သာမဏေပြုသည်။ သာမဏေဝါ ၈ ဝါ သက်တော်စေ့ တွင် ရဟန်းပြုသည်။ သာမဏေမည်၊ ရဟန်းမည် ရှင်ဇမ္ဗုဓဇဖြစ်သည်။ ရတနာပုရ စတုတ္ထမြို့တည်နန်းတည် မင်းတရားကြီး၏ နန်းမတော်အရှင်မိဖုရားကြီးက ကိုးကွယ်တော်မူသည်။ အဝရွှေ မြို့တော် အရှေ့မြောက်ထောင်အရပ် မဟာအောင်မြေဘုံစံ အုတ် ကျောင်းတော်ကြီးကို နောင်တော် ဦးပိုး ပျံလွန်တော်မူပြီးနောက်၊ ဆရာတော်ဦးပုတ်အား တင်လှူသဖြင့်၊ ထိုကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူသည်။ ထိုအခါ ဒုတိယအုတ်ကျောင်းဆရာ တော်ဟူ၍လည်းကောင်း၊ ညောင်ကန်ဆရာတော်ဟူ၍လည်းကောင်း၊ ဆရာတော် ဦးပုတ် ဟူ၍လည်းကောင်း ထင်ရှားကျော်စောတော်မူသည်။ ညီတော်မင်းတရားကြီး လက်ထက် အမရပူရရွှေမြို့တော် ကြီး အရှေ့မြောက်ယွန်းအရပ် မင်္ဂလာဘုံကျောင်း ညောင်ကန် တိုက်၌ ညီတော်မင်းတရားကြီး နန်းမတော်အရှင်မိဖုရားခေါင် ကြီးက ဝါဆိုကျောင်းဆောက်လုပ်၍ တပ်လှူတော်မူသည်။ ထိုအခါ ညီတော်မင်းတရားကြီးက ဆရာတော်ဦးပုတ် ကျော်စောလှသည်။ ကျမ်းဂန်တတ်ပါ၏လောဟု သဲအင်း သာသနာပိုင်ဆရာတော်ဘုရားကြီးကို လျှောက်ထားရာ၊ ဆရာ တော်ဘုရားကြီးက ဆရာတော်ဦးပုတ်ကို ခေါ်စေ၍ ဆန်းကြယ် နက်နဲခက်ခဲသော အရာဌာနဂဏိပဗ္ဗပြဿနာတို့ကို တစ်ခုပြီး တစ်ခု မေးမြန်းတော်မူသောအခါ ဆရာတော်ဦးပုတ်က ဆန်း၊ အလင်္ကာ၊ သဒ္ဒါ၊ နေတ္ထိနည်းတို့ဖြင့် ဆန်းပြားကျယ်ဝန်းစွာ ဖြေဆိုလျှောက် ထားလေလျှင်၊ သာသနာပိုင်ဆရာတော်ဘုရား ကြီးက ညောင်ကန်ဆရာတော်သည် အတော်နှင့်အကျော်မှာ အကျော်ပင်နည်းသေးသည်ဟု မိန့်တော်မူလေသည်။ ဆရာတော်ဦးပုတ်သည် သက်တော် ၅၅ နှစ်၊ ဝါတော် ၃၅ ဝါတွင် မင်္ဂလာဘုံကျော်ကျောင်း၌ပင် ဘဝပြောင်းတော်မူ သည်။ ဘွဲ့တံဆိပ်တော်ကား ပထမဘွဲ့တံဆိပ်တော် စက္ကိန္ဒာ ဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု၊ ဒုတိယ ဘွဲ့တံဆိပ်တော်စက္ကိန္ဒာ ဘိသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု ဖြစ်သည်။ ထိုဆရာ တော်ကြီးကား သီလ သမာဓိနှင့် ပြည့်စုံတော်မူ၍ ပရိယတ္တိ ဓမ္မ၌ အလွန်မွေ့လျော်တော်မူသည်။ တစ်နေ့သ၌ မင်းတရားကြီးက မှန်နန်းရာဇဝင်တော်ကြီးကို ပြုစုအံ့သောငှာ ဆရာတော်ကြီးကိုပင့်လျှောက်သည်။ ဆရာတော် ကြီး ကြွတော်မမူချေ။ မုံရွေးဇေတဝန် ဆရာတော်ကိုပင့်လျှောက် လျှင် ကြွ၍ရေးသားတော်မူသည်။ မုံရွေးဇေတဝန်ဆရာတော်ကြီး သည် တစ်ခါတစ်ရံ ကျောင်းတော်သို့မပြန်၊ နန်းတော်ကြီး၌ပင် ကျိန်းစက်တော်မူသည်။ ဤအကြောင်းကို ဆရာတော်ဦးပုတ် ကြားသိတော်မူလျှင်၊ ရှေးအခါက နန်းတော်အိမ်တော်များမှာ သမားဖြူသမားညိုသာရှိပေသည်။ ယခုအခါမှာမူကား သမားဝါ လည်းရှိတော့သည်ပင်ဟု မိန့်တော်မူသတတ်။ ထိုဆရာတော်ဦးပုတ်သည် ပါရာဇိကဏ်ပါဠိတော်နိဿယ၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာနိဿယ၊ နယမုခဒီပနီ ပါဌ်နိဿ ယ၊ ဝုတ္တောဒယဆန်းနိဿယသစ်၊ သဒ္ဒနီတိနိဿယ ၃ တွဲ၊ ရူပသိဒ္ဓိနိဿယ၊ ဝိနည်းငယ်လေးစောင်နိဿယ၊ ကဗျာသဒ္ဒ သင်္ဂဟကျမ်း၊ ကဗျာသာရတ္ထသတ်ပုံ၊ သီဟိုဠ်ရာဇဝင်ချုပ်ပါဌ် နိဿယ သံပေါက်စသော လောကီလောကုတ္တရာ ပါဠိမြန်မာ ကျမ်းပေါင်း ၅၄ ကျမ်းတို့ကို ရေးသားစီရင်ခဲ့သဖြင့် သာသနာ တော်နှင့် လောကအားအလွန်ကျေးဇူးများသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ညောင်ကန်ဆရာတော်ရှင်မေဓာလင်္ကာရ (ဦးကျီး) ညောင်ကန်ဆရာတော်ရှင်မေဓာလင်္ကာရ ပြည်ဆရာတော် ကား သက္ကရာဇ် ၁၁၅ဝ ပြည့်နှစ် ဝါဆိုလဆန်း ၇ ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူသည်။ ဇာတိ အလုံ မြို့ကျေး ညောင်ကန်ရွာ၊ အဖ မောင်ဖြူ၊ အမိ ရှင်ညွန့်၊ လူမည် ဦးကျီး၊ အသက် ၁၂ နှစ်တွင် ရှင်သာမဏေပြုသည်။ ရှင်မည်မေဓာ၊ သာမဏေဝါ ၇ ဝါ၊ သက်တော်စေ့ ရဟန်းပြု သည်၊ ရဟန်းမည် ရှင်မေဓာလင်္ကာရတည်း။ ထိုဆရာတော်သည် ရတနာပုရ အဝမြို့တည်နန်းတည် မင်းတရားကြီးလက်ထက် ရွှေမြို့တော်မြောက်ထောင့် မဟာ အောင်မြေဘုံစံ အုတ်ကျောင်းတော်ကြီးဝယ် သီတင်းသုံးတော်မူ သော ညောင်ကန်ဆရာတော်ဦးပိုးထံတွင် စာပေကျမ်းဂန် သင် ကြားပို့ချကာနေသည်။ ညီတော် မင်းတရားကြီးလက်ထက် အမရပုရ ရွှေမြို့တော် ကြီးသို့ရောက်သောအခါ၊ ရွှေမြို့တော်အရှေ့ တောင်ယွန်းအရပ် တွင် မင်းတရားကြီး၏ သားတော် ဒါယကာပြည်မင်းသားက တိုက်တာအသစ်တည်ထောင်ကာ ဝါဆိုကျောင်းဆောက်လုပ် လှူဒန်းကိုးကွယ်သည်။ ထိုအခါမှစ၍ ပြည်ဆရာတော်ဟု ထင်ရှားသည်။ နောက်တစ်ဖန် မင်းတုန်းမင်းတရားကြီးလက်ထက် သီရိ မဟာမင်္ဂလာဒေဝီဘွဲ့ခံ မြောက်နန်းမတော်မိဖုရားသည် မန္တလေး မြို့မြောက်ပြင်၌ မဏ္ဍလာရာမ မမ္ပည်းတပ်သော ကျောင်းတိုက် ကြီးကိုတည်ထောင်၍ ပြည်ဆရာ တော်ဘုရားကြီးကို တင်လှူ တော်မူသည်။ ထိုဆရာတော်ဘုရားကြီးကား ပရိယတ္တိ၊ ပဋိပတ္တိ၊ သီလ၊ သမာဓိ၊ ပညာ၊ ဟိရိဩတ္တပ္ပနှင့် ပြည့်စုံ၏။ ဗြဟ္မစိုရ် တရား ၄ ပါးနှင့်ပြည့်စုံ၏ဟု ဆရာတော်စဉ်ဆက်တို့ ချီးမွမ်း ကြသည်။ သက်တော် ၇၅ နှစ်၊ ဝါတော် ၅၅၊ သက္ကရာဇ် ၁၂၂၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့တွင် ဘဝ ပြောင်းတော်မူသည်။ ဘွဲ့တံဆိပ်တော်ကား၊ မေဓာဘိပဏ္ဍိတဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုနှင့် မေဓာဘိဝံသသဒ္ဓမ္မဓဇမဟာဓမ္မရာဇာ ဓိရာဇဂုရု ဖြစ်သည်။ ထိုဆရာတော်ကြီးသည် ငါးရာငါးဆယ်ဇာတ်ပါဠိတော် နိဿယသစ်၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာနိဿယသစ်၊ ခန္ဓဝိဘာဝနီဋီ ကာပါဌ်၊ ကစ္စာယနသရူပတ္ထဒီပနီ စသော ကျမ်းဂန်များစွာတို့ကို ရေးသားစီရင်ခဲ့သည်။ မှတ်ချက်။ ။ ဟင်္သာတစ်မြို့ မြစ်ကွေးဆရာတော် ရှင်ပညာဝံသရေးသား သော ပြည်ဆရာတော်အတ္ထုပ္ပတ္တိ၌ ညောင်ကန်ဆရာတော် (၁၂)ပါးပြဆိုထားသည်။ ညောင်ကန်ဆရာတော်ဟုခေါ်ဝေါ်ခြင်းမှာ ညောင်ကန်ရွာ ကျောင်း၌ သီတင်းသုံးဘူး၍၎င်း၊ ညောင်ကန်ရွာဇာတိဖြစ်၍၎င်း ခေါ်ဝေါ်ကြဟန်တူသည်။ ကိုးကား ဗုဒ္ဓဘာသာရဟန်းများ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%94%E1%80%BA%E1%80%86%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ဂမုန်းကြက်ညွှတ်ငယ်
အညွှန့်အနွယ်ဝက်ကျွတ် ရွက်ကဲ့သို့ရှိ၍ အရွက်ကား သစ်လက် ရွှေရွက်ကဲ့သို့ ရှိသည်။ ကိုးကား ဂမုန်းပင်
https://my.wikipedia.org/wiki/%E1%80%82%E1%80%99%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%8A%E1%80%BD%E1%80%BE%E1%80%90%E1%80%BA%E1%80%84%E1%80%9A%E1%80%BA
လိပ်တောင့်တဲ့စုရွာ၊ ညောင်ပင်လယ်
လိပ်တောင့်တဲ့စုရွာ၊ ညောင်ပင်လယ် ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%90%E1%80%B2%E1%80%B7%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%9A%E1%80%BA
ဝမ်တာရွာ၊ မိုင်းယန်းမြို့နယ်
ဝမ်တာရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မွတ်ကင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၂၉၇၀ ဖြစ်သည်။ ကိုးကား မိုင်းယန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%90%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဒွေးချိုး
အချိုး နှစ်ချိုးပါဝင်သော ကဗျာမျိုးဖြစ်သည်။ ပထမအချိုးကို အခံဟူ၍လည်းကောင်း၊ အချီဟူ၍ လည်းကောင်းခေါ်၍ ဒုတိယအချိုးကို အအုပ် ဟူ၍လည်းကောင်း၊ အချ ဟူ၍လည်းကောင်း ခေါ်သည်။ နှစ်ဆစ်ချိုး ဟူ၍လည်း ခေါ်ကြသေးသည်။ ဒွေးချိုးစပ်နည်း အချိုးနှစ်ချိုးရှိသည့်အနက် အခံချိုးတွင် အနည်းဆုံး နှစ်ပိုဒ်ဖြင့်ရေးပြီး အအုပ်ချိုးတွင် အနည်းဆုံးနှစ်ပိုဒ်ဖြင့် အုပ်လေ့ရှိသည်။ ၂ ပိုဒ်ခံ - ၂ ပိုဒ်အုပ် ဒွေးချိုး ၂ ပိုဒ်ခံ - ၃ ပိုဒ်အုပ် ဒွေးချိုး ၃ ပိုဒ်ခံ - ၃ ပိုဒ်အုပ် ဒွေးချိုး ၃ ပိုဒ်ခံ - ၄ ပိုဒ်အုပ် ဒွေးချိုး စသည်ဖြင့် စိတ်ကူးဉာဏ်ရှိသလောက် ကွန့်မြူးရေးသားနိုင်သည်။ ဒွေးချိုးကဗျာတွင် ပိုဒ်ဆုံးကာရန် (အချိုးသတ်ကာရန်) များသည် ချသံများ ဖြစ်ရသည်။ အထူးသဖြင့် ဝိသဇ္ဇနီသံများ ဖြစ်လေ့ရှိသည်။ မည်သည့်အခါမျှ ချီသံ ခေါ် တက်သံမဖြစ်စေရ။ ထို့ပြင် ပိုဒ်တွင်းကာရန်များ လည်း ရှိသည်။ နမူနာအနေဖြင့် အောက်ပါဒွေးချိုးကို လေ့လာကြည့်နိုင်သည်။ အသားရယ်ဖြူ လူပေမို့လား။ အသားတော်ညိုပြာညက် နန်းတော်ထက်ဖွား။ ဤဒွေးချိုး၏ ပထမပိုဒ်တွင် ပိုဒ်တွင်းကာရန် အဖြစ် အူ ကာရန်ဖြစ်သော ဖြူ နှင့် လူ ကိုယူထားသည်။ ဒုတိယပိုဒ်တွင် ပိုဒ်တွင်းကာရန်အဖြစ် အက် ကာရန်ဖြစ်သော ညက် နှင့် ထက် တို့ ညီနေသည့်အပြင် ပိုဒ်ဆုံးကာရန်များမှာလည်း ချသံဖြစ်သော အား ကာရန် လား နှင့် ဖွား ယူထားသည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုနည်းအတိုင်းလေ့လာကြည့်ပါက ဒွေးချိုးကဗျာ စပ်ရန်မှာ မခက်တော့ပေ။ ကိုးကား မြန်မာ ကဗျာအမျိုးအစားများ
https://my.wikipedia.org/wiki/%E1%80%92%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
တော်ပေါင်းရွာ၊ ဆောင်ဖမြို့နယ်
တော်ပေါင်းရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မိုင်းမော-ဝအထူးဒေသ (၂)၊ ဆောင်ဖမြို့နယ်၊ တော် ပေါင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၅၉၆၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တော် ပေါင်းကျေးရွာအုပ်စုတွင် ကျား ၁၆၆၃ ဦး၊ မ ၁၇၂၃ ဦး၊ လူဦးရေ စုစုပေါင်း ၃၃၈၆ ဦးနေထိုင်သည်။ ကိုးကား ဆောင်ဖမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%96%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဘောပွိုင့်ပင်
ဘောပွိုင့်ပင် (, သို့မဟုတ် ဘောပင်) ဆိုသည်မှာ မင်ကို သတ္တုလုံးထိပ်မှတဆင့် ထုတ်ကာ ရေးသားရသော မင်တံတစ်မျိုး ဖြစ်သည်။ ပထမဆုံးသော ဘောပွိုင့်ပင်ကို ဟန်ဂေရီယန်လူမျိုးဂျာနယ်သမားဖြစ်သူ Laszio Biro ဆိုသူက ၁၉၃၈ ခုနှစ်တွင်တီထွင်ခဲ့သည်။ သူသည် ထိုစဉ်က သတင်းစာများတွင် ပုံနှိပ်အသုံးပြုနေသည့် မင်သည် စက္ကူပေါ်တွင် လျင်မြန်စွာ ခြောက်သွေ့သွားသည်ကို သတိပြုမိခဲ့သည်။ သို့ဖြစ်၍ အဆိုပါမင်ကို အသုံးပြု၍ ရေးရသည့် ဖောင်တိန် (pen) ကို တီထွင်ခဲ့သည်။ သို့ရာတွင် ပျစ်နှစ်နေသော မင်သည် ဖောင်တိန်နစ်သွားတွင် အဆင်ပြေစွာ မစီးနိုင်ခဲ့ပေ။ ၎င်းအတွက် ပုံစံပြောင်းရန် ကြိုးစားခဲ့ရသည်။ ဖောင်တိန်နစ်နေရာတွင် သေးငယ်သောဘောဘယ်ရာရင်းအလုံးကလေးကို အစားထိုးထည့်ထားလိုက်သည်။ ဖောင်တိန် ရွေ့လျားသည်နှင့်အညီ မင်အိမ်အတွင်းမှ မင်များဖြင့် ဖုံးနေသော အဆိုပါ ဘောလုံးကလေးသည် လည်ပတ်နေကာ စက္ကူပေါ်တွင် မင် အရာထင်စေသည်။တကယ်တမ်းတွင် အဆိုပါ ဘောပင်၏ အခြေခံကို ၁၈၈၈ ခုနှစ်များကတည်းက John J. Loud ဆိုသူက မူပိုင်အဖြစ် မှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုစဉ်က စီးပွားဖြစ် ထုတ်လုပ်မှုများ မရှိခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် Laszio Biro က သူ၏ ဘောပင်ကို မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် Laszio Biro သည် အာဂျင်တီးနားသို့ပြောင်းရွှေ့ခဲ့ပြီး ၎င်းနိုင်ငံတွင်လည်းမှတ်ပုံတင်ခဲ့ပြန်သည်။ ၎င်းတွင်မှ ဗြိတိသျှအစိုးရသည် အဆိုပါ မူပိုင်ခွင့်များကိုဝယ်ယူလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်အတွင်းက ဗြိတိသျှ တော်ဝင်လေတပ်မှ လေယာဉ်မှူးများသည် လေယာဉ်မောင်းနှင်နေစဉ် လေထု အမြင့်၌ မင်မယိုသော ဖောင်တိန် အမျိုးအစားကို အလိုရှိနေ၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ Biro ၏ ဘောပင်သည် အောင်မြင်ခဲ့၍ ထင်ရှားကျော်ကြားခဲ့သည်။ ဘောပင်ဟူ၍ မပေါ်ပေါက်မီက စာရေးသားမှုများနှင့် ပတ်သက်၍ ငန်းငှက်အတောင်များ၊ ဒေါင်းတောင်စသည်တို့ကို အသုံးပြုခဲ့ကြသည်။ ကလောင်တံဟုလည်း ဆိုကြသည်။ ၎င်းမှ စာရေးသားသည့် ကိရိယာကို တီထွင်လာခဲ့ကြရာတွင် အောက်ပါခုနှစ်များအတိုင်း ပြောင်းလဲတိုးတက်လာခဲ့သည်။ ၁၈၀၀ ပြည့်နှစ် စောစောပိုင်းများ ပထမဆုံး မင်နှင့် တို့၍ ရေးရသည့် ပင် (pen) များအတွက် ဒီဇိုင်းကို ဖော်ထုတ်ခဲ့သည်။ ၁၈၈၄ ခုနှစ် နယူးယောက်စီတီးမှ L.E. Waterman ဆိုသူ အာမခံကိုယ်စားလှယ် တစ်ဦးက အသုံးချနိုင်သည့် ဖောင်တိန်ကို တီထွင်၍ မူပိုင်အဖြစ် မှတ်ပုံတင်ခဲ့သည်။ နောက် ၆ နှစ်အကြာတွင် စာရေးသားသည့် လုပ်ငန်းများတွင် အဓိကကျသော ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်ကာလများက Parker, Sheaffer, Waterman ESifh Wahi-Eversharp အမည်ရသော ကုမ္ပဏီလေးခုက ဖောင်တိန်ပင် ထုတ်လုပ်မှုတွင် ကြီးစိုးခဲ့သည်။ ၁၉၃၈ ခုနှစ် Laszio Biro ESifh George Biro ညီအစ်ကိုနှစ်ဦးက ဘောပင်ကို တီထွင်ခဲ့သည်။ အာဂျင်တီးနားမှ Eterpen Company ခေါ်ကုမ္ပဏီအသစ်တစ်ခုက အဆိုပါ ဘောပင်များကို စီးပွားဖြစ်ထုတ်လုပ်ခဲ့သည်။ စာပေနယ်ပယ်မှ ၎င်းပစ္စည်းကို များစွာနှစ်သက်ခဲ့ကြသည်။ ၁၉၄၅ ခုနှစ် မေလ Eversharp Co. ကုမ္ပဏီသည် Eberhard-Faber ကုမ္ပဏီနှင့် ပူးပေါင်း၍ ဘောပင်များကို တံဆိပ်တစ်မျိုးနှင့် ထုတ်လုပ်လာခဲ့သည်။ ၎င်းတွင် အလွန်သေးငယ်သော မင်လမ်းကြောင်းကို ပြုလုပ်ထားသည်။ ၁၉၄၅ ခုနှစ်၊ ဇွန်လ ချီကာဂိုမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Milton Reynolds သည် ဗြိုနို့စ်အေရီးစ်သို့ အလည်အပတ်ခရီး ရောက်လာခဲ့သည်။ ဈေးဆိုင်တစ်ခုမှ Biro တို့၏ ဘောပင်များကို တွေ့ရှိ နမူနာအဖြစ် ဝယ်ယူသွားခဲ့သည်။ သူသည် အမေရိကသို့ပြန်လာခဲ့ပြီး Reynolds International Pen ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလ Reynolds သည် ၎င်းဘောပင်အမျိုးအစားများကို တုပပြုလုပ်ခဲ့ပြီး Reynold's Rocket ဟု အမည်ပေးကာ နယူးယောက်စီးတီးရှိစတိုးဆိုင်များတွင် ရောင်း ချခဲ့သည်။ ၎င်းဘောပင်များသည် ဈေးကွက်တွင် အထူးရောင်းချနိုင်ခဲ့သည်။ စတင်ရောင်းချသည့်နေ့မှာပင် ဘောပင် တစ်ချောင်းလျှင် ၁၂.၅၀ ဒေါ်လာဖြင့် ရောင်းချခဲ့ရာ ဒေါ်လာ တစ်သိန်းဖိုးအထိ ရောင်းချခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ဗြိတိန်နိုင်ငံတွင်လည်း Miles-Martin Pen ကုမ္ပဏီမှ ခရစ်စမတ်နေ့တွင် စတင် ရောင်းချခဲ့သည်။ နာမည် ပျက်လာခဲ့သော ဘောပွိုင့်ပင်များခေတ် ဘောပင်များ ပေါ်ပေါက်စဉ် က ဖောင်တိန်ပင်များနှင့်သဘာဝချင်း မတူဘဲ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ မင်ထည့်ရန် မလိုခြင်း၊ မင် မစွန်းထင်းစေခြင်းစသည် အချက်များကြောင့် လျင်မြန်စွာ နာမည်ရလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တကယ်တမ်းတွင် အားနည်းချက်များ ရှိနေသေးသည်။ ထိုစဉ်အတွင်း Ever-sharp ကုမ္ပဏီမှ Reynolds ကုမ္ပဏီကို မူပိုင်ခွင့်ချိုးဖောက်သည်ဟုဆိုကာ စွပ်စွဲခဲ့သည်။ သို့သော် Laszio Biro သည် တစ်ချိန်က အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ထားခဲ့သော မူပိုင်ခွင့်အပေါ် အလေးမထားခဲ့ခြင်းကြောင့် ထူးခြားမှု မဖြစ်ပေါ်ခဲ့ပါ။ Reynolds ၏ ဘောပင်များသည် မင်ယိုခြင်း၊ ရေးသားရာတွင် ထစ်ခြင်းများ ရှိခဲ့သည်။ Eversharp ၏ ဘောပင်များသည်လည်း ရောင်းအားကျလာခဲ့သည်။ သုံးစွဲသူများကို စိတ်ပျက်စေခဲ့သည်။ ၁၉၄၈ ခုနှစ် ဘောပင်များကို ၁၂.၅၀ ဒေါ်လာဖြင့် ရောင်းချခဲ့ရာမှ တစ်ချောင်းလျှင် ဆင့် ၅၀ အထိ ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ၁၉၅၀ ပြည့်နှစ် Bich အမည်ရသော ပြင်သစ် ကုမ္ပဏီတစ်ခုသည် ဘောပင်များကို ရောင်းချလာခဲ့သည်။ ဘောပင်၏ အမည်ကို BIC ဟု ပေးထားသည်။ Bich ၏ နောက်မှ "h" စာလုံးကို ဖြုတ်လိုက်ခြင်းဖြစ်သည်။ ၁၉၅၁ ခုနှစ် ဖောင်တိန်များကို ပြန်လည်အသုံးများလာကြပြန်ပါသည်။ ကုမ္ပဏီများမှ ဖောင်တိန်များကို အရည်အသွေး ပိုမိုကောင်းမွန်အောင် ပြုလုပ်လာကြခြင်းကြောင့်ဖြစ်သည်။ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ၊ Parker Pens မှ Jotter ဟု အမည်ပေးထားသော ပထမဆုံး ဘောပင်ကို မိတ်ဆက် ထုတ်လုပ်ခဲ့သည်။ ၎င်းသည် Eversharp နှင့် Reynolds ဘောပင်များထက် ၅ ဆမျှ ကြာရှည်စွာ ရေးနိုင်ပြီး စာလုံးအထူ၊ အပါးအတွက် ပွိုင့် အရွယ်အစား အမျိုးမျိုး ရှိသည်။ မင်ထည့်သည့်အိမ် ကြီးမား၍ မင်ကုန်လျှင် ပြန်ဖြည့်ပေးနိုင်သည်။ ယခင်က ထုတ်လုပ်ခဲ့သည့် ဘောပင်များနှင့် များစွာ ကွာခြားသည်။ သို့ဖြစ်၍ တစ်နှစ်အတွင်းမှာပင် Parker သည် အဆိုပါ Jotters ဘောပင်များကို ၃.၅ သန်း အထိ ရောင်းချနိုင်ခဲ့သည်။ ဈေးနှုန်းမှာ ၂.၉၅ ဒေါ်လာမှ ၈.၇၅ ဒေါ်လာအထိ ဖြစ်သည်။ ဘောပင်များ၏ အောင်မြင်မှု ၁၉၅၇ ခုနှစ် Parker ကုမ္ပဏီသည် တန်စတန်းကာဘိုက် (tungsten carbide) ဖြင့် ပြုလုပ်ထားသော ဘောစေ့များကို သုံးလာခဲ့သည်။ Eversharp ကုမ္ပဏီကမူ ဘောပင်ဈေးကွက်ကို မတိုးနိုင်တော့၍ ဖောင်တိန်များဘက်သို့ဦးလှည့်သွားသည်။ ၁၉၆ဝ ပြည့်နှစ်တွင် Eversharp မှ မင်အခဲများကို စမ်းသပ်ပြုလုပ်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ် နှောင်းပိုင်း ကာလများ BIC သည် ဥရောပဈေးကွက်၏ ၇၀% ကြီးစိုးနိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ် BIC သည် နယူးယောက်အခြေစိုက် Waterman Pens လုပ်ငန်း၏ ၆၀%ကို ဝယ်ယူလိုက်သည်။ ၁၉၆၀ ပြည့်နှစ် BIC သည် Waterman Pens ၏ လုပ်ငန်း အားလုံးကိုဝယ်ယူလိုက်ပါသည်။ ယနေ့အချိန်ကာလများတွင် BIC သည် ဘောပင်ဈေးကွက်တွင် ကြီးစိုးလျက်ရှိသည်။ Parker, Sheaffer, Waterman တို့သည်လည်း ဖောင်တိန်များနှင့်အတူ ဈေးမြင့်သော ဘောပင်အမျိုးအစားများကို ထုတ်လုပ်နေသည်။ ဘောပင်အမျိုးအစားများလည်း စုံလင်လှသည်။ သုံးစွဲသူများ နှစ်သက်ဖွယ် ပုံစံဒီဇိုင်းမျိုးစုံကို တွေ့နေရသည်။ Biro နှင့် BIC Crystalတို့၏ နည်းပညာသစ်များဖြင့် ထုတ်လုပ်ထားသောဘောပင်များသည် နေ့စဉ် ကမ္ဘာတစ်ဝန်းတွင် အရေအတွက် ၁၄ သန်းမျှ ရောင်းချနေရသည်ဟုဆိုသည်။ ပတ်ကားမှ ထုတ်လုပ်သည့် ဘောပင်သည် ပေပေါင်း၂၈၀၀၀ ကို တစ်ဆက်စပ်တည်းရေးနိုင်သည်ဟုလည်း ညွှန်းကြသည်။ ကိုးကား နည်းပညာ
https://my.wikipedia.org/wiki/%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%84%E1%80%BA
စိုင်းရှဲန်တစ်လုံ
စိုင်းရှဲန်တစ်လုံသည် မြန်မာနိုင်ငံသား ရှမ်းအမျိုးသား နိုင်ငံရေးသမား နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။ ငယ်ဘဝ စိုင်းစွံရှဲန်တစ်လုံ ကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် မွေးဖွားသည်။ နိုင်ငံရေးဘဝ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနေ၍ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာကာ ၂၀၁၆ ခုနှစ် ဧပြီလတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးဖြစ်လာသည်။ ၂၀၁၈ ခုနှစ်တွင် စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် ‌ပြောင်းလဲ တာဝန်ထမ်းဆောင်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ထပ်မံအနိုင်ရခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှု အတွင်း ဖမ်းဆီးခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခံရခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့တွင် စိုင်းရှဲန်တစ်လုံကို CRPH, NUG တို့နှင့် ချိတ်ဆက်မှု ရှိသည်ဟု ဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ခံရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထပ်မံအမှုဖွင့်ခံရသည်။ ကိုးကား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်သူများ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်သူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မွေးဖွားခုနှစ် မသိရှိရသူများ (သက်ရှိထင်ရှားပုဂ္ဂိုလ်များ)
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%B2%E1%80%94%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%9C%E1%80%AF%E1%80%B6
နန့်လိမ်ရွာ၊ ရွှေကူမြို့နယ်
နန့်လိမ်ရွာ()သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ စီသောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၆၉၂၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စီသောင်ကျေးရွာအုပ်စုတွင် ကျား ၁၀၇၇ ဦး၊ မ ၁၀၇၂ ဦး၊ လူဦးရေစုစုပေါင်း ၂၁၄၉ ဦး နေထိုင်သည်။ ကိုးကား ရွှေကူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%B7%E1%80%BA%E1%80%9C%E1%80%AD%E1%80%99%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အလယ်ကုန်းရွာ၊ ပျော်ဘွယ်မြို့နယ်
အလယ်ကုန်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြိုကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၇၆၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကြိုကုန်းကျေးရွာအုပ်စုတွင် ကျား ၈၇၄ ဦး၊ မ ၁၀၈၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၉၅၉ ဦးနေထိုင်သည်။ ကိုးကား ပျော်ဘွယ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9C%E1%80%9A%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%98%E1%80%BD%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ထောထူးလဲရွာ၊ ရှားတောမြို့နယ်
ထောထူးလဲရွာ()သည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်၊ ရှားတောမြောက်ပိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၈၆၉၇ ဖြစ်သည်။ ယခုအခါ ထိုရွာသည် တိမ်ကောသွားပြီ။ ကိုးကား ရှားတောမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%B1%E1%80%AC%E1%80%91%E1%80%B0%E1%80%B8%E1%80%9C%E1%80%B2%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကြံခင်းစုရွာ၊ မြသိန်းတန်
ကြံခင်းစုရွာ၊ မြသိန်းတန် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%B6%E1%80%81%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%BC%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%94%E1%80%BA
လွယ်မီးရွာ၊ တန့်ယန်းမြို့နယ်
လွယ်မီးရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ နမ့်အွမ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၉၆၆၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နမ့်အွမ်ကျေးရွာအုပ်စုတွင် ကျား ၆၃၃ ဦး၊ မ ၆၈၁ ဦး၊ လူဦးရေ စုစုပေါင်း ၁၃၁၄ ဦးနေထိုင်သည်။ ကိုးကား တန့်ယန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%9A%E1%80%BA%E1%80%99%E1%80%AE%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%94%E1%80%B7%E1%80%BA%E1%80%9A%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကဆုန်လ
ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ ပုဂံကျောက်စာသို့တွင် ကုဆုန်ဟူသောအရေးအပြင် ကုဆုန်၊ ခူဆုန်၊ ခုဆုန်ဟူသောကွဲလွဲချက်များကို တွေ့ရသော်လည်း သဘောမှာ အတူတူချည်းဖြစ် ၍ ကုဆုန်ကို အရင်းခံတာ၍ ဆိုပါမည်။ ကုဆုန်ဟူသော စကား၌ ကုသည် ရေကိုဟော၏။ ဆုန်ကား စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်းခြင်းကို ဟော၏။ ကုမှ က သို့ရွေ့လျောသည်။ အဓိပ္ပာယ်ကား ရေသွန်းလောင်းသောလ ဟူ၏။ လှေသင်းအတွင်းဝန်မင်းကမူ ကဆုန်ကို ဝိဂြိုဟ်ပြုသောအခါ၊ "ဥဒကံ ရေကို၊ ဆနတိဖြတ်တတ်၏" ဟုဆို၍ ယင်းလကို ရေပြတ်သောလဟု အဓိပ္ပာယ်ဖွင့်သည်။ သို့ရာတွင် ဆယ့်နှစ်လရာသီဘွဲ့များတွင် ကဆုန်ညောင်ရေသွန်းခြင်းကို မဓာပြု၍ ဖွဲ့ဆို ကြသောကြောင့် ရေသွန်းလောင်းခြင်းဟူသည် ညောင်ရေသွန်းခြင်းပင်ဖြစ်သည်ဟူ၍ မှတ်ယူခြင်းသည် သဘာဝကျလိမ့်မည် ဖြစ်သည်။ ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စံကားပန်း (Talauma Spongocarpa) ဖြစ်သည်။ ကိုးကား မြန်မာလများ လများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%86%E1%80%AF%E1%80%94%E1%80%BA%E1%80%9C
ဘောင်ရွာ၊ မင်းတပ်မြို့နယ်
ဘောင်ရွာ()သည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်၊ ပြုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၄၉၉၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပြုံးကျေးရွာအုပ်စုတွင် ကျား ၁၃၉ ဦး၊ မ ၁၇၅ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၄ ဦး နေထိုင်သည်။ ကိုးကား မင်းတပ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အိုးဒိုင်းမြို့၊ မိအဲ
အိုးဒိုင်းမြို့ (大台町 အိုးဒိုင်း − ချေား ) သည် ဂျပန်နိုင်ငံ၊ မိအဲခရိုင် တွင် တည်ရှိသည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် မြို့နေလူဦးရေသည် ၁၀၁၃၂ ဦး ရှိသည်။ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၂၇.၉ ဦး ရှိသည်။ စုစုပေါင်း ဧရိယာသည် ၂၅၇.၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ကိုးကား ဂျပန်နိုင်ငံရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%92%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8A%20%E1%80%99%E1%80%AD%E1%80%A1%E1%80%B2
သာခေါင်ရွာ၊ မင်းဘူးမြို့နယ်
သာခေါင်ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မန်းကြိုးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၉၈၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မန်းကြိုးကျေးရွာအုပ်စုတွင် ကျား ၁၃၆၅ ဦး၊ မ ၁၅၆၉ ဦး၊ လူဦးရေ စုစုပေါင်း ၂၉၃၄ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွာပြီ။ ကိုးကား မင်းဘူးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%98%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဆွမ္မရာမြို့
ဆွမ္မရာမြို့ သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ကိုးကား စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%86%E1%80%BD%E1%80%99%E1%80%B9%E1%80%99%E1%80%9B%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
၁၁၅ ငါးခုမြောက်လမ်း
၁၁၅ ငါးခုမြောက်လမ်း (ငါးခုမြောက်လမ်း ဟုအသိများကြ) သည် သီရိလင်္ကာဝန်ကြီးချုပ်ဟောင်းဖြစ်သည့် Wickremesinghe ၏အိမ် ဖြစ်သည်။ ၎င်းကို Wickremesinghe ၏ ဖခင်ဖြစ်သူ သတင်းစာတိုက်ပိုင်ရှင် Esmond Wickremesinghe က တည်ဆောက်ခဲ့သည်။ Esmond Wickremesinghe သည် ငါးခုမြောက်လမ်း (fifth lane) တွင် နေထိုင်ရန် လုပ်ဆောင်ခဲ့သည်။ သူသည် ဝန်ကြီးဖြစ်စဉ်နေထိုင်ရန်အတွက် ဝန်ကြီး၏ တရားဝင်နေထိုင်ရာအဖြစ် အသုံးပြုခဲ့သည်။ ၂၀၁၈ ခုနှစ် သီရိလင်္ကာဖွဲ့စည်းပုံဆိုင်ရာအကျပ်အတည်းကာလမှ လွဲ၍ ထိုနေရာတွင် ဝန်ကြီးသည် နေထိုင်ခဲ့သည်။ သူသည် အတိုက်အခံခေါင်းဆောင်ဖြစ်စဉ်က ထိုငါးခုမြောက်လမ်းတွင် နိုင်ငံခြားတာဝန်ရှိသူများကို လက်ခံတွေ့ဆုံခဲ့သည်။ ထိုအဆောက်အဦ၏ ဧည့်ခန်းသည် ၁၉၆၅ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဗုံးအပစ်သွင်းခံခဲ့ရပြီး ဆိုးရွားစွာ ပျက်စီးခဲ့သည်။ ကိုးကား သီရိလင်္ကာနိုင်ငံရှိ အဆောက်အဦများ
https://my.wikipedia.org/wiki/%E1%81%81%E1%81%81%E1%81%85%20%E1%80%84%E1%80%AB%E1%80%B8%E1%80%81%E1%80%AF%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
ရေတိမ်ရွာ၊ ပေါက်မြို့နယ်
ရေတိမ်ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ စဖဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၀၀၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စဖဲကျေးရွာအုပ်စုတွင် ကျား ၁၀၁၉ ဦး၊ မ ၁၂၇၄ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၉၃ ဦးနေထိုင်သည်။ ကိုးကား ပေါက်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%90%E1%80%AD%E1%80%99%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မတော်ဂွမ်ဂါးရွာ၊ အင်ဂျန်းယန်မြို့နယ်
မတော်ဂွမ်ဂါးရွာ()သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၊ မထော်အူမားကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၆၁၈၉ ဖြစ်သည်။ ကိုးကား အင်ဂျန်းယန်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%82%E1%80%BD%E1%80%99%E1%80%BA%E1%80%82%E1%80%AB%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%84%E1%80%BA%E1%80%82%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%9A%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရွာသစ်ရွာ၊ ဆင်ချောင်း
ရွာသစ်ရွာ၊ ဆင်ချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%AC%E1%80%9E%E1%80%85%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ငပသုန်ရွာ၊ ကျွန်းသာယာ
ငပသုန်ရွာ၊ ကျွန်းသာယာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%84%E1%80%95%E1%80%9E%E1%80%AF%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%9A%E1%80%AC
သာယာကုန်းရွာ၊ အင်းမ
သာယာကုန်းရွာ၊ အင်းမ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%9A%E1%80%AC%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%99
ကျုံသွတ်ပဲခိုးစုရွာ၊ ဝါးကောက်
ကျုံသွတ်ပဲခိုးစုရွာ၊ ဝါးကောက် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AF%E1%80%B6%E1%80%9E%E1%80%BD%E1%80%90%E1%80%BA%E1%80%95%E1%80%B2%E1%80%81%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9D%E1%80%AB%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%80%E1%80%BA
ငထွေစုတ်ရွာ၊ ကျောက်ကြီးမြို့နယ်
ငထွေစုတ်ရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ င / ထွေစုတ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၂၉၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ င / ထွေစုတ်ကျေးရွာအုပ်စုတွင် ကျား ၁၇၄၄ ဦး၊ မ ၁၈၁၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၅၆၂ ဦးနေထိုင်သည်။ ကိုးကား ကျောက်ကြီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%84%E1%80%91%E1%80%BD%E1%80%B1%E1%80%85%E1%80%AF%E1%80%90%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မြန်မာဘာသာပြန် လုံးချင်းဝတ္ထုများ စာရင်း
၁၉၇၁ ၁၉၇၄ ၁၉၇၅ ကိုးကား ရွှေဇင်ထွန်း၊ "ဘာသာပြန် လုံးချင်းဝတ္ထု စာစုစာရင်း (၁၉၇၀−၇၅)"၊ ရန်ကုန်။ ၂၀၀၆။ မြန်မာဘာသာစကား စာအုပ်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%95%E1%80%BC%E1%80%94%E1%80%BA%20%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%90%E1%80%B9%E1%80%91%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%20%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8
မြောက်ကိုင်း (တောင်)ရွာ၊ စဉ့်ကိုင်မြို့နယ်
မြောက်ကိုင်း (တောင်)ရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၇၈၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြောက်ကိုင်းကျေးရွာအုပ်စုတွင် ကျား ၁၂၈၂ ဦး၊ မ ၁၃၀၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၅၈၅ ဦးနေထိုင်သည်။ ကိုးကား စဉ့်ကိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%20%28%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%89%E1%80%B7%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဗာဠိသိကောပမသုတ်
ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ငါးမျှားချိတ်၌ တတ်ထားသော ငါးစာကို မြို့မိသော ငါးဥပမာဖြင့် ဣဋ္ဌ၊ ကန္တ၊ မနာပ၊ ပိယရူပ၊ ကာမူပသံဟိတ၊ ရဇနီယဖြစ်သော ဝိညာဏ်ခြောက်ပါး တို့ဖြင့်သိအပ်သော ဗဟိဒ္ဓါယတန ခြောက်ပါးတို့ကို လွန်လွန်ကဲကဲ နှစ်သက်ချီးမွမ်း တဏှာဖြင့်သက်ဝင် မျိုသိပ်ပြီးဆုံးစေသော ရဟန်းသည် အကျိုးမဲ့သို့ရောက်သူ၊ ပျက်စီးခြင်းသို့ရောက်သူ၊ မာရ်မင်း၏ အလိုရှိတိုင်း အပြုခံရသူဖြစ်ပုံ၊ ထိုသို့မဟုတ်သော မနှစ်သက်၊ မချီးမွမ်း၊ မတပ်မက်သောရဟန်းသည် အကျိုးမဲ့သို့ မရောက်သူ၊ ပျက်စီးခြင်းသို့မရောက်သူ၊ မာရ်မင်း၏ အလိုရှိတိုင်း အပြုမခံရသူဖြစ်ပုံကို ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ ကိုးကား သံယုတ္တနိကာယ်
https://my.wikipedia.org/wiki/%E1%80%97%E1%80%AC%E1%80%A0%E1%80%AD%E1%80%9E%E1%80%AD%E1%80%80%E1%80%B1%E1%80%AC%E1%80%95%E1%80%99%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
လွှစာအင်း
လွှစာအင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%BE%E1%80%85%E1%80%AC%E1%80%A1%E1%80%84%E1%80%BA%E1%80%B8
ကတီပါ (အနောက်)ရွာ၊ အမရပူရမြို့နယ်
ကတီပါ (အနောက်)ရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ မြစ်တူးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၆၁၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြစ်တူးကျေးရွာအုပ်စုတွင် ကျား ၇၈၉ ဦး၊ မ ၁၀၆၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၄၉ ဦးနေထိုင်သည်။ ကိုးကား အမရပူရမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%90%E1%80%AE%E1%80%95%E1%80%AB%20%28%E1%80%A1%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%99%E1%80%9B%E1%80%95%E1%80%B0%E1%80%9B%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မင်းထင်ကိုကိုကြီး
မင်းထင်ကိုကိုကြီးသည် ရုပ်ရှင်ဒါရိုက်တာနှင့် ကဗျာဆရာ ဖြစ်သည်။ ယင်းအပြင် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ ကို တည်ထောင်သူလည်း ဖြစ်သည်။ ကဗျာခရီးလမ်း ၁၉၉၀ခုနှစ်က စပြီး မဂ္ဂဇင်းများတွင်  ကဗျာများ စရေးသည်။ ကိုကိုကြီး ( မြန်မာ့ရုပ်သံ)၊ သင့်ကိုကိုကြီး ( မြန်မာ့ရုပ်သံ)၊ မင်းဒင်ကိုကိုကြီးစသည့် ကလောင်အမည်များ သုံးခဲ့သည်။ ကဗျာအပြင် အက်ဆေးအချို့လည်း ရေးသည်။ မင်းထင်ကိုကိုကြီးအမည်ကို ၁၉၉၄ အောက်တိုဘာလထုတ် ရှေ့ပြေးမဂ္ဂဇင်းတွင် မျိုးကျော့မြိုင်ည ကဗျာဖြင့် စသုံးခဲ့သည်။ အနုပညာလမ်းခရီး ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးလာခဲ့သူ ဖြစ်သည်။ ၂၀၀၃ – ၂၀၀၄ ခုနှစ်က “မောင်ရာဇာနေဝင်းကလုံး” ဆိုသည့် ဒီဗီဒီကားဖြင့် ဒါရိုက်တာဘဝကို စတင်ခဲ့သည်။ ပွဲဦးထွက် ဇာတ်ကားမှာ ပရိသတ်လက်ခံမှု ရာနှုန်းပြည့် မရခဲ့သော်လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဆိုသည့် နာမည်တခုကို စတင် ထူထောင်နိုင်ခဲ့သည်။ ၎င်း၏ မှတ်တမ်းရုပ်ရှင် လက်ရာအများစုသည် နိုင်ငံတကာစင်မြင့်တွင် နေရာရယူနိုင်ခဲ့သည်။သူ၏ အစောပိုင်းလက်ရာများအနက် ထိုင်းနိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသည့် လူနည်းစုတိုင်းရင်းသားမျိုးနွယ် ပဒေါင်လူမျိုးများအကြောင်း ရိုက်ကူးထားသည့် မနုဿလှောင်ချိုင့် “Human Zoo”၊ အင်းလေးဒေသမှ ခရမ်းချဉ်သီးစိုက်ပျိုးရေးနှင့် ဂေဟစနစ်ပျက်စီးမှုအကြောင်း ရိုက်ကူးထားသည့် အင်းသီး “The Floating Tomatoes” မှတ်တမ်းရုပ်ရှင်များမှာ ထင်ရှားသည်။ ၂၀၁၀ နောက်ပိုင်းတွင် ထင်ရှားသည့် ဇာဂနာ (ခ) ဒါရိုက်တာမောင်သူရနှင့်အတူ The Art of Freedom ရုပ်ရှင်ပွဲတော်ကို ရန်ကုန်တွင် စီစဉ်ကျင်းပခဲ့ပြီး ၎င်း၏ လက်ရာများကို မြန်မာပရိသတ်က ကြည့်ရှုခွင့်ရခဲ့သည်။ မင်းထင်ကိုကိုကြီးသည် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံအား ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်သည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုလည်း ကျင်းပသည်။သူသည် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကိုလည်း ရိုက်ကူးခဲ့သည်။ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးတွင် ဒါရိုက်တာအဖြစ် အစောဆုံး ပါဝင်ခဲ့သေးသည်။ သို့သော်လည်း နောက်ပိုင်း နုတ်ထွက်သွားခဲ့သည်။ တက်ကြွလှုပ်ရှားမှုများ မင်းထင်ကိုကိုကြီး သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား အမာခံ ထောက်ခံသူတစ်ဦးအဖြစ် ထင်ရှားသည်။ ယင်းအပြင် စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်မှုများ မကြာခဏဆိုသလို ပြုလုပ်သည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး တပ်မတော်၏ရပ်တည်မှုနှင့်ပတ်သက်ကာ ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ် ပေါ်တွင် ဝေဖန်ရေးသားမှုများပြုလုပ်ခဲ့ရာ တပ်မတော်က မင်းထင်ကိုကိုကြီးအား ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။ ထိုအမှုဖြင့် ၂၀၁၉ခုနှစ် သြဂုတ်လ ၂၉ရက်နေ့ တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသည်။ ၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင်လည်း နိုင်ငံရေးသမားများနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းတွင် အစောဆုံး ဖမ်းဆီးခြင်းခံရသူထဲ ပါဝင်ခဲ့ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ရက်တွင် ပြန်လွတ်လာသည်။ မိသားစုဘဝ မင်းထင်ကိုကိုကြီးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးတစ်ဦး ထွန်းကားသည်။ ကိုးကား သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ့နိုင်ငံရေး အကျဉ်းသားများ မြန်မာ ကဗျာဆရာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%91%E1%80%84%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%80%E1%80%AD%E1%80%AF%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ဗုဒ္ဓဝါဒ ဘာကြောင့်မှန်သလဲ
ဗုဒ္ဓဝါဒ ဘာကြောင့်မှန်သလဲ () သည် ၂၀၁၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် စာအုပ်ဖြစ်ပြီး ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ စိတ်ပညာရှင်နှင့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရောဘတ်ရွိုက် (Robert Wright) မှ ရေးသားခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ဤစာအုပ်ကို နယူးယောက်တိုင်းက ရောင်းအားအကောင်းဆုံး နံပါတ်လေး သုတစာပေစာအုပ်အဖြစ် ဖော်ပြခဲ့သည်။ ကိုးကား ဗုဒ္ဓဘာသာအကြောင်း စာအုပ်များ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%9D%E1%80%AB%E1%80%92%20%E1%80%98%E1%80%AC%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%99%E1%80%BE%E1%80%94%E1%80%BA%E1%80%9E%E1%80%9C%E1%80%B2
မအူကုန်းရွာ၊ ရေတာရှည်မြို့နယ်
မအူကုန်းရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပေါက်ချောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၁၈၅၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပေါက်ချောင်းကျေးရွာအုပ်စုတွင် ကျား ၁၀၃၅ ဦး၊ မ ၁၁၂၅ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၆၀ ဦးနေထိုင်သည်။ ဒေသအမည်မှာ မအူတုံး ဖြစ်သည်။ ကိုးကား ရေတာရှည်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%A1%E1%80%B0%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%B1%E1%80%90%E1%80%AC%E1%80%9B%E1%80%BE%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
လိုင်လောခလွမ်ရွာ၊ မံစီမြို့နယ်
လိုင်လောခလွမ်ရွာ()သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကိုက်ထိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၇၄၄၄ ဖြစ်သည်။ ကိုးကား မံစီမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9C%E1%80%B1%E1%80%AC%E1%80%81%E1%80%9C%E1%80%BD%E1%80%99%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%B6%E1%80%85%E1%80%AE%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဇရပ်စုရွာ၊ ဆင်ခေါင်း (ရှားခဲ)
ဇရပ်စုရွာ၊ ဆင်ခေါင်း (ရှားခဲ) ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%87%E1%80%9B%E1%80%95%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%20%28%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%29
ရအုဆုမြို့၊ ဟော့ကိုင်းဒိုး
ရအုဆုမြို့ (羅臼町 ရအုဆုချေား ) သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးခရိုင်၊ နဲမုရိုခရိုင်ခွဲ တွင် တည်ရှိသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြို့နေလူဦးရေသည် ၅၃၉၅ ဦး ရှိသည်။ စုစုပေါင်း ဧရိယာသည် ၃၉၇.၈၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ကိုးကား ဟော့ကိုင်းဒိုးရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%A1%E1%80%AF%E1%80%86%E1%80%AF%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8A%20%E1%80%9F%E1%80%B1%E1%80%AC%E1%80%B7%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%AD%E1%80%AF%E1%80%B8
တာချီလိတ်မြို့
တာချီလိတ်မြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ နယ်စပ်မြို့ဖြစ်သည်။ ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်သော ရွှေတြိဂံကြောင့် တာချီလိတ်မြို့သည် ကျော်ကြားသည်။ ရွှေတြိဂံဆိုသည်မှာ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံ နယ်နိမိတ်ခြား မဲခေါင်မြစ်ဆုံ တြိဂံပုံထိစပ်နေသောကြောင့် ရွှေတြိဂံဟုခေါ်သည်။ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် မယ်ဆိုင်ချောင်းပေါ်တွင် နှစ်နိုင်ငံပေါင်းကူးဆက်သွယ်သွားလာ၍ ရသောချစ်ကြည်ရေးတံတားဖြင့် နှစ်နိုင်ငံကုန်စည်များ ကူးသန်းရောင်းဝယ်ဖောက်ကားရာ နယ်စပ်ဝင်ထွက်ပေါက်မြို့လည်းဖြစ်သည်။ တာချီလိတ်မြို့တွင် ရှမ်းလူမျိုးများ၊ ယိုးဒယားစပ်ရှမ်းများနှင့် ဒေသခံ အာခါတိုင်းရင်းသားများ၊ လားဟူ၊ ပအိုဝ်းလူမျိုးများ နေထိုင်ကြသည်။ တစ်ခေတ်တစ်ခါက လက်နက်ကိုင်များကြောင့် နယ်စပ်တိုက်ပွဲများ၊ ထိုင်းနှင့်နှစ်နိုင်ငံမှားယွင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားရာ မြို့တစ်မြို့ဖြစ်ခဲ့သည်။ တာချီလိတ် အမည် ဖြစ်ပေါ်လာပုံ တာချီလိတ်ဟု အမည်နာမခေါ်တွင် ရခြင်းမှာ ယခုနယ်ခြား ဖြစ်သော မယ်ဆိုင်ချောင်းကို ဖြတ်ကူးသည့် ရေဆိပ်တွင် မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီတစ်ပင်ရှိသည်ကို အကြောင်းပြု၍ မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီကူးတို့ဆိပ် (သို့မဟုတ်) ရှမ်းဘာသာဖြင့် တာခီလိတ်မှ တာချီလိတ် ဟူ၍ကာလရွေ့လျား လာသည်နှင့်အမျှ အမည်တွင်ခဲ့သည်။ ရှေးလူကြီးများထံမှ မှတ်သားသိရှိချက်များအရ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်က တာချီလိတ်မြို့ အတွင်းတွင် တလန်(သို့မဟုတ်) တလွန်လူမျိုးများ နေထိုင်ခဲ့ကြောင်းနှင့် မြန်မာမင်းများ ယိုးဒယား(ထိုင်း)ကို တိုက်ခိုက်ရာတွင် စစ်ချီရာလမ်းကြောင်း ကျရောက်သဖြင့် မြို့ရွာများပျက်ကာ ယင်းလူမျိုးစုများသည် လာအိုနိုင်ငံနှင့် ယိုးဒယားဘက်ကမ်းသို့ ပြောင်းရွေ့ထွက်ပြေးကြကြောင်း အဆိုရှိခဲ့သည်။ နှောင်းခေတ်သမိုင်း၌ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလဗြိတိသျှတို့ အုပ်ချူပ်စဉ် တာချီလိတ်မြို့နယ်မှာ ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်းတိုင်း၏ ပဒေသရာဇ်အောက်တွင် ရှိခဲ့သည်။ ၁၉၂၇တွက် တာချီလိတ်မြို့၌ အိမ်ခြေ(၄-၅)အိမ်ခန့်သာ ရှိပြီး ဟောင်လိတ်တွင် မြို့စားရုံးစိုက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် လူနေအိမ်များစည်ကားတိုးတတ်လာပြီး မြို့စားရုံးကို တာချီလိတ်မြို့သို့ ပြောင်းရွေ့ခဲ့သည်။ ၁၉၆၂တွင် တော်လှန်ရေးကောင်စီမှ စော်ဘွားများကို အာဏာသိမ်းချိန် ၁၉၆၃ မှစပြီး နယ်ခြားခရိုင်ဝန်ရုံးစိုက်၍ ခေတ်သစ်အုပ်ချူပ်ရေးကို စတင်ခဲ့သည်။ သယ်ယူပို့ဆောင်ရေး တာချီလိတ်မြို့တွင် လေဆိပ်တစ်ခုရှိသည်။ အဆိုပါ လေဆိပ်မှ တဆင့် ရှမ်းပြည်နယ် ကျိုင်းတုံ၊ လားရှိုး၊ ဟဲဟိုး၊ မန္တလေး၊ ရန်ကုန် သို့ သွားလာနိုင်ပြီး၊ ကုန်းကြောင်းလမ်းအနေဖြင့် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ အဓိက သွားရောက်ပြီး၊ တောင်ကြီးမှ တဆင့် အနှံ့အပြားသို့ သွားရောက်နိုင်သည်။ နယ်စပ်ကုန်သွယ်ရေး တာချီလိတ်မြို့သည် မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်စပ်ဖြစ်သောကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကုန်စည်များ ဖြတ်သန်းစီးဆင်းနိုင်ရန် ထိုင်းနဲ့မြန်မာနယ်စပ်ဖြစ်သည့် မယ်ဆိုင်နှင့် တာချီလိတ်ကိုနယ်စပ်ဂိတ်အဖြစ် တံတား(၁)၊ တံတား(၂)ဆိုပြီးတံတားနှစ်စင်းရှိသည်။ တံတား(၁)တွင် လူများ၊ ယာဉ်ငယ်များ၊ ကုန်စည်အသေးစားများ ဖြတ်သန်းသွားလာစေပြီး၊ တံတား(၂)တွင်နှစ်နိုင်ငံကုန်စည်များဖြတ်သန်းသွားလာနေပါသည်။ မြန်မာလာအိုနယ်စပ်တွင် ယခင်က ရေလမ်းခရီးကိုအသုံးပြုခဲ့ကြပြီးယခု ၂၀၁၅ခုနှစ် မေလမှစတင်ကာ မြန်မာဘက်ခြမ်း ကျိုင်းလပ်မြို့ မှ လာအိုဘက်ခြမ်းအထိ တံတားတစ်စင်းဆောက်လုပ်ပြီးစီးသောကြောင့်နှစ်နိုင်ငံကုန်သွယ်မှုပိုကောင်းမွန်လာနိုင်သည်။ ရာသီဥတု တာချီလိတ်မြို့ ၏ တစ်နှစ်ပတ်လုံးအပူချိန်မှာ ပျှမ်းမျှ ၃၀.၈ သာရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ပျှမ်းမျှ ၁၈.၇ သာရှိ၍ နေထိုင်၍ကောင်းမွန်သောအရပ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးမိုးရေချိန်စုစုပေါင်း လက်မ ၁၅၅၇ လက်မရှိပြီး အမြဲတစေ ရေလွှမ်းမှုခံရလေ့ရှိသည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ရှမ်းပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%81%E1%80%BB%E1%80%AE%E1%80%9C%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
အမျိုးသမီးတို့ ထကြလော့: သည် စီးရီး
အမျိုးသမီးတို့ ထကြလော့: သည် စီးရီး (; ) သည် Niti Chaichitathorn (Pompam)၊ Akhamsiri Suwanasuk (Jakjaan)၊ Apissada Kreurkongka (Ice), Maneerat Kam-Uan (Ae) နှင့် Tipnaree Weerawatnodom (Namtan) တို့ ပါဝင်သရုပ်ဆောင်ထား​သော ၂၀၁၈ ထိုင်းရုပ်သံဇာတ်လမ်းတွဲ တစ်ပုဒ်ဖြစ်သည်။ GMMTV နှင့် Parbdee Taweesuk တို့ ပူးပေါင်းထုတ်လုပ်​သော ဤဇာတ်လမ်းတွဲသည် ၂၀၁၈ခုနှစ် ​ဖေ​ဖော်ဝါရီလ ၁ရက်နေ့တွင် GMMTV မှ ပြုလုပ်​သော Series X ပွဲစဉ်ပါ ၂၀၁၈ခုနှစ်အတွက် ရုပ်သံဇာတ်လမ်းတွဲ ၁၀ ခုအနက် တစ်ခုဖြစ်သည်။ ဤဇာတ်လမ်းတွဲကို ၂၀၁၈ခုနှစ် မတ်လ ၁၇ရက်နေ့မှစတင်ကာ One31 နှင့် LINE TV တို့တွင် အပတ်စဉ် စ​နေ​နေ့ ၂၂:၁၅ နာရီ နှင့် ၂၃:၁၅ နာရီတို့တွင် ပြသသည်။ ၂၀၁၈ ခုနှစ် ဇွန်လ ၁၆ရက်​နေ့တွင် ဇာတ်လမ်းတွဲ ပြီးဆုံးခဲ့ပြီး၊ GMM25 မှ ၂၀၁၉ခုနှစ် ​ဖေ​ဖော်ဝါရီလ ၄ရက်​နေ့မှ မတ်လ ၁၈ရက်​နေ့ထိ အပတ်စဉ် တနင်္လာနှင့် အင်္ဂါ​​နေ့ ၂၁:၂၅ အချိန်တွင် ပြန်လည်ပြသခဲ့သည်။ ဤဇာတ်လမ်းတွဲကို  GMM25 ၌ပင် ဒုတိယအကြိမ်အဖြစ် ၂၀၂၀ခုနှစ် ဇူလိုင်လ ၁၃ရက်​နေ့မှ စတင်ကာ အပတ်စဉ် တနင်္လာ နှင့် အင်္ဂါ​နေ့ ၂၃:၀၀ နာရီအချိန်တွင် ထပ်မံပြသခဲ့သည်။ သရုပ်ဆောင်များနှင့် ဇာတ်ကောင်များ ဤ ဇာတ်လမ်းတွဲတွင် ပါဝင်သည့် သရုပ်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ အဓိက Niti Chaichitathorn (Pompam) as Dr. Nat Akhamsiri Suwanasuk (Jakjaan) as Jane Apissada Kreurkongka (Ice) as Chloe Maneerat Kam-Uan (Ae) as Aoey Tipnaree Weerawatnodom (Namtan) as Tata ဇာတ်ပို့ Nuttawut Jenmana (Max) as Toon Apisit Opasaimlikit (Joey Boy) as A Pongsatorn Jongwilas (Phuak) as Lor Thanat Lowkhunsombat (Lee) as Saifah Kanaphan Puitrakul (First) as Ryu Benjamin Joseph Varney as Boy Popetorn Soonthornyanakij (Two) as Joe Surapol Poonpiriya (Alex) as Chloe's father Preya Wongrabeb (Mam) as Tata's mother Thongpoom Siripipat (Big) as Ton ဧည့်သည်သရုပ်ဆောင် Ployshompoo Supasap (Jan) as New Jirakit Thawornwong (Mek) as Pat (Ep. 5 – 12) ဇာတ်ဝင်တေး ကိုးကား ပြင်ပလင့်ခ်များ Wake Up Ladies: The Series on GMM 25 website Wake Up Ladies: The Series on LINE TV GMMTV GMMTV ရုပ်သံဇာတ်လမ်းတွဲများ ထိုင်း ရုပ်ရှင်ဇာတ်ကားများ ထိုင်းနိုင်ငံရှိ ဖျော်ဖြေရေး
https://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%20%E1%80%91%E1%80%80%E1%80%BC%E1%80%9C%E1%80%B1%E1%80%AC%E1%80%B7%3A%20%E1%80%9E%E1%80%8A%E1%80%BA%20%E1%80%85%E1%80%AE%E1%80%B8%E1%80%9B%E1%80%AE%E1%80%B8
ရွာတန်းရွာ၊ မိတ္ထီလာမြို့နယ်
ရွာတန်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၃၉၃၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဇရပ်ကုန်းကျေးရွာအုပ်စုတွင် ကျား ၁၄၉၉ ဦး၊ မ ၁၇၉၄ ဦး၊ လူဦးရေ စုစုပေါင်း ၃၂၉၃ ဦးနေထိုင်သည်။ ကိုးကား မိတ္ထီလာမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%AC%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%90%E1%80%B9%E1%80%91%E1%80%AE%E1%80%9C%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဝက်စုရွာ
ဝက်စုရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9D%E1%80%80%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC
ကုန်းဆာရွာ၊ ပန်ဆန်း (ပန်ခမ်း)မြို့နယ်
ကုန်းဆာရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပန်ဆန်း (ပန်ခမ်း)မြို့နယ်၊ မန်မန်းဆိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၇၁၀၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မန်မန်းဆိုင်ကျေးရွာအုပ်စုတွင် ကျား ၁၃၉၂ ဦး၊ မ ၁၂၅၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၄၅ ဦးနေထိုင်သည်။ ကိုးကား ပန်ဆန်း (ပန်ခမ်း)မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%94%E1%80%BA%E1%80%86%E1%80%94%E1%80%BA%E1%80%B8%20%28%E1%80%95%E1%80%94%E1%80%BA%E1%80%81%E1%80%99%E1%80%BA%E1%80%B8%29%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဘုဒလက်ကုန်းရွာ၊ ဇီးကုန်းမြို့နယ်
ဘုဒလက်ကုန်းရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ချောင်းစောက်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၇၇၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ချောင်းစောက်ကျေးရွာအုပ်စုတွင် ကျား ၇၇၁ ဦး၊ မ ၈၅၃ ဦး၊ လူဦးရေ စုစုပေါင်း ၁၆၂၄ ဦးနေထိုင်သည်။ ကိုးကား ဇီးကုန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AF%E1%80%92%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%87%E1%80%AE%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ထွန်းနောင်၊ တက္ကသိုလ်
တက္ကသိုလ် ထွန်းနောင် (၁၉?? - ၂၀၀၉) သည် မြန်မာလူမျိုး သွားဆရာဝန်၊ တေးရေးနှင့် အဆိုတော် ဖြစ်သည်။ ကိုယ်ရေးအကျဉ်း ၁၉၇၁ ခုနှစ်တွင် မြန်မာ့ရိုးရာ တေးဂီတနယ်ပယ်မှ " မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ်" ဟူသော လူတစ်ဦးတစ်ယောက်၏ စိတ်ခံစားမှုကို တိုက်ရိုက်ဖော်ပြသည့် တေးသီချင်း အမျိုးမျိုးကို တက္ကသိုလ်ထွန်းနောင်က ခေတ်ပေါ်တေးဂီတ အသွင်ဖြင့် လူထုကို မိတ်ဆက်ပေးခဲ့သည်။ ပထမဦးဆုံး တေးသီချင်း အခွေတွင် အဆိုတော်၏ အမည်ကို ရေးသားမထားခဲ့ပေ။ နောက်ပိုင်းနှစ်များတွင်မူ အဆိုတော်၏ ဂီတမိတ်ဆွေ အကော်ဒီယံအုန်းကျော်၏ အကူအညီဖြင့် ကံ့ကော်တော တေးသံသွင်း စတူဒီယိုမှ တေးသီချင်းခွေများကို တရားဝင် ဖြန့်ချိခဲ့သည်။ သူ၏ နမူနာအတိုင်း ထိုတေးသံသွင်းနှင့်ပင် တက္ကသိုလ် အေးမောင်(ရယ်ဂျီ ဘဦး)၊ ကံ့ကော်တော မျိုးအောင်၊ ပလေးဘွိုင်း သန်းနိုင်၊ မြန်မာပြည် သိန်းတန်၊ စိန်လွင်(အဆိုတော်)၊ မင်းမင်းလတ် ၊ ဗစ်တာခင်ညို၊ ဘိုဘိုဟန် အစရှိသော အခြားသော မျိုးဆက်သစ် နာမည်ကြီး အဆိုတော်များလည်း ထွက်ပေါ်လာခဲ့သည်။ တက္ကသိုလ်ထွန်းနောင်သည် ဂီတဝေဖန်ရေးနှင့် ပတ်သက်သည့် ဆောင်းပါးအနည်းငယ်လည်း ရေးခဲ့ဖူးသည်။ သူသည် သွားဘက်ဆိုင်ရာ တက္ကသိုလ် ကျောင်းသားဟောင်းလည်း ဖြစ်သည်။ ၁၉၇၂-ခုနှစ်လောက်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်တေးဂီတကို အခြေခံသည့် စတီရီယိုတေးသမားများ၏ သီချင်းများ ဈေးကွက်တွင် အပြိုင်အဆိုင် ထုတ်လုပ်လာကြသည်။ နာမည်ရပြီး စတီရီယိုခေတ်ဦး အဆိုကျော်များ၊ နောက်ထပ် တိုးဝင်လာကြသည့် အဆိုသမားများ၊ ရုပ်ရှင်မင်းသား အဟောင်း အသစ်များပါ ပါဝင်လာတော့သည်။ ထိုအချိန်က သူ့တေးများသည် အောင်မြင် လက်ခံကြ၍ စတီရီယိုတေး ခေတ်ဦးတွင် နေရာကောင်း တစ်နေရာရခဲ့သည်။ တက္ကသိုလ်ထွန်းနောင်သည် စတူဒီယိုခေတ်၏ လမ်းပြဦးဆောင်သူဟု ပြောလျှင် ရသည်။ ၁၉၇၃-ခုနှစ်တွင် စတီရီယိုတေး လောကသည် ဂီတဈေးကွက်တွင် တက္ကသိုလ်ထွန်းနောင်ချည်းပဲ နီးပါး နေရာရခဲ့သည်။ ဆန်းသစ်မှုကို ကြိုက်သော ပရိသတ်ကြီး၏ အသိအမှတ်ပြုမှုကို ခံရသည်။ သို့သော် လွတ်လပ်ရေး ရပြီးကတည်းက ဈေးကွက်တစ်ခုလုံး နီးပါးကို ရရှိထားသော မြန်မာသံ ဂီတသမားများအတွက် အခက်ကြုံရသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ မြန်မာသံစဉ်များ ပျောက်ကွယ်သွားမလား ထင်ရလောက်အောင် ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်း အရိုးစွဲဝါဒသမားများက ကမ္ဘာကြီးနှင့် တပြေးညီ ဖြစ်ထွန်းခဲ့သော မြန်မာပေါ့ပ်ဂီတသမားများကို “သရုပ်ပျက်ဂီတ”ဟု ကင်ပွန်းတပ်ပြီး ကျယ်ကျယ်လောင်လောင်၊ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လာကြပါ တော့သည်။ တက္ကသိုလ်ထွန်းနောင်သည် အရေးကောင်း၊ အဆိုကောင်း၍ တေးချစ်ပရိသတ်ကြား နာမည်ကြီးရသလို သည်းသည်းမည်းမည်း တိုက်ခိုက်သူတွေကြောင့်လည်း နာမည်ဆိုးနှင့် ကျော်ကြားသလို ဖြစ်ခဲ့သည်။ ၁၉၇၃-ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲအတွက် မြန်မာတစ်ပြည်လုံးအနှံ့ စည်းရုံးလှုံ့ဆော်ရာမှစ၍ စတီရီယိုသမားများသည် နေရာတခု ရခဲ့သည်။ သူ့ခေတ်က လူကြီးတော်တော်များက လက်မခံကြပါ။ စာရေးဆရာများ၏ ဝေဖန်မှုကိုလည်း ခံခဲ့ရ၏။ ထိုစဉ်က စတူဒီယိုတေးကို လက်သင့်မခံသေး၍ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် လှည့်လည်သီဆိုခဲ့ရာ၌ ခဲများ၊ ပြောင်းဖူးရိုးများနှင့် ပေါက်ခံရဘူးသည်။ နောက်နှစ်များတွင် ရုပ်ရှင်မင်းသား ကျော်ဟိန်းလည်း သူ့လိုပင် ဖြစ်ခဲ့ဘူးသည်။ (မေယာအမ်တီ) ထင်ရှားသော သီချင်းများ ဘဝနိဂုံး အသက် ၆၄ နှစ်အရွယ်၌ နှလုံးရောဂါဖြင့် ရန်ကုန်မြို့၊ သုခကမ္ဘာ အထူးကုဆေးခန်း၌ ၂၀၀၉ ခု၊ အောက်တိုဘာလ (၇)ရက်၊ ည ၈ နာရီတွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သမီးတစ်ဦး၊ ကွာရှင်းပြီးဇနီး နာမည်ကြီး အငြိမ့်မင်းသမီးနှင့် ရုပ်ရှင်မင်းသမီးကြီး စံရှားတင် ကျန်ရစ်ခဲ့သည်။ ပထမ မြန်မာများ မြန်မာ အမျိုးသား အဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%81%8A%20%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
ဝမ်ပုံရွာ၊ နမ့်စန်မြို့နယ်
ဝမ်ပုံရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်စန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၃၄၈၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နမ့်စန်ကျေးရွာအုပ်စုတွင် ကျား ၁၉၃၂ ဦး၊ မ ၁၉၄၇ ဦး၊ လူဦးရေ စုစုပေါင်း ၃၈၇၉ ဦးနေထိုင်သည်။ ကိုးကား နမ့်စန်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%95%E1%80%AF%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%99%E1%80%B7%E1%80%BA%E1%80%85%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရခိုင် စကားပုံများ
၁)ဇရပ်မသွီး(မီးသွေး) တန်းထား(တံတား)မာချီး။ ၂)နောက်ကျဂေ လဒ(လင်းဒ)မာ အရိုး၊ လူမာ အိုး၊ ဖုန်း(ဘုန်း)ကြီးမာ သပိတ်၊ သူတော်မမာ အိတ်။ ၃)ဆင်းရဲ လ(လူ)မွဲကို နတ်မြင်၊ မချိလို့ သွားကြဲဂေ ရယ်ယောင်ထင်ရေ။ ၄)ဆင်းရဲလို့ အငှားခံဂေ၊ သူဋ္ဌီးသားက အကြွီးခိုင်းရေ။ ၅)ဆင်းရဲလို့ဖင်ခံဂေ၊ သူဋ္ဌီးသားက အကြွီးနှက်တေ။ (စကားပုံဟိအတိုင်းပါ။ ရိုင်းဂါရိုင်းပါရေ) ၆)မဟိမကောင်း ဟိမကောင်း၊ မကောင်းခက်တေ ကောင်းခက်တေ။ ၇)မဟိဒုက္ခ ဟိဒုက္ခ။ ၈)မပြောဂေ မဗြီး မတီးဂေမမြည်။ ၉)လိပ်မှိုကိုရရေပိုင်ချောင်။ ၁၀)ကျွဲနားမာ စောင်းတီးရေပိုင်ချောင်။ ၁၁)သောင်ပြင်မာတင်ထားရေ ခွီးပိုင်။ ၁၂)ချစ်ဂါ ချစ်တေ ယဂေလေ့။ ၁၃)လင်ရဖို့ခါ မ,ရာနားပဲ့ရေ။ ၁၄)မပြည့်ရီအိုး ဘောင်ဘင်ခတ်။ ၁၅)အိမ်ဂါးအဆွီး မောင်းဂါကြီး။ ၁၆)အကောင်းပြောဂေ င/ယောင်းဖလာ။ ၁၇)အိုးမပူဘဲ ခွက်ပူရေ။ ၁၈)ကိုယ့်နန့်မဆိုင် ခွင်.မပိုင်၊ ဆွဲကိုင်မပြုရာ။ ၁၉)မတူမတန် ရွှီပင်းကန်၊ မတန်ရေလောင်း မစီးကောင်း။ ၂၀)ဆင်းရဲခြင်းကို ပွဲမာပြရေ။ ၂၁)လူမပေါ်ခင် ချီးပေါ်ရေ။ ၂၂)အရက်မူး မ,ရာ နွားခိုးပေါ်ရေ။ ၂၃)လက်ဆောင်မပါ ဂါထာမစူး။ ၂၄)ပွဲမဝင်ခင် ပြင်မာကျင့်။ ၂၅)မထိုင်ခင်ကပင် ခြီဆင်းရေ။ ၂၆)ခရမ်းသီးဖိုး ဂြိတ်ဖိုးမာထင့်ရေ။ ၂၇)တောင်ကျရီပိုင်ချောင်။ ၂၈)ချင်းဓားပိုင်ချောင်။ ၂၉)တနှစ်လုံးနွားကျောင်း နွားထီးမှန်းနွားမမှန်းမသိ။ ၃၀)ကုလားကိုသတ် ဇီးကိုခွပ်။ ၃၁)မယားကိုသတ် ဇီးကိုခွပ်။ ၃၂)အရိုးကွဲယာင်ရိုက်က အသဲစွဲအောင်ချစ်။ ၃၃)ရွာနားကမြက်ကို ရွာနွားမစား။ ၃၄)အပျိုလိုဂေ အအိုကိုကပ်။ ၃၅)ငါးကြီးလိုဂေ ငါးချေနန့်မျှား။ ၃၆)ဖုန်း(ဘုန်း)ကြီးမာတရား လူမာမယား။ ၃၇)ရွှီဟိရေဖ(ဘု)ရား ကို လူရိုသေ။ ၃၈)ရွှီအကြောင်း ဖယောင်းသိ။ ၃၉)အကြောင်းကံမကောင်း ဖ(ဘု)ရားလောင်း နွားကျောင်းကျ။ ၄၀)ပန်းထိမ်ရရိုး အမိရွှီတကျပ်က တမတ်ခိုး။ ၄၁)မျောက်မီးဇရရေပိုင်။ ၄၂)ဒုတ်ကျ မ,ရာ ဓမြ(ဓားပြ)မှန်းသိရေ။ ၄၃)အသွင်မတူ အိမ်သူမဖြစ်။ ၄၄)’ဝ’မဟိဘဲ ‘ဝိ’လုပ်နိန်ရေ။ ၄၅)’ရ’ကိုမနိုင် ရခိုင်ကိုမိန်း။ ၄၆)’ရ’ကိုမသိ ရခိုင်နန့်ညှိ။ ၄၇)ကောက်ရှိုးပုံကိုစောင့်ရေ ခွီးပိုင်။ ၄၈)စည်ခြောက်တောဝင်ရေ ချီ(ဂျီ)ပိုင်။ ၄၉)မမီရေပန်းကို တုံးခုလို့လှမ်းရေ။ ၅၀)မငိုတတ်ကေ ရယ်စော်နန့်တူရေ။ ၅၁)မရယ်တတ်ကေ ငိုစော်နန့်တူရေ။ ၅၂)မပြောတတ်ကေ ဆဲးစော်နန့်တူရေ။ ၅၃)ရီပြင်မာ စာရီးရေပိုင်။ ၅၄)ရွာသူကြီးထုံးဗူး။ ၅၅)ဇာတီဗြီးကေ မြန်းကိုဖြတ်။ ၅၆)အသီးကိုစားချင်ဂေ အပင်ကိုစိုက်။ ၅၇)အရိပ်ကိုလဲးခို အကိုင်းကိုလဲးချိုး။ ၅၈)ပဇ(ပါးစပ်)ကဖ(ဘု)ရား၂ လက်ကကားရားကားရား။ ၅၉)ဗူးဆိုဂေ ဖရုံမသီး။ ၆၀)ချောင်းကကောက်ကို လောင်းကကောက်နန့်လှော်။ ၆၁)သနားဂေ သနာရောက်တေ။ ၆၂)ဖျားလို့မနိန် တက်ရာတက်လာရေ။ ၆၃)ယားရေအကွက်ကို လက်ကျရေ။ ၆၄)င/သပြေသခသီး(သခွားသီး) ခိုးရေပိုင်။ ၆၅)ဂျင်းနည်းဂေ ပလဲလှောက်တေ။ ၆၆)နပျိုးသီးမှန်း -ီးမှန်းမသိ ခုံမာတင်ထားဂေ ကောက်စားဖို့ရာသိရေ။ ၆၇)ချီးကိုရွှီဖြစ်အောင်ငြင်းရေ။ ၆၈)ဆရာမပြ င/ပိဖုတ်တောင်နည်းမကျ။ ၆၉)ကိုယ့်စော်ကိုလည်း မမီး၊ လူစော်ကိုလည်းမစုပ်။ ၇၀)အသိခေါက်ခက် အဝင်နက်။ ၇၁)ပဇွန်ပိုင်ချောင် ဦးနှောင့်နန့် ချီးနန့်ရောနိန်ရေ။ ၇၂)လောင်းထက် ထူးဝါးရှည်ရေ။ ၇၃)ဝလုံးချသုတ်(ဝါးလုံး ချီးသုတ်)။ ၇၄)ခွီးလောက်ကျပိုင်ချောင်။ ၇၅)ဒရမ်းစည်ကို ခွီးသီးပေါက်တေပိုင်ချောင်။ ၇၆)ဆင်းရဲသားလထုတ် ကြွက်ကိုက်တေ။ ၇၇)ပင်လယ်ပြင်ကို င/ပိခပ်တေပိုင်ချောင်။ ၇၈)င/ပိ၊ဆားမပါရေ ဟင်းပိုင်။ ၇၉)မချစ်ကေလဲး အောင့်ကာနမ်း၊ မနမ်းချင်လေ့ ပင့်သက်ချူ။ ၈၀)တောင်းမာအကွပ် လူမာအဝတ်။ ၈၁)ဖားကိုတုလို့ ခရုခုံရေ။ ၈၂)အယင်လိုဂေ ဖြဖြည်းလုပ်။ ၈၃)ကိုယ့်ထိုက်နန့် ကိုယ့်ကံ။ ၈၄)ကစပ်ရာက ရန်စရေ။ ၈၅)အတတ်ကြူးဂေ အရူးဖြစ်။ ၈၆)သားသမီးချီးငွေ ကြက်သောက်ရီ နတ်ပင်ရွှီချ ပြန်မရ။ ၈၇)မောင်နန့်နှမ အယင်ရ။ ၈၈)သမီးခအို အယင်လို။ ၈၉)ခွီးကိုသတ်ချင် ခ(ခွီး)ချင် မျက်နှာကိုကြည့်။ ၉၀)လမ်းမသိဂေ ခွီးပဒုံးကိုဆွဲလို့လိုက်။ ၉၁)ခွီးပဒုံးကို ကျိုင်ဒေါက်စွပ်တေပိုင်။ ၉၂)လင်နန့်မယား ချာ(လျှာ)နန့်သွား။ ၉၃)ရွာကအမှုကျောင်းကိုပတ်။ ၉၄)ကျောင်းကအမှုရွာကိုပတ်။ ၉၅)မကောင်းဂေ ကျောင်းကိုပို့။ ၉၆)ဆရာမကောင်း တပည့်ဂေါင်း။ ၉၇)သားသမီးမကောင်း မိဖ(ဘ)ဂေါင်း။ ၉၈)တပည့်လိမ်မာ ဆရာအာပတ်လွတ်။ ၉၉)ခွီးပဇ(ပါးစပ်)က နတ်စကားပြောရေပိုင်။ ၁၀၀)အိပ်ရေအကြောင်း မိုးကျမရာ(နိုးမရာ)သိဖို့။ ၁၀၁)ဆွမ်းတဆုပ်နန့် ဖ(ဘု)ရားကိုရန်တိုက်တေပိုင်။ ၁၀၂)မသိဂေ မိန်း(မေး)၊ မစင်ဂေ ဆီး။ ၁၀၃)ဆပ်လှီးရာမာ ခွီးမျှော် မျှော်လို့။ ၁၀၄)လက်ပန်ပင်မာ ဇရွက်(ဇရက်)ကျ ကျလို့။ ၁၀၅)ချီးမစားရရေ ခွီးပိုင်။ ၁၀၆)ချီးမစားရရေခွီး ဂေါင်းကိုက်တေ။ ၁၀၇)ဒေါင်းကရေပိုင် ဖင်ဟဟောင်းနန့်။ ၁၀၈)တောမရရေ ခဲးဝါပိုင်။ ၁၀၉)ဆင်ကန်းတောတိုး။ ၁၁၀)ကြက်ကန်းဆန်တိုး။ ၁၁၁)ဆီးတောက်နိန်ရေငါးပိုင်။ ၁၁၂)ချ(ချီး)ဒုံးကြီဂေ ခွီးမစား၊ စကားကြီးဂေ လူမယုံ။ ၁၁၃)မပြောချင်ဂေ လွတ်တေ၊ မတော်ချင်လို့ မလွတ်။ ၁၁၄)သတိမမူ ဂူမမြင်၊ သတိဂေ မြူမြင်ရေ။ ၁၁၅)အဖထက်သားက တနှစ်ကြီး။ ၁၁၆)ကြိုးရေမိုးလဲ မရွာ၊ ရွာရေမိုးလဲ မကြိုး။ ၁၁၇)အရှက်မဟိ ပရစ်မျက်နှာ။ ၁၁၈)စိတ်ကောင်းဂေ ရူးရေလို့ထင်ရေ။ ၁၁၉)ငါးဘိုင်းသစ်ကိုင်း။ ၁၂၀)မဖြစ်သာကြံ နွားနန့်ထွန်၊ သီ(သေ)လတ်မေကြာက် ပေါက်တူးပေါက်။ ၁၂၁)ဆားမပါဂေ ပြာလဲးတမျိုးကောင်းရေဂါ။ ၁၂၂)သုံဒေါင်းထောင်းလို့ တဒေါင်းမပြည့်။ ၁၂၃)ဆီပါဂေ ရွှစာမုန့်လဲးကောင်းရေဂါ။ ၁၂၄)အလုပ်မမြင်ရဲသား(စစ်သား)ဝင် မဆိတ်ဖြူမတရိတ်ရ။ ၁၂၅)မိန်း(မီး)လောင်ရာမာ လီပင့်ရေ။ ၁၂၆)အစာကိုရာမြင် မျှားကိုမမြင်။ ၁၂၇)အတုကိုမြင် အတတ်သင်။ ၁၂၈)မျက်ကန်း ဆိပ်ဆီ(တစ္ဆေ)မကြောက်။ ၁၂၉)ဖြစ်သမျှအကြောင်း ကောင်းပါရာ။ ၁၃၀)မဟိတောင်း(တောင့်)တ ဟိမ့်ကြောင်းကြ။ ၁၃၁)ကုသိုလ်တသိုက် င/ရဲတပိသ်သာ။ ၁၃၂)ကံနန့်ခွီးလား ချီးနန့်တွိ။ ၁၃၃)ကံနန့်သား ကျားမကိုက်။ ၁၃၄)ကံနန့်ခွီး နသွီး(နှုတ်သီး)ချီးမှန်။ ၁၃၅)ချီးစိုက်လူထက် မြင်လူရှက်။ ၁၃၆)ဇာတ်သမား မယား၊ ဖဲသမား ဒင်္ဂါး။ ၁၃၇)ယောက်ျားကောင်းဂေ မောင်းမတထောင်၊ မ-(မိန်း)မကောင်းဂေ ကျောင်းကအကောင်။ ၁၃၈)အချိုရှာဂေ သကာတွိ့။ ၁၃၉)သ(သွား)ချီးတက်တေ ကြံကိုဝယ်စားဆိုဂေ နပျိုးသီးကိုဝယ်စားလာရေ။ ၁၄၀)မမိန်းဘဲမပြောဂေ့ မခေါ်ဘဲမထူးဂေ့။ ၁၄၁)အမှန်ဆို နာလိုခံခက် ဒေါသထွက်တေ။ ၁၄၂)မရတမျိုး ရ,တမျိုး။ ၁၄၃)မစားရဂေ’နင်’ စားရဂေ’လင်’။ ၁၄၄)ကြွက်ကိုမာန်ပါ အိမ်(ကျီ)ကိုမီးတိုက်။ ၁၄၅)ဗူးကောင်းဂေ စင်ခံ၊ လင်ကောင်းဂေ စံ။ ၁၄၆)အချိုက်လွန်ဂေ တူးရေ။ ၁၄၇)ရည်းစားတထောင် လင်ကောင်းတယောက်။ ၁၄၈)အဘိန်(ထမီ)ဆိုးကို ကြွက်ကိုက် ကိုက်လို့။ ၁၄၉)အရူးမဟင်းခူး။ ၁၅၀)ခေတ်မကောင်းလို့ ရူးကွန်ဆောင်ရေ။ ၁၅၁)သီဖို့အစ ဖျားရေ။ ၁၅၂)သီရာသီဖို့ ဝမ်းကျမစဲ။ ၁၅၃)အိုရာအိုရေ ဂြိုမကျိုး။
https://my.wikipedia.org/wiki/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%20%E1%80%85%E1%80%80%E1%80%AC%E1%80%B8%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ဟဲခိခိုင်ဖုရုအိဘူတာ
ဟဲခိခိုင်ဖုရုအိဘူတာ (碧海古井駅 ဟဲခိခိုင်ဖုရုအိ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ အန်းဂျေားမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%B2%E1%80%81%E1%80%AD%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%96%E1%80%AF%E1%80%9B%E1%80%AF%E1%80%A1%E1%80%AD%E1%80%98%E1%80%B0%E1%80%90%E1%80%AC
တွစ်တာ
တွစ်တာ (၊ တွတ်တာ ဟုလည်း စာလုံးပေါင်း) သည် အွန်လိုင်း သတင်းနှင့် လူမှုဆက်သွယ်ရေး ကွန်ရက်တစ်ခု ဖြစ်သည်။ မှတ်ပုံတင်ထားသော အသုံးပြုသူများသည် ယခင်က တွိစ် ဟုခေါ်သည့် စာလုံးရေ ၁၄၀ ထိသာ ရိုက်ထည့်နိုင်အောင် ကန့်သတ်ထားသော်လည်း ၂၀၁၇ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဂျပန်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာမှလွဲ၍ ကျန်ဘာသာစကားများကို စာလုံးရေ ၂၈၀ အထိ နှစ်ဆ တိုးမြှင့်ပေးခဲ့ပြီး ထိုစာတိုများကို ရေးတင်ခြင်း ပြုလုပ်နိုင်သည်။ မှတ်ပုံတင်မထားသော အသုံးပြုသူများကမူ ၎င်းတို့ကို ဖတ်ခြင်းသာ ပြုလုပ်နိုင်မည်။ အသုံးပြုသူများသည် တွစ်တာကို ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းလ် အက်ပ် သို့မဟုတ် ဖုန်းစာတိုပို့စနစ် (SMS) စသည့် နည်းလမ်းများဖြင့် သုံးနိုင်သည်။ တွစ်တာကုမ္ပဏီ၏ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် တည်ရှိ၍၊ ကမ္ဘာတစ်ဝန်း ရုံးခွဲ ၂၅ ခုအထက် ရှိသည်။ တွစ်တာကို ဂျက် ‌ဒေါ့ဆေး၊ နော့ရှ် ဂလက်စ်၊ ဘဇ် စတုန်းနှင့် အီဗင် ဝီလျံတို့က ၂၀၀၆ ခုနှစ်၊ မတ်လတွင် ဖန်တီးခဲ့ပြီး၊ ဇူလိုင်လတွင် စတင်လွှင့်တင်ခဲ့ရာ ကမ္ဘာအနှံ့ လူပေါင်းများစွာ တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် သန်း ၁၀၀ မကသော တွစ်တာ အသုံးပြုသူများသည် တစ်နေ့လျှင် တွိစ်ပေါင်း သန်း ၃၄၀ ကို တင်ခဲ့ကြပြီး၊ "တွစ်တာရှာဖွေရေးစနစ်" တွင် တစ်နေ့လျှင် ရှာဖွေမှု အကြိမ်ရေပေါင်း ၁.၆ သန်းခန့် ဝန်ဆောင်မှုပေးခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် တွစ်တာသည် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် ၁၀ ခုထဲတွင် ပါဝင်ခဲ့ပြီး၊ "အင်တာနက်၏ ဖုန်းစာတိုပို့စနစ်" ဟု တင်စားခြင်းခံရသည်။ ၂၀၁၆ ခုနှစ်၊ မတ်လတွင် တွစ်တာသုံးသူဦးရေ သန်း ၃၁၀ အထိ ရှိလာသည်။ ၂၀၁၆ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲနေ့တွင် (အသုံးပြုသူများက ကမ္ဘာ့အရှေ့ပိုင်းစံတော်ချိန် ည ၁၀ နာရီတွင် တွိစ်ပေါင်း သန်း ၄၀ တင်ခဲ့ခြင်းဖြင့်) တွစ်တာသည် အရေးကြီးသတင်းအချက်အလက်များ၏ ရင်းမြစ်တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပေသည်။ ယခုအခါ တွစ်တာကို မြန်မာနိုင်ငံမှ စိုင်းစိုင်းခမ်းလှိုင် အပါအဝင် ထင်ရှားသော နိုင်ငံတကာ အနုပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ သတင်းဌာနများက ကျယ်ပြန့်စွာ အသုံးပြုနေကြသော်လည်း၊ မြန်မာနိုင်ငံတွင်မူ အသုံးနည်းနေသည်ဟု ဆိုရပေမည်။October 27, 2022 တွင် Elon Musk မှTwitter ကိုဝယ်ယူခဲ့သည်။ အခြားကြည့်ရန် ဖေ့စ်ဘွတ်ခ် လင့်ခ်အင်န် ကိုးကား အမေရိကန် ဝဘ်ဆိုဒ်များ အန်းဒရိုက် ဆော့ဝဲလ် အိုင်အိုအက်စ် ဆော့ဖ်ဝဲလ်
https://my.wikipedia.org/wiki/%E1%80%90%E1%80%BD%E1%80%85%E1%80%BA%E1%80%90%E1%80%AC
ကညင်တပင်ရွာ၊ ကဿမျှင်ထီဆိပ်ရေကျော်
ကညင်တပင်ရွာ၊ ကဿမျှင်ထီဆိပ်ရေကျော် ကိုးကား ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%8A%E1%80%84%E1%80%BA%E1%80%90%E1%80%95%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BF%E1%80%99%E1%80%BB%E1%80%BE%E1%80%84%E1%80%BA%E1%80%91%E1%80%AE%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA
ဆုံကုန်း (အထက်စု)ရွာ၊ ဆုံကုန်း
ဆုံကုန်း (အထက်စု)ရွာ၊ ဆုံကုန်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%86%E1%80%AF%E1%80%B6%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%20%28%E1%80%A1%E1%80%91%E1%80%80%E1%80%BA%E1%80%85%E1%80%AF%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%AF%E1%80%B6%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
ဂါဘွန်နိုင်ငံ
ဂါဘွန်နိုင်ငံသည် အာဖရိကအလယ်ပိုင်း အနောက်ဘက်တွင် ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အီကွေတာကို ခွလျက် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် အီကွေတာဂီနီနိုင်ငံ၊ မြောက်ဘက်တွင် ကင်မရွန်းနိုင်ငံ၊ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကွန်ဂိုသမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ]]၏ တစိတ်တဒေသဖြစ်သော ဂီနီပင်လယ်ကွေ့သည် အနောက်ဘက်တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၂၇၀,၀၀၀ စတုရန်းကီလိုမီတာ ရှိပြီး ခန့်မှန်းခြေ လူဦးရေမှာ ၁သန်းခွဲခန့် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ လစ်ဗရီဗေးလ်မြို့ ဖြစ်သည်။ ဂါဘွန်သမ္မတနိုင်ငံသည် ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လ ၁၇ရက်နေ့တွင်လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာသည်။ ဂါဘွန်သမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁ဝ၂,၃၁၇ ရှိပြီး ၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၃ဝဝဝဝ ခန့်ရှိသည်။ ဂါဘွန်သည် ပြင်သစ်အီကွေတာ အာဖရိက နယ်လေးခုအနက် အတိုးတက်ဆုံးနိုင်ငံ ဖြစ်သည်။ ဂါဘွန် သမ္မတနိုင်ငံသည် သစ်တောထူထပ်၍ သစ်လုပ်ငန်းတွင် အာဖရိကတိုက်၌ နာမည်ကျော်ကြားသောနိုင်ငံ ဖြစ်သည်။ အဖိုးတန်သစ်များ ထွက်ရှိသည့်အပြင် မန်းဂနိ၊ ယူရေနီယံနှင့် ရေနံတို့ ထွက်ရှိပြီး နိုင်ငံခြားသို့ တင်ပို့ ရောင်းချသည်။ သီးနှံ စိုက်ပျိုးရေးတွင် ကိုကိုး၊ စပါး၊ ငှက်ပျောနှင့် ဆီအုန်းပင်များကို အများအပြား စိုက်ပျိုး၍ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ခဲ့သည်။ ပြည်တွင်း သွင်းကုန်ထက် ပြည်ပသို့ ကုန်ပိုမိုတင်ပို့နိုင်၍ နိုင်ငံစီးပွားရေး အခြေအနေ ကောင်းမွန်လျက် ရှိသည်။ ဂါဘွန်နိုင်ငံသို့ ၁၄၇ဝ ပြည့်နှစ်လောက်မှ အစပြု၍ ဥရောပတိုက်သားများ ရောက်ရှိ အခြေစိုက်ခဲ့ကြသည်။ ပထမတွင် ပေါ်တူဂီလူမျိုးများ ရောက်ရှိခဲ့ကြပြီး နောက်ပိုင်းတွင် ဒပ်ချနှင့် ပြင်သစ်လူမျိုးများ ရောက်ရှိခဲ့ကြသည်။ ၁၈၈၄-၈၅ ခုနှစ် ဘာလင်မြို့၌ ကျင်းပသော ဥရောပတိုက်နိုင်ငံကြီးများ ကွန်ဖရင့်က ဂါဘွန်ကို ပြင်သစ်ပိုင်နယ်ပယ်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၈၅ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်နေ့တွင် ပြင်သစ် လူမျိုးစု သဟာယအဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိသောနိုင်ငံ ဖြစ်လာသည်။ ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင်မူ လွတ်လပ်သော ဂါဘွန်သမ္မတ နိုင်ငံအဖြစ် ကြေညာခဲ့သည်။ ထိုနှစ်အတွင်းတွင်ပင် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ လက်ရှိသမ္မတအွမ္မဗွန်ဂိုသည် နိုင်ငံတွင်း တစ်ပါတီစနစ်ကို ကျင့်သုံးသည်။ ဗွန်ဂိုသည် ၁၉၆၇ ခုနှစ်တွင် ကွယ်လွန်သူ သမ္မတလီယွန်အမ်ဗာကို ဆက်ခံသူဖြစ်သည်။ နိုဘယ်ဆုရ ဒေါက်တာ အယ်လဗတ် ရွိုက်ဇာသည် ၁၉၁၃ ခုနှစ်မှစ၍ ဂါဘွန်နိုင်ငံ၊ လမ်ဗာရိန်းမြို့၌ ကုဋ္ဌရောဂါသည်များအတွက် ဆေးရုံကို တည်ဆောက်ခဲ့လေသည်။ ကိုးကား ဂါဘွန်နိုင်ငံ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အာဖရိကတိုက်ရှိ နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%AB%E1%80%98%E1%80%BD%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ကျွဲကူးရွာ၊ ကျွဲကူးခရားရိုး
ကျွဲကူးရွာ၊ ကျွဲကူးခရားရိုး ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%BD%E1%80%B2%E1%80%80%E1%80%B0%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%BD%E1%80%B2%E1%80%80%E1%80%B0%E1%80%B8%E1%80%81%E1%80%9B%E1%80%AC%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8
ကော့ခပိုရွာ၊ မော်လမြိုင်မြို့နယ်
ကော့ခပိုရွာ()သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကော့ခမယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၄၉၆၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကော့ခမယ်ကျေးရွာအုပ်စုတွင် ကျား ၁၅၄၀ ဦး၊ မ ၂၀၀၃ ဦး၊ လူဦးရေ စုစုပေါင်း ၃၅၄၃ ဦး နေထိုင်သည်။ ကိုးကား မော်လမြိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%B7%E1%80%81%E1%80%95%E1%80%AD%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဆည်သေးတောရွာ၊ စစ်ကိုင်းမြို့နယ်
ဆည်သေးတောရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ပနံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၀၈၈ ဖြစ်သည်။ ကိုးကား စစ်ကိုင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%86%E1%80%8A%E1%80%BA%E1%80%9E%E1%80%B1%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သစ္စာမြိုင်ရွာ၊ လှိုင်းဘွဲ့မြို့နယ်
သစ္စာမြိုင်ရွာ()သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမော့လဲ(မအဲ)(အလယ်)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ဖြစ်သည်။ ကိုးကား လှိုင်းဘွဲ့မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%85%E1%80%B9%E1%80%85%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%98%E1%80%BD%E1%80%B2%E1%80%B7%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပကွဲရွာမရွာ၊ ပကွဲ
ပကွဲရွာမရွာ၊ ပကွဲ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%95%E1%80%80%E1%80%BD%E1%80%B2%E1%80%9B%E1%80%BD%E1%80%AC%E1%80%99%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%80%E1%80%BD%E1%80%B2
ဟူးမြီရွာ၊ သီပေါမြို့နယ်
ဟူးမြီရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဟူးမြီကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၀၀၄၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟူးမြီကျေးရွာအုပ်စုတွင် ကျား ၅၀၆ ဦး၊ မ ၆၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၁၇ ဦးနေထိုင်သည်။ ကိုးကား သီပေါမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AE%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%AE%E1%80%95%E1%80%B1%E1%80%AB%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ခင်ခင်မကြီး (ခန်းပတ်သခင်ကြီး)
ခင်ခင်မကြီးဟုအမည်ရခြင်း ရတနာသိင်္ဃဒိုင်းဝန် (နောင်တွင် ခန်းပတ်မင်းကြီးရာထူးရရှိ)၏ သမီးတော်ကြီးဖြစ်သည်။ ထို့‌ကြောင့် သခင်ကြီးဟုလည်း ချစ်စနိုးဖြင့်ခေါ်ကြသည်။ မြန်မာမင်းများ၏ နန်းဓလေ့ထုံးစံတွင် မှူးမတ်နွယ်ဝင်ဖြစ်လာသော အမျိုးသားများ၏ သမီးများသည် ခင်ခင်ဟူသည့် ဘွဲ့ကို တပ်ခေါ်ခွင့်ရရှိသည့် ထုံးစံရှိခဲ့ရာမှ မမကြီးဟူသည့် မူရင်းနာမည်မှ ခင်ခင်မကြီးဟူ၍ အမည်တွင်လာခဲ့သည်။ မောင်ဖြစ်သူမှာ ဒိုင်းအတွင်းဝန် မောင်ဘိုးကြီးဖြစ်ပါသည်။ ဘဝဖြစ်စဉ် မျိုးရိုး ခန်းပတ်သခင်ကြီးခေါ် ခင်ခင်ကြီး၏ ဖခင်မျိုးရိုးစဉ်ဆက်သည် ပုဂံခေတ်မင်းသမီးနှစ်ပါး၏ အမျိုးအနွယ်မှဆင်းသက်ပေါက်ဖွားလာခဲ့ကြသည်။ တရုတ်ပြေးမင်းလက်ထက်တွင် မွန်ဂို တာတာရန်ကြောင့် အုပ်ချုပ်ရေး တကွဲတပြားဖြစ်နေသည့်အတွက် မင်းသားမင်းသမီးများသည် ဘေးလွတ်ရာသို့တိမ်းရှောင်ကြရရှာသည်။ ထိုအထဲတွင် ခင်ခင်ကြီး၏ ဘိုးဘေးတော်မ မင်းသမီးများလည်းအပါအဝင်ဖြစ်ပါသည်။ ကွယ်လွန် ခင်ခင်မကြီးသည် ၁၂၉၂ခုနှစ် အသက်၈၆နှစ်တွင် ကံကုန်သည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%81%E1%80%84%E1%80%BA%E1%80%81%E1%80%84%E1%80%BA%E1%80%99%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%20%28%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%90%E1%80%BA%E1%80%9E%E1%80%81%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
နန်းအရောင်းရွာ၊ တမူးမြို့နယ်
နန်းအရောင်းရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၆၀၁၅ ဖြစ်သည်။ ဤရွာသည် တိမ်ကောသွားသည်။ ကိုးကား တမူးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%9B%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%99%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကုက္ကုဠသုတ်
ခန္ဓာငါးပါးတို့သည် ပြာပူနှင့် တူကုန်၏-ဟု ရှုမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် ခန္ဓာငါးပါးတို့၌ ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်း၏၊ တပ်မက်မှုကင်းခြင်းကြောင့် (ကိလေသာတို့မှ) လွတ်မြောက်၏။ ကိလေသာတို့မှ လွတ်မြောက်ပြီးသည်ကို သိမြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင် ဖြစ်၏။ မိမိ၏ အာသဝေါကင်းကွာ ရဟန္တာဖြစ်နေသည်ကို သိမြင်လေတော့၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီ၌ ရှုမြင်ပုံ အကျယ်ဟောတော်မူသည့်သုတ်။ ဤသုတ်၌ ဒုက္ခလက္ခဏာကို ဘုရားရှင် ဟောတော်မူပါသည်။ ကိုးကား သံယုတ္တနိကာယ်
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%AF%E1%80%A0%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
ညှောင်ပြိန်ရွာ၊ မင်းရပ်
ညှောင်ပြိန်ရွာ၊ မင်းရပ် ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%8A%E1%80%BE%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%95%E1%80%BA
ကျွန်းဦးရွာ၊ ဆိပ်သာ (ချင်ဘို့)
ကျွန်းဦးရွာ၊ ဆိပ်သာ (ချင်ဘို့) ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%9E%E1%80%AC%20%28%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%98%E1%80%AD%E1%80%AF%E1%80%B7%29
အောက်ကျင်းစုရွာ၊ အဗျင်း
အောက်ကျင်းစုရွာ၊ အဗျင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%97%E1%80%BB%E1%80%84%E1%80%BA%E1%80%B8
လက်မဆိပ်ရွာ
လက်မဆိပ်ရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%BA%E1%80%99%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC
ရှမ်းစုရွာ၊ ကော့မှူး
ရှမ်းစု ကိုးကား ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%B1%E1%80%AC%E1%80%B7%E1%80%99%E1%80%BE%E1%80%B0%E1%80%B8
ဟွေဝှက်ရွာ၊ လွိုင်လင်မြို့နယ်
ဟွေဝှက်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၂၉၆၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပန်ဝိုးကျေးရွာအုပ်စုတွင် ကျား ၈၇၈ ဦး၊ မ ၉၅၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၂၈ ဦးနေထိုင်သည်။ ကိုးကား လွိုင်လင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%BD%E1%80%B1%E1%80%9D%E1%80%BE%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9C%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မိကျောင်းတက်ရွာ၊ သလူချောင်း
မိကျောင်းတက်ရွာ၊ သလူချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%9C%E1%80%B0%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ညောင်ဦးမြို့နယ်
ညောင်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ တောင်ဘက်တွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်ဦးမြို့ဖြစ်သည်။ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံ၊ညောင်ဦးနှင့် ငါ့သရောက်တို့ပါဝင်သည်၊ သမိုင်းကြောင်း ပုဂံ-ညောင်ဦးမြို့သည် ၉ရာစုခန့်တွင် ရွာကြီး ၁၉ရွာ၊ကျေးလက်၁၀၀ကျော်စုစည်းပြီး ပထမနန်းတော်မြို့အဖြစ် တူရွင်းတောင်အရှေ့ဘက် ယုန်လွှတ်ကျွန်း၌လည်းကောင်း၊ ဒုတိယနန်းတော်မြို့ကို သီရိပစ္စယာရပ်၌လည်းကောင်း၊ တတိယနန်းတော်မြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီဟူ၍လည်းကောင်း၊ စတုတ္ထနန်းတော်မြို့ကို ယခုမြို့ရိုးနှင့်တကွ ပုဂံမြို့ဟောင်းတွင်တည်ခဲ့သည်။ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်နှင့် ပုဂံမြို့စည်ပင်သာယာနယ်နိမိတ်ကို ၂၅.၉.၁၉၇၃ ရက်စွဲပါစာများဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် ညောင်ဦးမြို့အားရပ်ကွက်၅ခုဖြင့် စတင်ဖွဲ့စည်းကာ ၂၄-၁၁-၁၉၉၅ခုနှစ်တွင် ရပ်ကွက်တစ်ခုတိုးချဲ့ဖွဲ့စည်းခဲ့သည်။၃၀.၄.၂၀၀၉တွင် ရပ်ကွက်တစ်ခုထပ်မံတိုးချဲ့ကာ ညောင်ဦးမြို့၏ ဧရိယာမှာ ၅၆၁၈ဧကဖြစ်လာသည်။ ပုဂံမြို့အား ၂၅.၉.၁၉၇၃ခုနှစ်တွင် အနော်ရထာရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၂၄.၁၁.၁၉၉၅တွင် သီရိပစ္စယာ၊ရွှေတွင်း၊အရှေ့ရွာနောင်၊ဂန့်ဂါဟူသော ရပ်ကွက်အသစ်၄ခု ထပ်မံဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် မြေဧရိယာ ၆၂၈၉ဧကဖြစ်လာသည်။ ငါ့သရောက်မြို့အား ၂၆.၂.၂၀၀၃တွင် ရပ်ကွက်၄ခုဖြင့်ဖွဲ့စည်းခဲ့သည်။ ပထဝီဝင်အနေအထား မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၁မိနစ်နှင့် ၂၅ဒီဂရီ ၁၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၉မိနစ်နှင့် ၉၅ဒီဂရီ ၁၃မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၄မိုင်၊ တောင်မှမြောက်သို့ ၂၃မိုင်ရှိပြီး ၅၇၂.၇၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။ နယ်နိမိတ် ညောင်ဦးမြို့နယ်၏ အရှေ့မြောက်ဘက်တွင် တောင်သာမြို့နယ်၊ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်တောင်ဘက်တွင် မကွေးတိုင်းရှိ ချောက်မြို့နယ်၊ အနောက်နှင့်အနောက်မြောက်ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မကွေးတိုင်းရှိ ပခုက္ကူမြို့နယ်တို့ တည်ရှိသည်။ မြေမျက်နှာသွင်ပြင် ပင်လယ်ရေမြေနှာပြင်အထက် ပျှမ်းမျှ ၂၀၆ပေအထက်တွင်တည်ရှိကာ မြေနိမ့်မြေပြန့်များနှင့် ကုန်းကမူများရှိသောဒေသဖြစ်သည်။ မြို့နယ်၏ အရှေ့တောင်ဘက်၆မိုင်ခန့်အကွာတွင် အရှည်၁၀မိုင်ခန့်ရှိ၍ အမြင့်၁၁၇၁ပေရှိသော တုရင်တောင်တန်းတည်ရှိသည်။ မြို့နယ်အတွင်းတွင် ရေချိုမြစ်ချောင်းများ ပေါများကာ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုသည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့စီးဆင်းနေသည်။ လူဦးရေ ညောင်ဦးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်း၊ချင်း၊ရခိုင်၊ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၁၀.၉၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။ စီးပွားရေး ညောင်ဦးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံဖြစ်သည်။ ပုဂ္ဂလိကအလုပ်ရုံ၆ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၅၃ခုရှိသည်။ ဈေးများ ညောင်ဦး မဏိစည်သူဈေး စဉ့်ကူဈေး တောင်ဇင်းဈေး ပုဂံ ပုဂံဈေး ငါ့သရောက် ဗိုလ်ချိုဈေး ဈေးကုန်း နှောတွင်း ပို့ဆောင်ဆက်သွယ်ရေး ညောင်ဦးမြို့နယ်အတွင်းတွင် ညောင်ဦးလေဆိပ်တည်ရှိသည်။ ပုဂံယဉ်ကျေးမှုနယ်မြေအတွက် အရေးပါသောဝင်ပေါက်တစ်ခုလည်းဖြစ်သည်။ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ညောင်ဦးအထိခရီးစဉ်များရှိသည်။ ရန်ကုန်နှင့် မန္တလေးမြို့များသို့ နေ့စဉ်ရထားပြေးဆွဲသည်။ ချောက်-ပျဉ်းမနားရထားလမ်းပေါ်တွင်လည်း တည်ရှိသည်။ ညောင်ဦးမှ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊မုံရွာ၊တောင်ကြီးမြို့များသို့လည်းကောင်း၊ ငါ့သရောက်မှ ရန်ကုန်၊မန္တလေးမြို့များသို့လည်းကောင်း ကားများရှိသည်။ ပညာရေး အဆင့်မြင့်ပညာ ယွန်းပညာကောလိပ် (ပုဂံ) အခြေခံပညာ အထက အထက်တန်းကျောင်း ၈ကျောင်းရှိသည်။ အထက ညောင်ဦး အထက ပုဂံ အထက ငါ့သရောက် အထက တောင်ဇင်း အထက စဉ့်ကူ အထက လက်ပန်ခြေပေါ် အထက လက်ဝဲ အထက သပြေအိုင့် အထက(ခွဲ)/အလက အလက (ထ(ခွဲ)) ဖလန်ကန် အလက (ထ(ခွဲ)) တက်မ အလက (ထ(ခွဲ)) ကြအို အလက (ထ(ခွဲ)) မြို့မ အလက (ထ(ခွဲ)) မြင်းကပါ အလက (ထ(ခွဲ)) တောင်တော အလက (ထ(ခွဲ)) ကုလားတဲ အလက (ထ(ခွဲ)) ဂန့်ဂါ အလက (ထ(ခွဲ)) သူကောင်းတည် အလက (ထ(ခွဲ)) ဆည် အလက (ထ(ခွဲ)) ရေလယ်ကျွန်း အလက (ထ(ခွဲ)) ကူရွာ အလက ဖွားစောအနောက် အလက ရွာသစ် အလက သဲပြင်တော အလက စုတည် အလက လက်ထ အလက ရွာသာ အလက ဗြူကြီး အလက ဝက်လူး အလက မြေသင်း အလက တောင်ဘီ အလက ချောင်းရှည် အလက သနပ်ပင် အလက ငါ့မင်းမေး အလက ဒါန်း အလက မြေနီ အလက အနောက်အုံ အလက အိုရင်း အလက ကူတော အလက ကျောက်ပြင်ကန် အလက ကန်ကြီးကုန် အလက ကျွန်းခင်းကြီး အလက ညောင်ပင်ကန် အလက ကန်နီကြီး အလက ကမ္မ အလက ပြတိုင်းတောင်နောက် အလက ပနီတွင်း အလက အရာတော် အမက မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၆၉ကျောင်းရှိသည်။ ကျန်းမာရေး ဆေးရုံများ ညောင်ဦးခရိုင်ဆေးရုံ ငါ့သရောက်ဆေးရုံ တောင်ဇင်းဆေးရုံ စဉ့်ကူဆေးရုံ ထင်ရှားသောနေရာများ ဘုရား၊ပုထိုး၊စေတီများ ရွှေစည်းခုံ အလိုတော်ပြည့် အာနန္ဒာ သဗ္ဗညု ကန်တော့ပလ္လင် ဗူးဘုရား ထီးလိုမင်းလို ဓမ္မံရံကြီး မဟာဗောဓိ မနူဟာ မြစေတီ ဓမ္မရာဇက တုရင်တောင်ဘုရား ငှက်ပစ်တောင် လျောင်းတော်မူ ရွှေဆံတော် လောကနန္ဒာ မြနန္ဒာကျောက်ထီးဘုရား ရှင်ပင်သိမ်တော် ရွှေလျှံပျံ ကိုးကား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ချင်းစိမ်းနှင့် မိဿလင်၊ သူကြင်မှ ကိုယ်ကြင်
ကြိုက်မရှင်၊ ငိုက်မရှက်၊ ငတ်မရှက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ အနက်အဓိပ္ပာယ် အသွင်ချင်း၊ အာနိသင် ထက်မြတ်ပုံချင်း တူညီ၍ ဂုဏ်ရည်တူကြသော ဂျင်းစိမ်းနှင့် မိဿလင်ကဲ့သို့ မိမိနှင့် ဂုဏ်ရည်တူချင်းဖြစ်၍ အောက်ကျို့စရာ မလိုပေ။ ကိုးကား မြန်မာဆိုရိုးစကားများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%20%E1%80%99%E1%80%AD%E1%80%BF%E1%80%9C%E1%80%84%E1%80%BA%E1%81%8A%20%E1%80%9E%E1%80%B0%E1%80%80%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BE%20%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%80%E1%80%BC%E1%80%84%E1%80%BA
ဆားချက်ကလေးရွာ၊ ဆားချက်
ဆားချက်ကလေးရွာ၊ ဆားချက် ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%86%E1%80%AC%E1%80%B8%E1%80%81%E1%80%BB%E1%80%80%E1%80%BA%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%AC%E1%80%B8%E1%80%81%E1%80%BB%E1%80%80%E1%80%BA
နမ့်ဟယ် (ထက်)ရွာ၊ ကျိုင်းတုံမြို့နယ်
နမ့်ဟယ် (ထက်)ရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပတ် (အောက်)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၂၅၅၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းပတ် (အောက်)ကျေးရွာအုပ်စုတွင် ကျား ၁၃၉၈ ဦး၊ မ ၁၂၄၉ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၄၇ ဦးနေထိုင်သည်။ ကိုးကား ကျိုင်းတုံမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%99%E1%80%B7%E1%80%BA%E1%80%9F%E1%80%9A%E1%80%BA%20%28%E1%80%91%E1%80%80%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သီးခြောက်ရွာ၊ ပေါက်မြို့နယ်
သီးခြောက်ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လယ်လန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၅၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လယ်လန်းကျေးရွာအုပ်စုတွင် ကျား ၁၁၆၀ ဦး၊ မ ၁၅၅၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၇၁၇ ဦးနေထိုင်သည်။ ကိုးကား ပေါက်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%B8%E1%80%81%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
တောင်နား(ခ) ကော့ရေခါးရွာ၊ ကော့ကရိတ်မြို့နယ်
တောင်နား(ခ) ကော့ရေခါးရွာ()သည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ခနိမ်းဖော်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၀၄၁၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ခနိမ်းဖော်ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၇၆၅ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၃၆၃၈ ဦး နေထိုင်သည်။ အိမ်ခြေ ၉၈ မှာ နေရောင်ခြည်ဖြင့် မီးလင်းသည်။ ကိုးကား ကော့ကရိတ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%94%E1%80%AC%E1%80%B8%28%E1%80%81%29%20%E1%80%80%E1%80%B1%E1%80%AC%E1%80%B7%E1%80%9B%E1%80%B1%E1%80%81%E1%80%AB%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%B1%E1%80%AC%E1%80%B7%E1%80%80%E1%80%9B%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အောက်ချင်းမြီးရှည်
ကိုးကား အောက်ချင်းငှက်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%8A%E1%80%BA
ကျုံတာရွာ၊ ကျုံတာရှမ်းကွင်း
ကျုံတာရွာ၊ ကျုံတာရှမ်းကွင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AF%E1%80%B6%E1%80%90%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%AF%E1%80%B6%E1%80%90%E1%80%AC%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8
အက်ဒရီနာလိုင်း
အက်ဒရီနာလိုင်း () ဆိုသည်မှာ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားစရာ၊ အန္တရာယ်ရှိသော သို့မဟုတ် ခြိမ်းခြောက်ခံရသည့် အခြေအနေတစ်ခုအတွက် တုံ့ပြန်မှုအနေဖြင့် ဦးနှောက်မှ ထုတ်လွှတ်ပေးသော ဟော်မှုန်းတစ်မျိုးဖြစ်သည်။ Adrenaline သည် သင့်နှလုံးနှင့် ကြွက်သားများဆီသို့ သွေးပို့ရန် သင့်သွေးဖိအားကို တိုးစေသည်။ ၎င်းသည် သင်စိတ်လှုပ်ရှားနေသည့် အခြေအနေတစ်ခုတွင် သင့်ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ရရှိရန် နက်ရှိုင်းစွာ အသက်ရှုရန် မလိုအပ်ဘဲ သင့်အဆုတ်ကို လေရောက်၍ ပိုမိုထိရောက်စွာ အသက်ရှုနိုင်ရန် ကူညီပေးပါသည်။ အန်ဒရီနာလိုင်းကြောင့် သင့်ရင်ဘတ်ထဲမှ နှလုံးခုန်သံကို ခံစားရစေပြီး သင့်ရဲ့နားထဲမှာပါ ရင်ခုန်သံတွေ ကြားလာနိုင်စေသည်။ ကိုးကား ဟော်မုန်းများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%80%E1%80%BA%E1%80%92%E1%80%9B%E1%80%AE%E1%80%94%E1%80%AC%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ကျွန်းကြီးရွာ၊ စဉ့်ကူးမြို့နယ်
ကျွန်းကြီးရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၂၁၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျွန်းကြီးကျေးရွာအုပ်စုတွင် ကျား ၁၀၇၄ ဦး၊ မ ၁၄၅၆ ဦး၊ လူဦးရေ စုစုပေါင်း ၂၅၃၀ ဦးနေထိုင်သည်။ ကိုးကား စဉ့်ကူးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%89%E1%80%B7%E1%80%BA%E1%80%80%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အထက်မီးပေါက်ရွာ၊ ကံမမြို့နယ်
အထက်မီးပေါက်ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၄၄၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကြို့ပင်ကျေးရွာအုပ်စုတွင် ကျား ၁၅၂၆ ဦး၊ မ ၁၅၂၅ ဦး၊ လူဦးရေ စုစုပေါင်း ၃၀၅၁ ဦးနေထိုင်သည်။ ကိုးကား ကံမမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%91%E1%80%80%E1%80%BA%E1%80%99%E1%80%AE%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%B6%E1%80%99%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မဏိရတနာ နီတိများ
မဏိရတနာ နီတိများ ကို ဘိုးရာဇာ (မြန်မာ ၇၁၀-၇၈၃)က ရေးသားခဲ့သည်။ စွမ်းအား အများလူတို့ သည်းမခံနိုင်သောအရာကို သည်းခံနိုင်မှ အကြီးအကဲ ပီသသည်။ သည်းခံခြင်းဟူသော စွမ်းအားကို ကျော်လွန်နိုင်သည့် စွမ်းအား မရှိတော့ချေ။ ရေ နှင့် မီး ရေချမ်းအိုးကဲ့သို့ကျင့်လျှင် အများချစ်ခင်မည်။ မီးကဲ့သို့ကျင့်လျှင် အများကြောက်ရွံ့လေးစား ခံရမည်။ သို့သော် ချစ်ခင်နှစ်သက်ခြင်းကို မခံရရာ။ ဘေးကိုကြိုတင်ရှောင်ပါ ကြံဖန်ကြောက်တတ်သူဟု ထင်ချင်ထင်ပါစေ။ စိုးရိမ်သင့်သောအရာကို စိုးရိမ်သင့်သောအခါများတွင် စိုးရိမ်မကင်းသောစိတ်ဖြင့် ရှောင်သင့်သည်ကို ရှောင်ပါ၊ တင်ကြိုပြုသင့်သည်ကို ပြုပါ။ ချီးမြှောက်ခြင်း လူကောင်းလူတော်ကို ဖော်ထုတ်၍ ချီးမြှောက်ခြင်း ပြုရာ၏။ လူကောင်းလူတော်သည် မိမိအား ချီးမြှောက်သူအား အသက်ကိုပင်စွန့်၍ အကျိုးပြုတတ်သည်။ သူတော်ကောင်းဟူသည် သူတော်သဖြင့် သူ့အပေါ်မှာ ကောင်းသည်ကို တွေ့ကာမျှနှင့် သူတော်ကောင်းဟု မထင်မှတ်ရာ။ အများအပေါ်၌ ကောင်းမှသာ သူတော်ကောင်းမည်ပေသည်။ အကျိုးနှင့် အကြောင်း အကျိုးခံစားလိုလျှင် အကျိုးဖြစ်စေမည့် အကြောင်းကို ပြုရာ၏။ အကျိုးခံစားရမည့် အကြောင်းကို မပြုဘဲ အကျိုးခံစားရန် မဖြစ်နိုင်။ အကြီးအကဲ အကြီးအကဲ မရှိလျှင် ပျက်စီးတတ်သည်။ အကြီးအကဲ များလွန်းလျှင်လည်း ပျက်စီးတတ်သည်။ မိန်းမကြီးစိုးလျှင်လည်း ပျက်စီးတတ်သည်။ လူငယ်ကြီစိုးလျှင်လည်း ပျက်စီးတတ်သည်။ သတိနှင့် ဝီရိယ ပညာရှိတို့ကား စိုးရိမ်သင့်သည်ကို အရာအားလျော်စွာ အခါအားလျော်စွာ သတိဝီရိယကို လက်ကိုင်ပြုသဖြင့် ဘေးရန်ဥပဒ်ကင်းကွာလျက် အကျိုးဖြစ်ထွန်းလေသည်။ သူမိုက်တို့ကား စိုးရိမ်မရှိ ပေါ့တန်ဘိသဖြင့် အန္တရာယ်ရောက်လျက် အကျိုးပျက်ရလေသည်။ မိတ်ဆွေပီသမှု မိတ်ဆွေမပီသသော၊ စိတ်ပြောင်စိတ်လွယ်သော၊ သဘောထားမမှန်သောသူ အဖြစ်နှင့် အသက်တစ်ရာနေရသော်လည်း ဂုဏ်သတင်းမတည် အသက်တိုသည် ဆိုရာ၏။ မိတ်ဆွေပီသစွာ အကျိုးဆောင်လျက် သဘောထား တည်မြဲမှန်ကန်သူအဖြစ် တစ်ရက်တစ်လမျှ နေရစေကာမူ အသက်တစ်ရာနေရသူထက် သူ၏ ဂုဏ်သတင်းမှာ သားစဉ်မြေးဆက် အရှည်တည်သည်။ ရိုးဖြောင့်ခြင်း မဖြောင့်မတ်သော စီးပွားရှာခြင်းဖြင့် ချမ်းသာကြွယ်ဝသူထက် ရိုးဖြောင့်စွာ စီးပွားရှာလျက် ဆင်းရဲစွာနေရသူက မြင့်မြတ်သည်။ မရိုးမဖြောင့် စီးပွားရှာလျက် ကြွယ်ဝသူကား မကောင်းသတင်းဖြင့် ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေ ဖြစ်ရာ၏။ လူကဲခတ်နည်း စကားပြောသံကို ကြားရသဖြင့် လိမ္မာသည်၊ မလိမ္မာသည်၊ ကောက်ကျစ်သည်၊ ဖြောင့်မတ်သည်ကို သိရာ၏။ အနေအထိုင်ကို မြင်သဖြင့် ပေါ့တန်သည်၊ အမူအကျင့်ညံ့သည်၊ လောဘကြီးသည်ကို သိရာ၏။ ရိုသေခြင်း ကြောက်၍ရိုသေခြင်းကို အလိုမရှိရာ၊ ချစ်၍ရိုသေခြင်းကို အလိုရှိရာ၏။ သူတော်ကောင်းတို့သဘော သူတော်ကောင်းကား ကုန်းစကားကို ယုံခဲ၏။ အပြစ်သော်ကား သည်းခံနိုင်၏။ ဒေါသဖြစ်ဖွယ်တွေ့သော်လည်း ချစ်ခင်မြဲ။ အနီးကပ် မပေါင်းအပ်သူ ကောင်းရာကောင်းကြောင်းတိုင်ပင်သည်ကို ဖျက်ဆီးတတ်၏။ မဆင်ခြင်မစဉ်းစားဘဲ ပြောဆိုတတ်၏။ နှုတ်မစောင့်တတ်။ စဉ်းလဲကောက်ကျစ် လျှို့ဝှက်တတ်၏။ အပြောအဆို ကြမ်းတမ်း၏။ ဒေါသကြီး၏။ ဤသူများအား မိတ်မဖွဲ့ရာ အနီးကပ် မပေါင်းရာ။ မိုက်လွန်းသူနှင့် အလိမ္မာပိုသူ မိုက်လွန်းလျှင်လည်း အရာမရောက် ပျက်တတ်သည်။ လိမ္မာလွန်းလျှင်လည်း အရာရောက်လွန်း၍ ပျက်တတ်သည်။ နှိုင်းနှိုင်းချိန်ချိန် ပြုတတ်မှသာ အကျိုးဖြစ်ထွန်းမည်။ ချီးမွမ်းခြင်း ချီးမွမ်းတတ်မှ ပညာရှိ ပီသသည်။ ဆရာကို ရှေ့တွင်ပင် ချီးမွမ်းရာ၏။ မိတ်ဆွေကို ကွယ်ရာမှာ ချီးမွမ်းရာ၏။ အမှုထမ်းကို လုပ်ကိုင်စဉ်မှာ ချီးမွမ်းရာ၏။ ဂုဏ်ဟူသည် ကိုယ်ကိုစောင့်ရှောက်သကဲ့သို့ ဂုဏ်သတင်းကို စောင့်ရှောက်ရာ၏။ ကိုယ်ကား အသက်မဲ့သော် မတည်နိုင်၊ ပျောက်ပျက်ရာ၏။ ဂုဏ်သတင်းကား ဥဒါန်းမကျေ ရှိရာ၏။ သေသောရှင်သောနေ့ သူယုတ်ကို အကျွမ်းဝင်သောနေ့သည် သေသောနေ့မည်၏။ ပညာရှိသူတော်ကောင်းနှင့် ကျွမ်းဝင်ရသော်နေ့သည် အသက်တစ်ဖန် ပြန်ရှင်သောနေ့ မည်၏။ ဆိုခဲ၊ မြဲစေ ဆိုလွယ်ပြုလွယ်ခြင်းကား မှားခဲ့သော် လုံးလုံးမှားရာ၏။ ဆိုခဲပြုခဲသော် မှားသော်လည်း လုံးလုံးမမှားပေ။ တွေးတောဆင်ခြင်မှု တွေးတောခြင်းသည် စိတ်ပျံ့လွင့်မှုတစ်မျိုးသာ ဖြစ်သည်။ ဆင်ခြင်မှုသည် တွေးတောခြင်းနှင့် တခြားစီ ဖြစ်၏။ တွေးတောရာတွင် ပညာမယှဉ်သည်က များသည်။ ဆင်ခြင်မှုမှာ ပညာပါသည်။ ဆင်ခြင်မှုသည် တွေးတောခြင်းကဲ့သို့ ရောက်တတ်ရာရာ အာရုံပြုရာနောက် မလိုက်ပါ။ တစ်ခုသော အရာကိုသာ အာရုံပြု၍ ခွဲခြမ်းစိတ်ဖြာ စိစစ်ခြင်းသည်ပင် ဆင်ခြင်မှု ဖြစ်သည်။ အဆိပ် မြွေအဆိပ်သည် အစွယ်မှာ ရှိသည်။ ကင်းမြီးကောက်အဆိပ်သည် အမြီးမှာ ရှိသည်။ မိန်းမယုတ်၏အဆိပ်သည် နှုတ်ဖျားမှာ ရှိသည်။ လူယုတ်မာတို့၏ အဆိပ်သည်ကား ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးတွင် ရှိသည်။ သားကောင်းသမီးကောင်း “အဘိုးရာဇာ၊ လူတို့တွင်မိကောင်း၊ ဖကောင်း သားသမီးကား ဖြစ်လွယ်၏”။ “သားကောင်းသမီးကောင်းတို့၏ မိဘမူကား အလွန်ပင် ဖြစ်ခဲသည် မဟုတ်တုံလော”ဟု မင်းကြီးခေါင်မှ မေးတော်မူ၏။ ကိုးကား မြန်မာစာပေ
https://my.wikipedia.org/wiki/%E1%80%99%E1%80%8F%E1%80%AD%E1%80%9B%E1%80%90%E1%80%94%E1%80%AC%20%E1%80%94%E1%80%AE%E1%80%90%E1%80%AD%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းဖွံ့ဖြိုးရေး အဖွဲ့
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းဖွံ့ဖြိုးရေး(International Civil Aviation) မှ ဦးစီးကာ ၁၉၄၄ တွင်အစည်းအဝေးကြီးတစ်ခုပြုလုပ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းဖွံ့ဖြိုးရေး အဖွဲ့ (International Civil Aviation Organization) အား စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ တွင် ရုံးချုပ်ရှိရာ နေရာအား ကနေဒါနိုင်ငံ မွန်ထရီယိုမြို့(Montreal) တွင် အခြေစိုက်ခဲ့သည်။ လေယာဉ်ပျံများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ လေယာဉ်ကွင်းအသစ်များ ဖေါက်လုပ်ရာတွင်လည်းကောင်း၊ အန္တာရာယ်ကင်းဝေးစေ ရန်အတွက် စံချိန်စံညွှန်းများကို သတ်မှတ်ပေးခဲ့သည်။ ယခုအခါ ကုလသမဂ္ဂအဖွဲ့၏ အထူးအေဂျင်စီအဖွဲ့တစ်ခုဖြစ်လာပြီး အဓိကအားဖြင့် လေဆိပ်များပိုမိုဖွံ့ဖြိုးတိုးတက်လာရန် လုပ်ဆောင်လျက်ရှိသည်။ အဖွဲ့တွင် အစည်းအဝေး(Assembly) နှင့် ကောင်စီ(Council) ဟူ၍ အဓိကနှစ်ပိုင်းပြန်ခွဲထားသည်။ ကိုးကား ကုလသမဂ္ဂ ပြင်ပလင့်ခ်များ International Civil Aviation Organization website ကုလသမဂ္ဂ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%20%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%95%E1%80%BC%E1%80%9C%E1%80%B1%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%B6%E1%80%B7%E1%80%96%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%20%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7
ဂုံညှင်းတောင်ရွာ၊ စလင်းမြို့နယ်
ဂုံညှင်းတောင်ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အင်ကျင်းပင်လှကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၆၆၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အင်ကျင်းပင်လှကျေးရွာအုပ်စုတွင် ကျား ၁၈၅၉ ဦး၊ မ ၁၉၉၅ ဦး၊ လူဦးရေ စုစုပေါင်း ၃၈၅၄ ဦးနေထိုင်သည်။ ကိုးကား စလင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%AF%E1%80%B6%E1%80%8A%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဝမ်ဖာခါးရွာ၊ မိုင်းလားမြို့နယ်
ဝမ်ဖာခါးရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ်၊ ဝမ်ဖာခါးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၃၄၆၅ ဖြစ်သည်။ ကိုးကား မိုင်းလားမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%96%E1%80%AC%E1%80%81%E1%80%AB%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AC%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရွှေချိန်စုရွာ၊ ငနီ (တောင်)
ရွှေချိန်စုရွာ၊ ငနီ (တောင်) ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%84%E1%80%94%E1%80%AE%20%28%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%29
ရွှေပန်းခိုင်ရွာ၊ တောင်မင်းကုလား
ရွှေပန်းခိုင်ရွာ၊ တောင်မင်းကုလား ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AF%E1%80%9C%E1%80%AC%E1%80%B8
တစ်တီးတူးချောင်းရွာ၊ တကုန်းကြီး
တစ်တီးတူးချောင်းရွာ၊ တကုန်းကြီး ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%90%E1%80%85%E1%80%BA%E1%80%90%E1%80%AE%E1%80%B8%E1%80%90%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ပန်ဝိုး (၂)ရွာ၊ တန့်ယန်းမြို့နယ်
ပန်ဝိုး (၂)ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ ပန်လောင်း ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၉၇၁၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပန်လောင်း ကျေးရွာအုပ်စုတွင် ကျား ၂၆၅၆ ဦး၊ မ ၂၇၇၂ ဦး၊ လူဦးရေ စုစုပေါင်း ၅၄၂၈ ဦးနေထိုင်သည်။ ကိုးကား တန့်ယန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%94%E1%80%BA%E1%80%9D%E1%80%AD%E1%80%AF%E1%80%B8%20%28%E1%81%82%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%94%E1%80%B7%E1%80%BA%E1%80%9A%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA