title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
အောက်စုရွာ
အောက်စု ကိုးကား အောက်စု ကိုးကား အောက်စု ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC
အဝိတက္ကသုတ်
အရှင်အာနန္ဒာက အရှင်သာရိပုတ္တရာ၏ ဣန္ဒြေကြည်လင်ခြင်း, မျက်နှာအဆင်း စင်ကြယ် တောက်ပသော နေခြင်းကို မေးလျှောက်သဖြင့် အရှင်သာရိပုတ္တရာက ဟောတော်မူသည့်သုတ်။ ကိုးကား သံယုတ္တနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9D%E1%80%AD%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
စိတ်ရောဂါပညာ
စိတ်ရောဂါပညာ () သည် ဆေးပညာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ စိတ်ရောဂါပညာ၏ အခြေခံပြဿနာမှာ စိတ်ဓာတ်လှုပ်ရှားမှု၊ စိတ်မကျေနပ်မှုနှင့် မကျန်းမာသဖြင့် ဖြစ်ပွားတတ်သော စိတ် ရောဂါများ၏ အကြောင်းရင်း များကို ရှာဖွေကုသရန် ဖြစ်လေသည်။ ဤကဲ့သို့ကုသရာတွင် ဖေါက်လှဲ ဖေါက်ပြန်ဖြစ်မှုများ၏ အခြေခံအချက်အလက်များကို လူနာများ အတိတ်က အကြောင်းများနှင့် စပ်လျဉ်း၍ စိတ်ရှည် လက်ရှည် မေးမြန်းခြင်း ထုတ်ဖော်နိုင်ရန် ရည်သန်လေသည်။ လူကောင်းများဟု ထင်ရသူများ၌ စိတ်မသိမသာဖေါက်ပြန်နေသူ အများအပြားရှိလေသည်။ အကြောင်းမူကား၊ အချို့သော သူတို့သည် မိမိတို့၏ စိတ်တွင် ဖြစ်ပေါ်ခံစားရသော အာရုံများကို ချုပ်တည်းဖိနှိပ်ရလွန်းဖြင့် အခဲမကျေချက် အမျိုးမျိုးသည် 'မသိစိတ်'၌ ကိန်းဝပ်နေတတ်၏။ ထိုမကျေနပ်ချက်များ စုပေါင်း၍ အင်အားများလာသောအခါ စိတ်ကို ဒုက္ခပေးသဖြင့် သောကပိုခြင်း၊ မပျော်ပိုက်ခြင်း၊ မကြည်နူးခြင်းစသော ပြင်းထန်သည့် စိတ်ရောဂါများ စွဲကပ်လာတတ်၏။ ဤဝေဒနာများကို နားလည်အောင်ကြိုးစားကုသရန် အထူးလိုအပ်လှပေသည်။ အချို့သောသူများသည် အရက်သေစာကို အလွန်အကျွံ သောက်စားကြသဖြင့် အရက်သေစာတွင်ပါသော အရက်ပျံကြောင့် ဦးနှောက်အင်အား ကုန်ခန်းနွမ်းနယ်လာတတ်၏။ ထိုသူမျိုးများသည်လည်း စိတ်နှင့်ဆိုင်သော ဝေဒနာစွဲကပ်တတ် သဖြင့် တင်ကြိုသတိထားကာ ကုသရန်လိုအပ်၏။ မိဘနှင့် သားသမီး ဆက်ဆံပုံ ချွတ်ယွင်းမှုကြောင့် အချို့သူငယ်များသည် စိတ်ပျက်ပြား၍ စာရိတ္တ ပေါ့တန်ကာ ရာဇဝတ်မှုကျူးလွန်တတ်ကြ၏။ တစ်ကြိမ်မှ နှစ်ကြိမ်ရာဇဝတ်မှု ကျူးလွန်မိသောအခါတွင်လည်း လူဆိုးကြီးများ ဖြစ်သွားတတ်၏။ ဤသူငယ်များအား သူတို့၏ ပတ်ဝန်းကျင် အခြေအနေက မည်ကဲ့သို့ပြုပြင်ခဲ့၍ ဤသို့ဖြစ်ရသည်ကို သေချာစွာ လေ့လာ ကုစားပေးရန်လိုပေသည်။ ထို့ကြောင့်ပင်လျှင် ကလေးသူငယ်များ စိတ်ကြံ့ခိုင်အောင် ပြုပြင်မှု၊ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင် လမ်းညွှန်မှုစသည်များ ပြုလုပ်ပေးရန် လိုအပ်၏။ ဤပြဿနာမျိုးများတွင် ကလေးတို့၏ စိတ်ကို စိတ်ရောဂါပညာအကူအညီဖြင့် ကုစားဖြေရှင်းပေးရလေသည်။ ထို့ပြင်စက်မှုလက်မှုထွန်းကားသောနိုင်ငံများရှိ စက်ရုံအလုပ်သမားများသည် လုပ်သက်ရှည်လာသည်နှင့်အမျှ အဆက် မပြတ်ကြားနာရသော စိတ်တုန်လှုပ်ဖွယ် စက်သံကြီးများကြောင့် စိတ်နှင့်ဆိုင်သည့် ရောဂါ ဝေဒနာစွဲကပ်ခံစားရတတ်၏။ ထိုအခါတွင် အလုပ်ရှင်သည် အလုပ်သမားအားသင့်လျော်သော လျော်ကြေးများ ပေးရန်လိုပေသည်။ ထို့ပြင် အလုပ်ရှင်နှင့် လုပ်သားဆက်ဆံမှု တိုးတက်လာစေနိုင်သည့် နည်းစနစ်များကိုလည်း ရှာဖွေရန်လို၏။ အခြားအခြားသော အလုပ်သမား ပြဿနာများစွာတို့ကိုလည်း ဖြေရှင်းရန်လို၏။ ဖော်ပြပါ ပြဿနာကြီးငယ်များသည် စိတ်ရောဂါပညာ အကူအညီကိုယူ၍ ဖြေရှင်းရန်လိုအပ်သော ပြဿနာများဖြစ်၏။ အချို့ခေတ်မီနိုင်ငံကြီးများတွင် ဤပြဿနာမျိုးကို စိတ်ရောဂါပညာ အကူအညီဖြင့် လေ့လာ ဖြေရှင်းနေကြပေပြီ။ စိတ်ရောဂါကုနည်း အမျိုးမျိုးရှိ၏။ ခေတ်သစ် ဆရာဝန်များသည် ဝေဒနာရှင်၏ အတိတ်ကာလ အတွေ့အကြုံ အဖြစ်အပျက်များကို မေးမြန်းလေ့လာခြင်းဖြင့် ရောဂါ၏ အကြောင်း ရင်းကို ဖော်ထုတ် ကုသရန်ကြိုးစားကြ၏။ အချို့ဆရာဝန်များကား လူနာကို ရုတ်တစ်ရက် တုန်လှုပ် နာကျင်အောင်လုပ်သောနည်းဖြင့် ရောဂါအကြောင်းရင်းကို ရှာဖွေကုသကြ၏။ အင်ဆူလင်ကဲ့သို့သော ဆေးမျိုးထိုး၍ ဝေဒနာရှင်၏ ကိုယ်ခန္ဓာ၌ ရုတ်တစ်ရက်နာကျင် တုန်လှုပ်မှု ခံစားရအောင် ဖန်တီးကြ၏။ ယခုအခါ၌မူ ထိုးဆေးအစား လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ ကုသကြ၏။ အချို့ကလည်း ဆိုဒီယမ် ကဲ့သို့သော အိပ်မွေ့ဆေးများကိုသုံး၏။ ဆေးထိုးလိုက်လျှင် လူနာသည် အတိတ်ကာလက မိမိတွေ့ကြုံခဲ့ရသောအဖြစ် အပျက်များကို လွတ်လပ်စွာ ပြန်လည်ပြောဆိုလေတော့သည်။ အချို့စိတ်ရောဂါဆိုင်ရာ ဆရာဝန်များသည် စိတ်ညှို့နည်း ဖြင့် ကုသကြ၏။ နောက်ဆုံးပေါ် နည်းတစ်နည်းမှာ ပြဇာတ် တဇာတ်ဖန်တီး၍ လူနာကိုပါဝင်ကပြစေလျက် ကိုယ်နှုတ်အမူအရာများကို အကဲခတ်လေ့လာခြင်းဖြင့် အတွင်းသဘော ရောဂါ၏အကြောင်းအရင်းကို သိရှိအောင် ကြိုးစားထုတ်ဖော်၍ ကုသသော နည်းဖြစ်လေသည်။ စိတ်ရောဂါပညာသည် ယခုအခါ စစ်တပ်များအတွက် အလွန်အရေးပါသော ပညာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စစ်အတွင်း ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်များနှင့် ရင်ဆိုင်ခဲ့ရသော စစ်သားတို့တွင် စိတ်နှင့်ဆိုင်သော ဝေဒနာအမျိုးမျိုး စွဲကပ်နေတတ်၏။ ထို့ကြောင့်ပင် စစ်တွင်းကာလ၌၎င်း၊ စစ်ပြီးကာလ၌၎င်း၊ စစ်သားတို့၏ စိတ်ရောဂါများကို ဂရုစိုက်ကုစားရန် အလွန်လိုအပ်ပေသည်။ ရှေးခေတ်က စိတ်မကောင်းသူများကို မကောင်းဆိုးရွား ဝင်ရောက်ပူးကပ်နေသည်ဟူ၍ ရက်ရက်စက်စက် ပြုမူတတ်ကြ၏။ သို့ရာတွင် မည်သို့မျှဆေးကုသပေးခြင်း မရှိခဲ့ချေ။ စိတ်နှင့်ဆိုင်သော ရောဂါများရှိသည်ဟု စတင်ရိပ်စားမိသူမှာ ယိုဟန်းဗိုင်ယာ ဆိုသူဖြစ်၏။ ၁၆ဝဝ ပြည့်နှစ်တွင် ဗိုင်ယာက စုန်းမများသည် စိတ်မနှံ့သူများသာဖြစ်သည်ဟု ပြောဆိုခဲ့၏။ ထို့ကြောင့်ပင် သူ့အားခေတ်သစ် စိတ်ရောဂါပညာကို ပထမဆုံး စတင်လိုက်စားသူဟု ခေါ်ကြ၏။ အမေရိကန်တော် လှန်ရေးစစ်ပွဲများတွင် ဂျော့ဝါရှင်တန်၏တပ်၌ အမှုထမ်းခဲ့ဘူး သော ဗင်ဂျမင် ရတ်ဆိုသူသည်လည်း စိတ်ရောဂါပညာကို ပထမဆုံးစတင်လိုက်စားသူများတွင် တစ်ဦးအပါအဝင်ဖြစ်၏။ ထို့နောက် ပြင်သစ်လူမျိုး ဖိလစ် ပီနယ်သည် စိတ်ရောဂါကုထုံး များကို ပိုမိုတိုးတက်အောင် ပြုပြင်ကြိုးပမ်းခဲ့၏။ ၁၈ဝဝ ပြည့်နှစ်တွင် ဂျီအင်း မာတင် ရှားကိုး ဆိုသူသည် အာရုံကြောနှင့် ဆိုင်သော ရောဂါများ၊ စိတ်ချောက်ချား ရောဂါများအတွက် အခြေခံသုတေသနများ ပြုခဲ့လေသည်။ ထိုနှင့်တစ်ချိန်တည်းလောက်တွင် အမေရိကန်ပြည်နယ်များ စစ်ပွဲ၌ပါဝင်ဆင်နွဲခဲ့ဘူးသူ ဝီယာ မစ်ချယ်သည် စိတ်ရောဂါပညာ၏ အခြေခံသဘောတရားများကို ရှာဖွေတွေ့ရှိ ခဲ့၏။ စိတ်ရောဂါပညာလောကတွင် အရေးပါအရာရောက်ဆုံးသောသူကား၊ ဩစတြီးယန်းလူမျိုး ဇိဂမွန့် ဖရွိုက် (၁၈၅၆-၁၉၃၉) ဖြစ်၍၊ စိတ်ရောဂါသုတေသနများပြုခြင်း၊ စိတ်ခွဲခြားစိစစ်ခြင်း၊ စိတ်ရောဂါ လက္ခဏာ အကြောင်းရင်းများကို ရှာဖွေခြင်း စသည်တို့ဖြင့် ပညာကြီး တစ်ရပ်ဖြစ်လာအောင် ဖန်တီးခဲ့ လေသည်။ ကိုးကား စိတ်ပညာ စိတ်ကျန်းမာရေး ဆေးပညာအထူးပြုများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%90%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB%E1%80%95%E1%80%8A%E1%80%AC
မန်နာတံတား
မန်နာတံတား သည် သီရိလင်္ကာနိုင်ငံ အနောက်မြောင်ပိုင်းတွင် တည်ရှိသည့် တံတားတစ်ခု ဖြစ်သည်။ မန်နာကျွန်းနှင့် ပြည်မကုန်းမြေကို ဆက်သွယ်ပေးထားသည်။ ဤတံတားသည် လူဦးရေသိပ်သည်းသည့် ကျွန်းသို့ဆက်သွယ်ထားသည့် တစ်ခုတည်းသော တံတားဖြစ်သည်။ သမိုင်း တံတားသည် သွားလမ်းတစ်ခုသာ ပါဝင်ပြီး ကျဉ်းသည်။ ၁၉၃၀ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ မန်နာကျွန်းနှင့် ပြည်မကုန်းမြေကို ဆက်သွယ်ထားသည်။  Liberation Tigers of Tamil Eelam ၏ ပုန်ကန်မှုများဖြစ်ပေါ်ပြီးနောက်တွင် ဤတံတား၏အစိတ်အပိုင်းများကို ၁၉၉၀ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့သည်။ ယာယီဘေလီတံတားကို တည်ဆောက်ပေးခဲ့ပြီး ထိုဘေလီတံတားသည် ၁၀ တန်အထက် အလေးချိန်ရှိသည့် ယာဉ်များကို ခံနိုင်ဝန် မရှိပေ။ ၂၀၀၇ တွင် ထိုနေရာတွင် တံတားအသစ်ကို တည်ဆောက်ရန် စီစဉ်ခဲ့ကြသည်။ တံတားသစ် တည်ဆောက်မှုကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည်။ သို့သော် သီရိလင်္ကာပြည်တွင်းစစ်သည် ပြန်လည်ဖြစ်ပွားလာပြန်သဖြင့် ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် ရပ်ဆိုင်းခဲ့ရသသည်။ ပြည်တွင်းစစ်ပြီးဆုံးနောက်တွင် တည်ဆောက်မှုကို ပြန်လည်စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ် မတ်လတွင် ပြီးစီးခဲ့သည်။ တစ်ချိန်တည်းမှာပင် ပင်မလမ်းကို ၁၁ မီတာအကျယ်၊ ၃.၁၄ ကီလိုမီတာအရှည် တိုးချဲ့ခဲ့သည်။ တံတားကို ၂၀၁၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ တံတားရှိ လမ်းကြောင်းနှစ်ခုသည် ၁၅၇ မီတာ (၅၁၅ ပေ) ရှည်ကာ ၁၀.၄ မီတာ (၃၄ ပေ) ကျယ်သည်။ တံတားတည်ဆောက်ကုန်ကျစားရိတ်သည် ရူပီ ၂.၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂ သန်း) ဖြစ်သည်။ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်းအေဂျင်စီ JICA က ငွေကြေးထောက်ပံ့ထားသည်။ ဤတံတားသည် A14 Medawachchiya - Talaimannar လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ကိုးကား သီရိလင်္ကာနိုင်ငံရှိ တံတားများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%BA%E1%80%94%E1%80%AC%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8
လိုးဖေရွာ၊ တီးတိန်မြို့နယ်
လိုးဖေရွာ()သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခေါ်ဆပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၄၇၁၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ခေါ်ဆပ်ကျေးရွာအုပ်စုတွင် ကျား ၃၆၆ ဦး၊ မ ၃၈၇ ဦး၊ လူဦးရေ စုစုပေါင်း ၇၅၃ ဦး နေထိုင်သည်။ ကိုးကား တီးတိန်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%AF%E1%80%B8%E1%80%96%E1%80%B1%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%AE%E1%80%B8%E1%80%90%E1%80%AD%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အိရှိဒိုရိယဘူတာ
အိရှိဒိုရိယဘူတာ (石鳥谷駅 အိရှိဒိုရိယ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ အိဝတဲခရိုင်၊ ဟနမခိမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%9B%E1%80%BE%E1%80%AD%E1%80%92%E1%80%AD%E1%80%AF%E1%80%9B%E1%80%AD%E1%80%9A%E1%80%98%E1%80%B0%E1%80%90%E1%80%AC
တိန်ဘုရားရွာ၊ မိုးမောက်မြို့နယ်
တိန်ဘုရားရွာ()သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တိန်ဘုရားကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၇၂၃၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တိန်ဘုရားကျေးရွာအုပ်စုတွင် ကျား ၈၉၁ ဦး၊ မ ၈၃၀ ဦး၊ လူဦးရေစုစုပေါင်း ၁၇၂၁ ဦး နေထိုင်သည်။ ကိုးကား မိုးမောက်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%94%E1%80%BA%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ညောင်ဝန်းရွာ၊ တံတားဦးမြို့နယ်
ညောင်ဝန်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ နွားတော်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၁၁၂၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နွားတော်ကုန်းကျေးရွာအုပ်စုတွင် ကျား ၆၆၉ ဦး၊ မ ၇၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၄၃၆ ဦးနေထိုင်သည်။ ကိုးကား တံတားဦးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သုခဒီပရွာ၊ မြောင်မြို့နယ်
သုခဒီပရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ မြစ်သာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၂၈၆ ဖြစ်သည်။ ကိုးကား မြောင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AF%E1%80%81%E1%80%92%E1%80%AE%E1%80%95%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နမ့်ကန်ရွာ၊ နမ္မတူမြို့နယ်
နမ့်ကန်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၀၃၈၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆိုက်ခေါင်ကျေးရွာအုပ်စုတွင် ကျား ၈၄၉ ဦး၊ မ ၉၁၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၇၆၇ ဦးနေထိုင်သည်။ ကိုးကား နမ္မတူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%99%E1%80%B7%E1%80%BA%E1%80%80%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
Krol Ko
Krol Ko (Khmer: ƙLJǒទេƙƳលេƵ) သည် ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောတွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၁၂ ရာစု အဆုံးပိုင်းတွင် Jayavarman VII ၏ ကြီးကြပ်မှုဖြင့် တည်ဆောက်ခဲ့သည်။ ကိုးကား ဗုဒ္ဓဘာသာ ဘုရားကျောင်း ဆောင်းပါးတိုများ
https://my.wikipedia.org/wiki/Krol%20Ko
ကုန်းပေါင်းရွာ၊ မိုင်းပိုင်
ကုန်းပေါင်းရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ မိုင်းပိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၅၈၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းပိုင်ကျေးရွာအုပ်စုတွင် ကျား ၆၅၇ ဦး၊ မ ၇၁၃ ဦး၊ လူဦးရေ စုစုပေါင်း ၁၃၇၀ ဦးနေထိုင်သည်။ ကိုးကား လားရှိုးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
တာလပေါဟင်း
တာလပေါဟင်းသည် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအစားအစာ ဖြစ်သည်။ မူလပထမတွင် ကြိမ်ဖူးကို အဓိကထား၍ ချက်ပြုတ်သော ဟင်းလျာတစ်မျိုး ဖြစ်သည်။ ပါဝင်သောပစ္စည်းများ ဆန် ငါးရံ့ (သို့) ငါးကြင်း ကန်စွန်းရွက် ချဉ်ပေါင် ပဲရွက် ဆူးပုတ်ရွက် မျှစ်ပြုတ် ဓညင်းသီးပြုတ် ငံပြာရည် မျှင်ငါးပိ ငရုတ်သီးစိမ်းတောင့် ပင်စိမ်း စပါးလင် ပင်စိမ်း ဆား ငရုပ်ကောင်း ကိုးကား အစားအစာ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%9C%E1%80%95%E1%80%B1%E1%80%AB%E1%80%9F%E1%80%84%E1%80%BA%E1%80%B8
​လေးဆူရွာ၊ လေးဆူ
လေးဆူရွာ၊ လေးဆူ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E2%80%8B%E1%80%9C%E1%80%B1%E1%80%B8%E1%80%86%E1%80%B0%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%B1%E1%80%B8%E1%80%86%E1%80%B0
ကြံချိန်ရွာ၊ စစ်တော
ကြံချိန်ရွာ၊ စစ်တော ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%B6%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%B1%E1%80%AC
ဝမ်ကျောင်းရွာ၊ ဝမ်ဝပ်
ဝမ်ကျောင်းရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဝပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၄၁၇၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝမ်ဝပ်ကျေးရွာအုပ်စုတွင် ကျား ၂၄၂၄ ဦး၊ မ ၂၆၉၆ ဦး၊ လူဦးရေ စုစုပေါင်း ၅၁၂၀ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား ကျေးသီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9D%E1%80%99%E1%80%BA%E1%80%9D%E1%80%95%E1%80%BA
မော်ထုတ်ကြီးရွာသစ်ရွာ၊ သဲချောင်း
မော်ထုတ်ကြီးရွာသစ်ရွာ၊ သဲချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%9E%E1%80%85%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%B2%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ညောင်ငုတ်တို
ညောင်ငုတ်တို ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%AF%E1%80%90%E1%80%BA%E1%80%90%E1%80%AD%E1%80%AF
ကျောင်းစုရွာ၊ သရက်တပင် (မြောက်)
ကျောင်းစုရွာ၊ သရက်တပင် (မြောက်) ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%9B%E1%80%80%E1%80%BA%E1%80%90%E1%80%95%E1%80%84%E1%80%BA%20%28%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%29
လမိုင်းဖျားရွာ၊ သံတောင်ကြီးမြို့နယ်
လမိုင်းဖျားရွာ()သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ရေတံခွန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၀၃၂၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရေတံခွန်ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၉၆ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၁၀၉၅ ဦး နေထိုင်သည်။ ကိုးကား သံတောင်ကြီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BB%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အုန်းတောရွာ၊ အငူ
အုန်းတောရွာ၊ အငူ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%84%E1%80%B0
အင်ပင်သာရွာ၊ ကောလင်းမြို့နယ်
အင်ပင်သာရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အင်ပင်သာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၄၉၉၃ ဖြစ်သည်။ ကိုးကား ကောလင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%9E%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%B1%E1%80%AC%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
စောင်ဝီးဝရွာ၊ ပလက်ဝမြို့နယ်
စောင်ဝီးဝရွာ()သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ တုတ်ကြေးဝကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၃၉၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တုတ်ကြေးဝကျေးရွာအုပ်စုတွင် ကျား ၄၂၃ ဦး၊ မ ၄၇၆ ဦး၊ လူဦးရေ စုစုပေါင်း ၈၉၉ ဦး နေထိုင်သည်။ ကိုးကား ပလက်ဝမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9D%E1%80%AE%E1%80%B8%E1%80%9D%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
လုံးဂျားကုန်းရွာ၊ မိုးမောက်မြို့နယ်
လုံးဂျားကုန်းရွာ()သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တိန်ဘုရားကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၆၉၂၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တိန်ဘုရားကျေးရွာအုပ်စုတွင် ကျား ၈၉၁ ဦး၊ မ ၈၃၀ ဦး၊ လူဦးရေစုစုပေါင်း ၁၇၂၁ ဦး နေထိုင်သည်။ ကိုးကား မိုးမောက်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%82%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ခုနှစ်အိမ်တန်းရွာ၊ မင်းဘူးမြို့နယ်
ခုနှစ်အိမ်တန်းရွာ ()သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၁၀၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖလံရုံကျေးရွာအုပ်စုတွင် ကျား ၁၃၃၈ ဦး၊ မ ၁၄၇၅ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၁၃ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွာပြီ။ ကိုးကား မင်းဘူးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%98%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပုသိမ်ခရိုင်
ပုသိမ်ခရိုင် သည် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီး တွင် ပါဝင်သောခရိုင် ၈ ခုအနက် တစ်ခုဖြစ်၍ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုဖြစ်သည်။ ပုသိမ်ခရိုင်သည် မြောက်ဘက် တွင် ဟင်္သာတခရိုင်၊ အရှေ့ဘက်တွင် မြောင်းမြခရိုင်နှင့် မအူပင်ခရိုင်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် ကပ္ပလီပင်လယ် တို့ဖြင့် နယ်နိမိတ် ထိစပ်လျက် တည်ရှိ သည်။ ပုသိမ်ခရိုင်၏ အကျယ်အဝန်းမှာ ၄၂၀၈.၄၂ စတုရန်းမိုင် (၁၀,၉၀၀ စတုရန်းကီလိုမီတာ) ရှိပြီး ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းအရ ၁,၆၂၇,၅၈၆ ယောက် ရှိသည်။ မြို့နယ်နှင့် မြို့များ ပုသိမ်ခရိုင်တွင်းရှိ မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပုသိမ်မြို့နယ် ပုသိမ်မြို့ ရွှေသောင်ယံမြို့ ငွေဆောင်မြို့ ချောင်းသာမြို့ ကန်ကြီးထောင့်မြို့နယ် ကန်ကြီးထောင့်မြို့ သာပေါင်းမြို့နယ် သာပေါင်းမြို့ ငပုတောမြို့နယ် ငပုတောမြို့ ငရုတ်ကောင်းမြို့ ဟိုင်းကြီးကျွန်းမြို့ ၂၀၂၂ခုနှစ် ဧပြီလတွင် ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များကို ခွဲထုတ်ကာ ကျုံပျော်ခရိုင် အဖြစ် ဖွဲ့စည်းခဲ့သည်။ ရည်ညွှန်းကိုးကား မြန်မာနိုင်ငံရှိခရိုင်များ ဧရာဝတီတိုင်းဒေသကြီး
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA
သာစည်လေးရွာ၊ ကျောက်ဆည်မြို့နယ်
သာစည်လေးရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရွှေဒါးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၄၉၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေဒါးကျေးရွာအုပ်စုတွင် ကျား ၈၃၄ ဦး၊ မ ၈၈၆ ဦး၊ လူဦးရေ စုစုပေါင်း ၁၇၂၀ ဦးနေထိုင်သည်။ ဒေသအခေါ်မှာ သာစည် ဖြစ်သည်။ ကိုးကား ကျောက်ဆည်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%85%E1%80%8A%E1%80%BA%E1%80%9C%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%86%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
လွယ်လျန်ရွာ၊ မိုင်းရယ်မြို့နယ်
လွယ်လျန်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ မန်ဖိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၆၅၇၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မန်ဖိုင်ကျေးရွာအုပ်စုတွင် ကျား ၁၂၉၀ ဦး၊ မ ၁၅၇၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၆၇ ဦးနေထိုင်သည်။ ကိုးကား မိုင်းရယ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%9A%E1%80%BA%E1%80%9C%E1%80%BB%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နုန်းတန်းရွာ၊ ယင်းမာပင်မြို့နယ်
နုန်းတန်းရွာ(; နုံးတန်း ဟုလည်း စာလုံးပေါင်း)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၆၅၇ ဖြစ်သည်။ နုံးတန်းရွာသည်အိမ်ခြေ တစ်ရာကျော်ရှိသော ရွာငယ်တစ်ရွာဖြစ်ပြီး အရှေ့ဘက်တွင်ရင်ပေါင်တိုင်ရွာ အနောက်ဘက်တွင်ပျားအိုရွာနှင့် ကပ်လျက်ရှိသည်။ တောင်ဘက်တွင် မြောက်ယမားချောင်းတည်ရှိပြီး မြောက်ဘက်တွင် ထန်းတောတိုက်ရှိသည်။ နုံးတန်းရွာသည် နှစ်တစ်ရာကျော်ခဲ့ပြီး ရှေးယခင်က ကန်အေးရွာဟုအမည်တွင်ခဲ့သည်။ နုံးတန်းရွာတွင် ဘ/က ဘုန်းတော်ကြီးသင်အခြေခံပညာ မူလတန်းကျောင်းလဲရှိပြီး အထက်တန်းကျောင်းကိုတော့ရင်ပေါင်တိုင်ရွာတွင်တက်ရောက်ကြရသည်။ ကိုးကား ယင်းမာပင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%95%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပါကန်းရွာ၊ နမ့်စန်မြို့နယ်
ပါကန်းရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုင်းလိုက်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၃၆၄၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟိုင်းလိုက်ကျေးရွာအုပ်စုတွင် ကျား ၂၂၂၀ ဦး၊ မ ၁၃၆၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၅၈၁ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား နမ့်စန်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%80%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%99%E1%80%B7%E1%80%BA%E1%80%85%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပဲသဒူရွာ၊ ပဲသဒူ
ပဲသဒူရွာ၊ ပဲသဒူ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%95%E1%80%B2%E1%80%9E%E1%80%92%E1%80%B0%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%B2%E1%80%9E%E1%80%92%E1%80%B0
လက်ပန်စုရွာ၊ ယင်းမာပင်မြို့နယ်
လက်ပန်စုရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မင်းကံကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၆၁၅ ဖြစ်သည်။ ကိုးကား ယင်းမာပင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%BA%E1%80%95%E1%80%94%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%95%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကန်ထောင့်ရွာ၊ ညောင်ရွှေမြို့နယ်
ကန်ထောင့်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ တိလောစခန်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၀၄၃၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တိလောစခန်းကြီးကျေးရွာအုပ်စုတွင် ကျား ၆၉၇၅ ဦး၊ မ ၆၇၉၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၃၇၇၀ ဦးနေထိုင်သည်။ ကိုးကား ညောင်ရွှေမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%94%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဝမ်တပ်ရွာ၊ မိုင်းယောင်းမြို့နယ်
ဝမ်တပ်ရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၅၁၁၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝမ်တပ်ကျေးရွာအုပ်စုတွင် ကျား ၂၁၇၂ ဦး၊ မ ၁၉၆၄ ဦး၊ လူဦးရေ စုစုပေါင်း ၄၁၃၆ ဦးနေထိုင်သည်။ ကိုးကား မိုင်းယောင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရှမ်းလမ်း ဘူတာ
ရှမ်းလမ်းဘူတာသည် ရန်ကုန်မြို့ပတ်ရထားပတ်လမ်းတွင် ပါဝင်သော ဘူတာတစ်ခုဖြစ်သည်။ ရန်ကုန်ဘူတာကြီးမှ စတင်ရေတွက်သော် ၅ ခုမြောက် ဘူတာရုံ ဖြစ်ပြီး၊ အပြန်ရေတွက်သော် ၃၅ ခုမြောက် ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားလမ်းတလျှောက် ရပ်နားသော ဘူတာရုံ စုစုပေါင်း ၃၈ ခု ရှိသည်။ ကိုးကား ရန်ကုန်မြို့ရှိ ဘူတာရုံများ မြန်မာနိုင်ငံရှိ ဘူတာရုံများ ရန်ကုန်မြို့
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%20%E1%80%98%E1%80%B0%E1%80%90%E1%80%AC
ဘွက်ကုန်းရွာ၊ ထူ
ဘွက်ကုန်းရွာ၊ ထူ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%98%E1%80%BD%E1%80%80%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%91%E1%80%B0
ဖေဖော်ဝါရီ ၁၉၅၂
(၁) ရက် (၂) ရက် (၃) ရက် (၄) ရက် (၅) ရက် (၆) ရက် (၇) ရက် (၈) ရက် (၉) ရက် (၁၀) ရက် (၁၁) ရက် (၁၂) ရက် (၁၃) ရက် (၁၄) ရက် (၁၅) ရက် (၁၆) ရက် (၁၇) ရက် (၁၈) ရက် (၁၉) ရက် (၂၀) ရက် (၂၁) ရက် (၂၂) ရက် (၂၃) ရက် (၂၄) ရက် (၂၅) ရက် (၂၆) ရက် (၂၇) ရက် (၂၈) ရက် ကိုးကား ဖေဖော်ဝါရီ ၁၉၅၂
https://my.wikipedia.org/wiki/%E1%80%96%E1%80%B1%E1%80%96%E1%80%B1%E1%80%AC%E1%80%BA%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE%20%E1%81%81%E1%81%89%E1%81%85%E1%81%82
ယဟူဒီလူမျိုး
ယဟူဒီလူမျိုး(Israelis) ကမ္ဘာပေါ်ရှိ လူမျိုးအသီးအသီးတို့၏ သမိုင်းတွင် ယဟူဒီလူမျိုး (Hebrew: ישראלים‎, Yisra'elim)(အင်္ဂလိပ်ဘာသာဖြင့်-(Israelis) ၏ သမိုင်းမှာ ထူးခြား စိတ်ဝင်စားဖွယ် ကောင်းပေသည်။ ယဟူဒီလူမျိုးတို့သည် နှစ်ပေါင်း ၁၉ဝဝ ခန့်မျှ ကိုယ်ပိုင် တိုင်းပြည်ဟူ၍ မရှိဘဲ ကမ္ဘာအရပ်ရပ်တွင် လှည့်လည်၍ လူ အမျိုးမျိုးနှင့် ရောနှောနေထိုင်ခဲ့ရသော လူမျိုးဖြစ်သည်။ အနှိပ်စက် အညှဉ်းဆဲခံရဆုံး လူမျိုးလည်း ဖြစ်သည်။ ယဟူဒီ တို့၏ သမိုင်းသည် ရှေးကျ၍ ရှည်လျားသော်လည်း လူမျိုး တစ်မျိုးအနေဖြင့် ယခုထက်တိုင် တည်တံ့လျက် ရှိပြီးလျှင် မိမိတို့၏ ဓလေ့ထုံးစံ၊ အယူဝါဒကို ထိန်းသိမ်းမြဲ ထိန်းသိမ်း ထားကြသည်။ ထိုလူမျိုးထဲမှာ ကမ္ဘာကျော် အနုပညာရှင်၊ သိပ္ပံပညာရှင်၊ စာရေး ဆရာ၊ စက်မှုလက်မှု ပညာရှင် စသည် ဖြင့် လူရည်ချွန် အများအပြား ပေါ်ထွက်ခဲ့ပေသည်။ သမ္မာကျမ်းစာအလိုအားဖြင့် ယဟူဒီတို့သည် ဆီးမိုက် လူမျိုးအနွယ်များဖြစ်၍ အာရေဗျ သဲကန္တာရဘက်မှ ပယ်လက် စတိုင် ပြည်သို့ ဘီစီ ၂ဝဝဝ ခန့်က ဝင်ရောက်လာကြလေ သည်။ ခေါင်းဆောင်မှာ ယဟူဒီတို့၏ ဖခင် အာဗရာဟင် (အာဗြဟံ)ဖြစ်သည်။ အာဗရာဟင်သည် ယူဖရေးတီးမြစ်ကို ဖြတ်ကျော်လာရသည့်အတွက် ဖြတ်ကျော်သည်ဟူ၍ အဓိပ္ပာယ်ရသော ဟီဗြူ(ဟေဗြဲ)အမည်ဖြင့်လည်း ခေါ်တွင် သည်။ ထိုကြောင့် ယဟူဒီတို့ကို တစ်ခါတစ်ရံ ဟီဗြူ(ဟီးဘရူး) လူမျိုးဟု လည်း ခေါ်သည်။ အာဗရာဟင်၏သား အိုင်ဇက် (ဣဇက်)၌ အီစော (ဧသော) နှင့် ဂျက်ကော့ (ယာကုပ်)ဟူ၍လည်း သား အမြွှာနှစ်ယောက် ရှိသည်တွင် ဂျက်ကော့သည် အဇ္ဇရီယယ် (ဣသရေလ)အမည် ဖြင့် ခေါင်းဆောင်ဖြစ်လာလေ သည်။ ယဟူဒီတို့သည် ဂျက်ကော့၏သား တစ်ဆယ့်နှစ်ယောက်မှ ပေါက်ပွားလာကြ သူများဖြစ်၍ အဇ္ဇရီယယ် (အစ္စရေး)လူမျိုးဟူ၍လည်း အမည်တွင်သည်။ ဂျက်ကော့၏သား ဂျိုးဇက်(ယောသပ်)သည် အီဂျစ်ပြည် (အဲဂုတ္တုပြည်)သို့ ရောက်ရှိသွားရာမှ ကျန် ယဟူဒီလူမျိုးတို့ သည်လည်း လိုက်ပါသွားကြလေသည်၊ ကာလအတန်ကြာသော် ယဟူဒီတို့သည် အီဂျစ်ပြည်၌ ကျွန်အဖြစ်နှင့် နှစ်ပေါင်းများစွာ နှိပ်စက်ညှဉ်းဆဲခြင်းကို ခံကြရ၏။ ထိုနောက် မိုးဇက်(မောရှေ) ဆိုသူ ခေါင်းဆောင်က ယဟူဒီများကို အီဂျစ်ပြည်မှ ကယ်၍ ပယ်လက်စတိုင်ပြည်သို့ ပို့ဆောင်ခဲ့လေသည်။ ခရီးစပ်ကြား တွင် အနှစ်လေးဆယ်မျှ လှည့်လည်နေစဉ် ပညတ်တော်ဆယ်ပါးကို မိုးဇက်မှတစ်ဆင့် လက်ခံရရှိကြသည်။ မိုးဇက်ကွယ်လွန်ပြီးနောက် ဂျော့ရွား(ယောရှု)က ယဟူဒီ တို့ကို ခေါင်းဆောင်၍ ဂျော်ဒန်မြစ် (ယော်ဒန်)ကို ဖြတ်ကျော် လျက် ပါလက်စတိုင်ပြည်သို့ သိမ်းယူကြသည်။ ထိုအခါက ပယ်လက်စတိုင်ပြည်တွင် ဆီးမိုက်အနွယ်ဝင် ဖြစ်၍ ယဉ်ကျေးမှု အဆင့်အတန်းမြင့်သော ကနန် နိုက်(ခါနန်) လူမျိုးက အုပ်စိုးလျက်ရှိရာ ယဟူဒီတို့သည် ကနန်နိုက်တို့ထံမှ စိုက်ပျိုးနည်း၊ အဝတ်အထည် ရက်နည်းနှင့် စာရေးစာဖတ် အတတ်စသော ယဉ်ကျေးမှုများကို ဆက်ခံရရှိကြလေသည်။ သို့ရာတွင် ယဟူဒီ လူမျိုးတို့သည် အေးချမ်းစွာ မနေထိုင်ရချေ။ အနီးအနားရှိ တိုင်းပြည်များမှ မိုအာဗိုက်လူမျိုး၊ အမ္မိုက်နိုက် လူမျိုးနှင့် ဖိလစ္စတင်း (ဖိလိတ္တိ)လူမျိုးတို့သည် ပါလက်စတိုင် ပြည်ကို မကြာခဏ စစ်ချီတိုက်ခိုက်သဖြင့် ယင်းတို့၏ရန်ကို တွန်းလှန်လျက် နေရ၏။ ထိုကြောင့် ယဟူဒီလူမျိုးတို့ကို ဦးစီး ရန် ဂိဒယွန်၊ ဒဗိုရာ၊ ဆမ္မဆန်(ရှံဆုံ)ကဲ့သို့သော အမျိုးသား ခေါင်းဆောင်များ ပေါ်ထွက်ခဲ့လေသည်။ ဘီစီ ၁၁ ရာစုနှစ်ခန့်တွင် ဆယ်မျူယယ်(ရှမွေလ)ဆိုသူ ပရောဖက်တစ်ဦး ပေါ်ပေါက်လာ၍ ယဟူဒီ တစ်ဆယ့်နှစ်မျိုးကို ပေါင်းစည်းလျက် ဘုရင်အုပ်ချုပ်ရေးစနစ်ကို တီထွင်ခဲ့လေသည်။ ဆော(ရှောလု)ဆိုသူကို ပထမဆုံးဘုရင်အဖြစ် ရွေးကောက် တင်မြှောက်ကြသည်။ ဆောဘုင်လက်ထက်တွင် ယဟူဒီတို့သည် သွေးစည်းမိပြီးလျှင် ဖိလစ္စတင်းတို့ကို တိုက်ခိုက်အောင်မြင် ခဲ့လေသည်။ ဆောဘုရင်နှင့် သားတော် ဂျိုနသန်(ယောနသန်) တို့လည်း တိုက်ပွဲ၌ကျဆုံးကြ၏။ ထိုနောက် ဒေးဗစ်(ဒါဝိဒ်) (ဘီစီ ၁ဝ၃ဝ-၉၉ဝ ခန့်)သည် ယဟူဒီတို့၏ ဘုရင်ဖြစ်လာ၍ ဂျရူးဆလမ်းမြို့ (ယေရုရှလင်)ကို မြို့တော်အဖြစ် ထားရှိလေသည်။ ယဟူဒီတို့၏ နိုင်ငံသည် လည်း စည်ပင်သာယာလျက် ရှိပေသည်။ ဒေးဗစ်၏ ထီးနန်း အရိုက်အရာကို ဆက်ခံသော သားတော် ဆောလမွန် (ရှော လမုန်)ဘုရင် လက်ထက်တွင် ယဟူဒီတို့၏ နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ရှိလေသည။ ဆောလမွန်ဘုရင် ဉာာဏ် ပညာကြီးမားပုံနှင့် စည်းစိမ်ကြွယ်ပုံ သတင်းမှာ အနီးအနားရှိ တိုင်းပြည်များသို့ ပျံ့နှံခဲ့၏။ ဆောလမွန်ဘုရင်သည် ဂျရူးဆလမ်းမြို့တော်၌ အလွန် ကြီးကျယ်ခမ်းနားသော ဘုရားတန်ဆောင်းကြီး (ဝါ) ဗိမာန် တော်တစ်ခုကို ဆောက်လုပ်ခဲ့၏။ သို့ရာတွင် နောက်ဆုံး၌ ဘုရင်ကြီးသည် တိုင်းပြည်အုပ်ချုပ်ရေးဘက်၌ ပေါ့လျော့လာ ခြင်းကြောင့်လည်းကောင်း၊ ဘာသာအယူဝါဒ ကိုးကွယ်ရေး ဘက်၌ ပေါ့ဆလာခြင်းကြောင့်လည်းကောင်း တိုင်းသူပြည် သားတို့သည် ဘုရင့်အပေါ်၌ မကျေမနပ် ဖြစ်ကြလေသည်။ သို့ဖြစ်၍ ဘုရင်ကြီး နတ်ရွာစံပြီးနောက် သားတော်လက်ထက် တွင် ယဟူဒီတို့၏ တိုင်းပြည်သည် မြောက်ပိုင်းနှင့် တောင်ပိုင်း ဟူ၍ နှစ်ပိုင်း ကွဲလေတော့သည်။ ယဟူဒီ(ဝါ) အဇ္ဇရီယယ် တစ်ဆယ့်နှစ်မျိုးအနက် ၁ဝ မျိုး တို့သည် ပယ်လက်စတိုင်ပြည် မြောက်ပိုင်းတွင် အဇ္ဇရီယယ် နိုင်ငံဟူ၍ သီးခြားနိုင်ငံငယ်တစ်ခုကို တည်ထောင်ကြသည်။ ကျန် အဇ္ဇရီယယ် နှစ်မျိုးတို့သည်ကား တောင်ပိုင်းတွင် ဂျူဒါ (ယုဒ)နိုင်ငံကို တည်ထောင်ကြလေသည်။ အဇ္ဇရီယယ်နိုင်ငံသည် ဂျူဒါနိုင်ငံထက် မြေဩဇာ ကောင်းမွန်၍ စည်ပင်ဝပြောသည်။ ဂျူဒါနိုင်ငံတွင် ဂျရူးဆလမ်းမြို့မှ လွဲလျှင် အခြားမြို့ကြီးပြကြီး ဟူ၍ မရှိချေ။ ခြောက်သွေ့သော အရပ်ဖြစ်၏။ နိုင်ငံ အချင်းချင်း မသင့်မတင့်ကြချေ။ ဘီစီ ၇၂၁ ခုနှစ်တွင် အဆီးရီးယန်း လူမျိုးတို့သည် တန်ခိုး ကြီးလာ၍ အဇ္ဇရီယယ်နိုင်ငံ၏ မြို့တော်ဖြစ်သော ဆမေးရီးယား မြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီးလျှင် အဇ္ဇရီယယ် လူမျိုးများကို ကျွန်အဖြစ် ခေါ်ဆောင် သွားလေသည်။ မြောက်ပိုင်း အဇ္ဇရီယယ်နိုင်ငံ ကျဆုံးပြီးနောက် နှစ်ပေါင်း တစ်ရာကျော် ကြာသောအခါ အဆီးရီးယား ဘုရင် ဆင်နာခရစ် သည် ဂျူဒါနိုင်ငံကိုလည်း ချီတက် တိုက်ခိုက်လေသည်။ သို့ရာ တွင် အလိုမပြည့်ဘဲ ရှိချေသည်။ ထိုနောက် ဗက်ဗီလုံးနီးယားနိုင်ငံ(ဗာဗုလုံ)သည် အင်အားကြီးမားလာသဖြင့် ဘီစီ ၅၈၆ ခုနှစ်တွင် နက်ဗျူခက်နက်ဇာဘုရင်သည် ဂျူဒါနိုင်ငံကို တိုက်ခိုက်အောင်မြင်၍ ဂျရူးဆလမ်းမြို့နှင့်တကွ ဘုရား တန် ဆောင်းကြီးကို ဖျက်ဆီးပစ်လေသည်။ ဂျူဒါပြည်သူပြည်သား အမြောက်အမြားတို့ကိုလည်း ဗက်ဗီလုံးမြို့တော်သို့ ဖမ်းဆီး ခေါ်ဆောင်သွားလေ၏။ ထိုနောက် ဗက်ဗီလုံးပျက်စီး၍ ပါးရှင်းလူမျိုးများ တန်ခိုး ကြီးလာသောအခါ ပါးရှင်းဘုရင် ဆိုင်းရပ်စ် သည် ဘီစီ ၅၃၈ ခုနှစ်တွင် ယဟူဒီတို့ကို ဂျရူးဆလမ်းမြို့သို့ ပြန်ခွင့်ပေး၏။ ဂျရူးဆလမ်းမြို့၌လည်း ဘုရား တန်ဆောင်းကြီးကို ပြန်လည် ဆောက်လုပ်ခွင့်ပြုသည်။ ဘီစီ ၄၄၄ ခုနှစ်တွင် ပါးရှင်းဘုရင်က ယဟူဒီအမျိုးသား နေဟမီးယားကို ဂျူဒီး ယားပြည်(ဂျူဒါ)၌ ဘုရင်ခံအဖြစ် ခန့်ထားလေသည်။ နေဟမီး ယား လက်ထက်တွင် ယဟူဒီတို့သည် နိုင်ငံရေးရာ အရသော် လည်းကောင်း၊ အယူဝါဒရေးရာအရသော်လည်းကောင်း တိုးတက်လာကြသည်။ ဘီစီ လေးရာစုနှစ်အတွင်း မဟာအလက်ဇန္ဒား ဘုရင်ကြီးသည် ပါးရှင်းတို့ကို တိုက်ခိုက်အောင်မြင်သဖြင့် ယဟူဒီတို့သည် ဂရိဘုရင်ကြီး လက်အောက်သို့ ကျရောက်ရပြန်သည်။ ( အယ်လက်ဇန္ဒာ-သ-ဂရိတ်။) အလက်ဇန္ဒားဘုရင်ကြီး ကွယ်လွန် ပြီးနောက် အီဂျစ်ပြည်မှ တော်လမီဘုရင်များက ဂျူဒီးယား ပြည်ကို နှစ်ပေါင်း ၁ဝဝ ခန့် အုပ်စိုးကြလေသည်။ ထိုနောက် ဂျူဒီးယားပြည်သည် ဆီးရီးယားပြည် လက်အောက်သို့ ရောက်ရှိ ပြန်သည်။ အလက်ဇန္ဒားဘုရင်ကြီး လက်ထက်၌သော်လည်း ကောင်း၊ အီဂျစ်ဘုရင်များ လက်ထက်၌ သော်လည်းကောင်း ယဟူဒီတို့သည် လွတ်လပ်စွာ နေထိုင်ခွင့်၊ ကိုးကွယ်ခွင့်ကို ရရှိ ခဲ့ကြ၏။ သို့ရာတွင် ဘီစီ ၁၆၈ ခုနှစ်၌ ဆီးရီးယား ဘုရင် အင်တီယိုခပ် အက်ပီဖေနီသည် ယဟူဒီတို့၏ အယူဝါဒကို စော်ကားလာသဖြင့် ပုန်ကန်ထကြွကြလေသည်။ မက္ကဗီ ညီအစ် ကို ငါးယောက်က ယဟူဒီတို့ကို ခေါင်းဆောင်၍ တော်လှန်ကြ ရာ ဆီးရီးယန်းတပ်များကို တိုက်ခိုက်အောင်မြင်ပြီးလျှင် လွတ်လပ်ရေးကို ပြန်လည်ရရှိကြပြန်သည်။ ယဟူဒီတို့သည် ထီးနန်းဆက်ခံရေးနှင် စပ်လျဉ်း၍ အချင်း ချင်း မသင့်မတင့်ဖြစ်ကြသောကြောင့် မဟာမိတ်ဖြစ်သော ရောမနိုင်ငံကို ဖြန်ဖြေပေးရန် အကူအညီ တောင်းရလေသည်။ ထိုအခါ ရောမဗိုလ်ချုပ် ပွန်ပီသည် အခွင့်ကောင်းယူလျက် ဘီစီ ၆၃ ခုနှစ်တွင် ပါလက်စတိုင်းပြည်ကို သိမ်းပိုက်လေ၏။ ( ပွန်ပီ- ။) ရောမတို့သည် ပါလက်စတိုင်းပြည်ကို နိုင်ငံခြားသား ဘုရင်ခံများ လက်အောက်တွင်ထား၍ အုပ်ချုပ် သည်။ ထိုဘုရင်ခံများသည် ယဟူဒီတို့ကို အလွန်ညှဉ်းပန်းကြ သဖြင့် တော်လှန်ပုန်ကန်မှုများ မကြာခဏ ပေါ်ပေါက်လေ သည်။ နောက်ဆုံး၌ ရောမဗိုလ်ချုပ် တိုင်တပ်သည် အေဒီ ၇ဝ ပြည့်နှစ်တွင် ဂျရူးဆလမ်းမြို့သို့ သိမ်းပိုက်၍ ဘုရားတန်ဆောင်း ကြီးကို မီးရှို့ဖျက်ဆီးပစ်လေသည်။ ယဟူဒီပေါင်း ထောင် သောင်းမက အသတ်ခံရ၍ ကျန်လူများကိုလည်း ကျေးကျွန် အဖြစ် ဖမ်းဆီးသည်။ ထိုအချိန်မှစ၍ ယဟူဒီတို့သည် ထီးကျိုး စည်ပေါက်ဖြစ်ကြပြီးနောက် ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိကြ ရလေသည်။ ယဟူဒီတို့သည် ဥရောပတိုက်၊ အာဖရိကတိုက်နှင့် အမေရိ ကတိုက်များသို့ သွားရောက်နေထိုင်ကြ၏။ သူတို့ရောက်ရှိသော တိုင်းပြည်များ၌ အများနည်းတူ အခွင့်အရေးများ မရရှိကြချေ။ မြို့တွင်း သီးခြားရပ်ကွက်၌သာ နေခွင့်ရ၏။ မြေယာပိုင်ခွင့် မရှိ။ ကုန်သွယ်မှုနှင့် ငွေချေးလုပ်ငန်းကိုသာ လုပ်ကိုင်နိုင်၏။ စီးပွားတိုးတက်လာလျှင် တိုင်းရင်းသားများ မယုံသင်္ကာဖြစ် လာတတ်သည်။ ထိုကြောင့် ယဟူဒီတို့သည် ရောက်ရာအရပ်၌ သူတစ်ပါး၏ အငြိုအငြင်ကို ခံရရုံမျှမက တစ်ခါတစ်ရံ လူထု နှင့် ဝိုင်း၍ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းကိုပင် ခံရလေ သည်။ သို့ရာတွင် ယဟူဒီတို့သည် မိမိတို့၏ အယူဝါဒကို စွဲမြဲစွာ ယုံကြည်လျက် မိုးဇက်ချမှတ်သော တရားကို တသွေ မတိမ်း လိုက်နာလျက် ရှိကြ၏။ ၁၉၃၃ ခုနှစ်တွင် ဂျာမနီမှ နာဇီခေါင်းဆောင် ဟစ်တလာ သည် ယဟူဒီလူမျိုးကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေသည်။ အစအဦးတွင် ယဟူဒီတို့ကို ဆရာဝန်အလုပ်၊ ကျောင်းဆရာ အလုပ်မှ ဖယ်ရှား၏။ ထိုနောက် ယဟူဒီပိုင် ပစ္စည်းများကို သိမ်းယူ၏။ လူမျိုးရေး အဓိကရုဏ်းများကို လှုံ့ဆော်၍ နှိပ်စက် ညှဉ်းဆဲ၏။ နောက်ဆုံး ၁၉၃၉ ခုနှစ်တွင် နာဇီခေါင်းဆောင် များသည် ဥရောပတိုက် အရှေ့ပိုင်းနှင့် အလယ်ပိုင်း၌ နေထိုင် ကြသော ယဟူဒီလူမျိုး ခြောက်သန်းခန့်ကို သတ်ပစ်ကြသည်။ ပထမကမ္ဘာစစ် (ခရစ် ၁၉၁၄-၁၉၁၈) အတွင်းက ယဟူဒီ တို့သည် ပယ်လက်စတိုင်တွင် သီးသန့်နယ်ပယ် သတ်မှတ်ပေး ရန် ဗြိတိသျှ အစိုးရထံ တောင်းဆိုကြသည်။ စစ်ပွဲအပြီး၌ ကမ္ဘာအရပ်ရပ်မှ ယဟူဒီတို့ကို ပါလက်စတိုင်းတွင် နေရာချ ထားပေး၍ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အမိန့်အရ ဗြိတိသျှ တို့က အုပ်ချုပ်လေသည်။ သို့ရာတွင် ယဟူဒီနှင့် အာရပ်တို့ နယ်လု၍ အချင်းချင်း တိုက်ခိုက်ကြလေသည်။ ဒုတိယကမ္ဘာစစ်ပြီးသည့်နောက် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှ အစိုးရသည် ပယ်လက်စတိုင်ပြည် အုပ်ချုပ်ခွင့်အာဏာကို ကုလသမဂ္ဂသို့ ပြန်အပ်၍ ယဟူဒီနှင့် အာရပ်တို့၏ ပြဿနာကို ဖြေရှင်းပေးရန် တင်ပြလေသည်။ ယင်းသို့ အားဖြင့် ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ယဟူဒီတို့အတွက် ပယ်လက်စတိုင်ပြည် တစ်ပိုင်း ကို အစ္စရေးနိုင်ငံ(Israel) အဖြစ် တည်ထောင်ပေးခဲ့ကြသည်။ ၁၉ ရာစုနှင့် ၂ဝ ရာစုနှစ်များအတွင်းက ယဟူဒီအမျိုးသား ထဲမှ လူရည်ချွန်မြောက်မြားစွာ ပေါ်ထွက်ခဲ့ပေသည်။ ကားလ မတ် (ခရစ် ၁၈၁၈-၈၃)၊ အဲလဗတ်အိုင်းစတိုင်း (ခရစ် ၁၈၇၉ -၁၉၅၅)၊ ပေါအာလစ် (ခရစ် ၁၈၅၄-၁၉၁၅)၊ ဟင်နရီဗတ်ဂ ဆန် (ခရစ် ၁၈၅၉-၁၉၄၁)နှင့် ဇိဂမွန်ဖရွိုက် (ခရစ် ၁၈၅၆- ၁၉၃၉) တို့မှာ ထင်ရှားသည်။ ဗင်ဂျမင် ဒစ်ဇရေလီ (ခရစ် ၁၈ဝ၄-၈၁)၊ လော့ရက်ဒင်း (ခရစ် ၁၈၆ဝ-၁၉၃၅)၊ လော့ ဆယ်မျူယယ် (ခရစ် ၁၈၇ဝ-)နှင့် အက်ဒွင်မွန်တေဂူ (ခရစ် ၁၈၇၉-၁၉၂၄)တို့မှာ ဗြိတိန်နိုင်ငံတွင် ထင်ရှားသော ယဟူဒီ ခေါင်းဆောင်များ ဖြစ်ပေသည်။ ကိုးကား လူမျိုး အစ္စရေးနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%9A%E1%80%9F%E1%80%B0%E1%80%92%E1%80%AE%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
ခိုဖတ်ရွာ၊ လားရှိုးမြို့နယ်
ခိုဖတ်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ မန်လုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၆၀၆၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မန်လုံကျေးရွာအုပ်စုတွင် ကျား ၇၈၉ ဦး၊ မ ၈၁၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၆၀၄ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား လားရှိုးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%AD%E1%80%AF%E1%80%96%E1%80%90%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%AC%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အောင်ကောင်းညွှန့်ရွာ၊ ကဝမြို့နယ်
အောင်ကောင်းညွှန့်ရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အောင်ကောင်းညွှန့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၇၃၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အောင်ကောင်းညွှန့်ကျေးရွာအုပ်စုတွင် ကျား ၁၅၆၃ ဦး၊ မ ၁၆၂၆ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၈၉ ဦးနေထိုင်သည်။ ကိုးကား ကဝမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%B7%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%9D%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
လရုလတပ်ရွာ၊ မချမ်းဘောမြို့နယ်
လရုလတပ်ရွာ()သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ လရုတင်ကော့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၇၉၇၁ ဖြစ်သည်။ ကိုးကား မချမ်းဘောမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%9B%E1%80%AF%E1%80%9C%E1%80%90%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
စကားဝှက်
စကားဝှက် (49572587) သည် စကားလုံးတစ်ခု သို့မဟုတ် အက္ခရာအစုအဝေး ဖြစ်သည်။ စကားဝှက်ကို အသုံးပြုသူအား အရင်းအမြစ်များကို ရယူအသုံးပြုရန်အတွက် စစ်ဆေးခြင်း(@49572587) ပြုလုပ်ရန်အသုံးပြုသည်။ ရင်းမြစ်များအား ခွင့်ပြုချက်မရှိသော ရယူအသုံးပြုခြင်းများမှ ကာကွယ်ရန်အသုံးပြုသည်။ စကားဝှက်များကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြသည်။ ယခုခေတ်ကာလတွင် အသုံးပြုသူအမည် (username) နှင့် စကားဝှက် (password) ကို ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ cable TV decoders, အေတီအမ်စက်များ (ATMs) အစရှိသည်တို့တွင် ကာကွယ်ထားသော စနစ်အတွင်းသို့ ဝင်ရောက်ရန် အသုံးပြုသည်။ ကွန်ပျူတာအသုံးပြုသူတစ်ယောက်သည် စကားဝှက်များကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသည်။ ဥပမာအားဖြင့် − အီးမေးများအသုံးပြုခြင်း၊ အကောင့်အတွင်းသို့ ဝင်ရောက်ခြင်း၊ အသုံးချဆော့ဖ်ဝဲများကို ရယူအသုံးပြုခြင်း၊ သိမ်းထားသည့်အချက်အလက်များ (database)၊ ကွန်ရက်များ၊ ဝဘ်ဆိုက်များ၊ မနက်ခင်းဘက် အွန်လိုင်းပေါ်တွင် သတင်းစာဖတ်ခြင်း စသည်တို့တွင် စကားဝှက်ကို အသုံးပြုကြသည်။ နာမည်မှလွဲ၍ စကားဝှက်သည် ယုတ္တိရှိသော စကားလုံးများ ဖြစ်ရန်မလိုပေ။ စကားဝှက်များသည် ရယူရန်ခက်ခဲသော စကားလုံးများ ဖြစ်ရန်လိုအပ်သည်။ မိမိနှစ်သက်သော စကားလုံးများကို အသုံးပြုနိုင်ပေသည်။ အချို့စကားဝှက်များသည် စကားလုံ:များစွာဖြင့် ဖွဲ့စည်းထားကြပြီး ၎င်းတို့ကို passphrase ဟုခေါ်သည်။ passcode နှင့် passkey ဟူသော ဝေါဟာရများကို လျှို့ဝှက်သော သတင်းအချက်အလက်များတွင် တစ်ခါတရံ အသုံးပြုကြသည်။ personal identification number (PIN) ကဲ့သို့ ၎င်းတို့သည် ဂဏန်းများဖြစ်ပြီး များသောအားဖြင့် အေတီအမ်စက်များတွင် အသုံးပြုကြသည်။ စကားဝှက်များသည် ပုံမှန်အားဖြင့် စာရိုက်ရသက်သာရန်၊ မှတ်ရလွယ်ကူစေရန် တိုတောင်းကြသည်။ အချို့အဖွဲ့အစည်းများသည် စကားဝှက်များအတွက် လိုအပ်သည့်အချက်များကို ဖန်တီးထားသည်။ ဥပမာ − စကားဝှက်သည် အနည်းဆုံး စကားလုံးမည်မျှရှိရမည်။ စာလုံး အကြီး နှင့် အသေး၊ ဂဏန်းများ၊ အထူးစကားလုံးများ(@,#,$,%, etc) စသည်တို့ ပါရှိရမည်။ စကားဝှက်တွင် ကိုယ်ပိုင်အမည်များ၊ မွေးနေ့များ၊ လိပ်စာများ၊ ဖုန်းနံပါတ်များ စသည့်ကန့်သတ်ထားသော စကားလုံးများကို ခွင့်မပြုထားပေ။ အချို့ အစိုးရများသည် national authentication frameworks များရှိကြသည်။ ၎င်းသည် အစိုးရ၏ ဝန်ဆောင်မှုများကို ရယူသုံးစွဲရန် အသုံးပြုသူအား စကားဝှက်နှင့် စစ်ဆေးသည်။ လုံခြုံစိတ်ချရ၍ မှတ်မိလွယ်သော စကားဝှက်ကို ရွေးချယ်ခြင်း အသုံးပြုသူအတွက် မှတ်မိလွယ်သော စကားဝှက်သည် တိုက်ခိုက်သူအတွက် ရယူရန်အတွက်လည်း လွယ်ကူသည်။ သို့သော် မှတ်မိရန်ခက်ခဲသော စကားဝှက်များသည် စနစ်၏ လုံခြုံမှုကို လျော့ကျစေနိုင်သည်။ အကြောင်းမှာ (၁) အသုံးပြုသူသည် စကားဝှက်ကို ချရေးထားခြင်း သို့မဟုတ် အီလက်ထရွန်းနစ် စနစ်ဖြင့် သိမ်းရန် လိုအပ်ခြင်း (၂) အသုံးပြုသူသည် မကြာသေးမီက ပြန်၍ ပြောင်းထားသည့် စကားဝှက်များကို လိုအပ်ခြင်း (၃) အသုံးပြုသူသည် တူညီသော စကားဝှက်များကို ပြန်လည်အသုံးပြုရန် ပိုမိုဖြစ်နိုင်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ထို့နည်းတူစွာပင် စကားဝှက်၏ လုံခြံမှုပိုမိုအားကောင်းစေရန် လိုအပ်ချက်များပိုမိုသတ်မှတ်ထားခြင်းသည်လည်း စနစ်ကို ပိုမိုအားနည်းစေသည်။ ဥပမာ − စကားဝှက်တွင် စာလုံးအကြီး၊ အသေး၊ ဂဏန်းများ စသည်တို့ကို ရောထားခြင်း သို့မဟုတ် လစဉ်စကားဝှက်ကို ပြောင်းလဲခြင်းတို့ ဖြစ်သည်။ စကားဝှက်များ၏ မှတ်ရလွယ်ကူခြင်း နှင့် လုံခြုံမှုကို Jeff Yan et al သည် အသုံးပြုသူများ ရွေးချယ်တားသော စကားဝှက်၏ ရလဒ် ကိုကြည့်ကာ ဆုံးဖြတ်သည်။ စကားလုံးတစ်ခုချင်းစီ၏ အစအက္ခရာနှင့် စဉ်းစားကာ ပေးထားသော စကားစုတို့သည် မှတ်ရလွယ်ကူပြီး crack လုပ်ရန်ခက်ခဲသည်။ စပ်ဆက်မှုမရှိသော စကားလုံးနှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော စကားလုံးများကို ပေါင်းစပ်ထားခြင်း နှင့် အက္ခရာများနှင့် အထူးစကားလုံးများကို တစ်လှည့်စီထားခြင်း တို့သည် ကောင်းမွန်သော နည်းလမ်းများ ဖြစ်သည်။ သို့သော် စကားဝှက်အတွက် အဘိဓာန်တွင်ရှိသော စကားလုံးတစ်လုံးတည်းထားမည်ဆိုပါက မကောင်းပေ။ မိမိကိုယ်တိုင် စီမံထားပြီး ရှင်းလင်းမှုမရှိသော စကားဝှက်များသည်လည်း ကောင်းမွန်သော နည်းလမ်းတစ်ခုပင် ဖြစ်သည်။ အက္ခရာအကြီးနှင့် အသေးကို ရောထားသော စကားဝှက်ကို မှတ်ထားရန် အသုံးပြုသူအားမေးခြင်းသည် sequence of bits ကို မေးခြင်းနှင့် ဆင်တူသည်။ ၎င်းသည် crack လုပ်ရန် အနည်းငယ် ခက်ခဲသည်။ ဥပမာ အနေဖြင့် ပြောရမည်ဆိုလျှင် အက္ခရာ ငါးခုပါရှိသော စကားဝှက်တွင် အက္ခရာတစ်လုံးသည် အကြီးဖြစ်ပါက crack လုပ်ရန် ၁၂၈ ကြိမ် ပိုမို၍ ခက်ခဲမည် ဖြစ်သည်။ အသုံးပြုသူအား အက္ခရာနှင့် ဂဏန်းများကို အသုံးပြုစေခြင်းသည် တိုက်ခိုက်သူများအတွက် ပိုမို၍ ခန့်မှန်းရ လွယ်ကူစေသည်။ ဥပမာအား ဖြင့် 'E' → '3' and 'I' → '1' အစရှိသည်ကဲ့သို့ အစားထားခြင်း ဖြစ်လေသည်။ ထိုကဲ့သို့ အစားထိုးမှုသည် တိုက်ခိုက်သူများအဖို့ သိရှိပြီးသော နည်းလမ်းများ ဖြစ်လေသည်။ ကီးဘုတ်ပေါ်ရှိ အက္ခရာအတန်းတစ်ခုရှိ အက္ခရာများကို စကားဝှက်အဖြစ် (ဥပမာ - ASDFGHJKL) အသုံးပြုခြင်းသည်လည်း တိုက်ခိုက်သူများက သိရှိပြီးဖြစ်သဖြင့် ခန့်မှန်းရ လွယ်ကူသည်။ ၂၁၀၃ ခုနှစ်တွင် ဂူဂဲလ်က အသုံးအများဆုံး စကားဝှက်များကို စာရင်းပြုစုကာ ထုတ်ပြန်ခဲ့သည်။ ထိုစကားဝှက်များသည် လုံခြုံစိတ်ချရမှု မရှိဘဲ တိုက်ခိုက်သူများ အဖို့ စကားဝှက်ကို ရယူရန် အလွန်ကို လွယ်ကူသည်။ ထိုစာရင်းမှာ လူမှုကွန်ရက်မီဒီယာများကို အခြေခံကာ သုတေသန ပြုထားခြင်း ဖြစ်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ ချစ်စနိုးဖြင့် မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်၊ ကလေး၊ မိသားစုဝင်များ၊ အခြားအသွင်အပြင်လက္ခဏာများ နှစ်ပတ်လည်နေ့နှင့် မွေးနေ့များ မွေးရပ် နှစ်သက်သော အားလပ်ရက် မိမိနှစ်သက်သော အားကစားအသင်းနှင့် စပ်ဆက်နေသော အရာများ "password" စကားလုံး − စသည်တို့ ဖြစ်ကြသည်။ ဝဘ်ဆိုက်များတွင် အသုံးပြုသော စကားဝှက်စနစ် ဝဘ်ဆိုက်များတွင် အသုံးပြုသူအား စစ်ဆေးရန်အတွက် စကားဝှက်များကို အသုံးပြုကြသည်။ စကားဝှက်များကို ဝဘ်ဆာဗာ (Web server) များတွင် သိမ်းထားသည်။ အသုံးပြုသူသည် ဘရောက်ဆာမှ တစ်ဆင့် ဆာဗာဆီသို့ (HTTP POST ဖြင့်) စကားဝှက်ကို ပေးပို့သည်။ ဆာဗာသည် စကားဝှက်ကို စစ်ဆေးပြီး သက်ဆိုင်သော အကြောင်းအရာကို ပြန်ပို့ပေးသည်။ ဥပမာ − အသုံးပြုမှုမှားယွင်းကြောင်း ဖော်ပြသည့် အသိပေးစာ ဖြစ်သည်။ ထို စကားဝှက်လုပ်ငန်းသည် စက်ထဲတွင် မရှိသော စကားဝှက်ကို ဖယ်ရှားပစ်သည်။ ဘရောက်ဆာမှတစ်ဆင့် စကားဝှက်ကူးပြောင်းပေးပို့ရာတွင် plaintext ကို ဆာဗာဆီသို့ပေးပို့သည်။ ဝဘ်စစ်ဆေးမှုစနစ်များသည် SSL နည်းပညာကို အသုံးပြုကြသည်။ ၎င်းနည်းပညာသည် ဘရောက်ဆာနှင့် ဆာဗာကြား ပေးပို့ရာတွင် ပေးပို့သည့်အကြောင်းအရာကို ဝှက်ကာ ပေးပို့သည်။ စိတ်ချရသော ဝဘ်ဆိုက်တစ်ခုတွင် ၎င်းနည်းပညာကို အသုံးပြုရန် လိုအပ်သည်။ ကိုးကား လုံခြုံရေး
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%AC%E1%80%B8%E1%80%9D%E1%80%BE%E1%80%80%E1%80%BA
ဂျယ်ရမီ လင်း
ဂျယ်ရမီ လင်း (Jeremy Lin, တရုတ် - 林書豪 လင်ဆူးဟောင်) သည် အမေရိကန် အမျိုးသား ဘတ်စကက်ဘော အစည်းအရုံး (National Basketball Association, NBA) တွင် နယူးယောက် နစ်ခ်စ် (New York Knicks) အသင်းမှ ပါဝင်ကစားသည့် ကြေးစား အားကစားသမား တစ်ဦးဖြစ်သည်။ ဂျယ်ရမီလင်းကို ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် ဖွားမြင်ပြီး ပါလို အယ်တို (Palo Alto) တွင် ကြီးပျင်းသည်။ မိဘများမှာ ထိုင်ဝမ်မှ အမေရိကန်သို့ ပြောင်းရွှေ့သွားသူများ ဖြစ်သည်။ ဂျလမီလင်းသည် NBA တွင် ပထမဆုံးသော ထိုင်ဝမ်နွယ်ဖွား ကြေးစားကစားသမားဖြစ်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း နစ်ခ်စ်အသင်း ဆက်တိုက် အနိုင်ရသည့် ၇ ပွဲ အနက် နောက် ၅ ပွဲ၌ ဂျယ်ရမီလင်း ဦးဆောင် အနိုင်ရခဲ့ပြီးနောက် အမေရိကန် ကြေးစား ဘတ်စကက်ဘော လောကတွင် ကျော်ကြားလာသည်။ ဤသို့ ကျော်ကြားလာမှုကို မီဒီယာများက Linsanity၊ Lincredible စသည်ဖြင့် ဝေါဟာရသစ်များ တီထွင်ကာ ဖော်ပြလာကြသည်။ ကိုးကား နိုင်ငံတကာ အားကစားသမားများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%9A%E1%80%BA%E1%80%9B%E1%80%99%E1%80%AE%20%E1%80%9C%E1%80%84%E1%80%BA%E1%80%B8
သာလှအေးရွာ၊ အမရပူရမြို့နယ်
သာလှအေးရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၆၃၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တမုတ်ဆိုးကျေးရွာအုပ်စုတွင် ကျား ၂၈၀၂ ဦး၊ မ ၃၂၄၉ ဦး၊ လူဦးရေ စုစုပေါင်း ၆၀၅၁ ဦးနေထိုင်သည်။ ကိုးကား အမရပူရမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%9C%E1%80%BE%E1%80%A1%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%99%E1%80%9B%E1%80%95%E1%80%B0%E1%80%9B%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နိုဝင်ဘာ ၁၉၈၉
(၁) ရက် (၂) ရက် (၃) ရက် (၄) ရက် (၅) ရက် (၆) ရက် (၇) ရက် (၈) ရက် (၉) ရက် (၁၀) ရက် (၁၁) ရက် (၁၂) ရက် (၁၃) ရက် (၁၄) ရက် (၁၅) ရက် (၁၆) ရက် (၁၇) ရက် (၁၈) ရက် (၁၉) ရက် (၂၀) ရက် (၂၁) ရက် (၂၂) ရက် (၂၃) ရက် (၂၄) ရက် (၂၅) ရက် (၂၆) ရက် (၂၇) ရက် (၂၈) ရက် (၂၉) ရက် (၃၀) ရက် ကိုးကား နိုဝင်ဘာ ၁၉၈၉ en:1989#November
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%9D%E1%80%84%E1%80%BA%E1%80%98%E1%80%AC%20%E1%81%81%E1%81%89%E1%81%88%E1%81%89
ရေနံချောင်းမင်းကြီး
ရေနံချောင်းမင်းကြီး (မြန်မာ ၁၁၆၅-၁၂၅၇) ရေနံချောင်းမင်းကြီးသည် ရေနံတွင်းရိုးတွင်းစား၊ ရွှေတိုက်စာရင်းဝင် ရေနံချောင်းမြို့နေ ဦးအင်း၊ မယ်အိတို့၏သား ဖြစ်သည်။ ဘိုးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၆၅-ခုနှစ် သီတင်းကျွတ်လတွင် ဖွားမြင်သည်။ ဖွားရက်၊ ဖွားနေ့မှာ သီတင်းကျွတ်လ ၁ဝ ရက်၊ တနင်္ဂနွေနေ့ဟု သိရသော်လည်း လဆန်း ၁ဝ ရက် ဖြစ်သည်။ သို့မဟုတ် လဆုတ် ၁ဝ ရက် ဖြစ်သည်ဟူ၍ကား အတိအကျ မသိရချေ။ အမည်မှာ ဦးစို ဖြစ်သည်။ မိဘနှစ်ပါးတို့က မိမိတို့၏သားငယ်ကို ယင်းတောမင်းကြီးထံ၌ အပ်နှံထားလေသည်။ ဦးစိုသည် ထိုယင်းတောမင်းကြီး၏ ပုရပိုက်ထမ်း နောက်ပါစာရေးအဖြစ် လိုက်ပါရ၍ သင်ကြားပြ သသော နည်းနာဥပဒေသများကို ကျိုးနွံစွာ ခံယူမှတ်သားခဲ့ရလေသည်။ ယင်းတောမင်းကြီးကလည်း ဦးစိုသည် လက်ရေးလက်သား ကောင်း၍ စာရေးစာဖတ် တတ်မြောက်သည်ကို သိတော်မူသဖြင့် တစ်ဆင့်တစ်ဆင့် ကြီးမြင့်စေရန် ဆန္ဒရှိသည့်အတိုင်း စာရေးတော်ခေါင်းအောက် စာရေးငယ်အဖြစ်နှင့် ဗြဲတိုက်စာရေး၊ လွှတ်တော်စာရေး၊ သံတော်ဆင့် ရာထူးတိုင်အောင် မစခဲ့လေသည်။ ထိုနောက် အမရပူရမြို့ ပုဂံရွှေနန်းရှင်လက်ထက်တွင် မြစ်စဉ်ဝန်၊ ကိုးခရိုင်ဝန်၊ ရမည်းသင်းဗိုလ်၊ ရမည်းသင်းဗိုလ်မှူးကြီး အဖြစ်နှင့် သူကောင်းပြုတော်မူခြင်းကို ခံရလေသည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအတွင်းက တောင်ငူ၊ စစ်တောင်း၊ ဘီးလင်း၊ မုတ္တမ၊ မင်းလှတပ်တို့တွင် အမှုတော်ထမ်းရွက်ခဲ့ရလေသည်။ တစ်ဖန် ရတနာပုံမြို့တည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးလက်ထက်တွင် ရှမ်းပြည် သိန္နီကြောင်း စစ်ဗိုလ်မှူးကြီး အဖြစ်နှင့် ချီတက်၍ သူပုန်များကို နှိမ်နင်းတိုက်ခိုက်ရသည်။ သက္ကရာဇ် ၁၂၂၈ ခုနှစ်တွင် မြင်ကွန်းမြို့စား မင်းသား ညီနောင်တို့အရေး ဖြစ်ပေါ်လာရာ မင်းတရားကြီးက စိုးရိမ်တော်မူသဖြင့် ဗိုလ်မှူးကြီးအား အကျယ်ချုပ် ချထားလေသည်။ ၁၂၃၁ ခုနှစ်သို့ ရောက်သောအခါ ဗိုလ်မှူးကြီးအား ရှေ့တော်သို့ ဝင်ရောက်ခစားစေပြီးလျှင် အရှင်၏ကျေးဇူးသစ္စာတော်ကို စောင့်သိ ရိုသေသောဂုဏ်ကို နှစ်သက်အားရတော်မူသဖြင့် မြစ်စဉ်ဝန်၊ မြင်းဝန်၊ ရမည်းသင်းဗိုလ်မှူးမင်းကြီး မဟာမင်းလှမင်းခေါင်ကျော်ဘွဲ့ တံဆိပ်နှင့် ရေနံချောင်းမြို့စား ဝန်ကြီးရာထူးဖြင့် ချီးမြှောက်ခန့်ထား သနားတော်မူလေသည်။ ထိုအခါမှစ၍ ရေနံချောင်းမင်းကြီးဦးစိုဟူသော အမည်ဖြင့် ထင်ရှားလာလေသည်။ ပုဂံ ရွှေနန်းရှင်လက်ထက် မြစ်စဉ်ဝန်အဖြစ် အမှုထမ်းစဉ်က အမရပူရမြို့မှ မြစ်ကြောင်းစုန်ဆင်းလာရာ ရေနံချောင်းမြို့ကို မစားရသောကြောင့် မြို့အနီးသို့ရောက်လျှင် ကျောခိုင်း၍ လှေတော်ကို အောက်သို့ တောက်လျှောက် စုန်စေပြီးနောက်၊ မြို့နှင့်ဝေးရာ ဆိပ်ကမ်းတွင် စခန်းချနားသည်ဟု ဆိုသည်။ ရေနံချောင်းမြို့စား ဝန်ကြီးရာထူးကို ရသောအခါ ရည်ရွယ်ချက်အတိုင်း ဆုတောင်းပြည့်သည်ဟူ၍ ဝန်ကတော်နှင့် သားသမီး ကျေးကျွန်တို့ကို ဝမ်းမြောက်ဝမ်းသာ ပြောပြသည်ဟု ဆိုလေသည်။ သီပေါမင်းတရားလက်ထက်၌လည်း ရာထူးရင်းတွင် အမှုထမ်းရသည်။ သို့ရာတွင် ၁၂၄၂ ခုနှစ်၌ ညောင်ရမ်းမင်းသား ညီနောင် နှစ်ပါးထံသို့ လက်ဆောင်ပဏ္ဏာ ဆက်သကြောင်း ရွှေနားတော်ပေါက်ကြားသဖြင့် ဘုရင့်အမိန့်တော်နှင့် ရှေ့တော်သို့ ဝင်ရောက်ခစားရန် ဆင့်ခေါ်ခြင်းခံရလေသည်။ ရေနံချောင်းမင်းကြီးကလည်း မုသားမပြောလိုသဖြင့် မှန်ရာကိုသာ ဝန်ခံမည်၊ အဆုံးစီရင်သော် အသေခံမည်ဟုဆို၍ ဝန်ကတော်ကြီးနှင့် တကွ သားသမီး၊ ကျေးကျွန်ရင်းတို့ကို လွတ်ရာသို့ ပြေး၍ ပုန်းလျှိုးနေစေလေသည်။ ရှေ့တော်မှောက်သို့ အခစား ရောက်သောအခါ ရေနံချောင်းမင်းကြီးက ကျေးဇူးရှင်သခင်များ၏ သားစဉ်မြေးဆက် ကျေးဇူးတော်မြတ်ကို မမေ့အပ်သဖြင့် နောင်တော်တို့ထံ လက်ဆောင်ပဏ္ဏာဆက်သရကြောင်း မကွယ်မထောင့် လျှောက်တင်လေသော် ဘုရင်လည်း မျက်တော်မူ၍ ဝန်ကြီးရာထူးမှ နုတ်ပယ်လိုက်လေသည်။ ၁၂၄၆ ခုနှစ်သို့ ရောက်လျှင် ဘုရင်မင်းမြတ်က မင်းကြီးအား သတိရသောကြောင့် ဆင့်ခေါ်တော်မူ၍ မူလ ရေနံချောင်းမြို့စား ရာထူးကို ပြန်လည်ပေးအပ်သည့်အပြင်၊ ကျောက်စီတောင်ဝှေးတော်ကိုလည်း သနားတော်မူမည်ဟု မိန့်ကြားလေသည်။ ထိုအခါ မင်းကြီးက အသက်အရွယ်ကြီးရင့်အိုမင်းပြီ ဖြစ်ပါ၍ အမှုတော်ကို မထမ်းရွက်နိုင်ကြောင်း လျှောက်တင်လျက် ရာထူးကို လက်မခံခဲ့ချေ။ တစ်ဖန် ၁၂၄၇ ခုနှစ်တွင် နိုင်ငံတော်အရေး ပေါ်ပေါက်လာသဖြင့် ဘုရင်မင်းမြတ်က မင်းကြီးအား စစ်ရေးစစ်ရာအတွက် တာဝန်ပေးအပ်ပြန်ရာ၊ အိုမင်းမစွမ်းရှိသောကြောင့် အမှုတော်ကို သက်စွန့်ကြိုးပမ်း မထမ်းရွက်နိုင်ကြောင်း လျှောက်တင်၍ ငြင်းပယ်ခဲ့လေသည်။ ရေနံချောင်းမင်းကြီးသည် တည်ကြည်ခိုင်မာသောစိတ် ရှိသည်ဟု ဆိုသည်။ ကဗျာသီချင်းတို့၌ ဝါသနာပါသည်။ တောတောင်၊ ဆဲ့နှစ်ရာသီတို့နှင့် ဆိုင်သော တေးထပ်၊ ရှစ်ဆယ်ပေါ်၊လေးချိုးကြီး၊ ပတ်ပျိုးကြီး၊ ယိုးဒယား၊ ဘောလယ် ဗုဒ္ဓဟေချီး အခန်းများကို နှုတ်ရဆောင်သည်ဟုလည်း ပြောထုံးတွင်လေသည်။ ရေနံချောင်းဝန်ကြီးမင်းသည် ၁၂၅၇ ခုနှစ် နယုန်လဆုတ် ၂ ရက်နေ့ အသက် ၉၂ နှစ်အရွယ်တွင် အနိစ္စရောက်လေသည်။ ဝန်ကြီးကတော်နှစ်ဦးမှာ ဒေါ်သီလှနှင့် ဒေါ်ချိုဖြစ်၍၊ ဒေါ်ချိုသည် ဦးစို ရေနံချောင်းမင်းကြီးမဖြစ်မီက အနိစ္စ ရောက်လေသည်။ ဝန်ကြီးကတော် ဒေါ်သီလှတွင် မမယ်ကလေးခေါ် မခင်ကလေး၊မောင်မောင်ကင်း၊ မောင်မောင်ဝင်းဟူ၍ သားသမီး သုံးယောက် ရှိသည်။ ဝန်ကြီးကတော် ဒေါ်ချိုကြေးမြှင် မိဖုရား မမခင်နှင့် မြေနန်းဝန်မောင်မောင် ကလေးယူ၍ သားသမီး နှစ်ယောက်ရှိရာ ပျဉ်းမနားကိုယ်တော်ကြီးသည် ကြေးမြှင်မိဖုရား၏ သားတော် ဖြစ်လေသည်။ ကိုးကား မြန်မာ မှူးမတ်များ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%94%E1%80%B6%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ဓမင်းဆိပ်ရွာ၊ ရေးမြို့နယ်
ဓမင်းဆိပ်ရွာ()သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၃၅၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အံဒင်ကျေးရွာအုပ်စုတွင် ကျား ၃၉၂၄ ဦး၊ မ ၄၁၇၃ ဦး၊ လူဦးရေ စုစုပေါင်း ၈၀၉၇ ဦး နေထိုင်သည်။ ကိုးကား ရေးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%93%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မူးချောင်းရွာ
မူးချောင်းရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%99%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC
နောင်ပိန်ဈေးကုန်းရွာ၊ ကျောက်မဲမြို့နယ်
နောင်ပိန်ဈေးကုန်းရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၂၃၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရနောင်ပိန်ကျေးရွာအုပ်စုတွင် ကျား ၂၀၈၄ ဦး၊ မ ၂၁၈၅ ဦး၊ လူဦးရေ စုစုပေါင်း ၄၂၆၉ ဦးနေထိုင်သည်။ ကိုးကား ကျောက်မဲမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%AD%E1%80%94%E1%80%BA%E1%80%88%E1%80%B1%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%B2%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပေါက်ကုန်းရွာ၊ ရွှေကူမြို့နယ်
ပေါက်ကုန်းရွာ()သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၆၉၇၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျောက်ကြီးကျေးရွာအုပ်စုတွင် ကျား ၂၄၉၉ ဦး၊ မ ၂၃၂၃ ဦး၊ လူဦးရေစုစုပေါင်း ၄၈၂၂ ဦး နေထိုင်သည်။ ကိုးကား ရွှေကူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နာဝီးမြို့
နာဝီးမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းမော-ဝအထူးဒေသ ၂ ရှိ မြို့တစ်မြို့ ဖြစ်သည်။ ကိုးကား ရှမ်းပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%9D%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
စကြဝတေးမင်း
စကြဝတေးမင်းသည် အလျားယူဇနာ(၁၀ဝ)၊ အနံယူဇနာ(၂၅၀)၊ အဝန်းယူဇနာ(၉၀ဝ)ရှိသည့် မဇ္ဈိမဒေသ အရပ်မှာ ဖြစ်သည်။ မဇ္ဈိမဒေသ အရပ်သည် ဘုရား ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက စသည့် မြင့်မြတ်သူများ ဖြစ်ရာအရပ်ဖြစ်သည်။ ပစ္စန္တရစ်အရပ်၌ မဖြစ်ပေ။ စကြဝတေးမင်း၏ ရတနာ(၇)ပါး စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိဖုရားရတနာ သူဌေးရတနာ သားကြီးရတနာ တို့ဖြစ်သည်။ ကဗျာ ::`စကြာ၊ ဆင်ဖြူ၊ မြင်းပျံဟူ မှတ်ယူ၊ ပတ္တမြား၊ မြောက်ကျွန်းသူနွယ်၊ သားနန်းနွယ် မှတ်ဖွယ်၊ သူဌေးအား။ ။´ စကြဝတေးမင်း ပေါ်သောအခါ ရတနာ(၇)ပါးအနက် စကြာရတနာ အရင်ရောက်ရှိလာသည်။ ဆင်ရတနာ၊ မြင်းရတနာများသည် သာမန် ဆင်၊ မြင်းများထက် သာသည်။ မိဖုရားရတနာသည် အဆင်းလှသည်။ ကြည်ညိုဖွယ်ရှိသည်။ မြင့်ခြင်း၊ နိမ့်ခြင်း ဟူသော အပြစ်ခြောက်ပါး ကင်းသည်။ ကိုယ်နံ့သည် စန္ဒကူးနံ့၊ ခံတွင်းနံ့သည် ကြာညိုနံ့ သင်းသည်။ မဒ္ဒတိုင်း မင်းမျိုး ဖြစ်သည်။ မြောက်ကျွန်းသူ ဖြစ်သည်။ သူဌေးရတနာသည် မြေကြီးအတွင်း တစ်ယူဇနာတိုင်တိုင် အရှင်ရှိပြီး မြှုပ်ထားသော ဥစ္စာ၊ အရှင်မဲ့ မြှုပ်ထားသော ဥစ္စာများကို မျက်စိနှင့် မြင်နိုင်သည်။ စကြဝတေးမင်း စုံစမ်းခိုင်းသည့်အခါ ရတနာများကို ယူပေးသည်။ သားကြီးရတနာသည် ပညာရှိသည်၊ လိမ္မာသည်၊ သူတပါး၏ အကြံအစည်ကို သိနိုင်သည်။ စကြဝတေးမင်း သေပြီး (၇)ရက်မြောက်တွင် စကြာရတနာ ကွယ်သည်။ ဆင်၊ မြင်းရတနာ သေသည်။ မြရတနာ ပျောက်ကွယ်သည်။ မိဖုရားရတနာ တန်ခိုးအာနုဘော် ကွယ်သည်။ သူဌေးမျက်စိသည် သာမန်မျက်စိသာရှိတော့သည်။ သားကြီး၏ ဉာဏ်ပညာသည်လဲ သာမန်ပညာသာ ဖြစ်တော့သည်။ စကြဝတေးမင်း ကျင့်ဝတ် (မဟာသုဒဿနသုတ်)အရ သုံးပါး ဒါန = အလှူပေးခြင်း၊ ဒမ္မ = က္ကန္ဒြေကို ဆုံးမခြင်း၊ သံယမ = ငါးပါး၊ ရှစ်ပါးသီလတို့ကို ဆောက်တည်ခြင်း၊(တနည်း) ကိုယ်နှုတ်တို့ကို စောင့်စည်းခြင်း၊ (ဒီဃနိ ကာယ် ပါထိကဝဂ် စက္ကဝတ္တိသုတ်) အရ ဆယ်ပါး ၁။ သားမယားတို့ကို သီလ၌ ဆောက်တည်စေခြင်း၊ အဝတ် ပုဆိုး၊ နံ့သာ၊ ပန်း စသည်တို့ကို ပေးခြင်း၊ဘေးဥပဒ် မရှိအောင် စောင့်ရှောက်ခြင်း၊ ၂။ အဘိသိက် ခံလေပြီးသော မင်းတို့အား မြည်း၊ မြင်း၊ အဿဇနေယျ စသော ရတနာတို့ကို ပေး၍ ချီးမြှောက်ခြင်း၊ ၃။ မိမိထံ၌နေသော မင်းတို့ကို ထိုက်သည့်အားလျှော်စွာ ယာဉ်၊ သံလျင်းပေး၍ နှစ်သက်စေခြင်း၊ ၄။ ပုဏ္ဏားတို့အား ထမင်း၊ အဖျော်၊ ပုဆိုး စသောလှူဖွယ်ဝတ္တုကို ပေးခြင်း၊ သူကြွယ်တို့အား မျိုးစေ့၊ ထွန်တုံး၊ ထွန်သွား၊ နွားလား စသည်တို့ကို ပေးခြင်း၊ ၅။ နိဂုံး၊ ဇနပုဒ် နေသူတို့အား ထမင်း၊ မျိုးစေ့၊ ရိက္ခာ၊ ထွန်တုံး၊ ထွန်သွား၊ ကျွဲ၊ နွား စသည်တို့ကို ပေးခြင်း၊ ၆။ ရဟန်းတို့အား ရဟန်းတို့နှင့်လျော်သော ပရိက္ခရာများ လှူဒါန်း၍ ပူဇော်ခြင်း၊ ၇။ သားရဲတိရစ္ဆာန်တို့အား ဘေးမဲ့ပေး၍ သက်သာရာကို ရစေခြင်း၊ ၈။ မတရားသော အမူအရာကို မပြုစေခြင်း၊ ၉။ ဥစ္စာ မရှိသောသူတို့အား ဥစ္စာကိုပေးခြင်း၊ ၁၀။ ရဟန်း၊ ပုဏ္ဏားတို့ထံသို့ကပ်၍ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ၊ အပြစ်မရှိ၊ မှီဝဲအပ်၊ မမှီဝဲအပ် စသော တရားကိုမေး၍ အကုသိုလ်ကိုပယ်၊ ကုသိုလ်ကို ဆောက်တည်စေခြင်း၊ တန်ခိုးကြီးပုံ စကြဝတေးမင်းမှာ ကျွန်းကြီး လေးကျွန်း နှင့် အရံကျွန်းငယ် (၂၀ဝ၀) ကို အစိုးရသော မင်းဟု ကျမ်းဂန်များက ဆိုသည်။ ဇမ္ဗူဒိပ် မင်းအပေါင်းက ဝပ်တွား ခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စုံစေတတ်သော စကြာရတနာ ရရှိသဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်းထက်မြက်လှသော လှံ၊ ရထား၊ ခြေနင်း စသည်တို့ကို လှံစကြာ၊ ရထားစကြာ၊ ခြေနင်းစကြာ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ စကြဝတေးမင်းကို မန္ဓာတု စကြာမင်း၊ မန္ဓတ်မင်း ဟုလည်း ခေါ်ကြသည်။ ဂေါတမ မြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသော မင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓတ်မင်း ဖြစ်ဖူး၍ ကျွန်းငယ် အရံ (၂၀ဝ၀) နှင်တကွ ကျွန်းကြီး လေးကျွန်းတွင် စကြဝတေးမင်း စည်းစိမ်ကို ခံစားတော်မူသည်။ စကြဝတေးမင်းတို့သည် အံ့ဘွယ် လေးပါး ရှိမြဲဖြစ်သည်။ ယင်းတို့မှာ ဘုန်းကံ ပါရမီအလျောက် အလွန်အဆင်းလှ၍ အသံသာယာခြင်း၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း၊ ကောင်းကင်ခရီးဖြင့် သွားလာတတ်ခြင်း၊ တရားနှင့်အညီ စိုးစံတတ်ခြင်း တို့ ဖြစ်သည်။ ယင်းဂုဏ်များကြောင့် အခြားသော မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရသေ့၊ ရဟန်းတို့သည် အဆင်းကို ရှု၍မဝ၊ အသံကို ကြား၍မဝ၊ တရားစကား နှီးနှော၍ မဝ အောင် ဖြစ်ကြရသည်။ စကြာရတနာတန်ခိုးကြောင့် အခြားသော မင်းများ မတုပြိုင်နိုင်သော တန်ခိုးရှင်လည်း ဖြစ်သည်။ စကြာဝတေးမင်း တန်ခိုး တန်ခိုး ၄-မျိုးရှိသည်။ လူတကာတို့ထက်လွန်ကဲသော အဆင်းရှိခြင်း၊ လွန်ကဲသောအသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ အမျိုးလေးပါးတို့၏ ချစ်မြတ်နိုးခံရခြင်း။ ဗုဒ္ဓဝင် လာ (၁)ဂေါတမ မြတ်စွာဘုရား အလောင်းတော်သည် ကောဏ္ဍညမြတ်စွာဘုရားထံတော်၌ ဝိဇိတာ စကြာမင်းဖြစ်၍ ရဟန်းအဖြစ် နှင့် သုဇာတမြတ်စွာဘုရားထံတော်၌ စကြာမင်းဖြစ်၍ ရဟန်းအဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။ (၂)သိဒ္ဓတ္ထ မင်းသားကလေး၏ အင်္ဂါလက္ခဏာတို့ကို ပုဏ္ဏားတော်များကို ကြည့်ရှုစစ်ဆေးစေရာ ပုဏ္ဏား ၇-ယောက်က စကြဝတေးမင်း သော်လည်း ဘုရားသော်လည်း ဖြစ်လိမ့်မည် ဟု ဟောကြ၏။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညအနွယ် ဖြစ်သည့် သုဒတ္ထ ပုဏ္ဏားကလေးကမူ လက်ညှိုးတစ်ချောင်းထောင်၍ မုချဘုရား ဖြစ်မည်ဟု တစ်ခွန်းတည်း အတပ် ဟောလိုက်သည်။ သတ်ပုံ `စကြာ´ သည် အမှားများသော သတ်ပုံသတ်ညွှန်း တစ်ခုဖြစ်သည်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း တွင် `စကြဝတေးမင်း´၊ `စကြာ´ ဟု ဖော် ပြသည်။ `စက်ကြာ´ ဟုဖတ်သည်။ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား၏ ခြေတော် စက်လက္ခဏာတွင် စကြဝတေးမင်းပုံပါရှိသည်။ စက္ကဝတ္တိ = စကြာမင်း = THE CAKKAVATTI (THE UNIVERSAL MONARCH) ဟု ညွှန်းထားသည်။ ရဝေနွယ် စာအုပ်တွင်လည်း စကြဝတေးမင်း၊ စကြာရတနာ ဟု ပုံနှိပ်ထားသည်။ စကြဝတေးမင်း စကြဝတေးမင်းမှာ ကျွန်းကြီးလေးကျွန်းနှင့် ကျွန်းငယ် အရံ ၂ဝဝ၀ ကို အစိုးရသောမင်းဟု ကျမ်းဂန်များတွင် ဆိုသည်။ ဇမ္ဗူဒိပ်မင်းအပေါင်းက ဝပ်တွားခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စေတတ်သော စကြာရတနာ ရရှိ သဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်း ထက်မြက်သော လှံ၊ ရထား၊ ခြေနင်း စသည်တို့ကို လှံစကြာ၊ ရထားစကြာ၊ ခြေနင်းစကြာ၊ စသည်ဖြင့် အသီးသီး ခေါ်သည်။ စကြာမင်းကို မန္ဓာတုစကြာမင်း၊မန္ဓာတ်မင်းဟုလည်း ခေါ်သည်။ စကြာမင်းတို့သည် ဇန္ဓူဒိပ်ကျွန်း၌သာ ဖြစ်ပေါ်လေ့ရှိသည်။ ဂေါတမမြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသောမင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓာမင်း ဖြစ်ဘူး၍ ကျွန်းငယ်အရံ ၂ဝဝဝ နှင့်တကွ ကျွန်းကြီးလေးကျွန်း ၌ စကြဝတေးမင်းစည်းစိမ်ကို ခံစားတော်မူသည်။ စကြာမင်းတို့သည် ဘုန်းကံကြီးမားသည့် အလျောက် ကျောက်မျက်ရတနာ၊ ဆင်ဖြူတော်ရတနာ၊ စကြာရတနာ၊ မိဖုရားရတနာ၊ သဌေးရတနာ၊ မြင်းရတနာ၊ ဆင်ရတနာ ဟူသော ရတနာ ၇ပါး ပြည့်စုံမြဲဖြစ်သည်။ သို့ရာတွင် စကြဝတေးမင်းပင် ဖြစ်လျက် ပေးကမ်းမှုအလှူဒါနမရှိ၍၊ စကြရတနာ မရောက်သည်ကို သုတ်မဟာဝါပါဠိတော် စက္ကဝတ္တိ သုတ်၌ ဟောကြားသည်ကို ထောက်၍ စကြာရတနာ မရောက် သော စကြာမင်းလည်းရှိသေးသည်ဟု သိမှတ်ရာသည်။ စကြာမင်းတို့သည် အံ့ဖွယ်လေးပါးရှိမြဲဖြစ်သည်။ ယင်းတို့ မှာ ဘုန်းပါရမီအလျောက်၊ အလွန်အဆင်းလှ၍ အသံသာယာ ခြင်း၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း၊ ကောင်းကင်ခရီးဖြင့် သွားတတ်ခြင်း၊ တရားနှင့်အညီ စိုးစံခြင်း ဟူလေသည်။ ယင်းဂုဏ်များကြောင့် အခြားသောမင်းတို့သည် ၎င်း၊ ပုဏ္ဏားပရိသတ်တို့သည်၎င်း၊ သူကြွယ်ပရိသတ်တို့သည် ၎င်း၊ ရသေ့ရဟန်း ပရိသတ်တို့သည်၎င်း အဆင်းကို ရှု၍မဝ၊ အသံကို ကြား၍မဝ၊ တရားစကားနှီးနှော၍ မဝအောင် ဖြစ်ရသည်။ စကြာရတနာတန်ခိုးကြောင့် အခြားသောမင်းများ မတုပြိုင် နိုင်သော တစ်ဦးတည်းအရှင်သခင်ဖြစ်သည်။ ဂေါတမ မြတ်စွာ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသာ ဖွားသည်တွင် လက္ခဏာ ဖတ် ပုဏ္ဏားတို့က မင်းသားငယ်သည် ဘုရားသော်လည်းကောင်း၊ စကြဝတေးမင်းသော်လည်းကောင်း ဖြစ်ရမည်ဟု ဗေဒင်ဟောကြားသည်ကို ထောက်၍ ဘုန်းကံအလွန်ကြီးမားလွန်းမှ စကြဝတေးမင်း ဖြစ်နိုင်ကြောင်းကို သိရသည်။ ရှေးစာပေဟောင်းတို့တွင် အိုင်ဆဒ္ဒန်မှ၊ နတ်ဖန်ဆောင်သ၊ နေလတဆူ၊ ကြွေကျတူသို့၊ လေးဆူကျွန်းကြီး၊ ရံသီးပတ်ဝန်း၊ ကျွန်းငယ်နှစ်ထောင်၊ ကုန် အောင်ရစ်ခွေ၊ မြင်းမိုရ်ခြေတွင်၊ ရေပင်လယ်ဝိုက်၊ စက်နယ် တိုက်ကို၊ စိတ်လိုက်လိုပါ၊ လှည့်နိုင်စွာသော၊ စကြာမန္ဓာတ်၊ ဥက္ကဋ္ဌ်ရွှေဘုန်း၊ လူမင်းဆုံးတို့၊ (မန်လည်ဆရာတော်) မဟာနာဂိန်၊ ဂဇာသိရ်နှင့်၊ အရိန္ဒမာ၊ စကြာရွှေလှံ၊ မြင်းပျံ အဿ၊ ဇာနေယျတို့၏သခင်၊ ဘုရင်မင်းမြတ်၊သမုနတ် ဖြစ်တော်မူသဖြင့်၊ရာဆူမကိုဋ်၊ သောင်းတိုက်ခွဲပါ၊ မဏ္ဍလာ ဝယ်နှံ ပဏ္ဏာ ဆက်သွင်းလျက်၊ အမင်းမင်းတို့၏ဦးညွတ်ရာ၊ စကြာ မန္ဓာတ်၊ (ဆတိုင်မွှတ် ဦးကူး)စသည်ဖြင့် ဖွဲ့ဆိုရေးသားကြသည်။ ကျမ်းကိုး ဗုဒ္ဓဘာသာ မြန်မာ့ ဓလေ့ထုံးစံ ၃၁-ဘုံ
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%BC%E1%80%9D%E1%80%90%E1%80%B1%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8
လယ်ယားရွာ၊ ခွေးတောက်ကုန်း
လယ်ယား(မ)ရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ခွေးတောက်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုဒ်မှာ ၁၉၁၈၅၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ခွေးတောက်ကုန်းကျေးရွာအုပ်စုတွင် ကျား ၁၀၀၁ ဦး၊ မ ၁၂၉၆ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၉၇ ဦးနေထိုင်သည်။ ကိုးကား ကျောက်ပန်းတောင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%9A%E1%80%BA%E1%80%9A%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%81%E1%80%BD%E1%80%B1%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
နမ့်ဖတ်တာ (တရုပ်)ရွာ၊ ကွတ်ခိုင်မြို့နယ်
နမ့်ဖတ်တာ (တရုပ်)ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပရုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၁၀၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နမ့်ပရုံကျေးရွာအုပ်စုတွင် ကျား ၂၉၁ ဦး၊ မ ၂၉၁ ဦး၊ လူဦးရေ စုစုပေါင်း ၅၈၂ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား ကွတ်ခိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%99%E1%80%B7%E1%80%BA%E1%80%96%E1%80%90%E1%80%BA%E1%80%90%E1%80%AC%20%28%E1%80%90%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BD%E1%80%90%E1%80%BA%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ခရစ်ယာန်ဘာသာဝင်များ
“သခင်ယေရှုကို ခရစ်တော်အဖြစ်ယုံကြည်သက်ဝင်သူ (သို့) သခင်ယေရှု၏သွန်သင် သောတရားကို လိုက်လျှောက်သောသူ ” တို့ကို ခရစ်ယာန်ဖြစ်သည်ဟု Webster’s Dictionary က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ခရစ်ယာန်ဟူသည် မည်သို့သောအရာဖြစ်သည် ဟူသောအချက်မှ အစ ပြုရန်အလွန်သင့်တော်သည်။ သို့မဟုတ် တခြားလောကီပိုင်းဆိုင်ရာ အနက်ဖွင့်သည်နည်းတူ ခရစ် ယာန်ဟူသောစကားလုံးကို သမ္မာတရားဖော်ပြချက်နှင့် မကိုက်ညီပဲမှားယွင်းစွာ ဖော်ပြနိုင်သည်။ ခရစ်ယာန်ဟူသောစကားလုံးကို ဓမ္မသစ်ကျမ်းထဲတွင် သုံးကြိမ်တိုင်တိုင်တွေ့ရှိနိုင်သည်။ (တ၊ ၁၁:၂၆၊ ၂၆:၂၈၊ ၁ပေ၊ ၄:၁၆)။ သခင်ယေရှု၏နောက်လိုက်တပည့်တော်တို့၏ အကျင့်စရိုက်၊ အပြုအမူ၊ အပြောအဆိုတို့သည် ခရစ်တော်နှင့်တူသောကြောင့် အန္တိအုတ်မြုံ့တွင် သူတို့ကို “ ခရစ်ယာန်များ “ ဟုပထမအကြိမ်ခေါ်ခဲ့သည် (တ၊ ၁၁:၂၆)။ မယုံကြည်သူတို့က ယုံကြည်သူတို့ကို နောက်ပြောင် သောသဘောမျိုးဖြင့် ခရစ်ယာန်များဟု ခေါ်ခြင်းဖြစ်သည်။ ၎င်း၏အဓိပ္ပာယ်သည် “ ခရစ်တော်ပိုင်ဆိုင် သောအဖွဲ့ ” သို့ “ ခရစ်တော်၏ နောက်လိုက်သူများ ” ဖြစ်သည်။ ၎င်းသည် Webster’s Dictionary ထဲတွင် ဖော်ပြထားသော အနက်ဖွင့်ဆိုချက်နှင့် ညီညွှတ်သည်။ ခရစ်ယာန်ဘာသာဝင်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%9B%E1%80%85%E1%80%BA%E1%80%9A%E1%80%AC%E1%80%94%E1%80%BA%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%9D%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
အင်ဒိုင်းရွာ၊ တောင်ငူမြို့နယ်
အင်ဒိုင်းရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၉၈၆၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အင်ဒိုင်းကျေးရွာအုပ်စုတွင် ကျား ၁၇၃၉ ဦး၊ မ ၁၈၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၃၆၀၆ ဦးနေထိုင်သည်။ ကိုးကား တောင်ငူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သရက်ခြံရွာ၊ တောင်ကြီးမြို့နယ်
သရက်ခြံရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ မင်္ဂလာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၀၀၂၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မင်္ဂလာကျေးရွာအုပ်စုတွင် ကျား ၁၁၅၃ ဦး၊ မ ၉၉၀ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၄၃ ဦးနေထိုင်သည်။ ကိုးကား တောင်ကြီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%9B%E1%80%80%E1%80%BA%E1%80%81%E1%80%BC%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သီတာမြိုင်ရွာ၊ မိုင်းဆတ်မြို့နယ်
သီတာမြိုင်ရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်း (တာကူး)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၃၇၂၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းယွန်း (တာကူး)ကျေးရွာအုပ်စုတွင် ကျား ၉၃၅၉ ဦး၊ မ ၈၈၅၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၂၁၆ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား မိုင်းဆတ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရှောင်လင်ကျောင်းတော်
ရှောင်လင်ကျောင်းတော် (သို့မဟုတ်) ရှောင်လင်ဘုရားကျောင်း ( တရုတ်: 少林寺 ; ပင်ယင်း : Shàolínsi )သည် ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟန်နန် ပြည်နယ် ဆောန်ရှန်း တောင်တန်း (Song Shan)ပေါ်တွင် တည်ရှိသော ဘုန်းကြီးကျောင်း တစ်ခုဖြစ်သည်။ ရှောင်လင်ကျောင်းတော်ကို ဧကရာဇ်ရှောင်ဝမ် (孝文帝) က အေဒီ ၄၇၇ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးသော ကျောင်းထိုင်ဘုန်းကြီးမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးအတွက် အေဒီ ၄၆၄ တွင် တရုတ်ပြည်သို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော် ဘတ်တူ (Batuo) ( ဖော့တူ(Fotuo) သို့မဟုတ် ဘဒ္ဒရာ (Bhadra - the Chinese transposition of Buddha)) ဖြစ်လေသည်။ တရုတ်ကိုယ်ခံပညာနှင့် အထူးသဖြင့် ရှောင်လင်ကွန်ဖူးနှင့် တွဲဖက်၍ နှစ်ရှည်လများ ထင်ရှားခဲ့သည်။ အနောက်ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခုဟုပင်ဆိုနိုင်သည်။ ဆရာတော် ဗောဓိဓမ္မ ( Around 500 A.D) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism )သည် ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးအတွက် (5th/6th century) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။ မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ ဆရာတော် ဗောဓိဓမ္မ ၏ ဘခမည်းတော်သည် အိန္ဒိယနိုင်ငံ Kanchipuram Pallava ၏ ဘုရင်Tamil Pallava ဖြစ်သည်။ တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးရှောင်လင် ကိုယ်ခံပညာ နှင့် ချန် ဗုဒ္ဓဘာသာ ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ တရုတ်ပြည်ရှောင်လင်ဘုရားကျောင်း မှ လာသော ချန်( 禪 ) ဗုဒ္ဓဘာသာ အယူအဆများပေါ်တွင် မူတည်၍ ဂျပန်တို့သည် ဇင်(ဈာန်) (禪) ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲလာခြင်းပင် ဖြစ်သည်။ တရုတ်ပြည်တွင်ဆရာတော် ဗောဓိဓမ္မ ကို ( 達摩 Bodhidharma)၊ ချန်ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင်၊ ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ဂျပန်ပြည်တွင်ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma) ၊ ဇင်ဗုဒ္ဓဘာသာ(Zen Buddhism) နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ နာမည် ရှောင်လင် (少林) ဟူသောဝေါဟာရတွင် ရှောင်(少) မှာ ဆောန်ရှန်း တောင်တန်း(嵩山) ပေါ်ရှိ ရှောင်ရှိတောင်(少室山) ကိုကိုယ်စားပြု ၍ လင်(林) ၏အဓိပါယ်မှာ တောအုပ် ဖြစ်သည်။ အတိအကျအားဖြင်.ဆိုသော် ရှောင်လင် ဆိုသည်မှာ ရှောင်ရှိတောင်ရှိတောအုပ်များထဲမှ ကျောင်းတော် ဟု အဓိပ္ပာယ်ရသည်။ ရည်ညွှန်းချက်များ ပြင်ပလင့်ခ်များ ၊ တရုတ်ပြည် ဂျပန်ပြည် ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ-ဆရာတော် ဗောဓိဓမ္မ Karate and Buddhism ရှောင်လင်အစ ဆရာတော် ဗောဓိဓမ္မ True History of Bodhidharma Life ဆရာတော် ဗောဓိဓမ္မ ယဉ်ကျေးမှု ဘာသာရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9C%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ဂုံးနားရွာ၊ မြို့ဦး
ဂုံးနားရွာ၊ မြို့ဦး ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%82%E1%80%AF%E1%80%B6%E1%80%B8%E1%80%94%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%A6%E1%80%B8
ဝမ်တီမီရွာ၊ ကျိုင်းတုံမြို့နယ်
ဝမ်တီမီရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ဝပ်ဆောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၂၂၇၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝပ်ဆောင်းကျေးရွာအုပ်စုတွင် ကျား ၁၃၁၅ ဦး၊ မ ၁၂၉၈ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၁၃ ဦးနေထိုင်သည်။ ဒေသအခေါ်မှာ ဝမ်တိမ့် ဖြစ်သည်။ ကိုးကား ကျိုင်းတုံမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%90%E1%80%AE%E1%80%99%E1%80%AE%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ထိပသက်ရွာ၊ တောင်ကြီးမြို့နယ်
ထိပသက်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၀၀၅၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖက်ကွန်ကျေးရွာအုပ်စုတွင် ကျား ၂၂၉၆ ဦး၊ မ ၂၇၇၂ ဦး၊ လူဦးရေ စုစုပေါင်း ၅၀၆၈ ဦးနေထိုင်သည်။ ကိုးကား တောင်ကြီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%AD%E1%80%95%E1%80%9E%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဖာပြန့်ရွာ၊ နမ့်ခမ်းမြို့နယ်
ဖာပြန့်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ စယ်နေ (လွယ်)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၈၄၉၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စယ်နေ (လွယ်)ကျေးရွာအုပ်စုတွင် ကျား ၉၄၄ ဦး၊ မ ၁၀၁၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၉၅၈ ဦးနေထိုင်သည်။ ကိုးကား နမ့်ခမ်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%AC%E1%80%95%E1%80%BC%E1%80%94%E1%80%B7%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%99%E1%80%B7%E1%80%BA%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မသောက်မစား လူ့ငနွား၊ သောက်သောက်စားစား လူ့မင်းသား
မသောက်မစား လူ့ငနွား၊ သောက်သောက်စားစား လူ့မင်းသား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ အနက်အဓိပ္ပာယ် မသောက်မစားတတ်သူသည် လူနုံလူအ ဖြစ်သည်။ သောက်တတ်စားတတ်သူသည် လူတော်လူမော် ဖြစ်သည်။ ကိုးကား မြန်မာဆိုရိုးစကားများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9E%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%85%E1%80%AC%E1%80%B8%20%E1%80%9C%E1%80%B0%E1%80%B7%E1%80%84%E1%80%94%E1%80%BD%E1%80%AC%E1%80%B8%E1%81%8A%20%E1%80%9E%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%85%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%20%E1%80%9C%E1%80%B0%E1%80%B7%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8
လိုက်တပ်ရွာ၊ ကွန်ဟိန်းမြို့နယ်
လိုက်တပ်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ လိုက်တပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၃၈၉၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လိုက်တပ်ကျေးရွာအုပ်စုတွင် ကျား ၂၉၈၃ ဦး၊ မ ၂၉၁၂ ဦး၊ လူဦးရေ စုစုပေါင်း ၅၈၉၅ ဦးနေထိုင်သည်။ ကိုးကား ကွန်ဟိန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%9F%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဟုန်းရွာ၊ ပလက်ဝမြို့နယ်
ဟုန်းရွာ()သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ အပ်စကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၆၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အပ်စကျေးရွာအုပ်စုတွင် ကျား ၆၂၈ ဦး၊ မ ၆၅၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၈၀ ဦး နေထိုင်သည်။ ကိုးကား ပလက်ဝမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အွယ်လောရွာ၊ မန်တုံမြို့နယ်
အွယ်လောရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၀၈၇၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုန်းညောင်ကျေးရွာအုပ်စုတွင် ကျား ၅၄၆ ဦး၊ မ ၆၂၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၇၀ ဦးနေထိုင်သည်။ ကိုးကား မန်တုံမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%BD%E1%80%9A%E1%80%BA%E1%80%9C%E1%80%B1%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%94%E1%80%BA%E1%80%90%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သပြေတောရွာ
သပြေတောရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload သပြေတောရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload သပြေတောရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload သပြေတောရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9E%E1%80%95%E1%80%BC%E1%80%B1%E1%80%90%E1%80%B1%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC
အိနအဲဘူတာ
အိနအဲဘူတာ (稲枝駅 အိနအဲ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ရှိဂခရိုင်၊ ဟိခိုနဲမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%94%E1%80%A1%E1%80%B2%E1%80%98%E1%80%B0%E1%80%90%E1%80%AC
EGS-zs8-1
EGS-zs8-1 သည် တောင်ဘက် နက္ခတ်တာရာ ဘိုးတီ ကြယ်စုတန်းမှ ဝေးကွာသည့် ဂလက်ဆီဖြစ်သည်။ ယင်းသည် ၂၀၁၅ မေလတွင် အဝေးဆုံးမှ ဂယ်လက်ဆီအဖြစ် ရပ်တည်လျက်ရှိခဲ့သည်။၂၀၁၅ ဂျူလိုင်၂၀ တွင် EGSY-2008532660 ဟူသော ဂလက်ဆီက အဝေးဆုံးအဖြစ် အနိုင်ယူသွားသည်။ ကိုးကား ဘိုးတီ
https://my.wikipedia.org/wiki/EGS-zs8-1
ကောင်းဆုံရွာ၊ လားရှိုးမြို့နယ်
ကောင်းဆုံရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ မန်ကောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၆၀၃၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မန်ကောင်းကျေးရွာအုပ်စုတွင် ကျား ၅၃၉ ဦး၊ မ ၅၄၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၈၄ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား လားရှိုးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%AC%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
တောင်သာရွာ၊ ဒိုက်ဦးမြို့နယ်
တောင်သာရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၈၈၉၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သပြေတန်းကျေးရွာအုပ်စုတွင် ကျား ၄၀၀၁ ဦး၊ မ ၃၉၇၂ ဦး၊ လူဦးရေ စုစုပေါင်း ၇၉၇၃ ဦးနေထိုင်သည်။ ကိုးကား ဒိုက်ဦးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9E%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%92%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အနာသဝါဒိသုတ်
၃၂-ခုမြောက်သုတ်။ ဤသုတ်၌ သုတ်ပေါင်း (၃၀) ပါရှိပါသည်၊ အသင်္ခတသုတ်တော်အတိုင်း ဟောကြားတော်မူပါသည်။ ကိုးကား သံယုတ္တနိကာယ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%AC%E1%80%9E%E1%80%9D%E1%80%AB%E1%80%92%E1%80%AD%E1%80%9E%E1%80%AF%E1%80%90%E1%80%BA
၁၃၅၅
၁၃၅၅ ၁၃၅၅ ခုနှစ် မှတ်တမ်း ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၁) ရက်။ မေလ (၁) ရက်။ ဇွန်လ (၁) ရက်။ ဇူလိုင်လ (၁) ရက်။ ဩဂုတ်လ (၁) ရက်။ စက်တင်ဘာလ (၁) ရက်။ အောက်တိုဘာလ (၁) ရက်။ နိုဝင်ဘာလ (၁) ရက်။ ဒီဇင်ဘာလ (၁) ရက်။ ကိုးကား ၁၃၅၅ ခုနှစ်များ
https://my.wikipedia.org/wiki/%E1%81%81%E1%81%83%E1%81%85%E1%81%85
ဟက္ကိံဒီ ဟီချီလမ္မာ
ဟက္ကိံဒီ ဟီချီလမ္မာ (၁၉၆၂ ဇွန် ၄ ဘွား) သည် ဇမ်ဘီယားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးသမားဖြစ်ပြီး ၂၀၂၁ ခုတွင် ဇမ်ဘီးယားသမ္မတအဖြစ် ရွေးကောက်ခံရသည်။ ယခင်ရွေးကောက်ပွဲ ၅ ခု (၂၀၀၆, ၂၀၀၈, ၂၀၁၁, ၂၀၁၅ နှင့် ၂၀၁၆) တို့တွင် ဝင်ပြိုင်ဖူးပြီး ယခုမှ နိုင်ခြင်းတည်း။ မဲအရေအတွက်၏ ၅၉% ရကာ ၂၀၂၁ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခြင်းဖြစ်၏။ ဟီချီလမ္မာသည် ၂၀၀၆ ကတည်းကပင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပေါင်းစည်းပါတီ (United Party for National Development) ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ကိုးကား ၁၉၆၂ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%80%E1%80%B9%E1%80%80%E1%80%AD%E1%80%B6%E1%80%92%E1%80%AE%20%E1%80%9F%E1%80%AE%E1%80%81%E1%80%BB%E1%80%AE%E1%80%9C%E1%80%99%E1%80%B9%E1%80%99%E1%80%AC
ကုန်းညောင်ရွာ၊ မန်တုံမြို့နယ်
ကုန်းညောင်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၀၈၇၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုန်းညောင်ကျေးရွာအုပ်စုတွင် ကျား ၅၄၆ ဦး၊ မ ၆၂၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၇၀ ဦးနေထိုင်သည်။ ကိုးကား မန်တုံမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%94%E1%80%BA%E1%80%90%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဖန်လတ်ရွာ၊ မက်မန်းမြို့နယ်
ဖန်လတ်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ မန်ဝိန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၃၂၀၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မန်ဝိန်းကျေးရွာအုပ်စုတွင် ကျား ၈၃၈ ဦး၊ မ ၈၈၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၇၂၅ ဦးနေထိုင်သည်။ ကိုးကား မက်မန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%94%E1%80%BA%E1%80%9C%E1%80%90%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%80%E1%80%BA%E1%80%99%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
စေတသိက်
စေတသိက်ဟူသည် စေတသိက ဟူသော ပါဠိမှ ဆင်းသက်လာသည့် ပါဠိပျက်စကားဖြစ်သောကြောင့် စေတသိက်ဟူ၍ 'ကသတ်'ဖြင့် ရေးပြီး "စေတသိတ်"ဟု အသံထွက်ပါသည်။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအရ စိတ်ကို မှီတွယ်၍ စိတ်ကို ခြယ်လှယ်တတ်သည့် သဘောကို စေတသိက်ဟု ခေါ်ပါသည်။ နာမ်ကလာပ် စိတ်သည် .. အာရုံကို သိတတ်သော, အာရုံကို ရယူတတ်သော သဘောလက္ခဏာအားဖြင့် တစ်မျိုးသာ ဖြစ်သော်လည်း ယင်းစိတ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စေတသိက်တို့၏ ထူးထွေ ကွဲပြားမှုကို အကြောင်းခံ၍ စိတ်လည်း အမျိုးမျိုးပြားရပေသည်။ စိတ်မည်သည် စေတသိက်တို့မပါဘဲ မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ စေတသိက်တို့သည်လည်း စိတ်မပါဘဲ မိမိတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အုပ်စုအလိုက် အတူ ယှဉ်တွဲ၍သာ အမြဲတမ်း ဖြစ်ကြရလေသည်။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားစုတို့ကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်က မိမိ၏ မဟာဋီကာ၌ အရူပကလာပ = နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။ စိတ်နှင့်ယှဉ်သော စေတသိက်တို့၏ လက္ခဏာ (၄) ပါး ၁။ ဧကုပ္ပါဒ = စိတ်နှင့်တူသော ဖြစ်ခြင်း = စိတ်နှင့် အတူဖြစ်ခြင်း၊ ၂။ ဧကနိရောဓ = စိတ်နှင့်တူသော ချုပ်ခြင်း = စိတ်နှင့် အတူချုပ်ခြင်း၊ ၃။ ဧကာရမ္မဏ = စိတ်နှင့်တူသော အာရုံရှိခြင်း = စိတ်နှင့် အာရုံတူခြင်း၊ ၄။ ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း = စိတ်နှင့် မှီရာဝတ္ထုတူခြင်း၊ ဤသို့အားဖြင့် စေတသိက်တို့၌ စေတောယုတ္တလက္ခဏာ (၄)ပါး ရှိကြပေသည်။ မည်သည့်စေတသိက်မဆို စိတ်၌ယှဉ်သောအခါ ကာမဘုံ ရူပဘုံ၌ ဤအင်္ဂါ (၄)ပါးနှင့် ညီညွတ်ရမြဲ ဓမ္မတာဖြစ်သည်။ အရူပဘုံ၌ကား ဧကဝတ္ထုက အင်္ဂါတစ်ပါး ယုတ်လျော့ပေသည်၊ မှီရာဝတ္ထုရုပ် မရှိသောကြောင့် ဖြစ်သည်။ ယင်းစေတသိက်တို့ကား (၅၂)လုံး ရှိပေသည်။ စေတသိက် (၅၂) လုံး ၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၇)လုံး၊ ၂။ ပကိဏ်းစေတသိက် = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး၊ ၃။ အကုသိုလ်စေတသိက် = အကုသိုလ်စိတ်နှင့် ယှဉ်သော စေတသိက် (၁၄)လုံး၊ ၄။ သောဘဏစေတသိက် = တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်နှင့် ယှဉ်သော စေတသိက် (၂၅)လုံး၊ အားလုံးပေါင်းသော် စေတသိက် (၅၂)လုံး ဖြစ်သည်။ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) လုံး စိတ်အားလုံးနှင့် ဆက်ဆံသော စိတ်တိုင်းစိတ်တိုင်း၌ ယှဉ်သော စေတသိက် (၇)လုံး ၁။ ဖဿ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ)၊ = အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (ရသ)၊ ၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊ ၃။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊ ၄။ စေတနာ = အာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊ ၅။ ဧကဂ္ဂတာ = အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်းသဘော၊ = တည်ငြိမ်နေခြင်းသဘော၊ = သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်းသဘော၊ ၆။ ဇီဝိတ = ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊ = နာမ်သက်စောင့်ဓာတ်၊ ၇။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊ ပကိဏ်းစေတသိက် (၆) လုံး = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး ၁။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ရှေးရှု တင်ပေးခြင်းသဘော၊ = ကြံစည်ခြင်းသဘော၊ ၂။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း = ဆုပ်နယ်ခြင်းသဘော၊ = အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊ ၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊ ၄။ ဝီရိယ = ကြိုးစားအားထုတ်ခြင်းသဘော၊ = အားတက်သရော ရှိခြင်းသဘော၊ ၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊ ၆။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော၊ = အာရုံကို ပြုလုပ်လိုခြင်းသဘော၊ ဤစေတသိက် (၆)လုံးတို့သည် စိတ်အားလုံး၌ မယှဉ်ဘဲ အချို့အချို့သော စိတ်၌သာ ယှဉ်သဖြင့် ဟိုတချို့ သည်တချို့ ရောရောပြွမ်းပြွမ်း ယှဉ်တတ်သော စေတသိက်များဖြစ်ခြင်းကြောင့် ပကိဏ်းစေတသိက်ဟူသော အမည်ကို ရရှိကြပေသည်။ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးနှင့် ပကိဏ်း စေတသိက် (၆)လုံး၊ ဤနှစ်ရပ်ပေါင်း စေတသိက် (၁၃)လုံးတို့ကို အညသမာန်းစေတသိက်ဟု ခေါ်ဆို၏၊ အသောဘဏ-အမည်ရသော အကုသိုလ်စိတ် အဟိတ်စိတ်တို့၌ လည်းကောင်း, သောဘဏ-အမည်ရသော အကျဉ်းအားဖြင့် စိတ် (၅၉) အကျယ်အားဖြင့် (၉၁)ပါးသော စိတ်တို့၌ လည်းကောင်း ထိုက်သလို ယှဉ်တွဲဖြစ်ကြသဖြင့် ယင်းစေတသိက်တို့သည် အကောင်း-အဆိုး နှစ်ဘက်ရ စေတသိက်တို့ ဖြစ်ကြသည်။ ဝိတက်-စေတနာ-မနသိကာရ ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်၏၊ စေတနာကား ဝိတက်သည် တင်ပေးအပ်သော သမ္ပယုတ်တရားတို့ကို အာရုံ၌ ယှဉ်စပ်ပေး၏၊ မနသိကာရသည်ကား သမ္ပယုတ် တရားတို့ကို အာရုံပေါ်သို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုလုပ်ပေး၏၊ မောင်းနှင်ပေး၏၊ အကုသိုလ် စေတသိက် (၁၄) လုံး အကုသလသာဓာရဏ စေတသိက် (၄) လုံး = အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ၁။ မောဟ = အာရုံ၏ သဘောမှန်ကို မသိခြင်းသဘော၊ (သစ္စာလေးပါးကို မသိမှုသဘော) = အာရုံကို အသိမှားခြင်းသဘော၊ (ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားနေမှုသဘော) ၂။ အဟိရိက = (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မရှက်ခြင်း သဘော၊ ၃။ အနောတ္တပ္ပ = (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မကြောက်ခြင်း သဘော၊ ၄။ ဥဒ္ဓစ္စ = အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော၊ ဤ စေတသိက် (၄)မျိုးတို့သည် အကုသိုလ်စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်သောကြောင့် အကုသလသာဓာရဏ စေတသိက်ဟူသော အမည်ကို ရရှိကြသည်။ လောဘအုပ်စု စေတသိက် (၃) လုံး ၅။ လောဘ = အာရုံကို မြတ်မြတ်နိုးနိုး ငါ့ဟာဟု စွဲယူခြင်းသဘော၊ = အာရုံကို လိုလားတပ်မက်ခြင်းသဘော၊ = အာရုံ၌ ကပ်ငြိခြင်းသဘော၊ ၆။ ဒိဋ္ဌိ = အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော၊ အာရုံကို နိစ္စ သုခ အတ္တ သုဘဟု အယူမှားခြင်းသဘော ခံယူချက်မှားခြင်းသဘော၊ ၇။ မာန = ငါ ငါဟု စိတ်တက်ကြွ မြင့်မောက်ခြင်းသဘော၊ = ထောင်လွှားခြင်းသဘော၊ = အသာယူလိုခြင်းသဘော၊ ဒေါသအုပ်စု စေတသိက် (၄) လုံး ၈။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်းသဘော၊ = ဖျက်ဆီးလိုခြင်းသဘော၊ ၉။ ဣဿာ = သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ် ချမ်းသာကို ငြူစူ စောင်းမြောင်းခြင်းသဘော၊ = ကိုယ့်ထက်သာ မနာလိုခြင်းသဘော၊ ၁၀။ မစ္ဆရိယ = မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်းသဘော၊ = မိမိ စည်းစိမ်ကို အထိမခံနိုင်ခြင်းသဘော၊ ဝန်တိုခြင်းသဘော၊ ၁၁။ ကုက္ကုစ္စ = (က) ပြုခဲ့ပြီး ကျင့်ခဲ့ပြီးသော မကောင်းမှုအကုသိုလ်နှင့် ဒုစရိုက်တရားတို့ကို ပြုခဲ့မိ ကျင့်ခဲ့မိ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊ ( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော ကောင်းမှုကုသိုလ်နှင့် သုစရိုက်တရားတို့ကို မပြုလိုက်ရ မကျင့်လိုက်ရ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊ သသင်္ခါရိကအုပ်စုဝင် စေတသိက် (၂) လုံး ၁၂။ ထိန = စိတ်ထိုင်းမှိုင်းခြင်းသဘော၊ = စိတ်မရွှင်လန်း မထက်သန်ခြင်းသဘော၊ ၁၃။ မိဒ္ဓ = ယှဉ်ဖက် စေတသိက်တို့ ထိုင်းမှိုင်းခြင်းသဘော၊ = ယှဉ်ဖက် စေတသိက်တို့ မရွှင်လန်း မထက်သန်ခြင်းသဘော၊ မောဟအုပ်စု စေတသိက် (၁) လုံး ၁၄။ ဝိစိကိစ္ဆာ = (၁) သမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်, (၂) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တရားစစ် တရားမှန်, (၃) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အရိယသာဝက သံဃာစစ် သံဃာမှန်, (၄) သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော သိက္ခာသုံးပါး, (၅) သံသရာ၏ ရှေ့အစွန်းဟူသော အတိတ်ဘဝ = အတိတ်ခန္ဓာ, (၆) သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ = အနာဂတ်ခန္ဓာ, (၇) သံသရာ၏ ရှေ့အစွန်း နောက်အစွန်းဟူသော အတိတ်+အနာဂတ်ဘဝ = အတိတ် အနာဂတ်ခန္ဓာ နှစ်မျိုးလုံး, (၈) ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား, ဤ (၈)ဌာနတို့၌ ယုံမှားသံသယရှိခြင်းသဘော။ သောဘဏစေတသိက် = အကောင်းစေတသိက် (၂၅) သောဘဏ စေတသိက် (၂၅) လုံးမှာ – (က) သောဘဏသာဓာရဏစေတသိက် = သောဘဏ အမည်ရသော အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသော အမြဲယှဉ်တွဲ၍ဖြစ်သော စေတသိက် (၁၉)လုံး, ( ခ ) ဝိရတိ စေတသိက် (၃)လုံး, ( ဂ ) အပ္ပမညာ စေတသိက် ( ၂ )လုံး, (ဃ) ပညိန္ဒြေ စေတသိက် (၁)လုံး, အားလုံးပေါင်းသော် (၂၅)လုံး ဖြစ်သည်။ သောဘဏသာဓာရဏစေတသိက် (၁၉) လုံး ၁။ သဒ္ဓါ = (ဝိစိကိစ္ဆာ၌ ဖော်ပြထားသော ရှစ်ဌာနတို့၌) ယုံမှု + ကြည်မှုသဘော၊ ယုံကြည်ခြင်းသဘော သက်ဝင်တည်နေခြင်းသဘော၊ ၂။ သတိ = (သတိပဋ္ဌာန်လေးပါး စသော) သတိ၏တည်ရာ အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊ = အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊ = အာရုံကို မမေ့ပျောက်ခြင်းသဘော၊ ၃။ ဟိရိ = (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊ ၄။ ဩတ္တပ္ပ = (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊ ၅။ အလောဘ = လောကီအာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊ = ငါ့ဟာဟု မစွဲယူခြင်းသဘော၊ ၆။ အဒေါသ = အာရုံပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ = မဖျက်ဆီးလိုခြင်းသဘော၊ ၇။ တတြမဇ္ဈတ္တတာ = (စိတ်တက်ကြွ မြင့်မောက်မှု မာန, စိတ်တွန့်ဆုတ်မှု ထိန + မိဒ္ဓ ဤ တရားနှစ်မျိုးဘက်သို့ စိတ်ကို မရောက်စေဘဲ စိတ်+စေတသိက်တို့ကို မိမိတို့ ကိစ္စ၌ အပိုအလွန် မရှိစေရအောင်) အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊ = အာရုံကို အညီအမျှ လျစ်လျူရှုခြင်းသဘော၊ ၈။ ကာယပဿဒ္ဓိ = စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊ ၉။ စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းအေးခြင်းသဘော၊ ၁၀။ ကာယလဟုတာ = စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော၊ ၁၁။ စိတ္တလဟုတာ = စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊ ၁၂။ ကာယမုဒုတာ = စေတသိက်တို့ နူးညံ့ပျော့ပျောင်းခြင်းသဘော၊ ၁၃။ စိတ္တမုဒုတာ = စိတ်နူးညံ့ပျော့ပျောင်းခြင်းသဘော၊ ၁၄။ ကာယကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊ = အချိုးကျ အဆင်ပြေခြင်းသဘော၊ (ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော။) ၁၅။ စိတ္တကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စိတ်ခံ့ညားခြင်းသဘော၊ = အချိုးကျ အဆင်ပြေခြင်းသဘော၊ (ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊) ၁၆။ ကာယပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထိုကောင်းမှု၌ စေတသိက်တို့ ပြွမ်းတီး (= ပွန်းတီး) လေ့လာနိုင်နင်းခြင်းသဘော၊ = ကျွမ်းကျင်လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊ ၁၇။ စိတ္တပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထိုကောင်းမှု၌ စိတ် ပြွမ်းတီး (= ပွန်းတီး) လေ့လာ နိုင်နင်းခြင်းသဘော၊ = ကျွမ်းကျင်လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊ ၁၈။ ကာယုဇုကတာ = စေတသိက်တို့ ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊ ၁၉။ စိတ္တုဇုကတာ = စိတ်ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော။ မာယာနှင့် သာဌေယျ ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်းသဘောကား မာယာတည်း။ ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း = ထင်ရှားပြခြင်းသဘောကား သာဌေယျတည်း။ ဝိရတိ စေတသိက် (၃) လုံး ၁။ သမ္မာဝါစာ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ = ဝစီဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊ ၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ = ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊ ၃။ သမ္မာအာဇီဝ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး, ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ကာယဒုစရိုက် ဝစီဒုစရိုက်ကို မလွန်ကျူးခြင်း သဘော။ အပ္ပမညာ စေတသိက် (၂) လုံး ၁။ ကရုဏာ = ဒုက္ခိတ သတ္တဝါကို အာရုံပြု၍ သနား ကြင်နာခြင်းသဘော၊ = ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်းသဘော၊ ၂။ မုဒိတာ = သုခိတ သတ္တဝါကို အာရုံပြု၍ ကြည်သာ ဝမ်းမြောက်ခြင်းသဘော၊ = သူ့စည်းစိမ်ကို မငြူစူခြင်းသဘော၊ ပညိန္ဒြေ စေတသိက် (၁) လုံး ၁။ ပညိန္ဒြေ = ပညာ = ပရမတ္ထဓမ္မတို့၏ သဘောမှန်ကို ထွင်းဖောက် သိမြင်ခြင်းသဘော၊ = သစ္စာ (၄)ပါး အမှန်တရားကို ထွင်းဖောက် သိမြင်ခြင်းသဘော။ ဉာဏ်ဟုလည်းကောင်း, အမောဟဟုလည်းကောင်း, သမ္မာဒိဋ္ဌိဟုလည်းကောင်း, ဓမ္မဝိစယဟုလည်းကောင်း ခေါ်သော ပညာကိုပင် သစ္စာ (၄)ပါးကို သိမှုကိစ္စ၌ အစိုးတရဖြစ်သောကြောင့် ပညိန္ဒြေဟု ခေါ်ဆိုပေသည်။ ဤတွင် အကောင်း သောဘဏစေတသိက် (၂၅)လုံး ပြီး၏၊ ကိုးကား ဝိပဿနာဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%90%E1%80%9E%E1%80%AD%E1%80%80%E1%80%BA
မုန်လာဥဝါ
မုန်လာ ဥဝါပင်သည် အမ်ဗယ်လီဖာရီး(Umbelliferae) မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ဒေါကပ် ကာရိုတာ(Daucus carota) ဖြစ်သည်။ မုန်လာဥဝါဟု ခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဘီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်းစသည်တို့နှင့် မျိုးရင်းချင်း မတူချေ။ မုန်လာဥဝါ အမျိုး ပေါင်း ၂ဝ ခန့် ရှိရာ၊ အားလုံးလောက်၏ မူလပေါက်ရာ ဒေသသည် မြေထဲပင်လယ် နိုင်ငံများဖြစ်သည်။ လူတို့အသုံးများသော မုန်လာဥဝါများသည် ၂ နှစ်ခံပင် ဖြစ်၍ ကမ္ဘာဟောင်း မြောက်သမပိုင်း ဒေသတို့တွင် အလေ့ကျပေါက်ကြသည်။ ထိုအလေ့ကျပေါက်မုန်လာဥဝါ အရိုင်း ကို တစ်ကမ္ဘာလုံးတွင် အယဉ်ဖြစ်အောင် ပြုပြင် စိုက်ပျိုး၍ ဥကို စားသုံးကြသည်။ အရိုင်းပင်များ၏ ဥများသည် သေးသွယ်၍ မာပြီးလျှင် အနံ့ အလွန်ပြင်းသည်။ ထိုအရိုင်းပင်ကို ယဉ်အောင်ပြုပြင်စိုက်ပျိုး၍ ရသောဥများမှာ တုတ်၍ အသားများပြီးလျှင် အနံ့မှာ အရိုင်းဥလောက် မပြင်းချေ။ အရောင်မှာ ဝါ၏။ ဤမုန်လာမျိုးမှာ မြေဩဇာ များလွန်းလျှင် အမြစ်များ ခွတတ်သဖြင့် မစိုက်ပျိုးမီ မျိုးစေ့ကို ခြောက်သွေ့သော သဲနှင့်ဖြစ်စေ၊ ပြာနှင့် ဖြစ်စေ၊ ရောစပ်၍ စိုက်ပါက တစ်စေ့နှင့်တစ်စေ့ မပူးကပ်ဘဲ တညီတညာတည်း ပေါက်လာကြသည်။ မုန်လာဥဝါပင် အယဉ်ထဲ၌လည်း ဥအရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်အဆင်း အမျိုးမျိုးကွဲပြားလျက်ရှိသည်။ ဥအဖြူမျိုးထက် အနီမျိုးနှင့် အဝါမျိုးများတွင်အာဟာရဓာတ် ပို၍ များ သည်။ အရွက်နှင့် ပင်စည်ကို အသားဟင်း ချက်သည့်အခါ အနံ့မွှေးအောင် အပေါ်မှ ဖြူးပေးလေ့ရှိသည်။ မုန်လာဥဝါသည် သကြားဓာတ် အလွန်ကြွယ်ဝသည့်ပြင်၊ သံဓာတ် လည်း များစွာ ပါဝင်၏။ ထိုကြောင့် ကလေးများအတွက် အဖိုးတန်သော အစာဖြစ်သည်။ သကြားဓာတ်နှင့် သံဓာတ်များအ ပြင် ဗီတာမင်အေ(Vitamin A)နှင့် ဘီ ၁(Vitamin B1) ဓာတ်များလည်း အများအပြား ပါရှိ ၏။ ဗီတာမင် ဘီ ၂(Vitamin B2) နှင့် စီ(Vitamin C) ဓာတ်တို့ကား အနည်းငယ်စီသာပါရှိသည်။ မုန်လာဥဝါတွင်ပါသော ဗီတာမင် ဓာတ်များသည် မျက်စိ အတွက်ကောင်းသည်။ ဗီတာမင် အေ ဓာတ်သည် ကြက်မျက်စိရောဂါကို ကာကွယ်နိုင်သည်။ မုန်လာဥဝါကို အစိမ်းဖြစ်စေ၊ ပြုတ် ၍ဖြစ်စေ၊ သုတ်၍ ဖြစ်စေ စားကြသည်။ ဂျာမနီနိုင်ငံတွင် မုန်လာဥဝါကို ကျွတ်အောင် လှော်၍ ညက်အောင် ကြိတ်ပြီးလျှင် ကော်ဖီအစား အသုံးပြုကြသည်။ ကိုးကား အမြစ် ဟင်းသီးဟင်းရွက်ပင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AF%E1%80%94%E1%80%BA%E1%80%9C%E1%80%AC%E1%80%A5%E1%80%9D%E1%80%AB
ချင်းကုန်း
ချင်းကုန်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
ကျုံကူးတူးမြောင်းရွာ၊ ကျုံကူ
ကျုံကူးတူးမြောင်းရွာ၊ ကျုံကူ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AF%E1%80%B6%E1%80%80%E1%80%B0%E1%80%B8%E1%80%90%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%AF%E1%80%B6%E1%80%80%E1%80%B0
ကမ်းပါးနီရွာ၊ ကွင်းချောင်း
ကမ်းပါးနီရွာ၊ ကွင်းချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%94%E1%80%AE%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
၁၈၆၅
၁၈၆၅ ၁၈၆၅ ခုနှစ် မှတ်တမ်း ဇန်နဝါရီလ (၁) ရက်။ ဖေဖော်ဝါရီလ (၁) ရက်။ မတ်လ (၁) ရက်။ ဧပြီလ (၁) ရက်။ မေလ (၁) ရက်။ ဇွန်လ (၁) ရက်။ ဇူလိုင်လ (၁) ရက်။ ဩဂုတ်လ (၁) ရက်။ စက်တင်ဘာလ (၁) ရက်။ အောက်တိုဘာလ (၁) ရက်။ နိုဝင်ဘာလ (၁) ရက်။ ဒီဇင်ဘာလ (၁) ရက်။ ကိုးကား ၁၈၆၅ ခုနှစ်များ
https://my.wikipedia.org/wiki/%E1%81%81%E1%81%88%E1%81%86%E1%81%85
ဟွန်း − ယောရှိဝရဘူတာ
ဟွန်း − ယောရှိဝရဘူတာ (本吉原駅 ဟွန်း− ယောရှိဝရ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ရှိဇုအိုခခရိုင်၊ ဖုဂျိမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%20%E2%88%92%20%E1%80%9A%E1%80%B1%E1%80%AC%E1%80%9B%E1%80%BE%E1%80%AD%E1%80%9D%E1%80%9B%E1%80%98%E1%80%B0%E1%80%90%E1%80%AC
ကုန်းတန်းရွာ၊ တောင်ငူမြို့နယ်
ကုန်းတန်းရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၉၈၅၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျွန်းကုန်းကျေးရွာအုပ်စုတွင် ကျား ၃၁၀၀ ဦး၊ မ ၃၁၃၃ ဦး၊ လူဦးရေ စုစုပေါင်း ၆၂၃၃ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ။ ကိုးကား တောင်ငူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
စုံသာြမိုင်ရွာ၊ ကလေးမြို့နယ်
စုံသာြမိုင်ရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၇၃၀၀ ဖြစ်သည်။ ဒေသအခေါ်မှာ စုံလာမြိုင် ဖြစ်သည်။ ကိုးကား ကလေးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AF%E1%80%B6%E1%80%9E%E1%80%AC%E1%80%BC%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဝမ်နားရွာ၊ မိုင်းပျဉ်းမြို့နယ်
ဝမ်နားရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပန်ဝိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၄၃၉၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပန်ဝိုင်ကျေးရွာအုပ်စုတွင် ကျား ၈၁၀ ဦး၊ မ ၇၆၉ ဦး၊ လူဦးရေ စုစုပေါင်း ၁၅၇၉ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား မိုင်းပျဉ်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%94%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BB%E1%80%89%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဝမ်ကျောင်းရွာ၊ မိုးနဲမြို့နယ်
ဝမ်ကျောင်းရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကုန်းလွန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၀၂၈၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုန်းလွန်းကျေးရွာအုပ်စုတွင် ကျား ၇၂၈ ဦး၊ မ ၉၅၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၆၈၃ ဦးနေထိုင်သည်။ ကိုးကား မိုးနဲမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%94%E1%80%B2%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဟမ်းငိုင်းရွာ၊ မိုင်းကိုင်မြို့နယ်
ဟမ်းငိုင်းရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၄၆၇၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟမ်းငိုင်းကျေးရွာအုပ်စုတွင် ကျား ၂၆၂၂ ဦး၊ မ ၃၀၁၀ ဦး၊ လူဦးရေ စုစုပေါင်း ၅၆၃၂ ဦးနေထိုင်သည်။ ကိုးကား မိုင်းကိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%99%E1%80%BA%E1%80%B8%E1%80%84%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ချင်းကုန်းရွာ၊ ပင်လည်ဘူးမြို့နယ်
ချင်းကုန်းရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၅၃၃၉ ဖြစ်သည်။ ကိုးကား ပင်လည်ဘူးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%98%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
လခုန် (လဝ)ရွာ၊ နားဖန်းမြို့နယ်
လခုန် (လဝ)ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ နားဖန်းမြို့နယ်၊ မန်ဖန့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၇၅၇၈ ဖြစ်သည်။ ကိုးကား နားဖန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%81%E1%80%AF%E1%80%94%E1%80%BA%20%28%E1%80%9C%E1%80%9D%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%AC%E1%80%B8%E1%80%96%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပါကူရွာ၊ တာချီလိတ်မြို့နယ်
ပါကူရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၄၆၄၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းဟဲကျေးရွာအုပ်စုတွင် ကျား ၂၈၉၇ ဦး၊ မ ၂၅၆၅ ဦး၊ လူဦးရေ စုစုပေါင်း ၅၄၆၂ ဦးနေထိုင်သည်။ ကိုးကား တာချီလိတ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%80%E1%80%B0%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%AC%E1%80%81%E1%80%BB%E1%80%AE%E1%80%9C%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
တိုက်ပုရွာ၊ ထီးလင်းမြို့နယ်
တိုက်ပုရွာ ()သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဝက်သက်မြောက်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၃၅၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝက်သက်မြောက်ကျေးရွာအုပ်စုတွင် ကျား ၂၀၂ ဦး၊ မ ၂၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၄၆၉ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွာပြီ။ ကိုးကား ထီးလင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%91%E1%80%AE%E1%80%B8%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပေါက်ကုန်းရွာ၊ မဲဇလီရွာဟောင်း
ပေါက်ကုန်းရွာ၊ မဲဇလီရွာဟောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%B2%E1%80%87%E1%80%9C%E1%80%AE%E1%80%9B%E1%80%BD%E1%80%AC%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ်
ဝဿိကသာဋိသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။ သမိုင်း မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိုးရေခံသင်္ကန်းကို သုံးရန် ခွင့်ပြုတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စောစောကပင် မိုးရေခံသင်္ကန်းကို ရှာကြကုန်၏။ စောစောကပင် ချုပ်ဆိုးကာ ဝတ်ကြ၏။ ထိုအခါ မိုးရေခံသင်္ကန်းသည် ဆွေးမြေ့သည့်အခါ အဝတ်မဆီးဘဲ ကိုယ်ကို မိုးစွတ်လေ၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် “အဘယ်ကြောင့် စောစောကပင် မိုးရေခံသင်္ကန်းကို ရှာကုန်ဘိသနည်း။ စောစောကပင် ချုပ်ဆိုး၍ ဝတ်ကုန်ဘိသနည်း။ မိုးရေခံသင်္ကန်း ဆွေးမြေ့လတ်သော် အဝတ်မဆီးဘဲ ကိုယ်ကို မိုးစွတ်စေကုန်ဘိသနည်း” ဟု ကဲ့ရဲ့၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ဟုတ်မှန်ပါသလော” ဟု မေး၏။ ဆဗ္ဗဂ္ဂီရဟန်းတို့လည်း ဟုတ်မှန်ကြောင်း ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ သိက္ခာပုဒ် “ရဟန်းသည် နွေလ၏ တစ်လ ကြွင်းကျန်သေးသည်ဟု မိုးရေခံ သင်္ကန်းကို ရှာရမည်။ နွေလတို့၏ လခွဲသည် ကြွင်းကျန်သေးသည်ဟု ချုပ်ဆိုး၍ ဝတ်ရမည်။ အကယ်၍ နွေလတို့၏ တစ်လကြွင်းကျန်သေးသည်ဟု ဤမှာဘက်အတွင်း၌ မိုးရေခံသင်္ကန်းကို ရှာငြားအံ့၊ နွေလတို့၏ လခွဲ ကြွင်းကျန်သေးသည်ဟု ဤမှာဘက် အတွင်း၌ ချုပ်ဆိုး၍ ဝတ်ငြားအံ့။ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ ကိုးကား ရဟန်းဝိနည်းများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%BF%E1%80%AD%E1%80%80%E1%80%9E%E1%80%AC%E1%80%8B%E1%80%AD%E1%80%80%E1%80%9E%E1%80%AD%E1%80%80%E1%80%B9%E1%80%81%E1%80%AC%E1%80%95%E1%80%AF%E1%80%92%E1%80%BA%E1%81%8A%20%E1%80%95%E1%80%90%E1%80%B9%E1%80%90%E1%80%9D%E1%80%82%E1%80%BA
လောက်လေးချောင်း
လောက်လေးချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9C%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9C%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ဇလုပ်ကုန်း (တောင်)
ဇလုပ်ကုန်း (တောင်) ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%87%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%20%28%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%29
မန်လုံရွာ၊ မိုးမိတ်မြို့နယ်
မန်လုံရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ရေပုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၀၇၉၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရေပုန်းကျေးရွာအုပ်စုတွင် ကျား ၂၈၇ ဦး၊ မ ၃၁၆ ဦး၊ လူဦးရေ စုစုပေါင်း ၆၀၃ ဦးနေထိုင်သည်။ ကိုးကား မိုးမိတ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%BA%E1%80%9C%E1%80%AF%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပင်ဦးရွာ၊ ငဖဲမြို့နယ်
ပင်ဦးရွာ ()သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၃၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပင်ဦးကျေးရွာအုပ်စုတွင် ကျား ၂၀၀၈ ဦး၊ မ ၂၀၇၄ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၈၂ ဦးနေထိုင်သည်။ ကိုးကား ငဖဲမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%84%E1%80%96%E1%80%B2%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပိန်ညင်းရင်ပြာ
ပိန်ညင်းရင်ပြာ (Blue-banded Kingfisher) သည် ပိန်ညင်းငှက်မျိုးနွယ်ဝင် ငှက်မျိုးစိတ်တစ်ခုဖြစ်ပြီး လမုတောဒေသများတွင် တွေ့ရှိရလေ့ရှိသည်။ ကိုးကား ပိန်ညင်းငှက်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%94%E1%80%BA%E1%80%8A%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AC