id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
201
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကကုသန္ဓဘုရားရှင်၏ တပည့်သာဝကများ
202
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကကုသန္ဓဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ် အစုံတို့မှာ အရှင်ဝိဓုရ မထေရ်နှင့် အရှင်သဉ္ဇီဝ မထေရ်တို့
203
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ဖြစ်ခဲ့ကုန်၏။
204
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
အလုပ်အကျွေး ရဟန်းတော်မှာ အရှင်ဗုဒ္ဓိဇမထေရ် ဖြစ်ခဲ့သည်။
205
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
(အဂ္ဂသာဝိကာ) မြတ်သော တပည့်မ
206
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
အစုံတို့သည် အရှင်မ သာမာထေရီနှင့် အရှင်မ စမ္ပာထေရီတို့ ဖြစ်ခဲ့ကုန်ပြီး ပွင့်တော်မူရာ ဗောဓိပင်မှာ ကုက္ကိုပင်
207
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ဖြစ်သည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ် အကျွေး ဒါယကာတို့မှာ အစ္စုတသူဌေးနှင့် သုမနသူဋ္ဌေးတို့ ဖြစ်ခဲ့ကုန်၍
208
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
(အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမတို့သည် နန္ဒာဥပါသိကာမနှင့် သုနန္ဒာဥပါသိကာမ တို့ ဖြစ်ခဲ့
209
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကြကုန်၏။ ဘုရားရှင်၏ အရပ်တော်မှာ အတောင်လေးဆယ် မြင့်တော်မူ၍ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်
210
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
တို့သည် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ကွန့်မြူးတော်မူခဲ့သည်။
211
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
(ဓမ္မာဘိသမယ) တရားပွဲကြီးများ
212
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကကုသန္ဓဘုရားရှင်၏ မကိလမြို့အနီး ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရား ဟောတော် မူသော တရားပွဲသည်
213
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ရှေးဦးစွာသော (ဓမ္မာဘိ သမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။
214
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထိုတရားပွဲကြီး၌ ကုဋေလေးသောင်းသော နတ်လူဗြဟ္မာ
215
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြ ကုန်၏။
216
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထို့နောက် ကကုသန္ဓဘုရားရှင်သည်
217
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကဏ္ဏကုဇ္ဇမြို့တံခါးအနီး အင်ကြင်းပင်ကြီး အရင်း၌ ရေမီးအစုံအစုံဖြစ်သော တန်ခိုးပြာဋိဟာကို ပြတော်မူ၍ တရား
218
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ဟောတော်မူသော တရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ)ပွဲကြီး ဖြစ်ခဲ့၏။
219
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထိုတရားပွဲကြီး၌
220
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကုဋေသုံးသောင်းသော နတ်လူဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။
221
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထို့နောက်တစ်ဖန် ခေမဝတီမြို့အနီးရှိ တစ်ခုသော နတ်ကွန်းဝယ် လူသား အစားကြူးသည့် နရဒေဝမည်သော
222
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
နတ်ဘီလူးသည် လူအများတို့က ပူဇော်ပသ ချိန်ရောက်သောအခါ ထင်ရှားစွာ တွေ့မြင်ရသော လူ့ကိုယ်ဖြင့် ပူဇော်ပသ
223
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ခြင်းကို ခံယူခဲ့၏။
224
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
သို့သော် ထိုနတ်ဘီလူးသည် သွားလာခက်သော တောခရီးအလယ်ရှိ အိုင်ကြီးတစ်ခုသို့
225
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
အသွားအလာ ပြုကုန်သော လူတို့အား ဖမ်းယူစားသောက်၍ နေခဲ့၏။
226
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
တစ်နေ့သောအခါ ကကုသန္ဓဘုရားရှင်သည်
227
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
နံနက်စောစော မဟာကရုဏာ သမာပတ်မှထ၍ ချွတ်ထိုက်သူရှိက ချွတ်တော်မူရန် သတ္တလောကကို ကြည့်ရှုတော်
228
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
မူလေသော် နရဒေဝနတ်ဘီလူးကို မြင်တော်မူခဲ့၏။
229
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထိုနတ်ဘီလူးကို ချေချွတ်ရန် အတွက် ယင်း၏ ဘုံဗိမာန်သို့
230
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူခဲ့သည်။
231
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
နတ်ဘီလူး သည် ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူး၍ တင့်တယ်စွာ
232
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကောင်းကင်ခရီးဖြင့် ကြွလာတော် မူသော ဘုရားရှင်ကို မြင်ခဲ့ရစဉ်ကပင် ကြည်ညိုသဒ္ဓါဖြစ်ခဲ့၏။
233
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
၎င်းင်း၏ အခြွေအရံဖြစ်ကုန်သော နတ်ဘီလူး တို့နှင့်တကွ ဟိမဝန္တာသို့သွားပြီး အဆင်းအနံ့ရှိကုန်သည့် ရေပန်း
234
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကြည်းပန်းတို့ကို ဆောင်ယူကာ ဘုရားရှင်အား ပူဇော်ခဲ့လေသည်။
235
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထိုအခါ ဘုရားရှင်သည် လာရောက်ကြကုန်သော
236
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
လူအပေါင်း နှင့်တကွ နရဒေဝ နတ်ဘီလူးအား တရားဟောတော်မူခဲ့ရာ ထိုတရားပွဲသည် တတိယအကြိမ်မြောက်
237
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
(ဓမ္မာဘိသမယ) တရားပွဲကြီးပင် ဖြစ်ခဲ့၏။
238
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထိုတရားပွဲ၌ အတိုင်းအရှည်မရှိ များလှစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့
239
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။
240
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
သာဝက (သန္နိပါတ) အစည်းအဝေး
241
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကကုသန္ဓဘုရားရှင် လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်း အဝေး တစ်ကြိမ်သာ ဖြစ်ခဲ့သည်။
242
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကဏ္ဏ ကုဇ္ဇမြို့အနီး ဣသိပတန မိဂဒါဝုန် တော၌ ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြု ဖက်ဖြစ်ကုန်သော ရဟန္တာ
243
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
လေးသောင်းတို့၏ အလယ်၌ ဘုရားရှင် သီတင်းသုံးတော်မူကာ ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။
244
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထိုအစည်းအဝေးသည် ကကုသန္ဓဘုရားရှင် လက်ထက်၌ တစ်ကြိမ်တည်းသော သာဝက (သန္နိပါတ) အစည်း
245
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
အဝေးဖြစ်ခဲ့၏။
246
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
247
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကကုသန္ဓဘုရားရှင် ပွင့်တော်မူရာကာလ၌ လူတို့၏ အသက်တမ်းသည် အနှစ် လေးသောင်းတမ်း ဖြစ်၍ ထိုမျှလောက်
248
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
သော ကာလပတ်လုံး ဘုရားရှင် တည်နေတော်မူလျက် များစွာသော သတ္တဝါ တို့ကို ကယ်တင်တော်မူခဲ့၏။
249
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
လောက၌ သတ္တဝါတို့၏ အကျိုးငှာ တရားတည်းဟူသော ဈေးကို ဖြန့်ခင်း၍ ခြင်္သေ့မင်းအသံကဲ့သို့သော စကားတော်ကို
250
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
မိန့်တော်မူပြီးလျှင် တပည့်သာဝကတို့ နှင့်တကွ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေပြီ။
251
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
“မြတ်စွာဘုရားရှင်သည် လည်း
252
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကောင်း၊ သာဝကအစုံ တို့သည် လည်းကောင်း ကွယ်ပျောက်ခဲ့လေပြီ။
253
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
အားလုံးသော သင်္ခါရတရား တို့သည်
254
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ခိုင်မြဲသော အနှစ်မရှိကုန်။
255
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
အချည်းအနှီးတို့သာ ဖြစ်ကုန်စွ”
256
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
စေတီတည်ထား ကိုးကွယ်ကြခြင်း
257
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ကကုသန္ဓဘုရားရှင်သည် ခေမာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော် မူခဲ့၏။
258
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ထိုကျောင်းတိုက်ကြီး အတွင်း၌ပင်
259
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
စေတီတော်ကို တည်ထားကိုးကွယ် တော်မူခဲ့ကြရာ စေတီတော်သည် ကောင်းကင်သို့ တစ်ဂါဝုတ်တိုင်အောင်
260
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
မြင့်တက်တော်မူခဲ့၏။
261
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲ
262
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
တည်းသော အသမ္ဘိန္နဓါတ်တော်ကို ထိုစေတီတော် အတွင်း၌ ဌာပနာ သွင်းခဲ့ကြကုန်သည်။
263
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
ဇမ္ဗူဒိပ်ကျွန်းနေ
264
ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဘုရားရှင်
လူအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။
265
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တိကနိပါတ်-ပဒုမဝဂ်
266
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
၇။ ကက္ကဋကဇာတ်
267
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
မ.သံ ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂီ မိဂေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကက္ကဋ္ဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော မိန်းမကို အကြောင်း ပြု၍ ဟောတော်မူ၏။
268
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သာဝတ္ထိပြည်၌ တယောက်သော သူကြွယ်သည် မိမိ၏မယားကို ယူ၍ ကြွေးမြီဆပ်အံ့သောငှါ ဇနပုဒ်သို့သွား၍ ကြွေးမြီကိုဆပ်၍ ပြန်လတ်သော် လမ်းအကြား၌ ခိုးသူတို့သည် ဖမ်း၏။
269
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုသူကြွယ်၏ မယားသည်ကား အဆင်းလှ၏။
270
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ကြည်ညိုဘွယ်ရှိ၏။
271
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ခိုးသူကြီးသည် ထိုမိန်းမ၌ ချစ်သဖြင့် သူကြွယ်ကို သတ်အံ့သောငှါ အားထုတ်၏။
272
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုမိန်းမသည်ကား သီလရှိ၏။
273
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အကျင့်နှင့်ပြည့်စုံ၏။
274
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
လင်ကို နတ်ကဲ့သို့ ကိုးကွယ် သည်ဖြစ်၍ ထိုမိန်းမသည် ခိုးသူကြီး၏ခြေတို့၌ ရှိခိုး၍ အရှင်ခိုးသူကြီး အကျွန်ုပ်၌ အကယ်၍ ချစ်ခင်ခြင်းရှိငြားအံ့၊ အကျွန်ုပ်လင်ကို မသတ်ပါနှင့်၊ အကယ်၍ သတ်အံ့၊ အကျွန်ုပ်သည် အဆိပ်ကို စား၍၎င်း နှာခေါင်းလေကို ချုပ်၍၎င်း သေအံ့၊ သင်နှင့်အတူ မလိုက်ရအံ့၊ အကျွန်ုပ်၏ လင်ကို အကြောင်းမရှိသဖြင့် မသတ်ပါလင့်ဟု တောင်းပန်၍ လင်ကိုလွှတ်စေ၏။
275
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုလင်မယားနှစ်ယောက်တို့သည်လည်း အသက်ချမ်းသာသဖြင့် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန် ကျောင်းတော်၏နောက်ဖြစ်သော ကျောင်းအစွန်းသို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးကုန်အံ့ဟု ဂန္ဓကုဋိ ပရိဝုဏ်သွား၍ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေကုန်၏။
276
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုလင်မယား နှစ်ယောက်တို့ကို သီတင်းသည်တို့ အဘယ်သို့ သွားကြကုန်သနည်းဟု မြတ်စွာဘုရားသည်။
277
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
မေးတော်မူအပ်သည်ရှိသော် ကြွေးမြီဆပ်အံ့သောငှာ သွားပါကုန်၏ဟု လျောက်ကုန်၏။
278
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ခရီးအကြား၌ ရောဂါမရှိသဖြင့် လာရကုန်၏ လောဟု မေးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား ခရီးအကြား၌ အကျွန်ုပ်တို့ကို ခိုးသူတို့သည် ဖမ်းကုန်၏။
279
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အကျွန်ုပ်ကို သတ်လိုသောခိုးသူကြီးကို ဤမိန်းမသည် တောင်းပန်၍ လွှတ်စေ၏။
280
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဤမိန်းမကိုမှီ၍ အသက်ကို ရ၏ ဟု။
281
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သူကြွယ်သည် လျှောက်၏။
282
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည် ဤမိန်းမသည် ဤသို့ သင့်အား ယခုအခါ၌ သာလျှင် အသက်ကို ပေးဘူးသည် မဟုတ်၊ ရှေး၌ ပညာရှိတို့အားလည်း အသက်ကို ပေးဘူးသည်သာလျှင်တည်းဟု သဗ္ဗညူ မြတ်စွာဘုရားသည် မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
283
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာ၌ ရေကန်ကြီးသည် ရှိ၏။
284
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုရေကန်၌ ရွှေပုဇွန်ကြီးသည် နေ၏။
285
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ရွှေပုဇွန်ကြီး၏ နေရာဖြစ်သောကြောင့် ကုဠီရ ရေကန်ဟု ထင်ရှား၏။
286
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုပုဇွန်ကြီးသည် ကောက်နယ်တလင်းဝန်း ပမာဏ ရှိ၏။
287
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဆင်တို့သည် ထိုပုဇွန်မှ ကြောက်ခြင်းကြောင့် ထိုရေကန်၌ ကျက်စားအံ့သောငှါ မတတ်နိုင်ကုန်၊ ထိုအခါ ဘုရားလောင်းသည် ထိုကုဠီရရေကန်ကို မှီ၍နေသော ဆင်မင်းကိုစွဲ၍ ဆင်မဝမ်း၌ ပဋိသန္ဓေနေ၏။
288
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအခါ ထိုဆင်မသည် ကိုယ်ဝန်ကို စောင့်အံ့ဟု တပါးသော အရပ်သို့သွား၍ ကိုယ် ဝန်ကိုစောင့်၍ သားကိုဖွား၏။
289
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုဆင်သည် အစဉ်သဖြင့် လိမ္မာသောအဖြစ်သို့ ရောက်လတ်သော် ကြီးသောကိုယ်ရှိ၏။
290
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အစွမ်းနှင့်ပြည့်စုံ၏။
291
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တင့်တယ်ခြင်းအစုသို့ ရောက်၏။
292
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
မျက်စဉ်းတောင်ကဲ့သို့ ဖြစ်၏။
293
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုဆင်သည် တခုသော ဆင်မ၌ ပေါင်းဘော်ခြင်းကိုပြု၍ ပုဇွန်ကိုဖမ်းအံ့ဟု မိမိမယားကို၎င်း အမိကို၎င်းယူ၍ ဆင်အပေါင်းသို့ ချဉ်းကပ်၍ အဘကို ဖူးမြင်၍ ဘခင် အကျွန်ုပ်သည် ပုဇွန်ကို ဖမ်းအံ့ဟု ဆို၏။
294
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအခါ အဘဆင်သည် ချစ်သား ပုဇွန်ကို ဖမ်းအံ့သောငှါ မတတ်နိုင်၊ မဖမ်းလေလင့်ဟု မြစ်၏။
295
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အဖန်တလဲလဲ ဆိုသည်ရှိသော် သင်သည်လျှင် သိလတ္တံ့ဟု ဆို၏။
296
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုဆင်သည် ကုဠီရရေကန်ကိုမှီ၍နေကုန်သော ခပ်သိမ်းကုန်သော ဆင်တို့ကို စည်းဝေးစေ၍ ခပ်သိမ်းသော ဆင်တို့နှင့် တတူတကွ ရေကန်၏ အနီးသို့ သွား၍ ထိုပုဇွန်သည် တက်သောကာလ၌ ဖမ်းသလော၊ အစာစားသောကာလ၌ ဖမ်းသလောဟု မေး၏။
297
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တက်သောကာလ၌ ဖမ်းသည်ဟု ကြား၍ ထိုသို့တပြီးကား သင်တို့သည် ကုဠီရရေကန်သို့သက်၍ အလိုရှိတိုင်း အစာကိုယူပြီး၍ ရှေးဦးစွာ တက်ကြကုန်၊ ငါသည် နောက်၌ နေရစ်အံ့ဟု ဆို၏။
298
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဆင်တို့သည် ဘုရားလောင်းဆင် ဆိုတိုင်း ပြုကြကုန်၏။
299
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ပုဇွန်သည် နောက်မှတက်သော ဘုရားလောင်းကို ညှပ်ဖြင့် ပန်းဘဲတို့၏ သံချောင်းကို ညှပ်ဘိသကဲ့သို့ တက်မ နှစ်ခုတို့ဖြင့် ခြေ၌ မြဲစွာကိုင်၏။
300
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဆင်မသည် ဘုရားလောင်းကို မစွန့်မူ၍ အနီး၌သာလျှင် နေ၏။