မေလ ၂၁ရက်မှ ဇွန် ၂၀ရက်အတွင်း မွေးဖွားသူများကို မေထုန်ရာသီဖွား (Gemini) များလို့ သတ်မှတ်နိုင်ပါတယ်။ မေထုန်ရာသီဖွားတွေဟာ (၃)ဂဏန်းစွမ်းအားသက်ရောက်မှုရှိပြီး ဗုဒ္ဓဟူးဂြိုလ် (ဝါယော)လေဓာတ်ကြီးစိုးသော ရာသီခွင်ဖြစ်သည်။ မေထုန်ရာသီဖွားတွေဟာ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး ဉာဏ်ရည်ထက်မြတ်သူတွေလည်း ဖြစ်ကြပါတယ်။ ရိုးသားပွင့်လင်းပြီး သူတစ်ပါးအပေါ်ကြင်နာတတ်သူတွေလည်း ဖြစ်ကြပါတယ်။ မေထုန်ရာသီဖွားတွေဟာ စိတ်နှစ်ခွဖြစ်တတ်ပြီး ဝါသနာပါရာ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်ကြပါတယ်။ သူတို့ရဲ့အကြိုက်ကိုတော့ ကြိုတင်ခန့်မှန်းရခက်ပြီး အပြောင်းအလဲမြန်သူတွေလည်း ဖြစ်ကြပါတယ်။ မေထုန်ရာသီဖွားတွေမှာ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေများပြီး အရာရာကို စူးစမ်းလိုစိတ်များကြပြီး အယုံမလွယ်တတ်သူတွေလည်း ဖြစ်ကြပါတယ်။ မေထုန်ရာသီဖွားတွေဟာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး မျက်နှာသွင်ပြင်ကလည်း စွဲမက်ဖွယ် သွင်ပြင်ရှိကြပါတယ်။ သူတို့အားစိတ်ဓာတ် ကြံခိုင်ပြီး သစ္စာရှိသူတွေ ဖြစ်ကြပါတယ်။ မေထုန်ရာသီဖွားတွေဟာ စိတ်ဆိုးစိတ်ကောက်လွယ်တဲ့ ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။ မေထုန်ရာသီဖွားတွေဟာအခြားသူတွေအပေါ် အစအနောက်သန်ပြီး ဟာသဉာဏ်ရွှင်သူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမဲ့ မေထုန်ရာသီဖွားတွေဟာ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဖို့ ဝန်လေးတတ်ကြပါတယ်။ မေထုန်ရာသီဖွားတွေဟာ ခရီးထွက်ရတာဝါသနာပါပြီး စာဖတ်ရတာနဲ့ ဂီတာသံစဉ်တွေကို နှစ်ခြိုက်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သင်ယူရတာကို နှစ်သက်ပြီး လုပ်ငန်းခွင်နယ်ပယ်မှာလည်း ကြိုးစားကြသူတွေ ဖြစ်ကြပါတယ်။ မေထုန်ရာသီဖွားတွေဟာ သမာရိုးကျလုပ်ရိုးလုပ်ဟန်တွေထက် ကိုယ်ပိုင်ဟန်နဲ့ လုပ်ကိုင်တွေးခေါ်ကြံဆရတာတွေကို သဘောကျကြပါတယ်။ မေထုန်ရာသီဖွားတွေဟာ အရာရာမှာ စိတ်မြန်လက်မြန်ရှိကြပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာတော့ တွေဝေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီဇိုင်နာ၊ စာရေးဆရာ၊ ဂျာနယ်လစ်၊ သရုပ်ဆောင်မင်းသားမင်းသမီးအဖြစ်ကျော်ကြားတဲ့ အနုပညာနဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေ အကျိုးပေးပါတယ်။ မေထုန်ရာသီဖွားတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင်တော့ အလွန်စန်းပွင့်တတ်ပြီး ရည်းစားလည်း များတတ်ပါတယ်။ ချစ်သူအပေါ်မှာ နွဲ့ဆိုးဆိုးတတ်ပြီး အချော့ကြိုက်ကြတဲ့သူတွေပါ။ မေထုန်ရာသီဖွားတွေဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်နှစ်သက်ပြီး ချုပ်ချယ်မှုကိုတော့ မကြိုက်ကြပါဘူး။ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ကုံရာသီနဲ့ ဓနုရာသီဖွားတွေ ဖြစ်ကြပါတယ်။ အကျိုးပေးတဲ့အရောင်တွေကတော့ အစမ်းရောင်နဲ့ အဝါရောင်တွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၅၊ ၇၊ ၁၄၊ ၂၃ တို့ဖြစ်ပါတယ်။ မေထုန်ရာသီဖွားတွေအတွက် တစ်သက်တာအတွက် ဆောင်ထားသင့်တဲ့ ကံကောင်းစေတဲ့ အဆောင်ကျောက်ကတော့ Agate ဆိုတဲ့ ဌာပနာကျောက်ပဲ ဖြစ်ပါတယ်။ မေထုန်ရာသီဖွားတွေဟာ နူးညံ့သိမ်မွေ့ ၊ သိလိုစိတ်ပြင်းပြ(စပ်စု)၊ ကြင်နာတတ်၊ လိုက်လျောညီထွေစွာနေတတ်၊ သင်လွယ်တတ်လွယ်။ စိတ်ကတော့နူးနူးညံ့ညံ့လေးရှိနေတယ်၊ တစ်ခုခုဆိုသင်ယူလေ့လာတာ တတ်လွယ်တယ်မြန်တယ်၊ ကိုယ့် အကြံအဉာဏ်ကို သူများကိုပြောပြတတ်တယ်၊ ထောက်ပြတတ်တယ်၊ ဆရာကြီးလုပ်တတ်တယ်၊ ပြီးတော့ အရမ်းစပ်စုတတ်တယ်၊ တစ်ခုခုဆို အရမ်းသိချင်တယ်၊ အရမ်းစုံစမ်းရေးလုပ်တတ်တဲ့အကျင့်တွေရှိပါတယ်၊ လိုက်လျောညီထွေနေတတ်တယ်။ မေထုန်ရာသီဖွားတွေဟာ တခုခုဆို စိတ်လှုပ်ရှာပြီးကြောက်တတ်၊ တွေဝေပြီး စိတ်မပိုင်းဖြတ်နိုင်ကြ။ အရမ်းကြောက်တတ်တယ်၊ တစ်ခုခုဆို လန့်တတ်တယ်၊ သူများတွေထက်ကိုပိုကြောက်တတ်တယ်၊ တစ်ခုခုဆို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာမချတတ်ဘူး၊ ပစ္စည်းတစ်ခုဝယ်မယ်ဆိုလည်းဘာဝယ်ရမှန်းမသိဘူး။ ဆုံးဖြတ်ချက်မြန်မြန်လည်း မချတတ်ဘူး။ မေထုန်ရာသီဖွားများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏။ အပေါင်းအသင်းအလွန်မက်၏။ အပေါင်းအဖော်နှင့် နေရမှပျော်တတ်၏။စိတ်ထိခိုက်လွယ်၏။ အငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်တတ်၏။ စိတ်နှစ်ခွရှိ၏။ ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့် ဆုံးဖြတ်ရခက်နေတတ်၏။ သို့သော် အသိဉာဏ်ထက်မြက်ကြ၏။ ယောက်ျားပီသသော စိတ်ဓါတ်ရှိ၏။ မေထုန်ရာသီဖွားများ အမျိုးသမီးများမှာလည်း ထက်မြက်ကြ၏။ ယောက်ျားဆန်၏။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။ လွတ်လပ်မှုကိုမြတ်နိုး၏။ စည်းကမ်း၊ ဘောင်တို့ကို လုံးဝမကြိုက်၊ အထူးလွတ်လပ်လို၏။ ငွေကိုပြင်းထန်စွာရှာတတ်၏။ လောင်းကစားဘက် ရောက်သွားတတ်၏။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိက သုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့ ငွေတစ်နေ့ ဖြစ်၏။ မေထုန်ရာသီဖွားတို့သည် လောဘကြီးတတ်၏။ အတွေးအခေါ်ဉာဏ်ထက်သလောက် အစွန်းရောက်တတ်၏။ အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ ထူးခြားစွာအများကောင်းကျိုး ဆောင်ရွက်တတ်၏။ အပြုသမားမဖြစ်က အဖျက်သမားကြီးဖြစ်တတ်၏။ လောင်းကစားမှုကို အထုံဝါသနာ အစွဲကြီးစွာ ပါလာတတ်ပြီး တစ်ချီကောင်းပွပေါက်ကြံတတ်၏။ သစ်လွင်တောက်ပမှု၊ သန့်ရှင်းသန့်ရပ်မှုကို နှစ်သက်၏။ သူတစ်ပါးအပေါ် အယုံအကြည်နည်းပါး၏။ မေထုန်ရာသီဖွားတို့သည် အမြဲတမ်း စရိုက်နှစ်မျိုးဖြစ်နေတတ်၏။ ဘာသာရေးတွင် ပါရမီထူးတတ်ပြီး အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်နိုင်စွမ်းသော ပါရမီထူးရှိ၏။ စိတ်မြန်၊ ကိုယ်မြန်ရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ ထူးခြားထက်မြက်စွာ တွေးတတ်ပြီး ချက်ချင်းထလုပ်တတ်၏။ အပေါ်ယံသိမ်မွေ့သလောက် အတွင်းစိတ်မာကြောခိုင်ခန့်၏။ မဟုတ်မခံမာနကြီး၏။ သူတစ်ပါးတို့အတွက် ပြဿနာ၊ အခက်အခဲများရင်ဆိုင်ရခြင်းမျိုး မကြာခဏ ကြုံတတ်၏။ စိတ်မြန်ကိုယ်မြန်လုပ်ခြင်းကို အမြဲရှောင်ပါ။ မေထုန်ရာသီဖွားတို့သည် အဖော်အပေါင်းကို နှစ်သက်သော်ငြား သူတစ်ပါးတို့အပေါ်တွင် သံသယစိတ်၊ မယုံကြည်သောစိတ်ကြောင့် တစ်ကိုယ်တည်း အထီးကျန်စွာနေတတ်၏။ အလုပ်တစ်ခု မပြီးစီးမီ နောက်ထပ်တစ်ခုကို ရွေးချယ်ရန် ပေါ်လာတတ်၏။ သူတစ်ပါးအပေါ် အလွယ်တကူ မယုံတတ်သော်လည်း ယုံမိပြီဆိုက ထိုသူပြောသမျှ အမှားကိုပင် အမှန်ထင်ကာ ယုံတတ်၏။ ကိစ္စတစ်ခုဖြစ်လာက အနီးကပ်လူပြောသမျှ ယုံမိတတ်၏။ဘဝတွင် ကိုယ်ကျိုးသက်သက်မကြည့်၊ စိတ်လိုက်မာန်ပါ ထင်ရာစိုင်းတတ်ခြင်း၊ အများအတွက် ဆောင်ရွက်နိုင်ခြင်းတို့သည် မေထုန်ရာသီဖွားတို့၏ သဘာဝများသာဖြစ်၏။